url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/10/125881/
စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသော လိုင်ဇာ စစ်ဘေး ရှောင် စခန်းမှ ကလေးငယ်များနှင့် ပြည်သူများကို နေ့ချင်းပြီး သဂြိုလ်
["စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသော လိုင်ဇာ စစ်ဘေး ရှောင် စခန်းမှ ကလေးငယ်များနှင့် ပြည်သူများကို နေ့ချင်းပြီး သဂြိုလ်", "ရန်ကုန်၊ အောက်တိုဘာ ၁၀", "ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် အကြမ်းဖက်စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှု ကြောင့် သေဆုံးသွားရသော လိုင်ဇာစစ်ဘေးရှောင်စခန်းမှ ကလေးငယ်များနှင့် ပြည်သူများ၏ ရုပ်အလောင်းများကို ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် နေ့ချင်းပြီး သဂြိုလ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "“ရုပ်အလောင်းတွေကို ဒီမနက်ပိုင်းမှာပဲ ပထမအသုတ် နေ့ချင်းပြီး သဂြိုလ် ပါတယ်။ မနက် ၁၁ နာရီကျော်မှာပဲ ဆုတောင်းအခမ်းအနားနဲ့ သဂြိုလ်ပြီးစီး ပါတယ်။ မွန်းလွဲ ၃ နာရီမှာ နောက်တစ်သုတ် သဂြိုလ်ပြီးစီးတယ်။ တစ်ရက် တည်းမှာ နှစ်ခါ သဂြိုလ် ရတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။", "လက်ရှိတွင် ဒဏ်ရာရရှိသူများကို လိုင်ဇာ ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးနေ ကြောင်း၊ ဒဏ်ရာပြင်းထန်သူတချို့ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသူတချို့ လည်း ရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/98438/
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့သည့် ပဇီကြီးရွာကို စစ်တပ်က စစ်ကြောင်းထိုး၊ ပဇီကြီးရွာအပါအဝင် ကျေးရွာ ၇ ရွာမှ ပြည်သူ ၅၀၀၀‌ ကျော် အရေးပေါ် စစ်ဘေးရှောင်၊ ခင်ဦးတွင်လည်း ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ
["စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့သည့် ပဇီကြီးရွာကို စစ်တပ်က စစ်ကြောင်းထိုး၊ ပဇီကြီးရွာအပါအဝင် ကျေးရွာ ၇ ရွာမှ ပြည်သူ ၅၀၀၀‌ ကျော် အရေးပေါ် စစ်ဘေးရှောင်၊ ခင်ဦးတွင်လည်း ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၂၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၁၅၀ ခန့်ဖြင့် ယမန်နေ့ ဧပြီ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲခန့်အချိန်မှစ၍ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ပဇီကြီး ကျေးရွာ အပါအဝင် ရွာ ၇ ခုမှ ဒေသခံပြည်သူ ၅,၀၀၀ကျော် အရေးပေါ် ထွက်ပြေး စစ်ရှောင်နေကြရကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရေးပေါ်စစ်ဘေးရှောင်ပြေးနေရသည့် ပြည်သူများမှာ ပဇီကြီး၊ ထန်းတော၊ လေးတွင်းစဉ်၊ ချောင်းရှည်၊ ချောင်းသာ၊ မယ်ဇတောနှင့် ချောင်းမကြီးရွာများမှ ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်သည် သပိတ်ကျင်းမြို့နယ်မှ ကန့်ဘလူမြို့နယ် မလည်ရွာဘက်သို့ ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းတွင် ပဇီကြီးရွာသို့ ဝင်ရောက်လာသည့်အတွက် ပြည်သူများအရေးပေါ် ရှောင်ပြေးရခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏ စာမျက်နှာတွင် ဖော်ပြထားသည်။", "အကြမ်းဖက်စစ်တပ်မှ ဧပြီလ ၁၁ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာ ဒေသခံများမှာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပြီး ကျန်ရစ်သူ ပြည်သူများမှာ ရွာထဲသို့ ပြန်မဝင်ရဲကြဘဲ ကျေးရွာအနီး တောတိုက်တဲများတွင် နေထိုင်နေကြရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ယခင်နေထိုင်ရာ တောတိုက်တဲများမှ ထပ်မံ၍ အရေးပေါ် ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း သိရှိရသည် ။", "ထိုသို့ အကြမ်းဖက်စစ်တပ်မှ ပဇီကြီးရွာကို ဦးတည်၍ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့အနေနှင့် ပဇီကြီးကျေးရွာအတွက် လုပ်ဆောင်နေသည့် အရေးပေါ်ကူညီဆောင်ရွက်မှုများကို ခေတ္တရပ်ဆိုင်းထားရကြောင်းလည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။", "အလားတူ ခင်ဦးမြို့နယ်တွင်လည်း စစ်တပ်စစ်ကြောင်းက အဖွဲ့များခွဲ၍ ကျေးရွာများသို့ ဝင်ရောက်နေသဖြင့် ပြည်သူ သောင်းချီ၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "ဧပြီလ ၁၉ ရက်နေ့တွင် စစ်တပ်စစ်ကြောင်းက မြကန်မှ တစ်ဆင့် ကုန်းသာဘက်သို့ စစ်ကြောင်းတစ်ဖွဲ့၊ မြကန် အရှေ့ ချောင်းဘောင်မှ တောင်ဘက်ဦးတည်ပြီး မရမ်းအင်းနှင့် သဲကုန်းကြီးဘက်သို့ စစ်ကြောင်းတစ်ခု၊ မြင်းဒေါင်းကျေးရွာဘက်သို့ စစ်ကြောင်း တစ်ဖွဲ့၊ အင်းပတ်ကွေ့ဘက်သို့ စစ်ကြောင်း တစ်ဖွဲ့ အသီးသီး ဝင်ရောက်ခဲ့သဖြင့် ပြည်သူသောင်းချီ စစ်ဘေးရှောင်ရကြောင်း သိရှိရသည်။", "“အင်းပတ် ချမ်းသာကုန်း မြကန် ကုန်းသာ မရမ်းအင်း ညောင်ပင်ခြံ ဆည်ကြီး သဲကုန်းကြီး အောင်သာ အင်းပေါက် ဒါန်းကုန်း မုံတော တောင် စတဲ့ ၁၂ ရွာ မှာရှိတဲ့ ပြည်သူ ၈၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရတယ်။ အခြား အခြားနီးစပ်ရာကျေးရွာများလည်း ပြေးရန်အသင့် အထုပ်ပြင်ထားရတယ်။ ရာသီဥတုအရမ်းပူပြင်းတော့ စစ်ဘေးရှောင်တွေ အတော်ကို ဒုက္ခရောက်ကြတယ်။ စစ်ကြောင်း တစ်ကြောင်းထဲပဲ။ စစ်တပ်နဲ့ပျူစောထီး ပေါင်းရင် ၂၀၀ ဝန်းကျင်ရှိတာကို အဖွဲ့ ၄ ဖွဲ့ခွဲပြီး ပတ်မွှေနေတာ” ဟု ခင်ဦးဒေသမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/01/199028/
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးနေ၍ လေယာဉ်ဆီ၊ လေယာဉ် နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ စစ်ကောင်စီထံသို့ တင်ပို့ရောင်းချမှု ချက်ချင်း ရပ်တန့်ရန် BMC တောင်းဆို
["စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးနေ၍ လေယာဉ်ဆီ၊ လေယာဉ် နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ စစ်ကောင်စီထံသို့ တင်ပို့ရောင်းချမှုချက်ချင်း ရပ်တန့်ရန် BMC တောင်းဆို", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးနေ၍ အာဆီယံ အပါအဝင် ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာကုမ္ပဏီများအနေဖြင့် အကြမ်းဖက်မြန်မာစစ်အုပ်စုထံသို့ လေယာဉ်ဆီ၊ လေယာဉ် နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ တင်ပို့ရောင်းချခြင်းကို ချက်ချင်း ရပ်တန့်ရန် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့(BMC) က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တောင်းဆိုသည်။", "အကြမ်းဖက် မြန်မာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတကာက ဆက်လက်ပံ့ပိုးနေသဖြင့် အရပ်သား ပြည်သူများ၏ အသက်အန္တရာယ် ဆုံးရှုံးရသည့်အပြင် နေ့စဉ် လူမှုဘဝ အသက်မွေးဝမ်းကျောင်း နှင့် အခြေခံ လိုအပ်ချက်များ အပေါ် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်နေကြောင်း ထုတ်ဖော်ထောက်ပြထားသည်။", "အကြမ်းဖက်စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများ၊ လေယာဉ်များ အဆက်မပြတ် ပျံဝဲခြင်းနှင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရခြင်းများကြောင့် ပညာသင်ကြားခွင့်များနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆုံးရှုံးနေရခြင်း၊ အစာရေစာ ပြတ်လတ်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ နာကျင်ထိခိုက်ရမှုများနှင့်အတူ စိုက်ပျိုးရေးကို အဓိက မှီခိုသည့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆိုးရွားစွာ ပျက်စီးနေရသည့် အခြေအနေများနှင့် လက်ရှိ ရင်ဆိုင်နေရကြောင်း သိရှိရသည်။", "စစ်တပ်က စီးပွားရေးနှင့် ဘဏ္ဍာရေးကို စိတ်ကြိုက် စိုးမိုးခြယ်လှယ်လျက်ရှိပြီး ခရီးသည်တင်လေကြောင်းလိုင်းများ၏ လေ ယာဉ်ဆီများကိုပါ စစ်ရေးတွင် အသုံးပြု၍ ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း၊ လေကြောင်းသုံး တိုက်ခိုက်ရာတွင်လည်း ပြည်သူအများအပြားစုဝေးသော ဈေး၊ အလှူအတန်းနေရာ၊ ပွဲလမ်းသဘင်၊ ဘာသာရေးပွဲတော်များ၊ ဆေးရုံဆေးခန်းများနှင့် ကျောင်းများကိုပါ တိုက်ခိုက်နေကြောင်း သိရှိရသည်။", "ထို့ပြင် နိုင်ငံတကာမှ လေယာဉ်ဆီ ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုများသည် မြန်မာပြည်တွင်း ကုမ္ပဏီများကိုသာ ပိတ်ဆို့ခြင်းဖြစ်နေပြီး အဆိုပါပြည်တွင်း ကုမ္ပဏီများကို တင်ပို့ပေးနေသော အဓိကကျသည့် နိုင်ငံတကာ ကုမ္ပဏီများကို အရေးမယူသေးကြောင်း၊ထိုသို့ ပိတ်ဆို့အရေးယူမှုများ၏ စောင့်ကြည့်ရေး ယန္တရား နှင့် အရေးယူ ထိရောက်မှုများ အားနည်းသောကြောင့် အကြမ်းဖက် စစ်အုပ်စုသည် နိုင်ငံတကာက လေယာဉ်ဆီ၊ လေယာဉ်နှင့် လေယာဉ်အစိတ်အပိုင်းများ၊ နည်းပညာဆိုင်ရာ ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှုများကို ဆက်လက်ရရှိနေဆဲ ဖြစ်ကာ စီးပွားဖြစ် အရပ်ဘက် လေယာဉ်များနှင့် လေယာဉ်ဆီ များကိုလည်း အလွဲသုံးစားပြုလုပ်ပြီး စစ်ရေးတွင် သုံးစွဲနေခြင်းဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု BMC က ထောက်ပြသည်။", "နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်း ပေးနေသော တရုတ် အလံတင် သင်္ဘော HUITONG78၊ ဗီယက်နမ် ကုမ္ပဏီ Hai Linh ၊ တရုတ် နိုင်ငံပိုင် လုပ်ငန်း CNOOC ကော်ပိုရေးရှင်း (စင်ကာပူ)၊ စင်ကာပူ အခြေစိုက် Sahara Energy International ကုမ္ပဏီ၊ နိုင်ငံတကာ ကုမ္ပဏီများနှင့် လေယာဉ်ဆီ သယ်ယူနိုင်ရန် အာမခံ ဝန်ဆောင်မှု ပေးနေသော ယူကေ (UK) ရေကြောင်း အာမခံ ကုမ္ပဏီများကိုလည်း ချက်ချင်း ပိတ်ဆို့ အရေးယူရန် လိုအပ်နေကြောင်းလည်း BMC က တောင်းဆိုသည်။", "ထို့ပြင် ဥရောပ ကုမ္ပဏီ Airbus အနေဖြင့်လည်း တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီနှင့်အတူ စစ်ရာဇဝတ်မှုများတွင် ပါဝင် ပတ်သက်နေမှုများကို အမြန်ဆုံး အဆုံးသတ် ရပ်တန့်ပြီး လိုအပ်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရမည်ဟု တိုက်တွန်းသည်။", "မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှု ကွင်းဆက်တစ်ခုလုံးတွင် ပါဝင်သော နိုင်ငံတကာကုမ္ပဏီများ၊ အစိုးရများသည် တာဝန်ယူမှုရှိစွာဖြင့် လေယာဉ်ဆီများကို မည်သူများမှ မည်ကဲ့သို့ အသုံးပြုမည်ကို ထိရောက်သော စိစစ်မှုများ ပြုလုပ်ပြီးမှသာ တင်သွင်းရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက လေယာဉ်ဆီ တင်သွင်းမှုများအားလုံးကို ပိတ်ဆို့တားဆီးနိုင်ရန် အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ရန် ဆော်ဩဇားသည်။", "မြန်မာနိုင်ငံသို့ တင်သွင်းမည့် လေယာဉ်ဆီများကို စောင့်ကြည့်နိုင်သည့် ယန္တရားတခု ထူထောင်၍ ထိရောက်သော စိစစ်မှုများပြုလုပ်ရန်လည်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့က အာဆီယံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာကုမ္ပဏီများသို့ BMC က တောင်းဆိုသည်။", "၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် ရခိုင်ပြည် ရမ်းဗြဲမြိုနယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တိုကို မီးအပြင်းအထန်လောင် ကျွမ်းခဲ့ကြောင်း၊ နေအိမ်ပေါင်း (၃၉၈) လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့ကြောင်း၊ လက် ရှိ အချိန်အထိ သေဆုံးသူ ၂၆ ဦး နှင့် အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ ၁၂ ဦး နှင့် အသေးစားဒဏ်ရာရရှိသူ ၁၅ ဦးအထက်ရှိခဲ့ကြောင်း၊ အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသော သူများရှိနေသေးသောကြောင့် သေဆုံး ဒဏ်ရာရသူ များ အရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- ဇန်နဝါရီလ ၈ ရက်နေ့ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူများ သေဆုံးနေစဉ်။"]
https://yktnews.com/2023/04/98051/
စစ်တပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ကန့်ဘလူ ပြည်သူ ၁၇၀ ကျော်အတွက် ရက်လည်တရားနာ အမျှဝေရန် သံဃာမရှိ၍ ဖုန်းခေါ် ရေစက်ချ ဆွမ်းသွပ်ရ
["စစ်တပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ကန့်ဘလူ ပြည်သူ ၁၇၀ ကျော်အတွက် ရက်လည်တရားနာ အမျှဝေရန် သံဃာမရှိ၍ ဖုန်းခေါ် ရေစက်ချ ဆွမ်းသွပ်ရ", "ရန်ကုန်၊ ဧပြီ ၁၇", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းပစ်ခတ်မှု ကြောင့် သေဆုံးခဲ့ရတဲ့သူတွေအတွက် ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေက ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့မှာ ရက်လည်တရားနာ အမျှဝေ ခဲ့ကြရတယ်လို့သိရပါတယ်။", "“ဒီနေ့ရက်လည်လုပ်တယ်။ ဘုန်းကြီးကမကြွနိုင် တော့ ဖုန်းခေါ်ဆိုပြီး ရေစက် ချ အမျှဝေရတယ် ” လို့ ပဇီကြီးရွာနဲ့နီးစပ်တဲ့ သတင်းရင်း မြစ် ကပြောပါတယ်။", "ပဇီကြီးကျေးရွာက ကျန်ရစ်ပြည်သူတွေဟာ တောတောင်တွေထဲမှာ တိမ်း ရှောင် နေကြရတာကြောင့် ဘုန်းကြီးကိုယ်တိုင်ကြွနိုင်ခြင်းမရှိတာကြောင့် ဖုန်းခေါ်ဆိုပြီး ရေစက်ချအမျှဝေရတယ်လို့ သတင်းရင်းမြစ်ဆီကသိရပါတယ်။", "ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်း ပဇကြီးကျေးရွာ ပ.အ.ဖ ရုံးဖွင့်ပွဲကို စစ်ကောင်စီ က လေကြောင်းကနေပစ်ခတ်ခဲ့တာကြောင့် ကလေးသူငယ်တွေအပါအဝင် ပြည်သူ ၁၇၀ ကျော်သေဆုံးခဲ့တာဖြစ်ပါတယ်။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။"]
https://yktnews.com/2024/08/178198/
မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး လက်နက် ၁၀ လက် သိမ်းဆည်းရရှိကာ PDF ၂ ဦးကျဆုံး
["စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူ", "ရန်ကုန်၊ ဩဂုတ် ၉", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၁၀ ဦးသေဆုံးပြီး လက်နက် ၁၀ လက်သိမ်းဆည်းရရှိကာ PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း မြိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြား သည်။", "ဩဂုတ်လ ၅ ရက်နေ့မှ စ၍ မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးခစန်းကို မြိုင်မြို့နယ်အတွင်းရှိ တော် လှန် ရေးအဖွဲ့များ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၅ ရက်နေ့တွင် စစ်တပ် ကာ ကင်း စခန်းတစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ နောက် ဩဂုတ်လ ၆ ရက်နေ့တွင် ကာကင်း စခန်း ၂ ခုကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ထိုသို့ သိမ်းပိုက်ရရှိပြီးနောက် အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို လက်နက်ချ အညံ့ခံ ရန်တောင်းဆိုခဲ့သော် လည်း လက်နက်ချ အညံ့ခံခြင်းမရှိဘဲ လေကြောင်းပစ်ကူ၊ မြေပြင်စစ်ကူခေါ်ကာ ခုခံနေသဖြင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် ဝက်ပုတ်ရွာ ပျူစောထီးစခန်းကို အပြီးအပိုင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။", "ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၀ ဦးထက်မနည်းသေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြိုင်မြို့နယ်၊ စက်မှု ၂ ရှိ စစ်တပ်စခန်းဘက်သို့ ထွက်ပြေးသွားကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း ကျဆုံးခဲ့ရကြောင်း သိရသည်။", "စစ်ကောင်စီ တပ်စခန်းအတွင်း နယ်မြေရှင်းစဉ် MA4 သေနတ် ၁ လက် ၊ ကာဘိုင် သေနတ် ၁ လက် ၊ G3 သေနတ် ၂ လက် ၊ G4 သေနတ် ၁ လက် ၊ M16 သေနတ် ၁ လက် ၊ 12 ဗို့ သေနတ် ၂ လက် ၊ 79 မမ လက်နက်ကြီး ၁ လက် ၊ 60 MM လက်နက်ကြီး ၁ လက် ၊ ဂျန်ပါစက် ၁ လုံး နှင့် လက်နက် ခဲယမ်း အများ အပြားသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ စခန်းသိမ်းတိုက်ပွဲကို မြိုင်ပကဖ ၊ ပကဖ တပ်ပေါင်းစု အမှတ် ၁ တပ်ရင်း ၊ ပခုက္ကူခရိုင် အ မှတ် ၁ ၊ ၂ ၊ ၆ ၊ ၇ ၊ ၁၀ ၊ ၁၄ ၊ ၁၅ ၊ ၁၇ တပ်ရင်းများ ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်) ၊ ပေါက်ပကဖ ၊ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး ၊ BLY ပျောက်ကြားတပ်ဖွဲ့ ၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့ ၊ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ နှင့် ဒေသတွင်း တော် လှန်ရေးအင်အားစုများ ၊ ပြည်သူလူထုများက အတူတကွစည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည် ။", "ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူ ၁၂ ကြိမ်တိုင်တိုင်ပစ်ကူ ပေးခဲ့သည့်အပြင် ပြည်သူများစစ်ရှောင်နေသည့် ပေါက်မြို့နယ်ရွာသစ်စုကျေးရွာ ဘုန်းကြီးကျောင်း ကိုလည်း အကြောင်းမဲ့ဗုံးကျဲခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/10/126156/
စစ်တပ်၏ အကြမ်းဖက်မှု များကြောင့် မြိုင်မြို့နယ်မှ မိဘများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသဖြင့် ပြင်ဦးလွင် စစ်တက္ကသိုလ်မှ ကျောင်းဆရာ ဒုဗိုလ်မှူးကြီး ခွင့်ယူ ပြန်မလာတော့ဘဲ ထွက်ပြေး
["စစ်တပ်၏ အကြမ်းဖက်မှု များကြောင့် မြိုင်မြို့နယ်မှ မိဘများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသဖြင့် ပြင်ဦးလွင် စစ်တက္ကသိုလ်မှ ကျောင်းဆရာ ဒုဗိုလ်မှူးကြီး ခွင့်ယူ ပြန်မလာတော့ဘဲ ထွက်ပြေး", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "အကြမ်းဖက်စစ်တပ်က မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်မှုများ ၊ ကျေးရွာမီးရှို့များ ၊ ပြည်သူများကို သတ်ဖြတ်မှုများ လုပ်ဆောင်နေရာ မိဘနှင့် ဆွေမျိုးများ ထွက်ပြေးနေရသဖြင့် ပြင်ဦးလွင်စစ်တက္ကသိုလ်မှ ကျောင်းဆရာ ဒုတိယဗိုလ်မှူးကြီး တစ်ဦုးက စစ်တက္ကသိုလ်သို့ ပြန်မလာတော့ဘဲ တပ်မှစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။", "ပြင်ဦးလွင်စစ်တက္ကသိုလ် ၊ စာပေဌာနမှ ကျောင်းဆရာ ဒုတိယဗိုလ်မှူးကြီး ဌေးနိုင်သည် မြိုင်မြို့နယ်မှ မိဘဖြစ်သူတို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုကြောင့် စစ်တက္ကသိုလ်တွင် ဆက်လက် အလုပ်မလုပ်တော့ဘဲ ခွင့်ယူပြီး ပြန်မလာတော့ ကြောင်း ၊ ဗိုလ်မှူးရာထူးမှ ဒုတိယဗိုလ်မှူးကြီးသို့ ရာထူးတိုးမြှင့်ထားသဖြင့် ဒုတိယဗိုလ်မှူး‌ကြီးလစာ စားနေပြီဖြစ်သော်လည်း အပွင့်မတင်သေးကြောင်း၊ သို့ရာတွင် ဒုတိယဗိုလ်မှူးကြီးဌေးနိုင်သည် သူ၏ ရာထူး အပွင့်များကို ပခုံးပေါ် မတင်တော့ဘဲ ခွင့်ယူပြီးနောက် စစ်တက္ကသိုလ်သို့ လုံး၀ ပြန်မလာဘဲ စစ်တက္ကသိုလ်မှ ထွက်ခွာသွားကြောင်း သိရှိရသည်။", "“စစ်တပ်က စစ်ကြောင်းတွေထိုးတော့ သူ့မိဘတွေရှိတဲ့ မြိုင်မြို့နယ်မှာ သူ့မိဘတွေရော ဆွေမျိုးတွေပါ အိုးအိမ်ဖျက်ပစ္စည်းတွေ ဖျက်ဆီးခံရတယ်။ လုယက်ခံရတယ်။ မိဘတွေရော ဆွေမျိုးတွေရော ထွက်ပြေးနေရတယ်။ အဲဒါကြောင့် စစ်တက္ကသိုလ် စာပေဌာနက ဒုတိယဗိုလ်မှူးကြီးဌေးနိုင်က အပွင့်တောင် မတင်တော့ဘဲ ခွင့်ယူပြီး ပြန်မလာတော့ဘူး။ စိတ်နာသွားတာပေါ့။ ဒါပေမယ့် စစ်တက္ကသိုလ်ဘက်က အခုအချိန်အထိ သူ့ကို ခွင့်မဲ့ပျက်ကွက်ပဲလုပ်ထားတယ်။ စစ်တက္ကသိုလ်က လူကြီးတွေက ဒီဖြစ်စဉ်ကို အထက်တင်ပြရင် သူတို့ရာထူးထိခိုက်မှာစိုးလို့ အခုအထိ အဖြစ်မှန်ဖုံးကွယ်ထားတယ်။ ဒုတိယဗိုလ်မှူးကြီး ထွက်သွားတာ ၂ လရှိပြီ” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း ပြည်သူများကို သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ရှေ့တန်းများတွင် စစ်သားသေဆုံးမှု အခြေအနေ များပြားလာခြင်းတို့ကြောင့် အရာရှိများ အပါအဝင် စစ်သားများ တပ်ကို စွန့်ခွာ ထွက်ပြေးမှု များပြားလာကြောင်း စစ်တပ်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ၂၀၁၉ ခုနှစ်တွင် သွားရောက် စစ်ဆေးခဲ့စဉ်။"]
https://yktnews.com/2023/11/131143/
စစ်တပ်၏ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခံရသည့် ပုလဲမြို့နယ် အေးကုန်းကျေးရွာသို့ စားသောက်ကုန်နှင့်အသုံးအဆောင်များလှူဒါန်း
["စစ်တပ်၏ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခံရသည့် ပုလဲမြို့နယ် အေးကုန်းကျေးရွာသို့ စားသောက်ကုန်နှင့်အသုံးအဆောင်များလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် အေးကုန်းကျေးရွာသို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်၊ လူသားစာနာတာဝန်ခံနှင် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်တာဝန်ခံတို့ သွားရောက်၍ အားပေးစကားများ‌ပြောကြားပြီး ငွေကျပ် သိန်း ၃၀ ခန့်တန်ဖိုးရှိဆန်၊ဆီ၊မိုးကာ၊စောင်၊အနွေးထည်၊အမျိုးသမီးဝတ်လုံချည်၊အိမ်သုံး အသုံးအဆောင်များနှင့်ငွေကျပ်၁သိန်းတို့ အရေးပေါ်ကူညီထောက်ပံ့ခဲ့ကြကြောင်း သိရှိရသည်။", "အေးကုန်းကျေးရွာရှိ မီးရှို့ခံပြည်သူများ အကူအညီများ အရေးပေါ်လိုအပ်နေပါသဖြင့် ပြည်တွင်းပြည်ပမှ အလှူရှင်များအနေဖြင့် ကူညီဆောင်ရွက်ပေးကြပါရန်လည်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2023/01/81241/
စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းကောက်သည့် မြောင်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ကတော် အပါအဝင် ထွေ/အုပ်ဝန်ထမ်း ၄ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိ၊ NUG က ထုတ်ပြန်ထားသော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲမည်
["စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းကောက်သည့် မြောင်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ကတော် အပါအဝင် ထွေ/အုပ်ဝန်ထမ်း ၄ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိ၊ NUG က ထုတ်ပြန်ထားသော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲမည်", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၏ ဇနီးဖြစ်သူ အပါအဝင် ထွေ/အုပ်ဝန်ထမ်း ၄ ဦးကို PDF တပ်များက ဖမ်းဆီးလိုက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပေဒဖြင့် တရားစွဲမည်ဖြစ်ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ အပါအဝင် ရုံးဝန်ထမ်း ၄ ယောက်သည် လူဦးရေသန်းခေါင်စာရင်းများ ကောက်ယူနေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိတွင် ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ ညွှန်ကြားချက်အတိုင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/97441/
စစ်တပ်၏​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပြည်သူ ၁၆၀ ​ကျော် ​သေဆုံးခဲ့ရ​​သော ပဇီကြီးရွာ အုပ်ချုပ်ရေးရုံးဖွင့်ပွဲက လျှို့ဝှက် စစ်ရေးအစည်းအဝေး မဟုတ်ဟု ကာကွယ်ရေးဝန်ကြီးပြော
["စစ်တပ်၏​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပြည်သူ ၁၆၀ ​ကျော် ​သေဆုံးခဲ့ရ​​သော ပဇီကြီးရွာ အုပ်ချုပ်ရေးရုံးဖွင့်ပွဲက လျှို့ဝှက် စစ်ရေးအစည်းအဝေး မဟုတ်ဟု ကာကွယ်ရေးဝန်ကြီးပြော", "ရန်ကုန်၊ ဧပြီ ၁၃", "အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ပဇီကြီးရွာ အုပ်ချုပ်ရေးရုံးဖွင့်ပွဲဟာ လျှို့ဝှက် စစ်ရေးအစည်းအဝေးမဟုတ်ဘဲ ရပ်သိရွာသိပြုလုပ်ခဲ့တဲ့ အစီအစဉ်သာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုပါတယ်။", "ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်သည်တွေအတွက် ဧပြီလ ၁၃ရက် ညပိုင်း မိန့်ခွန်းပြောရာမှာအ ခုလိုပြောဆိုခဲ့တာပါ။", "ကန့်ဘလူနယ် ပဇီကြီးရွာဟာလည်း စစ်တပ်က အာဏာလုယူတာကို လက်မခံဘဲ စစ်ကောင်စီ အုပ်ချုပ်ရေးကို လူထုအားနဲ့ ဖြိုဖျက်ပြီး အုပ်ချုပ်ရေး၊ လုံခြုံရေးကို ကိုယ့်ဘာသာစီမံနေတာဖြစ်လို့ စစ်ကောင်စီအုပ်ချုပ်ရေး၊ လုံခြုံရေးအထိုင်စခန်း လုံးဝမရှိဘူးလို့ နယ်မြေအခြေအနေကို ရှင်းပြပါတယ်။", "မီးရှို့ အကြမ်းဖက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်မလာနိုင်တာ ကြာပြီဖြစ်လို့ တည်ငြိမ်တဲ့ဒေသလို့ ဆိုနိုင်ပြီး ရွာထဲမှာ ခေတ်အဆက်ဆက် ရှိခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မြေကွက်လပ်ရှိရာ ရွာစွန် ရွှေ့ဆောက်ပြီး ကျွေးမွေးဧည့်ခံပွဲကျင်းပတာသာဖြစ်တယ်လို့ ရှင်းလင်းပါတယ်။", "“စစ်ကောင်စီအနေနဲ့ ဒါဟာ ရွာတစ်ရွာ ဖြစ်တယ်။ စစ်စခန်းတစ်ခု မဟုတ်ဘူး။ စစ်ရေးပစ်မှတ် မဟုတ်ဘူးဆိုတာ သိသိနဲ့ စစ်တပ်အုပ်စိုးမှုကို လက်မခံတဲ့ ရွာတစ်ရွာအပေါ် အငြှိုးတကြီးနဲ့ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ခဲ့တာပဲ ဖြစ်တယ်။” လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။", "အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုကို ပြောင်ကျကျကျုးလွန်ခဲ့တာဖြစ်ပြီး မြေပြင်အင်အားချင်းမယှဉ်နိုင်၊ မတိုက်နိုင်တော့လို့ သူရဲဘောကြောင်၊ လူမဆန်စွာ အရပ်သားပစ်မှတ်တွေကို လက်ရဲဇက်ရဲ ဗုံးကျဲတိုက်ခိုက်နေတာလို့လည်း ပြောဆိုပါတယ်။", "တော်လှန်ရေးရဲဘော်တွေအနေနဲ့ လူထုကို ကာကွယ်စောင့်ရှောက်ရမယ့်တာဝန် ပိုပြီး ကြီးလေးလာပြီလို့ ပြောဆိုပါတယ်။", "ဒါကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကင်းဝေးအောင် စီမံကြဖို့နဲ့ ပတ်ဝန်းကျင်က လူထုအတွက်လည်း အသိပညာပေးပြီး ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေလုပ်ဆောင်ဖို့ PDF၊ ပကဖ၊ ပအဖ တာဝန်ရှိသူ အားလုံး မြို့နယ်၊ ခရိုင်အလိုက် ညှိနှိုင်းပြင်ဆင်မှုတွေ ရှိကြဖို့ ကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။"]
https://yktnews.com/2024/02/143672/
စစ်တောင်းဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးကွန်မန်ဒိုရဲဘော်များအတွက် ကျည်ကာဝတ်စုံများ ပေးအပ်
["စစ်တောင်းဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးကွန်မန်ဒိုရဲဘော်များအတွက် ကျည်ကာဝတ်စုံများ ပေးအပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂) စစ်ဒေသ၊ စစ်တောင်းမြစ်ဝှမ်းတွင် အခြေပြုလှုပ်ရှားနေသည့် PDF အထူးကွန်မန်ဒိုရဲဘော်များအတွက် Project Life Saving အသက်ကယ် Campaign မှရရှိသည့် ကျည်ကာဝတ်စုံ ၃၀၆စုံတိတိ ကို သရုပ်ဆောင် မြနှင်းရည်လွင်က စစ်ဒေသကွပ်ကဲရေး နောက်တန်းဌာနချုပ်အထိ ၂ကြိမ် သွားရောက်ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရသည်။", "Project Life Saving Campaign သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၄၊ ဇန်နဝါရီလ ၇ ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မူလက ရဲဘော် ၂၀၀ ဦး အတွက်သာ ရည်ရွယ်ထားခဲ့သော်လည်း သတ်မှတ်ထားသည့် ပမာဏထက် ၄၆ရာခိုင်နှုန်းကျော်လွန်ပြီး ၃၀၆ဦးအထိ တပ်ဆင်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သရုပ်ဆောင် မြနှင်းရည်လွင်က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။", "“ကျည်ကာဝတ်စုံတွေကို မြေပြင်မှာရှိတဲ့ စစ်ကြောင်းတွေကို အမှတ်(၂)စစ်ဒေသဒုကွပ်ကဲရေးမူး ရဲဘော်တင်ဦးက ခွဲဝေပေးမှာပါ။ ညီမတို့ကတော့ ကွပ်ကဲရေးအဖွဲ့ကို လာပြီးပူးပေါင်းကူညီပေးအပ်ခဲ့တာပါ။ အနီးနားက စစ်ကြောင်းတွေကိုလည်း ညီမတို့အဖွဲ့ နှုတ်ဆက် အားပေးစကားပြောရင်း ရဲဘော်လေးတွေနဲ့ စကားပြောဖြစ်တဲ့အခါ သူတို့ရဲ့စစ်ရေးအတွေ့အကြုံတွေ နားထောင်ပြီး အားကျ အားတက်ရတယ်။ ကျည်ကာဝတ်စုံတွေအကြောင်းပြောဖြစ်ကြတော့ သူတို့အရမ်းဝမ်းသာကြတယ်။ စစ်ကြောင်းတစ်ကြောင်းကို အပြည့်မရပေမယ့် ရသလောက် အရမ်းအသုံးဝင်လွန်လို့ နောက်ထပ်လည်း ထပ်ကြိုးစားကူညီပေးဖို့ပြောကြတယ် ညီမလည်း အဖွဲ့နဲ့တိုင်ပင်ပြီး ဆက်ကြိုးစားကြည့်ပါမယ်” ဟု ပြောသည်။", "ကျည်ကာဝတ်စုံတစ်စုံတွင် ကျည်ကာဦးထုပ်၊ ကျည်ကာပြားနှင့် ကျည်ကာအင်္ကျီတို့ ပါဝင်ပြီး သရုပ်ဆောင် မြနှင်းရည်လွင်က ပထမအသုတ်အဖြစ် ၂၀၂၃၊ ဒီဇင်ဘာ ၂၆ရက်နေ့တွင် ၂၁၃စုံ လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်‌ကြောင်း၊ ဒုတိယအသုတ်အဖြစ် ‌ဇန်နဝါရီလကုန်တွင် ၉၃စုံ ထပ်မံ ပေးအပ်ခြင်း ဖြစ်ကြောင်း အမှတ်(၂) စစ်ဒေသကွပ်ကဲရေး လက်အောက်ရှိ အထူးကွန်မန်ဒိုတပ်ဖွဲ့ထံမှ သိရှိရသည်။", "အဆိုပါ Project Life Saving အသက်ကယ် Campaign ကို ဒို့ကမ်ပိန်း၊ Salmon’s Home Life Saving Program နှင့် ရိုးမခေါ်သံ တို့ကစီစဉ်ပြီး မြန်မာ၊ ဩစတေးလျ၊ ဘရူနိုင်း၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အမေရိကန်၊ ကနေဒါ၊ ယူကေ၊ နယူးဇီလန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်နှင့် ဂျာမနီစသည့် နိုင်ငံပေါင်း ၁၄နိုင်ငံမှ ပြည်သူများက ပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/210549/
စစ်တောင်းမြစ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး
["စစ်တောင်းမြစ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၇", "ပဲခူးတိုင်း၊ တောင်ငူခရိုင် စစ်တောင်းမြစ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း ဝရဇိန် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၆ ရက်နေ့တွင် စစ်တောင်းမြစ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သောကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များ၏ 5 kg ဒရုန်း ၁ စီး ပျက်စီးခဲ့ပြီး အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ထိတွေ့ တိုက်ပွဲသည် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများကို စစ်တောင်းမြစ် အနောက်ဘက်ကမ်းကို ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။", "” ၆ ရက်နေ့က တိုက်ပွဲဖြစ်တာ တောင်ငူခရိုင်ထဲမှာပါ။ ဝရဇိန်တပ်ဖွဲ့က 5 kg Drone တစ်စီးတော့ ပျက်ကျသွားပါတယ်။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း မှာပါ ဖြစ်တာ စစ်ခွေးတွေက စစ်ကြောင်းထိုးလာတော့ တိုက်ပွဲဖြစ်တာ စစ်ခွေး ၈ ကောင်သေပြီး ၅ ကောင် ဆန့်ငင်ဆန့်ငင်နဲ့ ပြန်သယ်သွားတယ်။ တော်လှန်ရေးရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဝရဇိန် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/12/196572/
စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွင် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူး ပကဖ တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိ
["စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွင် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူး ပကဖ တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွင် အကြမ်းဖက် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“စစ်တပ်ရဲ့ eVTOL ဒရုန်း ၁ စီးကို စစ်တောင်း မြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေ တစ်ခုမှာ သိမ်းဆည်းရရှိခဲ့တာပါ” ဟု ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/02/204774/
စစ်တွေ ဒုက္ခသည်စခန်းများမှ ရခိုင်လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရန် ပြင်ဆင်နေ
["စစ်တွေ ဒုက္ခသည်စခန်းများမှ ရခိုင်လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရန် ပြင်ဆင်နေ", "ရန်ကုန်| ဖေဖော်ဝါရီ ၂၀", "အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည် စစ်တွေမြို့ထဲက စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်လူငယ်များအား စစ်မှုထမ်းခေါ်ယူရန် ပြည်နယ်အစိုးရကနေတစ်ဆင့် ပြင်ဆင်နေကြောင်း ဒုက္ခသည်များထံမှ သိရသည်။", "စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းတွင် စစ်ရှောင်စခန်းများ ဖွင့်လှစ်ထားပြီး စစ်ဘေးဒုက္ခသည် အရေအတွက် ၁ သောင်းခန့်ရှိကြောင်း ကူညီစောင့်ရှောက်ပေးနေသူများက ပြောသည်။", "ဖေဖော်ဝါရီလ ပထမ အပတ်ကစ၍ စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့သည် ဧည့်စာရင်း စစ်ဆေးသည့် အဆင့်ထက် ကျော်လွန်ပြီး အသက် ၁၄ နှစ်မှ ၄၅ နှစ်အတွင်းရှိ အမျိုးသားများအား စာရင်းပြုစုကာ သီးသန့်ခေါ်ယူ တွေ့ဆုံခြင်းများ ပြုလုပ်နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။", "“ဖေဖော်ဝါရီလ ပထမ အပတ်က စစ်တွေ ဓမ္မရာမဘုန်းကြီးကျောင်းကို စစ်တပ်နဲ့ ရဲဝင်စစ်တယ်။ အဲကျောင်းမှာ စစ်ရှောင် ၄၀၀ ကျော်ရှိတယ်။ အသက် ၁၄ နှစ်ကနေ ၄၅ နှစ်အတွင်းရှိတဲ့ အမျိုးသားတွေကို စာရင်းပြုစုပြီးတော့ သီးသန့်တွေ့ဆုံတာတွေရှိတယ်။ စစ်မှုထမ်းခေါ်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း ပြောပြတယ်။ ကျန်းမာရေး ကောင်းမကောင်း မေးမြန်းတယ်။ ဘယ်တော့ ခေါ်မလဲဆိုတာ မပြောဘူး။ ပြင်ဆင်နေတဲ့ သဘောဖြစ်တယ်” ဟု ၎င်းက ပြောသည်။", "စစ်တွေရှိ မဏိရတနာ ဘုန်းတော်ကြီးကျောင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးပြီး စစ်မှုထမ်းနိုင်သည့် အသက်အရွယ်ရှိ လူငယ်အမျိုးသားများကို စာရင်းပြုစုသွားကြောင်းနှင့် သရက်အုပ်ဘုန်းကြီးကျောင်းကိုလည်း ဝင်ရောက် စစ်ဆေး စာရင်းပြုစုသွားကြောင်း သိရသည်။", "အခြားသော စစ်ရှောင်များရှိရာ ဘုန်းတော်ကြီးကျောင်းများကိုလည်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ရန် အစီအစဉ်ရှိနေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။", "စစ်ကောင်စီက ဒုက္ခသည်များအား စစ်မှုထမ်းခေါ်ယူရန် ပြင်ဆင်နေသည့်အပေါ် စစ်ဘေးရှောင်ဒုက္ခသည်များမှာ စိုးရိမ်နေကြသည်။", "“စစ်ရှောင်စခန်းတွေက ယောကျ်ားတွေကို စစ်မှုထမ်းခေါ်ဖို့ ပြင်ဆင်နေတယ်လို့ ကြားတော့ ကျမ သားသမီးတွေအတွက် အရမ်းစိတ်ပူနေရပါတယ်။ အခုလောလောဆယ်တော့ ကျမတို့နေတဲ့ ကျောင်းကိုတော့ လာစစ်ဆေးတာ၊ စာရင်းပြုစုတာ မရှိသေးဘူး။ ကျမတို့က အိုးအိမ်ကိုစွန့်ပြီးတော့မှ အတိဒုက္ခရောက်နေရတဲ့ ဒုက္ခသည်တွေပါ။ ထမင်းနပ်မှန်အောင် မစားရတဲ့ အပူမီးတွေနဲ့ ပြည့်နေတာပါ။ အခု စစ်မှုထမ်း ကိစ္စ ပေါ်လာတော့ ဘယ်လိုပြောရမလဲ ပြောမပြတတ်အောင် စိုးရိမ်ပူပန်နေရပါတယ်။ ကျမတို့ကို လွတ်ငြိမ်းခွင့် ပေးဖို့ တောင်းဆိုပါတယ်” ဟု အသက် ၅၀ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။", "စစ်တွေမြို့အနီးက ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲကျေး၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း) စသည့် ကျေးရွာတို့မှ စစ်ကောင်စီတပ်၏ နှင်ထုတ်ခြင်းကို ခံထားရသည်။", "ထို့ပြင် သင်းပုန်းတန်း၊ မောင်နီပြင်၊ ပါဒလိတ်၊ အမြင့်ကျွန်း၊ ကျေးတော၊ ရွှေပြည်သာ စသည့် ကျေးရွာများအပါအဝင် ရွာပေါင်း ၂၀ ကျော်မှာ စစ်ကောင်စီတပ်၏ နှင်ထုတ်ခြင်းကို ခံထားရပြီး စစ်တွေတွင် စစ်ရှောင်အဖြစ် နေထိုင်နေကြရသည်။", "စစ်ရှောင်ပြည်သူများထဲမှ အမျိုးသားများကို စစ်မှုထမ်းခေါ်ယူရန် စစ်ကောင်စီ ပြင်ဆင်နေသည့် အစီအစဉ်တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကလည်း ပါဝင်ပတ်သက်နေကြောင်း စုံစမ်းသိရသည်။", "လက်ရှိတွင် စစ်တွေမြို့အနီး စစ်ကောင်စီ၏ အမြင့်ကျွန်းက တပ်စခန်းများ၊ ဒကစ ဌာနချုပ်အနီးက တပ်ရင်းများ၊ ပါဒလိပ်က တပ်ရင်းများ၊ ရေချမ်းပြင်က တပ်စခန်းများနှင့် ရွှေမင်းဂံရေတပ်စခန်းမှာ AA ၏ တိုက်ခိုက်မှုကို ခံနေရသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/03/149827/
စစ်တွေ မွတ်ဆလင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျ ၈ ဦးသေဆုံး
["စစ်တွေ မွတ်ဆလင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျ ၈ ဦးသေဆုံး", "ရန်ကုန်| မတ် ၁၀", "ရခိုင်ပြည် မြို့တော် စစ်တွေမြို့အတွင်း မွတ်စလင်ရပ်ကွက်သို့ ယမန်နေ့ မတ်လ ၉ ရက်နေ့ည ၉ နာရီကျော်အချိန်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွတ်စလင် ၈ ဦးသေဆုံးပြီး ၁၂ ဦးပြင်းထန်ဒဏ်ရာများ ရရှိသွားသည်။", "ယမန်နေ့ ညက စက်ရုံစုရပ်ကွက်ရှိ စစ်ကောင်စီ ရဲတပ်ရင်းအမှတ် ၁၂ မှ ပစ်ခတ်သော လက်နက်ကြီးကျည် ၅ လုံးထဲက ၁ လုံးမှာ မွတ်စလင်လူမျိုးများနေထိုင်ရာ ကသဲရွာရပ်ကွက်နှင့် အင်ဘာလာရပ်ကွက် အစပ်ကြား ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။", "” ပွဲချင်းပြီးက ၅ ယောက်သေတယ်။ ဆေးရုံရောက်မှ ၃ ယောက် ထပ်သေတယ်။ ထိခိုက်ဒဏ်ရာ ရတာက ၁၂ ယောက်ပါ။ အခု စစ်တွေပြည်သူ့ဆေးရုံမှာ ကုသနေရပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေထဲမှာ စိုးရိမ်ရတဲ့ သူတွေလည်း ပါပါသေးတယ်။ ” ဟု မွတ်စလင်တစ်ဦးက ပြောသည်။", "သေဆုံးသူများထဲတွင် ကျား/မ အရေအတွက်ခွဲခြားမသိရသော်လည်း သက်ကြီးပိုင်းနှစ်ဦးနှင့် ကလေးနှစ်ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီးအများဆုံးပါဝင်ကြောင်း ၎င်းက ပြောသည်။", "ပေါက်ကွဲမှုဖြစ်ပြီး နာရီဝက်အတွင်း စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အရပ်ကွက်အတွင်း လုံခြုံရေးယူကာ သေဆုံးဒဏ်ရာရရှိသူများကို ချက်ချင်းဆေးရုံပို့ရန် ယူဆောင်သွားသည်ဟု နောက်ထပ် မွတ်စလင်တစ်ဦးက ပြောသည်။", "“အသံအကျယ်ကြီးကြားရတယ်။ ပထမအချက်တွေက ဘယ်ကိုပစ်တာလဲတော့မသိဘူး။ နောက်တစ်ချက်ပစ်ပြီးတော့ အနားမှာ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ သွားမကြည့်ရဲလို့ အိမ်ထဲကနေပြီးတော့ပဲ ကြည့်နေလိုက်တယ်။ ပေါက်ကဲပြီး သိပ်မကြာခင်မှာ ရဲကား၊ စစ်ကားတွေနဲ့ရောက်လာပြီး ထိခိုက်သေဆုံးသူတွေကို တင်သွားတာတွေ့လိုက်တယ်” ဟု မျက်မြင်မွတ်စလင်တစ်ဦးက ဆိုသည်။", "စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ စစ်ကောင်စီ၏ အမှတ် ၁၂ ရဲတပ်ရင်းသည် တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းကစ၍ လူနေ မြို့ရွာများအား လက်နက်ကြီးများ အမြဲတမ်းလိုလို ပစ်ခတ်နေခြင်းဖြစ်သည်။", "ကုန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း ပြည်တော်သာရပ်ကွက်ရှိ စစ်တွေရေတပ်စခန်းမှ စစ်တွေမြို့မဈေးကြီးအား လူစည်ကားနေချိန် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပြောဆိုထားသည်။", "ထိုဖြစ်စဉ်အတွင်း UNOCHA ၏ စာရင်းအရ အပြစ်မဲ့ပြည်သူ အနည်းဆုံး ၂၁ ဦးသေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အာဏာသိမ်း စစ်ကောင်စီမှ စစ်တွေမြို့တွင်းသို့ လက်နက်ကြီးများ မကြာခဏပစ်ခတ်နေ၍ မြို့တွင်းနေပြည်သူများမှာ ဘေးကင်းရာနေရာများနှင့် ရန်ကုန်မြို့သို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/10/125257/
စစ်တွေကမ်းခြေမှ စားသောက်ဆိုင်အချို့ကို စစ်ကောင်စီ အင်အား အလုံး အရင်းဖြင့် ဖြိုဖျက်မှု တရားမျှတမှု လိုလားနေ
["စစ်တွေကမ်းခြေမှ စားသောက်ဆိုင်အချို့ကို စစ်ကောင်စီ အင်အား အလုံး အရင်းဖြင့် ဖြိုဖျက်မှု တရားမျှတမှု လိုလားနေ", "ရန်ကုန် ၊ အောက်တိုဘာ၊ ၅", "ရခိုင်ပြည် စစ်တွေဟိုတယ်ကမ်းခြေမှ စားသောက်ဆိုင်ခန်းအချို့ကို စစ်ကောင် စီက ယနေ့ အောက်တိုဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက အင်အားအလုံးရင်းဖြင့်ဖြိုဖျက်မှုရှိခဲ့သည့်အပေါ် မျှတမှုရရှိရန် ဆိုင် ခန်း ပိုင်ရှင်များတောင်းဆိုနေကြသည်။", "စစ်ကောင်စီက ဖြိုဖျက်မှုရှိသည့် စားသောက်ဆိုင်ခန်းစုစုပေါင်း ၁၆ ဆိုင်ဖြစ်ပြီး အဆိုပါဆိုင်ခန်းများမှာ လမ်းဧရိယာနှင့် မလွတ်ကင်း၍ဟုဆိုကာ ပြီးခဲ့သည့် သြဂုတ်လအတွင်းကစ၍ ဖယ်ရှားပေးရန် စစ်တွေမြို့နယ် စည်ပင်မှနေ၍ အကြောင်း ကြားစာစတင်ပေးပို့ခဲ့သည်။", "ယင်းနောက်ပိုင်းတွင် စားသောက်ဆိုင်ပိုင်ရှင်များမှ ဖြိုဖျက်ပေးရမည်ဆိုပါက မြေနေရာအစားထိုးပေးရန် တောင်းဆိုခဲ့ကြပြီး ရခိုင်ပြည် စစ်ကောင်စီ အစိုးရအဖွဲ့ထံ အသနားခံစာများ တင်ပြခဲ့ကြသည်။", "သို့သော်လက်ရှိတွင် အဆိုပါဆိုင်ခန်းများအား စစ်ကောင်စီဖက်မှ အင်အားသုံး၍ ဖြိုဖျက်ခဲ့ကြရာ ထိုလုပ်ရပ်မှာ မဖြစ်သင့်သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ကာ တွေ့ဆုံခွင့်မရက ဆန္ဒပြတောင်းဆိုမှုပြုလုပ်မည်ဟု ဖြို ဖျက် ခံရသည့် စားသောက်ဆိုင်ပိုင်ရှင်များက ပြောသည်။", "“ဒီလုပ်ရပ်ဟာ ကျနော်တို့ရဲ့ထမင်းအိုးကိုခွဲလိုက်တာပါပဲ။ ကျနော်တို့ မိသားစု တွေဘဝကို ဖြိုဖျက်သလိုပဲ။ ကျနော်တို့တတ်နိုင်သလောက် တောင်းဆိုမှု လုပ်ခဲ့ ကြတယ်။ အဲ့ဒါတွေကိုလျစ်လျူရှုပြီး ခုလိုလုပ်တာလက်ခံလို့မရဘူး။ အစိုးရရုံးမှာ တောင်းဆိုမှုလုပ်သွားကြမှာပါ” ဟုပြောသည်။", "စားသောက်ဆိုင်ခန်းများအားဖြိုဖျက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်တွေ ပွိုင့်ကမ်းခြေမှနေ၍ စစ်တွေဟိုတယ်နားတစ်လျောက် လုံခြုံရေး တင်းကျပ်ထားခြင်းနှင့် ဆိုင်ခန်းပိုင်ရှင်များ၏ ဖုန်းများအား သိမ်းဆည်းထားခြင်း စသည်တို့ကို ပြုလုပ်ပြီး အင်အားအလုံးရင်းဖြင့် ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။", "စစ်ကောင်စီမှ လမ်းဧရိယာနှင့်မလွတ်၍ဟုဆိုကာ အင်အား အလုံး အရင်း နှင့်ဖြိုဖျက်ခဲ့သည့် ဆိုင်ခန်းနေရာများမှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ပြည်နယ် အစိုးရမှနေ၍ ပျံကျစျေးသည်များအား တရားဝင်ချပေးခဲ့သည့် နေရာဖြစ် ကြောင်း ဆိုင်ခန်းပိုင်ရှင်များကဆိုသည်။", "စျေးဆိုင်ခန်းများဖြိုဖျက်မှုကိစ္စနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် ပြည်နယ် စည်ပင်သာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မိုးအား ဆက်သွယ်ခဲ့ရာ မအားလပ်ဖြစ်နေ၍ အဆက်သွယ်မရရှိခဲ့ပေ။", "ယခုကဲ့သို့ စားသောက်ဆိုင်ခန်းများ အင်အားသုံးဖြိုဖျက်ခံရမှုနှင့်ပတ်သက်၍ ရခိုင့်လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းက ယခုကဲ့သို့ပြောသည်။", "“နေအိမ်ပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်အဆောက်အုံတစ်ခုခုပဲဖြစ်ဖြစ် ဖယ်ရှား ရမယ့် အနေအထားရှိလာပြီးဆိုရင် မူလပိုင်ဆိုင်သူတွေနဲ့ညှိနှိုင်းပြီး မြေနေရာ အစားထိုးတစ်ခုကိုပေးသင့်တယ်။ ဒီလိုမှမဟုတ်ရင် မမျှတဘူး” ဟုပြောသည်။", "လက်ရှိ စစ်တွေဟိုတယ်ကမ်းခြေမှ စားသောက်ဆိုင်များအပြင် အမ်းမြို့နယ်မှ နေအိမ်အချို့ကိုလည်း လမ်းဧရိယာနှင့် မလွတ်ကင်း၍ဟုဆိုကာ လတ်တလော တွင် ဖယ်ရှားပေးရန်ပြောဆိုမှုတို့ရှိထားသည်။", "စစ်တွေတွင် မြို့အင်္ဂါရပ်နှင့်မညီဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း မြို့အဝင်မှ စျေးဆိုင်ခန်း ၂၀ ခန့်ဖယ်ရှားခံရမှုရှိခြင်း၊ ၂၀၂၂ ခုနှစ်တွင်လည်း မေယုလမ်းမှ စျေးဆိုင်အချို့ဖယ်ရှားခံရခြင်းတို့ရှိခဲ့သည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/10/125516/
စစ်တွေတွင် ဘုမေကြက်ဈေးတန်း ဖယ်ရှားပေးရန် စစ်ကောင်စီက ဖိအား ပေးနေ
["စစ်တွေတွင် ဘုမေကြက်ဈေးတန်း ဖယ်ရှားပေးရန် စစ်ကောင်စီက ဖိအား ပေးနေ", "ရန်ကုန်| အောက်တိုဘာ ၇", "ရခိုင်ပြည် စစ်တွေမြို့ မွတ်ဆလင်များနေထိုင်သော ဘုမေရပ်ကွက်ရှိ ကြက် ဈေးတန်းကို လမ်းမြေပေါ်၌ကျူးကျော်နေသည်ဟုဆိုကာ ဖယ်ရှားပေးရန် ပြည်နယ်စစ်ကောင်စီက ဖိအားပေးနေကြောင်း သိရသည်။", "ဘုမေ-အုန်းတောရွာလမ်း၊ စစ်တွေတက္ကသိုလ်သွားလမ်းကို မြို့နယ် ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာနက လမ်းနယ်မြေတိုးရန်စဉ်နေခြင်းကြောင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မွတ်ဆလင်များရောင်းချနေသော ကြက်ဈေးတန်းကို ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်။", "ကြက်ရောင်းနေသော မွတ်ဆလင်တစ်ဦးက “စည်ပင်ရော၊ ကျေးလက်အဖွဲ့ရော ကျနော်တို့ ကြက်ဈေးတန်းကို ဖယ်ရှားပေးဖို့ အကြိမ်ကြိမ် သတိပေးနေတာ ပြီးခဲ့တဲ့ လကနေပါ။ ဒီရက်ပိုင်းအတွင်းမှာလည်း သတိပေးစာတွေ ရောက်နေ ပါတယ်။ ဒီလအတွင်းမှာ ဖယ်ပေးရမယ်ထင်တယ်။ လမ်းနယ်မြေတိုးချဲ့ မယ် ဆိုပြီး ဖယ်ပေးရမယ်လို့ ပြောပါတယ်။ ဖယ်လိုက်ရင် ကျနော်တို့အတွက် လုပ် ကိုင်စားသောက်ဖို့ နေရာပျောက်သွားပြီပေါ့ဗျာ” ဟု ပြောသည်။", "ဘုမေ-အုန်းတောရွာသွားလမ်းကို ရေမြောင်းအပါအဝင် လမ်းအကျယ် ၂၂ ပေ ရရှိရန် မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက စီစဉ်နေခြင်းဖြစ်ပြီး တင်ဒါအောင်ခဲ့သော ကောင်းသန့်ဟိန်း ကုမ္ပဏီက လမ်းပြုလုပ်သွားမည်ဟု သိရသည်။", "မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းနယ်မြေရှိ အဆောက်အဦးများကို ဖယ်ရှားခွင့်ရရှိရန် ပြည်နယ်စစ်ကောင်စီနှင့် စစ်တွေမြို့နယ်စီမံခန့်အုပ်ချုပ်ရေး အဖွဲ့တို့ကို စက်တင်ဘာလ ၁၀ ရက်နေ့က ခွင့်ပြုချက်တောင်းခံခဲ့သည်။", "ဘုမေရပ်ကွက်တွင် ကြက်ဈေးတန်းအပါအဝင် အခိုင်အမာဆောက် လုပ်ထား သော လူနေအိမ်များပါ ဖယ်ရှားခံရမည်ဟု နေအိမ်ဖယ်ပေးရမည့် မွတ်ဆလင် တစ်ဦးက ပြောသည်။", "“ကြက်ဈေးတန်းတစ်ခုတည်းမဟုတ်ဘူး။ နေအိမ်တွေပါ ဖယ်ပေးရမယ့် စာရင်း မှာ ပါတယ်။ ကြက်ဈေးတန်းမှာဆိုရင် တခြား ကုန်စုံဆိုင်ခန်းတွေပါ တွက် ကြည့် ရင် ဆိုင်ခန်းပေါင်း ၅၀ လောက်ရှိတယ်။ အဲဒီအထဲမှာ လူနေအိမ် ၁၀ လောက်ပါတယ်။ ဖယ်ပေးရရင် ကျနော်တို့မှာ သွားပါပြီ။ ကျနော်တို့ မိသားစု ဘယ်မှာ သွားနေကြမလဲ။ ဘဝတွေတော့ ပျက်ပါပြီ” ဟု ပြောသည်။", "ဘုမေကြက်ဈေးတန်းမှာ စစ်တွေမြို့၏ ကြက်လိုအပ်ချက်ကို ဖြည့် ဆည်း ပေးနေခြင်းဖြစ်ပြီး ဖယ်ပေးခံရပါက အစားထိုးမြေရာမရှိ၍ အခက်အခဲ ဖြစ်နေသည်ဟု ကြက်၊ ဘဲတွဲရောင်းသည့် မွတ်ဆလင်တစ်ဦးက ပြောသည်။", "“ကျနော်တို့ ဘုမေကြက်ဈေးတန်းက စစ်တွေမြို့ထဲမှာရှိတဲ့ စားသောက် ဆိုင်တွေ၊ ထမင်းဆိုင်တွေအတွက် လိုအပ်သလောက် ဖြည့်ဆည်းပေးနေတာပါ။ တခြားအိမ်မှာစားကြဖို့ဆိုရင်လည်း နေ့စဉ်နဲ့အမျှ လာဝယ်နေကြတာ။ ဒီဈေးတန်းကိုသာ ဖယ်ပေးလိုက်ရမယ်ဆိုရင် ကျနော်တို့မှာ ရောင်းဖို့ တခြား နေရာလည်းမရှိဘူး။ အစားထိုးမြေနေရာပေးမယ်လို့ အစိုးရဘက်က ပြောထား တာမရှိဘူး။ အခုဈေးနေရာက သွားလာဖို့ အကုန်လုံးအတွက် အဆင်ပြေ ပြီးတော့ နေရာအချက်အခြာကောင်းပါတယ်။ မဖြစ်မနေ ဖယ်ပေးရမယ်ဆိုရင် ဘုမေရပ်ကွက်မှာ တခြားမြေနေရာလည်းမရှိဘူး။ ကျနော်တို့ တစ်ပိုင်တစ်နိုင်လုပ်ကိုင်စားသောက်နေတဲ့ လုပ်ကွက် ပျောက်သွားမှာကို အရမ်းစိုးရိမ်နေကြပါတယ်” ဟု ပြောသည်။", "စစ်တွေမြို့ရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် ဒေသခံ ပြည်သူ များအတွက် တစ်ရက်လျှင် ပျမ်းမျှ ကြက်ကောင်ရေ ထောင်နှင့်ချီ ရောင်းချပေးနေသော ဘုမေကြက်ဈေးတန်းဖြစ်ပြီး ဟင်းသီး ဟင်းရွက်ကအစ ရရှိနေသည့် ဈေးတန်းတစ်ခုလည်းဖြစ်သည်။", "ဘုမေကြက်ဈေးတန်းသည် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မွတ်ဆလင်လူမျိုးများနှင့် ဒေသခံတိုင်းရင်းသားများတို့ကြား မပြေလည်မှုများကို ပြန်လည်ပြေလည်စေရန် နှစ်ဖက်လူမှုအသိုင်းအဝိုင်း ကူးလူးဆက်ဆံကြသည့် နေရာလည်းဖြစ်သည်။", "ပြန်လည်သင့်မြတ်ရေးကို လိုလားသည့် စစ်တွေဒေသခံတစ်ဦးက “ဘုမေကြက်ဈေးတန်းဟာ နှစ်ဖက်လူမှုအသိုင်းအဝိုင်းကို ပဋိပက္ခတွေ၊ ပြဿနာတွေ မဖြစ်စေဖို့ တားဆီးပေးတဲ့ နေရာလေးပါ။ မွတ်ဆလင်တွေက ကြက်တွေရောင်း၊ ဒီဖက်ဒေသခံတွေက ကြက်တွေဝယ်။ ပြုံးပြုံးရွှင်ရွှင်ပဲ အရမ်းကောင်းတဲ့ ဆက်ဆံရေးပါ။ ဒီလိုမျိုး ပြေပြေလည်ရှိတာဟာ နှစ်ဖက်အသိုင်းအဝိုင်း ဟိုအရင်းကလိုပြန်ဖြစ်စေဖို့ အကောင်းတဲ့ နည်လမ်းတစ်ခုပါ။ အခု ကြက်ဈေးတန်းက ဖယ်ပေးရမယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့နော်။ သက်ဆိုင်ရာတွေဘက်ကလည်း အစားထိုးမြေရာတွေ စီစဉ်ပေးနိုင်ရင် သိပ်ကောင်းမှာပါ။ ဒီလိုကူးလူးဆက်ဆံတာက နှစ်ဖက်အသိုင်းအဝိုင်း ရေရှည်မှာ ပိုပြီး အဆင်ပြေလာပြီးတော့ ရခိုင်ပြည်နယ်လည်း ငြိမ်းချမ်းလာမှာပါ” ဟု ပြောသည်။", "၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခပြဿနာများကြောင့် မွတ်ဆလင် လူမျိုးများနှင့် ဒေသခံတိုင်းရင်းသားတို့ကြားတွင် ဆက်ဆံရေးမပြေလည်ခဲ့ သည်မှာ ၅ နှစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများမှ နှစ်ဖက်လူမှုအသိုင်းအဝိုင်း ပြန်လည် သင့်မြတ်ရေးကို ကူညီဆောင်ရွက်ခဲ့ကြရာတွင် ဘုမေကြက်ဈေးတန်း သည်လည်း အဓိကနေရာအခန်းကဏ္ဍတစ်ခု၌ ပါဝင်ခဲ့သည်။", "စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ပြည်နယ်စစ်ကောင်စီ၏ လမ်းညွှန်ချက်များဖြင့် စစ်တွေမြို့နယ်အတွင်း ကျူးကျော်ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ကို ဖယ်ရှားမည်ဟု စက်တင်ဘာလအတွင်းက ပြောဆိုပြီးနောက် ယင်းလမှာပင် ဦးဥတ္တမပန်းခြံရှေ့ရှိ သစ်သီးဆိုင်တန်းနှင့် ကမ်းနားလမ်းမှ လမ်းဘေးဈေးသည်များကို ဖယ်ရှားခဲ့သည်။", "ယခု အောက်တိုဘာလတွင် စစ်တွေကမ်းခြေ၊ စစ်တွေဟိုတယ်အနီးရှိ စားသောက်ဆိုင် ၁၆ ဆိုင်ကိုလည်း စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်အင်အား အများ အပြားဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အတင်းဖြိုဖျက်ခဲ့ပြီး နောက်ထပ် တစ်ခါ ဘုမေရပ်ကွက်ရှိ မွတ်ဆလင်များ ကြက်ဈေးတန်းကို ဖယ်ရှားပေးရန် စစ်ကောင်စီက ဖိအားပေးနေခြင်းဖြစ်သည်။", "(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/05/102565/
စစ်တွေတွင် မုန်တိုင်းဒီရေများ ဝင်လာချိန်တွင် လေတိုက်နှုန်း ပြင်းထန်နေသည့်အတွက် ကယ်ဆယ်ရေးလုပ်ရန် ခက်ခဲနေ
["စစ်တွေတွင် မုန်တိုင်းဒီရေများ ဝင်လာချိန်တွင် လေတိုက်နှုန်း ပြင်းထန်နေသည့်အတွက် ကယ်ဆယ်ရေးလုပ်ရန် ခက်ခဲနေ", "ရန်ကုန်၊ မေ ၁၄", "ရခိုင်ပြည်နယ်၊ စစ်တွေမြို့ထဲတွင် မုန်တိုင်းဒီရေများ ဝင်လာချိန်တွင် လေတိုက်နှုန်း ပြင်းထန်နေသည့်အတွက် ကယ်ဆယ်ရေးများ အချိန်မီလုပ်ရန် လည်း ခက်ခဲနေကြောင်း မြို့ခံကယ်ဆယ်ရေးသမားတချို့က ပြောသည်။", "“လေကအရမ်းတိုက်နေတယ်။ ငြိမ်မသွားဘူး။ မိုးကလည်း တောက်လျှောက်။ ထွက်ဖို့ ပြုဖို့က မလွယ်သေးဘူး။ ကျနော်တို့လည်း မျက်ခြေမပြတ်ဘူး အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ ရေက အခု သိသလောက် ၃ ပေ ကျော် ၄ ပေလောက်ရှိတယ်။ တချို့နိမ့်တဲ့နေရာတွေမှာ ၅ ပေ လောက်အထိ တက်လာတယ်။ အိမ်အောက်ထပ်တွေတော့ မြုပ်သွားပြီ။ ကယ်ဆယ်ရေး လုပ်ရင်လည်း လှေတွေနဲ့ပဲ သွားလို့ရမယ့် အခြေအနေဖြစ်နေတယ်။ ဖုန်းလိုင်းတွေလည်း ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတယ်” ဟု စစ်တွေမြို့ခံ ကယ်ဆယ်ရေးအဖွဲ့တစ်ခုက ပြောသည်။"]
https://yktnews.com/2023/01/79030/
စစ်တွေတွင် အမျိုးသား ၃ဦးသေနတ် ပစ်ခတ်ခံရပြီး သေဆုံး
["စစ်တွေတွင် အမျိုးသား ၃ဦးသေနတ် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်| ဇန်နဝါရီ ၄", "ရခိုင်ပြည်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့ စက်ရုံစုရပ်ကွက် အကွက် ၁၃ ရှိ ဆီ တန်းရှေ့တွင် ယနေ့ ဇန်နဝါရီလ ၄ရက်နေ့ နံနက်ပိုင်းက သေနတ် ပစ်ခတ် ခံရ ၍ အမျိုးသား ၃ဦးသေဆုံးလျက် တွေ့ ရှိရသည်ဟု မျက်မြင်များကပြောသည်။", "ပစ်သတ်ခံရသည့် အမျိုးသား ၃ ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင် ခြင်းမရှိသေးဘဲ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရ သည်။", "“အသတ်ခံရတာက အမျိုးသား ၃ဦးပါ။ အသက်ကတော့ ၃၀ကျော် ဝန်းကျင် လောက်ရှိမယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ အတိကျမသိရသေးဘူး။ မနက် ၇ နာရီလောက်မှာ ပစ်သတ်ခံရတာဖြစ်တယ်။ သေနတ်သံကတော့ ၅ ချက် လောက် ကြားလိုက်ရတယ်”ဟု ၎င်းက ပြောသည်။", "ပစ်ခတ်ခံရသူများသည့် မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိရသေးဘဲ သေဆုံး သူများ ကို စစ်တွေဆေးရုံးသို့ ပို့ဆောင်ရန် ပြင်နေကြပြီး အခင်းဖြစ်ပွား သည့် နေရာသို့ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက် စစ်ဆေးနေကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။", "“ဘယ်သူတွေက ပစ်သွားတာလည်း မသိရသေးဘူး။ အခုတော့ စစ်တွေ ဆေးရုံကို အလောင်းတွေကို ပို့ဖို့လုပ်ဆောင်နေကြတယ်။ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာက လူတွေလည်း လာစစ် ဆေးနေကြတယ်”ရပ်ကွက်နေထိုင်သူတစ်ဦးက ဟုပြောသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/10/187568/
စစ်တွေထောင်မှ ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားအပါအဝင်အကျဉ်းသား ၃၅၁ ဦး စားသောက်နေထိုင်ရေး ခက်ခဲ၊
["စစ်တွေထောင်မှ ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားအပါအဝင်အကျဉ်းသား ၃၅၁ ဦး စားသောက်နေထိုင်ရေး ခက်ခဲ၊", "မကွေးထောင်တွင် ဒေါက်တာဇော်မြင့်မောင် ကျဆုံးမှု ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာက အရေးယူပေးရန် တောင်းဆိုလှုပ်ရှား", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများ ၃၅၁ ဦးသည် ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်ခံရပြီးနောက် စားသောက်နေထိုင်ရေး ခက်ခဲနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "စစ်တွေထောင်မှ အကျဉ်းသားများသည် အောက်တိုဘာလ ၁၀ရက်နေ့ ညနေပိုင်းအချိန် ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်သို့ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၃၅၁ ဦး ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“အောက်တိုဘာလ ၁၀ ရက်နေ့က ရောက်တယ်။ထောင်ပြောင်းဆိုပြီး အကျဉ်းသားပိုင် ပစ္စည်းနဲ့အစားအသောက်တွေကို သယ်ယူခွင့် အချိန်မပေးတဲ့အတွက် အကျဉ်းသားတွေ စားသောက်ရေး အတော်လေးခက်ခဲနေကြတယ်။နောက်ပြီး တိုက်ပွဲကာလအတွင်းမှာ ရခိုင်ပြည်နယ်က အကျဉ်းသားမိသားစုဝင်တွေအနေဖြင့်လည်း ပါဆယ်ပို့ဖို့ အခက်အခဲတွေရှိကြတော့ အစားအသောက်ပါဆယ်တွေမရတာလည်း ကြာနေပြီ။ အခုဆိုပါဆယ်ပို့ဆောင်ဖို့ ပိုပြီးခက်ခဲသွားတဲ့အခြေအနေပါ ကြုံတွေ့နေကြရတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကျဉ်းသားများ ကူညီထောက်ပံ့မှု လုပ်ဆောင်လိုသူများအနေနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ တစ်ဆင့် ငွေကြေးပျောက်ဆုံးမှုမရှိစေဘဲ ထိရောက်စွာ ကူညီပေးမည်ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် မကွေးတိုင်း၊ မကွေးမြို့ရှိ အကျဉ်းထောင်တွင် NLD ပါတီ ဒုဥက္ကဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာက အရေးယူပေးရန် တောင်းဆိုလှုပ်ရှားကြကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၇ ရက် နံနက် ၃ နာရီခန့်တွင် NLD ပါတီ ဒုဥက္ကဌ ဒေါက်တာဇော်မြင့် မောင် ကွယ်လွန်ခြင်းပတ်သက်၍ မကွေးအကျဉ်း ထောင်အတွင်း၌ အကျဉ်းချခံထားရသော နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများက အောက်တိုဘာလ ၈ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့အထိ မိမိတို့ ယုံကြည်ရာ ဘာသာတရားအလိုက် ဝတ်ပြုဆုတောင်းခြင်းများနှင့် ဗုဒ္ဓဘာသာတို့၏ ထုံးတမ်း အစဉ်အလာအရ ကွယ်လွန်သူ ဒေါက်တာဇော်မြင့်မောင်အား အထူးရည်စူး၍ မေတ္တာပို့ အမျှပေးဝေ ခြင်းများကို ည ၈ နာရီအချိန် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။", "ထို့ပြင် အောက်တိုဘာလ ၈ ရက်နေ့စ၍ မကွေးထောင်တွင် တန်းဖွင့် ၊ တန်းပိတ်ချိန်ဖွင့် လူစာရင်းစစ်ချိန်တွင် အကျဉ်း ထောင်မှ ချမှတ်ထားသည့် “မင်္ဂလာပါ” ဟူသော စကားရပ်ကို ပြော ဆိုခြင်းကို လုံးဝ (လုံးဝ) ရပ်ဆိုင်းခြင်း၊ အောက်တိုဘာလ ၉ ရက်နေ့မှစ၍ အောက်တိုဘာလ ၁၂ ရက်နေ့အထိ ဒေါက်တာဇော်မြင့်မောင်အတွက် ပရိတ်ရွတ်ဖတ်ခြင်း၊ ပဌာန်း ဒေသနာ တောင် ရွက်ဖတ်ခြင်း ၊ မေတ္တာပို့အမျှဝေခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။", "အလားတူ မကွေးထောင်အတွင်း နေ့စဉ်အလိုက် ကဗျာရွတ်ဖတ်ခြင်းများ၊ Silent Strike ပြလုပ်ခြင်းများ အပြင် အောက်တို ဘာလ ၁၂ ရက် နံနက် ၉ နာရီ နာရီအချိန်ဒေါက်တာဇော်မြင့်မောင်အား ရည်စူး၍ နိုင်ငံရေး အကျဉ်း သား ဘုန်းတော်ကြီးများ ပင့်ဖိတ်ကာ ရက်လည်ဆွမ်းကပ်ခြင်းနှင့် ပရိတ်တရားနာကြားခြင်း၊ မေတ္တာ ပို့အမျှဝေခြင်း၊ ညနေ ၃ နာရီအချိန် ကွယ်လွန်သူ ဒေါက်တာဇော်မြင့်မောင် အတွက် အောက်မေ့ ဖွယ်အခမ်းအနားပြုလုပ်ခြင်း၊ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအပေါ် ‘ဝမ်းနည်းကြောင်း သဝဏ်လွှာ’ ပေးပို့ခြင်းနှင့် သဘောထားထုတ်ပြန်ချက် ကြေညာခြင်းတို့ကို လှုပ်ရှားပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။", "အကျဉ်းကျခံနေရစဉ် ဒေါက်တာဇော်မြင့်မောင် အနေဖြင့် အကျဉ်းထောင်အတွင်း လုံလောက်သည့် ကျန်းမာရေး ကုသမှု မရရှိခြင်း၊ ခေတ်မီစက်ကိရိယာများနှင့် ဆေးဝါးများမရှိခြင်း ၊ ပြင်ပဆေးရုံတွင် မဖြစ် မနေ တက်ရောက်ကုသရန် လိုအပ်သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ဆေးဝါးကုသခွင့် ငြင်း ပယ်ခံခြင်း၊ အကျဉ်းထောင်အတွင်း ကိုယ်စိတ်နှလုံး ဆင်းရဲစေရန် ဖိနှိပ်ခံရခြင်းတို့ကြောင့် သေဆုံးခဲ့ ရခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါကြောင်း မကွေး အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများက သဘောထား ကြေညာချက်ထုတ်ပြန်သည်။", "ဒေါက်တာဇော်မြင့်မောင် စတင်ဖမ်းဆီးခံချိန်မှစ၍ သေဆုံးချိန်အထိ ကိစ္စအလုံးစုံကို စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်ကောင်စီမှ အပြည့်အဝတာဝန်ခံရမည်ဖြစ်သည့်အပြင် ဒေါက်တာ ဇော်မြင့်မောင်သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားအားလုံးမှ ပြင်းထန်စွာ တုံ့ပြန်သွား မည်ဖြစ်ကြောင်း၊ ထို့ပြင် အကျဉ်းထောင်အသီးသီးတွင် မတရား အကျဉ်းချခံနေရသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ NLD နာယက ဦးဝင်းထိန် ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များ ၊ဝန်ကြီးများ၊ ရွေးကောက်ခံကိုယ်စားလှယ်များ ၊ နိုင်ငံ ရေး အကျဉ်းသားများအားလုံး၏ မည်သည့်ကိစ္စရပ်မဆို အကြမ်းဖက်စစ်ကောင်စီက တာဝန်ခံရမည် ဖြစ်ကြောင်း မကွေးထောင်မှ နိုင်ငံရေးအကျဉ်းသားများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။", "ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် ၊ ဥရောပသမဂ္ဂ ၊ အာဆီယံအဖွဲ့ နှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများအားလုံးအနေဖြင့် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခဲ့ရခြင်းအတွက် အကြမ်းဖက်စစ်ကောင်စီကို ထိထိရောက် ရောက် အရေးယူပေးပါရန် မကွေးထောင်မှ နိုင်ငံရေးအကျဉ်းသားများက တိုက်တွန်းတောင်းဆိုထားသည်။", "ဓာတ်ပုံ- ပုသိမ်အကျဉ်းထောင်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/12/135370/
စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရရှိ
["စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရရှိ", "ရန်ကုန်| ဒီဇင်ဘာ ၁၁", "ရခိုင်ပြည် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များက ကျေးရွာများကို အာဏာသိမ်း စစ်ကောင်စီတပ်မှ လက်နက်ကြီးအပါအဝင် ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်မှုရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။", "ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာ ရွာသစ် ကို လက်နက်ကြီး နှစ်လုံးကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်များ ပျက်စီးခဲ့သော်လည်း လူ၊ တိရိစ္ဆာန်များ သေဆုံးမှု မရှိကြောင်း ပဒေသာ ရွာသစ် ကျေးရွာသားတစ်ဦးက ပြောသည်။", "“လက်နက်ကြီးက ဆက်တိုက်ပစ်တာလေ။ အဲ့ဒီမှာ လက်နက်ကြီး နှစ်လုံး အိမ်ကို လာကျတာပါ။ လူ၊ တိရိစ္ဆာန်တွေ သေဆုံးတာ မရှိဘူး။ စိုးရိမ်ချက်တစ်ခုက ဘေးနားက အိမ်ခြံထဲမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် တစ်လုံးရှိတယ်။ တစ်ခြားနေအိမ်တွေမှာတော့ လက်နက်ကြီးကျည် ကျတာတွေရှိတယ် “ဟုပြောသည်။", "အလားတူ ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်က စစ်ကောင်စီဒရုန်းမှ ပစ်ခတ်မှုကြောင့် စစ်တွေမြို့နယ် ဝါဘိုကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တစ်လုံးသို့ ကျရောက်ခဲ့သည်။", "ဒဏ်ရာရရှိသွားသူမှာ အသက် ၁၂နှစ်အရွယ်ရှိ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာမှ အဖ ဦးသန်းတင်မောင်၏သား မောင်မျိုးဆက်ပိုင် ဖြစ်ပြီ ၎င်းမှာ ဘယ်ဘက်ပါးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသား တစ်ဦးက ပြောဆိုသည်။", "ဝါဘိုကျေးရွာသားတစ်ဦးက “ကလေးက ဒဏ်ရာမပြင်းပါဘူး။ ဒါပေမယ့် ပစ်ချလိုက်တဲ့ ဗုံးက တော်တော်ပြင်းတယ်။ လူမရှိလို့ ဘာမှ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ အစိုင်အခဲတွေက လွှင့်စင်လာတာပါ။ ကလေးက နှာခေါင်းသွေးထွက်တယ်။ စစ်တွေကို ချက်ချင်းပို့လိုက်ရတယ်။ ဘေးနားက နေအိမ်တစ်လုံးကတော့ ပျက်စီးသွားတယ်”ဟုပြောသည်။", "စစ်တွေမြို့နယ်အတွင်းရှိသည့် ဝါဘိုကျေးရွာကို စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများသည် မကြာခဏဆိုသလို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်း ညအချိန်အတွင်း ဒရုန်းများဖြင့် ပစ်ခတ်ခြင်းများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။", "လွန်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ သုံးပတ်အတွင်း ရခိုင်ပြည်တွင် နေအိမ် ၁၅၅ ဆောင်နှင့် ဈေးဆိုင်ခန်း ၃၇၉ ခန်းကို စစ်ကောင်စီကည မီးရှို့ဖျက်ဆီးခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။", "နေအိမ် ၁၅၅ ဆောင်မှာ မြို့နယ်နှစ်ခုက ကျေးရွာ ၃ ရွာမှ နေအိမ်များဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောက နေအိမ် ၆ ဆောင်၊ ရဲရိုးပြင်ရွာက နေအိမ် ၁၃၀ ကျော်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည့်အပြင် ကျန် ၁၉ ဆောင်မှာ ပေါက်တောမြို့နယ် မနော်သီရိကျေးရွာက ဖြစ်သည်။ သို့သော်လည်း ပေါက်တောမြို့အတွင်း မီးလောင်ပျက်စီးခဲ့သည့်အရေတွက်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/01/138725/
စစ်တွေနှင့် ပေါက်တော တို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်
["စစ်တွေနှင့် ပေါက်တော တို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်", "ရန်ကုန်၊ ဇန်နဝါရီ ၆", "ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။", "ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် စစ်တွေမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ် လက်အောက်ခံ အမှတ် ၁၂ ရဲတပ်ရင်းက ပစ်ခတ်သော လက်နက်ကြီးကျည်သည် စစ်တွေမြို့ အမြင့်ကျွန်းတန်းထားထိပ်ရှိ ကဏန်းဒိုင်၌ ကျရောက် ပေါက်ကွဲခဲ့ပြီး ဂဏန်းဒိုင်တွင် အစောင့်လုပ်နေသည့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၌ နေထိုင်သော ဦးမောင်စိုးသေဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ ပေါက်တောမြို့နယ်ရှိ တောင်းဖူးရွာကိုလည်း ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်က စစ်တွေမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ် လက်အောက်ခံ အမှတ် ၁၂ ရဲတပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေါ်ဦးဝင်းသာ အသက် ၃၀ နှစ်နှင့် ဒေါ်ဦးအေးသန်း အသက် ၄၆ နှစ် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက်ရှိ ကျေးရွာများကိုလည်း ရွှေဘိုလေ့ကျင့်ရေး ၈ ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ညအချိန် လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး ကျေးရွာများအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution"]
https://yktnews.com/2024/10/189778/
စစ်တွေနှင့်သံတွဲတွင် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်သဖြင့် သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဆိုင်ကလုန်းမုန်တိုင်းကာကွယ်ရေး အဆောက်အအုံများ ပျက်စီး
["စစ်တွေနှင့်သံတွဲတွင် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်သဖြင့် သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဆိုင်ကလုန်းမုန်တိုင်းကာကွယ်ရေး အဆောက်အအုံများ ပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "ရခိုင်ပြည်၊ စစ်တွေနှင့်သံတွဲတွင် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်သဖြင့် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး အဆောက်အအုံများ ပျက်စီးကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။", "အောက်တိုဘာလ ၂၆ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်အချိန် စစ်တွေမြို့ ညိုရောင်ကျေးရွာရှိ စစ်ရေးနှင့် လုံး၀ မသက်ဆိုင်သော ဆိုင်ကလုန်းမုန်တိုင်း ကာကွယ်ရေး အဆောက်အအုံကို လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ကလုန်းကာကွယ်ရေး အဆောက်အုံ ပျက်စီးပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။", "အလားတူ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၉ နာရီအချိန် စစ်တွေအခြေစိုက် ခမရ ၃၄၄ တပ်ရင်းက ပုဏ္ဏားကျွန်းမြို နယ်၊ကွမ်းတောင်ရွာနှင့် စပါးထားရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ အောက်တိုဘာ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်အချိန် သံတွဲမြို့ နယ်၊ ဆင်ခေါင်းရွာနှင့် ခမောင်းတုန်းရွာရိုကို စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးက ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆင်ခေါင်းရွာ အထက်တန်း ကျောင်းနှင့် ခမောင်းတုန်းရွာဘုန်းကြီးကျောင်း ပြိုကျပျက်စီးခဲ့ကြောင်း၊ ခမောင်းတုန်းကျေးရွာ ကျောင်းထိုင်ဆရာတော်အရှင် ဉာဏိကမှာ ဒဏ်ရာရရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/165464/
စစ်တွေမြို့ ဗျိုင်းဖြူရွာအနီး မင်းဂင်းတောကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
["စစ်တွေမြို့ ဗျိုင်းဖြူရွာအနီး မင်းဂင်းတောကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်| ဇွန် ၁", "ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာအနီးက မင်းဂင်းတောကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ ဇွန်လ ၁ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွာသားများထံမှ သိရသည်။", "မင်းဂင်းတောကျေးရွာမှာ ရွာသစ်နှင့် ရွာဟောင်း နှစ်ခုရှိပြီး နှစ်ရွာပေါင်း အိမ်ခြေ တစ်ထောင်ခန့်ရှိကာ စစ်ကောင်စီတပ်သားများ ဝင်ရောက်မီးရှို့နေ၍ စစ်တွေမြို့နှင့် ဘေးကင်းရာနေရာများသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ရွာသားတစ်ဦးက ပြောသည်။", "” စစ်ကောင်စီတပ်သားတွေက ညနေ ၅ နာရီလောက်မှာ ဗျိုင်းဖြူရွာကနေလာပြီး မီးရှို့နေပါတယ်။ တော်တော်များများလောင်နေတာပါ။ ရွာမှာ လူမရှိကြတော့ဘူး။ ဘာကြောင့် မီးရှို့တယ်ဆိုတာ မသိရဘူး။ ရွာကလူတွေ အကုန်နီးပါးက စစ်တွေမြို့နဲ့ တခြားရွာတွေကို ထွက်ပြေးကုန်ကြပြီ။ ” ဟု ပြောသည်။", "ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်သားများက မေလ ၂၉ ရက်နေ့က ဝင်ရောက်လာပြီး လူငယ်၊ လူလတ်ပိုင်း အမျိုးသားများအားလုံးကို ဖမ်းဆီးကာ ကျေးရွာအတွင်း တပ်စွဲထားကြောင်း သိရသည်။", "ထိုစစ်ကောင်စီတပ်သားများက မင်းဂင်းတောကျေးရွာကို ဝင်ရောက် အကြမ်း ဖက် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း အခြားသော မျက်မြင်ဒေသခံများကလည်း ပြောဆိုကြသည်။", "စစ်ကောင်စီတပ်သားများ မီးရှို့နေစဉ် မင်းဂင်းတောရွာသားများမှာ ထွက်ပြေးနေရ၍ အိမ်ခြေ မည်မျှ မီးလောင်းကျွမ်းသွားသည်ကို အတိအကျ မသိခဲ့ရကြောင်းနှင့် မျက်မြင်တစ်ဦးက အိမ်ခြေရာနှင့်ချီ လောင်းကျွမ်းသွားပြီဟု ခန့်မှန်းပြောသည်။", "” မီးတောက်က တော်တော်လေးကို များတယ်။ ရွာသစ်ရွာဟောင်း နှစ်ခုလုံးမှာ လောင်နေတာဆိုတော့ အိမ်ခြေကတော့ ရာနှင့်ချီ လောင်းကျွမ်းမှာဖြစ်တယ်။ စစ်တွေမြို့အနီးမှာ AA တပ်သားတွေ ရှိမယ်အထင်နဲ့ အပြစ်မဲ့ရွာသားတွေကို ကျေးရွာအတွင်းက အတင်းအဓမ္မနှင်းထုတ် မတရားဖမ်းဆီး သတ်ဖြတ်နေတယ်။ ” ဟု ပြောသည်။", "ရခိုင်မြောက်ပိုင်းဒေသတွင် မောင်တောနှင့် စစ်တွေမြို့ နှစ်ခုသာ ကျန်ရှိတော့ပြီး ကျန်မြို့အားလုံးမှာ AA ထံ လက်လွှတ်ဆုံးရှုံးထားရသည်။", "မောင်တောမြို့ကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မကြာခင်မှာ လက်လွှတ်ဆုံးရှုံးရတော့မည်ဖြစ်၍ မြို့တော်စစ်တွေမြို့ကို ထိုးစစ်ဆင်မတိုက်ခိုက်မီ အနီးအနားကျေးရွာများကို အင်အားအများအပြားသုံးကာ AA တပ်ဖွဲ့ဝင်များ ခိုလှုံနေထိုင်မည်ကို စိုးရိမ်၍ စစ်ကောင်စီသည် အပြစ်မဲ့ရွာသားများကို အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ကာ ကျေးရွာများအား မီးရှို့နေခြင်းဖြစ်သည်။", "မင်းဂင်းတောရွာအနီး ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား ၄၁ ဦးကို စစ်ကောင်စီက မတရားသတ်ဖြတ်ပြီး ရာနှင့်ချီ လူငယ်၊ လူလတ်ပိုင်းကို ဖမ်းဆီးထားဆဲဖြစ်သည်။", "ဓာတ်ပုံ- မေလ ၉ ရက်နေ့ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် နေအိမ် အဆောက် အအုံများ မီးလောင်ပျက်စီးနေစဉ်။"]
https://yktnews.com/2023/05/102647/
စစ်တွေမြို့ကို မုန်တိုင်း ဖြတ်သန်းပြီးသည်အထိ အဆက်အသွယ်အားလုံးပြတ်တောက်နေ၊ အိမ်အလုံးလိုက် မုန်တိုင်းဒီရေနှင့်မျှောပါမှုတချို့ရှိပြီး မြို့အပျက် အစီး အလွန်ကြီးမားဟုဆို
["စစ်တွေမြို့ကို မုန်တိုင်း ဖြတ်သန်းပြီးသည်အထိ အဆက်အသွယ်အားလုံးပြတ်တောက်နေ၊ အိမ်အလုံးလိုက် မုန်တိုင်းဒီရေနှင့်မျှောပါမှုတချို့ရှိပြီး မြို့အပျက် အစီး အလွန်ကြီးမားဟုဆို", "မန္တလေးတွင် ယခုညပိုင်း လေပြင်းများ စတင်တိုက်ခတ်နေ", "ရန်ကုန်၊ မေ ၁၄", "ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ယနေ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်း ဖြတ်သန်းသွားအပြီး အဆက်အသွယ်အားလုံး ပြတ်တောက်နေကြောင်း၊ မိသားစု ဆွေမျိုးရှိသူများမှာ အလွန်စိုးရိမ်နေကြရကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“နောက်ဆုံး ဖုန်းရလိုက်တာက ပင်လယ်ရေတွေက အရမ်းဝင်လာတော့ ရေစီးသန်တယ်။ ခနော်နီခနော်နဲ့ အိမ်ငယ်လေးတွေ အလုံးလိုက် မျှောသွားတယ်ပြောတယ်။ ပထမ အော်ရီဒူးဖုန်းရသေးတယ်။ နောက်တော့ အော်ရီဒူးဖုန်းလည်း မရတော့ဘူးဖြစ်သွားတာ။ ဖုန်းရလိုက်တဲ့အချိန်တုန်းကတော့ ဒီနေ့ ညနေပိုင်းမှာ ဖုန်းရလိုက်တာ။ ရေတွေက ၄ ပေကျော်လောက်အထိ တက်လာတယ်။ အဲဒီလောက်ပဲ သိလိုက်ရတယ်” ဟု စစ်တွေမြို့တွင် ဆွေမျိုးများရှိနေသူ ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်တွေမြို့ခံများနှင့်အဆက်အသွယ်ရရှိရေး ဆက်လက်ကြိုးစားနေပြီး နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကမူ စစ်တွေမြို့၏ အပျက်အစီး အလွန်ကြီးမားကြောင်း၊ ပြန်လည် ထူထောင်ရန် အစည်းအဝေးများ ဆက်တိုက် လုပ်နေသည်ဟု သိရှိရကြောင်း ပြောဆိုသည်။", "ထို့ပြင် ယနေ့ ည ၁၁ နာရီခွဲအချိန် မန္တလေးတွင် လေပြင်းများ ဆက်တိုက် တိုက်ခတ်နေကြောင်း မန္တလေးဒေသခံများက ပြောဆိုသည်။", "“မန္တလေးမှာ လေတွေ တအားကို ပြင်းတယ်။ တိုက်တာ။ အရမ်းကို ကြမ်းနေတာ။ ဆောင့်ဆောင့်ပြီး လေတွေက တိုက်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/05/164583/
စစ်တွေမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူများကို ဆက်တိုက် ဖမ်းဆီးနေ
["စစ်တွေမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူများကို ဆက်တိုက် ဖမ်းဆီးနေ", "ရန်ကုန်| မေ ၂၆", "ရခိုင်ပြည် စစ်တွေမြို့တွင် ဧပြီလနှင့် မေလအတွင်း ဒေသခံများပြည်သူများ ရာနှင့်ချီဖမ်းဆီးခံနေရပြီး အများစုမှာ မြို့ခံမှတ်ပုံတင် ကိုင်ဆောင်ထားသူများ မဟုတ်ကြောင်း ဒေသခံများထံမှ သိရသည်။", "စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဧည့်စာရင်းအကြောင်းပြ၍ မသင်္ကာဟုဆိုကာ ဒေသခံများကို ဖမ်းဆီးနေပြီး ဧပြီလနှင့် မေလအတွင်းမှာ လူ ၃၀၀ ထက်မနည်း ဖမ်းဆီးခံထားရသည်။", "ဖမ်းဆီးခံရသူများအနက်မှ ၂၀၀ ခန့်မှာ မြို့ခံမှတ်ပုံတင် ကိုင်ဆောင်ထားသူများမဟုတ်ကြောင်းနှင့် ၎င်းတို့ကို စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် တိုင်ကြားမှုကြောင့် စစ်တပ်က နေအိမ်များကို ဝင်ရောက်စီးနင်း ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။", "” ည ၈ နာရီလောက်ဆို သူတို့ (စစ်ကောင်စီတပ်သား) စထွက်တယ်။ ကားတွေနဲ့ ကင်းလှည့်တယ်။ ရပ်ကွက်အလိုက်ဝင်စစ်တယ်။ ဘုန်းတော်ကြီးကျောင်းတွေ ဝင်တယ်။ သူတို့ဝင်တဲ့ရပ်ကွက်ဆို အဖမ်းမခံရတာ မရှိဘူး။ အဓိက မြို့ခံမှတ်ပုံတင် မကိုင်ထားတဲ့သူဆိုရင် အဖမ်းခံရတာပဲ။ မေလ ၁၅ ရက်နေ့ကဆို အဖမ်းခံရတာ ၄၀ လောက်အထိ ရှိမယ်။ ” ဟု ပြောသည်။", "စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသော အရပ်သားများမှာ စစ်တွေမြို့သို့ အနယ်နယ်အရပ်အရပ်က အလုပ်လာလုပ်သော သူများနှင့် ပန်းရံလုပ်ကိုင်နေသူများဖြစ်ပြီး ၎င်းတို့အားလုံးမှာ နေစရာအခက်အခဲရှိ၍ ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေကြခြင်းဖြစ်သည်။", "” ကျနော်နဲ့ အတူတူ လုပ်နေတဲ့တစ်ယောက် အဖမ်းခံရတယ်။ သူကတော့ ရွာပြန်တော့မယ် ပြောနေတာ။ ကျောင်းထိုင်ဆရာတော်က သူအာမခံပေးမယ်လို့ပြောတာနဲ့ မပြန်ဖြစ်ဘဲရှိနေတာ အဖမ်းခံလိုက်ရတယ်။ အခုလိုတွေသာ လိုက်ဖမ်းနေတော့ ဒီမှာနေရတာ ဘယ်လိုမှ မလုံခြုံတော့ဘူး” ဟု ပြောသည်။", "စစ်ကောင်စီ ဝင်မွှေနေသော စစ်တွေမြို့မှ ရပ်ကွက်များမှာ ရွာသာယာ၊ မြောက်စံပြ၊ အုန်းတပင်၊ ရွာကြီးမြောက်နှင့် ကယ်ဆယ်ရေးရပ်ကွက်တို့ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းများအားလုံးကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးနေခြင်းဖြစ်သည်။", "စစ်ကောင်စီ ဖမ်းဆီးထားသူများထဲတွင် AA နှင့်လုံးဝ ဆက်စပ်မှုမရှိသူ အများစုပါဝင်ကာ စစ်ကောင်စီက ငွေတောင်း၍ လွှတ်ပေးနေကြောင်း သိရသည်။", "ဓာတ်ပုံ- ရခိုင်ပြည်နယ်တွင် တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/11/131150/
စစ်တွေမြို့တွင် စစ်တပ်က ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက် မြို့ထဲကို တင့်ကားများ ဝင်ရောက်လာ
["စစ်တွေမြို့တွင် စစ်တပ်က ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက် မြို့ထဲကို တင့်ကားများ ဝင်ရောက်လာ", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အကြမ်းဖက် စစ်တပ်က ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက် မြို့ထဲကို တင့်ကားများ ဝင်ရောက်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ရသေ့တောင်၊ မင်းပြားမြို့နယ်တို့၌ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် စစ်တွေမြို့တွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီမှ စ၍ နေအိမ်အပြင် မထွက်ရန် ပြည်နယ်စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း၊ စစ်တွေမြို့ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အားလုံးကို ပြည်နယ်စစ်ကောင်စီ၏ အမိန့်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးရုံသို့ ခေါ်ယူကာ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ယင်းသို့ စစ်တွေမြို့ကို ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက် မြို့ထဲကို တင့်ကားများ ဝင်ရောက်လာကာ လှည့်လည်မောင်းနှင်လျက် ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တင့်ကား ၃ စီးခန့်သည် စစ်တွေမြို့ လမ်းမကြီး၊ မေယုလမ်းနှင့် မင်းဘာကြီးလမ်းတစ်လျှောက်တွင် လှည့်လည်သွားလာနေကြောင်း သိရသည်။", "“မေယုလမ်း လောကာနန္ဒာရှေ့က သွားလာနေတာ တွေ့လိုက်ရပါတယ်။ ရသေ့တောင်နဲ့ မင်းပြားမှာ တိုက်ပွဲတွေ ဖြစ်နေတော့ စစ်တွေမြို့ကို လုံခြုံရေးယူတဲ့ သဘောလား။ ဒါမှ မဟုတ် ပြည်သူတွေကို ခြောက်ချင်လို့လားတော့ မသိဘူး။ လက်နက်တွေ အပြည့်အစုံနဲ့ သွားလာနေတာ” ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ရသေ့တောင်နှင့် မင်းပြားမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ‌AA တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်အတွင်း ရေလမ်း၊ ကုန်းလမ်းများအားလုံးအပြင် ရန်ကုန်၊ မန္တလေးဘက်မှ လာသော လမ်းများအားလုံးကိုလည်း အကြမ်းဖက် စစ်တပ်က ပိတ်ပင်ထားသည်ဟု ကားသမားများထံမှ သိရသည်။", "(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/12/135798/
စစ်တွေမြို့တွင် စစ်တပ်က ပြည်သူ ၅၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ အမ်း၊ စစ်တွေ၊ မြောက်ဦးနှင့် ပေါက်တော မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
["စစ်တွေမြို့တွင် စစ်တပ်က ပြည်သူ ၅၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ အမ်း၊ စစ်တွေ၊ မြောက်ဦးနှင့် ပေါက်တော မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်တွေမြို့ရှိ ကိုးရီးယားဆိပ်ကမ်းအောက်၌ ရပ်နားထားသော စက်လှေ၊ သမ္ဗာန်လှေများမှ ဒေသပြည်သူ စုစုပေါင်း ၅၃ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများသည် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့မှ ပြည်သူများဖြစ်ပြီး လက်ရှိချိန်တွင် စစ်တွေ အမှတ် ၁ ရဲစခန်း၌ ဖမ်းဆီးသွားကြောင်း သိရသည်။", "ထို့ပြင် အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ပေါက်တော မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း​ကြောင့် စေတီပုထိုး၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။", "ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် အမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အခြေစိုက်ခတပ်စခန်းတစ်ခုဖြစ်သော ကဇုကိုင်း “တောဟိန်းတောင်တပ်စခန်း” က ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်ခြင်းကြောင့် အမ်းမြို့နယ်၊ ဒါးလက် ချောင်းအုပ်စု၊ အထက်ရွာဟောင်းကျေးရွာမှ အသက် ၅၄ နှစ်အရွယ် အမျိုးသား ၁ ဦးအား လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်တွေမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ပါဒလိတ်အခြေစိုက် ၃၄၄ တပ်ရင်းက ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၂၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်က မြောက်ဦးမြို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ရှေးဟောင်း သမိုင်းဝင်နယ်‌မြေအတွင်းရှိ ရတနာ့မာန်အောင်စေတီ၊ ဘုရား သိမ်တော်ကြီးနှင့် ဘုန်းကြီးကျောင်းတို့ ထိမှန်ကာ ပျက်စီးမှု အချို့ရှိကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညနေ ၅ နာရီခန့်ကလည်း ပေါက်တောမြို့နယ်၊ ပွဲကြည့်တောင်မြစ်ဝတွင် ရပ်နားထားသော အကြမ်းဖက် စစ်တပ်၏ နေဗီသင်္ဘောမှ လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ရမ်းကားပစ်ခတ်မှုကြောင့် တောင်းဖူးကျေးရွာမှ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/90695/
စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်သားများ ရေကြောင်းသွားလာနေသူများထံမှ ငွေတောင်းခံနေ
["စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်သားများ ရေကြောင်းသွားလာနေသူများထံမှ ငွေတောင်းခံနေ", "ရန်ကုန်| မတ် ၄", "ရခိုင်ပြည် စစ်တွေမြို့နယ် အမြင့်ကျွန်း ရဲစခန်းအနောက်ဖက် မြစ်ဖက်သို့ မျက်နှာမူ၍ တပ်စွဲနေသည့် စစ်ကောင်စီတပ်က ရေကြောင်းသွားလာနေသူများထံမှ ငွေကြေးကောက်ခံနေသည်ဟု အဆိုပါလမ်းကြောင်းမှ သွားလာနေသူများက ပြောသည်။", "အဆိုပါနေရာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည်မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်‌တပ်‌တော်တို့ ပြီးခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလကစ၍ဖြစ်ပြီး လက်ရှိအချိန်ထိ ဆက်ရှိနေသေးခြင်းဖြစ်ပြီး ယခုအချိန်တွင် စစ်ကောင်စီတပ်မှ ငွေကြေးကောက်ခံမှုများရှိနေသည်ဟုဆိုသည်။", "ရေကြောင်းသွာနေသည့် ကုန်တင်၊ ခရီးသည်တင် ဘုတ်၊ စက်လှေများကို တစ်စင်းမကျန်စစ်ဆေးပြီး ‌ကြာရှည်စစ်ဆေးသည့်နည်းဖြင့် ငွေရယူလျှက်ရှိနေသည်ဟု အဆိုပါလမ်းမှ မောင်းနှင်နေသည့် ရသေ့တောင်မှ အမည်မဖော်လိုသူ ဘုတ်သမားတစ်ဦးက ပြောသည်။", "“ဖြတ်သွားတဲ့ ဘုတ်၊ စက်လှေအကုန်ကပ်ပေးရတယ်။ ခေါ်ပြီး စစ်တယ်။ အကုန်လျှောက်မေးတယ်။ ပိုက်ဆံမပေးသရွေ့တော့ လှိမ့်ပြီးမေးတာခံနေရတာပဲ။ ပိုက်ဆံပေးလိုက်ရင်တော့ ဘာမှပြောစရာမလိုတော့ဘူး။ တန်းပြီးသွားလို့ရပြီ” ဟုပြောသည်။", "အဆိုပါနေရာ၌ ရှိနေသည့် စစ်ကောင်စီတပ်သားများမှာ စစ်သားအပါအဝင် ရဲများလည်းရှိနေသည်ဟု သိရသည်။", "ထိုသို့သောအခြေနေများကြောင့် ဘုတ်သမားများတွင် အဆိုပါလမ်းမှ ဖြတ်လျှင် ငွေများအမြဲပေးဆောင်‌နေရပြီး တင်ဆောင်လာသည့် ပစ္စည်းအမျိုးစားပေါ်မူတည်၍လည်း ငွေးပေးနေရသည်ဟု နောက်ထပ်ဘုတ်သမားတစ်ဦးကဆိုသည်။", "“သူတို့ရစ်တာ မခံချင်ရင်တော့ ငွေပေးရတော့တာပဲလေ။ ငွေမပေးရင် ဘယ်လောက်ကြာကြာ အဲ့မှာနေခိုင်းထားထား။ ပေးမသွားဘူး။ နောက်တင်လာတဲ့ပစ္စည်းအပေါ်မှာမူတည်ပြီး သူတို့တောင်းချင်သလို တောင်းတာလည်းရှိသေးတယ်။ လုပ်စားနေရတာလည်း အသက်ရှုမချောင်ဘူး” ဟုပြောသည်။", "လက်ရှိကမ်းကပ်ပြီး စစ်ဆေးခံနေရသည့် အဆိုပါနေရာတွင် ကမ်းကပ်ရန် ဆိပ်တည်ဆောက်ထားမှုလည်း မရှိသည့်အတွက် ရေအတက်အကျပေါ်မူတည်ပြီး သောင်တင်သွားသည်အခြေနေများဖြင့် ကြုံရသည်များလည်းရှိသည်ဟု ဘုတ်သမားများကပြောသည်။", "ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တကျော့ပြန်တိုက်ပွဲအတွင်းက စစ်ကောင်စီ၏ ပြည်နယ်တွင်း ကန့်သတ်ချက် အများအပြားရှိခဲ့ပြီး အပစ်ရပ်ပြီးနောက်ပိုင်း သိသာစွာဖြေလျော့မှုလည်း ရှိမလာခဲ့ပေ။", "ထိုသို့သောအခြေနေများနှင့်ဆက်စပ်၍ ရခိုင့်စီးပွားရေး၊ နိုင်ငံရေး လေ့လာသူတစ်ဦးက ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့၏ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်မှုမှာ လူထုအတွက် သက်ရောက်မှုမရှိဟု ပြောဆိုထားသည်။", "မြို့နယ်အနှံ့ကုန်စည်သယ်ယူတင်ပို့သည့် လမ်းကြောင်းများတွင်လည်း စစ်ကောင်စီတပ်သားများ၏ အစစ်အဆေးကို ခံယူနေကြရဆဲဖြစ်ပြီး ကန့်သတ်ကုန်များလည်း ဆက်ရှိနေဆဲဖြစ်သည်။", "ထိုအခြေနေများနှင့်ပတ်သက်၍ ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြည်သူကိုငဲ့ညှာ၍ အပစ်ရပ်ကြသည်ဆိုပါက ပြည်သူများအတွက် အနှောင့်အယှက်ဖြစ်နေဆဲဖြစ်သည့် အခြေနေများဆက်ရှိနေသေးရာ ထိုအခြေနေကို နှစ်ဖက်လုံးမှ သုံးသပ်ရန်လိုအပ်သည်ဟု ပြောဆိုထားသည်။", "စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ရပ်မှုတွင် ULA/AA နှင့် ဆက်စပ်၍ဟုဆိုကာ ဖမ်းဆီးခံထားရသည့် အပြစ်မဲ့သူများအား လွှတ်ပေးရန်၊ ပြည်နယ်တွင် ကုန်စည်စီးဆင်းရာလမ်းကြောင်းများကို လွပ်လပ်စွာကုန်သွယ်သွားလာခွင့်ပေးရန်ဖြစ်ပြီး စစ်ကောင်စီ၏ လက်ရှိအပြုအမူကို မပြင်ဆင်ပါက တိုက်ပွဲပြန်ဖြစ်မည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောဆိုထားသည်။"]
https://yktnews.com/2024/01/140455/
မြောက်ဦး၊ ဘူးသီးတောင်နှင့် ပေါက်တော မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ
["စစ်တွေမြို့နယ်တွင် စစ်တပ်က ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ပေါက်တော မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။", "ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အမျိုးသား ၂ ဦး သေဆုံးခဲ့ရပြီး ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးအပါအဝင် ဒေသ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် မြောက်ဦး အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၀ တပ်ရင်းက မြောက်ဦးမြို့နယ်၊ ကိုင်းတောကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကိုင်းတောကျေးရွာအနီး လယ်ကွင်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်က ဘူးသီးတောင်အခြေစိုက် အကြမ်းဖက် စစ်တပ်၏ တပ်မ ၂၂ လက်အောက်ခံ ခမရ (၂၀၉) တပ်ရင်း မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စံဂိုးတောင်တပ်စခန်းနှင့် နွားရုံတောင်တပ်စခန်း တို့က ဆင်သီပြင်ကျေးရွာကို လက်နက်ကြီးဖြင့် ၉ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ယင်း ပစ်ခတ်မှု အတွင်း လက်နက်ကြီး ၁ လုံးသည် ဆင်သီပြင်ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇ နှစ်အရွယ် မွတ်ဆလင် မိန်းကလေးငယ် ၁ ဦးအပါအဝင် အသက် ၆၀ အရွယ် မွတ်ဆလင်သက်ကြီးပိုင်း အမျိုးသမီး ၁ ဦးတို့ လက်နက်ကြီး ကျည်စထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ရသေ့တောင်မြို့နယ်ရှိ ဘာထလေ၊ ညောင်ပင်လှ၊ ပြားချောင်းကြီးနှင့် ကြိမ်သာ‌ စသည့်ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ဂျက်ဖိုက်တာနှင့် ထောက်ပို့လေယာဉ်များ အသုံးပြုကာ အပြင်းအထန် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့့်တွင် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ ပြည်သူ ၄ ဦး သည် စစ်တွေမြို့ကို ဈေးဝယ်ရန် သွားရောက်စဉ် စစ်တွေမြို့၊ အင်းပေါက်ဝဆိပ်ကမ်း၌ အကြမ်းဖက် စစ်တပ်၏ စစ်တွေ အမှတ် ၁ ရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်ခန့်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇန်နဝါရီလ ၁၆ ရက်နေ့တွင် နံနက် ၆ နာရီအချိန်ခန့်တွင် ဖမ်းဆီးထားသော ပြည်သူ ၄ ဦးကို စစ်တွေအခြေစိုက် အကြမ်းဖက် စစ်တပ်၏ခမရ ၂၀ တပ်ရင်း ထဲကို ခေါ်ယူသွားကြောင်း သိရသည်။", "Photo – ပေါက်တောမြို့နှင့် ကျေးရွာအချို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #မြောက်ဦး #ဘူးသီးတောင် #ပေါက်တောမြို့နယ်"]
https://yktnews.com/2024/06/166482/
စစ်တွေမြို့နယ်တွင် ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော စစ်ကောင်စီကို ရခိုင်နှင့် မဟာမိတ်အဖွဲ့ ၂၀၃ ခုက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ
["စစ်တွေမြို့နယ်တွင် ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော စစ်ကောင်စီကို ရခိုင်နှင့် မဟာမိတ်အဖွဲ့ ၂၀၃ ခုက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ", "ရန်ကုန်| ဇွန် ၇", "ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား အမျိုးသမီး၊ အမျိုးသားအပါအဝင် ၇၆ ဦးကို မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော အာဏာသိမ်း စစ်ကောင်စီကို ရခိုင်အရပ်ဘက်အဖွဲ့အစည်းများနှင့် ညီနောင်မဟာမိတ်လူမျိုးများ အဖွဲ့အစည်းများမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယနေ့ဇွန်လ ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။", "စစ်ကောင်စီ စစ်ကြောင်းသည် ဗျိုင်းဖြူရွာသားများအပေါ်တွင် ရက်ရက် စက်စက် လူမဆန်စွာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခြင်း၊ အလောင်းများအားဖျောက်ဖျက်ခြင်းနှင့် အမျိုးသမီးများအား မုဒိမ်းကျင့်သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှု၊ လူသားမဆန်သော ပြစ်မှုကျူးလွန်ခြင်း လူမျိုးတုံးသတ်ဖြတ်မှုများကို ဗြောင်ကျကျ ကျူးလွန်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။", "ထိုကဲ့သို့ လူ့အသိတရားကင်းမဲ့စွာ ရက်စက်ကြမ်းကြုတ်လွန်းသည့် လူသတ်မှုကြီးကို ကျူးလွန်ခဲ့ကြသူများအား နိုင်ငံတကာရှိ ရခိုင်အဖွဲ့အစည်းများနှင့် ညီနောင်မဟာမိတ်လူမျိုးအဖွဲ့များမှ ပြင်းထန်စွာကန့်ကွက် ရှုတ်ချလိုက်ပြီး ပြစ်မှုကျူးလွန်သည့် အကြမ်းဖက်သမားများအား ထိထိရောက်ရောက် အရေးယူအပြစ်ပေးသွားရန် တောင်းဆိုထားကြသည်။", "ဤအကြမ်းဖက်လူသတ်မှုကြီးတွင် အပြစ်မဲ့အသက်ဆုံးရှုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပြီး နိုင်ငံတကာ ရခိုင်အဖွဲ့အစည်းများမှ အရေးပေါ်လိုအပ်သည့် အကူအညီများကိုလည်း ပေးအပ်သွားမည်ဟု ဆိုသည်။", "စစ်ရာဇဝတ်မှု၊ လူသားမဆန်စွာ သတ်ဖြတ်သည့်ပြစ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ဗြောင်ကျကျ ကျူးလွန်ပြီး နေ့စဉ်ရက်ဆက် ကြည်း၊ ရေ၊ လေ တို့မှ ရခိုင်ပြည်အတွင်း မြို့ရွာများအနှံ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်လျှက်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ပါ နိုင်ငံတခု၏ လိုက်နာရမည့် စည်မျဉ်းနှင့် နိုင်ငံတကာဥပဒေများကို စဉ်ဆက်မပြတ် ချိုးဖောက်လာနေခဲ့သော စစ်ကောင်စီအဖွဲ့က ကျူးလွန်သူများအား ထိရောက်စွာ အရေးယူပေးရန်လည်း ၂၀၃ ဖွဲ့က တောင်းဆိုထားကြသည်။", "မတရားအာဏာသိမ်း ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်များကို အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ထုတ်ပယ်သွားရန် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နှင့် ကုလသမဂ္ဂအဖွဲ့ချူပ် (UNITED NATION) တို့အား အလေးအနက်တိုက်တွန်းတောင်းဆိုသည်ဟု ရခိုင်နှင့်တိုင်းရင်းသားလူမျိုး အဖွဲ့အစည်း ၂၀၃ က ဆိုသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများ။ (ပုံအဟောင်း ဖြစ်ပါသည်။)", "Photo- AFP။"]
https://yktnews.com/2024/09/182531/
စစ်တွေမြို့နယ်တွင် ဗျိုင်းဖြူရွာသား ၂၃၄ ဦးကို စစ်ကောင်စီက AA ဖြင့် ဆက်သွယ်သည်ဟုဆိုကာ ပုဒ်မ ၁၇ (၁) ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီ အစုလိုက်အပြုံလိုက် ချမှတ်
["စစ်တွေမြို့နယ်တွင် ဗျိုင်းဖြူရွာသား ၂၃၄ ဦးကို စစ်ကောင်စီက AA ဖြင့် ဆက်သွယ်သည်ဟုဆိုကာ ပုဒ်မ ၁၇ (၁) ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီ အစုလိုက်အပြုံလိုက် ချမှတ်", "ရန်ကုန်| စက်တင်ဘာ ၉", "ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ ဗျိုင်းဖြူကျေးရွာသား ၂၃၄ ဦးကို အာရက္ခတပ်တော် AA နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် အာဏာသိမ်း စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။", "ဩဂုတ်လ ၃၀ ရက်နေ့က ၁၄၁ ဦးနှင့် ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့က ၉၃ ဦးကို စစ်ကောင်စီ လက်အောက်ခံ စစ်တွေမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။", "မေလ ၂၉ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းအဖွဲ့သည် အင်အားအလုံးအရင်းဖြင့် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကလေးငယ်၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုမကျန် လက်နောက်ပြန်ကြိုးတုပ်ပြီး နေပူလှမ်းကာ အပြစ်မဲ့အရပ်သား ၃၀၀ ခန့်ကို ဖမ်းဆီးခဲ့သည်။", "ယင်းအထဲက ၂၃၄ ဦးမှာ စစ်ကောင်စီ၏ မတရားထောင်ချခြင်းကို ခံထားရကာ မေလ ၂၉ ရက်နှင့် ဇွန်လ ပထမအပတ်အတွင်း အပြစ်မဲ့အရပ်သား ၁၀၀ ခန့်ကိုလည်း စစ်ကောင်စီပူးပေါင်းအဖွဲ့က အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။", "ဗျိုင်းဖြူရွာသားတစ်ဦးက “ဘယ်သူမှ မလွတ်ပါဘူး။ ထောင်ချခံရတော့ အရမ်းစိတ်ဓာတ်ကျသွားတယ်။ အပြင်ကလူရော ထောင်ထဲက လူရော ၃ နှစ်ဆိုတဲ့ကာလကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မတွေးတတ်ကြတော့ဘူး။” ဟု ပြောသည်။", "ဗျိုင်းဖြူရွာသားများမှာ အာရက္ခတပ်တော် AA နှင့် အဆက်အသွယ်မရှိခဲ့ကြောင်းနှင့် စစ်ကောင်စီက မတရားသဖြင့် တရားစွဲထောင်ချခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ဗျိုင်းဖြူရွာသားအမှုမှာ ပြီးပြတ်သွားပြီဟု သိရသည်။", "ထောင်ချခံရသည့်အထဲပါဝင်သူ မိသားစုဝင်တစ်ဦးက စစ်ကောင်စီမှ မတရားသဖြင့် ထောင်ချခြင်းအပေါ် ယခုလို ပြောဆိုထားသည်။", "“၃ နှစ်ဆိုတဲ့ အတိုင်းတာက ကျမတို့အတွက်တော့ နည်းတဲ့ အချိန်မဟုတ်ပါဘူး။ အိမ်ထောင်ဦးစီးတွေ အဖမ်းခံရပြီး ထောင်ချခံရတယ်။ ကျန်တဲ့ မိသားစုဝင်တွေက စစ်ဘေးရှောင်အဖြစ်နဲ့ အဆင်ပြေတဲ့နေရာမှာ ခိုကပ်စားသောက်နေရတဲ့ အချိန် ထောင်ဝင်သွားတွေ့နိုင်တဲ့ အခြေနေလည်းမရှိပါဘူး။ နေစရာစားစရာမဲ့ရတဲ့အပြင် အခုလိုအဖြစ်မျိုးတွေပါ ထပ်ကြုံရတော့ အရမ်းစိတ်မကောင်းဖြစ်ကြရပါတယ်” ဟု ပြောသည်။", "ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းဖမ်းဆီးချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ရခိုင်လက်နက်ကိုင်အဖွဲ့ ALP နှင့် စစ်ကောင်စီ သင်တန်းပေးထားသော မွတ်ဆလင်လက်နက်ကိုင်အချို့လည်း ပါဝင်ကျူးလွန်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။", "ယင်းအပြင် ဗျိုင်းဖြူရွာသားများအား ဖမ်းဆီးနေချိန်အတွင်း အမျိုးသားနှင့် အမျိုးသမီးကို ခွဲထုတ်ကာ အဆိုပါ အမျိုးသမီးများထဲမှ အသက် ၁၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း ၃ ဦးကို အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင်များက ပြောဆိုထားကြသည်။", "ဗျိုင်းဖြူကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီသည် အပြစ်မဲ့အရပ်သားများအပေါ် မတရားအနိုင်ကျင့်ခြင်း၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ အစုလိုက်အပြုံလိုက် မတရားသတ်ဖြတ်တို့ကို ကျူးလွန်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် အရပ်ဘက်အဖွဲ့အစည်း အများအပြားက ထုတ်ပြန်ပြောဆိုထားကြသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/06/165426/
စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ အရပ်သားပြည်သူ ၄၁ ဦးကို စစ်ကောင်စီ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး အလောင်းဖျောက်
["စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ အရပ်သားပြည်သူ ၄၁ ဦးကို စစ်ကောင်စီ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး အလောင်းဖျောက်", "ရန်ကုန်| ဇွန် ၁", "ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အပြစ်မဲ့အရပ်သား ၄၁ ဦးကို စစ်ကောင်စီက အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး အလောင်းများကို ဖျောက်ပစ်ကြောင်း စစ်တွေမြို့ခံများက ပြောသည်။", "မေလ၂၉ ရက်နေ့ ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရာနှင့်ချီ ဝင်ရောက်လာပြီး ရွာထဲက သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များက လွဲ၍ အမျိုးသားများအားလုံးကို ဖမ်းဆီးထားသည်။", "အမျိုးသား ၂၀၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး စစ်ဆေးနေကာ ယနေ့ ဇွန်လ ၁ ရက်နေ့ နောက်ဆုံးသတင်းအရ ၄၁ ဦးကို သတ်ဖြတ်လိုက်ပြီဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။", "” ဗျိုင်းဖြူရွာက သက်ကြီးရွယ်အို၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို တေဗာကားနဲ့ ယူလာပြီး စစ်တွေမြို့ထဲက ဝင်္ကဘာကွင်းမှာ ထားပစ်ခဲ့တယ်။ အမျိုးသားတွေအားလုံးကို ဖမ်းချုပ်ထားတယ်။ အခု သတင်းကြားတာက ၄၁ ဦးတောင် အသတ်ခံလိုက်ရပြီလို့ သိရပါတယ်။ အလောင်းတွေကို ဘယ်မှာထားလဲတော့ မသိဘူး။ တချို့ကပြောတာက ရွာထဲမှာ ဒီအတိုင်း ပုံထားတယ်လို့ သိရပါတယ်။ ” ဟု ပြောသည်။", "မေလ ၂၉ ရက်နေ့က ၄ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး မေလ ၃၀ ရက်တွင် ၁၀ ဦးသတ်ဖြတ်ခံရကာ မေလ ၃၁ ရက်နေ့တွင် ၂၇ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။", "စစ်တွေမြို့ခံတစ်ဦးက ” AA ဆိုပြီး စွပ်စွဲကာ သတ်တာရှိတယ်။ AA နဲ့ ဆက်သွယ်တယ်ဆိုပြီး သတ်တာရှိတယ်။ ခန္ဓာကိုယ်တွေမှာ AA လို့ တက်တူးထိုးတာ၊ ရခိုင်လို့ တက်တူးထိုးတာ၊ Arakan လို့ တက်တူးထိုးတာတွေရှိရင်လည်း သတ်တယ်။ ရခိုင်တံဆိပ် တက်တူးထိုးတာရှိရင်လည်းသတ်တယ်လို့ ပြောတယ်။ အပြစ်မဲ့အရပ်သားတွေကို ကြက်တွေ၊ ငှက်တွေလို သတ်ဖြတ်နေတယ်။ သူတို့အားလုံးကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်။ စစ်ကောင်စီရဲ့ ယုတ်မာကောက်ကျစ်မှုက အဝီစိငရဲမပြောနဲ့ ပို့မယ့်နေရာတောင် မရှိတော့ဘူး။ ” ဟု ပြောသည်။", "ဗျိုင်းဖြူကျေးရွာထဲတွင် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ လူငယ်အမျိုးသားအများအပြားရှိနေသေးပြီး တချို့ကို စစ်ကောင်စီတပ်ရင်းများသို့ စစ်ကားများဖြင့် ခေါ်ယူသွားကြောင်း သိရသည်။", "ဗျိုင်းဖြူကျေးရွာ အကြမ်းဖက်စီးနင်းခံရမှုတွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်းနှင့် စစ်ကောင်စီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင်လည်း ရခိုင်တိုင်းရင်းသားအချင်းချင်း ALP တပ်ဖွဲ့ဝင်များကပါ ပါဝင်သတ်ဖြတ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။", "ဗျိုင်းဖြူကျေးရွာကို ကုန်ခဲ့သည့်နှစ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဝင်လာတိုင်းလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာသားများကို ဒါဇင်နှင့်ချီ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်မှုများရှိသည်ဟု သိရသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/06/170497/
စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာသား ၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီက အမှုဖွင့် တရားစွဲ
["စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာသား ၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီက အမှုဖွင့် တရားစွဲ", "ရန်ကုန်| ဇွန် ၂၉", "ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား ၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုထားကြောင်း မိသားစုဝင်များထံမှ သိရသည်။", "မေလ၂၉ ရက်နေ့က ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ရွာသား ၂၀၀ ခန့်ကို ဖမ်းဆီးနှိပ်စက်ကာ ယင်းအထဲက ၇၈ ဦးကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။", "ကျန်ရွာသားများကို စစ်ကြောရေးသို့ ခေါ်ဆောင်သွားပြီး ယင်းအထဲက ၄၅ ဦးခန့်ကို စစ်ကောင်စီ တပ်သားများက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲထားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။", "” ဖမ်းပြီး ရက်ပိုင်းလောက်အကြာမှာ ၃၈ ဦးကို အမှုဖွင့်တယ်။ ဇွန်လ ၁၀ ရက်နေ့မှာ ၃၈ ဦးအပါအဝင် နောက်ထပ် ရွာသားတွေ ပေါင်း ၄၅ ဦးလောက်ရှိမယ်။ တခါတည်း ချုပ်ရမန်ယူလိုက်တယ်။ ဟိုတနေ့က ဇွန်လ ၂၅ ရက်နေ့မှာ သူတို့အားလုံးကို မတရားအသင်းဆက်သွယ်ပုဒ်မှု ၁၇ (၁) နဲ့ တရားရုံးတင်လိုက်ပြီလို့ သိရပါတယ်။ ဘာအပြစ်မှ မလုပ်ထားတာကို ဘယ်သူ့ကိုမှလည်း မဆက်သွယ်တာကို မတရားစွပ်စွဲ ထောင်ချဖို့ လုပ်နေတာဖြစ်တယ်။ ပြည်သူတွေကို စစ်ကောင်စီက အနိုင်ကျင့်နေတာပါ။ ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။", "ဗျိုင်းဖြူရွာသား ၄၅ ဦးခန့်ကို ဇွန်လ ၂၅ ရက်နေ့က ပထမဆုံးအကြိမ် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း သေသေချာချာ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။", "တရားစွဲဆိုခံထားရသည့် ဗျိုင်းဖြူရွာသားများမှာ အစာရေစာ ငတ်ပြတ်နေကြသည့်အပြင် ခန္ဓာကိုယ်တွင် ရိုက်နှက်ဒဏ်ရာများစွာနှင့် ခြေသလုံးတွင် သံတုတ်ဖြင့် လိမ့်ထားသည့်ဒဏ်ရာများကို တွေ့ရသည်ဟု ရုံးထုတ်လာစဉ် မြင်တွေ့လိုက်ရသည့် မိသားစုဝင်များက ပြောသည်။", "” ကျမတို့ကို သီးသန့်တွေ့ခွင့်မပေးဘူး။ တစ်ယောက်မှ မတွေ့ရဘူး။ အဲဒီတော့ ရုံးထုတ်တဲ့အချိန်မှာပဲ အဝေးက ကြည့်ခွင့်ရတာ။ လူတွေက ထမင်း ဘယ်နှစ်ရက်တောင် မစားထားရလဲမသိဘူး။ ပိန်လိန်ဖြစ်နေကြတယ်။ လက်တွေ၊ မျက်နှာတွေမှာ ထုရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ အများကြီးပဲ။ ခြေသလုံးမှာဆိုရင်လည်း သံတုတ်နဲ့ လိမ့်ထားတဲ့ ပုံစံပဲ ဒဏ်ရာတွေအပြည့်နဲ့။အကျဉ်းထောင်မှာ တော်တော်လေး နှိပ်စက်ထားပုံရပါတယ်။ မြင်ရတာ ဘယ်လိုမှ စိတ်မကောင်းဘူး။ အရမ်းရင်နာရပါတယ်။ ” ဟု နောက်ထပ် မျက်မြင် မိသားစုဝင်တစ်ဦးက ပြောသည်။", "ဖမ်းဆီးခံ ဗျိုင်းဖြူရွာသားများကို စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ကြသည့်အပြင် ယခု စစ်တွေအကျဉ်းထောင်တွင်လည်း ရိုက်နှက် စစ်ဆေးမှုများရှိကြောင်း စုံစမ်းသိရသည်။", "ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ” အပြစ်မဲ့ ဗျိုင်းဖြူရွာသားတွေအပေါ် မတရားဖမ်းဆီး သတ်ဖြတ်တာ၊ ချုပ်နှောင် တရားစွဲတာဟာ မလုပ်သင့်တဲ့အရာဖြစ်တယ်၊ အဲဒီရွာသားတွေဟာ ပြစ်မှုကျူးလွန်ထားတာမဟုတ်ဘူး၊ ဒီလို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေဟာ အပြစ်မဲ့အရပ်သားအပေါ် လူ့အခွင့်အရေး အလွန့်အလွန် ချိုးဖောက်ရာဖြစ်တယ်။ ” ဟု ပြောသည်။", "ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး စစ်ကောင်စီနှင့်အတူ ဒေါ်စောမြရာဇာလင်းဦးဆောင်သော ALP တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်အချို့လည်း ပါဝင်ကြောင်း AA က ထုတ်ပြန်ထားသည်။", "ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က AA စွပ်စွဲချက်ကို ငြင်းဆန်ထားပြီး ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ALP ပြောခွင့်ရ ဦးခိုင်အောင်နိုင်က တုံ့ပြန်ထားသည်။", "သို့သော်လည်း အာရက္ခတပ်တော် AA က ဗျိုင်းဖြူရွာသားများအပေါ် အစုလိုက် အပြုံ လိုက်သတ်ဖြတ်ခဲ့ကြသည့် ပါဝင်ပတ်သက်သူများအားလုံးကို လက် တုံ့ပြန်သွားမည်ဟု သတိပေးထားသည်။", "ဓာတ်ပုံ – စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ ရွာထဲဝင်ရောက်စီးနင်း နှင်ထုတ်ခြင်းကြောင့် ထွက် ပြေးလာရသော စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ဒေသခံများအား ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/07/114794/
စစ်တွေမြို့မဈေးတွင် UNHCR မျက်နှာသုတ် ပုဝါများ ပေါပေါ လူလူ ရောင်းချနေ
["စစ်တွေမြို့မဈေးတွင် UNHCR မျက်နှာသုတ် ပုဝါများ ပေါပေါ လူလူ ရောင်းချနေ", "ရန်ကုန်၊ ဇူလိုင် ၂၅", "ရခိုင်ပြည်နယ်၊ စစ်တွေ မြို့မဈေးတွင် ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ပေးသည့် UNHCR မျက်နှာသုတ် ပုဝါများကို ပေါပေါ လူလူ ရောင်းချနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ကုလသမဂ္ဂအဖွဲ့ UNHCR မှ အကြောင်းအမျိုးမျိုးကြောင့် အိုးအိမ်စွန့်ခွာပြီး အခြားနေရာများတွင် ခက်ခဲစွာ ရပ်တည်နေရသည့် ဒုက္ခသည်များအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းများ၊ အိုးခွက် ပန်းကန်များ၊ စောင်နှင့် အဝတ်အထည်များကို ပေးခြင်းဖြစ်ပြီး စစ်တွေ မြို့မ ဈေးတွင် ရောင်းနေသည့် မျက်နှာသုတ်ပဝါများသည်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း UNHCR နှင့် တွဲဖက်လုပ်ကိုင်နေသည့် အရပ်ဘက် အဖွဲ့အစည်းများမှ ပြောကြားသည်။", "ဒုက္ခသည်များ အသုံးပြုရန် ဖြန့်ဝေထားသည့် မျက်နှာသုတ်ပဝါများမှာ စစ်တွေမြို့မဈေးတွင် အထည်ရေ ဆယ်ချီ၊ ရာချီ ရောင်းချနေခြင်းဖြစ်ပြီး တစ်ထည်ချင်းဖြစ်စေ၊ ဆယ်ထည်ဖြစ်စေ၊ ရာချီဖြစ်စေ ဝယ်ယူ၍ ရနေကြောင်း မြို့မဈေးအတွင်းမှ စုံစမ်းသိရှိရသည်။", "အဆိုပါ UNHCR တံဆိပ်ပါ မျက်နှာသုတ်ပဝါများကို တစ်ထည်လျှင် ကျပ် ၃၅၀၀ မှ ကျပ် ၅၀၀၀ အထိ ဈေးအမျိုးမျိုးရှိပြီး ရာချီ ဝယ်ယူပါက ကျပ် ၃၀၀၀ ကျပ်သင့်မည်ဖြစ်ကြောင်း၊ အဆိုပါ မျက်နှာသုတ်ပဝါများကို ရခိုင်ပြည်တွင်းအပြင် ရန်ကုန်နှင့် မန္တလေးဘက်မှ မှာယူရောင်းချခြင်းဖြစ်ကြောင်း ဈေးသည်များက ပြောကြားသည်။", "ထို့ပြင် စစ်တွေမြို့အတွင်း ပျံကျဈေးနှင့် ဈေးအငယ်များတွင် UNHCR တံဆိပ်ပါ အာဟာရမုန့်များ၊ အိုးခွက်များ၊ ရေပုံများ၊ စောင်များနှင့် တာပေါ်လင်များကိုပါ ရောင်းချနေကြကြောင်း သိရှိရသည်။", "ထိုသို့ UN အပါအဝင် နိုင်ငံတကာအထောက်အပံ့များ ဈေးများတွင် တွေ့ရှိရခြင်းမှာ ဒုက္ခသည်များမှ စားဝတ်နေရေးကြောင့် ပိုက်ဆံလိုသည့်အတွက် ရောင်းချခြင်းဖြစ်ကြောင်း၊ UN အပါအဝင် နိုင်ငံတကာမှ အစားအသောက်များအတွက် ထောက်ပံ့ခြင်းသည် လုံလောက်ခြင်းမရှိကြောင်း ၊ မိသားစု ဦးရေများပြားခြင်း၊ ကျန်းမာရေး၊ ပညာရေး ကိစ္စများ ရှိသည့်အတွက် မတတ်သာ၍ ရောင်းချရခြင်းဖြစ်ကြောင်း ဒုက္ခသည်များက ပြောကြားသည်။", "(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/09/182299/
စစ်တွေမြို့မှ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပေါက်တောမြို့အတွင်းရှိ ကျေးရွာနှင့်ရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်များ ပျက်စီး
["စစ်တွေမြို့မှ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပေါက်တောမြို့အတွင်းရှိ ကျေးရွာနှင့်ရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်များ ပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၇", "ရခိုင်ပြည်၊ စစ်တွေမြို့မှ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပေါက်တောမြို့အတွင်းရှိ ကျေးရွာနှင့်ရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်များ ပျက်စီးကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် AA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။", "ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၇ မိနစ်အချိန်တွင် စစ်တွေမြို့ရှိ ဖက်ဆစ် စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော အမှတ် ၁၂ ရဲတပ်ရင်း ကလည်းကောင်း၊ ယမန်နေ့ နံနက် ၁၀ နာရီ (၅၇) မိနစ်တွင် စစ်တွေ၊ ပွိင့်ရေတပ်စခန်းမှ လည်းကောင်း စစ်ကောင်စီသည် ပေါက်တောမြိုအတွင်းသို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရပ်ရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်း AAက သတင်းထုတ်ပြန်သည်။", "“စစ်တွေမြို့ပတ်လည်မှာရှိနေတဲ့ ရေတပ်၊ တပ်ရင်းတွေ၊ ရဲစခန်းတွေ၊ ပွိုင့် စတဲ့ နေရာပတ်ပတ်လည်ကနေ ပစ်တာပါ။ အမြောက်၊ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ကြတယ်။ ပစ်တာက တော်တော်ကို ကြောက်စရာကောင်းတယ်” ဟုဒေသပြည်သူတစ်ဦးက ပြောသည်။", "ယမန်နေ့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးများမှာ စုစုပေါင်း အလုံးရေ ၂၀ ကျော်ဖြစ်ပြီး ပေါက်တောမြို့နယ်ဘက်သို့ ကျရောက်မှုရှိခဲ့ကြောင်း ပေါက်တော ဒေသခံတစ်ဦးက ဆိုသည်။", "“ပစ်တာက အရေအတွက် ၂၀ ကျော်လောက်တော့ ကြားရတယ်။ ပေါက်တောဘက်ကို ကျတယ်။ ပေါက်တော မြို့အနီးပတ်ဝန်းကျင်၊ တောင်းဖူး၊ တောင်ဦးမော် ရွာနားဝန်းကျင်တွေမှာကျတယ်။ လူထိခိုက်တာတော့ မသိရသေးဘူး။ ” ဟု ပြောသည်။", "စစ်တွေမှ စစ်ကောင်စီတပ်ရင်းများက ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီးများ မကြာခဏလှမ်းပစ်ခတ်ပြီး ထိုပစ်ခတ်မှုကြောင့် ပေါက်တောဒေသခံများမှာ ထိခိုက်သေဆုံးခြင်း၊ နေအိမ်အဆောက်အအုံများပျက်စီးမှုရှိကြောင်း သိရသည်။", "လက်ရှိ လက်နက်ကြီးများအပြင်းထန်ပစ်ခတ်မှုပြုလုပ်နေသည့် စစ်တွေမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းခန့်ကလည်း ဝါဘိုကျေးရွာဘက်တွင် နှစ်ဖက်ပစ်ခတ်မှုများရှိခဲ့ကြောင်းနှင့် အဆိုပါရက်ပိုင်းခန့်ကပင် မင်းလှကျေးရွာဘက်တွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။"]
https://yktnews.com/2023/09/121529/
စစ်တွေမြို့ရှိ LWF Myanmar ရုံး မှ ဝန်ထမ်းများ၏ လစာကို ခေါင်းပုံဖြတ်ပြီး ဝန်ထမ်း ၈၀ ကို အလုပ်မှ အကြောင်းမဲ့ ထုတ်ပယ်
["စစ်တွေမြို့ရှိ LWF Myanmar ရုံး မှ ဝန်ထမ်းများ၏ လစာကို ခေါင်းပုံဖြတ်ပြီး ဝန်ထမ်း ၈၀ ကို အလုပ်မှ အကြောင်းမဲ့ ထုတ်ပယ်", "ရန်ကုန်၊ စက်တင်ဘာ ၈", "ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ LWF Myanmar (INGO) ရုံးရှိ မြန်မာ ဝန်ထမ်းများ၏ လစာကို ခေါင်းပုံဖြတ်ပြီး ဝန်ထမ်း ၈၀ ကို အလုပ်မှ အကြောင်းမဲ့ ထုတ်ပယ်ခဲ့ကြောင်း LWF Myanmar မှ မတရား အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "LWFMyanmar (INGO) ရုံးသည် လုပ်ခလစာများကို Euro မှ မြန်မာကျပ်ငွေသို့ ငွေလဲလှယ်ပေးရာတွင် ရရှိလာသည့် နှုန်းထားအတိုင်းမပေးဘဲ ၂၁၀၀ ကျပ်နှင့်သာ ပေးချေနေ၍ ဝန်ထမ်းများက အရေးဆိုကာ Silent Strike လုပ်ဆောင်ရာတွင် ဝန်ထမ်းများကို ညှိနှိုင်းမှု မရှိဘဲ မီးဖွားခါနီး ကိုယ်ဝန်ဆောင် ၄ ဦးနှင့် နို့တိုက် မိခင် ၄ ဦးအပါအဝင် စုစုပေါင်း ဝန်ထမ်း ၈၀ ကို အလုပ်ထုတ်ပစ်​ခဲ့ကြောင်း သိရသည်။", "“အခု စုစုပေါင်း အလုပ်ထုတ်ခံရတဲ့လူက အယောက် ၈၀ ပါ။ အမျိုးသား ၄၃ ယောက်ဖြစ်ပြီးတော့ အမျိုးသမီး ၃၇ ယောက်ဖြစ်ပါတယ်။ အဲဒီအထဲမှာ မီးဖွားတော့မယ် ကိုယ်ဝန်ဆောင် ၄ ဦးပါပါတယ်။ နို့တိုက်မိခင်လည်း ၄ ဦးပါပါတယ်” ဟု အလုပ်ထုတ်ခံရသည့် LWF Myanmar ဝန်ထမ်းတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အခြေစိုက် Lutheran World Federation အဖွဲ့သည် မြန်မာဝန်ထမ်းများကို လစာပေးရာတွင် Euro မှ မြန်မာကျပ်ငွေနဲ့ကို လဲလှယ်၍ လစာပေးရာတွင် ရရှိသည့် နှုန်းထားအတိုင်း မပေးဘဲ ၂၁၀၀ ကျပ်ဖြင့်သာ ပေးချေနေ၍ ဝန်ထမ်းများက အရေးဆို၍တောင်းဆိုနေသည်မှာ ၂၀၁၈ ခုနှစ်ကတည်းက တောင်းဆိုနေခြင်းဖြစ်ကြောင်း ၊ စာချုပ်များကို Euro နှင့် ချုပ်ဆိုသော်လည်း ဝန်ထမ်းများကို ၂၁၀၀ နှုန်းနှင့်သာ ပေးချေနေခြင်းဖြစ်ကြောင်းသိရှိရသည်။", "“လစာငွေတွေ ဆွေးနွေးနေတာ ၂ နှစ်ကျော်သွားပါပြီ။ ဝန်ထမ်းတွေရဲ့ လစာကို ဖြတ်စားချင်လို့ ဆိုတာမျိုးကကျတော့ လစာကို ဖြတ်စားချင်လို့ လုပ်နေတာ သေချာပေါက်ဖြစ်သွားပါပြီ။ တောင်းဆိုကြာတာက လစာတိုးတောင်းတာ မဟုတ်ဘဲ ၂၉၀၀ ကျပ်နဲ့ အခြားအဖွဲ့လို ပေးဖို့ တောင်းဆိုတာကို အာဏာရှင်ဆန်စွာ ခြိမ်းခြောက်မှုတွေ ပြုလုပ်ပြီး သူတို့ဖြတ်စားနေကြပါတယ်” အလုပ်ထုတ်ခံရသည့် LWF Myanmar ဝန်ထမ်းတစ်ဦးမှ ရန်ကုန်ခတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ထို့ပြင် LWF Myanmar အနေနှင့် ဝန်ထမ်းများ၏ ရပိုင်ခွင့် တောင်းဆိုမှုအပေါ်တွင် ၎င်းတို့လက်ရှိ ပေးချေသည့် နှုန်းထားအတိုင်း လက်ခံရန်နှင့် လက်မခံပါက ၂၀၂၄ ခုနှစ် စာချုပ်ကို မြန်မာငွေနှင့် ပြောင်းပစ်မည်ဟူ၍ ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာ ၄ ရက်နေ့တွင် ဝန်ထမ်းများကို အလုပ်ထုတ်ပယ်ခဲ့ပြီး အလုပ်ထုတ်ချိန်တွင် ဩဂုတ်လစာနှင့် အခြားရပိုင်ခွင့်များ ပေးချေခြင်း မရှိကြောင်း အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများက ပြောပြသည်။", "ထိုသို့ ဝန်ထမ်းများ၏ အရေးဆိုမှုကို မသိကျိုးကျွံပြုကာ မတရား အလုပ်ထုတ်ပစ်သည့် LWF Myanmar ၏ မတရားသည့် စီမံခန့်ခွဲမှုများ ၊ စီမံခန့်ခွဲမှုအမှားများကို မြန်မာပြည်သူများ၊ အခြား မြန်မာနှင့် ကမ္ဘာမှ INGO အသိုင်းအဝိုင်းနှင့် အလှူရှင်များ သိရှိရန် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အလုပ်ထုတ်ခံရသည့် LWF Myanmar ဝန်ထမ်းများထံမှ သိရှိရသည်။", "Lutheran World Federation (LWF) အဖွဲ့သည် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်သေည်။"]
https://yktnews.com/2024/12/197301/
စစ်တွေမြို့ရှိ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်မှ အမျိုးသမီး ၁ ဦး သေဆုံး
["စစ်တွေမြို့ရှိ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်မှ အမျိုးသမီး ၁ ဦး သေဆုံး", "ရန်ကုန်| ဒီဇင်ဘာ ၂၈", "ရခိုင်ပြည် စစ်တွေမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ၁ ဦး ထိခိုက်သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၈ နာရီခွဲအချိန် စစ်တွေမြို့ရှိ စစ်ကောင်စီ အမြောက်တပ်ရင်း ၃၄၄ နှင့် ပွိုင့်ကမ်းနားလမ်းရှိ ရေတပ်ဌာနချုပ်က လက် နက်ကြီးများဖြင့် ပေါက်တောမြို့ဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ လက်နက်ကြီးကျည်သည် ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာသို့ ကျရောက်ပြီး အပြစ်မဲ့ အမျိုးသမီး ၁ ဦးသေဆုံးသွားကြောင်း သိရှိရသည်။", "“မနေ့ညက စစ်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာကို ကျရောက်ပေါက်ကွဲပါတယ်။ အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာပါ” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။", "လက်နက်ကျည်စထိမှန်၍ သေဆုံးသွားရသည့် အမျိုးသမီးမှာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာက အသက် ၅၀ ကျော်အရွယ် ဒေါ်မြသိန်းဝေ ဖြစ်သည်။", "စစ်ကောင်စီ အမြောက်တပ်ရင်းများသည် စစ်တွေမြို့ကနေ ပေါက်တောမြို့ဘက်သို့ လက်နက်ကြီး ၁၅ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်တွေမြို့-ပေါက်တောမြို့သည် ကုလားတန်မြစ် တစ်ဖက်တစ်ကမ်းဖြစ်သည်။", "စစ်ကောင်စီ၏ လက်နက်ကြီးများမှာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာအပြင် ငပြီကျွန်းအလယ်ရွာနှင့် သရက်တောကျေးရွာဘက်သို့လည်း ၆ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့အဝင်ရှိ ကျောက်တန်းစစ်ဆေးရေးဂိတ်အား အာရက္ခတပ်တော် AA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။", "ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တွေမြို့နှင့် ပေါက်တောမြို့ကြားရှိ ကုလားတန်မြစ်ဝတွင် ကင်းလှည့်နေသော စစ်ကောင်စီ စစ်သင်္ဘောများကို အာရက္ခတပ်တော် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ နှစ်ဖက်အပြန်အလှန် အမြောက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။", "ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ် တောင်ညိုကျေးရွာက အသက် ၅၀ ကျော်အရွယ် ဒေါ်မြသိန်းဝေ သေဆုံးနေစဉ်။ Photo- APM ။"]
https://yktnews.com/2024/02/145447/
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သော်လည်း လုံခြုံရေးအရ ပြန်ပို့မည့်ရက်နှင့်အချိန်ကို ဘင်္ဂလားဒေ့ရှ်က လျှို့ဝှက်ထား
["စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကို လုံခြုံရေးစိတ်မချရ၍ ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားသော မြန်မာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မကြာမီ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်တော့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ပြောဆိုလိုက်သည်။", "“ဒါက ကျွန်တော်တို့ရဲ့ ဦးစားပေးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်ပို့ဖို့ပါပဲ။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်ဖက်စလုံးက မကြာခင် ပြန်ပို့မယ်လို့ သဘောတူညီမှု ရခဲ့ပါတယ်” ဟု ၎င်းက ယမန်နေ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။", "မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့၏ လုံခြုံရေး ဝန်ထမ်းများကို ပြန်လည်ခေါ်ယူလိုသည်ဟု ပြောဆိုကြောင်း၊ သို့ရာတွင် ပြန်ပို့မည့် ရက်စွဲကို လုံခြုံရေးကိစ္စအဖြစ် လျှို့ဝှက်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။", "” ပြန်ပို့မယ့် ရက်ကိုတော့ မပြောနိုင်ပါဘူး။ လုံခြုံရေးကိစ္စတွေပါ ပါဝင်နေတာကြောင့် လျှို့ဝှက်ထားပါတယ်” ဟု ၎င်းက ပြောသည်။", "မြန်မာပြည်တွင်း ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်၏ လုံခြုံရေးကို အလျှော့အတင်း အလျှော့အတင်း မလုပ်လိုကြောင်း ၊ ဒါကာမြို့ရှိ စစ်ကောင်စီ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ဆက်လက်ပြောဆိုသည်။", "ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားရှိပြီး လုံခြုံရေး၊ ရာသီဥတုနှင့် တရားမဝင် မူးယစ်ဆေးဝါး မျက်နှာစာများတွင် ပြဿနာများစွာ ရင်ဆိုင်နေရကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။", "လက်ရှိတွင် လုံခြုံရေး အခြေအနေကြောင့် မြန်မာနိုင်ငံ စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို ရန်ကုန်မြို့သို့ ယာယီ ပြောင်းရွှေ့ထားကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2025/02/204433/
စစ်တွေမြို့သိမ်း တိုက်ပွဲ ပိုမိုပြင်းထန်လာနေပြီး AA က မကွေး နှင့်ပဲခူးတိုင်း အတွင်းရှိ စစ်တပ်စခန်း ၄ ခုကို သိမ်းပိုက်ဟုဆို
["စစ်တွေမြို့သိမ်း တိုက်ပွဲ ပိုမိုပြင်းထန်လာနေပြီး AA က မကွေး နှင့်ပဲခူးတိုင်း အတွင်းရှိ စစ်တပ်စခန်း ၄ ခုကို သိမ်းပိုက်ဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "အာရက္ခတပ်တော် AA က ရခိုင်ပြည်မြို့တော်၊ စစ်တွေမြို့ကို သိမ်းပိုက်ရန် တိုက်ခိုက်မှုများ လုပ်ဆောင်နေကာ တိုက်ပွဲများ ပိုမိုပြင်းထန်လာနေကြောင်း စစ်တွေမြို့ခံများက ပြောသည်။", "AA နှင့် စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲမှာ ယမန်နေ့ ညနေ ၆ နာရီကျော်မှ စတင်ပြီး ည ၉ နာရီကျော်အချိန်အထိကြာမြင့်ကြောင်း၊ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၁ နာရီကျော်ကြာ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်တွေသတင်းရင်းမြစ်တစ်ဦးက ပြောသည်။", "“မနေ့ကညက တိုက်ပွဲက အရမ်းပြင်းပြင်းထန်ထန်ပဲ။ AA က အမြင့်ကျွန်းက စစ်ကောင်စီတပ်တွေကို လက်နက်ကြီးတွေနဲ့ အသားကုန်ပစ်တာ။ စစ်ကောင်စီတပ်ကလည်း ပြန်ပစ်တယ်။ ပေါက်ကွဲသံတွေဟာ စစ်တွေမြို့ကနေ ကြားရတယ်။ ည ၆ နာရီကျော်ကနေ ဖြစ်တာ ၉ နာရီကျော်လောက်မှ ရပ်တန့်သွားကြတယ်” ဟု ၎င်းက ရှင်းပြသည်။", "စစ်ကောင်စီသည် လေကြောင်းကနေ တိုက်ပွဲဖြစ်ပွားရာ စစ်တွေ အမြင့်ကျွန်းအနီးတစ်ဝိုက်နှင့် ပေါက်တောမြို့နယ် သဲခုံကျေးရွာဒေသကို ဗုံးအလုံးရေ အများအပြားဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း နောက်ထပ် စစ်တွေဒေသခံတစ်ဦးက ပြောသည်။", "“အမြင့်ကျွန်း၊ ပါဒလိတ် ဘက်တွေက နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်မြေပြင် ဧရိယာ ဖြစ်သွားပြီ။ AA ရဲ့ ထိုးစစ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အများဆုံးနဲ့ ပြန်ခုခံနေတယ်။ မနေ့ကလည်း စစ်တွေမြို့အနီးနဲ့ ပေါက်တော သဲခုံဘက်ကို ဗုံးကြဲခဲ့တာ စစ်တွေကနေ လှမ်းမြင်နေရတယ်။ မီးလောင်ပေါက်ကွဲသံတွေဟာ ဆူညံနေတာပဲ။ အထိအခိုက်တော့ မသိရဘူး” ဟု ၎င်းက ပြောသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ ညက စတင်ခဲ့သည့် အာရက္ခတပ်တော် AA ၏ စစ်တွေမြို့သိမ်းတိုက်ပွဲမှာ တစ်ရက်ထက်တစ်ရက် ထိုးစစ်ဆင်တိုက်ခိုက်မှု ပြင်းထန်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးပစ်ခတ်မှု၊ စနိုက်ပါပစ်ခတ်မှုများဖြင့် အမှည့်ချွေချွေနေကြောင်း သိရသည်။", "AA ၏ လျှပ်တစ်ပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ထိခိုက်သေဆုံးမှုရှိကြောင်းနှင့် စစ်တပ်ထဲရှိ ကုတင် ၁၀၀ ဆေးရုံတွင် ဒဏ်ရာရရှိသူများဖြင့် ဆေးကုသနေကြကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် စစ်တွေဒေသခံတစ်ဦးက ပြောသည်။", "“စစ်တပ်ထဲက ကုတင် ၁၀၀ ဆေးရုံမှာ ဒဏ်ရာရရှိသူ အပြည့်လို့ ပြောတယ်။ သေဆုံးသူတွေလည်း ရှိတယ်။ AA ရဲ့ တိုက်ခိုက်မှုကြောင့်ပေါ့။ အဓိက အမြင့်ကျွန်းနဲ့ ပါဒလိတ်ဖက်တွေက အထိအခိုက်များတယ်။ တိုက်ပွဲကတော့ ဒီထက် ပိုပြင်းထန်လာမယ်ထင်တာပဲ။ ဒေသခံတွေအနေနဲ့ တော်တော်လေးကို သတိထားရပါမယ်။ ရှောင်တိမ်းဖို့ ကြိုတင်ပြင်ဆင်မှု လုပ်ထားရမယ်။ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းအန္တရာယ်တွေကို အထူးဂရုစိုက်ရပါမယ်” ဟု ပြောသည်။", "ရက္ခိုင့်တပ်တော် AA က စစ်တွေမြို့အား ကုန်းလမ်းမှ အလွယ်တကူ ဝင်မလာနိုင်ရေးအတွက် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ အမြင့်ကျွန်းကျေးရွာအနီးက မင်းချောင်းတံတားကို စစ်ကောင်စီ ပါဒလိပ် အမြောက်တပ်ရင်းမှ ၂၀၂၄ ဖေဖော်ဝါရီလက မိုင်းခွဲဖျက်ဆီးခဲ့ကြသည်။", "စစ်ကောင်စီသည် စစ်တွေမြို့အား မကျရှုံးစေရေးအတွက် စစ်တွေမြို့ ပတ်ပတ်လည်တွင် သဲထုပ်များဖြင့် ဘန်ကာများ ပြုလုပ်လျှက်ရှိထားသည့်အပြင် စစ်တွေမြို့ပတ်ပတ်လည်တွင်လည်း မိုင်းထောင်ထားခြင်းနှင့် ရှုခင်းသာလမ်းတစ်လျှောက်ကို သံဆူးကြိုးများဖြင့် ကာရံထားကြောင်း သိရသည်။", "အာရက္ခတပ်တော် AA သည် မကွေး၊ ပဲခူး၊ ဧရာဝတိုင်းတို့နှင့် ထိစပ်နေသော ဒေသများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းကာ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေသည့်အပြင် စစ်တွေမြို့သိမ်းတိုက်ပွဲကိုလည်း တစ်ပြိုင်တည်း ဦးတည်တိုက်ခိုက်နေခြင်းဖြစ်သည်။", "ထို့ပြင် ရခိုင်ရိုးမနှင့် ထိစပ်နေသော မကွေးတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်း အပါအဝင် တပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း သိမ်းပိုက်လိုက်ကြောင်း သိရသည်။", "မကွေးတိုင်း ငဖဲမြို့နယ်ထဲက စစ်ကောင်စီ၏ မထုံးစခန်း၊ အထက်တုံးကြီးနှင့် အောက်တုံးကြီး စခန်းတို့ကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်တွင် သိမ်းပိုက်ခဲ့ကြောင်း အမ်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။", "“မကွေးတိုင်း ပဒါန်း-အမ်း လမ်းမှာရှိတဲ့ မထုံး၊ အထက်တုံးကြီး၊ အောက်တုံးကြီး စတဲ့ တပ်စခန်း ၃ ခုကို AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၆ ရက်မှာ တစ်ပြိုင်တည်း တိုက်ခိုက်ပြီးတော့ သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီစခန်းတွေဟာ စစ်ကောင်စီရဲ့ ကာကင်းစခန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။", "အဆိုပါ ကာကင်းစခန်းကြီးမှာ နတ်ရေကန်ဗျူဟာခစန်းနဲ့လည်း နီးပြီး တိုက်ပွဲအတွင်း ဆုတ်ခွာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နေရေကန်ဘက်သို့ တပ်ဆုတ်ခွာကြောင်း သိရသည်။", "ယင်းအပြင် အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့သည် ပဲခူးတိုင်း ဥသျှစ်ပင်-တောင်ကုတ် လမ်းပေါ်က ပန်းကန်ကွဲတပ်စခန်းကိုလည်း ယခုရက်ပိုင်းအတွင်း သိမ်းပိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲများအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီဖက်က အထိနာနေကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။", "ပန်းကန်ကွဲတပ်စခန်း တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီသည် ဥသျှစ်ပင်မြို့အနီးရှိ အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံကနေ လက်နက်ခဲယမ်းများနှင့်အတူ အင်အားအများအပြား စေလွှတ်နေပြီး လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်နေကြောင်း သိရသည်။", "AA ပူးပေါင်းတပ်ဖွဲ့သည် ဧရာဝတီတိုင်းထဲက မကျီးဇင်ဒေသကို သိမ်းပိုက်ထားသလို ငသိုင်းချောင်းမြို့အနီးက အမှတ် ၃၄၄ အမြောက်တပ်ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။", "မကွေးတိုင်း ပဒါန်း-အမ်းလမ်းက ကံမြင့်ကန်တပ်စခန်းသိမ်းတိုက်ပွဲအတွင် စစ်ကောင်စီ၏ အမှတ် ၉၉ ခြေမြန်တပ်မဌာနလက်အောက်ခံ နည်းဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က အရှင်လက်ရ ဖမ်းဆီးထားသည်။", "အာရက္ခတပ်တော် AA သည် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းကာ မိုးထိတောင်တပ်စခန်းအပါအဝင် ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် ရခိုင်ရိုးမနှင့် ထိစပ်နေသော မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းထဲက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/05/102559/
စစ်တွေမြို့အတွင်းသို့ ပင်လယ်ရေများ အရှိန်ဖြင့် အလုံးအရင်း ဝင်လာ၊ ပြည်သူအများအပြား ပိတ်မိနေပြီး ဒဏ်ရာရသူများလည်းရှိနေကာ ကယ်ဆယ်ရေး လုပ်မည့်သူမရှိဖြစ်နေ
["စစ်တွေမြို့အတွင်းသို့ ပင်လယ်ရေများ အရှိန်ဖြင့် အလုံးအရင်း ဝင်လာ၊ ပြည်သူအများအပြား ပိတ်မိနေပြီး ဒဏ်ရာရသူများလည်းရှိနေကာ ကယ်ဆယ်ရေး လုပ်မည့်သူမရှိဖြစ်နေ", "ရန်ကုန်၊ မေ ၁၄", "မိုခါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုခံနေရသော စစ်တွေမြို့အတွင်းသို့ ပင်လယ်ရေများ အလုံးအရင်းဖြင့် ဝင်လာနေပြီး ပိတ်မိသူများရှိနေကာ ကယ်ဆယ်ရေးလုပ်မည့်သူမရှိကြောင်း စစ်တွေမြို့ခံများက သတင်းပေးပို့သည်။", "“ပင်လယ်ရေတွေ အလုံးအရင်းနဲ့ကို ဝင်လာတာ။ တချို့နေရာတွေမှာ ပိတ်မိနေလို့ ရေတွေ ဝင်လာလို့ အကူအညီတောင်းနေကြတယ်။ အခုမှ ဝင်လာတာ ရေတွေက အရှိန်နဲ့ဝင်လာတာ။ ကယ်ဆယ်ရေးမရှိဘူး။ ဘယ်သူမှလည်း ခေါ်လို့မရဘူး။ အိမ်ပိလို့ဒဏ်ရာရသူတွေလည်းရှိတယ်။ ကယ်ဆယ်ရေးမရှိဘူး” ဟု စစ်တွေဒေသခံတစ်ဦးက ပြောဆိုသည်။", "စစ်တွေဒေသခံတစ်ဦးက ပင်လယ်ရေများဝင်ရောက်လာချိန် ပိတ်မိနေ၍ တယ်လီဖုန်းနံပါတ်မှတစ်ဆင့် အကူအညီတောင်းလာသော်လည်း အကူအညီ မပေးနိုင်သည့်အခြေအနေဖြစ်နေသည်ဟု ဆိုသည်။", "“ဖေ့ဘုတ်စ် Group ထဲကနေ အကူအညီတောင်းနေတယ်။ စစ်တွေ ရွှေပြားအလယ်လမ်း ဘိလိယက်ခုံဘေးက တထပ်အိမ်မှာ ပါပါ တယောက်တည်း ထပ်ခိုးမှာ ပိတ်နေလို့ပါ အောက်မှာ ရေမြုပ်နေလို့ပါ ကူပေးလို့ရမယ့်သူများ ကူးပီးပါ။ ပါပါဖုန်းနံပါတ်က 09253077680 ပါ” ဆိုပြီး အကူအညီတောင်းနေတယ်။ ကျနော်တို့လည်း ကူညီလို့မရဘူး။ ရေတွေက အရမ်းကိုဝင်လာတာ”ဟု စစ်တွေဒေသခံတစ်ဦးက ပြောဆိုသည်။", "စစ်တွေဒေသခံများ၏အဆိုအရ လက်ရှိ ရေတက်နေပြီး ကယ်ဆယ်ရေး လိုအပ်သည့်နေရာများမှာ စစ်တွေမြို့၊ မိစံရပ်ကွက် ၊ လမ်းမတော် တောင်၊ မြောက် ရပ်ကွက်များဖြစ်ကြောင်း၊ ရေများ ဆက်တိုက် ဝင်လာနေသဖြင့် မည်မျှအထိ ရေတက်လာမည်ကို မခန့်မှန်းနိုင်သဖြင့် ပြည်သူများ ထိတ်လန့် နေကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/181270/
စစ်တွေမြို့အနီး AA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်၊ Non CDM ဝန်ထမ်းများနှင့် ပြည်သူ များကို ထွက်ခွင့်မပေးဘဲ စစ်တပ်က ပိတ်ဆို့ထား
["စစ်တွေမြို့အနီး AA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်၊ Non CDM ဝန်ထမ်းများနှင့် ပြည်သူ များကို ထွက်ခွင့်မပေးဘဲ စစ်တပ်က ပိတ်ဆို့ထား", "ရန်ကုန်| ဩဂုတ် ၃၁", "ရခိုင်ပြည် စစ်တွေမြို့နဲ့ ၄ မိုင်ခန့်ကွာတဲ့ ဝါဘိုကျေးရွာအနီးနဲ့ အမြင့်ကျွန်းကျေး ရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ AA တပ်တို့ နှစ်ဖက်ပစ်ခတ်သံတွေ ဩဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီကစပြီး ကြားနေရပါတယ်။", "အမြင့်ကျွန်းကျေးရွာနဲ့ ရသေ့တောင် မိုးစဲကျွန်း ကြားက မြစ်အလယ်မှာ စစ်ကောင်စီ စစ်သင်္ဘော အနည်းဆုံး နှစ်စီး သွားလာနေပြီး အဲဒီစစ်သင်္ဘောတွေနဲ့ AA တပ်တို့က အပြန်အလှန်ပစ်ခတ်နေကြတာပါ။", "ဝါဘိုကျေးရွာအနီးမှာရှိတဲ့ ရွှေမင်းဂံဆိပ်ကမ်းမှာလည်း တပ်စခန်းနဲ့ နေဗီစစ်သင်္ဘောတွေရှိနေပြီး အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ AA တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်နေကြပါတယ်။", "အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ပစ်ခတ်ကြတာမဟုတ်ဘဲ စစ်ကောင်စီ စစ်သင်္ဘောတွေက AA ရှိရာအနီးကို ရောက်ရှိလာကြောင့် ပစ်ခတ်ကြတာဖြစ်တယ်လို့ ဒေသခံ စစ်ရေးသိသူတွေက ဆိုပါတယ်။", "ဩဂုတ်လ ၂၈ ရက်နေ့ ညမှာပဲ အမြင့်ကျွန်းနဲ့ မိုးစဲကျွန်းကြား မြစ်အလယ်မှာ သွားလာနေတဲ့ စစ်သင်္ဘောတစ်စီးက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ မိုးစဲကျွန်းမှာရှိတဲ့ ဆားပြင်ကြီး ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။", "ဒါ့အပြင် ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီမှာလည်း ပစ်ခတ်သံတွေကြားနေရပြီး လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြတယ်လို့ သိရပါတယ်။", "စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့တဲ့ ဇွန်လ နောက်ပိုင်း ပထမဆုံး တိုက်ပွဲဖြစ်ကြပေမဲ့လည်း စစ်ကောင်စီနဲ့ AA က တော့ တရားဝင်ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။", "အာဏာသိမ်း စစ်ကောင်စီဟာ စစ်တွေမြို့ကို ရေလမ်း၊ ကုန်လမ်းတွေအားလုံး ဖြတ်တောက်ထားပြီး စစ်တွေမြို့အဝင် အမြင့်ကျွန်းတံတားကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက မိုင်းခွဲဖျက်ဆီးထားပါတယ်။", "စစ်တွေမြို့နယ်မှာ ယခုဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကနေ တိုက်ပွဲကြီးအဆင့်သို့ ရောက်ရှိနိုင်ပြီး အဲဒီဒေသအတွင်း ပိတ်မိနေကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ ဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းသူတွေ ရှိနေကြပါတယ်။", "လက်ရှိမှာတော့ စစ်တပ်က Non-CDM ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်တွေမြို့ကနေ ထွက်ခွင့်မပေးဘဲ ပိတ်ဆို့တားဆီးထားတယ်လို့ ဒေသပြည်သူတွေက ပြောဆိုကြပါတယ်။", "(Western News နှင့် ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်။)", "ဓာတ်ပုံ- ရခိုင်ပြည်နယ်အတွင်း မြို့အများစုကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သော AA တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2025/02/203004/
စစ်တွေမြို့အနီး လက်နက်ကြီး ပစ်ခတ်သံများ ကြားရ
["စစ်တွေမြို့အနီး လက်နက်ကြီး ပစ်ခတ်သံများ ကြားရ", "ရန်ကုန်| ဖေဖော်ဝါရီ ၈", "ရခိုင်ပြည် စစ်တွေမြို့အနီး ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှစတင်၍ ကျယ်လောင်သည့် လက် နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း စစ်တွေမြို့ခံများက ပြောသည်။", "စစ်တွေမြို့ခံများက နေရာအတိအကျ မသိကြသော်လည်း အမြင့်ကျွန်းနှင့် ပါဒလိတ်ဘက်တွင် ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။", "“မနေ့ညက လက်နက်ကြီးသံတွေ ၁၀ နာရီကျော်လောက်မှာ စကြားရတယ်။ ဘယ်သူတွေ ပစ်တာလဲတော့ မသိဘူး။ တော်တော်ကို အသံမြည်တာ။ ၁၂ နာရီကျော် ၁ နာရီလောက်မှာ လေယာဉ်သံတွေကြားရတယ်။ ဟိုက်စကီးဆင်းတာလည်း ကြားရတယ်” ဟု ပြောသည်။", "အာရက္ခတပ်တော် AA အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက စစ်တွေမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအချို့ကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုသည်။", "“စစ်တွေမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ထိုးစစ်စတော့မယ်” ဟု ပြောပြီး ဖုန်းချသွားသည်။", "စစ်တွေမြို့အနီးတွင် စစ်ကောင်စီနှင့် AA တို့သည် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှု မကြာခဏ ရှိကြပြီး စနိုက်ပါဖြင့်လည်း အပြန်အလှန်ပစ်ခတ်မှုရှိကြောင်း သိရသည်။", "စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်ရန် ဝိုင်းရံထားသလို စစ်ကောင်စီကလည်း တပ်အင်အား အများအပြားဖြည့်တင်းကာ ခုခံစစ်ကို အခိုင်အမာ ပြုလုပ်ထားကြောင်း သိရသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/06/167957/
စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ပြည်သူ ၂၀၀ ဦးကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား
["စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ပြည်သူ ၂၀၀ ဦးကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား", "ရန်ကုန်၊ ဇွန် ၁၆", "ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံရပ်ကွက်များမှ အရပ်သား ပြည်သူ အမျိုးသားနှင့် အမျိုးသမီး ၂၀၀ ဦးကျော်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ဇွန်လ ၁၆ ရက်နေ့ ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မင်းဂံ ရပ်ကွက် အကွက် ၈၊ ၉၊ ၁၀နှင့် အကွက် ၅ တို့မှ နေအိမ်များကို အကြမ်းဖက် စစ်တပ်က တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်ရောက် စီးနင်းပြီး ရပ်ကွက်နေ ပြည်သူ အမျိုးသားနှင့် အမျိုးသမီး ၂၀၀ ဦးကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ညီမတို့ အကွက် ၉ က ဆိုရင် အသက်ကြီးပိုင်းနဲ့ ကလေးတွေပဲကျန်တယ်။ အကုန်ဖမ်းဆီးခေါ်သွားပါတယ်။ ညီမ အမျိုးသားနဲ့ ညီမ အစ်ကိုလည်း ဖမ်းဆီးခံရတဲ့ အထဲမှာ ပါသွားတယ်။ ဘေးပတ်ဝန်းကျင်က နေအိမ်က လူတွေ အကုန်ဖမ်းသွားပါတယ်။ ညီမတို့ ရပ်ကွက်က ဆိုရင် အယောက် ၁၀၀ကျော် ပါသွားပါတယ်။ ညီမတို့ ရပ်ကွက်က အမျိုးသမီးတစ်ယောက်လည်း ပါသွားတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးကပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်က မင်းဂံ ရပ်ကွက်ကို စစ်ကား အစီး ၁၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး အကွက် ၉ နှင့် အကွက် ၁၀ တွင် စစ်ကားများကို ချထားကာ တစ်အိမ်ဝင် တစ်အိမ်ထွက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဒေသနေများထံမှ သိရသည်။", "“အကုန် စစ်ယူနီဖောင်းနဲ့ပါ။ စစ်ကား ၁၀စီး လောက်ရှိမယ်။ ၁၂ နာရီခွဲလောက်မှာ မင်းဂံ ရပ်ကွက်ကို ဝင်တာပါ။ အကွက် ၉ကို ဝင်တယ်။ ပြီးတော့ အကွက် ၁၀ ကို ဝင်စစ်ပါတယ်။ ပြီးတော့ အကွက် ၈ ကို ဝင်စစ်ပြီးတော့ အမျိုးသားတွေကို အကုန် ကားပေါ်တင်ပါတယ်။ ပြီးတော့ ခေါ်သွားတယ် “ဟု ဒေသနေပြည်သူ တစ်ဦးက ပြောဆိုသည်။", "ဖမ်းဆီးခံရသည် သူများတွင် အသက်မပြည့်သည့် လူငယ်အများအပြား ပါဝင်ကာ အသက် ၁၃ နှစ်မှ စ၍ အသက် ၅၀ ကျော် အမျိုးသား ၂၀၀ ကျော် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖမ်ဆီးသွားသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည့်ကို မသိရှိရကြောင်း ဒေသနေပြည်သူများက ဆက်လက် ပြောဆိုသည်။", "“အိမ်ထောင်စု စာရင်းစစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် အစ်မတို့ အိမ်ထောင်စု စာရင်းပြရင်လည်း ဖမ်းတာပါပဲ။ အစ်မ အဖေရော၊ မောင်လေးရော အမျိုးသားပါ အားလုံးဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘယ်ကို ခေါ်သွားမှန်း လက်ရှိအချိန် အထိ မသိရသေးဘူး” ဟု ပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။", "လူပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံရသည့်ထဲတွင် အသက် ၂၁ နှစ်အရွယ် မင်းဂံ အကွက် ၉ မှ အမျိုးသမီး ၁ ဦးသာ ပါဝင်ပြီး ကျန်သူများအားလုံးသည် အမျိုးသားများ ဖြစ်ကြောင်း၊ မင်းဂံရပ်ကွက်တွင် နေထိုင်သူများ၏ ပြောဆိုချက် အရ ယနေ့ ဇွန် ၁၆ ရက်နေ့ ညပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက် စစ်ဆေးပြီး ပြည်သူများကို ဖမ်းဆီးနိုင်သေးကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။", "ဖမ်းဆီးခံရသူများသည် ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်၊ အုန်းရေဖော် စသည့် ကျေးရွာသားများဖြစ်ပြီး မကြာမီက မြို့ပေါ် မင်းဂံရပ်ကွက်ကို ပြောင်းရွေ့နေထိုင်နေသူများ ဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာများသည် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး ယင်းကျေးရွာများမှ ကျေးရွာသားများကို အခြားနေရာသို့ ပြောင်းရွှေ့ထိုင်ရန် စစ်ကောင်စီက အမိန့်ထုတ် ပြန်ထားကြောင်း သိရှိရသည်။", "(Western News သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)"]
https://yktnews.com/2023/05/102577/
စစ်တွေမြို့၊ မိဇံရပ်ကွက်မှ ပြည်သူများ မုန်တိုင်းရှောင် ခိုလှုံရာ စာသင်ကျောင်း မုန်တိုင်းဒဏ်ကြောင့် အမိုးတွေလန်၊ ထပ်ခိုးတွေကွာကျ၊ မှန်တွေကွဲလို့ ပြည်သူတွေလည်း နေရာပျောက်နေ
["စစ်တွေမြို့၊ မိဇံရပ်ကွက်မှ ပြည်သူများ မုန်တိုင်းရှောင် ခိုလှုံရာ စာသင်ကျောင်း မုန်တိုင်းဒဏ်ကြောင့် အမိုးတွေလန်၊ ထပ်ခိုးတွေကွာကျ၊ မှန်တွေကွဲလို့ ပြည်သူတွေလည်း နေရာပျောက်နေ", "ရန်ကုန်၊ မေ ၁၄", "ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက်မှ မုန်တိုင်းရှောင် ပြည်သူများ ယာယီခိုလှုံရာ စာသင်ကျောင်း မုန်တိုင်းဒဏ်ကြောင့် အမိုးများလန်၊ ထပ်ခိုးများ ကွာကျ၊ မှန်များ ကွဲသဖြင့် ပြည်သူများ တိမ်းရှောင်ရန် နေရာပျောက်နေကြောင်း သိရှိရသည်။", "စစ်တွေမြို့၊ မိဇံရပ်ကွက်မှ ပြည်သူတချို့က မုန်တိုင်းတိမ်းရှောင်ရန် မိဇံစာသင် ကျောင်းလာရောက်ပြီး ခိုလှုံနေကြချိန် စာသင်ကျောင်းသည် မုန်တိုင်းတိုက်ခိုက်မှုကြောင့် မျက်နှာကျက် ထပ်ခိုးများ ကွာကျ၊ ပြတင်းမှန်များ ကွဲ၊ မိုးများယိုသဖြင့် ပြည်သူတချို့ထိခိုက်ပြီး ခိုလှုံရာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/199443/
စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီက ဘေးကင်းရန်ကင်း အောင်နိုင်ရေး ယတြာချေ
["စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီက ဘေးကင်းရန်ကင်း အောင်နိုင်ရေး ယတြာချေ", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "ရခိုင်ပြည်၊ စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီက ဘေးရန်အပေါင်းကို အောင်နိုင်ရေး ယတြာချေမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်တွေ ဝန်ထမ်း သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်း စစ်တွေမြို့ရှိ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီ၏ ရခိုင်ပြည် ဝန် ကြီးချုပ် ထိန်လင်း ဦးဆောင်၍ ဘုရားပူဇော်ကန်တော့ပွဲနှင့် အနေကဇာတင်ပူဇော်ပွဲဟု အမည်တပ်ကာ ဘေးကင်း ရန်ကင်း အန္တရာယ်အပေါင်းကို အောင်နိုင်စေမည့် ယတြာချေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "“ဘုရားကြီးပရဝဏ်ပတ်ပတ်လည်မှာ အောင်သပြေစိုက်တယ်။ အောင်သပြေနဲ့ နံ့သာဖြန်းတယ်။ အောင်မင်္ဂလာ ကုသိုလ်ပြုတယ်။ အောင်နမိတ်ဆောင်တဲ့ တေးဂီတွေကို ရခိုင်စည်တော် မင်္ဂလာအဖွဲ့က တီးမှုတ်ပူဇော်ရတယ်။ အောင်စည်တော်နဲ့ ဘုရားကြီးနဲ့ပရဝဏ်ကို ပတ်တယ်။လှည့်တယ်။ သံဃာတော်တွေကို သက်သတ်လွတ် ဆွမ်းကပ်တယ်။ ပြည်သူတွေကို သက် သတ်လွတ် ရခိုင်မုန့်တီ ကျွေးတယ်။ စတုဒီသာလည်း သက် သတ်လွတ်။ ရခိုင်ပြည်အစိုးရ ခေါင်းဆောင်ပိုင်းတွေလည်း သက် သတ်လွတ် ဥပုသ်စောင့်ရတယ်လို့ သိရတယ်။ ရန်ပြေမာန်ပြေ အောင်မြင်ကြောင်း ယတြာအရ လုပ်ရတာလို့ ပြောတယ်” ဟု ဝန်ထမ်းသတင်းရင်းမြစ်တစ်ခုက ဆိုသည်။", "အဆိုပါ ရန်ပြေမာန်ပြေ ဘုရားမှ ယတြာချေပွဲကို ရခိုင်ပြည်စစ်ကောင်စီထပ်ပိုင်းအားလုံးတက်ရောက်ရပြီး စစ်ဘက်မှ အရာရှိများလည်းအ ရပ်ဝတ်ဖြင့် တက်ရောက်ခဲ့ရကြောင်း သိရှိရသည်။", "ရန်ပြေမာန်ပြေဘုရားကြီးကို အဓိဋ္ဌာန်ဆရာတော်ကြီးက ဦးစီးတည်ဆောက်နေခြင်းဖြစ်ကာ အဆိုပါဘုရားကို ၂၀၂၀ ခုနှစ်မတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး ဘုရားဉာဏ်တော်အမြင့် ၇၂ ပေနှင့် ပလ္လင်အမြင့် ၁၁ ပေရှိကြောင်း သိရှိရသည်။", "ရခိုင်ပြည်တွင် AA က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ရရှိထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ် ၃ ခုကိုသာ တိုက် ခိုက် သိမ်းပိုက်ရန် ကျန်ရှိနေချိန်တွင် စစ်ကောင်စီက ယင်းကဲ့သို့ ဘုရားကု ဓာတ်ကု ယတြာများချေလာခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။", "စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ အာဏာသိမ်းစကတည်းက ယတြာ ဗေဒင်များကို တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့ရာ တပ်တွင်းတွင် ဝတ်ရွတ်ခိုင်းခြင်း၊ ပရိတ်ရွတ်ခိုင်း၊ အောင်ခြင်းရှစ်ပါး ပူဇော်ရွတ်ဖတ်ခိုင်းခြင်း အစရှိသည့် ယတြာပေါင်းစုံကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်။"]
https://yktnews.com/2023/05/102221/
စစ်တွေမှာ ရွှေစေတီဆရာတော်နဲ့ ရခိုင်စစ်ကောင်စီတို့ ဦးဆောင်ပြီး မိုခါ မုန်တိုင်း မဝင်စေဖို့ ယတြာနဲ့ အရှင်ဥပဂုတ္တဖောင်ကို ရေမြော‌ေ‌ြ
["စစ်တွေမှာ ရွှေစေတီဆရာတော်နဲ့ ရခိုင်စစ်ကောင်စီတို့ ဦးဆောင်ပြီး မိုခါ မုန်တိုင်း မဝင်စေဖို့ ယတြာနဲ့ အရှင်ဥပဂုတ္တဖောင်ကို ရေမြော‌ေ‌ြ", "ရန်ကုန်၊ မေ ၁၂", "ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရွှေတော်စေတီဆရာတော် အပါအဝင် သံဃာတော် ၃ ပါးနှင့် ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့တို့က ရခိုင်ကမ်းရိုးတန်းဒေသများသို့ မိုခါမုန်တိုင်းမဝင်ရောက်နိုင်ရန် ပင်လယ်ထဲသို့ အရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကို ရတနာဃာရကျောင်းဖောင်တော်ဖြင့် ပင့်ဆောင်၍ စေလွှတ်ပြီး အန္တရာယ် ကင်း ပရိတ်ပဌာန်းရွတ်ဖတ်နေကြောင်း သိရသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/01/140234/
စစ်တွေလေဆိပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိ၊ ဗုံးကွဲပြီးနောက် နာရေးကားများ ဝင်သွား
["စစ်တွေလေဆိပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိ၊ ဗုံးကွဲပြီးနောက် နာရေးကားများ ဝင်သွား", "ရန်ကုန်၊ ဇန်နဝါရီ ၁၆", "ရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေမြို့ လေဆိပ်တွင် ယမန်နေ့ညပိုင်း ဗုံးပေါက် ကွဲမှု ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း လေဆိပ် သတင်းရ င်းမြစ်တချို့နှင့်ဒေသပြည်သူတချို့၏ ပြောဆိုချက်အရ သိရှိရသည်။", "ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီကျော်အချိန် စစ်တွေလေဆိပ်တွင် ဗုံးပေါက် ကွဲ မှုဖြစ်ပွားကြောင်း၊ ဗုံးမှာ ရှော့တိုက်ဒုံးလား၊ ဒရုန်းဗုံးလားဆိုသည်ကို သေချာ စွာ မသိရှိရကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နာရေးကားတချို့ လေဆိပ် အတွင်း ဝင်ရောက်သွားပြီး စစ်သားများ သေဆုံးထိခိုက်နိုင်သည်ဆိုသော သတင်း များ သိရှိထားကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။", "“စစ်ခွေး ၅ ကောင် ထိတယ်လို့ပြောတယ်။ နာရေးကားတွေဝင်သွားတယ်။ ဒရုန်း ဗုံး လား၊ ရှော့တိုက်ဒုံးလားတော့မသိဘူး။ စစ်တွေလေယဉ် ကွင်းရဲ့ ထိန်း ချုပ်ရေးစင်တာကို ထိမှန်တာလို့ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြ သည်။", "လက်ရှိတွင် စစ်တွေလေဆိပ်ကို စစ်တပ်နှင့်ရဲများက အင်အားတိုးမြှင့်၍ လုံခြုံ ရေး တင်းကျပ်ထားပြီး စစ်တွေလေဆိပ်အနီးဝန်းကျင်ရှိ ရပ်ကွက်များမှ အုပ် ချုပ် ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို ခေါ်ယူ၍ တွေ့ဆုံမှုများ ရှိ ကြောင်း၊ လေဆိပ်ဝန်းကျင်ရှိ ရပ်ကွက်များသို့ စစ်တပ်နှင့်ရဲများက စစ်ဆေးမှု တချို့ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/165121/
စစ်တွေ၊ ဗျိုင်းဖြူရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး လူ ၃၀ ဦးကျော် ဖမ်းဆီးခံထားရ
["စစ်တွေ၊ ဗျိုင်းဖြူရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး လူ ၃၀ ဦးကျော် ဖမ်းဆီးခံထားရ", "ရန်ကုန်| မေ ၃၀", "ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ စစ်ကောင်စီက ဝင်ရောက်စီးနင်းပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး လူ ၃၀ ဦးကျော် ဖမ်းဆီးခံထားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၂၉ ရက်နေ့မှစတင်၍ ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်က တစ်အိမ်ဝင်တစ်အိမ်ထွက် ဒေသခံပြည်သူများကို ဝင်ရောက်စစ်ဆေးနေကြောင်း၊ တစ်အိမ်ဝင်တစ်အိမ်ထွက် အိမ်တစ်ဆောင်လုံးကို ဝင်ရောက်ရှာဖွေသည့်အပြင် မသင်္ကာသည့်မိသားစုများအား ရွာပြင်ထုတ်ထားကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောသည်။", "” ရွာသားတွေကို အပြင်ခေါ်ထုတ်ပြီး စစ်ဆေးတယ်။ မိန်းမ၊ ကလေးမကျန်ပေါ့။ တစ်ချို့ယောက်ကျားတွေဆို တော်တော်ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးခံကြရပါတယ်။ ဘာကြောင့်နဲ့ အခုလို လုပ်နေလဲတော့ သေချာမသိပေမယ့် ကျေးရွာသားတွေကတော့ အတော်ဒုက္ခရောက်နေကြပြီ။ ” ဟု ပြောသည်။", "လက်ရှိ ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော သတင်းများအရ စစ်ကောင်စီတပ်က အမျိုးသား ၄ ဦးကို ပစ်သတ်လိုက်ကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်က ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးပြီးနောက် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူများရှိပြီး ကျေးရွာအဝင်အထွက်ကိုလည်း လုံးဝပိတ်ပင်ထားကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြော သည်။", "” လူတချို့ အဖမ်းခံကြရတယ်။ စစ်ကားနဲ့ တစ်စီး ဖမ်းသွားတာ တွေ့ရတယ်။ မနက်ပိုင်းက အဲ့ဘက်ကနေ သေနတ်သံတွေလည်း ကြားလိုက်ကြရတယ်။ လောလောဆယ် ရွာကို ဆက်သွယ်လို့လည်း မရဘူး။ ရွာအဝင်အထွက်ကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားတယ်။ ” ဟုပြောသည်။", "စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသော ဗျိုင်းဖြူရွာသား ၃၀ ခန့်ရှိနိုင်ကြောင်းနှင့် တိကျသည့်အရေအတွက်နှင့် အမည်များကို စုံစမ်းနေဆဲဖြစ်သည်။", "ဗျိုင်းဖြူကျေးရွာကို ကုန်ခဲ့သည့်နှစ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဝင်လာတိုင်းလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာသားများကို ဒါဇင်နှင့်ချီ ဖမ်းဆီးခေါ်ဆောင်သွားသည်။", "ပုံစာ – ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက စစ်တွေမြို့ မင်းဂံရပ်ကွက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဧပြည့်စာရင်းအကြောင်းပြ၍ အရပ်သားပြည်သူများကို ဖမ်းဆီးနေစဉ်။"]
https://yktnews.com/2023/10/125734/
စစ်ဗိုလ်ချုပ်များနှင့်ပူးပေါင်း၍ ငွေရည်ပုလဲလုပ်ငန်းစုက ကျောက်မီးသွေး တူးဖော် ရေး၊ ဘိလပ်မြေစက်ရုံ ၊ ဓာတ်မြေဩဇာစက်ရုံအပါအဝင် သဘာ၀ ပတ်ဝန်း ကျင် ထိခိုက်စေသည့် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်၊ ပြည်သူပိုင် မြေယာဧကရာနှင့်ချီ၍ သိမ်းဆည်း
["စစ်ဗိုလ်ချုပ်များနှင့်ပူးပေါင်း၍ ငွေရည်ပုလဲလုပ်ငန်းစုက ကျောက်မီးသွေး တူးဖော် ရေး၊ ဘိလပ်မြေစက်ရုံ ၊ ဓာတ်မြေဩဇာစက်ရုံအပါအဝင် သဘာ၀ ပတ်ဝန်း ကျင် ထိခိုက်စေသည့် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်၊ ပြည်သူပိုင် မြေယာဧကရာနှင့်ချီ၍ သိမ်းဆည်း", "By ရန်ကုန်ခေတ်သစ်", "စစ်ကောင်စီလက်ထက်တွင် ခရိုနီ လက်သစ် ဒေါက်တာ ကျော်ရှိန်ပိုင်ဆိုင်သော ငွေရည်ပုလဲလုပ်ငန်းစုက စစ်ဗိုလ်ချုပ်များနှင့်ပူးပေါင်း၍ ကျောက်မီးသွေး တူးဖော် ရေး၊ ဘိလပ်မြေစက်ရုံ ၊ ဓာတ်မြေဩဇာစက်ရုံအပါအဝင် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်စေသည့်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာပြီး ပြည်သူများ ပိုင် ဆိုင်သော မြေယာဧကရာနှင့်ချီ၍ သိမ်းဆည်းယူနေကြောင်း သိရှိရသည်။", "ရှမ်းပြည် နောင်ချိုနှင့် ပြင်ဦးလွင်ကြားရှိ ဆင်းရွှေလီ သကြားစက်နှင့် ကြံစိုက် ပျိုး လုပ်ငန်းကို NLD အစိုးရက သဘာဝ ပတ်ဝန်းကျင်ထိခိုက်၍ စက်ရုံတစ်ခု လုံးကို ပိတ်သိမ်းခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းချိန်တွင် စက်ရုံကို ပြန်လည် ဖွင့်လှစ်လည်ပတ်နေသည်။", "ဆင်းရွှေလီ သကြားစက်နှင့် ကြံစိုက်ပျိုးရေးလုပ်ငန်း၏ ပိုင်ရှင်မှာ မန္တလေးမှ ခရိုနီတစ်ဦးဖြစ်သူ ဒေါက်တာကျော်ရှိန် ဖြစ်ပြီး သူ၏ ငွေရည်ပုလဲလုပ်ငန်းစုက အဆိုပါ သကြားစက်နှင့် ကြံစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေခြင်ဖြစ်သည်။", "ဒေါက်တာကျော်ရှိန်မှာ စစ်အာဏာသိမ်းချိန်တွင် စီးပွားရေးလုပ်ငန်များစွာ တိုးချဲ့လုပ်ကိုင်လာပြီး စစ်ဗိုလ်ချုပ်များ၏ အလိုကျ စစ်တပ်ဆန့်ကျင်သူများကို ဖမ်းဆီးမှုတွင်လည်း ပါဝင်ပတ်သက်လျက်ရှိကြောင်း၊ စစ်တပ်ကို အခွန် ဆောင်၍ စစ်ဗိုလ်ချုပ်များကို ငွေကြေးထောက်ပံ့မှုများကိုလည်း လုပ်ဆောင် လာကြောင်း သိရှိရသည်။", "“ စကစကို အခွန်ဆောင် လုပ်ငန်းအားလုံးလည်ပတ်တယ်။ သဘာဝပတ်ဝန်း ကျင်ချိုးဖောက်တယ်။ လုပ်သားခေါင်းပုံ ဖြတ်တယ်။ CDM တွေကို ဖမ်းခိုင်း တယ်။ မန္တလေးတိုင်းမှူးနဲ့ ဂေါက်ရိုက်ဖက်ပဲ။။ မန္တလေးတိုင်းထဲ လုပ် ချင် ရာ လုပ် တယ်။ မန္တလေးက တခြားဆေးရုံ တွေ CDM ကိစ္စနဲ့ တစ် သက်လုံး ပိတ်ပေမယ့် သူ့ ဆေးရုံက ၃ လ ဟန်ပြပိတ်တယ်။ အရမ်းလည်တဲ့ ဒလန် ခရိုနီ လက်သစ်” ဟု ရန်ကုန်ခေတ်သစ် သတင်းရင်းမြစ်တစ်ဦးမှ ပြောကြားသည်။", "ငွေရည်ပုလဲ လုပ်ငန်းစုတွင် အဓိက ရှယ်ယာရှင်နှင့် Finance ဒါရိုက်တာအဖြစ် ဒေါက်တာကျော်ရှန်၏ မိန်းမဖြစ်သူ ဒေါက်တာ သက်သက်ခိုင်က တာဝန်ယူ ထားပြီး ဝင်ငွေ ထွက်ငွေများကို အခွန်ဆောင် စာရင်းလိမ်ခြင်းများကို လုပ်ဆောင်သူ ဖြစ်ကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရှိရသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မတူဒေသတွင် ငွေရည်ပုလဲ ကုမ္မဏီ က အကြမ်းဖက်စစ် ကောင်စီနှင့်ပူးပေါင်းပြီး ကျောက်မီးသွေး တူးရန်ဟုဆိုကာ ဒေသနေပြည်သူ လယ်မြေ ဧက ၅၀၀ ခန့်ကို မတရားသိမ်းယူထားကြောင်း သီပေါဒေသနေ တက်ကြွလှုပ်ရှားသူ ဗင်ဒါက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။", "၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် နမ္မတူဒေသ၌ ကျောက်မီးသွေးတွင်း တူးရန်ဟု ဆိုကာ ငွေရည်ပုလဲကုမ္မဏီ က အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး လုပ် ကွက် ဧက ၃၀၀၀ နီးပါးကို သိမ်းယူခဲ့ကြောင်းခဲ့ ကြောင်း၊ ထိုသို့ သိမ်းယူမှု အတွင်း ဒေသနေပြည်သူများ၏ လယ်ယာမြေ ဧက ၅၀၀ နီးပါးဝင်ခဲ့ပြီး ဒေသနေ ပြည်သူများက ကန့်ကွက်နေသော်လည်း လယ်ယာခင်းများအတွင်းသို့ စက်ကြီးများချကာ တူးဖော်ရန် ပြင်ဆင်နေကြောင်း သိရသည်။", "“ လယ်မြေ ဧက ၅၀၀ ပါ၊ ရေဝေရေလဲ ဧရိယာက ၄၀၀ ကျော်၊ လောလော ဆယ် တော့ ဒေသခံ တွေက ကုမ္မဏီကို လာမတူးဖို့ ကန့်ကွက်နေတယ်၊ ဒါပေမ ယ့် ဒေသခံတွေရဲ့ လယ်တွေထဲကို သူတို့ စက်ကိရိယာ တွေ အတင်းလာချ ထားတော့ ဒီနှစ်ရိတ်သိမ်းရမယ့် သီးနှံတွေ ရိတ်သိမ်းလို့မရဘူး၊ အများကြီး ဆုံးရှုံးနေ တယ်” ဟု သီပေါဒေသနေ တက်ကြွလှုပ်ရှားသူ ဗင်ဒါက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆို သည်။", "အဆိုပါ ငွေရည်ပုလဲကုမ္မဏီ၏ ကျောက်မီးသွေးတူးဖော်မှုကြောင့် သဘာဝ ပတ်ဝန်း ကျင်များစွာထိခိုက်ပျက် စီးမှုရှိခဲ့ပြီး ပြည်သူများက အစဉ်တစိုက် ကန့်ကွက်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီက ငွေရည်ပုလဲ ကုမ္မဏီထံမှ အခွန်များစွာယူဆောင်ကာ ထပ်မံချ ပေးခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် အောက်တို ဘာလ ၁ ရက် နေ့တွင် ရှမ်းမြောက်ဒေသနေ လူငယ်များမှ သီပေါမြို့ပေါ်တွင် “လူ သတ် လက်နက်ဝယ်ယူရန် စစ်ကောင်စီ ကို ထောက်ပံ့ နေ သည့် ငွေရည်ပုလဲကုမ္မဏီထုတ်ကုန်များကို သပိတ်မှောက်ကြရန်နှင့် နမ္မတူ ပြည်သူများနှင့်အတူ ရပ်တည်ပေးကြပါရန်တောင်းဆိုကြောင်း” ကမ်ပိန်း တစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။", "ငွေရည်ပုလဲလုပ်ငန်းစု ဥက္ကဋ္ဌ ဒေါက်တာကျော်ရှိန်သည် မန္တလေးဆေး တက္ကသိုလ် ၁၉၈၈ ခုနှစ် အတန်းမှ ဖြစ်ပြီး တရုတ်စပ်တစ်ဦးလည်းဖြစ်သည်။", "စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဗိုလ်ချုပ်များနှင့် ပလူးပလဲ လုပ်ရာပြီး မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး (ယခု ကစထမှူး) ၊ စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးတို့ အသိုင်းအဝိုင်းအတွင်း သို့ တိုးဝင်ခဲ့သည်။", "ထိုသို့ တိုးဝင်ပြီးနောက် ရှိရင်းစွဲ စီးပွားရေးလုပ်ငန်းများအပြင် ဧက ၃၀၀၀ ခန့် ကျောက်မီးသွေးတူးဖော်ခွင့် အပါအဝင် စီးပွားရေးလုပ်ငန်းများစွာ စစ်ကောင်စီ ထံမှ ရရှိခဲ့သည်။", "ထိုအတွက် သူက CDM များကို ဖမ်းဆီးခြင်း၊ စစ်တပ်ဆန့်ကျင်သူများ နှင့်ပတ် သက်သော အချက်အလက်များကို စရဖထံ ပေးပို့ခြင်းများဖြင့် စစ်တပ်အတွက် အလုပ်လုပ်ကိုင်ပေးခဲ့သည်။", "လက်ရှိတွင် စီးပွားရေးလုပ်ငန်များအနေဖြင့်-", "(၁) စီးပွားရေးလုပ်ငန်းများစွာလုပ်ကိုင်နေသော ငွေရည်ပုလဲ လုပ်ငန်းစု", "(၂) ဆင်းရွှေလီ သကြားစက်နှင် ကြံစိုက်ပျိုးခြင်း", "(၃) ကျောက်မီးသွေးသုံး Crown ဘိလပ်မြေစက်ရုံ (ကျောက်ဆည်)", "(၄) မန္တလေးစက်မှုဇုန်၊ မြ၀တီမင်းကြီးလမ်းရှိ ဘိလပ်မြေ ဖြန့်ဖြူးရေး နှင့်စက်ရုံ", "(၅) မန္တလေးမြို့ပေါ်ရှိ ငွေရည်ပုလဲ ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီ", "(၆) မန္တလေးစက်မှုဇုန်၊ ယောမင်းကြီးလမ်းရှိ ဇာမဏီမြေဩဇာစက်ရုံ", "(၇) မန္တလေး မင်္ဂလာဆေးရုံ လုပ်ငန်း", "(၈)မန္တလေးမြို့ပေါ်၊ လမ်း ၈၀ ကျုံးဘေးရှိ အေးသုခဆေးရုံ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/94264/
စစ်ဗိုလ်ချုပ်များ၏ စီးပွားရေးအကြံပေး မင်းတေဇာညွန့်တင် ပစ်သတ်ခံရပြီးနောက် စစ်တပ်နှင့်မိတ်ဖက် စီးပွားရေး သမားများ အားလုံး ထွက်ပြေး တိမ်း ရှောင်၊ တချို့ လုံခြုံရေးဝန်ထမ်းများ ငှားရမ်းပြီး သေနတ်ကိုင်ဆောင်လာကြ
["စစ်ဗိုလ်ချုပ်များ၏ စီးပွားရေးအကြံပေး မင်းတေဇာညွန့်တင် ပစ်သတ်ခံရပြီးနောက် စစ်တပ်နှင့်မိတ်ဖက် စီးပွားရေး သမားများ အားလုံး ထွက်ပြေး တိမ်း ရှောင်၊ တချို့ လုံခြုံရေးဝန်ထမ်းများ ငှားရမ်းပြီး သေနတ်ကိုင်ဆောင်လာကြ", "ရန်ကုန်၊ မတ် ၂၄", "ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်ဗိုလ်ချုပ်များ၏ စီးပွားရေးအကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်နှင့်မိတ်ဖက် စီးပွားရေး သမားများ အားလုံး ထွက်ပြေး တိမ်းရှောင်နေကြ‌ပြီး တချို့သော စီးပွားရေးသမားများမှာ လုံခြုံ ရေး ဝန်ထမ်းများ ငှားရမ်းကာသေနတ်များ ကိုယ်တိုင် ကိုင်ဆောင်လာကြကြောင်း ရန်ကုန်စီးပွားရေးသမားများထံမှ သိရှိရသည်။", "မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ သန်လျင်မြို့ နယ် အမှုထမ်းရပ်ကွက်၊ ဖွံဖြိုးရေးလမ်း (ဖွံဖြိုးရေးလမ်းဆုံအနီး)တွင် အိမ်သို့ ကားဖြင့် မင်းတေဇာညွန့်တင် ပြန်လာစဉ် Urban Owls မြို့ပြပြောက်ကျားတပ် ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာမှ ၎င်း ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။", "မင်းတေဇာညွန့်တင် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီနှင့်မိတ်ဖက် စီးပွားရေးသမားများအားလုံး နေရာပြောင်းရွှေ့ခြင်း၊ ပြည်ပ နိုင်ငံများသို့ ထွက်ခွာကြခြင်း၊ ပြည်တွင်းတွင် ဆက်လက် နေထိုင်ကြသည့် စစ်တပ် မိတ်ဖက် စီးပွားရေးသမားတချို့မှာလည်း လုံခြုံရေးဝန်ထမ်းများ ထပ်မံ တိုးမြှင့် ငှားရမ်းခြင်း၊ ကိုယ်တိုင် သေနတ်များ ကိုင်ဆောင်ကြခြင်းများ လုပ်ဆောင်လာကြကြောင်း သိရှိရသည်။", "“မင်းတေဇာညွန့်တင် အသတ်ခံလိုက်ရတာ စစ်တပ်နဲ့ အလုပ်လုပ်နေတဲ့ စီးပွားရေးသမားတွေ အကုန် ထိတ်လန့်ကုန်ကြတယ်။ တကယ် က မနှစ် စက်တင်ဘာလ ဗိုလ်မှူးချုပ်(ငြိမ်း) အုန်းသွင် အသတ်ခံရကတည်းက စီးပွားရေးသမားအသိုင်းအ၀ိုင်းမှာ ထိတ်လန့်ပြီးတော့ နေအိမ်တွေပြောင်း၊ ပြည်ပ ထွက်သူထွက်၊ လုံခြုံရေးငှားသူ ငှားလုပ်ကြတာ။ အခု မင်းတေဇာညွန့်တင် အသတ်ခံရတော့ ပိုဆိုးကုန်ကြတယ်။ အထူးသဖြင့် ဆီသမားတွေ၊ အထည်ချုပ်၊ UMFCCI အသင်းဝင် စီးပွားရေးသမားတွေ အကုန် လန့် ကုန်ကြတာ” ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။", "စစ်ကောင်စီနှင့်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များတွင် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံနှင့် တွဲဖက်လုပ်ကိုင်နေကြသည့် စီးပွားရေးသမားတချို့မှာ စစ်တပ်ထံမှ လုံခြုံရေး တပ်သားများ ပေးအပ်ထားမှုများ ရှိကြောင်း စုံစမ်းသိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့် ပြုထားရာတွင် စစ်တပ်နှင့် မိတ်ဖက် လုပ်ကိုင်နေသော စီးပွားရေးသမားအများစုလည်း လက်နက်ကိုင်ဆောင်ခွင့်ရရှိထားကြကြောင်း သိရှိရသည်။", "ဓာတ်ပုံ- မတ်လ ၂၄ ရက်နေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားသော မင်းတေဇာညွန့်တင်နှင့်ကား။"]
https://yktnews.com/2024/02/143732/
စစ်ဗိုလ်ချုပ်များ၏ မိတ်ဖက် စီးပွားရေးသမား Grand Andaman သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင် နှင့် သူဌေး ၁၈ ဦး၏ နေအိမ်များကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့ ဝင်ရောက်စီးနင်းပြီး ပိုင်ဆိုင်မှုများကို ချိတ်ပိတ်
["စစ်ဗိုလ်ချုပ်များ၏ မိတ်ဖက် စီးပွားရေးသမား Grand Andaman သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင် နှင့် သူဌေး ၁၈ ဦး၏ နေအိမ်များကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့ ဝင်ရောက်စီးနင်းပြီး ပိုင်ဆိုင်မှုများကို ချိတ်ပိတ်", "ရန်ကုန်| ဇန်နဝါရီ ၃", "အကြမ်းဖက် စစ်ကောင်စီမှ ဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်သော မိတ်ဖက်စီးပွားရေးသမားလည်းဖြစ်၊ ထိုင်းနိုင်ငံသား ခံယူထားသူလည်းဖြစ်သူ Grand Andaman ဟိုတယ်ပိုင်ရှင် ဦးကျော်လွင် အပါအဝင် သူဌေး ၁၈ ဦးကို ထိုင်းအာဏာပိုင် အဖွဲ့က ဖမ်း၀ရမ်းထုတ်ထားပြီးဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ထိုင်း သတင်းဌာနများ၏ ရေးသားဖော်ပြချက်များ အရသိရသည်။", "ထိုင်းနိုင်ငံ အတွင်း အွန်လိုင်းငွေကြေး ခဝါချမှုနှင့် ရေနံတင်ပို့မှု အခွန်ရှောင်မှုတို့ဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့က ၎င်းတို့ ပိုင်ဆိုင်သော နေအိမ်တို့ကို ဝင်ရောက်စီးနင်းပြီး ပိုင်ဆိုင်မှုများကို လိုက်လံ သိမ်းဆည်း ချိတ်ပိတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေးသားဖော်ပြထားသည်။", "၎င်းတို့ ၁၈ ဦးကို ထိုင်း ရဲမှူး Yutthana Praedam အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် DSI အထူးစုံစမ်းစစ်ဆေးရေးဌာနအဖွဲ့က နေအိမ်တို့ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။", "ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ရနောင်းမြို့များရှိ နေရာ ၂၇ ခုကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ဇိမ်ခံကားများ၊ ရွှေငွေနှင့် လက်နက်များအပါအဝင် ပိုင်ဆိုင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူများကိုလည်း ဖမ်းဆီးရမိထားဟုဆိုသည်။", "ထိုင်းနိုင်ငံ ရနောင်းမြို့တွင် နေထိုင်သူ မြန်မာနိုင်ငံသား တစ်ဦးက “ဖမ်းဆီး စစ်ဆေးမှုတွေတော့ လုပ်နေတာ တွေ့ရတယ်။ လူတွေကိုတော့ ဖမ်းဆီးလိုက်ပြီးလာ ဆိုတာ သေချာတော့ မသိရသေးဘူး၊ သူတို့ ပိုင်ဆိုင်မှုတွေကိုတော့ ထိုင်း အာဏာပိုင်းတွေက ချိတ်ပိတ် သိမ်းဆည်းသွားတာတော့ တွေ့ရတယ် “ဟု ပြော သည်။", "ဦးကျော်လွင်၏ ညီဟု ယူဆရသူ၏ ထိုင်းနိုင်ငံ ဘန်ရင်ခရိုင်၊ ရနောင်းခရိုင်၊ ရနောင်းခရိုင်၊ ဖေမိုင်ရပ်ကွက်ရှိ အမှတ် ၅ နေအိမ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့က ထိုင်းအာဏာပိုင်း အဖွဲ့က ဝင်ရောက် စစ်ဆေးပြီးနောက် ထိုင်းဘတ်ငွေ ဆယ်ဘီလီယံကျော်ကို သိမ်းဆည်းသွားကြောင်း သိရသည်။", "နောက်ထပ် ထိုင်းအာဏာပိုင်း အထူး စုံစမ်း စစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုများ အရ အထက်ပါ လူ ၁၈ ဦး သည်၊ အွန်လိုင်းလောင်းကစားကွန်ရက်သည်၊ အကောင့်များမှ တစ်ဆင့် ပိုင်ဆိုင်မှုများကို လွှဲပြောင်းရန်နှင့် ရာဇ၀တ်မှုများမှ ရရှိသောငွေများကို ပိုင်ဆိုင်မှု အဖြစ်သို့ ပြောင်းလဲရန်အတွက် ငွေလွှဲနည်းလမ်းများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့ဟု ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။", "လက်ရှိတွင် Grand Andaman ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်အား ဘန်ကောက်မြို့တွင် မှုးယစ်ဆေးဝါး ရောင်း/ဝယ်မှုဖြင့် ဖမ်းဆီးခံထားရကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။", "စုံစမ်းစစ်ဆေးမှုမှ ထွက်ပေါ်လာသော အချက်အလက်များ အရ ၎င်းတို့သည် အွန်လိုင်းလောင်းကစား ပြစ်မှုများနှင့် ငွေကြေးခဝါချမှုတွင် ပါဝင်ပတ်သက်နေသည့် အပြင် အခွန်လိမ်လည်မှု လုပ်ငန်းစဉ်နှင့်လည်း ဆက်စပ်နေကြောင်း တွေ့ရှိရကြောင်း ဆိုသည်။", "နိုင်ငံခြား ပြင်ပသို့ လောင်စာဆီ တင်ပို့ခြင်း ဆိုင်ရာ အထောက်အထားအတုများ ဖန်တီးပြီး အခွန်ပြန်အမ်းပေးရန် ပြုလုပ်ထားကြောင်း ထိုင်းသတင်းဌာနများက က ဖော်ပြထားသည်။"]
https://yktnews.com/2023/02/89683/
စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်ကို ထက်ဝက်ကျော် လျော့ချလိုက်ပြီး စရိတ်မျှပေး ဆေးကုသရေးစနစ်ကို အားပေး
["စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်ကို ထက်ဝက်ကျော် လျော့ချလိုက်ပြီး စရိတ်မျှပေး ဆေးကုသရေးစနစ်ကို အားပေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း စစ်သားများ ထိ ခိုက် ဒဏ်ရာရရှိမှု များပြားနေသော်လည်း စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ် ကို ထက်ဝက်ကျော် လျော့ချလိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "အကြမ်းဖက် စစ်တပ် လျော့ချလိုက်သော စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်များတွင် ဆေးဝါးနှင့် ကုသရေးဆိုင်ရာ ပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာ သင်တန်းများအတွက် အသုံးစရိတ်များ ပါဝင်ကြောင်း၊ ယင်းသို့ ကျန်းမာရေး အသုံးစရိတ် မလျှော့ချမီ လွန်ခဲ့သည့် ၄ လခန့်မှကပင် ဒဏ်ရာရစစ်သားများ စစ်ဆေးရုံများသို့ ရောက်ရှိလာချိန်တွင် ဆေးဝါး မစုံလင်မှုများ၊ စျေးပေါ၍ အရည်အသွေးနိမ့်သော ဆေးဝါးများနှင့် ရက်လွန်ပြီးသော ဆေးဝါး အစုတ်အပြတ်များဖြင့် ကုသမှု ခံယူနေရကြောင်း သိရသည်။", "ထို့ပြင် ဒဏ်ရာရ စစ်သားများ လိုအပ်သော အရေးကြီးဆေးဝါးနှင့် ဓာတ်ဆား ထုပ် ကဲ့သို့ သာမာန်ဆေးဝါးက အစ စစ်ဆေးရုံတွင် ပြတ်လပ်နေပါက ပြင်ပ ဆေးဆိုင်များမှ ကိုယ့်စရိတ်ဖြင့်ကိုယ် ဝယ်သုံးနေရသည်မှာ ယခင်ကတည်းက ရှိခဲ့ကြောင်း၊ စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်များ ထက်ဝက်လျော့ချ လိုက်ပြီဖြစ်သောကြောင့် ပိုမိုဆိုးရွားလာနိုင်ကြောင်း၊ ယင်းသို့ သက်တမ်းလွန် ဆေးပစ္စည်းများနှင့် ညံ့ဖျင်းသော ကျန်းမာရေး စောင့်ရှောက်မှုများကို အရာရှိများနှင့် အောက်ခြေ စစ်သားများက အဓိက ခံစားနေကြရကြောင်း သိရှိရသည်။", "စစ်တပ်ရှိ ရာထူးကြီး ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ ယောက္ခမ၊ ဇနီး၊ ဦးလေး၊ အဒေါ် စသည့် ဆွေတော်မျိုးတော်များ စစ်ဆေးရုံသို့ ရောက်ရှိပါက အထွေထွေ ဝန်ဆောင်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို အခွင့်ထူးခံ ဦးစားပေး ဆောင်ရွက်ပေးရပြီး လိုအပ်ပါက စစ်ဆေးရုံက စရိတ် စိုက်ထုတ်၍ ကုသပေး နေရကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်တပ်က အသုံးပြုနေသော နှစ်စဉ် ကျန်းမာရေးအသုံးစရိတ် သိရှိနိုင်ရန် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ထံသို့ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။", "စစ်ဘက်ဆိုင်ရာ ဆရာဝန်အသိုင်းအဝိုင်းတွင်လည်း CDM မလုပ်သည့်တိုင် မင်းအောင်လှိုင်နှင့်လက်ရှိ စစ်တပ် ဗိုလ်ချုပ်များ၏ လူသတ်ဖြတ်သည့် လမ်းစဉ်ကို မကြိုက်နှစ်သက်ကြကြောင်း၊ စစ်ဆေးဆရာဝန် များမှာ နည်းလမ်းအမျိုးမျိုးဖြင့် တပ်မှ ထွက်ရရန် ကြိုးစားမှုများရှိကြောင်း သိရှိရသည်။", "“CDM မလုပ်ပေမယ့် မင်းအောင်လှိုင်ကိုတော့ လုံးဝ အယုံအကြည်မရှိကြဘူး။ ကိုယ့်မိသားစုနဲ့အသက်ထက် ဘာမှအရေးမကြီးဘူး။ နေမကောင်းလိုက်။ ကိစ္စတစ်ခုပြ လိုက်နဲ့ တာဝန်တွေလှည့်ပတ်ရှောင်နေတာ။ စစ်ဆေးဆရာဝန်နဲ့ ဆေးတပ်သားတွေပါ ရှေ့တန်းထွက်ခိုင်းနေတဲ့အခြေအနေကိုလည်း ရောက်လာနေတယ်” ဟု စစ်ဆေးဆရာဝန်အသိုင်းအ၀ိုင်းက ဆိုသည်။", "ဓာတ်ပုံ- စစ်ဆေးရုံတွေ လှည့်ပတ်စစ်ဆေးနေတဲ့ အကြမ်းဖက် မင်းအောင် လှိုင်။"]
https://yktnews.com/2025/02/204991/
စစ်ဘေးရှောင် ပြည်သူများအတွက် ဆန်အိတ် ၅၆၀ MSFC က လှူဒါန်းမှု KNU နှင့် ပကဖ တို့က ဦးဆောင်ဖြန့်ဝေ
["စစ်ဘေးရှောင် ပြည်သူများအတွက် ဆန်အိတ် ၅၆၀ MSFC က လှူဒါန်းမှု KNU နှင့် ပကဖ တို့က ဦးဆောင်ဖြန့်ဝေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "စစ်ဘေးရှောင် ပြည်သူများအတွက် ဆန်အိတ် ၅၆၀ မွန်ပြည်ဖက်ဒရယ်ကောင် စီ (MSFC)က လှူဒါန်းပေးရာ KNU နှင့် ပကဖတို့က ဦးဆောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့​ MSFC လူသားချင်ငးစာနာမှုနှင့် ကူညီကယ်ဆယ်ရေးဌာနက စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ် ၅၆၀ ထောက်ပံ့ကူညီရာ သထုံခရိုင် ပကဖနှင့် KNU၊ဘီးလင်းမြို့နယ်IDPsအဖွဲ့တို့က ပူးပေါင်း၍ ကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူများအား သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/136007/
စစ်ဘေးရှောင်စခန်းအတွက် မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီမှ နေ့လယ်စာလှူဒါန်း
["စစ်ဘေးရှောင်စခန်းအတွက် မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီမှ နေ့လယ်စာလှူဒါန်း", "ရန်ကုန်၊ ဒီဇင်ဘာ ၁၅", "မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီမှ မွေးနေ့ရှင် မဆောင်းနှင်းဖြူ၏ လှူဒါန်းမှုဖြင့် စစ်ဘေးရှောင်စခန်းအတွက် အသားဟင်းဖြင့် ထမင်းတစ်နပ် ကျွေးမွေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/81054/
စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု ၁၀၀ အတွက် CHUPDF မှ ဆန်များ လှူဒါန်း
["စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု ၁၀၀ အတွက် CHUPDF မှ ဆန်များ လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဘုန်းတော်ကြီး LIM N.H က CHUPDF မှတစ်ဆင့်လှူဒါန်းသော ဆန် 1200 kg (၆၀၀ ပြည်) ကို အကြမ်းဖက်စစ်ကောင်စီ၏မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ကျေးရွာတစ်ရွာမှ အိမ်ထောင်စု ၁၀၀ အတွက် ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့တွင် သွားရောက်လှူဒါန်းကူညီခဲ့သည်။"]
https://yktnews.com/2023/12/136905/
စစ်ဘေးရှောင်ပြည်သူများကို ချောင်းဦးမြို့နယ်လူငယ်အင်အားစု သပိတ်ကော်မတီမှ စားနပ်ရိက္ခာများလှူဒါန်း
["စစ်ဘေးရှောင်ပြည်သူများကို ချောင်းဦးမြို့နယ်လူငယ်အင်အားစု သပိတ်ကော်မတီမှ စားနပ်ရိက္ခာများလှူဒါန်း", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ဘေးလွတ်ရာ ကျေးရွာများသို့ ခေတ္တစစ်ဘေးရှောင်နေရသော ယာယီစစ်ဘေးရှောင် ၉၀၀ ခန့်ရှိသည့်နေရာသို့ ဆန် လေးအိတ်၊ဆီ ၁၀ ပိဿာနှင့် ငွေ ၃ သိန်းကျပ်၊ စစ်ရှောင် ၇၀ ခန့်ရှိသည့်နေရာသို့ ဆန် တစ်အိတ်နှင့် ဆီ ၅ ပိဿာ၊ မိသားစုလိုက်စုနေကြသည့်အိမ်ထောင်စု ၉ စုရှိသောနေရာသို့ ဆန်နှင့်ဆီများ၊ စစ်ရှောင် ၅၀၀ ခန့်ရှိသည့်နေရာသို့ ၂သိန်းကျပ် ချောင်းဦးမြို့နယ်လူငယ်အင်အားစု သပိတ်ကော်မတီကူညီပံ့ပိုးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/169461/
စစ်ဘေးသင့် ပြည်သူများနှင့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူရို ၁၅ သန်း EU ထပ်တိုး ထောက်ပံ့
["စစ်ဘေးသင့် ပြည်သူများနှင့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူရို ၁၅ သန်း EU ထပ်တိုး ထောက်ပံ့", "ရန်ကုန်၊ ဇွန် ၂၁", "ဥရောပသမဂ္ဂ EU သည် စစ်ဘေးသင့် ပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ဘေးသင့် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ယူရို ၁၅ သန်း ထပ်တိုးကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။", "အဆိုပါ ထပ်တိုးကူညီမည့် ယူရို ၁၅ သန်းသည် စစ်ရှောင်ပြည်သူများနှင့် စစ်ရေးအခြေအနေ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရသည့် ရိုဟင်ဂျာဒုက္ခသည်များအတွက်ပါ အရေးတကြီး လိုအပ်နေသည့် စားနပ်ရိက္ခာ၊ သန့်ရှင်းသည့် သောက်ရေ၊ အရေးပေါ် ကျန်းမာရေး အထောက်အပံ့များ ထောက်ပံ့ရန်၊ မြေမြှုပ်မိုင်း ခြိမ်းခြောက်မှုများကို တုံ့ပြန် ရှင်းလင်းရန်အတွက် အဓိက ရည်ရွယ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်တွင် လူသားချင်းစာနာမှုအကူအညီလိုအပ်နေသည့် ဒုက္ခသည်အရေအတွက်သည် ယခင်က ၁ သန်း ခန့် ရှိရာမှ ၁၄ ဒသမ ၄ သန်းအထိ သိသိသာသာ တိုးလာကြောင်း EU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေး အကျပ်အတည်းများကြောင့် ပြည်သူ ၁၈ ဒသမ ၆ သန်းသည် အကူအညီများ လိုအပ်နေပြီး တိုက်ပွဲများ ပိုမို ပြင်းထန်လာမှုကြောင့် စစ်ရှောင် ပြည်သူအရေအတွက် ၃ သန်း ကျော်လာပြီဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ဥရောပသမဂ္ဂသည် ၂၀၂၁ ခုနှစ်စကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးခဲ့ကာ ယခုနှစ်တွင် ယူရို ၃၆ သန်း ပေးခဲ့ပြီးဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံတွင်းရှိ ဒုက္ခသည်များအပါအဝင် ရိုဟင်ဂျာဒုက္ခသည်များအတွက် စုစုပေါင်း ယူရို ၆၈ သန်း ကူညီထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/127293/
စစ်ဘေးသင့် မီးဘေးသင့် ကလေးငယ်များကို တတိယအကြိမ် ပညာရေးသင်ထောက်ကူ ပစွည်းများပေးအပ်
["စစ်ဘေးသင့် မီးဘေးသင့် ကလေးငယ်များကို တတိယအကြိမ် ပညာရေးသင်ထောက်ကူ ပစွည်းများပေးအပ်", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ မှ စစ်ဘေးသင့် မီးဘေးသင့် ကလေးငယ်များကို တတိယအကြိမ် ပညာရေးသင်ထောက်ကူ ပစွည်းများကို ပြည်သူများ အကူအညီဖြင့် ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရသည်။", "ကျောင်းသားဦးရေ စုစုပေါင်း ၁၁၇၁ ဦးအနက်မှ ပထမအကြိမ် ၂၁၆ ဦး၊ ဒုတိယအကြိမ် ၂၁၁ ဦး၊ တတိယအကြိမ် ၁၀၃ ဦး စုစုပေါင်း ၅၃၀ ဦးကို သင်ထောက်ကူပစွည်းများပေးအပ်နိုင်ခဲ့ခြင်း ဖြစ်ပြီး ကျန်ရှိနေသော ကျောင်းသား ကျောင်းသူ ၆၄၁ ဦးအတွက်သင်ထောက်ကူပစွည်းများကူညီပေးနိုင်ရန် ပြည်သူများသို့ မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2023/10/125900/
စစ်ဘေးသင့် မီးဘေးသင့် ကလေးငယ်များကို ဒုတိယအကြိမ် ပညာရေးသင်ထောက်ကူ ပစွည်းများလှူဒါန်း
["စစ်ဘေးသင့် မီးဘေးသင့် ကလေးငယ်များကို ဒုတိယအကြိမ် ပညာရေးသင်ထောက်ကူ ပစွည်းများလှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၁၀", "S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ မှ စစ်ဘေးသင့် မီးဘေးသင့် ကလေးငယ်များကို ဒုတိယအကြိမ် ပညာရေးသင်ထောက်ကူ ပစွည်းများ ပြည်သူ လူထူ အကူညီဖြင့် ပေးအပ်နိုင်ခဲ့ပြီး ကျောင်းသားဦးရေ စုစုပေါင်း ၁၁၇၁ ဦးအနက်မှ ပထမအကြိမ် ၂၁၆ ယောက် ဒုတိယအကြိမ် ၂၁၁ ဦး စုစုပေါင်း ၄၂၇ ဦးကို သင်ထောက်ကူပစွည်းများပေးအပ်နိုင်ခဲ့သည်။", "ကျန်ရှိနေသည့်ကျောင်းသား ကျောင်းသူ ၇၇၄ ဦးအတွက်သင်ထောက်ကူပစွည်းများကူညီပေးနိုင်ရန် ပြည်သူများသို့မေတ္တာရပ်ခံကြောင်း၊ယနေ့အချိန်ထိ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ မှ စစ်ဘေးသင့် မီးဘေးသင့် ကျောင်းပေါင်း ၁၇ ကျောင်းသို့ ပညာရေးသင်ထောက်ကူပစွည်းများကူညီနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/05/213883/
စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအနက်မှ အခြေခံပညာအထက်တန်းအောင်မြင်သူများကို ဒရုန်းတပ်နှင့် စက်တပ်လေထီးတပ်စုများသို့ ပို့ဆောင်၊ တပ်သားသစ်များကို လက်ရုံးတပ်များ အပါအဝင် နယ်ပယ်အစုံတွင် အသုံးချလာ
["စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအနက်မှ အခြေခံပညာအထက်တန်းအောင်မြင်သူများကို ဒရုန်းတပ်နှင့် စက်တပ်လေထီးတပ်စုများသို့ ပို့ဆောင်၊ တပ်သားသစ်များကို လက်ရုံးတပ်များအပါအဝင် နယ်ပယ်အစုံတွင် အသုံးချလာ", "ရန်ကုန်၊ မေ ၈", "အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအနက်မှ အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီးမြောက်ထားသူများကို ဒရုန်းတပ်နှင့် စက်တပ်လေထီး ပစ်ခတ်သည့် တပ်စုများသို့ ပို့ဆောင်လျက်ရှိကြောင်း အဆိုပါတပ်စုများသို့ ပို့ဆောင်ခံရသည့် စစ်မှုထမ်းတပ်သားတချို့၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းတပ်သားများအဖြစ် လစဉ် စုဆောင်းလျက်ရှိရာတွင် အရွယ်ပေါင်းစုံကို အတင်းအကျပ် ပေါ်တာဆွဲခြင်း၊ ဆင့်ခေါ်ခြင်း လုပ်ဆောင်လျက်ရှိပြီး ယင်းစုဆောင်းခံရသည့် လူငယ်များအနက်မှ အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီးသော စစ်မှု ထမ်းသင်တန်းဆင်း တပ်သားသစ်တချို့ကို ဒရုန်းတပ်စုသို့ ပို့ဆောင်ခြင်း၊ စက်တပ်လေထီးတပ်အစုအဖွဲ့သို့ ပို့ဆောင်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“မေမေတဲ့ သားကို အထက်တန်းအောင်တယ်ဆိုပြီး ဒရုန်းတပ်စု-နမခကို အပို့ခံရတယ်တဲ့။ အခြားသားသူငယ် ချင်းတချို့လည်း နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်-မုံရွာ)မှာ ရှိတဲ့ စက်တပ်လေထီးသင်တန်းကို ထပ်အပို့ခံရတယ်တဲ့။ ဖုန်းဆက်လာတယ်။ ဒရုန်းတပ်ဆိုတော့ ဒရုန်းမောင်းတာတွေကို အဓိကသင်ရမယ်လို့ ပြောတယ်” ဟု စစ်မှုထမ်း အပတ် စဉ် ၉ သင်တန်းဆင်းပြီးနောက် ဒရုန်းတပ်စုသို့ ပို့ဆောင်ခံရသည့် တပ်သားသစ်တစ်ဦး၏ မိခင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ထို့ပြင် စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို ရှေ့တန်းစစ်မြေပြင်သို့သမာက ကပစစက်ရုံများသို့ စေလွှတ်ပြီး ကပစစက်ရုံများ၏ လက်ရုံးတပ်သားအဖြစ် သင်တန်းပေးခြင်း၊ ကပစစက်ရုံများရှိ လက်နက် ထုတ်လုပ်ရေးဆိုင်ရာ အခြေခံအကျဆုံးသော အလုပ်များတွင်ပါ ခိုင်းစေနေကြောင်း ၊ စစ်မှုထမ်းတပ်သားသစ်များကို စစ်ကောင်စီက နယ်ပယ်အစုံတွင် အသုံးချလာကြောင်း သိရှိရသည်။", "လက်ရှိ မေလ ၅ ရက်နေ့ သင်တန်းဆင်းသွားသော စစ်မှုထမ်း အပတ်စဉ် ၁၀ မှ သင်တန်းဆင်း တပ်သားများကို ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ကပစစက်ရုံများ၏ လုံခြုံရေးနှင့် စစ်ကြောင်းကင်းများအတွက် စစ်မှုထမ်း တပ်သားရာချီ၍ အင်အားဖြည့် စေလွှတ်မှုများ ရှိကြောင်း တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။"]
https://yktnews.com/2025/01/200860/
စစ်မှုထမ်း အရေအတွက် တိုးမြှင့်ခေါ်ယူရေး ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင် တို့၏ ပါတီများ အပါအဝင် နိုင်ငံရေးပါတီက အကြံပြုတိုက်တွန်းဟု စစ်ကောင်စီက ထုတ်ပြန်
["စစ်မှုထမ်း အရေအတွက် တိုးမြှင့်ခေါ်ယူရေး ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင် တို့၏ ပါတီများ အပါအဝင် နိုင်ငံရေးပါတီက အကြံပြုတိုက်တွန်းဟု စစ်ကောင်စီက ထုတ်ပြန်", "ရန်ကုန်| ဇန်နဝါရီ ၂၅", "အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းအရေအတွက်ကို တိုးမြှင့်ခေါ်ယူရန် ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီနှင့် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ AFP တို့ ပါဝင်တက်ရောက်သော နိုင်ငံရေးပါတီများအစုအဖွဲ့က အကြုံပြုတိုက်တွန်းထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၂၄ ရက်နေ့ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့အကြား နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးပါတီဘက်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။", "အဆိုပါ တွေ့ဆုံဆွေးနွေးချက်များကို စစ်ကောင်စီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ အပါအဝင် နှစ်ဖက်စလုံးက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ နိုင်ငံတော်ရင်ခွင့်သို့ ပြန်လည်ဝင်ရောက်လာရေးကိုလည်း စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။", "ယင်းဆွေးနွေးပွဲသို့ မင်းအောင်လှိုင် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဌ ကိုကိုကြီးနှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။", "အာဏာသိမ်း စစ်ကောင်စီ ဖွဲ့စည်းထားသော စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီတွင် စစ်ခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်သည် ဥက္ကဌ အဖြစ် နေရာထားသည်။", "အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိသော လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းရန် ခေါ်ယူနေပြီး လက်ရှိတွင် အမျိုးသမီးများပါ စစ်မှုထမ်းရန် စီစဉ်လာကြောင်း သိရသည်။စစ်မှုထမ်း အရေအတွက် တိုးမြှင့်ခေါ်ယူရေး ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင် တို့၏ ပါတီများ အပါအဝင် နိုင်ငံရေးပါတီက အကြံပြုတိုက်တွန်းဟု စစ်ကောင်စီက ထုတ်ပြန်", "ရန်ကုန်| ဇန်နဝါရီ ၂၅", "အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းအရေအတွက်ကို တိုးမြှင့်ခေါ်ယူရန် ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီနှင့် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ AFP တို့ ပါဝင်တက်ရောက်သော နိုင်ငံရေးပါတီများအစုအဖွဲ့က အကြုံပြုတိုက်တွန်းထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၂၄ ရက်နေ့ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့အကြား နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးပါတီဘက်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။", "အဆိုပါ တွေ့ဆုံဆွေးနွေးချက်များကို စစ်ကောင်စီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ အပါအဝင် နှစ်ဖက်စလုံးက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ နိုင်ငံတော်ရင်ခွင့်သို့ ပြန်လည်ဝင်ရောက်လာရေးကိုလည်း စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။", "ယင်းဆွေးနွေးပွဲသို့ မင်းအောင်လှိုင် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဌ ကိုကိုကြီးနှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။", "အာဏာသိမ်း စစ်ကောင်စီ ဖွဲ့စည်းထားသော စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီတွင် စစ်ခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်သည် ဥက္ကဌ အဖြစ် နေရာထားသည်။", "အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိသော လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းရန် ခေါ်ယူနေပြီး လက်ရှိတွင် အမျိုးသမီးများပါ စစ်မှုထမ်းရန် စီစဉ်လာကြောင်း သိရသည်။", "စစ်မှုထမ်းနိုင်သည့် အသက်အရွယ် လူငယ်များကို ပြည်ပသို့ ထွက်ခွာခွင့် မပြုကြောင်းလည်း စစ်ကောင်စီဘက်က ထုတ်ပြန်လာပြီး နိုင်ငံအတွင်းက လူငယ်များသည် ဖိနှိပ်မှုများဖြင့် ကြုံတွေ့နေရသည်။", "စစ်မှုထမ်းနိုင်သည့် အသက်အရွယ် လူငယ်များကို ပြည်ပသို့ ထွက်ခွာခွင့် မပြုကြောင်းလည်း စစ်ကောင်စီဘက်က ထုတ်ပြန်လာပြီး နိုင်ငံအတွင်းက လူငယ်များသည် ဖိနှိပ်မှုများဖြင့် ကြုံတွေ့နေရသည်။"]
https://yktnews.com/2024/03/150960/
စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ပေးတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ထိထိရောက်ရောက် အရေးယူမယ်လို့ မွန်ပြည်သစ် (AD) က သတိပေးချက် ထုတ်ပြန်
["စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ပေးတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ထိထိရောက်ရောက် အရေးယူမယ်လို့ မွန်ပြည်သစ် (AD) က သတိပေးချက် ထုတ်ပြန်", "ရန်ကုန်၊ မတ် ၁၆", "စစ်ကောင်စီ ရဲ့ စစ်မှု ထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတဲ့ ရပ်ကွက် နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ထိထိရောက်ရောက်အရေးယူသွားမယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။", "စစ်ကောင်စီ က မွန်ပြည်နယ် ၊ ကျိုက်မရော မြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ကို စစ်မှုထမ်း ဥပဒေအရ လူ ၁၀၀ စုဆောင်းပေးဖို့ ညွန်ကြားထားတာနဲ့ပတ်သက်လို့ ခုလို ထုတ်ပြန်တာ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ AD က ကြေညာပါတယ်။", "ကျိုက်မရော မြို့နယ် မှာ စစ်ကောင်စီ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တဆင့် ကျေးရွာလူဦးရေ အနေအထားပေါ် မူတည်ပြီး လူ ၂ နှစ်ဦး ၁၀ ဦးအထိ စာရင်းကောက်ပေးဖို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ မွန်ပြည်သစ်ပါတီ AD ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြပါရှိပါတယ်။", "ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အနေနဲ့ စစ်ကောင်စီ ညွှန်ကြားတဲ့ အတိုင်းလုပ်ဆောင်ပါက အရေးယူခံရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။", "စစ်ကောင်စီ ရဲ့ လူငယ်တွေကို အဓမ္မ စစ်မူထမ်းခိုင်းတဲ့ ဥပဒေကို မွန်ပြည်သစ်ပါတီ AD အနေနဲ့ ဆန့်ကျင်ကြောင်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။", "စစ်ကောင်စီ ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကလည်း ချောင်းဆုံမြို့နယ် အတွင်း က လူ ၄၇ ဦး စစ်မှုထမ်းရမယ်လို့ ပြီး ခဲ့တဲ့ ဖေဖော်ဝါရီ လ ၁၇ ရက်နေ့ ကပြောကြားသွားတယ်လို့ သိရှိရပါတယ်။", "ချောင်းဆုံ မြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၄၇ အုပ်စုရှိပြီး ကျေးရွာအုပ်စု တစ်ခုကို တယောက်နှုန်း နဲ့ စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ကပြောကြားသွားတာဖြစ်တယ်။", "လတ်တလောမှာ စစ်ကောင်စီ က ရန်ကုန်အပါအဝင် မြို့တချို့ မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွေကနေတဆင့် စစ်မှုထမ်း စာရင်းကောက်တာတွေ လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။", "စစ်ကောင်စီ ဟာ လာမယ့် နှစ်သစ်ကူးကာလ သင်္ကြန်အပြီးမှာ စစ်မှုထမ်း တွေစတင်ခေါ်ယူမယ်လို့ပြောဆိုထား တာဖြစ်ပါတယ်။"]
https://yktnews.com/2024/05/160415/
မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြရွာတွင် စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပေးမည်ဟုဆိုကာ လူငယ်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကောက်ခံ
["စစ်မှုထမ်း ဥပဒေဖြင့် လူသစ် စုဆောင်းနေသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို တိုက်ခိုက်သွားမည်ဟု မှော်ဘီ PDF ကြေညာ", "ရန်ကုန်၊ မေ ၂", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြရွာတွင် စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပေးမည်ဟုဆိုကာ လူငယ်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြရွာတွင် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပေးမည်ဟုဆိုကာ တစ်အိမ်ကို ငွေကျပ် ၁၀၀၀၀ နှုန်း အတင်း အဓမ္မ လိုက်လံကောက်ခံနေကြောင်း သိရသည်။", "အဆိုပါ မြောင်းတကာရွာသည် အိမ်ခြေ ထောင်ကျော်ရှိသော စံပြကျေးရွာဖြစ်ပြီး စစ်မှုထမ်းရန် လူငယ်များ ရှိသည့် နေအိမ်များကို အဓိက ထားကောက်ခံနေပြီး ကျန်နေအိမ်များကို စစ်မှုထမ်း ရွေးချယ်ခံရသည့် နေအိမ်များကို ထောက်ပံ့ရန် ဟုဆိုကာ ပြောဆိုကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အုပ်ချုပ်ရေးမှူး အဖွဲ့က စစ်မှုထမ်းမယ့် သူကို ရှာထားတယ်လို့ ပြောတယ်။ သူတို့ပဲ ပေါင်းစားတာလားမသိပါဘူး။ စစ်မှုထမ်းရမယ့် အရွယ်ရှိပြီး ပိုက်ဆံမထည့်ရင် ကင်းလွတ်ခွင့်မရှိဘူး။ ထည့်တဲ့သူတော့ လောလောဆယ် ကင်းလွတ်ခွင့်ရှိတယ်လို့ ပြောတယ်။ စစ်မှုထမ်းရမယ့် အရွယ်ရှိတဲ့ အိမ်တိုင်းကို ပိုက်ဆံလိုက်ကောက်နေတာ တစ်ယောက်ရှိ တစ်သောင်း၊ နှစ်ယောက်ရှိ နှစ်သောင်း ထည့်ရတယ်။ တစ်ယောက်ကို တစ်သောင်းနှုန်းနဲ့ ကောက်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထိုအချိန်တွင် မှော်ဘီမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေဖြင့် လူသစ် စုဆောင်းနေသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၏ အမည်စာရင်းများကို မှော်ဘီ PDF က မေလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး ပြင်းထန်စွာ အပြစ်ပေးမည်ဖြစ်ကြောင်း ကြေ ညာချက်တွင် ဖော်ပြထားသည်။", "မှော်ဘီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်အတွက် စစ်သားသစ် စုဆောင်းပေးနေသော မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် အပေါင်းအပါများကို သတိပေးမှုမဟုတ်ဘဲ လက်တွေ့ တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။", "အဆိုပါ အမည်စာရင်းတွင် ပါဝင်သော အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေများနှင့် ပြည်သူများ နီးကပ်စွာ နေထိုင်ခြင်းများ မပြုလုပ်ရန် နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါက ပြည်သူများ ဝိုင်းဝန်းကူညီကြရန် မှော်ဘီ PDF က မေတ္တာရပ်ခံထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2025/02/205302/
စစ်မှုထမ်းခေါ်ယူရာတွင် သန်းခေါင်စာရင်းကို အခြေခံ ခေါ်ယူသည့်စနစ်သို့ ပြောင်းလဲလိုက်ပြီး ပြည်ပရောက် မြန်မာများပါ စစ်မှုထမ်းရန် ဆင့်ခေါ်မည်၊ စစ်မှုထမ်းရန် ပျက်ကွက်ပါက အမည်ပျက်နှင့် ၀ရမ်းထုတ်ခံရမည့်စာရင်းတွင် ထည့်သွင်းမည်
["စစ်မှုထမ်းခေါ်ယူရာတွင် သန်းခေါင်စာရင်းကို အခြေခံ ခေါ်ယူသည့်စနစ်သို့ ပြောင်းလဲလိုက်ပြီး ပြည်ပရောက် မြန်မာများပါ စစ်မှုထမ်းရန် ဆင့်ခေါ်မည်၊ စစ်မှုထမ်းရန် ပျက်ကွက်ပါကအမည်ပျက်နှင့် ၀ရမ်းထုတ်ခံရမည့်စာရင်းတွင် ထည့်သွင်းမည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရာတွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၏ လုံခြုံရေးအတွက် မကြာမီက ကောက်ယူထားသော သန်းခေါင်စာရင်းကို အခြေခံ၍ ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်မှုထမ်းအပတ်စဉ် ၁ မှ စတင်၍ စစ်မှုထမ်းအပတ်စဉ် ၁၀ အထိ စစ်မှုထမ်းများ ခေါ်ယူရာတွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက တင်ပြသည့် စာရင်းအပေါ် အခြေခံ၍ ခေါ်ယူခဲ့သော်လည်း ယခုအခါတွင် ယင်းသို့ ခေါ်ယူမှုအစား လူဝင်မှု ကြီးကြပ်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်အတွင်း ကောက်ယူခဲ့သော သန်းခေါင်စာရင်းကို အခြေခံ၍ ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။", "“ရန်ကုန်မှာရှိတဲ့ မြို့နယ်ရပ်ကွက်တွေမှာ စစ်မှုထမ်း စာရင်းကောက်ယူမှုရပ်ဆိုင်းခိုင်းလိုက်ပါပြီ။ လဝက က ကောက်ယူထားတဲ့ သန်း​ခေါင်စာရင်းအရပဲ ကောက်ယူထားတဲ့ စာရင်းမှာ ပါဝင်တဲ့ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် အရွယ်အားလုံးကို သန်း ခေါင်စာရင်းကို အခြေခံပြီး ရွေးချယ်မယ်။ အဲဒီအထဲမှာ ခရီးသွားနေတာ၊ ပြည်ပရောက်နေတာတွေကိုလည်း ပြန်လည် ဆင့်ခေါ်မယ့် စနစ်ကျင့်သုံးမယ်လို့သိရတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရှင်းပြသည်။", "စစ်မှုထမ်းရန် ပျက်ကွက်ပါက မည်သူမဆို အမည်ပျက်စာရင်းနှင့် ဖမ်း၀ရမ်းထုတ်ခံရသည့် စာရင်းတွင် ထည့်သွင်းခံရမည်ဖြစ်ကြောင်း သိရှိရသည်။", "ပြည်ပရောက် မြန်မာများနှင့်ပတ်သက်၍ စစ်မှုထမ်းရန်စာရင်းများကို သက်ဆိုင်ရာ မိသားစုမှတစ်ဆင့် ဆက်သွယ်မည်ဖြစ် ကြောင်း၊ အကယ်၍ ပြည်ပရောက် မြန်မာများက စစ်မှုထမ်းရန် မလာရောက်ခြင်း၊ မဆက်သွယ်လျှင် သက်ဆိုင်ရာ၏ အရေး ယူဆောင်ရွက်မှုများ ရှိမည်ဖြစ်ပြီး အမည်ပျက်စာရင်း၊ ဖမ်း၀ရမ်းထုတ်ခံရမည့် စာရင်းတွင် ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။", "စစ်မှုထမ်းရန် ပျက်ကွက်သည့် ပြည်ပရောက် မြန်မာများကို အမည်ပျက်စာရင်းနှင့် ဖမ်း၀ရမ်းထုတ်ခံရသည့် စာရင်းတွင် ထည့်သွင်းခံရပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးနိုင်မည်မဟုတ်ဘဲ မြန်မာနိုင်ငံသို့ ပြန်လာပါကလည်း လေဆိပ်၏ အမည်ပျက်စာရင်းတွင် ပါဝင်နေသဖြင့် အဖမ်းခံရနိုင်ကြောင်း သိရှိရသည်။", "“စစ်မှုထမ်းရန် ပျက်ကွက်တဲ့ အမည်ပျက်စာရင်းနဲ့ ဖမ်း၀ရမ်းထုတ်ခံရတဲ့ စာရင်းကို သေချာပြုစုဖို့ရှိနေတယ်” ဟု မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် တိုက်ရိုက်ပတ်သက်နေသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2024/09/183471/
စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ကြေညာပြီးပါက စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များအားလုံး နိုင်ငံကူးလက်မှတ်လျှောက် ထားခြင်းနှင့် ပြည်ပထွက် ခွာခြင်းတို့အတွက် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့က ထုတ်ပေးသည့်စာ တင်ပြရတော့မည်
["စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ကြေညာပြီးပါက စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များအားလုံး နိုင်ငံကူးလက်မှတ်လျှောက် ထားခြင်းနှင့် ပြည်ပထွက် ခွာခြင်းတို့အတွက် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့က ထုတ်ပေးသည့်စာ တင်ပြရတော့မည်", "ရန်ကုန်၊ စက်တင်ဘာ ၁၅", "အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ကြေညာပြီးပါက စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များအားလုံး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနှင့် ပြည်ပထွက်ခွာခြင်းတို့အတွက် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ထုတ်ပေးသည့်စာ မဖြစ်မနေတင်ပြရမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို အပြန်အလှန် အကြိမ်ကြိမ် သုံးသပ်မှုများ လုပ်ဆောင်နေပြီး များမကြာမီ ထုတ်ပြန်ကြေညာရန်ရှိနေကြောင်း၊ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များအားလုံးသည် စစ်မှုထမ်း ဥပဒေအရ အရွယ်ရောက်ပြီးသည်နှင့် ၂ နှစ် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းပြီးမှသာလျှင် ပြည်ပသို့ ထွက်ခွာခြင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို ခွင့်ပြုမည်ဖြစ်ကြောင်း၊ အကယ်၍ စစ်မှုမထမ်းခင် ပြည်ပသို့ ထွက်ခွာခြင်းနှင့် နိုင်ငံကူးလက်မှတ်များ လျှောက်ထားလိုပါကလည်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ စစ်မှုထမ်းခွင့် ကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့် နှင့် လျှော့ပေါ့ခွင့် ထောက်ခံစာများကို မဖြစ်မနေ တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။", "“အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ်များအားလုံးကတော့ စစ်မှုထမ်း ဥပဒေနဲ့ အကျုံးဝင်လို့ စစ်မှုကတော့ မဖြစ်မနေ ထမ်းရမှာပါပဲ။ ၂ နှစ် စစ်မှုထမ်းပြီးရင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ရဲ့ စစ်မှုထမ်းပြီးစီးကြောင်း ထောက်ခံစာထုတ်ပေးလိုက်မှာဖြစ်ပါတယ်။ အဲဒီထောက်ခံစာနဲ့ အလုပ်လုပ်တာ၊ ပြည်ပထွက်တာ၊ နိုင်ငံကူးလက်မှတ်လျှောက်ထားတာ၊ နိုင်ငံ့ဝန်ထမ်း အရာရှိရာထူးတွေ လျှောက်ထားတာတွေနဲ့ စတာတွေ အသုံးဝင်လာမှာဖြစ်တယ်။ အကယ်၍ စစ်မှုမထမ်းခင် နိုင်ငံခြားထွက်ပြီး ပညာသင်တာ၊ ပြည်ပထွက်တာ၊ နိုင်ငံကူးလက်မှတ်လျှောက်ထားချင်တာဆိုရင်တော့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ ထောက်ခံချက်ပေါ့။ ဒီလူက စစ်မှုမထမ်းရသေးပေမယ့် စစ်မှုထမ်းခွင့်ကို ရွှေ့ဆိုင်းထားသလား၊ လျှော့ပေါ့ထားတာလား၊ ကင်းလွတ်ခွင့်ပြုတာလားဆိုတဲ့ ထောက်ခံချက် တင်ပြရမယ်။ အဲဒါတွေက နည်းဥပဒေမှာ အကုန်ပါမယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။", "ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို မူကြမ်းအဖြစ် ရေးဆွဲထားပြီး သုံးသပ်စိစစ်မှုများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ နောက်ဆုံး သတ္တမမြောက် အဆင့်သို့ ရောက်ရှိပြီး စစ်ကောင်စီရုံး၏ အတည်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ များမကြာမီ ပြဋ္ဌာန်းမည်ဖြစ်ပြီး ယင်းနည်းဥပဒေ ထွက်ရှိလာပါက စစ်မှုထမ်းရန် ပျက်ကွက်ခြင်း၊ ပျက်ကွက်ရန် အားပေးကူညီခြင်း၊ တိမ်းရှောင်ရန် ကြိုးစားခြင်းတို့ကို ထောင်ဒဏ်များ ချမှတ်အရေးယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအားလုံးသည် ခရီးသွားလာရာတွင်လည်း ကောင်း၊ ပြည်ပသို့ ထွက်ခွာရာတွင်လည်း ကောင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ထောက်ခံချက်လက်မှတ်များ လိုအပ်မည်ဖြစ်ကြောင်း၊ စစ်မှုထမ်းမှုမှ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့် ကင်း လွတ်ခွင့် လက်မှတ်များကို သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ထုတ်ပေးမည်ဖြစ်ပြီး ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့် နှင့်ရွှေ့ဆိုင်းခွင့် မရရှိသူများသည် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရှိရသည်။", "အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအနေဖြင့် စစ်မှု ထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းရန်တိမ်းရှောင်ကြံစည်လျှင် ထောင်ဒဏ် ၅ နှစ်​ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှု ထမ်းရန် ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။", "စစ်ကောင်စီက ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်း ကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုလိုကြောင်း ဖော်ပြထားသည်။"]
https://yktnews.com/2024/08/179619/
စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးစာရင်းများ စစ်တပ်က ကောက် ယူနေပြီး အမျိုးသမီးများ စစ်မှုထမ်းရန် ခေါ်ယူလျှင် စက်ရုံ၊ အလုပ်ရုံများ မထိ ခိုက်စေရေး UMFCCI က ကြိုတင်ပြင်ဆင်
["စစ်မှုထမ်းမည့် အမျိုးသားလူငယ်အရေအတွက် လုံလောက်စွာမရတော့၍ အမျိုးသမီးများကို ခေါ်ယူရန် ပြင်ဆင်လာ", "ရန်ကုန်၊ ဩဂုတ် ၂၀", "အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲများအပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများစာရင်းများကို ကောက် ယူနေကြောင်း တပ်သတင်းရင်းမြစ်တချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။", "ယခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်းဥပဒေဖြင့် အမျိုးသားလူငယ်များကို တပ်သားသစ်များအဖြစ် စုဆောင်း၍ စစ်သင်တန်းများ ပေးကာ ရှေ့တန်းသို ပိုဆောင်လျက်ရှိကြောင်း၊ အမျိုးသမီးများကို လတ်တလော မခေါ်ယူသေးဟု စစ်ကောင်စီက ကြေညာခဲ့ကြောင်း၊ သိုရာတွင် စစ်ကောင်စီက စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများ စာရင်းကို တောက်လျှောက် ဆိုသလို ကောက်ယူလျက်ရှိရာမှ ယခုနောက်ဆုံးတွင် စစ်တပ်၊ တပ်ရင်းတပ်ဖွဲများတွင်ပါ စာရင်းများ ကောက်ယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "” ဒီရက်ပိုင်းမှာပဲ သန်လျင် တပ်နယ်ထဲမှာ တပ်မိသားစုစာရင်းတွေကို ထပ်ပြီး ကောက်တယ်။ အဲဒီအထဲမှာ လူငယ်တွေ စာရင်းတွေ အဓိက ထားကောက်တယ်။ လူငယ်တွေအားလုံး မိန်းကလေးတွေပါ အပါ စစ်မှုထမ်းရမယ်လို စစ်တပ်ဘက်က ပြောတယ်။ ပြေးလိုမရဘူး။ စာရင်းအတိုင်း အကုန်စစ်မှုထမ်းရမယ်။ အမျိုးသမီးတွေပါ စစ်မှုထမ်းဖို ခေါ်မယ်လို သိရတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ထိုပြင် အမျိုးသမီးများကို ၅ ကြိမ်​မြောက် စစ်မှုထမ်းသင်တန်းများတွင် တပ် သားသစ်များအဖြစ် စစ်မှုထမ်းရန် ခေါ်ယူသွားမည်ဆိုသော သတင်းများကြောင့် UMFCCI ကလည်း စက်ရုံ၊ အလုပ်ရုံများတွင် အမျိုးသမီး အလုပ် သမားအပေါ် ထိခိုက်မှု မရှိစေရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း UMFCCI ကုန်သည်နှင့်စက်မှု အသင်းချုပ်ထံမှ သိရှိရသည်။", "UMFCCI ၏ ထိပ်ပိုင်းခေါင်းဆောင်များက ဇွန်လ ၂၀ ရက်နေ့ တွင် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခဲ့ရာတွင် ဗဟိုအလုပ်အမှုဆောင် ဦးအေးသောင်းက စစ်မှုထမ်းဥပဒေအရ ၅ ကြိမ်မြောက်တွင် အမျိုးသမီး စစ်မှု ထမ်းများ ခေါ်ယူမည်ဟု သိရှိထားရဆသာကြောင့် UMFCCI အနေဖြင့် ပြဿနာ များ မရှိအောင် ကြိုတင် ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း အစည်းအဝေးတွင် တင်ပြ ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရှိရသည်။", "“သင်္ကြန်ကာလ ဧပြီလ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ အလုပ်သမားတွေ သူတိုရဲ့ မွေးရပ်မြေနဲ့ အိမ်တွေဆီခွင့်ပြန်ကြတယ်။ အဲဒီမှာ အလုပ်သမား ၂၀ ရာခိုင်နှုန်းကျော်က လုပ်ငန်းခွင်တွေဆီကို ပြန်မလာတော့ဘူး။ အဲဒီမှာ စက်ရုံအလုပ်ရုံတွေ အလုပ်သမား အခက်အခဲဖြစ်ကုန်တယ်။ အခုတစ်ခါ အမျိုးသမီးတွေကို စစ်မှုထမ်းဖို ခေါ်မယ်ဆိုရင်လည်း အလုပ်သမား မလုံလောက်မှု ပြဿနာထပ်တက်ဖိုရှိတော့ အဲဒါအတွက်လည်း UMFCCI ဘက်မှာ ကြိုတင်စဉ်းစား ပြင်ဆင်နေရပြီ” ဟု UMFCCI သတင်းရင်းမြစ်က ရှင်းပြသည်။", "စစ်ကောင်စီ၏ တပ်သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ လက်ရှိ အမျိုးသားလူငယ်များကို စစ်မှုထမ်းရန် ခေါ်ယူရာတွင် လစဉ် သင်တန်းအပတ်စဉ်များတွင် လူဦးရေ လုံလောက်စွာ မရရှိသည့် ပြဿနာဖြစ်ပွားနေကြောင်း၊ ထိုကြောင့် လက်ရှိ အနေအထားအရ အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ခေါ်ယူရမည့် အခြေအနေ ဆိုက်ရောက်နေကြောင်း ပြောဆိုသည်။", "စစ်တပ်က ထုတ်ပြန်ထားသော စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားနှင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည်ဖြစ်ပြီး အိမ်ထောင်သည်အမျိုးသမီးများနှင့် သားသမီးရှိသည့် အမျိုးသမီးများကိုမူ စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ – စစ်ကောင်စီတပ်၏ ဘွဲရ အမျိုးသမီးဗိုလ်သင်တန်းကျောင်းဆင်းပွဲ အခမ်းအနားတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/03/152413/
စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရသူများ၊ ရွှေ့ဆိုင်းခွင့်ရှိသူများနှင့် လျှော့ပေါ့ခွင့်ရှိသူများ ဆိုင်ရာ အသေးစိတ်အချက် အလက်များကို နည်းဥပဒေတွင် ထည့် သွင်း
["စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရသူများ၊ ရွှေ့ဆိုင်းခွင့်ရှိသူများနှင့် လျှော့ပေါ့ခွင့်ရှိသူများ ဆိုင်ရာ အသေးစိတ်အချက် အလက်များကို နည်းဥပဒေတွင် ထည့် သွင်း", "အောက်ခြေအုပ်ချုပ်ရေးအဖွဲ့နှင့်ရွေးချယ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်ပေးထားပြီး စစ်မှုမထမ်းရေး ငွေပေး၍ လွတ်နိုင်သော စျေးကွက်ကြီးဖြစ်လာမည်ဟုဆို", "ရန်ကုန်၊ မတ် ၂၄", "အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းရန် ကင်း လွတ် ခွင့်ရသူများ၊ ရွှေ့ဆိုင်းခွင့်ရှိသူများနှင့် လျှော့ ပေါ့ခွင့်ရှိသူများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို နည်းဥပဒေတွင် ထည့်သွင်းထားကြောင်း သိရှိရသည်။", "စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ပုဒ်မ ၂၂ တွင် ကင်းလွတ်ခွင့်ရရှိသူများအဖြစ်-", "(က) သာသနာ့ဝန်ထမ်းများ။", "(ခ) အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)။", "(ဂ) ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။", "(ဃ) တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူ ဖြစ်ကြောင်း သတ်မှတ် ထားသူများ။", "(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများဟု ပြဋ္ဌာန်းထားပြီး နည်းဥပဒေတွင်မူ အသေးစိတ် အချက် ၁၁ ချက် ထပ်မံ ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။", "ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွင် ကင်းလွတ်ခွင့်ရသူများအဖြစ် အတန်း အစား ၁၁ မျိုး ပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်းချက်မှာ ပုဒ်မ ၂၂ အရ-", "၁။ သာသနာ့ဝန်ထမ်းများ။", "၂။ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်း မသန်စွမ်းသူများ။", "၃။ တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှု ထမ်းရန် မသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ။", "၄။ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့် ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ။", "၅။ဉာဏ်ရည်ဉာဏ်သွေး မမီခြင်းနှင့် အကျင့်စာရိတ္တ ပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန် မသင့်လျော်သူများ။", "၆။ ဆေးစစ်ဆေးချက်အရ စိတ်ပေါ့သွပ်နေသူဖြစ်ခြင်း(သို့မဟုတ်) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ။", "၇။နိုင်ငံအတွက် တာဝန်ထမ်းနေပြီး အစားထိုးရန် မဖြစ်နိုင်သေးသော အသိပညာရှင်၊ အတတ်ပညာရှင်များ။", "၈။တိုက်ပွဲတွင် ကျဆုံးခဲ့သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်အဖွဲ့များ၏ သား၊သမီး အရင်းအခြာ( ကိတ္တိသား/သားများ)၊ မွေးစားသား/သမီးများ(မပါ)။ အကယ်၍ ၎င်းသား/သမီး အရင်းများသည် ကိုယ်တိုင်ဆန္ဒပြုပါက စစ်မှုထမ်းရန် ခွင့်ပြုနိုင်သည်။", "၉။အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး တံဆိပ် တစ်ခုခုရရှိသော အားကစားသမားများ။", "၁၀။ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော ဆရာဝန်နှင့် သူနာပြုများ။", "၁၁။ တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့် အထက်ရှိသော စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် နည်းဥပဒေတွင်ပင် လျှော့ပေါ့ခွင့်ရှိသူများအဖြစ်-", "၁။ လျှောက်ထားသူမိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်းနေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း၊ အဆိုပါလျှောက်ထားသူက ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းကာလ၏ တစ်ဝက်အထိ လျှော့ပေးနိုင်သည်။", "၂။ လျှောက်ထားသူ၏ မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ အထက် မနည်းတာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း၊ လျှောက်ထားသူအား သုံးပုံတစ်ပုံအထိ လျှော့ပေးနိုင်သည်။", "၃။ ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိထားသည့်နောက်ပိုင်း ဆက်လက် တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့်ကာလအား လျှော့ပေါ့ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။", "အလားတူ နည်းဥပဒေတွင်ပင် ရွှေ့ဆိုင်းခွင့်ရှိသူများအဖြစ်-", "၁။ ပုဒ်မ ၁၅ (က)ပါအရ ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မမီကြောင်း တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရသူများ။", "၂။ နိုင်ငံ့ဝန်ထမ်းများ။", "၃။ ပညာသင်ကြားနေသူများ။", "၄။ အခြားပြုစုစောင့်ရှာက်မည့်သူမရှိသော မိအို၊ ဖအိုများကိုလုပ်ကျွေးနေသူများ။", "၅။ထောင်ဒဏ်ကျခံနေရသူများ။", "၆။မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ။", "၇။ဆင့်ခေါ်ရေး အမိန့်စာရရှိသည့်နေ့ရက်မှ သတ်မှတ်သည့် နေ့ရက်အတွင်း သတင်းပို့ခြင်းမပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော်လည်းကောင်း၊ အိမ်ထောင်သည်အမျိုးသားဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက်သေဆုံးခြင်း။", "၈။ဆင့်ခေါ်ရေးအမိန့်စာရရှိသည့်နေ့ရက်မှ သတ်မှတ်သည့်နေ့ရက်အတွင်း သတင်းပို့ခြင်းမပြုရသေးမီကာလအတွင်း မတော်တဆဖြစ်ရပ်တစ်ခုခုကြောင့် ဖြစ်စေ၊ အခြားသူတစ်ဦးဦး၏ပယောဂကြောင့်ဖြစ်စေ၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခုအပြင်း အထန်ဒဏ်ရာရရှိသူဖြစ်ခြင်း၊။", "၉။ဥပဒေနှင့်အညီ ချုပ်နှောင်ခံနေရသူ(သို့မဟုတ်) တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ။", "၁၀။နိုင်ငံတော်၏ လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေရသူဖြစ်ခြင်း။", "၁၁။ ပြည်သူ့စစ်မှုထမ်းတာဝန်မှ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေလိုအပ်ခြင်းတို့ ပါဝင်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက နည်းဥပဒေတွင် ပြဋ္ဌာန်းထားသော အချက်အလက်များသည် အောက်ခြ အုပ်ချုပ်ရေးအဖွဲ့များနှင့် စစ်တပ်၏ ရွေးချယ်ရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်ကို သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းချက်များသည် တိကျခြင်းမရှိဘဲ သရေပင်းကဲ့သို့ လိုအပ်သလို ဆွဲဆန့်နိုင်၊ ကျုံ့နိုင် ရှိခြင်းကြောင့် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် ဖြစ်ပေါ်မည်မှာသေချာကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်သည်။", "“ဥပဒေနဲ့အညီ ခေါ်ချင်မှလည်း ခေါ်မယ်။ သူတို့ စစ်အင်အားလိုရင် ပေါ်တာဆွဲပြီးလည်းခေါ်မှာပဲ။ ဒါပေမယ့် နည်းဥပဒေ ပြဋ္ဌာန်းချက်တွေကတော့ လုပ် ပိုင်ခွင့် တွေ သတ်မှတ်ပေးလိုက်တာ။ စစ်မှုမထမ်းချင်ရင် ငွေပေးလို့ လွတ်နိုင်တဲ့ ဂယ်ပေါက်တွေတော့ အများကြီးဖြစ်လာတယ်။ ဂယ်ပေါက်ကနေ လွတ်အောင်ရှောင်ပြီး အဝေးဆုံးပြေးလို့ရနိုင်တယ်။ အကျင့်ပျက် ခြစားမှုတွေကတော့ အကြီးအကျယ်ဖြစ်မယ်။ အခုတောင် လူစားထိုးရင် သိန်း ၁၀၀၊ ၁၅၀ စျေးခေါ်နေကြပြီ။ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍမှာ လူငယ်အရင်းအမြစ်တွေ အကုန် ပျောက်ဆုံးပြီး ပြိုကျနေပြီ”ဟု တရားလွှတ်တော်ရှေ့နေက သုံး သပ် ပြောဆိုသည်"]
https://yktnews.com/2024/03/153549/
မရမ်းကုန်း၊ သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင် စစ်မှုထမ်း ဆင့်ခေါ်စာဖြင့် ကလေးဖခင် ၁ ဦးအပါအဝင် အမျိုးသား ၁၂ ဦးကို နေအိမ်ပေါ်အထိ တက်ဖမ်း
["စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူများ၏ ဖုန်းများကို စစ်တပ်က သိမ်းယူပြီး မိသားစုများနှင့်အဆက်သွယ်ဖြတ်ကာ ဘုရင့်နောင်စစ်ကြောရေးတွင် ထိန်းသိမ်းထား", "ရန်ကုန်၊ မတ် ၂၉", "ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်မှုထမ်း ဆင့်ခေါ်စာဖြင့် ကလေးအဖေ ၁ ဦး အပါအဝင် လူငယ် ၁၂ ဦးကို နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးပြီး စစ်တပ်လက်ထဲသို့ ထည့်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "မတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ၁ ရပ်ကွက်၌ ကလေးသုံးယောက် ဖခင် ၁ ဦး အပါအ၀င်လူငယ် ၁၂ ဦးကို အုပ်ချုပ်ရေးမှူး၊ ရဲ နှင့် လူမိုက်များက စစ်မှုထမ်းရန် ဆင့်ခေါ်စာဖြင့် နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးကာ ခေါ်ဆောင်သွားကြောင်း သိရသည်။", "“သမိုင်းမြို့သစ် ၁ ရပ်ကွက်မှာ မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ကလေး ၃ ယောက် အဖေ အပါအ၀င် လူငယ် ၁၂ ယောက်ကို လူမိုက်တွေ၊ အုပ်ကြီး၊ ရဲ တွေက စစ်မှုထမ်းရမယ်ဆိုပြီး အတင်းအကျပ်လာ ဖမ်းခေါ်သွားတယ်။ ဖမ်း ဆီးခံရတဲ့ သူတွေထဲမှာ တင်အောင်၀င်း ဆိုတဲ့ ၁ ဦးပဲ အမည်သိရတာ ကျန်တာ ဘယ်သူတွေလည်း ဆိုတာ မသိရဘူး။ မဲနှိုက်ရတာမဟုတ်ဘဲ ခေါ်စာအိမ်ကို လာပို့တာ အစက ကလေး အဖေတွေ ကင်းလွတ်ခွင့်ရတယ်ဆိုပြီး အခုအကုန်ဖမ်းနေတာ” ဟု ဒေသပြည်သူများက ပြောဆိုသည်။", "သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးအဟောင်းမှာ ထွက်ပြေးသွားကြောင့် ၎င်းနေရာ၌ လှိုင်သာယာမြို့နယ်မှ ပြောင်းလာသည့် အုပ်ချုပ်ရေးမှူး အသစ်က ဆက်လက် တာဝန်ယူထားကြောင်း၊ သမိုင်းမြို့သစ်၌ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးမှူးများက လူငယ်များ စစ်မှုထမ်းရန် ခြိမ်း ခြောက် ဖိအားပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။", "လတ်တလော ရန်ကုန်တိုင်းတွင် စစ်မှုထမ်းရန် မဲပေါက်သူများကို စစ်တပ်က ဆေးစစ်ရန် လာရောက်ခေါ်ဆောင်ပြီး မင်္ဂလာဒုံအရိုးအကြော စစ်ဆေးရုံတွင် ဆေးစစ်ကြောင်း၊ ဆေးစစ်ရန် ကျန်ရှိနေသူများနှင့် ဆေးစစ်ပြီးသူများကို မိသားစုထံသို့ ပြန်မလွှတ်တော့ဘဲ လက်ကိုင်မိုဘိုင်းလ်ဖုန်းများအားလုံးကို စစ်တပ်က အတင်းအဓမ္မသိမ်းယူ လိုက်ကြောင်း၊ ဘုရင့်နောင် စစ်ကြောရေးတွင်ဆေးစစ်ရန် ကျန်ရှိသူနေများကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဆက်လက် ဆေးစစ်မှုများ လုပ်ဆောင်နေကြောင်း၊ မိသားစုများနှင့် လုံး၀ မဆက်သွယ်ရဟုဆိုကာ အဆက် အသွယ်များ ဖြတ်တောက်ထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ – စစ်မှုထမ်းရန် ဆင့်ခေါ်ရသည့် လူငယ်များ။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#သမိုင်းမြို့သစ်#စစ်မှုထမ်း ဆင့်ခေါ်စာ#နေအိမ်ပေါ်အထိ တက်ဖမ်း"]
https://yktnews.com/2024/03/150887/
စစ်မှုထမ်းရန် မဲပေါက်သူများနှင့် နာမည်စာရင်းအတိအကျ ပါထားသူများ ထွက်မပြေးရန် မိဘဆွေမျိုးညီအစ်ကို မောင်နှမများကို အာမခံ လက်မှတ်ထိုးခိုင်း၊ မြို့နယ်တချို့တွင် စစ်တပ်က မဲပေါက်သည့် လူငယ်များကို တပ်ထဲခေါ်သွား
["စစ်မှုထမ်းရန် မဲပေါက်သူများနှင့် နာမည်စာရင်းအတိအကျ ပါထားသူများ ထွက်မပြေးရန် မိဘဆွေမျိုးညီအစ်ကို မောင်နှမများကို အာမခံ လက်မှတ်ထိုးခိုင်း၊ မြို့နယ်တချို့တွင် စစ်တပ်က မဲပေါက်သည့် လူငယ်များကို တပ်ထဲခေါ်သွား", "စစ်ထဲသွားရမည့် လူငယ်များကို ငွေကြေးပံ့ပိုးကြရေးဟုဆိုကာ အုပ်ချုပ်ရေးအဖွဲ့နှင့်စစ်တပ်က ပူးပေါင်း ငွေကောက်", "ရန်ကုန်၊ မတ် ၁၆", "နိုင်ငံတစ်ဝန်း စစ်မှုထမ်းရန် မဲပေါက်သည့်လူငယ်များနှင့် နာမည်စာရင်း အတိအကျ ပါထားသူများ ထွက် ပြေးခြင်း မရှိစေရေး မိဘဆွေမျိုး ညီအစ်ကို မောင်နှမများက အာမခံကြရန် လက်မှတ်ရေးထိုးခိုင်းမှုများ ဖြစ်ပွား နေကြောင်း သိရှိရသည်။", "မတ်လ ၁၃ ရက်နေ့မှစတင်၍ လာမည့် ဧပြီလကုန်ပိုင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁ အတွက် နာမည်စာရင်းများ ကောက်ယူခြင်း၊ မဲနှိုက်ခိုင်းခြင်းများကို စစ်ကောင်စီ၏ ညွှန်ကြားချက်များအရ စစ်တပ်နှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက လုပ်ဆောင်နေကြောင်း သိရှိရသည်။", "ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့တွင် စစ်မှုထမ်းရန် တာဝန်ကျသည့် သူများကို ရွေးချယ်ရာတွင် လူငယ်များကို စုဝေး၍ မဲနှိုက်ခိုင်းကြောင်း၊ မဲပေါက်သူများကို စစ်မှုထမ်းမည့်အချိန်တွင် ထွက်မပြေးစေရေး မိဘများက အာမခံရန် လက်မှတ်ရေးထိုးခိုင်းကြောင်း သိရှိရသည်။", "“ကော့မှူးဘက်က ရွာတွေမှာ အများစုက မတ်လ ၁၄ ရက်နေ့ မဲနှိုက်ရတယ်။ လူငယ်နာမည်စာရင်းတွေစုပြီး မိဘနဲ့လူငယ်တွေကို ခေါ်တယ်။ ပြီးတော့ မဲနှိုက်ခိုင်းတယ်။ မဲပေါက်သူတွေရှိတယ်။ တချို့ရွာတွေမှာ ၂ ဦး၊ တချို့ရွာတွေမှာ ၄ ဦး ။ ရွာလူဦးရေ အလိုက် လူငယ် အနည်းဆုံး ၂ ဦးကနေ လူငယ် ၁၀ ဦးလောက်အထိ မဲနှိုက်ရတယ်။ အသက် ၂၄ နှစ်ကနေ အသက် ၃၀ အတွင်းကို ဦးစားပေးတယ်။ အဲဒါ မဲပေါက်သူတွေကို ထွက်မပြေးဖို့ မိဘက အာမခံပါတယ်ဆိုတာ လက်မှတ်ထိုးရတယ်။ အဲဒီထူးထူးခြားခြား ကွမ်းခြံကုန်းနဲ့ ကော့မှူးရွာတချို့က မဲပေါက်တဲ့ လူငယ်တွေကို တစ်ခါတည်း တပ်ထဲကို ခေါ်သွားတယ်။ ဖမ်းတာမဟုတ်ဘူး။ ခေါ်ထားတာလို့ပြောတယ်။ ထွက်ပြေးမှာစိုးလို့ ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "အလားတူ ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ လသာကျေးရွာနှင့် ကလီထော်ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာများတွင် စစ်မှုထမ်းရန် လူငယ်များကို မတ်လ ၁၄ ရက်နေ့တွင် မဲနှိုက်ခိုင်းပြီး မဲပေါက်သည့် လူငယ်တချို့ကို ရဲနှင့်စစ်တပ်က မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် လာရောက် ခေါ်ဆောင်သွားကြောင်း၊မိဘများကို ကန်တော့ခိုင်းပြီး တပ်ထဲတွင် ခေါ်ယူထားမည်ဖြစ်ကြောင်း၊ ထိုသို့ ခေါ်ယူခြင်းမှာ ထွက်မပြေးဘဲ စစ်မှုထမ်းရန်အတွက် အဆင်သင့် ပြင်ဆင်ပေးရန်ဖြစ်သည်ဟု စစ်တပ်က မိဘများကို ပြောသွားကြောင်း သိရှိရသည်။", "ထို့အတူ ဒဂုံမြို့သစ်တောင်ပိုင်းတွင်လည်း ရပ်ကွက်အလိုက် စစ်မှုထမ်းမည့်လူငယ်များကို မဲနှိုက်ခိုင်းပြီး မဲပေါက်သည့်လူငယ်များကို သက်ဆိုင်ရာမြို့နယ်ရဲစန်းတွင် အပတ်စဉ် သတင်းပို့ ခြေချုပ်လက်မှတ်ရေးထိုးရန်၊ ခရီးသွားလာခြင်း မပြုရန်၊ မိဘများက မိမိတို့၏ သားများ စစ်မှုထမ်းရန် အချိန်ကျချိန် ထွက်မပြေးပါဟု အာမခံရန် ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း၍ လက်မှတ်ရေးထိုးခိုင်းကြောင်း သိရှိရသည်။", "အလားတူ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာများတွင် စစ်မှုထမ်းရန် မဲပေါက်ကြသည့် လူငယ်များကို ဝတ်စုံဖိုး၊ လစာနှင့်ခံစားခွင့်များ ပေးနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူများက အလှူငွေများ ထည့်ဝင်ကြရန် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ်က ပူးပေါင်း ငွေကောက်ခံကြောင်း သိရှိရသည်။", "“စစ်မှုထမ်းမယ့် လူငယ်လေးတွေကို တစ်လကို ၄ သိန်းခွဲလောက် ပေးနိုင်အောင် ပြည်သူတွေက ပံ့ပိုးရမယ်။ ဒါမှ စစ်ထဲဝင်မယ့် လူငယ်တွေလည်း စိတ်အားတက်ကြွမယ်ဆိုပြီး အုပ်ကြီးနဲ့အဖွဲ့က အလှူငွေကောက်တယ်။ တစ်အိမ်ကို တစ်လ ဘယ်လောက်တတ်နိုင်လဲမေးတယ်။ အနိမ့်ဆုံး တစ်အိမ် ၃၀၀၀ကျပ်နှုန်းကနေ စကောက်တယ်။ လစဉ်ပေးရမယ် ပြောတယ်။ သူတို့စစ်တပ်က လစာမပေးဘူးလားမေးတော့ ပေးတယ်တဲ့။ ပြည်သူတွေကလည်း လူငယ်တွေ စိတ်အားတက်ကြွဖို့ အပိုငွေကြေး ထောက်ပံ့ရမယ်ဆိုပြီး လစဉ် အလှူငွေ ထည့်ခိုင်းတယ်” ဟု ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာမှ ပြည်သူတစ်ဦးက ရှင်းပြသည်။", "စစ်ကောင်စီက တစ်လလျှင် လူဦးရေ ၅၀၀၀ နှုန်း စစ်မှုထမ်းရမည်ဟု ထုတ်ပြန်ထားသော်လည်း လက်ရှိရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော သ တင်း အချက်အလက်များနှင့် ပြင်ဆင်မှုများအရ လစဉ် စစ်ကောင်စီက စစ်မှု ထမ်းရန် ခေါ်ယူမည့် စစ်သားအရေအတွက် အနိမ့်ဆုံး လစဉ် လူဦးရေ တစ်သောင်း အထက်ခေါ်ယူနိုင်သည်ကို စိစစ်တွေ့ရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီက ခေါ်ယူထားသော ပြည်သူ့စစ်အဖွဲ့ဝင်များ။"]
https://yktnews.com/2025/02/201986/
စစ်မှုထမ်းရန် အကျုံးဝင်နေသည့် ပြည်ပရောက် လူငယ်များ စာရင်းကောက်ယူနေပြီး မိဘဆွေမျိုးများကို ခံဝန် လက်မှတ်စတင်ရေးထိုးခိုင်း၊ စစ်မှုထမ်း ဆင့် ခေါ် ချိန် ပြည်ပမှ ပြန်လာရမည်ဖြစ်ပြီး ပြန်မလာလျှင် တာဝန်ခံလက်မှတ်ထိုးသူ မိသားစုဝင်ကို အရေးယူမည်ဟု ခြိမ်းခြောက်
["စစ်မှုထမ်းရန် အကျုံးဝင်နေသည့် ပြည်ပရောက် လူငယ်များ စာရင်းကောက်ယူနေပြီး မိဘဆွေမျိုးများကို ခံဝန် လက်မှတ်စတင်ရေးထိုးခိုင်း၊ စစ်မှုထမ်း ဆင့် ခေါ် ချိန် ပြည်ပမှပြန်လာရမည်ဖြစ်ပြီး ပြန်မလာလျှင် တာဝန်ခံလက်မှတ်ထိုးသူ မိသားစုဝင်ကို အရေးယူမည်ဟု ခြိမ်းခြောက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များစာရင်းကို ကောက်ယူရာတွင် ပြည်ပရောက် လူငယ်များ၏ အမည်စာရင်းများကိုပါ စတင်ထည့်သွင်းကောက်ယူနေပြီး မိဘဆွေမျိုးများကို ရပ်ကွက်ရုံးသို့ ခေါ်ယူကာ စာရင်းသွင်းတာဝန်ခံ လက်မှတ်ရေးထိုးခိုင်းနေကြောင်း သိရှိရသည်။", "ဇန်နဝါရီလအတွင်း စစ်ကောင်စီက ရပ်ကွက်၊ ကျေးရွာနှင့် မြို့နယ်များတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်ပြီး စာရင်းသွင်းခိုင်းနေကြောင်း၊ ယင်းသို့ ဆင့်ခေါ် စာရင်းသွင်းခိုင်းရာတွင် ပြည်ပရောက် လူငယ်များ၏ နေအိမ်များကိုပါ ဆင့်ခေါ်စာများ ပေးပို့ပြီး ကာယကံရှင်(သို့မဟုတ်) မိသားစုဝင်တစ်ဦးဦးက ရပ်ကွက်ရုံးသို့ လာရောက်၍ မှတ်ပုံတင် စာရင်းသွင်းရမည်ဖြစ်ကြောင်း၊ စာရင်းမသွင်းလျှင် ပြည် သူ့စစ်မှုထမ်းဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း သိရှိရသည်။", "“သန်းခေါင်စာရင်းမှာပါတဲ့ အသက်အရွယ်နဲ့ လူဦးရေကို ကြည့်ပြီး မောင်–ဘယ်သူကတော့ စစ်မှုထမ်းဖို့ အကျုံးဝင်လို့ စာရင်းသွင်းမှတ်ပုံတင်ဖို့ ဆင့်ခေါ်တာလို့ပြောပါတယ်။ အိမ်ကသားက ထိုင်းမှာ အလုပ်သွားလုပ်နေတာ ၁ နှစ်ကျော်ပါပြီ။ လူကိုယ်တိုင် မရှိလည်း မိဘဆွေမျိုးတစ်ဦးဦး ရပ်ကွက်ရုံးကိုလာပြီး မှတ်ပုံတင်စာရင်းသွင်းပါလို့ ခေါ်လို့သွားရပါတယ်။ စစ်မှုထမ်းဆင့်ခေါ်လာရင် ထိုင်းမှာရောက်နေတဲ့ သားကို ပြန်ခေါ်ပေးရမယ်။ မခေါ်ရင် လက်မှတ်ထိုးတဲ့ ကျမကို တရားစွဲ အရေးယူထောင် ချမယ်ပြောပါတယ်” ဟု ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၆၀ ရပ်ကွက်မှ မိခင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် ၆၀ ရပ်ကွက်တွင် ယခု ဇန်နဝါရီလနှောင်းပိုင်း စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များအားလုံးကို စာရင်းသွင်းမှတ်ပုံတင်ခိုင်းမှုများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်စိုးမိုးက ဆင့်ခေါ်စာပေးပို့ လုပ်ဆောင်ခဲ့ကြောင်း၊ လူငယ်များအားလုံးကို ကာယကံရှင် (သို့မဟုတ်) မိဘဆွေမျိုးတစ်ဦးဦးကို ဆင့်ခေါ် စာရင်းသွင်းမှတ်ပုံတင်စေခဲ့ကြောင်း သိရှိရသည်။", "ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၃၃ (က) နှင့် (ခ) တွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ နိုင်ငံသားတိုင်းကို မှတ် ပုံတင် စာရင်းသွင်းရန် ဆင့်ခေါ်ခြင်းခံရသူသည် လာရောက်သတင်းပို့ရန် ပျက်ကွက်ပါ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပျက်ကွက်သူ၏ မိသားစုထံသို့ သွားရောက်စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း၊ ပျက်ကွက်သူ၏ မိသားစုဝင်တစ်ဦးဦးသည် ဆင့်ခေါ်ခြင်းခံရသူမှာ မည်သည့်အကြောင်းကြောင့် ပျက်ကွက်နေသည် သို့မဟုတ် မည်သည့်နေရာဒေသသို့ ရောက်ရှိနေ သည်ကို ခိုင်လုံသည့် အထောက်အထားများနှင့်အတူ တင်ပြ၍ ကိုယ်စားမှတ်ပုံတင် စာရင်းသွင်း သတင်းပို့ရမည်ဖြစ်ကြောင်း၊ အကယ်၍ စစ်မှုထမ်း မှတ်ပုံတင် စာရင်းသွင်းရန် ပျက်ကွက်နေသူ၏ မိသားစုဝင်တစ်ဦးဦးက လိုက်နာခြင်းမရှိလျှင်ဖြစ်စေ၊ ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိလျှင်ဖြစ်စေ သတင်းပို့ရန် ပျက်ကွက်နေသူသည် ပြည်သူ့စစ်မှုထမ်းခြင်းကို ရှောင်လွဲခြင်းဖြင့် ပုဒ်မ ၂၃ ပုဒ်မခွဲ (က) ကို ဖောက်ဖျက်ကျူးလွန်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။", "အလားတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နောင်ကားအုပ်စု၊လွယ်စင်းရွာနှင့်တဲခဲကျေးရွာတွင် စစ်မှုထမ်းရန်ဟုဆိုကာ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိ အမျိုးသမီးများစာရင်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ကောက် ယူခဲ့ပြီး ယင်းစာရင်းတွင် ပြည်ပသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် စစ်မှု ထမ်းရန် အကျုံးဝင်နေသော အမျိုးသမီးများစာရင်းကိုပါ ထည့်သွင်း ကောက်ခံခဲ့ကြောင်း သိရှိရသည်။", "“ပြည်ပရောက်နေလည်း စစ်မှုထမ်းဖို့ ဆင့် ခေါ်ရင် ပြန်ခေါ်ပေးရမယ်။ ပြန်ခေါ်တာ မလာရင် မိသားစုကို အရေးယူမယ်ဆိုတော့ မိသားစုပါ ထွက်ပြေးရမယ့် အခြေအနေဖြစ်နေတယ်။ အိမ်မှာရှိတဲ့ သား ၂ ဦးစလုံးက ထိုင်းဘက်မှာ အလုပ်လုပ်နေကြတာ”ဟု မကွေးတိုင်း၊ချောက်မြို့နယ်၊ သံဘိုကျေးရွာမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်းနည်းဥပဒေ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းပြီးနောက် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကို PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ခွင့် ပိတ်ပင်ထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စုတွင် ကောက်ယူနေသော အမျိုးသမီးစစ်မှုထမ်းစာရင်းတစ်ခု။", "Photo-ပေးပို့။"]
https://yktnews.com/2025/01/200818/
စစ်မှုထမ်းရမည့် လူငယ်များ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိစေရဟု စစ်မှုထမ်းနည်းဥပဒေဖြင့် ပြဋ္ဌာန်း ပိတ်ပင်လိုက်ပြီး စစ်မှုထမ်းရမည့် လူငယ်များစာရင်းကို အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ပေးပို့တော့မည်
["စစ်မှုထမ်းရမည့် လူငယ်များ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိစေရဟု စစ်မှုထမ်းနည်းဥပဒေဖြင့် ပြဋ္ဌာန်း ပိတ်ပင်လိုက်ပြီး စစ်မှုထမ်းရမည့် လူငယ်များစာရင်းကိုအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ပေးပို့တော့မည်", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းရမည့် လူငယ်များကို စစ်မှုထမ်းဆင့် ခေါ်ရေး ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိစေရဆိုသော ပြဋ္ဌာန်းချက်များကို ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် တရားဝင်ပြဋ္ဌာန်း ၍ စတင်ပိတ်ပင်လိုက်ကြောင်း အဆိုပါ နည်းဥပဒေအရ သိရှိရသည်။", "ဇန်နဝါရီလ ၂၃ ရက်နေ့ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေတွင် စစ်မှုထမ်းရန် အကျုံးဝင်သော အသက် အရွယ်များအားလုံးသည် မဖြစ်မနေ စာရင်းသွင်းမှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရှိရသည်။", "ပြည်သူ့စစ်မှုထမ်း နည်း ဥပဒေ အခန်း ၁၀ အထွေထွေ ပြဋ္ဌာန်းချက် ၏ ပုဒ်မ ၅၀ တွင် ဆေးစစ်အောင်မြင်ပြီးသူသည် ပြည်သူ့ စစ်မှုထမ်းခြင်းမှ ကင်း လွတ်ခွင့်ပြုရန်ဖြစ်စေ၊ ပြည်သူ့စစ်မှုထမ်းရမည့် ကာလအပိုင်း အခြားကို လျှော့ပေါ့ပေးရန် ဖြစ်စေ သီးခြားဖော်ပြထားသည့်ကာလ အပိုင်းအခြားတစ်ခုအထိ ရွှေ့ ဆိုင်းရန် ဖြစ်စေ လျှောက်ထားခဲ့ပါက ယင်းလျှောက်ထားမှု အပေါ် ဗဟိုအဖွဲ့ထံမှ ခွင့်ပြုမိန့်မရမီ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့် မရှိစေရ ဟု ပြဋ္ဌာန်းထား သည်။", "ထို့ပြင် ပြည်သူ့စစ်မှုထမ်းနည်း ဥပေဒ ပုဒ်မ ၅၁ တွင် စစ်မှုထမ်းရန် အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်မရှိစေရ ဟု ပြဋ္ဌာန်းထားပြန်သည်။", "အလားတူ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ၏ ပုဒ်မ ၅၂ ပြဋ္ဌာန်းချက်တွင်မူ စစ်မှု ထမ်းရန် ပုဒ်မ ၅၀ နှင့် ပုဒ်မ ၅၁ တို့တွင် အကျုံးဝင်သူများ စာရင်းကို သက် ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများသို့ ပေးပို့ရမည်ဖြစ်ကြောင်း ပြ ဌာန်း ထားသည်။", "“ပုဒ်မ ၅၀ နဲ့ ပုဒ်မ ၅၁ က စစ်မှုထမ်းရမယ့် အသက် အကျုံးဝင်နေတဲ့ လူငယ်တွေကို ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီလို့ ပြောလို့ရတယ်။ ပုဒ်မ ၅၀ မှာ စစ်မှုထမ်းဖို့ ဆေးစစ်အောင်မြင်ပြီးသူကို ပြည်ပထွက်ခွင့် ပိတ်တယ်။ ပုဒ်မ ၅၁ မှာ စစ်မှုထမ်းဖို့ အမိန့်စာရရှိသူကလည်း ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်မရှိစေရ လို့ပြဋ္ဌာန်းထားတယ်။ စစ်မှုထမ်းဖို့ အသက် အရွယ် အကျုံးဝင်သူတွေကို စာရင်းကောက် ပြီး ပေးပို့ မှတ်ပုံတင်ထားတယ်။ အဲဒီစာရင်းကို ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေနဲ့ လေဆိပ်တွေကိုလည်း ပေးပို့ထားမယ်လို့ ပါတယ်။ ပြဋ္ဌာန်းချက်တွေက သရေပင်းလို လိုရင် လိုသလို ဆွဲချဲ့လို့ရတော့ လူငယ်တွေအားလုံး သက်ရောက်မှုရှိတဲ့ သဘောပဲ။ နိုင်ငံခြားထွက်မယ်ဆိုရင် စစ်မှုထမ်းပြီးကြောင်း လက်မှတ်၊ သူတို့ ထုတ်ပေးတဲ့ စစ်မှု ထမ်းရန် ရွှေ့ဆိုင်းခွင့်၊ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့် လက်မှတ် တွေ တင် ပြမှ ပြည်ပထွက်ခွင့် ပြုတော့မယ့် အခြေအနေ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့မှ တရား လွှတ်တော် ရှေ့နေတစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအထိ အဆင့်ဆင့် ဖွဲ့စည်းမည်ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရမည့် လူငယ်များ စာရင်းကို ပြုစု မှတ်ပုံ တင် ပေးပို့ရမည်ဖြစ်ကြောင်း၊ ပေးပို့ထားသော စာရင်းပါ လူငယ်များ သည် စစ်မှုထမ်းရန် အဆင့်သင့်ရှိကြောင်း ကာယကံရှင် သို့မဟုတ် မိသားစုဝင်က သတင်း ပေးပို့ရမည်ဖြစ်ပြီး သတင်းပေးပို့ရန် ပျက်ကွက်ပါက ဥပဒေဖောက် ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။", "“နည်းဥပဒေက စစ်မှုထမ်းဖို့ သတင်းပို့ဖို့ ပျက်ကွက်ရင်၊ စစ်မှုထမ်းရမယ့် လူ ငယ်က ထွက်ပြေးသွားရင် မိသားစုဝင်တွေကိုပါ အရေးယူမယ့် ပြဋ္ဌာန်းချက်မျိုးလည်း မြင်တွေ့ရတယ်။ ဥပမာဆိုရင် ပြည်သူ့စစ်မှုထမ်း နည်းဥပေဒ ပုဒ်မ ၃၃ (က)နဲ့ (ခ) ဟာ အဲဒီပြဋ္ဌာန်းချက်ဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေက ဆက်လက် ပြောဆိုသည်။", "အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအနေဖြင့် စစ်မှု ထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းရန်တိမ်းရှောင်ကြံစည်လျှင် ထောင်ဒဏ် ၅ နှစ်​ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှု ထမ်းရန် ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။", "စစ်ကောင်စီက ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုး သားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်း ကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုလိုကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/202265/
စစ်မှုထမ်းရမည့်သူ ထွက်ပြေးတိမ်းရှောင်သွား၍ အစားထိုးဖမ်းဆီးမှုများ စစ် တပ်က စတင်လုပ်ဆောင်၊ စစ်တပ်ထဲတွင် လူပျောက် စုံစမ်းမှုများ လက်မခံ
["စစ်မှုထမ်းရမည့်သူ ထွက်ပြေးတိမ်းရှောင်သွား၍ အစားထိုးဖမ်းဆီးမှုများ စစ် တပ်က စတင်လုပ်ဆောင်၊ စစ်တပ်ထဲတွင် လူပျောက် စုံစမ်းမှုများ လက်မခံ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို နေအိမ်အထိ စစ်မှု ထမ်းရန် လိုက်လံ ခေါ်ဆောင် ဖမ်းဆီးနေပြီး စစ်မှုထမ်း စာရင်းတွင် ပါဝင်နေသော လူငယ်များ မရှိလျှင် အိမ်တွင် ရှိသူများကို အစားထိုး ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရှမ်းစုကျေးရွာမှ လူငယ်တချို့ကို စစ်တပ်က စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် လာရောက် ခေါ်ဆောင် ဖမ်းဆီးရာတွင် စစ်မှုထမ်းရမည့်လူငယ် တိမ်းရှောင်သွား၍ နေအိမ်တွင် ရှိနေသူကို အစားထိုး ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီခန့်အချိန် ရှမ်းစုရွာမှ ကိုဇေ ဆိုသူကို စစ်မှုထမ်းအစားထိုးတပ်သားသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း၊ ကိုဇေ၏ အကိုဖြစ်သူမှာ စစ်မှုထမ်းရန် အလှည့်ကျသော်လည်း တိမ်းရှောင်သွားသဖြင့် ညီဖြစ်သူ ကိုဇေကို စစ်တပ်က နေအိမ်အထိ လာရောက် အစားထိုး ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့ပြင် အဆိုပါကျေးရွာမှ အခြားလူငယ်တစ်ဦးလည်း စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။", "“ည ၈ နာရီလောက်မှာ စစ်တပ်က မု့န်ပို့တဲ့ ဘောက်ကားအလုံ ပိတ်တွေနဲ့ ရွာထဲကို အရပ်ဝတ်နဲ့ ဝင်လာပြီး ရွာသား ၂ ဦးလုံးကို ဖမ်းဆီးသွားတာ။ ကိုဖိုးရှမ်းနဲ့ ကိုဇေ ၂ ဦး ပါသွားတာ။ ကိုဇေကတော့ အစားထိုး အဖမ်းခံရတာပါ။ သူ့အကို မရှိတော့လို့ သူ့ညီကို ခေါ်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်က ကိုဖိုးရှမ်းနှင့် ကိုဇေ လူငယ် ၂ ဦးကို လာရောက် ခေါ်ဆောင် ဖမ်းဆီးခဲ့ရာတွင် နေရပ်လိပ်စာ အတိ အကျဖြင့် လာရောက် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ရှမ်းစုကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကိုဟိန်းက စစ်တပ်နှင့်အတူ ဖမ်းဆီးရာတွင်ပါဝင်ခဲ့ကြောင်း၊ လတ်တလော ဖမ်းဆီးခံရသော လူငယ် ၂ ဦး၏ မိသားစုဝင်များက အုတ်တွင်း စခန်းနှင့် ကျွဲပွဲ စခန်းများကို လိုက်စုံစမ်းနေခဲ့သော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးခံရသော လူငယ် ၂ ဦး၏ သတင်း ပျောက်ဆုံးနေကြောင်း သိရှိရသည်။", "ထို့အတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညပိုင်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၉ ရပ်ကွက် မင်းလှလမ်းရှိ အဆောင်တွင် နေထိုင်သော အသက် ၂၈ နှစ်အရွယ် ဆံပင်ညှပ်ဆရာ ကိုကျော်ကျော်မှာ အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးမှု ခံလိုက်ရပြီး စစ်မှုထမ်း တပ်သားအဖြစ် ခေါ်ဆောင်ရန် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။", "ကိုကျော်ကျော်သည် သူငယ်ချင်း ဖြစ်သူများနှင့် ဆံပင်ညှပ်ဆိုင် ဖွင့်လှစ်ထားသူများဖြစ်ပြီး လက်ရှိချိန်တွင် ၎င်းသူငယ်ချာင်း ဖြစ်သူများလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။။", "“လှိုင်သာယာ ၉ ရပ်ကွက် မင်းလှလမ်း အဆောင်မှာ နေထိုင်တဲ့ ကိုကျော်ကျော်ကို စစ်ခွေးတွေက နေအိမ်အထိ လာရောက် ဖမ်းဆီးသွားတယ်။ ကိုကျော်ကျော်က အသက် ၂၈ နှစ်ပဲရှိသေးတယ်။ သူက ၉ ရပ်ကွက် ဘားအံလမ်းက ချောင်းသာ လက် ဖက်ရည်ဆိုင်ဘေးမှာ ဆံပင်ညှပ်ဆိုင် ဖွင့်ပြီး အလုပ်လုပ်တာ အခု သူ့သူငယ်ချင်းတွေလည်း ရှောင်နေရတယ်။ အဲဆိုင်က သူတို့ သူငယ်ချင်းတွေ အတူတူ ဖွင့်ထားတာ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ တလုပ်ထော်မြို့ပေါ် ရပ်ကွက်များတွင် အကြမ်းဖက် စစ်တပ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က လူငယ် ၃ ဦးကို နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တလုပ်ထော်မြို့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်မြင့်ခိုင်နှင့် နယ်မြေရဲများက သမိုင်းကျေးရွာတွင် နေထိုင်သော မောင်ထက်ပိုင်ကို နေအိမ်ထိ ဝင်ရောက် ဖမ်းဆီးကာ လက်ထိပ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။", "အလားတူ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း တလုပ်ထော်မြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေး မောင်စိုးနှင့် ရဲများက မြစ်ကိုင်းကျေးရွာတွင် နေထိုင်သော ကိုမင်းလွင်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊၊ ထို့ပြင် ယင်းနေ့ ညနေပိုင်းတွင် တလုပ်ထော်မြို့ ဥယာဥ်ကျေးရွာမှ မောင်ငပြဲ ကိုလည်း အုပ်ချုပ်ရေးမူး သောင်စိုးနှင့် ရဲများက ဖမ်းဆီးသွားခဲ့ကြောင်းသိရှိရသည်။", "ထို့အတူ တလုပ်ထော်မြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမူး မျိုးအောင်နှင့် ရဲများ ကလည်း ကျွန်းတော့ကုန်းကျေးရွားမှ လူငယ်များကိုလည်း လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေ၍ လူငယ်များ ထွက်ပြေးနေကြောင်း၊ အမှတ် ၅ ရပ်ကွက်အပိုင်နယ်မြေများတွင်လည်း အုပ်ချုပ်ရေးမှူးများ နှင့် ရဲများ လူငယ်များကို လိုက်လံ ဖမ်းဆီးနေ၍ ထွက်ပြေးနေသူများ လည်းရှိကြောင်း သိရသည်။", "ထို့ပြင် ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးနေသဖြင့် စစ်မှုထမ်းတပ်သားများ စုဆောင်းရာ စစ်တပ်များတွင် သွားရောက်စုံစမ်းရာတွင် စစ်တပ်က ယင်းကဲ့သို့ လူပျောက်စုံစမ်းမှုများကို လက်ခံမည်မဟုတ်ဟု လာရောက်စုံစမ်းသူများကို ပြောဆိုခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရန်ကန်မြို့၊ သန်လျင်မြို့နယ်တွင် နေထိုင်သော လူငယ် ၂ ဦးသည် နေအိမ်မှ ကျောင်းသို့ သွား ရောက် စဉ် ပျောက်ဆုံးသွားကြောင်း၊ မိသားစုဝင်များက ကျောင်းနှင့် ကျူရှင်များတွင် လိုက်လံ စုံစမ်းနေသော်လည်း လက်ရှိချိန်ထိ ပြန်လည်တွေ့ခြင်းမရှိသေးကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းရွာတွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ဦးသည် နေအိမ်ထွက်သွားစဉ် ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။", "ထို့အတူ ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် လှိုင်သာယာမြို့နယ် အောက်ထိပ်၌ နေထိုင်သော ကိုအေးနိုင်ဝင်းသည် သူငယ် ချင်းဖြစ်သူနှင့် နေအိမ်မှ သွားပြီးနောက် ဖုန်းအဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ဧည့်စာရင်းစစ်ဆေးမှုများ လုပ်ဆောင်နေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင်များ။"]
https://yktnews.com/2024/08/180511/
စစ်မှုထမ်းသင်တန်းဆင်း စစ်သားများကို ၁ ဦးလျှင်လစာ ငွေကျပ် ၅ သိန်း ၁ သောင်းပေးမည်ဟုဆိုခဲ့သော်လည်း လက်တွေ့တွင် ၁ သိန်း ၇ သောင်းသာ ပေးပြီး လစာ အပြည့်အ၀ မပေး
["စစ်မှုထမ်းသင်တန်းဆင်း စစ်သားများကို ၁ ဦးလျှင်လစာ ငွေကျပ် ၅ သိန်း ၁ သောင်းပေးမည်ဟုဆိုခဲ့သော်လည်း လက်တွေ့တွင် ၁ သိန်း ၇ သောင်းသာ ပေးပြီး လစာ အပြည့်အ၀ မပေး", "ရန်ကုန်၊ ဩဂုတ် ၂၆", "အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း စစ်သားများကို ၁ ဦးလျှင်လစာ ငွေကျပ် ၅ သိန်း ၁ သောင်းပေးမည်ဟုဆိုခဲ့သော်လည်း လက်တွေ့တွင် ၁ သိန်း ၇ သောင်းသာ ပေးပြီး လစာ အပြည့်အ၀ မပေးကြောင်း လစာအပြည့်အ၀ မရရှိသည့် တပ်သားသစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို လစာနှင့်စားရိတ် လစဉ် စုစုပေါင်း ၅ သိန်း ၁ သောင်းကျော်ခံစားခွင့်ပေးမည်ဟု စစ်တပ်ထဲ မဝင်ခင်က စစ်ကောင်စီက ရှင်းပြခဲ့ကြောင်း၊ ထို့ကြောင့် စားပြီးသောက်ပြီး စရိတ်ငြိမ်း တစ်လလျှင် ငွေကျပ် ၃ သိန်း ၆ သောင်း ကျော် စုဆောင်းရရှိလိမ့်မည်ဟု ပြောဆိုခဲ့ကြောင်း၊ သို့ရာတွင် လက်တွေ့တွင်မူ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် တစ်ဦးလျှင် ငွေကျပ် ၁၇၄၀၀၀ ကျပ်သာ ပေးကြောင်း သိရှိရသည်။", "“လစာတွေက သူတို့ ပြောသလို အပြည့်မပေးဘူး။ လစာကိုတောင် လကုန်ပြီး ၁၀ ရက်ကျော်၊ ၁၅ ရက်လောက်မှ ပေးတယ်။ သင်တန်းတက်တုန်းက တစ်လကို ၅ သိန်း ၁ သောင်းကျော် စုစုပေါင်း ရမယ်ပြောတယ်။ တကယ် သင်တန်းဆင်းပြီးတော့ ၂၈၀၀၀၀ ပဲရမယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့ကို ရှေ့တန်းပို့တယ်။ အဲဒါ အခု လစာက ၂၈၀၀၀၀ လည်းမရဘူး။ ၁ လကို ၁၇၄၀၀၀ ကျပ်ပဲ ပေးပါတယ်” ဟု ရှမ်းပြည်နယ်တောပိုင်း၊ ပင်လောင်းဘက်သို့ အပို့ခံရသည့် စစ်ကောင်စီတပ်သားသစ်တစ်ဦးက ရှင်းပြသည်။", "ထို့ပြင်စစ်သားတစ်ဦးလျှင် သက်စွန့်စရိတ်အဖြစ် တစ်လလျှင် ငွေကျပ် ၁ သိန်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ယင်းသက်စွန့် စရိတ်ကိုလည်း ပေးခြင်းမရှိကြောင်း၊ လူပျိုများအတွက်ရိပ်သာ၊ အိမ်ထောင်သည်များအတွက် တိုက်ခန်းများနေအိမ်လိုင်းခန်းများတွင် ရေ၊မီး၊အိမ်လခ အခမဲ့နေထိုင်ခွင့်ပေးမည်ဟု ပြောဆိုမှုများမှာလည်း လက်တွေ့တွင် လုံး၀ မဟုတ်မှန်ကြောင်း၊ တပ်ထဲလိုင်းခန်းများတွင် နေရာချထားပေးခြင်းမရှိသည့်အပြင် မိသားစုကိုပါ တာဝန်ကျရာ နေရာသို့ လုံး၀ ခေါ်ယူခွင့်မပေးကြောင်း၊ ရှေ့တန်းရောက်ချိန်များတွင် မိသားစုကို လုံး၀ ဆက်သွယ်ခွင့်မပြုကြောင်း သိရှိရသည်။", "“သင်တန်းတက်တုန်းကတော့ ရွှန်းရွှန်းဝေနေတာပဲ ပြောတာ။ သင်တန်းလည်းဆင်းရော လုပ်ချင်ရာလုပ်တော့တာပဲ။ ကျနော်တို့ကိုလည်း ၂ နှစ်လို့သာ ပြောတာ။ အခုက အိမ်ကိုလည်း ဆက်သွယ်ခွင့်မပေးဘူး။ ဖုန်းတွေလည်း သိမ်းထားတယ်။ တစ်ခုခု အိမ်ကိုပြောချင်ရင် အခြားသူတွေဆီက ဖုန်းငှား၊ အခုသတင်းဌာနကိုတောင် ယုံကြည်စိတ်ချရသူတွေဆီကနေ ဆက်သွယ်တာပါ။ ပြောချင်တာကတော့ အဲဒါ ကျနော်တစ်ဦးတည်း ဖြစ်နေတာမဟုတ်ဘူး။ စစ်မှုထမ်းသင်တန်းဆင်းအားလုံးကြုံနေရတာ” ဟု စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်း စစ်သည်တစ်ဦးက ဆိုသည်။", "စစ်ကောင်စီက လက်ရှိတွင် လစဉ် ခေါ်ယူနေသော စစ်မှုထမ်းသင်တန်းများအတွက် လူပြည့်မီခြင်းမရှိသဖြင့် အသက်အကန့်အသတ်ကို ဖြေလျှော့ပြီး အသက် ၃၅ နှစ်ကျော်သူများကိုလည်း စစ်ထဲသို့ ခေါ်သွင်း​ပြီး စစ်မှုထမ်းသင် တန်းများ တက်ရောက်ခိုင်းနေကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2025/01/199586/
စစ်မှုထမ်းဟောင်းများ ခရီးသွားလျှင် ဖုန်းထဲရှိ စစ်တပ်နှင့် ဆိုင်သော အချက်အလက်များ ဖျက်ထားပြီး ကိုယ့်လုံခြုံရေး ကိုယ်ဂရုစိုက် သွားလာကြရန် စစ်ကောင်စီက လျှို့ဝှက် စာထုတ်ထား
["စစ်မှုထမ်းဟောင်းများ ခရီးသွားလျှင် ဖုန်းထဲရှိ စစ်တပ်နှင့် ဆိုင်သော အချက်အလက်များ ဖျက်ထားပြီး ကိုယ့်လုံခြုံရေး ကိုယ်ဂရုစိုက် သွားလာကြရန် စစ်ကောင်စီက လျှို့ဝှက် စာထုတ်ထား", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "စစ်မှုထမ်းဟောင်းများ ခရီးသွားလျှင် ဖုန်းထဲရှိ ဒေတာများကို ဖျက်ထားရန်နှင့် တတ်နိုင်လျှင် ဖုန်း ၂ လုံးကိုင်ဆောင်ရန် စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုက လျှို့ဝှက် စာတစ်စောင်ကို ဌာနချုပ်မှူး ‌ကျော်မျိုးမင်း ဆိုသူက ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲနှင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ကချင်ပြည်နယ် ဗန်းမော်တွင် တိုက်ပွဲများ ပြင်းထန်နေ၍ ကချင်ပြည်နယ် စစ်ပြန် ဥက္ကဋ္ဌ ကာနယ် သိန်းဇော် (ငြိမ်း) နှင့် မိသားစု၀င် ၄ ဦး မန္တလေးဘက် ထွက်ပြေးစဉ် ဒီဇင်ဘာလ ၉ ရက်နေ့၌ ထီးချိုင့် ၊ မောင်းကုန်း ပူးပေါင်း ဂိတ်တွင် ခရီးသည်များ၏ ဖုန်းနှင့် ကွန်ပျူတာကို KIA နှင့် ပူးပေါင်း PDF တပ်ဖွဲ့များက စစ်ဆေးရာ စစ်ပြန်ဒေတာများကို တွေ့၍ ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်အပြီးတွင် ထိုသို့ စာထုတ်လာခြင်း ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရှိရသည်။", "“ဖုန်းထဲမှာ စစ်တပ်နဲ့ ဆိုင်တဲ့ အချက်အလက်တွေ စစ်မှုထမ်းနဲ့ ဆိုင်တဲ့ အချက်တွေ ဖျက်ဖို့ ညွှန်ကြားတာ။ တကယ်တန်းဆိုရင် စစ်မှုထမ်းဟောင်းဆိုတာ စစ်တပ်ရဲ့ အဓိက အရန်အင်အားလို့ သူတို့ သတ်မှတ်ထားတာပေါ့။ ဒီအရန်အင်အားတောင် သူတို့ လုံခြုံအောင် မကာကွယ်နိုင်ဘူး ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဂရုစိုက်ကြဖို့ သူတို့ လုံခြုံရေး ယူမပေးနိုင်တော့ဘူးဆိုတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကချင်ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ကာနယ် သိန်းဇော် (ငြိမ်း) နှင့် မိသားစု၀င် ၄ ဦးကို တော်လှန်ရေးအဖွဲ့များက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/146302/
စစ်မှုထမ်းဟောင်းများနှင့် Non-CDM ဝန်ထမ်းများ စစ်မှု မထမ်းလိုကြဘဲ ဆယ်ကျော်သက်အရွယ် သားသမီးများကို ပြည်ပသို့ ပို့ဆောင်နေ၊ အရေးပေါ်ကာလဖြစ်၍ ဝန်ထမ်းများ သက်တမ်း ၅ နှစ် စစ်မှုထမ်းရမည်
["စစ်မှုထမ်းဟောင်းများနှင့် Non-CDM ဝန်ထမ်းများ စစ်မှု မထမ်းလိုကြဘဲ ဆယ်ကျော်သက်အရွယ် သားသမီးများကို ပြည်ပသို့ ပို့ဆောင်နေ၊ အရေးပေါ်ကာလဖြစ်၍ ဝန်ထမ်းများ သက်တမ်း ၅ နှစ် စစ်မှုထမ်းရမည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "အကြမ်းဖက်စစ်ကောင်စီက လာမည့်ဧပြီလကုန် သင်္ကြန်ပိတ်ရက်များအပြီး စစ်မှုထမ်းဟောင်းများနှင့် Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းရန်အတွက် ခေါ်ယူရန်ရှိနေရာ ဝန်ထမ်းများနှင့် စစ်မှု ထမ်းဟောင်းများက စစ်တပ်ထဲ ဝင်ရန် ဆန္ဒမရှိကြကြောင်း နေပြည်တော်ဝန်အသိုင်းအဝိုင်းနှင့် ရန်ကုန်ရှိ စစ်မှုထမ်းဟောင်းတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ Non-CDM ဝန်ထမ်းများအနက်မှ စစ်မှုထမ်းရန် အကျုံးဝင်သည့် စာရင်းကို ရက်ပိုင်းအတွင်း အပြီး ကောက်ခံခိုင်းထားရာ ဝန်ထမ်းများအားလုံး စစ်မှုထမ်းရမည်ကို စိုးရိမ်နေကြကြောင်း နေပြည်တော်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“တကယ်တော့ ဝန်ထမ်းတွေဆိုတာက ဗဟိုဝန်ထမ်းတက္ကသိုလ်တက်ထားပြီးသား။ အဲဒီမှာလည်း စစ်သင်တန်းတက်ထားပြီးသားပါ။ အခု စစ်မှု ထပ်ထမ်းခိုင်းတာက ဒါကြီး လက်ခံနိုင်စရာမရှိဘူး။ စစ်မှုထမ်းရမှာက အရေးပေါ်ကာလ ၅ နှစ် ထမ်းရမယ်လို့ DG (ညွှန်ကြားရေးမှူးချုပ်) က ပြောတယ်။ ဝန်ထမ်းတွေ အကုန်လုံး စာရင်းကောက်တော့ ပွတ်လော ရိုက်ကုန်တယ်” ဟု အဆိုပါ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။", "လာမည့် ဧပြီလ သင်္ကြန်ပိတ်ရက်များအပြီး စစ်မှုထမ်း ဆင့်ခေါ်မှုများရှိလာချိန်တွင် ဝန်ထမ်းများ မပျက်မကွက်သွားရောက်ရန်နှင့် ခွင့်ယူ၍ ထွက်ပြေးမှုများ မရှိစေရန်လည်း စစ်ကောင်စီက ဌာနဆိုင်ရာများကို စည်းကမ်းတင်းကျပ်မှုများ လုပ်ဆောင်လာရန် ရှိနေကြောင်း သိရှိရသည်။", "အလားတူ စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို သက်တမ်း ၅ နှစ် ထပ်မံ စစ်မှုထမ်းရမည့် ဥပဒေကို ပြဋ္ဌာန်းလိုက်ရာ စစ်မှုထမ်းဟောင်းအများစုမှာလည်း စစ်တပ်ထဲသို့ ပြန်လည် မဝင်လိုကြဟု သိရှိရသည်။", "“စစ်တပ်မှာ ၁၀ နှစ် တာဝန်ထမ်းဆောင်ပြီးရင် ထွက်ခွင့်ရှိသလိုလို လက်မှတ်ထိုးခဲ့ပြီး ဝင်ခဲ့ရတာ နှစ်ပေါင်း ၂၅ နှစ်ကြာသွားတယ်။ အငြိမ်းစားယူတာ သိမ်ကြာသေးတော့ ထပ်ပြီးတော့ စစ်ထဲ ပြန်မဝင်ချင်တော့ဘူး။ နိုင်ငံရေးတွေ ဘာတွေကြောင့် မဟုတ်ဘူး။ ဘ၀တစ်လျှောက်လုံး ပင်ပန်းခဲ့တာ။ တပ်ကြပ်ကြီးဘ၀နဲ့ ထွက်ခဲ့တာပါ။ စစ်ထဲ ပြန်မဝင်ချင်တော့ဘူး” ဟု အငြိမ်းစား တပ်ကြပ်ကြီးတစ်ဦးက ရှင်းပြသည်။", "စစ်မှုထမ်းဟောင်းများ၊ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ စစ်မှုထမ်းများနှင့် Non-CDM ဝန်ထမ်းများအနက်မှ ဆယ်ကျော်သက်အရွယ် သားသမီးရှိသော မိဘများက ၎င်းတို့၏ သားသမီးများကို စစ်မှုထမ်းခိုင်းမည်ကို စိုးရိမ်၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ စေလွှတ်နေကြကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံသို့ စေလွှတ်မှုများပြား နေကြောင်း သိရှိရသည်။", "“GE တပ်ရဲ့ အင်ဂျင်နီယာ တပ်ကြပ်ကြီးက သမီးနဲ့သား ၂ ဦး ထိုင်းဘက်ကို Private University တက်ဖို့ဆိုပြီး လွှတ်တယ်။ နှစ်ဦးစလုံးက ဒီမှာ တက္ကသိုလ်တက်နေတာ။ စစ်မှုထမ်းထဲပါမှာစိုးလို့ အဖေဖြစ်သူကနေ ထိုင်းဘက်ကို ချက်ချင်းလွှတ်တာ။ နိုင်ငံကူးလက်မှတ်ရဖို့လည်း ငွေပေးပြီး ချက်ချင်း ရိုက်ထုတ်တယ်။ Tourist Visa နဲ့သွားပြီး ထိုင်းဘက်မှာ ကျောင်းပြန်လျှောက်ဖို့ လုပ်မယ်လို့ သိရတယ်။ GE တပ်က တပ်ကြပ်ကြီးတွေက ငွေပေါတယ်။ ငွေတတ်နိုင်တော့ သားသမီးကို စစ်ထဲ မပါအောင် အတင်းလွှတ်တာ” ဟု ရန်ကုန်အခြေစိုက် စစ်အင်ဂျင်နီယာတပ်ရင်းတစ်ခုမှ သတင်းရင်းမြစ်က ပြောဆိုသည်။", "နေပြည်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်​မြောင်းဝန်ကြီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူးတစ်ဦးကလည်း အသက် ၁၉ နှစ်အရွယ် သားဖြစ်သူကို ဒူဘိုင်းရှိ ဟိုတယ်လုပ်ငန်းတွင် အလုပ်ရသည် ဟုဆိုကာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြည်ပသို့ အမြန်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။", "“နိုင်ငံကူးလက်မှတ် In Hand ရှိထားပြီးသားမို့ထင်တယ်။ စစ်မှုထမ်း ဥပဒေထွက်တော့ ချက်ချင်း သူ့ သားကို ဟိုတယ်မှာ အလုပ်ရတယ်ဆိုပြီး လွှတ်တာ။ တစ်ဦးတည်းသော သားမို့ စစ်တပ်ထဲ မထည့်ချင်လို့ ပို့တယ်ပြောရမှာပဲ” ဟု နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက ဆိုသည်။", "စစ်ကောင်စီက မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းရန် အကျုံးဝင်သော အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းရှိကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။", "ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၇၅ နှစ်မြောက် ပြည်ထောင် စုနေ့ တွင် မင်းအောင်လှိုင်ကို ချီတက်အလေးပြုနေကြသည့် နေပြည်တော်ဝန်ထမ်းများ။"]
https://yktnews.com/2024/04/159709/
စစ်မှုထမ်းဟောင်းများအားလုံး အသက် ၆၇ နှစ်မကျော်လျှင် စစ်မှုပြန်ထမ်းရမည်ဖြစ်ပြီး အသက် ၅၅ နှစ်အောက်ဆိုလျှင် စစ်ဆင်ရေးတာဝန်၊ အသက် ၅၅ နှင့် ၆၇ နှစ်အကြားဆိုလျှင် လုံခြုံရေးတာဝန်ထမ်းဆောင်ရမည်ဟု စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား
["စစ်မှုထမ်းဟောင်းများအားလုံး အသက် ၆၇ နှစ်မကျော်လျှင် စစ်မှုပြန်ထမ်းရမည်ဖြစ်ပြီး အသက် ၅၅ နှစ်အောက်ဆိုလျှင် စစ်ဆင်ရေးတာဝန်၊ အသက် ၅၅ နှင့် ၆၇ နှစ်အကြားဆိုလျှင် လုံခြုံရေးတာဝန်ထမ်းဆောင်ရမည်ဟု စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား", "ရန်ကုန်၊ ဧပြီ ၂၈", "အကြမ်းဖက်စစ်ကောင်စီက အသက် ၆၇ နှစ်မကျော်သေးသော စစ်မှုထမ်းအားလုံး စစ်မှုပြန်ထမ်းရမည်ဟု အမိန့်ညွှန် ကြားချက်ကို လျှို့ဝှက်ထုတ်ပြန်ထားကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်တပ်တွင် မိမိဆန္ဒအလျောက်သော်လည်းကောင်း၊ အငြိမ်းစား ပင်စင်ရ၍ သော်လည်းကောင်း နုတ်ထွက်ထားသူများသည် အသက် ၆၇ နှစ်အထိ မကျော်လွန်လျှင် စစ်မှုပြန်ထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများအားလုံး အသက် ၆၇ နှစ် မကျော်လွန်လျှင် စစ်မှုထမ်းရမည့် အမိန့်စာကို စစ်ကောင်စီက ဧပြီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။", "“မနေချင်လို့ ထွက်လာရသူတွေကို အတင်း ဥပဒေထုတ်ပြီး ဆင့်ခေါ်ခြင်းဖြစ်ပါတယ်။အရင် က လူသစ်စု ဥပဒေ အရ လူ ငယ် တွေသာ ထွက်ပြေးကြရတာ။ အခုတော့ သူတို့အလှည့်ပေါ့။ လက်ရှိခံစားခွင့် ကို အရှုံးခံပြီး ပြေးလိမ့်မယ်ဗျ”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "စစ်မှုထမ်းဟောင်းများအနေဖြင့် စစ်တပ်တွင် အနည်းဆုံး အချိန်ပြည့် ၃ နှစ်မှ ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ၅ နှစ်အထက် ပို၍ တာဝန်ပေးအပ်ရန် လိုအပ်ပါက စစ်တပ် ဦးစီးချုပ်၏ ခွင့်ပြုချက်ဖြင့် အမိန့်ထုတ်ပြန် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။", "စစ်မှုထမ်းဆောင်ရမည့် စစ်မှုထမ်းဟောင်းများအနေဖြင့် အသက် ၅၅ နှစ်အောက်ဆိုလျှင် လှုပ်ရှားစစ်ဆင်ရေးတာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး အသက် ၅၅ နှစ်မှ အသက် ၆၇ နှစ်အကြား ဆိုလျှင် တပ်မတော်ဌာနချုပ်များ၊ စစ်ဆင်ရေးခြေကုပ်စခန်းများနှင့် နေရာလုံခြုံရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။", "“တစ်ခု ထူးဆန်းတာက အာဏာမသိမ်းခင်ထိ အသက် ၅၀ ဆို စစ်ဆင်ရေး တာ၀န် မလိုက်ခိုင်းပါဘူး။ အသက် ၅၅ ဆို အခြေချမယ့်မြို့ရှိတဲ့ တပ်မှာ ပြောင်းခိုင်းတာဗျ။ အခုက အသက် ၆၇ နှစ်အထိ စစ်မှုထမ်းရမယ်ဆိုတော့ စစ်တပ်ထဲ ၀င်မိသူမှန်သမျှ အရှင်ထွက်ထွက်ခွင့်မပေးလိုတဲ့ သဘောဗျ”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ထို့ပြင် စစ်မှုထမ်းရန် ဆင့်ခေါ်သည့် အကြောင်းကြားစာရပြီး သတင်းမပို့သော စစ်မှုထမ်းဟောင်းများ၏ အငြိမ်းစား အကျိုးခံစားခွင့်များကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ဥပေဒသည် ၎င်းတို့၏ ပါးစပ်မှ လာသည်ဖြစ်၍ ယခု ဥပဒေသည် ပြည်သူ့စစ်ဥပဒေ အရ စစ်မှုထမ်းနေရသည့် လူငယ်များအတွက် အကျုံးဝင်လာနိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုသည်။"]
https://yktnews.com/2024/08/180251/
စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူမပြည့်သဖြင့် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာမှ လူငယ်တိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ် ၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင်လည်း လူငယ် ၂၀ ကျော်ကို ဖမ်းဆီးပြီး စစ်မှုထမ်းရန် ပို့ဆောင်
["စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူမပြည့်သဖြင့် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာမှ လူငယ်တိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ် ၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင်လည်း လူငယ် ၂၀ ကျော်ကို ဖမ်းဆီးပြီး စစ်မှုထမ်းရန် ပို့ဆောင်", "ရန်ကုန်၊ ဩဂုတ် ၂၄", "အကြမ်းဖက်စစ်ကောင်စီက လစဉ် ခေါ်ယူလျက်ရှိသည့် စစ်မှုထမ်းအပတ်စဉ် သင်တန်းများအတွက် လူမပြည့်သဖြင့် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကျေးရွာတွင် လူငယ်တိုင်း စစ်မှုထမ်းရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ဆင့်ခေါ်နေကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်ကောင်စီက လာမည့် စက်တင်ဘာလတွင် စစ်မှုထမ်း အပတ်စဉ် ၅ ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းသင်တန်းအတွက် ရန်ကုန်တိုင်းတွင် လူမပြည့်သဖြင့် ရပ်ကွက်၊ ကျေးရွာများမှ လူငယ်များကို စစ်မှုထမ်းရန် အတွက် မဖြစ်မနေ ဆင့်ခေါ်မှုများကို လုပ်ဆောင်နေကြောင်း၊ ယခင် စစ်မှုထမ်း အပတ်စဉ် သင်တန်းများတွင် ရပ်ကွက်တစ်ခုလျှင် လူငယ် ၂ ဦးမှ ၃ ဦးအထိသာ ခေါ်ယူခဲ့သော်လည်း ယခုအခါ တပ်သားသစ်အရေအတွက် ပြည့်မီခြင်းမရှိသဖြင့် လူငယ်တိုင်းကို မဖြစ်မနေ စစ်မှုထမ်းရန် ခေါ်ယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဒီတစ်ခေါက်တော့ ရခိုင်ရိုးလေးကျေးရွာမှာ လူငယ် ၂၀ စစ်မှုထမ်းဖို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကိုခေါ်တယ်။ စစ်မှုထမ်းဖို့ ရုံးကနေ အိမ်ကို စာပို့ပြီးခေါ်နေတယ်။ လူငယ် ၂၀ လုံးကို ခေါ်မှာလို့ ပြောတယ်” ဟု ရခိုင်ရိုးလေးကျေးရွာမှ ပြည်သူတစ်ဦးက ဆိုသည်။", "အလားတူ ဩဂုတ်လ ၂၀ ရက်နေ့ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်တွင်လည်း စစ်မှုထမ်းရန် လူလိုသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်နှင့်အဖွဲ့က ဘုရင့်နောင်ပွဲရုံအတွင်းရှိ ဂိမ်းဆိုင်များနှင့် အနှိပ်ခန်းများကို စီမံချက်ဖြင့် ဝင်ရောက်ဖမ်းဆီးကာ အမျိုးသား ၂၀ ဦးထက်မနည်းကို စစ်တပ်ထဲသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။", "“မရမ်းကုန်း ၁ ရပ်ကွက် အုပ်ကြီးစိန်ဝင်းမြင့်နဲ့အဖွဲ့က ဘုရင့်နောင် ပွဲရုံအတွင်း ဂိမ်းဆိုင်၊ မာစွပ်တွေမှာ ဝင်ဖမ်းတယ်။ လမ်းပေါ်က လူငယ်တွေနဲ့ ဘုရားစေတီမှာ နေ့ခင်းအိပ်သူတွေကိုပါ ဖမ်းဆီးပြီး လူ အယောက် ၂၀ စစ်တပ်ဆီကို စစ်မှုထမ်းဖို့ ပို့ဆောင်ပါတယ်။ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်တာမှာ သူ့တပည့် ဇေယျာထွန်းနဲ့ နန္ဒအောင် ဆိုတဲ့ ပျူစောထီး နှစ်ဦးကလည်း လူငယ်တွေကို ရိုက်နှက်ပြီး စစ်တပ်ထဲပို့တာပါ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။", "လက်ရှိ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စစ်ကောင်စီ၏ ဆင့်ခေါ်မှုကို စစ်မှုထမ်းရန် လူငယ်များ လာရောက်ခြင်းမရှိပါက မိဘဆွေမျိုးများက တာဝန်ယူရမည်ဖြစ်ပြီး လူစားထိုးလိုပါကလည်း ငွေကြေးထည့်ဝင်၍ မိမိတို့ကိုယ်တိုင် ရှာဖွေရမည်ဖြစ်ကြောင်း၊ စစ်မှု ထမ်းရန် အလှည့်မကျသေးသော လူငယ်များနှင့် မိသားစုများအနေဖြင့် စစ်မှုထမ်းရန် စစ်ထဲ ရောက်ရှိနေပြီဖြစ်သော တပ်သားသစ်များနှင့် မိသားစုများကို ထောက်ပံ့ရမည်ဟုဆိုကာ အလှူငွေများလည်း ကောက်ခံနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/185753/
စစ်မှုထမ်းအပတ်စဉ် ၆ အတွက် ဒဂုံမြို့သစ်တောင်ပိုင်း၊ ကျောက်ဆည်၊တံတားဦးနှင့် ရွှေဘိုတို့တွင် စစ်တပ်က လူငယ်အများအပြားကို ဖမ်းဆီး
["စစ်မှုထမ်းအပတ်စဉ် ၆ အတွက် ဒဂုံမြို့သစ်တောင်ပိုင်း၊ ကျောက်ဆည်၊တံတားဦးနှင့် ရွှေဘိုတို့တွင် စစ်တပ်က လူငယ်အများအပြားကို ဖမ်းဆီး", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နှင့် တံတားဦးမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းတို့တွင် စစ်မှုထမ်းရန် အတွက် လူငယ်အများအပြား ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၅၃ ရပ်ကွက်၊ ပိတောက်မြိုင်လမ်းတွင် စစ်တပ်၊ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "“မနေ့ မနက် ၅ နာရီမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၅၃ ရပ်ကွက်၊ ပိတောက်မြိုင်လမ်းမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ ဆိုပြီး လာရောက်ခေါ်ဆောင်သွားပါတယ်။ ခေါ်တယ်ဆိုတာက စစ်မှုထမ်းဖို့ ရှောင်နေတဲ့ လူငယ်တွေကို ဝင်ဖမ်းပြီး ခေါ်သွားတာ” ဟု​ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အလားတူ စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်း မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်၊ သစ်ကြီးတန်းရပ်ကွက်တွင် စစ်တပ်နှင့်ရဲများက လူငယ် ၁၅ ဦးကိုလည်းကောင်း၊ အခြားရပ်ကွက် (မြင့်ဆိုင်း အပုံ၀ိုင်း) များမှလည်း လူငယ် ၂၀ ဦးကိုလည်းကောင်း ဖမ်းဆီးသွားကြောင်း၊ လူငယ် ၁ ဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့် ပြန်လည်ရွေးခိုင်းပြီး မရွေးနိုင်သူများကို တပ်သားသစ် အဖြစ် စုဆောင်းသွားကြောင်း သိရှိရသည်။", "ထို့အတူ စက်တင်ဘာလ ၂၉ ရက်နေ့ မန္တလေးတိုင်း တံတားဦးမြို့နယ်အတွင်းရှိ အရက်ဆိုင်များ၊ KTV တချို့ကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ရာတွင် လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း၊ လက်ရှိတွင် ဖမ်းဆီးခံရသော လူငယ်များကို စစ်တပ်ကနှစ်နေရာ ခွဲ၍ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိရသည်။", "“အရက်ဆိုင်ကထွက်လာတဲ့လူငယ်တွေရော၊ KTV ကထွက်လာတဲ့လူငယ်တွေရော အားလုံးပေါင်း ၅၀ကျော်လောက်ရှိမယ်။ စစ်တပ်က ဖမ်းသွားတာ။ ဖမ်းထားတဲ့လူတွေ ‌ ဘယ်လင်းသွားတဲ့လမ်းဘက်က စွန်ရဲ တောင်‌တွေ တစ်နေရာစီ ခွဲထားတယ်။ ထုတ်လို့လည်းမရ၊ တွေ့လို့လည်းမရဘူး။ စစ်မှုထမ်း စုဆောင်းရေး ပို့မှာတဲ့” ဟု ဖမ်းဆီးခံရသူ လူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ထို့ပြင် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာစျေးမှ စျေးရောင်းစျေးဝယ်လုပ်နေကြသည့် ပြည်သူများ၊ လက်ဖက်ရည်ဆိုင် ထိုင်နေကြသည့် ပြည်သူ ၃၀ ဦးဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ ငွေဖြင့်ပြန်လာရွေးရန် ပြောဆိုပြီး လာမရွေးနိုင်သူများကို စစ်တပ်အတွင်းသို့ ပို့ဆောင်မည်ဟု စစ်တပ်က ပြောဆိုကြောင်း သိရှိရသည်။", "“ရွှေဘိုမြို့အောင်ချမ်းသာစျေးက ကျေးရွာတွေကနေ အများဆုံး လာရောက်ရောင်းချဝယ်ယူနေတဲ့ မနက်ခင်းမှာ ဝင်ဖမ်းတယ်။ နောက်ပြီး မြို့ပေါ်တက်လာတဲ့ ပြည်သူတွေကို အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ မှတ်ပုံတင်၊ ယဥ်လိုင်စင်၊ လူလိုင်စဥ်တွေစစ်တယ်။ မှတ်ပုံတင်မပါရင် ဒဏ်ငွေ ၅သောင်း၊ ယဥ်လိုင်စင်မပါရင် ငွေ ၁သိန်း ချက်ချင်းတောင်းတယ်။ စစ်တပ်က။ ဒီနေ့မှာ ချီပါရွာက သားအမိ ၂ ဦး၊ ဘိုတည်ကုန်းရွာက လင်မယား၂ဦးနဲ့ အခြားအမည်မသိသူ ၂ ဦးကိုလည်း ဖမ်းဆီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၅ အတွက် စစ်တပ်က အတင်းအဓမ္မ စုဆောင်းခဲ့သော လူငယ်များ။"]
https://yktnews.com/2024/03/151210/
ရသေ့တောင်ရှိ စစ်ကောင်စီတပ်ရင်း ၃ ခုကို သိမ်းပိုက်ပြီးနောက် ရသေ့တောင်ကို AA က အပြီးသတ်ရရှိ၊ AA သိမ်းပိုက်ထားသော မြို့ ၉ မြို့ရှိလာ
["စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူ စစ်သင်တန်းပေးထားသော မွတ်စလင်များ တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး အလောင်း များရရှိထား", "ရန်ကုန်၊ မတ် ၁၈", "ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ၃ ခုကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရသေ့တောင်ကို AA က အပြီးသတ်ရရှိကာ AA သိမ်းပိုက်ထားသော မြို့ ၉ မြို့ရှိလာပြီဖြစ်သည်။", "မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန် ရသေ့တောင်မြိုအခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ ၅၃၆ ၊ ၅၃၇ နှင့် ၅၃၈ ” တပ်ရင်း ၃ ခုစလုံးကို ရက္ခိုင့်တပ်တော်AA က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စစ်ကောင်စီက ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း ၃ ခုစလုံးကို သီတင်းနှစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် ယခုကဲ့သို သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ရသေ့တောင် တပ်ရင်း ၃ ခုမှ စစစ်သား အင်အား ၂၀၀ ခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး စစ်ကောင်စီက လောလောလတ်လတ် စစ်သင်တန်းပေးထားသော မွတ်စလင်တချို့၏ အလောင်းများ၊ စစ်ကောင်စီတပ်၏ အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "လက်ရှိတွင် AA က ပလက်ဝမြို့နယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို့ နယ်၊ ရမ်းဗြဲမြို့နယ်နှင့် ယခုနောက်ဆုံး ရသေ့တောင်မြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ရာ AA က သိမ်းပိုက်ထားသော မြို့နယ် ၉ ခုရှိလာပြီဖြစ်သည်။", "ထို့ပြင် AA က ဘူးသီးတောင်မြို့အတွင်းရှိ စကခ ၁၅ လက်အောက်ခံ၊ ခမရ ၅၅၂ တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ရက္ခိုင်ဒေသတွင် စစ်ရှုံးကာ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် အကြမ်းဖက်စစ်ကောင်စီက စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စသည့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကိုသာ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှကျူးလွန်လျက်ရှိကြောင်း၊ စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု များကြောင့် အပြစ်မဲ့အရပ်သားပြည်သူတို၏ဒဏ်ရာရ သေဆုံးမှုများမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိကြောင်း AA က ထုတ်ပြန် ထောက်ပြထားသည်။", "ဓာတ်ပုံ- AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော ရသေ့တောင်မြို့နယ်ရှိ ခမရ ၅၃၆ ၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်းများ၏ တည်နေရာပြ မြေပုံ။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/05/164634/
ရန်ကုန်မြို့လယ်ခေါင်နှင့် မြို့နယ်အများအပြားတွင် စစ်မှုထမ်းဥပဒေ အ ကြောင်း ပြ၍ နယ်မြေခံစစ်အရာရှိနှင့် အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များ၏ မိဘများထံမှ ငွေညှစ်မှုများ အကြီးအကျယ်ဖြစ်နေ
["စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကျပ် ၁၀ သိန်းမှ ငွေကျပ် သိန်း ၅၀၀ အထိ တောင်းခံ ငွေညှစ်မှုများဖြစ်ပွားနေ", "ရန်ကုန်၊ မေ ၂၇", "ရန်ကုန်မြို့လယ်ခေါင်နှင့် မြို့နယ်အများအပြားတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ မြို့နယ်စစ်ကောင်စီအရာရှိနှင့် အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များ၏ မိဘများထံမှ ငွေညှစ်မှုများ အကြီးအကျယ် ဖြစ်ပွားနေကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ပြောဆိုကြသည်။", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး စောထူးပို(ခေါ်) စောဝင်းလွင်က စစ်မှုထမ်း အပတ်စဉ် ၁ ခေါ်ယူစဉ် ဧပြီလကလည်း စစ်မှုမထမ်းလိုသော လူငယ်များ၏ မိဘများထံမှ တစ်ဦးလျှင် ငွေကျပ် ၃ သိန်းရယူခဲ့ပြီး စစ်မှုမထမ်းစေရေး လုပ်ဆောင်ပေးသည်ဟုဆိုကာ ငွေများ လိုက်လံ တောင်းခံခဲ့ကြောင်း ၊ စစ်မှုထမ်း အပတ်စဉ် ၂ ခေါ်ယူသော ယခု မေလတွင်လည်း ရပ်ကွက်အတွင်းရှိ လူငယ်များ၏ စာရင်းနှင့်ဓာတ်ပုံများ ရယူပြီး တစ်အိမ်တက်ဆင်း စစ်မှုမထမ်းလိုပါ ငွေကျပ် ၃ သိန်းပေးရမည်ဟုဆိုကာ တောင်းခံခဲ့ကြောင်း သိရှိရသည်။", "“အရှေ့ကြို့ကုန်းရပ်ကွက်၊ ဝပ်ရှော့ ၂ မှာ နေတဲ့ အုပ်ချုပ်ရေးမှူး စောထူးပို(ခေါ်) စောဝင်းလွင်က စစ်မှုထမ်း အပတ် စဉ် ၁ ပထမအကြိမ်မှာလည်း စစ်မှုထမ်းကိစ္စနဲ့ လူငယ်တစ်ဦး ငွေကျပ် ၃သိန်းကျပ် တောင်းခဲ့တယ်။ စစ်မှုထမ်း အပတ်စဉ် ၂ ဒုတိယအသုတ်မှာလည်း လူငယ်တွေကို စာရင်းနဲ့ဓာတ်ပုံတွေ ရယူပြီးတော့ တပ်ပြေး မလုပ်နဲ့ပြောပြီး ငွေ ၃ သိန်း လိုက်တောင်းပြန်တယ်။ ငွေပေးရင် ၆လ လောက်တော့ စစ်ထဲ လိုက်စရာမလိုဘဲ အေးဆေးနေလို့ရမယ်ဆိုပြီး ငွေလိုက်ညှစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူပင် ရန်ကုန်မြို့လယ်ခေါင် ငွေကြေးချမ်းသာသူအများစုရှိနေရာ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ကျောက် တံတား၊ ပန်းဘဲတန်းမြို့နယ်များတွင်လည်း မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်အရာရှိ ဗိုလ်မှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပေါင်းကာ စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးတောင်းခံညှစ်ယူမှုများ အကြီးအကျယ် ဖြစ်ပွားနေကြောင်း သိရှိရသည်။", "အထူးသဖြင့် ပြည်ပနိုင်ငံများတွင် ပညာသင်နေကြသည့် လူငယ်များ၏ မိဘများ၊ ငွေကြေးချမ်းသာသူများအဓိက ပစ်မှတ်ထားခံရပြီး စစ်မှုထမ်း အပတ်စဉ် ၂ တွင် မဲပေါက်သည်ဟုဆိုကာ ပြည်ပတွင် ပညာသင်နေသော သား ၁ ဦး စစ်မှုမထမ်းစေရေးအတွက် ငွေကျပ် ၃၂၅ သိန်း ပေးလိုက်ရကြောင်း သိရှိရသည်။", "” စစ်မှုထမ်း အပတ်စဥ် ၁ နဲ့ ၂ တုန်းက သက်ဆိုင်ရာ ရပ်ကွက်တွေထဲ အချမ်းသားဆုံးလူတွေရဲ့စာရင်းကို ရပ်ကွက်အုပ်ကြီးတွေက မြို့နယ်ကိုတင်ပြပြီး လုပ်စားသွားကြတာပါ။ စာရင်းပါလို့ ငွေပေးလိုက်ရတဲ့ သူတွေ အများကြီးပဲ။ သူတို့ရဲ့အဓိက ပစ်မှတ်က အမေရိကန်၊ အင်္ဂလန်၊ သြစီတို့လို နိုင်ငံကြီးတွေမှာပညာသွားရောက်သင်ကြားနေတဲ့သားသမီး တွေရှိတဲ့ချမ်းသာသူ တွေကိုအဓိကပစ်မှတ်ထားတာ။ အပတ်စဥ် ၁ အတွက်တုန်းကဆိုရင် စီးပွားရေးသမား ၁ ဦးက သူ့သား ၂ ဦး အင်္ဂလန်မှာကျောင်းတက်နေတာအတွက် ငွေကျပ်သိန်းရာချီပေးလိုက်ရတယ်။ သူ့သား ၂ ဦးလုံး စစ်မှုထမ်းဖို့ မဲပေါက်တယ်ဆိုပြီး ငွေညှစ်သွားတာ။ အပတ်စဥ် ၂ မှာ လုပ်ငန်းရှင် ၁ ဦးရဲ့ သားက စစ်မှုထမ်းဖို့ မဲပေါက်တယ်၊ စစ်မှုမထမ်းချင်ရင် ၃၂၅ သိန်းပေးဆိုပြီး တောင်းသွားတယ်” ဟု ယင်းဖြစ်စဉ်ကို သိရှိသော စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။", "လက်ရှိ စစ်မှုထမ်း အပတ်စဉ် ၃ အတွက် ရန်ကုန်မြို့လယ်ခေါင်မှ စီးပွားရေးသမားများ၏ သားများ စစ်မှုမထမ်းစေရေးအတွက် ငွေညှစ်မှုများဆက်တိုက်ဖြစ်ပွားနေကော ပေါက်စျေးနှုန်းများ မြင့်တက်လာကြောင်း ၊ ငွေကြေး ချမ်းသာသူများ၏ သားများ စစ်မှုမထမ်းလိုပါက ငွေကျပ် သိန်း ၅၀၀ အထိ တောင်းခံလာကြောင်း သိရှိရသည်။", "“လူမျိုးခြား၊ဘာသာခြား စီးပွားရေးသမား ချမ်းသာတဲ့သူဆိုရင် သူတို့သားတွေအတွက် ငွေကပိုတောင်ပေးရတယ်။ ငွေပေးရပေမယ့် အသံမထွက်၊သတင်းမကြားရတာက ငွေညစ်ခံရတဲ့သူတွေကချမ်းသာတဲ့ စီးပွားရေးသမားတွေဖြစ်တဲ့အပြင် အများစုက ဘာသာခြားတွေဖြစ်လို့ပါ။ အခုက အာဏာသိမ်းမှုကြာလာလေ စီးပွားရေးထိခိုက်တဲ့အပြင် ကုန်စျေးနူန်းတက်မှုတွေကြောင့် မပြေလည်တော့တဲ့အတွက် ကျပ်တည်းနေတဲ့သူတွေကအများစုဖြစ်လာတယ်။ အရင် ငွေကလည်း မလည်တော့ အခုစစ်မှုထမ်းအပတ်စဥ် ၃ အတွက် နာမည်ပါလို့ ငွေညစ်ခံရသူတွေ အသံထွက်လာတော့မှ အပတ်စဥ် ၁ နဲ့ ၂ တုန်းက ငွေညစ်ခံထားရတဲ့ သူဌေးတွေလည်း အခုမှ ရင်ဖွင့်လာကြတာ” ဟု ရန်ကုန်မြို့လယ်ခေါင်တွင် နေထိုင်သည့် စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။", "စစ်ကောင်စီကမူ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ငွေကြေးတောင်းခံမှုများအတွက် တိုင်ကြားနိုင်သည်ဟုဆိုသော်လည်း ငွေကြေးချမ်းသာသူများမှာ ၎င်းတို့သားများ စစ်မှုမထမ်းရရေးအတွက် လုပ်ဆောင်ခြင်းဖြစ်၍ မတိုင်ရဲကြကြောင်း သိရှိရသည်။", "“သူဌေးတွေက သူတို့သားတွေကို စစ်မှုမထမ်းစေချင်တာလေ။ ဘယ်တိုင်ရဲမလဲ။ ကြိတ်ခံရတာပဲ။ မွတ်စလင် သူဌေးတွေလည်း အတော်များများပါတယ်။ အဲဒီလို ငွေညှစ်ခံရတဲ့ အထဲမှာ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက ဆိုသည်။", "စစ်ကောင်စီက ဧပြီလမှစတင်၍ စစ်မှုထမ်း အပတ်စဉ်များ လစဉ် ခေါ်ယူနေပြီး အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ ခေါ်ယူလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။", "ဓာတ်ပုံ – စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁ အတွက် လူငယ်များကို အတင်းအကျပ် စင်္စထဲသို့ ခေါ်ဆောင်စဉ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/02/146521/
မုံရွာတွင် နိုင်ငံကူးလက်မှတ် အမြန်လုပ်ပေါက်စျေး ငွေကျပ် ၁၄ သိန်းကျော်အထိ စျေးတက်လာ၊ ရဲနှင့်ပွဲစားများပေါင်း၍ လာဘ်ပေးလာဘ်ယူမှု အလွန်ကြီးမားနေ
["စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီး မုံရွာတွင်လည်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ ကြိတ်ကြိတ်တိုးနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် နိုင်ငံကူးလက်မှတ် အမြန်လုပ် ပေါက်စျေး ငွေကျပ် ၁၄ သိန်းကျော်အထိ ပေါက်စျေးရှိနေပြီး ရဲများနှင့် ပွဲစားများ ပူးပေါင်းကာ နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်သော လာဘ်ပေးလာဘ်ယူမှုများ အလွန်ကြီးမားစွာဖြစ်ပေါ် နေကြောင်း စုံစမ်းသိရှိရသည်။", "မုံရွာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ပတ်စ်ပို့လျှောက်ထားရန် နေ့စဉ် လာရောက်တန်းစီသူများ များပြားနေကြောင်း၊ သို့ရာတွင် ရဲများက ပုံမှန်အတိုင်း လာရောက်၍ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများကို တုံကင် ၃၀ ဝန်းကျင်သာပေးပြီး ကျန်သူများကို တုံကင် ကုန်သွားပြီဟုဆိုကာ ပြန်လွှတ်ကြောင်း၊ ရဲများနှင့်ချိတ်ဆက်ထားသော ပွဲစားများမှတစ်ဆင့် နိုင်ငံကူးလက်မှတ် လျှောက်ထားလျှင် အဆင်ပြေပြီး ငွေကြေးကုန်ကျမှု အလွန်များကြောင်း သိရှိရသည်။", "“မုံရွာပတ်စပို့ရုံးမှာ ရုံးသွင်း ငွေ ၃၅၀၀၀ ကျပ်သာကျသင့်တာကို အပြင်မှာ ပေါက်စျေးက ၁၄ သိန်းကျော်အထိဖြစ်လာတယ်။ ရုံးတွင်းအကျင့်ပျက်ရဲတွေနဲ့ ပွဲစားတွေနဲ့ ပွဲတော်ကြီးလိုပဲ ချနေကြတာ။ အခု ကိုရီးယားအလုပ် စာမေးပွဲတွေကလည်း နီးလာတော့ မုံရွာပတ်စပို့ရုံးမှာ အမှုစစ် ရဲအုပ်သိန်းသန်းဌေး၊ တပ်ကြပ်ကြီးသိန်းစိုး၊ တပ်ကြပ်ကြီးဇာနည်တို့က တုံကင် တစ်နေ့ ၁၃၀ ပေးနေရာကနေ ၃၀ လောက်ပဲ ပေးတော့တယ်။ တုံကင်ကုန်ပြီပေါ့ အဲဒီလိုတွေ လုပ်တယ်။ အဆင်မပြေတော့ ပွဲစားနဲ့လုပ်မှ အဆင်ပြေတယ်။ ရဲနဲ့ပွဲစားချိတ်ပြီး အလုပ်တွေဖြစ်နေကြတာ” ဟု နိုင်ငံကူးလက်မှတ် ကိုယ်တိုင် ပြုလုပ်နေသူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် မုံရွာမြို့ရှိ နိုင်ငံကူးလက်မှတ်ရုံးတွင် ပုံမှန်အတိုင်း နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုလျှင် အလွန်ခက်ခဲပြီး ပွဲစားများနှင့် လုပ်မည်ဆိုပါက ငွေကြေး အကုန်အကျများသော်လည်း အလွန်မြန်ဆန်ကြောင်း ၊ စစ်မှု မထမ်းမနေရ ဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ ကြိတ်ကြိတ်တိုးနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ – ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ယမန်နှစ် စက်တင် ဘာလ တန်းစီနေကြသည့် လူငယ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/03/149936/
တောင်တွင်းကြီးမြိုမှ အသက် ၁၃ နှစ်အရွယ် မောင်အောင်သက်ပိုင်နှင့် ဓနုဖြူမြိုမှ အသက် ၂၃ နှစ်အရွယ် ကိုဝင်းထက်နိုင်ကို စစ်တပ်က အိမ်ပေါ်အထိ တက်ဖမ်း ပြီး တပ်သားသစ်များအဖြစ် စုဆောင်း
["စစ်မှုမထမ်းမနေရ ဥပဒေအရ တပ်သားသစ်များကို အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်ခွင့်ရှိဟု စစ်တပ်က အခိုင်အမာပြောဆို၊ တစ်နိုင်ငံလုံးတွင် တပ်သားသစ်စုဆောင်းမှု အခြေအနေ ဆိုးဝါးနေ", "ရန်ကုန်၊ မတ် ၁၁", "မကွေးတိုင်း၊ တောင်တွင်းကြီးမြိုတွင် အသက် ၁၃ နှစ်အရွယ် မောင်အောင်သက်ပိုင်ကို စစ်တပ်က စစ်မှုထမ်းဥပဒေအရ တပ်သားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိဘဆွေမျိုးများက ပြောဆိုသည်။", "မတ်လ ၇ ရက်နေ့ ညပိုင်းတွင် တောင်တွင်းမြိုမှ ဦးသန့်ဇင်ဦးနှင့် မိခင် ဒေါ်အေးအေးနွယ်တို၏ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်အောင်သက်ပိုင်ကို စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေအရ လူငယ်များကို တပ်သားသစ်အဖြစ် ခေါ်ဆောင်ရမည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ မောင်အောင်သက်ပိုင်တို၏ မိသားစုတွင် အသက် ပြည့်မီသော လူငယ် ၂ ဦး ကျန်ရှိနေသေးသည့်အတွက် မိဘများမှာ ကျန်ရှိသော သားသမီး ၂ ဦးကို ခေါ်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်ကြကြောင်း သိရှိရသည်။", "“စစ်တပ်က အိမ်ထဲကို ဝင်ဆွဲတော့ အသက်၁၃ နှစ်သားလေးပဲရှိတာကို ခေါ်သွားတယ်။ ကျန်တဲ့ ကလေး ၂ ဦးက အိမ်မှာမရှိတော့ မပါသွားဘူး။ အဲဒါ မိဘတွေကလည်း နောက်ထပ် ကလေး ၂ ဦးကိုပါ လာဆွဲမှာ စိုးရိမ်လို ထွက်ပြေး တိမ်းရှောင်နေကြတယ်” ဟု ဆွေမျိုးတစ်ဦးက ဆိုသည်။", "အလားတူ ဧရာ၀တီတိုင်း၊ ဓနုဖြူမြိုနယ်တွင်လည်း အသက် ၂၃ နှစ်အရွယ် ကိုဝင်းထက်နိုင်ကို စစ်တပ်က အိမ်တိုင်ရာရောက် ဝင်ရောက် ဖမ်းဆီးပြီး တပ်သားသစ်အဖြစ် ခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။", "မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန် ဓနုဖြူမြိုမှ ခမရ ၁၀၈ တပ်က ဓနုဖြူမြိုအတွင်းတွင် လူငယ်များကို လိုက်လံ ဖမ်းဆီးကြောင်း၊ ယင်းသို ဖမ်းဆီးရာတွင် ကိုဝင်းထက်နိုင် အပါအဝင် လူငယ် ၂၅ ဦးထက်မနည်းကို ဖမ်းဆီးပြီး ခမရ ၁၀၈ တပ်ဝင်းထဲတွင် ဖမ်းဆီးပြီး စစ်သင်တန်းတက်ခိုင်းနေကြောင်း သိရှိရသည်။", "“ဥပဒေအရ လုပ်တာလို ပြောတယ်။ တပ်အနေနဲ့ ဘယ်သူ့ကိုမဆို စစ်မှုထမ်းဖို ခေါ်လိုရတယ်ပြောတယ်။ ဓနုဖြူမြိုမှာတော့ မတ်လ ၈ ရက်နေ့က လူငယ် ၂၅ ဦးထက်မနည်းပဲ။ ပိုများနိုင်တယ်။ ကျနော်တို နဲ့ နီးစပ်လို သိတာကမှ ၂၅ ဦးပေါ့နော်” ဟု ဓနုဖြူမြိုမှ ပြည်သူတစ်ဦးက ရှင်းပြသည်။", "လတ်တလော ဧရာ၀တီတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းတွင် စစ်တပ်က စစ်မှုထမ်း စာရင်းများ မဖြစ်မနေ ကောက်ခံနေပြီး စစ်တပ်မှ အရာရှိများက စစ်မှုထမ်းဥပဒေအရ လူငယ်တိုင်း စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရာတွင်လည်း တပ်က အိမ်တိုင်ရာရောက် လာရောက် ခေါ်ဆောင်မည်ဖြစ်ပြီး အိမ်တွင် စစ်မှုထမ်းရမည့်သူမရှိလျှင် အစားထိုး တစ်ဦး မဖြစ်မနေ လိုက်ပါရမည်ဟု အသိပေး ပြောဆိုလာကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းကမူ စစ်မှုထမ်းရမည့်သူများကို ဆင့်ခေါ်စာ ပေးပိုပြီး ဆေးစစ်ခြင်းအပါအဝင် လုပ်ငန်းစဉ်များဖြင့် ခေါ်ယူမည်ဟု ပြောဆိုသော်လည်း လက်တွေ့ မြေပြင်တွင် စစ်တပ်က နေအိမ်များအပေါ်အထိတက်၍ ဖမ်းဆီး ခေါ်ဆောင်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "လာမည့်ဧပြီလကုန်မှစတင်ပြီး တစ်လလျှင် လူငယ် ၅၀၀၀ ဦးကို စစ်သားအဖြစ် စစ်မှုထမ်းခိုင်းမည်ဟု အကြမ်း ဖက်စစ်ကောင်စီက ထုတ်ပြန်ထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/01/142621/
စစ်ရဟတ်ယာဉ် ပစ်ချခံရ၍ ပျက်ကျမှုတွင် ဗိုလ်မှူးချုပ် အေးမင်းနောင်၊ ဗိုလ်မှူး စိုးလွင်ထွန်း၊ ဗိုလ်မှူး တိုးဦး ၊ တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီးနှင့် ဒရုန်းကျွမ်းကျင် ဗိုလ်ကြီးတို့ သေဆုံးကြောင်း အတည်ပြု
["စစ်ရဟတ်ယာဉ် ပစ်ချခံရ၍ ပျက်ကျမှုတွင် ဗိုလ်မှူးချုပ် အေးမင်းနောင်၊ ဗိုလ်မှူး စိုးလွင်ထွန်း၊ ဗိုလ်မှူး တိုးဦး ၊ တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီးနှင့် ဒရုန်းကျွမ်းကျင် ဗိုလ်ကြီးတို့ သေဆုံးကြောင်း အတည်ပြု", "ရဟတ်ယာဉ်ပျံသန်းရောက်ရှိမည့်အချိန် ပေါက်ကြားမှုနှင့် ပျက်ကျသည့်ဓာတ်ပုံများ မီဒီယာထံရောက်ရှိမှု ဖရဲသီး ရှာဖွေ ဖော်ထုတ် အရေးယူရန် ညွှန်ကြား", "ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် ပစ်ချခံလိုက်ရသော စစ်တပ်ရဟတ်ယာဉ် ပျက်ကျမှုတွင် ဗိုလ် မှူး ချုပ် အေးမင်းနောင်၊ ဗိုလ်မှူး စိုးလွင်ထွန်း၊ ဗိုလ်မှူး တိုးဦး ၊ တွဲဘက်လေယာဉ် မှူး ဗိုလ်ကြီးနှင့် ဒရုန်းကျွမ်း ကျင် ဗိုလ်ကြီးတို့ သေဆုံးကြောင်း လေတပ်နှင့်နီးစပ်သော သတင်းရင်းမြစ်တချို့က အတည်ပြုသည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် သင်္ဃန်းညီနောင် သို့ တပ်ချိန်းရန်ရောက်ရှိလာသော စစ်တပ်ရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ်မှာ ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်တွင် လိုက်ပါသူ ၆ ဦးအနက်မှ ၅ ဦးသေဆုံးကြောင်း၊ ၁ ဦးမှာလည်း ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။", "စစ်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများတွင်", "၁-ဗိုလ်မှူးချုပ် အေးမင်းနောင် DSA-41 တပ်မမှူး တပ်မ(၄၄)", "၂-ဗိုလ်မှူး စိုးလွင်ထွန်း ယာယီတပ်ရင်းမှူး ခမရ(၉)", "၃- ဗိုလ်မှူး တိုးဦး လေယာဉ်မှူး", "၄-ဗိုလ်ကြီး တွဲဘက် လေယာဉ်မှူး", "၅- ဗိုလ်ကြီး ဒရုန်းကျွမ်းကျင်အရာရှိ တို့ဖြစ်ပြီး စက်ပြင် တပ်ခွဲ တပ်ကြပ်ကြီး ၁ ဦးမှာမူ ဒဏ်ရာ အပြင်းအထန်ရရှိထားကြောင်း သိရှိရသည်။", "အဆိုပါရဟတ်ယာဉ် ပစ်ချခံရမှုသည် ရဟတ်ယာဉ်လာမည့်အချိန်နှင့် ပျံသန်းရောက်ရှိမည့် သတင်း ပေါက်ကြားမှုကြောင့်ဖြစ်ပြီး သတင်းပေါက်ကြားစေသည့် ဖရဲသီးကို ဖော်ထုတ်ရန်၊ ဖုန်းများကို စစ်ဆေးရန် ညွှန်ကြားထားကြောင်း၊ ထို့ပြင် ရဟတ်ယာဉ်ပျက်ကျသည့် ဓာတ်ပုံများ သတင်းမီဒီယာများထံသို့ ပေါက်ကြားမှုများနှင့်ပတ်သက်၍ လည်း တပ်တွင်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/156311/
နေပြည်တော် အေလာလေတပ်စခန်းသို့ ရှော့တိုက်ဒုံး ၅ လုံးကျရောက်ပေါက်ကွဲပြီး လေယာဉ်များထားသည့် ဟန်ကာ အဆောက်အအုံများ ထိခိုက်ပျက်စီး၊ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအတွက် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ်လည်း ပြိုကျ
["စစ်ရဟတ်ယာဉ်များဖြင့် ရှော့တိုက်ဒုံးပစ်သူများကို ရှာဖွေနေ၊ ပစ်ခတ်သည့်အဖွဲ့မူ လေတပ်အရာရှိနှင့်တပ် သား တချို့ ထိခိုက်သေဆုံးဟုဆို", "ရန်ကုန်၊ ဧပြီ ၁၁", "နေပြည်တော် အေလာလေတပ်စခန်းသို့ ယနေ့ နံနက်အစောပိုင်း ရှော့တိုက်ဒုံး ၅ လုံးကျရောက်ပေါက်ကွဲပြီး လေယာဉ်များထားသည့် ဟန်ကာ အဆောက်အအုံများ ထိခိုက်ပျက်စီးကာ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအတွက် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ်လည်း ပြိုကျသွားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် နေပြည်တော် အေလာလေတပ်အတွင်းသို့ ရှော့တိုက်ဒုံး ၅လုံးကျရောက်ပေါက်ကွဲခဲ့ပြီး လေယာဉ်များထားရှိသည့် ဟန်ကာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ရှော့တိုက်ဒုံးတစ်လုံး သင်္ကြန်ကာလ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအတွက် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ်အနီးသို့ ကျရောက်ပေါက်ကွဲပြီး မဏ္ဍပ်လည်း ပျက်စီးခဲ့ရကြောင်း၊ နေပြည်တော် အေလာ လေတပ်တစ်ခုလုံး ရှော့တိုက်ဒုံးကြောင့် မနက်အစောပိုင်းအကုန်လန့်နိုးခဲ့ရကြောင်း သိရှိရသည်။", "လက်ရှိတွင် စစ်ရဟတ်ယာဉ်များဖြင့်ရှော့တိုက်ဒုံးပစ်ခတ်ရာ နေရာများကို ရှာဖွေနေဆဲဖြစ်ကြောင်း၊ နေပြည် တော်အေလာလေတပ်သင်္ကြန်မဏ္ဍပ်တွင် မင်းအောင်လှိုင် လာရောက်မည်ဖြစ်ပြီး အဆိုတော် ယုန်လေး Gfatt ၊ Ice cool ၊ ဆုပန်ထွာ၊ အဆိုတော်နှင့် ရုပ်ရှင်မင်းသားမင်းသမီးများလာရောက်ရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည် ။", "ရှော့တိုက်ဒုံးကို ပစ်ခတ်ခဲ့သောBrave Warriors for Myanmar (BWM) တပ်ဖွဲ့ကမူ အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိနှင့် တပ်သားအချို့ထိခိုက်သေဆုံးမှုရှိကြောင်း ထုတ်ပြန်ပြောဆိုသည်။", "ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က နေပြည်တော်၊ အေလာ လေတပ်စခန်း အတွင်း သို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိနှင့်တပ်သားအချို့သေဆုံး ပြီး အများအပြားဒဏ်ရာရရှိကြောင်းသိရသည်။", "အဆိုပါ တိုက်ခိုက်မှုကိုBrave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့်Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယခုတိုက်ခိုက်မှုသည် နေပြည်တော် အေလာလေဆိပ်သို့ ၄ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး အာ ဏာသိမ်း စစ်ကောင်စီ၏ အလုံခြုံဆုံးနှင့်အဆင့်အမြင့်ဆုံးသော လေတပ်စခန်းသည်ပင်လျှင်တော် လှန်ရေးအင်အားစုများ ၏ လက်တကမ်း ပစ်မှတ်အဆင့်သို့ ရောက်ရှိနေကြောင်း သက်သေ ပြရင်း နိုင်ငံတဝန်းတော်လှန်ရေး အရွေ့ဖြစ်စေမည့် နောက်ထပ်စစ်ရေး ပစ်မှတ်များကိုလည်း တစိုက် မတ်မတ် ဆက်လက်ပစ်ခတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။", "နေပြည်တော်အေလာလေဆိပ်သည် နိုင်ငံတကာလေဆိပ်ဖြစ်ပြီး နိုင်ငံ၏ ဗဟိုအချက်အချာတွင် တည်ရှိနေသဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်ရေးအတွက် အနယ်နယ် အရပ်ရပ်သို့ စစ်လေယာဥ်များ စေလွှတ်ရန် အဓိက အခြေခံရာ အဆင့်မြင့်လေတပ်စခန်း တစ်ခု ဖြစ်သည့်အပြင် စစ်ကောင်စီ အကြီးအကဲတို့၏ အခြေအနေမဟန်လျှင် ထွက်ပြေးရန် အဓိကပြေး ပေါက်လည်း ဖြစ်ကြောင်း သိရသည်။", "ဒေသပြည်သူတစ်ဦးကမူ အေလာလေဆိပ်တွင် ယနေ့ နံနက် ၄ နာရီ ၄၇ မိနစ် ရှော့တိုက်ဒုံး ပေါက်ကွဲသံများ ကြားရ ကြောင်း အတည်ပြု ပြောဆိုကြသည်။", "ဓာတ်ပုံ – နေပြည်တော်အေလာ လေတပ်ကို လှမ်းမြင်နေရစဉ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#နေပြည်တော် အေလာလေတပ်စခန်း"]
https://yktnews.com/2023/07/114847/
စစ်ရေးတင်းမာနေသည့် ခမ်းပတ်မြို့ကို စစ်တပ်က လေကြောင်းမှတဆင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်မြို့လုံး ထွက်ပြေးတိမ်းရှောင်နေရ
["စစ်ရေးတင်းမာနေသည့် ခမ်းပတ်မြို့ကို စစ်တပ်က လေကြောင်းမှတဆင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်မြို့လုံး ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဇူလိုင် ၂၅", "စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်နေသဖြင့် မြို့နေပြည်သူလူထုအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသနေပြည်သူများ က ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇူလိုင်လ ၂၂ ရက်နေ့ကတင်ပြီး ခမ်းပတ်မြို့ရဲစခန်းနှင့် စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများ အထိနာပြီး ရဟတ်ယာဉ်ဖြင့် စစ်ကူပို့ခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး ယနေ့အချိန်တွင် တမြို့ လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရဟတ်ယာဉ်ဖြင့် စစ်ကူပို့ထားသော စစ်သားများလည်း တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြားကြောင်း သိရသည်။", "“ခမ်းပတ်မြို့တစ်မြို့လုံးပြေးနေကြရတာ၊ ကနန်ရွာလည်းပြေးကြရတာ၊ ကနန်နဲ့ခမ်းပတ်ကြားမှာက တံတားခြားတော့ တစ်ချို့ဆိုပြေးမရတော့ဘူး၊ အဲဒီမှာက စစ်တပ်ကြီးလည်းရှိနေတော့၊ ကလေးမြို့က နေစစ်လေယာဉ် အစီးကြီးတွေနဲ့ ဗုံးကျဲနေတာ၊နာရီဝက်လောက်ကပဲ ဗုံးလာချသွားသေးတယ်၊အရမ်း ယုတ်မာတာ၊ နေအိမ်တွေလည်းပျက်စီးတာရှိတယ်၊ ဗုံကျဲတာဆို တော့ ပြန်ရင် အိမ်တွေမရှိလောက် တော့ ဘူးဆိုပြီး ငိုနေကြတယ်” ဟု ဒေသနေပြည်သူတစ်ဦးကရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မြို့တွင်းနှင့်ကျေးရွာများတွင် အသက်အရွယ်ကြီးသော ပြည်သူများမှာ ပိတ်မိနေသေးကြောင်း၊ ကလေး မြို့အပါအဝင် ဘေးလွတ်ရာနေရာများကို ကား၊ ဆိုင်ကယ်တို့အပါအဝင်အဆင်ပြေသလို ပြေးလွှားနေကြ ရကြောင်း၊ ခမ်းပတ်မြို့အပါအဝင် အနီးအနားကျေးရွာနေပြည်သူများအားလုံးထွက်ပြေးနေကြရခြင်းဖြစ် ကြောင်း သိရသည်။", "“၂၂ ရက်နေ့က စပြီး ပြေးနေကြရတာ၊ PDF တွေက ဒီနေ့နောက်ဆုံးလမ်းဖွင့်ပေးတယ်၊ လူတွေ ပြေးနေ ကြရတာ ၃ ရက်လောက်ရှိပြီ၊ ၂၃ ရက်နေ့က စစ်လေယာဉ်နဲ့ ၃ ခေါက်လောက်လာသွားတယ်၊ စစ်အကူ တွေလာချတာ၊ စစ်သား ၃၀ လောက်လာချသွားတယ်တဲ့၊ PDF တစ်ယောက်ပြောတာတော့ စစ်ကူလာတဲ့ သူတွေသေကုန်ကြတယ်လို့ပြောတယ်၊ စစ်ပွဲက ၂၂ ရက်နေ့ကနေ အခုထိဆိုတော့ သတင်းအတိအကျ မသိရသေးဘူး၊” ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "လက်ရှိ ခမ်းပတ်မြို့တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ရေး အလွန်တင်းမာနေပြီး တိုက်ပွဲများ အချိန် မရွေးဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/99211/
စစ်ရေးပစ်မှတ်မဟုတ်သည့် ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာရေး ဆုတောင်း ဆောင်နှင့် ကရင်နီပြည်နယ်ရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲ
["စစ်ရေးပစ်မှတ်မဟုတ်သည့် ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာရေး ဆုတောင်း ဆောင်နှင့် ကရင်နီပြည်နယ်ရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲ", "ရန်ကုန်၊ ဧပြီ ၂၅", "အကြမ်းဖက်စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာရေး ဆုတောင်းဆောင်နှင့် ကရင်နီပြည်နယ်ရှိ တိုက်နယ် ဆေးရုံကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ် ပေါ် ကြောင်း သက်ဆိုင်ရာ‌ ဒေသ ကာကွယ်ရေး တပ်ဖွဲ့များနှင့် သတင်းရင်း မြစ် များ၏ ထုတ်ပြန်ပြောဆိုချက်များအရ သိရှိရသည်။", "ဧပြီ ၂၃ ရက်နေ့ ည ၇ နာရီအချိန် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ခွန်ကျူံးရွာ အနီး ခရစ်ယန်ဘာသာရေး ဆုတောင်းဆောင်ကို တိုက်လေယာဉ်တစ်စီးဖြင့် ၂ ကြိမ်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆုတောင်းဆောင် ပျက်စီးသွားကြောင်း ချင်း အမျိုး သားတပ်မတော် CNA ထံမှ သိရှိရသည်။", "အလားတူ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါ့တမ ကြီး ကျေးရွာနှင့် တိုက်နယ်ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ် ၁ စီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် လေကြောင်းမှတစ်ဆင့် ဗုံးကျဲ၊ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုသို့ တိုက်ခိုက်မှုကြောင့် တိုက်နယ်ဆေးရုံနှင့် ကျေးရွာ များအတွင်း ပျက်စီးမှုများ ရှိကြောင်း Karenni’s Voiceက သတင်းဖော်ပြသည်။", "“မြေပြင်မှာက စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကျဲတာက အရပ် သား နေရာ ကျေးရွာ၊ အရပ်ဘက်၊ စစ်ရေးပစ်မှတ် အဲဒါမျိုးတွေ ခွဲခြားပြီး ပစ်ခတ် တာမျိုး မမြင်ရဘူး။ သူတို့အထိနာရင် မည်းမည်းမြင်ရာကို အကုန် ရမ်း သမ်း ပစ်ခတ် နေတယ်။ စစ်ဘေးရှောင်စခန်းတွေကိုပါ လက်နက်ကြီးနဲ့ ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်တာ မြင်ရပါတယ်။ အဲဒါကြောင့် စစ်ဘေးရှောင် ပြည် သူ တွေ သေဆုံးထိခိုက်မှုတွေရှိနေတာပါ။ ဆေးရုံ၊ ဘုရားကျောင်း၊ စာသင် ကျောင်း အကုန် လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကျဲတာတွေက တောက် လျှောက်ဆိုသလိုရှိနေပါတယ်” ဟု ကရင်နီစစ်ဘေးရှောင်ပြည်သူများ ကို ကူညီရေး လုပ် ဆောင်နေသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "Photo- Karenni’s Voice ၊ CNA"]
https://yktnews.com/2024/09/182824/
စစ်ရှုံး စစ်ကောင်စီက နိုင်ငံအနှံ့တွင် လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများကို မှတ်တမ်းတင်၍ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ပေးပို့သွားမည်
["စစ်ရှုံး စစ်ကောင်စီက နိုင်ငံအနှံ့တွင် လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများကို မှတ်တမ်းတင်၍ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ပေးပို့သွားမည်", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "စစ်ရှုံး အကြမ်းဖက် စစ်ကောင်စီက နိုင်ငံအနှံ့တွင် လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများကို မှတ်တမ်းတင်၍ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ပေးပို့သွားမည်ဖြစ်ကြောင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။", "မြန်နိုင်ငံအနှံ့အပြား၌ လှည့်ပတ်၍ စစ်ရှုံးနေသော အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့၏ တပ်ရင်း၊ တပ်မ၊ စကခ၊ ဒကစ၊ ရမခ အစရှိသော စစ်တိုင်းဌာနချုပ်များ၊ ရဲတပ်ရင်း၊ လေ့ကျင့်ရေးသင်တန်းကျောင်းများ အပါအဝင် ၎င်းတို့ ထိန်းချုပ်ထားသော မြို့၊ ရွာ အမြောက်အများကို နေ့စဉ်နီးပါး လက်လွှတ်ဆုံးရှုံးလျက် ရှိနေသောကြောင့် ညီနောင် မဟာမိတ် ၃ ဖွဲ့ အပါအဝင် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသော မြို့၊ ရွာများရှိ အပြစ်မဲ့အရပ်သား ပြည်သူလူထုများရှိရာနေရာများ၊ လူနေထူထပ်သော နေရာများ နှင့် ၎င်းတို့စစ်ရှုံး၍ စွန့်လွှတ်ခဲ့ရသော စခန်းဟောင်းများကို လေကြောင်းမှ နေ့စဉ်ရက်ဆက် နေ့၊ ည မရွေး ဗုံးကျဲ တိုက်ခိုက်မှုများကို အငြိုးကြီးစွာဖြင့် ယခုရက်များအတွင်း ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။", "စစ်ရှုံး အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သို့သော လေကြောင်း တိုက်ခိုက်မှုများအတွင်း မြန်မာနိုင်ငံ အနှံ့အပြားမှ အပြစ်မဲ့ ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်များ၊ အရပ်သား၊ ရဟန်းရှင်လူ၊ ပြည်သူလူထုများ အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းများ ထံတွင် စစ်သုံ့ပန်း အဖြစ်ရှိနေကြသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ ဝင်များ၏ မိသားစုများပါ သေဆုံး၊ ဒဏ်ရာရရှိမှုများမှာလည်း နေ့တိုင်းနီးပါး ဖြစ်ပျက်လျက်ရှိကြောင်း သိရှိရသည်။", "ထို့သို့ စစ်ရှုံး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိသူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရကြောင်း၊ အာဏာလက်လွှတ်ရန် နီးကပ်နေသော စစ်ရှုံးအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကို ညီနောင် မဟာမိတ် ၃ ဖွဲ့ အနေဖြင့် မှတ်တမ်းတင်ရှိထားပြီး အိမ်နီးနားချင်းနိုင်ငံများ၊ အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားသော ယဉ်ကျေးသည့် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် လုပ်ရပ်မျိုးစုံကို နေ့စဉ် ပုံစံအမျိုးမျိုးဖြင့် လက်ရဲဇက်ရဲကျူးလွန်နေသော စစ်ရှုံး စစ်ကောင်စီ ခေါင်းဆောင်များ၏ အမိန့်ပေးတာဝန်ပေးခြင်းခံရသော လေသူရဲများအနေဖြင် ယခုကဲ့သို့သော အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုမျိုးမလုပ်ကြရန်ကိုလည်း တိုက်တွန်းအပ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုထားသည်။", "အာဏာရူး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သို့သော လုပ်ရပ်များကို သတိထား စောင့်ကြည့်ထားကြရန်နှင့် မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း စစ်ရှုံး စစ်ကောင်စီ၏ လေကြောင်း အန္တရာယ်ကို သတိထားကြရန် အထူးအလေးအနက် တိုက်တွန်းရင်း စစ်ရှုံး အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံအနှံ့ လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန် နေသော အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ကြေညာအပ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/04/155685/
လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁၇ ဦးကို ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်တပ်ထံ ပြန်ပို့ရန် အကြောင်း မရှိ၊ ထိုင်းအစိုးရက တိုက်ရိုက်စကားပြောလာခြင်း မရှိသည့်အပြင် စစ်သုံ့ပန်းများ၏ ဆန္ဒမပါဘဲ မည်သည့် ဖိအားပေးမှုကိုမှ KNU က လက်မခံ
["စစ်ရှုးနေသော စစ်ကောင်စီက ရှက်ရကောင်းမှန်းမသိဖြစ်နေပြီး သူ့လူများ ပြန်ပေးရန် နိုင်ငံတကာကို အောက် ကျို", "ရန်ကုန်၊ ဧပြီ ၈", "ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁၇ ဦးကို ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်တပ်ထံသို့ ပြန်ပို့ရန်အကြောင်း မရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင်နှင့် ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် အထူးသီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။", "ထိုင်းအစိုးရအနေဖြင့် KNU နှင့် တိုက်ရိုက်စကားပြောဆိုခြင်းမရှိသကဲ့သို့ KNU အနေဖြင့်လည်း မိမိကာကွယ်ရမည့် သူများကို ၎င်းတို့၏ ဆန္ဒမပါဘဲ ပြန်လည်ပို့ဆောင်မည်မဟုတ်ကြောင်း ပဒိုစောတောနီးက ပြောဆိုသည်။", "“ဒီလူတွေက အစိုးရ ဂုဏ်သိက္ခာနဲ့ အဲဒီလို စကားလုံးကို အများကြီးသုံးတယ်။ အဲဒါကြောင့် ကျနော်တို့နဲ့ တော်ရုံ တန်ရုံ စကားမပြောဘူးဗျ။ ကျနော်တို့နဲ့ တိုက်ရိုက်စကားမပြောပေမယ့် သူတို့ပြောနေတဲ့စကားတွေ ကျနော်တို့ ကြားကြားနေရတယ်။ အဲဒါလေးတော့ရှိတာပေါ့။ သီအိုရီအရ G to G ဆိုတာ သူတို့ အမြဲပြောတယ်။ G to G ဆိုတာ ကျနော်တို့ ဘယ်ပါမလဲ။ လက်ရှိကာလမှာ” ဟု KNU ပဒိုစောတောနီးက ပြောဆိုသည်။", "“သူတို့တကယ်ပြန်ချင်တယ်ဆိုရင် သူတို့ဆန္ဒအလျောက်ပေါ့။ အဲဒါကတော့ ကျွန်တော်တို့ တကယ်မတားဘူး သူတို့ ပြန်နိုင်တယ်။ ဒုတိယအချက် အဲဒီလူတွေကို ဆန္ဒမပါဘဲနဲ့ ဒီလူတွေကို အတင်းကာရော ပြန်ပြီးတော့ အတင်း အကျပ်နဲ့ ပြန်ပို့တဲ့ဟာကိုတော့ ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး။ အဲဒါကို ကျွန်တော်တို့ကို လာပြီးတော့ ဖိအားပေးလို့မရဘူး။ အဲဒါ ကျွန်တော်တို့တာဝန်ရှိတယ်။ အဲဒါကြောင့်မို့ တစ်ချိန်တည်းမှာ တခြား နိုင်ငံတကာအဖွဲ့အစည်း တွေ၊ နိုင်ငံတကာအစိုးရတွေကို ပန်ကြားချင်တာကတော့ ဒီလိုမျိုး လာပြီးတော့ ဖိအားပေးတာတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရအဖွဲ့တိုင်း အဖွဲ့တိုင်းမှာ ကျွန်တော်တို့ ဘယ်အဖွဲ့အစည်း၊ အစိုးရမဟုတ်သည့်တိုင်အောင် လူထုအပေါ်မှာ ရပ်တည်တဲ့ အဖွဲ့အစည်းမှန်သမျှဟာ ဒီလူထုတွေ အသက်ရှင် ရပ်တည်ရေး ကျွန်တော်တို့ တာဝန်ခံရတယ်။ အဲဒီအပေါ်မှာတော့ သူတို့ ဆန္ဒမပါဘဲနဲ့ ဒီလူတွေ ပြန်ပို့မှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ အဲဒါတစ်ချက်ပဲ သေချာရှင်းလင်းချင်တယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီသည် လက်ရှိတွင် စစ်ရှုံးနေသော်လည်း ရှက်ရကောင်းမှန်း မသိဖြစ်နေကြောင်း၊ နိုင်ငံတကာကို အောက်ကျို့ပြီး KNU ကို ဖိအားပေးရန် ကြိုးစားနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။", "“စစ်ရေးအရရော ကြည့်ရင် ရှုံးပွဲတွေနဲ့ ဆက်နေတာကို ဒါလည်း ရှက်ရကောင်းမှန်းမသိဘူး။ နိုင်ငံတကာကို သူတို့ အောက်ကျို့ပြီးတော့ သူ့လူတွေ ပြန်ခေါ်ပါရစေနဲ့။ ဒီလို စစ်ရှုံးနေတဲ့ လူတွေကို ဒီကနေ ပြီးတော့ သူ့ရဲ့ဟာတွေ၊ သူ့ဝန်ထမ်းတွေ၊ ပစ္စည်းပစ္စယတွေကို ကြွယ်၀ချမ်းသာမှုတွေကို အကုန်လုံး လေကြောင်းကနေ ပြန်ထုတ်မယ်ဆိုတာကြီးက ဒါက တစ်ကမ္ဘာလုံးကို ငါစစ်ရှုံးပြီဆိုတာ ကြေညာလိုက်တာပဲလေ။ အဲဒါ သူတို့က ရှက်ရကောင်းမှန်းလည်းမသိဘူး။ ဒီအခြေအနေက ရှိနေပါတယ်။ ဒါကတော့ မဆန်းပါဘူး။ ကျနော်တို့ကတော့ သူတို့နဲ့ သွားတုလို့လည်းမရဘူးလေ။ ကျနော်တို့က လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ” ဟု ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုသွားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#စစ်သုံ့ပန်းများ၏ ဆန္ဒမပါဘဲမည်သည့်ဖိအားပေးမှုကိုမှKNUကလက်မခံ"]
https://yktnews.com/2023/04/98671/
စစ်ရှောင်ပြည်သူများကို ကျေးလက်မြေအဖွဲ့မှ စိတ်ပိုင်းဆိုင်ရာကုစားမှုသင်တန်းပေး
["စစ်ရှောင်ပြည်သူများကို ကျေးလက်မြေအဖွဲ့မှ စိတ်ပိုင်းဆိုင်ရာကုစားမှုသင်တန်းပေး", "ရန်ကုန်၊ ဧပြီ ၂၁", "ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို စိတ်ဓာတ်ခွန်အားပေးသည့်အနေနှင့် ကျေးလက်မြေအဖွဲ့၏ ဒါရိုက်တာမမူစဲမှ စိတ်ပိုင်းဆိုင်ရာကုစားမှုသင်တန်းကို ဧပြီလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။"]
https://yktnews.com/2024/02/144858/
ကောလင်းမြို့ထဲသို့ ဝင်လာသည့် စစ်တပ်စစ်ကြောင်း သေဆုံးမှုများစွာဖြင့် ထွက်ပြေးသွားပြီး မြိုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ဆဲ၊ စစ်တပ်၏ လက်နက်ခဲယမ်းတချို သိမ်းဆည်းရရှိ
["စစ်လော်ဘီများက ကောလင်းမြို့ကို သိမ်းနိုင်ပြီဟု Photoshop ဖြင့် ဓာတ်ပုံများ ပြုပြင် လုပ်ကြံပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ပြော", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ထဲသို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားသည့် စစ်ကောင်စီတပ်များသည် သေဆုံးမှုများစွာဖြင့် တပ်ဆုတ်ခွာ ထွက်ပြေးသွားပြီး မြို့ကို တော်လှန်ရေးတပ်များက ဆက်လက်ထိန်းချုပ်ထားကာ လက်နက်ခဲယမ်းတချိုကိုလည်း သိမ်းဆည်းရရှိကြောင်း ကောလင်းဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင်စီတပ်တချိုက ကောလင်းမြိုထဲသို မင်းတဲ့ကြီးရပ်ကွက်၏ မင်းချမ်းကျောင်းဘက်သို ဝင်ရောက်လာကြောင်း၊ ထိုသို ဝင်ရောက်လာသော စစ်တပ်ကို ကောလင်းမြိုရှိ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်များမှာ သေဆုံးမှုများစွာရှိဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။", "“စစ်တပ်က ကောလင်းမြိုထဲကို ဝင်ဖို ကြိုးစားတာ။ ဒါပေမယ့် ဒီဘက်က တိုက်ထုတ်တော့ သေဆုံးမှုများစွာနဲ့ ပြန်ဆုတ်သွားတယ် ။ မြိုပတ်လည် ရွာဘက်တွေမှာ စစ်ကြောင်းတွေရှိတယ်။ မြိုထဲမှာ မရှိဘူး။ မြိုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတယ်” ဟု ကောလင်းဒေသသတင်းရင်းမြစ်က ရှင်းပြသည်။", "ကောလင်းမြိုမှ တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်း ကောလင်းတွင် လက်ရှိတိုက်ပွဲကာလ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း လုံး၀မရဘဲ စစ်ကောင်စီက ဖြတ်တောက်ထားကြောင်း၊ စစ်ကောင်စီတပ်များသည် လေကြောင်းနှင့် လက်နက်ကြီးအားကိုးဖြင့် မြေပြင်ကို စစ်ကြောင်းထိုး လာသော်လည်း တော်လှန်ရေးတပ်များ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် သေဆုံးမှု များပြားနေကြောင်း ပြောဆိုသည်။", "ကောလင်းမြို ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုမွှေးကမူ ယမန်နေ့ ကောလင်းမြို မင်းချမ်းကျောင်းနှင့်တဲကြီးကုန်းတ၀ိုက်တွင် စစ်တပ်နှင့် ကောလင်း ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ ပူးပေါင်းအဖွဲတို အပြင်းအထန် တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်ကောင်စီတပ်များ သေဆုံးမှုများပြားပြီး ကောလင်းPDFတပ်ရင်း ၂ မှ ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း ၊ လက်နက်ခဲယမ်းများရရှိကြောင်း ၊ တပ်ရင်း ၁ ကလည်း အစွမ်းကုန်ကြိုးစားနေကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ထားသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်၍ ကောလင်းမြိုကို စစ်ကောင်စီတပ်များက စစ်ကြောင်း ၅ ကြောင်းခွဲကာ အင်အား ၈၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သော်လည်း ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ အထိ ကောလင်းမြိုမှာ ပြည်သူ့ကာကွယ်ရေးတပ်များ၏ ထိန်းချုပ်မှုအောက်တွင်သာရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။", "စစ်တပ်ထောက်ခံသော စစ်လော်ဘီများကမူ ကောလင်းမြိုကို သိမ်းနိုင်ပြီဟုဆိုကာ မဟုတ်မမှန် ဓာတ်ပုံများကို Photoshop များဖြင့် ပြုပြင်ကာ အောင်ပွဲခံခြင်း၊ လုပ်ကြံဝါဒဖြန့်ခြင်းများကို တောက်လျှောက်ဆိုသလိုလုပ်ဆောင်နေကြောင်း ၊ သိုရာတွင် လက်တွေ့ပြစရာ ဘာမှ မရှိကြောင်း သိရှိရသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က “လက်ရှိ ကောလင်းအခြေအနေက အကြမ်းဖက်စစ်အုပ်စုဘက်က အင်အားသုံးပြီးတော့ လက်နက်ကြီးတွေ လေယာဉ်တွေ သုံးပြီးတော့ ထိုးစစ်ဆင်နေတဲ့အနေအထားဖြစ်ပါတယ်။ လက်ရှိအခြေအနေအထိ မြိုကို တော်လှန်ရေးအင်အားစုတွေက အကောင်းဆုံး ကာကွယ်ပြီး ထိန်းထားနိုင်တဲ့အခြေအနေဖြစ်တယ်လို ပြောနိုင်ပါတယ်။ တစ်ခုသတိထားရမှာက အကြမ်းဖက်စစ်အုပ်စုဘက်က မြေပြင်မှာ တင် ထိုးစစ်ဆင်ရုံတင်မကဘူး။ အွန်လိုင်းပေါ်မှာ စစ်လော်ဘီတွေက ဖိုတိုရှော့ခ်လုပ်ထားတဲ့ပုံတွေ သုံးပြီးတော့ သတင်းအမှားတွေ ကောလဟလတွေ လွှင့်ပြီးတော့ စိတ်ဓာတ်စစ်ဆင်ရေးတစ်ပြိုင်နက်တည်း လုပ်နေတဲ့သဘောဖြစ်နေတယ်။ အဲဒီအတွက်ကြောင့်မိုလို အဲဒါတွေကို သတိထားပြီးတော့ အသိနဲ့ သတိနဲ့ ဆင်ခြင်သုံးသပ်ကြဖို အရေးကြီးပါတယ်။ လက်ရှိ တိုက်ပွဲ အခြေအနေ ပြင်းထန်နေတဲ့ ကာလလည်းဖြစ်တာကြောင့် မြေပြင်က အချက်အလက်တွေကို ခိုင်လုံမှုမရှိဘဲနဲ့ တင်တာမျိုးတွေလည်း တတ်နိုင်သမျှ ဆင်ခြင်ကြဖို မေတ္တာရပ်ခံလိုက်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။", "ဓာတ်ပုံ- စစ်လော်ဘီများက ကောလင်းသိမ်းဆည်းရရှိပြီဟု Photoshop ဖြင့် ဓာတ်ပုံကို ပြုပြင်ထားသည့်ပုံနှင့် ကောလင်းမြိုကို ဝင်လာသည့် စစ်တပ်စစ်ကြောင်း ထံမှ ရရှိသည့် စစ်လက်နက်ခဲယမ်းများ။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/01/82144/
စစ်သား နှင့် ရဲများ၏ ဇနီးများသာမက အသက် ၁၀ နှစ်အထက်ရှိသော သား သမီး များပါ အခြေခံ စစ်ပညာ မသင်မနေရ သင်ကြားရမည်ဟု စစ်ကောင်စီက ညွှန်ကြားစာထုတ်ပြန်၊ စစ်တပ် နှင့် ရဲတပ်ဖွဲ့မှ မိဘများက ကလေး စစ်သား အဖြစ် အသုံးပြုခံရမည်ကို စိုးရိမ်
["စစ်သား နှင့် ရဲများ၏ ဇနီးများသာမက အသက် ၁၀ နှစ်အထက်ရှိသော သား သမီး များပါ အခြေခံ စစ်ပညာ မသင်မနေရ သင်ကြားရမည်ဟု စစ်ကောင်စီက ညွှန်ကြားစာထုတ်ပြန်၊ စစ်တပ် နှင့် ရဲတပ်ဖွဲ့မှ မိဘများက ကလေး စစ်သား အဖြစ် အသုံးပြုခံရမည်ကို စိုးရိမ်", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "စစ်သား နှင့်ရဲများ၏ မိန်းမများသာမက အသက် ၁၀ နှစ် အထက် ရှိ သော သားသမီးများ အခြေခံ စစ်ပညာ သင်ကြားရမည်ဟု စစ်ကောင်စီ က ညွှန် ကြားချက် ထုတ်ပြန်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။", "ပုံမှန်အားဖြင့် စစ်တပ်နှင့်ရဲများ၏ မိန်းမများကို စစ်သင်တန်းများ မဖြစ်မနေ တက် ရမည်ဟု အမိန့်ထုတ်ပြီး စစ်ပညာသင်ကြားခိုင်းကြောင်း၊ မိန်းမများကို စစ်တပ်အရန် အင်အားအဖြစ် သတ်မှတ်ပြီး စစ်ပညာမဖြစ်မနေ သင်ယူခိုင်း ကြောင်း၊ ယခုအခါတွင်မူ အသက် ၁၀ နှစ်အထက် ရှိသော စစ်သား၊ ရဲများ၏ သားသမီးများကိုပါ အခြေခံ စစ်ပညာသင်ကြားထားရမည်ဟု ညွှန်ကြားစာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရှိသည်။", "လာမည့် နွေရာသီကျောင်းပိတ်ချိန်များတွင် စစ်တပ်နှင့်ရဲများ၏ အသက် ၁၀ နှစ်အထက်ရှိသော သား၊ သမီးမှန်သမျှ အခြေခံ စစ်ပညာ များ သင်ကြားရန် ညွှန်ကြားစာထုတ်ပြန်လာခြင်းဖြစ်ပြီး ယင်းသို့ သားသမီးများကို စစ်ပညာ သင် ခိုင်းသည့်အပေါ် စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ မိဘအသိုင်းအဝိုင်းများက မကြိုက် နှစ် သက် ကြဘဲ ၎င်းတို့၏ သားသမီးများကို ကလေးစစ်သားအဖြစ် အသုံးပြုခံရ မည်ကို စိုး ရိမ် နေကြကြောင်း သိရှိရသည်။", "နိုင်ငံတကာဥပဒေများအရ အသက် ၁၈ နှစ်အောက် ကလေးငယ်များကို စစ် သား အဖြစ် အသုံးပြုခြင်း၊ စစ်ပညာသင်ကြားစေယူခြင်းမှာ လူ့အခွင့် အရေး ချိုးဖောက်မှု ဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC က စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က အသုံးပြုနေသော ကလေးစစ်သား ၁ ဦး။ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2024/05/165297/
ကျောက်တံခါးမြို့နယ်၊ မြိုချောင်း – စိန်ကန့်လန့် ရိုးမ ဖြတ်လမ်းပိုင်းတွင် ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃၅ ဦးသေဆုံး၊ PDF ရဲဘော် ၂ ဦး ကျဆုံး
["စစ်သား အလောင်းများကို ကားဖြင့် သယ်ယူသွားပြီး ပျူစောထီး အလောင်းများကို မြေမြှုပ်ခဲ့", "ရန်ကုန်၊ မေ ၃၁", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မြိုချောင်း – စိန်ကန့်လန့် ရိုးမ ဖြတ်လမ်းပိုင်းတွင် ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၅ ဦးသေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "မေလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြိုချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၂ မိုင်ကို တက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ ဗျူဟာစစ်ကြောင်းက စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "မေလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြိုချောင်း – စိန်ကန့်လန့် ရိုးမ ဖြတ်လမ်း ၁၇ မိုင်ကို စစ်ကား ၆ စီးနှင့်အတူ ခြေလျင်တက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ရဲဘော်များက ပဒေသာမိုင်း ၃ လုံးဖြင့် စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ပြီး ၄၀ မမ ၄ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြိုချောင်း – စိန်ကန့်လန့် ရိုးမ ဖြတ်လမ်း ၁၈ မိုင် အနီးရှိ တော်လှန်ရေး တပ်ဖွဲ့၏ ယာယီစခန်းကို တက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပဒေသာမိုင်း ၆ လုံးဖြင့် စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိကာ အပြန်အလှန် ပစ်ခတ်မှုအတွင်း တော်လှန်ရေး ရဲဘော် ကျော်ကြားနှင့် ရဲဘော် မိုးစက်တို့ ကျဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စက်လက်နှင့် လက်နက်ကြီးများ အပါအဝင် ဒရုန်းများ အသုံးပြု တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များသည် လက်နက် အင်အား ကွာခြားချက်ကြောင့် စခန်းမှ ဆုတ်ခွာပေးလိုက်ရပြီး လက်လုပ် သေနတ် ၃ လက်နှင့် ရှေ့ထွက်မိုင်း ၄ လုံး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။", "မေလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြိုချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၉ မိုင်ကို တက်လာသော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၄ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“၂၉ ရက်နေ့က သေတဲ့ စစ်ခွေး ၁၇ ကောင်ကို ဖောကားနဲ့ ၁၂ မိုင်ကို သယ်ပြီး အဲ့ကနေ လူနာတင်ယာဥ်နဲ့ သယ်တာ သေတဲ့ စစ်ခွေး ၃၅ ကောင်ထဲမှာ ပျူစောထီးတွေပါပြီး အဲ့ပျူစောထီးတွေ အလောင်းတော့ ရိုးမထဲမှာမြုပ်ခဲ့တယ်။ စစ်ခွေးအလောင်းပဲ ကားနဲ့ပြန်သယ်တာ ခြေပြတ်တဲ့ ၆ ကောင်ကို ပရဟိတ အသင်းကားနဲ့သယ်တယ်။ ၃၅ ကောင်က မျက်မြင်သေဆုံးတာကို အတည်ပြုထားတာပါ။ သေဆုံးသူ ပိုများနိုင်ပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "မြိုချောင်း – စိန်ကန့်လန့် ရိုးမ ဖြတ်လမ်းပိုင်းတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ရိုးမအတွင်း သွားလာမှုများ မပြုကြရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/11/130349/
စစ်သား ၉ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံးသော ကလေးမြို့ နယ်၊ မြောက်စည်း ရဲစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ မတ္တရာမြို့ နယ်၊ ရေနံ့သာရဲစခန်း ဗုံးကျဲတိုက်ခိုက်ခံရ
["စစ်သား ၉ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံးသော ကလေးမြို့ နယ်၊ မြောက်စည်း ရဲစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ မတ္တရာမြို့ နယ်၊ ရေနံ့သာရဲစခန်း ဗုံးကျဲတိုက်ခိုက်ခံရ", "ရန်ကုန်၊ နိုဝင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြောက်စည်းရဲစခန်းကို သိမ်းပိုက်စဉ် လက်နက်ခဲယမ်းများ သိမ်းဆည်းရ ရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်၍ ကလေးမြို့တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို တော် လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ သိမ်း ပိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၉ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံးခဲ့ ကြောင်း သိရှိရသည်။", "” စစ်ခွေး အလောင်း ၉ လောင်း သိမ်းဆည်းရရှိတယ်။ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံးတယ်” ဟု VAKOK – CNDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "မြောက်စည်းရဲစခန်းကို တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့သော ရဲဘော် ၂ ဦးမှာ VAKOK – CNDF မှ ရဲဘော် Salai Thawng Tha Cung ၊ RKDF မှ ရဲဘော် ညိုလုံးနှင့် ရဲဘော် မင်းခန့်တို့ ဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို VAKOK – CNDF၊ Ranger Kalay Defend Force – RKDF ၊ ကလေးခရိုင်တပ်ရင်း ၄ ၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပူပေါင်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ ကြောင်း မတ္တရာမြို့နယ် – ပကဖ မဟာတပ်ဖွဲ့ထံမှ သိရသည်။", "အောက်တိုဘာလ ၂၇ ရက်နေ့က မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာရှိ အ ကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲကင်းစခန်းကို ဒရုန်းဖြင့် မတ္တရာမြို့နယ် ပကဖ မဟာတပ်ဖွဲ့၊ Special 10 အဖွဲ့နှင့် တိုက် နယ် ၃ အဖွဲ့တို့ ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“အဲဒီ ရဲစခန်းမှာ ရဲက နည်းတယ်ဗျ၊ ပျူတွေ များတာ၊ ဗုံးကျဲပြီးတော့ သေနတ်နဲ့ ၆ ချက်လောက် ပြန်ပစ် သေးတယ်၊ ကျနော်တို့ ပြန်လာတဲ့အချိန် သတင်းကြားရတာကတော့ ရဲစခန်းထဲကို နာရေးကားတွေဝင် သွားတယ်ဗျ၊ သေဆုံးစာရင်း အတိအကျ မသိရပေမယ့် အထိအခိုက်ရှိတာတော့ သေချာတယ်၊ နောက် ဆက်တွဲ သတင်းကတော့ လိုက်လို့မရသေးဘူး” ဟု မတ္တရာမြို့နယ် ပကဖ မဟာတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2023/02/86766/
စစ်သားတွေ အတုံးအရုန်း သေနေချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က နိုင်ငံ အရေးပေါ်ကာလ သာမန်မဟုတ်တဲ့ အခြေအနေမှာ မင်္ဂလာပွဲပါ မချန် တက်နေပြန်
["စစ်သားတွေ အတုံးအရုန်း သေနေချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က နိုင်ငံ အရေးပေါ်ကာလ သာမန်မဟုတ်တဲ့ အခြေအနေမှာ မင်္ဂလာပွဲပါ မချန် တက်နေပြန်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "မြန်မာနိုင်ငံမှာ သာမန် မဟုတ်တဲ့ အရေးပေါ်ကာလ စစ်အုပ်ချုပ်ရေး ကြေညာထားချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က ကိုယ်တိုင်လည်း ပွဲအမျိုးမျိုး ဖန်တီးလို့ တက်နေချိန် အခုအခါမှာတော့ မင်္ဂလာပွဲပါ မချန် လိုက်တက်နေပြန်ပါတယ်။", "ဒီနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ Grand Convention Center လုပ်တဲ့ ရေတပ် ဗိုလ်ကြီး အောင်မြင့်ထွန်းနဲ့ မသီရိလွင်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို မင်းအောင်လှိုင်နဲ့ ကြူကြူလှ လင်စုံမယားတွဲဖက်လို့ ပွဲတက်လိုက်ပါသေးတယ်။ ပွဲတက်တာတောင် ရိုးရိုးမဟုတ်ဘဲ သတို့သားနဲ့ သတို့သမီးကို စင်မြင့်ပေါ်တက်လို့ ဂါ၀ရပြုခံတာတွေပါ လုပ်နေပါသေးတယ်။", "မင်းအောင်လှိုင်အနေနဲ့ ကိုယ်တိုင်လည်း စိန်ရတု လွတ်လပ်ရေး၊ တပ်မတော် နေ့၊ စိန်ရတု ပြည်ထောင်စုနေ့ ၊ လေတပ် နှစ်ပတ်လည်၊ ရေတပ် နှစ်ပတ်လည်၊ ဗိုလ်ရှုသဘင်စတဲ့ ပွဲတွေ အမျိုးမျိုး ဖန်တီး တက်နေရာကနေ အားရပုံမရဘဲ မင်္ဂလာပွဲပါ မချန် လိုက်တက်နေတဲ့ပုံရှိပါတယ်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ ကာ/လုံအစည်းအဝေးမှာ နိုင်ငံတော်က သာမန်မဟုတ်တဲ့ အခြေအနေမို့ စစ်အာဏာသိမ်းထားမှု ၆ လသက်တမ်းတိုးတောင်းခဲ့တဲ့ မင်းအောင်လှိုင် မင်္ဂလာပွဲကိုတော့ အေးအေးလူလူ တက်နိုင်သေးတာကလည်း အံ့ဩစရာပါ။", "စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ်မှာ ကြေညာထားရပြီး တစ်နိုင်ငံလုံး ရှေ့တန်းတွေမှာ စစ်ကောင်စီ စစ်သားတွေ အတုန်းအရုန်း သေဆုံးချိန်မှာ အကြမ်းဖက်မင်းအောင်လှိုင်ကတော့ မိန်းမဖြစ်သူ ကြူကြူလှ လက်ကိုဆွဲလို့ ပွဲလမ်းသဘင် ပျော်ပွဲဝင်နေတာက လက်အောက်ခံစစ်သားတွေအနေနဲ့ စိတ်နာရမယ့် အခြေအနေလည်း‌ဖြစ်ပါတယ်။", "မင်းအောင်လှိုင် ပွဲတွေတက်နိုင်ဖို့ အောက်ခြေ စစ်သားတွေက မိသားစုနဲ့ဘ၀ တွေ အပျက်ခံ အသေခံပြီး တိုက်ပွဲဝင်ပေးနေရတာဆိုရင်လည်း မမှားနိုင်ပါဘူး။", "ပွဲကြိုက်တဲ့မောင် မင်းအောင်လှိုင်ကတော့ ဘယ်လောက်ပဲ စစ်သားတွေ သေသေ ၊ ဘယ်လောက်ပဲ နိုင်ငံ ပျက်စီးပါစေ ကြူကြူလှကို လက်ကိုဆွဲလို့ ပွဲတွေ တက်နေဦးမှာ အသေအချာဖြစ်ပါတယ်။"]
https://yktnews.com/2023/07/111267/
စစ်သားနှင့်ရဲအယောင်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ၊ အစိုးရရုံး ဝန်ကြီးဌာနများကို PDF များက တိုက်ခိုက်လာနိုင်သဖြင့် လုံခြုံရေး အထူး သတိပြုရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားချက် ထုတ်ပြန်
["စစ်သားနှင့်ရဲအယောင်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ၊ အစိုးရရုံး ဝန်ကြီးဌာနများကို PDF များက တိုက်ခိုက်လာနိုင်သဖြင့် လုံခြုံရေး အထူး သတိပြုရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားချက် ထုတ်ပြန်", "အင်အားနည်းသော တပ်နှင့်ရဲစခန်းများကို အချိန်မီ ရုပ်သိမ်းပြီး ခုခံစစ် အတွက် အင်အားခိုင်မာစေရေး စုဖွဲ့ပြင်ဆင်ရန်လည်း နှုတ်မိန့်များထုတ်ပြန်", "ရန်ကုန်၊ ဇူလိုင် ၄", "မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်သားနှင့်ရဲအယောင်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ၊ အစိုးရရုံးဝန်ကြီးဌာနများကို PDF များက တိုက်ခိုက်လာနိုင်သဖြင့် လုံခြုံရေး သတိပြုရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားချက်တစ်ရပ်ကို ထုတ် ပြန်သည်။", "ဇူလိုင်လ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော စစ်ကောင်စီ၏ ညွှန်ကြားချက် တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာန/ဦးစီးဌာန၊တိုင်းနှင့်ပြည် နယ် အဆင့် အစိုးရအဖွဲ့ရုံးများ၊ ခရိုင်နှင့်မြို့နယ်အဆင့်အစိုးရအဖွဲ့ရုံးများ၊ဌာန ဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများကို ယခုလာမည့် ရက်ပိုင်းအတွင်း PDF များက အလစ်အငိုက်တိုက်ခိုက်ရန် စီစဉ်နေကြောင်း၊ ထို့ကြောင့် လုံခြုံရေး အထူးသတိပြုရန် ညွှန်ကြားကြောင်း သိရှိရသည်။", "စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများ၊ရဲစခန်းများ၊ရုံးဌာနများကို ယခု ရက်ပိုင်း အတွင်း အလစ်အငိုက်ရယူတိုက်ခိုက်ရန်ရှိကြောင်း သတင်းရရှိ ထား ကြောင်း၊ ခရိုင် မြို့နယ် အလိုက်မိမိတို့အုပ်ချုပ်မှု နယ်မြေအတွင်းရှိ အရေးကြီး အဆောက်အဦးများ လမ်းတံတားများ၏ လုံခြုံရေးအား တပ်နယ် များနှင့် ပေါင်းစပ်၍ လုံခြုံရေးအထူးဂရုပြုဆောင်ရွက်သွားကြရန်၊ ရုံးအဆောက် အအုံများနှင့်ပတ်သက်၍ ရန်သူမှ ပါဆယ်ဗုံး၊ကား/ဆိုင်ကယ်ဗုံးများနှင့် ဖောက် ခွဲတိုက်ခိုက်ခြင်း ၊ မိမိတို့၏တပ်၊ရဲ၊မိတ်ဖက်အဖွဲ့အစည်းဝတ်စုံများ ဝတ်ဆင်၍ အယောင်ဆောင်တိုက်ခိုက်ခြင်းများ ပြုလုပ်လာနိုင်သဖြင့် လုံခြုံရေး အစီအမံ များကို အောက်ခြေအဆင့်အထိချ ပြကာ ဆောင်ရွက်သွားကြရန်နှင့် ထူးခြား ဖြစ် စဉ် များ သတင်းရရှိမှုများအား အချိန်နှင့်တပြေးညီ တင်ပြသွားကြရန် ညွှန်ကြားချက်ထုတ် ပြန်လာခြင်း ဖြစ်သည်။", "ထို့ပြင် တပ်ရင်း၊ တပ်ဖွဲ့၊ ရဲစခန်းများတွင်လည်း အင်အားနည်းသော စခန်း များသည် မိမိတို့၏ စခန်းများကို PDF များက သာလွန်အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်နိုင်ပါသဖြင့် အင်အား ၂၀ အောက်ရှိသော မိမိရဲစခန်းများ၊ မိမိတပ်ရင်းတပ်ဖွဲ့များ၏ ရှေ့ကင်းစခန်းများအားလုံးကို အင်အား ခိုင်မာစွာ ပြန်လည်စုဖွဲ့ထားရန်၊ အင်အားများပြားသော တပ်ရင်းတပ်ဖွဲ့များ ဌာန ချုပ်များတွင် လာရောက်ပေါင်းစည်း၍ စုစည်းစွာ အင်အား တည်ဆောက် ထားရန်လည်း စစ်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာနအတွင်း နှုန်မိန့် ညွှန်ကြားချက်များရှိနေကြောင်း သိရှိရသည်။", "“အချက်အချာကျတဲ့ လမ်းတွေ၊ လမ်းမပေါ်တွေ မဟုတ်ရင် စစ်ဆေးရေး ဂိတ်တွေကို ပြန်ရုပ်သိမ်းဖို့၊ အင်အားနည်းတဲ့ နယ်မြေ ရဲစခန်း၊ ရဲကင်း၊ စစ်တပ် ရဲ့ အင်အား နည်းလွန်းသော ရှေ့တန်းဂိတ်တွေ၊ ကင်းပုန်းတွေ ကိုပါ ချက်ချင်း ပြန်ရုပ်သိမ်းဖို့ နှုတ်မိန့် ညွှန်ကြားချက်တွေ ရထားပါတယ်” ဟု ပဲခူးတိုင်း၊ စီမံ အုပ် ချုပ်ရေးအဖွဲ့သတင်းရင်းမြစ်က ပြောဆိုသည်။", "ဓာတ်ပုံ- ကင်းစောင့်နေသော အကြမ်းဖက်စစ်သားတစ်ဦး။ (ပုံအဟောင်းဖြစ် ပါသည်။)"]
https://yktnews.com/2023/12/134353/
စစ်သားပြုန်းတီးမှု ကုစားနိုင်ရေး အနည်းဆုံး ၁ လလျှင် စစ်သားသစ် ၁ ဦးနှုန်းဖြင့် တပ်ရင်းများအားလုံးက တစ်နှစ်လျှင် စစ်သားသစ် ၁၂ ဦးနှုန်း စုဆောင်းရန်၊ မစုဆောင်းနိုင်လျှင် အရေးယူမည်ဟု စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား
["စစ်သားပြုန်းတီးမှု ကုစားနိုင်ရေး အနည်းဆုံး ၁ လလျှင် စစ်သားသစ် ၁ ဦးနှုန်းဖြင့် တပ်ရင်းများအားလုံးက တစ်နှစ်လျှင် စစ်သားသစ် ၁၂ ဦးနှုန်း စုဆောင်းရန်၊ မစုဆောင်းနိုင်လျှင် အရေးယူမည်ဟု စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား", "ယခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအထိ တစ်နိုင်ငံလုံးတပ်ရင်းများတွင် တပ်သားသစ်တစ်ဦးမှ မရ", "ရန်ကုန်၊ ဒီဇင်ဘာ ၄", "တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့များအားလုံးတွင် စစ်သားပြုန်းတီးမှုကို ကုစားနိုင်ရေး အနည်းဆုံး တစ်လ လျှင် စစ်သားသစ် ၁ ဦးနှုန်းမ ဖြစ်မနေ စုဆောင်းရန်၊ တစ်နှစ်လျှင် စစ်သား ၁၂ ဦးနှုန်း စုဆောင်းကြရမည်ဖြစ်ပြီး မစုဆောင်းနိုင်လျှင် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားချက် ထုတ် ပြန်သည်။", "အောက်တိုဘာလတွင် အဆိုပါ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ယင်းညွှန်ကြားချက်နှင့်အညီ တပ်ရင်းတပ်ဖွဲ့များက တပ်သားသစ်များ ရရှိရေး ပေါ်တာဆွဲမှု အပါအဝင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တပ်သား သစ်များစုဆောင်းပေးရန် ဖိအားပေး စုဆောင်းလျက်ရှိကြောင်း သိရှိရသည်။", "စစ်ကောင်စီက ထုတ်ပြန်ခဲ့သော လျှို့ဝှက် ညွှန်ကြားစာတွင် ကွပ်ကဲမှုအောက် ရင်း/ဖွဲ့များအနေဖြင့် လက်ရှိကာလ တပ်သားသစ် စုဆောင်းခြင်းဖြင့် တပ်ရင်းရှိ စစ်သည်အဆင့်အတန်းအားလုံး၏ ပြုန်းတီးဖြစ်ပွားမှုအား ကုစားနိုင်ရန်၊ တပ်မ တော် အင်အားရှိစေရေး စိတ်ပါဝင်စားစွာဖြင့် စုဆောင်းရန် ၊ ၂၀၂၃ စက်တင် ဘာလ မှစတင်၍ ကွပ်ကဲမှု အောက် ရင်း/ဖွဲ့များအနေဖြင့် ၁ လလျှင် တပ်သား သစ် ၁ ဦးနှုန်းဖြင့် ၁ နှစ်လျှင် ၁၂ ဦး စုဆောင်းရရှိရေး အလေးအနက်ထား စုဆောင်းကြရန်၊ စုဆောင်းရရှိခြင်း မရှိသော တပ်ရင်းမှူး၊ တပ်ဖွဲ့မှူး၊ ခေတ္တတပ်ရင်းမှူး၊ တပ်ဖွဲ့မှူး၊ ဌာနချုပ် ခွဲမှူးများအားလုံး လိုအပ်သလို အရေးယူခြင်း ဆောင်ရါက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက အမိန့်ထုတ်ထားသည်။", "၂၀၂၃ ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာ ၂၆ ရက်နေ့အထိ တပ်သားသစ် စုဆောင်းရရှိခြင်းမရှိသဖြင့် တပ်သားသစ် စုဆောင်းရရှိရေး အလေးထားဆောင် ရွက်ရန် ထပ်မံ သတိပေး အကြောင်းကြားအပ်ကြောင်း၊ တပ်သားသစ်စုဆောင်းရရှိရေး တပ်ရင်း ဌာနချုပ် များသို့ ကြပ်မတ်ကွပ်ကဲရန် စစ်ကောင်စီက ညွှန် ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏ အဆိုပါ ညွှန်ကြားချက်အရ ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့ပြကျေးရွာများတွင် ညပိုင်း လူငယ်များကို ဖမ်းဆီးခြင်း၊ စစ်တပ်အတွင်းသို့ အတင်းအကျပ် ပေါ်တာဆွဲခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ၊သုံးခွကျေးရွာအုပ်စု ၊ မကျီးပင်ကျေးရွာတွင် စစ်တပ်က တပ်သားသစ်စုဆောင်းရန် လူငယ်များ ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖိအားပေးပြီး တပ်သားသစ်အဖြစ် ညပိုင်း လမ်းသွားလမ်းလာ လူငယ်များ၊ ဝမ်းရေးအတွက် ငါးရှာ ဖားရှာ လူငယ်များကို ဖမ်းဆီးကြောင်း၊ ယင်းနောက် အဆိုပါ လူငယ်များကို တပ်သားသစ်အဖြစ် တပ်ထဲသို့ ပို့ဆောင် စုဆောင်းကြောင်း၊ မိသားစုများက လူပျောက်၍ လိုက်လံ ရှာဖွေသောအခါ စစ်တပ်ထဲသို့ ရောက်ရှိနေသည်ကို သိရှိရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "” မကျီးပင်ကျေးရွာ ရွှေကျောင်းဘုန်းကြီးကျောင်းမှာ စစ်တပ်က အထိုင်ချပြီး ညပိုင်း လမ်းသွားလမ်းလူငယ်များ ခရီးသွားခရီးလာလူငယ်များ ဝမ်းရေးအတွက် ညဘက်တွင် ငါးရှာ ဖားရှာ လူငယ်များကို ညတိုင်းလိုလို တစ်ညကို ၂ ယောက် ၃ယောက် တပ်သားသစ်အဖြစ် ဖမ်းဆီး စုဆောင်းခံရပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/07/110780/
စစ်သားများ တပ်ကို စွန့်ခွာမှု များပြားနေခြင်းကို လျှော့ချနိုင်ရေး စစ်ကောင်စီ က တပ်အတွင်း စနစ်တကျ သတင်းလိမ်လည် ဖြန့်ချိန်မှု များလုပ်နေရ
["စစ်သားများ တပ်ကို စွန့်ခွာမှု များပြားနေခြင်းကို လျှော့ချနိုင်ရေး စစ်ကောင်စီ က တပ်အတွင်း စနစ်တကျ သတင်းလိမ်လည် ဖြန့်ချိန်မှု များလုပ်နေရ", "ရန်ကုန်၊ ဇူလိုင် ၂", "စစ်ကောင်စီက စစ်သားများ စစ်တပ်မှ စွန့်ခွာမှု လျှော့ပါးစေရန် ရည်ရွယ်၍ ဝါဒဖြန့်မှုများကို စနစ်တကျ လုပ်ဆောင်လျက် ရှိနေပြီး ထိုသို့ ဝါဒဖြန်ချိရာတွင် စစ်တပ်အတွင်းရှိ စစ်သားများကို ဦးတည် လိမ်လည် ဝါဒဖြန်နေ့ကြောင်း Generation Wave ၏ မေလအတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။", "စစ်ကောင်စီတပ်မှ CDM ပြုလုပ်သူများ၊ တပ်အတွင်းမှ ထွက်ပြေးသူများ၊ စစ်မ တိုက် လို၍ ထွက်ပြေးသူများ စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် တပ်ပြေးများ မြင့်တက် လျက်ရှိရာ ယင်းသို့ တပ်ပြေးများပြားလာမှုကို လျှော့ချနိုင်ရေး အတွက် စစ်တပ်အတွင်းတွင်ပင် ပြန်လည်၍ ဝါဒဖြန့်ချိနေရကြောင်း၊ ဝါဒဖြန့်ချိရာတွင် ပုံစံအမျိုးမျိုး အသုံးပြုနေရပြီး စစ်ကောင်စီနှင့်စစ်တပ် ထောက် ခံ သူများက စစ်တပ်၊ တပ်ရင်းတပ်ဖွဲ့များကို တပ်ထဲမှ ထွက်ခွာ မသွားစေရေး ဦးတည်သော ဝါဒဖြန့် နေကြကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းကို ထောက်ခံသူများသည် ပြီးခဲ့သည့် မေလအတွင်း Facebook ပေါ်မှ တစ်ဆင့် ဝါဒဖြန့်ချိမှုများစွာလုပ် ဆောင်ခဲ့ သည့် အထဲတွင် ပြည်သူများကို ဖမ်းဆီးရန် လှုံ့ဆော်သည့် ဝါဒဖြန့်ချိမှု အကြောင်း အရာမှာ ၄၂ ရာခိုင်နှုန်းနှင့် အများဆုံးဖြစ်ကြောင်း စစ်ကောင်စီ ထောက် ခံသူများ၏ Facebook တွင် ရေးသားနေသည့် ဝါဒဖြန့်မှုများကို မေလအတွင်း စောင့်ကြည့်လေ့လာသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။", "အလားတူ စစ်ကောင်စီနှင့် ၎င်းတို့၏ လော်ဘီများသည် မိုခါ ဆိုင်ကလုန်း မုန်တိုင်း တိုက်ခိုက်မှုဖြစ်စဉ်နှင့် ဆက်စပ်သည့် ဝါဒဖြန့်ချိမှုများ၊ ကရင်အမျိုး သား အစည်းအရုံးနှင့် ပတ်သက်သည့် ဝါဒဖြန့်ချိမှုများ၊ CDM တပ်မတော် သားများနှင့် ပတ်သက်သည့် သွေးခွဲရန်တိုက်သည့် ဝါဒဖြန့်ချိမှုများကို အများ ဆုံး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ယင်းအစီရင်ခံစာသည် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းကို ထောက်ခံသည့် အစုအဖွဲ့များက ရေးသားထားသည့် Post အရေအတွက် ၄၄၂ ကို လေ့လာ စောင့်ကြည့်၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။", "စစ်ကောင်စီလော်ဘီများနှင့် စစ်တပ်ထောက်ခံသူများ၏ ဝါဒဖြန့်ချိမှုများတွင် တွေ့မြင်ရသည့် အကြောင်းအရာများတွင် သတင်းပေးခြင်းမှာ ၄၂ ရာခိုင်နှုန်း အထိ အများဆုံးရှိပြီး PDF များ၊ EAO များ၊ NUG အစိုးရကို ထောက်ခံ သူများ နှင့် CDM ဝန်ထမ်းများကို ဖမ်းဆီးရန် သတင်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဒုတိယအများဆုံး ဝါဒဖြန့်ချိမှုမှာ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဝေဖန် တိုက်ခိုက် ခြင်းဖြစ်ပြီး ၃၄ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ စစ်တပ်နှင့် သက်ဆိုင် သည့် အကြောင်းအရာများမှာ ၁၁ ရာခိုင်နှုန်းနှင့် လူမျိုးရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ ဝါဒဖြန့်ချိမှုများ ၅ ရာခိုင်နှုန်း ရှိနေကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။", "မိုခါမုန်တိုင်းကို အကြောင်းပြု၍ စစ်တပ်ကို အပြုသဘောမြင်လာစေရန်လည်း ဝါဒဖြန့်ချိမှုများလည်း ပြုလုပ်ခဲ့ကြပြီး လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဦးတည်တိုက်ခိုက်မှုတွင်မူ ရက္ခိုင့်တပ်တော် AA နှင့် အမျိုးသားညီညွတ်ရေး အစိုးရကို မိုခါနှင့် ပတ်သက်၍ ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိကြောင်း တိုက်ခိုက်ရေးသားမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။", "ထို့ပြင် ဝါဒဖြန့်သည့် ပို့စ်များတွင် ဦးတည်ပြောဆိုသည့် အုပ်စုများအနေနှင့် PDF များနှင့် ပတ်သက်၍ ၂၂ ရာခိုင်နှုန်း၊ ပြည်သူများနှင့် ပတ်သက်၍ ၇ ရာခိုင် နှုန်း၊ NUG အစိုးရနှင့် ပတ်သက်၍ ၇ ရာခိုင်နှုန်း၊ NUG အစိုးရကို ထောက်ခံ သူများနှင့် ပတ်သက်၍ ၇ ရာခိုင်နှုန်း၊ NCA လက်မှတ်ရေးထိုးခြင်း မရှိ သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ ၁၁ ရာခိုင်နှုန်း ၊ စစ်တပ် နှင့် ပတ်သက်၍ ၁၁ ရာခိုင်နှုန်းနှင့် စစ်ကောင်စီနှင့် ပတ်သက်၍ ၉ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း အစီရင်စာအရ သိရှိရသည်။", "ထို့အတူ ကရင်အမျိုးသား အစည်းအရုံး၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်နှင့် ပတ် သက် ၍လည်း အဖွဲ့တွင်း အကွဲအပြဲများ ဖြစ်ပေါ်နေကြောင်း ၊ ကရင် အမျိုး သား အစည်းအရုံးကို ပြင်းထန်စွာ တိုက်ခိုက်သင့်ကြောင်း နှပ်ကြောင်းပေး ရေး သားမှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ တပ်မတော်သား CDM များနှင့် ပတ် သက် ၍ သွေးခွဲ၊ ရန်တိုက်ခြင်းများကို ရှုထောင့်အမျိုးမျိုးမှ ရေးသား ဝါဒဖြန့်ချိမှု များလည်း မေလအတွင်း လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီ ထောက်ခံ သူများ ၏ Facebook တွင် ရေးသားနေသည့် ဝါဒဖြန့်မှုများကို မေလအတွင်း စောင့် ကြည့် လေ့လာသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။"]
https://yktnews.com/2024/12/194663/
စစ်သားအချင်းချင်း စိတ်ဝမ်းကွဲစေရန်၊ စည်းလုံးမှု ပြိုကွဲစေရန်နှင့် စစ်တပ်ကို ဖြိုခွဲရန် မီဒီယာများက တိုက်ခိုက်နေ၍ နားမယောင်ကြရန် အကြမ်းဖက် မင်းအောင်လှိုင် ထပ်ပြောပြန်
["စစ်သားအချင်းချင်း စိတ်ဝမ်းကွဲစေရန်၊ စည်းလုံးမှု ပြိုကွဲစေရန်နှင့် စစ်တပ်ကို ဖြိုခွဲရန် မီဒီယာများက တိုက်ခိုက်နေ၍ နားမယောင်ကြရန် အကြမ်းဖက် မင်းအောင်လှိုင် ထပ်ပြောပြန်", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "စစ်သားအချင်းချင်း စိတ်ဝမ်းကွဲစေရန်၊ ပြည်သူနှင့်စစ်တပ် စည်းလုံးမှု ပြိုကွဲစေရန်နှင့် စစ်တပ်ကို ဖြိုခွဲရန် မီဒီယာများက တိုက်ခိုက်နေသဖြင့် နားမယောင်ကြရန် လိုအပ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံ ပြောဆိုပြန်သည်။", "ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ပြင်ဦးလွင် စစ်တက္ကသိုလ်အပတ်စဉ် ၆၆ သင် တန်းဆင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ထပ်မံ ပြောဆိုလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် သတင်းအတု သတင်းအမှားများကြောင့် တည်ငြိမ်အေးချမ်းရေး ပျက်စီးနေသည်ဟု မင်းအောင်လှိုင်က အကြိမ်ကြိမ် ပြောဆိုနေခြင်းဖြစ် သည်။", "စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ကာလတွင် ဆိုရှယ်မီဒီယာကို လက် နက်သဖွယ် အသုံးပြု၍ အစိုးရနှင့်ပြည်သူ၊ စစ်တပ်နှင့် ပြည်သူ သွေးကွဲစေရန်၊ စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် ထိုးနှက် တိုက်ခိုက်လျက်ရှိကြောင်း၊ အထူး သဖြင့် စစ်သားအချင်းချင်း စိတ်ဝမ်းကွဲစေရန် လည်း သတင်းအတု သတင်းအမှားများဖြင့် ထိုးနှက် တိုက်ခိုက်နေကြောင်း ပြောဆိုသည်။", "ထို့ကြောင့် စစ်တပ်ဖြိုခွဲရေး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသော သတင်းအတု သတင်းအမှားကို နားမယောင်စေရန် သတင်းအတု၊ သတင်းအမှားများကြောင့် ယုံကြည်ချက်၊ ခံယူချက် မယိမ်းယိုင်သွားစေရန် တပ်တွင်း စည်းလုံးညီညွတ် ခိုင်မာအားကောင်းစေရန် စည်းရုံးလုပ်ဆောင်ကြရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။", "စစ်တပ်ကို ဆန့်ကျင်သော လူပုဂ္ဂိုလ်များနှင့် မီဒီယာများက ပူးပေါင်း၍ စစ်တပ်ပုံရိပ်ကျဆင်းစေရန် ပြောဆိုရေးသားနေကြကြောင်း၊ အဆိုပါလုပ် ဆောင်ချက်များကြောင့် တပ်မတော်အပေါ်တွင်သာမက တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုအပေါ် ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း၊ ဆန့်ကျင်ဘက်အဖွဲ့များနှင့် မီဒီယာများ ၏ လုပ်ရပ်အပေါ် တပ်ပြင် စည်းရုံးရေးလုပ်ငန်းများကို အလေးထား လုပ် ဆောင်သွားရမည်ဖြစ်ကြောင်း မင်းအောင် လှိုင်က ဆိုသည်။", "အကြမ်းဖက် မင်းအောင်လှိုင်သည် လုံခြုံရေး အလွန်စိုးရိမ်ရသည့်အတွက် ပြင်ဦးလွင်သို့ ခိုးကြောင်ခိုးဝှက် သွားရောက်ခဲ့ရပြီး စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ တက်ရောက်နေချိန်တွင်လည်း ပြင်ဦးလွင်တစ်မြို့လုံးကို အထူးလုံခြုံရေး တင်း ကျပ်ထားခဲ့သည်။"]
https://yktnews.com/2023/12/135539/
စစ်အင်အား ၄၁ ဦးရှိ နမ့်ဆန်မြို့မ ရဲစခန်းကို TNLA က ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်တွင် ပိတ်ဆို့ တိုက်ခိုက်လာ၍ စစ်ကောင်စီတပ်များ ထွက်ပြေးရ
["စစ်အင်အား ၄၁ ဦးရှိ နမ့်ဆန်မြို့မ ရဲစခန်းကို TNLA က ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်တွင် ပိတ်ဆို့ တိုက်ခိုက်လာ၍ စစ်ကောင်စီတပ်များ ထွက်ပြေးရ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၂", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် စစ်အင်အား ၄၁ ဦးရှိ နမ့်ဆန်မြို့မရဲစခန်းကို TNLA က ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်တွင်လည်း တိုက်ခိုက်လာ၍ စစ်ကောင်စီတပ်များ ထွက်ပြေးရကြောင်း စစ်ကောင်စီတပ်၏ ကြေးနန်းအစီရင်ခံစာ အရ သိရှိရသည်။", "ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန် TNLA က နမ့်မြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ ရဲစခန်းတွင် ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော စစ်အင်အား ၄၁ ဦး ရှိကြောင်း၊ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်တွင်လည်း TNLA က ညာသံပေး အင်အားသုံး တိုက်ခိုက် လာသောကြောင့် နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ၂ ဖွဲ့၍ ဆုတ်ခွာ ထွက်ပြေးရကြောင်း စစ်ကောင်စီ၏ ကြေးနန်းအစီရင်ခံစာက ဆိုသည်။", "ထို့သို့ ရဲစခန်းကို စွန့်ခွာ ထွက်ပြေးပြီး ယမန်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးသော အင်အား ၂၁ ဦး ပါ စစ်ကြောင်းသည် စခန်း၏ အရှေ့တောင်ဘက် ကိုက် ၁၀၀ ခန့် အကွာ လျှိုအတွင် တိမ်းရှောင်နေသည်ကို အဆက်အသွယ်ရရှိကြောင်း၊ ထို့ကြောင့် အဆိုပါ တိမ်းရှောင်နေသော အဖွဲ့သည် ရှေ့တန်း ခလရ ၂၅၄ မှ ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား ၁၁ ဦးရှိ ကွန်မန်ဒိုကုန်းသို့ သွားရောက်ပူးပေါင်းခဲ့ကြ ကြောင်း သိရှိရသည်။", "ယင်းနောက် နမ့်ဆန်မြို့နယ်ရဲစခန်းမှ စွန့်ခွာသွားသော ဒုတိယစစ်ကြောင်းဖြစ်သည့် ရဲမှူး နေဝင်းထွန်းဦးစီးသော အင်အား ၂၀ ပါ စစ်ကြောင်းနှင့် ဆက်သွယ်မှု ရရှိနိုင်ရေး ဆောင်ရွက်နေသည်ဟု အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။", "TNLA ၏ ထုတ်ပြန်ချက်တွင်မူ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၅ နာရီ ၀၃ မိနစ် အချိန် နမ့်ဆန်မြိုနယ် စစ်ကောင်စီ ရဲစခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ္စတို ၃ လက်၊ လက်နက် ၁၄ လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ယနေ့ ဒီဇင်ဘာ ၁၂ရက်နေ့ နမ့်ဆန်မြိုနယ်ဘက်သို့ စစ်ကောင်စီ မန်တုံ ၁၃၀ တပ်စခန်းက လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စ်ကောင်စီတပ်မှ နမ့်ဆန်မြိုနယ်အတွင်း Y12 လေယာဥ်ဖြင့် ဗုံး(၂)ကြိမ် လာရောက်ပစ်ချခဲ့‌ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/120861/
စစ်အင်အားဖြည့်တင်းနေသည့် ရေးမြို့နယ် ခလရ ၆၁ ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှု လူနာတင်ကား ၂ စီးဖြင့် ဒဏ်ရာရသူများကို သယ်ထုတ်
["စစ်အင်အားဖြည့်တင်းနေသည့် ရေးမြို့နယ် ခလရ ၆၁ ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှု လူနာတင်ကား ၂ စီးဖြင့် ဒဏ်ရာရသူများကို သယ်ထုတ်", "ရန်ကုန်၊ စက်တင်ဘာ ၃", "မွန်ပြည်နယ်၊ ရေးမြိုု့နယ်တွင် စစ်အင်အား ဖြည့်တင်းနေသည့် ရေးမြို့နယ် ခလရ ၆၁ ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ရာ စစ်တပ်အတွင်း လူနာတင်ကား ၂ စီးဖြင့် ဒဏ်ရာရသူများကို သယ်ထုတ်သွားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်သည်။", "စက်တင်ဘာလ ၂ ရက်နေ့ စစ်ကောင်စီတပ်က ရေလမ်းမှတစ်ဆင့် ရေးမြို့နယ် ခလရ ၆၁ သို့ အင်အား ၁၀၀ ခန့် ဖြည့်တင်းလာကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဒေါနစစ်ကြောင်း ချေမှုန်းရေး တပ်ခွဲနှင့် ဒေါနစစ်ကြောင်းလက်နက်ကြီးတပ်စု၊ ပူးပေါင်းတပ်ဖွဲ့များက စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲကြာချိန် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ လူနာတင်ယာဉ်၂ စီးဖြင့် ထိခိုက်ဒဏ်ရာ ရသူများ သယ်ထုတ်သွားရကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုစာရင်းအတိအကျကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ်ပြီး ပူးပေါင်းမဟာမိတ်များအဖွဲ့ဘက်မှ အထိအခိုက်အကျအဆုံးလုံးဝမရှိဘဲ အောင်မြင်စွာစစ်ဆင်ရေး ဖော်ဆောင်နိုင်ခဲ့ကြောင်း ၊ စစ်ဆင်ရေးတွင်ပါဝင်ခဲ့သော တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF)နှင့်မွန်ပြည် တော်လှန်ရေးတပ်(MSRF) တို့ပူးပေါင်းတိုက်ခိုက်ကြောင်း သိရှိရသည်။"]