url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/01/140599/
စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ လက်နက်များနှင့်အတူ ထွက်ပြေး ရောက်ရှိ၊ အိန္ဒိယသို့ ထွက်ပြေးသည့် စစ်သားအရေအတွက် ၆၉၄ ဦး ရှိလာပြီ
["စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ လက်နက်များနှင့်အတူ ထွက်ပြေး ရောက်ရှိ၊ အိန္ဒိယသို့ ထွက်ပြေးသည့် စစ်သားအရေအတွက် ၆၉၄ ဦး ရှိလာပြီ", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "ရက္ခိုင့်တပ်တော် AA ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝဒေသမှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်အခြမ်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သား ၂၇၈ ဦး လက်နက်များနှင့်အတူ ထွက်ပြေးရောက်ရှိလာကြောင်း အိန္ဒိယသတင်းဌာနများက သတင်းဖော်ပြကြသည်။", "ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မြန်မာနိုင်ငံ ပလက်ဝဒေသဘက်မှ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ထဲသို့ မြန်မာစစ်ကောင်စီတပ်မှ စစ်သား ၂၇၈ ဦးသည် လက်နက်များနှင့်အတူ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၇၈ ဦးသည် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ အာသံရိုင်ဖိုင်တပ်ဖွဲ့ထံတွင် လက်နက်ချပြီး ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း၊ AA က ပလက်ဝ ဒေသတစ်ခုလုံးကို ထိုးစစ်ဆင်းတိုက်ခဲ့ပြီးနောက် နှမဒါဗျူဟာ၊ ခန်ခတောင် ဗျူဟာနှင့် တရွန်အိုင်၊ နှုံဘူး ဗျူဟာကုန်းမှ စစ်သားများ ထွက်ပြေးကြရမှာ မီဇိုရမ်ပြည်နယ်ထဲသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "ရခိုင်တပ်တော်က ပလက်ဝဒေသရှိ စစ်ကောင်စီ တပ်စခန်းများ၊ ဗျူဟာကုန်းများ၊ ဌာနချုပ်များ တစ်ခုမကျန် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်းတွင် ကြေညာခဲ့သည်။", "ပလက်ဝမြို့အပါအဝင် ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA မှ အလုံးစုံ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်သော်လည်း ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများရှိနေသေး၍ ပြည်သူလူထုများ အနေဖြင့် အသွားအလာ အထူးသတိထားကြရန် AA အသိပေးထုတ်ပြန်ထားသည်။", "ထို့ပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က ပလက်ဝမြို့တိုက်ပွဲနှင့် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ပွိုင့် ၃၇၇ ခြေကုပ်စခန်းတို့ကို AA က တိုက် ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်သား ၈၃ ဦးသည် အိန္ဒိယ ဘက်ခြမ်းသို့ ထွက်ပြေးခဲ့ကြကြောင်း၊ ပလက်ဝအတွင်း AA အပါ အဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၃ နိုဝင်ဘာတွင် ၃ ကြိမ်၊ ဒီဇင်ဘာတွင် ၁ ကြိမ်နှင့် ၂၀၂၄ ဇန်နဝါရီတို့တွင် ၂ ကြိမ် စုစုပေါင်း ၆ ကြိမ်အထိ ရှိလာခဲ့ပြီ စစ်ကောင်စီတပ်သား ထွက်ပြေးသည့် အရေအတွက် ၄၁၆ ဦး ရှိလာပြီဖြစ် ကြောင်း၊ ယခုထွက်ပြေးလာသည့် စစ်သားအရေအတွက် ၂၇၈ ဦးပါ ထည့်ပေါင်းလျှင် ထွက်ပြေးသည့် စစ်သားအရေအတွက် ၆၉၄ ဦး ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။", "အိန္ဒိယစစ်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး Manoj Pande က အိန္ဒိယဘက်သို့ ၂ လအတွင်း မြန်မာစစ်သား ၄၁၆ ဦး ထွက်ပြေး လာကြောင်း ဇန်နဝါရီ ၁၁ ရက်နေ့ ရိုက်တာသတင်းဌာနသို့ ပြောဆိုခဲ့သည်။", "အိန္ဒိယဘက်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကို အိန္ဒိယစစ်တပ် က မြန်မာနိုင်ငံဘက်အခြမ်းသို့ အိန္ဒိယအစိုးရက မကြာခဏဆိုသလို လွှဲပြောင်း ပြန်လည်ပို့ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/89754/
စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးစေခဲ့သော ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ ထိပ် ရှိ စစ်တပ်ဂိတ် ပစ်ခတ်မှု ဝေါ PDF ၏ တိုက်ခိုက်မှုဟုဆို
["စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးစေခဲ့သော ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ ထိပ် ရှိ စစ်တပ်ဂိတ် ပစ်ခတ်မှု ဝေါ PDF ၏ တိုက်ခိုက်မှုဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေ ဆုံးစေခဲ့သော စစ်တပ် စစ် ဆေးရေး ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှုမှာ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက် ခြင်းဖြစ်ကြောင်း ပဲခူး PDF က ကြေညာသည်။", "ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ဝေါမြို့နယ် ဘုရားပျို ကျေးရွာ အထွက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စုပေါင်းလုံခြုံရေး ယူထား သည့် စစ်ဆေးရေးဂိတ်ကို ဝေါမြို့နယ် ပကဖက ဝင်ရောက် တိုက်ခိုက် ခဲ့ပြီး ရာအိမ်မှူး ၁ ဦးနှင့် မီးသတ် ဝန်ထမ်း ၂ ဦး ပွဲချင်းပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ၁ ဦး၊ ဒုရဲအုပ် ၁ ဦး နှင့် ပျူစောထီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ အရေး ပေါ်အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် ပို့ဆောင်ထားရကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ဝေါမြို့နယ် ပကဖ က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/06/170273/
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၄ လက်၊ ခဲယမ်းများ၊ ထောက်ပို့ယာဉ်များနှင့်အတူ ဖမ်းဆီးရရှိ
["စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၄ လက်၊ ခဲယမ်းများ၊ ထောက်ပို့ယာဉ်များနှင့်အတူ ဖမ်းဆီးရရှိ", "ရန်ကုန်၊ ဇွန် ၂၇", "စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၄ လက်၊ ခဲယမ်းများ၊ ထောက်ပို့ယာဉ်များနှင့်အတူ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။", "ဇွန်လ ၂၇ ရက်နေ့ ပြင်ဦးလွင် ခရိုင် ပကဖ နဲ့ မတ္တရာ မြို့နယ် ပကဖ တို့က စစ်ကောင်စီဘက်မှ တပ်သား ၄ ဦး၊ ​သေနတ် ၄ လက်တို့ကို နှင့် ​ထောက်ပို့ ယာဥ်များ ဖမ်းမိရရှိကြောင်း သိရှိရသည်။", "ဖမ်းဆီးရရှိသူ ၄ ဦးတွင် တပ်သား ၂ ဦးမှာ လက်ရုံးတပ်ဖြစ်သော ကပစ တပ်မှ စစ်သားများဖြစ်ပြီး ကျန် ၂ ဦးမှာလည်း လက်ရုံးတပ်များမှဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/156763/
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုန်းအောင်းနေသော အမှတ် ၂ တံတား ပုံမှန်ပြန်ဖွင့်ပြီးကုန်ကားများ ဖြတ်သန်းသွားလာ၊ မြ၀တီမြို့ အခြေအနေလည်း ပုံမှန်ကဲ့သို့ပင် သွားလာနေ
["စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုန်းအောင်းနေသော အမှတ် ၂ တံတား ပုံမှန်ပြန်ဖွင့်ပြီးကုန်ကားများ ဖြတ်သန်းသွားလာ၊ မြ၀တီမြို့ အခြေအနေလည်း ပုံမှန်ကဲ့သို့ပင် သွားလာနေ", "ရန်ကုန်၊ ဧပြီ ၁၃", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ ပုန်းအောင်နေသော အမှတ် ၂ ချစ်ကြည်ရေးတံတား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေပြီး ကုန်ကားများလည်း ယနေ့ နံနက်ပိုင်းမှစတင်၍ ဖြတ်သန်းသွားလာနေကြောင်း ဒေသပြည်သူများနှင် ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရှိရသည်။", "ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ကုန်တင်ယာဉ်နှင့် ကုန်စည်များ တင်ပို့နေသော ကားများအားလုံးမှာ ထိုင်းနှင့်မြန်မာဘက်နှစ်ခုစလုံးတွင် ပုံမှန်အတိုင်း လည်ပတ်နေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေ၍ တစ်စုံတစ်ရာ ယခင်ကကဲ့သို့ ကုန်စည်စီးဆင်းမှု နှောင့်နှေးမှု မရှိတော့ဘဲ ပုံမှန် အခြေအနေကဲ့သို့ ပင် လည်ပတ်နေပြီဖြစ်ကြောင်း သိရှိရသည်။", "“အခုက အမှတ် ၂ တံတားဘက်မှာ ကုန်စည်တွေက ပုံမှန်အခြေအနေထက်ကို သွားလာပြီး ပို့ဆောင်နေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတောင် ကုန်ကားတွေကြားမှာ ပျောက်သလိုဖြစ်နေတယ်။ သူတို့ရှိနေဆဲပါပဲ။ ပစ်ခတ်မှု လည်း အသံမကြားရပါဘူး” ဟု ဒေသပြည်သူတစ်ဦးကဆိုသည်။", "မြ၀တီမြို့ပေါ်တွင်လည်း တိုက်ပွဲများ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ BGF (ခေါ်) KNA တပ်ဖွဲ့ဝင်များက လုံခြုံရေး ယူထားဆဲဖြစ်ကြောင်း၊ မဲဆောက်-မြ၀တီ ကူးလူးနေသည့် အမှတ် ၁ တံတားမှာလည်း ပုံမှန်အတိုင်း ဖွင့်ထားပြီး ပြည်သူများမှာလည်း နေ့စဉ် ထောင်ချီ၍ သွားလာဖြတ်သန်းနေကြောင်း သိရှိရသည်။", "“ဆိုင်တွေတော့ ပုံမှန် ပြန်ဖွင့်တာရှိတယ်။ သင်္ကြန်မို့ ပိတ်တဲ့ဆိုင်လည်းပိတ်ကြတယ်။ အခြေအနေကတော့ လူတွေကတော့ပုံမှန်ပဲ။ ကလေးတချို့ ရေပက်နေကြတာရှိပါတယ်။ BGF တွေကတော့ မြို့မှာ လမ်းဆုံတိုင်းမှာ ရှိနေတယ်” ဟု မြ၀တီမြို့ မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "မြ၀တီမြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရှိတော့ဘဲ BGF အဓိက ထိန်းချုပ်ထားပြီး KNU ကမူ များမကြာမီ အုပ်ချုပ်ရေးစတင်မည်ဖြစ်ကြောင်း ကြေညာထားသည်။", "ဓာတ်ပုံ – ယနေ့ ပုံမှန်အတိုင်းလည်ပတ်နေသော မြ၀တီမြို့ အမှတ် ၂ ချစ်ကြည်ရေးတံတား။", "Photo Credit – The Reporters", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#စစ်ကောင်စီတပ်ဖွဲ့ဝင်များ #အမှတ် ၂ တံတား ပုံမှန်ပြန်ဖွင့်#မြ၀တီမြို့ အခြေအနေလည်း ပုံမှန်"]
https://yktnews.com/2023/11/129116/
စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး အလင်းဝင်လျှင် စစ်သားဂုဏ်သိက္ခာမထိခိုက်ဘဲ စောင့်ရှောက်ပေးမည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဖိတ်ခေါ်
["စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး အလင်းဝင်လျှင် စစ်သားဂုဏ်သိက္ခာမထိခိုက်ဘဲ စောင့်ရှောက်ပေးမည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဖိတ်ခေါ်", "စစ်ကောင်စီတပ်မှ အင်အား ၅၀ ရှိသော တပ်စခန်းတစ်ခုလုံး အညံ့ခံခဲ့၍ အသက်ချမ်းသာပေးပြီး လုံခြုံစွာ နေရာချထားပေး", "ရန်ကုန်၊ နိုဝင်ဘာ ၁", "စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး အလင်းဝင်လျှင် လူဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာမထိခိုက်ဘဲ အချက် ၅ ချက်နှင့်အညီ စောင့် ရှောက်ပေးမည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဖိတ်ခေါ်လိုက်သည်။", "ကိုးကန့် MNDAA ၊ ရက္ခိုင့်တပ်တော် AA နှင့် တအာင်း TNLA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က အောက်တို ဘာလ ၂၇ ရက်နေ့မှစတင်၍ Operation ၁၀၂၇ ကို စတင်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ ၅ ရက်တာကာလအတွင်း စခန်းကြီး၊ စခန်းငယ်၊ စစ်ဘက်ဆိုင်ရာ တပ်စခန်းပေါင်း ၈၀ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် သိန္နီမြို့များကို အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ကြေညာသည်။", "အောက်တိုဘာလ ၃၀ ရက်နေ့ စစ်ကောင်စီ၏ အင်အား ၅၀ ရှိသော တပ်စခန်းတစ်ခုလုံးကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အနေဖြင့် ၂ နာရီအတွင်း ချေမှုန်း၍ ရနိုင်သော်လည်း အချိန်မီ အညံ့ခံခဲ့သောကြောင့် တစ်ယောက်မကျန် အသက် ချမ်းသာပေးပြီး ဘေးကင်းရာတွင် လုံခြုံစွာ နေရာချထားပေးခဲ့ကြောင်း၊ ၅ ရက်တာ စစ်ဆင်ရေး ကာလအတွင်း အသက်မသေလိုသည့် စစ်ကောင်စီဘက်တော်သား အလင်းဝင်လာသူ ၁၀၀ ကျော်ရှိကြောင်း တရားဝင် ကြေညာသည်။", "စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်စခန်းများမှ တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်အပ်၍ သော်လည်းကောင်း၊ အလင်းဝင် ရောက်၍ သော်လည်းကောင်း အမြန်ဆုံး ဆက်သွယ်ကြရန် အသိပေးအပ်ပြီး အလင်းဝင်လာသူများကို", "၁- အသက်၊ အန္တရာယ်လုံခြုံရေးကို အထူး အာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊", "၂- မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမျိုးမှ မပြုလုပ်ကြောင်း၊", "၃- မိသားစု၊ ဆွေမျိုးများနှင့် အမြန်ဆုံး ပြန်လည် ပေါင်းစည်းခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊", "၄-လမ်းခရီးတွင် သွားလာရန်အတွက် လိုအပ်မည့် ခရီးစရိတ်များကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊", "၅- မကျန်းမမာဖြစ်နေသော သူများကိုလည်း မိမိတို့တွင်ရှိသော ကျန်းမာရေး ဝန်ဆောင်မှု စောင့်ရှောက်မှုများဖြင့် အတတ်နိုင်ဆုံး စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။"]
https://yktnews.com/2024/01/138101/
စစ်ကောင်စီတပ်များ ဆုတ်ခွာပြီးနောက် မိုင်းငေါ့မြို့ကို အညှာအတာကင်းမဲ့စွာဖြင့် လေယာဉ်များသုံး၍ ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်၍ တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေ
["စစ်ကောင်စီတပ်များ ဆုတ်ခွာပြီးနောက် မိုင်းငေါ့မြို့ကို အညှာအတာကင်းမဲ့စွာဖြင့် လေယာဉ်များသုံး၍ ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်၍ တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေ", "ရန်ကုန်၊ ဇန်နဝါရီ ၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့တွင် ဒီဇင်ဘာ ၃၀ ရက်နေ့ ညပိုင်းမှစ၍ အကြမ်းဖက်စစ်တပ်နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကာ စစ်ကောင်စီတပ်များ မြို့တွင်းမှ ဆုတ်ခွာပြီးနောက် မိုင်းငေါ့မြို့ကို အညှာအတာကင်းမဲ့စွာဖြင့် လေယာဉ်များသုံး၍ ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်၍တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် မိုင်းငေါ့မြို့ရှိ မီးသတ်ရုံး၊ စာသင် ကျောင်း၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များနှင့် စျေးများ ထိမှန်မီးလောင်ပြာကျနေကြောင်း သိရှိရသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းမှ ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့အထိ စစ်တပ်က ပစ်ခတ်မှုများ တောက်လျှောက်လုပ် ဆောင်နေကြောင်း သိရှိရသည်။", "“စစ်တပ်က သူတို့လ က်လွှတ်ရတော့မယ်ဆိုရင် အညှာအတာ ကင်းမဲ့စွာနဲ့ မြို့ကို ဖျက်ဆီးနေတာပဲ။ ပြည်သူတွေလည်း ပြေး၊ မြို့လည်းပျက် ပုံစံမျိုးဖြစ်နေတယ်။ သေဆုံးထိခိုက်မှုတွေရှိနေပေမယ့် အတိအကျ သိဖို့ ခက်ခဲပါတယ်။ အားလုံး ထွက်ပြေးနေရတာမို့ပါ” ဟု မိုင်းငေါ့မြို့ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/12/137179/
စစ်ကောင်စီတပ်များ ထောက်ပို့နှင့် စစ်ကူလာနိုင်သော တောင်ငူ-လိပ်သိုလ်- လွိုင်ကော်လမ်းပေါ်ရှိ ကျောက်တိုင်ချောင်းကူးတံတားကို မိုင်းခွဲ ရှင်းလင်း၊ တံတားပြုပြင်ရေး လုပ်ဆောင်သူများ အသက်အန္တရာယ်တာဝန်မယူဟု သတိပေးချက် ထုတ်ပြန်
["စစ်ကောင်စီတပ်များ ထောက်ပို့နှင့် စစ်ကူလာနိုင်သော တောင်ငူ-လိပ်သိုလ်- လွိုင်ကော်လမ်းပေါ်ရှိ ကျောက်တိုင်ချောင်းကူးတံတားကို မိုင်းခွဲ ရှင်းလင်း၊ တံတားပြုပြင်ရေး လုပ်ဆောင်သူများ အသက်အန္တရာယ်တာဝန်မယူဟု သတိပေးချက် ထုတ်ပြန်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "စစ်ကောင်စီတပ်များ ထောက်ပို့နှင့် စစ်ကူလာနိုင်သော တောင်ငူ-လိပ်သိုလ်- လွိုင်ကော်လမ်းပေါ်ရှိ ကျောက်တိုင်ချောင်းကူးတံတားကို မိုင်းခွဲ ရှင်းလင်းလိုက်ကြောင်း People Defense Force-Thandaung က တရားဝင် သတင်းထုတ်ပြန်ပြီး ဒေသပြည်သူများကလည်း ချောင်းကူးတံတားမိုင်းခွဲမှုကြောင့် ပျက်စီးသွားကြောင်း အတည်ပြု ပြောဆိုကြသည်။", "ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁ နာရီ ၄၉ မိနစ်အချိန် ကရင်ပြည်နယ်နှင့်ပဲခူးတိုင်းအစပ် သံတောင်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများ၏ အဓိကထောက်ပို့လမ်းကြောင်းဖြစ်သော တောင်ငူ-လိပ်သိုလ် -လွိုင်ကော်ကားလမ်း တွင်ရှိသော ချောင်းကူးတံတား တစ်စင်းကို KNUတပ်မဟာ ၂ ၊တပ်ရင်း ၅ ပူးပေါင်းတပ်ဖွဲ့(သံတောင်)က ဖောက်ခွဲကာ စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းကိုဖြတ်တောက်ထားကြောင်း၊ အထက်ပါ တံတားနှင့်ပတ်သက်သော ပြန်လည်ပြုပြင်တည်ဆောက်မည့် လုပ်ငန်းစဉ်အသေးအကြီး များတွင် ပါဝင်ပတ်သက်ခြင်းမပြုကြရန် ၊ ပါဝင်ပတ်သက်မိပါက အသက်အန္တရာယ် တာဝန်မယူကြောင်း‌ People Defense Force-Thandaungက သတိပေးထားသည်။", "“တောင်ငူ အရှေဖက် လွိုင်ကော်သွားတဲ့ လမ်းမကြီးပေါ် တောင်ငူအရှေဖက် ၇မိုင် ခန့်အကွာ ပသိဆည်တမံ အနီးမှာရှိတဲ့ ကျောက် တိုင်ရွာ၊ ကျောက်တိုင်ကွန်ကရစ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ လမ်းပိတ်ထားရတယ်။ မိုင်းပေါက်တာက တောင်ငူမြို့အထိတောင် တုန်ခါသံနဲ့ ပေါက်ကွဲသံကြီးကြားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/02/87903/
စစ်ကောင်စီတပ်များနှင့်တိုက်ပွဲများ ပြင်းထန်လာပြီး လက်နက်ခဲယမ်း ကုန်ကျ စရိတ်များလာ၍ ပြည်သူများ ကူညီကြရန် Myingyan Black Tiger PDF တပ်ဖွဲ့က မေတ္တာရပ်ခံ
["စစ်ကောင်စီတပ်များနှင့်တိုက်ပွဲများ ပြင်းထန်လာပြီး လက်နက်ခဲယမ်း ကုန်ကျ စရိတ်များလာ၍ ပြည်သူများ ကူညီကြရန် Myingyan Black Tiger PDF တပ်ဖွဲ့က မေတ္တာရပ်ခံ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသော Myingyan Black Tiger အဖွဲ့အနေဖြင့် တိုက်ပွဲများ ပိုမို ပြင်းထန်လာခြင်း၊ တပ်ဖွဲ့ဝင်များ များပြားလာခြင်းတို့ကြောင့် ကုန်ကျစရိတ်များ ပြားလာသဖြင့် ပြည်သူများ ကူညီပေးကြပါရန် Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင်ကိုမိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "တစ်လလျှင်အနည်းဆုံး တိုက်ပွဲ ၅ ပွဲခန့်ဖော်ဆောင်လျက်ရှိပြီး အသေးစားတိုက် ပွဲတွင် သိန်း ၄၀ နီးပါးကုန်ကျ ကြောင်း၊ တပ်ဖွဲ့ဝင်အား ၁၃၀ ခန့်ရှိပြီး တစ်လလျှင် စားစရိတ် သိန်း ၈၀ ခန့်ကုန်ကျကြောင်း၊ တပ်ဖွဲ့ဝင် အားလုံး ကိုလည်း လက် လုပ်သေနတ်များသာ တပ်ဆင်ထားနိုင်ပြီး သေနတ်အစစ်မရှိသေးကြောင်း၊ တိုက်ပွဲဖော်ဆောင် မည်ဆိုပါက မဟာမိတ်တပ်ဖွဲ့များထံမှ ငှားရမ်းပြီး လက်လုပ်သေနတ်များနှင့်တွဲဖက်ကာ တိုက်ခိုက်နေရ ကြောင်း သိရသည်။", "“ကျနော်တို့က Local အဖွဲ့အစည်းဖြစ်နေတဲ့အတွက် NUG ရဲ့အကူအညီလဲ မရဖူး၊ ရှိတဲ့လက်လုပ်တွေ နဲ့ တိုက် နေကြရတာ၊ အခုချိန်အထိလဲ သေနတ်အစစစ်တစ်လက်မှ မရှိသေးပါဘူး။ အခုဆိုရင် ကုန်ကျစရိတ်တွေက အစစ အရာရာတက်နေတော့ ဆက်လက်ရပ်တည်ဖို့က အတော်ကိုခက်ခဲနေပြီ။ ကျည်အင် အား လည်းအရမ်းနည်းနေပြီ၊ ဒါကြောင့် ဆက်လက်ရပ်တည်ဖို့နဲ့ ဆက်လက်တိုက်ပွဲဖော်ဆောင်နိုင်ဖို့ မေတ္တာရပ်ခံရတာပါ” ဟု Myingyan Balck Tiger တပ်ဖွဲ့ ခေါင်းဆောင် ကိုမိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ပြည်သူများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်https://web.facebook.com/profile.php?id=100083010655237ကူညီပေးကြ ပါရန် တောင်းဆိုထားသည်။", "Myingyan Balck Tiger တပ်ဖွဲ့သည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်းတို့ရှိ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်၊ မုံရွာမြို့နယ်၊ ရေစကြိုမြို့နယ်၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း မြို့နယ်တို့ရှိ အကြမ်းဖက်စစ်ကောင် စီတပ်သားများကို တိုက်ခိုက်ချေမှုန်းလျက်ရှိသည်မှာ တစ်နှစ်ကျော်ရှိပြီး စစ် သား အများ အပြားသေဆုံးထိခိုက်သည်အထိ တိုက်ခိုက်နေသော တပ်ဖွဲ့ တစ်ခုဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/204454/
စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သား ၁၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNDF ထံတွင် အလင်းဝင်
["စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သား ၁၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNDF ထံတွင် အလင်းဝင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "ကရင်နီပြည်အခြေစိုက် KNDF ထံသို့ စစ်တပ်ဘက်မှ စစ်မှု ထမ်း တပ်သား ၁၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း KNDF တပ်ရင်းအမှတ် ၃ လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်မှ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာသူ ၅ ဦးနှင့် ရှေ့တန်းစစ်မြေပြင်အတွင်း လက်နက်မဲ့ ထွက်ပြေး လွတ်မြောက်လာသူ တပ်သား ၈ ဦးစုစုပေါင်း ၁၃ ဦး အလင်းဝင်လာကြောင်း သိရှိရသည်။", "“မိုးဗြဲမြို့ကို ပို့ခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေပါ၊ အဲဒီမိုးဗြဲတပ်ထဲကနေ ပြေးလာတဲ့ သူတွေ ဖြစ်ပါတယ်။ ကလေးစစ်သားတွေ ပါတာက အခုပြေးလာတဲ့သူတွေထဲမှာ ပါလာတာတော့ မဟုတ်ပါ ဘူး၊ အရင်ကတည်းက စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရထဲမှာ ကလေးစစ်သားတွေပါ‌ ခေါ်သုံးထား တယ်ဆိုတာမျိုး ကို ကျနော်တို့ သိရှိရတယ်ပေါ့၊ လက်ရှိပြေးလာတဲ့သူတွေကိုတော့ အသေး စိတ် မမေး ရသေးဘူး” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ရှင်းပြသည်။", "ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောဆိုချက်များအရ ပြည်သူ့စစ်မှုထမ်းများအားလုံးနီးပါးမှာ တပ်ထဲသို့ ဝင်ရန် ဆန္ဒမရှိဘဲ စစ်တပ်နှင့် ၎င်းတို့၏ လက် ကိုင်တုတ် အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ အတင်းအဓမ္မ စစ်ထဲ ဆွဲသွင်းစုဆောင်း ခြင်းခံရသူများဖြစ်ကြပြီး အသက်မပြည့်သေးသော ကလေးငယ်များလည်းပါဝင်ကြောင်း သိရှိရသည်။", "ကရင်နီနှင့် ရှမ်းပြည်တောင်ပိုင်းအစပ် မိုးဗြဲမြို့တွင် ထိတွေ့တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှာ စစ်မြေပြင်ကိုစွန့်ခွာ၍ တော် လှန်ရေးတပ်များထံ ထွက်ပြေးခိုလှုံမှု များပြားလာကြောင်း၊ အပတ်စဥ်အလိုက် ပြည်သူ့စစ်မှုထမ်းများနှင့် ရှေ့တန်းစစ်မျက်နှာ ပြင်မှ ထွက်ပြေးလွတ်မြောက်လာသော ပြည်သူ့စစ်မှုထမ်းတပ်သားများစွာကို KNDF က လက်ခံရရှိခဲ့ပြီး ကောင်းမွန်လုံခြုံစွာ ထားရှိကြောင်း သိရှိရသည်။", "ကရင်နီပြည်နယ်တွင်း စစ်မြေပြင်များသို့ ပို့ဆောင်ခံရသူအများစုမှာ စစ်ကိုင်း တိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဘားအံမြို့၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း အစရှိသည့်နေရာများ၌ နေထိုင်ကြသူများဖြစ်ကြပြီး ၃ လကြာအခြေခံစစ်သင် တန်းပေး၍ ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွတ်ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ပြည်သူများ၊ လူငယ်များအနေဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ၊တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခြင်းများ မခံရစေရန်အတွက် အထူးသတိပြုနေထိုင်ကြပါရန်နှင့် စုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာပြင် သို့ ပို့ခံရပါက နီးစပ်ရာတော် လှန်ရေးတပ်ဖွဲ့များထံသို့ ချိတ်ဆက်၍ ဘက်ပြောင်းခိုလှုံကြပါရန်၊ KNDF အနေဖြင့် စစ်ကောင်စီ၏ အာဏာရှင်စနစ်ဆိုးအား အမြန်ဖြုတ်ချ၍ ပိုမိုကောင်းမွန်အကျိုးရှိသော စနစ်သစ် ၊ နိုင်ငံသစ် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူများနှင့်အတူရပ်တည်၍ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်းထားသည်။"]
https://yktnews.com/2024/07/173390/
စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ တင့်ကားနှင့် လေယာဉ်များကို ဖျက်ဆီး၍သော်လည်းကောင်း၊ ယူဆောင်၍ သော်လည်းကောင်း အလင်းဝင်လာသူများကို ငွေကျပ် သိန်း ၅၀ မှ သိန်း ၁ဝဝဝဝ ထိ ချီးမြှင့်မည်ဟု MNDAA ထုတ်ပြန်
["စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ တင့်ကားနှင့် လေယာဉ်များကို ဖျက်ဆီး၍သော်လည်းကောင်း၊ ယူဆောင်၍ သော်လည်းကောင်း အလင်းဝင်လာသူများကို ငွေကျပ် သိန်း ၅၀ မှ သိန်း ၁ဝဝဝဝ ထိ ချီးမြှင့်မည်ဟု MNDAA ထုတ်ပြန်", "အထက်အရာရှိကို ထိန်းချုပ်လိုက်ပြီး အလင်းဝင်လာပါက ငွေကျပ် သိန်း ၁ဝဝ ချီးမြှင့်မည်", "ရန်ကုန်၊ ဇူလိုင် ၁၆", "အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ တင့်ကားနှင့် လေယာဉ်များကို ဖျက်ဆီး၍သော်လည်း၊ ယူဆောင်၍ သော်လည်းကောင်း အလင်းဝင်ရောက်လာသူများကို ငွေကျပ် သိန်း ၅၀ မှ သိန်း ၁ဝဝဝဝ ထိ ဆုချီးမြှင့်မည်ဟု MNDAA က ထုတ်ပြန်လိုက်သည်။", "လက်ရှိချိန်တွင် မင်းအောင်လှိုင်၏ လက်နက်ကိုင် တပ်အဖွဲ့ဝင် အများအပြားသည် MNDAA ၏ ရှေ့တန်းတပ်ဖွဲ့ သို့လာရောက်လက်နက်ချကြကြောင်း၊ လက်နက်ချပြီး အလင်းဝင်လာသူတို့အတွက် MNDAAတပ်မတော်က လူသားချင်း စာနာသည့် ဆက်ဆံရေးပေးပြီး အသက်ကို အာမခံချက်အပြည့်ဝပေးမည်ဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ခွဲထွက်၍ အလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ထံသို့ ပြန်လည်ရောက်ရှိရန် တိုက်တွန်းပေးရန်အတွက် ပြဋ္ဌာန်းချက်များကို ပြဋ္ဌာန်းလိုက်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။", "လက်နက်ကြီးများ ကိုင်ဆောင် (သို့မဟုတ်) သယ်ဆောင်ပြီး အလင်းဝင်လာသူများ၊ မိမိ၏ တပ်စခန်းရှိ လက်နက်ကြီး များကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီးအလင်းဝင်လာသူများ၊ လက်နက်ကြီးများကို အာဏာသိမ်း လက်နက်ကိုင်အဖွဲ့ အသုံးမပြုနိုင်အောင် ဖျက်ဆီးလိုက်ပြီး အလင်းဝင်လာသူများအတွက် ဆုချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "၁၂.၇ မမ နှင့် အထက်ရှိ စက်သေနတ်များကို ဆုငွေ ကျပ် ၅ဝ သိန်း ၊ ၁ဝဝ မမ နှင့် အထက်ရှိ အမြောက်များကို ဆုငွေ ကျပ် ၁ဝဝ သိန်း ၊ သံချပ်ကာ၊ တင့်ကား နှင့် အခြားကုန်းလမ်းသုံး အကြီးစားစစ်ရေး ကိရိယာများကို ဆုငွေ ကျပ် ၁ဝဝဝ သိန်း နှင့် ရဟတ်ယာဉ်၊ ပို့ဆောင်ရေးလေယာဉ် နှင့် အခြားလေယာဉ် အမျိုးအစားများကို ဆုငွေ ကျပ် ၁ဝဝဝဝ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် အထက်အရာရှိကို ထိန်းချုပ်လိုက်ပြီး အလင်းဝင်လာသူကို ဆုငွေ ကျပ် ၁ဝဝ သိန်း ချီးမြှင့်ပါမည်ဟု MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "အလားတူ စစ်သည်အဆင့် အလင်းဝင်လာသူများအတွက် ငွေကျပ် ၁ဝ သိန်းနှင့် လက်နက်နှင့်တကွ အလင်းဝင်လာသူအတွက် ငွေကျပ် ၁၅သိန်းချီးမြှင့်ပေးမည်ဖြစ်ကြောင်း ၊ ဒု-ဗိုလ်မှ ဗိုလ်ကြီးအဆင့်ရှိ အလင်းဝင်လာသူအတွက် ငွေကျပ် ၂ဝ သိန်းနှင့် လက်နက်နှင့်တကွ အလင်းဝင်လာသူအတွက် ငွေကျပ် ၂၅သိန်းချီးမြှင့်မည်ဖြစ်ကြောင်း ၊ ဗိုလ်မှူးမှ ဗိုလ်မှူးကြီး အဆင့်ရှိ အလင်းဝင်လာသူအတွက် ငွေကျပ် ၃ဝ သိန်း နှင့် လက်နက်နှင့်တကွ အလင်းဝင်လာသူအတွက် ငွေကျပ် ၃၅ သိန်းချီးမြှင့်ပေးဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်မှ ကိုယ့်ဆန္ဒအလျောက် လက်နက်ချပြီး အလင်းဝင်လာသူတွေအတွက် လူသားချင်းစာနာသည့် ဆက်ဆံရေးများပေးပြီး အသက်ကို အာမခံချက်အပြည့်ဝပေးမည်ဖြစ်ကြောင်း၊ အလင်းဝင်ပြီးသူက အကြမ်းဖက် စစ်ကောင်စီတပ်ရှိ တာဝန်ထမ်းဆောင်သူများကို ဝါဒဖြန့်ခြင်း ၊ စည်းရုံးခြင်း ဖြင့် အလင်းဝင်သူရှိလာပါက ဆောင်ရွက်ပေးသူကို ထပ်မံ၍ ဆုငွေချီးမြှင့်ပေးမည်ဖြစ်ကြောင်း MNDAA က ပြောဆိုသည်။"]
https://yktnews.com/2024/04/158185/
စစ်ကောင်စီတပ်သားများ ပုန်းအောင်းနေသော အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်နေပြီး စစ်သားများ ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းဘေးတွင် အစုလိုက် အပြုံလိုက် ထွက်ပြေးနေ
["စစ်ကောင်စီတပ်သားများ ပုန်းအောင်းနေသော အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်နေပြီး စစ်သားများ ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းဘေးတွင် အစုလိုက် အပြုံလိုက် ထွက်ပြေးနေ", "ပြည်သူအများအပြားလည်း စစ်ဘေးရှောင်နေရပြီး တိုက်လေယာဉ်ဖြင့် ဗုံးကျဲမည်ကို စိုးရိမ်နေ", "ရန်ကုန်၊ ဧပြီ ၂၀", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ခလရ ၂၇၅ တပ်မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ ပုန်းအောင်းနေသည့် အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းဘေးတွင် အစုလိုက် အပြုံလိုက် ထွက်ပြေးနေကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "“ဒီမနက် သတင်းဝင်လာတာတော့ တံတားဝင်းထဲတော့ ဝင်လို့ရပြီ။ စစ်သားတွေတော့ သောင်ရင်းမြစ် ကမ်းနဖူးတွေဘက်ကို ထွက်ပြေးတယ်။ လက်နက်မချဘူး။ လက်နက်မချလို့ ဝင်တိုက်တာ။ စစ်သားတွေ ဘက်က ထိခိုက်သေဆုံးမှုများတယ်ပြောတယ်။ အတိအကျ မသိရသေးဘူး” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၁၀ ရက်နေ့ ညပိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတား အနီးသို့ ဆုတ်ခွာခဲ့ပြီး လက်နက်မချဘဲ စစ်ကူတပ်များကို စောင့်ဆိုင်းနေသဖြင့် ယမန်နေ့ ညပိုင်းမှစတင်ပြီး တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။", "လက်ရှိတွင် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာရောက်ကျဲမည်ကို ဒေသပြည်သူများ စိုးရိမ်နေကြကြောင်း သိရှိရသည်။", "ဓာတ်ပုံ- သောင်ရင်းမြစ်ကမ်းဘေး ၁၂ ဂိတ်မှ စစ်ဘေးရှောင် ပြည်သူများ", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်း#တော်လှန်ရေးတပ်များ ဝင်ရောက်နေ#ထိုင်း-မြန်မာနယ်ခြားသောင်ရင်းမြစ်ကမ်းဘေးတွင် အစုလိုက် အပြုံလိုက် ထွက်ပြေး"]
https://yktnews.com/2024/07/171555/
မိုးကုတ်မြို့ အနောက်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က KBZ နှင့် CB ဘဏ် များကို ဖောက်ထွင်းပြီး ငွေသားနှင့် ကျောက်မျက်ရတနာ စုစုပေါင်း တန်ဖိုး သိန်း ၂ သောင်းကျော်ကို လုယူသွား
["စစ်ကောင်စီတပ်သားအလောင်းတချို့၏ ကျောပိုးအိတ်များတွင် ခိုးယူထားသော ငွေကျပ် သိန်း ၅၀ နှင့်ကျောက်မျက်ရတနာများတွေ့ရှိရ", "ရန်ကုန်၊ ဇူလိုင် ၅", "မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က KBZ နှင့် CB ဘဏ်များကို ဖောက်ထွင်းပြီး ငွေသားများ နှင့် ကျောက်မျက် ရတနာများ ယူဆောင်သွားကြောင်း TNLA က ပြောသည်။", "ဇွန်လ ၂၅ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ဖြစ်ပွားခဲ့သော မိုးကုတ်မြို့အနောက်ပိုင်း တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ KBZ Bank နှင့် CB Bank များကို ဖောက်ထွင်းပြီး ငွေသားနှင့် ကျောက်မျက်ရတနာများ စုစု ပေါင်း တန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင် ယူဆောင်သွားခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် TNLA၊ မိုးကုတ်ဗျုဟာ၊ PDF (513)နှင့် ပကဖ (မိုးကုတ်)တို့ ပူးပေါင်းပြီး စစ်ကောင်စီ တပ်စွဲထားသည့် ဒေါ်နန်းကြည်တောင် စခန်း၊ ရွှေလိပ်ပြာစခန်း၊ ရွှေမျက်ဝန်းစခန်းအား တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြို့ အတွင်း ကျပ်ပြင်ရဲစခန်းနှင့် ဘဏ်များတွင် ထွက်ပြေးခိုးအောင်းနေခဲ့ကြောင်း သိရှိရသည်။", "TNLAနှင့် ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို လိုက်လံရှင်းလင်းရာတွင် ဘဏ်အတွင်းခိုးအောင်းနေသည့် စစ်ကောင်စီတပ်များကို တွေ့ရှိ ရှင်းလင်းခဲ့ရကြောင်း၊ ထို့ပြင် စစ်ကောင်စီတပ်က KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက်မျက်ရတနာများ ဖောက်ထွင်းယူဆောင်သွားကြောင်း အထောက်အထားများ တွေ့ရှိရပြီး စစ်ကောင်စီအလောင်း တစ်ဦးချင်းစီ၏ ကျောပိုးအိတ်တွင်လည်း ငွေသား သိန်း ၅၀ နှင့် ကျောက် မျက်ရတနာများ တွေ့ရှိရကြောင်း TNLA ကဆိုသည်။", "မိုးကုတ်မြို့တွင် တပ်မ (၉၉)၊ လပခ လက်အောက်ခံ ခလရ ၈၈ ၊ ခလရ ၇၈ ၊ ခလရ ၁၄၈ နှင့် မိုးကုတ်ဗျုဟာတို့ တပ်စွဲ အခြေချခဲ့ကြပြီး တိုက်ပွဲကာလအတွင်း အဆိုပါတပ်များက KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက် မျက်ရတနာများ တန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင် ဖောက်ထွင်းယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/01/83343/
စစ်ကောင်စီတပ်အတွက် ရိက္ခာပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသော ရွှေပုလဲသီ ခရီးသည် တင် ကားကို ပစ်ခတ် သတိပေး၊ ခရီးသည်များကို ဘေးကင်းစေရန် ဆင်းခိုင်းပြီးမှ ကားကို ပစ်ခတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရမှုများအတွက် တောင်းပန်
["စစ်ကောင်စီတပ်အတွက် ရိက္ခာပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသော ရွှေပုလဲသီ ခရီးသည် တင် ကားကို ပစ်ခတ် သတိပေး၊ ခရီးသည်များကို ဘေးကင်းစေရန် ဆင်းခိုင်းပြီးမှ ကားကို ပစ်ခတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရမှုများအတွက် တောင်းပန်", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် ရိက္ခာပစ္စည်းများ သယ်ယူ ပို့ဆောင်ပေးနေသော ရွှေပုလဲသီ ခရီးသည်တင်ကားကို PDF တပ်ဖွဲ့က ပစ်ခတ် သတိပေးလိုက်ပြီး ခရီး သည် များကို ဘေးကင်းစေရန် ဆင်းခိုင်းပြီးမှ ကားကို ပစ်ခတ်ခြင်းဖြစ်ကာ စိတ်အနှောင့် အယှက်ဖြစ်ရမှုများအတွက် ခရီးသွားပြည်သူများကို တောင်းပန်ကြောင်း ပုလောဒေသကာကွယ် ရေးတပ်ဖွဲ့ PRDF က သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ၊ ၂၆ရက်နေ့ နံနက် ၁၁နာရီ ၃၀မိနစ်ခန့် ပုလောမြို့နယ်၊ ကဒဲရွာအနီး စစ်ဆေးရေးဂိတ်၌ အကြမ်းဖက် စစ်ကောင်စီများအတွက် ရိက္ခာပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသော ရွှေပုလဲသီ (Express) ကားကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)မှ ပစ်ခတ်သတိပေးခြင်း ပြုလုပ် ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီများအတွက် ရိက္ခာပစ္စည်းများ သယ်ယူပို့ဆောင်ရေး မပြု လုပ်ပေးရန် အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပြီး ဖြစ်သော်လည်း ဆက်လက် သယ်ယူပို့ ဆောင် ပေးနေသဖြင့် PRDF အဖွဲ့က ခရီးသည်များအားလုံးကို ကားပေါ်မှ ဆင်းခိုင်းပြီးမှသာလျှင် “ယာဉ်လိုင်း အား အပြင်းအထန် သတိပေးလိုသော ရည်ရွယ်ချက်ဖြင့်” ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် ကားပေါ်ရှိ မှန်ကွဲစများကို PRDF အဖွဲ့က ပြန်လည် ရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။", "ထိုကားပေါ်တွင် လိုက်ပါလာသော ခရီးသည်ပြည်သူများအားလုံးကို အဆိုပါဖြစ်စဉ်ကြောင့် စိတ် အနှောက်အယှက် ဖြစ်ရမှုအပေါ် PRDF အဖွဲ့က အနူးညွတ် တောင်းပန်အပ်ပါသည်။ နောက်နောင် စစ်တပ်ကို အထောက်အကူပြုနေသော ရွှေပုလဲသီ ယာဉ်လိုင်းအား ပြည်သူများအနေဖြင့် ရှောင်ကြဉ် ကြပါရန် မေတ္တာရပ်ခံပါကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)က အသိပေး ထုတ်ပြန်သည်။"]
https://yktnews.com/2023/08/119794/
စစ်ကောင်စီတပ်အတွင်း တပ်ရင်းမှူးအများအပြား စစ်တိုက်ရန် အမိန့်ငြင်း ဆန် မှုဖြင့် အဖမ်းခံထားရပြီး ခမရ ၃၀၁ မှ တပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း စစ် အမိန့် ဖီဆန်မှုဖြင့် ထောင်ဒဏ် ၂၀ ချမှတ်ခံရဟုဆို
["စစ်ကောင်စီတပ်အတွင်း တပ်ရင်းမှူးအများအပြား စစ်တိုက်ရန် အမိန့်ငြင်း ဆန် မှုဖြင့် အဖမ်းခံထားရပြီး ခမရ ၃၀၁ မှ တပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း စစ် အမိန့် ဖီဆန်မှုဖြင့် ထောင်ဒဏ် ၂၀ ချမှတ်ခံရဟုဆို", "ရန်ကုန်၊ ဩဂုတ် ၂၆", "အကြမ်းဖက် စစ်ကောင်စီတပ်အတွင်း တပ်ရင်းမှူးအများအပြား စစ်တိုက်ရန် အမိန့် ငြင်းဆန်နေပြီး မကွေးအခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း(DSA-46) ကို စစ်ရေး အမိန့် ဖီဆန် မှု ဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ကြောင်း CDM အရာရှိတချို့ဦးဆောင်သော ပြည်သူ့ရင်ခွင် – People’s Embrace က တရားဝင် သတင်း ထုတ်ပြန်သည်။", "ယခုနှစ် ဇွန်လအစောပိုင်းတွင် စစ်ကိုင်းတိုင်း ကသာဒေသအတွင်း ထိုးစစ်ဆင် နေ သည့် မကွေးအခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း(DSA-46) သည် စစ်ရေးအမိန့်ငြင်းဆန်ခဲ့ သဖြင့် ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခံလိုက်ရကြောင်း၊ ဗိုလ်မှူး ဇေယျာထွန်း သည် ယာယီတပ်ရင်းမှူးအဖြစ် ရာထူးတိုးပေးပြီး အသေခံခိုင်းသည်ကို ငြင်းဆန် ပြီး ထောင်ဒဏ်ကိုရွေးချယ်ခဲ့သည့်လုပ်ရပ်အဖြစ် တပ်အတွင်းတွင် လှုပ်ခတ် သွားစေခဲ့ကြောင်း ပြည်သူ့ရင်ခွင် – People’s Embrace က ဆိုသည်။", "အလားတူ ကရင်ပြည်နယ် မြဝတီ လက်ခတ်တောင်တိုက်ပွဲတွင် တပ်မ ၄၄ လက်အောက်ခံတပ်များ အထိအခိုက် အကျအဆုံး များပြားပြီး စိတ်ဓာတ် ကျဆင်းနေသည့် စစ်ကောင်စီတပ်များသည် တပ်ပျက်သည်အထိ စစ်ရေး အထိ နာနေကြောင်း၊ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ တပ်ရင်းမှ တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး အာကာအောင် (DSA-46) နှင့် ဒုတပ်ရင်းမှူး ကျော်သူမောင် (DSA-47) တို့ နှစ်ဦးသည် စစ်ရေးအမိန့်ဖီဆန်မှုဖြင့် ဖမ်းဆီးထိန်းသိမ်း အရေး ယူ ခံထားရကြောင်း သိရှိရသည်။", "ထို့အတူ ကချင်ပြည်နယ်၊ လိုင်ဇာ နမ့်ဆန်ယန်ဒေသကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် ခလရ ၁၂ ၊ ခလရ ၁၃ ၊ ခမရ၄၁၁ ၊ ခလရ ၃၇ နှင့် ခမရ ၃၇၈ တပ်ရင်းများမှ တပ်ရင်းမှူးများကို စစ်ဆင်ရေးအမိန့်ဖီဆန်မှုဖြင့် အသီးသီး ဖမ်းဆီးချုပ်နှောင် အရေးယူထားကြောင်း ပြည်သူ့ရင်ခွင် – People’s Embrace ၏ အဆိုအရ သိရှိရသည်။", "KIA ဌာနချုပ်အနီး နမ့်ဆန်ယန်စစ်ဆင်ရေးတွင် တပ်မ ၁၁ လက်အောက်ခံ တပ်များ ၏ စစ်ရေးအမိန့်ဖီဆန်မှုများ ဆက်တိုက်ပေါ်ပေါက်လာပြီးနောက် ကစထမှူး နှင့် မြောက်ပိုင်းစစ်တိုင်းမှူးတို့ကိုပါ ခေါ်ယူထိန်း သိမ်းအရေး ယူခဲ့ခြင်း ဖြင့် တပ်တွင်း အကွဲအပြဲများစွာဖြစ်ပေါ်နေကြောင်း သိရှိရသည်။", "ထိုသို့ စစ်ဗိုလ်ချုပ်ကြီးများ၏ အတင်းအကျပ် ဖိအားပေး ထိုးစစ်ဆင်ခိုင်းနေခြင်း နိုင်ငံအနှံ့ စစ်ရေးရှုံးနိမ့်မှုများလာတာ ခြင်းနှင့် စစ်မြေပြင်တွင် အကျအဆုံး များလာ‌ခြင်းတို့ကြောင့် စစ်သားအများအပြား တပ်တွင်းမှ ထွက်ပြေးကာ အစုလိုက်အပြုံလိုက် ပြည်သူ့ထံပူးပေါင်းဝင်လာရောက်ကြောင်း သိရှိရသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၏ထုတ်ပြန်ချက်အရ အကြမ်းဖက် စစ်တပ် လက် အောက်တွင် တာဝန် မထမ်းဆောင်သဖြင့် ၄ လတာအတွင်း ထွက်ပြေး လာ သည့် စစ်သား ၅၀၀ နီးပါးရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/150292/
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် ဆီဆိုင်မြို့တွင် ပျက်စီးမှုများစွာ ရှိနေပြီး မြို့ပျက်ကြီးကဲ့သို့ ဖြစ်နေ
["စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် ဆီဆိုင်မြို့တွင် ပျက်စီးမှုများစွာ ရှိနေပြီး မြို့ပျက်ကြီးကဲ့သို့ ဖြစ်နေ", "ရန်ကုန်၊ မတ် ၁၂", "ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် ဆီဆိုင်မြို့တွင် ပျက်စီးမှုများစွာ ရှိနေပြီး မြို့ပျက်ကြီးကဲ့သို့ ဖြစ်နေပြီး ယမန်နေ့တွင်လည်း စစ်ကောင်စီက ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA က သတင်းထုတ်ပြန်သည်။", "ယမန်နေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၆ နာရီမှ နံနက် ၁၁ နာရီအထိ စစ်ကောင်စီက ဆီဆိုင်မြို့တွင်းသို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြိမ် ၄၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုခေတ္တရပ်သွားပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်မှ ညနေ ၄ နာရီအထိ ဆီဆိုင်မြို့မြောက်ဘက်တွင် ထိတွေ့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီသည် နေ့စဉ် ဆီဆိုင်မြိုထဲသို လက်နက်ကြီးပစ်ခတ်ခြင်း ဒရုန်းဖြင့်ဗုံးကျဲခြင်းများကြောင့် ပြည်သူ လူထု၏ နေအိမ်များ ပျက်စီးနေရပြီး ဆီဆိုင်မြိုမဈေးသည်လည်း မီးလောင်ပျက်စီးခဲ့ရကြောင်း၊ ထို့ပြင် စစ်ကောင်စီသည် ယမန်နေ့တွင်လည်း ဟိုပုံးမြိုနယ် မဲနယ်တောင်ဒေသကို လက်နက်ကြီးများဖြင့် ၂၁ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/170616/
စစ်ကောင်စီတပ်၏ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦး TNLAထံ လက်နက်ချ အလင်းဝင်
["စစ်ကောင်စီတပ်၏ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦး TNLAထံ လက်နက်ချ အလင်းဝင်", "ရန်ကုန်၊ ဇွန် ၂၉", "အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦး TNLAထံ လက်နက်ချ အလင်းဝင်ကြောင်း TNLA က ပြောဆိုသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့် မိုးမိတ်မြိုနယ်တို့တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ဇွန်လ ၂၅ရက်နေ့မှ စတင်ခဲ့ပြီး ဇွန်လ ၂၉ရက်နေ့အထိ စစ်ဆင်ရေး ​၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့် တပ်ဖွဲဝင် ၅၃ ဦးလက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ဗိုလ်ကြီး ၄ ဦး၊ ရဲအုပ် ၁ ဦး၊ တပ်ကြပ်ကြီး ၆ ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း) ၁ဦး၊ တပ်ကြပ် ၁၁ ဦး၊ ဒုတပ်ကြပ် ၉ ဦး၊ ရဲတပ်သား ၁ ဦးနှင့် စစ်သား ၁၉ ဦး ၊တပ်ဖွဲဝင် ၅၃ ဦးတို့က TNLA ထံ လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။", "ဇွန်လ ၂၆ ရက်နေ့တွင်လည်း နောင်ချိုမြို ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက်နက်မျိုးစုံ ၅၀ ကျော် သိမ်းဆည်းရမိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးလည်း တအာင်းတပ်မတော် TNLA ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/192447/
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရေး စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ရန်နှင့် လေကြောင်းရန် ကာ ကွယ်ရေး လိုက်နာဆောင်ရွက်ကြရန် TNLAက ထပ်မံသတိပေး၊ ကွတ်ခိုင်မြို့ လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ ဦးသေပြီး နေအိမ် ၈ လုံးပျက်စီး
["စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရေး စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ရန်နှင့် လေကြောင်းရန် ကာ ကွယ်ရေး လိုက်နာဆောင်ရွက်ကြရန် TNLAက ထပ်မံသတိပေး၊ကွတ်ခိုင်မြို့ လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ ဦးသေပြီး နေအိမ် ၈ လုံးပျက်စီး", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရေး စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ရန်နှင့် လေကြောင်းရန် ကာ ကွယ်ရေး လိုက်နာဆောင်ရွက်ကြရန် TNLAက ထပ်မံသတိပေးသည်။", "စစ်ကောင်စီတပ်က လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ်များလည်း ထိခိုက်ပျက်စီးရှုးဆုံးခဲ့ရကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်သည်။", "ယမန်နေ့ညသန်းခေါင်ယံအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီ ၄၇ မိနစ်အချိန် ကွတ်ခိုင်မြို ရပ်ကွက် ၄ တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးသွားခဲ့ကြောင်း၊ ထို့ပြင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၈)လုံး ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။", "အလားတူ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်လည်း မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး လာရောက်ကျဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နိုဝင်ဘာ ၁ ရက်နေ့လည်း ကွတ်ခိုင်မြို့ ရပ်ကွက် ၂ တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၈ လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/111957/
စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသည့်အတွက် ပြည်ပမှ သွင်းကုန်တင်သွင်းမှု အများစုကို ပိတ်ပင်မည်၊ စက်သုံးဆီနှင့်စားသုံးဆီ တင်သွင်းမှုကို အကြီးအကျယ်လျှော့ချပြီး ဒေါ်လာစီးထွက်မှုအားလုံးကို ထိန်းချုပ်
["စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသည့်အတွက် ပြည်ပမှ သွင်းကုန်တင်သွင်းမှု အများစုကို ပိတ်ပင်မည်၊ စက်သုံးဆီနှင့်စားသုံးဆီ တင်သွင်းမှုကို အကြီးအကျယ်လျှော့ချပြီး ဒေါ်လာစီးထွက်မှုအားလုံးကို ထိန်းချုပ်", "ပို့ကုန်ရငွေ ဒေါ်လာများ စစ်ကောင်စီဘဏ်များထံ မအပ်နှံသည့် လုပ်ငန်းရှင်များကို လုပ်ငန်းပိတ်သိမ်းပြီး နိုင်ငံခြားငွေ ဥပဒေဖြင့် အရေးယူမည်", "ရန်ကုန်၊ ဇူလိုင် ၈", "အကြမ်းဖက်စစ်ကောင်စီက စီးပွားရေးပိတ်ဆို့မှုများကြောင့် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသည့်အတွက် သွင်းကုန်တင်သွင်းမှုအများစုကို ပိတ်ပင်မည်ဖြစ်ပြီး စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှုကိုလည်း အကြီးအကျယ်လျှော့ချမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။", "အမေရိကန် အပါအဝင် အနောက်နိုင်ငံကြီးများက စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ထားရာ ယခုနောက်ဆုံး ချမှတ်လိုက်သည့် MFTB မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ MICB မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုဘဏ်တို့အပေါ် စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာ အဝင်အထွက် အလွန်ခက်ခဲနေပြီး ဒေါ်လာ ပြတ်လပ်လာကြောင်း၊ ထို့ကြောင့် လာမည့် ရက်အနည်းငယ်အတွင်း သွင်းကုန်များ တင်သွင်းမှုများကို လွယ်ကူမှု မရှိစေရန် တစ်နည်း အားဖြင့် ပိတ်ပင်သည့် အခြေအနေဖြစ်စေရန် တင်းကျပ်မည်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ပို့ကုန်များ တင်ပို့မှုမှ ရရှိသည့် ဒေါ်လာငွေများကို မဖြစ်မနေ စစ်ကောင်စီဘဏ်များထံသို့ လွှဲပြောင်းအပ်နှံရန် ဆောင်ရွက်မည်ဖြစ်ပြီး ပို့ကုန်ရငွေများကို မအပ်နှံ သော ပို့ကုန်လုပ်ငန်းရှင်များကိုလည်း လုပ်ငန်းပိတ်သိမ်းမည့်အပြင် နိုင်ငံခြားငွေ စီမံခန့်ခွဲရေးဥပဒေဖြင့်ပါ အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။", "“စစ်ကောင်စီက အမေရိကန်ဒေါ်လာ မပြတ်လပ်စေဖို့အတွက် သွင်းကုန်သမားတွေေ အကျပ်ကိုင်နေပြီ။ လိုင်စင်တွေ မပေးတော့ဘူး။ ပို့ကုန်သမားတွေဆီက ဒေါ်လာတွေကိုလည်း မတရားယူနေပြီ” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။", "ယနေ့ ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပို့ကုန်သွင်းကုန် ကုမ္ပဏီ ၁၈၃ ခုကို ရန်ကုန်ရှိ UMFCCI ရုံးခန်းသို့ ဖိတ်ခေါ်၍ ပို့ကုန်ရငွေ ဒေါ်လာများကို စစ်ကောင်စီဘဏ်များထံတွင် အပ်နှံရန် ဖိအားပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီ ၁၈၃ ခုအနေဖြင့် အစည်းအဝေးတက်ရောက်ရာတွင် ကုမ္ပဏီနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချပေးနိုင်သူ ကိုယ်တိုင်တက်ရောက်ပေးရန်ဖြစ်ပြီး တက်ရောက်နိုင်ခြင်း မရှိပါက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်လက်မှတ် ပိတ်သိမ်းသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။", "အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက သွင်းကုန်လိုင်စင်များအားလုံး တင်းကျပ်လိုက်ပြီး သွင်းကုန်အတွက် အမေရိကန်ဒေါ်လာ သုံးစွဲမှုများအားလုံးကို စစ်ကောင်စီဗဟိုဘဏ်က ထိန်းချုပ်ပြီး မလွယ်ကူစေရန် စည်းမျဉ်း၊ စည်းကမ်းများ ထပ်တိုးချမှတ်လိုက်ကြောင်း သိရှိရသည်။", "“ဗဟိုဘဏ်ကနေ သွင်းကုန်သမားတွေကို ဇူလိုင် ၃ ရက်နေ့မှာ ညွှန်ကြားချက်တစ်ရပ်ထုတ်တယ်။ အဲဒါက သွင်းကုန်ငွေလွှဲဖို့ကို လိုင်စင်ခွင့်ပြုပြီးမှ သွင်းကုန်တင်သွင်းမှု Trade လုပ်ရမယ်။ လိုင်စင်မရမီ တင်သွင်းလာတဲ့သွင်းကုန်တွေအတွက် ငွေလွှဲခွင့်မပြုဘူး။ နောက်တစ်ခါ သွင်းကုန်အတွက် ငွေကြိုလွှဲတာတွေ ခွင့်မပြုဘူး။ လိုင်စင် သက်တမ်း ၆ လကျော်တဲ့ သွင်းကုန်တွေအတွက် ပြည်ပ ငွေလွှဲခွင့်မပြုဘူး။ ဒါတွေကို ပုဂ္ဂလိကဘဏ်တွေက လိုက်နာရမယ်။ အားလုံးကို ဗဟိုဘဏ်က ထိန်းချုပ်လိုက်တာ” ဟု သွင်းကုန်သမားတစ်ဦးက ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက သွင်းကုန်များအားလုံးကို ပိတ်ပင်သည့်ပုံစံမျိုးဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပြည်ပမှ သွင်းကုန် စုစုပေါင်း ဒေါ်လာ ၁၈ ဘီလီယံဖိုး ဝန်းကျင် တင်သွင်းမှုကို အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ဝန်းကျင်အောက်သာ သွင်းကုန်များ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ မရှိမဖြစ် သွင်းကုန်များကိုသာ တွက်ချက်၍ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းမှုကို ၅၀ ရာခိုင်နှုန်းကျော် လျှော့ချမည်ဖြစ်ကြောင်း သိရှိရသည်။", "မြန်မာနိုင်ငံတွင် စက်သုံးဆီသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် တင်သွင်းလျက်ရှိရာ စစ်ကောင်စီက စက်သုံးဆီကို ဒေါ်လာ ၁ ဘီလီယံဝန်းကျင်သာ တင်သွင်းတော့မည်ဖြစ်ကြောင်း၊ လိုအပ်ချက်အရ ထိုထက်ပို၍လည်း လျှော့ချတင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် UMFCCI စီးပွားရေးသမားများ တွေ့ဆုံနေကြစဉ်။"]
https://yktnews.com/2024/05/164177/
စစ်တပ်လက်အောက်ခံ MEC နှင့် ရန်ကုန်အလုံ ဆိပ်ကမ်းသစ် တည်ဆောက်ရေး လုပ်ဆောင်နေသော Adani Ports and SEZ Ltd မှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ထုတ်ယူဟု Norges Bank က ကြေညာ
["စစ်ကောင်စီထံ တရုတ်လုပ် ထရပ်ကားများရောင်းနေသော ကုမ္ပဏီမှလည်း ရင်းနှီးမြှပ်နှံမှုများ ရုပ်သိမ်း", "ရန်ကုန်၊ မေ ၂၄", "မြန်မာ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ရန်ကုန်ဆိပ်ကမ်းသစ် တည်ဆောက်ရေး လုပ်ဆောင်နေသော Adani Ports and SEZ Ltdမှ ရင်းနှီး မြှုပ်နှံမှုများ ပြန်လည် ထုတ်ယူလိုက်သည်ဟု Norges Bank က ကြေညာလိုက်သည်။", "စစ်ကောင်စီနှင့်အတူ စီးပွားရေး လုပ်ဆောင်ခဲ့သော Adani Ports and SEZ Ltd မှ​ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအစုစုကို ပြန်လည်ထုတ်ယူလိုက်ကြောင်း နော်ဝေနိုင်ငံ၏ အချုပ်အခြာဓနရန်ပုံငွေဖြစ်သည့် Norges Bank က မေလ ၁၅ ရက်နေ့ ကြေညာခဲ့ကြောင်း၊ အကြောင်းမှာ စီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် စစ်ပွဲ သို့မဟုတ် ပဋိပက္ခအခြေအနေအတွင်း တစ်သီးပုဂ္ဂလအခွင့်အရေးများကို ဆိုးဆိုးရွားရွားချိုးဖောက်မှုများတွင် ပါဝင်ကူညီနေခြင်းက “လက်ခံနိုင်ဖွယ်မရှိသောအန္တရာယ်” ဖြစ်သည်ဟု Norges Bank က ကြေညာခဲ့သည်။", "အိန္ဒိယ Adani Ports သည် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့်အတူ ရန်ကုန်ဆိပ်ကမ်းကို ဖော်ဆောင်သည့်ကုမ္ပဏီ ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် တပ်မတော်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း(MEC) နှင့် အမေရိကန်ဒေါ်လာ သန်း ၂၉၀ ရင်းနှီးမြှုပ်နှံသည့် အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု တည်ဆောက်ရေး ပူးတွဲဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "သို့ရာတွင် နိုင်ငံတကာ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ အကြီးအကျယ်ခံနေရသည့် မြန်မာစစ်တပ်နှင့်အကျိုးတူ ရင်းနှီးမြှုပ်နှံထားသော ဆိပ်ကမ်းစီမံကိန်းကို မူရင်းစျေးထက် များစွာလျှော့‌ပေါ့ကာ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် ၂၀၂၃ ခုနှစ်မေလအတွင်း ရောင်းချခဲ့ပြီး မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်ဟု အိန္ဒိယ Adani Group ကုမ္ပဏီက ကြေညာခဲ့သည်။", "ထို့ပြင် နော်ဝေနိုင်ငံ၏ အချုပ်အခြာဓနရန်ပုံငွေ အဖွဲ့ Norges Bank က ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများသို့ စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချရာတွင် ပါဝင်ကူညီမှုကြောင့် တရုတ်စီးပွားရေးလုပ်ငန်း Weichai မှလည်း ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းခဲ့သည်ဟု ကြေညာခဲ့သည်။", "တရုတ်နိုင်ငံပိုင်လုပ်ငန်း Shandong Heavy Industry သည် Weichai ၏ မိခင်ကုမ္ပဏီဖြစ်ပြီး Weichai သည် မြန်မာစစ်အုပ်စု၏ ထရပ်ကားများအတွက် အင်ဂျင်စက်များ ရောင်းချရာတွင်လည်း Sinotruk နှင့် မိတ်ဖက်ဆောင်ရွက်၍ ပါဝင်နေကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/08/119817/
စစ်ကောင်စီထံ လေယာဉ်ဆီ မရောက်ရှိရေး အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် အရပ်ဘက်အဖွဲ့အစည်းများ ကြိုဆို။
["စစ်ကောင်စီထံ လေယာဉ်ဆီ မရောက်ရှိရေး အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် အရပ်ဘက်အဖွဲ့အစည်းများ ကြိုဆို။", "သင်္ဘောလိုင်းများနဲ့ အာမခံလုပ်ငန်းများ အပါအဝင် စစ်အုပ်စုကို လေယာဉ်ဆီ ရရှိအောင် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေမှန်သမျှကို ဆက်လက်ဒဏ်ခတ် ပိတ်ဆို့အရေးယူရေး တောင်းဆို", "ရန်ကုန်၊ ဩဂုတ် ၂၆", "မြန်မာနိုင်ငံရဲ့ လေယာဉ်ဆီကဏ္ဍမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ (သို့မဟုတ်) လူတစ်ဦးချင်းစီအပေါ် အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူဖို့ ခွင့်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို Justice for Myanmar (JFM) အပါအဝင် အရပ်ဘက် အဖွဲ့အစည်းတွေက ကြိုဆိုလိုက်ပါတယ်။", "ဒါဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ထိရောက်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတစ်ခု ဖြစ်တာကြောင့် မြန်မာ့အရေး တက်ကြွလှုပ်ရှားနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ကြိုဆိုလိုက်တာပါ။", "မြန်မာအပါအဝင် နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်းတွေက စစ်အုပ်စုရဲ့ လေယာဉ်ဆီ ရရှိနေမှုကို ပိတ်ဆို့ဖြတ်တောက်ပေးဖို့ တစိုက်မတ်မတ် တောင်းဆိုနေတဲ့ လှုပ်ရှားမှုတွေအပြီးမှာ ယခုကဲ့သို့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။", "အခုလို ပိတ်ဆို့မှုဟာ အကြမ်းဖက် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုပြီး အရပ်သားပြည်သူတွေအပေါ် ဆင်နွှဲနေတဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေကို ရပ်တန့်စေဖို့ စတင်လိုက်တဲ့ ခြေလှမ်းတစ်လှမ်းလည်း ဖြစ်ပါတယ်။", "အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်အုပ်စုကို လေယာဉ်ဆီ ရရှိအောင် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Shoon Energy Pte Ltd , P.E.I Energy Pte Ltd (ယခင် Puma Energy Irrawaddy), PEIA Pte Ltd (ယခင် Puma Energy Irrawaddy Aviation) တို့အပေါ် ကန့်သတ်ပိတ်ဆို့ အရေးယူမှုတွေကို စတင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။", "Shoon ကုမ္ပဏီအုပ်စုဝင် ယခင် Asia Sun ဟာ မြန်မာစစ်အုပ်စုရဲ့ အဓိကပြည်တွင်း မိတ်ဖက်ဖြစ်ပြီး၊ အဲ့ဒီ့ကုမ္ပဏီတွေဟာ လေယာဉ်လောင်စာဆီ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းနဲ့ ပို့ဆောင်ခြင်းတွေမှာ ပါဝင်ဆောင်ရွက်လျှက် ရှိတာပါ။", "Ernst & Young LLP ကတော့ လက်ရှိမှာ အသစ်ပိတ်ဆို့ခံထားရတဲ့ စင်ကာပူ စီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်တဲ့ PEIA Pte Ltd နှင့် P.E.I Energy Pte Ltd တို့ရဲ့ စာရင်းဝင်ကုမ္ပဏီတွေ ဖြစ်ပါတယ်။", "Ernst & Young ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီ ထောက်ပံ့မှုမှာ ပါ၀င်နေတဲ့ မည်သည့် ကုမ္ပဏီများနဲ့မဆို အဆက်အသွယ်ဖြတ်တောက်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။", "လတ်တလောမှာ အဲ့ဒီ့ကုမ္ပဏီအများစုဟာ စင်ကာပူနိုင်ငံမှာ အခြေစိုက်နေတာဖြစ်ပြီး မြန်မာစစ်အုပ်စုကို ထောက်ပံ့နေတဲ့ အဲ့ဒီ့ကုမ္ပဏီတွေကို စင်ကာပူအစိုးရက အရေးယူဖို့ ပျက်ကွက်နေတယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုနေကြတာပါ။", "ဒါ့ကြောင့် Justice For Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၀၀ကျော်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာ တစ်စောင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပေးပို့ခဲ့ပါတယ်။", "အဆိုပါ အိတ်ဖွင့်ပေးစာထဲမှာ မြန်မာစစ်တပ်ထံ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့ပုံစံနဲ့ လက်နက်များ လွှဲပြောင်းမှု၊ နှစ်မျိုးသုံးကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေ ပေးပို့နေမှုကို တားဆီးဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေ စတင်လုပ်ဆောင်ဖို့ စင်ကာပူအစိုးရကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။", "ဒါ့အပြင် စင်ကာပူရဲ့ ဘဏ္ဍာရေးစနစ်ကို စစ်အုပ်စုဘက်က ဝင်ရောက်အသုံးချခွင့် ရနေတာကို ပိတ်ဆို့တားမြစ်ဖို့ တိုက်တွန်းထားတာ တွေလည်း ပါဝင်ပါတယ်။", "ဒါ့ကြောင့် စင်ကာပူအနေနဲ့ လက်ရှိမြန်မာ့အရေး တိကျသေချာတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့အတွက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ လတ်တလော အကြံပြုချက်တွေကို နားထောင်ဖို့ ကိုလည်း တစ်ပါတည်းတောင်းဆိုထားပါတယ်။", "ဒါ့အပြင် လက်ရှိ စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံဓာတုလုပ်ငန်း (MPE) နဲ့ Shoon လုပ်ငန်းစုတို့အပေါ်ကို ထပ်ဆင့်အရေးယူဖို့ လိုအပ်နေသေးတယ် လို့လည်း JFM ဆိုပါတယ်။", "MPE ဟာ ဂျက်လေယာဥ်ဆီ ထောက်ပံ့ရေး ကွင်းဆက်ကို ထိန်းချုပ်ထားပြီး ဂျက်လေယာဥ်ဆီ ထုတ်လုပ်တဲ့ မန်းရေနံချက်စက်ရုံကို လည်ပတ်ကာ National Energy Puma Aviation Services (NEPAS) ကို Shoon နဲ့အတူ ပူးတွဲပိုင်ဆိုင်ထားတာပါ။", "NEPAS ဟာ လေယာဉ်ဆီ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း တွေကို ဆောင်ရွက်နေပြီး Shoon Energy Thilawa Terminal Company Limited (ယခင် Puma Energy Asia Sun) က အဓိက လောင်စာဆီ ဂိတ်နှင့် သိုလှောင်ကန်များကို လည်ပတ်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။", "MPE၊ NEPAS နဲ့ Shoon Energy Thilawa Terminal တို့ကို လတ်တလောမှာ မည်သည့်နိုင်ငံကမျှ ပိတ်ဆို့အရေးယူ ထားခြင်း မရှိသေးလို့ အမြန်ဆုံးပိတ်ဆို့ဖို့ လိုအပ်နေတယ်လို့လည်း JFM ကဆိုပါတယ်။", "Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က", "“လေယာဉ်လောင်စာဆီ ကဏ္ဍအပေါ် အမေရိကန်က ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ရာမှာ အခုနောက်ဆုံး သိသာထင်ရှားတဲ့ ခြေလှမ်းတွေနဲ့ အကြမ်းဖက် မြန်မာစစ်အုပ်စုကို လေယာဉ်ဆီ ထောက်ပံ့ပေးတဲ့ အဓိကကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လိုက်တာကို ကြိုဆိုပါတယ်”", "“မြန်မာပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်အောင် ကူညီပေးဖို့ စစ်အုပ်စုရဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်မှာ ပါနေကြတဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့ခြင်းနဲ့ ဆုံးဖြတ်ချက် ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အမေရိကန်ကို ကျမတို့က တိုက်တွန်းထားပါတယ်“ လို့ ပြောဆိုခဲ့ပါတယ်။", "ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက ဂျက်လေယာဥ်ဆီ ရရှိနေမှုမှာ အရေးပါတဲ့ သင်္ဘောလိုင်းတွေနဲ့ အာမခံလုပ်ငန်းတွေ အပါအဝင် စစ်အုပ်စုကို လေယာဉ်ဆီ ရရှိအောင် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေကို ဆက်လက်ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက် အကောင်အထည်ဖော်ဖို့ တွေကို တိုက်တွန်းတောင်းဆိုကြောင်း Justice for Myanmar ထုတ်ပြန်ပြောဆိုထားပါတယ်။"]
https://yktnews.com/2024/07/172485/
စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား လက်တွေ့အရေးယူရန် အမေရိကန်ပြည်ထောင်စုအား တောင်းဆို
["စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား လက်တွေ့အရေးယူရန် အမေရိကန်ပြည်ထောင်စုအား တောင်းဆို", "ရန်ကုန်၊ ဇူလိုင် ၁၀", "မြန်မာအကြမ်းဖက်စစ်ကောင်စီထံ လေယာဉ်ဆီ ရောင်းချနေမှုများတွင် ပါဝင်ပတ်သက်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ရန် Justice For Myanmar နဲ့ The Sentry အဖွဲ့တို့က တိုက်တွန်း တောင်းဆိုလိုက်သည်။", "မြန်မာနိုင်ငံသို့ လေယာဉ်ဆီ ရောင်းချနေမှုများတွင် အဓိက ပါဝင်နေသည့် တရုတ်အလံတင်သင်္ဘော HUITONG78၊ ၊ ဗီယက်နမ် သိုလှောင်ဆိပ်ကမ်း Hai Linh Co. Ltd. အပါအဝင် အခြားလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ဒဏ်ခတ်ပိတ်ဆို့ရန် အမေရိကန်ပြည်ထောင်စုအား ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။", "အမေရိကန်ပြည်ထောင်စုအနေနှင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ ရရှိသည့် ယုံကြည်ထိုက်သော ထောက်လှမ်းရေးသတင်း အချက်အလက်များကို အခြေပြုအသုံးချရန် လိုအပ်ကြောင်းနှင့် ၄င်း၏ ပြဌာန်းထားပြီးဖြစ်သည့် ခိုင်မာအားကောင်းသော စည်းမျဉ်းကြီးကြပ်မှုဆိုင်ရာနည်းလမ်းများကို လက်တွေ့အသုံးချရန် လိုအပ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသား တိုက်တွန်းထားသည်။", "စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဝေဟင်စစ်ဆင်ရေးများ ဆင်နွှဲနေပြီး ပြင်းထန်သော စစ်ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေကြောင်းလည်း ဖော်ပြထားသည်။", "ထို့ကြောင့် အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဌာနအနေဖြင့် ၎င်းတို့၏ လေယာဉ်ဆီကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက်ကို လက်တွေ့ စတင် အသုံးပြုသင့်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။", "အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံစီပွားရေး၏ လေယာဉ်ဆီကဏ္ဍတွင် လုပ်ကိုင်ရန် ဆုံးဖြတ်သည့် မည်သည့် ပြည်ပလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှန်သမျှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ခွင့်ပြုထားသည့် အရေးယူမှုအစီအမံတစ်ခုကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ချမှတ်ခဲ့သော်လည်း ယနေ့အချိန်အထိ မည်သည့်လေယာဉ်ဆီဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတစ်ခုကိုမှ ချမှတ်ထားခြင်း မရှိသေးမှုအပေါ် JFM နှင့် Sentryတို့က ဝေဖန်ထောက်ပြသည်။", "ထို့အပြင် အမေရိကန်ပြည်ထောင်စုက လေယာဥ်ဆီကဏ္ဍအရေးယူမှု အစီအမံ ချမှတ်ပြီးနောက်ပိုင်းဖြစ်သည့်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ရောင်းချမှု ပမာဏ တိုးမြင့်လာကြောင်း Amnesty International အဖွဲ့ကြီးက မကြာသေးမှီက သတိပေးထုတ်ပြန်ခဲ့သည်။", "အထူးသဖြင့် တရုတ်အလံတင်သင်္ဘော HUITONG78၊ ရေနံသိုလှောင်ရေး ဆိပ်ကမ်းလုပ်ကိုင်သည့် ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. နှင့် စစ်အုပ်စုထံ လေယာဉ်ဆီရောင်းချမှုတွင် ပါဝင်ပတ်သက်နေသည့် အခြားသောအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်အားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် JFM နှင့် Sentry အဖွဲ့တို့က တိုက်တွန်းတောင်းဆိုထားသည်။", "The Sentry ၏ တရားမဝင် ငွေကြေးဆိုင်ရာမူဝါဒ ဒါရိုက်တာ Oliver Windridge က", "“Amnesty International အဖွဲ့က ဘယ်သူတွေ ပါဝင်ပတ်သက်နေတယ်၊ ၎င်းတို့က မြန်မာနိုင်ငံကို မရဏကုန်စည်တွေ ဘယ်လိုဆက်လက်ပေးပို့နေတယ်ဆိုတဲ့ ယုံကြည်ထိုက်တဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ နှစ်ကြိမ်တိုင် ပေးအပ်ခဲ့ပါတယ်။ ဘဏ္ဍာရေးဌာနအနေနဲ့ ဟန်ရေးပြသက်သက်မဟုတ် တကယ်အဟုတ်လုပ်တယ်ဆိုတာကို ပြသဖို့ မြန်မာစစ်အုပ်စုလေတပ်ကို အားပေးကူညီနေသူတွေကို မဖြစ်မနေ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ရပါမယ် “ ဟုပြောဆိုခဲ့သည်။", "Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း", "“စစ်အုပ်စုက ခုခံတော်လှန်ရေးအင်အားစုတွေဆီမှာ နယ်မြေတွေ ဆက်တိုက် ဆုံးရှုံးလာတာနဲ့အမျှ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုတွေအပေါ် အကြီးအကျယ် ပိုမိုမှီခိုလာရပြီး၊ ဒီလိုဗရမ်းဗတာ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးခြင်း၊ စာသင်ကျောင်း၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံနဲ့ လူနေကျေးရွာတွေကို ဖျက်ဆီးခံရခြင်း၊ လူအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရခြင်းတွေကို ဖြစ်စေခဲ့ပါတယ်။ စစ်အုပ်စုရဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်ကို ဖြတ်တောက်ဖို့အတွက် နိုင်ငံတကာအရေးယူ ဆောင်ရွက်မှုတွေ ကင်းမဲ့နေခြင်းကြောင့်လည်း ဒီလိုရာဇဝတ်မှုတွေ ဆက်လက်ရှိနေတာပါ “ လို့ ဆက်လက်ပြောဆိုခဲ့သည်။"]
https://yktnews.com/2024/07/170978/
မတ္တရာ မြို့နယ်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင် အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ လက်နက်ချ အညံ့ခံသူ ၆၇ ဦးနှင့် မိသားစုဝင် ၁၁၇ ဦးကို ထိန်းသိမ်းထား
["စစ်ကောင်စီထံမှ လက်နက် ၁၂၅ လက်နှင့် ခဲယမ်းများကိုလည်း သိမ်းပိုက်ရရှိထား", "ရန်ကုန်၊ ဇူလိုင် ၂", "မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင် အပါအဝင် တပ်စခန်း ၈ ခုကို သိမ်း ပိုက်ရရှိပြီး စစ်တပ်ဘက်မှ လက်နက်ချ အညံ့ခံသူ ၆၇ ဦးနှင့် မိသားစုဝင် ၁၁၇ ဦးကို ထိန်းသိမ်းထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်( မန္တလေး)က သတင်းထုတ်ပြန်သည်။", "ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မတ္တရာမြိုနယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း သိရှိရသည်။", "မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း စစ်တပ်ဘက်မှ ဖမ်းဆီးရမိစစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ ၆၄ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ ထို့ပြင် တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရှိရသည်။", "ထို့ပြင် စစ်တပ်၏ လက်နက်မျိုးစုံ ၁၂၅ လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ ဒေသခံအဖွဲအစည်းဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲသည်လည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိကြောင်း ထုတ် ပြန်ထားသည်။", "ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး “၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)”နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဝင်လျက်ရှိပြီး နောင်ချို ၊ မိုးကုတ် ၊ ကျောက်မဲနှင့် မတ္တရာ စစ်မျက်နှာများတွင် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/08/178338/
စစ်ကောင်စီနှင့် စစ်တပ်လော်ဘီ အစွန်းရောက်များ၏ တရုတ်ဆန့်ကျင်ရေး လှုပ် ရှားမှုက မြန်မာပြည်ဖွားတရုတ်လူမျိုးများ၏ အသက်၊ အိုးအိမ်များကို အန္တရာယ်ပြုရန် ခြိမ်းခြောက်လာ
["စစ်ကောင်စီနှင့် စစ်တပ်လော်ဘီ အစွန်းရောက်များ၏ တရုတ်ဆန့်ကျင်ရေး လှုပ် ရှားမှုက မြန်မာပြည်ဖွားတရုတ်လူမျိုးများ၏ အသက်၊ အိုးအိမ်များကို အန္တရာယ်ပြုရန် ခြိမ်းခြောက်လာ", "ရန်ကုန်၊ ဩဂုတ် ၁၀", "အကြမ်းဖက် စစ်ကောင်စီနှင့် လက်အောက်ခံ အစွန်းရောက်များ၏ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုက မြန်မာပြည်ဖွားတရုတ်လူမျိုးများ၏ အသက်၊ အိုးအိမ်များကို အန္တရာယ်ပြုရန် ခြိမ်းခြောက်လာကြောင်း ပြည်တွင်းရေး လေ့လာစောင့်ကြည်နေသော အဖွဲ့များက အနီရောင် အဆင့်သတိပေးချက်အဖြစ် ထုတ်ပြန်ပြောဆိုထားသည်။", "ဇူလိုင်လကုန်ပိုင်းတွင် ၁၀၂၇ ဒုတိယလှိုင်းအဖြစ် ရှမ်းပြည်မြောက်ပိုင်းမှ မန္တလေးတိုင်းအတွင်းအထိ ရောက်လာခဲ့ပြီး ရှမ်း-မန်းစစ်ဆင်ရေး ကိုပါ ပူးတွဲဆောင်ရွက်လာကြောင်း၊ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ BPLA တပ်များ၊ အခြားတော်လှန်ရေးတပ်များက ပူးပေါင်းပါဝင်လာကြောင်း၊ လက်ရှိတွင် မိုးကုတ်၊ နောင်ချို၊ စဉ့်ကူး၊ မိုးမိတ်မြို့များကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထို့ပြင် ယခုနောက်ဆုံး လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုပါ သိမ်းပိုက်လာနိုင်ကြောင်း၊ အဆိုပါ သိမ်းပိုက်မှုများကြောင့် စစ်ကောင်စီတပ်နှင့် ထောက်ခံသူများ အထိနာကာ တရုတ်နိုင်ငံ၏ ပံ့ပိုးမှုကြောင့် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် သိမ်းယူနိုင်ပြီး ကျူးကျော်စစ်အဖြစ် ပြောဆိုလာကြကြောင်း သိရှိရသည်။", "လက်ရှိတွင် MNDAA ကိုးကန့်တပ်ဖွဲ့သည် တရုတ်များဖြင့် ဖွဲ့စည်းထားသော တပ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်စစ် အဖြစ် တရုတ်က ဆင်နွှဲနေခြင်းဖြစ်သည်ဟု စစ်တပ်ထောက်ခံသူများက တစ်တော့နှင့် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ဆက်တိုက်ဖော်ပြလာသည့်အပြင် တရုတ်နိုင်ငံနှင့်လူမျိုးကို မုန်းတီးသင့်ကြောင်း လှုံ့ဆော်မှုများ လုပ်ဆောင်လာသည်ဟု သိရှိရသည်။", "လက်ရှိတွင် တရုတ်ဆန့်ကျင်ရေးအတွက် နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်တပ်လော်ဘီ တစ်တော့နှင့် တယ်လီဂရမ် ချန်နယ်များဖြစ်သော ကျော်စွာ၊ဘညွန့်၊ သဇင်ဦး၊ ကိုသက်၊ ဟန်ငြိမ်းဦး၊ အောင်စစ်သည်၊ စစ်သတင်း၊ စစ်မင်း အစရှိသော ချန်နယ်များက လှုံ့ဆော်မှုများအပြင် မြေပြင်တွင်ပါ မြန်မာနွယ်ဖွား တရုတ်များကို ခြိမ်းခြောက်မှုများကိုပါ တစ်ပါးတည်း ပူးတွဲ လှုံ့ဆော် လာကြကြောင်း သိရှိရသည်။", "ရမခတိုင်းစစ်ဌာနချုပ်နှင့် မြို့များ ၊ တပ်စခန်းများ ဆုံးရှုံးရသည့်အခြေအနေသည် တရုတ်၏ မြှောက်ပေးမှုနှင့် ပယောဂကြောင့် အဓိက ဖြစ်ပြီး UWSA ကဲ့သို့သော တရုတ်ဩဇာခံ တပ်ဖွဲ့များလည်း ပါဝင်နေကြောင်း စစ်တပ်လော်ဘီ NP News မှ ကျော်မျိုးမင်းနှင့် စစ်တပ်လော်ဘီ People Media မှ ကျော်စိုးဦး၊ Myanmar National Post မှ နောင်တော်လေး၊ စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်းတို့ကလည်း တစ်လျှောက်လုံး လှုံ့ဆော်လျက်ရှိသည်။", "ယခုအခါ နေပြည်တော်၊ ရန်ကုန်တွင် တပ်ထောက်ခံသူများက ဩဂုတ်လ ၆ ရက်နေ့ MNDAA ဆန့်ကျင်ပွဲဟု အမည်တပ်ကာ တရုတ်နိုင်ငံနှင့် တရုတ်အစိုးရကိုပါ ဆန့်ကျင်ရန် ပြောဆိုလာသည့်အပြင် တစ်တော့များတွင် မြန်မာပြည်နွယ်ဖွား တရုတ်များ၏ အသက်နှင့် အိုးအိမ်များကိုပါ တိုက်ခိုက် ရန်လှုံ့ဆော်လာကြောင်း စိစစ်တွေ့ရှိရသည်ဟု လေ့လာစောင့်ကြည်သူများက ဆိုသည်။", "ဩဂုတ်လ ၈ ရက်နေ့ မန္တလေးတွင် မြန်မာပြည်နွယ်ဖွား တရုတ်များ၏ အသက်နှင့်အိုးအိမ်ကို ခြိမ်းခြောက်သော စာများကို မန္တလေးတွင် ဖြန့်ဝေမှုများလုပ်ဆောင်လာသည့်အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်ရန် လှုံ့ဆော်လာကြောင်း၊ အဆိုပါ လှုံ့ဆော်မှုများကို စစ်တပ်လော်ဘီကျော်စွာ တယ်လီဂရမ်တွင် ဓာတ်ပုံများနှင့်တကွ စာကပ်လှုပ်ရှားမှုများကို ဖော်ပြလာကြောင်း သိရှိရသည်။", "မန္တလေးတွင် ဓာတ်တိုင်များတွင် ကပ်နေသော လှုံ့ဆော်စာများတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်လာလျှင် မန္တလေးမြို့ပေါ်ရှိ တရုတ်လူမျိုးများကို ရှင်းလင်းမီးလောင်တိုက်သွင်းမည့်အဖွဲ့များကို အပြည့်အ၀ ထောက် ခံကြိုကြောင်း၊ မန္တလေးတွင် နေအိမ်တစ်လုံးပျက်စီးလျှင် တရုတ်အိမ် ၁ အိမ်ကို မီးရှို့မည်ဖြစ်ကြောင်း မန္တလေးသားတစ်ဦးသေလျှင် တရုတ် ၁ ဦးကို သတ်ဖြတ်မည်ဖြစ်ကြောင်း၊ တရုတ်နေအိမ်အများအပြားကို စာရင်းပြုစုထားကြောင်း မန်းလေးဇိုးလူငယ်အဖွဲ့ဟူသော အဖွဲ့၏ ခြိမ်းခြောက်စာတွင် ရေးသားထားသည်။", "အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် စစ်ရေးရှုံးနိမ့်မှုကို ဖာထေးရန်အတွက် လူမျိုးရေးဆိုင်ရာ အဓိကရုဏ်းအထိ ဦးတည်နေသော လှုံ့ဆော်မှုများကို ဆက်တိုက်ဆောင်ရွက်လာသဖြင့် ပြည်သူများအနေဖြင့် သတိထားကြရန် လိုအပ်ကြောင်း ပြည်တွင်းရေးလေ့လာစောင့်ကြည့်သော အဖွဲ့များက သတိပေးထားသည်။"]
https://yktnews.com/2025/05/213306/
စစ်ကောင်စီနှင့် ဆွေးနွေးပွဲ ပျက်ပြယ်ကြောင်း TNLA က သတင်းထုတ်ပြန်ပြီးနောက် မိုးကုတ် အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို စစ်တပ်က တိုက်လေယာဉ်များဖြင့် ညအချိန် ဗုံးကျဲချ
["စစ်ကောင်စီနှင့် ဆွေးနွေးပွဲ ပျက်ပြယ်ကြောင်း TNLA က သတင်းထုတ်ပြန်ပြီးနောက် မိုးကုတ် အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို စစ်တပ်က တိုက်လေယာဉ်များဖြင့် ညအချိန် ဗုံးကျဲချ", "ရန်ကုန်၊ မေ ၃", "တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် ဆွေးနွေးပွဲ ပျက်ပြယ်ကြောင်း TNLA က သတင်းထုတ်ပြန်ပြီးနောက် TNLA က သိမ်းပိုက်ထားသော မိုးကုတ်အရှေ့ပိုင်းနှင့် အနောက်ပိုင်း တိုက်လေယာဉ်ဖြင့် ညအချိန် ဗုံးများ ကျဲချကြောင်း မိုးကုတ်မြို့မှ PDF သတင်းရင်းမြစ်က ပြောဆိုသည်။", "ယမန်နေ့ မေလ ၂ ရက်နေ့ ည ၁၁ နာရီ ၄၇ မိနစ်အချိန် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့နယ်၊ အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့ကို လေကြောင်းတိုက် ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိဘဲ နေအိမ်နှင့် အဆောက်အအုံတချို့ ထိခိုက်မှုရှိကြောင်း သိရှိရသည်။", "“မိုးကုတ် အနောက်ပိုင်း၊ အုတ်အင်း ဓမ္မာရုံမှာရှိတဲ့ ဘုရားခန်း တည့်တည့် ဗုံးကျတယ်။ လူအထိအခိုက်မရှိပါဘူး။ ဘေးပတ်ဝန်းကျင် အဆောက်အအုံတွေတော့ ထိခိုက်တယ်။ နောက်ပြီး မိုးကုတ် အရှေ့ပိုင်း ဗမွန်ရွာကို ဗုံး ၁ လုံးကျတယ်။ နှစ်နေရာစလုံး လူထိခိုက်မှုမရှိဘူး” ဟု မိုးကုတ်မြို့မှ PDF သတင်းရင်းမြစ်က ရှင်းပြသည်။", "မိုးကုတ်မြို့မှ ပြည်သူတစ်ဦးကလည်း “မိုးကုတ်အရှေ့ပိုင်းကောအနောက်ပိုင်းကော Jet Fighter နဲ့နှစ်ကြိမ်ကျဲသွားတယ်။ တော်တော်ပြင်းမှာအိမ်တွေကိုခါသွားတယ်။ ဂျက်တိုက်လေယာဉ် စဖြတ်သွားကတည်းကနိမ့်နိမ့်လေးပျံသွားတာ။ ပစ်မှတ်တွေ့သွားတော့နိမ့်ဆင်းပြီးကျဲသွားတာ။ အိမ်ကိုခါနေတာပဲ” ဟု ပြောဆိုသည်။", "တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့် ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၂၉ ရက်နေ့တို့တွင် စစ်ကောင်စီကိုယ်စားလှယ်နှင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း ၊ TNLA တပ်များအ နေ ဖြင့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်း အထိသို့ ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီက တောင်းဆိုလာကြောင်း၊ အဆိုပါ တောင်းဆိုချက်ကို TNLA ကိုယ်စားလှယ်များက သဘောမတူနိုင်သဖြင့် ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။"]
https://yktnews.com/2023/12/137531/
စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးပွဲပျက်ပြယ်ပြီးနောက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး စစ်တပ်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီကို သတ်မှတ် အမည်ပေး
["စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးပွဲပျက်ပြယ်ပြီးနောက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး စစ်တပ်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီကို သတ်မှတ် အမည်ပေး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးပွဲပျက်ပြယ်ပြီးနောက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး စစ်တပ်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က မြန်မာစစ်တပ်ကို သတ်မှတ် အမည်ပေး ခေါ်ဝေါ် သုံးစွဲလိုက်ကြကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်း ထုတ်ပြန်သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် အကြမ်းဖက် စစ်ကောင်စီကို “၂၀၂၃ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး အစိုးရစစ်တပ်”အဖြစ် ညီနောင်မဟာမိတ် ၃ ဖွဲ့က သတ်မှတ် အမည်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဖက်ဆစ်စစ်အာဏာရှင်တို၏ အကျင့်ဝသီအတိုင်း မြိုရွာများအတွင်းသို လေကြောင်းမှ နေ့တိုင်းဗုံးကြဲတိုက်ခိုက် မှုများကိုသာမက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအဆိုပြုထားသော မြောက်ဦးယဉ်ကျေးမှုဒေသ၊ မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကို လက်နက်ကြီးများဖြင့် တမင်တကာပစ်ခတ်တိုက်ခိုက်ခြင်းတိုကိုပြုလုပ်ပြီး စစ်ရာဇဝတ်မှုများကို ပုံစံမျိုးစုံဖြင့် နေ့တိုင်းကျူးလွန်လျက်ရှိသောကြောင့် စစ်ကောင်စီသည် “၂၀၂၃ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး အစိုးရစစ်တပ်”အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ရယူသိမ်းပိုက်နိုင်ရေးအတွက် ကြိုးပမ်းနေသကဲ့သို အကြမ်းဖက်စစ်ကောင်စီ အနေဖြင့်လည်း တစ် နိုင်ငံလုံးအနှံ့မှ ၎င်းတို့၏ စစ်စခန်းတစ်ခုပြီးတစ်ခု မကျဆုံးစေရေးအတွက် လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ လူသားဒိုင်းကာများကို သုံးကာ အသည်းအသန် ကာကွယ်နေရသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။", "ထိုသို့ စစ်ကောင်စီကို စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး စစ်တပ်ဟု ခေါ်ဝေါ်သုံးစွဲမှုသည် တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် စစ်ကောင် စီနှင့် ညီနောင် ၃ ဖွဲ့အကြား ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ ပျက်ပြယ်သွားပြီးနောက် ညီနောင် ၃ ဖွဲ့က သတ်မှတ်ခေါ်ဝေါ် သုံးစွဲခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/180288/
စစ်ကောင်စီနှင့် အာဆာတို့ ပူးပေါင်း၍ AA ကို တိုက်ခိုက်ခဲ့ပြီး ဘူးသီးတောင်တွင် အရပ်သားများကို စစ်တပ်က သတ်ဖြတ်ခဲ့ဟု ဖမ်းဆီးခံ စစ်သုံ့ပန်း ဗိုလ်မှူး လှိုင်ဝင်းထွန်း ဝန်ခံ
["စစ်ကောင်စီနှင့် အာဆာတို့ ပူးပေါင်း၍ AA ကို တိုက်ခိုက်ခဲ့ပြီး ဘူးသီးတောင်တွင် အရပ်သားများကို စစ်တပ်က သတ်ဖြတ်ခဲ့ဟု ဖမ်းဆီးခံ စစ်သုံ့ပန်း ဗိုလ်မှူး လှိုင်ဝင်းထွန်း ဝန်ခံ", "ရန်ကုန်| ဩဂုတ် ၂၄", "အာရက္ခတပ်တော် AA ကို စစ်ကောင်စီတပ်က ARSA (အာဆာ)နှင့် လက်တွဲပြီး ပူးပေါင်းတိုက်ခိုက်နေခဲ့ကြောင်း ဖမ်းဆီးခံထားရသည့် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၅၃ရဲ့ တပ်ခွဲမှူးက ထုတ်ဖော် ပြောဆိုလိုက်သည်။", "မကြာသေးခင်က AAထံ လက်နက်ချအဖမ်းခံခဲ့ရသည့် ခမရ ၃၅၃၏ တပ်ခွဲမှူး ဗိုလ်မှူးလှိုင်ဝင်းထွန်းက ဘူးသီးတောင်မြို့မှာ The Diplomat သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာမှာ ယင်းကဲ့သို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။", "ဗိုလ်မှူးလှိုင်ဝင်းထွန်းက ပြောဆိုချက်တွင် ဘူးသီးတောင်မြို့နယ်မှာ မွတ်ဆလင် ၇၅၀ဦးကို စစ်သင်တန်းပေးခဲ့ပြီး ARSAအဖွဲ့နှင့်လည်း စစ်ရေးအရ ပူးပေါင်းဖို့ စစ်ကောင်စီတပ်က ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။", "“ကျနော်တို့ အဲ့ဒီ —————–ကို သင်တန်းပေးတယ်။ သင်တန်းပေးပြီးတော့မှ ကျနော်သိရသလောက် ARSAအဖွဲ့ကိုပါ ပူးပေါင်းပြီးတော့ သင်တန်းပေးတာတွေ၊ စစ်ရေးအရ လှုပ်ရှားဆောင်ရွက်နေတာတွေလည်း ကျနော် အနေနဲ့ သိရတယ်။ ၇၅၀ကို ဘူးသီးတောင်ပတ်ခြာလည်မှာရှိတဲ့ ခြေကုပ်ယူထားတဲ့ နေရာတွေမှာ အင်အားတွေ လိုက်ဖြည့်ပြီးတော့မှ စစ်ရေးအရ တိုက်ပွဲဝင်မယ်ဆိုပြီးတော့မှ ပြန်ခွဲပြီး စေလွှတ်ထားတာတွေရှိပါတယ်” ဟုပြောသည်။", "ထို့အပြင် ဘူးသီးတောင်မြို့ပေါ်တွင် ရခိုင်လူမျိုးများ၏ နေအိမ်များကို မီးရှို့ရန်အတွက် စစ်ကောင်စီက စစ်သင်တန်းပေးထားသော မွတ်ဆလင်များနှင့် ARSAကို စစ်ဘက်ရေးရာလုံခြုံးရေး တပ်ဖွဲ့ဖက်က ဆောင်ရွက်ခိုင်းခဲ့ကြောင်း ဆိုသည်။", "ဘူးသီးတောင်မြို့တွင် အရပ်သားတွေ အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခံရမှုတွင် စစ်တပ်အရာရှိ အကြီးအကဲများလည်း ကျူးလွန်ရာတွင် ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။", "“ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျေးရွာတွေက ရခိုင်လူမျိုးတွေ၊ မွတ်စလင်၊ ဟိန္ဒူလူမျိုးတွေကို စရဖအဖွဲ့တွေက အာရက္ခတပ်တော်နဲ့ ပက်သက်ဆက်နွယ်တယ်ဆိုပြီးတော့မှ ဖမ်းဆီးခေါ်ဆောင်ပြီး မေးမြန်းပြီး နှိပ်စက်ရိုက်နှက်တာတွေရှိတယ်။ အဲ့ဒီအခြေအနေပေါ်မှာ သေဆုံးသွားရတာတွေ၊ အသတ်ခံရတာတွေရှိတယ်လို့လည်း ကျနော်အနေနဲ့ သိရှိရပါတယ်။ အဲ့ကိစ္စတွေကိုတော့ စရဖအဖွဲ့က ဗိုလ်ကြီး ခိုင်မင်းဇော်တို့ ဦးစီးပြီးတော့မှ ဆောင်ရွက်တာပါ။ ကျွန်တော်တို့ ကွပ်ကဲမှုက မတူပါဘူး”ဟုပြောသည်။", "ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွင် လူနေအိမ် ၂၈၇၂ လုံးဖျက်ဆီးခံခဲ့ရပြီး၊ ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်း၊ ဗလီတစ်လုံး၊ ဟိန္ဒူဘုရားကျောင်း ၂ ကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်း ပျက်စီး ခံခဲ့ရကြောင်း သိရသည်။", "အာရက္ခတပ်တော် AA သည် ဘူးသီးတောင်မြို့ကို ပြီးခဲ့သည့် ဇွန်လက စ၍ သိမ်းပိုက်ခဲ့ပြီး မောင်တောမြို့ကိုလည်း သိမ်းပိုက် ရရှိနိုင်ရေး ထိုးစစ်ဆင်းတိုက်ခိုက်နေသည်။ စစ်ကောင်စီသည် ၎င်းတို့ သင်တန်းပေးထားသည် လက်နက်ကိုင်များကိုလည်း AA ကို တိုက်ခိုက်ခိုင်းစေနေကြောင်း ဒေသခံများကလည်း အခိုင်အမာ ပြောဆိုထားသည်။"]
https://yktnews.com/2023/08/120202/
စစ်ကောင်စီနှင့်ဆန်းစပါး အသင်းတို့က ဆန်စျေးနှုန်းများကို သတ်မှတ် စျေး ထက် ပိုမရောင်းရန် ဖိအားပေး၊ ဆန်းစျေးနှုန်း လက်တွေ့ကျရန် မလွယ်ကူသေး
["စစ်ကောင်စီနှင့်ဆန်းစပါး အသင်းတို့က ဆန်စျေးနှုန်းများကို သတ်မှတ် စျေး ထက် ပိုမရောင်းရန် ဖိအားပေး၊ ဆန်းစျေးနှုန်း လက်တွေ့ကျရန် မလွယ်ကူသေး", "ရန်ကုန်၊ သြဂုတ် ၂၉", "ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်လာမှုကို ထိန်းချုပ်ရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့်စစ်ကောင်စီက အစည်းအဝေး ခေါ်ယူပြီး ဆန်စျေးနှုန်းများကို သတ်မှတ် စျေးနှုန်း ထက် ပိုမရောင်းရန်နှင့် စျေးလျော့ရောင်းချရန် ဖိအား ပေးမှုများ လုပ်ဆောင်လာကြောင်း ဆန်စပါး လုပ်ငန်းရှင်များထံမှ သိရသည်။", "သြဂုတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီ၏ ညွှန်ကြားမှုအရ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဆန်ဈေးနှုန်း ကို ထိန်းချုပ်ရန်အတွက် ဆန်စက် လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးကုမ္ပဏီများကို တိုက်တွန်း နှိုးဆော်ချက် တစ်ရပ်ကို ထုတ်ပြန်ကာ ဖိအားပေး လုပ်ဆောင်လာ ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ရွှေဘိုပေါ်ဆန်းဆန်များကို တစ်အိတ်လျှင် ၁၅၀,၀၀၀-၁၆၀,၀၀၀ ကျပ်ဖြင့် ရောင်းချခြင်း မပြုလုပ်ဘဲ သြဂုတ်လ ၂၈ ရက်နေ့မှစတင်ပြီး ရွှေပေါ်ဆန်း ဆန်တစ်အိတ်လျှင် ၁၂၅,၀၀၀ ကျပ်ထက် မပိုသောနှုန်းဖြင့် ဈေးလျှော့ချ ရောင်းရန်၊ ဧရာဝတီပေါ်ဆန်းဆန် အုပ်စုများကို တစ်အိတ်လျှင် ၁၁၀,၀၀၀-၁၂၀,၀၀၀ ကျပ် ဝန်းကျင် ရောင်းချနေမှုများကို တစ်အိတ်လျင် ကျပ် ၉၀,၀၀၀ မှ ၁၀၀,၀၀၀ ကျပ် အတွင်းသာ ဈေးလျှော့ချရောင်းရန်၊ ရက် ၉ဝ ဆန်များကို တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်ထက်မပိုသောနှုန်းဖြင့် ဈေးလျှော့ ရောင်းချရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဖိအားပေးလျက်ရှိကြောင်း သိရှိရသည်။", "အဆိုပါ စျေးနှုန်းများဖြင့် ပြည်တွင်းစားဆန် အဓိက ရောင်းချနေသည့် ဝါးတန်း ကုန်စည်ဒိုင်ကို ဆန်များ ပေးပို့ရောင်းချမှု များတွင် အထက်ပါ ဈေးနှုန်းများ ထက်မပိုစေရေးအတွက် အထူးအလေးထားပူးပေါင်းပေးပါရန်နှင့် ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်ရှိ ဆန်လိုင်းများ၊ ဆန်အကျိုးဆောင်များထံသို့ ရွှေဘို ပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းများ ပေးပို့ရောင်းချသည့် နယ်မှဆန်စက်များ၊ ကုန်သည်ကြီးများ အနေဖြင့် အထက်ပါဈေးနှုန်းများထက်မပိုစေဘဲ ပုံမှန်ပေးပို့ သည့် ပမာဏများကို ပေးပို့ရောင်းချရန် နှိုးဆော်ချက်တွင်ပါရှိသည်။", "ထို့ပြင် ဆန်စက်များ အနေဖြင့် ဝယ်ယူသိုလှောင်ထားသော စပါးများ၊ ကုန်အပ် လက်ခံထား သော စပါးများကို စနစ်တကျ စာရင်းပြုစုထားရန်၊ ဝယ်ဈေး၊ ရောင်းဈေး နှင့် ဝယ်သူ၊ ရောင်းသူမှတ်တမ်းများ၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက် ကျန် မှတ်တမ်းများ စနစ်တကျ ထားရှိရန်၊ ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း စသော ပြည်တွင်းစားဆန်နှင့် စပါးများကို သိုလှောင်ထားပါ က သိုလှောင်မှု မှတ်တမ်းများ ထားရှိရန်နှင့် ဈေးကွက်အတွင်းသို့ ပုံမှန်ရောင်းချမှုအတိုင်း ပုံမှန်ထုတ်ရောင်းပေးရန်၊ ပစ္စည်းရှိလျက် လျော့နည်းရောင်းချမှုများ လုံးဝမပြုလုပ်ရန်နှင့် ဆန်ဈေး၊ စပါးဈေး မြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသူများကို ဝိုင်းဝန်းဖော် ထုတ်ပြီး အသင်းချုပ်သို့ ဖြစ်စေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ဖြစ်စေ အချိန်မီ တင်ပြ အသိပေးထားရန် စသည့်အချက်များလည်း ဖော်ပြထားသည်။", "မြန်မာ ဆန်စပါး အသင်းချုပ်၏ ညီနောင်အသင်းများ ကုန်စည်ဒိုင်များ အနေဖြင့် မူမမှန်သော ဝယ်ယူမှုများ၊ နယ်စပ် ဒေသများသို့ ဌာနဆိုင်ရာ ခွင့်ပြုချက်မရှိဘဲ ကားလမ်း၊ ရေလမ်း၊ မီးရထားလမ်းတို့ဖြင့် ပေးပို့ရန် ဝယ်ယူမှုများသည် တရားမဝင် ကုန်သွယ်မှုဖြစ်နိုင်သဖြင့် ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရောင်းအဝယ်များကို စနစ်တကျ ဆောင်ရွက်ရန်နှင့် စပါးဈေးနှုန်းများကို သိန်း ၄၀ ကျော်သိန်း ၃၀ စသည့် မူမမှန်သည့် ဈေးများဖြင့် ဝယ်ယူစုဆောင်းမှုများအပေါ် သတိထား၍ လုပ်ဆောင်ရန်နှင့် ယင်းလုပ်ဆောင်မှုများသည် အန္တရာယ်ကြီးမားပြီး မလုပ်သင့်သော အရောင်းအဝယ်ပုံစံဖြစ်သည်ကို သတိထားရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ထုတ်ပြန်ထားသည်။", "ထို့ပြင် စစ်ကောင်စီက ဆန်းစပါး ပြည်ပတင်ပို့မှုကိုလည်း ၄၅ ရက်တာ ပိတ်ပင် လိုက်ပြီး ဆန်စျေးနှုန်းကျဆင်းရေး လုပ်ဆောင်လာ ကြောင်း သိရှိရသည်။", "“အခုထက်ထိတော့ မြေပြင် လက်လီစျေးထဲအထိတော့ ဆန်စျေးက ကျမလာ သေးဘူး။ စျေးတွေက အမြင့်ပိုင်းပဲ။ ကုန်သည်တွေဘက်ကလည်း စျေးအမြင့် ပိုင်း ကိုင်ထားကြတော့ ဘယ်လောက်လျှော့ရောင်းပါ ပြောပြော အယောင်ပြ လောက်ပဲ လျှော့ရောင်းတယ်။ ဒီနေ့ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၁ သိန်းခွဲ ကျော် ပေးနေရပါတယ်။ စပါးစျေးကလည်း ကောင်းတယ်။ ဆန်စျေးကလည်း ကောင်းနေတုန်းပဲ။ ပွဲရုံစျေးက အမြင့်ပိုင်းမှာရှိတော့ ပြန်ရောင်းတဲ့ လက်လီပိုင်း မှာလည်း တစ်ပြည်ချင်းစျေးက များနေမှာပဲ” ဟု ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အောင်သုခ ဆန်ဆိုင်က ပြောဆိုသည်။"]
https://yktnews.com/2024/01/138070/
စစ်ကောင်စီနှင့်ပတ်သက်နေခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်နေခြင်းကြောင့် စီးပွားရေးပစ်မှတ်အဖြစ် တာမွေ The Maze ကလပ်ကို ဖောက်ခွဲတိုက်ခိုက်ဟု Dark Shadow အဖွဲ့က ပြောဆို
["စစ်ကောင်စီနှင့်ပတ်သက်နေခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်နေခြင်းကြောင့် စီးပွားရေးပစ်မှတ်အဖြစ် တာမွေ The Maze ကလပ်ကို ဖောက်ခွဲတိုက်ခိုက်ဟု Dark Shadow အဖွဲ့က ပြောဆို", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် စစ်ကောင်စီနှင့်ပတ်သက်နေခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်နေခြင်းကြောင့် စီးပွားရေးပစ်မှတ်အဖြစ် တာမွေ The Maze ကလပ်ကို ဖောက်ခွဲတိုက်ခိုက်ဟု Dark Shadow အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁ နာရီ ၂၃ မိနစ်အချိန် တာမွေမြိုနယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ The Maze ကလပ်ကို ကျွန်ုပ်တို Dark Shadow တပ်ဖွဲမှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကလပ်သည် စစ်ကောင်စီနှင့် ဆက်နွယ်သော အသိုင်းအဝိုင်းမှ လူများ ပျော်ပွဲရွှင်ပွဲများ စီစဉ်ကျင်းပရာ နေရာဖြစ်ပြီး မူးယစ်ဆေးဝါးများ ရောင်းချ သုံးစွဲရာနေရာလည်းဖြစ်သောကြောင့် စစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာ ပစ်မှတ်အဖြစ် သတ်မှတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "Dark Shadow (UG) အဖွဲ့အနေဖြင့် ရန်ကုန်မြိုရှိ စစ်ကောင်စီ၏ စစ်ရေး၊ အုပ် ချုပ်ရေး နှင့် စီးပွားရေး ဒေါက်တိုင်များကို တိုက်ခိုက်လျက်ရှိပြီး Dark Shadow (UG) ညီနောင်များက တော်လှန်ရေးကာလ စတင်သည့်နေ့မှ စ၍ ယနေ့တိုင် အခက်အခဲ၊ ဆုံးရှံးမှုများစွာ ရှိခဲ့သော်လည်း တစ်ရက်မှ မနားခဲ့ကြောင်း၊ လူထုနှင့် တော်လှန်ရေး အပေါ် သစ္စာရှိစွာဖြင့် မစ်ရှင် များကို ပိုမို ကြိုးစားလုပ်ဆောင် သွားပါမည် ဖြစ်ကြောင်း နှစ်သစ်ကတိပြုချက်အဖြစ် ပြည်သူသို့ အသိပေးပြောဆိုသည်။"]
https://yktnews.com/2022/09/41453/
စစ်ကောင်စီထံ အောက်ကျို့၍ စာချုပ်ချုပ် အလုပ်လုပ်နေသော မြန်မာနိုင်ငံမှ ကုလအေဂျင်စီများ ချက်ချင်းအလုပ် ရပ်ဆိုင်းရန် အဖွဲ့ ၆၃၈ ခုက ကုလအတွင်းရေးမျူးချုပ်ထံ တောင်းဆို
["စစ်ကောင်စီနှင့်လက်တွဲနေသည့် ကုလအေဂျင်စီများကို ပြင်းပြင်းထန်ထန်ရှုတ် ချ", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "အကြမ်းဖက်စစ်ကောင်စီလက်အောက်ထံတွင် အောက်ကျို့၍ အလုပ်လုပ်နေသော မြန်မာနိုင်ငံမှ ကုလသမဂ္ဂ အေဂျင် စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် အခြားအဖွဲ့အစည်းများကို မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေမှုများ ချက်ချင်း ရပ်ဆိုင်းရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမျူးချုပ်ထံသို့ အရပ်ဘက်အဖွဲ့အစည်း ၆၃၈ ဖွဲ့က စာရေးသားတောင်းဆိုလိုက်ကြသည်။", "ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမည်ဖြစ်ပြီး ယင်းအစား ရာထူးခန့်အပ်လွှာများ ပေးအပ်ခြင်း၊ သဘောတူစာချုပ်များနှင့် နားလည်မှု စာချွန်လွှာများ လက် မှတ်ရေးထိုးခြင်းတို့ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုး သား ညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အရပ်ဘက်လူထုအဖွဲ့အစည်း ၆၃၈ ဖွဲ့က တောင်း ဆိုလိုက်ခြင်းဖြစ်သည်။", "ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေကြသော အခြားအစုအဖွဲ့ အသီသီးတို့မှ မကြာသေးမီက တရားဝင်မှုမရှိနေသည့် မြန်မာစစ်အုပ်စုနှင့် သဘောတူ စာချုပ်အသစ်များ ထပ်မံချုပ်ဆိုခြင်း နှင့် ခန့်အပ်လွှာများပေးအပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည့်အပေါ် အပြင်းထန်ဆုံး ရှုတ်ချကြောင်း အရပ်ဘက်အဖွဲ့များက ထုတ်ပြန်ပြောဆိုသည်။", "မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် အခြေခံမူများအပေါ် ရပ်တည်သော ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် ကုလသမဂ္ဂ၏ တုံ့ပြန်ဆောင် ရွက်မှုကို ကုလအတွင်းရေးမှူးချုပ်က ကြားဝင်ဆောင်ရွက်ပေးပါရန်တိုက်တွန်းကြောင်း၊ ထို့အပြင် အခြားကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် တရားမဝင် လူသတ်စစ်အုပ်စုအား တရားဝင်မှု ရရှိစေမည့် မည်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ထိတွေ့ဆက်ဆံမှု ပုံစံအားလုံးကို ချက်ချင်းရပ်ဆိုင်းပြီး ယင်းအစား မြန်မာ နိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများထံသို့ ခန့်အပ်လွှာနှင့် သဘောတူစာချုပ် တင်ပြမှုများ လုပ်ဆောင်ရန်တိုက်တွန်းထားသည်။", "၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အရပ်ဘက်လူထုအဖွဲ့အစည်း ၂၅၆ ဖွဲ့တို့မှ ကုလသမဂ္ဂအဖွဲ့အစည်းများကို စစ်အုပ်စုအား တရားဝင်မှု ရရှိစေမည့် မည်သည့်ထိတွေ့ဆက်ဆံမှုမဆို မလုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုခဲ့ပြီး ဖြစ်သည်။", "ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၊ ကုလသ မဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ စား နပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) အားလုံးတို့သည် ၂၀၂၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလများအတွင်း စစ်အုပ်စုနှင့် သဘောတူ စာချုပ်အသစ်များ လက် မှတ်ရေးထိုးခဲ့သကဲ့သို့ ရာထူးခန့်အပ်လွှာများကိုလည်း သွား ရောက်အပ်နှင်းခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ လူသိရှင်ကြား အခမ်းအနားများနှင့် ဓါတ်ပုံများကို စစ်အုပ်စုက ၎င်း၏ တရားဝင်မှုရရှိရေး ဆက်လက်ကြိုးပမ်းမှုတွင် ဝါဒဖြန့်ချိရေးလက်နက်အဖြစ် အသုံးချလျက်ရှိကြောင်း အရပ်ဘက်အဖွဲ့များက ဝေဖန်ထောက်ပြသည်။", "ကုလသမဂ္ဂအဖွဲ့အစည်းများ လုပ်ဆောင်ခဲ့သော လုပ်ရပ်များသည် စစ်အုပ်စုနှင့် အတူရပ်တည်လိုက်ခြင်းဖြစ်သည့်အပြင် မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ နိုင်လိုမင်းထက်ပြုမှုများ အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည် ထောင် ရေးအတွက် ယနေ့ထိတိုင် တစ်စုတစ်စည်းတည်း ခုခံတော်လှန်နေကြသည့် ပြည်သူတို့၏ ကြိုးစားအားထုတ်မှုနှင့် အနစ်နာခံစတေးမှုများကို မှေးမှိန်ထိခိုက် စေကြောင်း၊ ထိုလုပ်ရပ်များသည် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ မဖြစ်မနေလိုက်နာရမည့်အပြင် ၎င်းတို့ကိုယ်တိုင်အား တာဝန်ယူ တာဝန်ခံမှု ရှိစေရန် ကုလသမဂ္ဂ၏ ပူးတွဲစီမံဆောင်ရွက်မှုဆိုင်ရာ စံသတ်မှတ်များနှင့် ထိတွေ့လုပ် ဆောင်မှုဆိုင်ရာ မူဘောင်တို့တွင် ပြဌာန်းပါရှိသည့် ဘက်မလိုက်ရေး၊ ကြားနေရေး၊ အမှီအခိုကင်းရေးနှင့် “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး” ဟူသော ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို ချိုးဖောက်ခြင်းပင် ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့များက ဆိုသည်။", "ထို့အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စစ်အုပ်စုကို နိုင်ငံကိုယ်စားပြုခွင့် ငြင် းပယ် ထားပြီး မြန်မာပြည်သူတို့၏ တရားဝင်အစိုးရ အမျိုးသားညီညွတ်ရေးအစိုး ရ (NUG) ကို ကိုယ်စားပြုသော တာဝန် ထမ်းဆောင်နေသူ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ၎င်း၏ ရာထူးနေရာတွင် ဆက်လက်ထားရှိရန် တိုက်တွန်းထားသော ကုလသမဂ္ဂ အထောက်အထားစိ စစ်ရေး ကော်မတီ၏ အကြံပြုတင်ပြချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုသည့်ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခဲ့ကြောင်း၊ သို့ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များနှင့် အစီအစဥ်များသည် အဆိုပါ ဆုံးဖြတ်ချက်ကို လမ်းညွှန်အဖြစ် ထားရှိသင့်ပြီး စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်း မပြုဘဲ NUG နှင့်သာ ထိတွေ့ဆက်ဆံသင့်သည်ဟု အကြံပြုထား သည်။", "မြန်မာစစ်အုပ်စုသည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးတရားဝင်မှု မရှိရုံသာမက နယ်မြေအုပ်စိုးမှုလည်း မရှိကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင် စီ (SAC-M) ၏ မကြာသေးမီက ထွက်ရှိသော သုံးသပ်ချက်စာတမ်းအရ NUG နှင့် ခုခံတော်လှန်ရေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ နယ်မြေ ၅၂ ရာခို င်နှုန်းကျော်ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ချိန်တွင် စစ်အုပ်စုသည် ၂၃ ရာခိုင်နှုန်းသောနယ်မြေကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရသည့်သဖြင့် အမှန်စင်စစ်မှာ စစ်အုပ်စုက သေချာထိန်းချုပ်ထားနိုင်သည့် နယ်မြေပမာဏသည် မြန်မာနိုင်ငံနယ်မြေအားလုံး၏ ၁၇ ရာခိုင်နှုန်းကျော်သာ ရှိနေကြောင်း ထောက်ပြထားသည်။", "ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းရာတွင် ရှေ့ နောက် မညီညွတ်သော၊ ထိရောက်မှုအားနည်းသော ချဥ်းကပ်မှုကို လုပ်ဆောင်သည်သာမက မြန်မာစစ်အုပ်စုနှင့် နားလည်မှု စာချွန်လွှာများ၊ သဘောတူစာ ချုပ် များ လက်မှတ်ရေးထိုးမှုများက မြန်မာပြည်သူများအပေါ် အကြမ်းဖက်ပြီး ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ရှိနေသော အဖွဲ့အစည်း တစ်ရပ်ကို ကုလသမဂ္ဂက အသိအမှတ်ပြုသည် ဆိုသည့်သတင်းစကားအမှားကို စစ်အုပ်စုနှင့် ကမ္ဘာကြီးတစ်ခုလုံးကိုပါ ပေးပို့နေခြင်းပင် ဖြစ်ကြောင်း၊ ယင်းအချက်က စစ်အုပ်စုကို ပြဏ်ဒဏ်ကင်းလွတ်စွာြဖင့် နောက်ထပ်သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ထပ်မံကျူးလွန်စေရန် အားပေးအားမြှောက်ေနေရုံသာမက ကုလသမဂ္ဂသည် တကယ့်လက်တွေ့တွင် အထွေ ထွေ ညီလာခံ၊ လူ့အခွင့်အရေးကောင်စီနှင့် လုံခြုံရေးကောင်စီ ဥက္ကဌမှ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်တစ်စောင် အပါအဝင် ၎င်း၏ ဆုံးဖြတ်ချက်များနှင့် ထုတ်ပြန်ကြေညာချက်များတွင် ပြဌာန်းထားသည့်အတိုင်း မြန်မာပြည်သူများ၏ ဆန္ဒကို အမှန်တကယ် လေးစားခြင်း မရှိကြောင်းကိုလည်း ဖော်ပြနေခြင်းဖြစ်သည်ဟု ထောက်ပြထားသည်။", "၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် တစ်စုတစ်စည်းသော ချဥ်းကပ်မှုတစ်ခု ဖော်ဆောင်ပေးရန် ပျက်ကွက်ခဲ့သည့် ကုလ သမဂ္ဂ၏ “စနစ်ပိုင်းဆိုင်ရာနှင့် အဆောက်အအုံပိုင်းဆိုင်ရာ အလုပ်မဖြစ်ခဲ့မှုများ” ကို ၂၀၁၉ ခုနှစ် Rosenthal အစီရင်ခံစာတွင် မီးမောင်းထိုး ဖော်ပြခဲ့ပြီးသည့်နောက်တွင်ပင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ ချဥ်းကပ်မှုများတွင် ထိုပြဿနာများ ဆက်လက်တည်ရှိနေသည်မှာ အထင်အရှားပင် ဖြစ်ကြောင်း တောင်းဆိုစာတွင်ဖော်ပြထားသည်။", "မြန်မာပြည်သူများသည် ၎င်းတို့၏ တရားဝင်အစိုးရဖြစ်သော NUG နှင့် ၎င်းတို့၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို ကုလသမဂ္ဂတွင် ကိုယ်စားပြုစေလိုကြောင်း ကျယ်ကျယ်လောင်လောင်၊ ရှင်းရှင်း လင်းလင်း ထုတ်ဖော်ပြီးသား ဖြစ်သည်။ မြန်မာပြည်သူများ၏ ၎င်းတို့အစိုးရ ရွေးချယ်လိုမှုနှင့် ကုလသမဂ္ဂတွင် ၎င်းတို့ကိုယ်စားလှယ်အား ရွေးချယ်လိုသည့်ဆန္ဒအပြင် မြန်မာနိုင်ငံအတွင်း ဖက်ဒရယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ၎င်းတို့၏ ရုန်းကန်ကြိုးစားနေမှုများကို ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများက အပြည့်အဝ အသိအမှတ်ပြု လေးစားရမည် ဖြစ်သည်ဟု တောင်းဆိုထားသည်။", "ဓာတ်ပုံ- ကုလသမဂ္ဂအတွင်းရေးမှူးချုပ်။"]
https://yktnews.com/2023/07/110792/
စစ်ကောင်စီနှင့်လက်တွဲနေသော ALP မှ တပ်ရင်းမှူးတစ်ဦး၊ ဒုဥက္ကဌနှင့် တပ်သား အဆင့်ရှိသူတို့ ပစ်ခတ်ခံရပြီး သေဆုံး
["စစ်ကောင်စီနှင့်လက်တွဲနေသော ALP မှ တပ်ရင်းမှူးတစ်ဦး၊ ဒုဥက္ကဌနှင့် တပ်သား အဆင့်ရှိသူတို့ ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂", "စစ်ကောင်စီနှင့် လက်တွဲနေသော ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည် လွတ်မြောက် ရေးပါတီ (ALP/ALA)မှ တပ်ရင်းမှူးတစ်ဦး အပါအဝင် ပါတီ ဒုဥက္ကဌတစ်ဦးနှင့် တပ်သား ယာဉ် မောင်း တစ်ဦး စုစုပေါင်း ၃ ဦးကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူများက ပစ်သတ် သွား ခဲ့သည်။", "ရခိုင်ပြည်၊ စစ်တွေတက္ကသိုလ်နှင့် မင်းဂံရပ်ကွက် အကွက် (၃) အကြား ရထားသံလမ်းဆုံတွင် ဇူလိုင်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက ALP တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူများက ပိတ်ဆို့ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အနီးအနားရှိ မျက်မြင်များက ပြောသည်။", "ယင်းပစ်ခတ်မှုကြောင့် နေရာတွင် သုံးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိသွားကြောင်း သေဆုံးသူ များနှင့် ဒဏ်ရာရရှိသူများအား စစ်တွေပြည်သူ့ ဆေရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။", "“သေနတ်နဲ့ ပစ်ခတ်ခံရတာကတော့ စုစုပေါင်း ၆ယောက်ပါ။ အခင်းဖြစ်တဲ့ နေရာမှာ သေဆုံးသွား တာက သုံးယောက်သေပါတယ်။ ဆေးရုံးကို သုံးယောက် ပို့လိုက်ရပါတယ်။ ဒဏ်ရာရတဲ့ သုံးယောက် ကတော့ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး။ ဆေးရုံးရောက်တာနဲ့ ချက်ချင်း ခွဲစိတ်မှုပြုလုပ်ပါတယ်။ ဒဏ်ရာရတဲ့ သုံးရာမှာ ပေါင်းမှာ တစ်ယောက်ထိတယ်။ ပြီးတော့ နောက်ကျောကုန်း ကို ရှပ်ထိ သွားတယ်။ သုံးယောက်က ဒဏ်ရာမပြင်းထန်လို့ မစိုးရိမ်ရပါဘူး “ဟု သတင်းရင်းမြစ်က ပြောသည်။", "ထိခိုက်ဒဏ်ရာရရှိသူမှာ ALPမှ ကိုဗိုလ်မင်း၊ ကိုကျော်ရဲအောင်၊ ကိုကျော်မင်းစိုးတို့မှာ ခြေသလုံးနှင့် ဒူးဆစ် အထက်ပိုင်းနှင့် ကျောကုန်းတွင် ရှပ်ထိ ဒဏ်ရာများရရှိခဲ့ပြီး ၎င်းတို့ကို စစ်တွေပြည်သူ ဆေးရုံ တွင် ညတွင်းချင်း ခွဲစိတ်မှု ပြုလုပ်ခဲ့ကြောင်း ကူညီဆောင်ရွက်နေသူ တချို့က ပြောသည်။", "သေဆုံးမှုတွင် ALP မှ ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည်ဆိုသည်ကို အတည်ပြုနိုင်ရန် ALP မှ ပြောရေးဆိုခွင့်ရှိသူ ကိုဇော်မင်းသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသလို ပါတီဥက္ကဌ ဒေါ်စောမြရာလင်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။", "သို့သော်လည်း ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီနှင့် နီးစပ်သူတစ်ဦးက သေဆုံးမှုထဲတွင် တပ်ရင်းမှူးတစ်ဦးနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင် တစ်ဦးတို့ ပါဝင်ကြောင်း ပြောဆိုသည်။", "“ALP က တပ်ရင်းမှူး တစ်ယောက်ပါတယ်။ ပြီးတော့ ထိပ်ပိုင်းခေါင်းဆောင် ပါတီဒုက္ကဌ ပါတယ်။ တပ်သားယာဉ်မောင်းတစ်ယောက်ပါတယ်။ စုစုပေါင်း ၆ ယောက် ကားပေါ်မှာ ပါသွားတာပါ။ အခင်း ဖြစ်တဲ့နေရာမှာတင် ၃ ယောက် ပွဲချင်းပြီးတော့ သေဆုံးသွားပါတယ်။ ပါတီက အစည်း အဝေး အပြီးမှာကားနဲ့ ထွက်လာကြတယ်။ အဲ့ဒီမှာ လမ်းမှာ သတ်ဖြတ်ခံရတာပါ”ဟု ALP ပါတီနှင့် နီးစပ်သူက ပြောသည်။", "ထို့အပြင် ရခိုင်ပြည် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား ဆက်သွယ်ခဲ့သော် လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။ အဆိုပါ ပစ်ခတ်မှုအနီး ဘုမေရပ်ကွက်ရှိပြီး ယင်းရပ်ကွက် အနီးတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA ၏ ရုံးစိုက်သည့် မြေနေရာရှိနေသည်။", "ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့ ကလည်း စစ်တွေမြို့တွင် စစ်ကောင်စီက ကျင်းပခဲ့သည့် လွတ်လပ် ရေးနေ့ အခမ်းအနားကို တက်ရောက်ခဲ့သည့် စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ် မြောက် ရေးပါတီ ALP က စစ်ဦးစီးချုပ်နှင့် ထိပ်ပိုင်း အရာရှိ ၂ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးခဲ့သည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/07/113248/
စစ်ကောင်စီဗဟိုဘဏ်က Money Changer လိုင်စင် ၃၀ ခုကို အပြစ်မရှိဘဲ ဆက်တိုက်ရုပ်သိမ်းခဲ့ပြီး ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသော်လည်း ဒေါ်လာပြင်ပစျေးကွက်က တဖြည်းဖြည်း ပိုမိုကြီးထွားလာနေ
["စစ်ကောင်စီဗဟိုဘဏ်က Money Changer လိုင်စင် ၃၀ ခုကို အပြစ်မရှိဘဲ ဆက်တိုက်ရုပ်သိမ်းခဲ့ပြီး ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသော်လည်း ဒေါ်လာပြင်ပစျေးကွက်က တဖြည်းဖြည်း ပိုမိုကြီးထွားလာနေ", "ရန်ကုန်၊ ဇူလိုင် ၁၆", "စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းရှိ Money Changer လိုင်စင် ၃၀ ခုကို အပြစ်မရှိဘဲ ဆက်တိုက်ရုပ်သိမ်းခဲ့ပြီး ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းခဲ့သော်လည်း ဒေါ်လာ ပြင်ပစျေးကွက်မှာမူ တဖြည်းဖြည်း ပိုမိုကြီးထွားလာ နေကြောင်း ဒေါ်လာနှင့်နိုင်ငံခြားငွေဝယ်ရောင်းလက်လီ၊လက်ကားများထံမှ သိရှိရသည်။", "ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၁၀ ခုကို ဗဟိုဘဏ်က ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များ မလိုက်နာမှုဖြင့် လိုင်စင်ရုပ်သိမ်းလိုက်သည်ဟု ကြေညာခဲ့ကြောင်း၊ ယခုနှစ် မတ်လ ၁၆ ရက်နေ့တွင်လည်း နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၂၀ ခုကိုလည်း လိုင်စင်ရုပ်သိမ်းခဲ့ကြောင်း၊ ၅ လအတွင်း Money Changer လိုင်စင် ၃၀ ခုကို ဆက်တိုက် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၂ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၂ ခုမှာ Kannan Trading Co, Ltd၊ Net Change Co, Ltd၊ Thira Aung Si Trading Co , Ltd၊ Riverwood Group Co, Ltd၊ Global Myanmar Services Co, Ltd၊ D-Gold Trading Co, Ltd၊ Aurum Image Co, Ltd၊ Hi Welcome Travel @ Tours Co, Ltd၊ Sweeties Pearls Co, Ltd၊ Chase Travels & Tours Co, Ltd တို့ဖြစ်ကြောင်း သိရှိရသည်။", "မတ်လ ၁၆ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံခဲ့ရသည့် ကုမ္ပဏီ ၂၀ ခုမှာ Oake Khaung Travels & Tours Co.,Ltd၊ Senjo Royal Myanmar Co.,Ltd၊ Dawei Popular Co.,Ltd၊ Zam Myo Co.,Ltd၊ Phyo Thet (PT) Co.,Ltd၊ Sky Bound Co.,Ltd၊ Myanmar MCG Corporation Ltd၊ Htwe and Htwe Family Co.,Ltd၊ Won Won Co.,Ltd၊ United Eleven Co.,Ltd၊ Tun Yama Co.,Ltd၊ Myanmar Alinkar Hotel Group Co.,Ltd၊ Cartel Co.,Ltd၊ Super Phoneix Co.,Ltd၊ Golden Falcon Shipping Co.,Ltd၊ Fairness Travels & Tours Co.,Ltd၊ Yadanar Bon Travels & Tours Co.,Ltd၊ Myanmar National Airline Co.,Ltd၊ Dewant Financial Loan Microfinance Co.,Ltd၊ Treasure Su Co.,Ltd တို့ဖြစ်ကြောင်း သိရှိရသည်။", "“လိုင်စင်ရုပ်သိမ်းတယ်ဆိုတဲ့ အကြောင်းကြားစာပဲရတာ။ ဘာကြောင့် လိုင်စင်ပြန်ရုပ်သိမ်းတာကို သေသေချာချာ မရှင်းပြထားဘူး။ တကယ်တော့ ကျနော်တို့က စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်တာကို လိုင်စင်အသိမ်းခံရတာ။ ဘယ်စည်းကမ်းမှ ကျနော်တို့မဖောက်ခဲ့ဘူး။ လိုင်စင်တွေကို ပြန်ပြီး ရုပ်သိမ်းဖို့ ဒေါ်လာစျေးကို ထိန်းချင်လို့ အဲဒီလိုလုပ်တယ် လို့ထင်ပါတယ်” ဟု လိုင်စင်ရုပ်သိမ်းခံရသည့် Money Changer ပိုင်ရှင် စီးပွားရေးသမားတစ်ဦးက ဆိုသည်။", "လက်ရှိတွင် အမေရိကန်ဒေါ်လာ အဝယ်အရောင်းနှင့်ပတ်သက်၍ လိုင်စင်ရ Money Changer ၊ ပုဂ္ဂလိကဘဏ်များတွင် အလုပ်မဖြစ်ကြောင်း၊ ပြင်ပစျေးကွက်ကိုသာ အဓိက မှီခိုအားထားနေရကြောင်း သိရှိရသည်။", "“ဘဏ်တွေနဲ့ Money Changer တွေက ရည်ညွှန်းငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ပတ်ဝန်းကျင်မှာပဲ‌ စျေးပြထားကြတာ။ အဲဒီတော့ ဘယ်သူကမှ သူတို့ဆီ လာမရောင်းဘူး။ သူတို့ကလည်း ဘယ်သူ့ကိုမှ ပြန်ရောင်းတာမျိုး မရှိဘူး။ စက်သုံးဆီ၊ စားသုံးဆီနဲ့ အရေးကြီးတဲ့ သွင်းကုန်တွေအတွက် ဒေါ်လာအဝယ်အရောင်းကို ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေ၊ လုပ်ငန်းရှင်တွေနဲ့ တိုက်ရိုက်လုပ်တယ်။ ပြောချင်တာက လိုင်စင်ရတွေဆိုတာ သူတို့အတွက် သူတို့စီးပွားရေးအတွက်ပဲ လုပ်နေကြတာ။ ပြည်သူတွေနဲ့ စီးပွားရေးသမားတွေက လိုအပ်တဲ့ဒေါ်လာကို ပြင်ပစျေးကွက်မှာ ရှာရတယ်” ဟု ရန်ကုန်မြို့၏ ဒေါ်လာလက်ကြီးဒိုင်တစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီက ဇွန်လမှစတင်၍ ဒေါ်လာဝယ်ရောင်းနှင့် လက်ကြီးသမားများကို ဖမ်းဆီးခြင်း၊ ခြေရာခံ စုံစမ်းခြင်းများ တိုးမြှင့်လုပ်ဆောင်လာကြောင်း၊ ဒေါ်လာနှင့်ရွှေကုန်သည် ၁၀၀ ကျော်ကို စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေး ဌာနက ဒေါ်လာစျေးကစားသည်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။", "“အခု ပြင်ပစျေးကွက်က ကိုယ်သိတဲ့သူအချင်းချင်းပဲ အရောင်းအဝယ်လုပ်တာ။ အပြင်က အခြားပြည်သူတွေ တစ်စိမ်းတွေ ဝင်လာလို့မရဘူး။ လက်ရှိ အဖမ်းအဆီးတွေနဲ့ စစ်တပ်အုပ်ချုပ်တဲ့ပုံစံကြောင့် အဲဒီလို စျေးကွက်က ဖြစ်နေတာ။ ဒေါ်လာလိုချင်ရင် အဆင့်ဆင့်ချိတ်ဆက်ပြီးမှ ဝယ်လို့ရနိုင်တယ်။ အတော်ခက်ခဲသွားတယ်။ အဲဒီလိုဖြစ်အောင် စစ်တပ်က လုပ်ထားတာပါ” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ဆိုသည်။", "လတ်တလော အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၂၀၀ ကျပ်ဝန်းကျင်ရှိနေပြီး စစ်တပ်က ဒေါ်လာများ စီးထွက်မှုမရှိရေး ပုံစံအမျိုးမျိုးဖြင့် ထိန်းချုပ်ခြင်း၊ သွင်းကုန်များ ပိတ်ပင်ခြင်းများ ပြုလုပ်နေကြောင်း သိရှိသည်။", "ဇူလိုင်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီဗဟိုဘဏ်က ပြည်ပကို ပို့ကုန်တင်ပို့သူများအနေဖြင့် ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေ လဲလှယ်ပြီး စစ်ကောင်စီထံ အပ်နှံရန် ၊ ယမန်နှစ် သတ်မှတ်ချက် ၆၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေလဲလှယ်ရန် ညွှန်ကြားချက်ကို ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းကို မြန်မာငွေအဖြစ် လဲလှယ်ရန် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း ၊ အဆိုပါ လုပ်ဆောင် ချက်သည် စစ်ကောင်စီတပ်ထံသို့ ဒေါ်လာများ ပြန်လည် စီးဝင်လာရေး လုပ်ဆောင်ချက်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုကြသည်။", "ဓာတ်ပုံ- ရန်ကုန်မြို့ရှိ ငွေလဲစင်တာတစ်ခု။"]
https://yktnews.com/2024/05/164537/
စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကို ထိန်းရန် Digital ငွေကြေးများ၊ ဟွန်ဒီများ အရောင်းဝယ်လုပ်လျှင် အရေးယူမည်ဟု ကြေညာသော်လည်း ဒေါ်လာတန်ဖိုး ဆက်လက်ထိုးတက်
["စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကို ထိန်းရန် Digital ငွေကြေးများ၊ ဟွန်ဒီများ အရောင်းဝယ်လုပ်လျှင် အရေးယူမည်ဟု ကြေညာသော်လည်း ဒေါ်လာတန်ဖိုး ဆက်လက်ထိုးတက်", "ရန်ကုန်၊ မေ ၂၆", "အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာတန်ဖိုးမြင့်တက်မှုကို ထိန်းချုပ်နိုင်ရေး Digital ငွေကြေးများ အရောင်းအဝယ် ဟွန်ဒီများ အရေးယူမည်ဟု ကြေညာသော်လည်း မထိရောက်ဘဲ ဒေါ်လာတန်ဖိုး ဆက်လက်ထိုးတက်နေကြောင်း ရန်ကုန်မြို့မှ ဒေါ်လာဝယ်ရောင်းများက ပြောဆိုကြသည်။", "မေလ၂၄ ရက်နေ့တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒီဂျစ်တယ်ငွေကြေးများဖြစ်သော Cryptocurrency ၊ Bitcoin(BTC) ၊ Litecoin(LTC) ၊ Ethereum (ETH) နှင့် Perfect Money(PM) စသည်တို့ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်း၊ ယင်းတို့လဲလှယ်ရောင်းဝယ်ခြင်းမပြုလုပ်ရန် ထုတ်ပြန်ခဲ့ကြောင်း၊ ယခုနောက်ဆုံး USDT အပါအဝင် တရားမဝင် ဒီဂျယ်တယ်ငွေကြေးများကို ရောင်းဝယ် လဲလှယ်ခြင်း၊ USDT အသုံးပြု၍ ဟွန်ဒီလုပ်ငန်းများ ဆောင်ရွက်နေကြောင်း တွေ့ရှိရပြီး ယင်းသို့ ဆောင်ရွက်သူများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ငွေကြေးဆိုင်ရာ ဥပဒေများနှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။", "” ပြည်တွင်းမှာ USDT သုံးပြီး ငွေအလွှဲအပြောင်း ဟွန်ဒီလုပ်တာလည်းရှိသလို ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဝယ်ကြတာလည်း ရှိပါတယ်။ အဲဒါကို အခု မြန်မာပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေနဲ့ USDT အရောင်းအဝယ်တွေ ချိတ် ဆက် အရောင်းအဝယ် လုပ်မရအောင် ဗဟိုဘဏ်က လုပ်လာတာ။ အဲဒီလိုလုပ်တော့ ကျပ်ငွေ တန်ဖိုးကျတာ ပိုဆိုးလာတယ်။ ဘာလို့ဆိုတော့ အရင်က USDT နဲ့ ပုဂ္ဂလိကဘဏ်အကောင့်တွေအကြား ကျပ်ငွေနဲ့ အရောင်းအဝယ် လုပ်လို့ရတော့ ဘာပဲဖြစ်ဖြစ် ကျပ်ငွေ သုံးလို့ရတဲ့နေရာတစ်ခုအနေနဲ့ ရှိနေသေးတာ။ အခုလို ပိတ်လိုက်တော့ ကျပ်ငွေ သုံးဖို့ နေရာနယ်ပယ်နည်းလာတယ်။ အခြေအနေပိုဆိုးပြီး ကျပ်ငွေ တန်ဖိုးကျတယ်၊ ဆက်ကျဖို့ပဲရှိတယ်” ဟု ရန်ကုန်မြို့မှ ဒေါ်လာလက်ကြီး ဝယ်ရောင်းသမားနှင့် ဟွန်ဒီငွေလွှဲဒိုင်တစ်ဦးက သုံးသပ်ပြောဆိုသည်။", "စစ်ကောင်စီက တရားမဝင် USDT နှင့်ဒီဂျစ်တယ်ငွေကြေးကို အရောင်းအဝယ်လုပ်ပါက ဘဏ်စာရင်းကို ပိတ်သိမ်းမည့်အပြင် ငွေကြေးဆိုင်ရာ ဥပဒေများဖြင့် ထောင်ဒဏ်၊ ငွေဒဏ် ၊ ဒဏ် ၂ ရပ်လုံး ဖြစ်ချမှတ်မည်ဟုထုတ်ပြန်ထားသည်။", "စစ်ကောင်စီက မေလ ၂၄ ရက်နေ့ ကြေညာချက်ထုတ်ပြန်ပြီးနောက် မေလ ၂၅ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၁၀၀ မှ ၄၂၀၀ အကြား စျေးနှုန်းများ ဆက်လက် မြင့်မားနေကြောင်း သိရှိရသည်"]
https://yktnews.com/2024/09/184863/
စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက်နက်များ ယူဆောင် အလင်းဝင်လာသူ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်
["စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက်နက်များ ယူဆောင် အလင်းဝင်လာသူ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်", "ရန်ကုန်၊ စက်တင်ဘာ ၂၄", "မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက် နက်များ ယူဆောင် အလင်း ဝင်လာသူ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်လာကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။", "စက်တင်ဘာလ ၁၂ ရက်နေ့ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ညီညီထွန်း (သ-၁၉) နှင့် ဝေယံမင်းခန့်အောင် (သ-၁၆) တို့ နှစ်ဦးသည် စစ်ကောင်စီတပ်သား ရဲတစ်ဦးအား ပစ်သတ်၍ G3 အမျိုး အစား သေနတ်တစ်လက်၊ ၎င်းကျည် ၃၇ တောင့်၊ MA1 သေနတ် တစ်လက်၊ ကျည် ၂၃ ​တောင့် တိုအား ယူဆောင်ကာ ထွက်ပြေးလာခဲ့ကြောင်း၊ ၎င်းတို နှစ်ဦးမှ ရဲတပ်သား ယောကြီးဆိုသူကို ပစ်သတ်ခဲ့ပြီး ၎င်းရဲ၏ လက်နက် G3 ယူဆောင်၍ ကာဘိုင်သေနတ်ကို အနီးအနားတစ်နေရာတွင် လွှင့်ပစ်ထွက်ပြေးပြီး မြိုင်ပကဖထံတွင် အလင်းဝင်လာကြောင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့ မြိုငပကဖအဖွဲများက သေနတ်ကို သွားရောက် ရှာဖွေခဲ့ရာ ကာဘိုင်သေနတ် တစ်လက်၊ ၎င်းကျည် ၈ တောင့် ထပ်မံရရှိခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၁၅ ရက်နေ့ မြိုင်မြို့ ပေါ်တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သားတစ်ဦး မြိုင်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲထံသို့ ထပ်မံအလင်းဝင်ရောက်လာခဲ့ကြောင်း၊ အလင်းဝင်ရောက်လာသူ ဦးလှဖြူသည် ရခိုင်ပြည်နယ်၊ ကျောက်တော်ဇာတိဖြစ်ပြီး မြိုင်မြို့နယ်အထွက် မန္တလေးဂိတ်တွင် တာဝန်ထမ်းဆောင်နေစဉ် AK အမျိုးအစား သေနတ်တစ်လက်၊ ကျည် ၄၅ တောင့် ယူဆောင်ကာ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုလာခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၁၇ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ကြပ်အဆင့်ရှိသူ ဇွဲလင်းပိုင်သည် မြိုင်မြို့ပေါ် အထက ၂ မှ ထွက်ပြေးလာခဲ့ပြီး AK သေနတ်အမျိုးအစား တစ်လက်၊ ကျည် ၉၈ တောင့် ယူဆောင်၍ မြိုင်ပကဖထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ဒုတပ်ကြပ် ဇွဲလင်းပိုင်သည် ဧရာဝတီတိုင်း၊ ပန်းတနော်မြိုနယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး စစ်ကောင်စီ၏ ပြည်သူ့အပေါ်တွင် အပြုအမူလုပ်ရပ်များကို သည်းမခံနိုင်တော့သည့်အတွက် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထပ်မံအလင်းဝင်ရောက်လာမည့်သူများ များစွာရှိသေးကြောင်း သိရှိရသည်။", "အလင်းဝင်ရောက်လာသူများအား ဂုဏ်ပြုဆုငွေများ ထိုက်သင့်အားလျော်စွာ ချီးမြှင့်ပေးအပ်ကာ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း၊ စစ်အာဏာရှင်စစ်တပ် ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြှင့်တင်နေသည့်အတွက် ပြည်သူ့ရင်ခွင်သို ဝင်ရောက်ခိုလှုံလိုပါက အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း၊ အာဏာသိမ်းစစ်တပ်အဖွဲဝင် တပ်သားများ၊ ပျူစောထီးများအနေဖြင့်လည်း ပြည်သူကို နည်းမျိုးစုံနှင့် ရက်စက်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်တပ်အား စွန့်ခွာပြီး ပြည်သူကိုမျက်နှာမူ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများနှင့် အမြန်ပူးပေါင်းရန် မြိုင်ပကဖက တိုက်တွန်းထားသည်။"]
https://yktnews.com/2025/03/206251/
စစ်ကောင်စီလက်အောက် အမှုမထမ်းသော ဆေးတက္ကသိုလ်ကျောင်းပြီးစ ဆရာဝန်ငယ်များကို မင်းအောင်လှိုင်က အငြိုးတကြီးဖြင့် ဆေးပညာဘွဲ့မပေးဘဲ အမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွင့်နှင့် ပညာဆက်လက်သင်ယူခွင့် ပိတ်ပင်
["စစ်ကောင်စီလက်အောက် အမှုမထမ်းသော ဆေးတက္ကသိုလ်ကျောင်းပြီးစ ဆရာဝန်ငယ်များကို မင်းအောင်လှိုင်က အငြိုးတကြီးဖြင့် ဆေးပညာဘွဲ့မပေးဘဲ အမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွင့်နှင့်ပညာဆက်လက်သင်ယူခွင့် ပိတ်ပင်", "ရန်ကုန်၊ မတ် ၄", "မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးတက္ကသိုလ်များမှ ကျောင်းဆင်းပြီး ကျန်းမာရေးဝန်ကြီးဌာနတွင် အမှုမထမ်းသူများကို ဆရာဝန်ဘွဲ့မပေးဘဲ အမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွင့်ပိတ်ပင်မှုများ မင်းအောင်လှိုင်အမိန့်ဖြင့် ကျန်းမာ ရေးဝန်ကြီးသက်ခိုင်ဝင်းက လုပ်ဆောင်လိုက်ကြောင်း နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။", "စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိသော ဆေးတက္ကသိုလ်များတွင် ပညာသင်ယူမှု ပြီးဆုံးသွားပြီးနောက် နိုင်ငံ့ဝန်ထမ်းမလုပ်သူများကို ဆေးပညာဘွဲ့ မပေးတော့ဘဲ အမည်ပျက်စာရင်း သွင်းခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းများ လုပ်ဆောင်နေကြောင်း ၊ ယခုမတ်လအတွင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များက ၁၆ ကြိမ်မြောက်၊ ၁၇ ကြိမ်မြောက်၊ ၁၈ ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားများ ပြုလုပ်၍ ဆရာဝန်ဘွဲ့များပေးနိုင်ရန် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခဲ့ကြောင်း၊ အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနားများတွင် ဆေးတက္ကသိုလ်တွင် ပညာသင်ယူမှု ပြီးဆုံးပြီးနောက် နိုင်ငံ့ဝန်ထမ်းမလုပ်သူများကို ဆရာဝန် ဘွဲ့ပေးမည်မဟုတ် ကြောင်း၊ ဝန်ထမ်းမလုပ်သူများအားလုံးကို အမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွင့်ပါ စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။", "ထိုသို့ ပိတ်ပင်မှုများကို လုပ်ဆောင်မှုမှာ မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားချက်အရ ကျန်းမာရေးဝန်ကြီး သက် ခိုင်ဝင်းက အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စစ်ခေါင်းဆောင်က စစ်အာဏာသိမ်းချိန် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအားလုံးက CDM လုပ်သွားခဲ့ခြင်းအပေါ် အငြိုးတကြီးဖြင့် ပြန်လည် တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းက ပြောဆိုသည်။", "“ဘွဲ့နှင်းသဘင် ကြေညာချက်အရ ကျနော်တို့လို နောက်ဆုံးနှစ် အပိုင်းခ (၆/၂၀၁၈) အတန်းကို သင်ယူပြီးမြောက် အောင်မြင်ပြီးသူတွေ အကျုံးဝင်တယ်ဆိုလို့ ဆေးတက္ကသိုလ်-မကွေး စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်ဌာနစိတ်ကို ဆက်သွယ်ကြည့်တဲ့အခါမှာ အစိုးရဝန်ထမ်းဆောင်ရွက်နေသူတွေသာ ဘွဲ့ပေးမယ်ပြောတယ်။ အဲဒါက ဆေး တက္ကသိုလ် ၁ ရန်ကုန်၊ ဆေးတက္ကသိုလ် ၂ ရန်ကုန်၊ ဆေးတက္ကသိုလ်-မန္တလေးတွေအားလုံးမှာ ဖြစ်နေတာပါ” ဟု ဆေးတက္ကသိုလ်မှ ကျောင်းပြီးခဲ့သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း(ခ) ၆/၂၀၁၈ အတန်းကို သင်ယူပြီးမြောက်ထားသူများသည် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် အလုပ်သင်ပြီးဆုံးခဲ့သည့်အတန်းဖြစ်ရာ စစ်အာဏာသိမ်းဖြစ်စဉ်မတိုင်မီကပင် ကျောင်းပြီးခဲ့သူများဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက ကျန်းမာရေးလောကမှ ဆရာဝန်များကို အငြိုးတကြီး ပိတ်ပင်မှုများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆေးတက္ကသိုလ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။", "၂၀၁၂ ခုနှစ် ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့စဉ်က ဘွဲ့ရပြီးသည့်အခါ နိုင်ငံ့ဝန်ထမ်းအဖြစ် ၃ နှစ်တာဝန်ထမ်းဆောင်ရမည် (သို့မဟုတ်) မထမ်းဆောင်နိုင်လျှင် မြန်မာကျပ်ငွေ ၁၀ သိန်း ပေးလျော်ရမည်ဟု ခံဝန် ကတိထိုးခဲ့ရကြောင်း၊ သို့ရာတွင် ယခုအခါ စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းမလုပ်သူများကို ငွေကျပ် ၁၀ သိန်း ပေးလျှော်ခြင်း လုံး၀ လက်မခံတော့ဘဲ ဆရာဝန် ဘွဲ့မပေးခြင်း၊ ပြည်ထွက်ခွင့် မပေးခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်း၊ မဟာဘွဲ့နှင့် ဘွဲ့လွန်များ ဆက်လက်ဆည်းပူးခွင့်မပြုခြင်းများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့်အတူ တွေ့မြင်ရသည့် သက်ခိုင်ဝင်း။"]
https://yktnews.com/2025/02/205327/
စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန်တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် JFM တိုက်တွန်း
["စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန်တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် JFM တိုက်တွန်း", "ရန်ကုန်၊ ဖေဖော်၀ါရီ ၂၅", "အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန် တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် Justice for Myanmar (JFM)က ယနေ့ တိုက်တွန်းလိုက်သည်။", "BGF ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်များဖြစ်သော စောချစ်သူ (အမည်ရင်း စံမြင့်)၊ တင်ဝင်းနှင့် မုတ်သုန်တို့ သုံးဦးအား လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် လုပ်ဆောင်နေသော သတင်းများကို Justice For Myanmar က ကြိုဆိုကြောင်း၊ ထိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ရန်နှင့် တရားရုံးတွင် အဆိုပါ ဖမ်းဝရမ်းများကို လျှောက်ထားရန် တိုက်တွန်းကြောင်း၊ ယင်းဖမ်းဝရမ်းများ ထုတ်ပေးမှုသည် ထိုင်းနယ်စပ်တလျှောက် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်များ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဖြေရှင်းရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း JFM က ပြောဆိုသည်။", "နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းလုပ်ငန်းများကို အလျှင်အမြန်နှိပ်ကွပ်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ ဖိအားများ မြင့်တက်လာနေပြီဖြစ်ရာ ဖမ်းဝရမ်းလျှောက်ထားမှုကိုလည်း လိုက်ပါလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးများတည်ရှိရာ မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ဖြတ်တောက်မှုများကို မကြာသေးမီ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "လက်ရှိရက်ပိုင်းအတွင်း ငွေလိမ်ခြံကြီးများအတွင်း ပိတ်မိနေခဲ့ကြသည့် ရာနှင့်ချီသော အလုပ်သမား များကို ထိုင်းနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ထိုင်းနိုင်ငံက ကြိုဆိုလက်ခံပေးခဲ့ကြောင်း၊ သို့ရာတွင် စိုးရိမ် ပူပန်နေကြသည့် သက်ဆိုင်သူများအနေဖြင့် ယင်းလုပ်ငန်းတစ်ရပ်လုံးကို အပြီးတိုင် ဖျက်သိမ်းနိုင်ရေး အတွက် ဆက်လက်တွန်းအားပေးနေဆဲ ဖြစ်ကြောင်း၊ အပြစ်ရှိသူများကို တရားစွဲဆိုခြင်းသည် အဓိက လုပ်ဆောင်ရမည့်အခန်းကဏ္ဍဖြစ်ပြီး၊ ယင်းအတွက် ဖမ်းဝရမ်းများသည် နောက်တစ်ဆင့် အနေဖြင့် ယခုလုပ်ဆောင်ရမည့် ခြေလှမ်းဖြစ်ကြောင်း JFM က ထောက်ပြထားသည်။", "ဆိုက်ဘာငွေလိမ်လုပ်ငန်းနယ်ပယ်တွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့၏ ပါဝင်ပတ်သက်မှု အတိမ်အနက်ထုထည်သည် အခြေ အနေများငြိမ်သက်သွားရုံ ရေတိုလုပ်ဆောင်ပြမှုလောက်ဖြင့် ၎င်းတို့အား တရားစီရင်မှုမှ လွတ်မြောက်ခွင့်မပေးသင့်", "ကြောင်း ၂၀၂၄ ခုနှစ် Justice For Myanmar ၏ အစီရင်ခံစာတစ်စောင်တွင် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်များနှင့် မိသားစုဝင်များအနေဖြင့် မြေထိန်းချုပ်မှု၊ အိမ်ခြံမြေလုပ်ငန်းများတွင် တိုက်ရိုက် ပိုင်ဆိုင်မှု၊ အခွန်၊ လုံခြုံရေး၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှုနှင့် လူသုံးကုန်ရောင်းချမှုများမှတဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းမှ အကျိုးအမြတ်များ ရရှိနေပုံကို ဖော်ထုတ်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။", "ချစ်သူနှင့် သားသမီးများသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီ ၉ ခုတွင် စုပေါင်းပိုင်ဆိုင်ထားကြပြီး၊ ရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေပြီး ယင်းမိသားစု၏ ပိုင်ဆိုင်မှုများတွင် Myanmar Apolo International Investment Company Limited (Apollo Park) နှင့် Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) တို့မှတဆင့် အနည်းဆုံးအနေဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးနှစ်ခုတွင် ရှယ်ယာများလည်း ပါဝင်ကြောင်း သိရှိရသည်။", "တင်ဝင်းသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီများဖြစ်ကြသည့် Shwe Myint Thaung Yinn Holdings Limited နှင့် Shwe Myint Thaung Yinn Industry & Manufacturing Company Limited တို့ကို ၎င်း၏ ဇနီးဖြစ်သူ နန်းမြင့်မြင့်ဝင်းနှင့် ပူးတွဲထိန်းချုပ်ထားကြောင်း၊ Shwe Myint Thaung Yinn Industry & Manufacturing Company Limited သည် ထိုင်းနိုင်ငံပိုင် ခရိုင်လျှပ်စစ်အာဏာပိုင် အဖွဲ့ (PEA) ထံမှ စွမ်းအင်တင်သွင်းရန် စာချုပ်ချုပ်ဆိုထားပြီး၊ မြဝတီမြို့နယ်အတွင်းရှိ ဆိုက်ဘာငွေလိမ်စင်တာများနှင့် အွန်လိုင်းကာစီနို လုပ်ငန်းများကို လျှပ်စစ်စွမ်းအင် ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။", "ရွှေမြစ်သောင်ရင်းကုမ္ပဏီသည် PTT ထံမှ ရေနံများကိုလည်း ဝယ်ယူရောင်းချမှု လုပ်နေပြီး ယင်းက ထိုင်းနိုင်ငံပိုင်လုပ်ငန်းစုကြီးအား ၎င်းတို့၏ ရာဇဝတ်လုပ်ငန်းများတွင် ကြံရာပါ ပတ်သက်စေကြောင်း၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်သုံးဦးအား ဖမ်းဝရမ်းထုတ်ခြင်းအပြင် ထိုင်းအာဏာပိုင်များ အနေဖြင့် ၎င်းတို့၏ မိသားစုဝင်များ၊ စီးပွားမိတ်ဖက်များ၊ နယ်ခြားစောင့်တပ်ဖွဲ့၏ မြန်မာစစ်တပ်မှ တပ်မှူးများ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများကို အားပေးကူညီပြီး အကျိုးအမြတ်ရရှိနေကြသည့် ထိုင်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ရာဇဝတ်ဆိုင်ရာတရားစွဲဆိုမှုများ တိုးချဲ့လုပ်ဆောင်သင့်ကြောင်း JFM က တိုက်တွန်းထားသည်။", "Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေအပေါ် DSI က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေခြင်းက အပေါင်းလက္ခဏာ ဆောင်ပါတယ်။ အခုချိန်မှာ ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းလျှောက်ထားပြီး လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါက ကရင်နယ်ခြားစောင့်တပ်တွေရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တာဝန်ခံမှုပေးနိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ ကရင်နယ်ခြားစောင့်တပ်မိသားစုဝင်တွေ၊ သူတို့ရဲ့ စစ်အုပ်စုတပ်မှူးတွေ၊ မြန်မာနဲ့ထိုင်းနိုင်ငံအတွင်း သူတို့မိတ်ဖက်တွေကို ဖမ်းဝရမ်းတွေထုတ်ပြီး လူကုန်ကူးမှုတွေအပေါ် အရေးယူဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။", "အကြမ်းဖက်စစ်ကောင်စီ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းပြီး မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသားများကို နေရပ်မိခင်နိုင်ငံများ ပြန်ပို့နိုင်ရေး စီစဉ်မှုများ လုပ်ဆောင်နေသော်လည်း ကျားဖြန့်ဂိုဏ်းများကို အဓိက ထူထောင်ခဲ့ကာ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော တရုတ်လုပ်ငန်းရှင်များကိုမူ ဖမ်းဆီးအရေးယူမှု တစ်စုံတစ်ရာ မရှိသေးကြောင်း ကျားဖြန့်အရေးစောင့်ကြည့်နေသည့် ထိုင်း-မြန်မာနယ်စပ်မှ စစ်ရေး သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်နှင့်ချိတ်ဆက် ဆက်သွယ်နေသော ရွှေက္ကိုလ်အတွင်းမှ သတင်းရင်းမြစ်များကလည်း လက်ရှိအချိန်အထိ ကျားဖြန့် လုပ်ငန်းများ ဆက်လက် လည်ပတ်နေဆဲဖြစ်ပြီး လုပ်ကိုင်နေသူများလည်း ရှိနေဆဲဖြစ်ကြောင်း၊ ပြန်ပို့နေသော နိုင်ငံခြားသားများမှာ ၎င်းတို့၏ ဆန္ဒအရ ပြန်ရန် ဆန္ဒပြုသူများဖြစ်ကြောင်း ပြောဆိုကြသည်။"]
https://yktnews.com/2023/06/109082/
စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု အမေရိကန်က မကြာမီ ကြေညာမည်ဟု ရိုက်တာက သတင်းဖော်ပြ
["စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု အမေရိကန်က မကြာမီ ကြေညာမည်ဟု ရိုက်တာက သတင်းဖော်ပြ", "ပြည်တွင်းဒေါ်လာနှင့် ရွှေစျေးကွက် ရပ်ဆိုင်းနေပြီး အမေရိကန်ဒေါ်လာစျေး မထင်မှတ်ထားနိုင်သော ပမာဏအထိ တက်နိုင်ဟုဆို", "ရန်ကုန်၊ ဇွန် ၂၁", "အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ MFTB မြန်မာ့နိုင်ငံခြားကုန်သွယ် မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ် ရေးဘဏ် MICB တို့ကို အမေရိကန်ပြည်ထောင်စုက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို မကြာမီ ကြေညာဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သတင်းရေးသားသည်။", "ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အမေရိကန်သံးရုံး၏ ကြေညာချက်တွင် မြန်မာစစ် ကောင်စီအနေဖြင့် ၎င်းကျူးလွန်ထားသော အာဏာသိမ်းမှုနှင့် အကြမ်း ဖက်မှုအတွက် တာဝန်ခံစေရန် အမေရိကန်ပြည်ထောင်စုက နည်းလမ်းရှာ ဖွေနေပြီး ယင်းတို့ထဲတွင် စစ်ကောင်စီ၏ ဝင်ငွေရလမ်းကို ဖြတ်တောက်သည့် နည်းလမ်းပါဝင်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။", "မြန်မာစစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ကို စီးပွားရေးဒဏ် ခတ်ပိတ်ဆို့မှုကြောင့် ထိုင်းနိုင်ငံနှင့်အခြားသော နိုင်ငံများကို သက်ရောက်မှု မရှိစေရန် အတွက် ဘန်ကောက်ရှိ အမေရိကန်သံရုံးက ထိုင်းအစိုးရနှင့် အမြဲမပြတ် ညှိနှိုင်းပြောဆိုနေကြောင်း ရိုက်တာသတင်းက ဆိုသည်။", "အမေရိကန်က MFTB နှင့် MICB အပေါ် စီးပွားရေးပိတ်ဆို့မှုသည် ယခု ရက်ပိုင်းအတွင်း ကြေညာဖြစ်ကြောင်း သိရှိရသည်။", "မြန်မာ့စီးပွားရေးစျေးကွက်အတွင်းတွင် MFTB နှင့် MICB ကို ပိတ်ဆို့မည့် သတင်းကြောင့် ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာနှင့် ရွှေစျေးကွက်မှာ လုံး၀ နီးပါး ရပ်ဆိုင်းနေကြောင်း သိရှိရသည်။", "“ဒေါ်လာစျေးက ညှိလုပ်ကြတယ်။ တချို့တွေလည်း မဖြစ်မနေ လုပ်ရမယ့် ဟာမျိုးတွေက တစ်ဒေါ်လာကို ၃၀၅၀ လောက်နဲ့ ဖြတ်ပြီး တွက်ကြတယ်။ ပေါက်စျေးကတော့ မရှိဘူး။ အကုန်လုံး အခြေအနေကို စောင့်ကြည့်နေကြတာ။ လေယာဉ်လက်မှတ်လိုဟာမျိုးကျတော့လည်း အေဂျင်စီကိုလိုက်ပြီး သူ့ဟာသူ တွက်ချက်ရောင်းနေကြတာပဲ။ ငွေလဲနှုန်းအမှန်တော့ မရှိတော့ဘူး” ဟု လေယာဉ်လက်မှတ်ရောင်းဝယ်ရေး ခရီးသွားအေဂျင်စီတစ်ခုကပြောသည်။", "ရန်ကုန်စီးပွားရေးသမားတစ်ဦးကမူ MFTB နှင့် MICB ကို ပိတ်ဆို့မည့် သတင်း သေချာနေပြီဟု သိရှိထားသောကြောင့် စီးပွားရေးသမားများက ရှိရင်းစွဲ ဒေါ်လာ များကို သိမ်းဆည်းလိုက်ကြပြီး ဒေါ်လာတန်ဖိုး မကြုံဖူးသည့် စျေးအထိ တက်နိုင်ကြောင်း၊ ယခင် ဒေါ်လာအစားထိုး FEC ပြန်ပေါ်လာနိုင်ကြောင်း ပြောဆိုသည်။", "“သတင်းက သေချာသလောက်ရှိနေတော့ စောင့်ကြည့်နေကြတာပဲ။ Impact ကတော့ အတော်ကြီးမယ်။ ဒေါ်လာစျေးတွေလည်း ထင်မှတ်မထားတဲ့ စျေး တွေ ဖြစ်နိုင်တယ်လို့ ယူဆတယ်။ မိုးပြိုအများပဲဆိုတော့ စောင့်ကြည့်ပြီး ကိုယ့်မှာရှိနေတာတွေ တန်ဖိုး မလျော့သွားအောင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြမယ့် သူများတယ်။ ကျပ်ငွေမကိုင်ဘဲ အိမ်၊ ရွှေ၊ ဒေါ်လာ၊ အဲဒီဘက်ကို ပြုံပြီး တိုးနေကြပြီ” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။", "ယနေ့ ရွှေစျေးကွက်တွင် ရွှေစျေးနှုန်း ဖွင့်သော်လည်း အရောင်းမရှိဘဲ အဝယ် သာများပြားနေကြောင်း သိရှိရသည်။", "“ရွှေစျေးကတော့ ၃၁သိန်းခွဲကျော် ဝန်းကျင်မှာရှိတယ်။ အဝယ်တွေ တော်တော် တက်တယ်။ အရောင်းမရှိဘူး။ ဟိုသတင်းဒီသတင်းတွေကြောင့်ပဲ။ အဝယ် အတော်ကို များနေတယ်။ ဆိုင်တွေမှာလည်း ပစ္စည်းမရှိဘူးပဲ ပြောနေ ကြ တယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။"]
https://yktnews.com/2023/06/108921/
စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ဘဏ်ကို အမေရိကန်က ဒဏ် ခတ်ပိတ် ဆို့မည့်သတင်းကြောင့် မြန်မာ့စီးပွားရေးလောကကို ပြင်းထန် စွာ ရိုက်ခတ်ပြီး ဒေါ်လာအရောင်းအဝယ် ယာယီရပ်ဆိုင်း
["စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ဘဏ်ကို အမေရိကန်က ဒဏ် ခတ်ပိတ် ဆို့မည့်သတင်းကြောင့် မြန်မာ့စီးပွားရေးလောကကို ပြင်းထန် စွာ ရိုက်ခတ်ပြီး ဒေါ်လာအရောင်းအဝယ် ယာယီရပ်ဆိုင်း", "ပြည်သူများ မစိုးရိမ်ရန် ဇော်မင်းထွန်း ထွက်ရှင်းလာပြီး အမေရိကန်၏ လုပ်ရပ်ကြောင့် ဒီမိုကရေစီ နှောင့်နှေးမည်ဟုဆိုပြန်", "ရန်ကုန်၊ ဇွန် ၂၀", "စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေ ရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ရန် ရှိနေသည်ဆိုသော သတင်းကို ထိုင်းသတင်းဌာနများက ထုတ်လွှင့်ခဲ့ရာ ယင်းသတင်းကြောင့် မြန်မာ့ စီးပွား ရေးလောကသို့ ပြင်းထန်စွာ ရိုက်ခတ်နေကြောင်း UMFCCI စီးပွားရေး လုပ်ငန်း ရှင်တချို့ထံမှ သိရှိရသည်။", "Thai PBS သတင်းဌာနက အမေရိကန်ပြည်ထောင်စုက စစ်တပ်၏ နိုင်ငံခြား ဝင်ငွေကို ဖြတ်တောက်ရန် MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ်ပိတ် ဆို့ အရေး ယူမည်ဖြစ်ကြောင်း သတင်းဖော်ပြခဲ့ရာ ယင်းသတင်း ထွက်ပေါ် လာချိန် တွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်အများစုအကြား အမေရိကန် ဒေါ်လာငွေ ကြေး စီးဝင်မှု ပြတ်တောက်မည်ကို အဓိက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရှိ ရသည်။", "“ကျနော်တို့ တစ်နိုင်ငံလုံးက Import ပေါ်မှာ မူတည်ထားတာ။ ကိုယ်တိုင် ထုတ် နိုင်တာဘာမှ မရှိဘူး။ စက်သုံးဆီကအစ သာမန်လူသုံးကုန်အထိ သွင်း ကုန် သွင်းဖို့က ဒေါ်လာမရှိရင် ဒါတွေစျေးတက်လာမယ်။ MFTB နဲ့ MICB အပိတ်ခံရရင် စက်သုံးဆီတင်သွင်းမှုကစပြီး သွင်းကုန်ကိစ္စအားလုံးထိခိုက်မယ်။ ငွေအဝင် အထွက်လုပ်မရတော့ရင် နောက်ဆက်တွဲက လုပ်ငန်းတွေရပ် နိုင် တယ်။ ဒီသတင်းထွက်လာတော့ အခုအတော်လေးကို လှုပ်လှုပ် ခတ်ခတ် ဖြစ်နေပြီ။ တကယ်ဖြစ်လာရင်တော့ ဒေါ်လာအစားထိုး အရင် FEC ခေတ် တောင် ပြန်ပေါ် လာမလားပဲ စိုးရိမ် နေရပြီ” ဟု UMFCCI အသင်းဝင် စီးပွား ရေးသမားတစ်ဦးက ပြောဆိုသည်။", "MFTB နှင့် MICB ကို အမေရိကန်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မည်ဆိုသော သတင်းများကြောင့် ယနေ့ အမေရိကန်ဒေါ်လာ စျေးကွက်တွင် အရောင်းမရှိဘဲ အဝယ်သာရှိကြောင်း၊ ဒေါ်လာတစ်ဒေါ်လာလျှင်ငွေကျပ် ၃၁၅၀ ကျပ်အထိ ခေါ် စျေးရှိကြောင်း သိရှိရသည်။", "စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြည်သူများ စိတ်မပူရန်နှင့် အမေရိကန်၏ လုပ်ရပ်သည် စစ်တပ်က ပါတီစုံဒီမိုကရေစီသွားမည်ဟု အတိအလင်းပြောထားမှုကို နှောင့်နှေးကြန့်ကြာစေမည်ဟု ထွက်ရှင်းလာသည်။", "” ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုမရှိဖို့ အသိပေးလိုပါတယ်။ ကျနော်တို့ နိုင်ငံ မှာတော့ နိုင်ငံခြားဘဏ်ငွေဝန်ဆောင်မှုလုပ်ငန်းတွေကို ဘဏ် တစ် ဘဏ် တည်းက ဆောင်ရွက်နေတာမဟုတ်ဘူး။ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေ နိုင်ငံ ခြား ဘဏ် ဘဏ်ခွဲတွေကလည်းဆောင်ရွက် လျက်ရှိတယ်။ ပူပန်စရာမလိုဘူး။ အမေရိကန်ပြည်ထောင်စုက ဒီလိုမျိုးဆောင်ရွက်ခြင်းက စီးပွားရေးအရ နိုင်ငံ ရေး အကျပ်အတည်းဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်တယ်။ မေးခွန်းထုတ် လို တာက ပါတီစုံ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ် သွားမယ်လို့ ပြောထားတာကို ဒီလိုမျိုးလုပ်ကိုင်ခြင်းက ပါတီစုံ ဒီမိုကရေစီ စနစ် သွားတဲ့ နေရာမှာ မလိုလားအပ်တဲ့ နှောင့်နှေးမှုတွေ ဖြစ်စေနိုင်တယ်လို့ပဲ ပြောချင်ပါ တယ်” ဟု စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောဆိုသည်။"]
https://yktnews.com/2024/05/164443/
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူများကို ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း ၊ ပြန်ပေးဆွဲပြီး ငွေညှစ်ခြင်းများ ပြုလုပ်နေ
["စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူများကို ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း ၊ ပြန်ပေးဆွဲပြီး ငွေညှစ်ခြင်းများ ပြုလုပ်နေ", "ရန်ကုန်၊ မေ ၂၅", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူများကို ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း ၊ ပြန်ပေးဆွဲပြီး ငွေညှစ်ခြင်းများ ပြုလုပ်နေကြောင်း PNLA က ပြောသည်။", "စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြိုနယ်အတွင်း စစ်ကြောင်းထိုးလာပြီးနောက် မေလ ၂၂ ရက်တွင် ဆီဆိုင်မြိုနယ် နမ့်စေမဲးကျေးရွာမှ ခွန်ဝင်းနိုင် အသက် ၅၀ နှစ်ကို ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့ကြောင်း၊", "ခွန်ဝင်းနိုင်က ဝက်ခြံတွင် ဝက်စာကျွေးနေစဉ် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။", "ယင်းသို့ ခွန်ဝင်းနိုင်ကို ဖမ်းဆီးသွားပြီးနောက် PNO ပြည်သူ့စစ်ထံသို့ ငွေကျပ် သိန်း ၁၀၀ နှင့် ကားတစ်စီး ပေးကာ ခွန်ဝင်းနိုင်ကို သူ၏မိသားစုဝင်များက ပြန်လည်ရွေးယူခဲ့ရကြောင်း၊ ပြန်ပေးဆွဲ ဖမ်းဆီးခံရသည့် ခွန်ဝင်းနိုင်ကို သွားရောက်ရွေးယူစဉ် PNO ပြည်သူ့စစ်များနှင့် ညှိနှိင်းမှုအတွင်း PNO ပြည်သူ့စစ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခွန်ဝင်းနိုင်၏ ဇနီးဖြစ်သူမှာ ပေါင်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ မေလ ၂၂ ရက်နေ့ ဆီဆိုင်မြို့နယ် နောင်သိမ်ကျေးရွာမှ ရပ်မိရပ်ဖ ရွာလူကြီး ဦးထက်နိုင် ကို စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်ဗိုလ်ကြီးလယ်အဖွဲက ပြန်ပေးဆွဲသွားခဲ့ကြောင်း၊ PNO ပြည်သူ့စစ်များက ဦးထက်နိုင်မိသားစုပိုင်ဆိုင်သည့် ရွှေငွေများ၊ ဒင်္ဂါးပြားများ၊ ကား၊ ဆိုင်ကယ်များကိုလည်း အကုန်ယူဆောင်သွားကြောင်း၊ PNO ပြည်သူ့စစ်က ဦးထက်နိုင်ကို ကျေးရွာ၏ သင်္ချိုင်းကုန်းထဲသို ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ရွာသူ ရွာသားများက လိုက်သွားရာ PNO ပြည်သူ့စစ်အဖွဲ့က ရွာသူ ရွာသားများကို သေနတ်ဖြင့် ပစ်ခတ်သဖြင့် သင်္ချိုင်းကုန်းထဲအထိ မလိုက်နိုင်ဘဲ ပြန်လည် ပြေးလာရကြောင်း၊ လက်ရှိတွင် ဖမ်းဆီးခံရသော ဦးထက်နိုင် သေသည်၊ ရှင်သည်ကို မသိရှိရသေးကြောင်း PNLA က ဆိုသည်။", "“ဦးထက်နိုင်က ရပ်မိရပ်ဖ တဦးဖြစ်ပါတယ်။ သူ့ကို သင်္ချိုင်းကုန်းထဲ ဖမ်းသွားတော့ ရွာသူရွာသားတွေ လိုက်သွားတာ PNO ပြည်သူ့စစ်တွေက သေနတ်နဲ့ ရွာသားတွေကို ပစ်လို ဆက်လိုက်လို မရတော့ဘူး ။ အခုထိ ဦးထက်နိုင် ရှင်လားသေလားလည်း မသိရသေးဘူး။”ဟုဒေသခံတဦးကပြောသည်။", "စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် များက ဖမ်းဆီးသွားသည့် နောင်သိမ်ရွာလူကြီး ဦးထက်နိုင်မှာ လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းလည်းမရှီဘဲ မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များ။"]
https://yktnews.com/2025/03/207083/
စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦး တက်ရောက်သည့် ဂျိုင်းတံတား ဖွင့်ပွဲ အခမ်း အနား မစတင်မီ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားတချို့ ဒဏ်ရာရ
["စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦး တက်ရောက်သည့် ဂျိုင်းတံတား ဖွင့်ပွဲ အခမ်း အနား မစတင်မီ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားတချို့ ဒဏ်ရာရ", "ရန်ကုန်၊ မတ် ၁၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦး တက်ရောက်ခဲ့သော ဂျိုင်းတံတား ဖွင့်ပွဲ အခမ်းအနား မစတင်မီ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Mon Liberation Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၉ ရက်နေ့ နံနက် ၅ နာရီ ၃၈ မိနစ် ၊ ၄၃ မိနစ် နှင့် ၈ နာရီ ၃၀ မိနစ်ခန့်တို့တွင် ဂျိုင်းတံတား ဖွင့်ပွဲ အခမ်းအနား မစတင်မှီ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၏ Spring UAV Force – G3 Fixed-wing ဒရုန်းအဖွဲ့က ဒရုန်း ၂ စင်းဖြင့် ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အခမ်းအနားပွဲသို့ တက်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း ၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မျိုးသန့် ၊ ကရင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီး ညီညီဇော် နှင့် ကရင်ပြည်နယ် တရားလွတ်တော် တရားသူကြီးချုပ် ညွှန့်လင်းတို့ ဖဲကြိုးဖြတ်ပြီးနောက် ချက်ချင်း ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေးတွေရဲ့ တံတားဖွင့်ပွဲ မစသေးခင်တင် အရင်ကျဲချ လိုက်တာ စစ်ခွေး ၃ ကောင် ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရတယ်။ ပြည်သူတွေကို စစ်ကောင်စီ ကျင်းပ‌တဲ့ အခမ်းအနားပွဲလမ်းသဘင် များနဲ့ နီးကပ်စွာ မနေကြဖို့ အသိပေး ပြောကြားချင်တယ်” ဟု Mon Liberation Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားဖြင့် သယ်ထုတ်သွားခဲ့ကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်စဉ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အ‌ခြေစိုက် ခမရ ၅၄၅ တပ်ရင်း ၊ ၅၄၆ တပ်ရင်း နှင့်ဗျူဟာကုန်းရှိ Jammer များကြောင့် ဒရုန်းဗုံးသီး လွှင့်စင်ခဲ့ရာ တံတားဟောင်း အောက်ဘက်ခြမ်းရှိ မူလတန်းကျောင်းအနီး ဈေးရောင်းနေသည့် ပြည်သူ ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/135093/
စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ အသင်းက လောင်စာဆီခွဲတမ်းများကို နေ့စဉ် ၁ ရက်စာသာ ခွဲဝေပေးပြီး လုံလုံလောက်လောက်မရ၊ နယ်ဆီဆိုင်များက စစ်ကောင်စီသတ်မှတ်စျေး အပြင် ဒေါ်လာပေါက်စျေးပေါ်မူတည်၍ ငွေထပ်ပေးရမည်
["စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ အသင်းက လောင်စာဆီခွဲတမ်းများကို နေ့စဉ် ၁ ရက်စာသာ ခွဲဝေပေးပြီး လုံလုံလောက်လောက်မရ၊ နယ်ဆီဆိုင်များက စစ်ကောင်စီသတ်မှတ်စျေး အပြင် ဒေါ်လာပေါက်စျေးပေါ်မူတည်၍ ငွေထပ်ပေးရမည်", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူး ရေးအသင်းက လောင်စာဆီခွဲတမ်းများကို နေ့စဉ် ၁ ရက်စာသာ ခွဲပေးပြီး လုံလုံလောက်လောက် မရရှိကြောင်း စက်သုံးဆီ ရောင်းချသူတချို့ထံမှ သိရှိရသည်။", "ဒီဇင်ဘာလ ၅ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီတင်သွင်းရန် လိုအပ်သော ဒေါ်လာများကို ဗဟိုဘဏ်သတ်မှတ်စျေးဖြင့် ရောင်းချမှု ရပ်ဆိုင်းချိန်မှစတင်ပြီး စျေးကွက်အတွင်း ၄ ရက်မြောက် အဖြစ် စက်သုံးဆီ မလုံလောက်ဘဲ ပြတ်လပ်မှုများ စတင် ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "စက်သုံးဆီတင်သွင်းရန်အမေရိကန်ဒေါ်လာ လိုအပ်ချက် ကြီးမားနေပြီး လက်ရှိတွင် ပြည်တွင်းစျေးကွက်အတွင်းသို့ စက်သုံးဆီ ခွဲတမ်းကို ၁ ရက်စာဆီသာ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ အသင်းက ချထားပေးကြောင်း၊ ထို့ကြောင့် နေ့စဉ် စက်သုံးဆီ မလုံလောက်သည့် ပြဿနာ တက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် နယ်ဆီဆိုင်များမှာလည်း စက်သုံးဆီ ရရှိမှု အလွန်နည်းပါးနေပြီး နယ်ဆီသယ်ကားများမှာ ဦးစားပေး ခံရခြင်းမရှိ၍ စက်သုံးဆီ ရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရကြောင်း၊ ယင်းအပြင် နယ်ဆီဆိုင်များအနေဖြင့် စစ်တပ်က သတ်မှတ်ထားသော စက်သုံးဆီစျေးအပြင် ဒေါ်လာပေါက်စျေးအပေါ် မူတည်၍ စက်သုံးဆီအတွက် ငွေထပ်ပေးရမည်ဟု ဆီတင်သွင်းသည့်ကုမ္ပဏီများက အသိပေးထားကြောင်း သိရှိရသည်။", "“ရန်ကုန်၊ မန္တလေး၊ နေပြည်တော်က ဦးစားပေး ဖြစ်တယ်။ နယ်တွေအားလုံးက ဆီလည်း လုံလုံလောက်လောက်လည်းမရဘူး။ ဆီဘောက်ဆာကားတွေဆို အချိန်ကြာမြင့်စွာ စောင့်ရတယ်။ ဒါ့အပြင်ကို ဆီသွင်းတဲ့ကုမ္ပဏီတွေက စစ်တပ်က သတ်မှတ်စျေးအပြင် ဒေါ်လာစျေးပေါ် မူတည်ပြီးတော့ စက်သုံးဆီအတွက် ငွေပိုပေးရမယ်ဆိုပြီး လုပ်နေတယ်။ စျေးကျတော့ရော လျှော့မပေးခဲ့ကြဘဲ အခု ဒေါ်လာစျေးနှုန်းရှင်ဖြစ်မှ အတက်ပဲ ရှိချိန်မှာ ဒီလိုလုပ်ကြတာ။ စစ်တပ်က ရားဝင်သတ်မှတ်ပြီး ရောင်းချထားတဲ့ ဈေးကို သူတို့က ထပ်တောင်းတာ။ စျေးကျရင် သူတို့က လျော့ပေးမှာ မဟုတ်ဘူး", "ခုက တမင် ယုတ်တာ။ အပေါ်က ထုတ်တဲ့ စာကို စောက်ရေးတောင် မစိုက်ဘူး ဆိုတဲ့ အထာလုပ်တာ။ အခု ဖြစ်နေတာလည်း အင်ပိုတာတွေ လက်ချက် အများကြီးပါတယ်။ ခရိုနီ တွေက သူတို့ အတွက် မသာရင် အလုပ်မလုပ်ချင်ဘူး။ ရောင်းပြီးသား ဆီကို ငွေထပ်တောင်းတာ မြန်မာ ပြည်မှာဘဲ ရှိတယ်” ဟု နယ်ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီများကို လုံလောက်စွာ ရရှိခြင်းမရှိသေးဘဲ ဒေါ်လာ ရရှိမှုအပေါ် မူတည်၍ စက်သုံးဆီများ စျေးကွက်အတွင်း ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/205898/
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြုလုပ်သည့် ပြန်တမ်းဝင် အရာရှိ စာမေးပွဲ မေးခွန်းတစ်စုံလျှင် သိန်း ၃၀ ဖြင့် ရောင်းချ၊ ဖြေဆိုသူနည်းပါး၍ ငွေပေးနိုင်သူများ စာမေးပွဲအောင်ရန် သေချာ
["စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြုလုပ်သည့် ပြန်တမ်းဝင် အရာရှိ စာမေးပွဲ မေးခွန်းတစ်စုံလျှင် သိန်း ၃၀ ဖြင့် ရောင်းချ၊ ဖြေဆိုသူနည်းပါး၍ ငွေပေးနိုင်သူများစာမေးပွဲအောင်ရန် သေချာ", "ရန်ကုန်၊ မတ် ၁", "စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြုလုပ်သည့် ပြန်တမ်းဝင်အရာရှိ စာမေးပွဲ ရေးဖြေ မေးခွန်း တစ်စုံလျှင် သိန်း ၃၀ ဖြင့် လက်သိပ်ထိုးရောင်းချခဲ့ပြီး ဖြေဆိုသူနည်းပါးနေချိန် ငွေပေးနိုင်သူများမှာ စာမေးပွဲအောင်ရန် သေချာနေကြောင်း အဆိုပါစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သော Non-CDM ဝန်ထမ်းတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများတွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိနေရာများတွင် ခန့်အပ်ရန် ပြည်ထောင်စုရာထူးဝန် အဖွဲ့က အရာရှိလောင်းများကို ခေါ်ယူခဲ့ပြီး ရေးဖြေစာမေးပွဲများ စစ်ဆေးကြောင်း၊ စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ စသည့် မေးခွန်းများ ဖြေဆိုကြရာတွင် စာမေးပွဲ မေးခွန်းအားလုံးအတွက် တစ်ဦးလျှင် သိန်း၃၀ နှုန်းဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ညွှန်ကြားရေးမှူးများအမြဲတန်းအတွင်းဝန်များနှင့်ထိပ်ပိုင်းဌာနဆိုင်ရာ အကြီးအကဲတချို့နှင့် ချိတ်ဆက် ဝယ်ယူခွင့်ရရှိခဲ့ကြကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပြန်တမ်းဝင်အရာရှိအဆင့် စာမေးပွဲကို ဖြေဆိုခဲ့ကြရပြီး သိန်း ၃၀ ဖြင့် စာမေးပွဲ မေးခွန်း ဝယ်ယူထားကြသူများမှာ ဖြေဆိုနိုင်ခဲ့ကြကြောင်း၊ဖြေဆိုသူမှာလည်း အနည်းငယ်သာ ရှိသည့်အနက်မှ ငွေကြေးတတ်နိုင်သူများမှာ စာမေးပွဲအောင်ရန် အခွင့်အလင်းပိုမိုများပြားသွားကြောင်း သိ", "” အရင် NLD အစိုးရလက်ထပ်မှာ စာမေးပွဲ ဖြေဆိုသူအရမ်းများပြီး တစ်ကြိမ်ခေါ်လျှင် အရာရှိလောင်း သောင်းချီ ဝင်ရောက်ဖြေဆိုကြတာ။ ဖြေဆိုသူတွေက အရည်အချင်းရှိတွေများတော့ တော်ရုံနဲ့ မအောင်ကြဘူး။ တကယ်တော်တဲ့သူတွေပဲ NLD အစိုးရလက်ထက်မှာ အောင်ကြတာ။ အခုကတော့ မကြိုက်တဲ့သူတွေက များတော့ ဖြေဆိုသူက အရမ်းနည်းသွားတယ်။ ဖြေဆိုသူတွေထဲမှာ နိုင်ငံခြားမထွက်နိုင်တဲ့ အခြေခံလူတန်းစားတွေ၊ ဝန်ထမ်းလုပ်နေတဲ့သူတွေရယ်၊ စစ်ကောင်စီအသိုင်းအဝိုင်းက နီးစပ်သူတွေပဲ ဝင်ဖြေကြတော့တယ်။ ဖြေဆိုသူနည်းတဲ့အထဲမှာမှ ငွေကြေးတတ်နိုင်သူက တစ်ပန်းသာတာပေါ့။ သိန်း ၃၀ ပေးရင် မေးခွန် အစုံလိုက်ရတာ။ အဲဒါတွေပဲ ပြန်မေးတာ။ ငွေပေးဝယ်သူတွေ အကုန်ဖြေနိုင်ကြတယ်” ဟု ဖြေဆိုခဲ့သူတစ်ဦးက ဆိုသည်။", "ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြုလုပ်သည့် စာမေးပွဲကို ဝင်ရောက် ဖြေဆိုနိုင်ရန် စစ်တပ်အသိုင်းအ၀ိုင်းက ဖိုးသင်္ကြန်အမည်ရှိ အရာရှိလောင်းစာမေးပွဲ သင်တန်းကျောင်းတစ်ခု နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ပြီး ယင်းသင်တန်းကျောင်းက မေးခွန်းရရှိစေရန်ချိတ်ဆက် ဝယ်ယူပေးခြင်းဖြစ်ကြောင်း သိရှိရသည်။", "” ဖိုးသင်္ကြန် သင်တန်းက ပြည်ထောင်စုရာထူးဝန်အဖွဲက ရာထူးကြီးတွေနဲ့ချိတ်ပြီး မေးခွန်းဝယ်တာ။ အပြင်လူလည်း ပြန်ရောင်းတယ်တဲ့ သိန်း ၃၀ လောက်ပေါက်ကြေးရှိတယ်။ သူ့ သင်တန်းက နေပြည်တော်က ဘုန်းကြီး ကျောင်း တစ်ကျောင်းမှာ အနီးကပ် ညအိပ် စခန်းသွင်းပြီး ဖြေကာနီး ည ၁၂ နာရီမှ မေးခွန်းတွေ ရတာ။ အဖြေတွေကို သူ့ သင်တန်းက လူတွေကို ကျက်ခိုင်းတာ။ မေးခွန်းတွေ အကုန်ကွက်တိပဲ ရကြတာ” ဟု စာမေးပွဲ ဝင်ရောက်ဖြေဆိုသူက ဆိုသည်။", "အရာရှိလောင်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သော်လည်း ငွေကြေးမတတ်နိုင်၍ စာမေးပွဲ ကျဆုံးခဲ့သော နေပြည်တော်မှ အခြားသော ဒေသခံတစ်ဦးကလည်း ငွေကြေးဖြင့် မေးခွန်းဝယ်ခွင့်ရရှိသည်မှာ အမှန်အကန်ဖြစ်ပြီး ဝန်ကြီးဌာနဆိုင်ရာများတွင် ပိုင်ရာ ဆိုင်ရာ လုပ်ကိုင်စားသောက်ခွင့် ရရှိနေကြသည်ဟု ပြောဆိုသည်။", "“ဘယ်သူမှ မလုပ်တဲ့အချိန်မှာ အရာရှိတွေ ရအောင်ခန့်ဖို့ ညွှန်ကြားချက်ရှိတော့ ဖြေမယ့်လူကို အအောင်ပေးမယ့် အတူ ငွေပေးပြီး မေးခွန်းချပေး ဖြေခိုင်း။ ငွေတတ်နိုင်သူအောင် အရာရှိဖြစ် အဲဒီလိုတွေ ဖြစ်နေတာ” ဟု ၎င်းက ရှင်းပြသည်။", "ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌမှာ အငြိမ်းစား ဗိုလ်မှူးချုပ် အောင်သော် (DSA- အပတ်စဉ် ၁၆) ဖြစ်ပြီး ၎င်းသည် ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူး၊ ကာကွယ်ရေးဒုဝန်ကြီး တာဝန်များအပြင် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ၊ဟိုတယ်ခရီးဝန်ကြီး စသည့် တာဝန်များယူခဲ့ဖူးသူလည်းဖြစ်သည်။", "ဓာတ်ပုံ- ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ အောင်သော်နှင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရေးဖြေမေးခွန်းတစ်ခု။"]
https://yktnews.com/2025/03/207906/
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO/PNAမှ ဗိုလ်ကြီး ခွန်ဇော် ရခိုင်တိုက်ပွဲတွင် သေဆုံး
["စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO/PNAမှ ဗိုလ်ကြီး ခွန်ဇော် ရခိုင်တိုက်ပွဲတွင် သေဆုံး", "ရန်ကုန်၊ မတ် ၁၇", "အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)မှ ဗိုလ်ကြီး ခွန်ဇော်သည် ရခိုင်တိုက်ပွဲတွင် သေဆုံးသွားကြောင်း သေဆုံးသူ ဗိုလ်ကြီး ခွန်ဇော်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၅ ရက်နေ့ ရခိုင်တိုက်ပွဲတွင် ဗိုလ်ကြီးခွန်ဇော် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ နာရေးရက်လည်ဆွမ်းသွပ်ကို ဖိတ်ကြားထားကြောင်း၊ ဗိုလ်ကြီးခွန်ဇော်သည် PNO ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်ပြီး ဆီဆိုင်မြို့၊ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။", "“PNO ဗိုလ်ကြီးခွန်ဇော်က ဆီဆိုင်၊ ဘုရားဖြူရပ်ကွက်ကပါ။ သူက ဘွဲ့ရပြီးမှ စစ်တပ်ထဲဝင်တာပါ။ အရင် ပြည်သူ့စစ်ကနေ တပ်ထဲဝင်တာ။ ဒရုန်းနည်းပညာပိုင်း တာဝန်ယူထားရတယ်။ ဗမာစစ်သားတွေနဲ့ပေါင်းပြီး ရခိုင်တိုက်ပွဲမှာ သွားတိုက်ရင်း သေဆုံးတာပါ” ဟု မိတ်ဆွေတစ်ဦးက ရှင်းပြသည်။", "စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဝင်များက အကြမ်းဖက်စစ်ကောင်စီနှင့်အတူ ရှေ့တန်း စစ်မြေပြင်များတွင် ပူးပေါင်းပါဝင်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/116495/
စစ်ကောင်စီလက်အောက်ခံ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က လေတပ်အတွက် လေယာဉ်ဆီများ အမည်ခံ တင်သွင်းပေးနေပြီး ပြည်တွင်း ခရီးစဉ်များတွင် လက်နက်များကိုပါ သယ်ယူပေးနေ
["စစ်ကောင်စီလက်အောက်ခံ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က လေတပ်အတွက် လေယာဉ်ဆီများ အမည်ခံ တင်သွင်းပေးနေပြီး ပြည်တွင်း ခရီးစဉ်များတွင် လက်နက်များကိုပါ သယ်ယူပေးနေ", "ရန်ကုန်၊ ဩဂုတ် ၅", "အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က လေတပ်အတွက် လေယာဉ်ဆီများကို အမည်ခံ တင်သွင်းနေပြီး ပြည်တွင်းခရီးစဉ်များတွင် စစ်တပ်အတွက် လက်နက်များကိုပါ သယ်ယူ ပေးနေကြောင်း နေပြည်တော်ပို့/ဆက်ဝန်ကြီးဌာန သတင်းရင်းမြစ် များက ပြောဆိုသည်။", "အကြမ်းစစ်ကောင်စီ၏ လေတပ်အတွက် လေယာဉ်ဆီတင်သွင်းမှုများကို နည်း လမ်းမျိုးစုံဖြင့် နိုင်ငံတကာက ပိတ်ပင်လာချိန်တွင် လေယာဉ်ဆီ ရရှိရေး အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ MNA လေကြောင်းလိုင်းက အမည်ခံပြီး လေယာဉ်ဆီ ဝယ်ယူပေးလာရကြောင်း ၊ လေတပ်အတွက် လေယာဉ်ဆီ ဝယ်ယူပေးရေးအတွက် အဓိက လုပ်ဆောင် သည့် ဌာနမှာ လေကြောင်းဦးစီးဌာန Department of Civil Aviation ဖြစ်‌ပြီး ယင်းဌာန၏ ဦးဆောင်သူများမှာလည်း စစ်တပ်ဘက်မှ ပြောင်းရွှေ့လာသော မိုးကျရွှေကိုယ်များသာ ဖြစ်ကြောင်း သိရှိရသည်။", "“လေတပ်အတွက် လေယာဉ်ဆီ ဝယ်ရတာ ခက်လာတော့ MNA က အခု လေယာဥ်ဆီတွေကို လေတပ်အတွက် အမည်ခံ ၀ယ်ယူပေးနေပါတယ်။ ဒါ့ အပြင် MNA ရဲ့ ပြည်တွင်း လေယာဉ် ခရီးစဉ်တွေမှာ စစ်လက်နက်တွေကို ပူးတွဲ သယ်ပေးနေတယ်။ MNA နဲ့ပတ်သက်တဲ့ ဌာနတွေမှာလည်း ဌာန အကြီးအကဲတွေက မိုးကျရွှေကိုယ်တွေချည်းပဲဖြစ်နေတော့ Commercial Flight တွေမှာ စစ်လက်နက်တွေကို သယ်ဖို့ သူတို့က Approve ပေးနေ တယ်” ဟု နေပြည်တော်ပို့/ဆက် သတင်းရင်းမြစ်က ဆိုသည်။", "MNA မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Chief Commercial Officer မှာ နိုင်စောလွင်ဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၂၇ ကျောင်းဆင်း အရာရှိဟောင်း တစ်ဦးဖြစ်ကြောင်း၊ MNA လေကြောင်းလိုင်း၏ ဦးဆောင်ညွှန်ကြားရေးမှူးမှာ Khup Khan Mung ဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၃၀ ဆင်း စစ်အရာရှိ ဟောင်း တစ်ဦးဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး အဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပြောင်းရွှေ့ လာခြင်းသည် လေတပ်တွင် ကြုံ တွေ့နေရသည့် လေယာဉ်ဆီ၊ လက်နက်ခဲယမ်းသယ်ယူမှု အပါအဝင် လေတပ် ၏ လုပ်ငန်းစဉ်များတွင် MNA လေကြောင်းကို ပိုမိုအသုံးချမည့် အခြေအနေ များရှိနေကြောင်း နေပြည်တော်ပို့/ဆက် သတင်းရင်းမြစ်က သုံးသပ်ပြော ဆိုသည်။"]
https://yktnews.com/2024/07/173133/
စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်၊ MOGE လုပ်ငန်းတို့ကို နိုင်ငံတကာက အရေးယူ ပိတ်ဆို့ရန် အရပ်ဘက်အဖွဲ့ ၂၄၀ ခု တောင်းဆို
["စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်၊ MOGE လုပ်ငန်းတို့ကို နိုင်ငံတကာက အရေးယူ ပိတ်ဆို့ရန် အရပ်ဘက်အဖွဲ့ ၂၄၀ ခု တောင်းဆို", "ရန်ကုန်၊ ဇူလိုင် ၁၅", "အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE တို့ကို နိုင်ငံတကာက အရေးယူပိတ်ဆို့ရန် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့ ၂၄၀ ခုက ယနေ့ တောင်းဆိုလိုက်ကြသည်။", "အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာ သိမ်းရန် ကြိုးစားချိန်မှစ၍ အရပ်သား ပြည်သူ ၅၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပဋိပက္ခများနှင့် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူ ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း၊ စစ်ကောင်စီက ခေါင်းဖြတ် ခြင်း၊ ညနက်သန်းခေါင် ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လူအများ အိပ်စက်နေချိန် နေအိမ်များကို မီးတင်ရှို့ခြင်း စသည့် ဆိုးရွားသော စစ်နည်း ဗျူဟာများကို အသုံးပြုနေကြောင်း၊ စစ်အုပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားသော လေကြောင်းတိုက် ခိုက်မှုများကိုလည်း တိုးမြှင့် လုပ်ဆောင်လာကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။", "အာဏာသိမ်းရန် ကြိုးစားချိန်ကတည်းက စစ်အုပ်စုက နိုင်ငံပိုင် စီးပွားရေးလုပ် ငန်းများ၊ အထူးသဖြင့် နိုင်ငံပိုင်ဘဏ်များ၊ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းမှ ဝင်ငွေများကို အသုံးပြုပြီး လက်နက်များနှင့် လေယာဉ်ဆီ ဝယ်ယူခြင်း စသည့် နိုင်ငံတကာမှ ဘဏ္ဍာရေးစနစ်များကို အသုံးပြုခွင့် ရရှိနေကြောင်း၊ ထိုသို့ ရရှိနေခြင်းသည် စစ်အုပ်စု၏ ရက်စက်​ကြမ်းကြုတ်မှုများကို ငွေကြေးအရ ထောက်ပံ့နေခြင်းပင်ဖြစ်ကြောင်း သိရှိရသည်။", "ဥရောပသမဂ္ဂက စစ်ကောင်စီ၏ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပိတ်ဆို့ခြင်းကြောင့် အမေရိကန်ဒေါ်လာ အနည်းဆုံး သန်း ၁၅၀ ဖိုးခန့် ဖြတ်တောက်နိုင်ခဲ့သော်လည်း တရုတ်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့မှုကိုကား မရပ်တန့်နိုင်ခဲ့ကြောင်း၊ အမေရိကန်သည်လည်း MOGE နှင့် PTT Group ကို တစိတပိုင်း ပိတ်ဆို့အရေးယူထားသော်လည်း ထိုင်းအစိုရပိုင် PTT Group လောင်စာလုပ် ငန်းစုက မြန်မာစစ်အုပ် ထိန်းချုပ်ထားသော MOGE အကောင့်ထဲသို့လ စဉ် သဘာ၀ ဓာတ် ငွေ့ ဝင်ငွေ သန်းဆယ်ချီ ဆက်လက်ပေးဆောင်နေဆဲဖြစ် ကြောင်း သိရှိရသည်။", "၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုက နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) ကိုဒဏ်ခတ်ပိတ်ဆို့အရေးယူရန် မြန်မာအရပ်ဘက်အဖွဲ့အစည်းများထံမှ တောင်းဆိုချက်ကို နောက်ပိုင်းတွင် သတိပြုလာကြောင်း၊ အဆိုပါဘဏ်များကို အရေးယူပိတ်ဆို့မှုများသည် ရှေ့ဆက်တိုးနိုင်မည့် ခြေလှမ်းတစ်ရပ်ဖြစ်သော်လည်း စစ်အုပ်စုက မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (MADB) သို့ ပြောင်းလဲအသုံးပြုနိုင်ခြေများ ရှိလာကြောင်း၊ ဥရောပသမဂ္ဂ EU နှင့် ဗြိတိန် UK တို့က အဆိုပါဘဏ်များကို ပိတ်ဆို့အရေးယူရန် ပျက်ကွက်ခဲ့သော်လည်း ကနေဒါနှင့်ဩစတြေးလျတို့က MFTB နှင့် MICB ဘဏ်တို့ကိုသာ ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း သိရှိရသည်။", "စစ်အုပ်စုက နိုင်ငံတကာ၏ ပိတ်ဆို့ အ​ရေးယူမှုများအကြား ယိုပေါက်များကို အသုံးပြုကာ ၎င်းတို့၏လုပ်ငန်းများကို အကောင်အထည်ဖော်ရန်အတွက် လမ်းဖွင့်ထားသော နိုင်ငံများသို့ ပြောင်းရွှေ့ဝယ်ယူနေကြောင်း ကုလအထူးကိုယ်စားလှယ်၏ အစီရင်ခံစာအရ သိရှိရကြောင်း၊ အထူးသဖြင့် စင်ကာပူဘဏ်များအနေဖြင့် မြန်မာစစ်တပ်နှင့် ပတ်သက်မှုကို ဖြတ်တောက်သည်နှင့် ထိုင်းဘဏ်များက ထိုကွက်လပ်ကို အစားထိုးဖြည့်ဆည်းလာခဲ့ ကြောင်း၊ အထူးသဖြင့် Siam Commercial Bank က ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာစစ်တပ်၏ ဝယ်ယူမှုများနှင့်ပတ်သက်သော ငွေလွှဲပြောင်းမှု အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်သာ လုပ်ဆောင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။", "မြန်မာ့စီးပွားရေးဘဏ်သည် စစ်လက်နက်များ ဝယ်ယူရေးအတွက် နိုင်ငံတကာ ငွေကြေးဝန်ဆောင်မှုများ အသုံးပြုနိုင်ရန် စစ်အုပ်စုအတွက် အဓိကဆောင်ရွက်ပေးသည့် လမ်းကြောင်း ဖြစ်လာကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ထိုင်းကုမ္ပဏီများက ထိုင်းဘဏ်များကို အသုံးပြုလျက် အမေရိကန်ဒေါ်လာ သန်း ၈၀ တန်ဖိုး ရှိ လေယာဉ်ဆီများကို ရောင်းချပေးခဲ့ကြောင်း၊ စစ်အုပ်စုက ထိုလေယာဉ်ဆီများဖြင့် မြန်မာပြည်သူများကို တိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်ရန် အသုံးပြုနိုင်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြထားသည်။", "ထို့ပြင် ထိုင်းဘဏ်များမှတစ်ဆင့် MOGE ထံသို့ စီးဝင်းနေသော PTT အုပ်စုမှ ဓာတ်ငွေ့ဝင်များသည် စစ်ကောင် စီအတွက် တစ်ခုတည်းသော အကြီးမားဆုံး ဘဏ္ဍာရေးရင်းမြစ်ဖြစ်လာကြောင်း၊ အာဆီယံအနေဖြင့် အလုပ်မဖြစ်သော ဘုံသဘောတူညီချက် ၅ ချက်နှင့် အမည်မခံ မစွက်ဖက်ရေးမူကို ဆက်လက် ဆုပ်ကိုင်ထားစဉ် ထိုင်းနိုင်ငံအနေဖြင့် PTT နှင့် ထိုင်းဘဏ်များကို စစ်အုပ်စုအား ငွေကြေးထောက်ပံ့မှုများကို ခွင့်ပြုထားကြောင်း၊ ထိင်းဘဏ်များနှင့်ကုမ္ပဏီများက စစ်အုပ်စုကို စစ်လက်နက်နှင့် လေယာဉ်ဆီများ ရရှိအောင် လုပ်ဆောင်ပေးနေသည်ကို ထိုင်းအစိုးရအနေဖြင့် ခွင့်ပြုထားကြောင်း၊ နိုင်ငံတကာအနေဖြင့် အရေးယူပိတ်ဆို့မှုများ တိုးမြှင့် လုပ်ဆောင်နေစဉ် ကြီးမားသော လစ်ဟာမှုများ ဆက်လက် ကျန်ရှိနေခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြကြသည်။", "ထို့ကြောင်း နိုင်ငံတကာအနေဖြင့် စစ်အုပ်ချုပ်ထိန်းချုပ်ထားသော နိုင်ငံပိုင်ဘဏ်များ၊ ဓာတ်ငွေ့ကဏ္ဍနှင့်လေယာဉ်ဆီတို့ကို ညှိနှိုင်းပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန် တောင်းဆိုကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်နှင့် MOGE တို့ကို ချက်ချင်းအရေးယူရန် ၊ အထူးသဖြင့် MOGE ကို အပြည့်အ၀ အရေးယူ ပိတ်ဆို့ရမည်ဟု အရပ်ဘက်အဖွဲ့များက ပြောဆိုသည်။", "ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂအပါအဝင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းအနေဖြင့် MFTB ဘဏ် ၊ MICBဘဏ် ၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဘဏ်၊ တို့ကို အရေးယူပိတ်ဆို့ရန်၊ EU ၏ MOGE ကို အရေးယူပိတ်ဆို့မှု ဦးဆောင်မှုနောက်သို့ လိုက်ပါရန် အရပ်ဘက်အဖွဲ့များက တိုက်တွန်းသည်။", "PTT အုပ်စုနှင့် ထိုင်းဘဏ်များ၏ မြန်မာစစ်အုပ်ကို ကျောထောက်နောက်ခံပြုပေးထားမှုကို ခွင့်ပြုထားသည့် ထိုင်းအစိုးရမူဝါဒကို အာဆီယံက ကိုင်တွယ်ဖြေရှင်းရန် ၊ ထိုင်းအစိုးရ အနေဖြင့် စစ်အုပ်စုကို အရေးယူပိတ်ဆို့ရန် ၊ ထိုင်းဘဏ်များက စစ်အုပ်စု၏ လက်နက်၊ လေယာဉ်ဆီဝယ်ယူမှုများကို အကူအညီမပေးစေရေး ထိုင်းအစိုးရက အရေးယူဆောင်ရွက်ပေးရန်၊ ထိုင်းဘဏ်များအနေဖြင့် မြန်မာစစ်အုပ်စုကို ထောက်ပံ့ပေးနေသည့် ငွေကြေးလွှဲပြောင်းမှုများအားလုံးကို ရပ်တန့်ရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။", "ထိုင်း PTT စွမ်းအင်အုပ်စုအနေဖြင့်လည်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးအားမြှောက် ပြုလုပ်နေမှုကို ရပ်တန့်ရန်၊ ဓာတ်ငွေ့ ငွေကြေးများကို စစ်အုပ်စုထံ လွှဲပြောင်းမှုများ ဆက်မလုပ်ရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။", "ဓာတ်ပုံ- စစ်တပ် လက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်ကို အကြမ်းဖက် ရဲများက လုံခြုံရေးယူပေးထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/07/174484/
စစ်ကောင်စီလက်အောက်ခံ မြန်မာ့ပုလဲလုပ်ငန်းနှင့် လက်တွဲဖြုတ်ရန် ဂျပန်ကုမ္ပဏီ TASAKI အားတောင်းဆို
["စစ်ကောင်စီလက်အောက်ခံ မြန်မာ့ပုလဲလုပ်ငန်းနှင့် လက်တွဲဖြုတ်ရန် ဂျပန်ကုမ္ပဏီ TASAKI အားတောင်းဆို", "ဇူလိုင် ၁၉၊ ၂၀၂၄", "မြန်မာစစ်ကောင်စီလက်အောက်ခံ မြန်မာ့ပုလဲလုပ်ငန်း (MEP) နှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသော ပုလဲမွေးမြူထုတ်လုပ်ရောင်းချရေးလုပ်ငန်းများအား အဆုံးသတ်ရန် ဂျပန်ကုမ္ပဏီ TASAKI ကုမ္ပဏီအား Mekong Watch နှင့် Justice For Myanmar အဖွဲ့တို့က တောင်းဆိုလိုက်သည်။", "လက်ရှိထုတ်လုပ်မှုဝေစုခွဲဝေရေးစာချုပ်အရ ပုလဲထုတ်လုပ်မှု၏ ၂၀-၂၅% ကို မြန်မာ့ပုလဲလုပ်ငန်းက ရရှိနေပြီး၊ အဆိုပါခွဲဝေမှုမှ ရရှိသော ဝင်ငွေအမြောက်အများကို MPE မှတစ်ဆင့် စစ်ကောင်စီက ရရှိနေသည်ဟု အဆိုပါအဖွဲ့များက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက သတင်းထုတ်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထို့အပြင် စစ်ကောင်စီသည် အကောက်အခွန်ကဲ့သို့သော အခြားဝင်ငွေများနှင့် ကိုယ်တိုင်ထပ်ဆင့်ထုတ်လုပ်နိုင်ရေးအတွက် ဂျပန်ကုမ္ပဏီထံမှ နည်းပညာလွှဲပြောင်းမှု အကျိုးခံစားခွင့်ကိုလည်း ရရှိနေသည်ဟု ဆိုသည်။", "စစ်ကောင်စီထိန်းချုပ်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ပုလဲလုပ်ငန်း (MPE) ကို အမေရိကန်၊ ယူကေနှင့် ကနေဒါ နိုင်ငံတို့မှ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။", "အခြားတစ်ဖက်တွင်လည်းTASAKI ကုမ္ပဏီကို FountainVest Partners နှင့် Unison Capital တို့က ပူးတွဲဝယ်ယူရန် ရည်ရွယ်နေကြောင်း Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။", "ထို့ကြောင့် TASAKI & Co., Ltd. နှင့် ၄င်းအား ပူးတွဲဝယ်ယူရန် ရည်ရွယ်နေသည့် FountainVest Partners နှင့် Unison Capital တို့ကို Mekong Watch and Justice For Myanmar အဖွဲ့တို့က စာရေးသားပေးပို့ပြီး၊ စစ်ကောင်စီနှင့် လက်တွဲဖြုတ်ရန်နှင့် မည်သည့်စီးပွားရေးကိုမှ ပူးပေါင်းလုပ်ဆောင်ခြင်း မပြုရန်တောင်းဆိုခဲ့သည်။ Mekong Watch and Justice For Myanmar တို့၏ ပေးပို့စာအပေါ် အဆိုပါကုမ္ပဏီများက တုန့်ပြန်ခဲ့ခြင်း မရှိပေ။", "TASAKI & Co., Ltd ၏ လက်အောက်ခံ MYANMAR TASAKI သည် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးအချက်အလက်များအရ ကျပ်သန်းပေါင်း ၁၁ ဘီလီယံနီးပါး (ထိုအချိန်က အမေရိကန်ဒေါ်လာ ၈ သန်းကျော်) တန်ဖိုးရှိသည့် ပုလဲများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ခဲ့ပြီး အများဆုံးပုလဲထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ခဲ့သည်။ TASAKI သည် ဩစတြေးလျ၊ တရုတ်၊ ပြင်သစ်၊ ဂျပန်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်ဝမ်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အရောင်းစတိုးဆိုင်များရှိကြောင်း ၎င်းတို့၏ ဝဘ်ဆိုဒ်အရ သိရသည်။", "Mekong Watch အဖွဲ့၏ ဒါရိုက်တာ Yuka Kiguchi က “TASAKI အနေနဲ့ မြန်မာ့ပုလဲလုပ်ငန်း (MPE) နဲ့ မိတ်ဖက်ဆောင်ရွက်မှုကို အဆုံးသတ်သင့်ပါတယ်။ သို့မဟုတ်ပါက စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မယ့် အန္တရာယ် ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။", "Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “TASAKI အနေနဲ့ သွေးစွန်းပုလဲတွေ ရောင်းချခြင်းကို ရပ်တန့်ဖို့၊ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ငန်းကို နောက်ဆုံးအဆုံးသတ်ဖို့ တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။", "ထိုသို့ TASAKI ကုမ္ပဏီအား စစ်ကောင်စီနှင့် လက်တွဲဖြုတ်ရန် တောင်းဆိုနေသည့်အချိန်တွင်ပင် စစ်ကောင်စီက ဆန်စျေးနှုန်း ကြီးမြင့်အောင်လုပ်သည်ဟုဆိုကာ ဂျပန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းက ဖမ်းဆီးခဲ့သည်။", "Aeon Orange စျေးဝယ်စင်တာအကြီးအကဲ ဂျပန်နိုင်ငံသား Hiroshi Kasamatsu ကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော ဥပဒေဖြင့် စစ်ကောင်စီက စွဲချက်တင်ဖမ်းဆီးထားပြီး၊ ၄င်းအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ဂျပန်အစိုးရက တောင်းဆိုထားသည်။ ထိုသို့ဂျပန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်းသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေသော အခြားသော ဂျပန်စီးပွါးရေးလုပ်ငန်းရှင်များအား တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။", "ဂျပန်စီးပွားရေးသမားများနှင့် လက်တွဲလုပ်ကိုင်ခဲ့ဖူးသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ “အခုအချိန်မှာ TASAKI အပါအဝင် ဂျပန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ လက်တွဲဖြုတ်ဖို့ အချိန်တန်နေပါပြီ။ စစ်ကောင်စီဟာ နိုင်ငံ့ရဲ့စီးပွားရေးကို မထိန်းချုပ်နိုင်တော့ပါဘူး။ မြန်မာ့စီးပွားရေးကျရှုံးမှုမှာ စီးပွားရေးသမားတွေက မြေစာပင်ဖြစ်နေပါပြီ။ အကျိုးဆက်ကတော့ Hiroshi Kasamatsu လို အခြားသော ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေဟာ", "စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို အချိန်မရွေး ခံရနိုင်တယ် ဆိုတာပါပဲ” ဟု ပြောကြားခဲ့သည်။"]
https://yktnews.com/2023/06/109247/
စစ်ကောင်စီလက်အောက်ခံ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာ Hack ခံထားရပြီး အပြာကားနှင့် ဖော်ချွတ်ဓာတ်ပုံများ နေ့စဉ်တင်သော်လည်း ပြန်ဆယ်ယူနိုင်ခြင်း မရှိသေး
["စစ်ကောင်စီလက်အောက်ခံ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာ Hack ခံထားရပြီး အပြာကားနှင့် ဖော်ချွတ်ဓာတ်ပုံများ နေ့စဉ်တင်သော်လည်း ပြန်ဆယ်ယူနိုင်ခြင်း မရှိသေး", "ရန်ကုန်၊ ဇွန် ၂၃", "အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ သမဝါယမနှင့် ကျေးလက်ဝန်ကြီးဌာန၏ Facebook စာမျက်နှာ Hack ခံထားရပြီး နေ့စဉ် အပြာကားနှင့် ဖော်ချွတ် ဓာတ်ပုံများဖော်ပြနေကာ စစ်ကောင် စီ ဘက်က ယင်း Facebook စာမျက်နှာကို ပြန်လည်ရယူနိုင်ခြင်း မရှိသေးကြောင်း နေပြည်တော် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနထံမှသိရှိရသည်။", "စစ်ကောင်စီ၏ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ Ministry of Cooperatives and Rural Development ၏ Facebook စာမျက်နှာဖြစ်သောhttps://www.facebook.com/profile.php?id=100072123774912သည် ဇွန်လ ၁၉ ရက်နေ့ကတည်းက Hack ခံထားရ ကြောင်း၊ စစ်ကောင်စီဘက်က ယင်းစာမျက်နှာကို ပြန်လည်ရရှိရေး ကြိုးပမ်းနေသော်လည်း ပြန်လည် ဆယ်ယူနိုင်ခြင်းမရှိဘဲ နေ့စဉ် အပြာမယ်နှင့် ဖော်ချွတ် ဇတ်ကားများ တင်နေကြောင်း သိရှိရသည်။", "“ဝန်ကြီးဌာနဘက်ကလည်း အဲဒီ Page ကို ပြန်ရဖို့ အစွမ်းကုန်လုပ်ပေမယ့်လည်း အခုထက်ထိ ပြန်မရသေးဘူး။ အခုဆိုရင် ၅ ရက်ရှိလာပြီ။ နေ့တိုင်း အပြာကားတွေ မပေါ်တပေါ်ပုံတွေ၊ အဖော်အချွတ် ဇတ်လမ်းလိုဟာမျိုးတွေ တင်နေတယ်။ ပြည်တွင်း Hacker လက်ချက် တော့မဟုတ်ဘူး။ Admin လုပ်တဲ့သူက ကိုယ်မသိတဲ့ Porn လိုဟာမျိုးရဲ့ လင့်တွေကို လိုက်နှိပ်ရင်းနဲ့ Hack ခံလိုက်ရတယ်လို့ ယူဆရပါတယ်” ဟု သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ Facebook စာမျက်နှာများကို Facebook က ဖြုတ်ချပိတ်ပင်ထားချိန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ ရှားရှားပါးပါး ဆက်လက်ရပ်တည်ခွင့်ရရှိခဲ့သော်လည်း ယခုအခါ Hacker များ၏ လက်ချက်ဖြင့် အဖော်အချွတ် စာမျက်နှာကဲ့သို့ဖြစ်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/167738/
စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းက နယ်မြေများကို အသက်ပေး ကာကွယ်ရန် အမိန့်ပေးသော်လည်း ပြည်သူ့စစ် နှင့် BGF စခန်းများကို KIA က တောက်လျှောက် သိမ်းယူနေ
["စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းက နယ်မြေများကို အသက်ပေး ကာကွယ်ရန် အမိန့်ပေးသော်လည်း ပြည်သူ့စစ် နှင့် BGF စခန်းများကို KIA က တောက်လျှောက် သိမ်းယူနေ", "ဦးဇခုန်တိန့်ယိန်းနှင့် ဆက်စပ်နေသော နယ်ခြားစောင့်နှင့် ပြည်သူ့စစ် စခန်းပေါင်း ၁၅ ခုကို ၃ ရက်အတွင်း သိမ်းပိုက်ရရှိထား", "ရန်ကုန်၊ ဇွန် ၁၅", "အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်းက နယ်မြေများကို အသက်ပေး ကာကွယ်ရန် အမိန့်ပေးသော်လည်း ပြည်သူ့စစ် နှင့် BGF စခန်းများကို KIA က တောက်လျှောက် သိမ်းယူနေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "ဇွန်လ ၇ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းက ကချင်အထူးဒေသ ၁ နယ်မြေအတွင်း ဝင်ရောက်လာသော KIA နှင့် PDF များကို ရန်သူအဖြစ်သတ်မှတ်ပြီး ပြတ်ပြတ်သားသား ခုခံကာကွယ်ကြရန် ၊", "ကချင်ပြည်နယ် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် ကံပိုင်တည်ဒေသမှ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် မြေတစ်လက်မတိုင်းကို ကာကွယ်ရန် ခုခံစစ်ဆင် တိုက်ခိုက်ကြရန် စစ်မိန့်ပေးအပ်ကြောင်း အမိန့်ပေးအပ်သည်ဟု ပါရှိသည်။", "ဦးဇခုန်တိန့်ယိန်း၏ စစ်မိန့်ထုတ်ပြန်ချက်ပြီးနောက်ပိုင်း KIA နှင့် ပူးပေါင်းအဖွဲ့များက ဇွန်လ ၁၂ ရက်နေ့ ဝိုင်းမော် – ကန်ပိုင်တည် ဆက်သွယ်ရေးလမ်းကြောပေါ်ရှိ စခန်း ၁၁ ခုနှင့် ဇွန်လ ၁၃ ရက်နေ့တွင် ဝိုင်းမော် – ချီဖွေ သွားလမ်းပေါ်မှ ဆနီခူးတပ်စခန်း ၂ ခုတို့ကို သိမ်းပိုက်ခဲ့ကြောင်း ၊ဇွန်လ ၁၄ ရက်နေ့ ကချင် ပြည် နယ် ဝိုင်းမော်-ချီဖွေလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းနှင့် နယ်ခြားစောင့် (BGF)စခန်းဖြစ်သော ရှငေါ် ပြည်သူ့စစ်စခန်း၊ မန်ဒေါင်နယ်ခြားစောင့်စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။", "ကချင်အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းသည် ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ခေါင်း ဆောင်ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် စစ်ကောင်စီလက် အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/98406/
စစ်ကောင်စီလေတပ်နှင့်ဒေါက်တိုင်များကို အပြီးသတ်ချေမှုန်းနိုင်ရန် မြို့ပြပြောက်ကျား စစ်သည် တော် များနှင့် ပူးပေါင်းသွားမည်ဟု BWM ကြေညာ
["စစ်ကောင်စီလေတပ်နှင့်ဒေါက်တိုင်များကို အပြီးသတ်ချေမှုန်းနိုင်ရန် မြို့ပြပြောက်ကျား စစ်သည် တော် များနှင့် ပူးပေါင်းသွားမည်ဟု BWM ကြေညာ", "ရန်ကုန်၊ ဧပြီ ၁၉", "ပြည်သူလူထုအပေါ် လေကြောင်းမှတစ်ဆင့် တိုက်ခိုက်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီ လေတပ်နှင့် ဒေါက်တိုင်များကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် မြို့ပြပြောက်ကျားတပ်ဖွဲ့များကို ပူးပေါင်း ကူညီသွားမည် ဖြစ်ကြောင်း Brave Warriors Force Myanmar –BWM က ထုတ်ပြန် ထားသည်။", "စစ်ပွဲစည်းကမ်း၊ စစ်တပ်၏ ဂုဏ်သိက္ခာ၊ စစ်သားတစ်ယောက်၏ ကျင့်ဝတ်များကို အကြိမ်ကြိမ်ချိုး ဖောက်၍ အပြစ်မဲ့ပြည်သူလူထု ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများပါမချန် လေကြောင်းမှ တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီလေတပ်များ၊ ၎င်းတို့၏ နေအိမ်လိုင်းခန်များကိုပါ ထပ်မံ အချိုးကျတိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ လေတပ်မိသားစုများအနေဖြင့် အကြမ်းဖက် စစ်ကောင် စီ တပ်မှ အမြန်ဆုံးစွန့်ခွာကြရန် အသိပေးကြောင်း ယင်းထုတ် ပြန်ချက် တွင်ဖော်ပြ ထားသည်။", "BWM (Brave Warriors for Myanmar) အဖွဲအစည်းသည် မြန်မာ့နွေဦးတော်လှန်ရေး အစ ကနဦး က တည်း က ညီနောင်တိုင်းရင်းသားအဖွဲ့အစည်းများအတွက် လိုအပ်သော လက်နက်၊ စားနပ်ရိက္ခာ ကူညီ ထောက်ပံ့မှုများကို လိုအပ်သည့်အခါတိုင်း အချိန်နှင့်တစ်ပြေးညီမေတ္တာဖြင့် ကူညီပံ့ပိုးနေ သော ခိုင်မာ သည့်အဖွဲအစည်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။", "ယခု အချိန်မှ စတင်ပြီး မြို့ပြစစ်ဆင်ရေးဆိုင်ရာ အပိုင်းကို အဓိက ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး မြို့ပြ စစ် သည်တော်များအတွက် လိုအပ်သော အရာမှန်သမျှကို ထပ်မံကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ (Liberty Thunder) အားဖြင့်ဖြစ်စေ၊ (MKCDF)အားဖြင့်ဖြစ်စေ ၎င်းအဖွဲအစည်းတို့၏ ခိုင်မာသော ထောက်ခံမှုဖြင့် တောင်းခံလာသည့် ခိုင်မာတည်ကြည်သော မြိုပြစစ်သည်တော် မည်သည့်အဖွဲ အစည်းကိုမဆို မဟာမိတ် ညီနောင်စိတ်ဓာတ်အပြည့်ဖြင့် ကူညီပေးသွားမည်ဖြစ် ကြောင်း သိရသည်။", "အလားတူ ညီနောင်မဟာမိတ် အဖွဲအစည်းများကိုလည်း အစွမ်းကုန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး အ ကြမ်းဖက် စစ်ကောင်စီအား တွန်းလှန်တိုက်ထုတ်မည့် ပြည်သူဘက်မှ ရပ်တည်လျှက်၊ ပြည်သူ အများ စု၏ ကောင်းကျိုးကိုသာရှေ့ရှုဆောင်ရွက်နေသော မည်သည့်တော်လှန်ရေးအဖွဲ့ အစည်း ကိုမဆို (BWM) က ကူညီထောက်ပံ့ပေးသွားမည်ဟု ဆိုသည်။", "(BWM) သည် Mission ဖော်ဆောင်တိုင်း မည်သည့်အဖွဲအစည်းများကိုမှ အလှူငွေတောင်းခံခြင်း (အ လျဉ်း)မရှိသော ခိုင်မာ‌တောင့်တင်းသည့် အဖွဲအစည်း တစ်ရပ်ဖြစ်ပြီး မိစ္ဆာအကြမ်းဖက် စစ်ကောင် စီ ထောက်တိုင်များနှင့် အကြမ်းဖက်စစ်ကောင်စီလေတပ်ကို အပြီးသတ် ချေမှုန်းရန် မိဘပြည်သူများ အနေဖြင့် မြိုပြပြောက်ကျား စစ်သည်တော်များနှင့် ပူးပေါင်း ပါဝင်ကြရန် BWM (Brave Warriors for Myanmar)က မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2025/05/214817/
စစ်ကောင်စီလေတပ်အတွင်း လုံခြုံရေးအရ အရာရှိနှင့်စစ်သည်များအားလုံးကို Facebook ၊ TikTok အပါအဝင် လူမှုကွန်ရက်အသုံးပြုမှုများ တင်းကျပ် ကန့်သတ်
["စစ်ကောင်စီလေတပ်အတွင်း လုံခြုံရေးအရ အရာရှိနှင့်စစ်သည်များအားလုံးကို Facebook ၊ TikTok အပါအဝင် လူမှုကွန်ရက်အသုံးပြုမှုများ တင်းကျပ် ကန့်သတ်", "ရန်ကုန်၊ မေ ၁၇", "အကြမ်းဖက် စစ်ကောင်စီလေတပ်အတွင်း လုံခြုံရေးအရ လေတပ်အရာရှိများနှင့်စစ်သည်များအားလုံးကို Facebook ၊ TikTok အပါအဝင် လူမှုကွန်ရက်အသုံးပြုမှုများ ကန့်သတ်လိုက်ကြောင်း လေတပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၁၂ ရက်နေ့ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းသားကျောင်းသူကလေးငယ် ၂၂ ဦးနှင့် ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ရာချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လေတပ်မှ အရာရှိနှင့်စစ်သည်များ၊ မိသားစုဝင်များကို လက်စားချေ တိုက်ခိုက်ကြရန် လူမှုကွန်ရက်တွင် လှုံ့ဆော်ခြင်း၊ စစ်တပ်အရာရှိ၊စစ်သည်နှင့်မိသားစုများ၏ ဓာတ်ပုံမှတ်တမ်း များကို လူမှုကွန်ရက်တွင် ဝေမျှခြင်းများ တောက်လျှောက်ဆိုသလိုဖြစ်ပေါ်လာကြောင်း၊ ယင်းအခြေအနေများ ကြောင့် စစ်ကောင်စီလေတပ်အတွင်း လုံခြုံရေးအရ လူမှုကွန်ရက်အသုံးပြုမှုများကို အထူးကိစ္စတစ်ရပ်အနေဖြင့် ကန့်သတ်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လူမှုကွန်ရက်တွေမှာ မိမိတို့ရဲ့ နာမည်အစစ်၊ မိသားစုပုံ၊ ဆွေမျိုး၊ သားသမီးပုံတွေ တင်ထားတာရှိရင် ဖယ်ရှားဖို့၊ Facebook မှာဆိုရင် Profile Lock ချထားဖို့ ၊ တာဝန်ထမ်းဆောင်ရတဲ့ တပ်၊​ လေယာဉ်အမျိုးအစားပုံတွေ မတင်ဖို့၊ TikTok မှာ လေယာဉ်ပျံသန်း တာဝန်ထမ်းဆောင်ချိန် ဗီဒီယိုတင်တာတွေ မလုပ်ဖို့ ယခင်ကတည်းက တင်ထားပြီးသားတွေရှိရင် ချက်ချင်းဖြုတ်ပယ်ရှားကြဖို့ လေတပ်တွေမှာ ညွှန်ကြားပါတယ်။ အကယ်၍ ညွှန်ကြားချက် မလိုက်နာရင် လိုအပ်တဲ့ အရေးယူမှုတွေ လုပ်မယ်ဆိုတာမျိုး သတိပေးမှုတွေရှိနေပါတယ်” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ယခင်ကတည်းက လေတပ်အတွင်း လူမှုကွန်ရက်အသုံးပြုမှုနှင့်ပတ်သက်၍ တားမြစ်ချက်များစွာရှိသော်လည်း တင်းကျပ်မှုမရှိကြောင်း၊ သို့ရာတွင် ယခုအခါ လေတပ်အရာရှိများ၊ စစ်သည်များနှင့်မိသားစုဝင်များကို ဦးတည်သော လုံခြုံရေးအရ ခြိမ်းခြောက်မှုများရှိလာခြင်းကြောင့် မူလရှိရင်းစွဲ ကန့်သတ်တားမြစ်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် စစ်ကောင်စီထိပ်ပိုင်းက ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "လေတပ်များတွင် တိုက်လေယာဉ်မောင်း ပိုင်းလော့များ၏ မိဘနှင့်ဆွေမျိုးအရင်းများကို တပ်အတွင်းသို့ ခေါ်ယူနေထိုင်ခွင့်ပြုထားပြီး ယခင်က ပြည်သူအများအပြား သေဆုံးသော လေကြောင်းတိုက်ခိုက်မှုများ ရှိလာသည့်အခါတိုင်း လုံခြုံရေးအရ လေတပ်အတွင်း မကြာခဏ လာရောက် နေထိုင်မှုများရှိကြောင်း သိရှိရသည်။", "“သေဆုံးမှုများတဲ့ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်လာရင် လေတပ်ထဲကို အရာရှိမိသားစုတွေ မိဘဆွေမျိုး ခဏလာရှောင် နေထိုင်ကြတာမျိုးက မကြာခဏ ရှိပါတယ်။ အဲဒီလို နေထိုင်နိုင်ဖို့အတွက်လည်း ရိပ်သာတွေနဲ့ အရာရှိအိမ်ရာတွေကို သေသေ ချာချာ ဆောက်လုပ်ပေးထားတာရှိတယ်။ နည်းနည်း အခြေအနေ ပြန်ငြိမ်သွားပြီဆိုရင် တချို့လည်း သူတို့နေရပ် တပ်အပြင်ကို ပြန်သွားကြတယ်။ တချို့လည်း မပြန်ကြတော့ဘူး” ဟု လေတပ်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက လေတပ်အရာရှိများ၏ လိပ်စာများ၊ မိဘဆွေမျိုးများ၏ လိပ်စာကို ယခင်က မကြာခဏဆိုသုလို ဖော်ပြခဲ့ပြီး ယင်းသို့ ဖော်ပြခံရသည့်အခါတိုင်း အဆိုပါ လိပ်စာများတွင် နေထိုင်သော လေတပ်အရာရှိများ၏ မိဘဆွေမျိုးများက နေရာရွှေ့ပြောင်းခြင်း၊ အိမ်နှင့်ခြံများ ရောင်းချ ပြောင်းရွှေ့ခြင်းများလည်း လုပ်ဆောင်ကြကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လေတပ်နှစ်ပတ်လည်နေ့တွင် တိုက်လေယာဉ်အုပ်မှူးတစ်ဦးကို ဂုဏ်ပြုဆုပေးနေသည့် အကြမ်းဖက်မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/04/158383/
စစ်ကောင်စီလေယာဉ်များက မြ၀တီမြို့အနီးဝန်းကျင်အထိ ဗုံးကျဲမှုများလုပ်လာပြီး ပြည်သူများ မြို့ကို စွန့်ခွာ ထွက်ပြေး၊ အမှတ် ၁ ချစ်ကြည်ရေးတံတားတွင် မြ၀တီဘက်မှ မဲဆောက်ဘက်သို့ ကူးမရတော့
["စစ်ကောင်စီလေယာဉ်များက မြ၀တီမြို့အနီးဝန်းကျင်အထိ ဗုံးကျဲမှုများလုပ်လာပြီး ပြည်သူများ မြို့ကို စွန့်ခွာ ထွက်ပြေး၊ အမှတ် ၁ ချစ်ကြည်ရေးတံတားတွင် မြ၀တီဘက်မှ မဲဆောက်ဘက်သို့ ကူးမရတော့", "မြ၀တီ သောင်ရင်းမြစ်ကမ်း အမှတ် ၁၂ ဂိတ်တွင် စစ်ရှောင် ပြည်သူများပိတ်မိနေပြီး ဒဏ်ရာရ ပြည်သူတချို့ ရှိနေ၍ ကူညီကယ်ဆယ်ပေးရန် မေတ္တာရပ်ခံ", "ရန်ကုန်၊ ဧပြီ ၂၁", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်ကောင်စီလေယာဉ်များက မြို့နှင့်အလွန်နီးကပ်သော နေရာများအထိ ဗုံးကျဲမှုများပြုလုပ်လာပြီး ပြည်သူများအားလုံးမြို့ကို စွန့်ခွာ ထွက်ပြေးနေရကြောင်း မြ၀တီမြို့မှ စစ်ဘေးရှောင် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန် စစ်ကောင်စီ၏ တိုက်လေယာဉ်များက မြ၀တီမြို့နှင့် အလွန်နီးကပ်သော နေရာများအထိ ဗုံးကျဲလာကြောင်း၊ ယမန်နေ့ညပိုင်းမှ နံနက်အစောပိုင်းအထိ အမှတ် ၂ ချစ်ကြည်ရေးတံတား အနီးတွင်သာ ဗုံးကျဲခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ဘက်ကိုပါ အလွန်နီးကပ်စွာ ဗုံးကျဲလာကြောင်း ၊ မြ၀တီမြို့၏ ပြည်သူ များအားလုံးမှာ သောင်ရင်းမြစ်ကမ်းဘေးတွင် ရှိနေကြကြောင်း သိရှိရသည်။", "“ဒီမနက် ၆ နာရီ ၅၀ မိနစ် ကစ၍ မြဝတီမြို့ကို နီးကပ်တဲ့နေရာတွေအထိ စစ်တပ်က တိုက် လေယာဥ်နဲ့ ဗုံးလာကျဲနေတယ်။", "ပေါက်ကွဲသံကြားရတာက ကုန်သွယ်ရေး ဇုန် နဲ့ ညီနောင်ဘက်ပါကြားနေရပြီ။ စစ်လေယာဥ်တွေလည်း ၁၀ မိနစ် တစ်ခါလိုဗုံးကျဲနေဆဲပဲ ။ မြဝတီမြို့ရဲ့ လူဦးရေ သုံးပုံ နှစ်ပုံက သောင်ရင်းမြစ်နဲ့ မဲဆောက်ကမ်းဘက်ကို ပြေးနေကြရတယ်။ ပြေးလို့မရဘဲ ပိတ်မိနေသူတွေလည်း အများကြီးပဲ” ဟု မြ၀တီမြို့တွင် လက်ရှိအချိန်အထိ သီတင်းသုံးနေဆဲ ဆရာတော်တစ်ပါးက မိန့်ကြားသည်။", "လက်ရှိတွင် အမှတ် ၁ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ထိုင်းနိုင်ငံဘက်က ယာယီပိတ်ထားလိုက်ပြီး မြ၀တီဘက်အခြမ်းတွင် ပြည်သူများစွာ ပိတ်မိနေကြောင်း၊ သောင်ရင်းမြစ်ကမ်းဘေးများတွင်လည်း ပြည်သူများစွာရှိနေကြောင်း သိရှိရသည်။", "“မြ၀တီဘက်နေက မဲဆောက်ဘက်အကူးကို သွားလို့မရတော့ဘူး။ ထိုင်းဘက်က ပိတ်လိုက်ပြီ။ မဲဆောက်ကနေ မြ၀တီဘက်ကို ကူးချင်ရင်တော့ ထိုင်းဘက်က လွှတ်ပေးတယ်။ အခြေအနေကတော့အတော်ကို စိုးရိမ်နေရပြီ။ အမှတ် ၁ တံတားပိတ်လိုက်တော့ မြ၀တီဘက်မှာ ကူးဖို့ စောင့်နေသူတွေ ပြည်သူတွေ အများကြီး ပိတ်မိနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "ထို့ပြင် မြ၀တီဘက်အခြမ်း သောင်ရင်းမြစ်ကမ်း၊ အမှတ် ၁၂ ဂိတ်တွင် ပြည်သူများစွာ စစ်ဘေးရှောင်ရန် ပိတ်မိနေကြကြောင်း၊ ထိုင်းဘက်ကလည်း မြ၀တီ အမှတ် ၁၂ ဂိတ်မှ စစ်ဘေးရှောင် ပြည်သူများကို ကမ်းကူးခွင့်မပြုကြောင်း၊ ၁၂ ဂိတ်တွင်ဒဏ်ရာရရှိထားသော ပြည်သူများစွာလည်းရှိနေကြောင်း သိရှိရသည်။", "“သောင်ရင်းမြစ် ၁၂ ဂိတ်ဘက်မှာ ပြည်သူတွေအများကြီးပဲ ပိတ်မိနေတာ။ ထိုင်းဘက်ကလည်း ပေးမကူးဘူး။ BGF တွေကလည်းလက်နက်တွေ နဲ့ စောင့်နေကြတာ။ ဒဏ်ရရထားတဲ့ ပြည်သူတွေလည်း အများကြီးပဲ။ ကူညီကယ်ဆယ်ရေးသမားတွေ အကူအညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ပြည်သူတွေ ၁၂ ဂိတ်မှာ အရမ်းဒုက္ခရောက်နေကြပါတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ဆိုသည်။", "ဓာတ်ပုံ- ယနေ့ နံနက်ခင်းနှင့် ယမန်နေ့ ညနေပိုင်း ဓာတ်ပုံများဖြစ်ပါသည်။"]
https://yktnews.com/2023/09/122327/
စစ်ကောင်စီလျှို့ဝှက် အစည်းအဝေး မှတ်တမ်း ပေါက်ကြားခဲ့မှု ၊ လာဘ်ပေး လာဘ် ယူမှု များအတွက် ပြည်ထဲရေး ဝန်ကြီး ဟောင်း စိုးထွဋ်၊ ရဲမှူးချုပ် အောင်ဌေးမြင့် နှင့် စစ်ကိုင်း လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော် တို့ကို စစ်တပ်က စစ်ဆေးနေ
["စစ်ကောင်စီလျှို့ဝှက် အစည်းအဝေး မှတ်တမ်း ပေါက်ကြားခဲ့မှု ၊ လာဘ်ပေး လာဘ် ယူမှု များအတွက် ပြည်ထဲရေး ဝန်ကြီး ဟောင်း စိုးထွဋ်၊ ရဲမှူးချုပ် အောင်ဌေးမြင့် နှင့် စစ်ကိုင်း လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော် တို့ကို စစ်တပ်က စစ်ဆေးနေ", "ရန်ကုန်၊ စက်တင်ဘာ ၁၄", "Khit Thit သတင်းဌာနထံသို့ NUG ၊ CRPH နှင့် PDF နှိမ်နင်းရေး စစ်ကောင်စီ လျှို့ဝှက် အစည်းအဝေး မှတ်တမ်း ယခုနှစ် ဇန်နဝါရီလအတွင်း ပေါက်ကြားခဲ့မှု အတွက် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ရဲမှူးချုပ် အောင် ဌေးမြင့်နှင့် စစ်ကိုင်းလမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော် တို့ကို စစ်တပ်က စစ်ဆေးနေကြောင်း နေပြည်တော် စစ်တပ်သတင်း ရင်းမြစ် ထံမှ သိရှိရသည်။", "NUG ၊ CRPH နှင့် PDF တို့ကို ချေမှုန်းရေး အတွက် ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ် ဦးဆောင်ကျင်းပခဲ့သည့် စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်းကို Khit Thit သတင်းဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သတင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းပေါက်ကြားမှုအတွက် နောက်ကြောင်းပြန်၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "၂၀၂၃ ခုနှစ်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ၏ လျှို့ဝှက် အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် အပါအဝင် ဌာနပေါင်းစုံမှ အရာရှိ ကြီး ၅၅ ဦးတက်ရောက်ခဲ့ကြောင်း၊ ထိုအစည်းအဝေးတွင် နိုင်ငံဖြတ် ကျော်မှုခင်း ဌာန၏ ဌာနကြီးမှူးလည်းဖြစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ တွဲဖက် အတွင်းရေးမှူးလည်းဖြစ်သူ ရဲမှူးချုပ်အောင်ဌေးမြင့်က မှတ်တမ်း အတွက် တာဝန်ယူခဲ့ရကြောင်း ၊ ရဲမှူးကြီး ဉာဏ်မြင့်ကျော်မှာမူ ယင်းအစည်း အဝေး ကိစ္စ အပြင် လာဘ်ပေးလာဘ်ယူ ကိစ္စ တိုင်ကြားခံရသဖြင့် ဖမ်းဆီး အရေးယူစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က အစစ်ဆေးခံနေ ရတယ်။ ခင်ဗျားတို့ဆီကို ဒီနှစ် ဇန်နဝါရီလတုန်းက ပေါက်ကြားခဲ့တဲ့ အကြမ်း ဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး မှတ်တမ်း၊ နောက်တစ်ခါ ပြည်ထဲရေးဝန်ကြီးဘ၀တုန်းက တိုင်ကြားခံရတဲ့ လာဘ်ပေးလာဘ်ယူမှုတွေ အဲဒါတွေလည်း စစ်ဆေးခံနေရတယ်။ ရဲမှူးချုပ်အောင်ဌေးမြင့်ကတော့ ဖမ်းထားခဲ့ တယ်။ အဲဒီက ခံဝန်နဲ့ ပြန်လွှတ်ပြီး အခုပြန်ဖမ်းတယ်။ အဲဒါလည်း လျှို့ဝှက်အစည်းအဝေး ကိစ္စပဲ။ နောက်တစ်ခါ စစ်ကိုင်းတိုင်းလမ်းပန်း ဆက် သွယ် ရေးဝန်ကြီး ရဲမှူး ဉာဏ်မြင့်ကျော်လည်း အစစ်ဆေးခံနေရတယ်။ လျှို့ဝှက်အစည်းအဝေးကိစ္စနဲ့ လာဘ်ပေးလာဘ်ယူမှုတွေပဲ။ အခြားအဖမ်းခံရပြီး စစ်ဆေးခံနေရတဲ့ ဒုရဲမှူးကြီးတွေနဲ့ ရဲမှူးတွေလည်းရှိတယ်။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြောင်းလဲပြီးမှ အမှုတွေ ပြန်စစ်တာ” ဟု နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကို မင်းအောင်လှိုင် က ဩဂုတ်လ ၃ ရက်နေ့တွင် အရေးပါမသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၁ ဝန်ကြီး အဖြစ် ပြောင်းရွှေ့ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြည်ထဲရေး ဝန် ကြီး အဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။", "ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်သည် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီ အပါအဝင် တော်လှန်ရေး ရဲဘော် ၄ ဦးကို အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးသတ်ဖြတ်ရာတွင် အဓိက ဦးဆောင်ပါ ဝင်ခဲ့ သူ လည်းဖြစ်သည်။"]
https://yktnews.com/2023/04/99024/
စစ်ကောင်စီသင်္ကြန်စည်ကားရေး မြိတ်မြို့ဗဟိုမဏ္ဍပ်ဆောက်လုပ်မှုအတွက် ဦးဆောင်သူ ဦးစောဂျက်နှင့်ဇနီး ကားပေါ်တွင် ဗုံးပေါက်ကွဲပြီး သေဆုံး
["စစ်ကောင်စီသင်္ကြန်စည်ကားရေး မြိတ်မြို့ဗဟိုမဏ္ဍပ်ဆောက်လုပ်မှုအတွက် ဦးဆောင်သူ ဦးစောဂျက်နှင့်ဇနီး ကားပေါ်တွင် ဗုံးပေါက်ကွဲပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၃", "တနင်္သာရီတိုင်း၊ မြိတ်မြို့ ဗဟို မဏ္ဍပ် ဆောက်လုပ်ရာတွင် ဦးဆောင်ပါဝင်ခဲ့ သည့် ဦးစောဂျက်နှင့်ဇနီးတို့သည် ကားပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦးလုံးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မြိတ်မြို့၊ ကန်ဖျား လမ်းမ ကြီး၊ ဦးမြတ်လေး ပန်းခြံ အနီးတွင် မြိတ်မြို့ ဗဟို မဏ္ဍပ် ဆောက်လုပ်ရာတွင် ဦးဆောင် ပါဝင်ခဲ့သည့် ဦးစောဂျက်နှင့် ဇနီးတို့ ကားမောင်းလာစဉ် ကားပေါ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၂ ဦးလုံးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "” အခုသေသွားတဲ့ လင်မယားက မြိတ်ဗဟို မဏ္ဍပ်ကို ဦးဆောင် ဆောက် လုပ် ခဲ့တဲ့ သူတွေ စစ်ခွေး ဘောမတွေပါ။ ပါဆယ်ဗုံးနဲ့ တိုက်ခိုက်တာလား။ ဘယ်လို လဲတော့ မသိဘူး။ သေချာတာကတော့ အဲကားထဲကပဲ ပေါက်ကွဲမှု ဖြစ်ပြီး ၂ ဦးလုံးပွဲချင်းပြီးသေတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။", "လက်ရှိတွင် စစ်တပ်က မြိတ်မြို့ကို ပိတ်ဆို့ စစ်ဆေးနေသည့်အပြင် စုံစမ်း စစ် ဆေး မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/133791/
စစ်ကောင်စီအတွက် KNU တပ်မဟာ ၁ ၏ စစ်ရေးသတင်းများ ထောက်လှမ်းနေသူ သထုံမြို့နယ်မှ သန်းနိုင် မုန့်ဟင်းခါးစားပြီး အပြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံး
["စစ်ကောင်စီအတွက် KNU တပ်မဟာ ၁ ၏ စစ်ရေးသတင်းများ ထောက်လှမ်းနေသူ သထုံမြို့နယ်မှ သန်းနိုင် မုန့်ဟင်းခါးစားပြီး အပြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေတွင် စစ်ကောင်စီအတွက် စစ်ရေးသတင်းများ စုဆောင်း ထောက်လှမ်းနေသူ သထုံမြို့နယ်မှ သန်းနိုင်သည် ယနေ့ မုန့်ဟင်းခါးဆိုင်မှ မုန့်ဟင်းခါးစားပြီး အပြန်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် တပင်ရွှေထီးစစ်ကြောင်းထံမှ သိရှိရသည်။", "နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန် သထုံမြို့နယ်၊သုဝဏ္ဏဝတီမြို့ ၊ကျိုက္ကော်ရပ်ကွက်၊ တိုင်ကောက်လမ်းဝ မုန့်ဟင်းခါးဆိုင်မှ မုန့်ဟင်းခါးစားပြီးပြန်လာသော စစ်ထောက်လှမ်းရေး၏ ဒေါက်တိုင် သန်းနိုင်သည် သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“သူ ကားပေါ်မတက်ခင် မျက်နှာချင်းဆိုင်ကနေ ဆိုင်ကယ်နဲ့ ၃ ချက်ပစ်တာ။ ရင်ဘတ်ကို ထိပြီး ပွဲချင်းပြီး မှောက်လျက်ကြီး သေတယ်။” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "တပင်ရွှေထီစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင်မူ စစ်ကောင်စီ၏ စစ်ရေးကိစ္စရပ်များအတွက် အရေးပါသော စကစ ထောက်တိုင် စရဖအတွက် အလုပ်လုပ်နေသူ သန်းနိုင်ကို KNU/KNLA တပ်မဟာ ၁ တပ်ရင်း ၂ တပ်ခွဲ ၃ လက်အောက်ခံ HRS မြို့ပြပျောက် ကျားအဖွဲ့မှ ကျည် ၅ တောင့်ဖြင့် ပစ်ခတ်ခဲ့ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/06/106518/
စစ်ကောင်စီအတွက် ငွေရှာပေးနေသော သာကြီးတောင်ရေနံမြေမှ ဌာနမှူး အောင်မိုး၊ ရေနံမြေရဲ ၂ ဦး အပါအဝင် Non-CDM ဝန်ထမ်း ၆ ဦး လက်နက် ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးမှု ခံရပြီး ပျောက်ဆုံးနေ
["စစ်ကောင်စီအတွက် ငွေရှာပေးနေသော သာကြီးတောင်ရေနံမြေမှ ဌာနမှူး အောင်မိုး၊ ရေနံမြေရဲ ၂ ဦး အပါအဝင် Non-CDM ဝန်ထမ်း ၆ ဦး လက်နက် ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးမှု ခံရပြီး ပျောက်ဆုံးနေ", "ရန်ကုန်၊ ဇွန် ၇", "မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကံမမြို့နယ်တွင် စစ်ကောင်စီအတွက် ငွေရှာပေးနေသော သာကြီးတောင်ရေနံမြေမှ ဌာနမှူး အောင်မိုး၊ ရေနံမြေရဲ ၂ ဦး အပါအဝင် Non-CDM ဝန်ထမ်း ၆ ဦး လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးမှု ခံရပြီး ပျောက်ဆုံးနေကြောင်း မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ထံမှ သိရှိရသည်။", "ဇွန်လ ၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် သာကြီးတောင်ရေနံမြေမှ ဆီဘောက်ဆာဖြင့် ရေနံများ သယ်ယူရင်း", "သာကြီးတောင်ရေနံမြေ ထုတ်လုပ်ရေးဌာနမှူး၊ အင်ဂျင်နီယာ အောင်မိုး၊ ရေနံမြေရဲ ၂ ဦး၊ ထုတ်လုပ်ရေးဝန်ထမ်းများ အပါအဝင် Non-CDM ဝန်ထမ်း ၆ ဦး လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံရခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဖမ်းဆီးခံရသူ အောင်မိုးသည် စစ်ကောင်စီအတွက် ဝင်ငွေ အကြီးအကျယ် ရှာပေးနေသူဖြစ်ကြောင်း၊ စစ်တပ်အတွက် အမှန်တကယ် အလုပ်လုပ်ပေးနေသည့် လာဘ်ပေးလာဘ်ယူအကြီးအကျယ် လုပ်ဆောင်သူလည်းဖြစ်ကြောင်း သိရှိရသည်။", "“အောင်မိုးက စစ်ကောင်စီတအတွက် ကျေကျေနပ်နပ် တာဝန်ကျေပွန်စွာ အားရပါးရ ထမ်းဆောင်နေတဲ့သူ။ နေ ပြည် တော် ထုတ်လုပ်ရေးဌာန ညွှန်ကြားရေးမှူး စိုင်းကျော်ကျော်အောင် / ဒုညွှန်မှူး ကျော်ဇင်ဖြိုးတို့ရဲ့ လက်စွဲ တပည့်ဖြစ်တယ်။ အောင်မိုးက ချောက်မြို့မှာ နေထိုင်တယ်။ စစ်ကောင်စီလက် အောက်မှာ ရာထူးတိုး ယူချင်သူတွေ ဖြစ်တယ်။ အောင်မိုးမှာ ငွေတွေပါတယ်။ အောင်မိုးက အောက်ခြေကနေ နေပြည်တော်က ညွှန်ချုပ်တွေနဲ့ လူကြီးတွေကို ရှာကျွေးနေတာ။ ခေတ်ပျက်မှာ ငွေရှာ လုပ်စားနေတဲ့ ဌာနမှူး။ အထက်လူတွေကို ရှာကျွေးနေတာ။ တော်ရုံ တန်ရုံ ခိုးလို့ပြသနာဖြစ်ရင် နပတက လူကြီးတွေကို ပိုင်တယ်ဆိုပီး ပိုတိုးပြီး ခိုးတာ။ သူတို့ခိုးငွေတွေသည် သူတို့မိသားစုနဲ့ စစ်ကောင်စီ ထောက်တိုင်ရန်ပုံငွေပါပဲ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။", "လက်ရှိတွင် စစ်ကောင်စီ၏ MOGE ဌာနမှူး အောင်မိုး အပါအဝင် Non-CDM ဝန်ထမ်း ၆ ဦးကို ဖမ်းဆီးသွားသည့် အဖွဲ့မှာ မည်သည့်အဖွဲ့ ဆိုသည်ကို မသိရှိရသေးပေ။", "ဓာတ်ပုံ- သာကြီးတောင်ရေနံမြေပတ်ဝန်းကျင်တွင် ရေနံပိုက်လိုင်း ပြုပြင်နေသော MOGE ဝန်ထမ်းများနှင့်ရေနံမြေရဲများ။ (ပုံအဟောင်းဖြစ်သည်။)"]
https://yktnews.com/2023/10/124998/
စစ်ကောင်စီအတွက် နိုင်ငံခြားငွေ ရှာပေးနေသည့် PTTEP က မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းနှစ်ခုအတွက် စာချုပ် သက်တမ်း တိုးရန်ရှိနေ
["စစ်ကောင်စီအတွက် နိုင်ငံခြားငွေ ရှာပေးနေသည့် PTTEP က မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းနှစ်ခုအတွက် စာချုပ် သက်တမ်း တိုးရန်ရှိနေ", "ရန်ကုန်၊ အောက်တိုဘာ ၃", "ထိုင်း ရေနံ နဲ့ သဘာဝဓာတ်ငွေတူးဖော်ရေး ကုမ္ပဏီ PTTEP က မြန်မာနိုင်ငံ မှာ ရှိတဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း နှစ်ခုအတွက် စာချုပ် သက်တမ်း တိုးမြှင့်ဖို့ ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထား ပါတယ်။", "၂၀၂၈ ခုနှစ် မှာ စာချုပ်ကုန်ဆုံးမယ့် ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း တစ်ခုနဲ့ နောင်လာမယ့် နှစ်ပေါင်း ၂၀ မှာ စာချုပ်ကုန်ဆုံးမယ့် စီမံ ကိန်း တစ်ခု အတွက် စာချုပ်သက်တမ်း တိုးမြင့်နိုင်တယ်လို့ PTTEPရဲ့ အမှု ဆောင် အရာရှိချုပ် မွန်ထရီ ရဝမ်ချိုင်းကူ(Montri Rawanchaikul) ကပြီးခဲ့တဲ့ တနင်္လာနေ့မှာ ရိုက်တာကို ပြောကြားခဲ့တာဖြစ်ပါတယ်။", "PTTEP နဲ့ မြန်မာ စစ်တပ် အကြားစာချုပ်ချုပ်ဆိုထားတဲ့ ကမ်းလွန် သဘာဝ ဓာတ်ငွေ့တူးဖော်ရေး စီမံကိန်း လေးခု ထိ ရှိနေပြီး အဲ့ဒီထဲက နှစ်ခုကို သက်တိုး ဖို့ အလိုရှိနေတာဖြစ်နေတာဖြစ်ပါတယ်။", "PTTEP ဟာ မြန်မာနိုင်ငံ မုတ္တမ ပင်လယ်ကွေ့က ရတနာ ၊ ရဲတံခွန် ၊ ဇောတိ က ၊ Myanmar M3 သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း လုပ်ကွက်တွေ ကို နှစ်ရှည်တင်ဒါအောင်မြင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီထဲက ဘယ်စီမံကိန်း တွေ ကို သက်တမ်းတိုးမြင့် မယ်ဆိုတာကိုတော့ PTTEPရဲ့ အမှုဆောင်အရာရှိ ချုပ် က အတည်ပြု ပြောဆိုထားတာ မတွေ့ရသေးပါဘူး။", "PTTEP က ထိုင်းနိုင်ငံတွင်းမှာလည်း လေလံလုပ်ကွက် ၃ ကွက်ထဲက ၂ ကွက် တင်ဒါ အောင်မြင်ခဲ့ ထားတယ်လို့ သိရပြီး ယခင် အမေရိကန်ရေနံကုမ္ပဏီကြီး Chevron က အနှစ် ၄၀ နီးပါးတူးဖော်ခဲ့တဲ့ ထိုင်းနာမည်ကြီး သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် အီရဝမ်ဓာတ်ငွေ့ စီမံကိန်းနေရာလည်းပါဝင်ပါတယ်။", "အီရဝမ်ဓာတ်ငွေ့ စီမံကိန်း ဟာ Chevron ကတူးဖော်နေချိန် ၂၀၁၉ ခုနှစ် တုန်းက တနေ့ကို ကုဗပေသန်းပေါင်း ၁,၂၀၀ ထွက်ခဲ့တဲ့ ဒီ လုပ်ကွက်ဟာ ခု အခါမှာ သန်းပေါင်း ၂၇၀ ပဲ ထွက်တော့ တာကြောင့် PTTEP ဟာ တခြား သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်တွေကို ပိုမိုရှာဖွေဖို့ လုပ်ဆောင်နေ တာဖြစ်ပါတယ်။", "PTTEPရဲ့ အမှုဆောင်အရာရှိချုပ် မွန်ထရီ ရဝမ်ချိုင်းကူ ကတော့ “ကျနော်တို့က ချဲ့ဖို့ မဟုတ်ပါဘူး။ ထိုင်းနဲ့မြန်မာလိုအပ်ချက်အတွက် စိတ်ချရဖို့အတွက်သာ ဖြစ်ပါတယ်” လို့ ရိုက်တာ သတင်းဌာနနဲ့ အဘူဒါဘီမှာလုပ်နေတဲ့ စွမ်းအင် လုပ်ငန်း ညီလာခံ ADIPEC မှာတွေ့ဆုံချိန်ဖြေကြားသွားခဲ့ပါတယ်။", "PTTEP အနေနဲ့ လက်ရှိအချိန် မှာစာချုပ်သက်တမ်းတိုးမြှင့် မယ်ဆိုရင် မြန်မာ နိုင်ငံရဲ့ အာဏာသိမ်းစစ်ကောင်စီအစိုးရ နဲ့ လက်မှတ်ရေးထိုးရ မှာဖြစ်ပါတယ်။", "မြန်မာနိုင်ငံက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ နဲ့ တော်လှန်ရေး အဖွဲ့ အစည်း တွေ ကတော့ စစ်ကောင်စီကိုငွေကြေးအထောက်အပံ့ပေးနိုင်တဲ့ ရေနံ နဲ့ သဘာဝဓာတ်ငွေတူးဖော်ရေး စီမံကိန်းတွေကို ကန့်ကွက်နေကြပါတယ်။", "မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ ဆိုးဝါးလာနေတဲ့အတွက် မြန်မာနိုင်ငံထဲမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ပြင်သစ် စွမ်းအင်ကုမ္ပဏီ TOTAL နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့က ၂၀၂၂ ခုနှစ် ဇန်နဝါရီ လမှာကြေညာခဲ့ပါတယ်။", "ဒါ့အပြင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂ က ဒဏ်ခတ်ပိတ်ဆို့ ထားပြီး အမေရိကန် ပြည်ထောင်စု အနေနဲ့လည်း အရေး ယူ ပိတ်ဆို့ပေးဖို့ အစဉ်တစိုက်တောင်းဆိုနေကြတာပါတယ်။"]
https://yktnews.com/2024/08/179125/
စစ်ကောင်စီအတွက် လက်နက်ခဲယမ်းနှင့်စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အဓိက သယ်ယူမှုများရှိနေသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် မိုင်းပေါက်ကွဲပြီး စစ်သားနှင့်ရဲများ လိုက်ပါသော လုံခြုံရေးကင်းလှည့်ရထား တိမ်းမှောက်
["စစ်ကောင်စီအတွက် လက်နက်ခဲယမ်းနှင့်စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အဓိက သယ်ယူမှုများရှိနေသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် မိုင်းပေါက်ကွဲပြီး စစ်သားနှင့်ရဲများ လိုက်ပါသော လုံခြုံရေးကင်းလှည့်ရထား တိမ်းမှောက်", "ရန်ကုန်၊ ဩဂုတ် ၁၅", "အကြမ်းဖက် စစ်ကောင်စီအတွက် လက်နက်ခဲယမ်းနှင့်စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အဓိက သယ်ယူမှုများရှိနေသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် မိုင်းပေါက်ကွဲပြီး လုံခြုံရေးကင်းလှည့်ရထား တိမ်းမှောက်သွားခဲ့ကြောင်း မီးရထား သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။", "ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ဖြူးမြို့နယ်၊ ညောင်လေးပင် ဘူတာမှ စစ်သားနှင့်ရဲများ လိုက်ပါသော လုံခြုံရေး ကင်းလှည့်ထွက်လာသော ရထားကို ညောင်ပင်သာနှင့်ဖြူးဘူတာအကြား ရထားလမ်း အဆန်လမ်း မိုင်တိုင်အမှတ် ၁၃၂ တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် ရထားထိမှန်ပြီး လမ်းချော်သွားခဲ့ကြောင်း သိရှိရသည်။", "“လက်နက်ခဲယမ်းနဲ့ စစ်ပစ္စည်းတွေ သယ်ယူတာမျိုးရှိရင် ရထားနဲ့ ကင်းလှည့်တာမျိုးတွေရှိပါတယ်” ဟု မီးရထားသတင်းရင်းမြစ်က ပြောဆိုသည်။", "မိုင်းဆွဲမှုကြောင့် ရထားလမ်းများ ထိခိုက်ပျက်စီးမှုရှိပြီး ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းမှုများ ရှိခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီက ရထားလမ်းတစ်လျှောက်တွင် လုံခြုံရေးပိုမိုတိုးမြှင့်ထားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/178518/
စစ်ကောင်စီအတွင်း တိုက်တိုင်းရှုံး စစ်ရေး မဟာဗျူဟာများကို ပြန်လည်သုံးသပ်နေပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ၊အထက် အမိန့် တင်ပြ စောင့်ဆိုင်းရန်မလိုဘဲ စစ်ဆင်ရေးအတွက် ဗိုလ်ချုပ်များကို အာဏာအပြည့်ပေးရန် ရှိနေ
["စစ်ကောင်စီအတွင်း တိုက်တိုင်းရှုံး စစ်ရေး မဟာဗျူဟာများကို ပြန်လည်သုံးသပ်နေပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ၊အထက် အမိန့် တင်ပြ စောင့်ဆိုင်းရန်မလိုဘဲ စစ်ဆင်ရေးအတွက် ဗိုလ်ချုပ်များကို အာဏာအပြည့်ပေးရန် ရှိနေ", "ရန်ကုန်၊ ဩဂုတ် ၁၂", "အကြမ်းဖက်စစ်ကောင်စီအတွင်း တိုက်တိုင်းရှုံး စစ်ရေး မဟာဗျူဟာများကို ပြန်လည်သုံးသပ်နေပြီး ဗဟိုချုပ်ကိုင်မှု လျှော့ ချရန်၊ အထက်အမိန့် စောင့်ဆိုင်းရန်မလိုဘဲ စစ်ဆင်ရေးအတွက် ဗိုလ်ချုပ်များကို အာဏာအပြည့်ပေးရန် ရှိနေကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်။", "ဩဂုတ်လ ၃ ရက်နေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက် ပြီးနောက် အကြမ်းဖက်စစ်ကောင်စီအတွင်း အကြီးအကျယ် ရိုက်ခတ်မှုများရှိနေကြောင်း၊ယင်းနောက် အကြမ်းဖက် မင်းအောင်လှိုင်က ၎င်းယုံကြည်စိတ်ချရသော ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တချို့နှင့် တိုက်တိုင်းရှုံး မဟာဗျူဟာကို ပြန်လည် သုံးသပ် လျက်ရှိကြောင်း၊ ထို့ပြင် စစ်ရေးတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး စစ်တိုင်းမှူးနှင့် အထူးအာဏာလွှဲအပ်ခြင်းခံရသော စစ်အရာရှိကြီးများကို အထက်အမိန့် စောင့်ဆိုင်းရန်မလိုဘဲ စစ်ဆင်ရေးဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့် အာဏာအပြည့်ပေးရန် တို့ကို ဆွေးနွေးမှုများရှိနေကြောင်း သိရှိရသည်။", "“စစ်တပ်အတွင်းမှာ စစ်ရေးအတွက် Decentralization လုပ်ဖို့ ၊ စစ်ဆင်ရေးတွေမှာ အထက်အမိန့်အဆင့်ဆင့်ကို ခံယူနေရတာကို လျှော့ချဖို့ ၊ နယ်မြေခံ စစ်တိုင်းမှူးတွေကို အခွင့်အာဏာ အပြည့်ပေးပြီး စစ်ဆင်ရေးမှာ ဦးဆောင်ခိုင်းဖို့ဆိုတာမျိုး ဆွေးနွေးမှုတွေရှိနေတယ်လို့သိရတယ်။ အဓိက လက်လွှတ်လိုက်ရတဲ့ စခန်းတွေ တိုင်းစစ်ဌာနချုပ်အထိပါ ဆုံးရှုံးမှုတွေအတွက် ပြန်လည် သုံး သပ်မှုလုပ်ပြီး ခုခံစစ်နဲ့ ထိုးစစ် တပြိုင်နက်တည်းလုပ်ဆောင်နိုင်ရေးတွေလည်း ဆွေးနွေးမှုရှိနေတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ရေးအရ ရှုံးနိမ့်မှုသည် ၎င်းတစ်ဦးတည်းကြောင့်မဟုတ်ဘဲ အစုအဖွဲ့အလိုက် ရှုံးနိမ့်မှုပုံစံသဘောမျိုးဖြင့် သုံးသပ်ဆွေးနွေးမှုများ လုပ်ဆောင်လာကြောင်း၊ စစ်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များ အကြံပြုသင့်သည်များကိုလည်း ထိပ်တန်းစစ်ဗိုလ်ချုပ်များကို တင်ပြရန် ညွှန်ကြားမှုများလည်း ရှိနေကြောင်း သိရှိရသည်။", "လတ်တလော စစ်တပ်အတွင်း ရမခ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၁ လအတွင်း ဆုံးရှုံးရမှုကြောင့် မင်းအောင်လှိုင် အပါ အဝင် စစ်ဗိုလ်ချုပ်များအကြား ဖိအားများစွာ ရင်ဆိုင်နေရကြောင်း၊ တပ်တွင်း အောက်ခြေတပ်များအကြား စိတ်ဓာတ်ပြိုလဲနေမှုများကို အားတက်စေရေး နည်းလမ်းရှာနေရသည့်အပြင် တပ်တွင်း ပုန်ကန်မှုများရှိလာမည့်အပေါ်လည်း စိုးရိမ်မှုများရှိ နေကြောင်း သိရှိရသည်။", "“ရမခ ကျသွားတာက တပ်ထဲမှာ အရမ်းကို ဂယက်ရိုက်ခတ်မှုကြီးပါတယ်။ ရမခကျတဲ့အပြင် တိုင်းမှူးတွေပါ အဖမ်းခံလိုက်ရတော့ စိတ်ဓာတ်ပိုင်းအရ အတော်ကြီး ကျဆင်းမှုတွေလည်းဖြစ်ပါတယ်။ အဲဒါတွေကို ပြန်ပြီးတော့ ဆယ်တင်ဖို့ တပ်မတော်ထိပ်ပိုင်းကို ဖိအားတွေ များနေတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။", "၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါးကို စစ်ကောင်စီက လက်လွှတ်နေရသည့်အပြင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာရီတိုင်းနှင့် ကရင်နီပြည်နယ်၊ စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင်လည်း စစ်ကောင်စီက စစ်ရေးအရ ဆုံးရှုံးများစွာ ကြုံတွေ့နေရကာ နယ်မြေများကို လက်လွှတ်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/206734/
စစ်ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီး၊ ဒုဝန်ကြီး ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့ အရေး ယူ
["စစ်ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီး၊ ဒုဝန်ကြီး ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့ အရေး ယူ", "ရန်ကုန်၊ မတ် ၈", "အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင်များ၊ ဝန်ကြီး၊ ဒုဝန်ကြီး ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါနိုင်ငံအစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေး ယူကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Melanie Joy က ယနေ့ ကြေညာသည်။", "ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခြင်းအတွက် မြန်မာစစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းဖြစ် ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့ခံရသူများတွင် စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဝန်ကြီး ကံဇော်၊ ဝန်ကြီး ကိုကိုလှိုင်၊ ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ ပို့/ဆက်ဒုဝန်ကြီး အောင်ကျော်ထွန်း၊ ပို့/ဆက် ဒုဝန်ကြီး အောင်မြိုင်၊ ကာကွယ် ရေးဒုဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး သန်းသန်းလင်း၊ ဒုဝန်ကြီး မင်းထွဋ်၊ စစ်ကောင်စီရုံးဝန်ကြီး ခွန်သန့်ဇော်ထူး၊ ထင်ကျော်သူ၊ အောင်ကျော်ဟိုး တို့ပါဝင်ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့တပ်မတော်နှင့် အမှတ် ၃၃ ခြေလျင်တပ်ရင်းတို့ကိုလည်း ကနေဒါက အရေးယူဒဏ်ခတ်ပိတ်ဆို့ကြောင်း ဆက်လက် ကြေညာသည်။", "ယနေ့ ထုတ်ပြန်လိုက်သော ပိတ်ဆို့အရေးယူမှုများမှာ ၎င်းတို့ ကျူးလွန်ခဲ့သည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ပိုမိုဆိုးရွာလာသော အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ မတည်မငြိမ်မှုများကို တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပြီး မတည်ငြိမ်မှုများနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ တိုးလာခဲ့ကြောင်း ကနေဒါက ဆိုသည်။", "၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ ကုလသမဂ္ဂ၏ အစီအရင်ခံစာအရ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သား ပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၄ လအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၆၁ ဦးအပါအဝင် အရပ်သား ၃၅၉ ဦး သေဆုံးခဲ့ပြီး အရပ်သား ၇၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ကနေဒါကအနေဖြင့် နိုင်ငံများအားလုံးကို မြန်မာစစ်ကောင်စီအပေါ် အရေးယူမှုများ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ မြန်မာစစ်တပ်ကို စစ်ဆင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုအားလုံး ရပ်ဆိုင်းရန်၊ လက်နက်၊စစ်ဘက်ဆိုင်ရာ ပစ္စည်း၊ ကိရိယာများနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာအကူအညီများ လွှဲပြောင်းပေးခြင်းတို့ကို ရပ်ဆိုင်းရန်လည်း နိုင်ငံတကာသို့ တောင်းဆိုသည်။", "မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် ကနေဒါနိုင်ငံသည် နိုင်ငံတကာမိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်မှု ပြန်လည်ထူထောင်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တာဝန်ခံမှု ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကနေဒါက ​ကြေညာသည်။", "“တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်ကောင်စီကကျူးလွန်နေမှုတွေအပေါ် ကနေဒါကတော့ ငြိမ်သက်နေမှာ မဟုတ်ပါဘူး။ ကနေဒါနိုင်ငံအနေနဲ့ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ အနာဂတ်ကို ဖော်ဆောင်ပေးမယ့် မြန်မာ ပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ဆက်လက် ထောက်ခံသွားမှာ ဖြစ်ပါတယ်။”ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Mélanie Jolyက ဆိုသည်။", "ကနေဒါက လက်ရှိအချိန်အထိ မြန်မာစစ်ကောင်စီနှင့် ဆက်စပ်နေသော လူပုဂ္ဂိုလ် ၁၄၉ ဦးနှင့် အဖွဲ့အစည်း ၉၂ ခုကို အရေးယူထားပြီဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/124034/
စစ်ကောင်စီအဖွဲ့ဝင်သစ်အဖြစ် သန်းရွှေ လောင်းရိပ် မကင်းသော ထိပ်တန်း ဗိုလ်ချုပ် ၂ ဦးကို မင်းအောင်လှိုင်က ခန့်အပ်
["စစ်ကောင်စီအဖွဲ့ဝင်သစ်အဖြစ် သန်းရွှေ လောင်းရိပ် မကင်းသော ထိပ်တန်း ဗိုလ်ချုပ် ၂ ဦးကို မင်းအောင်လှိုင်က ခန့်အပ်", "ရန်ကုန်၊ စက်တင်ဘာ ၂၆", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီအဖွဲ့ဝင် သစ်အဖြစ် စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ ၏ လောင်းရိပ်မကင်းသော ထိပ်တန်း စစ်ဗိုလ်ချုပ် ၂ ဦးကို ခန့်အပ်ပြီး သွေးသစ် စစ်ဗိုလ်ချုပ်များကို နေရာမပေးသေးကြောင်း စစ်ဘက်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။", "စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ဒေါ်လာစျေးကစားမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် အရေးယူကာ စစ်ဘက်နှင့်အရပ်ဘက် ရာထူးတာဝန်များမှ အနားပေခဲ့ပြီး အခြား စစ်ကောင်စီအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှလည်းကောင်း၊ စစ်ကောင်စီ၏ ဝန်ကြီးရာထူးမှလည်းကောင်း အသီးသီး အနားပေးခဲ့ကြောင်း သိရှိရသည်။", "လစ်လပ်သွားသော စစ်ကောင်စီအဖွဲ့ဝင် ၂ ဦး၏ နေရာတွင် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်‌ကြီးမောင်မောင်အေး ၊ စစ်ထောက်ချုပ်ရုံး အရန် အင်အား ဖြစ်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ကို ခန့်အပ်ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။", "စစ်ကောင်စီအဖွဲ့ဝင်သစ်ဖြစ်သည့် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း ဖြစ်ပြီး စစ်ခေါင်းဆောင်ဟောင်း သန်းရွှေက ၂၀၁၀ ခုနှစ် သြဂုတ်လတွင် ဗိုလ် မှူးချုပ် ရာထူးဖြင့် နေပြည်တော် စစ်ဌာနချုပ် တိုင်းမှူး ခန့်အပ်ခဲ့သော သန်းရွှေ သဘောကျခဲ့သည့် စစ်ဗိုလ်ချုပ်တစ်ဦးလည်းဖြစ်သည်။", "“တစ်ချိန်တုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောကျခဲ့တဲ့ စစ်ခေါင်းဆောင်ငယ်တွေထဲမှာ ဗိုလ်ချုပ် မောင်မောင်အေးလည်းပါတယ်။ ဒါကြောင့် သူက ဦးသန်းရွှေလက်ထက်မှာ နေပြည်တော် တိုင်းမှူးဖြစ်လာခဲ့တာ။ သူက နာခံတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ စစ်တပ် ထိပ်တန်း ရာထူးတွေအတွက် Line Up လုပ်ခဲ့တဲ့ သူတွေထဲမှာ တစ်ဦး အပါအဝင်လို့ ပြောလို့ရတယ်။ အဓိကကတော့ ခပ်အေးအေးနေတတ်တာရယ်၊ Complaint မရှိတာ၊ ဘာခိုင်းခိုင်း ဖြစ်အောင် လုပ်တာ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "စစ်ကောင်စီအဖွဲ့ဝင်သစ်ဖြစ်လာသည့် နောက်တစ်ဦးမှာ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောဖြစ်ပြီး အကြမ်းဖက် မင်းအောင်လှိုင်က အကြံပေးအဖြစ် မကြာမီက ခန့်အပ်ထားသူလည်းဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် စစ်ထောက်ချုပ်အဖြစ်မှ အနားယူခဲ့ပြီး စစ်တပ်၏ အရန်အင်အားစာရင်းသွင်းခံထားရပြီဖြစ်သည်။", "စစ်တပ်၏ စီးပွားရေးအဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းMEC ဥက္ကဋ္ဌ၊ အင်း၀ဘဏ် ဥက္ကဋ္ဌ ၊ မင်းအောင်လှိုင်၏ အကြံပေး စသည့် ရာထူးများစွာကို ရယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်းဖြစ်သည်။ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ထောက်ချုပ် စသည့် ရာထူး တာဝန်များ အဆင့်ဆင့် ထမ်းဆောင်ခဲ့သော်လည်း အထက်နှင့်အောက် ဝေစား၊ မျှစား အကြား သဟဇာတ ဖြစ်အောင် နေထိုင်တတ်လွန်းသဖြင့် စစ်ခေါင်းဆောင်ဟောင်း သန်းရွှေက သဘောကျခဲ့သူတစ်ဦးလည်းဖြစ်သည်။", "အကြမ်းဖက် မင်းအောင်လှိုင် စစ်ခေါင်းဆောင်ဖြစ်လာသောအခါတွင်လည်း ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို သဘောကျပြန်သည်။ ထို့ကြောင့် အငြိမ်းစား အဖြစ် သတ်မှတ်နိုင်သော အရန်အင်အားထိုင်ခုံတွင် ထိုင်နေရသည့်တိုင် ညိုစောမှာ ရာထူးတာဝန်များစွာ ရယူထားရခြင်းဖြစ်သည်။ ယနေ့အချိန်တိုင်အောင် စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ နှင့်မိသားစုအတွက် လိုအပ်ချက်များကို ၎င်းက အရေးတယူဂရုတစိုက် ဖြည့်ဆည်းပေးနေဆဲဖြစ်သည်။", "“ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက တပ်ရဲ့ စီးပွားရေးအတော်များများကို တာဝန်ယူ ကွပ်ကဲနေရပေမယ့် သူက အသံမထွက်အောင် အတော်နေတယ်။ MEC ဥက္ကဋ္ဌ လို နေရာမျိုးက စီးပွားရေး ဂွင်တွေအများကြီးပဲ။ သူက လုပ်တတ်ကိုင်တတ်တော့ နာမည်မထွက်ဘူး။ လုပ်တတ်ကိုင်တတ်ဆိုတာ အားလုံးနဲ့ ဝေစား မျှစား ဘယ်လိုလူကို ဘယ်လိုပေါင်းရမယ် ဆိုတာမျိုး သိတယ်။ အောက်ကျို့စရာရှိရင် တစ်ဆုံး အောက်ကျို့လိုက်တယ်။ အဲဒီတော့ ဦးသန်းရွှေတုန်းက သူ့ကို သဘောကျသလို လက်ရှိ တပ်ချုပ် လက်ထက်မှာလည်း သူ့ကို သဘောကျတယ်။ သူလည်းပဲ ဦးသန်းရွှေ ဩဇာအောက်က ဦးသန်းရွှေ ရွေးချယ်ခဲ့တဲ့ သူပါပဲ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "မျိုးဆက်သစ် စစ်ခေါင်းဆောင်အဖြစ် တပ်တွင်း ထင်ကြေးပေးခဲ့ကြသော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း လာဘ်ပေးလာဘ်ယူမှုများစွာဖြင့် ဒေါ်လာစျေးကွက်ကို ထိန်းချုပ်ခဲ့မှုသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် အကျပ်ရိုက်စေခဲ့ပြီး မျိုးဆက်သစ် ဗိုလ်ချုပ်များကို နေရာပေးရန် မဝံ့မရဲ ဖြစ်ခဲ့ပုံရသည်ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "“စစ်တက္ကသိုလ်အပတ်စဉ် ၃၀ ဆင်း မျိုးဆက်သစ် စစ်ခေါင်းဆောင်လို့ ထင်ကြေး ပေးခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ပတ်သက်လို့ ဖြစ်သွား တာ တွေက လက်ရှိ တပ်ချုပ်အနေနဲ့ အတော် အကျပ်ရိုက်သွားတယ်လို့ ပြောရမယ်။ မျိုးဆက်သစ်တွေ နေရာပေးမယ့်လည်း သူ့ထက်ပိုပြီး လက်စောင်း ထက်သွားတော့ ဒါကို သူအတော်လေး စိုးရိမ်သွားပုံရ တယ်။ ဒါကြောင့် အခုနောက်ပိုင်း အရေးကြီး စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ နေရာမှာ ဦးသန်းရွှေရဲ့ လူယုံ တပည့်ရင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးကို နေရာပေးတယ်။ ဦးသန်းရွှေ လက်ထက်မှာပဲ ထိပ်တန်းရှေ့ပြေးခဲ့ တဲ့ ဗိုလ်ချုပ်တွေဖြစ်တဲ့ ဗိုလ်ချုပ်မောင် မောင် အေးနဲ့ ဗိုလ်ချုပ် ညိုစောကို ပြန်သုံးတယ်။ Line Up မှာ မျိုးဆက် သစ်တွေကို မသုံးရဲတာမျိုးလို့ သုံးသပ်လို့ရပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။"]
https://yktnews.com/2023/12/133890/
စစ်ကောင်စီအဖွဲ့ဝင်ဟောင်းနှင့် အကြံပေး သိန်းညွန့် ထူထောင်ထားသော အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ သန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး
["စစ်ကောင်စီအဖွဲ့ဝင်ဟောင်းနှင့် အကြံပေး သိန်းညွန့် ထူထောင်ထားသော အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ သန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်ဟောင်း နှင့် အကြံပေး သိန်းညွန့် ထူထောင်ထားသော အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ သန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် သိန်းညွန့် ထူထောင်ထားသော အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဥက္ကဌ သန်းထွန်းသည် ၎င်းနေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်ငမိုးရိပ်ရပ်ကွက် ၃လမ်းတွင် ဖွင့်လှစ်ထားသော မိတ္တူဆိုင်တွင် ပစ်ခတ်ခံရ‌ြ ပြီး သေဆုံးသွားကြောင်း၊ သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရကြောင်း သိရှိရသည်။", "” ဦးသန်းထွန်းက သေဆုံးတာမှာ သေနတ်ဒဏ်ရာ ၆ချက်နဲ့ သေတယ်။ အခုတော့ ဆိုင်ကယ်နဲ့ဘေးတွဲတွေ တွေ့သမျှအကုန်ဖမ်းနေတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ ဒီရက်ပိုင်းဧည့်စစ်ကြမ်းဖို့ရှိတယ်။ ငမိုးရိပ်၊ စံပြ၊လေးဒေါင့်ကန်၊ ဘဝမြင့်၊ကြီးပွားရေး ရပ်ကွက်တွေမှာ ဒီရက်ပိုင်းဧည့်စစ်ကြမ်းမယ်။ ပစ်ခတ်သူတော်လှန်ရေးရဲဘော်တွေက အမည်းရောင်အင်္ကျီဝတ်ပြီး ပစ်ခတ်သွားလို့ အမည်းရောင်ဝတ်သူတွေ သတိထားဖို့လိုတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။", "သိန်းညွန့်သည် အကြမ်းဖက်စစ်ကောင်စီ၏ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ယခုအခါ စစ်ကောင်စီ၏ ဗဟိုအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ အာဏာသိမ်းမှုကို ထောက်ခံသော စစ်တပ်ဘက်တော်သားတစ်ဦးဖြစ်သည်။"]
https://yktnews.com/2023/10/126820/
စစ်ကောင်စီ၏ NCA ၈ နှစ်ပြည့် အခမ်းအနား တက်ခဲ့သည့် ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်း ပါ ၃ ဦးကို နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးမှ ရပ်ဆိုင်း
["စစ်ကောင်စီ၏ NCA ၈ နှစ်ပြည့် အခမ်းအနား တက်ခဲ့သည့် ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်း ပါ ၃ ဦးကို နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးမှ ရပ်ဆိုင်း", "ရန်ကုန်၊ အောက်တိုဘာ ၁၇", "အကြမ်းဖက်စစ်ကောင်စီက ကျင်းပပြုလုပ်သည့် NCA ၈ နှစ် ပြည့် အခမ်းအနား မတက်ရောက်ရန် နောက်ဆုံးအကြိမ်အထိ သတိပေးခဲ့သော်လည်း တက်ရောက်ခဲ့သဖြင့် ဒုဥက္ကဌ တာဝန်ယူခဲ့သူ ရဲဘော် မျိုးဝင်း ပါ ၃ ဦးကို နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းတာဝန် အသီးသီးမှ ရပ်ဆိုင်းလိုက်ကြောင်း ကျောင်းသားတပ်မတော်ABSDF ပြောရေး ဆိုခွင့်ရှိသူရဲဘော် ဆန်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့မှ ဒုက္ကဌ ရဲဘော်မျိုးဝင်း၊ ရဲဘော် စောမောင်မောင်ဦးနှင့် ရဲဘော်မင်းဇာ်တို့ အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်တွင် စစ်ကောင်စီက ကျင်းပပြုလုပ်ခဲ့သည့် NCA ၈ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းသည် ABSDF က ချမှတ်ထားသည့် မူ၊ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်ကာ ၎င်းတို့တို့ ဆန္ဒသဘောထား သက်သက်ဖြင့် တက်ရောက်ခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးမှ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။", "“သူတို့ တက်ရောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဗဟိုကော်မတီအရေးပေါ် အစည်းအဝေး ခေါ် ဖြစ်ပါတယ်၊ ဗဟိုကော်မတီအရေးပေါ် အစည်းကနေပြီးတော့ သူတို့ရဲ့နိုင်ငံရေးတာဝန်တွေ၊ စစ်ဘက် ဆိုင်ရာ တာဝန်တွေကနေ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်၊ NCA ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို မတက်ရောက်ဖို့ နောက်ဆုံးအကြိမ်အထိ ပြောခဲ့ပါတယ်၊ ပြောခဲ့ပေမယ့်လည်း သူတို့တက် ရောက် တာ တွေ့ရှိရတဲ့အတွက် ကြောင့် အစည်းအဝေးကနေပြီးတော့ပဲ ဒီတာဝန်တွေကို ရပ်နားလိုက် တာဖြစ်ပါတယ်၊ NCA နှစ်ပတ်လည်နေ့ကို တက်ရောက်ခြင်းဟာ အဖွဲ့အစည်းရဲ့ မူနဲ့ သဘောထားနဲ့ ရပ်တည်ချက်နဲ့ မကိုက်ညီတဲ့အတွက် ရပ်နားလိုက်တာပါဗျ”ဟု ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဆန်နီပြောရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အာဏာသိမ်းစစ်တပ်က အတုအယောင်ပြ ပြုလုပ်သည့် NCA သည် ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ NCA အခြခံ လုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး- ABSDF၊ ချင်းအမျိုးသားတပ်ဦး – CNF နှင့် ကရင် အမျိုးအသား အစည်းအရုံး – KNU တို့က ဘုံသဘောထားရပ်တည်ချက်နှင့်အတူ အောက်တိုဘာလ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။"]
https://yktnews.com/2023/08/118241/
စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်ရင်းတစ်ခုလုံးတွင် ဖွဲ့စည်းပုံအရ အင်အား ၈၀၀ ဦး ကျော် ရှိရမည်ဖြစ်သော်လည်း စစ်သား ၁၃၂ ဦး သာကျန်ရှိတော့ဟု လျှို့ဝှက် အစီရင်ခံ တင်ပြ
["စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်ရင်းတစ်ခုလုံးတွင် ဖွဲ့စည်းပုံအရ အင်အား ၈၀၀ ဦး ကျော် ရှိရမည်ဖြစ်သော်လည်း စစ်သား ၁၃၂ ဦး သာကျန်ရှိတော့ဟု လျှို့ဝှက် အစီရင်ခံ တင်ပြ", "နိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီ၏ ခြေလျှင်နှင့်ခြေမြန်တပ်ရင်းများတွင် တပ် ရင်း တစ်ခုလျှင် စစ်သား အင်အား ၁၀၀ အောက်သာကျန်ရှိနေပြီး တပ်ပျက် နေပြီဟုဆို", "ရန်ကုန်၊ ဩဂုတ် ၁၄", "ရှမ်းပြည်နယ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်၊ နောင်ချိုမြို့ အခြေစိုက် အမှတ် ၁၁၄ ခြေမြန်တပ်ရင်း-ခမရ ၁၁၄ တွင် တပ်ရင်းတစ်ခုလုံး အင်အား ၁၃၂ ဦးသာ ကျန်ရှိတော့ကြောင်း နေပြည်တော်စစ်ရုံးသို့ တင်ပြသည့် လျှို့ဝှက် တင်ပြစာအရ သိရှိရသည်။", "ပုံမှန်အားဖြင့် ဖွဲ့စည်းပုံအင်အားမှာ ခမရ ၁၁၄ တွင် အရာရှိနှင့်စစ်သား အင်အား ၈၅၇ ဦး ရှိရမည်ဖြစ်သော်လည်း လက်တွေ့တွင် ၁၃၂ ဦးသာရှိတော့ကြောင်း ၊ ယင်းတို့ထဲတွင် ရှေ့တန်းထွက် အင်အားမှာ ၇၀ ဦးဖြစ်ပြီး တပ်တွင်းတွင် ၆၂ ဦးသာကျန်ရှိကြောင်း သိရှိရသည်။", "” ပေါက်ကြားလာတာက အမှတ် ၁၁၄ ခြေမြန်တပ်ရဲ့တပ်ရင်းတစ်ရင်းလုံး အင် အား ဖွဲ့စည်းပုံစာရွက်လို့ ပြောလို့ရပါတယ်၊ ဒီထဲက အင်အားစာရင်း အရ ဆိုရင် သူတို့ရဲ့လက်ရှိ ရှိတဲ့ အင်အားလို့တောင်ပြောလို့ရတယ်၊ နောက်ပြီး တော့ ဒါက အထက်ဌာနကို တင်ပြထားတဲ့ စာဖြစ်တယ်၊ အဲဒီတော့ ဒီဥစ္စာမှာတောင် နည်း နည်း လေး ပိုပိုသာသာ တင်ထားတာရှိဦးမယ်ပေါ့၊ ကျနော်ထင်တယ် ၊ အဲဒီ စာရွက်မှာ တောင်မှ အနည်းဆုံး စစ်သားအင်အား ၁၀ ဦးလောက် လက်တွေ့မှာ ထပ် လျော့နည်းမယ်လို့ ကျနော်ထင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ တပ်တွေ တော်တော် များများဟာ သူတို့ရဲ့ ရှိတဲ့အင်အားကို အမြဲတမ်း ၅ ယောက်ကနေ ၁၀ ယောက်ကြားကို အမြဲတမ်း ပိုပိုသာသာတင်ပြလေ့ရှိတယ်၊ ဒါကကျနော် သိခဲ့တဲ့ အခြေအနေ၊ အခုအခြေအနေက အဲထက်တောင်ပိုပြီးတော့ ဆိုးရွားနိုင် တယ်လို့ ကျနော်ကတော့ ယူဆတယ်၊ အဲဒီတော့ နဂိုတုန်းက ဆိုရင်တော့ ဒီလိုတပ်တွေဟာ အနည်းဆုံး လူအင်အား ၁၅၀ ကနေ ၁၇၀ ကြားမှာကို ရှိတယ် ပေါ့၊ ဒါကအာဏာမသိမ်းခင်အခြေအနေမှာပေါ့နော်၊ အခုအခြေအနေမှာတော့ ၁၃၀ ကျော်ဆိုတဲ့ ဥစ္စာကတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်သွားပြီလို့ သုံးသပ်လို့ရတယ်၊ ဒါဟာ စာရွက်ပေါ်က အင်အားမှာတောင်မှ ဒီလောက်ပဲ ပြနိုင်တယ်ဆိုရင်တော့ စစ်တပ်ရဲ့အင်အားဟာ ကျနော်တို့ထင်တာ ထက်ကိုပို ပြီးတော့ လျော့နည်းသွားတယ်ဆိုတော့ ကျနော်တို့ ပြောလို့ရပါတယ်ဗျ” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အမှတ် ၁၁၄ ခြေမြန်တပ်ရင်းတစ်ခုလုံး၏ အင်အား ၁၃၂ ဦးတွင် စစ်သားမှာ ၂၅ ဦးသာရှိပြီး ကျန်သူများမှာ အရာရှိ၊ အရာခံ၊ အကြပ်များဖြစ်သည့်အတွက် စစ်သားအင်အား အလွန်နည်းပါးနေသည့် အခြေအနေကို ဖော်ညွှန်းနေသည်ကို တွေ့ရသည်။", "ရန်ကုန်ခေတ်သစ်၏ စစ်ဘက်သတင်းရင်းမြစ်ကမူ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ များတွင် စစ်သား သေဆုံးမှု အလွန်များပြားသည့်အတွက် တပ်ရင်းတပ်ဖွဲ့ ဖွဲ့စည်းပုံ အလွန် ပျက်စီးသည်အထိ အင်အား အလွန်နည်းပါး ကာ တပ်ပျက် နေကြောင်း ပြောဆိုသည်။"]
https://yktnews.com/2023/02/87404/
စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ်သားအောင်မိုးတို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်၊ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လျှင် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်မည်
["စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ်သားအောင်မိုးတို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်၊ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လျှင် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်မည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ် သား အောင်မိုးတို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။", "၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ခမရ-၃၀၄ မှ တပ်သား ရဲဘော်လင်းထက်အောင်သည် CDF-Kanpetlet ထံသို့ MA 1 – သေနတ် ၁လက်၊ MAကျည် -၃၃၆တောင့်၊ နင်းမိုင်း -၁လုံး၊ လက်ပစ်မိုင်း -၁လုံး၊ အီနာဂါ -၂လုံး၊ စကားပြောစက် -၁လုံး၊ ကျည်ကာအင်္ကျီ -၁ထည် တို့ဖြင့် အလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ခလရ ၂၆၈ တပ်မှ အောင်မိုးသည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် CNO/CNDF ထံသို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း၊ CNO/CNDF က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တပ်သား အောင်မိုးကို ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်၍ ဆုကြေးငွေ ချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။", "CNO/CNDF အနေဖြင့် စစ်ကောင်စီထံမှလက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ် သား၊ရဲ များအား ယခင်တွင် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအတွက် သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း၊ CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံနှင့် အလင်းဝင်ရောက်သူအားလုံးကို ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း(၅၀)အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း(၅၀)၊စုစုပေါင်း ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည်ဖြစ်ကြောင်း ချင်းအမျိူးသားအဖွဲ့ချူပ်က သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/04/155548/
စစ်ကောင်စီ၏ စစ်ယာဉ်တန်းမှ ရိက္ခာယာဉ် ၇စီးကို သိမ်းဆည်းပြီး ရရှိသော ရိက္ခာများကို ပြည်သူများကို ပြန်လည် မျှဝေ ၊ စစ်တပ်က အဓမ္မဖမ်းဆီးလာသည့် ပြည်သူများကို ကြားကာလအစိုးရထံ အပ်နှံ
["စစ်ကောင်စီ၏ စစ်ယာဉ်တန်းမှ ရိက္ခာယာဉ် ၇စီးကို သိမ်းဆည်းပြီး ရရှိသော ရိက္ခာများကို ပြည်သူများကို ပြန်လည် မျှဝေ ၊ စစ်တပ်က အဓမ္မဖမ်းဆီးလာသည့် ပြည်သူများကို ကြားကာလအစိုးရထံ အပ်နှံ", "ရန်ကုန်၊ ဧပြီ ၇", "မကွေးတိုင်း၊ ကမ္မမြို့၊ သာကြီးတောင် ရေနံမြေတွင် စစ်ကောင်စီ၏ စစ်ယာဉ်တန်းမှ ရိက္ခာယာဉ် ၇စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းဆည်းပြီး ရရှိသော ရိက္ခာများကို ပြည်သူများကို ပြန်လည် မျှဝေ ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က သတင်းထုတ်ပြန်သည်။", "ဧပြီ ၂ ရက်နေ့ မကွေးတိုင်း၊ ကမ္မမြို့နယ်၊ သာကြီးတောင် ရေနံမြေအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရိက္ခာယာဉ်တန်းကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)အပါဝင် တော်လှန်သောပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြကြောင်း၊ ပခုက္ကူ တပ်မ ၁၀၁ မှ လာသည့် ကားအစီးရေရာနီးပါးပါ စစ်ကောင်စီစစ်ကြောင်းကို မိနစ် ၄၀ ကြာ ကြားဖြတ်စီးနင်းတိုက်ခိုက်ခဲ့ပြီး နောက်ဆုံး စစ်တပ်၏ ရိက္ခာယာဉ် ၇စီးကို မီးရှိဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့ပြင် သိမ်းဆည်းရမိသည့် ရိက္ခာတချို့ကို နီးစပ်ရာစစ်ဘေးသင့်ပြည်သူများထံသို့ ပြန်လည်မျှဝေခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်တပ်က အဓမ္မခေါ်ဆောင်ပြီး ယာဉ်တန်းတွင်ပါဝင်လာသည့် အရပ်သားပြည်သူတချို့ကိုလည်း ကြားကာလအစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အပ်နှံခဲ့ကြကြောင်း သိရှိရသည်။", "စစ်ဆင်ရေးတွင် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF ) အပါဝင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ပခုက္ကူခရိုင်တပ်ရင်း ၁၃၊ အနောက်လွင်ပြင် (LPDF)၊ ဧရာအနောက်(ကမ္မ ပကဖ)၊ PDF ကမ္မ(ကမ္မ ပကဖ)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၊ နယ်စီးမခြားဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း (၁)တို့အတူ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/79430/
စစ်ကောင်စီ၏ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူမှုများကို ပြည်သူများက ငြင်းဆန်ရန်နှင့် အချက်အလက် အမှားများ ပေးရန် တော်လှန် ရေးအင်အားစုများက ပြည်သူသို့ ပန်ကြား
["စစ်ကောင်စီ၏ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူမှုများကို ပြည်သူများက ငြင်းဆန်ရန်နှင့် အချက်အလက် အမှားများ ပေးရန် တော်လှန် ရေးအင်အားစုများက ပြည်သူသို့ ပန်ကြား", "ရန်ကုန်၊ ဇန်နဝါရီ ၅", "စစ်ကောင်စီ၏ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူမှုများကို ပြည်သူများက ငြင်းဆန်ရန်တော်လှန်ရေးအင်အားစုများက ပြည်သူသို့ ပန်ကြားချက် ထုတ်ပြန်လိုက်သည်။", "အကြမ်းဖက် စစ်ကောင်စီမှ ၎င်းတို့ ပြင်ဆင်စိုင်းပြင်းနေသော “အတုအယောင် ရွေးကောက်ပွဲ”အတွက် “နိုင်ငံအတွင်းရှိ လူဦးစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန်”ဟု ခေါင်းစဥ်တပ်၍ အကြိုမဲစာရင်းများကောက်ယူရန် ခြေလှမ်းပြင်လာခဲ့ပြီး သတ်မှတ်ကာလမှာ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၂၃) ရက်တာ ဖြစ်ကြောင်း။ အဆိုပါ ကိစ္စရပ်နှင့် စပ်လျဥ်း၍ တော်လှန်ရေး အင်အားစုများမှ ပြည်သူလူထုတစ်ရပ်လုံးသို့ အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်၊ ခြိမ်းခြောက်မှုများရှိပါက မှတ်တမ်းတင်ထား၍ သတင်းပေးပို့တိုင်ကြားရန်၊ မိမိတိုပတ်ဝန်းကျင်တွင် လူဦးရေစာရင်းကောက်ယူမှုအခြေအနေများကို Telegram Scout channel များသို့ဖြစ်စေ၊ သတင်းမီဒီယာများနှင့် သပိတ်အင်အားစုများ၏ လူမှုကွန်ရက် (Facebook) စာမျက်နှာများသို ဖြစ်စေ အချိန်နှင့် တပြေးညီ သတင်း ပေးပို့ကြ ပါရန်၊ အခြေအနေ အရပ်အရပ်ကြောင့် လူဦးရေစာရင်းပေး ရပါကလည်း သတင်းအချက်အလက် အမှားများသာ ပေးကြရန် စသည်ဖြင့် ပန်ကြားနှိုးဆော် တိုက်တွန်းထားသည်။"]
https://yktnews.com/2023/12/134383/
စစ်ကောင်စီ၏ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူးကြီးတစ်ဦးက ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ငွေကြေးအကုန် အကျများသည့် အခွင့်ထူးခံ ဗီဇာ လာလုပ်
["စစ်ကောင်စီ၏ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူးကြီးတစ်ဦးက ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ငွေကြေးအကုန် အကျများသည့် အခွင့်ထူးခံ ဗီဇာ လာလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၄", "အကြမ်းဖက် စစ်ကောင်စီ၏ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူးကြီးတစ်ဦး ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ လူဝင်မှုကြီးကြပ်ရေးတွင် ငွေကြေးအကုန်အကျများသည့် အခွင့်ထူးခံ ဗီဇာ လာလုပ်နေကြောင်း ယနေ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတွင် ရောက်ရှိနေသည့် မြန်မာတချို့က အတည်ပြုပြောဆိုသည်။", "ယနေ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ထိုင်းThai immigration Division 1 တွင် တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းပုခုံးတံဆိပ်ဖြင့် ဗိုလ်မှူး ကြီးရာထူး အပွင့်အခက် အပြည့်အစုံ ပါသော ယူနီဖောင်းဝတ်ဆင်ထားသည့် စစ်တပ်အရာရှိကြီးတစ်ဦး အခွင့်ထူးခံ ဗီဇာ (Elite Visa) လာရောက် လုပ်နေကြောင်း ၊ စစ်ကောင်စီတပ်မှ ထိပ်ပိုင်းခေါင်းဆောင်ပိုင်း၏ မိသားစုဝင်များ၊ ဆွေမျိုးများက ထိုင်းနိုင်ငံသို့ အချိန်မရွေး ဝင်ထွက်နိုင်သော အခွင့်ထူးခံဗီဇာများ လုပ်နေကြကြောင်း သိရှိရသည်။", "“ဒီနေ့ ထိုင်းလ၀ကမှာ တွေ့တဲ့ အဲဒီဗိုလ်မှူးကြီးကတော့ စစ်သံရုံးကထင်တယ်။ ဗိုလ်မှူးကြီးလက်ထဲမှာ နိုင်ငံကူးလက်မှတ်အရ တရားဝင် လာတာ။ သူတို့နဲပတ်သက်တဲ့ အသိုင်းအဝိုင်း၊ တစ်ယောက်ယောက်အတွက် ဗီဇာ လိုက်လုပ်၊ လိုက်ဝယ်ပေးတာမျိုးထင်တယ်။ စကစဘက်က အခြေအနမကောင်းတဲ့အခါကျတော့ ငွေကြေးတတ်နိုင်တဲ့သူတွေ၊ စစ်တပ်အသိုင်းအဝိုင်းတွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးသမားတွေ Elite Visa တွေ ဝယ်ပြီး ပြောင်းနေကြပြီ” ဟု ထိုင်းနိုင်ငံတွင် ဗီဇာဝန်ဆောင်မှုပေးသည့် မြန်မာအေးဂျင့်တစ်ဦးက ပြောဆိုသည်။", "ထိုင်းနိုင်ငံတွင် ငွေကြေးချမ်းသာသူများကို အထူးအခွင့်အရေးပေး နေထိုင်ခွင့်ပြုသည့် အခွင့်ထူးခံ (Elite Visa) များခွင့်ပြုပေးနေပြီး ငွေကြေးပေးနိုင်မှု အပေါ် ၍ ထိုင်းနိုင်ငံတွင် အကန့်အသတ်မရှိ ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် ၊နှစ် ၂၀ ရေရှည်နေထိုင်ခွင့်ပြုကြောင်း၊ ၅ နှစ်သက်တမ်း အခွင့်ထူးခံ ဗီဇာသည် ထိုင်းဘတ် ကိုးသိန်း ကုန်ကျပြီး ၁၀ နှစ်သက်တမ်း အခွင့်ထူးခံ ဗီဇာမှာ ထိုင်းဘတ် ၁ ဒသမ ၅ သန်း၊ ၁၅ နှစ်သက်တမ်း အခွင့်ထူးခံဗီဇာမှာ ထိုင်းဘတ် ၂ ဒသမ ၅ သန်း၊ နှစ် ၂၀ အထက် သက်တမ်း အခွင့်အထူးခံ ဗီဇာမှာ ထိုင်းဘတ် ၅ သန်း ပေးရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/12/197367/
စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် စစ်ခေါင်းဆောင် ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရ
["စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် စစ်ခေါင်းဆောင် ၂၁ ဦး စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "နွေဦးတော်လှန်ရေး ၄ နှစ်နီးပါး ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် ထိပ်တန်းစစ်အရာရှိ ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းကြောင့် ထောင်ချခံထားရခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။", "စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ၄ နှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၉၁ မြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အပြင် အရေးပါသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တို့ကို သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။", "အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်းပေါင်း ရာပေါင်းများစွာမှာ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်သိမ်းပိုက်မှုကို ခံနေရပြီး တိုင်းမှူးအဆင့် ဗိုလ်ချုပ်မှ စ၍ ဗိုလ်မှူးချုပ်အဆင့်အထိ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရများ ကြုံတွေ့နေရသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြုစုထားသော စာရင်းများအရ တိုင်းမှူးအဆင့် ဗိုလ်ချုပ်မှ စ၍ ဗိုလ်မှူးချုပ်အဆင့်အထိ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရသူ စုစုပေါင်း ၂၁ ဦးရှိကြောင်း သိရှိရသည်။", "၁- အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်", "ကိုးကန့် တပ်မတော် MNDAA က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် (တေဇ-၁၆) ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိသည်။", "၂- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး", "ကိုးကန့် တပ်မတော် MNDAA က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး (DSA အပတ်စဉ် ၄၁) ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိသည်။", "၃- အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး", "ကိုးကန့် တပ်မတော် MNDAA က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့ ကျောက်မဲ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး (တေဇ-၂၆) ကို MNDAA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်။", "နောက်ပိုင်းတွင် MNDAA က ပြန်လွှတ်ပေးခဲ့သဖြင့် တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဖြစ်လာသည်။", "၄- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း", "ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ AA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း (DSA အပတ်စဉ် ၄၁ ) ကို စစ်သုံ့ပန်းအဖြစ် AA က ဖမ်းဆီးရရှိခဲ့သည်။ လက်ရှိတွင် ၎င်း ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် AA က စစ်ဆေးလျက်ရှိသည်။", "၅- အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း", "ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ AA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း (OTS- ၂၁ ) ကို စစ်သုံ့ပန်းအဖြစ် AA က ဖမ်းဆီးရရှိခဲ့သည်။ လက်ရှိတွင် ၎င်း ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် AA က စစ်ဆေးလျက်ရှိသည်။", "၆- ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း", "ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅ ) ကို AA က သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း (OTS -၂၂ )ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်။ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ရာထူး တာဝန်ထမ်းဆောင်စဉ် တော်လှန်ရေးရဲဘော်များကို သတ်ဖြတ်သော စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သည့်အတွက် AA က ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရှီရသည်။", "၇- အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်", "ယခုနှစ် ဇူလိုင်လအတွင်း MNDAA က လားရှိုးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်သည် ဒရုန်းဗုံးထိမှန်၍ သေဆုံးခဲ့ကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုထားသည်။", "၈- ဗိုလ်မှူးချုပ် မိုးကျော်သူ လောက်ကိုင် ဒကစမှူး", "ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူသည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် သေဒဏ်ချမှတ် အရေးယူခဲ့သည်။", "၉- ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် (လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ)", "ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် သေဒဏ်ချမှတ် အရေးယူခဲ့သည်။", "၁၀- ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း (တပ်မ ၅၅ တပ်မမှူး)", "ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ်​ ဇော်မျိုးဝင်း သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် သေဒဏ်ချမှတ် အရေးယူခဲ့သည်။", "၁၁- ဗိုလ်မှူးချုပ် သော်ဇင်ဦး (စကခ ၁၆ ကွပ်ကဲရေးမှူး)", "ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ စကခ ၁၆ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်​ သော်ဇင်ဦး သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် တစ်သက်တစ်ကျွန်းနှင့်ထောင်ဒဏ်နှစ်ရှည်ချမှတ် အရေးယူခဲ့သည်။", "၁၂- ဗိုလ်မှူးချုပ် အောင်ဇော်လင်း (စကခ ၁၂ ကွပ်ကဲရေးမှူး)", "ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ စကခ ၁၂ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်​ အောင်ဇော်လင်း သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် တစ်သက်တစ်ကျွန်းနှင့်ထောင်ဒဏ်နှစ်ရှည်ချမှတ် အရေးယူခဲ့သည်။", "၁၃- ဗိုလ်မှူးချုပ် အေးမင်းဦး (စကခ ၁၄ ကွပ်ကဲရေးမှူး)", "ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ စကခ ၁၄ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်​ အေးမင်းဦး သည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း စစ်ကောင်စီက တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် တစ်သက်တစ်ကျွန်းနှင့်ထောင်ဒဏ်နှစ်ရှည်ချမှတ် အရေးယူခဲ့သည်။", "၁၄- ဗိုလ်မှူးချုပ် မင်းမင်းထွန်း (တပ်မ ၁၀၁ တပ်မမှူး)", "၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ စစ်တပ် ဗျူဟာကုန်းကို TNLA တပ်များက သိမ်းပိုက်ပြီးနောက် စစ်ဗျူ ဟာကုန်းတွင် စစ်ကူများ အပါအဝင် စစ်ကြောင်းများကို အထိုင်ချ ကွပ် ကဲနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။", "၁၅- ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (စကခ ၉ စကခမှူး -ကျောက်တော်)", "ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ အနီး ရေကြောင်းတိုက်ပွဲအတွင်းမှ အသက်လုထွက်ပြေးသွားသော စကခ ၉ တပ်မမှူး အသက် ၅၁ နှစ်အရွယ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်လက်ရဖမ်းမိခဲ့သည်။", "၁၆- ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ (စကခ ၁၉ စကခမှူး-ပလက်၀)", "ဇန်နဝါရီလအတွင်း ပလက်ဝဒေသအခြေစိုက် အခြားသော ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ ၁၉ ၊ ရှေ့တန်း ဌာ နချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ (တေဇ ၂၃) သေဆုံး (သို့မဟုတ်) ပျောက်ဆုံးလျက် ရှိကြောင်း ရခိုင့် တပ်တော် – AA က ထုတ်ပြန်ထားသည်။", "၁၇- ဗိုလ်မှူးချုပ် မင်းထွဋ်ဦး (တပ်မ ၈၈ တပ်မမှူး)", "ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ကုန်းလောရွာ အနီး မန်နောင်ရွာပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦး သေဆုံးခဲ့သည်။ မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် KIAနှင့်KPDFပူးပေါင်းတပ်ဖွဲ့နှင့် ခယာဘွမ်၊ ဘွမ်ရယ်ဘွမ်စခန်းမှ ထွက်ပြေးလာကြသော တပ်မ ၈၈ စစ်ကြောင်းများ တိုက်ပွဲဖြစ်ပွားစဉ် အမှတ် ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထွက်ပြေးလာသော တပ်မ ၈၈ စစ်ကြောင်းများသည် မန်နောင်ကျေးရွာနှင့် အခြားကျေးရွာများတွင် တပ်စွဲနေခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဗိုလ်မှူးချုပ်မင်းထွဋ်ဦးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်စာ ၅/၂၀၂၄ ဖြင့် စစ်မှုထမ်းကောင်း တံဆိပ် ပေးအပ်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။", "၁၈- ဗိုလ်မှူးချုပ် အေးမင်းနောင် (တပ်မ ၄၄ တပ်မမှူး)", "ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်အချိန် သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းထဲသို့ တပ်ချိန်းရန် လာသည့် စစ်ရဟတ်ယာဉ် ၂ စီးကို KNLA တပ်များနှင့် တော်လှန်ရေးတပ်များက ၀ိုင်းဝန်း ပစ်ခတ်ခတ်ခဲ့ရာ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် စစ်အရာရှိ ၅ ဦးသေဆုံးခဲ့သည်။", "၁၉- ဗိုလ်မှူးချုပ် လင်းအောင်မိုး ( စကခ ၇၊ စကခမှူး- ဖယ်ခုံ)", "၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်တပ်စခန်းနှင့် နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် TNLA အဖွဲ့က တိုက်ခိုက်ရာတွင် စကခ-၇ စကခမှူး ဗိုလ်မှူးချုပ် လင်းအောင်မိုး တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "၂၀- ဗိုလ်မှူးချုပ် အောင်ကျော်လွင် (တပ်မ ၉၉ တပ်မမှူး- မိတ္တီလာ)", "၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုး အခြေပြု တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင်သည် MNDAA ၏ ဒရုန်းဗုံးထိမှန်၍ သေဆုံးသွားခဲ့သည်။ စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ကျောင်းဆင်း ဗိုလ်မှူးချုပ်/ဗိုလ်မှူး‌ကြီးအောင်ကျော်လွင်သည် မုံးကိုး အခြေပြု ဗျူဟာစခန်းတွင် ဒရုန်းဗုံးထိမှန်သေဆုံးဖြစ်သည်ဟု တပ်အသိုင်းအ၀ိုင်းက အတည်ပြုသည်။", "၂၁- ဗိုလ်မှူးချုပ်အောင်လွင် (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး )", "ယခုနှစ် ဩဂုတ်လအတွင်း မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်လွင်သည် စခန်းစွန့်ခွာထွက်ပြေး၍ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးကာ ထောင်ဒဏ်ချမှတ်အရေးယူခဲ့သည်။"]
https://yktnews.com/2025/05/213412/
စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ငူလေတပ် တို့ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး အဆာက်အဦများ မီးလောင်ပျက်စီးဟုဆို
["စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ငူလေတပ် တို့ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး အဆာက်အဦများမီးလောင်ပျက်စီးဟုဆို", "ရန်ကုန်၊ မေ ၄", "ပဲခူးတိုင်း၊ တောငူခရိုင်ရှိ အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ငူလေတပ် တို့ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ လေတပ်ရဲမေနှင့် လေတပ်အရာရှိများ အပါအဝင် ၁၁ ဦးသေဆုံးပြီး အဆာက်အဦးများ မီးလောင်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောဆိုသည်။", "ဧပြီလ ၃ဝ ရက်နေ့တွင် BWM အဖွဲ့ နှင့် မဟာမိတ်အဖွဲ့များဖြစ်သော MKCDF၊ ACPLF နှင့် သံတောင် မြောက်ပိုင်းအထူးဒေသအဖွဲ့တို့က တောင်ငူရှိ အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) နှင့် တောင်ငူ (ကေတုမတီ) လေတပ် စခန်းတို့ကို BWM Mission 35 နှင့် 36 အဖြစ် ရှော့တိုက်ဒုံး ၁၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) တိုင်းရုံးစစ်ဦးဌာနရှိသော အဆောက်အဦးဘက်အခြမ်း ထိခိုက်ပျက်စီးခဲ့ပြီး တိုင်းငွေစာရင်းရုံးည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် စခန်းရုံး နေရာအချို့လည်း ထိခိုက်ပျက်စီးခဲ့ကာ လေတပ်အရာခံ ဗိုလ်နှင့် တပ်ကြပ်ကြီး လိုင်းခန်းနေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့ပြီး အရာရှိ လိုင်းခန်း နေအိမ် ၂ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ထိုတိုက်ခိုက်မှု အတွင်း လေတပ်ရဲမေ ၂ ဦး အပါအဝင် လေတပ်အရာရှိ ၃ ဦး နှင့် အခြားအဆင့်စစ်သည် ၈ ဦး သေဆုံးကာ အရာရှိ ၅ ဦးနှင့် အခြားအဆင့်စစ်သည် ၁၂ ဦးစိုးရိမ်ဖွယ် ပြင်းထန်ဒဏ်ရာရရှိခဲ့‌ကြောင်း၊ လေတပ်သုံး မော်တော်ယာဉ် ၂ စီးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။", "တောင်ငူလေတပ်အတွင်းတွင်လည်း လေယာဉ်သိုလှောင်ရုံ အဆောက်အဦး အပါအဝင် အဆောက်အဦး ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီ လေတပ်အရာရှိနှင့် စစ်သည် အချို့ သေဆုံးမှုများနှင့် ပြင်းထန် ဒဏ်ရာရသူအချို့ရှိကြောင်း၊ တောင်ငူလေတပ် ထိခိုက်မှု အခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ သတင်းဖုံးဖိမှုများနှင့် တားမြစ်ကန့်သတ်မှုများစွာရှိနေသည့်အတွက် ထိခိုက်သေဆုံးမှု ကိန်းဂဏန်းအချက်အလက်ကို အတိအကျ ဖော်ပြ၍မရနိုင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။", "“တောင်ငူလေတပ်ထိခိုက်မှုကို တိတိကျကျစုံစမ်းလို့မရပေမယ့် အထိနာတယ်လို့သိရပါတယ်။ အခုထိလေယဉ်မတက်နိုင်သေးဘူးလို့လည်းသိးပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ရှင်းလင်း ပြောဆိုသည်။"]
https://yktnews.com/2023/02/88259/
စစ်ကောင်စီ၏ ထီးကပလယ် တပ်စခန်းကို သိမ်းယူနိုင်ရေး တိုက်ပွဲ ၈ ရက်နီးပါး ကြာမြင့်နေပြီး လက်နက်ခဲယမ်း ကူညီကြရန် ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဗိုလ်စလုံး ပြည်သူများကို မေတ္တာ ရပ်ခံ
["စစ်ကောင်စီ၏ ထီးကပလယ် တပ်စခန်းကို သိမ်းယူနိုင်ရေး တိုက်ပွဲ ၈ ရက်နီးပါး ကြာမြင့်နေပြီး လက်နက်ခဲယမ်း ကူညီကြရန် ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဗိုလ်စလုံး ပြည်သူများကို မေတ္တာ ရပ်ခံ", "စစ်ကောင်စီဘက်မှ ၃၀ ကျော် ထိခိုက်သေဆုံးမှုရှိနေပြီး PDF များဘက်မှ ၁၄ ဦး ဒဏ်ရာရထား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ စစ်ကောင်စီ၏ ထီးကပလယ် တပ်စခန်းကို သိမ်းယူနိုင်ရေး တိုက်ပွဲ ၈ ရက်ကျော် ကြာမြင့်နေပြီး လက်နက်ခဲယမ်း လိုအပ်ချက်များကို ကူညီကြရန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဗိုလ်စလုံး ပြည်သူများကို မေတ္တာ ရပ်ခံလိုက်သည်။", "ရန်ကုန်ခေတ်သစ်နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြော ဆိုလိုက်ခြင်းဖြစ်သည်။", "ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ပြီး စစ်ကောင်စီ၏ ထီးကပလယ် စစ်စခန်းကို ကော်သူလေး တပ်မတော်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် အပါအဝင် ပူးပေါင်း စစ်ကြောင်းများက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်က တိုက်ပွဲကာလအတွင်း ၃၀ ကျော်၊ ၄၀ နီးပါး ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိ ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်များဘက်မှ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“စစ်ကောင်စီရဲ့ ထီးကပလယ်စခန်းမှာတော့ ဒရုန်းနဲ့ သွားကျဲတာ၊ စနိုက်ပါနဲ့ ပစ်တာကတော့ သူတို့ ဘက်မှာတော့ ဒဏ်ရာရနဲ့ အကျအဆုံးကတော့ ၃၀ ကျော်ကျော် ၄၀ လောက် နီးပါးရှိ မယ်ထင် တယ်။ ကျနော်တို့ ပြည်သူကာကွယ်ရေးရဲဘော် ၁၄ ယောက် ဒဏ်ရာနည်းနည်းပါးပါးရတယ်ပေါ့နော်။ ဥပမာ မိုင်းထိတာ ၂ ယောက် ၊ ခြေထောက်ကို ဖြတ်ရတယ် ။ ကျန်တဲ့ လူတွေကတော့ နည်းနည်းပါးပါးပဲ သိပ်ပြီးတော့ မပြင်းထန်ဘူးပေါ့” ဟု ဒုတိယဗိုလ်မှူးကြီး ဗိုလ်စောစလုံးက ပြောဆိုသည်။", "လက်ရှိအချိန် တိုက်ပွဲကာလ ရှည်ကြာလာပြီး လက်နက်ခဲယမ်း လိုအပ်ချက်အတွက် ပြည်သူများ ကူညီပေးကြရန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဗိုလ်စလုံးက ပြောဆိုသည်။", "“ဒီပွဲကတော့ ကျွန်တော်တို့ကတော့ အားလုံးပူးပေါင်းပွဲဆိုတော့ အင်အားလည်း အတော်များတယ်ပေါ့နော်။ ဥပမာ ဆေးတွေ ရိက္ခာတွေ ကျည်ဆန်တွေ လက် နက်တွေပေါ့။ အဲဒါ လိုအပ်တယ်ပေါ့။ များများလိုအပ်တယ်ပေါ့။ ကျွန် တော် တို့လည်း ဥပမာ ဒရုန်း။ ဒရုန်းတွေပေါ့၊ ဗုံးသီးတွေ ပြန်လုပ်ဖို့။ အဲဒါလိုအပ်တယ်။ ပြည်သူတွေအနေနဲ့ ဒါတွေကို လှူဒါန်းချင်ရင် ကျနော့် ဖုန်းနံပါတ်ကိုလည်း ယူသွားရတယ်။ ကျနော့် ဘဏ်နံပါတ်ကို ယူသွား။ ကျနော်တို့က စာရင်းတွေ ဂုဏ်ပြုမှတ်တမ်းတွေ၊ ဒီအလှူငွေရောက်လာ ကျွန်တော်တို့ ဘာဝယ်လဲ ဘယ်လိုသုံးထားလဲ့ အားလုံးအပြီး ပြန်ပေးမယ် ခင်ဗျ” ဟု ဒုတိယဗိုလ်မှူးကြီး ဗိုလ်စောစလုံးက ပြောဆိုသည်။", "ပြည်သူများအနေဖြင့် ဆင်ဖြူစစ်ကြောင်းကို လက်နက်ခဲယမ်းများ ကူညီထောက်ပံ့ လှူဒါန်းလိုပါကhttps://www.facebook.com/profile.php?id=100087336592252…မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။", "ကရင်အမျိုးသားကာ ကွယ်ရေးအဖွဲ့ KNDO က ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ဝေါလေနှင့် ထီးကပလယ် လမ်းပိုင်းကို အရပ်သားအဖွဲ့အစည်း မည်သည့်ကား၊ ဆိုင်ကယ် မဆို လုံးဝ ဖြတ်သန်း သွားလာခွင့်မပြုကြောင်း၊ သတိ ပေး ထုတ်ပြန်ထားသည့် နေ့မှစ၍ တိုက်ပွဲပြီးဆုံးသည့် အချိန်အထိ မည့်သည့် အကြောင်း ကိစ္စမဆို ဖြတ်သန်းသွားလာခွင့် မပြုကြောင်းနှင့် လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုး ဆက်ကို တာဝန်ယူမည် မဟုတ်ကြောင်း KNDO အမှတ် ၈ တပ်ရင်း ဌာနချုပ် အမှတ် ၆ တပ်မဟာ ကော်သူးလေက သတိပေးချက်ထုတ်ပြန်ခဲ့သည်။", "ဓာတ်ပုံ- ကော်သူးလေတပ်မတော် (Kaw Thoo Lei Army) စစ်ဦးစီးချုပ် ဗိုလ် ချုပ် စောနယ်ဒါးမြနှင့်အတူ တွေ့ရသည့် ဒုတိယဗိုလ်မှူးကြီး ဗိုလ်စောစလုံး။"]
https://yktnews.com/2025/04/211825/
စစ်ကောင်စီ၏ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦးသာ လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲ
["စစ်ကောင်စီ၏ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦးသာ လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲ", "ရန်ကုန်၊ ဧပြီ ၁၉", "အကြမ်းဖက် စစ်ကောင်စီ၏ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦးသာ လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကာ်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်ကောင်စီက နှစ်ဆန်း ၁ ရက်နေ့တွင် လွတ်ငြိမ်းပေးမှုတွင် အကျဉ်းထောင် ၃၃ ထောင်မှ နိုင်ကျဉ်း ၃၇၈ ဦး လွတ်မြောက်သည်ဆိုသာ်လည်း အင်းစိန်အကျဉ်းထောင် လွတ်ငြိမ်းစာရင်း စိစစ်ရန်လိုနေသေးကာ နိုင်ကျဉ်း ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ၊ လက်ရှိတွင် PPNM မှ မှတ်တမ်းကောက်ယူမှုအရ အကျဉ်းထောင်၃၃ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၂၁ဦး၊ နိုင်ငံရေးအကျဉ်းသူ ၁၅၇ဦး စုစုပေါင်း ၃၇၈ဦး လွတ်မြောက်ကြောင်း သိရှိရသည်။", "“အကျဉ်းထောင်ထဲမှာ ၂ သောင်းကျော်လောက်တော့ ကျန်ရှိနေဆဲဖြစ်တယ်။ လက်ရှိလွတ်နေတဲ့ အရေအတွက်တွေက အရမ်းနည်းသေးတယ်။ အကျဉ်းထောင်ထဲမှာ နိုင်ငံရေး ပုဒ်မတွေနဲ့ ၅၀၅ အပါအဝင် တခြားပုဒ်မတွေနဲ့ စွဲခံထားရသူတွေ လက်ရှိ အကျဉ်းထောင်ထဲမှာ ရှိနေတော့ ၂ သောင်း ဝန်းကျင်နဲ့ ၂ သောင်းကျော်လောက်တော့ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲလို့ ပြောလို့ရပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကာ်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "လက်ရှိ စာရင်းအရ လွတ်ငြိမ်းစာရင်းတွင် နိုင်ကျဉ်း ၁၀ ရာခိုင်နှုန်းအာင် လွတ်မြောက်လာသည်ဟု ဆိုနိုင်ကြောင်း ၊ သို့ရာတွင် အင်းစိန်အကျဉ်းထောင်၏ နိုင်ကျဉ်း ၂၀၀ လွတ်မြောက်သည်ဆိုသည့် စာရင်းမှာမူ ဆက်လက် စိစစ်ရဦးမည် ဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက ပြောဆိုသည်။", "“ကျနော်တို့ အကျဉ်းထောင်ထဲကို တိုက်ရိုက်ဝင်ရောက် စစ်ဆေးခွင့်ရတဲ့ အဖွဲ့အစည်း မဟုတ်တော့ လွတ်မြောက်လာတဲ့ လူတွေရဲ့ ပြောဆိုမှုနဲ့ ကျနော်တို့ရဲ့ စောင့်ကြည့်မှု၊ ထွက်လာတဲ့ အခြေအနေကို နယ်မြေတာဝန်ခံတွေရဲ့ သတင်းပေးပို့မှုအပေါ်အခြေတည်ပြီး တွက်ဆထားတာ ဖြစ်တဲ့အတွက် မြေပြင်မှာ ဒီထက်ပိုမို များပြားနိုင်တာလည်း ရှိသလို ဒီထက်ပို နည်းသွားနိုင်တာလည်း ရှိပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့တွင် အကျဉ်းသား ၅၀၀၀ နီးပါးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ခြင်းဖြစ်သည်။"]
https://yktnews.com/2024/05/163260/
စစ်ကောင်စီ၏ ဖိတ်ခေါ်မှုဖြင့် ရုရှားက ရင်းနှီးမြှုပ်နှံရန် ရှိနေသည့် ထားဝယ်ရေနက် စီမံကိန်းကြောင့် တရုတ်အတွက် ကြီးမားသော စိတ်အနှောင့်အယှက် ဖြစ်နေ
["စစ်ကောင်စီ၏ ဖိတ်ခေါ်မှုဖြင့် ရုရှားက ရင်းနှီးမြှုပ်နှံရန် ရှိနေသည့် ထားဝယ်ရေနက် စီမံကိန်းကြောင့် တရုတ်အတွက် ကြီးမားသော စိတ်အနှောင့်အယှက် ဖြစ်နေ", "ရန်ကုန်၊ မေ ၁၉", "ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ဖြစ်နိုင်ခြေလေ့လာမှုကို ယခင်က တရုတ်က လုပ်ဆောင်ခဲ့ဖူးသော်လည်း အိန္ဒိယက တည်ဆောက်ထားသော စစ်တွေဆိပ်ကမ်းအနီးရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းသို့ ၎င်းက အာရုံစိုက်ခဲ့သည်။", "မကြာသေးမီက မြန်မာနိုင်ငံသည် ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး အတွက် ရုရှားကို ရွေးချယ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်က ထားဝယ်ရေနက်ဆိပ်ကမ်းကို စိတ်ဝင်စားနေသော တရုတ်နှင့် ဆက်ဆံရေး တင်းမာစေမှုများဖြစ်ပေါ်လာစေသည်။", "ဆိပ်ကမ်းသည် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော မြန်မာနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် တည်ရှိပြီး အဆိုပါ စီမံကိန်းကို ထိုင်းနှင့် မြန်မာ အစိုးရတို့ ပူးပေါင်းပိုင်ဆိုင်သည့် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအဖြစ် ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့သည်။", "ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနှင့် ရုရှားကြား ဆွေးနွေးမှုများ ပြုလုပ်နေပြီး တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် မော်စကိုနှင့် ဆက်ဆံရေး ခိုင်မာစေရန် စစ်ကောင်စီက ကြိုးပမ်းလျက်ရှိသည်။", "စီမံကိန်းအတွက် အဆိုပြုထားသော အစီအစဉ်များတွင် တန်ချိန် ၁၀ သန်းရှိ ဆိပ်ကမ်းတစ်ခု တည်ဆောက်ခြင်းနှင့် တစ်နေ့လျှင် စည်ပေါင်း ၁၀၀,၀၀၀ ထုတ်လုပ်နိုင်သည့် ရေနံချက်စက်ရုံတစ်ခု တည်ဆောက်ခြင်းလည်း ပါဝင်သည်။", "မြန်မာနိုင်ငံ ဆိပ်ကမ်းကဏ္ဍတွင် ရုရှား၏ ပါဝင်ပတ်သက်လာခြင်းက ကျောက်ဖြူမြို့ရှိ ၎င်း၏ ကိုယ်ပိုင် ပရောဂျက်များကို ထိခိုက်စေနိုင်ပြီး ဒေသတွင်း ကမ္ဘာ့ကုန်သွယ်ရေး အရှိန်အဟုန်ကို ထိခိုက်စေနိုင်သည်ဟု တရုတ်နိုင်ငံက စိုးရိမ်လျက်ရှိသည်။", "မော်စကိုနှင့် ၎င်း၏ ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီက ဆိပ်ကမ်းစီမံကိန်းအတွက်သာမက ရေနံချက်စက်ရုံ အပါအဝင် အထူးစီးပွားရေးဇုန်အတွက် ရုရှားရင်းနှီးမြှုပ်နှံမှုကို တက်ကြွစွာ လိုက်ရှာနေသည်။", "ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ဖြစ်နိုင်ခြေလေ့လာမှုကို ယခင်က တရုတ်က လုပ်ဆောင်ခဲ့ဖူးသော်လည်း အိန္ဒိယမှ တည်ဆောက်ထားသော စစ်တွေဆိပ်ကမ်းအနီးရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းသို့ အာရုံစိုက်ခဲ့သည်။ ရုရှားဘက်သို့ စစ်ကောင်စီ၏မျက်နှာသာပေးမှုက တရုတ်ကို ဒေါသ ထွက်စေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ထားဝယ်စီမံကိန်းတွင် ရုရှား၏ ပူးပေါင်းပါဝင်မှုကို တရုတ်ကို ဘေးဖယ်ထားသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။", "ထားဝယ်ဆိပ်ကမ်း၏ မဟာဗျူဟာမြောက် အရေးပါမှု", "———————————————————–", "ကပ္ပလီပင်လယ်ပြင်တစ်လျှောက် မြန်မာ့အရှေ့ဘက်ကမ်းရိုးတန်းရှိ တနင်္သာရီတိုင်းဒေသကြီးတွင် တည်ရှိသည့် ထားဝယ်ဆိပ်ကမ်းသည် မဟာဗျူဟာအရ အရေးပါသော အချက်ဖြစ်သည်။ မဲခေါင်မြစ်ဝှမ်းဒေသ (GMS) နိုင်ငံများသို့ ဝင်ပေါက်အဖြစ် ဆောင်ရွက်လျက် ရှိပြီး ဘန်ကောက်နှင့် နီးကပ်သောကြောင့် ထိုင်းနိုင်ငံ၏ ကွန်တိန်နာ ကုန်သွယ်ခြင်းအတွက် အရေးပါသော ဆိပ်ကမ်း ဖြစ်လာနိုင်ခြေရှိသည်။", "ယင်းစီမံကိန်း ပြီးစီးပါက ထားဝယ်သည် အရှေ့တောင်အာရှ၏ အရေးကြီးသော ဆိပ်ကမ်းများထဲမှ တစ်ခု ဖြစ်လာမည်ဖြစ်သည်။ မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ အိန္ဒိယသမုဒ္ဒရာ၊ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အာဖရိကနိုင်ငံများသို့ ချိတ်ဆက်ပေးမည်ဖြစ်သည်။ နှစ်စဉ် ကုန်စည်စီးဆင်းမှု မက်ထရစ်တန် ၁၀၀ ကျော်ကို ကိုင်တွယ်နိုင်စွမ်းရှိမည်ဖြစ်သည်။", "မြန်မာနိုင်ငံတွင် ရုရှား၏ ပါဝင်ပတ်သက်မှုသည် စီးပွားရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုထက် ကျော်လွန်နေသည်။ ၎င်းသည် နှစ်နိုင်ငံအကြား သန်းနှင့်ချီ၍ တန်ဖိုးရှိသော သဘောတူညီချက်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုနှင့် ကိရိယာများ ထောက်ပံ့ပေးခြင်းအထိ တိုးချဲ့ဆောင်ရွက်မည်ဖြစ်သည်။", "ရုရှားက စနိုက်ပါနှင့် ဒရုန်းလေ့ကျင့်ရေးတွင် အကူအညီပေးထားပြီး မြန်မာနိုင်ငံသို့ အသေးစား မော်ဂျူလာ ဓာတ်ပေါင်းဖိုများ ပေးအပ်ရန် စဉ်းစားနေကြောင်း Economic Times က ဖော်ပြသည်။", "ထို့ပြင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် နျူကလီးယားနည်းပညာဆိုင်ရာ သတင်းအချက်အလက်စင်တာကို ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။", "အိန္ဒိယအတွက် အကျိုးဖြစ်ထွန်းမှု", "—————————————", "မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် စွမ်းအင်စီမံကိန်းများတွင် ရုရှားပါဝင်လာခြင်းကို အိန္ဒိယအနေဖြင့် တရုတ်နိုင်ငံပါဝင်နေမှုထက် ပို၍ နှစ်သက်နိုင်သည်။", "မြန်မာနှင့် ရုရှားအကြား ပူးပေါင်းဆောင်ရွက်မှုက ဘင်္ဂလားပင်လယ်အော် လုံခြုံရေးအတွက် ကာလကြာရှည် အထူးအာရုံစိုက်နေရသည့် အိန္ဒိယအတွက် အကျိုးရှိစေမည်ဖြစ်သည်။", "(Swarayja တွင်ဖော်ပြထားသည့် China’s Frustration Grows As Myanmar Seeks Russian Partnership For Dawei Strategic Port Project ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။)"]
https://yktnews.com/2024/06/167757/
စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်တချို့က လူတစ်ဦးလျှင် အခေါက် ရွှေ တစ်ပဲနှုန်း သတ်မှတ်စျေးဖြင့် ရောင်းပေး ၊ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်း ၇ သောင်းကျော် စျေးတန်းရှိ
["စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်တချို့က လူတစ်ဦးလျှင် အခေါက် ရွှေ တစ်ပဲနှုန်း သတ်မှတ်စျေးဖြင့် ရောင်းပေး ၊ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်း ၇ သောင်းကျော် စျေးတန်းရှိ", "ရန်ကုန်၊ ဇွန် ၁၅", "အကြမ်းဖက်စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်တချို့က လူတစ်ဦးလျှင် အခေါက်ရွှေတစ်ပဲနှုန်း သတ်မှတ်စျေးဖြင့် ရောင်းချပေးနေကြောင်း ရွှေကို သွားရောက်တိုးဝယ်ယူသူ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်ရွှေအသင်းမှတစ်ဆင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၆ သိန်းဝန်းကျင် သတ်မှတ်ထားပြီး အဆိုပါစျေးနှုန်းဖြင့် ရွှေဆိုင်များက လူတစ်ဦးလျှင် အခေါက်ရွှေတစ်ပဲနှုန်း ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အကယ်ဒမီရွှေဆိုင် မြောက်ဒဂုံမှာတော့ ရွှေဝယ်ဖို့ လူတွေတန်းစီနေတာ မနက် ၅နာရီလောက်ကတည်းကစီနေရတာ။ အကယ် ဒမီဆိုင်က တစ်နေ့ကို လူဦးရေ ၇၀ လောက်ကို လူတစ်ဦးကို အခေါက်ရွှေတစ်ပဲနှုန်း။ ရွှေအ သင်းရဲ့ သတ်မှတ်စျေး ၄၆ သိန်းဝန်းကျင်နဲ့ရောင်းပေးတယ်။ မြို့ထဲက အောင်သမာဓိမှာလည်း အခေါက်ရွှေ လူတစ်ဦး တစ်ပဲနှုန်းရောင်းပေးကြတယ်။ တစ်နေ့ကို လူဦးရေ ၇၀ နဲ့ ၁၀၀ အကြား ကန့်သတ်ပြီး ရောင်းနေကြတာ” ဟု ရန်ကုန်စီးပွားရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "စစ်ကောင်စီ၏ အခေါက်ရွှေသတ်မှတ်စျေးဖြင့် ရောင်းချပေးသည့် ရွှေဆိုင်တချို့မှာ အကယ်ဒမီအခေါက်ရွှေဆိုင်နှင့် အောင်သမာဓိရွှေဆိုင်တို့ဖြစ်ပြီး ယင်းဆိုင် ၂ ခုမှာ စစ်ကောင်စီ၏ ၀ရမ်းထုတ်ခြင်းခံထားရသည့် ဆိုင်များလည်း ဖြစ်သည်။", "ရန်ကုန်မြို့ရှိ ရွှေဆိုင်အများစုတွင် အခေါက်ရွှေ ခေါ် မီးလင်းရွှေ အရောင်း အဝယ်များအားလုံး ရပ်ဆိုင်းထားပြီး ၁၅ ပဲရည် လက်ဝတ်ရတနာအထည်ပစ္စည်းများသာ ရောင်းချကြကြောင်း သိရှိရသည်။", "ယနေ့ ဇွန်လ ၁၅ ရက်နေ့ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်း ၇ သောင်းကျပ်၊ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှင့် ငွေကျပ် ၄၅၀၀ ကျပ်ဝန်းကျင် စျေးတန်းရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/166516/
စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်များက လူတစ်ဦးလျှင် ရွှေတစ်ပဲ၊ နှစ်ပဲနှုန်း စစ်တပ် သတ်မှတ်စျေးဖြင့် ရောင်းချပေးရ ၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၀၀ ကျပ်ကျော်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၃သိန်းဝန်းကျင်စျေးတန်းရှိ
["စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်များက လူတစ်ဦးလျှင် ရွှေတစ်ပဲ၊ နှစ်ပဲနှုန်း စစ်တပ် သတ်မှတ်စျေးဖြင့် ရောင်းချပေးရ ၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၀၀ ကျပ်ကျော်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၃သိန်းဝန်းကျင်စျေးတန်းရှိ", "ရန်ကုန်၊ ဇွန် ၈", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၃၀၀ ကျပ်ကျော်နှင့် မီးလင်းရွှေ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၃ သိန်းဝန်းကျင် စျေးတန်းရှိနေကြောင်း ပြည်တွင်းရွှေကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“မနေ့ ညနေပိုင်းမှာ ရွှေစျေးက ၅၄ သိန်းလောက်ပိတ်တယ်။ ဒါပေမယ့် ကမ္ဘာ့ရွှေစျေး နည်းနည်းပြန်ကျလို့ မြန်မာ့ရွှေစျေးက ၅၃ သိန်းဝန်းကျင်စျေးရှိတယ်။ အရောင်းအဝယ်ကတော့ ပြင်ပစျေးကွက်အနေနဲ့ စျေးဖွင့်တယ်။ စျေးတန်းရှိတယ်။ ရန်ကုန်ရွှေအသင်းက သတ်မှတ်စျေးကတော့ အလုပ်မဖြစ်ဘူး။ဒါပေမယ့် စစ်တပ်က ဖိအားပေးလို့ ရွှေဆိုင်တွေက ရွှေတချို့တော့ လူတွေကို ပြန်ရောင်းပေးတာရှိတယ်။ အဲဒါကလည်း လူတစ်ဦးကို တစ်ပဲ၊ နှစ်ပဲပဲ။ သတ်မှတ်စျေးကတော့ ရန်ကုန်ရွှေအသင်းကသတ်မှတ်တဲ့ အခေါက်ရွှေတစ်ကျပ်သား ၄၈ သိန်းဝန်းကျင်နဲ့ရောင်းပေးတာ။ အဲဒါ စစ်တပ်က ဖိအားပေးထားလို့ ရောင်းပေးရတာ” ဟု ရန်ကုန်ရွှေကုန်သည်က ပြောဆိုသည်။", "စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်များက လူတစ်ဦးလျှင် ရွှေတစ်ပဲ၊ နှစ်ပဲနှုန်း ရောင်းချပေးရာတွင် နေ့စဉ် ကြိတ်ကြိတ်တိုး တန်းစီတိုးဝယ်ယူနေကြကြောင်း၊ ရွှေဆိုင်ပိုင်ရှင်များ စစ်တပ်က ဖမ်း၀ရမ်းထုတ်ထား၍ စစ်တပ်၏ သတ်မှတ်စျေးဖြင့် မဖြစ်မနေ ရောင်းချပေးရခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အောင်သမာဓိဆိုင်မှာတော့ တစ်နေ့ကို လူတစ်ဦး သူတို့တတ်နိုင်တဲ့ ပမာဏနဲ့ ရွှေတစ်ပဲ၊ နှစ်ပဲ ရောင်းပေးတာရှိတယ်။ လူတွေကတော့ တန်းစီနေတာ ကြိတ်ကြိတ်တိုးပဲ။ အဲဒီမှာ ဝယ်ပြီး အပြင်မှာ ပြန်ရောင်းတော့လည်း မြတ်တယ်လေ။ အဲဒါကြောင့် ကြိတ်ကြိတ်တိုးကို စီနေကြတာ” ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "အကြမ်းဖက်မင်းအောင်လှိုင်က ပြည်တွင်းတွင် ရွှေစျေးနှင့်ငွေစျေးများ မြင့်တက်ခြင်းမှာ ဝိသမ စီးပွားရေးသမား ကြောင့်ဟုဆိုကာ အပြစ်တင်လိုက်ပြီး အရေးယူမှုများ လုပ်ဆောင်နေကြောင်း ဇွန်လ ၇ ရက်နေ့ စစ်ကောင်စီအစည်း အဝေးတွင် ထုတ်ဖော်ပြောဆိုထားသည်။", "ဓာတ်ပုံ- ရန်ကုန်မြို့လယ်၊ အောင်သမာဓိရွှေဆိုင်တွင် လူတစ်ဦးလျှင် ရွှေတစ်ပဲ၊ နှစ်ပဲ နှုန်းဖြင့် အနည်းငယ် ရောင်းချပေးနေမှုကို တန်းစီနေသော လူအုပ်ကြီး။"]
https://yktnews.com/2024/09/182034/
စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် အသွင် ပြောင်းခဲ့ရသည့် ဆင်ကျော့ ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့က SSPP/SSA နှင့် ပြန်လည် ပူးပေါင်း
["စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် အသွင် ပြောင်းခဲ့ရသည့် ဆင်ကျော့ ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့က SSPP/SSA နှင့် ပြန်လည် ပူးပေါင်း", "ရန်ကုန်၊ စက်တင်ဘာ ၅", "အကြမ်းဖက် စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် အသွင် ပြောင်းခဲ့ရသည့် ဆင်ကျော့ ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့က SSPP/SSA နှင့် ပြန်လည် ပူးပေါင်းခဲ့ကြောင်း သိရသည်။", "မူရင်းတပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် ပြန်လည် ရောက်ရှိလာသော ဆင်ကျော့ဌာနေ ပြည်သူ့စစ်များကို ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းအချိန်၌ ရှမ်းပြည် တိုး တက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဦး ဆောင်ပြီး ဝမ်ဟိုင်း ဌာနချုပ်တွင် ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပြီး အခမ်းအနား ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။", "အခမ်းအနားတွင် SSPP/SSA နာယက(၁) ဗိုလ်ချုပ်ကြီး ဆေထင် မှ အခမ်းအနားအဖွင့် အမှာစကားပြောကြားပြီး ဆင်ကျော့ပြည်သူ့စစ် ဥက္ကဋ္ဌ ဗိုန်ချုပ်ကြီး လွယ်မောဝ်းမှ ယခင် ၂၀၁၀ ခုနှစ်အချိန် တွင် အခြေအနေအမျိုးမျိုးကြောင့် SSA တပ်မဟာ (၃) မှ ဆင်ကျော့ ပြည်သူ့စစ်အဖြစ် ပြောင်းလဲရခြင်း အကြောင်း၊ လက်ရှိအ ချိန်မှစ၍ ဆင်ကြော့ဌာနေ ပြည်သူ့စစ်မှ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော်အဖြစ် သတ်မှတ် အတည် ပြုလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။", "မူရင်းတပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် ပြန်လည် ရောက်ရှိလာကြသည့် ဆင်ကျော့ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို SSPP/SSA မှ ဆုတော်ငွေ ကျပ်သိန်း ၄၀၀ ကျော် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။", "ဆင်ကျော့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် မလွဲမရှောင်သာ ရှမ်းပြည်တပ်မတော် SSA မှ စစ်တပ် လက်အောက်ခံ ဆင်ကျော့ ဌာနေပြည်သူ့စစ်အဖြစ် အသွင် ပြောင်းခဲ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ကြောင်း SSPP/SSA က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/05/164517/
စစ်ကောင်စီ၏ ဖိုးချီးမူး စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၄၈ ဦး အရှင်ဖမ်းဆီးရရှိပြီး စစ်သား ၂၀ ကျော် သေဆုံး ၊ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိ
["စစ်ကောင်စီ၏ ဖိုးချီးမူး စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၄၈ ဦး အရှင်ဖမ်းဆီးရရှိပြီး စစ်သား ၂၀ ကျော် သေဆုံး ၊ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိ", "ဒုတပ်ရင်းမှုး ဗိုလ်မှူး ရန်အောင်နှင့် 2IC ဗိုလ်မှူး မင်းမင်းထွန်းအပါအဝင် စစ်သား ၂၃ ဦး လက်နက်ချ အညံ့ခံ", "ရန်ကုန်၊ မေ ၂၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ အင်အားကြီး အထိုင်စခန်းဖြစ်သော ဖိုးချီးမူး စစ်စခန်းကို KNLA ဦးဆောင်သော မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သား ၄၈ ဦး အရှင်ဖမ်းဆီးရရှိပြီး စစ်သား ၂၀ ကျော် သေဆုံးကာ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ၏ တာဝန်ခံ ကိုအောင်စံရှားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်အတွင်းရှိ ထိုင်းမြန်မာနယ်စပ် စစ်ကောင်စီ၏ အင်အားကြီး အထိုင်စခန်းဖြစ်သော ဖိုးချီးမူး စစ်စခန်းကို KNLA ၊ PDF နှင့် ဒရုန်းပူးပေါင်းတပ်များက စစ်တပ်၏ ရိက္ခာနှင့် စစ်ကူပို့လမ်းကြောင်းများကို ပိတ်ဆို့ ဖြတ်တောက်ကာ မြေပြင်ချေမှုန်းရေးနှင့် ဒရုန်းစစ်ဆင်ရေးများဖြင့် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြကြောင်း၊ စစ်သား ၄၈ ဦး အရှင်ဖမ်းဆီးရရှိပြီး စစ်သား ၂၀ ကျော် သေဆုံးကာ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။", "မေလ ၁၈ ရက်နေ့ ဖိုးချီးမူး စစ်စခန်းမှ စစ်တပ်အင်အား ၉၀ ကျော် စခန်းစွန့်ခွာ ထွက်ပြေးခဲ့ပြီး မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန် KNLA၊ SOF တော်လှန်ရေးပူးပေါင်းတပ်များနှင့် ထွက်ပြေး စစ်တပ်အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "မေလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် စစ်သားအလောင်းနှင့် MA 4 ပူးတွဲတစ်လက်၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးသိမ်းဆည်းရမိခဲ့ကြောင်း၊ မေလ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန် ထွက်ပြေးနေသော စစ်တပ်ကို ဒရုန်းဖြင့်ဗုံးကျဲ၍ မြေပြင်မှ ပိတ်ဆိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးကို လက်နက်နှင့်အတူအရှင်ဖမ်းမိခဲ့ရကြောင်း သိရှိရသည်။", "မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန် ဒုတပ်ရင်းမှုး ဗိုလ်မှူး ရန်အောင်နှင့် 2IC ဗိုလ်မှူး မင်းမင်းထွန်းအပါအဝင် စစ်သား ၂၃ ဦး လက်နက်ချအညံ့ခံလာခဲ့ကြောင်း ၊ မေလ ၂၁ ရက်နေ့ တော်လှန်ရေးတပ်များက ထပ်မံ နယ်မြေရှင်းလင်းရာ စစ်သား အလောင်း ၊ စစ်သား အရှင် ၇ ဦးကို လက်နက်နှင့်အတူ ထပ်မံ ဖမ်းဆီး ရရှိခဲ့ကြောင်း သိရှိရသည်။", "မေလ ၂၂ ရက်နေ့ တပ်ကြပ်ကြီး အဆင့်ရှိသူ ၂ ဦးအပါအဝင် စစ်သား ၆ ဦး ထပ်မံဖမ်းမိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ် တစ်ခုလုံးတွင် ဗိုလ်မှူး ၂ ဦး အပါအဝင် စစ်သား ၄၈ ဦးလက်ရဖမ်းမိခဲ့ပြီး လက်နက် ၅၀ ကျော်သိမ်း ဆည်းနိုင်ခဲ့ကြောင်း ၊ စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးခဲ့ပြီး ကျန်ရှိသည့် ၂၆ ဦးမှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်တပ်က MI35 စစ်ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး စစ်သားများက ၎င်းတို့ ဆုတ်ခွာထွက်ပြေးသည့် လမ်းတွင် ဒေသပြည်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးတို့ကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။", "တော်လှန်ရေးတပ်များက ထိုင်း- မြန်မာနယ်စပ် ရေသလျှောက်စခန်း၊ မဲသရောထစခန်း နှင့် ကွီလုံတိုင်စခန်းတို့ကို သိမ်းပိုက်ရရှိထားပြီး ယခုသိမ်းပိုက်ရရှိသည့် ဖိုးချီးမူးစခန်းမှာ စကခ ၁၃ လက်အောက်ခံ ခလရ-၅၅၇ ၊ ခမရ-၅၆၁ နှင့် ၃၉၉ အမြှောက်တပ်မှ စစ်သားများ စခန်းထိုင်ကြကြောင်း၊ အဆိုပါ နောက်ဆုံးလက်ကျန် ဖိုးချီးမူးစခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက အပြည့်အဝ နယ်မြေစိုးမိုး ထိမ်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/151083/
စစ်ကောင်စီ၏ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး အပါအဝင် စစ်သား ၆၀ ကျော် လက်နက်ချသော ကျိုက်ဒုံဗျူဟာစခန်းမှ ၁၂၀ မမ လက်နက်ကြီး၊ ပွိုင့်ဖိုက်၊ ငါးကြင်းမြီး၊ RPG လက်နက်ကြီးများအပါအဝင် လက်နက် ၉၀ ကျော်သိမ်းဆည်းရရှိ
["စစ်ကောင်စီ၏ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး အပါအဝင် စစ်သား ၆၀ ကျော် လက်နက်ချသော ကျိုက်ဒုံဗျူဟာစခန်းမှ ၁၂၀ မမ လက်နက်ကြီး၊ ပွိုင့်ဖိုက်၊ ငါးကြင်းမြီး၊ RPG လက်နက်ကြီးများအပါအဝင် လက်နက် ၉၀ ကျော်သိမ်းဆည်းရရှိ", "ရန်ကုန်၊ မတ် ၁၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၁၂၀ မမ လက်နက်ကြီး၊ ပွိုင့် ဖိုက်၊ ငါးကြင်းမြီး၊ RPG လက် နက်ကြီးများအပါအဝင် လက်နက် ၉၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း KNLA ဗဟိုက ထုတ်ပြန်သည်။", "မတ်လ၁၃ ရက် နံနက် ၆ နာရီ မိနစ် ၅၀ အချိန်မှစ၍ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံတွင် အခြေချ တပ်စွဲထားသည့် စကခ ၁၃ လက်အောက်ခံ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို တက်ရောက်တိုက်ခိုက် ချေမှုန်းခဲ့ရာ မတ်လ ၁၄ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်တွင် အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "ယင်းအကြမ်းဖက်စစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် တပ်မဟာ ၆ ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ ဝိုင်းပတ် တိုက်ခိုက် ပိတ်ဆို့ထားပြီးနောက် မတ်လ ၁၄ ရက်နေ့ တွင် အပြီးအပိုင် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ ကျိုက်ဒုံဗျူဟာစခန်းအတွင်းမှ RPG ၊ ပွိုင့်5 ၊ ငါး ကြင်းမြီး စက်သေနတ် အပါအဝင် လက်နက်ငယ်ပေါင်း ၈၆ လက် ၊ ၆၀ မမ ၄ လက် ၊ ၈၁ မမ ၂ လက် ၊ ၁၂၀ မမ ၁ လက် ၊ Drone Gun ၂ လက် ၊ ခဲယမ်းကျည်များ နှင့်စစ်အသုံးအဆောင်ပစ္စည်းမြောက်များစွာတို့ကို သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။", "KNU တပ်မဟာ ၆ နယ်မြေ အတွင်းရှိ ကျိုက်ဒုံ ဗျူဟာ စစ်တပ်စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ဝန်းကျင်ပါ တပ်ဖွဲက KNLA ထံတွင် အလံဖြူထောင်၍ လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် KNLA ဦးဆောင်သော တော်လှန် ရေးမဟာမိတ်တပ်များထံတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ဦးဆောင်သော တပ်များက လက်နက်ချ အညံ့ခံခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/190583/
စစ်ကောင်စီ၏ မဆင်မခြင် လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာစေပြီး စစ်တပ်က မသန်စွမ်းများကို ပစ်မှတ်ထားတိုက်ခိုက်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆို
["စစ်ကောင်စီ၏ မဆင်မခြင် လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာစေပြီး စစ်တပ်က မသန်စွမ်းများကို ပစ်မှတ်ထားတိုက်ခိုက်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆို", "ရန်ကုန်၊ နိုဝင်ဘာ ၃", "အကြမ်းဖက်စစ်ကောင်စီ၏ မဆင်မခြင် လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာစေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆိုလိုက်သည်။", "နိုဝင်ဘာလ ၁ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် စုပေါင်း အပြန်အလှန် ဆွေးနွေးသည့်အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။", "မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့၌ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်မှစတင်၍ မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊ ပြီးခဲ့သော ၄၅ လတာ ကာလအတွင်း စစ်ကောင်စီအနေဖြင့် မသန်စွမ်းသူများ၏ အခွင့် အရေးများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ကြောင်း၊ စစ်အုပ်ကမှ ကျူးလွန်ခဲ့သော ရက်စက် ကြမ်းကြုတ်မှုများအနက် လေကြောင်းမှတဆင့် မဆင်မခြင် ဗုံးကျဲတိုက်ခိုက်ခြင်း များကြောင့် ပဋိပက္ခဖြစ်ပွားရာ အရပ်ဒေသများတွင် ကလေးငယ်များနှင့် လူငယ်များ အပါအဝင် အရပ်သား ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အချို့မှာ ခြေလက် အင်္ဂါများဆုံးရှုံးကာ မသန်စွမ်းဘဝသို့ ရောက်ရှိခဲ့ရကြောင်း၊ထိုနည်းအားဖြင့် မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေကို မြင့်တက်လာစေခဲ့ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။", "မသန်စွမ်းသူများနှင့်တကွ မြန်မာပြည်သူများအနေဖြင့် စစ်ကောင်စီမှ ဆက်လက် ကျူးလွန်လျက် ရှိသော ယုတ်ရင်းရက်စက်မှုများနှင့် အခွင့်အရေးချိုးဖောက်မှုများ အပါအဝင် စိန်ခေါ်မှု မြောက်များစွာ ရှိသည့်အကြားက မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရန် ခိုင်မာစွာ စိတ်ဆုံးဖြတ်ထား၊ စစ်အာဏာရှင်အား ဆန့်ကျင်သည့် ခုခံတော်လှန်ရေးတွင် မသန်စွမ်းသူ အမျိုးသမီးများကလည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖြစ် ရှေ့တန်းက တက်ကြွစွာ ပါဝင် လှုပ်ရှား လျက်ရှိ၊ မိမိတို့အနေဖြင့် ၎င်းတို့၏ မယိမ်းမယိုင်သော သန္နိဋ္ဌာန်နှင့် ၎င်းတို့၏ ကြီးမားသော ထည့်ဝင်မှုများ ကို အသိအမှတ်ပြုသည်နှင့်အတူ ၎င်းတို့၏ အခွင့်အရေးများအား ကာကွယ်၊ မြှင့်တင်ပေးရေး နှင့် လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးရေးတို့ကလည်း ထပ်တူထပ်မျှ အရေးကြီး ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။", "မြန်မာနိုင်ငံ၌ မတရား စစ်အာဏာသိမ်းမှု မတိုင်မီ ဒီမိုကရေစီအစိုးရလက်ထက်တွင် မသန်စွမ်းသူ များ အပါအဝင် ထိရှိ လွယ်သောအုပ်စုများ၏ အခွင့်အရေးအား မြှင့်တင်၊ ကာကွယ်ရေးက ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများအတွက် အရင်းအမြစ်နှင့် အထောက်အကူပစ္စည်းများ ဖြည့်ဆည်းပေးရန် ကန့်သတ်ချက်များ ရှိခဲ့သော်လည်း ဒီမိုကရေစီ အစိုးရက မသန်စွမ်းသူများအား အစီအစဉ်အမျိုးမျိုးတွင် ပါဝင်စေခြင်းဖြင့် အောင်မြင် တိုးတက်မှု များ ရရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။", "မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၌ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်မှစတင်၍ မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲ များမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊ မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲရေးယူနစ် (Myanmar Information Management Unit (MIMU) ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် အထိ လူဦးရေ၏ ၁၃ ရာခိုင်နှုန်း သို့မဟုတ် ခန့်မှန်းခြေ ၅ ဒသမ ၉ သန်းခန့်က မသန်စွမ်းသူများ ဖြစ်ကြကြောင်း၊ ထို့ပြင် စစ်အုပ်စုမှ ကျူးလွန်လျက်ရှိသော မဆင်မခြင် တိုက်ခိုက်မှုများ၊ ဆင်းရဲနွမ်းပါးမှုနှုန်းထား မြင့်တက်လာခြင်းနှင့် ကန့်သတ်ချက်များရှိနှင့်ပြီးဖြစ်သော ကျန်းမာရေးအဆောက်အဦတို့အပေါ် ထပ်တိုး ကန့်သတ်မှုများ ဖြစ်ပေါ်လျက်ရှိသော ကြောင့် လက်ရှိ မသန်စွမ်းသူဦးရေမှာ ပိုမို မြင့်မား နိုင်ခြေရှိကြောင်း သိရှိရသည်။", "ထို့ပြင် အစီရင်ခံစာများအရ စစ်ကောင်စီ တပ်သားများအနေဖြင့် ကျေးရွာများကို စီးနင်း ဝင်ရောက်တိုက်ခိုက်ရာတွင် သာမာန်လူများကဲ့သို့ တုံ့ပြန်နိုင်ခြင်း သို့မဟုတ် ထွက်ပြေးနိုင် ခြင်း မရှိသော ဉာဏ်ရည် မသန်စွမ်းသည့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားသည်ဟု ဖော်ပြ ထားကြောင်း၊ အများစုမှာ ညှဉ်းပန်းနှိပ်စက်ခံကြရပြီး အချို့မှာ သတ်ဖြတ်ခံခဲ့ရကြောင်း၊ စစ်အာဏာရှင်အား ဆန့်ကျင်သည့် ခုခံတော်လှန်ရေးတွင် မသန်စွမ်းသူ အမျိုးသမီးများက လည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖြစ် ရှေ့တန်းက တက်ကြွစွာ ပါဝင် လှုပ်ရှား လျက် ရှိကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။"]
https://yktnews.com/2023/08/119012/
စစ်ကောင်စီ၏ မိတ်ဖက် MAI လေကြောင်းလိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ၃၇၂၀ ကျပ်ဖြင့် ဒုတိယအကြိမ် ထပ်မံ၍ စျေးနှုန်းတိုးမြှင့် ကောက်ခံလာ
["စစ်ကောင်စီ၏ မိတ်ဖက် MAI လေကြောင်းလိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ၃၇၂၀ ကျပ်ဖြင့် ဒုတိယအကြိမ် ထပ်မံ၍ စျေးနှုန်းတိုးမြှင့် ကောက်ခံလာ", "ဗဟိုဘဏ်သတ်မှတ်နှုန်း တစ်ဒေါ်လာ ၂၉၂၀ ကျပ်တွင် တစ်ဒေါ်လာ ဝန်ဆောင်ခ ၈၀၀ ကျပ် ထပ်ပေါင်း၍ အမေရိကန်တစ်ဒေါ်လာ ၃၇၂၀ ကျပ် တိုးမြှင့် ကောက်ခံခြင်းဖြစ်", "ရန်ကုန်၊ ဩဂုတ် ၁", "အကြမ်းဖက်စစ်ကောင်စီ၏ မိတ်ဖက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း လိုင်း- MAIက အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၇၂၀ ကျပ် ဒုတိယအကြိမ် ထပ်မံ တိုးမြှင့် ၍ ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေကြောင်း လေယာဉ်လက်မှတ်အရောင်းအေးဂျင့်များထံမှ သိရှိရသည်။", "ပထအကြိမ်အဖြစ် ဩဂုတ် ၁၂ ရက်နေ့မှစတင်၍ MAI က အမေရိကန်တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ် ဖြင့် ကောက်ခံနေမှုကို မပြောင်းလဲသော်လည်း ဝန်ဆောင်ခအဖြစ် အမေရိကန် တစ်ဒေါ်လာ လျှင် ငွေကျပ် ၄၀၀ ထပ်ပေါင်း တိုးမြှင့် ကောက်ခံ ခဲ့ကြောင်း၊ ထို့ကြောင့် ငွေလဲနှုန်းအနေဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၉၂၀ နှင့် ဝန်ဆောင်ခ ငွေကျပ် ၄၀၀ စုစုပေါင်း အမေရိကန် တစ် ဒေါ်လာလျှင် ငွေကျပ် ၃၃၂၀ ကျပ် ဖြင့် ငွေကြေးကောက်ခံခဲ့ကြောင်း သိရှိရသည်။", "ထို့နောက် ဩဂုတ် ၁၉ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် MAI က အမေရိကန်တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ် ဖြင့် ကောက်ခံနေမှုကို မပြောင်းလဲသော်လည်း ဝန်ဆောင်ခအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၈၀၀ ထပ်ပေါင်း တိုးမြှင့် ကောက်ခံခဲ့ကြောင်း၊ ထို့ကြောင့် ငွေလဲနှုန်းအနေဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၉၂၀ နှင့် ဝန်ဆောင်ခ ငွေကျပ် ၈၀၀ စုစုပေါင်း အမေရိကန်တစ် ဒေါ်လာလျှင် ငွေကျပ် ၃၇၂၀ ကျပ်တိုးမြှင့် ကောက်ခံနေကြောင်း သိရှိရသည်။", "“MAI က ဩဂုတ်လ ၁၈ ရက်နေ့ မှာ ဒုတိယအကြိမ် ဒေါ်လာစျေးကို ထပ်တိုးတယ်။ တစ်ဒေါ်လာ ကို ငွေကျပ် ၈၀၀ ဝန်ဆောင်ခ ထပ်ပေါင်းတာ။ အဲဒီတော့ အမေရိကန်တစ်ဒေါ်လာကို ဝန်ဆောင်ခ အပါ ငွေကျပ် ၃၇၂၀ ကျပ် တိုးကောက်တာပေါ့” ဟု လက်မှတ်အေးဂျင့်ကိုယ်စား လှယ်တစ် ဦးက ပြောသည်။", "လက်ရှိ ပြင်ပငွေကြေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၃၉၅၀ ကျပ် စျေး ပေါက် လျက်ရှိနေပြီး ဗဟိုဘဏ်က ရည်ညွန်းစျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ် ထားကြောင်း ၊ အရောင်းအဝယ်တွင်မူ စစ်ကောင်စီဗဟိုဘဏ်က တစ်ဒေါ်လာ ၂၉၂၀ ကျပ်ဖြင့် ခွင့်ပြုလျက်ရှိကြောင်း သိရှိရသည်။", "MAI လေကြောင်းလိုင်းကို ယခင်က ကမ္ဘောဇဘဏ်ပိုင်ရှင် အောင်ကိုဝင်းက ပိုင် ဆိုင် ခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစတင်၍ 24 Hours ကုမ္ပဏီပိုင်ရှင် အောင်အောင်ဇော်က ရှယ်ယာအများစု ဝယ်ယူပြီး ပိုင်ရှင်အသစ်အဖြစ် ခံယူထားခြင်းဖြစ်သည်။"]
https://yktnews.com/2025/05/214812/
စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်လှသော စစ်ရာဇဝတ်မှုများကို အာဆီယံ နှုတ်ဆိတ်မျက်ကွယ်ပြုနေမှုများအပေါ် လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်ပြစ်တင်
["စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်လှသော စစ်ရာဇဝတ်မှုများကို အာဆီယံ နှုတ်ဆိတ်မျက်ကွယ်ပြုနေမှုများအပေါ် လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်ပြစ်တင်", "ရန်ကုန်၊ မေ ၁၆", "ကလေးငယ် ကျောင်းသား၊ ကျောင်းသူ ၂၀ ကျော် သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်လှသည့် စစ်ရာဇဝတ်မှုများကို အာဆီယံက နှုတ်ဆိတ်မျက်ကွယ်ပြုနေမှုများအပေါ် လူ့အခွင့်အရေးအဖွဲ့များက ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခဲ့ကြသည်။", "မြန်မာ့အရေး ဘုံသဘောထားငါးရပ်သည် အာဆီယံ၏ မြန်မာစစ်ကောင်စီအပေါ် အရေးယူမှုမရှိ၊ ပျက်ကွက်နေမှုများအတွက် ဆင်သေကို ဆိတ်သားရေနှင့် ဖုံးခြင်းမျိုးသာဖြစ်ပြီး၊ တချိန်တည်းတွင်ပင် အာဆီယံအဖွဲ့ဝင်တချို့နှင့် ၄င်းတို့နှင့်ဆက်စပ် လူချမ်းသာတစ်စု၏ ပံ့ပိုးမှုများကြောင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းများ ဆက်လက် စီးဆင်းနေကြောင်း လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar (JFM) ကဝေဖန်ပြောဆိုခဲ့သည်။", "အထူးသဖြင့် ချမ်းသာကြွယ်သော အာဆီယံသူဌေးကြီးများက စစ်အုပ်စုကို ထောက်ပံ့နေသ၍၊ မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများက ကလေးသူငယ်များ၏ အသက်များအား ဆက်လက်ခြိမ်းခြောက်နေသ၍ အာဆီယံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် ပံ့ပိုးပေးနေသည်ဟု ပြောဆိုခွင့် မရှိကြောင်းလည်း JFM က ပြတ်ပြတ်သားသား ထုတ်ပြန်ပြောဆိုထားသည်။", "လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Fortify Rights အဖွဲ့ကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို မမြင်ချင်ယောင်ဆောာင် လစ်လျူရှုထားသည့် လက်ရှိချဥ်းကပ်မှုကို စွန့်လွှတ်သင့်ပြီး၊ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို အဆုံးသတ်စေရန်အတွက် လက်တွေ့ကျကျ အကောင်အထည်ဖော် အရေးယူသင့်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။", "ထို့အပြင် လက်ရှိအာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံအနေဖြင့် ဒေသတွင်းအဖွဲ့အစည်းများက မြန်မာစစ်တပ်ကို လေယာဉ်ဆီရောင်းချခြင်းများအား တားမြစ်ပိတ်ပင်ရန် အရေးပေါ်အစီအမံများ ဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် ယခုမေလကုန်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဥက္ကဋ္ဌမလေးရှား နိုင်ငံအနေဖြင့် မြန်မာအရပ်သားပြည်သူများအား ကာကွယ်နိုင်ရန်အတွက် အရေးပေါ်အစီအမံများ အဆိုပြုသင့်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။", "အခြားလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Defend Myanmar Democracy (DMD) ကလည်း အာဆီယံအနေဖြင့် သွေးစွန်းနေသည့် စစ်အုပ်စုနှင့် လက်ဆွဲနှုတ်ဆက်မှုများ ရပ်တန့်ချိန်တန်ပြီဟု သတိပေးပြောဆိုခဲ့သည်။", "အာဆီယံ၏ မြန်မာနိုင်ငံသံတမန်ရေးရာ နေရာသည် မြန်မာပြည်သူတို့၏ တရားဝင် ကိုယ်စားလှယ်များအတွက်သာ ဖြစ်ရမည်ဖြစ်ပြီး၊ တရားမဝင် အကြမ်းဖက်စစ်အုပ်အတွက် မဟုတ်ဟု DMD ကဆိုလိုက်သည်။ ထို့အပြင် အာဆီယံအနေနှင့် ၄င်းတို့၏အစည်းအဝေးများတွင် မြန်မာပြည်သူတို့၏ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအား ဖိတ်ကြားရန်ကိုလည်း တောင်းဆိုထားသည်။", "အချုပ်အားဖြင့် အာဆီယံသည် မြန်မာနိုင်ငံတွင်း အကျပ်အတည်းများ ဖြေရှင်းရန် ကူညီပေးခြင်းထက်၊ လက်တွေ့တွင် စစ်အုပ်စုအား မှားယွင်းသော နိုင်ငံရေးတရားဝင်မှု ပေးအပ်ခြင်း၊ စစ်ဘက်လေ့ကျင့်သင်ကြားမှုများ ပေးအပ်ခြင်း၊ စစ်အုပ်စုနှင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးလုပ်ငန်းများအား မျက်ကွယ်ပြုပေးထားခြင်းတို့ဖြင့် မြန်မာနိုင်ငံတွင်း အကျပ်အတည်းများအား လောင်စာဖြည့် မီးထိုးပေးနေကြောင်း၊ ယင်းလုပ်ရပ်များကြောင့် အာဆီယံသည် စစ်အုပ်စုက ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ကြံရာပါ ဖြစ်စေခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ပြစ်တင်ခဲ့ကြသည်။"]
https://yktnews.com/2023/02/87752/
စစ်ကောင်စီ၏ ရဟတ်ယာဉ်၊ တိုက်လေယာဉ်ပျံတက်မှု သတင်းများ ပေးပို့မည့် လေကြောင်းကင်းထောက်များကို NUG ဖိတ်ခေါ်
["စစ်ကောင်စီ၏ ရဟတ်ယာဉ်၊ တိုက်လေယာဉ်ပျံတက်မှု သတင်းများ ပေးပို့မည့် လေကြောင်းကင်းထောက်များကို NUG ဖိတ်ခေါ်", "https://t.me/MASurveillance24ထံသို့ သတင်းများ အချိန်နှင့်တပြေးညီ ပေးပို့နိုင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်များ၊ လေယာဉ်ပျံတက်မှုဆိုင်ရာ သတင်းများ ပေးပို့မည့် လေကြောင်းကင်းထောက်များကို အမျိုးသားညီ ညွတ်ရေး အစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်ပြီး သတင်းများကိုhttps://t.me/MASurveillance24တယ်လီဂရမ်ထံသို့ အချိန်နှင့်တပြေးညီ ပေးပို့နိုင်ကြောင်း NUG က တရားဝင် ထုတ်ပြန်ကြေညာသည်။", "အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများကို ဖိတ်ခေါ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လေကြောင်းလှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် လေတပ်စခန်းများအပါအဝင် လေယာဉ် ကွင်း၊ ရဟတ်ယာဉ်ကွင်းများကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့ခြင်း၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်း ပေးပို့ရန် လိုအပ်ကြောင်း NUG က ကြေညာ အသိပေးထားသည်။", "ပြည်သူ့အသက်အိုးအိမ်ကို ပြည်သူလူထု၏အားဖြင့် ကာကွယ်ရန် လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လိုသည့် တာဝန်သိပြည်သူများအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သည့် တယ်လီဂရမ် စာမျက်နှာ", "https://t.me/MASurveillance24သို့ သတင်းများ အချိန်နှင့် တပြေးညီ ပေးပို့ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။"]
https://yktnews.com/2023/01/79043/
စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘောတစ်စီးကို PDF တပ်ဖွဲ့က သိမ်းပိုက်ရရှိပြီး တိုက်ပွဲအတွင်း စစ်သား ၂ ဦး သေဆုံး
["စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘောတစ်စီးကို PDF တပ်ဖွဲ့က သိမ်းပိုက်ရရှိပြီး တိုက်ပွဲအတွင်း စစ်သား ၂ ဦး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၄", "ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ ရိက္ခာတင်သင်္ဘာတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ရိက္ခာ များလည်း သိမ်းဆည်းရ ရှိလိုက်ကြောင်း DRPA အဖွဲ့မှ ပြန်ကြားရေးအဖွဲ့ဝင် ရဲဘောမင်းညိုက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၃ ရက် ည ၈ နာရီခန့်က မုံရွာမြို့မှ ချင်းတွင်း မြစ်ကြောင်း အတိုင်းဆန်တက်လာ သော ဖလက်အမြန်ယာဉ် ၂ စီးသည် ကနီမြို့နယ်၊ ငါးဖျက် ရွာအနီးတွင် သောင်တင်နေစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အင်အား ၇၀ ခန့်ပါ ဖလက်ခွန်အမြန်ရေယာဉ် နှင့်လည်းတိုက်ပွဲဖြစ်နေကြောင်း သိရသည်။", "“အမြန်ရေယာဉ် ၂ စီးနဲ့တက်လာတာ၊ တစ်စီးက အင်အား ၇၀ လောက်ပါတယ်။ ကျနော်တို့ရလိုက်တဲ့ ရိက္ခာတွေပါတဲ့ အမြန်ရေယာဉ်ပေါ်မှာတော့ ၅ ဦး၊ ၆ ဦး လောက်ပါမယ်၊ တက်လာရင်းနဲ့ စစ်သားတွေပါ အမြန်ရေယာဉ်က ရှေ့ကို ရောက်သွားတာ၊ ရိက္ခာတွေပါတဲ့တစ်စီးကနောက်မှကျန်ခဲ့ပြီးတော့ သောင်တင် သွားတော့ သူတို့နည်းနည်းကွာသွားတဲ့အချိန်မှာ ဝင်တိုက်သိမ်းပိုက်လိုက်တာ” ဟု ရဲဘော်မင်းညိုက ပြောကြားသည်။", "ထိုသို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ပေါ်တွင် စစ်သား အလောင်း နှစ်လောင်းနှင့်ရိက္ခာများ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ကျန်အခြားစစ်သားများမှာ လက်နက်များကို သယ် ဆောင်ပြီး ရေကူးကာ အင် အား ၇၀ ခန့်ပါ အမြန်ရေယာဉ်ထံသို့ ထွက်ပြေးသွားကြောင်း၊ ရိက္ခာများသိမ်း ယူပြီးနောက် ယင်းအမြန်ရေယာဉ်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။", "“ရလိုက်တဲ့ အမြန်ရေယာဉ်ပေါ်က သုံးလို့ရမယ့်ပစ္စည်းတွေကို ယူပြီး မီးရှို့ပေး လိုက်တယ်၊ သင်္ဘောကြီး ကို လိုလဲသုံးအဆင်ပြေတော့လေ၊ သုံးလို့ရတာတွေပဲ ယူလိုက်တာ၊ ပြီးတော့ အင်အား ၇၀ လောက်ပါတဲ့ အမြန်ရေယာဉ်ကလည်း ငါးဖျက်ရွာအကျော်လေးမှာ သောင်တင်နေတာ၊ သူတို့နဲ့က အင်အားများတာ ရယ်၊ လက်နက်အပြည့်အစုံရှိနေတာဆိုတော့ အနားကပ်ဖို့မလွယ်ဘူး” ဟု DRPA ပြန်ကြားရေးအဖွဲ့ဝင် ရဲဘော်မင်းညိုကပြောဆိုသည်။", "အမြန်ရေယာဉ်ပေါ်မှာ သိမ်းပိုက်ရရှိသော ပစ္စည်းများမှာ အကြမ်းဖက် စစ်သား အလာင်းနှစ်လောင်း၊ ဆန် အိတ် ၈၂ အိတ် ၊ ပဲ ၁၀ အိတ် ၊ စားဆီပုံး ၁ ပုံး ၊ စစ် သုံး ကျောပိုးအိတ် ၃ လုံး၊ ကျည်ကာ အင်္ကျီများစသည် တို့ ဖြစ်ပြီး DRPA နှင့် KLG (ကျောက်လုံးကြီး)တပ်မဟာ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/01/82250/
စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်း ကောက်ခံသော ကြို့ပင်ကောက်မြို့နယ် ထွေအုပ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်
["စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်း ကောက်ခံသော ကြို့ပင်ကောက်မြို့နယ် ထွေအုပ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် ထွေအုပ်ရုံးကို အကြမ်းဖက် စစ်တပ်၏ ရွေး​ကောင်ပွဲအတွက် လူဦးရေ စာရင်းကောက်ခံခြင်းကြောင့် PDF တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီ ၂၀ ရက်နေ့ ည ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများ ပြုစုပေး‌နေသည့် ကြို့ပင်ကောက် မြို့နယ် ထွေအုပ်ရုံးကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ထွေအုပ်ရုံးသည် ကြို့ပင်ကောက်မြို့၊ အနောက်တောင် ရပ်ကွက်၊ မင်းရဲကျော်စွာ လမ်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး ဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များက အဝေးထိန်း ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ အဆောက်အဦးလည်း ထိခိုက်မှု ရှိကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/200892/
စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး အရည်အသွေးသတ်မှတ်ချက်များကိုပါ ဖယ်ရှား
["စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီးအရည်အသွေးသတ်မှတ်ချက်များကိုပါ ဖယ်ရှား", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "အကြမ်းဖက် စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်း နှင့် ထိုကော်မရှင်၏ အရည် အသွေး သတ်မှတ်ချက်များကို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်များမဟာမိတ်အဖွဲ့ (GANHRI) က ဆုံးဖြတ်လိုက်ကြောင်း Progressive Voice ထံမှ သိရှိရသည်။", "Global Alliance of National Human Rights Commission – GANHRIက စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အရည်အသွေးအဆင့်သတ်မှတ်ချက်ကို အပြီးသတ်ဆုံးဖြတ်ချက်ခဲ့ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများက ကြိုဆိုထောက်ခံပြီး APF နှင့် SEANF တို့ကိုလည်း အလားတူ လိုက်ပါဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုကြောင်း သိရှိရသည်။", "စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန်နှင့် အရည်အသွေးအဆင့် သတ်မှတ်ချက်အား ဖယ်ရှားလိုက်သည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (Global Alliance of National Human Rights Commission – GANHRI)[1] ၏ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်အပေါ် လွတ်လပ်သောနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာအရပ်ဘက်လူထု အဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာ) နှင့် အာရှဒေသနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများကွန်ရက် (Asian NGO Network on National Human Rights Institutions – ANNI) တို့က ကြိုဆိုထောက်ခံလိုက်ကြောင်း သိရှိရသည်။", "ထိုကဲ့သို့ ဆုံးဖြတ်ချက်ကို နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်များဆိုင်ရာ အာရှပစိဖိတ်ဖိုရမ် (Asia Pacific Forum – APF) နှင့် အရှေ့တောင်အာရှ နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာနများဖိုရမ် (Southeast Asia National Human Rights Institution Forum – SEANF) တို့ကလည်း အခြေခံမူများအပေါ် ရပ်တည်ချမှတ်ခဲ့သော GANHRI ၏ ဆုံးဖြတ်ချက်ကို လိုက်နာပြီး MNHRC အား သက်ဆိုင်ရာ၎င်းတို့၏လူ့အခွင့်အရေးကွန်ရက်များမှ ချက်ချင်းဖယ်ရှားရန် တိုက်တွန်း တောင်းဆိုထားသည်။", "၂၀၂၄ ခုနှစ် အောက်တိုဘာလ အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့၏ အရည်အသွေးသတ်မှတ်ရေး ဆပ်ကော်မတီ (GANHRI-SCA) က “ စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင် သည် ပါရီအခြေခံမူများ၏ အနိမ့်ဆုံးလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိရေး လုပ်ကိုင်ဆောင်ရွက်မှု မရှိကြောင်း” အတည်ပြုပြောကြားကာ စစ်ကောင်စီ၏ လူ့အခွင့်အရေး အဆင့်သတ်မှတ်ချက်ကို ဖယ်ရှားရန် အကြံပြုခဲ့သည့် ၎င်း၏ ၂၀၂၃ ခုနှစ် အကြံပြုတိုက်တွန်းချက်ကို အတည်ပြုခဲ့ကြောင်း သိရှိရသည်။", "သို့ရာတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်က ယင်းဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခဲ့ကြောင်း၊ သို့သော်လည်း အခြား GANHRI ဗျူရိုအဖွဲ့ဝင်များထံမှ လုံလောက်သော ပံ့ပိုးကူညီမှု မရခဲ့ကြောင်း၊ GANHRI သည် ယခုအခါ MNHRC ၏ အဆင့်သတ်မှတ်ချက်နှင့် အဖွဲ့ဝင်ဖြစ်နေခြင်းကို ၎င်းတို့ကမ္ဘာလုံးဆိုင်ရာကွန်ရက်မှ ဖယ်ရှားရန် ဆုံးဖြတ်ချက်ကို အပြီးသတ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။", "GANHRI ၏ ဆုံးဖြတ်ချက်ကို ထောက်ခံရသည့်အကြောင်းရင်း ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှစ၍ စစ်အုပ်စုကြောင့် လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်က စစ်အုပ်စုနှင့် လုံးလုံးလျားလျား လက်တွဲပူးပေါင်းနေခဲ့ပြီး စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အစဥ်တစ်စိုက် နှုတ်ဆိတ်နေခြင်းနှင့် တုံ့ပြန်လုပ်ဆောင်မှုတစ်စုံတရာ မရှိနေခြင်းသည် ယုံကြည်စိတ်ချရသော၊ လွတ်လပ်အမှီအခိုကင်းသော၊ ထိရောက်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနကြီး (NHRI) များအတွက် စံနှုန်းသတ်မှတ်ထားသည့် ပါရီအခြေခံမူများကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း သိရှိရသည်။", "မြန်မာလူ့အခွင့်အရေး ကော်မရှင်က စစ်အုပ်စု၏ လက်ဝေခံအဖြစ် အလုပ်လုပ်ပေးနေပြီး စစ်အုပ်စု၏ မှားယွင်းသော ထုတ် ဖော်တင်ပြမှုနှင့် တင်ပြပြောဆိုမှုများကို ထပ်လောင်းသံယောင်လိုက် ပြောဆိုနေခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူများမှ တရားဝင်မှုရရှိရေး ဆောင်ရွက်ပေး နေကြောင်း၊ နောက်ဆုံးအနေဖြင့် MNHRC သည် စစ်အုပ်စု၏ ရာဇ ၀တ်မှုများတွင် အလိုတူအလိုပါ ဖြစ်နေကြောင်း ထောက်ပြထားသည်။", "ရှေ့ပြေးအသံအဖွဲ့၏ဥက္ကဌ ဒေါ်ခင်ဥမ္မာ က “စစ်အုပ်စုထိန်းချုပ်ထားတဲ့ MNHRC(လူ့အခွင့်အရေးကော်မရှင်) ကို ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တဲ့ GANHRI ရဲ့ အခြေခံမူအပေါ် ရပ်တည်တဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို ကျမတို့က ကြိုဆိုတယ်။ ပါရီအခြေခံမူတွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတာကို GANHRI အနေနဲ့ လက်မခံဘူးဆိုတာကို ဒီဆုံးဖြတ်ချက်က မြန်မာပြည်သူတွေကို အတည်ပြုပေးလိုက်တာပဲ ဖြစ်တယ်။ APF နဲ့ SEANF တို့လည်း GANHRI ရဲ့ ဆုံးဖြတ်ချက်နဲ့ အတူတကွ ရပ်တည်ပြီး MNHRC ကို သူတို့ရဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေးကွန်ရက်တွေကနေ ဖယ်ရှားပြီး တူညီတဲ့ အခြေခံမူနဲ့ အနှစ်သာရကို အချိန်ဆိုင်းမနေဘဲ ထုတ်ဖော်ပြသရပါမယ်။”ဟု သုံးသပ်ပြောဆိုထားသည်။", "ဓာတ်ပုံ- မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် အကြမ်းဖက်စစ်ခေါင်းဆောင်တို့ကို ၂၀၂၄ ခုနှစ် ၇၆ နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် မြင်တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/10/127814/
စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၄ လအတွင်း ပြည်သူ ၇၂ ဦးသေဆုံး၊ တစ်ရက်လျှင် ၂ ကြိမ်နှုန်းဖြင့် စစ်တပ်က လေကြောင်း တိုက်ခိုက်နေ
["စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၄ လအတွင်း ပြည်သူ ၇၂ ဦးသေဆုံး၊ တစ်ရက်လျှင် ၂ ကြိမ်နှုန်းဖြင့် စစ်တပ်က လေကြောင်း တိုက်ခိုက်နေ", "ရန်ကုန်၊ အောက်တိုဘာ ၂၄", "အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၄ လအတွင်း ပြည်သူ ၇၂ ဦးသေဆုံးခဲ့ပြီး တစ်ရက်လျှင် ၂ ကြိမ်နှုန်းဖြင့် လေကြောင်း အသုံးပြုတိုက်ခိုက်နေကြောင်း Nyan Lynn Thit Analytica အဖွဲ့က ထုတ်ပြန်လိုက်သော စစ်တမ်းအရ သိရှိရသည်။", "၂၀၂၃ခုနှစ်၊ မေလမှ ဩဂုတ်လအထိ ရက်ပေါင်း ၁၂၃ ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လေ ကြောင်းမှ တိုက်ခိုက်မှုများကို စစ်တမ်းကောက်ယူထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ တော်လှန်ရေး အဖွဲ့အစည်း ၁၃၀၀ ကျော်၏ လူကွန်ရက်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ချက်များ၊ လွတ်လပ်သော သတင်းမီဒီယာ ၄၃ ခုတို့ကို အခြေခံကောက်ယူထားခြင်းဖြစ်ကြောင်း သိရှိရသည်။", "၄ လတာအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ၂၇၂ ကြိမ်ရှိခဲ့ပြီး တစ် ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်နှုန်း ဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် အရပ် သား ပြည်သူ ၇၂ ဦးသေဆုံးခဲ့ပြီး ၁၆၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဘာသာရေး အဆောက်အအုံ ၃၃ ခု၊ စာ သင်ကျောင်း ၁၇ ကျောင်း၊ ဆေးရုံဆေးခန်း ၄ ခုပျက်စီးခဲ့ရကြောင်း သိရသည်။", "လေကြောင်းတိုက်ခိုက်မှု အများဆုံးဖြစ်ပွားခဲ့သည့်ဒေသများမှာ ကရင်နီပြည်နယ်တွင် ၇၁ ကြိမ်၊ စစ်ကိုင်းတိုင်းတွင် ၆၉ ကြိမ်၊ ချင်းပြည်နယ်တွင် ၂၉ ကြိမ်၊ ကရင်ပြည်နယ်တွင် ၂၃ ကြိမ်၊ ကချင်ပြည်နယ် တွင် ၂၂ ကြိမ်ရှိ ခဲ့ကြောင်း၊ ဒုတိယအများအဆုံးဖြစ်ပွားခဲ့သည့် ဒေသများမှာ ရှမ်းပြည်နယ် တောင်ပိုင်း တွင် ၁၄ ကြိမ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၂ ကြိမ်၊ ပဲခူးတိုင်းတွင် ၁၁ ကြိမ်၊ မကွေးတိုင်း တွင် ၁၀ ကြိမ်နှင့် မွန်ပြည်နယ်တွင် ၆ ကြိမ်ဖြစ်ကြောင်း၊ ထို့ပြင် တနင်္သာရီတိုင်းတွင် ၂ ကြိမ်၊ မန္တလေးတိုင်း တွင် ၂ ကြိမ်နှင့်နေပြည်တော်တွင် တစ်ကြိမ်ရှိခဲ့ကြောင်း သိရသည်။", "၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ မတရား အာဏာသိမ်းယူမှု ရက်ပေါင်း ၉၄၂ ရက်အတွင်း အကြမ်းဖက်စစ်အုပ်စု လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည့် ရက်ပေါင်း ၄၆၂ ရက်ရှိခဲ့ ကြောင်း၊ တိုက်ခိုက်မှုအကြိမ်ပေါင်း ၉၀၂ ကြိမ်ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၆၈၇ ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ ၄၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် တို့တွင် စစ်ကောင်စီ၏ လေ ကြောင်း တိုက်ခိုက်မှုကို နှိုင်း ယှဉ်လေ့လာ ကြည့်ပါက လေကြောင်း အသုံးပြု တိုက်ခိုက်မှုနှုန်း မှာ တနှစ် ထက် တနှစ် ပိုမိုမြ င့်တက်လာကြောင်း၊ အရပ်သားပြည်သူ သေဆုံး ဒဏ်ရာရမှုနှင့် အဆောက်အအုံများ ထိ ခိုက် ပျက်စီးမှု ရေအတွက်လည်း သိသိသာသာ တိုး မြင့်လျက်ရှိကြောင်း ယင်းအစီရင်ခံစာက ထောက်ပြထားသည်။", "၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လမှ ဒီဇင်ဘာလအတွင်း စစ်ကော င်စီ၏ လေကြော င်း အသုံးပြုတိုက်ခိုက်မှု ၈၅ ကြိမ်ရှိခဲ့ပြီး အရပ်သား ပြည်သူ ၆၃ ဦးသေဆုံးကာ ၊ ၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဘာသာ ရေး အဆောက်အအုံ ၈ လုံး ၊ စာသင်ကျောင်း ၇ ကျောင်း နှင့် ဆေးရုံဆေးခန်း ၄ ခု ထိခိုက်ပျက်စီး ခဲ့ ကြောင်း သိရသည်။", "၂၀၂၂ ခုနှစ် တနှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု ၃၃၉ ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၂၆၀ ဦးသေဆုံးကာ ၈၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဘာသာရေး အ ဆောက်အအုံ ၂၀ လုံး၊ စာသင်ကျောင်း ၁၄ ကျောင်းနှင့် ဆေးရုံဆေးခန်း ၇ ခုထိ ပျက်စီးခဲ့သည်ဟု သိရှိရသည်။", "၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ ရက်ပေါင်း ၂၄၃ ရက်အတွင်း အကြမ်းဖက် စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှု ၄၇၈ ကြိမ်ကျူးလွန်ခဲ့ကာ အရပ်သားပြည်သူ ၃၆၄ ဦးသေဆုံးခဲ့ပြီး ၃၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲသည့်အပြင် ဘာသာရေး အဆောက်အအုံ ၅၈ လုံး၊ စာသင်ကျောင်း ၃၃ ကျောင်း၊ ဆေးရုံဆေးခန်း ၁၅ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နွေဦးတော်လှန်ရေးစတင်ချိန်မှစ၍ လူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များ အခြေစိုက်သည့် တပ်စခန်းများ၊ အရပ် သားပြည်သူများ စုဝေးသည့်အခမ်းအနားများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ၊ လူနေအိမ်များနှင့် ယာယီစစ်ရှောင်စခန်းများကို လေကြောင်းပစ်မှတ်များအဖြစ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။", "အကြမ်းဖက်စစ်အုပ်စုသည် လေကြောင်းမှ စစ်ဆင်ရေးပြုလုပ်ခြင်း၊ မြေပြင် ထိုးစစ်ဆင်ရာတွင် လေ ကြောင်း ဖြင့် ကူညီပစ်ခတ်ပေးခြင်း၊ ၎င်းတို့၏ စစ်စခန်းများ ထိုးစစ်ဆင်ခံရချိန် ၊ စစ်ကြောင်းများ တိုက် ခိုက်ခံရချိန် ပစ်ကူပေးခြင်း၊ ကင်းထေက်ခြင်း၊ တပ်သားဖြည့်တင်းခြင်း၊ တပ်သားများ ပြောင်းရွှေ့နေရာ ချထားခြင်း၊ စစ်လက်နက်ရိက္ခာများ ပို့ဆောင်ခြင်းတို့တွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ဒရုန်းများ နှင့် အခြားလေ့ကျင့်ရေး လေယာဉ်များကို သုံးစွဲလျက်ရှိကြောင်း စစ်တမ်းက ဖော်ပြထားသည်။", "ဓာတ်ပုံ- ယခု အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ကွယ်လွန်သွားသော စစ်ဘေးရှောင် ပြည်သူများကို သဂြိုလ်နေသည့် မြင်ကွင်း။"]
https://yktnews.com/2025/05/214386/
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ရန်ကာကွယ်နိုင်ရေး မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ စာသင်ကျောင်းများ ယာယီပိတ်သိမ်းကြောင်း ကြေညာ
["စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ရန်ကာကွယ်နိုင်ရေး မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ စာသင်ကျောင်းများ ယာယီပိတ်သိမ်းကြောင်း ကြေညာ", "ရန်ကုန်၊ မေ ၁၃", "စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်နိုင်ရန် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ စာသင် ကျောင်း များအားလုံးကို ယာယီပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြိုင်မြို့နယ် ပညာရေးဘုတ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ုခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ မေလ ၁၃ ရက်နေ့မှစ၍ မြိုင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမ များအားလုံး စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုမှ ယာယီရှောင်ရှားနိုင်ရန် အတွက် မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့၏ မြေပြင်ကျောင်းများအားလုံးကို ယာယီပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။", "“လေကြောင်းအန္တရာယ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ရှောင်ရှားနိုင်ဖို့ ပိတ်လိုက်တာပါ။ ဒီနေ့ ကပြီးပိတ်လိုက်ပါပြီ။ ဘယ်နေ့ပြန်ဖွင့်မယ်ကတော့ မရှိသေးပါဘူး။ ပြည်သူတွေအနေနဲ့ အသက်ထက် အရေးကြီးတာ မရှိဘူးမို့ ရာနှုန်း ပြည့်မဟုတ်သော်လည်း ရာနှုန်းများစွာ အန္တရာကင်းဖို့အတွက် အသက်ကို ဉာဏ်စောင့်ဆိုသလို လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့၊ လူစုလူဝေးတွေ မလုပ်ကြဖို့၊ ဗုံးခို ကျင်း၊ ကတုတ်ကျင်းတွေ တူးထားကြဖို့ အကြုံပြုတိုက်တွန်းချင်ပါတယ်” ဟု မြိုင်မြို့နယ် ပညာရေး ဘုတ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ုခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မေလ ၁၂ ရက် နံနက် ၉ နာရီ ၃၅ မိနစ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်း ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာမ ၂ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး ပွဲချင်းပြီးသေဆုံးပြီး ၅၀ ဦး ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ဆရာ၊ဆရာမများနှင့် ကျောင်း သားကျောင်းသူများစွာ အသက်ဆုံးရှုံးရသော သတင်းကို ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါ ကြောင်း မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားသည်။", "အလားတူ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်ကို ယာယီရှောင်ရှားကာကွယ်နိုင်ရန်အတွက်၊ ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု မြေပြင်ကျောင်းများ အားလုံး ယာယီပိတ်သိမ်းလိုက်ကြောင်း၊ စာသင်ကြားရာနေရာအားလုံး လေကြောင်းရန်ကာကွယ်ရေး အစီအစဉ်များ ပြည့်စုံမှုရှိမရှိ၊ လေကြောင်းရန်နှင့် လက်နက်ကြီးရန် ကာကွယ်ရေးအလေ့အကျင့်၊အလေ့ အထ များ ကောင်းစွာ လေ့ကျင့်နိုင်ခဲ့ခြင်းရှိ၊ မရှိစိစစ်ပြီး ဘေးကင်းလုံခြုံစိတ်ချရ သော သင်ယူမှုဝန်းကျင်ရှိသည့်ကျောင်းများ ကိုသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း ရေစကြိုမြို့နယ် ပညာရေးဘုတ်အဖွဲ့က တရားဝင် ကြေ ညာချက် ထုတ်ပြန်သည်။"]
https://yktnews.com/2024/10/186608/
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက တာဝန်ပေးခံရသူ ဒုဗိုလ်မှူးကြီးညီဇော်ထက်၊ ဒုဗိုလ်မှူးကြီးထွန်းလွင်ဦးနှင့် ဒုဗိုလ်မှူးကြီးအောင်ဌေးတို့ တရားမဝင်ငွေများဖြင့် ချမ်းသာကြွယ်၀လာနေ
["စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက တာဝန်ပေးခံရသူ ဒုဗိုလ်မှူးကြီးညီဇော်ထက်၊ ဒုဗိုလ်မှူးကြီးထွန်းလွင်ဦးနှင့် ဒုဗိုလ်မှူးကြီးအောင်ဌေးတို့ တရားမဝင်ငွေများဖြင့် ချမ်းသာကြွယ်၀လာနေ", "ရန်ကုန်၊ အောက်တိုဘာ ၆", "မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများအပေါ် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် အဓိက တာဝန်ပေးခံရသူ လေတပ်အရာရှိကြီးတချို့ မှာ တရားမဝင် ငွေရလမ်းကြောင်းဖြင့် ချမ်းသာကြွယ်၀လာနေကြောင်း လေတပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "တပ်မတော်နည်းပညာတက္ကသိုလ်DSTA အပတ်စဉ် ၂ မှ ဒုဗိုလ်မှူးကြီး ညီဇော်ထက်သည် နေပြည်တော်ရှိ လေတပ်စစ်ရုံးတွင် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးနှင့် ဝယ်ယူရေးအတွက် အဓိက ဦးဆောင်လုပ်ဆောင်နေရပြီး လေယာဉ်ပြုပြင်ထိန်းသိမ်းရေးနှင့် ဝယ်ယူရေးများမှ အလွန်ကြွယ်၀ချမ်းသာလာကြောင်း၊ နေ့စဉ် အရက်ကောင်းများ သောက်၍ ဇိမ်ခံနေပြီး ချမ်းသာကြွယ်၀လာနေကြောင်း သိရှိသည်။", "“ဒုဗိုလ်မှူးကြီး ညီဇော်ထက်က DSTA အပတ်စဉ် ၂ က။ လက်ရှိနေပြည်တော် ကက(လေ) စစ်ရုံးက။ အရင် စက်မှုလက်မှုက G1 အခုတော့ ဗိုလ်မှူးကြီး ဖြစ်သွားပြီ။ ကက(လေ)မှာပဲ လေယာဉ်တွေ ပြုပြင်ထိန်းသိမ်းရေး ဝယ်ယူရေး တွေက အဓိက လုပ်ပေးနေတာ သူပဲ။ စစ်ရုံးပေါ်မှာနေနေတာကြာပြီ။ ၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းကောင်းတံဆိပ်ရထားတယ်။ ပြည်သူတွေ ဗုံးကျဲဖို့ အဓိက လုပ်ဆောင်ပေးနေသူပါ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ပြည်သူများကို ဗုံးကျဲသတ်ဖြတ်နေသာ Y 12 လေယာဉ်အုပ်မှူးမှာ ဒုတိယဗိုလ်မှူးကြီး ထွန်းလွင်ဦးဖြစ်ပြီး မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းတွင် တာဝန်ကျနေကြောင်း၊ ဒုတိယဗိုလ်မှူးကြီး ထွန်းလွင်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။", "“၂၀၂၃ ခုနှစ်မှာ ဗိုလ်မှူး ထွန်းလွင်ဦးက တပ်ချုပ်က ချီးမြှင့်တဲ့ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်နဲ့ သူရဲ ကောင်း မှတ်တမ်းဝင်တံဆိပ်ရရှိထားတယ်” ဟု တပ်သတင်းရင်းမြစ်ကဆိုသည်။", "စစ်ကေင်စီ၏ လေတပ်ကွပ်ကဲမှုများကို နမ့်စန်လေတပ်စခန်းမှနေ၍ အဓိက ကွပ်ကဲ ဆောင်ရွက်ပေးနေသူ လေကြောင်းအင်ဂျင်နီယာ ဒုတိယဗိုလ်မှူးကြီး အောင်ဌေးဖြစ်ပြီး စက်မှုတက္ကသိုလ်ကျောင်းဆင်းတစ်ဦးလည်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မင်းအောင်လှိုင်က ချီးမြှင့်သည့် စစ်မှုထမ်းကောင်းတံဆိပ် ရရှိထားသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/117888/
စစ်ကောင်စီ၏ လေတပ်တွင် လေယာဉ်ပစ်လက်နက်၊ ဗုံးများ အဓိက ပြင်ဆင် ပေးရသူ စစ်ရာဇဝတ်မှုများ၏ အဓိက တရားခံ ဒုဗိုလ်မှူးကြီး ကျော်ကျော်ဦး ရုတ်တရက်သေဆုံး
["စစ်ကောင်စီ၏ လေတပ်တွင် လေယာဉ်ပစ်လက်နက်၊ ဗုံးများ အဓိက ပြင်ဆင် ပေးရသူ စစ်ရာဇဝတ်မှုများ၏ အဓိက တရားခံ ဒုဗိုလ်မှူးကြီး ကျော်ကျော်ဦး ရုတ်တရက်သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၂", "နေပြည်တော်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်အတွက် လေယာဉ်ပစ် လက် နက်များ အဓိက ပြင်ဆင်ပေးရသူ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး သည် ဩဂုတ်လ ၈ ရက်နေ့ ညပိုင်းတွင် ရုတ်တရက်သေဆုံးသွားခဲ့ကြောင်း နေပြည် တော်စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "နေပြည်တော်လေတပ်မှ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး ကကလေ- စစ်ဦး စီး၊ ပထမတန်း (လက်နက်) သည် ဩဂုတ်လ ၈ ရက်နေ့ ညပိုင်းတွင် ရုတ်တ ရက် အမောဖောက်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“ကကလေ က စစ်ဦးစီးမှူးပထမတန်း(လက်နက်) ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်ဦး လေယာဥ်လက်နက်တွေ အဓိက ပြင်ဆင် ပေးတဲ့ သူ အင်ဂျင် နီယာပေါ့။ ရုတ်တရက်ဆုံးတာ။ ည ၁၀ နာရီလောက် ဆေးရုံအရောက်ပို့တာ။ ဆေးရုံလည်းရောက်‌ သေလည်းသေတယ်။ နှလုံးရောဂါ ထင်တယ်။ဩဂုတ်လ ၁၀ ရက်နေ့မှာ သဂြိုလ်ခဲ့ပါတယ်” ဟု နေပြည်တော်စစ်သတင်းရင်းမြစ်က ပြောသည်။", "ဒုတိယဗိုလ်မှူး‌ကြီး ကျော်ကျော်ဦးသည် ဗိုလ်လောင်း သင်တန်းအမှတ် ၈၅ မှ ဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၅၆ နှစ်ရှိနေပြီဖြစ်ကြောင်း၊ Operation Spitfire က ထုတ်ပြန်ထားသည့် လေတပ်မှ စစ်ရာဇဝတ်မှုကျူးလွန်သော အရာရှိ များတွင် တစ်ဦး အပါအဝင် ဖြစ်ကြောင်း သိရှိရသည်"]
https://yktnews.com/2024/09/184657/
စစ်ကောင်စီ၏ လေတပ်များမှ တိုက်လေယာဉ် နှင့် ဗုံးကျဲလေယာဉ်များ အတက် အဆင်းပြုလုပ်မည့် အရေအတွက် ပြန်လည်များပြားနေ၍ လေ ကြောင်းအန္တရာယ် သတိထားကြရန်လိုအပ်
["စစ်ကောင်စီ၏ လေတပ်များမှ တိုက်လေယာဉ် နှင့် ဗုံးကျဲလေယာဉ်များ အတက် အဆင်းပြုလုပ်မည့် အရေအတွက် ပြန်လည်များပြားနေ၍ လေ ကြောင်းအန္တရာယ် သတိထားကြရန်လိုအပ်", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်များမှ တိုက်လေယာဉ်နှင့် ဗုံးကျဲလေ ယာဉ်များ အတက်အဆင်းပြုလုပ်မည့် အရေအတွက် ပြန်လည်များပြားနေ၍ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများမှ ပြည်သူများအနေ ဖြင့် လေကြောင်းအန္တရာယ်သတိထားကြရန် လို အပ်ကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ နေ့စဉ်၊ အပတ်စဉ် လေတပ်များမှ တိုက် လေ ယာဉ်နှင့် ဗုံးကျဲလေယာဉ်များ အတက်အဆင်း ပြုလုပ်မည့် အ ရေ အတွက် ပြန်လည် များပြားလာခြင်းဖြစ်ကြောင်း၊ လေယာဉ်အတက်အဆင်း များပြားခြင်းသည် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများအတွက် လေကြောင်းအန္တရာယ် မြင့်တက်နေသည့် သဘောဖြစ်ကြောင်း တပ်သတင်းရင်းမြစ်က ရှင်းပြသည်။", "” ဒီရက်ပိုင်းမှာ လေယာဉ်အတက်အဆင်းတွေ ပြန်များနေမယ်။ ဘယ်နေရာတွေကို ဦး တည် ပျံသန်းမလဲ ဆိုတော့ မသိရဘူး။ လေယာဉ် ပျံတက်မယ့် စာရင်းတွေ ပြန်များနေတာတော့ အတည်ပြုနိုင်တယ်။ စက်တင်ဘာလလယ် ရေကြီးတုန်းကတော့ လေယာဉ်တွေ အတော်များများ ရပ်နားခဲ့တယ်။ တာဝန်ထမ်းဆောင်မယ့် လေယာဉ်မှူး၊ တွဲဖက်နဲ့ လေယာဉ်စာရင်းကတော့ နေ့စဉ်၊ အပတ် စဉ် Update လုပ်နေတယ်။ စက်တင်ဘာလကုန်အထိ လေယာဉ်အတက် အဆင်းများမှာမို့ လေကြောင်းအန္တရာယ် သတိထားဖို့လိုပါတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "လေယာဉ်အတက်အဆင်းများသည့် လေဆိပ်များတွင် တံတားဦးလေတပ်၊ အေလာလေတပ်၊ မှော်ဘီလေတပ်တို့က လေယာဉ်အတက်အ ဆင်း အများဆုံး ဖြစ် ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်ရေးအတွက် ရန်နိုင်မင်းစစ်ဆင်ရေးကို အကောင်အထည်ဖော်ကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "ယခုရက်ပိုင်းအတွင်း ဖားကန့်၊ လားရှိုး၊ နောင်ချို၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်၊ ကရင်နီမကွေးတိုင်းနှင့် မန္တလေးတိုင်းရှိ တိုက်ပွဲများဖြစ်ပွားနေသော နေရာများသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများစွာ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုက်လေယာဉ်များ တပ် တော်ဝင်သည့် အခမ်းအနား တက်ရောက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါ သည်။ )"]
https://yktnews.com/2024/06/167821/
စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျွန်းလှ အနောက်ခြမ်း အထက်တန်းစာသင်ကျောင်း အဆောက် အဦး ပျက်စီးပြီး လူထိခိုက်မှုမရှိ
["စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျွန်းလှ အနောက်ခြမ်း အထက်တန်းစာသင်ကျောင်း အဆောက် အဦး ပျက်စီးပြီး လူထိခိုက်မှုမရှိ", "ရန်ကုန်၊ ဇွန်၁၅", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျွန်းလှ အနောက်ခြမ်း အထက်တန်းစာသင်ကျောင်း အဆောက်အဦး ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန် စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်၊ အနောက်ခြမ်းရှိ အိမ်ခြေ ၃၅၀ ကျော်ရှိသော ရွာကုန်းကြီးရွာ အခြေခံပညာ အထက်တန်း စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်သွားခဲ့ကြောင်း၊ မြေပြင်တွင် တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ စာသင်ကျောင်းကို ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘူး။ အကြောင်းမဲ့ကို လာပစ်တာ။ ပစ်တာကလည်း လေယာဉ် ၂ စီးနဲ့ ပစ်တာ။စာ သင်ကျောင်းနဲ့ ပြည်သူတွေ နေတဲ့ အိမ်တွေနဲ့က အတော်အသင့် ဝေးလို့ လူထိခိုက်မှုတော့ မရှိခဲ့ဘူး။ ဝက်၂ကောင် တော့ သေတယ်။စာသင်ကျောင်း မျက်နှာကျက်တွေ ပျက်စီးတယ်။ လူနေအိမ် ၂ လုံးပျက်စီးတယ်။ကျန်တာကတော့ ဘာထိခိုက်မှုမှမရှိဘူး” ဟု ရွာကုန်းကြီးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ဇွန်လ ၁၃ ရက်နေ့ကကလည်း ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲခဲ့သဖြင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/81772/
စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်း ပေါက်ကြားမှု မှတ်တမ်းဌာန ခေါင်းဆောင် ရဲမှူးချုပ် အောင်ဌေး မြင့် နှင့် ရုံးအဖွဲ့ဝင်များ ထိန်းသိမ်းစစ်မေးခံရ၊ အစည်း အဝေး တက်သူ အရာရှိများ၏ မိုဘိုင်းလ်ဖုန်းများလည်း သိမ်းဆည်း စစ် ဆေး ခံနေရ
["စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်း ပေါက်ကြားမှု မှတ်တမ်းဌာန ခေါင်းဆောင် ရဲမှူးချုပ် အောင်ဌေး မြင့် နှင့် ရုံးအဖွဲ့ဝင်များ ထိန်းသိမ်းစစ်မေးခံရ၊ အစည်း အဝေး တက်သူ အရာရှိများ၏ မိုဘိုင်းလ်ဖုန်းများလည်း သိမ်းဆည်း စစ် ဆေး ခံနေရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "NUG ၊ CRPH နှင့် PDF တို့ကို ချေမှုန်းရေး အတွက် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင်ကျင်းပသည့် စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်းများ ပေါက်ကြားသဖြင့် မှတ်တမ်းဌာန ခေါင်းဆောင် ရဲမှူးချုပ် အောင်ဌေးမြင့်နှင့် ရုံး အဖွဲ့ဝင်ရဲအရာရှိကြီး တချို့ စစ်မေးခံနေရကြောင်း သိရှိရသည်။", "Khit Thit သတင်းဌာနက စစ်ကောင်စီ၏ လျှို့ဝှက်အစည်းအဝေး မှတ်တမ်းများ ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သတင်းဖော်ပြခဲ့ရာ ယင်းဖော်ပြမှုနောက် ဆက် တွဲ ထိန်းသိမ်းစစ်ဆေးမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အစည်းအဝေးမှတ်တမ်း တက်လာတဲ့ညမှာပဲ ရဲမှူးချုပ် အောင်ဌေးမြင့်နဲ့ ရုံးအဖွဲ့ တွေ ထိန်းသိမ်းစစ်မေးခံရတယ်။ ဖမ်းတာတော့မဟုတ်ဘူး။ ဖုန်းတွေစစ်တယ်။ ခဏ ခေါ်မေးသလိုပေါ့။ အဲဒီလိုပဲ သိထားပါတယ်။ နောက်ပြီး အစည်းအဝေး တက်တဲ့သူတွေထဲက အရပ်ဘက် စစ်ဘက် အရာရှိတွေရဲ့ မိုဘိုင်းလ်ဖုန်းတွေကို တောင်းပြီး စစ်ဆေးတာတွေလည်းရှိတယ်။ အတော်တော့ ဗြောင်းဆန် သွား တယ်။ ဒီအစည်းအဝေးမှာ ချမှတ်တာတွေက ဒီ ၂၀၂၃ ခုနှစ်မှာ လုပ်မယ့် စီမံ ချက် တွေကို ဆွေးနွေးတာဆိုတော့ အရေးကြီးတဲ့ အစည်းအဝေး လည်း ဖြစ် တယ်။ ဒါကို တစ်ဖက်အဖွဲ့က သိသွားတော့ လုပ်မယ့် အလုပ်တွေ အားလုံး အကုန် ပျက်စီးနှောင့်နှေးမယ့်သဘော ဖြစ်ကုန်တော့ အခုလို စစ်ဆေးမှုတွေ ဖြစ်လာတာပါ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။", "အဆိုပါအစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် အပါအဝင် ဌာနပေါင်းစုံမှ အရာရှိကြီး ၅၅ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။", "လတ်တလော ယာယီ ထိန်းသိမ်းစစ်မေးခံရသော ရဲမှူးချုပ်အောင်ဌေးမြင့်သည် နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနကြီးမှူးဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သည်။", "လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အရပ်ဘက် ဌာနများအတွင်း ခေတ်သစ် သတင်းဌာနထံသို့ သတင်းပေးသည့် အရာရှိ ဖရဲ သီး ရှိရမည်ဆိုသော ယူဆချက် ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ ဖရဲသီး ဆိုသူ ကို ဖမ်းဆီး ရမိခြင်း မရှိသေးဟု သိရှိရသည်။", "အစည်းအဝေးမှတ်တမ်းကို ပေးပိုရာတွင် အစည်းအဝေး တက်ရောက်သူများ၏ နံပါတ်အစဉ်အလိုက် လျှို့ဝှက်ကုတ်များ ရေးသွင်း ပေးပို့ခဲ့သော်လည်း ခေတ် သစ် က ပြန်လည် ဖော်ပြချိန်တွင် လျှို့ဝှက်ကုတ်များနှင့် စာအမှတ်များ ဖျက် ထား သဖြင့် မည်သူ့ဆီက ပေါက်သည်ကို ခန့်မှန်း ရန်ခက် ခဲသွားခြင်းဖြစ် ကြောင်း သိရှိရသည်။", "“ဥပမာ- အစည်းအဝေးစာရင်းမှာ ရဲမှူးချုပ် တင်ကိုကို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး က အမှတ်စဉ် ၅၃ ဆိုရင် အစည်းအဝေး မှတ်တမ်း ပြန်လည်ပေးပို့တဲ့အခါမှာ ၅၃ ဆိုတဲ့ ကုတ်ကို စာမျက်နှာတိုင်း နေရာတိုင်းမှာ ခပ်သေးသေးလေး မထင်မရှား လက်ရေးလေးနဲ့ ထည့်ထားတယ်။ အဲဒါကို ကျနော်တို့က ဖျက်တယ်။ နောက်ပြီး တိုင်း/ပြည်နယ်အလိုက် လျှို့ဝှက်ကုတ်တွေ ရှိတယ်။ ဥပမာ မကွေးတိုင်းဆိုရင် စာအမှတ်မှာ ၁၈ ပေါ့။ အဲဒီလို ဟာမျိုးတွေကို ကျနော်တို့ ဖျက်တယ်။ အကြိမ် ကြိမ် အခါခါ စစ်ဆေး သန့်စင်ပြီးမှ စိတ်ချရမှ တင်တာပါ။ အဲဒါကြောင့် သူတို့ ဘယ်လိုမှ လိုက်လို့မရနိုင်တာပါ” ဟု ရန်ကုန်ခေတ်သစ်မှ အယ်ဒီတာတစ်ဦးက ပြောဆိုသည်။", "ယခင်မန်နှစ်အတွင်း PDF ကို ကြောက်လန့်နေရဟု မကွေးဝန်ကြီးချုပ် တင့် လွင် ပြောဆိုသည့် မကွေး တိုင်း၊ စစ်ကောင်စီအစည်းအဝေး အသံဖိုင် Khit Thit သို့ ပေါက်ကြားမှုဖြင့် မကွေးတိုင်းအစိုးရ အတွင်းရေးမှူး ဒုညွှန်ချုပ် ဝင်းရှိန်ကို ယမန်နှစ် မေလ ၂ ရက်နေ့တွင် နိုင်ငံတော်လျှို့ဝှက် ဥပဒေချိုး ဖောက်သည်ဟု ဆိုကာ ရာထူးမှ ဖြုတ်ချ ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ရန်ကုန်ခေတ်သစ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မင်းအောင် လှိုင် ဦးဆောင်တက်ရောက်ခဲ့သည့် စစ်ကောင်စီအလွတ်သဘော လျှို့ဝှက် အစည်း အဝေး မှတ်တမ်းများကိုလည်း ဖော်ပြခဲ့သဖြင့် အရာရှိနှင့်ဝန်ထမ်းတချို့ ဖမ်းဆီးအရေးယူမှုများ ဖြစ်ပေါ်ခဲ့သည်။", "အလားတူ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ နေပြည်တော်တွင် အသံတိတ် သပိတ် တားဆီးရေး ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ပြောဆိုသော လျှို့ဝှက် အစည်း အဝေး အသံဖိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဖော်ပြခဲ့ရာ အစည်း အဝေး တက်ရောက်ခဲ့သူ ဒုဝန်ကြီးမှစ၍ ထွေ/အုပ်အရာရှိကြီးများ၊ ရဲတပ်ဖွဲ့ အရာရှိကြီး များနှင့် စည်ပင် အရာရှိများ၊ ဌာနဆိုင်ရာများကို ခေါ်ယူ စစ်ဆေးခြင်း၊ မိုဘိုင်းလ် ဖုန်း များကို စစ်ဆေးခြင်းများ စစ်တပ်က လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ စစ်ဘက်၊ အရပ်ဘက် လျှို့ဝှက် ညွှန်ကြားမှု မှန် သမျှ ပေါက်ကြားနေသဖြင့် စစ်ကောင်စီက ညွှန်ကြားချက်များ မပေါက် ကြား စေရန် နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။", "ဓာတ်ပုံ- ရဲမှူးချုပ် အောင်ဌေးမြင့် ။ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2024/07/175912/
စစ်ကောင်စီ၏ ဝန်ထမ်းနှင့်အငြိမ်းစားများအားလုံးကို လစာတိုးမြှင့်ပေးသည့် သတင်းကြောင့် အမေရိကန်တစ်ဒေါ်လာ ၅၁၀၀ ဝန်းကျင်နှင့် အခေါက်ရွှေစျေး ၆၂ သိန်းကျော်သို့ ရောက်ရှိ
["စစ်ကောင်စီ၏ ဝန်ထမ်းနှင့်အငြိမ်းစားများအားလုံးကို လစာတိုးမြှင့်ပေးသည့် သတင်းကြောင့် အမေရိကန်တစ်ဒေါ်လာ ၅၁၀၀ ဝန်းကျင်နှင့် အခေါက်ရွှေစျေး ၆၂ သိန်းကျော်သို့ ရောက်ရှိ", "ရန်ကုန်၊ ဇူလိုင် ၂၇", "အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းနှင့် အငြိမ်းစားများအားလုံးကို လာမည့်ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ထောက်ပံ့ကြေး လစာတိုးမြှင့်ပေးမည်ဖြစ် ကြောင်း ယမန်နေ့တွင် ကြေညာလိုက်ရာ အဆိုပါ သတင်းကြောင့် ပြည်တွင်းစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၅၁၀၀ ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင်ငွေကျပ် ၆၂ သိန်းဝန်းကျင်သို့ရောက်ရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းများနှင့် အငြိမ်းစားများအားလုံးကို ဩ ဂုတ် လ ၁ ရက်နေ့မှစတင်၍ ငွေကျပ် သုံးသောင်း ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အောက်တိုဘာလတွင် နိုင်ငံ့ဝန်ထမ်းများကို လက်ရှိလစာအပြင် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ကြေးကို ပထမအကြိမ် တိုးမြှင့်ပေးခဲ့ကြောင်း၊ ယခုအခါ လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ်အဖြစ် ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို အပိုထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၃၀၀၀၀ စီ ဒုတိယအကြိမ် ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။", "စစ်ကောင်စီက ယမန်နေ့ည ထိုသို့ ကြေညာပြီးနောက်ပိုင်း စျေးကွက်တွင် လှုပ်ခတ်မှုများဖြစ်လာပြီး ရွှေစျေးနှင့် ဒေါ်လာစျေးများ မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "“အရွက်က ပေါက်စျေးက တစ်ဒေါ်လာ ၅၀၀၀ ။ တကယ်အဝယ်ဆိုရင်တော့ တစ် ဒေါ်လာ ၅၁၀၀ လောက်ပေးရမယ်။ အဝယ်တွေ အရမ်းတက်နေတယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ရှင်းပြသည်။", "အလားတူ ရွှေစျေးကွက်တွင်လည်း အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၆၂ သိန်းကျော်တွင် စျေးပေါက်နေကြောင်း၊ စျေးကွက်တွင် အဝယ်များပြားနေကြောင်း ၊ ကမ္ဘာ့ရွှေစျေးမှာ ကျဆင်းနေသော်လည်း မြန်မာ့ရွှေစျေးမှာ လစာတိုးသည့်ဂယက်ကြောင့် စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/101166/
စစ်ကောင်စီ၏ ဝါဒဖြန့် ယန္တရားဖြစ်လာသည့် ရုပ်ရှင်အစည်းအရုံးတွင် ဗုံးပေါက်ကွဲ
["စစ်ကောင်စီ၏ ဝါဒဖြန့် ယန္တရားဖြစ်လာသည့် ရုပ်ရှင်အစည်းအရုံးတွင် ဗုံးပေါက်ကွဲ", "ရန်ကုန်၊ မေ ၆", "အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် ယန္တရားအစြဖ် ဆောင်ရွက်လာနေသည့် ရုပ်ရှင်အစည်းအရုံးဝင်းအတွင်း ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုကြပြီး ယင်းဗုံးဖောက်ခွဲမှုကို မြို့ပြ ပျောက်ကျားတပ်ဖွဲ့က ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "မေလ၆ ရက်နေ့ နံနက် ၁၀ နာရီ ၅၇ မိနစ်အချိန် ဗဟန်းမြို့နယ်၊ငါးထပ်ကြီးအနောက်ရပ်ကွက်၊ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်းအတွင်းတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။", "“ဗုံးပေါက်ကွဲတာကတော့ အပြင်းစားပေါက်တာ။ ရုပ်ရှင်အစည်းအရုံးထဲမှာ။ မြေကြီးတောင်တုန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ယနေ့ မေလ ၆ ရက်နေ့၊ နံနက် ၁၁ နာရီခန့် စစ်ကောင်စီ ဝါဒဖြန့်မှုအမျိုးမျိုးတွင် ပါဝင်ပက်သတ်နေသည့် ရုပ်ရှင်အစည်းအရုံးအား ‘ခွေးခေါင်းဓားစက် စစ်ဆင်ရေး’ အနေဖြင့် ‌ဗုံးဖောက်ခွဲတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း မြို့ပြပျောက်ကြားရဲဘော်များက သတင်းထုတ်ပြန်ထားပြီး အကြမ်းဖက် စစ်ကောင်စီက ဝါဒဖြန့်ရန် စီစဉ်ထားသည့် အတုအယောင် အကယ်ဒမီပွဲကိုလည်း ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကြောင်း ထိုသတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။"]
https://yktnews.com/2023/03/93328/
စစ်ကောင်စီ၏ သင်္ကြန်စည်ကားရေးနှင့် မဏ္ဍပ်များ တည် ဆောက် ရေး အတွက် လုပ်ငန်းရှင်များ အလှူငွေ သို့မဟုတ် စပွန်ဆာပေးရန် စစ်ကောင်စီက ဖိအား ပေး
["စစ်ကောင်စီ၏ သင်္ကြန်စည်ကားရေးနှင့် မဏ္ဍပ်များ တည် ဆောက် ရေး အတွက် လုပ်ငန်းရှင်များ အလှူငွေ သို့မဟုတ် စပွန်ဆာပေးရန် စစ်ကောင်စီက ဖိအား ပေး", "ရန်ကုန်၊ မတ် ၂၀", "စစ်ကောင်စီက သင်္ကြန်စည်ကားရေးနှင့် မဏ္ဍပ်များ တည်ဆောက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလှူငွေ သို့မဟုတ် စပွန်ဆာပေးရန် စစ်ကောင်စီက ဖိအားပေးလျက်ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်တချို့က ပြောသည်။", "“အနည်းဆုံး သိန်း ၅၀ လောက်တော့ လှူပေးပါ။ လူကြီးတွေက ဒီနှစ်စည် ကား အောင် လုပ်ခိုင်းထားလို့ ဘတ်ဂျက်လည်း ချမပေးလို့ ကူညီပါ ဆိုပြီး ဖုန်း ဆက် လာတယ်။ မလှူရင် မကူညီရင်လည်း ဒုက္ခကို ပုံစံမျိုးစုံနဲ့ ပေးတော့ မှာဆို တော့ မရှိ ရှိတာ ထုတ်ပြီး ပေးရတာပဲ” ဟု ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။", "စစ်ကောင်စီက စီစဉ်နေသည့် သင်္ကြန်စည်ကားရေအတွက် ရန်ကုန်တိုင်းတွင် စက်မှု ဇုန်များ အလိုက် အလုပ်သမားများကို ရေပက်ခံခိုင်းခြင်း၊ သွားရောက် လည်ပတ်စေခြင်းများ လုပ်ဆောင်ရန် ယမန်နှစ်ကလည်း ဖိအားပေးမှုများ၊ စာထုတ် ညွှန်ကြားမှုများ ရှိရာ ယခုနှစ်တွင်လည်း ယင်းကဲ့သို့ စာထုတ် ညွှန် ကြား မည်ကို လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။", "“အခုက ဘာပွဲလုပ်လုပ် စက်မှုဇုန်တွေဆီကနေ လူဘယ်နှစ်ယောက်လာပါ။ ပေးပါ။ လူရှာရတာ တစ်လုပ်၊ အဲဒီလူတွေ သွားဖို့လာဖို့ စားဖို့ စီစဉ်ပေးရတာ စရိတ်က တစ်ခါ ထုတ်ရ။ အတော်လည်း စိတ်ပင်ပန်းရတယ်။ သူတို့ခိုင်းတာ မလုပ်ပေးရင်လည်း မရဘူး။ ပြဿနာရှာခံရနဲ့။ မီးကျတော့ မှန်မှန်မပေးဘူး။ တစ်နေ့လုံးမှ ၄ နာရီလောက်ပဲရတယ်။ ရတဲ့ ၄ နာရီတောင် လာချင်သလို လာ ပျက်ချင်သလို ပျက်။ တကယ့်ကို လူမိုက်လို ရန်ရှာခံနေရတာပါ” ဟု ဒဂုံမြို့သစ်တောင်ပိုင်းစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။", "စစ်ကောင်စီ၏ ဝန်ကြီးဌာနများတွင် သင်္ကြန်စည်ကားရေးအတွက် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေး ထွက်ရန် လုပ်ဆောင်နေပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ဝန်ထမ်း များကို ယခုနှစ်သင်္ကြန်တွင် Dancer၊ Kpop၊ DJ အတီးအကအဆိုများဖြင့် ဖျော် ဖြေရန် နေပြည်တော်တွင် အပြင်းထန်လေ့ကျင့်ခိုင်းနေကြောင်း၊ အခြားတစ်ဖက် တွင်လည်း စသုံးလုံး၊ ရဲနှင့် ထွေအုပ်တို့က စီးပွားရေးလုပ်ငန်းရှင်များကို မဏ္ဍပ် စပွန်ဆာနှင့် အလှူငွေများပေးရန် ဖိအားပေး ခိုင်းစေနေကြောင်း သိရှိရသည်။", "ရန်ကုန်မြို့တွင် ဝန်ကြီးဌာနပေါင်းစုံ သင်္ကြန်အဖြစ် ပြည်သူ့ရင်ပြင်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး မဏ္ဍပ်များကို စတင် တည်ဆောက်လျက်ရှိကြောင်း သိရှိရ သည်။", "ဓာတ်ပုံ- ယခုနှစ်သင်္ကြန်အတွက် ပြည်သူ့ရင်ပြင်တွင် မဏ္ဍပ်များ ဆောက်လုပ် နေစဉ်။"]
https://yktnews.com/2023/05/100500/
စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ဧပြီလအတွင်း အမျိုးသမီး ၅၅ ဦး သေဆုံး၊ အာဏာသိမ်းယူသည့် ၂ နှစ်ကျော်ကာလအတွင်း အမျိုးသမီး ၅၁၃ ဦးကို စစ်ကောင်စီ​က သတ်ဖြတ်ခဲ့
["စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ဧပြီလအတွင်း အမျိုးသမီး ၅၅ ဦး သေဆုံး၊ အာဏာသိမ်းယူသည့် ၂ နှစ်ကျော်ကာလအတွင်း အမျိုးသမီး ၅၁၃ ဦးကို စစ်ကောင်စီ​က သတ်ဖြတ်ခဲ့", "ရန်ကုန်၊ မေ ၂", "အကြမ်းဖက် စစ်ကောင်စီကြောင့် ဧပြီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အမျိုးသမီး ၅၅ ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းထားသူ အမျိုးသမီး စုစုပေါင်း ၄၃ ဦးအထိရှိခဲ့ကြောင်း Burmese Women’s Union (မြန်မာအမျိုးသမီးသမဂ္ဂ) က သတင်းထုတ်ပြန်သည်။", "အကြမ်းဖက်စစ်ကောင်စီ၏ ဧပြီလ ၁၁ ရက်နေ့တွင် ပဇီကြီးရွာသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး ၄၅ ဦးအထိ ရှိခဲ့ကြောင်းလည်း Burmese Women’s Union ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၃ ခုနှစ် ဧပြီ ၂၈ ရက်နေ့အတွင်း အမျိုးသမီး ၃၃၉၀ ဦးကို ဖမ်ဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၂ နှစ်ကျော်အတွင်း အမျိုးသမီး ၅၁၃ ဦး ကို သတ်ဖြတ်ခဲ့ပြီး ၈၁၉ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း Burmese Women’s Union (မြန်မာအမျိုးသမီးသမဂ္ဂ) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "အဆိုပါ စာရင်းများသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် Burmese Women’s Union (မြန်မာအမျိုးသမီးသမဂ္ဂ) တို့ ကောက်ယူထားသည့် အချက်အလက်များ ဖြစ်ပြီး စုံစမ်းဆဲစာရင်းများလည်း ရှိသည့်အတွက် အရေအတွက်မှာ ယခုထက်ပိုမိုများနိုင်ကြောင်းလည်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရသည့် အမျိုးသမီး အများစုမှာ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းတို့မှ အများဆုံးဖြစ်ကြောင်း စာရင်းများ အရ သိရှိရသည်။", "ထို့ပြင် မတ်လအတွင်းကလည်း အကြမ်းဖက်စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး ၂၉ ဦးအထိ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ သေဆုံးသူဦးရေ ၁၇ ဦးဖြင့် အရေအတွက် အမြင့်ဆုံးဖြစ်ကြောင်း၊ မတ်လအတွင်းတွင် ဖမ်းဆီးခံရသူ အမျိုးသမီး ၅၈ ဦး ရှိပြီး စစ်ကိုင်းတိုင်းမှာ ဖမ်းဆီးခံရသူ ၁၉ ဦးဖြင့် အများဆုံးဖြစ်ကြောင်း Burmese Women’s Union ၏ မတ်လအတွင်း ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။", "အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှ စ၍ အမျိုးသမီးများကို မတရား သတ်ဖြတ် ဖမ်းဆီးခြင်းများအပြင် ကလေးငယ် ၅၉၂ ဦးကိုလည်း ဖမ်းဆီးထားပြီး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ် ၃၆၃ ဦးအထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/01/201289/
စစ်ကောင်စီ၏ အတင်း အဓမ္မ စစ်မှုထမ်း ခိုင်းစေမှုကြောင့် ထွက်ပြေးလာမည့် လူငယ်များအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ စီစဉ်ထားရန် တော်လှန်ရေး အင်အားစု အသီးသီးကို မန္တလေးဒေသ တော်လှန်လူငယ်များက အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆို
["စစ်ကောင်စီ၏ အတင်း အဓမ္မ စစ်မှုထမ်း ခိုင်းစေမှုကြောင့် ထွက်ပြေးလာမည့် လူငယ်များအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ စီစဉ်ထားရန် တော်လှန်ရေး အင်အားစု အသီးသီးကို မန္တလေးဒေသတော်လှန်လူငယ်များက အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆို", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "အကြမ်းဖက် စစ်ကောင်စီ၏ အတင်း အဓမ္မ စစ်မှုထမ်း ခိုင်းစေမှုကြောင့် ထွက်ပြေးလာမည့် လူငယ်များအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ စီစဉ်ထားရန် တော်လှန်ရေး အင်အားစု အသီးသီးကို မန္တလေးဒေသ တော်လှန်လူငယ်များက အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ကြောင်း သိရသည်။", "မန္တလေးဒေသတွင်း တော်လှန်ရေး၌ နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု ကဏ္ဍအသီးသီးတွင် ပါဝင်ရုန်းကန်နေကြသည့် လူငယ်များက အကြမ်းဖက် စစ်တပ် ထုတ်ပြန်ထားသော အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်း ကြေညာချက်ကို ရှောင်တိမ်းရန် ကြိုးပမ်းသည့် လူငယ်များအတွက် ကယ်ဆယ်ခြင်း၊ နေရာစီစဉ်ချထားခြင်း၊ လမ်းညွှန်ချက်များ အကြံပြုခြင်း၊ ချိတ်ဆက်နိုင်မည့် နည်းလမ်းများပံ့ပိုးခြင်းများ လုပ်ဆောင်ပေးခြင်းများ အပါအဝင် ၂၁ ချက်ကို သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများက အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာကို ပေးပို့တောင်းဆိုခဲ့ကြောင်း မန္တလေးဒေသတော်လှန်လူငယ်တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကြသည့် လူငယ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။", "မန္တလေးဒေသ တော်လှန်လူငယ်တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် အွန်လိုင်းမှ တစ်ဆင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး မန္တလေး ဒေသတော်လှန်လူငယ်များအကြား ရင်းနှီးစွာတွေ့ဆုံနိုင်ရန်၊ နိုင်ငံရေး စစ်ရေး လူထုအကြပ်အတည်းများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန်၊ နွေဦးတော်လှန်ရေးအတွင်း ကြုံတွေ့ရင်ဆိုင်နေရသော အကြပ်အတည်းများကို ကျော်လွှားဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေရန် စသည့် ရည်ရွယ်ချက်များနှင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။", "“ကျမတို့ လူငယ်တွေကတော့ ရာနှုန်းပြည့်အကောင်ထည်ဖော်ပေးဖို့ မျှော်လင့်ပြီး တိုက်တွန်းကြတာဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုအသီးသီးဘက်ကလည်း လူငယ်များရဲ့ တောင်းဆိုမှုကို အလေးအနက်ထားပြီး တော်လှန်ရေးအတွက် လက်တွေ့ကျမယ့် လုပ်ငန်းစဉ်တွေ လုပ်စေချင်ပါတယ်” ဟု မန္တလေးဒေသ တော်လှန်လူငယ်တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ မန္တလေးမှ လူငယ်အမျိုးသမီးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "အဆိုပါ တွေ့ဆုံပွဲတွင် လူငယ်များ စစ်မှုထမ်းရှောင်တိမ်းပြီး တော်လှန်ရေးတွင် ပိုမိုပါဝင်လာနိုင်ရန်နှင့် တော်လှန်ရေးတွင် မပါဝင်လိုသော လူငယ်များအတွက် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး ဖန်တီးစီစဉ်ပေးရန် ၊ CDM ဆိုင်ရာ သတ်မှတ်ချက်ကို တစ်ပြေးညီ ထားရှိပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အဆင့်မြင့်အရာရှိများ ဘက်ပြောင်းခိုလှုံလာနိုင်စေရေး မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်နွယ်ပတ်သက်သည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများကို သပိတ်မှောက်ရေး ၊ အကြမ်းဖက်စစ်ကောင်စီကို အသက်ဆက်စေမည့် အထောက်အပံ့မှန်သမျှ ဖြတ်တောက်နိုင်ရေး ပိုမိုလှုံ့ဆော်ရန် စသည့်အချက်များအပါအဝင် ၂၁ ချက်ကို တော်လှန်ရေးအင်အားစုများက အကောင်အထည်ဖော်ပေးရန် အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။", "ထို့ပြင် ကြားကာလ ပညာရေး ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုတိုးမြင့်လုပ်ဆောင်ပြီး လူငယ်များ၏ ပညာသင်ယူခွင့် လက်လှမ်းမီရေး၊ ကျန်းမာရေးစောင့်ရှောက်ခံယူခွင့် ရရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် ကြားကာလ ပညာရေးစနစ်ကို နိုင်ငံတကာက အသိအမှတ်ပြုမှု ရရှိစေရေး ဆောင်ရွက်ရန် အပါအဝင် ပဋိပက္ခကာလအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် ထိရောက်သော ဖြေရှင်းရေး ယန္တရားများကို ဖော်ဆောင်ရန်လည်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။", "Photo – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ထွက်ပြေး တိမ်းရှောင်နေသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2024/03/153929/
စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းမှုများအပေါ် တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှု NUG က စတင်ပေး
["စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းမှုများအပေါ် တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှု NUG က စတင်ပေး", "ရန်ကုန်၊ မတ် ၃၀", "အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံ ဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG အစိုးရက ယနေ့ မတ်လ ၃၀ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။", "အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရသော ပြည်သူ လူထု၏ စိတ်သောကများအား သက်သာရာရစေရန် နှင့် လိုအပ်သော အကူအညီနှင့် အထောက်အပံ့ များကို တတ်နိုင်သမျှ ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှု တစ်ခုအဖြစ် Telegram Channel –https://t.me/nugpublicaffairsbotကို ယနေ့ စတင်ဖွင့်လှစ်လိုက်ဖြစ်ကြောင်း သိရသည်။", "လတ်တလောတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ရေးရာဝန်ဆောင်မှုကို အဓမ္မစစ်သား စုဆောင်းမှုနှင့် သက်ဆိုင်သော ကိစ္စရပ်များကို နေ့စဉ် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ဝန်ဆောင် မှု ပေးသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုလုပ်ဆောင်နေသော အတင်းအဓမ္မစစ်သားစုဆောင်း မှု၏ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေကြရသည့် ပြည်သူလူထုတရပ်လုံးအနေဖြင့် သိရှိလိုသည် များကို မေးမြန်းခြင်း၊ အကြံဉာဏ်များတောင်းခံခြင်း၊ အကူအညီများတောင်းခံခြင်း၊ တိုင်ကြားခြင်း၊ သတင်းပေးခြင်းတို့ကို ပြုလုပ်နိုင်ကြောင်းအသိပေးထားသည်။", "Channel တာဝန်ခံအဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရုံးဌာနများနှင့် ချိတ်ဆက်ကာ မေးခွန်းများ ပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များပေးခြင်း၊ သက် ဆိုင်ရာဌာနများသို့ လမ်းညွှန်ပေးခြင်း၊ အကူအညီပေးအပ်နိုင်မည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက် ပေးခြင်း၊ တိုင်ကြားမှု သတင်းပေးမှုများကို မှတ်တမ်းတင်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။", "ပြည်သူများအနေဖြင့် အဓမ္မစစ်သားစု ဆောင်းခြင်းဖြင့် ထပ်မံဖိစီးနှိပ်စက်နေသည့် အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေရန် လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ကာ နည်းလမ်းပေါင်းစုံဖြင့် ဆန့် ကျင်တော်လှန်ကြရန် NUG အစိုးရက တိုက်တွန်းနှိုးဆော်ထားသည်။", "ဓာတ်ပုံ- စစ်ကောင်စီက လူငယ်များကို အတင်းအကျပ် စစ်သားအဖြစ်စုဆောင်းပြီး လေ့ကျင့်ရေးတပ်များသို့ ခေါ်ယူနေစဉ်။"]
https://yktnews.com/2024/10/186396/
စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်စေရန်အတွက် သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်သူ အားလုံးကို အရေးယူမည်ဟု လောင်းလုံး PDF သတိပေး
["စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်စေရန်အတွက် သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်သူ အားလုံးကို အရေးယူမည်ဟု လောင်းလုံး PDF သတိပေး", "ရန်ကုန်၊ အောက်တိုဘာ ၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်စေရန်အတွက် သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပါဝင်သူ အားလုံးကို အရေးယူမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "တရားမျှတစွာကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အကြောင်းအမျိုးမျိုးပြကာ အကြမ်းဖက် စစ်အုပ်စုက မတရားသဖြင့် အာဏာသိမ်းယူခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ စစ်အာဏာရှင်ပီပီ ယနေ့အချိန်အထိ နိုင်ငံတဝှမ်းနှင့် ပြည်သူလူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်သတ်ဖြတ်ကာ ရက်စက်ကြမ်းကြုတ်စွာပြုကျင့်ခဲ့ကြောင်း၊ အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ EROs များမှ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအား အမြစ်ဖြတ် ချေမှုန်းနိုင်ရန် နိုင်ငံတဝှမ်းတော်လှန်ရေးတိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိကြောင်း လောင်းလုံး PDF က သတိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထိုသို့ နေရာအနှံ့တိုက်ပွဲများဖြစ်ပေါ်လျှက်ရှိရာ စစ်ရှုံးကောင်စီသည် အကြပ်တည်းအမျိုးမျိုးဖြင့် အသက်ရှူ လမ်းကြောင်းပိတ်ဆို့ခံနေရပြီး အသက်ငင်လာသည့် အခြေအနေကြောင့် ၎င်းတို့ အသက်ရှုပေါက်ရရန် အသည်းအသန် ကြိုးစားလျှက်ရှိကြောင်း၊ သို့ဖြစ်၍ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီမှ ပြုလုပ်ရန် ကြံစည်ဆောင်ရွက်နေသည့် အတုအယောင်ရွေးကောက်ပွဲကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုံးဝလက်မခံကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ထိုသို့ ရွေးကောက်ပွဲဖြစ်မြောက်စေရန် နှင့် ၎င်းတို့ အာဏာတည်မြဲစေရန် သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင် ပက်သက်နေသူများအား ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီမှ ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/01/79959/
စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်ခြင်းမပြုကြရန် တော်လှန်ရေးအစုအဖွဲ့များအလိုက် ကြေညာချက် များ ထုတ်ပြန်၊ ပါဝင်ကူညီ သူ များကို အရေးယူမည်ဟု ကြေညာ
["စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်ခြင်းမပြုကြရန် တော်လှန်ရေးအစုအဖွဲ့များအလိုက် ကြေညာချက် များ ထုတ်ပြန်၊ ပါဝင်ကူညီ သူ များကို အရေးယူမည်ဟု ကြေညာ", "ရန်ကုန်၊ ဇန်နဝါရီ ၈", "အကြမ်းဖက် စစ်ကောင်စီက ကျင်းပရန်စီစဉ်နေသည့် ရွေးကောက်ပွဲသည်အတု အယောင် ရွေးကောက်ပွဲဖြစ်သည့်အတွက် အဆိုပါရွေးကောက်ပွဲ ဖြစ်စဉ် တွင် ပူး ပေါင်းပါဝင်ကြသည့် စစ်ကောင်စီ၏ ထွေအုပ်၊လဝက နှင့် ဝန်ထမ်းများကို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့တစ်ခု ချင်းစီ အ လိုက် ကြေညာချက်များအသီးသီးထုတ်ပြန်နေကြသည်။", "တနင်္သာရီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တနင်္သာရီမြို့နယ်သည် ပြည်သူလုထု၏ ပူးပေါင်းပါဝင်မှု နှင့် တော်လှန်ရေးအင်အားစုများ၏ ကြိုးပမ်းအားထုတ်မှု ကြောင့် နယ်မြေစိုးမိုးမှု၊ထိန်းချုပ်မှုရှိသည့် ကျေးရွာအုပ်စု အများအပြား ရရှိ ထားပြီး ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးကိုလည်း အကောင် အထည်ဖော်ဆောင် ရွက်နေကြောင်း၊ ပညာရေး၊ကျန်းမာရေးစသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း များ ကို အုပ်ချုပ်ရေးအဖွဲ့များမှ ဆောင်ရွက်နေကြောင်း ၊ အုပ်ချုပ်ရေးအဖွဲ့ များ၏ ကြီးကြပ်မှုဖြင့် ကျောင်းစုံညီပွဲတော်များ၊အားကစားပွဲများ ကျင်းပခဲ့ ကြောင်း ၊ တနင်္သာရီမြို့နယ်သည် မြိတ်ခရိုင်အတွင်း ဒုတိယတိုက်ပွဲအများဆုံး ဖော်ဆောင် နေသောမြို့နယ်ဖြစ်ကြောင်း ကြေညာထားသည်။", "အလားတူ သပိတ်ကော်မတီများကလည်း စစ်အုပ်စု၏ အတုအယောင် ရွေး ကောက် ပွဲတွင် မပါဝင်ကြရန်၊ လူဦးစာရင်းနှင့်သန်းခေါင် စာရင်း ကောက် သူ များကို မှတ်သားထားပြီး သတင်းပို့ကြရန် နှိုးဆော်နေကြသည်။"]
https://yktnews.com/2023/03/92748/
စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများ ပြုစုနေသော ရေဖြူမြို့နယ် လဝကရုံးကို PDF က ဝင်ရောက်စီးနင်း မီးရှို့ ရှင်းလင်း
["စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများ ပြုစုနေသော ရေဖြူမြို့နယ် လဝကရုံးကို PDF က ဝင်ရောက်စီးနင်း မီးရှို့ ရှင်းလင်း", "ရန်ကုန်၊ မတ် ၁၆", "တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက် အောက် ခံ လဝကရုံးအား စီးနင်းဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဥဩ စစ် ကြောင်း(ထားဝယ်မြို့နယ်)ထံမှ သိရှိရသည်။", "ယမန်နေ့ မတ်လ ၁၅ ရက်နေ့ ည ၇ နာရီခန့်အချိန် အကြမ်းဖက်စစ်ကောင်စီက တရားမဝင်ပြုလုပ်မည့် ရွေး ကောက်ပွဲအတွက် လူဦးရေ စာရင်း ကောက်ခံ နေ သော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရေဖြူမြို့ နယ် လဝကရုံးကို ဥဩ စစ်ကြောင်း(ထားဝယ်မြို့နယ်)နှင့် DNLA တပ်ခွဲ ၂ တို့က ပူးပေါင်းကာ ဝင် ရောက် စီးနင်းခဲ့ကြောင်း၊ ရွေးကောက်ပွဲအတွက်ကောက်ခံထားသော စာရွက် စာတမ်းများ မီးရှို့ဖျက်ဆီးကာ ကွန်ပျူတာ တစ်လုံးကို သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရသည်။", "ရေဖြူမြို့နယ် လ၀ကရုံးကို စီးနင်းဝင်ရောက်စဉ် စစ်တပ်က ရမ်းကား ပစ်ခတ် ခဲ့သော်လည်း ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဥဩစစ်ကြောင်း(ထားဝယ် မြို့နယ်) အနေဖြင့် စစ်တပ်က ဦးဆောင် ကျင်းပမည့် တရားမဝင်ရွေးကေက်ပွဲကို ဆန့်ကျင့် သွားမည် ဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။", "“မနေ့ညက လ၀ကရုံး မီးရှို့ခံရပြီးတော့ စစ်တပ်နဲ့ ရဲက ပတ်ပတ်လည်ကို ပိတ် ဆို့ ပြီး ရှာဖွေ စစ်ဆေးတာတွေလုပ်တယ်။ လ၀ကရုံးကတော့ ပျက်စီးမှု တွေ ရှိပါတယ်။ မြို့ခံတွေလည်း စစ်တပ်ကရမ်းကားမှာ စိုးရိမ်နေကြတယ်။ ဒါပေမယ့် ကိုယ် တို့ ရဲဘောတွေ လုပ်တာ မှန်တယ်ဆိုတဲ့အသိနဲ့အားလုံးက အားပေး ထောက် ခံပါတယ်” ဟု ရေဖြူမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2024/12/197320/
စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ပြီး စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းရေး ပြည်သူနှင့်အတူ ရပ်တည်မည်ဟု တအာင်း (ပလောင်) အမျိုးသားပါတီက ကြေညာ
["စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ပြီး စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းရေး ပြည်သူနှင့်အတူ ရပ်တည်မည်ဟု တအာင်း (ပလောင်) အမျိုးသားပါတီက ကြေညာ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၈", "အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည် ဆောက်ရေး ပြည်သူနှင့်အတူ ရပ်တည်မည်ဟု တအာင်း (ပလောင်) အမျိုး သားပါတီက ထုတ်ပြန် ကြေညာသည်။", "တအာင်း(ပလောင်)အမျိုးသားပါတီ ညီလာခံကျင်းပခဲ့ပြီးနောက် တအာင်း(ပလောင်)အမျိုးသားပါတီ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း၊ နွေဦးတော်လှန်ရေး၊ ၁ဝ၂၇ စစ်ဆင်ရေးနှင့် အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုတို့မှ စစ်အာဏာရှင်အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများနှင့် အောင်မြင်မှုများ ရရှိခြင်းတို့အပေါ် ကြိုဆိုကြောင်း ကြေညာခြင်းဖြစ်သည်။", "တအာင်း(ပလောင်)အမျိုးသားပါတီအနေဖြင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC က ဦးဆောင်အကောင်အထည်ဖော်မည့် နိုင်ငံရေး လမ်းပြမြေပုံအဆင့်ဆင့်တိုင်းတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုမှ ဦးဆောင်သည့် နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ဟူသမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည် ဆောက်ရေးတို့အတွက် ပြည်သူတစ်ရပ်လုံးနှင့် အတူရပ်တည်ပြီး ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက် ကြေညာထားသည်။", "ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် တအာင်း(ပလောင်)အမျိုးသားပါတီ ညီလာခံကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ပါတီဗဟိုကော်မတီဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း ၉၃ ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။", "အဆိုပါ တအာင်း(ပလောင်)အမျိုးသားပါတီ ညီလာခံသည် တတိယအကြိမ်မြောက်ကျင်းပခြင်း ဖြစ်ပြီး ပါတီ၏ စတုတ္ထသက်တမ်းတွင် ဆက်လက်တာဝန် ထမ်းဆောင်မည့် ဗဟိုကော်မတီဝင် ၃၈ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၁ ဦးနှင့် ဗဟိုဥက္ကဌအဖွဲ့၊ အထွေ ထွေအတွင်းရေးမှူးအဖွဲ့တို့ကိုပါ တစ်ပါးတည်း ဒီမိုကရေစီကျင့်စဉ်ဖြစ်သည့် လျှို့ဝှက် ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ် တင်မြောက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "တအောင်း (ပလောင်) အမျိုးသားပါတီကို ၂၀၁၀ ခုနှစ် မေလ ၂၄ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေ ထွေ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမတ်နေရာအများအပြား အနိုင်ရရှိခဲ့သော ပလောင် တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်သည်။"]