url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/02/146787/
စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဆီဆိုင်တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဆီဆိုင်တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံပျူစောထီးကျေးရွာမှ ပျူစောထီးများ ရွာပြင်ထွက်လာစဉ် တိုက်မိုင်းမိပြီး ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိ ရသည်။", "ယနေ့ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၆ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံပျူစောထီးကျေးရွာမှ ပျူ စောထီးများသည် ရွာပြင်သို့ ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အသင့်ထောင်ထား သော တိုက်မိုင်းမိကာ ပျူစောထီး ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ကြွယ်ပုံ ပျူစောထီးကျေးရွာ အ၀င်အထွက်လမ်းပိုင်းများအားလုံးတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းကွင်းများ ဖော်ဆောင်ထားရာ မိဘပြည်သူများအနေဖြင့် ယင်းလမ်းပိုင်းများသို့ သွားရောက်ခြင်းမပြုကြရန် အသိပေးထားသည်။", "အာဏာသိမ်းအကြမ်းဖတ်စစ်‌ကောင်စီ၏ လက်ကိုင်ဒုတ်အဖြစ် အသုံးချ‌ခံနေရသော ပျူစောထီးများ အား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားရာ စစ်ကိုင်းမြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် စစ် ကောင်စီတပ်သားများ၊ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများနှင့် နီးကပ်စွာနေထိုင်ခြင်းမပြုကြရန် စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဆီဆိုင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Area71 PDF Monywa တပ်ဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၆ နာရီ မိနစ် ၃၀ အချိန်က မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဆီဆိုင်၌ အထိုင်ချတပ်စွဲထားပြီး ကတုတ်ကျင်း၊ ဘန်ကာများဖြင့် နေထိုင်သော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ” Shar Htoo WAW ” နည်းပညာတိုက်ခိုက်ရေး Fixed wings Drone တစ်စီးဖြင့် ပြင်းအားမြင့် အီနာဂါ ဗုံးသီး တစ်လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထို့သို့ တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှကာကွယ်ထားသည့် စွမ်းအားမြှင့် Jammer စနစ်ကို ကျော်ဖြတ်ကာ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား၊ ထိခိုက်သေဆုံးမှုကိုသိရှိနိုင် ရန်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Area71 PDF Monywa ၊မုံရွာခရိုင် အမှတ် ၈ တပ်ရင်းဖြစ်သော Farmer Revolution Force (CHU) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/10/125685/
စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာ-ရွှေဘို ကားလမ်း နေရာ ၆ ခုတွင် စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်
["စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာ-ရွှေဘို ကားလမ်း နေရာ ၆ ခုတွင် စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်", "စစ်ကိုင်း၊ အောက်တိုဘာ ၈", "စစ်ကိုင်းမြို့နယ် စစ်ကိုင်း-မုံရွာ-ရွှေဘို ကားလမ်း ၆ နေရာ၌ စစ်ကောင်စီ ယာဉ် တန်း မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း စစ်ကိုင်းမြို့နယ် ပကဖထံမှသိရသည်။", "”စစ်ကိုင်း-မုံရွာ-‌ ရွှေဘိုကားလမ်း ၆ နေရာမှာ ကျွန်တာ်တို့ စစ်ကောင်စီယာဉ် တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ညက ဆား တောင်က နေ ၀က်လက်မြို့နယ်ကိုထွက်တဲ့ စစ်ကားနှစ်စီးကို ဟန့်တား နိုင်ခဲ့ပါတယ်။ မစ်ရှင်လုပ်ပြီးပြီးချင်းချက်ခြင်းပြန်ဆုတ်ရတာမို့စစ်သားတွေ ထိခိုက်သေဆုံးစာရင်းကို ကျ နော်တို့မသိရပါဘူး။ လမ်းတစ် လျှောက်သူတို့ ပစ်သွားတဲ့ ၅ ဒသမ ၅၆ကျည်‌ခွံတွေ၊၄၀ မမ ကျည်ခွံတွေ အများကြီးကျန် ခဲ့ပါတယ်”ဟု မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရဲဘော်တစ်ဦးမှပြောကြားသည်။", "စစ်ကိုင်းမြို့၊ တပ်မ၃၃ မှ ဆားတောင်မြို့သို့ အောက်တိုဘာ ၅ ရက်နေ့ ညပိုင်း အင်အား ၅၀ ကျော် လိုက်ပါလာသော စစ်ကားနှစ်စီး ၀င်ရောက်ခဲ့ပြီး ဆားတောင်မြို့အထွက်တွင် ဆားတာင်မြို့ပကဖက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီယာဉ်ရပ်တန့်ကာ ဂူကြီးတွင်း၊သိမ်းချောင်းရပ်ကွက်များ အတွင်း ခြေလျင် လျှောက် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ စစ်ကားနှစ်စီးသည် ၀က်လက်မြို့နယ်ဘက်သို့ မထွက်ခွာနိုင်ဘဲ ဆား တောင်ရဲစခန်း အတွင်းပြန် လည်၀င် ရောက်သွားကြာင်းဆား တောင်မြို့ပကဖ ထံမှသိရသည်။", "ထို့ပြင် အောက်တိုဘာ ၆ရက်နေ့ ညပိုင်း အဆိုပါ စစ်ကားနှစ်စီးသည် ဆား တောင်မြို့မှ စစ်ကိုင်းမြို့သို့ ပြန်လည်ထွက်ခွာစဉ် ဆား တောင်နှင့် အုန်း တော အကြား နေရာ ၄ ခုတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာ ၇ ရက်နေ့ ညပိုင်းကလည်း စစ်ကိုင်းမြို့ တပ်မ ၃၃မှ အုန်းတောစစ်တပ် သို့ထွက်ခွာလာ သော စစ်ကောင်စီယာဉ် ခြောက်ဘီးယာဥ်တစ်စီးကိုကျောက်ဆည်ရွာ နှင့် အုန်း ‌ေတာရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး အင်အားစု များထံမှသိရသည်။", "စစ်ဆင်ရေး မိုင်းဆွဲတိုက်ခိုက်မှုများကို စစ်ကိုင်းမြို့နယ်ပကဖနှင့် ဆား တောင်မြို့ ပကဖ၊Phoenix SGG၊ Unicorn၊ Fight For Federal၊ အညာသား SGG အဖွဲ့တို့ ပူး ပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။", "ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ယမန်နှစ် မိုင်းဆွဲခံထားရသော အကြမ်းဖက်စစ် ကောင်စီတပ်၏ ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- Karenni’s Voice"]
https://yktnews.com/2023/06/110263/
စစ်ကိုင်းမြို့နယ်၊ စမွန်းရွာကို စစ်တပ်က စီးနင်းပြီး စစ်ရှောင်ကားကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူအများအပြား ဖမ်းဆီးခံရ
["စစ်ကိုင်းမြို့နယ်၊ စမွန်းရွာကို စစ်တပ်က စီးနင်းပြီး စစ်ရှောင်ကားကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူအများအပြား ဖမ်းဆီးခံရ", "ရန်ကုန်၊ ဇွန် ၂၉", "စစ်ကိုင်းမြို့နယ်၊ စမွန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး စစ်ဘေးရှောင်ကား ၁ စီးကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇွန်လ ၂၉ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ စမွန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် စီးနင်းပြီး စစ်ဘေးရှောင် ကား ၁ စီးကို ပစ်ခတ်ခဲ့သောကြောင့် အသက် ၅၀ နှစ်အရွယ် ဒေါ်ခင်မမ နဖူးကျည်ထိမှန်သေဆုံးပြီး အသက် ၄၅ နှစ်အရွယ် မနုနုဝင်း လက်ထိမှန် ဒဏ်ရာရကာ အသက် ၆ နှစ်အရွယ် မျိုးနိုင်ဝင် ဦးခေါင်းထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်း၌ ပြည်သူ အများအပြား ဖမ်းဆီးခံထားရကြောင်း သိရသည်။", "” ဒီနေ့ နံနက် ၅ နာရီခန့်က စစ်ကိုင်းမြို့နယ် စမွန်းရွာကို စစ်ခွေးတွေ လက်နတ်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်စီးနင်းခဲ့ပြီး စစ်ဘေးရှောင်ကားကို ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၀က်လက်မြို့နယ်၊ ထန်းကြီးရွာဘက်မှ စမွန်းရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ရွာထဲ၌ ပြည်သူအများအပြားကို လက်ရှိချိန်ထိ ဖမ်းဆီးထားကြောင်း သိရသည်။"]
https://yktnews.com/2023/06/107200/
စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ပေါ်တွင် Zero ပြောက်ကျားတပ်ဖွဲ့ခေါင်း ဆောင် ကိုသက်ကြီးနှင့်တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် လှည့်လည်၊ စစ်တပ်နှင့်ရဲများ ကတုတ်ကျင်းနှင့်ဘန်ကာထဲမှ ထွက်မလာတော့ဟုဆို
["စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ပေါ်တွင် Zero ပြောက်ကျားတပ်ဖွဲ့ခေါင်း ဆောင် ကိုသက်ကြီးနှင့်တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် လှည့်လည်၊ စစ်တပ်နှင့်ရဲများ ကတုတ်ကျင်းနှင့်ဘန်ကာထဲမှ ထွက်မလာတော့ဟုဆို", "ရန်ကုန်၊ ဇွန် ၁၂", "စစ်ကိုင်း၊ ဆားတောင်မြို့ပေါ်သို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးနှင့်တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် သွားလာခဲ့ပြီး စစ်တပ်နှင့်ရဲများ ကတုတ်ကျင်းနှင့်ဘန်ကာထဲမှ ထွက်မလာတော့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၆ ရက်နေ့တွင် ဆားတောင်မြို့ပေါ်နှင့်စျေးထဲသို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးနှင့်တပ်ဖွဲ့ဝင်များ တက်ရောက် လှည့်လည်ခဲ့ခြင်းဖြစ်ကြောင်း၊ မကြာမီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မြို့ပြ ဒေသများဆီသို့ ချီတက်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။", "“ကျနော် ဆားတောင်မြို့ပေါ်ကို အခုအချိန်တက်တာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ် တုန်းက ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာတုန်းက မြင်းမူမြို့ပေါ်ကိုလည်း ကျနော် ဒီလက်နက်ကိုင်ပြီးတော့ သွားဖူးပါတယ်။ သေချာတာက တစ်ခုကတော့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရောက်လာပြီဆိုလို့ရှိရင် ဒီကောင်တွေ ဆောက်တည်ရာမရ ကတုတ်ကျင်းတဲ့ ဝင်တာတွေ၊ ဘန်ကာတွေထဲ ပြေးဝင်တာတွေက ကျနော်တို့ ကင်းထောက်တွေရဲ့ ပြောပြချက်အရ ကျနော်တို့ သိရပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မွန်းကျပ်နေတဲ့ ပြည်သူတွေကို အားပေးတဲ့ ပုံစံမျိုးလည်းဖြစ်သလို နောက်တစ်ချက် တော်လှန်ရေးကြီး ဘယ်အချိန်ပြီးမှာလဲလို့ မေးနေတဲ့ သူတွေအတွက် Message တစ်ခုပေးတာဖြစ်ပါတယ်။ ဒီဆားတောင်ဆိုတာက စစ်ကိုင်းနဲ့ လက်တစ်ကမ်းမှာ ရှိသလို မန္တလေးနဲ့ ခဏတာ သွားရတဲ့ခရီးပါ။ မကြာခင် ကျနော်တို့တွေ ဒီလို မြို့တွေကိုလည်း ရောက်လာနိုင်လိမ့်မယ်လို့ ကျနော် Message ပေးခြင်းဖြစ်ပါတယ်။ ပြည်သူတွေ ဘာလိုချင်နေတယ်ဆိုတာ သိပါတယ်။ ပြည်သူတွေလိုချင်တဲ့အရာတွေ ရယူပေးနိုင်ဖို့အတွက် ကျနော်တို့ ဆက်လက် ကြိုးစားသွားမှာပါ” ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2024/05/162063/
စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်
["စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ မေ ၁၂", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဆားတောင်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ထိခိုက်ပျက်စီးမှုရှိနိုင်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့နှင့် Phoenix SGG အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/137322/
စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာကို ဈေးထွက်ဝယ်သည့် စစ်သား ၁ ဦး ဖမ်းဆီးခံရပြီး ထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ သေဆုံး
["စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာကို ဈေးထွက်ဝယ်သည့် စစ်သား ၁ ဦး ဖမ်းဆီးခံရပြီး ထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာကို ဈေးထွက်ဝယ်သည့် စစ်သား ၁ ဦး ဖမ်းဆီးခံရပြီး ထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း ဆားတောင်မြို့ပြ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုရွာမှ ဆားတောင်ရွာကို ဈေးဝယ်ထွက်လာသည့် တပ်ကြပ် အဆင့်ရှိသူ ထွန်းထွန်းဝင်းကို တော်လှန်ရေးရဲဘော်များက ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမှုများ ပြုလုပ်နေစဥ် ထွက်ပြေးသောကြောင့် တော်လှန်ရေး ရဲဘော်များက ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း သိရသည်။", "“သူက စျေးဝယ်ထွက်လာတာပါ။ စျေးဝယ်ထွက်လာတာကို အမိငိုက်စောင့်ဖမ်းလိုက်တာပါဗျ။ တပ်ကြပ်ကြီးပါ ၃၃ တပ်က ညောင်ငုတ်တိုမှာ နေတာပါ။ CDM လုပ်မယ် ပြောပြီးမှ ထွက်ပြေးတာ” ဟု ဆားတောင်မြို့ပြ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။", "လက်ရှိချိန်တွင် ညောင်ငုတ်တိုရွာ၌ အကြမ်းဖက် စစ်သား ၅၀ ခန့်ရှိပြီး မကြာခဏဆိုသလို ဆားတောင်ရွာကို ဈေးဝယ်ထွက်လေ့ရှိကြောင်း ဆားတောင်မြို့ပြ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/01/138317/
စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုပျူရွာကို ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၁ ဦး သေဆုံး၊ ပုလဲမြို့ ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုပျူရွာကို ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၁ ဦး သေဆုံး၊ ပုလဲမြို့ ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၂", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တို(ပျူ)ရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး တစ်ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၃၀ ရက် နေ့က စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တို(ပျူ)ရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ ပျူစောထီးခေါင်းဆောင် ထွန်းဝေ၏ နေအိမ်တည့်တည့်ပေါ် ကျရောက်ပေါက်ကွဲပြီး ပျူခေါင်း ဆောင်ထွန်းဝေ၏သား ပျူစောထီး သေဆုံးသွားကြောင်း၊ သေဆုံးသွားသော ပျူစောထီးရုပ် အ လောင်းကို ဇန်နဝါရီလ ၁ ရက် နံနက် ၉ နာရီခန့်တွင် အသုဘနာရေးအခမ်းအနားဖြင့် သင်္ဂြိုလ်ခဲ့ ကြောင်း သိရသည်။", "“ပျူခေါင်းဆောင် ထွန်းဝေဆိုတာက ဘိုးတော်ကြီး အသက်ကြီးနေပြီ၊ သူ့သားတွေက အသက် ၃၀ ကျော်တွေ၊ သေတဲ့သူလဲ ပျူပဲ၊ အစကတော့ အတည်ပြုချက်မရလို့ သတင်းမထုတ်ပြန်ပဲနေတော့ မလို့၊ ဒီနေ့ (ဇန်နဝါရီလ ၁ ရက်) မှ နာရေးချတယ်ဆိုပြီး သိရလို့ သတင်းထုတ်ပြန်လိုက်တာပါ၊ ညောင် ငုတ်တိုရွာက တစ်ရွာလုံး ပျူတွေပဲ” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ Phoenix Sgg နှင့် Royal Falcon တို့ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၀၂၄ ခုနှစ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ထက်ပိုမိုသော တိုက်ခိုက်မှု များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထား သော စစ် ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၁ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ပုလဲမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒေါင်း တမန်လေကြောင်း စစ်ဆင်ရေးအဖြစ် Shar Htoo WAW နည်းပညာတပ်ဖွဲ့၏ ပူးပေါင်း တပ်ဖွဲ့ဝင်များ Fly Wing Drone ဖြင့် ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်နိုင်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (3) PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (4) SSTF ၊ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၃ ၊ တိမ်တမာန် လေကြောင်း စစ်ဆင်ရေး၊ ဆားလင်းကြီးမြို့နယ်၊ ပကဖ ၊ Seven People Defense Force-Mandalay ၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ဒေါနစစ်ကြောင်း၏ ဖိုးမောင်ပြန်လာပြီဇာတ်ကား ထောက်ပို့ အဖွဲ့ ၊ Support To Federal Democracy ၊ CONNECT ၊ ဒေသခံ ပကဖ အဖွဲ့များနှင့် တပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအနေသည် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းထားပြီး ရရှိသည့် ပစ္စည်းများနှင့် အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ဒရုန်းအစီးရေးများများ အသုံးပြုပြီး ပေါက်ကွဲအားပြင်းသော ယမ်းများ အသုံးပြုကာ ယခုပိုမိုလုပ်ဆောင်နိုင်ရန် မိဘပြည်သူ များမှ ဝိုင်းဝန်းကူညီပေးကြပါရန်မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2023/05/103626/
စစ်ကိုင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး
["စစ်ကိုင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး", "ရန်ကုန်၊ မေ ၂၀", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာနေ ပျူစောထီး ၃ ဦးကို ဝင်ရောက် ဖမ်းဆီးစဉ် ထွက် ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "မေလ၁၈ ရက် ည ၁၁ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာရှိ အကြမ်းဖက်စစ်သား၊ လက် အောက်ခံများနှင့်ပူးပေါင်းပြီး ပြည်သူကို ဒုက္ခအမျိုးမျိုးပေးနေသော ပျူစောထီး မြင့်ဇော်၊ ၎င်း၏ ဇနီး သက်သက်မာနှင့် သက်သက်မာ၏ မောင်ဖြစ်သူ ပျူစောထီး ကျော်ဇောဝင်း(ခ) မဲလုံးတို့အား သွားရောက် ဖမ်းဆီးရာ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။", "“ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားချက်ကို အမှန်တကယ် ဟုတ်၊ မဟုတ်၊ စစ်ဆေးပြီးမှ သေချာလို့ သွားဖမ်းခဲ့တာ၊ ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးနေလို့ အကြိမ်ကြိမ်သတိပေးခဲ့တယ်၊ ဒါပေမယ့် မရဘူး၊ အဲဒါကြောင့်မဖြစ်တော့လို့ သွားရှင်းလိုက်ရတာ၊ စစ်တပ်နဲ့ပေါင်းနေတဲ့ပျူစောထီးတွေအနေနဲ့ စစ်တပ် ဂိတ်တွေအနီးမှာ နေလို့ လုံခြုံတယ်ထင်ပြီး ပြည်သူကို ဒုက္ခမပေးပါနဲ့” လို့ ပြောချင်ပါတယ်” ဟု ယူနီ ကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။", "၎င်းတို့ ပျူစောထီး ၃ ဦး ၎င်းတို့အိမ်ကို ခဲဖြင့်ထုသည်ဟုဆိုကာ စစ်ကိုင်းတပ်မ ၃၃ ကို ငွေပေးပြီး ရွာသူ ရွာသားများကို ဖမ်းခိုင်းခြင်း၊ CDM များ၊ ဆရာ၊ ဆရာမများ၊ PDF တပ်ဖွဲ့ဝင်လှုပ်ရှားမှုကို သတင်းပေး ခြင်း၊ အကြမ်းဖက်စစ်တပ်နှင့်ပေါင်းပြီး ပလုံကောက် ကလေးငယ်များကို မိုင်းရှာခိုင်းခြင်းစသည့် ပြစ်မှု များကျူးလွန်နေကြောင်းတိုင်ကြားချက်အရ အတည်ပြုစစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။", "ထိုသို့ ဖမ်းဆီးမှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နှင့် Phoenix SGG တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး သိမ်းဆည်းရရှိသော ဖုန်းအတွင်းမှ အမှတ် ၁၆ ရဲသင်တန်းကျောင်းနှင့် ဆက်သွယ်ထားသော ဖုန်း နံပါတ်၊ အကြမ်းဖက် စစ်တပ်ဂိတ်မှအထိုင်စခန်းမှ ဗိုလ်တစ်ဦးဖုန်းနံပါတ်တို့ကို တွေ့ရှိခဲ့ကြောင်း သိရ သည်။"]
https://yktnews.com/2023/06/106774/
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို တိုက်ခိုက်မှု စခန်းမှူး အပါအဝင် ရဲ ၇ ဦးသေဆုံး၊ မြင်းမူမြို့မရဲစခန်းအနီးရှိ စစ်တပ် ကင်းပုန်းများကို ဝင်ရောက် တိုက်ခိုက်
["စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို တိုက်ခိုက်မှု စခန်းမှူး အပါအဝင် ရဲ ၇ ဦးသေဆုံး၊ မြင်းမူမြို့မရဲစခန်းအနီးရှိ စစ်တပ် ကင်းပုန်းများကို ဝင်ရောက် တိုက်ခိုက်", "ရန်ကုန်၊ ဇွန် ၈", "စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမအနီးတွင်ရှိသည့် ညောင်ပင်ဝန်းရဲစခန်းကို PDF တပ်ဖွဲ့ ၂ ခုက ယနေ့ တိုက်ခိုက်ရာ စခန်းမှူး အပါအဝင် ရဲ ၇ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးခေါင်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၈ ရက်နေ့ ညနေ ၄နာရီ၂၁မိနစ်အချိန် PDF တပ်ရင်း ၃ရင်း၊ LPDFအဖွဲ့ ၂ ဖွဲ့ ပူးပေါင်း၍ ရဲစခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ မြင်းခြံခရိုင်တပ်ရင်း ၇ Zeroပြောက်ကျားတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီတပ်ရင်း၊ရွှေဘိုတပ်ရင်း ၁၅ ၊ ဆားတောင်မိုးကြိုး LPDF နှင့် အောင်သပြေညီနောင်LPDFအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ် ကြောင်း သိရှိရသည်။", "“ဒီနေ့ပွဲက ဒရုန်း ၇ စီးနဲ့ ဗုံးသီး ၁၄ လုံးချတိုက်ခိုက်ခဲ့တာပါ။ မြေပြင်ဖရဲသီးနဲ့ချိတ်ဆက်ကြည့်တဲ့အခါ စခန်းမှူးအပါဝင်၇ ဦး သေတယ်လို့သိထားရတယ်။ သူတို့ဘက်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်တာတော့ရှိခဲ့တယ်။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” ဟု ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီးတပ်ရင်း၏ ဒုတပ်ရင်းမှူးဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၃ ရက်နေ့ကလည်း ညောင်ပင်ဝန်း ရဲစခန်းကို ဒရုန်း ၅ စီးဖြင့် ဗုံးသီး ၉လုံးချ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ အဆိုအရ သိရှိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ မြို့မရဲစခန်းအနီးရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းစခန်းကို လက်ပစ်မိုင်းဖြင့် ဖောက်ခွဲပြီး အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force-MNRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇွန်လ ၇ ရက် နံနက် နံနက် ၇ နာရီခန့်က အဆိုပါအကြမ်းဖက်စစ်သားများကို Moe Nyo Revolution Force-MNRF ရဲဘော်များမှ လက်ပစ်မိုင်း ဖြင့် တိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ် မှုဖြစ်ခဲ့ရာ အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲများ ထိခိုက်မှုရှိပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျည်ထိမှန် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။", "“ကင်းပုန်းဝပ်တဲ့နေရာကို ဝင်တိုက်ခဲ့တာဗျ၊ ၄ ယောက်လောက်တော့ရှိမယ်၊ အပြန်အလှန်ပစ်ခဲ့တာ ၅ မိနစ်လောက်ကြာမယ်၊ ထိခိုက်မှုကတော့ သေချာပေါက်ရတယ်ဗျ၊ အတိအကျသိအောင်တော့ စုံစမ်း နေတုန်းပါ” ဟု Moe Nyo Revolution Force-MNRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2023/12/136768/
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဘက်မှ ၇ ဦးသေဆုံး၊ သေဆုံးသွားသော စစ်သား အလောင်းများကို မူးမြစ်ထဲ စွန့်ပစ်
["စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဘက်မှ ၇ ဦးသေဆုံး၊ သေဆုံးသွားသော စစ်သား အလောင်းများကို မူးမြစ်ထဲ စွန့်ပစ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဘက်မှ ၇ ဦးသေဆုံးပြီး သေဆုံးသွားသော စစ်သား အလောင်းများကို မူးမြစ်ထဲ စွန့်ပစ်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ဒုတပ် ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဖျက်ဆီးရန် စစ်ကိုင်းတပ်မ ၃၃ ခြေတော်ရာဘုရားအနီးရှိ တပ်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား၊ ပျူစောထီး ပူးပေါင်း အင်အား ၆၀ ခန့်သည် ညောင်ပင်ဝန်းရဲစခန်း၌ ရောက်ရှိနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးပြီး သေဆုံးစစ်သားအလောင်းများကို မူးမြစ်ထဲ စွန့်ပစ်ခဲ့ကြောင်း သိရသည်။", "“စစ်ကိုင်းတပ်မ ၃၃ က ခွေးတွေရယ်၊ ခြေတော်ရာတပ်က ခွေးတွေပေါင်းပြီးတော့ ၆၀ လောက်အင် အားဖြည့်ထားတာ၊ ပျူတွေလည်းပါတယ်၊ သူတို့က ဂိတ်ထွက်ပြီး ပြည်သူတွေဆီက ပိုက်ဆံကောက် တယ်၊ ရတဲ့ပိုက်ဆံကို သောက်စားမူးရူးပြီး အုံလိုက်ကျင်းလိုက်စုနေတဲ့အချိန်မှာ ဗုံးကျဲခဲ့တာ၊မနက် ခင်း ၅ နာရီနဲ့ ၆ နာရီကြားလောက်မှာ ဗုံးကျဲခံရလို့ သေဆုံးသွားတဲ့ အလောင်းတွေကို ကားပေါ်တင် ပြီး ထုတ်တယ်၊ ပြီးတော့ မူးမြစ်ထဲသွားမျှောပစ်လိုက်တာ၊ ဗုံးဆံမှန်လို့ ရင်ဘတ်တွေမှာ အပေါက် တွေ၊ မျက်နှာစုတ်ပြတ်သတ်နေတာတွေ တွေ့ရတယ်၊” ဟု ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ဒုတပ် ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့ ၁၈၄၄ မှ ဦးဆောင်၍ ကျောက်ဆည် ခရိုင် တပ်ရင်း -၁ (နဂါးနီတပ်ရင်း)၊ ပူးပေါင်းမဟာမိတ်ဒရုန်းတပ်ဖွဲ့ နှင့် နယ်မြေခံ ပကဖများပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် ကား ၃ စီးဖြင့် အင်အား ၇၀ ခန့် ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။"]
https://yktnews.com/2023/08/120049/
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၃ ပွင့် ဗိုလ်တစ်ဦးအပါအဝင် စစ်သား အများ အပြားသေဆုံး
["စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၃ ပွင့် ဗိုလ်တစ်ဦးအပါအဝင် စစ်သား အများ အပြားသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၈", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းကို ဦးစီးရန် ရောက်ရှိနေသည့် ၃ ပွင့်ဗိုလ် တစ်ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်မှ ညနေ ၄ နာရီခွဲခန့်အထိ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသည့် ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်း ၆ စီးဖြင့် ဗုံးသီး ၁၈ လုံးကျဲ ချခဲ့ရာ ဗုံးသီးအားလုံး ရဲစခန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ရဲစခန်းတစ်ခုလုံး အထိအခိုက် အပျက် စီးများပြားခဲ့ကာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဦးစီးရန် ရောက်ရှိနေသည့် ၃ ပွင့်ဗိုလ် တစ် ဦးပါအဝင် ၁၇ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“အဓိကပစ်မှတ်ထားခဲ့တာက စခန်းမှူးနေအိမ်၊ စခ၊ ရခနေတဲ့ တန်းလျားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ တာ၊ စစ်ကြောင်းကို ဦးစီးဖို့ဆိုပြီး ရောက်နေတဲ့ ၃ ပွင့်ဗိုလ်တစ်ဦးလည်း တစ်ခါတည်းသေသွားတယ်၊ အဲဒီဗိုလ်ကိုတော့ မနေ့က ညပိုင်းမှာ သေနတ်တွေပစ်ဖောက်ပြီး ရဲစခန်းမှာ သင်္ဂြိုလ်လိုက်တယ်လို့ သိ ရတယ်၊ ပထမ သေတာ ၁၄ ဦးရယ်၊ ဒဏ်ရာရတဲ့အထဲက ၃ ဦးထပ်သေတယ်၊ စုစုပေါင်း ၃ ပွင့်ဗိုလ်ပါ ၁၇ ဦးသေတာ၊ ရဲစခန်းတစ်ခုလုံးလည်း ရစရာမရှိအောင် ပျက်စီးသွားတယ်လို့ သိရတယ်၊ ရဲစခန်းထဲမှာရှိ တဲ့ကားတွေ၊ အဆောက် အအုံ တွေ ပျက်စီးပြီး မှန်ကွဲတာတွေလည်းရှိတယ်” ဟု ကျောက်ဆည်ခရိုင် နဂါးနီ တပ်ရင်းမှ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့မှ ဦးဆောင်ကာ ကျောက် ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Eagles Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့) ၊ မိတ္ထီလာ ပြည်သူ့ကာကွယ် ရေး ဒရုန်းတပ်ဖွဲ့ ၊ ဆားတောင်မိုးကြိုး (Local PDF) မိုးညို(မြင်းမူ) Local PDF ၊ အောင် သပြေညီနောင် (မြင်းမူ Local PDF) ၊ MRTF Drone Force ၊ Lightning Drone Force ၊ CDSOM အနောက်ခြမ်းတိုက်ခိုက်ရေး 001 ၊ Drop For Justice အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် များမှ လက်နက်ငယ် များဖြင့် ပြန်လည် ရမ်းသမ်းပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။"]
https://yktnews.com/2023/06/110320/
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်
["စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်", "ရန်ကုန်၊ ဇွန် ၂၉", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း GTR MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇွန်လ ၂၈ ရက် ည ၁၀ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်း တပ်စွဲထားသည့် ညောင် ပင်ဝန်းရဲစခန်းကို ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၄ လုံး ကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက် သေဆုံးမှု မသိရသေး ကြောင်း၊ ဒရုန်းတက်ချိန်တွင် အကြမ်းဖက်စစ်တပ်စခန်းအတွင်းမှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ မရှိခဲ့ကြောင်းသိရသည်။", "“ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းနဲ့ဗုံးကျဲခဲ့တာ၊ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူးဗျ၊ ဒရုန်းတက် တဲ့ အချိန် ခွေးတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်ဗျ၊ ဒရုန်းအသံကြားတဲ့အချိန်မှာ ပြန် ပစ်တာ၊ စခန်းရှေ့မှာ ဂိတ်ဖွင့်ပြီး ဆတ်ကြေးကောက်တာကတော့ ရံဖန်ရံခါလောက်ပဲရှိ တော့တယ်၊ စခန်းမှာ ဘယ်လောက်တပ်စွဲထားတယ်ဆိုတော့ မခန့်မှန်းနိုင်ဘူး” ဟု GTR MMU တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2023/03/94947/
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းနှင့် စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
["စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းနှင့် စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ မတ် ၃၀", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ရဲစခန်းနှင့် စစ်တပ် စစ်ကြောင်းကို ယနေ့ မတ် ၃၀ ရက်‌နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "“ပုဏ္ဏယာကွေ့မှာ ခွေးစစ်ကြောင်းထပ်မံ ရောက်ရှိနေတယ် သတင်းရရှိတဲ့အတွက် တိုက်နယ်စွန် PDF အဖွဲ့က တပ်စိတ် ၂ စိတ်ပြင်ဆင်ပြီး ပုဏ္ဏားယာကွေ့မှ ခွေးတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ၇ နာရီ ၅၀ မှာ ပုဏ္ဏားယာကွေ့မှ ခွေးတွေက အင်းထဲဘက်က ရွာတစ်ရွာရဲ့ တောကြောင်းဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်” တိုက်နယ်စွန် PDF ၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။", "ထို့ပြင် မောင်းထောင်ရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းတစ်ခုမှလည်း တံတားဦးဘက်မှ ပြန်လည်ဆုတ်ခွာလာပြီး ညောင်ပင်ဝန်းစခန်းဝန်းထဲသို့ ပြန်ဝင်ရောက်သည်ကို ကြားသိရ၍ လက်နက်ကြီးများဖြင့် ညောင်ပင်ဝန်းစခန်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "“ တိုက်နယ်စွန် PDF အဖွဲ့ က နောက်ထပ် တင်စိတ် ၂ စိတ် ပြင်ဆင်ပြီး ဗိုလ်မိုးကြိုးအဖွဲ့နဲ့အတူ နေရာယူပြီး ညောင်ပင်ဝန်းခွေးခြံကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်နယ်စွန် PDF အဖွဲ့နဲ့အတူ ဗိုလ်မိုးကြိုး၊စွန်ရဲ ၊မြို့နယ် ပ.က.ဖ တို့နဲ့အတူ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှု စာရင်းကို အတည်မပြု နိုင်သေးကြောင်း တိုက်နယ်စွန် PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/08/117696/
စစ်ကိုင်းမြို့နယ်၊ တလိုင်ရွာ၊စစ်ဘေးရှောင်စခန်း ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် အပါအဝင် ၃ ဦးသေဆုံး၊ ပြည်သူ တချို့ကို စစ်တပ်က ဖမ်းဆီးထား
["စစ်ကိုင်းမြို့နယ်၊ တလိုင်ရွာ၊စစ်ဘေးရှောင်စခန်း ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် အပါအဝင် ၃ ဦးသေဆုံး၊ ပြည်သူ တချို့ကို စစ်တပ်က ဖမ်းဆီးထား", "ရန်ကုန်၊ ဩဂုတ် ၁၁", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာ ကံဦးဘုန်းကြီးကျောင်းကို အကြမ်း ဖက် စစ်ကောင်စီတပ်က တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲပြီး ရေကြောင်း၊ ကုန်း ကြောင်း မှတစ်ဆင့် စစ်ကြောင်းနှစ်ခုဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ ရင်ခွင်ပိုက် ကလေး ငယ်ပါ ၃ ဦးသေဆုံးသည်ဟု ကနဦးသတင်းရရှိထားကြောင်း Sagaing DistrictMedical Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။", "ယနေ့ ဩဂုတ်လ ၁၁ ရက် နံနက်အစောပိုင်း ၂ နာရီ ၁၅ မိနစ်ခန့်က အကြမ်း ဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကျဲ ပြီး နောက် စဉ့်ကိုင်ရွာဘက်မှ ရေကြောင်း အတိုင်း စစ်ကြောင်းတစ်ကြောင်း၊ ပဒူကျေးရွာဘက်မှ စစ်ကြောင်းတစ်ဖြင့်ဝင် ဝင် ရောက်စီးနင်းခဲ့ရာ စစ်ဘေး ရှောင် နေသော ပြည်သူ ရင်ခွင်ပိုက်ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။", "“ဘာတိုက်ပွဲမှ မရှိဘူးဗျ၊ မနက် ၂ နာရီ ၁၅ မိနစ်မှာ ဖိုက်တာနဲ့ ဗုံးချတယ်၊ ရေကြောင်း ကနေ စဉ့်ကိုင်ရွာ စစ်ကြောင်း တစ်ကြောင်းဝင်တယ်၊ ပဒူရွာ ဘက် ကနေ ကုန်းကြောင်း စစ်ကြောင်း တစ်ကြောင်းဝင်တယ်၊ မြေပြင် စစ် ကြောင်း ၂ ကြောင်းပူးညှပ် ဝင်တာပါ၊ ကြည်း၊ ရေ၊ လေ စစ်ကြောင်း ၃ ကြောင်း ပေါင်း ထိုးတာပေါ့၊ ရင်ခွင်ပိုက်ကလေးငယ်ပါ ၃ ယောက်ဆုံးတယ်။ ၁၀ ဦးလောက် ဒဏ် ရာ ရတယ်။ မြေပြင်အခြေအနေ အသေးစိတ်ကို ထပ်မသိရသေးဘူး” ဟု Sagaing District Medical Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "လေယာဉ်ဖြင့် ဗုံးကျဲခံရသည့် စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာ ကံဦးဘုန်းကြီး ကျောင်း တွင် စဉ့်ကိုင်၊ တလိုင်း စသည့် စစ်ဘေးရှောင် ပြည်သူများ ခိုလှုံနေ ထိုင် လျက်ရှိပြီး ယင်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီ က ဂျက် ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချခဲ့ရာ ကလေးငယ်အပါအဝင် ပြည်သူတချို့ သေဆုံးမှုများ ရှိ ခဲ့ကြောင်း၊ အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ရေ ကြောင်းမှ စက်လှေများဖြင့် ကမ်းကပ်လာသည့် စစ်တပ်စစ်ကြောင်း များက လည်း ဝင်ရောက်စီးနင်းနေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။"]
https://yktnews.com/2023/07/111180/
စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ်​ ၁၀၀ ကျော်ပြာကျ
["စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ်​ ၁၀၀ ကျော်ပြာကျ", "ရန်ကုန်၊ ဇူလိုင် ၄", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်​ ၁၀၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ဇူလိုင်လ ၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။", "“ဇူလိုင် ၂ ရက်နေ့ နံနက် ၃ နာရီ ၂၀ လောက် တလိုင်းတောင်ဘက်က ကင်းကို စခ အင်အား ၇၀ လောက်နဲ့ ဝင်စီးတယ်။ ကင်းနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်။ လက်နက်အင်အား ကွာဟချက်ကြောင့် ရဲဘော်တွေ ကျသွားတယ်။ ကင်းရဲဘော်တွေ ခုခံကာကွယ်ပေးခဲ့တာကြောင့် ကျေးရွာပြည်သူတွေ ရှောင်တိမ်းချိန်ရခဲ့တယ်။ မဟုတ်ရင် ဒီထက်အခြေအနေဆိုးနိုင်တယ်” ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်တပ်သည် တလိုင်းရွာမှ ဇူလိုင် ၃ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် ပြန်လည်ထွက်ခွာသွားပြီး ပဒူရွာသို့ ပြန်လည်ဝင်ရောက်သွားကြောင်း၊ တလိုင်းရွာမှ ပြည်သူများ ကျေးရွာသို့ ပြန်ဝင်ရောက်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်က အချိန်မရွေးပြန်လည် ဝင်ရောက် လာနိုင်သောကြောင့် ပြည်သူများ သတိထားနေရကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်ကြောင့် ကျေးရွာအတွင်း ပြန်ဝင်နိုင်ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ပဒူကျေးရွာမှ ပြည်သူများဖြစ်ပြီး မေလ ၁၉ ရက်နေ့ကတည်းက အကြမ်းဖက်စစ်တပ်သည် ပဒူရွာတွင် အထိုင်ချနေသည့်အတွက် ရွာအတွင်း ပြန်မဝင်နိုင်သေးကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရှိရသည်။"]
https://yktnews.com/2024/11/193202/
စစ်ကိုင်းမြို့နယ်၊ တောင်းရင်းရွာကို စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
["စစ်ကိုင်းမြို့နယ်၊ တောင်းရင်းရွာကို စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ တောင်းရင်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက စတင်ပြီး ပဒူရွာ ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အင်အား ၇၀ ခန့်ဖြင့် တောင်းရင်းရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "လက်ရှိချိန်တွင် တောင်းရင်းရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ကျေးရွာအတွင်း ထိခိုက် ပျက်စီးမှု အခြေအနေနှင့် ပြည်သူများ ဖမ်းဆီးခံရမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "“မင်းကွန်း ပဒူရွာက ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းထိုးနေတယ်။ ဒေသပြည်သူ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ အခု တောင်းရင်းရွာကို မီးရှို့နေပြီး ပြည်သူတွေ ဖမ်းဆီးခံရတာ ရှိမရှိကို အတည်မပြုနိုင်သေးဘူး။ တောင်းရင်းရွာကော အနီးအနားက ရွာတွေကော အကုန်ထွက်ပြေးနေရတယ်” ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/02/85140/
စစ်ကိုင်းမြို့နယ်၊ တံတားဦးရွာကို စစ်တပ် စီးနင်း ပစ်ခတ်မှုတွင် အသက် ၆ နှစ် ကလေးငယ် ၁ ဦးသေဆုံး၊ တာတိုင်ရွာမှ နေအိမ် ၆၀ ကို စစ်တပ်က မီးရှို့ ဖျက်ဆီး
["စစ်ကိုင်းမြို့နယ်၊ တံတားဦးရွာကို စစ်တပ် စီးနင်း ပစ်ခတ်မှုတွင် အသက် ၆ နှစ် ကလေးငယ် ၁ ဦးသေဆုံး၊ တာတိုင်ရွာမှ နေအိမ် ၆၀ ကို စစ်တပ်က မီးရှို့ ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တံတားဦးရွာကို အကြမ်းဖက် စစ်တပ်က ဝင် ရောက် စီးနင်း ပစ်ခတ် ခဲ့ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံး ခဲ့ကြောင်း တိုက်နယ်စွန် (စွန်) PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ် တံတားဦးရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကို အကြမ်းဖက် စစ်တပ်က ဝင် ရောက် မွှေနှောက် ပစ်ခတ်ခဲ့ပြီး အဆိုပါ နေအိမ် အနီး အနားရှိ ကျူရှင်၌ ပညာသင်ယူနေသည့် ၆ နှစ်အရွယ် ကလေး ၁ ဦး ခါးကို ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "ထိုစစ်ကြောင်းက ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်တွင် တာတိုင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀ ပြာကျ ပျက်စီးသွားကြောင်း ၊ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် အင်အား ၃၀ ကျော်​​ပါ စစ်ကြောင်းက တံတားဦးရွာ ရဲစခန်းထဲကို ပြန်လည် ဝင်ရောက်သွားပြီး တံတားဦးကျောင်း အနောက်ဘက်ကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် တံတားဦးရွာကို ထပ်မံ ဝင် ရောက် မွှေနှောက်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“ဒီနေ့ စစ်ကိုင်းမြို့နယ် ရွှေလှေအုပ်စု တာတိုင်ရွာမှ အိမ်ထောင်စု ၁၁၀၊ လူဦးရေကျား၂၀၀ ဦး၊ မ၂၄၀ ဦး ပေါင်း ၄၄၀ ဦး စစ်ဘေးရှောင်နေရပါတယ်။ အိမ်ခြေ၆၀ခန့် မီးရှို့ခံရပါတယ်။ မီးလောင်လို့ ၀က်တစ်ကောင်၊နွားတစ်ကောင် သေဆုံးပါတယ်။ မွန်းလွဲ ၁ နာရီမှာ တာတိုင်ရွာကို စစ်တပ်က မီးဝင် ရှို့ ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။"]
https://yktnews.com/2023/08/119714/
စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ရွာမှ PDF ရဲဘော် ၅ ဦးကို စစ်တပ်က ခေါင်းဖြတ် သတ်ဖြတ်
["စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ရွာမှ PDF ရဲဘော် ၅ ဦးကို စစ်တပ်က ခေါင်းဖြတ် သတ်ဖြတ်", "ရန်ကုန်၊ ဩဂုတ် ၂၅", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ကျေးရွာမှ PDF ရဲဘော် ၅ ဦးကို စစ်တပ်က ခေါင်းဖြတ်သတ်ဖြတ်သွားကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။", "ဩဂုတ်လ ၁၉ ရက်နေ့တွင် စစ်တပ်က ထန်းတောဆိပ်ကျေးရွာကို ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ပြီး ထန်းတောဆိပ်ကျေးရွာမှ ပကဖ ရဲဘော် ၅ ဦးကို ရက် ရက် စက်စက် ခေါင်းဖြတ်သွားခြင်းဖြစ်ကြောင်း ၊ ဩဂုတ်လ ၂၃ ရက်နေ့တွင်မှ ဒေသတော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းစဥ် စစ်တပ်က သတ်ဖြတ် ခဲ့သော ရဲဘော် ၅ ဦး၏ ရုပ်အလောင်းများကို ပြန်တွေ့ရရှိခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“ရဲဘော် ၅ယောက် ခေါင်းဖြတ်သတ်ခံထားရတဲ့ အလောင်းတွေ မနေ့ကမှ နယ်မြေရှင်းလင်းရင်းတွေ့တယ်။ ရဲဘော် ၅ ဦးကို သတ် သွား တဲ့ စစ်ကြောင်းက ၀က်လက်မြို့နယ် ဘုရားပြန်ရွာဘက် ဒီနေ့ရောက်ရှိသွားပါတယ်။ စစ်တပ်က ထန်း‌တောဆိပ်မှာ တစ်ညအိပ်တယ်၊ ထန်းတောဆိပ်ရှေ့က သဲနုပုံရွာ တစ်ည ညအိပ်ပြီး မနေ့က ၀က်လက်ခြမ်းဘက်အခြမ်း ထွက်သွားတာ” ဟု စစ်ကိုင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး သတင်းရင်းမြစ်က ပြောသည်။", "ထို့ပြင် စစ်တပ်က စစ်ကြောင်းထိုးစဉ် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှ ပြည်သူ များကို ဓားစားခံအဖြစ် ဖမ်းဆီးသွားပြီး ရွာတိုင်းနီးပါးမှ ပြည်သူများ ဖမ်းဆီးခံရ ကြောင်း၊ ဖမ်းဆီးခံရသည့် ပြည်သူ အရေအတွက် မသိရှိရသေးဘဲ ပြည်သူ များ ၏ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/99234/
စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသား ကိုထွန်းထွန်ဝင်းကို ခေါင်းဖြတ်သတ်ကာ ငယ်ပါကို ဖြတ်တော် ပါးစပ် ထဲထည့်ခဲ့၊ အိမ်ခြေ ၅၃ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး
["စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသား ကိုထွန်းထွန်ဝင်းကို ခေါင်းဖြတ်သတ်ကာ ငယ်ပါကို ဖြတ်တော် ပါးစပ် ထဲထည့်ခဲ့၊ အိမ်ခြေ ၅၃ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဧပြီ ၂၅", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသား ကိုထွန်းထွန်ဝင်းကို ခေါင်းဖြတ် သတ်ကာ ငယ်ပါကို ဖြတ်တော် ပါးစပ်ထဲထည့်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲ ကျေးရွာကို ဝင်ရောက်ခဲ့ပြီး ကျေးရွာသား ကိုထွန်းထွန်းဝင်းကို ခေါင်းဖြတ် သတ် ခဲ့ကြောင်း၊ ယင်းနောက် ကိုထွန်းထွန်းဝင်း၏ ငယ်ပါကို ဖြတ်တောက်ပြီး ခေါင်း ပြတ်၏ ပါးစပ်ထဲသို့ ထိုးထည့်ခဲ့ကြောင်း သိရှိရသည်။", "ယင်းနောက် စစ်တပ်က ဒီပဲယင်းကွဲကျေးရွာမှ အိမ်ခြေများကို မီးရှို့ဖျက်ဆီးရာ ပြည်သူပိုင် နေအိမ် ၅၃ လုံး မီးလောင် ပျက်စီး ပြာကျသွားကြောင်း သိရှိရသည်။", "စစ်တပ်က စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို မကြာခဏဆိုသလို အကြိမ်ကြိမ် ဝင်ရောက်စီးနင်းခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ တွင်တ စ်ကြိမ် ၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ တွင် ဒုတိယအကြိမ် အဖြစ် စီးနင်းခဲ့ကာ ဒုတိယအကြိမ် ဝင်ရောက်စီးနင်းမှုတွင် ဒီပဲယင်းကျေးရွာ တွင် သီတင်း သုံးနေသော သီတဂူ ဗုဒ္ဓ တက္ကသိုလ်ကျောင်းဆင်း မဟာ ဘွဲ့ရ ဆရာတော်အခြားပြည်သူ ၃ ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း၊ အိမ်ခြေ ၇၀ ကျော် ကိုလည်း မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/80616/
စစ်ကိုင်းမြို့နယ်၊ နံနက်စာထွက်ဝယ်သည့် စစ်သား ၄ ဦး မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး၊ ရေးမြို့တွင် ဒုရဲမှူး လှိုင်မင်းသန့် ပစ်ခတ်ခံရပြီး သေဆုံး
["စစ်ကိုင်းမြို့နယ်၊ နံနက်စာထွက်ဝယ်သည့် စစ်သား ၄ ဦး မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး၊ ရေးမြို့တွင် ဒုရဲမှူး လှိုင်မင်းသန့် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "စစ်ကိုင်းတိုင်း၊ စစ်ကုကိင်းမြို့နယ်တွင် နံနက်စာထွက်ဝယ်သည့် စစ်သား ၄ ဦး မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံးကြောင်း Zero ပျောက်ကျားတပ်ဖွဲ့(မြင်းခြံ) တာဝန်ရှိသူ ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန် သံချပ်ကာကွပ်ကဲရေးဌာနချုပ် ၇၂ တပ်မှ စစ်အရာရှိ၏ မနက်စာအတွက် ထွက်ဝယ်သည့် စစ်သား ၄ ဦးလိုက်ပါသော ဆိုင်ကယ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး စစ်သား ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။", "” စစ်ကိုင်းမြို့နယ် ခြေတော်ရာ နန်းတွင်းတပ် ဒေသခံတွေအသိများတဲ့ သံချပ်ကာကွပ်ကဲရေးဌာနချုပ် ၇၂ တပ် အရာရှိတွေအတွက် မနက်စာလာရောက်ယူဆောင်သော ဆိုင်ကယ် ၂ စီးနှင့် စစ်ခွေး ၄ ကောင်ကိုမိုင်းဆွဲခဲ့တယ်။ အရှေ့က စီးလာတဲ့ ဆိုက်ကယ်တစ်စီးနဲ့ခွေး၂ကောင်ကတော့ နေရာတင်သေပြီး စစ်ခွေး ၁ ဦးက ဒဏ်ရာရသွားတယ်။သေနတ်ကောက်ဖို့ ကျနော့်ကလေးတွေ ကြိုးစားသေးတယ်။ နောက်တစ်စီးက စစ်ခွေးက ဒဏ်ရာမရတော့ ကျနော်တို့ရဲဘော်တွေကို ပြန်ပစ်နေလို့ မနည်းပြေးခဲ့ရတယ်” ဟု ZERO ပျောက်ကျားတပ်ဖွဲ့(မြင်းခြံ)မှ တပ်ရင်းမှူး ကိုသက်ကြီးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့် သရဲနီ အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဒနအဖွဲ့ ခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်ကို ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် ရေးပျောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရာ သေဆုံးသွားကြောင်း ရေးပျောက်ကျားတပ်ဖွဲ့ (YGF) မှ ဗိုလ်ကျန်ရစ်က ပြောသည်။", "“ရေးခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်ကို ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်မှာ ရေးမြို့ နယ် အောင်သုခရပ်ကွက်အုန်းတောမှာ ရေးပြောက်ကျားတပ်ဖွဲ့ ( YGF)က ရှင်းလင်းလိုက်ပါတယ်။ ထာ ဝရ ပေးအိပ်လိုက်ပါပြီ” ဟု ဗိုလ်ကျန်ရစ်က ပြောဆိုသည်။", "ဓာတ်ပုံ- အကြမ်းဖက် စစ်တပ်က အကြမ်းဖက်ရဲများကို လေ့ကျင့်သင်ကြားပေးနေမှု မြင်ကွင်း။"]
https://yktnews.com/2023/05/103883/
စစ်ကိုင်းမြို့နယ်၊ ပဒူရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ် အပါအဝင် ဂျက်လေယာဥ်တို့ဖြင့် ဗုံးကျဲ ပစ်ခတ်နေ
["စစ်ကိုင်းမြို့နယ်၊ ပဒူရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ် အပါအဝင် ဂျက်လေယာဥ်တို့ဖြင့် ဗုံးကျဲ ပစ်ခတ်နေ", "ရန်ကုန်၊ မေ ၂၂", "စစ်ကိုင်းမြို့နယ်၊ ပဒူရွာကို အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ် အပါအဝင် ဂျက်လေယာဥ်တို့ဖြင့် ဗုံးကျဲ ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မြေပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ Mi 35 ရဟတ်ယာဥ်အပါအဝင် ဂျက်လေယာဥ်တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "” ဟိုနေ့တွေကတော့ တိုက်ပွဲ အပြင်းအထန်ဖြစ်တယ် ဒီနေ့ ဘာတိုက်ပွဲမှ မရှိဘူး။ ပဒူတိုက်နယ်ကျေးရွာကို လေယာဥ် ၂ စင်းနဲ့လာပြီး ပစ်နေတယ်လို့ သတင်းကြားတယ်။ အထိအခိုက် အပျက်အစီးတော့ မသိရသေးဘူး။ စစ်ခွေးတွေက လွန်ခဲ့တဲ့ရက်က ပြန်ဆုတ်ပြီးမှ အခုမှ လေယာဥ်နဲ့ လာပစ်တာ ပထမရက်ကတည်းက ​ရှောင်နေတဲ့ လူတွေလည်းရှိသလို အိမ်ပြန်သွားတဲ့လူတွေလည်းရှိတယ်လို့တော့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် မေလ ၂၁ ရက်နေ့ နံနက် ၅ နာရီခန့်က စစ်ကိုင်းတပ်မ ၃၃ မှ အင်အား ၁၀၀ ခန့်ဖြင့် ပဒူကျေးရွာ ဘက်သို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကြောင်းကို နံနက် ၁၁ နာရီခန့်မှ စတင်ပြီး ပြည်သူ့ကာ ကွယ် ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြင်းအထန် တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား အများ အပြားထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။", "ပဒူကျေးရွာသည် အိမ်ခြေ ၁၃၀၀ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ပဒူကျေးရွာအပါအဝင် စစ်ကိုင်း မြို့နယ်မြောက် ခြမ်းရှိ ကျေးရွာများဖြစ်သော စာရေး အရှေ့ရွာ၊ စာရေး အနောက်ရွာ၊ ကျောက် ပနန် ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ပဒူကျေးရွာ၊ ခက်ခ အရှေ့ရွာ၊ ခက်ခ အနောက်ရွာစသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရ ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/103717/
စစ်ကိုင်းမြို့နယ်၊ ပဒူရွာတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ရွာ ၈ ရွာမှ ပြည်သူထောင်ချီ စစ်ဘေးရှောင် ထွက်ပြေးနေရ
["စစ်ကိုင်းမြို့နယ်၊ ပဒူရွာတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ရွာ ၈ ရွာမှ ပြည်သူထောင်ချီ စစ်ဘေးရှောင် ထွက်ပြေးနေရ", "ရန်ကုန်၊ မေ ၂၁", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်း ဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ယနေ့မေလ ၂၁ ရက် နံနက် ၅ နာရီခန့်က စစ်ကိုင်းတပ်မှ ၃၃ မှ အင်အား ၁၀၀ ခန့်ဖြင့် ပဒူကျေးရွာ ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကြောင်းကို နံနက် ၁၁ နာရီခန့်မှ စတင်ပြီး ပြည်သူ့ကာ ကွယ် ရေး တပ်ဖွဲ့များက တိုက် ခိုက်ခဲ့ရာ အပြင်းအထန်တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား အများ အပြားထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။", "“တိုက်ပွဲက ပဒူရွာတောင်ဘက် ‌ရွှေတိဂုံဘုရားအနီးမှာ တိုက်ပွဲကဖြစ်ကြတာ။ ကျနော်တို့ဘက်ကနေ ခွေး တွေကို လက်နက်ကြီးတွေနဲ့ပစ်တယ်၊ လက်နက် ငယ်တွေ နဲ့လည်း ထိပ်တိုက်ပစ်ခတ်တယ်။ ဝေဟင် က နေ လည်းဒရုန်း အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်။ခွေးတွေဘက်ကတော့ အထိခိုက်များနိုင်မယ်။အ‌ရေအ တွက် အတိကျတော့ မသိရသေးဘူး။ ကိုယ်ဘက်ကတော့ ရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ တယ်။ အ ခု တော့ ဆေးကုသမှုပေးထားလို့ အခြေ အနေ တော်တော်သက်သာနေပြီ” ဟု ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ပဒူကျေးရွာသည် အိမ်ခြေ ၁၃၀၀ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး တိုက်ပွဲ အတွင်းသို့ ပဒူနယ်မြေရဲ စခန်းမှလည်း စစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်မှု ကြောင့် စစ်ကိုင်း မြို့နယ်မြောက် ခြမ်းရှိ ကျေးရွာများဖြစ်သော စာရေး အရှေ့ရွာ၊ စာရေး အနောက်ရွာ၊ ကျောက် ပနန် ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ပဒူကျေးရွာ၊ ခက်ခ အရှေ့ရွာ၊ ခက်ခ အနောက်ရွာတို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရ ကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ပဒူတိုက်နယ်မှ ထွက်ပြေးနေရသော စစ်ဘေးရှောင် ပြည်သူများ။", "Photo- ပေးပို့။"]
https://yktnews.com/2024/07/171838/
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေခံရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
["စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေခံရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၇", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေခံရဲစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်းဒေသ တော်လှန်ရေးတပ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင်လ ၆ ရက်နေ့ ညနေ ၆ နာရီကျော်အချိန် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်း နယ်မြေရဲစခန်းကိုတော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း မတ္တရာမြို့နယ်ဘက်မှ စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။", "“မင်းကွန်းနယ်မြေရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်တွေကဝင်တိုက်ကြတာ။ တိုက်ပွဲဖြစ်နေလို့ ကျနော်တို့မိသားစုက တော့ လွတ်ရာကို ထွက်ပြေးလာခဲ့တယ်။ ရွာထဲမှာ ပိတ်မိသူတွေလည်း ရှိတယ်။ ညအချိန်ထွက်ပြေးခဲ့ရတာဆိုတော့ ဘာပစ္စည်းမှ မယူလာနိုင်ခဲ့ဘူး။ မတ္တရာအရှေ့ဘက်ကမ်းကနေလည်း လက်နက်ကြီးနဲ့ ပစ်တာတွေလည်းရှိတယ်။ လူအထိခိုက်ကတော့ အခုအချိန်အထိမရှိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "မင်းကွန်းနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားချိန်သည် ၁နာရီခန့်ကြာမြင့်ပြီးစစ် ကောင်စီဘက်မှ ရဲ ၁ ဦးနှင့် ပျူစောထီး၁ဦး သေဆုံးခဲ့ကြောင်း ဒေသ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး က ရှင်းပြသည်။", "“ကျနော်တို့က ရဲစခန်းအနီးအထိသွားပစ်တာဗျ။ စစ်ခွေးတွေဘက်လည်း ပြန်ပစ်တယ်။ အထိခိုက်အကျဆုံးကတော့ စခဘက်က တော့ရဲတစ်ဦးနဲ့ပျူတစ်ဦး သေဆုံးတယ်။ကျနော်တို့ဘက်က အထိခိုက် တော့မရှိခဲ့ဘူး။အဲဒီမင်းကွန်းရဲစခန်းကို စခန်းသိမ်းဖို့သွားတာပါပဲ။ ကျနော်တို့ဘက်က ကျည်အင်အားမရှိတာ့ နောက်ပြန်ဆုတ်ခဲ့ရတယ်ဗျ။ စခန်းသိမ်းနိုင်ဖို့ ကျည်ဖိုးလည်း ကူညီကြပါဦး” ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ဝက်လက်ကိုကျားကပြောဆိုသည်။", "မင်းကွန်းနယ်မြေရဲစခန်းကို တိုက်ခိုက်မှုတွင် ဝက်လက်နယ်မှ ဗိုလ်ကျားကြီးအဖွဲ့က ဦးဆောင်ပြီးရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း တပ်ခွဲ ၄ BO-TIGER (ဗိုလ်ကျားကြီး)တပ်ဖွဲ့၊ တောဒေါင်းနီ -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘီလူးညီနောင် -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးအင်အားစုများက ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/150580/
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၂ ဦး အပြင်းအထန် ဒဏ် ရာရ
["စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၂ ဦး အပြင်းအထန် ဒဏ် ရာရ", "ရန်ကုန်၊ မတ် ၁၄", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ၁၂ ရက် နေ့က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကို Drone ဖြင့် ၈၀ မမ ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းသို့ တိကျစွာ ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ နာရေးကားဖြင့် စစ်ကိုင်းမြို့သို့ သယ်ဆေင်သွားကြောင်း သိရသည်။", "“သတင်းဖုံးထားလို့ အတိအကျ မသိရဘူး၊ Icon စက်ထဲမှာ လိုင်းပူးပြီး လူနာတင်ကားခေါ်သံတွေ ကြားရယ်၊ ဒဏ်ရာရတဲ့ ၂ ဦးကိုတော့ စစ်ကိုင်းဆေးရုံကို ခေါ်သွားတယ်လို့ သိရတယ်၊ နောက်ဆက် တွဲတော့ မသိရသေးဘူး၊” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ Royal Falcon Guerrilla Force ၊ Phoenix Sgg နှင့် စစ်ကိုင်းခရိုင် တပ်ရင်း ၃ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/05/163046/
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး၊ မတ္တရာမြို့နယ်ရှိ တံငါရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး၊ မတ္တရာမြို့နယ်ရှိ တံငါရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ မေ ၁၇", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မေလ ၁၆ ရက် ည ၁ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်း၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲများကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် နန်းတော်ကျွန်းဘက်မှ လက်နက်ကြီးပစ်ကူပေးခဲ့သည့် အပြင် စစ်ကိုင်းမြို့မှ သံပြားကာ ကား ၂ စီး ဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။", "“၂ ကောင်သေပြီး ၆ ကောင်ဒဏ်ရတယ်လို့ သတင်းအတိအကျ ရထားတာပါ။ ကျနော်တို့ဘက်က သွားဆော်တာက အယောက် ၂၀ တောင် မပြည့်ဘူး။ သူတို့ခံရတော့ အယောက် ၃၀၀ လောက် လာတိုက်ပါတယ် ဆိုပြီး သတင်းလွှင့် စစ်ကူတောင်းတာ။ မင်းကွန်းဘက်ကိုလည်း မာရှယ်လော ဆိုပြီး သတင်းတွေလွှင့်နေတယ်။” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို မင်းကွန်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Phoenix SGG ၊ Royal Falcon Guerilla တပ်ဖွဲ့နှင့် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ တံငါရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။", "မေလ ၈ရက်နေ့တွင် မတ္တရာမြို့နယ်၊ တံငါကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၃၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မတ္တရာမြို့နယ် Drone တပ်ဖွဲ့၊ မတ္တရာမြို့နယ် ပ.က.ဖ တို့က Drone ဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/04/159434/
စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ကြောကို စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးပြီး ကျေးရွာအများအပြား မီးလောင် ပျက်စီး
["စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ကြောကို စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးပြီး ကျေးရွာအများအပြား မီးလောင် ပျက်စီး", "ရန်ကုန်၊ ဧပြီ ၂၆", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ကြောကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ ဟောင်ဝှစ်ဇာ၊ လေကြောင်းတို့ဖြစ် ပစ်ခတ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပကဖ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရ ပြီး ပြည်သူ့နေအိမ်အများအပြား ထိမှန်မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ဧပြီလ ၂၅ ရက်နေ့ နံနက် ၅ နာရီကျော်အချိန် စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ကြောဘက်သို့ မင်းကွန်းကျေး ရွာမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သား ၁၅၀ ခန့်ရှိ စစ်ကြောင်းတစ်ကြောင်းကို ထုံးဘိုရွာအနီး မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း၊ ကားတစ်စီးထိမှန်ပြီး အပြန်အလှန်ပစ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထို့ပြင် မတ္တရာမြို့နယ်ဘက်ခြမ်းရှိ အကြမ်း ဖက်စစ်သားများကလည်း သံခွန် ၃ စီးဖြင့် စစ်ကိုင်းဘက်သို့ ကူးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံခွန်တစ်စီး မီး လောင်ပျက်စီးခဲ့ကြောင်း သိရသည်။", "“ထိတွေ့တိုက်ပွဲတွေမှာက ခွေးတွေသေဆုံးထိခိုက်ရှိတာ သေချာတယ်၊ ထုံးဘိုနားမိုင်းမိတာတော့ ၂ ကောင်ထိတယ်၊ သံခွန်ထိတာတော့ မသိရသေးဘူး၊ သေဆုံးထိခိုက်မှုရှိတာတော့သေချာတယ်။ အဲဒါ ကြောင့် လေကြောင်းနဲ့ တိုက်၊ ဟာင်ဝှစ်ဇာနဲ့ထုပြီး ပစ်အားနဲ့ စစ်ကြောင်းထိုးတက်လာတာ။ ဂျက် ဖိုက် တာနဲ့ ဗုံးကျဲလို့ ကပဖ ရဲဘော်တစ်ဦးပွဲချင်းပြီးဆုံး တယ်။ တစ်ဦးက ဆေးခန်းအပို့မှာ ဆုံးတာ။ ကျန်တဲ့ ရဲဘော် ၄ ဦး ဒဏ်ရာ ရတယ်။ ပထဝီအနေအထားအရ စစ်ကြောင်းဝင်ရင် ပြန်ကပ်လို့ မရတဲ့ရွာတွေ ဖြစ်နေလို့ ပြည်သူ အထိအခိုက် အကျအဆုံး၊ နေအိမ်ပျက်စီးမှုတွေက မသိရသေးဘူး” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မင်းဝံတောင်ရိုး တကြောရှိ ထုံးဘိုရွာ၊ အုတ်ဖိုရွာ၊ ချောင်းဦးရွာများမှာ မီးလောင်ပျက်စီးမှုရှိကြောင်း၊ မတ္တရာမြို့‌ဘော လုံးကွင်း၊ မတ္တရာမြို့နယ်၊ မြစ်ကမ်းဘေးရွာများဖြစ်သည့် ထုံးကြီးရွာ၊ သုံးဆယ်ပေးရွာတို့တွင် အ ကြမ်းဖက် စစ်ကောင်စီက တပ်စွဲကာ ဟောင်ဝှစ်ဇာလက်နက်ကြီးများတပ်ဆင်ထားပြီး ပစ်ခတ်နေ ခြင်း ဖြစ်ကြောင်း သိရသည်။", "ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာ စစ်ကိုင်းမြို့နယ် တောင်ရိုး ပေါ်နှင့် တလိုင်းရွာထိပ်နားသို့ရောက်ရှိနေပြီး စဉ့်ကိုင်ရွာဘုရားပေါ်၌လည်း အကြမ်းဖက်စစ်သား အချို့ကျန်ရှိကြောင်း၊ မတ္တရာမြို့နယ်ဘက်မှလည်း ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်မှု များဆက်ရှိနေကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က ယခုရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးနေစဉ်။"]
https://yktnews.com/2023/12/137577/
စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ တပ်စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေး
["စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ တပ်စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း Phoneix SSG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၊ ပျူစောထီးများ ပြန်လည်ခုခံခြင်းမရှိပဲ ထွက်ပြေးသွားသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေထိုင်သော ဘန်ကာ ၁၆ ခု၊ ဗုံးခိုကျင်း ၆ ခုအားရှင်းလင်းခဲ့ကြောင်း သိရသည်။", "“လက်နက်တော့မရလိုက်ဘူး၊ သူတို့က ထွက်ပြေးတာ၊ ပစ်ခတ်မှုမဖြစ်လိုက်ဘူး၊ အဲဒါနဲ့ စခန်းကို မီးရှို့ပေးခဲ့တယ်။ ဘန်ကာ ၁၆ ခု၊ ဗုံးခိုကျင်း ၆ ခု၊ ယူနီဖောင်း ၂ စုံ၊ ဦးထုပ် ၃ လုံး သိမ်းဆည်းရရှိခဲ့တယ်ဗျ၊ စစ်ကိုင်းမြို့နယ်မှာတော့ ပထမ ဆုံးပျူရွာကို သိမ်းနိုင်တာပေါ့” ဟု Phoenix SGG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ ရှင်းလင်းမှုကို Phoneix SGG ၊ စစ်ကိုင်းမြို့နယ် ပကဖ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerilla Force ၊ Fight For Federal ၊ Young Wolf နှင့် နယ်မြေဒေသ တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/02/145123/
စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်တပ်က ယနေ့ နံနက်ပိုင်း ခရီးသွား လူငယ်များကို အကြောင်းမဲ့ တားဆီး ဖမ်းဆီးပေါ်တာဆွဲနေ
["စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်တပ်က ယနေ့ နံနက်ပိုင်း ခရီးသွား လူငယ်များကို အကြောင်းမဲ့ တားဆီး ဖမ်းဆီးပေါ်တာဆွဲနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်တပ်က ခရီးသွား လူငယ်များကို အကြောင်းမဲ့ တားဆီး ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့နံနက် ၉ နာရီကျော်အချိန်မှစတင်၍ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ် ရွာမကျေးရွာနှင့် လယ်ကြီးကြားတမာကုန်းအကြား လယ်ကြီးဇရပ်တွင် ခရီးသွားဆိုင်ကယ်များ၊ ကားများကို တားဆီးပြီး ကားပေါ်ပါသည့် လူငယ်များကို စစ်တပ်က တားဆီးဖမ်းဆီးထားကြောင်း ၊ ပေါ်တာဆွဲနေခြင်းဖြစ်ကြောင်း ဒေသပြည်သူက ရှင်းပြသည်။", "“စစ်ကိုင်းမြို့နယ် မုံရွာ-မန်းလမ်းမကြီးပေါ် ရွာမနဲ့လယ်ကြီးကြားတမာကုန်းအကြား လယ်ကြီးဇရပ်မှာ ခရီးသွားကားဆိုင်ကယ်များကိုတားဆီးပြီး လူငယ်တွေကို ပေါ်တာဆွဲနေတယ်။ ကား၊ဆိုင်ကယ် အကုန်တားစစ်ပြီး လယ်ကြီးဇရပ်မှာ ကားတွေတားပြီး လူငယ်အမျိုးသားတွေကိုဆွဲချတာ။ ပြည်သူ့စစ်ထဲထည့်ဖို့ထင်တယ်။ အခုမနက် စဖမ်းတာပါ။ သူတို့စိုးမိုးတဲ့ လမ်းပိုင်းမှန်သမျှ အဲ့လိုလုပ်တော့မယ်ထင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ စစ်ဆေးသည့်နေရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈၀ ဝန်းကျင်ရှိပြီး ဖမ်းဆီးထားသည့် လူငယ်များ ရှိနေကြောင်း သိရှိရသည်။", "စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်တပ်ကမုံရွာ-မန္တလေးလမ်းပေါ်တွင် လူငယ်များကို ဖမ်းဆီးနေသည့် သတင်းမှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီး ပြည်သူတိုင်း စစ်မှု မထမ်းမနေရ တာဝန်ထမ်းဆောင်ရမည်ဟု စတင်ကြေညာခဲ့သည်။", "၂ဝ၂၁ ခုနှစ် ဧပြီလက ကရင်ပြည်နယ် ဒူးပလာခရိုင်အတွင်းတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ Photo: AFP"]
https://yktnews.com/2024/11/192768/
စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချ
["စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချ", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ဘုန်းကြီးကျောင်းများပျက်စီးပြီး အိမ်မွေး နွားသုံးကောင်သေဆုံးကြောင်း၊ လူထိခိုက်မရှိကြောင်း၊ စစ်ကောင်စီက နေ့စဉ်လိုလို တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ဒရုန်းများဖြင့် ဗုံးကျဲခြင်းများကို ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။", "“စစ်တပ်က နေ့တိုင်းလိုလို ပြည်သူတွေကို ဗုံးကျဲတိုက်ခိုက်နေတယ်။ ဟိုတစ်နေ့က လက်ပာယ်တောရွာ ဗုံးကျဲခံရတယ်။ လူ ၆ယောက်ထိတယ်။ နွားတွေသေတယ်။ နေအိမ် ၂လုံး မီးလောင်တယ်။ နေ့တိုင်းလာကျဲနေတာ။ စစ်ခွေးတွေက ဒရုန်းနဲ့ ချလိုက် ၊၆၀ နဲ့ပစ်လိုက် ဖြစ်နေတာကြာပါပြီ။ အခုက လေယာဉ်နဲ့ပါ ချနေတယ်။ တိုက်ပွဲမရှိတာ ကြာပါပြီ။ မြေပြင်စစ်ကြောင်းလည်း မထိုးတာကြာပြီ။ မြစ်ရေကြီးပြီးကတည်းက လမ်းပမ်းဆက်သွယ်ရေး ရေတစ်၀က်ကုန်းတစ်၀က်ဖြစ်တဲ့ရွာတွေကိုပါ စခတွေက အကြောင်းမဲ့ လုပ်နေတာ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကိင်းမြို့နယ်အတွင်း ကျေးရွာများတွင် လက်ရှိ ပြည်သူများမှာ စစ်ဘေးရှောင်နေကြရာမှ မိမိတို့၏ နေအိမ်များသို့ ပြန်လည် နေထိုင်ကြပြီဖြစ်သော်လည်း လေကြောင်းတိုက်ခိုက်မှုများကို စိုးရိမ်နေကြရကြောင်း၊ စီးပွားရေးနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ခြင်းမရှိဘဲ စီးပွားရေးများ ကျပ်တည်းလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/198251/
စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး
["စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၄", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက် ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် မြင်းဆည်ရွာမှ ဦးရဲဝင်းခိုင်း ၊ ဒေါ် ပပ ဇနီးမောင်နှံနှင့် အမည်မသိ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး နွား ၅ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“စစ်ကိုင်းမြို့နယ် မြင်းဆည်ကျေးရွာကို တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲသွားတာ ဦးရဲ၀င်းခိုင်၊ ဒေါ်ပပ ဇနီး မောင်နှံနဲ့ အမည်မသိ ပြည်သူ တစ်ဦး သေဆုံးတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2025/01/198372/
စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို စစ်တပ်က လေယာဉ်၊ စက်တပ် လေထီးများဖြင့် ဗုံးအလုံး ၄၀ ကျဲချ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ် ၂၀ ခန့်ပျက်စီး
["စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို စစ်တပ်က လေယာဉ်၊ စက်တပ် လေထီးများဖြင့် ဗုံးအလုံး ၄၀ ကျဲချ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ် ၂၀ ခန့်ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၅", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ် လေထီးများဖြင့် ဗုံးအလုံး ၄၀ ကျဲချ တိုက်ခိုက်ရာ ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ် ၂၀ ခန့်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းဆည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က Jet fighter၊ Y-12 ၊ စက်တပ် လေထီးများဖြင့် ဗုံး အလုံး ၄၀ ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိကာ နွား ၁၀ ကောင်ခန့် သေဆုံးပြီး လူနေအိမ် ၂၀ လုံး နှင့် ဘုန်းကြီးကျောင်းဆောင် တစ်ခုလည်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။", "အလားတူ ၂၀၂၄ ခုနှစ် နို၀င်ဘာလ ၂၀ ရက်နေ့ကလည်း မြင်းဆည်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ပြီး ယင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် တချို့ ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/07/175257/
စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်ဘုရားအနီးရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ဆိုင်ခန်းများနှင့် နေအိမ် အများအပြား မီးလောင် ပျက်စီး၊ စစ်တပ်က မီးငြိမ်းသတ်၍ မရအောင် ရေပိုက်များနှင့် မီးကြိုးများကိုလည်း ပျက်စီးခဲ့
["စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်ဘုရားအနီးရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ဆိုင်ခန်းများနှင့် နေအိမ် အများအပြား မီးလောင် ပျက်စီး၊ စစ်တပ်က မီးငြိမ်းသတ်၍ မရအောင် ရေပိုက်များနှင့် မီးကြိုးများကိုလည်း ပျက်စီးခဲ့", "ကျေးရွာနေပြည်သူ ၆ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီးသွား", "ရန်ကုန်၊ ဇူလိုင် ၂၃", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်ဘုရားအနီးရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု ဆိုင်ခန်းများနှင့် နေအိမ် အများအပြား မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ မြသိန်းတန် ဘုရားအနီးရှိ ရှားရောင်းရွာ ၊ မင်းကွန်း မြောက်ရွာ နှင့် မင်းကွန်းတောင်ရွာတို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဈေးဆိုင်များနှင့် နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။", "“မင်းကွန်းမြောက်ရွာ ဘောလုံးကွင်း အနောက်ဘက်က စည်သူလက်ဖက်ရည်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် မလှမ်းမကမ်းက အရက်ဆိုင်ကို မီးစရှို့တယ်။ စစ်ခွေးတွေက မီးမရှို့ခင် ဘီယာဗူး ၊ အရက်ပုလင်းတွေ ယူပြီး ဆိုင်ကို မီးရှို့ ယမကာဆိုင်ဘေးက ကပ်လျက် လူမနေတဲ့ အိမ်ပါ မီးရှို့ဖျက်စီးသွားတယ်။ မင်းကွန်းဆုတောင်းပြည့် မြတ်စွာဘုရား အနောက်ဘက်က ရွှေမင်းသားဖုန်းဆိုင်နဲ့ အထည်ဆိုင်၊ မင်းကွန်းတောင်ရွာက မယ်တော်ကြီးမြတ်စွာဘုရားနားက နေအိမ် ၁ အိမ်ကိုလည်း မီးရှို့တာ အကုန်ပြာကျသွားတယ်။ စစ်ခွေးတွေက မီးရှို့ပြီး ချက်ချင်းမပြန်ဘူး။ သေနတ်တွေနဲ့ အစောင့်ထား၍ မီးငြိမ်းတဲ့သူကို ပစ်မယ်ဆိုလို့ မီးတော်တော် လောင်မှ ရွာသူရွာသားတွေ ထွက်ငြိမ်းကြရတာ ရေမလာအောင် တစ်ရွာလုံးကို ရေပေးနေတဲ့ ရေပိုက်လိုင်း မီးကြိုးတွေကိုလည်း သေနတ်နဲ့ ပစ်ပြီး ဖျက်ဆီသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မင်းကွန်းတောင်ရွာနှင့်မြောက်ရွာမှ ကျေးရွာနေ ပြည်သူ ၆ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။", "ယနေ့ နံနက်ပိုင်းတွင် မင်းကွန်းရဲစခန်းမှ စစ်သား၊ ရဲနှင့် ပျူစောထီး အင်အား ၁၀၀ ကျော်သည် ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသောကြောင့် အနီးအနားရှိ ကျေးရွာများကို စစ်ကောင်စီ တပ်သားများက စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/107333/
စစ်ကိုင်းမြို့နယ်၊ ရုန်းပင်ရွာမှ နေအိမ် ၅၀ ကျော်အပါအဝင် စစ်ဘေးရှောင်တဲများကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီးကာ တန်ဖိုးရှိ ပစ္စည်းများ လုယက်ခိုးယူနေ
["စစ်ကိုင်းမြို့နယ်၊ ရုန်းပင်ရွာမှ နေအိမ် ၅၀ ကျော်အပါအဝင် စစ်ဘေးရှောင်တဲများကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီးကာ တန်ဖိုးရှိ ပစ္စည်းများ လုယက်ခိုးယူနေ", "ရန်ကုန်၊ ဇွန် ၁၃", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်း ဖက် စစ်တပ်က ရုံးပင်ကျေး ရွာမှ နေအိမ် ၅၀ ကျော်အပါအဝင် လမ်းကြောင်းတလျှောက်ရှိ နေအိမ်များ၊ စစ်ဘေးရှောင်တဲများကို မီးရှို့ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းများကို မွှေနှောက်ခိုးယူဖျက်ဆီးသွားကြောင်း ကျောက်ဆည်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KS PDF Local) တပ်ဖွဲ့ခေါင်းဆောင် ကိုလေးကေက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ပြောကြားသည်။", "ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်း ဝက်လက်မြို့နယ်ဘက်မှ ဝင်ရောက်လာသော စစ်ကြောင်းက စစ်ကိုင်း မြို့နယ်၊ ပဒူကျေးရွာအတွင်းအထိုင်ချတပ်စွဲထားသော စစ်တပ်နှင့်ပူးပေါင်းသွားပြီး ကြခတ် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာပြီး ရုန်းပင်ကျေးရွာတစ်ရွာလုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့ပြင် ကုန်းကြီးရွာမှ ဓမ္မာရုံအပါအဝင် နေအိမ် ၁၀ လုံးကျော်၊ ရွာသစ်ရွာအနီးရှိ စစ်ဘေးရှောင်တဲများ၊ ယာခင်းစောင့်တဲများ၊ မိုးသောက် ကျေး ရွာမှ စစ်ဘေးရှောင်တဲ ၂၅ လုံးကျော်တို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။", "“ရုံးပင်ရွာက ၅၀ ကျော်လောက်ရှိတယ်၊ ပြောရရင် မီးမလောင်ပဲကျန်တာဆိုလို့ ၅ လုံးပဲကျန်တယ်၊ ကုန်း ကြီး ရွာက ဓမ္မာရုံအပါအဝင် အိမ် ၁၀လုံး ကျော်တယ်၊ ရွာသစ်ရွာမှာ မီးရှို့စရာမရှိတော့ဘူး။ အရင်တုန်းက သူတို့ ရှို့ပြီးသွားပြီ၊ ရွာရဲ့အပြင်ဘက်မှာ တောတဲတွေရှိတယ်၊ စစ်ဘေးရှောင်တွေ နေကြတာ၊ စစ်ဘေးရှောင် တွေနေတဲ့ ဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ဝင်ပြီးတော့ စစ်ဘေးရှောင်တဲတွေ အကုန် မီးရှို့သွားတယ်၊ စစ်ဘေးရှောင်တွေ စားသောက်ဖို့ထားတဲ့ ဆန်တို့၊ ဆီတို့ဘာတို့အကုန်ယူသွားတာ၊ မိုး သောက်ရွာကလည်းအတူတူပဲ အကုန်မီးရှို့ ခံထားရတာ၊ ကုန်းကြီးရွာကလည်း အကုန်မီးရှို့ခံထားရ တာ၊ ကျန်တဲ့လက်ကျန်အိမ်တွေပါ ဖြတ်သွားတယ်၊ အရင်ကကျန်တဲ့ ၁၀ လုံးကျော်ပါ မီးရှို့သွားတာ၊ မိုး သောက်က ရှို့စရာမရှိဘူး၊ မရှိတော့ ရွာအထွက်မှာရှိ စစ်ဘေးရှောင်နေတဲ့ တဲတွေ၊ စခန်းတွေကို မီးရှို့ သွား တာ၊” ဟု ကျောက်ဆည်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KS PDF Local) တပ်ဖွဲ့ ခေါင်းဆောင် ကိုလေးကေက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ပြောကြား သည်။", "စစ်တပ်စစ်ကြောင်းကို ကျောက်ဆည်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KS PDF Local) တပ်ဖွဲ့၊ ကျေးရွာ ပကဖ ၅ ဖွဲ့တို့ ပူးပေါင်းကာ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် လိုက်လံတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကြောင်းမှာ အုန်းတောကျေးရွာဘက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း၊ တိုက်ပွဲဖြစ် ခဲ့ သည် မှာ ၂ ရက်ကျော်ကြာမြင့်ခဲ့ပြီး ထပ်မံဝင်ရောက်လာမည့် စစ်ကြောင်းကို ခုခံတိုက်ခိုက်နိုင်ရန် ကျည်၊ ခဲယမ်းများလိုအပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2024/01/141764/
စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော်နှင့်ကုန်စုံဆိုင် ၁ ဆိုင် မီးလောင်ပြာကျ
["စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော်နှင့်ကုန်စုံဆိုင် ၁ ဆိုင် မီးလောင်ပြာကျ", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ လုံးကျော်နှင့် ကုန်စုံဆိုင် ၁ ဆိုင် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယနေ့ဇန်နဝါရီလ ၂၄ ရက် နံနက် ၅ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရွာမကျေးရွာကို ဝင်ရောက်စီး နင်းပြီး ပြည်သူလူထုပိုင် နေအိမ် ၁၀ လုံးကျော်နှင့် ကုန်စုံဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူအချို့ ဖမ်းဆီးခံရမှုများလည်းရှိကြောင်း သိရသည်။", "“ဒီနေ့မနက် ၅ နာရီလောက် စစ်ခွေးတွေ ဝင်လာတာပြီး ကိုကျော်၊ မသူကုန်စုံဆိုင်တစ်ဆိုင်နဲ့ နေအိမ်က ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။"]
https://yktnews.com/2023/05/100253/
စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး တအိမ်တဲရွာကို မီးတင်ရှို့နေ
["စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး တအိမ်တဲရွာကို မီးတင်ရှို့နေ", "ရန်ကုန်၊ မေ ၁", "စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး တအိမ်တဲရွာကို မီးရှို့ဖျက်ဆီး နေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး အင်အားစုများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဧပြီလ ၃၀ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရွာမကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅၀ ကျော်ကို ကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း ဖမ်းထားကာ ပြည်သူ ၇ ဦး သတ်ဖြတ်သွားကြောင်း သိရသည်။", "ယနေ့ မေလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လယ်ကြီးရွာကို စစ်ကြောင်းထိုးလာစဥ် လယ်ကြီးရွာနှင့် ရွာမရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် တအိမ်တဲရွာကို ဝင်ရောက် စီးနင်းကာ မီးရှို့ ဖျက်ဆီးနေ​ကြောင်း၊ ထို့ပြင် တအိမ်တဲရွာမှတဆင့် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မောင်ထောင်ရွာသို့ ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက် ဖျက်ဆီးနေကြောင်း သိရသည်။", "” စစ်ကိုင်းမြို့ ရွာမကျွေးရွာကို စစ်ခွေးတွေက ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅၀ ကျော်ကို ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးပြီ ပြည်သူ ၇ ဦးကို ဖမ်းဆီး သတ်ဖြတ် သွားတယ်။ အခု နံနက်လည်း စစ်ခွေး စစ်ကြောင်းက တအိမ်တဲရွာကို မီးရှို့ပြီး မောင်ထောင်ရွာကို ဝင်ရောက် ဖျက်ဆီး နေတယ်” ဟု ဒေသပြည်သူများနှင့် တော်လှန်ရေး အင်အားစုများက ပြောဆိုသည်။", "Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/11/130682/
စစ်ကိုင်းမြို့နယ်၊ ရွာမရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇ လုံး ပြာကျ၊ စစ်သားများ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွား
["စစ်ကိုင်းမြို့နယ်၊ ရွာမရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇ လုံး ပြာကျ၊ စစ်သားများ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွား", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာမရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇ လုံး ပြာကျသွားပြီး စစ်သားများ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရှိကာ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း 69 bumar Ranger အဖွဲ့ကမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်မီဒီယာသို့ပြောဆိုသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က စစ်ကိုင်းမြို့နယ်၊ ရွာမရွာကို ဝင်ရောက် စီးနင်းပြီး ​ကျေးရွာ ပကဖ ခေါင်းဆောင် နေအိမ် အပါအဝင် ပြည်သူပိုင်နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နေအိမ်များအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွားပြီး စစ်သားများက သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "” မနေ့က နံနက်ခင်းက စစ်ခွေးတွေ ရွာမကျေးရွာကို ဝင်စီးပြီး ပကဖ ခေါင်းဆောင် နေအိမ် အပါဝင် ပြည်သူနေအိမ် ၇ လုံးကို မီးရှို့ ဖျက်ဆီးပြီးနောက် ပြည်သူပိုင်ပစ္စည်းတွေထဲက တန်ဖိုးရှိတာတွေအကုန်ယူသွားတယ်။ ပြည်သူ ၁ ဦးလည်း စစ်ခွေးတွေ ရမ်းသမ်း ပစ်ခတ်လို့ လက်ကျည်ထိမှန်ခဲ့ပြီး ဆေးရုံတက်နေရတယ်။ စစ်ခွေးတွေပစ်လို့ နွား ၁ ကောင်လည်း ကျည်မှန်ပြီး သေတယ်” ဟု 69 bumar Ranger အဖွဲ့ကမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/05/100331/
စစ်ကိုင်းမြို့နယ်၊ ရွာမရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး တအိမ်တဲရွာကို မီးတင်ရှို့၊ စစ်တပ်က တအိမ်တဲ ရွာသားတစ်ဦးကို ခေါင်းဖြတ် ဗိုက်ခွဲ သတ်ဖြတ်ခဲ့သည့် အလောင်းတွေ့ရှိ
["စစ်ကိုင်းမြို့နယ်၊ ရွာမရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး တအိမ်တဲရွာကို မီးတင်ရှို့၊ စစ်တပ်က တအိမ်တဲ ရွာသားတစ်ဦးကို ခေါင်းဖြတ် ဗိုက်ခွဲ သတ်ဖြတ်ခဲ့သည့် အလောင်းတွေ့ရှိ", "ရန်ကုန်၊ မေ ၁", "စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး တအိမ်တဲရွာကို မီးရှို့ဖျက်ဆီး နေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး အင်အားစုများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဧပြီလ ၃၀ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရွာမကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅၀ ကျော်ကို ကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း ဖမ်းထားကာ ပြည်သူ ၇ ဦး သတ်ဖြတ်သွားကြောင်း သိရသည်။", "ယနေ့ မေလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လယ်ကြီးရွာကို စစ်ကြောင်းထိုးလာစဥ် လယ်ကြီးရွာနှင့် ရွာမရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် တအိမ်တဲရွာကို ဝင်ရောက် စီးနင်းကာ မီးရှို့ ဖျက်ဆီးနေ​ကြောင်း၊ ထို့ပြင် တအိမ်တဲရွာမှတဆင့် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မောင်ထောင်ရွာသို့ ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက် ဖျက်ဆီးနေကြောင်း သိရသည်။", "” စစ်ကိုင်းမြို့ ရွာမကျွေးရွာကို စစ်ခွေးတွေက ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅၀ ကျော်ကို ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးပြီ ပြည်သူ ၇ ဦးကို ဖမ်းဆီး သတ်ဖြတ် သွားတယ်။ အခု နံနက်လည်း စစ်ခွေး စစ်ကြောင်းက တအိမ်တဲရွာကို မီးရှို့ပြီး မောင်ထောင်ရွာကို ဝင်ရောက် ဖျက်ဆီး နေတယ်” ဟု ဒေသပြည်သူများနှင့် တော်လှန်ရေး အင်အားစုများက ပြောဆိုသည်။", "ယနေ့တွင် စစ်ကိုင်းမြို့နယ် ရွာမရွာမှ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းက တစ်အိမ်တဲရွာမှ ‌ ပြည်သူ့နေအိမ် ၈လုံး မီးရှို့ကာ ပြည်သူတစ်ဦးကို ခေါင်းဖြတ် ဗိုက်ခွဲ သတ်သွားသည့် အလောင်းကို တွေ့ရှိရကြောင်း ဒေသပြည်သူများက ဆိုသည်။"]
https://yktnews.com/2023/06/109730/
စစ်ကိုင်းမြို့နယ်၊ ရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် PDF ရဲဘော် ၁၃ ဦးကို သတ်ဖြတ်ခြင်း၊ အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း အပါအဝင် စုစုပေါင်း လူ ၁၈ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့
["စစ်ကိုင်းမြို့နယ်၊ ရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် PDF ရဲဘော် ၁၃ ဦးကို သတ်ဖြတ်ခြင်း၊ အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း အပါအဝင် စုစုပေါင်း လူ ၁၈ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့", "မီးရှို့ထားသော အလောင်းများတွေ့ရပြီး ပြည်သူ ၂ ဦးလည်း ပျောက်ဆုံးနေ", "ရန်ကုန်၊ ဇွန် ၂၆", "စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာနှင့် မြင်းဆည်ကျေးရွာ ကို စစ်တပ်က ယမန်နေ့ နံနက်ပိုင်း ဝင် ရောက်စီးနင်းစဉ် တော်လှန်ရေး ရဲဘော် ၁၃ ဦးကို သတ်ဖြတ်ခြင်း၊ အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း အပါအဝင် စုစုပေါင်း လူ ၁၈ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်ထံမှ သိရှိရ သည်။", "ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီကျော်အချိန် စစ်တပ်က စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာကို ဝင်ရောက်စီးနင်းပြီး တော်လှန်ရေးရဲဘော် ၁၃ ဦးကို သတ်ဖြတ် ခြင်း၊ အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ ကင်းတော်ကျေးရွာမှ ပြည် သူ ၂ ဦးနှင့် မြင်းဆည်ကျေးရွာမှ ပြည်သူ ၁ ဦးကို သတ်ဖြတ်ခြင်းအပါအဝင် စုစုပေါင်း လူ ၁၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "“စုစုပေါင်း ၁၈ဦး ကျဆုံးပါတယ်။ မြင်းဆည်ရွာ အမျိုးသားတစ်ဦး ထိခိုက် ဒဏ် ရာ ရပါတယ်။ အလောင်းတစ်ချို့မီးရှို့သွားပြီး၊ကျန်အလောင်းများ မီးမရှို့ပါဘူး။ မြင်းဆည်ရွာမှ ဦးပေါက်စ အသက် ၆၉နှစ် ကို စစ်ခွေးတွေက ပစ်ခတ် ၀င် ရောက် စဉ် ကျည်ထိမှန်သေဆုံးပါတယ်။ ဦးပေါက်စ၏ ဇနီးသည် ပျောက်ဆုံး နေပါတယ်။ ကင်းတော်ရွာအတွင်း စစ်ခွေးတွေ ပစ်ခတ်၀င်ရောက်စဉ် ပြည်သူ နှစ်ဦး ဖြစ်တဲ့ ကိုမြင့်ကျော်သူ အသက် ၃၇ နှစ်၊ နဲ့ ဦးမောင်စန်း အသက် ၅၀နှစ် တို့ကို နေအိမ်ထဲမှာ စစ်တပ်က ပစ်သတ်သွားပါတယ်” ဟု ဒေသပြည်သူ တစ်ဦး ကဆိုသည်။", "စစ်တပ်က ဝင်ရောက်ပစ်ခတ်နေစဉ် ပျောက်ဆုံးသူများအနေဖြင့် မြင်းဆည် ကျေးရွာမှ သေဆုံးသူ ဦးပေါက်စ၏ ဇနီးသည်နှင့် လယ်ပါယ်တောရွာမှ ကိုဖိုး ပြားပါ ပျောက်ဆုံးနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/166577/
စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း၊ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၇ ဦးသေဆုံးပြီး ထိခိုက်မှုများပြား
["စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း၊ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၇ ဦးသေဆုံးပြီး ထိခိုက်မှုများပြား", "ရန်ကုန်၊ ဇွန် ၈", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးပြီး ထိခိုက်မှု အပြားအပြားရှိကြောင်း Royal Falcon Guerilla Force နှင့် စစ်ကိုင်းမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူများကရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "ယနေ့ ဇွန်လ ၈ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ကျေးရွာအုပ်စု၊ သပြေ သာကျေးရွာဘုန်းကြီးကျောင်းတွင် မြို့နယ်အဆင့် ရပ်/ကျေး ပကဖများ၊ ပအဖများ၊ PDF တပ် ဖွဲ့ ဝင် များနှင့် ဒေသနေပြည်သူအချို့ အစည်းအဝေးလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီ၏ တံတား ဦးမှ လေဆိပ်မှ တက်လာသော တိုက်လေယာဉ်ဖြင့် ဗုံးသီး ၂ လုံးကျဲချပြီး အရာတော်မြို့နယ် အတွင်း ရှိ စစ်တပ်က ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု အများ အပြားရှိ ကြောင်း သိရသည်။", "“ကျွန်တော်တို့လူတွေလည်းထိတယ်။ လူနာတွေနဲ့မို့ ခဏလေးနော်၊ နောက်မှ ပြန်ပြောပေးပါမယ်” ဟု စစ်ကိုင်းမြို့နယ်အခြေစိုက် Royal Falcon Guerilla Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ဒေသနေပြည်သူစုစုပေါင်း ၅၀ ခန့်ရှိ ကင်းထောက်လေယာဉ်ဖြင့် လာရောက် ထောက်လှမ်းပြီးနောက် တိုက်လေယာဉ်တက်လာကာ ဘုန်းကြီးကျောင်းဝန်းနေရာအနှံ့ကို ဗုံးကျဲချခဲ့ ခြင်းဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းအဆောက်အအုံအချို့လည်းထိခိုက်ပျက်စီးမှုရှိပြီး သေဆုံး၊ ဒဏ်ရာ ရရှိသူမည်မျှရှိသည်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။", "ဗုံးကျဲခံရသဖြင့် ဒဏ်ရာရရှိသူများကို နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များက ကူညီကယ်ဆယ်ခြင်း လုပ်ဆောင်နေကြောင်း၊ ထို့သို့ ကူညီကယ်ဆယ်နေချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ကင်းထောက်လှမ်းမှုရှိကြောင်း သိရသည်။", "“လေယာဉ်နဲ့က ဗုံးသီး ၂ လုံး၊ ရော့ကတ် ၁၀ ကြိမ်ခန့်ပစ်ပါတယ်။ အခု အရောတော်ကနေ ဟောင် ဝှစ်ဇာနဲ့ထုနေတာပါ။ နယ်မြေရှင်းလင်းရေးလုပ်နေဆဲပါ။ သေဆုံး ၇ ဦးအတည်ပြုလို့ရပါတယ်။” ဟု စစ်ကိုင်းတိုင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2023/04/98829/
စစ်ကိုင်းမြို့နယ်၊ အင်းစရွာနှင့် တောင်ကြားရွာမှ နေအိမ် ၄၀၀ နီးပါးကို စစ် တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူထောင်ချီ၍ စစ်ဘေးရှောင်နေရ
["စစ်ကိုင်းမြို့နယ်၊ အင်းစရွာနှင့် တောင်ကြားရွာမှ နေအိမ် ၄၀၀ နီးပါးကို စစ် တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူထောင်ချီ၍ စစ်ဘေးရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၂၂", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အင်းစကျေးရွာနှင့်တောင်ကြားကျေးရွာကို စစ်ကောင်စီတပ်များက ယမန်နေ့က စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးရာ ပြည်သူ ထောင်ချီ၍ စစ်ဘေးရှောင်နေရကြောင်း ဒေသ ပြည်သူ များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။", "ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်းမြို့နယ် တလိုင်းကျွန်းရွာမှ ထွက်လာသော အင်အား ၁၀၀ ကျော်ရှိသော စစ်တပ် စစ် ကြောင်းက အင်စရွာကို ရောက်ရှိလာခဲ့ပြီး နံနက် ၉ နာရီ ၂၅ မိနစ်အချိန်တွင် ကျေးရွာကို မီးတင်ရှို့ခဲ့ကြောင်း၊ အိမ်ခြေ ၅၀၀ ခန့်ရှိသော အင်းစကျေးရွာမှာ အိမ်ခြေ ၁၀ လုံးခန့်သာ အကောင်းကျန်ပြီး ရွာလုံးကျွတ် ပြာကျသွားကြောင်း သိရှိရသည်။", "ယင်းနောက် အင်းစရွာနှင့် ကပ်လျက် တောင်ကြားရွာမှ နေအိမ် ၁၀ လုံးကို လည်း စစ်ကောင်စီ စစ်ကြောင်းမှ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ ‌စစ်တပ်က စစ်ကြောင်းထိုးလာသော ဧပြီလ ၂၀ ရက်နေ့ ညပိုင်းမှ စ၍ စစ်ကိုင်းမြို့နယ် တလိုင်းကျွန်း၊ ညောင်ပင်ရှည်၊ အင်းစ၊‌ တောင်ကြား ၊မူးသာ၊ မန်ကျည်းကုန်း ရွာမှ ပြည်သူထောင်ချီ၍ စစ်ဘေးရှောင်နေရ ကြောင်း သိရှိရသည်။", "“စစ်ကိုင်းမြို့နယ် အင်းစရွာကို မနေ့ နံနက် ၉နာရီက စစ်တပ်က မီးရှို့တာ ရွာလုံးကျွတ်နီးပါး မီးထဲပါတယ်။ ရွာသားတစ်ယောက်ဖမ်းသွားပြီး နွားလေး ကောင် ကို သတ်သွားတယ်။ ထွန်စက်၊ဆိုင်ကယ် စပါး၊ ဂျုံ လှောင်ရုံများ မီး ထဲပါ ဆုံးရှုံးပါတယ်။ အင်းစရွာက အိမ်ခြေ ၅၀၀ လောက်ရှိတဲ့နေရာမှာ ၁၀ ဂဏန်းလောက် ကျန်တယ်။ နောက်ပြီး တောင်ကြား ကျေးရွာ ကို စစ်တပ်က ထပ်၀င်ပြီး အိမ် ၁၀လုံး ရှို့သွားတယ်။ မြင်းမူမြို့နယ်ကနေ မူးမြစ်ကူးပြီး စစ်ကြောင်းထိုးလာတာ။ ရေနည်းချိန်ဆိုတော့ မြစ်ကို အသာလေးဖြတ်ကူးပြီး နောက်ကပတ် စစ်ကြောင်း ၀င်ထိုးတာ” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/11/130375/
စစ်ကိုင်းမြို့နယ်၊ အုန်တောရွာရှိ နယ်ထိန်းအငြိမ်းစား နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု ရဲ ၃ ဦးသေဆုံး၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ် ခံရပြီး သေဆုံး
["စစ်ကိုင်းမြို့နယ်၊ အုန်တောရွာရှိ နယ်ထိန်းအငြိမ်းစား နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု ရဲ ၃ ဦးသေဆုံး၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ် ခံရပြီး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်တောကျေးရွာရှိ နယ်ထိန်းအငြိမ်းစား နေအိမ်ကို ဝင်ရောက် ပစ်ခတ်ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းမြို့နယ်၊ အုန်တောရွာရှိ နယ်ထိန်းအငြိမ်းစား လွမ်းမိုးနိုင် နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ လွမ်းမိုးနိုင်သည် လက်အားကျည်ထိမှန်ပြီး လွတ်မြောက်သွားကာ ၎င်း၏ တပည့်ဖြစ်သူ လက်နက်ကိုင် ရဲ ၃ ဦးမှာ နေရာ၌တင် သေဆုံးခဲ့ကြောင်း သိရသည်။", "လွမ်းမိုးနိုင်သည် ယခင်က နယ်ထိန်းအရာရှိ ၁ ဦးဖြစ်ပြီး လက်ရှိချိန်တွင် အငြိမ်းစားယူကာ သစ်ခိုးထုတ်ရောင်းခြင်း၊ မှုးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်း တို့ လုပ်ကိုင်နေပြီး လွမ်းမိုးနိုင်သည် ရဲတပ်ရင်း ၁၆ မှ ရဲတပ်သား ၇ ဦးကိုငွေပေး၍ ၎င်း၏ တပည့်အဖြစ် ခိုင်းစေပြီး M16 သေနတ် ကိုင်ဆောင်ထားသူ ၁ ဦး ရှိကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်၊ အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၄)၊ တပ်စု(၂)ဖြစ်သော နယ်စီးမခြား စစ်ကိုင်းသား အဖွဲ့နှင့် တောတွင်း တွတ်ပီ အဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ၊ ပဲဒက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုးဝေကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "” စိုးဝေက ကျောက်ဆည်ရွာကနေ ငါးဝယ်စားပြီးပြန်လာတုန်း လမ်းမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်။ ဆိုင်ကယ် ၂ စီးနဲ့ လာပစ်သွားတာလို့ သိရတယ်။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ သူ့မိသားစုဝင်တွေ အလောင်း လာကောက်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး စိုးဝေသည် ယခင်က ပြည်သူ့စစ် ခေါင်းဆောင် ဟောင်းဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူမျကို နှိပ်စက် သတ်ဖြတ်မှုများ ကျူးလွန်နေသူ ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/05/162669/
စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ စစ်တပ်ဂိတ် နှင့် ဆားတောင်နယ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ စစ်တပ်ဂိတ် နှင့် ဆားတောင်နယ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ မေ ၁၅", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ အကြမ်းဖက် စစ်တပ်ဂိတ်နှင့် ဆားတောင်နယ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၉ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ ချစ်လေးစံ ပရိဘောဂ ဆိုင်အတွင်း ဘန်ကာများ တည်ဆောက်ကာ အခိုင်အမာ တပ်စွဲထားပြီး လမ်းသွားလမ်းလာ ပြည်သူများကို ခြိမ်းခြောက်ကာ ဆက်ကြေး ကောက်ခံနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၅ ကျဲလုံး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Phoenix _Sagaing ၊ Young Wolf (L.P.D.F) ၊ ဆရာကျောင်း _ဒေါင်းမျိုးဆက်(PGZ) ၊ ဗိုလ်ချုပ် (ဝက်လက်) ၊ Phoenix (ဝက်လက်) ၊ ကြောင်လက်သည်း (ဝက်လက်) ၊ Unicorn Guerrilla Force ၊ Royal Falcon Guerrilla Force ၊ စစ်ကိုင်းခရိုင် အမှတ် (၇) တပ်ရင်း နှင့် နယ်မြေ ပကဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "မေလ ၁၂ ရက်နေ့တွင်လည်း စစ်ကိုင်းမြို့နယ်၊ ဆားတောင်နယ်မြေရဲစခန်းကို နံနက် ၁၀ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ထိခိုက် ပျက်စီးမှုရှိနိုင်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "တိုက်ခိုက်မှု လုပ်ဆောင်နေစဉ် အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Phoenix _Sagaing ၊ စစ်ကိုင်းမြို့နယ် ပ.က.ဖ ၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း ၊ Royal Falcon Guerrilla Force၊ Unicorn Guerrilla Force နှင့် ကြောင်လက်သည်း(ဝက်လက်)တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "Photo – စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ စစ်တပ် တပ်စွဲထားသော ဂိတ်စခန်း"]
https://yktnews.com/2024/05/161260/
စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၅ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နေထိုင်ရာ အဆောက်အဦး ဘေးကို ကျရောက်ပေါက်ကွဲခဲ့ကာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။", "“စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ အထိအခိုက် ရှိနိုင်ပေမယ့် သတင်းမရသေးဘူး” ဟု ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Phoenix _Sagaing၊ ကြောင်လက်သည်း (ဝက်လက်) ၊ Young Wolf (L.P.D.F) ၊ တောတွင်း တွတ်ပီ(L.P.D.F) ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း ၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerrilla Forceနှင့် နယ်မြေခံ ပကဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/05/163315/
စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာအနီး တပ်စွဲထားသော စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာအနီး တပ်စွဲထားသော စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ မေ ၁၉", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Generation Z Power ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား – GZP တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၁၆ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်နှင့် ညနေ ၅ နာရီ ၁၅ မိနစ် တို့တွင် စစ်ကိုင်းမြို့နယ်၊ အုန်း တောကျေးရွာ၊ စစ်ကိုင်း -မုံရွာလမ်းမပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“၂ ဦးသေပြီးတော့ ၅ ဦးဒဏ်ရာတယ်၊ သေတဲ့ ၂ ဦးကတော့ အဲဒီနေရာမှာပဲ အမိန့်စာပြန်တယ်လို့ သိရတယ်။ ကျနော်တို့ဘက်က ဒရုန်း ၂ စီးဆုံးရှုံးခဲ့တယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ ကျနော်တို့ ဗုံးချပြီးတဲ့အချိန် Jammer လွှတ်တဲ့သဘောပဲ၊ Jammer ကို မရုန်းနိုင်တဲ့အချိန်မှာ Error ဖြစ်ပြီး ကျသွားတာ။ ကျတာကတော့ မြင်ရတဲ့နေရာပဲ ဒါပေမယ့် ပြန်ကောက်လို့မရဘူး၊ အဲဒီတပ်ထဲက နယ်ခံတွေခေါ်လာပြီးတော့ အဲဒီဒရုန်း ၂ စီးကို လာကောက်သွားတာ။ စစ်ကိုင်း – အုန်းတော ကုန်း တက်နားမှာ တပ်စွဲထားတာ၊ သိပ်ကြားသေးဘူး။ တစ်လလောက်ပဲရှိသေးတယ်။ စစ်ကိုင်း – အုန်း တောမိန်းလမ်းပေါ်မှာပဲ။ ကင်းချတဲ့သဘောမျိုးတပ်စွဲထားတာ။” ဟု Generation Z Power ပြည် သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား – GZP တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြ ပြောက်ကျားတပ်ခွဲနှင့် Taw Twin Tup Pee Local PDF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/208579/
စစ်ကိုင်းမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ကားကို မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်
["စစ်ကိုင်းမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ကားကို မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်", "ရန်ကုန်၊ မတ် ၂၃", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ ၂၁ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းမြို့ပေါ်ရှိ ရွှေမင်းဝံ ၊ ပတ္တမြား ၊ နီလာဦးရပ်ကွက်တို့ မှ ပျူစောထီးများသည် ကား တစ်စီးဖြင့် စစ်ကိုင်း-မုံရွာ-ရွှေဘိုလမ်းမပေါ်တွင်ကင်းပတ်နေစဉ် ဆွမ်း ချက်ရပ်စာသင်ကျောင်းအနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားရှေ့ပိုင်းထိမှန်ခဲ့ပြီး ကားပေါ်ပါ ပျူ စောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။", "“ကားပေါ်မှာက ပျူစောထီး ၅ ယောက် ၆ ယောက်လောက်ပါမယ်။ ဆွဲတုန်းကတော့ တစ်စီးတည်းပဲ၊ ခနနေတော့ နောက်ကနေ ကား ၂ စီးထပ်ရောက်လာတယ်။ အသေအပျောက်ကတော့ ရှိနိုင်တယ်။ အတိအကျသိရဖို့ကတော့ ကျနော်တို့လည်း စုံစမ်းနေတုန်းပါပဲ၊ ထိမှန်တဲ့ ကားအင်ဂျင်အဖုံးကတော့ မိုင်းဆွဲတဲ့နေရာမှာ ကျကျန်နေခဲ့တယ်” ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။", "ဓာတ်ပုံ- ရှမ်းမြောက်တွင် မိုင်းဆွဲခံထားရသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/06/167373/
စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်နှင့်ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်နေသည့် ရွာထောင်ရပ်ကွက်မှ ပျူစောထီး မြင့်သိန်း ပစ်ခတ်ခံရပြီး သေဆုံး
["စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်နှင့်ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်နေသည့် ရွာထောင်ရပ်ကွက်မှ ပျူစောထီး မြင့်သိန်း ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇွန် ၁၂", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်နေသည့် ရွာထောင်ရပ်ကွက်မှ ပျူစောထီး မြင့်သိန်းကို ပစ်ခတ် တိုက်ခိုက်ရာသေဆုံးခဲ့ကြောင်း Burmese Revolution Force – BRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်တွင် နေထိုင်သော ပျူစောထီးမြင့်သိန်းကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မိနစ် ၂၀ ခန့်အကြာတွင် အိုးဘို နာရေးကားဖြင့် ပျူစောထီး မြင့်သိန်း၏ အလောင်းကို လာရောက် သယ်ဆောင်သွားကြောင်း သိရှိရသည်။", "“ပစ္စည်းတွေ သိမ်းဆည်းခဲ့တာ စစ်ခွေးတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာမျိုးမရှိပါဘူး။ ပျူစောထီးမြင့်သိန်းက ပြည်သူလူထုအပေါ် အကြမ်းဖက် နှိပ်စက်တာတွေရှိတယ်။ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေဖမ်းဆီး တာ မျိုးရှိတယ်။ အဲဒါကြောင့် ဝင်ရှင်းခဲ့တာ သူ့ကို ရှင်းပြီးတော့ အထိအခိုက်မရှိအောင် အမြန်ဆုတ် ခွာ လာခဲ့ပါတယ်” ဟု Burmese Revolution Force – BRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို Burmese Revolution Force – BRF တပ်ဖွဲ့၊ ဇေယျာကျီးမိုက် မင်းဒင် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/209522/
စစ်ကိုင်းမြို့ပေါ်တွင် ပြိုကျပျက်စီးနေသော နေအိမ်နှင့်အဆောက်အအုံများအောက်မှ အပုတ်နံ့များထွက်လာပြီး ကူညီကယ်ဆယ်ရေးမှာ တစ်မြို့လုံး မလွှမ်းခြုံနိုင်သေး
["စစ်ကိုင်းမြို့ပေါ်တွင် ပြိုကျပျက်စီးနေသော နေအိမ်နှင့်အဆောက်အအုံများအောက်မှ အပုတ်နံ့များထွက်လာပြီး ကူညီကယ်ဆယ်ရေးမှာ တစ်မြို့လုံး မလွှမ်းခြုံနိုင်သေး", "ရန်ကုန်၊ မတ် ၃၀", "စစ်ကိုင်းမြို့ပေါ်တွင် ပြိုကျပျက်စီးနေသော နေအိမ်နှင့်အဆောက်အအုံများအောက်မှ အပုတ်နံ့များထွက်လာပြီး ကူညီကယ်ဆယ်ရေးမှာ တစ်မြို့လုံး မလွှမ်းခြုံနိုင်သေးကြောင်း စစ်ကိုင်းမြို့တွင် ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ဒီဘက်ကို လာနိုင်တဲ့ နိုင်ရာအဖွဲ့တွေနဲ့ ဒေသပြည်သူတွေပဲ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်နေရတာ။ တရုတ်အဖွဲ့တော့လာမယ် ဘာညာတော့ကြားတယ်။ ဒါပေမယ့် မမြင်ရသေးဘူး။ အောက်မှာ ပိတ်မိနေသူတွေထဲမှာ အချိန်မီ မကယ်နိုင်လို့ သေတဲ့လူတွေလည်း သေကုန်ကြပြီ။ ပထမ အသံလောက်ပေးသေးတယ်။ နောက်တော့ ဘာသံမှ ထပ်မကြားရတော့ဘူး။ နောက်တစ်ခုက စစ်ကိုင်းတံတားအသစ်က ကားသေးနဲ့ ဆိုင်ကယ်ပဲ ပေးဖြတ်တယ်။ ကရိန်းကားကြီးတွေ ပေးမဖြတ်ဘူး။ အဲဒီတော့ ကယ်ဆယ်ရေးက အရမ်းခက်နေတယ်။ ရှိသလောက် စက်ကြီးတွေနဲ့တော့ ရတဲ့နေရာတွေ ရှင်းလင်းကယ်ဆယ်ဖို့ လုပ်ကြတယ်။ တစ်မြို့လုံးတော့ မလွှမ်းခြုံနိုင်ဘူး” ဟု ကယ်ဆယ်ရေးသမားက ရှင်းပြသည်။", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် အရေးပေါ် ကယ်ဆယ်ရေးများ လိုအပ်နေပြီး ပိတ်မိနေသူများရှိနေဆဲဖြစ်ကြောင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်းမြို့သည် ၈၀ ရာခိုင်နှုန်း ပြိုကျပျက်စီးခဲ့ပြီး ကယ်ဆယ်ရေး မလုပ်နိုင်သေးသော နေရာအများအပြားရှိနေကာ ပိတ်မိနေသူများလည်း ရှိနေဆဲဖြစ်သည်။", "လက်ရှိချိန်ထိ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးမှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေပြီး ပျက်စီးမှု အခြေအနေ၊ လူအင်အားနှင့် ကယ်ဆယ်ရေး ပစ္စည်းများ မပြည့်စုံ သောကြောင့် အရေးပေါ် ကယ်ဆယ်ရေးများ လိုအပ်နေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "“ကယ်ဆယ်ရေးက ရှိသမျှအားနဲ့ အကုန်လုံး ဝိုင်းလုပ်နေတာပါ။ ပျက်စီးမှုက အရမ်းများတော့ လူမနိုင်တာ ကယ်ဆယ်ရေး ပစ္စည်းတွေလည်း မပြည့်စုံဘူး။ စစ်ကိုင်းမြို့က တော်တော် အခြေအနေ ဆိုးနေပါတယ်။ ကယ်ဆယ်ရေးတွေ မနိုင်ဖူး ဖြစ်နေတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "မီးသတ်ဦးစီးဌာနကမူ ပိတ်မိနေသူ ၃၆ ဦးကို အား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၈၈ ဦးတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားကြောင်း သတင်းထုတ်ပြန်သည်။", "စစ်ကိုင်းမြို့ပေါ်တွင် ငလျင်ကြောင့် ပါရမီရပ်ကွက် မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း ၊ လူနေအိမ်များ ၊ ရင်ခွင်သစ် KTV ၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ.ထ.က) (၁) စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေ ကွန်ပျူတာဆိုင် ၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း ၊ မင်းလမ်းရပ်ကွက်ရှိ မြို့မဗလီ၊ မိုးကျဗလီ၊ မွှေးကြူအအေးဆိုင်၊ စက်ချုပ်ဆိုင် ၊ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုတ်ကျောင်း၊ ကုန်မာဆိုင် ၊ မိုးဇာရပ်ကွက်ရှိ ခရိုင်ပြန်ဆက်ရုံး၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ အင်ကြင်းပင်ကျောင်း၊ တကောင်းရပ်ကွက်ရှိ နေလဂျုံစက်၊ ဆေး ရွက်ကြီးပွဲရုံ၊ မြို့သစ်ရပ်ကွက်ရှိ သီလရှင်ကျောင်း၊ သကျမိတာစာသင်တိုက် သောတာပန်ရပ်ကွက်ရှိ ထွဋ်ခေါင်ကျောင်း၊ ရတနာသိင်္ခစာသင်တိုက်၊ ဇမ္ဗူဒီပကျောင်းတိုက်၊ တိုက်ဝါကြီးဘုန်းတော်ကြီးကျောင်းတိုက်တို့မှာ ပြိုကျပျက်စီးခဲ့ပြီး တစ်မြို့လုံးနီးပါး ပျက်စီးမှုများရှိနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- CJ"]
https://yktnews.com/2025/04/212291/
စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ သောက်စားမူးရူးပြီး ပြန်လာသော ပျူစောထီးများ လိုက်လာသည့် ကားကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီး အပါအဝင် ၇ ဦး သေဆုံး
["စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ သောက်စားမူးရူးပြီး ပြန်လာသော ပျူစောထီးများ လိုက်လာသည့် ကားကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီးအပါအဝင် ၇ ဦး သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၃", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ သောက်စားမူးရူးပြီး ပြန်လာသော ပျူစောထီးများ လိုက်လာသည့် ကားကို ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ မွေးနေ့ပွဲမှ သောက်စားမူးရူးပြီး ကားဖြင့် ပြန်လာသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက မင်းကွန်းဒေသ တစ်နေရာတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း ပျူစောထီး ခေါင်းဆောင် နေလင်း(ခ) ရဲဘော်ကြီး အပါအဝင် အပေါင်းအပါ ပျူစောထီး ၇ ဦး သေဆုံးခဲ့ကြောင်း၊ ၎င်းတို့ လိုက်လာသော ကားတွင် ၂ ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန်ရှိသူ အားလုံးသေဆုံးခဲ့ကာ ကားကိုလည်း မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။", "တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မင်းကွန်းမှ စစ်ကူကား ၂ စီး နှင့် စစ်ကိုင်းမြိုမှ စစ်ကူကား ၃ စီး ရောက်ရှိလာခြင်းနှင့် လက်နက်များ error ဖြစ်နေသောကြောင့် အပြီးသတ် ချေမှုန်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် နေလင်း(ခ)ရဲဘော်ကြီးသည် ရွှေကျား၏ တပည့်အရင်းဖြစ်ပြီး လက်ရှိချိန်တွင် ရွှေကျားနေရာ ကိုဆက်ခံထားသူဖြစ်ကြောင်း၊ ဘုန်းကြီး ဝေပုလ္လ ဦးဆောင်သော ပျူစောထီး အဖွဲ၏ ခေါင်းဆောင်လည်းဖြစ်ကြောင်း သိရှိရသည်။", "ဧပြီလ ၂၂ ရက်နေ့တွင် တိုက်ခိုက်မှု ဖြစ်ပွားသော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ် G3 သေနတ် ၁ လက် ၊ လက်ပစ်ဗုံး ၂ လုံး ၊ ၄၀မမ ဗုံးသီး ၂ လုံး ၊ ကျည် အနည်းငယ် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "” ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီး သေဆုံးပါတယ်။ သူအပါအဝင် ၇ ဦး သေဆုံးတယ်။ သူတို့ စီးလာတဲ့ ကားကို နယ်မြေရှင်းလင်းရေး လုပ်ပြီး မီးရှို့ ရှင်းလင်းခဲ့တယ်” ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ နှင့် အတူ Mingun PDF ၊ တိုက်နယ် ပလဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/126726/
စစ်ကိုင်းမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းနှင့် မာလဲတောပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး
["စစ်ကိုင်းမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းနှင့် မာလဲတောပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၆", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း နန်း တက်မင်း LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စစ်ကိုင်းမြို့တပ်မ ၃၃ မှ အင်အား ၇၀ ခန့်ဖြင့် ထွက် လာပြီး ဆားတောင်မြို့မှတဆင့် သိမ်ချောင်းကျေးရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်သားများကို အောက်တိုဘာလ ၁၄ ရက်နေ့အထိ ၂ ရက်ဆက်တိုက်မောင်းသူမဲ့လေယာဉ်ငယ်များ ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။", "“တပ်မ ၃၃ ကနေထွက်လာတဲ့ စစ်ကြောင်းဗျ၊ ဆားတောင်မြို့ကနေ သိမ်းကျောင်းကျေးရွာဘက်ကို စစ် ကြောင်းထိုးတာ၊ အောက်တိုဘာလ ၁၃ ရက် နဲ့ အောက်တိုဘာလ ၁၄ ရက် ၂ ရက်ဆက်တိုက် ဗုံးချခဲ့ တာပါ၊ စစ်ခွေး ၂ ကောင်သေပြီး အများအပြားဒဏ်ရာရတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်ဗျ၊ အခု လက်ရှိမှာလည်း စစ်ကြောင်းက သိမ်ကျောင်းနဲ့ ဆားတောင်ဝန်းကျင်နားမှာပဲ ရှိပါသေးတယ်ဗျ” ဟု နန်း တက်မင်း LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို နန်းတက်မင်း LPDF တပ်ဖွဲ့၊ ကြောင်လက်သည်း LPDF တပ်ဖွဲ့၊ Dynamite – 2 LPDF တပ်ဖွဲ့၊ နယ်စီးမခြား ဗိုလ်ပျံလွှား LPDF တပ်ဖွဲ့ နှင့် နယ်စီးမခြား ကိုးတောင်ကျား LPDF တပ်ဖွဲ့တို့ ပူးပေါင်းကာ Fixed Wings မောင်းသူမဲ့လေယာဉ် ၆ စီးဖြင့် ၆၀ မမ ဗုံးသီးများကို အသုံးပြုတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောပျူရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၂ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မာလဲတောပျူရွာရှိ ရွာလယ် ဘုန်း ကြီးကျောင်း၊ စာသင်ကျောင်းတို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို စစ်ကိုင်း ခရိုင်၊ တပ်ရင်း ၂ ၊ တပ်ခွဲ ၁ မှ ဦးဆောင်၍ စစ်ကိုင်းမြို့နယ်ပကဖ အဖွဲ့နှင့် ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ လည်း မာလဲပျူရွာနေရာအနှံ့အပြားသို့ ဒရုန်းဖြင့် ဗုံးသီး အလုံး ၃၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/110754/
စစ်ကိုင်းမြို့လယ်ခေါင်ရှိ လဝကရုံးကို ဖောက်ခွဲတိုက်ခိုက်၊ ကျောက်ရစ် ရဲစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး
["စစ်ကိုင်းမြို့လယ်ခေါင်ရှိ လဝကရုံးကို ဖောက်ခွဲတိုက်ခိုက်၊ ကျောက်ရစ် ရဲစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့လယ်ခေါင်ရှိ လဝကရုံးထဲဝင်ရောက်ကာ အပြင်းစား မိုင်းဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း People’s Army To Fight Dictatorship –PAFD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။", "ယမန်နေ့ဇူလိုင်လ ၁ ရက် ည ၇ နာရီ ၂၇ မိနစ်ခန့်က အကြမ်းဖက်စစ်ကောင်စီထောက်တိုင်အဖြစ်ရပ် တည်ပြီး မှတ်ပုံတင်လုပ်သည့် ပြည်သူလူထုအပေါ် မတရားငွေကြေးကောက်ခံကာ၊ လက်နက်ကိုင် အကြမ်းဖက်စစ်သားများကို လက်ခံထားသည့် လဝကရုံးအတွင်းအထိ အရဲစွန့်ဝင်ရောက်ကာ သာမန် မိုင်းထက် ယမ်းအားလေးငါးဆပိုမိုအသုံးပြုထားသော အပြင်းစား မိုင်းအကြီးဖြင့်ဖောက်ခွဲ ခဲ့ခြင်း ဖြစ် ကြောင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေ စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။", "“အဲရုံးထဲအထိဝင်ရဖို့ဆိုတာ သိပ်မလွယ်ဘူးဗျ၊ ဘာဖြစ်လို့ဆိုရင် မြို့လယ်ခေါင်လည်းဖြစ်၊ ရုံးတွေက လည်းတစ်တန်းကြီး၊ အနောက်ဘက်ထွက်မယ်ဆိုရင်တပ်မတွေက အများကြီး၊ အရှေ့ထွက်တော့လည်း တံတားပေါ်ရောက်၊ တောင်ထွက်တော့လည်း မြစ်ကြီးဆိုတော့ တော်တော်ခက်ခက်ခဲတယ်၊ အဲထဲကို စွန့်စွန့်စားစားနဲ့ အတွင်းထဲဝင်ပြီး အပြင်းစားမိုင်းအကြီးစားကြီးကို သွားချပြီး ခွဲခဲ့တာ၊ ထိခိုက် သေဆုံး ပျက်စီးမှုကတော့ မသိရသေးဘူးဗျ၊ မြို့လယ်ခေါင်ဆိုတော့ စုံစမ်းရခက်နေတယ်ဗျ” ဟု People’s Army To Fight Dictatorship –PAFD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "မိုင်းခွဲတိုက်ခိုက်ပြီးနောက် လဝကရုံးအတွင်းတပ်စွဲနေထိုင်သော အကြမ်းဖက်စစ်သားများမှ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ မိုင်းခွဲတိုက်ခိုက်ခဲ့သည့် People’s Army To Fight Dictatorship –PAFD ရဲဘော်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို မောင်းသူမဲ့ဒရုန်းဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ထံမှ သိရသည်။", "ယမန်နေ့ ဇူလိုင်လ ၁ ရက်မွန်းလဲ ၂ နာရီခန့်က အကြမ်းဖက်စစ်သား အင်အားများ ထပ်ရောက်လာပြီး စခန်းအတွင်း စုပြုံနေထိုင်ကြောင်းသတင်းအရ Sharr Do War နည်းပညာဖြင့် ထုတ်လုပ်ထားသည့် မောင်းသူမဲ့ဒရုန်း၂ စီးဖြင့် ၂ကြိမ်တိုင်တိုင် ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေ ဆုံး ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို CDSOM အနောက်ပိုင်း ၀၀၁ အဖွဲ့၊ မြောင်မြို့နယ် ပလဖ (အကြမ်းဖက်နှိမ်နှင်း ရေးအဖွဲ့)၊ မြောင် မြို့မတိုက်နယ် ပကဖ တာဝန်ခံနှင့်အဖွဲ့၊၊ စစ်ကိုင်းခရိုင်တပ်ရင်း၂ တပ်ခွဲ ၃ ၊ PDF Taloke ၊ Blood Borther အဖွဲ့၊ Bomb God အဖွဲ့၊ PDF SAINTGAING အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/03/209558/
“စစ်ကိုင်း ဆေးရုံနဲ့ မလှမ်းမကမ်းမှာတော့ သေနတ်တကားကားနဲ့ လုပ်နေတာ အင်အားက ၁၀ ဦးကနေ ၂၀ ဦးကြားဗျ။ ကမ်းနားလမ်းလည်း ပန်းခြံအကျော်မှာ အစောင့်ချပြီး ပိတ်ထားတယ်။ တကယ်ကြီးကြီးမားမား ထိခိုက်တဲ့ အဆောက်အအုံတွေဆို ရဲ၊ တပ်၊ ပျူစောထီးတွေနဲ့ ပိတ်ထားပြီး သာမန်အမှိုက်ရှင်းသလို လုပ်နေတယ် “
["စစ်ကိုင်းမြို့သို့ ရောက်ရှိနေသူတစ်ဦး ဆက်သွယ်မေးမြန်းခြင်း", "By ရန်ကုန်ခေတ်သစ်", "စစ်ကိုင်းမြို့သည် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသော်လည်း ယမန်နေ့ မတ်လ ၃၀ ရက်နေ့ အထိ ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိရန် အခက်အခဲရှိနေပြီး ပိတ်မိနေသူများကို ရှာဖွေကယ် ဆယ်ရန် အခက်အခဲများစွာ ကြုံတွေ့နေရဆဲဖြစ်သည်။စစ်ကိုင်း၏ အခြေအနေများနှင့်ပတ်သက်၍ အဆိုပါမြို့တွင် ရောက်ရှိနေသူ တစ်ဦးကိုရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားသည်။", "မေး။ ။ စစ်ကိုင်းမြို့ရဲ့ လက်ရှိ နောက်ဆုံးအခြေအနေ သိချင်ပါတယ်။", "ဖြေ။ ။ စစ်ကိုင်းမြို့ပေါ်မှာတော့ စည်ပင်နဲ့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေကပဲ အပျက်အစီးတွေကို ဒိုင်ခံရှင်းနေကြရတယ်ဗျ။ ရပ်ကွက်အခြေပြု လူမှုကူညီရေးအဖွဲ့တခုကပြောတာတော့ တခြားနေရာတွေက ကယ်ဆယ်ရေးအဖွဲ့တွေ မလာတဲ့အပြင် ရှိတဲ့အဖွဲ့တွေကတောင် ရွာတွေခွဲပြီး ဆင်းကူရတယ်လို့ ပြောတယ်ဗျ။ စစ်ကိုင်းမှာ သူတို့ရှိတဲ့စာရင်းအရတော့ ငလျင်ကြောင့် ၁၆၄ လောင်း သဂြိုလ်ခဲ့ရတယ်လို့ ပြောတယ်ဗျ။", "စစ်ကိုင်းတောင်မှာတော့ ငလျင်ကြောင့် ထိခိုက်တာတွေများတယ်။ မရှင်းနိုင် မထုတ်နိုင်သေးဘူးလို့ပြောတယ်ဗျ။ စစ်ကိုင်းဘက်မှာ ကုန်ကားတွေ အများကြီး ပိတ်မိနေတယ်ဗျ။ စစ်ကိုင်းတံတားအသစ်က အိမ်စီးကား သုံးဘီး ဆိုင်ကယ်တော့ ပေးဖြတ်တယ်ဗျ။ အခုမနက်မှ စခွင့်ပြုတာပြောတယ်ဗျ။ လုံးဝမပြိုကျတဲ့အဆောက်အအုံတွေကလည်း နေဖို့တော့မသင့်ဘူးဗျ။", "မေး။ ။မြို့ပေါ် ကယ်ဆယ်ရေးအခြေအနေကော။", "ဖြေ။ ။ ကြက်ခြေနီက ထမင်းထုပ်တွေ ဝေနေတာပဲတွေ့ရတယ်ဗျ။ အပျက်အစီးတွေ ပြိုကျအဆောက်အအုံတွေကိုလည်း စည်ပင်နဲ့ ဒေသခံ လူမှုကူညီရေးအသင်းတွေကပဲ ရှင်းနေကြပုံရတယ်ဗျ။ သေချာတာကတော့ စနစ် တကျလေး ကျင့်ပေးထားသူတွေ မပါသလောက်ပဲဗျ။ စစ်ကိုင်းတမြို့လုံးနီးပါးရောက်ခဲ့ပါတယ်။", "မေး။ ။ ကယ်တင်လွတ်မြောက်လာသူတွေရောရှိလား။", "ဖြေ။ ။ ကယ်တင်လွတ်မြောက်တော့ မမေးမိဘူးဗျ။ ဖြစ်သင့်တာထက် နည်းမယ်လို့ပဲ ခန့်မှန်းမိတယ်ဗျ။", "မေး။ ။ စစ်ကိုင်းစစ်ကောင်စီဘက်က ဘာတွေလုပ်ပေးနေတာမြင်ခဲ့လဲ။", "ဖြေ။ ။ လမ်းပိတ်….။ ဟိုမဖြတ်ရ ဒီမဖြတ်ရ တားထားတာတွေဗျ။ ဆေးရုံသွားမယ့် ဝန်ထမ်းတွေတောင် သူတို့ဆေးရုံသွားမယ့်အကြောင်း ဝန်ထမ်းဖြစ်ကြောင်း အတော်လေး ပြောရတယ်ဗျ။", "မေး။ ။စစ်ကိုင်းတမြို့လုံး ပိတ်ဆို့ထားတာမျိုးလား။", "ဖြေ။ ။ တမြို့လုံးတော့ မဟုတ်ဘူးဗျ။ သူတို့ ဖုံးကွယ်ချင်တဲ့နေရာတွေ အဓိကဖြစ်မယ်ဗျ။ ပြီးတော့ တကယ်ကြီးကြီးမားမား ထိခိုက်တဲ့ အဆောက်အအုံတွေဆို ရဲ၊ တပ်၊ ပျူစောထီးတွေနဲ့ ပိတ်ထားပြီး သာမန်အမှိုက်ရှင်းသလို လုပ်နေတယ်ဗျ။ သူတို့ ပုံမှန်နေရာယူနေကျ နေရာတွေအပြင် ကြီးကြီးမားမားထိခိုက်တဲ့ အဆောက်အအုံတွေ လူအသေအပျောက်ရှိနိုင်တဲ့ အဆောက်အအုံတွေရဲ့ လမ်းထိပ်တွေမှာဗျ။", "မေး။ ။ တပ်အင်အား၊ ရဲအင်အား၊ ပျူအင်အား ဘယ်လောက်မြင်ခဲ့လဲ။ တမြို့လုံးအနေအထားပေါ့။", "ဖြေ။ ။ ဆေးရုံနဲ့ မလှမ်းမကန်းမှာတော့ သေနတ် တကားကားနဲ့ လုပ်နေတာ ၁၀ကနေ ၂၀ကြားဗျ။ နောက် တနေရာမှာလည်း နှစ်ဖက်ပေါင်း ၅၀ ဝန်းကျင်ရှိမယ်ဗျ။ သူတို့ဘက်ကတော့ အင်အား အပြည့်ပဲ ။ မကယ်ဘဲ လုံခြုံရေးယူထားတာက အင်အားမလျှော့ဘူးဗျ။ ရစ်တဲ့ ငွေရှာတဲ့ ဒီဂရီကိုသာ မတတ်သာလို့ လျှော့ထားရတဲ့ပုံဗျ။", "မေး။ ။ တပ် ရဲ နဲ့ ပျူတွေဘက်က ရှာဖွေကယ်ဆယ်ရေး ဝင်လုပ်တာမျိုးကော တွေ့ရလား။", "ဖြေ။ ။ မတွေ့ဘူးဗျ။ လုံခြုံရေးယူပေးတာမျိုးဘဲ တွေ့တယ်ဗျ။", "မေး။ ။သူတို့နားထိ သွားခဲ့သေးလား သူတို့ဘက်က စစ်ဆေးမေးမြန်းတာမျိုးရှိလား ဘာလို့လုံခြုံရေးချထားတယ်လို့မြင်လဲ။", "ဖြေ။ ။ ပြည်သူတွေကတော့ သူတို့ကို ရွံကြောက်ပဲဗျ။ ဘာလို့ လုံခြံရေးထားလဲဆိုရင် သူတို့ အာဏာ တည်မြဲရေးနဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ပဲဖြစ်ရမယ်ဗျ။ ဥပမာ ထိခိုက်မှုကို လိမ်ဖို့…..။ မသေမရှင်ဖြစ်နေနိုင်သူတွေကိုလည်း", "အသက်ရှင်ခြင်း မရှင်ခြင်းထက် လူမသိဘဲ သူတို့ ရှင်းထုတ်နိုင်ဖို့ဘဲ ဖြစ်မယ်ဗျ", "မေး။ ။ စစ်ကိုင်းမြို့ထိခိုက်မှုအနေအထားကရော။", "ဖြေ။ ။၈၀ ရာခိုင်နှုန်းက ထိခိုက်တာဖြစ်နိုင်တယ်။ ပြိုကျနေတာတွေက ပြိုကျတော့မှာတော့ မဟုတ်လောက်ဘူးဗျ။", "မေး။ ။ အပုပ်နံ့တွေ ရခဲ့သေးလား။", "ဖြေ။ ။ အပုပ်နံ့တော့ မရခဲ့ဘူးဗျ။ (လူတွေလည်း) ကြည့်ကို မကြည့်အားကြတော့ဘူးဗျ။ သူတို့လည်း တထိတ်ထိတ်နဲ့ဗျ။ ကူဖို့ကလည်း မလွယ်လောက်ဘူး၊ ပျူနဲ့ စစ်ခွေး၊ ရဲခွေးက မှတ်ထားပြီး ပြဿနာရှာနိုင်သလို အ ဆောက် အဦးပျက်တွေကို ဖယ်ဖို့ကလည်း မလွယ်ဘူးဗျ။ ဆေးရုံးနဲ့ မလှမ်းမကမ်းမှာတော့ သေနတ်တကားကားနဲ့ လုပ်နေတာ ၁၀ကနေ ၂၀ကြားဗျ။ ကမ်းနားလမ်းလည်း ပန်းခြံအကျော်မှာ အစောင့်ချပြီး ပိတ်ထားတယ်ဗျ။", "ဓာတ်ပုံ – စစ်ကိုင်းမြို့မဗလီ၊ မြို့တော်ဗလီ၊ မိုးကျဗလီဝတ်ကျောင်းတော်များ ငလျှင်ဒဏ်ကြောင့်ပြိုကျမှုကြောင့်သေဆုံးခဲ့ရသူတချို့၏အလောင်းများ။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2025/03/209527/
စစ်ကိုင်းမြို့သို့ လာသည့် ကယ်ဆယ်ရေး ယာဉ်တန်းကို PDF က မိုင်းဆွဲဆိုသည့် မဟုတ်မမှန် သတင်းအမှားများကို စစ်လော်ဘီများက ဖြန့်ချိ ဝါဒဖြန့်နေဟု မြင်းမူ PDF ပြောဆို၊ စစ်လော်ဘီများက သတင်းအမှားများကို တောက်လျှောက် ဖြန့်ချိနေ
["စစ်ကိုင်းမြို့သို့ လာသည့် ကယ်ဆယ်ရေး ယာဉ်တန်းကို PDF က မိုင်းဆွဲဆိုသည့် မဟုတ်မမှန် သတင်းအမှားများကို စစ်လော်ဘီများက ဖြန့်ချိ ဝါဒဖြန့်နေဟု မြင်းမူ PDF ပြောဆို၊စစ်လော်ဘီများက သတင်းအမှားများကို တောက်လျှောက် ဖြန့်ချိနေ", "ရန်ကုန်၊ မတ် ၃၀", "စစ်ကိုင်းမြို့သို့ လာသည့် ငလျင်ကယ်ဆယ်ရေး ယာဉ်တန်းကို မြင်းမူမြို့နယ်တွင် PDF က မိုင်းဆွဲဆိုသည့် မဟုတ်မမှန် သတင်းအမှားများကို စစ်လော်ဘီများက ဖြန့်ချိ ဝါဒဖြန့်နေကြောင်း မြင်းမူ PDF တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယခင် ၂၀၂၂၂ ခုနှစ်ကာလ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးမစ်ရှင်မှ ရုပ်သံ၊ ဓာတ်ပုံများကို ယူသုံးပြီး စစ်လော်ဘီများနှင့် စစ်တပ်လိုလားသော တယ်လီဂရမ်ချန်နယ်များက ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများ ဖြန့်ချိလာနေကြောင်း ၎င်းကဆိုသည်။", "ထိုသို့ အများပြည်သူ ဒုက္ခရောက်နေချိန်တွင် အကြမ်းဖက် စစ်တပ်၏ လော်ဘီများသည် ပြည်သူများကို သတင်းမှားများဖြန့်ဝေ၍ တော်ရေးတပ်ဖွဲ့ဝင်များ အပုတ်ချနေခြင်းဖြစ်ကြောင်း မြင်းမူ PDF မှ တာဝန်ရှိသူ တစ်ဦးက တုံ့ပြန်ပြောဆိုသည်။", "“ကျနော်တို့ မိုင်းဆွဲ တိုက်ခိုက်တာလည်း လုံးဝမရှိပါဘူး။ ဖြစ်စဉ်လည်းမရှိဘူး။ ဒီလောက်ထိ ပြည်သူတွေ ခံစားနေရတဲ့အချိန်မှာတောင် စစ်ရေးပဲကြည့်ပြီး အပုတ်ချနေတာတော့ ခွေးကတော့ ခွေးစရိုက် အတိုင်းပါပဲ” ဟု မြင်းမူ PDF မှ တာဝန်ရှိသူ တစ်ဦး ပြောဆိုသည်။", "ထို့ပြင် မုံရွာ မြို့ ဗောဓိတထောင်တွင် ငလျင်ကြောင့် ပြိုပျက်နေသည့် အဆောက်အဦးများတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်နေသူများကို ဒရုန်းဖြင့် PDF ဗုံးကျဲသည်ဆိုသော သတင်းအမှားများကိုလည်း တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် စစ်လော်ဘီများက ဖြန့်ချိလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/210578/
စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော “စစ်ကိုင်းငလျင်” ကို “မန္တလေးငလျင်” ဟု စစ်ကောင်စီက အမည်သတ်မှတ်လိုက်ပြီး မီဒီယာများကိုပါ သုံးနှုန်းရန် ဖိအားပေးလာ
["စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော “စစ်ကိုင်းငလျင်” ကို “မန္တလေးငလျင်” ဟု စစ်ကောင်စီက အမည်သတ်မှတ်လိုက်ပြီး မီဒီယာများကိုပါ သုံးနှုန်းရန် ဖိအားပေးလာ", "ရန်ကုန်၊ ဧပြီ ၇", "စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကို “မန္တလေးငလျင်ကြီး” ဟု ခေါ်ဝေါ်ရန် စစ်ကောင်စီက အမည် သတ်မှတ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ထုတ်ပြန်ပြောဆိုသည်။", "စစ်ကောင်စီက မန္တလေးငလျင်ကြီး ဟု အမည်ပေးထားသော်လည်း လက်တွေ့တွင် ငလျင်မှာ စစ်ကိုင်းမြို့အနီးကို အဓိကဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်းဖြစ်သည်။", "မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာမြေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် လူသေဆုံးမှုများနှင့် ပျက် စီးဆုံးရှုံးမှုများစွာ ကြုံတွေ့ရပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ယင်းငလျင်ကို မန္တလေး ငလျင်ကြီးဟု ခေါ်ဝေါ် သုံးစွဲရန် သတ်မှတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။", "သတင်းမီဒီယာများအနေဖြင့်လည်း စစ်ကောင်စီက သတ်မှတ်ထားသည့်အတိုင်း မန္တလေး ငလျင်ကြီးဟု သာ သုံးစွဲရန်လည်း ဇော်မင်းထွန်းက ဖိအားပေးခြိမ်းခြောက်သည်။", "“မီဒီယာများအနေနဲ့ကလည်း ငလျင်ကြီးကို ရည်ညွှန်းခေါ်ဆို သုံးစွဲရေးသားရာမှာ မန္တလေးငလျင်ကြီးလို့ ရေးသားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။", "ပြည်တွင်းနှင့်ပြည်ပ ငလျင်ကျွမ်းကျင်ပညာရှင်များက မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်မှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် အဓိက လှုပ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း၊ စစ်ကိုင်းမြို့အနီးကို အဓိက ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သတင်း များထုတ်ပြန်ပြောဆိုခဲ့ကြသည်။", "စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် လက်ရှိအချိန်အထိ လူအနည်းဆုံး ၃၅၀၀ ကျော်သေဆုံးခဲ့ပြီး ထောင်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "(ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်၍ စစ်ကိုင်းငလျင်ဟုသာ သတင်းများဖော်ပြရာတွင် သုံးစွဲသွားပါမည်။)"]
https://yktnews.com/2025/04/209683/
စစ်ကိုင်းမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ဟု USGS က သတင်းထုတ်ပြန်
["စစ်ကိုင်းမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ဟု USGS က သတင်းထုတ်ပြန်", "ရန်ကုန်၊ ဧပြီ ၁", "စစ်ကိုင်းမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒ ငလျင်စောင့်ကြည့်ရေးအဖွဲ့ -USGS က သတင်းထုတ်ပြန်သည်။", "ယနေ့ ဧပြီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၄၁ မိနစ်အချိန်တွင် ယင်းကဲ့သို့ မြေငလျင်လှုပ်ခတ်သွားခြင်းဖြစ်ပြီး စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၄ ကီလိုမီတာ အကွာကို ဗဟိုပြု၍ မြေငလျင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ငလျင်လှုပ်တာ တော်တော်ကြမ်းတယ်။ ကျနော်တို့ အိမ်အပြင်မှာ ခြင်ထောင်ထောင်ပြီး ထွက်အိပ်နေတာ။ အားလုံး လန့်နိုးကုန်ကြတယ်။ ၄ ရက်ရှိနေပြီ။ ညတိုင်း ငလျင်က ဖြည်းဖြည်းလှုပ်တာနဲ့ ကြမ်းကြမ်းလှုပ်တာပဲကွာတယ်။ ညတိုင်း လှုပ်နေတာ” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ပျက်စီးဆုံးရှုံးမှုများ များစွာ ဖြစ်ပေါ်နေပြီး လူထောင်ချီ သေဆုံးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- နောက်ဆက်တွဲ ငလျင်များကို စိုးရိမ်၍ လမ်းမများပေါ် ထွက်၍ အိပ်နေရသည့် မန္တလေးမှ ပြည်သူများ။"]
https://yktnews.com/2023/05/101081/
စစ်ကိုင်းမြို့၊ ဆွမ်းချက် ရပ်ကွက်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["စစ်ကိုင်းမြို့၊ ဆွမ်းချက် ရပ်ကွက်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မေ ၅", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ဆွမ်းချက်ရပ်ကွက်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Truth Keeping Force (အမရပူရ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၅ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ဆွမ်းချက်ရပ်ကွက်ရှိ အိုးအိမ်တိုက်တန်းတွင် လာရောက် ပုန်းရှောင်နေသည့် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ သီဟထွန်း ကို တော်လှန်ရေး အင်အားစုများက သေနတ်ဖြင့် ၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော သီဟထွန်းသည် စစ်ကိုင်းမြို့နယ် အတွင်းရှိ ရွာသစ်ကြီးကျေးရွာ၊ မတောင့်တ ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ရွာသစ်ကြီး တိုက်နယ် အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထိုးခြင်း နှင့် တော်လှန်ရေး ရဲဘော်များ၊ အပြစ်မဲ့ ပြည်သူများ ဖမ်းဆီး ခံရမှုတွင် အဓိက ပါဝင်သော တရားခံဖြစ်ကြောင်း၊ ယခင်ကလည်း ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ မှုခင်းများ ထောက်လှမ်းသည့်အလုပ် လုပ်ကိုင်ခဲ့ကာ လက်ရှိချိန်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး ဒလန် လုပ်နေသူဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Truth Keeping Force (TKF,amra) နှင့် လင်းလက်ကြယ် (UG) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Truth Keeping Force (အမရပူရ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/01/81639/
စစ်ကိုင်းမြို့၊ ထုံးဘိုရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို မီးရှို့ သတ်ဖြတ်
["စစ်ကိုင်းမြို့၊ ထုံးဘိုရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို မီးရှို့ သတ်ဖြတ်", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထုံးဘိုရွာကို စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့မှုကြောင့် နေအိမ် ၁၅ လုံး ပြာကျခဲ့ပြီး ပြည်သူ ၁ ဦးကိုလည်း ရက်ရက် စက်စက် သတ်ဖြတ်သွားကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အမှတ်-၃ ကားလမ်းပေါ်မှ ခြေလျင်တက်လာသော အကြမ်းဖက် စစ်တပ်မှ စစ်သားများသည် စစ်ကိုင်းမြို့နယ်၊ ထုံဘိုရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံးနှင့် ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ကျောင်းဆောင် ၂ ဆောင်လည်း မီးလောင်ပြာကျသွားကြောင်း၊ ကျေးရွာနေ ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။", "” ထုံးဘိုရွာကို စစ်ခွေးတွေက နံနက် ၁၀ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်လာတာ ပြည်သူ ကာကွယ်ရေးအဖွဲ့နဲ့ ခဏတော့ ပစ်ခတ်မှုဖြစ်ပြီး လက်နက် အင်အားမမျှလို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်။ အဲအချိန်မှာပဲ စစ်ခွေးတွေက ရွာထဲထိ ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံးကို မီးရှို့ ဖျက်စီးသွားတယ်။ နောက်ပြီး ဘုန်းကြီးကျောင်းဝင်းထဲက ကျောင်းဆောင် ၂ ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ကျေးရွာနေ ပြည်သူ ၁ ဦးကိုလည်း ခြေတွေ လက်တွေ ဖြတ်ပြီး အရှင်လတ်လတ် မီးရှို့သတ်သွားတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထုံးဘိုကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူကို သတ်ဖြတ်ခဲ့သော စစ်ကြောင်း သည် ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းမြို့ရှိ အမှတ် ၃၃ စစ်တပ် မှ ထွက်လာသော စစ်ကြောင်း ဖြစ်​ကြောင်း သိရသည်။"]
https://yktnews.com/2024/03/151935/
စစ်ကိုင်းမြို့၊ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ စစ်ယာဉ်တန်းနှင့် ကင်းပုန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["စစ်ကိုင်းမြို့၊ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ စစ်ယာဉ်တန်းနှင့် ကင်းပုန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၂၁", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ ထွက်လာသော စစ်ယာဉ်တန်းနှင့် ကင်းပုန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Moe Nyo Revolution Force MNRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၀ ရက်နေ့ နံနက် ၄ နာရီ ၇ မိနစ်ခန့်တွင် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ ထွက်လာသော စစ်ကား ၄ စီးပါ ယာဉ်တန်းမှ ရှေ့ဆုံးက ထွက်လာသည့် စစ်ကား ၁ စီးကို ကန်ဖျားဇရပ်နှင့် ထီးဆောင်း အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကျန်ကား ၃ စီး သည် ရှေ့ဆက် မတိုးရဲဘဲ ကားပေါ်ပါလာသည့် စစ်သားများကို ညောင်ပင်ဝန်းတွင်ချပြီး စစ်ကိုင်းမြို့ဘက်ကို ပြန်လည် မောင်းနှင်သွားကြောင်း သိရသည်။", "မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ပြန်လှည့်သွားသော စစ်ကား ၃ စီးသည် မှာစစ်ကိုင်းမြို့ဘက်မှ စစ်သားများ ထပ်မံ တင်ဆောင်လာပြီး မြင်းမူဘက်ကို ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကန်ဖျားဇရပ်အနီးတွင် မိုင်း ၆ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "တော်လှန်ရေး ရဲဘော်များက မိုင်းများ မပေါက်ကွဲမည်ကို စိုးရိမ်သောကြောင့် ကားလမ်းနှင့်အနီးဆုံး အထိတတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပြန်အဆုတ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းနှင့် တွေ့ကာ လက်ဦးမှုရယူပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အထိခိုက်မရှိ ထိုးဖောက်ကာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ရဲဘော်တွေ မျက်မြင်အရ စစ်သား ၃ ကောင်လဲကျတာ မြင်ရပြီး ခရီးသွား ပြည်သူတစ်ဦး ပြောပြချက်အရ အရပ်ဝတ် စစ်‌သား အလောင်း ၃ လောင်းကို ကားပေါ်တင်ပြီး စစ်ကိုင်းမြို့ဘက် ပြန်လည် မောင်းနှင်သွာလို့ သိရတယ်။ စစ်ခွေးတွေက တိုက်ခိုက်ခံရပြီးတဲ့ နောက်မှာ ညောင်ပင်ဝန်းနဲ့ ထီးဆောင်း အကြား ကားလမ်းပေါ်မှာ အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ခဲ့တယ်” ဟု Moe Nyo Revolution Force MNRF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force MNRF ၊ PENTAGRAM (ငါးထောင့်ကြယ်) ၊ People Revolution Force Kyaukse တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/94621/
စစ်ကိုင်းမှ ပြည်သူ ၆၀ နီးပါးကို ခေါင်းဖြတ် သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ခမရ ၇၀၈ တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင် ဦးဆောင် ကျူးလွန်
["စစ်ကိုင်းမှ ပြည်သူ ၆၀ နီးပါးကို ခေါင်းဖြတ် သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ခမရ ၇၀၈ တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင် ဦးဆောင် ကျူးလွန်", "မုန်တိုင်ပင်ကျေးရွာမှ ၂၉ ဦး ၊ တာတိုင်ရွာမှ ၁၇ ဦး ၊ လက္ကာကျေးရွာမှ လူငယ် ၇ ဦး ၊ PDF ၄ ဦးတို့ အပါအဝင် အနည်းဆုံး ၅၇ ဦးကို သတ်ဖြတ်ခဲ့", "ရန်ကုန်၊ မတ် ၂၄", "အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ တိုက်ကြီးမြို့နယ်အခြေစိုက် ခမရ ၇၀၈ မှ ဒုတိယဗိုလ်မှူကြီး ထွန်းလင်းအောင် ဦးဆောင်သော ဘီ လူး စစ်ကြောင်းက မုန်တိုင်ပင်ကျေးရွာမှ ၂၉ ဦး ၊ တာတိုင်ရွာမှ ၁၇ ဦး ၊ လက္ကာကျေးရွာမှ လူငယ် ၇ ဦး၊ PDF လူငယ် ၄ ဦး အပါအဝင် ပြည်သူ ၆၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုများ ကျူးလွန်ခဲ့သည့် စစ်ကြောင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။", "ခမရ ၇၀၈ က ကျူးလွန်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု", "=====================================", "အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အုပ်ချုပ်ရေး‌ ကြေညာ ပြီးနောက် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင် ဦးဆောင်သည့်စစ်ကြောင်းကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲ စေလွှတ်ခဲ့ပြီး တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးကို သတ်ဖြတ်မှု ၊ ကန်တော်ကျေးရွာတိုက်ပွဲမှ PDF ရဲဘော် ၄ ဦးကို ခေါင်း ဖြတ် သတ်မှု ၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ မြင်းမူမြို့နယ်၊ လက္ကာ ကျေး ရွာတွင် ပြည်ကြီးတံခွန် ဆရာတော်ကို ဖမ်းဆီးခြင်း (သတ်ဖြတ်ခံလိုက်ရ ပြီဟု သိရှိရ) ၊ လူငယ် ၇ ဦးကို သတ်ဖြတ်၍ မြစ်ထဲသို့ အလောင်း များ မျှော လိုက်ခြင်း စစ်ရာ ဇဝတ်မှုများ ကျူးလွန်ခဲ့သည်။", "ယင်း ခမရ ၇၀၈ စစ်ကြောင်းသည် ၂၀၂၂ ခုနှစ် မေလအတွင်း မုန်တိုင်ပင် ကျေး ရွာမှ ပြည်သူ ၃၀ နီးပါးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သော စစ် ကြောင်း ဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင် ဦးဆောင်ခဲ့ကြောင်း အမျိုး သား ညီညွတ်ရေးအစိုးရ၊ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တရားဝင် သတင်း ထုတ်ပြန်သည်။", "လူသတ် စစ်ကြောင်းမှာ ဘယ်သူတွေပါဝင်နေလဲ", "===========================", "စစ်ကိုင်းတိုင်း မြေပြင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆို ချက် အရ ခမရ ၇၀၈ တပ်ရင်း၏ ဘီလူးစစ်ကြောင်းတွင်", "၁- ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင်", "၂- ဗိုလ်မှူး ရောင်ခြည်ဦး", "၃-ဗိုလ်မှူး သန့်ဇင်", "၄-ဗိုလ်ကြီးအောင်ဟိန်းဦး", "၅-တကပ်ကြပ်ကြီးဇော်ဌေး", "၇-ဒုတပ်ကြပ်ကြီး ဌေးလွင်ဦး", "၈-တပ်သား ရဲလွင်ဦး", "၉-တပ်သား သန်းဇော်", "၁၀-တပ်သား ရဲမင်းပိုင်", "၁၁-တပ်သား ဖိုးကျော်ရင်", "၁၂-တပ်ကြပ်မျိုးဇော်", "၁၃-တပ်ကြပ် ကြည်ငြိမ်း", "၁၅-ဒုတပ်ကြပ်ဆန်းဦး", "၁၆-ဒုတပ်ကြပ် ထွန်းထွန်းနိုင်", "၁၇-တပ်သားမျိုးလှိုင်ထွေး", "၁၈-တပ်သား အောင်ကျော်သူ", "၁၉-တပ်သားဇာနည်ထွန်း", "၂၀- တပ်ကြပ် သိန်းဇော်", "၂၁-ဒုတပ်ကြပ် ဆန်းထိုက်အောင်", "၂၂-တပ်သားစံရွှေမြင့်", "၂၃-တပ်သား အောင်ထိုက်", "၂၄-တပ်သားညီညီစိန်", "၂၅-တပ်သား သန့်ထွန်းအောင်", "၂၆-ဒုတပ်ကြပ် ကျော်မင်းဒင်", "၂၇-ဒုတပ်ကြပ်မောင်နိုင်", "၂၈-တပ်သားနေဝင်းစိုး", "၂၉-ခွဲတပ်ကြပ်လှထွန်းအောင်", "၃၀-တပ်ကြပ်အီလျံ", "၃၁-ဒုတပ်ကြပ်ရန်နိုင်", "၃၂-တပ်သားခွန်မြင့်", "၃၃-တပ်သားကျော်ထင်", "၃၄-တပ်သားမျိုးကိုကို", "၃၅-တပ်သားအောင်အောင်", "၃၆-တပ်ကြပ်ကြီး တင်လှိုင်", "၃၇-တပ်ကြပ်အေးလွင်", "၃၈-တပ်ကြပ် ဆန်စွက်", "၃၉-ဒုတပ်ကြပ်ဝင်းဇော်ဦး", "၄၀-တပ်သား မောင်မောင်ကျော့်", "၄၁-တပ်ကြပ်စိုးလင်း", "၄၂-ဒုတပ်ကြပ်တင်ထွန်းဦး", "၄၃-တပ်သားကျော်မင်းဆန်း", "၄၅-တပ်သားရဲထွန်းနိုင်", "၄၆-တပ်သားအောင်ကိုမင်း", "၄၇-တပ်သား စောလင်း", "၄၈-တပ်သားမျိုးထက်", "၅၀-တပ်ကြပ်ကြီး သန်းအောင်", "၅၁-တပ်ကြပ်ခင်မောင်ထွန်း", "၅၂-တပ်သားအောင်အောင် (၁)", "၅၃-တပ်သားလှမင်းနိုင်", "၅၄-တပ်သား၀ိုင်းအောင်", "၅၅-တပ်သားစိုးလွင်", "၅၆-တပ်သားကျော်ထက်", "၅၇-တပ်သားဇင်ကို", "၅၈-တပ်ကြပ်ကြီးကျော်ထွန်း", "၅၉-တပ်ကြပ်ဇော်မိုး", "၆၀-တပ်ကြပ် လှိုင်ကြည်", "၆၁-တပ်သားဇင်မင်းထက်", "၆၂-တပ်သား မင်းမင်းဦး", "၆၃-တပ်သား တင်ထွန်းအောင်", "တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦး သတ်ဖြတ်ခံရမှု", "=============================", "စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦး အနက်မှ အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အမျိုးသား ၁၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်းတို့ကို စစ်တပ်က မတ်လ ၂ ရက်နေ့ တွင် ကျူးလွန်ခဲ့သည်။", "တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးကို သတ်ဖြတ်ခဲ့သော စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းဖြစ်ပြီး တာတိုင်ကျေးရွာသို့ ဝင်ရောက်စီးနင်းခြင်းမပြုမီ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ ကန်တော်တိုက်ပွဲတွင် ဒဏ်ရာရထားသည့် PDF ရဲဘော် ၄ ဦးကို ရက်ရက်စက်စက်ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။", "ယင်းနောက် မတ်လ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် ၊ တာတိုင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်။ မတ်လ ၂ ရက်နေ့ စစ်ကောင်စီဝင်များ တာတိုင်ကျေးရွာမှာထွက်ခွာသွားချိန်တွင်မူ တာတိုင်ကျေးရွာမှ ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်မိုင်ကယ်(ခ) ကိုကျော်ဇော၏ ရုပ် အလောင်းကို တွေ့ရှိခဲ့ပြီး ခေါင်း ခြေ၊ လက် စသည်များကို ဖြတ်တောက်၍ ဗိုက်ဖောက်ထုတ်ကာ ကိုယ်တွင်းကလီစာများကို ခန္ဓာကိုယ်ပေါ် တင်ထားခဲ့ခြင်းဖြစ်သည်။", "PDF ရဲဘော် မိုက်ကယ်ကို သတ်ဖြတ်ပြီးနောက် တာတိုင်ကျေးရွာမှ ဒေသခံပြည်သူ ၁၇ ဦးကို မတ်လ ၂ ရက်နေ့ တာတိုင်ကျေးရွာမှာ ပြန်လည်ထွက်ခွာချိန်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။", "စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းခံရသည့် ပြည်သူများမှ ဦးကျော်ကျော်၊ ဦးချစ်ကောင်း၊ ဦးကျော်စိုး၊ ဦးစိုးနိုင်၊ ဦးလင်း၊ ဦးထွန်း၊ ဦးအောင်အောင်၊ ကိုရဲလင်းအောင်၊ ဦးသိန်းထိုက်၊ ကိုဇော်ဖြိုး၊ ဦးကျော်မိုး(ခ) ဦးထီလာ၊ ကိုနိုင်လင်းအောင် (ခ) ရာဟု၊ ဦးဝင်းဌေး၊ ဒေါ်ပန်းသွယ်၊ဒေါ်ပန်းနွယ်၊ ဒေါ်ဆွေဆွေဦး တို့ဖြစ်သည်။", "စစ်တပ်က ပြည်သူ ၇၀ ဦးကျော်ကို ဘုန်းကြီးကျောင်းထဲ ဖမ်းခေါ်ကာ စုစည်းပြီး ရိုက်နှက်ခဲ့ကြပြီး စစ်ကြောင်း ပြန်လည်ထွက်ခွာချိန်မှာ အားလုံး ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။ လွတ်လာချိန်တွင် အဖမ်းခံခဲ့ရသော ပြည်သူအားလုံး ကြောက်လန့် တုန်လှုပ်နေကြသည်။", "ဖမ်းဆီးသွားသည့် ပြည်သူများထံမှ ကိုထွန်းထွန်း၊ ကိုစိုးနိုင်၊ ကိုကျော်စိုး၊ ကိုလင်းနှင့် ကိုကျော်ကျော်တို့၏ ရုပ်အလောင်းများကို မတ်လ ၂ ရက်‌နေ့ နေ့လယ် ၁၂ နာရီတွင် ညောင်ရင်းကျွန်းပေါ် သရက်ခြံအတွင်း တွေ့ရှိခဲ့ပြီး ညောင်းရင်းကျေးရွာထဲတွင်မူ ဒေါ်ပန်းသွယ်၊ ဒေါ်ပန်းနွယ်၊ ဒေါ်ဆွေဆွေဦး၊ ဦးသိန်းထိုက်၊ ဦးထီလာ၊ ဦးဇော်ဖြိုး၊ ဦးဝင်းဌေး၊ ဦးအောင်အောင်၊ ကိုရဲလင်းအောင်တို့၏ ရုပ်အလောင်းများကို မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ကျန် ဓားစာခံနှစ်ဦးဖြစ်သည့် ကိုနိုင်လင်းအောင်(ခ)ရာဟုနှင့် ဦးချစ်ကောင်းတို့၏ ရုပ်အလောင်းများကိုမူ မတ်လ ၂ ရက်နေ့ နံနက် ၁၁ နာရီတွင် တာတိုင်ကျေးရွာ၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ကျန် ဓားစာခံနှစ်ဦးဖြစ်သည့် ကိုနိုင်လင်းအောင်(ခ)ရာဟုနှင့် ဦးချစ်ကောင်းတို့၏ ရုပ်အလောင်းများကိုမူ မတ်လ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီတွင် တာတိုင်ကျေးရွာ၌ တွေ့ရှိခဲ့သည်။", "မြင်းမူ၊ လက္ကာပင်ကျေးရွာမှ ပြည်ကြီးတံခွန်ဆရာတော် ပျောက်ဆုံးမှုနှင့် လူငယ် ၇ ဦး အသတ်ခံရမှု", "===========================================", "စစ်ကိုင်း၊ မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂဝံသ နှင့် လူငယ်တချို့ကိုလည်း စစ်တပ်စစ်ကြောင်းက ဖမ်းဆီးခဲ့ပြီးနောက် ပြည်ကြီးတံခွန် ဆရာတော်ကို စစ်တပ်က သတ်ဖြတ်လိုက်ပြီဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာကြောင်း သိရှိရသည်။", "မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီမှစတင်၍ မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ သေနတ်များ ပစ်ခတ် ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာသူ ကျေးရွာသား ၂၀၀ ခန့် ပိတ်မိပြီး စစ် တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာအနီးရှိ PDF စခန်းများကို စစ်တပ်က လိုက်လံစီးနင်း ဖမ်းဆီး သတ်ဖြတ်မှုများ ရှိခဲ့ကာ ပြည်ကြီးတံခွန်ဆရာတော်နှင့် လူငယ်တချို့ပါ ဖမ်းဆီးခံရကြောင်း၊ လူငယ် တချို့ အသတ်ခံရပြီး အလောင်းဖျောက်ခံရကြောင်း၊ စစ်တပ်က သတ်ဖြတ်လိုက်သူများတွင် ပြည်ကြီးတံခွန် ဆရာတော် ပါ ပါဝင်သွားသည်ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သည်။", "စစ်ကောင်စီက ပြည်ကြီးတံခွန်ဆရာတော်နှင့်အတူ ဖမ်းဆီးရမိသော လူငယ်များကို ရိုက်နှက် ပစ်ခတ် သတ်ဖြတ်ပြီး မြစ်ထဲသို့ အလောင်းများ မျှောချလိုက်ကြောင်း၊ အနည်းဆုံး လူငယ် ၇ ဦးထက်မနည်း အသတ်ခံရပြီး အလောင်းတချို့ ပြန်လည် ရရှိထားကြောင်း သိရှိရသည်။", "မုန်တိုင်ပင်ကျေးရွာမှ ပြည်သူ ၂၉ ဦးကို စစ်တပ်က သတ်ဖြတ်ခြင်း", "======================================", "၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့နှင့် မေလ ၁၂ ရက်အကြားတွင် ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာမှ ပြည်သူ ၂၉ ဦးကို စစ်တပ်က ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သည်။ မုန်တိုင်ပင်ရွာမှ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ကြသူများမှာ တိုက်ကြီး မြို့နယ် အခြေစိုက် ခြေမြန် တပ်ရင်း(ခမရ) -၇၀၈ မှ တပ်သားများ ဖြစ်ပြီး အမိန့်ပေးကွပ်ကဲသူမှာ ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းအောင်ဖြစ်သည်။", "အကြမ်းဖက်မှုကြောင့်သေဆုံးသူအမျိုးသား – ၂၉ ဦးရှိခဲ့ပြီး ၁၉ ဦးကို မုန်တိုင်ပင်ရွာတွင် ပြန်လည်ရှာတွေ့ခဲ့ပြီး ကျန် ၁၀ ဦးကို အင်ပင်ရွာတွင် ပြန်လည်တွေ့ရှိခဲ့ရသည်။", "ဓာတ်ပုံ- တာတိုင်ကျေးရွာမှ ပြည်သူများကို အစုလိုက် အပြုံလိုက် စစ်တပ်က သတ်ဖြတ်ထားစဉ်။"]
https://yktnews.com/2022/12/76990/
စစ်ကိုင်းမှ မုံရွာသို့ ညအချိန် ခိုးကြောင်ခိုးဝှက်ထွက်လာသည့် စစ်တပ် စစ် ကြောင်းကို PDF မဟာမိတ်တပ်များက မိုင်းဆွဲတိုက်ခိုက်
["စစ်ကိုင်းမှ မုံရွာသို့ ညအချိန် ခိုးကြောင်ခိုးဝှက်ထွက်လာသည့် စစ်တပ် စစ် ကြောင်းကို PDF မဟာမိတ်တပ်များက မိုင်းဆွဲတိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ ယမန်နေ့ ညအချိန် ခိုးကြောင်ခိုးဝှက်ထွက်လာ သည့် စစ်တပ်စစ်ကြောင်းကို PDF မဟာမိတ်တပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း PDF တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းဘက်မှ မုံရွာသို့ လူမှုကူညီရေးကားများနှင့် ခိုးထွက်လာသည့် စစ်တပ်စစ်ကြောင်းကို ဝမ်းပြည့် ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားတွင် ရှေ့ထွက်ပြောင်းများဖြင့် တိုက်ခိုက် ခဲ့ကြောင်း People’s Knight Defense Force Myinmu မှ တာဝန်ရှိသူ တစ် ဦး က ပြောသည်။", "စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုအတွင်း စစ်သားများလိုက်ပါ စီးနင်းလာသ ည့် ကားကို မိုင်းစများ ထိထိမိမိထိမှန်ပြီး ကားပျက်စီးသွားကြောင်း၊ သို့ရာတွင် စစ်တပ် စစ်ကြောင်းဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရှိရသည်။", "“အဲဒီကောင်တွေက ခါတိုင်းလည်း အဲဒီလို လူမှုကူညီရေးကားတွေနဲ့ ခိုးထွက် နေတာ။ ခါတိုင်းက မိုင်းဆွဲဖို့ မမီတာဗျ။ မနေ့ ဒီဇင်ဘာ ၂၆ ရက် နံနက်ခင်း ၃ နာရီ ၁၅ မိနစ်အချိန်က ခွေးကား သုံးစီးကို မိုင်းဆွဲတိုက်တဲ့ မစ်ရှင်မှာ ခွေးကား ပေါ်က ပြန်ပစ်တယ်ဗျ။ မနေ့ ၂၆ ရက်နေ့ ညပိုင်း ၉ နာရီ ၄၅ မိနစ်ကတော့ ပြန်ပစ်တာ မရှိဘူးဗျ။ ၂၆ ရက်ထဲ မစ်ရှင် နှစ်ခု လုပ်တာဗျ။ ရဲဘော်တွေ အထိ အခိုက် မ ရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်ဗျ” ဟု PKDF-MMU မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။", "အဆိုပါ စစ်ဆင်ရေးကို People’s Knight Defense Force Myinmu (PKDF-MMU) ၊ People’s Army to Fight Dictatorsip (PAFD)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU ၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu (DKPDF) စသည့် ညီနောင် မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ဓာတ်ပုံ- ညအချိန် ကင်းလှည့်နေကြသည့် အကြမ်းဖက်စစ်ကောင်စီ လက် အောက်ခံ စစ်ကိုင်းရဲတပ်ဖွဲ့။"]
https://yktnews.com/2023/08/116414/
စစ်ကိုင်းရှိ ကျော်ဇေယျာရွာမှ နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား၊ ပခုက္ကူရှိ ဆယ်ပင်စုရွာမှ ပြည်သူပိုင် ပစ္စည်းများကိုလည်း စစ်တပ်က ခိုးယူသွား
["စစ်ကိုင်းရှိ ကျော်ဇေယျာရွာမှ နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား၊ ပခုက္ကူရှိ ဆယ်ပင်စုရွာမှ ပြည်သူပိုင် ပစ္စည်းများကိုလည်း စစ်တပ်က ခိုးယူသွား", "ရန်ကုန်၊ သြဂုတ် ၄", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာမှ နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာကို ဒရုန်းဖြင့် ဗုံးကျဲပြီး ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။", "“ဇူလိုင်လ ၃၁ ရက်နေ့က ကျော်ဇေယျာရွာကို စစ်ခွေးတွေ ဒရုန်းနဲ့ ဗုံးကျဲပြီး နံနက် ၄ နာရီလောက်မှာ အင်အား ၁၀၀ နဲ့ ၀င်စီးနင်းတယ်။ ပြည်သူပိုင် နေအိမ် ၆​ လုံးကို မီးရှို့ဖျက်ဆီးပြီး အိမ်ခြေ ၆၀၀ ကျော်မှာ ရှိတဲ့ ပစ္စည်းတွေ အကုန် ၀င်မွှေပြီး ရွှေ၊ ငွေတွေ ယူသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အလားတူ မကွေးတိုင်း၊ ဆယ်ပင်စုရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဇီးကုန်း၊ ရှင်မကန်၊ မန်ကျည်းကန်နှင့် အောင်သာရွာမှ ထွက်လာသည့် ပျူစောထီးများက ဆယ်ပင်စုရွာကို ဝင်ရောက်မွှေနှောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။", "” စစ်ခွေးတွေနဲ့ ဇီးကုန်း၊ ရှင်မကန်၊ မန်ကျည်းကန်၊ အောင်သာရွာက ထွက်လာတဲ့ ပျူစောထီးတွေက ဆယ်ပင်စုရွာကိုဝင်ရောက် မွှေနှောက်ပြီး ပစ္စည်းတွေ ခိုးယူသွားတယ်။ အဲဒီ စစ်ခွေး စစ်ကြောင်းက အခု ပျူစောထီးရွာ ညောင်ဂျစ်ပင်ဘုန်းကြီးကျောင်းကို ဦးတည်သွားနေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/01/78594/
စစ်ကိုင်းရှိ ကျေးရွာတစ်ရွာတွင် နွေဦးကံကော်ပညာသင်ကျောင်း၏ အတန်းတင်ဆုပေးပွဲ စုံညီပွဲတော်ကျင်းပ
["စစ်ကိုင်းရှိ ကျေးရွာတစ်ရွာတွင် နွေဦးကံကော်ပညာသင်ကျောင်း၏ အတန်းတင်ဆုပေးပွဲ စုံညီပွဲတော်ကျင်းပ", "ရန်ကုန်၊ ဇန်နဝါရီ ၁", "စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာတွင်အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ နွေဦးကံကော်အခြေခံပညာအထက်တန်းအဆင့် ပညာသင်ကျောင်း၏ အတန်းတင်ဆုပေးပွဲစုံညီပွဲတော် ကျင်းပခဲ့သည်။"]
https://yktnews.com/2023/11/130232/
စစ်ကိုင်းရှိ မာလဲတောရွာမှ စစ်ကောင်စီ တပ်သားများ ရိက္ခာဝယ်ရန် ထွက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ တောင်သာရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
["စစ်ကိုင်းရှိ မာလဲတောရွာမှ စစ်ကောင်စီ တပ်သားများ ရိက္ခာဝယ်ရန် ထွက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ တောင်သာရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၈", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာမှ စစ်ကောင်စီ တပ်သားများ ရိက္ခာဝယ်ရန် ထွက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း Phoenix-Sagaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ အကြမ်းဖက် စစ်သားများ နှင့် ပျူစောထီးများသည် ရိက္ခာဝယ်ရန် စခန်းတွင်းမှ ထွက်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“မာလဲတော လမ်းခွဲကြားဖြစ်တာ။ တိုက်ပွဲ မဖြစ်ဘူး။ သူတို့ဘက်က အလောင်းတွေ ကောက်ပြီး ရမ်းသမ်းပစ်ခတ်ပြီး ပြန်ဆုတ်သွားပါတယ်” ဟု Phoenix-Sagaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် မာလဲတောပျူစောထီးစခန်းမှ ကားဖြင့် စစ်ကူရောက်ရှိလာပြီး စစ်သား အလောင်းနှင့် ပျူစောထီး အလောင်းများကို ဆွဲယူကာ မာလဲတော ပျူစောထီးစခန်းကို ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Phoenix-Sagaing ၊ MMU (PDF) ၊ အညာသားလေး (SGG)၊ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့၊ Royal Falcon Guerrilla Force ၊ Fight For Federal ၊ စစ်ကိုင်းမြို့နယ် (ပ.က.ဖ)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇)နှင့် နယ်မြေခံ (ပ.က.ဖ)များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာ-ကျောက်ပန်းတောင်းလမ်းပိုင်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။", "နိုဝင်ဘာလ ၇ ရက်နေ့ ည ၆ နာရီခန့်တွင် တောင်သာမြို့နယ်၊ မင်္ဂလာဦးဂိတ်၌ စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားနှင့် ရဲများကို တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး ဘန်ကာအနီး ၁ လုံးနှင့် စစ်ဆေးနေ လုပ်ဆောင်နေသော နေရာ အနီးတို့ကို ကျရောက်ပေါက်ကွဲခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ တောင်သာ၊ မြင်းခြံတပ်ရင်း ၃ တပ်ခွဲ ၂ နှင့် တောင်သာမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/127949/
စစ်ကိုင်း၊ ကျောက်ပနံရွာတွင် တပ်စွဲထားသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံး၊ ဝက်လက်တွင် သံလမ်း ပြင်ဆင်ရေး လုံခြုံရေးစစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်
["စစ်ကိုင်း၊ ကျောက်ပနံရွာတွင် တပ်စွဲထားသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံး၊ ဝက်လက်တွင် သံလမ်း ပြင်ဆင်ရေး လုံခြုံရေးစစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်", "ရန်ကုန်၊ အောက်တိုဘာ ၂၅", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ပနံကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော အ ကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ၂ ရက် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် စစ်ကိုင်းမြို့နယ်၊ ကျောက်ပနံကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ၊ ထိခိုက်ဒဏ်ရာရရှိသူများကို စစ်တပ်က ညတွင်းလာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။", "အလားတူ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန်တွင်လည်း အဆိုပါ ဘုန်းကြီးကျောင်းအတွင်းရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊တပ်ခွဲ ၁ ၊ စစ်ကိုင်းမြို့နယ် ပကဖ၊ ပဒူတိုက်နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၇ မိနစ်အချိန် ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် သံလမ်း ပြုပြင်နေမှုကို လုံခြုံရေးယူပေးနေသည့် စစ်တပ်စစ်ကြောင်းကို ၁၂၀ မမ၊ ၈၁ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသ တော်လှန်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်၏ တိုက်ခိုက်ရေး ဒရုန်းတစ်စီး။"]
https://yktnews.com/2023/03/91670/
စစ်ကိုင်း၊ ဆားတောင်မြို့တွင် ကင်းလှည့်နေသည့် ရဲများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး
["စစ်ကိုင်း၊ ဆားတောင်မြို့တွင် ကင်းလှည့်နေသည့် ရဲများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၀", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တွင် ကင်းလှည့်နေသည့် ရဲများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၃ ဦးသေဆုံးကြောင်း ဆားတောင် မိုးကြိုး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ဆာတောင်ရဲစခန်းမှ ဆိုင်ကယ် ၄ စီးဖြင့် ကင်းလှည့်ရန် ထွက်လာသည့် ရဲ ၄ ဦးကို ဆားတောင်မြို့ အထွက် ရွှေတောင်သီရိ ဆီဆိုင်အနီး ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ နာရီခန့် ပစ်ခတ်မှု ဖြစ်ပွားကာ ရဲ ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဆားတော်ရဲစခန်းက ပြည်သူတွေကို အနိုင်ကျင့် ရိုက်နှက်ပြီး ငွေညှစ်နေတဲ့ ရ​ဲခွေးတွေ ဆိုင်ကယ် ၄ စီးနဲ့ ကင်းပတ်နေတုန်း ဆားတောင် အထွက်က ရွှေတောင် သီရိ ဆီဆိုင်အနီးမှာ မဟာမိတ်အဖွဲ့တွေနဲ့ ပေါင်းပြီး မိုင်းဆွဲတိုက်ခဲ့တယ်။ ပြီးတော့ အပြန်အလှန် ပစ်ခတ်မှု ၂ နာရီခန့် ဖြစ်ပွားပြီး ရဲ ၃ ဦးသေဆုံးတယ် ၁ ဦး ဒဏ်ရာရရှိတယ်” ဟု ဆားတောင် မိုးကြိုး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/08/117778/
စစ်ကိုင်း၊ တလိုင်းကျေးရွာတွင် ကြည်းတပ်နှင့်လေတပ်က ထိုးစစ်ဆင် မှု ကြောင့် ပြည်သူ ၅ ဦး သေဆုံး၊ ဝက်လက်မြို့ဘက်သို့ စစ်တပ်က ဆက်လက် ထိုးစစ်ဆင်ပြီး ပြည်သူများကို ပစ်ခတ်ကာ ရွာများကို မီးရှို့
["စစ်ကိုင်း၊ တလိုင်းကျေးရွာတွင် ကြည်းတပ်နှင့်လေတပ်က ထိုးစစ်ဆင် မှု ကြောင့် ပြည်သူ ၅ ဦး သေဆုံး၊ ဝက်လက်မြို့ဘက်သို့ စစ်တပ်က ဆက်လက် ထိုးစစ်ဆင်ပြီး ပြည်သူများကို ပစ်ခတ်ကာ ရွာများကို မီးရှို့", "ရန်ကုန်၊ ဩဂုတ် ၁၁", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို စစ်တပ်က ယနေ့ ကုန်းကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာတွင် သံဃာ ၁ ပါး၊ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။", "ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကိုင်းမြို့ တလိုင်းကျေးရွာ ကို လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်များ ခိုလှုံနေ သော ကံဦး ဘုန်းကြီးကျောင်းမှ သံဃာ ၁ ပါး၊ ၈လသားအရွယ် ကလေး၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ၊ မြေပြင်တွင်လည်း စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းပြီး တလိုင်းရွာသားတစ်ဦးကို သတ်ဖြတ် ခဲ့ကြောင်း၊ ကျေးရွာသူကျေးရွာသား ၁၀ ဦးနှင့်အထက်ကို စစ်တပ်က ဖမ်းဆီး သွား ကြောင်း သိရှိရသည်။", "“တလိုင်းကျေးရွာမှာ ပြည်သူ ၅ ဦး ကျဆုံးပါတယ်။ အခုတော့ ကျနော်တို့ နယ်မြေရှင်း‌လင်းနေဆဲပါ။ စဉ့်ကိုင်ရွာမှာ စစ်တပ်ရဲ့ သံခွန်လှေတွေ မဆုတ်ခွာ သေးဘူး။ စစ်ကြောင်းက အခု ဝက်လက် ပယ်သူကြီးရွာဘက်ကို ဝင်နေတယ်” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။", "စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို ထိုးစစ်ဆင်ခဲ့ပြီး ပြည်သူများကို သတ် ဖြတ် ခဲ့သော စစ်တပ်စစ်ကြောင်းက စစ်ကိုင်းမြို့နယ်မြောက်ခြမ်း ကျောင်းဖြူ ဘက်မှ ပယ်သူကြီး ရွာသို့ လက်နက်ကြီးများဖြင့်ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်း၊ ကျေးရွာနေပြည်သူ များမှာ လက်နက်ကြီးစထိမှန်ဒဏ်ရာများရရှိထားပြီး ပယ် သူ ကြီးရွာရှိ ပြည်သူ‌ပိုင် နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အင်အား ၁၀၀ ကျော်ပါသော စစ်တပ် စစ်ကြောင်းက စစ်ကြောင်း ၂ ကြောင်းခွဲကာ ထန်းကြီး ကျေးရွာတွင် လည်း စခန်းချ တပ်စွဲနေကြောင်း သိရှိရသည်။", "“အခုက စစ်တပ် စစ်ကြောင်း ၂ ကြောင်းက ဝက်လက်မြို့နယ် တောင်ခြမ်း ပယ်သူကြီးရွာနဲ့ ထန်းကြီးရွာမှာ ၂ ဖွဲ့ခွဲပြီး စခန်းချထားတယ်။ စစ်ရေးကတော့ တင်းမာနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2023/03/90260/
စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်၊ ဗိုက်ဖောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်
["စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်၊ ဗိုက်ဖောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်", "ရန်ကုန်၊ မတ် ၂", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်ပြီး ဗိုက်ဖောက်ထုတ်ပြီး ရက် ရက် စက်စက် သတ်ဖြတ်သွားကြောင်း စစ်ကိုင်းမြို့နယ်၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကိုင်း မြို့နယ်အတွင်းသို့ ရေကြောင်းမှ ဝင်ရောက်လာပြီး တာတိုင်ကျေးရွာအတွင်း သို့ ဝင်ရောက်ကာ PDF တော်လှန်ရေးရဲဘော် မိုက်ကယ်(ခ) ကိုကျော်ဇောကို သတ်ဖြတ်သွားခဲ့ကြောင်း၊ သတ်ဖြတ်ရာတွင် အလွန်ရက်စက်စွာ သတ် ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။", "“စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာ တော်လှန်ရေး ရဲဘော် မိုက်ကယ်(ခ) ကိုကျော်ဇောကို စစ်ခွေးတွေက ရက်ရက် စက် စက် သတ်ဖြတ်သွားပါတယ်။ ငါန်းဇွန်ဘက်ကို ပြန်ဆုတ်သွားပြီ။ စစ်ခွေးတွေ ရေကြောင်းက ၀င်လာတာ။ မနေ့မနက် အစောကြီးက၀င် ဒီမနက်မှ ပြန်ကပ်ရတော့ အလောင်းတွေ့တာပဲ” ဟု စစ်ကိုင်းမြို့နယ်၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။"]
https://yktnews.com/2023/03/90374/
စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ ကျေးရွာသား ၁၅ ဦးကို စစ်တပ်က ဖမ်းဆီးပြီး သတ် ဖြတ်ခဲ့ပြီးနောက်အလောင်း များအကြားတွင် မိုင်းနှင့်ဗုံးများထောင်ထားခဲ့၊ အလောင်း ၆ လောင်းသာ သဂြိုလ်နိုင်ပြီး ကျန်အလောင်းများ ကောက်မရ
["စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ ကျေးရွာသား ၁၅ ဦးကို စစ်တပ်က ဖမ်းဆီးပြီး သတ် ဖြတ်ခဲ့ပြီးနောက်အလောင်း များအကြားတွင် မိုင်းနှင့်ဗုံးများထောင်ထားခဲ့၊ အလောင်း ၆ လောင်းသာ သဂြိုလ်နိုင်ပြီး ကျန်အလောင်းများ ကောက်မရ", "ရန်ကုန်၊ မတ် ၂", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ကျေးရွာသား ၁၅ ဦးကို စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ပြီးနောက်အလောင်း များအကြားတွင် မိုင်းနှင့်ဗုံးများထောင်ထားခဲ့သဖြင့် အလောင်း ၆ လောင်းသာ သဂြိုလ်နိုင်ပြီး ကျန်အလောင်းများ ကောက်မရကြောင်း ဒေသပြည်သူများကပြောသည်။", "မတ်လ ၁ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းက တာတိုင်ကျေး ရွာ အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာချိန်တွင် ကျေးရွာသား ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး လမ်းတွင် သတ်ဖြတ်ခဲ့ကာ အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း၊ ယင်းနောက် အလောင်းများ အကြားတွင် မိုင်းနှင့် ဗုံးများထောင်ခဲ့သဖြင့် အလောင်း ၆ လောင်းသာ သဂြိုလ်နိုင်ပြီး ကျန်အလောင်းများကို ကောက် မရကြောင်း သိရှိရသည်။", "“စစ်တပ်က ဖမ်းသွားတဲ့ လူသားဒိုင်း ၁၅ ဦးလုံးကို စစ်တပ်က သတ်ဖြတ်လိုက် ပါပြီ။ အလောင်း ၁၅လောင်းလုံးတွေ့ရှိပါတယ်။ ၆ လောင်းပဲ ကောက်ယူလို့ရပြီး သဂြိုဟ်ရသေးတယ်။ ကျန်အလောင်းများ ကောက်ဖို့ အခက်အခဲရှိပါတယ်။ ဘာလို့လဲဆိုတော့ အလောင်းတွေအကြား ဗုံးများထည့်ပြီး မိုင်းတွေခင်းခဲ့လို့ပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "စစ်တပ်က တာတိုင်ကျေးရွာမှ လူသားဒိုင်း အဖြစ် ကျေးရွာသား ၁၅ ဦးကို ဖမ်း ဆီး ခေါ်ဆောင်ပြီး မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာအနီးတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“တာတိုင်ကျေးရွာ မှ ဆုတ်သွာသွားတဲ့ စစ်ခွေးစစ်ကြာင်းသည် ဓားစာခံ ၁၅ ဦးကို ဖမ်းဆီခေါ်ဆောင်သွားပြီး မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာ မရောက်ခင် သရက်ခြံထဲတွင် ဓားစာခံ၁၅ ဦးထဲမှ ၅ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ပါတယ်။ အသတ်ခံရသူတွေက ကိုထွန်းထွန်း (အသက် ၃၅နှစ်- တာတိုင်ကျေးရွာ)၊ ကိုစိုးနိုင်(အသက် ၄၇နှစ်- တာတိုင်ကျေးရွာ)၊ ကိုကျော်စိုး (အသက် ၃၅နှစ်-တာတိုင်ကျေးရွာ)၊ ကိုငလင်း(အသက် ၄၅နှစ်- တာတိုင်ကျေးရွာ)၊ ကိုကျော်ကျော် (အသက် ၃၄နှစ်-တာတိုင်ကျေးရွာ) တို့ဖြစ်ပါတယ်။ နောက်ထပ် ကျန်တဲ့ သူအားလုံးကို သတ်ဖြတ်သွားပါတယ်။ နောက်ထပ် ၈လောင်းတွေ့ထပ်တွေ့တယ်။လက်ရှိ ၆လောင်း ကို မီးသဂြိုဟ်ဖို့လုပ်နေပါတယ်။ ညောင်ရင်းနဲ့ မူး၀ရွာထောင် အကြား ၈လောင်းထပ်တွေ့တယ်။ ကျန်တဲ့ အလောင်းတွေလည်း ဆက်ရှာ နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "တာတိုင်ကျေးရွာသည် အိမ်ခြေ ၇၈အိမ်သာရှိသည့် ရွာ​တစ်ရွာဖြစ်ပြီး ဧရာဝတီမြစ် နှင့် မူးမြစ်တို့ဆုံသည့်နေရာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းတွင် တည်ရှိသည်။", "ဓာတ်ပုံ- စစ်တပ်က သတ်ဖြတ်လိုက်သော ကျေးရွာသား ၆ ဦးအလောင်းများကို သယ်ယူလာစဉ်။"]
https://yktnews.com/2023/03/90478/
စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ အမျိုးသမီး ၃ ဦးကို စစ်တပ်က မုဒိမ်းကျင့်သတ် ဖြတ် ပြီး မိန်းမကိုယ် အင်္ဂါများတွင် ကြက်သွန်နီဥများ ထိုးထည့်ထားခဲ့၊ စစ်တပ်က သတ်ဖြတ်ခဲ့သော ပြည်သူ စုစုပေါင်း ၁၇ ဦးအထိရှိလာ
["စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ အမျိုးသမီး ၃ ဦးကို စစ်တပ်က မုဒိမ်းကျင့်သတ် ဖြတ် ပြီး မိန်းမကိုယ် အင်္ဂါများတွင် ကြက်သွန်နီဥများ ထိုးထည့်ထားခဲ့၊ စစ်တပ်က သတ်ဖြတ်ခဲ့သော ပြည်သူ စုစုပေါင်း ၁၇ ဦးအထိရှိလာ", "ရန်ကုန်၊ မတ် ၃", "စစ်ကိုင်းတိုင်း ၊ တာတိုင်ကျေးရွာမှ အမျိုးသမီး ၃ ဦးကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး မိန်းမကိုယ်အင်္ဂါများအတွင်းတွင် ကြက်သွန်နီဥများ ထိုးထည့်ထားခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသပြည်သူများက ပြောဆိုသည်။", "မတ်လ၁ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းက တာတိုင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ မတ်လ ၂ ရက်နေ့ နံနက်ပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာချိန်တွင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁၄ ဦး စုစုပေါင်း ပြည်သူ ၁၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ပြီး လမ်းတွင် သတ်ဖြတ်ခဲ့ကာ အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း၊ အမျိုးသမီးများကိုမူ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး မိန်းမကိုယ်အင်္ဂါများအတွင်းတွင် ကြက်သွန်နီဥများ ထိုးထည့်ခဲ့ကြောင်း၊ အလောင်းများကို သယ်ယူခြင်းမပြုနိုင်ရန် အလောင်းများအောက်တွင် ဗုံးနှင့်မိုင်းများ ထောင်ထားခဲ့ ကြောင်း သိရှိရသည်။", "“ဒီနေ့ အမျိုးသား၂ ယောက် အလောင်းထပ်တွေ့ပါတယ်။ စုစုပေါင်း တာတိုင်ရွာမှ အမျိုးသား၁၄ ဦး၊ အမျိုးသမီး ၃ ယောက် ကို စစ်ခွေးတွေက သတ် ဖြတ်သွားပါတယ်။ အမျိုးသမီးတွေကို မုဒိန်းကျင့် သတ် ဖြတ်သွားပါတယ်။ အသတ်ခံထားရတဲ့ အမျိုး သမီးတစ်ဦး ရဲ့ မိန်းမ တန်ဆာထဲ ကြက်သွန်နီဥတွေထည့်သွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြော သည်။", "စစ်တပ်က သတ်ဖြတ်သွားသည့် တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦး၏ အမည်များမှာ-", "၁- ကိုမိုက်ကယ် (ဘ) ဦးလှရွှေ အသက် ၄၇ နှစ်", "၂- ကိုကွန်း (ဘ) ဦးလှရွှေ အသက် ၄၀ နှစ်", "၃-ကိုစိုးနိုင် (ဘ) ဦးလှကြိုင် အသက် ၅၀ နှစ်", "၄-ကိုကျော်စိုး (ဘ) ဦးလှကြိုင် အသက် ၃၇ နှစ်", "၅-ကိုကျော်ကျော် (ဘ) ဦးကျော်ရွှေ အသက် ၃၅ နှစ်", "၆-ကိုလင်း အသက် ၄၀ နှစ်", "၇-ကိုအောင်အောင် (ဘ) ဦးလှရွှေ အသက် ၄၀ နှစ်", "၈-ကိုရဲလင်းအောင် (ဘ) ဦးကျော်လင်းအသက်၂၅ နှစ်", "၉-ဦးသိန်းထိုက် (ဘ) ဦးနက်တူး အသက် ၆၀ နှစ်", "၁၀- ကိုဇော်ဖြိုး အသက် ၁၇ နှစ်", "၁၁- မသန်းနွယ် (ဘ) ဦးသောင်းစံ အသက် ၄၀", "၁၂- မဆွေဆွေဦး (ဘ) ဦးတက်တိုး အသက် ၄၂ နှစ်", "၁၃-ကိုထီလာ အသက် ၄၂ နှစ်", "၁၄-မပန်းနွယ် (ဘ) ဦးသောင်းစံ အသက် ၄၄ နှစ်", "၁၅-အမည်မသိ အမျိုးသား", "၁၆- အမည်မသိ အမျိုးသား", "၁၇- အမည်မသိ အမျိုးသား တို့ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်း၊ ဝက်လက်၊ ယင်းမာပင်၊ ရွှေဘိုတို့တွင် စစ်ကြောင်းများ အများအပြားဖြင့် ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ပြည်သူ ထောင်သောင်းချီ၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/193724/
စစ်ကိုင်း၊ တောင်ရင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ၊ စစ်တပ်က ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ရွာထဲမှ ထွက်ပြေး
["စစ်ကိုင်း၊ တောင်ရင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ၊ စစ်တပ်က ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီးရွာထဲမှ ထွက်ပြေး", "ရန်ကုန်၊ နိုဝင်ဘာ ၂၈", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး စစ်တပ်က ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ ရွာထဲမှ ထွက်ပြေးသွားကြောင်း ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း တပ်ထောက် တာဝန်ခံ ကိုနေမျိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်အစောပိုင်းတွင် ပဒူရွာမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်ရင်းရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် ဝင်ရောက် တပ်စွဲခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာ ၂ ခုကို ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း မှ တော်လှန်ရေးရဲဘော်များက ညနေပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိသောကြောင့် လေယာဉ်ဖြင့် ပစ်ကူပေး ဗုံးကျဲ တိုက်ခိုက်သွားကြောင်း သိရှိရသည်။", "“စစ်ခွေးသေစာရင်းတော့ မသိရသေးဘူး။ သူတို့နောက်ဆုတ်သွားတယ်။ စစ်ခွေး အလောင်းတွေလည်း ကျွန်တော်တို့ ဘာမှမရလိုက်ဘူး။ ရွာထဲမှ ခွေးတွေမရှိတော့ဘူး။ မနေ့က ကျွန်တော်တို့ တိုက်ပွဲဖြစ်ပြီးတဲ့ နောက်မှာခွေးတွေ နောက်ဆုတ်သွားတယ်။ မနေ့က မနက်အစောကြီးဝင်ပြီးတော့ တပ်စွဲတာ ဒီတစ်ခါတော့ ကျွန်တော်တို့ တိုက်ထုတ်လိုက်တာပေါ့။ ရွာဘေးမှာ လယ်လုပ်နေတဲ့ ပြည်သူ ၃၀ လောက်ကို ဖမ်းသွားတာရှိတယ်။ ပြန်မလွှတ်သေးဘူး။ သူတို့က စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ၂ နေရာ တပ်စွဲထားတာ ကျွန်တော်တို့က အဲ ၂ နေရာလုံးကို တပြိုင်တည်း ဝင်တိုက်တာပေါ့။ စစ်ခွေးတွေ ပြန်ဆုတ်သွားပြီး မိနစ် ၂၀ လောက်ကြာမှ သူတို့ တပ်စွဲခဲ့တဲ့ ဘုန်းကြီးနဲ့ စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးလာကျဲတာပေါ့။ စစ်ခွေးတွေ ပဒူရဲစခန်းကို ပြန်ဝင်သွားပြီ” ဟု ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း တပ်ထောက် တာဝန်ခံ ကိုနေမျိုးက ပြောဆိုသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်ရင်းရွာအနီးအနားတွင် စိုက်ပျိုးရေး လုပ်ဆောင်နေသည့် ပြည်သူ ၃၀ ခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း၊ မြေပြင်တွင် စစ်ရေး ဆက်လက် တင်းမာလျက်ရှိကြောင်း တပ်ထောက် တာဝန်ခံ ကိုနေမျိုးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/05/104625/
စစ်ကိုင်း၊ ပဒူကျေးရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ် က ရွာကို စီးနင်းထားသဖြင့် စစ်ဘေးရှောင် ပြည်သူ သောင်းချီ နေရပ် ပြန်ခွင့်မရသေးဘဲ စားဝတ်နေရေး အခက်အခဲများကြုံနေရ
["စစ်ကိုင်း၊ ပဒူကျေးရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ် က ရွာကို စီးနင်းထားသဖြင့် စစ်ဘေးရှောင် ပြည်သူ သောင်းချီ နေရပ် ပြန်ခွင့်မရသေးဘဲ စားဝတ်နေရေး အခက်အခဲများကြုံနေရ", "ရန်ကုန်၊ မေ ၂၇", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာတွင် မေလ ၁၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ် တပ်က ရွာကို စီးနင်းထားသဖြင့် စစ်ဘေးရှောင် ပြည်သူသောင်းချီ နေရပ် ပြန်ခွင့်မရသေးဘဲ စားဝတ်နေရေး အခက်အခဲများကြုံနေရကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုကြသည်။", "မေလ၁၉ ရက်နေ့မှစတင်ပြီး ပဒူကျေးရွာအနီးတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ပဒူရဲစခန်းကို တော်လှန် ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်၊ ရဲနှင့်ပျူစောထီးများက ပဒူကျေးရွာကို စီးနင်းပြီး မီးရှို့ဖျက်ဆီးခြင်း၊ လုယက်မှုများ လုပ်ဆောင်ကြောင်း၊ ပဒူကျေးရွာ အပါအဝင် ပတ်ဝန်းကျင်ကျေးရွာမှ ပြည်သူသောင်းချီ ထွက်ပြေး တိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း သိရှိရသည်။", "“စစ်ရှောင်တွေ နေရပ် မပြန်နိုင်သေးပါဘူး။ မေလ ၁၉ရက်နေ့ကတည်းက ပြေး‌နေရတာ။ ခွေးက ပဒူရွာထဲ မီးရှို့လိုက်၊ အိမ်တွေထဲက ပစွည်းတွေ ဖောက်ထွင်းခိုးယူလိုက်နဲ့။ ပစ္စည်းတွေကို စစ် ကားတွေနဲ့ တပ်မ ၃၃ ကိုသယ်နေ ကြတယ်။ ပဒူ ၊ကံကြီးကုန်း၊ကျောက်ပနန်၊ရွာသစ်၊ တောင်ရင်း ရွာတွေက အခုအချိန်အထိကို ရွာထဲ၀င်မရသေးဘူး။ ပြည်သူကတော့ သောင်းချီ စစ်ဘေးရှောင်နေရတယ်။ ဆန်နဲ့ရိက္ခာ လိုအပ်နေတယ်။ တကယ်လို့ လှူမယ်ဆိုရင် နီးစပ်ရာ ကူကြပါ။ စစ်တပ်က လက်နက်ကြီးတွေ ဆင်ပြီး ညတိုင်း ပဒူကျေးရွာ ပတ်ပတ်လည်ကို ထုနေတယ်။ မီးရှို့ ၊ပစွည်းယူ လုပ်နေတာ ခွေးတွေက။ ပဒူကျေးရွာ၊ ရပ်ကွက် ၂ ခုကတော့ အိမ်ခြေအ‌ကုန်လောင်တယ်။ ပဒူကျေးရွာမှာ ၇ ရပ်ကွက်ရှိတယ်။ ပဒူ၊ကန်ကြီးကုန်း၊ကျောက်ပနန်၊ကျောက်ပနန်ရွာသစ်၊ တောင်ရင်း ဒီရွာတွေ ပြည်သူ လုံး၀၀င်မရဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၀၀ ကျော် ပျက်စီး ဆုံး ရှုံးပြီး အဖိုးတန်ပစ္စည်းများကို ပျူစောထီးနှင့်စစ်သားများက လုယက်နေကြောင်း၊ ပဒူ ကျေး ရွာတွင် လက်နက်ကြီးတပ်ဆင်၍ ပြည်သူများကို ရမ်းသမ်းပစ်နေခဲ့ကြောင်း သိရှိရသည်။", "” အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိတဲ့ ပဒူကျေးရွာ ရပ်ကွက် ၄ ခုမှာ နေအိမ် ၅၀၀ကျော် မီးလောင် ဆုံးရှုံးပါတယ်။ ဒီနေ့ နံနက်ပိုင်းမှာ ပဒူရွာကို စစ်ခွေး ၊ ပျူစောထီးတွေက ထပ် ဝင်လာပြီး မီးမ လောင်တဲ့ လူနေအိမ်များကိုဖောက်တွင်းကာ အဖိုးတန်ပစွည်းများ ယူဆောင် နေပါတယ်။ ဆီပန့်ဆိုင်မှ ဆီများကိုလည်း ခိုးထုတ်ယူနေပါတယ်။ ၁၂ဘီး တစ်စီး ခြောက်ဘီးတစ်စီးနဲ့ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတာ ” ဟု စစ်ကိုင်းမြို့နယ် တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။", "လက်ရှိတိုက်ပွဲများကြောင့် ပဒူ ၊ကံကြီးကုန်း၊ကျောက်ပနန်၊ရွာသစ်၊ တောင်ရင်း ကျေးရွာ အပါအဝင် ဘေးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူ သောင်းချီ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/81330/
စစ်ကိုင်း၊ ပဲခူးနှင့် မကွေး တို့တွင် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၆ ဦးသေဆုံး
["စစ်ကိုင်း၊ ပဲခူးနှင့် မကွေး တို့တွင် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၆ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၆", "စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ပဲခူးတိုင်း ပေါင်းတည်၊ သဲကုန်းမြို့နယ်နှင့် မကွေးတိုင်း နတ်မောက်မြို့နယ်တို့တွင် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။", "ယင်းမာပင်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "============================", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမတွင် တပ်စွဲထားသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးကြောင်း ချင်းတွင်း တိုက်ဂါး – LPDF အဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ဘန့်ဘွေးရွာမမှ ထွက်ခွာလာသော စစ်သားများကို ရှေ့ထွက်မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်း တိုက်ဂါး-LPDF နှင့် နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "ပေါင်းတည်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံး", "=================================", "ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကြောင်း ပေါင်းတည်မြို့နယ် ၃၆၀၁ တပ်ရင်းတပ်ခွဲ ၃ ထံမှ သိရသည်။", "ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာ၊ ဆက်သေချောင်း အနီး အကြမ်းဖက် စစ်တပ်မှ အင်အား ၃၃ ဦးပါ စစ်ကြောင်းကို PDF တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ၃၆၀၁ တပ်ရင်းတပ်ခွဲ ၃ မှ ဒုတပ်ခွဲမှူး လင်းယုန် ဦးဆောင်သော လင်းယုန်စစ်ကြောင်းမှ မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "နတ်မောက်တွင် ဆိုင်ကယ် ယာဥ်တန်းကို မိုင်းဆွဲမှု စစ်သား ၉ ဦးသေဆုံး", "==================================", "မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ဆိုင်ကယ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း PDF တပ်ဖွဲ့များထံမှ သိရသည်။", "ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် နတ်မောက်မြို့နယ်၊ သပွတ်ပင်ရွာမှ ဆိုင်ကယ် ၆ စီးဖြင့် ထွက်ခွာလာသော စစ်သား ၁၂ ဦးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ၉၀၁ တပ်ခွဲ ၂ မှ နတ်မောက်ဂဠုန် PDF အဖွဲ့ နှင့် ကျားသစ်နက်စစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "သဲကုန်းမြို့နယ် လျှပ်စစ်မီတာရုံးကို ဖောက်ခွဲ တိုက်ခိုက်", "============================", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲလျှပ်စစ်မီတာရုံးကို ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက်အစောပိုင်း ၃ နာရီ ၂၅ မိနစ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယင်းလျှပ်စစ်မီတာရုံးသည် အကြမ်းဖက်စစ်ကောင်စီကို ဝင်ငွေရှာ ထောက်ပံ့ပေးနေသည့် ထောက်တိုင်တစ်ခုဖြစ် ပြီး ပြည်သူလူထုထံမှ လျှပ်စစ်မီတာခများကို အတင်းအကြပ်ဖိအားပေးတောင်းခံလျက်ရှိကြောင်း၊ ထို့ကြောင့် နန်း ထိုက်အောင်စစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ရုံးတွင်းအဆောက်အအုံနဲ့ စာရွက်စာတမ်း၊ ပရိဘောဂတွေ ပျက်စီးတယ်၊ သတိပေးတဲ့အနေနဲ့ ဖောက်ခွဲတိုက်ခိုက် ခဲ့တာပါ” ဟု Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။", "အဆိုပါတိုက်ခိုက်မှုကို မြို့ပြပျောက်ကျားတပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/209548/
စစ်ကိုင်း၊ မတ္တရာ၊ စဉ့်ကိုင်အပါအဝင် မြို့များစွာတွင် ပြည်သူများပိတ်မိနေချိန် ကြာမြင့်လာသည့်အပြင် ကယ်ဆယ်ရေးအင်အားမလုံလောက်
["စစ်ကိုင်း၊ မတ္တရာ၊ စဉ့်ကိုင်အပါအဝင် မြို့များစွာတွင် ပြည်သူများပိတ်မိနေချိန် ကြာမြင့်လာသည့်အပြင် ကယ်ဆယ်ရေးအင်အားမလုံလောက်", "ရန်ကုန်၊ မတ် ၃၀", "စစ်ကိုင်း၊ စဉ့်ကိုင်၊ အင်းလေး၊ ရမည်းသင်းအပါအဝင် မြို့များစွာတွင် ပျက်စီးအဆောက်အအုံများအောက်တွင် ပြည်သူများ ပိတ်မိနေမှု အချိန်ကြာမြင့်လာသဖြင့် ကယ်ဆယ်ရေးအင်အားနှင့် ပစ္စည်းကိရိယာများ လိုအပ်မှု အရေးပေါ်အခြေအနေဖြစ်နေပြီး ပိတ်မိနေသူများ၏ မိသားစုဝင်များက ဝိုင်းဝန်းကယ်တင်ပေးကြရန် အကူအညီတောင်းခံလျက်ရှိသည်။", "ငလျင်ကြီးလှုပ်ခတ်အပြီး ၂ ရက်(၄၈နာရီ)အကြာ မတ်လ ၃၀ ရက်နေ့တွင် သေဆုံးသူဦးရေ ဆက်လက်မြင့်တက်လျက်ရှိပြီး မန္တလေး၊ နေပြည်တော်နှင့် ပဲခူးတို့တွင် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ ယမန်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်အနီး အင်အား၅.၁၊ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းတွင် ရွှေဘိုအနီး အင်အား ၄.၂ နှင့် နေ့လယ်ပိုင်းတွင် မန္တလေးအနီး အင်အား ၅.၁ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့သည်ဟု ငလျင်လှုပ်ခတ်မှုအစီရင်ခံစာအရ သိရသည်။", "လျှပ်စစ်မီးအခက်အခဲကြောင့် သောက်သုံးရေပြတ်လပ်မှုများ ကြုံတွေ့နေရပြီး နေရာအနှံ့ အင်တာနက်ဖြတ်တောက်မှုကြောင့် သတင်းအချက်အလက်ရယူမှုအပိုင်းမှာ အကန့်အသတ်နှင့်ဖြစ်ပေါ်နေသည်။", "နေအိမ်ပျက်စီးသွားသူများမှာ ဘုန်းကြီးကျောင်းနှင့် အခြားခိုလှုံရာနေရာများ၊ လမ်းမများပေါ်တွင် ခေတ္တနေထိုင်နေရပြီး အသင့်စား အစားအသောက်များ၊ သောက်ရေ၊ ယာယီနေထိုင်ရန်နေရာနှင့် တကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးရန် လိုအပ်လျက်ရှိသည်။"]
https://yktnews.com/2023/01/78693/
စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ချင်းတို့တွင် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် ၁၈ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး
["စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ချင်းတို့တွင် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် ၁၈ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂", "စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်နှင့် မကွေးတိုင်း မင်းလှမြို့နယ်တို့တွင် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၁၈ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။", "ထီးချိုင့်တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး", "===============================", "စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြို့ပတ်လမ်းတွင် ကင်း လှည့်နေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦးသေဆုံးခဲ့ ကြောင်း Special 9- HPDF ထံမှ သိရသည်။", "ဇန်နဝါရီလ ၁ ရက်နံနက်အစောပိုင်း ၁ နာရီဝန်းကျင်ခန့်က ထီးချိုင့်မြို့မှ ကားအသေးတစ်စီး၊ ဆိုင်ကယ် နှစ်စီးဖြင့် ထီးချိုင့်တံတားဘက်သို့ ကင်းလှည့်ထွက်လာသော အကြမ်းဖက်စစ်သား ၊ရဲများကို မြို့ပတ် လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်နှစ်စီးအား ထိမှန်ခဲ့ပြီး ကားအသေးနောက်ပိုင်းထိမှန်ကာ အကြမ်းဖက်စစ်သား၊ ရဲ ၃ ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိကာ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။", "အလားတူ ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၅ နာရီခွဲခန့်ကလည်း မြတောင်လမ်းဆုံအထက် အောင်သာ ယာရွာအနီးတွင် သတ်မှတ်ချိန်မရောက်ခင် မောင်းနှင်လာသော ၁၂ ဘီးကားတစ်စီးကိုလည်း အသံမိုင်းခွဲ ကာ သတိပေးခဲ့ကြောင်း သိရသည်။", "တီးတိန်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံး", "=============================", "ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီယင်းနယ်မြေအတွင်းချီတက်လာသော အကြမ်းဖက် စစ်ကောင်စီနှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီလ ၁ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်က စတင်ကာ နာရီဝက်အကြာ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးကာ အထိအခိုက်ဒဏ်ရာရရှိမှုများစွာဖြင့် ကလေးဘက်သို့ တောလမ်းတိုင်းပြန်ဆုတ်သွား ကြောင်း Civic Defence Militia-CDM Siyin က ထုတ်ပြန်ထားသည်။", "အဆိုပါတိုက်ခိုက်မှုကို CDF VDM Siyin နှင့် MEDF တို့မှ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CDM Siyin ဘက်မှ ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "မြင်းခြံတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၉ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး", "================================", "မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်မှ ၃ ပွင့်ဗိုလ်ကြီး တစ်ဦးပါအဝင် ၉ ဦးသေ ဆုံးခဲ့ကြောင်း MG6 ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။", "ဒီဇင်ဘာလ ၃၁ ရက် နေ့က အဆိုပါ အကြမ်းဖက်စစ်သားများအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၊ရဲ တပ်ဖွဲ့ဘက်မှ ၃ ပွင့်ဗိုလ်ကြီး တစ်ဦးပါ ၉ ဦးသေဆုံးခဲ့ပြီး ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားတစ်ဦးက ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ကျဆုံးခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုကို MG6 ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) မြင်းခြံခရိုင် တပ်ရင်း ၅ ၊ YSO NO 1 ပြောက် ကျား တပ်ဖွဲ့၊ KUG တပ်ရင်း GYZ ၊ ဘီလုံးပြောက်ကျားတပ် ၊ YLK New Power LPDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "မင်းလှ၊ ကန်တုတ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၄ ဦး သေဆုံး", "===============================", "မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမပေါ်ရှိ ကန်တုတ်ဂိတ်စခန်းကို ဒီဇင်ဘာလ ၃၁ ရက် နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် ထံမှ သိရသည်။", "ဒီဇင်ဘာလ ၃၁ ရက် နံနက် ၆ နာရီခန့်က အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ကန်ထုတ် ဂိတ်စခန်း ကို Student Armed Force (ကျောင်းသားလက်ရုံးတပ်တော်)မှ နာရီဝက်ခန့်အကြာ အနီးကပ် ဝင်ရောက် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးနေရာတွင် သေဆုံးကာ ဘန်ကာထဲရှိ ဗိုလ်ကြီးတစ်ဦးမှာ ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာဖြင့် နောက်ပိုင်းတွင် သေဆုံးသွားကြောင်း၊ ကျန်တပ်သားတစ်ဦးလည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုအတွင်း ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်စတ်ဦး ပခုံးကျည်ကွဲစထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ကျန်ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "စစ်ကိုင်းမြို့နယ်ရှိ ပျူစောထီး စခန်းများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်", "================================", "စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ ပျူစောထီးစခန်းများကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း bee fighters revolution army mdy အဖွဲ့ထံမှ သိရသည်။", "ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကြွယ်ပုံရွာရှိ ပျူစောထီးစခန်းများ၌ Happy New Year ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေချိန် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။", "” New Yearနေ့က အလစ်ငိုက်ဖြစ်နေချိန် ကျွန်တော်တို့ အဖွဲ့ အပါဝင် စစ်ကိုင်း၊ ဝက်လက် ပကဖ PDF အဖွဲ့များစွာနှင့် လက်နက်ကြီး လက်နက်ငယ် ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ပျူစောထီးတွေ အများအပြား သေဆုံးနိုင်တယ်။ မနီးမဝေးဆိုတော့ အကျအဆုံး အတိအကျ သတင်းမယူနိုင်ဘူး။ နွားကျောင်းသား အယောင်ဆောင် ပျူတစ်ကောင်ကြောင့် ကင်းပေါက်ကာ မှန်းထားသလောက်ကပ်မရခဲ့ဘူး။ စိတ်ကြိုက်တော့ တိုက်ခိုက်ပစ်ခပ်ခဲ့ရတယ်။ အထိနာတဲ့ ပျူတွေက လေကြောင်း စစ်ကူခေါ်လို့ ပြန်ဆုတ် ခဲ့ရတယ်” ဟု bee fighters revolution army mdy အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/02/84650/
စစ်ကိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးတွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်နေပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်
["စစ်ကိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးတွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်နေပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "စစ်ကိုင်းမြို့၊ ယင်းမာပင်မြို့နှင့် ဆားလင်းကြီးမြို့တို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်နေပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/02/86687/
စစ်ကိုင်း၊ ရွာသစ်ကြီးရဲစခန်းမှူး လိုက်ပါသည့် အိမ်စီးကား ကို ပစ်ခတ်တိုက် ခိုက်မှု ရဲ ၂ ဦးသေဆုံး
["စစ်ကိုင်း၊ ရွာသစ်ကြီးရဲစခန်းမှူး လိုက်ပါသည့် အိမ်စီးကား ကို ပစ်ခတ်တိုက် ခိုက်မှု ရဲ ၂ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးစံပြရဲစခန်းမှ ထွက်လာသော စစ် တပ် လက် အောက်ခံ ရွာသစ်ကြီး ရဲစခန်းမှူးနှင့် ရဲလေးဦးပါ Max 2 ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ လာ သော ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း People’s Army to Fight Dictatorship မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၈ နာရီခန့်က ရွာသစ်ကြီးရဲစခန်းမှထွက်ခွာလာသော စခန်းမှူးနှင့် အတူ ရဲလေးဦးသည် Max 2 ကားဖြင့် ထွက်လာစဉ် ရွာသစ်ကြီးစံပြကျေးရွာနှင့် နတ်ခရိုင်ရွာကြား၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ ရဲနှစ်ဦး သေဆုံးပြီး ကျန်ရဲများ အပြင်းအထန်ဒဏ်ရာရရှိကာ သေနတ်ဂျန့်ဖြစ်သွားချိန် နောက်ပြန်ဆုတ်ထွက် ပြေးသွားကြောင်း သိရသည်။", "“ပစ်လိုက်တဲ့အချိန်မှာ ကားကထိုးရပ်သွားတာ၊ သေနတ်လုဖို့ ပွဲသိမ်းခါနီးကျမှ သေနတ်အော်တိုနှစ်လက် လုံးကဂျန့်ဖြစ်သွားတာ၊ နောက်ပြန်ဆုတ်ပြီးတော့ထွက်ပြေးသွားတာ၊ မဟုတ်ရင် ပစ္စည်းတွေပါကို ရ တယ်၊ ကားကတော့အတော်ကို စုတ်ပြတ်သတ်သွားတာပဲ၊ ကျည်ဂျန့်ဖြစ်နေတဲ့အချိန် ဖြေးဖြေးလေး ပြန်လှည့်မောင်းသွားတာ၊ အဝေးရောက်မှပဲ အမြန်မောင်းပြေးနိုင်တယ်၊ နီးစပ်တဲ့ အသိုင်းအဝန်းကတော့ နှစ်ယောက်သေတယ်ပြောတယ်၊ ကျန်တာကတော့ သေနိုင်ပေမယ့် အတိအကျမသိရတာ”ဟု People’s Army to Fight Dictatorship မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "အဆိုပါတိုက်ခိုက်မှုကို People’s Army to Fight Dictatorship(PAFD)နှင့် PAFD တပ်ခွဲ DK PDF-MMU တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်တပ်မှလည်း ဖောကားနှစ်စီးဖြင့် အင်အားအများ အပြားရောက်ရှိလာကာ စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။"]
https://yktnews.com/2023/09/122977/
စစ်ကိုင်း၊ သလွန်ဖြူကျေးရွာတွင် ဒုရဲအုပ် သန်းမင်းစိုး လင်မယား အသတ်ခံ ရပြီးနောက် စစ်တပ်က ကလေး ၁ ဦး အပါအဝင် ပြည်သူ ၈ ဦးကို ပစ်ခတ် သတ်ဖြတ်၊ လူ ၄၀ ကျော်ကို စစ်သားများက ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေ
["စစ်ကိုင်း၊ သလွန်ဖြူကျေးရွာတွင် ဒုရဲအုပ် သန်းမင်းစိုး လင်မယား အသတ်ခံ ရပြီးနောက် စစ်တပ်က ကလေး ၁ ဦး အပါအဝင် ပြည်သူ ၈ ဦးကို ပစ်ခတ် သတ်ဖြတ်၊ လူ ၄၀ ကျော်ကို စစ်သားများက ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁၈", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာတွင် ဒုရဲအုပ် သန်းမင်းစိုး နှင့် ဇနီး အသတ်ခံရပြီးနောက် စစ်တပ်က အဆိုပါကျေးရွာကို စစ်ကြောင်း ထိုးကာ ကလေးငယ် ၁ ဦး အပါအဝင် အရပ်သား ပြည်သူ ၈ ဦးကို သတ်ဖြတ် လိုက်ကြောင်း၊ ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် လေကြောင်းရဲတပ်ဖွဲ့၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တာဝန်ကျ ဒုရဲအုပ် သန်းမင်းစိုးသည် ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းနှင့်အတူ မိဘရှိရာ သလွန်ဖြူကျေးရွာသို့ သွားရောက်ခဲ့ကြောင်း၊ အဆိုပါရွာတွင် ဇနီးဖြစ်သူ ဒေါ်သူဇာထွန်း၏ မိခင် နေထိုင်၍ လာရောက်ကန်တော့ခြင်းဖြစ်ကြောင်း၊ အပြန်ခရီးတွင် ဒုရဲအုပ် သန်းမင်းစိုးနှင့် ဇနီးတို့ အသတ်ခံခဲ့ရ ကြောင်း သိရှိရသည်။", "ထိုသို့ ဒုရဲအုပ် လင်မယား အသတ်ခံရပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့ ၊ နံနက် ၃ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာကို စစ်တပ် က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အမျိုးသား ၇ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၄၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီး ထားကာ ညှဉ်းပန်းနှိပ်စက်နေကြောင်း သိရှိရသည်။", "“စစ်ကိုင်းမြို့နယ် ငါးထပ်ကြီးအနောက်ဘက်ကို စစ်ကြောင်းထိုးတယ်။ သလွန် ဖြူ ရွှေဘုံသားကျောင်းမှာတပ်စွဲထားတယ်။ ညနေ ၆ နာရီမှာ အပြစ်မဲ့ ပြည်သူ ၇ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်။ အလောင်းများကို ရွာအပြင်တွင် စွန့် ပစ်ပြီး အလောင်းလာကောက်သူများကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကိုင်းမြို့နယ် သလွန်ဖြူ ကျေးရွာအတွင်းသို့ စစ်တပ်စစ်ကြောင်းက ထပ်မံ ဝင်ရောက်လာပြီး အသက် ၁၄ နှစ်အရွယ် ကလေး ငယ်တစ်ဦးကိုလည်း ထပ်မံ ပစ်ခတ် သတ်ဖြတ် သွားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/157162/
တောင်သာမြို့နယ် ၊ ဘုရားလှကျေးရွာတွင် စစ်သားစုဆောင်းနေသော အုပ်ချုပ်ရေးမှူးအိမ်ကို ဝင်ရောက်စီးနင်းမှု စစ်သား ၃ ဦးသေဆုံး
["စစ်ကူလာသော မြင်းခြံပျူစောထီးစစ်ကြောင်း၊ ထနောင်းကုန်းပျူစောထီးနှင့် ဇရပ်ကြီးရွာ ပျူစောထီးများကို တိုက်ခိုက်ရာ စစ်တပ်နှင့် ပျူစောထီးဘက်မှ သေဆုံးမှုများပြား", "ရန်ကုန်၊ ဧပြီ ၁၅", "မန္တလေးတိုင်း၊ တောင်သာမြို့နယ် ၊ ဘုရားလှကျေးရွာတွင် စစ်မှုထမ်းဥပဒေဖြင့် စစ်သားသစစုဆောင်းနေသော အုပ်ချုပ်ရေးမှူးအိမ်ကို ဝင်ရောက်စီးနင်းမှု စစ်သား ၃ ဦးသေဆုံးကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာပျူစောထီးခေါင်းဆောင်လည်းဖြစ်၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ၏ နေအိမ်ကို ဝင်ရောက်စီးနင်းကြောင်း၊ အဆိုပါ စီးနင်းတိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦးသေဆုံးပြီး အုပ်ချုပ်ရေးမှူး၏ အစ်ကိုဖြစ်သူနှင့် အမေဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "ထို့အတူ ယင်းနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ဘုရားလှကျေးရွာအုပ်ချုပ်ရေးမှူးအိမ်သို့ စစ်ကူလာသော မြင်းခြံမှ ပျူစောထီးခေါင်းဆောင် သီတာယုမွန် တပည့်များနှင့်အတူ ပူးပေါင်းလာသော စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက် ခဲ့ကြောင်း၊ ယင်းမိုင်းဆွဲမှုတွင် ဗျူဟာမှူး ကားကိုမိုင်းဆွဲ တိုက်ခိုက်ရာ ၄ ဦး သေဆုံးပြီး ဗျူဟာမှူးလည်း လည်ပင်းပြတ်ရှ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ယင်းအပြင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၅၈ မိနစ်အချိန် တောင်သာမြို့နယ် ဇဂျမ်းစခန်းအတွင်း ပူးပေါင်းနေထိုင်သော ထနောင်းကုန်းပျူစောထီးများက စစ်ကူလာရန် ဇရပ်တခုတွင် ယာယီအထိုင်ချ ပြည်သူများကို တားဆီးစစ်ဆေးနေစဉ် မိုင်းခွဲတိုက်ခိုက်ရာ ပျူစောထီး ၇ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန် တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာတွင် တပ်စွဲထားသော စစ် ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲချရာ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ မစ်ရှင်၄ ခုအတွင်း ပျူစောထီး ၁၁ ဦး သေဆုံးပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း၊ ဗျူဟာမှူး ၁ ဦးနှင့် စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "စစ်ဆင်ရေးများကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ တောင်သာမြို့နယ်ပလဖ၊ မလှိုင်မြို့ နယ် ပကဖ၊ မြင်းခြံရင်း ၁၊ မြင်းခြံရင်း ၈၊ မြင်းခြံပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ – အညာဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဝင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#တောင်သာမြို့နယ်#အုပ်ချုပ်ရေးမှူးအိမ်"]
https://yktnews.com/2025/04/211724/
စစ်ကောင်စီ ကင်းစင်သွားသော ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် EROs များက တာဝန်ယူအုပ်ချုပ်ပြီး တိုင်းဒေသများကို NUG အစိုးရက အုပ်ချုပ်ရန် တာဝန်ခွဲဝေယူထား
["စစ်ကောင်စီ ကင်းစင်သွားသော ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် EROs များက တာဝန်ယူအုပ်ချုပ်ပြီး တိုင်းဒေသများကို NUG အစိုးရက အုပ်ချုပ်ရန် တာဝန်ခွဲဝေယူထား", "ရန်ကုန်၊ ဧပြီ ၁၈", "စစ်ကောင်စီကင်းစင်သွားသော နယ်မြေများတွင် အုပ်ချုပ်ရေးလေဟာနယ်မဖြစ်စေရန် ပြည်နယ်များ တွင် တိုင်း ရင်းသားလက်နက်ကိုင် EROs များက တာဝန်ယူထားပြီး တိုင်းဒေသများကို NUG အစိုးရက အုပ်ချုပ်ရန် တာဝန်ခွဲဝေယူထားကြောင်း NUG အစိုးရ၏ ၄ နှစ်ပြည့်အစီရင်ခံစာတွင် ထုတ်ပြန် ပြောဆိုလိုက်သည်။", "တော်လှန်ရေးကာလ စိုးမိုးထိန်းချုပ်နယ်မြေများတွင် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီးသည့်နောက် အုပ်ချုပ်ရေးလေဟာနယ် မဖြစ်စေရန်အတွက် ပြည်နယ်များ၏ အုပ်ချုပ် ရေးထူထောင်မှုကို ပြည် နယ်လွတ်မြောက်ရေး အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသော သက်ဆိုင် ရာ EROs များနှင့် ပြည်နယ်အတိုင်ပင် ခံကောင်စီများက တာဝန်ယူပြီး တိုင်း (သို့မဟုတ်) ဖက်ဒရယ် ယူနစ်များ၏ အုပ်ချုပ်ရေးထူထောင်မှုကို ကန ဦးအဆင့်တွင် တိုင်းဒေသများလွတ်မြောက်ရေးအတွက် အဓိကတာဝန်ယူသော အမျိုးသားညီညွတ်ရေးအစိုးရက ကမကထပြု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "တိုင်း (သို့မဟုတ်) ဖက်ဒရယ်ယူနစ် အုပ်ချုပ်ရေးအဖွဲ့များ အမြန်ဆုံးပေါ်ပေါက်လာရေးအတွက် သက် ဆိုင်ရာတိုင်း (သို့မဟုတ်) ဖက်ဒရယ်ယူနစ်များမှ တာဝန်ရှိသူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများက လိုအပ်သော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ပြည်နယ်နှင့်တိုင်း (သို့မဟုတ်) ဖက်ဒရယ်ယူနစ် အုပ်ချုပ်ရေးအဖွဲ့(အစိုးရ)များ ပေါ်ပေါက်လာသည့် အခါ ဖက်ဒရယ်သဘောအရ လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင် ရန် အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) ကို ဖွဲ့စည်းထားကြောင်း သိရှိရသည်။", "NUG အစိုးရအနေဖြင့် တိုင်း ၇ ခု၊ ခရိုင် ၁၀ ခု၊ မြို့နယ် ၁၈၃ ခုတို့တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား ကောင်းစွာလည်ပတ်လျက်ရှိကြောင်း၊ နယ်မြေစိုးမိုးထိန်းချုပ်မှုအရ စစ်ကောင်စီအုပ်ချုပ်မှုကို ဖျက်သိမ်း၍ ပြည်သူ့အုပ်ချုပ်ရေး ထူထောင် နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော် ဆောင်မှုဗဟိုကော်မတီကို ပြည်ထောင်စုဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားရှိပြီး ယခုအချိန် တွင် တိုင်း ၇ ခု၊ ခရိုင် ၁၀ ခု၊ မြို့နယ် ၁၈၃ ခုတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကောင်းစွာ ဖွဲ့စည်း လည် ပတ်လျက်ရှိကြောင်း သိရှိရသည်။", "အဆိုပါ မြို့နယ်များတွင် အုပ်ချုပ်ရေးနှင့်ဆက်စပ်၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ ဝန် ဆောင်မှုလုပ်ငန်းများကို အားစိုက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင် ရွက်နိုင်ရန်အတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ မြို့ နယ် ၉ မြို့နယ် နှင့် ပြည်သူ့လုံခြုံ ရေးအဖွဲ့များကို မြို့နယ် ၄၈ ခုတွင် ဖွဲ့စည်းထူထောင်ပြီးဖြစ်ကြောင်း သိရှိရသည်။", "အုပ်ချုပ်ရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်အတွက် ၂ဝ၂၄-၂ဝ၂၅ မဟာ ဗျူ ဟာ စီမံချက်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်၊ တိုင်း(သို့) ဖက်ဒ ရယ် ယူနစ် အစိုးရများ ပေါ်ပေါက်လာနိုင်ရေးအတွက် ပြည်နယ်၊ တိုင်း (သို့) ဖက်ဒရယ်ယူနစ်များရှိ Stakeholder များနှင့် မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်မှုများကိုလည်း အလေးထားဆောင်ရွက်လျက် ရှိကြောင်း အသိပေးထားသည်။", "တိုင်း (သို့မဟုတ်) ဖက်ဒရယ်ယူနစ်အစိုးရများကို ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပေါ် ပေါက်လာစေရန်အတွက် အထူးအလေးထားဆောင်ရွက်သကဲ့သို့ မိတ်ဖက်မဟာမိတ် တိုင်းရင်း သားများ နှင့်အတူ လက်တွဲကာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။", "၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်နှင့် အညီ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အတွင်း တိုင်ပင်ညှိနှိုင်း၍ ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ အတည်ပြုချက်ဖြင့်ဖွဲ့စည်းခဲ့ကြောင်း ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် ဒုတိယသမ္မတ(ယာယီသမ္မတ)၊ ပြည်ထောင်စုဝန်ကြီးချုပ်တို့ ဦးဆောင်လျက်ဝန်ကြီးဌာန ၁၇ ခု၊ ပြည် ထောင်စုဝန်ကြီး ၁၆ ဦး၊ ဒုတိယဝန်ကြီး ၁၇ ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း၊ အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့တွင် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး ၊ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများမှ တာဝန်ပေးစေလွှတ်သူ ၁၂ ဦး၊ နွေဦးတော်လှန်ရေးအင်အားစုများမှ တာဝန်ပေး စေ လွှတ်သူနှင့် တတ်သိပညာရှင် ၁၂ ဦး ပါဝင်သည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖွဲ့စည်းပုံကို ကြည့်လျှင် (de jury legitimacy) ခေါ်သော ၂၀၂၀ ရွေး ကောက်ပွဲ ရလဒ်အရ ပြည်သူက အပ်နှင်းသော တရားဝင်မှုနှင့် (de facto legitimacy) ခေါ်သော နယ်မြေထိန်းချုပ်မှုနှင့် ပြည် သူလူထုထောက်ခံမှုမှ ရရှိသော တရားဝင်မှု ဟူသည့် တရားဝင်မှု နှစ်ရပ် ပေါင်းစပ် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ပြည်သူသို့ အသိပေးထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/10/188602/
စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို မြန်မာနိုင်ငံမှ ပြည်တွင်းဥပဒေဖြင့် အရေးမယူနိုင်၍ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လွှဲပြောင်းပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို
["စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို မြန်မာနိုင်ငံမှ ပြည်တွင်းဥပဒေဖြင့် အရေးမယူနိုင်၍ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လွှဲပြောင်းပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ထားသော ရာဇဝတ်မှုများကို မြန်မာနိုင်ငံရှိ ပြည်တွင်းဥပဒေဖြင့် ပြစ်ဒဏ်ကျခံစေရန် လုံးဝစွမ်း ဆောင်နိုင်ခြင်း မရှိ၍ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လွှဲပြောင်းပေးရန် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုလိုက်သည်။", "အောက်တိုဘာလ ၁၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် ၇၉ ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီ အစည်း အဝေး ၏ အစီအစဉ်အမှတ် ၈၅ – ” ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူ၏ နယ် ပယ်နှင့် အသုံးချမှု ” အထွေထွေဆွေးနွေးမှု နှင့် လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မ တီ (တတိယကော်မတီ) တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန် ဆွေးနွေးမှုအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။", "မြန်မာနိုင်ငံတွင် စစ်ကောင်စီ က ခန့်အပ်ထားသည့် ပြည်ထောင်စုရှေ့နေချုပ် ဆိုသည့်သူ အပါအဝင် အကြမ်းဖက်စစ်တပ်၏ တရားစီရင်ရေးနှင့် ဥပဒေ ကဏ္ဍကို ဉီးဆောင်နေသူများ ဆိုသည့်သူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုများတွင် ပါဝင် ပတ်သက်နေကြကြောင်း၊ ၎င်းတို့က စစ်အုပ်စု၏ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နိုင်စေရန် ဥပဒေများ ပြင်ဆင်ရေးဆွဲ ပေးခဲ့ကြောင်း၊ ၎င်းတို့သည် ထိုသို့ပြင်ဆင်ထားသော ဥပဒေများဖြင့် အရပ်သားပြည်သူများအပေါ် လက်နက် သဖွယ် အသုံးပြုခဲ့ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းဥပဒေ စနစ်ဖြင့် ရာဇဝတ်မှု ကျူးလွန် သူ များအား ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရန်နှင့် တာဝန် ယူမှု၊ တာဝန်ခံမှုဖြင့် ပြစ်ဒဏ်ကျခံ စေရန် လုံးဝ စွမ်းဆောင်နိုင်ခြင်း မရှိသည်ကို ထင်ရှားစွာ ပြသနေကြောင်း သံအမတ်ကြီးက ပြောသည်။", "ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် လွှဲအပ်တင်သွင်းရန်၊ု အကြမ်းဖက်စစ်ကောင်စီအပေါ် ကမ္ဘာလုံးဆိုင်ရာအဆင့် လက်နက်တင်ပို့ ရောင်း ချမှုနှင့် တိုက်လေယာဉ်ဆီ ထောက်ပံ့မှုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်၊ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များ၏ ရာဇဝတ်မှုများကို တရားစွဲဆိုရန်အတွက် ဆောင်ရွက်နိုင်သော သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်တွင်းဥပဒေမူဘောင်များ အတွင်း ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်ကို ကျင့်သုံးကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန်", "ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုက် အဝန်း အား တောင်းဆိုပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။", "ထို့ပြင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mr. Volker TÜRK နှင့် အပြန်အလှန် ဆွေးနွေးမှုအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေအပြည့်အစုံကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းရန် လူ့အခွင့်အရေး မဟာမင်းကြီး၏ တောင်းဆိုမှုကိုလည်း ထပ်ဆင့်တောင်းဆိုကြောင်း၊ မြန်မာပြည်သူများမှ ခါးစည်းခံစားနေရသည့် ဒုက္ခဆင်းရဲများသည် အဆမတန် များပြား ကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် ကုလသမဂ္ဂနှင့် ဒေသတွင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းထံမှ တိကျပြတ်သား သော အရေးယူဆောင်ရွက်ချက်များကို အထူးလိုအပ်ကြောင်း ပြောကြားသည်။", "မြန်မာနိုင်ငံမှ ပြည်သူများသည် အကြောက်တရား၊ စိုးရိမ်ကြောင့်ကြမှုများနှင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်တွင် နေထိုင်နေရပြီး လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ၊ နေအိမ်များနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီး ခြင်းများ၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းများ၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ၊ အတင်းအကျပ် တပ်သားစုဆောင်းမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အခြားသော ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်၊ ညစဉ် ကြုံတွေ့နေရကြောင်း၊ လွတ်လပ်သော မြန်မာစုံစမ်းစစ်ဆေးရေး ယန္တရား အရ စစ်တပ်က ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရာဇဝတ်မှုများ နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမြောက်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။", "ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်ရှိ အခြေအနေ အပြည့်အစုံကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းရန် လူ့အခွင့်အရေး မဟာမင်းကြီး၏ တောင်းဆိုမှုကိုလည်း ထပ်ဆင့်တောင်းဆိုပါကြောင်း၊လက်ရှိတွင် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီထံမှ မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန်နှင့် ရက်စက်ကြမ်းကြုတ်မှုများအား ကြိုတင်ကာကွယ်ရန် ခိုင်မာ သည့် အရေးယူ ဆောင်ရွက်ချက်များ မရှိသေးကြောင်း သံအမတ်ကြီးက ထောက်ပြပြောဆိုသွားသည်။"]
https://yktnews.com/2024/01/138236/
စစ်ကောင်စီ စစ်ရှုံးနေသည့် ယခုအချိန်သည် “ရောင်နီထွက်ခါနီးသဖြင့် မှောင် မိုက်” နေချိန်ဟု KIO ဥက္ကဋ္ဌ မှတ်ချက်ပြု
["စစ်ကောင်စီ စစ်ရှုံးနေသည့် ယခုအချိန်သည် “ရောင်နီထွက်ခါနီးသဖြင့် မှောင် မိုက်” နေချိန်ဟု KIO ဥက္ကဋ္ဌ မှတ်ချက်ပြု", "လူထုကို ညှဉ်းပန်းသတ်ဖြတ်လုယက်ပြီး ပြည်သူ့ဆန္ဒကို ကျည်ဆန်ဖြင့် တုံ့ပြန်သည့် စစ်တပ်ကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းရန် ချင်းပြည် ကောင်စီ ဥက္ကဌ Pu Zing Cung ပြော", "ရန်ကုန်၊ ဇန်နဝါရီ ၂", "နိုင်ငံတစ်ဝန်းတွင် အရှုံးများစွာ ကြုံနေရသည့် စစ်ကောင်စီအတွက် ယခုအချိန်သည် “ရောင်နီထွက်ခါနီးသဖြင့် မှောင်မိုက်” နေချိန်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောဆိုလိုက်သည်။", "တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူ လူထု ၏ ဟန်ချက်ညီတိုက်ခိုက်တော်လှန်မှုကြောင့် စစ်ကောင်စီတပ်က ခံနိုင်ရည်မရှိတော့ဘဲ စစ်ရှုံးနေပြီဖြစ်ကြောင်း၊၂၀၂၃ ခုနှစ်တွင်တော်လှန်ရေးတပ်ဖွဲ့များ၏ အောင်မြင်မှုသည် ထူးခြားပြောင်မြောက်လွန်းပြီး ၂၀၂၄ ခုနှစ်တွင် အပြောင်း အလဲမြင်ရနိုင်ကြောင်း၊ လိုင်ဇာမြို့ မုန်လိုက်ခက်စစ်ရှောင်ပြည်သူများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းသည် လူစိတ်မရှိသည့် အရိုင်းအစိုင်းလုပ်ရပ်ဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်ကို ပြည်သူတစ်ရပ်လုံးက မမေ့လျော့သင့်ဘဲ အသက်ပေးသွားသည့် ပြည်သူများကို တန်ဖိုးထားလေးစားရမည်ဖြစ်သည့်အပြင် ကျန်ရစ်သည့် မိသားစုဝင်များကိုလည်း ချစ်ခြင်းမေတ္တာဖြင့် အားပေးလက်တွဲကူညီရမည်ဟုKIO ဥက္ကဋ္ဌက ပြော ဆိုသည်။", "စစ်အာဏာရှင် တော်လှန်ရေးခရီးလမ်းတွင် ပင်ပန်းဆင်းရဲမှုကို ကြုံတွေ့ရနိုင်သဖြင့် မည်သို့သောခက်ခဲမှုမျိုးကိုမဆို လက်မြောက်အရှုံးမပေးဘဲ ကျော်လွားနိုင်ကြရမည်ဖြစ်ပြီး လက်ရှိအချိန်သည် “ရောင်နီထွက်ခါနီးသဖြင့် မှောင်မိုက်” သည့်ပမာဖြစ်ကြောင်းနှင့် အခက်အခဲနှင့်စိန်ခေါ်မှုများ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအဖြစ်အပျက်များကို ညီညွတ်စွာဖြင့် ကျော်လွှားရမည်ဟု ၎င်းက ပြောဆိုသည်။", "အလားတူ လူထုကို ညှဉ်းပန်းသတ်ဖြတ်လုယက်ပြီး ပြည်သူ့ဆန္ဒကို ကျည်ဆန်ဖြင့် တုံ့ပြန်သည့် စစ်တပ်ကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းရန် ချင်းပြည်ကောင်စီ ဥက္ကဌ Pu Zing Cung က ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောဆိုသည်။", "“တိုင်းသူပြည်သားတွေကို ဖိနှိပ်၊ ညှင်းပမ်း၊ သတ်ဖြတ်၊ လုယက်တဲ့ စစ်တပ် ဖြစ်ပါတယ်။ တိုင်းပြည်ကို ရာသက်ပန်အုပ်ချုပ်နိုင်ရေးအတွက် စစ်စည်းမျဉ်းခံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဌာန်းပြီး ဖိနှိပ်အုပ်ချုပ်တယ်။ ပြည်သူရဲ့ဆန္ဒကို ကျည်ဆံနဲ့တုန့်ပြန်တဲ့ စစ်တပ် ဖြစ်ပါတယ်။ ​ဒါကြောင့် ဒီလိုစစ်တပ်ကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းကြရမှာ ဖြစ်တယ်။ ဒါဟာ ချင်းလူမျိုးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံး တစိုက်မတ်မတ် လုပ်ဆောင်ရမယ့် သမိုင်းပေးတာဝန်ပဲ ဖြစ်ပါတယ်” ဟု ချင်းပြည်ကောင်စီ ဥက္ကဌ Pu Zing Cung က ရှင်းလင်းပြောဆိုသည်။", "၂၀၂၃ ခုနှစ်သည် ချင်းလူမျိုးများအတွက် နားကျဉ်းမှုများ ဝမ်းနည်းပူဆွေးမှုများ၊ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ စစ်ရေးကဏ္ဍတွင်မူ စစ်တပ်ကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်သည် ချင်းလူမျိုးများအတွက် အရေးကြီးသော နှစ်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။", "“၂၀၂၄ ခုနှစ်ဟာ ချင်းလူမျိုးတို့အတွက် အလွန်အရေးကြီးတဲ့ ’နှစ်’ ဖြစ်ပါတယ်။ ဒီနှစ်သစ်အခါသမယမှာ အရေးတ အကောင် အထည် ဖော်ဆောင်ရွက်ရမယ့် အချက် (၄) ချက်ကို ပြောကြားလိုပါတယ်။ ​ပထမအချက်ကတော့ “စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး”ပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်ရေးအတွက် ဒီစနစ်ကိုကျောထောက်နောက်ခံပေးနေတဲ့ စစ်တပ်နဲ့ ၎င်းရဲ့ ယန္တရားတစ်ခုလုံးကို ချေမှုန်းဖို့ လိုပါတယ်။ ​တိုင်းပြည်တစ်ခုမှာ စစ်တပ်လိုအပ်တယ်ဆိုတာ လူတိုင်း နားလည်သဘောပေါက်ပါတယ်။ ဒါပေမယ့် အဲဒီစစ်တပ်ဟာ ပြည်သူနဲ့ တိုင်းပြည်ကို ကာကွယ်တဲ့ စစ်တပ်မဟုတ်ဘဲ ပြည်သူကို ဖိနှိပ်ညှင်းပမ်း သတ်ဖြတ်တဲ့စစ်တပ်၊ တိုင်းပြည်ကို အတင်းအဓမ္မ အုပ်ချုပ်တဲ့စစ်တပ် ဖြစ်နေခဲ့လို့ရှိရင် ပြည်သူလူထုကပဲ အမြစ်ပြတ်တဲ့အထိ တွန်းလှန်တိုက်ထုတ်ရမှာ ဖြစ်တယ်။ ဒီကနေ့ ပြည်ထောင်စု မြန်မာနိုင်ငံကို နှစ်ပေါင်း (၆၀) ကျော် အုပ်စိုးနေတဲ့စစ်တပ်ဟာ တိုင်းပြည်ဆင်းရဲမွဲတေသွားအောင် လုပ်ဆောင်ခဲ့တဲ့ စစ်တပ် ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။", "ထို့ပြင် ချင်းပြည် နေရာအများစုကို ချင်းအမျိုးသားတပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်နိုင်ပြီဖြစ် ကြောင်း၊ သို့ရာတွင် ချင်းပြည်တွင် တပ်စွဲထားသော စစ်တပ်ကို ဆက်လက် တိုက်ခိုက်ရှင်းထုတ်ရမည်ဖြစ်ကြောင်း၊ “အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် Chinland တည်ဆောက်ရေး ဆောင်ရွက်ရမည်ဖြစ်ပြီး Chinland Council ဖွဲ့စည်းရခြင်း၏ အဓိကအကြောင်းရင်းကတော့ အာဏာရှင်စနစ် အဆုံး သတ်ရေးနှင့် Chinland တည်ဆောက်ရေး အမြန်ဆုံး အောင်ပွဲခံနိုင်ရေး ဖြစ်ကြောင်း။ ​ “နိုင်ငံရေးနဲ့အမျိုးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး”ကိုလည်း တည်ဆောက်ရမည်ဖြစ်ပြီး Chinland Council အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EAO)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ စစ်ရေး၊ နိုင်ငံရေးမှာ ဟန်ချက်ညီညီ အတူတကွ တိုက်ပွဲဝင်လျက်ကြောင်း ၎င်းက ရှင်းပြသည်။", "“​ဒီအချိန်ကာလဟာ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် အကောင်းဆုံးသောအချိန် ဖြစ်သလို မိမိတို့ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အကောင်းဆုံးသောအခွင့်အလမ်း ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး တော်လှန်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းများအားလုံး စုစုစည်းစည်းနဲ့ ပူးပေါင်းတိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။ တစ်ပြည်ထောင်စနစ်နဲ့ အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်တို့ကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်” ဟု ချင်းပြည်ကောင်စီ ဥက္ကဌ Pu Zing Cung က ပြောဆိုသည်။"]
https://yktnews.com/2024/01/139375/
စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀၀ ဦးခန့် လက်နက်ချ အညံ့ခံပြီးနောက် “၀” ပြည် နယ် အစိုးရ က ဟိုပန်နှင့်ပန်လုံဒေသနှစ်ခုကို ညီနောင်မဟာမိတ် ၃ ဖွဲ့ထံမှ တရားဝင် လွှဲ ပြောင်း ရယူ စတင်အုပ်ချုပ်
["စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀၀ ဦးခန့် လက်နက်ချ အညံ့ခံပြီးနောက် “၀” ပြည် နယ် အစိုးရ က ဟိုပန်နှင့်ပန်လုံဒေသနှစ်ခုကို ညီနောင်မဟာမိတ် ၃ ဖွဲ့ထံမှ တရားဝင် လွှဲ ပြောင်း ရယူ စတင်အုပ်ချုပ်", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော် လက်နက်ချ အညံ့ခံပြီးနောက် “၀” ပြည်နယ်အစိုးရက ဟိုပန်နှင့်ပန်လုံဒေသနှစ်ခုကို လွှဲပြောင်း ရယူပြီး တရားဝင် စတင်အုပ်ချုပ်နေပြီဖြစ်ကြောင်း UWSA “၀” တပ်ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။", "ယမန်နေ့ ဟိုပန်နှင့်ပန်လုံဒေသ နှစ်ခုကို “၀”ပြည်နယ် ပြည်သူ့အစိုးရထံသို့ လွှဲပြောင်းလက်ခံသည့် အခမ်းအနားကို ဟိုပန် မြို့တော် ခန်းမ တွင် ကျင်းပခဲ့ပြီး ဗဟို”၀”ပြည်နယ်ပြည်သူ့အစိုးရကိုယ်စား မိုင်းမောခရိုင်မှူး နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ခဲ့ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၅ ရက်နေ့တွင် ဟိုပန်နှင့် ပန်လုံမြို့များကို ညီနောင်မဟာမိတ် တပ်များက ဇန်နဝါရီလ ၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး UWSA ထံကို လွှဲပြောင်းပေးခဲ့ကြောင်း၊ ဟိုပန်နှင့်ပင်လုံဒေသမှ စစ်ကောင်စီ တပ်သား ၇၀၀ ခန့် လက်နက်ချ အညံ့ခံခဲ့ပြီး အညံ့ခံသော စစ်သားများကို လားရှိုးမြို့ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။", "ဟိုပန်မြို့နှင့် ပန်လုံမြို့များသည် ‘ဝ’ လူမျိုးပိုင်မြို့များ ဖြစ်ပြီး ၁၉၉၀ ခုနှစ် အာဏာရှင် စောမောင် လက်ထက် UWSA ထံသို့ လွှဲပြောင်းရာတွင် ကျန်ရှိခဲ့ သော မြို့များဖြစ်ကြောင်း၊ ၃၄ နှစ်အကြာမှ UWSA လက်ထက်ပထမဆုံး ပြန်လည် ရယူခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/87539/
စစ်ကောင်စီ တပ်များတွင် တပ်တွင်းပုန်ကန်မှုများ ဆက်တိုက် ဖြစ်နေပြီး ခမရ ၄၀၃ မှ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူး သန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို စစ်တိုက်ရန် ငြင်းဆန် ပုန်ကန်မှုဖြင့် ဖမ်းဆီးအရေးယူ
["စစ်ကောင်စီ တပ်များတွင် တပ်တွင်းပုန်ကန်မှုများ ဆက်တိုက် ဖြစ်နေပြီး ခမရ ၄၀၃ မှ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူး သန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို စစ်တိုက်ရန် ငြင်းဆန် ပုန်ကန်မှုဖြင့် ဖမ်းဆီးအရေးယူ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို အမိန့်မနာခံမှု၊ စစ်တိုက်ရန် ပုန်ကန်ငြင်းဆန်မှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်းသိရှိရသည်။", "ခမရ ၄၀၃ သည် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အခြေစိုက် တပ်ဖြစ်ပြီး ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ရှေ့တန်း တာဝန်ချထားခံရသည့် တပ်ဖြစ်သည်။", "၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ မဲသလောက် စစ်တပ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းကို ပြန်လည် သိမ်းယူရန် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို တိုင်းစစ်ဌာနချုပ်က အမိန့်ပေးရာတွင် အဆိုပါ အရာရှိ ၃ ဦးက အမိန့်မနာခံဘဲ စစ်တိုက်ရန် ငြင်းဆန်ပုန်ကန်ခဲ့ကြကြောင်း သိရှိရသည်။", "ထို့ကြောင့် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့် ဖြိုး ဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို စစ်တပ်က ဖမ်းဆီးထားပြီး တပ်တွင်း ပုန် ကန်မှုဖြင့် အရေးယူထားကြောင်း သိရှိရသည်။", "စစ်တပ်က ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်ကို စအရ ၉၀၄ တပ် တွင်လည်းကောင်း၊ ဗိုလ်မှူး သန်းနိုင်အေးကို မဆရ ၅ တပ်တွင်လည်းကောင်း၊ ဗိုလ်မှူးနိုင်နိုင်ဇော်ကို ခမရ ၁၀၂ တပ်တွင်လည်းကောင်း ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရသည်။", "KNU တပ်မဟာ ၅ နယ်မြေတွင် ရှေ့တန်းတာဝန်ကျနေသည့် ခမရ ၄၀၃ တပ် သည် စစ်သားအများအပြား ထွက် ပြေးခဲ့ကြသည့် တပ်ရင်းတပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။", "“ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးမောင် စစ်ဦးစီးတက္ကသိုလ် တက်နေတဲ့အချိန်မှာ သူ့တပ် ခမရ ၄၀၃ ကနေ တပ်သား ၂၁ ယောက် ထွက်ပြေးခဲ့တယ်” ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။", "ထို့ပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ခမရ ၄၀၅ မှ တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး ကြည် သာဖြိုးတို့က KNU တပ်မဟာ ၅ နယ်မြေ မဲ၀ိုင်စခန်းသို့ ပြောင်းရွှေ့ရန် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များ၏ အမိန့်ကို ငြင်းဆန်ခဲ့ကြသဖြင့် တပ်တွင်း ပုန်ကန်မှု ပြု လုပ်သည်ဟုဆိုကာ အဆိုပါ အရာရှိ ၃ ဦးလုံးကို စစ်တပ်က ဖမ်းဆီး အရေး ယူမှုများ လုပ်ဆောင်ထားကြောင်း သိရှိရသည်။", "(Facebook ၏ လူမှုကွန်ရက် စည်းမျဉ်းများအရ ကိုယ်ပိုင်အမှတ်ကို ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိဘဲ မူရင်း ကြေး နန်းစာကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်https://t.me/khitthitnews/99875တွင် သွားရောက် ကြည့်ရှုနိုင်ပါ သည်။)"]
https://yktnews.com/2024/04/157947/
အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို အမြန်ဆုံးလွှတ်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တောင်းဆို
["စစ်ကောင်စီ ထည့်သော ဂျင်းကို ထိုင်းနှင့်နိုင်ငံတကာက မျက်စိလည် လမ်းမှားထောက်ခံဟု တိုင်းရင်းသားလွှတ်တော်အမတ် ၁ ဦး သုံးသပ်", "ရန်ကုန်၊ ဧပြီ ၁၉", "အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို အမြန်ဆုံးလွှတ်ရန် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Parnpree Bahiddha-Nukara က တောင်းဆိုကြောင်း ဧပြီလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။", "ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့ကို အကျဉ်းထောင်အတွင်းမှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲလိုက်ပြီဆိုသော သတင်းများအပေါ် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Parnpree Bahiddha-Nukara က ကြိုဆိုလိုက်ကြောင်း၊ ထိုသို့ ပြောင်းရွှေ့မှုသည် နိုင်ငံတကာအသိုင်းအ၀ိုင်းက အမြဲလိုလို တောင်းဆိုလေ့ရှိသည့် နေအိမ်အကျယ်ချုပ်ပြန်ထားရေး အတွက် အပြုသဘောသော ခြေလှမ်းဖြစ်ကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို ချက်ချင်း ပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန် တောင်းဆိုထားသည်။", "ထိုင်းနိုင်ငံက စစ်ကောင်စီ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ထုတ်ပြန်မှုသည် ဂျင်းသတင်းကို ကြိုဆိုနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံနှင့် နိုင်ငံတကာက စစ်ကောင်စီ၏ ရေရာမှု မရှိသော သတင်းထုတ်ပြန်မှုအပေါ် မျက်စိလည် လမ်းမှား ယုံကြည်နေကြကြောင်း ပြည်တွင်းတွင် လက်ရှိနေထိုင်နေသော တိုင်းရင်းသားပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ပြောဆိုသည်။", "“နံပါတ် ၁ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို နေရာပြောင်းတယ်။ အပူဒဏ်ကြောင့်​ အပူဒဏ် သက်သာဖို့ နေရာပြောင်းတယ်။ အကျဉ်းထောင်ကနေ နေရာပြောင်းတယ်။ ဒီလိုမျိုးပဲ ပြောထားတာ။ နေအိမ်အကျယ်ချုပ်ပြန်ထားတယ်ဆိုတဲ့ တိကျတဲ့ ကြေညာချက်လည်းမရှိဘူး။ ကြေလည်း မကြေညာဘူး။ အဲဒီတော့ စစ်ကောင်စီက ဘာမှ တိတိကျကျ ရေရေရာရာ ထုတ်ပြန်တာမဟုတ်တာကို ထိုင်းနိုင်ငံက ကြိုဆိုနေတာဟာ အတော်ကို မှားတယ်လို့ မြင်ပါတယ်။ စကားပုံနဲ့ ပြောရရင် ခပ်ရိုင်းရိုင်းတော့ဖြစ်မလားမသိဘူး။ “ခွေးဝမ်းသာအောင် လေလည်ပြခြင်း” တစ်မျိုးပဲ။ စစ်ကောင်စီက ဘာမှ ရေရေရာရာ တိတိကျကျ လုပ်ပြတာမရှိဘဲ ကြိုဆိုနေတာက ဘာမှ ဖြစ်မလာနိုင်ဘူး” ဟု ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်သား လွှတ်တော်အမတ်က သုံးသပ်ပြောဆိုသည်။", "ထို့ပြင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်သည် လက်ရှိ မြန်မာနိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်တော့သည်ကို နိုင်ငံတကာနှင့် အာဆီယံက နားမလည်ကြတော့ကြောင်း၊ မြန်မာ့အရေးတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များအကြား သူသေ ကိုယ်သေ ၊ သူနိုင် ကိုယ်နိုင် အပြိုင်ကျဲနေပြီဖြစ်၍ စေ့စပ် ဆွေးနွေးရုံဖြင့် အဖြေမရတော့ကြောင်း ပြောဆိုသည်။", "“အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဆိုတာက လူတွေ မသေထားဘူး၊ စစ်တပ်က ရွာတွေကို မီးမရှို့ထားဘူး။ ပြည်သူတွေကို မသတ်ဖြတ်ထားဘူးဆိုရင်တော့ ဖြစ်နိုင်တယ်။ အခုက မရတော့ဘူး။ စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက်သတ်ထားတာ ထောင်ပေါင်းများစွာ၊ အတိုင်းအဆမဲ့ လူမဆန်အောင် လုပ်ထားတာ အရမ်းကို များနေပြီ။ အဲဒါကို ဘယ်လိုလုပ်ပြီး စေ့စပ်လို့ ရမလဲ။ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် တရားမျှတမှု မရှိဘဲ ဘယ်လိုမှ စေ့စပ်လို့မရဘူး။ ပြည်သူက အရမ်းနာထားတော့ စစ်တပ်နဲ့သွားပြီး စေ့စပ်ရင်လည်း စေ့စပ်သူက ရန်သူဆိုပြီး တော်လှန်ခံရမှာပဲ။ စစ်တပ်က အရမ်းလွန်ကျူးထားခဲ့တာမို့ စေ့စပ်ဆွေးနွေးရေးအ ခြေခံထားတဲ့ အာဆီယံသဘောတူညီချက်ဆိုတာ လုံး၀ ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။", "ဓာတ်ပုံ – NLD အစိုးရလက်ထက် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#အာဆီယံဘုံသဘောတူညီချက် #ဒေါ်အောင်ဆန်းစုကြည်#သမ္မတဦးဝင်းမြင့်#ထိုင်းနိုင်ငံခြားရေးဝန်ကြီး"]
https://yktnews.com/2024/02/146790/
စစ်ကောင်စီ ထိန်းချုပ် ထားသော နယ်မြေများတွင် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ ရခိုင်တပ်တော် ထိန်းချုပ် နယ်မြေများ၌ ပြောင်းရွှေ့ နေထိုင်ရန် AA ဖိတ်ခေါ်
["စစ်ကောင်စီ ထိန်းချုပ် ထားသော နယ်မြေများတွင် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ ရခိုင်တပ်တော် ထိန်းချုပ် နယ်မြေများ၌ ပြောင်းရွှေ့ နေထိုင်ရန် AA ဖိတ်ခေါ်", "စစ်တပ်က သူရဲဘောကြောင်စွာ ပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ ရပ်တန့်ခြင်း မရှိပါက ပြင်းထန် ပြတ်သားစွာ တုံ့ပြန်သွားမည်ဟု AA သတိပေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "အကြမ်းဖက် စစ်ကောင်စီ ထိန်းချုပ်ရာ လုံခြုံမှုမရှိသော နေရာများတွင် ပြောင်းရွှေ့နေထိုင်မည့်အစား ရခိုင့်တပ် တော် ထိန်းချုပ်ရာ နေရာများ၊ မြို့ရွာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် ရခိုင့်တပ်တော် – AA က သဘောထား ကြောညာချက် တစ်စောင်ထုတ်ပြန်ပြီး ဖိတ်ခေါ်ထားသည်။", "ရခိုင်ဒေသနှင့် မြန်မာနိုင်ငံ၏ စစ်ရေးအခြေအနေများအရ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက် ခိုက်ပြီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများသည် အာရက္ခပြည်သူလူထု တစ်ရပ်လုံး အပါအဝင် အဖိနှိပ်ခံ ပြည်သူလူထုအားလုံးတို့အတွက် အလုံခြုံဆုံးသော နေရာများဖြစ်သဖြင့် စစ်ကောင်စီ ထိန်းချုပ်ထားသော ရန်ကုန် အပါအဝင် အခြားသောမြို့များသို့ တိမ်း ရှောင်နေကြမည့် အစား ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာနေရာများ၊ မြို့ရွာများသို့ ပြောင်း ရွှေ့နေထိုင်ကြရန် မိဘပြည်သူများကို အသိပေး တိုက်တွန်းထားသည်။", "အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် စစ်သားပီသစွာ စစ်မြေပြင်တွင် တိုက်ခိုက်ရမည့် အစား အရပ်သား ပြည်သူလူထုများကို သူရဲဘောကြောင်စွာ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ အချုပ်သားများ၊ အကျဉ်းသားများကို လူသတ် အလောင်းဖျောက်ခြင်းအစရှိသော စစ်ရာဇဝတ်မှုများကို ဆက် လက်ကျူးလွန်နေပြီး ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နေမည်ဆိုပါက လုပ်သင့်လုပ်ထိုက်သည့် ပြင်းထန်ပြတ်သားသော တုံ့ပြန်မှုများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ ချုပ်/ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။", "အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့ရှိ ဒေသအသီးသီးမှ တိုက်ပွဲများတွင် အ ရှုံးများဖြင့် ရင်ဆိုင်နေရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ ရက္ခိုင့်တပ်တော် အနေဖြင့် ရက္ခိုင် ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန် တိုက်ခိုက် သိမ်းပိုက် ရယူနိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး အာရက္ခပြည်သူလူထုများနှင့် အဖိနှိပ်ခံမြန်မာပြည် သူ လူထုတစ်ရပ်လုံးအတွက် အကောင်းဆုံး ကြိုးစားတိုက်ပွဲဝင်လျက်ရှိကြောင်း ရခိုင့်တပ်တော် – AA က အသိပေးထားသည်။", "လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း၌ မြောက်မြား စွာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျဆုံး၊ ဒဏ်ရာရ၊ ထွက်ပြေးမှုများ စသည့်ဖြစ်ရပ်များမှာ နေ့စဉ်နေ့တိုင်း ဖြစ်ပေါ်လျက်ရှိပြီး ပြုန်း တီးအင်အားများကို ကာမိစေရန် အကြမ်းဖက်စစ်ကောင်စီက“ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို အသက် သွင်း၍ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေကြောင်း သိရသည်။", "ထို့အပြင် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အစရှိသဖြင့် အဘက်ဘက်တွင် ရှုံးနိမ့်နေသော အကြမ်း ဖက်စစ်ကောင်စီသည် အများပြည်သူအသုံးပြုနေသော လမ်းတံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ ပြည်သူလူထုနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ ရေကြောင်း၊ လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်၍ မြို့ရွာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီး တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။", "တစ်ရက်ပြီးတစ်ရက် ကျယ်ပြန့်လာသော ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများကြောင့် မြို့ရွာများမှ ပြည်သူလူထုများသည် စစ်ကောင်စီ၏ အရပ်သားပြည်သူလူထုများအပေါ် ပစ်မှတ်ထား တိုက်ခိုက် မှုမှ ရှောင်ရှားနိုင်ရန်အတွက် ရန်ကုန်အပါအဝင် အခြားသောမြို့ကြီးများသို့ တစ်စတစ်စ တိမ်း ရှောင်နေကြသည်ကို တွေ့ရှိလာနေရပြီး စစ်ကောင်စီထိန်းချုပ်ရာဒေသများသည် ယခင်ကတည်း ကပင် လုံခြုံရေး၊ စားဝတ်နေရေး၊ တရားဥပဒေ စိုးမိုးရေးအခြေအနေများ ယုတ်လျော့နေလျက်ရှိရာ ယခုအချိန်တွင် ပိုမိုဆိုးရွားလျက်ရှိကြောင်း သိရသည်။", "ဤကဲ့သို့ အဘက်ဘက်မှ ပြိုကျပျက်စီးလာသည်နှင့်အမျှ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ် စည်းစိမ်တို့မှာလည်း နေ့စဉ်နှင့်အမျှ ပိုမိုခြိမ်းခြောက်ခံရလျက်ရှိသည့်အပြင် အ ကြမ်းဖက် စစ်ကောင်စီက ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လူမျိုးရေးအမုန်းတရားများကို မီးထိုး ကာ ရက္ခိုင်လူမျိုးများအား ဖိနှိပ်ဆန့်ကျင်စေရန် သွေးထိုးလှုံ့ဆော်မှုများကို ကောက်ကျစ်ယုတ်မာစွာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။", "စစ်ကောင်စီထိန်းချုပ်ထားသော ဒေသများရှိ ရက္ခိုင်လူမျိုးများကို အဓိကဦးတည်ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ ညှဉ်း ပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက် ဆိုးရွားစွာ ကျူးလွန်လျက်ရှိသည့်အပြင် လူမှုကွန်ရက်သုံးစွဲသူ အပြစ်မဲ့ ရက္ခိုင်လူမျိုးများကိုလည်း သက်သေ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ပုဒ်မအမျိုးမျိုးတပ်၍ ဥပဒေမဲ့ဖမ်းဆီးကာ အချုပ်ခန်းများအတွင်း၌ သတ်ဖြတ် အလောင်း ဖျောက် မှုများကို ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိ ကြောင်း သိရသည်။", "ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့အတွင်း ဖမ်းမိခဲ့သည့် ထောင်နှင့်ချီသော စစ်သားများ အနက် ပြည်သူလူထုကို သတ်ဖြတ်ရာတွင် ကိုယ်တိုင်ကျူးလွန်သူများပါဝင်ပြီး ၎င်းတို့ကို စစ်ခုံရုံးတင်ကာ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ရခိုင့်တပ်တော် AA က ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။", "ရခိုင့်တပ်တော် – AA မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထဲတွင် အာရက္ခပြည်သူများအား စစ်ရာဇ ဝတ်မှု ကျူးလွန်ရန် အမိန့်ပေးခဲ့သော အထက်အရာရှိကြီးများ၊ အမိန့်ကို အကောင်အထည်ဖော်ပြီး လူသတ် မှုကို ကိုယ်တိုင်ကိုယ်ကျကျူးလွန်ခဲ့ကြသော တပ်ဖွဲ့ဝင်များပါဝင်ပြီး အဆိုပါ ပုဂ္ဂိုလ်များကို စစ်ခုံရုံးတင်၍ မိမိတို့ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း သိရ သည်။", "အကြမ်းဖက်စစ်ကောင်စီ၏ မတရားသဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသော မိသားစုဝင်များ၏ နစ်နာမှု၊ တရားမျှတမှုတို့ကို ရရှိနိုင်ရေးတို့အတွက် စစ်ရာဇဝတ် ကျူးလွန်သူများကို ဥပဒေနှင့်အညီ တရား နည်းလမ်းကျကျ စစ်ဆေး အပြစ်ပေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။", "ရက္ခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ စစ်ပွဲများအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထောင် ချီကာ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို စစ်သုံ့ပန်း ဥပဒေ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရသောသူများနှင့် ဒဏ်ရာရ သူများကိုပင်လျှင် အသက်ကယ် တင် ပေးထားပြီး ၎င်းတို့၏ မိသားစုဝင်များကိုလည်း လူသားချင်း စာနာထောက်ထားစွာဖြင့် အခက် အခဲ များ ကြားမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်စားသောက်မှုများ အတွက် အကောင်းဆုံးပြု လုပ်ပေး ထားကြောင်း သိရသည်။", "သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီး ခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်း များကို ဆက်လက် ပြုလုပ်လျက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/08/180060/
စစ်ကောင်စီ ဗိုလ်လောင်းစာမေးပွဲ သတ်မှတ်နေရာများတွင် နယ်မြေစိုးမိုးမှုမရှိတော့သော ရခိုင်နှင့် ရှမ်းမြောက် ပါဝင်ခြင်းမရှိတော့
["စစ်ကောင်စီ ဗိုလ်လောင်းစာမေးပွဲ သတ်မှတ်နေရာများတွင် နယ်မြေစိုးမိုးမှုမရှိတော့သော ရခိုင်နှင့် ရှမ်းမြောက် ပါဝင်ခြင်းမရှိတော့", "ရန်ကုန်၊ ဩဂုတ် ၂၂", "အာဏာသိမ်း စစ်ကောင်စီ၏ ဗိုလ်လောင်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲစစ်ဆေးမည့် သတ်မှတ်နေရာများတွင် ရခိုင်ဒေသနှင့် ရှမ်းမြောက်ဒေသ ပါဝင်ခြင်းမရှိသည်ကို စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။", "စစ်ကောင်စီသည် စစ်တက္ကသိုလ်၏ နည်းပညာတက္ကသိုလ်နှင့် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင် တန်း ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့် နေ့ရက်၊ နေရာနှင့် အချိန်ကို ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာကတစ်ဆင့် ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။", "ဗိုလ်လောင်းလျှောက်လွှာကို စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခေါ်ယူထားပြီး ဩ ဂုတ်လ ၃၀ ရက်တွင် ဖြေဆိုရမည်ဟု ဆိုသည်။", "မြို့ကြီး ၁၂ မြို့ရှိ တိုင်းစစ်ဌာနချုပ်များနှင့် စစ်ကြောရေးဌာနများတွင် ဗိုလ်လောင်းဝင်ခွင့် စာမေးပွဲကို စစ်ဆေးသွားမည်ဟု ကြေညာထားသော်လည်း ရခိုင်နှင့် ရှမ်းမြောက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မရှိတော့၍ ကျင်းပနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။", "ဗိုလ်လောင်းဝင်ခွင့် စာမေးပွဲကျင်းပမည့် နေရာများမှာ ရန်ကုန်၊ နေပြည်တော်၊ မြစ်ကြီးနား၊ တောင်ကြီး၊ ခိုလမ်၊ ကျိုင်းတုံ၊ မော်လမြိုင်၊ မြိတ်၊ ပုသိမ်၊ မုံရွာ၊ မန္တလေးနှင့် တောင်ငူမြို့တို့ဖြစ်ကြောင်း သိရသည်။", "အာဏာသိမ်း စစ်ကောင်စီက စစ်တက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဗိုလ်လောင်းဝင်ခွင့် ကြေညာချက်ကို ဇွန်လက စတင်ခေါ်ယူခဲ့ပြီး ယခု ဩဂုတ်လ ၃၀ ရက်တွင် စာပေးပွဲစစ်ဆေးမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။", "စစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူများက တော်လှန်နေကြ၍ ဗိုလ်လောင်းဝင်ခွင့် သင်တန်းလျှောက်လွှာများ ခေါ်ယူရာတွင် လျှောက်ထားသူ နည်းပါးသည့်အတွက် စည်းကမ်းဥပဒေ များလျော့ပေါ့ပြီး အသက်အပိုင်းအခြားကိုလည်း ၂၀ နှစ်အထိ တိုးမြှင့်ခေါ်ယူခဲ့သည်ကို တွေ့ရသည်။", "လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတစ်ဝှမ်း တော်လှန်ရေးအဖွဲ့အစည်းများထံ စစ်ရှုံးနေပြီး တပ်သားအများအပြားလိုအပ်နေသည့်အတွက် ပြည်သူများအား မတရားဖမ်းဆီးကာ အတင်း အဓမ္မ စစ်မှုထမ်းရန် ခေါ်ယူနေသည်။"]
https://yktnews.com/2023/08/117849/
စစ်ကောင်စီ မိတ်ဖက် MAI လေကြောင်းလိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ၃၃၂၀ ကျပ်ဖြင့် စျေးနှုန်းတိုးမြှင့် ကောက်ခံ
["စစ်ကောင်စီ မိတ်ဖက် MAI လေကြောင်းလိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ၃၃၂၀ ကျပ်ဖြင့် စျေးနှုန်းတိုးမြှင့် ကောက်ခံ", "ရန်ကုန်၊ ဩဂုတ် ၁၂", "အကြမ်းဖက်စစ်ကောင်စီ၏ မိတ်ဖက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း လိုင်း- MAIက အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၃၂၀ ကျပ်ဖြင့် တိုးမြှင့် ၍ ငွေကြေးကောက်ခံမှုများ ပြုလုပ်ရန် အေးဂျင့်များထံသို့ အကြောင်း ကြား လိုက် ကြောင်း သိရှိရသည်။", "ဩဂုတ် ၁၂ ရက်နေ့မှစတင်၍ MAI က အမေရိကန်တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ် ဖြင့် ကောက်ခံနေမှုကို မပြောင်းလဲသော်လည်း ဝန်ဆောင်ခအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀၀ ထပ်ပေါင်း တိုးမြှင့် ကောက်ခံ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငွေလဲနှုန်းအနေဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၉၂၀ နှင့် ဝန်ဆောင်ခ ငွေကျပ် ၄၀၀ စုစုပေါင်း အမေရိကန်တစ် ဒေါ်လာလျှင် ငွေကျပ် ၃၃၂၀ ကျပ် ဖြင့် ငွေကြေးကောက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။", "“MAI က အကြောင်းကြားတာမှာ ဒေါ်လာစျေးနှုန်းကို တိုးမြှင့်တာမဟုတ်ဘူး။ ဒါပေမယ့် တစ်ဒေါ်လာကို ငွေကျပ် ၄၀၀ ဝန်ဆောင်ခ ထပ်ပေါင်းတာ။ နားလှည့် ပါးရိုက် တာပါပဲ။ အဲဒီ အမေရိကန်တစ်ဒေါ်လာကို ဝန်ဆောင်ခ အပါ ငွေကျပ် ၃၃၂၀ ကျပ် တိုးကောက်တာပေါ့” ဟု လက်မှတ်အေးဂျင့်ကိုယ်စား လှယ်တစ် ဦးက ပြောသည်။", "လက်ရှိ ပြင်ပငွေကြေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၃၆၅၀ ကျပ် စျေးပေါက်လျက်ရှိနေချိန် လည်းဖြစ်သည်။", "MAI လေကြောင်းလိုင်းကို ယခင်က ကမ္ဘောဇဘဏ်ပိုင်ရှင် အောင်ကိုဝင်းက ပိုင် ဆိုင် ခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစတင်၍ 24 Hours ကုမ္ပဏီပိုင်ရှင် အောင်အောင်ဇော်က ရှယ်ယာအများစု ဝယ်ယူပြီး ပိုင်ရှင်အသစ်ဖြစ်လာခဲ့သည်။"]
https://yktnews.com/2024/08/177556/
စစ်ကောင်စီ လက်ထက် မြန်မာ့စီးပွားရေးဆိုင်ရာ လျှို့ဝှက်စစ်တမ်းကို UMFCCI က စီးပွားရေးလုပ်ငန်းရှင်များထံမှကောက် ယူခဲ့ရာတွင် အဆိုးဆုံးအခြေအနေရောက်ရှိနေပြီဟု ဖြေဆို
["စစ်ကောင်စီ လက်ထက် မြန်မာ့စီးပွားရေးဆိုင်ရာ လျှို့ဝှက်စစ်တမ်းကို UMFCCI က စီးပွားရေးလုပ်ငန်းရှင်များထံမှကောက် ယူခဲ့ရာတွင် အဆိုးဆုံးအခြေအနေရောက်ရှိနေပြီဟု ဖြေဆို", "ကျပ်ငွေတန်ဖိုးထိုးကျခြင်း၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားအင်အား ရှားပါးခြင်း၊ ပို့ကုန်ဒေါ် လာများ စစ်တပ်ထံ အပ်နှံရမှု ၊ သွင်းကုန်လိုင်စင် မရရှိမှု၊ လျှပ်စစ်မီးနှင့်စက်သုံးဆီ မလုံလောက်မှု အပါအဝင် ပြဿနာများ ကြုံနေရ", "ရန်ကုန်၊ ဩဂုတ် ၇", "အာဏာသိမ်း စစ်ကောင်စီလက်ထက် မြန်မာ့စီးပွားရေးအခြေအနေနှင့်ပတ်သက်၍ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) က လုပ်ငန်းရှင်များထံမှ လျှို့ဝှက်စစ်တမ်းတစ်ရပ်ကို ကောက်ခံခဲ့ရာတွင် လုပ်ငန်းရှင်များက အဆိုးဆုံးအခြေအနေရောက်ရှိနေသည်ဟု ဖြေဆိုထားကြောင်း UMFCCI မှ အလုပ်အမှုဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "UMFCCI လက်အောက်ရှိ A & R Committee က Business Sentiment Poll စစ်တမ်းတစ်ခုကို လုပ်ငန်းရှင်များထံသို့ ဖြန့်ဝေ၍ ကောက်ယူခဲ့ကြောင်း၊ ထိုစစ်တမ်းတွင် UMFCCI မှ စီးပွားရေးလုပ်ငန်းရှင် အမှုဆောင် ၄၂ ဦးက ပါဝင်ဖြေဆိုခဲ့ကြကြောင်း ၊ ထိုသို့ ဖြေဆိုကြသူ အများစုက လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေမှာ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေပြီဟု ဖြေဆိုထားကြခြင်းဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိ မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေကို အဆင့်သတ်မှတ်သော စစ်တမ်းတွင် UMFCCI မှ စီးပွားရေး လုပ်ငန်းရှင် ၄၂ ဦးက ဖြေဆိုကြရာတွင် Bad( ဆိုးရွားအဆင့်) တွင် အများဆုံး ဖြေဆိုထားကြကြောင်း၊ Very Bad (အလွန်ဆိုးရွားအဆင့်) တွင် ဒုတိယအများဆုံး ဖြေဆိုထားကြကြောင်း၊ နောက် ၃ လ အတွက် မြန်မာ့စီးပွားရေးအလားအလာကို အဆင့် သတ်မှတ်သော စစ် တမ်းတွင်လည်း Bad (ဆိုးရွားအဆင့်)တွင် အများဆုံး ဖြေဆိုကြပြီး Very Bad (အလွန်ဆိုးရွား အဆင့်) တွင် ဒုတိယအများဆုံး ဖြေဆိုထားကြကြောင်း၊ လက် ရှိ ပို့ကုန်/သွင်းကုန် တင်ပို့မှု အခြေအနေများနှင့်ပတ်သက်သော စစ်တမ်းတွင်လည်း Bad(ဆိုးရွားအဆင့်)တွင် အများဆုံး ဖြေဆိုထားကြကြောင်း သိရှိရသည်။", "ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှုအလားအလာ စစ်တမ်းတွင်လည်း Bad (ဆိုးရွားအဆင့် ) တွင် အများဆုံး ဖြေဆိုကြကြောင်း၊ လက်ရှိ စီးပွားရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ရရှိမှု အခြေအနေကို အဆင့်သတ်မှတ်သော စစ်တမ်းတွင်လည်း Bad (ဆိုးရွားအဆင့်)တွင် အများဆုံး ဖြေဆိုထားကြကြောင်း သိရှိရသည်။", "“UMFCCI ရဲ့ မြန်မာ့စီးပွားရေး လျှို့ဝှက် စစ်တမ်းမှာ လက်ရှိနစက အပေါ်မှာ မယုံမကြည်တွေ ဖြစ်နေတာကို ပြသတယ်။ စစ်တမ်းမှာ ဖြေကြတာက မြန်မာ့စီးပွားရေးက ဘယ်လိုမှ နာလန်မထူနိုင်တော့ဘူး၊ အဆိုးဆုံးအခြေအနေ ရောက်နေပြီဆိုတာ ဖြေကြတယ်” ဟု UMFCCI မှ အလုပ်မှုဆောင်က သုံးသပ်ပြောဆိုသည်။", "လတ်တလော UMFCCI ရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ရိုက်ခတ်မှု ပြင်းထန်နေသည့် ကိစ္စမှာ ငွေလဲနှုန်းများ ရုတ် တရက် မြင့်တက်လာပြီး မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျနေမှုဖြစ်ကြောင်း၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှု အကြီးအကျယ် ကြုံတွေ့နေရပြီး လုပ်သားအင်အားအများစုမှာ ပြည် ပ နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သွားမှုဖြစ်နေကြောင်း ၊ စီးပွားရေးလုပ်ငန်းများတိုးတက်ရန် အလားအလာ လုံး၀ မရှိဖြစ်နေကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။", "“စီးပွားရေးသမားတွေအားလုံးကြုံနေရတာက ငွေလဲနှုန်းပဲ။ ငွေလဲနှုန်းမှာ နစက က အမေရိကန် ၁ ဒေါ်လာကို ၂၁၀၀ သတ် မှတ်တယ်။ ဘဏ်တွေအကြားမှာ အရောင်းအဝယ်က တစ်ဒေါ်လာကို ၃၆၀၀ ဝန်းကျင်သတ်မှတ်ပေးတယ်။ ဒါပေမယ့် လက် တွေ့ ပြင်ပမှာက တစ်ဒေါ်လာကို ၅၄၀၀ လောက်ရှိနေတယ်။ ငွေလဲနှုန်း ၃ မျိုးဖြစ်နေတယ်။ လုပ်ငန်းရှင်တွေဘက်က သွင်း ကုန်တင်သွင်းဖို့ ဒေါ် လာ လိုချင်တော့ နစကက သူသတ်မှတ်တဲ့ငွေလဲနှုန်းနဲ့ မရောင်းပေးနိုင်ဘူး။ အဲဒီတော့ အပြင်မှာ တစ်ဒေါ်လာကို ၅၄၀၀ နဲ့ ဝယ်နေရတယ်။ အဲဒီငွေလဲနှုန်းနဲ့ စျေးသတ်မှတ်ရောင်းတာမျိုးကိုလည်း ခွင့်မပြုဘူး။ အဲဒီလိုတွေ ဖြစ်နေတယ်” ဟု UMFCCI မှ အလုပ်အမှုဆောင်က ရှင်းပြသည်။", "ထို့ပြင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ချိန်မှစတင်ပြီး အလုပ် သမား ရှားပါးမှု အကြီးအကျယ် ကြုံတွေ့နေကြောင်း၊ လူငယ် လုပ်သားအင်အားများမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားကြပြီး မြို့ပြဒေသများတွင် လူငယ် လုပ်သားအင်အား မရှိသလောက် နည်းပါးနေကြောင်း သိရှိရသည်။", "“အခု UMFCCI မှာ အဓိက ဆွေးနွေးနေရတာက အလုပ်သမားမရှိတော့တဲ့ ပြဿနာ။ စီးပွားရေးဆိုင်ရာ အစည်းအဝေး တွေအားလုံးမှာ အဲဒီပြဿနာကို အသင်းတွေဘက်က တင်ပြကြသလို လုပ်ငန်းရှင်တွေဘက်ကလည်း တင်ပြတယ်။ အဲဒီမှာ လုပ်သားအင်အားရှားပါးတာက အောက်ခြေ အလုပ်သမားတင်မဟုတ်ဘူး၊ ပညာရှင် အလုပ်သမားတွေပါ အကုန် ပြည်ပထွက်ကုန်ကြတာပဲ။ ဥပမာဆိုရင် IT ပညာရှင် လူငယ်တွေ အိမ်နီးချင်း ထိုင်း၊စင်ကာပူကို ထွက်ခွာသွားလို့ HR Shortage ဖြစ်နေတာ။ နောက်ဆုံး IT ပညာရှင် လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်ပေးပါဆိုတာမျိုးတောင် တင်ပြလာကြတယ်။ တကယ်က ကျွမ်းကျင် လုပ်သားရော၊ အောက်ခြေ လုပ်သားရော အကုန်ရှားပါးကုန်တာ။ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေကလည်း မနေကြတော့ဘူး” ဟု UMFCCI အမှုဆောင်က ဆိုသည်။", "ထို့ပြင် ပို့ကုန်သွင်းကုန်ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေမှ အမေရိကန်ဒေါ်လာများကို ၃၅/၆၅ စနစ်ဖြင့် စစ်ကောင်စီထံ ဒေါ်လာ များ အပ်နှံရန် စစ်တပ်က ညွှန်ကြားထားခြင်းကြောင့် ကုမ္ပဏီများ အခက်အခဲဖြစ်နေရကြောင်း၊ သွင်းကုန်လိုင်စင်များကိုလည်း ထိန်းချုပ်ထားဖြင့် ဆေးဝါး၊ ဓာတ်မြေဩဇာ အပါအဝင် သွင်းကုန်များ မတင်သွင်းနိုင်တော့ကြောင်း ၊ ဥပမာအားဖြင့်- မြန်မာနိုင်ငံတွင် အင်ဆူလင်ဆေးဝါး ပြတ်လပ်နေပြီး ဆီးချိုဝေဒနာရှင်များ သေဆုံးမှုများ မြင့်တက်လာမှုများပင် ရှိနေကြောင်း သိရှိရသည်။", "“အချုပ်ပြောရမယ်ဆိုရင်တော့ လျှပ်စစ်မီးက မရဘူး။ စက်သုံးဆီကလည်း လိုသလောက်မရဘူး။ ကုန်ထုတ်လုပ်ငန်းတွေအတွက် လိုအပ်တဲ့ သွင်းကုန်တွေကိုလည်း လိုင်စင်တွေ ထုတ်မပေးဘူး။ ငွေလဲနှုန်းကလည်း မငြိမ်ဘူး။ ပို့ကုန်ပို့လို့ အမေရိကန်ဒေါ်လာ ရရင်လည်း ၃၅ ရာခိုင်နှုန်းကို နစကဆီ အပ်ရမယ်။ ပို့ကုန်ရငွေ ဒေါ်လာ ၆၅ ရာခိုင်နှုန်းကိုလည်း ဗဟိုဘဏ်သတ်မှတ်ငွေလဲစျေးနဲ့ ရောင်းခိုင်းတယ်။ အလုပ်သမားကလည်း ရှာမရတော့ဘူး။ စီးပွားရေးက ဘယ်လိုမှ ကောင်းလာစရာမရှိဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေတောင်မှ ကိုယ့်လုပ်ငန်းတွေကို အခြားနိုင်ငံတွေဆီ ရွှေ့ဖို့ လုပ်ကြတယ်။ ရွှေ့လည်း ရွှေ့နေကြပြီ” ဟု UMFCCI အလုပ်အမှုဆောင်က ရှင်းလင်းပြောဆိုသည်။", "ထို့အတူ စစ်ကောင်စီက UMFCCI နှင့် စီးပွားရေးအသင်းအဖွဲ့များမှ ခေါင်း ဆောင် များကို ခေါ်ယူ စစ်ဆေးခြင်း၊ ဖမ်းဆီးသည့်ပုံစံမျိုး ရက်ပေါင်းများစွာ ထိန်းသိမ်းထားခြင်းတို့ကြောင့်လည်း လုပ်ငန်းရှင်အများစုမှာ စီးပွားရေးလုပ် ငန်းများကို ဆက်လက် လုပ်ကိုင်စိတ် ပျောက်ဆုံးနေကြကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/206150/
စစ်ကောင်စီ လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူနှင့်အပေါင်းအပါများကို ဖမ်း၀ရမ်းထုတ်ရန် သက်သေအထောက် အထားလုံလောက်ပြီး ထိုင်းအထူးစုံစမ်းစစ်ဆေးရေး DSI ၏အတည်ပြုဆုံးဖြတ်ချက်ကို ရှေ့နေချုပ်ရုံးသို့ တင်ပြ
["စစ်ကောင်စီ လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူနှင့်အပေါင်းအပါများကို ဖမ်း၀ရမ်းထုတ်ရန် သက်သေအထောက် အထားလုံလောက်ပြီး ထိုင်းအထူးစုံစမ်းစစ်ဆေးရေး DSI၏အတည်ပြုဆုံးဖြတ်ချက်ကို ရှေ့နေချုပ်ရုံးသို့ တင်ပြ", "ရန်ကုန်၊ မတ် ၃", "အကြမ်းဖက်စစ်ကောင်စီလ က်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါများကို ဖမ်း၀ရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ၏ အတည်ပြုဆုံးဖြတ်ချက်ကို ရှေ့နေချုပ်ရုံးသို့ ယနေ့ တင်ပြလိုက်ကြောင်း ထိုင်းသတင်းဌာန Khaosod English က သတင်းဖော်ပြသည်။", "ယနေ့ မတ်လ ၃ ရက်နေ့တွင် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက စောချစ်သူနှင့်အပေါင်းအပါများကို ဖမ်း၀ရမ်းရန် အတည်ပြုထားသည့် ဆုံးဖြတ်ချက်ကို ရှေ့နေချုပ်ရုံးသို့ တင်ပြလိုက်ခြင်းဖြစ်ပြီး အဆိုပါ ဖမ်း၀ရမ်းသည် လက်ရှိ ဖြစ်ပွားနေသော ပြည် တွင်းနှင့်နိုင်ငံတကာ လူကုန်ကူးမှုများနှင့်ပတ်သက်၍ ဆက်စပ်နေကြောင်း သိရှိရသည်။", "ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန၏ လူမှုကုန်ကူးမှု တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒုတိယရဲမှူးကြီး Siriwit Kasemsuap က လက်ရှိ ရရှိထားသော သက်သေအထောက်အထားများမှာ စောချစ်သူနှင့် အပေါင်းအပါများကို ဖမ်း ၀ရမ်းထုတ်ရန် လုံလောက်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ သို့ရာတွင် အသေး စိတ်အချက်အလက်များနှင့်ပတ်သက်၍ ရှေ့နေချုပ်ရုံးက စိစစ်နေချိန်တွင် လျှို့ဝှက်ထားကြောင်း သိရှိရသည်။", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်တွင် ကျားဖြန့်ငွေလိမ်လည်ဂိုဏ်းများကို အကာအကွယ်ပေးထားသော စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ မုတ်သုန်နှင့် စောတင်ဝင်းတို့ကို ထိုင်း DSI ဖမ်း၀ရမ်းထုတ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။"]
https://yktnews.com/2023/02/85879/
စစ်ကောင်စီ လက်အောက်ခံ ဂျာယန်ပြည်သူ့စစ်အဖွဲ့က စစ်သား အဖြစ် ဖမ်းဆီးစုဆောင်း ထားသော ကလေး ငယ်များ အပါအဝင် တအောင်းလူမျိုး ၁၂၇ ဦးကို TNLA က ကယ်ထုတ်
["စစ်ကောင်စီ လက်အောက်ခံ ဂျာယန်ပြည်သူ့စစ်အဖွဲ့က စစ်သား အဖြစ် ဖမ်းဆီးစုဆောင်း ထားသော ကလေး ငယ်များ အပါအဝင် တအောင်းလူမျိုး ၁၂၇ ဦးကို TNLA က ကယ်ထုတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ရှမ်းပြည်နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ဂျာယန်ပြည်သူ့စစ်အဖွဲ့က စစ်သားအဖြစ် ဖမ်းဆီး စုဆောင်း ထားသော ကလေး ငယ်များ အပါအဝင် တအောင်းလူမျိုး ၁၂၇ ဦးကို TNLA က ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "တအာင်းပြည်နယ်၊ တပ်မဟာ ၆ စစ်ဒေသ၊ မိုင်းယော်တိုက်နယ် ဂျာယန်ကျေး ရွာရှိ စစ်တပ် လက်အောက်ခံ ဂျာယန်ပြည်သူ့စစ်စခန်းအတွင်း ဖမ်းဆီး စုဆောင်းထားသော တအာင်း(ပလောင်)လူမျိုး ၁၂၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ၊ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၄ နာရီခန့်က ဂျာယန်ပြည်သူ့စစ်အဖွဲ့က စစ်သားအဖြစ် အတင်းအဓမ္မ ဖမ်းဆီးသိမ်းသွင်းထားသည့် တအောင်း(ပလောင်)လူမျိုး အသက် ၈ နှစ်မှ ၁၇ နှစ်ကြား၂၀ ဦးနှင့် အသက် ၁၈ နှစ်မှ ၆၅ ကြား ၁၀၇ ဦး၊ တို့တွင် အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၁၅ ဦးတို့ကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်မဟာ ၇ တပ်ဖွဲ့က အင်အား ၅၀၀ ကျော် အသုံးပြု တိုက် ခိုက်ကာ ကယ်ထုတ်ခဲ့ကြောင်း သိရသည်။", "“တအာင်းကလေးငယ်တွေကို အဲဒီဂျာယန်ပြည်သူ့စစ်အဖွဲ့က စစ်သားအဖြစ် စုဆောင်းနေတာ ကြာပြီ။ ပြီးခဲ့တဲ့လပိုင်းကပဲ တအာင်းရွာတစ်ရွာက အသက် ၉ နှစ်အရွယ် မူလတန်းတက်နေတဲ့ ကလေး‌တွေကို ဖမ်းခေါ်သွားသေးတယ်၊ တခါတရံ တော့ TNLA က ပြန်တောင်းလို့ရခဲ့တာတွေ ရှိတယ်၊ ဂျာယန် ပြည်သူ့စစ်အဖွဲ့က တအာင်းကလေးတွေကို အတင်းအဓမ္မစစ်သားအဖြစ်စုဆောင်းပြီးရင် ဝက်မွေးတာ၊ ကင်းစောင့်တာ၊ လူကြီးတွေရဲ့အိမ်တွေမှာ အလုပ်လုပ်ခိုင်းတယ်လို့ သိရပါတယ်” ဟု တအာင်း ဒေသခံ တစ်ဦးက ပြောကြားသည်။", "ထိုသို့ကယ်ထုတ်စဉ် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ တိုက်လေယာဉ်များဖြင့် ဗုံးအလုံး ၃၀ ထက် မနည်းကို ပစ်ကူးပေးတိုက်ခိုက်ခဲ့သည့်အပြင် ဂျာယန်ကျေးရွာအနီးသို့လည်း စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/128932/
စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် ဗိုလ်မှူး ၁ ဦး၊ စစ်ဆေးဆရာဝန် ဗိုလ်ကြီးနှင့် ဗိုလ် ၂ ဦး အပါအဝင် စစ်သား ၇ ဦးကို မန္တလေး PDF က ဖမ်းဆီး
["စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် ဗိုလ်မှူး ၁ ဦး၊ စစ်ဆေးဆရာဝန် ဗိုလ်ကြီးနှင့် ဗိုလ် ၂ ဦး အပါအဝင် စစ်သား ၇ ဦးကို မန္တလေး PDF က ဖမ်းဆီး", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "မန္တလေး PDF က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး ၁ ဦး၊ စစ်ဆေးဆရာဝန် ဗိုလ်ကြီး ၁ ဦး ၊ စစ်ဆေးဆရာဝန် ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၇ ဦးကိုဖမ်းဆီးထိန်းသိမ်းထားကြောင်း မန္တလေး PDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ညီနောင် မဟာမိတ်(၃)ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ “တောင်သမန် စစ်ဆင်ရေး”ကို ပြည်သူ့ကာကွယ်ရေ တပ်မတော် (မန္တလေး) က ဆင်နွှဲလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်မှ အောက်တိုဘာလ ၃၀ ရက်နေ့အတွင်း အကြမ်းဖက်စစ်ကောင်စီမှ နယ်ခြားစောင့် တပ် ဗိုလ်မှူး ၁ ဦး ၊ စစ်ဆေးဆရာဝန်ဗိုလ်ကြီး ၁ ဦး ၊ စစ်ဆေးဆရာဝန်ဗိုလ်အဆင့် ၁ ဦး၊ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး နှင့် ပြည်သူ့စစ်၂ ဦး စုစုပေါင်း ၇ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။", "မန္တလေး PDF က ဖမ်းဆီးရရှိသူများတွင် နယ်ခြားစောင့်တပ် ဗိုလ်မှူး ပိုင်စိုးထွန်း၊ အမှတ် ၈၈ ခြေမြန်တပ်မ ဌာနချုပ် လက်အောက် အမှတ် ၁၀ ခြေလျင်တပ်ရင်းမှ စစ်ဆေးဆရာဝန် ဗိုလ်ကြီး အောင်ဇင်ဦး၊ အမှတ် ၃ စစ်မြေပြင် ဆေးတပ်ရင်း(ခွဲ- ၂)မှ စစ်ဆေးဆရာဝန် ဗိုလ်အောင်ဆန်းကျော် အပါအဝင် စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။", "“ဘယ်လို ဖမ်းဆီးလဲဆိုတာက တောင်သမန် စစ်ဆင်ရေးကာလအတွင်းမှာပဲ ဖမ်းမိပါတယ်။ အဲဒီလိုပဲ ပြောချင်ပါတယ်။ သူတို့ကို ကောင်းမွန်စွာပဲ ဖမ်းဆီးထိန်းသိမ်းထားပါတယ်” ဟု မန္တလေးPDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောဆိုသည်။", "ဖမ်းဆီးရမိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို မည်သည့်နေရာတွင် မည်သည့်ပုံစံဖြင့် ဖမ်းဆီးရရှိသည်ကို မန္တလေး PDF က ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။", "(ဆင်ဆာဖြတ်တောက်ခြင်းမရှိဘဲ နာမည်များပါ ဖော်ပြထာသည့် သတင်းနှင့် ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်https://t.me/khitthitnews/143399တွင် ကြည့်ရှုနိုင်ပါသည်။)"]
https://yktnews.com/2025/03/208547/
စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများအားလုံး၏ နိုင်ငံခြား ကုန်ပစ္စည်းများဝယ်ယူခွင့် (အဝယ်တော်လုပ်ပိုင်ခွင့်)ကို မင်းအောင်လှိုင်သား အောင်ပြည့်စုံ ၏ လူယုံ မောင်မောင်မောင်နိုင်၏ အစ်ကို ဖြစ်သူ ဒေါက်တာမောင်မောင်လတ်က ရရှိ
["စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများအားလုံး၏ နိုင်ငံခြား ကုန်ပစ္စည်းများဝယ်ယူခွင့် (အဝယ်တော်လုပ်ပိုင်ခွင့်)ကို မင်းအောင်လှိုင်သား အောင်ပြည့်စုံ ၏ လူယုံမောင်မောင်မောင်နိုင်၏ အစ်ကို ဖြစ်သူ ဒေါက်တာမောင်မောင်လတ်က ရရှိ", "ရန်ကုန်၊ မတ် ၂၃", "အကြမ်းဖက်စစ်ကောင်စီ၏ ကာကွယ်ရေး နှင့်သတ္တုတွင်းဝန်ကြီးဌာနက လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို တင်သွင်းဝယ်ယူရာတွင် ကုန်ပစ္စည်းဝယ်ယူပေးရသော အဝယ်တော်လုပ်ပိုင်ခွင့်ကို မင်းအောင်လှိုင်သား အောင်ပြည့်စုံ၏ စီးပွားရေး လူယုံ မောင်မောင်မောင်နိုင်၏အစ်ကို ဖြစ်သူ ဒေါက်တာမောင်မောင်လတ်က ရရှိထား​ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက ပြောဆိုသည်။", "မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက စီးပွားရေးလူယုံ မောင်မောင်နိုင်ကို မိသားစု ကုမ္ပဏီစီးပွားရေးလုပ်ငန်းများအားလုံးတွင် ကိုယ်စား ဦးဆောင် လုပ်ကိုင်ခွင့်ပေးထားပြီး ဝန်ကြီးဌာနဆိုင်ရာ လုပ်ပိုင်ခွင့်များကိုမူ မောင်မောင်နိုင်၏ အစ်ကိုဖြစ်သူ ဒေါက်တာမောင်မောင်လတ်ကို ပေးအပ်ထားကြောင်း သိရှိရသည်။", "” အောင်ပြည့်စုံရဲ့ လူယုံ မောင်မောင်နိုင်က သူ့အစ်ကို မောင်မောင်လတ်ကို စီးပွားရေးလုပ်ငန်း ကွန်ရက်တွေမှာ နာမည်ခံခိုင်းပြီး လျှို့ ဝှက်စွာ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေပါတယ်။ အကျိုးအမြတ်များလှတဲ့ အဝယ်တော်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန နဲ့ သတ္တုတွင်းဝန်ကြီးဌာနအပါအဝင် အခြားသော အစိုးရဝန်ကြီးဌာနများအတွက် နိုင်ငံခြား ကုန်ပစ္စည်းများ ဝယ်ယူခွင့် ကန်ထ ရိုက်များကို မောင်မောင်လတ်က နာမည်ခံပြီးတော့ မောင်မောင်နိုင်က နောက် ကွယ်ကနေ စီမံခန့်ခွဲနေပါတယ်” ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက အတည် ပြုပြောဆိုသည်။", "မင်းအောင်လှိုင်၏ မြေးမများ ကျောင်းတက်နေသော EMPS International School ကိုလည်း ဒေါက်တာမောင်မောင်လတ်နှင့် ဇနီးဖြစ်သူ ဒေါက်တာချောစုလှိုင်တို့က လုပ်ကိုင်လျက်ရှိကြောင်း၊ အောင်ပြည့်စုံ၏ စီးပွားရေးလူယုံ မောင်မောင်နိုင်တွင် ညီအစ်ကို နှင့်မောင်နှမ ၄ ဦးရှိပြီး ၎င်းတို့မှာ မောင်မောင်ဦးနှင့်ထွေးထွေး၊ ခင်ခင်မော်နှင့်ဌေးလွင်၊ မောင်မောင်လတ်နှင့်ချောစုလှိုင်၊ မော်မော်အောင်နှင့် ရှောင်ယန်းတို့ ဖြစ်ကြောင်း၊ ၎င်းတို့၏ အခြေပြု မူလစီးပွားရေးမှာ Lucky Man ကုမ္ပဏီဖြစ်ပြီး ကားတာယာ၊ ကားနှင့်ဆက်စပ်သော ပစ္စည်းများဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/109893/
စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ အဖြစ် မှတ်ပုံတင် အသစ် တင်ခိုင်း သဖြင့် Pact Myanmar ခေါ် Pact Global Microfinance Fund က လုပ်ငန်း ရပ် ဆိုင်း၊ အလုပ် ၄၀၀၀ ကျော် ဖြုတ်သိမ်း
["စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ အဖြစ် မှတ်ပုံတင် အသစ် တင်ခိုင်း သဖြင့် Pact Myanmar ခေါ် Pact Global Microfinance Fund က လုပ်ငန်း ရပ် ဆိုင်း၊ အလုပ် ၄၀၀၀ ကျော် ဖြုတ်သိမ်း", "ရန်ကုန်၊ ဇွန် ၂၇", "စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ အဖြစ် မှတ်ပုံတင် အသစ် တင်ခိုင်း သဖြင့် Pact Myanmar ခေါ် Pact Global Microfinance Fund က လုပ်ငန်း ရပ် ဆိုင်းပြီး အလုပ် ၄၀၀၀ ကျော် ဖြုတ်သိမ်းလိုက်ကြောင်း သိရှိရသည်။", "စစ်ကောင်စီက မှတ်ပုံတင်အသစ် တင်ခိုင်းပြီး ၅ နှစ်စာ အခွန်ဆောင်ခိုင်း၍ Pact Myanmar ခေါ် Pact Global Microfinance Fund က လုပ်ငန်းရပ် ဆိုင်းလိုက်ပြီး အလုပ်နေရာ ၄၀၀၀ ကျော် ဖြုတ်သိမ်းလိုက်ကြောင်း အဆိုပါ အဖွဲ့၏ ဝန်ထမ်းတချို့က ပြောဆိုသည်။", "မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်နေသော Pact Myanmar က ယခုနှစ် ဇွန်လကုန်တွင် မြန်မာနိုင်ငံက ထွက်ခွာ တော့မည် ဖြစ်ပြီး ချေးငွေများကို အတိုးနှင့်အရင်းပါတောင်းခံတော့မည်မဟုတ်ကြောင်း၊ စစ်ကောင်စီ၏ အ​သေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ထိန်းချုပ်မှု အောက် ရှိရမည့် စီးပွားရေးအဖွဲ့အစည်းအဖြစ် ဇွန် ၃၀ ရက်နောက်ဆုံး ပြန် လည်မှတ်ပုံမတင်နိုင်ခြင်းကြောင့် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း၊ Pact Global Microfinance Fund (PGMF)အနေဖြင့် အခြားရွေး ချယ်ရန် နည်း လမ်း မရှိ‌တော့သဖြင့် မြန်မာနိုင်ငံအတွင်းမှ ငွေရေးကြေးရေး လုပ်ငန်း ပိတ် သိမ်းခြင်း ဖြစ်ကြောင်း တရားဝင် ကြေညာသည်။", "ဇွန်လ ၃၀ ရက်​နေ့အတွင်း စီးပွား​ရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်နိုင်ခြင်း မရှိပါက PGMF သည် လက်ရှိလုပ်ငန်းကိုတရားမဝင် လုပ်​ဆောင်သကဲ့သို့ ဖြစ်မည် ဖြစ်ပြီး၊ ဝန်ထမ်းများအတွက် အန္တရာယ်ကြီးစွာကြုံ​တွေ့နိုင်ကြောင်း၊ အသင်းသားများ၏ချေးငွေများကို စုဆောင်းငွေလက်ကျန်များဖြင့် ခုနှိမ် သွားမည်ဖြစ်ကြောင်း၊ အသင်းသားများ၏စုဆောင်းငွေပမာဏသည် ချေးငွေ လက်ကျန်ထက် ပိုများ​နေပါက အသင်းသားများကို ဆက်သွယ်၍ စုဆောင်း ငွေများ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း၊ စုဆောင်းငွေက ချေးငွေ လက် ကျန် ထက်နည်းနေပါက ချေးငွေလက်ကျန်ကို ကောက်ခံခြင်း မပြုတော့ဘဲ လျှော်ပစ်မည်ဖြစ်ကြောင်း၊ထို​ကြောင့် ချေးငွေလက်ကျန်ပမာဏကို Pact Myanmar ကိုလည်းကောင်း၊ အခြားသူတစ်ဦးတစ်ယောက်ကိုလည်း ပြန်လည်ပေးဆပ်ရန် တာဝန်မရှိတော့ကြောင်း ထုတ်ပြန်ထားသည်။", "PGMF ထံမှ ရယူထားသော ချေးငွေလက်ကျန်အားလုံးကို ဇွန်လ ၂၆ ရက်နေ့ မှစပြီး အပြီးအပိုင်လျှော်ပေးကြောင်း၊ လူကြီးမင်းတို့ ချေးငွေလက်ကျန်များကို ယခုအချိန်ကပြီး မည်သူတစ်ဦးတယောက်ကမှ လာရောက်တောင်းခံပါက ပေးရန် (လုံးဝ) မလိုအပ်ကြောင်း ၊Pact Myanmar ထွက်ခွာမှုကြောင့် ဝန်ထမ်း ၄၀၀၀ကျော်ကိုလည်း ထိုက်တန်သည့် လျှော်ကြေးပေးအပ်မည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။", "” Pact Myanmar က လုပ်ငန်းရပ်ဆိုင်းလိုက်တဲ့ အဓိက အကြောင်းအရင်းက စစ်ကောင်စီက သူတို့ကို မှတ်ပုံတင်အသစ်ပြန်တင်ခိုင်းပြီး ၂၀၁၈ ခုနှစ်ကစပြီး နောက်ကြောင်းပြန် ၅ နှစ်စာ အခွန် ပေးရမယ်ဆိုပြီး အခွန်ဆောင်ခိုင်းတယ်။ တကယ်က အခွန်ကလည်း ဆောင်ထားပြီးသားကို ထပ်ဆောင်ခိုင်းတာလို့ သိရတယ်။ အသေးစားငွေရေး ကြေးရေးလုပ်ငန်း အဖြစ် မှတ်ပုံတင်အသစ် ပြန်တင်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရမယ့်အပြင် ဆောင်ပြီးသား အခွန်ကို ထပ်ပြီးတော့ အခွန် ၅ နှစ်စာ ဆောင် ခိုင်းတော့ ဘယ်လိုမှ ဆက်လုပ်လို့ မရတော့ ရပ်ဆိုင်းတယ်လို့ သိရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2023/12/134080/
စစ်ကောင်စီ လူသားဒိုင်းကာ ဖမ်းဆီးထားသည့် ပေါက်တောပြည်သူ ၁၃ ဦးထက်မနည်း AA က ထပ်မံ ကယ်ထုတ်
["စစ်ကောင်စီ လူသားဒိုင်းကာ ဖမ်းဆီးထားသည့် ပေါက်တောပြည်သူ ၁၃ ဦးထက်မနည်း AA က ထပ်မံ ကယ်ထုတ်", "ရန်ကုန်| ဒီဇင်ဘာ ၂", "ရခိုင်ပြည် ပေါက်တောမြို့မှာ အာဏာသိမ်းစစ်ကောင်စီက လူသားဒိုင်းကာနှင့် ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် အရပ်သားပြည်သူများကို ရက္ခိုင့်တပ်တော် AA က ဆက်လက်ကယ်ထုတ်နေပြီး ယနေ့ ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် ၁၃ ဦးထက်နည်းကို ကယ်ထုတ်လာကြောင်း တွေ့ရသည်။", "ယနေ့ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်တွင် AA မှ ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် အရပ်သားများကို ကယ်ထုတ်နေခြင်းနှင့် ပေါက်တောမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် လူနေအိမ်အများအပြား မီးလောင်နေသည်ကို တွေ့ရသည်။", "ကယ်ထုတ်လာသည့် အရပ်သားများမှာ ၁၃ ဦးထက်နည်းပါဝင်ပြီး ၇ ဦးက အသက် ၂ နှစ်ကနေ ၁၁ နှစ်ဝန်းကျင် ကလေးငယ်များဖြစ်ကြောင်း သိရသည်။", "ကျန် ၆ ဦးထဲတွင် အမျိုးသမီးများနှင့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ပါဝင်ကြောင်း တွေ့ရသည်။", "စစ်ကောင်စီ ဖမ်းဆီးထားသော ပေါက်တောပြည်သူများထဲက AA က ကယ်ထုတ်ထားသည့် အရေအတွက်မှာ စုစုပေါင်း ၃၀၀ ကျော်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။", "၁၂၀ ဦးတစ်ကြိမ်၊ ၁၀၄ ဦးတစ်ကြိမ်၊ ၅၉ ဦးတစ်ကြိမ်၊ ၁၀ ဦးထက်မနည်းတစ်ကြိမ်၊ ယခု ၁၃ ဦးထက်နည်း တစ်ကြိမ် စုစုပေါင်း ၃၀၆ ဦးထက်မနည်း ကယ်ထုတ်ထားပြီး ဆက်လက်၍ ကျန်ရှိနေသေးသည့် အရပ်သားများကိုလည်း ကယ်ထုတ်သွားမည်ဟု AA က ဆိုသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ ယနေ့အထိ ပေါက်တောမြို့ကို စစ်ကောင်စီသည် နေဗီများ၊ လေယာဉ်များနှင့် စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်းမှ လက်နက်ကြီးများ နေ့စဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်။", "စစ်ကောင်စီ၏ လက်နက်ကြီးများကြောင့် ပေါက်တောမြို့ လူနေရပ်ကွက်များ မီးလောင်၍ နေအိမ်များ ပျက်စီးဆုံးရှုံးနေသလို မြို့မဈေးလည်း မီးလောင်ပြာကျသွားပြီဟု မျက်မြင်ဒေသခံများက ပြောဆိုကြသည်။"]
https://yktnews.com/2023/11/131415/
စစ်ကောင်စီ လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းနေသူ စီးပွားရေးသမား အောင်ကျော်မြင့် ချင်းရွှေဟော်တွင် ပစ်ခတ်ခံရပြီး သေဆုံး
["စစ်ကောင်စီ လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းနေသူ စီးပွားရေးသမား အောင်ကျော်မြင့် ချင်းရွှေဟော်တွင် ပစ်ခတ်ခံရပြီး သေဆုံး", "သေဆုံးသူ အောင်ကျော်မြင့်မှာ အာဏာရှင်ဟောင်းနေဝင်းမြေးများနှင့်အတူ အလုပ်လုပ်နေသူဖြစ်ပြီး Omini Focus ကုမ္ပဏီ၏ ဒါရိုက်တာလည်းဖြစ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၅", "အကြမ်းဖက်စစ်တပ် ဒေါက်တိုင် အာဏာရှင်ဟောင်း‌ အေးနေဝင်းနှင့်စီးပွားဘက်လည်းဖြစ်၊ လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းပေးနေသူလည်းဖြစ်သူ လုပ်ငန်းရှင် အောင်ကျော်မြင့်သည် ချင်းရွှေဟော်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၂၇ ရက်၊ ၂၈ ရက်ဝန်းကျင် မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်များက ချင်းရွှေဟော်မြို့ကို စီးနင်းနေစဉ် လုပ်ငန်းရှင် အောင်ကျော်မြင့်သည် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များနှင့်အတူ ရှိနေစဉ် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ နဖူးတည့်တည့် ပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။", "အောင်ကျော်မြင့်သည် အာဏာရှင်ဟောင်းနေဝင်း၏ မြေးများ ပိုင်ဆိုင်သော Omini Focus ၏ ဒါရိုက်တာတစ်ဦး ဖြစ်ပြီး အကြမ်း ဖက်စစ်တပ်၏လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းပေးနေသူ ဖြစ်ကြောင်း၊ အောင်ကျော်မြင့်သည် စစ်တပ် အာဏာသိမ်းမှုကိုထောက်ခံရုံသာမက ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ဝင်များကို အရှင်မထားဘဲ သတ်ပစ်ရန် လူမှုကွန်ရက်မှ တစ်ဆင့် လှုံ့ ဆော်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်တပ်ဒေါက်တိုင် စီးပွားရေးသမား အောင်ကျော်မြင့်။"]
https://yktnews.com/2025/02/202359/
စစ်ကောင်စီ အတွက် ဝင်ငွေရလမ်းများကို ကျားဖြန့် ငွေလိမ်ဂိုဏ်းများက ထောက်ပံ့ပေးနေပြီး မြန်မာလူထုနှင့် ဒေသတွင်း နိုင်ငံများကို အကြီးအကျယ် ခြိမ်းခြောက်နေသည်ဟု NUG အစိုးရ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် ပြောဆို
["စစ်ကောင်စီ အတွက် ဝင်ငွေရလမ်းများကို ကျားဖြန့် ငွေလိမ်ဂိုဏ်းများက ထောက်ပံ့ပေးနေပြီး မြန်မာလူထုနှင့် ဒေသတွင်း နိုင်ငံများကို အကြီးအကျယ် ခြိမ်းခြောက်နေသည်ဟု NUG အစိုးရသမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် ပြောဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "အကြမ်းဖက် စစ်ကောင်စီ အတွက် ဝင်ငွေရလမ်းများကို ကျားဖြန့် ငွေလိမ်ဂိုဏ်းများက ထောက်ပံ့ပေးနေပြီး မြန်မာလူထုနှင့် ဒေသတွင်း နိုင်ငံများကို အကြီးအကျယ် ခြိမ်းခြောက်နေကြောင်း NUG အစိုးရ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် ပြောဆိုလိုက်သည်။", "အဆိုပါ ပြောကြားချက်သည် ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း (press Briefing) အစီအစဉ်၌ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုခဲ့ခြင်းဖြစ်သည်။", "“ကျားဖြန့်အွန်းလိုင်းငွေလိမ် ရာဇဝတ်ဂိုဏ်းတွေဟာ စစ်အာဏာရူးတွေနဲ့ လက်တစ်ဆုပ်စာ လူတစ်စု အကျိုးအမြတ်အတွက် အပြစ်မဲ့ လူသိန်းပေါင်း မြောက်များစွာအပေါ်မှာ မျက်မှောက်ခေတ် ကျွန်ပြုမှု၊ အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှု၊ လူကုန်ကူးမှု၊ ငွေလိမ်လည်မှုစတဲ့ စပ်ဆုတ်ရွံရှာစရာကောင်းတဲ့ ရာဇဝတ်မှုကြီးတွေကို ကျူးလွန်နေကျတာဖြစ်ပါတယ်။ ဒီငွေလိမ်ဂိုဏ်းတွေဟာ အကြမ်းဖက် စစ်တပ်အတွက် ဝင်ငွေရတဲ့ လမ်းတွေကို ထောက်ပံ့ပေးနေတဲ့ အပြင် မြန်မာလူထုကိုရော ဒေသတွင်း နိုင်ငံတွေပါ။ အကြီးအကျယ်ခြိမ်းခြောက်နေပါတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီ၏ ကိုယ်ကျိုးစီးပွားနှင့် အာဏာတည်မြဲမှု ကျိုးပမ်းဖို့ ၄ နှစ်တာ ကာလအတွင်း ၂၀၂၄ ခုနှစ် အရောက်တွင် တော့ ငွေကြေးခဝါချမှုနှင့် မူးယစ် ကုန်သွယ်မှုတွင် မြန်မာနိုင်ငံသည် ကမ္ဘာ နံပါတ် ၁ ဖြစ်သွားကြောင်း၊ ကျားဖြန့်နှင့် နွေးဦးတော်လှန်ရေး တိုက်ပွဲသည် စံတန်ဖိုးများအရ ယုံကြည်ချက်များအရပါ အရှေ့နှင့် အနောက်ကို ဖြောင့်ဖြောင့် ဆန့်ကျင်နေသော ကိစ္စဖြစ်ကြောင်း၊ တော်လှန်ရေး၏ ရည်မှန်းချက်သည် အာဏာရှင်စနစ်ချုပ်ငြိမ်းရန် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို အားမခံပြီး ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။", "“အကြမ်းဖက် စစ်တပ်ရဲ့ ပရမ်းပတာ စီးပွားရေး စီမံခန့်ခွဲမှု၊ အကျင့်ပျက် ချစားမှုတွေနဲ့ မိမိတို့ အာဏာတည်မြဲရေး အတွက် နည်းမျိုးစုံနဲ့ ကျိုးပမ်းနေတဲ့ အတွက်ကြောင့် မြန်မာ့စီးပွားရေး အလွန်အမင်း ကျပ်တည်းမှု အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်း အင်မတန်ကြီးမားမှု အပါအဝင် လျှပ်စစ်မီး မရရှိမှု စတဲ့ ကြီးမားတဲ့ အခက်အခဲတွေကို ပြည်သူထုက ခါးသည်းစွာရင်ဆိုင်နေရပါတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဆက်လက် ပြောဆိုသည်။", "ကုလသမဂ္ဂ ခန့်မှန်းချက်အရ မြန်မာပြည်တွင်း ကျားဖြန့်လုပ်ငန်းများ၊ ငွေလိမ်ဂိုဏ်းများတွင် အဓမ္မစေခိုင်း အလုပ်လုပ်နေကြသော လူပေါင်း ၁ သိန်း ၂ သောင်းကျော်ရှိသည်ဟု ခန့်မှန်းထားပြီး စားဝတ်နေရေး ကျပ်တည်းမှုကြောင့် မြန်မာနိုင်ငံသားများလည်း အနည်းဆုံး သောင်းနှင့် ချီပြီး အင်မတန်ဆိုးရွားသော ပတ်ဝန်းကျင်တွင် အဓမ္မ စေခိုင်းခံနေရကြောင်း သိရသည်။", "ထို့ကြောင့် ပြည်သူ လူထုများအနေဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ ဖျားယောင်းမှု အတုအယောင် အလုပ်ခေါ်မှုများကို သတိဝီရိယကြီးကြီးထား၍ ရှောင်ရှားကြရန် NUG အစိုးရ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က တိုက်တွန်းပြောဆိုထားသည်။"]
https://yktnews.com/2023/10/124712/
စစ်ကောင်စီ ဩဇာခံသည့် Non-CDM ဝန်ထမ်းများအားလုံးကို ထောက်ပံ့ ကြေး လစဉ် ၃၀၀၀၀ ကျပ်တိုးပေးမှု ကုန်စျေးနှုန်းများ ထပ်မံ မြင့်တက်စေရန် တွန်းအားပေးနေ၊ ပုဂ္ဂလိကအလုပ်သမားများအတွက် အနည်းဆုံး လုပ်ခ လစာ မတိုး၍ ပြည်သူများ စားဝတ်နေရေး ပိုကျပ်တည်းလာမည်
["စစ်ကောင်စီ ဩဇာခံသည့် Non-CDM ဝန်ထမ်းများအားလုံးကို ထောက်ပံ့ ကြေး လစဉ် ၃၀၀၀၀ ကျပ်တိုးပေးမှု ကုန်စျေးနှုန်းများ ထပ်မံ မြင့်တက်စေရန် တွန်းအားပေးနေ၊ ပုဂ္ဂလိကအလုပ်သမားများအတွက် အနည်းဆုံး လုပ်ခ လစာ မတိုး၍ ပြည်သူများ စားဝတ်နေရေး ပိုကျပ်တည်းလာမည်", "ရန်ကုန်၊ အောက်တိုဘာ ၁", "စစ်ကောင်စီက ဩဇာခံသည့် Non-CDM ဝန်ထမ်းများအားလုံးကို ထောက်ပံ့ ကြေး လစဉ် ၃၀၀၀၀ ကျပ်တိုးပေးလိုက်မှုသည် ကုန်စျေးနှုန်းများ ထပ်မံ မြင့် တက် စေရန် တွန်းအားပေးနေပြီး ပုဂ္ဂလိကအလုပ်သမားများ တစ်နေ့ လုပ်ခ လစာ မတိုး၍ ပြည်သူများ စားဝတ်နေရေး ပိုကျပ်တည်းလာမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေး ပညာရှင် ဦးစိန်ဌေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ၎င်း၏ ဩဇာခံနေသည့် ဝန်ထမ်းများ၊ စစ်သားများနှင့်ရဲများ အားလုံးကို လစဉ် ထောက်ပံ့ကြေး အဖြစ် ၃၀၀၀၀ ကျပ်ပေးမည်ဖြစ်ကြောင်း ၊ တစ်နေ့လျှင် ငွေကျပ် ၄၈၀၀ ကျပ် ရရှိသည့် နေ့စား ဝန်ထမ်းများကို တစ်နေ့လျှင် ၁၀၀၀ ကျပ်ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ရာ ယင်းကြေညာချက်ကြောင့် ကုန်စျေးနှုန်းများ တရှိန်ထိုး ထပ်မံမြင့်တက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။", "သို့ရာတွင် စစ်ကောင်စီက ဝန်ထမ်းများကိုသာ ထောက်ပံ့ကြေးတိုးပေးပြီး ပုဂ္ဂလိကကဏ္ဍမှ ပြည်သူများကို အနည်းဆုံးလုပ်ခလစာ တစ်နေ့ ၄၈၀၀ ကျပ်မှ တိုးမပေးသည့်အတွက် ပြည်သူများ ပိုမို ဒုက္ခရောက်လာမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း တိုင်းပြည်တွင် ငွေကြေး လှည့်လည်မှု ပမာဏ မြင့်တက်လာမှုကြောင့် ကုန်စျေးနှုန်းတက်လာသော်လည်း အခြေခံလိုအပ်ချက် ကုန်စည်များကို စစ်ကောင်စီက အချိန်မီ မဖြည့်တင်းပေးနိုင်ကြောင်း၊ ဖြည့်တင်းပေးရန် စစ်ကောင်စီတွင် လုံလောက်သော နိုင်ငံခြားငွေကြေးလည်း မရှိကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ၏ မညီမျှသော မူဝါဒအမှားကြောင့် ပြည်သူများ စားဝတ်နေရေး ပိုမိုကျပ်တည်းလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။", "“လက်ရှိ ရှိနေတဲ့ ငွေကြေးပမာဏထက် ထပ်ပြီး တက်တော့မယ်။ Money Supply များတော့မယ်။ များရင် ကုန်စျေးနှုန်းတက်မယ်။ ကုန်စျေးနှုန်း တက်ရင် ကုန်ထုတ်လုပ်မှု တက်အောင် လုပ်ရမယ်။ ကုန်စည်တွေ မထုတ်လုပ်နိုင်ရင် ဥပမာ- ပြည်တွင်းမှာ ဆန်စျေးတက်သွားပြီ။ ဆန်စျေး တက်သွားရင် ကိုယ့်ထဲမှာဆန် နည်းနေရင် စျေးကွက်ထဲကို ဆန်တွေ များများရောက်အောင်ပို့ရမယ်။ ပို့တာက လမ်းမှန် ကမ်းမှန် ပို့ရမယ်လေ။ ကုန်သည်တွေကို သေနတ်ပြပြီး ငါတို့ ဒါပေးကွာ လုပ်လို့မရဘူး။ ကုန်စည်တွေ ဖြည့်ပေးမယ်ဆိုရင်လည်း လုံလောက်တဲ့ ပေးနည်းဖြစ်ရမယ်။ ထုတ်လုပ်မှုက ပြတ်လပ်လို့ မထုတ်လုပ်နိုင်ရင် ဆန်ကို တင်သွင်းဗျာ။ အဲဒီလို သွားရမှာ။ ဒါပေမယ့် အဲဒီလို သွင်းဖို့ဆိုရင်လည်း သွင်းစရာ ပိုက်ဆံမရှိဘူးဆိုရင် အဲဒီမှာလာပြီ။ သူတို့မှာ အဲဒါ ပြဿနာ တက်နေတာ။ နောက်တစ်ခုက အစိုးရဝန်ထမ်းပဲတိုးပြီးတော့ ပုဂ္ဂလိက ဝန်ထမ်းမတိုးရင် မမျှတဘူး။ သူများနိုင်ငံဆိုရင် အလုပ်သမားလို့ ပြောလို့ရှိရင် အားလုံးက အလုပ်သမားပဲ။ အဲဒီအခါ အချိုးအစားနဲ့အညီ တိုးပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် တိုးပေးတာမှာ တိုးပုံ တိုးနှုန်းမှားနေတယ်” ဟု ဦစိန်ဌေးက ဆိုသည်။", "လက်ရှိတွင် မြန်မာနိုင်ငံအတွင်း လည်ပတ်နေသော ငွေကြေးပမာဏသည် ငွေကျပ် ဘီလီယံပေါင်း ၃ သောင်းကျော်ရှိနေပြီး ထောက်ပံ့ကြေး တိုးပေးမှုကြောင့် လစဉ် ဘီလီယံ ၅၀ မှ ၁၀၀ အကြား စစ်ကောင်စီက ငွေကြေး သုံးစွဲရမှု မြင့်တက်နိုင်ကြောင်း၊ ထို့ကြောင့် လက်တစ်ဆုပ်စာ စစ်ကောင်စီဝန်ထမ်းများကို ထောက်ပံ့ကြေးတိုးပေးမှုကို တစ်ပြည်လုံး သန်း ၅၀ ကျော် ပြည်သူများက ခါးစည်းခံရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။", "“အခု တိုးပေးလိုက်တော့ Money Supply ‌ငွေသားတွေများသွားပြီ။ မြန်မာနိုင်ငံမှာ လှည့်လည်နေတဲ့ ငွေသားပမာဏက ကျပ်ဘီလီယံပေါင်း ၃၀၂၈၅ ရှိတယ်။ အခုတိုးတာက ဝန်ထမ်း ၁ ဦးကို ၃ သောင်းဆိုတော့ ဝန်ထမ်းတွေ ၁ သန်းရှိရင် မြှောက်ကြည့်လိုက် ဘီလီယံ ၅၀ ငွေကြေးဖောင်းပွလာပြီ။ ဘီလီယံ ၅၀ လစဉ် တက်သွားရင် အစိုးရက ပိုက်ဆံပိုသုံးရပြီ။ သုံးရပြီဆိုရင် Money Supply က များသွားပြီ။ ဒါဆိုရင် ကုန်စျေးနှုန်းတက်စေသော တွန်းအားကိုဖြစ်စေတာပေါ့” ဟု စီးပွားရေးပညာရှင် ဦးစိန်ဌေးက ဆိုသည်။", "လက်ရှိတိုင်းပြည်တွင် စီးပွားရေး အကျပ်အတည်း အကြီးအကျယ်ကြုံနေရပြီး နိုင်ငံရေးနှင့် ဆက်စပ်နေကြောင်း၊ စီးပွားရေး မတည်ငြိမ်မှုများက စီမံခန့်ခွဲမှု အမှားများကြောင့် ပိုမို ဆိုးဝါးလာမည်ဖြစ်ကြောင်း ပြောဆိုသည်။", "“တစ်ဖက်မှာလည်း ပိတ်ဆို့ထားတယ်။ တစ်ဖက်မှာလည်း ထုတ်လုပ်မှုကလည်း တက်မလာ၊ တစ်ဖက်မှာလည်း စစ်ကတိုက်နေတယ်။ ဒါကိုကြည့်ရင် မင်းတို့ ဘယ်လိုနည်းနဲ့ ရှင်းမှာလဲ။ တိုင်းပြည်ကလည်း စစ်ဖြစ်တယ်။ ပြည်သူလူထုကလည်း ထုတ်လုပ်မှုတွေ မလုပ်နိုင် ပြေးလွှားနေရတယ်။ သူတို့ကလည်း လိုကညစ်တယ်ဆိုတော့ ဒီသံသရာ ရုန်းထွက်ဖို့ကတော့ လောလောဆယ် မမြင်ဘူး။ လူထုကတော့ ခါးစည်းခံရမှာပဲ။ သူတို့ကတော့ အလွယ်လမ်း လိုက်မှာပဲ။ ဘာလုပ်မလဲ ပိုက်ဆံရိုက်ထုတ်တာပဲ။ အခုလည်း ရိုက်ထုတ်နေတာပဲ။ နောက် ၄ ၊ ၅ ၊ ၆ လဆိုရင် Money Supply ကြည့်လို့ရပြီ။ ခုနက ပြောပြီလေ။ လက်ရှိ ၂၀၂၃ အကုန်မှာ ADB စာရင်းအရ မြန်မာနိုင်ငံမှာ ငွေသား Money Circulation က ကျပ် ဘီလီယံပေါင်း ၃၀၂၈၄ ဒသမ ၅ ရှိတယ်။ အဲဒါ ထပ်တက်ဦးမှာ။ တက်ရင် ခုနက ပြောတဲ့ နည်းတွေ မသုံးရင် အဲဒီပြဿနာထပ်တက်မှာပဲ။ ကုန်စျေးနှုန်း တက်တာကို ပြည်သူလူထုက ခါးစည်းခံရမှာပဲ။ အစိုးရအဆက်ဆက် တိုင်းပြည်စီးပွားရေးကို စီမံ ခန့်ခွဲမှု မှားခဲ့တဲ့အတွက် ကုန်စျေးနှုန်းတက်ာကို ပြည်သူလူထုက ခံရဦးမှာပဲ။ ဒီပြဿနာက မလွယ်ဘူး ” ဟု မြန်မာ့ စီးပွား ရေးပညာရှင် ဦးစိန်ဌေးက သုံးသပ်ပြောဆိုသည်။"]
https://yktnews.com/2025/01/200035/
စစ်ကောင်စီက CDM များကို အမည်ပျက်စာရင်း မှ ပယ်ဖျက် ပေးမည်ဆိုသော ကြေညာချက်ကြောင့် သွားရောက် လျှောက် ထားခဲ့ သော်လည်းကို ပယ်ဖျက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်နှင့် ပြည်ပထွက်ခွင့် ဆက်ပိတ်
["စစ်ကောင်စီက CDM များကို အမည်ပျက်စာရင်း မှ ပယ်ဖျက် ပေးမည်ဆိုသော ကြေညာချက်ကြောင့် သွားရောက် လျှောက် ထားခဲ့ သော်လည်းကို ပယ်ဖျက်ပေးခြင်းမရှိသည့်အပြင်နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်နှင့် ပြည်ပထွက်ခွင့် ဆက်ပိတ်", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "အကြမ်းဖက် စစ်ကောင်စီက CDM များကို Blacklist မှ ပယ်ဖျက်ပေးမည်ဆိုသော ကြေညာချက်ကြောင့် သွားရောက် စာရင်းပေးခဲ့သူများကို အမည်စာရင်း ပယ်ဖျက်ပေးခြင်းမရှိဘဲ ပြည်ပထွက်ခွာခွင့် ဆက်လက် ပိတ်ပင်ထားကြောင်း လျှောက်ထားခဲ့သော CDM ဝန်ထမ်း တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီက နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး Blacklists တွင် ပါဝင်နေသူများအား ဖြေလျှော့ပေးမည်ဟုဆိုကာ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်း ထုတ်ပြန်ချက်ကြောင့် CDM ဝန်ထမ်း တချို့က သွားရောက်စာရင်းပေးသွင်းခဲ့ပြီး လက်ရှိချိန်ထိ Blacklists မှ ပယ်ဖျက်ပေးခြင်းမရှိသေးဘဲ ပြည်ပထွက်ခွာခွင့် ဆက်လက် ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီက Blacklists ပယ်ဖျက်ရန် လျှောက်ထားခဲ့သော CDM ဝန်ထမ်းများကို NLD အစိုးရ လက်ထက်က ထုတ်ချေးထားသော ချေးငွေများကို ပြန်ဆပ်ခိုင်းပြီး ကတိကဝတ်များဖြင့် အချက်အလက်များကို စုံလင်စွာ တောင်းခံခဲ့ပြီး ၎င်းတို့ တောင်းခံသော အချက်အလက်များ စုံလင်စွားပေးပို့ထားသော်လည်း လက်ရှိချိန်ထိ ပြည်တွင်းပြည်ပ အလုပ်လုပ်ကိုင်ခွင့်များကို တားဆီးပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရှိရသည်။", "“စစ်ကောင်စီရဲ့ Blacklist ပယ်ဖျက်ပေးမယ်ဆိုတဲ့ ကြေညာချက်ချက်ကြောင့် ကျနော်နဲ့ နဲ့ကျနော် အသိမိတ်‌ဆွေတွေ စာရင်းပေးခဲ့ပါတယ်။ စာရင်းပေးခဲ့ပေမယ့်လည်း ၇ လ ကြာတဲ့အထိ Blacklist မပယ်ဖျက် ပေးသေးပါဘူး။ စာရင်းပေးတုန်းကလည်း စစ်ကောင်စီက NLD အစိုးရ လက်ထက်က ပေးထားတဲ့ ၂ လ ချေးငွေလည်း ပြန်တောင်းခံပါတယ်။ ကတိကဝတ် အချက်အလက်တွေလည်း စုံလင်စွာ‌ပေးခဲ့ရပါတယ်။ အခုထိ ဘာသတင်းမှ အကြောင်းမပြန်ပါဘူး။ နောက်လူတွေလည်း အယုံလွယ်ပြီး Blacklist စာရင်း ပယ်ဖျက်ဖို့ စာရင်းသွားပေးမယ်ဆိုရင် သေချာစဉ်းစားဖို့လိုပါတယ်” ဟု CDM ဝန်ထမ်း တစ်ဦးက ပြောဆိုသည်။", "အဆိုပါ စာရင်း သွားရောက်ပေးခဲ့သော CDM ဝန်ထမ်းသည် ၂၀၂၁ ခုနှစ်တွင် ခွင့်မဲ့ ပျက်ကွက်သည်ဟုဆိုကာ CDM စာရင်းသွင်းခံရသော ဝန်ထမ်းတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် Passport လုပ်ရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်းထား၍ ပတ်စ်ပို့လုပ်မရဟု အကြောင်းပြန်လာကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ ထုတ်ပြန်ချက်တွင် နိုင်ငံ့ဝန်ထမ်း အချို့သည် အကြောင်း အမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာ ဌာနများ၏ Blacklists တွင် ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအဖြစ် ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝ များလည်း နစ်နာလျက်ရှိသောကြောင့် ကုစားပေးနိုင်ရန် လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းခြင်းရာအပေါ် မူတည်၍ Blacklists မှ ပယ်ဖျက် ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။"]
https://yktnews.com/2023/12/135504/
စစ်ကောင်စီက NUG နှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများ စုံစမ်းရန် အထူးလျှို့ဝှက် တပ်သားများ ကို လျှို့ဝှက် ခေါ်ယူလေ့ကျင့် စေလွှတ်မည်
["စစ်ကောင်စီက NUG နှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများ စုံစမ်းရန် အထူးလျှို့ဝှက် တပ်သားများ ကို လျှို့ဝှက် ခေါ်ယူလေ့ကျင့် စေလွှတ်မည်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၂", "အကြမ်းဖက်စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းရန်အတွက် အထူးလျှို့ဝှက်တပ်သားများ လျှို့ဝှက်ခေါ်ယူပြီး လေ့ကျင့်ကာ ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များအတွင်းသို့ စေလွှတ်မည်ဖြစ် ကြောင်း သိရှိရသည်။", "NUGနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းသိရှိနိုင်စေရေး၊ ဖြစ်စဉ်များနှင့်ပတ်သက်၍ မိမိတို့ဘက်မှ လက်ဦးမှု ရရှိရေး၊ အသာစီးရရှိရေး၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မှုရရှိရေးနှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်စေရေးအတွက် အထူးလျှို့ဝှက် တပ်သားများ စေလွှတ်ရန် ခေါ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။", "အထူးလျှို့ဝှက်တပ်သားများအဖြစ် အရည်အချင်းသတ်မှတ် ထားရာ မျက်စိကောင်းသူ၊ တိုင်းရင်းသားဘာသာစကားတတ်သူ(သို့မဟုတ်) နိုင်ငံခြားဘာသာစကားတတ်မြောက်သူ၊ အရေးကြီးသော ညွှန်ကြားချက်များအား တိကျစွာ နာခံနိုင်ရန်၊ လျှို့ဝှက်အား ထိန်းသိမ်းစွာ ဆောင်ရွက်နိုင်သူ၊ စစ်ရေး အောင်မြင်လိုစိတ်ရှိသူ၊ တိုင်းပြည်နှင့်လူမျိုးအတွက် စဉ်းစား စွန့်လွှတ်နိုင်သူ ဟူသည့် အရည်အချင်း သတ်မှတ်ချက် များရှိကြောင်း စစ်ကောင်စီ၏ လျှို့ဝှက် ညွှန်ကြားချက်အရ သိရှိရသည်။", "အထူးလျှို့ဝှက်တပ်သားများကို စစ်ကောင်စီက ပြည့်စုံစွာ ထောက်ပံ့သွားမည်ဖြစ်ပြီး အထူးလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရည်အချင်း ကိုက်ညီသော တပ်သားများကို ဒီဇင်ဘာလ ၁၅ ရက်နေ့ အရောက် နေပြည် တော်တိုင်းစစ်ဌာနချုပ် စေလွှတ်ပေးပို့ရမည်ဟု ညွှန်ကြားချက်က ဆိုသည်။", "ရန်ကုန်ခေတ်သစ်၏ ပြည်ထဲရေး သတင်းရင်းမြစ်ကမူ လက်ရှိ တော်လှန်ရေး ၃ နှစ်တာကာလအတွင်း စစ်တပ်အတွက် မြေပြင်တွင် သတင်းပေးမည့် သတင်းပေးများ မရှိတော့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များက ဒလန်ရှင်းလင်းရေး လုပ်ဆောင်သဖြင့် စစ်တပ်အတွက် သတင်းပေးသည့် အရင်းအမြစ်များအားလုံး ဆုံးရှုံးခဲ့ရကြောင်း သုံးသပ်ပြောဆိုသည်။", "“ဒလန်ရှင်းလင်းရေးကြောင့် စစ်တပ်ကို ဘယ်သူမှ သတင်းမပေးရဲတော့ဘူး။ နယ်မြေခံ သတင်းပေးမရှိရင် ဘယ်လိုစစ်ဆင်ရေးမှ မအောင်မြင်နိုင်ဘူး။ သတင်းပေးက အရေးကြီးပါတယ်” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2024/02/146244/
စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းခိုင်းရာတွင် မီးသတ်တပ်ဖွဲ့ဝင်များကိုဦးစားပေး ခေါ်ယူမည်ဟုဆို
["စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းခိုင်းရာတွင် မီးသတ်တပ်ဖွဲ့ဝင်များကိုဦးစားပေး ခေါ်ယူမည်ဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းခိုင်းဖြစ်ရာ လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင်များကို ဦးစားပေး၍ ချက်ချင်း ခေါ်ယူမည်ဟု သိရှိရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဗဟို) သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“မီးသတ် ဝန်ထမ်းတွေကို ဦးစား ပေး ချက်ချင်း စစ်မှုထမ်းဖို့ ဆင့်ခေါ် မယ်လို့ သိရတယ်။ အခုတော့ စာရင်းတွေ အားချင်းဖြည့်ခိုင်းနေပြ။ တိုင်း၊ ခရိုင်၊ မြို့နယ် မီးသတ်၊ ရပ်/ကျေးအထိ အကုန်ပါတယ်။ စာရင်းတွေကောက်နေပြီ” ဟု မီးသတ်သတင်းရင်းမြစ်က ရှင်းပြသည်။", "လက်ရှိတွင် စစ်ကောင်စီက မြို့နယ်နှင့် ရပ်/ကျေး စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး လာမည့် ရက်ပိုင်းအတွင်း စစ်မှုထမ်းရန် ဆင့်ခေါ်မည့် နာမည်စာရင်းမျာကို စတင် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ နာမည်စာရင်း ရရှိသူများသည် ဧပြီလကုန် သင်္ကြန်ပိတ်ရက်များအပြီးတွင် စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များတွင် တရားဝင် ဆက်သွယ် စတင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံး ဝင်သော Non-CDM ဝန်ထမ်းများစာရင်း ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန် ကြားချက် ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများ စာရင်းတောင်းခံလျက်ရှိရာ ရန်ကုန်တိုင်းအတွင်းမှ Non-CDM ဝန်ထမ်းများ၏ စာရင်းကို ဖော်ဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဝန်ထမ်းဦးရေ စာရင်းချုပ်ကိုလည်းကောင်း၊ အသေးစိတ် စာရင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင်လည်ကောင်း အချိန်မီ စာရင်းပြုစု ပေးပို့ရန် ညွှန်ကြားထားသည်။", "ထို့ပြင် လာမည့် ၂၀၂၅ ၊ ၂၀၂၆ ၊ ၂၀၂၇ ခုနှစ်တွင် စစ်မှုထမ်းရမည့် Non-CDM ဝန်ထမ်းများစာရင်းကိုပါ အသေးစိတ် ထပ်မံပြုစုရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/206189/
စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် အဓိကကျသည့် OWIC ကတ် ထုတ်ပေးမှု ၁၈ ရက်ကြာ ဆက်လက်ရပ်နား ထားသဖြင့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရ
["စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် အဓိကကျသည့် OWIC ကတ် ထုတ်ပေးမှု ၁၈ ရက်ကြာ ဆက်လက်ရပ်နား ထားသဖြင့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံမှထွက်ခွာခွင့်မရ", "ရန်ကုန်၊ မတ် ၄", "စစ်ကောင်စီက အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် အဓိကကျသည့် ပြည်ပအလုပ်သမားသက်သေခံကတ် (OWIC-Oversea Workers Identity Card) ထုတ်ပေးမှုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ထုတ်ပေးမှုများကို အကြောင်းပြချက်မရှိဘဲ ရပ်ဆိုင်းခဲ့ရာ ပြည်ပသို့ ထွက်ခွာမည့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရဘဲ ပိတ်မိနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ချစ်ဆွေကို အလုပ် သမားဝန်ကြီးသစ်အဖြစ် ခန့်အပ်လိုက်ပြီးနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ပြည်ပသို့ အလုပ်သမားစေလွှတ်မှုများအားလုံးကို ပြန်လည် သုံးသပ်ရန်ဟုဆိုကာ အလုပ်သမားဝန်ကြီးဌာနက ယာယီရပ်ဆိုင်းခဲ့ကြောင်း၊ ယင်းနောက် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို စိစစ်နေသည်ဟုဆိုကာ OWIC ကတ်ထုတ်ပေးမှုများကို အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "” OWIC ကတ်ကို လုံး၀ကို ထုတ်မပေးတော့တာ။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ စည်းကမ်းသစ်တွေ ကြေညာမယ် သတင်းထွက်လာလိုက်၊ မတ်လ ၃ ရက်နေ့ ဝန်ကြီးဌာန အမိန့်သစ်တွေ ထွက်မယ်ပြောလိုက်နဲ့ လက်တွေ့တော့ ဘာမှ ဖြစ်မလာဘူး။ တချို့ Skill Worker စေလွှတ်နေတဲ့ ဂျပန်သွားမယ့် အေဂျင်စီတချို့ကိုတော့ OWIC လုပ်ခွင့် ဆယ်ဂဏန်းလောက်ချပေးတာရှိတယ်။ အဲဒါကလည်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အီးမေးလ်ပို့ပြီး အကန့်အသတ်နဲ့ပေးလုပ်တာ။ အခြေခံအလုပ်သမားတွေအားလုံးကို OWIC ကတ် ထုတ်မပေးတော့ အခု ပြည်တွင်မှာ ပိတ်မိနေတာ ကျနော်တို့သိသလောက်စာရင်းအရဆိုရင်တောင် ပြည်ပထွက်မယ့် အလုပ်သမား ခုနစ်သောင်း နီးပါးရှိနေတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးအသစ် ချစ်ဆွေက လက်ရှိ နိုင်ငံ၏ အခြေအနေအရ ပြည်ပသို့ အလုပ်သမားများ သွားရောက်မှုမှာ အရေအတွက်အားဖြင့် အလွန်များပြားနေပြီး ပြည်ပထွက်ခွာသည့် လုပ်ငန်းစဉ်မှာလည်း အလွန်မြန်ဆန်နေကြောင်း၊ ထို့ကြောင့် ပြည်ပထွက်မည့် အလုပ်သမားအရေအတွက် လျှော့ချပြီး လုပ်ငန်းစဉ်များကို ပိုမိုစိစစ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့သည်။", "“စစ်မှုထမ်းနဲ့ နိုင်ငံရေးအခြေအနေက အဓိကကျတယ်ဆိုတာမျိုး ဝန်ကြီးသစ်က ပြောသွားခဲ့တာ။ အေဂျင်စီတွေကိုလည်း ဒီထက်ပိုစိစစ်မယ်ဆိုတာမျိုးပါ ထုတ်ပြောခဲ့တယ်။ အခုက အေဂျင်စီ ၆၀၀ ကျော်လောက်က စည်း ကမ်း မလိုက်နာဘူးဆိုတာမျိုးလည်းပြောသွားတော့ PJ သမားတွေ ပြည်ပထွက်ခွာခွင့်က လွယ်လွယ်နဲ့တော့ ပြန်မပေးတော့ဘူးလို့ သုံးသပ်လို့ရပါတယ်” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီ ပိုင်ရှင်တစ်ဦးက ဆိုသည်။", "PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့် လတ်တလော ယာယီရပ်ဆိုင်းထားသည့် OWIC ကတ်ရရှိရန် စောင့်ဆိုင်းနေသည့် ခွင့်ပြန်များ၊ ပြည်ပသွားရောက်ကြမည့် အလုပ်သမားများမှာ အေဂျင်စီဝန်ဆောင်ခ၊ လေယာဉ်လက်မှတ်များ သိန်းပေါင်းများစွာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြပြီး အလုပ်သမားဝန်ကြီးဌာနဘက်သို့ မေးမြန်းစုံစမ်းကြသော်လည်း အဖြေတစ်စုံတစ်ရာ ရရှိခြင်းမရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်လေဆိပ်တွင် လုံခြုံရေး စောင့်ကြပ်နေသည့် အကြမ်းဖက် ရဲတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- Agency ။"]