url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/03/150575/
စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ်ပြီး နိုင်ငံတကာက အရေးယူမှုလုပ်ရန် NUCC နှင့် NLD ပါတီ ပူးတွဲဆောင်ရွက်မည်ဟုဆို
["စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ်ပြီး နိုင်ငံတကာက အရေးယူမှုလုပ်ရန် NUCC နှင့် NLD ပါတီ ပူးတွဲဆောင်ရွက်မည်ဟုဆို", "ရန်ကုန်၊ မတ် ၁၄", "စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ် ကာ ရရှိလက်မှတ်များကို UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ကာ အရေးယူနိုင်ရေး ဆက် လက်ဆောင်ရွက်မည်ဟု NUCC နှင့် NLD ပါတီတို့က ယနေ့မတ်လ ၁၄ ရက်နေ့တွင် ပူးတွဲထုတ်ပြန် ထားသည်။", "အကြမ်းဖက်စစ်အုပ်စုသည် ရွေးကောက်ခံအရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာကို လက်နက် အားကိုးဖြင့် ဥပဒေမဲ့အကြမ်းဖက်သိမ်းယူလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နိုင်ငံအနှံ့ ဖြစ်ပွား လျက်ရှိသည့် ခုခံစစ်ပွဲများတွင် အဓမ္မလုပ်အားခိုင်းစေရန်နှင့် လူသားဒိုင်း အသုံးချရန်အတွက် လူငယ် လူရွယ် များကို ပစ်မှတ်ထားကာ အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းမည့် စစ်မှုထမ်း ကြေညာချက်ကို ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် စစ်အုပ်စုက ထုတ်ပြန်ထားကြောင်း သိရသည်။", "မြန်မာနိုင်ငံ၏ ယခုအခြေအနေသည်အခြားနိုင်ငံများကဲ့သို့ ပြည်ပအန္တရာယ်ကာကွယ်ရန် နိုင်ငံသား များမှ မဖြစ်မနေ စစ်မှုထမ်းမှု လုပ်ဆောင်ရမည့် အခြေအနေမဟုတ်သည့်အပြင် အဆိုပါလုပ်ရပ်သည် နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ထုဆစ် ကြမည့် လူငယ်ထု၏ အသက်၊ သွေး၊ ချွေး များကို စတေး၍ စစ် အာဏာရှင်၏ အကျိုးစီးပွားကို ဆက်လက် တည်တံ့စေမည့် လုပ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင် လူငယ် မျိုးဆက်အား အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေသော စစ်ရာဇဝတ်မှုများအတွင်းသို့ အဓမ္မ သွတ် သွင်းသည့်လုပ်ရပ် ဖြစ်သည့်အတွက် အကြမ်းဖက်စစ်အုပ်စု၏ “အဓမ္မစစ်သားစုဆောင်းမှု လုပ်ငန်း” နှင့် ယင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ်မည့် အစီအမံမှန်သမျှကို ကမ္ဘာတဝှမ်းနှင့် နိုင်ငံအနှံ့ရှိ ပြည်သူလူထုတရပ်လုံးက ဆန့်ကျင့်ကန့်ကွက် ကြရမည်ဖြစ်ကြောင်း NUCC နှင့် NLD ပါတီတို့က ပြောသည်။", "ထို့ကြောင့်ပြည်တွင်းပြည်ပရှိ လူငယ်များအပါအဝင် မြန်မာနိုင်ငံသားများ၏ ဆန့်ကျင် ကန့်ကွက် ကြောင်း ဆန္ဒဖေါ်ထုတ်ပွဲများ၊ တောင်းဆိုလှုပ်ရှားမှုကိုထောက်ခံကြိုဆို၍ “အဓမ္မစစ်သား စုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှု” အဖြစ် စုပေါင်းလက်မှတ် ရေးထိုးမှုကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင်စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း ကြေညာထားသည်။", "မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒဖြစ်သော ရရှိလာသည့် လက်မှတ်များကို နိုင်ငံတကာ အစိုး ရ များ၊ အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အ ပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း အသီး သီး ထံသို့ ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့အစည်းများကလည်း အကြမ်းဖက်စစ်အုပ်စု ကျဆုံး သည် အထိ ဖိအားပေး အရေးယူနိုင်ရေး ကိုစဥ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထား သည်။", "ထို့ကြောင့်https://www.change.org/antiforcedconscriptionတွင် ပါဝင်စုပေါင်းလက်မှတ် ရေး ထိုးပေးကြပါရန် NUCC နှင့် NLD ပါတီတို့က မေတ္တာရပ်ခံတိုက်တွန်းထားသည်။"]
https://yktnews.com/2025/04/210080/
စစ်ကောင်စီ၏ အပစ်ရပ် ကြေညာချက်သည် လီဆယ်လှည့်ဖြားမှုသာဖြစ်ပြီး ညောင်ဦးမြို့နယ် အတွင်းကို ယနေ့ နံနက်ပိုင်းတွင် တင့်ကား ၂ စီးဖြင့် စစ်ကြောင်းထိုး ပစ်ခတ်နေဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောဆို
["စစ်ကောင်စီ၏ အပစ်ရပ် ကြေညာချက်သည် လီဆယ်လှည့်ဖြားမှုသာဖြစ်ပြီး ညောင်ဦးမြို့နယ် အတွင်းကို ယနေ့ နံနက်ပိုင်းတွင် တင့်ကား ၂ စီးဖြင့် စစ်ကြောင်းထိုး ပစ်ခတ်နေဟု NUGကာကွယ်ရေးဝန်ကြီးဌာန ပြောဆို", "ရန်ကုန်၊ ဧပြီ ၃", "အကြမ်းဖက် စစ်ကောင်စီ၏ အပစ်ရပ် ကြေညာချက်သည် လီဆယ်လှည့်ဖြားမှုသာဖြစ်ပြီး ညောင်ဦးမြို့နယ် အတွင်းကို ယနေ့ နံနက်ပိုင်းတွင် တင့်ကား ၂ စီးဖြင့် စစ်ကြောင်းထိုး ပစ်ခတ်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားသည်။", "ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တင့်ကား ၂ စီးဖြင့် ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ မြေသန့်တောင်ရွာ၊ မအူပင်ရွာ၊ ကြအိုကျေးရွာ များရှိ ပြည်သူ ပိုင် နေအိမ်များကို ပွိုင့် ၅ စက်သေနတ်များ အပါအဝင် လက်နက်မျိုးစုံဖြင့် ပစ်ခတ် နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ စစ်ကြောင်းသည် အင်အား ၆၀၀ ခန့်ပါဝင်ပြီး မတ်လ ၂၀ ရက်နေ့က စတင်ကာ ညောင်ဦး မြို့ နယ်နှင့် ချောက်မြို့နယ် အကြားရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူပိုင်နေ အိမ်များကို မီးရှို့ခြင်း၊ ဒေသပြည်သူများကို ဖမ်းဆီးခြင်းနှင့် ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းများကို အဓမ္မ ခိုးယူ လုယက်ခြင်းများ ပြုလုပ်နေသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။", "ထို့သို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ ပြည်သူလူထုအပေါ် တိုက်ခိုက်နေမှုကြောင့် ဒေသနေ ပြည်သူ ၂၀၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သည် အပစ်ရပ်သည်ဟု ကြေညာသော်လည်း လက်တွေ့တွင် လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် မြေပြင်စစ်ကြောင်း ထိုးခြင်းများ စဥ်ဆက်မပြတ် ပြုလုပ်နေ ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောဆိုထားသည်။"]
https://yktnews.com/2024/05/165132/
စစ်ကောင်စီ၏ အဖမ်းအဆီးများကြောင့် ရွှေနှင့်ဒေါ်လာစျေး တပြိုင်နက်တည်း ကျဆင်းပြီး အခေါက်ရွှေစျေး ၅၇ သိန်းဝန်းကျင်နှင့် ဒေါ်လာစျေး ၄၅၅၀ ဝန်းကျင်အထိ စျေးပြန်ကျ
["စစ်ကောင်စီ၏ အဖမ်းအဆီးများကြောင့် ရွှေနှင့်ဒေါ်လာစျေး တပြိုင်နက်တည်း ကျဆင်းပြီး အခေါက်ရွှေစျေး ၅၇ သိန်းဝန်းကျင်နှင့် ဒေါ်လာစျေး ၄၅၅၀ ဝန်းကျင်အထိ စျေးပြန်ကျ", "ရန်ကုန်၊ မေ ၃၀", "အကြမ်းဖက်စစ်ကောင်စီက ရွှေစျေးနှင့်ဒေါ်လာစျေးမြင့်တက်မှုကို အရေးယူဆောင်ရွက်သည့်အနေဖြင့် အဖမ်းအဆီးများ လုပ်ဆောင်ခဲ့ရာ ယနေ့ မွန်းလွဲပိုင်းတွင် ဒေါ်လာစျေး၊ ရွှေစျေးများ ပြန်လည် ကျဆင်းလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "ယနေ့တွင် အခေါက်ရွှေစျေးသည် တစ်ကျပ်သားလျှင် ၅၉ သိန်းအထိလည်းကောင်း၊ ဒေါ်လာစျေးမှာမူ တစ်ဒေါ်လာလျှင် ၅၀၀၀ ကျပ်အထိလည်းကောင်း စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီက ဟွန်ဒီငွေလွှဲလုပ်ကိုင်သူ ၁၂ ဦးကို ဖမ်းဆီးပြီး ဘဏ်စာရင်းနှင့်ငွေစာရင်းအကောင့် ၇၄ ခုကို ပိတ်ပင်သည်ဆိုသော သတင်းထုတ်ပြန်မှု၊ ရန်ကုန်မြို့တွင်းနှင့်မန္တလေးမြို့တွင်းတွင် ရွှေကုန်သည်နှင့်ဒေါ်လာဝယ်ရောင်းများကို စသုံးလုံးနှင့်စရဖက လိုက်လံမေးမြန်းမှုများကြောင့် မည်သူမှ အရောင်းအဝယ်မလုပ်တော့ကြောင်း၊ ယနေ့ မွန်းလွဲ ၁ နာရီ ကျော်အချိန်မှစတင်၍ ရွှေစျေးနှင့် ငွေစျေးများ တအိအိ ပြန်လည်ကျဆင်းလာကြောင်း သိရှိရသည်။", "“အခု ရွှေစျေးက ၅၇ သိန်းနဲ့ ၅၈ သိန်းအကြားမှာရှိနေတယ်။ အရွက်(အမေရိကန်ဒေါ်လာ)စျေးက ၄၅၀၀ နဲ့ ၄၆၀၀ အကြားရှိတယ်။ အဝယ်အရောင်းတော့ မရှိဘူး။ အဖမ်းအဆီးတွေရှိတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "အခြားသော နိုင်ငံခြားငွေများလဲလှယ်နှုန်းထားတွင်လည်း မြန်မာကျပ်ငွေ တန်ဖိုးပြန်လည်မြင့်တက်လာရာ မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ် ၇၄၀ အထိ အနိမ့်ဆုံးကျဆင်းခဲ့ရာမှ ယခုအခါ မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၈၅၀ အထိ ကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်လာနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/147466/
စစ်ကောင်စီ၏ အမိန့်အတိုင်း လူငယ်များကို စစ်တပ်ထဲသွင်းရန် စီစဉ်ပူးပေါင်းနေသူများကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး ဓာတ်ပုံနှင့်တကွ တိုင်ကြားနိုင်ဟု NUG က အသိပေး
["စစ်ကောင်စီ၏ အမိန့်အတိုင်း လူငယ်များကို စစ်တပ်ထဲသွင်းရန် စီစဉ်ပူးပေါင်းနေသူများကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး ဓာတ်ပုံနှင့်တကွ တိုင်ကြားနိုင်ဟု NUG က အသိပေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်သည့် စစ်မှုထမ်းအမိန့်ကို အကောင်အထည်ဖော် လိုက်ပါဆောင်ရွက်သူများကို အ ကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း NUG အစိုးရ၊ ပြည်ထောင် စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ ပြည်သူများကို ပေါ်တာဆွဲခြင်း အတင်း အဓမ္မဖမ်းဆီးခြင်း စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်း သင်တန်းလုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်ရာရောက် သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့် တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အ ကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူခြင်းများ ဆောင်ရွက် မည်ဖြစ်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာထားသည်။", "“အဓိကတော့ ဒါကို အကောင်အထည်ဖော်ဖို့ကတော့ ပြည်သူနဲ့ပူးပေါင်းပြီး အကောင်အထည် ဖော် သွားမှာပါ၊ ကျနော်တို့ရဲ့ စိုးမိုးနယ်မြေမှာဆိုရင်တော့ တိုက်ရိုက်ချက်ချင်းအရေးယူဆောင်ရွက်တာ‌ တွေလုပ်သွားမှာဖြစ်တယ်၊ အဲလိုမဟုတ်ဘဲနဲ့ စစ်အုပ်စုက စိုးမိုးထားတဲ့နယ်မြေတွေမှာဆိုရင်လည်း ပြည်သူလူထုအနေနဲ့က ဒီကိစ္စမှာ ပူးပေါင်းပါဝင်နေတဲ့သူတွေရဲ့ အချက်အလက်တွေ၊ နောက်ပြီးတော့ ဓာတ်ပုံမှတ်တမ်းစသည်ဖြင့် ဒါတွေကို စုဆောင်းပြီးတော့ တိုင်ကြားလို့ရပါတယ်၊ ဒီလိုတိုင်ကြားခြင်း အားဖြင့် ဒီပုဂ္ဂိုလ်တွေကို ရှာဖွေဖမ်းဆီးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်၊ လက်ရှိအခြေအနေက လည်း စစ်ရေးအရ ဖိအားပေးနေတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အကြမ်းဖက်စစ်အုပ်စု စိုးမိုးနယ်မြေတွေဟာ တစ်ချိန်ချိန်မှာ‌ တော်လှန်ရေးအင်အားစုတွေ စိုးမိုးသွားတဲ့ နယ်မြေအဖြစ် ပြောင်းလဲသွားနိုင်မယ့်အနေအထားတွေ အများကြီးရှိပါတယ်၊ အဲဒီအတွက်ကြောင့်မို့လို့ ပြည်သူလူက အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းမှု ကိစ္စမှာ ပူးပေါင်းပါဝင်တဲ့သူတွေကို မှတ်တမ်း တင်ထားပြီးတော့ ဒီလူတွေရဲ့အချက်အလက်နဲ့တကွ တိုင်ကြားလို့ရပါတယ်၊ ဒီလိုတိုင်ကြားခြင်းအား ဖြင့် ဒီလူတွေရဲ့မှတ်တမ်းရရှိနေမှာဖြစ်တယ်၊ လက်ရှိအခြေအနေအရ အခွင့်အရေးပေးတာနဲ့ ဒီလူတွေ ကို ဖမ်းဆီးပြီး တရားစီရင်ဖို့ ကြိုးစားသွားမှာဖြစ်သလို အကယ်၍ဒီကာလမှာ မဖမ်းနိုင်ခဲ့ရင် တချိန် ချိန် ကျရင် ပြည်တွင်းဥပဒေနဲ့သာမက နိုင်ငံတကာမှာပါ တရားစွဲဆိုနိုင်အောင်ကြိုးစားသွားမှာ ဖြစ် ပါတယ်” ဟု NUG အစိုးရ၊ ပြည်ထောင် စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "လက်ရှိတိုင်ကြားနိုင်သည့်နေရာများမှာ NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာန ၏ Website ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဝက်ဆိုဒ်စာမျက်နှာ၊ Page နှင့် ပြည်သူ့ရဲတပ်ဖွဲ့ Page စာမျက်နှာ တို့မှ တဆင့် တိုင်ကြားနိုင်ကြောင်း ၎င်းက အသိပေးပြောကြားသည်။", "အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရ၍ ပြည်သူများကို အ ကြမ်းဖက်မှုများတွင် အတင်းအဓမ္မပါဝင်စေခိုင်းရန်နှင့် စစ်ပွဲများတွင် လူသားဒိုင်းများ အဖြစ် စေခိုင်း ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် အတည်ပြု အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း NUG က ဆိုသည်။", "အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်း နေသည့် တရား မဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဌာန်းခြင်း အာဏာတည်ခြင်း ဆောင်ရွက်ရန် အခွင့် အာဏာမရှိဟု အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကြေညာ ခဲ့ပြီးဖြစ်ကြောင်း ၊ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ မတရား စစ်မှုထမ်းခြင်း အမိန့်ကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တားမြစ်မိန့်ကို NUG က ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ပြည်သူများကို စစ်မှုထမ်းရန် စစ်ကောင်စီက ဝါဒဖြန့် စာရွက်များ ဖြန့်ဝေနေစဉ်။"]
https://yktnews.com/2024/11/192773/
စစ်ကောင်စီ၏ ၄ လတာ လေကြောင်း တိုက်ခိုက်မှု အတွင်း ကလေးငယ် ၄၉ ဦးအပါအဝင် ပြည်သူ ၅၄၃ ဦး သေဆုံးပြီး ၈၂၇ ဦး ဒဏ်ရာရ
["စစ်ကောင်စီ၏ ၄ လတာ လေကြောင်း တိုက်ခိုက်မှု အတွင်း ကလေးငယ် ၄၉ ဦးအပါအဝင် ပြည်သူ ၅၄၃ ဦး သေဆုံးပြီး ၈၂၇ ဦး ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "အကြမ်းဖက် စစ်ကောင်စီတပ်၏ ၄ လတာ လေကြောင်းတိုက်ခိုက်မှု အတွင်း ကလေးငယ် ၄၉ ဦး အပါအဝင် ပြည်သူ ၅၄၃ ဦးသေဆုံးပြီး ၈၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ် ရှားမှုအဖွဲ့၏ လေကြောင်း တိုက်ခိုက်မှုများကို ဆန်းစစ်ခြင်း အစီရင်ခံစာအရ သိရသည်။", "၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၄ လတာအတွင်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၁၂၁၀ ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၉၈ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှု များအတွင်း ကလေးငယ် ၄၉ ဦးနှင့် အမျိုးသမီး ၉၆ ဦးအပါအဝင် စုစုပေါင်း ပြည်သူ ၅၄၃ ဦး သေဆုံးခဲ့ပြီး ၈၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ပြည်သူပိုင်နေအိမ် ၆၃၃ လုံး၊ ဆေးရုံ ဆေးခန်း ၁၁ ခု၊ စစ်ရှောင်စခန်း ၂ ခု၊ ဘာသာရေး အ ဆောက်အအုံ ၇၉ ခု၊ စီးပွားရေးနှင့် ဆိုင်သော အဆောက်အအုံ ၄၃၄ ခု၊ အချုပ်ထောင် ၂ ခု၊ စာသင် ကျောင်း ၂၆ ကျောင်း၊ UN ရုံး ၁ ရုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂၀ ကြိမ် အထိကျူးလွန်ခဲ့ပြီး ကလေးငယ် ၁၅ ဦးနှင့် အမျိုးသမီး ၂၀ ဦးအပါအဝင် ပြည်သူ ၁၂၇ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၀၁ ဦးထိရှိခဲ့ကြောင်း၊ ဇူလိုင်လတွင် လေကြောင်းတိုက်ခိုက်မှု ၃၀၆ ကြိမ် လုပ်ဆောင်ခဲ့ပြီး ကလေးငယ် ၉ ဦးနှင့် အမျိုးသမီး ၁၀ ဦး အပါအဝင် ပြည်သူ ၇၇ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၉၃ ဦးထိ ရှိခဲ့ကြောင်း သိရှိရသည်။", "ဩဂုတ်လတွင် လေကြောင်းတိုက်ခိုက်မှု ၄၂၉ ကြိမ် ကျူးလွန်ခဲ့ပြီး ကလေးငယ် ၉ ဦးနှင့် အမျိုး သမီး ၂၅ ဦး အပါအဝင် သေဆုံးသူ ၁၂၀ ဦးရှိပြီး ဒဏ်ရာရသူ ၁၈၄ ဦး အထိရှိခဲ့ကြောင်း၊ စက်တင်ဘာလတွင် လေကြောင်း တိုက်ခိုက်မှုပေါင်း ၃၅၅ ကြိမ် ကျူးလွန်ခဲ့ပြီး ကလေးငယ် ၁၆ ဦးနှင့် အမျိုးသမီး ၄၁ ဦး အပါအဝင် သေဆုံးသူပေါင်း ၂၁၉ ဦးထိရှိကာ ဒဏ်ရာရသူ ၃၄၉ ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။", "ထိုကာလများအတွင်း အကြမ်းဖက်စစ်တပ်၏ ဒရုန်းအသုံးပြု တိုက်ခိုက်မှုပေါင်း ၉၈ ကြိမ်ရှိခဲ့ပြီး ကလေးငယ် ၁ ဦး ၊ အမျိုးသမီး ၂၂ ဦး အပါအဝင် ပြည်သူ ၃၈ ဦး သေဆုံးကာ ၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ ပြင် နေအိမ် ၃၂ လုံး၊ ဆေးရုံ ဆေးခန်း ၂ ခု၊ ဘာသာရေးအဆောက်အအုံ ၅ ခု နှင့်စာသင်ကျောင်း ၁ ကျောင်းလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီသည် ရှမ်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၄၂၉ ကြိမ်၊ မန္တလေးတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၃၅ ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၁၈၉ ကြိမ်၊ စစ်ကိုင်းတိုင်းတွင် ၁၇၇ ကြိမ်၊ ကချင်ပြည်နယ်တွင် ၄၆ ကြိမ်၊ မကွေးတိုင်းတွင် ၅၃ ကြိမ်၊ ချင်း ပြည် နယ်တွင် ၃၅ ကြိမ်၊ ကယားပြည်နယ် ၆ ကြိမ်၊ ကရင်ပြည်နယ် ၁၄ ကြိမ်၊ တနင်္သာရီတိုင်း တွင် ၂၄ ကြိမ်၊ ပဲခူးတိုင်းတွင် ၁ ကြိမ် နှင့် မွန်ပြည်နယ်တွင် ၁ ကြိမ်တို့ဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက် ရေးလှုပ်ရှားမှုအဖွဲ့၏ လေကြောင်း တိုက်ခိုက်မှုများကို ဆန်းစစ်ခြင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။", "သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့အနေဖြင့် အကြမ်းဖက်စစ်အုပ်စု ဝယ်ယူရရှိနေသည့် လေယာဉ်ဆီ များ၊ လေယာဉ်များ၊ လေယာဉ်တပ်လက်နက်များနှင့် လေယာဉ်များကို ပြုပြင်ထိန်းသိမ်းခြင်းဝန် ဆောင်မှု ရရှိနေသည်ကို ပိတ်ဆို့တားဆီးရန်အတွက် နိုင်ငံတကာကုမ္ပဏီများ အစိုးရများကို စည်းရုံး လှုံ့ဆော်ရာ၌ ယင်းအချက်အလက်များကို အသုံးပြုရန်နှင့် တရားမျှတမှုအတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းအသီးသီးတို့မှ လေကြောင်းတိုက်ခိုက်မှု အချက်အလက်များ လိုအပ်ပါက အသုံးပြုနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်းဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက် ရေးလှုပ်ရှားမှုအဖွဲ့က ပြောဆိုသည်။"]
https://yktnews.com/2024/08/180875/
လက်ပံတန်း၊ ရေငံရွာနှင့် အုပ်ဖိုရွာရှိ မီးလောင်ကျွမ်းခြင်း မရှိသေးသော နေအိမ်များကို စစ်တပ်က ယနေ့နံနက်ပိုင်း ဓာတ်ဆီလောင်း၍ မီးထပ်ရှို့နေ
["စစ်ကြောင်းကို PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်မှု စကစ ၆၆ လက်အောက်ခံ တပ်ရင်းမှူး ၁ ဦး အပါအဝင် သေဆုံးသူများပြား", "ရန်ကုန်၊ ဩဂုတ် ၂၈", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့် အုပ်ဖိုရွာရှိ မီးလောင်ကျွမ်းခြင်း မရှိသေးသော နေအိမ်များကို အကြမ်းဖက် စစ်တပ်က ယနေ့နံနက်ပိုင်း ဓာတ်ဆီလောင်း၍ မီးထပ်ရှို့နေကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့် အုပ်ဖိုရွာကို စစ်ကြောင်းထိုးလာစဉ် PDF တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စကစ ၆၆ လက်အောက်ခံ တပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ စစ်တပ် စစ်ကြောင်းသည် ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် ယင်းနေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် ရေငံရွာနှင့် အုပ်ဖိုရွာတို့ကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ မီးလောင်ကျွမ်းခြင်းမရှိသော နေအိမ်များကို ယနေ့နံနက်ပိုင်းတွင် ဓာတ်ဆီလောင်း၍ မီးထပ်ရှို့နေကြောင်း သိရှိရသည်။", "“မနေ့က လက်ပံတန်း တိုက်ပွဲမှာ စကစ ၆၆ လက်အောက်ခံ တပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်ခွေး သေဆုံးမှုများတယ်လို့ ကနဦး ကြားသိထားရတယ်။ လက်နက်ကောက်ဖို့လုပ်တော့ ထန်းပင်ချောင်ဘက်က လက်နက်ကြီးနဲ့ ပစ်တာရယ် ဒရုန်းနဲ့ပါဗုံးလာကျဲနေလို့ ပြန်ဆုတ်ပေးလိုက်ရတယ်။ မနေ့ကတော့ ဓာတ်ဆီတွေပါ ထန်းပင်ချောင်က အသစ်ရောက်လာတဲ့ စစ်ခွေးတွေယူလာပြီး ညကမီးရှို့တာ ညက မီးရှို့တာ မလောင်တဲ့အိမ်တွေကို ခုမနက်ထပ်ရှို့နေတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။", "အဆိုပါ ရေငံရွာအနီးတွင် ဩဂုတ်လ ၂၄ ရက်နေ့၌ အင်အား ၁၀၀ ကျော်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦး ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မြေပြင်တွင် ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/02/85325/
စစ်ကြောရေးမှာ ပြည်သူကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ရာဇ ဝတ်ကောင်၊ ဒုစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် တိုးရီကို ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ရာထူးတိုးပေး
["စစ်ကြောရေးမှာ ပြည်သူကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ရာဇ ဝတ်ကောင်၊ ဒုစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် တိုးရီကို ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ရာထူးတိုးပေး", "By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်အာဏာသိမ်းမှု အောင်မြင်စေဖို့ အဓိက ကူညီထောက်ပံ့နေတဲ့ စစ်ခေါင်းဆောင်တွေထဲမှာ ပြည်သူကို ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ကြောရေး ကိစ္စတွေကို ဦးဆောင်တဲ့သူ ၂ ဦးရှိပါတယ်။", "အဲဒီသူ ၂ ဦးကတော့ စစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် စရဖ ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး(ဗကသ-၇၇) နဲ့ ဗိုလ်ချုပ်တိုးရီတို့ပဲဖြစ်ပါတယ်။ သူတို့ ၂ ဦးက ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တဲ့ စစ်ကြောရေးတွေကို အဓိက ကိုင်တွယ်ရသူတွေဖြစ်ပါတယ်။", "စစ်ကြောရေးမှာ ပြည်သူကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇ ဝတ်ကောင်၊ ဒုစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် တိုးရီကို ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရာထူးတိုးပေးလိုက်ပါတယ်။", "အရင်ဆုံးတော့ စစ်ရာဇဝတ်ကောင် တိုးရီ ဘယ်သူလဲ။ သူက ဘာကြောင့် ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်နေပါသလဲ။", "တိုးရီဟာ ၁၉၈၂ ခုနှစ်မှာ ၁၀ တန်းအောင်မြင်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ သိပ္ပံဘွဲ့ကို ရူပဗေဒအထူးပြုဘာသာရပ်နဲ့ ဘွဲ့ရခဲ့တယ်။", "အတန်းဖော်အားလုံးနီးပါး မဟာသိပ္ပံဂုဏ်ထူးတန်းတက်နေချိန် မဟာတန်းဝင်ခွင့်မရတဲ့ တိုးရီဟာ ဗိုလ်လောင်းသင်တန်းလျှောက်ပြီး သင်တန်း တက်ရောက်ကာ OTS ဆင်း စစ်ဗိုလ်အရာရှိ ဖြစ်လာခဲ့ပါတယ်။ တိုးရီရဲ့ မိဘတွေက သာမန်အစိုးရဝန်ထမ်းတွေသာဖြစ်လို့ နေနိုင်စားနိုင်ရုံသာ ဖြစ်ပါတယ်။", "တိုးရီ စစ်တပ်ထဲဝင်ကာစမှာ ရှေ့တန်းကို အကြိမ်ရေ အနည်းငယ်သာ ထွက်ခဲ့ရပြီး ဗိုလ်ကြီးဖြစ်လာချိန်မှာတော့ ကျောင်းနေဖက် ချစ်သူ ဝင်းဝင်းကြိုင်နဲ့ လက် ထပ်ခဲ့ပါတယ်။", "တိုးရီလက်ထပ်လိုက်တဲ့ သူက တရုတ်နွယ်ဖွား ဖြစ်ပြီး စီးပွားရေးလုပ်ငန်းလုပ်သူမို့ အရာရာကို လဘ်မြင်ပါတယ်။ လမ်းကြောင်း မြင်တတ်သူမို့ တပ်မ ၆၆ လက်အောက်ခံ အင်းမမြို့မှာ တာဝန်ထမ်းဆောင်ကတည်းက ရှေ့တန်းမထွက်ရဘဲ တပ်မမှုးရဲ့ PSO ကိုယ်ရေးအရာရှိအဖြစ် တိုးရီ နေခွင့်ရခဲ့ပါတယ်။", "တိုးရီ မိန်းမ ဝင်းဝင်းကြိုင်က အကပ်ကောင်းသူ ပေါင်းသင်းတတ်သူဖြစ်တာမို့တိုးရီ အတွက် အတော့်ကို အဆင်ပြေစေခဲ့ပါတယ်။", "အဲဒီနောက် ဗိုလ်မှူး အဖြစ်ရာထူးတိုးပြီး မုတ္တမတပ်နယ်မှာ ဒုတိယတပ်ရင်းမှူးအဖြစ် တိုးရီတာဝန်ယူခဲ့ရပါတယ်။ စစ်မတိုက်ချင်၊ တပ်တွင်းစီမံခန့်ခွဲမှုတွေမှာလည်း သိပ်လည်း စိတ်မဝင်စားလှသူဆိုရင် တိုးရီကိုပဲ ပြရမှာပါ။", "ယုံကြည်ချက်ကြောင့် စစ်တပ်ထဲဝင်တာမဟုတ်ဘဲ သူ စစ်တပ်ထဲဝင်ချိန်ဟာ ၁၉၈၈ခုနှစ် ရှစ်လေးလုံးလူထုလှုပ်ရှားမှုဖြစ်ပြီးကာစ အချိန် အလုပ်အကိုင်အခွင့်အလမ်းမရှိ၊ အလုပ်မယ်မယ်ရရမရှိချိန် ကျောင်းဆက်တက်ဖို့အခွင့် အလမ်းလည်းမရှိ၊ မိဘကလည်း အစိုးရဝန်ထမ်းမို့ မိသားစုမှာ လူပိုဖြစ်နေတာတွေကြောင့်ပါ။", "အနေအစားချောင်ဖို့ စစ်တပ်ထဲ ဝင်ခဲ့တာမို့ တပ်ထဲမှာလည်း အနေအစားချောင်ဖို့ကိုပဲ သူနဲ့ သူ့မိန်းမက ကြိုးပမ်းအားထုတ်နေခဲ့တာဖြစ်ပါတယ်။", "ကလောစစ်ဦးစီးတက္ကသိုလ်မှာ စစ်ဦးစီးအရာရှိသင်တန်းတက်ခဲ့ပါတယ်။ ရှေ့ တန်းမထွက်ရအောင် ရှောင်တာရယ် ရာထူးရဖို့အတွက်ပဲ ကြိုးပမ်းရင်း န၀တ၊ နအဖ ဒုခေါင်းဆောင် ဒုချူပ်မောင်အေးရဲ့ ကိုယ်ရေးအရာရှိတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။", "ဗိုလ်ချုပ်ရာထူး ရလာတဲ့အထိ တိုက်ပွဲအတွေ့အကြုံ အလွန်နည်းပါးသူပါ။ ရာထူး ကြီးသူကို စိတ်ကျေနပ်အောင် ဖားယား လုပ်ကိုင်ပေးတတ်တဲ့ အရည် အချင်းကတော့တိုးရီမှာ အပြည့်ရှိနေပါတယ်။", "တိုရီးဟာ စစ်ခေါင်းဆောင်တွေကို စိတ်ကျေနပ်အောင် လုပ်ပေးတဲ့ ကိုယ်ရေးအရာရှိ အလုပ်တွေသာလုပ်ရင်း ဗိုလ်ချုပ်ဖြစ်လာသူဆိုရင် မမှားပါဘူး။", "သူ့ရဲ့ စစ်မှုထမ်းသက် ၃၃ နှစ်မှာ အနှစ် ၃၀ ဟာ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကိုယ်ရေးအရာရှိအဖြစ် မျက်နှာလိုမျက်နှာရ အလိုကျ လုပ်ခဲ့သူသာဖြစ်ပါတယ်။", "မင်းအောင်လှိုင်က ဗိုလ်ချူပ်တိုးရီကို ၂၀၂၂ ခုနှစ် လွပ်လပ်ရေးနေ့ ဘွဲ့ထူးဂုဏ်ထူး အဖြစ် ဇေယျကျော်ထင်ဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။", "ဒီလို ဗိုလ်ချုပ်ရာထူးနဲ့ ဘွဲ့ဂုဏ်ထူးရအောင် အဓိက နောက်ကွယ်က ပံ့ပိုးသူက တိုးရီရဲ့ မိန်းမ ဝင်းဝင်းကြိုင် ဖြစ်ပါတယ်။", "ဗိုလ်မှူးဘ၀နဲ့ တိုးရီ တပ်ရင်းမှုးအဖြစ် မုတ္တမတပ်ထဲ ပြောင်းရွှေ့ချိန်မှာ ဝင်းဝင်းကြိုင်က လိုက်မသွားပါဘူး။ ရန်ကုန်စီးပွားရေးအလုပ်တွေ ဗန်းပြပြီး မိသား စုနဲ့ နေရင်း ငယ်ရည်းစားဖြစ်သူနဲ့ ဖောက်ပြန်ခဲ့ပါသေးတယ်။ “မိန်းမလည် သိန်းကြွယ်” ဆိုတာ တိုးရီရဲ့ မိန်းမ ဝင်းဝင်းကြိုင်လူမျိုးကို ပြောခဲ့တာလားလို့တောင် ထင်မှတ်စရာပါ။", "သုဝဏ္ဏဈေး ဆိုင်ခန်းနှစ်ခန်းကို တိုးရီမိန်းမ ဝင်းဝင်းကြိုင်နဲ့ ငယ်ရည်းစားဖြစ်သူတို့က တစ်ယောက်တစ်ခန်း ဝယ်ခဲ့ကြပါတယ်။ ဆိုင်ခန်းချင်းက ကပ်ရပ်ဆိုတော့ နေ့စဉ်လည်း ချိန်းတွေ့ခဲ့ကြပြီး ပတ်ဝန်းကျင်ကပါ ဗိုလ်ကတော်နဲ့ နောက်မီးလင်း ဇတ်လမ်းကို သိခဲ့ကြပါတယ်။ ဒါပေမယ့် တပ်ပြောင်းရွှေ့ တာဝန်ယူနေရတဲ့ တိုးရီကတော့ သိသလား၊ သိရက်လျက်နဲ့ လွှတ်ထားခဲ့သလားဆိုတာကတော့ တိုးရီကိုယ်တိုင်ပဲ သိပါလိမ့်မယ်။", "ဘာခံယူချက်မှမရှိဘဲ အလုပ်မရှိအကိုင်မရှိ အနေအစားချောင်ဖို့ စစ်တပ်ဝင်ခဲ့သူ တိုးရီ၊ စီးပွားရေးအကွက်မြင်ပြီး ကိုယ်ကျင့်တရားပျက်ယွင်းတဲ့ ဝင်းဝင်းကြိုင်တို့ဟာ ကြောင်ခံတွင်းပျက်နဲ့ ဇရက်‌တောင်ပံကျိုးဆိုသလိုပါပဲ လိုက်ဖက်မှုရှိပါတယ်။", "အခုအချိန်မှာတော့ ကိုယ့်ရာထူးတိုးတက်တည်မြဲရေးနဲ့ စစ်ခေါင်းဆောင်တွေ စိတ်ကျေနပ်ဖို့သာ ဦးစားပေး လုပ်တတ်တဲ့ တိုးရီတစ်ယောက် စစ်ကြောရေးတွေမှာ ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်နေပါပြီ။", "နောင်တစ်ချိန် စစ်ကြောရေးမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ရှာဖွေတဲ့အခါ တိုးရီဟာ ဘယ်လိုမှ ပြေးမလွတ်တဲ့ စစ်ရာဇဝတ်ကောင်အဖြစ် အရေးယူရမှာ အသေအချာပဲဖြစ်ပါတယ်။", "( တိုးရီ၏ မိန်းမ ဝင်းဝင်းကြိုင် ဝယ်ယူခဲ့သော ရန်ကုန်သု၀ဏ္ဏစျေး ဆိုင်ခန်းမှာ ယခင်က အဖြစ်အပျက်ဖြစ်ပြီး ယခုလက်ရှိတွင် အဆိုပါ ဆိုင်ခန်းမှာ တိုးရီ၏ မိန်းမဝင်းဝင်းကြိုင် ပိုင်ဆိုင်ခြင်းမရှိတော့ဘဲ အဆင့်ဆင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းအပ်ပါသည်။)", "ဓာတ်ပုံ- တိုးရီ ၂၀၂၀ ခုနှစ် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုနေစဉ်။"]
https://yktnews.com/2024/08/181254/
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကေတုမတီနန်းတော်၊ ရတနာပုံနန်းတော်၊ ကမ္ဘောဇသာဒီရွှေနန်းတော် အပါအဝင် နန်းတော်နေရာဟောင်းများသို့ သွားရောက်၍ နန်းတက် ယတြာချေ
["စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကေတုမတီနန်းတော်၊ ရတနာပုံနန်းတော်၊ ကမ္ဘောဇသာဒီရွှေနန်းတော် အပါအဝင် နန်းတော်နေရာဟောင်းများသို့ သွားရောက်၍ နန်းတက် ယတြာချေ", "ရန်ကုန်၊ ဩဂုတ် ၃၁", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကေတုမတီနန်းတော်၊ ရတနာပုံနန်းတော်၊ ကမ္ဘောဇသာဒီရွှေနန်းတော် အပါအဝင် နန်းတော်နေရာဟောင်းများသို့ သွားရောက်၍ နန်းတက် ယတြာချေမှုများ ဆက်တိုက်လုပ်နေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဩဂုတ်လ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်ငူမြို့ရှိ ကေတုမတီနန်းတော်နေရာဟောင်းသို့လည်း ကောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မန္တလေး ရတနာပုံနန်း တော်နေရာဟောင်းသို့လည်းကောင်း၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီရွှေနန်းတော် သို့လည်းကောင်း နန်းတော်နေရာဟောင်းများသို့ သွားရောက်၍ နန်းတက် ယတြာချေမှုများ လုပ်ဆောင်နေကြောင်း ၊ ထို့ပြင် ဘုရားမျိုးစုံသို့လည်း လှည့်လည် ယတြာချေနေကြောင်း သိရှိရသည်။", "“မြို့တည်၊ နန်းတည်ဖြစ်စေမယ့် နန်းတက်ယတြာလုပ်တာလို့ သိရတယ်။ တောင်ငူမှာလည်း မြို့ရိုးတွေ ပြန်ဖော်၊ နန်းတော်ပြန်တည်ဖို့ လုပ်ခိုင်းတယ်။ မန္တလေးမှာလည်း မြို့ရုံးတွေ ပြန်ဖော်၊ နန်းတော်နေရာပြန်လည် မွမ်းမံတည်ဆောက်မှုတွေ လုပ်ခိုင်းတယ်။ ပဲခူးမှာလည်း ဟံသာ၀တီ နေပြည်တော် မြို့ရိုးတွေ ပြန်ဖော်ပြီးတော့ နန်းတော် ပြန်လည် မွမ်းမံတည်ဆောက်ခိုင်းတယ်။ မြို့တည်၊ နန်းတည်တဲ့ နန်းတက်ယတြာတွေကို တပ်ချုပ် ကိုးကွယ်တဲ့ ဆရာတော်တွေဖြစ်တဲ့ ၀စိပိတ်ဆရာတော်က လုပ်ခိုင်းတာလို့ တပ်အသိုင်းအ၀ိုင်းဘက်မှာတော့ သိထားကြတယ်” ဟု နေပြည် တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက် မင်းအောင်လှိုင်သည် ဗေဒင်နှင့်ယတြာများကို အမြဲလိုလို ချေလေ့ရှိပြီး အဓိကအားဖြင့် ၎င်း ကိုးကွယ်သော ၀စိပိတ်ဘုန်းကြီးက ယတြာများကို စီမံပေးလေ့ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/156768/
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သင်္ကြန်ကာလ ပြင်ဦးလွင်မှာ သွားအနားယူသော်လည်း သူ့ဘက်တော်သား စစ်ဗိုလ်ချုပ်များအားလုံးကို တစ်ပြုံတစ်မ ခေါ်သွား
["စစ်ခေါင်းဆောင် မင်းအောင်လှိုင် သင်္ကြန်ကာလ ပြင်ဦးလွင်မှာ သွားအနားယူသော်လည်း သူ့ဘက်တော်သား စစ်ဗိုလ်ချုပ်များအားလုံးကို တစ်ပြုံတစ်မ ခေါ်သွား", "ပြင်ဦးလွင် တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းတွင် စစ်ဗိုလ်ချုပ်များအားလုံးနှင့်အတူ နေထိုင်", "ရန်ကုန်၊ ဧပြီ ၁၃", "အကြမ်းဖက်စစ်ခေါင်းဆောင်းဆောင် မင်းအောင်လှိုင်ဟာ နေပြည်တော်မှာ မရှိတော့ဘဲ သင်္ကြန်ကာလ ပြင်ဦးလွင်မှာ သွားရောက် အနားယူနေပါတယ်။", "ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ ပြင်ဦးလွင်ကို ထွက်ခွာခဲ့တာဖြစ်ပြီး ထူးခြားတာကတော့ သူတစ်ဦးတည်သွားနားတာမျိုးမဟုတ်ဘဲ သူရဲ့ လူတွေဖြစ်တဲ့ကြည်း၊ ရေ၊ လေ စစ်ဗိုလ်ချုပ်တွေ၊ စစ်ကောင်စီအဖွဲ့ ဝင်တချို့ ၊ တိုင်းမှူး၊ ကစထမှူးတွေကိုပါ တစ်ပါတည်း တစ်ပြုံတစ်မကြီး ခေါ်ချသွားတာဖြစ်ပါတယ်။", "ယခင်နှစ် သင်္ကြန်ကာလတွေဆိုရင် မင်းအောင်လှိုင်က မိသားစုနဲ့အချိန်ဖြုန်းလေ့ရှိပြီး ဒီမှာတော့ ထူးထူးခြားခြား စစ်ဗိုလ်ချုပ်တွေကိုပါ သူ့အနားမှာ ခေါ်ထားတာဖြစ်ပါတယ်။", "ပြင်ဦးလွင်ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ဟာ သူစီစဉ်ထားတဲ့ နိုင်ငံတော်ဧည့်ဂေဟာ၊ တပ်မတော် VIP ဧည့်ဂေဟာနဲ့ သူ့ရဲ့ အိမ်လိုနေရာမျိုးတွေမှာ မနေဘဲ ပြင်ဦးလွင် တပ်မတော်အုပ်ချုပ်မှု သင်တန်းကျောင်းအတွင်းမှာ အခြားစစ်ဗိုလ်ချုပ်တွေနဲ့အတူ အဖွဲ့လိုက် နေထိုင်နေတယ်လို့ သိရပါတယ်။", "“တပ်ချုပ်က ပြင်ဦးလွင် တပ်မတော်အုပ်ချုပ်မှု သင်တန်းကျောင်းမှာရှိတဲ့ ဧည့်ရိပ်သာလုံးချင်းလေးမှာနေတယ်။ ကျန်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက အဆောင်ကြီးတွေမှာ အခန်းတွေ ပြန်ခွဲချထားပေးတယ်။ ကြည်း၊ ရေ၊ လေ ကစထမှူးတွေ၊ အခြားအရာရှိချုပ်၊ ညွှန်ကြားမှူးတွေကို အဆောင်ကြီးတွေမှာ အခန်းတွေ ပြန်ခွဲချထားပေးတယ်” ဟု လို့ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။", "နေပြည်တော်မှာ သဘောထားတင်းမာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတချို့က အကြမ်းဖက်မင်းအောင်လှိုင်ကို ဖြုတ်ချပြီး အာဏာလုယူဖို့ ကြံစည်တာကြောင့် ဖမ်းဆီးမှုတွေ ရှိနေချိန်မှာ မင်းအောင်လှိုင်က ပြင်ဦးလွင်ကို စစ်ဗိုလ်ချုပ်တွေ ခေါ်ပြီး အဖွဲ့လိုက် သွားရောက် အနားယူနေတာလည်းဖြစ်ပါတယ်။", "ဒါ့အပြင် သူစီးနင်းနေတဲ့ စစ်တပ် ရဟတ်ယာဉ်နဲ့ လေယာဉ်တွေကိုလည်း သင်္ကြန်ကာလအတွက် လေတပ်ကို အဆင်သင့် ပြင်ခိုင်းထားတယ်လို့လည်း သိရပါတယ်။", "ဓာတ်ပုံ-ပြင်ဦးလွင် တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းတွင် မင်းအောင် လှိုင်၊ မိသားစုနှင့်အတူနေထိုင်သော လုံးချင်းဧည့်ရိပ်သာနှင့် စစ်ဗိုလ်ချုပ်များနေထိုင်သော အဆောင်ကြီးများ။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#စစ်ခေါင်းဆောင် မင်းအောင်လှိုင် #ပြင်ဦးလွင်#စစ်ဗိုလ်ချုပ်များအားလုံး #တစ်ပြုံတစ်မ ခေါ်သွား"]
https://yktnews.com/2024/06/166628/
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် လူပုဂ္ဂိုလ် ၃၉ ဦး၊ စစ်ကောင်စီ အပါအဝင် အဖွဲ့ ၃၁ ခု၏ ပိုင်ဆိုင်မှု၊ ငွေကြေးများကို ပစ်မှတ်ထား အရေးယူမှု ဗြိတိန်က ထပ်မံတိုးမြှင့်
["စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် လူပုဂ္ဂိုလ် ၃၉ ဦး၊ စစ်ကောင်စီ အပါအဝင် အဖွဲ့ ၃၁ ခု၏ ပိုင်ဆိုင်မှု၊ ငွေကြေးများကို ပစ်မှတ်ထား အရေးယူမှု ဗြိတိန်က ထပ်မံတိုးမြှင့်", "ဒဏ်ခတ်ပိတ်ဆို့ခံရသည့် စစ်ဗိုလ်ချုပ်၊ လူပုဂ္ဂိုလ်နှင့်အဖွဲ့စာရင်းအပြည့်အစုံ ကြည့်ရှုနိုင်", "ရန်ကုန်၊ ဇွန် ၉", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၃၉ ဦး ၊ စစ်ကောင်စီ အပါအဝင်ုဌာနများ၊ ကုမ္ပဏီနှင့်အဖွဲ့ ၃၁ ခု၏ ပိုင်ဆိုင်မှု၊ ငွေကြေးများကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများကို ဗြိတိန်က ထပ်မံတိုးမြှင့်လိုက်ပြီး နောက်ဆုံးအရေးယူထားသည့် စာရင်းကို ဇွန်လ ၇ ရက်နေ့တွင် ထုတ် ပြန်သည်။", "အဆိုပါ အရေးယူမှု ထပ်မံတိုးမြှင့်သည့်စာရင်းတွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်သည့် စစ်တပ်မှ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်သူများကို သတ်ဖြတ်ခဲ့ကြသည့် စစ်တပ်မှ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ ၊ အားပေးကူညီကြသူများ၊ စီးပွားရေးကုမ္ပဏီများ ပါဝင်ပြီး ပစ်မှတ်ထား အရေးယူမှုများ ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ နောက်ဆုံး ဆောင်ရွက်ထားသည့် လူပုဂ္ဂိုလ် ၃၉ ဦးတွင်", "၁- တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ်အောင်အောင်", "၂- နယ်ခြားစောင့် ရဲတပ်ကြပ်ကျော်ချေ", "၃- ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး", "၄- ဗိုလ်မှူးချုပ်ခင်လှိုင်", "၅- ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်", "၆- ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်", "၇- ထူးထက်တေဇ", "၈-လေတပ်ဗိုလ်ချုပ်ကြီးထွန်းအောင်", "၉-ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်", "၁၀- လေယာဉ်ဆီတင်သွင်းသူ ဒေါ်ခင်ဖြူဝင်း", "၁၁- တပ်ကြပ်ကြီးဘကျော်", "၁၂-လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်", "၁၃- ကျော်မင်းဦး (Sky Aviator Company)", "၁၄- ရဲမှူးချုပ် သူရစန်းလွင်", "၁၅-ဘယ်လာရုစ် ကောင်စစ်ဝန် အောင်မိုးမြင့်", "၁၆- ဒေါ်မျိုးသစ္စာ", "၁၇-နယ်ခြားစောင့်ရဲအရာရှိ ထွန်းနိုင်", "၁၈-ဗိုလ်မှူးချုပ် သန်းဦး", "၁၉-ဗိုလ်မှူးချုပ်သန့်ဇင်ဦး", "၂၀- ဗိုလ်ချုပ်ကြီး မြထွန်းဦး", "၂၁- ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး", "၂၂- ရှေ့နေချုပ် သီတာဦး", "၂၃- အဂတိကော်မရှင် ဥက္ကဋ္ဌ တင်ဦး", "၂၄- အောင်လှိုင်ဦး", "၂၅- ပြည့်ဖြိုးတေဇ", "၂၆- ဗိုလ်ချုပ်ကြီးတင်အောင်စန်း", "၂၇- စစ်တိုင်းအောင်", "၂၈- ဗိုလ်ချုပ်မောင်မောင်စိုး", "၂၉-ဗိုလ်မှူးချုပ် ခင်မောင်စိုး", "၃၀- ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သိန်းစိုး", "၃၁- ဗိုလ်ချုပ်ညီညီဆွေ", "၃၂- ဗိုလ်မှူးအောင်မျိုးသူ", "၃၃- ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း", "၃၄- စီးပွားရေးသမား ထွန်းမင်းလတ်", "၃၅- ဗိုလ်မှူးသန့်ဇော်ဝင်း", "၃၆-လေယာဉ်ဆီတင်သွင်းသူ ဝင်းကျော်ကျော်အောင်", "၃၇- တေဇ", "၃၈- ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော", "၃၉- လေယာဉ်ဆီတင်သွင်းသူဇော်မင်းထွန်း တို့ပါဝင်သည်။", "ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ နောက်ဆုံး ဆောင်ရွက်ထားသည့် အဖွဲ့ ၃၁ ခုတွင်", "၁-တပ်မ ၁၀၁", "၂-တပ်မ ၃၃", "၃- တပ်မ ၇၇", "၄- တပ်မ ၉၉", "၅- Asia Sun Trading ကုမ္ပဏီ", "၆- Cargo Link ကုမ္ပဏီ", "၇- ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး", "၈-ကက (ဝယ်) ညွှန်ကြားရေးမှူးရုံး", "၉-Dynasty International ကုမ္ပဏီ", "၁၀-ထူးကုမ္ပဏီများအုပ်စု", "၁၁- IGGC (International Gateways group of company limited)", "၁၂- International Group of Entrepreneur Services Company Limited", "၁၃- JSC GORIZONT (ရုရှား)", "၁၄- အမှတ် ၁ သတ္တုလုပ်ငန်း", "၁၅- အမှတ် ၂ သတ္တုလုပ်ငန်း", "၁၆- Miya Win ကုမ္ပဏီ", "၁၇- Myanmar Chemical & Machinery ကုမ္ပဏီ", "၁၈- မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း", "၁၉- Myanmar New Era Trading ကုမ္ပဏီ", "၂၀- မြန်မာ့ပုလဲလုပ်ငန်း", "၂၁- မြန်မာ့ သစ်လုပ်ငန်း", "၂၂- မြန်မာစစ်မှုထမ်းဟောင်းအဖွဲ့", "၂၃- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး", "၂၄- စစ်ထောက်ချုပ်ရုံး", "၂၅- Shoon Energy ကုမ္ပဏီ", "၂၆- Sky Aviator ကုမ္ပဏီ", "၂၇- Sky One ဆောက်လုပ်ရေးကုမ္ပဏီ", "၂၈- SS Techniques ကုမ္ပဏီ", "၂၉- Star Sapphire ကုမ္ပဏီများအုပ်စု", "၃၀- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ", "၃၁- URAL AVIA LLC တို့ ပါဝင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/142439/
စစ်ခေါင်းဆောင်နှင့် ဝန်ကြီး အဆင့် မဟုတ်လျှင် အာဆီယံ ထိပ်သီး အစည်း အဝေး မတက်ဟု သဘောထားတင်းမာခဲ့သော စစ်ကောင်စီက အာဆီယံ နိုင်ငံ ခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးသို့ အမျိုးသမီး ကိုယ်စားလှယ် ၁ ဦး ပထမဆုံး စေလွှတ်
["စစ်ခေါင်းဆောင်နှင့် ဝန်ကြီး အဆင့် မဟုတ်လျှင် အာဆီယံ ထိပ်သီး အစည်း အဝေး မတက်ဟု သဘောထားတင်းမာခဲ့သော စစ်ကောင်စီက အာဆီယံ နိုင်ငံ ခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးသို့ အမျိုးသမီး ကိုယ်စားလှယ် ၁ ဦး ပထမဆုံး စေလွှတ်", "ရန်ကုန်၊ ဇန်နဝါရီ ၂၉", "လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးသို့ စစ်ကောင်စီက နိုင်ငံရေး ရာထူးရယူထားခြင်းမရှိသည့် အရပ်ဘက် အမျိုးသမီး အရာရှိကိုယ်စားလှယ် ၁ ဦး စေလွှတ်တက်ခိုင်းကြောင်း ဂျပန်Kyodo သတင်းအရ သိရှိရသည်။", "အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုဖြင့် စစ်ကောင်စီကို အာဆီယံက ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန် ကြီးများအဆင့် အစည်းအဝေး တက်ခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့ကြောင်း၊ နိုင်ငံ ရေး ရာထူး ရယူထားသူမဟုတ်သူကိုသာ ကိုယ်စားလှယ်အဖြစ် အာဆီယံအစည်း အဝေးများသို့ စေလွှတ်ရန် အာဆီယံ၏ ဆုံးဖြတ် သတ်မှတ်ချက်ကို စစ်ကောင် စီက ၂၀၂၁ ခုနှစ်မှစတင်၍ ပယ်ချပြီး မည်သူ့ကိုမှ အာဆီယံထိပ်သီးအစည်းအဝေး များသို့ စေလွှတ်ခြင်းမပြုခဲ့ကြောင်း သိရှိရသည်။", "အာဆီယံထိပ်သီးနှင့် နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးများသို့ နိုင်ငံအဆင့် ခေါင်းဆောင်နှင့်ဝန်ကြီးအဆင့် တက်ခွင့်မရလျှင် မည်သူ့ကိုမှ ကိုယ် စားလှယ် မစေလွှတ်ဟု စစ်ကောင်စီက ဆုံးဖြတ်ကန့်ကွက်ပြီး ၃ နှစ်တိုင်တိုင် သဘောထားတင်းမာခဲ့ရာမှ ယခု ၂၀၂၄ ခုနှစ်တွင် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအဆင့် အစည်းအဝေးသို့ အမျိုးသမီးကိုယ်စားလှယ် ၁ ဦး စတင်စေလွှတ်လာခြင်းဖြစ်သည်။", "ယခု လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်လာချိန်တွင်မူ စစ်ကောင်စီက နိုင်ငံရေးရာထူး ရယူထားသူမဟုတ်သူကိုသာ ကိုယ် စားလှယ်အဖြစ် အာဆီယံအစည်း အဝေးများသို့ စေလွှတ်ရန် ဆိုသည့် အာဆီယံ၏ ဆုံးဖြတ် သတ်မှတ်ချက်ကို စစ်ကောင်စီက ပထမဆုံး အကြိမ် လက်ခံသည့်အနေဖြင့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအဆင့် အစည်းအဝေးသို့ အမျိုးသားသမီး အရာရှိ တစ်ဦးကို စေလွှတ်ခြင်းလည်းဖြစ်ကြောင်း သိရှိရသည်။", "လာအိုနိုင်ငံတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံအခြအနေနှင့်ပတ်သက်ပြီး အာဆီယံအထူးသံတမန်က အစီရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်နေသော စစ်ကောင်စီ၏ အမျိုးသမီးအရာရှိ ကိုယ်စားလှယ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့နှင့်အတူ တွေ့ရစဉ်။"]
https://yktnews.com/2023/04/98448/
စစ်ခေါင်းဆောင်းဟောင်း သန်းရွှေနှင့် သမ္မတဟောင်း သိန်းစိန်ကို တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ) ညွှန်ချုပ်က အလွတ်သဘော လာရောက်တွေ့ဆုံဟု သတင်းထွက်ပေါ် ၊ ရန်ကုန်တရုတ်သံရုံးက မေးမြန်းမှုအပေါ် တုံ့ပြန်မှုမရှိ
["စစ်ခေါင်းဆောင်းဟောင်း သန်းရွှေနှင့် သမ္မတဟောင်း သိန်းစိန်ကို တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ) ညွှန်ချုပ်က အလွတ်သဘော လာရောက်တွေ့ဆုံဟု သတင်းထွက်ပေါ် ၊ ရန်ကုန်တရုတ်သံရုံးက မေးမြန်းမှုအပေါ် တုံ့ပြန်မှုမရှိ", "ရန်ကုန်၊ ဧပြီ ၂၀", "စစ်ခေါင်းဆောင်းဟောင်း သန်းရွှေနှင့် သမ္မတဟောင်း သိန်းစိန်ကို တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ) ဌာနညွှန်ကြားရေမှူးချုပ် Peng Xiubin က လာရောက် တွေ့ ဆုံသည်ဟု နေပြည်တော် ပြည်ထဲရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၈ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ) ဌာန ညွှန်ကြားရေမှူးချုပ် ( Director General of the Asian Bureau of the International Department of the Central Committee of the Communist Party of China ) Peng Xiubin က လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး တွေ့ဆုံမှုသည် အလွတ်သဘောသာ ဖြစ်ကြောင်း သိရှိရသည်။", "“အင်္ဂါနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှာ သမ္မတ (ငြိမ်း) ဦးသိန်းစိန်နဲ့ တွေ့ဆုံတယ်။ အဲဒီနောက် မွန်း လွဲ ၁ နာရီ ၃၀ မိနစ်မှာ ဦးသန်းရွှေနဲ့ သွားတွေ့တယ်။ ညနေ ၃ နာရီ ၃၀ မိနစ်မှာ ရန်ကုန်ကို ပြန် လည်ထွက်ခွာပါတယ်” ဟု နေပြည်တော် ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါ တွေ့ဆုံမှု သတင်းကို အတည်ပြုချက်ရယူရန်အတွက် ရန်ကုန် မြို့ ရှိ တရုတ်သံရုံးကို ဧပြီလ ၁၈ ရက်နေ့ ညပိုင်းကတည်းက အီးမေးလ်ပို့၍ ဆက်သွယ် မေးမြန်း ထားသော်လည်း ရန်ကုန်တရုတ်သံရုံးဘက်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသဖြင့် တွေ့ဆုံမှု သတင်းအပေါ် တရားဝင် အတည်ပြုချက် ရယူနိုင်ခြင်းမရှိပေ။", "ဓာတ်ပုံ- တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ) ဌာနညွှန်ကြားရေမှူးချုပ် Peng Xiubin ။"]
https://yktnews.com/2023/10/128622/
စစ်ဆင်ရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က တိုက်ခိုက် သိမ်းယူထားသော စစ်ကောင်စီ တပ်စခန်း ၅၇ ခုအထိရှိလာပြီ
["စစ်ဆင်ရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က တိုက်ခိုက် သိမ်းယူထားသော စစ်ကောင်စီ တပ်စခန်း ၅၇ ခုအထိရှိလာပြီ", "ရန်ကုန်၊ အောက်တိုဘာ ၂၉", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆငရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က သိမ်းယူထားသော စစ်ကောင်စီတပ်စခန်း ၅၇ ခုအထိရှိလာ ပြီဖြစ် ကြောင်း ကိုးကန့်ဘက်က တရားဝင်သတင်းထုတ်ပြန်သည်။", "မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)က ယနေ့အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်အထိ ကိုးကန့် ၊ မုံးကိုး ၊ လားရှိုး ၊ မူပန် ၊ နမ့်ဆလပ်စသည့်နေရာများရှိ စစ်ကောင်စီ တပ်စခန်း ပေါင်း ၁၁ ခုကို တိုက်ခိုက်သိမ်းယူပြီး စစ်သုံ့ပန် ၁၀ ဦးဖမ်းဆီးရရှိခဲ့ကြောင်း၊ ယခုလက်ရှိ သိမ်းယူနိုင်ခဲ့သော စစ်‌ကောင်စီတပ်စခန်းစုစုပေါင်းမှာ ၅၇ခုရှိခဲ့ ကြောင်း ထုတ်ပြန်သည်။", "မုံးကိုးဒေသ", "===========", "MNDAAက သည် မုံးကိုးခရိုင် မန်ယန်ဒေသရှိ စစ်ကောင်စီ၏တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ကာ အောက်တိုဘာ ၂၈ ရက်နေ့ ညအချိန်တွင် စစ်တပ်၏ စခန်း ၁ ၊ ၂ ၊ ၃ နေရာ ၃ ခုကိုသိမ်းယူနိုင်ခဲ့ကြောင်း၊ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်အချိန်တွင် စစ်တပ်၏ စခန်း ၄ ၊ ၅ ၊၆ တို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိ မုံးကိုးခရိုင် မန်ယန်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးကိုကိုးကန့် MNDAA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။", "ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်အချိန် ကိုးကန့် MNDAAက မုံးကိုးခရိုင်၊ ကွမ်ထန်ပေါက်ပေါက်တောင်ကုန်း၏ မျက်နှာချင်းဆိုင် တောင်ကုန်းတစ်ခုပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက် ကာ တပ်စခန်းကိုသိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။", "လားရှိုးမြို့နယ်", "============", "ယနေ့နံနက် ၄ နာရီ၄၀ မိနစ်မှ ၆ နာရီ ၄၀ မိနစ်အချိန် MNDAAက လားရှိုးအရှေ့ဘက် ကွမ်ယုံပေါက်ပေါက်တောင်ကုန်းရှိ စစ်ကောင်စီ၏ တပ်စခန်း၂ ခုကို ထိုးစစ်တိုက်ခိုက်ကာ ဒရုန်းကိုနှောက်ယှက်စေနိုင်သည့်စက်ပစ္စည်းအချို့နှင့် စစ် ပစ္စည်း အချို့သိမ်းဆည်းရရှိပြီး စစ်သုံ့ပန် ၄ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် MNDAAက မူပန်ရဲစခန်းကိုတိုက်ခိုက် သိမ်းယူခဲ့ပြီး ပီစတို ၄ လက်အပါအဝင် စစ်ပစ္စည်းအချို့သိမ်းရှိရကြောင်း၊ ယနေ့ နံနက် ၉ နာရီမှ ၁၀ နာရီ ၁၅မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့၏ မာချီနှောတပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့ ကိုးကန့်MNDAA က နမ့်ဆလပ်ရဲစခန်းကိုတိုက်ခိုက်သိမ်းယူခဲ့ကာ မြန်မာငွေ သိန်း(၂၀၀)ကျော်နှင့် အခြား ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။", "ကိုးကန့်‌ဒေသ", "============", "MNDAAက တုံရှမ်းဒေသ ရန်သက်ရှမ်း တောင်ကုန်းပေါ် ရှိ စစ်ကောင်စီတပ်ဖွဲ့ ၏တပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ MNDAA ၏ နှစ်ရက်ကြာ အဆက် မပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုဖြင့် အဆိုပါတပ်စခန်းကို သိမ်းယူနိုင် ခဲ့ကြောင်း၊ MNDAA က အင်အားအရှိန်အဟုန်ဖြင့် တိုက်ခိုက်မှုကြောင့် အဆိုပါ တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ် ဝတ်ဆင်ပြီး ထွက်ပြေး ကြကြောင်း၊ စစ်သုံ့ပန် ၈ ဦး ကိုဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အအ‌လောင်း ၇ လောင်းကို တွေ့ရှိရကြောင်း သိရှိရသည်။", "ယနေ့ နံနက် ၁၀ နာရီ၁၅ မိနစ်ခန့် အချိန် MNDAAက ရာခုတ်ကိုင်ရွာ အနောက်ဘက်တောင်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း၊ နောက်သတင်းအချက်အလက်အရ စစ်ကောင်စီတပ်ဖွဲ့၏ စကခ ၁၆ ၏ စကခမှူးသည် ကိုးကန့် MNDAA တို့၏ ထိုးစစ်တိုက်ခိုက်ချိန် သေဆုံးသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/173201/
စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင် အားလုံး လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ မန္တလေး PDF ထုတ်ပြန်၊ စည်းကမ်း ဖောက်ဖျက်ပါက ထိထိရောက်ရောက် အရေးယူမည်
["စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင် အားလုံး လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ မန္တလေး PDF ထုတ်ပြန်၊ စည်းကမ်း ဖောက်ဖျက်ပါက ထိထိရောက်ရောက် အရေးယူမည်", "ရန်ကုန်၊ ဇူလိုင် ၁၅", "ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင်အားလုံး လိုက်နာဆောင်ရွက်ရမည့် လမ်းညွန်ချက်များကို ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။", "အဆိုပါ စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်လျှင် သတ်မှတ်ထားသော စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအတိုင်း တိတိကျကျ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေး PDF ကပြောဆိုသည်။", "လမ်းညွှန်ချက်များတွင် မြို့ရွာများ သိမ်းပိုက်ထိန်းချုပ်ရာ၊ ထိုးစစ်ဆင်ရာတွင် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ အရေးပေါ်အခြေအနေတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ ဟူ၍ အပိုင်း ၃ ပိုင်းခွဲ၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "မန္တလေး PDF ၏ တပ်ဖွဲ့ဝင်များအနေနှင့် မြို့ရွာများ သိမ်းပိုက်ထိန်းချုပ်ရာ၊ထိုးစစ်ဆင်ရာတွင် တပ်ဖွဲ့ဝင်များလိုက်နာရမည့် စည်းကမ်းချက်များအနေနှင့် ၁၀ ချက်ထုတ်ပြန်ထားပြီး စည်းကမ်းချက်များအဖြစ် –", "၁- အရပ်သားပြည်သူများကို အနိုင်ကျင့်ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း မပြုရ", "၂ – ပြည်သူလူထု၏ ပိုင်ဆိုင်မှုများ၊စည်းစိမ်ဥစ္စာများအား အနိုင်အထက်ပြု သိမ်းယူခြင်းမပြုရ။", "၃ – စစ်မြေပြင်အတွင်းရှိ ယာဉ်များကို ခွင့်ပြုချက်မရဘဲ သိမ်းဆည်းသုံးစွဲခြင်းမပြုရ။ ပြည်သူပိုင်ယာဉ်များကို အသုံးပြုလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် တန်ရာတန်ကြေးပေးပြီးအသုံးပြုနိုင်သည်။", "၄- စစ်ဘေးရှောင်ဒုက္ခသည်များအပါအဝင် ပြည်သူလူထုထံမှ ငွေကောက်ခံခြင်း လုံးဝမပြုရ။", "၅- စစ်ရေးလိုအပ်ချက်မှလွဲ၍ ပြည်သူပိုင်နေအိမ်များအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းမပြုရ။", "၆- ခွင့်ပြုမိန့်မရှိဘဲ ပြည်သူပိုင်နေရာများ၊ဌာနဆိုင်ရာရုံးများ၊ အခြားအဆောက်အအုံများသို့ ဝင်ရောက်ပြီး ပစ္စည်းများကို သိမ်းဆည်းယူငင်ခြင်းမပြုရ။ သိမ်းဆည်းရပစ္စည်းများအားလုံးကို ပြည်သူပိုင်ပစ္စည်းအဖြစ် သက်ဆိုင်ရာသို့ စနစ်တကျ အပ်နှံရမည်။", "၇- ပြည်သူများ စစ်ဘေးရှောင်လာပါက တိမ်းရှောင်ရန်အတွက် အန္တရာယ်ကင်းသောလမ်းကြောင်း ဖွင့်ပေးရမည်။ လိုအပ်သည်များ ကူညီပေးရမည်။", "၈- အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး လုံခြုံစိတ်ချရသော စစ်ဘေးရှောင်စခန်းများ၊ နေရာများ စီစဉ်ဆောင်ရွက်ပေးရမည်။", "၉- နယ်မြေတည်ငြိမ်ရေး၊တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို တိတိကျကျ တင်းတင်းကြပ်ကြပ် လိုက်နာရမည်။", "၁၀- ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ဖွဲ့ဝင်များအားလုံး ညွှန်ကြားချက်နှင့် စည်းကမ်းများကို လိုက် နာမှုမရှိပါက ထိထိရောက်ရောက် အရေးယူမည် ဟူ၍ ထုတ်ပြန်ထားသည်။", "ထို့ပြင် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ လမ်းညွှန်ချက်များအနေနှင့် –", "၁- တပ်ဖွဲ့ဝင်အားလုံးသည် မည်သည့်နေရာ၊ ဒေသတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတစ်ယောက်၏ ဂုဏ်သိက္ခာနှင့် လျော်ညီသော ဝတ်စားဆင်ယင်၊ ပြောဆိုနေထိုင်မှု ရှိရမည်။", "၂- ပြည်သူလူထုအထင်လွဲမှား ငြိုငြင်စေမည့် အပြောအဆိုနေထိုင်အသွင်အပြင် မဖြစ်စေရန် ပြုမူနေထိုင်ရမည်။", "၃- ရပ်ရွာအတွင်း နေထိုင်လျှင် သက်ဆိုင်ရာတပ်မှူး၏ ဒေသန္တရအမိန့်များကို တိတိကျကျ တင်းတင်းကျပ်ကျပ် လိုက်နာရမည်။", "၄- ရပ်ရွာအတွင်းနှင့် အများပြည်သူရှေ့မှောက်တွင် မူးယစ်သောက်စားခြင်း၊ ဆူပူရမ်းကားခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခြင်းတို့ကို အထူးအလေးထားရှောင်ကြဉ်ရမည်။", "၅- ရပ်ရွာအတွင်း နေထိုင်ရာတွင် တပ်ဖွဲ့မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအပြင် ဒေသခံပြည်သူ များ လက်ခံ ယုံကြည်ကျင့်သုံးနေသော ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်းနှင့် ရိုးရာအစဉ်အလာများကို အ ထူးလေးစားလိုက်နာရမည်။", "၆- တပ်ဖွဲ့၏ နယ်မြေစိုးမိုးမှုရယူထားသော ဒေသများတွင် ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနက ချမှတ် ထားသော အရပ် ဘက်အုပ်ချုပ်ရေးဆိုင်ရာစည်းကမ်းများကိုပါ လေးစားလိုက်နာပြီး အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ရမည်။", "၇- မြို့ရွာ၊ နယ်မြေများကို သိမ်းပိုက်ပြီးသည့်အခါ အရပ်သား/ ပြည်သူတို့ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို သက်ဆိုင်ရာ တာဝန်ရှိ သူများ၏ ခွင့်ပြုချက်မရဘဲ ယူငင်သုံးစွဲခြင်း၊ ပျက်စီးစေခြင်း၊ ခိုးဝှက်ယူငင်ခြင်း (လုံးဝ) မပြုလုပ်ရ။", "၈- စခန်းသိမ်း၊ မြို့သိမ်း၊ နယ်သိမ်း ပြီးသည့်အခါ သိမ်းဆည်းရမိသမျှ လက်နက်ခဲယမ်း၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ၊ ဖုန်း စသော အသုံးအဆောင်ပစ္စည်းများ၊ ယာဉ်၊ ယန္တရားများကို သတ်မှတ်ထားသော လုပ်ငန်းစဉ်နှင့်အညီ သက်ဆိုင်ရာ တပ်ဖွဲ့တာဝန်ရှိ သူများထံ စနစ်တကျ လွှဲပြောင်းအပ်နှံရမည်။ မိမိကိုယ်တိုင် (သို့) မိမိတပ်ဖွဲ့တွင် ယူ ဆောင်သိမ်းဆည်းအသုံးပြုခြင်း (လုံးဝ) ခွင့်မပြု။", "၉- မိမိတပ်ဖွဲ့ အခြေပြုနေထိုင်ရာ ရပ်ရွာအတွင်း လူမှုရေးအရှုပ်အရှင်းနှင့် ငွေရေးကြေးရေး အရှုပ်အရှင်း ဖြစ်စေခြင်းများ (လုံးဝ) ခွင့်မပြု။ တိုင်ကြားခံရပါက (သို့မဟုတ်) စုံစမ်းစစ်ဆေးတွေ့ရှိပါက ထိထိ ရောက်ရောက် အရေးယူမည်။", "၁၀- မိမိအခြေပြုနေထိုင်ရာ နယ်မြေအတွင်း တပ်ဖွဲ့ပုံရိပ်နှင့် တပ်ဖွဲ့မှ ပေးအပ်ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုကာ မိမိကိုယ်ကျိုးစီးပွားအတွက် အသုံးမချရ။ တွေ့ရှိက ထိရောက်စွာ အရေးယူမည်။", "၁၁- မိမိအခြေချနေထိုင်ရာ ရပ်ရွာဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုအသီးသီးနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် မိမိ တပ်ဖွဲ့က သတ်မှတ်ထားသော လမ်းညွှန်ချက်များအတိုင်း တိတိကျကျ တင်းတင်းကျပ်ကျပ်လိုက်နာ ဆောင်ရွက်ရမည်။ သတ်မှတ်မူဘောင်ကို ကျော်လွန်၍ ဆောင်ရွက်ခြင်းမျိုးရှိပါက အရေးယူခံရမည်။", "၁၂- သတ်မှတ်ခွင့်ပြုထားသူမှအပ တပ်ဖွဲ့ဝင်အားလုံး မီဒီယာတွင် အင်တာဗျူးဖြေဆိုခြင်း၊ သတင်း ပေးပို့ခြင်း မပြုလုပ်ရန်အပါအဝင် တာဝန်သတ်မှတ်ထားသူမှလွဲပြီး မီဒီယာနှင့် ဆက်ဆံရာတွင် တပ်ဖွဲ့ဝင်အားလုံး ဖြေရမည့် စကားမှာ “ပြောခွင့်၊ ဖြေဆိုခွင့် မရှိပါ” ဟူ၍သာ ပြောဆိုရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။", "လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် အရေးပေါ်အခြေအနေတွင် မန္တလေး PDF တပ်ဖွဲ့ဝင်များအနေနှင့် –", "၁- လေကြောင်းတိုက်ခိုက်မှု ခံရစဉ်အတွင်း မိမိတပ်ကို အအုပ်အစည်းမပျက် လှုပ်ရှားဆောင်ရွက်နိုင်ရေး အရာရှိအဆင့်ဆင့်မှ အထူးကြပ်မတ်ဆောင်ရွက်ရမည်။", "၂- လေကြောင်းအန္တရာယ်ကာကွယ်ရေး နည်းလမ်းများကို တိတိကျကျလိုက်နာရမည်။", "၃- တိုက်ပွဲတွင်းကာလတွင် မိမိတို့ တပ်ဖွဲ့က ချမှတ်ထားသည့် စစ်ရေးအစီအမံအတိုင်း တည်တည်ငြိမ်ငြိမ် တိတိကျကျ ဆောင်ရွက်နိုင်ရေး အရာရှိအဆင့်ဆင့်မှ အထူးကြပ်မတ်ဆောင်ရွက်ရမည်။", "၄- စစ်ရေးအခြေအနေကြောင့် လက်ရှိအခြေပြုနေရာကို စွန့်ခွာရပါက သတ်မှတ်ထားသော စစ်ရေးအစီအမံ အတိုင်း စနစ်တကျ လုပ်ဆောင်ရန်၊ ဆက်သွယ်သတင်းပို့ရမည်။", "၅- ဓါတုအဆိပ်ဗုံး၊ မီးလောင်ဗုံး အန္တရာယ်တွေ့ကြုံရပါက အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် မိမိတပ်ဖွဲ့ ဆေးကုသရေးအဖွဲ့က ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာရမည်။ ယင်းဖြစ်စဉ်များကို စနစ်တကျ မှတ်တမ်းတင်ထားရမည်။", "၆- တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အရပ်သား/ ပြည်သူများ၊ စစ်သုံ့ပန်းများနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ကြော်ငြာစာတမ်း၊ ဂျနီဗာကွန်ဗန်းရှင်းပါ အချက်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ချမှတ်ထားသော ကျင့်ဝတ် စည်းကမ်းများ အတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ရမည် ဟူ၍ လမ်းညွှန်ချက်တွင် ပါရှိသည်။"]
https://yktnews.com/2023/11/130016/
စစ်ဆေးဆရာဝန် အကြီးတန်းအရာရှိများကို ရှမ်းမြောက် စစ်မြေပြင်သို့ နှစ်ဖွဲ့ခွဲ၍ စေလွှတ် ၊ မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားချက်အရ စစ်ဆေးဆရာဝန်များ ရှေ့တန်းထွက်ရဟုဆို
["စစ်ဆေးဆရာဝန် အကြီးတန်းအရာရှိများကို ရှမ်းမြောက် စစ်မြေပြင်သို့ နှစ်ဖွဲ့ခွဲ၍ စေလွှတ် ၊ မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားချက်အရ စစ်ဆေးဆရာဝန်များ ရှေ့တန်းထွက်ရဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၇", "အကြမ်းဖက်စစ်ကောင်စီက စစ်ဆေးဆရာဝန် အကြီးတန်းအရာရှိများကို အထူးဆေးကုသရေးတပ်ဖွဲ့ဟု အမည်တပ်၍ ရှမ်းပြည်နယ် မြောက်ပိုင်း စစ်မြေပြင်သို့ စေလွှတ်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။", "စစ်ကောင်စီက တပ်မတော်ဆေးတက္ကသိုလ် မဟာတန်း၊ ပါရဂူတန်း အပါအဝင် ဘွဲ့လွန်သင်တန်းအားလုံးကို ယမန်နှစ် နိုဝင်ဘာလ အထိ ရွှေ့ဆိုင်း ရပ်နားလိုက်ပြီး စစ်ဆေးဆရာဝန်များကို မိမိတို့၏ မိခင်တပ်ရင်းများသို့ ပြန်၍ အင်အားဖြည့်ကြရန် အကြမ်းဖက် မင်းအောင်လှိုင်က ညွှန်ကြားကြောင်း၊ ယင်းနောက် စစ်ဆေးဆရာဝန် အကြီးတန်းအရာရှိများကိုပါ တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မြေပြင်များသို့ အထူးဆေးကုသရေးတပ်ဖွဲ့အမည်တပ်၍ စေလွှတ်လိုက်ကြောင်း သိရှိရသည်။", "“‘ဆေးပညာ သင်ရမယ့်အချိန် မဟုတ်ဘူး စစ်တိုက်ဖို လူလိုတယ်” လို့ တပ်ချုပ်က ပြောတယ်။ စစ်ဆေးဆရာဝန်အကြီးတန်းအရာရှိတွေကိုပါ အခုတိုက်ပွဲပြင်းထန် နေတဲ့ စစ်မြေပြင်တွေဖြစ်တဲ့ ရှမ်းမြောက်ဒေသ နမ့်ခမ်းနှင့်လားရှိုး စစ်မြေပြင်တွေဆီကို အထူးဆေးကုသရေးတပ်ဖွဲ့လို့ အမည်တပ် နှစ်ဖွဲ့ စေလွှတ်ထားတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "လက်ရှိတိုက်ပွဲများကြောင့် တိုက်ခိုက်ရေးတပ်များမှ စစ်သားများ သေဆုံးမှုများပြားနေချိန် အကြမ်းဖက်မင်းအောင်လှိုင်က လက်ရုံးတပ်များမှ ထုတ်နုတ်အင်အားများ ခေါ်ယူ၍ စစ်မြေပြင်သို့ စေလွှတ်ရန်၊ လက်ရုံးတပ်များအားလုံး မဖြစ်မနေ ရှေ့တန်း စစ်မျက်နှာပြင်ထွက်ပြီး တိုက်ပွဲဝင်ရန် ညွှန်ကြားမှုများ ရှိနေကြောင်း စစ်တပ်အတွင်းမှ စုံစမ်းသိရှိရသည်။"]
https://yktnews.com/2024/12/196179/
စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော
["စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော", "ရန်ကုန်၊ ဒီဇင်ဘာ ၁၉", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။", "ယမန်နေ့ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်တွင် ပြုလုပ်သော အမှတ် ၅၂ စစ်ဆေး ဗိုလ်လောင်းသင်တန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။", "တပ်မတော်ဆရာဝန်များဖြစ်သည်နှင့်အညီ လိုအပ်လာပါက ခြေလျင်စစ်သည်များနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကိုပါ ထမ်းဆောင်ကြရမည်ဖြစ်သောကြောင့် အမိန့်နာခံမှု ကောင်းပြီး စစ်ပညာများကို အသုံးချတတ်သည့် စစ်ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသွားသည်။", "အကြမ်းဖက်စစ်ခေါင်းဆောင် လက်ရုံးတပ်ဖြစ်သည့် စစ်ဆေးဆရာဝန်များနှင့် ဆေးတပ်သားများကို ရှေ့တန်းစစ်မြေပြင်များတွင် စစ်တိုက်ခိုက်နေသဖြင့် စစ်ဆရာဝန်နှင့် ဆေးတပ်သားများ ထွက်ပြေးမှုများ များပြားနေကြောင်း၊ ထို့ပြင် စစ်ဆေးဆရာဝန်နှင့်ဆေးတပ်သားများ ရှေ့တန်းတွင် သေဆုံးမှုများလည်း များပြားခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။", "စစ်ကောင်စီက ရှေ့တန်း စစ်မြေပြင်များသို့ စစ်ဆေးဆရာဝန်များ စေလွှတ်လာခြင်း၊ စစ်ဆေးတပ်များမှ အရာရှိနှင့်သူနာပြုများ ထွက်ပြေးမှုများ များပြားလာခြင်း အပါအဝင် လူအင်အား မလုံလောက်ခြင်းတို့ကြောင့် ယခုနှစ်ဩဂုတ်လနှင့်စက်တင်ဘာလအတွင်း စစ်ဆေးတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းတက်နေသော အပတ်စဉ် ၅ ခုမှ စစ်ဆေးရာရှိများကို နေပြည်တော်၊ ပြင်ဦးလွင်၊ မိတ္တီလာ၊ အောင်ပန်း စသည့် စစ်ဆေးရုံများသို့ အတင်းအကျပ် စေလွှတ် နေရာချထားခဲ့ကြောင်း စစ်ဆေး အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။", "စစ်ဆေးတက္ကသိုလ် အပတ်စဉ် ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ၊ နှင့် ၃၂ မှ ဘွဲ့လွန်သင်တန်းတက်နေသော စစ်ဆေးဆရာဝန်များအားလုံးကို နေပြည်တော်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ အောင်ပန်း စသည့် စစ်ဆေးရုံများသို့ စစ်ကောင်စီက အတင်းအကျပ် စေလွှတ်ခဲ့ပြီး သွားရောက်ခိုင်းရာတွင် အရပ်၀တ်ဖြင့် လုံခြုံရေးမပေးဘဲ သွားရောက်ခဲ့ကြောင်း စစ်ဆေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။", "စစ်တပ်ဆေးတပ်မှ အရာရှိဆရာဝန်များ၊ စစ်သားများကို ရှေ့တန်းသို့ ဆက်တိုက် စေလွှတ်နေသဖြင့် စစ်ဆေးတပ်အတွင်း စစ်ကောင်စီနှင့် စစ်ခေါင်းဆောင်များ အပေါ် မကျေနပ်မှုများ ကြီးထွားနေကြောင်း၊ စစ်အာဏာသိမ်းချိန်မှစတင်၍ လက်ရှိအချိန်အထိ စစ်ဆေးတပ်များမှ စစ်ဆေးဆရာဝန်နှင့် သူနာပြုများမှာ ထွက်ပြေးမှုများ ဆက်လက် များပြားနေဆဲဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/79663/
စစ်ဏာရှင် ကျဆုံးရေး ညီညွတ်မှု လိုအပ်နေပြီး အားလုံး ညီညွတ်ကြရန် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တိုက်တွန်း
["စစ်ဏာရှင် ကျဆုံးရေး ညီညွတ်မှု လိုအပ်နေပြီး အားလုံး ညီညွတ်ကြရန် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တိုက်တွန်း", "ရန်ကုန်၊ ဇန်နဝါရီ ၇", "ရက္ခိုင့်တပ်တော်AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က စစ်အာ ဏာ ရှင် ကျဆုံးရေးအတွက် ညီညွတ်မှု လိုအပ်နေသဖြင့် အားလုံးညီညွတ်ကြ ရန် တိုက်တွန်းပြောဆိုလိုက်သည်။", "ဇန်နဝါရီလ ၆ ရက်နေ့တွင် ဒေါက်တာညိုထွန်းအောင်က ကလောင်နာမည် သူပုန်ဖြူ ဖြင့် UNITY ကဗျာရေးသားပြီး စစ်အာဏာရှင် နိဂုံးချုပ်ရေး ညီညွတ်မှု လိုအပ်နေပြီး ညီညွတ်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။", "UNITY ကဗျာတွင်", "“ဒီတစ်ခါ", "ပင်ဒိုရာ အိုးထပ်ပွင့်ကြည့်", "အဲ့အိုးပြန်ပိတ်တဲ့အခါ", "အာဏာရှင် ဒုစရိုက်", "စစ်ရာဇဝတ်သား", "တစ်ဆွေတစ်မျိုးလုံး", "တစ်ယောက်မကျန်", "တစ်ခါတည်းထည့်ပေးလိုက်ဖို့", "ငါတို့တတွေ", "အရင်ဆုံး", "ညီညွတ်မှု လိုအပ်နေတယ်” ဟု ဒေါက်တာညိုထွန်းအောင်(ခ) သူပုန်ဖြူက ရေးသားထားခြင်းဖြစ်သည်။", "ယမန်နှစ်ကလည်း ဒေါက်တာညိုထွန်းအောင်က သူပုန်ဖြူ ကလောင်အမည် ဖြင့် “လာမယ့် နွေဦးဟာ ငါတို့ အောင်ပွဲ” ကဗျာ ကို ရေးသားခဲ့သည်။"]
https://yktnews.com/2023/10/128069/
စစ်တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ်တို့တွင် ဗိုလ်လောင်းသင်တန်း လျှောက်ထားသူ စံချိန်တင် အနည်းဆုံးရောက်ရှိ
["စစ်တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ်တို့တွင် ဗိုလ်လောင်းသင်တန်း လျှောက်ထားသူ စံချိန်တင် အနည်းဆုံးရောက်ရှိ", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်တက္ကသိုလ်(DSA) ၊ စစ်ဆေးတက္ကသိုလ် (DSMA) နှင့် စစ်နည်းပညာတက္ကသိုလ်(DSTA) တို့တွင် ယခုနှစ် ဗိုလ်လောင်းသင်တန်းများအတွက် ၁၀ တန်းအောင်ထားသူများကို ခေါ်ယူခဲ့ရာတွင် လျှောက်ထားသူ အလွန်နည်းပါးကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "စစ်ကောင်စီက ၁၀ တန်းအောင် စာရင်းများကို ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် စစ်တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ်တို့အတွက် ဗိုလ်လောင်းများ ခေါ်ယူခဲ့ကြောင်း၊ အရည်အချင်းစစ်စာမေးပွဲများကို ၂၀၂၃ ခုနှစ်ဩဂုတ်လအတွင်း ကျင်းပခဲ့ရာတွင် လက်ရှိ နောက်ဆုံး စာရင်းများအရ လျှောက်ထားသူများမှာ စံချိန် တင် နည်းပါးလျက်ရှိကြောင်း၊ စစ်တက္ကသိုလ်တွင် လျှောက်လွှာတင်ပြီး အရည်အချင်း စစ်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ရာဂဏန်းဝန်းကျင်၊ စစ်ဆေးတက္ကသိုလ်တွင် လျှောက်လွှာတင်ပြီး အရည်အချင်းစစ်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ရာဂဏန်းဝန်းကျင်၊ စစ်နည်းပညာတက္ကသိုလ်တွင်လည်း တစ်ရာအောက် ဝန်းကျင်သာရှိကြောင်း သိရှိရသည်။", "“ဗိုလ်လောင်း ခေါ်ယူတာမှာ လျှောက်ထားသူ အရမ်းကို နည်းတဲ့ နှစ်တစ်နှစ်ပဲ။ ၃ နှစ်ဆက်တိုက် ဗိုလ်လောင်းလျှောက်တဲ့သူ အနည်းဆုံးနှစ်ပဲ။ လျှောက်ထားသူ အများစုက တပ်အသိုင်းအ၀ိုင်းဘက်က ဆယ်တန်းအောင်တဲ့ ကလေးတွေ ပိုများတယ်။ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ် ဆက်တိုက်ကို လျှောက်ထားသူ အရေအတွက် အရမ်းနည်းလာတာ။ အခုလည်း နည်းတုန်းပဲ။ အရေအတွက်နဲ့ဆိုရင် ရာဂဏန်းဝန်းကျင်တွေပဲရှိတယ်။ ရာဂဏန်းဆိုတာ ၂၀၀ ဝန်းကျင်ဆိုတာ အများဆုံးပဲ။ လျှောက်ထားသူ အကုန်ခေါ်ရမယ့် အခြေအနေရှိပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။", "အခြားသတင်းရင်းမြစ်တစ်ခုကမူ စစ်ဆေးတက္ကသိုလ်တွင် လာရောက် အရည်အချင်းစစ် ဖြေဆိုသူ ၁၂ ဦး၊ စစ်နည်းပညာတက္ကသိုလ်တွင် အရည်အချင်းစစ်ဖြေဆိုသူ ၂၄ ဦး ၊ စစ်တက္ကသိုလ်တွင် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုသူ ၂၁၉ ဦး ရှိသည်ဟု သတင်းပေးပို့ချက်များရရှိပြီး ရန်ကုန်ခေတ်သစ်၏ ဖရဲသီး တပ်သတင်းရင်းမြစ်ကမူ ကိန်းဂဏန်းများကို အတိအကျ ပြောဆိုခြင်းမရှိပေ။", "“ဒီနှစ်က စံချိန်တင် နည်းတဲ့ နှစ်လို့ ဆိုရင် မမှားပါဘူး။ ကိန်းဂဏန်းနဲ့တော့ ပြောလိုက်ရင် မတိကျဘဲ မှားမှာစိုးလို့။ သက်ဆိုင်တဲ့ တပ်ဘက်က အရာရှိအချင်းချင်း ပြောလာတာက လျှောက်ထားသူ အရမ်းနည်းပါတယ်။ စစ်တက္ကသိုလ် ၃ ခုစလုံးမှာ နည်းနေတာ။ အဲဒါကတော့ အမှန်တရားပဲ။ လျှောက်ထားသူတွေကလည်း တပ်ထဲက အရာရှိ၊ စစ်သည်တွေရဲ့ ကလေးတွေပဲ ပြန်လျှောက်ကြတာ။ အဲဒါ ခိုင်ခိုင်မာမာပြောနိုင်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ ဖရဲသီး သတင်းရင်းမြစ်က ပြောဆိုသည်။", "ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုကမူ စစ်တပ်အသိုင်းအ၀ိုင်းမှ ဆယ်တန်းအောင်မြင်ကြသော လူငယ်လေးများကို စစ်တက္ကသိုလ်တွင် လျှောက်ထားကြရန် တပ်တွင်း တိုက်တွန်းနှိုးဆော်သော ညွှန်ကြားချက်မျိုး ပေးပို့ တိုက်တွန်းခဲ့သော်လည်း အများစုသော လူငယ်များမှာ မလျှောက်ထားကြဘဲ ပြည်ပနိုင်ငံများသို့ သွားရောက် ပညာသင်ကြရန် စိတ်ဝင်စားကြကြောင်း၊ တပ်အသိုင်းအ၀ိုင်းတွင်ပါ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းများသို့ လျှောက်ထားမှု နည်းပါးကြောင် ပြောဆိုသည်။", "စစ်ကောင်စီက တိုက်ပွဲများတွင် တိုက်ခိုက်ရေး စစ်သားများ သေဆုံးမှုများပြားသဖြင့် လက်ရုံးတပ်များကို အသုံးပြုနေရသည့်အပြင် စစ်တပ်အင်အားကို ဖြည့်တင်းနိုင်ရေးအတွက် အမျိုးမျိုးသော လိမ်လည်နည်းများဖြင့် တပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ဆေးတက္ကသိုလ်ကျောင်းဆင်းပွဲတစ်ခုသို့ တက်ရောက်နေသော အကြမ်း ဖက် မင်းအောင်လှိုင်။"]
https://yktnews.com/2024/02/148010/
မတ္တရာမြိုနယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် သက်တော် ၈၇ နှစ်ရှိ သံဃာ တစ်ပါးနှင့် ပြည်သူ ၂ ဦးသေဆုံးပြီး ဓားစာခံ အဖြစ် ဖမ်းဆီးသွားသော ပြည်သူ ၄ ဦးကိုလည်း ပစ်သတ်
["စစ်တပ် စစ်ကြောင်း အပြန်တွင် မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုများပြား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "မန္တလေးတိုင်း၊ မတ္တရာမြိုနယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်ခြင်းကြောင့် သက်တော် ၈၇ နှစ်ရှိ သံဃာ တစ်ပါးနှင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မတ္တရာမြိုနယ်၊ မြိုဒင်ဆင်ရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သာအေးကျေးရွာကို စစ်ကြောင်း တစ်ကြောင်း မြိုဒင်ရွာ ဆင်ရွာဘက်ကို စစ်ကြောင်း တစ်ကြောင်းခွဲ၍ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။", "မြိုဒင်ရွာဘက်ကို ထိုးလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သေနတ်များ ပစ်ဖောက်ကာ စီးနင်း ခဲ့ပြီး ဒေသနေ ပြည်သူ ၂ ဦးဖြစ်သည့် ဦးထွန်းလှနှင့် ကိုဝင်းမင်းထွန်း တိုကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း၊ ထိုပြင် မြိုဒင်ရွာရှိ လျှပ်စစ် ထရမ်စဖာအိုးကိုလည်း ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သပြေချောင်ရွာ၊ အင်းတံခါးရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးမွှေနှောက်ပြီး ကျန်ရှိနေသော စစ်ကြောင်းနှင့် ပူးပေါင်းကာ ပြည်သာအေးရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး အဘယရာမစိတ္တသုခ ဘုန်းကြီးကျောင်းကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်မွှေနှောက်ခဲ့ကြောင့် ကျောင်းထိုင်ဆရာတော်၏ ခမည်းတော် သက်တော် ၈၇ နှစ် ဝါတော် ၅ဝါရှိ သံဃာတစ်ပါး သေနတ်ကျည်ထိမှန်၍ ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။", "ဘုန်းကြီးကျောင်းကို ဝင်ရောက် စီးနင်းခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဘုန်းကြီးကျောင်းသို ထွက်ပြေး တိမ်းရှောင်နေသူများနှင့် သံဃာတော်များထံမှ ပိုက်ဆံများ ရှာဖွေ ယူဆောင်သွားပြီး စစ်ကြောင်းပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထိုပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆည်တော် ရေလွှတ်ပြွန် နံပါတ် ၄ အရောက်တွင် ၎င်းတို ဖမ်းဆီးလာသည့် ဓားစာခံ ပြည်သူ ၄ ဦးကိုလည်း သတ်ဖြတ်သွားကြောင်း သိရသည်။", "“စစ်ခွေးတွေ ဘယ်က ဖမ်းဆီးလာတယ်ဆိုတာလည်း အတည်မပြုနိုင်သေးဘူး။ အသတ်ခံရတဲ့သူတွေက ဘယ်သူဘယ်ဝါဆိုတာတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။", "အဆိုပါ စစ်ကြောင်းပြန်လည် ဆုတ်ခွာလာစဉ် မိုးကြိုးစစ်ကြောင်းက မိုင်း ၃ လုံးဆွဲ၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီး မိုင်းထိမှန်ကာ စစ်ကောင်စီ တပ်သားများ သေဆုံးသူများနိုင်ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/03/153768/
တန့်ဆည်-ရေဦး-ခင်ဦး နယ်စပ်ကို စစ်ကြောင်းထိုးခဲ့သော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး၊ စစ်တပ်က ပြည်သူ ၄ ဦးကို သတ်ဖြတ်
["စစ်တပ် စစ်ကြောင်းက ချောင်းရိုးရွာနှင့် မုံလှရွာရှိ နေအိမ်၊ ဈေးဆိုင်နှင့် ကြက်ခြံများကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ မတ် ၂၉", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်-ရေဦးမြို့နယ်-ခင်ဦးမြို့နယ် အစပ်ကို စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က တော်လှန်ရေး ရဲဘော် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်ပြီး ချောင်းရိုးရွာနှင့် မုံလှရွာရှိ နေအိမ်၊ ဈေးဆိုင်နှင့် ကြက်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးအခြေပြုPeople’s Defense Comradeပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ ၂၁ ရက်နေ့က တန့်ဆည်မြို့ပေါ်မှ ထွက်လာသည့် ကန့်ဘလူ ဝါသဝ ပျူစောထီး စစ်ကြောင်းနှင့် အကြမ်းဖက် စစ်သား အင်အား ၁၃၀ ကျော်သည် တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများဘက်ကို စစ်ကြောင်းထိုး စီးနင်းခဲ့ကြောင်း သိရသည်။", "မတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ ချောင်းရိုးရွာကို ပစ်ခတ် ဝင်ရောက် စီးနင်းပြီး ခရစ်ယာန် ဘာသာဝင် အမျိုးသား ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခရစ်ယာန်သုဿာန်ထဲ၌ ပြည်သူ ၁ ဦးကို ခေါင်းဖြတ် သတ်ကာ ကျန် ၁ ဦးကို လည်ပင်းကို ကြိုးဖြင့်ချီ၍ သစ်ပင်၌ တွဲလောင်းချီကာ လည်လှီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ချောင်းရိုးရွာသည် ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ နေထိုင်သော ကျေးရွာတစ်ရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် မီးလောင် ဆုံးရှုံးခဲ့ပြီး ဘုရားကျောင်းတစ်ခုသာ မီးမလောင်ဘဲ ကျန်ရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ချောင်းရိုးရွာရှိ ကြက်ခြံ ၃ ခြံနှင့် ကားလမ်းဘေးရှိ စားသောက်ဆိုင်ခန်း ၅ ဆိုင်၊ နေအိမ် ၄ လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "မတ်လ ၂၄ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ ချောင်းရိုးရွာမှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နယ်၊ ဗိုလ်ရုံရွာကို ဆက်လက် စစ်ကြောင်းထိုးလာပြီး ဗိုလ်ရုံရွာကို မဝင်ရောက်မီ ရေဦးမြို့ အထိုင်ဂိတ်ရှိ စစ်ကောင်စီ တပ်သားများက ဗိုလ်ရုံရွာနှင့် ပန်းကုံးရွာရှိ စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီး ၁၂၀ မမများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဗိုလ်ရုံရွာမှ အသက် ၄၀ ကျော် အရွယ် ဒေါ်ကြူနှင့် အသက် ၇၀ အရွယ် ဒေါ်အုန်းရင်တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ပြီးနောက် စစ်ကောင်စီ တပ်သားများသည် ဗိုလ်ရုံရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနေ့ညပိုင်းတွင် ဗိုလ်ရုံရွာမှ ပန်းကုံးရွာကို ထပ်မံ ဝင်ရောက် စီးနင်း တပ်စွဲခဲ့ပြီး ပန်းကုံးရွာထိပ်မှ မူးချောင်းကို ဖောင်များနှင့် အရှေ့ဘက်ကို ဖြတ်ကူးပြီး ဖိန်းကားရွာကို ထပ်မံ ဝင်ရောက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖိန်းကားရွာကို ဝင်ရောက် သွားပြီးနောက် ဒဏ်ရာရ စစ်သားများကို ရေဦးမှ လာကြိုသည့် ကားကြီးများဖြင့် တင်ဆောင်ကာ ရေဦးမြို့ကို ခေါ်ဆောင်သွားပြီး ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများသည် ခြေလျင် စစ်ကြောင်းဖြင့် မြို့ထဲကို ဝင်ရောက်သွားကြောင်း သိရှိရသည်။", "မတ်လ ၂၅ ရက်နေ့တွင် ရေဦးမြို့ထဲ ရောက်ရှိနေသော စစ်ကောင်စီ တပ်သားများသည် ခင်ဦးမြို့ထဲကို ထပ်မံ စစ်ကြောင်းထိုးနေခဲ့ပြီး မတ်လ ၂၈ ရက်နေ့တွင် မုံလှရွာကို မီးရှို့ပျက်စီးခဲ့ကြောင်း သိရသည်။", "“မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က တန့်ဆည်မြို့နယ် ချောင်းရိုးရွာမှာရှိတဲ့ ကြက်ခြံ ၃ ခြံ ၊ နေအိမ် ၄ လုံး ကားလမ်းဘေးက စျေးဆိုင်၅ ဆိုင်ကို မီးရှို့ခဲ့တယ်။ အသတ်ခံရသူက ချောင်းရိုးရွာသားနဲ့ ဖန်းခါးဇင်ရွာသားပါ။ ချောင်းရိုးရွာထိပ်က ပြည်သူတွေစုပေါင်း ဆောက်လုပ်ထားတဲ့ ဇရပ်ပါ မကျန် မီးရှို့သွားတာ အဲ့ဒီဝါသဝ ပျူစစ်ကြောင်းက မနေ့က ခင်ဦးနယ် မုံလှရွာကို မီးရှို့ပြီး ရေဦးနယ် အောင်သာယာပျူရွာကနေ ကန့်ဘလူနယ် ကာဘိုးဘက်ပြန်ဝင်သွားပြီ အဲ့ဒီ ဝါသဝပျူစောထီးစစ်ကြောင်းမှာ ကန့်ဘလူနယ်ဘက်က မဘသ ဘုန်းကြီး ၃ ပါး ဦးဆောင်ပြီး လိုက်ပါလာတယ်။ အခုတခေါက် သူတို့ ရှို့သွားတဲ့ရွာတွေက ခရစ်ယာန်ရွာတွေချည်းပဲရှို့သွားတယ်” ဟု ရေဦးအခြေပြုPeople’s Defense Comradeပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#တန့်ဆည်-ရေဦး-ခင်ဦး နယ်စပ်#စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်"]
https://yktnews.com/2024/10/187378/
မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၅ ရွာကို ဝင်ရောက်စီးနင်းပြီး ငွေကျပ် သိန်း ၇၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် ထဘီများပါ ခိုးယူလုယက်သွား
["စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၅ ရွာကို ဝင်ရောက်စီးနင်းပြီး ငွေကျပ် သိန်း ၇၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် ထဘီများပါ ခိုးယူလုယက်သွားကြောင်းမင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလမှ စတင်၍ မင်းလှမြို့နယ် အတွင်းရှိ ကပစ ၁၀ (ကုန်းကြီး)၊ ကပစ ၂ (မလွန်) နှင့် သရက်မြို့နယ်အတွင်းရှိ ကပစ ၁၂ (သရက်) တို့မှ အင်အား ၁၀၀ ၀န်းကျင်ဖြင့် စုဖွဲ့ထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းတုန်းမြို့နယ် အတွင်းရှိ ကျောက်ဖျာလည်ရွာ၊ တိုင်တားရွာ၊ သမင်ကတုတ်ရွာ၊ ခုန်တိုင်ကျင်းရွာနှင့် မြုံး၀ရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် ရွှေ ၊ ငွေ ၊ ကြက် နှင့် စားသောက်ကုန်များ အပါအဝင် ထဘီများပါမကျန် ခိုးယူသွားပြီး ငွေငွေ သိန်း ၇၀၀ ကျော်ဖိုး လုယက်သွားကောင်း သိရှိရသည်။", "ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် မင်းတုန်းမြို့နယ်အတွင်းရှိ ကျောက်ဖျားလည်ကျေးရွာကို ၀င်ရောက်လာပြီး ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ဖျက်ဆီးကာ ရွှေ၊ ငွေများကို ခိုးယူနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ချဉ်းကပ်၀င်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်‌ကောင်စီ တပ်သား ၃ ဦး ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းတုန်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ပြန်လည်ဆုတ်ခွာသွားပြီး ထိုမှတဆင့် ၎င်းတို့ တပ်ရင်းများကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။", "မင်းတုန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းများကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့်အချိန်များတွင် ရွှေငွေနှင့် အရေးကြီးစာရွက်စာတမ်းများကို အဓိကထားပြီး ကိုယ်နှင့်မကွာ ယူဆောင်သွားကြပါရန်နှင့် ဆေးဝါး၊ရိက္ခာ၊ သတင်းဆိုင်ရာလိုအပ်ချက်များရှိပါက မင်းတုန်းပကဖကို ဆက်သွယ်ပေးကြရန် တိုက်တွန်းကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းက ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/08/116054/
စစ်တပ် တပ်စွဲထားသော မြောက်ဥက္ကလာပမြို့နယ် ခန်းမ မိုင်းခွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုများရှိ
["စစ်တပ် တပ်စွဲထားသော မြောက်ဥက္ကလာပမြို့နယ် ခန်းမ မိုင်းခွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုများရှိ", "ရန်ကုန်၊ ဩဂုတ် ၂", "ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်း မှတ်တိုင်အနီး မြောက်ဥက္က လာပမြို့နယ်ခန်းမတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို အဝေးထိန်း များအသုံးပြု၍ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုများရှိကြောင်း KMD18- မြို့ပြကျီးကန်း (Crow Squad)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီ ၃၃ မိနစ်အချိန် မြောက်ဥက္ကလာပမြိုနယ်၊ မြိုနယ် ခန်းမတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို အဝေးထိန်း မိုင်း များ အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီးတွင် စစ်တပ် ဘက်မှ ထိခိုက်မှုတချို့ရှိခဲ့ပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပစ် မှတ် ဆီ ဆေးရုံကားများ အပြေးလွှားသွားနေခဲ့ပြီး တစ်ဖက်တွင်လည်း စစ်တပ် က မြိုနယ်အနှံ ပိတ်ဆိုစစ်ဆေးမှုများ အပြေးအလွှားလုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါစစ်ဆင်ရေးကို KMD18- မြိုပြကျီးကန်း (Crow Squad)မှ “နွေဦး အောင်လံ” စစ်ဆင်ရေးအနေဖြင့် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ KMD18 အင်အားစုအနေဖြင့် မဟာမိတ်ညီနောင်များနှင့်အတူ အကြမ်းဖက်စစ်တပ်က ရန်ကုန်မြိုကို လုံးဝအုပ်ချုပ်ခွင့်မရအောင်နှင့် အဆုံးသတ်အောင်ပွဲရသည်အထိ ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။", "“မြောက်ဥက္ကလာပ၊ မော်ကျွန်း မှတ်တိုင်နားမှာ အသေစစ်နေတယ်။ အဲဒီမှတ် တိုင် နားမှာ မီတာရုံးရှိတယ်။တစ်ယောက် ယောက် သူတို့ကို လာပစ်သွားတယ် ထင်တယ်။အင်္ကျီ အနက်နဲ့ လူကိုရှာနေတာ ကြားတယ်ီနှစ်နေရာမှာ ပိတ်ရှာ နေတာက နောက်တစ်နေရာက ကြိမ်စင်္ကြာ ဘုရားကျော်လာရင် လမ်းဆုံ တစ်ခု ရှိတယ် ညာဘက်ချိုးရင် ကြိုးတံတား တစ်ခုရှိတယ်။အဲဒီနားမှာလည်း ပိတ်ရှာနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ယမန်နေ့ညပိုင်း ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြော ဆိုသည်။", "မြောက်ဥက္ကလာအ၀ိုင်းအနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးကမူ ယမန်နေ့ည ၉ နာရီ ၃၀ မိနစ်အချိန် ပေါက်ကွဲသော ဗုံးပေါက်ကွဲသံမှာ အလွန်ကျယ်လောင် ကြောင်း ပြောဆိုသည်။", "“မကြားတာကြာပြီ။ အသံကတော့ အောင်ချက်။ အဝိုင်းလောက်က ပေါက်တဲ့ အသံ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "ဓာတ်ပုံ- စစ်တပ်တပ်စွဲထားသော မြောက်ဥက္ကလာပမြို့နယ်ခန်းမ။ (ပုံအ ဟောင်း ဖြစ်သည်။)"]
https://yktnews.com/2023/12/137135/
စစ်တပ် တပ်စွဲထားသော ရန်ကုန်နည်းပညာတက္ကသိုလ်တွင် စစ်တပ်အတွက် အလုပ်လုပ်နေသူ Non-CDM ဝန်ထမ်း မင်းသိန်းကို လုံခြုံရေးဝန်ထမ်းက သတ်ဖြတ်
["စစ်တပ် တပ်စွဲထားသော ရန်ကုန်နည်းပညာတက္ကသိုလ်တွင် စစ်တပ်အတွက် အလုပ်လုပ်နေသူ Non-CDM ဝန်ထမ်း မင်းသိန်းကို လုံခြုံရေးဝန်ထမ်းက သတ်ဖြတ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော ရန်ကုန်နည်းပညာတက္ကသိုလ်တွင် Non-CDM ဝန်ထမ်းအချင်းချင်း လူသတ်မှုဖြစ်ပွားကြောင်း ရဲသတင်းရင်းမြစ်နှင့် အဆိုပါဝင်းအတွင်း နေထိုင်သူများထံမှ သိရှိရသည်။", "ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကျောင်းသားရေးရာဌာနမှ Non-CDM ဝန်ထမ်း မင်းသိန်းကို တက္ကသိုလ်၀င်း အိမ်ရာ လမ်းမပေါ်တွင် မျက်နှာပေါက်ပြဲ၊ မျက်လုံးတစ်ဖက် မရှိတော့ အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ ဖြစ်စဉ်ကို ရဲနှင့်စစ်တပ်က စုံစမ်းစစ်ဆေးရာ အရက်သောက်ရာမှ Non-CDM ဝန်ထမ်းအချင်းချင်း အရက်မူး စကားများ၍ သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ရန်ကုန်နည်းပညာတက္ကသိုလ်၏ လုံခြုံရေး Non CDM ၀င်းထိုက်နှင့် တူဖြစ်သူ ရဲဝင်းထက်တို့သည် မင်းသိန်းနှင့်အတူ အရက်သောက်ကြရာမှ စကားများပြီး ဝင်းထိုက်နှင့်တူဖြစ်သူ ရဲဝင်းထက်တို့က မင်းသိန်းကို သတ်ဖြတ်လိုက်ကြောင်း၊ ဝင်းထိုက်ကို ရဲက ဖမ်းဆီးလိုက်ပြီး ပူးတွဲတရားခံမှာ ရဲဝင်းထက်မှာ လွတ် မြောက် တိမ်းရှောင်သွားကြောင်း သိရှိရသည်။", "သေဆုံးသူ မင်းသိန်းက စစ်တပ်အတွက် သတင်းပေးအဖြစ် အလုပ်လုပ်နေသူဖြစ်ပြီး မင်းသိန်း၏ ဇနီးမှာလည်း ကျောင်းသားရေးရာဌာနတွင် Non-CDM ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရှိရသည်။", "လူသတ် တရားခံ Non-CDM ဝန်ထမ်း ၀င်းထိုက်သည် ၂၀၂၁ ခုနှစ် စစ်အာ ဏာ သိမ်းချိန် ဆန္ဒပြ ကျောင်းသားများနှင့် CDM ကျောင်း သားများကို ဆဲဆိုနှင်ထုတ်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/135781/
စစ်တပ် တပ်စွဲထားသော ရွှေပြည်သာမြို့နယ် ခန်းမအနီး ဗုံးပေါက်ကွဲပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်၊ မြောက်ဒဂုံတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်
["စစ်တပ် တပ်စွဲထားသော ရွှေပြည်သာမြို့နယ် ခန်းမအနီး ဗုံးပေါက်ကွဲပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်၊ မြောက်ဒဂုံတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ စစ်တပ်တပ်စွဲထားသော ရွှေပြည်သာမြို့နယ်ခန်းမအနီးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ရွှေပြည်သာမြို့မှ ဒေသပြည်သူများက ပြောဆိုကြသည်။", "ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီ ၅၇ မိနစ်အချိန် ရွှေပြည်သာမြို့နယ်ခန်းမအနီးတွင် ဗုံးပေါက်ကွဲသံ ၂ ချက်ကြားရပြီး ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း ၊ ယင်းနောက် ရဲကားနှင့်စစ်ကားများ လှည့်လည်သွားလာမှု မြင်ရကြောင်း ရွှေပြည်သာမှ ပြည်သူတစ်ဦးက ဆိုသည်။", "“မနေ့ ည ၈ နာရီ ၅၇ မိနစ်အချိန် ဗုံးပေါက်ကွဲသံ ၂ ချက်ကြားရတယ်။ ပြီးတော့ သေနတ်သံတွေ တဒိုင်းဒိုင်းပဲ ကြားရတာ။ ကျနော်နေတာက ရဲစခန်းနားနဲ့ မြို့တော်ခန်းမဘက်နဲ့နီးတယ်။ အသံကတော့ ရွှေပြည်သာ မြို့တော်ခန်းမက လာတာ သေချာသလောက်ပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ယမန်နေ့ ညပိုင်း ည ၉ နာရီ ၁၈ မိနစ်အချိန်နှင့် ည ၉ နာရီ ၄၃ မိနစ်အချိန်တို့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဆက် တိုက်ကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဓာတ်ပုံ- စစ်တပ် တပ်စွဲထားသော ရွှေပြည်သာမြို့နယ်ခန်းမ။", "Photo- Shwe Pyi Thar Information ။"]
https://yktnews.com/2024/07/173130/
စစ်တပ် ထောက်ခံသော လူရွှင်တော် ဒိန်းဒေါင်နှင့် အဖွဲ့ကို စစ်ကောင်စီက နေပြည်တော်တွင် မြေကွက်များ ထပ်မံချထားပေး၊ မြေကွက်မရသော ဟာသဇတ်ပို့အမျိုးသမီးတစ်ဦးက တိုင်တန်းမှုရှိ
["စစ်တပ် ထောက်ခံသော လူရွှင်တော် ဒိန်းဒေါင်နှင့် အဖွဲ့ကို စစ်ကောင်စီက နေပြည်တော်တွင် မြေကွက်များ ထပ်မံချထားပေး၊ မြေကွက်မရသော ဟာသဇတ်ပို့အမျိုးသမီးတစ်ဦးက တိုင်တန်းမှုရှိ", "ရန်ကုန်၊ ဇူလိုင် ၁၅", "အကြမ်းဖက်စစ်တပ်ကို ထောက်ခံသော လူရွှင်တော်ဒိန်းဒေါင်နှင့်အဖွဲ့ကို စစ်ကောင်စီက နေပြည်တော်တွင် မြေကွက်များချထားပေးကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံသော လူရွှင်တော်ဒိန်းဒေါင်က ၂၀၀၉ ခုနှစ်တွင် ၎င်းထူထောင်ခဲ့သော မြန်မာနိုင်ငံဟာသပညာရှင်များအစည်း အရုံး (ဗဟို)ကို စစ်တပ်နှင့်ပတ်သက်သော ပွဲလမ်းသဘင်များတွင် ဖြေဖျော်ခြင်း၊ စစ်ခေါင်းဆောင် နှင့်စစ်ဗိုလ်ချုပ်များကို ဖြေဖျော်ခြင်း၊ နယ်လှည့်၍ တပ်များအတွင်း လိုက်လံ ဖျော်ဖြေခြင်းများကို လုပ်ဆောင်လျက်ရှိသည်။", "အကြမ်းဖက်စစ်ကောင်စီကို အလွန်ထောက်ခံနေမှုကြောင့် ၂၀၂၃ ခုနှစ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဟာသ ပညာရှင်များ ရွာတည်ရန် မြေ ၅ ဧက ခွင့်ပြုချပေးခဲ့သည့်အပြင် ငွေကျပ်သိန်း ၁၀၀၀ မတည် ပေးခဲ့ကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင်မူ နေပြည်တော်တွင် မြေကွက်များ ထပ်မံချထားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဒိန်းဒေါင်နဲ့ လူရွှင်တော်တွေကို နေပြည်တော်မှာ မြေကွက်တွေချပေးတယ်။ အဲဒီမှာ တပ်ပွဲတွေမှာပါပြီးတော့ မြေ ကွက်မရလို့ နာမည်ရ ဟာသဇတ်ပို့ အမျိုးသမီးတစ်ဦးကနေ တိုင်တန်းမှုတွေရှိတယ်။ အခွင့်အရေးတစ်ရပ်အနေနဲ့ မြေ ကွက် တွေ ချပေးတာပါ” ဟု နေပြည်တော်စည်ပင်သတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင် စစ်တပ်ကို ထောက်ခံသော ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်တချို့ကိုလည်း စစ်ကောင်စီက ဌာနဆိုင်ရာလုပ်ငန်း တင်ဒါလုပ်ပိုင်ခွင့်တချို့ ချထားပေးမှုများရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လွန်ခဲ့သော ရက်ပိုင်းအတွင်း ဟာသအဖွဲ့၏ အခမ်းအနားပွဲတစ်ခုကို နေပြည်တော်ပြုလုပ်စဉ် တက်ရောက်ခဲ့သော အကြမ်းဖက် ဇော်မင်းထွန်းနှင့် အကြမ်းဖက် စစ်တပ် ထောက်ခံသော ဒိန်းဒေါင်။"]
https://yktnews.com/2023/02/86480/
စစ်တပ် ဒေါက်တိုင် ခရိုနီ သူဌေးကြီး တေဇ စင်ကာပူမှာ နေထိုင်ခွင့်ဗီဇာရဖို့ ဘွဲ့လက်မှတ် အတု အသုံးပြုနေသလား
["စစ်တပ် ဒေါက်တိုင် ခရိုနီ သူဌေးကြီး တေဇ စင်ကာပူမှာ နေထိုင်ခွင့်ဗီဇာရဖို့ ဘွဲ့လက်မှတ် အတု အသုံးပြုနေသလား", "By ရန်ကုန်ခေတ်သစ်", "အာဏာရှင် အဆက်ဆက် ခရိုနီသူဌေးကြီးအဖြစ် ရပ်တည်နေနိုင်ခဲ့တဲ့ တေဇဟာ တက္ကသိုလ် ဘွဲ့ တခုခု ရရှိခဲ့တယ် ဆိုတဲ့ မှတ် တမ်း မှတ်ရာ တစုံတခုကို ဘယ်မှာမှ တွေ့ခဲ့ဖူးခြင်း မရှိပါဘူး။ စစ်သက္ကသိုလ် (DSA) တက်ရောက်ခဲ့ပေမယ့် ပြီးဆုံးတဲ့အထိ မတက်နိုင်ဘဲ စစ်တက္ကသိုလ် တတိယနှစ်မှာ ထွက်ခဲ့ရတယ်ဆိုတာ တိုင်းသိပြည်သိဖြစ်ပါတယ်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနနဲ့ ချိတ်ဆက်နေတဲ့ စင်ကာပူ အခြေစိုက် သတင်းရင်းမြစ်တစ်ခုက ခရိုနီတေဇဟာ စစ်အာဏာသိမ်းချိန်ကတည်းက စင်ကာပူမှာ တိမ်းရှောင်လာခဲ့ပြီး လက်ရှိမှာ နေထိုင်ခွင့် သက်တမ်းကုန်ဆုံးလို့ ဆက် လက် နေနိုင်ဖို့အတွက် Employment Pass လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။", "အဲဒီလို လျှောက်ထားရာမှာ လိုအပ်ချက်ဖြစ်တဲ့ ဘွဲ့လက်မှတ်အတွက် ဘွဲ့လက်မှတ်အတု တစ်ခုကို ဖန်တီးအသုံးပြု ခဲ့တယ်လို့ သိရပါတယ်။ စင်ကာပူရဲ့ Employment Pass ဆိုတာက နိုင်ငံခြား ပရော်ဖက်ရှင်နယ် ဝန် ထမ်းတွေ၊ မန်နေဂျာတွေနဲ့ ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ ကုမ္ပဏီတွေရဲ့ ပိုင်ရှင်/ဒါရိုက်တာတွေကို ထုတ်ပေးတဲ့ အလုပ်နဲ့ပတ်သက်တဲ့ နေထိုင်ခွင့် ဗီဇာအမျိုးအစားပဲ ဖြစ်ပါတယ်။", "စင်ကာပူမှာ နေထိုင်ခွင့် လျှောက်ထားရာမှာ တေဇက သူရရှိထားတဲ့ ဘွဲ့ကို သင်္ချာဘွဲ့လို့ ထည့်သွင်းပြီး ဘွဲ့နံပါတ်မှာတော့ စ- ၆၁၇၄၀ လို့ဖော်ပြထားတဲ့အပြင် ၁၉၈၈ ဇန်နဝါရီလမှာ ဘွဲ့ရခဲ့ကြောင်း၊ ဘွဲ့လက်မှတ်ကို ရန်ကုန်တက္ကသိုလ် က ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလမှာ ထုတ်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။", "တေဇနဲ့ ရင်းနှီးတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက “ဦးတေဇ သင်္ချာနဲ့ ဘွဲ့ရခဲ့တယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးသေးဘူး။ တ ကယ် ရခဲ့ရင် သိရမှာပေါ့ဗျာ” ဟု မှတ်ချက်ပြုပြောဆိုပါတယ်။", "CDM လုပ်ထားတဲ့ တက္ကသိုလ် ကထိကတစ်ဦးကတော့ ဘွဲ့လက်မှတ်ဆိုင်ရာ စာရွက်စာတမ်း အထောက် အထားတွေက နေပြည် တော် ၊ ပညာရေးဝန်ကြီးဌာန ဆီ ပြောင်းရွှေ့ ရောက်သွားပြီဖြစ်လို့ ရန်ကုန်မှာ ဘွဲ့လက် မှတ် နဲ့ပတ်သက်တဲ့ အစားထိုးတာတွေ၊ အတုလုပ်တာတွေ အခုအချိန်မှာ သိပ်ကို လုပ်စားလို့ကောင်းတဲ့ လုပ်စား ခွင်ကြီး‌ဖြစ်နေတယ် လို့ဆိုပါတယ်။", "အာဏာရှင် အဆက်ဆက် ခရိုနီသဌေးကြီးအဖြစ် ရပ်တည်လာခဲ့သလို စစ်အုပ်စုကို ကာလရှည် ထောက်ပံ့နေတဲ့ တေဇဟာ အာဏာသိမ်းမှု စတင်ကတည်းက စင်ကာပူကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။", "တေဇအနေနဲ့ စင်ကာပူ ဆန်တိုစာ ကျွန်းပေါ်မှာ ဒေါ်လာ ၁၅ သန်းတန် သုံးထပ် အဆင့်မြင့်အိမ်ရာကြီးအပါအဝင် အိမ် ၂ လုံးကို ပိုင်ဆိုင်ထားပြီး၊ အဆိုပါအိမ်ရှေ့မှာ အမြဲလိုလို တန်ဖိုးကြီး Ferrari 8 Spider နှင့် မာစီဒီးစ် ကားကြီး နှစ်စီး ရပ်တန့်ထားကာ၊ မာရီနာဘေး ကာဆီနိုကို ငွေအိတ်ကြီး သယ်ကာ သွားရောက် သုံးဖြုန်းကစားနေနိုင်သူ ဖြစ်နေတယ်လို့ Bloomberg News က လွန်ခဲ့တဲ့ လေးလခန့်ကပဲ သတင်းဖော်ပြခဲ့ပါတယ်။", "လက်ရှိမှာတော့ တေဇကို အမေရိကန်၊ ယူကေအပါအဝင် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့အရေးယူထားပြီး၊ NUG အစိုးရကလည်း စစ်တပ်ကို လက်နက်များ ဝယ်ယူနိုင်ဖို့ ပံ့ပိုးနေတဲ့ အကြမ်းဖက် စစ်တပ်ထောက်ခံသူ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးရဲ့ အမည်စာရင်းမှာ တေဇကို ထည့်သွင်းအရေးယူထားပါတယ်။", "ကာစီနို ကိုးမီး ဖဲဝိုင်းမှာ ဒေါ်လာသန်း ၇၀ ခန့် ရှုံးနိမ့်ခဲ့ဖူးတဲ့ တေဇဟာ စင်ကာပူကို အပန်းဖြေစရာ ကစားကွင်းတခုလို အသုံးချနေတာ ကာလကြာမြင့်လှပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တိုးမြင့်လာတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့အတူ အများအမြင်မှာ စောင့်ကြည့်ခံလာရမှုအပြင် ဘွဲ့လက်မှတ်အတုအထိပါ လုပ်လာတဲ့ တေဇတယောက် စင်ကာပူမှာ ဆက်ပြီး အေးအေးလူလူ နေထိုင်နိုင်ဦးမှာလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။"]
https://yktnews.com/2024/04/154744/
ဖျာပုံအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများကို ဥပဒေမဲ့ ရိုက်နှက်ပြီး ထောင်ဖောက်မှု ကျူးလွန်သည်ဟု လိမ်လည် သတင်းထုတ်ပြန်၍ စစ်တပ်ကို ခေါ်ဆောင်ကာ ဖြိုခွင်းခိုင်း
["စစ်တပ် ဖြိုခွင်းမှုအတွင်း နိုင်ငံရေး အကျဉ်းသား ၂၀ ဦး အပြင်းအထန် ဒဏ်ရာရပြီး ဆေးဝါးကုသရန် လိုအပ်နေ", "ရန်ကုန်၊ ဧပြီ ၃", "ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများကို ဥပဒေမဲ့ ရိုက်နှက်ပြီး ထောင်ဖောက်မှု ကျူးလွန်သည်ဟု လိမ်လည် သတင်းထုတ်ပြန်၍ စစ်တပ်ကို ခေါ်ဆောင်ကာ ဖြိုခွင်းခိုင်းကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့မှ ကိုသိုက်ထွန်းဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖျာပုံအကျဉ်းထောင်၌ ပုဒ်မ ၅၄ ဖြင့် အမှုရင်ဆိုင်‌နေရသည့် အသက် ၃၃ နှစ် အရွယ် တရားခံအဖြစ် မတရားရုံးမှ အမိန့်ချထားခြင်း မရှိသေးသည့် ကိုနန်းလင်းအောင်ကို တန်းပိတ်ထားချိန်တွင် အကြောင်းပြချက်မရှိဘဲ အကျဉ်းဦးစီး ဝန်ထမ်း တပ်ကြပ်ကြီး ဌေးမြင့်က ဥပဒေမဲ့ ဝင်ရိုက်ရောက် ရိုက်နှက်ခဲ့ကြောင်း သိရသည်။", "ယင်းနေ့ မွန်းလွဲပိုင်း တန်းပြန်ဖွင့်ချိန်၌ အခန်းပြင်ပတွင် သွားလာခွင့်ရသည့်အတွက် အဆိုပါ ရိုက်နှက်မှု ကျူးလွန်ခဲ့သည့် တပ်ကြပ်ကြီး၊ အိပ်ဆောင် အဆောင်မှူးနှင့် ဝန်ထမ်းများကို နိုင်ငံရေးအကျဉ်းသားများက ယခုကဲ့သို့ ဥပဒေမဲ့ ရိုက်နှက်မှုမျိုး ပြုလုပ်ခွင့်မရှိကြောင်း တင်ပြခဲ့ပြီ အိပ်ဆောင်အဆောင်မှူးနှင့် ထောင်ဝန်ထမ်းငယ်များက လက်မခံကြောင်း အော်ဟစ်ပြောဆိုရာမှ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းထောင် ဝန်ထမ်းများကြား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "ထိုသို့ ပဋိပက္ခ ဖြစ်ပွားချိန်အတွင်း ကောင်းမွန်စွာ ဖြေရှင်းမှုမပြုဘဲ ဖျာပုံအကျဉ်းထောင် ထောင်အာဏာပိုင်များက စစ်တပ်နှင့် ရဲကို နိုင်ငံရေး အကျဉ်းသားများနှင့် အခြားရာဇာဝတ်အကျဉ်းသားများ ပူးပေါင်း၍ ထောင်ဖောက်ရန် ကြံစည်နေကြကြောင်း သတင်းအမှား‌ ပေးပို့ခဲ့ပြီး တကယ့်မြေပြင်တွင် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်ဖောက်ရန် ကြိုးစားခဲ့ခြင်း မရှိကြောင်း တိကျခိုင်မာသည့် အထောက်အထားများကို ရယူထားသည်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။", "အကျဉ်းထောင်အတွင်း မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် စစ်တပ်နှင့် ရဲများ အကျဉ်းထောင်သို့ ဝင်ရောက်ပြီး သေနတ်ပစ်၍ ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုအကြမ်းဖက်ဖြိုခွင်းမှုအတွင်း အနည်းဆုံး သေနတ်ပြစ်ခတ်မှုအသံ ၁၀ ကြိမ်နှင့်အထက်ရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများစွာ မတရားရိုက်နှက်ခြင်း ခံခဲ့ရကြောင်း သိရသည်။", "မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိတိုင်အောင် အကျဉ်းထောင်ဝန်ထမ်းများကို ထိခိုက်ဒဏ်ရာရရှိစေရန် ပါဝင်ခဲ့သူများဟု ယူဆရသူများဆိုကာ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အခြားရာဇဝတ်အကျဉ်းသားများကို ခေါ်ထုတ်၍ ရိုက်နှက် နှိပ်စက်မှုကို ပြုလုပ်ခဲ့ကာ ရိုက်နှက် နှိပ်စက်ခြင်း ခံနေရသူများမှာ အသက် ၂၁ နှစ်မှ အသက် ၆၅ အရွယ်များအထိ ဖြစ်ပြီး စစ်တပ်၊ရဲနှင့် အကျဉ်းဦးစီးဝန်ထမ်းများ၏ ဥပဒေမဲ့ ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ် ၊ ရဲ နှင့် အကျဉ်းဦးစီးဝန်ထမ်းများ၏ ဥပဒေမဲ့ ရိုက်နှက်ခြင်းကြောင့် နိုင်ငံရေး အကျဉ်းသား ၂၀ ဦးသည် အပြင်းအထန် ဒဏ်ရာများရရှိခဲ့ပြီး ဆေးဝါးကုသမှု ခံယူရန် အရေးပေါ် လိုအပ်လျက်ရှိနေကြောင်း၊ အချို့ နိုင်ငံရေး အကျဉ်းသားများ၏ ခြေထောက်များတွင် ရရှိသော ဒဏ်ရာများကြောင့် လမ်းမလျှောက်နိုင်ဘဲ ခွေလှဲကျသည်အထိ ဖြစ်ပွားနေကြောင်း၊ ဧပြီလ ၂ ရက်နေ့ ညအထိ အခြား ရာဇာဝတ် အကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းများကိုလည်း ခေါ်ယူ စစ်ဆေးရိုက်နှက်နေဆဲ ဖြစ်ပြီး လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားအကျဉ်းသား ၈၀ ကျော်သည်လည်း ရိုက်နှက် စစ်ဆေးခံနေရဆဲဖြစ်ကြောင်း သိရသည်။", "လက်ရှိတွင် နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုနန်းလင်းအောင်၊ ကိုရှိုင်းညီညီ၊ ဦးစိုး၊ ကိုသုတဇံတို့အပြင် ဓားပြမှုဖြင့် အမိန့်ချခံထားရသည့် ကိုအောင်ကြီးတို့ အပါအဝင် ရာဇဝတ်အကျဉ်းသားနှင့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၁၈ ဦးကို မြို့နယ်တရားသူကြီး ဒေါ်ဇင်မာလွင်မှ ဧပြီလ ၁ ရက်နေ့ ညနေပိုင်းတွင် ထောင်စည်းကမ်း ဥပဒေ၂၂၄ ဖြင့် ထောင်ဒဏ် ၆ လစီ အမိန့်ချခဲ့ပြီး အဆိုပါ အမိန့်ချထားသူ ၁၈ ဦးကို အကျဉ်းထောင်တိုက်အတွင်း တိုက်ပိတ်ထားကြောင်း သိရှိရသည်။", "“ဒီဖြစ်စဉ် မတိုင်ခင် ဖျာပုံအကျဉ်းထောင်ထဲမှာရှိတဲ့ အယောက်၂၀ အပါအဝင် အားလုံးက ကျွန်တော်တို့ ဒီမှာရှိတဲ့ လူတွေက ကျန်းကျန်းမာမာနဲ့ နေထိုင်နေတဲ့ သူတွေဖြစ်တယ်။ သူတို့မှာ ခန္ဓာကိုယ် ထိခိုက်ခဲ့ခြင်း လည်းမရှိသလို ဒီဖြစ်စဉ်မှာ အားလုံးက ကျန်းကျန်းမာမာနဲ့ အသက်ရှင် နေထိုင်သူတွေဖြစ်တယ်။ ဒီရက်ပိုင်းမှာသော်လည်း ဒီလပိုင်းမှာသော်လည်း ဒီလူတွေထဲကတစ်ဦးတစ်ဦး အသက်ဆုံးရှုံးမှု ရှိခဲ့တယ်ဆိုရင်တော့ အဲဖျာပုံထောင်က ထောင်အာဏာပိုင်းတွေ ဖျာပုံမြို့မ ရဲစခန်းက စခန်းမှူး ခရိုင်မှူးတွေ အနေနဲ့တာဝန်ခံရမှာဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ အသိပေးပြောကြားလိုတယ်။ အဲအတွက် လက်ရှိ ရိုက်နှက်ခံရသူတွေကို အမြန်ဆုံး ရိုက်နှက်ခြင်းမပြုဖို့နဲ့ လူသားတွေဖြစ်တဲ့အတွက် ဥပဒေမဲ့ ရိုက်နှက်ခြင်းမပြုဘဲ အသိပေးစကားကော သတိပေး စကားကောပြောကြားလိုပါတယ်။ လက်ရှိရိုက်နှက်ခံရတာသူတွေထဲမှာ တရားဥပဒေရဲ့ရှေ့မှောက်မှာ အပြစ်မရှိကြောင်းကို ရင်ဆိုင်နေတဲ့ ပြည်သူတွေများစွာပါတယ်ပေါ့။ အဲဒီတော့ ဒီလိုမျိုး တရားရုံးက အမိန့်မချမမှတ်ခြင်း ထောင်က မပိုင်ဘူးပေါ့။ ဒီလိုမျိုး အပြစ်မဲ့ ပြည်သူတွေကို ဒီနေ့ ဖြစ်စဉ်မှာ ဥပဒေမဲ့ ရိုက်နှက်နေခြင်းက မြန်မာနိုင်ငံရဲ့ တရားရေး အပါအဝင် ခေတ်အဆက်ဆက် လက်ကိုင်ကျင့်သုံးလာတဲ့ ရာဇဝတ် ဥပဒေတွေ အားလုံးကို စစ်ကောင်စီ ၊ ရဲတပ်ဖွဲ့နဲ့ အကျဉ်းဦးစီးဌာနက ချိုးဖောက်နေပြီဆိုတာ ပိုပြီးထင်ရှားတဲ့ ပြရုပ်တစ်ခုဖြစ်နေပြီဆိုတာ ပြောချင်ပါတယ်။ ဒီလိုမျိုး အပြစ်မဲ့တဲ့ ပြည်သူတစ်ဦးပေါ်မှာ အကျဉ်းထောင် အာဏာပိုင်အဖွဲ့ကို ရဲတပ်ဖွဲ့အနေနဲ့ကော စစ်တပ် အနေနဲ့ကော ဒီလိုမျိုး ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်မှုမျိုးကို လုပ်ပိုင်ခွင့်မရှိဘူးဆိုတာကိုလည်း ကျွန်တော်တို့အနေနဲ့တရားဝင် သတိပေး ပြောကြားလိုပါတယ်” ဟုမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။", "လက်ရှိ ဖျာပုံအကျဉ်းထောင်ဖြစ်စဉ်တွင် ဖျာပုံထောင်တာဝန်ခံအရာရှိ ဇော်ထွန်းဦး၊ ကျူးလွန်ရာတွင် ဒုတိယတာဝန်ခံအရာရှိ အောင်ဆန်းလင်း၊ လက်ထောက်ကြီးကြပ်ရေးမှူးများဖြစ်သည့် ကျော်ထက်အောင်၊ ပြည့်ဖြိုးထိုက်၊‌ ရဲမြင့်၊ ဟိန်းထက်အောင်တို့ အဓိက ပါဝင်ခဲ့ကြောင်း စုံစမ်းသိရှိရပြီး ဧရာဝတီအခြေစိုက် တပ်ရင်း ၉၈ နှင့် မြို့မရဲစခန်းနှင့် ခရိုင်ရဲစခန်းမှ စခန်းမှူးများနှင့် တပ်ဖွဲ့ဝင်များ လည်း ညှဉ်းပန်းနှိပ်စက်ရာတွင် ပါဝင်ခဲ့ကြောင်း သိရသည်။", "ယခုကဲ့သို့ လက်နက်ကိုင်ဆောင်ထားခြင်း မရှိသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ဝန်းရံသူ အခြား ရာဇဝတ်အကျဉ်းသားများအပေါ် ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်နေမှုများ အမြန်ဆုံး ရပ်တန့်နိုင်မှ သာလျှင် အကျဉ်းသားများ လက်ရှိပြုကျင့် ခံနေရသည့် ဥပဒေမဲ့ နှိပ်စက်ရိုက်နှက်မှုများ လျော့ကျသွားမည်ဖြစ်ကြောင်း၊ လက်ရှိ အကျဉ်းထောင်များတွင် လူသားတိုင်း အခြေခံရရှိသင့်သည့် Right to life (အသက်ရှင်သန်ပိုင်ခွင့်)၊ Freedrom from torture (ညှဉ်းပန်းနှိပ်စက်မှုမှ ကင်းလွတ်ခွင့်) စသည့် အခြေခံအချက်များပင် မရရှိပဲ ချိုးဖောက်ခံနေရကြောင်း၊ ထိုသို့ ချိုးဖောက်မှုများကို ပြုလုပ်ရန် စေခိုင်းသူများ၊ ကျူးလွန်သူများ ပါဝင်ပက်သက်သူများအပေါ် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပေးရန် လိုအပ်လျှက်ရှိသည့်အတွက်အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC) အဖွဲ့အနေဖြင့်လည်း မြေပြင်တွင် ထိရောက်သော ကူညီဆောင်ရွက်မှုများ ပြုနိုင်ရန် အတွက် အကျဉ်းထောင်တွင်းသို့ အမြန်ဆုံး ဝင်ရောက်ခွင့်ရရှိအောင်‌ ကြိုးစားရန် နှင့် ကုလသမ္မဂအဖွဲ့ဝင်နိုင်ငံများ၊အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအပေါ်ညှဉ်းပန်းနှိပ်စက်မှုများ မရှိစေရေး စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနကို အမြန်ဆုံး ဖိအားပေး တောင်းဆိုရန် အလိုအပ်ဆုံးအချိန်ရောက်နေပြီ ဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။", "ဓာတ်ပုံ – မတ်လ ၃၁ ရက်နေ့ ဖျာပုံအကျဉ်းထောင်အတွင်း ဥပဒေမဲ့ ရိုက်နှက်ခြင်းခံခဲ့ရသူများ အနက် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကိုမြင်ရစဉ် (လမ်းမလျှောက်နိုင်၍ တစ်ဦးကို တစ်ဦး တွဲကူနေရသည်အထိ အခြေအနေဆိုးရွားလျှက်ရှိသည်)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#ဖျာပုံအကျဉ်းထောင်#ထောင်အာဏာပိုင်များက အကျဉ်းသားများကို ဥပဒေမဲ့ ရိုက်နှက်#စစ်တပ်ကို ခေါ်ဆောင်ကာ ဖြိုခွင်းခိုင်း"]
https://yktnews.com/2023/09/121911/
စစ်တပ် မိသားစုဝင်မှန်သမျှ စစ်ရုံး၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ် လျှောက် ထားခွင့်နှင့် ပြည်ပထွက်ခွင့် မပြု
["စစ်တပ် မိသားစုဝင်မှန်သမျှ စစ်ရုံး၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ် လျှောက် ထားခွင့်နှင့် ပြည်ပထွက်ခွင့် မပြု", "ရန်ကုန်၊ စက်တင်ဘာ ၁၁", "အကြမ်းဖက်စစ်ကောင်စီက စစ်တပ်မိသားစုဝင်မှန်သမျှ စစ်ရုံး၏ ခွင့်ပြုချက် မရှိဘဲ နိုင်ငံကူးလက်မှတ် လျှောက်ခွင့် မရှိသကဲ့သို့ ပြည်ပနိုင်ငံများသို့ ထွက်ခွာ ခွင့် မပြုဘဲ ပိတ်ပင်ထားကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။", "ပြည်တွင်းရှိ တပ်မိသားစုဝင်များက စားဝတ်နေရေး ကျပ်တည်းမှုနှင့် မိသားစု စီးပွားရေး အဆင်မပြေမှုများကြောင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဒူဘိုင်းနိုင်ငံ များသို့ သွားရောက် အလုပ်လုပ်လိုကြကြောင်း၊ သို့ရာတွင် နိုင်ငံကူးလက်မှတ် လျှောက် ထားသည့်နေရာတွင်ပင် ကန့်သတ်ပိတ်ပင်ထားကြောင်း၊ နိုင်ငံကူး လက်မှတ် လျှောက်ထားခွင့်နှင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်များကို စစ်ရုံး၏ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်၍ မရကြောင်း သိရှိရသည်။", "” တပ်မိသားစုဝင်တွေ နိုင်ငံခြားသွားမယ်ဆိုရင် နိုင်ငံကူးလက်မှတ် အဆင့် မှာတင် သက်ဆိုင်ရာတိုင်းကနေတဆင့် ကကကြည်းသို့တင်ပြရမယ်။ သက်ဆိုင် ရာတိုင်းမှတဆင့် နေပြည်တော် ကကကြည်းသို့ စာနဲ့တင်ပြပြီး ခွင့်ပြုချက်တောင်းတယ်။ ကကကြည်းဘက်သို့ မိတ္တူ ပေးပြီးတော့ လိုအပ် တဲ့စာရွက်စာတမ်းတွေ ဖြစ်တဲ့ မှတ်ပုံတင်မိတ္တူ၊ ပုံစံ ၁၀ မိတ္တူ၊ သွားရောက် မယ့် နိုင်ငံမှာ မိသားစုရှိကြောင်းထောက်ခံစာ၊ အလုပ်နဲ့ သွားမယ် ဆိုရင် အလုပ်ခေါ်စာတောင်းတယ်။ တပ်မိသားစုဝင်တွေက နိုင်ငံခြားမပြောနဲ့ Passport တောင်လုပ်ဖို့မလွယ်ဘူး။ တပ်တွင်းက လူတွေက Passport လွယ်လွယ်မရကြဘူး” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "နိုင်ငံကူးလက်မှတ် လျှောက်ထားရန်နှင့် ပြည်ပထွက်ခွင့်အတွက် နေပြည်တော် ကကကြည်း၏ ထောက်ခံစာ လိုအပ်ကြောင်း၊ ယင်းထောက်ခံစာ ရရှိရန်မှာ လည်း အဆင့်ဆင့် လာဘ်ထိုးရကြောင်း သိရှိရသည်။", "“နိုင်ငံကူးလက်မှတ် လျှောက်တာမှာတင် ကကကြည်း ထောက်ခံစာ လိုတယ်။ အဲ့လိုစာတွေ ရဖို့ဆိုတာကလည်း အဆင့်ဆင့်ခေါင်းပုံဖြတ်တာနဲ့တင် လွယ် လွယ် မရဘူး။ အဆင့်ဆင့် ပေးကမ်းပြီး ထုတ်ရတာ၊ အခုဟာက တပ်မိသားစု ဝင်တွေကိုပါ စစ်ဗိုလ်ချုပ်တွေက ကျွန်ဝယ်တာ အစစ်ပါဆိုသလိုပဲ သဘော ထား နေကြတာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုကြသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ တပ်အတွင်း လစာဖြင့် မလောက်ငမှု ၊ စီးပွားရေး ကျပ်တည်း၍ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် စစ်သားများ၏ သားသမီးများသည် မလေးရှား၊ ထိုင်းနိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ရန် ကြိုးစားလာမှုများ များပြားလာကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/80816/
စစ်တပ် မဲဝိုင်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တက်သိမ်းစဉ် စစ်လေယာဉ် ၈ စီးဖြင့် ဗုံးကျဲသဖြင့် ပြန်ဆုတ်ခဲ့ရ၊ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများရရှိကာ စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦး ကျဆုံး
["စစ်တပ် မဲဝိုင်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တက်သိမ်းစဉ် စစ်လေယာဉ် ၈ စီးဖြင့် ဗုံးကျဲသဖြင့် ပြန်ဆုတ်ခဲ့ရ၊ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများရရှိကာ စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦး ကျဆုံး", "ရန်ကုန်၊ ဇန်ဝါရီ ၁၃", "ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မဲဝိုင်စခန်းကို KNU/KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက နေ့စဥ်တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်တပ်ဘက်မှ အထိအခိုက်အကျအဆုံးမှု များပြားလျက်ရှိသဖြင့် လေကြောင်း အသုံးပြု၍အရပ်သားများနေထိုင်သည့်နေရာများကို ရမ်းသမ်း တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။", "‘’ဒီဇင်ဘာလဆန်းလောက်ကတည်းက FFD အဖွဲ့က ဒရုန်းနဲ့နေ့တိုင်းဗုံးကျဲနေတာ။ တစ်လအတွင်း ဗုံး အလုံးပေါင်းတစ်ထောင်ကျော်ပြီ။ စခန်းထဲလည်း ရစရာမရှိတော့ဘူး။ ဒီကောင်တွေကြွက်တွေလို ကြွင်းတူးပြီး ပုန်းနေသေးလို့ကျန်နေတာ၊ ဇန်နဝါရီလ ၄ ရက်နေ့နဲ့ ဇန်နဝါရီ ၇ ရက်နေ့တွေမှာ စခန်းထဲအထိဝင်တိုက်တယ်။ တပ်ခွဲမှူးတစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် ၉ယောက်သေတယ်။ ဒီထက်လည်းပိုများနိုင်တယ်။ အရုဏ်တက်ချိန်ဖြစ်တဲ့အတွက် အလင်းရောင်မမြင်ရလို့ အတိအကျတော့ပြောလို့မရဘူး။ လက်နက် တော်တော်များများလည်း သိမ်းမိထားတယ်” ဟု KNU နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှသိရသည်။", "ထိုစခန်းသိမ်းတိုက်ခိုက်မှုတွင် KNU/KNLA ၏ဦးဆောင်မှုဖြင့် FFD ၊ BPLAနှင့် PDF တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဖက်က တိုက်လေယာဥ် ၈ စင်းအထိ အသုံးပြု၍ ခုခံခဲ့သောကြောင့် အပြီးသတ် မသိမ်းနိုင်သေးကြောင်း ၎င်းကဆိုသည်။", "မဲ၀ိုင်းစခန်းသိမ်းဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်တပ်က အထိနာသဖြင့် လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ပြည်သူ ၆ဦးသေဆုံးပြီး မထောစစ်ကောင်စီတပ်စခန်းကလည်း ၁၂၂ မမ ဖြင့် အကြိမ်၂၀နှင့်အထက်ပစ်ခတ်သည့်အတွက် ပြည်သူ၂ ဦးသေဆုံးခဲ့ရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။", "‘’မြေပြင်မှာ သူယှဥ် ကိုယ်ယှဥ်ပစ်ရင်တော့ သိမ်းနိုင်တာကြာပြီ၊ လေယာဉ်တွေလာပစ်တာကြောင့် တစ်ဝက်လောက်ပဲသိမ်းပြီးပြန်ဆုတ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က Droneတွေနဲ့ တစ်နေ့ ဗုံးအလုံးသုံးဆယ်လောက်ကျဲနေတော့ စခန်းထဲက တပ်ခွဲမှုးအဆင့်ရှိတဲ့ စစ်ခွေးတစ်ကောင် ဒဏ်ရာအပြင်းအထန်ရပြီး ဘာမှမတုံ့ပြန်နိုင်ဘူး။ စခန်းဝင်စီးတော့ ဒီကောင်အရက်ထိုင်သောက်ပြီး သေမယ့်အချိန်စောင့်နေတာနဲ့ ပစ်သတ်ပြီး သူ့ပစ္စတိုပါယူလာခဲ့တယ်။ စခန်းမသိမ်းခင် ၁ ပတ်လောက်အလိုမှာ သူတို့ကို လက်နက်ချ ပူးပေါင်းအညံ့ခံဖို့ Drone နဲ့စာတွေချသေးတယ်။ ဘာမှထူးမလာတော့ သူ့စရိတ်နဲ့သူသွားပြီပေါ့”ဟု စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောကြားသည်။", "အဆိုပါ တိုက်ပွဲတွင် KNLA ပူးပေါင်းအဖွဲ့ဘက်မှလည်း ၆ ဦးကျဆုံးပြီး ၂၀ ဝန်းကျင်ဒဏ်ရာရရှိခဲ့ကြောင်း၊ မဲဝိုင်စခန်းသည် စစ်ကောင်စီ၏ အရေးပါသော ခြေကုပ်စခန်းတခုဖြစ်ပြီး အင်အား(၈၀)ဝန်းကျင်ခန့် ရှိကြောင်းသိရသည်။", "ယခုနှစ်ဆန်းပိုင်းမှ စ၍ မဲဝိုင်စခန်းသိမ်းတိုက်ပွဲမှာ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်များ၊ လက်နက်ကြီးများအသုံးပြု၍ ခုခံနေကာ တိုက်ပွဲများ အလွန်ပြင်းထန်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်၏ မဲ၀ိုင်းစစ်စခန်း။"]
https://yktnews.com/2023/02/87130/
စစ်တပ် လက်အောက်ခံ BGF စောချစ်သူ လုပ်ကိုင်နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု ဗီယက်နမ်က အမှုဖွင့်တိုင်ကြားသဖြင့် စစ်ကောင်စီ အခက်တွေ့
["စစ်တပ် လက်အောက်ခံ BGF စောချစ်သူ လုပ်ကိုင်နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု ဗီယက်နမ်က အမှုဖွင့်တိုင်ကြားသဖြင့် စစ်ကောင်စီ အခက်တွေ့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "ကရင်ပြည်နယ်၊ မြဝတီ-ထိုင်းနယ်စပ်တွင် BGF နယ်ခြားစောင့်တပ်က လုပ် ကိုင် နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့်ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားသဖြင့် စစ်ကောင်စီက အခက်တွေ့နေကြောင်းနေပြည်တော် ပြည်ထဲရေး သတင်း ရင်းမြစ်များထံမှ သိရှိရသည်။", "စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူး‌ ကြီးစောချစ်သူ၊ တရုတ်လူမျိုး ရာဇဝတ်ဂိုဏ်းများ၊ စစ်ကောင်စီဘက်မှ အရာရှိများ ပူးပေါင်း ဖွင့်လှစ်ထားသော ရွှေက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့် ကာစီနိုအွန်လိုင်းဂိမ်းများက ဗီယက်နမ်နိုင်ငံသားများထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သွားကြောင်း ၊ ယင်းသို့ လိမ်လည်မှုအတွက် ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ယင်းအမှုကို မကိုင်တွယ်လိုသော်လည်း နှစ်နိုင်ငံ အရေးကိစ္စ ပုံစံဖြစ်လာသဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို တာဝန်ပေးအပ်ကြောင်း သိရှိရသည်။", "လက်ရှိ ရွှေကုက္ကိုလ်တွင် ဗီယက်နမ် အပါအဝင် အာဆီယံနိုင်ငံများမှ နိုင်ငံသားတချို့ လစာကောင်းသော အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လူကုန်ခံရမှုများရှိနေကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ BGF တပ်များက ရွှေကုက္ကိုလ်ထဲတွင် လုံခြုံရေး အပြည့် ပေးထား ကြောင်း၊ ရွှေကုက္ကိုလ်တွင် တရားမဝင် နေထိုင်သော တရုတ်၊တရုတ်(ဟောင်ကောင်)၊ထိုင်ဝမ် နိုင်ငံသား ၁၀၀ ကျော်၊ဗီယက်နမ်နိုင်ငံသား ၁၀ ဦး၊ ထိုင်းလူမျိုး ၂၀ ကျော် ရှိကြောင်း ၊ စစ်တပ်နှင့်ရဲက ယင်းတရားမဝင် နေထိုင်သူများကို ဖမ်းဆီးမှုများရှိသော်လည်း ရဲက BGF နှင့် ညှိနှိုင်းပြီ ပြန်လွှတ်ပေးခဲ့ကြောင်း၊ လက်ရှိတွင်လည်း ဗီယက်နမ်နိုင်ငံဘက်က အမှုဖွင့်လာမှုအပေါ် စသုံးလုံးက အယောင်ပြသာ စစ်ဆေးမှု လုပ်နိုင်ကြောင်း သိရှိရသည်။", "“ဗီယက်နမ်ဘက်က အမှုဖွင့်တာကလည်း ဒီလိုပဲ ပြီးသွားမှာပါပဲ။ ထိရောက်တဲ့ အရေးယူမှု ရှိဖို့တော့ မလွယ်ပါဘူး။ အခုလို ကရင်ဘက်မှာ မတည်မငြိမ်ဖြစ်နေတော့ BGF အဖွဲ့ကို စစ်တပ်က တင်းတင်းကျပ်ကျပ် မကိုင်ရဲဘူး။ ဗီယက်နမ်ဘက်က အမှုဖွင့်တာကို ဟန်ပြလောက်တော့ စစ်ဆေးပါတယ်ဆိုပြီး လုပ်ပြတဲ့သဘောပါပဲ” ဟု နေပြည်တော်ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။", "လက်ရှိ ရွှေက္ကိုလ်တွင် မြန်မာအမျိုးသမီး တချို့ လူကုန်ကူးခံရပြီး လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးလုပ်ကိုင်ရမှုများ၊ လူငယ်တချို့မှာလည်း အတင်းအကျပ် အလုပ်ခိုင်းစေခံရမှုများရှိနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ BGF နယ်ခြားတပ် ခေါငး်ဆောင် ဗိုလ်မှူးကြီး စောချစ်သူ။"]
https://yktnews.com/2023/04/95903/
စစ်တပ် လက်အောက်ခံ BGF ထိန်းချုပ်ထားသော မြ၀တီ၊ ရွှေက္ကိုလ်ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းဖြင့် စစ်ကူပေး
["စစ်တပ် လက်အောက်ခံ BGF ထိန်းချုပ်ထားသော မြ၀တီ၊ ရွှေက္ကိုလ်ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းဖြင့် စစ်ကူပေး", "ရန်ကုန်၊ ဧပြီ ၅", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ် ထားသော ရွှေက္ကိုလ်ဒေသတွင် ယနေ့ နံနက်အစောပိုင်းမှစတင်၍ တိုက်ပွဲများ စ တင် ဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းဖြင့် စစ်ကူးပေး တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "ဧပြီလ ၅ ရက်နေ့ နံနက် ၃ နာရီကျော်ဝန်းကျင်မှစတင်၍ စစ်တပ်လက် အောက်ခံ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ်ဒေသ ၊ ထီးဝါးပလော၊ ထီးကော် ထောကျေးရွာများအနီးတွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်း တပ်များ နှင့် စစ်တပ် လက်အောက်ခံ BGF တပ်များ စတင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ် ကြောင်း၊ လက်ရှိအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရှိရသည်။", "“ရွှေက္ကိုလ် BGF ထိန်းချုပ်နယ်မြေ ထီးကော်ထော ကျေးရွာ အနီးမှာ တိုက်ပွဲ တွေ ဖြစ်နေပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့အခြေနေအရ BGF သင်တန်း ကွင်းနားက လူအချို့တော့ သင်တန်းကွင်းနဲ့ ဝေးတဲ့နေရာ ဘက်ရှောင် နေကြတယ်။ မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်နဲ့ မွန်းလွဲ ၁ နာရီ ဝန်းလောက်က စစ်ကောင်စီဘက်က လေယာဥ်ပစ်ကူလာတယ်။ ၁၀မိနစ် ၁၅မိနစ် လောက် တော့ ပစ်သွားတယ်။ လေယာဥ်ပါ ပါလာတော့ ပိုစိတ်ပူတာ။ မနက်ကတည်းက အခုထိ လက် နက် ကြီးအသံတွေတော့မရပ်သေးဘူး” ဟု ရွှေက္ကိုလ်ဒေသမှ ပြည်သူ တစ်ဦးက ပြောသည်။", "စစ်တပ် လက်အောက်ခံ BGF တပ်ဖွဲ့မှ နိုင်မောင်ဇော်နှင့်အဖွဲ့က ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဘက်မှ လူ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး ကျိုက်မရော ဘက်သို့ ပို့ဆောင် နေကြောင်း၊ ယင်းအခြေအနေများကြောင့် သာမက BGF က စစ် တပ်အတွက် ထောက်ပို့ လုပ်ကိုင်ပေးနေမှုများ ပိုမို တိုးမြှင့် ကူညီလာသော ကြောင့် စစ်ရေးအခြေအနေ တင်းမာလာနေကြောင်း သိရှိရသည်။", "ရွှေက္ကိုလ်ဒေသတွင် စစ်တပ် လက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက တရုတ်လုပ်ငန်းရှင်များနှင့်ပေါင်း၍ မြို့ပြစီမံကိန်းဟု အမည်တပ် ကာ လောင်းကစား၊ ကာစီနိုနှင့်တရားမဝင် လုပ်ငန်းများစွာကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်လျက်ရှိနေသည့် နေရာလည်းဖြစ်သည်။", "ထို့ပြင် မြ၀တီမြို့နယ် သင်္ကန်းညီနောင်ဘက်တွင်လည်း တိုက်ပွဲများ ၃ ရက် ဆက် တိုက် ဆက်ဖြစ်နေပြီး မြ၀တီ-သင်္ကန်းညီနောင် အာရှလမ်းမကြီးကို ယာယီပိတ်ပင်ထားကြောင်း၊ ပြည်သူများ မထိခိုက်စေရေးအတွက် ပိတ် ပင်ထားခြင်းဖြစ် ကြောင်း သိရှိရသည်။", "“သင်္ကန်းညီနောင်ဘက်မှာ စစ်ခွေးတွေ အပြင်မထွက်ရဲတော့ဘူး။ သူတို့ ခွေးခြံ ထဲမှာပဲ ဟိုပစ် ဒီပစ်လုပ်နေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက အကုန် ထောက် ထားတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။", "ကရင်ပြည်နယ်တွင် ယခုသင်္ကြန်ကာလမတိုင်မီ မြို့ပြတိုက်ပွဲများ အထိ ကျယ်ပြန့်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် ခရီးသွားလာမှုများကို အထူး ရှောင်ကြဉ်ကြရန်လည်း တော်လှန်ရေး တပ်ဖွဲ့တချို့က အကြံပြု တိုက်တွန်းထားသည်။", "ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ရွှေက္ကိုလ်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေစဉ်။"]
https://yktnews.com/2023/08/119463/
စစ်တပ် လက်အောက်တွင် တာဝန် မထမ်းဆောင်လိုသော​ကြောင့် ၄ လတာအတွင်း ထွက်ပြေးလာသော စစ်သား ၅၀၀ နီးပါးရှိကြောင်း ဦးမန်းဝင်းခိုင်သန်း ပြောဆို
["စစ်တပ် လက်အောက်တွင် တာဝန် မထမ်းဆောင်လိုသော​ကြောင့် ၄ လတာအတွင်း ထွက်ပြေးလာသော စစ်သား ၅၀၀ နီးပါးရှိကြောင်း ဦးမန်းဝင်းခိုင်သန်း ပြောဆို", "ရန်ကုန်၊ သြဂုတ် ၂၃", "အကြမ်းဖက် စစ်တပ် လက်အောက်တွင် တာဝန် မထမ်းဆောင်လိုသော​ကြောင့် ၄ လတာအတွင်း ထွက်ပြေးလာသော စစ်သား ၅၀၀ နီးပါးရှိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက ပြောဆိုသည်။", "အဆိုပါ ပြောကြားချက်ကို ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ၏ ၂၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "“အကြမ်းဖက် စစ်ကောင်စီလက်အောက်မှာ ဆက်လက် တာဝန် မထမ်းဆောင်လိုတော့လို့ ထွက်ပြေးလာကြတဲ့ တပ်မတော်သား တွေလည်း ဩဂုတ်တစ်လတည်းမှာကို ၅၀ ကျော်ရှိပြီး ဧပြီလကနေ ဇူလိုင်လအထိ ၄ လ အတွင်းမှာဆိုရင် စာရင်းအရ ဒုရင်းမှူးအဆင့် ဗိုလ်မှူး ၁ ဦးအပါအဝင် ခန့်မှန်း ၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကျွန်တော်တို့ကို ချိတ်ဆက်လာတဲ့ အရေအတွက်ပဲ ဖြစ်ပြီး မချိတ်လာကြသေးတာလည်း ရှိနေနိုင်တာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက အစည်းအဝေးတွင် ပြောဆိုခဲ့သည်။", "လက်ရှိချိန်တွင် ဘက်ပေါင်းစုံက ပြိုလဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီက Non CDM ဝန်ထမ်းများ အားလုံးကို စစ်တပ်၏ အရန်အင်အားအဖြစ် တပ်ရင်းအသွင် ဖွဲ့စည်းတာဝန်ပေးဖို့ ညွှန်ကြားရသည်အထိ ပြိုလဲနေပြီဖြစ်​ကြောင်း၊ တော်လှန်ရေးသည် ပြည်သူ့အင်အားဖြင့် ရုန်းကန် တိုက်ပွဲဝင်လာသည်မှာ လက်ရှိချိန်တွင် အောင်မြင်မှု ပန်းတိုင်သည် အတော်နီးနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။", "ထို့ပြင် ဝန်ကြီးဌာန တစ်ခုချင်းစီသည် စစ်ကောင်စီကို ဘက်ပေါင်းစုံမှ အလဲထိုးပစ်ပြီး ပြိုလဲအောင် လုပ်နိုင်သည့် အခွင့်အရေးများ ရှိနေပြီး သက်ဆိုင်ရာ ဌာနအလိုက် လုပ်သင့်လုပ်ထိုက်သည့် အကောင်းဆုံးသော တန်ပြန်တိုက်ခိုက်မှုများအတွက် ကြိုးစား လုပ်ဆောင်ပေးကြရန် ထပ်မံ တိုက်တွန်းလိုကြောင်း၊ ဘဏ္ဍာရေးတိုက်ပွဲဘက်တွင် အရှိန်ပြင်းပြင်းနှင့် စစ်ကောင်စီကို အလဲထိုးနိုင်ရန် ဘက်စုံက ကြိုးပမ်းနေကြသည်မှာ အားရစရာ အလွန်ကောင်းကြောင်း၊ လူထုတိုက်ပွဲ ဖော်ဆောင်နေကြသည့် သပိတ်အင်အားစုများ ဘက်ကလည်း အားကြိုးမာန်တက် ပူးပေါင်း ဆောင်ရွက် နေကြသည့်အတွက် တော်လှန်ရေးအင်အားစုများ အားလုံးကို အထူးပဲ ကျေးဇူးတင်မိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက ပြောဆိုသည်။", "အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာသည်များကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/177214/
စစ်တပ် လော်ဘီများက ဝါဒဖြန့် သတင်းမှား ထုတ်ပြန်ခဲ့သော စဉ့်ကူး နွယ်ရုံရဲကင်းစခန်းမှ ရဲတပ်သားအောင်မိုးသူသည် လက်နက် ၃ လက် ယူဆောင်လာပြီး မန္တလေး PDF ထံ အလင်းဝင်လာသူဖြစ်
["စစ်တပ် လော်ဘီများက ဝါဒဖြန့် သတင်းမှား ထုတ်ပြန်ခဲ့သော စဉ့်ကူး နွယ်ရုံရဲကင်းစခန်းမှ ရဲတပ်သားအောင်မိုးသူသည် လက်နက် ၃ လက် ယူဆောင်လာပြီး မန္တလေး PDF ထံ အလင်းဝင်လာသူဖြစ်", "ရန်ကုန်၊ ဩဂုတ် ၄", "မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရဲကင်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်တပ် လော်ဘီများက ဝါဒဖြန့် သတင်းမှား ထုတ်ပြန်ခဲ့သော ရဲတပ်သားအောင်မိုးသူသည် လက်နက် ၃ လက် ယူဆောင်လာပြီး မန္တလေး PDF ထံ အလင်းဝင်လာသူဖြစ်ကြောင်း ၎င်းကိုယ်တိုင် ထုတ်ဖော်ပြောကြားထားသည့် ဗီဒီယိုကို မန္တလေး PDF က ယနေ့ ဩဂုတ် ၄ ရက်နေ့တွင်ထုတ်ပြန်လိုက်သည်။", "ဇူလိုင်လ ၃၀ ရက်နေ့က စဉ့်ကူးမြို့နယ် နွယ်ရုံရဲကင်းစခန်းကို မန္တလေး PDF က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်း နွယ်ရုံရဲကင်း စခန်းမှ ရဲတပ်သားအောင်မိုးသူ အမည်ဖြင့် မတရားတက် လုံးခံနေရပြီး ကျည်အားနည်းနေကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သွေးကို ပြသသည့် အနေဖြင့် နောက်ဆုံးချိန်အထိ ခုခံသွားမည်ဟု ရဲစခန်းမကျခင် ပြောသွားခဲ့ကြောင်း အကြမ်းဖက် စစ်တပ်၏ လော်ဘီချန်နယ်များတွင် screenshot များဖြင့် ဖြန့်ဝေခဲ့ကြောင်း သိရသည်။", "“အွန်လိုင်းပေါ်မှာ ကျနော်တို့ နာမည်ကြီးသုံးပြီး ပျံ့နှံ့နေတဲ့ကိစ္စက ကျနော်မဟုတ်ပါဘူးဆိုတာတော့ ယောက်ျားသစ္စာတစ်ယောက်အနေနဲ့ ဝန်ခံရဲပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် အဲလိုအဆက်အသွယ် ကျနော့်မှာ မရှိပါဘူး။ပြီးတော့ ကျနော်လိုခပ်နိမ့်နိမ့်တစ်ယောက်အတွက် အရေးတယူလည်း ဖတ် ပြီးတော့လည်း တင်မှာ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်ကလည်းခေတ်ပညာ တတ်တစ်ယောက်ပါ၊ ဒီလိုမျိုးနာမည်ကြီးတပ်ပြီးတော့ မလုပ်ဘူး။ ဘာြဖစ်လို့လည်းဆိုရင် ကိုယ့်လည်ပင်းကိုကြိုးကွင်း မစွပ်ဘူး။ ဒီလိုမျိုးချပြဖို့ဆိုတာ မလုပ်ပါဘူး။ ပြီးတော့ ကျနော်ဖုန်းကလည်း ပျက်နေတာ။ ကျနော် တို့ရဲ့ FB အကောင့်ကလွဲရင် Viber ၊ Telegram ‌Password ကုဒ်တွေအစ ပေးထားရပါတယ်။ FB Password ကတော့ ကျနော်တို့က ဝိုင်းဝန်းကန့်ကွက်တဲ့အတွက် မယူတာ၊ ဒါတောင် FB နဲ့ Messenger ကို တစ်ပတ်တစ်ခါဝင်စစ်တယ်။ ပြီးရင် Gallery ထဲဝင်စစ်တယ်။ ဖျက်ထားတဲ့ ဓာတ်ပုံ တွေကို ဆော့ဝဲလ်တစ်ခုထည့်ပြီးတော့ ပြန်ယူတယ်။ Viber Telegram တွေ့ရဲ့ ကုတ်တွေ Password တွေက သူတို့ဆီမှာ ရှိတဲ့အတွက် အချိန်မရွေးဝင်လို့ရပါတယ်။” ဟု ရဲတပ်သားအောင်မိုးသူက ပြောဆိုသည်။", "နွယ်ရုံရဲကင်းစခန်းတွင် စစ်သားများက ဦးဆောင်ပြီး စခန်းကျတော့မည်ကို ကြိုတင်သိရှိကြောင်း၊ ရဲ ၆ ဦးကို ဘန်ကာ ၄ လုံးပေးထားကာ လူစိမ်းမှန်သမျှပစ်ခတ်ရန်အမိန့်ပေးထားကြောင်း၊ ကိုယ့်လူမျိုး အချင်းချင်း ပစ်ခတ်တိုက်ခိုက်လိုစိတ်မရှိသဖြင့် ပစ်ခတ်ခံရခြင်းမရှိသည့်ဘက်မှ ထွက်လာခဲ့ရာ ထောင်ထားသည့် သေနတ် ၂ လက်နှင့် ကျည်ကာအင်္ကျီတစ်ထည်တွေ့ရှိသဖြင့် ယူဆောင်ကာ ထွက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ဘယ်လိုပဲနေနေ စခန်းကျမယ်ဆိုတာလည်းခန့်မှန်းနိုင်တယ်။ ကျနော်စွန့်တဲ့အချိန်လည်း သိကောင်း သိနိုင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သေနတ် ၃ လက်လည်းယူသွားတာဖြစ်တဲ့အတွက် ကျနော့် Telegram ၊ Viber ကုဒ်တွေရတဲ့သူတစ်ဦးဦးကလုပ်တယ်လို့ ထင်မြင်မိတယ်။ ကိုယ်လူမျိုး အချင်း ချင်း ပစ်ရတာ မကောင်းဘူးဆိုပြီး ကျနော့်ဖုန်းပြန်ရတဲ့အချိန်မှာပဲ မပစ်တဲ့ ဘက်ကနေ ထွက်လာ တာ။ ထွက် ထွက်ချင်း ထောင်ထားတဲ့သေနတ် ၂ လက်တွေ့ရတယ်။ ဘာအတွက်လည်းမသိဘူး။ ကျည်မရှိလို့ သွားယူနေတာလား။ MA 1 တစ်လက်၊ G3 တစ်လက်တွေ့ရတာ၊ အဲဒါကြောင့်ထောင်တဲ့ သေနတ် ၂ လက်ရော၊ ကျနော်ကိုင်ဆောင်တဲ့ MA 1 တစ်လက်ရော ကျည်ကာ တစ်ထည်ရောယူပြီး ထွက်လာခဲ့တာ။” ဟု ရဲတပ်သားအောင်မိုးသူက ရှင်းပြသည်။", "ရဲတပ်သားအောင်မိုးသူသည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှ စက်တင်ဘာလ ၁၃ ရက်နေ့အထိ ပဲခူး တိုင်း၊ ပြည်မြို့နယ်၊ အမှတ် ၂ ရဲလေ့ကျင့် ရေးသင်တန်းကျောင်းမှ အခြေခံရဲတပ်သားသစ် သင် တန်းတက်ရောက်ခဲ့ပြီး အမှတ်၂၅ ရဲတပ်ရင်းတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ထို့ နောက် ၂၀၂၀ ခုနှစ်၊ ဇီဇင်ဘာလ ၂၅ ရက်နေ့တွင် လက်ပံလှနယ်မြေရဲကင်းစခန်းကို ရောက်ရှိကာ နွယ်ရုံရဲ ကင်းစခန်း၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/93244/
စစ်တပ် ဝါဒဖြန့် ရုပ်ရှင် “စောင်နီလေး တစ်ထည်” ကို ဝန်ထမ်းများ မဖြစ်မနေ သွားကြည့်ပြီး ရုပ်ရှင်လက်မှတ် ပြန် တင်ပြရန် ဌာနဆိုင်ရာများကို ညွှန်ကြား
["စစ်တပ် ဝါဒဖြန့် ရုပ်ရှင် “စောင်နီလေး တစ်ထည်” ကို ဝန်ထမ်းများ မဖြစ်မနေ သွားကြည့်ပြီး ရုပ်ရှင်လက်မှတ် ပြန် တင်ပြရန် ဌာနဆိုင်ရာများကို ညွှန်ကြား", "ရန်ကုန်၊ မတ် ၁၉", "အကြမ်းဖက်စစ်ကောင်စီက စစ်တပ် ကောင်းကြောင်း ဝါဒဖြန့် ရန်အတွက် အဓိ က ငွေအကုန်အကျခံ ရိုက်ကူးထားသည့် စစ်တပ် ဝါဒဖြန့် ရုပ်ရှင် “စောင်နီလေး တစ်ထည်” ရုပ်ရှင်ကို ဌာနဆိုင်ရာ ဝန်ထမ်းများ သွားရောက် ကြည့်ရှုပြီး ရုပ်ရှင် လက်မှတ်ကို သက်ဆိုင်ရာဌာနအကြီးအကဲများထံ တင်ပြကြရန် ခိုင်းစေ ထား ကြောင်း သိရှိရသည်။", "စစ်တပ်၏ ကောင်းကြောင်းကို ရိုက်ကူး ဝါဒဖြန့်ထားသော စောင်နီလေး တစ် ထည် ရုပ်ရှင်ကို မတ်လ ၁၈ ရက်နေ့တွင် စတင် ရုံတင်နေပြီး ရန်ကုန်တွင် သမ္မတ ရုပ်ရှင်ရုံ၊ JCGV ၁ ရုံ၊ မြ၀တီမီဒီယာစင်တာရှိ Star Cinema တို့တွင် လည်း ကောင်း၊ မန္တလေးတွင် ဝင်းလိုက်ရုပ်ရှင်ရုံ၊ နေပြည်တော်တွင် ဥတ္တရသီရိ Ocean JCGV ၊ ဇေယျာသီရိ တို့တွင် ပြသနေခြင်းဖြစ်ပြီး ကြည့်ရှုသူမရှိ၍ ဝန် ထမ်း များ သွားရောက် ကြည့်ရှုကြရန်နှင့် ကြည့်ရှုပြီး လက်မှတ်များကို ဌာန ဆိုင် ရာ အကြီးအကဲများထံ တင်ပြကြရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရ သည်။", "“အဲဒီ ပေါ်လစီရုပ်ရှင်ကို တပ်မတော်နေ့မတိုင်မီလည်း TV မှာ ပြမယ်။ အဲဒါ အခုက ရုံတင်ထားတာ ကြည့်မယ့်သူမရှိလို့ ဝန်ထမ်းတွေ အားလုံးသွား ကြည့်ခိုင်း တယ်။ ကြည့်ပြီးရင် ရုပ်ရှင်လက်မှတ် တင်ပြခိုင်းတယ်။ ဌာနဆိုင်ရာ တွေက ညွှန်ကြားလည်း သိပ်လုပ်ကြတာမဟုတ်တော့ ကြည့်၊ မကြည့် သေချာ အောင် ရုပ်ရှင်လက်မှတ် ပြန်တောင်း တာ။ ကျနော်တို့ဌာနမှာတော့ သွားကြည့် ပြီးသား ရုပ်ရှင်လက်မှတ်တွေကို သက်သေအဖြစ် ပြန်တင်ပြဖို့ စီမံ ညွှန်မှူးက အမိန့်ပေးနေတာ။ မထော်မနန်းတွေ ခိုင်းနေတာအတော်တော့ ဒုက္ခရောက် တယ်” ဟု နေပြည်တော် ဝန်ထမ်းတစ်ဦးက ပြောသည်။", "စောင်နီလေးတစ်ထည် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာတင်အောင်စိုး (ပန်းမြို့ တော် ) ရိုက်ကူးထားပြီး ရန်အောင်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ကျော်ဇောဟိန်း၊ နက္ခတ်၊ Lနေနော်၊ Lဆိုင်းဇီ၊ နေရောင်၊ သီဟနိုင်၊ သားထွေး တို့ကဲ့သို့သော စစ် တပ်ထောက်ခံသည့် သရုပ်ဆောင်များက ပါဝင် သရုပ်ဆောင်ထားကြခြင်း ဖြစ်သည်။", "မတ်လ ၁၈ ရက်နေ့ ရန်ကုန်မြို့၊ ရန်ကင်းရှိ မြ၀တီမီဒီယာစင်တာ၊ Star Cinema တွင် စောင်နီလေးတစ်ထည် ရုပ်ရှင် Red Carpet Show အခမ်းအနား ပြုလုပ် ခဲ့ပြီး စစ်တပ်ထောက်ခံသော သရုပ်ဆောင်များ တက်ရောက်ခဲ့ကြသည်။"]
https://yktnews.com/2023/07/111283/
စစ်တပ် အစောင့်များရှိနေသော လှိုင်သာယာမြို့တော်ခန်းမအနီးကို ၄၀ မမ အမြောက်ဖြင့် ၃ ချက် ပစ်ခတ်ခံရ၊ စစ်တပ်က ရွှေပြည်သာတံတား၊ ဘုရင့်နောင် တံတားနှင့် အောင်ဇေယျတံတား ၃ ခုလုံးကို ပိတ်ဆို့စစ်ဆေးနေ
["စစ်တပ် အစောင့်များရှိနေသော လှိုင်သာယာမြို့တော်ခန်းမအနီးကို ၄၀ မမ အမြောက်ဖြင့် ၃ ချက် ပစ်ခတ်ခံရ၊ စစ်တပ်က ရွှေပြည်သာတံတား၊ ဘုရင့်နောင် တံတားနှင့် အောင်ဇေယျတံတား ၃ ခုလုံးကို ပိတ်ဆို့စစ်ဆေးနေ", "ရန်ကုန်၊ ဇူလိုင် ၄", "စစ်တပ်အစောင့်များရှိနေသော လှိုင်သာယာမြို့တော်ခန်းအနီးသို့ ၄၀ မမ အမြောက်ဖြင့် ၃ ချက် ပစ်ခတ်ခံရပြီး ယနေ့ည လှိုင်သာယာအတွင်း ဖြစ်ပွား သော ဗုံးပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိ ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယနေ့ဇူလိုင်လ ၄ ရက်နေ့ ည ၁၀ နာရီ ၅၃ မိနစ်အချိန် လှိုင်သာယာရုံးရှေ့၊ မြို့တော်ခန်းမအနီးသို့ ၄၀ မမ ဗုံးသီး ၃ လုံး ပစ်ခတ်ခံခံရပြီး ပေါက်ကွဲခဲ့ကြောင်း၊ စစ်တပ်တပ်စွဲထားရာနေရာသို့ ဦးတည်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ယနေ့ ည ၈ နာရီ ၃၈ မိနစ်မှစတင်၍ လှိုင်သာယာတွင် ဗုံးများပေါက်ကွဲခဲ့ပြီး ဗုံးပေါက်ကွဲမှု တွင် စစ်ကောင်စီတပ်ဘက်မှ ဗုံးထိမှန်ဒဏ်ရာရသူများရှိကြောင်း သိရှိရသည်။", "” ဒီည ၁၀ နာရီ ၅၃ မိနစ်မှာ ၄၀မမနဲ့ ပစ်ခတ်သံ ၃ ချက်ကြားရတယ်။ လှိုင်သာ ယာ ၁၈ ရပ်ကွက်ဘက်မှာလည်း ပစ်ခတ်သံတွေကြားရတယ်။ အခု စစ်တပ်က ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား၊ ရွှေပြည်သာတံတား အကုန်လုံးကို ပိတ်ထားတယ်။ လှိုင်သာယာ ၈ ရပ်ကွက်ဘက်ကိုလည်း ကားနဲ့ ပတ်နေတယ်။ စစ်ခွေးတွေက ။ ဒီညဗုံးကွဲတဲ့အထဲမှာ စစ်တပ်ဘက်က ခွေးတွေ ဒဏ်ရာရ သွားတယ်ပြောတယ်။ လူနာတင်ကားတွေ သယ်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် စစ်တပ်က ရန်ကုန်မှ လှိုင်သာယာသို့ အဝင်နှင့် လှိုင်သာယာမှ ဧရာ၀တီ တိုင်းဘက်သို့ အထွက် နေရာအားလုံးကို ပိတ်ဆို့ စစ်ဆေးနေခြင်း ဖြစ် ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/03/92964/
စစ်တပ် အသွင်ပြောင်း မိုးကျရွှေကိုယ် စသုံလုံးအရာရှိများ လုံခြုံစိုးရိမ်၍ နေပြည်တော်တွင်သာ နေကြပြီး အရပ်သား အရာရှိများကို မတည်ငြိမ်သော ပြည်နယ်/တိုင်းများသို့ စေလွှတ်၊ ဌာနမှ ထွက်ခွင့်တင်သူများ ပေးမထွက်
["စစ်တပ် အသွင်ပြောင်း မိုးကျရွှေကိုယ် စသုံလုံးအရာရှိများ လုံခြုံစိုးရိမ်၍ နေပြည်တော်တွင်သာ နေကြပြီး အရပ်သား အရာရှိများကို မတည်ငြိမ်သော ပြည်နယ်/တိုင်းများသို့ စေလွှတ်၊ ဌာနမှ ထွက်ခွင့်တင်သူများ ပေးမထွက်", "ရန်ကုန်၊ မတ် ၁၈", "အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)တွင် စစ်တပ်မှ အသွင်ပြောင်းရွှေ့ မိုးကျရွှေကိုယ် စသုံးလုံးအရာရှိများက လုံခြုံရေးအရ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် နေပြည် တော် စသုံးလုံးရုံးချုပ်တွင်သာ ရုံးထိုင်ပြီးပြည်နယ်/တိုင်းများသို့ အထူးသဖြင့် မတည် ငြိမ်သော နေရာများသို့ ပြောင်းရွှေ့မှု လုံး၀ မရှိတော့ကြောင်း သိရှိရ သည်။", "ခေတ်အဆက်ဆက် စသုံးလုံးထိပ်ပိုင်းအရာရှိ ရာထူးများကို စစ်တပ်ဘက်မှ ပြောင်း ရွှေ့လာသော မိုးကျရွှေကိုယ် အသွင်ပြောင်း စစ်အရာရှိများကိုသာ ပေး လေ့ ရှိသော်လည်း NLD အစိုးရလက်ထက်တွင် အရပ်သား စသုံးလုံး ဝန်ထမ်း များကို ညွှန်ကြားရေးမှူး ရာထူးအထိ တိုးမြှင့်ပေးခဲ့ကြောင်း၊ စစ်အာဏာသိမ်းပြီး နောက် မိုးကျရွှေကိုယ် စသုံးအရာရှိများက လုံခြုံရေးအရ နေပြည်တော်မှ လွဲ၍ မည်သည့်နေရာကိုမှ ပြောင်းရွှေ့ခြင်းမရှိကြတော့ဘဲ အရပ်သားဝန်ထမ်းများ ကိုသာ ပြောင်းရွှေ့စေကြောင်း သိရှိရသည်။", "“အခု စစ်အာဏာသိမ်းပြီးတဲ့နောက် စစစ မှာစစ်တပ်ကပြောင်းလာသူအရာရှိ တွေနဲ့ မူလဌာနဝင်အရာရှိတွေကိုမတရားခွဲခြားစီမံခန့်ခွဲခံနေရတယ်။ တော်လှ န်ရေးကြောင့်လုံခြုံမှုမရှိတော့တဲ့ချင်း ပြည်နယ် စသုံးလုံးဌာနနဲ့ကယား ပြည် နယ် စသုံးလုံးဌာနတွေ မှာ စစ်တပ်ကပြောင်းလာတဲ့ညွှန်ကြားရေးမှူးတွေ ကိုတာဝန်ချမထားဘဲမူလဌာနဝင်ညွှန်မှူးတွေကိုဘဲတာဝန်ချထားတယ်။ နှစ်ကြာ ရင်လည်း နေပြည်တော် ပြန်မခေါ်ဘူး ။ ချင်းစသုံးလုံးမှာ BSI 2 အပတ်စဥ် ညွှန်မှူးကျော်လွင်နဲ့ ကယားစစစမှာ BSI 3 ကညွှန်မှူး ညိုဝင်း ကိုတာဝန်ချထားပါတယ်” ဟု စသုံးလုံးသတင်းရင်းမြစ်က ပြောသည်။", "NLD အစိုးရလက်ထက်တွင် ညွှန်ကြားရေးမှူး ရာထူးအဆင့်အထိ ရရှိလာသော အရပ်သား စသုံးလုံးအရာရှိများမှာ လက်ရှိတွင် စစ်ကောင်စီ မညီမျှသော စီမံခန့် ခွဲမှုဆိုင်ရာ ဖိနှိပ်မှု ဒဏ်ကို အဆိုးဆုံးခံနေကြရကြောင်း သိရှိရသည်။", "“ခေတ်အဆက်ဆက်မူလဌာနဝင်အရာရှိတွေကညွှန်မှူးအဆင့်မရသလောက်ရှားပါတယ်။ တပ်ကပဲ လာကြတယ်။ NLD အစိုးရလက်ထက်မှာ မှ မူလဌာန ဝင် တွေ ညွှန်မှူးအဆင့်ရလာကြတာ။ စစ်ရေးအခြေအနေ ကြောင့်မလုံမခြုံ ဖြစ် နေတဲ့ချင်း၊ကယား တွေမှာတပ်ကလာတဲ့ညွှန်မှူးတွေက မနေရဲလို့အရပ်သား ညွှန်မှူးတွေကိုဘဲအနိုင်ကျင့်ပြီးတာဝန်ချတယ်။ ချင်းမှာတာဝန်ကျတဲ့ ညွှန်မှူး ကျော်လွင် မနှစ်၊ မတ်လ ၂၉ ရက်နေ့ နယ်ပြောင်းရတယ်။ ကားနဲ့သွားမရလို့ ကလေးကနေ ဟာခါးကို ရဟတ်ယာဥ်လမ်းကြုံနဲ့သွားရတာ ရဟတ်ယာဥ်ပျက် ကျတာနဲ့ကြုံပါတယ်။ ခြေထောက်ဒဏ်ရာပေမဲ့မသေခဲ့ဘူး။ စသုံးလုံးဌာနက တကယ့် ကို တပ်အသွင်းပြောင်းတွေ ချုပ်ကိုင်ထားတဲ့ လက်ကိုင်တုတ် ဌာနလို ဖြစ်လာတယ်” ဟု စသုံးလုံး သတင်းရင်းမြစ်က ပြောသည်။", "လက်ရှိ စသုံးလုံးဌာနအတွင်းတွင် မိုးကျရွှေကိုယ် စစ်တပ်အသွင်ပြောင်းများက သွေးခွဲစီမံခန့်ခွဲ အုပ်ချုပ်ခြင်း ၊ အုပ်စုဖွဲ့ တိုက် ခိုက် ကြခြင်း၊ ကြီးနိုင်ငယ်ညှင်း လူငယ်များအပေါ်ဖိနှိပ်ခြင်း၊ CDM မလုပ်ဘဲ အေးချမ်းစွာ ထွက်ခွင့် တောင်း သော်လည်း ထွက်ခွင့်မပေးခြင်းများ ကြုံနေရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/185447/
စစ်တပ် အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခဲ့သော ပြည်သူ ၅၀၀၀ နီးပါးတွင် အမျိုးသမီးနှင့် ကလေးငယ် ၂၀၀၀ နီးပါး ပါဝင်ဟု NLD ပါတီ ထုတ်ပြန်
["စစ်တပ် အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခဲ့သော ပြည်သူ ၅၀၀၀ နီးပါးတွင် အမျိုးသမီးနှင့် ကလေးငယ် ၂၀၀၀ နီးပါး ပါဝင်ဟု NLD ပါတီ ထုတ်ပြန်", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခဲ့သော ပြည်သူ ၅၀၀၀ နီးပါးတွင် အမျိုးသမီးနှင့် ကလေးငယ် ၂၀၀၀ နီးပါး ပါဝင်ကြောင်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် NLD ပါတီက ထုတ်ပြန်လိုက်သည်။", "အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက် စက်တင်ဘာ ၁၅ ရက်နေ့အထိ သတ်ဖြတ်ခဲ့တဲ့ ပြည်သူ ၅၀၀၀ နီးပါးရှိပြီး NLD ပါတီဝင် အမျိုးသမီးနှင့် ကလေးငယ်ပေါင်း ၂၀၀၀ နီးပါး ပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားသည်။", "အကြမ်းဖက် စစ်တပ်၏ ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရသော ပြည်သူ ၄၈၆၈ ဦး တွင် အဖွဲ့ချုပ် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပါတီဝင် ၁၀၇ ဦးနှင့် အသက်မပြည့်သော ကလေးသူငယ် ၃၉၅ ဦး၊ အမျိုးသမီး ၇၁၁ ဦး တို့ပါဝင်ကြောင်း ပါရှိသည်။", "အကြမ်းဖက် စစ်ကောင်စီက ပြည်သူနေအိမ်နှင့် ပိုင်ဆိုင်မှု‌များကို ဥပဒေမဲ့ ချိပ်ပိတ်သိမ်းယူခြင်း၊ နေအိမ်အတွင်းရှိ ပစ္စည်း‌တွေကို ခွင့်ပြုချက်မဲ့ ခိုးယူဖျက်ဆီးခြင်းကြောင့် ပြည်သူ ၈၃၃ ဦး၏ ပိုင်ဆိုင်မှု‌များ ချိပ်ပိတ်ခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း ၁၀၁၄ ခု ရှိကြောင်း အစီရင်ခံတွင် ဖော်ပြထားသည်။", "အကြမ်းဖက် စစ်တပ်၏ သိမ်းဆည်းမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ၁၉၉ ဦးနှင့် ပါတီဝင် ၂၅၀ ဦး၊ စုစုပေါင်း အဖွဲ့ချုပ်အဖွဲ့ဝင် ၄၄၉ ဦး၏ ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းယူခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း ၅၆၃ ခု ရှိကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်ရုံး‌များကို အဓိက ပစ်မှတ်ထားကာချေမှုန်းဖို့ ရည်ရွယ်ရင်းရှိသည့် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံး‌များ အကြိမ်ကြိမ်ဖျက်ဆီးခဲ့ကြောင်း၊ အဖွဲ့ချုပ်ဗဟိုရုံး (ရန်ကုန်)- ၃ ကြိမ်၊တိုင်းနှင့်ပြည်နယ်ရုံးများ – ၁၅ ကြိမ်၊ခရိုင်ရုံးများမြို့နယ်ရုံးများ – ၁၁၃ ကြိမ်၊ရပ်ကျေးရုံးများ- ၂၈ ကြိမ် တို့ဖြင့်စုစုပေါင်း ဖျက်ဆီးမှုအကြိမ်ပေါင်း (၁၆၅) ကြိမ် ရှိကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ပြည်သူ‌များကို ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ ၁၈,၁၇၄ ဦး ရှိနေပြီး ထိုထဲတွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးနှင့် အဖွဲ့ချုပ်ပါတီဝင် ၂,၂၄၈ ဦးတို့ ပါဝင်သလို လက်ရှိဖမ်းဆီးခံထားရတဲ့ အသက်မပြည့်သူ ကလေးသူငယ် ၂၅၉ ဦးနဲ့ဖမ်းဆီးခံအမျိုးသမီး ၂,၁၅၃ ဦးပါဝင်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ၏ အဆိုးဝါးဆုံး ကျူးလွန်မှုများတွင် အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုများ ပြည်သူများကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုများ ဖြစ်ပြီး ပြည်သူများ၏ နေအိမ်‌များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ အထိ ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရသော ပြည်သူ ၄,၈၆၈ ဦး တွင် အဖွဲ့ချုပ် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပါတီဝင် ၁၀၇ ဦး နှင့် အသက်မပြည့်သော ကလေးသူငယ် ၃၉၅ ဦး၊ အမျိုးသမီး ၇၁၁ ဦး တို့ ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။", "ထို့ပြင် ပြည်သူများ၏ နေအိမ်ပေါင်း ၇၃၀၂၉ လုံး မီးရှို့ဖျက်ဆီးခံရပြီး တချို့ဒေသများတွင် အကြိမ်ကြိမ် ထပ်မံမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ရာ မီးရှို့ဖျက်ဆီးမှု အကြိမ်ပေါင်း ၁,၈၁၀ ကြိမ် ရှိခဲ့ပြီး စစ်ရာဇဝတ်မှုဖြစ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်‌တွေနဲ့ ပစ်ခတ်တာ အကြိမ်ပေါင်း ၈၀၄ ကြိမ်တွင် အပြစ်မဲ့ပြည်သူ ၆၉၉ ဦး သေဆုံးခဲ့ရတဲ့အပြင် ၁,၇၉၃ ဦး မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "စစ်ရာဇဝတ်မှုကျူးလွန်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၈၂ ကြိမ်ကြောင့် အရပ်သားပြည်သူ ၇၂၈ ဦး သေဆုံးပြီး ၆၄၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တင်သွင်းတဲ့ အစီရင်ခံစာတွင် ဖော်ပြထားပြီး စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူ‌တွေနေထိုင်ရာ ရပ်ရွာ‌တွေ စာသင်ကျောင်းတွေ ဆေးရုံ ဆေးခန်း‌တွေ ဘာသာရေးအဆောက်အဦးတွေနဲ့ စစ်ရှောင်စခန်းတွေကို စစ်လေယာဉ်၊လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှု‌တွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေကြေပျက်စီးမှုတွေရှိနေတယ်လို့ အစီရင်ခံစာတွင် ပါရှိသည်။", "ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အကြမ်းဖက်စစ်တပ်က ရန်ကုန်ရှိ NLDရုံးချုပ်ကို ၀ိုင်းရံထားစဉ်။"]
https://yktnews.com/2023/03/90301/
စစ်တပ်က CDM သူနာပြု ဆရာမ ၂ ဦးကို ရက်ရက်စက် သတ်ဖြတ်ခြင်းဖြင့် စစ်ရာဇဝတ်မှုကျူးလွန်၊ CDM ကျန်းမာရေးဝန်ထမ်း ၇၀ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့
["စစ်တပ်က CDM သူနာပြု ဆရာမ ၂ ဦးကို ရက်ရက်စက် သတ်ဖြတ်ခြင်းဖြင့် စစ်ရာဇဝတ်မှုကျူးလွန်၊ CDM ကျန်းမာရေးဝန်ထမ်း ၇၀ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့", "ရန်ကုန်၊ မတ် ၁", "အကြမ်းဖက် စစ်တပ်က CDM သူနာပြု ဆရာမ ၂ ဦးကို ရက်ရက်စက် သတ် ဖြတ် ခြင်းဖြင့် စစ်ရာဇဝတ်မှုကျူးလွန်နေကာ CDM ကျန်းမာရေးဝန်ထမ်း ၇၀ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ၊ ကျန်း မာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။", "အကြမ်းဖက်စစ်တပ်သည် ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အေးမြသာယာတိုက်နယ်ဆေးရုံမှ CDM သူနာပြုဆရာမ ဒေါ်မေဇွန်မိုးကို ဖမ်းဆီးနှိပ်စက်၍ မုဒိမ်းကျင့် သတ်ဖြတ်ခြင်းနှင့် ချင်းပြည်နယ် ဖလမ်းပြည်သူ့ဆေးရုံမှ CDM အထက် တန်း သူနာပြု ဆရာမ ဒေါ်သဲသဲဝင်းကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၏ ကျန်းမာရေးဝန်ကြီးဌာနမှ မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာတိုက်နယ်ဆေးရုံ၏ CDM သူနာပြုဆရာမဖြစ်သူ ဒေါ်မေဇွန်မိုးသည် တောထဲတစ်နေရာတွင် မွေးလူနာကုပေးပြီး အုတ်ဖိုမြို့ထဲသို့ ပြန်လာစဉ် အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ်၏ ခမရ (၆) စစ်ဆေးရေးဂိတ်တွင် PDF ရဲဘော် နှစ်ဦးနှင့်အတူ စစ်ဆေးခံရရာ အကြမ်းဖက်စစ်သားများက PDF ရဲဘော် နှစ်ဦးကို နေရာတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ သူနာပြုဆရာမမှာ ထွက်ပြေးပုန်းအောင်းခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က ဖမ်းမိသွားခဲ့ကာ စစ်ကြောရေးတွင် နှိပ်စက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့၌ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီး၌ အကြမ်းဖက်စစ်တပ်က သူနာပြုဆရာမ ဒေါ်မေဇွန်မိုးကို မုဒိမ်းကျင့်၍ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ချင်းပြည်နယ်၊ ဖလမ်းပြည်သူ့ဆေးရုံမှ CDM အထက်တန်း သူနာပြုဆရာမ ဒေါ်သဲသဲဝင်းကို ၎င်း၏ ဇာတိရွာဖြစ်သည့် ကသာမြို့နယ် မိုးဒါးကြီးကျေးရွာတွင်‌ နေထိုင်စဉ် အကြမ်းဖက်စစ်တပ်မှ ရွာသို့ စစ်ကြောင်းထိုးလာပြီး သူနာပြုဆရာမကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ကာ ဖေဖော်ဝါရီ ၂ ၁ရက်နေ့တွင် သတ်ဖြတ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။", "အကြမ်းဖက်စစ်တပ်သည် စစ်အာဏာသိမ်းချိန်မှစ၍ ၂ နှစ်တာကာလအတွင်း ဆေးရုံ/ ဆေးခန်း ၁၆၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့်ကို သတ်ဖြတ်ခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်း ၉၀၀ ဦးကို ဖမ်းဆီးခဲ့ပြီး ၇၈၀ ဦးကျော်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်သည် ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုများကို ကျူးလွန်ခြင်းသည်ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်းဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းကြောင်း NUG က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှကို အသုံးပြု၍ အမြန်ဆုံး ထိရောက်စွာ တားဆီးအရေးယူ ဆောင် ရွက်ကြပါရန် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၏ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။"]
https://yktnews.com/2024/10/186103/
စစ်တပ်က MNDAA ထိန်းချုပ်ထားသော အထူးဒေသ ၁ နယ်မြေများကို ၃ လတာအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ အနည်းဆုံး ၃၁ ဦး ထက်မနည်း သေဆုံးကာ ၉၀ ဦး ဒဏ်ရာရရှိ
["စစ်တပ်က MNDAA ထိန်းချုပ်ထားသော အထူးဒေသ ၁ နယ်မြေများကို ၃ လတာအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ အနည်းဆုံး ၃၁ ဦး ထက်မနည်း သေဆုံးကာ ၉၀ ဦး ဒဏ်ရာရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၂", "အကြမ်းဖက် စစ်တပ်က MNDAA ထိန်းချုပ်ထားသော အထူးဒေသ ၁ နယ်မြေများကို ၃ လတာအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ အနည်းဆုံး ၃၁ ဦး ထက်မနည်း သေဆုံးကာ ၉၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ပြောဆိုသည်။", "စစ်မြေပြင်တွင် ရှုံးနိမ့်သည့်အခါတိုင်း လက်တုံ့ပြန်သည့်အနေဖြင့် မခွဲခြားသော လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများသည် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်၏ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာပြီး နိုင်ငံတစ်ဝှမ်း အဖြစ်ဆိုးများစွာ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဇူလိုင်လတွင် လားရှိုးစစ်ပွဲတွင် မကြာခဏရှုံးနိမ့်မှုများကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် လေကြောင်း ဗုံးကျဲ တိုက်ခိုက်ခံရသည့် ဧရိယာများတွင် မြို့တော် လောက်ကိုင်မြို့၊ သိန္နီခရိုင်နှင့် အခြားနယ်မြေများ ပါဝင်ပြီး မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် အထူးဒေသ ၁ တွင် စစ်နယ်မြေ မဟုတ်သော ဒေသများကို ဗုံးကျဲ တိုက်ခိုက်ရေး လေယာဉ်များကို ဆက်တိုက်", "စေလွှတ်ခဲ့ပြီး စစ်ပြေငြိမ်းပြီးနောက် လားရှိုးမြို့ကိုလည်း မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က ဗုံးကျဲခဲ့ပြီး စက်တင်ဘာလနှောင်းပိုင်းတွင် ဆက်တိုက်ဗုံးကျဲခဲ့ကြောင်း သိရသည်။", "စက်တင်ဘာလ ၃၀ ရက်နေ့အထိ တိုက်ပွဲများ မရှိခဲ့ဘဲ မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် အထူးဒေသ ၁ (လားရှိုးမြို့အပါအဝင်) တွင် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး လေကြောင်းမှ ဗုံးအလုံး ၁၀၀ ကျော်ကျဲချခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်တွင် အရပ်သားသေဆုံးမှုဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ လူ ၃၁ ဦး သေဆုံးကာ ၉၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး မရေမတွက်နိုင်သော အများပိုင် အဆောက်အအုံများဖြစ်သည့် နေအိမ်များ၊ ဟိုတယ်များနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ပြီး ပြည်သူများ၏ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးမှုသည် တိုင်းတာ၍ မရနိုင်သေးကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်မှ ၃ နာရီ ၃၀ မိနစ်အကြားတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် အထူးဒေသ ၁ ဖြစ်သည့် သိန္နီခရိုင်ရှိ လူနေရပ်ကွက်များကို အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း၊ မြန်မာစာသင်ကျောင်း ဗုံးကျဲ ဖျက်ဆီးခံရကာ ယခင် မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ နည်းပညာ ရုံးခန်းဟောင်း ၂ လုံး ဗုံးကျဲခံရပြီး နေအိမ် ၄ လုံး ဗုံးကျဲခံရကြောင်း သိရသည်။", "ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်း တိုက်လေယာဉ်များက အထူးဒေသ(၁)၏ မြို့တော် လောင်ကိုင်မြို့ တုံချိန်ဒေသကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဒေသခံ အရပ်သား ၁ ဦး သေဆုံးကာ အရပ်သား ၁ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အနီးနားရှိ ဟိုတယ်နှင့် အဆောက်အဦများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃၇ မိနစ်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်မှ တိုက်လေယာဉ် ၂ စင်း စေလွှတ်ပြီး အထူးဒေသ(၁)သိန္နီခရိုင်ရှိ လူနေရပ်ကွက်များကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ရာ စုစုပေါင်း ဗုံး ၈ လုံး ကျဲချခဲ့ကြောင်း၊ သိန္နီမြို့ရှိ လမ်းများနှင့် နေအိမ်များကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့ပြီး ၅ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၂၃ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၁၈ မိနစ်ခန့်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်း တပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ (၁) ၏ မြို့တော် လောက်ကိုင်မြို့ တုံချိန်ဒေသကို ထပ်မံတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး အနည်းဆုံး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင် မင်းအောင်လှိုင် အာဏာသိမ်းတပ်သည် လောက်ကိုင်မြို့ ရွှေဆင်(Jin Xiangcheng)ဒေသ မူလ ၃၁၁ ရင်ပြင် အနီးတွင် အနီးနားတွင် ဗုံး ၂ ကြိမ်ကျဲချခဲ့ပြီး စုစုပေါင်း ဗုံး ၄ လုံး ကျဲချခြင်းကြောင့် အနီးနားရှိ အရပ်သား ၂ ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၂၈ ရက်နေ့ နံနက်အစောပိုင်းတွင် မင်းအောင်လှိုင် အာဏာသိမ်းတပ်သည် သိန္နီမြို့ပေါ်၌ နောက်ထပ်လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ရန် တိုက်လေယာဉ်များ စေလွှတ်ခဲ့ရာ ဒေသခံ အရပ်သား ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကာ အရပ်သား နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ဩဂုတ်လ ၂ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် လောက်ကိုင်မြို့ တုံချိန်ဒေသနှင့် ကိုးကန့်ခရိုင် တုံရှန်ဒေသ ထိုင်ဖျင်မြို့နယ်ရှီ ဇီယွမ်ကျေးရွာတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ပြင်းထန်ရ၍ လူအများဒဏ်ရာ အနည်းငယ်ရရှိကြောင်း၊ အထူးဒေသ (၁) ကွတ်ခိုင်ခရိုင်ကိုလည်း ဗုံးကျဲရန် တိုက်လေယာဉ်များ စေလွှတ်ခဲ့ရာ မြို့ပေါ်နှင့် အဓိကလမ်းမကြီးများပေါ်တွင် ဗုံးများကျရောက်ခဲ့ပြီး အပြစ်မဲ့ ဒေသခံ အနည်းဆုံး ၈ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ အပြင်းအထန်ရကာ လမ်းဘေးအိမ်များ အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။", "စက်တင်ဘာ ၉ ရက် ၊ ၁၃ ရက်၊ ၂၁ ရက်နှင့် ၂၄ ရက်နေ့တို့တွင် မင်းအောင်လှိုင် ၏ အာဏာသိမ်း တပ်ဖွဲ့ က လားရှိုးမြို့ အရပ်သား နယ်မြေများကို လေကြောင်းမှ ဗုံး ၂ လုံး ကြဲချခဲ့ပြီး အပြစ်မဲ့အရပ်သား အနည်းဆုံး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူနေအဆောက်အအုံများ၊ ဓာတ်ကြိုးများနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများ အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း၊ သိန္နီခရိုင် သံလွင်လျင်ဟိုန်ဒေသ နန်ဘန်းမြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်း၌ ၃ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း၊ လားရှိုးတိုက်ပွဲများ ငြိမ်သက်သွားပြီးနောက် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် လားရှိုးမြို့ပေါ်၌ စတုတ္ထအကြိမ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုဖြင့် ဒေသခံ အရပ်သားတစ်ဦး ဒဏ်ရာရရှိစေခဲ့ကြောင်း၊ လားရှိုးမြို့ ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အရပ်သား ၁ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိကာ လူနေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နှင့် ၃၀ ရက်နေ့တို့တွင် လားရှိုးရပ်ကွက် ၂ မြို့မစျေး၊ အနီးတဝိုက်ရှိ လူနေရပ်ကွက်များနှင့် ရပ်ကွက် ၁ လူနေရပ်ကွက်များကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ အနည်းဆုံး ဗုံး ၁၅ လုံး ကျဲချခဲ့ပြီး လူ ၂ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိကာ ယင်း၌ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရပြီး ဈေးဆိုင်များနှင့် လူနေအဆောက်အအုံ အများအပြားလည်း ပျက်စီးခဲ့ကြောင်း၊ သိန္နီခရိုင်၊ သံလွင်လျင်ဒေသ နန်ဘန်းမြို့နယ်အား လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗုံးအသေး ၁၀ လုံးထက်မနည်း ကျဲချခဲ့ပြီး အရပ်သားတစ်ဦး၏ ဝဲဘက်ခြေထောက် ကျိုးကျကာ အိမ်များ၊ လမ်းများ ပျက်စီးခဲ့ကြောင်း၊ လားရှိုးမြို့ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရပ်ကွက် ၁၁ဂေါက်ကွင်း နှင့် ရပ်ကွက် ၈ မန်ဆူဟိုတယ်ကို ဗုံး ၃ လုံး ကျဲချခဲ့ပြီး အရပ်သား ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ လားရှိုး ရပ်ကွက် ၁၂ မန်နားရွာသစ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ လူ ၆ ဦး ဒဏ်ရာရခဲ့ပြီး ယင်း၌ ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/09/182938/
မဒေါင်းလှရွာ ပျူစောထီးစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၃၀ ကျော် သေဆုံးပြီး PDF ရဲဘော် ၁၁ ဦး ကျဆုံး
["စစ်တပ်က ကျေးရွာ ၁၃ ရွာကို ၁၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော် ပျက်စီးပြီး ပြည်သူ ၁ သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရကာ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာ ပျူစောထီးစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၃၀ ကျော် သေဆုံးပြီး PDF ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ကြောင်းခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့တွင် မဒေါင်းလှရွာ ပျူစောထီး စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၃၁ ရက်နေ့တွင် စစ်ကူလာသည့် ခြေလျင် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် ၈ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။", "ဩဂုတ်လ ၃၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်ရှိ ဝါသဝ လက်အောက်ခံ ပျူစောထီးများနှင့် ကန့်ဘလူ သကြားစက်ရှိ အကြမ်းဖက် စစ်သားများ ပူးပေါင်းထားသော အင်အား ၁၇၀ ဝန်းကျင်ရှိ စစ်ကြောင်းသည် ခင်ဦးမြို့နယ်နှင့် ကန့်ဘလူမြို့နယ် အစပ်ရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်ခိုက်မှု အပါအဝင် ဆက်တိုက် ခြေလျင်စစ်ကြောင်း ထိုးခြင်းကြောင့် ကျေးရွာပေါင်း ၂၀ ဝန်းကျင်မှ ဒေသ ပြည်သူပေါင်း ၁ သောင်းကျော် မိုးစပါး စိုက်ပျိုးနိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၃၁ ရက်နေ့မှ စ၍ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ထိ ငကြိုင်း၊ အင်ကြင်းပင်၊ ပေါက်တော၊ စောကြီး၊ သနပ်စိန်၊ တဲကြီး၊ ဖန်းခါးကုန်း၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ စည်ပုတ္တရာ ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။", "စက်တင်ဘာလ ၁၀ ရက်နေ့က ဂျပို့၊ ပေါက်သင့်တုံ၊ စည်ပုတ္တရာ ကျေးရွာတို့ကို စီးနင်းဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး မဒေါင်းကြီး ရွှေကာ ကျေးရွာအနီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ထောက်လှမ်းနေသော LDF ရဲဘော် ၃ ဦးကိုလည်း ကျေးရွာထိပ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပစ်သတ်ထားခဲ့ကြောင်း သိရှိရသည်။", "ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် မဒေါင်းကြီးနှင့် ရွှေကာ ကျေးရွာ ပတ်ဝန်းကျင်းရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းလှုပ်ရှားသည်ဟု ထင်ရသောကြောင့် မီးရှို့ခံထားရသည့် ကျေးရွာ ၁၃ ရွာအပြင် သရက်ကန်၊ ပြေကုန်း၊ ပင်တင်း စသည့် ကျေးရွာများမှ ဒေသ ပြည်သူများပါ ဆက်လက် တိမ်း‌ရှောင်နေရကြောင်း သိရသည်။", "လက်ရှိချိန်တွင် စစ်ဘေးရှောင် ပြည်သူများသည် နေ့စဉ်ရက်ဆက်များပြားနေသောကြောင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင် မိခင်များဟာ နေစရာစားစရာ အဓိက အခက်အခဲဖြစ်နေမှုများကို တတ်နိုင်သမျှ ပြည်သူများအနေဖြင့် ဝန်းရံထောက်ပံ့ပေးကြရန် တိုက်တွန်းမေတ္တာရပ်ခံကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/12/194116/
စစ်တပ်က စစ်မှုထမ်း တပ်သားသစ်များကို မူးယစ်ဆေးဝါးကျွေးပြီး ရှေ့တန်းပို့၍ နေအိမ်များကို မီးရှို့ခိုင်း၊ ထွက်ပြေးလိုသူများပြားဟု လွိုင်ကော်မြို့ အနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ ဝန်ခံ
["စစ်တပ်က စစ်မှုထမ်း တပ်သားသစ်များကို မူးယစ်ဆေးဝါးကျွေးပြီး ရှေ့တန်းပို့၍ နေအိမ်များကို မီးရှို့ခိုင်း၊ ထွက်ပြေးလိုသူများပြားဟု လွိုင်ကော်မြို့ အနီးတိုက်ပွဲတွင်ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ ဝန်ခံ", "ရန်ကုန်၊ ဒီဇင်ဘာ ၂", "အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း တပ်သားသစ်များကို မူးယစ်ဆေးဝါးကျွေးပြီး ရှေ့တန်းပို့၍ နေအိမ်များကို မီးရှို့ခိုင်းပြီး ထွက်ပြေးလိုသူများပြားဟု လွိုင်ကော်မြို့ အနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများက ဝန်ခံပြောဆိုခဲ့ကြောင်း သိရသည်။", "လွိုင်ကော်မြို့အနီး တိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို စစ်ဆေးမေးမြန်းထားသည့် ဗီဒီယိုကို Karenni Nationalities Defence Force က ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး စစ်တပ်က WY ဆေးပြားများ သုံးစွဲခိုင်းခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခိုင်းကြောင်း စစ်သုံ့ပန်းများက ဝန်ခံပြောဆိုထားသည်။", "“နေအိမ် မီးရှို့တာကတော့ ကြုံဖူးတယ်။ အိမ် မီးရှို့တာကတော့ သူတို့က ဒီအိမ်က မသင်္ကာဘူးဆို ရှို့တယ် များတယ်။ နေအိမ် အလုံး အရေအတွက်များတယ်။ ၅၀ ကျော် ၆၀ နီးပါး လောက် မကဘူးနဲ့ တူတယ်။ ကျွန်တော် ပန်းနီရောင် WY ဆိုတဲ့ဟာပဲ တွေ့တယ်။ အခုဆိုရင် တပ်စိတ် ၃ စိတ်လုံးက သုံးတယ်။ သူတို့ သုံးပြီးတော့ တိုက်ခိုင်းတယ်။ ရှေ့တိုးခိုင်းတယ်။ သူတို့ဘာသာ သူတို့ မရရအောင် ရှာကြံပြီးတော့ ဝယ်ကြတယ်။ တစ်သောင်းဖိုးကို ၃ ပြား၊ ၄ ပြား ကျွန်တော်လည်း မသိဘူး။ သူတို့ကိုယ်တိုင် တပ်စိတ်ဖွဲ့ပြီးတော့ လုပ်လည်းလုပ် ခွင့်လည်း ခွင့်ပြုထားတယ်။ လူကြီးတွေက အကြီးအကဲတွေက ရှို့ဆိုတော့လည်း ရှို့ရတာပေါ့။ ပစ်ကွင်းတွေ ဘာတွေ မလွတ်တဲ့ဟာတို့ မြင်ကွင်းတွေ ဘာတွေ မလွတ်တဲ့ အိမ်တို့ ရှို့တယ်။ အဝတ်အစားတွေ ဘာတွေ တွေ့တဲ့ အိမ်တွေ ဒီလိုမျိုး လုပ်ခဲ့မိတာတွေ ခွင့်လွှတ်ပေးပါလို့ ပြည်သူတွေကို တောင်းပန်ပါတယ်။ အကြောင်းကြောင်းကြောင့်နဲ့ ဒါ လုပ်ခဲ့ရတာပေါ့။ လုံးဝ လွန်ဆန်လို့ မရလို့ ဗိုလ်ကြီးတွေ အထက်အရာရှိတွေကို အပြားသေးသေးလေးပေါ့။ WY လို့ ရေးထားပါတယ်။ ကင်းစောင့်ရင် အိပ်ချင်မှာစိုးလို့။ စိတ်ညစ်တဲ့အခါကျရင် လူလည်း လန်းတယ်။ အဲဒါကြောင့်မို့ သုံးတာ” ဟု စစ်သုံ့ပန်း ဖိုးထူးနှင့် မျိုးသက်မင်း တို့က ဝန်ခံပြောဆိုခဲ့သည်။", "လက်ရှိချိန်တွင် စစ်မြေပြင်၌ ရောက်ရှိနေသော စစ်မှုထမ်း တပ်သားသစ်များနှင့် စစ်ကောင်စီ တပ်သားများသည် စိတ်ဓာတ်ကျဆင်းနေပြီး လူအများအပြား ထွက်ပြေးရန် စိတ်ဆန္ဒရှိနေကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် အရာရှိများကလည်း ကျွန် ၁ ဦးကဲ့သို့ ခိုင်းစေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။", "“အခုက ပြေးမယ့် လူက အတော်များကြတယ်။ စိတ်ဓာတ်တွေကျနေပြီ လုပ်ရကိုင်ရလည်း စိတ်မပါတော့ဘူး။ လုပ်တော့လည်း မတန်တဆလုပ်ရတယ်။ တစ်ခါတလေကျရင် အစားပျက် အသောက်ပျက်တွေ အဆင်မပြေဘူး။ သူငယ်ချင်းတွေကိုလည်း ခိုင်းတိုင်း နွားဖြစ်ခံပြီးတော့ မရုန်းချင်တော့ဘူး။ ကျွန် တစ်ယောက်အနေနဲ့ မလုပ်ပါနဲ့တော့ အဲဒါတော့ ပြောချင်တယ်ဗျ။ မိသားစုတွေနဲ့လည်း အမြန်ပြန်တွေ့ချင်တယ်။ ကျွန်တော် သတိလည်း ရတယ်။ ကျန်းမာရေးအခြေအနေလည်း ကောင်းပါတယ်ဗျ။ စားရသောက်ရလည်း အဆင်ပြေပါတယ်” ဟု စစ်သုံ့ပန်း ဖိုးထူးက ပြောဆိုသည်။", "ထို့ပြင် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်မှ အရာရှိများကလည်း လက်အောက်ငယ်များကို အသေခံ တိုက်ခိုက်ပြီး ၎င်းကိုယ်တိုင် တိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေး တိမ်းရှောင်ကြောင်း၊ လက်အောက်ငယ်သားများကိုလည်း နောက်ပြန်ဆုတ်ခိုင်းခြင်းမရှိဘဲ ၎င်းကိုယ်တိုင် WY ဆေးပြားများ သုံးစွဲကြောင်း သိရသည်။", "“ကျွန်တော်တို့ဘက်ကတော့ တော်တော်များများ ကျတယ်။ ကျွန်တော် မကျေနပ်တာကတော့ဗျာ ဗိုလ်မှူးတစ်ယောက်ပဲ မကျေနပ်တာ။ ဘာလို့လဲဆိုတော့ သူ ခေါင်းဆောင်တစ်ယောက် ။ သူက ပထမကတည်းက စထွက်လာကတည်းက ဘယ်လိုပြောလဲဆိုတော့ ဘယ်လိုအခက်အခဲပဲ ရှိနေ ရှိနေ ငါ မင်းတို့ ရှေ့မှာပဲ ရှိမယ်။ တကယ့် တကယ် အစ်ကိုတို့ဘက်က လူတွေလည်း လာလည်း လာရော ဘယ်သူမှကို မသိလိုက်ဘူး နောက်ကို ဆုတ်သွားတယ်။ ၃ ယောက်လုံး။ ကျွန်တော်တို့ဘက်မှာ ရှိတာဆိုလို့ ဗိုလ်ကြီးတစ်ယောက်ပဲ ရှိတယ်။ ဗိုလ်ကြီးကတော့ တိုက်ပွဲ ကျသွားပြီ။ ကျွန်တော်တို့နဲ့ အတူတူပဲ။ ကျန်တဲ့လူက သေတဲ့လူက ၁၅ ၊ ၂၀ လောက်တော့ ရှိမယ်။ မနေ့က ဖြစ်တဲ့ ပုံစံက ဒါ သူ မပေးသင့်တဲ့ အမိန့်လေ။ သူကတော့ နောက်ဆုတ်တယ်။ ကျန်တဲ့ လက်အောက်ငယ်သားတွေကျတော့ မင်းတို့တွေ တစ်ယောက်မှနောက်မဆုတ်နဲ့ ခံပစ် ခံပစ်ဆိုပြီး သူ့ပါးစပ်က ပြောတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်အထက် အရာရှိဆိုတော့ ကိုယ်ကလည်း ပြန်မပြောရဲဘူး။ သူ သေမှာကျတော့ ကြောက်တယ်။ မဆုတ်ခိုင်းဘူး။ ကျွန်တော်တို့ကို ဘယ်လိုပြောလဲဆိုတော့ မင်းတို့ ခံပစ် ခံပစ်ဆိုပြီး ပြောတယ်။ နောက်လှည့်ကြည့်တော့ သူက မရှိတော့ဘူး။ သူရယ် ဆေးတပ်သားရယ် နောက် သူ့ရဲ့ တစ်ယောက်ရယ် ပေါင်း ၃ ယောက် ။ ကျွန်တော်တို့ဘက်မှာ ရှိတာဆိုလို့ ဗိုလ်ကြီးတစ်ယောက်ပဲ ရှိတယ်။ အဲဒီဗိုလ်ကြီးကတော့ တိုက်ပွဲကျတယ်။ နောက် အဲဒီ ဗိုလ်မှူးကလည်း တစ်ခါတလေကျရင် သူကလည်း ဆေးသုံးတယ်” ဟု ဖိုးထူးက ပြောဆိုသည်။", "နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လွိုင်ကော်မြို့ အနီးတွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ဖြစ်ပွားသော တိုက်ပွဲ၌ စစ်သား ၄၀ ကျော်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၂ လက်သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်"]
https://yktnews.com/2025/03/208458/
စစ်တပ်က စစ်မှုထမ်းခိုင်းရန် မိဘမဲ့ကျောင်းနှင့် ဘုန်းကြီးကျောင်းမှ လူငယ်များ၏စာရင်းကိုပါ ကောက်ခံနေပြီး စစ်သင်တန်းတက်ရမည့် လူငယ်များကို ကြိုတင်ဖမ်းဆီး ထိန်းသိမ်းမှုများ လုပ်ဆောင်လာ
["စစ်တပ်က စစ်မှုထမ်းခိုင်းရန် မိဘမဲ့ကျောင်းနှင့် ဘုန်းကြီးကျောင်းမှ လူငယ်များ၏စာရင်းကိုပါ ကောက်ခံနေပြီး စစ်သင်တန်းတက်ရမည့် လူငယ်များကို ကြိုတင်ဖမ်းဆီး ထိန်းသိမ်းမှုများလုပ်ဆောင်လာ", "ရန်ကုန်၊ မတ် ၂၂", "ပဲခူးတိုင်း၊ ပြည်မြို့တွင် အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းရန် မိဘမဲ့ကျောင်းများနှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်သော လူငယ်များ၏ စာရင်းများကိုပါ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "မတ်လပိုင်းမှ စတင်ကာ ပြည်မြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ မြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့၏ ညွှန်ကြားချက်ဖြင့် မိဘမဲ့ကျောင်းများနှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်သူသော လူငယ်များကို ပါ စစ်မှု ထမ်းရန် အမည်စာရင်း လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် စာရင်းကောက်ခံမှုနှင့်အတူ စစ်မှုထမ်းရမည့် လူငယ်များ ထွက်ပြေးမည်ကို စိုးရိမ်၍ လူငယ်များကို ကြိုတင် ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်ထဲသို့ ပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "“ပြည်မြို့ပေါ်က ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ လူငယ်တွေနဲ့ မိဘမဲ့ကျောင်းက လူငယ်တွေရဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက် ရာအိမ်မှူးတွေနဲ့ ထွေ/အုပ် စာရေးတွေက ဒီရက်ပိုင်းမှာ ကောက်ယူသွားတယ်လို့ သိရတယ်။ တချို့ကို ကျောင်းတွေမှာ လိုက်ကောက်တယ်။ တချို့ ကျောင်းတွေကျတာ့ သွားကောက်ရင် ထွက်ပြေးမှာဆိုးလို့ စာရင်းတွေကို ရက်ကွက်အတွင်းက ဆယ်အိမ်မှုး၊ ရာအိမ်မှူး၊ ထွေ/အုပ်စာရေးနဲ့ စာရေးမတွေက ရပ်ကွက်ရုံးမှာပဲ ကိုယ်တိုင် စာရင်းပြုစုနေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းတွင်လည်း လူမိုက်အဖွဲ့များက စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးထားသော လူငယ်များကို မြို့နယ်ထွေ/အုပ်ရုံးတွင် မှတ်ပုံတင်စစ်ဆေးချက်ရယူကာ စစ်တပ်ထဲသို့ ပို့ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လပိုင်း စတင်ကာ ကမာရွတ်မြို့နယ် လှည်းတန်းတွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် လွှတ်ထားသော လူမိုက်များက လူသွားလူလာပြတ်သည့်နေရာများတွင် အိမ်စီးကားများဖြင့် စောင့်ကြို ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များကို နာနတ်တောတံတားအဆင်းရှိ မြို့နယ် ထွေ/အုပ်ရုံးတွင် ခေတ္တ ထိန်းသိမ်းပြီးနောက် စစ်မှုထမ်းရန် အကြမ်းဖက် စစ်တပ်၏ စစ်သားစုဆောင်းရေးတပ်များထံသို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း၊ ပေါ်တာဆွဲ ဖမ်းဆီးပေးသော လူမိုက်များကိုလည်း စစ်တပ်က လူငယ် ၁ ဦး ဖမ်းဆီးပေးနိုင်ပါက ငွေကျပ် ၃ သိန်း ပေးဆောင်ကြောင်း သိရှိရသည်။", "“လှည်းတန်းမှာ လူငယ်တွေ ဆက်တိုက်ပေါ်တာဆွဲ ဖမ်းဆီးခံနေရတယ်။ ရုပ်ပျက်ဆင်းပျက်ကို လိုက်ဖမ်းနေတာ အခုက ပေါ်တင်လို ဖြစ်လာပြီ ကားပေါ်ကို ဆွဲဆွဲပြီးတင်သွားတာ သူတို့က အဲလိုပေါ်တာဆွဲ ပြီးတာနဲ့ နာနတ်တော တံတားအဆင်းက ထွေ/အုပ် ရုံးကို ခေါ်သွားတယ်။ အဲ့ရုံးမှာ သူတို့ဆွဲထားတဲ့သူတွေ အပြည့်ဘဲ ပေါ်တာဆွဲ ဖမ်းဆီးပေးတဲ့ လူမိုက်တွေကိုလည်း တစ်ယောက်ရရင် ၃ သိန်းပေးတယ်လို့ သိရတယ်” ဟု လှည်းတန်းတွင် နေထိုင်သော ကမာရွတ်မြို့နယ်လုံးဆိုင်ရာ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/107003/
စစ်တပ်က ဆားလင်းကြီး ပအဖ အဖွဲ့ဝင် ကိုမြတ်သူလင်း (ခေါ်) ကိုဗန်ဂျီကို ဖမ်းဆီးပြီးနောက် ညှင်းပန်း နှိပ်စက် သတ်ဖြတ် အလောင်း စွန့်ပစ်၊ အလောင်း ပတ်ဝန်းကျင်တွင် မိုင်းများ ထောင်ထား၍ အလောင်းသယ်သည့် ရဲဘော်တစ်ဦး မိုင်းထိမှန်
["စစ်တပ်က ဆားလင်းကြီး ပအဖ အဖွဲ့ဝင် ကိုမြတ်သူလင်း (ခေါ်) ကိုဗန်ဂျီကို ဖမ်းဆီးပြီးနောက် ညှင်းပန်း နှိပ်စက် သတ်ဖြတ် အလောင်း စွန့်ပစ်၊ အလောင်း ပတ်ဝန်းကျင်တွင် မိုင်းများ ထောင်ထား၍ အလောင်းသယ်သည့် ရဲဘော်တစ်ဦး မိုင်းထိမှန်", "ရန်ကုန်၊ ဇွန်၁၁", "စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးဈေးနှင့် ညောင်ပင်ကြီး EPC ရုံးအနီးတွင် စစ်တပ်၏ ဖမ်းဆီးမှု ခံလိုက်ရသည့် ကိုမြတ်သူလင်း(ခေါ်) ကိုဗန်ဂျီကို စစ်ကောင်စီက ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်ပြီး အလောင်းကို စွန့်ပစ်သွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "မေလ ၃၁ ရက်နေ့ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် ကိုမြတ်သူလင်း(ခေါ်)ကိုဗန်ဂျီကို စစ်ကြောရေးတွင် စစ်တပ်က ညှဉ်းပန်းနှိပ်စက်သတ် ဖြတ်လိုက်ပြီး ရုပ်အလောင်းကို ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် ရှာဖွေတွေ့ရှိရကြောင်း သိရှိရသည်။", "“အလောင်းက ဒီနေ့မနက်ခင်းမှ ညောင်ပင်ကြီးသစ်ကွင်းအနီးမှာ တွေ့ရတာ။ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ထားခဲ့ကြတာ။ စစ်ကောင်စီ ကတော့ ရွာထဲက မထွက်သေးဘူး။ ဒါပေမယ့် အလောင်းကို ရွာထဲ ခိုးဝင်ပြီး သယ်ထုတ်ခဲ့ရတာ။ အလောင်းပတ် ပတ်လည်မှာလည်း နင်းမိုင်းတွေ စစ်ကောင်စီကထောင်ထားခဲ့ကြတယ်။ အဲဒီလိုထောင်ထားလို့ ရဲဘော်တစ်ဦး မိုင်းမိပြီးခြေထောက် ပြတ်ထွက်ဒဏ်ရာရရှိထားတယ်။ ကိုဗန်ဂျီအလောင်းကတော့ မြင်ရက်စရာကို မရှိတာပါ။ ခန္ဓာကိုယ်တစ်ခုလုံး ညိုမဲစွဲနေတာပဲ။ စစ်တပ်က သတ်တာက လက်ကို နောက်ပြန်ကြိုးတုပ်တယ်၊ လက်ထိပ်ခတ်တယ်။ နောက်ပြီး ရင်အုံကို တစ်ချက်၊ဗိုက်ကိုတစ်ချက် ဓါးနဲ့ထိုးပြီး သတ်ထားခဲ့ကြတာ”ဟု ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။", "လက်ရှိတွင် စစ်ကောင်စီတပ်က ညောင်ပင်ကြီးရဲစခန်းကို ပြည်သူကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဇွန်လ၉ ရက်နေ့ ညနေပိုင်းမှ ဇွန်လ ၁၁ ရက်နေ့အထိ ညောင်ပင်ကြီး၊ ထန်းတော၊ ရွာရှည်ရွာအတွင်းထွက်ခွာခြင်းမရှိဘဲ ပြည်သူပိုင် နေအိမ်များကို မီးရှို့နေဆဲဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/106871/
စစ်တပ်က ဆားလင်းကြီး ပအဖ အဖွဲ့ဝင် ကိုမြတ်သူလင်း (ခေါ်) ကိုဗန်ဂျီကို ဖမ်းဆီးပြီးနောက် ညှင်းပန်း နှိပ်စက် သတ်ဖြတ် အလောင်း စွန့်ပစ်၊ အလောင်း ပတ်ဝန်းကျင်တွင် မိုင်းများ ထောင်ထား၍ အလောင်းသယ်သည့် ရဲဘော်တစ်ဦး မိုင်းထိမှန်
["စစ်တပ်က ဆားလင်းကြီး ပအဖ အဖွဲ့ဝင် ကိုမြတ်သူလင်း (ခေါ်) ကိုဗန်ဂျီကို ဖမ်းဆီးပြီးနောက် ညှင်းပန်း နှိပ်စက် သတ်ဖြတ် အလောင်း စွန့်ပစ်၊ အလောင်း ပတ်ဝန်းကျင်တွင် မိုင်းများ ထောင်ထား၍ အလောင်းသယ်သည့် ရဲဘော်တစ်ဦး မိုင်းထိမှန်", "ရန်ကုန်၊ ဇွန်၁၁", "စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးဈေးနှင့် ညောင်ပင်ကြီး EPC ရုံးအနီးတွင် စစ်တပ်၏ ဖမ်းဆီးမှု ခံလိုက်ရသည့် ကိုမြတ်သူလင်း(ခေါ်) ကိုဗန်ဂျီကို စစ်ကောင်စီက ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်ပြီး အလောင်းကို စွန့်ပစ်သွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "မေလ၃၁ရက်နေ့ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် ကိုမြတ်သူလင်း(ခေါ်)ကိုဗန်ဂျီကို စစ်ကြောရေးတွင် စစ်တပ်က ညှဉ်းပန်းနှိပ်စက်သတ် ဖြတ်လိုက်ပြီး ရုပ်အလောင်းကို ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် ရှာဖွေတွေ့ရှိရကြောင်း သိရှိရသည်။", "“အလောင်းက ဒီနေ့မနက်ခင်းမှ ညောင်ပင်ကြီးသစ်ကွင်းအနီးမှာ တွေ့ရတာ။ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ထားခဲ့ကြတာ။ စစ်ကောင်စီ ကတော့ ရွာထဲက မထွက်သေးဘူး။ ဒါပေမယ့် အလောင်းကို ရွာထဲ ခိုးဝင်ပြီး သယ်ထုတ်ခဲ့ရတာ။ အလောင်းပတ် ပတ်လည်မှာလည်း နင်းမိုင်းတွေ စစ်ကောင်စီကထောင်ထားခဲ့ကြတယ်။ အဲဒီလိုထောင်ထားလို့ ရဲဘော်တစ်ဦး မိုင်းမိပြီးခြေထောက် ပြတ်ထွက်ဒဏ်ရာရရှိထားတယ်။ ကိုဗန်ဂျီအလောင်းကတော့ မြင်ရက်စရာကို မရှိတာပါ။ ခန္ဓာကိုယ်တစ်ခုလုံး ညိုမဲစွဲနေတာပဲ။ စစ်တပ်က သတ်တာက လက်ကို နောက်ပြန်ကြိုးတုပ်တယ်၊ လက်ထိပ်ခတ်တယ်။ နောက်ပြီး ရင်အုံကို တစ်ချက်၊ဗိုက်ကိုတစ်ချက် ဓါးနဲ့ထိုးပြီး သတ်ထားခဲ့ကြတာ”ဟု ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။", "လက်ရှိတွင် စစ်ကောင်စီတပ်က ညောင်ပင်ကြီးရဲစခန်းကို ပြည်သူကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဇွန်လ၉ ရက်နေ့ ညနေပိုင်းမှ ဇွန်လ ၁၁ ရက်နေ့အထိ ညောင်ပင်ကြီး၊ ထန်းတော၊ ရွာရှည်ရွာအတွင်းထွက်ခွာခြင်းမရှိဘဲ ပြည်သူပိုင် နေအိမ်များကို မီးရှို့နေဆဲဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/98355/
စစ်တပ်က ညအချိန် မင်းတပ်မြို့နယ်ကို လေကြောင်းမှ တစ်ဆင့် ဗုံးကျဲ ၊ ကလေးမြို့တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်ပြည်သူ ၁ ဦးဒဏ်ရာရရှိပြီး နေအိမ်တချို့ ပျက်စီး
["စစ်တပ်က ညအချိန် မင်းတပ်မြို့နယ်ကို လေကြောင်းမှ တစ်ဆင့် ဗုံးကျဲ ၊ ကလေးမြို့တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်ပြည်သူ ၁ ဦးဒဏ်ရာရရှိပြီး နေအိမ်တချို့ ပျက်စီး", "ရန်ကုန်၊ ဧပြီ ၁၉", "ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တစ်နေရာကို ယမန်နေ့ ဧပြီ ၁၈ ရက်နေ့ ည ၉ နာရီအချိန် စစ်ကောင်စီဂျက်ဖိုက်တာနဲ့ တိုက်ခိုက်သွားတယ်လို့ CDF မင်းတပ်က ထုတ်ပြန်ပါတယ်။", "မင်းတပ်နယ်ကို လာရောက်တိုက်ခိုက်တဲ့ဂျက်ဖိုက်တာက တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာ ဖြစ်ပြီး ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးကျတဲ့တည်နေရာနဲ့ ပျက်စီးမှု ကိုသိရှိရခြင်း မရှိသေးပါဘူး။", "ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့ရာမှာတော့ ဗုံးတွေဟာ တောတောင်ထဲတွေကျပြီး ရှားပါးရစ်မျိုးစိတ်ဌက်တွေသေဆုံးခဲ့ရပါတယ်။", "ဧပြီ ၁၈ ရက်နေ့လယ်ပိုင်းမှ စပြီး မင်းတပ်နယ်၊ ယောနယ်တွေမှာ ဆက်သွယ်ရေး ဖုန်းလိုင်း တွေအားလုံးကိုစစ်ကောင်စီကဖြတ်တောက်ထားပြီး ဒေသခံသတင်းရင်းမြစ်တွေနဲ့ ဆက်သွယ်ဖို့ ခက်ခဲနေပါတယ်။ ယောဒေသတော်လှန်ရေးအင်အားစုတွေက ပြည်သူတွေကို လေကြောင်း သတိရှိ ကြဖို့၊ လူစုလူဝေးမလုပ်ကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။", "ဒါ့အပြင် ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ မနေ့ ဧပြီ ၁၈ ရက်ည ၈ နာရီခွဲကနေ ၁၀ နာရီထိ ပစ်ခတ်မှုဖြစ်ပွားပြီး ရပ်ကွက်တွင်းလူနေအိမ်အချို့ပျက်စီးကာ ပြည်သူ ၁ ဦးဒဏ်ရာရရှိတယ် လို့ဒေသသတင်းရင်းမြစ် Zalen က သတင်းဖော်ပြပါတယ်။", "တာဟန်းရပ်ကွက် ပန်းသီတိုက်လမ်းကြားအနောက်ဘက်မှာရှိတဲ့ လူနေအိမ် ၄ လုံး လက် နက်ကြီးထိမှန်လို့ပျက်စီးသွားပြီး တာဟန်း B Group ဘက်မှာလည်း လူနေအိမ်ပေါ် လက် နက်ကြီးကျလို့ လူတစ်ဦးဒဏ်ရာအနည်းငယ်ရရှိကာ လူနေအိမ်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။", "နေအိမ်တွေကို ပျက်စီးစေပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိစေခဲ့တဲ့ လက်နက်ကြီးကျည်ကတော့ စစ်တပ်က အသုံးပြုနေတဲ့ လက်နက်ကြီးကျည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။"]
https://yktnews.com/2023/11/132821/
စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ပုဏ္ဏားကျွန်း မြို့မဈေး မီးလောင်နေ
["စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ပုဏ္ဏားကျွန်း မြို့မဈေး မီးလောင်နေ", "ရန်ကုန်| နိုဝင်ဘာ ၂၄", "ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ပုဏ္ဏားကျွန်း မြို့မဈေး မီးလောင်နေကြောင်း သိရှိရသည်။", "ယနေ့နိုဝင်ဘာ ၂၄ ရက်နေ့ နေ့လယ်က စစ်ကောင်စီ နေဗီမှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြိုမဈေး မီးလောင်နေသည်ဟု မြိုခံများက ပြောသည်။", "ပုဏ္ဏားကျွန်း မြိုခံတစ်ဦးက “လက်နက်ကြီးကျည်ကျလို မြိုမဈေး မီးလောင်နေပါတယ်။ စစ်ကောင်စီ နေဗီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ပါ။ ၂ နာရီ ၄၀ မိနစ်လောက်က ပစ်ခတ်တာပါ။ မီးမလောင်ခင် လက်နက်ကြီးသံ ၅ ချက်လောက် ကြားလိုက်ပါမယ်။ ခဏနေတော့ မီးလောင်နေတာပါပဲ ” ဟု ပြောသည်။", "ပုဏ္ဏားကျွန်းမြိုမဈေးမှာ ဖွင့်ထားခြင်းဖြစ်ပြီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ မီးလောင်မှုများကြောင့် ထိခိုက်ဒေသဆုံးမှုအခြေအနေများကို မသိရသေးပေ။", "လက်ရှိ ဈေးအတွင်းရှိ ဒေသခံပြည်သူများမှာ ဘေးကင်းရာနေရာသို ပြောင်းရွှေ့နေရကြောင်း စုံစမ်းသိရသည်။", "ဓာတ်ပုံ – လက်နက်ကြီးကျည်ကြောင့် မီးလောင်နေသော ပုဏ္ဏားကျွန်းမြိုမဈေး။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/05/164195/
ရေစကြို၊ ဇီးတောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများရှိပြီး သေနတ် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
["စစ်တပ်က ပြည်သူ ၇ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ မေ ၂၄", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာဘက်သို့ ဝင်ရောက်လသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး သေနတ် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ -YSO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "မေလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန် ရေစကြိုမြို့နယ်၊ ကျောက်ထပ်ကျေးရွာ၊ သဲတော ကျေးရွာ၊ ဇီးတောကျေးရွာများသို့ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် လက်နက်ကြီး၊ လက်နက် ငယ်များ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်များက ရွာအပြင်ဘက်တောင်ကုန်းများပေါ်မှနေ၍ တိုက်မိုင်း၊ ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သားများ ကစဉ့်ကလျား ထွက်ပြေးသွားကြောင်း သိရှိရသည်။", "“ဇီးတောရွာဘက်သို့ တက်လာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာပါ။ ခွေးသေထိခိုက်မှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲသတင်းအတိအကျတော့ မသိရသေးပါဘူး။ သေနတ် ၅ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိပါတယ်” ဟု ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ -YSO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ ၂၀ ရက်နေ့ ဇီးတောကျေးရွာမှ စစ်တပ်စစ်ကြောင်း လုံးဝဆုတ်ခွာသွားပြီးနောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ သည့်နေရာကို မေလ ၂၁ ရက်နေ့ တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းရာ စစ်တပ်၏ MA1 သေနတ် ၃ လက်၊ MA3 သေနတ် ၂ လက် ၊ ၎င်းကျည်း ဘောက် ၉ ဘောက်၊ ၅ ဒသမ ၅၆ ကျည် ၁၆၈ တောင့်နှင့် ကျည်ကာခံပြားပါ အီကွေးမန့် ၂ စုံတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "စစ်တပ်စစ်ကြောင်းက ဇီးတောကျေးရွာ၊ ကျောက်ထပ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ ပြီး ပြည်သူ ၇ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်တပ်က မီးရှို့ မှုကြောင့် နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။", "စစ်ကြောင်းထိုးခဲ့သော စစ်တပ်စစ်ကြောင်းကို ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO နှင့်မ ဟာ မိတ်အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါင်း သွေးနီပြောက်ကျားတပ်ဖွဲ့ – YSO အနေဖြင့် ကျည်များ ထပ်မံဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေသဖြင့် ပြည်တွင်း၊ ပြည်ပရှိ ထောက်ပို့ ပြည်သူများအနေ ဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/02/87378/
စစ်တပ်က ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေချိန် အမေရိကန် ကုန်သည်အသင်းနဲ့ အပေါင်းအပါတွေက ရန်ကုန်မှာ ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပဖို့ စီစဥ်နေမှု ဝေဖန်ခံရ
["စစ်တပ်က ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေချိန် အမေရိကန် ကုန်သည်အသင်းနဲ့ အပေါင်းအပါတွေက ရန်ကုန်မှာ ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပဖို့ စီစဥ်နေမှု ဝေဖန်ခံရ", "By ရန်ကုန်ခေတ်သစ်", "မြန်မာနိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများ အသင်း(AmCham) ဟာ ရန်ကုန်မြို့မှာ မကြာမီရက်ပိုင်းအတွင်း ဂေါက်သီးရိုက်ပြိုင်ပွဲတစ်ခုကို ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။", "လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်းမှာ ကျင်းမှာမှာဖြစ်တဲ့ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) နဲ့အတူ မြန်မာ ဟောင်ကောင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MHKCCI)၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူအသင်း (SAM) နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (TBAM) တို့က ဦးဆောင်ကျင်းပမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။", "အာရှ-ပစိဖိတ် အပြည်ပြည်ဆိုင်ရာ အစားအသောက်၊ စိုက်ပျိုးရေး၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ဆေးရွက်ကြီး သမဂ္ဂနှင့် မဟာမိတ် အလုပ်သမားများအသင်း (IUF) ကြီးကတော့ နိုင်ငံရဲ့အာဏာကို တရားမဝင် အင်အားသုံး လုယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို ပြည်သူတွေက နည်းပေါင်းစုံနဲ့ အခုလိုတော်လှန်နေချိန်မှာ ဒီဂေါက်သီးရိုက်ပြိုင်ပွဲကို ဦးဆောင်ကျင်းပတဲ့ အမေရိကန် ကုန်သည်ကြီးများအသင်းနဲ့ သူ့အပေါင်းအဖော် အဖွဲ့ဝင်တွေကို ကန့်ကွက်ရှုတ်ချတယ် လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။", "“ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်လည်ပတ် လုပ်ကိုင်နေကြောင်း” အထင်အရှား သက်သေထူလိုတဲ့ လုပ်ရပ်သဖွယ်ဖြစ်နေပြီး၊ အဖိနှိပ်ခံ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးတို့အပေါ် ညှာတာမှု ကင်းမဲ့တဲ့၊ မထောက်ထား မစာနာတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဂေါက်သီးရိုက်ပွဲ ပြန်လည်ကျင်းပခြင်းဟာ နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းအနေနဲ့ ပြစ်ဒဏ်ပေးခံရခြင်းကနေ လွတ်မြောက်နေတဲ့ အပြစ်သား (စစ်အုပ်စု) တွေနဲ့ နောက်တစ်ကြိမ် ထပ်မံပူးပေါင်း လုပ်ကိုင်နေကြောင်းကို ညွှန်ပြနေတဲ့ အချက်လည်း ဖြစ်ပါတယ်” လို့ IUF က သူတို့ရဲ့ website မှာ ‌ရေးသားဖော်ပြထားပါတယ်။", "ကိုကာကိုလာ၊ ပန်ပစိဖိတ်(Pan Pacific)၊ Park Royal နှင့် The Pizza ကုမ္ပဏီတွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်မှာ ကျင်းပမဲ့ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် ငွေကြေးမဟုတ်သော ပစ္စည်းနဲ့ ပူးတွဲထောက်ပံ့တဲ့ အလှူရှင်ကုမ္ပဏီများအဖြစ် ဖော်ပြထားပါတယ်။", "အဆိုပါ အလှူရှင်ကုမ္ပဏီတွေရဲ့ လိုဂိုအမှတ်တံဆိပ်တွေကို ဖေဖော်ဝါရီ ၈ ရက်မှာ AmCham ရဲ့ဝဘ်ဆိုဒ်မှ ဖယ်ရှားခဲ့ပြီးဖြစ်ပေမဲ့၊ (လူမှုကွန်ရက် စာမျက်နှာထက်ရှိ) ပြိုင်ပွဲပေ့ချ် စာမျက်နှာမှာတော့ ဆက်လက်ပြသထားဆဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အခြားစပွန်ဆာတွေထဲမှာ Luther ဥပဒေကုမ္ပဏီ၊ RMA အုပ်စု၊ ဂရမ်းရိုင်ရယ် (Grand Royal)၊ ရိုးမဘဏ် (Yoma Bank) နဲ့ M Tower စတဲ့အဖွဲ့အစည်းတွေလည်း ပါဝင်နေပါတယ်။", "တရားမဝင် စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် အခုလို တိုင်းပြည်က မငြိမ်မသက်ဖြစ်ပြီး ပြည်သူများ ခက်ခဲစွာ ရုန်းကန်နေရချိန်မှာ ညစာအပါအဝင် ပါဝင်ခွင့် လက်မှတ်တစောင်ကို နိုင်ငံခြားကုန်သည်ကြီးများ အသင်းဝင်အတွက် မြန်မာကျပ်ငွေ ၂၅၀,၀၀၀ နဲ့ အသင်းဝင်မဟုတ်သူများအတွက် မြန်မာကျပ်ငွေ ၃၀၀,၀၀၀ အထိကုန်ကျမှာဖြစ်တဲ့ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ရှုတ်ချမှုတွေကလည်း ထွက်ပေါ်လို့ လာနေပါတယ်။", "လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice For Myanmar က စစ်ထောက်ချုပ်ရုံးပိုင် မြေ‌ပေါ်မှာ ငှားရမ်းတည်ဆောက်ထားပြီး မြန်မာစစ်တပ်ကို အခွန်ဘဏ္ဍာငွေတွေ ပေးဆောင်နေတဲ့ ရန်ကုန် LOTTE ဟော်တယ်ဟာ ဒီပြိုင်ပွဲကို စပွန်ဆာပေး ထောက်ပံ့သူအနေနဲ့ ပါဝင်နေတဲ့အပေါ် ထောက်ပြဝေဖန်လိုက်ပါတယ်။", "ဒါ့အပြင် မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့နေပြီး စစ်တပ်ရဲ့ ရာဇ၀တ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက်စေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးမြှင့်တင်ပေးနေတဲ့ နိုင်ငံခြား ကုန်သည်ကြီးများ အသင်းတွေရဲ့ လုပ်ရပ်ဟာ ရှက်ဖွယ်လိလိပါပဲ လို့လည်း JFM က ဝေဖန်ပြောဆိုခဲ့ပါတယ်။", "မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတဦးကတော့ အခုလို နိုင်ငံခြား ကုန်သည်ကြီးအသင်းတွေရဲ့ လုပ်ရပ်အပါဝင် မြန်မာအကြမ်းဖက် စစ်အုပ်စု ပိုင်ဆိုင်ထားတဲ့ ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံတကာကုမ္ပဏီတွေ ဆက်လက်လုပ်ကိုင်နေနိုင်တာဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့မှုတွေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် လို့ ဆိုပါတယ်။", "“ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို တကယ်ပဲ ရပ်တန့်‌စေချင်ရင်တော့ အနောက်နိုင်ငံတွေအနေနဲ့ ရှေ့နောက် မညီတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပြီး၊ ဒီထက်ပိုပြီး ပြတ်သားတဲ့ ထိရောက်တဲ့ ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို အမြန်ဆုံး ချမှတ်ပေးရမှာပါ။ အထူးသဖြင့် MOGE လို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းအမည်ခံ စစ်တပ်ထိန်းချုပ်ထားတဲ့ လုပ်ငန်းမျိုးကိုပေါ့” လို့ ပြောခဲ့ပါတယ်။", "ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အကြမ်းဖက်စစ်အုပ်စုအတွက် ဝင်ငွေအမြောက်အမြား ရှာဖွေပေးနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို ထောက်ပံ့ကူညီနေတဲ့ အမေရိကန်၊ ဆွစ်ဇာလန်၊ ဂျပန်၊ ယူကေနဲ့ အိုင်ယာလန် ကုမ္ပဏီတွေပါဝင်တဲ့ နိုင်ငံတကာ သဘာဝဓတ်ငွေ့လုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီ ၂၂ ခု အကြောင်းကို အသေးစိတ်စုံစမ်း စစ်ဆေး ဖော်ထုတ်ထားတဲ့ သတင်းနဲ့ အစီရင်ခံစာတွေကို Justice for Myanmar နဲ့ The Guardian သတင်းစာကြီးက ထုတ်ပြန်ခဲ့ပါသေးတယ်။"]
https://yktnews.com/2024/01/141716/
ကော့ကရိတ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား
["စစ်တပ်က ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း Southern Eagle PDF ထံမှ သိရသည်။", "ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်ခန့်တွင် ကျားဖြူစစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ကော့ကရိတ်မြို့ မြောက်ပိုင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကော့ကရိတ်မြို့အတွင်းရှိ‌ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲများလည်း လက်ရှိချိန်ထိ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "“စစ်ခွေး သေစာရင်းနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ အတိအကျတော့ မသိသေးပါဘူး။ လက်တလောတိုက်ပွဲတော့ မပြီးသေးတော့ အတိအကျတော့ မသိရသေးတာ တိုက်ပွဲမှာ စစ်ခွေးတွေ အသေများပြီး တိုက်ပွဲခဏနားတော့ နေအိမ်တွေကို မီးရှို့သွားတာ” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #SouthernEaglePDF"]
https://yktnews.com/2023/03/90801/
စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်သတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အရပ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း အပါအဝင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ပို အရှိန်မြှင့်လာ
["စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်သတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အရပ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း အပါအဝင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ပို အရှိန်မြှင့်လာ", "ရန်ကုန်၊ မတ် ၅", "အကြမ်းဖက်စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်သတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အရပ် သား များကို လက်နက်ကြီးဖြင့် ပစ်ခတ်သတ် ဖြတ်ခြင်းများ အပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို ပိုမို အရှိန်မြှင့်လာကြောင်း ရန်ကုန်ခေတ်သစ်၏ ကောက်ယူထားသောသတင်းအချက် အလက်များအရ သိရှိရသည်။", "ဒီဇင်ဘာလ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလအတွင်း ပြည်သူ ၃၀၀ နီးပါး ရက်ရက်စ က်စက် သတ်ဖြတ်ခြင်း ခံရပြီး ယင်းသို့ သတ်ဖြတ်ခံရမှုများထဲမှ ထင်ထင်ရှားရှား ဖြစ်စဉ်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။", "‌", "တာတိုင်ရွာမှ အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ်မှု အပါအဝင် ၁၇ ဦးကို သတ်ဖြတ်", "===========================================", "စစ်ကိုင်းတိုင်း ၊ တာတိုင်ကျေးရွာမှ အမျိုးသမီး ၃ ဦးကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး မိန်းမကိုယ်အင်္ဂါများအတွင်းတွင် ကြက်သွန်နီဥများ ထိုးထည့်ထားခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသပြည်သူများက ပြောဆိုသည်။", "မတ်လ ၁ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းက တာတိုင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ မတ်လ ၂ ရက်နေ့ နံနက်ပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာချိန်တွင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁၄ ဦး စုစုပေါင်း ပြည်သူ ၁၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ပြီး လမ်းတွင် သတ်ဖြတ်ခဲ့ကာ အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း၊ အမျိုးသမီးများကိုမူ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး မိန်းမကိုယ်အင်္ဂါများအတွင်းတွင် ကြက်သွန်နီဥများ ထိုးထည့်ခဲ့ကြောင်း၊ အလောင်းများကို သယ်ယူခြင်းမပြုနိုင်ရန် အလောင်းများအောက်တွင် ဗုံးနှင့်မိုင်းများ ထောင်ထားခဲ့ ကြောင်း သိရှိရသည်။", "စစ်တပ်က သတ်ဖြတ်သွားသည့် တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦး၏ အမည်များမှာ-", "၁- ကိုမိုက်ကယ် (ဘ) ဦးလှရွှေ အသက် ၄၇ နှစ်", "၂- ကိုကွန်း (ဘ) ဦးလှရွှေ အသက် ၄၀ နှစ်", "၃-ကိုစိုးနိုင် (ဘ) ဦးလှကြိုင် အသက် ၅၀ နှစ်", "၄-ကိုကျော်စိုး (ဘ) ဦးလှကြိုင် အသက် ၃၇ နှစ်", "၅-ကိုကျော်ကျော် (ဘ) ဦးကျော်ရွှေ အသက် ၃၅ နှစ်", "၆-ကိုလင်း အသက် ၄၀ နှစ်", "၇-ကိုအောင်အောင် (ဘ) ဦးလှရွှေ အသက် ၄၀ နှစ်", "၈-ကိုရဲလင်းအောင် (ဘ) ဦးကျော်လင်းအသက်၂၅ နှစ်", "၉-ဦးသိန်းထိုက် (ဘ) ဦးနက်တူး အသက် ၆၀ နှစ်", "၁၀- ကိုဇော်ဖြိုး အသက် ၁၇ နှစ်", "၁၁- မသန်းနွယ် (ဘ) ဦးသောင်းစံ အသက် ၄၀", "၁၂- မဆွေဆွေဦး (ဘ) ဦးတက်တိုး အသက် ၄၂ နှစ်", "၁၃-ကိုထီလာ အသက် ၄၂ နှစ်", "၁၄-မပန်းနွယ် (ဘ) ဦးသောင်းစံ အသက် ၄၄ နှစ်", "၁၅-အမည်မသိ အမျိုးသား", "၁၆- အမည်မသိ အမျိုးသား", "၁၇- အမည်မသိ အမျိုးသား တို့ဖြစ်ကြောင်း သိရှိရသည်။", "လောင်းလုံး၊ အောက်ကျောက်ဝပ်ရွာသား ၅ ဦးကို စစ်တပ်က သတ်ဖြတ်", "=======================================================", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်သွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ ၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်မှ စစ်သားများနှင့် ပျူစောထီး ခေါင်းဆောင် ချစ်စမ်းမောင် ဦးဆောင်ကာ ပျူစောထီး ၅၀ ကျော်ခန့်က ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၅ လုံးကို ဝင်ရောက်မွှေနှောက်ပြီး နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ရေဦးမြို့နယ်၊ ဖလံဂုဏ်ကျေးရွာတွင် ပကဖ အဖွဲ့ဝင် ၅ ဦးကို စစ်တပ်က ပစ်သတ်", "===============================================================", "စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ နန်းမတော် မယ်နုအုတ်ကျောင်းရှိရာ ဖလံဂုဏ်ကျေးရွာ စာသင်ကျောင်း တွင် နေထိုင်ပြီး ကျေးရွာလုံခြုံရေးစောင့် ‌ပေးနေသူ ပကဖ အဖွဲ့ဝင် ၅ ဦးကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ ၄ ရက် နံနက် ၄ နာရီခန့်က ရေဦးမြို့မှ စစ်ကားကြီး ၂ စီးဖြင့် ထွက်လာသော စစ်တပ်က သံသည်ကျေးရွာမှ တဆင့်ခြေလျင်ဝင်ရောက်လာကာ စာသင်ကျောင်းအတွင်း နေထိုင်ပြီး ကျေးရွာလုံခြုံ ရေး စောင့်ပေးနေသော Local PDF တပ်ဖွဲ့ဝင် ၅ ဦးကို ဝင်ရောက်ပစ်သတ်ကာ ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးကို မီးရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းမာပင်၊ မြောက်နုံးကျေးရွာတွင် ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး အမျိုးသမီး ၁ ဦးကို စစ်တပ်က မုဒိမ်းကျင့်", "=================================================================================", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာတွင် စစ်တပ်က စိတ်ဝေဒနာရှင် ဦးဖိုးနီ၊ ကျေးရွာသား ၁ ဦး အပါအဝင် စုစုပေါင်း ၂ ဦးကို ပစ်ခတ် မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးပါ မုဒိမ်းကျင့်သွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာသို့ ဝင်ရောက်လာကြောင်း၊ ယင်းနောက် ထွက်ပြေးခြင်းမပြုနိုင်ဘဲ ပိတ်မိနေခဲ့သည့် စိတ်ဝေဒနာရှင် ဦးဖိုးနီကို ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း၊ အခြားကျေးရွာသား ၁ ဦးကိုလည်း ပစ်ခတ်ပြီး နာရေးကားထဲသို့ ထဲထည့်၍ ကားရော လူပါ မီးရှို့သွားကြောင်း၊ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးကိုပါ စစ်တပ်က မုဒိမ်းကျင့်သွားကြောင်း သိရှိရသည်။", "မြင်းခြံ၊ လေးရွာဆုံတွင် စစ်တပ်က ပြည်သူ ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို သတ်ဖြတ်", "================================================================", "မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် လေးရွာဆုံတွင် သတင်းပေး ၁ ဦး အသတ်ခံရပြီးနောက် ပျူစောထီးနှင့်စစ်တပ်က NLD ထောက်ခံသူ ပြည်သူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီး သတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူများက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "လွန်ခဲ့သော ရက်ပိုင်းအတွင်း မြင်းခြံမြို့နယ်၊ လေးရွာဆုံ ကျေးရွာမှ စစ်တပ်သတင်း ပေး ဟု သတ်မှတ်ခံရသူ ဝင်းစိုး အသတ်ခံရကြောင်း၊ ထိုသို့ အသတ်ခံရပြီးနောက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၁၀ နာရီခန့်အချိန် NLD ထောက်ခံသူ ၄ ဦးဖြစ်သည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို ပျူစောထီးများနှင့် စစ် တပ် လက်အောက်ခံ အဖွဲ့များက ဖမ်း ဆီးပြီး သတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။", "” ကိုစိုးသူဝင်း၊ ကိုဖိုးအေး၊ မခင်ယုမွန်၊ ကိုမောင်မောင်တို့ကို သီတာယုမွန် ပျူစောထီးအဖွဲ့နဲ့ လယ်သစ်ရွာက ပျူငပေါက်အဖွဲ့တွေနဲ့ လေးရွာဆုံက ပျူတွေပေါင်း ဖမ်းဆီး‌ပြီးတော့ လူမဆန်စွာ သတ်ဖြတ်သွားတယ်။ အလောင်း တွေ ကို လေးရွာဆုံး ဗလုံကျေးရွာ အကြား ချခဲ့ပါတယ်။ အဲဒီ အသတ်ခံရသူ ၄ ဦးက NLD ပါတီထောက်ခံသူဖြစ်တဲ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ် ရှား မှုတွေမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ ဒလန်ဝင်းစိုး အသတ်ခံရမှုနဲ့လည်း မပတ်သက်ပါဘူး။ ပျူစောထီးနဲ့ စစ်ခွေးတွေက လက်တုံ့ပြန်ပြီး သတ်ပြပြီး ခြိမ်း ခြောက်တာပါ” ဟု ဒေသကာကွယ်ရေးတပ် ခေါင်းဆောင်တစ်ဦးက ပြောသည်။", "မုံရွာတွင် စစ်တပ်က ပြည်သူတစ်ဦးကို ဦးခေါင်းဖြတ်၍ သတ်ဖြတ်", "==================================================", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆူးလေကုန်းကျေးရွာနှင့် ရန်နိုင်ကျွန်းကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ်က အမျိုးသားတစ်ဦးကို ဦးခေါင်း ဖြတ်သတ်ထားခဲ့ကြောင်း ၊ ဖေဖော်ဝါရီလ ၆ ရက် ည ၁၁ နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်အနီးရှိ အလုံ မင်းဒေါင့်ဆိပ်ကမ်းမှ သင်္ဘောတစ်စီးဖြင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော အကြမ်း ဖက်စစ်သား ၇၀ ခန့်သည် မုံရွာမြို့အနီး ညောင်ပင်ဇောက်ရပ်ကွက် အနောက်ဘက် ဆားပေါက် ကုန်း တာဝန်တိုင်အနီးတွင် ဆိုက်ကပ်ခဲ့ကြောင်း၊ ယင်း​နောက်ပြည်သူ ၁ ဦးကို ​ခေါင်းဖြတ်သတ်သွားခြင်းဖြစ်​ကြောင်း သိရသည်။", "ရေစကြို သဲတောကျေးရွာတွင် မင်္ဂလာဦး PDF လူငယ် ဇနီးမောင်နှံကို စစ်တပ်က သတ်ဖြတ်", "====================================================================", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာတွင် မင်္ဂလာဆောင်ကြတော့မည့် မင်္ဂလာဦး PDF လူငယ်ဇနီးမောင်နှံကို စစ်တပ်က သတ်ဖြတ် မီးရှို့သွားကြောင်း Southern YSO PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်း ရေစကြိုမြို့နယ် သဲတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အပြစ်မဲ့ပြည်သူများကို ဓားစာခံဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် သဲတောကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသော Southern YSO PDF ကင်းစခန်းငယ်တစ်ခုသို့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန် စစ်တပ်က ဝင်ရောက်လာစဉ် PDF တပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Southern YSO PDF၊Urban Underground Revolution Force (UURF-YSO)ဗိုလ်ရာဟု တပ်ခွဲ၊Shwe Nyar Myae People Defense Force(YSO)၊Yesagyo Revolution Force (YRG)၊ညီ နောင် သုံးဖော်၊ Zarmani Blood Guerilla Army.Myaing အဖွဲ့များက မိုင်း ၃ လုံး ရှေ့ထွတ်ပြောင်း ၃ လုံးဖြင့် တိုက်ပွဲပုံဖော်ခဲ့ကြောင်း သိရှိရသည်။", "ယင်းနောက် စစ်တပ်က မင်္ဂလာဆောင်ကြတော့မည့် မင်္ဂလာဦး PDF လူငယ် ဇနီးမောင်နှံကို ဖမ်းဆီး သတ်ဖြတ်သွားကြောင်း၊ အဆိုပါ PDF ဇနီးမောင်နှံသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မင်္ဂလာဆောင်ကြမည့် ဇနီးမောင်နှံဖြစ်ကြောင်း ၊ ရဲဘော် ၂ ဦးလုံးသည် Urban Underground Revolution Force (UURF -YSO)တပ်ခွဲ ဗိုလ်ရာဟုအဖွဲ့ မှရဲဘော်များဖြစ်ပြီး Southern YSO PDF အဖွဲ့မှာ တော်လှန်ရေးအစကနေ ယခုချိန်ထိ အတူနေတိုက်ပွဲဝင် မိသားစု ညီအကိုများ ဖြစ်ကြောင်း သိရှိရသည်။", "အရာတော်နှင့်ခင်ဦးတွင် စစ်တပ်က PDF ရဲဘော် ၄ ဦးကို ခေါင်းဖြတ်သတ်ဖြတ်", "============================================================", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်း ရ ဟတ် ယာဉ်ဖြင့် ချထားပေးခဲ့သည့် အင်အား ၈၀ ခန့် ဝန်းကျင်ရှိ စစ်ကြောင်း က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် မြင်းမူမြို့နယ်၊ ကန်တော် ကျေးရွာအနီးသို့ PDF ရဲဘော် ၂ ဦးကို ဖမ်းဆီးပြီး Zero ပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်းရှိရာ နေရာသို့ စစ်ကြောင်း ထိုးဝင် ရောက် ခဲ့ကြောင်း၊ ယင်းနောက် PDF ရဲဘော် ၂ ဦးကို ခေါင်းဖြတ်သတ်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဖေဖော် ဝါရီလ ၂၇ရက်နေ့ နံနက်ပိုင်း မြင်းဒေါင်းရွာတွင် တပ်စွဲထားသော စစ်ကြောင်းက အင်အား ၁၀၀ ဖြင့် ရေဦး-ခင်ဦး လမ်းတစ် လျှောက် ထောက်ပို့ ကားသုံးစီးဖြင့် လာရောက်စဉ် သရက်ပင်စုရွာအနီး မကျီးအုပ်ရွာမှ ကင်း ထောက် PDF ရဲဘော် ၂ ဦးကို တွေ့ရှိပြီး ခေါင်းဖြတ်ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "ချောင်းဦးတွင် မောင်ပြည့်ဖြိုး ဦးနှင့် ဒေါ်စန်းကြည်တို့ကို စစ်တပ်က သတ်ဖြတ်", "=============================================================", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ခင်မွန်ကျေးရွာကို ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဖြိုးဦးနှင့် အသက် ၆၇ နှစ် ဒေါ်စန်းကြည်တို့ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောသည်။", "မတ်လ ၃ ရက်နေ့ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ ခင်မွန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ကြောင်း၊ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဖြိုးဦးနှင့် အသက် ၆၇ နှစ်အရွယ် ဒေါ်စန်းကြည်တို့မှာ သေဆုံးသွားခဲ့ရကြောင်း၊ ထို့ပြင်စစ်တပ်က ခင်မွန်ကျေးရွာ အတွင်းမှ အိမ်ခြေ ၇၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး အဆိုပါ မီးရှို့မှုမှာ ဒုတိယအကြိမ်မြောက် စစ်တပ်က ကျေးရွာကို မီးရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဖယ်ခုံ၊ ခေါင်းအိရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦးသေဆုံး", "====================================================================", "ကယားပြည်နယ်၊ ခေါင်းပိကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ရက်ဆက် လက် နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသားနှင့် ညီဖြစ်သူ အသက် ၁၅ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်တွင်လည်း ဖယ်ခုံမြို့ရှိ အကြမ်းဖက် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ခေါင်းအိကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းအတွင်း စာကျက်နေသည့် အသက် ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသား ၁ ဦးနှင့် ၎င်း၏ ညီဖြစ်သူ အသက် ၁၅ နှစ် အရွယ် ညီဖြစ်သူ ၁ ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။", "အုတ်ဖိုတွင် CDM သူနာပြု မမေဇွန်မိုးကို စစ်တပ်က မုဒိမ်းကျင့် သတ် ဖြတ်ပြီး PDF ၂ ဦးကိုလည်း စစ်တပ်က ပစ်သတ်", "=========================================================================", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးကို စစ်တပ်က မုဒိမ်းကျင့် ပစ်ခတ်သတ် ဖြတ်အလောင်းဖျောက်ခဲ့သော်လည်း PDF ရဲဘော် များက သူနာပြု ဆရာမ၏ အလောင်းကို ပြန်လည် တွေ့ရရှိခဲ့ရကြောင်း မျက် မြင် များနှင့်PDF သတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့တွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးသည် အုတ်ဖို မြို့နယ် PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦး၏ အမျိုးသမီးကို တောထဲတစ်နေရာတွင် သွားရောက်မီးဖွားပေးခဲ့ကြောင်း၊ ယင်းနောက် အုတ်ဖိုမြို့သို့ PDF ရဲဘော် ၂ ဦးက လိုက်ပို့ခဲ့ကြောင်း၊ အုတ်ဖို၊ အေးမြ သာယာအုပ်စု ကျောက်ဖြူတောင် ကျေးရွာ အနီး ခမရ ၆ တိမ်ညွန့်တပ် စစ်ဆေးရေးဂိတ်တွင် သူနာပြုဆရာမ မမေဇွန်မိုးကို လိုက်ပို့သည့် PDF ရဲဘော် ၂ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ ကြောင်း၊ CDM သူနာပြု ဆရာမ မမေဇွန်မိုးမှာမူ ထွက်ပြေး ပုန်းအောင်းခဲ့ သော် လည်း စစ်တပ်က ဖမ်းမိသွားခဲ့ကြောင်း၊ ယင်းနောက် မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။", "ခင်ဦးမြို့နယ် အလယ်လျှိုရွာမှ ပြည်သူ ၉ ဦးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်", "=====================================================================", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ အလယ်လျှိုကျေးရွာမှ ပြည်သူ ၉ ဦးကို စစ်တပ် က ရက်စက်စွာ သတ်ဖြတ်ထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဒီဇင်ဘာ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၂ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်သည် အလယ်လျှိုရွာတွင် တပ်စခန်းချထားခဲ့ပြီး ယင်း တပ်စခန်းချထားစဉ် ပြည်သူ ၉ ဦးကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သတ် ဖြတ် ခံရသူများမှာ –", "၁-ဦးချစ်ခင် (၆၅ နှစ်)", "၂- ကိုအောင်ကို (၃၅ နှစ်)", "၃- ကိုဆန်းနိုင် (၂၁ နှစ်)", "၄- နေမျိုးအောင် (၁၇ နှစ်)", "၅- ဦးထွန်းမင်း (၄၈ နှစ်)", "၆-ကိုကျော်စိုးအောင် (၄၃ နှစ်)", "၇-ဒေါ်ဝင်းဌေး (၄၅ နှစ်)", "၈-ဒေါ်ချောပို (၄၈ နှစ်)", "၉-ကိုအောင်မြင့်သန်း (၃၈ နှစ်) တို့ ဖြစ်ကြကြောင်း သိရှိရသည်။", "ပဲခူးတိုင်း၊ ထန်းတပင်တွင် CDM မူလတန်းကျောင်းဆရာ ဦးမျိုးမင်းထိုက်ကို စစ်တပ်က ပစ် ခတ် သတ်ဖြတ်", "================================================================================", "ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ တလိုင်းအိုင်ကျေးရွာအုပ်စု၊ ရွာလေးကုန်ကျေးရွာတွင် စစ်တပ်က CDM မူလတန်း ကျောင်းဆရာ ဦးမျိုးမင်းထိုက်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပစ် ခတ်သတ်ဖြတ်လိုက်သည်။", "ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း CDM ကျောင်းဆရာ ဦးမျိုးမင်းထိုက်သည် ကိစ္စတစ်ခုဖြင့် အပြင်သို့ သွားပြီး နေအိမ်ရှိရာ ရွာလေးကုန်ကျေးရွာသို့ ပြန်လာကြောင်း၊ ထိုသို့ပြန်လာစဉ် စစ်တပ်က CDM ကျောင်းဆရာ ဦးမျိုးမင်းထိုက်ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ကန့်ဘလူ၊ ညောင်ကုန်းရွာကို စစ်တပ်က မီးရှို့ပြီး သက်ကြီးရွယ်အို ၂ ဦးကို သတ်ဖြတ်", "====================================================================", "စစ်ကိုင်းတိုင်း၊ ညောင်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အမျိုးသား ၂ ဦးကို မီးရှို့သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများနှင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။", "စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးများ စုစုပေါင်း အင်အား ၁၀၀ ခန့်သည် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပလူသာရွာမှ လမ်းပြအဖြစ် ဖမ်းခေါ်လာသည့် ဦးသန်းလွင် (၅၅ နှစ်) နှင့် ညောင်ကုန်းရွာထဲတွင် ပိတ်မိနေသည့် ဦးနွားတင် (၇၇ နှစ်) တို့ကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက် မီးရှို့သတ်ဖြတ်ခဲ့ပြောင်း၊ ပိတ်မိနေသည့် အမျိုးသမီး ၃ ဦးကိုလည်း စစ်တပ်က ညှဉ်းပန်းနှိပ်စက်ရာ တစ်ဦးမှာ လည်ပင်း ပြတ်ရှဒဏ်ရာဖြင့်လည်းကောင်း၊ ကျန် နှစ်ဦးမှာ ဝမ်းဗိုက်ဓားဒဏ်ရာများ ရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။", "မော်လိုက်တွင် ပြည်သူ ၄ ဦး ကို စစ်တပ်က ပစ်ခတ်ညှဉ်းပန်းသတ်ဖြတ်", "======================================================", "စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် စစ်တပ်က အသက် ၇ နှစ်အရွယ်ကလေး ငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးကို ညှဉ်းပန်းပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဒီဇင်ဘာလ ၂၂ ရက်နေ့ ဝဲဒေါင့်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်နှင့်ပျူစောထီးများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ စစ် ဘေး ရှောင်နေရသည့် အသက် ၇ နှစ်အရွယ် ကလေးငယ်မှာ လက်နက် ကြီး ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "ထို့ပြင်စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ဦးဝင်းမြင့်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့ တွင် ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "အလားတူ မော်လိုက်မြို့နယ်၊ တပ်ကုန်းရွာမှ ကိုနိုင်နိုင်နှင့် ကိုဖိုးဖြူကို စစ်တပ် က ဒီဇင်ဘာလ ၉ရက်နေ့တွင် လမ်းပြအဖြစ် ဖမ်းဆီး ခေါ်သွားခဲ့ ပြီး ဒီဇင် ဘာ လ ၂၃ရက်နေ့တွင် ၎င်းတို့ ၂ ဦး၏ အလောင်းများကို ပြန်လည် တွေ့ရှိ ရ ကြောင်း ၊ အသတ်ခံထားရသည့် အလောင်း ၂လောင်းတွင် ခြေသလုံး အရေခွံ့ များခွာခံထားရပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံထားရကြောင်း သိရှိရ သည်။", "စစ်တပ်က ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် မောက်လိုက်မြို့နယ်အတွင်းရှိ တပ်ကုန်းကျေးရွာမှ စစ်ရှောင် တဲ၂လုံး၊ ဝဲကသာ ကျေးရွာမှ အိမ် ၅၀ ၊ ရွှေ ကျောင်း တိုင်ကျေးရွာမှ တဲ ၂လုံး၊ ကုန်းခါတွန် အိမ်ခြေ ၁၇ လုံးတို့ကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။", "ပေါက်မြို့နယ်တွင် ပြည်သူ ၁ ဦးကို စစ်တပ်က လည်လှီးသတ်ဖြတ်", "==================================================", "မကွေးတိုင်း ပေါက်မြို့နယ်တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီမှ စတင်၍ လယ်ဘဲ့ရွာကို စစ်အင်အား ၁၅၀ ဖြင့် နယ်မြေရှင်းလင်းသည် ဟုဆိုကာ စစ်ကြေားထိုးလာပြီး အိမ်ခြေ ၄၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စစ်တပ်က ပေါက်မြို့နယ်၊ လယ်ဘဲ့ရွာဘက်မှ အင်ပင်ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ဆူးလေကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးကြောင်း၊ ဆူးလေ ကုန်း ကျေးရွာ တွင် ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး လည်ပင်းကို ဓားဖြင့် လှီးကာ နှိပ်စက်ညှဉ်း ပန်း သတ်ဖြတ်သွားကြောင်း သိရှိရသည်။", "လှည်းကူးတွင် စစ်တပ်က HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက် တာဝန်ခံ ကိုဝင်းစိုး၏ ကလေး အပါအဝင် မိသားစုဝင် ၅ ဦးကို သတ်ဖြတ်", "=================================================", "ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးများက သတ်ဖြတ်ခဲ့သော ကလေးငယ် အပါအဝင် မိသားစုဝင် ၅ ဦးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် Hawk Revolution Squad – HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက်တာဝန်ခံ ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ မိသားစုဝင်ဖြစ်များဖြစ်ပြီး တရားမျှတမှုအတွက် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း Hawk Revolution Squad – HRSက တရားဝင် သတင်းထုတ်ပြန်သည်။", "မွန်ပြည်နယ်၊ KNU/KNLA တပ်မဟာ ၁ ၊ တပ်ရင်း ၂ နယ်မြေတွင် အခြေပြုလှုပ်ရှားလျက်ရှိသည့် Hawk Revolution Squad – HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက်တာဝန်ခံ ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ ၃ နှစ်အရွယ် သား အပါအဝင် မိသားစုဝင် ၅ ဦးကို သတ်ဖြတ်မှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်း HRS တပ်ဖွဲ့က ပြောသည်။", "ဖေဖော်ဝါရီလ ၂၂ ရက် ည ၈ နာရီအချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ မေဃဝတီ ၄ လမ်း၊ မြို့ကြီးကုန်းဘက်တွင် နေထိုင်သူ ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ ၃ နှစ်အရွယ် သား၊ နီးဖြစ်သူ မဝင်းနွယ်၊ အသက် ၈၅ နှစ်အရွယ် အဖိုးဖြစ်သူ ဦးအောင်မောင်း၊ ယောက္ခမဖြစ်သူ ဒေါ်စန်းနွဲ့၊ ဒေါ်စန်းနွဲ့ ၏ သားဖြစ်သူ ဦးမောင်မောင် တို့ကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများမှ နေအိမ်အ တွင်းဝင်ရောက်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဝက်လက်မြို့နယ်၊ မုဆိုးခြုံဘူတာကျေးရွာတွင် စစ်ဘေးရှောင်တစ်ဦးကို ပစ်သတ်", "===============================================================", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မုဆိုးခြုံဘူတာ ရွာကို စစ်တပ်က ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညပိုင်း မီးတင် ရှို့ပြီးနောက် မတ်လ ၁ ရက်နေ့ စစ်ဘေးရှောင် ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ သ မိုင်း ဝင် ဟံလင်းပျူမြို့ဟောင်းအနီးရှိ မုဆိုးခြုံဘူတာရွာကို စစ်တပ်က မီးတင်ရှို့ ခြင်း ဖြစ်ကြောင်း၊ မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ် စစ်ကြောင်းက ရွှေဘိုမြို့ နယ် မှ ဝက်လက်မြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက် လာ ပြီး မုဆိုးခြုံဘူတာရွာတွင် ဝင်ရောက် တပ်စွဲကြောင်း၊ ယင်းနောက် ရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်ပြီး ပြည်သူ တစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ရကြောင်း သိရှိရသည်။", "ကျောက်ကြီးတွင် ဦးကျော်မိုးဝင်းနှင့် ဦးကြာပေါ်တို့ကို စစ်တပ်က ပစ်သတ်", "==========================================================", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းအုပ်စုရှိ ညောင် ပင်သာကျေးရွာ ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ဦးကျော်မိုး ဝင်း နှင့် ဦးကြာပေါ်တို့ကို ပစ်သတ် သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စ၍ စစ်တပ်က ညောင်ပင်သာ ကျေးရွာအတွင်းသို့ ဝင်ရောက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၄ လုံးလက်နက် ကြီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ စစ်တပ်က ပြည်သူ ၂ ဦး ရွာအတွင်းတွင် ပစ်ခတ်၍ သေဆုံးသွားကြောင်း၊ စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေး တပ်များအ ကြား တွင် လည်း တိုက်ပွဲများဖြစ် ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "တွံ့တေးတွင် ကင်းစောင့်နေသူ မစမ်းပပအောင်ကို စစ်တပ် ပစ်သတ်", "====================================================", "ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ကဘင်ကြီးကျေးရွာတွင် တစ်အိမ်တစ်ဦး အ လှည့် ကျ မဖြစ်မနေ စစ်တပ်က ကင်းစောင့်ခိုင်းပြီး ကင်းစောင့်နေသူ မစမ်းပပအောင်ကို စစ်သားများက ပစ်သတ်လိုက်ကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်း တွံတေးမြို့နယ်၊ ကဘင်ကြီးကျေးရွာမှ မစမ်းပပအောင်သည် တစ်အိမ်တစ်ယောက် မဖြစ်မနေ ကင်းစောင့်ရမည်ဟု စစ်တပ်က ခိုင်းစေထားသဖြင့် အိမ်တွင် ယောင်္ကျားသားမရှိသောကြောင့် ကိုယ်တိုင် ကျေး ရွာ ကင်းထွက်စောင့်ကြောင်း၊ ထိုအချိန် အိမ်တစ်အိမ်က ဓားပြဝင်တိုက် သည် ဆိုသော အော်ဟစ်သံကြားသဖြင့် ကင်းစောင့်နေသော မစမ်းပပအောင်က ဓာတ်မီးဖြင့် လိုက်ထိုး ကြည့်ရှုရာ ယူနီဖောင်းအပြည့်အစုံဖြင့် စစ်သားတစ်ဦးဖြစ်နေပြီး ယင်းစစ်သားက မစမ်းပပအောင်ကို ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ မစမ်းပပအောင်သည် မေးစေ့အောက်မှ ကျည်ဝင်ပြီး နားထင်ဖောက်ထွက် ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "တွံ့တေးတွင် “အမေစု နိုင်ပါစေ” ဟု ကြွေးကြော်သူ ဆန္ဒပြသူကို စစ်တပ်က ရိုက်သတ်", "================================================================", "ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် “အမေစု နိုင်ပါစေ” ဟု ကြွေးကြော်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး တစ်ကိုယ် တော် ဆန္ဒပြသူ အရပ်အခေါ် နာမည် မိုးဒီ( နာမည်အရင်း စုံစမ်းဆဲ) ဆိုသူကို စစ်တပ်က ဖမ်းဆီး ရိုက်နှက်သတ် ဖြတ် လိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။", "ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ နေ့လယ်ပိုင်း ရွှေဆံတော်ဘုရား အနီးတွင် အရပ်အခေါ် နာမည် မိုးဒီ ဆိုသူက စစ်အာဏာရှင် ဆန့်ကျင်ရေး တစ်ကိုယ်တော် ဆန္ဒပြကြောင်း၊ ၎င်းကို စစ်တပ်က လူမြင်ကွင်းတွင်ပင် ထိုး ကြိတ် ဖမ်းဆီးခဲ့ပြီး သေလုမျောပါး ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကားပေါ်ဆွဲတင်သွားပြီး ဆေးရုံတင်ပို့ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ကနီတွင် စက်လှေ ၁ စီးကို စစ်ရေယာဥ်က ပစ်ခတ်မှုကြောင့် မမာမာဝင်း သေဆုံး", "============================================================", "စစ်ကိုင်းတိုင်း၊ ကနီနှင့် ယင်းမာပင်မြို့နယ်အကြားတွင် ပြည်သူများ လိုက်ပါသည့် စက်လှေ ၁ စီးကို စစ်တပ်ရေယာဥ် အုပ်စုက ပစ်ခတ်ခဲ့သောကြောင့် မမာမာဝင်း သေဆုံးခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကနီမြို့နယ် ယင်းယိမ်ကျေးရွာတွင် နေထိုင်သည့် မိသားစုတစ်စုသည် ယင်းမာပင်မြို့နယ်မှ ကနီမြို့နယ်သို့ စက်လှေတစ်စီးဖြင့် ပြန်လာစဥ် ကနီမြို့နယ် သပြေတောကျေးရွာအနီးသို့ ရောက်ရှိချိန်၌ အကြမ်းဖက် စစ်တပ် ရေယာဥ်များပေါ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် စက်လှေပေါ်၌ လိုက်ပါလာသည့် မိသားစုထဲမှ နှလုံးရောဂါသည် မမာမာဝင်း နှလုံးဖောက်၍ သေဆုံးသွားကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ယင်းမာပင်မြို့နယ်မှ မမာမာဝင်း၏ ရုပ်အလောင်းကို သားသမီးများကို နောက်ဆုံးကန်တော့ကြစဉ်။", "Photo- ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့။"]
https://yktnews.com/2023/07/112434/
စစ်တပ်က ပြည်သူများကို နိုင်ငံရေးနှင့်ပတ်သက်သည့် အမှုများ ဆင်၍ ငွေညှစ်၊ အမျိုးသားတချို့ကို စစ်တပ်ထဲသို့ အတင်းအဓမ္မ ခေါ်သွင်း
["စစ်တပ်က ပြည်သူများကို နိုင်ငံရေးနှင့်ပတ်သက်သည့် အမှုများ ဆင်၍ ငွေညှစ်၊ အမျိုးသားတချို့ကို စစ်တပ်ထဲသို့ အတင်းအဓမ္မ ခေါ်သွင်း", "ရန်ကုန်၊ ဇူလိုင် ၁၁", "အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်တပ်တပ်ရင်းတပ်ဖွဲ့များက ပြည်သူ များကို အကြောင်းမဲ့ နိုင်ငံရေးနှင့်ပတ်သက်သော အမှုများ ဆင်၍ ငွေညှစ်မှုများ များပြားလာကြောင်း ငွေညှစ်ခံရသည့် ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကျေးရွာတွင် လမ်းဘေး ဆိုင် ဖွင့်လှစ်ပြီး အသက်မွေးဝမ်းကြောင်းနေသူများ၊ ဆိုင်ခန်းပိုင်ရှင်များ၊ လုပ်ငန်းရှင်များကို စစ်တပ် ဘူးသီးတောင်မြို့နယ် အမှတ် ၁ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်က ပုဒ်မ အမျိုးမျိုးအသုံးပြုခြိမ်းခြောက်၍ တောင်းယူ နေကြောင်း သိရှိရသည်။", "“ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကျေးရွာမှာ လမ်းဘေး ဆိုင် ရောင်းပြီးမိသားစုကိုအသက်မွေးဝမ်းကျောင်းပြုနေကြသူတွေ ကို ဘူးသီး တောင်မြို့နယ် အမှတ် ၁ စစ်ဗျူဟာမှူးတင်မိုးအောင်က ပုဒ်မအမျိုးမျိုးတပ်ပြီး ငွေကျပ်သိန်းပေါင်း များစွာ ခြိမ်းခြောက်တောင်းပါတယ်။ ကျက်ဘက်လမ်း ဘေးစျေး မဖျက်စေချင်ရင် ငွေကျပ်သိန်း ၅၀၀ ပေးဆိုပြီး တောင်းယူပါတယ်။ ဆိုင်ခန်း ပိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေကို သိန်း ၁၀၀ စီ ငွေညှစ်ပါတယ်။ အခု နောက် တခါ ဘူးသီးတောင်မှာ ငွေချမ်းသာသူ လူ ၄ ဦးကိုစစ်ဗျူဟာမှူး တင်မိုး အောင်ရဲ့ တပည့် အောင်သန်းထွန်က ခေါ်ယူစစ်ဆေးပြီး ငွေကျပ်သိန်း ၁ဝဝ စီ ငွေညှစ်ပါတယ်။ မပေးရင် နိုင်ငံရေးပုဒ်မနဲ့ အရေးယူမယ်လို့ ခြိမ်း ခြောက် ပါ တယ်။ အဲသလိုမျိုး ရိုဟင်ဂျာများကို အကွက် အမျိုးမျိုး ဆင်ငွေညှစ် ခံနေရ တယ်။ ဘူးသီးတောင်မြို့နယ်တစ်ခုလုံးမှာ ရိုဟင်ဂျာစီးပွားရေသမားများ၊ငွေ ကြေး ဥစ္စာချမ်းသာသူများကိုခေါ်ယူ ထိန်းသိမ်းပြီး စစ်တပ်က ငွေကျပ် သိန်း ပေါင်း များ စွာ ခြိမ်းခြောက်တောင်းယူနေပါတယ်” ဟု ဘူးသီးတောင်မြို့ ခံတစ်ဦးက ပြောဆို သည်။", "ထို့ပြင် မိုခါမုန်တိုင်းဒဏ်ခံနေရသော ဘူးသီးတောင်မှ ပြည်သူများအတွက် ရိက္ခာ၊ ဆန်၊ဆား၊ရေသန့်ဘူးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများကို စစ်ဗျူ ဟာမှူး တင်မိုးအောင်က အာဏာသုံးဖြတ်ယူမှုများ မျက်နှာလိုက် ပေးမှုများရှိနေကြောင်း သိရှိရသည်။", "အလားတူ မကွေးတိုင်း၊ စေတုတ္တရာဂိတ်တွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး အမှုဆင် ငွေညှစ်တောင်းယူနေမှုများရှိနေကြောင်း၊ ဖမ်းဆီးခံရသူ ပြည်သူတစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းဖြင့် ရွေးယူခိုင်းကြောင်း ၊ တချို့ကို စစ်တပ်ထဲသို့ အတင်းသွပ်သွင်းနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "” ဇွန်လ ၁၄ ရက်နေ့ မကွေးကနေ ထီးလင်းကို ‌ပြန်လာတဲ့ ပြည်သူတချို့ (လုံခြုံရေးအရ အမည်မဖော်ပြနိုင်ပါ) စေတုတ္တရာ ဂိတ်မှာ ဖမ်းချုပ်ခံ လိုက်ရ တယ်။ ကားသမား၊ ကားပေါ်ပါလာတဲ့သူတွေကို မှတ်ပုံတင်က ၈/ မို့လို့ ဖမ်း တယ်ဆိုပြီး ဖမ်းထားတယ်။ ၄ ရက် ၅ရက်လောက်ကြတော့မှ ကားသမားက သူ့မိန်းမအိမ်ကို ဖုန်းဆက်ပြီး ၁၅ သိန်းနဲ့ လာရွေးဖို့ ပြောတယ်” ဟု ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးက ပြောသည်။", "စစ်တပ်က တောင်းခံသည့် ငွေကြေးကို စစ်တပ်က လွှဲခိုင်းသည့် Kpay နံပါတ် သို့ လွှဲရပြီး ပြည်သူ ၁ ဦးလျှင် ၁၅ သိန်း ငွေလွှဲပေးသော်လည်း မလွှတ်ပေးဘဲ ထပ်မံ ငွေတောင်းယူကြောင်း၊ တစ်ဦးလျှင် ငွေကျပ် ၂၁ သိန်း ဝန်းကျင် ရရှိမှ သာ ရှေ့ဆက်မသွားရန်နှင့် မကွေးမြို့သို့ ပြန်ရန် ပြောဆိုပြီး လွှတ်ပေးခဲ့ ကြောင်း၊ အမျိုးသားတစ်ဦးကိုမူ ပြန်လွှတ်မပေးဘဲ စစ်တပ် ထဲသို့ ခေါ်သွင်း လိုက်ကြောင်း၊ ဖမ်းဆီးထားစဉ်လည်း ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင် ကြောင်း သိရှိရသည်။", "“ငွေမရမချင်း ၁၀ရက်လုံးလုံးထမင်းတစ်စေ့မှမကျွေးဘူး။ ဇူလိုင်လ ၃ ရက် နေ့မှာ ပြည်သူတချို့ ပြန်လွတ်ပေမယ့် အမျိုးသားတစ်ဦးကတော့ စစ်ထဲ အသွင်း ခံလိုက်ရတယ်။ ပိုက်ဆံလည်းတောင်းသေးတယ်။ လူကိုလည်း စစ် တပ်ထဲ အတင်းထည့်သေးတယ်။ စေတုတ္တရာ ဂိတ်စောင့် စစ်ခွေးတွေက အတော် လူ မဆန်နေတာပါ” ဟု ကိုယ်တိုင်ကြုံတွေ့ရသူ ပြည်သူက ပြောဆို သည်။", "စစ်တပ်က ပြည်သူများကို ငွေကြေးခြိမ်းခြောက်တောင်းယူမှုများ၊ ညှဉ်းပန်းနှိပ် စက်မှုများ၊ စစ်တပ်ထဲ သွင်းနေမှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီထိပ်ပိုင်းသို့ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးအဝင်အ၀။"]
https://yktnews.com/2023/01/83670/
စစ်တပ်က မီးရှို့ဖျက်ဆီးသွားသော ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို WCA အဖွဲ့က ထောက်ပံ့လှူဒါန်း
["စစ်တပ်က မီးရှို့ဖျက်ဆီးသွားသော ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို WCA အဖွဲ့က ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီလ ၂၉", "စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံရသော အိမ်ထောင်စု ၁၆၄ စု အတွက် အ ရေးပေါ်လိုအပ်သော အသုံး အဆောင် စ္စည်းများကို Western Chindwin Association – WCA အဖွဲ့က ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော ပုလဲမြို့ နယ်အတွင်းရှိ ကျေးရွာများနှင့် နေအိမ်များမှာ ကြောင်ဝင်ဒူး ရွာတွင် ၃၇ အိမ်၊ သရက်ကန်ရွာ ၄၇ အိမ်၊ ကိုးပင်ရွာ ၁၉ အိမ်၊ ညောင်းရင်းကုန်းရွာ ၄ အိမ်၊ ရွာသစ်ရွာ ၁၃ အိမ်၊ သပြေအေးရွာ ၉ အိမ်၊ သရက်လှရွာ ၃၅ အိမ်တို့ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/157343/
ရေစကြိုမြို့ ထွေ/အုပ်ရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သင်္ကြန်ပွဲလုပ် သောက်စားပျော်ပါးနေစဉ် ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
["စစ်တပ်က ရပ်ကွက်အတွင်းရှိ ပြည်သူ့နေအိမ် ၂ လုံးကိုမီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဧပြီ ၁၆", "မကွေးတိုင်း၊ ရေစကြို့မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သင်္ကြန်ပွဲပြုလုပ်ကာ သောက်စား ပျော်ပါးနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်းMyingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၁၄ ရက် ညနေ ၄ နာရီ မိနစ် ၂၀ အချိန်ခန့်က ရေစကြိုမြို့ အထွေထွေအုပ်ချုပ်ရေး မှူးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် သင်္ကြန်ပွဲပြုလုပ်၍ သောက်စားပျော်ပါးနေ စဉ် ပြောက်ကျားနည်း ဗျူဟာသုံး၍ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“၄၀ မမနဲ့ ဆော်တာက မသေဘူး၊ သေနတ်နဲ့ ဝင်ပစ်တာက သေတာ၊ စစ်ခွေးတွေ မီးရှို့တဲ့ နေအိမ် ၂ လုံး ကတော့ ပြာကျသွားတယ်။ လူနေလား၊ မနေလားတော့ ကျနော်တို့လည်း မသိဘူး” ဟုMyingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများက အော်ဟစ်ဆဲဆိုကာ ရေစကြိုမြို့၊ ထင်း တန်းရပ်ကွက်နှင့် နဂါးရုံရပ်ကွက်မှ ပြည်သူ့နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကိုMyingyan Black Tiger (MBT)တပ်ဖွဲ့နှင့်အတူYSO-TPG ပြောက်ကြား တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မြို့ပြများကို ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ရန်အတွက် “မြို့ပြဆီသို့” ကမ်ပိန်းအား ပူးပေါင်းပါဝင်ကူညီပေးကြပါရန်Myingyan Black Tiger (MBT) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#ရေစကြိုမြို့ ထွေ/အုပ်ရုံး#သင်္ကြန်ပွဲလုပ် သောက်စားပျော်ပါးနေစဉ်"]
https://yktnews.com/2025/03/205848/
စစ်တပ်က လုံခြုံရေးတိုးမြှင့်ခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရထားလမ်း ရဲကင်းစခန်း ၇ ခု အတိုက်ခံရမှု ပြည်ထဲရေးဝန်ကြီးသစ် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သတိပေးခံရ
["စစ်တပ်က လုံခြုံရေးတိုးမြှင့်ခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရထားလမ်း ရဲကင်းစခန်း ၇ ခု အတိုက်ခံရမှု ပြည်ထဲရေးဝန်ကြီးသစ် ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် သတိပေးခံရ", "ရန်ကုန်၊ မတ် ၁", "အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ရန် အမိန့်ပေး စေခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရ ထားလမ်း ရဲကင်းစခန်း ၇ ခုကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ပြည် ထဲရေးဝန်ကြီးသစ် ဒုဗိုလ် ချုပ်ကြီး ထွန်းထွန်းနောင်ကို စစ်ရုံးက သတိပေးကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်လာသော ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်မှာ ပြည်ထဲရေးဝန်ကြီးလုပ်ငန်းများကို စတင်တာဝန်ယူနေစဉ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် ပဲခူးတိုင်း၊ ကျောက် တံခါးမြို့နယ်နှင့် ဖြူးမြို့နယ် အတွင်းမှ ရန်ကုန် – မန္တလေး လမ်းဟောင်းနှင့်ရထားလမ်းစောင့် ရဲကင်းစခန်း ၇ ခုကို တော်လှန်ရေးတပ်များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။", "“ရဲကင်းစခန်းတွေအတိုက်ခံရလို့ ဒုတပ်ချုပ်(စိုးဝင်း)က ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်ကို ကောင်းကောင်း ဖိအားပေးတယ်။ ဒုတိယဗိုလ်ချုပ်​ကြီးထွန်းထွန်းနောင်က ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူထားတာ ၁ လ မပြည့်သေးတော့ အောက်ကို ပြန်ဖိတယ်။ နယ်မြေခံ ရဲမှူးကြီးတွေကတော့ လုံခြုံရေး ပေါ့လျှော့မှုနဲ့ ပိုပြီးအထောင်းခံရတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။", "ယခင်ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့မှာ စစ်တက္ကသိုလ် အပတ် စဉ်တူ အမှတ်စဉ် ၂၂ ကျောင်းဆင်းများဖြစ်ကြပြီး စိုးဝင်းနှင့် ရာပြည့်အကြား ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့ကြောင်း၊ သို့ရာ တွင် ရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးအဖြစ် မင်းအောင်လှိုင်က ပြောင်းရွှေ့ပြီးနောက် ယခု အသစ်ရောက်ရှိလာသော ပြည်ထဲရေးဝန်ကြီး သစ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်(DSA ၂၅) မှာမူ ဒုစစ်ခေါင်းဆောင်စိုးဝင်းနှင့် ဆက်ဆံရေး မချောမွေ့ကြောင်း သိရှိရသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရန်ကုန်နှင့်ပဲခူးဒေသ စိုးမိုးရေးအတွက် PDF တပ်များသို့ ပြောကြားသည့် တပ်ထွက် မိန့်ခွန်းကို NUG က ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တရားဝင်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ မိန့်ခွန်းကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်၍ စစ်ကောင်စီက ရန်ကုန်-မန္တလေး အမြန်လမ်း၊ လမ်းဟောင်းနှင့် ပဲခူး-ရန်ကုန် တိုင်းအစပ် မြို့ အဝင်အထွက်များတွင် လုံခြုံရေးများ အထူးတိုးမြှင့်ရန် ညွှန်ကြားချက် အရေးပေါ် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/150724/
စစ်ကောင်စီက မြန်မာလူငယ်များကို အတင်းအကျပ် စစ်သားအဖြစ် စုဆောင်းမှု အဆုံးသတ်ရေး အရေးယူပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တင်ပြတောင်းဆို
["စစ်တပ်က လူငယ်များကို ရှေ့တန်းတွင် လူသားဒိုင်းနှင့် ပေါ်တာအဖြစ် အသုံးပြုနိုင်ရန် စုဆောင်းနေခြင်းဖြစ်ပြီး အလွန်ကြီးမားသော အန္တရာယ်ကို မြန်မာ လူငယ်များ ရင်ဆိုင်နေရ", "ရန်ကုန်၊ မတ် ၁၅", "အကြမ်းဖက် စစ်ကောင်စီက မြန်မာလူငယ်များကို အတင်းအကျပ် စစ်သားအဖြစ် စုဆောင်းမှု အဆုံးသတ်ရေး နိုင်ငံတကာက အရေးယူပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အစည်းအဝေးတွင် တင်ပြတောင်းဆိုလိုက်သည်။", "မတ်လ ၁၃ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် လုံခြုံရေးကောင်စီတွင် “ပဋိပက္ခ ကြိုတင်ကာကွယ်မှုမြှင့် တင်ရေး – အမျိုးသမီးနှင့် လူငယ်များအပါအဝင် လုပ်ဆောင်သူများအားလုံးကို လုပ်ပိုင်ခွင့်ပိုမိုပေးရေး” (“Promoting Conflict Prevention – Empowering All Actors Including Women and Youth”) ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးအတွင်း ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။", "” စစ်အာဏာရှင်များက မြန်မာလူငယ်များအား အတင်းအကျပ် စစ်မှုထမ်းစေရန် ခိုင်းစေ လျက်ရှိပါကြောင်း၊ ယင်းမှာ နိုင်ငံအား ကာကွယ်ရန် မဟုတ်ဘဲ နိုင်ငံတလွှား ပေါ်ပေါက်လာသော တော်လှန်ရေး အင်အားစုများအား ရင်ဆိုင်ရာတွင် လူသားဒိုင်း အဖြစ်သော်လည်းကောင်း၊ ဝန်စည်စလွယ် သယ်ဆောင်ရန် ပေါ်တာအဖြစ် သော်လည်း ကောင်း အသုံးပြုနိုင်ရန်ဖြစ်ကြောင်း၊ ထိုသို့ အတင်းအကျပ် စစ်သားစုဆောင်းမှုအပြင် လက်ရှိဖြစ်ပေါ်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတို့ ကြောင့် စိုးရိမ်ရသော ဒေသတွင်း ပြဿနာများကို ဖန်တီးပေါ်ပေါက်လာစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူများအနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှစတင်၍ အတင်းအကျပ် စစ်သားစုဆောင်းမှု အဆုံးသတ်ရေး အတွက် နိုင်ငံတကာက အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် သံအမတ်ကြီးက တောင်းဆိုသည်။", "လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့စစ်သားစုဆောင်းရေးကြောင့် မြန်မာ လူငယ်များအနေဖြင့် အလွန်ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံအား မည်သည့်ပြည်ပတိုင်းပြည်ကမျှ ကျူးကျော်နေခြင်း မရှိပါကြောင်း၊ မည်သည့် ပြည်ပအန္တာရာယ် တစ်ခုခုကမျှ မြန်မာပြည်သူလူထု၏ အသက်အန္တာရာယ်ကို ခြိမ်းခြောက်နေခြင်း မရှိပါကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုတို့ကသာ မြန်မာပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။", "ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြည်သူများအသက်ကယ်တင်ရန် “ကုလသမဂ္ဂ ဘယ်ရောက်နေလဲ” ဟူ၍ပင် ကုလသမဂ္ဂအပေါ် မြန်မာပြည်သူများအနေဖြင့် မေးခွန်းထုတ်နေကြပြီဖြစ်ကြောင်း၊ တရားမ၀င်စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် မြန်မာနိုင်ငံ၌ အပြစ်မဲ့ပြည်သူ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရခြင်းအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိနေသည့် အနေအထားအား မတွေ့မြင်လိုကြောင်း၊ ယင်းအစား မြန်မာပြည်သူများ၏ အသက်များအား ကယ်တင်နိုင်ရန် ထိရောက်သော အရေးယူမှုများ ချမှတ်ဆောင်ရွက်ပေးရန် သံအမတ်ကြီးက တင်ပြ တောင်းဆိုခဲ့သည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/03/93278/
စစ်တပ်က လူမှုကွန်ရက်များတွင် အလုပ်ခေါ်စာများ လိမ်တင်ပြီး လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း၊ မြို့နယ်ရဲမှူးများကို တပ်သားသစ်စုဆောင်းရန် စစ်တပ်က တာဝန်ပေးသဖြင့် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရ
["စစ်တပ်က လူမှုကွန်ရက်များတွင် အလုပ်ခေါ်စာများ လိမ်တင်ပြီး လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း၊ မြို့နယ်ရဲမှူးများကို တပ်သားသစ်စုဆောင်းရန် စစ်တပ်က တာဝန်ပေးသဖြင့် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရ", "ရန်ကုန်၊ မတ် ၂၀", "အကြမ်းဖက် စစ်တပ်က ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များတွင် အလုပ် ခေါ် စာများ လိမ်လည်တင်ပြီး အလုပ် လျှောက်ထားသူများကို အင်တာဗျူး‌ ခေါ်သည်ဟုဆိုကာ ခေါ်တွေ့ပြီး တပ်သားသစ်အဖြစ် ခြိမ်းခြောက် ခံဝန် လက် မှတ် ထိုး စုဆောင်းနေကြောင်း ပြည်သူ့ရင်ခွင် တပ်တွင်းသတင်းရင်းမြစ် များ ထံမှသိရှိရသည်။", "စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးထောင်ချခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်လာသဖြင့် ပြည်သူများ ရွံ့ရှာမုန်းတီးမှုခံရပြီး စစ်တပ်ထဲဝင်မည့်သူ မရှိဖြစ်လာ ကြောင်း သိရှိရသည်။", "ထိုအချိန်တွင် စစ်တပ်က ထိုသို့ စစ်သားသစ်စုဆောင်းရေးအတွက် ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များတွင် အလုပ်ခေါ်ယူသည့် ကြော်ငြာများ တင်၍ လူငယ်များကို အင်တာဗျူးခေါ်ယူကြောင်း၊ အလုပ်လို၍ လာသော လူငယ် များကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ခံဝန်လက်မှတ်များထိုး တပ်သား သစ်အဖြစ် စုဆောင်းကြောင်း၊ ထိုကဲ့သို့ စနစ်ကို အသုံးပြုလျက်ရှိသောကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေချိန် အလုပ်လက်မဲ့ ဖြစ်နေသော လူငယ် များ သတိပြုရန်လိုအပ်ကြောင်း ပြည်သူ့ရင်ခွင် တပ်တွင်းသတင်း အရင်း အမြစ်ကို ကိုးကား၍ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။", "“အာဏာသိမ်းမှုကြောင့် နိုငိငံခြားရင်းနှီးမြုပ်နှံမှုတွေ ထွက်နေတဲ့အချိန် အလုပ် လက်မဲ့ ဖြစ်သွားတဲ့ စက်ရုံအလုပ်ရုံတွေမှ အခြေခံ အလုပ်သမားတွေနဲ့ နယ် ဘက်က အတွေ့အကြုံနုနယ်တဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး စစ်သား စု ဆောင်း နေတာပါ” ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။", "တပ်သားသစ်စုဆောင်းရာတွင် စစ်ကောင်စီက တပ်အရာရှိများနှင့် စစ်သည် များကို ပုံစံမျိုးဖြင့် လိမ်လည် စုဆောင်းခွင့်ပြုထားပြီး အဓိကအားဖြင့် တပ်သား သစ် ရရှိ ရန်ဖြစ်ကြောင်း သိရှိရသည်။", "“တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ သင်တန်းကျောင်း (တကန) အပတ် စဉ် ၁၁ ကျောင်းဆင်း ရေတပ် တပ်ကြပ်ကြီး ထွန်းမင်းအောင်ဆိုရင် ၁၀ တန်း အမှတ် စာရင်း ဆိုပြီး Page ထောင်တယ်။ သတင်းတွေ ကူးတင်တယ်။ အလုပ် ခေါ်စာတွေ တစ်ချက်ချက် တင်တယ်။ မသိနားမလည်တဲ့ လူငယ်တွေ အဲဒီ Page မှာ အမှတ်စာရင်း တောင်းတာ၊ အလုပ် သွားမေးတာဆိုရင် လာတွေ့ဖို့ ခေါ်ယူပြီး လူငယ်တွေကို လိမ်ခေါ်တယ်။ ကလေးတစ်ယောက်ရရင် သူ့အတွက် ငွေက သိန်းချီရတယ်။ တချိူ့ မသိ နားမလည်တဲ့ကလေးတွေ၊ အသက်မပြည့်တဲ့ ကလေးတွေ တပ်ထဲကို ပုံစံမျိုးနဲ့ ရောက်တာရှိတယ်။ တချို့ ကလေးတွေဆိုရင် မိဘတွေက ငွေကျပ် သိန်းဆယ်နဲ့ချီပေးပြီး သူ့ဆီက လိုက်ရွေးရတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ခုက ပြောသည်။", "ထို့ပြင် မြို့နယ်ရဲမှူးများကိုလည်း ရဲစခန်းတစ်ခုလုံးအနေဖြင့် တပ်သားသစ်များ မဖြစ်မနေ စုဆောင်းပေးရန် ပြည်ထဲရေးဝန်ကြီးဌာနဘက်က ညွှန်ကြားပြီး တပ် သားသစ် မရှာပေးနိုင်သည့် မြို့နယ်ရဲမှူးများကို နေပြည်တော် သို့ ခေါ်ယူ၍ သတိပေး ခံဝန် လက်မှတ်ထိုးခိုင်းကြောင်း သိရှိရသည်။", "“မြို့နယ် ရဲမှူးတွေကို တပ်သားသစ်တွေ ရှာခိုင်းပါတယ်။ ရှာခိုင်းတာမှာ ရှာ လို့မရင် နေပြည်တော်သွား လက် မှတ်ထိုးရတာ။ တပ်သားသစ် မရှာနိုင်တာ ၃ ကြိမ် ဆိုရင် အရေး ယူခံရမယ်ဆိုပြီး သတိပေးတယ်။ ရဲတွေက လမ်းပေါ်က လူငယ် တွေကို ဖမ်းပြီး ခြိမ်းခြောက် တပ်သားသစ်စုဆောင်းတာတွေ လုပ်ပေး ရတယ်။ လမ်းပေါ်မှာ အရက်သောက်တဲ့ လူငယ်တွေတချို့ တပ်သားသစ်အဖြစ် စုဆောင်းခံရတာ ဒီရက်ပိုင်းတွေမှာရှိပါတယ်။ တချို့လူငယ်တွေ ပျောက်သွား တယ်ဆိုတာ အဲဒါမျိုးတွေ။ပေါ်တာဆွဲခံရပြီး တပ်ထဲရောက်တာ။ တတ်နိုင်တဲ့ မိဘတွေက သိန်း ၂၀ ကနေ ၅၀ လောက်အထိ သုံးပြီး သားသမီးတွေကို ပြန်ရွေး ရတယ်” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ရှင်းပြသည်။", "ဓာတ်ပုံ- တပ်သားသစ် စုဆောင်းခံရသည့် လူငယ်တချို့။ (ပုံအဟောင်းဖြစ်သည်။)"]
https://yktnews.com/2024/04/156339/
ခလရ ၂၇၅ စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ရှိနေ၍ ပြည်သူများ မသွားရောက်ကြရန် KNU က သတိပေးချက် ထုတ်ပြန်
["စစ်တပ်က လေကြောင်းမှ ဗုံးကျဲမှု အချိန်မရွေး လုပ်လာနိုင်၍ ပြည်သူများ သတိဖြင့် နေထိုင်ကြရန် အသိပေး", "ရန်ကုန်၊ ဧပြီ ၁၁", "ကရင်ပြည်နယ်၊ မြ၀တီမြို့ ခလရ ၂၇၅ တပ်စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ရှိနေ၍ ပြည်သူများ မသွားရောက်ကြရန် KNU က သတိပေးချက် ထုတ်ပြန်လိုက်သည်။", "မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ ၂၇၅ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြဝတီတံတားအမှတ် ၂ တွင် သွားရောက် ပုန်းရှောင်လျက်ရှိကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံသို့ သွားရောက်ခိုလှုံရန်စီစဉ်လျက်ရှိသော်လည်း ယခုအချိန်ထိ သွားရောက် နိုင်ခြင်းမရှိဘဲ ပိတ်မိနေလျက်ရှိကြောင်း၊ ထိုစစ်ကောင်စီတပ်များက ပြည်သူလူထုများအား ရမ်းသန်း ပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည့် ပြည်သူလူထုများအနေဖြင့် ထိုနေရာအနီးတစ်ဝှိုက်သို့ သွားရောက်ခြင်း မပြုလုပ်ရန် အသိပေးအပ်ကြောင်း ထုတ်ပြန်သည်။", "မြဝတီမြို့ရှိ တပ်စခန်းများအားလုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရသော အာဏာ သိမ်းအကြမ်းဖက်စစ်ကောင် စီတပ်များအနေဖြင့် အရပ်သားပြည်သူလူထုများနေထိုင်ရာနေရာဒေသများအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ပြည်သူလူထုများအနေဖြင့် သတိဖြင့် ဘေးကင်းလုံခြုံရာနေရာများတွင် နေထိုင်ကြရန်အသိပေးအပ်ကြောင်း KNU က ထုတ်ပြန်သည်။", "ဓာတ်ပုံ – အမှတ် ၂ တံတားတွင် ရှိနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ပြေး ၂၀၀ ဦးနှင့် ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော စိမ်းလဲ့မြိုင် ကားဝင်း အပျက်စီးများ။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#ခလရ ၂၇၅ စခန်း#အမှတ် ၂ ချစ်ကြည်ရေးတံတား"]
https://yktnews.com/2023/08/115903/
စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၁၄၄ မှု ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၅၉၅ ဦး သေဆုံး
["စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၁၄၄ မှု ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၅၉၅ ဦး သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁", "အကြမ်းဖက်စစ်တပ်က မတရားအာဏာလုယူပြီးနောက်ပိုင်း အပြစ်မဲ့ပြည်သူ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၄၄ မှု ကျူးလွန်ခဲ့ပြီး ၁၅၉၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဌာနထံမှ သိရသည်။", "၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင် စီတပ်က ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၀၂၁ ခုနှစ်တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၁၁ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၈၅ ကြိမ်နှင့်၊ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ၄၈ ကြိမ် ဖြစ်ပြီး နောက်ဆုံးဖြတ်မှုမှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြို့နယ်၊ စုန်း ချောင်းကျေးရွာ၌ ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ကြောင်း၊ အဆိုပါသတ်ဖြတ် မှုတွင် အသက် ၁၈ နှစ်အောက် ၄ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၄ ဦးကို အစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အစုလိုက်အပြုံလိုက်သတ်မှုကောက်ယူရရှိထားမှုမှာ ၅ ဦးနှင့်အထက် ကျူးလွန်ခဲ့သော အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများကို ကောက်ယူထားခြင်းဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်မှုများနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများအပေါ် တရားမျှတမှုဖော်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုး ပမ်း သွားမည် ဖြစ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကို ပြည်သူများက ဆက်လက်တွန်း လှန် နေကြသဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို စနစ်တကျ ကျင့်သုံးကာ ပိုမိုပြင်းထန်စွာနှင့် ကျယ်ပြန့်စွာ အသုံးပြုလာနေကြောင်း ကောက်ယူရရှိထားသော အချက်အလက်များအရ သိရသည်။", "အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့် အလေ့အထများကို အပြီးတိုင် ဖျက်သိမ်းကာ တရားမျှတမှုကို ဖော်ဆောင်နိုင်ရန် မိဘပြည်သူများ အနေ ဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေမှု များကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနထံသို့ ပေးပို့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2023/10/127692/
စစ်တပ်က အလုပ်ခေါ်စာအတုများဖြင့် အလုပ်လိုချင်သော လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းမှုများ များပြားလာ
["စစ်တပ်က အလုပ်ခေါ်စာအတုများဖြင့် အလုပ်လိုချင်သော လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းမှုများ များပြားလာ", "ရန်ကုန်၊အောက်တိုဘာ ၂၃", "အကြမ်းဖက် စစ်တပ်က ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များ၊ လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် အလုပ် ခေါ် စာအတုများ ဖြန့်ဝေပြီး အလုပ် လျှောက်ထားသူများကို အင်တာဗျူး‌ ခေါ်တွေ့ကာ တပ်သားသစ်အဖြစ် ခြိမ်းခြောက် ခံဝန် လက် မှတ် ထိုး စုဆောင်းမှုများ များပြားလာကြောင်း ပြည်သူ့ရင်ခွင် တပ်တွင်းသတင်းရင်းမြစ် များ ထံမှ သိရှိရသည်။", "စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးထောင်ချခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်လာသဖြင့် ပြည်သူများ ရွံ့ရှာမုန်းတီးမှုခံရပြီး စစ်တပ်ထဲဝင်မည့်သူ မရှိဖြစ်လာ ကြောင်း သိရှိရသည်။", "စစ်တပ်က တပ်သားသစ်စုဆောင်းရေးအတွက် ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များတွင် အလုပ်ခေါ်ယူသည့် ကြော်ငြာများ တင်၍ လူငယ်များကို အင်တာဗျူးခေါ်ယူကြောင်း၊ အလုပ်လို၍ လာသော လူငယ် များကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ခံဝန်လက်မှတ်များထိုး တပ်သား သစ်အဖြစ် စုဆောင်းကြောင်း၊ ထိုကဲ့သို့ စနစ်ကို အသုံးပြုလျက်ရှိသောကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေချိန် အလုပ်လက်မဲ့ ဖြစ်နေသော လူငယ် များ သတိပြုရန်လိုအပ်ကြောင်း ပြည်သူ့ရင်ခွင် တပ်တွင်းသတင်း အရင်း အမြစ်ကို ကိုးကား၍ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။", "“အာဏာသိမ်းမှုကြောင့် နိုငိငံခြားရင်းနှီးမြုပ်နှံမှုတွေ ထွက်နေတဲ့အချိန် အလုပ် လက်မဲ့ ဖြစ်သွားတဲ့ စက်ရုံအလုပ်ရုံတွေမှ အခြေခံ အလုပ်သမားတွေနဲ့ နယ် ဘက်က အတွေ့အကြုံနုနယ်တဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး စစ်သား စု ဆောင်း နေတာပါ” ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။", "တပ်သားသစ်စုဆောင်းရာတွင် စစ်ကောင်စီက တပ်အရာရှိများနှင့် စစ်သည် များကို ပုံစံမျိုးဖြင့် လိမ်လည် စုဆောင်းခွင့်ပြုထားပြီး အဓိကအားဖြင့် တပ်သား သစ် ရရှိ ရန်ဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိတွင် စစ်တပ်က ပုံစံအမျိုးမျိုးဖြင့် တပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်နေပြီး နိုင်ငံခြားသို့ စေလွှတ်မည်ဟုဆိုကာ စိတ်ဝင်စားသော လူငယ်များကို စာရင်းကောက်ယူ တပ်သားသစ် စုဆောင်းမှုများလည်းရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/210629/
စစ်တပ်ကလွဲရင် KIA ၊ TNLA ၊ AA နှင့် KNDF/KNPP တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းမရှိဘဲ တိုက်ခိုက်မှုများ ဆက်လုပ်နေဟု အကြမ်းဖက် ဇော်မင်းထွန်း ဆက်ပြောပြန်
["စစ်တပ်ကလွဲရင် KIA ၊ TNLA ၊ AA နှင့် KNDF/KNPP တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းမရှိဘဲ တိုက်ခိုက်မှုများ ဆက်လုပ်နေဟု အကြမ်းဖက် ဇော်မင်းထွန်း ဆက်ပြောပြန်", "ရန်ကုန်၊ ဧပြီ ၈", "စစ်တပ်ကလွဲရင် KIA ၊ TNLA ၊ AA နှင့် KNDF/KNPP တို့အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းမရှိဘဲ တိုက် ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ဆက်လက်ပြောဆိုနေပြန်ပါတယ်။", "စစ်တပ်အနေနဲ့ ငလျင်ဒဏ်ကူညီရေးနဲ့ ကယ်ဆယ်ရေးအတွက် ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့ အထိ ရက် ၂၀ အကြာ အပစ်ရပ်ထားပေမယ့်လည်း တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ တိုက်ခိုက်မှုတွေကို ဆက်လုပ်နေတယ်လို့ ဇော်မင်းထွန်းက ဆိုပါတယ်။", "ဒါပေမယ့်လည်း လက်တွေ့မှာ အပစ်ရပ်ကြေညာပြီး လေယာဉ်နဲ့ ဗုံးကျဲတာ၊ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကျဲတာ၊ ပြည်သူတွေကို ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်တာတွေကို အပစ်ရပ်ကြေညာပြီး စစ်တပ်က စတင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ NUG အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက တရားဝင် သတင်းထုတ်ပြန် ပြောဆိုထားပါတယ်။", "အကြမ်းဖက် ဇော်မင်းထွန်းကတော့ ဧပြီလ ၆ ရက်နေ့မှာ KIA ၊ TNLA ၊ AA နှင့် KNDF/KNPP အနေနဲ့ စစ်တပ်စခန်းတွေနဲ့ စစ်ကောင်စီတပ်တွေကို ဆက်လက် တိုက်ခိုက်နေပြီး အပစ်ရပ်ရေး ကြေညာချက်ကို ဆက်လက် ချိုးဖောက်နေတယ်လို့ စွပ်စွဲပါတယ်။", "“၆ ရက်နေ့ KIA အနေနဲ့ ဗန်းမော်မှာရှိတဲ့ တပ်မတော် ဌာနချုပ်တွေကို ၈၂ မမ စိန်ပြောင်းနဲ့ အဝေးကနေ ပစ်ခတ်မှုကို ည ၁၀ နာရီခွဲခန့်မှာ ပြုလုပ်ခဲ့ပါတယ်။ TNLA အဖွဲ့အနေနဲ့လည်း တောင်ခမ်းဒေသမှာ မနေ့က နေ့လယ် ၁၂ နာရီ ခွဲကျော်ကျော်လောက်မှာ ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ KNDF/ KNPP အနေနဲ့ ဘောလခဲမှာရှိတဲ့ ဘောလခဲ သစ်တောရုံးအနီးမှာ လုံခြုံရေးယူနေတဲ့ အဖွဲ့ကို မနေ့(ဧပြီလ ၆ ရက်နေ့) မနက် ၈ နာရီခွဲလောက်မှာ ပစ်ခတ်ခဲ့တာကို တွေ့ရပါတယ်။ AA အနေနဲ့ ဂွမြို့မှာ လုံခြုံရေးယူနေတဲ့ စစ်ရေယာဉ်တစ်စီးကို အဝေးကနေ ပစ်ခတ်ခဲ့ပါတယ်။ ကျောက်ဖြူမှာ လုံခြုံရေးယူနေတဲ့ စခန်းတွေကို အဝေးကနေ ပစ်ခတ်ခဲ့ကြောင်း တွေ့ရပါတယ်” လို့ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုပြန်ပါတယ်။", "လတ်တလော ရခိုပြည် ကျောက်ဖြူမြို့နဲ့ အနီးတစ်၀ိုက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။", "အာရက္ခတပ်တော်ကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေကြတယ်လို့ ကျောက်ဖြူ ဒေသခံတွေက ပြောပါတယ်။", "စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ဟာ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေကြောင့် ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရပ်နားထားမယ်လို့ နှစ်ဖက်စလုံးက ဧပြီလ ပထမ အပတ်မှာ ထုတ်ပြန်ထားကြပါတယ်။", "ဒါပေမယ့် အာရက္ခတပ်တော် AA က စစ်ကောင်စီတပ်ရင်းတွေ၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ ထိုးစစ်တိုက်ခိုက်လာရင်တော့ ခုခံစစ်အနေနဲ့ ပြန်လည် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားတာ ရှိပါတယ်။", "ကျောက်ဖြူမြို့က စစ်ကောင်စီရဲ့ အမှတ် ၃၂ ရဲတပ်ရင်းအနီးတစ်ဝိုက်နဲ့ ဓညဝတီရေတပ် သစ်ပုတ်တောင်ကျေးရွာ အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်နေကြတယ်လို့ ကျောက်ဖြူဒေသပြည်သူက ပြောဆိုပါတယ်။"]
https://yktnews.com/2023/02/84926/
စစ်တပ်ကို တခဲနက် ဆန့်ကျင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ဦးဝင်းထိန်က အသက်နှင့်ရင်း၍ ထုတ်ပြန်သဖြင့် လက်နက်စွဲကိုင် တော်လှန် ရေး ဖြစ်ပေါ်လာဟု မင်းအောင်လှိုင်က အပြစ်တင်၊ နိုင်ငံ ၏ မြို့နယ် ၁၃၂ ခု တွင် လုံခြုံရေး မထိန်းချုပ်နိုင်တော့ဟု ဝန်ခံ
["စစ်တပ်ကို တခဲနက် ဆန့်ကျင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ဦးဝင်းထိန်က အသက်နှင့်ရင်း၍ ထုတ်ပြန်သဖြင့် လက်နက်စွဲကိုင် တော်လှန် ရေး ဖြစ်ပေါ်လာဟု မင်းအောင်လှိုင်က အပြစ်တင်၊ နိုင်ငံ ၏ မြို့နယ် ၁၃၂ ခု တွင် လုံခြုံရေး မထိန်းချုပ်နိုင်တော့ဟု ဝန်ခံ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်တပ်ကို တခဲနက် ဆန့် ကျင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ဦးဝင်းထိန်က အသက် နှင့် ရင်း၍ ထုတ်ပြန်သဖြင့် လက်နက် စွဲကိုင် တော်လှန်ရေး ဖြစ်ပေါ်လာဟု မင်းအောင်လှိုင်က အပြစ်တင်ပြော ဆို ကြောင်း စစ်တပ်က ယနေ့ ညပိုင်း သတင်း ထုတ်ပြန်သည်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ ကျင်းပသော စစ်ကောင်စီ၏ ကာ/လုံအစည်း အဝေး တွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ် တင် ပြောဆိုခြင်းဖြစ်သည်။", "အကြမ်းဖက် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြား ချက်သည် ဒီမိုကရေစီကို ဖျက်ဆီးခြင်းဖြစ်ပြီး ဦးဝင်းထိန်၏ အသက်နှင့်ရင်း၍ အာမခံ သည် ဆိုသော ထုတ်ပြန်ချက်ကြောင့် လက်နက်စွဲကိုင် တော်လှန်မှုများ ဖြစ် ပေါ် လာ ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို ထိရောက်စွာ အရေး ယူ ထားကြောင်း ပြောဆိုသည်။", "လက်ရှိတွင် မြို့နယ်ပေါင်း ၁၉၈ ခုတွင်သာ လုံခြုံရေး ထိန်းနိုင်ပြီး ၁၃၂ မြို့နယ် တွင် လုံခြုံရေး ထိရောက်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။", "မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ ခု ရှိသည့်အနက် ၁၉၈ မြို့နယ်တွင်သာ လုံခြုံရေး ထိန်းနိုင်ပြီး ၁၃၂ မြို့နယ်တွင် မထိန်းနိုင်တော့ကြောင်း မင်းအောင်လှိုင်က ဝန်ခံ ထားပြီး လုံခြုံရေး အလေးထား ဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်နှင့် လုံ ခြုံ ရေး ထိထိရောက်ရောက် ဆောင် ရွက်ပေးရန် လိုအပ်သည့် မြို့နယ် ၆၅ မြို့ နယ်ရှိကြောင်း စစ်ကောင်စီ က ထုတ်ပြန်ခဲ့သည်။"]
https://yktnews.com/2024/05/163164/
စစ်တပ်ကို နှစ်စဉ် ဒေါ်လာသန်းထောင်နှင့်ချီ ပေးချေနေသော PTTEP ကုမ္ပဏီ၏ ပညာသင်ဆုထောက်ပံ့မှု အစီအစဉ်ကို သပိတ်မှောက်သည့် ကမ်ပိန်း စတင်
["စစ်တပ်ကို နှစ်စဉ် ဒေါ်လာသန်းထောင်နှင့်ချီ ပေးချေနေသော PTTEP ကုမ္ပဏီ၏ ပညာသင်ဆုထောက်ပံ့မှု အစီအစဉ်ကို သပိတ်မှောက်သည့် ကမ်ပိန်း စတင်", "ရန်ကုန်၊ မေ ၁၈", "အကြမ်းဖက် စစ်တပ်ကို နှစ်စဉ် ဒေါ်လာသန်းထောင်နှင့်ချီ ပေးချေနေသော PTTEP ကုမ္ပဏီ၏ ပညာသင်ဆုထောက်ပံ့မှု အစီအစဉ်ကို သပိတ်မှောက်သည့် ကမ်ပိန်း ပြုလုပ်သွားမည်ဟု သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အဆိုပါ ကမ်ပိန်းကို ယနေ့ မေလ ၁၈ ရက်နေ့ မှ ၁၉ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ပြီး နှစ်စဉ် ဒေါ်လာ သန်းထောင်နှင့်ချီ၍ အကြမ်းဖက် စစ်တပ်ကို ပေးချေနေသော PTTEP ကုမ္ပဏီသည် မော်တော်ယာဉ် စက်ပြင်သင်တန်းအတွက် သင်တန်းသားလျှောက်လွှာများ ခေါ်ယူနေခြင်းကို သပိတ်မှောက်ကြရန် Facebook comment ကမ်ပိန်းကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။", "“PTTEP က အကြမ်းဖက်စစ်တပ်ကို ရာဇဝတ်မှုတွေ ဆက်ပြီး ကျူးလွန်နိုင်ဖို့ ရေနံငွေ နှစ်စဉ် ဒေါ်လာ သန်း ထောင်နဲ့ချီပြီး ထောက်ပံ့နေတဲ့ကုမ္ပဏီပါ။ ပညာသင်ဆုဆိုပေမယ့် အဲ့ဒီမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ အသက်တွေ သွေးတွေစွန်းနေတာပါ”ဟု ဟု သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ကမ်ပိန်း ပါဝင်ရမည့် ပြည်သူများ အနေနှင့် အဆိုပါပညာသင်ဆု လျောက်လွှာခေါ်ယူထားသည့် ကြေညာချက်အောက်တွင် comment များ ဝိုင်းပေးကြရမည့် comment ကမ်ပိန်းဖြစ်ကြောင်း၊ ကမ်ပိန်းတွင် ပါဝင်ရမည့် ပုံစံကိုသွေးစွန်းငွေ Facebook စာမျက်နှာဖြစ်သည့်https://www.facebook.com/share/p/Kia736pDikpHASVK/?mibextid=oFDknkတွင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/80205/
စစ်တပ်ကွန်​ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ဟိုပုံး)တွင် အကျင့်ပျက် ခြစားမှု၊ နီးစပ်ရာ လက်သင့် အခွင့်အရေးပေးမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုများဖြင့် တပ်ပျက်နေ
["စစ်တပ်ကွန်​ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ဟိုပုံး)တွင် အကျင့်ပျက် ခြစားမှု၊ နီးစပ်ရာ လက်သင့် အခွင့်အရေးပေးမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုများဖြင့် တပ်ပျက်နေ", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "စစ်တပ် ကွန်​ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ဟိုပုံး)တွင် အကျင့်ပျက် ခြစားမှု၊ နီးစပ်ရာ လက်သင့် အခွင့်အရေးပေးမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုများဖြင့် တပ်ပျက် နေကြောင်း ယင်းတပ်အတွင်းမှ သတင်းရင်းမြစ်တချို့က ပြောဆို သည်။", "စစ်တပ် ကွန်​ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ဟိုပုံး)တွင် အထက် အရာရှိ ဗိုလ်မှူးချုပ် သိန်းနိုင်၊ ဗိုလ်မှူးကြီး စောအောင်မျိုးနှင့် အောင်မျိုးသန့်၊ အခြား ဒုဗိုလ်မှူးကြီး ၁၃ ဦး စုစုပေါင်း စစ်အရာရှိ ၁၆ ဦး တို့​၏ အကျင့်ပျက် ခြစားမှု လာဘ်စားများ ကျူး လွန်နေကြကြောင်း သင်တန်းသားတချို့က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "စစ်တပ် ကွန်​ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ဟိုပုံး)တွင် ကျောင်း​၏ဖွဲ့စည်းပုံအင်အားအဖြစ်-", "၁ – ဗိုလ်မှူးချုပ် ၁ ဦး (သိန်းနိုင်)", "၂ – ဗိုလ်မှူးကြီး ၂ ဦး ( စောအောင်မျိုး/အောင်မျိုးသန့် )", "၃ – ဒုဗိုလ်မှူးကြီး ၁၃ ဦး", "၄ – ဗိုလ်မှူး ၄၇ ဦး", "၅ – ဗိုလ်ကြီး ၄ ဦး", "၆ – တပ်ရေးဗိုလ်ကြီး ၄ ဦး", "၇ – ဗိုလ်ကြီး ၁၆၈ ဦး", "၈ – ဗိုလ် ၁၂ ဦး", "၉ – အခြားအဆင့် ၃၄၇ ဦး + ၅၉၄ ဦး နဲ့", "၁၀ – သင်တန်းသား ၁၃၀၀ ကျော် ရှိကြောင်း သိရှိရသည်။", "ယင်းကျောင်းအတွင်း တာဝန်ခွဲဝေပေးရာတွင်လည်း ကျောသား၊ ရင်သား မခွဲခြား ဘဲ ပေးအပ်တာမျိုးမဟုတ်ဘဲ ကျောင်း၏ ထိပ်တန်းအရာရှိ ၁၆ ဦးက သိကျွမ်းသူများကို အလုပ်မခိုင်းဘဲ ပတ်သက်ဆက်နွယ်မှုမရှိသည့် အခြား အရာရှိနှင့် စစ်သည်များကို အလွန်အကျွံ အလုပ်ခိုင်းစေ တာဝန်ပေးခြင်း ဖြင့် မနိုင်ဝန်ထမ်းခိုင်းစေမှုများကို ခွဲခြားဆက်ဆံခံနေရသည်ဟု သိရှိရသည်။", "အင်ဂျင်နီယာ တပ်ကြပ်များမွေးထုတ်ပေးသော ကျောင်းဖြစ်သော်လည်း အချို့သော နည်းပြဆရာများက အချို့သောသင်တန်းသားများနှင့်ပေါင်း၍ ကျောင်းအတွင်း အရက်၊ ဆေးလိပ်နဲ့ ဘီယာများ ရောင်းချခြင်းများကို ပြုလုပ် နေကြောင်း၊ နည်းပြများနှင့်ပေါင်း၍ စီးပွားရှာနေကြသည့် သင်တန်းသားများ မမှန်မကန် အကြံပြုသမျှကို နည်းပြဆရာများက ဆောင်ရွက် လုပ်ကိုင်ပေး နေကြကြောင်း သိရှိရသည်။", "ကျောင်းစည်းကမ်းအရ သင်တန်းသားများ ဖုန်းကိုင်ဆောင်ခွင့် မရှိသော်လည်း လာဘ်ပေးနိုင်သော သင်တန်းသားများကို နည်းပြများမှ လက်တလုံးခြား အစီ အစဉ်များဖြင့် ကိုင်ဆောင်ခွင့်ပေးခြင်း၊ လာဘ်မပေးနိုင်သော သင်တန်းသားများ ကို အလျင်းသင့်သလို နိုင်စားခြင်း စသည့်သင်တန်းကျောင်းတခုနှင့် မအပ်စ ပ်သည့် အကြောင်းများစွာ ဖြစ်ပွားလျက်ရှိကြောင်း၊ ယင်းကဲ့သို့ စည်းမျဉ်း စည်း ကမ်း နှင့်မညီသော ဖြစ်စဉ်များ အကျင့်ပျက်ခြစားမှုများ စစ်ဆေး ပေါ်ပေါက် သော်လည်း တစုံတရာ အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "တပ်မတော်ကွန်​ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ဟိုပုံး)တွင် နည်းပြများမှ သင်တန်းသားများ၏ အသုံးစရိတ်များကို အလွဲသုံးစားပြုခြင်းများနှင့် ကျောင်း စည်း မျဉ်း၊ စည်းကမ်းများအရဆိုကာ သင်တန်းသားများ​၏ လစာများထဲမှ အောက်ပါ အကြောင်းအရာများအတွက် ဖြတ်တောက်သုံးစွဲမှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။", "(က) သင်တန်းသားများ​၏ ဆံသစရိတ်ကို အလွဲသုံးစားလုပ်ခြင်း", "(ခ) ကြံ့ခိုင်ရေးဌာနမှ လစဉ် ရံပုံငွေကောက်ခံခြင်း", "(ဂ) တပ်ပြင်စည်းရုံးရေးစရိတ်ဖြတ်တောက်ခြင်း", "(ဃ) စစ်ဗျူဟာ စစ်ရေးလက်နက်သင် စစ်ရေးပြဌာနများမှ စာမေးပွဲဖြေဆိုရန် စာရွက်စာတမ်းကြေးများ ဖြတ်တောက်ခြင်း", "(င) နွားနို့ / ဒိန်ချဉ် ဖိုးများ ကောက်ခံခြင်း", "(စ) ကြံ့ခိုင်ရေးဌာနမှူးနှင့် နည်းပြအရာရှိချုပ်တို့၏ လာဘ်စား/မတရားမှုများအဖြစ် သင်တန်းသား ၁၃၀၀ ကျော်ထံမှ တဦးလျှင် ၃၄၀၀၀ ကျပ်ကောက်ခံပြီး စုစုပေါင်း ကျပ်သိန်း ၄၄၂ သိန်းကျော်ခန့်ကို ကောက်ယူအလွဲသုံးစားလုပ်ခြင်း။", "(ဆ) သာယာလှပရေးအတွက် ကောက်ခံခြင်း", "(ဇ) ပစ္စည်းမျိုးစုံကို မယူမနေရ ရောင်းချခြင်း တို့ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ကျောင်းတွင် သင်တန်းသားများအတွက် သင်ကြားရေးအဆင်ပြေစေရန် ဘက်စုံသုံးရန်အတွက် ခွင့်ပြုထုတ်ပေးထားသည့် ကျပ်သိန်း ၆၀၀ နီးပါးကို အလွဲသုံးစားလုပ်နေသည့် သက်ဆိုင်ရာအကြီးအကဲများကိုလည်း မပြောရဲ မဆိုရဲ မတိုင်ရဲ ဖြစ်နေကြသည်ဟု သိရှိရသည်။", "စစ်တပ်ပိုင် ဦးပိုင်အစုရှယ်ယာများကိုလည်း သတ်မှတ်ထားသည့် ငွေပမာဏ မပြည့်မချင်း ရိက္ခာငွေများမှ ဖြတ်တောက်၍ အတင်းအဓ္ဓမ သွင်းခိုင်းခြင်းများကို ပြုလုပ်လျက်ရှိကြောင်း၊ သင်တန်းသားများ​၏ စားရိပ်သာမှ ပိုလျှံလာသော ရိက္ခာများကိုလည်း အရာရှိကြီးများ​၏ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း ဝက်ခြံ တွင်ဝက်များသေပါက စားရိပ်သာမှ ဘဏ္ဏာငွေဖြင့် နှစ်သီးစားရအောင် ကုလား ဖန်ထိုးဆောင်ရွက်ခြင်းကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "အဆိုးဝါးဆုံး အခြေအနေမှာ သင်တန်းသားအချို့က မူးယစ်ဆေးဝါးများ သုံးစွဲနေ ကြ သော်လည်း အထက်အရာရှိအကြီးအကဲ အုပ်ချုပ်သူ နည်းပြများမှ မသိဟန်ဆောင် ခွင့်ပြုပေးနေသည့်အတွက် မူးယစ်ဆေးသုံးသူ သင်တန်းသား များ တနေ့ထက်တနေ့ တိုးပွားလာလျက်ရှိကြောင်း၊ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) သင်တန်းဆင်းပွဲနေ့တွင် သုံးစွဲရန် ခွင့်ပြုငွေ ချပေး ထားသော်လည်း သင်တန်းသားများထံမှ ထပ်မံကောက်ခံသုံးစွဲရန် ကြိုတင် စီစဉ်နေမှု များလည်း ရှိကြောင်း သိရှိရသည်။", "လက်ရှိတွင် စစ်သည်အစားခန့် အရပ်သားများ၏ လစာများကိုလည်း အလွဲသုံး စားခြင်း၊ ခွင့်မဲ့စစ်သည်များကို ထိန်ချန်ပေးထားခြင်း များ ဖြစ်ပေါ်နေကာ မတော်မတရား စီမံအုပ်ချုပ်နေမှုများဖြင့် ကသောင်းကနင်းဖြစ်နေသည်ဟု သင်တန်းသားများက ဆိုကြသည်။", "ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် စစ်တပ်ကွန်​ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း (ဟိုပုံး)သို့ ရောက်ရှိခဲ့စဉ်။"]
https://yktnews.com/2024/05/163416/
သပိတ်ကျင်းတွင် ဖမ်းဆီးရရှိထားသော ပျူစောထီး ၇ ဦးကို အရေးယူနိုင်ရန် ကွပ်ကဲမှု အဆင့်ဆင့်ကို တင်ပြထား
["စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက ပျူစောထီး သင်တန်း မတက်လျှင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဖမ်းဆီးခံ ပျူစောထီးများက ထွက်ဆို", "ရန်ကုန်၊ မေ ၁၉", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ဖမ်းဆီးရရှိသည့် ပျူစောထီးများများကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အရေးယူနိုင်ရန် အထက်ကွက်ကဲမှုအဆင့်ဆင့်ကိုတင်ပြထားကြောင်း သပိတ် ကျင်းမြို့နယ် တိုက်နယ် ပကဖ ဗိုလ်လင်းယုန်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ဖမ်းဆီးရရှိရသူများနှင့် ပတ်သက်၍ မေလ ၁၇ ရက်နေ့က ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထားပြီး ဖမ်းဆီးရရှိသူများမှာ သပိတ်ကျင်းမြို့နယ်၊ ပေသောင်ရွာမှ သိန်းလွင်၊ ကျောက် ဖြူရွာမှ မင်းအောင်၊ လိပ်ကျကျေးရွာမှ ရဲလင်း၊ ၄ မိုင်ကျေးရွာမှ ဘုန်းလှိုင်တို့အပါအဝင် ၇ ဦးဖြစ်ပြီးဖြစ်ကြောင်း သိရ သည်။", "“သူတို့က ပျူစောထီးသင်တန်းတက်ပြီးတော့ စစ်တပ်အားကိုးနဲ့ ရွာထဲမှာ သူတို့နဲ့တည့်တဲ့သူဆိုရင် အဆင်ပြေတယ်၊ မတည့်တဲ့သူတွေဆိုရင် PDF ထောက်ပံ့တဲ့သူတွေဆိုပြီးတော့ လက်ညှိုးဖမ်းခိုင်းတဲ့ သူတွေပေါ့၊ အဲလိုလူတွေကို သွားရောက်ပြီးတော့ ဖမ်းဆီးထားတဲ့သူတွေလည်းရှိတာပေါ့။ ပြီးတော့ တိုက်ပွဲအတွင်းထဲမှာ ဖမ်းမိထားတဲ့ ပျူစောထီးတွေလည်းပါခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ မဟုတ်ပဲနဲ့ ဖမ်းဆီးထားတဲ့သူတွေကတော့ ရွာထဲမှာနာမည်ဆိုးနဲ့ ကျော်ကြားနေလို့ ကျနော်တို့က သူတို့ကို အိမ်တိုင်ရာရောက် သွားရောက်ဖမ်းဆီးထားတဲ့ ပျူစောထီးတွေလည်း ပါတယ်။ သူတို့ကိုင်ထားတဲ့ သေနတ် တွေကတော့ မီးကျိုးမောင်းပျက်၊ တစ်ထောင့်တိုး တူမီး ဒါမျိုးတွေကိုင်ရတာတွေ လည်းရှိ တာပေါ့။” သပိတ်ကျင်းမြို့နယ် တိုက်နယ် ပကဖ ဗိုလ်လင်းယုန်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဖမ်းဆီးရရှိသူအားလုံးသည် ပျူစောထီးသင်တန်းတက်ထားသူများဖြစ်ပြီး အမှတ် ၁၃ လေ့ကျင့်ရေး တပ်နှင့်ချောင်းကြီးရဲကင်းစခန်းစသည်တို့တွင် တစ်ပတ်နှင့် နှစ်ပတ်ကြာ သင်တန်းတက်ထားသူ များဖြစ်ကြောင်း၊ ၎င်းတို့ကို ရပ်ရွာကာကွယ်ရမည်ဟု ညွှန်ကြားချက်ပေးကာ ရပ်ရွာပြည်သူလူထု အပေါ် ညှင်းပန်းနှိပ်စက်ခြင်း၊ စစ်ကောင်စီအားကိုးဖြင့် မိုက်ကြေးခွဲခြင်း၊ ဖမ်းဆီးခိုင်းခြင်းတို့ လုပ် ဆောင်လေ့ရှိကြောင်း သိရသည်။", "“ကျနော်တို့ကို ရပ်ရွာ ကာကွယ်ရေးလည်းရတယ်။ မင်းတို့ကို ထောက်ပံ့ငွေလည်းပေးမှာ။ မင်းတို့ မလိုက်ဘူးဆိုရင်လည်း ထောင်ချမယ်လို့ ပြောတယ်။ ထောင်ချမယ်လို့ပြောတဲ့သူတွေက ဥက္ကဌတွေ က အများဆုံးပြောတာ။ စစ်ကောင်စီက အာဏာတည်မြဲရေးအတွက် ဓားစာခံသက်သက်ထားပါ တယ်။ မည်သည့်ကိစ္စ အကြောင်းနဲ့ပဲဖြစ်ဖြစ် ပျူသင်တန်းဆင်းညီအစ်ကိုများ တော်လှန်ရေး ညီအစ် ကိုများ ဘက်ကို ယုံကြည် မှုရှိရှိနဲ့ လက်နက်ချအလင်းဝင်ဖို့တိုက်တွန်းချင်ပါတယ်။” ဟု ဖမ်းဆီး ထိန်းသိမ်းခံထားရသော ပျူစောထီးတစ် ဦးက ပြောဆိုထားသည်။", "သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင် အုပ်ကြီးများ၏ ဝါဒမှိုင်းသွင်း၊ ခြိမ်းခြောက်မှုကြောင့် ပျူစောထီးသင်တန်းတက်ရောက်ခဲ့သည့် ရွာ၊ အင်အား အသေးစိတ်အချက် အလက်တို့ ရရှိထားပြီး အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်ဝန်ထမ်းများအပါအဝင် ပျူစောထီးများ အနေဖြင့် အချိန်မနှောင်းခင် အလင်းဝင်ရောက်ကြရန် ဗိုလ်လင်းယုန်တပ်ဖွဲ့က ဖိတ်ခေါ်ထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/04/156288/
မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းအများအပြား ရရှိထားပြီး မကြာခင် တရားဝင် သတင်းထုတ်ပြန်မည်
["စစ်တပ်စစ်ကူစစ်ကြောင်းများ အင်အား အလုံးအရင်းဖြင့် တက်လာနေသဖြင့် စစ်ရေး တင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်လာနိုင်", "ရန်ကုန်၊ ဧပြီ ၁၁", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများ ပြားပြီး လက်နက်ခဲယမ်းအများအပြား ရရှိထားကြောင်း၊ မကြာမီ တရားဝင် သတင်းထုတ်ပြန်ရန် ရှိနေကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "“အခုက စစ်တပ်က စစ်ကူစစ်ကြောင်းတွေ အလုံးအရင်းနဲ့ တက်လာတာလည်း အားလုံး သိထားတဲ့အတိုင်းပဲ။ စစ်ရေးက တင်းမာနေတာမို့ တိုက်ပွဲတွေက ဒီထက်ပိုပြီး ပြင်းထန်လာနိုင်တယ်။ ဘာမှ ပြောလို့မရသေးဘူး။ ကိုယ့်ဘက်က စစ်ဗျူဟာအရ အဆုတ် အတက်လုပ်ရတာတွေလည်းရှိတယ်။ သက်ဆိုင်ရာက တရားဝင် သိသင့် သိထိုက် တာတွေကို ပြည်သူကို အသိပေးလိမ့်မယ်။ အခုအချိန်က အပြည့်အ၀တော့ ပျော်လို့ ရတဲ့အ ချိန်မဟုတ်ဘူး” ဟု စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။", "မြ၀တီ ခလရ ၂၇၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများ ပြားသကဲ့သို့ တော်လှန်ရေးတပ်များဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိကြောင်း၊ လက်ရှိ စစ်ရေးအခြေအနေမှာ မြ၀တီမြို့တစ်ခုတည်း ကွက်၍ ကြည့်မရဘဲ မော်လမြိုင်- ဘားအံ-ကော့ကရိတ်-မြ၀တီ တစ်ခွင်လုံးကို ဖြန့်ကျက်၍ ကြည့် နေရသည့်အခြေအနေဖြစ်ကြောင်း၊ မြို့သိမ်းသည်ထက် မြို့ကို ထိန်းထားရန် ခက်ခဲသည်ကို ကောလင်းက သက်သေပြခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#မြ၀တီမြို့စောင့်တပ်#ခလရ ၂၇၅ စခန်း"]
https://yktnews.com/2024/02/143003/
စစ်တပ်တပ်စွဲထားသော မြောက်ဥက္ကလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးကို မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
["စစ်တပ်တပ်စွဲထားသော မြောက်ဥက္ကလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးကို မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးကို မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိ ခိုက်မှုရှိကြောင်း ဒေသပြည်သူများနှင့် မြောက်ဥက္ကလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့၂ထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မြောက်ဥကလာပမြို့နယ်၊ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော မြောက်ဥက္ကလာပမြို့နယ်လျှပ်စစ်ရုံးကို အင်အားပြင်းမိုင်း ၃လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များဘေးကင်းကြောင်း၊ စစ်အုပ်ချူပ်ရေးဒေါက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြောက်ဥက္ကလာမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "“ရုံးအပေါက်ဝကင်း ၂ကောင်ထိတယ်ကြားတယ်။ မိုင်းက အကြီး ၃ လုံးအားပြင်းတယ်။ အခုမြောက်ဥက္ကလာကို မွှေပြီလို့ပြည်သူတွေက သတင်းပေးလာတယ်” ဟု မြောက်ဥက္ကလာမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။"]
https://yktnews.com/2024/01/139261/
စစ်တပ်တွင် တပ်ပြေးများနှင့် အညံ့ခံ လက်နက်ချသူများ များပြားလာ သည့် အတွက် မင်းအောင်လှိုင်က စစ်သားများကို လစာအပြင် သက်စွန့်စရိတ် ၁ သိန်း တိုးပြီး မက်လုံးပေး ဆွဲဆောင်ပြန်
["စစ်တပ်တွင် တပ်ပြေးများနှင့် အညံ့ခံ လက်နက်ချသူများ များပြားလာ သည့် အတွက် မင်းအောင်လှိုင်က စစ်သားများကို လစာအပြင် သက်စွန့်စရိတ် ၁ သိန်း တိုးပြီး မက်လုံးပေး ဆွဲဆောင်ပြန်", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "နိုင်ငံတစ်ဝန်းရှိ စစ်တပ်များတွင် တပ်ပြေးနှင့် လက်နက်ချ အညံ့ခံသူများပြား ချိန်တွင် မင်းအောင်လှိုင်က စစ်သားများကို လစာ အပြင်သက်စွန့်စရိတ် ၁ သိန်း ထပ်တိုးပေးလိုက်သည့် မက်လုံးဖြင့် စစ်သားများ ရရှိရေး ဆွဲဆောင်လာ ကြောင်း တပ်တွင်း အသိုင်းအ၀ိုင်းက ပြောသည်။", "၂၀၂၃ခုနှစ်တွင် ကကနကောင်စီ( ကာကွယ်ရေးဌာနကောင်စီ)၏ အထူး အမိန့် အမှတ် ၆/အထူး/၂၀၂၃ ဖြင့် စစ်သားများအားလုံး ၂၄ နာရီ တာဝန် ထမ်းဆောင် ရသည့်အတွက် ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် ကို လစဉ် လစာ အပြင် ငွေကျပ် ငါးသောင်း ခံစားပြုခဲ့ကြောင်း၊ ယင်းနောက် ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ လစာအပြင် သက်စွန့်စရိတ်ကို ငါးသောင်းအစား ၁ သိန်း အထိ တိုးမြှင့် ခံစားခွင့်ပေးရန် မင်းအောင်လှိုင်က ခွင့်ပြုထားကြောင်း သိရှိရ သည်။", "အကြမ်းဖက်မင်းအောင်လှိုင်က စစ်သားများ နည်းပါးနေမှု၊ စစ်သားပြုန်း တီး အင်အား မြင့်မားနေခြင်းကို ကုစားရေးနှင့် တပ်သားသစ်များ ရရှိရေး နည်းလမ်း မျိုးစုံအသုံးပြုနေသော်လည်း လက်ရှိအချိန်အထိ စစ်တပ် အတွင်းသို့ ဝင်ရောက် လိုသူ မရှိသလောက်ဖြစ်နေ ကြောင်း၊ ထို့ကြောင့် နယ် ဒေသ ကျေးရွာများမှ တောင်သူလယ်သမား အိမ်ထောင်စုများကို မဲနှိုက်ခိုင်းပြီး မဲပေါက် သူသည့် အိမ်ထောင်စုမှ အမျိုးသား ၁ ဦးကို မဖြစ်မနေ စစ်မှုထမ်း ခိုင်းသည့် နည်းလမ်း ဖြင့် တပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်ရန် ညွှန် ကြား ထားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/186744/
စစ်တပ်တွင် တာဝန်ထမ်းဆောင်နေရာမှ လက်နက်ချအညံ့ခံပြီးနောက် ပြည်သူလူထု၏ နွေးထွေးစွာ ကြိုဆိုမှု လက်ခံရရှိခဲ့သည့်အပြင် ဖမ်းဆီးနှိပ်စက်မှု လုံး၀ မရှိဟု ဗိုလ်ကြီး ရှိုင်းထက်အောင် ပြော
["စစ်တပ်တွင် တာဝန်ထမ်းဆောင်နေရာမှ လက်နက်ချအညံ့ခံပြီးနောက် ပြည်သူလူထု၏ နွေးထွေးစွာ ကြိုဆိုမှု လက်ခံရရှိခဲ့သည့်အပြင် ဖမ်းဆီးနှိပ်စက်မှု လုံး၀ မရှိဟု ဗိုလ်ကြီး ရှိုင်းထက်အောင် ပြော", "ရန်ကုန်၊ အောက်တိုဘာ ၇", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံဒိုးဗျူဟာကုန်းတွင် ၂ လကျော်အကြာ ပိတ်ဆို့ခံထား ရပြီး ထိခိုက်သေဆုံးမှုများကာ မည်သို့မျှ ဖောက်ထွက်၍ မရတော့သဖြင့် လက်နက်ချအညံ့ခဲ့ရပြီးနောက် ပြည်သူလူထု၏ နွေးထွေးစွာ ကြိုဆိုမှု လက်ခံရရှိခဲ့သည့်အပြင် ဖမ်းဆီးနှိပ်စက်မှု လုံး၀ မရှိကြောင်းစစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး ရှိုင်းထက် အောင်က ပြောဆိုသည်။", "ယမန်နေ့ အောက်တိုဘာလ ၆ ရက် ညနေ ညနေ ၆ နာရီအချိန်တွင် NUG ၊ ကာကွယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန်သည့် “စစ်သုံ့ပန်းတို့စကား ပြည်သူကြားစေ” အစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။", "“ဘာလို့ လက်နက်ဒီလိုလက်နက်ချဖို့ ဆုံးဖြတ်လိုက်လဲဆိုရင် ကျနော်တို့ စပြီးတော့ ပိတ်ခံထားရတာ ၁ လပိုင်း ၂၇ ရက်နေ့ပေါ့၊ အဲဒီကနေစပြီး ဒီရက်တွေထဲ တိုက်ပွဲတွေဖြစ်ပြီးတော့ ၃ လပိုင်း ၁၄ ရက် နေ့မှာ ကျနော်တို့လက်နက်ချခဲ့တာ။ အဲဒီအချိန်ကာလအတွင်းမှာ စစ်သည်တွေက စားတာ သောက် တာတွေလည်း နည်းနည်းအခက်အခဲရှိတာပေါ့၊ ပြီးရင် ပင်ပန်းတာလည်းပါတာပေါ့။ အိပ်ရေးတွေ ဘာတွေပျက် အဲဒီလိုတွေဖြစ်ပြီးတော့ တကယ့်တကယ်တိုက်ပွဲလည်းဖြစ်ရော ထိခိုက်တာတွေလည်း ရှိတယ်၊ ကျဆုံးတာတွေလည်းရှိတယ်။ ပြီးလို့ရှိရင် အဲလိုမျိုးဒဏ်ရာရတဲ့ လူနာတွေများလာတဲ့ အ တွက်ကြောင့်မို့ အဲဒါကလည်းတစ်ချက်ပေါ့နော်။ နောက်တစ်ချက်ကကျတော့ ဖောက်ထွက်ဖို့ လည်း ဘယ်လိုမှ အဆင်မပြေတော့တဲ့အနေအထားရောက်နေပြီ။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော် တို့အား လုံးတိုင်ပင်ပြီး အကောင်းဆုံးဖြစ်မယ့်လမ်းကိုရွေးခဲ့တာပါ။ ဒီလို လက်နက်ချအညံ့ခံတဲ့ကိစ္စပတ်သက် ပြီး တော့ တပ်မတော်ဘက်ကနေ ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်ကို တပ်မတော်အပေါ် သစ္စာ ဖောက်တယ်လို့ သတ်မှတ်တယ်ပေါ့၊ ကျနော်တို့အဓိက သစ္စာ စောင့်သိရမှာက ကျနော်တို့ပြည်သူ လူထုရဲ့ အပေါ်ကိုပဲ သစ္စာစောင့်သိရမှာပေါ့။ ကျနော်တို့ ဒီလို လက်နက်ချ အညံ့ခံပြီးတဲ့နောက်မှာ ဒီ ဘက်က ပြည်သူလူထုကလည်းနွေးထွေးစွာကြိုဆိုတယ်။ အဲအတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီလို လုပ်ခဲ့တဲ့ ရွေးခဲ့တဲ့လမ်းကတော့ မမှားဘူးလို့ ထင်ပါတယ်။” ဟု ဗိုလ်ကြီး ရှိုင်းထက်အောင်က ပြော ကြားသည်။", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ဗျူဟာစခန်းသိမ်းတိုက်ပွဲ၌ လက်နက်ချ အ ဖမ်းခံခဲ့သူ ဗိုလ်ကြီးရှိုင်းထက်အောင်သည် ဦးစီးအရာရှိ တတိယတန်း၊ စစ်ရေး စစ်ထောက်တာဝန် ယူထားသူဖြစ်ပြီး လက်နက်ချအညံ့ခြင်းမပြုခင်အချိန်က ထိုးကြိတ်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းတို့ စိုးရိမ်မှုရှိခဲ့ကြောင်း၊ ထိုသို့ စိုးရိမ်မှုရှိခဲ့သော်လည်း လက်တွေ့တွင် လုံးဝ၊ လုံးဝမရှိခဲ့ပဲ ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားကြောင်း သိရသည်။", "“လက်နက်မချခင်ကတော့ လက်နက်ချရင် ဘာဖြစ်လဲဆိုတာ ကျနော်တို့အတွေးထဲမှာရှိတာက ကျ နော် တို့ လက်နက်ချလိုက် အဖမ်းခံလိုက်ရရင် ထိုးတာ ၊ ကြိတ်တာ ၊ နှိပ်စက်တာတို့ နောက်ဘိတ်ဆုံး သတ်တာ ပြုတာတွေရှိလာနိုင်တဲ့အတွက်ကြောင့် ကျနော်တို့တွေးခဲ့တာပေါ့။ တကယ့်တကယ် တမ်း လက်နက်ချ အဖမ်းခံပြီးတဲ့နောက်ပိုင်းမှာတော့ ဒါမျိုးမရှိခဲ့ပါဘူး။ လုံးဝလည်းမရှိပါဘူး။ ဒါက တစ် ချက်။ လက်နက်ချအဖမ်းခံပြီးတဲ့အချိန်မှာလည်း ကျနော်တို့ကို ဖမ်းဆီးချုပ်နှောင်ထားခြင်းလည်း မရှိပါဘူး။ ဒါ့အပြင်နေရာထိုင်ရာတာလည်း အစစအရာရာ အဆင်ပြေပါတယ်။စားတာ သောက် တာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျနော်တို့ကို တစ်ပတ်မီနူးနဲ့ပြောမယ်ဆိုရင် အသား တစ်ရက် ကျွေးတယ်၊ ပြီးရင် ကြက်ဥတို့၊ ငါးတို့ ဒီကခြံကထွက်တဲ့အသီးအနှံတို့ကိုကျွေးတယ်။ ကျွေးတဲ့အတွက် နေရထိုင်ရတာရော စားတာသောက်တာရော အားလုံးအဆင်ပြေပါတယ်။” ဟု ဗိုလ်ကြီး ရှိုင်းထက် အောင် က ပြောဆိုသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေများနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။"]
https://yktnews.com/2023/09/122477/
စစ်တပ်ထုတ် မြန်မာဘီယာနှင့် စားသောက်ကုန်၊ ပစ္စည်းများ တစ်နိုင်ငံလုံးတွင် ပြန် ရောင်းချ နိုင် ရေး ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကိုယ်တိုင် ဦးဆောင် လုပ်နေပြီး လျှို့ဝှက် ညွှန်ကြား ချက်ထုတ်ပြန်
["စစ်တပ်ထုတ် မြန်မာဘီယာနှင့် စားသောက်ကုန်၊ ပစ္စည်းများ တစ်နိုင်ငံလုံးတွင် ပြန် ရောင်းချ နိုင် ရေး ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကိုယ်တိုင် ဦးဆောင် လုပ်နေပြီး လျှို့ဝှက် ညွှန်ကြား ချက်ထုတ်ပြန်", "စစ်တပ်ထုတ်ကုန်များအပေါ် ပြည်သူများ၏ သပိတ်မှောက်နေမှု ရာနှုန်းပြည့်အောင်မြင်နေပြီး ဆက်လက် ထိန်းသိမ်းထားရန် ပြည်ထဲရေးဖရဲသီးရင်းမြစ်ပြော", "ရန်ကုန်၊ စက်တင်ဘာ ၁၅", "အကြမ်းဖက်စစ်တပ်က ထုတ်လုပ်နေသော မြန်မာဘီယာနှင့် စားသောက်ကုန်ပစ္စည်းများ တစ်နိုင်ငံ လုံးတွင် ပြန်လည် ရောင်းချနိုင်ရေး ပြည်ထဲရေးဝန်ကြီး ရာပြည့်ကိုယ်တိုင် ဦးဆောင် စီမံချက်ချ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပြည်ထဲရေးဝန်ကြီးဌာန တွင် ပြုလုပ်သည့် သတင်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး ရာပြည့်က စစ်တပ်က ထုတ်လုပ်ထားသည့် စားသောက်ကုန်ပစ္စည်းများနှင့် အခြားပစ္စည်းများကို နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စျေးဝယ်စင်တာများ၊ စူပါမားကတ်များ၊ စတိုးဆိုင်များနှင့် စျေးဆိုင်များတွင် ပြန်လည် ရောင်းချနိုင်ရေး စိစစ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။", "ထို့ကြောင့် စက်တင်ဘာလ ၁၃ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးရှိ စည်ပင်၊ စစ်တပ်နှင့် ရဲများက ပြည်ထဲရေးဝန်ကြီး ရာပြည့်၏ ညွှန်ကြားချက်အတိုင်း စျေးဆိုင်များကို စစ်ဆေးကာ စစ်တပ် ထုတ်ကုန်များ ရောင်းချစေရေး ဆောင်ရွက်ရန်၊ နေ့စဉ် ညနေ ၆ နာရီအရောက် သတင်းပြန်လည် တင်ပြရန် ညွှန်ကြားထားကြောင်း သိရှိရသည်။", "ပြည်ထဲရေးဝန်ကြီးဌာန၏ ဖရဲသီး သတင်းရင်းမြစ်က ပြည်သူများအနေဖြင့် စစ်တပ်ထုတ် ကုန်များကို သပိတ်မှောက်မှုသည် ရာနှုန်းပြည့်အောင်မြင်နေကြောင်း၊ စစ်တပ်ထုတ်ကုန်များ အကြီးအကျယ် ဝယ်လိုအား ကျဆင်းနေပြီး ဦးပိုင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ကုမ္ပဏီတို့တွင် စားသောက်ကုန်နှင့် ထုတ်ကုန်များ အလွန် အရှုံးပေါ်နေကြောင်း၊ ထို့ကြောင့် အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် ပြည်ထဲရေးဝန်ကြီး ရာပြည့်ကို စစ်တပ်ထုတ်ကုန်များ ပြန်လည် ရောင်းချနိုင်ရေး ဆောင်ရွက်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း ပြောဆိုသည်။", "“အစည်းအဝေး ဆွေးနွေးချက်တွေအရ စစ်တပ်ထုတ်ကုန် အထူးသဖြင့် မြန်မာဘီယာရဲ့ ရောင်းအား က ရာခိုင်နှုန်းအားဖြင့် တစ်ပြည်လုံးအတိုင်းအတာအနဲ့ ၇၀ ရာခိုင်နှုန်းကျော် ထိုးကျနေတယ်။ ရခိုင်ပြည်နယ်ဘက်ကလွဲရင် ပြည်နယ်၊တိုင်းအားလုံးမှာ ရောင်းအားတွေ ၊ ဝယ်လိုအားတွေ ထိုးကျနေတယ်။ ရောင်းသူလည်း မရှိသလို ဝယ်သောက်သူလည်းမရှိဘူး။ အဲဒါကြောင့် အဲဒါကို ဆက်ပြီး ထိန်းသိမ်းထားဖို့လိုပါတယ်။ အခု လက်ရှိမှာ ဆိုင်တွေကို မြန်မာဘီယာ မတင်ရင် လိုင်စင်ပိတ်မယ်၊ အရေးယူမယ်ဆိုတာမျိုးတွေ လုပ်လာနိုင်တယ်။ အဲဒါကြောင့် ပြည်သူတွေဘက်က မြန်မာဘီယာမသောက်တဲ့ ကမ်ပိန်းတွေကို ဆက်ပြီး ထိန်းသိမ်းထားကြပါ။ စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်တာတွေကို ဆက်ပြီး ထိန်းသိမ်းထားပါ။ ပြည်သူတွေ သပိတ်မှောက်တာ အောင်မြင် လွန်းလို့ အဲဒါကို ချေဖျက်ဖို့ စစ်တပ်ဘက်ကနေ စီမံချက်နဲ့ ပြန်ချဖို့ လုပ်လာတာပါ။ အဲဒါလေး ပြည်သူတွေကို အသိပေးချင်ပါတယ်” ဟု ပြည်ထဲရေး ဖရဲသီး သတင်းရင်းမြစ်က ပြောဆိုသည်။", "စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲဝင်နေသော တော်လှန်ရေး တက်ကြွလှုပ်ရှားသူများက အကြမ်းဖက်စစ်တပ် ပိုင် အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်တွေကို သပိတ်မှောက်ကြရန် တောင်းဆိုထားပြီး သပိတ်မှောက်ရမည့် စစ်တပ် ထုတ်ကုန်များမှာ-", "၁။ မြန်မာ ဘီယာ (Myanmar Beer)", "၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)", "၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)", "၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)", "၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)", "၆။ အာမီရမ် (Army Rum)", "၇။ Red Ruby စီးကရက်", "၈။ Premium Gold စီးကရက် တို့ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/121646/
စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေး လှုပ်ရှားမှုကို တန်ပြန်ရန် စစ်ကောင် စီက စစ်တပ်ကုန်စည်များကို စျေးဆိုင်များတွင် အတင်းအကျပ် ဖိအားပေး ရောင်းခိုင်းနေ
["စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေး လှုပ်ရှားမှုကို တန်ပြန်ရန် စစ်ကောင် စီက စစ်တပ်ကုန်စည်များကို စျေးဆိုင်များတွင် အတင်းအကျပ် ဖိအားပေး ရောင်းခိုင်းနေ", "ရန်ကုန်၊ စက်တင်ဘာ ၉", "အကြမ်းဖက်စစ်ကောင်စီကို တိုက်ပွဲဝင်နေသော တော်လှန်ရေးအင်အားစုများ က စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေး လှုပ်ရှားမှုများကို ပြုလုပ်နေချိန် စစ်ကောင်စီကလည်း တန်ပြန်သည့်အနေဖြင့် စစ်တပ်ကုန်စည်များကို စျေးဆိုင်များတွင် အတင်းအကျပ် ဖိအားပေးရောင်းခိုင်းနေကြောင်း သိရှိရသည်။", "တော်လှန်ရေးအင်အားစုများ ဆောင်ရွက်နေသော စစ်တပ်ထုတ်ကုန် သပိတ်မှောက် ရေးလှုပ်ရှားမှုကို တန်ပြန်ရန် စစ်ကောင်စီက ဆိုင်ပိုင်ရှင်များကို အတင်း အကျပ်ဖိအားပေးရောင်းချခိုင်းကြောင်း၊ ရောင်းချသည့်အပြင် စျေးများကို ဝင်ရောက်စစ်ဆေးပြီး စစ်တပ်ထုတ်ကုန်မရောင်းသော ဆိုင်များကို စစ်တပ်၏ ထုတ်ကုန်များ ရောင်းချရန် အမျိုးမျိုး ဖိအားပေး ခြိမ်းခြောက် ကြောင်း သိရှိရသည်။", "လက်ရှိတွင် တော်လှန်ရေးအင်အားစုများက စစ်တပ်ထုတ်ကုန် သပိတ်မှောက် ရေးလှုပ်ရှားမှု ကနဦးခြေလှမ်းအနေဖြင့် သပိတ်မှောက်မည့် စစ်တပ်ပိုင် စီးက ရက် နှင့်အဖျော်ယမကာ တံဆိပ်များမှာ-", "၁။ မြန်မာ ဘီယာ (Myanmar Beer)", "၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)", "၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)", "၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)", "၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)", "၆။ အာမီရမ် (Army Rum)", "၇။ Red Ruby စီးကရက်", "၈။ Premium Gold စီးကရက် တို့ဖြစ်ပြီး အဆိုပါ ကုန်ပစ္စည်း ၈ မျိုးကို လုံး၀ မသုံးစွဲ ကြရန် မ၀ယ်ယူကြရန် မရောင်းချကြရန် ပြည်သူလူထု တစ်ရပ်လုံးကို လှုံ့ဆော်စည်းရုံးကြလျက်ရှိကြောင်း သိရှိရသည်။", "စစ်အာဏာသိမ်းမှုစတင်ကတည်းက ပြည်သူများ၏ သပိတ်မှောက်မှု‌", "များ ကြောင့် မြို့နယ်အများစုတွင် စစ်တပ်ထုတ်ကုန်ပစ္စည်းများ", "ရောင်းအား ဆိုးရွားစွာကျဆင်းလျက်ရှိကြောင်း၊ အဆိုပါသပိတ်မှောက်မှုများ ကို တန်ပြန်ရန် အကြမ်းဖက်စစ်ကောင်စီဘက်က ဘီယာဆိုင်များ၊ ကုန်စုံဆိုင်များ ကို စစ်တပ်ထုတ်ကုန်ပစ္စည်းများ မဖြစ်မနေရောင်းချရန် ဖိအားပေးစေခိုင်း ရောင်းချခိုင်းခြင်း၊ မရောင်းချသော ဆိုင်များအား ဒဏ်ကြေးတပ်ခြင်းများ ဖြင့် အရေးယူမှုများရှိနေကြောင်း သိရှိရသည်။", "ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် စစ်ကောင်စီထုတ်မြန်မာဘီယာ မရောင်းချသည့်ဆိုင်ခန်း၃၀ ကျော် ကို မြို့နယ်ထွေအုပ်နှင့် စည်ပင်မှငွေကျပ် (၁၀)သိန်းထက် မနည်းဒဏ်ကြေးပေးဆောင် ခိုင်းခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်ထုတ်ကုန်ပစ္စည်းများ မဖြစ်မနေရောင်းချကြရန် ကုန်စုံဆိုင်များကို ကြပ်မတ်ဆောက်ရွက်စေသည့် စက်တင်ဘာလ ရက်စွဲဖြင့် ဌာနတွင်းညွှန်ကြားချက်စာတစောင်လည်း ထွက်ပေါ်နေကြောင်း သိရှိရသည်။", "“အကြမ်းဖက်ဖက်ဆစ်တပ်ရဲ့ ပြုမူမှုတွေကတော့ မည်းမည်း မြင်ရာဟောင်နေကိုက်နေတဲ့ခွေးရူးတွေလိုပေါ့နော်။ အခုပြည်သူတစ်ရပ်လုံးက ဖက်ဆစ်တပ်ပိုင်တဲ့ ကုန်စည်နဲ့၀န်ဆောင်မှုတွေကို မ၀ယ်ယူ‌ဘူး မသုံးစွဲဘူး ဈေးဆိုင်တွေမှာ မတင်ဘူး ။ ဒါ လူထုက သူတို့နိုင်တဲ့ ဒီတော်လှန်ရေးတာ၀န်ကို ဘဏ္ဍာရေးစစ်မျက်နှာမှာ ထမ်းဆောင်နေကြတာဗျ။ ဒါကို စစ်အုပ်စုက ထုံးစံအတိုင်း သူတို့မှာရှိတဲ့ လက်နက်အင်အားကို အသုံးပြုပြီး သူတို့တပ်ပိုင်ပစ္စည်းတွေကို ဆိုင်တွေမှာ မတင်ဘူးဆိုရင် ဖမ်းဆီးမယ် ဒဏ်တပ်မယ် စတဲ့ အကြောက်တရားကိုသုံးပြီး ဖိနှိပ်ခြိမ်းခြောက် ဝါဒဖြန့်နေရတဲ့ အခြေအနေပေါ့ တော်တော်လေးမှ အခြေအနေဆိုးတဲ့ ဖက်ဆစ်တပ်လို့ ပြောရမလိုကို ဖြစ်ပါတယ်” ဟု နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားနေသော ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက ပြောဆိုသည်။", "လူထုသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပုံစံမျိုးဖြင့် ပါဝင်သွားမည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်တို့က မည်မျှပင် ဖိနှိပ်ပါစေ လူထုက အကြောက်လန့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။", "” လူထုက သူတို့ပါ၀င်လို့ရတဲ့ တော်လှန်ရေးနည်းနာတွေကို ရတဲ့နည်းနဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိရှိ ပါးပါးနပ်နပ်နဲ့ကို ပါ၀င်နေကြမှာဖြစ်တယ်", "ပြောချင်တာကဗျာ ဖြဲခြောက်လို့ ကြောက်သွားမယ့် ငြိမ်ကုပ်သွားမယ့် လူထုဟာ ဒီနေ့ ၂၁ ရာစု နွေဦးပြည်သူ့တော်လှန်ရေးကိုဖော်ဆောင်နေတဲ့ မြန်မာပြည်သူတွေမပါပါဘူး။ ဒါကြောင့် ဘဏ္ဍာရေးစစ်မျက်နှာအပါအ၀င် နွေဦးတော်လှန်ရေး စစ်မျက်နှာအားလုံးကို ဟန်ချက်ညီညီ အရှိန်အဟုန်မြှင့်ပြီးတော့ ဆက်လက်တိုက်ပွဲ၀င်သွားကြပါစို့လို့ဘဲ ကျနော်ကတော့ ပြောချင်ပါတယ် “ဟု ၎င်းက ပြောဆိုသွားသည်။"]
https://yktnews.com/2023/05/105264/
စစ်တပ်ထောက်ခံပြီး ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့်ရင်းနှီးသူ၊ စစ်ကောင်စီ အတွက် အလုပ်လုပ်ပေးနေသူ မဘသနှင့်အမျိုးသားရေး အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံတွင် အရေးပေါ် ကုသနေရ
["စစ်တပ်ထောက်ခံပြီး ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့်ရင်းနှီးသူ၊ စစ်ကောင်စီ အတွက် အလုပ်လုပ်ပေးနေသူ မဘသနှင့်အမျိုးသားရေး အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံတွင် အရေးပေါ် ကုသနေရ", "ရန်ကုန်၊ မေ ၃၀", "ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်တွင် စစ်တပ်ထောက်ခံပြီး ထိပ်တန်း စစ်ဗိုလ် ချုပ် များနှင့်ရင်းနှီးသူ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ မဘသနှင့် အမျိုးသားရေး အစွန်းရောက် အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံတွင် အရေးပေါ် ကုသနေရကြောင်း သိရှိရသည်။", "မေလ၂၉ရက် ည ၇ နာရီအချိန် ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရန်အောင် လမ်း၊ တိုက်အမှတ်၂၆၅ နေထိုင်သူ စစ်တပ်ထောက်ခံသူ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက် အဖွဲ့ဝင် လီလီနိင်ကျော်ကို မြိုပြပျောက်ကြားတပ် ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း၊ လီလီကျော်နိုင်သည် လီလီနိင်ကျော်သည် စစ်ကောင်စီ ၏ စစ်ခေါင်းဆောင်ပိုင်းများနှင့်ထဲထဲဝင်ဝင် ရင်းနှီးသူဖြစ်ပြီး တော်လှန်ရေးရဲဘော်များ၏ သတင်းအချက်လက်များနှင့် တော်လှန်ရေး လှုပ်ရှား မှုများကို စစ်တပ်အတွက် စုံစမ်းထောက်လှမ်းပေးသူဖြစ်ကြောင်း ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။", "“ပစ်တဲ့အချိန် မေးစေ့ဖောက်ထွက်ဒဏ်ရာနဲ့ ဒဏ်ရာပြင်းပြင်း ထန်ထန် ရသွား တယ်လို့သိရတယ်။ သေနိုင်တယ်လို့လည်းပြောတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောသည်။", "လီလီနိုင်ကျော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နွေဦးတော်လှန် အရှိန်အဟုန်မြင့် စတင်ချိန်မှ စပြီး အေးချမ်းစွာဆန္ဒပြကြသည့်အများ ပြည်သူ လူထုများ၊ သပိတ်လူငယ်များ နှင့် ရပ်ကွက်အတွင်း သံပုံးတီးဆန့် ကျင် သည့် နေအိမ်များကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးစေရန် သတင်းပေး၍ ဖမ်းဆီး စေခြင်း၊ ရန်ကင်းမြို့နယ်အတွင်း ရန်ကင်း ၁၂လုံးတန်းမှ တော်လှန်ရေး လူငယ် များ အပါအ၀င် ရွှေအုန်းပင်မှ‌ တော်လှန်ရေးလူငယ်များ၏ သတင်းအချက် အလက်များကို စစ်ကောင်စီထံ သတင်းပေးခြင်းများ လုပ်ဆောင်ခဲ့သည့် သက်သေအထောက်အထားများရရှိထားကြောင်း သိရှိရသည်။", "ထို့ပြင် လီလီနိုင်ကျော်သည် အကြမ်းဖက်စစ်ကောင်စီမှ ဒုတိယ ဗိုလ်ချုပ်မှူး ကြီးစိုးဝင်း၊ ဗိုလ်ချူပ် ဇော်မင်းထွန်းနှင့် တခြားသော စစ်ခေါင်းဆောင်တို့နှင့် ထိတွေ့ ဆက်ဆံနေသူဖြစ် သည့်အပြင် အကြမ်းဖက် စစ်ကောင်စီ၏ လက်ဝေခံ တယ်လီဂရမ် သတင်းချန်နယ် မီဒီယာများသို့ တော်လှန်ရေးရဲဘော်များ၏ အချက်လက်များကိုလည်း သတင်းပေးနေသူဖြစ်ကြောင်း၊ လီလီနိုင်ကျော်သည် ၇၈ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့လည်း VIP နံပါတ် ၉၇၄ လည်ဆွဲကတ် ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/175093/
ရှမ်းမြောက်နှင့်မိုးကုတ်မှ Non-CDM ဝန်ထမ်းများအနေဖြင့် စစ်ရှောင်မည်ဆိုလျှင် ဝန်ထမ်းသက်သေခံ အထောက်အထား၊ ဖုန်းအတွင်း ဌာနဆိုင်ရာလှုပ်ရှားမှု၊ ဓာတ်ပုံစာရွက်စာတမ်းများ မထားရှိဘဲ ဖျက်ဆီးထားကြရန် ညွှန်ကြား
["စစ်တပ်ထောက်ခံသူများအကြား စစ်ခေါင်းဆောင်ဓာတ်ပုံ၊ ကြံ့ခိုင်ရေးဓာတ်ပုံများ ဖုန်းအတွင်း ဖျက်းထားကြရန် လူမှုကွန်ရက်မှ နှိုးဆော်နေ", "ရန်ကုန်၊ ဇူလိုင် ၂၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ် နှင့် မိုးကုတ်မြို့နယ်မှ Non-CDM ဝန်ထမ်းများအနေဖြင့် မဖြစ်မနေ စစ်ဘေးရှောင်ရမည်ဆိုပါက ဝန်ထမ်းသက်သေခံ အထောက်အထားများ၊ ဖုန်းအတွင်း မိမိအလုပ်လုပ်သော ဌာနဆိုင်ရာ နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ဓာတ်ပုံစာရွက်စာတမ်းများကို မထားရှိဘဲ ဖျက်ဆီးထားကြရန် ဌာနဆိုင်ရာ ညွှန်ကြားချက် ထွက်ရှိထားကြောင်း သိရှိရသည်။", "ဇူလိုင်လဆန်းပိုင်းမှစတင်၍ ထိုသို့ ဌာနတွင်း ညွှန်ကြားချက်များထွက်ရှိလာခြင်းဖြစ်ပြီး လက်ရှိ တိုက်ပွဲများ ပြင်းထန်လာချိန်တွင် ဌာနဆိုင်ရာ အရေးကြီး မှု အဖြစ် ထပ်ဆင့် ညွှန်ကြားမှုများရှိလာကြောင်း၊ အထူးသဖြင့် ဌာနဆိုင်ရာ စာရွက်စာတမ်းများ၊ လျှို့ဝှက်ချက်များကို တော်လှန်ရေးတပ်များ၏ လက်အတွင်းသို့ မရောက်ရှိစေရန် ဖျက်ဆီးပစ်ရန်လည်း ညွှန်ကြားကြောင်း၊ ထို့ပြင် သက်ဆိုင်ရာဝန်ထမ်းများ၏ လုံခြုံဘေးကင်းရေးအတွက် စစ်ရှောင်ရမည်ဆိုပါက ဝန်ထမ်းကတ်များကို လက်တွင်း မထားရှိရန်၊ ဖုန်းများအတွင်း ဌာနဆိုင်ရာမှတ်တမ်းမှတ်ရာများ မထားရှိရန် ၊ ဝန်ထမ်းဆိုင်ရာ ကိစ္စများကို ဖြစ်နိုင်သမျှ ဖျက်ဆီးထားကြရန် ညွှန်ကြားထားကြောင်း သိရှိရသည်။", "” မှတ်တမ်းမှတ်ရာတွေကတော့ ရွှေ့သင့်တာတွေ ရွှေ့။ ကွန်ပျူတာထဲ ထည့်သွင်းလို့ရတာတွေ ထည့်ထားပြီးပြီ။ စာရွက် စာတမ်းတွေ မသယ်နိုင်တာတွေ ဖျက်ဆီးလိုက်ပြီ။ ဝန်ထမ်းနဲ့ မိသားစုတွေကတော့ တိုင်းစစ်ဌာနချုပ်ထဲ ပြောင်းရွှေ့ ချင်ရင် ပြောင်းခိုင်းတယ်။ မပြောင်းချင်ဘဲ စစ်ရှောင်မယ်ဆိုရင်တော့ ဝန်ထမ်းနဲ့ပတ်သက်တာတွေ အကုန်ဖျက်ဆီးခိုင်းတယ်” ဟု လားရှိုးမြို့နယ်မှ လ၀က ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် ရှမ်းမြောက်ဒေသ၏ အဓိက မြို့ဖြစ်သော လားရှိုးမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများတွင် ဝန်ထမ်းများအားလုံးမရှိတော့ဘဲ အများစုမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းသို့ ရောက်ရှိ ခိုလှုံနေကြကြောင်း၊ မိမိအစီအစဉ်ဖြင့် စစ်ဘေးရှောင်ကြသော ဝန်ထမ်းများမှာလည်း အခြားမြို့နယ်များသို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ရှမ်းမြောက်နှင့် မိုးကုတ်ဒေသမှ စစ်တပ်ထောက်ခံအသိုင်းအ၀ိုင်းများအကြားတွင် တော်လှန်ရေးတပ်များ ဝင်ရောက်လာပါက မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးနိုင်သဖြင့် စစ်တပ်ကို ထောက်ခံအရေးအသားများ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံနှင့် စစ်တပ် အမှတ်အသားများ၊ ကြံ့ခိုင်ရေးပါတီနှင့်ပတ် သက်သော ဓာတ်ပုံ၊ ထောက်ခံသော အရေးအသားများကို ဖုန်းအတွင်း ဖျက်ထားကြရန်၊ ဖေ့ဘုတ်စ်များတွင်လည်း စစ်တပ်ကိုထောက်ခံသော ပို့စ်များကို ဖျက်ထားကြရန် အချင်းချင်း သတိပေး လှုံ့ဆော် တိုက်တွန်းမှုများ လုပ် ဆောင် နေကြကြောင်း သိရှိရသည်။", "ဓာတ်ပုံ – ရှမ်းပြည်နယ်၊ နောင်ချိုမြို့မ ရဲစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်စဉ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/03/153733/
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တွင် စစ်မှုထမ်းရန် ဆင့်ခေါ်သူ များ မလာရောက်တော့၍ စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က မြင်သမျှ လူငယ်များကို ပိတ်ဆို့ဖမ်းဆီးပြီး စစ်တပ်ထဲခေါ်ဆောင်
["စစ်တပ်ထဲသွင်းရန် ဖမ်းဆီးခံရသူများတွင် ကျန်းမာရေးမကောင်းသူများနှင့် ကလေးဖခင်များ ပါဝင်", "ရန်ကုန်၊ မတ် ၂၉", "ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် စစ်မှုထမ်းရန်အတွက် မဖြစ်မနေ လာရောက် ဆင့်ခေါ်စာ ပေးပို့ထားသည့် လူငယ်များ ထွက်ပြေးတိမ်းရှောင်သွား၍ စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်များကို ပိတ်ဆို့ကာ မြင်သမျှ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။", "ယနေ့ မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၃၄ ရပ်ကွက် အုပ်ချုပ်ရေးသန်းဝင်းအောင်နှင့် စစ်တပ်က ရပ်ကွက်အတွင်းမှ လူငယ် ၃ ဦးကို စစ်မှုထမ်းရန်အတွက်ဟုဆိုကာ အတင်းအကျပ် ဝင်ရောက် ဖမ်းဆီးသွားကြောင်း၊ အဆိုပါ လူငယ် ၃ ဦးသည် မဲပေါက်ထားသည့်လူငယ်များမဟုတ်ဘဲ ဆင့်ခေါ်သူများ မလာရောက်၍ အစားထိုး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။", "အလားတူ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ညောင်ကုန်းကျေးရွာအုပ်စုတွင်လည်း လူငယ် ၁၀ ဦးကို စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ယနေ့ နံနက် ၂ နာရီအချိန်တွင် ဝင်ရောက် ပိတ်ဆို့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။", "“မနက် ၂ နာရီလောက်မှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်သားတွေက အိမ်တွေကို ပိတ်ဆို့ပြီး ဝင်ဖမ်းတာ။ မိဘတွေလည်း ပူဆွေးသောကရောက်ကြတယ်။ သားတွေ ဘယ်ခေါ်သွားလဲဆိုတာ မေးလို့လည်းမရဘူး။ အဆက်အသွယ်လည်း မရဘူး။ အုပ်ချုပ်ရေးမှူး မိုးမြင့်၊ ရာအိမ်မှူး မင်းဆွေ၊ တင်စော၊ မြင့်အောင်၊ ခင်ထွန်း တို့နဲ့ စစ်တပ် ပေါင်းလုပ်ကြတာ။ လူငယ်တွေလည်း အကုန် ပြေးနေကြရပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "မတ်လ ၂၇ ရက်နေ့ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ၁ ရပ်ကွက်ကို စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဝင်ရောက်စီးနင်းပြီး လူငယ် ၁၂ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးခဲ့ရာတွင် ကိုမျိုးကြည်ဆိုသော ကျန်းမာရေး မကောင်းမွန်သော ကလေးဖခင်တစ်ဦး ပါပါသွားကြောင်း၊ ကိုမျိုးကြည်သည် သမီး ၂ ဦး၏ ဖခင်ဖြစ်ပြီး ဦးခေါင်းခွဲစိတ်မှု ခံယူထားသူဖြစ်ကြောင်း၊ သတိမေ့တတ်ပြီး ကျန်းမာရေး ပုံမှန်မဟုတ်ဘဲ ဆေးဝါးများ သောက်သုံးနေရသူဖြစ်ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်#မှော်ဘီမြို့နယ်#စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့"]
https://yktnews.com/2023/02/88826/
စစ်တပ်ထံ FOEIM ကျောင်းသား ၃၀၀ ၏ အမည်၊ဖုန်းနံပါတ်၊ ဖခင်အမည် များ ပေါက်ကြားမှု မိဘများ ခြိမ်းခြောက် ငွေညှစ်ခံရမှုတချို့ ဖြစ်ပေါ်နေ၊ ကျောင်း သားမိဘများ လိုအပ်ပါက အရေးပေါ် နေရာ ပြောင်းရွှေ့ရန် အကြံပြု
["စစ်တပ်ထံ FOEIM ကျောင်းသား ၃၀၀ ၏ အမည်၊ဖုန်းနံပါတ်၊ ဖခင်အမည် များ ပေါက်ကြားမှု မိဘများ ခြိမ်းခြောက် ငွေညှစ်ခံရမှုတချို့ ဖြစ်ပေါ်နေ၊ ကျောင်း သားမိဘများ လိုအပ်ပါက အရေးပေါ် နေရာ ပြောင်းရွှေ့ရန် အကြံပြု", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်လော်ဘီများက FOEIM ကျောင်း သား ၃၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်နှင့် တယ်လီဂရမ် နံပါတ်၊ ဖခင်ဖြစ်သူအမည် ဆိုင်ရာ အချက်အလက်များ ၎င်းတို့ထံ ပေါက် ကြား လာကြောင်း ဖော်ပြပြီးနောက် ဖုန်းဆက်၍ ခြိမ်းခြောက် ငွေညှစ်ခံရမှုများရှိနေကြောင်းကျောင်းသား မိဘတချို့ထံမှ သိရှိရသည်။", "“မနေ့ညက ၁၂ နာရီလောက်ထင်တယ်။ ထောင်မကျချင်ရင်၊ အကြမ်းဖက်မှု ဥပဒေနဲ့ ပိုင်ဆိုင်မှုတွေ ချိတ် ပိတ်မခံချင်ရင် ငွေ သိန်း ၁၀၀ ပေးရမယ်။ Wave သို့မဟုတ် K-pay ကနေ လွှဲပေးရမယ်။ နို့မဟုတ်ရင် ဖုန်းနံပါတ်ကို Register လုပ်ထားတဲ့လိပ်စာကနေ လိုက်ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အဲဒါနဲ့ ဖုန်းချပစ်လိုက်တယ်။ အဲဒီဖုန်းကတ်ကို ထုတ်လိုက်တယ်။ ဖုန်းနံပါတ်ကို မှတ်ပုံ တင်ထားတဲ့ လိပ်စာကနေ ညတွင်းချင်း ရပ်ကွက်ထဲ အခြားနေရာတစ်ခုကို မိသားစုလိုက် ရွှေ့လိုက်တယ်။ ဒီနေ့တော့ အခြားမြို့နယ် ပြောင်းနေမယ်” ဟု FOEIM ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။", "အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးကလည်း စစ်ကောင်စီလက်အောက်ခံ စစ်လော်ဘီများက FOEIM တွင် တက်ရောက်သည့် ကျောင်း သား ၃၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ ဖခင်အမည်၊ အီးမေးလ်နှင့် တယ်လီဂရမ်နံပါတ်များကို ဖော်ပြထားသော အချက်အလက်များ ပေါက်ကြားသွားသဖြင့် သတိပြုကြရန် တိုက်တွန်းထားပြီး အရေးပေါ် လုပ်ဆောင်ရန် အချက် ၄ ချက်ကို ထုတ်ပြန်သည်။", "အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးက တိုက်တွန်းရန် လုပ် ဆောင် ထားသည့် အရေးပေါ် အချက် ၄ ချက်မှာ", "၁။ Data ပေးစဥ်တွင်ဖော်ပြခဲ့သော Sim Card ဖုန်းနံပါတ်များအား အသုံးပြုမှုယာယီရပ်နားထားခြင်း၊", "၂။ မိမိ၏ Device များအတွင်းရှိသော တော်လှန်ရေးဆိုင်ရာ Data အချက်အလက်များအားဖျက်ထားခြင်း၊", "၃။ မိမိ၏အိမ်နေရာဌာနတွင် သတိနှင့်နေထိုင်ခြင်း၊", "၄။ မိမိ၏ ဖုန်းSim Cardများအသုံးပြု၍ဖုန်းပြောရာတွင် တော်လှန်ရာဆိုင်ရာစကားလုံးများအားထည့်သွင်း ဖော်ပြမှုမပြုခြင်း တို့ပြုလုပ်ကြပါရန် အထူးတိုက်တွန်းနှိုးဆော်ထားသည်။", "အချက်အလက်ပေါက်ကြားမှုနှင့်ပတ်သက်၍ FOEIM၏ တာဝန်ရှိပုဂ္ဂိုလ်များမှ တာဝန်ခံစေရန်၊ သတင်းပေးဒလန်အားအမြန်ဆုံးဖော်ထုတ်ပေးရန် တိုက်တွန်းနှိုးဆော်အပ်ကြောင်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးက ထုတ်ပြန်ထားသည်။", "“ပေါက်ကြားသွားတဲ့ အချက်အလက်တွေမှာ မှတ်ပုံတင်နံပါတ်တို့ လိပ်စာတို့ တိုက်ရိုက် ပါသွားတာတော့ မရှိဘူး။ ဒါပေမယ့် ဖုန်းနံပါတ်နဲ့ ကျောင်းသားနာမည်။ ဖခင်နာမည်တွေပါနေတော့ နာမည်အရင်း မပေးထား ရင်တော့ ကောင်းတယ်။ နာမည်အရင်း ပေးထားရင် ဖုန်းကို Register လုပ်ထားတဲ့ မှတ်ပုံတင်နံပါတ်၊ လိပ်စာကနေ လိုက်လာနိုင်တယ်။ အဲဒီတော့ အချိန်ရပါတယ်။ ချက်ချင်းကြီး သူတို့ လာမဖမ်းနိုင်ဘူး။ အဓိက လုပ်သင့်တာက အချက်အလက်ထဲမှာ ပေးထားတဲ့ ဖုန်းနံပါတ်၊ အီးမေးလ်၊ တယ်လီဂရမ်ကို မသုံးနဲ့တော့။ ဖြစ်နိုင်ရင်တော့ နေရာပြောင်းရွှေ့နေပါလို့ အကြံပြုချင်ပါတယ်” ဟု ရန်ကုန်မှ နည်းပညာကျွမ်းကျင်သူတစ်ဦးက အကြံပြု ပြောဆိုသည်။", "Free Online Educational Institution Myanmar- FOEIM သည် ကြားကာလတွင် ပြည်သူ့ပညာရေးတည်ဆောက်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးကို စဉ်ဆက်မပြတ်ရရှိစေခြင်း စသည့်ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ကြားကာလပညာရေးကျောင်းဖြစ်ကြောင်း၊ NUG ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်လျက်ရှိသော ကျောင်းဖြစ်ကြောင်း အဆိုပါကျောင်းက ထုတ်ပြန် ကြေညာထားသည်။"]
https://yktnews.com/2022/12/73074/
null
["စစ်တပ်နှင့် BGF တပ်များက ဘားအံမြို့၊ တကောင်ဘိုးနှင့်မီးပုံးကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၃", "ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်တစ်ဖက်ကမ်း၊ တကောင်ဘိုးနှင့်မီးပုံးကျေးရွာကို စစ်တပ်နှင့် BGF တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၁ ရက်နေ့ စစ်ကောင်စီတပ် နှင့် နယ်ခြေားစောင့် BGF ၁၀၁၄ တပ်ခွဲမှူး တင်ဝင်း ဦး​ဆောင်​သောတပ်များက ကရင်ပြည်နယ်၊ ရွှေဂွန်းဘက်မှ သံလွင်မြစ်တဖက်ကမ်းဘားအံမြို့နယ် တကောင်ဘိုးနှင့် မီးပုံးရွာသို့ ဝင်ရောက်ပီး ရွာအတွင်းသို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးစစ်ရှောင်ကြရကြောင်း၊ မီးပုံးရွာရှိ နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။", "“ဒီဇင်ဘာ ၁၁ ရက်နေ့ ရွေဂွန်းတဖက်ကမ်း သံလွင်နောက်ဘက်ခြမ်း မီးပုံး ဝဲကြီး တစ်ကောင်ဘိုး ကျေးရွာတစ်လျောက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်။ နောက်တော့ တိုက်ပွဲဖြစ်တယ်လို့ ပြန်ကြားရတယ်။ ပြည်သူတွေကတော့ စစ်ကြောင်းဝင်လာကတည်းက ပြေးရတာ”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။", "ကရင်ပြည်နယ်တွင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့် BGF ၊ စစ်တပ်တို့ပူးပေါင်းပြီး KNLA နှင့် PDF တပ်များကို စစ်ကြောင်းထိုး ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ မကြာခဏ ဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/05/214857/
စစ်တပ်နှင့် UWSA ထိန်းချုပ်ထားသော မိုင်းဆတ်မြို့၊ မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်းများ တူးဖော်နေပြီး စွန့်ပစ်ပစ္စည်းများကြောင့် ထိုင်း-မြန်မာနယ်စပ်မှ ပြည်သူ ၁ သန်းကျော်၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်
["စစ်တပ်နှင့် UWSA ထိန်းချုပ်ထားသော မိုင်းဆတ်မြို့၊ မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်းများ တူးဖော်နေပြီး စွန့်ပစ်ပစ္စည်းများကြောင့် ထိုင်း-မြန်မာနယ်စပ်မှ ပြည်သူ ၁သန်းကျော်၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်", "ရန်ကုန်၊ မေ ၁၇", "မြန်မာစစ်တပ် နှင့် UWSA ထိန်းချုပ်ထားသော မိုင်းဆတ်မြို့၊ မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်းများ တူးဖော်နေပြီး စွန့်ပစ်ပစ္စည်း များကြောင့် ထိုင်း-မြန်မာနယ်စပ်မှ ပြည်သူ ၁ သန်းကျော်၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထိုင်းနိုင်ငံနယ်စပ်မှ ၂၅ ကီလို မီတာသာ ကွာ၀ေးသော ရှမ်းပြည်နယ် မိုင်းဆတ်မြို့ တောင်ဘက် မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်း ၂ တွင်းရှိနေသည်ကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့မြင်ရပြီး အဆိုပါ မြေရှားသတ္တုတွင်းများက စွန့်ပစ်ပစ္စည်းများသည် နမ့်ခုတ်မြစ်အတွင်းသို့ စီးဝင်သည့် ရေအရင်းအမြစ်များကို ညစ်ညမ်းစေကာ နယ်စပ်နှစ်ဖက်လုံးရှိ မြစ်အောက်ပိုင်းနေ ပြည်သူ ၁ သန်းကျော်၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်မည်မှာ စိုးရိမယ်ဖွယ်ရာဖြစ်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ရှင်းပြသည်။", "ဂြိုလ်တုဓာတ်ပုံများ၏ ဖော်ပြချက်အရ အဆိုပါ သတ္တုတွင်းများ၏ပုံသဏ္ဍန်မှာ ကချင်ပြည်ရှိ တရုတ်ကုမ္ပဏီများမှ terbium (Tb) နှင့် dysprosium (Dy) တို့ကို ပမာဏများစွာတူးဖော်နေသော မြေရှားသတ္တုတွင်းများ၏ ပုံသဏ္ဍာန်ကဲ့သို့ လုပ်ငန်းသုံးကန်အ၀ိုင်းများကို စီတန်းထားသည်ကို တွေ့မြင်ရကြောင်း သိရှိရသည်။", "ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတွင်းတူးဖော်မှုသည် သဘာ၀ပတ်၀န်းကျင်ကိုပြင်းထန်စွာထိခိုက်စေသော in situ leaching” နည်းလမ်းဖြင့်တူးဖော်ခြင်းဖြစ်ပြီး ၎င်းမှာ မြေရှားသတ္တုများကိုထုတ်ယူရန် တောင်များကို အပေါက်ဖောက်ကာ ပိုက်များမှတစ်ဆင့် ဓာတုပစ္စည်းများလောင်းထည့်ပြီးမှ အဆိုပါ ဓာတုပစ္စည်းအရည်များကို ကန်အတွင်းသို့ ပြန်ထည့်သွင်းပြီး အခြားဓာတုပစ္စည်းများကို ထပ်ထည့်ကာ မြေရှားသတ္တု ကိုထုတ်ယူခြင်းဖြစ်သည်။", "“မြေရှားရဲ့ ဆိုးကျိုးကတော့အများကြီးပဲ။ သူက မြေထဲကို ဓာတုပစ္စည်းထည့်ပြီးမှ တူးရတာမို့ မြေအောက်ရေအထိပါ အဆိပ်သင့်ပါတယ်။ ငါးတွေ၊ ငှက်တွေလို တိရစ္ဆာန်အငယ်တွေက အသက်ဆုံးရှုံးမယ်။ အပင်တွေ တောတောင်တွေ ပျက်စီးမယ်။ လူတွေကလည်း ကင်ဆာလို၊ ကျောက်ကပ်လို ရောဂါတွေပိုဖြစ်လာနိုင်တယ်။ အခုက ထိုင်းဘက်က နမ့်ခုတ်မြစ်ရေထဲ အာဆင်းနစ် ပမာဏ အများကြီးတက်နေပြီ။ သူတို့ စစ်ဆေးတွေ့ထားတယ်။ ဒါက အရမ်းဆိုးကျိုးဖြစ်စေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဓာတုပစ္စည်းများအသုံးပြု၍ မြေရှားထုတ်လုပ်ခြင်းကို ဆောင်ရွက်နေသည့် ကချင်ဒေသတွင် သဘာ၀ပတ်၀န်းကျင်ပျက်စီးမှုများနှင့် မြေရှားသတ္တုတွင်းများအနီးနေထိုင်သော ဒေသခံ များ၏ ကျန်းမာရေးထိခိုက်မှုများကို စနစ်တကျမှတ်တမ်းတင် ထုတ်ပြန်ထားမှုများ ရှိထားပြီးဖြစ်ကြောင်း၊ ထိုသို့ အောက်ခြေမှတူးဖော်ထုတ်ယူမှုသည် မြေပြိုမှုများဖြစ်စေခြင်း၊ မြေပေါ်၊မြေအောက်ရေများ အဆိပ်သင့် စေခြင်း၊ ငါးများနှင့် တောရိုင်းတိရစ္ဆာန်များကို သေဆုံးစေခြင်း နှင့် စိုက်ပျိုးပင်များကို ထိခိုက်စေခြင်းများဖြစ်စေကြောင်းလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဆိုသည်။", "ကချင်ဒေသရှိ သဘာ၀ပတ်၀န်းကျင်ပျက်စီးမှုများနှင့် မြေရှားသတ္တုတွင်းများအနီးနေထိုင်သော ဒေသခံ များ၏ ကျန်းမာရေးထိခိုက်မှုများကို စနစ်တကျမှတ်တမ်းတင် ထုတ်ပြန်ထားမှုများ ရှိထားပြီးဖြစ်ကြောင်း၊ အောက်ခြေမှတူးဖော်ထုတ်ယူမှုသည် မြေပြိုမှုများဖြစ်စေခြင်း၊ မြေပေါ်၊မြေအောက်ရေများ အဆိပ်သင့် စေခြင်း၊ ငါးများနှင့် တောရိုင်းတိရစ္ဆာန်များကို သေဆုံးစေခြင်း နှင့် စိုက်ပျိုးပင်များကို ထိခိုက်စေခြင်းများ ဖြစ်စေသည်ဟု အဆိုပါအဖွဲ့က ထောက်ပြသည်။", "လက်ရှိအချိန်တွင် မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်းများမှာ နမ့်ခုတ်မြစ်အတွင်းသို့ အဆိပ်များစွန့်ထုတ်နေပြီဖြစ်ရာ ရွှေတွင်း များကြောင့် ရှိနေနှင့်ပြီးသားဖြစ်နေသော ညစ်ညမ်းမှုများထက် ပိုမိုဆိုးရွားနိုင်ကာ ရှမ်းပြည် တောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နမ့်ခုတ်မြစ်တစ်လျှောက်တွင်နေထိုင်သော ဒေသခံများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်သည်။", "ထိုင်းနိုင်ငံတွင် နမ့်ခုတ်မြစ်သည် ချင်းမိုင်ခရိုင် မယ်အိုင်းမြိုန့ယ် တာတွန်းရွာမှ တစ်ဆင့် ချင်းရိုင်ခရိုင်ကို ဖြတ်သန်းစီးဆင်းကာ ချင်းဆန်မြို့နယ်တွင် မဲခေါင်မြစ်အတွင်းသို့ စီးဝင်သည့် မြစ်ဖြစ်သည်။", "ထို့ကြောင့် မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတူးဖော်မှုနှင့်ဖြစ်ပေါ်လာနိုင်သော နယ်စပ်ဖြတ်ကျော်သက်ရောက်မှုများမှာ နယ်စပ် နှစ်ဖက် ၂ နိုင်ငံလုံးရှိ တာ၀န်ရှိသူများမှ အစောတလျင် စုံစမ်းရန်လိုအပ်နေပြီး သတ္တုတူးဖော်မှုနှင့် ပတ်သက်နေသော အချက်အလက်များအားလုံးကို အများပြည်သူသိရှိစေရန် ထုတ်ဖော်ပြသရန် လိုအပ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က တိုက်တွန်းထားသည်။", "“အခုလောလောဆယ်တော့ ထိုင်းအစိုးရကို ကျမတို့ဘက်က တိုက်ရိုက်သတိပေးတာမျိုးထက် ထိုင်းထဲက မိတ်ဘက်အဖွဲ့အစည်း သူတို့ ထိုင်းအချင်းချင်း သတိပေးနိုင်အောင်တော့ ချိတ်ဆက်လုပ်နေပါတယ်” ဟု ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောဆိုသည်။", "မြေရှားသတ္တုတွင်းများတည်ရှိရာ မိုင်းယွန်းဒေသသည် မြန်မာစစ်ကောင်စီနှင့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA တို့ ပူးပေါင်းထိန်းချုပ်ရာ ဒေသဖြစ်သည်။"]
https://yktnews.com/2024/08/178562/
စစ်တပ်နှင့် လော်ဘီများက လားရှိုးတွင် တစ်အိမ်လျှင် တစ်ဦး စစ်မှု မထမ်းလျှင် ပိုင်ဆိုင်မှုများ သိမ်းမည်ဆိုသော MNDAA ကြေညာချက်အတုကို ထုတ်လုပ် ဖြန့်ဝေနေ
["စစ်တပ်နှင့် လော်ဘီများက လားရှိုးတွင် တစ်အိမ်လျှင် တစ်ဦး စစ်မှု မထမ်းလျှင် ပိုင်ဆိုင်မှုများ သိမ်းမည်ဆိုသော MNDAA ကြေညာချက်အတုကို ထုတ်လုပ် ဖြန့်ဝေနေ", "ရန်ကုန်၊ ဩဂုတ် ၁၂", "အကြမ်းဖက် စစ်ကောင်စီနှင့် စစ်တပ်လော်ဘီများက လားရှိုးမြို့တွင် တစ်အိမ်လျှင် တစ်ဦး စစ်မှု ထမ်းရမည်ဖြစ်ပြီး စစ်မှု မထမ်းလျှင် ပိုင်ဆိုင်မှုများ သိမ်းဆည်းမည်ဆိုသော MNDAA ကြေညာ ချက်အတုကို ထုတ်လုပ် ဖြန့်ဝေနေကြောင်း MNDAA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ နေ့စွဲဖြင့် စစ်တပ်နှင့် စစ်ကောင်စီ လော်ဘီများက ဖြန့်ဝေနေသော MNDAA ကြေညာချက် အတုတွင် တစ်အိမ်လျှင် တစ်ဦး MNDAA တွင် စစ်မှုထမ်းရမည်ဖြစ် ကြောင်း၊ အသက် ၁၆ နှစ်မှ အသက် ၅၀ အထိ အကျုံးဝင်ကြောင်း၊ စစ်မှုမထမ်းလျှင် MNDAA က ပိုင်ဆိုင်မှုများ သိမ်းဆည်းမည်ဖြစ်ကြောင်း အစရှိသော မဟုတ်မမှန် လုပ်ကြံထားသော MNDAA ကြေညာချက်အတုကို စစ်ကောင်စီတပ်နှင့် စစ်တပ်လော်ဘီများ၏ တယ်လီဂရမ် ချန်နယ်များမှတစ်ဆင့် ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။", "“MNDAA ဘက်က အဲဒီလိုမျိုး ထုတ်ပြန်ထားတာမရှိပါဘူး။ လားရှိုးမှာ တစ်အိမ် တစ်ဦး စစ်မှုထမ်းရမယ်ဆိုတာလည်း မဟုတ်ပါဘူး။ စစ်မှုမထမ်းရင် ပစ္စည်းတွေ ပိုင်ဆိုင်မှုတွေ သိမ်းမယ်ဆိုတာလည်း မဟုတ်ဘူး။ အဲဒါက ကြေညာချက် အတုသာလျှင် ဖြစ်ပါတယ်” ဟု MNDAA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီးနောက် ယင်းကဲ့သို့ တရုတ်ဘာသာစကားဖြင့် MNDAA ကြေညာချက်အတုများ၊ သတိပေးချက်အတုများကို မကြာခဏဆိုသလို ထုတ်ပြန်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/160443/
စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိဟုဆို
["စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိဟုဆို", "ရန်ကုန်၊ မေ ၂", "စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိကြောင်း Justice For Myanmar က ပြင်သစ်သတင်းစာ Le Monde ကို ကိုးကား၍ သတင်းထုတ်ပြန်သည်။", "သိမ့်ဝင်းထက်သည် မြန်မာစစ်တပ်ဆက်နွှယ် ခရိုနီစီးပွားရေးလုပ်ငန်းစုကြီး ရွှေဗျိုင်းဖြူအုပ်စုကို တည် ထောင်သည့် မိသားစု၏ မိသားစုဝင်တစ်ဦးဖြစ်ပြီး၊ ၎င်းအား အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ် ဆို့မှု ချမှတ်ထားကြောင်း၊ ပြင်ငသစ်နိုင်ငံ HEC Paris တွင် ကျောင်းတက်ရောက်လျက်ရှိရာ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းမှ အကျိုးအမြတ် ရရှိနေသည့် ၎င်း၏မိသားစုစီးပွားရေးမှ ငွေးကြေးထောက်ပံ့မှု ရရှိနေကြောင်း သိရှိရသည်။", "၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ပြင်သစ်ရှေ့နေများဖြစ်ကြသည့် William Bourdon နှင့် Lily Ravon တို့က Justice For Myanmar ၏ အကျိုးဆောင်ရှေ့နေများအဖြစ် ဆောင်ရွက်၍ သိမ့်ဝင်းထက်အား ပြင်သစ်အာဏာပိုင်များထံ တိုင်ကြားခဲ့ကြောင်း၊ Le Monde သတင်းဌာန၏ ရေးသားချက်အရ သိမ့်ဝင်းထက်၏ ပြင်သစ်နိုင်ငံအတွင်း နေထိုင်ခွင့် ဗီဇာကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် သက်တမ်းတိုးရတော့မည် ဖြစ်ကြောင်း၊ သို့ရာတွင် သူမ၏ ကျောင်းပညာသင်ကာလသည် အနည်းဆုံး ၂၀၂၄ ခုနှစ်အထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။", "ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက “အကယ်၍ ဥရောပသမဂ္ဂ ဒါမှမဟုတ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေခဲ့မယ်ဆိုရင် ဗီဇာထုတ်ပေးမှာ မဟုတ်ပါဘူး။ အဆိုပါမိန်းကလေးအနေနဲ့ ဗီဇာသက်တမ်းတိုး လျှောက်လာပြီဆိုရင် ဒါက ပြဿနာတစ်ရပ် ဖြစ်လာမှာပါ” ဟု Le Monde သတင်းစာသို့ ပြောဆိုထားသည်။", "တစ်ချိန်တည်းတွင် HEC Paris က ၎င်းတို့အနေဖြင့် ရှေ့နေတစ်ဦးဖြင့် စုံစမ်းမေးမြန်းမှုများ လုပ်ဆောင် လျက်ရှိပြီး် “ကျောင်း၏ ကျင့်ဝတ်ဆိုင်ရာ ကတိကဝတ်များနှင့် ဆန့်ကျင်နေသည့် အခြေအနေ သို့မဟုတ် လုပ်ရပ်ရှိကြောင်း အသိပေးတင်ပြမှုမှန်သမျှကို အလွန်အလေးအနက်ထား ဆောင်ရွက်ပါကြောင်း” Le Monde က သတင်းဖော်ပြထားသည်။", "ပြင်သစ်အာဏာပိုင်များအနေဖြင့် သိမ့်ဝင်းထက်၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသင့်ပြီး၊ သူမ၏ ဗီဇာ ကိုလည်း ပြန်လည်ရုပ်သိမ်းသင့်ကြောင်း၊ ရွှေဗျိုင်းဖြူသည် မြန်မာစစ်တပ်နှင့် အရေးပါထင်ရှားသည့်ဆက်နွှယ်မှုရှိသော အဓိကခရိုနီလုပ်ငန်းစုကြီးတစ်ခု ဖြစ်သည်။ ထင်ရှားသည့်ဆက်နွှယ်မှုများတွင် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်) နှင့် ရေနံတင်ပို့ရန် မိတ်ဖက်ဆောင်ရွက်မှုတစ်ခုလည်း ပါဝင်ကြောင်း၊ ရွှေဗျိုင်းဖြူ ဥက္ကဌ သိန်းဝင်းဇော်သည် မြန်မာစစ်တပ်နှင့် ကာလကြာရှည် အကျိုးအမြတ်ရှာ ဆက်ဆံရေး တစ်ရပ် ရှိထားသူဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများတွင် အားပေးကူညီခြင်းအားဖြင့် သိန်းဝင်းဇော်သည် သစ်ထုတ်လုပ်ရေး၊ ကျောက်စိမ်း၊ သတ္တုတူးဖော်ရေးနှင့် အခြားမသမာစီးပွားရေး လုပ်ငန်းများတွင် အကျိုးအမြတ်ကြီးသော လုပ်ပိုင်ခွင့်စာချုပ်များ ရရှိခဲ့ကြောင်း သိရှိရသည်။", "သိမ့်ဝင်းထက်သည် ရွှေဗျိုင်းဖြူက တယ်လီနောမြန်မာကို ဝယ်ယူစဉ် အတွင်း တည်ထောင်ခဲ့သည့် One Telecom Company Limited တွင် ရှယ်ယာရှင်နှင့် ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် သိမ့်ဝင်းထက်သည် ATOM Myanmar တွင် ဘဏ္ဍာရေးလေ့လာဆန်းစစ်သူအဖြစ် အလုပ်သင် ဆင်းခဲ့ကြောင်း သိရှိရသည်။", "သိမ့်ဝင်းထက်သည် “မြန်မာ-ရုရှားမိတ်ဖက် ဆောင်ရွက်မှု ခိုင်မာစေရေး ရုရှားနိုင်ငံမှ ယုံကြည်နိုင်သော အရောင်းကိုယ်စား လှယ်များ ရှာဖွေရန်” အတွက် စုဖွဲ့တည်ထောင်ခဲ့သော လုပ်ငန်းစုကြီးတစ်ခုတွင် ပါဝင်သည့် မြန်မာရေနံကုမ္ပဏီ Min Shwe Myine Enterprise Limited တွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။", "JFM ကိုယ်စားပြု ပြင်သစ်ရှေ့နေများဖြစ်သော William Bourdon နှင့် Lily Ravon တို့က မကြာ သေးမီက သိမ့်ဝင်းထက်အား ပြင်သစ်အာဏာပိုင်များထံ တိုင်ကြားခဲ့ပြီး၊ ပြင်သစ်အချုပ်အခြာနယ်မြေ အတွင်းရှိ သူမ၏ ပိုင်ဆိုင်မှုများအား သိမ်းဆည်းရန်နှင့် ပြင်သစ်နိုင်ငံအတွင်းမှ နှင်ထုတ်ရေး စဉ်းစားရန် တောင်းဆိုထားသည်။"]
https://yktnews.com/2024/07/171321/
ပုဂ္ဂလိကဘဏ်များတွင် အများပြည်သူများ၏ ငွေထုတ်ယူခွင့်ကို ကန့်သတ်မှုများဖြစ်ပေါ်နေပြီး Special ဘဏ်အကောင့်ကိုပင် ငွေကျပ် သိန်း ၂၀ မှ သိန်း ၅၀ အထိသာ ထုတ်ပေးတော့
["စစ်တပ်နှင့်ပတ်သက်သော အသိုင်းအ၀ိုင်းက ပုဂ္ဂလိကဘဏ်များမှ ငွေကျပ် သိန်းထောင်သောင်းချီ နားလည်မှုဖြင့် ထုတ်ယူနေ", "ရန်ကုန်၊ ဇူလိုင် ၄", "ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ယူမှုများပြားသည့်အတွက် အများပြည်သူများ၏ ငွေထုတ်ယူခွင့်ကို ကန့်သတ်မှုများဖြစ်ပေါ်နေပြီး Special ဘဏ်အကောင့်ကိုပင် ငွေကျပ် သိန်း ၂၀ ကျပ်မှ အများဆုံး သိန်း ၅၀ အထိသာ ထုတ်ပေးမှုများဖြစ်ပွားနေကြောင်း ဘဏ်အသိုင်းအ၀ိုင်းမှ သိရှိရသည်။", "ဇူလိုင်လ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မြန်မာပြည်သူများအကြား ရေပန်းစား အသုံးများသော ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုနှင့် တာဝန်ရှိသူများကို ဗဟိုဘဏ်က သတ်မှတ်ထားသော ရာခိုင်နှုန်းထက် အိမ်ရာချေးငွေများ ထုတ်ချေးခဲ့သည့်အတွက် အရေးယူမည် ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း၊ ထိုသို့ ကြေညာပြီး ဇူလိုင်လ ၂ ရက်နေ့မှစတင်ပြီး ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ယူသူများ အလွန်များပြားလာခဲ့ကြောင်း၊ ထို့​ကြောင့် ပုဂ္ဂလိကဘဏ်များကငွေထုတ်ယူမှုများကို ကန့်သတ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "” ဇွန်လ ၂ ရက်နေ့ ၂၆ လမ်း၊ ၇၄ လမ်းထောင့်မှာရှိတဲ့ KBZ ဘဏ်ခွဲ ၄၄ ၊ စိတ္တရမဟီဘဏ်ခွဲ မှာ ငွေသွားထုတ်တာ KBZ Special Bank Account ကို သိန်း ၂၀ ပဲ ထုတ်ပေးတယ်။ အဲဒါ အရင်တုန်းက သိန်း ၂၀၀ အထိ ထုတ်ပေးနေတာ ဘာလို့ သိန်း ၂၀ ပဲပေးတာလဲဆိုတော့ ဘဏ်မှာ ငွေသား မရှိတော့လို့ဆိုပြီးပြောတယ်။ KBZ ဘဏ်မန်နေဂျာကို ခေါ်ပြီး ပြောတော့လည်း ငွေသားမရှိလို့ ထုတ်မပေးနိုင်ဘူးလို့ပဲ ပြောတယ်။ ဘာမှ ဖြေမရှင်းမပေးဘူး။ နောက်နေ့ရော ထုတ်ပေးမှာလားဆိုတော့ ငွေမရှိရင်တော့ သိန်း ၂၀ ၊ သို့မဟုတ် သိန်း ၅၀ လောက်ပဲရနိုင်မယ်ပြောတယ်” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ ဧရာ၀တီဘဏ်ကလည်း မူရင်းဘဏ်စာအုပ်လုပ်ထားသော ဘဏ်မှ ငွေစာရင်းဆိုလျှင် အများဆုံး ငွေကျပ် သိန်း ၃၀ ၊ အခြားဧရာ၀တီဘဏ်တွင် ဘဏ်စာအုပ်လုပ်ပြီး မြို့နယ်ခြား၍ ငွေလာထုတ်ပါက အများဆုံးငွေကျပ် သိန်း ၂၀ သာပေး​​ကြောင်း သိရှိရသည်။", "“AYA ဘဏ်စာအုပ်က စမ်းချောင်းမှာ လုပ်ထားတာ။ အဲဒါ သင်္ဃန်းကျွန်းဘက်ရောက်တုန်းဆိုပြီး ငွေဝင်ထုတ်တာ သိန်း ၂၀ ပဲပေးမယ်ပြောတယ်။ စမ်းချောင်း AYA ဘဏ်မှာ သွားထုတ်ရင်တော့ သိန်း ၃၀ အထိ ရမယ်ပြောတယ်။ ငွေလွှဲတာနဲ့ ဒီဂျစ်တယ်ငွေကြေးဆိုရင်တော့ ကြိုက်သလောက် လွှဲပြောင်းလို့ရတယ်ပြောတယ်။ ငွေသား ထုတ်ပေးတာ လုံး၀ ကန့်သတ်လိုက်တာ။ အရင်က သိန်း ၂၀၀ အထိ ရသေးတယ်။ တစ်နေ့ကစ​ပြီး ငွေသား ကန့်သတ်လိုက်တာ” ဟု စမ်းချောင်းမြို့နယ်မှ ကားဝယ်ရောင်းပွဲစားတစ်ဦးက ပြောဆိုသည်။", "သို့ရာတွင် စစ်တပ်နှင့်ပတ်သက်သော အသိုင်းအ၀ိုင်းကမူ ပုဂ္ဂလိကဘဏ်များမှ ငွေကျပ် သိန်းထောင်သောင်းချီ နားလည်မှုဖြင့် ထုတ်ယူနေကြောင်း သိရှိရသည်။", "“ဇူလိုင် ၂ ရက်နေ့ကစပြီး တပ်နဲ့ပတ်သက်တဲ့အသိုင်းအ၀ိုင်းတွေဘက်က သိန်းထောင်သောင်းချီ နားလည်မှုနဲ့ ထုတ်နေကြတယ်။ သူတို့ ဘာသတင်းများကြားထားလဲမသိဘူး။ ဇူလိုင်လ ၃ ရက်နေ့ ရိုးမဘဏ် ၂ ဖြစ်တဲ့ တောင်ကြီး (မင်္ဂလာဦး) ဘဏ်ခွဲမှာ စစ်ယူနီဖောင်းတွေနဲ့ တပ်အသိုင်းအ၀ိုင်းက ငွေကျပ် သိန်းသောင်းနဲ့ချီကို ငွေထုတ်ယူ သွားတယ်” ဟု ဘဏ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။", "လတ်တလော စစ်ကောင်စီက ပုဂ္ဂလိဘဏ် ၇ ခုနှင့် တာဝန်ရှိသူများကို အရေးယူမည်ဟု ကြေညာမှုကြောင့် ပြည်သူများအ​ကြား ဘဏ်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက မကြာမီ မြန်မာတစ်နိုင်ငံလုံးတွင် ငွေစက္ကူ အသစ်များ ရိုက်မထုတ်တော့ဘဲ ဒီဂျစ်တယ်ငွေကြေး နှင့် စနစ်ကို အကြီးအကျယ် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။", "Photo- AFP ။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/10/124976/
စစ်တပ်နှင့်ပူးပေါင်းသည့် စီးပွားရေးသမား ၊ လက်နက်ပွဲစား ဉာဏ်လွင်အောင် မသေဆုံးခင် ဘယ်သူတွေနဲ့ပေါင်းလို့ ဘာတွေ လုပ်ခဲ့လဲ
["စစ်တပ်နှင့်ပူးပေါင်းသည့် စီးပွားရေးသမား ၊ လက်နက်ပွဲစား ဉာဏ်လွင်အောင် မသေဆုံးခင် ဘယ်သူတွေနဲ့ပေါင်းလို့ ဘာတွေ လုပ်ခဲ့လဲ", "ရန်ကုန်၊ အောက်တိုဘာ ၃", "စစ်တပ်နှင့်ပူးပေါင်းသည့် စီးပွားရေးသမား ၊ လက်နက်ပွဲစား ဉာဏ်လွင်အောင် က စစ်တပ်ကို ထောက်ခံကြောင်း လူမှုကွန်ရက်များမှတစ်ဆင့် ထုတ်ဖော်ပြော ဆိုခဲ့သူလည်းဖြစ်ပြီး အာဏာရှင်ဟောင်း နေဝင်း၏ မြေးဖြစ်သူ အေးနေဝင်း နှင့် လည်း ထဲထဲဝင်ဝင်ပတ်သက်နေသူလည်းဖြစ်သည်။", "Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့က ဉာဏ်လွင်အောင်နှင့်ပတ်သက်သော အကြောင်းအရာများကို ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့လာသည်။", "စစ်တပ်အသိုင်းအဝိုင်းထဲတွင် ကိုဥာဏ်ဟု သိကြသည့် ဥာဏ်လွင်အောင်သည် ကာကွယ်ရေး ဝန်ကြီးဌာနအတွက် နာမည်ခံကာ လိုအပ်သော ပစ္စည်းများ ဝယ်ယူပေးနေကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် ပူးပေါင်းကာ ပြည်သူများ အပေါ်ဖိနှိပ်ရန်ရည်ရွယ်ဆောင်ရွက်နေသည့် Facial Recognition System ပါ CCTV များ တင်သွင်းခွင့်ရရှိထားသူဖြစ်ကြောင်း၊ ဥာဏ်လွင်အောင် သည် နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်၂၄ ၊ ပြည်ထဲရေး ဝန်ကြီး ဌာနရုံး အမှတ် ၄၉ နှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံး တို့သို့အတား အဆီးမရှိ ဝင်ထွက်ခွင့်ရထားသူဖြစ်သည်။", "ထို့ပြင် သေဆုံးသူ ဉာဏ်လွင်အောင်သည် အာဏာသိမ်းစစ်တပ်ကို အပြည့်အဝ ထောက်ခံ သည့် အပြင် ရုရှား သို့ မြန်မာစစ်တပ်ကိုယ်စားလှယ်များ နှင့်အတူ ခရီးသွားခွင့်ရခဲ့သူဖြစ်ပြီး ရုရှား ကာကွယ် ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး နှင့်လည်း ရင်းနှီးသူဖြစ်ကြောင်း၊ စစ်တပ်အာဏာ သိမ်းခြင်းကို အပြည့်အ၀ ထောက်ခံရုံသာမက လူမှုကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန် ရေး တပ်ဖွဲ့ဝင်များကို ဆဲဆိုခြင်း၊ ၎င်း၏ ဝန်ထမ်းများကို စစ်တပ် ၏ သစ္စာ အဓိဋ္ဌာန် ၄ ချက်ကို ရွတ်ခိုင်းသူဖြစ်ကြောင်း သိရှိရသည်။", "အလားတူ Urban Owls မြီု့ပြပြောက်ကျားတပ်ဖွဲ့၏ ထောက်လှမ်းရရှိ ထား သော အချက်အလက် များအရ ဉာဏ်လွင်အောင်သည် မြန်မာနိုင်ငံအပြင် ထိုင်း၊ တရုတ်၊ ရုရှားနှင့် UAE နိုင်ငံများတွင် North Gate Engineering and Technology အမည်ဖြင့် လုပ်ငန်းခွဲများ ဖွင့်လှစ်ကာ ငွေကြေး ခဝါခမှု ချောမွေ့ စေရန် Well and Fair ပြည်ပ ခရီးသွားကုမ္ပဏီတစ်ခုကိုလည်း ထူထောင် ထားသည်။", "၎င်းနှင့်ပတ်သက်သော အသေးစိတ်အကြောင်းအရာများကို ရန်ကုန်ခေတ်သစ် သတင်းဌာန၏ Facebook လူမှုကွန်ရက်တွင် ဖော်ပြရန်မှာ Community Standard အရ မဖော်ပြနိုင်ဘဲ ရန်ကုန်ခေတ်သစ်တယ်လီဂရမ်https://t.me/khitthitnews/139052တွင် အသေးစိတ် ဓာတ်ပုံများနှင့် တကွ သွားရောက် ကြည့်ရှုနိုင်ပါသည်။"]
https://yktnews.com/2024/08/177561/
လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်သိမ်းပိုက်ခံရမှုတွင် တပ်တွင်း ဖရဲသီး(ခေါ်) လောက်ကောင်များက တစ်ဘက်အဖွဲ့ထံသို့ သတင်း ပေးခဲ့မှုကြောင့်ဟု စစ်တပ်က သုံးသပ်
["စစ်တပ်နှင့်ဝန်ကြီးဌာနများအတွင်းမှ ဖရဲသီးများ ရှာဖွေဖော်ထုတ်ရန် “လောက်ကောင် ရှင်းလင်းရေး” စီမံချက် ဆောင်ရွက်နေပြီး ဖရဲသီး ဆိုသော စကားရပ်အစား လောက်ကောင်ဟု သုံးနှုန်းရန် ညွှန်ကြား", "ရန်ကုန်၊ ဩဂုတ် ၇", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် အချိန်တိုအတွင်း MNDAA က တိုက်ခိုက် သိမ်းပိုက်မှုတွင် စစ်တပ်၏ ဆက် သွယ်ရေးဆိုင်ရာ ကျိုးပေါက်မှုများကြောင့်ဖြစ်ပြီး ယင်းသို့ သတင်းများ ကျိုးပေါက်ခဲ့ခြင်းမှာလည်း တပ်အတွင်းမှ ဖရဲသီး (ခေါ်) လောက် ကောင်များ၏ သတင်းပေးမှုကြောင့် စစ်တပ်၏ တပ်တွင်း အစီရင်ခံတင်ပြမှုများတွင် သုံးသပ်ထားကြောင်း သိရှိရသည်။", "လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထံသို့ စစ်ကူစစ်ကြောင်းများ သွား ရောက်ခြင်း၊ လားရှိုးမြို့နယ်တစ်ဝန်းတွင် စစ်ကြောင်းများ ဖြန့်ခွဲ ကာကွယ်ခြင်းဆိုင်ရာ သတင်းများသည် ဆက်သွယ်ရေးဆိုင်ရာ ကျိုးပေါက်မှုမှတစ်ဆင့် တစ်ဖက်အဖွဲ့အစည်းထံသို့ သတင်းများရောက်ရှိခဲ့ကြောင်း၊ ထို့ကြောင့် စစ်ကူစစ်ကြောင်းများ ချေမှုန်းခံရခြင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပတ်လည် ကာရံထားသည့် စစ်ကြောင်းများ အလွယ်တကူ ချေမှုန်းခံရခြင်းတို့မှာ တပ်တွင်းမှ ဖရဲသီး(ခေါ်) လောက်ကောင်များ၏ သတင်းပေးပို့မှု၊ ယင်းနှင့်ဆက်နွယ်နေသော ဆက်သွယ်ရေးဆိုင်ရာ ကျိုးပေါက်မှုတို့မှတစ်ဆင့် ဖြစ်ပွားခဲ့သည်ဟု တပ်တွင်း သုံးသပ်တင်ပြထားသော အစီရင်ခံစာအရ သိရှိရသည်။", "“ရမခ အလွယ်တကူကျရတာက သတင်းမလုံခြုံမှု အဓိကပေါ့။ သတင်းမလုံခြုံတာက နံပါတ်တစ်ကတော့ တပ်တွင်းဖရဲသီးတွေရဲ့ သတင်းပေးမှု။ အဲဒီနောက်ကမှ ဖရဲသီးတွေက သတင်းပေးလို့ ဆက်သွယ်ရေးကွန်ရက် ကျိုးပေါက်မှုတွေ ထပ်ဖြစ်တယ်လို့ သုံးသပ်ထားတယ်။ တန့်ယန်းမှာ အင်အား ၄၀၀ လောက်ရှိတဲ့ စစ်ကူစစ်ကြောင်း ချေမှုန်းခံရတာလည်း သတင်းတွေ ကျိုးပေါက်လို့၊ ဖရဲသီးက သတင်းပေးလို့။ တိုင်းမှူးနဲ့ စစ်အရာရှိကြီးတွေ အဖမ်းခံရတာလည်း သတင်းကျိုးပေါက်မှုအဓိကလို့ သုံးသပ်တယ်။ ဒါနဲ့ပတ်သက်လို့လည်း ဆင့်ကဲ တပ်တွင်း အရေးယူမှုတွေ လုပ်နေတယ်။ ထပ်လည်း လာဦးမယ်” ဟု စစ်ဘက်သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကို စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးရပြီးနောက် အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် ကကဆက်ညွှန်မှူး ဗိုလ်ချုပ် ရဲမြင့်နိုင် တို့ကို စစ်တပ်က ဖမ်းဆီး စစ်ကြောမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။", "ထို့ပြင် စစ်တပ်နှင့်ဝန်ကြီးဌာနများအတွင်းမှ လျှို့ဝှက်သတင်းများကို ပြင်ပသို့ ပေါက်ကြားစေသော ဖရဲသီးများ ရှာဖွေဖော် ထုတ်ရန် “လောက်ကောင် ရှင်းလင်းရေး” စီမံချက် ချမှတ်ထားပြီး ဖရဲသီးဆိုသော စကားရပ်အစား လောက်ကောင်ဟု သုံးနှုန်းရန် ညွှန်ကြားထားကြောင်း သိရှိရသည်။", "“အခု ဖရဲသီးလို့ မသုံးရတော့ဘူး။ လောက်ကောင်လို့ သုံးနှုန်းခိုင်းတယ်။ လောက်ကောင်တွေကို ရှာဖွေ ဖော်ထုတ်ရှင်းလင်းရမယ်ဆိုပြီး အမိန့်ပေးပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/12/136914/
စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ တာယာစက်ရုံတွင် အလုပ်မလုပ်ချင်၍ ထွက်ခွာသူကို ခံဝန် စာချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲ၊ အင်းစိန်တရားရုံးက အလုပ်ထွက်သူကို ငွေကျပ် ၂၉ သိန်းနီးပါး ပေးလျှော်ရန် အမိန့်ချ
["စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ တာယာစက်ရုံတွင် အလုပ်မလုပ်ချင်၍ ထွက်ခွာသူကို ခံဝန် စာချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲ၊ အင်းစိန်တရားရုံးက အလုပ်ထွက်သူကို ငွေကျပ် ၂၉ သိန်းနီးပါး ပေးလျှော်ရန် အမိန့်ချ", "စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတွင် အလုပ်မလိုသူများ များပြားလွန်း၍ စံပြအဖြစ် တရားစွဲဆို လျှော်ကြေးတောင်းပြ ၊ တရားရုံးကလည်း စစ်တပ် အလိုကျ ဆောင်ရွက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "အကြမ်းဖက်စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ၏ တယာစက်ရုံ(ရွာမ) တွင် အလုပ်မလုပ်မချင်၍ ထွက်သွားကြသူများကို အလုပ်သမားခံဝန်စာချုပ်ဖောက်ဖျက်မှုဖြင့် စက်ရုံက တရားစွဲရာ တရားရုံးက အလုပ်သမားကို ငွေကျပ် ၂၉ သိန်း နီးပါး ပေးလျှော်ရန် အမိန့်ချမှတ်ထားကြောင်း သိရှိရသည်။", "၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ မှစတင် ၍ ဦးအောင်ကိုကိုထက်သည် ဦးအောင်ထူးနှင့်ဒေါ်ခင်မာဦး အပါအဝင် အတူနေ မိသားစုများနှင့်အတူ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တာယာစက်ရုံ (ရွာမ)တွင် ၅ နှစ်တာဝန်ထမ်းဆောင်မည်ဆိုသော အလုပ်သမားစာချုပ်ဖြင့် အလုပ်လုပ်ခဲ့ကြောင်း၊ ယင်းနောက် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ဦးအောင်ကိုကိုထက်က အလုပ်မဆင်းတော့ကြောင်း၊ စက်ရုံက လာရောက်ဖြေရှင်းရန် ၂ ကြိမ်ဆင့်ခေါ်ခဲ့ကြောင်း သိရှိရသည်။", "ယင်းနောက် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတာယာစက်ရုံ(ရွာမ)က အလုပ်သမားခံဝန် ဖောက်ဖျက်မှုဖြင့် အလုပ်ထွက်သွားသူ ဦးအောင်ကိုကိုထက်ကို ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၄ ရက်နေ့တွင် တရားစွဲဆိုကြောင်း ၊ အဆိုပါ စွဲဆိုချက်အတိုင်း အင်းစိန်မြို့နယ် တရားရုံးကလည်း စက်ရုံမှ အလုပ်ထွက်သူ ဦးအောင်ကိုကိုထက်သည် ၅ နှစ်တိတိ အလုပ်လုပ်ပါမည်ဆိုသော ခံဝန်ဖောက် ဖျက်သည်ဆိုကာ ငွေကျပ် ၂၈ သိန်း ၈ သောင်း ပေးလျှော်ရန် အမိန့်ချကြောင်း သိရှိရသည်။", "“အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြန်မာစီးပွားရေးကော်ပိုရေးရှင်းမှာ အလုပ်မလိုကြလို့ ခွင့်မဲ့ ပျက်ကွက်တွေနဲ့ ထွက် ပြေးသူ များပြားနေလို့ သတိပေးစာတွေနဲ့ ခြိမ်းခြောက်နေတာ။ တရားစွဲပြတာ” ဟု အလုပ်သမား သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/07/114479/
စစ်တပ်ဘက်မှ ကတော်နှင့် အမျိုးအဆက်အနွယ်များ ယမန်နေ့ ရွှေစျေးကွက်တွင် အခေါက်ရွှေ ဝယ်ယူမှုများပြားခဲ့ပြီး ငွေကျပ် နှစ်သောင်းတန်အသစ် သတင်း ကြိုတင်သိရှိခဲ့ပုံရဟုဆို
["စစ်တပ်ဘက်မှ ကတော်နှင့် အမျိုးအဆက်အနွယ်များ ယမန်နေ့ ရွှေစျေးကွက်တွင် အခေါက်ရွှေ ဝယ်ယူမှုများပြားခဲ့ပြီး ငွေကျပ် နှစ်သောင်းတန်အသစ် သတင်း ကြိုတင်သိရှိခဲ့ပုံရဟုဆို", "လက်ရှိ ရွှေစျေးကွက်တွင် ပေါက်စျေးမရှိတော့ဘဲ အရောင်းပိတ်ကာ ကြိုက်ရောင်းကြိုက်ဝယ်စျေးကွက်ဖြစ်ပေါ်", "ရန်ကုန်၊ ဇူလိုင် ၂၃", "ပြည်တွင်းရွှေစျေးကွက်တွင် ယမန်နေ့ စစ်တပ်ဘက်မှ ကတော်နှင့် အမျိုးအဆက်အနွယ်များ ယမန်နေ့ ရွှေစျေးကွက်တွင် အခေါက်ရွှေ ဝယ်ယူမှုများပြားခဲ့ပြီး ငွေကျပ် နှစ်သောင်းတန်အသစ် ထုတ်ဝေမည့် သတင်းကြိုတင်သိရှိခဲ့ပုံရကြေင်း ရွှေကုန်သည်တချို့က ပြောဆိုသည်။", "ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ငွေကျပ် နှစ်သောင်းတန်ငွေစက္ကူသစ် ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ ယင်းကြေညာချက်ကြောင့် ရွှေစျေးကွက်တွင် အရောင်းအဝယ် ရပ်ဆိုင်းသွားကြောင်း၊ ရွှေဆိုင်အများစုက အရောင်း ပိတ်လိုက်ကြကြောင်း၊ ယမန်နေ့တွင် ရွှေဝယ်ယူခဲ့ကြသော စစ်တပ်ဘက်မှ အဆက်အနွယ်များတွင် သတင်းကြိုတင် သိရှိခဲ့ကြပုံရကြောင်း ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "“မနေ့ကတည်းက စစ်ဘက်အဆက်တွေကသတင်းကြိုရတယ်ထင်တယ်။ အဝယ်တွေချည်းပဲ။ အခုဈေးကွက်အခြေအနေက တစ်ကျပ်သား ၁၀သိန်း အမြတ်ရရင်တောင် မလုပ်ရဲတော့ဘူး။ တကယ်ရှင်းရင် ဒီထက် အဆ ၃၀ ၄၀ ပိုကုန်မှာ” ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "လက်ရှိတွင် ရွှေစျေးနှုန်းသည် ယမန်နေ့ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၃ သိန်း ဝန်းကျင်စျေးရှိခဲ့သော်လည်း ယနေ့တွင်မူ ပေါက်စျေးမရှိတော့ဘဲ ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်သွားပြီဖြစ်ကြောင်း၊ ရောင်းသူမရှိတော့ဘဲ ဝယ်သူများသာ များပြားနေကြောင်း သိရှိရသည်။"]
https://yktnews.com/2022/11/67386/
မုံရွာတွင် အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့် သတ်မှု အပါအဝင် လူ ၃၀ ဦးကို သတ် ဖြတ် သူ၊ အမျိုး သမီး ၅ ဦးကို မုဒိမ်းကျင့်သူ စိုင်းရဲထွန်းကို PDF တပ်ဖွဲ့က ဖမ်း ဆီး
["စစ်တပ်လက်ပါးစေ မျိုးချစ်၏ ခိုင်းစေမှုဖြင့် ပြစ်မှုများ ကျူးလွန်ပြီး စစ်တပ်က ဖမ်းဆီး အရေးမယူဘဲ PDF က ကျူးလွန်ဟု သတင်းဖြန့်ခိုင်း", "ရန်ကုန်၊ နိုဝင်ဘာ ၂၇", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှုနှင့် ဓားမြမှု ကျူးလွန် ထားသူ အသက် ၁၈ နှစ်အရွယ် စိုးရဲထွန်းကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ မြို့နယ်-ပလဖ အဖွဲ့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "စိုင်းရဲထွန်းသည် မျိုးချစ်၏ အဖွဲ့ဝင်တပည့်ဖြစ်ပြီး မျိုးချစ်သည် စစ်ကိုင်းတိုင်း မုံရွာမြို့ ပေါ်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး ရာဇဝတ်မှုများ ကျူး လွန်နေကြောင်း၊ စစ်တပ် သတင်းပေး ဒလန်လုပ်လည်း လုပ်နေကြာင်း၊ မျိုးချစ်ဆိုသူသည် မုံရွာ မြို့ ပေါ်ရှိ ဓားမြ တိုက် မှုများ အပါအဝင် ရာဇဝတ်မှုများ ဆက်တိုက် ကျူး လွန်နေကြောင်း သိရှိရသည်။", "မုံရွာမြို့ပေါ်တွင် စိုးရဲထွန်း ကျူးလွန်ခဲ့သော လူသတ်/မုသိမ်းမှု ၂၈ မှုတွင် အမျိုး သမီး ၃ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်မှု အပါအဝင် လူ ၃၀ ဦးကို သတ် ဖြတ် ခဲ့ပြီး အမျိုးသမီး ၅ ဦးကို မုဒိမ်းကျင့်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်။", "” ဒီ​ကောင်တွေ ရေနံကုန်းမှာခိုးပြီး အပြန်မှာ ကျွန်တော်တို့ ဝင်ဖမ်းလိုက်တာ လွန် ခဲ့တဲ့ ၉ ရက်လောက်တည်းက ဖမ်းမိတာပါ။ သူက မျိုးချစ်ရဲ့ တပည့်ပေါ့။ မျိုးချစ်ရဲ့ တပည့်ကိုမှ အမှုတွေ ၁၀၀ ​ကျော်တယ်။ လူသတ်မှုတွေကော မုဒိမ်းမှုတွေကော ရိုက်မှုတွေကော လုမှုတွေကော အဲတာတွေ သူထွက် ဆို ထားတယ်။ ဓားမြမှုတွေပါ ထွက်ဆိုထားသည်။ သူက မျိုးချစ် တပည့် ဆိုတော့ မျိုးချစ် အုပ်ချုပ်ပုံ အုပ်ချုပ်နည်းတွေကို ဘယ်လိုဆေးတွေကျွေးတွေ ဘယ်လို လုပ်တယ်ဆိုတာ ကျန်တော်တို့ ဗီဒီယိုဖိုင်ထဲမှာ သူရဲ့ ထွက်ဆိုချက်ကို အကုန် ဖော်ပြထားပါတယ်။ ကျွန်တော်တို့ သူ့ကို တရားဥပဒေအတိုင်း ဆက်သွားပြီး အရေးယူမှာပါ။ ဥပဒေ တရားရုံး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကျွန်တော်တို့ ဘက်မှာလည်း တရားဥပဒေနဲ့ ပတ်သက်နဲ့ ရှေ့နေတွေရှိတယ်။ အခု ကျွန်တော် တို့ ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး သူနဲ့ အတူ ကျူးလွန်ခဲ့တဲ့ နောက်ဆက်တွဲကို ထပ်ဖမ်းဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့ ဆက်လက်ထုတ်ပြန်သွားပါ့မယ်” ဟု မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ မြို့နယ်-ပလဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ကပြောဆိုသည်။", "စိုင်းရဲထွန်း ကျူးလွန်ခဲ့သော လူ ၃၀ ဦး သတ်ဖြတ်မှုနှင့် အမျိုးသမီး ၅ ဦးကို မုဒိမ်း ကျင့် မှုများမှာ-", "၁ ။ မြို့ပတ်လမ်း ကြက်မှုဇုန် ကံမကြား၌ ပိုက်ဆံ (၈၀၀၀၀)ကျပ်၊ ဖုန်း(၁)လုံး၊ MSX(၁)စီးအားရိုက်လုမှု(သေဆုံး)", "၂ ။ ကျွဲရဲ ကြက်မှုဇုန်ကြား ဖုန်း(၂)လုံး၊ပိုက်ဆံ(၃၀၀၀၀)၊Waveအပြာ(၁)စီး နှစ်ဦးကို ရိုက်လုမှု တစ်ဦး (သေဆုံး)", "၃ ။အင်းရွာသစ်ကားမောင်းသင်တန်းကျောင်းအနောက် ခရက် ကန်ကျောင်း အနီး၌ ဖုန်း(၂)လုံး၊ ပိုက်ဆံ (၁၀၀၀၀)၊ Fz( ၁)စီး နှစ်ယောက်ကိုရိုက်လုမှု( တစ်ဦးသေ)", "၄ ။ Main ကျောင်းအရှေ့လမ်းကြား၌ ဖုန်း(၂)လုံး၊ပိုက်ဆံ(၄၅၀၀၀)၊Clickစစ်စိမ်း(၁)စီး၊Scoopyiအဖြူ(၁)စီး နှစ်ဦးကိုရိုက်လုမှု(နှစ်ဦးလုံးသေ)", "၅ ။ စက်မှုဇုန်မြို့ရှောင်လမ်းဆုံ ငြိမ်းချမ်းရေးပဲခွဲစက်အနီး ဖုန်း(၁)လုံး၊ပိုက်ဆံ(၃၀၀၀၀)၊MSX(၁)စီး နှစ်ဦးကိုရိုက်လုမှု( နှစ်ဦးလုံးသေ)", "၆ ။ အင်းရွာသစ်အမှိုက်ကျင်းလမ်းပေါ် ဖုန်းနှစ်လုံး၊ပိုက်ဆံ(၁၉၀၀၀၀)၊Fz(၁) စီး၊Cyclone(၁)စီး နှစ်ဦးကိုဓားထောက်လုမှု(နှစ်ဦးလုံးသေ)", "၇ ။ ဓမ္မရံသီကျောင်းနဲ့Mainကျောင်းကြား၌ ဖုန်း(၁)လုံး၊ဆွဲကြိုး(၁)ကုံး၊ပိုက်ဆံ (၃၀၀၀၀) ကျပ်၊Cycloneအနက်(၁)စီး မိန်းကလေး တစ်ယောက် ကိုရိုက်လု မှု မုဒိန်းကျင့်(သေဆုံး)", "၈ ။မြို့ပတ်လမ်းဇလုပ်တောင်ဘက် ကြက်ခြံနား ဖုန်း(၁)လုံး၊ရွှေဆဲကိုး(၁)ကုံး၊ပိုက်ဆံ(၂၀၀၀၀) ၊Clickစစ်စိမ်း(၁)စီး မိန်းကလေးတစ်ဦးကိုရိုက်လု၍ မုဒိန်း ကျင့်မှု(သေဆုံး)", "၉ ။ ကျွဲရဲမှ အက်တောသွားသည့်လမ်း ငရုတ်ခြံနား၌ မိန်းကလေးတစ်ယောက် ကို ဖုန်း(၁)လုံး၊ပိုက်ဆံ(၁၃၀၀၀)၊Czi (၁)စီး ရိုက်လု၍ မုဒိန်းကျင့်မှု", "၁၀ ။ ကံမ ကြက်မှုဇုန်လမ်းကြား၌ ဖုန်း(၁)လုံး၊ ပိုက်ဆံ (၅၀၀၀၀)ဝန်းကျင်၊Cycloneအနက်(၁)စီး မိန်းကလေး(၁)ဦးကိုရိုက်လု၍ မုဒိန်းကျင့်သတ်မှု", "၁၁ ။ Mainကျောင်း အနောက်လမ်းပေါ် ဖုန်း(၁)လုံး၊ပိုက်ဆံ(၁၅၀၀၀၀)၊MSX(၁)စီး ယောကျ်ားလေးတစ်ဦးကိုရိုက်လုမှု(သေဆုံး)", "၁၂ ။မြို့ပတ်လမ်းဘေး ဖုန်း(၁)လုံး၊ပိုက်ဆံ(၈၀၀၀)၊MSX၁စီး ရိုက်လုမှု(သေဆုံး)", "၁၃ ။ စက်မှုဇုန်လမ်းပေါ် ဖုန်း(၁)လုံး၊ ပိုက်ဆံ (၃၀၀၀၀)ဝန်းကျင်၊ Tvs Indiaဘီး ၁ စီးကိုရိုက်လုမှု(သေဆုံး)", "၁၄ ။ကန်သာယာလမ်းဘေး ဖုန်း(၁)လုံး၊ပိုက်ဆံ(၂၅၀၀၀)၊CZI အဖြူ ၁ စီးရိုက်လုမှု(သေဆုံး)", "၁၅ ။ကမ်းနားလမ်းဘေးတာရိုးပေါ် ဖုန်း၁လုံး၊ ပိုက်ဆံ၅၀၀၀၊ Cyclone အနက် ၁ စီး ကို ဓားခုတ်လုမှု (သေဆုံး)", "၁၆ ။Oceanနောက်ကျော သဲသောင်ပြင်ပေါ် ဖုန်း(၁)လုံး၊ပိုက်ဆံ ၅၀၀၀၀ ဝန်းကျင်၊MSX(၁)စီး ရိုက်လုမှု(သေဆုံး)၊", "၁၇ ။ စက်မှုဇုန်ဝိုင်းပတ်လမ်းပေါ်ဖုန်း(၁)လုံး၊ပိုက်ဆံ(၁၅၀၀၀)ဝန်းကျင်၊Clickအနက်ပြောင်(၁)စီးရိုက်လုမှု(သေဆုံး)", "၁၈ ။AK KTV လမ်းကြား ဖုန်း(၁)လုံး၊ ပိုက်ဆံ(၈၀၀၀၀)ခန့်၊ FZအစိမ်း(၁)စီးရိုက်လု(သေဆုံး)", "၁၉ ။ သလ္လာဝတီမြစ်သဲကျောက်ဆိပ်နား ဖုန်း(၁)လုံး၊ ပိုက်ဆံ(၁၀၀၀၀)ခန့်၊ Wave(၁)စီးရိုက်လု(သေဆုံး)", "၂၀ ။ ပြည်ထောင်စုလမ်းမကြီးပေါ် စွမ်းရည်ထက်ဆီဆိုင်နား ဖုန်း(၁)လုံး၊ ပိုက်ဆံ(၃၀၀၀၀)ဝန်းကျင်၊ Jialingအသစ်(၁)စီး ဓားခုတ်လု(သေဆုံး)", "၂၁ ။ ဗိုလ်တေဇလမ်းကြား ဖုန်း(၁)လုံး၊ ပိုက်ဆံ(၇၀၀၀၀)ခန့်၊ Traker အနက်(၁)စီး ဓားခုတ်လု(သေဆုံး)။", "၂၂ ။ နန္ဒဝန်ရပ်ကွက် အောင်သပြေလမ်းကြား ဖုန်း(၂)လုံး၊ ပိုက်ဆံ(၅၀၀၀၀)ခန့်၊ Cyclone အနက်(၁)စီး ကျား (၂) ယောက်အား ရိုက်လု(သေဆုံး)", "၂၃ ။ နန္ဒဝန်စည်သူလမ်းကြား ဖုန်း (၂)လုံး၊ ပိုက်ဆံ(၃၅၀၀၀) ခန့်၊ MSX(၁)စီး ကျား(၂)ယောက်အား ရိုက်လု(သေဆုံး)", "၂၄ ။ ရေကူးကန်လမ်းကြား ဖုန်း(၂)လုံး၊ ပိုက်ဆံ (၁၀၀၀၀၀)၊ Click အနက်ရှေ့ဒူးကာအနီ(၁)စီး ကျား(၂)ယောက်အား ဓားခုတ်လု(သေဆုံး)", "၂၅ ။ အင်းရွာသစ်အမှိုက်ကျင်းလမ်းပေါ် ဖုန်း(၁)လုံး၊ပိုက်ဆံ(၂၀၀၀၀)၊ရွှေ နားကပ်(၁)ရံ၊Jialing(၁)စီး မိန်းကလေးတစ်ယောက်ကို ရိုက်လု၍ မုဒိန်း ကျင့်မှု", "၂၆ ။ Ecoကျောင်းအနောက်လမ်းကြား မိန်းကလေးတစ်ဦးကို ဖုန်း(၁)လုံး၊ပိုက်ဆံ(၉၀၀၀၀)၊Cycloneအနက်(၁)စီး ရိုက်လု၍ မုဒိန်းကျင့်မှု", "၂၇ ။ သာစည်လမ်းပေါ် ကြက်မှုဇုန် ဘေး မိန်းကလေးတစ်ဦးကို ဖုန်း(၁)လုံး၊ပိုက်ဆံ(၂၀၀၀၀)၊Jialing(၁)စီးရိုက်လု၍ မုဒိန်းကျင့်မှု", "၂၈ ။ Mainကျောင်းအနောက်လမ်းပေါ်၌ မိန်းကလေးတစ်ဦးကို ဖုန်း(၁)လုံး၊ပိုက်ဆံ(၈၀၀၀၀)၊Clickအနက်ရောင်(၁)စီး ရိုက်လု၍ မုဒိန်းကျင့်မှု", "စသည့် အမှုများဖြစ်ကြောင်း သိရသည်။", "ထို့ပြင် စစ်တပ်လက်ပါးစေ မျိုးချစ်၏ ခိုင်း​စေချက်အရ လွှတ်တော်ရုံး အရှေ့ ဘက် နှစ်ထပ်တိုက်မှ ပိုက်ဆံသိန်း(၇၀)၊ ရွှေထည်ပစ္စည်းအများအပြား ကို ဓားပြတိုက်မှု၊ မျိုးချစ်၏ခိုင်းစေချက်အရ လွှတ်တော်ရုံးအရှေ့ဘက် နှစ်ထပ် တိုက် ကပ်ရပ် တိုက်သစ်တစ်ခုမှ ပိုက်ဆံအများအပြားနှင့် ရွှေထည်ပစ္စည်း အများအပြားကို ဓားပြတိုက်မှု၊ သိန်းတစ်ရာရွှေဆိုင် ဓားပြတိုက်မှုနှင့် ရွှေ ညောင် ပင် money game ဆိုင်အနုကြမ်းစီးမှုတို့ကိုလည်း လုပ်ဆောင် ခဲ့ ကြောင်း သိရသည်။", "မုံရွာမြို့နယ်-ပလဖက ဖမ်းဆီးရမိခဲ့သော စိုင်းရဲထွန်းသည် ရွှေမောင် (ခ) ကု လား ဆိုသည့် အမည်များလည်းရှိပြီး လူသတ်၊ မုဒိမ်းမှု၊ ဓားပြမှုများအပြင် လူ ရိုက် လုယက်မှု ၁၅ မှုနှင့် ခိုးမှု ၇၈ မှုတို့ကိုကို ကျူးလွန်ထားသူ ဖြစ်ကြောင်း မုံ ရွာ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က တရားဝင် သတင်းထုတ်ပြန်ထားသည်။", "ရာဇဝတ်မှု ကျူးလွန်မှုများကို စစ်တပ်က ဖမ်းဆီးခြင်းမပြုဘဲ PDF က ကျူး လွန် နေသည်ဟု သတင်းဖြန့်ခိုင်းကြောင်း စိုင်းရဲထွန်းက ထွက်ဆိုထားသည်။", "ဓာတ်ပုံ- လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြတိုက်မှု၊ ခိုးမှု အပါအဝင် ရာဇဝတ်မှုများ ကျူးလွန်ထားသူ စိုင်းရဲထွန်း။"]
https://yktnews.com/2023/02/89139/
စစ်တပ်လက်အောက်ခံ BGF စောချစ်သူပိုင် ရွှေကုက္ကိုလ်မြို့သစ်မှ အွန်လိုင်းဂိမ်းများက ဗီယက်နမ်များထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု စုံစမ်းရန် စသုံးလုံးဒုညွှန်ချုပ် ကရင်ပြည်နယ် လာရောက်မည်
["စစ်တပ်လက်အောက်ခံ BGF စောချစ်သူပိုင် ရွှေကုက္ကိုလ်မြို့သစ်မှ အွန်လိုင်းဂိမ်းများက ဗီယက်နမ်များထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု စုံစမ်းရန် စသုံးလုံးဒုညွှန်ချုပ် ကရင်ပြည်နယ် လာရောက်မည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "အကြမ်းဖက် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စောချစ်သူပိုင် ရွှေကုက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများက ဗီယက်နမ်နိုင်ငံသားများထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု စုံစမ်းစစ်ဆေးရန် ကရင်ပြည်နယ်သို့ စသုံးလုံးဒုညွှန်ချုပ် လာရောက်မည်ဖြစ်ကြောင်းပြည်ထဲရေးသတင်းရင်း မြစ်များထံမှ သိရှိရသည်။", "အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် သိန်းနိုင်ထွန်းသည် ဖေဖော် ဝါရီလ ၂၄ ရက်နေ့တွင် မော်လမြိုင်မှတစ်ဆင့် ကရင်ပြည်နယ်သို့ လာရောက်မည်ဖြစ်ပြီး ရွှေက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသားများ၏ ဒေါ်လာငွေ သိန်းပေါင်းများစွာ လိမ် လည် ထားမှု ကိစ္စ အပါအဝင် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် လာရောက် မည်ဖြစ်ကြောင်း သိရှိရသည်။", "” လိုင်စင်မဲ့ကား ၊ နွားမှောင်ခို ကိစ္စ၊ မြဝတီကနေ လက်နက်နှင့်မူးယစ်ဆေးဝါးတွေ ထွက်နေတဲ့ကိစ္စ၊ နယ်မြေအေးချမ်းတည်ငြိမ်ရေး၊ ရွှေက္ကိုလ် အွန်လိုင်းဂိမ်းတွေကနေ ဗီယက်နမ်နိုင်ငံသားတွေဆီက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည် ကိစ္စ၊ရွှေနှင့်ငွေကြေးခဝါကိစ္စတွေကို လာပြီး စစ်ဆေးမယ်” ဟု နေပြည်တော် စသုံးလုံး သတင်းရင်းမြစ်က ပြောသည်။", "စသုံးလုံး ဒုတိယညွှန်ကြားရေးမှူးချုပ် သိန်းနိုင်ထွန်းသည် ယခင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို၏ တပည့်အရင်းဖြစ်ပြီး ညွှန်ချုပ် မောင်မောင်ကျော်ကို ကျော်၍ စသုံးလုံး ဌာနတွင်း ရာထူးတိုး၊ လဘ်ပေးလဘ်ယူကိစ္စများကိုင်တွယ် ကျူးလွန်နေသူဖြစ်ကြောင်း သိရှိရသည်။", "ကရင်ပြည်နယ်၊ မြဝတီ-ထိုင်းနယ်စပ်တွင် BGF နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး ကြီး စောချစ်သူ က လုပ် ကိုင် နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့်ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သဖြင့် ဗီယက်နမ်နိုင်ငံသားတချို့က ဖေဖော်ဝါရီလဆန်းပိုင်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြသည်။", "စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူး‌ ကြီးစောချစ်သူ၊ တရုတ်လူမျိုး ရာဇဝတ်ဂိုဏ်းများ၊ စစ်ကောင်စီဘက်မှ အရာရှိများ ပူးပေါင်း ဖွင့်လှစ်ထားသော ရွှေက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့် ကာစီနိုအွန်လိုင်းဂိမ်းများက ဗီယက်နမ်နိုင်ငံသားများထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သွားကြောင်း ၊ ယင်းသို့ လိမ်လည်မှုအတွက် ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ယင်းအမှုကို မကိုင်တွယ်လိုသော်လည်း နှစ်နိုင်ငံ အရေးကိစ္စ ပုံစံဖြစ်လာသဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို စုံစမ်းစစ်ဆေးရန် တာ ဝန် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။", "လက်ရှိ ရွှေကုက္ကိုလ်တွင် ဗီယက်နမ် အပါအဝင် အာဆီယံနိုင်ငံများမှ နိုင်ငံသားတချို့ ကို လစာကောင်းသော အလုပ်အကိုင်ပေးမည်ဟုဆိုကာ လူကုန်ကူးခံရမှုများရှိနေကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ BGF တပ်များက ရွှေကုက္ကိုလ်ထဲတွင် လုံခြုံရေး အပြည့် ပေးထား ကြောင်း၊ ရွှေကုက္ကိုလ်တွင် တရားမဝင် နေ ထိုင်သော တရုတ်၊တရုတ်(ဟောင်ကောင်)၊ထိုင်ဝမ် နိုင်ငံသား ၁၀၀ ကျော်၊ဗီ ယက်နမ်နိုင်ငံသား ၁၀ ဦး၊ ထိုင်းလူမျိုး ၂၀ ကျော် ရှိကြောင်း ၊ စစ်တပ်နှင့်ရဲက ယင်း တရားမဝင် နေထိုင်သူများကို မြန်မာဘက်က ဖမ်းဆီးမှုများရှိသော်လည်း ရဲက BGF နှင့် ညှိနှိုင်းပြီး ပြန်လွှတ်ပေးလေ့ရှိကြောင်း၊ လက်ရှိတွင်လည်း ဗီယက် နမ် နိုင်ငံဘက်က အမှုဖွင့်လာမှုအပေါ် စသုံးလုံးက အယောင်ပြသာ စစ် ဆေးမှု လုပ်နိုင်ကြောင်း သိရှိရသည်။", "“ဗီယက်နမ်ဘက်က အမှုဖွင့်တာကလည်း ဒီလိုပဲ ပြီးသွားမှာပါပဲ။ ထိရောက်တဲ့ အရေးယူမှု ရှိဖို့တော့ မလွယ်ပါဘူး။ အခုလို ကရင်ဘက်မှာ မတည်မငြိမ်ဖြစ်နေတော့ BGF အဖွဲ့ကို စစ်တပ်က တင်းတင်းကျပ်ကျပ် မကိုင်ရဲဘူး။ ဗီယက်နမ်ဘက်က အမှုဖွင့်တာကို ဟန်ပြလောက်တော့ စစ်ဆေးပါတယ်ဆိုပြီး လုပ်ပြတဲ့သဘောပါပဲ” ဟု နေပြည်တော်ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။", "လက်ရှိ ရွှေက္ကိုလ်တွင် မြန်မာအမျိုးသမီး တချို့ လူကုန်ကူးခံရပြီး လိင်ပိုင်းဆိုင် ရာ ဖျော်ဖြေ ရေးလုပ်ကိုင်ရမှုများ၊ လူငယ်တချို့မှာလည်း အတင်းအကျပ် အ လုပ် ခိုင်းစေခံရမှုများရှိနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ။"]
https://yktnews.com/2024/01/138364/
စစ်တပ်လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်မိသားစုနှင့် ကိုးကန့် ရာဇဝတ်သားများ ပိုင်ဆိုင်သော ဒေါ်လာသိန်းချီတန်ကားများ ၊ လက် နက် များနှင့် ဥစ္စာပစ္စည်းများ MNDAA လက်အောက်ရောက်ရှိ
["စစ်တပ်လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်မိသားစုနှင့် ကိုးကန့် ရာဇဝတ်သားများ ပိုင်ဆိုင်သော ဒေါ်လာသိန်းချီတန်ကားများ ၊ လက် နက် များနှင့် ဥစ္စာပစ္စည်းများ MNDAA လက်အောက်ရောက်ရှိ", "တရုတ်က ဖမ်း၀ရမ်းထုတ်ထားသော ပယ်ဆောက်ချိန် အပါအဝင် တရားခံ ၁၀ ဦးကို စစ်ကောင်စီက တရုတ်ထံ လွှဲမပေး", "ရန်ကုန်၊ ဇန်နဝါရီ ၃", "အကြမ်းဖက် စစ်တပ်လက်အောက်ခံ၊ တရုတ်အစိုးရက ဖမ်း၀ရမ်းထုတ်ထားသော ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်မိသားစုနှင့် ကိုးကန့် ရာဇဝတ်သားများ ပိုင်ဆိုင်သော ဒေါ်လာသိန်းချီတန်ကားများ ၊ လက်နက်များနှင့် ဥစ္စာပစ္စည်းများမှာ MNDAA တပ်ဖွဲ့များ၏ လက်အောက်ရောက်ရှိနေကြောင်း လောက်ကိုင်နှင့် တရုတ်-မြန်မာနယ်စပ် စစ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ပယ်ဆောက်ချိန်မိသားစုသည် အာဏာရှိစဉ်အချိန်က ဒေါ်လာ သိန်းချီတန်ကားများ အသုံးပြု၍ သွားလာခဲ့ပြီး ပယ်ဆောက်ချိန်၏ သားဖြစ်သူ ပယ်ရင်ချန်းမှာလည်း ဒေါ်လာ သိန်းချီတန် နာမည်ကျော် Lamborghini ပြိုင်ကား၊ Rolls-Royce ကား၊ Lexus ၊ Cadillac Escalade၊ မားစီးဒီးကားများ စုဆောင်းမှု ဝါသနာကြီးသူဖြစ်ကြောင်း သိရှိရသည်။", "ယခုအခါ တရုတ်နိုင်ငံက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်း၊ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးပယ်စောက်ချိန်နှင့် သားဖြစ်သူ ပယ်ရင်ချန်း ၊ ဦးပယ်စောက်ချိန်၏ သမီးဖြစ်သူ ပယ်ရင်လန်းနှင့် ကိုးကန့် သူဌေးများ ဖြစ်သည့် ဝေဆန်းနှင့် ဝေချင်းဆုန်း၊ ဝေရုန့်၊ ဖူလီလိုက်ကုမ္မဏီပိုင်ရှင် လျိုအားပေါက်၊ လျိုကျီးကွမ်း၊ လျိုကျင်းမောက် တို့နှင့် ရှီးလောက်ဖား တို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဖမ်း၀ရမ်းထုတ်ထားကြောင်း သိရှိရသည်။", "“သူတို့က မူးယစ်ဆေးဝါး၊ ကျားဖြန့် ၊ လူကုန်ကူးမှုတွေ၊ လောင်းကစားကာစီနိုတွေ အများကြီးပဲလုပ်တော့ အခု ဖမ်း၀ရမ်းထုတ်ခံထားရသူတွေအကုန်လုံးက ကျိကျိတက် ချမ်းသာကြတာ။ အခု လူမှုကွန်ရက်တွေမှာ MNDAA တွေ သိမ်းနေတဲ့ Lamborghini ပြိုင်ကားဆိုရင် ဒေါ်လာ ၄ သိန်းလောက်ရှိတယ်။ အဲဒါ ပယ်ရင်ချန်း စီးခဲ့တာ။ အခြားဒေါ်လာ သိန်းချီတန်ကားတွေ၊ လက်နက်တွေ မိနေတာလည်း လူမှုကွန်ရက်မှာ တောက်လျှောက်နေတာပဲ။ အခုတော့ အားလုံးက MNDAA လက်အောက်မှာ ရောက်သွားပြီ။ ပယ်စောက်ချိန်နဲ့ မိသားစုတွေ အသက်လုပြေးရတဲ့ အနေအထားလို့ ပြောလို့ရတယ်” ဟု တရုတ်-မြန်မာနယ်စပ်သတင်းရင်းမြစ်က ပြောသည်။", "ကိုးကန့်ဒေသ လောက်ကိုင်မှ သူဌေး အများအပြားသည် စစ်တပ် ရဟတ်ယာဉ်များထံသို့ တရုတ်ငွေ သိန်းပေါင်းများစွာ ပေး၍ ထွက်ပြေးမှုများ လုပ်ဆောင်ခဲ့ကြပြီး တရုတ်က ဖမ်း၀ရမ်းထုတ်ထားသူ ၁၀ ဦးမှာလည်း စစ်တပ်၏ ရဟတ်ယာဉ်များဖြင့် လွတ်မြောက်သွားပြီဟု ယူဆရကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။", "“လောက်ကိုင်ကနေ ရဟတ်ယာဉ်တွေနဲ့ မန္တလေး၊ တောင်ကြီး စတဲ့ ကိုယ်သွားချင်တဲ့ နေရာတွေသွားဖို့ တရုတ်ယွမ်ငွေ သိန်းပေါင်းများစွာ ပေးရတဲ့ စျေးကွက်က တိုက်ပွဲတွေ မဖြစ်ခင်က ဖြစ်ခဲ့တယ်။ တစ်နေ့ကို စစ်ရဟတ်ယာဉ်တွေနဲ့ ကိုးကန့်က သူဌေးတွေ ပြေးကြတာ။ အဲဒီလိုအထဲမှာ အခု တရုတ်က ဖမ်း၀ရမ်းထုတ်ထားတဲ့သူတွေ ပါသွားပြီလို့ ယူဆရတယ်။ တစ်နေရာရာမှာ သွားပြီး ပုန်းနေကြမယ်လို့ ထင်တယ်။ မြန်မာစစ်တပ်ဘက်ကလည်း တရုတ်ကို အပ်မယ့်သဘောမတွေ့ရဘူး” ဟု တရုတ်-မြန်မာစစ်ရေး သတင်းရင်းမြစ်က သုံးသပ်သည်။", "လက်ရှိတွင် လောက်ကိုင်မြို့တွင် ဒကစ မှ လွဲ၍ စစ်တပ် စခန်း မရှိတော့သဖြင့် များမကြာမီ ကိုးကန့်ဒေသတစ်ခုလုံး MNDAA ၏ လက်အောက်သို့ ကျရောက်မည်ဖြစ်ရာ စစ်ကောင်စီအနေဖြင့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်စောက်ချိန်တို့ မိသားစုနှင့် ဖမ်း၀ရမ်း ထုတ်ခံထားရသူများကို တရုတ်ထံ အပ်နှံလိမ့်မည်မဟုတ်ဟု ၎င်းက သုံးသပ်သည်။", "“တရုတ်ဆီကို အဓိက ပယ်စောက်ချိန်နဲ့ သားဖြစ်သူ၊ အခြား ၀ရမ်းထုတ်ထားတဲ့သူတွေကို အပ်မယ်လို့ မထင်ဘူး။ ကိုးကန့်ဒေသကို ပြန်ရဖို့ ဒီလူတွေကိုပဲ ပြန်မွေးမြူပြီး စစ်အင်အားတပ်ဆင်ပေးမယ်လို့ မျှော်လင့်ရတယ်။ တပ်အနေနဲ့က အခုအချိန်မှာ အရေးမပါပေမယ့် မလှုပ်ရှားပေမယ့် တရုတ်ကြောင့် MNDAA က အင်အားကြီးလာတယ်၊ တရုတ်က ကျောထောက်နောက်ခံပေးလို့ ၁၀၂၇ စစ်ဆင်ရေးမှာ သူတို့ ရှုံးတယ်ဆိုတာမျိုး စိတ်အနာကြီး နာနေတယ်။ အဲဒီတော့ ပယ်စောက်ချိန်နဲ့ တရုတ်လိုချင်သူတွေကို ပေးမှာ မဟုတ်ဘူး။ စစ်တပ်က လွှဲပေးမယ်ဆိုရင် ဒီဇင်ဘာလ ၁၀ ရက်နေ့ကတည်းက ၀ရမ်းထုတ်ထားတာ။ အခုလောက်ဆို လွှဲပေးလောက်ပြီ။ အခုက စစ်တပ်က မလွှဲပေးချင်လို့ကို တမင်ထားထားတာ” ဟု တရုတ်-မြန်မာစစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်"]
https://yktnews.com/2024/05/162359/
မောင်တော၊ ရွှေရင်အေးရွာကို စစ်ကောင်စီနှင့်လက်အောက်ခံ မွတ်စလင်လက်နက်ကိုင်တချို့က မီးရှို့မှု လူမျိုးစု နှစ်ခု ပဋိပက္ခ သို့ ဦးတည်ရန် စစ်တပ်က ဖန်တီးနေဟု NUG လူ့အခွင့်အရေး ဒုဝန်ကြီး သတိပေး
["စစ်တပ်လက်အောက်ခံ ရိုဟင်ဂျာများ၏ လုပ်ရပ် ရှုတ်ချဟု အတိအလင်း ဝေဖန်", "ရန်ကုန်၊ မေ ၁၄", "ရခိုင်ပြည် မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာကို မေလ ၉ ရက် နံနက် ၄ နာရီခန့်အချိန် စစ်တပ်နှင့် လက်အောက်ခံ ရိုဟင်ဂျာ မွတ်စလင် လက်နက်ကိုင်တချို့က မီးရှို့ခဲ့ပြီး အဆိုပါ မီးရှို့မှုကို ရှုတ်ချကြောင်း၊ လူမျိုးစု နှစ်ခု ပဋိ ပက္ခ သို့ ဦးတည်ရန် စစ်တပ်က ဖန်တီးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက သတိပေးလိုက်သည်။", "မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီက သင်တန်းပေးထားသည့် မွတ်စလင်လက်နက်ကိုင်တချို့က မီးရှို့နေသော ဗီဒီယိုသည် မေလ ၁၃ ရက်နေ့တွင် ဗီဒီယိုင်ဖိုင် ထွက်ပေါ်လာခဲ့ကြောင်း ၊ဗီဒီယိုဖိုင်တွင် မွတ်စလင်တချို့က ဓာတ်ဆီဗူးများ ကိုင်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် မီးရှို့ခဲ့ကြကြောင်း၊ ရွှေရင်အေးကျေးရွာသည် မောင်တောမြို့အဝင် မြို့သူကြီးရပ်ကွက်ရှိ စစ်ကောင်စီ၏ အမှတ် ၅ နယ်ခြားစောင့်တပ်စခန်းနှင့်နီးပြီး ညောင်ချောင်းမွတ်ဆလင်ကျေးရွာနှင့်လည်း နီးကပ်ကြောင်း၊ မီးရှို့မှုကြောင့် နေအိမ် ၅၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။", "ညောင်ချောင်းမွတ်ဆလင်ကျေးရွာတွင် စစ်ကောင်စီက တပ်စွဲထားပြီး မွတ်စလင်များကို စစ်သင်တန်းပေး လက်နက်တပ်ဆင်ပေးထားလျှက်ရှိကြောင်း စစ်သင်တန်းဆင်း မွတ်စလင်လက်နက်ကိုင်များနှင့် နခခ ၅ မှ စစ်ကောင်စီတပ်သား ပူးပေါင်းအဖွဲ့က ရွှေရင်အေးရွာကို မီးရှိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "မေလ ၉ ရက်နေ့ စစ်ကောင်စီတပ်သားများက ရွှေရင်အေးကျေးရွာအပြင် မိုင်ဝက်ခန့်ဝေးသည့် ဝေသာလီကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ ဝေသာလီကျေးရွာမှ နေအိမ် ၁၅ ဆောင်ထက်မနည်းကို စစ်သင်တန်းဆင်း မွတ်စလင်များနှင့် စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ ထို့ပြင် ပစ်ခတ်မှုများကြောင့် အသက် ၃၀ ကျော် ရခိုင်အမျိုးသမီးတစ်ဦး ရင်ဝ၌ ကျည်ဆံထိ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏ အမှတ် ၅ နယ်ခြားစောင့်တပ် (နခခ ၅ တပ်စခန်း)က ရခိုင်ပြည်အနှံ့ အထူးသဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောက ခေါ်ယူထားသော မွတ်စလင်များကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားကြောင်း သိရှိရသည်။", "“စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေ လူမျိုးတိုင်းမှာ ရှိသလို ရိုဟင်ဂျာတွေမှာလည်း အများအပြားရှိနေတာကို ကျွန်တော့်အနေနဲ့ အရင်ကလည်း ငြင်းခဲ့တာ မရှိပါ။ အာဆာအဖွဲ့အပါအဝင် ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်ပြီး မတော် မတရား လုပ်နေတဲ့ အစွန်းရောက်အဖွဲ့တွေ အကြောင်းလည်း ကျွန်တော် ယခင်ကတည်းက ပစ်ပစ်ခါခါ ကြိမ်ဖန်များစွာ ဝေဖန်ရှုတ်ချခဲ့တာတွေကို အားလုံးလည်း အသိပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ လက်ပါးစေ၊ လက်ကိုင်တုတ်တွေနဲ့ သာမန်အရပ်သားပြည်သူတွေကို ခွဲခြားမြင်ဖို့ လိုပါတယ်။ အကုန်လုံးကို သိမ်းကျုံး စွပ်စွဲနေတာက ပဋိပက္ခကို ပိုလို့ တိုးစေမယ်ဆိုတာကိုလည်း သတိချပ်သင့်တယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လိုလားချက်ကလည်း လူမျိုးနှစ်ခု ပဋိပက္ခဆီကို ဦးတည်သွားတာကိုပါ။ ဒါကိုလည်း သတိထားဖို့ လိုပါမယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေရဲ့ လိုလားချက်က အာရကန်ပြည်ထဲ ကျွန်တော်တို့ ရိုဟင်ဂျာအပါအဝင် ရခိုင်၊ ဒိုင်းနက်၊ ခမီ၊ ကမန်၊ မြို၊ မရမာ၊ ချင်း၊ ဗမာနဲ့ ဟိန္ဒူတွေ အားလုံး တန်းတူညီမျှ ဒေသအကျိုးစီးပွားကို အတူတူ လုပ် ကိုင်ရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဖြစ်တယ်ဆိုတာကို လေးလေး နက်နက် ပြောချင်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက လူမှုကွန်ရက်တွင် တရားဝင် သတင်းထုတ်ပြန်သည်။", "စစ်ကောင်စီနှင့်အတူ ဩဇာခံပြီး လက်နက်ကိုင် ဖျက်ဆီးနေသော ရိုဟင်ဂျာများကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ စစ်ကောင်စီ၏ လှည့်ကွက်အတွင်းသို့ မဝင်ကြရန်လည်း ထပ်မံ သတိပေးသည်။", "“အာရကန်ပြည် တည်ငြိမ်အေးချမ်းရေး ပျက်ပြားပြီး လူမျိုးဘာသာ မတူသူတွေကြား ပဋိပက္ခဖြစ်အောင် အကြမ်းဖက်သူ၊ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူ၊ အမုန်းတရားပြောသူ၊ မမှန်သတင်းများ ထုတ်ဖော်ပြောဆိုသူ မည်သူ့ကိုမဆို မည်သည့်အဖွဲ့အစည်းကိုမဆို ရိုဟင်ဂျာတွေပင်ဖြစ်လင့်ကစား ကျွန်တော့်အနေနဲ့ ပြင်းထန်စွာ ရှုတ်ချပါတယ်။ မောင်တော ရွှေရင်အေးရွာကို ဝင်ရောက် မီးရှို့ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ အတူ စစ်သင်တန်းဆင်း၊ စစ်ဝတ်စုံဝတ် ရိုဟင်ဂျာတွေရဲ့ လုပ်ရပ်ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အာရကန်ပြည်အတွင်း ပြည်သူတွေအားလုံးအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လှည့်ကွက်အပေါ် စိတ်ခံစားမှုအရ တုန့်ပြန်ခြင်း မပြုဘဲ အသိနဲ့ သတိကပ် ဆင်ခြင်ဖို့ တိုက်တွန်းပါတယ်။ အကြမ်းဖက်စစ်ကောင်စီက မကြာခင် သူတို့အနေနဲ့ အပြီးတိုင် လက်လွှတ်ရတော့မယ့် အာရကန်(ရခိုင်)ပြည်ကို လူမျိုးရေး ပဋိပက္ခတွေ ဖန်တီးပြီး ထားခဲ့မဲ့ အခြေအနေတွေ ရှိနေတယ်ဆိုတာ တနေ့တခြား ဖြစ်လာတဲ့ အခြေအနေတွေအရ သေချာနေပါပြီ။ အတိတ်က ဖြစ်ရပ်ဆိုးတွေ ဟာ ကျွန် တော်တို့အတွက် သင်ခန်းစာကောင်းတွေ အများကြီး ရနေပါတယ်။ ဒါကြောင့်မို့ ရိုဟင်ဂျာ၊ ရခိုင် ရပ်ရွာအခြေ ပြု ရပ်မိရပ်ဖများအနေနဲ့ အချင်းချင်းကြား ပိုမို ထိတွေ့ဆက်ဆံကာ အကြမ်းဖက် စစ်ကောင်စီနဲ့ လက်ကိုင်တုတ် အပေါင်းအပါတွေရဲ့ လှည့်ကွက်ထဲ မဝင်မိစေဖို့ လုပ်ဆောင်ကြပါလို့ အကြံပြုလိုပါတယ်” ဟု NUG လူ့အခွင့်အရေး ဒုဝန်ကြီးက အကြံပြု ပြောဆိုထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/08/178945/
ရှမ်းမြောက်မှ တိုက်ခိုက်မှု ဖြစ်စဉ်များကို တရုတ်က ဆန့်ကျင်သည်ဆိုသော အချက်မှာ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် သာပါဝင်ပြီး တရုတ်အစိုးရသတင်းဌာန ၏ ထုတ်ပြန်ချက်တွင် ယင်းအချက် လုံး၀ ပါဝင်ခြင်းမရှိ
["စစ်တပ်လော်ဘီများ လုပ်ဆောင်ခဲ့သော တရုတ်နိုင်ငံကို အိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ဟု တရုတ်က သတိပေး", "ရန်ကုန်၊ ဩဂုတ် ၁၅", "မြန်မာနိုင်ငံသို့ ရောက်ရှိသော တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုတွင် ရှမ်းမြောက်မှ တိုက်ခိုက်မှု ဖြစ်စဉ်များကို တရုတ်က ဆန့်ကျင်သည်ဆိုသော အချက်မှာ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် သာပါဝင်ပြီး တရုတ်အစိုးရသတင်းဌာန၏ ထုတ်ပြန်ချက်တွင် ယင်းအချက် ပါဝင်ခြင်းမရှိကြောင်းသိရှိရသည်။", "တရုတ်နှင့် စစ်ကောင်စီအကြား ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာက အပြည့်အစုံ သတင်း ထုတ်ပြန်ခဲ့ရာတွင် ရှမ်းမြောက်မှ တိုက်ပွဲများအပေါ် တရုတ်က ဆန့်ကျင်သည်ဆိုသော အချက်လုံး၀ ပါဝင်ခြင်းမရှိဘဲ ချစ် ကြည် ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်နေခြင်းနှင့် စစ်ဖြစ်ပွားနေခြင်း၊ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်ခြင်းကို ဆန့်ကျင်ကြောင်းသာ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ ရှမ်းမြောက်ဒေသမှ EAO များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်း ဖော်ပြခဲ့သော်လည်း ယင်းသို့ တရုတ်က လုံး၀ ပြောဆိုခဲ့ခြင်း မရှိသည်ကို တရုတ်အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။", "တရုတ်နိုင်ငံက စစ်ကောင်စီသို့ သတိပေးချက် တစ်ခု လုပ်ဆောင်ခဲ့ပြီး ယင်းမှာ စစ်တပ် လော်ဘီများလုပ်ဆောင်ခဲ့သော တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲ အောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆို သတိပေးခဲ့ခြင်းဖြစ်သည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/02/88178/
စစ်တပ်ဝါဒဖြန့်ချိရေး Facebook Page များ၊ တယ်လီဂရမ်အုပ်စုများတွင် ပါ ဝင် ရန်၊ Share လုပ်ရန် တပ်တွင်း အမိန့်ထုတ်ပြီး သတင်းမှန်ပြန်ကြားရေးက ရန်နိုင် အမည်ဖြင့် တယ်လီဂရမ်ဖွင့် ဝါဒဖြန့်
["စစ်တပ်ဝါဒဖြန့်ချိရေး Facebook Page များ၊ တယ်လီဂရမ်အုပ်စုများတွင် ပါ ဝင် ရန်၊ Share လုပ်ရန် တပ်တွင်း အမိန့်ထုတ်ပြီး သတင်းမှန်ပြန်ကြားရေးက ရန်နိုင် အမည်ဖြင့် တယ်လီဂရမ်ဖွင့် ဝါဒဖြန့်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "အကြမ်းဖက်စစ်တပ်က တပ်ဝါဒဖြန့်ချိရေး Facebook စာမျက်နှာများ၊ တယ် လီဂရမ်အုပ်စုများတွင် တပ်ရင်းတပ်ဖွဲ့များမှ မိသားစုများ၊ စစ်သားများအားလုံး ပါဝင်ကြရန်နှင့် ဝါဒဖြန့် သတင်း၊ ဆောင်းပါးများကို မဖြစ်မနေ Share လုပ်ကြရန် အမိန့် ထုတ်ထားကြောင်း သိရှိရသည်။", "စစ်တပ်၏ သတင်းပြန်ကြားရေး အဖွဲ့က ရန်နိုင် ဆိုသော အမည်ဖြင့် တယ်လီဂရမ် ဖွင့်လှစ် ဝါဒဖြန့်နေပြီး ယင်း ရန်နိုင် တယ်လီဂရမ်ကို တပ်တွင်း Follow လိုက်ထားပြီး Join ထားရန် တပ်ရိပ်သာများတွင် ဆိုင်းဘုတ်ထုတ်၍ ကပ်ထားကြောင်း သိရှိရသည်။", "စစ်တပ်က Facebook လူမှုကွန်ရက်စာမျက်နှာတွင် တရားဝင် ရပ်တည်နိုင်ခြင်းမရှိသောကြောင့် အကောင့်အတုများဖြင့် အမည်အမျိုးမျိုးသုံး၍ လူမှုကွန်ရက်တွင် ဝါဒဖြန့်ချိရေး Page များထူထောင်ကာ ပုံစံအမျိုးမျိုးဖြင့် ဝါဒဖြန့် လျက်ရှိကြောင်း၊ တယ်လီဂရမ်စာမျက်နှာတွင် Han Nyein Oo ၊ Kyaw Swar အပြင် အခြားသော စစ်တပ်လော်ဘီ စာမျက်နှာများကို စစ်တပ်အသိုင်းအဝိုင်းမှ မိသားစုများ၊ စစ်သားများအားလုံး မဖြစ်နေ Join လုပ်ခိုင်းထားကြောင်း သိရှိရသည်။", "“တပ်တွင်းမှာ propaganda လုပ်တဲ့ Fb page တွေနဲ့ telegram တွေကို တပ်တွင်း မိသားစုတွေကို ခေါ်ပြီး အဲ့ဒါတွေကို သူတို့ဖုန်းတွေမှာ အကုန် share ခိုင်းတယ်။ တပ်ထဲတွေမှာ တပ်နယ်အလိုက် ဖွင့်ထားတဲ့ Facebook page တွေရှိနေပြီး အဲ့ဒီ ပေ့ချ်တွေကို တပ်ထဲက တပ်မိသားစုဝင်တွေကို အကုန်ခေါ်ပြီး post တွေကို share ခိုင်းတယ် ဖုန်းတွေပါ ယူပြီး အရာရှိတွေကိုယ်တိုင်က share ပေးတာတွေပါလုပ်ခိုင်းပါတယ်။ Telegram ကိုဆိုရင်လည်း ကကဟန်ဆိုတဲ့ telegram ကိုပဲ အမြဲကြည့်ဖို့ channel ကို join ဖို့ပြောပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။", "စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များတွင် Facebook လူမှုကွန်ရက်တွင် ဖွင့်လှစ်ထားသည့် သလ္လာရွှေမြေ လူမှုကွန်ရက် စာမျက်နှာ ကို မဖြစ်မနေ Like လုပ်ထားကြရန်နှင့် ဝင်ရောက်ကြည့်ရှုကြရန် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က အမိန့်ထုတ်ထားသည်ဟု သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက လူမှုကွန်ရက် Facebook ကို အစားထိုးမည့် လူမှုကွန်ရက်တစ်ခုကိုလည်းကောင်း၊ You tube ကို အစားထိုးမည့် Mtube ကိုလည်းကောင်း တီထွင် တည်ဆောက်နေပြီဟု တရားဝင် သတင်းထုတ်ပြန် ထားသော်လည်း လက်ရှိအချိန်အထိ တရားဝင် ထွက်ရှိလာခြင်းမရှိသေးပေ။", "လူမှုကွန်ရက် Facebook ၊ You tube တို့တွင် စစ်ကောင်စီက နေရာမရသဖြင့် တယ်လီဂရမ်၊ ဗိုက်ဗာတို့မှတစ်ဆင့် ဝါဒ ဖြန့်ချိရေးများကို အင်တိုက်အားတိုက် စစ်တပ်က လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ ပြည်သူများ အကြားကို ထိုးဖောက်နိုင်ခြင်းမရှိသေးပေ။"]
https://yktnews.com/2023/09/123612/
စစ်တပ်အတွက် လက်နက်ပွဲစား လုပ်နေသည့် ခရိုနီ အောင်မိုးမြင့်ပိုင်ဆိုင်သော တောင်ဥက္ကလာပမြို့နယ်ရှိ ကုမ္ပဏီရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်
["စစ်တပ်အတွက် လက်နက်ပွဲစား လုပ်နေသည့် ခရိုနီ အောင်မိုးမြင့်ပိုင်ဆိုင်သော တောင်ဥက္ကလာပမြို့နယ်ရှိ ကုမ္ပဏီရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းရှိ စစ်တပ်အတွက် လက်နက်ပွဲစား လုပ်နေသည့် ခရိုနီ အောင်မိုးမြင့်ပိုင်ဆိုင်သော ကုမ္ပဏီရုံးခန်း ကို ၄၀ မမ ဗုံးသီးဖြင့် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း Urban Special Operation (U.S.O) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီ ၃၃ မိနစ်အချိန် တောင်ဥက္ကလာပ မြို့နယ်၊ ဝေဇယန္တာလမ်းရှိ ခရိုနီ အောင်မိုးမြင့် ပိုင်ဆိုင်သော ရုံးကို စစ်ဆင် ရေးအနေဖြင့် ၄၀ မမ ဗုံးသီးဖြင့် သတိပေး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ သည်။", "ထိုသို့ တိုက်ခိုက်ရခြင်းမှာ ခရိုနီ အောင်မိုးမြင့်သည် စစ်တပ်အတွက် လက်နက် ပစ္စည်းများ၊ လေယာဉ်ဆီများကို ပြည်ပမှ တင်သွင်းကူညီပေးနေကြောင်း၊ အတွင်းဖရဲသီးများ၏ သတင်းပေးပို့မှု အကူအညီဖြင့် အဆိုပါရုံးကို သတိပေး တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီကို ကူညီနေသော အကြမ်းဖက်ခရိုနီ များပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများကို စစ်ရေးပစ်မှတ် အဖြစ် စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောသည်။", "“မနေ့ည ၇ ခွဲလောက်က တောင်ဥက္ကလာ ၇ ရပ်ကွက်ထဲမှာ ဗုံးပေါက်ကွဲသံ အကျယ်ကြီးပဲ ၂ ချက်ကြားလိုက်ရတယ်။ အသံကလည်း အတော်ကို ကျယ် တာ” ဟု တောင်ဥက္ကလာပမြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောသည်။", "Justice for Myanmar ( JFM)က ခရိုနီအောင်မိုးမြင့်ကို အသက် ၃၀ အထက် မသမာသူများ” စာရင်းရှိ “သရော်ရှုတ်ချခံများ” စာရင်းတွင် ထည့်သွင်းထားပြီး အောင်မိုးမြင့်သည် Dynasty Group of Companies တည်ထောင်သူ ဖြစ် ကြောင်း ၊ မြန်မာစစ်အုပ်စုက အရပ်သားပြည်သူတွေကို သတ်ဖြတ်ရာတွင် အသုံးပြုသည့် စစ်လက်နက်များ ဝယ်ယူရန် ညှိနှိုင်းဆောင်ရွက်မှုကြောင့် ဘယ်လာရုစ် အစိုးရအတွက် အကျိုးအမြတ် အမြောက်အများကို ရှာဖွေပေးခဲ့ ကြောင်း၊ ထို့ကြောင့် အောင်မိုးမြင့်ကို ဘယ်လာရုစ်အစိုးရက မြန်မာနိုင်ငံ ဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ် ခန့်အပ်ထားကြောင်း၊ Dynasty ကုမ္ပဏီအုပ်စုသည် အောင်မိုးမြင့် မိသားစု စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး၊ အောင်မိုးမြင့်၏ မိသားစုသည် မြန်မာစစ်တပ်နှင့် နက်ရှိုင်းသည့် ဆက်ဆံရေး ရှိကြောင်း၊ အောင်မိုးမြင့်က ညီဖြစ်သူ လှိုင်မိုးမြင့်နှင့်အတူ Dynasty ကို ပူးတွဲ တည်ထောင်၊ လုပ်ကိုင်ခဲ့ကြောင်း၊ အောင်မိုးမြင့်၏ ဖခင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ် ကြီး ဖုန်းမြင့်သည် သန်းရွှေဦးဆောင်သော တရားမဝင်စစ်အစိုးရ လက်ထက် တွင် ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ကြောင်း သိရှိရသည်။", "၂၀၂၁ ခုနှစ်၊ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုက လူထောင် ပေါင်းများစွာကို သတ်ဖြတ်၊ ဖမ်းဆီးခဲ့ပြီး၊ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ကာ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများကို သေဒဏ်စီရင်ခဲ့ ကြောင်း၊ အောင်မိုး မြင့်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ အများကြီး ချမှတ်ထားသော် လည်း ၎င်းသည် စင်ကာပူနိုင်ငံရှိ သူပိုင် စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/99969/
စစ်တပ်အတွင်း ထိပ်ပိုင်းအရာရှိများမှစ၍ အောက်ခြေ တပ်သားများအထိ Sex Chat ထားသည့် ဗီဒီယိုဖိုင်များ “အိပ်ယာဝင်ပုံပြင်” တယ်လီဂရမ် ချန်နယ်တွင် ပေါက်ကြား၊ အကောင့်ပိုင်ရှင်ကို အရေးယူရေး စစ်တပ်က အပူတပြင်းရှာဖွေ
["စစ်တပ်အတွင်း ထိပ်ပိုင်းအရာရှိများမှစ၍ အောက်ခြေ တပ်သားများအထိ Sex Chat ထားသည့် ဗီဒီယိုဖိုင်များ “အိပ်ယာဝင်ပုံပြင်” တယ်လီဂရမ် ချန်နယ်တွင် ပေါက်ကြား၊ အကောင့်ပိုင်ရှင်ကို အရေးယူရေး စစ်တပ်က အပူတပြင်းရှာဖွေ", "ရန်ကုန်၊ ဧပြီ ၂၉", "စစ်တပ်အတွင်း ထိပ်ပိုင်းအရာရှိများမှစ၍ အောက်ခြေ တပ်သားများအထိ အမျိုးသမီးတစ်ဦးနှင့် Sex Chat ထားသည့် ဗီဒီယိုဖိုင်များကို အိပ်ယာဝင် ပုံပြင်များ တယ်လီဂရမ် ချန်နယ်တွင် ပေါက်ကြားသွားပြီး Sex Chat ပြောသည့် အကောင့်ပိုင်ရှင်ကို အရေးယူရေး စစ်တပ်က အပူတပြင်းရှာဖွေနေကြောင်းသိရှိရသည်။", "စစ်တပ်အတွင်းမှ အိမ်ထောင်သည်များ၊ လူပျို စစ်သည်၊ အရာရှိများက လူမှု ကွန် ရက်တွင် အမျိုးသမီးတစ်ဦးကို ဆက်သွယ်၍ ဗီဒီယိုခေါ်ကာ Sex Chat ပြုလုပ် ထားသည့် ဗီဒီယိုရာနှင့်ချီ၍ ပေါက်ကြားလာခြင်းဖြစ်ပြီး ယင်းဗီဒီယို များကို “အိပ်ယာဝင်ပုံပြင်များ” တယ်လီဂရမ်တွင် နေ့စဉ် တင်ပြထား ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“လူမှုကွန်ရက်မှာ မေမီ(အကောင့်အတု)ဆိုတဲ့ အကောင့်တစ်ခုရှိတယ်။ အဲဒီကို စစ်သားတွေ၊ အရာရှိတွေက ငွေပေးပြီး Video Sex Chat လုပ်ကြတာ။ အဲဒီ Video တွေကို ပြန်စုစည်းပြီး တယ်လီဂရမ် ချန်နယ်မှာ အိပ်ယာဝင်ပုံပြင် ဆိုပြီး စုစည်းပြီး တင်တာ။ အဲဒီချန်နယ်တွေ တက်လာတော့ အရာရှိကတော်တွေ တော်တော်များများ ပွတ်လောရိုက် ကုန်တယ်။ သူတို့ ယောင်္ကျားတွေပါနေလို့။ အခုတော့ တိုင်ကြတောကြနဲ့ အဲဒီ အိပ်ယာဝင်ပုံပြင် တယ်လီဂရမ် ချန်နယ် ပြန်ဖျက်သွားပြီ”ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။", "အိပ်ယာဝင်ပုံပြင် တယ်လီဂရမ် ချန်နယ်ကို ချက်ချင်း ရှာဖွေ အရေးယူရန် နေပြည်တော်စစ်ရုံးချုပ်က ညွှန်ကြားချက် တစ်ရပ် ထွက်ရှိလာကြောင်း၊ စစ်တပ်ကို လူမှုရေး အရှုပ်အရှင်းများဖြင့် ဖြိုခွဲရန် ကြံစည်သည်ဟု စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းက သုံးသပ်ကြောင်း သိရှိရသည်။", "“အဲဒီ Sex Chat လုပ်တဲ့အထဲမှာ အရာရှိကြီးပိုင်းတွေအထိ ပါတော့ အတော်ကို ပွတ်လောရိုက်ကုန်တာ။ အပြင်မှာ အတိုလေး တို့ကမ္ဘာဆိုပြီး တပ်ထဲတွေမှာ လည်း သတင်းတွေပြန့်ကုန်တာ။ စစ်တပ်ထိပ်ပိုင်းအထိပါ အဲဒီသတင်း ရောက် ကုန်တယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ဆက်ပြောသည်။", "စစ်အရာရှိကတော်အများစုက ၎င်းတို့၏ စစ်အရာရှိ လင်ယောင်္ကျားများ အိပ်ယာဝင်ပုံပြင် တယ်လီဂရမ်ချန်နယ်တွင် Sex Chat ပြောခဲ့သည့် Video များ တက်လာခြင်း ရှိ၊ မရှိ ပုံမှန်စစ်ဆေးနေကြရပြီး Sex Chat Video ဖြုတ်ချပေးရန် ငွေကြေးပေး ညှိနှိုင်းမှုများလည်းရှိ ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/165506/
စစ်တပ်အတွင်း ဒုတိယဗိုလ်မှူးကြီး အဆင့် အရာရှိ ၂၅ ဦးကို ရာထူးတိုး အပြောင်းအရွှေ့ပြုလုပ်
["စစ်တပ်အတွင်း ဒုတိယဗိုလ်မှူးကြီး အဆင့် အရာရှိ ၂၅ ဦးကို ရာထူးတိုး အပြောင်းအရွှေ့ပြုလုပ်", "ရန်ကုန်၊ ဇွန် ၂", "အကြမ်းဖက်စစ်တပ်အတွင်း ဒုတိယဗိုလ်မှူးကြီးအဆင့် အရာရှိ ၂၅ ဦးထက်မနည်းကို စစ်ကောင်စီက ထပ်မံ၍ အပြောင်းအလဲ ပြုလုပ်ကြောင်း စစ်တပ်အတွင်းမှ ရရှိသော သတင်းအချက်အလက်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။", "နေပြည်တော်စစ်ရုံးချုပ်ကြည်း စစ်ဆင်ရေးမှ နေပြည်တော် ဗျူဟာမှူးရာထူးအဖြစ် ဒုဗိုလ်မှူးကြီး ကျော်ခိုင်လင်းကိုလည်းကောင်း၊ တပ်မတော် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်အောင်ကို အမှတ် ၆ စစ်ဆင်ရေးကွပ်ကဲမှုတပ်သို့ လည်းကောင်းပြောင်းရွှေ့ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ စောင့်ကြည့်ရမည့် သူများ ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "မေလ ၃၁ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး ၂၅ ဦးခန့် တပ်တွင်း အပြောင်းအရွှေ့ လုပ်ဆောင်ခဲ့ကြောင်း၊ ဒုတိယဗိုလ်မှူးကြီးများသည် ရာထူးတစ်ဆင့်တိုးဖြင့် အပြောင်းအရွှေ့များ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ မကြာသေးခင်ကလည်း တိုင်းမှူးများ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီး ၃၆ ဦးကို ရာထူးမှအနားပေးခြင်း၊ ရာထူးတိုး အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "“ကျော်ခိုင်လင်းတစ်ယောက်ကတော့ နည်းနည်းထူးဆန်းတယ်။ ဒီ ကြည်းစစ်ဆင်ရေးကနေ နေပြည်တော်တိုင်းမှာပဲ ဗျူဟာမှူးကပ်ထွက်တယ်ဆိုတော့ သူကတော့ နည်းနည်းထူးဆန်းတယ် စောင့်ကြည့်ရမယ့် သူ။ နကတ တွေ တက်ပြီးသွားတာနဲ့ ဗိုလ်မှူးချုပ် ဗိုလ်ချုပ်လျာထားသွားတဲ့ လူဖြစ်မယ်လို့ ကျွန်တော်ကတော့ မှန်းတယ်။ နောက် စစ်တီးဝိုင်းတပ်က နေပြည်တော်ကနေပြီးတော့ အတီးအမှုတ်သမားက စကခ ၆ ကို ထွက်တယ်ပေါ့နော်။ နေပြည် တော်ကနေ နေပြည်တော်ပဲ။ အဲဒီတစ်ယောက်ကလည်း စောင့်ကြည့်ရမယ့်အထဲပါတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်တပ်အတွင်း အပြောင်းအရွှေ့ပြုလုပ်သူ ဒုတိယဗိုလ်မှူးကြီး ၂၅ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။", "၁- ဒုဗိုလ်မှူးကြီး ကျော်ဇင်ဦး နပခ (အမ်း) မှ စကခ ၂၀ (ခမောက်ကြီး)", "၂- ဒုဗိုလ်မှူးကြီး ကျော်ခိုင်လင်း စစ်ရုံးချုပ်ကြည်း စစ် ဆင်ရေးမှ နပတ (နေပြည်တော် )", "၃- ဒုဗိုလ်မှူးကြီး ညီညီထွန်း နပခ (အမ်း) မှ မပခ (မြစ်ကြီးနား )", "၄- ဒုဗိုလ်မှူးကြီး ၀င်းမင်းလတ် ရမခ (လားရှိုး) မှ စကခ ၁၉ (ရေး)", "၅- ဒုဗိုလ်မှူးကြီး သန့်ဇင်အောင် စစ်ရုံးချုပ် ကြည်းသုသေသန မှ စကခ ၁၉ (ရေး)", "၆- ဒုဗိုလ်မှူးကြီး ရဲမြင့်အောင် စစ်ရုံးချုပ် လကခ မှ မပခ (မြစ်ကြီးနား)", "၇- ဒုဗိုလ်မှူးကြီး ဇင်မောင်မောင် စစ်ရုံးချုပ် ကစထ ၃ မှ နပခ (အမ်း)", "၈- ဒုဗိုလ်မှူးကြီး ဖြိုး၀ဏ္ဏထွန်း တခရ (ဗထူး) မှ စကခ ၁၇ (မိုင်းပန်)", "၉- ဒုဗိုလ်မှူးကြီး ရာဇာမင်းညွန့် စစ်ရုံးချုပ် လကခ မှ တပ်မ ၂၂ (ဘားအံ)", "၁၀- ဒုဗိုလ်မှူးကြီး ရဲ၀င်းထွန်း စစ်ရုံးချုပ် လကခ မှ တပ်မ ၂၂ (ဘားအံ)", "၁၁- ဒုဗိုလ်မှူးကြီး ရဲမင်း စစ်ရုံးချုပ် လကခ မှ စကခ ၁၃ (ဘုတ်ပြင်း)", "၁၂- ဒုဗိုလ်မှူးကြီး ဇော်မျိုးထွဋ် လပခ (မန္တလေး) မှ စကခ ၁၃ (ဘုတ်ပြင်း)", "၁၃- ဒုဗိုလ်မှူးကြီး ဇော်ဇော်၀င်း စစ်ရုံးချုပ် လကခ မှ တပ်မ ၃၃ (စစ်ကိုင်း)", "၁၄- ဒုဗိုလ်မှူးကြီး ဇော်၀င်း ရတခ (မော်လမြိုင်) မှ တပ်မ ၄၄ (ကျိုက်ထို )", "၁၅- ဒုဗိုလ်မှူးကြီး ကျော်ဇေယျ တကန (ဟိုပုန်း ) မှ စကခ ၁၂ (ကော့ကရိတ်)", "၁၆- ဒုဗိုလ်မှူးကြီး အောင်ဖုန်းလှိုင် ကရခ (မြိတ်) မှ စကခ ၁၀ (ကလေး)", "၁၇- ဒုဗိုလ်မှူးကြီး အောင်စည်ဖြိုး စစ်ရုံးချုပ် လကခ မှ တပ်မ ၅၅ (ကလော)", "၁၈- ဒုဗိုလ်မှူးကြီး အောင်ကျော်သက် တပခ (တောင်ငူ) မှ တပ်မ ၆၆ (အင်းမ)", "၁၉- ဒုဗိုလ်မှူးကြီး အာကာထွန်း စစ်ရုံးချုပ် လကခ မှ စကခ ၈ ( ထား၀ယ်)", "၂၀- ဒုဗိုလ်မှူးကြီး မောင်မောင်၀င်း စကခ ၆ (လယ်ဝေး) မှ စကခ ၇(ဖယ်ခုံ)", "၂၁- ဒုဗိုလ်မှူးကြီး မင်းမင်းစိုး စစ်ရုံးချုပ် စရခ မှ စကခ ၁ (ကျောက်မဲ)", "၂၂- ဒုဗိုလ်မှူးကြီး သက်ထွန်းအောင် စစ်ရုံးချုပ် လကခ မှ တပ်မ ၉၉ (မိတ္ထီလာ)", "၂၃- ဒုဗိုလ်မှူးကြီး သောင်းစိုး တပခ(တောင်ငူ ) မှ စကခ ဥ (ဖယ်ခုံ)", "၂၄- ဒုဗိုလ်မှူးကြီး အောင်အောင် တဂစ တပ်မတော်ဂုဏ်ပြုတပ်ခွဲ နှင့် စစ်တီးဝိုင်းတပ် (နေပြည်တော်) မှ စကခ ၆ (လယ်ဝေး)", "၂၅- ဒုဗိုလ်မှူးကြီး နေလင်းအောင် ရပခ (တောင်ကြီး ) မှ စကခ ၂ ( မိုင်းနောင်) တို့ ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/207077/
စစ်တပ်အတွင်း ပုန်ကန်မှု မဖြစ်ရေး မင်းအောင်လှိုင်၏ သွေးခွဲအုပ်ချုပ်ရာထူးပေးသည့် စနစ်ကြောင့် ဗိုလ်ချုပ်များအကြား အုပ်စုကွဲများစွာ ဖြစ်နေပြီး ညီညွတ်မှုမရှိဘဲ အားပြိုင်နေ
["စစ်တပ်အတွင်း ပုန်ကန်မှု မဖြစ်ရေး မင်းအောင်လှိုင်၏ သွေးခွဲအုပ်ချုပ်ရာထူးပေးသည့် စနစ်ကြောင့် ဗိုလ်ချုပ်များအကြား အုပ်စုကွဲများစွာ ဖြစ်နေပြီး ညီညွတ်မှုမရှိဘဲ အားပြိုင်နေ", "ရန်ကုန်၊ မတ် ၁၁", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်အတွင်း ပုန်ကန်မှုများ မဖြစ်စေရေးအတွက် စီနီယာ၊ ဂျူနီယာအစဉ် အတိုင်းမဟုတ်ဘဲ ၎င်းယုံကြည်စိတ်ချရသူများကို ရာထူးနှင့်တာဝန်များ တိုးမြှင့် ပေးအပ်နေခြင်းကြောင့် ထိပ်တန်းစစ်ဗိုလ်ချုပ်များအကြား မတူညီသော အုပ်စုကွဲများစွာဖြစ်ပေါ်နေကာ အားပြိုင်ဆိုင်နေကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "မင်းအောင်လှိုင်က ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားချိန် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ပြီး ရာထူးနှင့်တာဝန်ပေးအပ်မှုများ ကို စီနီယာ၊ ဂျူနီယာအစဉ်အတိုင်းမဟုတ်တော့ဘဲ ၎င်း၏ စိတ်တိုင်းကျ အပြောင်းအရွှေ့များ လုပ်ဆောင်လာကြောင်း၊ အထူးသဖြင့် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ စစ်ဘက်ရာထူးနှင့်အရပ်ဘက်တာဝန်များကို ၎င်းကို သစ္စာခံသည့် အငယ်တန်းဗိုလ်ချုပ်များကို ရာထူးတိုးမြှင့်၍ လွှဲပြောင်းပေးမှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။", "ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ စစ်ဘက်ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် ရာထူးတာဝန်တချို့ကို DSAစစ်တက္ကသိုလ်အပတ်စဉ် ၃၅ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို လွှဲပြောင်းပေးနေကြောင်း၊ စစ်တပ်၏ နံပါတ် ၃ ခေါင်း ဆောင် ဖြစ်လာသော ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် စစ်ဆင်ရေးများအတွက် မင်းအောင်လှိုင်က သူ့ထံသို့ တိုက်ရိုက် အစီရင်ခံခိုင်းပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ အခန်းကဏ္ဍကို ဖယ်ရှားထားကြောင်း သိရှိရသည်။", "“အခုနောက်ပိုင်း တပ်ချုပ်က ညှိကွပ်( ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း) ကို စစ်ဆင်ရေးနဲ့ စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှု ကိစ္စတွေ တိုက်ရိုက်ခိုင်းတယ်။ သူ့ဆီကိုပဲ တိုက်ရိုက်အစီရင်ခံခိုင်းတယ်။ ဒုတပ်ချုပ်ကို ဘာမှ ပေးမသိတော့ဘူး။ တပ်ချုပ်နဲ့ ညှိကွပ်နဲ့ တိုက်ရိုက်လုပ်တယ်။ ညှိကွပ်က ဒုတပ်ချုပ်ထက် အပတ်စဉ် အများကြီးငယ်ပေမယ့်လည်း တပ်ချုပ်နဲ့တိုက်ရိုက် အလုပ်လုပ်ရတော့ ဒုတပ်ချုပ်ကို ညှိကွပ်က လေးလည်း မလေးစားဘူး။ ရှိတယ်လို့တောင် သဘောမထားတော့ဘူး” ဟု နေပြည်တော်စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောဆိုသည်။", "၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မင်းအောင်လှိုင်က စိုးဝင်း၏ ရုံးခန်းနေရာများကို ၎င်းနှင့် ကပ်လျက်မထားတော့ဘဲ သီးခြားပြောင်းရွှေ့ခိုင်းခဲ့ကြောင်း၊ ယင်းနောက် စစ်ထောက်ချုပ်နှင့် တပ်မတော်စစ်ဦးစီးအရာရှိချုပ်(ကြည်း) တာ ဝန်ထမ်းပေးထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် တပ်မတော်၏ နံပါတ် ၃ အဆင့်ရှိသော ကြည်း ရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးသို့ တိုးမြှင့်ပေးခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ မင်းအောင်လှိုင်က ကျော်စွာလင်းကို ၎င်း၏ အနီးတွင်သာ ခေါ်ယူထားတော့ကြောင်း သိရှိရသည်။", "စစ်တက္ကသိုလ်အပတ်စဉ် ၃၅ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို တပ်မတော် ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးပေးရန်အတွက် ဗိုလ်ချုပ်ကြီး မောင်အောင်အေး (စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်း ဆင်း) ကို ဖယ်ရှားပြီး ကာကွယ်ရေးဝန်ကြီး အဖြစ် ပြောင်းရွှေ့ခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အပတ်စဉ်တူဖြစ်ပြီး အမြဲခင်ခင်မင်မင် သွားလာမှုများရှိနေကြောင်း သိရှိရသည်။", "“အုပ်စုခွဲပြရမယ်ဆိုရင် ကောင်စီတွဲဘက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ခမည်းခမက်၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ကလည်း တစ်ပတ်စဉ်တည်းဖြစ်တော့ ခင်မင်တယ်။ စစ်ဘက်အရပ်ဘက် နှစ်ခုလုံး အရေးပါသူတွေဖြစ်နေတော့ စစ်ဘက်မှာ အခရာကျနေတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို တပ် မတော်ကြည်းရေလေ ညှိနှိုင်းရေးမှူး (ညှိ/ကွပ်)ကနေဖယ်ပြီး အရပ်ဘက်ပို့တာပဲ။ ကာကွယ်ရေးဝန်ကြီး ဆိုတာက လက်ကိုင်တပ်မရှိဘူး။ အရပ်ဘက်ဝန်ကြီးသဘောမျိုးဆန်တယ်။ တပ်ချုပ်က သူစိတ်ကြိုက်ကစားတာ။ Divide & Rule လုပ်တာပေါ့။ အောက်ခြေမှာ အားလုံးညီညွတ်နေရင် သူ့ကို အချိန်မရွေး အာဏာသိမ်းဖယ်ရှားတာမျိုးဖြစ်မှာ သူစိုးရိမ်ပုံရတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင် ရာထူးဖယ်ရှားခံခဲ့ရတုန်းက အခြေအနေကြည့်ရင် အဲဒီအချိန်က ဒုတပ်ချုပ် ဦးသန်းရွှေနဲ့ အတွင်းရေးမှူး ဦးခင်ညွန့်တို့ ပေါင်းလုပ်ခဲ့ကြတာပဲ။ ဒါမျိုးဖြစ်မှာ သူစိုးရိမ်ပုံရတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။", "စစ်တပ်အတွင်းနှင့် တပ်ထောက်ခံသူများအကြား ဒုစစ်ခေါင်းဆောင် စိုးဝင်းအပေါ် လေးစားမှုနှင့်ကြိုက် နှစ်သက်မှုများ ရှိနေသည့်အပေါ် မင်းအောင်လှိုင်က အမြဲစိုးရိမ်တကြီး ရှိနေကာ ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် အပတ်စဉ်တူ သူငယ်ချင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုလည်း မင်းအောင်လှိုင်က ပြည်ထဲရေးဝန်ကြီးရာထူးမှ ဖယ်ရှားနေရာရွှေ့ခဲ့သည်။", "၂၀၂၃ ဩဂုတ် ၃ရက်နေ့ ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသော ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီး အဖြစ် ပြောင်းရွှေ့ခံခဲ့ရသည်။", "” ဒုတပ်ချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း နောက်ပိုင်းမှာ အရမ်းတွဲလာတယ်။ ဒါလည်း တပ်ချုပ်က သိပ်ကြိုက်ပုံမရတော့ အပြောင်းအလဲ လုပ်ပြန်တယ်။ အပြောင်းအလဲလုပ်တာတွေကို အခြေခံကြည့်ရင် အပြစ်ရှိလို့လား၊ တာဝန်မကျေလို့လား အဲဒီလိုလည်းမဟုတ်ဘူး သူသဘောမတွေ့ရင် အရွှေ့အပြောင်းလုပ်တာပဲ။ ညီညွတ်နေမှာကို တပ်ချုပ်က မလိုချင်တာပဲ” ဟု ၎င်းက ဆိုသည်။", "အခြားစစ်ဘက်သတင်းရင်းမြစ်တစ်ခုကလည်း မင်းအောင်လှိုင်၏ သွေးခွဲအုပ်ချုပ်မှုမှာ အရည်အချင်းပေါ် မူတည်၍ ရာထူးတိုးပေးခြင်းမဟုတ်တော့ဘဲ ၎င်းအပေါ် သစ္စာခံမည့်၊ သစ္စာရှိမည့် အငယ်တန်းဗိုလ်ချုပ်များကို လက်ရုံး လက်မရွံ့များအဖြစ် လက်သပ်မွေးလာခြင်းဖြစ်သည်ဟု ဆိုသည်။", "” ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မိုးအောင်တို့က အရပ်ဘက်အုပ်စုပေါ့။ ဗိုလ်ချုပ်ကြီးတွေဖြစ်ပေမယ့် အရပ်ဘက်မှာပဲ။ တပ်အပေါ် ဩဇာလည်း သိပ်မရှိတော့ဘူး။ တကယ်တမ်းကို တပ်တွေကို ကိုင်ထားတာက တပ်ချုပ် ဆွဲတင်ထားတဲ့ အငယ်တန်းဗိုလ်ချုပ်တွေ။ ရာထူးကြီး၊ တပ်ကိုင်ထားတဲ့ အငယ်တန်းဗိုလ်ချုပ်တွေက တစ်အုပ်စု၊ ရာထူးကြီး တပ်လက်ကိုင်မရှိတဲ့ ဝါရင့်ဗိုလ်ချုပ်ကြီးတွေက တစ်အုပ်စု အုပ်စုတွေ ကွဲထွက်နေတယ်။ အကွဲအပြဲဖြစ်တာမျိုးမဟုတ်ပေမယ့်လည်း ကိုယ့်အုပ်စုနဲ့ ကိုယ်နေကြတယ်။ တစ်အုပ်စုနဲ့ တစ်အုပ်စုကလည်း အမှားစောင့်သလိုမျိုး မြင်ရတယ်။ ညီညွတ်မှုကတော့ ပျောက်တယ်” ဟု အခြားစစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ဆရာဖြစ်သော အာဏာရှင်ဟောင်း သန်းရွှေ၏ လုံခြုံ ရေး အစောင့်တပ်များကိုလည်း ဖယ်ရှားခဲ့ပြီး သူစိတ်ချယုံကြည်ရသော စစ်အရာရှိများ ဦးဆောင်သည့် တပ်များဖြင့် အာဏာရှင်ဟောင်း သန်းရွှေ၏ လုံခြုံရေးအတွက် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ကြောင်း၊ အာဏာရှင်ဟောင်း သန်းရွှေ အပေါ် သစ္စာခံနေသည့် ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်အဟောင်းများကိုလည်း သတိဖြင့် ဆက်ဆံစောင့် ကြည့်မှုများရှိနေကြောင်း စစ်ဘက်သတင်းရင်းမြစ်များက အမြင်တူစွာ ပြောဆိုကြသည်။"]
https://yktnews.com/2023/05/104563/
စစ်တပ်အမာခံ၊ မဘသနှင့်အမျိုးသားရေး အစွန်းရောက် MNO ဥက္ကဋ္ဌ တင့်လွင် ပစ်ခတ်ခံရပြီး သေဆုံး၊ ပထမအကြိမ် ပစ်ခတ်မှုတွင် မသေခဲ့ဘဲ ဒုတိယအကြိမ်ပစ်ခတ်မှုတွင် သေဆုံးသွား
["စစ်တပ်အမာခံ၊ မဘသနှင့်အမျိုးသားရေး အစွန်းရောက် MNO ဥက္ကဋ္ဌ တင့်လွင် ပစ်ခတ်ခံရပြီး သေဆုံး၊ ပထမအကြိမ် ပစ်ခတ်မှုတွင် မသေခဲ့ဘဲ ဒုတိယအကြိမ်ပစ်ခတ်မှုတွင် သေဆုံးသွား", "ရန်ကုန်၊ မေ ၂၆", "စစ်တပ်အမာခံ၊ ဘာသာရေးနှင့် အမျိုးသားရေး အစွန်းရောက် ဖြစ်ပြီး Myanmar National Organization MNO ဥက္ကဋ္ဌ တင့်လွင်သည် ယနေ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း အမျိုးသားရေး လှုပ်ရှားသူအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ်(မြောက်ပိုင်း) မြိုနယ်၊(၄၈)ရပ်ကွက်၊ဗိုလ်မှူးဗထူးလမ်းနှင့်ဇေယျသိဒ္ဓိလမ်းထောင့်၊ ရွှေသုခလက်ဘက်ရည်ဆိုင်တွင် တင့်လွင် ထမင်းကြော် စားနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဦးခေါင်းထဲကို သေနတ်ဖောက်ဝင်ပြီး ဆုံးသွားတယ်။ မြောက်ဥက္ကလာမှာ အပစ်ခံရတာ ဒဏ်ရာရပြီး မြောက်ဒဂုံမှာ ရှောင်နေတုန်း ပစ်သတ်ခံရတာပါ” ဟု အမျိုးသားရေးလှုပ်ရှားသူအသိုင်းအ၀ိုင်းသတင်းရင်းမြစ်က ပြောသည်။", "ယမန်နှစ် ဇူလိုင် ၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ခရပ်ကွက် မေယု ၄ လမ်းတွင် တင့်လွင် အပစ်ခတ်ခံခဲ့ရသော်လည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး သေဆုံးမှု မရှိခဲ့ကြောင်း၊ ယမန်နှစ်က တင့်လွင်သည် သာကေတတွင် နေထိုင်ရာမှ မြောက်ဥက္ကလာပတွင် ပုန်းရှောင် နေထိုင်ခဲ့ကြောင်း သိရှိရသည်။", "တင့်လွင်သည် စစ်တပ်အမာခံဖြစ်ပြီး NLD အစိုးရလက်ထက်တွင် စစ်တပ်ထောက်ခံ MNO အမျိုးသားရေး အစွန်းရောက် လှုပ်ရှားသူအဖွဲ့ကို ဦးဆောင် တည်ထောင်ခဲ့ကြောင်း၊ ယင်းအဖွဲ့တည်ထောင်ပြီး ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း၊ တာမွေ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဦးဆောင် နှောင့်ယှက်ခြင်းများ လုပ်ဆောင်ခဲ့သူဖြစ်သည်။"]
https://yktnews.com/2024/03/151601/
ရေး-ထားဝယ် လမ်းပိုင်းတွင် တော်လှန်ရေး တပ်ပေါင်းစုက နယ်မြေစိုးမိုးရေး ဆောင်ရွက်စဉ် မလွဲတောင်ဂိတ်မှ စစ်သားများ ထွက်ပြေး
["စစ်တပ်၏ ကုမ္ပဏီ တစ်ခုမှ ကား ၁ စီးကို သိမ်းဆည်းခဲ့ပြီး ဝန်ထမ်းများကို ဖမ်းဆီး စစ်ဆေးနေ", "ရန်ကုန်၊ မတ် ၂၀", "တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အစပ် ရေး-ထားဝယ် အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးတွင် တော်လှန်ရေး တပ်ပေါင်းစုက နယ်မြေစိုးမိုးရေး စစ်ဆင်ရေး ပြုလုပ်နေစဉ် မလွဲတောင်ဂိတ်ကို စစ်သားများက သော့ခတ်ပြီး ထွက်ပြေးသွားကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ ၁၉ ရက်နေ့တွင် အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးရှိ ရေး-ထားဝယ် လမ်းပိုင်း မလွဲတောင်နှင့် ကလိန်အောင် အကြားကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်ပူးပေါင်းတပ်များက နယ်မြေစိုးမိုးမှု လုပ်ငန်းများ လုပ်ဆောင်နေစဉ် အကြမ်းဖက် စစ်သားများက မလွှဲတောင်ဂိတ်ကို သော့ခတ်ပြီး စစ်သားများ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။", "“ကျွန်တော်တို့ စစ်ဆင်ရေး စပြီး မကြာမီမှာပဲ မလွဲတောင်မှာရှိတဲ့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ခွေးတွေက တောင်ရဲ့ တံခါးကြီးကို ပိတ်ချပြီးတော့ ထွက်ပြေးတိမ်းရှောင်တယ်လို့ သတင်းရပါတယ်။ ကျွန်တော်ထင်တယ် သူတို့ရဲ့ အင်အား အခြေအနေအရ ဒီမလွဲတောင်ကိုတော့ ကျွန်တော်တို့ စစ်ဆင်ရေး လုပ်နေသမျှကာလ ပတ်လုံးမှာတော့ သူတို့ ရှောင်နေလိမ့်မယ်လို့ ကျွန်တော်တော့ ယူဆတယ်” ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "တော်လှန်ရေး တပ်ပေါင်းစုက အမှတ် ၈ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများနှင့်လည်းတွေ့ဆုံခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် စစ်တပ် ထောက်တိုင်များ ဖြတ်သန်းသွားလာမှုများကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တော်လှန်ရေး မဟာမိတ်တပ်များဘက်မှ စတင် စစ်ဆေးချိန်တွင် မလွဲတောင်ဂိတ်မှ ခရီးသွားပြည်သူများ၏ သွားလာမှုလမ်းကြောင်းများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပိတ်ဆို့ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သိရသည်။", "“ကျွန်တော်တို့ မွန်၊ တနင်္သာရီ ဒေသ PDF တွေ ပေါင်းပြီးတော့ နယ်မြေစိုးမိုးရေး၊ လမ်းကြောင်း ထိန်းချုပ်ရေးဆိုတဲ့ စီမံချက်နဲ့ ကျွန်တော်တို့ မနက် ၈ နာရီကနေ ညနေ ၃ နာရီထိ စစ်ဆေးရေး လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ စစ်ဆေးရေးနဲ့ နယ်မြေစိုးမိုးရေး စစ်ဆင်ရေး လုပ်တဲ့အခါမှာတော့ ကျွန်တော်တို့ စစ်ခွေးတွေတော့ မမိပါဘူး။ ဒါပေမယ့် စစ်ခွေးနဲ့ နီးစပ်တဲ့ ကုမ္ပဏီ တစ်ခုရဲ့ ကား ၁ စီးကိုတော့ သိမ်းဆည်းခဲ့တယ်ပေါ့။ ဖမ်းမိတဲ့ ဝန်ထမ်းကိုတော့ ကျွန်တော်တို့ ကျွန်တော်တို့ တာဝန်အရ သက်ဆိုင်ရာက စစ်ဆေးမေးမြန်းသွားပြီးတော့ သူတို့ရဲ့ သူတို့ရဲ့ ပြစ်မှုပေါ်မှာ မူတည်ပြီးတော့ အရေးယူမှုတော့ ရှိလိမ့်မယ် အတိအကျတော့ စစ်ဆေးမေးမြန်းနေအုန်းဆိုတော့ မသိရသေးပါဘူး။ စစ်ခွေးတွေကိုတော့ ဖမ်းဆီးမိတာတော့ မရှိပါဘူး” ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် စစ်ရေးအရှိန်မြှင့်တင်မည်ဖြစ်သောကြောင့် ရေး-ထားဝယ် လမ်းပိုင်းကို ပြည်သူများ အနေဖြင့် ခရီးသွားတာခြင်း မပြုလုပ်ရန်နှင့် အကြမ်းဖက် စစ်တပ်နှင့် ထိစပ်နေသော ကျေးရွာများတွင် နေထိုင်သော ပြည်သူများ အနေဖြင့် ကြိုတင် ရှောင်ရှားမှုများ လုပ်ဆောင်ရန် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။", "“စစ်ခွေးတွေရဲ့ ဆက်သွယ်ရေးနဲ့ ထောက်ပို့ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကျွန်တော်တို့ အခုလို နယ်‌မြေစိုးမိုးရေးနဲ့ လမ်းကြောင်းထိန်းချုပ်ရေး လုပ်ငန်းတွေကို ရှေ့ဆက်ပြီးတော့ အများကြီး လုပ်သွားဖို့ရှိတယ်။ တစ်ချိန်တည်းမှာပဲ စစ်ခွေးတွေရဲ့ တပ်စခန်းတွေကိုလည်း ကျွန်တော်တို့ စစ်ဆင်ရေးတွေ အရှိန်အဟုန်မြင့်ပြီး ဆက်တိုက်သွားဖို့ရှိတယ်။ အဲတော့ ပြည်သူတွေကို ပြန်ကြားလိုတာကတော့ အရေးကြီးတဲ့ အကြောင်းအရာမရှိဘဲ ခရီးသွားတာတွေကို လုံးဝ မလုပ်ဖို့ မေတ္တာရပ်ခံလိုတယ်။ စစ်ရေး အရှိန်အဟုန်မြင့်လာတာနဲ့အမျှ စစ်ခွေးတွေကလည်း သေခံနီး ဗရမ်းဗတာနဲ့ ပြည်သူတွေကို ဒုက္ခပေးလိမ့်မယ်။ အဲတာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားတာတွေကို ရှောင်ရှားကြပါ ကိုယ့်ရဲ့ အိုးအိမ်တွေမှာလည်း စစ်တပ်တွေနဲ့ နီးတဲ့ နေရာတွေကနေ ရှောင်ရှားကြပါ။ ဖြစ်နိုင်ရင် ကတုတ်ကျင်းတွေ တူးထားကြဖို့ သတိပေးနှိုးဆော်ချင်ပါတယ်”ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "တော်လှန်ရေး တပ်ပေါင်းစုသည် မလွဲတောင် တောင်ခြေ အလယ်စခန်းရွာရှိ သစ်တောရုံးကိုလည်း ရှင်းလင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း နယ်မြေစိုးမိုး ရှင်းလင်းရေးကို နံနက် ၇ နာရီမှ ညနေ ၃ နာရီ ၃၀ မိနစ်အထိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တုံ့ပြန်မှုများ ပြုလုပ်နိုင်ခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်တပ်က ကင်းထောက်လေယာဉ် ၂ ကြိမ် ပျံသန်းခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ နယ်မြေစိုးမိုးရေး စစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် ဒေါနစစ်ကြောင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(KBDF) ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) ဒေါနတပ်ခွဲ(၇)၊ဝေဟင်‌ဒေါနတပ်ခွဲ (၆)၊ တနင်္သာရီ တပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ Ye Defense Force (YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ(၃)၊ ABSDF‌ ကျောင်းသားတပ်မတော် တပ်ရင်း (၁)၊ Ye Air Force (YAF)၊ KNLA တပ်ရင်း(၂၇) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/03/91888/
စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသော ကျောင်းသား ကိုထက်မြတ်အောင် ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်ရေကြောင်း တက္ကသိုလ် တွင် ပြုလုပ်
["စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသော ကျောင်းသား ကိုထက်မြတ်အောင် ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်ရေကြောင်း တက္ကသိုလ် တွင် ပြုလုပ်", "ရန်ကုန်၊ မတ် ၁၂", "စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသော ရေကြောင်း တက္ကသိုလ် ကျောင်း သား ကိုထက်မြတ်အောင် ၂ နှစ်ပြည့် အထိမ်းအမှတ်အကြိုအဖြစ် ရေကြောင်းတက္ကသိုလ် ကျောင်းပရဝုဏ်တွင် ပြုလုပ်သည်။", "ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ကိုထက်မြတ်အောင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အကြိုလှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ တွင် ပြည်မြို့စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြ တွင် အကြမ်းဖက်ရဲနှင့်စစ်တပ်၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား ကိုထက်မြတ်အောင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။"]
https://yktnews.com/2024/03/150532/
သင်္ဃန်းညီနောင် ခမရ ၃၅၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၉ ဦး မျက် မြင်သေဆုံးပြီး PDF ရဲဘော် ၆ ဦး ကျဆုံး
["စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦးသေဆုံးခဲ့", "ရန်ကုန်၊ မတ် ၁၄", "ကရင်ပြည်နယ်၊ မြ၀တီမြိုနယ်နှင့်ကော့ကရိတ်မြိုနယ်အစပ် သင်္ဃန်းညီနောင် ခမရ ၃၅၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၉ ဦး မျက် မြင်သေဆုံးပြီး PDF ရဲဘော် ၆ ဦး ကျဆုံးကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။", "မတ်လ ၇ ရက်နေ့တွင် မြဝတီ /သင်္ကန်းညီနောင် အခြေစိုက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၃၅၅ တပ်ရင်းကို KNU – တပ်မဟာ (၆) KNLA – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန် ရေး ပူးပေါင်းတပ်ဖွဲတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် မှ မျက်မြင် ၁၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ် သေဆုံးဦးရေအရေအတွက်များ ရှိနိုင်သဖြင့် စိစစ်နေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ၆ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။", "ထိုစခန်းအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများမှာ –(၁) MA-1 – ၆၅ လက်(၂) MA-2 – ၁၀ လက်(၃) MA-3 – ၁၆ လက်(၄) MA-4 – ၃ လက်(၅) MA – 5 (အတို) – ၂၅ လက်(၆) 7.62/ MAS (sniper) -၂ လက်(၇) 12 V ( ၉ လုံး) – ၁ လက်(၈) 28 mm (ရှဲဂန်း) – ၁ လက်(၉) ငါးကြင်းမြီး စက်လက် – ၃ လက်(၁၀) 81 mm/MA-14 (ရိုင်ဖယ်) -၂ လက်(၁၁) 60 mm (ကွန်မန်ဒိုစိန်ပြောင်း) – ၉ ပြောင်း(၁၂) 60 mm (အထိုင်စိန်ပြောင်း) -၂ ပြောင်း(၁၃) 81 mm (စိန်ပြောင်း) – ၁ ပြောင်း(၁၄) RPG – ၇ လက်(၁၅) RPG (အသီး) – ၁၅၃ လုံး(၁၆) RPG (ပိုယမ်း) – ၁၄၂ တောင့်(၁၇) .5 ကျည် – ၂၃၀၀ တောင့်/ ပုံး ၄ ပုံး(၁၈) အီနာဂါ – ၇၃ လုံး(၁၉) 40 mm (ဗုံးသီး) – ၃၄ လုံး(၂၀) 40 mm (မီးခိုးဗုံး) – ၄ လုံး(၂၁) လက်ပစ်ဗုံး – ၆၅ လုံး(၂၂) 60 mm (အသီး) -၂၉ လုံး(၂၃) 81 mm (အသီး) – ၃၈ လုံး(၂၄) တင့်ဖျက်မိုင်း (အကြီး) – ၃ ခု(၂၅) တင့်ဖျက်မိုင်း -၂၂ ခု(၂၆) ရှေ့ထွက်မိုင်း – ၇ ခု(၂၇) နင်းမိုင်း – ၁၀၅ ခု(၂၈) နင်းမိုင်း (အသေး) – ၆၅ ခု(၂၉) တိုက်မိုင်း – ၆၉ ခု(၃၀) MA ကျည်ဘောက် – ၃၆ ဘောက်(၃၁) MA ကျည် (အဝိုင်းဘောက်) -၂ ဘောက်(၃၂) 7.62 (Sniper ကျည်ဘောက်) – ၁ ဘောက်(၃၃) MA-13 (ကျည်ဘောက်) – ၇ ဘောက်(၃၄) MA-5/MK-2 (ကျည်ဘောက်) -၂၈ ဘောက်(၃၅) MA-11(ကျည်ဘောက်) – ၅ ဘောက်(၃၆) လှံစွပ် -၃၇ ချောင်း(၃၇) 5.56 ကျည် – ၁၀,၀၀၀ တောင့်(၃၈) 7.62/39.G-3 ကျည် – ၁၀,၀၀၀ တောင့်(၃၉) .5 စက်လက် – ၁ လက်/ ၁ ပြောင်းပို(၄၀) 7.62/G-3 ကျည် – ၁၀,၀၀၀ တောင့်(၄၁) 5.56 ကျည် – ၁၀,၀၀၀ တောင့်(၄၂) လက်ပစ်ဗုံး (စနတ်တံမပါ) – ၁၆ လုံး(၄၃) လက်ပစ်ဗုံး (စနတ်တံပါ) -၂၄ လုံး(၄၄) စစ်သုံး ၆ ဘီးကား -၃ စီး(၄၅) စစ်သုံး တံခါး ၄ ပေါက် -၂ စီး တိုဖြစ်ကြောင်း သိရှိရသည်။", "အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လေယာဥ် ပစ်ကူအဖြင့် သော် လည်းကောင်း၊ လက်နက်ကြီး ပစ်ကူအဖြင့် သော်လည်းကောင်း လုပ်ဆောင်နေသည့်အတွက် အပြစ်မဲ့ ပြည်သူပေါင်း ၁၀ ဦး ဝန်းကျင် သေဆုံးခဲ့ရပြီး မြောက်များစွာ ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/03/149468/
မြဝတီမြို နယ်၊ သင်္ကန်းညီနောင် ခမရ ၃၅၅ တပ်ရင်းနှင့် စစ်ဗျူဟာကုန်းတိုကို KNLA ပူးပေါင်းတပ်ဖွဲက တိုက်ခိုက်နေပြီး စစ်လေယာဉ်များက တောက်လျှောက်ဗုံးကျဲနေ
["စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ", "ရန်ကုန်၊ မတ် ၈", "ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ သင်္ကန်းညီနောင်ရှိ စစ်ကောင်စီတပ်၏ ခမရ ၃၅၅ တပ်ရင်းနှင့် စစ်ဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်ဖွဲက ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေကြောင်း KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။", "မတ်လ ၇ ရက်နေ့ နံနက်ပိုင်း ကစတင်ပြီး မြဝတီမြိုနယ်၊ သင်္ဃန်းညီနောင်ရှိ အကြမ်းဖက် စစ်ကောင်စီ ခြေလျင်တပ်ရင်း – ခမရ ၃၅၅ တပ်နှင့် စစ်ဗျူဟာကုန်းနေရာများကို KNLA ပူးပေါင်းတပ်ဖွဲက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယနေ့ မတ်လ ၈ ရက်နံနက်ပိုင်း အထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း၊ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွာသစ်ကျေးရွာမှ ပြည်သူအမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုး သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“လောလောဆယ် သိရတာကတော့ ပြည်သူ ၁ ဦးသေတယ်၊ ၃ ဦးဒဏ်ရာရတယ်လို သိရတယ်၊ မနေ့ ညပိုင်းကတည်းက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အသုံးပြုပြီး ဗုံးကျဲနေတာ၊ အာရှလမ်းနဲ့ ကုန်သွယ်ရေးဇုန်ဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။", "အဆိုပါ တိုက်ပွဲကြောင့် ကုန်တင်ကားများ၊ ခရီးသည်တင်ကားများ ပိတ်မိနေပြီး ဒေသနေပြည်သူ တစ်ထောင်ကျော်မှာလည်း မြဝတီမြိုပေါ်သို စစ်ဘေးရှောင်နေကြရကြောင်း၊ မြဝတီမြို အထွက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ၂၇၅ တပ်ရင်းမှလည်း သင်္ကန်းညီနောင် ဗျူဟာဘက်သို လက်နက် ကြီး များဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း သိရသည်။", "စစ်ကောင်စီက လက်ရှိတွင် မြစန္ဒီ တိုးချဲ့ရပ်ကွက်ထဲသို ၂ ရက်ဆက်တိုက် ဖျက်အားပြင်း ဗုံးများ ကျဲချနေကြောင်း၊ မဲကနယ်၊ ကွက်သစ်တိုဘက်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ မြ၀တီမြိုပေါ်တွင် တိုက်လေယာဉ်များ ပျံဝဲမှုများရှိခဲ့ကြောင်း သိရှီရသည်။", "“ဒီနေ့ မြဝတီ မြိုပေါ် စစ်တပ် တိုက်လေယာဉ် ၂ စီးဝဲနေတယ်။ မြစန္ဒီ တိုးချဲ့ ရပ်ကွက်ထဲကို ၂ ရက် ဆက်တိုက် ဖျက်အားပြင်းဗုံးတွေကျဲ ချတယ်။ ဒီနေ့ မတ်လ ၈ ရက်နေ့ မနက်ပိုင်းကနေ မွန်းတည့်ပိုင်း ၁၂ နာရီ ၁၅ မိနစ်ထိ အဆက်မမြတ် ဗုံး ကျဲချနေတယ်။ မြစန္ဒီ တိုးချဲ ရပ်ကွက် ထဲဆီကို ကျဲချနေတာ။ စစ်တပ်က လက်နက်ကြီးတွေလည်း တောက်လျှောက်ပစ်နေတယ်။", "တိုက်ပွဲဧရိယာတွေက မဲကနယ်၊ မြစန္ဒီ၊ ကွက်သစ်၊ သင်္ဃန်း ညီနောင် တိုက်ပွဲတွေ ဖြစ်နေတာ။ လက်နက်ကြီးတွေက အဓိက ကျောက်တောင် ဘက်ကို ၄ နေရာလောက်ပစ်နေတယ်” ဟု မြ၀တီမြိုနယ်မှ စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2022/12/76378/
စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ကော့ကရိတ် ၇ တိုင်တံတား ပျက်စီး
["စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ကော့ကရိတ် ၇ တိုင်တံတား ပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ တိုက်ပွဲများဖြစ်ပွားစဉ် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ၇ တိုင်တံတား ပျက်စီးသွားပြီး စစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေကြောင်း ဒေသပြည်သူများက ပြောသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့ တစ်ရက်လုံး ကော့ကရိတ်မြို့နယ် နေရာတချို့တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၊ KNLA မဟာမိတ်တပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်၏ ပစ်ခတ်မှုများနှင့် မိုင်းဆွဲမှုများကြောင့် ၇ တိုင် တံတားမှာ ပျက်စီးသွားကြောင်း သိရှိရသည်။", "“တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတာ။ ဒီဇင်ဘာ ၁၉ လောက်ကစပြီး အခုထက်ထိပဲ။ ၇ တိုင်တံတားကတော့ ဒီဇင် ဘာလ ၂၃ ရက်နေ့ စစ်တပ် ဘက်က ပစ်ခတ်လို့ မိုင်းထိသွားတယ်။ ဆိုင်ကယ်နဲ့ကားလေးတွေ ဖြတ်သန်းလို့ရပေမယ့် ကားကြီးတွေ မခံနိုင်လောက်ဘူးထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက‌ ပြောသည်။", "ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သို့ စစ်ဆင်ရေးအဖြစ် ချီတက်လာသော စစ် ကောင်စီ ၏ သံချပ်ကာ အမြောက်ကား ၂ စီးကို Golden Eagle တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ရာ သံချပ်ကာ အမြောက်ကား ၁ စီး မီး လောင် ပျက်စီးသွားကြောင်း သိရှိရသည်။", "ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကော့ကရိတ်သို့ စစ်ဆင်ရေးအဖြစ် ချီတက်လာသော သံချပ်ကာ အမြောက်ကား ၂ စီးကိုGolden Eagleတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချရာတွင် သံချပ်ကာ အမြောက်ကား ၁ စီး မီးလောင်ပျက်စီးသွားခြင်း ဖြစ်ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲမှုတွင် စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“ကော့ကရိတ် ကော့နွဲရွာအဝင်မှာ မနေ့ ညနေ စစ်ကောင်စီ တင့်ကား ၂စီး အပေါ် တည့်တည့်ကို Golden Eagleအဖွဲ့က ၆၀ မမ Drop bomb ၄ လုံး ကျဲချနိုင်ခဲ့ပြီး တင့်ကားရပ်သွားပါတယ်။ ရှေ့မဆက်နိုင်တောာ့ပါဘူး။ စစ်သား၂ ယောက်သေတယ်။ ၄ ယောက် ဒဏ်ရာရတယ်။ ပျက်စီးသွားတဲ့ သံချပ်ကာ ကားကို ပြန်ဆွဲသွားပါတာ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြော သည်။", "ကော့ကရိတ်ဒေသပြည်သူတချို့ကလည်း စစ်ကောင်စီ၏ သံချပ်ကာ အမြောက် ကား ၁ စီး မီးလောင်ပျက်စီးပြီး မောင်းမရတော့ဟု ပြောဆိုကြသည်။", "“မနေ့က တက်လာတာ တင့်ကားနှစ်စီး။ ညကျတော့ ကော့ကရိတ် မြို့ထဲ ပြန်ဝင် သွားတာ တစ်စီးတည်း။ ကျန်တဲ့ ၁ စီးကပါမလာတော့ဘူး။ ပန်ဒါ ရေခဲ စက် အနီးမှာ ဗုံးထိ မီးလောင်ပြီး ရပ်သွားတယ်ပြောတယ်” ဟု ကော့က ရိတ် မြို့ခံတစ်ဦးက ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ဘက်သို့ သံချပ်ကာ အမြောက် ကားများ၊ လက်နက်ကြီးအမြောက်တင်ကားများ ၊ Mi35 ရဟတ် ယာဉ်များ၊ ဂျက် လေယာဉ်များဖြင့် နေ့စဉ် ရက်ဆက် တိုက်ခိုက်နေကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။", "ထို့ပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ကော့ကရိတ်အခြေစိုက် ခလရ ၉၇ မှ ယာယီတပ်ရင်းမှူး သေဆုံးခဲ့ရာ ယခုအချိန်အထိ ယာယီတပ်ရင်းမှူး အလောင်းကို စစ်တပ်က လာမကောက်သဖြင့် ပုတ်ပွနေပြီဖြစ်ကြောင်း သိရှိရသည်။", "“ကော့နွဲ့သချိုင်းရှေ့က ကွင်းပြင်မှာ ခလရ ၉၇ ယာယီ တပ်ရင်းမှူးအလောင်း အခုထိလာမကောက်သေးဘူး။ ပုတ် နေပြီ” ဟု PDF သတင်းရင်းမြစ်က ပြောသည်။"]
https://yktnews.com/2025/05/213138/
စစ်တပ်၏ ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ရေးအတွက် စစ်မှုထမ်းဟောင်းအဖွဲ့များကို မောင်းနှင်အား အဖြစ် အားပြုမည်ဟု မင်းအောင်လှိုင်ပြော
["စစ်တပ်၏ ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ရေးအတွက် စစ်မှုထမ်းဟောင်းအဖွဲ့များကို မောင်းနှင်အား အဖြစ် အားပြုမည်ဟု မင်းအောင်လှိုင်ပြော", "ရန်ကုန်၊ မေ ၁", "အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ရေးအတွက် စစ်မှုထမ်း ဟောင်း အဖွဲ့များကို မောင်းနှင်အား အဖြစ် အားပြုမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ပြန်ပြောဆိုသည်။", "ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်မှုထမ်းဟောင်းအထူးညီလာခံတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။", "စစ်မှုထမ်းဟောင်းအဖွဲ့သည် သီးခြားလွတ်လပ်သည့် စစ်တပ်၏ မိတ်ဆက်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ဗဟိုဌာနချုပ်ရုံး၊ တိုင်း/ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၂၁ ဖွဲ့၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၃၀၈ ဖွဲ့တို့ဖြင့် စစ်တပ်၏ အရန်အင်အားအဖြစ် လုံခြုံရေးကိစ္စရပ်များတွင် ပါဝင်နေကြောင်း၊ “တစ်ခါက စစ်သားဖြစ်ခဲ့ဖူးလျှင် အမြဲတမ်းစစ်သားပင်” ဆိုနိုင်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။", "စစ်မှုထမ်းဟောင်းများအနေဖြင့် စစ်တပ်က ချမှတ်ထားသော ပြည်သူ့စစ်မဟာဗျူအောင်မြင်စေရေးအတွက် စစ်မှုထမ်းဟောင်းအဖွဲ့များ၏ စည်းရုံးရေးစွမ်းရည်ကို မောင်းနှင်အားအဖြစ် ထိရောက်စွာ အားပြုနိုင်ရမည်ဖြစ် ကြောင်း မင်းအောင်လှိုင်က ဆိုသည်။", "အကြမ်းဖက်စစ်တပ်က လက်ရှိတွင်လည်း နိုင်ငံတစ်ဝန်းမှ စစ်မှုထမ်းဟောင်းများကို စစ်တပ်သို့ ပြန်လည်ခေါ် ယူ၍ ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်မှုခြင်း၊ မြို့ပြ လုံခြုံရေးများတွင် ပူးပေါင်းပါဝင်စေခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း စစ်မှု ထမ်းဟောင်းအဖွဲ့များထံမှ သိရှိရသည်။"]