text
string
label
int64
မောင်မျိုးအောင်(ပန်းဧရာ) လူသားတို့သည် တစ်ဦးတစ်ယောက်တည်း ထီးတည်းရှင်သန်ရပ်တည်နိုင်ရန်ကား ခက်ခဲကြမ်းတမ်းလှ၏
1
သို့ဖြစ်၍ ပေါင်းသင်းဆက်ဆံရန် အေးအတူပူအမျှ၊ ဖေးမကူညီပေးတတ်သော အပေါင်းအသင်းကောင်းများရှိရန် အထူးတလည်ပင် လိုအပ်လှပေသည်
1
သစ်ပင်ပန်းမန်တို့သည် တစ်ပင်တည်း ထီးတည်းရပ်တည်ခြင်းထက် အစုအဖွဲ့ဖြင့်ရှိနေမှသာ လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်သည်
1
လူတစ်ဦးတစ်ယောက်၊ သစ်ပင်တစ်ပင်ကဲ့သို့ပင် နိုင်ငံတစ်နိုင်ငံ အတွက်လည်း မိတ်ကောင်းဆွေမွန်လိုအပ်ပါသည်
1
မိသားတစ်စု၊ အဖွဲ့တစ်ဖွဲ့၊ ကျေးရွာ တစ်ရွာမှသည် တူရာလူမျိုးစုများကိုစုစည်းပြီး လူသားမျိုးနွယ်များ စုပေါင်းနေထိုင်ကြရာမှ တိုင်းနိုင်ငံအသီးသီး ဖြစ်ပေါ်လာခဲ့ကြသည်
1
လူ့အဖွဲ့အစည်းဟူ၍ ပေါ်ပေါက်လာသည့်နောက် သမိုင်းဦးဘုံမြေခေတ်၊ ကျွန်ပိုင်ရှင်ခေတ်၊ မြေရှင်ပဒေသရာဇ် ခေတ်ကာလတို့မှသည် ကာလရွေ့လျားလာသည်နှင့်အမျှ နိုင်ငံတစ်ခုအတွက် လိုအပ်သောစံနှုန်းသတ်မှတ်ချက်များကို ပြဋ္ဌာန်းလာခဲ့ရာ မျက်မှောက်ကာလတွင် ကမ္ဘာပေါ်၌ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်နိုင်ရေးအတွက် ပိုင်နက်နယ်မြေ၊ အမြဲတမ်...
1
အချုပ်အခြာအာဏာပိုင် နိုင်ငံတော်ဟူ၍ ဖြစ်လာသည်နှင့် အိမ်နီးချင်းဆိုသည်မှာ ရှိလာရစမြဲပင်ဖြစ်သည်
1
အိမ်နီးချင်းဟုဆိုသည်နှင့် မိမိကိုအကျိုးပြုသော အိမ်နီးချင်းများရှိနိုင်သကဲ့သို့ မိမိထံမှ အကျိုးအမြတ်များကိုသာ မျှော်ကိုးသော အိမ်နီးချင်းများလည်း ရှိတတ်ကြပါသည်
1
သို့သော် ရွေးချယ်၍ ရကောင်းသော အရာမဟုတ်ပါချေ
1
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် အာရှတိုက်၏ အရှေ့တောင်ဘက်၊ အင်ဒိုချိုင်းနား ကျွန်းဆွယ်၏အနောက်ဘက်ဆုံး အပိုင်းတွင်တည်ရှိသည်
1
မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံ၊အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်
1
ထိုသို့နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်း ၅ နိုင်ငံအထဲတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်နယ်နိမိတ် အရှည်လျားဆုံး ထိစပ်နေသည့် နိုင်ငံတစ်ခုပင်ဖြစ်သည်
1
နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့်အားလျော်စွာ တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံတို့သည် ရှည်လျားသော သမိုင်းကြောင်းနှင့်အတူ မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာဖြင့် အိမ်နီးချင်းကောင်းပီသစွာ ယှဉ်တွဲနေထိုင်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်
1
မြန်မာနိုင်ငံအနေဖြင့်တရုတ်နိုင်ငံ ထူထောင်မှုကို တရားဝင်အသိအမှတ်ပြု ၁၉၁၁ ခုနှစ်တွင်ဒေါက်တာဆွန်ယက်ဆင် ဦးဆောင်သည့် တုန်မင်ဝှေ့ (ခေါ်) အမျိုးသားအသင်း အဖွဲ့များသည် တရုတ်ပြည်အတွင်း နှစ်ပေါင်း ၂၆၀ ကျော်မျှ အုပ်စိုးလာခဲ့သော မန်ချူးတို့ကို တော်လှန်ခဲ့ကြပြီး ၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် တရုတ်သမ္မတနိုင်ငံကို ထူထောင်ခဲ့ကြပါသည်
1
နောက်ပိုင်းတွင် တရုတ်အမျိုးသားရေးပါတီအဖြစ် ဖွဲ့စည်းသည့် ကူမင်တန်ပါတီ(KMT)နှင့် ကွန်မြူနစ်ခေါင်းဆောင်များ ဦးဆောင်ဖွဲ့စည်းသည့် တရုတ်ကွန်မြူနစ်ပါတီနှစ်ခုကြား ကာလရှည်စစ်ပွဲများ ဖြစ်ပွားခဲ့ပြီးမော်စီတုန်း၏ ဦးဆောင်မှုဖြင့် ကွန်မြူနစ်တို့က အောင်ပွဲရရှိခဲ့ကြသည်
1
၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ထူထောင်ကာအစိုးရအဖွဲ့ကို ပီကင်းမြို့တော်တွင် ရုံးစိုက်ခဲ့သည်
1
မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်မှုကို တရားဝင်အသိအမှတ်ပြုသည့် ကြေညာချက်တစ်ရပ်အား ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်
1
ထိုကဲ့သို့ မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံအပေါ် ကြိုဆိုထောက်ခံခြင်းသည် အာရှတိုက်တွင် အစောဆုံးအသိအမှတ်ပြုပေးသည့်နိုင်ငံဖြစ်ခဲ့သည်
1
တရုတ်နိုင်ငံအနေဖြင့် လည်း ထိုသို့ မြန်မာနိုင်ငံ၏ ခရီးဦးကြိုဆိုမှုနှင့် အစိုးရချင်း တရားဝင်အသိအမှတ်ပြုမှုအပေါ် ဝမ်းသာကျေးဇူးတင်ရှိပါကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်
1
မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှု အကျိုးစီးပွားကို မလိုလားသော အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပံ့ပိုးမှုဖြင့် တရုတ်ဖြူကူမင်တန်တပ်များသည် ၁၉၅၀ ပြည့်လွန်ကာလများတွင် မြန်မာနိုင်ငံအတွင်း တဖြည်းဖြည်းနှင့် ခြေကုပ်ယူကာ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းလာခဲ့ကြပါသည်
1
အမေရိကန်၏ ပံ့ပိုးမှုဖြင့်အစပြုခဲ့သော တရုတ်ဖြူကျူးကျော်မှုသည် မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားစေရန်ရည်ရွယ်ခဲ့သည်
1
သို့သော်မြန်မာ နှင့်တရုတ်သည် “ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်စေနှင့်” ဟူသည့်အတိုင်း ကူမင်တန်တို့အား လက်တွဲညီညီ နိုင်ငံအတွင်းမှ မောင်းထုတ်ကာ အစိုးရချင်း၊ ပြည်သူချင်း၊ တပ်မတော်ချင်း ရင်းရင်းနှီးနှီးရှိခဲ့ခြင်းဖြင့် အိမ်နီးချင်းကောင်းပီသမှုကို ပြသနိုင်ခဲ့သည်
1
တရုတ်-မြန်မာနယ်နိမိတ်စာချုပ် အတည်ပြုစာချွန်တော်များလဲလှယ် တရုတ်-မြန်မာဆက်ဆံရေးနှင့် ပတ်သက်၍ ၁၉၆၁ ခုနှစ်ဇန်နဝါရီလတွင် တရုတ်-မြန်မာ နယ်နိမိတ်စာချုပ် အတည်ပြုစာချွန်တော်များ လဲလှယ်ရန် တရုတ်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိစဉ် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက“တရုတ်မြန်မာနှစ်နိုင်ငံ ပြည်သူတို့ကူးလူးဆက်ဆံလ...
1
အက္ခရာတင်မှတ်တမ်းများကို ကျွန်တော်တို့နိုင်ငံ ဟန်မင်းဆက်သမိုင်းစာတမ်းများကစပြီး တွေ့နိုင်ပါတယ်
0
ကျွန်တော်တို့နိုင်ငံ ဟန်မင်းဆက် ကဗျာဆရာများ ဟာ ဟိုးအခါက တရုတ်ပြည်မှာတင်ဆက်ကပြခဲ့ကြတဲ့ မြန်မာတေးဂီတနဲ့အကတို့ကို ကဗျာများအထူးဖွဲ့နွဲ့သီကုံးပြီး ချီးကျူးခဲ့ဖူးပါတယ်
0
ဒီလို အပြန်အလှန်သွားလာတာဟာ အခါမလပ်တိုးပွား လာခဲ့ပါတယ်၊ နှစ်ပရိစ္ဆေဒကြာညောင်းစွာ ပျက်ပြယ်ခြင်းမရှိခဲ့ပါဘူး” ဟူ၍ ပြောကြားခဲ့သည်ကို လေ့လာမှတ်သားခဲ့ရဖူးသည်
0
ဘက်ပေါင်းစုံမှ အားပြိုင်ထိုးနှက် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအင်အား တောင့်တင်းခိုင်မာ လာမှုသည်နိုင်ငံကို ဦးဆောင်ဦးရွက်ပြုခဲ့သော တရုတ်ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍသည် အဓိကကျသကဲ့သို့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(People's Liberetion Army- ...
1
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကို ၁၉၂၇ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ဆိုလျှင် ၉၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်
1
တရုတ်လူမျိုးတို့အတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ သမိုင်းဝင် နေ့ထူးနေ့မြတ်တစ်နေ့ပင်ဖြစ်သည်
1
မြန်မာ့သမိုင်းနှင့် တပ်မတော်၏သမိုင်းသည် ထာဝစဉ် ဒွန်တွဲနေသကဲ့သို့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည်လည်း တရုတ်နိုင်ငံ၏ သမိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ခဲ့သည်
1
အင်အားကြီးနိုင်ငံများ၏ နိုင်ငံငယ်များ အပေါ် တစ်ဖက်စောင်းနင်း ထိုးနှက်တိုက်ခိုက်မှုများမှာ သမိုင်းစဉ် တစ်လျှောက်မှသည် ယနေ့ကာလတိုင်ရှိနေဆဲ ဖြစ်ရာ တရုတ်နိုင်ငံသည်လည်း ဆိုးရွားလှသော သမိုင်းဖြစ်စဉ်များနှင့် ရင်ဆိုင်ခဲ့ရသည်
1
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများ၏ ဖိနှိပ်မှုကို အစဉ်တစိုက်ခံခဲ့ရသည့် သာဓကများရှိခဲ့၏
1
နိုင်ငံရေး၊ စီးပွားရေး၊ မဟာဗျူဟာ လက်နက်၊ ဝါဒသဘောတရားရေး စသည်ဖြင့် ဘက်ပေါင်းစုံမှ အားပြိုင်ထိုးနှက်တိုက်ခိုက်မှု များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်
1
သို့တိုင်အောင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် ခံ့ညားထည်ဝါစွာ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့သည်မှာ တရုတ်နိုင်ငံရှိ ပြည်သူတို့၏ တိုင်းပြည်တိုးတက်ရေးအတွက် မဆုတ်မနစ်သောဇွဲ၊ လုံ့လတို့ဖြင့် ကြိုးပမ်းအားထုတ်မှုရှိခြင်း၊ အင်အားတောင့်တင်းသည့် ခေတ်မီတပ်မတော်တစ်ရပ်ရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားလှ၏
1
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကြီးကို မတည်ထောင်မီကပင်တရုတ်ပြည်သူ့ လွတ်မြောက် ရေးတပ်မတော်ကိုစတင်ဖွဲ့စည်းခဲ့သည်
1
ထိုစဉ်က ၁၉၃၃-၁၉၃၅ ခုနှစ်တွင် မော်စီတုံးဦးဆောင် သော တရုတ်ကွန်မြူနစ်ပါတီဝင်များနှင့် တပ်နီတော်စစ်သားများပါဝင်သည့် အင်အား ၈၀၀၀၀ ဦးဖြင့် တရုတ်ပြည်အရှေ့တောင်ဘက်မှ အနောက်မြောက်ဘက်သို့ ခရီးရှည်ချီတက်ပွဲကြီးကို ဆင်နွှဲခဲ့ကြသည်
1
အလုပ်သမားနှင့် တောင်သူလယ်သမား တပ်နီတော်၊ သို့မဟုတ် တရုတ်တပ်နီတော်ဟု ခေါ်တွင်ခဲ့သော ထိုအဖွဲ့ကြီးသည် ခရီးစဉ်အတွင်း တောင်တန်းကြီး ပေါင်း ၁၈ ခုကိုကျော်ဖြတ်၍ မြစ်ပေါင်း ၂၄ ခုကို ဖြတ်ကူးခဲ့ကြသည်
1
မြောက်မြားစွာသော သဲကန္တာရများ၊ နုန်းများ၊ နွံများကိုလည်း ဖြတ်ကျော်ခဲ့ကြရသည်
1
ထိုသို့ ချီတက်နေစဉ်အတွင်း ချန်ကေရှိတ်၏ ကူမင် တန်တပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပြင် နယ်စပ်ဒေသ ၆ ခုကို ဖြတ်သန်းသွားသည့် အခါတွင်လည်းဒေသခံ တောင်ပေါ်သားတို့၏ ချောင်းမြောင်း တိုက်ခိုက်မှု စသည့် အခက်အခဲပေါင်းများစွာကို ကြုံတွေ့ခဲ့ကြရသည်
1
စခန်းချနေထိုင်မည့် ယင်အန်းသို့ ရောက်ရှိချိန်တွင် ခရီးရှည်ချီတက်ပွဲ၌ပါဝင်သည့် လူ ၈၀၀၀၀ အနက် ၃၅၀၀၀ မှာ သေဆုံး၊ ပျောက်ဆုံးမှုများဖြင့် ပြုန်းတီးခဲ့ရပါသည်
1
၁၉၃၇ ခုနှစ်တွင် တရုတ်တပ်နီတော်သည် ဂျပန်တို့၏ကျူးကျော်မှုအား ချန်ကေရှိတ်၏ ကူမင်တန်ပါတီအစိုးရနှင့် အမျိုးသား ညီညွတ်ရေးကို ရယူလျက်တွန်းလှန်တိုက်ထုတ်ခဲ့ကြသည်
1
ဂျပန်တို့စစ်ရှုံးပြီးနောက် ပြည်တွင်း စစ်ကာလအတွင်း တရုတ်တပ်နီတော် အားပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်
1
တရုတ်ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်း တိုင်းပြည်အကျပ် အတည်းများဖြစ်ပေါ်ခဲ့ချိန်တွင် တရုတ်တပ်နီလူငယ်များနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တို့အကြား ပြဿနာအချို့ရှိခဲ့သော်လည်း ဝန်ကြီးချုပ်ချူအင်လိုင်း၏ ကြိုးပမ်းမှုကြောင့် ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံခြင်းမရှိဘဲ ပြေလည်သွား ခဲ့ရပါသည်
1
ထိုစဉ်က ယဉ်ကျေးမှုတော်လှန်ရေးကြောင့် ၁၉၆၇-၁၉၆၈ ခုနှစ်တွင် တရုတ်ပြည် တစ်ဝန်း၌ လမ်းပန်း အဆက်အသွယ်များပြတ် တောက်သွားခဲ့သည်
1
အလုပ်ချိန်နာရီများလည်း လျော့နည်းသွားခဲ့ပြီး အကျိုးဆက်အားဖြင့် စက်မှုကုန်ထုတ်လုပ်ရေးလုပ်ငန်းများ ကျဆင်းခဲ့၏
1
ထိုအခြေအနေမျိုးကို တရုတ်ကွန်မြူနစ်ပါတီက လမ်းညွှန်ချမှတ်ထားသည့် စီးပွားရေးစီမံကိန်း လျာထားချက်များအ တိုင်း ပြည့်မီအောင်ချူအင်လိုင်းက ထိန်းသိမ်းတည့်မတ်ပေးနိုင်ခဲ့သည်
1
ကာကွယ်ရေးအင်အားတောင့်တင်းရေးကို အလေးပေးဆောင်ရွက်ခဲ့ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို တင်းပြည့်ကျပ်ပြည့် ကာကွယ်နိုင်စွမ်းအားသည် ယင်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းအားမည်မျှ တောင့်တင်းခိုင်မာသည် ဆိုသောအချက်ဖြင့်သာ တိုင်းတာနိုင်မည်ဖြစ်ပါသည်
1
ကာကွယ်ရေးစွမ်းအားအဘက်ဘက်မှ လျော့ပါးချိန်တွင် ကမ္ဘာ့နိုင်ငံအချို့သည်လည်း နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်
1
တရုတ်နိုင်ငံသည် ပင်လျှင် ၁၈၉၄-၁၈၉၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၃၇-၁၉၄၅ ခုနှစ်တွင်တစ်ကြိမ် ဂျပန်တို့၏ ကျူးကျော်မှုများကိုခံခဲ့ရသည်
1
ပထမအကြိမ်တွင် ထိုင်ဝမ်ကျွန်းကို လက်လွှတ် ခဲ့ရ၏
1
ဒုတိယအကြိမ်တွင် မဟာမိတ်များ၏ ပူးပေါင်းတိုက်ပွဲဝင်မှုဖြင့် ဂျပန်တို့အား အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့ပါသည်
1
တရုတ်အစိုးရအဆက်ဆက်သည်အတိတ်တွင် ကြုံတွေ့ခဲ့ရသော တိုင်းပြည်ကာကွယ်ရေးနှင့် ပတ်သက်သည့်အတွေ့အကြုံများကို သင်ခန်းစာယူလျက် ခေတ်အဆက်ဆက်၌ ကာကွယ်ရေးအင်အားတောင့်တင်းရေးကို အလေးပေးဆောင် ရွက်ခဲ့ကြပါသည်
1
သမ္မတကျန်ဇီမင်းလက်ထက်တွင် ပါတီနှင့်စစ်ဘက်ဆက်ဆံရေး၏ အရေးပါမှု၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာအားထားမှု၊ နိုင်ငံတကာတိုက်ပွဲ အတွေ့အကြုံများကိုလေ့လာ၍ သင်ခန်းစာဖော်ထုတ်မှု စသည်ဖြင့် စစ်ရေးမူဝါဒပိုင်းဆိုင်ရာတွေးခေါ်မှုနယ်ပယ်တွင် ပိုမိုကျယ်ပြန့်စွာ ထည့်သွင်းစဉ်းစားလာမှု နမူနာပုံစံသစ်ကို မျိုးစေ့ချပေးနိုင်ခဲ့သည်
1
ကျန်ဇီမင်း၏ထုတ်ပြန်ချက်ဖြစ်သည့် “အနာဂတ်တွင်ဖြစ်ပွားမည့် စစ်ပွဲများတွင် နည်းပညာ မြင့်မားသောစစ်ပွဲ၊ ဘက်စုံစစ်ပွဲ၊ အီလက်ထရွန်နစ်စစ်ပွဲနှင့် ဒုံးလက်နက်စစ်ပွဲတို့ ပါဝင်ကြမည် ဖြစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနေဖြင့် လက်တွေ့ကျကျ တိုက်ပွဲဝင် အသင့်ဖြစ်စေရမည်” ဆိုသည့် စစ်ရေးမူဝါဒသစ်၏ အဓိကအနှစ်သာရဖြစ်ခဲ့သည်
1
ယနေ့အချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးအင်အားကို တောင့်တင်းခိုင်မာလာအောင် တည်ဆောက်နိုင်ခဲ့သည်သာမက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Libere-tion Army- PLA) ကိုလည်း နည်းပညာသစ်များ နှင့်လက်နက်ဆန်းများကိုပိုင်ဆိုင်သည့် စွမ်းဆောင်ရည်မြင့်မားသော ကမ္ဘာ့အဆင့်မ...
1
ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရေတပ် ကိုပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သလို အဆင့်မြင့်ဆုံး သော ဒုံးလက်နက်များ၊ လေကြောင်းရန် ကာကွယ် ရေးစနစ်များကို ပိုင်ဆိုင်ထားသည့် နိုင်ငံလည်းဖြစ်သည်
1
ထို့အပြင်နိုင်ငံ၏ ရေပြင်ပိုင်နက်ကိုကာကွယ်နိုင်ရန်၊ မဟာဗျူဟာအရ အရေးကြီးသည့်စစ်ဆင်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘောကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်တွင် ရေချနိုင်ခဲ့ခြင်းသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးအင်အားတောင့်တင်း ခိုင်မာမှုကို ပြသနိုင်ခဲ့ခြင်းလည်းဖြစ်သည်
1
ကမ္ဘာ့ထိပ်တန်းတပ်မတော်အဖြစ် ရပ်တည်နိုင်ခဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ဆောင်ရွက်ချက်များမှာလည်း နိုင်ငံတကာအတွက်စံပြ လုပ်ဆောင်မှုပင်ဖြစ်ခဲ့ပါသည်
1
ကိုဗစ်-၁၉ ရောဂါစတင်ကူးစက်ချိန်မှစ၍ ဗဟိုစစ်ကော်မရှင်၏ ထောက်ပံ့ပို့ဆောင်ရေး ပူးပေါင်းတပ်ဖွဲ့အား ဝူဟန်မြို့တွင် ရုံးထိုင်စေခဲ့ပါသည်
1
ဟူဘေးခရိုင်အတွင်း ကူးစက်လူနာများ ကုသမှုခံယူနိုင်ရေးအတွက် တပ်မတော်သားဆရာဝန်တစ်သောင်းကျော်ကိုလည်း ပို့ဆောင်ပေးခဲ့ သည်
1
ဆေးရုံများသို့ ပစ္စည်းများထောက်ပံ့ခြင်း၊ သွားလာမှုကန့်သတ်ခြင်းများ ပြုလုပ်ထားသည့် နေရာများရှိ ပြည်သူများအတွက် အစားအသောက်များ ဖြန့်ဝေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်
1
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးတက္ကသိုလ်မှ အထူးကုပါရဂူများအနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီ လမှာပင်ဝူဟန်မြို့သို့ ရောက်ရှိခဲ့ကြ ပြီး ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြသည်
1
လက်ရှိသမ္မတရှီကျင့်ဖျင် လက်ထက်တွင် တရုတ်နိုင်ငံ၏ သမိုင်းတစ်လျှောက် မကြုံဖူးသော အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့မြင်ရ၏
1
ထို့အတွက်ကြောင့်ပင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ကမ္ဘာ့ထိပ်တန်းတပ်မတော်အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်
1
တရုတ်သမ္မတရှီကျင့်ဖျင် ဦးဆောင်သည့် အဖွဲ့ဝင် ၇ ဦးပါဝင်သော ဗဟိုစစ်ကော်မရှင်သည် တရုတ်နိုင်ငံ၏ စစ်ဘက်ဖွဲ့စည်း ပုံတွင်အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ပေါင်းစည်းကွပ်ကဲခြင်း၊ စစ်ရေးမဟာဗျူဟာ ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ စစ်လက်နက်ပစ္စည်းများ တိုးတက်တီထွင်ထုတ်လုပ်မှုနှင့် တပ်ဆင်မှုတို့အား...
1
နိုင်ငံတော်ကာကွယ်ရေးမူဝါဒချမှတ်ခဲ့ တရုတ်နိုင်ငံသည် အမျိုးသားကာကွယ်ရေးမူဝါဒ(National Defense Policy) ချမှတ်ရာတွင် ခုခံကာကွယ်ရေး (Defensive) ကို အလေးပေးသော မူဝါဒကိုသာ ဦးစားပေးချမှတ် ဖော်ဆောင် နေလျက်ရှိသည်
1
ထို့အပြင် နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနယ်မြေ တည်တံ့ခိုင်မြဲ ရေးတို့ကို ထိန်းသိမ်းကာကွယ်ခြင်း၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားနှင့် တရုတ်ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကိုလည်း အခြေခံ၍ နိုင်ငံတော်ကာကွယ်ရေးမူဝါဒကို ချမှတ်ခဲ့သည်
1
တရုတ်နိုင်ငံ၏ အမျိုးသားကာကွယ်ရေး မူဝါဒချမှတ်မှုအားကြည့်ပါက တရုတ်တပ်မတော်အနေဖြင့် နိုင်ငံကာကွယ်စောင့်ရှောက် ရေးအတွက် မည်မျှအထိအလေးပေးနေကြောင်း ထင်ရှားလှပါသည်
1
တပ်မတော်၏အင်အားနှင့် မူဝါဒခိုင်မာတောင့်တင်းမှသာ နိုင်ငံတည်ငြိမ်အေးချမ်းတည်တံ့နေမည်မှာ သံသယဖြစ်ဖွယ်မရှိ သည့် အချက်ပင်ဖြစ်ပါသည်
1
နိုင်ငံတကာအရေးကိစ္စများတွင် အခြားသောအင်အားကြီး နိုင်ငံ အချို့နှင့် ထိပ်တိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကြုံတွေ့နေရဆဲ ဖြစ်ပြီး အဆိုပါအရေး ကိစ္စများကို ပြေလည်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်
1
ကမ္ဘာ့အိုလံပစ် ပွဲတော်ကို လက်ခံကျင်းပနိုင်ခဲ့ခြင်းအားဖြင့်လည်း တရုတ်နိုင်ငံ၏ အဆင့်မီနည်းပညာများနှင့် အခြားသောကဏ္ဍစုံတို့၏ ဖွံ့ဖြိုးတိုးတက်နေမှုများကို ဖော်ထုတ်ပြသခွင့် ရရှိစေခဲ့ပါသည်
1
ယနေ့ကမ္ဘာကြီးတွင် နိုင်ငံအသီးသီးသည် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်
1
တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊နားလည်မှု၊ ယုံကြည်စိတ်ချရမှုများရရှိစေရန် ကြိုးစားဆောင်ရွက်လျက်ရှိ ကြ၏
1
မြန်မာ့အရေးနှင့်ပတ်သက်လာလျှင်လည်း ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်း ဟူသော ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသောခံယူချက်ဖြင့် တရုတ်နိုင်ငံသည် သမိုင်းစဉ်ဆက် သက်သေထူလျက်ရှိသည်
1
တရုတ်နှင့် မြန်မာတို့သည် ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင် ရေးမူကြီး (၅)ရပ်ပါ အတိုင်းတစ်ဖက်နှင့် တစ်ဖက်နားလည်မှုရှိစွာ ဆောင်ရွက်ခဲ့သောကြောင့် အခြားသောကမ္ဘာ့အဖွဲ့ အစည်းများကပင် အတုယူခဲ့ရသည်အထိ ဖြစ်ခဲ့ရပါသည်
1
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အိမ်နီးချင်းအင်အားကြီး နိုင်ငံတစ်ခု ဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ အလေးထားရ သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်
1
နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် နိုင်ငံများဆက်ဆံရေးအဆင့်သို့ လျှောက်လှမ်း နေသည်နှင့်အမျှ အပြန်အလှန် နားလည်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်မည်သာ ဖြစ်ပေသည်
1
မြန်မာနှင့် တရုတ်၊ တရုတ်နှင့်မြန်မာသည် ရေမြေတောတောင်သဘာဝအလှတို့ တွင်သာမက ယဉ်ကျေးမှုချင်းတူညီမှုရှိသကဲ့သို့ နှစ်နိုင်ငံသမိုင်းကြောင်းတွင်လည်း တူညီမှုများရှိခဲ့သည်
1
သံလွင်မြစ်၊ မဲခေါင် မြစ်တို့မှ အစပြုလျက် သဘာဝတောတောင်ရေမြေ ချင်း များစွာထိစပ်နေသည့် တရုတ်နှင့် မြန်မာတို့၏ ကောင်းမွန်သည့် သမိုင်းကြောင်းများ၊ ယဉ်ကျေးမှုများသည် ဘယ်သူဖျက်ဖျက် ပျက်စီးမည့်အရာများ မဟုတ်ပါချေ
1
ရှေးမြန်မာဘုရင်များလက်ထက်ကပင် တရုတ်နိုင်ငံနှင့် ရွှေလမ်းငွေလမ်းဖောက်ကာ နှစ်ပြည်ထောင်ချစ်ကြည်ရေးကို တည်ဆောက်ခဲ့ရာ ယနေ့ကာလတိုင် အမွေကောင်းသဖွယ် ဆက်ခံ လျက်ရှိသည်
1
နှစ်နိုင်ငံခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များမိတ်ဝတ်မပျက် ချစ်ကြည်သွားလာလျက် မိသားစုသဖွယ် ဆက်ဆံ ရေးရှိရုံမျှမကတရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ ၉၅ နှစ်တာခရီး တစ်လျှောက်တွင်လည်း မြန်မာ့တပ်မတော်နှင့် အားကောင်း သော ရင်းနှီးချစ်ကြည်မှုရှိခဲ့သည်
1
ယင်းမှာ နှစ်နိုင်ငံအကြား၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု၏ ထူးခြားသည့် ဝိသေသတစ်ခု ပင်ဖြစ်သည်
1
ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အပြည့်ဖြင့် ၉၅ နှစ်တိုင်ခဲ့ပြီ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကြီးသည် ၉၅ နှစ်တာ ခရီးကာလအတွင်း လှိုင်းကြီး လှေအောက်၊ တောင်ကြီးဖဝါးအောက်ဆိုသော ထုံးဖြင့်ကြုံတွေ့ခဲ့ရသော အခက်အခဲမှန်သမျှကို ရင်ဆိုင်အန်တုလျက်နိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်ခဲ့ပေသည်
1
အင်အားတောင့်တင်းမှုအရသာမက မျိုးချစ်စစ်သည်တော်ကောင်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် နိုင်ငံ့ခေါင်းဆောင်များအဆက်ဆက်က ခေတ်နှင့်လျော်ညီစွာ ပြောင်းလဲတည်ဆောက်ခဲ့သော ကာကွယ်ရေးဆိုင်ရာမူဝါဒများ အောက်တွင် စနစ်တကျ လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုကြောင့် ကမ္ဘာတွင် စွမ်းရည်မြင့်မားသည့် တပ်မ...
1
တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်အနေဖြင့် စစ်ရေးအင်အားတောင့်တင်းမှု၊ တည်ငြိမ်မှု၊ လုံခြုံမှုနှင့် ရန်လိုမှု ကင်းသောနိုင်ငံချစ်စိတ်တို့ဖြင့် အမိတိုင်းပြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပြီး ကမ္ဘာကြီး၏ ကောင်းကျိုးအဖြာဖြာကိုလည်း တစ်ဖက်တစ်လမ်းက ဆောင်ရွက်သွားနိုင်ပါစေကြောင်းဆန္ဒပြုရင်း ဂုဏ်ယူဝင့်ကြွားဖွ...
1
ဒေါက်တာကိုဦး (လင်းသစ္စာ) မျက်စိအထူးကုဆရာဝန်ကြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၀ ရက်နေ့သည် နိုင်ငံတော်အစိုးရနှင့် မိမိတို့ဝန်ကြီးဌာနနှင့် မျက်စိရောဂါကုသ ပေးလျက်ရှိသော ဌာနအားလုံးအတွက် မင်္ဂလာရှိသောနေ့ရက်ဖြစ်ခဲ့ပေသည်
1
အကြောင်းကား စက်တင်ဘာလ ၉ ရက်နေ့မှစတင်ကျင်းပသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကော်မတီ၏ (၇၃) ကြိမ်မြောက် အစည်းအဝေး၏ ဒုတိယ မြောက်နေ့ဖြစ်သော ဤနေ့တွင် အရှေ့တောင်အာရှဒေသများအတွင်း ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ထူးချွန်ပြောင်မြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုများအတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ပေး...
1
ယခင်က ကမ္ဘာတစ်ဝန်းတွင် မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားလျက်ရှိသော နိုင်ငံပေါင်း ၅၇ နိုင်ငံရှိပြီး မြန်မာနိုင်ငံ သည်လည်း အပါအဝင်ဖြစ်ခဲ့ပါသည်
1
ထို့ကြောင့်ပင် မျက်ခမ်းစပ်ရောဂါ ကာကွယ် ရေးစီမံချက်ကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်
1
အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင် ၍ ဖုန်ထူထပ်သောဒေသများဖြစ်သည့် ချောက်၊ မြင်းခြံ၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မင်းဘူး၊ မကွေး အစရှိသော အပူပိုင်း ဒေသများတွင် ကူးစက်နိုင်သော မျက်ခမ်းစပ်ဖြစ်ပွားမှု ၄၃ ရာခိုင်နှုန်းခန့်ရှိပြီး မျက်ခမ်းစပ် ရောဂါသည် မျက်မမြင်ခြင်းကို အဓိကဖြစ်စေသော ပြည်သူ့ကျန်းမာရေး ပြဿနာကြ...
1
မျက်ခမ်းစပ်ရောဂါသည် အသက် ၁၀ နှစ်အောက် ကလေးများတွင် အဖြစ်များပြီး တစ်ဦးမှ တစ်ဦးသို့ ကူးစက်မှု ဖြစ်တတ်ပါသည်
1
ယင်းရောဂါ၏ နောက်ဆက် တွဲဖြစ်သော မျက်ခွံအတွင်း သို့ ကုပ်ဝင်၍ မျက်တောင် စိုက်ခြင်းနှင့် မျက်ကြည်လွှာပေါ်တွင် အပြင်တိမ် ဖြစ်သည်တို့ကို တွေ့ရပါသည်
1
အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုဖြစ်ပွားသည်ကို လေ့လာ တွေ့ရှိရ သည်
1
မျက်ခမ်းစပ်ရောဂါသည် မျက်ခမ်းစပ်ရောဂါပိုး (Clamydiae အနွယ်ဝင် Trachomatis ပိုး) ကြောင့် ဖြစ်သည်
1
ယင်းပိုးများ မျက်စိ၏ မျက်မြှေးပါးအတွင်းသို့ ဝင်ရောက်ခြင်းမှ စတင်ဖြစ်ပေါ် လာခြင်းဖြစ်သည်
1
မျက်မြှေးပါး မျက်ကြည်များရောင်ရမ်းခြင်း၊ အထက် မျက်ခွံအတွင်းပိုင်း မျက်မြှေးပါးနှင့် မျက်ဝန်းအပေါ်ပိုင်း တို့တွင် ကြာဆူးလေးများ ပေါ်ပေါက်ပြီးနောက်ပိုင်းတွင် ကြာဆူးနေရာ၌ အမာရွတ်များ ဖြစ်ပေါ်လာသည်
1
ရောဂါ လက္ခဏာများမှာ ရောဂါသက်တမ်းနှင့် ရောဂါပြင်းထန်မှု အခြေအနေများအပေါ်တွင် မူတည်ပြီး အနု၊ အရင့်ကို လိုက်၍ အဆင့်များ ခွဲခြားထားပါသည်
1
များသောအားဖြင့် မျက်စိ ယားယံခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ မျက်ရည် ယိုခြင်း၊ ခိုးလိုးခုလုခံစားရခြင်း စသောလက္ခဏာများကို ခံစားရပါသည်
1
သန်းပေါင်းများစွာသော လူသားများသည် မျက်ခမ်းစပ် ရောဂါကြောင့်လည်းကောင်း၊ နောက်ဆက် တွဲဖြစ်သော မျက်တောင်စိုက် မျက်မွေးစူးကြောင့် မျက်စိမှုန်၊ မျက်စိကွယ်ခြင်း ဖြစ်ပေါ်ခံစားခဲ့ရပေသည်
1
ထို့ကြောင့် ကူးစက်မျက်စိရောဂါဖြစ်သည့် မျက်ခမ်းစပ်ရောဂါကို ကာကွယ်ခြင်း၊ ထိရောက်စွာ ကုသပေးခြင်း တို့အား မျက်ခမ်းစပ်စီမံကိန်း (Trachoma Control Programme) ရှိ ကျန်းမာရေး ဝန်ထမ်းများ၊ မျက်စိအထူးကုဆရာဝန်များ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများက အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သကဲ့သို့ နိုင်ငံတော်အစိုးရကလည်း စီမံကိန်းများအရ ရ...
1