url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/10/127790/
စစ်ကောင်စီက PJ နှင့် PS နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးမှု အခွန်ကင်းရှင်းကြောင်း တင်ပြရန် ညွှန်ကြားချက်ကြောင့် သင်္ဘောသားများ စတင်အခွန်ဆောင်နေရ
["စစ်ကောင်စီက PJ နှင့် PS နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးမှု အခွန်ကင်းရှင်းကြောင်း တင်ပြရန် ညွှန်ကြားချက်ကြောင့် သင်္ဘောသားများ စတင်အခွန်ဆောင်နေရ", "ရန်ကုန်၊ အောက်တိုဘာ ၂၄", "အကြမ်းဖက်စစ်ကောင်စီက ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေသူ မြန်မာအလုပ်သမား (Passport for Job)နှင့် သင်္ဘောများ (Passport for Seaman (PS)၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပါက အခွန်ဆောင်ပြီး အခွန်ကင်းရှင်းကြောင်း တင်ပြမှသာလျှင် သက်တမ်းတိုးပေးမည်ဟု အမိန့်ထုတ်ပြန်လိုက်သဖြင့် သင်္ဘောသားများ စတင် အခွန်ဆောင်နေရကြောင်းရန်ကုန်မြို့မှ သင်္ဘောသားများက ပြောဆိုကြသည်။", "အကြမ်းဖက်စစ်ကောင်စီက အခွန်ရရှိရေးအတွက် ပြည်ပရောက် မြန်မာအလုပ်သမားများနှင့် သင်္ဘောသားများကို စတင်၍ အခွန်ကောက်ခံနေရာ ယင်းအခွန် ကောက်ခံမှုကြောင့် လုပ်ထုံးလုပ်နည်း အဆင့်များစွာ ပေါ်ပေါက်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေး ခက်ခဲလာကြောင်း ရန်ကုန်မှ သင်္ဘောသားများက ပြောဆိုသည်။", "“သင်္ဘောသားတွေကတွေကတော့ သင်္ဘောတက်။ ပြန်လာ။ အခွန်ဆောင် ပြန်တက်ဆိုတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေလို မဟုတ်ဘူး။ သူတို့ အမိန့်ထုတ်တာနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံရတာပဲ။ အခု ကျနော် သင်္ဘောသားနိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ကို ကြိုတင်ခွန် ၆ လစာ ဆောင်ခိုင်းတယ်။ နောက်ဆုံးလိုက်ခဲ့တဲ့သင်္ဘောပေါ်မှာ ရတဲ့လစာကို ၆ လစာ အခွန်ဆောင်ခိုင်းတာ။ အဲဒါ မပြနိုင်ရင် သက်တမ်းတိုးမရဘူး။ လုပ်ထုံးလုပ်နည်းတွေက ပိုများလာတော့ ပေးရကမ်းရ လာဘ်ထိုးရတာတွေကလည်း အရမ်းများ။ စားပွဲတစ်ခုပေါ်ကနေ အခြားစားပွဲတစ်ခုပေါ်ကို ရောက်ဖို့အတွက် ငွေ ၅ သောင်းလောက်မှ မပေးရင်မရဘူး။ အခွန်လည်းဆောင်ရ၊ လာဘ်လည်းထိုးရဖြစ်နေတယ်” ဟု သင်္ဘောသားတစ်ဦးက ပြောဆိုသည်။", "မြန်မာနိုင်ငံတွင် ပုံမှန်အားဖြင့် ပင်လယ်ကူး သင်္ဘောသား ၅၀၀၀၀ နှင့် ၆၀၀၀၀ အကြား နှစ်စဉ် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နေကြပြီး သင်္ဘောသား သောင်းချီ၍ စစ်ကောင်စီထံတွင် ပုံစံအမျိုးမျိုးဖြင့် အခွန်ပေးဆောင်နေရသည်ဟု ဆိုသည်။", "“သင်္ဘောသားအလုပ်အကိုင်က ပြည်ပ အလုပ်သမားတွေလို ငါ အခွန်မဆောင်ဘူးဆိုပြီး လုပ်မရဘူး။ သင်္ဘောတက်ဖို့ လိုအပ်တဲ့ လက်မှတ်တွေကို ရေကြောင်း ဦးစီးဌာနဆီက သွားထုတ်ရတာလေ။ နောက်တစ်ခါ သင်္ဘောသားလစာကို သူတို့ဘဏ်တွေကတစ်ဆင့် သူတို့သတ်မှတ်တဲ့ ငွေလွှဲနှုန်းနဲ့ လွှဲခိုင်းတယ်။ လွှဲရတာပဲ။ အခုတစ်ခါ အခွန်ဆောင်ခိုင်းတယ်။ ဆောင်ရတာပဲ။ သူတို့ ထိန်းချုပ်မှု အောက်မှာ အပြည့်အ၀ရှိတော့ ဘာမှ လုပ်မရဘူး။ အဲဒီတော့ ကောင်းတဲ့နိုင်ငံရောက်ရင် သင်္ဘောပေါ်ကနေ ခုန်ချမှပဲ စစ်တပ်လက်က လွတ်မယ့် လမ်းမြင်ရတယ်” ဟု ရန်ကုန်မှ သင်္ဘောသားတစ်ဦးက ပြောဆိုသည်။", "ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးမှ PJ ၊ PS နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလိုသူများအနေဖြင့် အခွန်ဆောင်ရန်အတွက် မြို့နယ် အခွန်ရုံး ၄ ခုကို အုပ်စု ၁ ၊ ၂ ၊ ၃ ၊ ၄ နေရာများ ခွဲ၍ စစ်တပ်က အခွန်ဆောင်ခိုင်းနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် နိုင်ငံကူးလက်မှတ်လုပ်ရန် တန်းစီနေကြရသည့် လူငယ်များ။ (ယမန်နှစ်ပုံဖြစ်ပါသည်။)"]
https://yktnews.com/2025/05/214854/
စစ်ကောင်စီက ကလေးများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေမှုကို တရုတ်နိုင်ငံက တားဆီးပေးရန် မြန်မာ နိုင်ငံ ဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) တောင်းဆို၊ တရုတ်အကူအညီဖြင့် မြန်မာစစ်တပ်က လေယာဉ်ဗုံးများ ပြည်တွင်းတွင်ပင် ထုတ်လုပ်နေ
["စစ်ကောင်စီက ကလေးများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေမှုကို တရုတ်နိုင်ငံက တားဆီးပေးရန် မြန်မာ နိုင်ငံ ဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) တောင်းဆို၊ တရုတ်အကူအညီဖြင့် မြန်မာစစ်တပ်က လေယာဉ်ဗုံးများ ပြည်တွင်းတွင်ပင် ထုတ်လုပ်နေ", "ရန်ကုန်၊ မေ ၁၇", "အကြမ်းဖက်စစ်ကောင်စီက ကလေးငယ်များကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေမှုကို တရုတ်နိုင်ငံက တား ဆီး ပေးရန် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) က ယနေ့ ထုတ်ပြန်တောင်းဆိုသည်။", "မေလ ၁၂ ရက်နေ့ ဒီပဲယင်းမြို့နယ် မြန်မာစစ်အုပ်စု၏ ကြောက်မက်ဖွယ်ရာ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၂၂ ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်အပေါ် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) အနေဖြင့် အလွန်တရာ တုန်လှုပ်ခြောက်ခြားပြီး စက်ဆုပ်ရွံရှာမိကြောင်း၊ ကလေးသူငယ်များအပေါ် စစ်အုပ်စု၏ ရိုင်းစိုင်းကြမ်းကြုတ်သောတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်စေရန်အလို့ငှာ၊ SAC-M က တရုတ်နိုင်ငံကို ၎င်း၏ သိသာထင်ရှားသောသြဇာအာဏာကို စစ်အုပ်စုအပေါ် အသုံးပြုပေးပါရန် တောင်းဆိုသည်။", "မေလ ၁၂ ရက်နေ့ တိုက်ခိုက်မှုသည် ကလေးသူငယ်များနှင့် စာသင်ကျောင်းများကိုပစ်မှတ်ထား၍ ထပ်ခါတလဲလဲ၊ ရည်ရွယ်ချက်ရှိရှိပြုလုပ်နေသော တိုက်ခိုက်မှုများ၏အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့သောတိုက်ခိုက်မှုများ၏ ထင်ရှားသောဥပမာတစ်ခုမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် “လက်ယက်ကုန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” ဟု ယခုအခါ လူသိများသော ဖြစ်စဉ်ပင်ဖြစ်ကြောင်း၊ ထိုဖြစ်စဉ်၌ စစ်အုပ်စုတပ်ဖွဲ့များက ဒီပဲယင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းမှ စာသင်ကျောင်းတစ်ခုကို လေကြောင်းနှင့် မြေပြင်မှ ရက်စက်စွာတိုက်ခိုက်ခဲ့သောကြောင့် ကလေးသူငယ် ခုနစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ရကြောင်း၊ ထို့အပြင်၊ သက်သေအထောက်အထားများ ဖျောက်ဖျက်ရန်ကြိုးပမ်းသည့်အနေဖြင့် စစ်အုပ်စုတပ်များက အလောင်းအများအပြားနှင့် ဒဏ်ရာရကလေးသူငယ်များကို ဖယ်ရှားခဲ့ကြောင်း SAC-M က ဆိုသည်။", "တရုတ်နိုင်ငံက လားရှိုးမြို့ထိန်းချုပ်ခွင့်ကို စစ်အုပ်စုထံသို့လွှဲအပ်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ကို တရုတ်နိုင်ငံက မကြုံစဖူး ကြားဝင်စွက်ဖက်၍ အတင်းအကျပ် ဖိအားပေးခဲ့ပြီးနောက် တစ်လမပြည့်မီတွင် စစ်အုပ်စု၏ နောက်ဆုံး ကလေးသူငယ်များအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုလုပ်ရပ်များက တရုတ်နိုင်ငံ၏ သဘောထားကို ပိုမိုရှင်းလင်းစွာဖော်ပြနေကြောင်း၊ တရုတ်နိုင်ငံက မိမိ၏ အကျိုးစီးပွားများရရှိရေးအတွက် မြန်မာနိုင်ငံ၏ အချုပ် အခြာအာဏာကို ချိုးဖောက်ရန် ဝန်မလေးကြောင်းပြသခြင်းဖြစ်သည့်အပြင်၊ ထိုအကျိုးစီးပွားများအောင်မြင်ရန်အလို့ငှာ စစ်အုပ်စုကို မိမိ၏ တဆင့်ခံကန်ထရိုက်ယူထားသည့်ကြေးစားတပ်ဖွဲ့သဖွယ် အသုံးချနိုင်သည့်အတိုင်းအတာအထိ ရှိနေကြောင်းကိုလည်း သက်သေပြ အတည်ပြုလိုက်ကြောင်း SAC-M က ထောက်ပြသည်။", "တရုတ်နိုင်ငံသည် မြန်မာစစ်တပ်အား ကာလရှည်ကြာစွာပင် သိသာထင်ရှားသော နိုင်ငံရေးနှင့် စစ်ရေးအထောက်အပံ့များ ပေးအပ်ခဲ့ကြောင်း၊ ထိုအထောက်အပံ့များထဲတွင် တိုက်လေယာဉ်များနှင့် လေကြောင်းမှကြဲချသော ဗုံးများလည်းပါဝင်ပြီး ၎င်းတို့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အုပ်စု၏ မအောင်မြင်အထမမြောက်လိုက်သည့် အာဏာသိမ်းမှုနောက်ပိုင်း အရပ်သားများအပေါ် အဖျက်စွမ်းအားကြီးမားလှသည့်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နိုင်ရန်အတွက် အသုံးပြုခဲ့ကြောင်း သိရှိရသည်။", "ထို့အပြင် SAC-M ၏ မကြာမီထွက်ပေါ်လာမည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်အရ တရုတ်နိုင်ငံက မြန်မာစစ်တပ်ကို အခရာကျသောနည်းလမ်းဖြင့် ကူညီခဲ့ပြီး မြန်မာနိုင်ငံရှိ လက်နက်စက်ရုံများတွင် လေကြောင်းမှကျဲချသောဗုံးများအား ပြည်တွင်း၌ပင် ထုတ်လုပ်မှုကို တည်ထောင်စေရန်နှင့် ရေရှည်တည်တန့်နိုင်စေရန် ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "မြန်မာနိုင်ငံတွင် လေးနှစ်ကြာ တနိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးဖြစ်ပွားခဲ့ပြီးနောက်၊ ယခုအခါ စစ်အုပ်စုသည်နိုင်ငံခြားမှ ကြားဝင်စွက်ဖက်မှုနှင့် အထောက်အပံ့အပေါ် လုံးလုံးလျားလျားမှီခိုနေရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း၊ ဤသို့မှီခိုနေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၎င်း၏ပြိုလဲမှုကို ရှောင်ရှားရန်နှင့် အရပ်သားပြည်သူလူထုအပေါ် ပြင်းထန်လွန်ကဲလှသည့် ဆင်းရဲဒုက္ခများ ဆက်လက် သက်ရောက်စေရန်ဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံထံမှအကူအညီကို အဓိက အားထားနေရခြင်းဖြစ်ကြောင်း SAC- က ဆက်လက်ပြောဆိုသည်။", "ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် ကြီးမားလှသည့်သြဇာအာဏာကို အသုံးပြုကာ ကလေးသူငယ်များအပေါ် စစ်အုပ်စု၏ ရိုင်းစိုင်းကြမ်းကြုတ်သောလုပ်ရပ်များကို ချက်ချင်းအဆုံးသတ်ပေးရန် တောင်းဆိုလိုက်ကြောင်း၊ ထိုသို့ အဆုံးသတ်ရေးကြိုးပမ်းမှု၏ တစိတ်တပိုင်းအနေဖြင့် စစ်အုပ်စုထံသို့ တိုက်လေယာဉ်များ၊ ဂျက်တိုက်လေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ် (ဒရုန်းများ) အပါအဝင် တိုက်ခိုက်ရေးလေယာဉ်များ၊လေကြောင်းမှကြဲချသောဗုံးများ၊နှစ်ဖက်သုံးကုန်ပစ္စည်းများနှင့် နည်းပညာ၊လေယာဉ်ဆီ နှင့်မြန်မာနိုင်ငံတွင် လေကြောင်းမှကြဲချသောဗုံးများအား ပြည်တွင်း၌ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော အခြားပစ္စည်းများနှင့် အထောက်အပံ့များ ရပ်ဆိုင်းရန်လည်း တောင်းဆိုထားသည်။"]
https://yktnews.com/2023/09/123201/
စစ်ကောင်စီက ကုမ္ပဏီ ၁၂၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၆၈ ခုအထိရှိလာ
["စစ်ကောင်စီက ကုမ္ပဏီ ၁၂၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၆၈ ခုအထိရှိလာ", "ဆီဒိုးနားဟိုတယ် အပါအဝင် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ် ရေးလုပ်ငန်း အားလုံး နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် မပြုတော့၍ လုပ်ငန်းများ အခက်တွေ့ ရပ်နားရမည့်အခြေအနေရှိနေ၊ စစ်တပ် မည်သူ့ကိုမှ ဒေါ်လာ ကိုင်ဆောင် ရောင်းဝယ်ခွင့်မပေးတော့", "ရန်ကုန်၊ စက်တင်ဘာ ၂၀", "အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ကုမ္ပဏီ ၁၂၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ငွေလဲစင်တာ ၁၆၈ ခုအထိရှိလာကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။", "စက်တင်ဘာလ ၁၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ကုမ္ပဏီ ၁၂၄ ခုကို စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များ မလိုက်နာမှုဖြင့် လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း ယနေ့ထုတ်စစ်တပ်၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။", "စက်တင်ဘာ ၁၉ ရက်နေ့ နို်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်များ ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၂၃ ခုမှာ Myanmar Power Spectrum Co.,Ltd ၊ Pyae Hein Kyaw Co.,Ltd ၊ Apex Exchange Trading Co.,Ltd ၊ Yong Xin Co.,Ltd ၊ တက်တိုးအောင် ဝန်ဆောင်မှု ကုမ္ပဏီ လီမိတက်၊ Pyone Pyone Cho Co.,Ltd ၊ Tint Nay Hline Travel & Tours Co.,Ltd ၊ Tycoon Brother’s Group Co.,Ltd ၊ Affinity Tour Ltd ၊ Lion King Construction Group Co.,Ltd ၊ TPD Group Co.,Ltd ၊ Cloumbus Travel & Tour Co.,Ltd ၊ Myanmar Integrity General Service Co.,Ltd ၊ Aung Pyae Wa Phyo Co.,Ltd ၊ Royal Thant Family Co.,Ltd ၊ Shang Kha Kyauk Lone Co.,Ltd ၊ Su Thiri Thaw Co.,Ltd ၊ Sccp Prince Co.,Ltd ၊ TZK Co.,Ltd ၊ Shwe Nan Taw Wyn Co.,Ltd ၊ Shwe La Yaing Lin Lin Co.,Ltd ၊ RIO Travel & Tours Co.,Ltd ၊ Super Technology Products Services Co.,Ltd ၊ Royal Lake Hotel Co.,Ltd ၊Golden Interlink Co.,Ltd ၊ Aye Best Co.,Ltd ၊ Billon Soe Kaung San Co.,Ltd ၊ Global Harvest Financial Service Ltd၊ Nilar Khin Family Group Co.,Ltd ၊ Golden Shell Co.,Ltd ၊ Grand Capital Myanmar Co.,Ltd ၊ M.H.S Travel & Tour Co.,Ltd ၊ Yangon Syndicate Linited ( Panorama Hotel) ၊ Perfect Days Travel & Tour Co.,Ltd ၊ A C R Thu Kha Chan Thar Co.,Ltd ၊ Golden Education Co.,Ltd ၊ Myanmar Life Hotel Ivestment Co.,Ltd ၊ Diamond Palace Service Co.,Ltd ၊ Sky Wheeel Company Limited ၊ Ngwe Tharaphyu Royal Co.,Ltd ၊ Minn Tun Trading Co.,Ltd ၊ Family Treasure Travel & Tour Co.,Ltd ၊ Win Progress Service Co.,Ltd ၊ Quality True Engineering Group Service Co.,Ltd ၊ Lin Life Co.,Ltd ၊ Shwe Wei Phone Myat Co.,Ltd ၊ Aye Mya Trading Co.,Ltd ၊ Sedona Hotel အပါအဝင် ဟိုတယ်၊ ခရီးသွားအေဂျင်စီနှင့် ကုန်သွယ်ရေး ကုမ္ပဏီ၊ ကုမ္ပဏီ ၁၂၃ ခု၏ နိုင်ငံခြားငွေကိုင်ဆောင်ခွင့် လိုင်စင်များကို စစ်တပ်က ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။", "“အခုရုပ်သိမ်းလိုက်တဲ့ နိုင်ငံခြားငွေကိုင်ဆောင်ခွင့် ရောင်းဝယ်ခွင့် လိုင်စင် ကုမ္ပဏီတွေကြည့်ရင် ခရီးသွားအေဂျင်စီတွေ၊ ဟိုတယ်တွေ၊ Trading လုပ်တဲ့ကုမ္ပဏီတွေ အများစုပဲ။ ပြည်တွင်း ဗဟိုဘဏ်နဲ့ စစ်တပ်က လွဲရင် ဘယ်သူ့ကိုမှ နိုင်ငံခြားငွေ ပေးမကိုင်တော့ဘူးဆိုတဲ့သဘောဖြစ်တယ်။ အဲဒီတော့ လေယာဉ်လက်မှတ်ဝယ်တာကအစ အကုန်လုံး အခက်အခဲတွေဖြစ်မယ်။ နောက်တစ်ခါ စီးပွားရေးလုပ်ငန်းတွေ အများစု ရပ်နားရမယ့်သဘောရှိပါတယ်။ ဥပမာ ခရီးသွားအေဂျင်စီကို နိုင်ငံခြားငွေကိုင်ဆောင်ခွင့်မပေးဘူးဆိုတော့ လေယာဉ်လက်မှတ် ဘယ်လိုရောင်းမလဲ။ လေယာဉ်လက်မှတ်ဆိုတာ နိုင်ငံတကာမှာ ဒေါ်လာနဲ့‌ပေးချေရတာလေ။ အကုန်အခက်တွေ့ကုန်ပြီ။ စစ်တပ်က သူတို့မှာ ဒေါ်လာလိုအပ်ချက်ကြီးတော့ ဘယ်သူ့ကိုမှ ဒေါ်လာ ပေးမကိုင်တော့မယ့် သဘောပဲ” ဟု နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် လိုင်စင်ရပ်နားခံရသည့် ခရီးသွားအေဂျင်စီ၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အလားတူ ဩဂုတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်များ ရုပ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီများမှာ", "(1) Prime Residence Co., Ltd", "(2) West Line Co., Ltd", "(3) IMA Co., Ltd", "(4) Great Father Great Sons General Trading Co., Ltd", "(5) Gold Foil Co., Ltd", "(6) Big Lion Gems Co., Ltd", "(7) Global International Investment & Development Co., Ltd", "(8 ) World Fortune International Finance Group Shares Co., Ltd", "(9) Myat Nan Yone Services Co.,Ltd", "(10) LP Holding Co., Ltd", "(11) Golden Myanmar Asia Crown Travels & Tours Co., Ltd", "(12) Yangon KSA Travels & Tours Co., Ltd", "(13) Balance Co., Ltd တို့ဖြစ်ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၁၀ ခုကို ဗဟိုဘဏ်က ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များ မလိုက်နာမှုဖြင့် လိုင်စင်ရုပ်သိမ်းလိုက်သည်ဟု ကြေညာခဲ့ကြောင်း၊ ယခုနှစ် မတ်လ ၁၆ ရက်နေ့တွင်လည်း နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၂၀ ခုကိုလည်း လိုင်စင်ရုပ်သိမ်းခဲ့ကြောင်း၊ ၅ လအတွင်း Money Changer လိုင်စင် ၃၀ ခုကို ဆက်တိုက် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၂ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၂ ခုမှာ Kannan Trading Co, Ltd၊ Net Change Co, Ltd၊ Thira Aung Si Trading Co , Ltd၊ Riverwood Group Co, Ltd၊ Global Myanmar Services Co, Ltd၊ D-Gold Trading Co, Ltd၊ Aurum Image Co, Ltd၊ Hi Welcome Travel @ Tours Co, Ltd၊ Sweeties Pearls Co, Ltd၊ Chase Travels & Tours Co, Ltd တို့ဖြစ်ကြောင်း သိရှိရသည်။", "မတ်လ ၁၆ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံခဲ့ရသည့် ကုမ္ပဏီ ၂၀ ခုမှာ Oake Khaung Travels & Tours Co.,Ltd၊ Senjo Royal Myanmar Co.,Ltd၊ Dawei Popular Co.,Ltd၊ Zam Myo Co.,Ltd၊ Phyo Thet (PT) Co.,Ltd၊ Sky Bound Co.,Ltd၊ Myanmar MCG Corporation Ltd၊ Htwe and Htwe Family Co.,Ltd၊ Won Won Co.,Ltd၊ United Eleven Co.,Ltd၊ Tun Yama Co.,Ltd၊ Myanmar Alinkar Hotel Group Co.,Ltd၊ Cartel Co.,Ltd၊ Super Phoneix Co.,Ltd၊ Golden Falcon Shipping Co.,Ltd၊ Fairness Travels & Tours Co.,Ltd၊ Yadanar Bon Travels & Tours Co.,Ltd၊ Myanmar National Airline Co.,Ltd၊ Dewant Financial Loan Microfinance Co.,Ltd၊ Treasure Su Co.,Ltd တို့ဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိ ပြည်တွင်းစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၅၀၀ ကျပ်ဝန်းကျင်ရှိနေကြောင်း၊ အဖမ်းအဆီးများကြောင့် စျေးကွက်ပျက်စီးနေ ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။"]
https://yktnews.com/2023/08/118362/
စစ်ကောင်စီက ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ငွေလဲစင်တာ ၄၅ ခုအထိရှိလာ
["စစ်ကောင်စီက ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ငွေလဲစင်တာ ၄၅ ခုအထိရှိလာ၊ ပုဂ္ဂလိကဘဏ်တချို့တွင် ထောက်ခံချက်ဖြင့် ဒေါ်လာ အနည်းအကျဉ်း အယောင်ပြ ထုတ်ရောင်းခိုင်း", "ရန်ကုန်၊ ဩဂုတ် ၁၅", "အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ငွေလဲစင်တာ ၄၅ ခုအထိရှိလာကြောင်း သိရှိရသည်။", "ဩဂုတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်များ ရုပ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီများမှာ", "(1) Prime Residence Co., Ltd", "(2) West Line Co., Ltd", "(3) IMA Co., Ltd", "(4) Great Father Great Sons General Trading Co., Ltd", "(5) Gold Foil Co., Ltd", "(6) Big Lion Gems Co., Ltd", "(7) Global International Investment & Development Co., Ltd", "(8 ) World Fortune International Finance Group Shares Co., Ltd", "(9) Myat Nan Yone Services Co.,Ltd", "(10) LP Holding Co., Ltd", "(11) Golden Myanmar Asia Crown Travels & Tours Co., Ltd", "(12) Yangon KSA Travels & Tours Co., Ltd", "(13) Balance Co., Ltd တို့ဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းရှိ Money Changer လိုင်စင်ရ ငွေလဲစင်တာ ၄၅ ခုကို ယခုနှစ်အတွင်း အပြစ်မရှိဘဲ ဆက်တိုက်ရုပ်သိမ်းခဲ့ပြီး ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းခဲ့သော်လည်း ဒေါ်လာ ပြင်ပစျေးကွက်မှာမူ တဖြည်းဖြည်း ပိုမိုကြီးထွားလာ နေကြောင်း ဒေါ်လာနှင့်နိုင်ငံခြားငွေ ဝယ်ရောင်းလက်လီ၊လက်ကားများထံမှ သိရှိရသည်။", "ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၁၀ ခုကို ဗဟိုဘဏ်က ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များ မလိုက်နာမှုဖြင့် လိုင်စင်ရုပ်သိမ်းလိုက်သည်ဟု ကြေညာခဲ့ကြောင်း၊ ယခုနှစ် မတ်လ ၁၆ ရက်နေ့တွင်လည်း နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၂၀ ခုကိုလည်း လိုင်စင်ရုပ်သိမ်းခဲ့ကြောင်း၊ ၅ လအတွင်း Money Changer လိုင်စင် ၃၀ ခုကို ဆက်တိုက် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၂ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၂ ခုမှာ Kannan Trading Co, Ltd၊ Net Change Co, Ltd၊ Thira Aung Si Trading Co , Ltd၊ Riverwood Group Co, Ltd၊ Global Myanmar Services Co, Ltd၊ D-Gold Trading Co, Ltd၊ Aurum Image Co, Ltd၊ Hi Welcome Travel @ Tours Co, Ltd၊ Sweeties Pearls Co, Ltd၊ Chase Travels & Tours Co, Ltd တို့ဖြစ်ကြောင်း သိရှိရသည်။", "မတ်လ ၁၆ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံခဲ့ရသည့် ကုမ္ပဏီ ၂၀ ခုမှာ Oake Khaung Travels & Tours Co.,Ltd၊ Senjo Royal Myanmar Co.,Ltd၊ Dawei Popular Co.,Ltd၊ Zam Myo Co.,Ltd၊ Phyo Thet (PT) Co.,Ltd၊ Sky Bound Co.,Ltd၊ Myanmar MCG Corporation Ltd၊ Htwe and Htwe Family Co.,Ltd၊ Won Won Co.,Ltd၊ United Eleven Co.,Ltd၊ Tun Yama Co.,Ltd၊ Myanmar Alinkar Hotel Group Co.,Ltd၊ Cartel Co.,Ltd၊ Super Phoneix Co.,Ltd၊ Golden Falcon Shipping Co.,Ltd၊ Fairness Travels & Tours Co.,Ltd၊ Yadanar Bon Travels & Tours Co.,Ltd၊ Myanmar National Airline Co.,Ltd၊ Dewant Financial Loan Microfinance Co.,Ltd၊ Treasure Su Co.,Ltd တို့ဖြစ်ကြောင်း သိရှိရသည်။", "အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များ၏ နိုင်ငံခြားငွေ ငွေလဲကောင်တာတချို့တွင် ပညာတော်သင်သွားမည့်သူများ၊ ဆေးကုသမည့်သူများ၊ ပြည်ပထွက်ခွာမည့်သူများကို အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့်အထိ ထောက်ခံချက်ဖြင့် ရောင်းချခိုင်းကြောင်း၊ သို့ရာတွင် ရောင်းချမှုမှာ အယောင်ပြသာဖြစ်ပြီး သူ့လူနှင့်သူ ပြည့်နေကြောင်း ငွေဝယ်ယူရန် ကြိုးစားခဲ့သူတစ်ဦးက ပြောဆိုသည်။", "“ဒေါ်လာ ၅၀၀ လောက်ရမလားဆိုပြီး KBZ ဘဏ် ငွေလဲကောင်တာမှာ အထောက်အထားအပြည့်အစုံနဲ့ သွားဝယ်ပါတယ်။ ကုန်သွားပြီ။ မရှိတော့ဘူးချည်းပဲ ပြောပါတယ်။ ဘယ်လိုရောင်းတာလဲမသိပါဘူး။ သူ့လူနဲ့သူ ပြည့်နေတာထင်တယ်။ ရောင်းပေးတဲ့စျေးက စျေးကွက်ပေါက်စျေးထက် နည်းတော့ ကိုယ်ကလည်း ရရင်တော့ လိုချင်တာ။ မရခဲ့ပါဘူး” ဟု ရန်ကုန် ပြည်လမ်း၊ မာလာမှတ်တိုင်အနီးရှိ KBZ ဘဏ်တွင် ဒေါ်လာဝယ်ယူရန် ကြိုးပမ်း ခဲ့သော ထိုင်းနိုင်ငံထွက်ခွာမည့် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။", "လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၇၀၀ ကျပ်ရှိနေပြီး ထိုင်းဘတ် တစ်ဘတ်လျှင်ငွေကျပ် ၁၀၃ ကျပ် ပေါက်စျေးရှိနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်လေဆိပ်ရှိ ငွေလဲစင်တာတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/07/114412/
စစ်ကောင်စီက ကျပ်ငွေ နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ကြေညာ
["စစ်ကောင်စီက ကျပ်ငွေ နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ကြေညာ", "ရန်ကုန်၊ ဇူလိုင် ၂၃", "အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် နှစ်သောင်းတန် ထုတ်ဝေမည်ဖြစ် ကြောင်း စစ်ကောင်စီပိုင် သတင်းမီဒီယာများက ယနေ့ ထုတ်ပြန် ကြေညာသည်။", "ဆင်ဖြူတော်၏ ၁ နှစ်ပြည့် မွေးနေ့ နှင့် မာရဝိဇယ ဘုရားဆင်းတု ပြီးစီးသည့် အထိမ်းအမှတ် ငွေကျပ် နှစ်သောင်းတန်ကို ဇူလိုင် ၃၁ ရက်နေ့ စတင်ထုတ်ဝေမည်ဟု စစ်ကောင်စီက ကြေညာသည်။", "အကြမ်းဖက်စစ်ကောင်စီက ဘဏ္ဍာရေးလိုငွေပြမှုနှင့် ဒေါ်လာဝင်ငွေနည်းပါးလာသည့်အခြေအနေနှင့် ဘဏ္ဍာရေး ဆိုင်ရာ အကျပ်အတည်းများရှိလာချိန်တွင် ငွေကျပ် နှစ်သောင်းတန်ကို ထုတ်ဝေလာခြင်းဖြစ်ပြီး စစ်ကောင်စီက အကန့် အသတ်ဖြင့်သာ ထုတ်ဝေမည်ဟု ကြေညာထားသည်။"]
https://yktnews.com/2025/05/214643/
စစ်ကောင်စီက ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာခုံရုံးများနှင့် တောင်ကိုရီးယာ နိုင်ငံတွင် တရားစွဲဆိုနိုင်ရေး တွေ့ဆုံ ဆွေးနွေး
["စစ်ကောင်စီက ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာခုံရုံးများနှင့် တောင်ကိုရီးယာ နိုင်ငံတွင် တရားစွဲဆိုနိုင်ရေး တွေ့ဆုံ ဆွေးနွေး", "ရန်ကုန်၊ မေ ၁၅", "အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာခုံရုံးများနှင့် တောင်ကိုရီးယာနိုင်ငံတွင် တရားစွဲဆိုနိုင်ရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။", "မေလ ၁၄ ရက်နေ့တွင် တောင်ကိုရီးယားသမ္မတနိုင်ငံ၌ NUG အစိုးရ ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင် မျိုးမင်းနှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တို့ တွေ့ဆုံခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်နေမှုများကို နိုင်ငံတကာ ခုံရုံးများနှင့် တောင်ကိုးရီးယားသမ္မတနိုင်ငံတွင် တရားစွဲဆို အရေးယူနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။", "အဆိုပါ ဆွေးနွေးမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ တောင်ကိုးရီးယားနိုင်ငံ ရှေ့နေများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/86622/
စစ်ကောင်စီက ချင်း၊ ကရင်နီ၊ ကချင်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်း အထူးစစ်ဆင်ရေးတစ်ရပ်ဖြင့် တိုက်ခိုက် ဗုံးကျဲမှု ပိုမိုတိုးမြှင့်ရန်ရှိဟုဆို
["စစ်ကောင်စီက ချင်း၊ ကရင်နီ၊ ကချင်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်း အထူးစစ်ဆင်ရေးတစ်ရပ်ဖြင့် တိုက်ခိုက် ဗုံးကျဲမှု ပိုမိုတိုးမြှင့်ရန်ရှိဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "အကြမ်းဖက်စစ်ကောင်စီက ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် လေကြောင်း အထူးစစ် ဆင်ရေးတစ်ရပ်ဖြင့် တိုက်ခိုက်ဗုံးကျဲမှုများ လာမည့်ရက်ပိုင်းအတွင်း တိုးမြှင့် လုပ်ဆောင်သွားရန်ရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မင်းအောင်လှိုင်က PDF နှင့် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကြီးထွား ဖြစ်ထွန်းလာမှု၏ ရေသောက်မြစ်သည် တိုင်း ရင်းသား လက်နက်ကိုင် တော်လှန်ရေး EROsတပ်ဖွဲ့များကြောင့်ဖြစ်ပြီး အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်များကို အမြစ်ဖြတ် အင်အားချိနဲ့စေရေး လုပ်ဆောင်နိုင်မှသာလျှင် PDF တပ်များနှင့် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှင်သန်နေမှုကို ဖြတ်တောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေကြောင်း တိုက်ခိုက်မှုနှင့် အထူးစစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီက CNA-CDF တပ်များ အခြေစိုက်ရာ ချင်းပြည်နယ်ရှိ ဌာနချုပ်နှင့် တပ်နေရာများကိုလည်းကောင်း၊ KIA တပ်များ အခြေစိုက်ရာ ကချင်ပြည်နယ်ရှိ ဌာနချုပ်နှင့်တပ်နေရာများ ကိုလည်းကောင်း၊ KNU တပ်များ တည်ရှိရာ ကရင်ပြည်နယ်ရှိ ဌာနချုပ်နှင့် တပ်နေရာများကိုလည်းကောင်း KNDF အပါအဝင် ကရင်နီတပ်မတော်တို့ တည်ရှိရာ ကရင်နီပြည်နယ်ရှိ တပ်နေရာများကိုလည်းကောင်း အထူးစစ်ဆင်ရေးအနေဖြင့် ဗုံးကျဲတိုက်ခိုက်သွားရန်ရှိနေကြောင်း သိရှိရသည်။", "စစ်ဆင်ရေးအတွက် တိုက်လေယာဉ်များ အသုံးပြုမှုအနေဖြင့် Yak-130 ၊ Su-30၊ FTC 2000 G ၊ A-5 လေယာဉ်များကို အသုံးပြုမည်ဖြစ်ပြီး စစ်ဆင်ရေးအတွက် လေဆိပ်များအဖြစ် နေပြည်တော်အေလာလေတပ်၊ ရန်ကုန်မှော်ဘီလေတပ်၊ ပုသိမ်လေတပ်၊ မကွေးလေတပ်၊ တံတားဦးလေတပ်၊ မြစ်ကြီးနားလေတပ်၊ မိတ္တီလာလေတပ်တို့ကို အဓိကထားအသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီက သက်တမ်းတိုးမြှင့်ထားသည့် ၆ လတာကာလနှင့် ပွင့်လင်းရာသီတွင် တိုင်းရင်းသားဒေသများကို လေကြောင်းတိုက် ခိုက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်သည့်အပြင် မြေပြင်တွင်လည်း စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ် ၃၇ မြို့နယ်ရှိ PDF နှင့် ဒေသကာကွယ်ရေးတပ်များကို အပြတ် ချေမှုန်းရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။", "“Yak-130 တွေက ဗျူဟာဘယ်လောက်ထိပြောင်းလဲဆိုရင် ပုသိမ်လေတပ်ကပါ ပျံသန်းဗုံးကျဲနေတယ်။ လေကြောင်း အထူးစစ်ဆင်ရေး ပြင်းပြင်းထန်ထန်လုပ်မယ်လို့ပြောနေတယ်။ Yak-130 တွေအပြင် SU တွေပါ သုံးဖို့ရှိတယ်” ဟု လေတပ်သတင်းရင်းမြစ်တစ်ခုကပြောသည်။", "စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုကလည်း လေကြောင်းအထူးစစ်ဆင်ရေး ပြုလုပ်ရန် ရှိနေသော်လည်း လက်ရှိတွင် လေ ယာဉ်ဆီ မလုံလောက်ခြင်း၊ လက်နက်ခဲယမ်းနှင့်ဒုံးများ အလျှဉ်မမီအောင် မရှိခြင်း ပြဿနာများရှိနေကြောင်း၊ စစ်တပ်က လက် နက်ခဲယမ်း အသစ်များ စမ်းသပ် အသုံးပြုမှုများ ရှိနေသဖြင့် ပြည်သူများ သတိထားသင့်ကြောင်း အကြံပြု ပြောဆိုသည်။"]
https://yktnews.com/2022/12/78253/
စစ်ကောင်စီက ဂီတဖျော်ဖြေမှုများဖြင့် နှစ်သစ်ကူးပွဲကို တိုက်ရိုက် ထုတ်လွှင့် မည် ဖြစ်၍ စည်ကား မှု ပြသရေး စက်မှုဇုန်များ၊ ဌာနရုံးများ မဖြစ်မနေ ပွဲတက် ရန် အမိန့်ထုတ်၊ ရပ်ကွက် တစ်ခုလျှင် လူ ၅၀ ပေးရန်စုခိုင်း
["စစ်ကောင်စီက ဂီတဖျော်ဖြေမှုများဖြင့် နှစ်သစ်ကူးပွဲကို တိုက်ရိုက် ထုတ်လွှင့် မည် ဖြစ်၍ စည်ကား မှု ပြသရေး စက်မှုဇုန်များ၊ ဌာနရုံးများ မဖြစ်မနေ ပွဲတက် ရန် အမိန့်ထုတ်၊ ရပ်ကွက် တစ်ခုလျှင် လူ ၅၀ ပေးရန်စုခိုင်း", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "ယနေ့ နိုင်ငံတစ်ဝန်းတွင် ကျင်းပမည့် တေးဂီတဖျော်ဖြေပွဲများဖြင့် နှစ်သစ်ကူး ညကို စစ်ကောင်စီ၏ ရုပ်မြင်သံကြားလိုင်းများမှတစ်ဆင့် တိုက်ရိုက်ထုတ် လွှင့်မည်ဖြစ်၍ စည်ကားမှု ပြသနိုင်ရေး စက်မှုဇုန်များမှ အလုပ်သမားများ၊ ဝန် ထမ်း မိသားစုများ မဖြစ်မနေ လာရောက်ရန်စစ်ကောင်စီက အမိန့်ထုတ် ထား ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၃၁ ရက်နေ့ညတွင် နှစ်သစ်ကူးပွဲများ ကျင်းပရန် စစ်ကောင်စီက နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန် ထားမှုကို တစ်ရက်တာ ပယ်ဖျက်ထားပြီး ပွဲတော်များ ကျင်းပမည်ဟု ကြေညာ ထားရာ အဆိုပါ နှစ်သစ်ကူးပွဲများကို စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများမှ တိုက် ရိုက်ထုတ်လွှင့်မည်ဖြစ်သဖြင့် လူစည်ကားကြောင်း ပြသနိုင်ရန် မဖြစ် မနေ လူစုခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဒီနေ့ညလုပ်မယ့် ရန်ကုန်ကနှစ်သစ်ကူးပွဲမှာ စစ်ကောင်စီ က ရန်ကုန်တိုင်း မှာ ရှိတဲ့ စက်မှုဇုန် ၂၉ ဇုန်ကနေ ၁ ဇုန်ကို လူအယောက် ၅၀ ပို့ပေးရမယ် လို့အမိန့် ထုတ်တားတယ်။ မစည်ကားတာကို စည်ကားပြမယ်။ ရုပ်/သံတွေက တိုက် ရိုက် ထုတ်လွှင့်မယ်ပြောတယ်။ ဘီယာ နဲ့ အမြည်းကလည်း Free တဲ့ အဝစား အဝသောက်။ ဒံပေါက်ကျွေးမယ် ဘီယာတိုက်မယ်ဆိုပြီးလိုက်ကြဖို့ ဇွတ်တွေ စာရင်းပေးခိုင်းနေတယ်” ဟု စက်မှုဇုန်တစ်ခု၏ စီမံခန့်ခွဲရေး အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။", "ထို့ပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ရှိ ဝန်ထမ်းများ အားလုံး အနေဖြင့် ယနေ့ ညပြုလုပ်မည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများကို မိသားစုနှင့် အတူ မဖြစ်မနေ တက်ရောက်ရမည်ဖြစ်ပြီး ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ် လွှင့် ချိန်တွင် လူမရှိသကဲ့သို့ လုံး၀ (လုံး၀) မဖြစ်စေရန်၊ စည်ကားနေမှုကို ပြသ ကြ ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ညွှန်ကြားချက်များ ထုတ်ပြန် ထား ကြောင်း သိရှိရသည်။", "ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း ပြည်သူ့ရင်ပြင်တွင် ကျင်းပ မည့် ရန်ကုန်တိုင်းစစ်ကောင်စီ၏ နှစ်သစ်ကူးညပွဲသို့ တစ်ရပ်ကွက်လျှင် လူဦး ရေ ၅၀ မဖြစ်မနေ လာရောက်ရန်၊ ကြို/ပို့ကားများ စီစဉ်ထားပြီး လာရောက် သူများကို ငွေကျပ် ၁၀၀၀၀ ပေးမည်ဟု ပြောဆို စည်းရုံးခိုင်းနေကြောင်း သိရှိရသည်။", "မန္တလေးတွင်လည်း တိုင်းစစ်ကောင်စီက စီစဉ်ထားသည့် နှစ်သစ်ကူးည ပျော်ပွဲ ရွှင်ပွဲ ကို မန္တလေး မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ယင်းပွဲသို့ တက်ရောက်ကြရန် လော်စပီကာဖြင့် ရပ်ကွက်များသို့ လိုက်လံ အသိပေး အော်ဟစ်နေကြောင်း သိရှိရသည်။", "“မန္တလေးမှာ ဝန်ထမ်းတွေ လာရမယ်ဆိုပြီးအမိန့်ထုတ်ထားပါတယ်။ ကြေညာ တာ တောင် ရဲကားနဲ့ပတ်ကြေညာတာပါ။ LED ဘုတ်နဲ့။ ၃၁ရက်နေ့မှာ ဝန်ထမ်းတွေအကုန်လုံးကို မန္တလာသီရိအားကစား ကွင်းမှာ ညစာစား ပွဲ တက် ရမယ်ဆိုပြီး ပြောထားတယ်။ ဝန်ထမ်းမိသားစုတွေနဲ့ ဝန်ထမ်း တွေကိုလည်း အကုန်နီးပါးခေါ်ထားပါတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီက နေပြည်တော် ရေပန်းဥယျာဥ် တွင် နှစ်သစ်ကူးပွဲ စီစဉ်ထားပြီး မြန်မာပြည်သိန်းတန်၊ D ဖြိုး၊ ဂျေမိုင်းမိုင်တို့ကို ဖျော်ဖြေရန် ငှားရမ်းထား ကြောင်း၊ ရန်ကုန် ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးပွဲကို ရန်အောင်၊ ရဲအောင်၊ မေသန်းနု၊ ဂျက်မြသောင်း၊ ပြည်မိုး၊ စိန်လင်း၊ ဘုန်းလျှံ၊ လှမျိုးသဉ္ဇာနွယ်၊ ပွင့်နဒီမောင်၊ သဉ္ဇာမြင့်မိုရ်၊ စိုးသီဟ၊ ဝေလျှံ၊ ဂျင်းနီ၊ ဆူဇီ၊ စိုးထက်အောင်၊ ထွန်းပပအောင်၊ ပူတူးနှင့် ပြုံးအသင်္ချေ၊ ယွန်းသီရိကျော်တို့ကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊ မန္တလေး မန္တလာသီရိအားကစားကွင်းတွင် နှစ်သစ်ကူးပွဲ ကျင်းပမည်ဖြစ်ပြီး ချစ်ကောင်း၊ သားစိုး၊ချယ်ရီသင်းအပါအဝင် အဆိုတော် များကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊ နှစ်သစ်ကူးပွဲ အားလုံးကို စစ်ကောင် စီ၏ ဝါဒဖြန့် ရုပ်မြင်သံကြားလိုင်းအားလုံးမှ တိုက်ရိုက် ထုတ်လွှင့်ရမည် ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/200279/
စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်မှုကြောင့် မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွပြီး ပြည်သူလူထု စီးပွားရေးချွတ်ခြုံကျ ကျပ်တည်းနေဟု NUG ပြော
["စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်မှုကြောင့် မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွပြီး ပြည်သူလူထု စီးပွားရေးချွတ်ခြုံကျ ကျပ်တည်းနေဟုNUG ပြော", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်မှုကြောင့် မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွပြီး ပြည်သူလူထု စီးပွားရေးချွတ်ခြုံကျ ကျပ်တည်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုလိုက်သည်။", "ယနေ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် ၂/၂၀၂၅တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။", "မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ၏ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေပြီး ကုန်စျေးနှုန်းများ မတန်မဆ မြင့်မားကာ လူထု စီးပွားရေးချွတ်ခြုံကျကာ ကျပ်တည်းနေကြောင်း၊ မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးရောက်ရှိနေကြောင်း ၎င်းက ဆိုသည်။", "“မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံရဲ့ စီးပွားရေးတခုလုံးကို ဖျက်ဆီးနေကြောင်း ဖြစ်ပါတ ယ်။ စစ်အုပ်စုရဲ့ စီးပွားရေးကမောက်ကမ လုပ်ရပ်တွေ၊ ကျပ်ငွေ ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ကျပ်ငွေတွေ ရိုက်ထုတ် ခဲ့တာ တွေကြောင့် မြန်မာ့သမိုင်းမှာ စံချိန်တင် ငွေကြေးဖောင်းပွမှု အမြင့်မားဆုံးရောက်ရှိနေပြီး ကုန်စျေးနှုန်းတွေ မတန် တဆမြင့်မားကာ စီးပွားရေးချွတ်ခြုံကျလို့ ပြည်သူလူထုဟာ အကျပ်အတည်းတွေနဲ့ အဆမတန် ကြုံတွေ့နေရပါတယ်” ဟု အမျိုး သားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုလိုက်သည်။", "ထို့ပြင် စစ်ကောင်စီ၏ စံချိန်သစ်တစ်ခုအနေဖြင့် လျှပ်စစ်မီး အပျက်ဆုံးကာလတစ်ခုသို့ ရောက်ရှိနေပြီး လူထုအတွက် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။", "“အကြမ်းဖက်စစ်ကောင်စီ ‌အနေနဲ့ နောက်စံချိန်သစ်တစ်ခုတင်နိုင်တာက သူတို့လုပ်ဆောင်ချက်ကြောင့်လျှပ်စစ် မီး အပျက်ဆုံးကာလတခုကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ လိုနေရာမှာတောင် လျှပ်စစ်မီးကို တစ်ရက် လေးနာရီ မှန်အောင် စီမံနိုင်စွမ်းမရှိတော့ပါဘူး။ အကြမ်းဖက်စစ်အုပ်စုရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုနှင့် လူထုအကျိုး လျစ်လျူရူမှုတွေကြောင့် လျှပ်စစ်ဝန်အားကျဆင်းမှု အဆိုးဆုံးအခြေအနေသို့ ဆိုက်ရောက်နေခဲ့ပါပြီ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ရှင်းပြသည်။", "လတ်တလော မြန်မာနိုင်ငံတစ်ဝန်း အသက်မပြည့်သေးသည့် လူငယ်များ သာမက လူကြီးများအထိပါ အတင်းအဓမ္မ စစ်မှုထမ်းရန် နေ့ညမရှောင် တရားမဲ့ ပေါ်တာဆွဲမှုများ နေရာအနှံ့အပြားမှာ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိကြောင်း NUG ထောက်ပြထားသည်။"]
https://yktnews.com/2023/11/130784/
စစ်ကောင်စီက စက်သုံးဆီအရောင်းဆိုင်များသို့ ဆီခွဲတမ်း မပေးနိုင်တော့၍ ပုံမှန်ခွဲတမ်းထက် ၈၀ ရာခိုင်နှုန်းကျော် လျှော့ချလိုက်သဖြင့် ဆီပြတ်လပ်မှုဖြစ်ပေါ်နေ၊ စစ်ကောင်စီတွင် စက်သုံးဆီတင်သွင်းရန် ဒေါ်လာနည်းပါးနေသည် ဆိုသော သတင်းထွက်လာ
["စစ်ကောင်စီက စက်သုံးဆီအရောင်းဆိုင်များသို့ ဆီခွဲတမ်း မပေးနိုင်တော့၍ ပုံမှန်ခွဲတမ်းထက် ၈၀ ရာခိုင်နှုန်းကျော် လျှော့ချလိုက်သဖြင့် ဆီပြတ်လပ်မှုဖြစ်ပေါ်နေ၊ စစ်ကောင်စီတွင် စက်သုံးဆီတင်သွင်းရန် ဒေါ်လာနည်းပါးနေသည် ဆိုသော သတင်းထွက်လာ", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "စစ်ကောင်စီက စက်သုံးဆီအရောင်းဆိုင်များသို့ ဆီခွဲတမ်း မပေးနိုင်တော့၍ ပုံမှန်ခွဲတမ်းထက် ၈၀ ရာခိုင်နှုန်းကျော် လျှော့ချလိုက်သဖြင့် ဆီပြတ်လပ်မှုဖြစ်ပေါ်နေကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံမှ သိရှိရသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက စက်သုံးဆီခွဲတမ်းကို ပုံမှန်ပေးနေကျ ရာခိုင်နှုန်းထက် ၈၀ ရာခိုင်နှုန်းကျော် လျှော့ချပေးလိုက်သဖြင့် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ခွဲတမ်းတွေ လျော့တယ်။ အရင် ဓာတ်ဆီလီတာ ၃သောင်း ခွဲတမ်းချပေးနေတဲ့ ဆိုင်တွေကို အခု ဓာတ်ဆီ၄၀၀၀ လီတာပဲ ချပေးတယ်။ ချပေးတဲ့ ခွဲတမ်းတွေလည်း သီလဝါမှာ ဆီထုတ်ရမလွယ်ဘူး။ အခုက ဆီသွင်းဖို့ ဒေါ်လာ ပြတ်လပ်နေပြီလို့ လည်း ကြားနေရတယ်။ စစ်ကောင်စီက ဒေါ်လာချမပေးဘူးလို့လည်း ကြားရတယ်။ တကယ်တမ်း ဘာလို့ ဆီခွဲတမ်းလျှော့သလဲဆိုတာ ကျနော်တို့ သေချာမသိရသေးဘူး” ဟု ပုဂ္ဂလိက အလတ်စား စက်သုံးဆီပိုင်ရှင်တစ်ဦးက ဆိုသည်။", "ယမန်နေ့မှစတင်၍ ရန်ကုန်မြို့တွင် စက်သုံးဆီ ရရှိရန် ကားများ တန်းစီနေရပြီး တချို့ဆိုင်များတွင် ကားတစ်စီးလျှင် စက်သုံးဆီ ၁ သောင်းဖိုး သာရောင်းချပေးကြောင်း၊ စက်သုံးဆီစျေးနှုန်းမှာမူ 92 တစ်လီတာ ၂၀၆၀ ကျပ်နှင့် 95 ဓာတ်ဆီ တစ်လီတာ ၂၁၆၀ ကျပ်စျေးရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယနေ့ ရန်ကုန်တွင် ဆီတန်းစီနေသည့် မြင်ကွင်း။"]
https://yktnews.com/2024/04/155242/
မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တပ်ရင်းတို့ကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့တချို့ လက်နက်ချ အညံ့ခံ ၊ ကော့ကရိတ် ခလရ ၉၇ တိုက်ပွဲလည်း အလွန်ပြင်းထန်နေ
["စစ်ကောင်စီက စစ်ကူစစ်ကြောင်းများ စေလွှတ်ပြီး လေကြောင်းတိုက်ခိုက်မှုများ မရပ်မနား လုပ်နေ", "ရန်ကုန်၊ ဧပြီ ၅", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တပ်ရင်းတို့ကို ယနေ့ KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီဖြစ်သော်လည်း နောက်ဆက်တွဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေခြင်းနှင့် စစ်ကူစစ်ကြောင်းများ တက်လာနေခြင်းတို့ကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုကြသည်။", "ယမန်နေ့ညပိုင်းမှစတင်ပြီး မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် တိုက်ပွဲများ စတင်ပြင်းထန်ခဲ့ပြီး ယနေ့ နံနက်ပိုင်းအထိလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တပ်ရင်းတို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။", "“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံတာရှိပါတယ်။ လက်နက်ကြီး လက်နက်ငယ်တချို့သိမ်းဆည်းရမိပြီ၊ ဒါပေမယ့်အပြည့်အ၀ စိတ်ချရတဲ့အခြေအနေမရှိသေးဘူး။စစ်ကူစစ်ကြောင်းတွေ တက်လာတာရှိတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကလည်း မရပ်မနားရှိနေတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။", "သင်္ဃန်းညီနောင်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ဝန်းကျင်သေဆုံးပြီး တော်လှန်ရေးတပ်များဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိနေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီး ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေ၍ အထူးသတိထားနေရကြောင်း သိရှိရသည်။", "ထို့အတူ ကော့ကရိတ်မြို့နယ်၊ ခလရ ၉၇ တိုက်ပွဲလည်း အလွန်ပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် မီးလောင်ဗုံးများ၊ ဆင့်ကွဲပေါက်ကွဲစေတတ်သော ကလပ်စတာ ဗုံးများကို ကျဲချနေကြောင်း သိရှိရသည်။", "“ကော့ကရိတ်လည်း တော်လှန်ရေးတပ်ဖွဲ့တွေက လမ်းတွေအားလုံးပိတ်လိုက်ပြီ၊ ရန်သူရဲ့ စစ်ကူလမ်းကြောင်းနဲ့ ရိက္ခာပို့လမ်းကြောင်းအားလုံး ပိတ်ဆို့ထားပြီးပြီ။ ရန်သူဘက်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေရှိနိုင်တဲ့နေရာအားလုံးကို မီးလောင်ဗုံးတွေ တရစပ်ကျဲနေတယ်၊ ကော့ကရိတ်လူနေအိမ်တွေ တော်များများ ဆက်တိုက်မီးလောင်နေတယ်။ သိပ်မကြာခင် သတင်းကောင်းကြားရမယ်လို့ မျှော်လင့်ပါတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။", "ဓာတ်ပုံ – ကျားဖြူစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#သင်္ဃန်းညီနောင်ဗျူဟာကုန်း"]
https://yktnews.com/2024/02/145115/
စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ ဖွဲ့စည်းပြီးလျှင် နိုင်ငံကူးလက် မှတ် လျှောက်ထားရယူခြင်းနှင့် ပြည်ပသို့ လူငယ်များ ထွက်ခွာမှုများကို ပိတ်ပင်ကန့်သတ်မှုများရှိလာလိမ့်မည်ဟုဆို
["စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ ဖွဲ့စည်းပြီးလျှင် နိုင်ငံကူးလက် မှတ် လျှောက်ထားရယူခြင်းနှင့် ပြည်ပသို့ လူငယ်များ ထွက်ခွာမှုများကို ပိတ်ပင်ကန့်သတ်မှုများရှိလာလိမ့်မည်ဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းပြီးပါက နိုင်ငံကူးလက်မှတ်များ လျှောက်ထားရယူခြင်းနှင့် ပြည်ပသို့ လူငယ်များ ထွက်ခွာမှုများကို ပိတ်ပင်ကန့်သတ်မှုများရှိလာလိမ့်မည်ဖြစ် ကြောင်း နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၆ အရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဖွဲ့များကို စစ်ကောင်စီက မကြာမီဖွဲ့စည်းမည်ဖြစ်ရာ ယင်းသို့ ဖွဲ့စည်းပြီးလျှင် နိုင်ငံကူးလက်မှတ်လျှောက်ထားရယူခြင်း၊ ပြည်ပသို့ ထွက်ခွာမည့် လူငယ်များကို လေဆိပ်တွင် အဆိုပါအဖွဲ့များ၏ ထောက်ခံစာ၊ စစ်မှုထမ်းရန် ပြန်လာပါမည်ဆိုသော ဝန်ခံ ကတိပြုချက်များ ပေးရလိမ့်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "“ပြည်ပထွက်တာတွေကို စိစစ်ဖို့ လူငယ်တွေ ပြည်ပထွက်တာတွေကို စိစစ်ဖို့ တပ်ချုပ်က ပြောခဲ့တာရှိပါတယ်။ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့တွေ ဖွဲ့စည်းပြီးရင် နိုင်ငံခြားထွက်ဖို့ ပတ်စ်ပို့လျှောက်တာတွေမှာ စစ်မှုထမ်းပြီးကြောင်း လက်မှတ် တင်ပြရတာ၊ စစ်မှုထမ်းဖို့ ပြန်လာပါမယ်ဆိုတဲ့ ကတိပြု ဝန်ခံချက် တင်ပြရတာ ပါလိမ့်မယ်။ နောက်ပြီး ပြည်ပထွက်မယ်ဆိုရင်လည်း လေဆိပ်မှာ အဲဒါတွေ တင်ပြမှ ထွက်ခွာခွင့်ပေးတာမျိုးတွေ ရှိလာလိမ့်မယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။", "အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် ပြည်ပသို့ လူငယ်များထွက်ခွာမှု အလွန်များပြားနေသဖြင့် စိစစ်ကြပ်မတ်ရန် ၊ ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာနေမှုကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု အပါအဝင် ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် အမိန့်ပေးခဲ့ဖူးကြောင်း သိရှိရသည်။", "ပြည်ပရောက် မြန်မာများအနေဖြင့်လည်း သက်ဆိုင်ရာ သံရုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက အခွန်ဆောင်သည့် သက်သေအထောက်အထားအပြင် မြန်မာနိုင်ငံမှ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ထောက်ခံချက်၊ ဝန်ခံကတိပြုချက်များ ပေးရလိမ့်မည်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။", "ဓာတ်ပုံ- ရန်ကုန်လေဆိပ်၊ ထွက်ခွာမြင်ကွင်း ။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- EPA။"]
https://yktnews.com/2024/02/145156/
စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်လျှင် လွတ်မြောက်နယ်မြေထွက်လာခြင်း အပါအဝင် နည်းလမ်းများနှင့် ဆန့်ကျင်တွန်းလှန်ကြရန် ဦးမင်းကိုနိုင် တိုက်တွန်း
["စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်လျှင် လွတ်မြောက်နယ်မြေထွက်လာခြင်း အပါအဝင် နည်းလမ်းများနှင့် ဆန့်ကျင်တွန်းလှန်ကြရန် ဦးမင်းကိုနိုင် တိုက်တွန်း", "သက်ဆိုင်ရာအဖွဲ့များ ဆွေးနွေးတိုင်ပင်နေပြီး ပြည်သူများအတွက် မကြာမီ ထုတ်ပြန်မည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်လျှင် လွတ်မြောက်နယ်မြေထွက်လာခြင်း အပါအဝင် နည်းလမ်းများနှင့် ဆန့် ကျင်တွန်းလှန်ကြရန် ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်သည်။", "“လက်ပူတိုက်သင်တန်းပေးပြီး တကယ်ကျ တိုက်မရမှန်းလည်းသူတို့သိလျက် အကြမ်းကြုတ်ဆုံးနည်းကိုအင်အားသုံးဇွတ်ကြေညာတာ ဂရုပြုကြပါ။ စစ်ကျွန်ဇာတ်သွင်း အဓမ္မဆင့်ခေါ်မှုတွေကို လွတ်မြောက်နယ်မြေထွက်လာတဲ့နည်းအပြင်အခြားနည်းလမ်းများနဲ့ဆန့်ကျင်တွန်းလှန်ကြဖို့ပါ” ဟု ဦးမင်းကိုနိုင်က ပြောဆိုသည်။", "လက်ရှိတွင် စစ်ကောင်စီတွင် လူမရှိတော့ကြောင်း ဝန်ခံနေရပြီး ရမ်းကားလာသဖြင့် စနစ်တကျ ပြည်သူက တုံ့ပြန်ရမည်ဖြစ်ကြောင်း၊ ဖက်ဆစ် စစ်တပ်က ပြည်သူကို ငွေညှစ်မည့် လုပ်စားခွင် ဖြစ်ကြောင်း ၊ ပြည်သူများအတွက် တိုက်ပွဲဝင်မည့် သူများလည်း အဆင်သင့် ပြင်ဆင်ကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့များက ဆွေးနွေးတိုင်ပင်နေပြီး မကြာမီ ထုတ်ပြန်ချက်များ ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။", "“အင်အား ဘယ်နှသိန်းရှိတယ်ပြော ခြိမ်းခြောက်ပြီး အခု ကြည်း/ရေ/လေ အလုံးစုံရှုံးကြောင်းဝန်ခံရင်း ရမ်းတာမို့ စနစ်တကျတုန့်ပြန်ကြရမှာပါ။ ဖက်ဆစ်တပ် ဆင့်ခေါ်ရေး/ဆေးစစ်ရေးဘုတ်အဖွဲ့တွေက ပြည်သူကိုငွေညှစ် စားခွက်လု ခွင်လုကွက်တွေနဲ့ဖိနှိပ်မယ့်အရေးမှာ တိုက်ချင်းတိုက် ပြည်သူဘက်ကပဲတိုက်မယ်လို့ အသိပေးလာသူအပေါင်းလည်း အစစပြင်ဆင်ထားကြပါ။ ဆိုင်ရာအဖွဲ့အစည်းများ တိုင်ပင်နေပါတယ် ထုတ်ပြန်ကြေညာပါမယ်။ နိုင်ရာတာဝန်ယူကြတာပေါ့” ဟု ဦးမင်းကိုနိုင်က ပြောဆိုထားသည်။"]
https://yktnews.com/2024/03/152420/
စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်သားစုဆောင်းမှုများ မြို့နယ်ပေါင်း ၁၇၂ ခုတွင် အတင်းအကျပ် လုပ်နေ၊ အောက်ခြေ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၏ ငွေညှစ်ခြိမ်းခြောက်မှုများ အလွန်ဆိုးရွားစွာ ဖြစ်ပွားနေ
["စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်သားစုဆောင်းမှုများ မြို့နယ်ပေါင်း ၁၇၂ ခုတွင် အတင်းအကျပ် လုပ်နေ၊ အောက်ခြေ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၏ ငွေညှစ်ခြိမ်းခြောက်မှုများ အလွန်ဆိုးရွားစွာ ဖြစ်ပွားနေ", "ရန်ကုန်၊ မတ် ၂၄", "စစ်မှုထမ်းဥပဒေ အရ မြန်မာနိုင်ငံ ရဲ့ မြို့နယ် ပေါင်း ၁၇၂ မြို့နယ် မှာ စတင်ပြီး စစ်သားစုဆောင်းတာတွေ လုပ် ဆောင်နေတယ်လို့ Data For Myanmar အဖွဲ့ က ထုတ်ပြန်ထားတဲ့ စာရင်းဇယား တွေ အရသိရှိရပါတယ်။", "ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လာတာဖြစ်ပါတယ်။", "Data For Myanmar အဖွဲ့ က မတ်လ ၂၂ ရက်နေ့အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ မြို့နယ်ပေါင်း ၁၇၂ မြို့နယ် မှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ စာရင်းကောက်ယူတာ၊ မဲနှိုက်ရွေးချယ်တာ၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်တာတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။", "လူဦးရေများတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ နေပြည်တော်ကောင်စီထဲက မြို့နယ်အများစုနဲ့၊ ကျန်တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်တွေမှာလည်း စတင်အကောင်အထည် ဖော်နေပါတယ်။", "တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသ တွေထဲက မြို့နယ် အချို့မှာတော့ မြို့ပေါ်ရပ်ကွက်တွေနဲ့ နီးစပ်ရာ ကျေးရွာကိုသာ ဦးစားပေး လုပ်ဆောင်နေတာကိုတွေ့ ရတယ်လို့ Data For Myanmar ရဲ့ စစ်တမ်း အရသိရှိရပါတယ်။", "စစ်မှုထမ်းဥပဒေအတွက် နည်းဥပဒေ ထုတ်ပြန်ထားခြင်းမရှိသေးတဲ့အပြင် အကောင်အထည်ဖော်တဲ့ လုပ်ငန်း စဉ်အဆင့်ဆင့်အပေါ် ပြည်သူတွေက ဝေဖန်ကန့်ကွက်မှုတွေလည်း ထွက်ပေါ်နေပါတယ်။", "စစ်ကောင်စီ ဟာ ကချင်ပြည်နယ်က မြို့နယ် ၅ ခု ၊ ကရင်ပြည်နယ် က မြို့နယ် ၂ ခု ၊ ချင်းပြည်နယ် က မြို့နယ် ၅ ခု ၊ စစ်ကိုင်းထဲ က မြို့နယ် ၁၅ ခု ၊ တနင်္သာရီတိုင်း က မြို့ ၇ ခု၊ ပဲခူးတိုင်း က မြို့နယ် ၁၇ ခု ၊ မကွေးတိုင်းထဲက မြို့ ၁၁ ခု ၊ မန္တလေး တိုင်းထဲ က မြို့နယ် ၁၃ ခု၊ မွန်ပြည်နယ် က မြို့ နယ် ၆ ခု ၊ ရခိုင်ပြည်နယ် က မြို့နယ် ၉ ခု ၊ ရန်ကုန်တိုင်း က မြို့ နယ် ၃၂ မြို့ ၊ ရှမ်းပြည်နယ် တောင်းပိုင်း က ၁၃ မြို့ ၊ ရှမ်းပြည်နယ် မြောက်ပိုင်းက ၆ မြို့ နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းက ၂ မြို့ ၊ ဧရာဝတီတိုင်း က ၂၁ မြို့ နဲ့ နေပြည်တော် က ၈ မြို့နယ်တို့မှာ အဓမ္မ စစ်သားစုဆောင်းနေတာဖြစ်ပါတယ်။", "Data For Myanmar အဖွဲ့ က ထုတ်ပြန်တဲ့ စာရင်းထဲမှာတော့ စစ်ကောင်စီ နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ် က စာရင်းတွေကိုတော့ မတွေ့ရပါဘူး။", "ဒါ့အပြင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ငွေညှစ်မှုတွေ တစ်နိုင်ငံလုံးမှာ ဆိုးဆိုးရွားရွားဖြစ်ပွားနေတယ်လို့ ပြည်သူတွေက ပြောဆိုကြပါတယ်။", "မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာ ဥက္ကဋ္ဌ မြင့်ကြည်က စစ်မှုမထမ်းလိုလျှင် ညောင်ပင်စောက်ကျေးရွာနဲ့ အင်းနက်ရွာ နှစ်ရွာပေါင်းပြီး ၃ လကို တစ်ကြိမ် သိန်း ၉၀ ပေးရမယ်လို့ မတ်လ ၂၀ ရက်နေ့မှာ အစည်းအဝေး ခေါ်ယူပြီး တရားဝင် ပြောဆိုပါတယ်။ အဲဒီလို သိန်း ၉၀ ပေးဖို့အတွက် ရွာတွေမှာရှိတဲ့ အိမ်ထောင်စုတွေအနေနဲ့ တစ်လကို တစ်အိမ်ကို အနည်းဆုံး ငွေကျပ် ၂သောင်းကနေ ၃ သောင်းအထိ မိသားစု အခြေနေပေါ်မူတည်ပြီး ကောက်ခံမယ်လို့ ဆိုပါတယ်။", "အလားတူ ဧရာဝတီ တိုင်းဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဒေးဒလူအုပ်စု ကကပိုင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူး သောင်းရွှေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ကြည်ခိုင်တို့က အသက်၁၈ နှစ်ကနေ အသက် ၃၅နှစ်အတွင်း စာရင်းဝင်လူငယ်တွေကို စစ်ထဲမဝင်ချင်ရင် တစ်ဦးလျှင် ငွေကျပ် ၂၈ သိန်းပေးရမယ်လို့ တောင်းခံပါတယ်။ ဒါ့အပြင် အိမ်ထောင်စုတစ်စုကို ငွေကျပ် ၃ သောင်း လစဉ် ပေးရမယ်လို့ အမိန့်ထုတ်ပြီး ငွေတောင်းခံနေတယ်လို့ သိရပါတယ်။", "ထို့အတူ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာမှာ စစ်မှုထမ်းမယ့်လူစာရင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး စည်သူကျော်က ပြုစုရာမှာ မှန်ကန်မျှတမှုမရှိတဲ့အတွက် အစည်းအဝေးပျက်သွားခဲ့ပါတယ်။ ရွာမှာ စစ်မှုထမ်းဖို့ လူ ၄ ဦး ရှာဖွေရမှာဖြစ်ပြီး အဲဒီလူ ၄ ဦး ရှာဖို့အတွက် ငွေကျပ် သိန်း ၁၀၀ ကုန်မယ်ဆိုပြီး အိမ်ထောင်စု တစ်စုကို ၁ သိန်း ငွေကောက်ခံပါတယ်။", "တစ်အိမ် ၁ သိန်းငွေကောက်ခံရာမှာ အုပ်ချုပ်ရေးမှူး စည်သူကျော်နဲ့အတူ စိုးမင်းထွန်း၊ ဝင်းဌေး၊ မောနင်း၊ ကိုသက်၊ စိုးနိုင်၊ အောင်စိုးမိုး၊ မောင်စိုး အပါအဝင် ၈ဦး တို့က အဖွဲ့လိုက် ကောက်ခံကြတာပါ။ ဒါ့အပြင် ကျေးရွာ နယ်မြေမှူး စိုးမင်းထွန်း ၊ ဆယ်အိမ်မှူးငွေတိုး၊ ဆယ်အိမ်မှူးအောင်စိုးမိုး၊ ရုံးစာရေးကိုသက်တို့ကလည်း စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ပြည်သူတွေကို ဖိနှိပ် အနိုင်ကျင့်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။", "ဓာတ်ပုံ- စစ်မှုထမ်းဥပဒေကြေညာပြီးနောက် နိုင်ငံတစ်ဝန်းမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်း အတင်းအကျပ် တက်ခိုင်းနေစဉ်။"]
https://yktnews.com/2024/02/148207/
စစ်တွေဈေးအတွင်းသို စစ်ကောင်စီ၏ရေတပ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁၂ ဦးသေဆုံးပြီး ၈၀ ခန့်ဒဏ်ရာရ
["စစ်ကောင်စီက စစ်ရာဇဝတ်မှုများကျူးလွန် နေမှု နိုင်ငံတကနှင့် အိမ်နီးနားချင်းနိုင်ငံများက ဝိုင်းဝန်း ဆန့်ကျင် တားဆီးပေးကြရန် AA တိုက်တွန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉", "ရခိုင်ပြည်နယ်၊ စစ်တွေမြိုရှိ ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် သင်္ဘောတစ်စီးပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးပြီး ၈၀ ခန့် ထိ ခိုက်ဒဏ်ရာရရှိခဲ့ ကြေင်း ရခိုင့်တပ်တော် – AA က တရားဝင် ထုတ်ပြန်သည်။", "ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်အချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် သင်္ဘောတစ်စီးပေါ်မှ စစ်တွေမြို၊ ကိုးရီးယားဆိပ်ကမ်းဈေးအတွင်းသို လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သား ပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး အပြင်းစား ဒဏ်ရာရသူ ၃၁ ဦး၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ ၅၀ နီးပါးအထိရှိရာ စုစုပေါင်း ၈၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် စစ်တွေမြိုနှင့် စစ်တွေမြိုပတ်ဝန်းကျင်အနီး တဝိုက်၌ မည်သည့်တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိပါဘဲ အများပြည်သူလူထု ဈေးရောင်း ဈေးဝယ်၊ လူစည်ကားနေသောအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ ယခုကဲ့သို လူအစုလိုက် အပြုံလိုက် သေဆုံးစေရန် တမင်တကာ ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ပြီး ဤလုပ်ရပ်မှာ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း လက်ရဲ ဇက်ရဲ ကျူးလွန်လိုက်ခြင်း ဖြစ်ကြောင်း ရခိုင့်တပ်တော် – AA က ပြောဆိုထားသည်။", "ပြည်သူလူထုကို အဓိကပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြားအမိန့်ပေးနေသော အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ယခုကဲ့သိုသော လုပ်ရပ်များကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိရမည် ဖြစ်ပြီး ရက္ခိုင်ပြည်သူများအပေါ် စစ်ရာဇဝတ်ကျူးလွန်နေမှုများတွင် ပါဝင်ပတ်သက်နေ သောသူ များအား စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ဆက်လက် အသိပေးထားသည်။", "ယခုကဲ့သို လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ဆိုးရွားပြင်းထန်သော စစ်ရာဇဝတ်မှုများကျူးလွန် နေသော အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် ဝိုင်းဝန်း ဆန့်ကျင် တားဆီးပေးကြပါရန် ရက္ခိုင်အမျိုးသားအဖွဲချုပ်မှ တိုက်တွန်းထားသည်။", "အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသ စစ်မျက်နှာတွင် တပ်ရင်း၊ တပ်မ ဌာနချုပ်များ တစ်ခုပြီး တစ်ခု ကျဆုံးပြီး မြိုများ တစ်မြိုပြီးတစ်မြို လက်လွှတ်နေရကာ စစ်ရှုးနေမှုကို လက်မခံနိုင်ဘဲ အရှက်ရ ဒေါသအမျက် ထွက်လျက် လူမျိုးရေးအမုန်းတရားများဖြင့် ပြည်သူကိုပစ်မှတ်ထား တိုက် ခိုက်ခြင်း၊ လူမျိုးရေးပဋိပက္ခများဖန်တီးခြင်း အစရှိသည့် အောက်တန်းကျသော နည်းလမ်းပေါင်းစုံတို ကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာလျက်ရှိကြောင်း၊ ထိုကဲ့သိုသောလုပ်ရပ်များကို သတိထား စောင့်ကြည့်ပေးပါရန် ဆက်လက်အသိပေးအပ်ထားသည်။", "မိုက်ရူးရဲဆန်ပြီး ဖက်ဆစ်စိတ်အပြည့်ဖြင့် ပြည်သူများကို လက်နက်အားကိုးဖြင့် ပစ်ခတ်သတ်ဖြတ် နေသော အကြမ်းဖက် စစ်ကောင်စီသည် အများပြည်သူများ သွားလာနေထိုင်ရာ မြို၊ ရွာ၊ နေအိမ် များ၊ ဈေးများ၊ စာသင် ကျောင်းများ၊ ဆေးရုံဆေးခန်းများကို ပစ်မှတ်ထားကာ နေ့စဉ်ရက်ဆက် တိုက် ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့်သွားလာ နေထိုင်ကြပါရန် ရက္ခိုင် အမျိုးသားအဖွဲချုပ်က အထူးတိုက်တွန်းထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/11/193275/
စစ်ကောင်စီက စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး တိုင်းပြည်သုံးငွေ၏ ၃၀ ရာခိုင်နှုန်းနီးပါးအထိရှိလာ၊ တစ်နိုင်ငံလုံး အခွန်အခများ မဖြစ်မနေ တိုးမြှင့်ကောက်ခံရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား
["စစ်ကောင်စီက စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး တိုင်းပြည်သုံးငွေ၏ ၃၀ရာခိုင်နှုန်းနီးပါးအထိရှိလာ၊ တစ်နိုင်ငံလုံး အခွန်အခများ မဖြစ်မနေ တိုးမြှင့်ကောက်ခံရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "အကြမ်းဖက်စစ်ကောင်စီက လက်ရှိ တိုင်းပြည်ဘဏ္ဍာကို သုံးစွဲနေရာတွင် စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ လိုအပ်လျှင် လိုအပ်သ လို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး စုစုပေါင်း စစ်အသုံးစရိတ်မှာ တိုင်းပြည်တစ်​ခုလုံး သုံးငွေ၏ ၃၀ ရာခိုင်နှုန်းနီးပါးရှိလာကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် စစ်အသုံးစရိတ်များနှင့် ပတ်သက်၍ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့် သုံးစွဲခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီက သွင်းကုန်များလျှော့ချခြင်း၊ ပညာရေးနှင့်ကျန်းမာရေး အပါအဝင် နိုင်ငံခြားငွေသုံးစွဲရသည့်ကဏ္ဍများအားလုံးတွင် အသုံးစရိတ်များ လျှော့ချနေသော်လည်း စစ်အသုံးစရိတ်ကိုမူ လိုအပ်လျှင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့် သုံးစွဲခွင့်ပြုထားကြောင်း၊ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက ပိုလျှံငွေများ ပြန်လည် အပ်နှံမှုများ ရှိသော်လည်း ကာကွယ်ရေးဝန်ကြီးဌာနနှင့်စစ်တပ်၏ အသုံးစရိတ်မှာမူ မူလ သုံးစွဲရန် လျာထားသည်ထက် ပိုမိုများပြားလာကြောင်း၊ ယင်းသို့ များပြားလာမှုအတွက် စစ်အသုံးစရိတ်ကို ကန့်သတ်မှုမရှိတော့ဘဲ နောက်ဆက်တွဲ ဆက်လက် တိုးမြှင့်သုံးစွဲခွင့်ပြုထားကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကောင်စီက အခွန်အခများ တိုးမြှင့်ကောက်ခံရန် စီစဉ်နေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရငွေ ငွေကျပ် ဘီလီယံ ၃၅၀၀၀ ရရှိရန် လျာထားသော်လည်း ငွေကျပ် ဘီလီယံ ၄၀၇၀ ဒသမ ၃၆၄ အထိရရှိရေး တိုးမြှင့်ကောက်ခံရန် ဒုစစ်ခေါင်းဆောင်စိုးဝင်းက ညွှန်ကြားထားကြောင်း၊ သုံးငွေပိုင်းတွင် ငွေကျပ်ဘီလီယံ ၄၂၀၀၀ ကျော် သုံးစွဲရန်လျာထားသော်လည်း လက်ရှိအချိန် ယခုဘဏ္ဍာရေးနှစ်၏ ၈ လတာ ကာလတွင်ပင် ငွေကျပ် ဘီလီယံ ၃၉၀၀၀ ကျော်သွားပြီဖြစ်ကြောင်း၊ စစ်အသုံးစရိတ်များကြောင့် သုံးစွဲရမည့် ငွေကြေးပမာဏမှာ ပိုမို၍ များပြားလာရန် ရှိကြောင်း သိရှိရသည်။", "စစ်ကောင်စီက လတ်တလော သုံးစွဲနေသော ပမာဏာများအရ စစ်အသုံးစရိတ်သည် တိုင်းပြည်ဘဏ္ဍာ တစ်ခုလုံး၏ ၃၀ ရာခိုင်နှုန်းနီးပါးရှိလာနေကြောင်း၊ အထူးသဖြင့် စစ်မှုထမ်း ဥပဒေအရ တပ်သားသစ်များကို လစဉ် ခေါ်ယူနေရခြင်း၊ ကပစစက်ရုံများတွင် လက်နက်ခဲယမ်းများ တိုးမြှင့်ထုတ်လုပ်နေခြင်း၊ တပ်သားသစ်များအတွက် စားဝတ်နေရေး စရိတ်များ ပိုမိုသုံးစွဲလာရခြင်း၊ ပြည်ပတိုင်းပြည်များမှ စစ်လေယာဉ်နှင့်ရဟတ်ယာဉ်ဆိုင်ရာများ ဝယ်ယူနေရခြင်း၊ ပြည်ပမှ စစ်လက်နက်ခဲယမ်းများ တင်သွင်းရန် တိုးမြှင့်သုံးစွဲနေရခြင်းများကြောင့် စစ်အသုံးစရိတ်မှာ တိုင်းပြည်သုံးငွေ၏ ၃၀ ရာခိုင်နှုန်းအထိရှိလာကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/150818/
စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် နမ္မတူမြို့နယ်တွင် TNLA က ဌာနဆိုင်ရာရုံးနှင့် ပြည်သူပိုင် ဧရိယာနယ်နိမိတ်များကို ကွင်းဆင်း စစ်ဆေး သတ်မှတ်၊
["စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် နမ္မတူမြို့နယ်တွင် TNLA က ဌာနဆိုင်ရာရုံးနှင့် ပြည်သူပိုင် ဧရိယာနယ်နိမိတ်များကို ကွင်းဆင်း စစ်ဆေး သတ်မှတ်၊", "တအာင်း ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေပြီ", "ရန်ကုန်၊ မတ် ၁၅", "ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA က သိမ်းပိုက်ရရှိထားသော နမ္မတူမြိုနယ်အတွင်းရှိ ဌာနဆိုင်ရာရုံးနှင့် အများပြည်သူပိုင် ဧရိယာနယ်နိမိတ်များကို PSLF/TNLA တာဝန်ရှိသူများက မတ်လ ၁၁ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးသတ်မှတ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် နမ္မတူမြိုနယ်၊ PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ တာဝန်ရှိသူများက မန်စံကျေးရွာရှိ ဌာနဆိုင်ရာရုံးများဖြစ်သည့် လျှပ်စစ်ရုံး၊ မီးသတ်ရုံး၊ ဆေးရုံ၊ ကျောင်းနှင့် အများပြည်သူပိုင် ဘာသာရေးအဆောက်အဦးများကို PSLF/TNLA ၏မြေယာဥပဒေ မူဝါဒနှင့် အညီ ဧရိယာနယ်နိမိတ်များ သတ်မှတ်ပေးခြင်း၊ မြေယာအဆောက်အဦ အကျယ်အဝန်းများ တိုင်းထွာသတ်မှတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "“ကျနော်တို့က တအာင်းပြည်နယ်ထဲမှာရှိတဲ့ ဌာနဆိုင်ရာရုံး၊ အများပြည်သူပိုင် စာသင်ကျောင်း၊ ဆေးရုံ နဲ့ ဘာ သာရေး အဆောက်အဦးတွေကို ကျနော်တို သတ်မှတ်ထားတဲ့ မြေယာဥပဒေမူဝါဒနဲ့အညီ ထိန်း သိမ်းသွားဖို ကွင်းဆင်းစစ်ဆေးနေတာ ရှိတယ်၊ အခုလည်း နမ္မတူမြိုနယ်ထဲက ဌာနဆိုင်ရာရုံးနဲ့ အများပြည်သူပိုင်တဲ့ မြေယာအဆောက်အဦတွေရဲ့ အကျယ်အဝန်းကို တိုင်းတယ်၊ ပြီးတော့ နယ်နိမိတ်ဧရိယာတွေကို လိုက်ပြီး သတ်မှတ်တယ်”ဟု နမ္မတူမြိုနယ်၊ PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။", "နမ္မတူမြို့နယ်အတွင်းရှိ မြေဧကပေါင်း ၈၀၀၀၀ကျော် ဝန်းကျင် ရှိသည့် သစ်တောကြိုးဝိုင်းများကို PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက ထိန်းသိမ်းထားပြီး မြေယာဥပဒေ မူဝါနှင့်အညီ သစ်တောကြိုးဝိုင်း နယ်နိမိတ်ဧရိယာများ လိုက်လံ သတ်မှတ်လျက်ရှိကြောင်း သိရှိရသည်။", "နမ္မတူမြိုနယ်ကို PSLF/TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်ထံမှ အပြီးသတ်သိမ်းပိုက်ခဲ့ကာ PSLF/TNLA၏ အုပ်ချုပ်ရေးယန္တရားများနှင့်အညီ စီမံအုပ်ချုပ်နေပြီ ဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက TNLA သိမ်းပိုက်ထားသော နမ္မတူ အပါအဝင် မန်တုံ၊ နမ့်ဆန် တို့တွင် စစ်အုပ်ချုပ်ရေး ကြေညာကြောင်း မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။"]
https://yktnews.com/2024/06/169508/
စစ်ကောင်စီက စားအုန်းဆီ လုပ်ငန်းရှင်များကို အရေးပေါ် အစည်းအဝေးခေါ်ယူ
["စစ်ကောင်စီက စားအုန်းဆီ လုပ်ငန်းရှင်များကို အရေးပေါ် အစည်းအဝေးခေါ်ယူ", "ရန်ကုန်၊ ဇွန် ၂၂", "အကြမ်းဖက်စစ်ကောင်စီက စျေးကွက်တွင် စားအုန်းဆီစျေးနှုန်းများ အဆ မတန် မြင့်တက်နေချိန်တွင် စားအုန်းဆီလုပ်ငန်းရှင်များအားလုံးကို အရေးပေါ် အစည်းအဝေး ခေါ်ယူထားကြောင်း ဆီလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အရေးပေါ် အစည်းအဝေးကို ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရုံးတွင် ခေါ်ယူထားခြင်း ဖြစ်ပြီး စီးပွား/ကူးသန်း ဒုဝန်ကြီး မင်းမင်း တက်ရောက်မည်ဖြစ်ကြောင်း၊ ယနေ့ မွန်းလွဲ ၂ နာရီတွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။", "“ဇွန်လ ၂၀ ရက်နေ့မှာ ဆန်အစည်းအဝေးကို Zoom Meeting နဲ့လုပ်သွားတယ်။ စီးပွားကူးသန်းဒုဝန်ကြီး တက်တယ်။ ဇွန်လ ၂၁ ရက်နေ့ကစပြီး ဒီနေ့အထိ ဆန်ကုန်သည်တွေ၊ ဆန်စက်တွေ၊ စပါး လုပ်ငန်းရှင်တွေ အကုန်ဖမ်းနေတယ်။ ဒီနေ့ ဇွန်လ ၂၂ ရက်နေ့မှာ စားအုန်းဆီသမားတွေကို အရေးပေါ် အစည်းအဝေးခေါ်တော့ အစည်းအဝေးပြီးရင် ဆီကုန်သည်တွေကို ဖမ်းမှာ စိုးရိမ်နေကြတယ်။ အားလုံး လန့်နေကြတယ်” ဟု ဆီလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြောဆိုသည်။", "လက်ရှိ စျေးကွက်တွင် စစ်ကောင်စီက စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၃၀၀ ဝန်းကျင် သတ်မှတ်ထားသော်လည်း စျေးကွက်တွင် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ အထိ စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/169735/
စစ်ကောင်စီက ဆန်ကုန်သည်၊ ဆန်စက်နှင့် စပါး သိုလှောင်သူများကို ဖမ်းဆီးနေခြင်းကြောင့် ဆန်နှင့် စပါး စျေးကွက်များပျက်စီး
["စစ်ကောင်စီက ဆန်ကုန်သည်၊ ဆန်စက်နှင့် စပါး သိုလှောင်သူများကို ဖမ်းဆီးနေခြင်းကြောင့် ဆန်နှင့် စပါး စျေးကွက်များပျက်စီး", "ရန်ကုန်၊ ဇွန် ၂၄", "အကြမ်းဖက်စစ်ကောင်စီက ဆန်ကုန်သည်၊ ဆန်စက်နှင့် စပါး သိုလှောင်သူ များကို ဖမ်းဆီးနေခြင်းကြောင့် စပါး ဝယ်သူမရှိဘဲ စျေးကွက်များပျက်စီးနေကြောင်း​ ဆန်စပါးစျေးကွက်အတွင်းမှ ကုန်သည်အသိုင်းအ၀ိုင်းက ပြောဆိုသည်။", "ဇွန်လ ၂၀ ရက်နေ့မှ စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ပွဲရုံပိုင်ရှင်များကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိရာ နိုင်ငံအနှံ့မှ ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ပွဲရုံပိုင်ရှင်များ အဖမ်းခံရပြီး စက်ရုံ၊ ဆန်စက်နှင့်ဂိုဒေါင်များပါ ချိတ်ပိတ်ခံရကြောင်း၊ ယင်းနောက် ဆန်စျေးကွက်ပါ အရောင်းအဝယ် မလုပ်ရဲတော့ဘဲ ကုန်သည်အများစု တိမ်းရှောင်နေရကြောင်း၊ နယ်ဒေသများတွင် စပါး ဝယ်မည့်သူပင်မရှိတော့ ကြောင်း သိရှိရသည်။", "“တောင်သူတွေဟာအခက်တွေ့နေပါတယ်။ စပါးကပေါ်နေပြီ။ ဝယ်သူကမရှိသလောက်ဖြစ်နေတယ်။ ရောင်းသူကများနေတာ။ စစ်ကောင်စီသတ်မှတ်တဲ့ ဆန်စျေး၊ စပါးစျေးနဲ့ အရောင်းအဝယ်လုပ်ရမှာဆိုရင် မြေဆီစျေးနဲ့စက်သုံးဆီ​ စျေးကျမှ မိုးစပါးတွေ ဆက်လုပ်နိုင်မယ်။ အဲဒီလိုမဟုတ်ရင်တော့ မိုးစပါး တောင် လုပ်ဖို့ အတော်စဉ်းစားနေရတယ်။ လုပ်ရင်တောင်မှ လက်ရှိ ကိုယ့်စားဖို့လောက်ပဲ လုပ်ကြတော့မှာ။ စျေးတွေက သွင်းအားစုတွေက စျေးမကျဘူး။ ဆန်စျေး၊ စပါးစျေးကတော့ သတ်မှတ်ထားတော့လေ” ဟု ရွှေဘိုမြို့နယ်မှ လယ်သမားကြီးတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် နွေစပါး ရွှေဝါထွန်း တင်းတစ်ရာလျှင် ငွေကျပ် ၁၆ သိန်း ဝန်းကျင်စျေးပေါက်နေပြီး စပါးရိတ်ခ၊ မြေဩဇာစျေး၊ စက်သုံးဆီစျေးများ မြင့်တက် နေ၍ ထုတ်လုပ်မှု စရိတ်များ အလွန်မြင့်တက်လာနေကြောင်း၊ စပါးရိတ်ခမှာ တစ်ဧကလျှင် ငွေကျပ် ၁ သိန်းခွဲမှ ၁သိန်း၇သောင်းအထိပေါက်နေသိရှိရသည်။", "ထို့ပြင် ဆန်စျေးအဆမတန်မြင့်တက်မှုကြောင့်ဟုဆိုကာ ဆန်လုပ်ငန်းရှင် နှင့် ဆန်ကုန်သည်တချို့ကို စစ်ကောင်စီ က ဖမ်းဆီးစစ်ဆေးနေစဉ် သက်သာသော စျေးနှုန်းဖြင့် ဆန်ရောင်းပေးမည်ဟု မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။", "မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် နှင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် တို့အပါအဝင် ဆန်စပါးလုပ်ငန်းရှင် ၁၀ ဦးထက်မနည်း ကို စစ်ကောင်စီက ဇွန်လ ၂၁ ရက်နေ့တွင် ခေါ်ယူစစ်ဆေးနေခြင်းလည်းဖြစ်သည်။", "စစ်ကောင်စီက ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်၊ ဧည့်မထ (ဆန်ကြမ်း) တစ်အိတ်လျှင် ၇၂,၀၀၀ကျပ်မှ ၇၅,၀၀၀ကျပ် အတွင်းသာ ရောင်းချရန် သတ်မှတ်ထားကြောင်း ဆန်စပါးအသင်းချုပ်က ကြေညာသည်။", "ဝယ်ယူသူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစား ဆန်တစ်အိတ်နှင့် ဧည့်မထအမျိုးအစား ဆန်အိတ်တစ်အိတ်ကို အိမ်ထောင်စုစာရင်း မိတ္တူနှင့် အိမ်ထောင်စုစာရင်းမှတ်ပုံတင်မူရင်းတို့ဖြင့် လာရောက်ဝယ်ယူနိုင်ကြောင်း၊ ဆန်များကို ဇွန်လ ၂၄ ရက်မှ စတင်ရောင်းချမည်ဖြစ်ကြောင်း ကြေညာထားသည်။"]
https://yktnews.com/2024/09/182521/
စစ်ကောင်စီက ဆုံးရှုံး နယ်မြေများကို ပြန် သိမ်းမည့် ရန်နိုင်မင်း စစ်ဆင်ရေးမှာ နိုင်ငံအဆင့် စစ် ဆင်ရေးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု နှင့် မြေပြင်ထိုးစစ်များ အချိန်မရွေးလုပ်ဆောင်နေ
["စစ်ကောင်စီက ဆုံးရှုံး နယ်မြေများကို ပြန် သိမ်းမည့် ရန်နိုင်မင်း စစ်ဆင်ရေးမှာ နိုင်ငံအဆင့် စစ် ဆင်ရေးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု နှင့် မြေပြင်ထိုးစစ်များ အချိန်မရွေးလုပ်ဆောင်နေ", "စစ်တပ်က ဖျက်အားပြင်း လက်နက်ခဲယမ်းနှင့် ဗုံးများ အသုံးပြုနေ၍ သတိထားရန် လိုအပ်", "ရန်ကုန်၊ စက်တင်ဘာ ၉", "အကြမ်းဖက် စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် လက်လွှတ် ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့် ရန်နိုင်မင်း စစ်ဆင်ရေးမှာ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော စစ်ဆင်ရေးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များကို အချိန်မရွေး လုပ် ဆောင်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ယခု စက်တင်ဘာလမှ စတင်ခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ ရန်နိုင်မင်း စစ်ဆင်ရေးသည် ဆုံးရှုံး နယ်မြေများကို အဓိက ပြန်လည် တိုက် ခိုက်သိမ်းပိုက်ရေးနှင့် အကြမ်းဖက် အဖွဲ့ဟု စစ်ကောင်စီက ကြေညာထားသော လက်နက်ကိုင်အဖွဲ့များကို မြေပြင်ပေါ်မှ ပျောက်ကွယ်သွားသည်အထိ ချေမှုန်း နှိမ်နင်းရေး ဖြစ်ကြောင်း၊ အဆိုပါ စစ်ဆင်ရေးများသည် ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အပြောင်းအလဲ နှင့် သက်ဆိုင်မည်မဟုတ်ဘဲ စစ်တပ်၏ ဦးတည်ချက်နှင့် စစ်ဆင်ရေးများဖြစ်၍ ဆုံးရှုံးနယ်မြေများ ပြန်လည် သိမ်းပိုက်ရရှိမှသာလျှင် စစ်ဆင်ရေး အောင်မြင်ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။", "” ရန်နိုင်မင်း စစ်ဆင်ရေးက ကယားနဲ့ ရှမ်းမြောက်တင်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး ဆုံးရှုံးနယ်မြေတွေကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မယ့် စစ်ဆင်ရေးဖြစ်တယ်။ ဒီစစ်ဆင်ရေးရဲ့ အဓိက ရည်ရွယ်ချက်က ဆုံးရှုံးနယ်မြေတွေ ပြန်လည် သိမ်းပိုက်ရေးဖြစ်လို့ တပ်မတော်က ဒီနယ်မြေတွေကို ပြန်လည်ရရှိတဲ့အထိ အချိန်ကာလ အကန့်အသတ်မရှိဘဲ ဖော်ဆောင်ရမယ်လို့ တပ်ချုပ်ရုံးကနေ ညွှန်ကြားချက်ရှိပါတယ်။ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လည်း စစ်ဆင်ရေးအနေနဲ့ တပ်မတော်က ဆက်လက် လုပ်ဆောင်မယ့်သဘောဖြစ်ပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "လက်ရှိ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်နေသော လေကြောင်းတိုက်ခိုက်မှုများသည် ရန်နိုင်မင်း စစ်ဆင်ရေး အမည်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရသော မည်သည့် နယ်မြေတွင်မဆို အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သတိထားသင့်ပြီး စစ်ကောင်စီကလည်း ယင်းသို့ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်မည်ကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်ဟုဆိုကာ နေ့စဉ်ရက်ဆက် ထည့်သွင်းဖော်ပြနေကြောင်း သိရှိရသည်။", "“တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မ ဝင်ရောက် နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် သတိပြုကြရန် လိုအပ်ကြောင်း” ဆိုသည့် မင်းအောင်လှိုင်၏ တောင်ကြီးခရီးစဉ်တွင် ပြောဆိုခဲ့သော စကားကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် နေ့စဉ် ဖော်ပြလျက်ရှိကြောင်း သိရှိရသည်။", "နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်(ဖရဲသီး)က ရန်နိုင်မင်း စစ်ဆင်ရေးအတွက် ဖျက်အားပြင်း လက်နက်ခဲယမ်းနှင့် ဗုံးများကို အသုံးပြုနိုင်လာ သဖြင့် သတိကြရန် လိုအပ်ကြောင်း ထပ်လောင်း သတိပေးပြောဆိုသည်။"]
https://yktnews.com/2025/02/203351/
စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံနှင့်တန်းမြင့် စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်းသားကျောင်းသူနှင့် ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေး၊ စစ်တပ်က စစ်သင်တန်းတက်ရန် ကျောင်းသားကျောင်းသူများကို ခြိမ်းခြောက် ဖိအားပေး
["စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံနှင့်တန်းမြင့် စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်းသားကျောင်းသူနှင့် ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေး၊ စစ်တပ်က စစ်သင်တန်းတက်ရန်ကျောင်းသားကျောင်းသူများကို ခြိမ်းခြောက် ဖိအားပေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "အကြမ်းဖက် စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံ စစ်ပညာနှင့်တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်း သားကျောင်းသူနှင့် ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေးနေကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ စုံစမ်းမှုများအရ သိရှိရသည်။", "နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စစ်တပ်က စစ်သင်တန်းများ ယမန်နေ့မှစတင်၍ ဖွင့်လှစ်ပို့ချနေပြီး တက္ကသိုလ်လေ့ကျင့်တပ်သင်တန်းကျောင်း ၈ ခုတွင် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမ ၁၅၀၀ ကျော် ကို စစ်သင်တန်းများပို့ချနေခြင်းဖြစ်ကြောင်း ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေးအခြေ ခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်း ဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေတွင်လည်းကောင်း၊ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်လည်းကောင်း ဖွင့်လှစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“စစ်တိုက်ရမှာတော့မဟုတ်ဘူး။ စစ်ပညာသင်ပြီး ကိုယ့်ကျောင်းကိုယ်ပြန်တက်ရုံပါပဲ။ ဒါပေမယ့် အရန်တပ်တွေအဖြစ်တော့ သတ်မှတ်ထားတယ်။ စစ်မှုထမ်းချင်တဲ့သူက ဆန္ဒပြု ရင်လည်း စစ်မှုထမ်းလို့ရတယ်။ အခုသင်တန်းတက်သူတွေက စစ်မှုထမ်းရမယ်ဆိုတာမျိုး မဖြစ်မနေ သတ်မှတ်ထားတာမရှိဘူး။ စစ်ပညာသင်ပေးတဲ့သဘောပါပဲ” ဟု ဒဂုံတက္ကသိုလ်မှ ကထိက တစ်ဦးက ရှင်းပြသည်။", "ယခုဖွင့်လှစ်သော သင်တန်းများအနေဖြင့် ပထမနှစ်အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းနှင့် ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းတို့ဖြစ်ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန် အလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။", "ဒဂုံတက္ကသိုလ်မှ ဒုတိယနှစ် သင်္ချာဘာသာရပ်အထူးပြု တက္ကသိုလ်ကျောင်းသားတစ်ဦးက ယခု တက္ကသိုလ်က စီစဉ်သည့် စစ်ပညာသင်တန်းကို တက်ရောက်ပါက စစ်မှုထမ်း အဖြစ် ပေါ်တာဆွဲခံရခြင်းနှင့် ဖမ်းဆီးခံရခြင်း ကင်းလွတ်မည်ဟု စစ်တပ်က လာရောက် ဖိအားပေး စည်းရုံးကြောင်း၊ ဆရာ၊ ဆရာမများကလည်း ကျောင်းသားကျောင်းသူများကို မဖြစ်မနေ စစ်သင်တန်းတက်ရမည်ဟု ဖိအားပေးပြီး အမှတ်ပေးစာရင်းတွင် ယင်းသို့ စစ်သင်တန်းတက်ရောက်မှုကိုပါ ထည့်သွင်းအမှတ်ပေးမည်ဟု ခြိမ်းခြောက်ဖိအားပေး ကြောင်း ပြောဆိုသည်။"]
https://yktnews.com/2023/09/120846/
စစ်ကောင်စီက တပ်များအတွင်း စစ်သားများ စိတ်ခွန်အားဖြစ်ရေး၊ စိတ်ဓာတ်မြင့်မားရေး၊ ယုံကြည်ချက်နှင့် ခံယူချက် မြင့်မားရေး အတွက် Tiktok သရုပ် ဖော်ပြိုင်ပွဲများ ပြုလုပ်ခိုင်း
["စစ်ကောင်စီက တပ်များအတွင်း စစ်သားများ စိတ်ခွန်အားဖြစ်ရေး၊ စိတ်ဓာတ်မြင့်မားရေး၊ ယုံကြည်ချက်နှင့် ခံယူချက် မြင့်မားရေး အတွက် Tiktok သရုပ် ဖော်ပြိုင်ပွဲများ ပြုလုပ်ခိုင်း", "ရန်ကုန်၊ စက်တင်ဘာ ၃", "အကြမ်းဖက်စစ်ကောင်စီက စစ်ကောင်စီက စစ်သားများ စိတ်ခွန်အားဖြစ်စေရေး၊ စိတ်ဓာတ်မြင့်မားရေး၊ ယုံကြည်ချက်နှင့် ခံယူချက် မြင့်မားရေးအတွက် Tiktok သရုပ်ဖော်ပြိုင်ပွဲပြုလုပ်နေပြီး တပ်မိသားစုများအားလုံး ပါဝင်ယှဉ်ပြိုင်ကြရန် ညွှန်ကြား ထားကြောင်း သိရှိရသည်။", "စစ်ကောင်စီက ဦးစီးကျင်းပသည့် Tiktok ပြိုင်ပွဲတွင် တစ်ဦးချင်း(သို့မဟုတ်) အစုအဖွဲ့ဖြင့် ဖြစ်စေ၊ ဓာတ်ပုံများဖြင့်ဖြစ်စေ၊ Shirt Movie ၃ မိနစ် များဖြင့် ဖြစ်စေ၊ စိတ်ဓာတ်ခွန်အားဖြစ်စေမည့် မိမိကြိုက်နှစ်သက်သည့် ဟာသ၊ အတည်အတန့်၊ စကားပြော၊ တေးသီးချင်းများဖြင့် လွတ်လပ်စွာ သရုပ်ဖော် ဖန်တီး တင်ဆက်နိုင်ကြောင်း၊ ပထမဆုကို ငွေကျပ် ၁ သိန်း၊ ဒုတိယဆုကို ငွေကျပ် ၅ သောင်း ၊ တတိယဆု ကျပ် ၃ သောင်း၊ အထူးဆု-၁ ငွေကျပ် ၁ သောင်း၊ အထူးဆု-၂ အနေဖြင့် ငွေကျပ် ၁ သောင်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။", "ပြိုင်ပွဲဝင်ရာတွင် စစ်သားများ စိတ်ခွန်အားဖြစ်စေမည့် တေးသီချင်းများဖြင့် ယှဉ်ပြိုင်ရန်၊ စစ်ကောင်စီ၏ နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး တစ်ခုခုကို ပေါ်လွင်တင်ဆက်ရန်၊ NUG နှင့် PDF များကို သရော်ရန်၊ စစ်တပ်၏ အောင်ပွဲရ သတင်းအချက် အလက်များကို‌ ဖော်ပြရန် ၊ စစ်သားများ စိတဓာတ်တက်ကြွစေရန်၊ မဲစာရင်းမှားယွင်းမှုကြောင့် စစ်တပ်က အာဏာသိမ်းသည့်အကြောင်းကို ဖော်ညွှန်းရန် အပါအဝင် စသည့် NUG နှင့် PDF ကို တိုက်ခိုက်ဝေဖန်မည့် အချက်များဖြင့် Tiktok ကစားကြရန် ဖော်ပြထားသည်။", "“ဒါကြီးက ရယ်စရာကြီး ဖြစ်တာပေါ့။ စစ်တပ်အနေနဲ့ ဒါမျိုးကို တကယ်လုပ်တာ တကယ်ကိုရယ်စရာကြီးဖြစ်နေတာ” ဟု CDM ဗိုလ်ကြီးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အဆိုပါ Tiktok ပြိုင်ပွဲများကို အကြမ်းဖက် ဇော်မင်းထွန်း ဦးစီးသည့်ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/138482/
စစ်ကောင်စီက တရုတ်ပြည်သူတွေကို ထိခိုက်သေဆုံးမှုတွေ ဖြစ်အောင် တမင် တကာ လက်နက်ကြီးတွေနဲ့ ယူနန်ပြည်နယ်ကို ပစ်ခတ်နေသလား
["စစ်ကောင်စီက တရုတ်ပြည်သူတွေကို ထိခိုက်သေဆုံးမှုတွေ ဖြစ်အောင် တမင် တကာ လက်နက်ကြီးတွေနဲ့ ယူနန်ပြည်နယ်ကို ပစ်ခတ်နေသလား", "ရန်ကုန်၊ ဇန်နဝါရီ ၄", "အကြမ်းဖက်စစ်ကောင်စီက လောက်ကိုင်မြို့ကို လက်လွှတ် မဆုံးစေရေး ကြိုးစားလျက်ရှိရာမှာ လေယာဉ်နဲ့ ဗုံးကျဲတာ၊ လက်နက်ကြီပစ်ခတ်တာတွေကို ဆက်တိုက် လုပ်ဆောင်နေခဲ့ပါတယ်။", "ဇန်နဝါရီလ ၃ ရက်နေ့ ) မနေ့ နေ့လယ်ပိုင်းက ကိုးကန့် လောက်ကိုင်မြို့ နန်ထျင်မင် တောင်ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကြိမ်းခမ်း ခရိုင် နန်စန်မြို့ Nan San 南伞 မြို့တွင်း ကားလမ်းဘေး ဆိုင်တစ်ဆိုင်ပေါ် ကျရောက် ပေါက်ကွဲရာ အရပ်သား (၅)ဦး ဒဏ်ရာရ ကြပါတယ်။", "နန်စန်မြို့ ဟာ လောက်ကိုင်မြို့ ရန်လုံကျိုင်း နယ်စပ်ဂိတ် နဲ့ နယ်စပ်ချင်း ဆက်လျက် တည်ရှိပြီး မူဆယ်- ရွှေလီ ၊ ပန်ဆိုင်း(ကြူကုတ်) – ဝမ်တိန် ၊ မုံးကိုး-မန့်ဟိုင် လို နယ်စပ်မျဉ်းရဲ့ တစ်ဘက်ခြမ်းစီမှာ တည်ရှိနေပါတယ်။", "၂၀၂၃ အောက်တိုဘာလကုန် ပန်ဆိုင်းကြူကုတ်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်တုန်းကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်တွေ တရုတ်နိုင်ငံ ဝမ်တိန်မြို့ထဲကို ကျရောက်ခဲ့ပါတယ်။ အဆောက်အဦတချို့ ပျက်စီးခဲ့ပါတယ်။", "တရုတ်နိုင်ငံ ဝမ်တိန်မြို့ကတော့ မြန်မာနိုင်ငံ ပန်ဆိုင်းကြူကုတ်မြို့နဲ့ နယ်စပ်မျဉ်းပေါ်မှာ တဆက်တည်း တည်ရှိနေပြီး တိုက်ပွဲ ဖြစ်နေတဲ့ နေရာနဲ့ ဘောလုံးကွင်း တစ်ခုစာလောက်သာ ကွာဝေးခဲ့ပါတယ်။", "ဒါပေမဲ့ ဇန်နဝါရီလ ၃ ရက်နေ့ မနေ့ လက်နက်ကြီး ကျည် ကျရောက်တဲ့ နန်စန်မြို့ထဲ နဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နန်ထျင်မင် တောင်ကတော့ သုံးလေး ကီလိုမီတာကျော် ကွာဝေးပါတယ်။ မြန်မာနိုင်ငံ လောက်ကိုင်မြို့နယ် နဲ့ တရုတ်နိုင်ငံ နန်စန်မြို့နယ်ဟာ ၉၆ ကီလိုမီတာ အရှည် နယ်စပ်ချင်းဆက် တည်ရှိနေပါတယ်။", "လောက်ကိုင် နယ်စပ်ဂိတ်ဖြစ်တဲ့ ရန်လုံကျိုင်း ကိုတော့ MNDAA က ဒီဇင်ဘာလ ၁၈ ရက်နေ့ ကတည်းက အလံထူ သိမ်းပိုက်ယူထားတာ ဖြစ်ပြီး လက်ရှိမှာ လောက်ကိုင်မြို့တွင်း ၈၀ ရာခိုင်နှုန်းလောက်ကိုလည်း MNDAA က ထိန်းချုပ်ထားပြီလို့ သိရပါတယ်။", "နန်ထျင်မင် တောင်ပေါ်ရှိ စစ်ကောင်စီတပ်က လောက်ကိုင်မြို့တွင်းမှာ တစ်ခုတည်း ကျန်ရှိနေတဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် ဒကစ (လောက်ကိုင်) မကျရှုံးရေးအတွက် လက်နက်ကြီး ပစ်ကူပေးနေရတဲ့အပြင် လေကြောင်း ပစ်ကူလည်း စစ်တပ်က နေ့စဉ် ပြုလုပ်နေပါတယ်။", "ယူနန်ပြည်နယ်၊ နန်စန်မြို့ လက်နက်ကြီးကျည် ကျရောက်တဲ့ တည်နေရာ နဲ့ အရပ်မျက်နှာ အနေအထားအရ သုံးသပ်ကြည့်မယ် ဆိုပါက မတော်တဆ ဖြစ်စဉ် လို့ ပြောရခက်နေပါတယ်။ စစ်ခေါင်းဆောင်တွေက တရုတ်နိုင်ငံထဲ လက်နက်ကြီးတွေ ပစ်ခတ်ပြီး ခေါင်းမာမာနဲ့ ပဋိပက္ခ မီးတောက် ပိုကြီး ကျယ်ပြန့်လာအောင် ကြံစည်နေတဲ့ လက္ခဏာလို့ ဆိုရမှာပါ။", "မနေ့ ဇန်နဝါရီလ ၃ ရက်နေ့ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယူနန်ပြည်နယ်မှာ ပြည်သူ အနည်းဆုံး ၅ ဦးထက်မနည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။", "ဓာတ်ပုံ- ယမန်နေ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ စစ်တပ်၏ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသားတစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိထားစဉ်။"]
https://yktnews.com/2024/04/158195/
စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များ ဖြင့် တိုက်ပွဲဖြစ်ပွားရာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်ကို ဗုံးကျဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်နေ
["စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များ ဖြင့် တိုက်ပွဲဖြစ်ပွားရာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်ကို ဗုံးကျဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်နေ", "ရန်ကုန်၊ ဧပြီ ၂၀", "အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက်ပိုင်းမှစတင်ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိသော မြ၀တီမြို့နယ်၊ အမှတ် ၂ ချစ်ကြည်ရေး တံတားပတ်ဝန်းကျင်ကို တိုက် ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း မြ၀တီစစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့်ထိုင်းသတင်းမီဒီယာတချို့၏ သတင်းဖော်ပြချက်အရသိရှိရသည်။", "“တိုက်လေယာဉ်ရော၊ တိုက်ခိုက်ရေးရဟတ်ယာဉ်ရော လာပစ်နေတာ။ ရဟတ်ယာဉ်က ၁၁ နာရီကျော်လောက်မှာ အမှတ် ၂ တံတားနားကိုပဲ ပျံဝဲပြီး ဗုံးကျဲလိုက် စက်သေနတ်နဲ့ ပစ်လိုက် လုပ်နေတယ်။ ဆက်တိုက်ကိုပစ်နေတာ။ တိုက်လေယာဉ်တွေကတော့ မြ၀တီမြို့ပြင်ဘက်ကို ဗုံးကျဲတာတွေရှိတယ်” ဟု မြ၀တီမြို့ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။", "စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် သောင်ရင်းမြစ်ကမ်းဘေးတွင် ရှိနေကြသော မြန်မာစစ်ရှောင် ပြည်သူများမှာလည်း ထိုင်းဘက်အခြမ်းသို့ အဆက်မပြတ် ကူးနေကြကြောင်း သိရှိရသည်။", "” အခု မနက် ၁၁ နာရီ ဝန်းကျင်မှာ ဂျက်လေယာဥ်ရော၊ ရဟတ်ယာဉ်ရော ပစ်နေ လို့ ပြည်သူတွေအကုန် ထိုင်းဘက် ကူးကုန်ကြပြီ” ဟု စစ်ဘေးရှောင် ကူညီရေးသမားတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး၏ ပစ်ခတ်မှု မြင်ကွင်း။(ပုံအဟောင်းဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်#ဂျက်တိုက်လေယာဉ်များ ဖြင့် တိုက်ပွဲဖြစ်#အမှတ် ၂ ချစ်ကြည်ရေးတံတား"]
https://yktnews.com/2025/02/205515/
စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များကို ညအချိန် အပူလှိုင်းရှာ FLIR ဒရုန်းများဖြင့် အသုံးပြုတိုက်ခိုက်လာဟု Janes Defense အဖွဲ့က ပြော၊ ညအချိန် စစ်တပ် ၏ ဒရုန်းတိုက်ခိုက်မှုများရှိနေဟု တော်လှန်ရေးတပ် အတည်ပြု
["စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များကို ညအချိန် အပူလှိုင်းရှာ FLIR ဒရုန်းများဖြင့် အသုံးပြုတိုက်ခိုက်လာဟု Janes Defense အဖွဲ့က ပြော၊ ညအချိန် စစ်တပ် ၏ဒရုန်းတိုက်ခိုက်မှုများရှိနေဟု တော်လှန်ရေးတပ် အတည်ပြု", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "အကြမ်းဖက် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များကို ညအချိန် အပူလှိုင်းရှာ FLIR (Forward-Looking Infrared )ဒရုန်းများဖြင့် အသုံးပြုတိုက်ခိုက်လာကြောင်း Janes Defense အဖွဲ့က ပြောဆိုလိုက်သည်။", "မြန်မာစစ်တပ်က ဒရုန်းတိုက်ခိုက်မှုများတွင် UAV ဆိုင်ရာ စွမ်းရည်များကို မြှင့်တင်အသုံးပြုလာပြီး အပူလှိုင်း (FLIR) စနစ်သုံး တိုက်ခိုက်ရေး ဒရုန်းများကို အသုံးပြုလာကြောင်း၊ ယင်းကဲ့သို့ ဆန်းသစ်သော နည်းပညာများဖြင့် ညပိုင်းစစ်ဆင်ရေးများတွင်ပါ တိုးချဲ့အသုံးပြုလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်တပ်လော်ဘီများ၏ တယ်လီဂရမ်ချန်နယ်များတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့ ညအချိန်တိုက်ပွဲများအတွင်း ဗန်းမော်ရှိ တော်လှန်ရေးတပ်များကို FLIR ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဒရုန်းများသည် ညအချိန် စစ်သားများ ပြေးလွှားပုံများ၊ အဆောက်အအဦးအတွင်း ဝင်ရောက်ပုံများကို မြင်တွေ့ရပြီး ဗုံးများ ကျဲချသည်ကို မြင်တွေ့ရကြောင်း ဖော်ပြထားသည်။", "FLIR နည်းပညာကို ယခင်က တိုက်ခိုက်ရေး Mi-35 ရဟတ်ယာဉ်များနှင့် တိုက်ခိုက်ရေးလေယာဉ်ပေါ်တွင်သာ အသုံးပြုခဲ့သော်လည်း ယခုအခါ ဒရုန်းများတွင်ပါ ပြောင်းလဲအသုံးချလာကြောင်း Janes Defense အဖွဲ့က သုံးသပ်ထားသည်။", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အတွင်းတွင် ညအချိန် စစ်ကောင်စီက ဒရုန်းများဖြင့် ဗုံးကျဲမှုများရှိပြီး အဆိုပါ ဒရုန်းများမှာ ညမြင်ကွင်းများကို ကောင်းမွန်စွာ မြင်နိုင်သော ဒရုန်းများဖြစ်ကြောင်း အာရှလမ်းတွင် လုံခြုံရေး ယူထားသည့် တော်လှန်ရေးတပ်မှ တာဝန်ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“အရင် စစ်တပ်က ဒရုန်းတွေက နေ့လောက်ပဲ လာတာ။ အခုက ညလည်း လာပြီး ကျဲတယ်။ သူတို့ ဒရုန်းတွေက ညပိုင်း ကောင်း ကောင်းမြင်ရတဲ့ နည်းပညာမြင့် ဒရုန်းတွေကို သုံးလာတာ” ဟု တောင်ပိုင်းတိုင်းစစ်ဒေသမှ တော်လှန်ရေးတပ်တစ်ခု၏ တာဝန်ခံက ရှင်းပြသည်။", "ဓာတ်ပုံ- ယမန်နှစ် တရုတ်ခရီးစဉ်တွင် နည်းပညာမြင့် ဒရုန်းများကို လေ့လာနေသော အကြမ်းဖက် မင်းအောင်လှိုင်။"]
https://yktnews.com/2025/02/205046/
စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ်တို့ကို နေပြည်တော်သို့ ဖိတ်ပြီး ကျားဖြန့် တိုက် ဖျက်ရေး အကြောင်းပြ၍ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေး၊ သတင်း ဖလှယ်ရေးနှင့် ပူးပေါင်းရေး ကြိုးစား
["စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ်တို့ကို နေပြည်တော်သို့ ဖိတ်ပြီး ကျားဖြန့် တိုက် ဖျက်ရေး အကြောင်းပြ၍ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး၊ သတင်း ဖလှယ်ရေးနှင့် ပူးပေါင်းရေး ကြိုးစား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sanglampongsa နှင့် ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee တို့ကို နေပြည်တော်သို့ ဖိတ်ပြီး ကျားဖြန့် တိုက်ဖျက်ရေး အကြောင်းပြ၍ နှစ်နိုင်ငံ တည် ငြိမ်ရေး၊ သတင်းဖလှယ်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းရေး ဆွေးနွေးကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်နှင့် တပ်သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထိုင်းစစ်တပ်၏ အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းစစ်တပ် ကာကွယ် ရေးဦးစီးချုပ်တို့က နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေက ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထိုင်းနိုင်ငံခြားရေးဝန်ကြီး က အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့ပြီး ယင်းသို့ တွေ့ဆုံရာတွင် ကျားဖြန့် တိုက်ဖျက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင်ကုန်စည်စီးဆင်းမှု နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။", "ထို့ပြင် ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee ကလည်း စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး မောင်မောင်အေးနှင့်တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။", "“ကျားဖြန့် အကြောင်းပြပြီး ထိုင်းနဲ့ ဆက်ဆံရေး တည်ဆောက်လာတာ။ ထိုင်းရောက်နေတဲ့ မြန်မာလူငယ်တွေနဲ့ နွေဦးတော် လှန်ရေး အင်အားစုတွေအတွက် သတိထားရမယ့်အခြေအနေ တစ်ခုလို့ မြင်ပါတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။", "ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်သော နယ်မြေများတွင် ကျားဖြန့် ဂိုဏ်းများအတွင်း လူကုန်ကူးခံရသူ နိုင်ငံခြားသားများနှင့် အလုပ်လုပ်နေသူ နိုင်ငံခြားသားများကို BGF က ဖမ်းဆီး၍ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် လွှဲပြောင်းလျက်ရှိနေကြောင်း၊ ကျားဖြန့်တိုက်ဖျက်ရေး ဟုဆိုကာ ထိုင်း၊ တရုတ်နှင့် မြန်မာစစ်တပ်တို့က ပူးပေါင်းလျက်ရှိကြောင်း၊ ကျားဖြန့်ဂိုဏ်းများကို အဓိက ကာကွယ်ပေးနေသူများမှာ စစ်ကောင်စီလက်အောက်ခံ BGF များဖြစ်သော်လည်း ကျားဖြန့်တိုက်ဖျက်ရေးဟုဆိုကာ ထိုင်းနှင့်တရုတ်နိုင်ငံတို့က စစ်ကောင်စီနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာခြင်းဖြစ်ကြောင်း နှစ်နိုင်ငံ ထုတ်ပြန်ချက်များအရ သိရှိရသည်။"]
https://yktnews.com/2023/04/99553/
စစ်ကောင်စီက ထိုင်းအစိုးရနှင့် စစ်တပ်ထံမှ ဝယ်ယူထား​သော ဗုံးသီးများအသုံးပြု၍ ​မြန်မာပြည်သူများနှင့်​ကျေးရွာများကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်၊ သက်​သေဗုံးသီးအခွံ များရရှိထား
["စစ်ကောင်စီက ထိုင်းအစိုးရနှင့် စစ်တပ်ထံမှ ဝယ်ယူထား​သော ဗုံးသီးများအသုံးပြု၍ ​မြန်မာပြည်သူများနှင့်​ကျေးရွာများကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်၊ သက်​သေဗုံးသီးအခွံ များရရှိထား", "ရန်ကုန်​၊ ဧပြီ ၂၆", "စစ်ကောင်စီက ထိုင်းအစိုးရနှင့် စစ်တပ်ထံမှ ဝယ်ယူထား​သော ဗုံးသီးများအသုံးပြု၍ ​မြန်မာပြည်သူများနှင့်​ကျေးရွာများကို လေကြောင်းဖြင့် ပစ်ခတ်တိုက် ခိုက်​နေ​သည်ကို PDF နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များထံမှ သိရှိရသည်။", "ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအနီးရှိ ကျောက်မိုင်းဒေသတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားနေပြီး", "စစ်ကောင်စီသည် တိုက်ပွဲအနီးအနားရှိ ကျေးရွာများအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း နယ်မြေခံစစ်ကြောင်းထံမှ သိရသည်။", "ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် စစ်ကောင်စီမှ ထိုင်းအစိုးရနှင့် ပူးပေါင်းကာ ထိုင်းနိုင်ငံက ဝယ်ယူထားသော ဗုံးသီးများအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "” ယခုလို ထိုင်းနိုင်ငံက စကစနဲ့ပေါင်းပြီး ထိုင်းကျည်တွေနဲ့ မြန်မာပြည်မှာရှိတဲ့ ပြည်သူလူထုရဲ့ ကျေးရွာတွေကို ဗုံးကျဲတာဟာ ထိုင်းအစိုးရမှာ တာဝန်ရှိတယ် ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။", "ဧပြီလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီသည် YAK-130 Jet Fighter ဖြင့် ကော်ဘရာစစ်ကြောင်း၏လုံခြုံရေးယူထားသော နယ်မြေကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင်လည်း စစ်ကောင်စီမှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးယူထားသောနယ်မြေကို လက်နက် ကြီး ဖြင့် အကြိမ် ၃၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ပစ်ခတ်ခဲ့သော လက်နက်ကြီးတွင် ဓာတုဗုံး (ဓာတ်ငွေ့ဗုံး) ဟု ယူဆရသော လက်နက်ကြီးအမျိုးအစားများ ပါဝင်ကြောင်းလည်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။", "“၂ ရက်တာအတွင်း စစ်ကောင်စီမှ ဓာတုလက်နက်ဟု ယူဆရသော လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့သော်လည်း မိဘပြည်သူများ ပို့သသောမေတ္တာကြောင့် မိမိတို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ပါ။” ဟု ပြောသည်။", "ပြည်သူ့ကာကွယ်ရေးရဲမေတစ်ဦးက ” ညီမတို့ ရသေ့ဂူဘက်မှာ နေတုန်းကလည်း စကစဘက်က လေယာဉ်တွေ ပျံဝဲပြီးတဲ့အခါမျိုးတွေမှာ ဓာတုဆေးအနံ့လိုမျိုးတွေ ရခဲ့ပြီး ရှူရှိုက်မိတဲ့အခါ ခေါင်းမူးတာတွေ ဗိုက်အောင့်တာမျိုးတွေ ကြုံခဲ့ဖူးပါတယ်။ ” ဟု ပြောသည်။", "ဧပြီလ ၂၂ ရက်နေ့တွင်လည်းစစ်ကောင်စီမှ နံနက်(၂) နာရီအချိန်ခန့်၌ YAK-130 Jet Fighter ဖြင့် (၃) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နံနက် (၆) နာရီခန့်မှစ၍ ဟောင်ဝစ်ဇာများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက်ရန်ကြိုးစားသဖြင့် ကျောက်မိုင်းဒေသတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေ ကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ ထိခိုက်၊ ကျဆုံးမှု မရှိခဲ့ပါ။", "စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူများပိုင်ဆိုင်သော လယ်ယာမြေများ ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။", "အာဏာသိမ်းစစ်ကောင်စီသည် နေ့စဉ်နှင့်အမျှ အပြစ်မဲ့ပြည်လူသူလူထုများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်လျှက်ရှိပြီး ပြည်သူများ၏ အိုးအိမ်ပစ္စည်းများအား မီးရှို့ဖျက်စီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိ​ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/115077/
စစ်ကောင်စီက ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို တရားမဝင် ငွေစက္ကူ များအဖြစ် သတ်မှတ်ကြောင်း NUG ကြေညာ
["စစ်ကောင်စီက ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို တရားမဝင် ငွေစက္ကူ များအဖြစ် သတ်မှတ်ကြောင်း NUG ကြေညာ", "ရန်ကုန်၊ ဇူလိုင် ၂၇", "အကြမ်းဖက် စစ်ကောင်စီက ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ကြေညာလိုက်သည်။", "အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခြင်း ခံထားရသည့် တရား မဝင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်သော ဗဟို ဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း ၊ အဆိုပါလုပ်ရပ် သည် အဖက်ဖက်က အကျပ်အတည်းဆိုက်နေသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ၎င်းတို့သက်ဆိုးရှည်စေရန်နှင့် ပြည်သူလူထုအပေါ် ရက်စက်စွာ ဆင်နွှဲလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများ စဉ်ဆက်မပြတ် ကျူးလွန်နိုင်ရန် လိုအပ်လျက်ရှိသည့်ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူအမျိုး အစား သစ် စတင်ရိုက်ထုတ်ခြင်းအားဖြင့် အရေးပေါ်ဖြည့် တင်းနိုင်ရေးအတွက် အားထုတ် ဆောင်ရွက်မှုဖြစ်ကြောင်း NUG ၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။", "တရားမဝင်အာဏာသိမ်းစစ်ကောင်စီကဖြစ်စေ၊ ယင်းအားဆက်ခံသော အဖွဲ့အစည်းတခုခုကဖြစ်စေ၊ ယင်း၏လက်အောက်ခံ အဖွဲ့အစည်းတခုခုကဖြစ် စေ ငွေစက္ကူအမျိုးအစားသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် တရားဝင်မှု အလျဉ်းမရှိသော လုပ်ရပ်ဖြစ်ကြောင်း၊ တရားမဝင်ငွေစက္ကူများ ရိုက်နှိပ် ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေခြင်းသည် ပြည်သူများ၏ လုပ်အားနှင့် ချွေးနှဲစာ စုဆောင်းငွေများကို တဖက်လှည့်ခိုးယူခြင်းပင် ဖြစ်ကြောင်း၊ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ အဆင်ခြင်မဲ့ လုပ်ရပ်များ ကြောင့် ယခင် မကြုံဖူးသည့် ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနှင့် ကပ်ရောဂါ တို့ကို စုပြုံခံစားနေရချိန်၌ အိမ်ထောင်စုများ၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုအပေါ် ထပ်မံ၍ ဒုက္ခအကြပ်အတည်း ဆိုက်ရောက် စေသည့် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် လက်ခံနိုင်ဖွယ် မရှိသော လုပ်ရပ်ဖြစ်သည်ဟု NUG က ထောက်ပြထားသည်။", "သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေ မည့် နှစ်သောင်းကျပ်တန်ငွေစက္ကူများအား အမျိုးသား ညီညွတ် ရေးအစိုးရနှင့် ယင်းအားဆက်ခံသော အစိုးရ များက အသိအမှတ် ပြုမည်မဟုတ်ကြောင်းနှင့်တရားမဝင်ငွေစက္ကူများအဖြစ်သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ် ဥက္ကဋ္ဌ ဦးတင်ထွန်းနိုင် လက်မှတ်ရေးထိုး၍ ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/137393/
စစ်ကောင်စီက ဒရုန်းဖြင့် ကျဲသည့် ဗုံးများ တိုးမြှင့်စမ်းသပ်ထုတ်လုပ်နေပြီး ဒရုန်းများပါ တင်သွင်းနေ
["စစ်ကောင်စီက ဒရုန်းဖြင့် ကျဲသည့် ဗုံးများ တိုးမြှင့်စမ်းသပ်ထုတ်လုပ်နေပြီး ဒရုန်းများပါ တင်သွင်းနေ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "အကြမ်းဖက်စစ်ကောင်စီ့ ဒရုန်းဖြင့် ကျဲသည့် ဗုံးများကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများတွင် တိုးမြှင့်စမ်းသပ်ထုတ်လုပ်နေပြီး အခြားတစ်ဖက်တွင်လည်း ဒရုန်းများကိုပါ တင်သွင်းနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံများတွင် ဒရုန်းဖြင့် ကျဲသည့် ဗုံးသီးများကို စမ်းသပ် တိုးမြှင့်ထုတ်လုပ်နေပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တွင် စမ်းသပ် ဖောက်ခွဲခဲ့ကြောင်း၊ ထို့ပြင် ဒရုန်းဗုံးသီးများကိုလည်း တိုးမြှင့်ထုတ်လုပ်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။", "အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ဒရုန်းများကို ပြည်ပနိုင်ငံများမှ ရသမျှ တင်သွင်းလျက်ရှိနေပြီး အိန္ဒိယနိုင်ငံမှ ဒရုန်းများကိုလည်းကောင်း၊ အပူရှာဒရုန်းဟု ခေါ်ဆိုသည့် ထောက်လှမ်းရေးသုံး ဒရုန်းများကိုလည်း တိုးမြှင့်ဝယ်ယူ နေကြောင်း သိရှိရသည်။", "“ဒရုန်းတွေနဲ့ အထိနာခဲ့တော့ တန်ပြန်ဒရုန်းတွေနဲ့ တိုက်ဖို့ ။ လူအင်အားမသုံးဘဲ ရန်သူ့စခန်းတွေကို ဒရုန်းတွေ အများကြီးနဲ့ ဗုံးကျဲ ပြီးရင် မြေပြင်ကနေ တက်သိမ်းတာမျိုး စစ်ရေးဗျူဟာ ကျင့်သုံးဖို့ ညွှန်ကြားမှုတွေရှိတယ်။ တင်သွင်းထားတဲ့ ဒရုန်းတွေတော့ စဝင်နေပြီလို့ သိရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "ဓာတ်ပုံ- မစ်ဆိုင်းသယ်ယူနိုင်သည့် တရုတ်နိုင်ငံလုပ် CH-3 ဒရုန်းအမျိုးအစားကို မြန်မာစစ်သားများက ကိုင်တွယ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/06/109257/
စစ်ကောင်စီက ဒေါ်လာ အရောင်းအဝယ်အားလုံးကို ထိန်းချုပ်ကြောင်း အမိန့် ထုတ် ပြန်သော်လည်း သွင်းကုန်အတွက် တစ်နှစ် ဒေါ်လာ ၁၈ ဘီလီယံ ဝန်း ကျင် လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး မလွယ်ကူ
["စစ်ကောင်စီက ဒေါ်လာ အရောင်းအဝယ်အားလုံးကို ထိန်းချုပ်ကြောင်း အမိန့် ထုတ် ပြန်သော်လည်း သွင်းကုန်အတွက် တစ်နှစ် ဒေါ်လာ ၁၈ ဘီလီယံ ဝန်း ကျင် လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး မလွယ်ကူ", "စစ်တပ်ဗဟိုဘဏ်က ယမန်နေ့ ဒေါ်လာ ၆ ဒသမ ၈၉ သန်းကို တစ်ဒေါ်လာ ၂၉၂၂ ကျပ် ဖြင့် ပုဂ္ဂလိက ဘဏ် ၆ ခုသို့ ထုတ်ရောင်းပြီး Facebook ပေါ်မှ ဒေါ် လာ စျေးနှုန်းများ တရားမဝင်ဟုဆို", "ရန်ကုန်၊ ဇွန် ၂၃", "အကြမ်းဖက်စစ်ကောင်စီက အမေရိကန်စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်တွင်း တွင် ဒေါ်လာတန်ဖိုးမြင့်တက်မှုကို ကာကွယ်ရန် ဒေါ်လာ အရောင်းအဝယ် အား လုံးကို ထိန်းချုပ်ကြောင်း အမိန့်ထုတ်ပြန်လိုက်ပြီး ဒေါ်လာအရောင်း အဝယ် မှန် သမျှ ဗဟိုဘဏ်ကသာ ဆုံးဖြတ်လုပ်ကိုင်မည်ဟု ညွှန်ကြားချက် ထုတ် ပြန် သည်။", "စစ်​ကောင်စီ၏ ဗဟိုဘဏ်က “နိုင်ငံခြား​ငွေ​ကြေး​ဈေးကွက်အတွင်း ဘဏ်နှင့် Customer အကြား ၊ Customer အချင်းချင်းအကြားအ​ရောင်းအဝယ်များကို online ဖြင့် မြန်မာနိုင်ငံတာ်ဗဟိုဘဏ် သို့တင်ပြ​ရောင်းဝယ်ရန် ကိစ္စ”ဟု​ခေါင်းစဥ် တပ်ထားပြီး ​ဒေါ်လာ​ရောင်းဝယ်မှုအားကို စစ်​ကောင်စီက အလုံးစုံ ထိန်းချုပ်ကန့်သတ်ထား​သော ညွန်ကြားချက်ကိုဇွန် ၂၁ ရက်စွဲဖြင့် ထုတ် ပြန်လာခြင်းဖြစ်သည်။", "နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဘဏ်နှင့် Customer အကြား၊ Customer အချင်းချင်းအကြား အရောင်းအဝယ်များကို Online ဖြင့် ဗဟိုဘဏ်သို့ တင်ပြ ရောင်းဝယ်ရန် ညွှန်ကြားလိုက်ပြီး ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား ငွေကြေး ဈေးကွက်အတွင်း လိုအပ်ပါက အရေးကြီးကုန်စည်များအတွက် SWAP Financing ပေးခြင်း၊ နိုင်ငံခြားငွေ ရောင်းချပေးခြင်း၊ ဝယ်ယူခြင်း စသည်တို့ကို ဝင်ရောက်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။", "ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ​ဒေါ်လာ​ရောင်းလိုသူ ၊ဝယ်လိုသူ ၊ဘာ​ကြောင့်​ရောင်းလို၊ဝယ်လိုခြင်းအ​ကြောင်းပြချက် ၊​ဈေးနှင့် ​ရောင်းဝယ်လို​သောပမာဏ ၊​ဝင်​​ငွေရလမ်း ၊ကုမ္ပဏီအ​ထောက်အထားစသဖြင့်အ​သေးစိတ် အချက်အလက် များ စိစစ်​တောင်းခံလိုက်ပြီး နိုင်ငံခြား​ငွေ​ရောင်းဝယ်ခွင့်ရဘဏ်များသည်နံနက် ၁၀နာရီမှ ၁၁နာရီခွဲအကြားတွင် ဘဏ်နှင့် ဒေါ်လာဝယ်ယူမည့် လုပ်ငန်းရှင် များအကြား ရောင်းဝယ်ရန် စီစဉ်ထားသည့် အရောင်းအဝယ်များ ၊ ဝယ်/ရောင်း လိုသည့် ကုမ္ပဏီစာရင်းကို ဗဟိုဘဏ်သို့ ပူးတွဲပေးပို့ရန် ထုတ်ပြန်သည်။", "ဒေါ်လာ ဝယ်ယူလိုသည့်ကုမ္ပဏီဖြစ်စေ၊ ရောင်းချလိုသည့် ကုမ္ပဏီဖြစ်စေ လုပ် ငန်းအမျိုးအစား၊ ဝင်ငွေရလမ်း၊​ရောင်းဝယ်လို​သောပမာဏ ၊​ဈေးနှုန်း ၊ဝယ်လို သည့်အ​ကြောင်းပြချက်များကို ဘဏ်များကမှန်ကန်​အောင်စစ်ဆေးရ မည် ဖြစ်ကြောင်း၊ ထိုစာရင်းများကို ပုဂ္ဂလိကဘဏ်များကစစ်​ဆေးပြီး နံနက် ၁၁ နာရီ ​နောက်ဆုံးထားပို့ရမည်ဖြစ်ကာ ၊အရောင်းအဝယ်ပြုလုပ်ရမည့် ပမာဏ၊ ငွေလဲနှုန်းများကို စစ်​ကောင်စီဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များနှင့်ညှိနှိုင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ထို​နောက်တွင်မှ ​ရောင်းဝယ်ရမည်ပမာဏများကို စစ်ကောင်စီဗဟိုဘဏ်က နေ့လယ် ၁နာရီတွင် အကြောင်းပြန်မည်ဟု ညွှန် ကြားချက်တွင် ရေးသားထားသည်။", "စစ်ကောင်စီဗဟိုဘဏ်က ဆုံးဖြတ်ပေးသည့် အရောင်းအဝယ်များကိုသာ ဘဏ် များက ဝန်ဆောင်မှုပေးရမည်ဖြစ်ဟု ကန့်သတ်ထိန်းချုပ်လိုက်ပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိသော စျေးကွက်စီးပွားရေး အရောင်းအဝယ်တစ်ခုလုံးကို စစ် ကောင်စီက အမိန့်ဖြင့် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။", "ဗဟိုဘဏ်က စျေးကွက်တွင် ပုဂ္ဂလိကဘဏ်များကဆောင်ရွက်သော ဒေါ်လာ အရောင်း အဝယ်အားလုံးကို ထိန်းချုပ်လိုက်ခြင်းသည် ရေတိုသာ ဖြစ်နိုင်ပြီး ရေရှည်တွင် နိုင်ငံခြားငွေ ပြတ်လပ်မည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်း အဝိုင်းက သုံး သပ်ပြော ဆို သည်။", "“ပြင်ပစျေးကွက်ရဲ့ ဝယ်လိုအားကို ဗဟိုဘဏ်က အပြည့်ဖြည့်ပေးနိုင်ရင်တော့ ဒေါ်လာစျေးကို ငြိမ်အောင် ထိန်းနိုင်မယ်။ သူ့မှာ နိုင်ငံခြားအရန်ငွေကြေးမရှိဘဲ ရေရှည်ဝင်ထိန်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရေတိုတော့ ရရင် ရမယ်။ ရေရှည်မှာ သွင်း ကုန်အားလုံးအတွက် ဗဟိုဘဏ်မှာ အရန်နိုင်ငံခြားငွေ ကြေးလုံလုံလောက် လောက်မရှိဘူး။ တစ်နိုင်ငံလုံး သွင်းကုန်က စက်သုံးဆီ တစ်ခုတည်းတင် အမေရိကန် ဒေါ်လာ တစ်နှစ်ကို အနည်းဆုံးဒေါ်လာ ၂ ဘီလီယံအထက်မှာ ရှိတယ်။ အရမ်းသုံးများတဲ့နှစ်ဆိုရင် စက်သုံးဆီချည်းပဲ ဒေါ်လာ ၃ ဘီလီယံ ဖိုးလောက် တင်သွင်းရတယ် ။ အဲဒါ စက်သုံးဆီ တစ်ခုတည်းနော်။ ကျန်တာ တွေ အပါဆိုရင် သွင်းကုန်အတွက် လိုအပ်တဲ့ ဒေါ်လာက ၁၈ ဘီလီယံ လောက် မှာရှိတယ်။ အဲဒီလောက် သူ့မှာ နိုင်ငံခြားငွေ အရန် ငွေကြေး မရှိဘူး။ အခုတော့ လန့်တက်ပြီး အမြင့်ဆုံးမရောက်အောင် စစ်တပ်က ဝင်ထိန်း ကြည့် တဲ့ သဘော ပဲ။ ရေရှည်ကတော့ ဒေါ်လာက ရှားပါးလာမယ်။ အခုတောင် ငွေပေး ငွေယူ တွေ က အိမ်နီးချင်းနိုင်ငံတွေနဲ့လုပ်ဖို့က စီးပွားရေးပိတ်ဆို့ထားလို့ ခက်နေပြီ” ဟု ပြည်တွင်း ပို့ကုန်/သွင်းကုန် စီးပွားရေး တစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီက ဇွန်လ ၂၂ ရက်နေ့တွင် နိုင်ငံခြားငွေ လိုင်စင်ရဘဏ် ၆ ခုသို့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၉ သန်းကို ငွေလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ကျပ် ၂၉၂၀/၂၉၂၂ ဖြင့်ရောင်းချပေးခဲ့ကြောင်း၊ ထို့ပြင် USD SWAP Financing အနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းကိုလည်း ရောင်းချ ပေးခဲ့ကြောင်း၊ လူမှုကွန်ရက်များတွင် ဖြစ်ပေါ်နေသော ငွေလဲနှုန်းများမှာ တရား မဝင်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ကြေညာသည်။"]
https://yktnews.com/2023/01/79831/
စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် လူဦးရေ စာရင်းများ အတင်းအကျပ်ကောက်ယူ၊ မှတ်ပုံတင် မရှိသူများကို တစ်ခါတည်း ဖမ်းဆီးပြီး ငွေညှစ်မှုများရှိ
["စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် လူဦးရေ စာရင်းများ အတင်းအကျပ်ကောက်ယူ၊ မှတ်ပုံတင် မရှိသူများကို တစ်ခါတည်း ဖမ်းဆီးပြီး ငွေညှစ်မှုများရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၈", "အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း တစ်အိမ်တက်ဆင်း လူဦးရေ စာရင်းနှင့်သန်းခေါင်စာရင်းများ အတင်းအကျပ် စတင် ကောက်ယူနေပြီး မှတ်ပုံတင်မရှိသူများကို ရဲစခန်းနှင့် ရပ်ကွက်ရုံးများသို့ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးကာ ငွေညှစ်မှုများ၊ ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ တစ်အိမ်တက်ဆင်း လူဦးရေ စာရင်းများ ကောက်ယူမည်ဟု ကြေညာထားသော်လည်း ဇန်နဝါရီလ ၇ ရက်နေ့မှစတင်၍ ရပ်ကွက်များ၊ လမ်းများတွင် လူဦးရေ စာရင်းများ စတင်ကောက်ယူနေခြင်းဖြစ်ကြောင်း၊ လူဦးရေစာရင်းကောက်ယူခြင်းဖြစ်သော်လည်း မှတ်ပုံတင်ပါ တစ်ခါတည်း စစ်ဆေးပြီး မှတ်ပုံတင် မရှိသူများကို မသင်္ကာမှုဖြင့် ရဲစခန်း၊ ရပ်ကွက်ရုံးခေါ်ယူစစ်ဆေးကာ ငွေတောင်းခံမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "ပဲခူးတိုင်း ဘုရားကြီးမြို့၊ အမှတ် ၃ ရပ်ကွက်တွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ရပ်ကွက်အတွင်း လူဦးရေစာရင်းလိုက်ကောက်နေပြီး မှတ်ပုံတင်များပါ တစ်ပါတည်း စစ်ဆေးနေကြောင်း သိရှိရသည်။", "“ပဲခူးတိုင်း ဘုရားကြီးမြို့ အမှတ်၃ရပ်ကွက်အုပ်ကြီးနဲ့ ဘောမတသိုက် လူဦးရေစာရင်းတွေ လိုက်ကောက်နေတယ်။ မှတ်ပုံတင်ပါ စစ်နေတာ။ တကယ်တော့ လူဦးရေစာရင်းကောက်တာမဟုတ်ဘူး။ အိမ်မှာ လူဘယ်လောက်ရှိလဲ၊ လူငယ်ဘယ်လောက်ရှိလဲ။ PDF ရှိလားဆိုတာမျိုးတွေပါ မေးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "အလားတူပင် မန္တလေးတိုင်း ၊ ချမ်းမြသာစည် မြို့နယ် အကွက် ၈၆၇ ၈၆၈ တွင်လည်း စစ်ကောင်စီခန့် ရာအိမ်မှူး ဝင်းမြင့်နှင့် ခင်င်မောင်လွင်တို့က ၊ ဆယ်အိမ်မှူး ဖိုးကျော်တို့နှင့်အတူ တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းလိုက်ကောက်ပြီး အိမ်ထောင်စုစာရင်း မပေးလျှင် စစ်တပ်ဖြင့် ခေါ်ယူ ဖမ်းဆီးရိုက်နှိက်ခိုင်းမည်ဟု ခြိမ်‌ေးခြာက်နေကြောင်း သိရှိရသည်။", "ထို့အတူ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင်လည်း ကျောင်းဆရာမများ၊ ပရဟိတအဖွဲ့များ၊ မီးသတ် ရုံးစာရေးတို့က တစ်အိမ်တက်ဆင်း လူဦးရေစာရင်း လိုက်လံကောက်ယူနေပြီး မှတ်ပုံတင်နှင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။", "“မှတ်ပုံတင် အကုန်ထုတ်ခိုင်းတယ်။ မှတ်ပုံတင်နဲ့ တိုက်ကောက်တာ။ အဆောင်ဆိုရင် နေတဲ့သူတွေ တစ်ခန်းစီ ကောက်တာ။ လူအကုန်လိုက်စစ်တာ” ဟု ရွှေပြည်သာဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ မြစ်ကြီးနား၊ ရွှေဘို၊ မကွေး၊ တောင်တွင်းကြီး အပါအဝင် နယ် မြို့ကြီးများတွင်လည်း ဇန်နဝါရီလ ၇ ရက်နေ့မှစတင်ပြီး လူဦးရေစာရင်းနှင့်သန်းခေါင်စာရင်းများ ကောက်ယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သတင်းပေးပို့ကြသည်။"]
https://yktnews.com/2024/05/160454/
စစ်ကောင်စီက ပိတ်သိမ်းထားသော တက်မရေနံမှော်တွင် နယ်မြေခံစစ်တပ်နှင့် စီးပွားရေးသမားတချို့ ပူးပေါင်း၍ ရေနံခိုးထုတ်
["စစ်ကောင်စီက ပိတ်သိမ်းထားသော တက်မရေနံမှော်တွင် နယ်မြေခံစစ်တပ်နှင့် စီးပွားရေးသမားတချို့ ပူးပေါင်း၍ ရေနံခိုးထုတ်", "ရန်ကုန်၊ မေ ၂", "မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောင်ဘီလေးကျေးရွာအုပ်စုနှင့် တက်မကျေးရွာအုပ်စု အတွင်းရှိ တက်မရေနံမှော်တွင် ရေနံတူးယူခွင့်နှင့် ထုတ်ယူခွင့်ကို စစ်ကောင်စီက ယမန်နှစ်ကတည်းက ပိတ်ပင်ခဲ့သော်လည်း ယခုအခါ နယ်မြေခံတပ်နှင့် စီးပွားရေးသမားတချို့ပူးပေါင်း၍ ရေနံထုတ်လုပ်နေကြောင်း ဒေသစီးပွားရေးသမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "၂၀၂၃ခုနှစ် ၊ မေလတွင် စစ်ကောင်စီက တက်မရေနံမှော်အတွင်း လုပ်ကွက်အားလုံးကို ပိတ်ပင်ပြီး ရေနံထုတ်ယူခွင့် ရပ်ဆိုင်းခဲ့ကြောင်း၊ သို့ရာတွင် နယ်မြေစစ်တပ်နှင့် စီးပွားရေးသမားတချို့ပူးပေါင်းကာ ရေနံထုတ်လုပ်မှုများ ခိုး၍ လုပ်ကိုင်နေကြကြောင်း သိရှိရသည်။", "“တက်မရေနံမှော်က စစ်ကောင်စီက လုပ်ကိုင်ခွင့်တွေ ပိတ်ထားခဲ့တာ ၁နှစ်နီးပါးရှိနေပြီ။ အခု ညောင်ဦး နယ်မြေခံတပ်ရဲ့ G1 ဒုဗိုလ်မှူးကြီး ကို လာဘ်ထိုးပြီးတော့ ခိုးပြီးလုပ်ကိုင်နေကြပါတယ်။ အဲဒီမှာ လုပ်နေတဲ့သူတွေမှာ ဦမျိုးမင်းထွန်း ( မှော်ကော်မတီ ဥက္ကဌ)၊ ဦးကိုကိုကြီး ရေနံတွင်းပိုင်ရှင်၊ ဦးမြင့်နိုင်ဦး (ကနေဒါကုန်းဘောစိဟု ရေနံမှော်အတွင်း လူသိများ)တို့က လုပ်နေကြတာ။ သူတို့က ညောင်ဦး G1 ဒုဗိုလ်မှူးကြီးကို နဲ့ အပေးအယူလုပ်ပြီး ညပိုင်းတွေမှာ ရေနံခပ်ယူနေကြပါတယ်” ဟု ဒေသရေနံမှော်စီးပွားရေးသမားက ရှင်းပြသည်။", "စစ်တပ်နှင့်ပူးပေါင်းထားသော ရေနံမှော် လုပ်ငန်းရှင် ၃ ဦးထံမှ တစ်ဆင့် ပြန်လည် လုပ်ကိုင်ကြကြောင်း၊ ညပိုင်း ရေနံ ခိုးခပ်ကြသူများဖြင့် ပြန်လည် စည်ကားနေကြောင်း သိရှိရသည်။", "“စစ်တပ်နဲ့ ပေါင်းထားတဲ့ လုပ်ငန်းရှင် ၃ ဦးကတစ်ဆင့် ပြန်လည်လုပ်ချင်သူ ကျင်းပိုင်ရှင်တွေက ၁ ညကို ရေနံ ၁ ပီပါ ပေးပြီး ပြန်လုပ်ခွင့်ရတယ်။ တစ်ဖွဲ့ကို အလုပ်သမား ၅ ဦး ခွင့်ပြုတယ်။ ညပိုင်းကို ၁ လုံးထိုး အင်ဂျင်တွေအစား ဆိုင်ကယ်တွေနဲ့ အစားထိုးပြီး ရေနံခိုးခပ်နေကြတယ်။ တချို့ကျင်းတွေက ၁ ရက်ကို ၅ ဂါလံပုံးနဲ့ ၂ ပုံး ၊ ၃ ပုံးပဲ ထွက်တော့ မကိုက်ကြဘူး။", "ခိုးတူးခွင့်ရ ခပ်ခွင့်ရထားတဲ့သူတွေက ပိုင်ရှင်တွေမလာတဲ့ ရေနံကျင်းတွေကိုလိုက်ပြီး ခိုးခပ်နေတော့ ကျင်းတွေပျက်စီးပြီး ကျင်းပိုင်ရှင်တွေအတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်နေပါတယ်”ဟု ဒေသ ရေနံမှော်လုပ်ငန်းရှင်က ရှင်းပြသည်။", "စစ်တပ်က ရေနံမှော်တွင် ညပိုင်းကင်းလှည့်သော်လည်း ၎င်းတို့ခွင့်ပြုထားသူများကို တစ်စုံတစ်ရာ အနှောင့်အယှက်မပေးကြောင်း၊ လက်ရှိတွင် ရေနံခိုးခပ်သူများကြောင့် ကျင်းအများစုမှာ ထိန်းသိမ်းမှုမရှိတော့ဘဲ ပျက်စီးကုန်ကြောင်း သိရှိရသည်။", "“ရေနံခိုးခပ်သူတွေကြောင့် တချို့ ကျင်းတွေပျက်စီးကုန်ပါပြီ။ ကျင်းတစ်ကျင်းရဲ့ ရင်းနှီးကုန်ကျငွေ ၃၀၀ သိန်းမှ ၄၀၀ သိန်းအထိ ရှိနေပါတယ်။ ကျင်းပိုင်ရှင်တွေအတွက် ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ် ရေနံမှော်လုံခြုံရေးအတွက် တာဝန်ယူပေးထားတဲ့ စစ်တပ်ကို အဓိက ထောက်ပံ့ပေးနေတဲ့နောက်လုပ်ငန်းရှင်တစ်ဦးက ဗိုလ်ကြီးဟောင်းနဲ့ ရှယ်ယာ ရေနံတူးနေတဲ့အရာတော်ကျေးရွာသား ရွှေသိန်း။ အဲဒါတွေဖြစ်ပျက်နေတယ်။ စစ်တပ်ကလည်း တကယ့်ကို အောက်ပိုင်းမှာ အကျင့်ပျက် ခြစားတော့ ကျနော်တို့ ရေနံမှော်ကျင်း ပိုင်ရှင်တွေ အရမ်းနစ်နာပါတယ်” ဟု လုပ်ငန်းရှင်က ရှင်းပြသည်။", "တက်မရေနံမှော်တွင် ရေနံတွင်း တစ်နိုင်တစ်ပိုင်တူးသူ ၃၀၀ ဦးအထက်ရှိပြီး ရေနံတူးသော ကုမ္ပဏီ ၅ ခုထက်မနည်းရှိခဲ့ကြောင်း၊ ရေနံတွင်းပေါင်း ၁၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126013/
စစ်ကောင်စီက ပြည်သူလူထုအပေါ် နယ်မြေရှင်းလင်းရေး အကြောင်းပြ၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်ခဲ့ကြောင်း NLD ပါတီ ထုတ်ပြန်
["စစ်ကောင်စီက ပြည်သူလူထုအပေါ် နယ်မြေရှင်းလင်းရေး အကြောင်းပြ၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်ခဲ့ကြောင်း NLD ပါတီ ထုတ်ပြန်", "ကျူးလွန်ခံရသူများ တရားမျှတမှု ရရှိရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး နိုင်ငံတကာအနေဖြင့် ထိရောက်စွာ ကူညီပေးရန် တိုက်တွန်း တောင်းဆို", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုအပေါ် နယ်မြေရှင်းလင်းရေး အကြောင်းပြ၍ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်ခဲ့ကြောင်း NLD ပါတီက ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။", "၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဥပဒေမဲ့ အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦး ဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုကို ပစ်ခတ်သတ် ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက် အကျဉ်းချသတ်ဖြတ်ခြင်းများဖြင့် ရက်စက်စွာ ပြုမူဆောင်ခဲ့သည့်အပြင် အ ရပ်သားပြည်သူလူထု၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပိုင်ဆိုင်မှု များကိုသိမ်းဆည်းခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို စနစ်တကျ ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း အကြမ်းဖက် စစ်တပ် က ပြည်သူ ၁၀ ဦး နှင့် အထက် အစုလိုက်အပြံလိုက် သတ်မှု ၂၂ မှုကို ကျူးလွန်ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လူ့အခွင့်အရေးမှတ်တမ်းများကောက်ယူရေးအဖွဲ့ထံမှ သိရသည်။", "အကြမ်းဖက်စ်တပ်က ကျူးလွန်ခဲ့သော နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူ ၁၀ ဦး နှင့်အထက် အစုလိုက် အပြုံလိုက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများမှာ-", "(က) ၉-၉-၂၀၂၁ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မြင်သားရွာ၌ ပြည်သူ ၂၀ ဦး", "(ခ) ၇-၁၂-၂၀၂၁ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုံးတောရွာ၌ ပြည်သူ ၁၁ ဦး", "(ဂ) ၂၅ -၁၂-၂၀၂၁ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်၌ ပြည်သူ ၃၀ ကျော်", "(ဃ) ၂၅-၁၂-၂၀၂၁ နှင့် ၂၆-၁၂-၂၀၂၁ စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာ၌ ပြည်သူ ၁၈ ဦး", "(င) ၃၁-၁-၂၀၂၂ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဒတ်ထိုင်းကျေးရွာ၌ ပြည်သူ ၂၀ ဦး", "(စ) ၂၅-၂-၂၀၂၂ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နှမစားရစ်ရွာ၌ ပြည်သူ ၁၉ ဦး", "(ဆ) ၁-၃-၂၀၂၂ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တာတိုင်ကျေးရွာပြည်သူ ၁၇ ဦး", "(ဇ) ၈-၃-၂၀၂၂ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာ၌ ပြည်သူ ၁၁ ဦး", "(ဈ) ၈-၃-၂၀၂၂ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သိမ်တော်ရွာ၌ ပြည်သူ ၁၄ ဦး", "(ည) ၆-၆-၂၀၂၂ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကံဖျားကျေးရွာ၌ ပြည်သူ ၁၁ ဦး", "(ဋ) ၂၅-၆-၂၀၂၂ မွန်ပြည်နယ် သထုံမြို့နယ် ထုံးဘိုလေးကျေးရွာ၌ ပြည်သူ ၁၀ ဦး", "(ဌ) ၁၈-၇-၂၀၂၂ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီစုကျေးရွာ၌ ပြည်သူ ၁၅ ဦး", "(ဍ) ၉-၈-၂၀၂၂ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ၌ ပြည်သူ ၄၀ ဦး", "(ဎ) ၁၁-၈-၂၀၂၂ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာ၌ ပြည်သူ ၁၈ ဦး", "(ဏ) ၁၆-၉-၂၀၂၂ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ၌ပြည်သူ ၁၅ ဦး", "(တ) ၂၃-၁၀-၂၀၂၂ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာပြည်သူ ၆၂ ဦး", "(ထ) ၁၆-၁၁-၂၀၂၂ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ပြည်သူ ၁၂ ဦး", "(ဒ) ၁၈-၂-၂၀၂၃ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကိုးတောင်ဘို့ရွာ၌ ပြည်သူ ၁၅ ဦး", "(ဓ) ၂-၃-၂၀၂၃ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာ၌ ပြည်သူ ၁၆ ဦး", "(န) ၁၁-၄-၂၀၂၃ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ၌ ပြည်သူ ၁၆၈ ဦး", "(ပ) ၁၀-၅-၂၀၂၃ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ညောင်ပင်သာရွာ၌ ပြည်သူ ၂၀ ဦး ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်၊ ည ၁၁ နာရီ မိနစ် ၃၀ နာရီခန့်ကလည်း ကချင်ပြည် နယ် လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၃ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၉ ဦး အစုလိုက် အပြုံ လိုက် သေဆုံးခဲ့ပြီး ၅၇ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ဖြစ်စဉ်များသည် အကြမ်းဖက်စစ်ကောင်စီက လူသားမျိုးနွယ်ပျက်သုဉ်းစေမှုနှင့် စစ်ရာဇဝတ်မှု များကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိသည်မှာ ထင်ရှားနေကြောင်း၊ စစ်ကောင်စီအား တာဝန် ယူမှု တာဝန်ခံမှုရှိစေရေး၊ အပြစ်ပေးအရေးယူနိုင်ရေးနှင့် ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှု ရရှိ ရေးတို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။", "အကြမ်းဖက် စစ်ကောင်စီ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ် မှု ကျူးလွန်မှုများ ရပ်တန့်ရေးနှင့် ကျူးလွန်ခံရသူ မြန်မာပြည်သူများအတွက် တရား မျှတမှု အမြန်ဆုံး ပြန်လည်ရရှိစေရေးတို့ အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်း အဝိုင်း အနေဖြင့် ယခုထက်ပိုမိုထိရောက်စွာကူညီပံ့ပိုးပေးကြပါရန် NLD ပါတီက မေတ္တာရပ်ခံ တိုက်တွန်းထား သည်။", "Photo – လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးပျက်စီးမှုများ"]
https://yktnews.com/2023/01/83544/
စစ်ကောင်စီက ဖွဲ့စည်းနေသော ပျူစောထီး အဖွဲ့များတွင် အရန်မီးသတ်၊ စစ်မှု ထမ်း ဟောင်း၊ ကြက်ခြေနီနှင့် YMBA အဖွဲ့ဝင်တို့ ပါဝင်ဖွဲ့စည်းထားပြီး အရာရှိ နှင့် စစ်သားလစာများမှ YMBA အဖွဲ့အတွက် လစဉ် ၁၅၀၀ ကျပ် စစ်ကောင်စီ က ကောက်ခံ
["စစ်ကောင်စီက ဖွဲ့စည်းနေသော ပျူစောထီး အဖွဲ့များတွင် အရန်မီးသတ်၊ စစ်မှု ထမ်း ဟောင်း၊ ကြက်ခြေနီနှင့် YMBA အဖွဲ့ဝင်တို့ ပါဝင်ဖွဲ့စည်းထားပြီး အရာရှိ နှင့် စစ်သားလစာများမှ YMBA အဖွဲ့အတွက် လစဉ် ၁၅၀၀ ကျပ် စစ်ကောင်စီ က ကောက်ခံ", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "စစ်ကောင်စီက ဖွဲ့စည်းနေသော ပျူစောထီး (ခေါ်) ပြည်သူ့စစ် လုံခြုံရေး အဖွဲ့ များတွင် YMBA အဖွဲ့ဝင်များ ထည့် သွင်းထားပြီး အရာရှိ နှင့်စစ်သား လစာ များမှ YMBA အတွက် လစဉ် ၁၅၀၀ ကျပ် စစ်ကောင်စီက ကောက်ခံနေ ကြောင်း စစ်တပ်သတင်းရင်းမြစ် များ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆို သည်။", "“ကျနော်တို့ ဘာအတွက်မှန်းမသိဘဲနဲ့ YMBA ဆိုပြီး လစဉ် ၁၅၀၀ ဖြတ် တောက် ပါတယ်။ အသက်အာမခံကြေး၊ ဘာကြေး ညာကြေးနဲ့ ဖြတ်လိုက် တောက်လိုက် တာဆိုတာ လစာက ၁၈၀၀၀၀ လောက်မှာ ဖြတ်တာတောက် တာက ၅ သောင်းကျော်တယ်။ အဆိုးဆုံးက ဘာမှန်းမသိတဲ့ YMBA ကြေး ပေးရတာပဲ” ဟု စစ်တပ်က တပ်သားတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။", "YMBA သည် ကိုလိုနီခေတ် လွတ်လပ်ရေးရရှိရေးအတွက် စတင် ကြိုးပမ်းခဲ့ သော ဗုဒ္ဓကလျာဏ ယု၀အသင်းကို အစွဲပြု၍ တည်ထောင်ထားသော အသင်း ဖြစ်ပြီး ယခင်က ဘာသာရေးကိုသာ ဇောက်ချလုပ်ကိုင်ခဲ့သော်လည်း ယခု နောက် ပိုင်း တွင် စစ်တပ်နှင့် ပတ်သက်သူများက ဥက္ကဋ္ဌ နှင့် အလုပ်အမှု ဆောင် အဖွဲ့ တွင် ရာထူးများ မတရားရယူပြီးနောက် စစ်တပ်လက်အောက်ခံ အဖွဲ့ အစည်း တစ်ခုဖြစ်လာသော အဖွဲ့ဖြစ်သည်။", "YMBA အသင်းက မင်းအောင်လှိုင်ကို ဘွဲ့တံဆိပ်အမျိုးမျိုးချီးမြှင့်ပြီး မင်းအောင် လှိုင် ကို နာယက အဖြစ် တင်မြှောက်ထားသော အသင်းလည်းဖြစ်သည်။", "စစ်အာဏာသိမ်းပြီးနောက် YMBA သည် စစ်တပ်ဘက်လိုက်၍ ကြေညာချက် များ ထုတ်ခြင်း၊ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လှုပ်ရှားမှုများကို ရှုတ်ချခြင်းများ ဆောင်ရွက်ခဲ့ကာ ယခုနောက်ဆုံးတွင် စစ်တပ်က ဖွဲ့စည်းသော ပြည်သူ့စစ်ခေါ် ပျူစောထီး အဖွဲ့များတွင် YMBA အဖွဲ့ဝင်များနှင့် ခေါင်းဆောင် များ က နေရာယူလာကြကြောင်း သိရှိရသည်။", "“ရန်ကုန်နဲ့ နယ်တွေမှာ YMBA အဖွဲ့ဝင်နဲ့ ဥက္ကဋ္ဌတွေ ပျူစောထီး တွေဖြစ် လာတဲ့အပြင် မဘသနဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေကိုလည်း YMBA က ဦးဆောင်လာတာတွေ့ရတယ်” ဟု မဘသ၊ အမျိုးသားရေးနှင့် YMBA အဖွဲ့ကို စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။", "ရန်ကုန်ခေတ်သစ်က ရရှိထားသော ရန်ကုန်တိုင်း၊ မရမ်းကုန်းခရိုင်အတွက် စစ်ကောင်စီ၏ လုံခြုံရေး အင်အား အခြေပြ စာရင်းတွင် YMBA မှ ၁၂၂ ဦး ပါဝင်ပြီး မြောက်ဥက္ကလာပ မြို့နယ်တွင် YMBA အဖွဲ့ ၇၂ ဦး ၊ မရမ်းကုန်း မြို့နယ်တွင် YMBA အဖွဲ့ဝင် ၅၀ ဦးတို့က စစ်ကောင်စီ၏ ပျူစောထီး အဖွဲ့ များအဖြစ် ပါဝင်ကြကြောင်း သိရှိရသည်။", "ထို့ပြင် ရန်ကုန်တိုင်း၊ မရမ်းကုန်းခရိုင်၏ ပျူစောထီးအင်အားတွင် ကြက်ခြေနီ ၂၀၃ ဦး၊ အရန်မီးသတ် ၂၂၄ ဦး၊ ရဲမှုထမ်းဟောင်းနှင့် စစ်မှုထမ်းဟောင်း ၁၁၄ ဦး ပါဝင်သည်ကိုတွေ့ရှိရသည်။"]
https://yktnews.com/2023/02/86097/
စစ်ကောင်စီက ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် စစ်သင်တန်းနှင့် ပစ်ခတ်မှုကို အဓိက ထား သင်ကြားလာပြီး လိုအပ်လျှင် စစ်မှုထမ်းရမည်ဟုဆို
["စစ်ကောင်စီက ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် စစ်သင်တန်းနှင့် ပစ်ခတ်မှုကို အဓိက ထား သင်ကြားလာပြီး လိုအပ်လျှင် စစ်မှုထမ်းရမည်ဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ခေါ်ယူ သင်တန်းပေးရာတွင် စစ်သင် တန်းနှင့် ပစ်ခတ်မှုဆိုင်ရာများကို အဓိက ထားသင်ကြားလာပြီး လိုအပ်လျှင် ဝန်ထမ်းအားလုံး စစ်မှုထမ်းရမည်ဟု အသိပေးမှုများရှိလာကြောင်း ဝန်ထမ်းသတင်းရင်းမြစ်များက ပြောသည်။", "“အခုအရင်ကထက် စစ်ရေးလေ့ကျင့်မှုနဲ့ ပစ်ခတ်မှုတွေကို အဓိကထားပိုသင်နေရတယ်။ သင်တန်းတစ်ပတ်စဉ်နဲ့ တစ်ပတ်စဉ် မတူဘူး။ စစ်ရေးလေ့ကျင့်မှုနဲ့ ပစ်ခတ်မှုဆိုတာက ပါပေမယ့် အရင်က အဲဒါတွေက အဓိက မဟုတ်ဘူး။ အခုတော့ အဲဒါကို အဓိက ထားသင်တယ်။ လိုအပ်ရင် စစ်တိုက်ကောင်း တိုက်ရမယ်ဆိုတာမျိုးတွေလည်းပြောတယ်။ ကျန်တဲ့ စီမံခန့်ခွဲမှုနဲ့ သဘောတရားရေးရာတွေကို သင်ကြားမှု အတော်ကို လျှော့လာပြီ။ ” ဟု ဝန်ထမ်း သတင်းရင်းမြစ်က ဆိုသည်။", "ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် လက်ရှိ Non-CDM သင်တန်းများ ဖွင့်လှစ်ရာတွင် အရည်အချင်းစစ် စာမေးပွဲများ ဝင်ရောက် ဖြေဆိုရပြီး အများစုသော ဝန်ထမ်းများမှာ အရည်အချင်းမရှိဘဲ ဆွဲခန့်များ ဖြစ်နေ၍ အရည်အချင်း မမီမှုနှင့် စာမေးပွဲ ကျဆုံးမှုများရှိနေသဖြင့် ဌာနဆိုင်ရာ ပြစ်တင် ရှုတ်ချသည့် ဝေဖန်စာများ ထုတ်ပြန်မှုများရှိကြောင်း သိရှိရသည်။", "“ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းဆင်းအရည်ချင်းစစ်ရာမှာ အများစုက ဆွဲခန့် ဝန်ထမ်းတွေဖြစ်တော့ အားလုံးနီးပါး အလယ်လတ်အရည်ချင်းတောင်မရှိဘူးဖြစ်နေတယ်။ သက်ဆိုင်ရာဌာနအကြီးအကဲတွေက သူတို့ရလဒ်တွေကြည့်ပြီး စိတ်ဆိုးဒေါသထွက်ကြတယ်။ ဌာနဆိုင်ရာ ညွှန်မှူး၊ ညွှန်ချုပ်တွေအနေနဲ့ ဝန်ထမ်းများပေါ် ထိန်းကျောင်းကြပ်မတ်မှု၊ သင်ကြားပေးဖို့ အသိပညာ အတတ်ပညာပိုင်းနည်းပါးရင် အစိုးရ ယန္တရား အတွက် အတော်ကို ကသီလင်တ ဖြစ်နိုင်တယ်ဆိုပြီး ဌာနအုပ်ချုပ်မှုခေါင်းဆောင်တွေကို ပြစ်တင်တဲ့ ဌာနဆိုင်ရာလျှို့ဝှက်စာတွေတောင် ထုတ်ရတဲ့အထိ ဖြစ်လာတယ်” ဟု ဝန်ထမ်း သတင်းရင်းမြစ်က ပြောသည်။", "လက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် နိုင်ငံရေးဆိုင်ရာ သဘောတရားများကို သင်ကြားရာတွင်လည်း နိုင်ငံ၏ အခြေအနေမှာ စစ်တပ်အနေဖြင့် အာဏာ မယူလိုဘဲ ထိန်းသိမ်းရခြင်းဖြစ်ပြီး NLD နှင့် ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ မဲမသမာမှုများကို ရှင်းလင်းခြင်း မရှိ၍ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က ရွေးကောက်ပွဲ ကျင်းပ၍ အာဏာပြန်လွှဲမည်ဆိုသော ဝါဒဖြန့် နိုင်ငံရေးသဘောတရားများကို နေ့စဉ် သင်ကြား ဝါဒဖြန့် နေသည်ဟု သိရှိရသည်။"]
https://yktnews.com/2023/07/114590/
စစ်ကောင်စီက ဗိုလ်မှူး ၅ ဦးနှင့် ဗိုလ်ကြီး ၁၅ ဦးတို့ကို မြန်မာ့စီးပွားရေးဘဏ်ခရိုင်ဘဏ်ခွဲ တာဝန်ခံနှင့်ဒုတိယတာဝန်ခံများအဖြစ် ခန့်အပ်
["စစ်ကောင်စီက ဗိုလ်မှူး ၅ ဦးနှင့် ဗိုလ်ကြီး ၁၅ ဦးတို့ကို မြန်မာ့စီးပွားရေးဘဏ်ခရိုင်ဘဏ်ခွဲ တာဝန်ခံနှင့်ဒုတိယတာဝန်ခံများအဖြစ် ခန့်အပ်", "စစ်တပ်မှ အရာရှိများ အများအပြားကို ဝန်ကြီးဌာနအသီးသီး၏ ထိပ်ပိုင်းရာထူးများသို့ အလုံးအရင်းဖြင့် ပြောင်းရွှေ့နေ", "ရန်ကုန်၊ ဇူလိုင် ၂၄", "စစ်ကောင်စီက ဗိုလ်မှူး ၅ ဦးနှင့် ဗိုလ်ကြီး ၁၅ ဦးတို့ကို မြန်မာ့စီးပွားရေးဘဏ်ခရိုင်ဘဏ်ခွဲ တာဝန်ခံနှင့်ဒုတိယတာဝန်ခံများအဖြစ် ပြောင်းရွှေ့ ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "စစ်တပ်မှ ဗိုလ်ကြီး ၁၅ ဦးဖြစ်ကြသည့် အရာရှိငယ်များကို မြန်မာ့စီးပွားရေးဘဏ် ဒုတိယတာဝန်ခံများအဖြစ် ပြောင်းရွှေ့ရာတွင်-", "၁-ကြည်ပိုင်စိုး မြောင်းမြခရိုင်ဘဏ်ခွဲ", "၂-ကျော်ထက်အောင် ဘဏ်ခွဲ ၃ မန္တလေးမြို့", "၃-ပြည့်ဖြိုးပိုင် ဘဏ်ခွဲ ၂ မော်လမြိုင်မြို့", "၄- ကျော်ဇောထူး ညောင်ဦးခရိုင်ဘဏ်ခွဲ", "၅-တင်ထွန်းနောင် တောင်ငူခရိုင်ဘဏ်ခွဲ", "၆- အောင်ဘိုဘို ပဲခူးခရိုင်ဘဏ်ခွဲ", "၇-တင့်ဌေးနိုင် မင်းဘူးခရိုင်ဘဏ်ခွဲ", "၈-အောင်မင်း ရွှေဘိုခရိုင်ဘဏ်ခွဲ", "၉-အောင်သိုက် လွိုင်လင်ခရိုင်ဘဏ်ခွဲ", "၁၀- သော်ဇင်ဦး စစ်ကိုင်းခရိုင်ဘဏ်ခွဲ", "၁၁-ဇော်ဝင်းမောင် ပခုက္ကူခရိုင်ဘဏ်ခွဲ", "၁၂-မြတ်မင်းထက် ဖျားပုံခရိုင်ဘဏ်ခွဲ", "၁၃-အောင်ကျော်ဇော ကျော်ဆည်ခရိုင်ဘဏ်ခွဲ", "၁၄- မင်းသန့် ကြည့်မြင်တိုင်ဘဏ်ခွဲ", "၁၅-ငြိမ်းချမ်းဦး မကွေးခရိုင်ဘဏ်ခွဲ တို့ကို ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသည်။", "ထို့ပြင် ဗိုလ်မှူး ၅ ဦးကိုလည်း မြန်မာ့စီးပွားရေးဘဏ်ခရိုင်တာဝန်ခံ အဖြစ်လည်းကောင်း ခန့်အပ်ကြောင်း သိရှိရသည်။", "ဘဏ်ခရိုင်တာဝန်ခံအဖြစ် ပြောင်းရွှေ့လိုက်သော ဗိုလ်မှူး ၅ ဦးမှာ-", "၁- ထွန်းလွင်အောင် ကျောက်မဲခရိုင်ဘဏ်ခွဲ", "၂-ရဲမင်းအောင် တောင်ကြီးခရိုင်ဘဏ်ခွဲ", "၃-ထွေးမင်းဝင်း တောင်ငူခရိုင်ဘဏ်ခွဲ", "၄-ဆန်းလင်းနိုင် ဘဏ်ခွဲ ၂ ရန်ကုန်", "၅-မင်းသိန်း ပုသိမ်ခရိုင်ဘဏ်ခွဲ တို့ဖြစ်ကြသည်။", "“စစ်တပ်က ဗိုလ်ကြီး ဗိုလ်မှူးတွေကို မြန်မာ့စီးပွားရေးဘဏ်ကို ပြောင်းရွှေ့ပါတယ်။ အခုက job training အနေနဲ့ အလုပ်ဆင်းနေကြတယ်။ ဗိုလ်ကြီး ၁၅ ဦး၊ ၅ယောက်က ဗိုလ်မှူး။ နေပြည်တော် ရုံးချုပ်မှာလည်း သူတို့ကို ၂လ သင်တန်းပေးပြီးသား။ စာတွေ့ပေါ့။ အခုက ဘဏ်ခွဲတွင် လက်တွေ့ဆင်း on jobs training ပေါ့” ဟု နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ပြောသည်။", "လက်ရှိတွင် စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ ရာပေါင်းများစွာကို အရပ်ဘက် ဝန်ကြီးဌာနများသို့ ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး ရာထူးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ပေးနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134790/
စစ်ကောင်စီက မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများညီလာခံ ပြင်ဆင်ရေးအတွက် အသုံးပြုနေတဲ့ Gmail အကောင့်ကို ပိတ်ပစ်ဖို့ တောင်းဆိုမှုများရှိနေ
["စစ်ကောင်စီက မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများညီလာခံ ပြင်ဆင်ရေးအတွက် အသုံးပြုနေတဲ့ Gmail အကောင့်ကို ပိတ်ပစ်ဖို့ တောင်းဆိုမှုများရှိနေ", "ရန်ကုန်၊ ဇီဇင်ဘာ ၆", "နေပြည်တော်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ ကျင်းပဖို့ စီစဥ်နေတဲ့ မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးအဆင့် ညီလာခံအတွက် စစ်ကောင်စီက အသုံးပြုနေတဲ့ Gmail အကောင့်ကို ပိတ်ပစ်ဖို့ Google ကုမ္ပဏီကို တောင်းဆိုမှုများ ရှိနေတယ်လို့ သိရပါတယ်။", "အမေရိကန်က စစ်ကောင်စီကို ပိတ်ဆို့အရေးယူထားပေမယ့် အကြမ်းဖက်စစ်ကောင်စီကတော့ နိုင်ငံတကာ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့နေရာမှာ Gmail အကောင့်တွေနဲ့ အခြားသော Google ဝန်ဆောင်မှုများကို ဆက်လက်မှီခို အသုံးပြုနေတာပါ။။", "မြန်မာ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ ပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများ ညီလာခံကို နေပြည်တော်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ ကျင်းပဖို့ စီစဥ်နေပြီး၊ အဲဒီညီလာခံ ပြင်ဆင်ရေးနဲ့ ပတ်သက်သည်များအတွက် စစ်ကောင်စီက[email protected]ဆိုတဲ့ gmail အကောင့် ကို ပြုလုပ်အသုံးချနေတာပါ။", "ဒါနဲ့ပတ်သက်ပြီး အမည်မဖော်လိုသူ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက Google ကုမ္ပဏီထံ စာရေးပြီး စစ်ကောင်စီ အသုံးပြုနေတဲ့ အဆိုပါ Gmail အပါအဝင် အခြား google ဝန်ဆောင်မှုတွေကိုပါ ပိတ်ပစ်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။", "စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းမှု စတင်ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီကို အရေးယူဖို့အတွက် Google ကုမ္ပဏီကို ပြည်တွင်း ပြည်ပက မြန်မာ့အရေး လှုပ်ရှားသူများက ဖိအားပေးခဲ့ကြရပါတယ်။", "အဲဒီရဲ့အကျိုးဆက်အဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘလောဂါအကောင့်နဲ့ Play Store က စစ်တပ်နဲ့ ပတ်သက်နေတဲ့ အက်ပ်အချို့ ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် မြဝတီ ဘလော့ဂါအကောင့်နဲ့ Play Store က Mytel ရဲ့ အက်ပ်တွေကတော့ ဆက်လက်ရှိနေဆဲဖြစ်တယ် လို့ အဆိုပါ လူငယ်က ဆိုပါတယ်။", "စစ်ကောင်စီကို အရေးယူဖို့အတွက် Google ကို ဖိအားပေးမှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ Google ရဲ့ အရေးယူဆောင်ရွက်မှု မရှိတာတွေဟာ စစ်ကောင်စီရဲ့ ရာဇ၀တ်မှုတွေကို အားပေးအားမြှောက်ပြုရာ ရောက်နေသလို၊ အဆိုပါရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်ရာ ရောက်သွားမှာ ဖြစ်တယ်လို့လည်း ၄င်းက ဆက်ပြောပါတယ်။", "ဒီလိုဖိအားတွေ ပေးနိုင်ဖို့အတွက် မြန်မာ့အရေးလှုပ်ရှားနေသူများအနေနဲ့ စစ်ကောင်စီဟာ Google ထုတ်ကုန်များကို အသုံးပြုနေကြောင်းနှင့် အဲဒီအပေါ် အရေးယူမှုများ ပြုလုပ်ပေးစေလိုကြောင်းများကို Google ကုမ္ပဏီထံ ဆက်သွယ် ဖိအားပေးတောင်းဆိုကြဖို့ကိုလည်း ၄င်းက ဆက်လက်တိုက်တွန်းပြောကြားခဲ့ပါတယ်။"]
https://yktnews.com/2024/06/169832/
Breaking News- ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ယနေ့နံနက်ပိုင်း တိုက်ပွဲများ စတင်ဖြစ်ပွားပြီး ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်
["စစ်ကောင်စီက မိုးကုတ်၊ နောင်ချို၊ ကျောက်မဲတို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့", "ရန်ကုန်၊ ဇွန် ၂၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ယနေ့ နံနက် ပိုင်း အပြန်အလှန် ပစ်ခတ်သံများဖြင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း ကျောက်မဲမြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ကျောက်မဲမြို့နယ် နေရာအနှံ့အပြားတွင် အပြန်အလှန် ပစ်ခတ်သံများဖြင့် တိုက်ပွဲများဖြစ်ပွားသံကြားရကြောင်း၊ လက်ရှိတွင် ကျောက်မဲမြို့မှ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြပြီး ပစ်ခတ်မှုများ အခြေအနေဆိုးလာပါက စစ်ဘေးရှောင်ရမည့် အခြေအနေများ ရှိလာနိုင်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "“ဒီမနက် ၆ နာရီ ၃၀ မိနစ်မှာ တိုက်ပွဲဖြစ်တယ်။ ငြိမ်ချမ်းရေးကုန်းနားနဲ့ စခန်းသာဘက်မှာ ပစ်ခတ်မှုတွေဖြစ်နေတာ။ တစ်မြို့လုံးတော့ ပစ်ခတ်သံတွေ အကျယ် ကြီးကြားနေရတယ်။ အခြေအနေဆိုးလာရင်တော့ ပြေးရမယ်ထင်တယ်။ ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်တော့ ကျိုးပေါက်သွားပြီထင်တယ်။ သတင်းတွေထွက်နေတာက မိုးကုတ်မှာ တိုက်ပွဲဖြစ်မယ်လို့ သတင်းထွက်တာ။ အခုက ကျောက်မဲမှာ လာဖြစ်နေတယ်” ဟု ကျောက်မဲမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ကျောက်မဲမြို့မှ ပြည်သူများက ကျောက်မဲ စခန်းသာ တောင်ဘက်တွင် တိုက်ပွဲဖြစ်နေသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများ စုံစမ်းပြီးမှ သွားလာကြရန် အသိပေးပြောဆိုသည်။", "“စခန်းသာ တောင်ဘက်မှာ ဖြစ်နေတယ်။ ငြိမ်းချမ်းရေးကုန်းနားလို့လည်းပြောတယ်။ စစ်တပ် ၅၀၂ ကလည်း လက်နက်ကြီးတွေ ပစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန် ကျောက်မဲမြို့နယ် ကျောက်မဲလေးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဟိုခိုကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ၄လုံး ပစ်ခတ်ခဲ့ကြောင်း ၊ နောင်ချိုမြိုနယ် အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့ နံနက် ၉ နာရီ ၃၅ မိနစ် ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၄)လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ ဇွန်လ ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်က စလောင်တောင်အနီးတဝိုက်သို လက်နက်ကြီးဖြင့် ၁ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ဇွန်လ ၂၃ ရက်နေ့၊ နံနက် ၉ နာရီအချိန် နောင်ချိုမြို့နယ် အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဆမ္မဆယ်ကျေးရွာသို လက်နက်ကြီးဖြင့် (၄)လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "လတ်တလော ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တအာင်းတပ်မတော် PSLF/TNLA တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ရပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဘုန်းတော်ကြီးကျောင်း ဆောင်များနှင့် အရပ်သားပြည်သူနေအိမ်များ ၅ လုံးလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရကြောင်း၊ ပြည်သူ ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ခြင်းနှင့် အသက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဉီးလည်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။", "ဓာတ်ပုံ – TNLA တပ်ဖွဲ့ဝင်များ။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/06/166524/
စစ်ကောင်စီက မြန်မာနိုင်ငံသားများ၏ ထိုင်းကွန်ဒိုဝယ်ယူမှုအပေါ် ဖြိုခွင်းအရေးယူနေ၍ ကွန်ဒို ဝယ်လိုအားကျဆင်းနိုင်ဟု ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်းက ပြောဆို
["စစ်ကောင်စီက မြန်မာနိုင်ငံသားများ၏ ထိုင်းကွန်ဒိုဝယ်ယူမှုအပေါ် ဖြိုခွင်းအရေးယူနေ၍ ကွန်ဒို ဝယ်လိုအားကျဆင်းနိုင်ဟု ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်းက ပြောဆို", "ရန်ကုန်၊ ဇွန် ၈", "အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံသားများ၏ ထိုင်းကွန်ဒိုများ ဝယ်ယူမှုအပေါ် ဖြိုခွင်းအရေးယူနေ၍ ဝယ် လိုအားကျဆင်းနိုင်ဟု ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်းက ပြောဆိုလိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းအရ သိရှိရသည်။", "ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုများကို မြန်မာစစ်ကောင်စီက ဖြိုခွင်းအရေး ယူနေခြင်းနေခြင်းကြောင့် ယခုနှစ် ဒုတိယနှင့် တတိယသုံးလပတ်အတွင်း ကွန်ဒိုလွှဲပြောင်းမှု သိသိသာသာ ကျဆင်းသွားနိုင်ကြောင်း ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအသင်းက ဆိုသည်။", "စစ်ကောင်စီ၏ အရေးယူမှုများကြောင့် ဧပြီလနှင့် မေလအတွင်း မြန်မာနိုင်ငံသားများ ဝယ်ယူထားသော ဘတ် ၁ ဘီလီယံကျော် တန်ဖိုးရှိသော ကွန်ဒိုအခန်းများကို ဝယ်ယူသူများထံ လွှဲပြောင်းရန် ပိတ်ဆို့ အတားအဆီးများ ရှိနေကြောင်း ထိုင်းကွန်ဒိုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ Prasert Taedulayasatit က ပြောသည်။", "“ဒီဖြိုခွဲမှုဟာ နိုင်ငံခြားဝယ်လက်တွေကြား ထွန်းသစ်စဈေးကွက်ဖြစ်တဲ့ ထိုင်းကွန်ဒိုတွေကို ဝယ်ယူတဲ့ မြန်မာဖောက်သည်တွေအတွက် အခက်အခဲဖြစ်စေနိုင်တာကြောင့် Developer တွေရဲ့ ကွန်ဒိုအရောင်းအဝယ်တွေကို ဒုတိယနဲ့ တတိယသုံးလပတ်တွေမှာ ထိခိုက်မှာ သေချာပါတယ်” ဟု ၎င်းက ဆိုသည်။", "ထိုင်းကွန်ဒိုများကို ဝယ်ယူနေသည့် တရုတ်များ၏ ဝယ်လိုအား နှေးကွေးလာချိန်တွင် မြန်မာဝယ်လက်များကို လစ်လျူမရှုနိုင်ကြောင်း၊ မြန်မာဝယ်လက်များ၏ ဝယ်လိုအား၊ ကွန်ဒို အရေအတွက်နှင့် တန်ဖိုးများသည် တောက်လျှောက် တိုးလာနေကြောင်း Mr Prasert က ပြောသည်။", "မြန်မာနိုင်ငံသားများ၏ ကွန်ဒိုအခန်းဝယ်ယူမှုသည် ၂၀၂၂ ခုနှစ်တွင် ထိုင်းကွန်ဒိုဝယ်ယူသော ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်လာကြောင်း ၊ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသားများက ဘတ်ငွေ ၂ ဒသမ ၅၅ ဘီလီယံ တန်ဖိုးရှိ ကွန်ဒိုအခန်း ၃၄၉ ခန်း ဝယ်ယူခဲ့ပြီး ထိုင်းကွန်ဒိုဝယ်ယူသော အဆင့် ၆ နိုင်ငံဖြစ်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဘတ် ၃ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၅၆၄ ခန်း ဝယ်ယူပြီး ထိုင်းကွန်ဒိုများ ဝယ်ယူသော ထိပ် တန်းနိုင်ငံများစာရင်းတွင် အဆင့် ၄ နေရာရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။", "ယခုနှစ် ပထမ ၄ လပတ်တွင် မြန်မာနိုင်ငံသားများက ထိုင်းဘတ်ငွေ ၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ ထိုင်းကွန်ဒိုအခန်း ၃၉၂ ခန်းဝယ်ယူကာ အဆင့် ၂ နေရာသို့​ ရောက်ရှိလာပြီး ရုရှားနိုင်ငံသားများထက်ပင် ပို၍ ထိုင်းကွန်ဒိုများ ဝယ်ယူခဲ့ကြောင်း သိရှိရသည်။", "ထိုင်းနိုင်ငံ အိမ်ခြံသတင်းအချက်အလက်စင်တာ(REIC) ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က “မြန်မာ့ဝယ်လက်တွေရဲ့ ထိုင်းကွန်ဒိုဝယ်ယူဈေးကွက်က ၂၀၂၁ ခုနှစ် နိုင်ငံရေးမငြိမ်မသက်မှု ဖြစ်ကတည်းက မြင့် တက်လာခဲ့ပါတယ်။ မကြာသေးမီက အချို့သော ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ ကွန်ဒိုတိုက်ခန်းတွေရဲ့ တစ်ဝက်ကို ဝယ်ယူတာက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ သတင်းပို့ကြပါတယ်” ဟု ပြောဆိုသည်။", "လက်ရှိတွင် စစ်ကောင်စီ၏ အရေးယူမှုများကြောင့် ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအနေဖြင့် အရောင်းပြပွဲများဖြင့် ပြည်တွင်းဝယ်လက်ကို ဦးတည်သင့်ကြောင်း ပြောဆိုသည်။", "“မြန်မာဝယ်လက်တွေကို ပစ်မှတ်ထားတဲ့ ကွန်ဒို Developer တွေအနေနဲ့ ထိုင်းနိုင်ငံမှာ အရောင်းပြပွဲတွေ ကျင်းပဖို့ ပြောင်းသင့်တယ်” ဟု ၎င်းက ပြောဆိုသည်။", "ထိုင်းကွန်ဒို ဝယ်ယူမည့် မြန်မာဝယ်လက်များအတွက် အခြားနည်းလမ်းဖြင့် ငွေလွှဲပြောင်းရန် နည်းလမ်းများကို ရှာဖွေရန် လိုအပ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံမှ ကွန်ဒိုများကို ရောင်းချသူ ၂ ဦးနှင့် ကွန်ဒိုဝယ်ယူသူ ၃ ဦးတို့ကို ဖမ်းဆီးအရေးယူ၊ ၀ရမ်းထုတ်မှုများ လုပ်ဆောင်ကြောင်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။"]
https://yktnews.com/2024/04/155710/
အစိုးရတစ်ရပ် ဖြစ်ရန် KNU က ကြိုးစားနေပြီး ဖြစ်လည်းဖြစ်တော့မည်ဟု ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆို
["စစ်ကောင်စီက မြို့များကိုဖျက်ဆီးမည်ဟု ထုတ်ဖော်ပြောဆိုမှုများ ရှိခဲ့၍ မြ၀တီမြို့မှ ပြည်သူများ ကြိုတင်ပြင်ဆင်ကြရန် တိုက်တွန်း", "ရန်ကုန်၊ ဧပြီ ၈", "ကရင်အမျိုးသားအစည်းအရုံး KNUအနေဖြင့် ဂုဏ်သိက္ခာရှိသော ကော်သူလေး အစိုးရ ဖြစ်ရန် ကြိုး စားနေပြီး ဖြစ်လည်း ဖြစ်တော့မည်ဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုလိုက်သည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် ယနေ့ ပြုလုပ်သော အထူး သီးသန့် တွေ့ဆုံ မေးမြန်းခန်းတွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။", "“ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အစိုးရတစ်ရပ်ဖြစ်လာအောင် ကြိုးစားနေတဲ့ အနေအထားမှာ ရှိတယ်။ အဲဒါကြောင့်မို့လို့ အစိုးရဂုဏ်သိက္ခာနဲ့ ဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားနေတဲ့ အပေါ်မှာ အဲဒီလို အစိုးရ ဂုဏ် သိက္ခာနဲ့ မလျော်ညီတဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ မလုပ်ဘူးဆိုတာ ဒါပဲ ပြောချင်တယ်။ကြိုးစားနေတယ်။ G ဖြစ်လာအောင် ကျနော်တို့ဖြစ်အောင် ကြိုးစားနေတယ်။ ဖြစ်လည်းဖြစ်တော့မယ်” ဟု ပဒိုစောတောနီးက ပြော ဆိုသည်။", "လက်ရှိ မြ၀တီမြို့၏အခြေအနေနှင့်ပတ်သက်၍ KNU ပဒိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုရာတွင် မြ၀တီတွင် မြို့စောင့်တပ် ၂၇၅ တစ်ခုတည်း ကျန်ရှိတော့ကြောင်း၊ ဗျူဟာစခန်းပင် ပြိုလဲသွားပြီဖြစ်၍ ၂၇၅ တတပ်တစ်ခုတည်း တောင့်ခံရန် မဖြစ်နိုင်ကြောင်း၊ စစ်ကောင်စီက မြို့များကို ဖျက်ဆီးမည်ဟု မြောက်ပိုင်းစစ်ပွဲများအတွင်း ပြောဆိုခဲ့မှုများရှိကြောင်း၊ မြ၀တီမှ ပြည်သူများ စိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်လောက်ကြောင်း၊ KNLA အနေဖြင့် လျှောက်လှမ်းမည့် လမ်းကြောင်းရှင်းလင်းနေပြီး ဆက်လက် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊ နောက်ဆုတ်ရန် လမ်းမရှိတော့ကြောင်း ပြောဆိုသည်။", "“ပြောရမယ်ဆိုရင်တော့ မြ၀တီမှာ တပ်ရင်းတွေက ၃ ၊ ၄ ၊ ၅ ရင်းလောက်ရှိတယ်။ ၃၅၅ ရှိမယ်၊ ၃၅၆ ရှိမယ်၊ ၃၅၇ ရှိမယ်။ ဗျူဟာစခန်းရှိမယ်။ အဲဒါတွေကတော့ သွားကုန်ပြီ။ တကယ့် အချက်အချာတွေကကုန်ပြီ။ မြို့စောင့်တပ် ၂၇၅ တပ်ရင်းလေးတစ်ခုပဲရှိတယ်။ နောက်ပြီးတော့ အနီးအနားမှာ တပ်မ ၄၄ တပ်မမှူး ကိုယ်တိုင်ရှိတယ်လို့ ကျနော်တို့ကြားရတယ်။ ၂၇၅ တပ်ရင်းကတော့ တစ်ရင်းပဲရှိတော့တာပဲ။ ၂၇၅ သတင်းအမျိုးမျိုးကြားတယ်။ KNLA ကတော့ ဆက်လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ။ ကျနော်တို့ ခံစစ်ကနေ သူတင်ကိုယ်တင် အနေအထား တစ်ခုကို ၂ နှစ်ကျော်ရင်ဆိုင်လာပြီးတဲ့နောက်မှာ အခု ၃ နှစ်ကျော်လာတဲ့အချိန်မှာ ထိုးစစ်ဖြစ်နေပြီ။ သူတို့ ဘယ်လိုပဲ သတင်းတွေ လွှင့်၊ လွှင့် ဘယ်လိုပဲ ကြုံးဝါးပြီး ပြန်သိမ်းမယ်ပြောပြော ။ ဒုချုပ်ကိုယ်တိုင်က ပြန်သိမ်းပြောပြော ဘယ်လောက်ပဲ ထွက်ထွက် အခုကတော့ ဖာပွန်လည်း ကျသွားပြီ။ မြ၀တီမှာလည်း သင်္ဃန်းညီနောင် ကျသွားပြီ။ ကျနော်တို့ ရှေ့တိုးဖို့ပဲ ကျန်တယ်။ ခံစစ်ကနေ သူတင်ကိုယ်တင်အနေအထားရောက်လာပြီး ထိုးစစ်ကနေ တစ်ဆင့်ပြီး တစ်ဆင့် သွားတော့မယ်။ လမ်းကြောင်းက ရှင်းနေတာပဲ။ လမ်းကြောင်းရှုပ်နေတဲ့ အနေအထားမှာတောင် ရပ်ခံနိုင်သေးတာပဲ။ အခု လမ်းကြောင်းရှင်းနေတဲ့အချိန်မှာ ကျနော်တို့ ဘာမှ ဆုတ်စရာ အကြောင်းမရှိတော့ဘူး” ဟု ပဒိုစောတောနီးက ပြောဆိုသည်။", "မြ၀တီမြို့ကို စစ်ကောင်စီက ဖျက်ဆီးမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် ၎င်းက ” လူထုတွေ စိုးရိမ်သလိုကတော့ ဒါက မလွဲဘူးလို့ ပြောရမှာပဲ။ သူတို့ မြောက်ပိုင်း စစ်ဒေသမှာ သူတို့ ကိုယ်တိုင် ထုတ်ပြောတယ်လေ။ သူတို့မြို့တွေ အလီလီ ဆုံးရှုံးရတဲ့အခါမှာ သူတို့ ဘာပြောလဲဆိုတော့ မင်းတို့ ကြိုက်သလောက် သိမ်း ငါတို့ကတော့ ကြိုက်သလောက် ပြန်ဖျက်မယ်ဆိုတဲ့ စကားမျိုး သူတို့ ထုတ်ပြောတာပဲလေ။ အဲဒါကြောင့်မို့လို့ ဒါက မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ ဒီလူတွေ မလုပ်ရဲတာ မရှိဘူးဆိုတာ သူတို့ကိုယ်တိုင်ကလည်း လူဆိုး လူမိုက်ပီပီ လျှောက်ပြောနေပြီးသား။ အဲဒါကြောင့်မို့လို့ အသိပေးရမှာက လူထုတွေ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပါ။ လူထုတွေ စိုးရိမ်တယ်ဆိုတာက စိုးရိမ်လောက်တယ်လေ။ အခု သတင်းတွေထွက်နေသလို သူ့လူတွေ ကယ်ထုတ်ပြီးတဲ့အခါမှာ လူထုက စိုးရိမ်တာက သူတို့ ဒီမြို့ကို ဖျက်ဆီးတော့မှာပဲ။ လူထုတိုင်းက စိုးရိမ်ကြတယ်။ ဒါကလည်း စိုးရိမ်စရာတော့ရှိတယ်”ဟု ထုတ်ဖော်ပြောဆိုသွားသည်။", "(KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးနှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန တွေ့ဆုံမေးမြန်းခန်းအပြည့် အစုံကို မကြာမီ ဖော်ပြပါမည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#အစိုးရတစ်ရပ်#ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး"]
https://yktnews.com/2023/08/119586/
စစ်ကောင်စီက မှတ်ပုံတင်ရှိသူတိုင်း စမတ်ကဒ်ပြုလုပ်ရန် ဖိအားပေးလျက်ရှိပြီး မပြုလုပ်သူများကို အရေးယူမည်ဟု ခြိမ်းခြောက်
["စစ်ကောင်စီက မှတ်ပုံတင်ရှိသူတိုင်း စမတ်ကဒ်ပြုလုပ်ရန် ဖိအားပေးလျက်ရှိပြီး မပြုလုပ်သူများကို အရေးယူမည်ဟု ခြိမ်းခြောက်", "ရန်ကုန်၊ ဩဂုတ် ၂၄", "အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုကို အမျိုးမျိုးဒုက္ခပေးနိုင်ရန် မှတ်ပုံတင်ရှိသူတိုင်း စမတ်ကဒ် အစိမ်းရောင်ပါ ပြုလုပ်ရမည်ဟု ဖိအားပေးခြိမ်းခြောက်လျက်ရှိကြောင်း ရန်ကုန်တိုင်းအတွင်းရှိပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မှတ်ပုံတင်ရှိသူတိုင်း စမတ်ကဒ်ပြုလုပ်ရန် ဖိအား ပေးခြိမ်းခြောက်နေပြီး ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့တွင် လိုက်လံကြော်ငြာနေခြင်းဖြစ်ကြောင်း၊ မှတ်ပုံ တင်ရှိ သူတိုင်း စမတ်ကဒ် ပြုလုပ်ရန်၊ မှတ်ပုံတင်အပြင် စမတ်ကဒ် အစိမ်းရောင်ပါ ပူးတွဲကိုင်ထားရ မည် ဖြစ်ကာ စမတ်ကဒ်မရှိပဲ မှတ်ပုံတင်တစ်ခုတည်းသာရှိပါက အရေးယူခံရမည်ကြောင်း၊ ပြည်ပသွားနေသူ ရှိပါကလည်း ခိုင်လုံသည့်အထောက်အထားပြရမည်ဖြစ်ကြောင်း၊ စမတ်ကဒ်ပြုလုပ်မှုကို ယနေ့ဩဂုတ် လ ၂၄ ရက် တစ် ရက်တည်းသာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ကော့မှူးမြို့နယ်နေပြည်သူများထံမှ သိရ သည်။", "“ယူသွားရမှာက မှတ်ပုံတင်မူရင်း မှတ်ပုံတင်မိတ္တူ၁ ခု သန်းခေါင်စာရင်းမိတ္တူ ၁ ခု ယူသွားပါ ။ စမ်း ချောင်းလဝက ရုံးမှာ ချိန်းပေးတာပါ ။ အဲ့ရုံးရောက်မှ ဖြည့်ရန်ဖောင်ပေးပါတယ်။ စမ်းချောင်း ၁၈ ရပ် ကွက် အလှည့်ကျ နေ့အလိုက်လို့ပြောပါတယ်။ ရပ်ကွက် ၁ ခု ၁ ရက်ဆီပါ တကယ်လို့ မမှီခဲ့တဲ့သူတွေ ၁၈ ရပ်ကွက် လုံးပြီးမှ နောက်တစ်ကြိမ် အလှည့်ကျ ပြန်ပြီး ရပ်ကွက်အလိုက်ပြန်ခေါ်မဲ့နေ့မှ လုပ်ပါ့ မယ်။ မိမိဘယ်ရပ်ကွက် ဘယ်နေ့ ဆိုတာ မိမိရပ်ကွက်ရုံးကို စုံစမ်းရမယ်လို့ သိရပါတယ်။” ဟု ရန်ကုန် မြို့၊ စမ်းချောင်းမြို့နယ်တွင်နေထိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "စမတ်ကဒ်များကို Non CDM များ၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းမိသားစုများ၊ ကျောင်း ဈေးသည် များကို စတင်လုပ်ခိုင်းနေပြီး ပြည်သူလူထုကို အမျိုးမျိုးဒုက္ခပေးရန် ကြံစည်နေခြင်းဖြစ်ကြောင်း ပြည်သူ များက ဝေဖန် သုံးသပ်ပြောဆိုသည်။"]
https://yktnews.com/2022/12/78352/
စစ်ကောင်စီက ယခုည ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ရုပ်သိမ်းထားကြောင်း လော်စပီကာများဖြင့် ရပ်ကွက်များတွင် လိုက်အော်နေ
["စစ်ကောင်စီက ယခုည ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ရုပ်သိမ်းထားကြောင်း လော်စပီကာများဖြင့် ရပ်ကွက်များတွင် လိုက်အော်နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "စစ်ကောင်စီက ယခု ည ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ရုပ်သိမ်းထားကြောင်း အသိပေးသည့် ကြေညာချက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ များက လော်စပီကာများဖြင့် လိုက်အော်နေကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ရန်ကုန်တိုင်းစစ်ကောင်စီက ထုတ်တဲ့ ပုဒ်မ ၁၄၄ နှစ်သစ်ကူးည ညမထွက်ရ အမိန့် ရုပ်သိမ်း တာကို တစ်ညတာ ပယ်ဖျက်ထားတယ်ဆိုတာ လော်စပီ ကာနဲ့ လိုက်အော်နေတယ်။ ခဏခဏ လှည့်ပတ်အော်နေတာ။ ညနေ ၆ နာရီ လောက် ကတည်းက။ အပြင်ထွက်ခိုင်းတဲ့သဘောပေါ့။ အမိန့်စာကိုပဲ အော်နေတာပါ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။", "ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် နေရာ တွင် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော် (Count-Down Party) ကို စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ် ထား ကြောင်း၊ ယင်းပွဲတော်ကျင်းပမည့် ဒီဇင် ဘာလ ၃၁ ရက်နေ့တွင် မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်းနှင့် စတိတ်ရှိုးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက် ရ အမိန့်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက် ၄ နာရီအထိ တစ်ရက်တာ ခေတ္တ ပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီက အမိန့် ထုတ်ပြန်ထားသည်။", "အလားတူ မန္တလေးတိုင်းနှင့် နေပြည်တာ်တို့တွင်လည်း ညမထွက်ရ အမိန့်များ ကို နှစ်သစ်ကူးညအတွက် ရုပ်သိမ်းထား ကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ထားသည်။", "ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ရှိ ဝန်ထမ်းများ အားလုံး အနေ ဖြင့် ယနေ့ ညပြုလုပ်မည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများကို မိသားစုနှင့် အတူ မဖြစ်မနေ တက်ရောက်ရမည်ဖြစ်ပြီး ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ် လွှင့် ချိန်တွင် လူမရှိသကဲ့သို့ လုံး၀ (လုံး၀) မဖြစ်စေရန်၊ စည်ကားနေမှုကို ပြသ ကြ ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ညွှန်ကြားချက်များ ထုတ်ပြန် ထား ကြောင်း သိရှိရသည်။", "ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း ပြည်သူ့ရင်ပြင်တွင် ကျင်းပ မည့် ရန်ကုန်တိုင်းစစ်ကောင်စီ၏ နှစ်သစ်ကူးညပွဲသို့ တစ်ရပ်ကွက်လျှင် လူဦး ရေ ၅၀ မဖြစ်မနေ လာရောက်ရန်၊ ကြို/ပို့ကားများ စီစဉ်ထားပြီး လာရောက် သူများကို ငွေကျပ် ၁၀၀၀၀ ပေးမည်ဟု ပြောဆို စည်းရုံးခိုင်းနေကြောင်း သိရှိရ သည်။", "မန္တလေးတွင်လည်း တိုင်းစစ်ကောင်စီက စီစဉ်ထားသည့် နှစ်သစ်ကူးည ပျော်ပွဲ ရွှင်ပွဲ ကို မန္တလေး မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ယင်းပွဲ သို့ တက်ရောက်ကြရန် လော်စပီကာဖြင့် ရပ်ကွက်များသို့ လိုက်လံ အသိပေး အော်ဟစ်နေကြောင်း သိရှိရသည်။", "စစ်ကောင်စီက နေပြည်တော် ရေပန်းဥယျာဥ် တွင် နှစ်သစ်ကူးပွဲ စီစဉ်ထားပြီး မြန်မာပြည်သိန်းတန်၊ D ဖြိုး၊ ဂျေမိုင်းမိုင်တို့ကို ဖျော်ဖြေရန် ငှားရမ်းထား ကြောင်း၊ ရန်ကုန် ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးပွဲကို ရန်အောင်၊ ရဲအောင်၊ မေသန်းနု၊ ဂျက်မြသောင်း၊ ပြည်မိုး၊ စိန်လင်း၊ ဘုန်းလျှံ၊ လှမျိုးသဉ္ဇာနွယ်၊ ပွင့်နဒီမောင်၊ သဉ္ဇာမြင့်မိုရ်၊ စိုးသီဟ၊ ဝေလျှံ၊ ဂျင်းနီ၊ ဆူဇီ၊ စိုးထက်အောင်၊ ထွန်းပပအောင်၊ ပူတူးနှင့် ပြုံးအသင်္ချေ၊ ယွန်းသီရိကျော်တို့ကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊ မန္တလေး မန္တလာသီရိအားကစားကွင်းတွင် နှစ်သစ်ကူးပွဲ ကျင်းပမည်ဖြစ်ပြီး ချစ်ကောင်း၊ သားစိုး၊ချယ်ရီသင်းအပါအဝင် အဆိုတော် များကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊ နှစ်သစ်ကူးပွဲ အားလုံးကို စစ်ကောင် စီ၏ ဝါဒဖြန့် ရုပ်မြင်သံကြားလိုင်းအားလုံးမှ တိုက်ရိုက် ထုတ်လွှင့်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တိုင်း၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်နေသော နှစ်သစ်ကူးည Countdown ပွဲ ယခု ၇ နာရီကျော် မြင်ကွင်း။"]
https://yktnews.com/2025/05/213656/
စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် အပစ်ရပ် ကြေညာပြီးနောက် နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး
["စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် အပစ်ရပ် ကြေညာပြီးနောက် နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး", "ရန်ကုန်၊ မေ ၆", "အကြမ်းဖက် စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် အပစ်ရပ် ကြေညာပြီးနောက် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က နွားထိုကြီးမြို့နယ်၊ မာန်လည်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ကနဦးသိရပြီး ကျေးရွာအတွင်း ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "“မာန်လည်ရွာကို စစ်ခွေးတွေ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကနဦးသိရပါတယ်။ ပျက်စီးမှု အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေပါတယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မေလ ၃၁ ရက်နေ့အထိ တတိယအကြိမ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ထားကြောင်း၊ ထိုသို့ အပစ်ရပ်ကြေညာပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ရှိ အရပ်သား ပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်မှုကြောင့် ပြည်သူ ၂၇၆ ဦး သေဆုံးပြီး ၄၅၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/07/175459/
စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လောက်ကိုင်မြို့ကို တတိယအကြိမ်မြောက် လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ
["စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လောက်ကိုင်မြို့ကို တတိယအကြိမ်မြောက် လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ", "လောက်ကိုင်မြို့ကို စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ ကြိမ်တွင် ပြည်သူ ၃ ဦးသေဆုံးခဲ့", "ရန်ကုန်၊ ဇူလိုင် ၂၄", "အကြမ်းဖက်စစ်ကောင်စီက ယနေ့နံနက်ပိုင်း လောက်ကိုင်မြို့ကို တတိယအကြိမ် မြောက် လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၄၅ မိနစ်မှ ၄ နာရီ ၄၅ မိနစ်အတွင်း စစ်ကောင်စီက တတိယအကြိမ်အဖြစ် လောက်ကိုင်မြို့ကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ တိုက်လေယာဉ်နှစ်စင်းသည် ကျင့်ရှမ်းချိန်(Jin xiang cheng)ဒေသ မူလ ၃၁၁ ရင်ပြင်အနီးရှိ လူနေရပ်ကွက်များတွင် ဗုံး ၄ လုံး ကျဲချခဲ့ကြောင်း ၊ ထိုသို့ ဗုံးကျဲမှုကြောင့် ဟိုတယ်များနှင့် အခြားအဆောက်အဦအများအပြား ပျက်စီးခဲ့ပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၄ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်က လောက် ကိုင်မြို့ကို ပထမဆုံးအကြိမ်အဖြစ် ဗုံးကျဲခဲ့ပြီး အရပ်သား ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၀၀ နာရီ ၁၈ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ ၏ တိုက်လေယာဉ်များက လောက်ကိုင်မြို့၊ စျေးဟောင်းနေရာသို့ ဒုတိယအကြိမ်အဖြစ် ဗုံး ကျဲချခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲချသဖြင့် Lucky ဟိုတယ်တွင် အစောင့်အဖြစ် နေထိုင်သော ဝန်ထမ်း ၂ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦးမှာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးဖြစ်ကြောင်း၊ အခြားသော ဝန်ထမ်း ၁ ဦးမှာလည်း အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/121833/
စစ်ကောင်စီက ယာဉ်မှတ်ပုံတင်ခ၊ ယာဉ်စစ်ဆေးခ များကို ငွေကျပ် ၁ သိန်းခွဲ အထိ ၃ ဆ အမြင့်ဆုံး မြှင့်တင်မည်
["စစ်ကောင်စီက ယာဉ်မှတ်ပုံတင်ခ၊ ယာဉ်စစ်ဆေးခ များကို ငွေကျပ် ၁ သိန်းခွဲ အထိ ၃ ဆ အမြင့်ဆုံး မြှင့်တင်မည်", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "အကြမ်းဖက် စစ်ကောင်စီက ဆိုင်ကယ်နှင့် မော်တော်ယာဉ် မှတ်ပုံတင်ခ၊ ယာဉ်စစ်ဆေးခများကို ငွေကျပ် ၁ သိန်းခွဲအထိ ၃ ဆအမြင့်ဆုံးမြှင့်တင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရသည်။", "ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်း များနှင့်ပတ်သက်၍ ကောက်ခံလျက်ရှိသည့် အခငွေနှုန်းထားများသည် ခေတ် ကာလနှင့် လျှော်ညီမှုမရှိတော့သည့်အတွက် တိုးမြှင့်ကောက်ခံသင့်သည့် ကာ လ တစ်ခုသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ အခြေခံလစာနှုန်းများသည် ယခင် ကထက် တိုးမြှင့်လာခြင်း၊ ယာဉ်စီးရေ သည်လည်း ယခင်ထက်များစွာ တိုးမြှင့် လာ သည့်အပြင် ယာဉ်တန်ဖိုးများလည်း မြင့်တက်လာခြင်း၊ ယာဉ်မောင်း လိုင်စင်အခငွေနှုန်းထားများကိုလည်း ၂၀၁၈ ခုနှစ်ကတည်းက ပြောင်းလဲ တိုးမြှင့် သတ်မှတ်ခဲ့ပြီ ဖြစ်ခြင်းတို့ကြောင့် နိုင်ငံတော် ဝင်ငွေ ဆုံးရှုံးနစ်နာမှု မရှိစေ ရေးအတွက် ဌာန၏ မှတ်ပုံတင်ဆိုင်ရာ အခငွေ နှုန်းထားများကိုလည်း ထပ်မံတိုးမြှင့် သတ်မှတ်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။", "ယာဉ်မှတ်ပုံတင်ဆိုင်ရာ အခငွေများကို ယခင်နှုန်းထားများထက် ၃ ဆခန့် တိုး မြှင့် သတ်မှတ်ရန် အခြေခံလျာထား တွက်ချက်ပြီးဖြစ်ပါသဖြင့် အဆိုပါ လျာ ထားချက်များအပေါ် သဘောထားမှတ်ချက်များ၊ သုံးသပ်ချက်များနှင့် ခေတ် ကာလနှင့်လျော်ညီမှု မရှိ၍ ထပ်တိုးပြင်ဆင်သတ်မှတ် ပေးကြရန်နှင့် ပြင်ဆင် ရန် ကျန်ရှိသည့် အခငွေများရှိပါကလည်း စိစစ်ပြီး စက်တင်ဘာလ ၁၃ ရက်နေ့ အရောက်အကြံပြု ပြန်ကြားပေးနိုင်ပါရန် လျာထားတွက်ချက်မှု ဇယားများ ပူးတွဲ လျက် ညှိနှိုင်း အကြောင်းကြားအပ်ပါကြောင်း ကညန၏ အကြောင်းကြား စာ တွင် ရေးသားထားသည်။", "“ကညန ရုံးသွင်းငွေ ၃ဆ ကျော်တက်လိမ့်မယ်လို့ ကြားသိရတယ်။ ဒီလ ၁၃ ရက်နေ့ သို့မဟုတ် ဒီလကုန် တရားဝင်စာ ထွက်မယ်လို့ သတင်းတွေ ထွက် နေပါတယ်” ဟု ကညနနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2025/05/213247/
စစ်ကောင်စီက ယာယီ အပစ်ရပ်စဲရေး ကာလအတွင်းတွင် ငလျင်ဒဏ်သင့်ဒေသများပါ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် စစ်တပ် အပေါ် လေယာဉ်ဆီနှင့် လက်နက် တင်ပို့မှုများ ချက်ချင်း ပိတ်ဆို့ အရေးယူပေးရန် Fortify Rights တောင်းဆို
["စစ်ကောင်စီက ယာယီ အပစ်ရပ်စဲရေး ကာလအတွင်းတွင် ငလျင်ဒဏ်သင့်ဒေသများပါ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် စစ်တပ် အပေါ် လေယာဉ်ဆီနှင့် လက်နက် တင်ပို့မှုများ ချက်ချင်းပိတ်ဆို့ အရေးယူပေးရန် Fortify Rights တောင်းဆို", "ရန်ကုန်၊ မေ ၂", "အကြမ်းဖက် စစ်ကောင်စီက ယာယီ အပစ်ရပ်စဲရေး ကာလအတွင်းတွင် ငလျင်ဒဏ်သင့်ဒေသများပါ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် စစ်တပ် အပေါ် လေယာဉ်ဆီနှင့် လက်နက် တင်ပို့မှုများ ချက်ချင်း ပိတ်ဆို့ အရေးယူပေးရန် Fortify Rights က တောင်းဆို လိုက်ကြောင်း သိရသည်။", "ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ အထိ ယာယီ အပစ်ခတ် ရပ်စဲရေးကို အကြမ်းဖက် စစ်ကောင်စီက ကြေညာခဲ့ပြီး ထိုကာလ အတွင်းတွင် ငလျင်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာသူများ ခိုလှုံနေသည့် ဘာသာရေး အဆောက်အအုံများ အပါအဝင် ပြည်သူများနှင့် ပြည်သူပိုင် နေအိမ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ထိုသို့ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ထပ်မဖြစ်စေရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ကောင်စီအပေါ် လေယာဉ်လောင်စာဆီနှင့် လက်နက်များ တင်ပို့မှုများ ပိတ်ဆို့အရေးယူရန် ချက်ချင်းချမှတ်သင့်ကာ အကူအညီ လိုသူများဆီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိတ်ပင်တားဆီးမှုမရှိဘဲ ဆက်လက်ရောက်ရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "Fortify Rights အနေဖြင့် ငလျင်ဖြစ်ပွားပြီးနောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအပြီး အသက်ရှင်ကျန်ရစ်သူ၊ မျက်မြင်ကြုံတွေ့ရသူများအပါအဝင် ပြည်သူ ၄ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၉ ဦးကို ဆက်သွယ်၍ ပြောဆိုစုံစမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများကို ဗုံးကျဲ တိုက်ခိုက်နေခြင်းနှင့် ပတ်သက်၍ အကြမ်းဖက်စစ်တပ်သည် ငလျင်ဒဏ်ခံ စစ်ကိုင်းတိုင်းတွင် ဒီပဲယင်း၊ ရွှေဘိုနှင့် ကနီမြို့နယ်များကို ဗုံးကျဲ တိုက်ခိုက်မှုများစွာ ဆက်လက် လုပ်ဆောင်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် သက်တမ်းတိုးကြောင်း ကြေညာပြီး နောက်တစ်ရက်ဖြစ်သည့် ဧပြီလ ၂၃ ရက်နေ့တွင် ဒီပဲယင်းမြို့နယ် လက်လှုပ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လက်လှုပ်ကျေးရွာမှ ဒေသခံတစ်ဦးက လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့်အတွက် အသက် ၁၃ နှစ်အရွယ်ကလေး တစ်ဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့ရမှုကို Fortify Rights ကို အတည်ပြုပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်း အတွင်း ဧပြီလ ၈ ရက်မှ ၁၉ ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၃၁ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့တွင် အများဆုံး စံချိန်တင်ခဲ့ကြောင်း ၊ သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ ၁၄ ရက်နေ့တွင်မူ စုစုပေါင်း ၂၄ ကြိမ်ခန့် ဂျက်ဖိုက်တာ၊ Mi 35 ၊ Y 12 ၊ Yellow Cat UAV ဒရုန်း၊ လေထီးနှင့် ဗုံးချခြင်းများ မျိုးစုံသုံး၍ လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုသည် ဗုံးမိုးရွာသကဲ့သို့ ဖြစ်ပြီး မည်သည့်နေရာကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟူ၍ အတည်တကျမထားဘဲ မိုးရွာသကဲသို့ ကျဲချခဲ့ခြင်းဖြစ်ကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် တော်လှန်ရေးတပ်သားကို မေးမြန်း၍ ဖော်ပြထားသည်။", "လေကြောင်းတိုက်ခိုက်မှုများအတွင်း ငလျင်ကြောင့် နေအိမ်များ ပျက်စီးပြီးနောက် အရပ်သားပြည်သူများ ခိုလှုံနေကြသည့် ဘုန်းကြီးကျောင်းများ၊ ဘုရားရှိခိုးကျောင်းများ၊ ဗလီများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့တွင် မန္တလေးတိုင်း အိုင်တိုင်ကျေးရွာတွင် ငလျင်ဒဏ်သင့်သူများကို ကုသပေးနေသည့် ရွေ့လျားဆေးကုသရေးအဖွဲ့ စခန်းချကုသမှုပေးနေသည့် အင်းတိုင်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်များနှင့် ဒေသခံများ အပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ထို့ပြင် ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်း ၃ ခုထက်မနည်းကိုလည်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုက်ဆောင်ခဲ့ပြီး မင်းတပ်မြို့ရှိ မြို့မ နှစ်ခြင်းဘုရားကျောင်းနှင့် ဖလမ်းမြို့ရှိ ခရစ္စတူးဘုရင် ကက်သလစ်ဘုရားရှိခိုးကျောင်း၊ မင်းတပ်မြို့ရှိ Assembly of God ဘုရားကျောင်းတို့သည်လည်း ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ခံခဲ့ရကြောင်း မျက်မြင်သေသေများကို ကိုးကား၍ Fortify Rights က ထုတ်ပြန်ထားသည်။", "အကြမ်းဖက်စစ်တပ်သည် အပစ်အခတ်ရပ်စဲကြောင်း ကြေညာသည့် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ တိုက်ခိုက်မှုပေါင်း ၁၂၀ ကျော် ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုများကြောင့် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးထားသည့် ဒေသများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်ပေါင်း ၅၁ ခုထက် မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/05/214648/
စစ်ကောင်စီက ယာယီ အပစ်အခတ် ရပ်စဲရေး ကြေညာချက်ကို ချိုးဖောက်ပြီး ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နိုင်ငံတကာက တားဆီး အရေးယူပေးရန် NLD တောင်းဆို
["စစ်ကောင်စီက ယာယီ အပစ်အခတ် ရပ်စဲရေး ကြေညာချက်ကို ချိုးဖောက်ပြီး ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နိုင်ငံတကာက တားဆီး အရေးယူပေးရန် NLD တောင်းဆို", "ရန်ကုန်၊ မေ ၁၅", "အကြမ်းဖက် စစ်ကောင်စီက ယာယီ အပစ်အခတ် ရပ်စဲရေး ကြေညာချက်ကို ချိုးဖောက်ပြီး ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နိုင်ငံတကာက တားဆီး အရေးယူပေးရန် ယနေ့မေလ ၁၅ ရက်နေ့တွင် NLD ပါတီက ထုတ်ပြန် တောင်းဆို လိုက်သည်။", "ဧပြီလ ၃ ရက်နေ့မှ စ၍ မေလ ၁၃ ရက်နေ့အထိ လူ့အခွင့်အရေး မှတ်တမ်း ကောက်ယူရေးအဖွဲ့၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD) မှ ကောက်ယူရရှိထားသော စာရင်းများအရ အကြမ်းဖက် စစ်ကောင်စီက အပစ်ရပ်ကာလအတွင်း တိုင်းနှင့် ပြည်နယ် ၁၁ ခုကို လေကြောင်းတိုက်ခိုက်မှု ၁၈၁ ကြိမ် လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၁၈၂ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ၁၈ နှစ်အောက် ၃၄ ဦး ရှိပြီး ဒါဏ်ရာရရှိသူ ၂၉၈ ဦး တွင် ၁၈ နှစ်အောက် ၇၆ ဦး ပါဝင်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အများဆုံးမှာ ငလျင်ဘေးသင့် ဒေသများဖြစ်သော မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ ပါဝင်ကြောင်း သိရှိရသည်။", "မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၇ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ အိုးထိမ်းတွင်းရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦး နှင့် ကလေးငယ် ၂၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာဟောင်းကိုလည်း ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင့် ကလေးငယ်များနှင့် မိခင်များ အပါအဝင် အရပ်သား ပြည်သူ ၁၃ ဦး သေဆုံးကြောင်း၊ ယင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ် ၂ ခုလုံးသည် အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုများဖြစ်ကြောင်း NLD ပါတီက ပြောဆို ထားသည်။", "တိုင်းနှင့် ပြည်နယ် ၅ ခုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း ၁၅ ကြိမ်တွင် သေဆုံးပြည်သူ ၁၄ ဦး နှင့် ဒဏ်ရာရသူ ၄၃ ဦးရှိရာ ၁၈ နှစ်အောက် ကလေးသူငယ် ၈ ဦးလည်း ပါဝင်ကြောင်း သိရသည်။", "ထို့ပြင် ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူတို့၏ အိုးအိမ် ပိုင်ဆိုင်မှုများကို မီးရှို့ ဖျက်ဆီးခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများကြောင့် သေဆုံးပြည်သူ ၁၆၉ ဦးရှိရာ အသက် ၇ လသား ကလေးငယ် အပါအဝင် ၁၈ နှစ်အောက် သေဆုံးသူ ၃၆ ဦးထိ ရှိကြောင်း သိရှိရသည်။", "၅ ဦး နှင့်အထက် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၈ ကြိမ် ကျူးလွန်ခဲ့ပြီး မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းပြီး ရွာသား ၁၁ ဦးကို ပစ်သတ်၍ ၈ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။", "ငလျင်ဘေးသင့် ဒေသတစ်ခုဖြစ်သော မန္တလေးတိုင်းရှိ အိုးဘိုအကျဉ်းထောင်တွင် အိပ်ဆောင်များ၊ အလုပ်ရုံနှင့်ထောင်တွင်း ဆေးရုံတို့ ထိခိုက်ပျက်ဆီးခဲ့ပြီး အကျဉ်းသားအကျဉ်းသူ ၆၄ ဦး သေဆုံးခဲ့ရာ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသား ၁၂ ဦး ပါဝင်ကြောင်း သိရှိရသည်။", "မကွေးတိုင်း၊ ဒေါင်းနေအကျဉ်းထောင်တွင်လည်း ထောင်ဗူးဝ မျှော်စင်မှ ထောင်တွင်းသို့ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ဦးသေဆုံးပြီး ၅ ဦးထက် မနည်း ထိခိုက် ဒါဏ်ရာရရှိခဲ့ရာ နိုင်ငံရေးအကျဉ်းသားများဖြစ်သော ကိုအောင်ခန့်ဦးနှင့် တောင်တွင်းကြီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် တို့သည် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။", "ထို့ပြင် ဧပြီလ ၂၇ ရက်နေ့တွင် အကျဉ်းဦးစီးအရာရှိ မင်းလွင်ဦးနှင့်အဖွဲ့က ဝိုင်းဝန်းရိုက်နှက်မှု ကြောင့် နိုင်ငံရေးအကျဉ်းသား အစ္စလမ်ဘာသာရေးခေါင်းဆောင် ဦးမြတ်ကို သေဆုံးခဲ့ကြောင်း သိရသည်။", "သို့ဖြစ်၍ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီသည် အပစ်ရပ်ရေး ထုတ်ပြန်ချက် များကို ချိုးဖောက်ပြီး အရပ်သား ပြည်သူအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ကာ အစုလိုက်အပြုံလိုက် သေဆုံးစေသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှု (Crime Against Humanity) နှင့် စစ်ရာဇဝတ်မှုများ (War Crimes) များကို ဆက်တိုက် ကျူးလွန်လျက်ရှိသောကြောင့် ကုလသမဂ္ဂ နှင့် အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှ လူသားချင်းစာနာမှုဖြင့် တားဆီး၊ အရေးယူဆောင်ရွက်ပေးပါရန် NLD ပါတီက တိုက်တွန်း မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2025/04/212153/
စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၇ ရက် ထပ်သက်တမ်းတိုး၊ ပထမ ရက် ၂၀ ကာလ အပစ်ရပ်ချိန် ပြည်သူ ၁၆၀ ဦးထက်မနည်းကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်
["စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၇ ရက် ထပ်သက်တမ်းတိုး၊ ပထမ ရက် ၂၀ ကာလ အပစ်ရပ်ချိန် ပြည်သူ ၁၆၀ ဦးထက်မနည်းကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်", "ရန်ကုန်၊ ဧပြီ ၂၂", "အကြမ်းဖက်စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီ ၂၃ ရက်မှ ၃၀ ရက်နေ့အထိ ၇ ရက်တာ သက်တမ်းတိုးလိုက်ကြောင်း ယနေ့ ညနေပိုင်း ကြေညာချက် ထုတ်ပြန်သည်။", "စစ်ကောင်စီက ၇ ရက်တာ အပစ်ရပ်ကာလ သက်တမ်းတိုးမှုကို ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီရေး အကြောင်းပြထားပြီး စစ်တပ်ကို တိုက်ခိုက်လာပါက ပြန်လည်တုံ့ပြန်တိုက်ခိုက်မည်ဟု ကြေညာထားသည်။", "ပထအကြိမ် အပစ်ရပ်ကာလမှ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့ အထိ ရက် ၂၀ ကြာ ကြာမြင့်ခဲ့ပြီး ယင်းကာလတွင် စစ်တပ်က ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်ခြင်း၊ စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ လက် နက် ကြီးများ ပစ်ခတ်သတ်ဖြတ်ခြင်း အပါအဝင် စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပထမအကြိမ် ယာယီ အပစ်ရပ်ကာလအတွင်း အနည်းဆုံး ပြည်သူ ၁၆၀ ဦးသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က ကောက်ယူထားသော စာရင်းဇယာများအရ သိရှိရသည်။", "ပထအကြိမ် အပစ်ရပ်ကာလ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့ အတွင်း ရက်ပေါင်း ၂၀ ကာလအတွင်း စစ် တပ်က ပြည်သူ ၁၆၀ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သော တိုက်ခိုက်မှုဖြစ်စဉ်များမှာ အောက်ပါအတိုင်းဖြစ် သည်။", "ဧပြီလ ၂၁ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်အချိန် သံဘို(ရွာသစ်)ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီး ၃ စီးဖြင့် ဗုံးသီး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးခဲ့ရသည်။", "ဧပြီလ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောရွာ ဒေါ်မူချို ကုန်စုံဆိုင် ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ရသည်။", "ဧ​ပြီလ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ နန်းတည်ရွာနှင့် သံဘိုရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၈ မိနစ်အချိန် သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကို အကြမ်းဖက်စစ် ကောင်စီ၏ မိတ္ထီလာ ရှမ်းတဲလေတပ်တက်လာသော ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၁ လုံးကျဲ တိုက် ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့ရသည်။", "ဧပြီလ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်ကလည်း သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာ ကို အကြမ်း ဖက်စစ်ကောင်စီ ၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၂၀၀ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၂၄ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၉ ရက်နေ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ မင်းစောရွာဘုန်းကြီးကျောင်းတွင် သံဃာတော်များကို ဆွမ်း ကပ်နေစဉ် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆွမ်းစားကျောင်းဆောင် တည့်တည့်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ကိုရင် ၁ ပါးနှင့် ပြည်သူ ၂ ဦး စုစုပေါင်း ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၉ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန် မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာမြောက်ပိုင်းသို့ တံတားဦးမှ တက်လာသော တိုက်လေယာဉ် ၁ စီးဖြင့် ပေါင် ၂၅၀ ဗုံး ၄ လုံး၊ ဒုံးကျည် ၂ လုံးတို့ဖြင့် ပစ်ခတ်ခဲ့ရာ အ​ပြစ်မဲ့ပြည်သူ အမျိုးသား ၃ ဦး၊ ၁၇ နှစ်အရွယ်အမျိုးသမီး ၁ ဦး နှင့် ၃ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၉ ရက်နေ့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၇ အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ရသည်။", "ဧပြီလ ၁၉ ရက်နေ့ ရခိုင်ပြည်၊ ကျောက်တော်မြို့ထဲ နေရာအနှံ့ကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးချိန်မရလိုက်ဘဲ အရပ်သား ၁ ဦး သေဆုံးခဲ့ရသည်။", "ဧပြီလ ၁၈ ရက်နေ့ ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေ ကျောက်ကြီး နှင့် မူးမြို့နယ်တို့တွင် အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ အချိန် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ရေတွင်းကုန်းကျေးရွာ ဇရပ်ကုန်းအပိုင်းသို့ တိုက် ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၄၂ နှစ်အရွယ် ကိုမျိုးသန့်ဖြစ်ပြီး ဘယ်ဘက်ရင်အုံသို့ ကျည်စထိမှန်သေဆုံးခဲ့ရသည်။", "ဧပြီလ ၁၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ပြည်သူများ လိုက်ပါလာသော စက်လှေ ၁ စီးကို စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ရသည်။", "ဧပြီလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၄၈ မိနစ်အချိန် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ၊ သလွဲထောင်ကျေးရွာကိုစစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၇ ရက်နေ့ ရေစကြိုမြို့နယ်၊ ဗလဘရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်မှ တိမ်းရှောင်နိုင်ခြင်းမရှိသော အသက် ၈၀ အရွယ် ပြည်သူ ၁ ဦး သေဆုံးခဲ့ရသည်။", "ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က စဉ့်ကူးမြို့နယ်၊ နတ်တောင်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၅၀ နှစ်အရွယ် ဒေါ်မွန် ပွဲချင်းပြီး သေဆုံးခဲ့သည်။", "ဧပြီလ ၁၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ငါန်းဇွန်းမြို့နယ်၊ ဆင်တပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များသို့ ထိမှန်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့၊ မြောက်ကမ္မရိုက်ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးကျဲခဲ့ရာ ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးခဲ့ရသည်။", "ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်က ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ သစ်ဆိမ့်ကျေးရွာ ဆေးပေးခန်းကို ပစ်မှတ်ထား၍ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဆေးခန်း အ နောက်ဘက်ရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၅ နှစ်အရွယ်‌ ယောက်ျားလေး ၁ ဦး အပါဝင် ၄ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၅ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာသို့ စစ်တပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်ရာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့် ကားပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အနည်းဆုံး ပြည်သူ ၁၀ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် ပဲခူးတိုင်း အုတ်တွင်းမြို့နယ်၊ ရေအိုးစဥ်ကျေးရွာအုပ်စု၊ သောင်း တန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အသက် ၃၅ နှစ်အရွယ် ကိုမျိုးနှင့်ဇနီး စုစုပေါင်း ၂ ဦး ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "ဧပြီလ ၁၅ ရက်နေ့ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုတွင် အသက် ၃ နှစ်အရွယ်မှ အသက် ၁၅ နှစ်အရွယ်အထိ ကလေးငယ် ၄ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၄ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းတွင် သင်္ကြန်အကျနေ့ အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် တိုက် ခိုက်မှုကြောင့် သင်္ကြန်တွင်း ဒုလ္လဘ သာသနာ့ဘောင်ဝင်နေသော ကိုရင်ငယ် ၁ ပါး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၃ ရက်နေ့ ည ၁၀ နာရီ ၁၄ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၆ မိနစ်ခန့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လယ်မရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်နှင့် မိတ္ထီလာ (ရှမ်းတဲ) လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကိုရင် ၃ ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၁ ရက်နေ့ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီရွာကို အကြမ်းဖက် စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၈၂ နှစ်အရွယ် ဦးပေါသန်း သေဆုံးခဲ့ရသည်။", "ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၄၁ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ် အနောက်ဘက် တစ်နေရာသို့ မိတ္တီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာလေယာဉ်က ဗုံးကျဲပစ်ခတ်သွားခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့် တွင် ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ K-8 Jet Fighter လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရသည်။", "ဧပြီလ ၁၀ ရက်နေ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေချောင်းဗိုလ်ရွာအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၁၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အင်ပင်လှရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးခဲ့သည်။", "ဧပြီလ ၁၀ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာသို့ တိုက် လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ ကလေး ၄ ဦး အပါအဝင် မိသားစုဝင် ၆ ဦးလုံးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။", "ဧပြီလ ၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၂၆ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၉ ရက်နေ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၈ လ နှင့် ၇ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၆ ရက်နေ့ ည ၁၁ နာရီ ၂၈ မိနစ် သန်းခေါင်ယံအချိန် မုံရွာမြို့၊ အနောက်မြောက် တိုင်းစစ် ဌာန ချုပ်မှ တက်လာသော စက်တပ်လေထီးဖြင့် ချောင်းဦးမြို့နယ်၊ သုံပန်လှကျေးရွာကို မီးလောင်ဗုံးသီး ၂ လုံး ဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာနေအိမ်အတွင်းအိပ်ပျော်နေသူ ပြည်သူ ၃ ဦး မီးလောင်သေဆုံးသွားခဲ့ရသည်။", "ဧပြီလ ၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ ကုက္ကိုစုရွာနှင့် အုတ်ကျင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ် လေထီးဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၄ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ရသည်။", "ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီ ၂၂ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ နဲကကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၁ ကြိမ် ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာနေ အသက် ၃ လ အရွယ် နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးခဲ့ရသည်။"]
https://yktnews.com/2024/04/155810/
စစ်ကောင်စီက ရန်ကုန်-မဲဆောက် အရေးပေါ် လေယာဉ်ပျံသန်းမှုကို ဖျက်သိမ်းလိုက်သော်လည်း MNA လေကြောင်းလိုင်းမှ လေယာဉ်များကို မဲဆောက်သို့ အချိန်မရွေး ပျံသန်းနိုင်ရန် အသင့်ပြင်ခိုင်း
["စစ်ကောင်စီက ရန်ကုန်-မဲဆောက် အရေးပေါ် လေယာဉ်ပျံသန်းမှုကို ဖျက်သိမ်းလိုက်သော်လည်း MNA လေကြောင်းလိုင်းမှ လေယာဉ်များကို မဲဆောက်သို့ အချိန်မရွေး ပျံသန်းနိုင်ရန် အသင့်ပြင်ခိုင်း", "ဧပြီလ ၇ ရက်နေ့ ညပိုင်း မဲဆောက်-ရန်ကုန် MNA လေယာဉ်ပျံသန်းမှုကို လေတပ်မှ အရာရှိဟောင်း ပိုင်းလော့ ၂ ဦးကို တာဝန်ယူ မောင်းနှင်ပျံသန်းခဲ့", "ရန်ကုန်၊ ဧပြီ ၈", "စစ်ကောင်စီက မဲဆောက်-ရန်ကုန် အရေးပေါ် လေယာဉ်ပျံသန်းမှုကို ဖျက်သိမ်းလိုက်သော်လည်း မြန်မာအမျိုး သားလေကြောင်းလိုင်း MNA မှ လေယာဉ်များကို အချိန်မရွေး မဲဆောက်သို့ လူများ ရွှေ့ပြောင်းနိုင်ရေး ပျံသန်းနိုင်ရန် အသင့်ပြင်ခိုင်းထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် MNA လေယာဉ် ATR 72-600 သည် မဲဆောက်မြို့သို့ ပျံသန်းရန် လေတပ်အရာရှိဟောင်း လေယာဉ်မှူးများက အဆင်သင့် လေယာဉ်ကွင်းထဲတွင် စောင့်ဆိုင်းခဲ့ကြကြောင်း၊ မွန်းလွဲ ပိုင်းတွင် စစ်ကောင်စီက ရန်ကုန်-မဲဆောက် အသွားအပြန် အရေးပေါ် လေယာဉ်ပျံသန်းမှုကို ဖျက်သိမ်းသည်ဟု အကြောင်းကြားလာကြောင်း၊ သို့ရာတွင် MNA မှ လေယာဉ်တချို့ကို မဲဆောက်မြို့အထိ အရေးပေါ် ပျံသန်းနိုင်ရေး Standby စီစဉ်ထားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။", "“ဒီနေ့ မနက် ၁၀နာရီ ရန်ကုန်ကနေ မဲဆောက်အထိ လေယာဉ်တက်ဖို့ အားလုံးပြင်ထားပေမယ့် ဖျက်သိမ်းဖို့ အမိန့်ကျပါတယ်။ ဒါပေမယ့် အမြဲတမ်း မဲဆောက်ကို ချက်ချင်း အရေးပေါ် ပျံသန်းနိုင်မယ့် လေယာဉ်တစ်စီးကို အဆင်သင့် Stanby ပြင်ထားဖို့ ညွှန်ကြားချက်ကြပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "ဧပြီလ ၇ ရက်နေ့ ရန်ကုန်-မဲဆောက် အသွားအပြန် MNA လေယာဉ် ခရီးစဉ်ကို လေတပ်မှ အရာရှိဟောင်း လေယာဉ်မှူး ၂ ဦးဖြစ်သော ကပ္ပတိန် မျိုးမင်းသန်း( လေတပ်အရာရှိဟောင်း)၊ ကပ္ပတိန်ဝင်းခိုင်ဌေး(လေတပ်အရာရှိဟောင်း) တို့က လေယာဉ်ကို မောင်းနှင်ခဲ့ကြပြီး လေယာဉ်မောင်နှင့် လေယာဉ်မယ်များအဖြစ် SK ခွန်ဆိုင်းဂျာ၊ ထွဋ်အောင်ရှိုင်းတို့က လိုက်ပါခဲ့ကြကြောင်း သိရှိရသည်။", "“မနေ့ညက မဲဆောက်-ရန်ကုန် ပျံသန်းခဲ့ကြတဲ့ လေယာဉ်မှူး ၂ ဦးစလုံးက စစ်တက္ကသိုလ်ကျောင်းဆင်း၊ လေတပ်အရာရှိဟောင်းတွေဖြစ်ပါတယ်။ လေယာဥ်မောင် ထွဋ်အောင်ရှိုင်းဆိုတာကလည်း လေယာဥ်မောင်ချုပ်ရဲ့တူတော်စပ်ပါတယ်။ စစ်တပ်က သူတို့ယုံကြည်စိတ်ချရတဲ့သူများကိုသာ Operations အတွက် လုပ်စေပါတယ်။ နောက်တစ်ခုက ခေတ်သစ်မှာ သတင်းတွေ ဓာတ်ပုံတွေ တက်တာနဲ့ပတ်သက်ပြီး MNA က ဘယ်လိုထွက်သွားသ လဲဆိုတာ စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်နေပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်တာ ရန်ကုန်-မဲဆောက် လေယာဉ် အထူးခရီးစဉ်ပျံသန်းပြီး ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။"]
https://yktnews.com/2023/02/88109/
စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လျှောက်လွှာ တင်ရန် မလိုအပ်ဘဲ လက်နက်များ ထုတ်ပေး၊ ကျောက်ပန်းတောင်းတွင် ရဲမှူးက လ၀က ဦးစီးမှူးကို သေနတ်ပစ်နည်း သင်ပြစဉ် လ၀က ဦးစီးမှူး ပေါင် ကျည်ထိမှန်
["စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လျှောက်လွှာ တင်ရန် မလိုအပ်ဘဲ လက်နက်များ ထုတ်ပေး၊ ကျောက်ပန်းတောင်းတွင် ရဲမှူးက လ၀က ဦးစီးမှူးကို သေနတ်ပစ်နည်း သင်ပြစဉ် လ၀က ဦးစီးမှူး ပေါင် ကျည်ထိမှန်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "အကြမ်းဖက်စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လက်နက်ကိုင်ဆောင်ခွင့် လျှောက်လွှာ တင်ရန် မလိုအပ်ဘဲ လက်နက်များ တပ်ဆင် ထုတ်လုပ်ပေးနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ထံမှ သိရှိရသည်။", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ သာကေတမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့သည် စစ်တပ်က ထုတ်လုပ် ပေးသည့် ပစ္စတို သေနတ်များ စတင်ရရှိနေကြပြီး လက်နက်ငယ် ပစ်ခတ်မှု သင်တန်းကို ရက်တို ပုံစံဖြင့် သင်ကြား နေကြရကြောင်း သိရှိရသည်။", "“လှိုင်သာယာနဲ့ သာကေတ ဘက်က ရပ်ကွက် လူကြီးတချို့ ပစ္စတိုတွေ စရတယ်။ အခြားမြို့နယ်က ရပ်ကွက်လူကြီးတွေ ရ၊ မရတော့ မသိသေးဘူး။ လှိုင်သာယာဘက်နဲ့ သာကေတ ဘက်တော့ ပစ္စတိုလေးတွေ အုပ်ချုပ်ရေးမှူးတချို့ရနေကြပြီ။ အဲဒါ လျှောက်လွှာတင်စရာမလိုဘဲ ထုတ်ပေးတာလို့ သိရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ် တစ်ခုက ပြောသည်။", "အလားတူ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုုပ်ရေးမှူးတချို့ကိုလည်း စစ်ကောင်စီက လက်နက် ငယ်များ ထုတ်ပေးသည်ဟု သိရှိရကြောင်း ဒေသပြည်သူတချို့က ပြောသည်။", "“ပြည်မြို့မှာ ဒလန်တွေလည်း ပေါ၊ ပျူစောထီးတွေလည်း ပေါတယ်။ ဒီကောင်တွေလက်နက်မရှိတဲ့အချိန်တောင် မြို့ပြ ပျောက်ကျားလုပ်ဖို့ ခက်ခဲနေတာ။ အခုလည်း စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကို လက်နက်ချပေး နေပြန်တော့ ပိုပြီး ဖိနှိပ်ခံရမှာ စိုးရိမ်တယ်။ နေသာလို နေကြတော့ အသေ နာကြရမယ့် အခြေအနေ ဖြစ်နေတယ်” ဟု ပြည်မြို့သားတစ်ဦးက ဆိုသည်။", "ထို့ပြင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ရဲမှူးနှင့် စခန်းမှူးက ကျောက်ပန်းတောင်းမြို့နယ် လ၀က ဦးစီးမှူးကို သေနတ်ပစ် သင်ပေးစဉ် လ၀က ဦးစီးမှူး၏ ပေါင်ကို သေနတ်ကျည်ထိမှန်ပြီး အရိုးအတွင်းအထိ အက်ကျိုး သွားသဖြင့် သိရှိရသည်။", "“ဒီလ ၁၂ ရက်နေ့ လ၀ကမှ ဦးစီးမှူး၊ ကျောက်ပန်းတောင်း ရဲမှူး နှင့် စခန်းမှူးတို့က Home Tea Shop မှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့ မြို့နယ်ရဲမှူးက လ၀က ဦးစီးမှူးကို သေနတ်ပစ်နည်းသင်ပြပေးတယ်။ လ၀ကဦးစီးမှူးက စစ်တပ်က ထုတ်ပေးထားတဲ့ လက်နက်ရထားတယ်။ အဲဒီလို သေနတ်ပစ်နည်း သင်ပြနေတုန်း ကျည်က ထွက်သွားပြီးတော့ လ၀က ဦးစီးမှူးရဲ့ ပေါင်ကိုမှန်၍ ပေါင်အရိုး အက်ကျိုးသွားတယ်။ အခုက လ၀က ဦးစီးက မိထ္ထီလာစစ်ဆေးရုံမှာ ပို့ထားရတယ်” ဟု ကျောက်ပန်းတောင်းမြို့မှ ပြည်သူတစ်ဦးက ပြောသည်။", "လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာနထံသို့ မဘသများ၊ ကြံ့ဖွတ်ပါတီဝင်များ၊ အမျိုးသားရေး အစွန်းရောက်များ၊ စစ်မှုထမ်းဟောင်းများက လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားမှုများပြားလျက်ရှိပြီး စစ်ကောင်စီက ယခုလဆန်းပိုင်းတွင် လက်နက်ကိုင်ဆောင်ခွင့်လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယမန်နှစ် ရေစကြိုတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိကိုင်ဆောင်သော ပစ္စတို တစ်လက်ကို တိုက်ပွဲအတွင်း သိမ်းဆည်းရရှိမိခဲ့စဉ်။"]
https://yktnews.com/2025/02/205316/
စစ်ကောင်စီက ရုရှားသို့ အလုပ်သမားစေလွှတ်နိုင်ရေး နှစ်နိုင်ငံ MoU ထိုးနိုင်ရန် အေဂျင်စီများနှင့် ဘာသာစကားသင်တန်းကျောင်းကို ခေါ်ယူညှိနှိုင်း ၊ ပြည်ပသို့ အလုပ်သမားများ သွားရောက်ခွင့် ၁၁ ရက်ကြာအထိ ဆက် ပိတ်ထား
["စစ်ကောင်စီက ရုရှားသို့ အလုပ်သမားစေလွှတ်နိုင်ရေး နှစ်နိုင်ငံ MoU ထိုးနိုင်ရန် အေဂျင်စီများနှင့် ဘာသာစကားသင်တန်းကျောင်းကို ခေါ်ယူညှိနှိုင်း ၊ ပြည်ပသို့ အလုပ်သမားများသွားရောက်ခွင့် ၁၁ ရက်ကြာအထိ ဆက် ပိတ်ထား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "အကြမ်းဖက် စစ်ကောင်စီက ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားစေလွှတ်နိုင်ရေး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာMoU ထိုးနိုင်ရန် အေဂျင်စီများနှင့် ဘာသာစကားသင်တန်းကျောင်းများကို ခေါ်ယူညှိနှိုင်းကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ သတင်းထုတ် ပြန်ချက်နှင့် ပြည်ပအလုပ်အကိုင်အေဂျင်စီများ၏ ပြောဆိုချက်အရ သိရှိရသည်။", "ယမန်နေ့ နေပြည်တော်တွင် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး ချစ်ဆွေက ပြည်ပအလုပ်အကိုင် အေဂျင်စီများ၊ ARA Academy ရုရှားဘာသာစကားကျွမ်းကျင်မှု သင်တန်းကျောင်းတို့ကို ခေါ်ယူညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။", "မြန်မာအလုပ်သမားများကို ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးမည်ဖြစ်ပြီး အလုပ်ရှင်နှင့်အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း၊ ယင်းသို့ ဆွေးနွေးရာတွင် သက်ဆိုင်ရာ နိုင်ငံများမှ ထုတ်ပြန်ထားသည့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ ရရှိစေရေး၊ စေလွှတ်မည့်နိုင်ငံတွင် လုပ်ငန်းခွင် အန္တရာယ်ဘေးကင်းစေရေး သတ်မှတ်အလုပ်ချိန်နှင့် ကျွမ်းကျင်မှုအလိုက် လုပ်ခလစာ ရရှိရေး၊ အလုပ်သဘောတူစာချုပ် ခိုင်မာရေး၊ ပြည်ပနိုင်ငံများမှ ရရှိသော လုပ်ခလစာများကို ပြည်တွင်းရှိ မိသားစုများထံသို့ စနစ်တကျ လွှဲပို့နိုင်ရေး အတွက် ဆွေးနွေးကြကြောင်း သိရှိရသည်။", "“ရုရှားကတော့ Zero Cost လို့ သိရတယ်။ နှစ်နိုင်ငံ MoU နဲ့ ရုရှာနိုင်ငံဆီ အလုပ်သမားလွှတ်မှာမို့ အလုပ်သမားဘက်က ပြည်ပအလုပ်အကိုင်ဝန်ဆောင်ခစရိတ် ပေးစရာမလိုဘူးလို့ သိရပါတယ်။ ရုရှားမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေဆီကို အဓိကထားပြီး ပို့ဖို့ရှိနေတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။", "စစ်ကောင်စီက ရုရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်နိုင်ရေး လုပ်ဆောင်နေသော်လည်း အခြားတစ်ဖက်တွင်မူ ပြည်ပသို့ အလုပ် သမားစေလွှတ်ရာတွင် အဓိကကျသည့် ပြည်ပအလုပ်သမားသက်သေခံကတ် OWIC များကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ပိတ်ထားကာ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အထိ ၁၁ ရက်ကြာ ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရှိရသည်။", "“OWIC ကတ် ထုတ်ပေးတာတွေက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ပြန်ဖွင့်ပေးမယ်ပြောလိုက်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဖွင့်ပေးမယ်ပြောလိုက်နဲ့ အခုထက်ထိ မဖွင့်ပေးသေးဘူး။ ညွှန်ကြားချက် အသစ်ထွက်မယ်ဆိုပြီးတော့လည်း ထွက်မလာဘူး။ အလုပ် သမားတွေက လေယာဉ်လက်မှတ် ဖြတ်ထားပြီးသားတွေ အကုန် တိုင်တွေပတ် ဒုက္ခတွေ ရောက်နေကြတယ်။ ပြည်ပ အလုပ် သမားတွေ ပြည်ပထွက်လို့မရအောင် လုပ်ထားတယ်” ဟု ဂျပန်နိုင်ငံသို့ ကျွမ်းကျင်အလုပ်သမားများ စေလွှတ်နေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ရှင်းပြသည်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ချစ်ဆွေကို အလုပ်သမားဝန်ကြီးအသစ် အဖြစ် ပြောင်းလဲ ခန့်အပ်ပြီးနောက် ပြည်ပသို့ အလုပ်သမားစေလွှတ်ရေး ပိတ်ပင်မှုများ လုပ်ဆောင်နေကာ စည်းမျဉ်းစည်းကမ်းနှင့် ကန့်သတ်ချက်အသစ်များ ချမှတ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးသစ် ချစ်ဆွေနှင့် ဝန်ကြီးဌာန အရာရှိတစ်ဦး။"]
https://yktnews.com/2024/10/189789/
စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ် မှတ်ပြီး ရွှေစျေးနှုန်း ထုတ်ပြန်မည်ဟု ကြေညာမှုကြောင့် ပြည်တွင်းရွှေစျေးကွက် ရပ်ဆိုင်းကာ အရောင်းအဝယ်များ ရပ်တန့်
["စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ် မှတ်ပြီး ရွှေစျေးနှုန်း ထုတ်ပြန်မည်ဟု ကြေညာမှုကြောင့် ပြည်တွင်းရွှေစျေးကွက် ရပ်ဆိုင်းကာ အရောင်းအဝယ်များ ရပ်တန့်", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "အကြမ်းဖက်စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး ရွှေစျေးနှုန်း ထုတ်ပြန်မည်ဟု ကြေညာလိုက်မှုကြောင့် ပြည်တွင်းရွှေစျေးကွက်တစ်ခု ယာယီ ရပ်ဆိုင်းပြီး အရောင်းအဝယ်များ ရပ်တန့်ကာ စျေးကွက်ပျက်စီးနေကြောင်း ရွှေကုန်သည်တချို့က ပြောဆိုသည်။", "အောက်တိုဘာလ ၂၄ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး နောက်ဆက်တွဲ ရွှေအရောင်း အဝယ် တားမြစ်အမိန့်၊ စည်းမျဥ်းသတ်မှတ်အမိန့်၊ ကြီးကြပ်အမိန့်၊ ကာကွယ်အမိန့် ကြေညာချက်များ ဆက်တိုက်ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း၊ ထို့ပြင် စစ်ကောင်စီ ဝန်ကြီးများ ပါဝင်သည့် ရွှေရည်ညွန်းဈေး သတ်မှတ်ရေးကော်မတီကိုပါဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါ စျေးနှုန်းသတ်မှတ်ရေး ကော်မတီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေး ဒု-ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ၊ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ အပါအဝင် စစ်ကောင်စီ လက် အောက်ခံ ဌာနဆိုင်ရာအရာရှိ ၁၅ ဦးပါဝင်ကြောင်း၊ နေ့စဥ် အွန်လိုင်းအစည်း အဝေးလုပ်ပြီး ရွှေစျေးကို သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးရှိ ရွှေဆိုင်များနှင့် ရွှေအရောင်း အဝယ်လုပ်သူများအားလုံး လိုင်စင် ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။", "“စျေးကွက်က လောလောဆယ်တော့ စျေးနှုန်းဖွင့်တာရှိတယ်။ ဒါပေမယ့် အရောင်း အဝယ်က အောက်တိုဘာလ ၂၄ ရက်နေ့ အမိန့်ကြောင့် ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်ကြတယ်။ အခုက ရွှေဆိုင်တွေရော၊ ရွှေကုန်သည်တွေရော လိုင်စင်ပြန်တင်ရမယ်ဆိုတော့ လိုင်စင်က ရမှာလား၊ မရဘူးလား မသေချာဘူး။ စျေးကွက်က အခု ရပ်သလိုဖြစ်နေတယ်။ လိုင်စင်မရှိဘဲ အရောင်း အဝယ်လုပ်ရင် ထောင်ချလို့ရတယ်ပြောထားတော့ ဒီရက်ပိုင်းတော့ စျေးကွက်က ရပ်သလောက်ဖြစ်လိမ့်မယ်။ ရေရေရာရာ တိတိကျကျ သိမှ ပြန်ပြီးတော့ လည်ပတ်လိမ့်မယ်။ ရွှေဆိုင်တွေမှာတော့ ငွေလိုသူ လာရောင်းတာတော့ လက်ခံတာရှိလိမ့်မယ်။ အားလုံးက စောင့်ကြည့်နေကြပါတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "လက်ရှိ ယနေ့စျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၆၆ သိန်း ဝန်းကျင်တွင် စျေးရှိနေပြီး ရန်ကုန်တိုင်းရွှေအသင်းကမူ ရွှေရည်ညွန်းစျေးကို ၅၆ သိန်း သတ်မှတ်ထားကြောင်း သိရှိရသည်။", "ယနေ့ ရန်ကုန်ရှိ ရွှေဆိုင်များတွင် ရွှေလက်ဝတ်အထည် ခင်းကျင်း ဆိုင်ဖွင့်ထားသော်လည်း ရွှေတုံးနှင့်အခေါက်ရွှေများကို အဝယ်သာ လက်ခံပြီး အရောင်းလုံး၀ မရှိကြောင်း သိရှိရသည်။", "စစ်ကောင်စီက ကြေညာလိုက်ခဲ့သည့် အမိန့်အသစ်အရ ရန်ကုန်၊ မန္တလေးနှင့် မြန်မာတစ်နိုင်ငံလုံးရှိ ရွှေဆိုင်များ၊ ရွှေအရောင်းအဝယ်ကုန်သည်များအနေဖြင့် စစ်ကောင်စီထံမှ ပြန်လည် လိုင်စင်လျှောက် ထားရမည်ဖြစ်ပြီး စစ်ကောင်စီက သတ်မှတ်ထားသည့် ရွှေစျေးနှုန်းဖြင့်သာ အရောင်းအဝယ်လုပ်ရမည်ဖြစ်ကြောင်း သိရှိရသည်။", "လိုင်စင်မရှိဘဲ ရွှေဆိုင်ဖွင့်သူ၊ လိုင်စင်ရှိလျက်ဖြင့် စစ်ကောင်စီက ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသူများ၊ ရွှေအရောင်းအဝယ်လုပ်သူများကို အရေးကြီး ဝန်ဆောင်မှုနှင့် ကုန်စည်ဥပဒေ ပုဒ်မ ၅ အရ အနည်း ဆုံးထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိချမှတ်မည့်အပြင် ငွေဒဏ်နှင့် လိုင်စင်ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်မှ ရွှေအရောင်းဆိုင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/01/139101/
စစ်ကောင်စီက ရှေ့တန်းတွင် သေဆုံးသည့် အရာရှိနှင့် စစ်သည်များ၏ သတင်း ကို ကျန်ရစ်သူ မိသားစုများကို အသိပေး အကြောင်း ကြားမှု မပြုလုပ်တော့၊ နာရေးသတင်းများကြောင့် တပ်ပြေးများလာမှုကို ကာကွယ်ရန်ဟု တပ် အသိုင်း အ၀ိုင်းသုံးသပ်
["စစ်ကောင်စီက ရှေ့တန်းတွင် သေဆုံးသည့် အရာရှိနှင့် စစ်သည်များ၏ သတင်း ကို ကျန်ရစ်သူ မိသားစုများကို အသိပေး အကြောင်း ကြားမှု မပြုလုပ်တော့၊ နာရေးသတင်းများကြောင့် တပ်ပြေးများလာမှုကို ကာကွယ်ရန်ဟု တပ် အသိုင်း အ၀ိုင်းသုံးသပ်", "ရန်ကုန်၊ ဇန်နဝါရီ ၉", "အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းစစ်မြေပြင်များတွင် စစ်သည်နှင့်အရာရှိ များ သေဆုံးမှုများပြားလျက်ရှိရာ ကျဆုံးသွားသော အရာရှိနှင့်စစ်သည်များ၏ ကွယ်လွန်မှုသတင်းကို ကျန်ရစ်သူ မိသားစုများထံသို့ အသိပေး အကြောင်း ကြားမှု မပြုလုပ်တော့ဟု တပ်တွင်သတင်းရင်းမြစ်တချို့က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ တပ်များအတွင်းတွင် အရာရှိနှင့်စစ်သည်များ တပ်ရင်း အလိုက် အစုလိုက်အပြုံလိုက် သေဆုံးမှုများ၊ ပျောက်ဆုံးမှုများ များပြား လာကြောင်း၊ ထိုသို့ များပြားလာသည့် အခြေအနေများကို နောက် တန်းရှိ ကျန်ရစ်သူ မိသားစုများထံသို့ အကြောင်းကြားတိုင်း လက်ကျန် ရှိရင်းစွဲ စစ်အင်အားများပါ ထွက်ပြေးကြသဖြင့် စစ်သား ပြုန်းတီးမှု ရာခိုင်နှုန်း အလွန် မြင့်တက် လာနေကြောင်း သိရှိရသည်။", "“ဒီလောက်ကိုင်တိုက်ပွဲမှာ ကျတဲ့ စကခ ၁၂ က တချို့ အရာရှိ ဗိုလ်ကြီးတွေနဲ့ စစ်သည်တွေရဲ့ ကျဆုံးမှုသတင်းကို ကျန်ရစ်သူ မိသားစုကို ပေးမသိဘူး။ မိသားစုကလည်း တပ်က တရားဝင် အကြောင်းကြားမဟုတ်ဘဲ ရှေ့တန်း မှာရှိတဲ့ ရဲဘော်တွေကို ဆက်သွယ်ပြီးမှ သိရတာ။ နာရေးသတင်းတောင် ပေးမသိတာကတော့ ကျန်ရစ်သူမိသားစုအတွက် ရက်စက် လွန်းရာ ကျ တယ်ဆိုပြီး တပ်အသိုင်းအ၀ိုင်းဘက်မှ‌ာ ဝေဖန်တာတွေအရမ်းများနေပြီ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "အလားတူ အကြမ်းဖက် မင်းအောင်လှိုင်က လက်ရုံးတပ်တစ်ခုဖြစ်သည့် “တပ်မတော် သိပ္ပံနှင့်နည်းပညာသုတေသနဌာနချုပ် ”(သသန) လက်အောက်ခံ တပ်များကိုလည်း ရှေ့တန်းစစ်မြေပြင်ထွက်ခိုင်းပြီး တိုက်ပွဲတွင် အရာရှိနှင့် စစ်သည်တချို့ သေဆုံးသွားချိန် ကျန်ရစ်သူ မိသားစုထံ ပေးမသိကြောင်း သိရှိရသည်။", "“ပြင်ဦးလွင် သသန က ကျတာ ၃ ယောက် ရှိတယ်။ အဲဒါ ဘယ်သူတွေကျလဲ လိုက်မေးတာ မရသေးဘူး။ သက်ဆိုင်တဲ့ မိသားစုတွေလည်း သိခွင့်မရဘူး။ တပ်ပြေးတွေ များလာမှာစိုးလို့။ တပ်ထဲမှာ တစ်ယောက်သေတယ်ကြားတိုင်း ၊ နာရေးတွေ ဖြစ်တိုင်း စစ်သည် အရာှိတွေက ထွက်ပြေးနေကြတာ” ဟု သသန တပ်သတင်း ရင်းမြစ်တစ်ခုက ရှင်းပြသည်။", "အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းစစ်မြေပြင်တွင် တိုက်ခိုက်ရေးတပ်များ သေဆုံးမှုများပြားနေသည့်အတွက် အင်ဂျင်နီယာတပ်၊ ဆေးတပ်၊ မွေးမြူရေး တပ်၊ ကပစတပ်များအပါအဝင် လက်ရုံးတပ်များအားလုံးကို ရှေ့တန်းစစ် မြေ ပြင် သို့ အတင်းအဓမ္မစေလွှတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/01/198110/
စစ်ကောင်စီက လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း ရခိုင်ကို နေ့စဉ် လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် မြေပုံနှင့်ပုဏ္ဏားကျွန်းတွင် ပြည်သူ ၆ ဦး သေဆုံးခဲ့
["စစ်ကောင်စီက လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း ရခိုင်ကို နေ့စဉ် လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် မြေပုံနှင့်ပုဏ္ဏားကျွန်းတွင်ပြည်သူ ၆ ဦး သေဆုံးခဲ့", "ရန်ကုန်| ဇန်နဝါရီ ၃", "စစ်ကောင်စီက လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးအရ ဆွေးနွေးမည်ဟု ဖိတ်ခေါ်နေသော်လည်း အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်ထဲက မြို့နယ်များကို နေ့စဉ်ဗုံးကျဲတိုက်ခိုက်လျက်ရှိပြီး အရပ်သားပြည်သူများ ထိခိုက်သေဆုံးလျက်ရှိကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်စောစောပိုင်း ၁ နာရီကျော်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့က ဆေးရုံနှင့် စာသင်ကျောင်းတို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။", "“စစ်ကောင်စီဟာ နှစ်ကြိမ်တိုင်တိုင် ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ကမ်းထောင်းကြီးဆေးရုံနဲ့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်သေဆုံးသွားပါတယ်။ ဆေးရုံနဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားပါတယ်” ဟု မြေပုံမြို့ခံတစ်ဦးက ပြောသည်။", "သေဆုံးသူ အမျိုးသမီးမှာ အသက် ၇၀ အရွယ် ဒေါ်မသိန်းဖြစ်ပြီး မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ရွာသစ်ရပ်ကွက်ကဖြစ်သည်။", "ကမ်းထောင်းကြီးဆေးရုံသည် ဆေးကုသခြင်းမရှိဘဲ ပိတ်ထားခဲ့သည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ပြီး စစ်ကောင်စီသည် အရပ်သားများထိခိုက်ပါစေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း မြေပုံဒေသခံများက ပြောဆိုကြသည်။", "ယင်းအပြင် ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ", "တိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ပြည်သူ ၅ ဦး သေဆုံးသွားခဲ့ရသည်။", "“ဂျက်ဖိုက်တာ တစ်စီးနဲ့ နှစ်ကြိမ်လာရောက် ယိုးတရုပ်ကို ဗုံးကြဲခဲ့တာပါ။ သေဆုံးသူ ၅ ဦးလောက်ရှိပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးလောက်ရှိတယ်လို့ ကြားပါတယ်။ အရပ်သားတွေနေတဲ့ ရွာတွေကို စစ်ကောင်စီက ဗုံးကြဲနေတာပါ။ ဒီစစ်ကောင်စီ ကင်းစင်မှပဲ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်ပါမယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်က သေဆုံးသူများမှာ ဒေါ်မသာလှ(၇၆ နှစ်)၊ တန်းခိုးရွာက မဦးဆန်းနွယ် (၂၅ နှစ်)နှင့် ယိုးတရုပ်ကျေးရွာမှာ စစ်ရှောင်နေသည့် ကွမ်းတောင်ကျေးရွာက ကိုမျိုးဇော်ထွန်း (၁၈ နှစ်)တို့မှာ နေရာ၌ သေဆုံးသွားခဲ့ရသည်။", "ဒဏ်ရာရသူ ၁၀ ဦးထဲက ပုဏ္ဏားကျွန်းမြို့ခံ မောင်မျိုးဟိန်းအောင် (၉ နှစ်) နှင့် ဦးလှဖြူ (၄၈ နှစ်) တို့လည်း ဆေးကုသနေရင်း ဒဏ်ရာပြင်းထန်၍ သေဆုံးသွားခဲ့ရပြီး ကျန်ဒဏ်ရာရရှိထားသူများမှာ စိုးရိမ်ရအခြေအနေများဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရဿည်။", "ယင်းတို့အနက်မှ သေဆုံးသူ အသက် ၂၅ နှစ်အရွယ် မဦးဆန်းနွယ် ဝံလက်ဖွံဖြိုးရေးဖောင်ဒေးရှင်း ၏ လူသားချင်းစာနာမှုအကူအညီပေးရေးစီမံကိန်း ၏ လက်ထောက်ကွင်းဆင်းအရာရှိ(Assistance Field Officer-AFO) ဖြစ်ပြီး တာဝန်ထမ်းဆောင်နေစဉ် စစ်ကောင်စီလေတပ်က ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဝံလက်ဖွံ့ဖြိုးဖောင်ဒေးရှင်း၏ ဦးဆောင်သူက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။", "Photo- APM ။"]
https://yktnews.com/2024/06/167745/
စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်နေ၍ ပေါက်တောနှင့် ပုဏ္ဏားကျွန်းက ကျေးရွာအချို့ ထပ်မံတိမ်းရှောင်နေရ၊ သံတွဲမြို့နယ်မှ စစ်ရှောင်ပြည်သူများ အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေ
["စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်နေ၍ ပေါက်တောနှင့် ပုဏ္ဏားကျွန်းက ကျေးရွာအချို့ ထပ်မံတိမ်းရှောင်နေရ၊ သံတွဲမြို့နယ်မှ စစ်ရှောင်ပြည်သူများ အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေ", "ရန်ကုန် | ဇွန် ၁၅", "စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်မှုကြောင့် ရခိုင်ပြည် ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှ ကျေးရွာအချို့မှာ ယခုရက်ပိုင်းအတွင်းကစ၍ တိမ်းရှောင်နေရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။", "တိမ်းရှောင်နေရသည့် ကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုး၊ အောင်ဇေယျ၊ ခမောင်းတော၊ ကန်ချောင်းနှင့် ပေါက်တောမြို့နယ် ကြိမ်ခွေမော် သဝင်ချောင်းတို့အပါအဝင် ကျေးရွာအချို့တို့ဖြစ်ကြောင်း သိရသည်။", "ပေါက်တောမြို့နယ်ကို စစ်တွေရှိ စစ်ကောင်စီတပ်ရင်းနှင့် ရေတပ်တို့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်အတွက် ဒေသခံများတိမ်းရှောင်နေရသည်ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။", "“စစ်တွေကနေလက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ရွာတွေမှာကျတယ်။ စစ်တွေကနေအရင်ကတည်းက ခုလိုပစ်ခတ်နေတာတွေရှိပါတယ်။ ဒါပေမယ့် အခုကပိုဆိုးလာတော့ ဘယ်သူမှမနေရဲကြတော့တာ။ ဒါကြောင့် လက်နက်ကြီးကျတဲ့ ကျေးရွာကဒေသခံတွေဟာ တစ်ခြားနယ်တွေမှာ သွားရှောင်နေကြတယ်” ဟုပြောသည်။", "ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုလည်း ထိုနည်းတူစွာ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်အတွက် ကျေးရွာအချို့မှ ဒေသခံအများစုမှာ စစ်ဘေးထပ်ရှောင်နေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် တန်ဘက်လှန်းရွာ ဒေသခံတစ်ဦးက ဆိုသည်။", "“ပုဏ္ဏားကျွန်းက စစ်တွေနဲ့နီးတော့ ဘယ်အချိိန်မဆိုလှမ်းပစ်လိုက်ရင်ကျလာနိုင်တယ်။ ဒါကကျနော်တို့နယ်ခံတွေရဲ့စိုးရိမ်မှုပါ။ အခုလည်း ပုဏ္ဏားကျွန်းနယ်တွေမှာ လက်နက်ကြီးတွေနေ့စဥ်နီးပါးဆိုသလိုကျနေတာကြားနေမြင်နေရတော့ အများအားဖြင့် ကျေးရွာတွေကနေရှောင်ဖို့တွေးနေကြပြီ။ စစ်ရှောင်လို့ရောက်တာဖြင့် ဘာမှမကြာသေးဘူး ထပ်ရှောင်ကြရတော့မယ့်အခြေနေကတော့ တော်တော်ဆိုးပါတယ်” ဟုပြောသည်။", "ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံများမှာ ၎င်းတို့ဒေသတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားစဉ်ကလည်း နီးစပ်ရာဒေသများသို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြရမှုများရှိခဲ့ပြီး လက်ရှိတွင်လည်း မိမိဒေသတွင်းပြန်လည်နေထိုင်နိုင်မှုမရှိသူများလည်း အများအပြားရှိနေသေးသည်။", "ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ AA မှအပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ လေကြောင်းရေကြောင်း အသုံးပြုပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရမှု၊ လူနေအိမ်များလည်း ပျက်စီးဆုံးရှုံးမှုတို့ မကြာခဏရှိနေသည့် ဒေသများလည်းဖြစ်သည်။", "ထို့ပြင် ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပြီး စစ်ရှောင်အရပ်သားများလည်း နေ့စဉ်တိုးလာနေကာ အရေးပေါ် စားနပ်ရိက္ခာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။", "နိုင်ငံတကာအကူအညီများနှင့် အရပ်ဘက်အသင်းအဖွဲ့အစည်းများ၏ အကူ အညီများမှာလည်း ဝင်ရောက်ကူညီမှု နည်းပါးနေပြီး မိုးတွင်းရာသီဖြစ်၍ အဓိက စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြသည်။", "သံတွဲမြို့ပေါ်မှ အရပ်သားပြည်သူများ အားလုံးနီးပါးမှာ ကျေးလက်ဒေသများနှင့် AA ထိန်းချုပ်ရာနေရာဒေသများသို့ သွားရောက်ခိုလှုံလျှက်ရှိကြောင်းနှင့် သံတွဲမြို့နယ်တွင် စစ်ရှောင်အရေအတွက် သောင်းချီ ရှိနေကြောင်း သိရသည်။"]
https://yktnews.com/2023/12/136696/
စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုန်းမြို့မစျေး မီးလောင် ပြာကျ
["စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုန်းမြို့မစျေး မီးလောင် ပြာကျ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ မြို့မစျေးကို စစ်ကောင်စီက လက် နက်ကြီးများ ပစ်ခတ်သဖြင့် စျေးမီးလောင်ပြီး ပြာကျသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်း မုန်းမြို့ မြို့မစျေးအတွင်းသို့ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်ပြီး မီးစတင်လောင်ကျွမ်းကြောင်း၊ မီး လောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၅၀ ထက်မနည်း ပြာကျသွားကြောင်း၊ မုန်းမြို့မစျေးအနီးတွင် စစ်တပ် လာရောက်တပ်စွဲထားပြီး ကင်းလှည့်မှု ရှိကြောင်း၊ ဒေသခံတချို့ကလည်း စစ်တပ်က မုန်းမြို့မစျေးကို ရည်ရွယ်ချက်ရှိရှိ လက် နက်ကြီးဖြင့် ပစ်ခတ်၍ မီးတင်ရှို့သည်ဟု ပြောဆိုကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "” မနေ့ မွန်းလွဲပိုင်းမှာ စစ်တပ်က ပစ်တဲ့လက်နက်ကြီးကျပြီး မီးလောင်တယ်လို့ ပြောသလို စစ်တပ်က မီးရှို့တယ်လို့လည်း ပြောကြတယ်။ ဆိုင်ခန်းပေါင်း ၅၀ ထက်မနည်း ပြာကျသွားတယ်။ “သားကြီး” ဖုန်းဆိုင်ကနေ မီးစလောင်တာ။ အဲ့မှာက စစ်ခွေးစစ် ကြောင်းက နေ့တိုင်း ဝင်ပြီး ကင်းလှည့်နေတာရှိတယ်။ မြို့က ပြည်သူတွေကတော့ အကုန်ထွက်ပြေးနေရတာ ဆိုတော့ အခြေအနေ အသေး စိတ်ကို မသိကြဘူး။ တချို့ ပြည်သူတွေက သူတို့ဆိုင်တွေ ရှိလို့ မကြာခဏ စျေးရဲ့ အနီးဆုံးမှာ သွားကြည့်နေကြတာဆိုတော့ အဖြစ်အပျက်ကို သိကြတယ်။ အဲဒီသူတွေကတော့ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး မီးလောင်တာလို့ ပြောကြတယ်” ဟု မုန်းမြို့မှ စစ်ဘေးရှောင်နေရသူ ပရဟိတသမားတစ်ဦးက ရှင်းပြသည်။", "မုန်းမြို့တွင် စစ်ကောင်စီတပ်နှင့် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များ အကြား နှစ်ဖက် စစ်ရေး ရင်ဆိုင်ထားကြပြီး မုန်းမြို့၏ နေရာအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း၊ မြို့မှ ပြည်သူ သောင်းချီ၍ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။", "မုန်းမြို့ကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် မြို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။"]
https://yktnews.com/2024/09/182287/
စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလိုက်ရသော နယ်မြေများကို ပြန်လည်သိမ်းပိုက် ရယူရေး စစ်ဆင်ရေး စီမံချက် စတင်
["စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလိုက်ရသော နယ်မြေများကို ပြန်လည်သိမ်းပိုက် ရယူရေး စစ်ဆင်ရေး စီမံချက် စတင်", "ရန်ကုန်၊ စက်တင်ဘာ ၇", "အကြမ်းဖက်စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလိုက်ရသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရယူရေး စစ်ဆင်ရေး စီမံချက် စတင်နေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "အဆိုပါ စစ်ဆင်ရေးစီမံချက်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဟာဗျူဟာနှင့် မူဝါဒပိုင်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲနေပြီး စစ်ဆင်ရေး ဖော်ဆောင်မှုဆိုင်ရာ Operation ကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဆောင်ရွက်ရကြောင်း၊ နယ်မြေအပိုင်းအခြားအလိုက် စစ်ဗိုလ်ချုပ်များနှင့် နယ်မြေခံတိုင်းမှူးများကိုလည်း စစ်ဆင်ရေးအတွက် နယ်မြေအလိုက် တာဝန်ခံများ ခန့်အပ်ကာ Operation အသီးသီး ခွဲဝေ ပေး အပ်ထားကြောင်း ၊ စစ်ဆင်ရေး စီမံချက်တွင် နယ်မြေခံတပ်များ နှင့် စစ်ရုံးမှ ကြည်း၊ ရေ၊ လေ ပူးပေါင်း အဖွဲ့များ ဖွဲ့စည်းထားပြီး အချိန်တပြေးညီ တိုက်ခိုက်ရေး တာဝန်များကို ၂၄ နာရီ အချိန်ပြည့် ဖော်ဆောင်နေကြောင်း၊ စစ်ဆင်ရေး စီမံချက်သည် ယခုစက်တင်ဘာလဆန်းပိုင်းတွင် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။", "“စစ်ဆင်ရေးတွေက အချိန်ပြည့် ၂၄ နာရီ ဖြစ်ပါတယ်။ ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးတွေက အချိန်ပြည့်နဲ့ အချိန်မရွေး ဖော်ဆောင်ဖို့ရှိနေပါတယ်။ အဓိကအားဖြင့်တော့ တစ်ဖက်အဖွဲ့အစည်းရဲ့ ဌာနချုပ်၊ စခန်းတွေနဲ့ စခန်းလို့ ယူဆရတဲ့နေရာတွေကို ကြည်းတပ်နဲ့ လေတပ် ပူးပေါင်း ဦးတည် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိပါမယ်။ ရေတပ်လိုအပ်တဲ့နေရာတွေမှာ ရေတပ်ပါ ပူးပေါင်းပါဝင်မှု ရှိပါမယ်။ သတိပေးချင်တာကတော့ တိုက်ခိုက်မှုတွေ အရင်ထက်ပိုမိုများပြားမှာဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်(ဖရဲသီး)က ပြောဆိုသည်။", "စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လားရှိုး ရမခ၊ ရှမ်းမြောက် အပါအဝင် တစ် နိုင်ငံလုံးမြို့ပေါင်း ၇၀ ကျော် ရှိသော နယ်မြေများစွာ ဆုံးရှုံးပြီးနောက် စစ်ဆင်ရေးနှင့် ဆက်စပ်နေသော စစ်ဘက်နှင့်အရပ်ဘက် အစည်းအဝေးများတွင် လုပ်ဆောင်သင့်သည်များကို၊ လုပ်ဆောင်ထိုက်သည်များကို လုပ်ဆောင်ရန် အချိန်ကျပြီဟု မကြာခဏ တဖွဖွ ပြောဆိုလျက်ရှိသည်။", "ထို့ပြင် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုပြီးနောက် ယင်းရွေးကောက်ပွဲမတိုင်မီ ရနိုင်သမျှ နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ရန် စစ်ဆင်ရေး စီမံချက်ကို အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/183371/
စစ်ကောင်စီက လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော နန်ဘိုင်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သား ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ
["စစ်ကောင်စီက လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော နန်ဘိုင်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သား ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၁၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော နန်ဘိုင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "ယမန်နေ့ညပိုင်း စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီအချိန် စစ်ကောင်စီတပ်က လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော သိန္နီခရိုင် သံလွင်လျင်ဟိုမြို့နယ် နန်ဘိုင်းရွာ လူနေအိမ်ကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်ခဲ့ရာ အပြစ်မဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သုံးဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိကြောင်း သိရှိရသည်။", "ထို့ပြင် ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်ထိ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်းသို့ လေကြောင်းမှတစ်ဆင့် ထပ်ခါ ထပ်ခါ လာရောက်ပစ်ခတ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုရဲစခန်းဝန်းအတွင်းနှင့် လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီသွားခဲ့ကြောင်း၊ စစ်ကောင်စီက ယမန်နေ့ တစ်နေ့လုံး လေကြောင်းမှ ဗုံး ၁၃ လုံး ကျဲချခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ကရင် ပြည် နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော် မြို့သစ်နှင့် ထီးမယ်ဝါးခီကျေးရွာကို စစ် တပ်က လေယာဉ်များဖြင့် ဗုံးများကျဲချသွားခဲ့ကြောင်း၊ လတ်တလော အထိ အခိုက်အပျက်အစီး အခြေအနေမသိရှိရသေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/04/95520/
စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်လို့ ဒဏ် ရာ ရှိခဲ့တဲ့ ထန်တလန်မြို့နယ် ခွာဖိုကျေးရွာမှ လူငယ်တစ်ဦးသေဆုံး၊ သေဆုံးပြည်သူ ၉ ဦးထိရှိလာ
["စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်လို့ ဒဏ် ရာ ရှိခဲ့တဲ့ ထန်တလန်မြို့နယ် ခွာဖိုကျေးရွာမှ လူငယ်တစ်ဦးသေဆုံး၊ သေဆုံးပြည်သူ ၉ ဦးထိရှိလာ", "ရန်ကုန်၊ ဧပြီလ ၂", "စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်ရာမှာ ဒဏ်ရာရရှိခဲ့တဲ့ ထန်တလန်မြို့နယ်၊ ဖိုခွာကျေးရွာက အသက်ဆယ့်ခုနစ်နစ်အရွယ်လူငယ် Salai Van Cem Lian ဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် ဧပြီလ ၁ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ ဒေသတွင်းရင်းမြစ်တွေကနေသိရပါတယ်။", "မတ်လ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ထန်တလန်မြို့နဲ့ငါးမိုင်အကွာက ခွာဖိုကျေးရွာကို လေကြောင်းကနေပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူရှစ်ဦးသေဆုံးပြီး ဆယ့်တဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။", "အဆိုပါဒဏ်ရာရရှိသူတွေထဲက လူငယ်တစ်ဦးဟာ ဧပြီလ ၁ ရက်နေ့မှာသေဆုံးခဲ့တဲ့အတွက် စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မူကြောင့် ခွာဖိုကျေးရွာသေဆုံးပြည်သူ ကိုးဦးအထိရှိပြီဖြစ်ပါတယ်။", "စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မူတွေကို အရှိန်မြင့်လုပ်ဆောင်နေတာပါ။ ခုရက်ပိုင်းအတွင်းမှာ ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ ယောဒေသနဲ့ ကလေးမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။"]
https://yktnews.com/2024/08/179526/
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင် စစ်ကူများ ချထားပေးမှုကြောင့် ဒီပဲယင်းမြို့ပေါ်မှ တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာ
["စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင် စစ်ကူများ ချထားပေးမှုကြောင့် ဒီပဲယင်းမြို့ပေါ်မှ တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာ", "ရန်ကုန်၊ ဩဂုတ် ၁၉", "စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နှင့်မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များဖြင့် စစ်ကူများ ချထားပေးခြင်းကြောင့် ဒီပဲယင်းမြို့ပေါ်မှ တော်လှန်ရေးတပ်များ ပြန်လည် ဆုတ်ခွာထားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက တိုက်ခိုက်ပြီးနောက် မြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး ၊ ထွေ/အုပ်ရုံးအပါအဝင် စစ်တပ်တပ်စွဲထားသော နေရာများအားလုံးကို သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်များက တောက်လျှောက်ဆိုသလို လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ စစ် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခြင်း၊ စစ်ကူများကို Mi17 ရဟတ်ယာဉ်များဖြင့် တောက်လျှောက် ချထားပေးလာကြောင်း၊ အဆိုပါ စစ်ကူစစ်ကြောင်းများမှာ ဒီပဲယင်းမြို့ပေါ်သို့ ပြန်လည် ဦးတည်လာပြီး တော်လှန်ရေးတပ်များနှင့်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ နောက်ဆုံးတွင် တော်လှန်ရေးတပ်များက မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“Mi-35 ရဟတ်ယာဉ်တွေနဲ့ တောက်လျှောက် ပစ်တာ။ နောက်ပြီး အောင်ချမ်းသာရွာနားမှာ စစ်ရဟတ်ယာဉ်တွေနဲ့ စစ်သားတွေကို အခေါက်အခါခါချတယ်။ အဲဒီကနေ မြို့ထဲကို ပြန်တက်လာတာ။ မနေ့ညနေပိုင်းမှာ တိုက်ပွဲပြင်းထန်တယ်။ အခုတော့ ကျနော်တို့ မြို့ပေါ်ကနေ ခဏ ပြန်ဆုတ်ထားတယ်။ ပတ်ပတ်လည်မှာတော့ ကျနော်တို့ ၀ိုင်းထားဆဲပါပဲ။ မြို့ပေါ်စခန်းတွေနဲ့ ရုံးတွေကနေ ခဏ ဆုတ်ခွာထားတာပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှု ၊ ရွှေဘိုခရိုင်အတွင်းရှိ တပ် ရင်းများ၊ ရွှေဘိုခရိုင်ပကဖ၊ ဒီပဲယင်းမြို့ နယ် ပကဖ၊ ဘုတလင်မြို့နယ်ပကဖ အပါအဝင် ပူးပေါင်းတပ်များပါဝင်ကြောင်း၊ ရေဦးမြို့မှ ထွက်လာသော စစ်ကောင်စီ စစ်ကူစစ်ကြောင်းကို ရေဦး၊ဒီပဲယင်းပကဖတပ်ဖွဲ့များက ထိရောက်စွာတားဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကောင်စီတပ်ဘက်မှ အလံဖြူထောင်​ လက်နက်ချပူးပေါင်းသူ စုစု ပေါင်း ၁၂၃ ဦးရှိပြီး ပျူစောထီး ၂ ဦး၊ Non-CDM ဝန်ထမ်း ၄၁ ဦး၊ Non-CDM ဝန်ထမ်းမိသားစုဝင် ၈၀ ဦးရှိကြောင်း၊ အားလုံးကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယမန်နေ့ ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်ထိန်းချုပ်ထားခဲ့စဉ်။"]
https://yktnews.com/2024/09/185609/
စစ်ကောင်စီက လေယာဉ်ဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဗုံးများ စမ်းသပ်ထုတ်လုပ်နေပြီး လားရှိုးအပါအဝင် နိုင်ငံတစ်ဝန်းတွင် စမ်းသပ်နေ၊ တော်လှန်ရေးနယ်မြေများကို အမြဲမပြတ် လေယာဉ်ဖြင့် ဗုံးကျဲရန် ရည်ရွယ်ထား
["စစ်ကောင်စီက လေယာဉ်ဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဗုံးများ စမ်းသပ်ထုတ်လုပ်နေပြီး လားရှိုးအပါအဝင် နိုင်ငံတစ်ဝန်းတွင် စမ်းသပ်နေ၊ တော်လှန်ရေးနယ်မြေများကို အမြဲမပြတ် လေယာဉ်ဖြင့် ဗုံးကျဲရန် ရည်ရွယ်ထား", "ရန်ကုန်၊ စက်တင်ဘာ ၂၉", "အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဗုံးများကို ကာကွယ်ရေးပစ္စည်း ထုတ် လုပ်ရေးစက်ရုံးများက စမ်းသပ်ထုတ်လုပ်နေပြီး လားရှိုး အပါအဝင် နိုင်ငံတစ်ဝန်းတွင် စမ်းသပ်ကျဲချနေကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "တိုက်လေယာဉ်ဖြင့် ပစ်ခတ် ဗုံးကျဲရာတွင် အသုံးပြုသည့် ဗုံးများမှာ တရုတ်၊ ရုရှားတို့မှ ဝယ်ယူရခြင်းဖြစ်ပြီး အချိန်မီ လိုသလောက် မရနိုင်ခြင်းနှင့် ဗုံးများ ဝယ်ယူရန် နိုင်ငံခြားငွေ ဒေါ်လာ လိုအပ်ချက်ရှိနေခြင်း တို့ကြောင့် စစ်ကောင်စီက ထိုသို့ ကပစစက်ရုံများတွင် ဗုံးများ စမ်းသပ်ထုတ်လုပ်ကာ လေယာဉ်များဖြင့် စမ်းသပ်ကျဲခိုင်းနေကြောင်း သိရှိရသည်။", "“ကပစ ထုတ် လေယာဉ် ဗုံးတွေ စမ်းသပ်ပြီးတော့ ကျဲခိုင်းနေတာတွေရှိနေတယ်။ တဖြည်းဖြည်းတော့ အဆင်မြှင့်ပြီး စမ်းသပ်ထုတ်လုပ်နေတယ်။ လောလောဆယ်တော့ တရုတ်လေယာဉ် FTC 2000 တွေမှာတော့ သိပ်အဆင်မပြေသေးဘူး” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။", "ကပစစက်ရုံများမှာ Made in Myanmar လေယာဉ်ဗုံးများ အမြောက်အမြားထုတ်လုပ်နိုင်ပါက တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများကို အမြဲမပြတ် နေ့စဉ် ညစဉ် ဗုံးကျဲထားနိုင်ရန်လည်း စစ်ကောင်စီက ရည်ရွယ်ထားကြောင်း သိရှိရသည်။", "လတ်တလော စစ်ကောင်စီက ရန်နိုင်မင်း စစ်ဆင်ရေး စီမံချက်ဖြင့် ဆုံးရှုံးနယ်မြေများကို ပြန်လည်တိုက်ယူရေး ကနဦးအဖြစ် လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတစ်ဝန်း ဆက်တိုက် အရှိန်မြှင့်တင်နေပြီး များမ​ကြာမီ မြေပြင် ထိုးစစ်များလည်း ထုအင်အားဖြင့် စတင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီက လေယာဉ်ဖြင့် ကျဲချခဲ့သော်လည်း မပေါက်ကွဲခဲ့သည့် လေယာဉ်ဗုံးတစ်လုံး။"]
https://yktnews.com/2024/10/188503/
စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာရှိ ရေအားလျှပ်စစ်ဓာတ်အားပေးရုံပျက်စီး
["စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာရှိ ရေအားလျှပ်စစ်ဓာတ်အားပေးရုံပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၁၈", "အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စုရှိ နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပျက်စီးသွားကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်း လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တိုက်လေယာဉ်က စုစုပေါင်း ဗုံး ၄ လုံး ကျဲချခဲ့ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်၊ လျှပ်စစ်ဓာတ်ကြိုးများနှင့်အဆောက်အဦအများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အောက်တိုဘာ ၁၄ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်များမှ လားရှိုးမြို့ ရပ်ကွက် ၁ ရှိ နားမခေါ် ဓာတ်အားပေးစက်ရုံကို ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဓာတ်အားပေးစက်ရုံရှိ စက်အချို့ ပျက်စီးခဲ့ပြီး ဒေသခံ အရပ်သားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် နေအိမ်အများအပြားကို ပျက်စီးစေခဲ့ကြောင်း၊ လားရှိုးမြို့နှင့် သိန္နီမြို့ရှိ လူနေရပ်ကွက်များအပြင် စာသင် ကျောင်းများ၊ ဈေးများနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သားသေဆုံးမှု အများအပြား ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က ပြည်သူတို့ နေထိုင်ရေး အခြေခံအဆောက်အအုံများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အခြေခံအဆောက်အအုံများကို ဖျက်ဆီးနေကြောင်း MNDAA က ထုတ်ပြန်ပြောဆိုထားသည်။", "အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ လားရှိုးမြို့နယ်တစ်ခုလုံးကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်တင်ပြီး တိုက်ခိုက်နေရာ ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံ၊ နေအိမ်များပျက်စီးမှုများလည်း မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/165496/
စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားသည့် သံတွဲမြို့တွင် မီးမရရှိ၍ ပြည်သူများ၏ လူမှုဘ၀ အခြေအနေ ဆိုးဝါးနေပြီး ဖုန်းတစ်လုံး အားသွင်းရန် ကျပ် ၁၀၀၀ နီးပါးပေးနေရ
["စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားသည့် သံတွဲမြို့တွင် မီးမရရှိ၍ ပြည်သူများ၏ လူမှုဘ၀ အခြေအနေ ဆိုးဝါးနေပြီး ဖုန်းတစ်လုံး အားသွင်းရန် ကျပ် ၁၀၀၀ နီးပါးပေးနေရ", "ရန်ကုန်၊ ဇွန် ၂", "အကြမ်းဖက် စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားသည့်သံတွဲမြို့တွင် မီးမရရှိ၍ ပြည်သူများ၏ လူမှုဘ၀ အခြေအနေ ဆိုးဝါးနေပြီး ဖုန်းတစ်လုံး အားသွင်းလျှင်ငွေကျပ် ၁၀၀၀ နီးပါးပေးနေရကြောင်း သံတွဲ ဒေသပြည်သူများနှင့် သံတွဲဒေသတင်းရင်းမြစ် Dwayarwad Community Base News Agency က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "သံတွဲမြို့နယ်ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားသည့်အချိန်မှစတင်၍ စစ်ကောင်စီက လျှပ်စစ်မီးများဖြတ်တောက်ခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများကြောင့် နယ်မြေတည်ငြိမ်မှု မရှိတော့ဘဲ စစ်တပ်က သံတွဲမြို့ကို ပိတ်ဆို့ကာ ခုခံစစ်အတွက် ပြင်ဆင်နေကြောင်း၊ လျှပ်စစ်မီး ရရှိရေးအတွက် စစ်ကောင်စီက တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိတော့ကြောင်း သိရှိရသည်။", "“မီးကမရတော့ဘူး။ မီးမရတော့ အဓိက ဖုန်းအားသွင်းဖို့ တောင် မလွယ်တော့ဘူး။ လူမှုရေး စီးပွားရေး မီးမရတော့ အရမ်းကို ခက်ခဲပါတယ်” ဟု သံတွဲမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "သံတွဲဒေသသတင်းရင်းမြစ် Dwayarwad Community Base News Agency ကမူ သံတွဲမြို့တွင် လျှပ်စစ်မီး မရရှိ၍ ဘဏ်လုပ်ငန်း၊ ဆေးရုံမှ ခွဲစိတ်မှုဆိုင်ရာလူနာများ၊ ဖုန်းလိုင်းဆက်သွယ်ရေး အလွန်အခက်အခဲဖြစ်ရသည်ဟု ပြောဆိုသည်။", "“ဘဏ်တွေဆိုရင် တစ်ရက်ကို ၁နာရီပဲ မီးစက်နှိုးပြီးဖွင့်တယ်။ ဘဏ်နဲ့ပတ်သက်ပြီး ဆက်စပ်လုပ်ကိုင်နေကြရသူတွေ အခက်အခဲကြုံနေရတယ်။ ဆေးရုံဆိုရင် ခွဲစိတ်ရမယ့်လူနာတွေကို ခွဲဖို့ လျှပ်စစ်မီးမရှိဘူး။ အရေးပေါ်ခွဲရစိတ်ရမယ့်ကိစ္စကြုံလာရင် ခက်မယ်။ တလောကတော့ ပုဂ္ဂလိက စက်သုံးဆီဆိုင်တခုက ဆီလှူတာတွေ့လိုက်တယ်။ ဂါလံ ၂၀၀ လှူတယ်။ မီးစက်နှိုးပြီးသုံးဖို့အတွက်ပေါ့။ နောက်တခုက အောက်ဆီဂျင်စက်ရုံ မလည်နိုင်တော့တာ လဝက်လောက်ရှိနေပြီ။ မီး ပြတ်တာက မေလ ၁၇ရက်ညဦးပိုင်းကတည်းက ပြတ်တာဆိုတော့ အခုဆို ၁၆ရက် လောက်ရှိပြီ။ မိုးမရွာခင်ကဆို ရေတွင်းတွေလည်း ခမ်၊ ရေတင်စရာမီးလည်းမရှိ လူတွေရေပြတ်တယ်။ အခုတော့ မိုးပြန်ရွာတော့ ရေနည်းနည်းရပြီ။ နယ်မှာမီးပြတ်တာဆိုတော့ ရန်ကုန်လောက်တော့ ဒုက္ခမရောက်ဘူး၊ ရာသီဉတုက အဲကွန်းဖွင့်စရာမလိုဘူး။ ရေတွင်းတွေရှိတယ်၊ ထင်းနဲ့ ချက်ပြုတ်လို့ရတယ်။ အဓိကတော့ ဆေးရုံမှာ ခွဲစိတ်လူနာတွေနဲ့ အောက်ဆီဂျင်လိုတဲ့လူနာတွေ အခက်ကြုံနေတယ်။ အီးပီစီက အခုထိ ဘာတွေလုပ်နေတယ်၊ ဘယ်တော့ မီးပြန်လာမယ် တရားဝင်ထုတ်ပြန်တာမရှိသေး” ဟု Dwayarwad Community Base News Agencမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "သံတွဲမြို့တွင် က ဖုန်းအားသွင်းခြင်း၊ ပါဝါဘန့်အားသွင်းခြင်း၊ အားသွင်းကာ အသုံးပြုရသည့် ဓာတ်မီး၊ မီးသီးများ အားသွင်းပေးခြင်း စသည့် ဝန်ဆောင်မှု လုပ်ငန်းများပင် ပေါ်ထွန်းနေကြောင်း၊ တစ်မြို့ နယ်လုံးလျှပ်စစ်မီးပြတ်နေခြင်းဖြစ်ရာ ဖုန်းအားသွင်းလိုသူ များပြားနေခြင်းကြောင့် အခကြေး ငွေဖြင့် ဝန်ဆောင်မှုပေးသည့် လျှပ်စစ်အားသွင်းပေးသည့်လုပ်ငန်းများပေါ်ပေါက်လာခဲ့ကြောင်း သိရှိရသည်။", "သံတွဲမြို့တွင် မီးစက်များနှိုးကာ ဖုန်းအားသွင်းဝန်ဆောင်မှုပေးရာတွင် ဖုန်းတစ်လုံးလျှင် ၅၀၀ ကျပ်မှ ကျပ် ၁၀၀၀ အထိ ဈေးပေါက်လျက်ရှိကြောင်း၊ ပါဝါဘန့်တစ်လုံးကိုလည်း လျှပ်စစ် အားတစ်ခါသွင်းလျှင် ကျပ် ၁၀၀၀ ပေးရကြောင်း ၊ ရပ်ကွက်အတွင်း မီးစက်မောင်းကာ တစ်ပိုင်တစ်နိုင်ဖုန်းအားသွင်းဝန်ဆောင်မှုပေးကြသလို တစ်ရက်လျှင် ဖုန်းအလုံးရေ ရာချီပြီး အားသွင်းပေးသည့် နေရာများလည်းရှိကြောင်း သိရှိရသည်"]
https://yktnews.com/2024/07/175815/
စစ်ကောင်စီက ဝန်ထမ်းများနှင့် အငြိမ်းစားများအားလုံးကို ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ငွေကျပ် သုံးသောင်းစီ ထပ်မံတိုးမြှင့်ပေးမည်ဟု ကြေညာ၊ ငွေ ကြေး ဖောင်းပွမှုနှင့်ကုန်စျေးနှုန်းများ ထပ်မံ မြင့်တက်မည်ကို ပြည်သူများစိုးရိမ်နေရ
["စစ်ကောင်စီက ဝန်ထမ်းများနှင့် အငြိမ်းစားများအားလုံးကို ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ငွေကျပ် သုံးသောင်းစီ ထပ်မံတိုးမြှင့်ပေးမည်ဟု ကြေညာ၊ ငွေ ကြေး ဖောင်းပွမှုနှင့်ကုန်စျေးနှုန်းများ ထပ်မံ မြင့်တက်မည်ကို ပြည်သူများစိုးရိမ်နေရ", "ရန်ကုန်၊ ဇူလိုင် ၂၆", "အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းများနှင့် အငြိမ်းစားများအားလုံးကို ဩ ဂုတ် လ ၁ ရက်နေ့မှစတင်၍ ငွေကျပ် သုံးသောင်းထပ်မံတိုးမြှင့်ပေးမည်ဟု စစ်ကောင်စီက ယနေ့ကြေညာသည်။", "၂၀၂၃ခုနှစ်အောက်တိုဘာလတွင် နိုင်ငံ့ဝန်ထမ်းများကို လက်ရှိလစာအပြင် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ကြေးကို ပထမအကြိမ် တိုးမြှင့်ပေးခဲ့ကြောင်း၊ ယခုအခါ လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ်အဖြစ် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို အပိုထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၃၀၀၀၀ စီ ဒုတိယအကြိမ် ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။", "အဆိုပါ ကြေညာချက်ကြောင့် စစ်ကောင်စီက ငွေကြေးစက္ကူအသစ်များ ပိုမိုရိုက်ထုတ်ကာ ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာမည်ကို ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။", "“လစာတိုးတယ်လို့ မပြောချင်လို့ အပိုထောက်ပံ့ကြေးလို့ သူတို့ သုံးနေတာ။ သူတို့က ငွေတွေ ရိုက်ထုတ်ရင် ကုန်စျေးနှုန်းတွေက အဆမတန်တက်ဦးမယ်။ ငွေက တန်ဖိုးမရှိ။ ဝန်ထမ်းနဲ့ အငြိမ်းစား ဝန်ထမ်းက ၇ သိန်း၊ ၈ သိန်းလောက်ပဲရှိတာ။ အလွန်ဆုံး ၁ သန်းပေါ့။ တကယ်လက်တွေ့ ဒဏ်ခံရတာက ပြည်သူ သန်း ၅၀ ကျော်ပဲ။ ငွေတွေ အဆမတန် ရိုက်ထုတ်နေတော့ ငွေကြေးဖောင်းပွပြီး ကုန်စျေးနှုန်းက တက်ဦးမှာပဲ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။", "လက်ရှိတွင် ငွေကြေးဖောင်းပွမှုကြောင့် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၅၀၀၀ ဝန်းကျင်နှင့် ရွှေစျေးနှုန်းမှာ သိန်း ၆၂ သိန်းဝန်းကျင်တွင် စျေးရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/191414/
စစ်ကောင်စီက ဝါဒဖြန့်ချိမှုများကို ကျောင်းသင်ရိုး သင်ခန်းစာအဖြစ် ထည့်သွင်းရန် ပြင်ဆင်လာ
["စစ်ကောင်စီက ဝါဒဖြန့်ချိမှုများကို ကျောင်းသင်ရိုး သင်ခန်းစာအဖြစ် ထည့်သွင်းရန် ပြင်ဆင်လာ", "ရန်ကုန်| နိုဝင်ဘာ ၁၀", "စစ်တပ်၏ အာဏာရှင်စနစ် ဝါဒဖြန့်ချိရေး သင်ခန်းစာများကို ကျောင်းသင်ရိုးအဖြစ် ထည့်သွင်းသင်ကြားရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က စုံစမ်းဖော်ထုတ်ထားသည်။", "ယခု လက်ကျန် စာသင်နှစ် သို့မဟုတ် လာမည့် ပညာသင်နှစ်များမှာ စစ်တပ်၏ မတရား စစ်မှုထမ်းဥပဒေ၊ အခြေခံဥပဒေနှင့် အာဏာရှင်ဆန့်ကျင်သော အင်အားစုများကို ပုံဖျက်ရေးဆွဲထားသည့် အကြမ်းဖက် ဥပဒေစသော ဝါဒဖြန့်ဘာသာရပ်များကို စစ်ကောင်စီလက်အောက်က အခြေခံပညာ ကျောင်းသားများ သင်ယူရဖို့ ရှိနေကြောင်း BACS က ဆိုသည်။", "ပြီးခဲ့သည့် သီတင်းပတ်တွေအတွင်း ရန်ကုန်၊ မကွေး၊ မွန်ပြည်နှင့် ရှမ်းပြည်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားသော မြို့ကြီးများမှာ အခြေခံပညာ အထက်တန်းအဆင့် ဆရာ၊ ဆရာမများကို စစ်တပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အကြမ်းဖက်မှု ဥပဒေများနှင့် ပတ်သက်ပြီး ရက်တိုသင်တန်းများ ပေးနေကြောင်း သိရသည်။", "ယင်းသင်တန်းများကို‌ စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ရန်ကုန်မှာ အောက်တိုဘာ ၂၈ က စတင်ခဲ့ကာ အခြေခံပညာ ဆရာ၊ ဆရာမ ၃၀၀ ကျော်တက်ရောက်ခဲ့သည်။", "မကွေးမြို့မှာမူ နိုဝင်ဘာ ၂ ရက်က စတင်ခဲ့ပြီး ဆရာ၊ ဆရာမ ၃၀၀ ကျော်နှင့် မွန်ပြည်နယ် မော်လမြိုင်မှာ နိုဝင်ဘာ ၄ ရက်က စတင်ခဲ့ကာ ဆရာ၊ ဆရာမ ၉၈ ဦးတက်ရောက်ခဲ့ကြကြောင်း စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြထားသည်။", "သင်တန်းကာလ အနေဖြင့် အချို့သင်တန်းများက ၁၀ ရက်ကြာမြင့်မှာ ဖြစ်ပြီး အချို့သင်တန်းများမှာ ၁၂ ရက်အထိ ကြာမြင့်မည် ဖြစ်ကြောင်း BACS ဖော်ထုတ်စုံစမ်း ရေးသားထားသည်။", "ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ၊ ကလော၊ ဟဲဟိုးနှင့် ကရင်နီပြည်နယ်ထဲက လွိုင်ကော်မြို့တို့မှာလည်း မှုခင်းအသိပညာပေး သင်တန်းများနှင့် တွဲဖက်ပြီး ဥပဒေပညာဖြန့်ဝေရေးလို့ အမည်တပ်ထားသော ဒီဝါဒဖြန့် သင်တန်းအမျိုးစားများကို အခြေခံပညာ အထက်တန်းကျောင်း အသီးသီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အခြား စစ်ကောင်စီထိန်းချုပ်ထားသော တိုင်းနှင့် ပြည်နယ်များမှာလည်း မကြာမီ အလားတူသင်တန်းမျိုးများ စတင်အကောင်ထည် ဖော်လာနိုင်ချေရှိကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ဆိုသည်။", "ပြည်သူများကို မတရားဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းသည့် ဥပဒေ၊ စစ်တပ်စိတ်တိုင်းကြိုက် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တော် လှန်ရေးအင်အားစုများကို ပုံဖျက်တံဆိပ်ကပ်ထားသော အကြမ်းဖက်ဥပဒေများကို စစ်ကောင်စီက အခြေခံကျောင်းရှိ ဆယ်ကျော်သက်၊ ကလေးငယ်များထံ ဝါဒဖြန့်သင်ကြားရန် ပြင်ဆင်နေခြင်းသာ ဖြစ်ကြောင်း BACS အဖွဲ့က သုံးသပ်ထားသည်။", "ဓာတ်ပုံ- အခြေခံပညာကျောင်းများကို လိုက်လံစစ်ဆေးနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။"]
https://yktnews.com/2024/03/148585/
စစ်ကောင်စီက သေဒဏ်နှင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ထားသော လောက်ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦး၏ ဇနီးများကို ဖမ်းဆီးထားပြီး မိသားစုနှင့်ဆက်သွယ်ခွင့်မပေး
["စစ်ကောင်စီက သေဒဏ်နှင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ထားသော လောက်ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦး၏ ဇနီးများကို ဖမ်းဆီးထားပြီး မိသားစုနှင့်ဆက်သွယ်ခွင့်မပေး", "ရန်ကုန်၊ မတ် ၃", "အကြမ်းဖက် စစ်ကောင်စီက သေဒဏ်နှင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များချမှတ်ထားသော လောက် ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦး၏ ဇနီးများကို ဖမ်းဆီးထားပြီး မိသားစုနှင့်ဆက်သွယ်ခွင့်မပေးဘဲ သတင်းစုံစမ်းမရဖြစ်နေကြောင်း အဆိုပါဗိုလ်မှူးချုပ်မိသားစုများနှင့်နီးစပ်သူတချို့က ပြောဆိုကြသည်။", "MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့သော လောက် ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက် ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူး ချုပ် ဇော်မျိုးဝင်း၊ စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကို တာဝန် မကျေပွန်မှု၊ အထက်အမိန့် မနာခံမှု၊ ပုန်ကန်မှု များ ဖြင့် အရေးယူခဲ့ပြီးနောက် ၎င်းတို့၏ ဇနီးမယားများကိုပါ စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လောက်ကိုင်မှာလက်နက်ချတဲ့ ဗိုလ်ချုပ် ၆ယောက်ကိုပဲဖမ်းတာ မဟုတ်ဘဲ အမျိုးသမီးတွေကိုပါဖမ်းထားတာ။ ပုံမှန်ဆို ယောကျာ်းတွေဖမ်းရင် မိန်းမတွေကို ခဏတာခေါ်စစ်တယ်။ ပိုင်ဆိုင်မှုစစ်တယ်ပေါ့။ အခုက သူတို့ ယောင်္ကျားတွေကို အမိန့်ချတာ တစ်လတောင်ကျော်နေပြီ။ အမျိုးသမီးတွေကို ပြန်မလွှတ်ဘူး။ သူတို့ဗိုလ်မှူးချုုပ်တွေဆီမှာ ကလေးအငယ်တွေကျန်ခဲ့တယ်။ ဗိုလ်မှူးချုပ် တယောက်ပဲ ကလေးလုံးဝမရှိတာ။ ကလေးတွေနဲ့ပါအဆက်အသွယ်ပေးမလုပ်ဘဲ ဖမ်းထားတာ။ နောက်ထပ် တပ်မ ၁၀၁ တပ်မမှူးရဲ့ဇနီးကိုလည်းဖမ်းထားတယ်” ဟု အဆိုပါဗိုလ်မှူးချုပ်မိသားစုများနှင့်နီးစပ်သူတစ်ဦးက ရှင်းပြသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် MNDAA ထံ လက်နက်ချ အညံ့ခံလိုက်သော ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို စစ်ခုံရုံးက ယခုနှစ် ဇန်နဝါရီလအတွင်း သေဒဏ်ဒဏ်ချမှတ်ခဲ့သည်။", "ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် စစ်ခုံရုံးကို ဖွဲ့ စည်းပြီးနောက် ၄၈ နာရီအတွင်း အမှုကို စစ်ဆေးကာ အမိန့်ချမှတ် အရေးယူ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "သေဒဏ်နှင့်ထောင်ဒဏ် နှစ် ၂၀ (တစ်သက်တစ်ကျွန်း) ပြစ်ဒဏ်များ ချမှတ်ရာ တွင် စစ်ခုံရုံးက တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂ (က) အရ ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ် ကြောင်း သိရှိရသည်။", "၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂(က) တွင် ဤအက်ဥပဒေကို လိုက် နာရသူတဦးဦးသည် မိမိအားလွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိကာ ကွယ်ခုခံရန်တာဝန်ဝတ်တရားရှိသော မြို့စောင့် တပ်စခန်း၊ ခံတပ်၊ တာဝန်ကျ နေရာ၊ နေရာ၊ ရေယာဉ်၊ သို့တည်းမဟုတ် ကင်းတခုခုကို ရှက်ဘွယ် ကောင်းစွာ စွန့်ပစ်လျှင်၊ သို့တည်းမဟုတ် ပေးအပ်လျှင်၊ သို့တည်းမဟုတ် အဆိုပါ ပြုလုပ်မှု များ အနက် ပြုလုပ်မှုတခုခုကို ကျူးလွန်ရန် တပ်မှူး တဦးဦး အားသော် လည်း ကောင်း၊ ၊ အခြားသူတဦးဦးအားသော်လည်းကောင်း၊ အတင်း အကျပ်ပြု ရန် ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းရန်ဖြစ်စေ၊ မည်သည့်နည်းမျိုးကိုမဆို အသုံး ပြုလျှင် စစ်တရားရုံးကပြစ်မှုထင်ရှား စီရင်သောအခါ၊ သေဒဏ်ဖြစ် စေ၊ ဤ အက်ဥပဒေတွင်ဖေါ်ပြထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့် စေရ မည်ဟု ပြဋ္ဌာန်းထားသည်။", "ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်မှ စစ်သည်နှင့်တပ်မိသားစုဝင် ၄၀၀၀ ကျော် MNDAA ထံတွင် လက်နက်ချ အညံ့ခံမှုတွက် အဓိက တာဝန်ရှိသူဟု သတ် မှတ် ခံရသော လောက် ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက် ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မ လိုက် နာ မှု၊ တာဝန်မကျေပွန်မှု တို့အပါအဝင် တပ်မတော်အက်ဥပဒေ များ၊ ပုဒ်မ များစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကို စစ်ခုံရုံးက ချမှတ်ခဲ့ကြောင်း သိရှိရ သည်။", "ထို့ပြင် အခြား ဗိုလ်မှူးချုပ် ၃ ဦးဖြစ်ကြသည့် စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင် ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခ မှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကိုလည်း တာဝန် မကျေပွန်မှု၊ အထက် အမိန့် မနာခံမှု၊ ပုန်ကန်မှု များ ဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များကို လည်း ကောင်း၊ လောက်ကိုင်မှ ဗိုလ်မှူးကြီး အဆင့် အရာရှိ ၆ ဦးတို့ကိုလည်း ထောင် ဒဏ် နှစ် ၂၀ စစ်ခုံရုံးက ချမှတ်ကြောင်း သိရှိရ သည်။"]
https://yktnews.com/2024/11/191509/
စစ်ကောင်စီက သံတွဲနှင့် ဘူးသီးတောင်ကို လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ
["စစ်ကောင်စီက သံတွဲနှင့် ဘူးသီးတောင်ကို လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ", "ရန်ကုန်| နိုဝင်ဘာ ၁၁", "စစ်ကောင်စီလေကြောင်းက ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ သံတွဲနှင့် ဘူးသီးတောင်မြို့တို့မှ ဘုန်းတော်ကြီး တစ်ပါးအပါအဝင် အရပ်သား ပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။", "နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း ၃နာရီအချိန်ခန့် က စစ်ကောင်စီလေကြောင်းက ဗုံးကြဲချမှုကြောင့် သံတွဲမြို့၊ အမှတ် ၈ရပ်ကွက်ရှိ TMP စက်ရုံနှင့် အံတော်တံတားထိပ်သို့ ပေါင် ၅၀၀ဗုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။", "အသက် ၃၅ နှစ်အရွယ် သံတွဲ ဒေသခံတစ်ဦးက “စိတ်မနှံတဲ့ အမျိုးသမီးတစ်ဦးနဲ့ နောက်ထပ် အမျိုးသမီးတစဦးသေဆုံးပါတယ်။ သုံးနေရာလာပြီး ဗုံးလာကြဲချသွားတာပါ။ TMP စက်ရုံကို တစ်လုံး၊ တောင်ကုတ်ကားဂိတ်ကို တစ်လုံးရယ်၊ အံတော်တံတားထိပ်ကို တစ်လုံးကျတယ်။ အထိအခိုက်ပျက်စီးကတော့ များပါတယ်”ဟုပြောသည်။", "စစ်ကောင်စီ၏ လေယာဥ်ဖြင့် ဗုံးလာကြဲမှုကြောင့် သေဆုံးသူမှာ သံတွဲမြို့ခံ ဒေါ်စုစုလှိုင်နှင့် မဝိုင်းစိန်မ တို့ ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် စက်တင်ဘာ ၅ ရက်နေ့စ၍ သံတွဲမြို့နှင့် ငပလီမြို့နယ်များ အာရက္ခတပ်တော် AA သိမ်းပိုက်ထားခဲ့ပြီး စစ်ကောင်စီက သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့်အကျဉ်းသားကို AA ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။", "ယင်းနောက်ပိုင်းတွင် စစ်ကောင်စီ လေကြောင်းက မကြာခဏ ဆိုသလို အရပ်သားများ နေထိုင်ရာ နေရာများကို ဗုံးကြဲလုပ်ဆောင်နေမှုကြောင့် ပြည်သူများ နေ့စဉ် သေဆုံး ဒဏ်ရာရရှိမှုများနှင့် အဆောက်အအုံများ ပျက်စီးမှု ရှိနေသည်။", "အလားတူ ဘူးသီးတောင်မြို့ကိုလည်း နိုဝင်ဘာလ ၁၀ ရက်၊ နံနက် နံနက် ၃ နာရီချိန်ခန့်က စစ်ကောင်စီက လာရောက်ဗုံးကြဲမှုကြောင့် ဘုန်းတော်ကြီးတစ်ပါး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။", "ဘူးသီးတောင်မြို့ အမှတ် ၅ ရပ်ကွက် စစ်ဘေးရှောင်များနေထိုင်သော မြစိမ်းရောင်ဘုန်းကြီးကျောင်းနှင့် အမှတ်၂ ရပ်ကွက်ရှိ စစ်ဘေးရှောင်များခိုလှုံနေသော လမ်းမကျောင်းတိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့သည်။", "ယင်းဗုံးကြဲမှုကြောင့် သက်တော် ၆၂ နှစ်ရှိ မြစိမ်းရောင်ကျောင်းမှ အရှင်ဦးဇဝန၊ အသက် ၄၅နှစ်အရွယ် ဦးဖော်တီနှင့် သားဖြစ်သူ အသက် ၁၁နှစ်အရွယ် မောင်မိုးခန့် အပါအဝင် လမ်းမကျောင်းတိုက်မှ အသက် ၃၁ နှစ်ရှိ ကိုအောင်သူအသက် ၂၄ နှစ်ရှိ ဒေါ်ချစ်စုမတို့မှာ ဒဏ်ရာရရှိသွားသည်။", "ဓာတ်ပုံ- အောက်တိုဘာ ၈ ရက်နေ့က တောင်ကုတ်မြို့ တန်းလွဲရွာမ ကို စစ်ကောင်စီက လေယာဉ်ဖြစ် ဗုံးကြဲခဲ့စဉ်က ပျက်စီးမှု အခြေအနေအား မြင်ရစဉ်၊"]
https://yktnews.com/2024/06/168333/
စစ်ကောင်စီက ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ပြီး TNLA တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု TNLA ရဲဘော် ၁ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရ
["စစ်ကောင်စီက ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ပြီး TNLA တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု TNLA ရဲဘော် ၁ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၁၈", "အကြမ်းဖက်စစ်ကောင်စီက ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး TNLA တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ TNLA ရဲဘော် ၁ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက် ကြီးဖြင့် ပစ်ခတ်၍ တအာင်းတပ်မတော် TNLA တပ်သား ၁ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး ၄ လုံးပစ်ခတ်ပြီး တအာင်းတပ်မတော် တပ်စခန်းရှိရာကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်က ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် TNLA စခန်းသို့ လက် နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၃ နာရီ ၄၄ မိနစ်အချိန်တွင် တစ်ကြိမ်၊ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင်လည်းကောင်း၊ မွန်းလွဲ ၃ နာ ရီ ၅၅ မိနစ်တွင်လည်းကောင်း လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော် တည်ရှိရာကို နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများနှင့် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ဓာတ်ပုံ- စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ယနေ့ ကျဆုံးသွားသော TNLA ရဲဘော်တစ်ဦး။"]
https://yktnews.com/2023/05/104677/
စစ်ကောင်စီက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အကြိမ်ရေ ၁၅၀ ခန့်ရှိပြီး ပြည်သူ ၁၅၉၂ ဦးသေဆုံးခဲ့
["စစ်ကောင်စီက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အကြိမ်ရေ ၁၅၀ ခန့်ရှိပြီး ပြည်သူ ၁၅၉၂ ဦးသေဆုံးခဲ့", "ရန်ကုန်| မေ ၂၇", "မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဒီမိုကရေစီအစိုးရအား ဖြုတ်ချ၍ အာဏာသိမ်း ပြီး နောက် စစ်အုပ်စုနှင့် အပေါင်းအပါတို့က ကျူးလွန်ခဲ့သော လူဦး ၅ ဦးထက်မ နည်း တပြိုင်နက်တည်းသေဆုံးခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ် စဉ် ပေါင်း အနည်းဆုံး ၁၄၇ ကြိမ်ရှိခဲ့ကြောင်း ဉာဏ်လမ်းသစ် သုတေသနအ ဖွဲ့မှ မေလ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။", "အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ၁၅၉၂ ဦးသေဆုံးခဲ့ရသည်ဟု ဉာဏ်လင်းသစ်ကဆိုသည်။", "ဆန္ဒပြပွဲများကို ဖြိုခွင်းစဉ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေကြောင်း တိုက် ခိုက်မှုကြောင့် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း၊ လက်နက်ကြီးများ ဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတို့တွင် ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။", "ယင်းအပြင် တိုက်ပွဲဖြစ်ပွားစဉ်နှင့် နယ်မြေရှင်းလင်းရေးလုပ်ရာတွင် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် တံဆိပ်ကပ် သတ်ဖြတ် ခြင်း များတို့တွင်လည်း ပြည်သူများ သေဆုံးခဲ့ရသည်။", "အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသော မြို့နယ်များမှာ ဝက်လက်၊ ယင်းမာ ပင်၊ ကလေး၊ ကန့်ဘလူ၊ ဖားကန့်နှင့် ပဲခူးမြို့တိုဖြစ်ကြသည်။", "မြန်မာစစ်တပ်သည် တပ်ဖြန့်ရန်နှင့် လေကြောင်းတိုက်ခိုက်ရန်အတွက် ရဟတ် ယာဉ်များကို အသုံးပြုပြီး ဗုံးကျဲခြင်းနှင့် ဂျက်ဖိုက်တာများဖြင့် တိုက်ခိုက်မှု ကြောင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၇ ကြိမ်ရှိခဲ့ကာ ပြည်သူ ၅၀၈ ဦး သေဆုံးခဲ့ရကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ဆိုသည်။", "အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းမှာ လေကြောင်းမှ ဗုံးကြံခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ချမှုူကြောင့် ဖြစ်သည်။", "၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ညနေက မန္တလေးတိုင်းဒေသ နွားထိုး ကြီးမြို့မှ အရပ်သား ၃ ဦး၊ မြို့အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ထန်းဂွရွာမှ အရပ် သား ၂ ဦးတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။", "နောက်နေ့ နွားထိုးကြီးမြို့အနောက်ဘက်တွင် ဇရပ်တစ်ခုအနီး ရုပ်အလောင်း တစ်လောင်းနှင့် ထန်းဂွရွာလမ်းဆုံတွင် ရုပ်အလောင်း လေးလောင်းတွေ့ခဲ့ ရသည်။", "အချို့အလောင်းများမှာ ခေါင်းဖြတ်ခံထားရပြီး လှီးဖြတ်ဒဏ်ရာများကို တွေ့ရပြီး လည်ပင်းတွင် ကျောက်ပန်းတောင်းသွေးသောက်အဖွဲ့ဟူသော ကတ်ပြားများ ချိတ် ဆွဲထားကာ ဒေသခံများက စစ်ကောင်စီအဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။", "ပုံစာ- စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ပြည်သူများကို စစ်တပ်က အစု လိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သဖြင့် အလောင်းများကို PDF များ ပြန်လည် ကောက်ယူလာစဉ်။ (ပုံအဟောင်းဖြစ်သည်။)"]
https://yktnews.com/2023/01/81116/
စစ်ကောင်စီက အတင်းအကျပ် လုပ်ဆောင်သည့် ကယားပြည်နယ်နေ့ အခမ်း အနား ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိ
["စစ်ကောင်စီက အတင်းအကျပ် လုပ်ဆောင်သည့် ကယားပြည်နယ်နေ့ အခမ်း အနား ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "ကယားပြည်နယ်စစ်ကောင်စီက ဦးဆောင်၍ ယနေ့ လွိုင်ကော်မြို့တော်ခန်းမတွင် ကယားပြည်နယ်နေ့ အခမ်းအနား လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲမှု ရဲ ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း ဒေသပြည်သူများနှင့်ကယားစစ်ကောင်စီသတင်းရပ်ကွက်ထံမှ သိရှိရသည်။", "ဇန်နဝါရီ ၁၅ ရက်နေ့ ကျရောက်သည့် ၇၁ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော် မြို့တော်ခန်းမတွင် ကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲချခြင်းဖြစ်ပြီး ဗုံးကျဲမှုကြောင့် ရဲ ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရှိရသည်။", "“ဗုံးကျဲခံရတာတော့ မှန်ပါတယ်။ လူနာတင်ကားတွေလည်း သွားတယ်။ ပေါက်ကွဲသံတွေလညည်းကြားရတယ်။ ပြန်ပစ်သံလည်း ကြားရတယ်။ မနက် ၇ နာရီ ၂၀ လောက်မှာ ၀ရုန်းသုန်းကားဖြစ်တာ။ ပွဲတက်တာကလည်း ဌာနဆိုင်ရာတွေနဲ့ ဘောမတွေချည်းပဲ တက်တာ” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ဆိုသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက KNDF အဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းရာ ကယားပြည်နယ်နေ့ အခမ်းအနား ဗုံးကျဲခံရသည့် ဖြစ်စဉ်ကို မသိရှိကြောင်း၊ စစ်တပ်ဘက်က လုံခြုံရေးတိုးမြှင့်ထားထားသည်ကိုသာ သိရှိကြောင်း ပြောဆိုသည်။", "“ကျနော်တို့တော့ သတင်းမကြားရသေးဘူး။ လွိုင်ကော်မှာ ရှေ့ တစ်ရက် နှစ်ရက်လောက်က လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားတာပဲ သတင်းကြားရတယ်။ ကျန်တဲ့ကိစ္စတွေတော့ ဘာမှ မသိရသေးဘူး။ ကျနော်တို့ ဘာမှ မသိရသေးပါဘူး” ဟု KNDF ပြန်ကြားရေး တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2025/04/212664/
စစ်ကောင်စီက အပစ်ရပ်ကြေညာထားချိန်တွင် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု ၁၁၀ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၀ ဦးသေဆုံးခဲ့
["စစ်ကောင်စီက အပစ်ရပ်ကြေညာထားချိန်တွင် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု ၁၁၀ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၀ ဦးသေဆုံးခဲ့", "စစ်ကောင်စီ၏ လုပ်ရပ်သည် “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” ခြင်းဟု KNU က ထုတ်ပြန်", "ရန်ကုန်၊ ဧပြီ ၂၇", "အကြမ်းဖက် စစ်ကောင်စီက အပစ်ရပ် ကြေညာထားချိန်တွင် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု ၁၁၀ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၀ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာထားသော အကြမ်းဖက် စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းရှိ ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ၊ ပြည်သူလူထုပိုင်အိုးအိမ် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းနှင့် အကြောင်းမဲ့ ဖမ်းဆီးထိမ်းသိန်းခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ် ပေါင်းများစွာကို ၁၁၀ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီသည် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၆၃ ကြိမ် ပြုလုပ်ခဲ့ပြီး ထိုလေကြောင်း တိုက်ခိုက်မှုများအတွင်း ပြည်သူ ၁၄ ဦး နှင့် ကိုရင် ၁ ပါး သေဆုံးခဲ့ပြီး သံဃာတော် ၂ ပါး၊ ကိုရင်ကြီး ၁ ပါး နှင့် အရပ်သား ပြည်သူ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း ၅ ကျောင်း နှင့် နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၄၃ ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးကျည် ထိမှန်ပြီး အပြစ်မဲ့ အရပ်သား ပြည်သူ ၅ ဦးသေဆုံးကာ ၁၈ ဦးထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၁၆ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ခြင်း ၁ ကြိမ် ပြုလုပ်ခဲ့ပြီး နေအိမ် ၄ လုံး နှင့် ဘုရားကျောင်း ၁ ကျောင်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် အပြစ်မဲ့ အရပ်သား ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်ဆီးခြင်း လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ ထောင်ထားသော မိုင်းနင်းမိကာ အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီတပ်မှ အပစ်အခတ် ရပ်စဲရေး ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သော်လည်း ယင်းထုတ်ပြန်ချက်သည် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ “လူသားချင်းစာနာထောက်ထားမှု အကူအညီများ” ကို ၎င်းထံသို့ စီးဆင်းစေရန် ရည်ရွယ်ချက်ဖြင့်သာ ထုတ်ပြန်ခြင်းဖြစ်ပြီး လက်တွေ့တွင် ၎င်းတို့ အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများ အုပ်ချုပ်ထားနိုင်သည့် မြို့ရွာများရှိ ပြည်သူလူထုများကို အဓိက ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း KNU ဗဟိုက ပြောဆိုထားသည်။", "စစ်ကောင်စီတပ်သည် ကြေညာထားသော အပစ်ခတ် ရပ်စဲရေး ကြေညာချက်နှင့် ၎င်းတို့၏ လက်တွေ့ လုပ်ရပ်များသည် “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” သကဲ့သို့ ဖြစ်နေပြီး ပြည်သူ လူထုများ အနေဖြင့် သဘာဝဘေးနှင့် စစ်ဘေးကို တပြိုင်နက်တည်း ခံစားနေကြရသောကြောင့် KNU အနေဖြင့်လည်း ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရေး အတွက် လိုအပ်သည့် ကာကွယ်ရေး အစီအမံများအား အဆက်မပြတ်လုပ်ဆောင်နေရမြဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/05/214148/
စစ်ကောင်စီက အပစ်ရပ်ကြေညာမှုကို ချိုးဖောက်ပြီး နောင်ချိုမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်ပြီး ထိုးစစ်ဆင်နေ
["စစ်ကောင်စီက အပစ်ရပ်ကြေညာမှုကို ချိုးဖောက်ပြီး နောင်ချိုမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်ပြီး ထိုးစစ်ဆင်နေ", "ရန်ကုန်၊ မေ ၁၁", "အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး သက်တမ်းကို ၁ လထပ်တိုးထားသော်လည်း ယင်းကြေညာချက်ကို ချိုးဖောက်ပြီး နောင်ချိုမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်ကာ ထိုးစစ်ဆင်နေကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် လေ ကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း၊ မေလ ၁၀ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန်", "နောင်ချိုမြို့နယ်၊ တအာင်းတပ်မတော် PSLF/TNLA ရှိရာ သရက်ချိုရွာအနီးတဝိုက်သို့ စစ်တပ်က ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "အလားတူ မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန် စစ်တပ်နှင့် TNLA တို့အကြား နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာအနီးတ၀ိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊နောင်ချိုမြို့ ဘူတာရပ်ကွက်၊ ဆမ္မဆယ်ရွာနှင့် အုမ္မတီးရွာတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် မေလ ၁၀ ရက်နေ့ ညနေ ​၄ နာရီ ၀၅ မိနစ်အချိန်တွင် ဗုံး ၇ လုံး လာရောက်ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးနှင့် ကား", "၁ စီး ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မေလ ၁၀ ရက်နေ့ န့နက် ၉ နာရီ ၃၂ မိနစ်အချိန် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်၊ တဲခေါ်ရွာမှ ဒရုန်းဖြင့် ဗုံး ၉ လုံးနှင့် အဆိပ်ငွေ့ဗုံး ၃ လုံးတို့ဖြင့် အုမ္မတီးကျေးရွာသို့ လာရောက်ကြဲချခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံး ၁၈ လုံးနှင့် လက်နက်ကြီးဖြင့် ၁၄ ကြိမ် နောင်ချိုမြို့ နယ် ၇ မိုင်နှင့် မတ်မန်းတောရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ မေလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၁၁ မိနစ်အချိန် စစ်ကောင်စီတပ်က မိုးကုတ်မြို့နယ်နှင့် ဆက်စပ်သည့် သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်တွင် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ် ၁ လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။", "ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်က အပစ်ရပ်သက်တမ်း ၁ လတိုးထားသော်လည်း နေ့စဉ်ဗုံးကျဲတိုက်ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း TNLA ကတိုက်တွန်းထားသည်။"]
https://yktnews.com/2023/07/113608/
စစ်ကောင်စီက အာဇာနည်နေ့ လူစည်ကားရေး တစ်မြို့နယ်လျှင် လူဦးရေ ၅၀ နှုန်း လာရောက်အလေးပြုရန်နှင့် ကားတိုင်း၊ မီးသတ်စခန်းတိုင်း ဥဩဆွဲရန် ညွှန်ကြား
["စစ်ကောင်စီက အာဇာနည်နေ့ လူစည်ကားရေး တစ်မြို့နယ်လျှင် လူဦးရေ ၅၀ နှုန်း လာရောက်အလေးပြုရန်နှင့် ကားတိုင်း၊ မီးသတ်စခန်းတိုင်း ဥဩဆွဲရန် ညွှန်ကြား", "ရန်ကုန်၊ ဇူလိုင် ၁၉", "စစ်ကောင်စီက ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား စည်ကားရေး တစ်မြို့နယ်လျှင် လူဦးရေ ၅၀ နှုန်း လာရောက်အလေးပြုရန်နှင့် ကားတိုင်း၊ မီးသတ်စခန်းတိုင်း ဥဩဆွဲရန် ညွှန်ကြားထားကြောင်း သိရှိရသည်။", "ယနေ့ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့တွင် ရွှေတိဂုံစေတီ မြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်တထောင်ရှိ ဝန်ကြီးများရုံး (ခေါ်) အတွင်းဝန်ရုံး တို့တွင် လူများ စည်ကားစေရန်အတွက် မြို့နယ်ထွေ/အုပ်များအနေဖြင့် တစ်မြို့နယ်လျှင် လူ ၅၀ စီဖြင့် လာရောက် အလေးပြုလည်ပတ်ကြရန်၊ အာဇာနည် ခေါင်းဆောင်များ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြို့နယ်တိုင်းရှိ ကားများ ဟွန်းတီးရန်နှင့် မီးသတ်စခန်းများက ဥဩများ ဆွဲကြရန် ညွှန်ကြားထားကြောင်း သိရှိရသည်။", "“အာဇာနည်နေ့မှာ အာဇာနည် ဗိမာန်ကိုလာရောက်အလေးပြုဖို့နဲ့ ဗိုလ်ချုပ်ပြတိုက်၊အတွင်းဝန်ရုံး တို့ကို လာရောက်ကြည့်ရှုဖို့ တစ်မြို့နယ်ကို လူဦးရေ ၅၀ စီ အနည်းဆုံးလာရောက်ဖို့ ရန်ကုန်တိုင်းအစိုးရ​ကမြို့နယ်တွေကို ညွှန် ကြားပါတယ်။ လာမဲ့လူအမည်စာရင်းအချက်အလက်ဖုန်းနံပါတ်ဓာတ်ပုံအကုန်ပေးရတယ်။ ကြို့ပို့ကားတွေမြို့နယ်တိုင်းကိုစီစဥ်ပို့ပေးတယ်။ မနှစ်က လူသိပ်မရှိတော့ ဒီနှစ်မှာ လူတွေ လာကြတယ် ၊ စည်ကားတယ်ဆိုတာကို ပြချင်တယ်။ နောက်တစ်ခါ ဥဩသံဆွဲဖို့ ကားတွေဟွန်းတီးဖို့ တိုင်းက မြို့နယ်တွေကို နှိုးဆော်ခိုင်းပါတယ်” ဟု", "ယမန်နှစ် ၂၀၂၂ ခုနှစ် ၇၅ နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို အကြမ်းဖက်စစ်တပ်က ဦးစီးပြုလုပ်သည့် အတွက် ပြည်သူ များက လာရောက်ခြင်းမရှိဘဲ လူအလွန်နည်းပါးခဲ့ကြောင်း၊ ထို့ကြောင့် ယမန်နှစ်အာဇာနည်နေ့တွင် စစ်တပ်က ကျောင်းကားအဝါဖြင့် စစ်တပ်ထောက်ခံသူများကို ခေါ်ဆောင်ကာ လူစည်ကားသယောင် စစ်တပ်ဝါဒဖြန့် သတင်းမီဒီယာများက ရိုက်ကူးရေး လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်က ၎င်းတို့ ဦးစီး ပြုလုပ်သည့် အခမ်းအနားများတွင် လူမရှိလျှင် စစ်တပ်ထောက်ခံသူများကို ထမင်းထုပ်နှင့် ငွေ ၅၀၀၀ ပေး၍ ခေါ်ယူအသုံးပြုမှုများ မကြာခဏ ဆိုသလို လုပ်ဆောင်လေ့ရှိသဖြင့် အဆိုပါ စစ်ထောက်ခံသူများကို ၅၀၀၀ စားများ ဟု ပြည်သူက ခေါ်ဆိုလေ့ရှိသည်။", "ဓာတ်ပုံ- ယမန်နှစ် အာဇာနည်နေ့ အခမ်းအနား လူမရှိသည့်အတွက် အဝါရောင် ကျောင်းကားများဖြင့် စစ်တပ်ထောက်ခံသူများကို အာဇာနည်ကုန်းသို့ ခေါ်ယူလာခဲ့ကြစဉ်။"]
https://yktnews.com/2023/09/121482/
စစ်ကောင်စီက အိမ်ရှင်အဖြစ် ကျင်းပရန်ရှိနေသည့် အာဆီယံ လေတပ် ဦးစီး ချုပ်များ ညီလာခံသို့ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ တက်ရန် ငြင်းပယ်
["စစ်ကောင်စီက အိမ်ရှင်အဖြစ် ကျင်းပရန်ရှိနေသည့် အာဆီယံ လေတပ် ဦးစီး ချုပ်များ ညီလာခံသို့ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ တက်ရန် ငြင်းပယ်", "JFM က အာဆီယံနိုင်ငံအားလုံးအနေဖြင့် စစ်ရာဇဝတ်တရားခံ မြန်မာ စစ်တပ်နှင့် မဆက်ဆံရန်၊ နေပြည်တော်ညီလာခံမတက်ရန် တောင်းဆို", "ရန်ကုန်၊ စက်တင်ဘာ ၈", "အကြမ်းဖက်စစ်ကောင်စီက အိမ်ရှင်အဖြစ် ကျင်းပရန်ရှိနေသည့် အာဆီယံ လေ တပ် ဦးစီးချုပ်များ ညီလာခံသို့ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံ တို့ တက် ရောက်မည်မဟုတ်ကြောင်း သိရှိရသည်။", "Justice For Myanmar(JFM) က အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် တရားမဝင် အကြမ်းဖက် စစ်ကောင်စီကို အာဆီယံ ကာကွယ်ရေး ဆိုင်ရာ လှုပ် ရှား မှု များတွင် ပါဝင်ခြင်းမပြုရေး တားဆီးရန် ပူးပေါင်းဆောင်ရွက်ခြင်း မပြု ရန် တောင်းဆိုသည်။", "မြန်မာလေတပ်မှ လေတပ်ဦးစီးချုပ် ထွန်းအောင်သည် AACC ၏ ဥက္ကဋ္ဌ ဖြစ်ပြီး လတ်တလော ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူများကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက် သတ်ဖြတ်ခြင်း၊ စာသင်ကျောင်း၊ ဘုရားရှိခိုး ကျောင်း များ၊ ကျေးရွာများကို ဗုံးကျဲဖျက်ဆီးခြင်း လုပ်ဆောင် လျက်ရှိကြောင်း သိရှိရသည်။", "လက်ရှိတွင် စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ ပြုလုပ်မည့် လေ တပ် ဦးစီးချုပ် ညီလာခံကို ထိုင်းနိုင်ငံက တက်ရောက်မည်ဟု အတည် ပြုထား ပြီး စင်ကာပူ၊ ဘရူနိုင်းနှင့် ဗီယက်နမ်တို့က တက်၊ မတက်ကို သေချာ ပြောဆို ခြင်း မရှိသေးကြောင်း AFP သတင်းအရ သိရှိရသည်။", "ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ်ကမူ ၎င်းအအနေဖြင့် နေပြည်တော်တွင် ပြုလုပ် မည့် အာဆီယံ လေတပ် ဦးစီးချုပ်ညီလာခံကို တက်၊ မတက် မှတ်ချက် ပေးရန် ငြင်းဆန်သည်။", "JFM အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ လေတပ်၊ ကြည်းတပ်နှင့် ရေတပ်ကို တိုက်ရိုက် ဆက်လက် ထောက်ပံ့နေ‌သော အာဆီယံကို ပြင်းပြင်း ထန်ထန် ရှုတ်ချထားပြီး မြန်မာစစ်တပ်သည် လူမျိုးတုန်းသတ်ဖြတ်မှု ၊ လူသားမျိုးနွယ် အပေါ် စစ်ရာဇဝတ်မှု ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေသော အကြမ်းဖက် စစ် တပ် ဖြစ်ကြောင်း ထောက်ပြထားသည်။", "ဩဂုတ်လ၊ နေပြည်တော်တွင် ရုရှားနှင့် မြန်မာ ပူးတွဲ ဥက္ကဋ္ဌ အဖြစ် ကျင်းပခဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင်မူ စင်ကာပူနိုင်ငံက တက်ရောက်ရန် ငြင်းပယ် ခဲ့သော တစ်နိုင်ငံတည်းသော အာဆီယံအဖွဲ့ဝင်အဖြစ် ရပ်တည်ခဲ့သည်။", "လာမည့် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရုရှားတွင် အကြမ်း ဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေး ပြုလုပ်မည်ဖြစ်ပြီး ယင်းစစ်ဆင်ရေးကို အာဆီယံနိုင်ငံများအနေဖြင့် ငြင်းပယ်ကြရန် JFM က တောင်းဆိုထားသည်။", "မြန်မာနှင့်နိုင်ငံတကာ လူမှု အဖွဲ့အစည်းများက အာဆီယံက မြန်မာ အကြမ်း ဖက်စစ်ကောင်စီနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းမှုများကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချထားပြီး မြန်မာကို အာဆီယံကာကွယ်ရေးဝန်ကြီးများဆိုင်ရာ အစည်းအဝေးများနှင့် လှုပ်ရှားမှုများမှ ထုတ်ပယ်ရန် သပိတ်မှောက်ရန် တောင်းဆိုထားသည်။", "“အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က အာဆီယံလေတပ်ဦးစီးချုပ် ညီလာခံကို တက်ဖို့ ငြင်းပယ်လိုက်တာက စစ်အုပ်စုကို သူတို့မှာအဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ခံမှု မရှိဘူး၊ ဆုံးရှုံးနေတယ်ဆိုတာကို ထင်သာ မြင်သာ ထင်ရှားတဲ့ သတင်းစကားပေးလိုက်တာပါပဲ။ ရက်စက်ယုတ်မာမှုတွေ ကျူးလွန်နေတဲ့ ရာဇ၀တ်စစ်တပ်က ဒေသဆိုင်ရာ ညီလာခံကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ မဖြစ်နိုင်ပါဘူး။ အခြားအာဆီယံလေတပ်အကြီးအကဲတွေဟာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ရဲ့ စံနမူနာကို လိုက်နာပြီး တရားမ၀င် စစ်ကောင်စီနဲ့ AACC ညီလာခံကို တက်ရောက်ဖို့ ငြင်းဆန်သင့်ပါတယ်။ အာဆီယံ အနေနဲ့ စစ်ရာဇ၀တ်ကောင်ဖြစ်တဲ့ လက်ရှိ AACC ဥက္ကဋ္ဌ လေတပ် ဦးစီးချုပ် ထွန်းအောင် ဦးဆောင်တဲ့ စစ်ကောင်စီနဲ့ သူ့ရဲ့ လေကြောင်း တိုက် ခိုက်မှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။ အာဆီယံအနေနဲ့ မြန်မာ နိုင်ငံအကျပ်အတည်းကို ဖြေရှင်းဖို့ သူ့ရဲ့ကိုယ်ပိုင်ကတိကဝတ်တွေကို လုံးဝ ဂရုမစိုက်ဘဲ တိုက်ရိုက် ပျက်ပြားစေတဲ့ မြန်မာစစ်တပ်ကို တရားဝင်မှုနဲ့ ပံ့ပိုးမှု တွေကို ရပ်တန့်ရပါမယ်။ စစ်တပ်ကို ကာကွယ်ရေး အစည်းအဝေးတွေနဲ့ လှုပ်ရှားမှု တွေကနေ တားမြစ်ဖို့နဲ့ စစ်တပ်က ပါဝင်လာတဲ့အခါ တက်ရောက်ဖို့ ငြင်းဆိုဖို့ အာဆီယံ အဖွဲ့ဝင်တွေကို တောင်းဆိုပါတယ်။” ဟု JFM ပြောခွင့်ရ ပုဂ္ဂိုလ် ရတနာမောင်က ပြောဆိုသည်။"]
https://yktnews.com/2024/04/156723/
စစ်ကောင်စီက ဦးစီး ပြုလုပ်သော ရန်ကုန်တိုင်းသင်္ကြန်မဏ္ဍပ်များ စည်ကားရေး တစ်မြို့နယ်မှ လူအင်အား ၅၀ ပါသော ရေပက်ခံကားများ ထွက်ခိုင်းပြန်
["စစ်ကောင်စီက ဦးစီး ပြုလုပ်သော ရန်ကုန်တိုင်းသင်္ကြန်မဏ္ဍပ်များ စည်ကားရေး တစ်မြို့နယ်မှ လူအင်အား ၅၀ ပါသော ရေပက်ခံကားများ ထွက်ခိုင်းပြန်", "ရန်ကုန်၊ ဧပြီ ၁၃", "ရန်ကုန်တိုင်းစစ်ကောင်စီက ဦးစီးပြုလုပ်သော ရန်ကုန်တိုင်း သင်္ကြန်မဏ္ဍပ်များ စည်ကားစေရေးအတွက် မြို့နယ်တစ်ခုလျှင် လူဦးရေ ၅၀ ပါသော ရေပက်ခံကားများဖြင့် အလည်အပတ်ထွက်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။", "ရန်ကုန်တိုင်းအတွင်းရှိ စည်ပင်သာယာရေးဝန်ထမ်းများ၊ ဌာဆိုင်ရာ ဝန်ထမ်းများသည် မြို့နယ်များအလိုက် မဏ္ဍပ်ရှိလျှင် သွားရောက်ရေကစားကြမည်ဖြစ်ပြီး ရေကစားရမည့် မဏ္ဍပ်မရှိလျှင် ရန်ကုန်တိုင်း ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ သင်္ကြန်မဏ္ဍပ်များသို့ ခြေလျင်ဖြစ်​စေ၊ ရေပက်ခံကားဖြင့် ဖြစ်စေ ရေကစားရမည်ဖြစ်ကြောင်း သိရှိရသည်။", "“ရန်ကုန်ပြည်သူ့ရင်ပြင်မှာ တိုင်းအဖွဲ့က ရေပက် မဏ္ဍပ်တွေနဲ့ ဖျော်ဖြေရေး စင်တွေ ဆောက်လုပ်ထားလို့ မြို့နယ်တိုင်းမှ တစ်မြို့နယ်ကို လူအင်အား ၅၀ ခန့်နဲ့ ရေပက်ခံကားတွေ အလှည့်ကျ ထွက်ခိုင်းတယ်”ဟု ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။", "ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ ထောင်နှင့်ချီသော စည်ပင်ဝန်ထမ်းများကိုလည်း ယခုသင်္ကြန်ကာလအတွင်း ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များသို့ သွားရောက် ပျော်ပါးကခုန်ကြရန်၊ လိုအပ်သော နေ့တွက်စရိတ်များ ထုတ်ယူနိုင်သည်ဟု ညွှန်ကြားပြောဆိုလာကြောင်း စည်ပင်ဝန်ထမ်း သတင်းရပ်ကွက်က ဆိုကြသည်။", "ဓာတ်ပုံ- ယမန်နေ့ ညနေပိုင်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သင်္ကြန်အတွက် ပြင်ဆင်နေစဉ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#ရန်ကုန်တိုင်းသင်္ကြန်မဏ္ဍပ်များ #ရေပက်ခံကားများ"]
https://yktnews.com/2023/12/135956/
စစ်ကောင်စီက ဦးစီးကျင်းပမည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများ ဗုံးခွဲခံရမည်စိုးရိမ်၍ လုံခြုံရေး အထူးတင်းကျပ်ရန် လျှို့ဝှက် ညွှန်ကြား
["စစ်ကောင်စီက ဦးစီးကျင်းပမည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများ ဗုံးခွဲခံရမည်စိုးရိမ်၍ လုံခြုံရေး အထူးတင်းကျပ်ရန် လျှို့ဝှက် ညွှန်ကြား", "ဖုန်းယူမလာရ၊ အခမ်းအနားပြီးဆုံးသည်အထိတက်ရမည်၊ လက်ကိုင်အိတ်မယူရ၊ X-ray စက် ဖြတ်ရမည် အပါအဝင် စစ်ဆေးရမည့် အချက် ၁၁ ချက် လုပ်ဆောင်ရမည်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၅", "အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် ၇၆ နှစ်မြောက် လွတ်လပ်ရေး အခမ်း အနားများတွင် ဗုံးခွဲခံရမည်စိုးရိမ်၍ လုံခြုံ ရေး အထူးတင်း ကျပ်ရန် လျှို့ဝှက် ညွှန်ကြားချက်များ ထုတ်ပြန်လိုက်ကြောင်း စစ်ကိုင်းတိုင်း စစ်ကောင်စီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုသည်။", "၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားများတွင် လုပ်ဆောင်စစ်ဆေးရမည့် စည်းကမ်းချက် ၁၁ ချက်ကို စစ်ကောင်စီက တိုင်း/ပြည်နယ်စစ်ကောင်စီများသို့ လျှို့ဝှက် ပေးပို့လိုက်ပြီး ယင်းတို့အထဲတွင်", "၁- ဆေးလိပ်/မီးခြစ်များ ယူဆောင်လာခြင်းမပြုရန်", "၂-ကွမ်းယာဗူး/ကွမ်းယာထည့်ထားသည့် ပလတ်စတစ်အိတ်များ ယူဆောင်လာခြင်းမပြုရန်။", "၃-သတ်မှတ်ထားသည့် လည်ဆွဲကတ်များ ချိတ်ဆွဲထားရှိရန်။", "၄- သတ်မှတ်ထားသော Phone Pass များ ပါရှိသူများသာ Phone ယူဆောင်စေပြီး Phone Pass မပါပါက ဖုန်းများကို အခမ်းအနားကျင်းပသည့် နေရာသို့ ယူဆောင်ခွင့်မပြုရန်။", "၅-မော်တော်ယာဉ် ဝင်/ထွက်ကတ်များအား ယာဉ်၏ ရှေ့ခန်းလေကာမှန်တွင် ကပ်ထားရန်။", "၆- အခမ်းအနားသို့ ခွင့်ပြုချက်ပေးထားသူများမှအပ ဓာတ်ပုံရိုက်ခြင်းမပြုလုပ်", "ရန်။", "၇-အခမ်းအနားသို့ တက်ရောက်လာသူအားလုံးသည် လက်ပွေ့အိတ်များ လက်ကိုင်အိတ်များ သယ်ယူလာခြင်းမပြုရန်။", "၈- ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို အိတ်အကြည်ဖြင့်သာ ထည့်သွင်းယူဆောင်လာရန်", "၉-အခမ်းအနားတက်သူများအားလုံးသည် အခမ်းအနားပြီးဆုံးသည်အထိ တက်ရန်နှင့် ကျန်းမာရေးကိစ္စရှိလျှင် သက်ဆိုင်ရာသို့ သတင်းပို့ပြီးမှ သွားရန်။", "၁၀- X-ray / Walk Through စက်များဖြင့် အစစ်ဆေးခံသွားရန်နှင့် နှလုံးစက်တပ်ထားသူများပါရှိလာပါက သီးခြား သတင်းပေးပို့သွားကြရန်။", "၁၁- အခမ်းအနားသို့ တက်ရောက်လာသူအားလုံးသည် ဝင်/ထွက်ခွင့်ပြုထားသည့် နေရာနှင့် သတ်မှတ်ထားသည့်နေရာမှအပ ကန့်သတ်နေရာများသို့ သွားလာခြင်းမပြုရန် တို့ကို စစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားထားသည်။", "ထို့ပြင် စစ်ကောင်စီက အခမ်းအနားကျင်းပမည့် နေရာများတွင် ဒရုန်း Jammer များ တပ်ဆင်ထားရန် ညွှန်ကြာထားပြီး အခမ်းအနားကျင်းပနေသည့်နေရာနှင့် ၃ မိုင်ပတ်လည်တွင် လုံခြုံရေးများများ တင်းတင်းကျပ်ကျပ် ချထားရန် ရဲနှင့်စစ်ဘက်ဆိုင်ရာများကို လျှို့ဝှက်သီးခြားညွှန်ကြားမှုများ ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/169601/
စစ်ကောင်စီက ၎င်းတို့ သတ်မှတ်ဆန်စျေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိ စျေးများ၊ ကုန်စုံဆိုင်များ၊ ပွဲရုံများနှင့် စူပါမားကတ်များကို လိုက်လံစစ်ဆေးမည်
["စစ်ကောင်စီက ၎င်းတို့ သတ်မှတ်ဆန်စျေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိ စျေးများ၊ ကုန်စုံဆိုင်များ၊ ပွဲရုံများနှင့် စူပါမားကတ်များကို လိုက်လံစစ်ဆေးမည်", "ရန်ကုန်၊ ဇွန် ၂၃", "အကြမ်းဖက်စစ်ကောင်စီက ပြင်စျေးကွက်ပေါက်စျေးထက် များစွာ လျော့ နည်းသော ဆန်စျေးနှုန်းများကို သတ်မှတ်စျေးနှုန်းများ အဖြစ် ထုတ်ပြန်လိုက်ပြီး စူပါမားကတ်များ၊ စျေးများနှင့်ကုန်စုံဆိုင်များတွင် စစ်ကောင်စီ၏ သတ်မှတ်ဆန်စျေးထက် ပို၍ ရောင်းချမှု ရှိ၊ မရှိ စစ်တပ်က လိုက်လံစစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီထံမှသိရှိရသည်။", "ရန်ကုန်၊ မန္တလေး ၊ ပဲခူး ပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီ၏ သတ်မှတ်ဆန်စျေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိကို ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ဦးဆောင်ကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရဲ၊ စားသုံးသူရေးရာ၊ စစ်တပ် တို့က လိုက်လံ စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။", "“အခု ထုတ်ပြန်ထားတဲ့ သတ်မှတ်ဆန်စျေးနဲ့ ရောင်းမရောင်း လိုက်ပြီး စစ်ဖို့အဖွဲ့တွေ ဖွဲ့ထားတယ်။ တကယ်လို့ သတ်မှတ်စျေးထက် ၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထက် ပိုများနေတယ်ဆိုရင် အရေးယူမှုတွေ ရှိနိုင်ပါတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။", "စစ်ကောင်စီက ဇွန်လအတွက် ဆန်စျေးနှုန်းများကို သတ်မှတ်ထားပြီး အနိမ့်ဆုံး ဆန်ကြမ်းစျေးနှုန်းကို ၂၄ ပြည်တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀၀ မှ စတင်သတ်မှတ်ပြီး အမြင့်ဆုံး ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရှိရသည်။", "စျေးကွက်အတွင်း ရောင်းချမည်ဆိုလျှင် ဆန်စျေးနှုန်းများသည် စစ်ကောင်စီက သတ်မှတ်ထားသော ဆန်စျေးနှုန်းထက် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသာ ကွာဟရမည်ဖြစ်ကြောင်း၊ စူပါမားကတ်များ၊ မီနီမတ်များတွင် သတ်မှတ်ဆန်စျေးနှုန်းထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်းသာ ကွာဟရမည်ဖြစ်ကြောင်း စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှတစ်ဆင့် ထုတ်ပြန်ထားသည်။"]
https://yktnews.com/2022/12/76972/
စစ်ကောင်စီကပရဟိတအသင်းများကို မဲစာရင်း ပြုစုရန် ရွေးကောက်ပွဲကော် မရှင်တွင် အတင်း အကျပ် ထည့်သွင်း၊ လူနာ သယ်ယူပို့ဆောင် ရေး စစ် ကောင်စီ ထံ အကြောင်းကြားပြီးမှ လုပ်ရမည်ဟု ညွှန်ကြားချက် ထုတ်
["စစ်ကောင်စီကပရဟိတအသင်းများကို မဲစာရင်း ပြုစုရန် ရွေးကောက်ပွဲကော် မရှင်တွင် အတင်း အကျပ် ထည့်သွင်း၊ လူနာ သယ်ယူပို့ဆောင် ရေး စစ် ကောင်စီ ထံ အကြောင်းကြားပြီးမှ လုပ်ရမည်ဟု ညွှန်ကြားချက် ထုတ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "အကြမ်းဖက်စစ်ကောင်စီက အသိပေးခြင်းမရှိဘဲ ပရဟိတအသင်းများကို မဲစာ ရင်း ပြုစုရန် ရွေးကောက်ပွဲကော်မရှင် တွင် အတင်းအကျပ် ထည့်သွင်း ထား ကြောင်း ရန်ကုန်အခြေစိုက် ပရဟိတ အသင်းတချို့ထံမှ သိရှိရသည်။", "ရန်ကုန်တွင် အကြမ်းဖက်စစ်ကောင်စီက ပရဟိတ အသင်းများမှ အဖွဲ့ဝင်များ ကို ရွေးကောက်ပွဲ အတွက်စာရင်းပြုစုရန် မပြောမဆို အကြောင်းမကြားဘဲ အမည်စာရင်းများ ထည့်ထားသွားထားကြောင်း၊ ပရဟိတ အသင်းတချို့၏ ဥက္ကဌများကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ ကော်မရှင်အဖွဲ့ဝင်များအဖြစ် စာရင်း ထည့်သွင်းထားကြောင်း၊ သိရှိရသည်။", "“ပရဟိတ အသင်းတွေကို ဘာမှ အကြောင်းကြားခြင်းလည်းမရှိဘူး။ ပရဟိတ အသင်းရဲ့ စာရင်းတွေအတင်းတောင်းပြီး မဲစာရင်းကောက်ဖို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွေထဲမှာ ထည့်သွင်းထားတယ်။ ပရဟိတအသင်းတွေဘက်က ဘာမှ မသိရဘူး။ အခုစာတွေ ထွက်လာနေပြီ” ဟု ရန်ကုန်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။", "အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ပရဟိတ အသင်းများကို အသင်း အဖွဲ့ ဥပဒေနှင့် ထိန်းချုပ်မှုများရှိနေပြီး လူနာများသယ်ယူပို့ဆောင်ခြင်း၊ လူနာ များကို ကူညီခြင်းအပါအဝင် ပရဟိတ လုပ်ငန်းမှန်သမျှကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ထံ အကြောင်းကြားပြီးမှ ကူညီရေး လုပ်ဆောင်ရန် ညွှန်ကြား လာ ကြောင်း၊ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ် ရေးကောင်စီကို အကြောင်းမကြား၊ ခွင့်ပြုချက် မရရှိဘဲ လူနာသယ်ယူပို့ဆောင်ခြင်း၊ အလောင်းကောက်ခြင်းများ လုပ်ဆောင်ပါက အသင်းဖျက်သိမ်းမည်ဟု ဖိအားပေးမှုများ ရှိနေကြောင်း သိရှိရသည်။", "“လူနာသယ်တာဖြစ်ဖြစ်၊ အလောင်းကောက်တာဖြစ်ဖြစ် ရပ်ကွက်လူကြီး၊ ရာအိမ် မှူး၊ နောက်တစ်ခါ မြို့နယ်ကို Viber နဲ့ အကြောင်းကြားခိုင်းတယ်။ သူတို့ကို အကြောင်းကြားပြီးမှ လုပ်ပေါ့။ ခွင့်ပြုချက်တင်ခိုင်းတဲ့သဘောမျိုးပဲ။ သေရေးရှင်ရေးတောင် သူတို့ ခွင့်ပြုမှ လုပ်ရမယ်ဆိုတာမျိုး ဖြစ်လာတာ။ အခြားတစ်ဖက်မှာလည်း အသင်းအဖွဲ့ ဥပဒေနဲ့ တင်းကျပ်ထားတာ လည်းရှိ တယ်။ ပရဟိတအဖွဲ့တွေကို စစ်ကောင်စီ ဒေါက်တိုင်အဖြစ် အတင်းအကျပ် ထည့်သွင်းနေတဲ့ သဘောလို့ ပြောလို့ရတယ်” ဟု မန္တလေးအခြေစိုက် ပရဟိတ အဖွဲ့တစ်ခုက ပြောဆိုသည်။", "ဓာတ်ပုံ- ယမန်နှစ် စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြပွဲတွင် ကျန်းမာရေး ဆေး အကူ ပေးနေသော ပရဟိတအဖွဲ့များကို စစ်တပ်က အကြမ်းဖက် ရိုက်နှက်ခဲ့ သည့်မြင်ကွင်း။"]
https://yktnews.com/2023/10/127237/
စစ်ကောင်စီကို ဂြိုလ်တုနဲ့ ဆက်သွယ်ရေး ဆက်စပ်ပစ္စည်းများ ရောင်းချခဲ့တဲ့ ဂျာမနီ ဆက်သွယ်ရေးကုမ္ပဏီ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခံနေရ
["စစ်ကောင်စီကို ဂြိုလ်တုနဲ့ ဆက်သွယ်ရေး ဆက်စပ်ပစ္စည်းများ ရောင်းချခဲ့တဲ့ ဂျာမနီ ဆက်သွယ်ရေးကုမ္ပဏီ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခံနေရ", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "မြန်မာ အကြမ်းဖက်စစ်အုပ်စုကို ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရောင်းချခဲ့တဲ့ ဂျာမန်ဂြိုဟ်တုဆက်သွယ်ရေး ကော်ပိုရေးရှင်း ND SatCom ကို ဂျာမနီ အစိုးရဘက်က ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ Justice For Myanmar က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။", "အဲ့ဒီ့ စုံစမ်းစစ်ဆေးမှုတွေဟာ Justice For Myanmar က ပေးအပ်ခဲ့တဲ့ သုတေသနဲ့ အထောက်အထားတွေကို အခြေခံပြီး ဂျာမနီ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ တိုင်ကြားမှုတွေကြောင့် စုံစမ်းစစ်ဆေးမှုတွေကို စတင်ပြုလုပ်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။", "ND SatCom ဟာ ဂျာမနီ နိုင်ငံ အင်မန်းစတာ့ဒ်မြို့တွင် အခြေစိုက်တဲ့ ဂျာမန်ဂြိုဟ်တုဆက်သွယ်ရေး ကော်ပိုရေးရှင်း တစ်ခုဖြစ်ပါတယ်", "ကုမ္ပဏီ ရဲ့ ဝက်(ဘ်) ဆိုဒ်အရ “စစ်ဘက်ဂြိုလ်တု ဆက်သွယ်ရေး စနစ်များအတွက် ဒီဇိုင်းရေးဆွဲခြင်း၊ အဆင်သင့် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးခြင်း (Turnkey delivery) နှင့် ထောက်ပံ့ပို့ဆောင်ရေး အကူအညီများ လုပ်ဆောင်တဲ့ ကုမ္ပဏီလို့ ဖော်ပြထားပါတယ်။", "ND SatCom ဟာ မြန်မာစစ်အုပ်စုအတွက် ၂၀၁၆ ခုနှစ်က စတင်ပြီး မိတ္ထီလာဌာနချုပ်စခန်း၊ အချက်ပြ ထုတ်လွှင့်ရေးဌာန၊ လက်ကိုင်ရေဒီယို ဖုန်းစနစ်များအတွက် အသုံးပြုတဲ့ 5G ဂြိုလ်တု ဆက်သွယ်ရေး ဟာ့ဒ်ဝဲနှင့် ဆော့ဝဲလ်များအပါအဝင် မြန်မာစစ်အုပ်စု၏ ဂြိုလ်တုဆက်သွယ်ရေးစနစ် အတွက် အရေးပါတဲ့ ပံ့ပိုးကူညီမှုများကို ပေးအပ်ခဲ့တယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်နိုင်ခဲ့တာပါ။", "ND SatCom က ၎င်းရဲ့ စက်ပစ္စည်းတွေ ကို စစ်အုပ်စု အာဏာသိမ်းခါနီး ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဗီယက်နမ်နိုင်ငံမှတဆင့် မြန်မာစစ်အုပ်စုထံ ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။", "အထူးသဖြင့် ဂြိုလ်တုမိုဒမ်များ (modems) တွေကို စစ်အုပ်စုရဲ့ ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှုးရုံးကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။", "အခုလို ရောင်းဝယ်မှုတေအတွက် ပြည်တွင်းက ခရိုနီကုမ္ပဏီဖြစ်တဲ့ A1 Group of Companies ရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ မြန်မာပုဂ္ဂလိကကုမ္ပဏီ Terabit Wave Company Limited က ဗီယက်နမ်ကုမ္ပဏီ OSB Investment and Technology JSC (“OSB”) နဲ့ ပူးပေါင်းပြီး ဆက်သွယ်ရေးပစ္စည်းတွေကို ကြားခံပွဲစားအဖြစ် ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။", "Terabit Wave နှင့် OSB တို့ဟာ မြန်မာနိုင်ငံမှာ ဖက်စပ်လုပ်ငန်းတစ်ခုအဖြစ် Com & Com Company Limited ကို လုပ်ကိုင်ပြီး၊ အဲ့ဒီ့ ကုမ္ပဏီဟာ မြန်မာစစ်အုပ်စု၊ ဆက်သွယ်ရေးညွှန်ကြားရေးမှုးရုံးရဲ့ ND SatCom စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအပါအဝင် စစ်ဘက်နဲ့ အရပ်ဘက် ဂြိုလ်တု ဝန်ဆောင်မှုတွေကို ပေးအပ်ခဲ့တယ်လို့ JFM ကဖော်ထုတ် တွေ့ ရှိခဲ့တာပါ။", "“ND SatCom အပေါ် ရာဇ၀တ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်တာကို ကြိုဆိုပါတယ်။ ND SatCom အပေါ် အရေးယူ ဆောင်ရွက်မှုတွေ အလျင်အမြန် ဆောင်ရွက်ဖို့နဲ့ ဂျာမန်စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို မြန်မာစစ်အုပ်စု ရရှိနေတာကို ဖြတ်တောက်ဖို့ ဂျာမန်အာဏာပိုင်တွေကို တိုက်တွန်း တောင်းဆိုပါတယ်” JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။", "ဆက်လက်ပြီး “ဂျာမနီအနေနဲ့ ဥပဒေချိုးဖောက်မှုတွေကို သည်းခံမှာ မဟုတ်ကြောင်း ပြသရမှာ ဖြစ်ပါတယ်။ အခြား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့လည်း စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ နည်းပညာတွေ တရားမဝင် လွှဲပြောင်းရောင်းချခဲ့ကြတဲ့ သက်ဆိုင်ရာကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး၊ ဥပဒေအရ တာဝန်ခံစေဖို့ တောင်းဆိုပါတယ်” ဟု မရတနာမောင်က ဆိုပါတယ်။", "မြန်မာစစ်အုပ်စုကို ပံ့ပိုးကူညီပြီး၊ စစ်ကောင်စီ ကျူးလွန်နေတဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေမှာ ပါဝင် ပတ်သက်လာတဲ့ A1 ကုမ္ပဏီအုပ်စု၊ OSB Investment and Technology JSC ကုမ္ပဏီနဲ့ ၎င်းတို့ရဲ့ ဒါရိုက်တာများနဲ့ ပိုင်ရှင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်နိုင်ဖို့ကိုလည်း Justice For Myanmar ကတစ်ဆက်တည်း တောင်းဆိုထားပါတယ်။"]
https://yktnews.com/2023/09/124449/
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ကိုးကန့် MNDAA မှ ကိုယ်စားလှယ်အဖွဲ့ “ဝ” ပြည်နယ်သို့ ချစ်ကြည်ရေး ခရီး သွားရောက်
["စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ကိုးကန့် MNDAA မှ ကိုယ်စားလှယ်အဖွဲ့ “ဝ” ပြည်နယ်သို့ ချစ်ကြည်ရေး ခရီး သွားရောက်", "ရန်ကုန်၊ စက်တင်ဘာ ၂၉", "အကြမ်းဖက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ကိုးကန့် MNDAA မှ ကိုယ်စားလှယ်အဖွဲ့ က “ဝ” ပြည်နယ်သို့ ချစ်ကြည်ရေး ခရီး သွားရောက် ကြောင်း ကိုးကန့် The KoKang သတင်းဌာန က သတင်းထုတ်ပြန်သည်။", "စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကိုးကန့်MNDAA မှ ဗိုလ်မှူးချုပ် Peng Kun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဆောင်းဦးရာသီ ပွဲတော်အချိန်ကာလ ချစ်ကြည် ရေး ခရီးစဉ်အဖြစ် “၀”ပြည်နယ်သို့ လာရောက်ခြင်းဖြစ်ကြောင်း၊ MNDAA ကိုယ်စားလှယ်အဖွဲ့ကို “၀” ပြည်နယ် အစိုးရနှင့် တပ်မတော်တို့က ကြိုဆိုကြကြောင်း သိရှိရသည်။", "ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြပြီး နှစ်ဖက် အဆင့် မြင့် အရာရှိကြီးများ ပါဝင်ကြောင်း၊ တော်လှန်ရေးခရီးတွင် မျိုးဆက်ဟောင်း များထံမှ အမွေဆက်ခံခဲ့သော တော်လှန် ရေးချစ်ကြည်ရင်းနှီးမှုသည် မျိုးဆက် သစ် လူငယ်များထံ ဆက်လက် လက်ဆင့်ကမ်း သွားမည်ဟု ပြောကြားခဲ့ ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/78671/
စစ်ကောင်စီကို ထိုးနှက်နိုင်သည့် အခြေအနေ ရောက်ရှိနေ ပြီဖြစ်ပြီး နယ်မြေ များသိမ်းပိုက်နိုင်ရန် ကြိုးပမ်းရမည်ဟု MDY PDF က တရားဝင်ထုတ်ပြန်
["စစ်ကောင်စီကို ထိုးနှက်နိုင်သည့် အခြေအနေ ရောက်ရှိနေ ပြီဖြစ်ပြီး နယ်မြေ များသိမ်းပိုက်နိုင်ရန် ကြိုးပမ်းရမည်ဟု MDY PDF က တရားဝင်ထုတ်ပြန်", "ရန်ကုန်၊ ဇန်နဝါရီ ၂", "အကြမ်းဖက်စစ်ကောင်စီကို ထိုးနှက်နိုင်သည့် အခြေအနေ ရောက်ရှိနေ ပြီ ဖြစ် ကြောင်း MDY PDF က ဇန်နဝါရီလ ၁ ရက်နေ့ တရားဝင် သတင်းထုတ် ပြန် သည်။", "MDYPDF မှ ကိုမုန်တိုင်းက နှစ်သစ်ကူးအဖြစ် ပြည်သူများသို့ နှုတ်ဆက် စ ကား ထုတ်ပြန်ထားစဉ် MDY PDF ၏ အခြေအနေသည် ရန်သူ စစ်တပ်ကို ထိုးနှက် နိုင်သည့် အခြေအနေမျိုးရောက်ရှိနေပြီဖြစ်ပြီး ပြည်သူများ၏ ကူညီမှု များကို ကျေးဇူးတင်ကြောင်း ပြောဆိုထားသည်။", "“MDY_PDF ကို စတင်စုဖွဲ့တဲ့အခါမှာ စနစ်တကျစုဖွဲ့မှုဆိုတဲ့ ခေါင်းစဉ် အောက် မှာ COC (၂) ရပ် အသက်ဝင်ဖို့ ပြည်သူကို ကိုယ်စားပြုမယ့် လူသားဆန်တဲ့ တော်လှန်ရေးတပ်မတော် တစ်ခုကို တည်ဆောက်ခဲ့/တည်ဆောက်နေ တာဖြစ် တယ်။ တစ်နှစ်ကျော်ကာလ (၂)နှစ်ဝန်းကျင်အတွင်း အတိုင်းတာတစ်ခုအထိ လုပ်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။(ကျေနပ် ရောင့်ရဲ တင့်တိမ်နေဖို့ ဆိုလိုချင် တာမဟုတ်)။ ဘာပဲဖြစ်ဖြစ် ခုလို ပီပြင်စွာ စုဖွဲ့လာနိုင်ပြီး တိုက်ပွဲတွေအတွင်း ရန်သူကို ထိုးနှက်လာနိုင်တဲ့ အခြေနေမျိုးထိ ရောက် ရှိလာတာဟာ ကျနော်တို့ တစ်ဦးချင်း ရဲဘော်တစ်ဦးချင်းရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ခင်ဗျားတို့ရဲ့ ပါဝင်လုပ် ဆောင် ပေးမှုတွေကြောင့် ဒီအခြေအနေထိ ရောက်ရှိလာတာဖြစ်တယ်။ (ပြည်သူ တွေ ရဲ့လှုဒါန်းမှူ/ချိတ်ဆက် ကူညီမှူတွေဟာလည်း မမေ့ရမယ့် အခန်းကဏ္ဍပါ)” ဟု ကိုမုန်တိုင်းက ရေးသားထားသည်။", "အကြမ်းဖက် စစ်အာဏာရှင်ကို ၂၀၂၃ ခုနှစ်တွင် အားလုံး စည်းလုံးညီညွတ်စွာ ဖြင့် တိုက်ပွဲဝင်ကြရန် ကိုမုန်တိုင်းက တိုက်တွန်းထားသည်။", "“ဒီ ၂၀၂၃ ဟာ ပြင်ရင်းလုပ်ပြီး အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲတွေကို ပုံဖော်ရ မယ့် ကာလတစ်ခုပါ။ အဆုံးဖြတ်ပေးမယ့် တိုက်ပွဲတွေ အောင်မြင်ဖို့ဆိုရင် တော်လှန် ရေး အင်အားစုတွေရဲ့တည်ဆောက်ထားတဲ့ လုပ်ငန်းစဉ်တွေ စနစ်တကျ လည်ပါတ်နိုင်ဖို့လိုအပ်ပါတယ်။ ၂၀၂၃ ဟာ ကျနော်တို့တွေ ဒီထက်ပိုပြီးစည်းလုံး ညီညွှတ်နေဖို့လိုပါမယ်။ တပ်ဖွဲ့တစ်ခု၊ အင်အားစုတစ်စုရဲ့ ပြိုကွဲစေတဲ့ အကြောင်းအခြင်းအရာတွေများစွာထဲက တစ်ခုဟာ စည်းလုံးမှုတွေ ယုံကြည်မှုတွေ ပျက်ပြားလာကြတဲ့အခါမှာ ပျက်စီးတတ်တဲ့သဘောပါ။ နောက် တစ်ခုက လက်နက်ကိုင် တော်လှန်ရေးလုပ်တာဖြစ်တဲ့အတွက် စစ်ပွဲတွေ ရှုံးနိမ့် ရင်လည်း ပြိုကွဲစေပါတယ်။ စစ်ပွဲတွေ အောင်မြင်နိုင်ဖို့ဆိုရင်လည်း စည်းလုံး ညီညွှတ်မှု၊ သွေးမကွဲမှုဆိုတဲ့ အရာတွေရှိမှ ကျနော်တို့တိုက်ပွဲတွေဟာ အောင် မြင်နိုင်မှာပါ။။ လိုတိုရှင်း ပြန်ချုပ်ရရင် ၂၀၂၃ ဟာ ကျနော်တို့ နိုင်မယ်ဆိုတဲ့ အဆုံးဖြတ်ပေါ်လွှင်မယ့်နှစ်ပါ။ လက်ရှိအခြေနေဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အသာစီးရနေတဲ့ အခြေနေပါ။ NUG/MOD ရဲ့ စစ်ရေး နိုင်ငံရေး လက်ရှိအခြေနေဟာ အင်မတန်မှ နှစ်ထောင်းအားရဖွယ် အခြေနေပါ။ အဲ့တော့ ကျနော်တို့ MDY-PDF အနေနဲ့ စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ အကြမ်းဖက် စစ် အုပ်စုကို အမြစ်ဖြတ် ခြေမှုန်းပြီး ဒင်းတို့ မတရားပြုကျင့် စိုးမိုးအုပ်ချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားကြရမယ်။ ပြည်သူများ ကောင်း ကောင်းမွန်မွန် အေးအေးချမ်းချမ်းနေထိုင်နိုင်တဲ့ ပြည်သူ့ ကိုယ်ပိုင် နယ်မြေများတည်ဆောက်နိုင်ဖို့အတွက် ကျနော်တို့ ဆက်လက် ရုန်းကြ ရမှာဖြစ်တယ်။ ယခု ရရှိနေတဲ့ အားသာချက်တွေ၊ အလားအလာ ကောင်းတွေ နဲ့တင် အားရကျေနပ်မနေပဲ နိုင်ငံအတွက် အဆုံးအဖြတ်နှစ်ဖြစ်အောင် စည်း စည်း လုံးလုံး ညီညီညွတ်ညွတ်ဆောင်ရွက်ကြရပါမယ်” ဟု ကိုမုန်တိုင်းက အသိပေး ရေးသားထားသည်။", "ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည့် လက်နက်အပြည့်အစုံဖြင့် MDY PDF တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2024/07/175210/
လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့ ဦးဆောင်၍ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ထံတွင် လက်နက်ချ အလင်းဝင်
["စစ်ကောင်စီကို ပြန်လည် တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင်ပါဝင်လိုကြောင်း လက်နက်ချ စစ်သားများက ပြောဆို", "ရန်ကုန်၊ ဇူလိုင် ၂၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့ ဦးဆောင်၍ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ထံတွင် လက်နက်ချ အလင်းဝင်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ ဦးကိုခေါ်ဆောင်၍ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၃၁၇ ဦးကို MNDAAတပ်သို့ လက်နက်ချအလင်းဝင်ခဲ့ပြီး မင်းအောင်လှိုင်၏အာဏာသိမ်းတပ်အား တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရသည်။", "MNDAAနိုင်ငံရေးဌာန၏ ရှေ့တန်းလုပ်ငန်းအဖွဲ့မှ လက်နက်ချအလင်းဝင်လာသူတို့အား လက်ခံခဲ့ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ လက်နက်ချမှုနှင့် တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်လိုသည့်ဆန္ဒကို ကြိုဆိုခဲ့ပြီး လူတိုင်း၏ကိုယ်ရေးကိုယ်တာလုံခြုံမှုကို အာမခံချက်ပေးထားကြောင်း သိရှိရသည်။", "MNDAAတပ်ဖွဲ့၏ မူဝါဒအရ စစ်သုံ့ပန်းများအတွက် ဦးစားပေး ကုသရေး မူဝါဒအရ MNDAAတပ်ဖွဲ့သည် လက်နက်ချသော ဝန်ထမ်းများအတွက် အခြေခံ အသက်မွေးဝမ်းကြောင်း လုံခြုံမှုကိုသာမက ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဖျားနာသော ဝန်ထမ်းများအား အချိန်မီ ဆေးဝါးကုသမှု ပေးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် တပ်ဖွဲ့ဝင်များထံ လက်နက်ချအလင်းဝင်သူတို့ကိုလက်ခံချိန် MNDAAတပ်ဖွဲ့ က သေနတ်နှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2025/03/206020/
စစ်ကောင်စီကို လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ရေးသားသည်ဟုဆိုကာ ပြည်သူ ၁၈၈၄ ဦး ကို စစ်တပ်က ဖမ်းဆီးခဲ့
["စစ်ကောင်စီကို လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ရေးသားသည်ဟုဆိုကာ ပြည်သူ ၁၈၈၄ ဦး ကို စစ်တပ်က ဖမ်းဆီးခဲ့", "ရန်ကုန်၊ မတ် ၂", "အကြမ်းဖက် စစ်ကောင်စီကို လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ရေးသားသည်ဟုဆိုကာ ၄ နှစ်ကျော်ကာလအတွင်း ပြည်သူ ၁၈၈၄ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း Data for Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးမှုများထဲတွင် ၂ဝ၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များ၌ ဖမ်းဆီးခံရသည့် အွန်လိုင်း အသုံးပြု သူဦးရေ ပျမ်းမျှ ၇ဝဝ ကျော်ရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဖမ်းဆီးမှုများ ထက်ဝက်လျော့ကျခဲ့ကာ ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၁၁၉ မြို့နယ်မှ အွန်လိုင်း အသုံးပြုသူ ၃၇၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အများစုသည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလတို့တွင် မြို့နယ်ပေါင်း ၁၄ မြို့နယ်မှ အွန်လိုင်း အသုံးပြုသူ ၂ဝ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။", "Data for Myanmar ၏ စုစည်းထားမှုအရ ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅ဝ ဦးခန့်သည် လစဉ် ဖမ်းဆီးခံနေရခြင်း ဖြစ်ကာ ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးခံရသူ ၈၇၄ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၆၁၅ ဦး ၊ ၂ဝ၂၄ ခုနှစ်တွင် ဖမ်းဆီးခံရသူ ၃၇၅ ဦးနှင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန် အထိ ၂၀ ဦး ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ဖမ်းဆီးခံရသူအများစုသည် Facebook ပေါ်တွင်ရေးသားမျှဝေမှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး Tik Tok ၊ Telegram နှင့် Viber များပေါ်တွင်လည်း ရေးသားမျှဝေသည့်အတွက် ဖမ်းဆီးခံရမှု အချို့ ရှိကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူ အများစုသည် ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်းမှ အွန်လိုင်းအသုံးပြုသူများ ဖြစ်ပြီး စုစုပေါင်း ၉၁၅ ဦးရှိကာ အများစုသည် Facebook ပေါ်တွင်ပြောဆိုရေးသားမှုများကြောင့်ဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက် ဖြတ်တောက်ခြင်း ၊ အင်တာနက် ဝက်ဘ်ဆိုဒ် စာမျက်နှာများကို ပိတ်ပင်ခြင်း အပြင် Facebook ကဲ့သို့ လူသုံးများသည့် လူမှုကွန်ယက် ပလက်ဖောင်းများကို အသုံးမပြုနိုင်အောင် ပိတ်ပင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ၂ဝ၂၂ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လူမှုကွန်ယက်မှ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပါက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) ၊ တည်ဆဲဥပဒေများနှင့် အရေးယူခံရမည်ဟု အကြမ်းဖက် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ကြောင်း၊ PDF Game များကို မဆော့ရန်၊ အမုန်းစကားများ မပြောကြရန် စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင်ဖော်ပြခဲ့ကာ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဖမ်းဆီးအရေးယူခြင်းများ စတင်လုပ်ဆောင်ခဲ့ကြောင်း Data for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "အစောပိုင်းတွင် Facebook ကဲ့သို့ လူသုံးများသည့် လူမှုကွန်ယက်မီဒီယာများတွင် ပြောဆိုရေးသားမှုများကိုသာ အဓိကထား အရေးယူခဲ့ပြီး ၂၀၂၃ နှင့် ၂ဝ၂၄ ခုနှစ်ထဲများတော့ Tik Tok ပေါ်မှ အကြောင်းအရာများကိုပါ စောင့်ကြည့်အရေးယူခြင်း ပိုမိုလုပ်ဆောင်လာကာ ဖမ်းဆီးအရေးယူခံရသူများထဲတွင် နာမည်ကြီး အနုပညာရှင်များ၊ သရုပ်ဆောင်များနှင့် သတင်းသမားများလည်း ပါဝင်ခဲ့ခဲ့ကာ အဆိုပါဖမ်းဆီးအရေးယူမှုများကို နေ့စဉ်သတင်းစာများနှင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာများကပါ ဖော်ပြခြင်းများလုပ်ဆောင်ခဲ့ကြောင်း Data for Myanmar ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ဓာတ်ပုံ – ၂၀၂၁ ခုနှစ်တွင် ရန်ကုန်မြို့၌ ဆန္ဒပြလူငယ်များကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ဖြိုခွင်းနေစဉ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2024/06/169742/
စစ်ကောင်စီကို သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် တစ် နိုင်ငံလုံး သံဃာတော်များ ပါဝင်ရန် ယုံကြည်ဟု ချောင်းဦးမြို့မှ သပိတ်ဦး ဆောင် ဆရာတော် မိန့်ကြား
["စစ်ကောင်စီကို သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် တစ် နိုင်ငံလုံး သံဃာတော်များ ပါဝင်ရန် ယုံကြည်ဟု ချောင်းဦးမြို့မှ သပိတ်ဦး ဆောင် ဆရာတော် မိန့်ကြား", "ရန်ကုန်၊ ဇွန် ၂၄", "နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်သားများက ပစ်သတ်မှုအပေါ် စစ်ကောင်စီကို သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်တွင်တစ်နိုင်ငံလုံး သံဃာတော်များ ပါဝင်ရန် ယုံကြည်ထားကြောင်း ချောင်းဦးမြို့နယ်မှ သပိတ်ဦးဆောင် ဆရာတော် ဥူးဇာနည်ရက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ဆိုသည်။", "ဇွန်လ ၂၃ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ သံဃာတော်များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ဆရာတော်ကို ပစ်သတ်သော စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း ဆိုသည်မှာ စစ်ကောင်စီကို သံဃာထုက အဆက်အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ကြောင်း သိရှိရသည်။", "ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို အဖြစ်မှန် မပေါ်မချင်း ဆက်လက် သပိတ် မှောက်သွားမည်ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။", "“ရဟန်းသံဃာတွေအားလုံးကလည်း မကျေနပ်ကြပါဘူး။ ကံဆောင်သပိတ်ပြုလုပ်ကြမယ် မျှော် လည်းမျှော်လင့်တယ်၊ ယုံလည်း ယုံကြည်ပါတယ်။ မန္တလေး သံဃာ့သမဂ္ဂကလည်း ရှေ့ဆောင် ရှေ့ရွက်နဲ့ သူတို့ ထုတ်ပြန်ထားတဲ့အတွက် ဥူးဇင်းတို့က ချောင်းဦးမြို့နယ်အနေနဲ့ ကျရာနေရာက‌နေ တာဝန်ထမ်းဆောင်တာပါပဲ” ဟု ချောင်းဦးမြို့နယ်မှ သပိတ်ဦးဆောင် ဆရာတော် ဥူးဇာနည် ရက မိန့် ကြားသည်။", "ချောင်းဦးမြို့နယ်မှ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ဦးဆောင်ဆရာတော် ဆရာ တော် ဥူးဇာနည်ရကို ရန်ကုန်ခေတ်သစ်သတင်းဌာနက အောက်ပါအတိုင်း တွေ့ ဆုံမေးမြန်းထားပါသည်။", "မေး ။ ။ မနေ့က ကံဆောင်သပိတ်ကို ဘယ်လိုစတင်ဖြစ်ခဲ့လဲဘုရား။", "ဖြေ ။ ။ မနေ့က ကံဆောင်သပိတ်ကတော့ အရှင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်တပ်က သတ်ဖြတ်တာနဲ့ ပတ်သက်ပြီး သံဃာထုက မကျေနပ်လို့ သပိတ်မှောက်ကံဆောင်ကြတာပါ။ သပိတ်ကို သပိတ်ခေါင်းဆောင်တဲ့ဆရာတော်တစ်ပါးက ဦးဆောင်ပြီးတော့ ကံဆောင်သပိတ် ပြုကြမယ်ပေါ့။ စုစုစည်းစည်းနဲ့ ဆရာ၊ ဒကာ ညီညာစွာနဲ့ သပိတ်ကို မြို့နယ်အုပ်ချုပ်ရေးနဲ့ လုံခြုံရေး က လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးပြီး ဥူးဇင်းတို့ ကံဆောင်သပိတ်ကို မှောက်ကြတာပါ။", "မေး ။ ။ သပိတ်ကို ဘယ်တော့လောက်ရုပ်သိမ်းဖို့ မျှော်မှန်းထားလဲဘုရား။", "ဖြေ ။ ။ ဘယ်တော့လောက်ရုပ်သိမ်းဖို့မှန်းထားတဲ့ဆိုတော့ ဒီဆရာတော်ကြီးသည် ကျမ်းပြုဆရာ တော်ကြီးလည်းဖြစ်တဲ့အတွက်ကြောင့်၊ ဥူးဇင်းတို့စာသင်သားတွေရဲ့ အားကိုးအားထားရတဲ့ ဆရာ တော်ကြီးဖြစ်တယ်။ ဒီဆရာတော်ကြီးရဲ့ စာအုပ်တွေနဲ့ ဥူးဇင်းတို့ အတန်းအဆင့်ဆင့် အောင်ခဲ့တာ ပေါ့။ ဆရာတော်ကြီး ဒီလို စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခံရတဲ့အတွက် ကြောင့် ဒါကို အမှုမှန်မပေါ် မပေါက်မချင်း ဒီသပိတ်ကို ဆက်လက်မှောက်ထားမှာပါ။", "မေး ။ ။ ဒီသပိတ်နဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ သံဃာတော်တွေပါလာဖို့ ဘယ်လို စည်းရုံးသွား ဖို့ရှိသေးလဲဘုရား။", "ဖြေ ။ ။ ရဟန်းသံဃာတွေအားလုံးကလည်း မကျေနပ်ကြပါဘူး။ ကံဆောင်သပိတ်ပြုလုပ်ကြမယ် မျှော် လည်းမျှော်လင့်တယ်၊ ယုံလည်း ယုံကြည်ပါတယ်။ မန္တလေးသံဃာ့သမဂ္ဂကလည်း ရှေ့ဆောင် ရှေ့ရွက်နဲ့ သူတို့ ထုတ်ပြန်ထားတဲ့အတွက် ဥူးဇင်းတို့က ချောင်းဦးမြို့နယ်အနေနဲ့ ကျရာနေရာက‌နေ တာဝန်ထမ်းဆောင်တာပါပဲ။", "မေး ။ ။ ၂၀၀၇ တုန်းကလည်း ဒီလိုမျိုးပဲ ကံဆောင်သပိတ်ပြုလုပ်ခဲ့ဖူးတာရှိတော့ ၂၀၀၇ ရွှေဝါရောင် သပိတ်အခြေအနေနဲ့ ပါဝင်ဖြစ်ခဲ့ပုံလေးရှင်းပြပေးပါအုံးဘုရား။", "ဖြေ ။ ။ ၂၀၀၇ ရွှေဝါရောင်သပိတ်တုန်းကတော့ ကမ္ဘာသိအဆင့်ပါပဲ။ အဲဒီမှာတုန်းကတော့ ဥူးဇင်းတို့ က ဦးဆောင်ဆရာတော်အနေနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်ခံရပြီးတော့ ထောင်တွေ၊ ဘာတွေကျခဲ့ တာပေါ့၊ အဲဒီခေတ်အဆက်ဆက်ကတည်း သံဃာထုသည် ဒီမိုကရေစီလိုလားတယ်။ ပြည်သူတွေ အေးအေးချမ်းချမ်းနေထိုင်နိုင်ရေး ဥူးဇင်းတို့ ကျရာနေရာက တာဝန်ယူပါဝင်ကြရတာပေါ့။ ကံဆောင်သပိတ်ရုတ်သိမ်းဖို့ကတော့ စစ်အာဏာရှင်တွေက အရေးတယူလုပ်မှသာလျှင် ဖြစ်နိုင်တာပေါ့၊ သူတို့လည်းကလည်း ဒီဟာတွေကို အရေးတယူလုပ်လည်းမလုပ်ဖူး။ ပြီးတော့ သူတို့ လိမ်လည်လှည့်စားထားတာတွေ တွေ့ရတဲ့အတွက်ကြောင့်မို့လို့ ကံဆောင်သပိတ်ပြုလုပ်ကြရတာပါ။", "မေး ။ ။ ကံဆောင်သပိတ်ပြုလုပ်ခြင်းအားဖြင့် စစ်အာဏာရှင်တွေဘက်က ဘယ်လိုတုန့်ပြန်လာနိုင် လဲ။", "ဖြေ ။ ။ စစ်အာဏာရှင်တွေအနေနဲ့ကတော့ သူတို့ ထုံစံအတိုင်းပါပဲ။ အရှင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဆိုရင် ထင်ရှာတဲ့ဆရာတော်ကြီးမို့သာ တပည့်တော်တို့ သိရတာ၊ ထင်ရှားမှုမရှိတဲ့ပုဂ္ဂိုလ်တွေ သတ်ဖြတ်တာ နည်းမှ မနည်းတာ။ ဒါကို အများသိစေဖို့ ကံဆောင်သပိတ်ပြုလုပ်ခြင်းပါပဲ။ သူတို့ကတော့ ဖမ်းဆီး ချုပ်နှောင်သတ်ဖြတ်တာတွေ ဆက်ပြီးလုပ်အုံးမှာပဲ။ လုပ်လည်းလုပ်နေဆဲပဲ။", "မေး ။ ။ ကံဆောင်သပိတ်နဲ့ပတ်သက်ပြီး ထပ်ဖြည့်ပြောစရာရှိရင် မိန့်ကြားပေးပါအုံးဘုရား။", "ဖြေ။ ။ ပြည်သူတွေ အမှန်တရားကို သိပြီး စစ်အာဏာရှင် စနစ်အမြန်ဆုံးကျဆုံးပါစေလို့လည်း ဥူးဇင်းအနေနဲ့ ဆန္ဒပြုချင်ပါတယ်။", "ဓာတ်ပုံ- ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှ စစ်အာဏာရှင်ကို ဖီဆန် သပိတ်မှောက် ကံဆောင်ခဲ့ကြသည့် သံဃာတော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- Reuters"]
https://yktnews.com/2023/04/95998/
စစ်ကောင်စီကြောင့် သေဆုံးခဲ့သည့် ပြည်သူများ၏ မိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ပြည်သူများကို ချောင်းဦးမြို့နယ်လူငယ်အင်အားစု သပိတ်ကော်မတီမှ လှူဒါန်း
["စစ်ကောင်စီကြောင့် သေဆုံးခဲ့သည့် ပြည်သူများ၏ မိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ပြည်သူများကို ချောင်းဦးမြို့နယ်လူငယ်အင်အားစု သပိတ်ကော်မတီမှ လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၆", "ချောင်းဦးမြို့နယ်လူငယ်အင်အားစု သပိတ်ကော်မတီမှ အကြမ်းဖက်စစ်ကောင်စီ၏ ကျေးရွာများကို စစ်ကြောင်းထိုး၍ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်များကြောင့် သေဆုံးခဲ့ကြသော အပြစ်မဲ့ပြည်သူများ၏ နစ်နာသူမိသားစုများ၊ ထိခိုက်ဒဏ်ရာရသူများကို သွားရောက်ကူညီခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/141189/
စစ်ကောင်စီခန့် တနင်္သာရီဝန်ကြီးချုပ် ဦးမြတ်ကို လိုက်ပါသော ယာဥ်တန်း သရက်ချောင်းတွင် မိုင်းဆွဲခံရပြီး ထိခိုက်မှု အခြေအနေ မသိရသေး
["စစ်ကောင်စီခန့် တနင်္သာရီဝန်ကြီးချုပ် ဦးမြတ်ကို လိုက်ပါသော ယာဥ်တန်း သရက်ချောင်းတွင် မိုင်းဆွဲခံရပြီး ထိခိုက်မှု အခြေအနေ မသိရသေး", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို လိုက်ပါလာတဲ့ ယာဥ် တန်း ကို မနေ့က ထားဝယ်-မြိတ်ကားလမ်းပေါ် သရက်ချောင်းမြို့နယ် ထဲမှာ မိုင်းဆွဲခံရတယ်လို့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြောပါတယ်။", "ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးမြတ်ကို အပါအဝင် စစ်ကောင်စီခန့်ဝန်ကြီးအဖွဲ့က သရက်ချောင်းမြို့ အထွေထွေ အုပ် ချုပ် ရေးမှူးရုံးမှာပြုလုပ်တဲ့ မြို့နယ်တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်း တွေနဲ့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တာပါ။", "အဲဒီနောက် ထားဝယ်မြို့ကို ကားနှစ်ဆယ်ဝန်းကျင် ပါယာဥ်တန်းနဲ့ ပြန်လာတဲ့ အချိန် နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာ အကြားက တောက်ထိန်တောင်အနီးမှာမိုင်းဆွဲခံခဲ့ရတာပါ။", "“အရင်ဆုံး ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်တယ်။ ပြီးတော့ သေနတ်ပစ် သံတွေထပ်ကြားတယ်။ ရွာအပြင်ဘက်မှာဖြစ်တာပါ” လို့ ညောင်ဇင်ရွာ ဒေသ ပြည်သူ တစ်ဦးကပြောပါတယ်။", "မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာတော့ ယာဥ်တန်းမှာပါလာတဲ့ စစ်ကောင်စီ တပ်သားတွေက သေနတ်တွေရမ်းသမ်းပစ်ခတ်ပြီး ထားဝယ်မြို့ ဘက်ကို ဆက်လက်မောင်းနှင်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။", "သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက မိုင်းဆွဲတိုက်ခိုက်မှု ကြောင့် ယာဥ်တန်းနောက်ဆုံးက စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo ကားနှစ်စီး ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီမိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေအသေစိတ်ကိုတော့ မသိရသေးပါဘူး။", "ယာဥ်တန်းမိုင်းဆွဲခံရပြီးနောက် သိပ်မကြာခင်မှာပဲ လမ်းတလျောက်လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်သားတွေ အင်အား တစ်ရာကျော်လောက် ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာတွေထဲကို ရောက်လာပြီး ရွာထဲကနေအိမ်တချို့ကို မွှေနှောက်စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။", "အဲဒီစစ်ကောင်စီတပ်သားတွေနဲ့ အပါအဝင် စစ်ကောင်စီတပ်သား အင်အား ၂၀၀ ကျော်လောက်ဟာ ဒီနေ့မနက်ပိုင်းမှာလည်း သရက်ချောင်းမြို့နယ်က ကြာအင်းရွာထဲကို ခြေလျင်ဝင်ရောက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။", "ယာဥ်တန်းတိုက်ခိုက်မခံရခင် နှစ်ရက်အတွင်းမှာလည်း စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်ဟာ သရက်ချောင်းမြို့နယ်၊ ဥတ္တူ ရွာထဲကို စစ်ကြောင်း ထိုး ဝင်ရောက်ပြီး ရွာထဲကနေအိမ် ၇ ဆောင်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။", "(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/05/165169/
နေပြည်တော်တွင် စစ်တပ်ထိပ်ပိုင်းအသိုင်းအ၀ိုင်းက မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ များပြားနေပြီး ဖယ်ရှားရန် ကြံစည်မှုများ ရှိလာနိုင်ဟု Crisis Group က ပြောဆို
["စစ်ကောင်စီတပ် စစ်ရှုံးသွားသည့် နယ်မြေများတွင် တိုင်းရင်းသားများက ကိုယ်ပိုင်နိုင်ငံငယ်များ ထူထောင်ရန် လမ်းပွင့်နေ", "ရန်ကုန်၊ မတ် ၃၁", "နေပြည်တော်တွင် စစ်တပ်ထိပ်ပိုင်းအသိုင်းအ၀ိုင်းက မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ များပြားနေပြီး ၎င်းကို ဖယ်ရှားရန် ကြံစည်မှုများ ရှိလာနိုင်သည်ဟု နိုင်ငံတကာ Crisis Group က အစီရင်ခံစာထုတ်ပြန်ပြောဆိုလိုက်သည်။", "မြို့တော်နေပြည်တော်ရှိ စစ်တပ်ထိပ်ပိုင်း အလွှာများအကြားတွင် စစ်တပ်၏ ဆုံးရှုံးမှုများ တိုးပွားလာခြင်းနှင့် စိတ်ပျက်ဖွယ်ရာများ တိုးပွားလာခြင်းက စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှေ့ရေးအနာဂတ်ကို မသေချာမရေရာမှုများရှိနေကြောင်း Crisis Group က ဆိုသည်။", "“မင်းအောင်လှိုင်က သူ့တာဝန်နဲ့ရာထူး အလုပ်ကို ဆက်ထိန်းထားနိုင်ပေမယ့် မကျေနပ်မှုအဆင့်အရတော့ သူ့ကို ဖယ်ရှားဖို့ ကြံစည်မှုတစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်” ဟု Crisis Group က သုံးသပ်ထားသည်။", "စစ်ကောင်စီအနေဖြင့် ထိုင်း-မြန်မာနယ်စပ် နယ်နမိတ်မှ ဘင်္ဂလားပင်လယ်အော်တစ်လျှောက် ကမ်းရိုးတန်းဒေသများအထိုနယ်နမိတ်များကို စွန့်လွှတ်နေရကြောင်း Crisis Group ၏ အစီရင်ခံစာကဆိုသည်။“တိုက်ပွဲတွေ အောင်မြင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့ရရှိတဲ့ နယ်မြေတွေနဲ့ တိုးချဲ့နယ်မြေဧရိယာတွေကို စုစည်းထိန်းချုပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံငယ်လေးတွေ ထူထောင်ဖို့ လမ်းကြောင်း ပေါ်ရောက်ရှိနေတယ်” ဟု Crisis Group ၏ အစီရင်ခံစာက ထုတ်ဖော်ပြောဆိုသည်။", "စစ်ကောင်စီအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသော နယ်စပ်နယ်နမိတ်များအပါအဝင် ကြီးမားသော နယ်မြေများကို ဆုံးရှုံးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ယင်းနယ်မြေများကို ထိန်းချုပ်စုစည်း အုပ်ခွင့်ရရှိနေကြောင်း နိုင်ငံတကာမှ မြန်မာ့အရေး လေ့လာသည့် SAC-M နှင့် Crisis Group တို့\\ အစီရင်ခံစာ နှစ်ခုက ထုတ်ပြန်ပြောဆိုသည်။", "မြန်မာနိုင်ငံ၏ လူဦးရေ ၆၇ ရာခိုင်နှုန်း နေထိုင်သော နိုင်ငံ နယ်မြေ ၈၆ ရာခိုင်နှုန်းသော မြို့နယ်နယ်နမိတ်များကို စစ်ကောင်စီက ဆုံးရှုံးနေပြီး အုပ်ချုပ်နိုင်စွမ်းမရှိတော့ကြောင်း မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) က ပြောသည်။", "“နိုင်ငံတစ်ခုရဲ့ အစိုးရ တစ်ရပ်အဖြစ် တာဝန်များကို ထမ်းဆောင်ဖို့အတွက်လုံလောက်တဲ့ နယ်မြေအကျယ်အဝန်းကို မထိန်းချုပ်နိုင်တော့ပါဘူး။ စစ်ကောင်စီအနေနဲ့ အရေးပါတဲ့ နယ်မြေများကို စွန့်လွှတ်ခဲ့ပြီး ကျန်ရှိနေတဲ့ နယ်နမိတ်တွေမှာ ခံစစ်ပြင်ဆင်မှုတွေေအတင်းကျပ် ခိုင်းစေနေပါတယ်” ဟု မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) က ပြောသည်။", "စစ်ကောင်စီသည် ယမန်နှစ် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းရှိ နယ်နမိတ်များကို စွန့်လွှတ်ခဲ့ရသည်။", "စစ်ကောင်စီက နယ်နမိတ်အများအပြား ဆုံးရှုံးနေချိန် အိမ်နီးချင်းနိုင်ငံများ၊ ဒေသဆိုင်ရာ အစုအဖွဲ့များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့အနေဖြင့် တော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့ဆက်ဆံမှုကို ချဲ့ထွင်သင့်သည်ဟု SAC-M နှင့် Crisis Group တို့က ဆိုကြသည်။", "ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် မြန်မာနိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်သူ သုံးသန်းကျော် စံချိန်တင် မြင့်မားလာခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီများ၏ ပြောကြားချက်အရ သိရသည်။", "“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီအဖြစ်မှန်ကို နားလည်ပြီး မြန်မာ ပြည်သူတွေကို အရေးပေါ် အကူအညီနဲ့ အကူအညီတွေ ပေးအပ်နိုင်ဖို့ တော်လှန်ရေး တပ်ဖွဲ့နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံ အလုပ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်” ဟု SAC-M တည်ထောင်သူ အဖွဲ့ဝင်တဦးဖြစ်သည့် Yanghee Lee က ပြောသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/08/177109/
စစ်ကောင်စီတပ်က စွန့်ပစ်ခဲ့သော လားရှိုး စစ်ဆေးရုံမှ စစ်သား လူနာများနှင့် မိသားစုဝင် ၄၇၀ ကျော်ကို MNDAA က ကယ်တင်
["စစ်ကောင်စီတပ်က စွန့်ပစ်ခဲ့သော လားရှိုး စစ်ဆေးရုံမှ စစ်သား လူနာများနှင့် မိသားစုဝင် ၄၇၀ ကျော်ကို MNDAA က ကယ်တင်", "ရန်ကုန်၊ ဩဂုတ် ၃", "အကြမ်းဖက်စစ်ကောင်စီတပ်က စွန့်ပစ်ခဲ့သော လားရှိုး စစ်ဆေးရုံမှ စစ်သား လူနာများနှင့် မိသားစုဝင် ၄၇၀ ကျော်ကို ကယ်တင်လိုက်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် ဒဏ်ရာရစစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လားရှိုးမြို့၊တပ်မတော်ဆေးရုံတွင် ချန်ထားခဲ့ပြီး MNDAAတပ်ဖွဲ့က ၎င်းတို့အား လုံခြုံရာသို့ လွှဲပြောင်း ပေးခဲ့ကြောင်း သိရှိရသည်။", "၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် MNDAAတပ်ဖွဲ့ဝင်များအနေဖြင့် လားရှိုးမြို့၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်အတွင်း၌ ကျန်ရစ်နေသော စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်ချေမှုန်းရာ အရှေ့မြောက်တိုင်း တိုင်းစစ်ဌာနချုပ်၏ တပ်မတော်ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆေးရုံဝန်ထမ်းများသည် အချိန်အတော်ကြာဆုတ်ခွာသွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ အများအပြားနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း လူပေါင်း ၄၇၀ ကျော်ကို တပ်မတော်ဆေးရုံ တွင် စွန့်ပယ်ထားခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်က စွန့်ပစ်ခဲ့သူအားလုံးမှာ ပြင်းထန်စွာဒဏ်ရာရသူများဖြစ်ပြီး အများစုမှာ မသန်စွမ်းသည့် စစ်သည်များဖြစ်ကြောင်း၊ ၎င်းတို့၏အထက်အရာရှိများနှင့် ရဲဘော် ရဲဘက်များက ယင်းတို့အား ရက်ရက်စက်စက်စွန့်ပယ်ခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု နှင့် MNDAA၏ စစ်သုံ့ပန်းများအား ကောင်းမွန်စွာစောင့်ရှောက် ဆက်ဆံသောမူဝါဒအရ တိုက်ပွဲများပြင်းထန်နေသော်လည်း MNDAAတပ်ဖွဲ့ဝင်များက ဒဏ်ရာရရှိ သူများနှင့် ၎င်းတို့၏မိသားစုဝင်များကို လုံခြုံရာသို့လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။", "လုံခြုံရာနေရာသို့ အပြောင်းအရွှေ့လုပ်ဆောင်နေစဥ်တွင် မသန်စွမ်းသော စစ်ကောင်စီတပ်သားများကို MNDAA တပ်သားများက တစ်လမ်းလုံးကျောပေါ်တင်ပြီးပြောင်းရွှေ့ခြင်း၊ ပြင်းထန်စွာဒဏ်ရာရရှိသူအချို့ကို ပြောင်းရွှေ့ ရင်းပင် ကုသကယ် ဆယ်ခြင်းများပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။", "လားရှိုးမြို့တိုက်ပွဲမစတင်မီတွင် လားရှိုးမြို့ရှိ အာဏာသိမ်းတပ်၏အကြီးတန်းအရာရှိများက ၎င်းတို့၏ မိသားစုများကို ရွှေ့ပြောင်းရန် စီစဉ်ခဲ့ပြီး မိသားစုဝင်များကို ရဟတ်ယာဥ်များဖြင့် လာ‌ရောက်ခေါ်ဆောင်သွားကြောင်း၊ အောက်ခြေ နှင့် ၎င်းတို့၏မိသားစုဝင်များသည် အရွှေ့အပြောင်းမပြုရဟု အမိန့်ထုတ်ပြန်ခဲ့ကြောင်းဟု ဒဏ်ရာရသူထံများမှသိရှိရပါသည်။", "စစ်ကောင်စီတပ်အတွင်း လူတန်းစားခွဲခြားမှုကို ထင်ထင် ရှားရှားတွေ့မြင်နိုင်ပြီး အောက်ခြေစစ်သားများ၏ ဘ၀မှာ စစ်အရာရှိများ၏ နိုင်ထက်စီးနင်းခြင်း၊ စွန့်ပယ်ခြင်း၊ စစ်မြေပြင်တွင်ကိုယ်အားကိုယ်ကိုးပြီး ရှင်သန်နေရကြောင်း MNDAA က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/08/177275/
စစ်ကောင်စီတပ်က ဇူလိုင်လ အတွင်း ပြည်သူ ၂၉၃ ဦးကို မုဒိမ်းကျင့်သတ် ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ စစ်ကြောရေးတွင် သတ် ဖြတ်ခြင်း အပါအဝင် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခဲ့
["စစ်ကောင်စီတပ်က ဇူလိုင်လ အတွင်း ပြည်သူ ၂၉၃ ဦးကို မုဒိမ်းကျင့်သတ် ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ စစ်ကြောရေးတွင် သတ် ဖြတ်ခြင်း အပါအဝင် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခဲ့", "ရန်ကုန်၊ ဩဂုတ် ၅", "အကြမ်းဖက်စစ်ကောင်စီတပ်က ဇူလိုင်လ အတွင်း ပြည်သူ ၂၉၃ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ စစ်ကြောရေးတွင် သတ်ဖြတ်ခြင်း အပါအဝင် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခဲ့ကြောင်း Spring Revolution Database (SRD)က အစီရင်ခံစာထုတ်ပြန်ထားသည်။", "၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ နည်းလမ်းမျိုးစုံဖြင့်သတ်ဖြတ်မှုကြောင့် အရပ်သား ပြည်သူ ၂၉၃ ဦး သေဆုံးခဲ့ကြောင်း၊ အရပ်သားပြည်သူအဓိက သေဆုံးရသည့်အကြောင်းအရင်းမှာ လက်နက်ကြီးထိမှန် မှုကြောင့်ဖြစ်ပြီး သေဆုံးသူ ၁၃၂ ဦးအထိရှိခဲ့ကြောင်း ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက် ခိုက်မှုကြောင့် (၇၃) ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားသော တိုက်ပွဲများတွင် အရပ်သားပြည်သူ (၇)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ (၂၅)ဦး သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင်လ ၃ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီ ကျေးရွာအုပ်စု၊ ခေါင်ပြန်ရွာ၌ အရပ်သားပြည်သူ ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ရခိုင်ပြည် အနောက်ဘက်နယ်စပ်မြို့ မောင်တော၊ ရွှေဇား‌ကျေးရွာအုပ်စု၊ အောင်ဗ လ (ရခိုင်)ရွာမှ ဒေသခံရွာသား", "၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်း တိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တုမရကျေးရွာရှိ အရပ်သားပြည်သူ ၆ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မျှစ်သွားချိုးရန် ထွက်သွားသည့် ဘူးသီးတောင်မြို့ နယ်၊ အမှတ် ၄ ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင်နေထိုင်နေသည့် ခမီလူမျိုး အရပ်သားပြည်သူ ၇ ဦးကို အကြမ်းဖက်စစ်ကောင်စီ တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် အကြမ်း ဖက်စစ်ကောင်စီတပ် သည် မောင်ကျော်လင်းအောင် ၂၄ နှစ်၊ မောင်အောင်ငွေဦး ၂၉ နှစ်၊ ဦးအောင်ဝင်း ၅၇ နှစ်တို့ ၃ ဦးကို ဖမ်းဆီးပြီး လက်ပြန် ကြိုးတုပ်ကာ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုဒိမ်းမှုများ ကျူးလွန် သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွာလ်ပီးကျေးရွာရှိ အသက်မပြည့်သေးသည့် မိန်းကလေးငယ်တဦးကို ဇူလိုင်လ ၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးမှ မုဒိမ်းကျင့်ခဲ့ကြောင်း CDF Civic Defense Militia – Siyin က ထုတ်ပြန်ခဲ့ကြောင်း၊ မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ တွင်းမရွာအုပ်စုတွင် စခန်းချနေသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အိုရင်းကျေးရွာရှိ မဖြူစင်ဝင်း ၃၀ နှစ်ကို ဇူလိုင်လ ၇ ရက်နေ့တွင် အဓ္ဓမပြု ကျင့်ပြီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "နိုင်ငံရေးအကျဥ်းသား သတ်ဖြတ်ခံရမှုအနေဖြင့် မကွေးတိုင်း သရက်အကျဥ်းထောင်တွင် အကြမ်းဖက်ပုဒ်မ ၅၂ (က)/ ၅၁(ဂ) တို့ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ထောင် ဒဏ် ၁၁ နှစ်ဖြင့် မတရားအပြစ်ပေးခြင်းခံထားရသည့် အသက် ၃၉ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုညီညီသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၂၇ ရက်နေ့တွင် သွေးတိုးရောဂါဝေဒနာကို ခံစားခဲ့ရပြီး ကျဆုံးသွားကြောင်း သိရှိရပါသည်။", "စစ်တပ်က စစ်ကြောရေးတွင်သတ်ဖြတ်မှုအနေဖြင့် ဇူလိုင်လ ၈ ရက်နေ့တွင် ရေစကြိုမြို့ အမှတ် ၁ ထင်းတန်းရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကို အကြမ်း ဖက်စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးရာ သူမကို မတွေ့၍ ၎င်း၏သားဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်ဝဏ္ဏအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ကြောရေးတွင်သတ်ဖြတ်ကာ ရုပ်အလောင်းကို ဇူလိုင်လ ၉ ရက်‌နေ့တွင် ပြန်ပေးခဲ့ကြောင်း သိရှိရသည်။", "ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် ၁/ ဂ တန်းမှ ဦးအလုံးနှင့် ဒေါ်ကုလား မစိန်တို့၏ သား ဦးဆိုးဖေ ၃၈ နှစ်သည် ဇူလိုင်လ ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောရေးစခန်း၌ ညှဥ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ကြောင်း၊ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင်ဖမ်းဆီးခံရသည့် ဦးချစ်သွယ်သည် ဇူလိုင်လ ၂၄ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးသွားကြောင်း သိရှိရသည်။", "စစ်မှုထမ်းသင်တန်းများတွင် အကြမ်းဖက်စစ်တပ်၏သတ်ဖြတ်မှုအနေဖြင့် ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကျွန်းသစ်ကျေးရွာတွင် နေထိုင်သည့် ဝေယံထက် ၁၉ နှစ်ကို စစ်မှုထမ်းသင်တန်းမှ ထွက်ပြေးသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပစ်သတ်ခဲ့ ကြောင်ု သိရှိရသည်။", "စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ကျူးလွန်သော ရာဇဝတ်မှုများအနေဖြင့် ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပျူစောထီး ခေါင်းဆောင် လှခိုင်၊ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့ ဝင်များသည် ပဲခူးတိုင်း၊ မင်းလှမြို့ပေါ်တွင် စိတ်ရောဂါ ခံစားနေရသည့် ကိုပြားကြီးကို PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲပြီး ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း အညာဒေသမှ ပြည်သူများကို ဖမ်ဆီး သတ်ဖြတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/04/156105/
စစ်ကောင်စီတပ်က တိုက်လေယာဉ်များစွာ မြ၀တီမြို့သို့ လာရောက် ဗုံးကျဲနေပြီး မြေပြင်တွင်လည်း မော်လမြိုင်မှ စစ်ကား ၁၀၀ ကျော် ဘားအံဘက်သို့ တောက်လျှောက်သွားနေ၊ မြ၀တီမြို့ အဝင်အထွက်များ ပိတ်ထားပြီ
["စစ်ကောင်စီတပ်က တိုက်လေယာဉ်များစွာ မြ၀တီမြို့သို့ လာရောက် ဗုံးကျဲနေပြီး မြေပြင်တွင်လည်း မော်လမြိုင်မှ စစ်ကား ၁၀၀ ကျော် ဘားအံဘက်သို့ တောက်လျှောက်သွားနေ၊ မြ၀တီမြို့ အဝင်အထွက်များ ပိတ်ထားပြီ", "ရန်ကုန်၊ ဧပြီ ၁၀", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်များစွာ အသုံးပြု၍ ဗုံးကျဲ တိုက်ခိုက်မှုများ ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆက်တိုက်လုပ်ဆောင်နေပြီး အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများနှင့် စစ်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။", "ဧပြီလ၁၀ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်မှစတင်၍ စစ်ကောင်စီ၏ တိုက်လေယာဉ်များက အဆက်မပြတ် မြ၀တီမြို့ကို ဗုံးကျဲမှုများ လုပ်ဆောင်နေကြောင်း၊ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်လည်း ပေါင် ၅၀၀ ဗုံး ကြီး ၃ လုံးကို မြ၀တီမြို့ပြင်ပ ခလရ ၂၇၅ အနီးပတ်ဝန်းကျင်သို့ ကျဲချသွားကြောင်း သိရှိရသည်။", "“လေယာဉ်နဲ ဗုံးလာချတာ။ ၃ လုံး၊ မြ၀တီမြို့ပေါ့် တိုက်အိမ်တောင်တုန်တယ်။ ဒီမနက် ၁၀ နာရီ ၁၅ လောက်ဖြစ်မယ်။ လေယာဉ်တွေကတောက်လျှောက်ပဲ တက်လာနေတာ” ဟု မြ၀တီမြို့အခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်သည့်အပြင် မြေပြင်တွင်လည်း မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ သံချပ်ကာကားများ၊ စစ်ကူကားများ အစီး ၁၀၀ ကျော် ယနေ့ နံနက် အစောပိုင်းမှစတင်၍ ဘားအံဘက်သို့ ဦးတည်သွားနေကြောင်း သိရှိရသည်။", "“ဒီမနက်တင် သထုံ ကြာပန်း ရွာကို ဖြတ်ပြီး အစီး ၅၀ ကျော်ပြီ။ ဘားအံဘက်ကို ဦးတည်ထားတယ်။ ဒီမနက် လင်းအားကြီး အချိန်ကစပြီး အခုထက်ထိ သံချပ်ကာ၊ တင့်ကားရော အစီး ၁၀၀ ဘားအံဘက်ဆီ ဦးတည်သွားနေတယ်။ စစ်ကားတန်းတွေ တောက်လျှောက်ပဲ။ ဒီမနက် ၂ နာရီကတည်းက စစ်ကားတွေ တောက်လျှောက် ဆင်းနေတာ။ စစ်သား အပြည့်ပါတဲ့ ကားက အစီး ၈၀ လောက်ရှိမယ်။ တောက်လျှောက် သွားနေတာက ကားအစီးရေ ၁၀၀ ကျော်နေပြီ” ဟု သထုံမြို့မှ ကင်းထောက်သတင်းရင်းမြစ်က ရှင်းပြသည်။", "လတ်တလော မြ၀တီမြို့တွင် အဝင်အထွက်များကို တော်လှန်ရေးတပ်များက ပိတ်ဆို့လိုက်ပြီး စစ်ကောင်စီ၏ စစ်ယာဉ်တန်းများက မြ၀တီမြို့အထိ ဆင်းလာမည့် အခြေအနေ ဟု မျှော်လင့်ရကြောင်း မြ၀တီ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။", "“ကားရာချီပြီးတော့ အသေခံ တက်လာမယ့် သဘောလို့ထင်တာပဲ။ လမ်းမှာ ကြားဖြတ်မဟန့်တားနိုင်ရင်တော့ မြ၀တီထဲထိ ဦးတည်ပြီး ဝင်လာမယ့် သဘောရှိတယ်” ဟု မြ၀တီစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။", "ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်ကောင်စီ၏ သံချပ်ကာကားနှင့် စစ်ယာဉ်တန်း ဘားအံသို့ ဖြတ်သန်းနေစဉ်။"]
https://yktnews.com/2023/12/136744/
စစ်ကောင်စီတပ်က မုန်းမြို့ရှိ ဈေးဆိုင်တန်းကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို မောင်းထုတ်၊ မီးမရှို့မီ ပစ္စည်းများ ဖောက်ထွင်းယူခဲ့ပြီး စစ်တပ်က ပြန်ရောင်းချ
["စစ်ကောင်စီတပ်က မုန်းမြို့ရှိ ဈေးဆိုင်တန်းကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို မောင်းထုတ်၊ မီးမရှို့မီ ပစ္စည်းများ ဖောက်ထွင်းယူခဲ့ပြီး စစ်တပ်က ပြန်ရောင်းချ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ဈေးဆိုင်တန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို မောင်းထုတ်ခဲ့ကာ မီးမရှို့မီ စျေးဆိုင်များမှ ပစ္စည်း များ ဖောက်ထွင်းယူ ပြန်ရောင်းချမှုများ စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုက တရားဝင် သတင်းထုတ် ပြန်သည်။", "ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန် မုန်းမြိုု့တွင် အာဏာသိမ်း အ ကြမ်း ဖက် စစ်ကောင်စီတပ်က ဈေးဆိုင်တန်းများကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ အဆိုပါဈေးဆိုင်တန်း များကို မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်မီ ၅ ရက်ခန့်အလို စစ်ားများက ထိုဈေးဆိုင်တန်းများရှိ ပစ္စည်းများကို ဖောက်ထွင်းကာ ဈေးပေါပေါဖြင့် လိုက်လံ ရောင်းချ ခဲ့ကြောင်း သိရှိရသည်။", "“ဈေးဆိုင်တွေကို ဖောက်ပြီး ကြက်ဥတစ်လုံးကို တစ်ရာ အင်္ကျီတစ်ထည် (သို့ မဟုတ်) ဘောင်းဘီ တစ်ထည်ကို တစ်သောင်း တည်းနဲ့ လိုက်ရောင်းနေတယ်” ဟု မုန်းမြို့ပေါ်သို့ ဈေးသွားဝယ်သော ဒေသခံ တစ်ဦး၏ ပြောကြားချက်အရသိရကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထို့ပြင် ရေခဲသေတ္တာနှင့် အခြားပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့ပြီး ပစ္စည်းများကို မုန်းချောင်းထဲပစ်ချခဲ့ကြောင်း၊ မုန်းမြို့ထဲရှိ ဒေသခံများကိုလည်း အတင်း အဓမ္မ မောင်းထုတ်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/115472/
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ထီးချိုင့်မြို့နယ်၊အလယ်တောစံပြရွာမှ ရွာသား ၄ ဦး ကျည်ထိမှန်ပြီး အသက်အန္တရယ်စိုးရိမ်ရ
["စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ထီးချိုင့်မြို့နယ်၊အလယ်တောစံပြရွာမှ ရွာသား ၄ ဦး ကျည်ထိမှန်ပြီး အသက်အန္တရယ်စိုးရိမ်ရ", "ရန်ကုန်၊ ဇူလိုင်၂၉", "စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်၊အလယ်တောစံပြရွာကို လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်က ပစ်ခတ်သောကြောင့် အရပ်သား ပြည်သူ ၄ ဦး ကျည်ထိမှန်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "ဇူလိုင်၂၉ရက်နေ့ နံနက် ၁၁ နာရီအချိန် ထီးချိုင့်မြို့နယ်၊ အလယ်တောစံပြ ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းထဲတွင် ဆန်ဝေနေစဉ် လက်နက်ကြီးကျရောက်သဖြင့် ပြည်သူ ၄ ဦးလုံး ကျည်စထိမှန်ပီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။", "“မီးဘေးသင့် ရွာသားတွေအတွက် ဘုန်းကြီးကျောင်းထဲမှာ ဆန်ဝေနေတုန်းပစ်ခတ်တာ။ ပစ်တာက လက်နက်ကြီး ၁၀ လုံးအထက်ရှိမယ်။ ဆန်ဝေတဲ့နေရာတော့ တည့်တည့်ကျတာတော့မပေမယ့် အနီးအနားမှာ ကျရောက် ပေါက်ကွဲတော့ ကျည်စအပိုင်းအစတွေ မှန်ပြီး အခုလို ဒဏ်ရာတွေရတာဗျ။ အသက်အန္တရယ်ကတော့ ၄ယောက်လုံးစိုးရိမ်ရတယ်။ လက်နက်ကြီးကျည်ထိတဲ့သူတွေက မအေး အသက်၄၈နှစ်၊ မခင်ဆန်းလင်း အသက်၄၀ကျော်နဲ့ မနွဲ့မြ အသက်၄၀ကျော်၊ ဦးအောင်ဝင်း အသက်၅၀ ကျော်တွေဖြစ်ပါတယ်” ဟု မျက်မြင်ကျေးရွာသားတစ်ဦးက ဆိုသည်။", "စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အလယ်တောရွာမှ ဒေသပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လက်ရှိ စစ်ကောင်စီက အလယ်တောရွာတွင် တပ်စွဲထားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/102322/
စစ်ကောင်စီတပ်က လေထီးနဲ့ချပေးတဲ့ အထုပ်တချို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရရှိ
["စစ်ကောင်စီတပ်က လေထီးနဲ့ချပေးတဲ့ အထုပ်တချို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရရှိ", "ရန်ကုန်၊ မေ ၁၂", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ အကြစစ်ကောင်စီတပ်ဖွဲ့က ရဟက်ယာဉ်နဲ့ လာချပေးတဲ့ လက်နက်ခဲယမ်းအထုပ်တချို့ကို ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ CDF-Hakha ပူးပေါင်းတပ်ဖွဲ့က ရရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ် The Chin Journal ကဖော်ပြထားပါတယ်။", "မေလဆန်းပိုင်းမှာ ဟားခါး-ဂန့်ဂေါလမ်းပိုင်းဖက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရဟက်ယာဉ်နဲ့ လက်နက်ခဲယမ်းအထုပ် ၂၀ ဝန်းကျင်ကို လေထီးနဲ့ လာချပေးခဲ့ရာမှာ အဲ့ဒီထဲက အထုပ်တချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရရှိခဲ့တာဖြစ်ပါတယ်။", "ဂန့်ဂေါမြို့နယ်က ဟားခါးဘက်ကိုစစ်ကောင်စီစစ်ကြောင်းထိုးလာကတည်းက ဂန့်ဂေါ – ဟားခါးလမ်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။", "မေ ၁၁ ရက်နေ့ကလည်း ဟားခါး-ဂန့်ဂေါလမ်းပိုင်း နေရာတစ်ချို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CNA၊ CDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။"]
https://yktnews.com/2025/04/210611/
စစ်ကောင်စီတပ်က အပစ်ရပ်ကြေညာထားသော်လည်း ကော့ကရိတ်မြို့နယ်၊ ကျေးရွာများသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ
["စစ်ကောင်စီတပ်က အပစ်ရပ်ကြေညာထားသော်လည်း ကော့ကရိတ်မြို့နယ်၊ ကျေးရွာများသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ", "ကော့ကရိတ်၊ဧပြီ ၈", "အကြမ်းဖက် စစ်ကောင်စီတပ်က ရက် ၂၀ ကြာ အပစ်ရပ်ထားမည်ဟု ကြေညာထားသော်လည်း ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း KNLA နှင့် PDF မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီ ၂ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့ အထိ အပစ်အခတ် ရပ်စဲသည်ဟု အကြမ်းဖက်စစ်ကောင်စီတပ်က ကြေညာထားသော်လည်း လက်တွေ့ စစ်မြေပြင်တွင်မူ စစ်ရေးအခြေ အနေ ရပ်တန့် ထား ခြင်း မျိုး မရှိဘဲ ကော့ကရိတ် တောင်ပိုင်း၊မြောက်ပိုင်းနှင့် မွန် ကျေးရွာများသို့ နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "” သူတို့စစ်တပ်က အပစ်ရပ်တယ်ဆိုပြီး ကြေညာတယ်၊ တကယ်စစ် မြေပြင်ဖြစ်တဲ့ ကောကရိတ် မှာ မြောက်ပိုင်း၊တောင်ပိုင်း ရွာ တွေ ကို စစ်တပ်က အမြှောက်တင်ကား နဲ့ ပစ်တယ်၊ နောက်ပြီး ကင်းထောက်လေယာဉ်တွေပျံတယ်၊ပြီးရင် ဒရုန်း နဲ့ ဗုံးလာကျဲ ချ တယ်၊ ဒါက ကရင် ရွာ တွေ ဘက်နဲ့ အာရှလမ်းဘက်ဘက်ကို ပေါ့၊ နောက် ဂျိုင်းမြစ်၊ဟောင်သရောမြစ်ဘက်က မွန်ရွာ တွေ ရှိတဲ့ ကော့ဘိန်း၊ကော့ပေါက်၊သရဏာရွာ တို့ ဓမ္မသရွာ တို့ဘက်ကို့ ဂျိုင်းမြစ်ထဲ က စစ်င်္ဘောကနေ အမြောက်နဲ့ ပစ်တယ်၊ အဲဒီတော့ ပြောမယ် ဆိုရင် ကြည်း၊ ရေ ၊လေ အဖွဲ့စုံ အပစ်မရပ်ဘဲ ဆက်လက်ပစ်ခတ်တိုက်ခိုက် နေတာ” ဟု ကော့ကရိတ်မြို့အခြေစိုက် KNLA မဟာမိတ် ပူးပေါင်းစစ်ကြာင်းတာဝန်ရှိသူက ရှင်းပြသည်။", "ကော့ကရိတ် မြို့နယ်တွင် စစ်ကောင်စီ၏ ခမရ ၅၄၅၊ ခမရ ၅၄၆တပ် ၊ စကခ၁၂( စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၁၂ )၊ လှိုင်ဝအမြောက်ကုန်း၊ ခလရ ၉၇ တပ်၊ နေပူခံ အမြောက်ကုန်း၊တတန်ကူး ကျေးရွာ၊ ရွှေကြက်မင်းစခန်း၊ အောင်ဇေယျ စစ်ဆင်ရေးနောက်တန်းစခန်းတို့က ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်သည့်အပြင် ဂျိုင်းမြစ်၊ ဟောင်သရာမြစ်အတွင်းရှိ တိုက်ရေယာဉ်စစ်သင်္ဘော ၂စီး တို့ကလည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်နေကြောင်း သိရှိရသည်။", "ဧပြီလ ၆ ရက်နေ့နှင့် ဧပြီ ၇ ရက်နေ့တိုတွင်လည်း ကော့ကရိတ်မြို့နယ်၊ တံတားကျိုးနေရာမှ အမြှောက်တင်ကားဖြင့် ကော့ကရိတ်၊ အာရှလမ်းကပ်လျက်ရှိသောကော့နွဲ့၊ တတန်ကူး၊ ရွာသစ်ကုန်း၊ မိချောင်းအင်း၊ လှိုင်စိမ်း၊ ပျားပင်၊ ဆင်ကုန်း ရွာများဘက်များသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "“ဒီရက်ထဲ မှ စစ်တပ်က အမြှောက်တင်ကား နဲ့ လိုက်ပစ်တာ မျိုးလုပ်တယ်၊ ဧပြီလ ၅ရက်နေ့က ဆိုရင် တောင်ကြာအင်းဘက်ကို လက်နက်ကြီး ၅လုံးလောက်ပစ်ထည့်တယ်၊ ဧပြီလ ၆ရက်မှာက ရေပူကြီးရွာဘက်ပစ်တာ။ နောက်ပြီး ကိုးတိုင်၊လှိုင်ကွယ် ဘုရားကုန်းဘက်ကိုလည်း ပစ်တယ်၊ ရာဘာခြံ ၊ဒူရင်း၊ကြက်မောက်ခြံတွေထဲ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတယ်၊ အဲဒီဘက်မှာPDF တို့ KNU တို့ကပ်လာမှာ စခတွေက ကြောက်ပြီး နေ့တိုင်းပစ်ထုတ် နေတာ မျိုး လုပ်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီကမူ စစ်တပ်အနေဖြင့် အပစ်ရပ်ထားသော်လည်း ကတိုင်တိစစ်တပ်စခန်းကို KNLA က လာရောက်ပစ်ခတ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက သတင်းထုတ်ပြန် ပြောဆိုထားသည်။", "ဓာတ်ပုံ- ဂျိုင်းမြစ်အတွင်း သွားလာနေသော စစ်သင်္ဘောတစ်စီး။"]
https://yktnews.com/2023/07/111694/
စစ်ကောင်စီတပ်ကို နည်းပညာမြင့်မောင်းသူမဲ့လေယာဉ်များဖြင့် တာဝေးစစ်ဆင်ရေး အရှိန်မြှင့်တိုက်ခိုက်မည်
["စစ်ကောင်စီတပ်ကို နည်းပညာမြင့်မောင်းသူမဲ့လေယာဉ်များဖြင့် တာဝေးစစ်ဆင်ရေး အရှိန်မြှင့်တိုက်ခိုက်မည်", "ရန်ကုန်၊ ဇူလိုင် ၇", "ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေသောအကြမ်းဖက်စစ်ကောင်စီတပ်ကို ယခုလက်ရှိ တိုက်ပွဲဝင်ဒရုန်းများထက် ကီလိုမီတာများစွာ ပျံသန်းနိုင်ပြီး ဗုံးသီးကြီးများကို သယ်ဆောင်နိုင်သည့် မောင်းသူမဲ့လေယာဉ်ကြီးများဖြင့် တာဝေးစစ် ဆင် ရေးများ လုပ်ဆောင်ကာ အရှိန်မြှင့်တိုက်ခိုက်မည်ဖြစ်ကြောင်း ဒရုန်းစစ်ဆင်ရေးများကို လုပ်ဆောင်နေသည့် Federal Wings မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။", "သာမန်ဒရုန်းများထက် ခရီးမိုင်ပေါင်းများစွာကို အမြင့်ကြီးမှ ပျံသန်းနိုင်ကာ ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်နိုင်သည့် VTOL (ခေါ်) Vertical Take-off Landing ဒရုန်း ၁၂ စင်းကို အကြမ်းဖက်စစ်ကောင်စီတပ်များအား တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားပြီဖြစ်ကြောင်း Federal Wings ထံမှ သိရသည်။", "မောင်းသူမဲ့လေယာဉ် VTOLများကို မကြာမီ စစ်ဆင်ရေးများတွင် အသုံးပြုတော့မည်ဟုလည်း ၎င်းက ဆိုသည်။", "“အခု done တွေက ကီလိုမီတာ ၈/၁၀/၁၅ လောက်ပဲ အသွားအပြန်လုပ်နိုင်တယ်။ တာဝေးကျတော့ drone က ကီလိုမီတာအများကြီးပျံသန်းနိုင်တယ်။ အဲ့နည်းပညာက အခုလို သာမာန် drone မှာ မရနိုင်ဘူး။ VTOL လို့ခေါ်တဲ့ Vertical Take-off Landing မှအဆင်ပြေတာ” ဟု Federal Wings မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။", "VTOL ဒရုန်းများသည် ဒရုန်းဖြတ်စက်များကို ကျော်လွန်ပျံသန်းနိုင်ပြီး Fixed Wings နှင့် Multi Rotor ပေါင်းစပ်နည်းပညာဖြင့် တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သဖြင့် ဗုံးသီးအကြီးစားများကို သယ်ဆောင်နိုင်ကြောင်း Federal Wings မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။", "Federal Wings သည် တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း ထုတ်လုပ်ရေးစီမံကိန်းကို ပြည်တွင်းနှင့် ကမ္ဘာအနှံ့မှ နည်းပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့်အကောင်အထည်ဖော် ဆောင်ရွက်နေသည်မှာ (၁) နှစ်တာကာလအတွင်းသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်ကြောင်း၊ ဒရုန်းကိုယ်ထည် အား Composite နည်းပညာများဖြင့် Federal Wings ၏ ထုတ်လုပ်ရေးတပ်ဖွဲ့များက ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်သူသို့ အသိပေး အစီရင်ခံချက်အရ သိရသည်။", "နည်းပညာဖွံ့ဖြိုးမှုအားကောင်းရန်အတွက် Research & Development (R&D) လုပ်ငန်းများအား Federal Wings မှ ကြိုးစားဆောင်ရွက်နိုင်သော် လည်း ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဒရုန်းတပ်ဆင်ရေးလုပ်ငန်းများအား လျှင်မြန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ပြည်သူလူထု၏ ငွေကြေးထည့်ဝင်မှုကိုသာ အားကိုးအားထားပြုရမည်ဖြစ်ကြောင်း Federal Wingsထံမှ သိရသည်။", "ထို့ကြောင့် Federal Wings ဒရုန်းများ အားဖြည့်တပ်ဆင်ရန်အတွက် Federal Wings နှင့် Cobra (Campaign)၊ Federal Wings နှင့် KNDF/B-15 (Campaign)၊ Federal Wings နှင့် ယောဒေသ ဒရုန်းလက်ရုံးတပ်ဖွဲ့ (Campaign)စသည့် အစီအစဉ် (၃) ခုအား စတင်သွားမည်ဖြစ်သဖြင့် ပါဝင်အားဖြည့်ကူညီပေးနိုင်ကြပါရန် ပြည်သူလူထုအားမေတ္တာရပ်ခံကြောင်း၊", "Federal Wings ၏ မူလပထမ အတောင်ပံများဖြစ်သော အဖွဲ့များထံတွင် ပါဝင်ကူညီအားဖြည့်နိုင်ကြောင်း Federal Wingsက ဆိုထားသည်။", "ပုံ- Federal Wings ၏ တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း ထုတ်လုပ်ရေး Project များမှ ထုတ်လုပ်ထားသည့် VTOLများ"]
https://yktnews.com/2024/02/144597/
မောင်တောရှိ စစ်တပ်နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်၊ နယ် ခြားစောင့်တပ်များ မထွက်ပြေးမီ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ဘင်္ဂလားဒေ့ရှ်ငွေ ၁၀ သန်းဖြင့် ရောင်းစားခဲ့မှု စိစစ်တွေ့ရှိရ
["စစ်ကောင်စီတပ်စခန်းအတွင်းမှ ရဲအလောင်းများနှင့် ARA ၊ RSO အဖွဲ့ဝင်အလောင်းများပါ တွေ့ရှိရဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခုကိုAAက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မထွက် ပြေးမီ စခန်းနှစ်ခုလုံးမှ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ရောင်းစားခဲ့မှုကို စိစစ်တွေ့ရှိရကြောင်းAAက ယမန်နေ့ ပိုင်း သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ၊ နယ်ခြားစောင့်တပ်စခန်း တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ)စခန်း တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့ကြောင်း သိရှိရသည်။", "AAက တောင်ပြို (လက်ယာ) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ ရက္ခိုင့်တပ်တော်မှ ဤသို့ ထိုးစစ်ဆင်တိုက်ခိုက်မှု ကြောင့် တောင်ပြို (လက်ဝဲ/လက်ယာ) ဗျူဟာစခန်းနှစ်ခုစလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အရေအတွက် စုစုပေါင်းအင်အား ၂၀၀ အထက်သည် ဘင်္ဂလာဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ ကြကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်စဉ် ARA နှင့် RSO တပ်ဖွဲ့ဝင်များနှင့် ကြိုတင်ပူးပေါင်းထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက အပြင်းအထန် ခုခံတိုက်ခိုက် ခဲ့ကြကြောင်း၊ အဆိုပါဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် များ၏ အလောင်းအမြောက်အမြား၊ ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "တောင်ပြို (လက်ယာ) စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ခင်ကတည်းကပင် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်း နှစ်ခုစလုံးမှ နယ်ခြားစောင့်တပ်မှူးများနှင့် ARA နှင့် RSO လက်နက်ကိုင်တပ်ဖွဲ့များအကြား ကြိုတင်ညှိုနိူင်းမှုပြုလုပ်ခဲ့ကာ နားလည်မှုရယူထားခဲ့ကြောင်း၊ စစ်ကောင်စီတပ်စခန်းများကို ထွက်ပြေးရန်အခြေအနေကြုံလာပါက ၎င်းစစ်ကောင်စီတပ် စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ (Taka) ၁၀ သန်းဖြင့် ရောင်းချထားခဲ့ကြောင်း၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်နိုင်ရန်အတွက် ARA အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများက ထွက်ဆိုကြောင်းAAက သတင်းထုတ်ပြန်သည်။", "ထို့အပြင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများ၏ အဆိုအရ နယ်ခြားစောင့်တပ်များနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA (Arakan Rohingya Army) အဖွဲအစည်းတို့အကြား ရင်းနှီးသောဆက်ဆံရေးအပြင် အပေးအယူများ၊နားလည်မှုရှိရှိဖြင့်နေခဲ့ကြကြောင်း ၊AAက သိမ်းပိုက်ရရှိထားသော ARA တပ်စခန်းများထဲတွင် တောင်ပြို (လက်ဝဲ/လက်ယာ) ရဲမှူးများက တာကာဆယ်သန်းဖြင့်ရောင်းချခဲ့သော လက်နက်ခဲယမ်းများအပြင် WY မူးယစ်ဆေးဝါး (၆၉) ထုပ်နှင့် ရေခဲ ၂၈ ထုပ်တို့ကိုလည်း ARA စခန်းအတွင်းမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "ARA တပ်စခန်းသည် နတ်မြစ်ကမ်းစပ်တွင် အင်္ဂတေ၊ အုတ်များဖြင့်တည်ဆောက်ထားသော အခိုင်အမာစခန်းတစ်ခုဖြစ်သည့် အပြင် အင်္ဂတေလူသွားလမ်းများဖြင့် စစ်ကောင်စီ၏ တောင်ပြို (လက်ဝဲ)စခန်း နှင့်ချိတ်ဆက်ထားကြောင်း၊ တောင်ပြို (လက်ဝဲ) စခန်းနှင့် ARA ၏ အဓိကစခန်းသည် အဖြောင့်တိုင်းလျှင် မီတာ (၁၀၀၀) တစ်ထောင်ကျော်သာ ဝေးကြောင်း၊ ဤကဲ့သို့ အကွာအဝေးတွင် ထိုသို့အခိုင်အမာစခန်းတစ်ခုရှိနေခြင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ARA အဖွဲ့ကြား အပေးအယူနှင့် နားလည် မှုတို့ မည်ရွေ့မည်မျှရှိနေသည်ကို ခန့်မှန်းတွက်ချက်နိုင်ကြောင်းAAက ထုတ်ပြန်သည်။", "ထို့ပြင် ARA စခန်း၏ တစ်ဖက်ကမ်းတွင်ရှိသော ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ပုံမှန်ဝင်ထွက်သွားလာနေကြသည့် လက္ခဏာများကိုလည်း ထင်ရှားစွာတွေ့ရှိရကြောင်း၊ ARA အဓိကစခန်း၏ တစ်ဖက်ကမ်းတွင် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ် BGB (Border Guard Bangladesh) တပ်စခန်းတစ်ခုလည်းရှိနေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့၏လက်နက်ဂိုဒေါင်များမှ လက်နက်ခဲယမ်းအချို့ကို ARA အဖွဲ့က ရယူနိုင်ခဲ့ခြင်းမှာ ၎င်းတို့ အတူရှိနေခဲ့ခြင်းကြောင့် ဖြစ်ကြောင်းAAက ပြောဆိုသည်။", "AA၏ထိုးစစ်ကို နယ်ခြားစောင့်တပ်နှင့် ARA တပ်ဖွဲတို့ပူးပေါင်း၍ ခုခံတိုက်ခိုက်နေခဲ့ကြ စဉ်အတွင်း အဆိုပါစခန်းအတွင်းမှ လက်နက်ခဲယမ်းများကို အချိန်တိုအတွင်း ရသမျှကို သိမ်းကြုံးယူဆောင်သွားနိုင်ခဲ့သော ကြောင့် ဖြစ်ကြောင်း၊ ARA အဖွဲ့သည် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ ဝင်ရောက်၍ ကားတစ်စီးဖြင့် သယ်ယူသွားခဲ့ကြောင်း သိရှိရသည်။", "AAအဖွဲ့အနေဖြင့် စစ်သုံ့ပန်းများအား ဆက်လက်စစ်ဆေးလျက်ရှိပြီး ထပ်မံသိရှိရသည်များရှိပါက ဆက်လက် တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် ဘင်္ဂလာ-ရက္ခိုင်နယ်စပ်ရှိ လူ့အဖွဲ့အစည်းတစ်ခုလုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် လူမှုသဟဇာတဖြစ်ရေးတို့အတွက် အဓိက အထူး အလေးထားဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးဆိုင်ရာအစီအမံများကိုလည်း အာရက္ခပြည်သူ့အစိုးရအနေဖြင့် အထူးအလေးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်းAAက ထုတ်ပြန်ထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/07/114954/
စစ်ကောင်စီတပ်တွင် လိင်ပိုင်းဆိုင်ရာ ထိပါးမှုနှင့် အနိုင်ကျင့် နှိပ်စက်မှုများကြောင့် အမျိုးသမီး စစ်သည်များ ထွက်ပြေး
["စစ်ကောင်စီတပ်တွင် လိင်ပိုင်းဆိုင်ရာ ထိပါးမှုနှင့် အနိုင်ကျင့် နှိပ်စက်မှုများကြောင့် အမျိုးသမီး စစ်သည်များ ထွက်ပြေး", "နေပြည်တော် စစ်သင်တန်းအတွက် ဆေးစစ်စဉ် လိင်ပိုင်းဆိုင်ရာ ထိပါးမှုနှင့် မဖွယ်မရာ လုပ်မှုကြောင့် စစ်သည် အမျိုးသမီး ၅ ဦး ထွက်ပြေး", "ရန်ကုန်၊ ဇူလိုင် ၂၆", "အကြမ်းဖက်စစ်ကောင်စီတပ်များတွင် လိင်ပိုင်းဆိုင်ရာ ထိပါးမှုနှင့် အနိုင်ကျင့်နှိပ်စက်မှုများကြောင့် အမျိုးသမီး စစ်သည်များ ထွက်ပြေးနေကြကြောင်း တပ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူလူထု၏ ခုခံ တွန်းလှန်မှုကြောင့် စစ်သား အများအပြား သေဆုံးလျက်ရှိရာ စစ်သားအင်အား မလုံလောက်မှု များ ဖြစ်ပေါ်လာကြောင်း၊ ယင်းအခြေအနေများကြောင့် ယခင် ခေတ်အဆက်ဆက် တိုက်ပွဲများတွင် အသုံးပြု ခဲလှသော အမျိုးသမီးစစ်သည်များကို ရှေ့တန်း စစ်မြေပြင် တချို့တွင် စတင်အသုံးပြုလာကြောင်း သိရှိသည်။", "အမျိုးသမီးစစ်သည်များကို ရှေ့တန်း စစ်မျက်နှာပြင်တွင် အသုံးပြုနိုင်ရန်အတွက် စစ်လေ့ကျင့်ရေးအရာရှိချုပ်ရုံး၏ ညွှန်ကြားချက်ဖြင့် အရာရှိနှင့် အခြားအဆင့် အမျိုးသမီးစစ်သည် အားလုံးကို အသုတ်လိုက်ခွဲ၍ နေပြည်တော်တွင် အကြမ်းဖက်နှိမ်နင်းရေး သင်တန်းများ မတက်မနေရ တက်ရောက်ခိုင်းကြောင်း၊ လက်ရှိတွင် သင်တန်းအပတ်စဉ် ၂ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။", "စစ်သင်တန်းများတွင် သင်ဆန်းဆရာနှင့် ကြီးကြပ်ရေး တာဝန်ရှိသူ စစ်သားများက အရက်သေစာနှင့် မူးယစ်ဆေးဝါး သုံးစွဲပြီး အမျိုးသမီးစစ်သည်များကို သင်တန်း၏ သင်ရိုးထက်ကျော်လွန်သည့် အမြင့်မှ ခုန်ချစေခြင်း၊ မောင်းနှင်နေသည့် ကားပေါ်မှ ခုန်ချရသည့် သင်ရိုးတွင် မလိုအပ်ဘဲ တွန်းကန်ချခြင်း၊ လေ့ကျင့်ရေး များတွင် နှိပ်စက်ခြင်းများ လုပ်ဆောင်ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်သင်တန်းများတွင် အမျိုးသမီးစစ်သည်များကို သင်တန်းကြီးကြပ်ရေး စစ်သားများက လိင်ပိုင်းဆိုင်ရာ ထိပါးမှုများကို အုပ်စုဖွဲ့လုပ်ဆောင်ကြကြောင်း၊ အကြမ်းဖက်မှုနှိမ်နင်းရေး သင်တန်း အပတ်စဉ် ၂ အတွက် သင်တန်းသား အမျိုးသမီးစစ်သည်များ နေပြည်တော်ရှိ ဆရက ၂/၁၀၀၀ စစ်ဆေးရုံတွင် လာရောက် ကျန်းမာရေး စစ်ဆေးစဉ် စစ်ဆေးသူ စစ်သည် အမျိုးသားများက လိင်ပိုင်းဆိုင်ရာ ထိပါးမှုနှင့် မဖွယ်မရာ စမ်းသပ်မှုများကြောင့် သင်တန်းသား အမျိုးသမီး စစ်သည် ၅ ဦး ထွက်ပြေးသွားကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်က ထွက်ပြေးသည့် အမျိုးသမီးစစ်သည် ၅ ဦးကို ပြန်လည် ဖမ်းဆီးနိုင်ရေး ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သော်လည်း မမိခဲ့ကြောင်း၊ ယင်းသတင်းကို ဖုံးဖိထားကြောင်း သိရှိရသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ရဲနှင့်စစ်သားများ CDM များအတွက် ကူညီပေးရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက “ထွက်ပြေးသွားတဲ့ အမျိုးသမီး ဖြစ်စဉ်တွေ လာရောက်ဆက်သွယ်တာမရှိသေးပါဘူး။ လာရောက်ဆက်သွယ်တာနဲ့ ဒီအမျိုးသမီးစစ်သည်တွေကို အထူးဂရုစိုက်ကူညီပေးသွားမှာပါ။ လာရောက် ဆက်သွယ်ဖို့လည်း မျှော်လင့်နေပါတယ်” ဟု ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက အမျိုးသမီးအရာရှိသင်တန်းများ၊ အမျိုးသမီးစစ်သည် အခြားအဆင့် များကို ယခုနောက်ပိုင်းတွင် တိုးမြှင့်ခေါ်ယူမှုများ ပြုလုပ် လာကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/184403/
စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာပြီး တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဖားကန့်တစ်မြို့လုံး စစ်ဘေးရှောင်ကြကာ မြို့တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွား
["စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာပြီး တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဖားကန့်တစ်မြို့လုံး စစ်ဘေးရှောင်ကြကာ မြို့တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွား", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာပြီး တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဖားကန့်တစ်မြို့လုံး စစ်ဘေးရှောင်ကြပြီး မြို့တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာ လဆန်းပိုင်းမှစတင်ပြီး ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ရာမှ ယခုအခါ မြို့ပေါ်တွင်ပါ စစ်ရေးတင်းမာလာကြောင်း၊ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လာသဖြင့် ပြည်သူများထိခိုက်သေဆုံးမှုများ ရှိလာကြောင်း၊ ထို့ကြောင့် ဖားကန့်မြို့မှ ပြည်သူများမှာ စတင်တိမ်းရှောင်မှုများ လုပ်လာကြပြီး စျေးဆိုင်များမှာလည်း ပိတ်ထားကြောင်း၊ ယနေ့တွင်မူ ဖားကန့်တစ်မြို့လုံး စစ်ဘေးရှောင်သွားကြပြီး တစ်မြို့ လုံး တိတ်ဆိတ် ခြောက်ကပ်လျက်ရှိကြောင်း သိရှိရသည်။", "“မနေ့က စပြီး ပြည်သူတွေ ပြေးကြတာ ဒီနေ့တော့ မြို့တစ်မြို့လုံး တိတ်ဆိတ်သွားပြီ။ လူတောင်မရှိတော့ဘူး။ ခြောက်ကပ်သွားတယ်။ ဆိုင်းတောင်ဘက်မှာတော့ တိုက်ပွဲဖြစ်နေတုန်းပဲ။ ဖားကန်မြို့ပေါ်မှာ လူကို မရှိတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်၏ လေယာဉ်များက ဖားကန့်မြို့ပေါ်တွင် ပျံဝဲနေပြီး အခြေအနေကို အကဲခတ်နေကြောင်း၊ မကြာမီ ဖားကန့်တွင် တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားလာနိုင်ကြောင်း မြို့ပေါ်တွင် ကျန်ရစ်ခဲ့သည့် ဒေသပြည်သူတချို့က ပြောဆိုသည်။", "“ဖားကန့်ရဲစခန်းဘက်မှာလည်း ဘာသံမှ မကြားရဘူး။ အရမ်းကို တိတ်ဆိတ်နေတာ” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။"]
https://yktnews.com/2024/01/142298/
စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် များက ထိုးစစ်ဆင်နေသော်လည်း ဆီဆိုင်မြို့ကို PNLA နှင့်မဟာမိတ်တပ်များက ဆက်လက် သိမ်းပိုက်ထားဆဲ
["စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် များက ထိုးစစ်ဆင်နေသော်လည်း ဆီဆိုင်မြို့ကို PNLA နှင့်မဟာမိတ်တပ်များက ဆက်လက် သိမ်းပိုက်ထားဆဲ", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ကို လက်လွှတ်ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက ဆီဆိုင်မြို့ကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်နေသော်လည်း PNLA နှင့်မဟာမိတ်တပ်များက မြို့ကို ဆက်လက် သိမ်း ပိုက်ထားဆဲဖြစ်ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဆီဆိုင်မြို့ကို PNLA နှင့်မဟာမိတ်တပ်များက အပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဆီဆိုင်မြို့နယ်ရှိ ခမရ ၄၂၄ တပ်ကို ပအိုဝ်း အမျိုး သား လွတ်မြောက်ရေးတပ်မတော်(PNLA)က သိမ်းပိုက်ခဲ့ပြီး လက် နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဆီဆိုင်မြို့ပေါ်ရှိ ရဲစခန်း ၊ ထွေ/အုပ်ရုံး အပါအဝင် ဌာနဆိုင်ရာရုံးများအားလုံးကို PNLA နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။", "“အခုထက်ထိတော့ စစ်တပ်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ တိုက်ခိုက်ပေမယ့် တော်လှန်ရေးတပ်တွေက ဆီဆိုင်မြို့ကို ဆက်လက် သိမ်းပိုက်ထားပါတယ်” ဟု PNLA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်၍ စစ်ကောင်စီက သထုံႏပေႏ (ဆီဆိုင်) မြို့ နှင့် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခတ်ခြင်း၊ ဂျက်ဖိုက်တာ ၊ Y12 လေယာဉ်များဖြင့် တနေကုန် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များ ပျက်စီးထိခိုက်မှုရှိခဲ့ကြောင်း PNLA က တရားဝင် သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/01/140576/
စစ်ကောင်စီတပ်ဖွဲ့ထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းအချို့ကို မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်
["စစ်ကောင်စီတပ်ဖွဲ့ထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းအချို့ကို မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "စစ်ကောင်စီတပ်ဖွဲ့ထံ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းတချို့ကို စမ်းသပ်ပစ်ခတ်နေကြာင်း မရာလဲန်းကာကွယ်ရေး တပ်ဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။", "မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (Maraland Dfense Force MDF)သည် ချင်းပြည်နယ်၊ ပလက်၀မြို့ နယ်တိုက်ပွဲများအတွင်း၌ ရက္ခိုင့်တပ်တော် AAနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့် ချင်းလက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။"]