title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ပန်ကရိယလေး ကျန်းမာစေဖို့
ပန်ကရိယက လူအတော်များများနဲ့ စိမ်းနေနိုင်တဲ့ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းလေး တစ်ခုရဲ့အမည်ပါ။ သူ့ကိုမုန့်ချိုအိတ်(Pancreas) လို့လည်း ခေါ်ပါတယ်။ အခုတစ်ခေါက်မှာတော့ ပန်ကရိယလေး ကျန်းမာစေဖို့ ဘာတွေ ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ပန်ကရိယလေးကအစာခြေစနစ်ရဲ့ အရေးပါတဲ့ လုပ်သားလေးပေါ့။အစာအိမ်တွင်းကို ရောက်လာတဲ့အစားအစာတွေရဲ့ အက်ဆစ်ပမာဏကို ထိန်းညှိပေးသလို ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီတွေကို ချေဖျက်ဖို့လည်းအင်ဇိုင်းတွေထုတ်ရင်း ကူညီပေးသေးတာပါ။ဒါတင်မကသေးပါဘူး။ ကျန်းမာတဲ့ ပန်ကရိယလေးကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီးခန္ဓာကိုယ်အတွက် ပိုမိုကောင်းမွန်တဲ့ အစာခြေစနစ်လေးတစ်ရပ်ကို ဖန်တီးပေးပါသေးတယ်။ဒီတော့ အရေးပါတဲ့ အစိတ်အပိုင်း ပန်ကရိယလေး ကျန်းမာစေဖို့ ဘာတွေစားရမလဲ သိချင်တယ်ဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။အရေးပါတဲ့ ပန်ကရိယလေး ကျန်းမာစေဖို့ ဒါတွေ စားပါ။နနွင်းက သဘာဝ အရောင်ကျဆေး တစ်မျိုးပါ။ နာကျင်ရောင်ရမ်းမှုကို သက်သာစေသလို ပန်ကရိယလေးမှာ ပူလောင်တဲ့ ခံစားမှုမျိုး မခံစားရစေဖို့လည်း ကာကွယ်ပေးပါတယ်။ဒါတင်မကသေးပါဘူး။ ပန်ကရိယကိုအင်ဆူလင်ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတာကြောင့်ဆီးချိုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ကျန်းမာရေး ကောင်းအောင်ပျားရည်နဲ့ ကြက်သွန်ဖြူစားရမယ်လို့ ပြောတာကို ကြားဖူးမှာပေါ့။ ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ပျားရည်နဲ့ ပေါင်းစပ်လိုက်တဲ့အခါကိုယ်ခံအားကို မြှင့်တင်ပေးရုံမက ပန်ကရိယ အပါအဝင် ကိုယ်တွင်းအင်္ဂါတွေရဲ့ ပျက်စီးနေတဲ့ တစ်ရှူးတွေကို အသစ် ဖြစ်ပေါ်စေပါတယ်။ဟင်းနုနွယ်မှာ ဗီတာမင် B နဲ့ သံဓာတ်တို့လိုမျိုး ပန်ကရိယ ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်​တွေ ပါဝင်ပါတယ်။သံဓာတ်က ရောင်ရမ်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပြီး ဗီတာမင် B က ပန်ကရိယကို အားဖြည့်ပေးပါတယ်။ဟင်းနုနွယ်မှာ MGDG (monogalactosyldiacylglycerol) လို့ခေါ်တဲ့ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ ပစ္စည်းပါဝင်နေတာကြောင့် ပန်ကရိယကင်ဆာမဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။  ဟင်းနုနွယ်ကိုကြက်သွန်နီနဲ့တွဲပြီး ကြော်စားတာက ပန်ကရိယ ကျန်းမာစေဖို့ အားဖြည့်ပေးရာ ရောက်ပါတယ်။ဂေါ်ဖီ မျိုးရင်းဝင် ဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်းက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပြီး ပန်ကရိယကို ရောဂါ ကင်းစေဖို့ ထောက်ပံ့ပေးပါတယ်။ဖလေဗာနွိုက်ပါဝင်တာကြောင့် ပန်ကရိယ အပါအဝင်ကိုယ်တွင်းအင်္ဂါတွေက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။စပျစ်သီးထဲမှာမှ အနီရောင် စပျစ်သီးက ပန်ကရိယကို အကောင်းဆုံး အာဖြည့်ပေးနိုင်ပါတယ်။ အနီရောင် စပျစ်သီးမှာ အားကောင်းတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ resveratrol ပါဝင်နေတာကြောင့် ပန်ကရိယ ရောင်ရမ်းမှုကို ကာကွယ်ပေးသလို ပန်ကရိယ ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။အရသာရှိတဲ့ ကန်စွန်းဥလေးကလည်း ပန်ကရိယကို ကျန်းမာစေပါတယ်။ ကန်စွန်းဥက ပန်ကရိယ ကင်ဆာ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ကဲ…အခုပြောခဲ့တာလေးတွေ စားရင်း ပန်ကရိယလေးကိုကျန်းမာရေးစောင့်ရှောက်ပေးလိုက်ရအောင်လား………..။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/foods-for-pancreas/
အကိုက်အခဲပျောက်ဆေးတွေကို ခဏခဏသောက်နေတာလား
အကိုက်အခဲပျောက်ဆေးတွေကို ခဏခဏသောက်နေတာလား …… ဘာလို့ ဒီမေးခွန်းကို မေးရလဲဆိုတော့ ဆေးဆိုင်မှာ အရောင်းရဆုံးက ဒီဆေးတွေပါပဲ။ အိမ်မှာလည်း ဘာမှမရှိရင်တောင်အကိုက်အခဲပျောက်ဆေးတွေတော့ ဆောင်ထားတတ်ကြပါတယ်။ခုလိုမိုးတွင်းဆိုရင် မိုးလေးမိလိုက် အဆစ်လေးတွေ ကိုက်လိုက် ဆေးလေးသောက်လိုက်၊ အလုပ်ပင်ပန်းလို့ ကိုယ်လက်တွေနာလိုက် ဆေးလေးသောက်လိုက်နဲ့ သတိမထားမိလိုက်ဘဲ ခဏခဏသောက်နေမိနိုင်ပါတယ်။ဒါတွေက တစ်ရက်တလေဆိုရင် ပြဿနာ မရှိပေမယ့် နေ့စဉ်ရက်ဆက်လာတဲ့အခါခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာပါတယ်။အထူးသဖြင့် နဂိုတည်းက အစာအိမ်မကောင်းတဲ့သူ၊ ကျောက်ကပ်မကောင်းတဲ့သူ၊ အသည်းမကောင်းတဲ့သူ၊ အသက်ကြီးတဲ့သူတွေဆိုရင် ပိုပြီးခံရမှာပါ။အကိုက်အခဲပျောက်ဆေးတွေကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ခံစားရမှာလဲဆိုတာနဲ့ ခဏခဏ မသောက်မိအောင် ဘယ်လိုဆင်ခြင်ရမလဲဆိုတာ ပြောပြပေးပါမယ်။ခုအောက်မှာ ဆက်ပြောမှာကတော့ ဆေးဆိုင်တွေမှာ ဆရာဝန်ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ (over the counter) အသုံးများတဲ့ အကိုက်အခဲပျောက်ဆေးတွေအကြောင်းပါ။ဒီအက်စပရင်က လူကြီးတွေသောက်တဲ့ သွေးကျဲဆေး အက်စပရင်နဲ့ နည်းနည်းကွာပါတယ်။ အကိုက်အခဲပျောက်ဆေးအနေနဲ့ သုံးတာက ဆေးပမာဏ (dosage) ပိုများပါတယ်။  Non Steroidal Anti inflammatory drugs (NSAIDs) စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ အုပ်စုဝင်ပါ။မြန်မာနိုင်ငံမှာတော့ တခြားအကိုက်အခဲပျောက်ဆေးတွေနဲ့စာရင် အသုံးနည်းပါတယ်။ဒီဆေးက ကိုက်တာခဲတာကို သက်သာစေတာမှန်ပေမယ့် ရေရှည်သောက်မယ်ဆိုရင် အစာအိမ်သွေးယိုတာ ဖြစ်တတ်ပါတယ်။ သာမန် အစာမကြေတာမျိုးကနေစလို့ အစာအိမ်အနာအထိတောင် ဖြစ်နိုင်ပါတယ်။ အများကြီးသောက်မိမယ်ဆိုရင် ကျောက်ကပ်ပျက်တဲ့အထိ ဖြစ်တတ်ပါတယ်။ကလေးတွေမှာဆိုရင် Reye’s syndrome ဝင်ပြီးဦးနှောက်နဲ့အသည်းပျက်စီးတတ်တာမို့ အက်စပရင်မတိုက်ရပါဘူး။လူအများသိတဲ့ ပါရာစီတမောဆိုတဲ့ ဆေးပါ။ ဖျားတာအပြင်နာကျင်ကိုက်ခဲတာကိုပါ သက်သာစေပါတယ်။ အစာအိမ်ထိခိုက်ခြင်း မရှိတဲ့အတွက် အသက်ကြီးတဲ့သူတွေ၊ အစာအိမ်ဝေဒနာရှင်တွေအတွက်လည်း သင့်တော်ပါတယ်။ဒါပေမယ့်လည်း အများကြီးသောက်မိမယ် … ဆေးသောက်နေတဲ့အချိန် အရက်သောက်မိမယ်ဆိုရင် အသည်းကို ထိခိုက်တတ်ပါတယ်။ဒီဆေးကလည်း မြန်မာနိုင်ငံမှာ အသုံးအများဆုံးအကိုက်အခဲပျောက်ဆေးတွေထဲက တစ်ခုဖြစ်ပါတယ်။ NSAIDs အုပ်စုထဲမှာပါဝင်ပြီးတော့ ဘေးထွက်ဆိုးကျိုးများတဲ့ ဆေးတစ်ခုလည်းဖြစ်ပါတယ်။တခြားအကိုက်အခဲပျောက်ဆေးတစ်မျိုး သို့မဟုတ် နှစ်မျိုးပါ ပေါင်းစပ်ထည့်ထားတဲ့ ပိုပြင်းတဲ့ အမျိုးအစားတွေလည်းရှိတတ်ပါတယ်။ဒီဆေးကို နောက်ပိုင်း အက်စပရင်နေရာမှာ အစားထိုး သုံးလာကြပါပြီ။ သူကလည်း NSAIDs အမျိုးအစားပါပဲ။ အက်စပရင်ထက် ပိုကောင်းပြီး ဘေးထွက်ဆိုးကျိုးနည်းတယ်ဆိုပေမယ့် ရေရှည်မှာ အစာအိမ်နဲ့ ကျောက်ကပ်ထိခိုက်နိုင်တာကတော့ အမှန်ပါပဲ။ ဒါကြောင့် အစာစားပြီးမှ သောက်ခိုင်းတာပါ။NSAIDsပဲ ဖြစ်တဲ့အတွက် အလားတူဆိုးကျိုးတွေ ခံစားရမှာပါ။ အစာအိမ်သွေးယိုပြီး ဗိုက်အောင့်တာ၊ ကျောက်ကပ်ပျက်စီးတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ကိုယ်လက်ကိုက်တယ်ဆိုတာက အဖြစ်များတဲ့ ပြဿနာ၊ ခံရခက်တဲ့ ဝေဒနာဆိုတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေမခံစားရဘဲ ကိုက်တာခဲတာလည်း သက်သာချင်တယ်ဆိုရင် ဒီနည်းလမ်းတွေကို သုံးကြည့်ပါ။ကိုက်တဲ့ ခဲတဲ့နေရာကို တတ်နိုင်သမျှငြိမ်ငြိမ်လေးနေပြီး အနားပေးပါ။ ကိုက်ခဲတဲ့နေရာကို သုံးပြီး အလေးအပင်မတာမျိုး၊ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်တာမျိုး မလုပ်ပါနဲ့။ တစ်ရက် နှစ်ရက် သေချာနားလိုက်ရင် ကိုက်တာခဲတာ သက်သာသွားမှာပါ။စဖြစ်ဖြစ်ချင်းဆို အေးတာလေး ကပ်ပေးပြီး ၃ရက်ကျော်လို့မှ မသက်သာရင် ဒဏ်ရာဟောင်း ဖြစ်သွားပြီမို့လို့ ပူတာလေး ကပ်ပေးပါ။ ဖြစ်ဖြစ်ချင်းမှာ ကိုက်တဲ့ နေရာကို ရေခဲကပ်ပေးရင် သက်သာပါတယ်။ ရေခဲကအေးလွန်းရင် ခုခေတ် လွယ်လွယ်ဝယ်လို့ရတဲ့ဆေးပလာစတာလေးတွေ ကပ်လို့ရပါတယ်။ဥပမာ Mentholပါတဲ့ ပလာစတာဆိုရင် ကိုက်ခဲတဲ့နေရာမှာ ကပ်ထားလိုက်ရင် ပရုတ်အေးကြောင့် ဆက်တိုက်အေးနေတော့ နေလို့ကောင်းပါတယ်။ သွေးလည်ပတ်မှုလည်းကောင်းစေတဲ့အတွက် ကိုက်ခဲမှုကို မြန်မြန်သက်သာစေပါတယ်။ ဒါကြောင့် ဆေးမသောက်ချင်ဘူးဆိုရင် ဒီလိုနည်းလမ်းနဲ့ သက်သာအောင် လုပ်လို့ရပါတယ်။ဆရာဝန်ဆေးစာမလိုတဲ့ ဆေးတွေဆိုရင် ဆေးပမာဏ ဘယ်လောက်အထိသောက်နိုင်တယ် ဘယ်နှကြိမ် သောက်ရမယ်ဆိုတာမျိုးကို အရင်သိအောင် လေ့လာပါ။ဆရာဝန်ညွှန်ကြားထားတဲ့ဆေးဆိုရင်တော့ ညွှန်ကြားချက်အတိုင်းပဲသောက်ပါ။ ပိုသောက်တာမျိုးမလုပ်ပါနဲ့။ အကိုက်အခဲပျောက်ဆေးတိုင်းကို အစာစားပြီးမှ သောက်ပါ။နည်းနည်းစကိုက်ခဲလာတာနဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်မယ်ဆိုရင် ကြောက်စရာကောင်းတဲ့ဆိုးကျိုးတွေကို သတိရပါ။ ရေတိုမှာ အခန့်မသင့်ရင် အစာအိမ်ရောင်သွားတာ၊ အစာအိမ်ပေါက်တာမျိုးအထိဖြစ်သွားတတ်သလို ရေရှည်ဆိုရင်လည်း ကျောက်ကပ်ပျက်စီးတာကနေ လူ့သက်တမ်းပါတိုသွားစေနိုင်တာမို့ စိုးရိမ်စရာကောင်းလှပါတယ်။ဒါကြောင့်မို့ အကိုက်အခဲပျောက်ဆေးတွေအစား တခြားနည်းလမ်းတွေနဲ့ သက်သာအောင် အရင်လုပ်ကြည့်ဖို့  အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/complications-of-frequently-using-the-analgesics/
Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း)
အဆုတ်တွင်းရေဝင်ခြင်းဆိုသည်မှာ အဆုတ်တွင်း၌ ရေများစုလာခြင်းကိုဆိုလိုပါသည်။ ရေများသည် လေအိတ်ငယ်များအတွင်စုပုံလာပြီး အသက်ရှုရခက်စေသည်။ များသောအားဖြင့် နှလုံးရောဂါကြောင့်ဖြစ်တတ်ပြီး တခြားသော ကျန်းမာရေးအခြေအနေများကလည်း အဆုတ်တွင်းရေဝင်ခြင်းကို ဖြစ်စေတတ်ပါသည်။အဆုတ်တွင်းရေဝင်ခြင်းသည် ရုတ်တရတ်ပေါ်လာတတ်သလို (Acute) နာတာရှည်ပုံစံမျိုးလည်း (Chronic) ဖြစ်နိုင်၏။ ရုတ်တရတ်ဖြစ်လာသည်ဆိုပါက ဒီအခြေအနေသည် အသက်သေသည်အထိဖြစ်နိုင်သောကြောင့် ဆေးကုသမှု ချက်ချင်းခံယူရမည်ဖြစ်သည်။ သို့သော်လည်း အချိန်မှီသိရှိလျှင်တော့ ကုသရာနိုင်သောကြောင့် စောလျင်စွာကုလျင် မြန်မြန်သက်သာနိုင်ပါသည်။ အဆုတ်တွင်းရေဝင်ခြင်းကိုကုသရာတွင် ၎င်းကိုရော အောက်ခံရောဂါကိုပါ ကုသရမည်ဖြစ်သည်။ဒီရောဂါသည် အသက်ကြီးသူများ၌ အဖြစ်များသောရောဂါဖြစ်ပြီး ငယ်ရွယ်သူများတွင် ဖြစ်လေ့မရှိပါ။ ၇၅-၈၄ နှစ်လူ ၁၅ ယောက်လျှင် ၁ ယောက်နှုန်းရှိပြီး အသက် ၈၅နှင့်အထက် နှလုံးအလုပ်မလုပ်နိုင်သူ ၇ ယောက်လှင် ၁ ဦးကျ ဖြစ်ပွားနိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သေ ာအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ရုတ်တရတ်ဖြစ်သော သို့မဟုတ် နာတာရှည် အဆုတ်တွင်းရေဝင်ခြင်းတို့အပေါ်မူတည်ပြီး လက္ခဏာများ အနည်းငယ်ကွဲပါသည်။ ယေဘုယျအားဖြင့်တော့ အောက်ပါတို့ကို ခံစားရနိုင်၏…။ရုတ်တရတ်ပြင်းထန် အဆုတ်တွင်းရေဝင်ခြင်း လက္ခဏာများ။နာတာရှည် အဆုတ်တွင်းရေဝင်ခြင်း လက္ခဏာများ။တစ်ချို့ဖြစ်ရပ်များတွင် အမြင့်ပိုင်းဒေသများ၌နေခြင်းကလည်း အဆုတ်တွင်းရေဝင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အမြင့်ပိုင်းဒေသများသို့ ခရီးသွားသည့်အခါမျိုးတွင် အသက်ရှုမဝခြင်း၊ ချောင်းဆိုခြင်း (တစ်ခါတစ်ရံ ချွဲ သို့မဟုတ် သွေးများပါခြင်း)၊ ခေါင်းကိုက်ခြင်းတို့ကို ခံစားရတတ်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။အဆုတ်တွင်းရေဝင်ခြင်းသည် အသက်သေနိုင်သည့် အခြေအနေတစ်ခုဖြစ်ပါသည်။ အောက်ပါလက္ခဏာများကို သတိထားမိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆက်သွယ်ရန် လိုအပ်ပါသည်။အဆုတ်တွင် အောက်စီဂျင်ကိုဆုတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ထုတ်ပေးသော လေးအိတ်ငယ်လေးများ ပါ၏။ သင့်၌ အဆုတ်တွင်းရေဝင်ခြင်းဖြစ်လာသည့်အခါ ထိုအိတ်ငယ်များတွင် ရေများပြည့်ကုန်ပါသည်။ များသောအားဖြင့် နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းမှ ဖြစ်လာရခြင်းဖြစ်သည်။ ထိုအခြေအနေတွင် နှလုံးသည် ခန္ဓါကိုယ်လိုအပ်သည့် သွေးပမာဏကို ညှစ်ထုတ်မပေးနိုင်ပါ။ ထိုအခါ သွေးများသည် သွေးပြန်ကြောများအတွင်း စုပုံလာပြီး အဆုတ်ထဲတွင်လည်း ပိတ်မိကုန်ပါသည်။ နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းရင်းများစွာ ရှိပါသည်။ ဥပမာ-။အဆုတ်တွင်းရေဝင်ခြင်းသည် နှလုံးအလုပ်လုပ် မလုပ်နိုင်တော့ခြင်းကြောင့်မဟုတ်ပဲ ဆံချည်မျှင်သွေးကြောငယ်များ (အဆုတ်အတွင်းသို့ သွေးများသယ်ပေးသည့် သွေးကြောငယ်များ) အားနည်းပြီး အရည်စိမ့်ထွက်ရာမှလဲ ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်နိုင်လောက်သည့် အကြောင်းရင်းများမှာ –။အဆုတ်တွင်းရေဝင်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ အဆုတ်တွင်းရေဝင်ခြင်းအတွက် လက္ခဏာများကို ရှာဖွေမည်ဖြစ်သည်။ ဥပမာ –။ထို့နောက် ဆရာဝန်သည် အဆုတ်နှင့် နှလုံးကို စစ်ဆေးကာ အဆုတ်တွင်းရေဝင်ခြင်းသည် နှလုံးကြောင့်ဟုတ်မဟုတ် သတ်မှတ်ပါလိမ့်မည်။စမ်းသပ်ရာတွင် ပြုလုပ်နိုင်သော တခြားအရာများမှာ –။အဆုတ်တွင်းရေဝင်ခြင်းရုတ်တရတ်ဖြစ်လာသော လူများတွင် ဆေးရုံချက်ချင်းတက်ရန် လိုအပ်ပါသည်။ အဆုတ်မှ ရေများကိုဖယ်ထုတ်ရန်နှင့် နှလုံးအလုပ်ကောင်းကောင်းလုပ်နိုင်စေရန်အတွက် အထူးကြပ်မတ်ကုသဆောင်သို့ တက်ရန်လိုကောင်း လိုနိုင်ပါသည်။ ကုသမှုတွင် အောက်စီဂျင်အား မျက်နှာအုပ်နှင့်ပေးခြင်း သို့မဟုတ် ပလက်စတ်ပိုက်ဖြသ့်ပေးခြင်း သို့မဟုတ် အသက်ရှုပိုက်နှင့်ပေးခြင်းများ ပါဝင်ပါသည်။အဆုတ်တွင်းရေဝင်ခြင်းဖြစ်ရသည့် အကြောင်းရင်းကို သတ်မှတ်ပြီး မြန်မြန်ကုသရမည်ဖြစ်သည်။ ဥပမာအားဖြင့် နှလုံးဖောက်ခြင်းသည် အကြောင်းရင်းဆိုပါက ၎င်းကို ချက်ချင်းကုသရပါမည်။အသုံးများသော ဆေးများ –။အဆုတ်တွင်းရေဝင်ခြင်းကို အမြင့်ဒေသများသို့ သွားရမှဖြစ်လာသည်ဆိုပါက ပထမအဆင့်မှာ အောက်စီဂျင်အိုး ရအောင်လုပ် သို့မဟုတ် အောက်စီဂျင်ပြည့်ဝသည့် အနိမ့်ပိုင်းဒေသများသို့ သွားရုံသာဖြစ်သည်။ ထို့နောက်မှ အစီတာဇိုလမိုက် သို့မဟုတ် နက်ဖီဒက်ပင်းဆေးများကိုသုံးပြီး လက္ခဏာများကို ကာကွယ်နိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအဆုတ်တွင်းရေဝင်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အဆုတ်တွင်းရေဝင်ခြင်းကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/pulmonary-edema-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%81%80%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
အူအတက်ရောင်တာဆိုရင် မပေါ့နဲ့၊ သတိထား
အသက်ငယ်ငယ်လေးနဲ့ ဗိုက်အောင့်လို့ ဆေးရုံရောက်လာတယ်၊ အကြောင်းရင်းလည်း သေချာမသိဘဲ ရုတ်တရက်ထဖြစ်တယ်၊ မခံမရပ်နိုင်အောင့် ဗိုက်အောင့်တယ်၊ ချက်ရဲ့ ဘေးပတ်ပတ်လည်ကနေ အောင့်နေတယ်ဆိုရင်တော့ အူအတက်ရောင်တာ သေချာသလောက် ဖြစ်နေပါပြီ။ ဒီပြဿနာက အသက်အရွယ်၊ ကျား၊ မ မရွေး ဖြစ်တတ်တဲ့ ပြဿနာမို့ အရေးရယ် အကြောင်းရယ်ဆို ပျာယာခတ်မနေဘဲ ဘယ်လိုလုပ်လို့ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ဖြစ်ကာစမှာတော့ လူနာက ရိုးရိုးဗိုက်နာတာလောက်ပဲ ခံစားရမှာပါ။ အချိန်ကြာလာတာနဲ့အမျှ နာတဲ့ဒဏ်က ပိုပြင်းထန်လာမယ်။ အစပိုင်းမှာ ဗိုက်အပေါ်ပိုင်းနဲ့ ချက်ရဲ့ ပတ်ပတ်လည်မှာ နာကျင်နေပြီး နောက်ပိုင်း ညာဘက်အောက်ခြမ်းကို နာတဲ့နေရာရွေ့လာမယ်။ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းအများကြီးသွားမယ်။ မူးပြီးအန်မယ်။ အခြေအနေဆိုးလာတဲ့အချိန် ဘာမှလှုပ်လို့မရတော့အောင် ဖြစ်ပြီး ဗိုက်က အောင့်လာမှာပါ။အူအတက်ရောင်တာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အဓိကဖြစ်ရတာကတော့ အူအတက်က တစ်ခုခုနဲ့ ပိတ်မိနေတာကြောင့် ဘက်တီးရီးယားပိုးတွေ တွယ်ပြီး ရောင်လာတာပါ။အူအတက်မှာ သွားပြီးပိတ်တာနဲ့ ဘက်တီးရီးယားပိုးတွေက အထဲမှာ ပွားလာပြီးတော့ ရောင်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တည်တာ၊ ဗိုက်ထဲမှာတစ်ခုခု ဖိပြီးခံနေတာမျိုးခံစားရနိုင်ပါတယ်။၁။ လူနာအနေနဲ့ မခံမရပ်နိုင်အောင် နာနေတယ်၊ ဗိုက်နာတာလည်း ၂နာရီ ၃နာရီလောက်ရှိပြီး ဘာဆေးသောက်သောက် မပျောက်ဘူးဆိုရင် ဗိုက်ကိုအရင်ဆုံးစမ်းကြည့်ပါ။၂။ ဝမ်းဗိုက်အပေါ်နား၊ ချက်ရဲ့ ပတ်ပတ်လည်မှာ အနည်းငယ်ဖောရောင်နေတာမျိုးတွေ့ရပြီဆိုရင် ဆေးရုံကို အမြန်ဆုံးပို့ပါ။၃။ အူအတက်ဆိုတာ ဆေးသောက်ရုံနဲ့ ပျောက်တာမဟုတ်တဲ့အတွက် ခွဲစိတ်ဖို့လိုပါတယ်။၄။ အရင်ဆုံး အရေးပေါ်ခန်းရောက်တဲ့အခါ ဆရာဝန်အနေနဲ့ အခြေအနေကို သုံးသပ်ပြီး အူအတက်ရောင်တာသေချာပြီဆိုရင် အရင်ဆုံး အနာသက်သာစေမယ့် ဆေးတစ်မျိုးမျိုး ထိုးပေးပါလိမ့်မယ်။ ပြီးသွားရင် အချိန်ခဏစောင့်ပြီးမှ ခွဲစိတ်မှာဖြစ်ပါတယ်။၅။ အသေးစားခွဲစိတ်မှုဖြစ်တာကြောင့် ခါးရိုးထုံဆေးကိုပဲ ပေးပြီး ခွဲစိတ်ဖို့ ပိုများပါတယ်။၆။ မခွဲခင်မှာ လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ သောက်နေတဲ့ ဆေးတွေ အကုန် ကျန်းမာရေးစောင့်ရှောက်သူတွေကို ပြောပြထားဖို့ လိုပါတယ်။ခွဲပြီး ၃ရက်မှ တစ်ပတ်အတွင်းတော့ ဆေးရုံမှာပဲ သေချာအနားယူဖို့ လိုပါတယ်။ ဒီအတောအတွင်းမှာ အမာစာလည်း လုံးဝစားလို့မရသလို အရည်ကိုပဲ နည်းနည်းစီ သောက်သွားရမှာဖြစ်ပါတယ်။ ထသွားထလာအတွက် လူနာရှင်တစ်ယောက် အနားမှာစောင့်ကြည့်နေဖို့ လိုပါတယ်။ဆေးရုံကဆင်းပြီးတဲ့အခါ အလေးအပင်မတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ လုံးဝနားထားဖို့လိုသလို အပြင်ကို သွားတာမျိုးလည်း မလုပ်သင့်ပါဘူး။ အခန့်မသင့်ရင် ချုပ်ရိုးပြေပြီး ပိုးဝင်သွားနိုင်တာကြောင့်ဖြစ်ပါတယ်။ လုံးဝနေလို့ထိုင်လို့ ကောင်းသွားပြီဆိုရင် ဆေးခန်းကို အရင်သွားပြပြီးမှ ဆရာဝန်ခွင့်ပြုချက်နဲ့ အလုပ်ပြန်ဆင်းလို့ရပါပြီ။ချုပ်ထားတဲ့အနာက တစ်လကနေ နှစ်လအတွင်း ပြန်ကျက်ပြီး အပြင်းအထန်အားကစားလုပ်တာကို အနည်းဆုံး နှစ်လလောက် နားထားဖို့လိုပါတယ်။ ခွဲစိတ်ပြီး ၆လလောက်ကြာပြီဆိုရင်တော့ အနာလုံးဝကျက်ပြီလို့ ဆိုနိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%a1%e1%80%b0%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%90%e1%80%ac%e1%80%86%e1%80%ad%e1%80%af%e1%80%9b%e1%80%84%e1%80%b9-%e1%80%99%e1%80%b1%e1%80%95/
အဆူးစူးမိရင်
တစ်ခုခုကိုကိုင်ရင်း၊ ခုန်ပေါက်ဆော့ရင်း၊ပြေးရင်းလွှားရင်း၊အိမ်မှုကိစ္စတွေလုပ်ရင်းဖြစ်ဖြစ် အမှတ်မထင် အဆူးစူးမိတာတွေရှိတတ်ပါတယ်။ အဆူးကသေးပေမယ့် အဆူးစူးမိတဲ့အခါထိလိုက်ရင်တော်တော်လေးနာတယ်နော်။ များသောအားဖြင့် စူးမိတဲ့အဆူးလေးတွေက သစ်သားစလေးတွေဖြစ်တတ်ပါတယ်။ သံတိုသံစလေးတွေ စူးမိတာကတော့ဖြစ်ခဲပါတယ်။ အဆူးစူးတဲ့အခါ များသောအားဖြင့်တော့ ကိုယ်တိုင်ဖယ်ထုတ်လိုက်လို့ရပါတယ်။ ဒါပေမယ့် အဆူးစူးတာကလည်းသေချာဂရုမစိုက်တဲ့အခါပိုးဝင်ကူးစက်တာမျိုးဖြစ်လာနိုင်ပြီးဆေးရုံဆေးခန်းပြေးရတာမျိုးတွေအထိဖြစ်နိုင်ပါတယ်။ အနာသေးသေးလေးကစလို့သေသေချာချာဂရုစိုက်ဖို့လိုပါလိမ့်မယ်။ဒီတစ်ခေါက်တော့ဖြစ်လေ့ဖြစ်ထရှိတဲ့ အဆူးစူးမိရင် ဘယ်လိုဖယ်ရှားဂရုစိုက်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။အနာကိုသန့်စင်ဆေးကြောပေးပါ။အဆူးစူးမိတဲ့အခါ အရင်ဆုံးအနာကိုဆေးကြောပေးပါ။ အဆူးစူးမိတာကလည်းထိခိုက်ဒဏ်ရာတစ်မျိုးပါပဲ။ သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုပါမယ်။ အနာတဝိုက်ကိုရေသန့်သန့်နဲ့ဆပ်ပြာခပ်ပျော့ပျော့လေးသုံးပြီး သန့်စင်ဆးကြောပေးပါ။အဆူးဖယ်ထုတ်ရာမှာသုံးမယ့် ကိရိယာတွေကို သန့်စင်ဆေးကြောပါ။အဆူးကိုဖယ်ထုတ်ရာမျာ အသုံးပြုမယ့်ဇာဂနာ၊အပ်တို့လိုမျိုးအရာတွေကို မီးအပူပေးတာမျိုးလုပ်ပြီးအရက်ပြန်နဲ့ သုတ်ပေးပါ။ ဒီလိုလုပ်ပေးတာက ပိုးသတ်သန့်စင်ရာရောက်ပါတယ်။အလင်းရောင်ကောင်းကောင်းရပါစေ။အဆူးကိုဖယ်ထုတ်တဲ့အခါ အဆူးကခပ်သေးသေးလေးဖြစ်တာကြောင့် အလင်းရောင်သေသေချာချာရတဲ့နေရာမှာ ဖယ်ထုတ်ပေးပါ။ မလိုအပ်ဘဲ ထိခိုက်တာတွေ။ အဆူးကျန်နေခဲ့တာတွေ မဖြစ်စေဖို့ပါ။လိုအပ်ရင်ဆေးထည့်ပါ။အနာကအဆူးစူးတာဆိုပေမယ့် အနာပေါက်နည်းနည်းကြီးသွားတဲ့အထိ ထွင်းပြီးမှ အဆူးကိုဖယ်လို့ရတာမျိုးဆိုရင် အနာကို Antibotic cream တစ်ခုခုလူးပေးပါ။ပလာစတာကပ်ပေးပါ။အပေါ်ယံအရေပြာထိခိုက်မိသွားပြီဆိုရင်တော့ ခံတပ်ပျက်သွားပြီဖြစ်တာကြောင့်ဘက်တီးရီးယားတွေကိုယ်ထဲကို တပျော်ကြီးဝင်မလာအောင် အကာအကွယ်ယူတဲ့အနေနဲ့ Hansaplastလေးကိုတပ်ကူခေါ်လိုက်ပါ။တိပ်ကိုသုံးပါ– ဒါကတော့ အဆူးဖယ်တဲ့နေရာမှာ အလွယ်ဆုံးနည်းပါ။ အပေါ်ယံမှာ စူးမိတဲ့အဆူးလောက်က တိပ်သုံးပြီးဖယ်လို့ရပါတယ်။ အဆူးစူးတဲ့နေရာကို တိပ်နဲ့ကပ်ပြီး အဆူးနဲ့ဆန့်ကျင်ဘက်ကိုဆွဲခွာပေးပါ။မုန့်ဖုတ်ဆော်ဒါသုံးပေးပါ– မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ပေးပြီး အဆူစူးမိတဲ့နေရာမှာ အုံလိုက်ပါ။ပြီးရင်အပေါ်ကနေပတ်တီးနဲ့အုပ်ပေးလိုက်ပါ။ တစ်ရက်လောက်ထားပြီးနောက်တစ်နေ့မှာပြူထွက်လာတဲ့အဆူးလေးကို ဇာဂနာသုံးပြီးဖယ်ထုတ်လိုက်ပါ။ နာကျင်မှုမရှိဘဲ အဆူးဖယ်ထုတ်နိုင်မယ့် နည်းတစ်ခုပေါ့။ကော်အရည်သုံးပေးပါ-ကော်အရည်ကိုသုံးပြီး အဆူးဖယ်ရှားလို့လည်ရပါတယ်။ ဒါပေမယ့် အသေကပ်တဲ့ကော်မျိုးမဟုတ်ဖို့နဲ့အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေမပါတဲ့ကော်မျိုးဖြစ်ဖို့လိုပါမယ်။ကော်အရည်ကို အဆူးစူးမိတဲ့နေရာမှာ သုတ်လိုက်ပါ။ ခဏခြောက်အောင်ထားလိုက်ပါ။ လုံးဝခြောက်သွားပြီဆိုရင် ခွာထုတ်လိုက်ပါ။ အဆူးထွက်သွားပါလိမ့်မယ်။Hydrogen Peroxideသုံးပါ–အိမ်မှာHydrogen Peroxide လွယ်လွယ်ကူကူရှိမယ်ဆိုရင်တော့ ဒီနည်းလေးသုံးကြည့်ပါ။ အဆူးစူးမိတဲ့နေရာပေါ်ကိုHydrogen Peroxideလေးလောင်းချလိုက်ရုံပါ။ အမြှုပ်လေးတွေထွက်လာမှုနဲ့အတူအပေါ်ယံအရေပြားထဲမှာ နစ်ဝင်နေတဲ့ အဆူးကိုတစ်ခါတည်းဖယ်ထုတ်ပေးသွားပါလိမ့်မယ်။ မနာကျင်ဘဲ အဆူးဖယ်နည်းတစ်ခုပေါ့။ဆေးခန်းပြပါ– အပေါ်ကပြောတဲ့နည်းတွေလုပ်ကြည့်ပေမယ့် အဆင်မပြေဘူး။ အဆူးကအပေါ်ယံအရေပြားမှာတင်စူးတာမဟုတ်ဘဲ။ အသားထဲထိနစ်ဝင်နေတယ်ဆိုရင်တော့ ဆရာဝန်ရဲ့အကူအညီယူလိုက်ပါ။ အနာကပိုးဝင်သလိုလက္ခဏာတွေဖြစ်နေမယ်။ အနာတဝိုက်နီမြန်းရောင်ရမ်းနေမယ်။ပြည်တည်မယ်။ အရမ်းနာမယ်ဆိုရင်တော့ဆေးခန်းပြဖို့ပြောပါရစေ။ လိုအပ်ရင်မေးခိုင်ကာကွယ်ဆေးထိုးဖို့လည်းပြောပါရစေနော်…။အဆူးစူးတာကြောင့် စိတ်ညစ်နေသူတွေ၊ အဆူးဖယ်ရင်နာမှာကြောက်တဲ့သူတွေ ဒီဆောင်းပါးလေးထဲက နည်းတွေသုံးပြီး ခိုးလိုးခုလုဖြစ်နေတဲ့ ဆူးလေးတွေကို အရေပြားကနေဖယ်ရှားလိုက်ပါ….။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%86%e1%80%b0%e1%80%b8%e1%80%85%e1%80%b0%e1%80%b8%e1%80%99%e1%80%ad%e1%80%9b%e1%80%84%e1%80%b9/
Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း)
အဆုတ်ဖုံးအမြှေးရောင်ခြင်းဆိုသည်မှာ အဆုတ်အား ဖုံးအုပ်ထားသည့် အမြှေးပါးရောင်ခြင်းဖြစ်ပါသည်။ အဆုတ်ဖုံးအမြှေးရောင်ခြင်းသည် စူးရှသည့် ရင်ဘတ်အောင့်မှု (Pleratic Pain) ကိုဖြစ်စေပြီး အသက်ရှုလိုက်လျှင် ပိုဆိုးဝါး၏။အဆုတ်ဖုံးအမြှေးတွင် ပါးလွှာသောအလွှာနှစ်လွှာ ပါဝင်ပြီး အဆုတ်ကိုကာကွယ်ပေးသလို ရင်ဘတ်နံရံမှလည်း ခွာပေးပါသည်။ အလွှာနှစ်ခုကြား၌ အလွှာများ ချောနေစေရန် ချောဆီအဖြစ် အရည်များပါရှိ၏။ အဆုတ်ဖုံးအမြှေးရောင်လာသည့်အခါ အလွှာနှစ်လွှာ ချောမွတ်ဆွာ မပွတ်တိုက်နိုင်တော့ပဲ နာကျင်မှုကိုခံစားရသည်။ အထူးသဖြင့် ချောင်းဆိုနှာချေလျှင် ပိုနာ၏။ဒီရောဂါသည် အဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အဆုတ်ဖုံးအမြှေးရောင်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။အဆုတ်ဖုံးအမြှေးရောင်ခြင်းသည် အဆုတ်ဖုံးအမြှေးအား ပိုးဝင်ခြင်း သို့မဟုတ် ဆေးတစ်ခုခုကြောင် သို့မဟုတ် ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် ဖြစ်ရခြင်းဖြစ်၏။ အဆုတ်ဖုံးအမြှေးရောင်ခြင်း၏ အကြောင်းရင်းများမှာ –။အခံအသက်ရှုစနစ်ရောဂါများရှိသော လူများသည် အဆုတ်ဖုံးအမြှေးရောင်ခြင်းဖြစ်နိုင်ချေ ပိုများပါသည်။ အဆုတ်ဖုံးအမြှေးရောင်ခြင်းနှင့်တွဲသောရောဂါများ ဖြစ်နိုင်ချေမှာ အသက်နှင့်အမျှ မြင့်နေတတ်ပြီး တခြားသော ဆီးချို၊ နာတာရှည်လေပြွန်ရောင်ခြင်း၊ အဆုတ်လေခိုခြင်း၊ နှလုံးရောဂါနှင့် ကိုလက်ဂျင် သွေးကြောရောဂါများတို့လို အသက်အန္တရာယ်ရှိသော ရောဂါများရှိမရှိပေါ်လည်း မူတည်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်၌ အဆုတ်ဖုံးအမြှေးရောင်ခြင်းရှိမရှိ ဆုံးဖြတ်နိုင်ရန် ဆရာဝန်မှ အောက်ပါတို့ကို အကြံပြုပါလိမ့်မည်။အဆုတ်ဖုံးအမြှေးရောင်ခြင်းအားကုသရာတွင် အောက်ခံအကြောင်းရင်ကို အဓိကကုသရပါသည်။ ဥပမာအားဖြင့် ဘက်တီးရီးယားနမိုးနီးယားဆိုပါက ပိုးဝင်မှုကိုထိန်းရန် ပဋဇီဝဆေးများ ပေးရမည်ဖြစ်သည်။ အကယ်၍ ဗိုင်းရပ်စ်ကြောင့်ဆိုပါက အဆုတ်ဖုံးအမြှေးရောင်ခြင်းသည် သူ့အလိုလိုပျောက်သွားပါလိမ့်မည်။ အဆုတ်ဖုံးအမြှေးရောင်ခြင်းကြောင့်ဖြစ်သော ရင်ဘတ်အောင့်ခြင်းအား စတီးရွိုက်မပါ အရောင်ကျဆေးများ (NSAID) လို အကိုက်အခဲပျောက်ဆေးများ အသုံးပြုနိုင်ပါသည်။ များသောအားဖြင့် အိုင်ဗျူပရိုဖန်ကို အသုံးပြုကြ၏။အကယ်၍ NSAID များနှင့် အဆင်မပြေ မသင့်တော်ဆိုပါက ပါရာစီတမော သို့မဟုတ် ကိုဒီအင်းတို့လို တခြားအကိုက်အခဲပျောက်ဆေးများကို ပေးနိုင်ပါသည်။ကြားရတာ ထူးဆန်သော်လည်း နာသည့်ဖက်သို့စောင်းအိပ်ပေးလျှင် နာကျင်မှုကို လျော့ကျစေပါလိမ့်မည်။အဆုတ်ဖုံးအမြှေးရောင်ခြင်းကုထုံများ၏ရလဒ်သည် အခံရောဂါ၏ ပြင်းထန်နှုန်းပေါ် မူတည်ပါသည်။ အဆုတ်ဖုံးအမြှေးရောင်ခြင်းကိုဖြစ်သော အကြောင်းရင်းကို သိရပါက စောလျင်စွာကုသလျှင် အပြည့်အဝပြန်ကောင်းမည်ဖြစ်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အဆုတ်ဖုံးအမြှေးရောင်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/pleurisy-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%b9%e1%80%96%e1%80%b6%e1%80%af%e1%80%b8%e1%80%a1%e1%80%b1%e1%80%bb%e1%80%99%e1%80%bd%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb/
ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဘာတွေဖြစ်နိုင်လဲ။
ဗိုက်မှာအလုံးစမ်းမိပြီဆိုရင် တော်တော်များများကကင်ဆာလို့ ထင်တတ်ကြပါတယ်။ ဗိုက်မှာ စမ်းမိတဲ့ အလုံးတိုင်းဟာ ကင်ဆာ မဟုတ်ပါဘူး။ ကင်ဆာလောက်မဆိုးတဲ့ တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် အလုံးတစ်ခုတွေ့ပြီဆိုရင် သိပ်မစိုးရိမ်ပါနဲ့။အလုံးစမ်းမိပြီဆိုရင် ဘယ်တုန်းက ဘယ်လိုစမ်းမိတာလဲ။ ဥပမာ ရေချိုးရင်း စမ်းမိတာလား။ နာလို့ သတိထားမိတာလား စသဖြင့်ပေါ့။ အလုံးက ကြီးသွားလား၊ သေးသွားလား။ အလုံးစမ်းမိတာအပြင် တခြားဘာခံစားရတာ ရှိသေးလဲ။ ဘယ်နေရာမှာ စစမ်းမိတာလဲ။ အလုံးက နေရာရွေ့သွားသေးလား စတာတွေကို သတိပြု မှတ်ထားပေးပါ။ဒါတွေက သင်ဆရာဝန်ဆီသွားပြတဲ့အခါ မေးခံရမယ့် မေးခွန်းတွေပါပဲ။ တစ်နည်းအားဖြင့် သင့်ရောဂါကို ကုသဖို့ လိုအပ်တဲ့ မေးခွန်းတွေပေါ့။ဝမ်းဗိုက်က ကြီးတဲ့အတွက် သူ့ကို ဆေးပညာအရ ၉ပိုင်း ပိုင်းချလိုက်ပါတယ်။ သာမန်လူတွေအတွက်တော့ ပြောရလွယ်အောင် ၆ပိုင်းပဲ သတ်မှတ်ထားပါတယ်။ ဝမ်းဗိုက် ညာဘက် အပေါ်ပိုင်း အောက်ပိုင်း၊ ဘယ်ဘက် အပေါ်ပိုင်း အောက်ပိုင်း၊ ချက်ပတ်လည်နဲ့ ဆီးခုံပါ။ ဒီနေရာတွေမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေလိုက်ပြီး ဖြစ်နိုင်ခြေတွေကို စဉ်းစားလိုက်ရင် ရောဂါရှာရတာ ပိုလွယ်လို့ပါ။ဝမ်းဗိုက် ညာဘက် အပေါ်ပိုင်း။ဝမ်းဗိုက် ဘယ်ဘက် အပေါ်ပိုင်း။ဝမ်းဗိုက် ညာဘက် အောက်ပိုင်း။ချက်ပတ်လည်နဲ့ ဝမ်းဗိုက်အပေါ်ပိုင်း။ဆီးခုံနေရာ။ဘယ်အလုံးလဲ ဘယ်လိုသိနိုင်မလဲ။ခုလောက်ဆိုရင် ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဖြစ်နိုင်တာတွေ အများကြီးဆိုတာ သိလောက်ပါပြီ။ တိကျတဲ့ ရောဂါအဖြေကို ရဖို့အတွက်ဆိုရင်တော့ ရောဂါရာဇဝင် မေးမြန်းတာ၊ အလုံးကို စမ်းသပ်တာ၊ လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ဖို့ လိုပါလိမ့်မယ်။ဒါကြောင့် အကြံပြုချင်တာကတော့ ဝမ်းဗိုက်မှာ အလုံးစမ်းမိတယ်ဆိုတာနဲ့ ကြောက်မသွားပါနဲ့။ ကင်ဆာလို့ တစ်ထစ်ချ ယုံကြည်ပြီး ကုသမှုခံယူဖို့ မငြင်းဆန်လိုက်ပါနဲ့။ ရောဂါကို သေချာ စစ်ဆေးကြည့်ရင် ကင်ဆာမဟုတ်ဘဲ တခြားအလွယ်တကူပျောက်ကင်းနိုင်တဲ့ ရောဂါတွေလည်း ဖြစ်နိုင်လို့ သေချာဆေးကုသမှု ခံယူဖို့ တိုက်တွန်းလိုပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%85%e1%80%99%e1%80%ba%e1%80%b8%e1%80%99/
အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ
စားလိုက်တဲ့အစာအာဟာရတွေကို နံရံတွေ ကနေ စုပ်ယူပေးပြီးခန္ဓာကိုယ်အားဖြစ်စေဖို့ ထောက်ပံ့ပေးနေတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေး ရှိပါတယ်။ ဒါကတော့အူလေးတွေပါ။ အူလေးတွေ ကျန်းမာမှ အစာအာဟာရတွေကို ကောင်းမွန်စွာ စုပ်ယူနိုင်ပြီးစိတ်ရော ကိုယ်ပါကျန်းမာတော့မှာပေါ့။ ဒီတစ်ခေါက်တော့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ အူလေး ကျန်းမာစေဖို့ ဘာတွေ စားရမလဲ ဆိုတာကို ပြောပြပေးသွား ပါမယ်။အစာခြေစနစ်ရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ အူလေး ကျန်းမာစေဖို့။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီးဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတဲ့ ကြက်သွန်ဖြူက အခြား အစိတ်အပိုင်းတွေကို ကျန်းမာစေသလို အူလေးတွေ ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ဒါ့အပြင် ကြက်သွန်ဖြူမှာအကျိုးပြု ဘက်တီးရီးယား အာဟာရပါဝင်နေတာကြောင့် အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ဒိန်ချဉ်က အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာ တစ်ခု ဖြစ်တာကြောင့် အူတွေကို ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အူအတွင်းကအဆိပ်အတောက်တွေနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ မှိုပိုးတွေနဲ့ ဘက်တီးရီးယားတွေ ကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင် ပါတယ်။သရက်သီးကအမျှင်ဓာတ်ပါဝင်တာကြောင့် အူနံရံတွေကို ကျန်းမာစေပြီး အကျိုးပြု ဘက်တီးရီးယားတွေကို အားဖြည့်ပေး ပါတယ်။သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီးအူလမ်းကြောင်းတလျှောက်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင် ပါတယ်။အူလေးတွေ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာ တစ်မျိုး ပေါ့။ထောပတ်သီးက အာဟာရ ကြွယ်ဝသလို အူ ကျန်းမာရေးကို ထောက်ပံ့ပေးမယ့် အမျှင်ဓာတ်၊ ပိုတက်ဆီယမ် တို့လည်း ပါဝင်နေ ပါတယ်။လေပွတာမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အူလမ်းကြောင်းကို ကျန်းမာစေမှာပါ။ဆေးဖက်ဝင်တဲ့ ကြက်သွန်နီက အူလေးတွေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ အကြောင်းကတော့ ကြက်သွန်နီမှာ အကျိုးပြု ဘက်တီးရီးယား အာဟာရ ပါဝင်တာကြောင့် အူတွင်းက အကျိုးပြု ဘက်တီးရီးယားတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်လို့ပါ။ဟင်းနုနွယ် နဲ့ကိုက်လန်တို့ လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ကြွယ်ဝသလို ဖောလိတ်၊ ဗီတာမင်A၊ ဗီတာမင် C နဲ့ဗီတာမင် Kတို့ ပါဝင် နေတာကြောင့် အူလမ်းကြောင်းထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေကို တိုးပွားစေပြီး အူတွေကို ကျန်းမာစေပါတယ်။ကဲ… အခု ပြောခဲ့တာလေးတွေကို စားသုံးပြီး ခန္ဓာကိုယ် အာဟာရ ပြည့်ဝရေး အတွက် အရေးပါတဲ့ အူလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်လိုက်နော်။စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းက အူ​လေး ကျန်းမာစေဖို့ အစားအသောက်ကိုတင် ဂရုစိုက်ရတာ မဟုတ်ဘဲ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ရှိဖို့လည်း လိုပါမယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/foods-for-intestines/
ပူပူနွေးနွေးစားပေးခြင်း နဲ့ ကျန်းမာရေး
အစားအစာတွေကို စားရင် ပူပူနွေးနွေး စားရတာ ကြိုက်လား။ အေးနေတာကို ကြိုက်လား။ ဒီမေးခွန်းလေးကို ဖတ်ကြည့်ပြီး ထွက်လာတဲ့အဖြေကပူပူနွေးနွေးစားတာကိုမှ ကြိုက်ပါတယ် ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ပူပူနွေးနွေးစားပေးခြင်း နဲ့ ကျန်းမာရေး အကြောင်းလေးကို ဆက်ကြည့်လိုက်ရအောင်နော်။အစားအစာတွေ စားသုံးတဲ့ အခါ ပူပူနွေးနွေး စားသုံးပေးပါလို့ ပြောရတဲ့ အကြောင်းအရင်း ကတော့ ဒီအချက်တွေကြောင့်ပါ။အစားအစာကို ပူပူနွေးနွေး စားတာက ကျန်းမာရေးအတွက် ကောင်းတယ်လို့ ရှေးယခင်ကာလတွေ ကတည်းက လက်ခံထားခဲ့ ကြတာပါ။အစားအစာတွေကို ပူပူနွေးနွေး စားတာက အရသာတင် တိုးစေတာ မဟုတ်ဘဲ အခုလိုလည်းအကျိုးကျေးဇူးတွေရရှိနိုင်ပါသေးတယ်။ပူနွေးတဲ့ အစားအစာတွေက အစာကြေလွယ်စေပြီးခန္ဓာကိုယ်အတွက်လည်း အာဟာရတွေကို တော်တော်လေး ထောက်ပံ့ပေးနိုင်ပါတယ်။ အစားအစာတွေကို ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးမှုက အာဟာရ ပြည့်ဝစေပြီး ချေဖျက်ရလည်း လွယ်ကူတာကြောင့် အစာမကြေတာ ရင်ပြည့်တာတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။အေးနေတဲ့ အစားအစာတွေကအစာခြေစနစ်ကို ဝန်ပိစေပြီး ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေနိုင်ပါတယ်။ ကိုယ်အလေးချိန် ကျအောင်လုပ်ဆောင်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ချနေတယ် ဆိုရင်တော့ အစားအစာတွေကို ပူပူနွေးနွေး စားပေးပါ။ ပူနွေးနေတဲ့ အစားအစာတွေက အေးစက်နေတဲ့ အစားအစာတွေထက် စိတ်ကျေနပ်မှု ပိုရစေနိုင်ပြီး အစားစားပြီးချိန်မှာလည်း ပျော်ရွှင်မှုကို ခံစားရစေနိုင်ပါတယ်။လေ့လာမှုတွေအရ အစားအစာတွေကို ချက်ပြုတ်လိုက်တဲ့အခါ အာဟာရတွေတင် တိုးသွားစေတာမဟုတ်ဘဲအရသာကိုလည်း ပြည့်စုံသွားစေနိုင်ပါတယ်။ စားလိုက်တဲ့ အချိန်တိုင်းမှာ ပြည့်စုံတဲ့ အရသာက စိတ်ကျေနပ်မှုကို အပြည့်အဝ ရရှိစေပြီး ပျော်ရွှင်မှုကိုပါ ခံစားရစေမှာပါ။အစးအစာတွေကို ချက်ပြုတ်လိုက်တဲ့အခါ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျသွားစေနိုင်တာပါ။ ကလေးငယ်တွေမှာဆိုရင် ပဲပိစပ်၊ ဂျုံ၊ နို့၊ ဥအမျိုး၊ အခွံမာရေသတ္တဝါတွေ လိုမျိုး ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေကို ချက်ပြုတ် ကျွေးမွေးပေးတာက ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။အစားအစာတွေကို ချက်ပြုတ်စားသောက်တာက အာဟာရကို ပြည့်ဝလုံလောက်စွာ ရရှိစေနိုင်သလိုဖျားနာမှုကင်းစေပြီး ရောဂါပိုးတွေ ကူးစက်ခံရမှုကနေလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ နာတာရှည်ရောဂါ ခံစားနေရသူတွေအနေနဲ့လည်း ထမင်းပူပူ ဟင်းပူပူစားပေးတာက ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ကိုရောဂါပိုးတွေအန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့် ဖြစ်နိုင်ရင်ထမင်းဟင်းကို ပူပူနွေးနွေး စားစေချင်ပါတယ်။ ဒါကြောင့် အမြဲမဟုတ်ရင်တောင် အတတ်နိုင်ဆုံး ထမင်းဟင်းကို ပူပူနွေးနွေးစားဖို့ ပြောပါရစေနော်။ အစားတစ်ခုခု စားတိုင်း ပူပူနွေးနွေးလေး စားပေးတာက အရသာ တိုးစေသလို ကျန်းမာရေးကိုလည်း အထောက်အကူ ပြုပေးနိုင်တာကြောင့် မိသားစု ထမင်းဝိုင်းလေးကို ပူပူနွးနွေး ပြင်ဆင်ပြီး စားပေးဖို့ ပြောပါရစေနော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/warm-foods-and-drinks-that-benefit-digestion/
ပဲပင်ပေါက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ပဲပင်ပေါက်ဆိုတာက ပဲစေ့လေးတွေကနေ စပြီး အပင်ပေါက်လာတဲ့အေ့ခြအနေပါ။ ထိပ်ဖျားမှာ အဝါရောင် အရွက်နှစ်ခုရှိနေပြီး အဖြူရောင်ရိုးတံလေးနဲ့ အမြစ်ခပ်ပါးပါးလေးပါတဲ့ အပင်ငယ်လေးတွေပါ။ ပဲပြားနဲ့ ပဲပင်ပေါက်ကို ရောကြော်စားကြတာများသလို အသုပ်တွေ၊မုန့်ဟင်းခါးထဲမှာလည်း ထည့်စားကြပါတယ်။ ပဲတီချဉ်သုပ်ကလည်းမြန်မာလူမျိုးတွေကို ခံတွင်းမြိန်စေတဲ့ ဟင်းလျာတစ်မျိုးပါ။ပဲပင်ပေါက်ကအာဟာရဓါတ်ကြွယ်ဝသလို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့်ခန္ဓါကိုယ်ကိုကျန်းမာစေနိုင်ပါတယ်။ကိုယ်ခံအားကောင်းစေတယ်။ပဲပင်ပေါက်မှာ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပြီးရောဂါပိုးတွေကူးစက်မှုကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေပြီး ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်မှာပါ။ ဗီတာမင် A ပါဝင်နေတာကြောင့်လည်း ခန္ဓါကိုယ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ဇီဝကမ္မဖြစ်စဉ်တွေကိုကောင်းမွန်စေနိုင်ပါတယ်။ပဲပင်ပေါက်မှာ ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်ဖို့ထောက်ပံ့ပေးနိုင်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်နေပါတယ်။ ဒီအင်ဇိုင်းကို အခြားစားစရာတွေကနေရရှိဖို့ ခက်ခဲပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ဆဲလ်တွေဖြစ်ပေါ်မှု၊ကိုယ်တွင်းအင်္ဂါတွေကျန်းမာအောင်ထောက်ပံ့ပေးမှု နဲ့ ကြွက်သားတွေကျန်းမာသန်စွမ်းအောင်လုပ်ဆောင်ပေးတဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ အရိုးနဲ့ကြွက်သားတွေသန်မာပြီး ကိုယ်တွင်းအင်္ဂါတွေကျန်းမာစေဖို့ စားသုံးပေးသင့်ပါတယ်။ခန္ဓါကိုယ်မှာ သံဓါတ်နည်းလာတဲ့အခါသွေးအားနည်းရောဂါကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားဖို့လိုပါမယ်။ ဒီတော့သံဓါတ်ချို့တဲ့မှုကြောင့်သွေးအားနည်းတာ၊ အစာခြေစနစ်ပြဿနာတွေခံစားရတာ၊ခြေကုန်လက်ပမ်းကျတာ၊ အမောမခံနိုင်တာတွေမဖြစ်စေဖို့အတွက် ပဲပင်ပေါက်လေးကို စားသုံးပေးသင့်ပါတယ်။ ပဲပင်ပေါက်မှာပါတဲ့ သံဓါတ် နဲ့ကော့ပါးဓါတ်တွေက ခန္ဓါကိုယ်ထဲမှာသွေးနီဥဆဲလ်တွေဖြစ်ပေါ်စေပြီး ကိုယ်တွင်းသွေးလည်ပတ်မှုကိုကောင်းစေနိုင်ပါတယ်။ကဲ… ခန္ဓါကိုယ်လေး ကျန်းမာစေဖို့ ပဲပင်ပေါက်ကို တစ်ပတ်ကို ၃ ကြိမ်လောက်တော့ စားသုံးပေးဖို့ ပြောပါရစေ။ပဲပင်ပေါက်က လူတိုင်းနဲ့ တည့်တယ်ဆိုပေမယ့် အသက် ၅ နှစ်အောက် ကလေးတွေ၊ အသက် ၇၀ အထက် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်မေမေတွေ နဲ့ ကိုယ်ခံအားနည်းသူတွေ အများကြီး စားတာမျိုး မလုပ်သင့်ပါဘူး။ နောက်တစ်ချက်က လတ်ဆတ်ပြီး သေချာ ချက်ထားတာကိုပဲ စားပေးပါ။ အစိမ်းစားတာမျိုး မလုပ်ပါနဲ့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/sprouts-benefits/
သိထားသင့်တဲ့ ကယ်လိုရီ ဗဟုသုတ တချို့
ကယ်လိုရီဆိုတာ ခန္ဓာကိုယ်အတွက်ခွန်အားဖြစ်စေတဲ့လောင်စာတွေပါ။ လူ့ခန္ဓာကိုယ်မှာ အမြဲမပြတ်အားပြည့်နေဖို့လိုအပ်နေတာဖြစ်ပြီး လုပ်ဆောင်ချက်တွေဆက်ပြီးလည်ပတ်နိုင်ဖို့ အစားအသောက်တွေကနေရရှိတဲ့ ကယ်လိုရီကို သုံးရပါတယ်။ ဒါ့ကြောင့် ဘာပဲလုပ်လုပ်ကယ်လိုရီကြောင့် လှုပ်ရှားဖို့အားရှိနေတာဆိုတာ သိထားသင့်ပါတယ်။ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်တွေနဲ့ ပရိုတင်းတွေက ကယ်လိုရီပါဝင်တဲ့ အာဟာရဓာတ်အမျိုးအစားတွေဖြစ်ပြီး ခန္ဓာကိုယ်အတွက် အဓိကခွန်အားအရင်းအမြစ်တွေဖြစ်ပါတယ်။ ဘယ်အစားအသောက်ကနေပဲရရ ကိုယ်စားလိုက်တဲ့ကယ်လိုရီတွေက ခွန်အားအဖြစ် သို့မဟုတ် ခန္ဓာကိုယ်ထဲမှာ အဆီအဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ခွန်အားအဖြစ်မလောင်ကျွမ်းသွားတဲ့ ကယ်လိုရီတွေက ခန္ဓာကိုယ်ထဲမှာ အဆီပိုအဖြစ်ကျန်ရစ်မှာဖြစ်လို့ ကယ်လိုရီလွန်ကဲအောင်မစားသုံးဖို့ ဒါမှမဟုတ် ကယ်လိုရီတွေ ပိုပြီးလောင်ကျွမ်းအောင် လှုပ်ရှားမှုပိုလုပ်သင့်ပါတယ်။ကိုယ်စားလေ့ရှိတဲ့ အစားအသောက်တွေရဲ့ကယ်လိုရီပါဝင်မှုပမာဏကို သိထားမယ်ဆိုရင် တစ်နေ့တာစားသုံးသင့်တဲ့ အတိုင်းအတာနဲ့ နှိုင်းဆချင့်ချိန်လို့ရနိုင်ပါတယ်။ ကိုယ်အလေးချိန်အတက်အကျအတွက်က ရှင်းပါတယ်။ ကယ်လိုရီစားတာများပြီးလောင်ကျွမ်းတာနည်းရင် ဝိတ်တက်လာမယ်၊ ကယ်လိုရီလျှော့စားပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ပိုလောင်ကျွမ်းစေရင် ဝိတ်ကျမယ်။အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှ ကယ်လိုရီ ၂၀၀၀လောက်စားသုံးဖို့လိုအပ်ပြီး ကယ်လိုရီ ၁၅၀၀ ထက်မကျော်အောင်စားသုံးရင်တစ်ပတ်ကို ကိုယ်အလေးချိန်တစ်ပေါင်ကျနိုင်ပါတယ်။ အမျိုးသားတစ်ယောက်ဆို ပျမ်းမျှ ကယ်လိုရီ ၂၅၀၀ လိုအပ်ပြီး ကယ်လိုရီ ၂၀၀၀ ဆို တစ်ပတ်ကို တစ်ပေါင်ကျနိုင်ပါတယ်။ဒါပေမယ့် အသက်အရွယ်၊ လှုပ်ရှားမှုအနည်းအများ၊ ကယ်လိုရီလောင်ကျွမ်းမှုပမာဏ၊ လက်ရှိကိုယ်အလေးချိန်၊ စတဲ့အချက်တွေက လူတစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်လို့ လိုအပ်တဲ့ ကယ်လိုရီပမာဏလည်း မတူနိုင်ပါဘူး။တချို့အစားအစာတွေက ကယ်လိုရီပိုများနေတယ်ဆိုတာ သူတို့မှာပါဝင်တဲ့ macronutrientအာဟာရဓာတ်ပမာဏအပေါ်မှာ မူတည်နေပါတယ်။ အများအားဖြင့် အစားအစာတွေဟာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီဓာတ်တွေပါဝင်ဖွဲ့စည်းထားတာဖြစ်ပြီး အဲဒီဓာတ်တွေတစ်ခုချင်းစီမှာ မတူညီတဲ့ကယ်လိုရီပမာဏတွေပါဝင်နေပါတယ် –။Empty calories ဆိုတာအာဟာရတန်ဖိုးအရမ်းနည်းပြီး ဝစေတဲ့ သကြားနဲ့ အဆီဓာတ်တွေပဲပါတဲ့ အစားအစာတွေကိုခေါ်တာပါ။Empty caloriesဖြစ်နေတဲ့ အစားအစာတွေမှာ အမျှင်ဓာတ်၊ အမိုင်နိုအက်စစ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေမပါသလောက်နီးနီးဖြစ်ပါတယ်။ ဥပမာ –။ဒီအစားအသောက်တွေဟာ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်ပြည့်ဝတာမျိုးတွေမပါဘဲ ဝစေပြီး ကျန်းမာရေးဆိုးကျိုးတွေသာဖြစ်စေနိုင်ပါတယ်။ကယ်လိုရီလျှော့ချတယ်ဆိုတာ အလေ့အကျင့်ပြောင်းလဲဖို့လိုတယ်ဆိုပေမယ့် အရမ်းခက်ခဲတာတော့မဟုတ်ပါဘူး။အချိုးအဆ လျှော့ချစားသုံးပြီး ကယ်လိုရီလျှော့ချတဲ့နေရာမှာ ဒီအချက်တွေကို လုပ်ကြည့်ပါ –။စားသမျှကယ်လိုရီအားလုံးကိုလောင်ကျွမ်းအောင်မလုပ်နိုင်ရင် ကိုယ်အလေးချိန်တက်လာမယ်လို့ တချို့ကအထင်မှားနေကြပါတယ်။ ဒီလောက်တော့မလိုပါဘူး။ အားကစားနည်းနည်းလုပ်တာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ လိုမျိုး ကိုယ်လက်လှုပ်ရှားမှုပုံမှန်ရှိနေမယ်၊ ကယ်လိုရီမလွန်ကဲအောင် တွက်ပြီးစားမယ်ဆိုရင် ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းသိမ်းနိုင်မှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/calorie-counts-and-nutrition-facts/
ခြေပွတ်တိုင်လည်ရင် ဘာလုပ်ရမလဲ
ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထဲမှာ မင်းသမီးကခြေခေါက်လဲရင် မင်းသားက လှမ်းတွဲပေးလိုက်ပြီး သိပ်မကြာခင် ဇာတ်လမ်းဖြစ်သွားကြတယ်။ တကယ့်အပြင်မှာတော့ တွဲပေးမယ့်လူက အမြဲရှိမနေနိုင်ပါဘူး။ တစ်ယောက်တည်းလမ်းသွားရင်းခြေခေါက်လဲရင် လဲနိုင်တာပဲ။ ရုပ်ရှင်ထဲမှာလိုပြုံးပြနိုင်မှာတော့မဟုတ်ဘူးနော်။တော်တော်နာမှာ။လှုပ်ရှားရင်း မြေပြင်မညီတဲ့နေရာ နင်းမိရင် ခန္ဓါကိုယ်ဟန်ချက်ပျက်တဲ့အခါမျိုးမှာ ခြေချင်းဝတ်မှာရှိတဲ့ တွယ်ဆက်အရွတ် ထိခိုက်မှုဖြစ်တာ၊အရွတ်စုတ်သွားတာကြောင့် အခုလိုဖြစ်တတ်ပါတယ်။ ခြေပွတ်တိုင်လည်တယ်ဆိုတာ အဖြစ်များတဲ့ဝေဒနာတစ်ခုပါ။ ဒီလိုဖြစ်ရင် ခြေခေါက်လဲကျတတ်တယ်ပေါ့။ လက်ကောက်ဝတ်၊ဒူးဆစ်စတဲ့အရိုးအဆစ်တွေမှာလည်း အဆစ်လွဲတာ၊ လိမ်ခေါက်သွားတာမျိုးဗြုတ်ခနဲဆို ရုတ်တရက်ဖြစ်သွားတတ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုတာနဲ့ခြေချင်းဝတ်မှာရောင်လာပြီး မထောက်နိုင်တော့ပါဘူး။ သိပ်မပြင်းထန်ရင် ကိုယ့်ဘာသာဂရုစိုက်နေထိုင်လိုက်လို့ သက်သာသွားနိုင်ပေမယ့် သိပ်ရောင်ရမ်းနေတဲ့အထိပြင်းထန်ရင်တော့ ခွဲစိတ်ကုသရတဲ့အထိ လိုအပ်လာနိုင်ပါတယ်။အဲဒီလိုခြေပွတ်တိုင်လည်တာဖြစ်လာရင် ကိုယ်တိုင် သို့မဟုတ် သူများကိုကူညီပေးနိုင်တဲ့ အရေးပေါ်ပြုစုနည်းလေးတွေရှိပါတယ်။(၁)ခြေထောက်ကိုအနားပေးပါ။ခြေထောက်နာထားမှတော့ထိခိုက်မှုကိုပိုမဆိုးစေဖို့ လှုပ်ရှားမှုကို ခဏနားထားသင့်ပါတယ်။ ထိုင်ချလိုက်ပြီးခြေထောက်ကို သက်တောင့်သက်သာထားပါ။ ခြေထောက်အောက်က တခုခုနဲ့ ခုပြီးမြှင့်ထားပေးပါ။ ထိခိုက်ထားတဲ့ခြေထောက်ကို ဝိတ်ထပ်မပိစေဖို့ သတိထားရမှာဖြစ်လို့ ချိုင်းထောက် သို့မဟုတ် ကျုံ့ဆန့်နိုင်တဲ့ပတ်တီးသုံးပြီး ထိန်းပေးရပါမယ်။(၂)ရေခဲကပ်ပေးပါ။ခြေချင်းဝတ်နာကျင်မှုနဲ့ရောင်ရမ်းမှုသက်သာစေဖို့ရေခဲကပ်ပေးရပါမယ်။ တိုက်ရိုက်မဟုတ်ဘဲရေခဲအိတ်ကိုအဝတ်ပါးနဲ့ပတ်ပြီး ကပ်ပါ။ တစ်ကြိမ်ကို အများဆုံး ၁၅ မိနစ်လောက်အထိ တစ်နေ့ကိုလေးကြိမ်လောက် အရောင်ကျတဲ့အထိ ကပ်ပေးပါ။ အချိန်အကြာကြီးတော့ ကပ်မထားမိဖို့သတိထားပါ။ တစ်ရှူးတွေထိခိုက်ပျက်စီးနိုင်ပါတယ်။(၃)ခြေချင်းဝတ်ကိုမြှင့်ထားပေးပါ။လှဲနေရင်းခြေထောက်ကို အဝတ် သို့မဟုတ်ခေါင်းအုံးခုထားပေးတာကရောင်ရမ်းမလာအောင် ကာကွယ်နိုင်ပါတယ်။(၄)သွေးလည်ပတ်မှုကို ဂရုစိုက်ပါ။သားရေပတ်တီးစည်းတဲ့အခါ အရမ်းမကျပ်ဖို့ဂရုစိုက်ပါ။ခြေသည်းကိုအရောင်ဖြူသွားတဲ့အထိ ဖိကြည့်ပြီးပြန်လွှတ်လိုက်ပါ။ခြေသည်းအရောင်နဂိုအတိုင်းပြန်ဖြစ်တာမြန်နေသင့်ပါတယ်။ မဟုတ်ရင်တော့ ပတ်တီးကသိပ်ကျပ်နေပြီဖြစ်လို့ပြန်ပြင်စည်းသင့်ပါတယ်။(၅)အကိုက်အခဲပျောက်ဆေးလည်းလိုလာနိုင်တယ်။ခြေပွတ်တိုင်လည်ခြင်းကပြန်သက်သာဖို့ ရက်ပိုင်းကနေ လပိုင်းအထိကြာနိုင်ပါတယ်။ နာတာမသက်သာ၊ အရောင်လည်းမကျဆိုရင်ibuprofen၊acetaminophen တို့လို အကိုက်အခဲပျောက်ဆေးတွေက အထောက်အကူဖြစ်နိုင်ပါတယ်။(၆) ထပ်မဖြစ်ဖို့ သတိထားပါ။ထိုင်တာထတာ၊နေရာရွှေ့တာလောက်နဲ့လည်း နာနေတဲ့ခြေထောက်ကို မေ့ပြီးအားပြုထလိုက်တာ၊ခြေချော်သွားတာဖြစ်နိုင်ပါတယ်။ နဂိုကနာနေရတဲ့အထဲ မတော်တဆခြေခေါက်လဲတာ ထပ်ဖြစ်လာရင်ပျောက်ကင်းသက်သာဖို့ပိုကြာနိုင်တယ်။ ဒဏ်ဖြစ်နိုင်ပါတယ်။တကယ်လို့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%b1%e1%80%bb%e1%80%81%e1%80%95%e1%80%bc%e1%80%90%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9c%e1%80%8a%e1%80%b9%e1%80%9b%e1%80%84%e1%80%b9-%e1%80%98%e1%80%ac%e1%80%9c%e1%80%af/
ဘေဘီလေး ရဲ့ အရေပြားပြဿနာတွေ ဘယ်လိုဖြေရှင်းပေးရမလဲ
ဘေဘီလေး တွေမှာ ဖြစ်တတ်တဲ့အရေပြားပြဿနာတွေဟာ အန္တရာယ်မရှိတာများပါတယ်။ကလေးရဲ့အသားအရေကိုဂရုစိုက်ပေးရတာက မလွယ်ဘူးဆိုပေမယ့် ဒီအချက်သုံးချက်ကိုပဲအရင်ဆုံးကြည့်ဖို့လိုတာပါ။အရေပြားပြဿနာဆိုတာ အဖုလေးတွေဖြစ်တာ၊ အနီကွက်ဖြစ်တာ၊ အင်ပျဉ်တွေထွက်တာ၊အရေခွံကွာတာ စတာတွေ အမျိုးမျိုးဖြစ်နိုင်ပါတယ်။မွေးကင်းစကလေးတွေမှာ နုနယ်လွန်းတဲ့အရေပြားက ပတ်ဝန်းကျင်အသစ်ကိုထိတွေ့ရကာစအချိန်ဖြစ်တာကြောင့် ဒီလိုအသေးစားအရေပြားပြဿနာလေးတွေကရှိတတ်တာ သဘာဝပါပဲ။ လက္ခဏာအများစုကတော့သူ့အလိုလိုပျောက်ကင်းသွားလေ့ရှိပါတယ်။ကလေးငယ်တွေမှာအဖြစ်များဆုံးပြဿနာကသေးခံလောင်ခြင်းဖြစ်ပါတယ်။သေးခံလောင်တယ်ဆိုတာ စွတ်စိုထိုင်းမှိုင်းခြင်း၊ဆီးနဲ့ဝမ်းတွေကြောင့် အရေပြားမှာလောင်တာပါ။ ဒိုင်ပါဝတ်တဲ့ကလေးအတော်များများမှာ ဒီလက္ခဏာဖြစ်တတ်ပါတယ်။သေးခံလောင်တာဖြစ်လာရင် အဲဒီနေရာတဝိုက်ကိုခြောက်သွေ့အောင်ထားပါ။ ဒိုင်ပါတွေ စိုတာနဲ့ တတ်နိုင်သလောက်မြန်မြန်လဲပေးပါ။ ကလေးရဲ့အရေပြားကိုလေသလပ်ပြီးခြောက်သွေ့အောင်လုပ်ပါ။ မပွတ်သုတ်ရပါ။ ကလေးကိုသန့်ရှင်းရေးလုပ်ပေးတဲ့အခါ အယ်ကိုဟောပါတဲ့ wipesတွေမသုံးမိဖို့သတိထားပါ။အဆီနဲ့ခရင်မ်တွေက ပွတ်တိုက်မိတာ၊ ပွန်းတာတွေကိုသက်သာစေပြီး ကလေးအရေပြားနီမြန်းရောင်ရမ်းခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ချွေးဂလင်းတွေရဲ့ချွေးပေါက်ပိတ်ဆို့မှုကြောင့်ဖြစ်လာတာပါ။ မိတ်ပျောက်ဖို့ပေါင်ဒါလေးတွေလူးပေးကြပေမယ့် ကလေးရဲ့အသက်ရှူလမ်းကြောင်းကိုပေါင်ဒါမှုန့်တွေမဝင်ရောက်စေဖို့သတိထားပါ။ အဆီတွေ၊ ခရင်မ်တွေမလိမ်းပေးရပါဘူးနော်။ အသားကိုပူစေပြီးချွေးပေါက်တွေပိတ်စေနိုင်ပါတယ်။ကလေးရဲ့မျက်နှာမှာ အလယ်မှာအဖြူဆံလေးနဲ့အနီဖုလေးတွေတွေ့ရတတ်ပါတယ်။ ကလေးအသက် ၂ ပတ်နဲ့ ၄ ပတ်ကြားမှာ ဝက်ခြံအဖြစ်များဖြစ်ပြီး ၄လလောက်မှာပျောက်သွားတတ်ပါတယ်။ တစ်ခါတလေ ၁၂လကနေ ၁၈ လအထိလည်း ကြာရှည်တတ်ပါတယ်။ ကလေးဝက်ခြံအတွက်က ပုံမှန်ဆေးကြောသန့်စင်ဖို့သာလိုအပ်ပါတယ်။ သန့်စင်တဲ့ရေ၊ ဆပ်ပြာအပျော့စားလေးနဲ့ ကလေးကို နှစ်ရက်တစ်ကြိမ် သို့မဟုတ် သုံးရက်တစ်ကြိမ်ရေချိုးပေးပါ။ လူကြီးတွေရဲ့ဝက်ခြံအတွက်ရည်ရွယ်ထုတ်လုပ်တဲ့ပစ္စည်းတွေ၊ဆေးတွေကို ကလေးမှာမသုံးရပါဘူး။Cradle capဖြစ်လာရင် အသက် ၃ လလောက်အတွင်း ကလေးရဲ့ဦးရေပြားမှာအဆီတွေပြန်ပြီး အရေခွံတွေကွာ၊အဖတ်တွေလန်စေပါတယ်။နောက်ပိုင်းကျရင်တဖြည်းဖြည်းပျောက်သွားတာများပေမယ့် တစ်ခါတလေကျဆေးကုသပေးဖို့လိုလာတတ်ပါတယ်။Cradle capဖြစ်ရင် ဆံသားနဲ့ဦးရေပြားကို ဘေဘီရှန်ပူလေးနဲ့လျှော်ပေးပါ။ အရေခွံကွာတဲ့အဖတ်လေးတွေကို ဘရက်ရှ်နုနုလေးနဲ့ ဖယ်ရှားပါ။ပြီးမှ အဆီတစ်မျိုးမျိုးလိမ်းပေးပါ။ ပုံမှန်အားဖြင့် သိပ်မကြာတတ်ပေမယ့် တာရှည်လာတဲ့အထိ မပျောက်ရင်တော့ ပိုးဝင်တာဖြစ်နိုင်တဲ့အတွက် ဆရာဝန်ပြသင့်ပါတယ်။အရေပြားမှာခြောက်သွေ့၊အဖတ်လန်ပြီး ယားယံတဲ့အနီကွက်လေးတွေဖြစ်လာတာပါ။ နည်းနည်းကြာလာရင် အဲဒီဧရိယာကအရေပြားထူလာနိုင်ပါတယ်။ပန်းနာရင်ကျပ်၊ ဓါတ်မတည့်ခြင်းတို့နဲ့ဆက်နွှယ်နေတတ်သလို မိသားစုမျိုးရိုးလိုက်တာတွေလည်းရှိပါတယ်။ နှင်းခူကြောင့်ဖြစ်လာတဲ့အရေပြားပြဿနာတွေနဲ့ပတ်သက်ရင် အရေးကြီးတာက မကုတ်မိစေဖို့နဲ့ အရေပြားကို အစိုဓါတ်ထိန်းဖို့ပါ။ ဒါ့ကြောင့် ကလေးရဲ့လက်သည်းလေးတွေကိုညှပ်ပေးထားပြီး အဝတ်လက်အိတ်လေးဝတ်ပေးထားပါ။ အသားကိုခြောက်စေနိုင်တဲ့ဆပ်ပြာတွေ မသုံးရသလိုရေချိုးပြီးတိုင်းလည်း အစိုဓါတ်ထိန်းဖို့ အဆီတစ်မျိုးမျိုးလိမ်းပေးပါ။တော်ရုံလောက်နဲ့မသက်သာရင် ဒါမှမဟုတ် ပိုးဝင်လာရင် ဆရာဝန်ညွှန်းတဲ့အတိုင်းဆေးကုသမှုခံယူဖို့လိုအပ်လာမှာပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8-%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%bf%e1%80%94%e1%80%ac%e1%80%90%e1%80%bd%e1%80%b1/
နှလုံးသွေးကြောကျဉ်း ရောဂါအကြောင်း သိကောင်းစရာ
နှလုံးသွေးကြောကျဉ်းရောဂါဆိုသည်မှာနှလုံးကိုသွေးပို့နေသောသွေးကြောများ၏နံရံတွင် သွေးအနည်များတဖြည်းဖြည်းစုပုံလာခြင်းကြောင့် ဖြစ်သည်။ ကြာလာလျှင် ထိုအနည်ခဲများ ရုတ်တရက်ပေါက်ထွက်ပြီးနှလုံးသွေးကြောပိတ်ခြင်း ဖြစ်စေနိုင်သည်။ ထိုသို့ဖြစ်လျှင် နှလုံးကြွက်သားသည် လိုအပ်သောအောက်ဆီဂျင်နှင့်သွေးကိုမရရှိတော့ဘဲဆိုးကျိုးများ ဖြစ်ပေါ်စေသည်။နှလုံးသွေးကြောကျဉ်းရောဂါသည် သွေးကြောနံရံမာကြောလာခြင်းကြောင့် ဖြစ်သည်။ကိုလက်စထရော၊ ကယ်လ်ဆီယံနှင့် ဆဲလ်အနည်များသည် နှလုံးသွေးကြော၏အတွင်းနံရံတွင် တဖြည်းဖြည်းစုပုံလာကာသွေးကြောနံရံမာကြောလာခြင်း ဖြစ်သည်။ ထိုအခါ သွေးကြောတဖြည်းဖြည်းကျဉ်းလာပြီးနှလုံးကြွက်သားသို့ သွေးရောက်ရှိမှုနည်းလာသည်။ ကြာလာလျှင် သွေးကြောပိတ်ကာလူနာသည် ရုတ်တရက်ရင်ဘတ်အောင့်ခြင်း(Angina) ဖြစ်လာနိုင်သည်။Angina သည် နှလုံးကြွက်သားဆီသွေးလုံလောက်စွာမရောက်ရှိခြင်းကြောင့် ခံစားရသောလက္ခဏာတမျိုးဖြစ်သည်။ လူနာသည်ရင်ဘတ်ကိုဖိထားသကဲ့သို့ ခံစားရခြင်း၊ရင်ဘတ်အောင့်ခြင်း၊ ဘယ်ဘက်လက်၊ပခုံးနှင့် လည်ပင်းတို့အထိနာကျဉ်ခြင်းတို့ခံစားရနိုင်ပါသည်။လူနာသည် လှုပ်ရှားပြီးချိန်၊ အစာစားပြီးချိန်များတွင် ရင်ဘတ်အောင့်လာလျှင် မူမှန်သော Angina ပုံစံမျိုး ဖြစ်သည်။ နှလုံးသွေးကြောကျဉ်းနေပြီးသော (သွေးကြောမပိတ်သေးသော) သူများတွင်တွေ့ရသောပုံစံဖြစ်သည်။ ဖြစ်စဉ်မှာအားကစားသို့မဟုတ် လှုပ်ရှားမှု ပြုလုပ်ပြီးချိန်တွင်ကျဉ်းနေသောသွေးကြောများကနှလုံးကြွက်သားမှပုံမှန်ထက်ပိုလိုအပ်နေသောသွေးပမာဏကိုလုံလောက်စွာမပို့ပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ နားနေချိန်တွင်မူနှလုံးကြွက်သားများပုံမှန်အတိုင်းအလုပ်လုပ်နေသည့်အတွက် ရင်ဘတ်မအောင့်ပါ။ ထို့ကြောင့် မူမှန်သော Angina ပုံစံသည် နှလုံးသွေးကြောကျဉ်းနေသောသူများတွင်ဖြစ်သောပုံစံမျိုးဖြစ်သည်။ထိုသို့ သွေးကြောကျဉ်းရာမှ တဖြည်းဖြည်း ကြာလာလျှင် သွေးကြောနံရံရှိသွေးအနည်ခဲပေါက်ထွက်ပြီးရုတ်တရက်သွေးကြောပိတ်သွားနိုင်ပါသည်။ ထိုဖြစ်စဉ်သည် နှလုံးရောဂါလက္ခဏာစုထဲတွင်ပါဝင်ပြီးအရေးပေါ်ကုသမှုခံယူရမည် ဖြစ်သည်။မူမမှန်သော Angina ပုံစံသည်လည်း နှလုံးရောဂါလက္ခဏာစုထဲတွင်ပါဝင်သည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းသွေးကြောနံရံရှိသွေးဆဲလ်အနည်ခဲပေါက်ထွက်ပြီးရုတ်တရက်သွေးကြောပိတ်သွားခြင်းဖြစ်သည်။ ထိုလူနာများသည် လှုပ်ရှားမှုပြုလုပ်မှရင်ဘတ်အောင့်ခြင်းမျိုးမဟုတ်ပါ။ နားနေချိန်တွင်လည်းရုတ်တရက်အောင့်ခြင်း ဖြစ်နိုင်သည်။ ထိုလူနာများသည် နှလုံးသွေးကြောလုံးဝပိတ်သွားပြီးနှလုံးကြွက်သားပုပ်သွားသည်အထိဖြစ်နိုင်သည်။နှလုံးကြွက်သားပုပ်ခြင်းသို့မဟုတ် ရုတ်တရက် နှလုံးထိခိုက်ခြင်းဆိုသည်မှာ နှလုံးရောဂါလက္ခဏာစုထဲတွင်ပါဝင်သောပိုပြင်းထန်သောပုံစံမျိုးဖြစ်သည်။ တနည်းပြောရလျှင် heart attack ဆိုသည်မှာနှလုံးသွေးကြောပိတ်ခြင်းကြောင့် နှလုံးကြွက်သားဆီသွေးမရောက်တော့သဖြင့်နှလုံးကြွက်သားအလုပ်မလုပ်တော့ခြင်းဖြစ်သည်။ ထိခိုက်သွားသော ကြွက်သားထုထည်အပေါ်မူတည်ပြီးရောဂါပြင်းထန်မှုအခြေအနေကွာခြားနိုင်သည်။နှလုံးထိခိုက်ပြီးတစ်နာရီအတွင်းအချိန်မီဆေးကုမှုခံယူလျှင် သွေးခဲပျော်ဆေးသို့မဟုတ် သွေးကြောချဲ့ခြင်းဖြင့် နှလုံးကြွက်သားပျက်စီးမှုဧရိယာကိုလျှော့ချနိုင်သည်။ထိုသို့ အချိန်မီကုသမှုခံယူပြီးစေကာမှု သွေးကြောထဲတွင်ကျန်ရှိနေသေးသောသွေးအနည်ခဲအရေအတွက်နှင့် ပျက်စီးသွားသောကြွက်သားပမာဏအပေါ်မူတည်ပြီးလူနာသည်နောက်တခါ နှလုံးထိခိုက်နိုင်ခြေရှိသေးသည်။ ထို့အပြင် နှလုံး၏လျှပ်စီးမှုများမူမမှန်ဖြစ်ကာနှလုံးရပ်သွားသည်အထိ ဖြစ်နိုင်သည်။ထို့ကြောင့် ရုတ်တရက် နှလုံးထိခိုက်ခြင်း(heart attack) ဖြစ်ပြီးလျှင် အထက်ပါနောက်ဆက်တွဲ ဖြစ်နိုင်ခြေများကိုတတ်နိုင်သမျှလျှော့ချသင့်သည်။အထက်ပါနောက်ဆက်တွဲ ဖြစ်နိုင်ခြေများလျော့ကျရန်၊ထပ်မဖြစ်လာရန် ကာကွယ်ရမည်ဖြစ်သည်။ နှလုံးရောဂါရှိနေပြီးသောသူများကလည်းရောဂါပိုမဆိုးလာအောင် ကာကွယ်သင့်သည်။ဆရာဝန်နှင့်တိုင်ပင်ပါ။ စစ်ဆေးမှုများပြုလုပ်ပါ။ မိမိ၏နှလုံးရောဂါ အတိမ်အနက်အပေါ်မူတည်ပြီးဆေးဖြင့်ကုသခြင်း၊ခွဲစိတ်ကုသခြင်း၊ သွေးကြောချဲ့ခြင်း၊သွေးကြောထဲပြွန်ထဲ့ခြင်းစသည့်ကုသမှုများဖြင့် နှလုံးထိခိုက်နိုင်ခြေကိုလျှော့ချနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/cardiovascular-disease/
သင့်ကို အသက်ရှူရပိုလွယ်ကူစေမည့် သဘာဝနည်းလမ်းများ
နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ၏ လက္ခဏာများစွာရှိသည့်အနက် အဓိကအားဖြင့် အသက်ရှူမဝခြင်းပြဿနာကို အခက်ခဲဆုံးရင်ဆိုင်ရပါသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကို မကုသနိုင်သော်လည်း အသက်ရှူချောင်စေမည့် နည်းလမ်းများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် အိမ်အလုပ်များကို တစ်ပတ်တစ်ခါ ကြိုတင်စီမံထားခြင်းများကို ပြုလုပ်သင့်ပါသည်။ ရိုးရှင်းလွယ်ကူသော အစားအစာများကို ပြင်ဆင်ခြင်း၊ ပိုလျှင် အလွယ်တကူသိမ်းထားပြီး ပြန်နွှေးစားနိုင်သော အစားအစာများကို စီမံထားခြင်းတို့ ပြုလုပ်သင့်ပါသည်။ မည်သည့်တာဝန်ကို မဆို မစမီတွင် သေချာစွာ စဉ်းစားပါ။ မြင်ယောင်ကြည့်ပါ။ အကောင်းဆုံးကို ဆောင်ရွက်ပါ။ ဖြတ်လမ်းနည်းများကို စဉ်းစားပါ။ အသက်ရှုမဝခြင်းဝေဒနာများ စတင်ခံစားလာရပြီ ဆိုလျှင် အနားယူပါ။ အရေးအကြီးဆုံးအချက်မှာ အခြားသူများကို အကူအညီတောင်းရန် အားမနာပါနှင့်။လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါရှိသူများတွင် ပိုမောစေမည်ဟု ထင်ရသော်လည်း စနစ်တကျပြုလုပ်ခြင်းက ပိုပြီး အသက်ရှူရကောင်းစေပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းရှိကြွက်သားများ ပုံစံမှန်လာသောအခါ အောက်ဆီဂျင်ဓာတ်ကို ပိုပြီး အသုံးပြုနိုင်သည့်အတွက် အဆုတ်ကို ကျန်းမာစေပါသည်။ လမ်းလျှောက်ထွက်ခြင်း၊ အိမ်တွင် စက်ဘီးနင်းခြင်း သို့မဟုတ် အားကစားရုံများတွင် စက်ဘီးနင်းခြင်းသည် ကောင်းမွန်သော အစပြုသင့်သော လေ့ကျင့်ခန်းများဖြစ်ပါသည်။ ထို့ပြင် ပေါ့ပါးသော အလေးတုံးများဖြင့် ကစားခြင်း၊ အကြောဆန့်ခြင်းတို့ကလည်း နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါသည်များကို အသက်ရှူကောင်းစေနိုင်သော လေ့ကျင့်ခန်းများဖြစ်ပါသည်။ဤနည်းလမ်းသည် နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ၏ လက္ခဏာများကို သက်သာစေပါသည်။ အစားအစာများကို တပြိုင်နက်တည်း များစွာစားခြင်းကြောင့် ဗိုက်ပွလာပြီး အဆုတ်ပေါ်သို့ ဖိအားသက်ရောက်ကာ ပိုမောလာစေပါသည်။ ထို့ပြင် ထိုရောဂါသည်များတွင် ကာဗိုဟိုက်ဒြိတ်ဓာတ်များကို သင့်တင့်စေရန် ဂရုပြုစားသုံးသင့်ပါသည်။စိုးရိမ်ခြင်း၊ ပူပန်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ၏ လက္ခဏာများကို ပိုဆိုးလာစေပြီး စိုးရိမ်မှုများ ပိုတိုးလာစေနိုင်ပါသည်။ ထို့ကြောင့် ယောဂလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ စိတ်အပန်းပြေစေမည့် သီချင်းခွေများ ဖွင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ခြင်းတို့က သင့်စိတ်ကို တည်ငြိမ်စေရန် ကူညီပေးပါလိမ့်မည်။ ထို့ကြောင့် ထိုကုထုံးများကို ပြုလုပ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုများလျော့နည်းလာပြီး သင့်စိတ်ကို နဂိုအနေအထားအတိုင်း ပြန်ဖြစ်လာစေပါလိမ့်မည်။နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ အကြောင်းကို သင်လက်လှမ်းမှီသမျှ လေ့လာပါ။ အဆုတ်ပြန်လည်သန်စွမ်းရေး အစီအစဉ်များတွင် ပါဝင်ပြီး ကျန်းမာရေးနည်းလမ်းများကို ရယူပါ။ လိုက်နာပါ။ ထို့ပြင် သင့်ကိုပိုဆိုးလာကြောင်း ပြသနေသော ရောဂါလက္ခဏာများဖြစ်သည့် ပိုမောလာခြင်း၊ ပိုပြီးချောင်းဆိုးလာခြင်းနှင့် သလိပ်များထွက်လာခြင်း စသည်တို့ကို ဂရုပြုပါ။ ထိုသို့ပိုဆိုးလာပါက သင်ပြုလုပ်ရမည်တို့ကို ဆေးဖက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီးမေးမြန်းထားပါ။ ညွှန်ကြားချက်များကို ချရေးထားပါ။ သင်ဘက်က ပြင်ဆင်ထားလျှင် ပိုပြီး စိတ်ချရပါသည်။သင်သည် နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ ရှိသူဖြစ်ပါက အနားယူသင့်ပါသည်။ အရေးအကြီးဆုံးမှာ ဆေးလိပ်ဖြတ်ရန် ဖြစ်ပါသည်။ ထို့ပြင် အခြားသူများ၏ ဆေးလိပ်ငွေ့ကို ရှူမိခြင်းကလည်း အဆုတ်ကို ထိခိုက်စေပြီး ရောဂါကို ပိုဆိုးစေပါသည်။ကျန်းမာစေသော အစားအစာများကို စားပါ။ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများ ခံယူပါ။ ယေဘူယျအားဖြင့် ပြောရလျှင် ကျန်းမာစေသည့် စားသောက်နေထိုင်မှုပုံစံများက နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါသည်များကို လူရောစိတ်ပါ ကျန်းမာစေပါသည်။အချုပ်ဆိုရသော် သင်သည် အဆုတ်ရောဂါသည်တစ်ဦးဖြစ်ပါလျှင် သင်နေ့စဉ်လုပ်နေသော အလုပ်များက သင့်ကို အသက်ရှူမဝခြင်းဖြစ်စေနိုင်သော အချက်များဖြစ်နေနိုင်ပါသည်။ ထို့ကြောင့် ပုံမှန်အတိုင်း အသက်ရှူနိုင်စေရန် ကျန်းမာရေးနှင့် ညီညွတ်သည့် အနေအထိုင်များ၊ အမူအကျင့်များကို ပျိုးထောင်သင့်ပါသည်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%9b%e1%82%88%e1%80%9b%e1%80%95%e1%80%ad%e1%80%af%e1%80%9c%e1%80%bc%e1%80%9a%e1%80%b9%e1%80%80/
ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ
ချစ်မဝတဲ့ သားသားမီးမီးတို့အစားအစာတွေကို အရသာရှိရှိနဲ့ အများကြီး အားပါးတရ စားနေတာကို မြင်ရတာက ဖေဖေမေမေတို့ကို စိတ်ချမ်းသာစေတဲ့ မြင်ကွင်းတစ်ခုဟုတ်။ ကလေးက စားလည်းစား ထွားလည်းထွား ကျန်းလည်းကျန်းမာတယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ကလေးကို အချိန်အခါအလိုက် ကျွေးသင့်တာတွေ ရှိသလို မကျွေးသင့်တာလေးတွေလည်း ရှိနေပါတယ်နော်။ ဒီတစ်ခေါက်တော့ ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ အကြောင်း ဖေဖေမေမေတို့ ဗဟုသုတရရှိစေဖို့ မျှဝေပေးလိုက်ရပါတယ်။ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ ကတော့။လက်ဖက်ရည်အေး၊ ကော်ဖီအေး၊bubble tea၊ ကော်ဖီ၊ စွမ်းအားဖြည့်အချိုရည်နဲ့ အခြားသော ကဖင်းပါတဲ့ အချိုရည်တွေကို သားသားမီးမီးတို့ အိပ်ရာမဝင်ခင်မှာ တိုက်ကျွေးတာမျိုး မလုပ်မိဖို့ လိုပါမယ်။  အကြောင်းကတော့ ကလေးကို အိပ်ရာမဝင်ခင်မှာ ကဖင်းပါတဲ့ သောက်စရာတွေ စားစရာတွေ ကျွေးတာက ကလေးကို မအိပ်ချင်အောင် လှုံ့ဆော်ပေးလိုက်သလို ဖြစ်ပြီး ကလေးက ကောင်းကောင်းအိပ်ပျော်ဖို့ ခက်သွားစေနိုင်တာကြောင့်ပါ။ ဒါကြောင့် ကလေးကို ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေချင်တယ်။အိပ်ရေးမဝတာမျိုး မဖြစ်စေချင်ဘူးဆိုရင်တော့ အိပ်ခါနီးမှာ အခုပြောပြခဲ့တဲ့ သောက်စရာလေးတွေကို မတိုက်မိဖို့ လိုပါမယ်။ဆိုဒါ၊ သကြားထည့်ထားတဲ့အသီးဖျော်ရည်တွေ၊ အချိုရည်တွေလိုမျိုး သကြားပါဝင်မှု များတာတွေကို ကလေးတွေ အိပ်ရာမဝင်ခင်မှာ မတိုက်ပါနဲ့။ ဒါတွေက ကလေးကို သွေးတွင်းသကြားဓာတ် မြင့်စေပြီး အာရုံစိုက်ဖို့ ခက်ခဲတာ၊တက်ကြွမှု လွန်ကဲတာတွေကို ဖြစ်စေနိုင်သလို မအိပ်ခင်မှာ သွားမတိုက်မိဘဲ အိပ်ပျော်သွားမယ်ဆိုရင် သွားပိုးစားတာ၊သွားပျက်စီးတာတွေကိုပါ ခံစားရနိုင်လို့ပါ။သားသားမီးမီးတို့က ဆီကြော်စာတွေ ဖြစ်ကြတဲ့ ကြက်ကြော်၊ အာလူးချောင်းကြော် စတာတွေကို တော်တော်လေး နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြပါတယ်။ ဒီအစားအစာတွေက အလွန်အကျွံ စားမယ်ဆိုရင် အဝလွန်စေနိုင်ပါတယ်။တကယ်လို့ ကလေးက ဒီအစားအစာတွေကို ညဘက် အိပ်ရာမဝင်ခင်မှာ စားမိမယ်ဆိုရင်တော့ အဆီများလွန်းတာကြောင့် အစာကြေခဲတာ၊ အစာချေဖျက်ဖို့ အချိန်ယူရတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အစာခြေစနစ်က သေချာ မချေဖျက်ရသေးခင်မှာ ကလေးက အိပ်ပျော်သွားမယ်ဆိုရင်ရင်ပြည့်တာ၊ ဗိုက်အောင့်ဗိုက်နာဖြစ်တာတွေကိုပါ ခံစားရစေနိုင်ပါတယ်။ချောကလက်မှာ ကဖင်း အနည်းငယ်နဲ့ အချိုဓာတ်တွေ အများကြီးပါနေပါတယ်။ သကြားလုံးတွေမှာတော့ အချိုဓာတ်က ရာနှုန်းပြည့် ပါဝင်နေတာပါ။ ဒီအစားအစာ ၂ မျိုးစလုံးက ကလေးကို အိပ်ရာဝင်ချိန်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ခက်စေနိုင်သလို သကြားလုံး ချောကလက်တွေက စားပြီးချိန်မှာ သွားမတိုက်မိဘဲ အိပ်ပျော်သွားမယ်ဆိုရင်တော့ ကလေးကို သွားနဲ့ ခံတွင်းပြဿနာတွေ ခံစားရစေမှာပါ။သစ်သီးတွေက ပုံမှန်အားဖြင့် ကျန်းမာစေတယ် ဆိုပေမယ့် အိပ်ရာဝင်ခါနီး အများကြီး စားမိရင် ဗိုက်နာတာ၊ အစာခြေစနစ် ပြဿနာ ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ အစာကြေခဲပြီး အိပ်ရာဝင် နောက်ကျစေနိုင်တာကြောင့်ကလေးကို သစ်သီးခြောက်ကျွေးမယ်ဆိုရင် နေ့တစ်နေ့တာရဲ့ အစောပိုင်းကာလတွေမှာ ကျွေးပေးပါ။သစ်သီးခြောက်တွေမှာ တာရှည်ခံပစ္စည်းတွေ၊ သကြားတွေ ပါဝင်နေနိုင်သလို အခြောက်ခံထားတာကြောင့် အစာကြေဖို့ ခက်ပြီး အန်တာ၊ အစာမကြေတာ၊ ရင်ပူတာတွေကို ဖြစ်စေနိုင်ပါတယ်။ကလေးတွေက ဘယ်လောက်ကြိုက်ကြိုက်ကလေးရဲ့ အိပ်စက်မှုနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အိပ်ရာဝင်ခါနီးမှာ သားသားမီးမီးတို့ကို ဒီအစားအစာတွေ လုံးဝမကျွေးဖို့ လိုပါမယ်နော် မေမေဖေဖေတို့ရေ …….။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/foods-to-avoid-giving-your-child-before-bedtime/
နှာခေါင်းရိုးကျိုးရင် အရေးပေါ်ဘယ်လိုပြုစုရမလဲ
မျက်နှာကိုထိခိုက်မိတယ်ဆိုရင် အရင်ဆုံးစိတ်ပူရတာကမျက်လုံးနဲ့နှာခေါင်းပါပဲ။ ရန်ဖြစ်ကြတဲ့အခါ လက်သီးနဲ့ထိုးလည်း နှာခေါင်းရိုးကျိုးနိုင်တယ်၊ တခုခုနဲ့ဆောင့်မိရင်လည်း ထိမှာပဲ။ နှာခေါင်းဆိုတာက သိသိသာသာအပြင်ထွက်နေတဲ့အရာကိုး။အားကစားလုပ်ရင်းမတော်တဆထိခိုက်မှုေတွ၊ ခိုက်ရန်ဖြစ်တာတွေချော်လဲတာ၊ ဆိုင်ကယ်မှောက်တာ စတဲ့ထိခိုက်မှုတွေက အဖြစ်များတဲ့ နှာရိုးကျိုးစေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။ဖြစ်လာပြီဆိုရင်သွေးတွေထွက်ပြီး နှာခေါင်းတဝိုက်နဲ့မျက်လုံးအောက်နားမှာရောင်ရမ်းလာမယ်၊ နှာခေါင်းရိုးကကောက်သွားတဲ့အတွက် အသက်ရှူရတာပြဿနာဖြစ်မယ်။နှာခေါင်းရိုးကျိုးသွားပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။နှာခေါင်းကိုရိုးရိုးထိခိုက်တာမဟုတ်ဘဲ နှာရိုးကျိုးသွားပြီဆိုရင် ဒီလက္ခဏာတွေဖြစ်နေတတ်ပါတယ် –။ဘယ်လိုအမြန်ပြုစုမလဲ။ထိခိုက်မှုတခုခုကြောင့် နှာခေါင်းရိုးကျိုးသွားတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်ဆီမရောက်ခင် ဒီအဆင့်လေးတွေအတိုင်း အရေးပေါ်ပြုစုပေးပါ။(၁)နှာခေါင်းထိခိုက်ပြီဆိုရင် ပါးစပ်ကနေအသက်ရှူပြီး ခေါင်းကို ရှေ့နည်းနည်းငိုက်ထားပါ။( နှာခေါင်းလမ်းကြောင်းကသွေးတွေ လည်ချောင်းထဲကိုရောက်ရှိတာနည်းစေဖို့ပါ)။(၂)ထိခိုက်ပြီးတာနဲ့ချက်ချင်းရေခဲကပ်ပါ။ပြီးရင် အရောင်ကျစေဖို့ နောက်တစ်ရက်နှစ်ရက်လောက်တော့ တစ်နေ့လေးကြိမ်လောက်ရေခဲကပ်ပေးပါ။ တစ်ကြိမ်ကို ၁၅ မိနစ်လောက်ပဲ ကြာသင့်ပါတယ်။ တိုက်ရိုက်မဟုတ်ဘဲ အဝတ်ပါးနဲ့ပတ်ပြီးခပ်ဖွဖွရေခဲကပ်ပါ။ ဖိမိရင် နှာခေါင်းကိုပိုထိခိုက်စေနိုင်ပါတယ်။(၃)ဆေးခန်းမရောက်ခင်မှာ နာကျင်မှုသက်သာစေဖို့ Acetaminophen၊ibuprofen တို့လို ဆရာဝန်ဆေးညွှန်းမလိုတဲ့အကိုက်အခဲပျောက်ဆေးေတွလည်း လိုအပ်သလို သောက်ထားလို့ရပါတယ်။(၄)ခေါင်းသိပ်မငုံ့ပါနဲ့။ အိပ်တဲ့အခါခေါင်းအုံးမြှင့်ထားပါ။ မဟုတ်ရင် ပိုရောင်ရမ်းလာပြီး တဒုတ်ဒုတ်နဲ့ကိုက်ခဲလာပါလိမ့်မယ်။(၅)အရမ်းမလှုပ်ရှားပါနဲ့။ ကုသမှုခံယူနေစဉ် အနာမကျက်သေးခင် ပထမနှစ်ပတ်လောက်အတွင်း လှုပ်လှုပ်ရှားရှား ဘာအားကစားမှမလုပ်ပါနဲ့။ဒီလောက်ဆိုအရေးပေါ်စောင့်ရှောက်မှုလုံလောက်နိုင်တဲ့အတွက် ကုသမှုနောက်ပိုင်းကိုဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်ရင် အမြန်ဆုံးသက်သာလာနိုင်ပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%82%8f%e1%80%bd%e1%80%ac%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9b%e1%80%84%e1%80%b9-%e1%80%a1/
နာတာရှည် အဆုတ်လေပြွန်ကျဉ်း ဝေဒနာနှင့် အောက်ဆီဂျင် ကုထုံးအကြောင်း သိကောင်းစရာ
အောက်ဆီဂျင်ကို လုံလောက်သော ပမာဏမရရှိသောသူများနှင့် သွေးထဲတွင် အောက်ဆီဂျင် ပမာဏနည်းနေသူများတွင် အောက်ဆီဂျင်ရှုရခြင်းဖြစ်ပါသည်။ အထူးသဖြင့် အဆုတ်ရောဂါရှိသူများသည် အဆုတ်ထဲတွင် လုံလောက်သော အောက်ဆီဂျင်ပမာဏကို ရရှိရန်အတွက် ရုန်းကန်ပြီး ရှုရှိုက်ကြရပါသည်။ ယခုဖော်ပြမည့် အောက်ဆီဂျင် ကုထုံးတွင် အောက်ဆီဂျင်ကို ဆလင်ဒဗူးမှတဆင့် အဆုတ်ထဲသို့ ပိုက်ဖြင့်ရှုသွင်းခြင်းကို ဖော်ပြပါမည်။အောက်ဆီဂျင်ရှုသည့် နှာခေါင်းပိုက်တွင် နှာခေါင်းပေါက်လေးများအတွင်းသို့ သွင်းမည့် ပလတ်စတစ်ပိုက်ကလေးများပါရှိပါသည်။နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားသည့် မျက်နှာဖုံးပါရှိပါသည်။အောက်ဆီဂျင်ပိုက်ငယ်လေးကို သင့်လည်ပင်းအရှေ့ဘက်မှ အသက်ရှုလမ်းကြောင်းသို့ပေးသောနည်းတွင် ဆရာဝန်က ဓါးဖြင့် အရာသေးသေးပေးပြီး အောက်ဆီဂျင်ပိုက်ကို ထည့်ရခြင်းဖြစ်ပါသည်။ ထိုနည်းသည် လည်ချောင်းပြွန်မှ အောက်ဆီဂျင်ပေးသော နည်းဖြစ်ပါသည်။အောက်ဆီဂျင်ကို အရည်သို့မဟုတ် အငွေ့ပုံစံဖြင့် ရရှိနိုင်ပါသည်။ အောက်ဆီဂျင် ပုံစံ ၂ မျိုးစလုံးကို သယ်ယူသွားနိုင်သော ဗူးများထဲတွင် သိမ်းထားနိုင်ပါသည်။ သယ်ရလွယ်စေရန် ဗူးငယ်များလည်း ရှိပါသည်။ အသုံးမတတ်လျှင် အောက်ဆီဂျင်အရည်သည် အငွေ့ပြန်ပြီး အကုန်မြန်စေပါသည်။သွေးထဲမှာ အောက်ဆီဂျင် ပမာဏ နည်းသွားချိန် သို့မဟုတ် အောက်ပါ လက္ခဏာများ ခံစားရလျှင် အောက်ဆီဂျင် လိုအပ်နေပြီ ဖြစ်ပါသည်။· အသက်ရှုမဝခြင်း။· ဂနာမငြိမ်ဖြစ်ခြင်း။· မနက်ဖက်တွင် ခေါင်းကိုက်ခြင်း။· ခြေချင်းဝတ်နေရာတွင် ဖောရောင်ခြင်း။သင့် အခြေအနေကို ဆရာဝန်က စစ်ဆေးပြီး လိုအပ်သော ကုသမှုများကို ပြုလုပ်ပါလိမ့်မည်။ အချို့သော စမ်းသပ်မှုများကို ပြုလုပ်ခြင်းဖြင့် သွေးထဲတွင်ရှိသော အောက်ဆီဂျင်ပမာဏကို သိနိုင်ပါသည်။အသက်ရှုလမ်းကြောင်း ကျဉ်းသော ကလေးငယ်များသည်လည်း အောက်ဆီဂျင်ကို လိုအ်ပါသည်။ ဆရာဝန်များက ကလေးငယ်၏ အခြေအနေကို စစ်ဆေးပြီး လိုအပ်သော ကုသမှုများကို ပြုလုပ်ပါလိမ့်မည်။ သင့်ကလေးသည် အောက်ပါလက္ခဏာများ ခံစားနေရပါက ဆရာဝန်အား အကြောင်းကြားပါ။· မကြာခဏ ခေါင်းကိုက်ခြင်း။· အမူအရာများ ပြောင်းလဲလာခြင်း။· ဂနာမငြိမ် ပိုဖြစ်လာခြင်း။· အိပ်လွန်းခြင်း။· ကြီးထွားမှု နှေးခြင်း။ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူက သွေးထဲရှိအောက်ဆီဂျင် ပမာဏကိုတိုင်းတာရန် လိုအပ်သော စမ်းသပ်မှုများကို ပြုလုပ်ပါလိမ့်မည်။ သွေးထဲတွင် အောက်ဆီဂျင် ၉၀%အောက်နည်းနေပါက အောက်ဆီဂျင်ရှုရန် လိုအပ်ပါသည်။ သွေးထဲရှိအောက်ဆီဂျင် ပမာဏကိုတိုင်းတာရန်အတွက် လည်ချောင်းလေးများတွင် ညှပ်ပြီး တိုင်းခြင်းနှင့် သွေးပြန်ကြောမှ သွေးကို ယူပြီး တိုင်းခြင်းဟူ၍အဓိကအားဖြင့် နည်း ၂မျိုးရှိပါသည်။ ပထမနည်းသည် အောက်ဆီဂျင်ကို လက်ချောင်း၊ ခြေချောင်းများနှင့် နားပန်တွင် စက်ဖြင့်တိုင်းခြင်းဖြစ်သောကြောင့် တိုင်းရလွယ်ပါသည်။ ဒုတိယနည်းမှာ ဆရာဝန်ကိုယ်တိုင် လက်မောင်းရှိ သွေးပြန်ကြောမှ သွေးကိုစုပ်ယူပြီး ဓါတ်ခွဲရခြင်းကြောင့် ပိုရှုပ်ထွေးပါသည်။အောက်ဆီဂျင်ပိုက်နှင့် အိုးများတွင် ယိုစိမ့်မှု မရှိစေရန် သတိပြုပါ။ အောက်ဆီဂျင်ရမရ စစ်ဆေးပါ။ နှာခေါင်းပိုက်ဖြင့်ရှုရာတွင် ယင်းပိုက်ကို နားအနောက်တွင်ချိတ်ရာမှ အရေပြားတွင် အနာဖြစ်စေနိုင်ပါသည်။ အောက်ဆီဂျင်ကို မျက်နှာဖုံးနှင့် ပေးပါက ပါးစပ်၊ နှုတ်ခမ်းနှင့် နှာခေါင်းတို့ ခြောက်သွေ့နိုင်ပါသည်။ထိုသို့မဖြစ်အောင် အောက်ပါနည်းများဖြင့်ကာကွယ်နိုင်ပါသည်။· မျက်နှာဖုံးနှင့် ပေးပါက ပါးစပ်၊ နှုတ်ခမ်းနှင့် နှာခေါင်းနေရာများကို ရေဓါတ်ပါသော အစိုဓါတ်ခရမ်လိမ်းပါ။· လျှားစောင်းလက်ပက်ခရ်မ်လည်း လိမ်းနိုင်ပါသည်။· ဓါတ်ဆီ နှင့် အဆီများကို အခြေခံထုတ်ထားသော ပစ္စည်းများကို မလိမ်းပါနှင့်။(ဥပမာ- Vaseline)။အောက်ဆီဂျင်ရှုနေလျက် လုံလောက်သော အောက်င်္ဆီဂျင်ကို မရပါက ဆရာဝန်အားပြောပြီး ပမာဏကို ပြောင်းလဲပါ။ သင်ကိုယ်တိုင် သင့်သဘောဖြင့် ပြောင်းလဲခြင်းမျိုး မပြုလုပ်ရပါ။အောက်ဆီဂျင်ပေါက်ကွဲမှုမဖြစ်စေရန် အပူပေးပစ္စည်းများ၊ မီးဖိုများဘေးတွင် အောက်ဆီဂျင်ကို မသုံးရပါ။အောက်ပါလက္ခဏာများ ခံစားရပါက အောက်ဆီဂျင်ပေးသည့် စက်များကို အရင်စစ်ဆေးပါ။ ထိုစက်များတွင် ယိုပေါက်မရှိပါမှ ဆရာဝန်အားအကြောင်းကြားပါ။· အလွန်အမင်းခေါင်းကိုက်လာခြင်း။· ပုံမှန်ထက်ပိုပြီး စိတ်လှုပ်ရှားလာခြင်း။· နှုတ်ခမ်းများနှင့် လက်သည်းခွံများ ပြာလာခြင်း။· ထိုင်းမှိုင်းလာခြင်း၊ စိတ်အာရုံများ ရှုပ်ထွေးလာခြင်း။· အသက်ရှုနှေးလာခြင်း၊ အသက်ရှုရခက်ခြင်း၊ အသက်ရှုမမှန်ခြင်း။· ပုံမှန်ထက် အသက်ရှုမြန်လာခြင်း။· အသက်ရှုစဉ် နှာခေါင်းပေါက်လေးများပွစ်ပွစ်ဖြစ်နေခြင်း။· ညည်းခြင်း။· အသက်ရှုတိုင်းမှာ ရင်ဘတ် နံရိုးများ ချိုင့်ဝင်သွားခြင်း။· ခံတွင်း ပျက်ခြင်း။· နှုတ်ခမ်းများ၊ သွားဖုံးနှင့် မျက်လုံးများ ညိုညစ်ညစ်ဖြစ်လာခြင်း၊ ပြာနှမ်းလာခြင်း။· ဂနာမငြိမ်ဖြစ်ခြင်း။· အိပ်မပျော်ခြင်း။· အသက်ရှုမဝခြင်း။· အလွန်အမင်း ပျော့ခွေ အားနည်းနေခြင်း တို့ဖြစ်ပါသည်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%8a%e1%80%ba-%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%b1%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%80-5/
စွန့်ချင်ပါလျက်နဲ့ အောင့်ထားမိတဲ့အခါ
လမ်းသွားနေရင်း အပြင်းအထန်အိမ်သာတက်ချင်တာမျိုး ကြုံဖူးကြမလား၊ ဒါမှမဟုတ် အိမ်သာနဲ့ အလှမ်းကွာနေတဲ့ နေရာတစ်နေရာရာကို ရောက်နေချိန်မှာမှ ဝမ်းသွားချင်စိတ် ပေါ်လာတာမျိုးပေါ့။ အင်မတန် ခက်ခဲတဲ့ ဝေဒနာမျိုးဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ စွန့်ချင်ပါလျက်နဲ့ အောင့်ထားမိတဲ့အခါ ဘာတွေ ဖြစ်နိုင်မလဲ။ဒါပေမယ့်လည်း တချို့အခြေအနေတွေမှာတော့ဝမ်းသွားချင်စိတ်ကို တမင်ထိန်းချုပ်ထားဖို့ လိုတာမျိုးလည်း ရှိတတ်ပါတယ်။ အနီးအနားမှာ အိမ်သာ မရှိလို့၊ ဝမ်းသွားရမှာပျင်းလို့၊ အရေးတကြီးလူကြီးတွေနဲ့ တွေ့နေရတာမို့၊ ထုတ်ပြောရမှာရှက် ဒါမှမဟုတ် ကားပေါ်ရောက်နေပြီး ဆင်းမရပြုမရဖြစ်နေလို့ စသဖြင့်ပေါ့။ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ပါ။ ဝမ်းသွားချင်စိတ်ကို ထိန်းချုပ်တာက မှန်ကန်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။တကယ်တော့ဝမ်းမှန်ခြင်းဟာ သင့်ရဲ့ အစာခြေစနစ်ကောင်းမွန်ပြီး လူလည်းကျန်းမာတယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုပါ။ ဝမ်းချုပ်ရင် ဒါမှမဟုတ် ဝမ်းခဏခဏသွားနေရင်သာ သင်မကျန်းမာဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။လူတစ်ယောက်က တစ်နေ့ကို ဝမ်းဘယ်နှစ်ကြိမ်သွားရမလဲဆိုတာမျိုး အတိအကျ သတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် အစာခြေဖျက်နိုင်စွမ်းနဲ့ မစင်စွန့်ထုတ်ပုံစနစ် အလုပ်လုပ်ပုံခြင်း အတန်ငယ်ကွာခြားလေ့ရှိတာမို့ပါ။ပျမ်းမျှအားဖြင့် တစ်နေ့ကို ၃ ကြိမ်ကနေ တစ်ပတ်ကို ၃ ကြိမ်အတွင်းပုံမှန်ဝမ်းသွားမယ်ဆိုရင် ဒါက ပုံမှန်လို့ ဆိုပါတယ်။ အတိအကျကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို ပုံမှန်ဖြစ်နေတဲ့ အခြေအနေကို တားဆီးပိတ်ပင်မိမယ်ဆိုရင်တော့ဖြင့် အခြေအနေတွေက ရှုပ်ထွေးသွားမှာဖြစ်ပါတယ်။မစင်စွန့်တယ်ဆိုတာက ခန္ဓာကိုယ်ထဲမှာရှိတဲ့အစာဟောင်းတွေ၊အဆိပ်အတောက်တွေနဲ့ မလိုအပ်တော့တဲ့ စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်တဲ့လုပ်ငန်းစဉ်ပါ။ ဒါကြောင့် နေ့စဉ် ပုံမှန်ဝမ်းသွားတာက အကောင်းဆုံးနည်းလမ်းပါ။ဒီလိုမဟုတ်ဘဲ ဝမ်းသွားချင်စိတ်ကို ခဏခဏ အောင့်ထားမယ်ဆိုရင် Timing တွေ လွဲသွားပြီး အစာဟောင်းအိမ်ထဲမှာလည်း ပြဿနာတွေဖြစ်လာတော့မှာပါ။ ဒီလိုဖြစ်လာပြီဆိုရင်တော့ဖြင့် သင့်မှာ အောက်ပါ ပြဿနာတွေကြုံဆုံလာရဖို့ ရှိလာပါပြီ။ဒီလက္ခဏာတွေထဲက တချို့ကို ၃ လလောက်ဆက်တိုက်ပြသနေပြီဆိုရင်တော့ သက်ဆိုင်ရာကျန်းမာရေးဌာနကို ပြေးဖို့ မဖြစ်မနေလိုအပ်နေပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။နေ့စဉ်အချိန်မှန် ဝမ်းသွားတဲ့ အလေ့အကျင့်ရှိမယ်ဆိုရင် ဟိုဟိုဒီဒီအပြင်သွားချိန်တွေမှာ ဝမ်းသွားချင်စိတ်ဖြစ်ပေါ်တာကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ပုံမှန် အချိန်နဲ့ ဝမ်းသွားတဲ့ အလေ့အကျင့်ရှိအောင် လေ့ကျင့်ယူထားနိုင်မယ်ဆိုရင် အပြင်သွားချိန်တိုင်း ဝမ်းသွားချင်တဲ့ ပြဿနာမျိုးမဖြစ်အောင် တားဆီးနိုင်ပါလိမ့်မယ်။ဒါကြောင့် အချိန်မှန်မှန်ဝမ်းသွားစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာနိုင်ပါတယ်။အထက်ပါ အချက်တွေက ဝမ်းမှန်ပြီး ကျန်းမာအောင် ကူညီပေးပါလိမ့်မယ်။ဒါ့အပြင် အပြင်သွားချိန်တိုင်း ဝမ်းသွားချင်စိတ်ပေါ်တတ်သူတွေအနေနဲ့လည်း အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်မှာဖြစ်ပါတယ်။ဒီနည်းလမ်းတွေကတော့ သင်အပြင်သွားချိန်တွေမှာ ဝမ်းသွားချင်တဲ့ ပြဿနာကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်မှာဖြစ်ပြီး ဝမ်းသွားချင်ချိန်တွေမှာ အတင်းကာရော ချုပ်တည်းထားရတာမျိုးမဖြစ်အောင် ကူညီနိုင်ပါလိမ့်မယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/dont-hold-poop/
လူတွေအသက်ကြီးတော့မှ ဘာလို့ငယ်ဘဝကို ပြန်သွားချင်ကြတာလဲ
ဒီဘက်ခေတ်မှာမှ မဟုတ်ပါဘူး။ အသက် ၂၀ နောက်ပိုင်း အရွယ်ရောက်ပြီးသားလူကြီးတွေအများစုက ငယ်ဘဝအတိတ်ကို လွမ်းဆွတ်ရင်း ပြန်ရောက်သွားချင်စိတ်တွေ အမြဲတမ်းဖြစ်တတ်ကြပါတယ်။ ဒီလိုအတွေးတွေ ဝင်လာရတယ်ဆိုတာ အကြောင်းရင်းများစွာရှိနိုင်သလို ကိုယ့်ရဲ့ လက်ရှိအချိန်မှာ ရောက်နေတဲ့ နေရာ၊ ဖြစ်နေတဲ့ ဘဝအခြေအနေတွေကို စိတ်တိုင်းမကျတာ၊ နောင်တရတဲ့ စိတ်တွေ၊ ယူကြုံးမရဖြစ်မိတဲ့ အမှားတွေကြောင့်လည်း အဲ့လိုတွေးမိတတ်ကြတာပါ။ များသောအားဖြင့် ဒီလိုအတွေးတွေ ဝင်လာတာက လူကြီးပိုင်းအရွယ်တွေမှာ မကြာခဏဆိုသလို ဖြစ်တတ်ပြီးစိတ်ရောဂါလို့တော့ ခေါင်းစဉ်တပ်လို့မရပါဘူးခင်ဗျ။ ဒါပေမယ့် အဲ့ဒီအတွေးတွေရဲ့ နောက်ကွယ်မှာ ကပ်ပါလာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကိုတော့ လျစ်လျူမရှုသင့်ပါဘူး။ အဲ့တော့ လူတွေအသက်ကြီးတော့မှ ဘာလို့ငယ်ဘဝကို ပြန်သွားချင်ကြတာလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ကြည့်လိုက်ရအောင်လား။၁။ လက်ရှိရောက်နေတဲ့အချိန်က ကိုယ်ကြီးပြင်းခဲ့တဲ့အချိန်နဲ့ မတူတော့တာ။ဒါကို Generation Gap – အချိန်ကာလ နှစ်ခုကွာခြားခြင်း လို့လည်း ဆိုပါတယ်။ အလွယ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကလေးဘဝက ကြီးပြင်းလာခဲ့တဲ့၊ ကိုယ့်စိတ်ကို လုံခြုံမှုဖြစ်စေခဲ့တဲ့ ပတ်ဝန်းကျင်ဟာ နည်းပညာတိုးတက်မှုတွေနောက်မှာ အထိုက်အလျောက်ပြောင်းလဲနေပြီး ကိုယ်မသိလိုက်တဲ့ အချိန်အတွင်းမှာ ဘာမှသက်ဆိုင်မှုမရှိတော့တဲ့ ကမ္ဘာကြီးထဲ ရောက်သွားသလိုမျိုး ခံစားချက်ပါ။ ပုံမှန်နေ့ရက်တွေ ဖြတ်ကျော်နေချိန်မှာ သတိမထားမိပေမယ့် စိတ်အရမ်းညစ်နေတဲ့အချိန်၊ ငယ်ဘဝက လုပ်ဖူးတဲ့ အရာ၊ နားထောင်ဖူးတဲ့ သီချင်းတစ်ပုဒ်လောက် ပြန်နားထောင်မိလိုက်ရင် ဒီလိုစိတ်တွေက ဝင်လာတတ်ပါတယ်။၂။ တာဝန်ယူမှုတွေ များလာတာ။အသက်ကြီးလာလို့လုပ်ငန်းခွင်ထဲ ဝင်ရောက်လာတဲ့အခါ၊ မိသားစုတစ်ခု တည်ဆောက်တဲ့အခါ၊ အိမ်ထောင်ဦးစီးနေရာ ရောက်လာတဲ့အခါ ကိုယ့်မှာယူရတဲ့ တာဝန်တွေက များသထက်များလာပါတယ်။ ကလေးဘဝမှာတော့ ကိုယ်စားချိန်တန် စားမယ်၊ စာလုပ်ချင်စာလုပ်၊ အိပ်ချိန်တန် အိပ်၊ ဘဝကို အေးအေးဆေးဆေးနဲ့ အပူအပင်မရှိ ဖြတ်ကျော်လာခဲ့ပေမယ့် အသက်ကြီးလာတာနဲ့ ဒီလိုလက်လွတ်စပယ် နေလို့မရတော့ပါဘူး။ကိုယ်က လုပ်ချင်တယ်ဆိုတဲ့အရာတွေ ရှိနေရင်တောင် ကိုယ့်နောက်မှာရှိနေသူတွေ၊ ကိုယ့်ကိုမှီခိုနေတဲ့သူတွေ၊ မိသားစုဝင်တွေကို ငဲ့ကွက်ရင်း ဒီလိုလုပ်လို့မဖြစ်သေးပါလား ဆိုတဲ့ စိတ်တွေက ကိုယ့်ကိုနောက်ဆံတင်းစေပါတယ်။ အဲ့လိုအခြေအနေတွေကြောင့်လည်း ငယ်ဘဝပြန်ရောက်သွားရင်ကောင်းမှာပဲဆိုတဲ့ စိတ်တွေဖြစ်လာပါတယ်။၃။ နောင်တရစရာ ကိစ္စတစ်ခုခုရှိတာ၊ အမှားတစ်ခုခု လုပ်မိတာ။ကျွန်တော်တို့နိုင်ငံမှာဆိုရင် လူငယ်တော်တော်များများ ဖြစ်ဖူးမယ်၊ ငါသာ ဒီတက္ကသိုလ်ကို မတက်ခဲ့ဘဲ တခြားတစ်ခု တက်ခဲ့လိုက်ရင် ကောင်းသား၊ မိဘတွေတိုက်တွန်းတာကိုပဲ တစ်သွေမတိမ်းလိုက်နာတာထက် ကိုယ်ဝါသနာပါတဲ့လမ်းနောက်ကို လိုက်ခဲ့မိလိုက်ရင်ရော၊ အမှားတစ်ခုလုပ်မိလိုက်တဲ့အခါမှာလည်း ငါအဲ့ဒီအချိန်တုန်းက ဒီလိုလုပ်ခဲ့လိုက်သင့်တာပါလား အစရှိသဖြင့် နောင်တရတာတွေ၊ ယူကြုံးမရဖြစ်တာ၊ ခံပြင်းတာတွေက ကိုယ့်ရဲ့ စိတ်ကို နောက်ဆံတင်းစေဖို့ အကြောင်းဖန်လာပါတယ်။၄။ လက်ရှိဘဝကို စိတ်တိုင်းမကျတာ။ကိုယ်မျှော်လင့်ထားသလောက် အောင်မြင်မှုမျိုးကို မရရှိတာ၊ ကိုယ်လိုချင်သလောက် ဝင်ငွေပမာဏကို မရနိုင်သေးတာ၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ ပညာရေး ဒါတွေနဲ့ပတ်သက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ရော၊ ဘေးပတ်ဝန်းကျင်ကလူတွေကိုပါ စိတ်တိုင်းမကျတဲ့အခါမှာလည်း အဲ့လိုအတွေးတွေ ဝင်လာတတ်ပါတယ်။ ပြောရမယ်ဆိုရင် စိတ်ညစ်၊ သိမ်ငယ်၊ စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးဆို အကျိုးမရှိတဲ့ အတွေးတွေက ဝင်လာတော့တာပါပဲ။အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီလိုအတွေးတစ်ခုတည်းကြောင့်တော့ ကိုယ့်ရဲ့စိတ်ကို ဒုက္ခမပေးနိုင်ပါဘူး။ ဒါပေမယ့် ဒီလိုအတွေးတွေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက ကိုယ့်ရဲ့ စိတ်ကို ဖိစီးစေတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ်တောင် မနှစ်သိမ့်နိုင်တော့လောက်အောင် စိတ်ဓာတ်တွေ ပြိုလဲသွားတဲ့အခါမှာတော့ ကိုယ့်စိတ်ကို ပြန်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်။ကိုယ့်ရဲ့ စိတ်ကလေးကိုသာ ဒီလိုပုံစံလေး ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင် ညစ်နေတဲ့ကိစ္စတွေ အနည်းနဲ့အများတော့ ရင်ထဲပေါ့သွားနိုင်မှာပါ။ အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ သာယာပျော်ရွှင်ဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/why-do-you-want-childhood-life-back/
ဓာတ်ဆားရည် သောက်ပေးသင့်တဲ့ အကြောင်းအရင်း
နေ့စဉ်လှုပ်ရှားမှုတိုင်းကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ခန္ဓာကိုယ်ကျန်းမာနေစေဖို့အာဟာရဓာတ်လိုအပ်သလို  ဓာတ်ဆားဓာတ်ကလည်း ချန်ထားလို့မဖြစ်တဲ့အရာ တစ်ခုပေါ့။နေ့စဉ်လှုပ်ရှားမှုတွေလုပ်ရင်ဖြစ်ဖြစ်၊ လေ့ကျင့်ခန်းတွေ လုပ်ရင်ဖြစ်ဖြစ် ထွက်သွားတဲ့ ချွေးတွေကြောင့် ကိုယ်တွင်းမှာ ဓာတ်ဆားဓာတ်တွေက အစဉ်မပြတ် ဆုံးရှုံးနေပါတယ်။ ဒီဓာတ်တွေကို အစားအသောက်တွေက ဖြည့်တင်းနိုင်တယ် ဆိုပေမယ့် ဝမ်းပျက်တာမျိုး၊ဖျားနာတာမျိုး ဖြစ်တဲ့အခါ လုံလောက်တဲ့ ဓာတ်ဆားဓာတ်ကိုအစားအသောက်တွေကနေတဆင့် ပြန်လည် မဖြည့်တင်းနိုင်တဲ့အခါ ဓာတ်ဆားရည်ကို တပ်ကူခေါ်ဖို့လိုလာမှာပါ။နေ့စဉ်တိုင်း စားသုံးနေတဲ့အစားအစာတွေထဲမှာ ဓာတ်ဆားဓာတ်က ပါဝင်နေတာကြောင့် ပုံမှန်အချိန်တွေမှာ ဓာတ်ဆားရည် သောက်ဖို့မလိုပေမယ့် ဒီလိုအခြေအနေမျိုးတွေမှာတော့ ဓာတ်ဆားရည် သောက်ဖို့ လိုပါမယ်။ဓာတ်ဆားဓာတ်ဆိုတာက ကိုယ်တွင်းက အရည်ပမာဏကို ထိန်းညှိပေးတဲ့သွေးတွင်းသတ္တုဓာတ်တစ်မျိုးပါ။သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို ကြွက်သားတွေကျုံ့ဆန့်မှုကို အကောင်းဆုံး ထိန်းညှိပေးပြီး ခန္ဓာကိုယ်ရဲ့ စနစ်တွေကို အကောင်းဆုံး လည်ပတ်စေနိုင်ပါတယ်။ ခန္ဓာကိုယ် ကျန်းမာနေစေဖို့နဲ့ ကောင်းမွန်စွာလှုပ်ရှားနိုင်စေဖို့အတွက် ဓာတ်ဆားဓာတ်က မရှိမဖြစ် လိုအပ်တာပါ။ဓာတ်ဆားရည်အများစုမှာ အခုလိုဓာတ်တွေ ပါဝင်နေပါတယ်။ဆိုဒီယမ်– သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။ ကြွက်သားတွေကို ကျန်းမာစေပြီး အာရုံကြောစနစ် ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ် စားသုံးပေးသင့်တဲ့ ဓာတ်တစ်မျိုးပါ။ပိုတက်ဆီယမ်– သွေးတွင်း အက်ဆစ်ပမာဏနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ဆိုဒီယမ် များသွားတာကြောင့်သွေးတိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။မဂ္ဂနီဆီယမ်– သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေ ကောင်းမွန်အောင် ထောက်ပံ့ပေးသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ဓာတ်ဆားရည် သောက်ပေးဖို့ အချိန်တိုင်း မလိုအပ်ပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေမျိုးဆိုရင်တော့ ဓာတ်ဆားရည်သောက်ပေးတာက အကောင်းဆုံးဖြစ်မှာပါ။ ဓာတ်ဆားရည်သောက်ပေးတာကြောင့်။ပုံမှန်အားဖြင့်ကတော့ အမျိုးသမီးတစ်ယောက်က တစ်နေ့ကို ရိုးရိုးရေ ၉ ခွက်စာလောက် သောက်ဖို့ လိုပါမယ်။ အမျိုးသား တစ်ယောက်ကတော့ တစ်နေ့တာမှာရေဓာတ် ၁၂ ခွက်စာလောက် ရရှိဖို့ လိုပါမယ်။တကယ်လို့ရာသီဥတုက အရမ်းပူမယ်ဆိုရင်တော့ ပုံမှန်လိုအပ်ချက်ထက် ၃ ခွက်စာစီလောက် ပိုလိုအပ်မှာပါ။ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် မလုပ်ခင်မှာ ၂ ခွက်စာလောက် သောက်သုံးပေးပြီး လေ့ကျင့်ခန်းလုပ်ပြီး မိနစ် ၂၀ အကြာမှာ တစ်ခွက်လောက် သောက်သုံးပေးဖို့ လိုပါမယ်။တစ်နေ့တာမှာ ဓာတ်ဆားကို မိမိချွေးထွက်တဲ့ပမာဏပေါ် မူတည်ပြီး သင့်တော်သလို သောက်ပေးနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/electrolyte-drinks/
ဆေးပေါ့လိပ် သောက်ခြင်းက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲ
ဆေးလိပ်လို့ ဆိုလိုက်ရင်စီးကရက်တင်မကဘဲ ဆေးပေါ့လိပ် ၊ ဆေးပြင်းလိပ် ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ တော်တော်များများက အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ စီးကရက်ကို သောက်ကြပေမယ့် ဆေးပြင်းလိပ်မှ သောက်တာ၊ ဆေးပေါ့လိပ်မှ သောက်တယ်။ ဒါက စီးကရက်လောက် ကျန်းမာရေးကို မထိခိုက်စေလောက်ဘူးလို့ ယူဆသူတွေရှိနိုင်ပါတယ်။ ဒီတော့ လက်ကနေ မချတမ်း အပြတ်ခဲနေတဲ့ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေက ကျန်းမာရေးကို တကယ်ပဲ စီးကရက်လောက် မထိခိုက်ဘူးလားဆိုတာကို သိနိုင်ဖို့ ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ဆေးပေါ့လိပ်က ကျန်းမာရေးကို ဘယ်လို ထိခိုက်စေတယ်လို့ မပြောခင်မှာ ဆေးပေါ့လိပ်ရဲ့ ဇစ်မြစ်ကို အရင်စစ်ကြည့်စေချင်ပါတယ်။ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေမှာ ပါတဲ့အမယ်တွေ ကွာပေမယ့် မကွဲမပြား အတူတူ ပါဝင်နေနိုင်တဲ့ အရာကတော့ ဆေးရွက်ကြီးပါ။ဆေးရွက်ကြီးပါဝင်နေမှတော့ ဆေးပေါ့လိပ်တွေ ဆေးပြင်းလိပ်တွေက စီးကရက်လိုမျိုး ကျန်းမာရေးကို မထိခိုက်စေဘူးဆိုတာက လက်ခံနိုင်ဖွယ်ရာ မရှိတဲ့ အဆိုတစ်ရပ်လို့ပဲ ဆိုရပါမယ်။မြန်မာနိုင်ငံ၊ အိန္ဒိယ နဲ့ အရှေ့တောင် အာရှဒေသတွေမှာ အသောက်များတဲ့ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေကလည်း စီးကရက်လိုပဲ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်တွေမှာပါတဲ့ ဆေးရွက်ကြီးမှာ စွဲလမ်းစေတတ်တဲ့ အာနိသင်ရှိပါတယ်။ ဆေးရွက်ကြီးကို ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်တွေအဖြစ်သောက်သုံးလိုက်တဲ့အခါ ထွက်လာတဲ့ဆေးလိပ်ငွေ့မှာ ဓာတုပစ္စည်းပေါင်း ထောင်ကျော် ပါဝင်နေပြီး  ၇၀ ထက်မနည်းတဲ့ ဓာတုပစ္စည်းတွေက ကင်ဆာဖြစ်စေနိုင်ပါတယ်။ဆေးပေါ့လိပ် သောက်သုံးတာကခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို ထိခိုက်စေတာပါ။ ဆေးပေါ့လိပ် သောက်တာကြောင့်။ဆေးရွက်ကြီးကို ကုသမှုအပိုင်းမှာ အသုံးပြုကြပေမယ့် ဆေးရွက်ကြီးကို လိုတာထက် ပိုမိုထည့်သွင်း ထုတ်လုပ်ထားတဲ့ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေနဲ့ စီးကရက်တွေကတော့ ကျန်းမာရေးအတွက် ကောင်းကျိုးဆိုတာမရှိဘဲ ဆိုးကျိုးကိုသာ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေကိုလည်း စီးကရက်ကို ရှောင်သလိုပဲ ရှောင်ကြဖို့ ပြောပါရစေ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/cheroots-health-risks/
ကလေးအတွက် အကျိုးပြုဘက်တီးရီးယား အကျိုးကျေးဇူးများသလား
Probioticဆိုတာ ခန္ဓာကိုယ်ရဲ့အစာခြေစနစ်ကို အကျိုးပြုတဲ့ သက်ရှိဘက်တီးရီးယားတစ်မျိုးပါ။ ဘက်တီးရီးယားဆိုတာနဲ့ရောဂါဖြစ်စေတဲ့ပိုးတွေလို့ အများအားဖြင့်ယူဆကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ မြောက်မြားစွာရှိနေတဲ့ ဘက်တီးရီးယားတွေကကောင်းတာရော၊ မကောင်းတာပါရှိပါတယ်။ Probiotic ကတော့အစာခြေစနစ်နဲ့ အူလမ်းကြောင်းကျန်းမာစေဖို့ အကျိုးပြုတဲ့ဘက်တီးရီးယားတွေဖြစ်ပါတယ်။ဒီလိုအကျိုးပြုProbioticက ကလေးတွေရဲ့အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေဖို့ အထောက်အကူပေးနိုင်မှာကိုလည်း မိဘတွေသိကြမှာပါ။ ဒါပေမယ့် ကလေးရဲ့ကျန်းမာရေးမှာProbioticက တခြားဘယ်လိုအရေးပါတဲ့နေရာက အကျိုးကျေးဇူးတွေပေးနေသလဲ၊ ဘာအတွက်ကောင်းသလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ရအောင်။ကလေးတွေမှာprobiotics ကောင်းစွာရရှိနိုင်မှလေပွခြင်း၊ လေနာဝေဒနာ၊အစာခြေရည်ပြန်ဆန်တက်ခြင်းစတဲ့ဝေဒနာတွေကို ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကလေးကငယ်သေးတယ်ဆိုရင်probiotics ကိုဖြည်းဖြည်းချင်းတိုက်ကျွေးပေးသင့်ပါတယ်။ နို့ဗူးဖျော်တဲ့အခါ သို့မဟုတ် ညှစ်ထုတ်ထားတဲ့မိခင်နို့ထဲမှာ probiotics ထည့်တိုက်နိုင်ပါတယ်။ကလေးတွေအတွက် အသင့်တော်ဆုံးက ဒိန်ချဉ်နဲ့ တခြားအချဉ်ဖောက်ထားတဲ့အစားအစာတွေမှာတွေ့ရတဲ့ Lactobacillusprobiotic အမျိုးအစားပါ။ Lactobacillus က ဝမ်းပျက်ဝမ်းလျှောခြင်းကို ကုသဖို့နဲ့ ကာကွယ်ဖို့ ထိရောက်မှုရှိပါတယ်။ ဒါ့အပြင် ကလေးတွေမှာေလနာဝေဒနာ၊ အဆုတ်ပိုးဝင်ခြင်း၊ulcerative colitis(အစာခြေလမ်းကြောင်းအနာဖြစ်ခြင်း)၊Irritable Bowel Syndrome( နာတာရှည်အူလမ်းကြောင်းရောဂါစု)တို့ကို ကုသနိုင်ပါတယ်။ကလေးတွေအတွက် အကျိုးကျေးဇူးများလှတဲ့ probiotics ကို ကလေးအတွက်သီးသန့်ထုတ်တဲ့ အစက်ချဆေးတွေကနေ ရရှိနိုင်ပါတယ်။ ကလေးကို တိုက်မယ့် နို့ရည် သို့မဟုတ်ဖျော်ရည်တစ်ခုခုထဲကို အစက်ချပြီး ထည့်တိုက်ရုံပါပဲ။ တစ်နေ့တစ်ကြိမ် ဆေးရည် ငါးစက်တိုက်လို့ရပါတယ်။ ဘက်တီးရီးယားလေးတွေပျက်စီးကုန်မှာ စိုးရတာကြောင့် အပူထဲတော့ ထည့်မဖျော်ပါနဲ့။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/probiotics-for-children/
အူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲ
ကိုယ်ခန္ဓာအတွက် မရှိမဖြစ်အာဟာရဓာတ်တွေရအောင် ကူညီလုပ်‌ဆောင်ပေးနေတဲ့အစာခြေအူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ပြောပြပေးသွားပါ့မယ်။အစာခြေအူလမ်းကြောင်းတလျှောက်မှာပါဝင်တဲ့ အစိတ်အပိုင်းတိုင်းက ကျွန်တော်တို့စားလိုက်တဲ့ အစားအသောက်တွေကို ခန္ဓာကိုယ်အတွက်အသုံးပြုနိုင်မယ့် အာဟာရဓာတ်တွေဖြစ်လာအောင်ပြောင်းလဲပေးပါတယ်။ လူတစ်ယောက်ပုံမှန်လှုပ်ရှားသွားလာနိုင်ဖို့ လိုအပ်တဲ့စွမ်းအင်တွေကို အစားအသောက်ကနေတဆင့် ရရှိနေတာမို့ အစာခြေအူလမ်းကြောင်းစနစ်တစ်ခုလုံး မှန်မှန်အလုပ်လုပ်နေဖို့ အထူးအရေးကြီးပါတယ်။ဒီစနစ်ထဲမှာ ပါဝင်လုပ်ဆောင်ပေးနေတဲ့ အစိတ်အပိုင်းတွေကတော့ ပါးစပ်၊ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ ပန်ကရိယ၊ သည်းခြေအိတ်၊ အသည်းနဲ့ စအိုတို့ပဲဖြစ်ပါတယ်။ တစ်ပိုင်းချင်းစီက အစာခြေဖျက်မှု၊ အစာပို့ဆောင်မှုနဲ့ အာဟာရစုပ်ယူမှု တွေမှာဘယ်လိုပါဝင်လုပ်ဆောင်ပေးနေသလဲဆိုတာကို အသေးစိတ်ရှင်းပြပေးပါ့မယ်။ပါးစပ်– စားသောက်လိုက်သမျှအရာတွေပါးစပ်ထဲရောက်တာနဲ့ အစာခြေအူလမ်းကြောင်းစနစ်ကြီး စအလုပ်လုပ်ပါတယ်။ စားလိုက်တဲ့အစားအသောက်တွေကို တံတွေးနဲ့ပျော့ပျောင်းစေပြီး သွားတွေကကြိတ်ဝါးပစ်ပါတယ်။ အပိုင်းပိုင်းပြတ်ပြီး ပျော့ပျောင်းသွားတဲ့အတွက် အစားအစာတွေကို နောက်တစ်နေရာပို့ဖို့ ပိုလွယ်ကူသွားပါတယ်။အစာမျိုပြွန်– ပါးစပ်ထဲမှာ ချေဖျက်ပြီးအစားအစာတွေကိုမျိုချလိုက်တာနဲ့ အစာခြေစနစ်ကအလိုအလျောက် အလုပ်စလုပ်ပါပြီ။ ရောက်လာတဲ့အစားအစာတွေ အစာအိမ်ထဲရောက်အောင် အစာမျိုပြွန်နံရံကြွက်သားတွေက တွန်းပို့လိုက်ပါတယ်။အစာအိမ်– အစာအိမ်နံရံကထုတ်ပေးတဲ့အစာခြေအက်စစ်အရည်၊ အင်ဇိုင်းဓာတ်နဲ့ အစားအစာတွေရောနှော ပစ်လိုက်ပါတယ်။ စားလိုက်တဲ့အစားအစာတွေကိုခြေဖျက်ပစ်ဖို့ အစာအိမ်အက်စစ်ဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ စားလိုက်တဲ့အစားအစာမျိုးစုံကိုချေဖျက်ဖို့ အစာခြေအက်စစ်ဓာတ်မျိုးစုံလိုပါတယ်။ အများစုကို အစာအိမ်ကထုတ်လုပ်ပေးပြီးတချို့ကိုတော့ ပန်ကရိယ၊ သည်းခြေအိတ်နဲ့အသည်းတို့ကနေ ထုတ် ပေးပါတယ်။ပန်ကရိယ– ကာဘိုဟိုက်ဒရိတ်၊ အဆီနဲ့ အသားဓာတ်ကိုခြေဖျက်ပေးနိုင်တဲ့ အစာခြေရည်ကို ပန်ကရိယက ထုတ်လုပ်ပေးပြီး ပြွန်လေးတွေကတဆင့်အူသိမ်လမ်းကြောင်းထဲကိုပို့ပေးပါတယ်။အသည်း– အဆီနဲ့ ဗီတာမင်ဓာတ် တချို့ကိုခြေဖျက်ပေးနိုင်တဲ့ သည်းခြေရည်ကို အသည်းက ထုတ်လုပ်ပေးပါတယ်။ ထုတ်လုပ်လိုက်တဲ့အစာခြေရည်တွေကို သည်းခြေပြွန်တွေကနေတဆင့် သည်းခြေအိတ် မှာသိမ်းဆည်းပါတယ် (ဒါမှမဟုတ်) အစာအိမ်ထဲကို အစာခြေဖို့ပို့ပေးပါတယ်။သည်းခြေအိတ်– အစာမစားတဲ့အချိန်တွေမှာ သည်းခြေအိတ်က သည်းခြေရည်တွေသိုလှောင်ပေးထားပါတယ်။ စားသောက်ပြီး အစားအစာတွေကိုခြေဖျက်ဖို့ လိုအပ်လာချိန်မှာ ဒီသည်းခြေရည်တွေကို ပြန်ထုတ်ပေးပါတယ်။အူသိမ်ပိုင်း– အစာခြေအက်စစ်ရည်တွေနဲ့ ရောနှောခြေဖျက်ထားတဲ့ အစားအသောက်တွေ အူသိမ်ထဲရောက်လာပါပြီ။ အစားအစာထဲက အာဟာရဓာတ်တွေဖြစ်တဲ့ အသားဓာတ်၊ အဆီဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ် တွေကို အများဆုံးစုပ်ယူပြီး ခန္ဓာကိုယ်ထဲပြန်ပို့ပေးတဲ့အလုပ်ကို အူသိမ်ပိုင်းက အဓိကလုပ်ပါတယ်။ အူသိမ်ပိုင်းကိုအလျားလိုက် ဆန့်လိုက်ရင် ပေ ၂၀ ကနေ ၂၅ ပေလောက်အထိရှိပြီး အတွင်းမှာပါတဲ့ကြွက်သားတွေ၊ အသားလွှာတွေကြောင့် မျက်နှာပြင်ဧရိယာလည်း အများကြီးကျယ်ပါတယ်။ အူသိမ်ဦးပိုင်း၊ အူသိမ်အလယ်ပိုင်းနဲ့ အူသိမ်နှောင်းပိုင်း (၃) ပိုင်းနဲ့အူသိမ်ကိုဖွဲ့စည်းထားပြီး အစာအိမ်နဲ့ဆက်သွယ်တာ၊ အစာအာဟာရတွေစုပ်ယူတာနဲ့ အူမကြီးကိုပို့ပေးတာတွေ အသီးသီးလုပ်ဆောင်ပါတယ်။အူမကြီး– အူမကြီးထဲက ဘက်တီးရီးယားတွေက ခြေဖျက်ထားတဲ့အစားအသောက်တွေထဲက ရေဓာတ်၊ ဆားဓာတ်နဲ့ တခြားဓာတ်တွေကို ဆက်စုပ်ယူပါတယ်။ ကျန်တဲ့အကြွင်းအကျန်တွေကိုတော့ မစင်ဖြစ်အောင် ပြောင်းလဲပေးလိုက်ပါတယ်။ အူမကြီးမှာ အူပိတ်၊ အူအတက်၊အူမကြီးအရှေ့ပိုင်းနဲ့ အူမကြီးနှောင်းပိုင်းဆိုပြီး အပိုင်း (၄) ပိုင်းပါဝင်ပါတယ်။အူပိတ်ဟာ အူသိမ်ပိုင်းကပို့လိုက်တဲ့အစားအစာတွေကိုလက်ခံပြီး အူအတက်ကတော့ အူပိတ်နဲ့တွဲလျက်ရှိနေ တဲ့အစိတ်အပိုင်းတစ်ခုပါ။ အူမကြီးမှာ အရေးပါဆုံးအစိတ်အပိုင်းက အူမကြီးအရှေ့ပိုင်းဖြစ်ပြီး အာဟာရစုပ်ယူတဲ့အလုပ်ကို အဓိကလုပ်ပေးပါတယ်။ အူမကြီးနှောင်းပိုင်းကတော့ (သူ့နာမည်အတိုင်း) စအိုပေါက်နဲ့ ဆက်စပ်နေတဲ့အူမကြီးနောက်ဆုံးပိုင်း ဖြစ်ပါတယ်။စအို– အစာခြေအူလမ်းကြောင်းရဲ့ နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ ဘာအာဟာရဓာတ်မှစုပ်ယူစရာမကျန်တော့ တဲ့အတွက်အညစ်အကြေးတွေကို ခန္ဓာကိုယ်ပြင်ပစွန့်ပစ်ပေးတဲ့နေရာပါ။ဒါကတော့ အစာခြေလမ်းကြောင်းစနစ်မှာပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုချင်းစီနဲ့ လုပ်ဆောင်ပေးတဲ့ လုပ်ငန်းတွေ ပဲဖြစ်ပါတယ်။ တကယ်တမ်း အစာခြေလမ်းကြောင်းစနစ်ကြီးက ခန္ဓာကိုယ်တစ်ခုလုံးအာဟာရဓာတ် လုံလုံလောက်လောက်ရဖို့ ဒီအလုပ်တွေအပြင်တခြားကိစ္စတွေလည်းလုပ်ပေးပါသေးတယ်။အူလမ်းကြောင်းထဲ ကစုပ်ယူလိုက်တဲ့ ဓာတ်တွေကို ခန္ဓာကိုယ်က လွယ်လွယ်ကူကူသုံးစွဲနိုင်အောင်ဖြိုခွဲပေးပါတယ် ဥပမာ – ပရိုတင်း ဓာတ်ကို အမိုင်နိုအက်စစ်၊ အဆီဓာတ်ကို fatty acid၊ glycerol၊ ကာဘိုဟိုက်ဒရိတ်ကို သကြားဓာတ် စသည်ဖြင့် ပြောင်းလဲပေးတဲ့အလုပ်ကိုလည်းလုပ်ပါတယ်။ အူလမ်းကြောင်းစနစ်မှန်မှန်အလုပ်လုပ်နိုင်အောင် ဟော်မုန်းဓာတ်တွေနဲ့ အာရုံကြောအမျိုးမျိုးက ယှဉ်တွဲထိန်းချုပ်ပေးပါတယ်။Dr.Htoo Tint Ko Ko။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/digestive-system-how-it-works/
ကိုယ်အလေးချိန်ကို အမှန်ဆုံးဖြစ်စေဖို့ ဘယ်လိုများချိန်မလဲ
ကိုယ်အလေးချိန်က ကျန်းမာရေးအတွက် သိထားဖို့လိုမယ့်အချက်တစ်ခုပါ။ ဒီလိုအရေးပါတဲ့ ကိုယ်အလေးချိန်ကို အမှန်ကန်ဆုံးရဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ ဒီအရေးပါတဲ့ ကိုယ်အလေးချိန်ကို အမှန်ဆုံးဖြစ်စေဖို့ ဘယ်လိုများချိန်မလဲ ……..။လူတစ်ယောက်နဲ့ တစ်ယောက်မှာရှိသင့်တဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကမတူပါဘူး။ လူတစ်ယောက်ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိလားဆိုတာကိုအရပ်အမြင့်နဲ့ ကိုယ်အလေးချိန်ကို တွက်ချက်ရတဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) နဲ့တွက်ချက်ပါတယ်။ကိုယ်အလေးချိန်တိုင်းတဲ့အခါ တိကျမှန်ကန်တဲ့ အဖြေထွက်ဖို့ဆိုရင်။တကယ်လို့ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေမယ်ဆိုရင်။ကျန်းမာဖို့အတွက် အရေးပါတဲ့ ကိုယ်အလေးချိန်ကို တိတိကျကျသိရဖို့ဆိုရင်ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။ကိုယ်အလေးချိန်ကို ခဏခဏမချိန်ပါနဲ့။ကိုယ်အလေးချိန်ကို အမှန်အတိုင်းသိရဖို့ဆိုရင် တစ်ပတ်ကို တစ်ကြိမ်ချိန်ရင်လုံလောက်ပါပြီ။ ကိုယ်အလေးချိန်ကို ခဏခဏချိန်တာက စိတ်ဖိစီးမှုများစေပြီးကိုယ်အလေးချိန်တိုးလာစေတာပဲ အဖတ်တင်ပါလိမ့်မယ်။မနက်ခင်းမှာ တိုင်းပါ။ကိုယ်အလေးချိန်တိုင်းတာက အချိန်မရွေးတိုင်းလို့ရတယ်ဆိုပေမယ့် အမှန်ကန်ဆုံးသိရဖို့ဆိုရင် မနက်အိပ်ရာနိုးနိုးချင်းဘာမှမစားခင် တိုင်းပါ။ ရတောင်မသောက်ပါနဲ့ဦး။ နောက်တစ်ချက်သတိထားရမှာက ဝမ်းသွားပြီးချိန်မှတိုင်းပါ။တစ်ပတ်ကို အများဆုံးကျသွားနိုင်တဲ့ ကိုယ်အလေးချိန်က သိပ်မများနိုင်ပါဘူး။တစ်ပတ်ထဲကို ၅ ပေါင်ကျတယ်။ ၁၀ ပေါင်ကျတယ်ဆိုတာက ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ကျသွားခြင်းလို့မဆိုသာပါဘူး။ ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ကျတယ်ဆိုတဲ့အတိုင်းအတာက တစ်ပတ်ကို ၁ ပေါင်ကနေ ၂ ပေါင်အများဆုံးပါ။အဝတ်အစားတွေကြောင့်ကိုယ် အလေးချိန်တိုးမသွားပါဘူး။အချို့ကပြောကြတယ် ဝတ်ထားတဲ့ အဝတ်အစားတွေကြောင့် ကိုယ်အလေးချိန်များနေတယ်လို့ပေါ့။ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ အဝတ်အစားကြောင့် ကိုယ်အလေးချိန်တိုးရင်တောင် ၁ ပေါင်ထက် မကျော်တာတော့အသေအချာပါ။ ကိုယ်အလေးချိန်တိုင်းခါနီးမှာ ဖိနပ်တော့ ချွတ်ပေါ့။တနင်္လာနေ့မနက် ဝိတ်မချိန်ပါနဲ့။တနင်္လာနေ့မနက်မှာ ဝိတ်မချိန်ပါနဲ့။ ပိတ်ရက်မှာ စားထားမိတာတွေကြောင့် ကိုယ်အလေးချိန်က တိုးလာနိုင်ပါတယ်။ ဒါကြောင့် တိကျတဲ့ကိုယ်အလေးချိန်ကို သိဖို့ဆိုရင် သောကြာနေ့မနက်ခင်းစောစောမှာတိုင်းပေးပါ။ရာသီလာနေချိန်မှာ ကိုယ်အလေးချိန်မတိုင်းပါနဲ့။လေဒီလေးတို့အနေနဲ့ရာသီလာချိန်မှာ ကိုယ်အလေးချိန်မတိုင်းပါနဲ့။ ရာသီမလာခင်နဲ့ရာသီလာနေချိန်မှာ ကိုယ်တွင်းမှာ အရည်စုပုံမှုများနေတာကြောင့် ကိုယ်အလေးချိန်က ရှိသင့်တာထက်ပိုများနေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ကိုယ်အလေးချိန်မတိုင်းဖို့ပြောပါရစေ။ရေမချိုးခင်ဝိတ်ချိန်ပါ။ရေကူးပြီးချိန်၊ ရေချိုးပြီးချိန်တွေမှာ ဝိတ်မချိန်ပါနဲ့။ ဒီလိုပြောရတာက အရေပြားက ခန္ဓာကိုယ်မှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး ရေကိုစုပ်ယူနိုင်စွမ်းမြင့်လို့ပါ။ ရေချိုးပြီးချိန်၊ ရေကူးပြီးချိန်မှာအရေပြားက ရေကို ၁ ခွက်စာနေ ၃ ခွက်စာလောက်အထိစုပ်ယူထားတာကြောင့် ကိုယ်အလေးချိန် နည်းနည်းလောက်တိုးနေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/right-way-to-weigh-yourself/
မီးညောင်လေးတွေ မွေးထားရင် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၇) ခု
Hello ဆရာဝန်ရဲ့ ပရိသတ်တွေထဲမှာ ညောင်ချစ်တတ်တဲ့သူတွေများ ရှိလား။အိမ်မွေးတိရစ္ဆာန်တွေကြောင့် ဘာရောဂါဖြစ်မယ်၊ ဘာအန္တရာယ်တွေရှိတယ်ဆိုတာ ကြားဖူးကြမှာပေါ့နော်။ အမှန်တော့ သခင်ဖြစ်သူရဲ့ ဂရုတစိုက်ထားရှိမှု၊ သန့်ရှင်းမှု၊ စနစ်တကျစည်းကမ်းထားရှိမှု၊ ပုံမှန်ကျန်းမာရေးဂရုစိုက်မှု တို့ကို အဓိက မူတည်တာဖြစ်ပါတယ်။ ကိုယ်က ဖြစ်သလိုမွေးထားရင် ရောဂါပိုးတွေ ပွထနေမှာ သေချာတာပေါ့။အိမ်မွေးတိရစ္ဆာန်မွေးထားရင် ကျန်းမာရေးအတွက် ဘယ်လိုတွေဂရုစိုက်ရမလဲဆိုတာကို အရင်ဆောင်းပါးတစ်ခုမှာ ရေးထားပေးပြီးပြီဆိုတော့ ဒီတစ်ခါ မီးညောင်လေးတွေမွေးထားတဲ့ သခင်တွေပဲ ရနိုင်မယ့် အကျိုးကျေးဇူးတွေ၊ အားသာချက်တွေ ရေးပေးပါ့မယ်။ဒီအကျိုးကျေးဇူးတွေကို အိမ်မွေးတိရစ္ဆာန်မွေးမြူရာမှာ စည်းကမ်းရှိတဲ့ ညောင်သခင်တွေပဲ ရနိုင်မှာပါနော်။ လေ့လာတွေ့ရှိမှုတွေအရ ညောင်လေးတွေကြောင့် –။ကိုယ်စိတ်ပင်ပန်းတဲ့အခါ ရင်ဖွင့်စကားပြောဖော်၊ ငိုယိုပြောပြစရာအဖော် အဖြစ်နဲ့ အမြဲနားထောင်ပေးနိုင်တဲ့ ညောင်လေးတွေရှိပါတယ်။ သူတို့ကို ပွတ်သပ်၊ ပိုက်ထွေးလိုက်ရုံနဲ့ နွေးထွေးမှုကို ပေးနိုင်တဲ့ အဖော်လေးတွေပါ။ သူတို့နဲ့ ခဏလောက် အတူကစားတာနဲ့တင် စိတ်ပြေပေါ့ပါးသွားအောင် ကူညီပေးနိုင်ပါတယ်။သုတေသနလေ့လာမှုတွေအရ ညောင်သခင်တွေဟာ စိတ်ဖိစီးမှုတွေလျော့စေလို့ နှလုံးရောဂါအန္တရာယ် ပိုနည်းပါတယ်တဲ့။ ညောင်မွေးထားရင်လေဖြတ်ခြင်းအပါအဝင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကို ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုနည်းတယ်လို့ သိရပါတယ်။မီးညောင်လေးတွေ မေးစေ့ကို ကုတ်ပေးတဲ့အခါ၊ ပွတ်သပ်ပေးတဲ့အခါ သူတို့တွေဇိမ်ကျလို့ထွက်လာတဲ့ ဂရူးဂရူးသံလေးကို ညောင်သခင်တိုင်းသိတယ်ဟုတ်။ အဲဒီကျေနပ်နေတဲ့အသံလေးက သခင်တွေမှာဖြစ်နေတဲ့ အရိုးနဲ့ကြွက်သား နာကျင်မှုတွေ၊ ဝေဒနာတွေကို သက်သာစေနိုင်တဲ့ ကုထုံးအာနိသင်ဆက်နွှယ်မှု ရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ သူတို့ကို ပျော်ရွှင်ကျေနပ်အောင် ထားလေ၊ အဲအသံထွက်လေ၊ သခင်တွေ ကျန်းမာလေပဲနော်။အဲဒီ Purr သံက ကြိမ်နှုန်း 20-140 HZ အတွင်းရှိတယ်လို့ သိရပါတယ်။ ဆေးသိပ္ပံပညာအရ 18-35 HZ အတွင်းရှိတဲ့ ကြိမ်နှုန်းက အရိုးအဆစ်လှုပ်ရှားနိုင်စွမ်းအပေါ် ကောင်းကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။Mayo Clinic ရဲ့ Sleep Medicine စင်တာ လေ့လာတွေ့ရှိမှုတစ်ခုအရ ကြောင်လေးတွေနဲ့ အတူအိပ်တဲ့သခင်တွေဟာ အိပ်စက်မှုပြဿနာတွေနည်းပြီး နှစ်နှစ်ခြိုက်ခြိုက်ပိုအိပ်ပျော်တယ်လို့ သိရပါတယ်။အိမ်ထဲမှာရှိနေတဲ့ကြောင်အမွေးနဲ့ထိတွေ့တာ၊ ကြောင်နဲ့ထိတွေ့တာတွေက ကိုယ်ခံအားပိုကောင်းစေနိုင်တယ်၊ ဓာတ်မတည့်မှုတွေကို ခံနိုင်ရည်ပိုရှိစေပြီး ဓာတ်မတည့်တာ၊ ပန်းနာရင်ကျပ်တို့ကို ဖြစ်နိုင်ခြေနည်းစေပါတယ်။ညောင်သခင်တွေဟာ ညောင်မမွေးသူတွေထက် သွေးတိုးဖြစ်တာပိုနည်းတယ်လို့ တွေ့ရှိရပါတယ်။ လေ့လာမှုတချို့မှာဆို ကြောင်ကိုထိန်းဖို့ အော်ဟစ်ပြောဆိုရတဲ့ သခင်တွေမှာတောင်မှသွေးပေါင်တက်မနေတာ တွေ့ရပါတယ်။အထီးကျန်တယ်ဆိုတာ ဘာလဲ လို့မေးရလောက်အောင်ကိုပါပဲ။ ညောင်လေးတွေမွေးထားတယ်ဆိုရင် သူတို့က ဘေးမှာအမြဲရှိနေတတ်တဲ့ အဖော်အပေါင်းတွေပါ၊ သားသမီးတွေပါ၊ တပည့်ကျော်တွေပါ။ သခင်ပြန်လာရင် အနားမှာ လာကပ်ပြီး ချွဲတတ်၊ အစာတောင်းတတ်၊ ဗိုလ်ကျတတ်ကြတာနဲ့ မပျင်းရတော့ပါဘူး။ အထီးကျန်လိုက်တာလို့ ဘယ်အချိန်မှာ သွားညည်းမှာလဲပြော။ဒါပေမယ့် ဘယ်လောက်ပဲချစ်ပါစေ ကျန်းမာရေးအတွက်တော့ ဂရုစိုက်ရပါမယ်။ ကျန်းမာရေးအသိမရှိဘဲ၊ စနစ်တကျမဟုတ်ဘဲ တိရစ္ဆာန်မွေးမြူထားခဲ့ရင် ကိုယ့်အိမ်မှာပဲရောဂါပိုးတွေမွေးမြူနေသလိုဖြစ်နေပါလိမ့်မယ်။စနစ်တကျလုပ်စရာရှိတာမလုပ်ဘဲ အစာလေးကျွေးထား၊မွေးရုံမွေးထားရင်တော့ ကိုယ့်မိသားစုမှာ ရောဂါတစ်ခုခုဖြစ်တိုင်း၊ မကျန်းမာတိုင်းအိမ်မွေးတိရစ္ဆာန်လေးတွေကို တရားခံဖြစ်အောင် ဖန်တီးသလိုဖြစ်နေနိုင်ပါသေးတယ်။ ဥပမာ – “ နင်ခဏခဏဖျားနေတာခွေးတွေကြောင်တွေနဲ့ နီးနီးကပ်ကပ်မနေနဲ့လေ၊ ပိုးတွေဘာတွေနဲ့၊ သူတို့ကြောင့်ပဲနေမှာ” ဆိုပြီး ဘေးလူတွေက ပြောလာပါလိမ့်မယ်။ ကလေးငယ်ငယ်ရှိတဲ့အိမ်ဆိုရင် ပိုဂရုစိုက်သင့်ပါတယ်။ကဲ… ဒါဆို လုံလောက်ပြီ မဟုတ်ဘူးလား။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%99%e1%80%ae%e1%80%b8%e1%80%8a%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%91%e1%80%ac%e1%80%b8%e1%80%9b/
အသက်ကြီးလာရင် ကြူံကိုကြုံတွေ့ရမယ့် အရေပြားပြောင်းလဲချက် ( ၉ ) ချက် ။
အသက်ကြီးလာပြီဆိုတဲ့အကြောင်း မြင်သာအောင် ပြပေးမယ့် တစ်ခုတည်းသောအရာက အရေပြားပါ။ အသက်အရွယ်လေးရလာတာနဲ့ အရေပြားတွေခြောက်လာတာ၊အသားအရေတွေ တွန့်လာတာ တွေက အမြင်သာဆုံး ဇရာတွေပေါ့။ ဒီဆောင်းပါးထဲမှာတော့ အသားအရေခြောက်လာတာ အရေပြားတွန့်လာတာတွေအပြင် အသက်ကြီးလာကြောင်းပြနေမယ့် အရေပြားပေါ်က ပြောင်းလဲမှုတွေအကြောင်းပြောပြပေးချင်ပါတယ်။ဒါကနေရောင်ခြည်ထဲမှာ ရှိတဲ့ခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့ရာက အများဆုံးဖြစ်တဲ့ပြောင်းလဲမှုတစ်ခုပါ။ နေရောင်ဆိုတာ ငယ်ငယ်ထဲက ထိတွေ့နေရတာဆိုတော့ အသက်ကြီးလာတဲ့ အခါ ကိုယ့်အရေပြားနဲ့ ခရမ်းလွန်ရောင်ခြည်တွေ ဘယ်လောက်တောင် ထိတွေ့ထားပြီပြီလဲဆိုတာ စဉ်းစားကြည့်။ သူ့ရဲ့လက္ခဏာတွေကတော့ အရေပြားက ခြောက်ခြောက်ထူထူ ကြမ်းကြမ်းကြီးဖြစ်နေတတ်ပြီး နီရဲနေတတ်ပါတယ်။ ကိုယ့်အရေပြားမှာ ဒီ Actinic Keratosis အကွက်တွေ တွေ့လို့ကတော့ ဆရာဝန်ဆီ မြန်မြန်သွားပြဖို့လိုပါတယ်။ Actinic Keratosis ကနေအရေပြား ကင်ဆာပြောင်းသွားတတ်တာကြောင့်ပါ။သက်လတ်ပိုင်းလောက်ရောက်လာတဲ့အခါ Seborrheic Keratosis လို့ခေါ်တဲ့ အညိုရောင် အကွက်လေးတွေ ကိုယ်ခန္ဓာအနှံ့အပြားမှာ ပေါ်လာတတ်ပါတယ်။ တစ်ခုထက်ပိုရှိနေတတ်ပြီး အန္တရာယ်မပေးတဲ့ အကွက်လေးတွေပါ။ဒါကတော့ အသက်ကြီးတဲ့လူတိုင်းမှာတွေ့ရတတ်တဲ့အရေပြားပေါ်က မည်းမည်းအစက်လေးတွေပါ။ ကိုယ်ခန္ဓာတစ်ခုလုံးမှာ တွေ့ရတတ်ပြီး အသက် ၅၀ကျော်လာပြီဆိုတာနဲ့ သူတို့ စပေါ်လာတာပါပဲ။ အန္တရာယ်မပေးတတ်ပေမယ့် ကင်ဆာအကွက်နဲ့ ခွဲဖို့လိုသေးတာကြောင့် ဆရာဝန်ဆီ သွားပြစေချင်ပါတယ်။ ဒီလို မည်းမည်းအကွက်တွေကြောင့် အလှပျက်မှာစိုးရင် လေဆာနဲ့ဖျောက်လို့တော့ ရပါတယ်။ ကြိုတင်ကာကွယ်ချင်ရင်တော့ ငယ်ငယ်လေးထဲကအပြင်သွားတိုင်း နေလောင်ကာလိမ်းဆေးလိမ်းတဲ့အကျင့် လုပ်ပေးခဲ့ဖို့တော့ လိုပါတယ်။ဒါလေးကလည်း လူတိုင်းနဲ့ စိမ်းမယ်လို့ မထင်ပါဘူး။ ရင်ဘတ် ဗိုက်နဲ့ ကျောကုန်းတို့မှာ အတွေ့များတဲ့ မှည့်နီ အကြီးစားလိုမျိုးတွေလေ။ ဒီအတိုင်းဆို မနာပေမယ့် ထိမိခိုက်မိ ကုတ်မိတဲ့အခါကျရင် သွေးထွက်လာပြီး နာတတ်ပါတယ်။ အန္တရာယ်တော့ မရှိပါဘူး။ဒါကတော့ ကြီးမှမဟုတ်ပါဘူး။ ငယ်တဲ့သူတွေမှာတောင် ရှိတတ်တဲ့ အသားပိုတွေပါ။ လည်ပင်းတစ်ဝိုက်၊ လက်မောင်း၊ ရင်ဘတ်နဲ့ ပေါင်တွေမှာ အတွေ့များပြီး သူ့ဘာသာသူဆိုရင်တော့ ဘာမှ ဒုက္ခမပေးနိုင်ပါဘူး။ ဒါပေမယ့် ဆွဲကြိးတို့၊ တချို့အင်္ကျီတို့နဲ့ ပွတ်တိုက်မိတဲ့အခါမှာတော့ ပွန်းသွားတာမျိုးရှိတတ်ပါတယ်။ဒါကနေရောင်နဲ့ ကြာကြာထိတွေ့ရတဲ့သူတွေမှာ အတွေ့များတတ်တဲ့ အသားအရောင်အဝါရောင်ပြောင်းသွားပြီး အရေးအကြောင်းနက်နက်တွေ ပေါ်တဲ့ ပြောင်းလဲမှုပါ။ တချို့ဆေးလိပ်သောက်တဲ့သူတွေမှာလည်း အတွေ့များပါတယ်။ နေရောင်က အရေပြားအပေါ်ပိုင်းလောက်ကိုပဲ ထိတာဖြစ်ပေမယ့် ဆေးလိပ်ကကျတော့ အရေပြားအတွင်းပိုင်းအထိထိကိုပါခိုက်စေပါတယ်။နာတာရှည်သွေးပြန်ကြောရောဂါတွေထဲက တစ်ခုဖြစ်တဲ့Varicose veinခေါ် သွေးကြောထုံးနေတဲ့ပြဿနာဟာ အထိုင်များတဲ့သူတွေ၊ မတ်တပ်အကြာကြီးရပ်တဲ့သူတွေမှာ အသက်ကြီးလာတော့ သွေးပြန်ကြောက အဆို့ရှင်တွေ မလုံတော့လို့ သွေးကြောထုံးပြီးအရေပြားတွေ ဖောင်းလာတဲ့ ပြဿနာဖြစ်ပါတယ်။အသက်ကြီးလာတဲ့အခါ ရေဓာတ်တွေခမ်းခြောက်သွားလို့ နဂိုစိုပြေနေတဲ့ အသားအရေပျောက်ပြီး ခြောက်သွေ့တဲ့ အသားအရေဖြစ်လာပါတော့တယ်။ အရေပြားရဲ့တင်းရင်းမှုလည်း မရှိတော့လို့ ဆွဲကြည့်လိုက်ရင် ပြဲပြဲ ပျော့ပျော့ကြီး ဖြစ်နေပါလိမ့်မယ် ။အသက်ကြီးလာတဲ့အခါ အရေပြားပါးလာတာက တစ်ကြောင်း၊ အဆီတွေ ကုန်သွားတာက တစ်ကြောင်း နဲ့ အသားအရေထိခိုက်လွယ်လာပြီး အညိုအမည်းစွဲလွယ်တတ်ပါတယ်။ဒါတွေကတော့ ကိုယ်အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာမယ့် အရေပြားပြောင်းလဲမှုတွေ အကြောင်းဖြစ်ပါတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဇရာကို အံတုလို့မရဘူးလေ။ ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/aging/
အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ
အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးရတယ်ဆိုတာ သင်လည်းသိပြီးဖြစ်မှာပါ။ အရက်ဟာ အသည်းပျက်စီးရတဲ့ အဓိကအကြောင်းရင်းထဲက တစ်ခုပါ။ အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ ကို ပြောပြပေးချင်ပါတယ်။အသည်းဟာ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း နံရိုးတွေရဲ့အောက်မှာ တည်ရှိပါတယ်။အသည်းဟာခန္ဓာကိုယ်အတွက် အင်မတန်မှအရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးပါတယ်။ ဒါတွေကတော့။အသည်းကို ပျက်စီးစေနိုင်တဲ့အရာတွေကတော့ အများကြီးပါပဲ။  အသည်းဆဲလ်ဟာ ပျက်စီးပြီးတဲ့နောက်မှာ အသစ်ပြန်ဖြစ်ပါတယ်။ သို့သော်လည်း ပျက်စီးခြင်းနဲ့ အသစ်ပြန်လည် ဖြစ်ပေါ်ခြင်းတွေ ကြိမ်ဖန်များစွာဖြစ်လာရင်တော့ အသည်းမှာ အမာရွတ်တွေ တင်ကျန်လာမှာပါ။ အမာရွတ်တွေနဲ့ ဆဲလ်တွေဟာ မူလဆဲလ်အကောင်းတွေလောက် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ မလုပ်နိုင်ပါဘူး။အရက်သောက်လိုက်တဲ့အခါ အရက်ကိုချေဖျက်ဖို့ရန် အသည်းကနေ အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။ အဆိပ်တွေကို ချေဖျက်တဲ့ဖြစ်စဉ်က ထွက်လာတဲ့ဘေးထွက်ပစ္စည်းတွေ ကြိမ်ဖန် များစွာဖြစ်လာတဲ့အခါ အသည်းကို စတင်ထိခိုက်လာပါတော့တယ်။ ဦးစွာပထမအနေနဲ့ အသည်းမှာ အဆီတွေ စုပုံလာမယ်။ ဒီနောက်မှာတော့ အသည်းဟာ ရောင်ရမ်းလာပြီး အမာရွတ်တွေ ဖြစ်လာပါတော့တယ်။ အသည်းစတင်ပျက်စီးနေချိန်မှာ လက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် သင်ဟာ မိမိကိုယ်မိမိ ကျန်းမာနေတယ်လို့ပဲ ထင်မိမှာပါ။အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ အနေနဲ့ လက္ခဏာပြခဲ့ရင်တော့ အောက်ပါလက္ခဏာတွေခံစားရမှာပါ။အရက်သောက်ခြင်းကြောင့်ဖြစ်နိုင်တဲ့ ရောဂါတွေကိုအသေးစိတ်ပြောပြချင်ပါတယ်။(၁) အရက်ကြောင့် အသည်းအဆီဖုံးရောဂါ။အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် အသည်းဟာ ပုံမှန်လုပ်ငန်းဆောင်တာဖြစ်တဲ့ အဆီချေဖျက်ပေးခြင်းကို ကောင်းစွာမလုပ်နိုင်တော့ပါဘူး။ ဤနည်းအားဖြင့်အသည်းမှာ အဆီတွေ စုပုံလာပါတယ်။ အသည်းအဆီဖုံးခြင်းဟာ အရက်အလွန်အကျွံသောက်သုံးသူတွေမှာ အဖြစ်များပါတယ်။ ၉၉ ရာခိုင်နှုန်းသော အရက်အလွန်အကျွံသောက်သုံးသူတွေမှာ ဒီရောဂါရှိနေတတ်ပါတယ်။ လက္ခဏာတွေကတော့။တချို့တွေမှာ ဘာလက္ခဏာမှမပြဘဲလည်း ရှိနေနိုင်ပါတယ်။ အသည်းအဆီဖုံးခြင်းဟာ အရက်ဖြတ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ပြန်ကောင်းနိုင်ပါတယ်။ ပြန်ကောင်းရန် ကြာချိန်ကတော့ တစ်ဦးနဲ့ တစ်ဦးကွဲပြားနိုင်ပါတယ်။အရက်ဖြတ်တယ်လို့ဆိုရာမှာ အပြီးဖြတ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။(၂) အသည်းရောင်ရောဂါ။အရက်ကို မဖြတ်ဘဲ အလွန်အကျွံ ဆက်လက်သောက်သုံးမယ်ဆိုရင်တော့ အသည်းရဲ့ ဧရိယာတွေဟာ ရောင်ရမ်းလာပြီးအသည်းရောင်ရောဂါစဖြစ်ပွားပါပြီ။ဒီအခါ အောက်ပါလက္ခဏာတွေ ရှိလာနိုင်ပါတယ်။အသည်းရောင်ရောဂါဟာ သာမန်အဆင့်ကနေ ပြင်းထန်တဲ့အထိ ဖြစ်နိုင်ပါတယ်။ သာမန်အပျော့စားဆိုရင်တော့ နှစ်ပေါင်းများစွာ အရက်ကိုမဖြတ်ဘဲ  ဆက်သောက်ပါမှ အသည်းဟာ ပျက်စီးမှာပါ။ ပြင်းထန်အသည်းရောင်ရောဂါကတော့ အရက်ကို ပမာဏများစွာ ဆက်တိုက် သောက်ရာမှ ဖြစ်ပွားရပြီး အသက်ဆုံးရှုံးရသည်အထိ ပြင်းထန်ပါတယ်။ရောဂါသက်သာဖို့ဆိုရင်တော့ အရက်ကိုအပြီးတိုင် ဖြတ်လိုက်မှရမှာပါ။ အလွန်ဆိုးရွားတဲ့ အသည်းရောင်ရောဂါ ပျောက်ကင်းဖို့ဆိုရင်တော့ အသည်းအစားထိုးကုသမှပဲ ရမှာပါ။(၃)အသည်းခြောက်ရောဂါ။အရက်ကို အဆက်မပြတ်သောက်သုံးရာကတစ်ဆင့် ကျန်းမာတဲ့ အသည်းဆဲလ်တွေနေရာမှာ အမာရွတ်တွေနဲ့ အစားထိုးခံရပြီး အသည်းတစ်ခုလုံး ထူထဲလာရာကနေ နောက်ဆုံးမှာတော့ အသည်းခြောက်လာမှာပါ။ အသည်းခြောက်ရောဂါရဲ့လက္ခဏာတွေကတော့ အပေါ်မှာ ပြောခဲ့ပြီးသားဖြစ်တဲ့ အသည်းရောင်လက္ခဏာတွေအပြင်။အသည်းခြောက်ခြင်းကို ကုသဖို့ဆိုရင် တစ်နည်းပဲရှိပါတယ်။ အသည်းအစားထိုးမှ ရမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ ထပ်ဖြစ်လာမယ့် ဆိုးကျိုးတွေကို တတ်နိုင်သလောက် ကုသရင်းပဲနေရမှာပါ။အချုပ်ပြောရရင် အရက်ဟာ သင့်ခန္ဓာကိုယ်အတွက် အဆိပ်ပါ။ အရက်ကြောင့် အသည်းပျက်စီးခြင်းရောဂါတွေမှာ အစပိုင်းဘာလက္ခဏာမှမပြဘဲ ဖြစ်နိုင်သလို အထက်ပါ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။  ဒီလက္ခဏာတွေအကြောင်း သိထားရင်း အရက်ကို ချင့်ချိန်သောက်သင့်ကြောင်း တိုက်တွန်းလိုက်ပါရစေ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/liver-damage-from-alcohol/
ရင်သားကင်ဆာ လက္ခဏာနဲ့ ကုသမှုနည်းလမ်းများ
ရင်သားကင်ဆာဟာ အမျိုးသားရော အမျိုးသမီးတွေမှာ ဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ အမျိုးသမီးတွေအတွက် အဖြစ်အများဆုံးကင်ဆာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ဒီလက္ခဏာတွေ ရှိနေရင်တော့ ကင်ဆာများလားလို့ သတိထားသင့်ပါတယ်။ဒီလက္ခဏာတွေက ကင်ဆာမဟုတ်တဲ့ တခြားရင်သားရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ အပေါ်က လက္ခဏာတွေမဟုတ်ဘဲ တခြားသံသယဖြစ်တဲ့ အချက်တွေ ရှိရင်လည်း ဆရာဝန်နဲ့ စောစောစီးစီး စစ်ဆေးတာ အကောင်းဆုံးပါ။လူနာအခြေအနေ၊ ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ခွဲစိတ်တယ်ဆိုတဲ့နေရာမှာ ခွဲစိတ်တဲ့ နည်းက နှစ်ခုရှိပါတယ်။ ဒါကတော့ အကျိတ်ပဲ ထုတ်မှာလား၊ ရင်သားပါ ထုတ်မှာလား။အကျိတ်ပဲ ထုတ်မယ်ဆိုရင် အကျိတ်ရှိတဲ့ နေရာလေးပဲ ကွက်ပြီး ခွဲမှာလား၊ အကျိတ်ရှိတဲ့ ရင်သား အစိတ်အပိုင်းကိုပါ ခွဲမှာလား။ ဒီနည်းလမ်းကတော့ ရင်သားတစ်ခုလုံး ထုတ်တာ မဟုတ်ပါဘူး။ တစ်ခါတလေ အကျိတ်က ကြီးတယ်ဆိုရင်တော့ အကျိတ်ရော၊ ရင်သားတစ်ခုလုံးပါ ထုတ်ရတတ်ပါတယ်။ခွဲစိတ်တဲ့အခါ ချုပ်ရိုးသေးသေးနဲ့ အနာမြန်မြန်သက်သာအောင် အပေါက်လေးတွေ ဖောက်ပြီး စက်ရုံလက်တံ ရှည်ရှည်လေးနဲ့ မှန်ပြောင်းကို သုံးပြီး ခွဲစိတ်ရတဲ့ minimally invasive surgery ဆိုတာလည်း ရှိပါတယ်။ ဒါက အကျိတ်ရှိတဲ့နေရာကို ကွန်ပျူတာ ဖန်သားပြင်ကနေ အသေးစိတ် ကြည့်ပြီး  ကင်ဆာဆဲလ်တွေကို အတိအကျ ဖယ်ရှားပေးနိုင်တဲ့ ခေတ်သစ်ခွဲစိတ်နည်းပေါ့။ချုပ်ရိုးက မကြီးသလို နာလန်ထတာလည်း မြန်ပါတယ်။ဒါကတော့ ရင်သားတစ်ခုလုံးကို ဖယ်ရှားတာမျိုး မဟုတ်ဘဲ။ ရင်သားက ကင်ဆာကျိတ်ရှိတဲ့နေရာကိုပဲ ဖယ်ထုတ်တဲ့နည်းလမ်းပါ။ ရင်သားက အကျိတ်နဲ့အတူ ရင်သားအကျိတ်တဝိုက်က တစ်ရှူးတွေကိုပါ ဖယ်ရှားလိုက်ပါတယ်။ ကင်ဆာဆဲလ်တွေ မပြန့်အောင် တားဆီးလိုက်တဲ့ သဘောပေါ့။ဒီ lumpectomy ရဲ့ အားသာချက်က ရင်သားကို အကျိတ်ကို ဖယ်ရှားလိုက်ပေမယ့် တစ်ချိန်တည်းမှာ ရင်သား ပုံပျက်မသွားအောင်ပါ လုပ်ဆောင်ပေးတာပါ။ ရင်သားကင်ဆာကြောင့် ရင်သား ပုံပျက်မှာ စိုးသူတွေအတွက် သင့်တော်တဲ့ ကုထုံးတစ်ရပ်ပေါ့။စွမ်းအားမြင့်ရောင်ခြည်ကို သုံးပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတာပါ။ရင်သားတစ်ခုလုံးထုတ်တာဖြစ်ဖြစ်၊ ရင်သားအကျိတ်ပဲ ထုတ်တာဖြစ်ဖြစ် စတဲ့ ခွဲစိတ်မှုတွေ အပြီးမှာ ရောင်ခြည်ပြလို့ရပါတယ်။ နောက်ပြီး ကင်ဆာက တခြားနေရာကို ပြန့်သွားလို့ရှိရင်လည်း (ဥပမာ အရိုး) ရောင်ခြည်ပြပြီး ကင်ဆာဆဲလ်တွေကို ရှင်းလို့ရပါတယ်။ကင်ဆာဆေးတွေကို သွေးကြောထဲက သွင်းပြီးဖြစ်ဖြစ်၊ ပါးစပ်က သောက်ပြီးဖြစ်ဖြစ် ကုသတာပါ။ဆေးသွင်းရတဲ့ အခြေအနေတွေကတော့ မခွဲစိတ်ခင်ဆို ကင်ဆာကျိတ်ကို သေးစေပြီး ခွဲရလွယ်အောင်၊ ခွဲစိတ်အပြီးမှာ လက်ကျန်ကင်ဆာဆဲလ်တွေ အမြစ်ပြတ်အောင်၊ တခြားနေရာကို ပြန့်နေတဲ့ ကင်ဆာဆဲလ်တွေကို လိုက်ရှင်းနိုင်အောင် ပေးလေ့ရှိပါတယ်။တချို့သော ရင်သားကင်ဆာအမျိုးအစားတွေက အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း စတဲ့ ဟော်မုန်းတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီလို ကင်ဆာတွေဆိုရင်တော့ ဟော်မုန်းကုထုံးက အထောက်အကူဖြစ်ပါတယ်။ဟော်မုန်းကုထုံးကို ခွဲစိတ်ပြီးစမှာ ကင်ဆာပြန်ကြွမလာအောင်ပေးလေ့ရှိပါတယ်။ တစ်ခါတလေ မခွဲစိတ်ခင်မှာ ကြိုပေးလေ့ရှိပါတယ်။ တခြားနေရာကို ပြန့်သွားတဲ့ ကင်ဆာပဲ ဖြစ်ဖြစ်၊ ကုပြီးမှ ပြန်ဖြစ်တဲ့ ကင်ဆာတွေပဲ ဖြစ်ဖြစ် သူတို့ကို ထိန်းချုပ်နိုင်အောင် ဟော်မုန်းကုထုံးပေးလေ့ရှိပါတယ်။Targeted therapyဆိုတာကတော့ ကင်ဆာဆေးသွင်းသလိုပါပဲ။ သူတို့က သွေးထဲကနေတဆင့် ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ သူတို့ ပစ်မှတ်ထားတဲ့၊ သူတို့နဲ့ ကိုက်ညီတဲ့ ကင်ဆာဆဲလ်တွေကို ရှင်းလင်းပေးပါတယ်။ ဒီကုထုံးက တခြားသော ကုသနည်းတွေ ပိုပြီးအောင်မြင်အောင် ထောက်ပံ့နိုင်စွမ်းလည်း ရှိပါတယ်။ဒီလိုကုသမှုတွေ ခံယူနေတဲ့အချိန်မှာ လူနာမပင်ပန်းအောင်၊ ကုသမှုတွေကို ထိထိရောက်ရောက်လက်ခံနိုင်အောင် လိုအပ်တဲ့ အာဟာရဖြည့်စွက်မှုတွေ၊ ပြန်လည်သန်စွမ်းရေးတွေ လုပ်ပေးရပါတယ်။ ဒါဟာလည်း ကုသမှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ အရင်လို ကင်ဆာကုထုံးကြောင့် လူနာအားနည်းသွားတယ်တို့၊ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရတယ်တို့ဆိုတာ မရှိသလောက် နည်းသွားမှာပါ။ရင်သားကင်ဆာဟာအဖြစ်များတဲ့ ကင်ဆာဆိုပေမယ့် ကုထုံးတွေလည်း ပိုပိုပြီး များလာတာကို တွေ့ရမှာပါ။ ကိုယ်နဲ့ ကိုက်ညီတဲ့ ကုထုံးကိုသာ စနစ်တကျ ခံယူမယ်ဆိုရင် ပြန်ကောင်းနိုင်တာမို့လို့ ရင်သားကင်ဆာဆိုတာ ကြောက်စရာမဟုတ်တော့ပါဘူး။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%9c%e1%80%80%e1%80%b9%e1%80%81%e1%80%8f%e1%80%ac%e1%80%94%e1%80%b2%e1%80%b7-%e1%80%80%e1%80%af/
ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ဖို့ ကိုယ်ခံအားကောင်းနေဖို့ လိုတယ်နော်
ကမ္ဘာကြီးက အရင်ကထက် ပိုပြီးပူနွေးလာတယ်။ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန်ဖြစ်လာတယ်။ အဲ့လိုပဲ ရောဂါပိုးမွှားအသစ်အဆန်းတွေဆိုတာလည်း အရင်တုန်းကရော အခုရော နောင်ရော ထွက်ပေါ်နေဦးမှာပါ။ မှတ်မှတ်ရရ အရင်နှစ်တွေတုန်းကလည်း ကြက်ငှက်တုပ်ကွေး၊ဆင်တုပ်ကွေး၊ ဝက်တုပ်ကွေးဆိုပြီး အမျိုးမျိုး ထွက်လို့ ပြည်သူလူထုက အထိတ်တလန့် ဖြစ်ကြရတယ်။ အခုတခါလည်း တရုတ်ပြည်ကနေ ဝူဟန်ဗိုင်းရပ်စ်ဆိုပြီး အဆုတ်ရောင်နမိုးနီးယားဖြစ်စေတဲ့ ဗိုင်းရပ်စ်အသစ်တွေ ထပ်ထွက်လာပြန်ပြီနော်။ရောဂါပိုးမွှားဆိုတာ အသစ်ပဲ ဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် အဓိက ကူးစက်နိုင်တာကတော့ ကိုယ်ခံအားနည်းသူတွေ၊ ကလေးတွေနဲ့ အသက်ကြီးပိုင်းအရွယ်တွေပါပဲ။ အရေပြားချင်းထိမိရာကနေ ကူးစက်တာတွေ ရှိတယ်၊ လေထဲကနေတစ်ဆင့် ကူးစက်တာတွေလည်း ရှိတယ်၊ အစားအစာ သို့မဟုတ် တိရစ္ဆာန်အသားကနေ ကူးစက်တာမျိုးလည်း ရှိတယ်။ ဘယ်လိုကြောင့်ပဲ ကူးစက်ခံရပါစေကိုယ်ခံအားနည်းတဲ့သူတွေသာလျှင် အဓိကရောဂါဖြစ်နိုင်ခြေ အများဆုံးဆိုတာတော့ မမေ့သင့်ပါဘူး။ ဒါကြောင့် ဘယ်လိုအချိန်မျိုးမှာမဆို ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က ကောင်းနေမှ ကိုယ်ခန္ဓာထဲ ဝင်လာနိုင်တဲ့ ရောဂါပိုးမွှားမှန်သမျှကို တိုက်ထုတ်ပေးနိုင်မှာပါ။ကိုယ်ခံအားကောင်းအောင် ဘာတွေလုပ်မလဲ။ကိုယ်ခံအားကောင်းစေဖို့ အဓိက လုပ်ပေးရမှာကတော့ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးရှုထောင့်မှ အကောင်းဘက်သို့ ပြောင်းလဲပစ်ဖို့ပါပဲ။ အဓိက ကျန်းမာအောင်နေမယ်၊ စားသောက်မယ်ဆိုရင် ကိုယ်ခံအားကျစရာ အကြောင်းမရှိပါဘူး။ ဘာတွေလုပ်ဖို့ လိုအပ်လဲဆိုရင်။လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်ကောင်းစေဖို့ တစ်နေ့တာ လိုအပ်တဲ့ အစာအာဟာရတွေကို အစုံအလင်ရရှိဖို့ အရေးကြီးပါတယ်။ ဒီလိုအာဟာရဓာတ်စုံလင်မှပဲ ကျွန်တော်တို့ ကိုယ်ခံအားစနစ်က အားအင်ပြည့်ဝနေပြီး တခြားရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်မှာကိုး။ ဒီအတွက် မဖြစ်မနေ စားပေးသင့်တာက အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ဥ၊ ပဲ၊အသီးအနှံ၊ နွားနို့နဲ့ နို့ထွက်ပစ္စည်းများ၊ အစေ့အဆန် စတာတွေကို စုံလင်စွာ စားပေးပါ။ဒီ့ထက်ပိုပြီး ကိုယ်ခံအားကောင်းစေချင်တယ်ဆိုရင် ဗီတာမင် စီ ပါတဲ့ အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ (ဥပမာ-လိမ္မော်သီး၊ သံပရာသီး၊ ရှောက်ချိုသီး၊ စပျစ်သီး)၊ ချင်းပြုတ်ရည်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း အစရှိတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ အယ်လ်မွန်စေ့၊ ဒိန်ချဉ်၊ ကြက်သွန်ဖြူ၊ သင်္ဘောသီး စတာတွေကို ပိုစားပေးသင့်ပါတယ်။လူတစ်ယောက်ရဲ့ တစ်နေ့အိပ်ချိန်ဟာ အနည်းဆုံး ၇နာရီမှ ၈နာရီအထိ ရှိသင့်ပါတယ်။ ဒါမှပဲ ကိုယ်ခံအားကောင်းပြီး လူက လန်းဆန်းတက်ကြွနေမယ်။ အိပ်ရေးမကြာခဏ ပျက်တယ်ဆိုရင် ကိုယ်ခန္ဓာက လုပ်ဆောင်မှုအားနည်းပြီး ခုခံအားစနစ်ကို ကျဆင်းစေနိုင်ပါတယ်။ တစ်နေ့တာ အိပ်ချိန်လို့ ဆိုရာမှာ ညအိပ်ချိန်တစ်ခုတည်းကိုသာ ဆိုလိုတာဖြစ်ပြီး ညမအိပ်ဘဲ မနက်မှအိပ်တာ၊ ညအိပ်ရေးမဝလို့ နောက်နေ့ နေ့ခင်းမှာ ပေါင်းအိပ်လိုက်တာ၊ တရေးတမော မှေးလိုက်တာတွေကို ထည့်မတွက်ပါဘူး။လူတစ်ယောက် ကျန်းမာနေစေဖို့ ကိုယ့်ကိုဒုက္ခပေးနိုင်တဲ့ အရာမှန်သမျှ ရှောင်နိုင်သလောက် ရှောင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလို ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ မကောင်းတဲ့ အရာတွေထဲမှာ အရက်၊ဆေးလိပ်၊ ကွမ်း၊ ကော်ဖီသောက်တာတွေ ရှောင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။လူတွေပေါ့ပေါ့ တွေးတတ်တဲ့ စိတ်ကျန်းမာရေးပြဿနာဟာ ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှုအများကြီးရှိပါတယ်။စိတ်ဖိစီးမှုတွေ များနေတဲ့လူတစ်ယောက်မှာ ကော်တီစော်ဟော်မုန်း (Cortisol) လို့ ခေါ်တဲ့ မကောင်းတဲ့ ဟော်မုန်းတွေ အများအပြားထွက်လာတတ်ပါတယ်။ ဒီဟော်မုန်းတွေဟာ ကျွန်တော်တို့ရဲ့ တစ်နေ့တာ လုပ်ဆောင်ရမယ့်တာဝန်တွေကို သွားပြီးအနှောင့်အယှက်ပေးနိုင်ပါတယ်၊ ဥပမာ- ညအိပ်မပျော်တာမျိုး၊ အစာစားချင်စိတ်နည်းသွားတာ၊ စားသောက်ပုံ မူမမှန်တာ၊ လူက လေးပင်ထိုင်းမှိုင်းနေတာမျိုးပေါ့။ ဒီလိုဖြစ်လာပြီဆိုတာနဲ့ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှာက ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်ပါပဲ။ အဲ့တော့ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချဖို့ တရားထိုင်ပါ၊ ယောဂလေ့ကျင့်ပါ၊ အားကစား၊ လေ့ကျင့်ခန်းများများလုပ်ပါ၊ တချို့သောလောကီကိစ္စတွေကို အကောင်းဘက်ကနေ ဖြည့်ပြီး တွေးဖို့ ကြိုးစားကြည့်ပါ။အမြဲတမ်းထိုင်နေတဲ့ လူတစ်ယောက်က အဝလွန်ပြီး ရေရှည်မှာလည်း ကျန်းမာရေးဆုတ်ယုတ်နိုင်တယ်ဆိုတာ အားလုံးလည်း သိမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အမြဲတမ်းလေ့ကျင့်ခန်း၊ အားကစားလုပ်ပေးဖို့ လိုပါတယ်။ gym မှာ စနစ်တကျ လေ့ကျင့်ကစားတာ၊ လမ်းမြန်မြန်လျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ တောင်တက်တာ၊ Zumba အက လေ့ကျင့်တာ၊ ဘောလုံးကန်တာ စတဲ့ သွေးပူလေ့ကျင့်ခန်းမျိုးစုံ လုပ်ပေးလို့ရပါတယ်။ အိမ်မှာပဲ ငြိမ်ငြိမ်လေး ထိုင်နေလိုက်၊ လှဲနေလိုက်လုပ်တတ်တဲ့ အကျင့်ရှိရင်တော့ အခုကတည်းက ဖျောက်ထားဖို့ လိုမယ်နော်။အရာဝတ္ထုပေါင်းစုံနဲ့ အမြဲထိတွေ့နေရတဲ့ ကျွန်တော်တို့ရဲ့ လက်ပေါ်မှာ မမြင်နိုင်တဲ့ ရောဂါပိုးပေါင်းစုံ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်ကို နာရီဝက် သို့မဟုတ် တစ်နာရီခြားတစ်ခါလောက် ဆေးနေဖို့ လိုပါတယ်။ အကယ်လို့ အပြင်မှာရောက်နေလို့ လက်မဆေးနိုင်ဘူးဆိုရင်လည်း ရေမလို လက်သန့်စင်ဆေးရည်တွေကို ဆောင်ထားပြီး အသုံးပြုလို့ရပါတယ်။ မသန့်ရှင်းတဲ့ လက်နဲ့ မျက်လုံးပွတ်တာ၊ ပါးစပ်ထဲ ထည့်တာ၊ နှာခေါင်းတွေကို ပွတ်တာမျိုး လုံးဝမလုပ်ပါနဲ့။ကျွန်တော်တို့ ကိုယ်ခန္ဓာက အချိန်နဲ့အမျှ ရေဓာတ်ကို ဆုံးရှုံးတတ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းလာတာနဲ့အမျှ လည်ချောင်း၊ နှာခေါင်းအတွင်း ချွဲတွေ၊ သလိပ်တွေ ထလာမယ်။ အပြင်ကနေ ဝင်လာနိုင်တဲ့ ရောဂါပိုးမွှားတွေက ဒီအချွဲအကျိတွေမှာ ကပ်သွားတဲ့အခါ ရောဂါပိုးတွေကို လျင်မြန်စွာ ပွားများစေနိုင်ပြီး ကိုယ်ခံအားစနစ်ကိုပါ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ရေကို အနည်းဆုံး ၃လီတာသောက်ပေးရပါမယ်။ ရေဆာတဲ့အထိကို မစောင့်ပါနဲ့။ နာရီဝက်ခြားတစ်ခါလောက် အာစွတ်ရုံဖြစ်ဖြစ် ရေသောက်ပေးပါ။အပေါ်မှာ ပြောထားတာက ကိုယ်ခံအားကောင်းစေဖို့အတွက် မဖြစ်မနေလုပ်ပေးရမယ့်၊ ပြင်ဖို့လိုအပ်တဲ့ အချက်တွေပါပဲနော်။ လူတစ်ယောက်က ကိုယ်ခံအားကောင်းနေရင် ဘယ်လိုရောဂါပိုးတွေကိုမှ ကြောက်နေစရာ မလိုပါဘူးနော်။ ပြီးတော့ အခုလို ဝူဟန်ဗိုင်းရပ်စ် (Corona Virus) ကြောင့် အများပြည်သူ အထိတ်တလန့်ဖြစ်နေရတဲ့ အချိန်ကာလမျိုးမှာ ကိုယ့်ရဲ့ ကိုယ်ခံအားကို ကောင်းနေအောင် နေထိုင်စားသောက်မှုပုံစံတွေကို ပြင်ဖို့၊ လူထူထပ်တဲ့နေရာသွားတာ ရှောင်ကြဉ်ဖို့ ထပ်မံ အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%81%e1%80%af%e1%80%81%e1%80%b6%e1%80%90%e1%80%ad%e1%80%af/
သိုင်းရွိုက်လက္ခဏာ မပေါ့ဆသင့်ပါ
သိုင်းရွိုက်ရောဂါဆိုရင် လည်ပင်းကြီးရောဂါလို့ပဲ လူသိများပါတယ်။ ဒါပေမယ့် သိုင်းရွိုက်ဟော်မုန်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေက လည်ပင်းကြီးတာချည်းပဲမဟုတ်ဘဲ လက္ခဏာအမျိုးမျိုးရှိနိုင်ပါတယ်။တစ်ခါတစ်လေ ကိုယ်အမှုမဲ့အမှတ်မဲ့ ဖြစ်နေကျ လက္ခဏာတွေက ခန္ဓာကိုယ်တွင်းမှာ ဖြစ်နေတဲ့ ပြဿနာကို ဖော်ပြနေတတ်ပါတယ်။ ဒီအချက်တွေထဲက အတော်များများဖြစ်တယ်ဆိုရင်၊ နေထိုင်မကောင်းဖြစ်နေတယ်ဆိုရင် ဆရာဝန်ပြပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ်။ ဒါ့ကြောင့် အရေးပါတဲ့ လက္ခဏာတွေကို သိထားသင့်တာပေါ့နော်။သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၊များခြင်းက စိတ်ခံစားချက်ကို လုံးဝပြောင်းလဲသွားစေနိုင်တယ်လို့ Mayo Clinic ကဖော်ပြထားပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းလွန်းရင် ဦးနှောက်ထဲကပျော်ရွှင်မှုပေးတဲ့ serotoninဟော်မုန်းကိုထိခိုက်စေပြီး သင့်စိတ်ကိုပုံမှန်နဲ့မတူ ညှိုးငယ်တဲ့ခံစားချက်တွေဖြစ်စေပြီး စိတ်ကျဝေဒနာအထိဖြစ်စေနိုင်ပါတယ်။တစ်ဖက်မှာလည်း သိုင်းရွိုက်ဟော်မုန်းများလွန်းရင် စိတ်ပူပန်မှု၊စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဆတ်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။ဝမ်းချုပ်ခြင်းကိုခံစားနေရရင်လည်း ဒီလက္ခဏာကိုသတိရပါ။ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုမူမမှန်ရင် အစာချေဖျက်မှုမှာနှေးကွေးစေတတ်လို့ပါ။ ဒါဟာhypothyroidism ရဲ့အဖြစ်များဆုံးလက္ခဏာတစ်ခုဖြစ်တယ်လို့လည်း ပညာရှင်တွေကပြောပါတယ်။မနက်ဆို အိပ်ရာကမထနိုင်ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့်အိပ်ရေးကမဝသလိုခံစားရပါတယ်။ အိပ်ခဲ့ရပေမယ့် မအိပ်ရသလို ခံစားချက်မျိုး။သိုင်းရွိုက်လုပ်ဆောင်ချက်နှေးကွေးမှုက သင့်ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို လိပ်လိုနှေးစေနိုင်တာကြောင့်နေ့အချိန်မှာတောင် အိပ်ငိုက်နေစေတာဖြစ်ပါတယ်။အားမရှိသလို၊ နုံးချိနေသလို မကြာခဏခံစားနေရတာဟာ အကြောင်းရင်းခံအခြေအနေတွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် သိုင်းရွိုက်ဟော်မုန်းနည်းရောဂါ hypothyroidism နဲ့ဆက်နွှယ်နေတယ်လို့ သိရပါတယ်။ တစ်ညလုံး အိပ်ရေးဝဝအိပ်ထားလျက်နဲ့ နောက်နေ့မနက် သို့မဟုတ် တစ်နေ့လုံးမှာလည်းပင်ပန်းမှုကိုခံစားနေရသေးတယ်ဆိုရင် သိုင်းရွိုက်သိပ်အလုပ်မလုပ်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ဓမ္မတာလာချိန်သွေးဆင်းများခြင်း၊ရက်ကြာခြင်းတို့အပြင် နာကျင်ကိုက်ခဲခြင်းတို့က hypothyroidism ရဲ့ လက္ခဏာတွေဖြစ်နိုင်ပြီး ရာသီလာချိန်တွေ တစ်လနဲ့တစ်လနီးကပ်တာမျိုးဖြစ်နိုင်ပါတယ်။သားသမီးရဖို့ကြိုးစားနေတာအတော်ကြာနေပြီဖြစ်ပြီး ဘာမှထူးမလာသေးရင်လည်း သိုင်းရွိုက်ရောဂါဖြစ်နေနိုင်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။hypothyroidism နဲ့ hyperthyroidism နှစ်မျိုးစလုံးက မျိုးဥကြွေခြင်းကို ဝင်ရောက်နှောင့်ယှက်နိုင်ပြီး သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ဆောင်းတွင်းလည်းမဟုတ်ဘဲနဲ့တောင် အသားအရေခြောက်သွေ့ပြီး ယားယံမှုကိုခံစားနေရသလား။ hypothyroidism လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ အသားအရေပြောင်းလဲမှုဟာ ချွေးထွက်နည်းစေတဲ့ ဇီဝဖြစ်စဉ်နှေးကွေးမှုကြောင့်ဖြစ်ပါတယ်။ဆံပင်နဲ့လက်သည်းတွေမှာ ခြောက်သွေ့၊ကြွပ်ဆတ်လာနိုင်ပြီး ဆံပင်တွေကျွတ်လာတတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းမရှိရင် ဆံပင်ပေါက်ခြင်းသံသရာကို ထိခိုက်စေပြီး ဆံပင်ကျွတ်နိုင်၊ တခါတရံ မျက်ခုံးပါကျွတ်လေ့ရှိပါတယ်။ကိုယ်အလေးချိန်တိုးလာတာက အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် စားသောက်ပုံ၊ အနေအထိုင်တွေ ပြောင်းလဲမှုမရှိဘဲ ရုတ်တရက်ကြီး ဝလာတာကတော့ စိုးရိမ်စရာရှိနိုင်တယ်လို့ WebMD မှာ ဖော်ပြထားပါတယ်။ပုံမှန်ထက်သိပ်ပြီး ပိုမစားပေမယ့် ကိုယ်အလေးချိန်များလာသူတွေမှာ လေ့ကျင့်ခန်းတွေလုပ်လည်း ပြန်ကျမသွားကြဘူးလို့ သုတေသီတွေကပြောပါတယ်။သိုင်းရွိုက်ပြဿနာတွေရဲ့တခြားလက္ခဏာတွေဖြစ်တဲ့ ကိုယ်အလေးချိန်တိုးခြင်း၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ ဆံပင်ကျွတ်ခြင်း တို့အပြင်လိင်စိတ်ဆန္ဒနည်းပါးခြင်း၊စိတ်မပါခြင်းလည်း ဖြစ်နိုင်ပါတယ်။ခလုတ်တိုက်ရင်နာတာမျိုး၊ အလေးအပင် မ လို့နာကျင်တာမျိုးက ပုံမှန်ဖြစ်ပေမယ့် လက်မောင်း၊လက်၊ခြေထောက်၊ခြေဖဝါး စတာတွေမှာ အကြောင်းရင်းမသိဘဲ ထူးထူးဆန်းဆန်းတောင့်တင်းတာ၊ ထုံကျဉ်တာတွေ အခါအားလျော်စွာ ခံစားနေရရင် သိုင်းရွိုက်ကြောင့်ပဲဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းက ခန္ဓာကိုယ်အနှံ့အပြားဆီ ဦးနှောက်ကနေ သတင်းပို့နေတဲ့ အာရုံကြောတွေကို ထိခိုက်စေလို့ပါပဲ။ ဒါမျိုးမှာ ဘာမှန်းမသိဘဲ ထုံနာကျဉ်နာဖြစ်လာတတ်ပါတယ်။ချစ်တဲ့သူနဲ့တွေ့ရင် ရင်ခုန်သလိုမျိုး ခံစားဖူးကြမှာပေမယ့် သိုင်းရွိုက်ကြောင့်တလှပ်လှပ်ရင်ခုန်ရတာက မတူပါဘူး။ နှလုံးမှာ တစ်ချက် နှစ်ချက် ဆက်ပြီးခုန်သွားသလို ခံစားရပါတယ်။ တကယ်တော့ ဒီလိုဖြစ်ချိန် လည်ပင်းနဲ့ လက်ကောက်ဝတ်မှာရှိတဲ့သွေးခုန်နှုန်းစမ်းတဲ့နေရာတွေမှာလည်း ခံစားရလိုက်နိုင်ပါတယ်။ဒါမျိုးကိုကြုံဖူးတယ်ဆိုရင် နှလုံးတုန် ရင်ခုန်ခြင်းဖြစ်နိုင်ပါတယ်။သွေးလည်ပတ်မှုထဲမှာ သိုင်းရွိုက်ဟော်မုန်းတွေ များလွန်းတဲ့ လက္ခဏာဖြစ်ပါတယ်။အသက်အရွယ်နဲ့အလိုက် သင့်ဦးနှောက်က တဖြည်းဖြည်းချင်း အာရုံဝေဝါးလာနိုင်တတ်ပေမယ့် ရုတ်တရက်ကြီးပြင်းထန်လာရင်တော့ သိုင်းရွိုက်ကြောင့်ပဲဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများလွန်းရင် အာရုံစူးစိုက်ရခက်ခဲပြီးမေ့တတ်လာပါတယ်။ အမျိုးသမီး တချို့က ဒါကိုသွေးဆုံးချိန်မှာဖြစ်လာတဲ့လက္ခဏာလို့ ထင်နေကြပေမယ့် တကယ်တော့ သိုင်းရွိုက်ကြောင့်ပါလို့ ပညာရှင်တွေကပြောပါတယ်။သင့်မှာသွေးပေါင်ချိန်များနေပြီး ဆေးသောက်လို့၊အစားဆင်ခြင်လို့လည်း ထူးလာပုံမပေါ်ရင် သိုင်းရွိုက်ကိုစစ်ဆေးကြည့်ဖို့လိုနေပါပြီ။ဟော်မုန်းမထုတ်နိုင်တဲ့သိုင်းရွိုက်က မကောင်းတဲ့ကိုလက်စထရောကိုမြင့်စေပြီးနှလုံးထိခိုက်စေနိုင်ပါတယ်။အရသာခံအာရုံက ချက်ချင်းကြီးတမျိုးဖြစ်လာသလား။ သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်းက အရသာခံနိုင်စွမ်းနဲ့ အနံ့ခံနိုင်စွမ်းတို့မှာ ထိခိုက်စေပါတယ်။ဒါပေမယ့် မရပ်မနား တရစပ်စားသောက်မိနေပြီဆိုရင်လည်း သိုင်းရွိုက်ဟော်မုန်းများတဲ့hyperthyroidismဖြစ်နေနိုင်ပါတယ်။သိုင်းရွိုက်က လည်ပင်းမှာပဲရှိနေတာကြောင့် အဲဒီမှာနာကျင်တာ မဆန်းပါဘူး။ လည်ပင်းမှာ အဖုအကျိတ်ဖြစ်လာတာ၊ အသံပြောင်းလဲလာတာတွေက သိုင်းရွိုက်ရောဂါလက္ခဏာတွေဖြစ်နိုင်ပါတယ်။ဒီအချက်တွေထဲက တခုခုကိုခံစားရတယ်ဆိုရင် ကိုယ့်လည်ပင်းကို မှန်ထဲမှာပြန်ကြည့်ပြီးရောင်ရမ်းနေတာ၊ဖောင်းနေတာ ရှိမရှိ စစ်ဆေးနိုင်ပါတယ်။AACE Thyroid Awareness ရဲ့အကြံပြုချက်အရ သိုင်းရွိုက်ကို စစ်ဆေးမယ်ဆိုရင် မှန်တစ်ချပ်ကိုယူ၊ လည်ပင်းရဲ့အရှေ့ဘက်အောက်ပိုင်း ညှပ်ရိုးအထက်နား၊အသံအိုးအောက်နား ကိုသေချာကြည့်ပါ။ ကြည့်နေရင်းခေါင်းကိုအပေါ်လန်ထားပါ။ ရေတစ်ငုံသောက်ပြီး မျိုချပါ။ မျိုချချိန်မှာ လည်ပင်းကိုကြည့်ပါ။ ရေမျိုချချိန် အဲဒီနေရာမှာ ဖုထစ်နေတာ၊ဖောင်းနေတာ တွေ့လိုက်ရသလား ကြည့်ပြီးစစ်ဆေးနိုင်ပါတယ်။( သိုင်းရွိုက်ကို လည်စိနဲ့ မမှားအောင်သေချာဂရုစိုက်ပါ) ဖုထစ်နေတာ၊ဖောင်းနေတာတွေ့ရရင်တော့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%9e%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9c%e1%80%80%e1%80%b9%e1%80%81%e1%80%8f%e1%80%ac-%e1%80%99%e1%80%95%e1%80%b1%e1%80%ab/
နှာခေါင်းအပေါက်ဖောက်ပြီး အနာကျက်ပုံအဆင့်ဆင့်
ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သိပ်ပြီးတွင်ကျယ်သေးတာမျိုးမဟုတ်ပေမဲ့ ဒီဘက်ခေတ်မှာလည်း နားတစ်မျိုးသာမက နှာခေါင်းမှာပါ အပေါက်ဖောက်တာ ခေတ်စားလာကြပါတယ်။ မြင်နေကျမဟုတ်သူတွေအတွက်တော့ တော်တော်ထူးဆန်းနေနိုင်တဲ့ ကိစ္စတစ်ခုဆိုပေမဲ့ ဒါဟာလည်း ခေတ်ရေစီးကြောင်းရဲ့ ရိုက်ခတ်မှုတစ်မျိုးပါပဲ။ ဒါကြောင့် ကိုယ်တိုင်က နှာခေါင်းမှာ အပေါက်ဖောက်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီဆောင်းပါးကို အရင်ဆုံးဖတ်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။နားကပ်ပေါက်ဖောက်တာလိုပဲ နှာခေါင်းပေါက်ဖောက်တဲ့အခါမှာလည်း နေရာ‌ပေါ် မူတည်ပြီး  ၄လမှ ၉လထိ ကြာနိုင်ပါတယ်။ အနာကျက်ရန်ကြာချိန်သည်။• အပေါက်ဖောက်ထားတဲ့နှာခေါင်းအစိတ်အပိုင်း (နှာခေါင်းပေါက်၊ အတွင်းသား၊ အပေါက်နှစ်ခြား အလယ်ကခြားနေတဲ့ အရိုးနု အစရှိသဖြင့်)။• အပေါက်ဖောက်ထားတဲ့ နေရာမှာ ကပ်ထားတဲ့ ပစ္စည်း (သံ၊ ရွှေ၊ ပလက်တီနမ်၊ သတ္တုပစ္စည်း အစရှိသဖြင့်)။• ဒီအပေါက်ဖောက်ထားတဲ့ နေရာကို ဘယ်လောက်ထိ သန့်ရှင်းအောင်ထားလဲ စတာတွေပေါ် မူတည်နိုင်ပါတယ်။၁။ ရောင်ရမ်းနေမယ်။နှာခေါင်းမှာ အပေါက်ဖောက်ပြီး ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အပေါက်ဖောက်ပြီး ပစ္စည်းကပ်ထားတဲ့နေရာ (ဒဏ်ရာ) ကို ကိုယ်ခန္ဓာအရေပြားက ပြန်ပိတ်ဖို့အတွက် ကြိုးစားပါတယ်။ ဒီလိုကြိုးစားနေတဲ့အချိန်မှာ။• အပေါက်ဖောက်ထားတဲ့ နေရာနားမှာသွေးခဲပြီး အနည်းငယ်မာနေမယ်။• သွေးဖြူဆဲလ်တွေက အရေပြားနဲ့ တစ်သျှူးတွေကို ကော်လဂျင်ဆဲလ်နဲ့ ပြန်ဖြည့်စွက်မယ်။• ကပ်ထားတဲ့ ပစ္စည်းနားမှာ ရှိနေတဲ့ တစ်သျှူးဆဲလ်တွေက ဆဲလ်အသစ်နဲ့ ဓာတ်ပြုပြီး ရောင်ရမ်းခြင်း ဖြစ်မယ်။• နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ပူနွေးနွေးခံစားရခြင်း၊ သွေးထွက်ခြင်း ဖြစ်နိုင်ပါတယ်။အနာရဲ့ အခြေအနေပေါ် မူတည်ပြီး ပထမလ သို့မဟုတ် နောက်လတွေမှာ အရောင်ကျပြီးတာနဲ့ စတင်အနာကျက်ဖို့ လုပ်ငန်းစပါပြီ။ ဒီလိုအချိန်မှာ။• အနာဖြစ်နေတဲ့နေရာက အမာရွတ်တစ်သျှူးစတွေကနေ ဆဲလ်အသစ်များဖြစ်ပေါ်လာပြီး အရေပြားအဟောင်းနဲ့ အသစ်ကို ဆက်သွယ်ပေးမယ်။• ပြန်ရည်ကြောကနေ အဝါရောင်ရှိတဲ့ အရည်တွေ၊သွေးရည်ကြည်တွေ၊ သွေးဆဲလ်အသေတွေ ထွက်လာမယ်။• အရည်တွေက အနာပေါက်နားမှာ စုဝေးပြီး ခဲလာကာ ဒဏ်ရာကို စတင်ကုစားမယ်။• စိမ့်ထွက်လာတဲ့ အရည်တွေဟာ တဖြည်းဖြည်းရပ်သွားပြီး အပေါက်ဖောက်ထားတဲ့ အရေပြားဘေးပတ်လည်မှာ လုံးဝဆက်ပြီးသားဖြစ်သွားပါမယ်။•အနာကျက်ဖို့ လုပ်နေချိန်မှာ မတော်တဆအားဖြင့် အပေါက်ဖောက်ထားတဲ့ နေရာကို ထိခိုက်မိတာဆိုရင်တော့ နည်းနည်းရောင်နေနိုင်ပါတယ်။• ဒီအဆင့်မှာ လိုတာထက်ပိုပြီး အရည်တွေ စိမ့်ထွက်နေရင်တော့ စိုးရိမ်စရာ ရှိပါတယ်။ဒါကတော့ နောက်ဆုံးအဆင့်ပါပဲ။ ဒီအဆင့်မှာ အပေါက်ဖောက်ထားတဲ့ နေရာလည်း လုံးဝနီးပါး နာကျင်မှုမရှိတော့ဘဲ ကပ်ထားတဲ့ ပစ္စည်းကို အလွယ်တကူ ဖြုတ်၊ တပ်၊ လဲလို့ ရနေပါပြီ။• အရေပြားတွေကို ဆက်ပေးထားတဲ့ တစ်သျှူးဟာ ပိုမာလာပြီး ကပ်ထားတဲ့ ပစ္စည်းကို အရေပြားအတွင်း သေချာနေရာကျစေဖို့ ကူညီပေးတယ်။• ထိခိုက်ထားတဲ့ အမာရွတ်တစ်သျှူးဆဲလ်တွေဟာလည်း လုံးဝနီးပါး ပျောက်ကင်းသွားပါပြီ။• သွေးထွက်တာ၊ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်လာတာမျိုး မရှိသင့်တော့ပါဘူး။• သတိထားရမှာကအနာကျက်ကာစအချိန်မှာ ကပ်ထားတဲ့ပစ္စည်းကို ထုတ်ပြီး ဒီအတိုင်းပစ်ထားမယ်ဆိုရင် ပိုးပြန်ဝင်နိုင်တာ၊ အရေပြားအပေါက်က ပိတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။• နှာခေါင်းအပေါက် လုံးဝအနာမကျက်သေးသ၍ ကပ်ထားတဲ့ ပစ္စည်းကို လုံးဝမထုတ်ဖို့ သတိထားပေးပါ။နှာခေါင်းအပေါက်ဖောက်ပြီးတာနဲ့ ကိုယ့်ကိုဖောက်ပေးခဲ့တဲ့သူက ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးမှာဖြစ်သလို အရေပြားဆရာဝန်နဲ့လည်း တစ်ချက်သွားပြထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ မခံမရပ်နိုင်အောင် ယားနေတာ၊ နီရဲနေတာ၊ အရည်ကြည်ဖုတွေ ထလာတာ၊ အရေပြားက ခြောက်သွေ့ပြီး ပုံမှန်မဟုတ်တဲ့ အရောင်ဖြစ်နေတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ မကောင်းတဲ့ အနံ့တွေထွက်တာ၊ အဝါရောင် သို့မဟုတ် စိမ်းဖန့်ဖန့်အရောင်တွေ ထွက်လာတာဆိုရင် အပေါက်ဖောက်ထားတဲ့နေရာကိုပိုးဝင်သွားတာ ဖြစ်နိုင်တဲ့အတွက် အရေပြားဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ကုသဖို့ လိုအပ်ပါတယ်။အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် နှာခေါင်းအပေါက်ဖောက်ခြင်းဟာ လူတိုင်းအတွက် မဟုတ်သလို ခေတ်ရေစီးကြောင်းနောက်ကိုလည်း မဖြစ်မနေ လိုက်မှရယ်လို့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်က ဘယ်လိုပဲဖြစ်နေဖြစ်နေ ဖောက်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးကို အရင်ဖတ်ပြီးမှ ဆက်လုပ်သင့်၊ မလုပ်သင့် သေချာဆုံးဖြတ်ပေးပါလို့ မှာကြားချင်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/stages-of-healing-in-nose-piercing/
အသက်ကြီးလာတဲ့အခါ ပိုစားသင့်တဲ့ အကောင်းဆုံးအာဟာရ(၁၀)မျိုး
လူ့ခန္ဓါကိုယ်က အသက်တွေကြီးလာရင် အရင်အတိုင်းပဲ ရှိနေမယ်၊ လုပ်ဆောင်ချက်တွေလည်း တူမယ်ထင်နေပါသလား။ စားလိုက်တဲ့ အစားအသောက်တွေကနေ အာဟာရတွေကိုစုပ်ယူနိုင်စွမ်းလည်းပြောင်းလဲလာမယ်၊ ကိုယ်တွင်းလုပ်ဆောင်ချက်တွေလည်းပြောင်းလဲလာမယ်။ ဒါ့ကြောင့် ရှိသင့်တဲ့အာဟာရတွေပြည့်ဝနေစေဖို့ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးစားပေးသင့်တဲ့အစားအစာတွေကို အကြံပြုပေးချင်ပါတယ်။ ကိုယ့်ရဲ့လူကြီးမိဘတွေကိုလည်း ဂရုတစိုက်စီစဉ်ကျွေးမွေးလို့ရတာပေါ့။အသီးအနှံတွေ၊ အုတ်ဂျုံ၊ အစေ့အဆန်တွေနဲ့ ပဲနီလေး တို့လို အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေက အသက်ကြီးလာတဲ့အခါ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ အမျှင်ဓါတ်က သွေးတွင်းကိုလက်စထရောပမာဏကိုလည်းလျော့နည်းစေတယ်၊သွေးတွင်းသကြားကို ထိန်းညှိပေးတယ်၊ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်တယ်။ အသက် ၅၀ အထက်အရွယ်ဆိုရင် တစ်နေ့ကို အမျှင်ဓါတ်ပမာဏ ၃၀ ဂရမ်စားသုံးဖို့လိုအပ်ပါတယ်။ဂျုံကြမ်းတွေဟာ အသက်ကြီးလာချိန်မှာ ပိုပြီးလိုအပ်တဲ့အမျှင်ဓါတ်နဲ့ ဗီတာမင် ဘီတွေ ကြွယ်ဝတဲ့အရင်းအမြစ်ဖြစ်ပြီး B6 ၊B12 နဲ့ဖောလိတ်ဓါတ်တွေက ဦးနှောက်ကျန်းမာရေးအတွက် အဓိကအရေးပါတာဖြစ်ပါတယ်။ ဂျုံကြမ်းကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုဖြစ်နိုင်တဲ့ အန္တရာယ်တွေလျော့နည်းစေနိုင်တယ်။ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ပီစတာချီအို၊ သစ်ကြားသီးတို့လို အခွံမာသီးနဲ့အစေ့အဆန်တွေက အိုမင်းရင့်ရော်မှုကိုတွန်းလှန်နိုင်စွမ်းတွေရှိပါတယ်။ သူတို့က နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ၊လေဖြတ်ခြင်း၊ အမျိုးအစား၂ ဆီးချိုရောဂါ၊ အာရုံကြောရောဂါနဲ့ ကင်ဆာရောဂါတချို့ကို ကာကွယ်နိုင်၊ ကူညီကုသနိုင်တဲ့အထူးအာဟာရတွေပါဝင်ကြပါတယ်။ ကြီးရင့်လာတဲ့ ဦးနှောက်ကိုလည်းစောင့်ရှောက်အားဖြည့်ပေးနိုင်ပါတယ်။အသက်ကြီးလာလေရေဓါတ်ဆုံးရှုံးလာရုံတင်မကရေဆာမဆာအာရုံခံနိုင်စွမ်းလည်းလျော့ပါးလာပါတယ်။ပြောရရင် လူကြီးတွေကရေဆာလို့ဆာမှန်းမသိဘဲ မသောက်ဖြစ်ကြတာများလာပါတယ်။ အရည်ဓါတ်တွေနည်းလာတာကို ဦးနှောက်ကသိဖို့ အချိန်ကြာလာတာဖြစ်ပါတယ်။ ဒါ့ကြောင့်သောက်သုံးသင့်တဲ့ရေပမာဏကို အချိန်မှန်သတိထားသောက်ပါ။ဆယ်လ်မွန်ငါး၊ တူနာငါး စတဲ့ပင်လယ်ငါးတွေကို တစ်ပတ်နှ်စ်ကြိမ်တော့စားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ဦးနှောက်ကျန်းမာရေးအတွက်ကောင်းတဲ့ အကျိုးပြုအဆီဓါတ်DHA ပါဝင်ပါတယ်။DHA ချို့တဲ့ခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကြား ဆက်နွှယ်မှုရှိနေတာကိုလည်းလေ့လာတွေ့ရှိထားပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဆုတ်ယုတ်လာတဲ့မှတ်ဉာဏ်တွေနဲ့လေ့လာနိုင်စွမ်းတွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်။ ငါးမကြိုက်ရင်ရေညှိ၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ ပင်ပွားတို့လို တခြား DHA အရင်းအမြစ်တွေစားလို့ရပါတယ်။အသားဓါတ်ကြွယ်ဝတဲ့အစားအစာတွေက အသက်ကြီးလာတဲ့အခါဖြစ်လာနိုင်တဲ့ ကြွက်သားဆုံးရှုံးမှုတွေကို ကာကွယ်ပေးပါတယ်။ ပရိုတင်းအမှုန့်တွေ၊ဖြည့်စွက်အာဟာရတွေထက် ကြက်ဥ၊ အဆီမပါတဲ့အသား၊နို့ထွက်ပစ္စည်းတွေလို သဘာဝအသားဓါတ်အရင်းအမြစ်တွေကိုရွေးချယ်ပါ။နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ကယ်လ်စီယမ်က အရိုးကျန်းမာရေးအတွက် ထိန်းသိမ်းပေးမှာပါ။ အသက်ကြီးလာတာနဲ့အမျှ အရိုးပွရောဂါ၊ အူမကြီးကင်ဆာ၊ သွေးတိုးရောဂါဖြစ်နိုင်ခြေနည်းစေနိုင်တယ်။ အသက် ၅၀ကျော်ရင် တစ်နေ့ကို ကယ်လ်စီယမ် ၁၂၀၀ မီလီဂရမ်သောက်သုံးဖို့လိုပါလိမ့်မယ်။ ဒါတွေကို အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေကနေရရှိနိုင်ပါတယ်။မျက်စိအားကောင်းစေဖို့အတွက် ကိုက်လန်လို အစိမ်းရင့်ရောင်အသီးအရွက်တွေကို ပိုစားပေးဖို့လိုပါတယ်။ သူတို့မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အတွင်းတိမ်နဲ့ မျက်စိမှုန်ခြင်းကိုဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။ တစ်နေ့တစ်ကြိမ်စားပေးရုံနဲ့ မှတ်ဉာဏ်၊တွေးခေါ်နိုင်စွမ်းနဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းတွေမှာ အိုမင်းရင့်ရော်မှုတွေကိုနှေးကွေးစေပါတယ်။ထောပတ်သီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက မှတ်ဉာဏ်ကိုကောင်းမွန်စေပြီးပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းပိုမြန်စေပါတယ်။ထောပတ်သီးကြောင့်သွေးတွင်းကိုလက်စထရောကိုလျော့ကျစေပြီး အဆစ်နာရောဂါကိုဖြစ်နိုင်ခြေလျော့နည်းစေတယ်၊ ကိုယ်အလေးချိန်ထိန်းပေးနိုင်တယ်၊နေလောင်ဒဏ်ကြောင့်အသားအရေထိခိုက်ပျက်စီးခြင်းကိုကာကွယ်ပေးတယ်။ဘီတာကယ်ရိုတင်းကြွယ်ဝလို့ မျက်စိကျန်းမာရေးနဲ့အသားအရေကို ကောင်းမွန်စေတဲ့ ဗီတာမင်အေ ကိုပိုရရှိနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းစေနိုင်တယ်။ ပန်းဂေါ်ဖီစိမ်းကြော် ၂၃ ပန်းကန်လုံးစာလောက်စားမှ ရနိုင်မယ့် ဗီတာမင်အေ ပမာဏကို အနေတော်အရွယ်အစား ကန်စွန်းဥတစ်လုံးနဲ့တင် ရရှိုနိုင်ပါတယ်။ ကန်စွန်းဥငချိတ်က ပိုကောင်းပါတယ်နော်။ အရောင်တောက်တောက်မှာပါတဲ့ဒြပ်ပေါင်းတွေက အသက်အရွယ်ကြောင့် ဦးနှောက်အတွင်းပြောင်းလဲမှုတွေကိုနှေးကွေးစေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%9c%e1%80%ac%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab-%e1%80%95%e1%80%ad%e1%80%af%e1%80%85%e1%80%ac%e1%80%b8/
Gas (လေထခြင်း)
ဒီရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။လူအများစုအတွက် လေထခြင်းနှင့် လေအောင့်ခြင်းလက္ခဏာများမှာ အလွန်သိသာလှသည်။ ၎င်းတို့မှာ –။တစ်ခါတစ်ရံတွင် ဒီလိုလေပွခြင်းက အောက်ပါတို့နှင့် မှားနိုင်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ လေပွလေနာရသည့်အကြောင်းရင်းကို အောက်ပါတို့အပေါ်အခြေခံပြီး အတည်ပြုပါလိမ့်မည်။အောက်ပါအတိုင်း အစားအသောက်ပြောင်းလိုက်ခြင်းက လေပမာဏကို နည်းစေပြီး မြန်မြန်ရွေ့သွားစေရန် အကူအညီပေးပါသည်။အလွယ်ဝယ်ရနိုင်သောဆေးမြီးတိုများ။တစ်ချို့ဆေးများမှာ အထောက်အကူဖြစ်သော်လည်း အားလုံး ကောင်းပါသည်ဆိုသည်မျိုးတော့မဟုတ်ပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် လေထခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/gas-%e1%80%9c%e1%80%b1%e1%80%91%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
လိင်အကြမ်းဖက်ခံ ရရင် ဘာဆက်လုပ်ကြမလဲ။
​အခုနှစ်ပိုင်းတွေမှာလိင်အကြမ်းဖက်ခံရတာကို မကြာခဏကြားနေရပါတယ်။ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရော၊ ယောက်ျားလေး၊ မိန်းကလေးတွေရော ကြားနေရတာပါ။ ဒီကိစ္စက မဖြစ်ရင်ကောင်းပါတယ်။ ဖြစ်လာရင် နောက်ဆက်တွဲဆိုးကျိုးတွေ မြန်မြန်ဆန်ဆန်ကာကွယ်နိုင်မှသာ ပြုကျင့်ခံရသူ (victim)က နှစ်ခါ မနစ်နာမှာပါ။ ဒီမှာတော့ လိင်အကြမ်းဖက်ခံရပြီးနောက်  လုပ်ရမယ့်အချက်တွေကို ကျန်းမာရေးရှုထောင့်ကေန ပြောပြသွားမှာပါ။အဓမ္မကျင့်ခံရတာကို သိသိချင်း အရင်ဆုံးလုပ်ရမှာက ဆေးရုံကို သွားဖို့ပါ။ ရေမချိုးပါနဲ့။ ဆေးရုံကိုတန်းသွားပါ။ ဒါမှ အမှုဖွင့်ဖို့ လိုအပ်တဲ့ သက်သေ (သုတ်ရည်)စတာတွေကို စုဆောင်းနိုင်မှာပါ။ နောက်တစ်ခုက ဒဏ်ရာပါ။ ခြိမ်းခြောက်ခံထားရလို့ဖြစ်ဖြစ်၊ ရုန်းကန်ထားလို့ဖြစ်ဖြစ် ပွန်းပဲ့ရာ၊ အညိုအမည်းစွဲရာ၊ အခြားဒဏ်ရာတွေရှိနိုင်ပါတယ်။ ဒါပြင့် မိန်းမကိုယ်စုတ်ပြဲတာ၊ စအိုစုတ်ပြဲပြီး အူအတွင်းပိုင်းထိ ဒဏ်ရာရတာ၊ သွေးထွက်လွန်တာတွေ ရှိနိုင်ပါတယ်။ လိုအပ်ရင် ခွဲစိတ်ကုသရတာတွေလုပ်ရမှာပါ။ နောက်ကျသွားရင် ပိုးဝင်တာ၊ အသက်အန္တရာယ်ရှိတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သိသိချင်း ဆေးရုံကိုသွားပြီး ဆေးကုသမှုခံယူပါ။လိင်အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ နောက်ထပ်စိုးရိမ်ရမှာကကိုယ်ဝန်ကိစ္စပါ။ မြန်မာပြည်မှာ လိင်အကြမ်းမှုကြောင့် ရလာတဲ့ ကိုယ်ဝန်ကို တရားဝင်ဖျက်ချခွင့်မပြုသေးပါဘူး။ ဒါကြောင့် ကိုယ်ဝန်ကို ကြိုတားရမှာပါ။ မတားနိုင်တဲ့အခါ အသက်ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ဆောင်ရတာ၊မလိုချင်တဲ့ ကိုယ်ဝန်ဖြစ်တဲ့အတွက် မွေးပြီးတဲ့အခါ ကလေးစွန့်ပစ်တာ၊ ကိုယ်ဝန်မလိုချင်လို့ ဖျက်ချတဲ့အခါမှာလည်း နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတာ စတာတွေ ရှိလာနိုင်ပါတယ်။ဒါကြောင့် အရေးပေါ်တားဆေးသုံးရမှာပါ။ စောစောသုံးနိုင်လေ ပိုထိရောက်လေပါ။ ဖြစ်ဖြစ်ချင်းကနေ ငါးရက်အတွင်း သောက်နိုင်ပါတယ်။ ငါးရက်ကျော်သွားရင်တော့ ဆေးသောက်လို့ အကျိုးမရှိတော့ပါဘူး။ ဒါဆိုရင်တော့ ရာသီပေါ်မပေါ်စောင့်ကြည့်ရတော့မှာပါ။ အရေးပေါ်တားဆေးကတော့ တစ်လုံးဆေးရှိသလို၊နှစ်လုံးဆေးလည်းရှိပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်ပါ။လိင်အကြမ်းဖက်သူကနေ တိုက်ရိုက်ကူးစက်တာပါ။ အဖြစ်များတဲ့ ရောဂါတွေကတော့။-Chlamydia။-ဆီးပူညောင်းကျ /ဂနိုရောဂါ။–ဆစ်ဖလစ်။-Trichomoniasisတို့ပဲ ဖြစ်ပါတယ်။ဒါတွေနဲ့ ပတ်သတ်လို့ ကူးစက်ထားခြင်း ရှိမရှိ ဆေးစစ်ချက်တွေ ပြုလုပ်ရမှာပါ။ လိုအပ်ရင်တော့ ပိုးသတ်ဆေးကြိုသောက်တာမျိုးတွေ လုပ်ရပါမယ်။နောက်တစ်ခုကတော့HIVပါ။ HIVရဲ့ လိင်ကတဆင့်ကူးစက်နှုန်းက မိန်းမကိုယ်ကနေဆိုရင် ၀.၁ရာခိုင်နှုန်း၊ စအိုကနေဆိုရင် ၂ရာခိုင်နှုန်းပါ။ ဖြစ်နှုန်းနည်းတယ်ဆိုပေမယ့် ဖြစ်လာရင် မကောင်းပါဘူး။ ဒီ့အတွက်post exposure prophylaxis (PEP)ဆိုပြီး ရောဂါပိုးနဲ့ ထိတွေ့ပြီးနောက် ကာကွယ်ခြင်းဆိုတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ ဒါမတိုင်ခင် အရင်ဆုံး နှစ်သိမ့်ဆွေးနွေးပညာပေးတာတွေ၊ ဆေးစစ်တာတွေလုပ်ရမှာပါ။ ဖြစ်လာနိုင်တဲ့ အခြေအနေ​တွေကို သေသေချာချာရှင်းပြပြီး PEPကုသမှု ခံမခံကိုတော့ လူနာကပဲ ဆုံးဖြတ်ရမှာပါ။လိင်အကြမ်းဖက်မှုခံရပြီးနောက် ကူးစက်နိုင်တဲ့ရောဂါထဲမှာအသည်းရောင်အသားဝါဘီပိုးလည်း ပါပါတယ်။ ဒါကြောင့် ကာကွယ်ဆေးမထိုးရသေးတဲ့သူဆိုရင် ထိုးဖို့လိုပါတယ်။ လိုအပ်ရင် hepatitis B immune globulin လို့ခေါ်တဲ့ ဆေးပါထိုးရပါမယ်။လိင်အကြမ်းဖက်ခံရသူတွေက အချိန်တော်တော်ကြာအောင် ဒါနဲ့ ပတ်သတ်ပြီး စိတ်ထဲမှာ ခံစားနေတတ်ပါတယ်။ ဒီလိုဖြစ်ရတာ သူ့ကြောင့်၊ သူအနေအထိုင်မတတ်လို့ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ပါတယ်။ ပတ်ဝန်းကျင်က ဖိအားပေးရင် ပိုဆိုးပါတယ်။ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တာ၊စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်တတ်ပါတယ်။ဒါကြောင့် စိတ်ကျန်းမာရေးအထူးကုနဲ့ ပြသပြီး နှစ်သိမ့်ဆွေးနွေးပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူရမှာပါ။ သူပြောတာကို စိတ်ရှည်ရှည်နားထောင်ပေးပါ။ ဒီလိုဖြစ်ရတာ သူ့ကြောင့်မဟုတ်ကြောင်း ရှင်းပြပေးပါ။ နှစ်သိမ့်ဆွေးနွေးတာအပြင် မိသားစုရဲ့ အားပေးမှု၊ ပတ်ဝန်းကျင်ရဲ့ ဖေးမမှုလည်းလိုပါတယ်။ တစ်ယောက်တည်း ပစ်မထားပါနဲ့။ အပြစ်သူတစ်ယောက်လိုမဟုတ်ဘဲ ရှေ့ဆက်ပြီး သာမန်လူအတိုင်း နေနိုင်အောင် ဝိုင်းပြီးကူညီပေးကြရပါမယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%a1%e1%80%80%e1%80%bc%e1%80%99%e1%80%ba%e1%80%b8%e1%80%96%e1%80%80%e1%80%ba%e1%80%81%e1%80%b6-%e1%80%9b%e1%80%9b%e1%80%84%e1%80%ba-%e1%80%98%e1%80%ac%e1%80%86/
သိထားသင့်သည့် ဆီးကျိတ်ကင်ဆာ ၏ အစောပိုင်းလက္ခဏာများ
ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဆိုတာဟာ အမျိုးသားတွေမှာ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ စောလျှင်စွာ သိရှိနိုင်မယ်ဆိုရင် သက်သာပျောက်ကင်းအောင် ကုသလို့ရတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ရောဂါရဲ့ အစောပိုင်းလက္ခဏာတွေကို သိရှိမယ်ဆိုရင် ရောဂါကို ကောင်းကောင်းကုစားနိုင်မှာပေါ့။ဆီးကျိတ်ကင်ဆာဟာ ခုနောက်ပိုင်းကာလတွေမှာ အဖြစ်များလာတဲ့ကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး အသက် ၆၀ အထက်လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက် ၆၀ အထက်အမျိုးသားတွေမှာဖြစ်နိုင်ခြေ ၆၀% ရှိပြီးတော့ အသက် ၄၀ အောက်အရွယ် အမျိုးသားတွေမှာတော့ ဖြစ်နိုင်ခြေ အလွန်နည်းပါးပါတယ်။စစ်ဆေးစမ်းသပ်မှုတွေကို ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် (မဆိုးရွားတဲ့) ဆီးကျိတ်ကင်ဆာဝေဒနာရှင်တွေအနေနဲ့ နှစ်ပေါင်းအတော်ကြာပြီးမှ ကုသမှုတွေကို စတင်ခံယူလို့လည်း ရနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒီရောဂါကြောင့် တစ်နှစ်ကို လူ ၁၁၀၀၀ လောက် အသက်ဆုံးပါးနေတာကို မေ့ထားလို့မဖြစ်ပြန်ပါဘူး။ ဒါကြောင့်လည်း အဓိကအကျဆုံးက ကိုယ့်မှာ ဒီရောဂါရှိနေမနေ ကြိုတင်သိရှိနိုင်ဖို့နဲ့ စောလျှင်စွာကုသနိုင်ဖို့လို့ ဆိုရတာပါ။ဒါကြောင့်ဆီးကျိတ်ကင်ဆာရဲ့ ကနဦး လက္ခဏာတချို့အကြောင်းကို ပြောချင်ပါတယ်။ ဒီလက္ခဏာတွေကို သိထားမယ်ဆိုရင် ကြိုတင်ကာကွယ်ကုသမှုတွေ ပြုလုပ်ဖို့ အထောက်အကူဖြစ်စေမှာမို့ပါပဲ။ဆီးကျိတ်ကင်ဆာဟာ ကုသလို့ရနိုင်တဲ့ကင်ဆာအမျိုးအစားဖြစ်သလို အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါလည်းဖြစ်ပါတယ်။ ဒီဝေဒနာကိုခံစားရတဲ့ အမျိုးသား အများစုဟာ ၅ နှစ် ဝန်းကျင်ကြာ ဒါမှမဟုတ် ၅ နှစ်နဲ့အထက်အထိ အသက်ရှင်သန်နိုင်ချေရှိပါတယ်။ ဆိုလိုတာက 5 -year survival rate ကောင်းတဲ့ထဲမှာ ပါပါတယ်။ ရှင်နှုန်းများတဲ့ ကင်ဆာပေါ့။ ဒီထဲကမှ ၃ ပုံ ၁ ပုံ လောက်ကတော့ ပိုပြီးဆိုးရွားတဲ့ ပြင်းထန်ဆီးကျိတ်ကင်ဆာရောဂါကို ခံစားရတတ်ပါတယ်။ဆီးကျိတ်ကင်ဆာဝေဒနာ ခံစားနေရသူတွေဟာ ကနဦးလက္ခဏာတွေအဖြစ် အောက်ပါ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။များအားဖြင့် ဆီးကျိတ်ကင်ဆာဝေဒနာသည်အများစုမှာ ကနဦးလက္ခဏာတွေမပြသတတ်ပါဘူး။ ဒါပေမယ့် လေ့လာချက်အသစ်တွေအရဆိုရင်တော့ လူအတော်များများက ကနဦးလက္ခဏာတွေကို သေချာသတိမထားမိကြလို့ မသိတာလို့ဆိုပါတယ်။လိင်ဆက်ဆံပြီးချိန်သုက်လွှတ်ရာမှာ နာကျင်နေတာ၊သုက်ထဲမှာ သွေးပါနေတာတွေကလည်း ဆီးကျိတ်ကင်ဆာရဲ့ ကနဦးလက္ခဏာတစ်မျိုးပါပဲ။ ၂၄ နာရီလောက်ကြာတဲ့အထိ နာကျင်နေမယ်ဆိုရင်တော့ ဆီးကျိတ်ကင်ဆာများလားဆိုတာ စစ်ဆေးသင့်ပါပြီ။ဆီးကျိတ်ကင်ဆာကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေထဲမှာအဝလွန်ခြင်းက အချက်တစ်ချက်အဖြစ်ပါဝင်နေပါတယ်။ ဒါပေမယ့် ရောဂါစဖြစ်လို့ လက္ခဏာစပြချိန်မှာတော့ မူမမှန်စွာကျဆင်းသွားတတ်ပါတယ်။ ဒီအချက်ဟာ ကင်ဆာရောဂါ အများအပြားရဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။ပုံမှန်ဆီးသွားချိန်မှာ နာကျင်ရုံသာမက သွေးစတွေပါဝင်နေတယ်ဆိုရင်လည်း ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာဖြစ်ဖို့ ဖြစ်နိုင်ခြေအလွန်များပါတယ်။ ဒီလက္ခဏာကိုပြသပြီဆိုရင် ကနဦးအခြေအနေသာမက အရေးပါတဲ့အဆင့်ကိုရောက်နေပြီလို့ သတိပေးတာလည်း ဖြစ်နိုင်ပါတယ်ဆိုတာ မမေ့ပါနဲ့။ဆီးကျိတ်ကင်ဆာဟာ အရိုးအထိပျံ့နှံ့နိုင်ပါတယ်။ ဒါကြောင့် တချို့သောအခြေအနေတွေမှာ နောက်ကျော၊ တင်ပါးနဲ့ တင်ပါးဆုံရိုးအထိ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုနာကျင်မှုမျိုးတွေက တခြားသော အရိုးအဆစ်ဝေဒနာတွေကြောင့်လည်းဖြစ်နိုင်တာမို့ သေချာအောင် ဆန်းစစ် စစ်ဆေးသင့်ပါတယ်။ဆီးကျိတ်ကင်ဆာဟာ ပြင်းထန်သလို ထူးခြားတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ ကိုယ်အလေးချိန်မြင့်မားမှုကြောင့်ကလွဲပြီး ဒီဝေဒနာ စွဲကပ်စေရတဲ့ တခြား သိသာထင်ရှားတဲ့ အကြောင်းအရင်းတွေကို ရှာဖွေမတွေ့ရှိသေးပါဘူး။ ဆီးကျိတ်မှာရှိတဲ့ ဆဲလ်တွေ ပုံမှန်မဟုတ်ပဲ လုပ်ဆောင်ချက် လွဲချော်တာကြောင့် ဒီကင်ဆာဝေဒနာဖြစ်ပေါ်လာတာလို့သာ လတ်တလောမှာ သိရှိထားကြပါသေးတယ်။ဆီးကျိတ်ကင်ဆာ ရောဂါကို ရှောင်ရှားနိုင်ဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ နေ့စဉ် အဆီပမာဏများပြားစွာ မှီဝဲသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ပိုမိုမြင့်မားပါတယ်။ဒီလိုအလေ့အထတွေကို ပုံမှန်ထားရှိကျင့်သုံးသွားမယ်ဆိုရင် ဆီးကျိတ်ကင်ဆာဝေဒနာ စွဲကပ်နိုင်ချေကို သိသိသာသာလျှော့ချပေးနိုင်မှာပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/prostate-cancer-cancer/early-signs-of-prostate-cancer/
ကလေးတွေ အဝတ်အစားတွေထဲက သတိပြုစရာဓါတုပစ္စည်းတွေအကြောင်း
မွေးကင်းစကလေးငယ်လေး တွေရဲ့အရေပြားက တုံ့ပြန်ထိခိုက်လွယ်ကြပါတယ်။ မွေးကင်းစကလေးတွေ ကိုအသားအရေအတွက် အသုံးပြုပေးတဲ့ ပစ္စည်းတွေကစလို့ အဝတ်အစားတွေ အထိသေချာရွေးချယ်ပေးဖို့လိုပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ကလေးမှာ မလိုလားဘဲ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ဖေဖေမေမေတို့သတိထားလို့ရအောင် ကလေးတွေအဝတ်အစားတွေမှာပါတတ်တဲ့ ဓါတုပစ္စည်းတွေအကြောင်းကိုပြောပြပေးမယ်နော်။ပုံမှန်အတိုင်းဆိုရင်တော့ အဝတ်အထည်တွေမှာ ဓါတုပစ္စည်းတွေပါဝင်နေမယ်လို့ ထင်စရာမရှိပါဘူး။ ဒါပေမယ့် အဝတ်အထည်တစ်ခုဖြစ်လာဖို့ ကုန်ကြမ်းတွေကတည်းကစလို့နောက်ဆုံး အချောထည်ထွက်လာတဲ့ အထိအဆင့်ဆင့်မှာ ဓါတုပစ္စည်းမျိုးစုံကို အသုံးပြုကြရပါတယ်။ ဒီလိုမျိုး ဓါတုပစ္စည်းတွေ အမျိုးမျိုးအသုံးပြုထားရတဲ့ အထည်တွေက ကလေးငယ်လေးတွေရဲ့ အရေပြားနဲ့သင့်တော်ပါ့မလား။ဘေဘီနဲ့ မသင့်တော်တဲ့ဓါတုပစ္စည်းတွေက ဘာတွေများဖြစ်မလဲ။နေ့စဉ်ဝတ်ဆင်နေတဲ့ အဝတ်အစားတွေကို ချုပ်လုပ်ထားတဲ့ အထည်တွေမှာဓါတုပစ္စည်းတွေ အများအပြားပါဝင်နေပါတယ်။ အထည်ကိုဆိုးထားတဲ့ အရောင်၊ အဆင်ဖော်ထားတဲ့ဆေးတွေ၊ အထည်ကို ပိုးကိုက်တာမျိုးမဖြစ်အောင်သုံးထားတဲ့ပိုးသတ်ဆေးလိုမျိုး ဓါတုဆေးတွေပါဝင်နေပါတယ်။ အထည်တွေမှာ ပါဝင်နေတဲ့ဓါတုဆေးတွေက –။အထည်တွေမှာ ဓါတု ပစ္စည်းတွေအသုံးပြုရတယ်ဆိုတာကလည်း အချို့သောလိုအပ်ချက်တွေကြောင့်ပါ။သဘာဝဆိုးဆေးတွေကို အသုံးပြုပြီးထုတ်လို့ရပေမယ့် တာရှည်ခံနိုင်စွမ်းနည်းမှာကို စိုးတာကြောင့် ဓါတုပစ္စည်းတွေကို အသုံးပြုထုတ်လုပ်နေကြတာလည်းဖြစ်ပါတယ်။ ဓါတုပစ္စည်းတွေအသုံးပြုရတာက –။ပြည်ပကနေ တင်ပို့တဲ့အဝတ်အစားတွေမှာဆိုရင် သက်ဆိုင်ရာနိုင်ငံကိုရောက်ရှိတဲ့အခါ သစ်လွင်တောက်ပနေစေဖို့အတွက် အဝတ်အစားတွေကိုformaldehydeဖြန်းပေးလိုက်တတ်ကြပါတယ်။ ဒီလိုမျိုးဓါတုပစ္စည်းတွေက လူကြီးတွေရဲ့ အသားအရေမှာ သိပ်ပြီးထိခိုက်ပြောင်းလဲတာမျိုးမရှိပေမယ့် ကလေးငယ်တွေရဲ့ အသားအရေကိုတော့ ထိခိုက်နိုင်ပါတယ်။ကလေးငယ်လေးတွေရဲ့ ခန္ဓါကိုယ်အရေပြားပေါ်ကတစ်ရှုးတွေကဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် ဓါတုပစ္စည်းတွေနဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် အလွယ်တကူ ထိခိုက်တုံ့ပြန်နိုင်ပါတယ်။ ကလေးငယ်လေးတွကို ဒီလိုပြဿနာတွေကနေ ကင်းဝေးစေချင်တယ်ဆိုရင်တော့ ကလေးငယ်ကို သဘာဝ ပစ္စည်းတွေကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ အဝတ်အထည်တွေကိုရွေးချယ်ပေးဖို့ပါ။ကလေးတွေရဲ့ အဝတ်အထည်တွေမှာ အများဆုံးပါတဲ့ ဓါတုပစ္စည်းတွေက အလွယ်တကူအရောင်ပြန့် စွန်းထင်းတာမျိုး မဖြစ်အောင်အသုံးပြုထားတဲ့ဆေးတွေ၊ရေစိုခံစေဖို့နဲ့ အလွယ်တကူ မီးမလောင်စေဖို့ အသုံးပြုထားတဲ့ ဓါတုဆေးတွေပါ။ ဒီဓါတုဆေးတွေက ကလေးငယ်တွေရဲ့ နုနယ်တဲ့အရေပြားကိုယားယံတာနဲ့မအီမသာဖြစ်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒီအဝတ်တွေမှာပါတဲ့ ဓါတုပစ္စည်းတွေကို ရှုရှိုက်မိမယ်ဆိုရင်ဘေဘီလေးတွေမှာ အသားအရေတင်မကဘဲ အခြားကျန်းမာရေးထိခိုက်မှုတွေပါရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးအတွက် အဝတ်အစားဝယ်မယ်၊ အသုံးပြုရမယ့် ပိတ်စရွေးချယ်မယ်ဆိုရင်ဖော်ပြထားတဲ့ဓါတုပစ္စည်းတွေမပါတာကို အတတ်နိုင်ဆုံးရွေးချယ်ဝယ်ယူတာကဘေးအကင်းဆုံးဖြစ်နိုင်ပါလိမ့်မယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/safe-baby-clothing-guide/
စအိုပတ်လည်မှာ ယားယံတာ မျိုးဖြစ်တာ ဘာကြောင့်များလဲ ။ ။
ကိုယ်ခန္ဓာအနှံ့အပြား အကုန်လုံးမှာ ယားယံတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ အခန့်မသင့်တာကြောင့် ဖြစ်တတ်သလို အခြားကျန်းမာရေး၊ အရေပြား ပြဿနာတွေကြောင့်လည်း ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအထဲမှာမှ စအိုပတ်လည်မှာ ယားယံတာ ကရော ဘယ်လိုမျိုးကြောင့်ဖြစ်နိုင်လဲ။ ရောဂါတစ်ခုခုကြောင့်လား။ ဒီလိုပဲ ဖြစ်တတ်တာလား။ ။ဆေးပညာအရPruritus aniလို့ခေါ်တဲ့ စအိုပတ်လည်မှာ ယားယံတဲ့ ပြဿနာဟာ လူကြားထဲမှာ ကုတ်မရ ဖဲ့မရနဲ့ အတော်ကို ကသိကအောက်ဖြစ်စရာကိစ္စတစ်ခုပါ။ သန့်ရှင်းရေးအားနည်းတာ ( ဒါမှမဟုတ်) အသန့်ရှင်းလွန်တာကြောင့် စအိုပတ်လည်ယားတတ်သလို၊ ကိုယ်စားလိုက်တဲ့အစားအသောက်တွေ၊ သောက်နေတဲ့ဆေးတွေ အရေပြားနဲ့ အခြား ကျန်းမာရေးပြဿနာတွေကြောင့်လည်း စအိုဝယားယံတာတွေဖြစ်တတ်ပါသေတယ်။ ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်။ ။စအိုဝဆိုတာက အစာခြေစနစ်ကြီးရဲ့ အဆုံးဖြစ်ပြီး အညစ်အကြေးတွေထုတ်ပေးနေတဲ့ အဓိက နေရာတစ်ခုပါ။ ယားယံတာ စအိုဝတည့်တည့်မှာလည်းဖြစ်နိုင်သလို စအိုပတ်လည်နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီလို စအိုဝယားယံတာက ရောဂါတစ်ခု မဟုတ်ဘဲရောဂါ လက္ခဏာတစ်ခုသာဖြစ်ပြီး အရွယ်ရောက်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုခံစားရလေ့ရှိပါတယ်။စအိုဝယားယံတဲ့ ပြဿနာတော်တော်များများက ဆေးကုသမှု မခံယူဘဲ သူကဘာသာ ပြန်ပျောက်သွားတာများပါတယ် ။ ဒါပေမယ့်။အခြေအနေသိပ်မဆိုးရင် အိမ်မှာပဲ စအိုဝယားယံတာကို သက်သာအောင် လုပ်လို့ရပါတယ်။တကယ်လို့ မသက်သာဘူး။ အထက်မှာ ပြောခဲ့တဲ့ ရောဂါတစ်ခုခု ရှိနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြဖို့ လိုပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ကုသပါက စအိုယားယံတာပါ သက်သာမှာ မို့လို့ပါ။ ဒါ့ပြင် စအိုယားယံလို့ ခဏခဏ ကုတ်၊ လက်မှာ ပိုးတွေ ပါသွားပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်တာကြောင့် မကြာခဏလက်ဆေးဖို့ကိုလည်း အကြံပြုချင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/pruitus-periani/
သားသားမီးမီးတွေ ဟင်းသီးဟင်းရွက်စားအောင် ဘယ်လိုလုပ်ရမလဲ
ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက်ကအာဟာရသင့်တင့်မျှတအောင်စားသုံးဖို့လိုပါမယ်။ကလေးတွေအတွက်ကတော့ကလေးဘဝအရွယ်ကတည်းက အာဟာရမျှတအောင် စားသုံးတတ်ဖို့ မိဘတွေက သင်ကြားပေးဖို့လိုပါမယ်။ ကလေးဆိုတာက ပုံသွင်းလို့လွယ်တဲ့ ဖယောင်းလေးတွေပါ။ ဒါကြောင့် သားသားမီးမီးတွေကို ငယ်စဉ်အရွယ်ကတည်း ကအာဟာရမျှတအောင်စားသုံးတတ်ဖို့ မိဘတွေက သင်ကြားပေးရမှာဖြစ်ပါတယ်။ဟင်းသီးဟင်းရွက်တွေက ကလေးတွေ ကြိုက်တတ်ကြတဲ့ အာလူးကြော်၊သကြားလုံး၊ အချိုကဲတဲ့ အသင့်စား အစားအသောက်တွေ၊ ဟမ်ဘာဂါ တို့ထက်ပိုပြီးကျန်းမာရေးနဲ့သင့်တော်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာဗီတာမင်၊အမျှင်ဓါတ်နဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပေးမှာပါ။ကလေးက ငယ်သေးတဲ့အခါ မိဘက ခွံကျွေးသမျှကို စားသုံးပေမယ့်လမ်းလျှောက်တတ်စအရွယ်ေလာက်ရောက်လာတဲ့အခါ အစားအစာတွေကို စပြီး စိတ်ကြိုက်ရွေးလာပါပြီ။ သစ်သီးတွေကို စားဖြစ်ကောင်းစားဖြစ်နိုင်ပေမယ့် ဟင်းသီးဟင်းရွက်တွေကိုတော့ စားခဲလာပါမယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးရဲ့အစာခြေစနစ်မှာ အမျှင်ဓါတ်လုံလောက်အောင်မရရှိဘဲဝမ်းချုပ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ဟင်းသီးဟင်းရွက်တွေစားဖြစ်စေဖို့ဆိုရင်တော့ အခုပြောပြမယ့်နည်းလေးတွေသုံးကြည့်နော်။ဟင်းသီးဟင်းရွက်တွေကိုSmoothie ထဲထည့်ပေးပါ။ဟင်းသီးဟင်းရွက်တွေကို Smoothie ထဲထည့်ပြီးရောဖျော်ပေးတာက သားသားမီးမီးတွေကို ဟင်းသီးဟင်းရွက်စားဖြစ်စေမယ့် အလွယ်ကူဆုံးနည်းလမ်းပါ။ သစ်သီးဖျော်ရည်ထဲကို အနံ့မပြင်းတဲ့ဆလတ်ရွက်၊ဟင်းနုနွယ်လိုမျိုးအရွက်တွေကို သန့်စင်အောင်ဆေးကြောပြီး ထည့်ဖျော်ပေးလိုက်ပါ။သူတို့ကြိုက်တဲ့ အစားအစာတွေကို ဟင်းသီးဟင်းရွက်နဲ့တွဲကျွေးပေးပါ။နောက်တစ်ခုကတော့ ကလေးကြိုက်နှစ်သက်တဲ့ အစားအသောက်တွေထဲကို ဟင်းသီးဟင်းရွက်တွေထည့်ပြီးကျွေးတာပါ။ အာဟာရပြည့်ဝမှာဖြစ်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေမှာပါ။ ကလေးကြိုက်နှစ်သက်တတ်တဲ့ခေါက်ဆွဲကြော်လိုမျိုး အစားအစာထဲကို အသား၊ ဟင်းသီးဟင်းရွက်မျှတအောင်ထည့်ပြီး ပြင်ဆင်ပေးလို့ရပါတယ်။ အသားကင်ကြိုက်တတ်တယ်ဆိုရင် အသားကင်နဲ့အတူတူရုံးပတီသီး၊ကညွတ်၊ပန်းဂေါ်ဖီစိမ်းလိုမျိုး ဟင်းသီးဟင်းရွက်တွေကို ကင်ပြီး တွဲဖက်ကျွေးပေးပါ။ဟင်းသီးဟင်းရွက်လေးတွေကို ပုံဖော်ပေးပါ။ကလေးက ဟင်းသီးဟင်းရွက်ကို စားဖို့ငြင်းဆန်နေတဲ့အခါ သူစားချင်လာစေဖို့အတွက် ဟင်းသီးဟင်းရွက်လေးတွေကို အသား၊ငါးလွှာတို့နဲ့တွဲဖက်ပြီး ရုပ်ပုံဖော်တာ၊ အလှဆင်တာမျိုးလေးတွေလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို ဟင်းသီးဟင်းရွက်လေးတွေ ပိုစားဖြစ်အောင် လုပ်ဆောင်ပေးရာရောက်ပါတယ်။ကလေးတွေကို ချက်ပြုတ်ရာမှာ ပါဝင်ခွင့်ပေးပါ။ဟင်းချက်ပြုတ်ဖို့ ဈေးသွားဝယ်တဲ့အခါ ကလေးကို အတူခေါ်သွားပေးတာ၊ ဟင်းချက်တဲ့အခါ အတူလုပ်ဆောင်ခွင့်ပေးတာက ကလေးကိုပျော်ရွှင်မှုရရှိစေနိုင်ပါတယ်။ ကလေးက ကိုယ်တိုင်ပါဝင်ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဟင်းတွေကိုမြည်းစမ်းဖို့ ဆန္ဒရှိမှာတော့ပြောစရာတောင် လိုမယ်မထင်ပါဘူး။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို ကူရွေးခိုင်းပြီး အတူပါဝင်ချက်ပြုတ်ခိုင်းခြင်းကလည်း ကလေးကို ဟင်းသီးဟင်းရွက်စားဖြစ်စေမယ့် နည်းလမ်းတစ်ခုပါ။အချဉ်တစ်ခုခုနဲ့တို့စားနိုင်အောင်လုပ်ပေးပါ။ကလေးက ဟင်းသီးဟင်းရွက်ကို စားဖို့ငြင်းဆန်နေတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆော့စ်တစ်မျိုးမျိုး (ခရမ်းချဉ်သီးကိုပြုတ်ပြီး အနှစ်ဖျော်ထားတဲ့ဆော့စ်) လိုမျိုး အရာနဲ့ ဟင်းသီးဟင်းရွက်တွေကို တို့စားနိုင်အောင်ပြင်ဆင်ပေးလိုက်ပါ။Mayonnaise ထဲမှာ အရသာထည့်သွင်းပေးပြီး ဟင်းသီးဟင်းရွက် ကင်ထားတာလေးတွေနဲ့ တွဲဖက်စားသုံးနိုင်အောင်ပြင်ဆင်ပေးလို့လည်းရပါတယ်။ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ပေးပါ။လူကြီးတွေက ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားရတာကြိုက်ကြပေမယ့် ကလေးတွေကတော့ မဟုတ်ပါဘူး။ ဟင်းသီးဟင်းရွက်ကို ကင်ပေးတာ၊ ဆီပူထိုးပေးတာနဲ့ပြုတ်ပေးတာမျိုးလုပ်ပေးပါ။ခေါက်ဆွဲပြုတ်ထဲထည့်ပြီးပြင်ဆင်ပေးလို့လည်းရပါတယ်။ကလေးကို အပေါ်မှာပြောခဲ့သလိုပြင်ဆင်ပေးပေမယ့် ကလေးက မစားဘူးဆိုရင်လည်း စိတ်ပျက်မသွားပါနဲ့။ တစ်ကြိမ်နဲ့ မရရင်နောက်တစ်ကြိမ်ထပ်ကြိုးစားပေးပါ။ စိတ်ရှည်လက်ရှည်နဲ့ကြိုးစားရင် အဆင်ပြေသွားမှာပါ။ ကိုယ်တိုင်ကလည်း သူတို့လေးတွေရဲ့ရှေ့ဆောင်လမ်းပြကောင်းဖြစ်စေဖို့သတိထားပေးပါ။ ကိုယ်တိုင်လည်း သူတို့လေးတွေရှေ့မှာ ဟင်းသီးဟင်းရွက်ကို နှစ်သက်စွာစားသုံးပေးပါ။ကျန်းမာပျော်ရွှင်ပြီး အာဟာရပြည့်ဝတဲ့ ကလေးတွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း…..။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/children-to-eat-vegetables/
အဝလွန်ရခြင်း၏ အဓိကအကြောင်းအရင်းများ
အဝလွန်ခြင်းဟာ အလေးထားသင့်တဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ အဝလွန်ခြင်း နဲ့ ဆက်နွယ်ပြီး သွေးတိုးခြင်း၊ဆီးချိုတက်ခြင်း၊ အဆီဓာတ်မြင့်မားခြင်း စတဲ့နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။အဝလွန်ခြင်း ဆိုတာ စားသောက်ပုံ၊ နေထိုင်ပုံ စတာတွေပေါ် အဓိက မူတည်ပြီး တခြားဖြစ်နိုင်ခြေများစေတဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အဝလွန်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်ပါတယ်။အဝလွန်ရခြင်း၏ အဓိကအကြောင်းအရင်းများ ကတော့ အောက်ပါ အတိုင်းပါ။အဝလွန်ခြင်း ဟာ မျိုးရိုးဗီဇပေါ် အများကြီး မူတည်ပါတယ်။ အဝလွန်တဲ့ မိဘတွေဆီက မွေးလာတဲ့ ကလေးတွေဟာ အဝလွန်နိုင်ဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။ သေချာပေါက် အဝလွန်ရမယ်လို့ မဆိုလိုပါဘူး။ သင်ဘာစားသလဲဆိုတာကလည်း မျီုးရိုးဗီဇ လက်ဆင့်ကမ်းခြင်း မကမ်းခြင်းအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ စားသောက်တဲ့ ပုံစံချင်းတူရင်တောင် မျိုးရိုးဗီဇအခံမတူတာကြောင့် အဝလွန်သူရှိသလို ကိုယ်ခန္ဓာပုံပန်း မပြောင်းလဲတတ်သူတွေလည်း ရှိပါတယ်။အရသာကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေဟာ လူအများကို ဆွဲဆောင်နေပါတယ်။ အဆိုပါ အစားအစာတွေဟာ ဈေးလည်းချိုပြီး စင်ပေါ်မှာ လွယ်လင့်တကူ မြင်တွေ့ပြီး ဆွဲဆောင်နိုင်အောင် ပြင်ဆင်ထားကြပါတယ်။ ပြောရမယ်ဆိုရင် မစားစားချင်အောင် စီမံထားပါတယ်။ တယ်တော့ အဆိုပါ အစားအစာတွေမှာ ပြည့်ဝဆီ၊ ပုံပြောင်းဆီ စတာတွေပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ခြင်း မရှိပါဘူး။ များများစားမိရင် အဝလွန်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း စတာတွေ ဖြစ်ပေါ်စေပါတယ်။ချိုတဲ့ စားသောက်ဖွယ်ရာတွေ၊ အဆီများတဲ့ သရေစာတွေဟာ သင့်ဦးနှောက်ထဲကို ဝင်ရောက်ပြီး နောက်တကြိမ်စားချင်စိတ်ဖြစ်အောင် ဆွဲဆောင်ပါတယ်။ တကယ်တော့ အဆိုပါ အစားအစာတွေဟာ အရက်၊ ကိုကင်း၊ နီကိုတင်း၊ ဆေးခြောက် စတာတွေလိုပါပပဲ။ သင့်ကို စွဲလန်းစိတ်ဖြစ်ပေါ်စေပါတယ်။ အရက်သောက်သူဟာ မသောက်ဘဲမနေနိုင်အောင် စွဲလန်းသလိုပဲ အဲဒီသရေစာတွေကို စွဲလန်းသွားရင်လည်း တစွတ်စွတ်စားချင်စိတ်ကို ဖြစ်စေပါတယ်။ ဒါဟာ အဝလွန်ခြင်းရဲ့ အကြောင်းတခုပါပဲ။အင်ဆူလင်ဟာ ကိုယ်ခန္ဓာစွမ်းအင် သိုလှောင်ရေးအတွက် အရေးပါလှတဲ့ ဟော်မုန်းဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းတာဝန်တခုကတော့ အဆီဓာတ်များကို သိုလှောင်ထားခြင်း ဖြစ်ပါတယ်။ စားသောက်ပုံ မမှန်တဲ့အခါ (ဥပမာ အနောက်တိုင်းအစားအစာများ) အင်ဆူလင်အာနိသင်မတိုးခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဒီအခါမှာ အင်ဆူလင် ပိုများလာစေပြီး အဆီဓာတ်ထဲမှာ စွမ်းအင်တွေ ပိုမိုသိုလှောင်ပါတော့တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် စားကောင်းအောင် ပြုပြင်ထားတဲ့ အချိုအဆိမ့်တွေအစား အမျှင်ဓာတ်များတာတွေကို ဦးစားပေး စားသောက်ရပါမယ်။ဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြာင့်လည်း အဝလွန်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဥပမာ စိတ်ကျကုသဆေးများဟာ အချိန်ကြာမြင့်စွာ သောက်သုံးရင် ကိုယ်အလေးချိန် တက်လာစေပါတယ်။ တခြား စိတ်ကျန်းမာရေးဆေးများနဲ့ ဆီးချိုဆေးတွေလည်း ပါဝင်ပါတယ်။ အဆိုပါဆေးများဟာ ဇီဝဖြစ်ပျက်မှုကို လျော့ကျစေပြီး စားသောက်ချင်စိတ်ကို တက်လာစေပါတယ်။လက်ပ်တင်ဟော်မုန်းကို အဆီဆဲလ်ကနေ ထုတ်လုပ်ပြီး အဝလွန်သူတွေမှာ မြင့်မားနေတာကို တွေ့ရပါတယ်။ ကျန်းမာရေးကောင်းသူတွေမှာ လက်ပ်တင်မြင့်မားခြင်းဟာ စားသောက်ချင်စိတ် လျော့ကျခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဦးနှောက်ကနေတဆင့် အဆီဓာတ်တွေ ဘယ်လောက်သိုလှောင်ထားပြီးပြီဖြစ်ကြောင်း အချက်ပြပေးနိုင်ပါတယ်။အဝလွန်နေသူတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ လက်ပ်တင်ရဲ့အချက်ပြခြင်းဟာ ဦးနှောက်ဆီမရောက်နိုင်ဘဲ အဆီဓာတ်တွေကို သိုလှောင်ခြင်းကို ပိုများစေပြီး ပိုပြီး အဝလွန်လာစေဖို့ အားပေးပါတယ်။သကြားကို မလိုအပ်ဘဲလွန်ကဲစွာ ထည့်သွင်းခြင်းဟာ ခေတ်သစ်စားသောက်မှုပုံစံရဲ့ ဆိုးတဲ့အချက်ဖြစ်ပါတယ်။ သကြားမှာ ဂလူးကို့စ်နဲ့ ဖရက်တို့စ်ပါဝင်ပါတယ်။ ဖရက်တို့စ်များများစားမိရင် အင်ဆူလင်မတိုးတော့တာမို့ အင်ဆူလင်ပမာဏ တက်လာနိုင်ပါတယ်။ ဒါဟာ အဝလွန်ခြင်း နဲ့ ဆက်စပ်နေပါတယ်။ဒီခေတ်ဟာ အင်တာနက်သတင်းခေတ်ဖြစ်လို့ မီဒီယာမျိုးစုံမှာ သတင်းအချက်အလက်တွေ ပလူပျံနေပါတယ်။ ဒါပေမယ့် များသောအားဖြင့် အတည်မပြုနိုင်တဲ့ သတင်းအမှားတွေ ဖြစ်တတ်ပါတယ်။ တချို့သတင်းတွေကတော့ သိပ္ပံနည်းကျသုတေသနတွေကိုပဲ အကောက်အယူလွဲပြီး ပြန်လည်ရေးသားထားခြင်း ဖြစ်ပါတယ်။အစားအသောက်လုပ်ငန်းကြီးတွေနဲ့ ဖြည့်စွက်စာလုပ်ငန်းတွေကပေးတဲ့ အချက်အလက်တွေဟာ အဝလွန်ခြင်းနဲ့ သွယ်ဝိုက်ပတ်သက်နေတတ်ပါတယ်။ ဥပမာ မိမိတို့ကုမ္ပဏီကထုတ်တဲ့ ပိန်ဆေးကို စားသုံးပြီး ကြိုက်နှစ်သက်ရာ အစားအစာကို စိတ်ချလက်ချ စားနိုင်ပါပြီ ဆိုတာမျိုး ဖြစ်ပါတယ်။အဲဒီအစား နားလည်တတ်ကျွမ်းသူတွေရဲ့ အကြံဉာဏ်တွေ၊ ရင်းမြစ်ခိုင်မာတဲ့ သတင်းအချက်အလက်တွေပဲ ယုံကြည်လိုက်နာသင့်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/main-causes-of-obese/
ကလေးမှာဖြစ်တဲ့ ပန်းနာရင်ကျပ်ဝေဒနာ
ကလေးချောင်းဆိုးနေတယ်။ ဘာလို့လဲ။ အချိုစားလို့ဖြစ်မှာပေါ့၊ သကြားလုံးတွေသိပ်မကျွေးနဲ့။ ဒါမှမဟုတ်ရင် အအေးမိတာလား။ချောင်းဆိုးပျောက်ဆေးဝယ်တိုက်လိုက်ရင်ကောင်းသွားမှာ။ ချောင်းဆိုးမပြတ်တာဟာ ပန်းနာရင်ကျပ် လည်းဖြစ်နိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။ကျန်းမာရေးဗဟုသုတနည်းတဲ့ မိဘတွေနဲ့ ပတ်ဝန်းကျင်တွေမှာ ဒီလိုပြောတတ်ကြပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လာရင် ဘယ်လက္ခဏာကိုမှပေါ့ပေါ့ဆဆမမြင်သင့်သလို ရောဂါလက္ခဏာတွေကို ကိုယ့်သဘောနဲ့ကိုယ် အမည်တပ်မဆုံးဖြတ်သင့်ပါဘူး။ ကိုယ်အမည်တပ်လိုက်တဲ့ရောဂါနဲ့ ကလေးရဲ့ဝေဒနာက လွဲမှားနေရင် ရမ်းကုခြင်းရဲ့အကျိုးဆက်ဆိုးတွေကြောင့် ရင်နာရနိုင်တယ်နော်။ ကလေးကိုချောင်းဆိုးစေတဲ့ အကြောင်းရင်းတွေက အများကြီးဖြစ်နိုင်ပါတယ်။ ဥပမာ – ရောဂါပိုးကြောင့် (အအေးမိ၊တုပ်ကွေး သို့မဟုတ် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း)၊ ဓာတ်မတည့်မှုတစ်ခုခုကြောင့် (ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ အနံ့၊အငွေ့ စသည်)၊ ကြက်ညှာချောင်းဆိုးရောဂါ ဒါမှမဟုတ် ပန်းနာရင်ကျပ်ရောဂါကြောင့်ဖြစ်နေနိုင်ပါတယ်။အဲဒီအကြောင်းရင်းတွေထဲကမှ အဖြစ်များတဲ့ ပန်းနာရင်ကျပ် ရောဂါနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေ ဆက်ပြီးပြောပြပါရစေ။ ကလေးတစ်ယောက်နဲ့တစ်ယောက်မှာဖြစ်လာတဲ့လက္ခဏာချင်းမတူကြပါဘူး။ဒါပေမယ့်အဖြစ်များတဲ့ပန်းနာရင်ကျပ်လက္ခဏာတွေကတော့ ကလေးမှာပန်းနာရင်ကျပ်ရှိနေရင် –။ပန်းနာရင်ကျပ်ရှိတဲ့ကလေးမှာ အောက်ပါအခြေအနေတွေကြောင့် ရောဂါပိုဆိုးနိုင်ပါတယ်။ပန်းနာရင်ကျပ်ဆိုတာ အမြစ်ပြတ်ကုသပျောက်ကင်းနိုင်တဲ့ရောဂါမဟုတ်တဲ့အတွက်နာတာရှည်ဝေဒနာမဖြစ်ဖို့၊ အရေးပေါ်အခြေအနေဖြစ်မလာဖို့ ကြိုတင်ကာကွယ်တာရယ်၊ ရောဂါကိုထိန်းချုပ်တာရယ်ပဲ လုပ်လို့ရနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ပန်းနာရင်ကျပ်ကုသပေးတဲ့ ဦးတည်ချက်က –။ပန်းနာရင်ကျပ်ကိုကုသရာမှာ ရောဂါထိန်းချုပ်တဲ့သောက်ဆေးတွေနဲ့ အရေးပေါ်အမြန်ကုသဖို့သုံးတဲ့ရှူဆေး(inhaler)တွေရှိပါတယ်။ သောက်ဆေးကိုတော့ ကလေးရဲ့အသက်နဲ့ကိုယ်အလေးချိန်ကိုမူတည်ပြီးဆေးပမာဏကိုဆရာဝန်တွေက ချင့်ချိန်ညွှန်းပေးကြတာဖြစ်ပါတယ်။Inhalerတွေကတော့ဈေးကွက်မှာ အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ကလေးက ရှူသွင်းနိုင်တဲ့အရွယ်ကိုရောက်ပြီဆိုတာနဲ့ အသုံးပြုလို့ရပါတယ်။ လက္ခဏာသိပ်မပြင်းထန်ဘဲ ကြိုးကြားကြိုးကြားပဲ ပန်းနာရင်ကျပ်ထတတ်တဲ့ကလေးတွေအတွက်ဆို အမြန်သက်သာစေတဲ့inhalerတွေနဲ့တင် လုံလောက်ပါတယ်။ ကလေးရဲ့အသက်အရွယ်နဲ့ခံနိုင်ရည်ကိုမူတည်ပြီးinhalerပေးတဲ့နည်းလမ်းကိုရွေးချယ်ဖို့လိုပါတယ်။ကလေးက အသက်ကို တအားရှိုက်ရှူနေရတာ၊ ရင်ညွန့်အလယ်မှာချိုင့်ဝင်တဲ့အထိ အသက်ကိုမနည်းရှူနေရတာ၊အသက်ရှူကျပ်လာလို့ စကားမပြောနိုင်တော့တာ၊ မောကျပ်ပြီး ပြာလာတာလိုမျိုး အရေးပေါ်အခြေအနေလက္ခဏာတွေဖြစ်လာရင် အမြန်မကုသရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေမရောက်ခင် အမြန်သက်သာအောင် ဟန့်တားနိုင်တဲ့inhalerဟာ ဆရာဝန်တွေရဲ့ ကုသမှုဆေးညွှန်းမှာ ပါဝင်နေတာဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/respiratory-diseases/%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%94%e1%80%ac%e1%80%9b%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%95%e1%80%ba/
ဗိုက်အဆီချဖို့ ကြိုးစားနေတယ်ဆိုရင် ဒါတွေ လုံးဝမလုပ်မိပါစေနဲ့။
ဗိုက်အဆီချဖို့ ကြိုးစားနေတယ်ဆိုရင် ဒါတွေ လုံးဝမလုပ်မိပါစေနဲ့။သွယ်လျကျစ်လျစ်တဲ့ ကိုယ်ခန္ဓာတစ်ခု ကြည့်ကောင်းတဲ့ ကိုယ်ခန္ဓာတစ်ခုမှာ ပြားချပ်ချပ်ဗိုက်ကလေးက အရေးအကြီးဆုံးမလား။ ဘယ်လောက်ပဲ ပိန်နေနေ ဗိုက်ကလေးမှာအဆီစုနေရင် လုံးဝ ကြည့်မကောင်းဘူးလေ။ ပြီးတော့ လူတစ်ယောက်စပြီး ဝလာပြီဆိုတာနဲ့ ဗိုက်ကစထွက်လာတာမလား။ ဒီတော့ ကိုယ်ခန္ဓာအလှကိုဖျက်ဆီးနေတဲ့ ပူနေတဲ့ ဗိုက်ကို နည်းမျိုးစုံနဲ့ ကြိုးစားချကြတယ်လေ။ ဒီလို ဗိုက်အဆီချတဲ့နေရမှာ လေ့ကျင့်ခန်းလုပ် အစားလျှော့ရုံနဲ့တင် မပြီးသေးပါဘူး။ ခုပြောမယ့် အမှားတွေ မသိလိုက်ဘဲ လုပ်နေတာမျိုး မဖြစ်ဖို့တော့ လိုပါတယ်။ဒီတော့ ကိုယ်ကြိုးစားသမျှ အရာထင်စေဖို့အတွက် လူတိုင်းလုပ်နေမိတတ်တဲ့ အမှားလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ဗိုက်အဆီချဖို့ ကြိုးစားနေတယ်ဆိုရင် ဒါတွေ လုံးဝမလုပ်မိပါစေနဲ့။ ဘာတွေလဲဆိုတော့။( ၁ )ဗိုက်အဆီချဖို့ အိပ်ထမတင် တစ်မျိုးတည်း ဇောက်ချလုပ်ခြင်း။အိပ်ထမတင်လေ့ကျင့်ခန်းဟာ ဗိုက်ကြွက်သားတွေကို အားသန်စေပြီး ဗိုက်အဆီကိုကျစေတဲ့ လေ့ကျင့်ခန်းဆိုမှန်ပေမယ့် သူတစ်မျိုးတည်းလုပ်ပြီး အခြားcardioလေ့ကျင့်ခန်းတွေ မလုပ်ဘဲနေရင်တော့ အချိန်တိုအတွင်း အဆီကျနိုင် မှာမဟုတ်ပါဘူး။( ၂ )အိပ်ချိန်နည်းလွန်းခြင်း။အိပ်ချိန်နည်းလွန်းတဲ့အခါ ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်ကုန်ပြီး သွေးတွင်းသကြားဓာတ်တွေများလာမယ့်အပြင် ဗိုက်ဆာစေတဲ့ စင်တာကိုလည်းသွားလှုံ့ဆော်ပြီး ghrelin နဲ့ leptin ဟော်မုန်းတွေ ထွက်လာတာကြောင့်အစားစားချင်စိတ်တွေ ပိုဖြစ်နေတတ်ပြီး အဆီစုခြင်းကို အားပေးသလိုဖြစ်နေပါလိမ့်မယ်။( ၃ ) HIIT (high-intensity interval training) မလုပ်ခြင်း။HIIT(high-intensity interval training) ကို အားလုံးကြားဖူးကြမှာပါ။ အချိန်ပိုင်းနဲ့ ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်တဲ့ ဒီ HIIT လေ့ကျင့်ခန်းဟာ ကိုယ်ခန္ဓာတစ်ခုလုံးမှာ ရှိတဲ့ကယ်လိုရီတွေကို တစ်ဆုံးလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းအမျိုးအစာပါ။ လုပ်ရတာ ပင်ပန်းလွန်းတာကြောင့် တချို့ ဒီ HIIT ကို မလုပ်ဘဲကျော်သွားခဲ့ရင် ဗိုက်အဆီကျဖို့ ပိုပြီးခက်ခက်ခဲခဲ လုပ်ရပါလိမ့်မယ်။( ၄) ဗိုက်အဆီကျစေချင်တဲ့ ဇောနဲ့ အဆီနည်းတဲ့ အစားအစာတွေချည်းပဲ ရွေးစားတာ။အဆီနည်းတဲ့ အစားအစားတော်တော်များများက အဆီထုတ်ထားပြီး စားကောင်းအောင် သကြားနဲ့ အခြား အရသာမှုန့်တွေ ထည့်ထားတာများတဲ့အတွက် သူတို့ချည်းအားကိုးစားလို့ မရပါဘူး။ ဒီတော့ အဆင်သင့် အဆီထုတ်ထားတဲ့ အစားအစာတွေအစားထောပတ်သီး၊ အစေ့အဆံ၊ သံလွင်ဆီ အဆီများတဲ့ငါးတွေနဲ့ ကြက်ဥအနှစ်တို့လိုမျိုး သဘာဝ အစားအစာတွေ ရွေးစားပါ။( ၅ )စိတ်ဖိစီးမှုပြေလျော့အောင် မနေခြင်း။စိတ်ဖိစီးမှုဟာ အဝလွန်စေတဲ့ပြဿနာ၊ ဗိုက်မှာအဆီစုစေတဲ့ပြဿနာနဲ့ အခြားကျန်းမာရေးပြဿနာအားလုံးရဲ့ အသံတိတ်လူသတ်သမားလို့တောင် ပြောလို့ရပါတယ်။ စိတ်ဖိစီးမှုများလေလေ ခါးတစ်ဝိုက်အဆီတက်အောင် လှုံဆော်တဲ့ cortisol ဟော်မုန်းထွက်လာလေလေဖြစ်ပြီး ပိုပိုဝလာမှာပဲ ဖြစ်ပါတယ်။( ၆ )ကယ်လိုရီအလွန်အကျွံလျှော့စားတာ။ကယ်လိုရီ လျှော့စားလွန်းတာ၊ အစားအငတ်ခံတာ စတာတွေ ပိန်စေတဲ့ အချက်စေမယ့် အချက်တွေလို့ထင်ရပေမယ့် ဘာကယ်လိုရီမှ မဝင်တာကြာလာတဲ့အခါ ကိုယ်ခန္ဓာမှာ ‘starvation state,’ လို့ခေါ်တဲ့ အဆင့်တစ်ခုကိုရောက်သွားပါတယ်။ ဒီအဆင့်ရောက်သွားပြီဆိုရင် ကိုယ်ခန္ဓာက စွမ်းအင်ထုတ်ဖို့အတွက် ကုန်ကြမ်းမရှိတော့မှာစိုးလို့ ဘာပဲစားစား အဆီအဖြစ်စုထားတဲ အခြေအနေကိုရောက်သွားပါတော့တယ်။( ၇ )အဆီကျဆေးတွေနဲ့ အဆီကျခါးပတ်တွေ အပေါ် မှီခိုလွန်းတာ။လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းပြီး ပိန်ချင်တဲ့သူတွေ အတွက် အဆီကျဆေးတွေကတော့ အားကိုးစရာ ဆရာတစ်ဆူပါပဲ။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာရှိသေးတယ်လေ။ သဘာဝ အတိုင်းမဟုတ်တဲ့ ဘယ်အရာမှာ ကောင်းတာမရှိတဲ့အတွက် ဗိုက်အဆီချဖို့ ဆေးတွေချည်းအားကိုးနေရင်လည်း မသင့်တော်ပါဘူး။( ၈ ) လုံလောက်တဲ့ပရိုတင်းဓာတ်တွေမစားတာ။ပရိုတင်း အသားဓာတ်မှာ ကယ်လိုရီတွေပါတယ်ဆိုပေမယ့် သူကနေ အဆီဖြစ်တာမဟုတ်ဘဲ ကြွက်သားတက်အောင်အားပေးတဲ့အရာဖြစ်တာကြောင့် အဆီကျပြီး ကြွက်သားလေးနဲ့ ကျစ်လစ်တဲ့ ဗိုက်လှလှလေးရဖို့ လုံလောက်တဲ့ ပရိုတင်းတွေ စားပေးဖို့ အရေးကြီးပါတယ် ။ ။ဒါတွေကတော့ ဗိုက်အဆီကျစေဖို့ အားတက်သရော လုပ်နေကြသူတိုင်း မှားလုပ်မိနေတတ်ကြတဲ့ အရာလေးတွေဖြစ်ပါတယ်။ အရင်ကမသိခဲ့လို့လုပ်ခဲ့ပေမယ့် ခုသိသွားပြီဆိုတော့ ဒီမှားတတ်တဲ့အကျင့်လေးတွေ ကို ပြင်၊ ထိရောက်တဲ့လေ့ကျင့်ခန်းလည်းလုပ် အစားလည်း ဆင်ခြင်မယ်ဆိုရင် စိတ်ကူးထဲကအတိုင်း လှပချပ်ရပ်တဲ့ကိုယ်ခန္ဓာ တစ်ခု ပိုင်ဆိုင်နိုင်မှာ အသေအချာပါနော် ။ ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/lose-abdominal-fat/
ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။
ဗီတာမင် Bက ကျန်းမာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်သလို ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်လည်း ဖြစ်ပါတယ်။ ဗီတာမင် B ကိုခန္ဓာကိုယ်က မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့်အစားအစာတွေအပေါ်မှာ မှီခိုရပါတယ်။ ဗီတာမင် B က ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ဘယ်လိုများ ထောက်ပံ့ပေးလဲဆိုတာ အတူတူကြည့်လိုက်ရအောင်လား။ဗီတာမင် B က ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် B အုပ်စုက စားလိုက်တဲ့ အစားအစာတွေကို အင်အားအဖြစ် ပြောင်းလဲပေးပါတယ်။ ဒါ့အပြင် ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတယ်။ သွေးဆဲလ် အသစ်တွေ ဖြစ်ပေါ်စေတယ်။အရေပြားဆဲလ်နဲ့ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေတယ်။ ခန္ဓာကိုယ်ကတစ်ရှူးတွေကို ကျန်းမာစေတယ်။ ဗီတာမင် B အမျိုးအစားက ၈ ခု ရှိပါတယ်။ဒီ ဗီတာမင် အားလုံးကို စုပြီး ဗီတာမင် B complex လို့ ခေါ်ပါတယ်။ ဒီ ဗီတာမင် B အုပ်စုတွေကို အစားအစာ​ တော်တော်များများမှာ အမျိုးအစား စုံစုံလင်လင်တွေ့ရတတ်ပါတယ်။ဗီတာမင် B အုပ်စုက ဗီတာမင် အမျိုးအစား တစ်မျိုးချင်းစီရဲ့ လုပ်ငန်းတာဝန်တွေက မတူကြပါဘူး။နှလုံး၊အသည်းနဲ့ဦးနှောက်တို့မှာ thiamin ပမာဏ တော်တော်လေး ပါဝင်နေရတာပါ။ ဒါမှလည်း ကျန်းမာမှာကိုး။ thiamin က ခန္ဓာကိုယ် အတွက်။Riboflavin က။ဗီတာမင် B3 က ခန္ဓာကိုယ်မှာ။Pantothenic acid က။ခန္ဓာကိုယ်အတွက် coenzymes၊ ပရိုတင်း နဲ့ အဆီတွေကို ဖြစ်ပေးစေတယ်။သွေးဆဲလ်တွေကနေတဆင့် pantothenic acid ကို သယ်ဆောင် သွားစေပြီး စွမ်းအင် ဖြစ်ပေါ်စေဖို့နဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ဖြစ်ပေါ်စေဖို့ လိုအပ်တဲ့ အာဟာရအဖြစ် ဆောင်ရွက်ပေးပါတယ်။Vitamin B-6 ( pyridoxine) က။ဗီတာမင် B-7 (biotin) က။ဗီတာမင် B-9 (folate) က။vitamin B-12 က။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/vitamin-b-function-in-the-body/
နှာစေးနှာပိတ် ဖြစ်နေတဲ့ ကလေးငယ်ကို ဘယ်လိုဂရုစိုက်ပေးမလဲ
ကိုယ့်ကလေးက ဖျားနေတယ်၊နှာစေးနှာပိတ်၊ ချွဲတွေကျပ်နေတယ်ဆိုရင် ဆေးခန်းပြ၊ ဆေးတိုက်တာကလွဲလို့မိဘတွေမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ဖြစ်တတ်ပါတယ်။ နှာတရွှီရွှီနဲ့ အသက်ရှူရခက်လို့ ညညမအိပ်နိုင်တဲ့ ကလေး လေး ကို ဘယ်လိုလုပ်ပေးရပါ့မလဲ။တကယ်တော့ နှာရည်ကျတာကောင်းတဲ့လက္ခဏာပါ။ ဒါက ရောဂါပိုးမွှားတွေကို ဖယ်ရှားတဲ့ ခန္ဓာကိုယ်ရဲ့သဘာဝနည်းလမ်းဖြစ်လို့ပါ။ ။ ဒါပေမယ့် ကလေးမှာ နှာတအားစေးနေရင် နှာခေါင်းဝမှာခြောက်သွေ့တဲ့အခါ နှာခေါင်းပိတ်မှာသေချာပါတယ်။ ဒါဆို အသက်ရှူရခက်လာမယ်၊ နို့စို့ရ၊ အစားစားရခက်လာနိုင်ပါတယ်။ နှာခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ဝေဒနာခံစားနေရချိန်မှာ ကလေး ကို သက်တောင့်သက်သာရှိစေဖို့ ဒီလိုလေးတွေလုပ်ပေးနိုင်တယ်နော်။ကလေးကိုသိပ်တဲ့အခါ ဦးခေါင်းကို (ခေါင်းအုံးကို) နည်းနည်းလောက်မြှင့်ပေးထားရင် နှာရည်ပိတ်တာ၊ ချွဲကျပ်တာသက်သာပြီး အသက်ရှူရ ပိုကောင်းစေပါတယ်။နှာရည်ထွက်တာများလွန်းရင် ကလေးရဲ့ နှာခေါင်းဝမှာ ခြောက်ပြီး ပိတ်နေတတ်ပါတယ်။ ဂွမ်းစလေးကို ရေနွေးဆွတ်ပြီး ညင်သာစွာ ဖယ်ရှားသန့်စင်ပေးပါ။ နှာခေါင်းလေးကို မပွန်းစေဖို့ သတိထားပါ။ကလေး ရဲ့ကျောကို အသာအယာပုတ်ပေးတာက ရင်ချောင်စေပါတယ်။ ရင်ချောင်တဲ့အခါ နှာခေါင်းလမ်းကြောင်းက ချွဲတွေလည်း အတွင်းမှာပဲ ထိုက်သင့်သလောက် ပျော်ဆင်းသွားပါလိမ့်မယ်။ ကလေးကို ပေါင်ပေါ်မှာ မှောက်လျက်လေးထားပြီး လက်ခုပ်နဲ့ အသာလေးပုတ်ပါ။ ဒါမှမဟုတ် ကလေးကို ထိုင်လျက်လေးချီထား၊ အရှေ့ဘက်ကို ခပ်စိုက်စိုက်လေးထားပြီးကျောကိုပုတ်ပေးပါ။ချွဲသလိပ်တွေ ဖယ်ရှားနိုင်ဖို့ ဆရာဝန်ညွှန်ကြားချက်အရနှာခေါင်းအစက်ချဆေးရည်တွေ သုံးရတာရှိပါတယ်။ ကလေးကို ပက်လက်လေး ခပ်မော့မော့ထားကာဆေးရည် နှစ်စက်၊ သုံးစက်စီထည့်ပါ။ စက္ကန့် ၃၀ ကနေ ၆၀လောက်စောင့်ပါ။ ကလေးကိုခေါင်းထောင်လျက်(ထိုင်လျက်ဖြစ်ဖြစ်)ချီထားပါ။ နှာရည်ချွဲတွေနဲ့ ဆေးတွေကို ကလေးက နှာချေထုတ်ရင် ထုတ်ပါလိမ့်မယ်။ ထွက်လာတဲ့ချွဲတွေကို တစ်ရှူးလေးနဲ့ သန့်ပေးပါ။ နှာခေါင်းဝကနေထွက်လာတဲ့ ချွဲတွေကိုပဲ သုတ်ယူဖယ်ရှားပါနော်။ ကလေးရဲ့နှာခေါင်းထဲကို ဂွမ်းစ သို့မဟုတ် တစ်ရှူးစနဲ့ ထိုးမသုတ်မိဖို့ သတိထားပါ။မားကတ်က ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ နှပ်ရည်စုပ်ကိရိယာလေးတွေက အရမ်းအသုံးဝင်ပါတယ်။ ကလေးရဲ့နှာခေါင်းထဲက ပိတ်ဆို့နေတဲ့နှာရည်ချွဲတွေကို အလွယ်တကူနဲ့ အကုန်စုပ်ထုတ်နိုင်လို့ပါပဲ။ ဟိုအရင်က မေမေတို့လုပ်ခဲ့သလို ကလေးနှာခေါင်းကနေ ပါးစပ်နဲ့တေ့ပြီး စုပ်ထုတ်ပေးတာမျိုးကရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ကလေးတွေက နှာရည်ညှစ်မထုတ်တတ်သေးတဲ့အတွက် ဒီလိုကိရိယာလေးတွေသုံးရင် နှာခေါင်းပွင့်သွားတော့ အသက်ရှူရတာ ချက်ချင်းသက်သာသွားမှာပါ။နှပ်ရည်စုပ်ကိရိယာ (nasal bulb/aspirator) ကို ဘယ်လိုသုံးမလဲဆိုတော့ –။ကလေးရဲ့ကိုယ်ခံအားကို ပြန်ဖြည့်နိုင်ဖို့ နဲ့ ရေဓာတ်မခမ်းခြောက်စေဖို့ နို့စို့အရွယ်ဆို နို့တိုက်ပါ။ ရေတိုက်လို့ရတဲ့ အရွယ်ဆို ရေတိုက်ပါ။ ကလေးက နှာခေါင်းပိတ်နေတော့ အစာမစားချင်၊ နို့မစို့ချင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးမှာ ရေဓာတ်ပြည့်ဝနေဖို့အရေးကြီးတာကြောင့် စိတ်ရှည်ရှည်နဲ့ဂရုစိုက်တိုက်ကျွေးသင့်ပါတယ်။ဒီလောက်ဆို နှာစေးနှာပိတ်နေတဲ့ကလေးကို ပြုစုစောင့်ရှောက်ဖို့ မေမေတို့အတွက် အထောက်အကူဖြစ်လိမ့်မယ်ထင်ပါတယ်နော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/%e1%80%94%e1%80%be%e1%80%ac%e1%80%85%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%ac%e1%80%95%e1%80%ad%e1%80%90%e1%80%ba/
ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ
အိမ်မှာ အိမ်သားအသစ်စက်စက် ပိစိကွေးလေးတိုးလာတဲ့အခါဂရုစိုက်လုပ်ဆောင်ရတာတွေများလာပါမယ်။ သူတို့လေးတွေဘေးကင်းစေဖို့အစားအစာကစလို့ အသုံးအဆောင်တွေအထိသေချာဂရုစိုက်ရပါမယ်။ ဒီလိုဂရုစိုက်တဲ့အထဲမှာ မဖြစ်မနေအရေးတကြီးလုပ်ပေးသင့်တာက ကလေးကို ဝတ်ပေးမယ့်အဝတ်အစားတွေပါ။ အဝတ်အစားရွေးချယ်တဲ့အခါ အမြင်လှဖို့ထက် ကလေးအတွက် သက်သောင့်သက်သာဖြစ်စေပြီးကလေးအသားအရေကို ထိခိုက်မှုမရှိနိုင်တဲ့ အဝတ်အထည်မျိုးကို အဓိကထားရွေးချယ်ဖို့ လိုပါမယ်။ ဒါကြောင့် ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ အကြောင်း ပြောပြပေးလိုက်ပါတယ်။ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ ကတော့ –။ချည်သား။ချည်သားကတော့ဘေဘီလေးတွေနဲ့ အသင့်တော်ဆုံးဖြစ်မှာပါ။ ချည်သားက နူးညံ့ပြီးအေးမြနေသလိုချွေးစုပ်ယူမှုအားလည်းကောင်းတာကြောင့် ထိခိုက်လွယ်တဲ့ဘေဘီလေးတွေ အသားအရေနဲ့ ကွက်တိပါ။ အသားအရေကိုထိခိုက်ပွန်းပဲ့မှုကင်းစေပြီး အပူအအေးမျှတနေစေမှာပါ။ ဒါပေမယ့် ဘေဘီလေးကိုချည်သားဝတ်ဆင်ပေးမယ်ဆိုရင် အရင်ဆုံးလျှော်ဖွတ်ပြီးမှ ဝတ်ဆင်ပေးဖို့ မမေ့ပါနဲ့။ချည်သားနဲ့ Polyesterရောစပ်ထားတဲ့ အထည်။ဒီပိတ်စအမျိုးအစားကခြောက်သွေ့မြန်သလို၊ တွန့်ကြေခဲပါတယ်။ နောက်ထပ် အားသာချက်တစ်ခုက ကလေးတွေ အဝတ်အထည်အတွက် အသုံးများတဲ့ ချည်သားစစ်စစ်လောက်လည်း စရိတ်စကမကြီးပါဘူး။ အလုပ်များတဲ့မေမေဖေဖေတို့အတွက် ရွေးချယ်သင့်တဲ့ ပိတ်စတစ်မျိုးပါ။ ဘေဘီလေးရဲ့အရေပြားကို ထိခိုက်မှုမရှိစေတဲ့အပြင် နေရထိုင်ရတာလည်း သက်သောင့်သက်သာဖြစ်စေမှာပါ။ချည်သားနဲ့ Spandexရောစပ်ထားတဲ့ အထည်။ကျုံ့နိုင်ဆန့်နိုင်တာကြောင့် ကလေးက လူးလွန့်လှုပ်ရှားတဲ့အခါ အဆင်ပြေပြေ ဖြစ်စေမှာပါ။ အသားကလည်း မကြမ်းတာကြောင့် အရေပြားထိခိုက်မှုရှိမှာကို မစိုးရိမ်ရပါဘူး။ ကလေးကို နွေးထွေးမှုရရှိစေမှာဖြစ်တာကြောင့် ဘေဘီလေးတွေအတွက် သင့်တော်တဲ့ ပိတ်စတွေထဲက တစ်မျိုးလို့ဆိုပါရစေ။မွေးပွအထည်။ကလေးငယ်ငယ်လေးတွေရဲ့အနွေးထည်တွေအဖြစ် မြင်ရများနိုင်ပါတယ်။ရာသီမရွေးဝတ်ဆင်ပေးလို့ရပြီး ကလေးကိုအအေးဒဏ်ကနေ အကာအကွယ်ပေးနိုင်မှာပါ။ လျှော်ဖွတ်တဲ့ အခါမှာလည်း အခြောက်မြန်တာကြောင့် ကလေးအတွက်ရော လူကြီးတွေအတွက်ပါ အဆင်ပြေစေမယ့် အထည်တစ်မျိုးပါ။သိုးမွှေးထည်။ဒါကတော့ အထက်တန်းဆန်တဲ့ ကလေးအသုံးအဆောင်တစ်ခုပါ။ အချုပ်အလုပ်ကျွမ်းကျင်တဲ့မေမေတို့ကတော့ မွေးမလာသေးတဲ့ဘေဘီလေးတွေအတွက် ကိုယ်တိုင် သိုးမွေးထိုးချုပ်လုပ်ပေးထားတာတွေရှိပါတယ်။ သိုးမွေးကနူးညံ့တာကြောင့် ဘေဘီလေးတွေကို အသားအရေထိခိုက်မှုမရှိစေဘဲနွေးထွေးမှုအပြည့်အဝပေးနိုင်မှာပါ။ဖလန်ထည်။ဒီအသားကတော့ နူးညံ့ပြီးနွေးထွေးမှုရှိစေနိုင်တဲ့ ပိတ်စတစ်မျိုးပါ။မိုးရာသီလိုမျိုး အချိန်တွေမှာလျှော်ရဖွတ်ရလွယ်သလို ဘေဘီလေးကို မိုးတွင်းရဲ့အအေးဒဏ်ကနေ အကာအကွယ်ပေးနိုင်မှာပါ။ အဆင်လှလှလေးနဲ့ ဖလန်ထည်လေးဝတ်ဆင်ပေးပြီး အရေပြားပြဿနာကင်းစင်တဲ့ ချစ်စဖွယ်ဘေဘီလေးတစ်ယောက်ဖြစ်အောင်လုပ်ပေးလိုက်ပါ။ဝါးချည်။ဒါကတော့ အခုနောက်ပိုင်းမှာ အသုံးများလာတဲ့သဘာဝပစ္စည်းစစ်စစ်ကနေထုတ်ထားတဲ့ ချည်တစ်မျိုးနဲ့ ဖန်တီးထားတာပါ။ အပူအအေးကို ထိန်းညှိပေးနိုင်ပြီး ကလေးရဲ့ အသားအရေကို ထိခိုက်မှုမရှိလောက်အောင်ကို နူးညံ့တာပါ။မွေးကင်းစဘေဘီလေးတွေအတွက်စိတ်ချရတဲ့ အထည်တစ်မျိုးပေါ့။နောက်ဆုံးအနေနဲ့ သတိပေးချင်တာတစ်ခုကတော့ ကလေးအသားအရေနဲ့ ဘယ်လိုသင့်တော်တဲ့ ပိတ်စမျိုး အထည်မျိုးပဲဖြစ်ဖြစ် ကလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ မဝတ်ဆင်ပေးခင်အရင်ဆုံးလျှော်ဖွတ်လိုက်ပါ။ ဒါမှသာ အဝတ်အထည်ပေါ်မှာ အသုံးပြုထားတဲ့တာရှည်ခံဆေးတွေနဲ့ပိုးသတ်ဆေးတွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ကလေးအဝတ်အထည်တွေကို လျှော်တဲ့အခါလူကြီးတွေအဝတ်အစားတွေနဲ့ရောလျှော်တာမျိုး မလုပ်ပါနဲ့။ဆပ်ပြာမှုန့်တွေမှာပါတဲ့ဓာတုပစ္စည်းတွေကြာင့်ကလေးအရေပြားကို ထိခိုက်နိုင်တာကြောင့်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/best-fabrics-to-dress-baby/
ဝိတ်ချဖို့အတွက် plan ရွေးတော့မယ်ဆိုရင်
ဝိတ်ချတော့မယ်၊ ဝိတ်ချတော့မယ် ပေါင် ၁၅၀ ဆိုတဲ့သူလေးတွေရှိလား။ ဝိတ်ချမယ်လို့ပြောနေပေမယ့်ကိုယ်အလေးချိန်တွေက ကျမသွားဘူးဆိုရင် သေချာတာက သင်ကဝိတ်ချနည်းကို စရွေးကတည်းက မှားယွင်းမှုရှိနေလို့ပါ။ ဒါဆိုရင် ဝိတ်ချဖို့နည်းလမ်း ဘယ်လိုရွေးရမှာလဲလို့များ မေးချင်နေပြီလား။ ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။ဝိတ်ကျချင်တယ်ဆိုရင်လေ့ကျင့်ခန်းလုပ်ရုံ အစားလျှော့ရရုံနဲ့လုံလောက်ပြီလား။ တကယ်ကို ကျန်းမာပျော်ရွှင်စွာနဲ့ ဝိတ်ကျသွားဖို့က ဒီအချက်တွေအပြင် ကိုယ့်ဝိတ်ချမယ့် plan ကကိုယ်နဲ့ အဆင်ပြေမလားဆိုတာကို အရင်စဉ်စားဖို့ပါ။ Plan ကကိုယ်နဲ့ တကယ်အဆင်ပြေမှလည်း ရေရှည် လုပ်နိုင်တော့မှာပေါ့။ ဒီတော့ ဝိတ်မချခင်မှာ ကိုယ့်နဲ့အဆင်အ​ပြေဆုံးဖြစ်မယ့် plan ကိုရွေးစေချင်ပါတယ်။ဝိတ်ချတော့မယ်လို့ တွေးပြီးပြီ ဆုံးဖြတ်ချက်က တော်တော်လေးပြင်းထန်နေပြီဆိုရင် ဒီအချက်တွေကို ကိုယ့်ကိုယ်ကိုယ်အရင်မေးကြည့်ပါ။ကိုယ်ရွေးချယ်မယ့် ဝိတ်ချနည်းက ကိုယ်နဲ့ ကိုက်ရဲ့လား…။ကိုယ်က အစားတသွတ်သွတ် စားတတ်သူဖြစ်နေမယ်ဆိုရင် အစာစားတဲ့အကြိမ်ရေကို ကန့်သတ်တဲ့ ဝိတ်ချနည်းတွေက သင်နဲ့ မကိုက်ညီနိုင်ပါဘူး။တစ်နေကုန်ပင်ပင်ပန်းပန်းအလုပ်လုပ်ရသူအဖို့ အစားလျှော့စားရမယ်ဆိုတဲ့ နည်းကလည်း သိပ်တော့ အဆင်မပြေလှပါဘူး။ အချိန်မရသူအဖို့ သေချာပြင်ဆင်ချင်ပြုတ်ရမယ်ဆိုတာမျိုးကလည် မကိုက်ညီပြန်ဘူးလေ။ ဒီတော့ ဝိတ်ချနည်းရွေးတဲ့အခါ ကိုယ့်နေ့စဉ်အနေအထားနဲ့ ကိုက်ညီမှာမျိုးကို အဓိကထားရွေးချယ်ပေးပါ။ပုံမှန်လုပ်နေတဲ့ လေ့ကျင့်ခန်းနဲ့ ကိုက်ညီမှုရှိလား…။တစ်နေ့တာမှာ လေ့ကျင့်ခန်းတွေ အများကြီးလုပ်နေသူအဖို့ အစားနည်းနည်းပဲစားရမယ်ဆိုတဲ့ ဝိတ်ချတဲ့အစီအစဉ်ကအဆင်မပြေလောက်ပါဘူး။ ဝိတ်ချရင်းကအာဟာရမပြည့်မဝဖြစ်လာပြီးနေ့စဉ်လှုပ်ရှားမှုတွေမှာပါ ထိခိုက်လာနိုင်ပါတယ်။အမြဲလုပ်နိုင်မလား…။ဝိတ်ချတဲ့ plan က ခဏတဖြုတ်လုပ်ရုံနဲ့ အဆင်မပြေနိုင်ပါဘူး။ ပိန်ချင်တယ်လို့ စိတ်အားထက်သန်တုန်းလေး ထလုပ်လိုက်။ ပြီးရင် ၃ ရက်ထက်မပိုလိုက် ပြန်စားလိုက်လုပ်နေသမျှကတော့ ပိန်ဖို့ဆိုတာ မဖြစ်နိုင်ဘဲ ပိုပိုပြီးတောင်ပြည့်လာလို့ စိတ်ညစ်ရနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ချတဲ့ plan ရွေးတဲ့အခါ ရေရှည်လုပ်နိုင်မလားဆိုတာကို သေချာလေးစဉ်းစားပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/how-to-choose-the-best-weight-loss-plan/
အူအတက် ခွဲစိတ်ကုသခြင်း
အူအတက် ခွဲစိတ်ကုသခြင်း (Appendectomy) ဆိုတာဟာ ရောင်ရမ်းလာတဲ့ အူအတက်ကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။အရေးပေါ် ခွဲစိတ်ကုသမှုတစ်မျိုး ဖြစ်ပါတယ်။လူတိုင်းရဲ့ ဝမ်းဗိုက်ညာဘက်ထောင့်နေရာမှာ အူအတက်ရှိပါတယ်။အူမကြီးနေရာကနေ ပြွန်လေးတခုလို ရှည်ထွက်နေတဲ့ အင်္ဂါအစိတ်အပိုင်းလေး ဖြစ်ပါတယ်။ အဆိုပါ အူအတက်လေး ရောင်ရမ်းသွားချိန်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားလာနိုင်ပြီး ပတ်ဝန်းကျင်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့သွားနိုင်ပါတယ်။အတက်နဲ့ ဝန်းကျင်နေရာတဝိုက်မှာလည်း အထိမခံနိုင်အောင် အောင့်တတ်ပါတယ်။ လမ်းလျှောက်ချိန်၊ ချောင်းဆိုးချိန်မှာ ပိုအောင့်တတ်ပါတယ်။ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်းတွေပါ ကြုံနိုင်ပါတယ်။ အူအတက်ရောင်ခဲ့ရင်နောက်ဆက်တွဲပြဿနာတွေဖြစ်မလာအောင် အချိန်မီ ကုသမှုခံယူဖို့ အရေးကြီးပါတယ်။အူအတက် ခွဲစိတ်ကုသခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။အူအတက်ရောင်ခြင်းကို အချိန်မီမကုသရင် ရောင်နေတဲ့ အူအတက်ဟာ ပေါက်ထွက်သွားနိုင်ပါတယ်။ အူအတက်ထဲကဘက်တီးရီးယားနဲ့ တခြားအန္တရာယ်ပေးနိုင်တဲ့ အရာဝတ္တုတွေဟာ ဝမ်းဗိုက်ထဲပျံ့သွားနိုင်ပါတယ်။ အသက်အန္တရာယ် ထိခိုက်လောက်တဲ့ ကိစ္စဖြစ်ပါတယ်။ ရောင်နေတဲ့အူအတက်ကို မပေါက်သွားခင်မှာ ခွဲစိတ်ဖယ်ရှားဖို့ လိုအပ်ပါတယ်။အူအတက်ခွဲစိတ်ခြင်းက အူအတက်ရောင်ခြင်းအတွက် အဆင်အပြေဆုံး ကုသမှုနည်းလမ်း ဖြစ်ပါတယ်။– ဗိုက်အောင့်ခြင်း (ချက်ဝန်းကျင်တွင် စအောင့်ပြီး ဝမ်းဗိုက်ညာဘက်အောက်ပိုင်းသို့ ပျံ့သွားခြင်း)။– ဗိုက်ဖောင်းလာခြင်း။– ဝမ်းဗိုက်ကြွက်သားများ တောင့်တင်းနေခြင်း။–ဝမ်းချုပ်ခြင်း(သို့မဟုတ်) ဝမ်းပျက်ခြင်း။– ပျို့အန်ခြင်း။– အစားပျက်ခြင်း။– ငွေ့ငွေ့ဖျားခြင်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေရှိနေရင် အူအတက်ရောင်ခြင်း ဖြစ်နေနိုင်တာမို့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။တခြားသော ခွဲစိတ်မှုတွေလိုပဲ ခွဲစိတ်မှုအန္တရာယ် အနည်းငယ်တော့ ရှိပါတယ်။ သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ဘေးပတ်ဝန်းကျင်မှ အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်နိုင်ခြေရှိခြင်း၊ အူလမ်းကြောင်း လှုပ်ရှားမှု ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အူအတက်ရောင်ခြင်းကို မခွဲစိတ်ဘဲ ထားလိုက်ရင် ကြုံရမယ့် အန္တရာယ်နဲ့ ယှဉ်တဲ့အခါ မပြောပလောက်ပါဘူး။သင့်ကိုခွဲစိတ်မှုအတွက် သင့်တော်တယ်လို့ ဆရာဝန်က သတ်မှတ်ပြီးချိန်မှာ ဘယ်လိုနေထိုင်ရမလဲဆိုတာ ဆရာဝန်က ပြောပြပါလိမ့်မယ်။ သင်သုံးစွဲနေတဲ့ ဆေးဝါးတွေအကြောင်း ဆရာဝန်ကို မခြွင်းမချန် ပြောပြရပါမယ်။ ဆေးဝါးဓာတ်မတည့်ခြင်းတွေရှိရင်၊ သွေးနဲ့ပတ်သက်တဲ့ ရောဂါတမျိုးမျိုးဖြစ်ဖူးရင် ဆရာဝန်ကို ဖွင့်ပြောရပါမယ်။ အူအတက်ခွဲစိတ်မှု မလုပ်မီ အနည်းဆုံး ၈ နာရီခန့်အတွင်း အစားစားခြင်း၊ရေသောက်ခြင်းမပြုဘဲ နေရပါမယ်။အူအတက်ခွဲစိတ်ခြင်းဟာ မေ့ဆေးပေးခွဲစိတ်ခြင်း ဖြစ်တာမို့ သင့်အနားကို အဖော်လုပ်ပေးမယ့် လူနာစောင့် လိုပါလိမ့်မယ်။ မေ့ဆေးပြယ်ပြီးချိန်မှာတောင် မူးဝေနေတတ်ပါတယ်။သမားရိုးကျခွဲစိတ်ကုသခြင်း (Open Appendectomy) နဲ့မှန်ပြောင်းသုံးခွဲစိတ်ကုသခြင်း(Laparoscopic Appendectomy) ဆိုပြီး နှစ်မျိုးရှိပါတယ်။သမားရိုးကျခွဲစိတ်ခြင်းမှာတော့ ဝမ်းဗိုက်ညာဘက်ထောင့်မှာ ခွဲစိတ်ရာပေးပြီး ဗိုက်ကိုဖွင့်ပါတယ်။ ရောင်နေတဲ့အူအတက်ကို ဖြတ်ထုတ်ပြီး ဝမ်းဗိုက်ကို ပြန်ချုပ်ပါတယ်။ အူအတက်ဟာ ပေါက်နေခဲ့ရင်တော့ ဝမ်းဗိုက်ကို သန့်ရှင်းရေး လုပ်ရပါတယ်။ အူအတက်ပေါက်သွားရင်ဖြစ်စေ၊ ဘေးအင်္ဂါ အစိတ်အပိုင်းဆီ ပိုးများပျံ့နေတယ်လို့ ယူဆရင်ဖြစ်စေ ဒီနည်းလမ်းနဲ့ ခွဲစိတ်ပါတယ်။ ခွဲစိတ်ရာဟာ လက်မအနည်းငယ်လောက်ပဲ ရှိပါတယ်။မှန်ပြောင်းသုံးခွဲစိတ်ခြင်းမှာတော့ ဆရာဝန်ဟာ ခွဲစိတ်ရာခပ်သေးသေးပေးပြီး ပြွန်ချောင်းလေးတခု ထည့်သွင်းလိုက်ပါလိမ့်မယ်။ အဆိုပါပြွန်ချောင်းမှ ဓာတ်ငွေ့ပေးပြီး ဝမ်းဗိုက်ကို ဖောင်းလာအောင် လုပ်ဆောင်ပါလိမ့်မယ်။ ပြီးရင် တခြားအပေါက်တခုမှ ကင်မရာပါတဲ့ ပြွန်ကို သွင်းပြီး ခွဲစိတ်မှုကို လုပ်ဆောင်ပါလိမ့်မယ်။မှန်ပြောင်းသုံးခွဲစိတ်ခြင်းဟာ အသက်ကြီးပိုင်းများနဲ့ အဝလွန်သူများအတွက် ပိုမိုသင့်တော်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ နာကျင်မှုသိပ်မရှိဘဲ နာလန်ထလည်း မြန်ပါတယ်။ခွဲစိတ်ပြီးချိန် ဆေးရုံမှာ နာရီပေါင်းများစွာ ဆက်နေရတတ်ပါတယ်။ မေ့ဆေးပြယ်လာချိန်ထိ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းတွေကို စောင့်ကြည့်ပါလိမ့်မယ်။ ဆေးရုံပေါ်မှာကြာမယ့်အချိန်ကတော့ လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ ခွဲစိတ်မှု အမျိုးအစား၊ ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရခြင်း ရှိမရှိပေါ် မူတည်ပါတယ်။ မှန်ပြောင်းသုံးခွဲစိတ်ခြင်းဆိုရင် အနာကျက်မြန်ပြီး ဆေးရုံမှာနေရမယ့်အချိန် နည်းပါလိမ့်မယ်။ခွဲစိတ်ပြီးချိန်မှာ ခွဲစိတ်ဒဏ်ရာကြောင့်ရော မေ့ဆေးအရှိန်ကြောင့်ပါ နေထိုင်မကောင်းသလို ဖြစ်တတ်ပါတယ်။ ခွဲစိတ်ကုသမှု ခံယူအပြီး ရက်အနည်းငယ်အတွင်း ကားမောင်းခြင်း၊ အလေးအပင်မခြင်း၊ ပင်ပင်ပန်းပန်းလှုပ်ရှား သွားလာခြင်းတွေ ရှောင်ကြဉ်ရပါမယ်။ ဆရာဝန်ညွှန်တဲ့ဆေးတွေကို ပုံမှန်သောက်သုံးရပါမယ်။ အူအတက်ခွဲစိတ်ပြီးချိန်ကနေ လုံးဝနေပြန်ကောင်းတဲ့အထိ ရက်သတ္တပတ်ခြောက်ပတ်ခန့် ကြာနိုင်ပါတယ်။– ခွဲစိတ်ရာချုပ်ရိုးဝန်းကျင်တွင် နီရဲရောင်ရမ်းခြင်း။– အဖျားတက်ခြင်း။– ပျို့အန်ခြင်း။– ဗိုက်အောင့်ခြင်း။– ဝမ်းပျက်ခြင်း (သို့) ဝမ်းချုပ်ခြင်း။စတဲ့လက္ခဏာတွေကြုံရရင် ဆရာဝန်ကို အမြန်ဆုံးပြန်လည်ပြသသင့်ပါတယ်။အချုပ်ပြောရရင် အူအတက်ခွဲစိတ်ခြင်း မတိုင်မီကနေ ခွဲစိတ်မှုခံယူအပြီး လုံးလုံးနေကောင်းသည်အထိ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျ လိုက်နာဖို့ ဖြစ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/appendectomy/
ကရိုတီးနွိုက် (Carotenoids) အကြောင်း သိသင့်သမျှ
ကရိုတီးနွိုက် (Carotenoid) ဆိုတာ ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်ပြီး သစ်ပင်များ၊ ရေညှိပင်များနဲ့ အလင်းရောင်ကနေ အစာဖွဲ့စည်းတဲ့ ဘက်တီးရီးယားတွေမှာ ပါဝင်ပါတယ်။ အဆိုပါ ရောင်ခြယ်ပစ္စည်းများကြောင့် အပင်များ၊ အသီးအနှံ အရွက်များမှာ အဝါရောင်၊ အနီရောင်၊ လိမ္မော်ရောင်များ မြင်တွေ့ရစေပါတယ်။ကရိုတီးနွိုက်ဟာ ရောင်ခြယ်ပစ္စည်းအဖြစ်သာမကဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနဲ့လည်း အကျိုးပြုပါတယ်။ ကရိုတီးနွိုက်အမျိုးကွဲပေါင်း ရာနဲ့ချီပြီး ရှိပါတယ်။အချို့ကိုဗီတာမင် Aအနေနဲ့ ပြောင်းလဲပေးနိုင်ပါတယ်။ တွေ့ရများတဲ့ ကရိုတီးနွိုက် အမျိုးအစားတွေကတော့။– အယ်လ်ဖာကရိုတင်း။– ဘီတာကရိုတင်း။– လူတိန်း (Lutein)။– လိုင်ကိုပင်း (Lycopen) စတာတွေ ဖြစ်ပါတယ်။ကရိုတီးနွိုက်ကို အစားအသောက်ကနေ ရရှိနိုင်ပါတယ်။ အဆီနဲ့အတူ စုပ်ယူရင် ပိုပြီး ထိရောက်ပါတယ်။ ကရိုတီးနွိုက် ကြွယ်ဝတဲ့ အစားအစာတွေကတော့။– ဝဥ။–ကိုက်လန်။– ဟင်းနုနွယ်။– ဖရဲသီး။–သခွားမွှေးသီး။– ငရုတ်ပွ။–ခရမ်းချဉ်သီး။– မုန်လာဥနီ။–သရက်သီး။–လိမ္မော်သီးစတာတွေပဲ ဖြစ်ပါတယ်။ကရိုတီးနွိုက်ဟာ ဆီမှာပျော်ဝင်နိုင်တဲ့ ဒြပ်ပေါင်းဖြစ်ပါတယ်။ သဘောကတော့ ကိုယ်ခန္ဓာက စုပ်ယူချိန်မှာ အဆီနဲ့ရောနေရင် ပိုကောင်းပါတယ်။ တခြားသော ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ မတူတာကတော့ ကရိုတီးနွိုက်ကြွယ်ဝတဲ့ အစားအစာတွေဟာ ချက်ပြုတ်လိုက်တဲ့အခါ ကိုယ်ခန္ဓာထဲဝင်ရောက်ချိန်မှာ အာဟာရဓာတ် ပိုမိုမြင့်မားနေတာပါပဲ။ကရိုတီးနွိုက်ကို xanthophylls နဲ့ carotenes ဆိုပြီး အုပ်စုနှစ်စုခွဲနိုင်ပါတယ်။ နှစ်မျိုးစလုံးဟာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ရှိပါတယ်။ အယ်လ်ဖာကရိုတင်း၊ ဘီတာကရိုတင်း စတဲ့ ကရိုတီးနွိုက်များကတော့ ဗီတာမင် A အဖြစ် ပြောင်းလဲနိုင်တာမို့ လူသားတို့ ကျန်းမာဖွံ့ဖြိုးရေးကို အထောက်အကူပြုပါတယ်။ကရိုတီးနွိုက်ဟာ အကျိုးပြုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး သင့်ကို ရောဂါဘယများကနေ ကာကွယ်နိုင်ပြီး ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါတယ်။ အထူးသဖြင့် အောက်ပါအတိုင်း အကျိုးပြုပါတယ်။ကရိုတီးနွိုက်ကြွယ်ဝတဲ့ အစားအစာတွေဟာ မျက်စိအတွင်းက ဆဲလ်တွေကို တိုးတက်ကောင်းမွန်စေပါတယ်။ အမြင်အာရုံကွယ်စေတဲ့ အကြောင်းတရပ်ကတော့ မျက်စိနောက်ပိုင်း အမြင်လွှာဟာ အသက်ကြီးပြီး ချို့ယွင်းလာတာကြောင့် ဖြစ်ပါတယ်။ ကရိုတီးနွိုက်ဟာ မျက်စိအမြင်လွှာကို ကာကွယ်ပေးပါတယ်။သုတေသနအချို့အရ လူတိန်း (lutein) ကို တနေ့မှာ ၆ မီလီဂရမ် စားသုံးပေးနိုင်ရင် အမြင်လွှာပျက်စီးခြင်းကို ဖြစ်နိုင်ခြေ လျော့နည်းစေတယ်လို့ ဆိုပါတယ်။ကရိုတီးနွိုက်ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တာမို့ ကိုယ်ခန္ဓာရဲ့ ရောင်ရမ်းမှုတွေကို လျော့နည်းစေပါတယ်။ အထူးသဖြင့် နှလုံးနဲ့သွေးကြောများဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပြီး သွေးလွှတ်ကြောတွေ ပိတ်ဆို့ခြင်းကို ကာကွယ်ပေးပါတယ်။ကရိုတီးနွိုက်ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်များဖြစ်တာမို့ ဖရီးရယ်ဒီကယ်တွေကြောင့် ဆဲလ်တွေပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ ကင်ဆာဆဲလ်များဖြစ်ပေါ်ခြင်း၊ ကင်ဆာဆဲလ်များ ပွားများခြင်း စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ကရိုတီးနွိုက်ဟာ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။ကရိုတီးနွိုက်အချို့ဟာ ဗီတာမင် A အဖြစ်လည်း ပြောင်းလဲနိုင်တာမို့ နေရောင်ခြည်ကြောင့် အရေပြားဆဲလ်တွေ ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကင်ဆာကို ကာကွယ်နိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-carotenoids/
လူကြီးမိဘတွေ ကျန်းမာစေဖို့ ဘာလုပ်ပေးရင်ကောင်းမလဲ
လူကြီးအရွယ်တွေမှာ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး အမြဲစိုးရိမ်နေရတယ်လေ။ ရာသီဥတုပြောင်းလဲမှုက အသက်အရွယ်ကြီးတဲ့သူတွေအတွက်တော့ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အချက်တစ်ခုပေါ့။ ဒီတော့ ခုလို အမြဲပြောင်းလဲနေတဲ့ ရာသီဥတုမှာ ကိုယ်ချစ်တဲ့ မိဘတွေ၊ ဖိုးဖိုးဖွားဖွားတွေ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေ၊ သားသမီးတွေအနေနဲ့ ဘယ်လိုဂရုစိုက်ပေးလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။အိမ်အပြင်မှာ ကားတွေက သွားရတာနဲ့၊လေထုမသန့်တာနဲ့၊ လူကြားထဲမှာဆိုရင် ဖုန်တွေ၊ သဲတွေသာမက မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေ အများကြီးရှိနေနိုင်တယ်နော်။ လူကြီးအရွယ်တွေမှာ ကိုယ်ခံအားကလည်းလျော့လာပြီဆိုတော့ တစ်ခုခုဆိုတာနဲ့ ဖျားနာတာ၊ရောဂါဖြစ်ဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ လူကြီးမိဘတွေကို တတ်နိုင်သလောက် အပြင်သွားခိုင်းတာ၊ လူများတဲ့နေရာတွေ သွားခိုင်းတာမျိုး သိပ်မလုပ်ပါနဲ့။ မနက်ခင်းစောစောလေကောင်းလေသန့်ရတဲ့ အချိန်မှာ မိဘဖိုးဖွားတွေနဲ့အတူ လမ်းထွက်လျှောက်တာမျိုး၊လေ့ကျင့်ခန်းလုပ်တာမျိုးတော့ အဆင်ပြေပါတယ်။လက်ကို သန့်ရှင်းအောင်ထားဖို့က အသက်အရွယ်မရွေး ဂရုစိုက်သင့်တဲ့ ကိစ္စပါ။ မသန့်ရှင်းတဲ့ လက်နဲ့ ဟိုကိုင်ဒီကိုင်လုပ်တာ၊ အပြင်ကနေရောဂါပိုးမွှားေတွ ကပ်ပါလာတဲ့အခါ၊ မေ့ပြီး အစာစားမိတဲ့အခါဝမ်းပျက်ဝမ်းလျှောရောဂါ၊ လက်က သန်ဥတွေဗိုက်ထဲရောက်သွားရင် သန်ထတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူကြီးမိဘတွေအတွက် ဘက်တီးရီးယားပိုးသေစေတဲ့ လက်ဆေးဆပ်ပြာတွေ အိမ်မှာ ဝယ်ထားပေးပါ။ခရီးသွားတာ၊ အပြင်သွားနေတဲ့အချိန် လက်အလွယ်တကူဆေးလို့ ရအောင် လက်သန့်စင်ဆေးရည် ဆောင်ထားပေးပါနော်။အသက်ကြီးလာပြီဆိုရင် သွားက မကောင်းရတာနဲ့၊ အရင်ကလို အစာများများ မစားနိုင်တော့တာနဲ့၊ ခံတွင်းပျက်တာနဲ့ အစာစားတာနည်းသွားမယ်၊ အဲ့တော့ လူကပိုပြီး ပိန်လှီလာမယ်၊ကိုယ်ခံအားနည်းပြီး အားမရှိသလို ပျော့ခွေလာမယ်၊ ရောဂါတွေဖြစ်ဖို့ ပိုလွယ်လာနိုင်တယ်နော်။ ကိုယ့်ကို တစ်ချိန်က ချက်ပြုတ်ဂရုစိုက်ပေးခဲ့တဲ့သူတွေကို ခုလိုအချိန်မှာ ပြန်ပြီးဂရုစိုက်ဖို့က သားသမီးတိုင်းရဲ့ တာဝန်ဝတ္တရားပဲမလား။ ဒါကြောင့် ကိုယ့်အနေနဲ့ မိဘတွေ အလွယ်တကူ ဝါးစားလို့ရပြီး အစာအာဟာရလည်း စုံစုံလင်လင်ဖြစ်ဖို့ သေချာချက်ပြုတ်ကျွေးမွေးသင့်တယ်နော်။ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသား၊ ငါးတွေကို ပျော့ပျော့လေးချက်မယ်၊အစာကြေလွယ်စေပြီးအမျှင်ဓါတ်များတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ များများကျွေးမယ်၊ ဆီ၊ ဆား၊ သကြားတွေ လျှော့ချက်မယ်၊ ဗီတာမင်နဲ့ အာဟာရစုံလင်သွားအောင် နွားနို့၊ဒိန်ချဉ်၊ ဥ၊ ပဲ၊ အစေ့အဆန်တွေကို နေ့တိုင်း နည်းနည်းစီကျွေးပေးမယ်ဆိုရင် လူကြီးတွေ အာဟာရချို့တဲ့မှာ ပူစရာမလိုတော့ဘူးပေါ့။စားလိုက်တဲ့ အစားအစာကနေ အာဟာရဓါတ်တွေကို ကိုယ်ခန္ဓါက စုပ်ယူပေးရပါတယ်။ အဲ့တော့ အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါက အာဟာရစုပ်ယူနိုင်စွမ်းတွေ နည်းသွားပါတယ်။ ဒါ့အပြင်ကိုမှ အစားကလည်း နည်းသွားတယ်ဆိုတော့ လူကြီးတွေ အာဟာရချို့တဲ့တာမျိုး မဖြစ်ရလေအောင်ဗီတာမင်အားဆေး၊ ဖြည့်စွက်စာတွေ ကျွေးပေးနိုင်ရင် ပိုကောင်းတယ်နော်။အထူးသဖြင့် နွေရာသီဆိုရင် အပြင်ကအပူဒဏ်ကြောင့် လူကြီးတွေ ချွေးထွက်လွန်ပြီး ဒီချွေးနဲ့ အအေးပပ်တာ၊ ဖျားနာတာ၊ ရေဓါတ်ခမ်းခြောက်တာမျိုးတွေ အဖြစ်များပါတယ်။ ဒါကြောင့်မို့ ဖေဖေမေမေတို့ကို ရေများများသောက်ဖို့ သတိပေးပါ။ ကိုယ်က အချိန်ပေးနိုင်ရင်ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည်တိုက်ပေးတာ၊ ချောင်းဆိုးချွဲကျပ်တာမျိုး မဖြစ်စေဖို့ ပျားရည်နဲ့ သံပရာရည်ရောတိုက်တာမျိုး လုပ်ပေးလို့ ရတယ်နော်။ကိုယ့်အိမ်က လူကြီးမိဘတွေ အပြင်ကပြန်ရောက်လာတာနဲ့ လြေက်သန့်စင်ဖို့ အဝတ်အစားတွေမှာ ချွေးတွေစိုလာခဲ့ရင်ချက်ချင်းလဲဖို့ သတိပေးပါ။ အပြင်က ဖုန်တွေ၊ ရောဂါပိုးမွှားတွေရော၊ ချွေးတွေပါ ရောသွားတော့ ဒီအကျီကို မလဲဘဲဒီအတိုင်းနေနေရင် ဘက်တီးရီးယားတွေကို အားပေးသလိုဖြစ်နိုင်တာကြောင့်ပါ။ အဝတ်လဲပြီးတာနဲ့ သူတို့ကို နားနားနေနေ နေဖို့ပြောပေးပါ။ အဝတ်အစားတွေကိုလည်း အများကြီး စုပုံမလျှော်ဘဲ နည်းနည်းစီ လျှော်ပေးတာက ဖားဥစွဲတာ၊မှိုစွဲတာမျိုးတွေ မဖြစ်စေသလို အနံ့အသက်တွေလည်း ကင်းစေတယ်။ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားဖို့ နည်းသွားတာကြောင့် လူကြီးတွေရဲ့ ကျန်းမာရေးအတွက်လည်း အဆင်ပြေစေတာပေါ့။အသက်ကြီးလာပြီဆိုရင် ပုံမှန်ဆေးစစ်တာ၊ ရောဂါတွေစစ်ဆေးတာမျိုး ၆လတစ်ကြိမ် သို့မဟုတ် တစ်နှစ်ကိုတစ်ကြိမ်လောက်တော့ လုပ်ပေးသင့်ပါတယ်။ ရောဂါဆိုတာ စောစောသိလေ ကုသဖို့ ပိုပြီးလွယ်ကူတဲ့အတွက် မိဘဖိုးဖိုးဖွားဖွားတွေလည်း ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေနိုင်မှာပေါ့။အပေါ်မှာ ပြောထားတဲ့အချက်လေးတွေကို သေချာလုပ်ပြီး ကိုယ်ချစ်တဲ့ လူကြီးမိဘတွေကို ကျန်းမာအောင် ဂရုစိုက်ကြရအောင်လား။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/%e1%80%81%e1%80%af%e1%80%9c%e1%80%ad%e1%80%af%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%99%e1%80%bd%e1%80%ac-%e1%80%9c%e1%80%b0%e1%81%be%e1%80%80%e1%80%ae%e1%80%b8/
အဆီလောင်ကျွမ်းစေနိုင်တဲ့ အာနိသင်ရှိတဲ့ အသီးတွေက ဘာတွေဖြစ်မလဲ
ဝိတ်ကျအောင်အသီးစားပြီး ဝိတ်ချချင်သူလေးတွေရှိလား။ ဒါဆိုရင်တော့ အသီးလည်းစားရင်း အဆီလည်းကျရင်းဖြစ်စေဖို့အတွက် ဒီအသီးလေးတွေကို စားပေးရင်အဆင်ပြေနိုင်မှာပါ။ ဒီတော့ ဝိတ်ကျစေဖို့ စားပေးသင့်တဲ့အသီးလေးတွေအကြောင်း ပြောပြပေးမယ်နော်။အသီးအရွက်တွေစားပြီး ဝိတ်ချတာကကိုယ်အလေးချိန်ကျစေနိုင်သလိုအသားအ​ရေကို ကြည်လင်စေတဲ့ အာနိသင်ကိုပါ ပေးစွမ်းပါတယ်။ ဒီတော့ အာဟာရလည်းရ၊ အသားလည်း ကြည်၊ ဝိတ်လည်းကျစေဖို့အစာအိမ်ပြဿနာမရှိဘူးဆိုရင် အသီးစားပြီး ဝိတ်ချတာက တော်တော်လေး အဆင်ပြေမှာပါ။အသီးတိုင်းက အဆီလောင်ကျွမ်းစေနိုင်လားဆိုတော့ မဟုတ်ပါဘူး။ အသီးအချို့ပဲ အဆီကို လောင်ကျွမ်းစေပြီး ဝိတ်ကျစေဖို့ အားဖြည့်ပေးတာပါ။ဒီအသီးတွေစားပေးတာက ဝိတ်ကျဖို့ တော်တော်လေးအထောက်အကူပြုပေးပါတယ်။ထောပတ်သီး။ထောပတ်သီးမှာ အစားစားချင်စိတ်ကို အကောင်းဆုံးထိန်းချုပ်ပေးနိုင်တဲ့ အကျိုးပြုအဆီတစ်မျိုးဖြစ်တဲ့ Omega-9 fatty acids ပါဝင်နေပါတယ်။ ဒီအဆီဓာတ်က ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်ပါတယ်။ Omega-9 fatty acids က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာရေးကို အထူးထောက်ပံ့ပေးနိုင်ပါတယ်။ ထောပတ်သီးရဲ့ နောက်ထပ်အားသာချက်တစ်ခုက အမျှင်ဓာတ်ကြွယ်ဝတာပါ။ ထောပတ်သီးရဲ့ အမျှင်ဓာတ်က အဆာခံနိုင်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီး သွေးတွင်းအဆီပမာဏကို အကောင်ဆုံးထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်တွင်းအဆီတွေကို အကောင်းဆုံး လောင်ကျွမ်းစေဖို့လည်း အားဖြည့်ပေးပါတယ်။Grapefruit(ဂရိတ်ဖရုစ်)။အဆီတွေကိုလောင်ကျွမ်းစေနိုင်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်နေတဲ့အသီးပါ။ ကိုယ်တွင်း အကျိုးပြုအဆီပမာဏကို ထိန်းညှိပေးပြီး အဆီပိုတွေကိူ အကောင်းဆုံးလောင်ကျွမ်းစေနိုင်ပါတယ်။ အင်ဆူလင်ပမာဏကို ထိန်းညှိပေးပြီး သွေးတွင်းအချိုဓာတ်​ကြောင့်အဆီစုပုံမှုမဖြစ်အောင် တားဆီးပေးပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ အမျှင်ဓာတ်ကြွယ်ဝပြီး ကယ်လ်လိုရီပါဝင်မှုနည်းတာပါ။အဝလွန်တာနဲ့ နှလုံးရောဂါပြဿနာတွေကို ကာကွယ်ဖို့ စားပေးသင့်ပါတယ်။ အရသာရှိရှိ  Grapefruit (ဂရိတ်ဖရုစ်) ဖျော်ရည်လေးသောက်ရင်း ဝိတ်ချပါ။သလဲသီး။သလဲသီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်အာနိသင်က အဆီတွေကို သိသိသာသာလောင်ကျွမ်းစေနိုင်ပါတယ်။ သလဲသီးစားသုံးပေးမှုကြောင့် ခန္ဓာကိုယ်ထဲမှာ လောင်ကျွမ်းတဲ့ကယ်လ်လိုရီပမာဏက လေ့ကျင့်ခန်းလုပ်တာကြောင့် လောင်ကျွမ်းတဲ့ကယ်လ်လိုရီပမာဏနဲ့ ညီမျှပါတယ်။ ဆီးချိုရှိသူတွေအတွက် သင့်တော်သလိုသွေးတွင်းကိုလက်စထရောကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။လိမ္မော်သီး။ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝသလို ဗီတာမင် C လည်းကြွယ်ဝစွာပါဝင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အဆာခံနိုင်သလို ကိုယ်တွင်းကအဆီတွေကို လောင်ကျွမ်းစေနိုင်ပြီး အဆိပ်အတောက်တွေကိုပါ အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံးထိန်းညှိပေးနိုင်ပြီး ဆဲလ်တွေက အဆီတွေစုပ်ယူနိုင်မှုကိုလည်း ကန့်သတ်ပေးပါတယ်။ပန်းသီး။ပန်းသီးကလည်း လိမ္မော်သီးလိုပါပဲ။ ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အဆာခံနိုင်သလို ကိုယ်တွင်းကအဆီတွေကို လောင်ကျွမ်းစေနိုင်ပြီး အဆိပ်အတောက်တွေကိုပါ အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံးထိန်းညှိပေးနိုင်ပြီး ဆဲလ်တွေက အဆီတွေစုပ်ယူနိုင်မှုကိုလည်း ကန့်သတ်ပေးပါတယ်။ ဝိတ်ချနေသူတွေအတွက် စိတ်ကျေနပ်မှုရစေမယ့် အဆာပြေစားစရာတစ်ခုပါ။ အခွံကလည်း ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တာကြောင့် အခွံမနွှာဘဲစားပေးပါ။ ရေစင်အောင်ဆေးဖို့တော့ မမေ့ပါနဲ့။ကဲ..အရသာရှိရှိ အရောင်အသွေးလှလှအသီးလေးတွေစားရင်း ဝိတ်လည်းကျအသားလည်းလှဆိုတော့ ဘာများလိုဦးမလဲ……စမ်းကြည့်လိုက်တော့နော် အသီစားပြီးဝိတ်ကျချင်နေတဲ့ Helloဆရာဝန်ပရိသတ်ကြီးရေ………..။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/fruits-have-fat-burning-properties/
သင့်တစ်နေ့တာကို လမ်းလျှောက်ခြင်း ဖြင့် စတင်ရအောင်
လမ်းလျှောက်ခြင်းဆိုတာ ကျန်းမာရေးအတွက် ကုန်ကျစရိတ်အနည်းဆုံးနဲ့ လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းတမျိုး ဖြစ်ပါတယ်။ ပစ္စည်းကိရိယာ တန်ဆာပလာ အထွေအထူးလည်း သိပ်မလိုတဲ့အပြင် အင်အားလည်း ပင်ပင်ပန်းပန်း စိုက်ထုတ်စရာမလိုတဲ့အတွက် သက်ကြီးရွယ်အိုတွေပါ လုပ်ဆောင်နိုင်ပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့တနေ့တာကို လမ်းလျှောက်ခြင်း နဲ့ ဘာကြောင့် စတင်သင့်သလဲ ဆိုတာပါပဲ။ တနည်းအားဖြင့် လမ်းလျှောက်ခြင်းကြောင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ ဒီအချက်တွေဟာ ရိုးရှင်းတယ်ထင်ရပေမယ့် သိပ္ပံနည်းကျ သုတေသနရလဒ်တွေဖြစ်တာကြောင့်ခိုင်မာမှု ရှိပါတယ်။၁။စွမ်းအင်မြှင့်တင်ခြင်း။သင့်ရဲ့မနက်ခင်းမှာ လမ်းလျှောက်ပြီး လတ်ဆတ်အေးမြတဲ့လေကို ရှူရှိုက်ခြင်းအားဖြင့် တနေ့တာလုံးမှာ လန်းဆန်းတက်ကြွစေနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အပြင်ထွက် လမ်းလျှောက်ခြင်း ဖြစ်ပါတယ်။ လေ့လာချက်များအရ ပြင်ပလေကို ရှူရှုက်ရင်း တနေ့ကို မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ပေးခြင်းဟာ သင့်ရဲ့ တနေ့တာစွမ်းအင်ကို မြှင့်တင်ပေးရာ ရောက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လှေကားအတက်အဆင်း လမ်းလျှောက်ခြင်းကို ၁၀ မိနစ်ခန့် ပြုလုပ်ပေးခြင်းဟာ ကော်ဖီတခွက်သောက်ခြင်းနဲ့ ညီမျှတဲ့ စွမ်းအင်ကို ရရှိစေတယ်လို့ ဆိုပါတယ်။၂။စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း။လမ်းလျှောက်ခြင်းမှာ ဇီဝကမ္မအကျိုးကျေးဇူးတွေ ရှိနေပါတယ်။ သုတေသနများအရ တွေ့ရှိချက်တွေကတော့။– မိမိကိုယ်ကို ယုံကြည်လေးစားမှုတက်စေခြင်း။– စိတ်ပိုင်းဆိုင်ရာမြင့်မားခြင်း။– စိတ်ဖိစီးမှုလျော့နည်းစေခြင်း။– စိတ်ပူပန်မှုလျော့ကျစေခြင်း။– ပင်ပန်းနွမ်းနယ်မှု လျော့ကျစေခြင်း။– စိတ်ဓာတ်ကျမှုဖြစ်နိုင်ခြေ လျော့နည်းစေခြင်း။၃။ကိုယ်လက်လှုပ်ရှားမှုဖြစ်မြောက်သွားခြင်း။လမ်းလျှောက်ခြင်း ဟာ အင်အားသိပ်မစိုက်ထုတ်ရပေမယ့် ကိုယ်လက်လေ့ကျင့်ခန်း တမျိုးအနေနဲ့ပဲ သတ်မှတ်ထားပါတယ်။ အရွယ်ရောက်ပြီးသူများအနေနဲ့ အင်အားမစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းကို တပတ်မှာ မိနစ် ၁၅၀ ကနေ မိနစ် ၃၀၀ ထိ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။ တပတ်ကို ၅ရက်ခန့် တနေ့ နာရီဝက်လမ်းလျှောက်ပေးခြင်းဟာ ဒီလိုအပ်ချက်ကို ပြည့်မီစေမှာ ဖြစ်ပါတယ်။၄။ကိုယ်အလေးချိန်ကျစေခြင်း။သင်ဟာ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေသူတယောက်ဆိုရင် နံနက်တိုင်း လမ်းလျှောက်ပေးသင့်ပါတယ်။ ပုံမှန်ခြေလှမ်းနဲ့ နာရီဝက်လောက် လမ်းလျှောက်ရင် ၁၅၀ ကယ်လိုရီ လောင်ကျွမ်းပြီးသား ဖြစ်သွားပါတယ်။၅။ကျန်းမာရေးကောင်းမွန်စေခြင်း။လမ်းလျှောက်ခြင်း ကြောင့် ကိုယ်ခံစွမ်းအားကို မြင့်တက်စေသလို ရောဂါတချို့ ဖြစ်နိုင်ခြေကလည်း ကာကွယ်ပေးပါတယ်။ တနေ့ကို နာရီဝက်လမ်းလျှောက်ရင် နှလုံးရောဂါဖြစ်နိုင်ခြေ ၁၉% လျော့နည်းတယ်လို့ ဆိုပါတယ်။ ဆီးချိုရှိသူများအနေနဲ့လည်း ပုံမှန်လမ်းလျှောက်ခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။လူ့သက်တမ်းကို ရှည်စေပြီး နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါတွေအပြင် ကင်ဆာရောဂါတချို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။၆။ကြွက်သားများကို သန်မာစေခြင်း။လမ်းလျှောက်ခြင်းကြောင့် ခြေထောက်ကြွက်သားတွေ သန်မာလာပါလိမ့်မယ်။ အကောင်းဆုံးကတော့ နည်းနည်းခပ်သွက်သွက်လျှောက်ပေးဖို့ပါပဲ။ နောက်ပိုင်းမှာ အပြောင်းအလဲလုပ်ပြီး လှေကားတက်ခြင်း၊ ကုန်းအနိမ့်အမြင့်လျှောက်ခြင်း စသဖြင့် ပုံစံပြောင်းပြီးလည်း လျှောက်သင့်ပါတယ်။၇။ စိတ်ပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားခြင်း။နံနက်စောစော လမ်းလျှောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားပြီး တနေ့တာကိစ္စတွေကို အာရုံစူးစိုက်မုအား ကောင်းစေပါတယ်။ သက်ကြီးရွယ်အိုများနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနတခုမှာ နံနက်စောစော လမ်းလျှောက်တဲ့အခါ သိမှုစွမ်းရည်တွေ မြင်ပတက်လာစေတယ်လို့ သိရပါတယ်။လမ်းလျှောက်ခြင်း ကြောင့် ဖန်တီးမှုစွမ်းရည်တွေလည်း တက်လာစေပါတယ်။ အားလပ်ချိန်မှာ အထိုင်များသူတွေထက် ပုံမှန်လမ်းလျှောက်သူများဟာ အကြံကောင်းဉာဏ်ကောင်းတွေ ပိုထွက်လာစေပါတယ်။၈။ ညအချိန်တွင်ကောင်းစွာအိပ်ပျော်ခြင်း။လမ်းလျှောက်ခြင်းဟာ ညအချိန်မှာ ကောင်းစွာ အိပ်ပျော်ဖို့ အထောက်အကူပြုပါတယ်။ အသက် ၅၅နှစ်ကနေ ၆၅နှစ်အရွယ် ကောင်းစွာအိပ်မပျော်သူ သက်ကြီးပိုင်းများဟာ နံနက်ပိုင်းရော ညနေခင်းပါ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ရာကနေ ကောင်းစွာအိပ်စက်နိုင်တဲ့ အခြေအနေရောက်သွားတယ်လို့ သုတေသနစာစောင်တခုမှာ ဖော်ပြထားပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/morning-walking-benefits/
Vape သောက်လို့ အန္တရာယ်ကင်းပြီလို့ သင်ထင်ပါသလား
Vape ဆိုတာ ဆေးလိပ်အစားထိုးအနေနဲ့ အသုံးပြုတဲ့ E-Cigarette တစ်မျိုးဖြစ်ပြီးလူငယ်တွေကြားမှာ အလွန်ရေပန်းစားလျက်ရှိပါတယ်။ ဆေးလိပ်နဲ့ဆေးရွက်ကြီးဟာ လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့အတွက် ဆေးလိပ်စွဲနေတဲ့လူငယ်တွေအတွက် နီကိုတင်း (Nicotine) မပါဝင်တဲ့ Vape တွေ ထွက်ပေါ်လာခဲ့ပါတယ်။ဒါဆိုရင်Vapeသောက်လို့ တကယ်ပဲ ကျန်းမာရေးအတွက် စိတ်ချရပြီလား။ဆေးလိပ်ဖြတ်တဲ့နေရာမှာရော အမှန်တကယ် အသုံးဝင်လားဆိုတာ ပြောပြပေးချင်ပါတယ်။အပူပေးပစ္စည်း၊ အားသွင်းလို့ရတဲ့ ဓါတ်ခဲနဲ့ Vape အမွှေးနံ့အရည်တွေကို သိမ်းဆည်းပေးတဲ့ အကန့်လေး ပါဝင်ပါတယ်။ လျှပ်စစ်ရှော့တိုက်ပြီး အသုံးပြုရတဲ့အတွက် E-Cigarette လို့လည်း ခေါ်ကြပါတယ်။ Vape သောက်တဲ့အခါမှာ အသုံးပြုရတဲ့ အရည်တွေမှာ အမွှေးနံ့အပြင် ကျန်းမာရေးကို ထိခိုက်စေပြီး လူကိုစွဲလမ်းစေတဲ့ ဓါတုဗေဒပစ္စည်းတွေနဲ့ နီကိုတင်းဓါတ်တွေ ပါဝင်ပါတယ်။ ဆေးလိပ်အစားထိုးဖို့အတွက် အသုံးပြုကြပေမယ့် အမှန်တကယ်မှာတော့ လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ဆေးလိပ်စွဲနေသူတွေ အထူးသဖြင့်ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ Vape သုံးစွဲခြင်းဟာ အလွန်ရေပန်းစားလှပါတယ်။ လက်ရှိအချိန်မှာ သန်းပေါင်းများစွာသော လူတွေက Vape ကို အန္တရာယ်ကင်းတယ်လို့ လက်ခံယူဆပြီး သုံးစွဲနေကြပါတယ်။Vape မှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ နီကိုတင်းဓါတ်တွေ လုံးဝမပါဝင်ဘူးလို့ ကြော်ငြာထားကြပေမယ့် တကယ်တမ်းမှာတော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ယှဉ်လိုက်ရင်တော့ နည်းတဲ့ပမာဏဆိုပေမယ့် Vape ကနေ ထွက်လာတဲ့ အငွေ့တွေမှာ နီကိုတင်းဓါတ်တွေ အများအပြား ပါဝင်နေပါတယ်။ ဒါ့အပြင် အဆုတ်ကို ထိခိုက်စေတဲ့ ဓါတ်ပေါင်းပါဝင်တဲ့ အနံ့တွေ၊ ကင်ဆာရောဂါကို ဖြစ်စေတဲ့ ဓါတုဗေဒပစ္စည်းတွေအပြင် အငွေ့ပျံလွယ်ပြီး အဆိပ်အတောက်ဖြစ်စေတဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်နေပါတယ်။နီကိုတင်းဓါတ်ဟာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ဉာဏ်ရည်ကို ထိခိုက်စေပြီး လူကို စွဲလမ်းစေတယ်။ နှလုံးခုန်နှုန်း မြန်စေပြီး သွေးဖိအားတိုးစေတယ်။ အသက်ရှူလမ်းကြောင်းမှာ ပြဿနာတွေ ဖြစ်စေတယ်။ အဆုတ်ရောဂါ၊ နာတာရှည် လည်ချောင်နာခြင်းအပြင်အမျိုးအစား ၂ ဆီးချိုရောဂါသည်တွေမှာ တွေ့ရတတ်တဲ့ အင်ဆူလင်မတိုးခြင်း ပြဿနာတွေ ဖြစ်စေတယ်။ အစာအိမ်၊ အူလမ်းကြောင်း၊နှလုံးရောဂါတွေ ဖြစ်စေပြီး နီကိုတင်းအဆိပ်သင့်တဲ့ အခြေအနေထိပါ ရောက်နိုင်ပါတယ်။ ခန္ဓါကိုယ်တွင်းမှာ ရှိနေတဲ့ ရောဂါတွေကိုပါ ပိုပြီး ဆိုးရွားလာစေနိုင်ပါတယ်။ဒါ့အပြင် Vape ကို အားပြန်သွင်းလို့ ရတဲ့ ဓါတ်ခဲ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါ မီးလောင်ပြီး ပေါက်ကွဲစေနိုင်တယ်။ ဆေးလိပ်နဲ့ ယှဉ်လိုက်ရင် ဘေးကင်းတယ်လို့ လူတွေက ယုံကြည်ကြတဲ့အတွက် မကြာခဏသောက်တဲ့အခါမှာ နီကိုတင်းဓါတ်တွေ ကိုယ်ခန္ဓါထဲ စုပုံလာပြီး အဆိပ်အတောက်ဖြစ်စေတယ်။ ကြာလာတဲ့အခါ ကင်ဆာရောဂါတွေပါဖြစ်လာနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာကိုလည်း ပြောင်းလဲမှုတွေ ဖြစ်စေတယ်။စိတ်ဓါတ်ကျတာ၊ ဒေါသဖြစ်လွယ်တာ၊ အာရုံမစူးစိုက်နိုင်တာ၊ မေ့လွယ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ပုံမှန်ဆေးလိပ်၊ အရက်သောက်သုံးသူတွေမှာလိုပဲ ခံတွင်းနံ့ နံတာ၊ သွားနဲ့ ခံတွင်းရောဂါ၊ သွားကြိတ်တာ၊ ကိုယ်ခံအားကျဆင်းတာတွေ ဖြစ်လာနိုင်ပါတယ်။ဆေးလိပ်နဲ့ ယှဉ်လိုက်ရင် ဘေးထွက်ဆိုးကျိုး နည်းတယ်ဆိုပေမယ့်လည်း ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ “ကျားကြောက်လို့ ရှင်ကြီး ကိုး၊ ရှင်ကြီး ကျားထက် ဆိုး” ဆိုတဲ့ အဖြစ်မျိုး မရောက်ရလေအောင် ကိုယ့်ရဲ့ ကျန်းမာရေးကို အမြဲဂရုစိုက်နေဖို့နဲ့ စွဲလမ်းသွားသည်အထိ မသုံးစွဲမိဖို့ အရေးကြီးပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/risk-factors-of-vaping/
နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို စဉ်းစားတဲ့အခါကိုယ်အလေးချိန်ကျဖို့နဲ့ ကြွက်သားများသန်မာဖို့ကို အရင်ဆုံး စဉ်းစားမိကြပါတယ်။ ဒီထက် ပိုပြီး အရေးပါတဲ့ အကျိုးကျေးဇူးတစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာကနှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်းပဲ ဖြစ်ပါတယ်။နှလုံးဟာ သင့်ကိုယ်ခန္ဓာထဲမှာ အရေးအကြီးဆုံးကြွက်သားပဲ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးဆီ သွေးများဖြန့်ဝေပေးတဲ့ ကိုယ်အင်္ဂါဖြစ်တာမို့ အထူးဂရုစိုက်ရပါမယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့နှလုံးကို သန်မာစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေအန္တရာယ်ကို လျော့ကျစေတဲ့ လေ့ကျင့်ခန်းတွေအကြောင်းပဲ ဖြစ်ပါတယ်။နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ ကတော့။ကာဒီယို (Cardio) လေ့ကျင့်ခန်းလို့လည်းသိကြတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းများဟာ နှလုံးခုန်နှုန်းကို မြန်ဆန်လာစေပြီး ချွေးထွက်လာစေပါလိမ့်မယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။ ဆီးချိုရှိသူတွေမှာလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်စေဖို့ အထောက်အကူပြုပါတယ်။အရွယ်ရောက်ပြီးသူများအနေနဲ့ အတော်အသင့်လှုပ်ရှားရတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကို ရက်သတ္တပတ်တပတ်မှာ အနည်းဆုံး နှစ်နာရီနဲ့ မိနစ်သုံးဆယ်ခန့် ပြုလုပ်သင့်ကြာင်း သိရပါတယ်။ တစ်ကြိမ်မှာဆိုရင် ဆယ်မိနစ်ခန့် ပြုလုပ်သင့်ပါတယ်။ အတော်အသင့် လှုပ်ရှားရတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေကတော့-။– လမ်းသွက်သွက်လျှောက်ခြင်း။– စက်ဘီးစီးခြင်း။– ပုံမှန်ရေကူးခြင်း။–ကခုန်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။အလုပ်များပြီး လေ့ကျင့်ခန်းအတွက် အချိန်နည်းနည်းပဲပေးနိုင်ရင်တော့ တစ်ပတ်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်း တစ်နာရီနဲ့ ၁၅မိနစ် လုပ်သင့်ပါတယ်။ အဆိုပါ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ချိန်မှာ အသက်ရှူမြန်ဆန်လာစေပြီး နှလုံးခုန်နှုန်းကို သိသိသာသာမြန်ဆန်လာစေပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကတော့။– ဖြည်းဖြည်းပြေးခြင်း။– စက်ဘီးအမြန်စီးခြင်း။–ရေကူးခြင်း။– ဘောလုံးကန်ခြင်း။–တောင်တက်ခြင်းစတာတွေ ဖြစ်ပါတယ်။အတော်အသင့်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်အတွင်းမှာ တစ်လှည့်စီ လုပ်ဆောင်နိုင်ပါတယ်။ ပြင်းထန်တဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကို တစ်မိနစ် ပြုလုပ်ခြင်းဟာ အတော်အသင့်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်း နှစ်မိနစ်စာလောက် ပြုလုပ်ခြင်းနဲ့ ညီမျှပါတယ်။ဒါပေမယ့် လေ့ကျင့်ခန်းပြုလုပ်ဖြစ်အောင် မိမိကိုယ်ကို သိပ်ပြီးဖိအားမပေးသင့်ပါဘူး။ ဘယ်လေ့ကျင့်ခန်းမှ ဟုတ်တိပတ်တိမလုပ်ဖြစ်ရင် လမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်ခြင်းဟာ သိပ်ပြီး ကရိကထမများ သိပ်လည်းမပင်ပန်းဘဲ သင့်ကို အထောက်အကူပြုပါတယ်။ဒီလေ့ကျင့်ခန်းတွေဟာ နှလုံးကျန်းမာရေးကို တိုးတက်စေမယ့် တခြားလေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းနဲ့ပါ တွဲဖက်လုပ်ဆောင်ရင် မကောင်းတဲ့ ကိုလက်စထရောကို ကျဆင်းစေပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေတွေကို လျော့နည်းစေပါတယ်။ အလေးမလေ့ကျင့်ခန်းလို့ အလွယ်သုံး လိုက်ပေမယ့် တကယ်တော့ အလေးမခြင်းသာမဟုတ်ဘဲ သားရေပြားကို အားနဲ့ဆွဲခြင်း၊ ကမ္ဘာမြေဆွဲအားနဲ့ ဆန့်ကျင်ပြီး လှုပ်ရှားခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်ခန့် ပြုလုပ်သင့်ပါတယ်။ဒီလေ့ကျင့်ခန်းပြုလုပ်တဲ့အခါ လက်မောင်း၊ ခြေထောက်၊ ခါး၊ ရင်အုပ်၊ ပခုံး၊ ဝမ်းဗိုက်၊ ကျော စတဲ့နေရာတွေက အဓိကကြွက်သားတွေကို လေ့ကျင့်ရပါမယ်။ လေ့ကျင့်ခန်းတွေကို နမူနာပြောရရင်။– အလေးမခြင်း။– သားရေပြားဆွဲခြင်း။–ဒိုက်ထိုးခြင်း။– ထိုင်ထပြုလုပ်ခြင်း။– ဆောင့်ကြောင့်ထိုင်လေ့ကျင့်ခန်းပြုလုပ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းတွေကို သူ့အတွဲလိုက် လုပ်ဆောင်သင့်ပါတယ်။ တစ်မျိုးချင်းစီကို ၈ခါကနေ ၁၂ခါထိ ပြုလုပ်သင့်ပါတယ်။ဒီလေ့ကျင့်ခန်းတွေဟာနှလုံးရဲ့ကျန်းမာရေးကို တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိပါဘူး။ ဒါပေမယ့် ပုံမှန်လေ့ကျင့်ခန်းတွေ ပြုလုပ်သွားနိုင်ဖို့ အထောက်အကူပြုပါတယ်။ ဥပမာ ယောဂနဲ့ ထိုက်ချိလေ့ကျင့်ခန်းတွေဟာ ပျော့ပြောင်းမှု၊ ဟန်ချက်ညီမှုကိုသာ တိုးတက်စေတာမဟုတ်ပါဘူး။ ကြွက်တက်ခြင်း၊ အဆစ်နာခြင်း၊ ကြွက်သားများ နာကျင်ခြင်း စတာတွေကိုလည်း လျော့နည်းသက်သာစေပါတယ်။ဒီလေ့ကျင့်ခန်းများဟာ နှလုံးကျန်းမာရေးအတွက် လိုအပ်တဲ့ တခြားကိုယ်လက်လေ့ကျင့်ခန်းတွေကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်စေပါတယ်။ အားသာချက်ကတော့ ပျော့ပြောင်းမှု အသားပေး လေ့ကျင့်ခန်းများကို အချိန်မရွေး၊ နေရာမရွေး ပြုလုပ်နိုင်ခြင်းပါပဲ။ကိုယ်လက်လှုပ်ရှားမှုမလုပ်ခင် သွေးပူပြုလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ အကြောလျှော့ခြင်း စတာတွေကို ပုံမှန်ပြုလုပ်သွားသင့်ပါတယ်။နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ ကို လုပ်ဆောင်ရင်း နှလုံးလေးကို စောင့်ရှောက်လိုက်ပါ။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/cardio-endurance/best-exercises-heart-health1/
ခြေသည်းလက်သည်းကျိုးပြီဆို ဖြစ်ဖြစ်ချင်း ဘာတွေ လုပ်သင့်လဲ။
မတော်တဆထိခိုက်မိပြီး ခြေသည်းလက်သည်းကျိုးတာ၊လက်သည်းခြေသည်းကျွတ်ထွက်သွားတာတွေက ပတ်ဝန်းကျင်မှာ လူတွေပြောနေကျ ဖြစ်နေကျဖြစ်တဲ့ အရာတစ်ခုပါ။ ခြေသည်းကျိုးသွားတာက တော်ပါသေးတယ်။ ကျွတ်ထွက်သွားပြီဆိုရင်တော့ ပေါ့ပေါ့ဆဆနေလို့ မရတော့ပါဘူး။ သွေးတွေလည်း ထွက်၊ နာလည်းနာ၊ ကြည့်ရတာလည်း ရုပ်ဆိုးသွားပါတယ်။ ဘယ်သူမှတော့ မဖြစ်ချင်ကြပေမယ့် ဖြစ်လာပြီဆိုရင် ပိုပြီးဆိုးမသွားအောင် ကုသဖို့၊ ဂရုစိုက်ဖို့တော့ လိုတယ်လေ။ ဒါကြောင့် ခြေသည်း လက်သည်း ကျိုးပြီ ပြုတ်ထွက်သွားပြီဆို ဖြစ်ဖြစ်ချင်း လုပ်ဆောင်ရမယ့် နည်းများကို ပြောပြချင်ပါတယ်။ ကဲ …. ခြေသည်းလက်သည်းကျိုးပြီဆို ဖြစ်ဖြစ်ချင်း ဘာတွေ လုပ်သင့်လဲ။ ဆိုတာ ကြည့်လိုက်ရအောင်နော်။ခြေသည်းလက်သည်းကျိုးပြီဆို ဖြစ်ဖြစ်ချင်း ဘာတွေ လုပ်သင့်လဲ။ ဆိုတော့။ခြေသည်းလက်သည်းဆိုတာ ဒီအတိုင်းတော့ မပြုတ်ထွက်ဘူးလေ။ အရင်ကောင်းနေတာကနေ ထိမိခိုက်မိတဲ့ဒဏ်ရာတစ်ခုခုကြောင့်ပဲ ပြုတ်ထွက်သွားတတ်လို့ သွေးကတော့ စတင် ထွက်လာပါလိမ့်မယ်။ ထိခိုက်မိလို့ သွေးစတင်ထွက်လာပြီဆို အနာဖြစ်သွားပြီလို့ပြောလို့ရပါပြီ။ ဒါကြောင့် ထိခိုက်မိတာဖြစ်ပြီးပြီးချင်း အနာကို ရေဆေးပါ။ ဒါမှသာ ကပ်နေတဲ့ ဖုန်တွေ၊ သဲတွေ၊သွေးတွေရောဂါပိုးတွေအားလုံး သန့်စင်သွားမှာဖြစ်ပါတယ်။ရေဆေးပြီးပြီဆို ပိုးသတ်ရပါတော့မယ်။ထိခိုက် ဒဏ်ရာအနာတစ်ခုခုဖြစ်တယ်ဆို အနာမရင်းအောင်၊ ပိုးသေအောင်အရက်ပြန်ထည့်လေ့ရှိကြပါတယ်။ အရက်ပြန်က ဘေးကတစ်ရှူးနုနုလေးတွေကို ပျက်စီးစေတာကြောင့် မထည့်လည်း ရပါတယ်။ အရက်ပြန်အစား သုံးလို့ရတဲ့ တင်ချာဆေး အနီတွေ လည်းရှိပါတယ်။ ဘာမှမထည့်ချင်ဘူးဆိုရင်တောင် အနာကို ရေနိုင်နိုင်ဆေးပြီး သန့်သန့်လေး ထားပေးပါ။ပတ်ဝန်းကျင်မှာ မမြင်ရတဲ့ပိုးမွှားတွေ၊ ဖုန်တွေ ရှိနေနိုင်ပါတယ်။ အမြဲတမ်းသွားလာလှုပ်ရှားနေရတဲ့ လူတစ်ယောက်အနေနဲ့ ထိခိုက်တာ တစ်ခုခုဖြစ်ပြီဆို ထိုပိုးမွှားတွေကနေ ကာကွယ်ဖို့အတွက်အနာနဲ့ ပတ်ဝန်းကျင်ကြားမှာ အတားအဆီး တစ်ခုထားဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် အနာပိုးဝင်ခြင်းကို ကာကွယ်ဖို့ အတွက် အနာကို ပတ်တီးစည်းပေးတာမျိုး လုပ်သင့်ပါတယ်။ ခပ်ကျပ်ကျပ်စည်းတာကိုတော့ ရှောင်သင့်ပါတယ်။ပတ်တီးများကို ၂၄ နာရီ လုံးလုံး အနာပေါ်တွင် ကပ်ထားခြင်းမျိုးကို မလုပ်သင့်ပါ။ တစ်ချိန်လုံးကပ်ထားမယ်ဆို အနာနဲ့ အောက်စီဂျင် မထိတွေ့နိုင်တော့ဘဲ အောက်စီဂျင် မရှိရင် အသက်ရှင်နိုင်တဲ့ ပိုးမွှားတွေ ထကြွသောင်းကျန်းလာနိုင်လို့ဖြစ်ပါတယ်။ ဒါကြောင့် အပြင်သွားရင် အနာကို ကာကွယ်ဖို့ ပတ်တီးစည်းသင့်ပြီး အိမ်မှာနေတဲ့အချိန်၊ အိပ်တဲ့ အချိန်တွေမှာ အနာနဲ့ အောက်ဆီဂျင် ထိအောင်လို့ ခွာထားသင့်ပါတယ်။ အနည်းဆုံး တစ်နေ့ တစ်ခါလောက်တော့ ပတ်တီး အသစ်လဲသင့်ပါတယ်။ အထူးသဖြင့် ရေစိုသွားရင်၊ ညစ်ပတ်သွားရင် လဲဖြစ်အောင်လဲပါ။ထိခိုက်ဒဏ်ရာ တစ်ခုခုဖြစ်ပြီဆို မေးခိုင်ပိုးဝင်ခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံးက မေးခိုင်ရောဂါပိုး ကာကွယ်ဆေး ထိုးခြင်းဖြစ်ပါတယ်။ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်လို့ မပေါ့ဆသင့်ပါ။ ဒဏ်ရာရပြီးပြီးချင်း မေးခိုင်ရောဂါပိုးကာကွယ်ဆေးထိုးသင့်ပါတယ်။အနာကြောင့် ကိုယ်ပူလာတာ၊ အနာရောင်လာတာနဲ့နာကျင်ကိုက်ခဲတာတွေဖြစ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ လိုအပ်ရင် ဆေးတွေသောက်သင့်ပါတယ်။တကယ်လို့ ခြေသည်းက တန်းလန်းကြီး လန်နေမယ်၊ အစလေးတွေ ကျန်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး ရှင်းထုတ်သင့်ပါတယ်။ ကိုယ့်ဘာသာ မလုပ်သင့်ပါဘူး။ အထူးသဖြင့် ဆီးချိုရောဂါရှိရင် ပိုပြီးသတိထားသင့်ပါတယ်။ဒါတွေကတော့ လက်သည်းခြေသည်း ကျိုးပြီ၊ ကျွတ်ထွက်သွားပြီဆို ဖြစ်ဖြစ်ချင်း လုပ်သင့်တဲ့ အရာတွေပဲဖြစ်ပါတယ်။ လက်သည်းခြေသည်း ဖြစ်တာသေးသေးလေးပဲဆိုပြီး ပေါ့ဆမနေဘဲ အနာကိုသန့်ရှင်းအောင်ထားမယ် သေချာဂရုစိုက်ပေးမယ်ဆို နောက်ဆက်တွဲ ဖြစ်လာမယ့် ပိုးဝင်တာတွေ၊ အနာရင်းတာတွေကိုပါ ကာကွယ်ပြီးသားဖြစ်မှာပါ။ ခြေသည်းလက်သည်း အသစ်တွေ မြန်မြန်ထွက်လာအောင်၊ ထွက်လာတဲ့ ခြေသည်းအသစ်လေးတွေကို သန်မာအောင်လို့ သင့်တော်တဲ့အစားအစာတွေကိုလည်း ရွေးချယ်စားသောက်ဖို့ လိုလိမ့်မယ်နော်။ ။ရေးသားသူ− Dr Thin Yadanar@ Frances။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/what-to-do-after-nails-breaking/
အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ လောင်တဲ့အခါ
အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ လောင်တဲ့အခါ ဘာတွေလုပ်ရမလဲ။ ဓာတုပစ္စည်းတွေ လောင်တာမျိုးက ဖြစ်ခဲတယ်ဆိုပေမယ့် လုံးဝမဖြစ်ဘူးလို့ဆိုနိုင်တဲ့ အရာတော့မဟုတ်ပါဘူး။ တစ်ခါတလေ အခန့်မသင့်တဲ့ အခါမျိုးမှာလည်း ဓာတုပစ္စည်းတွေ လောင်တာမျိုး ဖြစ်နိုင်ပါတယ်။ဓာတုပစ္စည်းတွေ လောင်တဲ့အခါအရေပြားက ကျိန်းစပ်စပ်ဖြစ်ပြီး အရေပြားတစ်ရှူးတွေပျက်စီးနိုင်ပါတယ်။ ဓာတုပစ္စည်းတွေ လောင်တာက နေအိမ်မှာဖြစ်နိုင်သလို လုပ်ငန်းခွင်နဲ့ ကျောင်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ထိလက်ရောက်စော်ကားခံရတာနဲ့ မတော်တဆဖြစ်ရပ်တွေကြောင့်လည်း ဓာတုပစ္စည်းလောင်တာမျိုး ခံစားရနိုင်ပါတယ်။ များသောအားဖြင့်တော့ ဓာတုပစ္စည်း လောင်တာကို ပြင်းထန်တဲ့ ထိခိုက်မှုအဖြစ်ယူဆကြပြီး ဆေးကုသမှုခံယူဖို့ တိုက်တွန်းလေ့ရှိကြပါတယ်။ဖြစ်ဖြစ်ချင်းမှာ ကိုယ်တိုင်လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ဓာတုပစ္စည်းတွေ လောင်ကျွမ်းတဲ့အခါ ဘယ်လိုပြုစုမှုတွေလုပ်ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးမယ်နော်။နေ့စဉ်အိမ်သန့်ရှင်းဖို့ သုံးနေတဲ့အရာတွေနဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အမျိုးမျိုးသောအရာတွေကြောင့် ဓာတုပစ္စည်းလောင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ကြိုတင်သတိထားနိုင်ဖို့ ဒီကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။များသောအားဖြင့်တော့ ဓာတုပစ္စည်း လောင်ကျွမ်းတာကမျက်နှာ၊မျက်လုံး၊လက်မောင်းနဲ့ ခြေတွေလက်တွေမှာ အဖြစ်များပါတယ်။ အချို့သောပစ္စည်းတွေက အပေါ်ယံအရေပြားလောက်ကိုပဲ လောင်ကျွမ်းစေတာဆိုပေမယ့် အချို့သောအရာတွေကတော့ အရေပြားအတွင်းပိုင်းက တစ်ရှူးတွေအထိ ထိခိုက်ပျက်စီးနိုင်ပါတယ်။ ရှူမိ့အခါ အသက်ရှူလမ်းကြောင်းပါ ထိခိုက်နိုင်ပါတယ်။ဓာတုပစ္စည်းတွေ လောင်တဲ့အခါ အရင်ဆုံးဒဏ်ရာရဲ့ ပြင်းထန်မှုကို သိအောင်လုပ်ဖို့ လိုပါမယ်။တကယ်လို့ သင့်အနေနဲ့ ဓာတုပစ္စည်းလောင်တာက မျက်လုံး၊ ပါးစပ်အတွင်းပိုင်းမှာဖြစ်မယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံကို အမြန်ဆုံးသွားရောက်တာက အကောင်းဆုံးသောနည်းလမ်းပါ။ဓါတုပစ္စည်းလောင်သွားတဲ့ နေရာကို ပိုးသတ်ထားတဲ့ ခြောက်သွေ့သန့်ရှင်းသောပတ်တီးစ ခပ်ပါးပါးလေးနဲ့ အုပ်ထားပေးပါ။ ပြင်ပက ရောဂါပိုးတွေ ဝင်ရောက်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်ဖို့ အတွက်ပါ။အိမ်သန့်ရှင်းရေးနဲ့ အပေါ်မှာ ပြောခဲ့တဲ့ပစ္စည်းတွေကြောင့်ပဲ အရေပြားလောင်တာမျိုးတွေ ဖြစ်စေနိုင်တာ မဟုတ်ပါဘူး။ဆံပင်၊အသားအရေနဲ့ခြေသည်းလက်သည်းတွေအတွက် အသုံးပြုတဲ့ပစ္စည်းတွေကို မှားယွင်းသုံးစွဲမိမယ်ဆိုရင်လည်း အရေပြားလောင်ကျွမ်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေပြားမှာ မတော်တဆလောင်ကျွမ်းတဲ့အခါ အရမ်းမပြင်းထန်ခင် သေချာဂရုစိုက်ပေးဖို့ပြောပါရစေနော်…။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/chemical-burns-to-skin/
ဂျင်းမဟုတ်တဲ့ ချင်း (ginger)
“ ဂျင်းထည့်တယ်” ဆိုတဲ့ အသုံးများလာတဲ့ စကားလေးတစ်ခုကို အားလုံး ကြားဖူးကြမှာပါ။ ဗန်းစကား “ဂျင်း” ဆိုတာကတော့ နားလည်သလောက်ပြောရရင် မဟုတ်တာတွေ၊ ပေါက်ကရတွေ၊ ဂျောက်တွန်းတဲ့ သဘောပေါ့။ ဒါပေမယ့် ဒီနေ့ရေးမယ့်ဂျင်း(ginger) လေးက ကျန်းမာရေးအတွက် အရမ်းကို ကောင်းစေတဲ့ ဂျင်းမဟုတ်တဲ့ ဂျင်းမြစ်လေးအကြောင်းပါ။ ဂျင်းမြစ်မှာအာဟာရဓာတ်တွေ၊ခုခံအားကောင်းစေတဲ့ ပစ္စည်းတွေ နဲ့ ပြည့်ဝနေတာကြောင့် ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အထောက်အကူအပေးဆုံး သဘာ၀ ထွက်ကုန်လေးတစ်ခုလို့တောင် တင်စားကြပါတယ်။ ဒါဆို ဂျင်းဟာ ဘယ်လိုနေရာမှာ အသုံးဝင်လဲ ဆိုတာကိုလေးကို ဆက်ပြောပြပါမယ်။(၁) germsလို့ခေါ်တဲ့ပိုးမွှားလေးတွေကိုတိုက်ထုတ်ပေးနိုင်ပါတယ်။ဂျင်းမှာပါဝင်တဲ့ ပစ္စည်းလေးတွေကဘက်တီးရီးယားပိုးမွှားလေး တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ဒါ့ကြောင့်လည်း ဂျင်းကို တိုင်းရင်းဆေးပညာတွေမှာရော၊ အိမ်တွင်းသုံးဆေးဝါး အနေနဲ့ရော အစဉ်အဆက်အသုံးပြုခဲ့ကြတာပါ။ ဒါ့အပြင် ဂျင်းမှာ antioxidant လို့ခေါ်တဲ့ ပစ္စည်းတွေ အများကြီးပါဝင်တာကြောင့် ရောဂါပိုးတွေဝင်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။(၂)သွားနဲ့ခံတွင်းကျန်းမာရေးကိုအထောက်အကူပြုနိုင်ပါတယ်။ဂျင်းလေးရဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်တဲ့ အစွမ်းသတ္တိက သွားကိုက်တာတွေ၊ သွားဖုံးဆိုင်ရာ ရောဂါ ပြသနာတွေကို ဖြစ်စေနိုင်တဲ့ ပိုးတွေကိုလည်း မကြီးထွားအောင်တားနိုင်တဲ့ အတွက် သွား၊ သွားဖုံး နဲ့ ခံတွင်း ကို ကျန်းမာအောင် ကူညီပေးနိုင်ပါတယ်။(၃)ပျို့အန်ချင်တာကိုလျော့ချပေးနိုင်ပါတယ်။အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာပျို့အန်ချင်တာတွေကို သိသိသာသာ သက်သာစေပါတယ်။ ဒါပေမယ့် အများကြီး မသောက်ခင်မှာတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ကြည့်ဖို့ကို အကြံပေးချင်ပါတယ်။(၄)ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊အဆစ်ရောင်တာတွေကိုသက်သာသေတယ်။အထူးသဖြင့် လေ့ကျင့်ခန်း အများကြီးလုပ်ရတဲ့ သူတွေ၊ အားကစားသမားတွေမှာဆိုရင် ဂျင်းဟာ ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်တဲ့အတွက် အင်မတန် အသုံးတည့်ပါတယ်။ ဒါ့အပြင် ဂျင်းမှာ ရောင်ရမ်းခြင်းကို သက်သာစေနိုင်တဲ့ anti-inflamatory လို့ခေါ်တဲ့ အစွမ်းသတ္တိရှိတာကြောင့် အဆစ်ရောင် ရောဂါကြောင့် ဖြစ်တဲ့ နာကျင်ခြင်းရော၊ ရောင်ရမ်းခြင်း တွေကိုပါ လျော့ကျစေနိုင်ပါတယ်။(၅)သွေးတွင်းအချိုဓါတ်ကိုထိန်းညှိပေးနိုင်တယ်။စမ်းသပ်ချက်လေးတစ်ခုအရ ဂျင်းဟာသွေးတွင်းအချိုဓာတ်ကိုလည်း ပမာဏ တစ်ခုအထိ ထိန်းညှိပေးနိုင်တဲ့ အပြင် နှလုံးရောဂါကို ဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေကိုလည်း လျော့နည်းစေတယ်လို့ ပြောထားပါတယ်။(၆)အမျိုးသမီးတွေရာသီလာချိန်မှာခံစားရတဲ့နာကြင်ကိုက်ခဲတာတွေကိုသက်သာစေနိုင်ပါတယ်။သဘာ၀ ဆေးကောင်းတစ်ခု အနေနဲ့ ဂျင်းဟာရာသီလာလို့ ကိုက်ခဲတဲ့ ဝေဒနာတွေကို သိသိသာသာ သက်သာစေတဲ့ တွက် အမျိုးသမီးတွေ အတွက်လည်း စားသုံးပေးသင့်တဲ့ သဘာဝထွက်ကုန်လေး တစ်ခု ဖြစ်တယ်လို့ ပြောပြချင်ပါတယ်။(၇)အစာမကြေတာကိုသက်သာစေနိုင်တဲ့အစွမ်းလည်းရှိတာကြောင့်နာတာရှည်ရင်ပြည့်ရင်ကယ်ဖြစ်တတ်တဲ့သူတွေအတွက်လည်းကောင်းပါတယ်။ဒါ့အပြင် ဂျင်းဟာ ခန္ဓာကိုယ်အတွက်သာမက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေမှာလည်း ကောင်းကျိုးတွေ အများကြီးပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို ကျန်းမာရေးကို အဖက်ဖက်က ကောင်းမွန်စေတဲ့ သဘာ၀ ဆေးကောင်းလေးကို နေ့စဉ် အစားအစာတွေထဲမှာ သတိတရ ထည့်ပြီး စားသုံးကြဖို့ အကြံပြုချင်ပါတယ်။ “တန်ဆေး၊ လွန်ဘေး” ဆိုတာလေးကို လည်း သတိရပြီး အလွန်အကျွံ မဖြစ်စေဖို့လည်း သတိပေးချင်ပါတယ်။ အားလုံး ကျန်းမာကြပါစေ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%82%e1%80%bb%e1%80%84%e1%80%ba%e1%80%b8-%e1%80%99%e1%80%9f%e1%80%af%e1%80%90%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%82%e1%80%bb%e1%80%84%e1%80%ba%e1%80%b8-ginger/
diverticulosis
Diverticulosisဆိုတာ အူမကြီး နံရံမှာ အိတ်ကလေးများဖြစ်ပေါ်လာ တဲ့ အခြေအနေဖြစ်ပါတယ်။ ထိုအိတ်လေးများဟာ ၅-၁၀ မီလီမီတာ ထိ သေးငယ်လေ့ရှိပါတယ်။ တစ်ခါတစ်ရံ ထိုထက် ကြီးနိုင်ပါတယ်။ထိုအိတ်ကလေးများဟာ ရောင်ရမ်းခြင်းမရှိပါက မည်သည့် လက္ခဏာ နာကျင်မှုမှ မပြတတ်ပါ။ ရောင်ရမ်းခြင်းနဲ့ နာကျင်မှုရှိလာပါက Painful diverticular disease or diverticulitis ဟုခေါ်ပါတယ်။Diverticulosis။ရှိသော လူ ၁၀၀ တွင် ၈၀ လောက်မှာ Diverticulitis လုံဝမဖြစ်တတ်ပါဘူး။ ဒီဝေဒနာရှင် တော်တော်များများမှာ အခြားသော ရောဂါဝေဒနာ တစ်ခုခုအတွက် စမ်းသပ်ရှာဖွေမှုများ ပြုလုပ်မှသာDiverticulosisရောဂါရှိမှန်း တွေ့ရှိကြတတ်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက် ၄၀ ကျော် လူ ၁၀၀ မှာ ၁၀ ယောက်၊ အသက် ၆၀ ကျော် လူ ၁၀၀ မှာ ၅၀ ယောက်တွင် ထိုရောဂါ ဖြစ်ပွားတာတွေ့ရပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Diverticulosisဟာများသောအားဖြင့် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ အချိန်ကြာလာရင်တော့ အူမကြီးနံရံ အိတ်လေးတွေထဲ ရောဂါပိုးဝင်တတ်ပြီး ရောင်ရမ်းလာတတ်ပါတယ်။ ထိုသို့ ရောင်ရမ်း နာကျင်တဲ့ အခြေအနေကို Painful diverticular disease လို့ခေါ်ပါတယ်။ ထိုအခြေအနေဟာ Irritable bowel syndrome (IBS) ကြောင့်ဖြစ်တတ်ပါတယ်။ ထိုအခါ ဝမ်းလျှောခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်း၊ ဖျားနာခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အူမကြီးနံရံတွင် အိတ်ကလေးများ diverticula ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်း ကိုတော့ တိတိကျကျ မသိသေးပါဘူး။ ဆရာဝန်များကတော့ အူမကြီးနံရံမှာရှိတဲ့ ပျော့တဲ့နေရာလေးတွေကနေ ဖိအားဒါဏ်ကြောင့် အိတ်များအသွင်ပြောင်းသွားတယ်လို့ ယူဆကြပါတယ်။ အမျှင်ဓါတ်များသော အစားအစာများ စားသုံးခြင်းဖြင့် ဝမ်းမှန်စေပါတယ်။ အမျှင်ဓါတ်နည်းသော အစားအစာများ စားပါက ဝမ်းချုပ်တတ်ပြီး အူမကြီးထဲတွင် ဝမ်းများစုပြုံလာကာ ဝမ်းများမာသွားစေပါတယ်။ ထိုအခါ အူမကြီးက ထိုမာကြောသော ဝမ်များထွက်အောင် အားသုံးပြီး လှုပ်ရှားရသောကြောင့် ဘေးနံရံများကို ဖိအားဖြစ်စေပါတယ်။ ထိုနည်းဖြင့် အူမကြီးနံရံမှာရှိတဲ့ ပျော့တဲ့နေရာလေးတွေကနေ ဖိအားဒါဏ်ကြောင့် အိတ်များအသွင်ပြောင်းသွားတယ်။diverticulosisဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။-အသက်အရွယ်ကြီးခြင်း။-အဝလွန်ခြင်း။-ဆေးလိပ်သောက်ခြင်း။-ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း။-တိရစ္ဆာန် အဆီများပြီး အမျှင်ဓါတ်နည်းသော အစားအစာများ စားခြင်း။-အချို့သော ဆေးဝါးများ။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့health condition မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဓါတ်မှန်ရိုက်ခြင်း, အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းတို့ဖြင့် ရှာဖွေအတည်ပြုနိုင်ပါတယ်။Diverticulosis ကိုကုသတဲ့ အဓိက နည်းလမ်းကတော့ ဝမ်းချုပ်ခြင်းကို ရှောင်ကြဉ်ခြင်းပဲ ဖြစ်ပါတယ်။ ဝမ်းမချုပ်စေရန်-။အထက်ပါ နည်းလမ်းများက အူမကြီးနံရံ အိတ်ကလေးများ ဖြစ်ပေါ်မှုကို လျှော့ချ ပေးနိုင်သလို ရောင်ရမ်းခြင်း အန္တရာယ်ကို လည်းလျော့နည်းစေပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် diverticulosisကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် diverticulosisကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/diverticulosis/
လေထုညစ်ညမ်းမှု အန္တရာယ်
မနေ့က (ဇန်နဝါရီ ၂၉ ၂၀၂၀)က ရန်ကုန်ရဲ့လေထုက အနီရောင်အဆင့်ကို ရောက်သွားတယ်ဆိုတာ သိပါသလား။ ဒီ၂၁ရာစုမှာ လူဦးရေ တိုးပွားလာတာကြောင့် ကုန်ကြမ်းကုန်ချောတွေ ပိုလိုအပ်လာတဲ့အတွက် စက်ရုံတွေ၊ စွမ်းအင်တွေ ပိုလိုလာပါတယ်။ စိုက်ပျိုးရေးမြေတွေ၊ ရေတွေလည်း ပိုလိုလာပါတယ်။ ဒါတွေရဲ့ အဆုံးသတ်က ပတ်ဝန်းကျင်သယံဇာတ ပျက်စီးပြီး လျှော့နည်းလာတာပါပဲ။ ဒါကို သတိထားမိတဲ့ ဖွံဖြိုးပြီးနိုင်ငံကြီးတွေက ပတ်ဝန်းကျင်မညစ်ညမ်းအောင် ဇီဝလောင်စာအသုံးတွေလျှော့ချတာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်တာတွေ စလုပ်နေကြပါပြီ။ မြန်မာနိုင်ငံအနေနဲ့လည်းဖွံ့ဖြိုးဆဲနိုင်ငံအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့လိုနေပါပြီ။လေထုညစ်ညမ်းမှုအနီရောင်အဆင့်က အားလုံးကို သတိပေးလိုက်တာပါပဲ။ ဒီညစ်ညမ်းမှုတွေရဲ့ နောက်ကွယ်မှာ ကျန်းမာရေးအရဘယ်လိုထိခိုက်မှုတွေရှိနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။လေထုညစ်ညမ်းတယ်ဆိုတာ ကိုယ်ရှူတဲ့လေထဲမှာ အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေပါနေတာပါ။ WHOက လူ၁၀ယောက်မှာ ၉ယောက်က မသန့်တဲ့လေတွေကို ရှူနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်WHOက လေထုညစ်ညမ်းမှုကို တိုင်းတာပြီး လေသန့်စင်အောင်လုပ်ဖို့ နိုင်ငံတကာကို တိုက်တွန်းနေတာပါ။ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အကြောင်းတွေကတော့။ကျောက်မီးသွေး၊ ရေနံတွေ လောင်ကျွမ်းရာကထွက်လာတဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်တွေ၊ ကားတွေ၊ ရထားတွေ၊ လေယာဉ်တွေကထွက်တဲ့ မီးခိုးငွေ့တွေ၊ အမှိုက်တွေမီးရှို့ရာက ထွက်လာတဲ့ မီးခိုးငွေ့တွေက လေထုကို ညစ်ညမ်းစေပါတယ်။စိုက်ပျိုးရေးလုပ်ငန်းတွေမှာသုံးတဲ့ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာတွေက ထွက်လာတဲ့ အမိုးနီးယားတွေက လေထုအပါအဝင် ရေထုကိုပါ ညစ်ညမ်းစေပါတယ်။စက်ရုံကထွက်တဲ့ ကာဗွန်မိုနောက်ဆိုဒ်နဲ့ တခြားသောဒြပ်ပေါင်းတွေက လေထု၊ မြေထု ညစ်ညမ်းမှုကို ဖြစ်စေပါတယ်။ ကမ္ဘာကြီးရဲ့ နေရာတော်တော်များများမှာ စက်ရုံကထွက်တဲ့အညစ်အကြေးတွေရဲ့ ဒဏ်ကို ခံနေရပါတယ်။မိုင်းတွင်းလုပ်ငန်းဆိုတာ စက်ကြီးတွေသုံးပြီး သတ္တုတွေ တူးဖော်တဲ့အတွက် မြေအောက်က ဓာတ်ငွေ့တွေ၊ အမှုန်တွေထွက်ပြီး လေထုကို ညစ်ညမ်းစေပါတယ်။အိမ်သုတ်ဆေးတွေသုတ်ပြီးရင် အနံ့ဆိုးဆိုးတွေ ထွက်လာတာကြုံဖူးပါလား။ ဒါကလည်း အိမ်တွင်း​လေထုညစ်ညမ်းမှုပါပဲ။ ဒါ့ပြင် အိမ်ထဲမှာ ထင်း၊ မီးသွေးသုံးပြီး ထမင်းချက်တာ၊ ခြင်ဆေးခွေထွန်းတာ၊ ခြင်ဆေးဖျန်းတာ၊ အမွှေးတိုင်ထွန်းတာကလည်း အိမ်တွင်းလေထုညစ်ညမ်းမှုရဲ့ အကြောင်းတွေပါပဲ။လေထုထဲမှာပါတဲ့ ညစ်ညမ်းတဲ့ အမှုန်အမွှားတွေကအဆုတ်ကင်ဆာရဲ့ အကြောင်းရင်းတစ်ချက်ပါပဲ။ လေထုညစ်ညမ်းတာက အဆုတ်ကင်ဆာအပြင် ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်ကင်ဆာကိုပါ ဖြစ်စေပါတယ်။တချို့သော လေထုညစ်ညမ်းမှုတွေက မြင်နိုင်ပါတယ်(ဥပမာ မီးခိုး)။ တချို့ကမမြင်နိုင်ပါဘူး (ဥပမာ ကာဗွန်မိုနောက်ဆိုဒ်)။ သင့်ရဲ့ ပန်းနာရင်ကြပ်ကို ပိုဆိုးစေတဲ့ လေထုအညစ်အကြေးနှစ်ခုရှိပါတယ်။ တစ်ခုက အိုဇုန်းပါ။ သူက သင့်ကို အသက်ရှူရခက်စေပါတယ်။ နောက်တစ်ခုက အမှုန်အမွှားတွေပါ။ သူက အဆုတ်မှာ ကပ်ငြိနေပြီး ခဏခဏရင်ကြပ်စေမှာပါ။ကားကထွက်တဲ့ အိတ်ဇောငွေ့တွေက လေထုကိုညစ်ညမ်းစေပါတယ်။ ဒီလိုကားကြပ်တဲ့နေရာမှာ နေတာကြာရင် လေပြွန်တွေရောင်ရမ်းပြီး နာတာရှည်ဖြစ်လာမှာပါ။နာတာရှည် လေပြွန်ရောင်တာနဲ့ လေအိတ်ငယ်ကျယ်တာက COPDအုပ်စုထဲမှာ အဖြစ်များတဲ့ ရောဂါပါ။ ဓာတ်ငွေ့တွေ၊ အမှုန်တွေ၊ မီးခိုးတွေကို အကြာကြီးရှူမိတဲ့သူတွေမှာဖြစ်ပါတယ်။ လေထုညစ်ညမ်းလေလေ COPDပိုဆိုးလေပါ။ COPDရှိပြီးသားဆိုရင် လေထုညစ်ညမ်းလာတာနဲ့ အသက်ရှူတွေပါ ကြပ်လာမှာပါ။နိုက်ထရိုဂျင်အောက်ဆိုဒ်တွေ ဆာလ်ဖာဒိုင်အောက်ဆိုဒ်တွေက အဆုတ်ကို ရောင်ရမ်းစေပါတယ်။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေက ပိုပြီးခံစားရပါတယ်။ ကလေးငယ်သေဆုံးမှုတော်တော်များများက နမိုးနီးယားကြောင့်ပါ။ လူကြီးတွေမှာလည်း နမိုးနီးယားကြောင့် ဆေးရုံခဏခဏတက်ရနိုင်ပါတယ်။လေထုညစ်ညမ်းမှုကြောင့်heart attack၊နှလုံးခုန်မမှန်တာ၊ နှလုံးပျက်စီးတာ၊လေဖြတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ လေထုထဲမှာပါတဲ့ အမှုန်အမွှားတွေက သွေးကြောထဲကို ရောက်ပြီး ရောင်ရမ်းစေပါတယ်။လေ့လာချက်တွေအရ လေထုညစ်ညမ်းမှုကစိတ်ကျခြင်းနဲ့စိတ်အတက်အကျမြန်တာကို ဖြစ်စေပါတယ်တဲ့။လေထုညစ်ညမ်းမှုက ခုခံအားကို ထိခိုက်စေပြီး အဆုတ်မှာ ခုခံအားကမောက်ကမရောဂါတွေကို ဖြစ်စေပါတယ်။လေထုထဲမှာပါတဲ့ အိုဇုန်းက ကိုယ်ဝန်နုစဉ်မှာကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေပါတယ်။လေထုညစ်ညမ်းမှုကြောင့် သွေးထဲက ဓာတ်ပစ္စည်းတွေက အချင်းကိုအားနည်းစေပြီး လမစေ့ခင်မွေးစေပါတယ်။လေထုညစ်ညမ်းမှုကြောင့် လူတွေက အသက်တိုလာကြပါပြီ။ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုနဲ့ကြောင့် လေဖြတ်တာ၊ နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ နာတာရှည် အဆုတ်ရောဂါနဲ့ ပိုးဝင်တာတွေကြောင့် အရွယ်မတိုင်ခင် သေဆုံးနေကြပါတယ်။လေထုညစ်ညမ်းမှုကြောင့် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်ကာ သင်ယူနိုင်စွမ်းတွေ၊ မှတ်ဉာဏ်အားတွေ ထိခိုက်နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာလည်း မှတ်ဉာဏ်ချို့ယွင်းခြင်းကို ဖြစ်စေပါတယ်။အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် မျက်စိယားတာ၊ နှာရည်ယိုတာ၊ လည်ပင်းနာတာ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။လေထုညစ်ညမ်းမှုကို လျှော့ချဖို့အတွက်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9c%e1%80%b1%e1%80%91%e1%80%af%e1%80%8a%e1%80%85%e1%80%ba%e1%80%8a%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%af-%e1%80%a1%e1%80%94%e1%80%b9%e1%80%90%e1%80%9b%e1%80%ac%e1%80%9a%e1%80%ba/
ဦးနှောက်အကျိတ်ကို ကုသလို့ ရပါ့မလား
သင့်ဆီမှာဦးနှောက်အကျိတ်ရှိနေပြီလို့ သိလိုက်ရတဲ့အချိန်မှာ သင်ဘာဆက်လုပ်မလဲ။ အရင်တုန်းကဆိုရင်တော့ ဒါဟာ သိပ်ကို ဝမ်းနည်းဖို့ကောင်းတဲ့ သတင်းဆိုးပါပဲ။ ခုတော့ တိုးတက်လာတဲ့ ဆေးပညာကြောင့် ဦးနှောက်အကျိတ်ဆိုတာ ကြောက်စရာ မဟုတ်တော့ပါဘူး။ ကုသမှုနည်းလမ်းတွေ အများကြီး ရှိနေတာကြောင့် ဦးနှောက်အကျိတ်ကို ကုသလို့ ရပါ့မလား ဆိုပြီး လက်လျှော့အရှုံးပေးဖို့ မစဉ်းစားပါနဲ့တော့။ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာ အကျိတ်တွေ၊ အလုံးတွေ ဖြစ်နိုင်သလိုဦးနှောက်မှာလည်း အကျိတ်ဖြစ်နိုင်ပါတယ်။ တချို့ကရိုးရိုးအကျိတ်ဖြစ်သလို တချို့ကလည်းကင်ဆာကျိတ်ပါ။ဦးနှောက်ဆဲလ်တွေမှာစပြီးကင်ဆာဖြစ်တာ ဖြစ်နိုင်သလို တခြားကင်ဆာတွေကနေ ဆဲလ်တွေက ဦးနှောက်ကို ရောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဦးနှောက်အကျိတ်တွေ  အမျိုးအစားတွေ ရှိတဲ့ထဲက အဖြစ်အများဆုံး အမျိုးအစားတွေကတော့။စတဲ့ အကျိတ်တွေဖြစ်ပါတယ်။တခြား အမျိုးအစားတွေကတော့။ဦးနှောက်အကျိတ်ရဲ့ လက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်  တူချင်မှ တူမှာပါ။ သူ့ရဲ့ အရွယ်အစား၊ ဖြစ်တဲ့နေရာ၊ ကြီးထွားနှုန်းပေါ် မူတည်ပြီး ကွာသွားနိုင်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့။ဦးနှောက်ဆဲလ်က စဖြစ်တဲ့အကျိတ်ကတော့ ဒီအန်အေနဲ့ ဆဲလ်တွေ ပွားတာ ပုံမမှန်လို့ ကင်ဆာဆဲလ်တွေ အဖြစ်ပြောင်းသွားပြီး အကျိတ်ဖြစ်လာတာပါ။ တစ်ခါတလေ ခန္ဓာကိုယ်ရဲ့ တခြား တစ်နေရာ (ရင်သား၊ အူမကြီး၊ အဆုတ်) မှာ ကင်ဆာဖြစ်တာကြောင့် ဦးနှောက်ကို ပျံ့လာတာပါ။လူကြီးတွေမှာ ဦးနှောက်ကိုယ်တိုင်ကဖြစ်တာထက် တခြားကင်ဆာကပျံ့လာတာက ပိုအဖြစ်များပါတယ်။အများထင်နေသလို ညအိပ်ရင် ဖုန်းကို အိပ်ရာနားမှာ ထားအိပ်တာ၊ မိုက်ခရိုဝေ့ မီးဖိုတွေက ထွက်တဲ့ ရောင်ခြည်တွေကြောင့် ဦးနှောက်အကျိတ်ဖြစ်တယ်လို့ သက်သေပြချက်မရှိသေးပါဘူး။ဦးနှောက်အကျိတ်ကို ကုသလို့ ရပါ့မလား ဆိုတော့ ဦးနှောက်ကင်ဆာ ကုလို့ ရ၊ မရဆိုတာက အကျိတ်အမျိုးအစား၊ အရွယ်အစား၊ ဘယ်နေရာမှာ ဖြစ်လဲဆိုတာပေါ် မူတည်ပါတယ်။ နောက်ပြီး လူနာရဲ့ နဂိုရောဂါအခံနဲ့ ကျန်းမာရေး အခြေအနေရောပေါ့။ ကုသနည်းတွေကတော့။အကျိတ်က သေးတယ်၊ ခွဲလို့ လက်လှမ်းမီတဲ့ နေရာမှာ ရှိတယ်ဆိုရင် ခွဲလို့ရပါတယ်။ ဦးနှောက်က ဦးခေါင်းထဲမှာ အပြည့်နေရာယူထားတဲ့အတွက် အကျိတ်ကြီးလာတာနဲ့အမျှ ဦးနှောက်ကိုဖိပြီး ဦးနှောက်ကျွံတတ်ပါတယ်။ ဒါကြောင့် အကျိတ်အကုန်လုံး မဟုတ်တောင် တချို့ တစ်ဝက်ကို ခွဲထုတ်လိုက်မယ်ဆိုရင် ခံစားရတဲ့ လက္ခဏာတွေ  သက်သာလာနိုင်ပါတယ်။အားပြင်းတဲ့ ရောင်ခြည်ကို သုံးပြီး အကျိတ်ကို သေးအောင် လုပ်တာပါ။ ကုသနေစဉ်မှာ ဆံပင်ကျွတ်တာ၊ နုံးတာ ဖြစ်တတ်ပါတယ်။ဓားနဲ့ ခွဲတာ မဟုတ်ဘဲ ရောင်ခြည်ကို သုံးပြီး ခွဲစိတ်တာပါ။ ခွဲစိတ်ချိန်ကလည်း ၁၅မိနစ်ကနေ နာရီပိုင်းလောက်ထိပဲ ကြာတာပါ။ ဓားနဲ့ ခွဲစိတ်တာ မဟုတ်လို့ မလိုတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်နိုင်ပါတယ်။ ဒါပေမယ့် ထုံဆေးကြောင့် မအီမသာ ဖြစ်တာ၊ ခေါင်းကို ထိန်းထားတာကြောင့် သက်သောင့်သက်သာ မဖြစ်တာ ဖြစ်တတ်ပါတယ်။သောက်ဆေးတွေ၊ ထိုးဆေးတွေကို သုံးပြီး ကင်ဆာဆဲလ်တွေကို နည်းသွားအောင် လုပ်တာပဲ ဖြစ်ပါတယ်။Targeted drug therapy ဆိုတာ ဦးနှောက်အကျိတ် အမျိုးအစားပေါ်လိုက်ပြီး ဖြစ်နေတဲ့ အကျိတ်ရဲ့ ပြန့်ပွားမှုနှင့် ကြီးထွားမှုကို နှေးစေတဲ့ ဆေးတွေကို အသုံးပြုပြီး ကုသခြင်းဖြစ်ပါတယ်။ ဒီဆေးတွေဟာ ကင်ဆာဆဲလ် ပြန့်ပွားမှုကို ထိန်းသိမ်းပေးပြီး ဘေးနားက ကောင်းမွန်တဲ့ တစ်ရှူးဆဲလ်တွေကိုလည်း မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ဒီတော့ ဦးနှောက်အကျိတ်ဆိုတာနဲ့ ကြောက်စရာမလိုတော့ပါဘူး။ ခေတ်မီတဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်ပြီဖြစ်လို့ လူနာတွေအတွက် မျှော်လင့်ချက်တွေ အများကြီးရှိနေပါပြီ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/brain-tumors/brain-cancer-brain-tumor/
ရေနွေးပူလောင်တဲ့ ကလေးတွေကို ဘယ်လိုပြုစုပေးမလဲ
ကလေးတွေမှာ ရံဖန်ရံခါ ဖြစ်တတ်တဲ့ မတော်တဆမှု တစ်ခုပါပဲ။ကလေးတွေရဲ့ အရေပြားဟာ အလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့အတွက်ကြောင့် တခြားဒဏ်ရာတွေနဲ့ ယှဉ်လိုက်ရင် ရေနွေးပူလောင်တာဟာ ဝေဒနာဆိုးဆိုးရွားရွားဖြစ်စေနိုင်တဲ့အပြင်အမာရွတ်ကျန်သည်အထိ ပြင်းထန်နိုင်ပါတယ်။ရေနွေးပူလောင်တဲ့အခါမှာ ပြင်းထန်မှုအတိုင်းအတာပေါ် မူတည်ပြီး အိမ်မှာ အလွယ်တကူ ကုသပေးလို့ အဆင်ပြေသလို ဆရာဝန်ဆီ အမြန်ဆုံး သွားရောက်ပြီး ကုသမှုခံယူဖို့လည်း လိုအပ်ပါတယ်။၁။ ပူလွန်းတဲ့ ရေနဲ့ရေချိုးတဲ့အခါ၊ ရေပူကန်ထဲ အချိန်ကြာမြင့်စွာ စိမ်တဲ့အခါ။၂။ကော်ဖီ၊ ရေနွေးကြမ်း ပူပူသောက်ရင်းနဲ့ လက်ပေါ်ကို မှောက်မိတဲ့အခါ။၃။ ပူနေတဲ့ အစားအစာ၊ အရည်တွေ လက်နဲ့ သွားထိမိတဲ့အခါ။၄။ ပူနေတဲ့ မီးဖို၊ ဒယ်အိုး၊ မီးပူ အစရှိတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ထိတွေ့မိတဲ့အခါ။၅။ ဓာတုဗေဒပစ္စည်းတွေ အထူးသဖြင့် အယ်လ်ကိုဟော ပါဝင်မှု များတဲ့ ပစ္စည်းတွေ၊ ဆားကစ်ပေါက်နေတဲ့ ဘက်ထရီတွေ ထိမိတဲ့အခါ။၆။ အစွန်းချွတ်ဆေးတွေ အသားအရေနဲ့ ထိတွေ့မိတဲ့အခါ။၇။ လျှပ်စစ်ဓါတ်ကြိုးကို ကိုက်တာ၊ လျှပ်စစ်ပလပ်ခေါင်းထဲ လက်ထိုးထည့်ရာကနေဓာတ်လိုက်ပြီး အပူလောင်တာ။၈။ နေပူထဲ အကာအကွယ်မပါပဲ ထွက်တဲ့အခါ အစရှိသဖြင့် ကလေးအသားကို အပူလောင်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။အရေပြားရဲ့ အပေါ်ယံအလွှာကိုပဲ ထိခိုက်မိတဲ့အခြေအနေပါ။ မပြင်းထန်တဲ့ အခြေအနေလို့လည်း ဆိုနိုင်ပါတယ်။အပူလောင်တဲ့နေရာမှာ နီရဲတာ၊ နာကျင်တာ၊ အနည်းငယ်ရောင်တာမျိုး တွေ့ရတတ်ပြီး အရည်ကြည်ဖုမထွက်ပဲ အသားခြောက်နေတတ်ပါတယ်။ပုံမှန်အားဖြင့် ၃ရက်ကနေ ၆ရက်အတွင်းမှာ ပျောက်ကင်းသွားနိုင်ပြီး အပူလောင်တဲ့ ဒဏ်ရာပေါ်က ပျက်စီးနေတဲ့ အရေပြားဟာ ၁ရက်၊ ၂ရက်အတွင်း ကွာကျသွားပါတယ်။အနည်းငယ်ပိုပြင်းထန်တတ်ပြီးအရေပြားအပေါ်ယံအလွှာရဲ့ အောက်ဘက်အထိပါ ထိခိုက်သွားတဲ့ အခြေအနေဖြစ်ပါတယ်။အရည်ကြည်ဖုတွေ ထွက်လာမယ်။ အလွန်နာကျင်ပြီး ဒဏ်ရာက နီရဲနေမယ်။ အရည်ကြည်ဖုက ပေါက်ထွက်သွားတဲ့အခါ နီရဲရဲ ဒါမှမဟုတ် ပန်းနုရောင်လေး သမ်းနေပါတယ်။ဒဏ်ရာပြင်းထန်မှုနဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ပျောက်ကင်းတဲ့ အချိန်ကြာမြင့်နိုင်ပါတယ်။ အနည်းငယ် ၃ပတ်နဲ့ အထက်မှာမှ လုံးဝပျောက်ကင်းသွားနိုင်ပါတယ်။အပူလောင်ခြင်းရဲ့ အပြင်းထန်ဆုံး အဆင့်လို့ သတ်မှတ်ပြီးအရေပြားရဲ့ အပေါ်ယံရော အောက်ဘက်က အရေပြားတစ်ရှူးတွေအထိပါ ထိခိုက်မိတဲ့ အခြေအနေပါ။အပူလောင်တဲ့ နေရာမှာ ခြောက်သွေ့ပြီး ဖယောင်းလိုဖြူစွတ်ပြီး ချောနေတာ၊ ကြမ်းတမ်းပြီး အညိုရောင်သမ်းနေတာ၊ မီးခိုးကျပ်တိုက်ထားသလို အမည်းရောင်ဖြစ်နေနိုင်ပါတယ်။ အရေပြားအောက်က သွေးကြောတွေကိုပါ ထိခိုက်မိသွားတဲ့အတွက် အစပိုင်းမှာ နာကျင်မှုအနည်းငယ်ပဲ ရှိတာ၊ လုံးဝမနာကျင်တာ၊ ထုံကျဉ်နေသလို ဖြစ်နိုင်ပါတယ်။ပြင်းထန်မှုပေါ်မူတည်ပြီး ပျောက်ကင်းချိန် ကြာမြင့်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူသင့်ပါတယ်။၁။ ကလေးကို အပူလောင်စေတဲ့ အရာနဲ့ ဝေးရာကို ခေါ်သွားပါ။၂။ အပူလောင်နေတဲ့ နေရာမှာ ရှိနေတဲ့ အဝတ်အစားတွေ အကုန် ဖယ်ထုတ်လိုက်ပါ။၃။ အပူလောင်ဒဏ်ရာပေါ် ရေအေး လောင်းချပါ။ ရေအေး ဆိုရာမှာ ရေခဲရေကို အသုံးပြုလို့ မရပါဘူး။၄။ သန့်ရှင်းတဲ့ အဝတ် အစို သန့်သန့်လေးနဲ့ ဒဏ်ရာပေါ် ၃မိနစ် ကနေ ၅မိနစ်ထိ ဖိထားပေးပါ။၅။ ရေခဲကို အသုံးပြုတဲ့အခါ ထိခိုက်ထားတဲ့ အရေပြားကို ပိုပြီး ပျက်စီးစေတဲ့အတွက် အသုံးမပြုသင့်ပါဘူး။၆။ ထောပတ်၊ ပေါင်ဒါမှုန့်၊ လိမ်းဆေးအဆီ အစရှိသည်တို့ကို မလိမ်းပါနဲ့။ ဒဏ်ရာကို ပိုနက်စေပြီး ရောဂါပိုး ပိုပြီး ဝင်စေနိုင်ပါတယ်။၇။ရှားစောင်းလပ်ပက်နဲ့ လုပ်ထားတဲ့ ဂျယ်လ် ဒါမှမဟုတ် ခရင်မ်တစ်မျိုးမျိုး လိမ်းပေးပါ။ တစ်နေ့ကို ၂ကြိမ် ၃ကြိမ်လောက် လိမ်းပေးပါ။၈။ နာကျင်တာသက်သာစေဖို့ ibuprofen ပါဝင်တဲ့ ဆေးတွေကို တိုက်ပေးလို့ရပါတယ်။၉။ အပူလောင်ထားတဲ့ နေရာကို သန့်ရှင်းအောင်ထားပါ။ အပူလောင်ပြီး ၂၄နာရီအတွင်း ပိုးသတ်ထားတဲ့ ဂွမ်းနဲ့ အုပ်ထားပါ။ဒီအချက်တွေဟာ ပထမအဆင့် အပူလောင်ခြင်းအတွက်သာ ဖြစ်ပြီး ဒုတိယနဲ့ တတိယအဆင့် ပြင်းထန်တဲ့ အပူလောင်ခြင်းတွေအတွက် အရေးပေါ်ဆေးခန်းကို သွားရောက်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆေးရုံမရောက်ခင်၊ လူနာတင်ယာဉ် မရောက်ခင်မှာ။၁။ ကလေးကို လှဲထားပေးပါ။ ဒဏ်ရာဖြစ်နေတဲ့ နေရာကို အပေါ်နည်းနည်း မြှင့်ထားပါ။၂။ ပထမအဆင့်မှာ ပြုစုခဲ့တဲ့ နည်းလမ်းတွေကို လိုက်နာပါ။၃။ဒဏ်ရာတစ်ဝိုက်မှာ ရှိနေတဲ့ လက်ဝတ်ရတနာ၊ အဝတ်အစားတွေ အကုန်ဖယ်ရှားပေးပါ။၄။ အရည်ကြည်ဖုတွေကို မပေါက်သွားစေဖို့ သတိထားပါ။၅။ ဒဏ်ရာပေါ်ကို ရေအေးနဲ့ ၃မိနစ် ကနေ ၅မိနစ်အထိ လောင်းချပေးပါ။ သန့်ရှင်းတဲ့ အဝတ်နဲ့ ဒဏ်ရာကို အုပ်ထားပြီး ဆေးရုံကို အမြန်ဆုံးပို့ပေးပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/burns-in-kids/
အမွှေးတိုင် တွေက သင့်ကျန်းမာရေးကို ထိခိုက်နိုင်သလား။
ဘာသာရေးအရပဲ ဖြစ်ဖြစ်၊ ပွဲလမ်းသဘင်တွေမှာပဲ ဖြစ်ဖြစ် အမွှေးတိုင် ကို ထွန်းခဲ့ကြတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အရင်ခေတ်တွေကတော့ သဘာဝပစ္စည်းတွေကို မီးရှို့ပြီး ထွက်လာတဲ့အမွှေးနံ့နဲ့ ပူဇော်ကြတာပါ။ နံ့သာ၊ နှင်းဆီ၊ သစ်ကတိုး စသဖြင့် အနံ့အမျိုးမျိုး သုံးခဲ့ကြပါတယ်။ အမွှေးတိုင်အပြင် အမှုန့်၊ အဆီခဲ စသဖြင့် ပုံစံမျိုးစုံ ရှိပါတယ်။ ခုခေတ်မှာတော့ဓာတုပစ္စည်းတွေက အနည်းနဲ့ အများ ပါဝင်လာကြပါပြီ။ ဒါ့ပြင် ဘုရားကျောင်း၊ ဘုံကျောင်းတွေမှာအပြင် အိမ်တွင်းမျာလည်း သုံးလာကြတဲ့အတွက် ဒါတွေကအိမ်တွင်းလေထုညစ်ညမ်းမှု(indoor air pollution) မဖြစ်နိုင်ဘူးလား။ လူတွေရဲ့ ကျန်းမာရေးကို မထိခိုက်နိုင်ဘူးလားဆိုပြီး မေးခွန်းထုတ်လာကြပါပြီ။သုတေသနရလဒ်တွေက သိပ်တော့ ခိုင်လုံမှုမရှိသေးပေမယ့် အနည်းအများတော့ ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ဘယ်လောက်များများ ထွန်းမှာလဲ။ ကိုယ်က ဘယ်လောက်ရှူမိမှာလဲ။ လေဝင်လေထွက် ကောင်းတဲ့နေရာမှာလား။ အိမ်ထဲမှာ အလုံပိတ်ပြီးတော့လား စတဲ့အချက်တွေကို ထည့်ပြီး စဉ်းစားဖို့ လိုမှာပါ။ ဘာပဲဖြစ်ဖြစ် တစ်ခုခုကို မီးရှို့လိုက်လို့ ထွက်လာတဲ့အမှုန်အမွှားတွေ၊ ဓာတုပစ္စည်းတွေက အသက်ရှူလမ်းကြောင်းကို အနည်းနဲ့ အများတော့ ထိခိုက်နိုင်တာတော့ အမှန်ပါပဲ။ သုတေသနတွေအရ ဘာတွေ ထိခိုက်နိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။ကင်ဆာ။အမွှေးတိုင်မှာ သဘာဝဟုတ်တာရော၊ မဟုတ်တာရော အနံ့ထွက်တဲ့ အမှုန်လေးတွေ အများကြီး ပါပါတယ်။ ၂၀၀၉ခုနစ်က သုတေသန တစ်ခုမှာတော့ ဒီအမှုန်တွေက တချို့က ကင်ဆာဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒီသုတေသနကပဲ အမွှေးတိုင်တွေ အများကြီးသုံးတာက ကင်ဆာဖြစ်နိုင်ချေကို ပိုမြင့်စေတယ်လို့ ဆိုခဲ့ပါတယ်။ အထူးသဖြင့်တော့ အသက်ရှူလမ်းကြောင်းကင်ဆာနဲ့အဆုတ်ကင်ဆာတွေပါ။နောက်ထပ်သုတေသန တစ်ခုကတော့ အမွှေးတိုင်က အနံ့တွေက ဆေးလိပ်ထက်ပိုပြီး အန္တရာယ်များတယ်လို့ပြောပါတယ်။ ဒါပေမယ့် ဒါက လူမှာ စမ်းသပ်ထားတာ မဟုတ်ပါဘူး။ နောက်ပြီး ဒါက အလွန်အကျူး ပြောထားတာ ဖြစ်တယ်လို့ တချို့ ပညာရှင်တွေက ဆိုပါတယ်။အမွှေးတိုင်မှာ အမွှေးနံ့ထွက်စေတဲ့ ဒြပ်ပေါင်းတွေ အပြင် တခြားကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။ ဒါတွေကတော့။ပန်းနာရင်ကျပ်။အမွှေးတိုင်မှာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေအပြင် ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေလည်း ပါဝင်တဲ့အတွက် အသက်ရှူလမ်းကြောင်းပြဿနာတွေ အထူးသဖြင့် ပန်းနာရင်ကျပ်ကို ဖြစ်စေပါတယ်။ ပန်းနာရင်ကျပ်ရှိတဲ့ ကလေး ၃၀၀၀ကို ပန်းနာရင်ကျပ်ထတာနဲ့ အမွှေးတိုင်အငွေ့ရှူတာ ဆက်စပ်သလားဆိုပြီး လေ့လာကြည့်တဲ့အခါ အမွှေးတိုင်ငွေ့ရှူမိတဲ့ကလေးတွေကပန်းနာရင်ကျပ်ပိုဆိုးတာ ဒါမှမဟုတ် ပန်းနာရင်ကျပ်လိုမျိုး အသက်ရှူရင် တရွှီရွှီမြည်တာ ဖြစ်လာပါတယ်။ ပြီးတော့ အမွှေးတိုင်သုံးတာများရင် ပန်းနာရင်ကျပ်ဆေးတွေ ပိုသုံးလာရတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ဆဲလ်များ ရောင်ရမ်းခြင်း။လေ့လာချက်တွေအရ အမွှေးတိုင်က ထွက်တဲ့အငွေ့တွေက ခန္ဓာကိုယ်ကဆဲလ်တွေ နာတာရှည်ရောင်ရမ်းတာကို ဖြစ်စေပါတယ်တဲ့။ အဆုတ်တွေမှာသာမက အသည်းဆဲလ်တွေမှာပါ ရောင်ရမ်းတာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ တိရိစ္ဆာန်တွေမှာပဲ စမ်းသပ်ထားတာဖြစ်ပြီး ဖြစ်နိုင်တာက အမွှေးတိုင်မှာပါတဲ့ အမှုန်အမွှားတွေကို ချေဖျက်လိုက်လို့ ထွက်လာတဲ့ဓာတ်တိုးပစ္စည်းတွေကြောင့်လို့ ဆိုပါတယ်။ဇီဝရုပ်ဖြစ်ပျက်မှု။အမွှေးတိုင်မှာပါတဲ့ ဓာတ်ပစ္စည်းတွေက ဇီဝရုပ်ဖြစ်ပျက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကြွက်တွေ့မှာ လေ့လာထားတဲ့ အဖြေတွေအရ ဒီဓာတ်ပစ္စည်းတွေက အလိုလိုနေရင်း ပိန်ကျသွားတာနဲ့ ကောင်းတဲ့ ကိုလက်စထရောတွေကို နည်းသွားစေပါတယ်တဲ့။ လူတွေမှာရော အလားတူ ရလဒ်ပေးသလားဆိုတာကိုတော့ဆက်လေ့လာဖို့လိုပါမယ်။နှလုံးရောဂါ။ပန်းနာရင်ကျပ်နဲ့ ကင်ဆာလိုပဲနှလုံးရောဂါဖြစ်နိုင်ချေကိုလည်း မြင့်စေပါတယ်တဲ့။ စင်ကာပူက လူ၆သောင်းကို လေ့လာကြည့်တဲ့အခါ အိမ်တွင်းအမွှေးတိုင်ထွန်းတာက ရေရှည်မှာ နှလုံးရောဂါကြောင့် သေဆုံးတာကို ဖြစ်စေပါတယ်တဲ့။ ဒါဟာ အမွှေးတိုင်ကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုထိခိုက်သွားလို့ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။လေ့လာချက်တွေ ထပ်လုပ်ဖို့ လိုသေးပေမယ့် ဒီအငွေ့တွေကို ရှောင်လိုက်လို့ ကိုယ်အတွက် ထိခိုက်နစ်နာသွားတာ မရှိပါဘူး။ မရှောင်နိုင်ခင်စပ်ကြားမှာတော့ အိမ်တွင်းမှာ အမွှေးတိုင်ထွန်းမယ်ဆိုရင်။နောက်ပြီး အငွေ့မရှူမိအောင် အမွှေးတိုင်ကို လျှော့သုံးတာ၊ အမွှေးတိုင်ထွန်းနေတဲ့အချိန်နဲ့ ထွန်းပြီးတဲ့အချိန်မှာလေဝင်လေထွက်ကောင်းအောင်လုပ်တာကလည်း အငွေ့တွေ ရှူမိတာ နည်းသွားမှာပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/incense-smoke/
ကြွက်ကိုက်ခံရတဲ့အခါ ဘာလုပ်သင့်လဲ
လူတော်တော်များများ ချော်လဲကျဖူးမယ်၊ထိခိုက်ရှနာ ဖြစ်ဖူးမယ်၊ခွေးတွေကြောင်တာ ကိုက်ခံရတာ၊ ကုတ်ခံရတာ ကြုံဖူးကြမှာပါ။ ကြွက်နဲ့ ပတ်သက်ပြီးတော့ လူတော်တော်များများ အကိုက်ခံရဖူးမှာ မဟုတ်ပါဘူး။ တချို့ ကြွက်ပေါတဲ့ အိမ်တွေနဲ့ ကြွက်ကိုအိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့ သူတွေသာ ဒီအဖြစ်နဲ့ ကြုံဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။ကိုယ်နဲ့ မသိတဲ့ လမ်းဘေးက ကြွက်တွေကို တွေ့တဲ့အခါ အနားသွားမကပ်ပါနဲ့။ ကိုယ့်ထက် သူတို့က လူတွေကို ပိုကြောက်တာကြောင့် ချောင်ပိတ်မိသွားတဲ့ အခြေအနေမျိုးမှာ လူတွေကို ပြန်ပြီး ကိုက်တတ်တာဖြစ်ပါတယ်။ ကြွက်ဟာ တခြားတိရစ္ဆာန်တွေလို မဟုတ်ပဲ အထိအကိုင်ခံရတာ မကြိုက်တဲ့အတွက်ကြောင့်အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးထားတယ်ဆိုရင်တောင် ကိုယ့်ရဲ့ သခင်ကို ပြန်ပြီး ကုတ်နိုင်၊ ကိုက်နိုင်ပါတယ်။ဒဏ်ရာ နက်၊ မနက်ပေါ် မူတည်ပြီး အမာရွတ်ကျန်သွားနိုင်တဲ့အပြင်မေးခိုင်ရောဂါလည်း ဖြစ်နိုင်တာကြောင့် ပေါ့ဆလို့တော့ မဖြစ်ဘူးနော်။၁။ ကြွက်ကိုက်ခံရတဲ့ ဒဏ်ရာကိုသွေးတိတ်အောင်အဝတ်သန့်သန့်လေးနဲ့ ၁၀မိနစ်လောက် ဖိထားပေးပါ။၂။ဘက်တီးရီးယားပိုးမွှားတွေ ကပ်ငြိနေနိုင်တာကြောင့် အနာကို ဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောဖို့ လိုအပ်ပါတယ်။ ဆေးတဲ့အခါမှာလည်း ဆပ်ပြာကို ပြောင်စင်အောင် ရေနိုင်နိုင် ဆေးပေးရပါမယ်။၃။ ရေကို ခြောက်အောင် သုတ်ပါ။ ပြီးသွားရင် ပိုးသတ်ဆေး antibiotic လိမ်းထားပေးပါ။၄။ လက်ချောင်းကို အကိုက်ခံရတာဆိုရင် အကိုက်ခံရတဲ့ လက်မှာ ရှိနေတဲ့ လက်စွပ်တွေ အကုန်ချွတ်ထားပါ။ လက်စွပ်ကြောင့် အနာကို သွားထိပြီး ရောင်လာတာ၊ အနာရင်းလာတာမျိုး ဖြစ်နိုင်လို့ပါ။၅။ ဒဏ်ရာကို ပလာစတာနဲ့ လေမဝင်အောင် သေချာကပ်ထားပါ။၆။ အနာထဲ ရောဂါပိုး ဝင်၊ မဝင် သေချာစစ်ကြည့်ပါ။ ဒဏ်ရာက နီရဲနေလား၊ ရောင်နေလား၊ ပူစပ်ပူလောင် ဖြစ်နေလား၊ ပြည်ထွက်နေလား စစ်ဆေးပါ။ ဒဏ်ရာထဲ ပိုးဝင်နေတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။၇။ ကိုယ်မွေးထားတာ မဟုတ်တဲ့ ကြွက်ကိုက်တာဆိုရင် ဆရာဝန်နဲ့ မဖြစ်မနေ ပြဖို့ လိုပါတယ်။၈။မေးခိုင်ကာကွယ်ဆေးမထိုးထားတဲ့သူဆိုရင် အကိုက်ခံရပြီး ၂၄နာရီအတွင်း ကာကွယ်ဆေး ထိုးဖို့ လိုအပ်ပါတယ်။ကြွက်ကိုက်ခံရတဲ့ ဒဏ်ရာဟာ များသောအားဖြင့် အမာရွတ်မကျန်ခဲ့ပဲ အရှင်းပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အနာကို သေချာဂရုစိုက်ပါ။ ပလာစတာကို နေ့စဉ် လဲပေးပါ။ ဖုန်၊ သဲတွေ မဝင်အောင်နဲ့ လက်နဲ့ မထိမိအောင် သတိထားပေးပါ။တိရစ္ဆာန်တွေ ကိုက်ခံရတဲ့ ဒဏ်ရာဟာ မပြင်းထန်သည့်တိုင်အောင် ရောဂါပိုး ဝင်ဖို့ အခွင့်အလမ်း ပိုများတာကြောင့် ဆရာဝန်နဲ့ သေချာပြသပေးဖို့ အရေးကြီးပါတယ်။ ကိုယ်က အိမ်မွေးတိရစ္ဆာန်လေးတွေ ချစ်တတ်တယ်ဆိုရင် ကိုယ်တိုင်လည်း မေးခိုင်ကာကွယ်ဆေး၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးပေးဖို့ လိုအပ်သလို ကိုယ့်ရဲ့ အချစ်တော် တိရစ္ဆာန်လေးတွေကိုလည်း ထိုးပေးဖို့ အရေးကြီးပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/treating-rat-bite/
ကြွက်သားအားနည်းတဲ့ လူကြီးတွေအတွက် အသင့်တော်ဆုံး အာဟာရ
လူဆိုတာ အသက်ကြီးလာပြီဆိုရင် လူငယ်တုန်းကလောက် သန်မာဖျတ်လတ်မှုမရှိကြတော့ဘူးနော်။ အလုပ်လုပ်တာ၊ သွားတာလာတာ နှေးကွေးလာတယ်။ကိုယ်ခံအားစနစ်ကလည်း အားနည်းလာတော့ ရောဂါတွေ ဖြစ်ဖို့ ပိုလွယ်လာတယ်။ ကြွက်သားတွေကလည်း အားနည်းပြီး အရိုးအဆစ်တွေက ထိခိုက်ဖို့ ပိုလွယ်လာတာပေါ့။ ဒီတော့ ကိုယ်ချစ်တဲ့ လူကြီးမိဘတွေ အားနည်းပြီး ပျော့ခွေနေချိန်မှာ ဘယ်လိုအစားအစာတွေ ကျွေးပြီး အားပြန်ဖြည့်ပေးလို့ ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။လူကြီးအရွယ်မှာကြွက်သားဆုံးရှုံးမှုအဖြစ်များတာမို့ ပရိုတင်းဓါတ် မှန်မှန်စားပေးဖို့ လိုပါတယ်။ ပရိုတင်းဓါတ်က ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုအတွက်သာမက လူရဲ့ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေတယ်။ တစ်နေ့တာအတွက် အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။ ဒါ့အပြင်ဇီဝကမ္မပြောင်းလဲမှြုဖစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်စေလို့ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တာပေါ့။ ဒီတော့ ကိုယ့်ရဲ့ ဖေဖေ၊ မေမေတွေကို ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသားတွေ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေ လုံလုံလောက်လောက်ကျွေးဖို့ လိုမယ်နော်။အသက်ကြီးလာတဲ့အခါအရိုးအဆစ်ေတွ၊ သွားတွေက လူငယ်တုန်းကလောက် မသန်စွမ်းတော့ တစ်ခုခုဆို ထိခိုက်လွယ်တယ်။ ညောင်းညာလွယ်တယ်။ ကြာကြာ ရပ်ဖို့၊ လမ်းလျှောက်ဖို့၊ အလုပ်လုပ်ဖို့တောင် ဒီအရိုးအဆစ်တွေက ထောက်တိုင်အနေနဲ့ ထောက်မ မပေးနိုင်တော့ဘူးနော်။ သွားတွေကလည်းပိုးစားတာ၊ ကျိုးလွယ်တာ၊ အမာစာတွေကို ဝါးလို့မလွယ်တော့တာ၊ သွားတွေ ခဏခဏကိုက်တာတွေက ကယ်လ်စီယမ်ဓါတ် နည်းတာကြောင့်ပါပဲ။ ဒါကြောင့် အရိုးအဆစ်နဲ့ သွားတွေကို သန်စွမ်းစေတဲ့ ကယ်လ်စီယမ်ဓါတ်ကိုလည်း မေ့လို့မဖြစ်ပါဘူး။ အစေ့အဆန်၊ဒိန်ချဉ်၊ နွားနို့၊ အရိုးပါငါး၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ ဟင်းသီးဟင်းရွက်တွေမှာ ကယ်လ်စီယမ်ဓါတ် ကြွယ်ဝလို့ လူကြီးတွေကို များများကျွေးဖို့ မမေ့နဲ့နော်။ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသားငါးတွေ၊ နို့ထွက်ပစ္စည်းတွေအပြင် ဗီတာမင်နဲ့ အာဟာရဓါတ် ကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ၊ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုး၊ဥအမျိုးမျိုး၊ ဂျုံ၊ အခွံမာသီး အစရှိသဖြင့် စုံလင်စွာ ကျွေးဖို့လိုအပ်ပါတယ်။ လိုအပ်ရင် ဗီတာမင်အားဆေးတွေ၊ ြဖည့်စွက်စာတွေ၊ ပရိုတင်းနို့မှုန့်တွေကို တိုက်ပေးပါ။ ဘာကြောင့်လဲဆိုတော့ အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါက အာဟာရစုပ်ယူနိုင်စွမ်းနည်းသွားသလို သွားမကောင်းတော့ အစားရှောင်နေရတာနဲ့ အာဟာရဓါတ်တွေ ချို့တဲ့သွားနိုင်တာကြောင့် ဖြစ်ပါတယ်။အသက်တွေ ကြီးလာပြီဆိုလို့ အိမ်မှာပဲ အမြဲတမ်း ထိုင်နေခိုင်းတာ၊ လှဲအိပ်နေခိုင်းတာမျိုး မလုပ်ပါနဲ့။ကြွက်သားတွေဆိုတာ မလှုပ်ရှားဘဲ နေတာကြာသွားရင် လေးလံထိုင်းမှိုင်းပြီး ပျော့ခွေတတ်ပါတယ်။ လူငယ်တုန်းကလောက်လည်း လေ့ကျင့်ခန်း အပြင်းအထန် မလုပ်နိုင်တဲ့အခါ ပေါ့ပေါ့ပါးပါး လုပ်လို့အဆင်ပြေမယ့် လမ်းလျှောက်တာ၊ ဖြည်းဖြည်းချင်း ပြေးတာ၊ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တာမျိုး၊ ယောဂကျင့်တာ၊ အသက်မှန်မှန်ရှူပြီး တရားထိုင်တာမျိုး လုပ်ပေးပါ။ အလုပ်ကို လျှော့လုပ်ခိုင်းပါ။ အလေးအပင် မနေတာတွေ့ရင် ကိုယ်က လူငယ်ပီပီ ဝင်ကူပေးပါ။ စိတ်ဖိစီးမှုတွေကို သိပ်မပေးပါနဲ့။ မိသားစု အတူတကွခရီးသွားတာမျိုး၊ လျှောက်လည်တာမျိုး လုပ်ပေးပါ။လူကြီးတွေ မသန်မစွမ်းဖြစ်နေချိန်မှာ သူတို့ရဲ့ ကျန်းမာရေး၊ စားသောက်နေထိုင်မှုပုံစံကို သေချာဂရုစိုက်ဖို့ဆိုတာ လူငယ်တွေမှာ တာဝန်ရှိတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ နောင်မှ ရတဲ့နောင်တတွေ မဖြစ်ရလေအောင် အသက်ရှင်နေတုန်းမှာ ကိုယ်ချစ်တဲ့ လူကြီးမိဘတွေကို အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ကြပါလို့ တိုက်တွန်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/%e1%81%be%e1%80%80%e1%80%bc%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%9c%e1%80%b0%e1%81%be%e1%80%80/
အစာရေမျိုပြွန် မှာ ကင်ဆာကျိတ်ဖြစ်လာတဲ့အခါ
အစာရေမျိုပြွန်ဆိုတာ ပိုက်ခေါင်းလေးနဲ့ တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပေးတဲ့ ပိုက်ခေါင်းလေးပေါ့။ ပါးစပ်က စားသမျှက ဒီပြွန်လေးကို ဖြတ်ပြီး အစာအိမ်ထဲကို ရောက်သွားတာပါ။ ရှည်လွန်းလို့ အပိုင်းသုံးပိုင်းတောင် ခွဲထားရတဲ့ ဒီအစာရေမျိုပြွန်လေးဟာ လူတွေ စားသောက်သမျှ အစားအစာတွေရဲ့ ဒဏ်ကို ခံရတာပါ။တစ်ကိုယ်လုံးနီးပါး ဖြစ်နိုင်တဲ့ ကင်ဆာက ဒီအစာရေမျိုပြွန်လေးကိုလည်း အလွတ်မပေးရှာပါဘူး။ အစာရေမျိုပြွန်တလျှောက် ဘယ်နေရာမှာ မဆို ကင်ဆာဆဲလ်တွေပွားပြီး အလုံးအကျိတ်ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့နေရာကို လိုက်ပြီးတော့လည်း လက္ခဏာလေးတွေ နည်းနည်းကွဲပြားခြားနားတာရှိပါတယ်။ ဒါကြောင့် အောက်ကလက္ခဏာလေးတွေ ပေါ်လာရင် နည်းနည်းတော့ သတိထားစေချင်ပါတယ်။ကင်ဆာတွေရဲ့ ထုံးစံအတိုင်း ရောဂါနုစဉ်ဆို ဘာလက္ခဏာမှ မပြပါဘူး။ ပုံမှန်လူလိုပဲ သွားလာနေနိုင်ကြပါတယ်။ နောက်ပိုင်းရောဂါရင့်မှသာ လက္ခဏာ ပြလာတာပါ။ အစာရေမျိုပြွန်မှာ သုံးပိုင်းရှိတော့ အကျိတ်ရှိတဲ့ နေရာကို လိုက်ပြီး လက္ခဏာလေးတွေ နည်းနည်းကွဲပါတယ်။ဒါတွေအပြင်။ဒီလက္ခဏာတွေက သာမန်လက္ခဏာတွေ ဖြစ်တဲ့အတွက် တော်ရုံဆို သတိမထားမိနိုင်ပါဘူး။ ဒါပေမယ့် ရေရှည်ခံစားနေရပြီဆိုရင်တော့ ဆေးစစ်ကြည့်လိုက်တာ ကောင်းပါတယ်။ နောက်တစ်ခုက  အစာရေမျိုပြွန်ကင်ဆာဖြစ်နိုင်ခြေရှိတဲ့သူစာရင်းမှာ ပါနေတယ်ဆိုရင် ဒီလက္ခဏာတွေ ခံစားရတဲ့အခါ ဆေးစစ်ကြည့်ဖို့ မမေ့ပါနဲ့။လူတိုင်းဖြစ်နိုင်ပေမယ့် အောက်က ဆက်ပြောမယ့်သူတွေက ပိုဖြစ်နိုင်ပါတယ်။မဖြစ်အောင် ၁၀၀ရာခိုင်နှုန်း ကာကွယ်လို့ မရပေမယ့် အောက်က အချက်တွေ လိုက်နာမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ နည်းသွားမှာပါ။အစာရေမျိုပြွန်ကင်ဆာကို တတ်နိုင်သမျှ စောစောသိဖို့ လိုပါတယ်။ ခုဆိုရင် ကင်ဆာအတွက် ခွဲစိတ်တဲ့နည်းတွေ၊ ဆေးသွင်းတဲ့နည်းတွေ၊ ရောင်ခြည်ပြတဲ့နည်းတွေ အများကြီး တိုးတက်လာပြီမို့လို့ ကင်ဆာဆိုတိုင်း ကြောက်ဖို့ မလိုတော့ပါဘူး။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%a1%e1%80%85%e1%80%ac%e1%80%9b%e1%80%b1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba-%e1%80%99%e1%80%be%e1%80%ac-%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac/
သင့်အိမ်ထဲက အညစ်ပတ်ဆုံးနေရာ ၇ နေရာ
သုတေသနအချို့အရ ဘက်တီးရီးယားပိုးမွှားအချို့ဟာ သူတို့အတွက် သင့်တော်တဲ့ အပူချိန်နဲ့ အာဟာရရှိရင် မိနစ်နှစ်ဆယ်ကို တကြိမ် ပွားများနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရောဂါတချို့ဟာ ကူးစက်ခံရပြီးချိန်မှာ မြန်မြန်ဆန်ဆန်ပဲ လက္ခဏာပြလာခြင်း ဖြစ်ပါတယ်။ အမှန်တကယ်တော့ လူသားတို့နေထိုင်ရာ အိမ်ဂေဟာအတွင်းမှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ပွားဖို့ သင့်တော်တဲ့နေရာတွေ အများအပြားရှိပါတယ်။နေအိမ်တွေမှာ ပေါက်ပွားတတ်တဲ့ ရောဂါပိုးတွေကတော့။• Staphylococcus aureus သို့မဟုတ် staph ရောဂါပိုး။• မှို။• Salmonella ရောဂါပိုး။• E. coli ရောဂါပိုး စတာတွေ ဖြစ်ပါတယ်။ပိုးမွှားတွေဟာ လူတဦးဆီကနေ တဦးကို တိုက်ရိုက်ဖြစ်စေ၊ လူတဥိးဆီကနေ အရာဝတ္တုတခုခုရဲ့ မျက်နှာပြင်ကို တဆင့်ခံကိုင်တွယ်မိရာကဖြစ်စေ ကူးစက်နိုင်ပါတယ်။ တဆင့်ခံ ကူးစက်စေတတ်တဲ့ အရာဝတ္တုများ၊ နေရာများကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။၁။မီးဖိုခန်း။အစားအစာတွေကို သိုလှောင်ရာ၊ ပြင်ဆင်ရာနေရာတွေမှာ ဘက်တီးရီးယားများ ပိုမိုပေါက်ပွားလွယ်တတ်ပါတယ်။ ပန်းကန်ဆေးတဲ့ရေမြှုပ်များ အဝတ်စများမှာ Salmonella နဲ့ E. coli ရောဂါပိုးတွေ ကပ်ငြိနေနိုင်တယ်လို့ သိရပါတယ်။ ရေချိုးခန်း ရေပိုက်ခေါင်းလက်ကိုင်တွေမှာလည်း တွယ်ငြိနေနိုင်ပါတယ်။ရောဂါပိုးတွယ်ငြိနိုင်တဲ့ အခြေအနေကြောင့် မကြာခဏ သန့်ရှင်းပေးဖို့ လိုအပ်တဲ့ မီးမိုခန်းအသုံးအဆောင်တွေကတော့။– စဉ်းတီတုံး။– ကော်ဖီဖျော်စက်။– ရေခဲသေတ္တာ (အထူးသဖြင့် အသားစိမ်းများ၊ မဆေးကြောရသေးသော အသီးအရွက်ထားရာ နေရာများ)။– ဘေစင် စတဲ့နေရာတွေပဲ ဖြစ်ပါတယ်။မီးဖိုခန်းသန့်ရှင်းရေးအတွက် လုပ်ဆောင်သင့်တာကတော့ ရေပိုက်ခေါင်း၊ ရေခဲသေတ္တာ အတွင်းမျက်နှာပြင်၊ မီးဖိုစင်၊ စားပွဲ စတာတွေကို ပိုးသေစေတဲ့ဆေးရည်တမျိုးမျိုးနဲ့ သန့်ရှင်းရေး ပြုလုပ်ရပါမယ်။ ပန်းကန်ဆေးတဲ့ ရေမြှုပ်တွေကို မကြာခဏ လဲလှယ်ရပါမယ်။ ဒါမှမဟုတ် မိုက္ခရိုဝေ့ဗ်မီးဖိုနဲ့ အပူပေးပြီး ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ပန်းကန်သုတ်တဲ့ အဝတ်တွေကို ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။ အစားအစာတွေကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်မှာ လက်ကို စင်ကြယ်စွာ ဆေးကြောရပါမယ်။၂။တံခါးလက်ကိုင်ဘု၊ တံခါးလက်ကိုင်ကွင်းများ၊ မီးခလုတ်များ။နေအိမ်တွေ ရုံးခန်းတွေမှာရှိတဲ့ တံခါးလက်ကိုင်တွေနဲ့ မီးခလုတ်တွေဟာ လူမျိုးစုံထိတွေ့ ကိုင်တွယ်ထားတဲ့အတွက် ရောဂါပိုးမျိုးစုံ ကပ်ငြိနေနိုင်ပါတယ်။ အထူးသဖြင့် ရေချိုးခန်း တံခါးလက်ကိုင်၊ ရေခဲသေတ္တာလက်ကိုင်၊ မီးဖိုခလုတ် စတာတွေမှာ ပိုးမွှားတွေ ရှိနေနိုင်ပါတယ်။အဆိုပါနေရာတွေကို ပိုးသတ်ဆေးရည်နဲ့ တပတ်တကြိမ်လောက် သန့်ရှင်းရေး ပုံမှန်ပြုလုပ်သင့်ပါတယ်။ သန့်ရှင်းရေးလုပ်တဲ့ အဝတ်တွေကိုလည်း ပုံမှန်လဲလှယ်သင့်ပါတယ်။၃။ရေချိုးခန်း။ရေချိုးခန်းဆိုတာ ကိုယ်ခန္ဓာရဲ့ အညစ်အကြေးတွေကို သန့်စင်ရာနေရာဖြစ်တာကြောင့် ဘက်တီးရီးယားပိုးတွေတွေ့တာ သိပ်တော့ မဆန်းလှပါဘူး။ စိုစွတ်ထိုင်းမှိုင်းမှုကြောင့် ဘက်တီးရီးယားများ ပေါက်ပွားဖို့ သင့်တော်တဲ့နေရာ ဖြစ်နေပါတယ်။ ပေါက်ပွားတတ်တဲ့နေရာတွေကတော့ ရေပိုက်ခေါင်း၊ ရေဆင်းပေါက်၊ ရေပန်းလက်ကိုင်၊ သွးပွတ်တံ၊ ဘေစင် စတဲ့နေရာတွေ ဖြစ်ပါတယ်။အဆိုပါနေရာတွေ၊ မျက်နှာပြင်တွေကို ပိုးသန့်စင်တဲ့ဆေးနဲ့ နေ့စဉ်သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ သွားပွတ်တံတွေကို ၃-၄ လတခါ ပုံမှန်လဲလှယ်သင့်ပါတယ်။ ရေချိုးခန်းသုံးပဝါတွေကိုလည်း တပတ်တကြိမ် လဲလှယ်ပေးသင့်ပါတယ်။၄။အဝတ်လျှော်စက်။အဝတ်လျှော်စက်ဟာလည်း ပိုးမျိုးစုံပေါက်ပွားနိုင်တဲ့နေရာ ဖြစ်ပါတယ်။ စက်ထဲမှာ ရေစိုနေတဲ့ အဝတ်အထည် အချိန်အနည်းငယ်ကြာကြာ ရှိလိုက်ရုံနဲ့ ပိုးမွှားတွေပေါက်ပွားလာဖို့ အားပေးပါတယ်။ ဒါကြောင့် အဝတ်တွေကို လျှော်ပြီးတာနဲ့ အခြောက်ခံစက်ထဲမှာ ချက်ချင်း အခြောက်ခံသင့်ပါတယ်။ တကယ်လို့ အဝတ်တွေဟာ စက်ထဲမှာ နာရီဝက်လောက်ထိ ထပ်ရှိနေခဲ့ရင် နောက်တခေါက် ရေနဲ့ပြန်လျှော်သင့်ပါတယ်။အဝတ်လျှော်အတွင်းကန်ကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် လျှော်စက်ရဲ့ အပြင်လက်ကိုင်နဲ့ မျက်နှာပြင်ကိုလည်း သန့်ရှင်းရေး ပြုလုပ်ရပါမယ်။၅။ နေအိမ်ဧည့်ခန်းများ။ရီမုတ်ကွန်ထရိုး၊ ကွန်ပျူတာကီးဘုတ်၊ တယ်လီဖုန်း၊ ရုပ်မြင်သံကြား စတာတွေဟာ မိသားစုဝင်များ၊ တခါတရံ ဧည့်သည်များပါ ဝေမျှသုံးစွဲတဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖြစ်ပါတယ်။ အဆိုပါပစ္စည်းများရဲ့ မျက်နှာပြင်များဟာ ပိုးမွှားတွေ တည်ရှိနေတတ်ပါတယ်။ ဒါ့အပြင် ကော်ဇော၊ ဖျာ စတာတွေမှာလည်း ပိုးမွှားတွေ တွယ်ငြိနေနိုင်ပါတယ်။ စာစောင်တခုရဲ့ ဖော်ပြချက်အရ ဧည့်ခန်းကော်ဇောတချပ်မှာ သူ့ရဲ့အလေးချိန်ထက်ပိုတဲ့ အမှိုက်သရိုက်တွေ ပြည့်နှက်နေပြီး မြို့တွင်းလမ်းမထက်တောင် ညစ်ညမ်းတယ်လို့ ဆိုထားပါတယ်။၆။အိမ်မွေးတိရစ္ဆာန်များ။ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန်များရဲ့ ခန္ဓာကိုယ်မှာ အပြင်က ဘက်တီးရီးယားနဲ့ တခြားပိုးမွှားတွေကပ်ငြိပြီး အိမ်တွင်းသို့ ပါလာတတ်ပါတယ်။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်များရဲ့ အစာခွက်များဟာ ပိုးမွှားပေါက်ပွားရာနေရာတွေ ဖြစ်နေတတ်ပါတယ်။တိရစ္ဆာန်တွေဆီက ပိုးမွှားတွေ ကပ်ငြိလာခြင်းကနေ ကြိုတင်ကာကွယ်ဖို့ဆိုရင် အပြင်ကဝင်လာတဲ့အခါ သူတို့ရဲ့ခြေသည်းတွေကို ဆေးကြောသန့်ရှင်းပေးသင့်ပါတယ်။ တိရစ္ဆာန်တွေရဲ့ အစာခွက်တွေကို ရေနွေး၊ ဆပ်ပြာရည် စတာတွေနဲ့ တပတ်တခါလောက် ဆေးကြောပေးသင့်ပါတယ်။သင်တနေ့တာ အပြင်ကို ယူဆောင်နေကြပစ္စည်းများဖြစ်တဲ့ ရှူးဖိနပ်၊ အိတ်၊ မိုဘိုင်းလ်ဖုန်း၊ ပိုက်ဆံအိတ်၊ ထမင်းဘူး စတာတွေမှာ ရောဂါပိုးတွေ ကပ်ပါလာနိုင်ပါတယ်။ သာမန်ပစ္စည်းများအတွက် ပုံမှန်ပိုးသန့်စင်ဆေးရည်များ အသုံးပြုနိုင်ပါတယ်။ မိုဘိုင်းလ်ဖုန်းလို လျှပ်စစ်ကိရိယာတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သန့်စင်ဆေးရည် ကိရိယာများ အသုံးပြုနိုင်ပါတယ်။မိမိတို့အိမ်မှာ ပိုးမွှားများ ပေါက်ပွားကပ်ငြိခြင်းမရှိအောင်ရောဂါပိုးများ ပေါက်ပွားနိုင်တဲ့နေရာတွေကို သန့်ရှင်းရေး ပုံမှန်ပြုလုပ်သင့်ပါတယ်။ အပြင်ကပြန်လာရင် ဖိနပ်ကို အိမ်ထဲမသွင်းဘဲ အပြင်မှာတင်ချွတ်ပြီး သန့်ရှင်းရေးလုပ်သင့်ပါတယ်။ လက်များကို မကြာခဏ ဆေးသင့်ပါတယ်။ လက်ဆေးရာမှာ သန့်စင်ဆေးရည်ကို သုံးနိုင်သလို ရိုးရိုးဆပ်ပြာနဲ့ ရေကိုလည်း သုံးနိုင်ပါတယ်။ တခါဆေးရင် စက္ကန့် ၂၀-၃၀ လောက် အချိန်ယူနိုင်ဖို့ လိုအပ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/germy-placeshow-they-spread/
ဆီးထဲအချိုဓာတ် များတာ ကြောက်စရာလား
ဘယ်လိုအခြေအနေတွေမှာ ဆီးထဲအချိုဓာတ်ပါဝင်တတ်သလဲ ဆိုတာနဲ့ ဒီလိုဖြစ်ရင် သတိထားရမယ့် အချက်လေးတွေ ပြောပြပေးချင်ပါတယ်။ဆီးထဲအချိုဓာတ် များတာ ကြောက်စရာလား ဆိုတော့ ပုံမှန်ဆိုရင် ကိုယ်တွင်းက အချိုဓာတ်တွေကိုကျောက်ကပ်ကတဆင့် စစ်ထုတ်ပစ်လိုက်တဲ့အတွက် ဆီးထဲမှာ အချိုဓာတ် (သကြားဓာတ်) မပါပါဘူး။ ဆီးထဲမှာ အချိုဓာတ် ပါဝင်လာတာကို ဆေးပညာအရ glycosuria လို့ခေါ်ပါတယ်။ glycosuria ဖြစ်စေတဲ့အချက် အဓိက ၃ ချက်ရှိတယ်။ ဒါတွေကတော့။သူ့ကြောင့်အဖြစ်အများဆုံးပါ။ဆီးချိုရောဂါရှိနေရင် ကိုယ်ထဲကနေ အင်ဆူလင်ဓာတ်မထုတ် လုပ်နိုင်တော့ပါဘူး။ ထုတ်နိုင်သေးရင်လည်း ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ပေးတဲ့ အင်ဆူလင်ဓာတ် အလုပ်မလုပ်နိုင်တော့တဲ့အတွက် သွေးတွင်းသကြားဓာတ်မြင့်လာပါတယ်။ သွေးတွင်းသကြားဓာတ် တအားမြင့်တက်လာပြီး ကျောက်ကပ်ကတောင် စစ်မထုတ်နိုင်တော့တဲ့အခါမှာတော့ ဆီးထဲမှာပါ အချိုဓာတ်တွေ ပါဝင်လာပါတော့တယ်။တချို့သူတွေကျ သွေးတွင်းသကြားဓာတ် မမြင့်သလို ဆီးချိုရောဂါလည်း မရှိပေမယ့် ဆီးထဲအချိုဓာတ် ပါနေတတ်ပါတယ်။ ဒါကတော့ မွေးရာပါ ကျောက်ကပ်ရောဂါနဲ့ တခြား ကျောက်ကပ်ရောဂါ တစ်ခုခုကြောင့် သွေးတွင်းအချိုဓာတ်တွေကို ကောင်းကောင်း မစစ်ထုတ်နိုင်တော့တဲ့အခါမျိုးမှာ ကြုံရတတ်ပါတယ်။ကိုယ်ဝန်ရှိချိန်မှာ သွေးပေါင်ချိန်ရော၊ သွေးတွင်းအချိုဓာတ်ပါ ပုံမှန်ထက် များလာပါတယ်။ အမျိုးသမီးတိုင်း မဟုတ်ပေမယ့် ကိုယ်ဝန်ဆောင်တချို့ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးထဲအချိုဓာတ် ပါတာမျိုး ကြုံရတတ်ပါတယ်။ ဘာလို့လဲဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ကျောက်ကပ်က ကိုယ်တွင်းအချိုဓာတ်တွေ ပိုစွန့်ပစ်နိုင်အောင် အားပေးလို့ဖြစ်ပြီး ဒါကိုရောဂါလို့ သတ်မှတ်ဖို့တော့ ခက်ခဲပါတယ်။ ရောဂါတစ်ခုခုကြောင့် ဟုတ်၊ မဟုတ်ဆိုတာကို ထပ်ပြီးအတည်ပြုဖို့လိုပါတယ်။ များသောအားဖြင့် ကလေးမွေးပြီးရင် ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။ဆီးထဲအချိုဓာတ် ပါတာက အရေးပေါ်ကုသဖို့လိုတဲ့ အခြေအနေတစ်ခုတော့ မဟုတ်ပါဘူး။ လက္ခဏာလည်း သိသိသာသာမပြတတ်တဲ့အတွက် လူအတော်များများက ဆီးထဲအချိုဓာတ် ပါနေတာကို သိတောင်မသိကြပါဘူး။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုလုပ်ရင်း ဒါမှမဟုတ် တခြားရောဂါအတွက် စစ်ဆေးရင်းနဲ့ အမှတ်မထင်တွေ့ရှိတာမျိုးပဲ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဆီးထဲအချိုဓာတ် ပါတာကို မကုသဘဲ ထားလိုက်ရင်တော့ ဒီလိုလက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။–ရေဓာတ်ခမ်းခြောက်သလို ခံစားရခြင်း၊ ရေအလွန်အမင်း ဆာနေခြင်း။–             ဗိုက်အလွန်အမင်း ဆာခြင်း။–             ဆီးခဏခဏသွားခြင်း။–ဆီးမထိန်းနိုင်ဖြစ်ခြင်း။တကယ်လို့ ဆီးချိုရောဂါကြောင့် ဆီးထဲအချိုဓာတ် ပါနေတာဆိုရင်တော့။–             ရုတ်တရက်ပိန်ကျသွားခြင်း။–             ပင်ပန်းနွမ်းနယ်နေခြင်း။–အမြင်အာရုံအားနည်းလာခြင်း။–အနာကျက်နှေးသွားခြင်း။–လည်ပင်းနဲ့ ချိုင်း(ဂျိုင်း)လို နေရာတွေမှာ အသားမည်းလာခြင်း စတဲ့လက္ခဏာတွေပါ တွဲဖြစ်လာနိုင်ပါတယ်။ဆီးထဲအချိုဓာတ် ပါခြင်းက အောက်ခံ ရောဂါတစ်ခုခုကြောင့် ပေါ်လာတဲ့ လက္ခဏာတစ်ခု ဖြစ်တာကြောင့် သီးသန့်ကုသနည်းစနစ် မရှိပါဘူး။ အချိုဓာတ် ဘာကြောင့် ပါရသလဲဆိုတဲ့ အကြောင်းရင်းကို ရှာပြီး ကုသဖို့က ပိုအဓိက ကျပါတယ်။ ဆီးချိုရှိလို့ ဖြစ်တာဆိုရင် ဆီးချိုရောဂါကို အဓိက ထားပြီး ကုသရမယ်၊ ကျောက်ကပ်နဲ့ဆိုင်တဲ့ ပြဿနာဆိုရင် ကျောက်ကပ်ကို အဓိက ထားမယ်၊ ဒါမျိုးပုံစံနဲ့ သွားပါတယ်။ဆီးထဲအချိုဓာတ် ပါတာ မဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းလည်း မရှိပါဘူး။ အချိုအစိမ့်တွေ လျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်း၊ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေနဲ့ အချိုဓာတ်နည်းတဲ့ သစ်သီးဝလံတွေ များများစားပေးရင် ဆီးထဲအချိုဓာတ် မပါအောင် အတော်အသင့် ကာကွယ်မှုပေးပါတယ်။ မိသားစုဝင်ထဲမှာ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ ရှိသူပါခဲ့ရင် ဆီးထဲအချိုဓာတ် ပါနိုင်ခြေများတဲ့အတွက် ပိုဂရုစိုက်သင့်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးထဲအချိုဓာတ် ပါဖူးရင် နောက်ပိုင်းမှာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/glucose-in-urine-test/
Proctitis (စအိုရောင်ခြင်း)
စအိုရောင်ခြင်းဆိုတာ စအိုဝနဲ့ အစာဟောင်းအိမ်နံရံများ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ အစာဟောင်းအိမ်ဆိုတာ အူမကြီးရဲ့ အစွန်ပိုင်းဖြစ်ပါတယ်။ မစင်များဟာ အစာဟောင်းအိမ်ကနေတဆင့် အပြင်ကိုထွက်ပါတယ်။စအိုရောင်ခြင်းဟာ အစာဟောင်းအိမ်နာကျင်ခြင်းနဲ့ ဝမ်းသွားချင်သလို ခံစားရခြင်းကို ဖြစ်စေပါတယ်။ယာယီခံစားရသလို ရေရှည်လည်း ဖြစ်နိုင်ပါတယ်။အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အစာအိမ်အူလမ်းကြောင်းများ ရောင်ရမ်းတဲ့ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီရောဂါရှိသူရဲ့ ၃၀%ခန့်ဟာ အစာဟောင်းအိမ်ရောင်ခြင်း ဖြစ်နိုင်ပါတယ်။ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများ ကူးစက်ရင် အထူးသဖြင့် စအိုမှလိင်ဆက်ဆံရင် စအိုရောင်ခြင်း ဖြစ်နိုင်ပါတယ်။ ဆီးပူညောင်းကျ၊ လိင်အင်္ဂါရေယြန်၊ ကလမိုင်းဒီးယားရောဂါ စတာတွေဟာ စအိုရောင်ခြင်း ဖြစ်စေနိုင်ပါတယ်။ HIV ပိုးနဲ့လည်း ဆက်စပ်နေပါတယ်။အစာမှတဆင့် ကူးစက်တဲ့ရောဂါပိုးတွေကြောင်ပလည်း ဖြစ်နိုင်ပါတယ်။ကင်ဆာကို ဓါတ်ရောင်ခြည်နဲ့ ကုသရာမှာလည်း အစာဟောင်းအိမ်ဝန်းကျင်ကို ထိခိုက်မိရင် စအိုရောင်ခြင်း ဖြစ်နိုင်ပါတယ်။ ကုသမှုစတင်တာနဲ့ ဖြစ်တတ်ပြီး ကုသမှုအပြီး လအနည်းငယ်ကြာတဲ့အထိ ရှိနေတတ်ပါတယ်။ တခါတရံ နှစ်နဲ့ချီတဲ့အထိ ရှိတတ်ပါတယ်။တခါတရံမှာ ပဋိဇီဝဆေးတွေကြောင့် အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေပါ ထိခိုက်ပြီး အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို အစာဟောင်းအိမ်နားမှာ ဖြစ်ပေါ်လာစေပါတယ်။အူမကြီးကိုခွဲစိတ်ပြီး မစင်လမ်းကြောင်းပြောင်းထားတဲ့အခါ စအိုရောင်ခြင်းဖြစ်တတ်ပါတယ်။နွားနို့ ဒါမှမဟုတ် ပဲနို့သောက်တဲ့ ကလေးငယ်များ၊ မိခင်က နို့ထွက်ပစ္စည်းစားသုံးတဲ့ ကလေးငယ်များမှာလည်း ပရိုတိန်းကြောင့် ဖြစ်တတ်တဲ့ စအိုရောင်ခြင်းကို တွေ့ရတတ်ပါတယ်။အသက် ၂နှစ်အောက် ကလေးများမှာ အစာဟောင်းအိမ်ပတ်လည် သွေးဖြူဥတွေ စုဝေးလာရာက စအိုရောင်ခြင်း ဖြစ်နိုင်ပါတယ်။အောက်ပါအခြေအနေတွေမှာ မြင့်တက်စေနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အောက်ပါစစ်ဆေးမှုတွေ ပါဝင်ပါတယ်။စအိုရောင်ခြင်းကုသမှုဟာ နောက်ခံအကြောင်းပေါ် မူတည်ပါတယ်။ကူးစက်ရောဂါပိုးကြောင့်ဆိုရင် ဆေးဝါးများ ပေးပါတယ်။ ဘက်တီးရီးယားပိုးဆိုရင် doxycycline (Periostat, Vibramycin) စတဲ့ဆေးတွေပေးပြီး ဗိုင်းရပ်စ်ကြောင့်ဆိုရင် acyclovir (Sitavig, Zoviraxနဲ့ တခြား) ဆေးတွေ ပေးပါတယ်။ဓါတ်ရောင်ခြည်ကုသမုကြောင့် သိပ်မပြင်းထန်တဲ့ စအိုရောင်ခြင်းဖြစ်ရင် ကုသမှုမလိုပါဘူး။ နာကျင်ပြီး သွေးထွက်တဲ့ စအိုရောင်ခြင်းမှာတော့ ကုသမှုလိုပါတယ်။သောက်ဆေးတွေ၊ စအိုထည့်ဆေးတွေ စတဲ့ပု့စံတွေ ရှိပါတယ်။sucralfate (Carafate), mesalamine (Asacol, Canasa, နဲ့အခြားဆေးများ sulfasalazine (Azulfidine), နဲ့ metronidazole (Flagyl) စတာတွေ ပါဝင်ပါတယ်။ ဒီဆေးတွေဟာ ရောင်ရမ်းမှုနဲ့ သွေးထွက်ခြင်းကို သက်သာစေပါတယ်။ဝမ်းပျော့ပြီး စအိုလမ်းကြောင်းကျယ်စေတဲ့ အရာများဟာ အူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။သွေးထွက်စေတဲ့ ပျက်စီးနေတဲ့ တစ်သျှူးတွေကို လျှပ်စစ်၊ ဒါမှမဟုတ် တခြားနည်းများနဲ့ အေးခဲဖျက်ဆီးနိုင်ပါတယ်။အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းလို့ ဖြစ်တဲ့ပြသနာကို သက်ဆိုင်ရာဆေးဝါးများနဲ့ ကုသနိုင်ပါတယ်။mesalamine (Asacol, Canasa, နဲ့အခြား) — ဒါမှမဟုတ် corticosteroids — prednisone (Rayos) ဒါမှမဟုတ် budesonide (Entocort EC, Uceris) စတဲ့ ဆေးတွေ ဖြစ်ပါတယ်။ခရွမ်းရောဂါကြောင့်ဖြစ်တဲ့ အူရောင်ခြင်းမှာ ကိုယ်ခံအားကို နှိမ့်ချပေးတဲ့ ဆေးဝါးကုသမှုတွေ ပါဝင်ပါတယ်။ azathioprine (Azasan, Imuran) ဒါမှမဟုတ် infliximab (Remicade) စတဲ့ဆေးတွေ ဖြစ်ပါတယ်။ဆေးဝါးများနဲ့ မသက်သာရင် ပျက်စီးနေတဲ့အပိုင်းကို ခွဲစိတ်ဖယ်ရှားပါတယ်။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။ဆရာဝန်ညွှန်းစာမလိုဘဲ သောက်သုံးနိုင်တဲ့ဆေးတွေမှာ ဝမ်းပိတ်ဆေးတွေကို သတိထားပါ။ loperamide (Imodium A-D) လို ဆေးတွေကို ဆရာဝန်က မညွှန်ဘဲ မသောက်ပါနဲ့။အိပ်ရာဝင်ခါနီး အစာမစားပါနဲ့။ အိပ်ရာဝင်ခါနီး အစားစားခြင်းဟာ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကိုဖြစ်စေပြီး ညအခါမှာ မအီမသာ ဖြစ်စေနိုင်ပါတယ်။ နာကျင်မှုသက်သာစေတဲ့ဆေးတွေ သောက်နိုင်ပါတယ်။ Acetaminophen (Tylenol,) may ကိုသောက်နိုင်ပါတယ်။ ဒါပေမယ့် aspirin နဲ့ ibuprofen (Advil, Motrin IB) စတာတွေ သောက်မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ တခါတရံ စအိုကိုပိုရောင်စေပါတယ်။စအိုကို ရေနွေးနွေးမှာ ဖန်ရေစိမ်နိုင်ပါတယ်။ ရောင်ရမ်းမုကို သက်သာစေပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/proctitis-%e1%80%85%e1%80%a1%e1%80%ad%e1%80%af%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
အောင့်မထားသင့်တဲ့ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေ
ဆိုကြပါစို့။ ကိုယ်ဟာ ပါတီပွဲတစ်ခုကိုရောက်နေပြီး သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့စကားပြောနေကြတယ်။ သောက်ထားတဲ့ ဂက်စ်ပါတဲ့ အချိုရည်တွေ၊ ဘီယာတွေကြောင့် လေတက်ချင်စိတ်၊ ဆီးသွားချင်စိတ် ဖြစ်လာတယ်။ စကားဝိုင်းထဲက ထသွားရမှာကို အားနာလို့ အိမ်သာမသွားဖြစ်ဘူးဆိုတဲ့ အခြေအနေတစ်ခုပေါ့။ အောင့်မထားသင့်တဲ့ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေ ကို သတိထားရပါမယ်။ခန္ဓာကိုယ်ဟာ ပြင်ပကပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်တွင်းကပဲဖြစ်ဖြစ် အန္တရာယ်ရှိတဲ့ ပစ္စည်းတစ်ခုဝင်လာတယ်၊ ဒါမှမဟုတ် ခန္ဓာကိုယ်တွင်းမှာတင် မကောင်းတာတွေများလာပြီဆိုရင် စွန့်ထုတ်ဖို့၊ တစ်ခုခုလုပ်ဖို့ အချက်ပြလေ့ရှိပါတယ်။ ဒီလိုအချက်ပြတာတွေကို လျစ်လျူရှုလိုက်တာ၊ အောင့်ထားလိုက်တာမျိုးတွေ လုပ်လိုက်ရင်ခန္ဓာကိုယ်အတွက် ဘယ်လိုဆိုးကျိုးတွေဖြစ်မလာမလဲ။ ဒီလိုအချက်ပြမှုတွေကရော တကယ်ရော အရေးကြီးရဲ့လားဆိုတာကို ဒီဆောင်းပါးလေးမှာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဟတ်ချိုး၊ ဟတ်ချိုး နှာချေတာကို ဘယ်သူကမှတော့ အထူးတလည် အောင့်ထားနေမှာတော့မဟုတ်ပါဘူး။ အမှန်ပြောရရင် အောင့်ထားလို့လည်းမရပါဘူး။ ဒါပေမဲ့ တစ်ခုခုကို ဓာတ်မတည့်တာတွေဖြစ်နေတဲ့ချိန် (allergic reaction) လူတွေကြားရောက်နေရင် ဘေးလူတွေကို အားနာပြီး (အောင့်ထားလို့ရရင်) အောင့်ထားတတ်တွေ ဖြစ်ဖူးကြမှာပါ။နှာခေါင်းဟာ အသက်ရှူစနစ် (respiratory system) ရဲ့ ပြင်ပနဲ့ ဆက်သွယ်နေတဲ့ ဦးဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ နှာခေါင်းထဲကို ဝင်လာတဲ့ အရာမှန်သမျှဟာ အဆုတ်ထဲကို ဝင်နိုင်တဲ့အတွက် နှာခေါင်းဟာ ခံတပ်အနေနဲ့ ဝင်လာသမျှ ပြင်ပကပစ္စည်းတွေကို နှာချေပြီး စွန့်ထုတ်နေတဲ့သဘောမျိူးပါ။နှာချေချင်တာကို အောင့်ထားဖို့ဆိုတာ လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ နှာချေလိုက်တာဟာ နှာခေါင်းကို မူလပုံစံကို ပြန်ဖြစ်အောင် လုပ်တာလို့ပြောပါတယ်။ နှာခေါင်းကို သန့်ရှင်းလိုက်တာကို ပြောတာပေါ့နော်။ ဒါကြောင့် နှာချေတာကို အောင့်ထားလိုက်မယ်ဆိုရင် ပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းပိုးတွေဝင်လာမယ်။ ဒါ့ပြင် နား၊ နှာခေါင်း၊ လည်ချောင်းဆိုတာလည်း ဆက်ထားတဲ့အရာဖြစ်တဲ့အတွက် အလယ်နား (middle ear) မှာ ပိုးဝင်တာမျိုးတွေဖြစ်တတ်ပါတယ်။၁။ နှာချေဖို့အတွက် အသက်ရှူစနစ်တစ်ခုလုံးမှာ ဖိအားတွေ တက်လာရပါတယ်။ အဲဒီ တက်လာတဲ့ ဖိအားကို နှာမချေလိုက်ဘဲ အောင့်ထားလိုက်ရင် ဖိအားများရင် ဖြစ်တတ်တဲ့ အခြေအနေတွေဖြစ်တဲ့နားစည်ပေါက်ကွဲတာမျိုးဖြစ်တတ်ပါတယ်။ ဒါဟာ ဖိအားအရမ်းများတဲ့ နေရာတွေ ဥပမာ – ရေမျက်နှာပြင်အောက်ကို သွားရင် နှာခေါင်းထဲနေ လေတွေမှုတ်ထုတ်ပြီး မြင့်တက်လာတဲ့ဖိအားတွေကို လျှော့ချပစ်ရတာနဲ့ ပုံစံတူပါတယ်။ ရေအောက်သွားတဲ့ချိန်ဟာ အပြင်ဖိအားကို လျှော့ပေးရတာဖြစ်ပြီးတော့ နှာချေဖို့အတွက်ဖြစ်လာတဲ့ ဖိအားကတော့ ခန္ဓာကိုယ်တွင်းကလာတဲ့ ဖိအားဖြစ်ပါတယ်။၂။ ဖိအားအရမ်းများတဲ့အတွက်လည်း မျက်လုံး၊ နှာခေါင်း၊ နားစည်ထဲက သွေးကြောမျှင်လေးတွေ ပေါက်တာလည်းဖြစ်တတ်ပါတယ်။အချစ်နဲ့ ချောင်းဆိုးတာကို အောင့်ထားလို့မရဘူးလို့တောင် လူတွေပြောကြပါတယ်။ ချောင်းဆိုးတဲ့ အကြောင်းရင်းကလည်း နှာချေတာနဲ့ ခပ်ဆင်ဆင်တူပါတယ်။ နှာခေါင်းထဲကနေဖြစ်ဖြစ်၊ ပါးစပ်ထဲကနေဖြစ်ဖြစ် ပြင်ပက ပစ္စည်းတစ်ခုခုဝင်လာရင် လည်ချောင်းယားယံပြီး ချောင်းဆိုးပါတယ်။ ခန္ဓာကိုယ်တွင်းကနေ ပိုးတစ်ခုခုဝင်နေပြီဆိုရင်လည်း ချောင်းဆိုးတတ်ပါသေးတယ်။ချောင်းဆိုးတယ်ဆိုတာကလည်း ခန္ဓာကိုယ်ရဲ့ ပိုးတွေ၊ မကောင်းတာတွေကို စွန့်ထုတ်ဖို့ သဘာဝနည်းလမ်းပဲဖြစ်တယ်။ ဒါကို ရပ်တန့်လိုက်မယ်ဆိုရင် အသက်ရှူလမ်းကြောင်ဆိုင်ရာ ပိုးတွေဝင်ဖို့အတွက် အခွင့်အရေးပိုများလာမှာဖြစ်တယ်။ဒါပေမဲ့ ချောင်းဆိုးတာက နှစ်ပတ်ထက်ကြာနေရင်၊ ချောင်းဆိုးလွန်းလို့ ညဘက်တွေအိပ်လို့မရဘူး ဖြစ်နေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။လေလည်ခြင်းနဲ့ လေတက်ခြင်းဟာ အသံရော၊ အနံ့ရော ပါဝင်နေတာမို့ ရှက်စရာကောင်းတဲ့အလုပ်တစ်ခုလို့ လူအများလက်ခံပြီးသားပါ။ ဒါပေမဲ့ လေလည်ခြင်းဟာလည်း ယဉ်ကျေးမှုအရ ခဏထိန်းချုပ်ထားသင့်ပေမဲ့ လေလုံးဝမလည်ဘူးဆိုရင်လည်း ကျန်းမာရေးပြဿနာတွေကို အများကြီးရင်ဆိုင်ရမှာပါ။လေလည်တာရယ်၊ လေတက်တာရယ်ဟာ သဘာဝပါ။ ကလေးငယ်လေးတွေမှာတောင် နို့တိုက်ပြီးရင် လေထုတ်ပေးရတာပဲမလား။ နေ့စဉ် စားနေရင်း၊ သောက်နေရင်းနဲ့ လေတွေဟာ ရောပါသွားတာ အထူးအဆန်းတော့မဟုတ်ပါဘူး။ ဝင်သွားတဲ့လေတွေကို ပြန်ထုတ်ဖို့အတွက် အစာခြေစနစ်က လေက အပေါ်ကို ဆန်တက်ပြီး လေတက်မလား၊ အောက်ကနေပဲ လေလည်မလားဆိုတာကို ဆုံးဖြတ်ပေးပါတယ်။အစာအိမ်နဲ့ အူတွေမှာ လေတွေနဲ့ ပြည့်နှက်နေတဲ့အခါ အစာမကြေတာ၊လေထိုး၊ လေအောင့်၊ ဝမ်းချုပ်၊ လေချုပ် ဖြစ်တတ်ပါတယ်နော်။လူတွေဟာ ဆီးအောင့်ထားတာကို အမှုမဲ့ အမှတ်မဲ့ လုပ်နေတတ်ကြတယ်။ ခရီးသွားရင် ကားပေါ်မှာ အိမ်သာမရှိလို့ ဆီးအောင့်ထားတာကနေ စလို့ ရုပ်ရှင်ကြည့်နေရင် ဇာတ်လမ်းကောင်းနေလို့ ထမသွားတာလိုမျိုး အကြောင်းမဲ့ ဆီးအောင့်ထားတာကို လုပ်တတ်ကြပါတယ်။ဆီးဆိုတာကလည်း ခန္ဓာကိုယ်ရဲ့ စွန့်ထုတ်ပစ္စည်းဖြစ်ပါတယ်။ စွန့်ထုတ်ပါလို့ ခန္ဓာကိုယ်က အချက်ပြနေတာကို ဆီးအိမ်ထဲမှာ အကြာကြီးသိမ်းထားရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ဆီးအောင့်တာက အကျင့်ဖြစ်လာတဲ့အခါ ဆီးအိမ်နံရံမှာရှိတဲ့ ကြွက်သားတွေဟာ ကျုံ့လာပါတယ်။ ဒါဟာ ဆီးမထိန်းနိုင်တာတွေကိုဖြစ်စေတာပါ။ ၁၀ နာရီကြာလောက် ဆီးအောင့်ထားရင်တော့ ဆီးကိုမစွန့်ထုတ်နိုင်ခြင်း (urinary retention) အခြေအနေကို ရောက်ရှိလာပါမယ်။ဆီးအိမ်ထဲက ကြွက်သားတွေဟာ မဖြေလျှော့နိုင်တော့ဘဲ ဆီးမသွားနိုင်တော့တာမျိုးကိုခေါ်တာပါ။ ဆီးပိုက်အကူအညီယူရတာမျိုးထိ ဖြစ်နိုင်ပါတယ်။အဆိုးရွားဆုံး အခြေအနေတွေမှာတော့ ဆီးအိမ်ပေါက်ကွဲတာထိ ဖြစ်နိုင်ပါတယ်။လူတွေဟာ ယဉ်ကျေးတဲ့ သတ္တဝါတွေဖြစ်တဲ့အတွက် တစ်ခါတစ်လေ ယဉ်ကျေးမှုကြောင့်ဆိုပြီး ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလုပ်တွေကို မသိလိုက်ဘဲ လုပ်မိနေကြတယ်။ ဒီလို လေလည်တာ၊ လေတက်တာတွေကို လူမှုပတ်ဝန်းကျင်မှာ ရိုင်းပျတဲ့ အပြုအမူဆိုပြီး သတ်မှတ်ထားကြတာကိုး။ ဒါပေမဲ့လည်း ကိုယ့်ကျန်းမာရေး ထိခိုက်နိုင်မယ့် အမူအကျင့်တွေကိုတော့ ချင့်ချိန်ပြီး ဖွင့်ချသင့်တဲ့အချိန်မှာလည်း မရှက်မကြောက် ဖွင့်ချလိုက်ဖို့ တိုက်တွန်းပါရစေ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/bodilyfunctions-you-shouldnt-hold-in/
ဘေဘီလေးတွေ ဆော့ရင်းထိခိုက်နိုင်တဲ့ ဒဏ်ရာတွေ
ပြုတ်ကျမယ်၊ချော်လဲမယ်။ အပူလောင်တော့မှာပဲ ဒီကလေးကတော့နော်…. တစ်ချိန်လုံးအော်နေရတယ်။ ဒါမျိုးတွေပြောဖူးလား။ ဒါဆိုရင်တော့ သင်ကဘေဘီလေးရဲ့မေမေ၊ဖေဖေ မဟုတ်ရင်တောင် ဦးဦးတီတီအရွယ်ရောက်နေသူပါ။ဘေဘီကတော့ဆော့မှာပဲ ကိုယ်တွေကတော့ တစ်ချိန်လုံးစောင့်ကြည့်သတိပေးရမှာပဲလေ။ လူတိုင်း သူ့တာဝန်နဲ့သူပဲကိုး.. မဟုတ်ဘူးလား။ကလေးတော်တော်များများက အဆော့သန်ကြပါတယ်။ ကလေးတွေတော်တော်ဆော့တယ်လို့ မပြောခင်မှာ ကိုယ့်ခန္ဓာကိုယ်ကိုပြန်ဆန်းစစ်ဦး။ အနာရွတ်တွေရှိနေလားလို့လေ။ ကလေးတုန်းကဆော့ရင်းရခဲ့တဲ့ အမာရွတ်တွေရှိနေဦးမှာပါ။ အချို့ကပျောက်သွားပေမယ့် အချို့က တစ်သက်မခွဲတဲ့အမာရွတ်တွေအဖြစ်ကျန်နေသေးတယ်နော်။ ဒီတော့ ကလေးတွေကို မဆော့ပါနဲ့လို့ပြောဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသွားလောက်မှာပါ။ ဒီတော့ ဘာလုပ်ရမလဲ။ သူတို့မှာဖြစ်တတ်တဲ့အနာတွေအကြောင်းသိအောင်လုပ်ထားပြီးပြုစုကုသပေးရုံပေါ့။ထိခိုက်ရှနာဒဏ်ရာ– ကလေးဆိုတဲ့အရွယ်က အငြိမ်မနေဆော့ချင်နေတတ်တဲ့အရွယ်တွေပါ။ သူတို့ကပြေးမယ်လွှားမယ်၊ အမြင့်တွေကို တွယ်တက်မယ်၊ချော်လဲမယ်။ ဒါတွေအကုန်ဖြစ်နိုင်ပါတယ်။ ကလေးတိုင်း ဒီလိုမျိုးပြဿနာတွေနဲ့ မကင်းကြပါဘူး။ပြေးလွှားရင်းထိခိုက်မိတာကြောင့်တံတောင်ဆစ်၊ဒူးဆစ်တွေမှာ ကွဲတာတွေ၊ထိခိုက်မိတာတွေဖြစ်လာနိုင်ပါတယ်။ အချို့ဒဏ်ရာတွေက အရမ်းမပြင်းထန်ဘူးဆိုရင် အိမ်မှာတင်ပြုစုကုသပေးလို့ရပါတယ်။အနာဖြစ်လာတဲ့အခါ အနာကိုရေသန့်သန့်ဆပ်ပြာခပ်ပျော့ပျော့လေးနဲ့ဆေးကြောပြီး အရင်သန့်စင်လိုက်ပါ။ပြီးရင်အနာပေါ်ကိုAntibiotic creamတစ်ခုခုလူးပေးပြီး ပလာစတာ၊ပတ်တီးနဲ့ အုပ်ပေးထားလိုက်ပါ။ တစ်နေ့တစ်ကြိမ်တော့ အနာကိုစစ်ဆေး၊ဆေးထည့်၊ပတ်တီးလဲတာလုပ်ပေးနော်။ အနာကကြီးမယ်၊ နက်မယ်။ အနာတဝိုက်ရောင်ရမ်းမယ်၊ပြည်တည်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပေးပါ။အပူလောင်နာ– မတ်တတ်စမ်းတဲ့အရွယ်မှာ အများဆုံးအပူလောင်တတ်ကြပါတယ်။ မိဘတွေအနေနဲ့ သတိထားရမှာတစ်ခုက ကလေးတွေ လက်လှမ်းမီတဲ့နေရာလောက်မှာရေနွေးအိုး၊ ဟင်းအိုးလိုမျိုး အရာတွေကိုမထားမိဖို့နဲ့ အပူလောင်စေနိုင်တဲ့အရာတွေ အနားကို ကလေးတွေမလာစေအောင်ဂရုပြုဖို့ပါ။အပူလောင်တဲ့အခါ အရမ်းပြင်းထန်တယ်ဆိုရင်ဆေးရုံဆေးခန်းကို ချက်ချင်းသွားရောက်ပြသတာက အကောင်းဆုံးပါ။ အရမ်းမပြင်းဘူးဆိုရင်တော့ရေအေးအေးလေးနဲ့ အနာကိုဆေးကြောပေးပြီး အပူလောင်တဲ့အခါ လူးပေးလို့ရတဲ့ဆေးတစ်မျိုးမျိုးလူးပေးထားပါ။ရှားစောင်းလက်ပပ်အတွင်းသားကပ်ပေးလို့လည်းရပါတယ်။ချော်လဲလို့ရတဲ့ ထိခိုက်ဒဏ်ရာ-ချော်လဲတာကြောင့်ထိခိုက်မိတာက ကလေးတွေမှာ အဖြစ်အများဆုံး ထိခိုက်ဒဏ်ရာပေါ့။ ကလေးသေးသေးလေးတွေကနေစလို့ ဆယ်ကျော်သက်အရွယ်တွေအထိ အကုန်လုံးချော်လဲနိုင်ပါတယ်။ ဒါကြောင့်ကလေးကို အရမ်းပြေးလွှားတာမျိုး မလုပ်ဖို့ပြောပါ။ကလေးကို ပန်းခြံလိုနေရာကိုခေါ်သွားတဲ့အခါသေချာစောင့်ကြည့်ပါ။ ကလေးက စကိတ်စီးတာလိုမျိုး ကစားနည်းကိုဆော့မယ်ဆိုရင် ဒူးကာ၊ တံတောင်ဆစ်အကာနဲ့ ဦးထုပ်ဆောင်းပေးတာမျိုးလုပ်ပေးပါ။ ကလေးကို ထိခိုက်မိတဲ့အခါမှာလည်း ဆူတာငေါက်တာမျိုး မလုပ်ပါနဲ့။ ကလေးကို အားပေးရင်း ထိခိုက်မိတဲ့ဒဏ်ရာကိုဆေးကြာသန့်စင်တာ၊ဆေးထည့်တာ၊ပလာစတာကပ်တာမျိုးတွေလုပ်ပေးပါ။ကြွက်သားနဲ့အရွတ်ထိခိုက်မိတာ– ဒါမျိုးကတော့ သားသားလေးတွေမှာ ပိုအဖြစ်များမယ်ထင်ပါတယ်။ ဘောလုံးကန်တာ၊ ဘတ်စကတ်ဘောကစားတာ လိုမျိုး တစ်ကိုယ်လုံးကို အသုံးပြုရတဲ့အားကစားနည်းတွေကစားတဲ့အခါ တွန်းမိတိုက်မိတာတွေ အပြင်းအထန်လှုပ်ရှားမှုတွေကြောင့် ကြွက်သာတွေထိခိုက်မိတာ၊ အရွတ်တွေနာကျင်တာမျိုးဖြစ်နိုင်ပါတယ်။ ကလေးအနေနဲ့ပြင်ပဒဏ်ရာတစ်စုံတစ်ခုမရှိဘဲ နာကျင်နေတယ်လို့ပြောလာမယ်ဆိုရင် အရင်ဆုံး နာတဲ့နေရာကို ရေခဲဝတ်ကပ်ပေးတာ၊ ကလေးကို အေးအေးဆေးဆေးအနားယူခိုင်းတာမျိုးလုပ်ပေးပါ။ ဒီလိုတွေလုပ်ပေးနေပေမယ့် မသက်သာလာဘူးဆိုရင်တော့ ကလေးကို ဆရာဝန်ထံခေါ်သွားပြီး လိုအပ်တဲ့ ကုသမှုခံယူပေးဖို့ လုပ်ဆောင်ပေးပါ။သွားထိခိုက်မိတာ– ကလေးလေးတွေ လိုက်တမ်းပြေးတမ်းဆော့ရင်းဖြစ်ဖြစ် မတော်တဆခြေချော်ပြုတ်ကျတာမျိုးကြောင့်ဖြစ်ဖြစ် သူရဲကောင်းကြီးတွေလုပ်ရင်း အမြင့်ကနေ ခုန်ချတဲ့အခါမျိုးမှာဖြစ်ဖြစ် အခန့်မသင့်ရင် သွားကျိုးတာ၊ သွားပဲ့တာလိုမျိုးထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ ငယ်သွားကပြန်ထွက်မယ်ဆိုပေမယ့် သေချာဂရုစိုက်မှ ညီညီစီစီနဲ့ သွားလှလှလေးတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်တာကြောင့် ကလေးမှာ သွားထိခိုက်မှုတစ်စုံတစ်ရာဖြစ်တဲ့အခါ သွားဆရာဝန်နဲ့ ချက်ချင်းသွားရောက်ပြသပေးပါ။ သွားဆရာဝန်ထံမသွားခင်မှာတော့ ကလေးကိုခံတွင်းသန့်ရှင်းရေးအရင်လုပ်ပေးပါ။သွားကျိုးသွားတာဆိုရင်သွားဖုံးကသွေးတိတ်သွားစေဖို့ ပိုးသတ်ထားတဲ့ ဂွမ်းစလေးကိုက်ခိုင်းတာမျိုးလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%b1%e1%80%98%e1%80%98%e1%80%ae%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc-%e1%80%b1%e1%80%86%e1%80%ac%e1%80%b7%e1%80%9b%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%ad%e1%80%81%e1%80%ad/
ခရမ်းကစော့သီးလေးတွေ ကပေးတဲ့ ကျန်းမာရေး
မီးကင်ပြီးပဲတို့စားစား၊ ပြုတ်ပြီးပဲတို့တို့၊ခရမ်းချဉ်သီးနဲ့ပဲချက်စားစား စားလိုက်တိုင်း ဖောက်ခနဲဖြစ်ပြီး အရသာရှိတဲ့ ခရမ်းကစော့သီးလေးတွေ ကို ကြိုက်တဲ့သူတွေရှိလား။ ဒီစားကောင်းခရမ်းကစော့သီးလေးက ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ဖောက်ဖောက်၊ ဖောက်ဖောက်နဲ့ စားလို့ကောင်းတဲ့ ခရမ်းကစော့သီးလေးက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။ကင်ဆာကာကွယ်ပေးတယ်။ခရမ်းကစော့သီးလေးတွေ က ကင်ဆာ ကာကွယ်ပေးနိုင်သလို ကင်ဆာကုသရာမှာလည်း ထိရောက်မှုရှိပါတယ်။ခန္ဓာကိုယ်ကျန်းမာစေဖို့ အာဟာရတွေပြည့်ဝစွာပါဝင်နေသလို ကင်ဆာဆဲလ်တွေ မပွားစေဖို့လည်း အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ ခရမ်းကစော့သီးကို ရှေးယခင်ကာလတွေကတည်းက ကင်ဆာကာကွယ်ဖို့ အသုံးပြုခဲ့ကြပါတယ်။အကိုက်အခဲသက်သာစေနိုင်တယ်။ခရမ်းကစော့သီးတွေက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ခရမ်းကစော့သီးမှာပါတဲ့ ဓာတ်တစ်မျိုးက နာကျင်မှုကိုသက်သာစေသလို အရောင်ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်။လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေဖြစ်ပြီး နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း ခရမ်းကစော့သီးကို စားပေးလို့ရပါတယ်။ထိခိုက်ဒဏ်ရာတွေကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း စားပေးလို့ရပါတယ်။အနာတွေကို သက်သာစေနိုင်တယ်။အဖျားကျစေနိုင်တယ်။ခရမ်းကစော့သီးကို စားသုံးပေးတာကကိုယ်ခံအားကောင်းစေနိုင်ပြီး ဖျားနာမှု ကင်းစေနိုင်ပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ခရမ်းကစော့သီး ပြုတ်ရည်ကို သောက်ပေးတာကလည်း အဖျားကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်။ခရမ်းကစော့သီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်ကို ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ဖို့ စားသုံးပေးလို့ရပါတယ်။ဗီတာမင် Cချို့တဲ့မှုကင်းစေတယ်။ခရမ်းကစော့သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်မှာ ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ရေယုန်သက်သာစေနိုင်တယ်။ခရမ်းကစော့သီးမှာ ရေယုန်ကိုသက်သာစေနိုင်ပြီး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်။ခရမ်းကစော့သီးက ဓာတ်တိုဆးန့်ကျင်အာနိသင်ကြွယ်ဝတာကြော်င့ ခန္ဓာကိုယ်မျာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို ကျန်းမာစေနိုင်သလို  ရောဂါတွေကနေလည်း အထိ​ရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။သန်ကျစေနိုင်တယ်။ခရမ်းကစော့သီးက သဘာဝသန်ကျဆေးတစ်မျိုးပါ။ သန်ထမှာစိုးတယ်။ သန်ချဆေးလည်း မသောက်ချင်ဘူးဆိုရင်တော့ ခရမ်းကစော့သီးလေး တို့စားပေးပါ။အမြင်အာရုံကောင်းစေတယ်။ခရမ်းကစော့သီးကို ထက်ခြမ်းခြမ်းပြီး ထောပတ်နဲ့ ပုံမှန်ကြော်စားပေးတာက အမြင်အာရုံကို ကျန်းမာစေနိုင်မှာပါ။အရသာလည်းရှိ၊ စားလို့လည်းကောင်းတဲ့ ခရမ်းကစော့သီးလေးတွေ စားရင် အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကိ ရယူလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-solanum-nigrum/
သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်း အကြောင်း
သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်း ဟာ မပေါ့ဆသင့်တဲ့ အခြေအနေဖြစ်ပါတယ်။ ဝမ်းမည်းခြင်းဟာအစာအိမ်အူလမ်းကြောင်းမှာ သွေးယိုစီးခြင်း၊ ထိခိုက်မှုဖြစ်ထားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အရောင်ရင့်တဲ့ အစားအစာတွေ စားပြီးချိန်မှာလည်း ဝမ်းအရောင်မည်းတာမျိုး ဖြစ်တတ်ပါတယ်။သင့်အနေနဲ့ ဝမ်းအမည်းရောင်တွေ၊ သွေးဝမ်းတွေ သွားနေပြီဆိုရင်တော့ အထူးသတိထားရမယ့် ရောဂါအခြေအနေဟုတ်၊ မဟုတ် သိရအောင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အစာအိမ်အူလမ်းကြောင်း အပေါ်ပိုင်းလောက်မှာ သွေးယိုစီးရင် အမည်းရောင်၊ ကတ္တရာရောင်ဝမ်းများ သွားတတ်ပါတယ်။ အစာအိမ်အူလမ်းကြောင်း အနာများ၊ ဒါမှမဟုတ်အစာရေမျိုနဲ့ အစာအိမ်မှာ ထိခိုက်မှုတခုခု ရှိနေရင် သွေးယိုစီးနိုင်ပါတယ်။သွေးများဟာ အစာချေရည်များနဲ့ ရောနှောသွားတဲ့အတွက် ကတ္တရာစေးရောင်များ ပြောင်းသွားခြင်း ဖြစ်ပါတယ်။ ဆေးဝါးတချို့ကို သောက်သုံးချိန်မှာလည်း ကတ္တရာရောင်ဝမ်းတွေ သွားတတ်ပါတယ်။ ဥပမာ သံဓာတ်အားဖြည့်ဆေးတွေ သောက်သုံးချိန်မှာ ဝမ်းမည်းသွားတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်ရင်လည်း အစာအိမ်အနာကနေ  သွေးယိုစိမ့်ပြီး ဝမ်းမည်းမည်းသွားတတ်ပါတယ်။တခါတရံမှာ အစာအိမ်အူလမ်းကြောင်းမှာ ဆိုးရွားတဲ့ သွေးကြောဆိုင်ရာ ချို့ယွင်းခြင်းတွေ ဖြစ်ပွားရင်လည်း ဝမ်းအမည်းရောင်များ သွားတတ်ပါတယ်။ အဆိုပါ အခြေအနေများကတော့ အူလမ်းကြောင်း သွေးအရောက်နည်းသွားခြင်း၊ သွေးကြောများ ပုံမှန်ဖွဲ့စည်းမှုမရှိခြင်း၊အူလမ်းကြောင်းအတွင်း သွေးကြောများ ဖောင်းထွက်နေခြင်း စတာတွေ ဖြစ်ပါတယ်။အစာအိမ်အူလမ်းကြောင်း အောက်ပိုင်းမှာ သွေးယိုရင်တော့ အနီရောင်၊ ဒါမှမဟုတ် သွေးဝမ်းသွားတတ်ပါတယ်။ကင်ဆာကျိတ်ဒါမှမဟုတ် အသားပိုများ အူလမ်းကြောင်းအတွင်း ထိုးထွက်နေရင်လည်း ဖြစ်တတ်ပါတယ်။ အူအနာဖြစ်ရောင်ရမ်းခြင်း၊ ခရွန်းရောဂါ စတဲ့အစာအိမ်အူလမ်းကြောင်း ပြဿနာတွေဟာလည်း အူလမ်းကြောင်းမှာ သွေးယိုခြင်း ဖြစ်တတ်ပါတယ်။လိပ်ခေါင်းရောဂါရှိသူတွေမှာလည်း သွေးဝမ်းသွားတတ်ပါတယ်။ အူမကြီးအောက်ပိုင်း၊ ဒါမှမဟုတ် စအိုမှာ သွေးပြန်ကြောတွေ ဖောင်းနေခြင်း ဖြစ်ပါတယ်။ ဝမ်းသွားဖို့ အားစိုက်ညှစ်ရတဲ့အခါ သွေးယိုတတ်ပါတယ်။အစာအိမ်အူလမ်းကြောင်းမှာ ပိတ်ဆို့မှုတခုခုရှိရင်တော့ ဝမ်းအမည်းရောင်၊ ကတ္တရာဝမ်း၊ ဒါမှမဟုတ် သွေးဝမ်းသွားတတ်ပါတယ်။အစားအသောက်ကြောင့်ရော ဖြစ်သလား။သင်စားသောက်လိုက်တဲ့ အစားအစာတွေကလည်း ဝမ်းအရောင်ကို သွေးရောင်၊ အမည်းရောင် စသဖြင့် ဖြစ်စေနိုင်ပါသေးတယ်။ ဖြစ်နိုင်ခြေများတဲ့ အစားအစာတွေကတော့။ဆရာဝန်ဟာ ရောဂါရာဇဝင်မေးပြီး လိုအပ်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ သွေးစစ်ခြင်း၊ ဝမ်းနမူနာ စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ ပုံရိပ်ဖော်စစ်ဆေးခြင်း နည်းလမ်းတွေနဲ့လည်း စစ်ဆေးနိုင်ပါတယ်။ လိုအပ်ရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းကြည့်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။သွေးဝမ်း၊ ဝမ်းမည်းသွားရတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး ဆရာဝန်များက လိုအပ်သလို ကုသပေးပါလိမ့်မယ်။ လိပ်ခေါင်းရှိသူများ၊ ကင်ဆာကျိတ်ရှိသူများအတွက် ဝမ်းသွားရတာ ချောမွေ့အောင် ဝမ်းပျော့ဆေးတွေ သုံးနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းမှာ အနာဖြစ်နေရင် အနာကျက်အောင် ကုသရပါမယ်။ ပဋိဇီဝဆေးတွေလည်း သုံးစွဲရတတ်ပါတယ်။သွေးပြန်ကြောတွေ ပုံမှန်မဟုတ်ရင် ခွဲစိတ်ပြုပြင်ဖို့ လိုအပ်နိုင်ပါတယ်။ သွေးဝမ်းသွားခြင်းဟာ သွေးအားနည်းခြင်းကိုလည်း ဖြစ်စေနိုင်တာကြောင့် သွေးအားကောင်းစေဖို့ ကုသမှုတွေ လိုနိုင်ပါတယ်။အစာအိမ်အူလမ်းကြောင်းက အကျိတ်တွေ၊ အသားပိုတွေကို ခွဲစိတ်ဖယ်ရှားဖို့လည်း လိုနိုင်ပါတယ်။ အသားစ စစ်ဆေးပြီး ကင်ဆာဖြစ်နိုင်ခြေ အကျိတ်တွေဆိုရင် ဓာတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေနဲ့ ကုသရတတ်ပါတယ်။ အကြောင်းအရင်းပေါ် မူတည်ပြီး ကုသမှုမျိုးစုံ ဖြစ်နိုင်ပါတယ်။အဓိကကတော့ အစာအိမ်အူလမ်းကြောင်းကို ဂရုစိုက်ရပါမယ်။ရေများများသောက်ပြီး အမျှင်ဓာတ် များများစားရပါမယ်။ ဒါမှသာ ဝမ်းမှန်မှာ ဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေတဲ့ အရာတွေ ဥပမာ ဆေးလိပ်၊ အရက် စတာတွေ ရှောင်ကြဉ်ရပါမယ်။ အစားကို အချိန်မှန် စားရပါမယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါ အစပျိုးလာရင် ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/bloody-or-tarry-stools/
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ
သင့်ကိုယ်ခန္ဓာရဲ့ကြွက်သားတွေကို အသုံးပြုပြီး လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းမှန်သမျှဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ရေကူးခြင်း၊ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း စသဖြင့် ကိုယ်လက်လေ့ကျင့်ခန်းဟာလည်း မျိုးစုံရှိပါတယ်။ အဆိုပါလေ့ကျင့်ခန်းများဟာ ပြုလုပ်သူများအတွက် ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွစေပြီး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အခုတစ်ခေါက်တော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း ပြောပြပေးချင်ပါတယ်။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ ကတေ့။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို တိုးတက်စေပြီး စိတ်ပူခြင်း၊ စိတ်ကျခြင်း၊ စိတ်ဖိစီးခြင်း စတာတွေကို သက်သာစေပါတယ်။ ဆီရိုတိုနင်၊ နော်အပီနက်ဖရင်း စတဲ့ဟော်မုန်းတွေကို ဦးနှောက်ကနေ ပိုမိုခံစားနိုင်ပြီး စိတ်ကျခြင်းကို သက်သာစေပါတယ်။ဒါ့အပြင် အင်ဒေါ်ဖင်ဟော်မုန်းကို ပိုမိုထွက်စေတာကြောင့် အကောင်းမြင်တဲ့ ခံစားချက်တွေကို တိုးလာစေပြီး နာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။ဒီနေရာမှာ လေ့ကျင့်ခန်းရဲ့ ပြင်းထန်မှုက အဓိကမကျပါဘူး။ သက်သာတဲ့ လေ့ကျင့်ခန်းဖြစ်စေ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းဖြစ်စေ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။သင့်ရဲ့ကိုယ်ခန္ဓာဟာ စွမ်းအင်တွေကို နည်းလမ်းသုံးမျိုးနဲ့ အသုံးပြုပါတယ်။ အစားအစာကို ချေဖျက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ခန္ဓာကိုယ်လုပ်ငန်းတာဝန်များ (နှလုံးခုန်ခြင်း၊ အသက်ရှူခြင်း) လုပ်ဆောင်ခြင်း စသဖြင့် ဖြစ်ပါတယ်။Diet လုပ်နေချိန်မှာ ကယ်လိုရီနည်းပြီး ဇီဝဖြစ်ပျက်မှုကိုနှေးစေတာကြောင့် ကိုယ်အလေးချိန်ကျဖို့ကို နှောင့်နှေးစေတတ်ပါတယ်။ ဒါကြောင့် တဖက်မှာ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရင်းနဲ့ ဇီဝဖြစ်ပျက်မှုနှုန်းကို ပြန်တက်စေပြီး ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေခြင်းအားဖြင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူပြုပါတယ်။အလေးမလေ့ကျင့်ခန်းလို အားသုံးရတဲ့ လှုပ်ရှားမှုတွေဟာ ကြွက်သားတွေ တည်ဆောက်ရာမှာ အသုံးဝင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ကြွက်သားတွေကနေ အမိုင်နိုအက်ဆစ်ကို စုပ်ယူရာမှာ အားပေးတဲ့ ဟော်မုန်းတွေထွက်လာစေလို့ ဖြစ်ပါတယ်။လူသားတွေအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ ကြွက်သားတွေ ကျုံလှီသွားပြီး လုပ်နိုင်ကိုင်နိုင်စွမ်း ကျဆင်းသွားတတ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်မစွမ်းဖြစ်ခြင်းတွေ ကြုံနိုင်ပါတယ်။ ငယ်ရွယ်စဉ်မှာ လေ့ကျင့်ခန်းများ လုပ်ဆောင်ပေးခြင်းဟာ ကြွက်သားတွေ တောင့်တင်းခိုင်မာစေဖို့ အထောက်အကူ ပြုပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့အတွက် အရိုးများရဲ့ သိပ်သည်းဆကို တိုးတက်ကောင်းမွန်စေပါတယ်။ နောင် အသက်ကြီးလာရင် အရိုးပွခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ပုံမှန် ကိုယ်လက်လှုပ်ရှားမလုပ်ခြင်းဟာ နာတာရှည်ရောဂါများရဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းအားဖြင့် အင်ဆူလင် အာရုံခံအား မြင့်တက်ကောင်းမွန်ခြင်း၊ နှလုံးနှင့်သွေးကြော ကျန်းမာရေးကောင်းမွန်ခြင်း၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံ တောင့်တင်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေတာကြောင့် နာတာရှည်ဖြစ်စေနိုင်တဲ့ ရောဂါဘယတွေကနေ ကင်းဝေးစေပါတယ်။တစ်ဖက်က ကြည့်မယ်ဆိုရင် ပုံမှန်လေ့ကျင့်ခန်းမလုပ်ဖြစ်ရင် ဝမ်းဗိုက်အဆီတက်ခြင်း၊ အမျိုးအစား ၂ ဆီးချို ဖြစ်နိုင်ခြေမြင့်တက်စေခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ ငယ်ရွယ်စဉ် သေဆုံးခြင်း စတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။လူသားတို့ ခန္ဓာကိုယ်ဟာ ဓာတ်တိုးပစ္စည်းများရဲ့ ဖိအားကြောင့် တဖြည်းဖြည်းယိုယွင်း ပျက်စီးလာပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်းသာမက အရေပြားပါ ပျက်စီးလာပါတယ်။ အင်အားအသင့်အတင့်ပဲ သုံးရတဲ့ လေ့ကျင့်ခန်းများဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို သဘာဝအလျောက် ထွက်လာစေလို့ ဆဲလ်တွေပျက်စီးခြင်းကနေ သက်သာစေပါတယ်။ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေလို့ အရေပြားဆဲလ်တွေကို အိုမင်းရင့်ရော်ခြင်းကနေ နှေးကွေးသွားစေပါတယ်။လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ဦးနှောက်ရဲ့လုပ်ငန်းတာဝန်တွေကို တိုးတက်လုပ်ဆောင်နိုင်စေပြီး မှတ်ဉာဏ်နဲ့ အတွေးအခေါ်စွမ်းရည်တွေကို တိုးတက်စေပါတယ်။ နှလုံးခုန်နုန်းကို မြန်စေတာကြောင့် သွေးလည်ပတ်မှု ပိုကောင်းစေပြီး ဦးနှောက်ဆီကို အောက်ဆီဂျင် ပိုရောက်စေနိုင်ပါတယ်။ဦးနှောက်ဆဲလ်တွေ ဖွံ့ဖြိုးကြီးထွားမှုကို အားပေးတဲ့ ဟော်မုန်းတွေ ပိုမိုထွက်ရှိလာအောင် လှုံ့ဆော်ပေးပါတယ်။ဒါ့အပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ဟဟ်ပိုကမ်းပတ်စ်လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ဖွံ့ဖြိုးစေပါတယ်။ အဆိုပါ အစိတ်အပိုင်းဟာ မှတ်ဉာဏ်နဲ့ သင်ယူမှုစွမ်းရည်ကို ပိုကောင်းစေပါတယ်။ အသက်ကြီးလာတဲ့အခါ ကြုံလာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို အတိုင်းအတာတခုအထိ ကာကွယ်ပေးပါတယ်။လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ပေးခြင်းဟာ လူကို သက်သောင့်သက်သာနဲ့ပြေလျော့စေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ချိန်မှာ အသုံးပြုလိုက်တဲ့ စွမ်းအင်တွေကို အိပ်စက်ချိန်မှာ ပြန်လည်ဖြည့်တင်းပေးတဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်စဉ်မှာ တက်လာတဲ့ ကိုယ်ခန္ဓာအပူချိန်ဟာ အိပ်စက်ချိန်မှာ ပြန်လည်ကျဆင်းပြီး ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ကောင်းကောင်းအိပ်မပျော်တဲ့ သက်ကြီးပိုင်းတွေအနေနဲ့လည်း လေ့ကျင့်ခန်း ပြုလုပ်ရင် ကောင်းစွာ အိပ်စက်လာနိုင်မှာ ဖြစ်ပါတယ်။လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဟာ နာတာရှည် နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ နာတာရှည် ခါးနာခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ပခုံးသားများ နာကျင်ခြင်း စတဲ့ ကာလရှည်ကြာ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် ထိခိုက်နာကျင်မှုဒဏ်ကို ပိုပြီးခံနိုင်ရည် ရှိစေပါတယ်။လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ နှလုံးနဲ့သွေးကြောစနစ်ကို ပိုမိုအားကောင်းစေပါတယ်။ သွေးလည်ပတ်မှုကောင်းတာကြောင့် လိင်စိတ်ဆန္ဒအတွက် အထောက်အကူဖြစ်စေပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းတွေကြောင့် လိင်ဆက်ဆံစဉ် လှုပ်ရှားမှုရော ခံစားမှုကိုပါ ပိုမိုကောင်းမွန်စေပါတယ်။အသက်လေးဆယ်အရွယ် အမျိုးသမီးတွေကို ပြုလုပ်ခဲ့တဲ့ သုတေသနအရ လေ့ကျင့်ခန်းများ ပြုလုပ်ပြီး နေထိုင်မှုပုံစံပြောင်းလဲပြီးချိန်မှာ လိင်စိတ်ဆန္ဒပြည့်ဝမှု ပိုမိုခံစားရတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေအနေနဲ့လည်း စွမ်းဆောင်ရည်ပိုတက်လာတယ်လို့ သိရပါတယ်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/fitness-motivation/benefits-of-exercise/
ပြောပြောနေကျ BMI ဆိုတာ ဘာလဲ
Body mass index (BMI)ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီ (body fat) ပမာဏကို အနီးစပ်ဆုံးသိရဖို့ သုံးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တွက်ရတာလည်း အလွန်လွယ်ကူပါတယ်။ မိမိရဲ့ ကိုယ်အလေးချိန် (kg) ကို တည်ပြီး မိမိရဲ့အရပ် (m2) နဲ့ စားလိုက်ရုံပါပဲ။ အခုခေတ်မှာဆို BMI ကို အလွယ်တကူတွက်ပေးတဲ့ mobile application တွေ၊ပေါင်ချိန်စက်တွေလည်း ပေါပေါများများရှိနေပါပြီ။BMI ကို ဘယ်သူတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသလဲဆိုရင်တော့။အရွယ်ရောက်ပြီးသူတွေ (young and middle-aged adults) အတွက် healthy BMI range ကတော့18.5 မှ 24.9အတွင်းဖြစ်ပါတယ်။18.5 အောက်ဆိုရင် underweight ပိန်သည်ဟု သတ်မှတ်နိုင်ပြီး25-29.9ဆိုရင်တော့ overweight ဝသည်ဟု သတ်မှတ်ပါတယ်။Over 30ဆိုရင်တော့ အဝလွန်နေတဲ့ အခြေအနေဖြစ်ပါတယ်။BMI တွက်နည်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပမာဏနဲ့ ကြွက်သားပမာဏကို တိတိကျကျခွဲထုတ်မပြပေးပါဘူး။ ထို့ကြောင့် အောက်ပါအခြေအနေတွေမှာတော့BMIတစ်ခုတည်းကို ကြည့်ပြီး ပိန်လွန်းတယ်၊ ဝလွန်းတယ်လို့ ကောက်ချက်ချဖို့ ခက်နိုင်ပါတယ်။၁.ကြွက်သား– ကြွက်သားထုကြီးမားသော အားကစားသမားများမှာ BMI ဟာများနေတတ်သော်လည်း overweight မဟုတ်ပါ။၂.ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ– ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုချို့ယွင်းပြီး လမ်းမလျှောက်နိုင်သူများတွင် ကြွက်သားဆုတ်ယုတ်မှုများရှိနိုင်သည့်အတွက် BMI နည်းနေနိုင်သော်လည်း underweight မဟုတ်ပါ။၃. အရပ်– အရပ်ပုလွန်းသူ (<150cm) နှင့် အရပ်ရှည်လွန်းသူ (>190cm) တို့တွင်လည်း BMI တစ်ခုတည်းကို အသုံးပြု၍ ကောက်ချက်မချနိုင်ပါ။ အရပ်ပုသူတွေမှာ BMI ဟာ 25 ကျော်နေတတ်ပြီး အရပ်ရှည်သူတွေမှာ BMI ဟာ underweight ဘက်ရောက်နေတတ်ပါတယ်။၄. လူမျိုးစု– ဥပမာ- အာရှတိုက်သားများနဲ့ အိန္ဒိယလူမျိုးများဟာ ဥရောပတိုက်သားများနဲ့ယှဉ်ရင် BMI တူနေရင်တောင် ခန္ဓာကိုယ်ရဲ့ အဆီပမာဏပိုများပါတယ်။ အချို့ အာရှတိုက်သားတွေမှာ BMI ၂၅ မပြည့်သေးပေမဲ့ ကိုယ်တွင်းအဆီပိုများနေတာကြောင့် ဝတဲ့ အနေအထားကို ရောက်နှင့်ပြီးသားဖြစ်နေတတ်ပါတယ်။အကယ်၍သင်ဟာoverweightဖြစ်ပြီး (with a BMI >25), ကိုယ်လက်လှုပ်ရှားမှုလည်း နည်းတဲ့သူမျိုးသာဖြစ်တယ်ဆိုရင် အောက်ပါ ရောဂါအခြေအနေတွေ ဖြစ်လာနိုင်ခြေရှိပါတယ်။BMIနည်းလွန်းသောအခါ။BMI 18.5 အောက်ရောက်နေပြီး underweight ဖြစ်နေတဲ့ အခြေအနေမှာဆိုရင်တော့ သင်ဟာ အာဟာရချို့တဲ့သောအခြေအနေဖြစ်နေနိုင်ပြီး အောက်ပါရောဂါများ ဝင်လာနိုင်ချေရှိပါတယ်။BMI ကို အသုံးပြုတိုင်းတာ၍ ကျန်းမာလှပသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထိန်းသိမ်းနိုင်ကြစေရန် ရည်ရွယ်လျက်…။ရေးသားသူ – Dr. Saint။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/do-u-know-bmi/
မျက်လုံးတစ်ဝိုက် ထိခိုက်ဒဏ်ရာရရင် ဂရုစိုက်ပါ
မျက်နှာမှာဖြစ်တဲ့ဒဏ်ရာက သေးသေးလေးပဲဖြစ်ပါစေဦး၊ မျက်လုံးတစ်ဝိုက် နီးရင် ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။ တတ်နိုင်သလောက် အမြန်ဆုံးဂရုစိုက်ကုသပေးဖို့ လိုအပ်ပါတယ်။ဥပမာ မျက်ခွံမှာ ထိခိုက်ရှနာဖြစ်တယ်ဆို ဆရာဝန်ပြတာကောင်းပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် လျှောက်လုပ်ရင်းမျက်လုံးထဲရောဂါပိုးဝင်သွားရင် ကုသရခက်ပါတယ်။မျက်လုံးနဲ့ သိပ်မနီးတဲ့ဒဏ်ရာအသေးစားတွေကိုတော့ အိမ်မှာတင် ကုသလို့ရပါတယ်။ တစ်ခုရှိတာကရောဂါပိုးမဝင်ဖို့ရယ်၊ အောက်ကအချက်တွေကို လိုက်နာဖို့ရယ် ဂရုစိုက်ရပါမယ်။ဒဏ်ရာကြီးရင်တော့ ချုပ်ဖို့လိုမှာဖြစ်ပြီး ဆရာဝန်ရဲ့ကုသမှု အမြန်ဆုံးခံယူဖို့လိုအပ်ပါတယ်။ မျက်နှာမှာဆိုတော့ အနာကျက်ပြီးရင် အမာရွတ်ဖြစ်ကျန်ခဲ့မှာစိုးရပါတယ်။ ဖြစ်သလို ပေပေတေတေမနေခဲ့ဘူးဆိုရင်တော့ ဒဏ်ရာအသေးတွေကအမာရွတ်မကျန်ခဲ့လောက်ပါဘူး။ အမာရွတ်တွေ ပါးပြီးပျောက်ကင်းစေနိုင်တဲ့ဆေးတွေလည်းရှိတယ်လေ။အိမ်မှာ၊ အလုပ်ထဲမှာနေရင်း၊ လမ်းသွားရင်း၊အားကစားလုပ်ရင်း မျက်လုံးကို မတော်တဆထိခိုက်မိတာတွေ ရှိတတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ မျက်လုံးထိခိုက်မှုနဲ့ ဂရုစိုက်ရမယ့်အချက်တွေကို ဆက်ပြီးဖတ်ကြည့်နော်။မျက်လုံးကို တိုက်မိ၊ ခိုက်မိတာ(လက်သီးနဲ့ထိုးတာ၊ တံတောင်ဆစ်နဲ့တိုက်မိတာ၊ ဘောလုံးမှန်တာ စတဲ့အခြေအနေတွေ)။မျက်လုံးကို ကုတ်မိတာ၊ ခြစ်မိတာ(လက်သည်း သို့မဟုတ် သစ်ကိုင်း စတာတွေ)။မျက်လုံးထဲ ပြင်ပအရာဝတ္ထုတွေဝင်တာ(ဖုန်၊ သဲ၊ သစ်သားစအမှုန် စတဲ့အရာဝတ္ထုအသေးစားတွေ)။မျက်လုံးကို လောင်စေတာ(အဝတ်လျှော်ဆပ်ပြာ၊ ချေးချွတ်ဆပ်ပြာရည်၊ ဖြန်းဆေး စတဲ့အိမ်သုံးဓာတုပစ္စည်းတွေ)။ထိခိုက်မှုအသေးစားလို့သာဆိုရတယ်၊ တကယ်တော့ အထိခိုက်မခံနိုင်အောင် နုနယ်တဲ့မျက်လုံးနဲ့ ပတ်သက်လာရင် ကုသမှုသေချာခံယူတာ အကောင်းဆုံးပါပဲ။ အခန့်မသင့်လို့ ပျက်စီးနစ်နာရရင် နောက်မှဘယ်လောက်ကုသပါစေ နဂိုမျက်လုံးနဲ့ မြင်နိုင်စွမ်းအတိုင်း ပြန်ရနိုင်မှာမဟုတ်လို့ပါ။ ဒီအချက်တွေဟာ ဆရာဝန်မပြခင် အရေးပေါ်ဂရုစိုက်ပေးရမယ့်အချက်တွေသာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%90%e1%80%9d%e1%80%ad%e1%80%af%e1%80%80%e1%80%b9-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%92/
ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ရင် ဂရုစိုက်ရမယ့်အချက်များ
အသေးစားထိခိုက်မိတာကတော့ နာကျင်မှုဖြစ်တာက လွဲလို့ အခြား လက္ခဏာတွေ တွေ့ရခဲပါတယ်။ သိသိသာသာမြင်ရနိုင်တာက ထိခိုက်မိတဲ့နေရာက အရေပြားရောင်ရမ်းတာ၊ ဖုလာတာလောက်ပဲတွေ့ရနိုင်ပါတယ်။နောက်ထပ်တွေ့ရနိုင်တဲ့လက္ခဏာအချို့က –။အရမ်းပြင်းထန်မယ်ဆိုရင်တော့ –။ဒီလက္ခဏာတွေက လူကြီးတွေမှာ အများဆုံးခံစားရနိုင်ပါတယ်။ ကလေးတွေမှာဆိုရင်တော့ –။ထိခိုက်မိတဲ့ ဒဏ်ရာကပြင်းထန်မယ်ဆိုရင်တော့ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူရနိုင်ပါတယ်။ လိုအပ်ရင်ခွဲစိတ်မှုခံယူရတာနဲ့ ရေရှည်ဆေးကုသမှုခံယူရတာမျိုးတွေရှိနိုင်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%bd%e1%80%ac-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%92%e1%80%8f%e1%80%b9/
ရေချိုးနေတဲ့ နည်းစနစ်မှန်ရဲ့လား
ရေချိုးတာများ ဘာများဆန်းလို့လဲလို့တွေးနေတာလား။ ရေချိုးတာကတော့ ရေလောင်းဆပ်ပြာတိုက်ပြီးသွားတာပဲလေလို့ တွေးနေတာလား။ ဒါပေမယ့် ဒီလောက်တော့မရိုးစင်းဘူးလေ။ နည်းစနစ်ကျကျချိုးမှ အဆင်ပြေတာပါ။ ရေချိုးတဲ့အခါ ဘယ်အစိတ်အပိုင်းကိုရေအရင်ထိတာလဲ။ ဒီအချက်လေးကိုပြောချင်တာပါ။ရေချိုးတာက လူတိုင်းတစ်နေ့တစ်ကြိမ်တော့အနည်းဆုံးလုပ်လေ့ရှိတဲ့တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းစဉ်တစ်ခုပါ။ခန္ဓါကိုယ်မှာ အနံ့အသက်ဆိုးကင်းစင်ပြီး လန်းဆန်းနေစေဖို့ လူတိုင်းလိုလိုရေချိုးကြပါတယ်။ ဒီလိုရေချိုးတဲ့အခါရေအကြာကြီးမချိုးနဲ့ အအေးပတ်မယ်၊လေဖြတ်မယ်လို့ပြောကြတာရှိတယ်နော်။ ဒါက တကယ်လားဆိုတာကို ဒီဆောင်းပါးလေးထဲမှာကြည့်ရအောင်နော်။လူကြီးတွေရေကြာကြာချိုးမိလို့ခြေလက်တွေထုံတယ်၊ကျဉ်တယ်၊လေဖြတ်တာမျိုးတွေဖြစ်ကြတယ်နော်။ ဒါကအသက်အရွယ်ကြောင့်ဖြစ်တယ်လို့ထင်လား၊ လူငယ်တွေမှာ မဖြစ်နိုင်ဘူးလား။ တကယ်ပြောရရင် ဒါက အသက်အရွယ်ကြောင့်ဆိုတာထက်ရေချိုးတဲ့ နည်းစနစ်မှားနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီတော့ အခုလိုပြဿနာမျိုးမကြုံရအောင် နည်းစနစ်မှန်မှန်လေးရေချိုးကြဖို့ပြောပါရစေနော်။ရေချိုးတဲ့အခါရေကိုခွက်နဲ့ခပ်ပြီးလောင်းချိုးရင်ဖြစ်ဖြစ်၊ရေပန်းနဲ့ပဲ ချိုးချိုး အရင်ဆုံးရေထိတွေ့ပေးသင့်တဲ့ အစိတ်အပိုင်းကခြေထောက်ပါ။ခြေထောက်ကိုရေစထိတာကကျန်းမာရေးအတွက် ထိခိုက်စရာမရှိတော့ပါဘူး။ အချို့ကရေချိုးတဲ့အခါ မျက်နှာကို အရင်သစ်တာမျိုးရှိသလိုရေပန်းဖွင့်ချရင်းခေါင်းကို အရင်ဆုံးရေစွတ်လိုက်တာမျိုးရှိတတ်ပါတယ်။ရေချိုးတဲ့အခါခေါင်းကိုအရင်ဆုံးရေထိတာက အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ အန္တရာယ်များတဲ့လုပ်ရပ်ပါနော်။ရေချိုးတဲ့အခါ အရင်ဆုံးခြေဖျားကိုရေလောင်းပါ။ပြီးရင်ခြေမျက်စိအထက်ပိုင်းကနေလောင်းပါ။ပြီးမှာခြေသလုံး၊ဒူးတို့ကိုလောင်းချပါ။ပြီးရင်ခါးကနေရေလောင်းချပါ။ ဒီလိုကနေတဆင့်ချင်းတက်သွားပါ။ပြောချင်တာကတော့ရေချိုးတဲ့အခါ ခန္ဓါကိုယ်အောက်ပိုင်းကနေစဖို့ပါ။ တကယ်တော့ ဒီလိုလုပ်ဖို့ဆိုတာ အချိန်တစ် မိနစ်လောက်ပဲပေးရတာပါ။ ဒီအချိန် တစ်မိနစ်လေးကပဲ သင့်ကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒီအချက်ကို စိတ်အထင်နဲ့ပြောနေတယ်လို့များထင်နေလား။ စာဖတ်ပရိသတ်ကြီး တကယ်တော့ ဒီအချက်က သိပ္ပံနည်းကျကျလေ့လာဆန်းစစ်ထားတာပါ။နေရာတိုင်းမှာ လျှပ်စစ်သံလိုက်လှိုင်းတွေရှိနေပါတယ်။ ခန္ဓါကိုယ်မှာလည်း ဒီလိုပါပဲ သံလိုက်လှိုင်းရှိနေပါတယ်။ ခန္ဓါကိုယ်အနှံ့မှာသွေးတွေက အဆက်မပြတ်စီးဆင်းနေတာကြောင့် ခန္ဓါကိုယ်မှာ သံလိုက်လှိုင်းတွေရှိနေတာပါ။သွေးတွေက ခန္ဓါကိုယ်အထက်ပိုင်းကနေအောက်ပိုင်းကိုစီးဆင်းမှ ကျန်းမာမှာပါ။ဦးနှောက်ထဲကသွေးကြောလေးတွေက အရမ်းသေးငယ်ပြီးသွေးတွေကလည်း အဆက်မပြတ်စီးဆင်းနေတာပါ။တကယ်လို့များရေချိုးတဲ့အခါခေါင်းပေါ်ကနေရေတွေအများကြီးလောင်းချိုးချလိုက်မယ်ဆိုရင်ဒီသွေးကြောလေးတွေပါ်ကို တိုက်ရိုက်သက်ရောက်မှုတွေဖြစ်ပေါ်ပြီးသွေးခဲသွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးရေရှည်လုပ်လာတဲ့အခါ ဦးနှောက်ထဲကိုသွေးစီးဆင်းရောက်ရှိမှုတဖြည်းဖြည်းနှေးလာပြီးနောက်ဆုံ းမှာ ဦးနှောက်ထိခိုက်တာနဲ့ လေဖြတ်တာမျိုးတွေအထိဖြစ်လာရတာပါ။အခြေအနေကပိုပြင်းထန်လာတဲ့အခါ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်လျော့ကျသွားတာကို တုံ့ပြန်ဖို့အတွက်နှလုံးကမြန်မြန်အလုပ်လုပ်ရပါတော့တယ်။ ဒီလိုမျိုးနှလုံးခုန်နှုန်းမြန်လာတဲ့အခါ ရုတ်တရက်ဆိုသလိုလေဖြတ်တာနဲ့ရုတ်တရက်နှလုံးရပ်သွားတာမျိုးတွေခံစားရနိုင်သလို အခြားသောကျန်းမာရေးထိခိုက်မှုတွေကို ပါခံစားရနိုင်ပါတယ်။ဒါကြောင့်ရောဂါကင်းပြီး သက်ရှည်ကျန်းမာဖို့ ဒီနေ့ကစလို့ရေကိုနည်းစနစ်မှန်မှန်လေးချိုးပေးပါနော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/%e1%80%9b%e1%80%b1%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%85%e1%80%94%e1%80%85%e1%80%ba%e1%80%99%e1%80%be/
သင် စားရင်း အခန့်မသင့်လို့အရိုးစူးနေပြီလား။ ဒါလေးတွေ လုပ်ကြည့်ပါ။
နေ့စဉ် အစာစားပြီးရှင်သန်နေရတဲ့ လူတစ်ယောက်အနေနဲ့ ဘဝမှာ တစ်ခါတော့ အစာအစားရင်း ငါးရိုးစူးတာတို့ကြက်ရိုးစူးတာတို့ ကြုံဖူးကြမှာပါ။ အစားတစ်လိုင်းတွေဆို ပိုဆိုးမှာပေါ့။ စားလို့ကောင်းနေပါတယ်ဆိုမှ အရိုးကစူးနေတော့ တော်တော် ကသိကအောက်ဖြစ်စရာ ပဲ မဟုတ်လား။ အဲအခါကျရင် ပူထူပြီး အရိုးကျအောင် လုပ်မိလုပ်ရာတွေလုပ်တတ်ကြတယ်။ မကျတဲ့အပြင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် အစာစားရင်း အရိုးစူးပြီဆိုတာနဲ့ ဘာတွေ လုပ်ရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။အစားအစားရင်း အဖြစ်အများဆုံးကတော့ ငါးရိုးဆူးတာ ၊ ကြက်ရိုးဆူးတာတွေ ဖြစ်ပါတယ်။ အရိုးများတဲ့ငါးကို အသားနွှင်စားရင်း ပဲဖြစ်ဖြစ်၊ မုန့်ဟင်းခါးစားရင်း ဟင်းရည်ထဲမှာ အရိုးပါလာတာပဲ ဖြစ်ဖြစ်၊ကြက်သားသုတ်တွေမှာ အရိုးနဲနဲ ပါလာတာပဲဖြစ်ဖြစ် မသိလိုက်မိဘဲစားမိ မျိုချမိလိုက်တဲ့ အခါ အရိုးဆူးတတ်ကြပါတယ်။ အဲလို ဖြစ်လာပြီဆို ထူပူပြီး မလုပ်သင့်တာတွေ လုပ်မိရင် အရိုး မကျဘဲနဲ့ ပိုပြီး နစ်ဝင်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။အရိုးဆူးတာက အသက်အန္တရာယ်မရှိတတ်ပေမယ့် ဆေးရုံဆေးခန်း သွားရလောက်တဲ့ အထိတစ်ရံတစ်ခါ ဒုက္ခပေးတတ်ပါတယ်။ အခန့်မသင့်ရင် ခွဲစိတ်ရတဲ့အထိတောင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရိုးစူးပြီဆို သေချာ ဂရုစိုက်ဖို့လိုပါတယ်။ ဆေးခန်းရောက်တဲ့အထိ မပြင်းထန်အောင် အိမ်မှာ အမြန်လုပ်လို့ရတဲ့ အရိုးကျနည်းလေးတွေ ပြောပြချင်ပါတယ်။ချောင်းဆိုးတယ်ဆိုတာ အပြင်ကဝင်လာတွေကို ပထမဆုံးတုံ့ပြန်တဲ့ကိုယ်ခန္ဓာရဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ချောင်းဟတ်လိုက်ပြီ ဆိုတာနဲ့ လည်ပင်းကြွက်သားတွေက ကျုံ့လိုက်တော့ စူးနေတဲ့ ငါးရိုးကို ညှစ်လိုက်သလိုဖြစ်ပြီး ငါးရိုးက စူးနေတဲ့နေရာကနေ ပြုတ်ထွက်ကာ ချွဲတွေနဲ့အတူ အပြင်ကို ထွက်ရင်ထွက် ၊ မထွက်ရင်အစာအိမ်ထဲ ရောက်သွားပါတယ်။ အချိန်အနည်းငယ် ကြာတဲ့အထိ ချောင်းဟတ်လို့ မှ ဆက်ဆူးနေတုန်းဆိုရင် ဆက်မလုပ်တော့ ဘဲ တစ်ခြားနည်းပြောင်းကြည့်ပါ။ချောင်းဆိုးထုတ်တာနဲ့တင် မရဘူးဆိုရင် ထမင်းစားတဲ့ နေရာနဲ့ အနီးဆုံးဖြစ်တဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကို အသုံးချကြည့်ပါ။ သံလွင် ဆီ တစ်ဘူးတွေ့ပြီဆိုရင် ဝမ်းသာလိုက်ပါတော့။ သံလွင်ဆီက သောက်ချရင်လည်း လူကို ဒုက္ခမပေးနိုင်တဲ့အပြင် အရိုးစူးတာမဟုတ်ဘဲ ကပ်နေတာမျိုးတွေ ဖြစ်ခဲ့ရင် ချောထွက်သွားစေမှာ ဖြစ်လို့ လည်ချောင်းထဲ အရိုးစူးသလို ခံစားရရင် ဒီနည်းလမ်းလေးကို စမ်းကြည့်တာလည်း မမှားပါဘူး။လူတော်တော်များများ လုပ်ဖြစ်တဲ့နည်းလေးပါ။ အရိုးဆူးပြီ ဆိုတာနဲ့ ထမင်းဖြစ်ဖြစ် ၊ပေါင်မုန့်ဖြစ်ဖြစ် အလုတ်ကြီးကြီးမျိုချလိုက်ပါ။ ရေမသောက်ဘဲ မျိုချရင် ပိုကောင်းပါတယ်။ လည်ချောင်းနံရံမှာ စိုက်နေတဲ့ အရိုးကို ပွတ်ချပြီး အရိုးကျ သွားစေမှာဖြစ်ပါတယ်။ အရမ်းကြီး လုပ်လို့လည်း မကောင်းပါဘူး။ ၃ ခေါက်ထက်ကျော်လို့ မှ အရိုးမကျရင်ရပ်လိုက်ပါတော့။ တော်ကြာ အရိုးကျ မသွားတဲ့အပြင် လည်ချောင်း အသားထဲ နစ်ဝင်သွားတတ်လို့ပါ.။ငါးရိုးဆိုတာ သိပ်အထူကြီး မဟုတ်လို့ သံပုရာရည် ၊ ရှာလကာရည်တို့မှာပါတဲ့အပျော့စား အက်စစ်နဲ့ ထိရင် ပါးပြီးပျော်ဝင်သွားတတ်တဲ့ အရာပါ။ သံပုရာရည် ဆိုရင် ဒီအတိုင်း ပါးစပ်ထဲကို ညှစ်ချလို့ ရပြီး ရှာလကာရည်ဆိုရင်တော့ရေ အနည်းငယ်ရောပြီးမှ သောက်သင့်ပါတယ်။ စမ်းကြည့်သင့်တဲ့နည်းတစ်ခုဖြစ်ပါတယ်။ဖော်ပြထားတဲ့ နည်းတွေနဲ့ဘယ်လိုမှ မရတော့ ဘူးဆိုရင် အတင်းလုပ်နေမယ် အစား ဆရာဝန်ဆီ သွားသင့်ပါပြီ။ ဆရာဝန်ဆီ မသွားချင်လို့အတင်းဆက်လုပ်နေမယ်ဆိုရင် ပိုဆိုးသွားတတ်ပြီး အပ်နဲ့ထွင်းရင် ရမယ့်အရာကို ပုဆိန်နဲ့ ပေါက်ရတတ်ပါတယ်။ စူးနေ၊ ကပ်နေတဲ့အရိုးက အသားထဲ စိုက်ဝင်သွားပြီဆိုရင် ဆွဲထုတ်လို့ မရတော့ဘဲ ခွဲထုတ်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ဒါကြောင့် ငါးစားပြီ၊ ကြက်သားသုပ်တွေ စားပြီဆိုရင် အရိုးမစူးအောင် ဂရုစိုက်ပြီး စားသင့်ပါတယ်။ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးပါ။ ဖြစ်လာပြီဆိုရင် လည်း စိတ်ကို အေးအေးထားပြီး ဖော်ပြထားတဲ့ နည်းတွေ တစ်ခုချင်းလုပ်ကြည့်ပါ။ ပြောပြထားတဲ့နည်းတစ်ခုခုနဲ့ အဆင်ပြေသွားကြတာက များပါတယ်။ နောက်ဆုံးမရတော့ရင်လည်း ပေကပ်မနေဘဲ ဆရာဝန်ဆီ သွားလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%9e%e1%80%84%e1%80%b9-%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%84%e1%80%b9%e1%80%b8-%e1%80%a1%e1%80%81%e1%80%94%e1%80%b9%e1%80%b7%e1%80%99%e1%80%9e%e1%80%84%e1%80%b7%e1%80%b9%e1%80%9c%e1%80%ad/
ကယ်လိုရီ လောင်ကျွမ်းအောင် Gym သွားဖို့တောင် မလိုပါဘူး
Gymသွားရမှာ ပျင်းနေလား ဒါမှမဟုတ် ပိုက်ဆံကုန်မှာ နှမျောနေလား။လေ့ကျင့်ခန်းမဟုတ်တဲ့ လှုပ်ရှားမှုတွေ နဲ့ လည်း ကယ်လိုရီ လောင်ကျွမ်းအောင် လုပ်လို့ ရပါတယ်နော်။ အိမ်မှာနေရင်း ပိစိပွစ အလုပ်လေးတွေနဲ့ အဆီကျအောင် လုပ်လို့ရတယ် ဆိုတာ သိရင် ဘတ်ဂျက်လည်းမထိ အပြင်သွားဖို့လည်း မလိုတော့ဘူးပေါ့။ဒါ့ကြောင့်ပဲ ဇိမ်ခံပစ္စည်းတွေ မရှိသေးတဲ့ ဟိုခေတ်က အိမ်ရှင်မတွေ အားကစားလုပ်ထားသလို ဗိုက်ချပ်၊ ကျစ်လျစ်၊ လှပနေတာပေါ့။ သနပ်ခါး သွေးနေရင်းကို လက်မောင်းလေ့ကျင့်ခန်း ဖြစ်နေသလိုမျိုး။ကယ်လိုရီ လောင်ကျွမ်းစေမယ့် အိမ်အလုပ်တွေ အကြောင်း သိထားပြီးသား ဖြစ်ရင်ဖြစ်နေနိုင်ပေမယ့် ပိုပြီး မိုတီဗေးရှင်း ရအောင် ဖတ်ကြည့်လိုက်ပါဦး …။ဖုန်စုပ်စက်နဲ့ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်တာ ဒါမှမဟုတ် တံမြက်စည်း လှည်းတာက ကယ်လိုရီ အများကြီး လောင်ကျွမ်းစေနိုင်တဲ့ လှုပ်ရှားမှု ပါပဲ။နာရီဝက်လောက် တံမြက်စည်းလှည်းလိုက်တဲ့အခါ ကိုယ်က ပေါင် ၁၂၀ ရှိနေရင် ၉၉ ကယ်လိုရီ ဒါမှမဟုတ် ကိုယ်က ပေါင် ၁၅၀ ဆိုရင် ၁၂၄ ကယ်လိုရီ၊ ကိုယ်က ပေါင် ၂၀၀ ဆို ၁၆၆ ကယ်လိုရီနှုန်း လောင်ကျွမ်းစေနိုင်ပါတယ်။ဒီအလုပ်လုပ်ရင်း ကတာ၊ ခန္ဓာကိုယ် ပိုလှုပ်ရှားတာ ရှိရင် ပိုပြီးတောင် ထိရောက်ပါသေးတယ်။ သီချင်းလေး တအေးအေးနဲ့ စည်းချက်လိုက်လို့လည်း ရပါတယ်နော်။ကားဆေးတဲ့ ဆားဗစ်တွေ သွားအပ်ရင် သက်သာပေမယ့် ကိုယ်တိုင်လုပ်တော့ ငွေလည်း မကုန်တော့ဘူး၊Gymဖိုး သက်သာတော့ တစ်ချက်ခုတ် နှစ်ချက်မပြတ်ဘူးလား။ကိုယ်တိုင် ကားဆေးတဲ့ အမျိုးသားတွေဟာ နာရီဝက်ကြာ ကားဆေးလိုက်တိုင်း ဥပမာအနေနဲ့ ၁၃၅ ကယ်လိုရီ(၁၂၅ ပေါင် ရှိရင်) ဒါမှမဟုတ်  ကယ်လိုရီ၂၀၀ (၁၈၅ ပေါင်ရှိရင်) လောင်ကျွမ်းစေနိုင်တဲ့နှုန်းရှိပါတယ်။သူငယ်ပြန်ပြီး တခြားကလေးတွေ နဲ့ ထွက်ကစားဖို့တော့ မဟုတ်ဘူးနော်။ ကိုယ့်ရဲ့သားသမီးလေးတွေ ဒါမှမဟုတ် ကလေးမရှိရင် တူ၊ တူမလေးတွေနဲ့ဖြစ်ဖြစ် အတူကစားပေးလို့ရတာပဲလေ။ ပြောရရင် ကလေးထိန်းတာလည်း ဒီအချက်မှာ ဘောင်ဝင်တာပေါ့။ကလေးတွေနဲ့အတူ လှုပ်ရှားဖြစ်တဲ့အခါ နာရီဝက်ကြာတိုင်း ကယ်လိုရီ၁၂၀ ကနေ ၂၀၀ လောက်အထိ အေးဆေး လောင်ကျွမ်းစေနိုင်ပါတယ်။အိမ်ရှေ့ ဒါမှမဟုတ် ခြံဝင်းထဲမှာ သစ်ရွက်နဲ့ အမှိုက်တွေ လှည်းကျင်းတာ၊သန့်ရှင်းရေးလုပ်တာကလည်း သင့်ရဲ့ ကယ်လိုရီတွေကို နှစ်ဆ ပိုလောင်ကျွမ်းစေနိုင်ပါတယ်။စားပြီး ဘေစင်မှာ ထိုးထားလိုက်တာမျိုးထက် ကိုယ်တိုင်ဆေးကြောတာ၊ ချက်ပြုတ်ပြီးတဲ့ အခါလည်း မီးဖိုချောင်မှာ ဆေးကြောသန့်စင်တာ၊ နေရာပြန်ချ ရှင်းလင်းတာတွေက အိမ်ရှင်မတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ပါပဲ။ အရမ်းအကြာကြီး မလိုပါဘူး။ မိနစ် ၃၀ လောက် လှုပ်ရှားနေရင်းနဲ့ ကယ်လိုရီ၂၀၀၊ ၃၀၀ လောက်အထိ လောင်ကျွမ်းနိုင်တယ် ဆိုတာ မမိုက်လွန်းဘူးလား။စတိုခန်းထဲ ဒါမှမဟုတ် အခန်းထောင့်တွေမှာ မထိဘဲ ပစ်ထားတဲ့ အထုပ်တွေ၊ ဘူးပလုံးတွေ ပြန်ဖြည်ကြမယ်။ အချိန်အားတာနဲ့ ဒါတွေကို ကြည့်ပြီး အသုံးမလိုတာတွေ လွှင့်ပစ်၊ လိုတာ ပြန်သုံး၊ နေရာပြန်ချရင်း အဆီချလိုက်ပါ။ ဟိုပစ္စည်း ဒီရွှေ့၊ ဒီပစ္စည်း ဟိုရွှေ့နဲ့ တင် ကယ်လိုရီအတော် လောင်ကျွမ်းမှာ သေချာပါတယ်။အပင်လေးတွေ စိုက်မယ်၊ မြက်နဲ့ပေါင်းပင် နုတ်တာနဲ့တင် ကယ်လိုရီ၁၃၀ ကနေ ၂၀၀ ကျော် ထိ လောင်ကျွမ်းစေနိုင်တယ်။စိတ်ဖိစီးမှုတွေလည်း သက်သာစေတယ်၊ အဆီလည်းကျမယ်၊ပန်းပင်လေးတွေနဲ့ အလှဆင်နိုင်မယ်၊ သီးပင်စားပင်လေးတွေ ဆိုလည်း အချက်အပြုတ်မှာ အသုံးဝင်တယ်။ ဘယ်လောက် ကောင်းလိုက်သလဲ။ကြမ်းသုတ်ဝတ်သုံးပြီး တိုက်တိုက်၊ ကြမ်းသုတ်တံ အရှည် နဲ့ပဲ တိုက်တိုက် တစ်ကိုယ်လုံး အဆီကျဖို့ လှုပ်ရှားမိတာတော့ အမှန်ပါပဲ။ ကြမ်းသုတ်ဝတ်နဲ့ တိုက်တာကတော့ ပိုထိရောက်တာပေါ့။ လက်၊ ခြေထောက်၊ ခါး လှုပ်ရှားမှု အနေအထား ကိုပဲ တွေးကြည့်လေ။ယောဂပို့စ်တွေ နဲ့တောင် ဆင်နေသေး။ဒီနည်းတွေကို ယောကျာ်းလေးရော၊ မိန်းကလေးပါ လုပ်လို့ရတာမို့ အိမ်အလုပ်တွေ အတူတူလုပ်ကြပြီး အချင်းချင်းကူညီလေ့ရှိတဲ့ ဇနီးမောင်နှံတွေအတွက် ကွက်တိပဲ မဟုတ်လား။ လူလွတ်တွေ ဆိုလည်း မိဘကို ကူညီ၊ ကိုယ့်အိမ်ကိုယ်သန့်ရှင်းသပ်ရပ်အောင် ထားလိုက်ရင် ပြီးရောပဲလေ နော်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%80%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%9b%e1%80%ae/
လူတိုင်းသိသင့်တဲ့ အဆုတ်ကင်ဆာ အန္တရာယ်
အဆုတ်ကင်ဆာ ဆိုတာ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများမှာ အဖြစ်အများဆုံးကင်ဆာ‌တွေရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာဖြစ်နှုန်းကဆီးကျိတ်ကင်ဆာ(အမျိုးသမီးတွေမှာတွေမှာဆိုရင်ရင်သားကင်ဆာ)၊အူမကြီးကင်ဆာ၊ပန်ကရိယကင်ဆာ၊အသည်းကင်ဆာ(အမျိုးသမီးတွေမှာဆိုရင်သားဥအိမ်ကင်ဆာ)စတာတွေ ပေါင်းထားတာထက်တောင်များပါသေးတယ်။ ဒီနေ့ခေတ်မှာ ဆေးလိပ်တွေ အသောက်များလာတာကတစ်ကြောင်း၊ လေထုညစ်ညမ်းလာတာကတစ်ကြောင်း အဆုတ်ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းပိုများလာပါပြီ။ ဒါကြောင့် အဆုတ်ကင်ဆာ အန္တရာယ် နဲ့ ပတ်သတ်ပြီး သိထားသင့်တာတွေကို ‌ပြောပြပေးသွားပါမယ်။ဆေးလိပ်သောက်တိုင်း အဆုတ်ကင်ဆာ မဖြစ်သလို အဆုတ်ကင်ဆာဖြစ်တိုင်းလည်း ဆေးလိပ်သောက်တာကြောင့် မဟုတ်ပါဘူး။ ဒါပေမယ့် အဆုတ်ကင်ဆာရဲ့ ၉၀ရာခိုင်နှုန်းက ဆေးလိပ်သောက်လို့ပါ။ တခြားအကြောင်းအရင်းတွေလည်းရှိပါတယ်။ တစ်ခါတစ်လေ အကြောင်းရင်း ရှာမရတာတွေလည်း ရှိနိုင်ပါတယ်။ဆေးလိပ်မှာကင်ဆာဖြစ်စေတဲ့ဓာတ်ပေါင်းစုံပါဝင်ပါတယ်။ ဒါတွေက အဆုတ်မှာရှိတဲ့ ဆဲလ်တွေကိုပျက်စီးစေပါတယ်။ ခန္ဓာကိုယ်က စစချင်းတော့ ပြန်ပြင်နိုင်ပါသေးတယ်။ ဒါပေမယ့်ကြာလာတဲ့အခါ ပြန်မပြင်နိုင်တော့ဘဲ အဆုတ်ကင်ဆာအဖြစ်ကို ပြောင်းသွားပါတယ်။ သောက်တဲ့ ဆေးလိပ်များလေလေ နှစ်ကြာလေလေ ဖြစ်နိုင်ချေများလေလေပါပဲ။ကိုယ်က ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်သောက်တဲ့သူနဲ့ အတူနေတဲ့ အခါ ဆေးလိပ်သောက်သလိုပဲ ဆေးလိပ်ငွေ့ရှူမိပြီး ‌အဆုတ်ကင်ဆာဖြစ်တတ်ပါတယ်။ရေဒွန်ဓာတ်‌ငွေ့က ယူရေနီယမ်ကို ဖြိုခွဲရာက ထွက်လာတာပါ။ ကိုယ့်ပတ်ဝန်းကျင်က လေထုထဲမှာ ရေဒွန်ဓာတ်တွေများနေရင်လည်း ရှူမိပြီး အဆုတ်ကင်ဆာဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ရင် ဖြစ်နိုင်‌ခြေပိုများပါတယ်။လုပ်ငန်းခွင်မှာ ကျောက်မှုန့်တွေရှူမိတာ၊ ခရိုမီယမ်၊ အာဆင်းနစ် စတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာများရင်လည်း အဆုတ်ကင်ဆာဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်ရင် ဖြစ်နိုင်‌ချေပိုများပါတယ်။မိသားစုထဲမှာအဆုတ်ကင်ဆာဖြစ်ဖူးတဲ့သူရှိရင် ကိုယ်လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ မျိုးရိုးကြောင့် မဟုတ်ဘဲ တစ်အိမ်တည်းနေထိုင်ခြင်း (လေထုညစ်ညမ်းတဲ့နေရာမှာအတူတူနေတာ၊ အိမ်ထဲမှာဆေးလိပ်သောက်တာ၊ အိမ်တွင်းလေထုညစ်ညမ်းတာ) စတာတွေကြောင့် ဖြစ်တာမျိုးလည်း ရှိပါတယ်။နာတာရှည်လေပြွန်ရောင်ရမ်းတာ၊ အဆုတ်အမာရွတ်ဖြစ်တာ (pulmonary fibrosis) ရောဂါတွေမှာ အဆုတ်ကင်ဆာဖြစ်နိုင်ပါတယ်။ကား၊စက်ရုံအလုပ်ရုံတွေကထွက်တဲ့ မီးခိုးတွေ၊ ကျပ်ခိုးတွေ၊ အိမ်တွင်းလေထုညစ်ညမ်းတာကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ပါတယ်။မကြာမကြာရင်ဘတ်ကို ဓာတ်ရောင်ခြည်ထိရင် အဆုတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ကင်ဆာတွေရဲ့ ထုံးစံအတိုင်း ကနဦးအဆင့်ဆို ဘာလက္ခဏာမှမပြပါဘူး။  နည်းနည်း‌ရောဂါရင့်လာရင်တော့။ရောဂါအခြေအနေ လူနာအခြေအနေပေါ်မူတည်ပြီး။အဆုတ်ကင်ဆာ က မကုဘဲထားရင် ရောဂါပိုပျံ့လာပြီး။-ကြွက်သားတွေအားနည်းတာ။-ပျို့အန်တာ။-သွေးတက်တာ။-သွေးတွင်းသကြားဓာတ်တက်တာ။-သတိလစ်တာ။-တက်တာတွေဖြစ်တတ်ပါတယ်။ဆေးလိပ်ကို မသောက်တတ်ရင်မသောက်ပါနဲ့။ စွဲနေရင်ဖြတ်လိုက်ပါ။ ဆေးလိပ်ဖြတ်လိုက်တာက အဆုတ်ကင်ဆာအပါအဝင်တခြားသောကင်ဆာများ၊ ရောဂါများဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ ဆေးလိပ်အပြင် တခြားဆေးပေါ့လိပ်၊ ဆေးတံသောက်တာကိုပါ ဖြတ်ရပါမယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/facts-should-know-about-lung-cancer/
အဝလွန်ခြင်းနှင့်ပတ်သက်သော ယုံတမ်းစကားများ
အဝလွန်ခြင်းဆိုတာကတော့ကိုယ်ခန္ဓာမှာ အဆီပိုတွေ အလွန်အကျွံစုဝေးတဲ့ ပြဿနာဖြစ်ပါတယ်။ မျိုးရိုးဗီဇ၊ စားသောက်နေထိုင်ပုံ၊ ရောဂါအခံရှိမရှိ စတာတွေပေါ် မူတည်ပါတယ်။ အဝလွန်ခြင်းဟာ ကမ္ဘာတလွှားမှာ ဖြစ်ပွားတာ များပြားလာတာနဲ့အမျှ သူနဲ့ပတ်သက်တဲ့ ယုံတမ်းစကားများ ၊ အယူအဆအမှားတွေလည်း ပေါ်လာပါတယ်။အဝလွန်ခြင်းနှင့်ပတ်သက်သော ယုံတမ်းစကားများ က ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။အထူးသဖြင့် အောက်ပါအတိုင်း ယုံတမ်းစကားတွေကြားရတာ များပါတယ်။အဝလွန်ခြင်းနဲ့ ပတ်သက်ရင် စားသောက်ပုံကို ဖြစ်ကတတ်ဆန်း စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း စတာတွေကိုပဲ ယိုးမယ်ဖွဲ့ကြပါတယ်။ အဝလွန်သူအများစုကို ပျင်းရိသူများ၊ လှုပ်ရှားမှုနည်းသူများအနေနဲ့ပဲ မြင်ကြပါတယ်။တကယ်တော့ အဝလွန်ခြင်းမှာ အကြောင်းပေါင်းစုံ ရှိပါတယ်။စားသောက်ပုံစနစ်မကျခြင်း၊ လှုပ်ရှားမှုနည်းခြင်း စတာတွေဟာ အဓိကကျပေမယ့် အဝလွန်ခြင်းကို ဖြစ်စေတဲ့ တခြားအကြောင်းတွေ အများကြီး ရှိပါသေးတယ်။စိတ်ဖိစီးမှု၊ အိပ်စက်ပုံ၊ ဟော်မုန်း၊ ရောဂါအခံ၊ သောက်သုံးနေသောဆေးများ၊ မျိုးရိုးဗီဇ စတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ ပတ်သက်ရင် စွမ်းအင်ကို သိုလှောင်ထားပေးတဲ့ စနစ်မျိုးစုံ ပါဝင်နေပါတယ်။ ကိုယ်အလေးချိန်လျှော့ချနိုင်ရင် နှလုံးရောဂါ၊ ဆီးချိုနဲ့ တခြားပြဿနာတွေကို ဖြစ်နိုင်ခြေလျော့စေပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာရဲ့ စွမ်းအင်စနစ်ကို ထိခိုက်စေရင်တော့ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိလာနိုင်ပါတယ်။ကိုယ်အလေးချိန် လျင်မြန်စွာ ကျဆင်းသွားရင် ကြွက်သားများအားပျော့သွားခြင်း၊ ဇီဝဖြစ်ပျက်မှု နှေးသွားခြင်း စတာတွေ ကြုံလာနိုင်ပါတယ်။ အာဟာရချို့တဲ့ခြင်း၊ အိပ်မပျော်ခြင်း၊ သည်းခြေကျောက်တည်ခြင်းအပါအဝင် တခြားပြဿနာတွေ မျိုးစုံကြုံနိုင်ပါတယ်။အရေပြားတွေ ပျော့တွဲသွားတာ၊ အကြောပြတ်ရာတွေပေါ်လာတာ ကြုံနိုင်ပါတယ်။ တခါတရံမှာ စိတ်ပိုင်းဆိုင်ရာကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။များသောအားဖြင့် အဝလွန်သူတွေ ကိုယ်အလေးချိန်လျှော့ချရာမှာ ကယ်လိုရီ အဝင်အထွက်ကိုပဲ အာရုံစိုက်ကြပါတယ်။ စားလိုက်တဲ့ ကယ်လိုရီထက် သုံးစွဲလိုက်တဲ့ ကယ်လိုရီက ပိုမိုလောင်ကျွမ်းရမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ကိုယ်အလေးချိန်လျှော့ရာမှာ ကယ်လိုရီဟာ အရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ပရိုတိန်း၊ အဆီဓာတ်၊ ကာဘိုဟိုက်ဒရိတ် စတာတွေကလည်း အရေးကြီးပါတယ်။စားလိုက်တဲ့ အစားအစာတွေဟာ ဟော်မုန်းတွေအပေါ် သက်ရောက်မှုရှိပါတယ်။ ဒီဟော်မုန်းတချို့ကပဲ ဘယ်အချိန်စားမလဲ၊ ဘယ်လောက်စားမလဲ ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲခြင်းတချို့ဟာ ကိုယ်အလေးချိန် ပိုတက်စေပါတယ်။အစားအစာတချို့ကတော့ ပိုပြီး ဗိုက်ပြည့်စေတဲ့ ခံစားချက်ကို ပေးပါတယ်။ ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပါတယ်။ ကာဘိုဟိုက်ဒရိတ်ကို လျှော့စားပြီး အဆီဓာတ်နဲ့ ပရိုတိန်းကို ပိုစားပေးခြင်းဟာ ကယ်လိုရီကိုပဲ လျှော့တာထက်စာရင် ကိုအလေးချိန်ချရာမှာ ထိရောက်ပါတယ်။ကိုယ်အလေးချိန်လျှော့ချရာမှာ ဘယ်လောက်ကျသွားပြီဆိုတာပဲ အာရုံစိုက်ခြင်းဟာ မထိရောက်လှပါဘူး။စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်ပျက်စီးစေတတ်ပါတယ်။ဒီအတိုင်းအတာကိုပဲကြည့်နေရင် ကိုယ်အလေးချိန် အတက်အကျက သံသရာလည်နေမှာ ဖြစ်ပါတယ်။စိတ်ဖိစီးခြင်း၊ စားသောက်ပုံမမှန်ခြင်း၊ မိမိကိုယ်ကို အားမရခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ရေရှည်အောင်မြင်ဖို့အတွက်ဆိုရင် စားသောက်ပုံ၊ လေ့ကျင့်ခန်း စတာတွေပေါ် ပိုမိုအာရုံစိုက်ရမှာ ဖြစ်ပါတယ်။တဆက်တည်း သွေးပေါင်ချိန်၊ အစားအစာရဲ့ အရည်အသွေး၊ မိမိကိုယ်ကို ယုံကြည်လေးစားမှု စတာတွေကိုပါ အလေးထားရပါမယ်။ ကိုယ်အလေးချိန်လျော့ကျရုံသက်သက်က အောင်မြင်မှု မဟုတ်ပါဘူး။အဝလွန်ခြင်းအတွေ့များတဲ့ နေရာဒေသ (သို့) အချိန်ကာလမှာ အသီးအနှံများ၊ အရွက်များကို ပိုမိုလွယ်ကူအောင်၊ လက်လှမ်းမီအောင် စီစဉ်ပေးထားခြင်းအားဖြင့် အဝလွန်ပြဿနာကို ဖြေရှင်းပေးနိုင်တယ်လို့ ယူဆကြပါတယ်။တကယ်တော့ အစားအသောက်ကို ရွေးချယ်စားသောက်ရာမှာ စနစ်တကျ ရွေးချယ်စားသုံးနိုင်အောင် အသိဉာဏ်ပညာရေချိန်လည်း လိုပါတယ်။ ဒီအတွက် ပညာပေးအစီအစဉ်တွေပါ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။များသောအားဖြင့် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်များ သရေစာများကို ကုမ္ပဏီများဟာ ကြော်ငြာမျိုးစုံနဲ့ စားသုံးသူများ လက်လှမ်းမီအောင် ဆောင်ရွက်ထားကြပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး လတ်ဆတ်တဲ့ အသီးအရွက် အစားအသောက်များကို ပိုမိုစားသုံးဖို့ လူထုကို ဆွဲဆောင်ဖို့ဟာ စိန်ခေါ်မှုတခု ဖြစ်ပါတယ်။ လူထုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ရွေးချယ်စားသုံးနိုင်ဖို့ ပညာပေး အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်ခြင်းက အဓိကကျပါတယ်။………………………….။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/obesity-myths-and-facts/
ပျင်းပျင်းနဲ့ ကော်ဖီ ပဲ လှိမ့်သောက်နေမိတဲ့သူတွေ ရှိလား
ကော်ဖီ ကြိုက်တဲ့သူတွေကတော့ သောက်ရမယ်ဆို အချိန်မရွေးပဲလေ။ အလုပ်ခဏနားချိန်မှာလည်း သောက်တယ်၊ ပျင်းရင်လည်း သောက်တယ်၊ စကားစမြည်ပြောရင်းလည်း သောက်တယ်၊ သောက်ချင်စိတ် ပေါ်တဲ့အချိန် ထသောက်တတ်တယ် မဟုတ်လား။ဒါပေမယ့် ကော်ဖီရဲ့ကဖင်းဓာတ်ကတော့ လွန်ကဲမယ်ဆိုရင် ဖြစ်လာစေတဲ့ အကျိုးဆက်တွေ ရှိနေပါတယ်နော် –။ကဖင်းဟာ တက်ကြွမှုကို ဖြစ်စေပါတယ်။ အဒီနိုဆင်းလို့ခေါ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတဲ့ ဓာတုပစ္စည်းကို တားဆီးပေးပါတယ်။ တစ်ချိန်တည်းမှာပဲ အဒရီနယ်လင်းလို့ခေါ်တဲ့ စွမ်းအင်မြှင့်ပေးတဲ့ ဟော်မုန်းကို ထွက်လာစေပါတယ်။ ဒါပေမယ့် ဒီဟော်မုန်းတွေ များလာရင် စိတ်ပူပန်ခြင်း၊ ဂနာမငြိမ်ခြင်းတွေ ဖြစ်စေပါတယ်။အမေရိကန်စိတ်ကျန်းမာရေး ဆရာဝန်အသင်းအနေနဲ့လည်း ကဖင်းကြောင့်ဖြစ်တတ်တဲ့ စိတ်ပူပန်ခြင်းကိုလည်း ရောဂါရှာဖွေအတည်ပြုခြင်းအဆင့်မှာ ထည့်သွင်းစဉ်းစားပါတယ်။ တစ်နေ့တာမှာ ကဖင်းဓာတ် ၁၀၀၀ မီလီဂရမ်ထိ သောက်သုံးမိရင်တော့ ဂနာမငြိမ်ခြင်း၊ ယောက်ယက်ခတ်ခြင်း စတာတွေကို ဖြစ်စေတတ်ပါတယ်။တကယ်လို့ ကိုယ့်မှာ ဂနာမငြိမ်ခြင်း၊ ကတုန်ယယင်ဖြစ်ခြင်း စတာတွေဖြစ်နေတတ်ရင် တစ်နေ့မှာ ကဖင်းဓာတ် ဘယ်လောက်သုံးစွဲတယ်ဆိုတာ ပြန်လည်သုံးသပ်ပြီး လျှော့သောက်သင့်ပါတယ်။လူအများစုဟာ မနက်ပိုင်း ကော်ဖီ တစ်သောက်သုံးခြင်းအားဖြင့် အူလမ်းကြောင်း လှုပ်ရှားမှု ကောင်းမွန်စေပါတယ်။ ကော်ဖီဟာ ဂတ်စ်ထရင်လို့ခေါ်တဲ့ ဟော်မုန်းကို အားပေးကူညီပါတယ်။ အဆိုပါဟော်မုန်းဟာ အူမကြီးရဲ့ လှုပ်ရှားမှုတွေကို ပိုမိုမြန်ဆန်စေပါတယ်။အစာအိမ် အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုလှိုင်းတွေကို လှုံ့ဆော်ပေးတာကြောင့် စားလိုက်တဲ့အစာတွေကို အူလမ်းကြောင်းတလျှောက် ကောင်းစွာ ရွေ့လျားနိုင်စေပါတယ်။ အဲဒီအကျိုးအာနိသင်တွေကြောင့် လူတချို့မှာ ကဖင်းများသွားရင် ဝမ်းသွားတတ်ပါတယ်။အစာမကြေဘဲ အစာရေမျိုကနေ လေချဉ်တက်တတ်သူတွေမှာတော့ ရောဂါလက္ခဏာကို ပိုဆိုးစေတတ်ပါတယ်။ကဖင်းမှာ ကျန်းမာရေးအတွက် ကောင်းစေတဲ့ အကျိုးကျေးဇူးတွေ ရှိနေပေမယ့် စွဲလန်းခြင်းပြဿနာလည်း ဖြစ်ပေါ်စေပါတယ်။ ကဖင်းဟာ ကိုကင်းနဲ့ အင်ဖက်တမင်းတို့လိုမျိုး စွဲလန်းခြင်းကိုဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်စေပါတယ်။ကဖင်းသုံးစွဲမှုများပြီး အဲဒီ ဓာတုပစ္စည်းတွေ များလာရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော စွဲလန်းခြင်းတွေ ဖြစ်လာပါတယ်။ စွဲလန်းခြင်းထိ မဖြစ်ရအောင် သင့်တင်ရုံသောက်သုံးတာပဲ ကောင်းပါတယ်။လူအများစုမှာတော့ ကဖင်းဟာ နှလုံးရောဂါ၊လေဖြတ်ခြင်းစတဲ့ရောဂါဝေဒနာတွေကို မဖြစ်စေပါဘူး။ ဒါပေမယ့် အာရုံကြောစနစ်ကို လှုံ့ဆော်တဲ့ အာနိသင်ကြောင့် သွေးပေါင်ချိန် တက်လာတတ်တယ်လို့ သုတေသနတချို့မှာ ဖော်ပြထားပါတယ်။သွေးတိုးခြင်းကြောင့် နှလုံးသွေးကြောတွေကို ထိခိုက်စေလာပြီး နှလုံးနဲ့ဦးနှောက်ကို သွေးရောက်တာနည်းသွားပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေတတ်ပါတယ်။ ကောင်းတဲ့အချက်က ဦးနှောက်အပေါ် ကဖင်းရဲ့ လွှမ်းမိုးမှုဟာ ယာယီပဲဖြစ်ပါတယ်။သင့်တင့်ရုံပဲသောက်သုံးသူတွေအတွက် သိပ်ပြီး စိုးရိမ်စရာ မလိုပါဘူး။ ဒါပေမယ့် ကဖင်းသုံးစွဲမှုပမာဏနဲ့ အချိန်ကို ပြန်သုံးသပ်သင့်ပါတယ်။ အထူးသဖြင့် သွေးတိုးအခံရှိရင်ပေါ့။ကဖင်းဓာတ်ဟာ နှလုံးခုန်ခြင်းကို ပိုမိုမြန်ဆန်စေပါတယ်။ နှလုံးခုန်စည်းချက်ကို ပြောင်းလဲခြင်းလည်း ဖြစ်စေတတ်ပါတယ်။ အားဖြည့် အချိုရည်တွေကို လွန်ကဲစွာသောက်တတ်သူ တွေမှာ ဒီလိုဖြစ်တာ တွေရတတ်ပါတယ်။ မိမိနှလုံးခုန်နှုန်း မြန်နေတယ်ထင်ရင်၊ နှလုံးခုန်တာ မမှန်ရင် ကဖင်းကို လျှော့ချသင့်ပါတယ်။ကော်ဖီ ၊ လက်ဖက်ရည်နဲ့ ကဖင်းပါတဲ့ တခြားအဖျော်ယမကာများဟာ စွမ်းအင်မြှင့်ပေးတဲ့အနေနဲ့ လူသိများကြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ ကဖင်းဓာတ် ကုန်သွားတဲ့အခါ ဆန့်ကျင်ဘက် ဝေဒနာတွေ ပြန်ပေါ်လာတတ်ပါတယ်။ ကဖင်းဓာတ်မကုန်အောင် ဆက်လက်သောက်သုံးနေမယ်ဆိုရင်လည်း အိပ်မရဘဲ ကတုန်ကယင်ဖြစ်လာပါလိမ့်မယ်။ကဖင်းများသွားရင် ဆီးအိမ်ကို လှုံ့ဆော်မှုရှိတာကြောင့် ဆီးသွားများလာတတ်ပါတယ်။ ပုံမှန်ထက် ကော်ဖီ၊ လက်ဖက်ရည်ပိုသောက်မိရင် ဆီးသွားတာ ပိုများလာပါလိမ့်မယ်။ အသက်ကြီးသူတွေမှာဆိုရင် ဆီးအိမ်ပိုမို လုပ်ဆောင်တာ၊ ဆီးမထိန်းနိုင်တာတွေ တွေ့ရတတ်ပါတယ်။ဆီးအိမ်ကောင်းသူတွေမှာတောင် ကဖင်းသုံးစွဲမှုများရင် ဆီးမထိန်းနိုင်တာတွေ ဖြစ်လာတတ်ပါတယ်။ကောင်းတာကတော့ ဘယ်အရာမှာမဆို တန်ဆေးလွန်ဘေး ရှိတာကြောင့် ကဖင်းသောက်သုံးမှုကိုလည်း ချင့်ချိန်ပြီးတော့ သုံးစွဲသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%b1%e1%80%ac%e1%80%ba%e1%80%96%e1%80%ae/
ဆီးပိုးဝင်ခဲ့ရင် ဆေးအကူအညီမယူဘဲ ဘယ်လိုကုမလဲ
ဆီးပိုးဝင်တယ်ဆိုတာ အရမ်းကို အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာ၊အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ သန့်ရှင်းတဲ့ ပုံစံ မှားယွင်းတာ၊ဆီးသွားနည်းတာ၊ ရေသောက်နည်းတာ စတဲ့ အကြောင်းရင်း အမျိုးမျိုးကြောင့်ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။များသောအားဖြင့် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဆီးပို့ပြွန် တိုတဲ့အတွက်ဆီးလမ်းကြောင်းပိုးဝင်နိုင်တဲ့ ပြဿနာကို ပိုကြုံတွေ့ရတတ်ပါတယ်။ ယောက်ျားလေးတွေမှာလည်း ဖြစ်နိုင်ခြေ နည်းတယ်ဆိုပေမယ့် လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ကလေး၊ လူကြီး အသက်အရွယ်မရွေး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်ကာစမှာ သိပ်ပြီး ပြဿနာမရှိပေမဲ့ ကုသမှုမခံယူဘဲ ပစ်ထားလိုက်တဲ့အခါကျောက်ကပ်နဲ့ ဆီးအိမ်အထိ ဘက်တီးရီးယားပိုးတွေ ပြန့်သွားပြီး ကျောက်ကပ်တစ်ခုလုံး ပျက်စီးသွားသည်အထိ အန္တရာယ်ကြီးနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် စောစီးစွာ ကုသတာ အကောင်းဆုံးပါပဲ။အဓိက အတွေ့များတဲ့ လက္ခဏာရပ်တွေကတော့။• ဆီးသွားစဉ် နာကျင်ခြင်း။• မကြာခဏ ဆီးသွားခြင်း။• ဆီးကျန်နေတဲ့ ခံစားချက်မျိုး ရခြင်း။• ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း။• ဆီးလမ်းကြောင်း တစ်လျှောက် ယားယံနေသလို ခံစားရခြင်း။• ဆီးထဲ သွေးပါနေခြင်း တွေပဲ ဖြစ်ပါတယ်။အရင်ဆုံး မိမိကိုယ်ကိုယ်ဆီးလမ်းကြောင်းပိုးဝင်နေတယ်လို့ သံသယရှိတယ်၊ အထက်မှာ ပြောပြခဲ့တဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင် ဆရာဝန်ဆီ အရင်သွားပြပြီး ဆီးစစ်ကြည့်ပါ။ ပိုးဝင်နေတယ်ဆိုတဲ့ Positive အဖြေ ထွက်တယ်ဆိုရင် ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆရာဝန်အနေနဲ့ ပဋိဇီဝဆေး သောက်ဖို့ အကြံပေးပါလိမ့်မယ်။ ကိုယ့်ရဲ့ အခြေအနေက အရမ်းဆိုးရွားတာမဟုတ်ဘူး၊ ဖြစ်ကာစပဲ ရှိသေးတယ်၊ ဒါမှမဟုတ် ဆေးပြင်းတွေ သောက်လို့ မရဘူးဆိုရင်လည်း အိမ်မှာပဲ ကုသလို့ ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ခရမ် ဘယ်ရီသီး (Cranberry) ဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် ရှေးနှစ်ပေါင်း များစွာကတည်းက အသုံးပြုလာတဲ့ ဆေးဝါးတစ်မျိုးပါပဲ။ ချဉ်တဲ့ အရသာရှိပြီး ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးလို့ ဆီးလမ်းကြောင်းထဲမှာ ရှိနေတဲ့ ပိုးတွေကို ဆီးနဲ့ အတူ အပြင်ကို စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် အရည်ရွှမ်းတဲ့ အသီးဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ရေဓာတ်ကို ဖြည့်ပေးသလို ဆီးများများ သွားအောင်လည်း ကူညီပေးနိုင်မှာပါ။ ခရမ် ဘယ်ရီသီးကို အစိမ်းလိုက် စားလို့ ရသလို ဖျော်ရည်အနေနဲ့ ကြိတ်ပြီး သောက်တာ၊ ဖျော်ရည်ဘူး ဝယ်တာ၊ ခရမ် ဘယ်ရီသီး ပါဝင်တဲ့ ဖြည့်စွက် အားဆေး သောက်တာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်ကာစမှာ ဘက်တီးရီးယားပိုးတွေကဆီးလမ်းကြောင်းတွင်းမှာသာ ရှိနေပြီး လူကို သိပ်ပြီး ဒုက္ခမပေးနိုင်သေးပါဘူး။ ဒါကြောင့် ဆီးသွားမှသာ ဒီ ဆီးလမ်းကြောင်းထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကို စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ရေကို များများ သောက်ပေးပါ။ နာရီဝက်ခြား တစ်ငုံ၊ နှစ်ငုံလောက် သောက်ပေးပါ။ရေသောက်ဖို့ မမေ့ပါနဲ့။ ရေဆာမှ ထသောက်တာမျိုး မလုပ်ပါနဲ့။ ရေများများသောက်ပြီး ဆီးများများ သွားပါ။ဆီးအောင့်ထားတတ်တဲ့ အကျင့်ဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဖြစ်စေတဲ့၊ ပိုးဝင်သွားခဲ့ရင်လည်း ပိုပြီး ဆိုးရွားလာစေတယ်ဆိုတာ သိထားသင့်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆီးသွားချင်တယ်လို့ ခံစားရရင် ထပြီး သွားလိုက်ပါ။ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်နေပါစေ၊ လုံးဝ ဆီးမအောင့်ထားပါနဲ့။ဗီတာမင် စီမှာ အသားအရေနဲ့ ဆံသားအတွက် ကောင်းကျိုးများစွာ ပေးတာအပြင်ကိုယ်ခံအားကောင်းစေခြင်း၊ ဆီးကို သန့်စင်ပေးခြင်း စတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်း ပိုးဝင်နေချိန်မှာ အချဉ်ဓာတ်ရှိတဲ့ အသီးအနှံတွေ၊ခရမ်းချဉ်သီးလို ဗီတာမင် စီ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေလည်း စားပေးသင့်ပါတယ်။ခုပြောပြပေးခဲ့တဲ့ အချက်တွေက ရောဂါနုသေးတဲ့အချိန်မှာ ဆေးမလိုဘဲ ကိုယ့်အိမ်မှာ အလွယ်တကူ လုပ်လို့ ရတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ရောဂါအခြေအနေ ပြင်းထန်လာရင်တော့ ဒီအချက်တွေကို ပုံမှန်လုပ်ပေးဖို့ လိုတဲ့အပြင်ပဋိဇီဝဆေးတွေပါ သောက်ဖို့ လိုအပ်ပါလိမ့်မယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/uti/%e1%80%86%e1%80%ae%e1%80%b8%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9d%e1%80%84%e1%80%ba%e1%80%81/
ရေချိုးနေစဉ် ဆီးသွားသင့်လား
လူတော်တော်များများရေချိုးနေရင်းနဲ့ဆီးသွားတာမျိုး လုပ်ဖူးကြမယ် ထင်ပါတယ်။ အထူးသဖြင့်ယောက်ျားလေးတွေဆို ပိုလုပ်တတ်ပါတယ်။ ဆီးဆိုတာက လူတွေရဲ့ကျောက်ကပ်နဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့အညစ်အကြေးတွေကို အရည်အဖြစ်နဲ့ အပြင်ကို စွန့်ထုတ်တာပါ။ အဲ့တော့ မေးစရာ ဖြစ်လာတာက ရေချိုးနေစဉ် ဆီးသွားတာဟာ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ညီညွတ်ရဲ့လား။ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက်ရော လုပ်သင့်လား ဆိုတဲ့အချက်ပါ။ကိုယ်က မိသားစု၊ လူအများနဲ့ စုနေတာမဟုတ်ဘဲ တစ်ယောက်တည်း သီးသန့် ငှားနေတာဆို ပြဿနာမရှိပါဘူး။ရေချိုးနေချိန်၊သွားတိုက်၊ မျက်နှာသစ်ချိန်က လွဲရင် ရေချိုးခန်းထဲကို ဝင်စရာ အကြောင်းမရှိတဲ့အတွက် ဆီးသွားလို့လည်း ဘယ်သူ့ကိုမှ ဒုက္ခမဖြစ်စေပါဘူး။ အကောင်းဘက်က ကြည့်မယ်ဆိုရင်လည်း ရေချိုးနေတုန်းဆီးသွားလိုက်တော့ ချိုးလိုက်တဲ့ ရေနဲ့ ဆီးဟာ မြောပါသွားပြီး အိမ်သာရေကို ချွေတာသုံးစွဲရာ ရောက်ပါတယ်။ကိုယ်က မိသားစုနဲ့ နေတယ်၊ ဒါမှမဟုတ် အများသုံး ရေချိုးခန်း၊ရေကူးကန်၊ ချွေးထုတ်ခန်းတွေမှာ ဆိုရင်တော့ ဆီးသွားချတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်အတွက် ရွံစရာ မကောင်းဘူးဆိုရင်တောင် တခြားသူတွေဆီ ကိုယ့်ရဲ့ အညစ်အကြေးတွေ ပြန့်သွားနိုင်တာကြောင့်ပါ။ပုံမှန်ဆိုရင်တော့ ရေချိုးခန်းကို တစ်ပတ် တစ်ကြိမ်လောက် အနည်းဆုံး ပိုးသန့်စင်ပေးခြင်းဟာ အိမ်သန့်ရှင်းရေးနဲ့ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။ ဆီးဆိုတာ လူ့ခန္ဓာကိုယ်က ထွက်တဲ့ အညစ်အကြေးဆိုတာ မှန်ပေမယ့် မစင်လောက်တော့ ရောဂါပိုးမွှား မများပါဘူး။ ဒီတော့ ကိုယ်ရေချိုးနေတုန်း ဆီးသွားလိုက်ခြင်းဖြင့် အပိုထပ်ပြီး ပိုးသတ်ပေးစရာ မလိုပါဘူး။ ရေချိုးပြီးသွားတော့မှ ဆီးသွားလိုက်တာဆိုရင် ရေနဲ့ နည်းနည်း ပြန်လောင်းပေးရင် အနံ့အသက် စွဲကျန်ခဲ့မှာ မဟုတ်ပါဘူး။အပေါ်မှာ ပြောထားခဲ့တဲ့အတိုင်းပဲ ဆီးမှာလည်း ရောဂါပိုးမွှား အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် အရည်အမျိုးအစား ဖြစ်တဲ့အပြင် ပုံမှန် ရေများများသောက်ပေးတဲ့သူဆိုရင် ဆီးရဲ့ အရောင်ဟာ ဖျော့ပြီး အနံ့ရော၊ရောဂါပိုးပါ နည်းတဲ့အတွက် အရမ်းတော့ စိုးရိမ်စရာ မလိုပါဘူး။ စိတ်ထဲမှာ တစ်မျိုး ဖြစ်နေရင်တော့ ဆီးသွားပြီး၊ ရေချိုးပြီးရင် ကြမ်းပြင်ကို ရေနဲ့ တစ်ချက်လောက် ပြန်လောင်း၊ တစ်ပတ်ကို တစ်ကြိမ်လောက် ရေချိုးကို သေချာဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပေးရင် လုံလောက်ပါပြီ။ဥပမာ ကိုယ့်မှာဆီးလမ်းကြောင်း ပိုးဝင်တာ၊ ဒါမှမဟုတ်ကာလသားရောဂါလိုမျိုး လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါရှိတယ် ဆိုကြပါစို့။ ကိုယ်နဲ့ အတူနေတဲ့ သူနဲ့ ရေချိုးခန်းတစ်ခုတည်းကို အသုံးပြုတယ်၊ သူ့ရဲ့ ခြေထောက်မှာ အနာ၊ ဒဏ်ရာတွေ ရှိနေတယ်ဆိုရင် ကြမ်းပြင်မှာ ကျန်ခဲ့တဲ့ ဆီးကနေ အနာထဲကို ဝင်ပြီး ပိုးကူးစက်ခံရနိုင်ခြေ ရှိပါတယ်။ ဖြစ်နိုင်ခြေ နည်းတယ်ဆိုပေမယ့် လုံးဝ မကူးနိုင်တာတော့ မဟုတ်ပါဘူး။အချုပ်အားဖြင့် ပြောရမယ်ဆိုရင် တစ်ဦးတည်းနေတဲ့သူအတွက် ဒါက သိပ်ပြီး စဉ်းစားလောက်စရာ ကိစ္စမဟုတ်ပေမဲ့ ကိုယ့်မိသားစုနဲ့ အတူနေတာမျိုးဆိုရင်တော့ တစ်ဖက်လူကို ပြန်ပြီး စဉ်းစားပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ ရေမချိုးခင်မှာမျက်နှာသစ်၊ သွားတိုက်၊ အပေါ့၊ အလေး သွားထားပြီးတော့မှ အေးအေးဆေးဆေး ရေချိုးတာက ကိုယ့်အတွက်ရော ကျန်တဲ့ အတူနေသူတွေအတွက်ပါ အဆင်ပြေစေမှာပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/%e1%80%9b%e1%80%b1%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%b1%e1%80%85%e1%80%89%e1%80%ba-%e1%80%86%e1%80%ae%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b7/
လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးပြဿနာကို ဘယ်လိုကူညီဖြေရှင်းကြမလဲ
သင့်အိမ်မှာ သက်ကြီးရွယ်အို အဘိုးအဘွား လူကြီးမိဘတွေ ရှိမယ်ဆိုရင် သူတို့မှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာအချို့အကြောင်း တီးမိခေါက်မိပြီး ဖြစ်ပါလိမ့်မယ်။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကြွက်သားတွေ အားနည်းလျော့ရဲလာတဲ့အလျောက် ကြွက်သားများနဲ့ ပြုလုပ်တည်ဆောက်ထားတဲ့ဆီးအိမ်နံရံဟာလည်း အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာပြီး ဆီးသွားခြင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာရပါတယ်။ ဒီဆောင်းပါးမှာတော့ လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးပြဿနာကို ဘယ်လိုကူညီဖြေရှင်းကြမလဲ ဆိုတာကို လေ့လာကြည့်ရအောင်။ပထမဦးဆုံး လုပ်သင့်တာကတော့ ဆီးပြဿနာရှိတဲ့ သင့်အဘိုးအဘွား လူကြီးမိဘတွေကို ဆရာဝန်နဲ့ သွားရောက်ပြသခြင်းပါပဲ။ သင့်အနေနဲ့ လူကြီးမှာဖြစ်နေတဲ့ လက္ခဏာတွေကို သိနိုင်ပေမယ့် ဘာကြောင့် ဒီလက္ခဏာတွေ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကိုလည်း တိတိကျကျသိဖို့ လိုပါလိမ့်မယ်။လူကြီးပိုင်းတွေမှာဆီးလမ်းကြောင်းပိုးဝင်တတ်သလို ဆီးပြွန်ပတ်ပတ်လည်က ကြွက်သားတွေကို မထိန်းချုပ်နိုင်ဘဲ သူ့အလိုလို ဆီးထွက်ကျတာမျိုးလည်း ဖြစ်တတ်ပါတယ်။သက်ဆိုင်ရာဆရာဝန်အနေနဲ့ လူနာရဲ့ ကျန်းမာရေးရာဇဝင်ကို ပြန်လှန်မေးမြန်းပြီး ကိုယ်ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ အကြံပြုလိမ့်မှာ ဖြစ်ပါတယ်။ လူနာမဖြေနိုင်တဲ့ မေးခွန်းတွေကို သင်က ကူညီဖြေကြားပေးနိုင်ပါတယ်။ သင့်ရဲ့အဖြေအပေါ်မူတည်ပြီး ဆရာဝန်က ကုသမှုနည်းလမ်းကို ဆုံးဖြတ်ရတာဖြစ်တဲ့အတွက် မေးသမျှကို မှန်မှန်ကန်ကန် ဖြေပေးဖို့ အရေးကြီးပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားအကြံပြုချက်တွေကို လိုက်နာဆောင်ရွက်ရာမှာလည်း လူကြီးမိဘတွေကို သင်က အကူအညီပေးနိုင်ပါတယ်။သင့်အနေနဲ့ ဆီးပြဿနာရှိသူ အဘိုးအဘွား လူကြီးမိဘတွေကိုဆီးအိမ်ထိန်းချုပ်မှုပိုကောင်းလာစေဖို့ အထူးလေ့ကျင့်ခန်းအချို့ ပြုလုပ်ဖို့ အကြံပြုနိုင်ပါတယ်။ ဒီနေရာမှာ ထိရောက်မှုအရှိဆုံး လေ့ကျင့်ခန်းကတော့Kegel exerciseဖြစ်ပါတယ်။Kegel exercise ဆိုတာ ဆီးအိမ်ကို ပံ့ပိုးပေးတဲ့တင်ပါးဆုံကြွက်သားတွေတောင့်တင်းသန်မာအောင် လေ့ကျင့်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်းဟာလည်း ရိုးရှင်းပါတယ်။လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးကို လက်တွေ့ခံစားရဖို့ ရက်သတ္တပတ် ၃ပတ်မှ ၆ပတ်ခန့် ကြာမြင့်နိုင်တဲ့အတွက် လူနာကို စိတ်ရှည်သည်းခံဖို့ ဖြောင်းဖြပေးပါ။ဆီးသွားချိန်သတ်မှတ်ခြင်း (ဥပမာ တစ်နာရီတစ်ခါ ဆီးသွားစေခြင်း) ဟာလည်း ဆီးအိမ်ကို ထိန်းချုပ်နိုင်အောင် အကူအညီပေးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆီးသွားချိန် တစ်ချိန်နဲ့တစ်ချိန်ကြား ဖြည်းဖြည်းချင်း ခြားသွားပြီး လေ့ကျင့်နိုင်ပါတယ်။ သင့်အနေနဲ့ လူနာကို သတ်မှတ်ချိန်အတိုင်း ဆီးသွားဖို့ ဖြောင်းဖြပေးရမှာ ဖြစ်ပါတယ်။လူနာကို ဆေးလိပ်နဲ့ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ဖို့၊ ကော်ဖီလျော့သောက်ဖို့ အကြံပေးပါ။ အကယ်၍ လူနာဟာ ကိုယ်အလေးချိန် လိုတာထက်ပိုနေမယ်၊ အဝလွန်နေမယ်ဆိုရင် ကိုယ်အလေးချိန်လျှော့ချဖို့ စဉ်းစားသင့်ပါတယ်။ လူကြီးတွေကို ကိုယ်အလေးချိန်လျှော့ချတဲ့ အစီအစဉ်တစ်ခုခုမှာ ပါဝင်ဖို့ တိုက်တွန်းကူညီသင့်ပါတယ်။ဆီးပြဿနာဟာ သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ဖြစ်ထ အလွန်များတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ သူတို့မှာ ဒီပြဿနာဖြစ်လာပြီ ဆိုရင်လည်း သင့်အကူအညီကို အများကြီးလိုအပ်ပါတယ်။ သင့်အဘိုးအဘွားလူကြီးမိဘတွေကို ကျွမ်းကျင်တဲ့ဆရာဝန်ဆီ သွားရောက်ပြသပေးပြီး ထိရောက်တဲ့နည်းလမ်းတွေနဲ့ ရောဂါရှာဖွေ ကုသပေးခြင်း အားဖြင့် သူတို့တွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြေလည်အောင် ကူညီဖြေရှင်းပေးနိုင်ရုံသာမက ဘဝနေထိုင်မှု တိုးတက်ကောင်းမွန်အောင်လည်း အထောက်အပံ့ပေးနိုင်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/aging-changes-in-the-kidneys-and-bladder/
Diet မပါပဲ ဝိတ်ချကြမယ်
Diet လုပ်တာကို “ရှုံးဖို့များတဲ့ဂိမ်း” လို့ တင်စားကြတယ်။ ဆာလောင်မှုဝေဒနာကို တွန်းလှန်ပြီး Diet လုပ်ဖို့ ကြိုးပမ်းကြတဲ့ လူ ၁၀ ယောက်မှာ ၉ ယောက်က မအောင်မြင်တတ်ကြတာမို့ပါ။ကိုယ်အလေးချိန်ချဖို့ စပြီးစဉ်းစားသူတိုင်းက အစားအသောက်ကို ခြိုးခြံစိစစ်ပြီး Diet ဖို့ အရင်ဆုံး စဉ်းစားတတ်ကြတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ထက် အစာလျော့ဖို့က ပိုလွယ်မယ်လို့ ထင်ကြတာကြောင့်ပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ တက်တက်စင်အောင် လွဲတာပါပဲ။ဒီတော့ တချို့တွေက Diet မလုပ်ရင် ဝိတ်ချလို့ မရတော့ဘူးလားလို့ တွေးရင်း စိတ်ဓာတ်ကျလာကြတယ်။ ဒါမှမဟုတ်လဲ Diet မလုပ်ပဲ ဝိတ်ချနိုင်တဲ့ နည်းလမ်းများရှိနေမလားလို့ မျှော်လင့်မိလာကြမယ်ထင်ပါတယ်။Diet လုပ်တာဟာ ကိုယ်အလေးချိန်လျှော့ချမှုလုပ်ငန်းစဉ်မှာ အဓိက ကျတဲ့ လုပ်ဆောင်ချက်တစ်ခုလို့ လူအတော်များများက မှတ်ယူထားကြပါတယ်။ ဒါက လုံးဝဥဿုံမှန်ကန်တဲ့ အယူအဆတစ်ခုတော့မဟုတ်ပါဘူး။ တချို့တွေက Diet ကို အောင်အောင်မြင်မြင်လုပ်နိုင်ကြပေမယ့် ကိုယ်အလေးချိန်မကျကြပါဘူး။သိပ္ပံနည်းကျ လေ့လာချက်တွေအရလည်း အလွန်အမင်း Diet လုပ်တာမျိုးက ကိုယ်အလေးချိန် လျော့ကျရင်တောင်မှ ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်စေတယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့်တော့Ketogenic Dietလိုနည်းလမ်းတွေဟာ ကျန်းမာရေးပြဿနာတွေ ခံစားလာရစေနိုင်တယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။တစ်ဖက်မှာလည်း Diet မပါဝင်တဲ့ ကိုယ်အလေးချိန် လျှော့ချမှုနည်းလမ်းတွေ ဖော်ထုတ်လာကြပါတယ်။ ပိုပြီး ကျန်းမာရေးနဲ့ ကိုက်ညီပြီး အာဟာရဓာတ်လည်း ပြည့်ဝစွာရရှိနိုင်မယ့် နည်းလမ်းမျိုးတွေပေါ့။ဒီဆောင်းပါးမှာတော့ Diet မလုပ်ပဲ ကိုယ်အလေးချိန်ကို ဘေးကင်းရန်ကွာ လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဝိတ်ချပါမယ်ဆိုမှ အစားတွေစားခိုင်းနေပြန်ပြီလို့ တွေးချင်တွေးကြပါလိမ့်မယ်။ ဝိတ်ချတဲ့လူအတော်များများဟာ တစ်နေကုန် အစာကို ပြည့်ဝစွာမစားတာကြောင့် ညအချိန်မှာ ဗိုက်အလွန်အမင်းဆာပြီး မခံနိုင်တဲ့အဆုံး အစားစားမိသွားပြီး ကိုယ်အလေးချိန်လည်းမကျ တစ်နေကုန် ပင်ပန်းထားတာတွေလည်း အလဟသဖြစ်တာမျိုး မကြာခနကြုံရတတ်ပါတယ်။ ဒီလိုပြဿနာမဖြစ်ဖို့ဆိုရင် မနက်ဘက်မှာ မနက်စာကို မှန်ကန်သင့်လျော်စွာ စားထားဖို့ လိုအပ်ပါတယ်။ တကယ်တော့ မနက်စာကို ပြည့်ပြည့်ဝဝစားသောက်ထားမယ်ဆိုရင် တစ်နေကုန် စားသောက်ချိန် မှန်နေမှာဖြစ်ပြီး တစ်နေ့တာလိုအပ်တဲ့ ခွန်အားကိုလည်း ပြည့်ပြည့်ဝဝရနေမှာဖြစ်သလို ကိုယ်အလေးချိန် လျှော့ချမှုလုပ်ငန်းစဉ်ကို ထိရောက်စေမှာဖြစ်ပါတယ်။ညစာမစားတာဟာ ကိုယ်အလေးချိန် လျှော့ချမှုအတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ညအချိန်မှာ Heavy Food တွေမစားပဲ အသီးအနှံစားတာမျိုး၊ သဘာဝဖျော်ရည်တွေ သောက်တာမျိုးလောက်ပဲ လုပ်သင့်ပါတယ်။ မနက်ပိုင်းမှာ အချိန်မှန် အစားစားပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်ထားမယ်ဆိုရင် ညအချိန်မှာ ဗိုက်ဆာရင်တောင်မှ ဆိုးဆိုးရွားရွားကြုံရဖို့ မရှိနိုင်ပါဘူး။ အကျင့်ရသွားရင် နေနိုင်သွားပါလိမ့်မယ်။အချိုရည်တွေ၊ သစ်သီးဖျော်ရည်တွေနဲ့ အဖျော်ယမကာတွေ မှီဝဲရာမှာ ကယ်လိုရီပမာဏကို ကြိုတင်လေ့လာပြီးမှ မှီဝဲဖို့လိုအပ်ပါတယ်။ တစ်နေ့တာလုံးမှာ ရေ၊ အချဉ်ဓာတ်ပါတဲ့ sparkling water ၊ အဆီဓာတ်လျှော့ချထားတဲ့ နွားနို့၊ သဘာဝသစ်သီးဖျော်ရည်စတာမျိုးတွေကို အဓိက သောက်သုံးသင့်ပါတယ်။ အဓိက သောက်သုံးသင့်တာကတော့ ရေဖြစ်ပါတယ်။ ယမကာမှီဝဲတတ်သူဆိုရင်တော့ ကော့တေးလ် ဒါမှမဟုတ် ဝိုင်ကို တစ်နေ့ကို ၁ ခွက် ဒါမှမဟုတ် ၂ ခွက် လောက် မှီဝဲလို့ရပါတယ်။ အပြင်းစားအရက်တွေကိုတော့ တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ကိုယ်နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကို ပြန်ပြီး သုံးသပ်ရပါမယ်။ အသားတွေ အရမ်းများနေပြီလား၊ ဒါမှမဟုတ် ကယ်လိုရီ အရမ်းများတဲ့ အစားအစာတွေကို ပိုစားမိနေပြီလားဆိုတာမျိုးပေါ့။ ကိုယ့်ရဲ့ နေ့စဉ်စားသောက်မှုမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသောက်ပေးဖို့ လိုအပ်သလို ဗီတာမင်၊ သက်စောင့်ဓာတ်တွေ၊ သတ္တုဓာတ်တွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း မျှတအောင် မှီဝဲရမှာဖြစ်ပါတယ်။အစေ့အဆန်တွေများများစားပြီး ကိတ်မုန့်၊ ပေါင်မုန့်၊ ထမင်း၊ ကွတ်ကီး၊ ခေါက်ဆွဲစတာတွေ စားသောက်မှုကို လျှော့ချကြည့်ပါ။ ဝိတ်ကျဖို့အတွက် အထောက်အကူ ဖြစ်စေတယ်ဆိုတာကို သိလာရပါလိမ့်မယ်။ဥပမာ စားသောက်ဆိုင်သွားတဲ့အခါမှာFast Foodဆိုင်တွေပဲ ခဏခဏသွားနေတာမျိုးထက် ကျန်းမာရေးနဲ့ ပိုကိုက်ညီတဲ့ သစ်သီးဆိုင်ကို ပိုသွားတာမျိုး၊ နေအိမ် ရေခဲသေတ္တာထဲမှာ အသားတွေ အများအပြားသိုမှီးထားတာမျိုးထက် သစ်သီးတွေ ပိုဖြည့်တင်းတာမျိုးပေါ့။ ပွဲလမ်းသဘင်တွေမှာ လမ်းဘေးစာစားတာတွေ၊ ပါတီတွေမှာ ကဲတာတွေလျှော့ပြီး နေအိမ်မှ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ ပိုစားကြည့်ပါ။ အစားမစားခင် ၁၅ မိနစ်လောက်ကြိုတင်ပြီး ရေဖန်ခွက်ကြီးကြီးနဲ့ တစ်ခွက်သောက်ပါ။လူအများစုက အစားအသောက်စားရင် ဗိုက်အပြည့် အဝအပြဲစားရတာကို နှစ်သက်သဘောကျတတ်ကြပါတယ်။ ကိုယ်အလေးချိန် လျှော့ချချင်တယ်ဆိုရင် ပမာဏ နည်းနည်းနဲ့ အကြိမ်ကြိမ် ခွဲပြီး စားပေးတာက ဗိုက်လည်း ဝစေသလို ကိုယ့်ရဲ့ရည်မှန်းချက်ကိုလည်း ပိုပြီး ထိရောက်စေမှာပါ။ တခါတည်း အများကြီးစားတာနဲ့ နည်းနည်းချင်း ခဏခဏ ခွဲစားတာတို့အကြားက ရလဒ်က ဆန့်ကျင်ဘက်ဆိုတာကို သိနားလည်စေချင်ပါတယ်။လူတိုင်း လေ့ကျင့်ခန်းလုပ်နိုင်ဖို့ မလွယ်ကူပါဘူး။ လမ်းလျှောက်ဖြစ်ဖို့ကတော့ ပိုလွယ်ကူပါတယ်။ တစ်နေ့ကို ခြေလှမ်း ၁၀၀၀၀ မဖြစ်မနေလျှောက်ပေးပါ။ ခြေလှမ်း ၁၀၀၀၀ ဟာ သာမန်လူတစ်ယောက်အတွက် ၅ မိုင်ပမာဏဖြစ်ပြီးကယ်လိုရီ၅၀၀ လောက် လောင်ကျွမ်းစေမှာဖြစ်ပါတယ်။ ၅ မိုင်ခရီးကို မဖြစ်မနေ လျှောက်ခိုင်းနေတာမဟုတ်ပါဘူး။ နေအိမ်ကနေ ကားဂိတ်၊ အိမ်ရှေ့ကနေ အိမ်နောက်၊ လမ်းထိပ်လက်ဖက်ရည်ဆိုင်ထွက်ထိုင်တာ အားလုံးပါဝင်ပါတယ်။ စိတ်ဆန္ဒရှိလို့ မနက်ခင်းစောစောဖြစ်ဖြစ်၊ ညနေခင်းဖြစ်ဖြစ် အချိန်သီးသန့်ပေးပြီး လျှောက်နိုင်ရင်တော့ ပိုကောင်းပါတယ်။အစားအစာပဲဖြစ်ဖြစ် သွားရည်စာပဲဖြစ်ဖြစ် ဘယ်လိုအစာမျိုးကို စားစား ပရိုတိန်းဓာတ်ပါတာကို စနစ်တကျရွေးချယ်စားပေးပါ။low-fat proteinအစားအစာတွေကို ဆောင်ထားပြီး စားပေးရင် ပိုကောင်းပါတယ်။ ပရိုတိန်းဓာတ်ဟာ ဗိုက်ဝစေတယ်ဆိုတဲ့ ခံစားချက်ကို ရစေနိုင်တာကြောင့်ဖြစ်ပြီး ခနခန ဗိုက်ဆာတာမျိုးကို ရှောင်လွှဲနိုင်စေပါလိမ့်မယ်။ကိုယ်အလေးချိန် လျှော့ချသူတိုင်းဟာ အစမှာ ပြင်းပြင်းထန်ထန်လုပ်ကြပြီး ကြာတော့ ပျင်းလာတာ၊ မမှန်တာတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဖြေးဖြေးနဲ့ မှန်မှန်ပြောင်းလဲယူပါ။ ဥပမာအာလူးချောင်းကြော်ကြိုက်သူတစ်ယောက်က လုံးဝ အာလူးကို ရှောင်လိုက်တာမျိုးထက် အာလူးကင်ပြောင်းစားတာမျိုး၊ ကော်ဖီကြိုက်သူတစ်ယောက်က ကော်ဖီမသောက်တော့တာထက် ခရင်မ်မထည့်တော့တာ သကြားလျှော့တာမျိုး၊ ဆန်းဒွစ်ချ်ကြိုက်တဲ့လူတစ်ယောက်ဆိုရင်လည်း အထဲမှာCheeseမထည့်ပဲ စားတာလိုမျိုး ခပ်သေးသေးတွေကနေစတင်နိုင်ပါတယ်။အပေါ်ကနည်းလမ်းတွေမှာ အစားတွေမစားဖို့ ရှောင်ဖို့၊ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ဖို့ မတိုက်တွန်းထားပါဘူး။ ကိုယ်အလေးချိန်လျှော့ချမှုမှာ အဓိက အကျဆုံးက ကိုယ်တိုင်ဖြစ်ပြီးတော့ မှန်ကန်သင့်လျော်တဲ့ နည်းလမ်းတွေကို ရေရှည်ရည်မှန်းချက်ထားပြီး လုပ်ဆောင်သွားရင် ကိုယ်အလေးချိန်လျော့ကျနိုင်တယ်ဆိုတာကို အသိပေးထားတာဖြစ်ပါတယ်။ခုဖော်ပြပေးခဲ့တဲ့ နည်းလမ်းကောင်းတွေကို အသုံးချပြီး မိမိမျှော်မှန်းထားတဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင်တဲ့အထိ ကြိုးစားကြည့်ကြပါဦးနော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/no-diet-weight-loss/
သင့်မှာ ဆီးသွားချင်လျက် အောင့်ထားတတ်တဲ့ အကျင့်ရှိလား
ဆီးဝမ်းကိစ္စတွေနဲ့ပတ်သက်လာရင် အမြဲတမ်း စောစောသွားထားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ တမင်တကာဆီးသွားရမှာ ပျင်းလို့ ထမသွားတဲ့ အကျင့်ကတော့ လုံးဝ မကောင်းဘူးဆိုပေမဲ့ အလုပ်ကိစ္စ၊ အစည်းအဝေး ထိုင်နေတာ၊ အိမ်သာ မလွတ်တာ၊ အပြင်သွားနေစဉ်အိမ်သာရှာမရတဲ့ ပြဿနာတွေကြောင့် မလွှဲသာမရှောင်သာ ဆီးအောင့်ထားလိုက်ရတဲ့ အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။လေ့လာတွေ့ရှိချက်အရ။၁။ အသက် ၂ နှစ်အောက် ကလေးတွေရဲ့ဆီးအိမ်ဟာ အလွန်သေးငယ်တဲ့အတွက် ၄ အောင်စ (ကော်ဖီခွက် တစ်ဝက်) ကိုသာ သိမ်းဆည်းထားနိုင်ပါတယ်။၂။ အသက် ၂ နှစ်အထက် ကလေးတွေမှာတော့ ကလေးရဲ့ အသက်ကို ၂ နဲ့ စားပြီး ၆ ပေါင်းခြင်းဖြင့် ပျမ်းမျှ သိမ်းဆည်းထားနိုင်တဲ့ ပမာဏကို တွက်ဆလို့ ရပါတယ်။ (ဥပမာ – အသက် ၈ နှစ်အရွယ် ကလေးဆိုရင် ၂ နဲ့စားပြီး ၆ ပြန်ပေါင်းလိုက်တဲ့အခါ ၁၀အောင်စအထိ သိမ်းဆည်းထားနိုင်ပါတယ်)။၃။ အသက် ၁၈ နောက်ပိုင်းလူငယ်၊ လူကြီးအရွယ်တွေမှာတော့ဆီးအိမ်ဟာ အများဆုံး ၁၆ အောင်စ (ကော်ဖီခွက် ၂ခွက်စာ) ပမာဏထိ သိမ်းဆည်းထားနိုင်ပြီး အဲ့ပမာဏထက် ကျော်လွန်လာရင်တော့ ဆီးသွားချင်စိတ်က အရမ်း ပြင်းထန်လာပါလိမ့်မယ်။ဆီးပမာဏသည် ကိုယ် သောက်လိုက်တဲ့ ရေပမာဏပေါ် မူတည်ပြီး အချိန်ပိုင်းအတွင်းမှာ တိုးလာနိုင်ပါတယ်။တချို့သော အခြေအနေမှာဆိုရင်တော့ ကောင်းတယ်လို့ ဆိုရမှာပါ။ဆီးမထိန်းနိုင်သူတွေ၊ အိပ်နေရင်း ဆီးပေါက်ချတတ်တဲ့ ကလေးတွေဆိုရင်တော့ ဆီးကို မိနစ်ပိုင်းလောက် အောင့်ထားခြင်း၊ဆီးသွားစဉ် တောက်လျှောက် မသွားဘဲ နည်းနည်းသွား ၃ စက္ကန့်လောက် နားတဲ့ ပုံစံမျိုးနဲ့လည်း ဆီးထိန်းနိုင်အောင် ကျင့်ပေးလို့ ရပါတယ်။ အကြာကြီး ဆီးအောင့်လို့တော့ မရပါဘူး။ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ ဆီးအောင့်လိုက်ရင် အထဲမှာဘက်တီးရီးယားပိုးတွေ ပြန့်တဲ့ နှုန်းကို မြန်သွားစေတဲ့အတွက် ရောဂါအခြေအနေ ပိုဆိုးနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရေသောက်တဲ့ ပမာဏ၊ အချိန်အတိုင်းအတာ၊ ဆီးအိမ် အရွယ်အစား မတူညီတဲ့အတွက် ဘယ်လောက်ကြာကြာဆီးအောင့်လို့ရလဲဆိုတာတော့ တွက်ဆလို့ မရပါဘူး။ ကိုယ်က ရေအများကြီး သောက်ထားရင်တော့ ဆီးအောင့်တာ ကြာလာတာနဲ့အမျှ ဆီးအိမ်နဲ့ ကျောက်ကပ်ကို သွားပြီး ဒဏ်ဖြစ်စေသလိုဆီးကျိတ်ကြီးခြင်း၊ ကျောက်ကပ် ပုံမှန်အလုပ်မလုပ်တော့ခြင်း၊ ဆီးကျန်နေသလို ခံစားရခြင်း စတဲ့ ပြဿနာတွေလည်း ကြုံလာရနိုင်ပါတယ်။ဆီးသွားတယ်ဆိုတာ တစ်နည်းအားဖြင့် ကျွန်တော်တို့ ဆီးအိမ်အတွင်းမှာ ရှိနေတဲ့ ဆီးနဲ့ အနည်တွေကို အပြင်ကို စွန့်ထုတ်ပေးတာဖြစ်ပြီး ဆီးလမ်းကြောင်း တစ်လျှောက်မှာ ရှိနေတဲ့ဘက်တီးရီးယားပိုးတွေပါ အပြင်ကို ပါသွားတဲ့အတွက် ပိုးကောင်ရေ ပွားများနိုင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ဆီးအိမ်နဲ့ကျောက်ကပ်ကျန်းမာရေးအတွက် အချိန်အကြာကြီး ဆီးအောင့်တာ၊ ဆီးမသွားတာမျိုးတော့ မလုပ်သင့်ပါဘူးနော်။ ရေလေး ပုံမှန်သောက်၊ ဆီးလေး ပုံမှန်သွားပေးခြင်းဖြင့် ကိုယ့်ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာကို ပုံမှန်လေး ထမ်းဆောင်ကြပါစို့နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/bladder-problems/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%86%e1%80%ae%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%9c%e1%80%bb%e1%80%80%e1%80%ba/
ကလေးအငိုတိတ်စေနိုင်မယ့် နည်းလမ်း ၁၈ သွယ်
ကလေးတွေကငယ်သေးတဲ့အချိန်မှာ စကားမပြောနိုင်တာကြောင့်သူတို့ရဲ့ဆန္ဒကိုဖော်ပြဖို့သုံးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ငိုတာပါ။ မအီမသာဖြစ်တဲ့အခါမျိုးမှာလည်း ကလေးတွေက ငိုတတ်ကြပါသေးတယ်။ ဒါပေမယ့် ကလေးတွေငိုတဲ့အခါ မိဘတွေကဘာဖြစ်လို့ဖြစ်မှန်းမသိဘဲ ထူပူစိုးရိမ်နေတတ်ကြပါတယ်။ ဒီတစ်ခါတော့ဘေဘီလေးတွေက ဘာကြောင့်ငိုတတ်လဲဆိုတာနဲ့ ကလေးတွေငိုရင် အငိုတိတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ကလေးငယ်တွေငိုရတဲ့အကြောင်းတွေအများကြီးရှိပါတယ်။ ငိုတာက ကလေးတွေရဲ့တစ်ခုတည်းသောလူမှုဆက်ဆံရေးနည်းလမ်းပါ။ ဒီနည်းနဲ့ လူကြီးတွေရဲ့ အာရုံစိုက်မှုကိုရယူတာဖြစ်သလို သူတို့ရဲ့လိုအပ်ချက်ကိုတောင်းဆိုတာလည်းဖြစ်ပါတယ်။ ကလေးငယ်လေးတွေမှာ ငိုပုံငိုနည်းကအမျိုးမျိုးကွာခြားပါတယ်။ အစပိုင်းမှာတော့ ကလေးတွေရဲ့ ငိုသံကို နားလည်နိုင်ဖို့တော်တော်လေးခက်ပါလိမ့်မယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကလေးငယ်တွေရဲ့ ငိုသံတစ်ခုချင်းစီကိုနားလည်လာပါလိမ့်မယ်။ ကလေးတွေက စိတ်ကျဉ်းကျပ်တဲ့အခါမျိုးနဲ့ စိတ်ရှုပ်ထွေးတဲ့အခါမျိုးတွေမှာလည်း ငိုတတ်ကြပါသေးတယ်။ကလေးတွေငိုတဲ့ အခြားအကြောင်းအရင်း။ကလေးတစ်ယောက်နဲ့တစ်ယောက်ရဲ့ လိုအင်ဆန္ဒချင်းက မတူညီကြပါဘူး။ ဒါကြောင့်ကလေးတစ်ယောက်နဲ့တစ်ယောက်ကိုချော့ရတဲ့ ပုံစံခြင်းလည်းမတူပါဘူး။ တကယ်လို့ တစ်နည်းအလုပ်မဖြစ်ရင် တစ်နည်းပြောင်းလုပ်ကြည့်ရပါမယ်။ ကလေးလေးတွေငိုရင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ ကလေးအချို့ကသူတို့ငိုတဲ့အခါ သားချော့တေးဆိုပြီးချော့တာကိုကြိုက်ကြသလို အချို့ကလည်း သူတို့ကိုချီလိုက်တာ၊ ဂရုတစိုက်ထွေးပွေ့ပေးတာကိုကြိုက်နှစ်သက်တတ်ကြပါတယ်။(၁) ကလေးက အိပ်ချင်တဲ့အခါမျိုးမှာလည်းငိုတတ်ပါတယ်။ကလေးက မျက်လုံးလေးတွေကို ပွတ်ပြီး ငိုနေမယ်ဆိုရင်တော့အိပ်ငိုက်တာကြောင့် ငိုနေတာလည်းဖြစ်နိုင်ပါတယ်။ အဲ့လိုအခါမျိုးမှာ ကလေးကို သက်သောင့်သက်သာအိပ်နိုင်အောင်လုပ်ပေးလိုက်ပါ။(၂) ကလေးက ဗိုက်ဆာနေရင်လည်းငိုတတ်ပါတယ်။ကလေးကို အစားကျွေးချိန်ကျော်နေလားဆိုတာကို သတိထားပါ။ ကလေးငယ်လေးတွေက ဘာမှမပြောတတ်သေးတာမို့ မိဘတွေက အချိန်သတ်မှတ်ပြီး ဂရုတစိုက်ကျွေးမွေးပေးဖို့လိုပါမယ်။ ကလေးကငိုနေတဲ့အခါ မုန့်လေးတစ်ခုခုကျွေးကြည့်တာမျိုး စားနေကျစားစရာတစ်ခုခုကျွေးကြည့်တာမျိုးလုပ်ကြည့်လိုက်ပါ။(၃)သေးခံတွေညစ်ပတ်နေလားစစ်ဆေးကြည့်ပါ။ကလေးလေးတွေကသေးခံတွေညစ်ပေနေတဲ့အခါသေးစိုနေတဲ့အခါမျိုးမှာနေထိုင်ရသက်တောင့်သက်သာမရှိတာကြောင့်လည်း ငိုတတ်ကြပါတယ်။ ကလေးကငိုနေတဲ့အခါ သူတို့လေးတွေရဲ့သေးခံကညစ်ပတ်နေလားဆိုတာကိုလည်း စစ်ဆေးကြည့်ပါ။(၄) ကလေးက အထိတ်တလန့်ဖြစ်တဲ့အခါမျိုးမှာလည်း ငိုတတ်ကြပါတယ်။ကလေးကိုကောက်မချီခင်၊ မထိခင်မှာ အရင်ဆုံး ညင်ညင်သာသာလေးပြောပေးပါ။ ဒါမှကလေးက ရုတ်တရက် ထိတ်လန့်တာမျိုးမဖြစ်မှာပဲဖြစ်ပါတယ်။(၅) ကလေးကို စိတ်ပျော်အောင်ထားပေးပါ။ကလေးလေးတွေ ငိုနေတဲ့အခါ သူတို့လေးတွေနဲ့ တူဝါးကစားပေးတာ၊ ချော့မြူပေးတာ၊ သီချင်းလေးတွေဆိုပြီး ချော့ပေးတာမျိုးလုပ်ပေးပါ။ သီချင်းလေးတွေဆိုတဲ့အခါမှာလည်း သီချင်းအေးအေးလေးတွေဆိုပေးပါ။(၆) ကလေးရဲ့ လက်မောင်းတွေ ခြေထောက်တွေကို ညင်ညင်သာသာနှိပ်နယ်ပေးပါ။ကလေးလေးတွေကို လက်မောင်းနဲ့ခြေထောက်လေးတွေကို ညင်ညင်သာသာနှိပ်ပေးတာကလည်း ကလေးတွေကိုစိတ်သက်သာရာရစေပါတယ်။ ဒါကြောင့်ကလေးလေးတွေကို အရေပြားမှာbaby oilလေးတစ်ခုခုလိမ်းပေးပြီး နှိပ်နယ်ပေးပါ။(၇) ကလေးကိုပွေ့ထားပါ။ကလေးက အရမ်းငိုနေတဲ့အခါမျိုးမှာ အနီးကပ်ဆုံးအနေအထားနဲ့ နွေးနွေးထွေးထွေး ပွေ့ချီပေးလိုက်ပါ။ ကလေးကို ရင်ဘတ်ပေါ်မှာ တင်ထားတာမျိုးဖြစ်ဖြစ်ပေါ့။ ကလေးကို ဒီလိုပွေ့ချီပေးလိုက်မယ်ဆိုရင် ကလေးက လုံခြုံမှုရှိတယ်လို့ခံစားရပြီး အငိုတိတ်သွားပါလိမ့်မယ်။ ကလေးကို နွေးနွေးထွေးထွေးပွေ့ချီပေးတာကလည်း အငိုတိတ်စေနိုင်မယ့် နည်းလမ်းတစ်ခုပါ။၈) ကလေးကို နွေးနွေးထွေးထွေးလေး ထားလိုက်ပါ။အရမ်းအေးတဲ့အခါမျိုးမှာလည်း ကလေးတွေက ငိုတတ်ကြပါတယ်။ ဒီလိုအနေအထားမျိုးမှာဆိုရင် ကလေးကိုစောင်ခပ်ပါးပါးလေးတဲ့ထွေးပေးတာမျိုး၊ အင်္ကျီခပ်ထူထူလေး ထပ်ဝတ်ပေးလိုက်တာမျိုးဖြစ်ဖြစ်လုပ်ပေးလိုက်ပါ။၉) အလင်းကိုလျှော့ပေးပြီး ဆူညံသံတွေကို တိတ်ဆိတ်အောင်လုပ်ပေးလိုက်ပါ။အလင်းတွေ အရမ်းစူးနေရင်လည်း ကလေးလေးတွေက ငိုတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အခန်းတွင်းအလင်းရောင်ကို လျှော့ပေးတာမျိုးလုပ်ကြည့်ပါ။ ပတ်ဝန်းကျင်က အရမ်းဆူညံနေရင်လည်း ကလေးငယ်လေးတွေက ငိုတတ်ကြပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်က အရမ်းဆူနေတဲ့အခါမျိုးမှာလည်း ကလေးတွေကို တိတ်ဆိတ်တဲ့နေရာကို ခဏခေါ်သွားတာမျိုးဖြစ်ဖြစ်၊ အသံလျှော့လို့ရမယ်ဆိုရင်လျှော့ခိုင်းတာမျိုးဖြစ်ဖြစ်လုပ်ပေးလိုက်ပါ။၁၀) အဝတ်အစားတွေ အရမ်းကျပ်နေလား ကြည့်ပါ။ကလေးကို ဝတ်ပေးထားတဲ့ အဝတ်အစားတွေက အရမ်းကျပ်နေတဲ့အခါမျိုးမှာ နေရထိုင်ရကျပ်လွန်းတာကြောင့် ငိုတတ်ကြပါတယ်။ ဒါကြောင့် ကလေးငိုတဲ့အခါ ကလေးကို ဝတ်ပေးထားတဲ့အဝတ်တွေက အရမ်းကျပ်နေလားဆိုတာကို သေချာကြည့်ကြည့်လိုက်ပါ။ အင်္ကျီက အရမ်းကျပ်နေရင် ချောင်ချောင်ချိချိဖြစ်မယ့် အဝတ်မျိုးဝတ်ပေးပါ။ ကလေးကိုချောင်ချောင်ချိချိဖြစ်ပြီး သက်တောင့်သက်သာရှိစေမယ့် အဝတ်အစားမျိုးကို ဝတ်ပေးပါ။၁၁) အိမ်အပြင်ထွက်လမ်းလျှောက်ပေးပါ။ကလေးက ငိုနေတဲ့အခါ အပြောင်းအလဲဖြစ်သွားအောင် ကလေးကိုချီပြီး အိမ်အပြင်ဘက်ကို လမ်းလျှောက်ခေါ်သွားတာမျိုးဖြစ်ဖြစ်လုပ်ပေးလိုက်ပါ။ တစ်ခါတစ်လေ ကလေးငယ်လေးတွေက အိမ်တွင်းက ပတ်ဝန်းကျင်အနေအထားကိုမကြိုက်တဲ့အခါမျိုးမှာလည်း ငိုတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်ကို အာရုံပြောင်းတဲ့အနေနဲ့ အိမ်အပြင်ကိုခေါ်သွားပေးလိုက်ပါ။၁၂) ကလေးကို မှန်ကြည့်ခိုင်းပေးပါ။ကလေးကအရမ်းငိုနေတဲ့အခါ မှန်ရှေ့ကိုချီခေါ်သွားပြီး မှန်ထဲမှာဘယ်သူလေးလဲလို့ ပြကြည့်လိုက်ပါ။ ကလေးကမှန်ထဲမှာ သူ့ကိုယ်သူပြန်မြင်ရတဲ့အခါအံ့သြသွားပါလိမ့်မယ်။ စိတ်ဝင်စားတာတစ်ခုခုကိုတွေ့သွားရင် ကလေးတွေကအငိုတိတ်သွားတတ်ပါတယ်။၁၃) ကလေးကိုပုံပြောပြပါ။ကလေးက ငိုနေတဲ့အခါ ရုပ်ပုံလေးတွေပြပြီး ပုံပြောပြတာမျိုးလည်း လုပ်ပေးလို့ရပါသေးတယ်။ ကလေးငယ်လေးတွေက ပုံပြောပြတာကိုလည်း နှစ်သက်ကြပါတယ်။ ကလေးတွေကို ပုံပြောပေးတာက ကလေးငယ်ကို ဉာဏ်ကောင်းစေပါတယ်။၁၄) ကလေးနဖူးလေးနဲ့ နားထင်လေးတွေကို လက်ကလေးနဲ့ ညင်ညင်သာသာပွတ်ပေးပါ။ကလေးကချော့မရအောင်ငိုနေတဲ့အခါမျိုးမှာ ကလေးရဲ့နဖူးပြင်လေး ဒါမှမဟုတ် နားထင်လေးကို လက်ကလေးနဲ့ညင်ညင်သာသာလေး ပွတ်ပေးလိုက်ပါ။ ကလေးကိုစိတ်သက်သာရာရစေပြီး သက်တောင့်သက်သာဖြစ်ပါစေလိမ့်မယ်။၁၅) ကလေးကိုအေးမြနေအောင်ထားပေးပါ။ကလေးတွေက အရမ်းပူတဲ့အခါမျိုးမှာလည်း ငိုတတ်ကြပါတယ်။ ဒါကြောင့် ရာသီဥတုအရမ်းပူလာတဲ့အခါ၊ ကလေးကချွေးတွေထွက်နေတဲ့အခါမျိုးမှာ ကလေးကိုအေးမြအောင်လုပ်ပေးပါ။၁၆) အသံမြည်တဲ့ကစားစရာလေးတွေနဲ့ပေးဆော့လိုက်ပါ။ကလေးငိုနေတဲ့အခါ အသံမြည်တဲ့ဂျောက်ဂျက်လိုမျိုးဆော့စရာ၊ အသံမြည်တဲ့ လက်ညှစ်ရုပ်လေးတွေနဲ့ပေးဆော့တာမျိုးဆော့ပြတာမျိုးလုပ်လိုက်ပါ။ ကလေးကိုအာရုံပြောင်းသွားစေပါလိမ့်မယ်။၁၇) တိရစ္ဆာန်လေးတွေရဲ့ အသံတုတွေလုပ်ပြပေးပါ။ကလေးတွေငိုနေတဲ့အခါ အာရုံပြောင်းစေအောင် ကျားကြီးကဝေါင်းလို့အော်တယ်။ခွေးလေးက ဝုတ်ဝုတ်အော်တယ်။ ကြက်ကလေးက ပိကျိပိကျိအော်တယ်။ ဘဲလေးက ဂတ်ဂတ်အော်တယ်လို့အော်ပြတာမျိုးဖြစ်ဖြစ်လုပ်ပေးကြည့်ပါ။၁၈) အခြားကလေးတွေဆော့နေတာကိုပြပေးပါ။ကလေးတွေက ငိုနေတဲ့အခါ ကြည့်ပါဦး၊ သူတို့တွေကစားနေကြတယ်လို့ပြောပေးရင်း အခြားကလေးတွေဆော့နေတဲ့ဆီကို အာရုံရောက်အောင်ပြပေးလိုက်ပါ။ ကလေးက ကစားချင်စိတ်ပေါက်သွားနိုင်သလို အာရုံလည်းပြောင်းသွားပါလိမ့်မယ်။ကလေးက ငိုနေတဲ့အခါ လှုပ်ရမ်းတာ၊ ပစ်မြှောက်ပြီးချော့မြူတာမျိုးတွေမလုပ်ပါနဲ့။ ကလေးငယ်တွေရဲ့ လည်ပင်းကြွက်သားတွေက သန်မာမှုအားနည်းနေတာကြောင့်ခေါင်းကိုကောင်းကောင်းမထောက်ပံ့နိုင်ပါဘူး။ ဒါကြောင့်အမြင်အာရုံဆုံးရှုံးတာ၊ဦးနှောက်ပျက်စီးတာ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းတာမျိုးတွေကိုဖြစ်စေနိုင်သလို အရမ်းပြင်းထန်ခဲ့မယ်ဆိုရင် အသက်သေဆုံးတာမျိုးအထိတောင်ဖြစ်နိုင်ပါတယ်။အခုလောက်ဆိုဖေဖေမေမေတွေတင်မဟုတ်ဘဲ ဦးဦးတီတီတွေပါ ချစ်စဖွယ်ဘေဘီလေးတွေ ငိုနေတဲ့အခါ အငိုတိတ်အောင်ဘယ်လိုလုပ်ပေးရမလဲသိလောက်မယ်ထင်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/ways-to-baby-stop-crying/
နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ
ကမ္ဘာတစ်လွှားမှာ နို့အမျိုးမျိုးကို နှစ်ပေါင်းများစွာ သောက်သုံးလာခဲ့ကြပါတယ်။နွားနို့အပါအဝင် သိုး၊ ဆိတ်များဆီကနေ ထုတ်လုပ်သောက်သုံးကြပါတယ်။ နို့သောက်ခြင်းရဲ့အာဟာရတန်ဖိုးနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြတာ ရှိပါတယ်။ နို့ဟာ ဓာတ်မတည့်ခြင်းလည်း ဖြစ်စေတတ်တာမို့ အချို့က အကျိုးထက် အပြစ်ပိုများကြောင်း ထောက်ပြကြပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သိပ္ပံနည်းကျ သုတေသနပြုလုပ်ထားတဲ့ နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ ပါပဲ။နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ ကတော့။၁။ နို့မှာ ထင်မထားလောက်အောင်အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။မွေးခါစ တိရစ္ဆာန်ကလေးငယ်များကို အာဟာရဓာတ်ပြည့်ဝအောင် သဘာဝက ဖန်တီးထားတာမို့ ပါဝင်တဲ့ အာဟာရဓာတ်များဟာ အံ့မခန်းပါပဲ။ ဥပမာ နွားနို့တခွက် (၂၄၄ ဂရမ်) မှာ အောက်ပါအာဟာရဓာတ်တွေ ပါဝင်ပါတယ်။•ကယ်လိုရီ။ ၁၄၆။• ပရိုတိန်း။ ၈ ဂရမ်။• အဆီဓာတ်။ ၈ ဂရမ်။•ကယ်လ်ဆီယမ်။ တစ်နေ့တာလိုအပ်ချက်ရဲ့ ၂၈ ရာခိုင်နှုန်း။• ဗီတာမင်ဒီ။ တစ်နေ့တာလိုအပ်ချက်ရဲ့ ၂၄ ရာခိုင်နှုန်း။• ဗီတာမင် B2။ တစ်နေ့တာလိုအပ်ချက်ရဲ့ ၂၆ ရာခိုင်နှုန်း။• ဗီတာမင် B12။ တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၈ ရာခိုင်နှုန်း။• ပိုတက်ဆီယမ်။ တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်း။• ဖော့စဖိတ်။ တစ်နေ့တာလိုအပ်ချက်ရဲ့ ၂၂ ရာခိုင်နှုန်း။• ဆီလီနီယမ်။ တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၃ ရာခိုင်နှုန်း။နို့ဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရဲ့ အကောင်းဆုံးရင်းမြစ်ဖြစ်ပါတယ်။ တော်တန်ရုံ အစားအသောက်တွေမှာ မပါတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ဗီတာမင်အေ၊ မဂ္ဂနီဆီယမ်နဲ့ ဇင့် စတာတွေလည်း ပါဝင်ပါသေးတယ်။၂။ အရည်အသွေးမြင့်ပရိုတိန်းရင်းမြစ်ဖြစ်တယ်။နွားနို့တစ်ခွက်မှာ ပရိုတိန်း ၈ ဂရမ် ပါဝင်တာမို့ အတော်လေး မြင့်မားတဲ့ ပမာဏဖြစ်ပါတယ်။ ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားဖို့၊ကိုယ်ခံစွမ်းအားတက်စေဖို့ လိုအပ်ပါတယ်။နို့ကို ပြီးပြည့်စုံတဲ့ ပရိုတိန်းလို့ ခေါ်ပါတယ်။ မရှိမဖြစ်အမိုင်နိုအက်ဆစ်ကိုးမျိုးလည်း ပါဝင်လို့ ဖြစ်ပါတယ်။နို့မှာပါဝင်တဲ့ ပရိုတိန်းများကို အဓိက အုပ်စုနှစ်ခု ခွဲပါတယ်။ Casein နဲ့ Whey လို့ခေါ်ပါတယ်။ Casein ဟာ ၇၀-၈၀ ရာခိုင်နှုန်းလောက်ပါဝင်ပြီး Whey ပရိုတိန်းကတော့ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။၃။အရိုးများကို သန်မာစေတယ်။နို့သောက်ခြင်းဟာ အရိုးများ ကျန်းမာကြံ့ခိုင်စေဖို့ အထောက်အကူပြုပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ ပရိုတိန်းနဲ့ ဗီတာမင် K2 စတာတွေ ပါဝင်ပါတယ်။ကိုယ်ခန္ဓာမှာရှိတဲ့ ကယ်လ်ဆီယမ်ရဲ့ ၉၉ရာခိုင်နှုန်းကို အရိုးများနဲ့သွားထဲ သိုလှောင်ထားပါတယ်။ နို့မှာ ကယ်လ်ဆီယမ်ကို ကောင်းကောင်းစုပ်ယူနိုင်ဖို့ လိုအပ်တဲ့ ဗီတာမင် D၊ ဗီတာမင် K၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ် စတာတွေ ပါဝင်ပါတယ်။ဒါကြောင့် နို့ကို ပုံမှန်သောက်ပေးရင် အရိုးနဲ့ပတ်သက်တဲ့ ရောဂါတချို့ (ဥပမာ အရိုးပွခြင်း) ကို ကာကွယ်ပေးနိုင်ပါတယ်။ သက်ကြီးရွယ်အိုများ အရိုးများကျိုးပဲ့လွယ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။၄။ကိုယ်အလေးချိန်ထိန်းညှိပေးတယ်။နို့သောက်ခြင်းဟာ အဝလွန်နိုင်ခြေ လျော့နည်းစေတယ်လို့ သိရပါတယ်။ ဒါပေမယ့် မပြုမပြင်ရသေးတဲ့ သဘာဝနို့စစ်စစ်ကိုသာ ဆိုလိုပါတယ်။နို့မှာ ပရိုတိန်းပါဝင်မှုများတာမို့ အဆာခံပါတယ်။ ဒါကြောင့် အစာကိုလိုတာထက် ပိုပြီး စားသုံးမိခြင်းကနေ ကာကွယ်ပေးပါတယ်။ဒါ့အပြင် linoleic အက်ဆစ်ဟာ အဆီဓာတ်များကို ဖြိုခွဲပေးတာကြောင့် အဝလွန်နိုင်ခြေကို ကာကွယ်ပေးပါတယ်။ နို့မှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်ဟာလည်း အဆီဓာတ်များကို ဖြိုခွဲပြီး ကိုယ်ခန္ဓာက စုပ်ယူထားခြင်းကနေ ကာကွယ်ပေးပါတယ်။၅။ ဘက်စုံသုံးနိုင်ခြင်း။နို့ဟာ ကျန်းမာရေးအတွက် နည်းမျိုးစုံနဲ့ အကျိုးပြုပါတယ်။ ပုံမှန်အတိုင်း သောက်သုံးနိုင်တဲ့အပြင် တခြားအစားအသောက်များနဲ့ နည်းမျိုးစုံ တွဲဖက်စားသုံးနိုင်ပါတယ်။ ဥပမာအားဖြင့်-။• Smoothies။ ပရိုတိန်းကြွယ်ဝပြီး အရသာရှိတဲ့ စမူသီအနေနဲ့ ပြင်ဆင်စားသုံးနိုင်ပါတယ်။ အာဟာရဓာတ် ပိုမိုပြည့်ဝအောင် အသီးအနည်းငယ် ထပ်ဖြည့်နိုင်ပါတယ်။• Oatmeal။ တခြားအရည်နဲ့စပ်မယ့်အစား နို့သုံးရင် အရသာကောင်းမွန်ပြီး အာဟာရပြည့်ဝပါတယ်။• ကော်ဖီ။ မနက်ခင်းကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်နဲ့ပေါင်းစပ်သောက်သုံးရင် အာဟာရဓာတ် ပိုမိုရရှိမှာ ဖြစ်ပါတယ်။• စွတ်ပြုတ်။ နို့ကို စွတ်ပြုတ်ထဲလည်း ရောစပ်သောက်သုံးနိုင်ပါတယ်။နွားနို့နဲ့ တိရစ္ဆာန်တွေဆီက ထုတ်ယူထားတဲ့ နို့မဟုတ်ဘဲ အစေ့အဆန်တွေဆီက ထုတ်လုပ်ထားတဲ့ နို့တွေလည်း ရှိပါသေးတယ်။ ဒါကြောင့် တိရစ္ဆာန်ထွက် အစားအသောက်များကို ရှောင်ကြဉ်သူတွေအနေနဲ့လည်း ထပ်မံရွေးချယ်စရာ ရှိနေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-milk/
လူကြီးမိဘတွေကို အာဟာရနဲ့ ကန်တော့တော့မယ်ဆိုရင်
မိုးတွေအကြိုက်ရွာပြီး ပတ်ဝန်းကျင်က စိမ်းလန်းစိုပြေခဲ့တဲ့ ကာလပတ်ကို ကုန်ဆုံးလို့ မိုးလေ ကင်းလွတ်ပြီး သီတင်းကျွတ်ကာလရောက်လာပြီဆိုရင် မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု ဓလေ့အတိုင်း လူကြီးမိဘတွေကို ကန်တော့ကြတယ်။ အဝေးရောက်နေတဲ့သားသမီးတွေက မိဘတွေ ရှိရာ ဖိုးဖိုးဖွားဖွားတွေ ရှိရာဆီကို အရောက် ပြန်လာပြီး ကန်တော့ကြတယ်။ ဒါက မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးပြီး ချစ်စရာကောင်းတဲ့ ဓလေ့လေး တစ်ခုပေါ့။သီတင်းကျွတ်ပြီ၊ မိုးလေ ကင်းလွတ်ပြီဆိုရင် မီးပုံးလွှတ်တယ်။ မီးထွန်းတယ်။ လူကြီးတွေကို ကန်တော့တယ် မုန့်ဖိုး တောင်းကြတယ်ဆိုတာတွေက ကလေးဘဝကတည်းက လုပ်လာခဲ့တဲ့ သီတင်းကျွတ်ရဲ့အလေ့အထတွေပါ။ ကလေးတွေ စုပြီး အတူတူ ဆော့ရတာလည်း ပျော်စရာ ကောင်းခဲ့တဲ့ ငယ်ဘဝရဲ့ သီတင်းကျွတ် အမှတ်တရတွေ ပေါ့။ သီတင်းကျွတ် လွမ်းချင်းလေး ပြီးတော့ သီတင်းကျွတ် ကန်တော့မယ့် ကိစ္စလေး ပြောကြရအောင်။ကိုယ်တွေ ကိုယ်တိုင်ကအလုပ်ခွင်ဝင်နေပြီဆိုရင် ကိုယ့်ကို မွေးဖွားပျိုးထောင်ခဲ့တဲ့ မေမေဖေဖေတို့က အသက်ကြီးနေပြီဆိုတာ ပြောနေစရာတောင် မလိုပါ။ ဒီတော့သီတင်းကျွတ်ကန်တော့တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုက အသက်အရွယ်ကြီးရင့်လာတဲ့ဖေဖေမေမေတို့အတွက် ကျန်းမာရေးနဲ့ညီညွတ်အောင်ကန်တော့မယ့်ကိစ္စပါ။အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှခန္ဓာကိုယ်က အင်အားတွေယုတ်လျော့လာမှာ အသေအချာပါ။ ဒီတော့ ဖေဖေမေမေတို့ကို အားအင်ပြည့်နေစေဖို့ အာဟာရပြည့်ဝအောင် ဂရုစိုက်ပေးဖို့လိုမယ်ဆိုတာက မေ့ထားလို့ မရတဲ့အရာတစ်ခုပေါ့။အသက်အရွယ်ကြီးရင့်လာတဲ့ မေမေဖေဖေတို့ရဲ့အာဟာရလိုအပ်ချက်က ကိုယ်တွေထက် ပိုမြင့်နေမှာ အသေအချာပါ။နောက်တစ်ချက်ရှိတာက အသက်အရွယ်ကြောင့် အရိုးတွေကလည်း အရမ်းမသန်မာတော့ဘူး။သွားတွေရဲ့ ကြံ့ခိုင်မှုကလည်း နည်းလာပြီ စားလိုက်ရင် သွားနာတာ၊ ဝါးမရတာနဲ့ မစားတဲ့ အရာတွေကလည်း များလာမယ်။ အာဟာရလိုအပ်ချက်ကလည်း များလာမယ်။ဒီတော့ လူကြီးမိဘတွေကို အာဟာရနဲ့ ကန်တော့တော့မယ်ဆိုရင် ဘာတွေကို သိထားသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။အသက်အရွယ်ကြီးရင့်လာတဲ့ မေမေဖေဖေတို့အတွက် အာဟာရလိုအပ်ချက်ပြည့်မီဖို့ဆိုရင် တစ်နေ့တာမှာ မနက်စာ၊ နေ့လယ်စာ၊ အဆာပြေ စားစရာ နဲ့ ညစာတို့ကို  ပြင်ဆင်ပေးဖို့လိုမှာပါ။မနက်စာအနေနဲ့ကနွားနို့အပါအဝင် အခြား အာဟာရဖြစ်စေမယ့် သောက်စရာ၊ ပေါင်မုန့်၊ကြက်ဥတို့အပြင် မြန်မာလူမျိုးတွေ ခံတွင်းတွေ့ကြတဲ့ မုန့်ဟင်းခါး၊ အသုပ်၊ ထမင်းကြော်စတာတွေပေါ့။နေ့လယ်စာအနေနဲ့ကတော့ ထမင်းနဲ့ အသားဟင်းတစ်မျိုး၊ အသီးအရွက်ကြော်၊ စွပ်ပြုတ်၊ ငါးတစ်မျိုးမျိုး နဲ့ပဲတစ်မျိုးမျိုးပါဝင်အောင်ပြင်ဆင်ပေးပါ။ ဒါမှပရိုတင်းနဲ့ ဗီတာမင်သတ္တုဓာတ်လုံလောက်ပြည့်ဝအောင်ရရှိမှာပါ။နေ့ခင်း အဆာပြေအနေနဲ့ကတော့ပန်းသီးအပါအဝင် သစ်သီးတစ်မျိုးမျိုး၊ အသီးဖျော်ရည်တစ်မျိုးမျိုး၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ပေါင်မုန့်၊ ကွတ်ကီး စသဖြင့်ပြင်ဆင်ပေးလို့ရပါတယ်။ အဆီထုတ်ထားတဲ့ဒိန်ချဉ်ကိုပြင်ဆင်ပေးလို့လည်းရပါတယ်။ညစာအနေနဲ့ကတော့ထမင်း၊ အသီးအရွက်ကြော် တစ်မျိုးမျိုး၊ အသားဟင်း တစ်ခွက်၊ငါးတစ်မျိုးမျိုးနဲ့ အရည်သောက်ဟင်းတစ်မျိုးမျိုးပြင်ဆင်ပေးပါ။ဒီလိုလေး ဂရုတစိုက်ပြင်ဆင်ပေးမှ ဖေဖေမေမေတို့ကို လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစေမှာပါ။တကယ်လို့ မေမေဖေဖေတို့က အစားကောင်းကောင်းမစားဘူးဆိုရင် ပေါ့ပေါ့ပါးပါး စားလို့ရမှာမျိုးတွေ ဖြစ်ကြတဲ့ စွပ်ပြုတ်တွေ၊ အရွက်သုပ်လေးတွေကို ပြင်ဆင်ပေးတာကလည်း နည်းလမ်းကောင်းပါ။ဒီတော့ဖေဖေမေမေတို့ကို လိုအပ်တဲ့ အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်နေစေဖို့ ခု‌ပြောပြ‌ပေးခဲ့တဲ့ အာဟာရတွေနဲ့ ကန်‌တော့လို့ ရပါတယ်။ ဒါ့ပြင် အားဆေးတွေ၊ ဖြည့်စွက်အာဟာရတွေနဲ့ ကန်‌တော့တာကလည်း လူကြီးမိဘတွေရဲ့ အာဟာရအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/nutrition-for-seniors/
ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ ပြဿနာ
အသားအရေခြောက်တဲ့ ပြဿနာက မွေးကင်းစကလေးတွေရော ကလေးငယ်တော်တော်များများမှာပါ ကြုံတွေ့ရနိုင်တဲ့အရေပြားပြဿနာတစ်ခုပါ။ အရေပြားခြောက်တာက အရွယ်သုံးပါးစလုံးရှောင်လွှဲလို့မရတဲ့ အရာတစ်ခုဆိုပေမယ့် ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ ပြဿနာ ကတော့ ပိုဆိုးနိုင်ပါတယ်။ ပိုပြီး ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။အရေပြားမှာ အသားအရေကို စိုစွတ်ချောမွေ့နေစေအောင် ထိန်းသိမ်းပေးထားတဲ့ သဘာဝအဆီဓာတ်တွေ ရှိနေပါတယ်။ ကောင်းကောင်းမဖွံ့ဖြိုးတဲ့ ကလေးငယ်ရဲ့ အရေပြားက အဆီကို လုံလောက်စွာ မထုတ်လုပ်နိုင်ပါဘူး။ ဒီလိုမျိုး ကလေးအရေပြားက အဆီမထုတ်လုပ်တော့တဲ့အခါ အရေပြားက ခြောက်သွေ့တာ၊ဓာတ်မတည့်တာနဲ့ ယားယံခြောက်သွေ့တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။တကယ်လို့ ကလေးတွေမှာဖြစ်တဲ့ အသားအရေခြောက်တဲ့ ပြဿနာကို သေချာမကုဘူးဆိုရင် အရေပြားမှာ ကွဲအက်တာတွေ၊ ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ကလေးငယ်တော်တော်များများက မွေးကင်းစကတည်းက အရေပြားခြောက်သွေ့ပြီး အဖတ်လေးတွေ လန်နေတာမျိုး ရှိတတ်ပါတယ်။ ဒါက ပုံမှန်အနေအထားပါပဲ။ အချိန်ကြာလာတဲ့အမျှ သက်သာလာပါတယ်။ရေကို အလွန်အကျွံချိုးတာနဲ့ဆပ်ပြာတွေအသုံးပြုတာက ကလေးရဲ့ အသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်။ အရင်ကတည်းက အသားအရေခြောက်သွေ့နေမယ်ဆိုရင်တော့ ပိုပြီး ဆိုးစေမှာသေချာပါပဲ။ ဆပ်ပြာက အရေပြားပေါ်က အဆီဓာတ်တွေကို ဖယ်ရှားလိုက်သလို အစိုဓာတ်ထိန်းသိမ်းမှုကိုလည်း ခက်ခဲစေနိုင်ပါတယ်။ တချို့မိဘတွေက ကလေးငယ်တွေကို ရေမကြာခဏချိုးပေးတတ်ပါတယ်။ ဒီအတွက် အရေပြားခြောက်သွေ့တာတွေ ပိုဆိုးလာပါတယ်။ရာသီဥတုအနေအထားကလည်းကလေးငယ်ရဲ့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ပူပြင်းပြီး ခြောက်သွေ့တဲ့ရာသီဥတု (သို့မဟုတ်) အေးမြတဲ့ရာသီဥတုအခြေအနေတွေက အရေပြားပေါ်က အစိုဓာတ်ကို နည်းပါးစေပြီး အရေပြားခြောက်သွေ့စေနိုင်ပါတယ်။နှင်းခူ (eczema) လိုမျိုး မျိုးရိုးလိုက်တဲ့ အရေပြားပြဿနာတွေကြောင့်လည်း ကလေးက အသားခြောက်နိုင်ပါတယ်။ကလေးတွေမှာ အသားအရေခြောက်တဲ့အခါ ခြောက်ရုံတင်မကဘဲ ယားယံပြီး အဖတ်လေးတွေ လန်တာမျိုး ဖြစ်နေတတ်ပါတယ်။ ကလေးအရေပြားပေါ်မှာ ခပ်ကြမ်းကြမ်းအကွက်လေးတွေ ဖြစ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုမျိုး ယားယံမှုတွေဖြစ်တဲ့အခါ ကလေးကအရေပြားကို ကုတ်တာ၊ ပွတ်တာမျိုးတွေလုပ်တာကြောင့် အရေပြားမှာ ထိခိုက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ကလေးအသားအရေက အရမ်းခြောက်နေမယ်ဆိုရင် အရေပြားကွဲအက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အရေပြားခြောက်သွေ့ကွဲအက်တာက ကလေးကိုနာကျင်စေနိုင်သလို သွေးထွက်တာမျိုး၊ ပိုးဝင်တာမျိုးတွေအထိလည်း ဖြစ်စေနိုင်ပါတယ်။ အရေပြားခြောက်သွေ့တဲ့အခါ အရေပြားမှာ နီမြန်းနေတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ကလေးငယ်တွေမှာ အရေပြားခြောက်သွေ့တာက နေရာမရွေး၊ အချိန်ကာလမရွေး ဖြစ်နိုင်ပါတယ်။ ကလေးအများစုက မျက်နှာ၊ လက်မောင်းနဲ့ ခြေလက်တွေ အထူးသဖြင့်တော့ တံတောင်ဆစ်တို့မှာ ဖြစ်ကြတာ များပါတယ်။တကယ်လို့ အရေပြားခြောက်တဲ့နေရာက အရမ်းယားနေမယ်။ ခြောက်သွေ့နီရဲနေမယ်။ ဒါ့အပြင် အရေပြားခြောက်တာက တံတောင်ဆစ်အတွင်းပိုင်းနဲ့ ဒူးအနောက်ပိုင်းတွေမှာ ဖြစ်နေမယ်ဆိုရင်တော့ နှင်းခူဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။အရေပြားခြောက်သွေ့တဲ့အခါ အခုလိုမျိုးလက္ခဏာတွေလည်းတွေ့နိုင်ပါသေးတယ်။ကလေးအရေပြားခြောက်တာကို ပိုဆိုးစေနိုင်တဲ့အရာတွေ ရှိပါတယ်။ ဘယ်လိုအရာတွေက ပိုဆိုးနိုင်စေလဲဆိုတော့။အသားအရေက လူတိုင်းအတွက် အရေးကြီးတာကြောင့် ကလေးတွေကို ငယ်စဉ်ကစပြီး အသားအရေတွေကို သေချာထိန်းသိမ်းပေးဖို့လိုပါတယ်။ အခုအပေါ်မှာပြောခဲ့တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်ပြီး ဘေဘီလေးတွေကို အသားအရေခြောက်သွေ့တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ကြပါစေကြောင်း။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/dry-skin-in-babies/
ဒီလက္ခဏာတွေ ရှိနေရင် အစာအိမ်ကင်ဆာ ကို သတိထားပါ။
အစာအိမ်ကင်ဆာဆိုတာ အသိနောက်ကျတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ဒါကြောင့် သိပြီဆိုရင် အဆင့် ၃၊ ၄လောက်နဲ့ တခြားနေရာတွေကို ပြန့်နှင့်ပြီး ဖြစ်ပါတယ်။ အဖြစ်အများဆုံးကင်ဆာထဲမှာလည်း ပါပါတယ်။အစာအိမ်ဆိုတာ အက်စစ်တွေနဲ့ ပြည့်နေပေမယ့် အထဲကို ဝင်လာသမျှ အစားအစာတွေကို အကောင်းအဆိုး မရွေး ချေဖျက်ပေးရတာလည်း သူပါပဲ။ အထူးသဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ အစားအသောက်တွေတော်တော်များများမှာဆိုးဆေးတွေ၊ တာရှည်ခံအောင် လုပ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် အစာအိမ်က ပိုပြီး ဒဏ်ခံရပါတယ်။အစာအိမ်က အကြီးကြီးဖြစ်သလို သူ့ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဥပမာ အစာရေမျိုပြွန်နဲ့ ဆက်တဲ့နေရာမှာ ဖြစ်မလား။ ကိုယ်ထည်မှာ ဖြစ်မလား၊ ထိပ်ပိုင်းမှာ ဖြစ်မလား၊ အူနဲ့ ဆက်တဲ့ နေရာနားမှာ ဖြစ်မလား ဖြစ်နိုင်ပါတယ်။ကင်ဆာ အမျိုးအစားကလည်း အလုံးအကျိတ်လား၊ အနာကျိတ်လား၊ အချွဲထုတ်တဲ့ ဂလင်းတွေက ဖြစ်လာတဲ့ ကင်ဆာကျိတ်လား စသဖြင့် အမျိုးမျိုးရှိပါတယ်။ခက်တာက အစာအိမ်ကင်ဆာမှာ ကင်ဆာရယ်လို့ ပြောဖို့ လက္ခဏာ သီးသန့်မရှိတာပါပဲ။ ဒါကြောင့် ဖြစ်လို့ ဖြစ်မှန်းတောင် မသိဘဲ ရောဂါကို မွေးထားသလို ဖြစ်ပြီး သိတဲ့အချိန်ကျရော ရောဂါက ရင့်နေပါပြီ။ ဒါကြောင့် အောက်ကလက္ခဏာလေးတွေ ရှိလာရင် သတိထားပေးပါ။အစပိုင်းမှာဆိုရင်။ဒီလက္ခဏာတွေ ခံစားရတိုင်း အစာအိမ်ကင်ဆာတော့ မဟုတ်ပါဘူး။ သာမန်လူတွေလည်း ရံဖန်ရံခါ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ် ဖြစ်လာရင်၊ အရင်က ဒီလို ဖြစ်လေ့ဖြစ်ထမရှိဘဲနဲ့ ခုမှ စဖြစ်လာရင်၊ အသက်၄၀ကျော်မှ စဖြစ်ရင်တော့ သတိထားသင့်ပါတယ်။ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ရင်အစာအိမ်မှန်ပြောင်းလေး ကြည့်သင့်ပါတယ်။ ပိုရန်ကောလို့ မထင်ပါနဲ့။ စောစောသိလေ ကုလို့ရလေပါပဲ။အဲ့ဒါကနေ နောက်ပိုင်း ရောဂါရင့်လာရင်တော့။ဒီအခြေအနေဆိုရင်တော့ ခပ်မြန်မြန်လေး ဆေးရုံသွားလိုက်တာ ကောင်းပါတယ်။ဒီလောက်ဆိုးတဲ့ ရောဂါ ဘာလို့ ဖြစ်လာရတာလဲဆိုတာ အသေအချာတော့ မပြောနိုင်သေးပါဘူး။ ထုံးစံအတိုင်း ကင်ဆာတွေရဲ့ သဘောအရ ဒီအန်အေနဲ့ ဆဲလ်ပွားတာတွေ ပုံစံမမှန်လို့ ဖြစ်ရတာပါ။ဒါပေမယ့် ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲဆိုတောတော့ သိကြပါတယ်။နောက်ပြီး ထူးထူးခြားခြား အေသွေးသမားတွေက ပိုဖြစ်နိုင်ပါတယ်တဲ့။ ဒါကတော့ ခိုင်လုံတဲ့အထောက်အထားတွေ ထပ်ရှာရဦးမှာပါ။ကင်ဆာ မဖြစ်ချင်ရင် ခုနကပြောတဲ့အချက်တွေကို ရှောင်ရုံပါပဲ။ မျိုးဗီဇကြောင့် ဖြစ်တာကို ရှောင်လို့မရပေမယ့် ကိုယ့်ရဲ့ နေထိုင် စားသောက်ပုံကို ပြောင်းလဲလိုက်ရင် အထိုက်အလျောက် ကာကွယ်နိုင်မှာပါ။ ဥပမာ ပြောရရင်။ဒီလောက်ဆိုရင် အစာအိမ်ကင်ဆာကို ရာနှုန်းပြည့်မဟုတ်တောင် အထိုက်အလျောက်တော့ ကာကွယ်နိုင်မှာပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/stomach-cancer-cancer/%e1%80%92%e1%80%ae%e1%80%9c%e1%80%80%e1%80%b9%e1%80%81%e1%80%8f%e1%80%ac%e1%80%90%e1%80%bd%e1%80%b1-%e1%80%9b%e1%80%be%e1%80%ad%e1%80%94%e1%80%b1%e1%80%9b%e1%80%84%e1%80%ba-%e1%80%a1%e1%80%85%e1%80%ac/
ဖန်ကွဲစရှတဲ့အခါ ဘယ်လိုပြုစုရမလဲ။
အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ ဖန်ခွက်တွေ၊ မှန်တွေ၊ ပုလင်းတွေ တိုက်မိမယ်၊ ကွဲသွားတဲ့အပိုင်းအစတွေကို ပြန်ရှင်းရင်းနဲ့ ခြေတွေ လက်တွေ ထိခိုက်မိဖူးမယ်ထင်ပါတယ်။ မှန်ကွဲစတွေကြောင့် ထိမိ၊ ခိုက်မိတဲ့ ဒဏ်ရာတွေဟာ တခြားပွန်းပဲ့ဒဏ်ရာတွေထက် ပိုပြင်းထန်နိုင်တဲ့အတွက်အနာကို ပိုပြီးတောင် ဂရုစိုက်ရပါတယ်။ ကိုယ်တိုင်ဖြစ်စေ၊ တခြားသူကိုဖြစ်စေ ဒီလို ထိခိုက်ဒဏ်ရာတွေ ကြုံလာရတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်ပေးသင့်လဲ ဆိုတာကို ပြောပြပေးမယ်နော်။၁။ သွေးအရင်တိတ်အောင် လုပ်ပါ။ပုလင်းကွဲရှမိတဲ့အခါမှာ တခြားဒဏ်ရာတွေထက် ပိုပြီး သွေးထွက်နိုင်၊ဒဏ်ရာနက်နိုင်တဲ့အတွက် အရင်ဆုံး လုပ်ရမှာက သွေးတိတ်အောင် လုပ်ဖို့ပါ။ သန့်ရှင်းတဲ့ အဝတ်၊ တစ်သျှူး၊ ဂွမ်းနဲ့ ဒဏ်ရာပေါ်မှာ ၁၀မိနစ်ခန့် ဖိထားပေးပါ။ အဝတ်ကသွေးတွေစုပ်ပြီး စိုရွှဲနေပြီဆိုရင် မဖယ်လိုက်ပါနဲ့။ သူ့အပေါ်ကနေ နောက်ထပ် အဝတ်တစ်ထပ် ခံပြီး ဖိထားပေးပါ။ဒဏ်ရာက လက်မောင်း ဒါမှမဟုတ်ခြေထောက်မှာ ဖြစ်တာဆိုရင် သွေးထွက်နှေးစေဖို့အတွက် နှလုံးအပေါ်ဘက်ရောက်အောင် မြှောက်ထားပေးတာ ပိုကောင်းပါတယ်။ ဥပမာ – လက်မောင်းမှာ ဖြစ်တာဆိုရင် နှလုံးရှိမယ့်နေရာနဲ့ အပေါ်ဘက်ရောက်အောင် မြှောက်ပါ။ ခြေထောက်မှာ ထိခိုက်မိရင်တော့ ကြမ်းပြင်မှာ လှဲချပြီး ခြေထောက်ကို မြှောက်ပေးထားတာ ပိုအဆင်ပြေပါတယ်။ ဒဏ်ရာကို မသန့်ရှင်းခင်မှာ လက်ကို သေချာဆေးဖို့ အရေးကြီးပါတယ်။၂။ အနာကို သန့်ရှင်းပေးပါ။ဒဏ်ရာဖြစ်နေတဲ့နေရာကို ဆပ်ပြာနဲ့ရေနွေးလေးနဲ့ ညင်ညင်သာသာလေး ဆေးကြောပေးပါ။ ယားယံတာတွေ မဖြစ်အောင် ဆပ်ပြာကို သေချာပြောင်စင်အောင် ဆေးဖို့ လိုအပ်ပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ ကလိုရင်းပါတဲ့ အပြင်းစားဆေးရည်တွေဟာ ဒဏ်ရာကို ပိုဆိုးသွားစေနိုင်တာကြောင့် အသုံးမပြုရပါဘူး။၃။ အနာကို ပိုးမဝင်အောင် ကာကွယ်ပါ။အနာမရင်းအောင် Antibiotic cream တစ်မျိုးမျိုး ဒဏ်ရာကို အရင်လိမ်းပေးပါ။ ပြီးသွားမှ ပိုးသတ်ထားတဲ့ပတ်တီး၊ပလာစတာကပ်ပေးပါ။ အနာသေးရင် ပလာစတာနဲ့ ကပ်ပါ။ အနာကြီးရင်တော့ ပတ်တီးစည်းထားတာ ပိုအဆင်ပြေပါတယ်။ ဒဏ်ရာကို သန့်ရှင်းပြီး ခြောက်သွေ့နေစေဖို့ ပလာစတာကို နေ့စဉ်လဲပေးဖို့ အရေးကြီးပါတယ်။၄။ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပါ။ပုလင်းကွဲ၊ မှန်ကွဲရှမိတဲ့ဒဏ်ရာတွေဟာ သာမန်ပွန်းပဲ့ဒဏ်ရာတွေထက် ပိုကြီးတာကြောင့် ပျောက်တာလည်း ပိုကြာသလို ပိုးဝင်နိုင်တဲ့အခြေအနေတွေလည်း ပိုများပါတယ်။၅။ ဆိုးရွားတဲ့အခြေအနေတွေမှာဆိုရင် ဘာလုပ်သင့်လဲ။သွေးထွက်လွန်နေတဲ့ အခြေအနေမှာ၊ ကိုယ်တွင်းသွေးယိုစိမ့်တယ်လို့ သံသယရှိရင်၊ ဝမ်းဗိုက် ဒါမှမဟုတ်ရင်ဘတ်မှာ ထိခိုက်မိတာဆိုရင်၊ ၁၀မိနစ်လောက် ဒဏ်ရာကို ဖိထားတဲ့တိုင်အောင် သွေးမတိတ်သွားရင်၊ ဒဏ်ရာထဲက သွေးတွေ ပန်းထွက်လာရင် နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးသွားပြီး အရေးပေါ်ကုသမှု ခံယူရပါမယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/glass-cuts/
လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ကန်တော့ကြစို့
ဘာလိုလိုနဲ့ သီတင်းကျွတ်ရောက်ဖို့တောင် သိပ်မလိုတော့ဘူးနော်။ အရင်နှစ်တွေတုန်းကလို မုန့်တွေ၊ သစ်သီးတွေနဲ့ လူကြီးကို ကန်တော့တာထက် ဒီနှစ်မှာ သူတို့တွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီးအားဆေးတွေ ဝယ်ကန်တော့လိုက်ရင် ပိုမကောင်းဘူးလား။ အထူးသဖြင့် လူကြီးမိဘတွေဆိုတာ အသက်ကြီးသထက် ကြီးလာပြီဆိုတော့ မဖြစ်သင့်တဲ့ ရောဂါတွေ ကာကွယ်ပေးဖို့၊ကျန်းမာအသက်ရှည်ဖို့ ဖြည့်စွက်စာတွေပါ လိုအပ်လာပြီနော်။ ဒါကြောင့် လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ကန်တော့ကြစို့ လေ။လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ဘာကြောင့် ဖြည့်ဆည်းရတာလဲ။အားရှိအောင်၊ ကျန်းမာအောင် ဆိုတာထက် ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အစားအစာကနေအာဟာရဓာတ်တွေ အလုံအလောက်မရနိုင်တာကြောင့်ပါ။ လူကြီးမိဘတွေဆိုတာ အသက်ကြီးလာလေ သွားကမကောင်းတော့တာ၊ အရင်ကလောက် အစာမစားနိုင်တော့တာ၊ အသားတွေဆိုရင်လည်း ဝါးရလွန်းတော့ မစားချင်တော့တာ၊ အရည်တွေပဲ အသောက်များလာတာတွေ တွေ့ဖူးမှာပါ။ဗိုက်တော့ဝသွားပေမယ့် ကိုယ်ခန္ဓာက အာဟာရဓာတ်တွေ လစ်ဟာသွားတဲ့အခါ ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် ခုခေတ်မှာက သဘာဝမြေသြဇာတွေထက် ဓာတ်မြေသြဇာတွေနဲ့ စိုက်ပျိုးတာတွေ များလာတော့ အစားအစာတွေမှာ အာဟာရဓာတ်တွေ ပိုပြီးနည်းသွားတယ်လေ။ အဲ့လို အစားအစာကနေ အလုံအလောက် အာဟာရဓာတ်မရနိုင်တဲ့အခါ အားဆေးတွေ၊ဖြည့်စွက်စာတွေ စားပေးဖို့ လိုပါတယ်။အကောင်းဆုံးက ဈေးကွက်ထဲမှာ ရောင်းနေတဲ့အားဆေးတွေကို အလွယ်တကူမေးဝယ်တာထက် ကိုယ့်မိဘတွေကို အရင်ဆုံး ဆေးစစ်ကြည့်ပြီး ဘာရောဂါတွေရှိလဲ၊ ကျန်းမာရေးကောင်းလား၊ အာဟာရဓာတ်တွေ ဘယ်လောက်လိုအပ်နေလဲ အစရှိတာပေါ်မူတည်ပြီး ဗီတာမင်အားဆေး ဒါမှမဟုတ်အာရုံကြောအားဆေးသောက်ရမလား၊ ရောဂါထိန်းပေးတဲ့ ဆေးသောက်ရမလား၊ အမိုင်နိုအက်ဆစ်၊ပရိုတင်း၊ ကယ်လ်စီယမ်လို သတ္တုဓာတ် အဓိကပါဝင်တဲ့ အားဆေးတွေ သောက်ရမလားဆိုတာ ဆရာဝန်ကိုယ်တိုင်ညွှန်းပေးပါလိမ့်မယ်။သောက်တဲ့ အားဆေးပေါ်မူတည်ပြီး ရနိုင်တဲ့ အကျိုးကျေးဇူးတွေက ကွာသွားနိုင်ပါတယ်။ ဗီတာမင်အားဆေး အများစုကတော့။လူတစ်ယောက်မှာ ဘယ်အာဟာရဓါတ်တွေ လိုအပ်နေလဲဆိုတာ မသိဘဲနဲ့ ဆေးတွေဝယ်တိုက်တာမျိုးတော့ လုံးဝမလုပ်သင့်ပါဘူး။ တချို့အာဟာရဓာတ်တွေက လုံလောက်တဲ့ ပမာဏမှာ လူကိုကျန်းမာစေပေမယ့် ပမာဏများသွားတဲ့အခါ အဆိပ်အတောက်ဖြစ်စေတာမို့ပါ။ ဒါကြောင့် ဘယ်အားဆေးမဆို မဝယ်ခင်မှာ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပါ။ ဆေးသောက်ရမယ့်အချိန်ကိုလည်း ဆရာဝန်နဲ့ သေချာညှိနှိုင်းကြည့်ပါ။အသက်ကြီးလာလေ အစားရှောင်လေ၊ အာဟာရနည်းလေ ဖြစ်တတ်တဲ့ လူကြီးတွေအတွက်တော့ အားဆေးတွေ၊ ဖြည့်စွက်စာတွေဆိုတာ မဖြစ်မနေလိုအပ်လာပါပြီ။ ဒါကြောင့် ကိုယ်ချစ်တဲ့ လူကြီးမိဘတွေကို ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့ နေနိုင်အောင်လို့ ဒီဆေးဝါးဒါနနဲ့ ကန်တော့ပြီး ကုသိုလ်ယူကြဖို့ အကြံပေးလိုက်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/benefits-of-taking-a-multivitamin-in-elderly-persons/
Barrett's Esophagus (အစာမျိုပြွန်နံရံလောင်စားခြင်း)
အစာမျိုပြွန်နံရံလောင်စားခြင်းဆိုတာ အစာမျိုပြွန်ရဲ့ နံရံကဆဲလ်များဟာ အစာခြေရည်များကြောင့် ပျက်စီးတဲ့ အခြေအနေဖြစ်ပါတယ်။ နံရံဟာ ပုံမှန်မဟုတ်ဘဲ အစာအိမ်နံရံနဲ့ ဆင်တူသွားပါတယ်။အစာမျိုပြွန်ကို ပုံမှန်အားဖြင့် အကြေးကွက်ဆဲလ်များနဲ့ တည်ဆောက်ထားပါတယ်။ အစာမျိုပြွန်လောင်စားချိန်မှာတော့ အဲဒီဆဲလ်တွေဟာ ရှာ်မျောမျောပုံစံဆဲလ်တွေ ဖြစ်ကုန်ပါတယ်။ အဲဒီပြသနာရှိသူတွေရဲ့ ၅%ကနေ ၁၀%လောက်ဟာ အစာမျိုပြွန်ကင်ဆာဖြစ်လာတတ်ပါတယ်။အစာမျိုပြွန်ရဲ့အဆုံးဟာ အစာအိမ်ကနေ အက်ဆစ်ဓါတ်ထိတွေ့မှုကြောင့် ဖြစ်လာတဲ့ပြသနာကို အစာမျိုပြွန်လောင်စားတဲ့ အခြေအနေမှာ တွေ့ရတတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။လက္ခဏာအများစုဟာ အစာအိမ် အချဉ်ဓါတ်များခြင်း၊ အစာမကြေခြင်း စတဲ့ပုံစံတွေနဲ့ ဆင်တူပါတယ်။ အစာမကြေရင်ပူခြင်းရှိပြီး ညဘက်မှာဖြစ်ပြီး နိုးလာတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါအချက်တွေက မြင့်တက်နိုင်စေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မှန်ပြောင်းကြည့် စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဆရာဝန်ဟာ အစာမျိုပြွန်ကို မှန်ပြောင်းကြည့်ရာကနေ ပြသနာရှိနိုင်ခြေ ရှိတဲ့နေရာကနေ အသားစယူပြီး စစ်ဆေးနိုင်ပါတယ်။ရည်ရွယ်ချက်ကတော့ အက်ဆစ်ဓါတ်တွေ အစာမျိုပြွန်ထဲ ရောက်မသွားအောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒီလိုကာကွယ်ခြင်းဟာ အစာမျိုပြွန်နံရံတွေကို သက်သာစေပြီး လောင်စားခြင်းပိုမဆိုးသွားအောင် တားဆီးပေးပါတယ်။ဆေးဝါးများဟာ အစာမျိုပြွန်နံရံတွေကို ရောက်ရှိမယ့် အက်ဆစ်ဓါတ်တွေကို ကန့်သတ်ပေးပါတယ်။ အက်ဆစ်ဆန့်ကျင်ဆေးများ၊ H2 ဆန့်ကျင်ဆေးများ (Ranitidine, cimetidine)၊ ပရိုတွန်စုပ်ယူမှု တားမြစ်ဆေးများ 9Omeprazole, lansoprazole)၊ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကောင်းစေတဲ့ ဆေးများ (Metoclopramide) စတဲ့ဆေးတွေ ပါဝင်ပါတယ်။ ပရိုတွန်စုပ်ယူမှု တားမြစ်ဆေးများဟာ အထိရောက်ဆုံး ဖြစ်ပါတယ်။အဓိကနောက်ဆက်တွဲပြသနာကတော့ အစာမျိုပြွန်ကင်ဆာဖြစ်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်ဟာ အစာမျိုပြွန်ကို မှန်ပြောင်းကြည့်စစ်ဆေးပြီး ကင်ဆာရှိမရှိ စစ်ဆေးနိုင်ပါတယ်။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။အောက်ပါအခြေအနေမှာ ဆရာဝန်ပြပါ။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/barretts-esophagus-%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%94%e1%80%b6%e1%80%9b%e1%80%b6%e1%80%9c%e1%80%b1%e1%80%ac%e1%80%84/
ဆယ်ကျော်သက် အရွယ်မှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုပြဿနာ
အပူအပင်မရှိတဲ့ ကလေးဘဝ ကို ကျော်လွန်ခဲ့ပြီးနောက်ပိုင်းပူပန်စိတ်ကို စပြီးရင်ဆိုင်ရတာ မြီးကောင်ပေါက် ဆယ်ကျော်သက် အရွယ် ပါ။ အပြောင်းအလဲတွေ စပြီးဖြစ်လာတဲ့အရွယ်ဆိုတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ရော၊ စိတ်ခံစားချက်အပြောင်းအလဲတွေလိုမျိုး အကြောင်းအရာတွေကြောင့် စိတ်ဖိစီးမှုတွေရှိလာနိုင်တာပေါ့။စိတ်ဖိစီးမှုရှိနေတဲ့ လူငယ်တွေမှာ ဒီလိုအပြောင်းအလဲလက္ခဏာတွေရှိလာနိုင်တယ် –။အဓိကအားဖြင့် –။ကျောင်းမှာအတန်းကြီးလာလေ စာကြိုးစားဖို့တာဝန်နဲ့ အမှတ်အများဆုံးရလိုတဲ့စိတ်က ပခုံးပိုလေးလာလေဖြစ်လာတာသဘာဝပါပဲ။ တက္ကသိုလ်ဝင်တန်းအတွက် ရည်မှန်းချက်ပြည့်မီအောင်ကြိုးစားရတယ်၊ ဆရာတွေနဲ့မိဘတွေကျေနပ်အောင်အပြင် အချိန်ဇယားနဲ့ လှုပ်ရှားရတဲ့ယန္တရားမှာလည်ပတ်နေရတယ်ဆိုတာ ဖိစီးမှုတွေရဲ့အစပါ။ မှန်းထားတဲ့အတိုင်းမပြည့်မီတဲ့အခါ ၊ စိတ်ပင်ပန်းလာတဲ့အခါ ဖိအားတွေနဲ့ ရင်ဆိုင်လာရပါတယ်။ဆယ်ကျော်သက်အရွယ်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းအလေးထားတဲ့အရွယ်ပါ။ အပေါင်းအသင်းမင်တယ်၊ သူငယ်ချင်းတွေနဲ့ပဲ သွားချင်၊လာချင်၊စကားပြောချင်ကြသလို စာတောင်အတူတူကျက်ရမှ ဆိုတာမျိုး။ ဒါ့ကြောင့် သူငယ်ချင်းတွေငြိုငြင်တာ၊ ပစ်ပယ်တာခံရမှာစိုးရိမ်စိတ်၊ ရွယ်တူချင်းအကျောခံရမှာ၊ အရှုံးပေးလိုက်ရမှာစိုးတဲ့စိတ်၊ စတဲ့ ဆက်ဆံရေးပိုင်းစိတ်ဖိစီးမှုေတွအမျိုးမျိုးရှိနေနိုင်ပါတယ်။ကိုယ်မျှော်လင့်တဲ့မိသားစုပုံစံမရတာ၊အိမ်ထောင်ကွဲမိသားစု ဖြစ်နေတာ၊ အတူနေမိသားစုတွေနဲ့အဆင်မပြေတာ၊ မိသားစုစီးပွားရေးအဆင်မပြေတာ စတဲ့အချက်တွေကြောင့်လည်း လူငယ်တွေမှာစိတ်ဖိစီးမှုအဖြစ်များပါတယ်။ကိုယ့်မှာ စိတ်ဖိစီးနေပြီဆိုရင် –။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/mental-health-adolescents/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba/
ပင်စင်နာကို ဘယ်လိုကုစားမလဲ(၂)
(၃) ခရီးထွက်ပါ။ဒီအချက်ကတော့ နည်းနည်းပြောရခက်ပါတယ်။ ခရီးထွက်ဖို့ဆိုရင် အချိန်ရယ်၊ငွေရယ်၊ကျန်းမာရေးရယ် ဒီသုံးခုပြည့်စုံဖို့ လိုအပ်တဲ့အတွက်ပါ။ နံပါတ်တစ် အချိန်ကတော့ သင့်မှာ အကြွယ်ဝဆုံးမို့ အထူးဆိုစရာ မရှိပါဘူး။ နံပါတ် နှစ်ကလည်း သင့်ရဲ့ အတိတ်ကာလ လုပ်ဆောင်ခဲ့မှုတွေအပေါ် မူတည်ပြီး ဒီအချိန်မှာ ကောင်းကျိုး၊ဆိုးကျိုးနှစ်ထွေကို ပြန်လည်ခံစားရပါမယ်။ နံပါတ် သုံး ကျန်းမာရေးကတော့ အရေးကြီးဆုံးနဲ့ အရှားပါးဆုံး ဖြစ်လာမှာပါ။ တကယ်လို့ သင်ဟာ ကံကောင်းထောက်မလို့ ဒီအချက်သုံးချက်လုံး ရာနှုန်းပြည့်မဟုတ်ရင်တောင် ရာခိုင်နှုန်းအတော်များများ ပြည့်စုံနေမယ်ဆိုရင် အကြံပေးလိုတာကတော့ ခရီးထွက်ပါ။ ဖြစ်နိုင်ရင် ပြည်ပခရီးထွက်ပါ၊ခရီးဝေးထွက်ပါ။ မဖြစ်နိုင်ရင် နေ့ချင်းပြန်ပဲဖြစ်ဖြစ် ခရီးထွက်ပါ။ ဒီလို ခရီးထွက်ခြင်းအားဖြင့် အာရုံအပြောင်းအလဲ ဖြစ်စေနိုင်တဲ့အပြင် အိမ်မှာပဲ ထိုင်ပြီး စိတ်ဓါတ်ကျနေတာနဲ့စာရင်တော့ သင့်ကျန်းမာရေးကို အများကြီးအထောက်အကူပြုပါလိမ့်မယ်။ လိုရင်းပြောရရင်တော့ သင့်ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေမယ့် ခရီးထွက်ခြင်းပါ။ ဒါကြောင့် သင့်အထုပ်အပိုးတွေကို အခုပဲ ပြင်လိုက်ပါတော့။(၄) သားအချစ်၊မြေးအနှစ်တွေ ဝေမျှပါ။ပင်စင်ယူချိန်မှာ သင်ဟာ သားသမီးထိန်းရမယ့် အရွယ်မဟုတ်နိုင်တော့ပေမယ့် မြေးထိန်းရမယ့် အရွယ်တော့ ဖြစ်နေပါပြီ (FA မဟုတ်ခဲ့ရင်ပေါ့ :P)။ တွတ်တီးတွတ်တာ ပြောပြီး ချစ်စဖွယ်အမူအရာလေးတွေနဲ့ သင့်စိတ်ကို ကြည်နူးလန်းဆန်းစေမယ့်အပြင် သူတို့နောက် တကောက်ကောက် လိုက်ကြည့်ရင်း လေ့ကျင့်ခန်းလုပ်ပြီးသားပါ ဖြစ်စေမယ့် မြေးထိန်းရာထူးကို ဂုဏ်ယူဝံ့ကြွားစွာ ရယူလိုက်ပါ။(၅) မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ပါ။ မိတ်သစ်ဆွေသစ်တွေ တိုးချဲ့ပါ။ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေနဲ့ ချိန်းဆိုပြီး စကားမမြည်ပြောတာမျိုး၊Good Old Days တွေကို စားမြုံ့ပြန်တာမျိုးဟာ သင့်စိတ်ကို နုပျိုလန်းဆန်းလာစေပြီး ရှင်သန်မှုကိုလည်း အဓိပ္ပါယ်ရှိလာစေနိုင်ပါတယ်။ အရင်က အလုပ်ကိုယ်စီနဲ့ မအားလပ်လို့ မတွေ့နိုင်၊မတွေ့ဖြစ်ကြတဲ့ မိတ်ဆွေတွေနဲ့ ရင်ဘတ်ချင်းဖွင့်ပြီး စကားပြောရတာ ကျေနပ်စရာပါ။မိတ်သစ်ဆွေသစ်ဆိုရာမှာ ကိုယ့်ထက်ငယ်ရွယ်တဲ့သူတွေနဲ့ မိတ်ဖွဲ့ပြီး အတွေ့အကြုံတွေ မျှဝေပေးနိုင်သလို ကိုယ်နဲ့ရွယ်တူမိတ်သစ်ဆွေသစ်တွေနဲ့လည်း ဘဝအတွေ့အကြုံတွေ၊ကျန်ရှိနေသေးတဲ့ သက်တမ်းတလျှောက် နေထိုင်သွားမယ့် နည်းလမ်းတွေကို မျှဝေ ဆွေးနွေးနိုင်ပါတယ်။ ဒါဆိုရင် ပင်စင်စားဖိုးဖိုးဖွားဖွားတွေရဲ့ ဘဝဟာ ပိုပြီး အဓိပ္ပါယ်ရှိလာကာ မိမိကိုယ်ကိုယ် အသုံးဝင်သေးကြောင်းလည်း ခံစားသိလာစေမှာပဲ ဖြစ်ပါတယ်။(၆) တရားဘာဝနာအားထုတ်ပါ။ဘယ်ဘာသာ ကိုးကွယ်သူမဆို မိမိရဲ့ ဘာသာတရားအဆုံးအမတွေကို လိုက်နာကျင့်ကြံအားထုတ်ခြင်းအားဖြင့် စိတ်ချမ်းသာကိုယ်ကျန်းမာဘဝကို ရရှိစေနိုင်ပါလိမ့်မယ်။ စေတီပုထိုးဘုန်းကြီးကျောင်းကိုပဲသွားသွား၊ဘုရားရှိခိုးကျောင်းပဲတက်တက်၊ဗလီပဲ ရောက်ရောက် မိမိကိုးကွယ်တဲ့ဘာသာအလိုက် ဘုရားအရိပ်အောက်ခိုဝင်ခြင်းဟာ သင့်စိတ်ကို အေးချမ်းစေပါလိမ့်မယ်။(၇) ကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ဒီအရွယ်မှာဆိုရင် သင့်ကျန်းမာရေးဟာ အတက်ထက် အကျဖက်ကို ရောက်ရှိလို့လာပြီဖြစ်တဲ့အတွက် အပ်နဲ့ထွင်းရမယ့်နေရာ ပုဆိန်နဲ့မပေါက်ရလေအောင် ကျန်းမာရေးကို ဂရုစိုက်ပါ။ ဖြစ်နိုင်ရင် ခြောက်လတခါ၊တစ်နှစ်တခါ ကျန်းမာရေးစစ်ဆေးပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကိုလည်း ကိုယ့်အသက်အရွယ်နဲ့ သင့်တော်မျှတသလောက် လုပ်ပေးပါ။ အအိပ်အနေနည်းလာပြီဖြစ်တဲ့ ဒီအရွယ်မှာ မနက်စောစောထ လမ်းလျှောက်တာ အကောင်းဆုံးလေ့ကျင့်ခန်းပါပဲ။ဒီလောက်ဆိုရင်တော့ ပင်စင်စားဖိုးဖိုးဖွားဖွားတွေရော၊ပင်စင်စားတော့မယ့် ဦးကြီးဒေါ်လေးတို့ပါ ဗဟုသုတ၊တွေးစရာလေးတွေ ရသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။ လူတယောက်ရဲ့ဘဝမှာ အိုဇာတာကောင်းဖို့ဟာ အင်မတန်အရေးကြီးတဲ့ ကိစ္စပါ။ ငယ်တုန်းရွယ်တုန်းမှာ ကျန်းမာရေးကို ဂရုမစိုက်၊မဆင်မခြင်နေခဲ့မယ်၊အိုစာမင်းစာအတွက် စုမိဆောင်းမိလည်း မရှိဘူးဆိုရင်တော့ ပင်စင်နာရောဂါဟာ မိတ်ဆွေအတွက် ပိုပြင်းထန်ပါလိမ့်မယ်။ ဘယ်အရာမဆို ကြိုတင်ပြင်ဆင်နိုင်ရင် အကောင်းဆုံးပဲဖြစ်တာမို့ အားလုံးပဲ အတ္တ၊ပရ နှစ်ဖြာ မျှတအောင် ကြိုးစားရင်း အိုဇာတာကောင်းနိုင်ကြပါစေ၊ပင်စင်နာမှ ကင်းဝေးပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်ခင်ဗျာ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-mind/%e1%80%95%e1%80%84%e1%80%b9%e1%80%85%e1%80%84%e1%80%b9%e1%80%94%e1%80%ac%e1%81%82/
ဗီတာမင် D ချို့တဲ့ခြင်းကို ဘယ်လိုသိနိုင်လဲ
ဗီတာမင် Dဟာ ကိုယ်ခန္ဓာရဲ့စနစ်အတော်များများကို အကျိုးသက်ရောက်မှုရှိတဲ့ အရေးကြီးတဲ့ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ တခြားဗီတာမင်တွေနဲ့ မတူတာက ဗီတာမင် D ဟာ ဟော်မုန်းကဲ့သို့ အလုပ်လုပ်နိုင်ပြီး ကိုယ်ခန္ဓာရဲ့ ဆဲလ်တစ်ခုချင်းစီမှာ သူ့အတွက် လက်ခံတဲ့နေရာ တစ်ခုစီရှိပါတယ်။ ကျွန်တော်တို့အရေပြားဟာ နေရောင်နဲ့ထိတွေ့ချိန်မှာ ကိုလက်စထရောကနေဗီတာမင် D ကို ထုတ်လုပ်နိုင်ပါတယ်။ အဆီဓာတ်များတဲ့ငါးနဲ့ အားဖြည့်ထားတဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့နိုင်ပါတယ်။တစ်နေ့တာစားသုံးသင့်တဲ့ ဗီတာမင် D ပမာဏကတော့ ၄၀၀ မှ ၈၀၀ IU ဖြစ်ပါတယ်။ဗီတာမင် D ချို့တဲ့ခြင်းဟာလည်း တွေ့ရများတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ ဗီတာမင် D ချို့တဲ့သူပေါင်း တစ်ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အမေရိကန်ပြည်ထောင်စုရဲ့ အရွယ်ရောက်ပြီးသူ ၄၁.၆ % ဟာ ဗီတာမင်ချို့တဲ့မှု ရှိတယ်လို့ ဆိုပါတယ်။ဗီတာမင် D ချို့တဲ့မှုဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။– အသားအရေညိုခြင်း။– အသက်ကြီးခြင်း။– ကိုယ်အလေးချိန်များခြင်း၊အဝလွန်ခြင်း။– ငါး နှင့်နို့ထွက်ပစ္စည်းများစားသုံးမှုမရှိခြင်း။– အီကွေတာနှင့် ဝေးရာဒေသတွင် နေထိုင်ခြင်း။– အပြင်ထွက်ရာတွင် နေရောင်ကာပစ္စည်းများ၊ ဆေးများ သုံးလွန်းခြင်း။– အိမ်တွင်း အနေများခြင်း။ဗီတာမင် D ချို့တဲ့တဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။၁။ မကြာခဏ နေထိုင်မကောင်းဖြစ်ခြင်း၊ ရောဂါပိုးဝင်ခြင်း။ဗီတာမင် Dရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တခုကတော့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးမွှားတွေရဲ့ ရန်ကိုကာကွယ်နိုင်အောင်ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်းပါပဲ။ တကယ်လို့ မကြာခဏ ဖျားနာနေတယ်ဆိုရင်၊ တုတ်ကွေး အအေးမိခြင်း ဖြစ်လွယ်ရင် ဗီတာမင် D ချို့တဲ့ခြင်းကြောင့် ဖြစ်နေနိုင်ပါတယ်။ အအေးမိခြင်း၊ အဆုတ်လေပြွန်ရောင်ခြင်း၊အဆုတ်ရောင်ခြင်းစတာတွေဟာ ဗီတာမင် D ချို့တဲ့ခြင်းနဲ့ ဆက်စပ်မုရှိနေတယ်လို့ သိရပါတယ်။ ဗီတာမင် D အားဆေးကို တနေ့ ၄၀၀၀ IU ကို သုံးစွဲသူများဟာအသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။၂။ပင်ပန်းနွမ်းနယ်ခြင်း။ဗီတာမင် D ဟာ ကိုယ်ခန္ဓာထဲမှာ အလုံအလောက်မရှိတဲ့အခါ ပင်ပန်းနွမ်းနယ်ဖြစ်လွယ်ပါတယ်။ လူတစ်ဦးချင်းဆီမှာ ရှိသင့်တဲ့ ဗီတာမင် D ပမာဏကတော့ 20 ng/ml ဖြစ်ပါတယ်။ အဆိုပါ ပမာဏထက် လျော့နည်းတဲ့အခါ နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။၃။ အရိုးနာခြင်း၊ခါးနာခြင်း။ဗီတာမင်ဒီဟာ အရိုးများရဲ့ ကျန်းမာရေးကို နည်းမျိုးစုံနဲ့ အထောက်အကူပေးပါတယ်။ ဥပမာ ကယ်လ်ဆီယမ်ဓာတ်ကို အရိုးများမှ ကောင်းကောင်းစုပ်ယူနိုင်အောင် အကူအညီပေးပါတယ်။ သေါးထဲမှာ ဗီတာမင်ဒီ လျော့နည်းတဲ့အခါ အရိုးများနာကျင်ခြင်း၊ ခါးနာခြင်း စတဲ့ လက္ခဏာတွေ တွေ့နိုင်ပါတယ်။ ဗီတာမင် D လျော့နည်းသူများဟာ ပုံမှန်ရှိသူများထက်စာရင် ခြေထောက်၊ နံရိုး၊ အဆစ်အမြစ် စတာတွေ ကိုက်ခဲနာကျင်ဖို့ ဖြစ်နိုင်ခြေနှစ်ဆရှိကြောင်း သိရပါတယ်။၄။စိတ်ကျရောဂါ။စိတ်ဓာတ်ကျခြင်းဟာ ဗီတာမင်ဒီ ချို့တဲ့ခြင်းရဲ့ လက္ခဏာတခု ဖြစ်ပါတယ်။ စိတ်ကျခြင်းနဲ့ ဗီတာမင် D လျော့နည်းခြင်းအကြား ဆက်စပ်မှုရှိနေကြောင်း သုတေသီများက တွေ့ရှိထားပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စိတ်ကျပြဿနာရှိသူတွေကို ဗီတာမင် D ပေးတဲ့အခါ စိတ်အခြေအနေတိုးတက်မှုရှိကြောင်း တွေ့ရှိတယ်လို့ ဆိုပါတယ်။ ရာသီဥတု အေးစက်မှုန်မှိုင်းချိန်မှာ ဖြစ်တတ်တဲ့ စိတ်ကျခြင်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။၅။အနာကျက်နှေးခြင်း။ခွဲစိတ်ကုသမှုခံယူထားသူများ၊ ထိခိုက်ဒဏ်ရာရသူများမှာ အနာကျက်နှေးခြင်းဟာဗီတာမင် Dလျော့နည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဗီတာမင် Dဟာ အရေပြားအသစ်ကို ဖြစ်ပေါ်စေဖို့ အထောက်အကူပြုတယ်လို့ စာတမ်းတစောင်မှာ ဖော်ပြထားပါတယ်။ ရောင်ရမ်းမှုကိုလည်း သက်သာစေပါတယ်။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ရောဂါပိုးတွေကို နှိမ်နင်းပေးနိုင်တာကြောင့် အနာကျက်မြန်စေပါတယ်။၆။ဆံပင်ကျွတ်ခြင်း။သုတေသနတခုမှာ ဖော်ပြချက်အရ ဗီတာမင် D ချို့တဲ့သူအမျိုးသမီးတွေမှာ ဆံပင်ကျွတ်နှုန်းများကြောင်း သိရပါတယ်။ Alopecia areata ဆိုတဲ့ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့ ရောဂါမှာ ဆံပင်အလွန်ကျွတ်တတ်ပြီး ဗီတာမင် Dချို့တဲ့တဲ့ အရိုးပျော့ရောဂါ လက္ခဏာကိုလည်း တွေ့ရပါတယ်။၇။ကြွက်သားများနာကျင်ခြင်း။ကြွက်သားများနာကျင်နေတတ်ခြင်းဟာ အကြောင်းအရာပါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ အဆိုပါ အကြောင်းအရာထဲမှာ ဗီတာမင် D ချို့တဲ့ခြင်းလည်း ပါဝင်ပါတယ်။ သုတေသနတခုမှာ ကြွက်သားများ နာတာရှည် နာကျင်နေတတ်သူများရဲ့ ၇၁%မှာ ဗီတာမင် D ချို့တဲ့ကြောင်း ဖော်ပြထားပါတယ်။ဗီတာမင် Dချို့တဲ့ခြင်းဟာ တွေ့ရများပေမယ့် လူအများဟာ သတိမထားမိတတ်ကြပါဘူး။ လက္ခဏာသိပ်မပြတာ၊ တိကျမှုမရှိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဗီတာမင် ချို့တဲ့ကြောင်း သံသယရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးသင့်ပါတယ်။နေရောင်ခြည်ထိတွေ့ခြင်း၊ ဗီတာမင် D ကြွယ်ဝသော အစားအစာများစားခြင်း၊ ဗီတာမင် D အားဖြည့်ဓာတ်စာများ စားသုံးခြင်း စတာတွေနဲ့လည်း ဗီတာမင် Dကို ဖြည့်တင်းနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/vitamin-d-deficiency/
သင့်ကိုယ်ထဲက အသံတိတ်လူသတ်သမား
အဲလ်ပဲတီထွင်တဲ့ စတိဗ်ဂျော့ဘ်ကို သိကြတယ်ဟုတ်။ သူဆုံးသွားခဲ့တာပန်ကရိယကင်ဆာကြောင့်ပါ။ ပန်ကရိယကင်ဆာကို ကင်ဆာထဲမှာ အသံတိတ်လူသတ်သမားလို့ ပြောကြပါတယ်။ကင်ဆာဆိုတဲ့အမျိုးက တော်ရုံ လက္ခဏာမပြတဲ့အမျိုးဆိုတာ သိကြပြီးသားပါ။ဒါပေမယ့် ဒီပန်ကရိယကင်ဆာကပိုဆိုးပါတယ်။ သူက နေတဲ့နေရာက ဝမ်းဗိုက်ရဲ့ ဟိုးအနောက်မှာ ရှိနေတဲ့အတွက် တော်ရုံအကျိတ်ဖြစ်ရင်လည်း မသိနိုင်ပါဘူး။ ဒါကြောင့် သူ့ကို ကင်ဆာတွေထဲမှာ ပိုကြောက်ကြတာပါ။ အသံတိတ်နဲ့ကိုယ်ထဲမှာ တဖြည်းဖြည်းကြီးလာပြီး တွေ့တဲ့အချိန်ကျတော့ အဆင့်က တော်တော်လေးကို မြင့်နေပါပြီ။ဒါကြောင့် အတတ်နိုင်ဆုံး စောစောသိနိုင်ဖို့ အောက်ကလက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။ဒီမှာလည်း ပြောစရာရှိတာက ပန်ကရိယကင်ဆာက နုသေးတယ်ဆို လက္ခဏာ မပြပါဘူး။ အောက်က လက္ခဏာတွေ ပြနေပြီဆိုတော့ ရောဂါက နည်းနည်းတော့ ရင့်နေပါပြီ။တချို့တွေကျတော့ ခုနကပြောခဲ့တဲ့ လက္ခဏာတွေ ရှိတာတောင် ရောဂါရှိမှန်း မသိကြပါဘူး။ နောက်ဆက်တွဲတွေ ဖြစ်ပြီး မခံစားနိုင်တော့မှ ဆေးရုံရောက်ပြီး စစ်ဆေးမှပဲ သိတော့တာပါ။ ဒါတွေက ဘာတွေလဲဆိုတော့။ပန်ကရိယက အစာခြေဖို့အတွက် လိုအပ်တဲ့ အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။ ပန်ကရိယမကောင်းတဲ့အခါကျတော့ စားသမျှကို မခြေဖျက်နိုင်တာကြောင့် အာဟာရချို့တဲ့လာပါတယ်။ ဒါကြောင့် စားနေပေမယ့် အာဟာရမရဘဲ တဖြည်းဖြည်းနဲ့ ပိန်လာတာပါ။ကင်ဆာကျိတ်က အသည်းပြွန်ကို ဖိတာကြောင့် သည်းခြေရည်တွေ ကောင်းကောင်း မဆင်းနိုင်ဘဲ အသားဝါတာ၊ မျက်လုံးဝါတာ၊ ဆီးအရောင်ရင့်တာ၊ ဝမ်းအရောင်ဖျော့တာ စတာတွေ ဖြစ်လာပါတယ်။ တစ်ခါတစ်လေ ဗိုက်မအောင့်ဘဲ အသားဝါတာတစ်မျိုးပဲ ဖြစ်တတ်ပါတယ်။အကျိတ်က ဗိုက်က အာရုံကြောတွေ ဖိရင် ဗိုက်အောင့်တာ ဖြစ်ပါတယ်။ ဒီထက်ပိုဆိုးလာရင် ခါး၊ နောက်ကျောထိ လိုက် နာပါတယ်။ နာလွန်းလို့ လူနာက ခါးကို ရှေ့ကုန်းနေမှ သက်သာပါတယ်။အကျိတ်က အူကို ဖိမိတဲ့အခါအူပိတ်ပြီး အန်တာ၊ ဝမ်းချုပ်တာ စတဲ့ ပြဿနာတွေ ပေါ်လာတတ်ပါတယ်။ပန်ကရိယကင်ဆာက တိုက်ရိုက်ရောဂါကို တန်းတွေ့တာ ရှားပါတယ်။ တခြားလက္ခဏာ တစ်ခုခု ခံစားရတာ (ဥပမာ အသားဝါလို့ အသည်းလို့ ထင်ပြီး ဆေးစစ်လိုက်တာ၊ အူပိတ်လို့ ဆေးစစ်လိုက်တာ)ကို ရောဂါလိုက်ရှာရင်းနဲ့မှ ပန်ကရိယကင်ဆာကို တွေ့တာပါ။ ဒီလိုတွေ့တဲ့အချိန်ကျတော့လည်း ကင်ဆာက အဆင့်မြင့်နေပါပြီ။လုံးဝကာကွယ်နိုင်တာတော့ မဟုတ်ပေမယ့် ဖြစ်နိုင်ခြေကို အထိုက်အလျောက်တော့ လျှော့ချပေးပါတယ်။ ဒါတွေကတော့။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/pancreatic-cancer/%e1%80%9e%e1%80%84%e1%80%ba%e1%80%b7%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%91%e1%80%b2%e1%80%80-%e1%80%a1%e1%80%9e%e1%80%b6%e1%80%90%e1%80%ad%e1%80%90%e1%80%ba%e1%80%9c%e1%80%b0%e1%80%9e/
ခွေးအမွေး၊ ကြောင်အမွေးလား…ပြုစားခံရတာလား…ဆေးပညာနဲ့အဖြေထုတ်တဲ့အခါ
ရုပ်ရှင်ဇာတ်လမ်းတချို့မှာ မြင်တွေ့ရဖူးသလို အပြင်လောကမှာလည်း ဖြစ်လေ့ရှိတဲ့ မိန်းကလေးတွေရဲ့ကျန်းမာရေးပြဿနာတစ်ခုရှိတယ်။ သားဥအိမ်တွင်းအလုံးတည်လို့ ကိုယ်ဝန်လိုလိုအထင်လွဲခံရ၊ ပစ်ပယ်ခံရတာမျိုးပေါ့။ ဒါတွေက သားဥအိမ်မှာဖြစ်တဲ့ အရည်အိတ် ။ဒီတစ်ခါတော့ လူပြုစားတာတဲ့။ ခွေးတွေ၊ကြောင်တွေရဲ့အမွေးတွေစုပြီး ပိတ်ခဲနေတာတဲ့။ ဒီလိုအရပ်ပြောစကားတွေနဲ့ အရည်အိတ်ပြဿနာဟာ ဆရာဝန်တွေရဲ့ ခွဲစိတ်ကုသမှုနဲ့ ခွဲထုတ်လိုက်တဲ့အရည်အိတ်ထဲမှာ အမွေးလိုလို ဆံပင်လိုလိုတွေ ပါနေတဲ့အကြောင်းနဲ့ လူမှုမီဒီယာမှာပျံ့နှံ့လာပါတယ်။ဒါတွေ ဟုတ်မဟုတ်ကို ဆေးပညာအရ အဖြေရှာကြည့်ရင် Dermoid Cyst လို့ခေါ်တဲ့ အရည်အိတ် က အဓိကတရားခံပါ။ Dermoid Cyst ထဲမှာ အမွေး၊ အရည်၊ သွား၊ အရေပြားဂလင်းတွေ‌ပါဝင်နေတတ်ပြီး ခန္ဓာကိုယ် တစ်နေရာရာမှာ ဖြစ်လာတတ်ပါတယ်။မိန်းကလေးတွေမှာဖြစ်တတ်တဲ့ သားဥအိမ်ရေအိတ်တွေက အမျိုးမျိုးရှိပေမယ့် Dermoid Cyst ကတော့ တခြားနေရာတွေမှာလည်း ဖြစ်တတ်ပါတယ် –။မွေးတည်းက ပါလာတတ်ပြီး မသိသာပေမယ့် နည်းနည်းချင်းပဲ ကြီးထွားလာတတ်တဲ့ အရည်အိတ်ပါ။ မျိုးပွားဆဲလ်တွေကနေဖြစ်လာတာမို့ အမွေး၊ အဆီ၊ သွား၊ အရိုး၊ ချွေးဂလင်းတွေရဲ့တစ်ရှူးတွေ ပါဝင်နေတာပါ။အများအားဖြင့် သိသာထင်ရှားတဲ့လက္ခဏာမရှိကြပါဘူး။ အရည်အိတ်ကို ပိုးဝင်တဲ့အခါ ဒါမှမဟုတ် အတော်လေး သိသိသာသာကြီးထွားလာမှသိကြတာပါ။ အဲဒီအချိန် သတိထားမိလာတဲ့ လက္ခဏာတချို့ကတော့ –။– လက်မောင်းနဲ့ ခြေထောက်မှာ အားနည်းလာပြီး ထုံကျဉ်တာ၊။– လမ်းလျှောက်ရခက်လာတာ၊။–ဆီးမထိန်းနိုင်တာစတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ပုံမှန်အားဖြင့်တော့ နောက်ဆက်တွဲအန္တရာယ်မရှိနိုင်ပါဘူး။ သူက အမြဲအန္တရာယ်မရှိတတ်ပေမယ့် ပေါက်ပြဲတာ၊ ရောင်ရမ်းတာ၊ ပိုးဝင်တာတွေဖြစ်လာရင်တော့ ခွဲစိတ်ဖယ်ထုတ်ရပါတယ်။ခါးရိုးဆစ် Dermoid Cyst ကို မကုသဘဲထားရင်လည်း ခါးရိုးဆစ်နဲ့အာရုံကြောတွေကို ထိခိုက်စေတဲ့အထိ ကြီးထွားလာနိုင်ပါတယ်။သားဥအိမ် Dermoid Cyst တွေက ကင်ဆာဖြစ်လေ့မရှိပေမယ့် အတော်ကြီးလာတဲ့အခြေအနေမျိုးမှာဆိုသားဥအိမ်လိမ်ခြင်းကို ဖြစ်စေနိုင်ပြီး သားဥအိမ်ကို သွေးမရောက်နိုင် ဒါမှမဟုတ် အရောက်နည်းစေနိုင် ပါတယ်။ဒါ့ကြောင့် ကိုယ်မှာ လက္ခဏာ သို့မဟုတ် ဝေဒနာခံစားရတာ တခုခုထူးခြားနေပြီဆို အတွေးတွေမများဘဲ ဆေးရုံဆေးခန်းသာပြေးပါ။ ဖြစ်နိုင်ခြေရှိတဲ့ ရောဂါတွေကို အတွေ့အကြုံရှိဆရာဝန်တွေက အဖြေရှာစစ်ဆေးပြီး ကုသပေးပါလိမ့်မယ်။ ဒါမှ အန္တရာယ်အဆင့်မရောက်ခင် အချိန်မီကုသနိုင်မှာပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%81%e1%80%bd%e1%80%b1%e1%80%b8%e1%80%a1%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%81%8a-%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%a1%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c/
Gastroparesis And Gastric Motility Disorders (အစာချေချိန် ကြာမြင့်ခြင်း)
Gastroparesis (delayed gastric emptying) အစာချေချိန် ကြာမြင့်ခြင်း ဆိုတာ အစာအိမ်ထဲမှာ အစာတွေဟာ ပုံမှန်ရှိနေရမဲ့ အချိန်ထက် ပိုကြာပြီးရှိနေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် အစာတွေကို အစာချေလမ်းကြောင်းတစ်လျှောက် ပို့ဆောင်ပေးတဲ့ အာရုံကြောတွေ ထိခိုက်ပြီး ကြွက်သားတေါကလဲ ပုံမှန်လို အလုပ်မလုပ်နိုင်ခြင်းတွေကြောင့်ဖြစ်ပါတယ်။ ရလဒ်အားဖြင့် အစာတွေဟာ မကြေတော့ပဲ အစာအိမ်ထဲမှာ ကျန်နေကြပါတယ်။Gastroparesis (အစာချေချိန် ကြာမြင့်ခြင်း)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။gastroparesis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။gastroparesis လက္ခဏာတွေဟာ vagus nerve ထိခိုက်မှုအပေါ်မူတည်ပြီး သေးသေးကနေ ကြီးကြီးမားမားထိဖြစ်နိုင်ပါတယ်။ လက္ခဏာတွေဟာ ချေဖြတ်ရခက်တဲ့ အမျှင် များတဲ့ အစားအစာ သို့ အဆီများတဲ့ အစားအစာတွေ စားပြီးနောက်မှာ ပိုဆိုးလာတတ်ပါတယ်။Gastroparesisအစာချေချိန် ကြာမြင့်ခြင်းဟာ ခန္ဓါကိုယ် အပေါ်ဘယ်လို သက်ရောက်မှု ရှိသလဲ?။အစာဟာ ဝမ်းဗိုက်အတွင်း ပုံမှန် မချေဖျက်နိုင်ပဲ ရှိနေတာကြောင့် အစာအိမ်အချဉ်ဖောက်ကာ ဘက်တီးရီးယားတွေ ပေါက်ပွားလာနိုင်ပါတယ်။ မချေဖက်နိုင်တဲ့ အစာတွေဟာ bezoars လို့ခေါ်တဲ့ အစိုင်အခဲတွေစြဖ်လာပြီး ပျို့ခြင်း၊အန်ခြင်း နှင့် အူလမ်းကြောင်းပိတ်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။Gastroparesis ကြောင့် အစာချေဖျက်နိုင်မှု နှေးပြီး သွေးတွင်း သကြားဓါတ်ကို ထိန်းချုပ်ရခက်တာကြောင့် ဆီးချိုသွေးချို ပြသနာတွေ ပိုဆိုးလာစေပါတယ်။ အစာချေဖျက်မှုခက်ခဲခြင်းကြောင့် ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓါတ်ကို တိုင်းတဲ့ အခါမှာ အလွန်မြင့်မား သို့ အလွန်နည်းနေခြင်းတွေသာ တွေ့ရသောကြောင့် ထိန်းချုပ်ရန်ခက်ခဲလာပါတော့တယ်။ အကယ်လို့ သင့်မှာ သကြားဓါတ်လွန်ကဲနေလျှင် ဆရာဝန်ကို ပြောပြပါ။ တခြားလက္ခဏာတွေရှိလျှင်လည်း ပြောပြပါ။Gastrparesis ဆိုတာ နာတာရှည်ရောဂါဖြစ်ပါတယ် ပြီးတော့ ဒီရောဂါရှိနေတာဟာ သင့်အပေါ်လွှမ်းမိုးနေသလို ခ့စားရပါလိမ့်မယ်။ နေမကောင်းဖြစ်နေစဉ် အစားရှောင်ရတာတွေ နှင့် သွေးတွင်း သကြားထိန်းရတာတွေ၊ ပျို့အန်ခြင်းတွေဟာ ပင်ပန်းပါတယ်။ ထို့ကြောင့် gastroparesis ရှိတဲ့ လူနာတွေဟာ စိတ်ကသိကအောက်ဖြစ်ရပြီး စိတ်ဓါတ်ကျနေတတ်ပါတယ်။Gastroparesis ရှိတဲ့ လူနာတွေမှာ အစာချေလမ်းကြောင်းအပါအဝင် ဝမ်းဗိုက်အင်္ဂါတွေ နဲ့ ဦးနှောက်နဲ့ ဆက်စပ်ပေးတဲ့ အာရုံကြောရှည်တစ်ခုဖြစ်တဲ့ vagus (ဗေးဂက်စ်) အာရုံကြောပျက်စီးမှုတွေ ရှိနေပါတယ်။ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ အာရုံကြောပျက်စီးခြင်း မှာ vagus အာရုံကြောပျက်စီးမှုကြောင့် အစာချေမှုကို ထိခိုက်စေပြီး အစာကိုချေဖျက်စေတဲ့ အာရုံကြော လှုံ့ဆော်မှုတွေဟာ နှေးကုန် သို့ ရပ်ကုန်ကြပါတယ်။Gastroparesis ကို ရောဂါအဖြေရှာရ ခက်တဲ့အပြင် လူနာတော်တော်များများမှာ မသိလိုက်တာတွေ ခဏခဏဖြစ်ပါတယ်။ ထို့ကြောင့် gastroparesis ကို ဆီးချိုသမားတွေမှာ ၅ ရာခိုင်နှုန်း ကနေ ၆၅ရာခိုင်နှုန်း သာတွေ့ရျိကြောင်း လေ့လာမှုတွေအရ သိရပါတယ်။Gastroparesis (အစာချေချိန် ကြာမြင့်ခြင်း) ဟာ သွေးတွင်း သကြားဓါတ်မြင့်မားမှု ကို နှစ်ပေါင်းများစွာထိန်းချုပ်နိုင်မှု မရှိတဲ့ ဆီးချိုသမားတွေမှာ အဖြစ်များပါတယ်။ သွေးတွင်းသကြာဓါတ်မြင့်မားမှု ကြာမြင့်ချိန်ကြောင့် ခန္ဓါကိုယ် အနှံ့ အာရုံကြောတွေမှာ ဓါတုပြောင်းလဲမှုတွေဖြစ်ပါတယ်။ သွေးတွင်း သကြားဓါတ်ဆက်တိုက်များနေခြင်းကြောင့် ခန္ဓါကိုယ်အနှံ့မှာရှိတဲ့ vagus (ဗေးဂက်စ်) အာရုံကြော အပါအဝင် တခြား အာရုံကြောတွေကို သွေးနဲ့ အောက်ဆီဂျင်ပို့ဆောင်ပေးတဲ့ သွေးကြာတွေ ထိခိုက်ရာကနေ gastroparesis ကိုဖြစ်စေပါတယ်။Gastrparesis ဟာ အဆင့်ဆင့်ဖြစ်တဲ့ ရောဂါဖြစ်တာရယ်၊ ပြီးတော့ သူ့ရဲ့ လက္ခဏာတွေက နာတာရှည် နလုံးအောင့်ခြင်း၊ ပျို့ခြင်းတို့ အဖြစ်များတာကြောင့် ဒီရောဂါရျိနေမှန်း သိချင်မှ သိနိုင်ပါလိမ့်မယ်။အမျိုးသမီး ဆီးချိုသမားတွေမှာ ဖြစ်ပွားနိုင်မှု ပိုမြင့်မားပါတယ်။ အရင်က ဗိုက်ခွဲဖူးတာတွေနဲ့ အစားမမှန်တာတွေကြောင့်လဲ ပိုဖြစ်နိုင်ပါတယ်။ဆီးချိုမဟုတ်ပဲ တခြား ဗိုင်းရပ်စ်ရောဂါတွေ၊ အစာကြေနှေးစေတဲ့ဆေးတွေ၊အက်ဆစ်ပြန်တက်ခြင်းရောဂါတွေ နှင့် ချောမွေ့ကြွက်သားမကောင်းတာတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ gastroparesis လက္ခဏာတွေကိုဖြစ်စေတဲ့ တခြားရောဂါတွေကတော့ ပါကင်ဆန် ရောဂါ၊ နာတာရျည် မုန့်ချိုအိတ်ရောင်ခြင်း၊ကျောက်ကပ်ရောဂါ နဲ့ Turner’s syndrome တို့ဖြစ်ကြပါတယ်။ တခါတရံမှာ gastroparesis ဟာ စမ်းသပ်မှုများစွာလုပ်သော်လည်း ဖြစ်ပွားမှုဇစ်မြစ်ကို မသိနိုင်ပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။PasteTextHere။Gastroparesis ရှိနေလျှင် အစာကြမ်းတွေ၊ပန်းဂေါ်ဖီစိမ်း၊လိမ္မော်သီး၊နို့နှင့် နို့ထွက် ပစ္စည်းများ၊ရေခဲမုန့်နဲ့ gas ပါတဲ့ ဖျော်ရည်တွေ မစားသောက်သင့်ပါဘူး။ ဆရာဝန်တွေက အစာနည်းနည်းနဲ့ သေချာကျိတ်ထားတဲ့ အစာတွေကို စားဖို့တိုက်တွန်းပါလိမ့်မယ်။ သင့်ကိုယ်သင် ရေဓါတ်မဆုံးရှုံးပါစေနဲ့ အထူးသဖြင့် အန်သည့် လက္ခဏာခံစားနေရလျှင်။Gastroparesis ကို ပျောက်အောင် ကုနိုင်တဲ့ ကုထုံးရယ်လို့ မရှိပါ။ ၎င်းဟာ နာတာရှည်ရောဂါဖြစ်တဲ့ အတွက် အစားဆင်ခြင်ခြင်း၊ဆေးသောက်ခြင်း၊ သကြားဓါတ်ထိန်းခြင်း၊ အင်ဆူလင် မှီခိုရသော ဆီးချိုအမျိုးအစား (၂) ဆိုလျှင် အင်ဆူလင် လုံလောက်စွာထိုးခြင်းဖြင့် စီမံကုသလို့ရပါတယ်။ အလွန်ဆိုးရွားသော အခြေအနေတွေမှာတော့ ဆရာဝန်က အရည်ပဲ ပြောင်းသောက်ခိုင်းပါလိမ့်မယ်။အစာအိမ်ကို လျှပ်စစ်လှိုင်းနဲ့လှုံ့ဆော်ခြင်း ဆိုတာကတော့ အစာအိမ်ထဲမှာ ခွဲစိပ်ပြီး လျှပ်စစ်ကိရိယာလေးတစ်ခုထည့်ထားတာပါ။၎င်း ကိရိယာလေးဟာ အစာအိမ်အောက်ပိုင်း ချော့မွေ့ကြွက်သားတွေနဲ့ အာရုံကြောတွေကို လျှပ်စစ်လှုံ့ဆော်မှုလေးတွေ ပေးပြီး gastroparesis ရဲ့ ပျို့ခြင်း အန်ခြင်းတွေကို လျော့နည်းစေပါတယ်။အဆိုးဆုံး အခြေအနေတွေမှာ ဆိုလျှင် နာတာ၇ျည် gastroparesis လူနာတွေမှာ အစာပိုက်တွေသုံးခြင်း နှင့် အရည်သာတိုက်ကျွေးခြင်းဖြင့်သာ အာဟာရပေးရပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/gastroparesis-and-gastric-motility-disorders-%e1%80%a1%e1%80%85%e1%80%ac%e1%80%81%e1%80%bb%e1%80%b1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba-%e1%80%80%e1%80%bc%e1%80%ac%e1%80%99%e1%80%bc-2/