text
string
label
int64
ထို့အတူ ၁၉၉၈ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံမှ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်မှ မျက်ခမ်းစပ်ရောဂါ ပပျောက်စေရန်အလို့ငှာ (Global Elimination of Trachoma G.E.T 2020) ကိုချမှတ်ပြီး ကုသရေးနည်းဗျူဟာ အဖြစ် SAFE strategy ကို ချမှတ်ခဲ့ပါသည်
1
S = Surgery For Trichiasis မျက်တောင်စိုက်ဝေဒနာ ခွဲစိတ်ကုသပေးခြင်း A = Antibiotic to Treat မျက်စဉ်းဆေးဝါးဖြင့်ကူးစက်မျက်ခမ်းစပ်ကို ကုသပေးခြင်း F = Facial Clean Liness မျက်စိနှင့်မျက်နှာအား သန့်ရှင်းမှုပေးခြင်း(မျက်နှာသစ်ခြင်း) E = Environmental Improvement ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း တိုးမြှင့်ပေးခြင်း (ရေကောင်းရေသန...
1
ထို့အပြင် မျက်မမြင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကာကွယ်၊ ကုသဆောင်ရွက်နိုင်ရန် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အမျိုးသားအဆင့် ငါးနှစ်စီမံကိန်းကို ရေးဆွဲပြီး အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်
1
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မျက်ခမ်းစပ်ရောဂါ ကင်းစင်ကြောင်းကြေညာရန် စံနှုန်းများ သတ်မှတ်ထား ပါသည်
1
တစ်နှစ်မှ ကိုးနှစ်ကြား ကလေးငယ်များ၏ မျက်ခမ်း စပ်ရောဂါ ဖြစ်ပွားမှုနှုန်း ငါးရာခိုင်နှုန်းအောက်သို့ ကျဆင်း ရန်နှင့် မျက်တောင်စိုက် မျက်မွေးစူးရောဂါ ဖြစ်ပွားမှုနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်း အောက်သို့ကျဆင်းရန်တို့ ဖြစ်ပါသည်
1
မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်းအနေဖြင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ Tetracycline မျက်စဉ်းတောင့် ရှစ်သိန်းခွဲခန့် ပေးနိုင်ခဲ့ပါသည်
1
ကူးစက်မျက်ခမ်းစပ်ဖြစ်ပွားသူ ၅၇၅၂၀ အားလည်းကောင်း၊ မျက်တောင်စိုက် မျက်မွေးစူးလူနာပေါင်း ၃၀၆၆၄ ဦး ခန့် အား လည်းကောင်း ခွဲစိတ်ကုသပေးနိုင်ခဲ့သည်
1
၂၀၁၇ခုနှစ် စာရင်းအရ ကူးစက်မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှုနှုန်း ၀ ဒသမ ၀၆ ရာခိုင်နှုန်းနှင့် မျက်တောင်စိုက် မျက်မွေးစူး ဖြစ်ပွားမှုနှုန်း ၀ ဒသမ ၀၇ ရာခိုင်နှုန်းသာရှိတော့သဖြင့် မျက်ခမ်းစပ်ရောဂါပပျောက်ကြောင်း ကြေညာရန်စံနှုန်းများ ပြည့်မီနေကြောင်း တွေ့ရှိရပါသည်
1
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် နေပြည်တော် ရွှေပြည်တော်ဟိုတယ်၌ Pre-survey workshop for Trachoma Elimination အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပကာ မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှုနှုန်း စစ်တမ်းကောက်ယူရန် လိုအပ်သောအချက်အလက်များအား ဝိုင်းဝန်းအဖြေရှာပြီး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် များကို ချမှတ်ပေးနိုင်ခဲ့ပေသည်
1
၂၀၁၉ ခုနှစ် စက်တင်ဘာလ ပထမအပတ်အတွင်း မြန်မာနိုင်ငံ၌ Trachoma Prevalence Survey စနစ်တကျကောက်ယူ နိုင်ရေးအတွက် မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ဝန်ထမ်းအချို့ကို အီသီယိုးပီးယားနိုင်ငံသို့စေလွှတ်ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ စနစ်တကျကိုက်ညီမှုရှိစေရန် အတွက် လေ့ကျင့်သင်ယူ စေခဲ့ပါသည်
1
ထို့ကြောင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ စတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်သော တိုင်းဒေသ ကြီး သုံးခုမှ မြို့နယ် ၁၄ မြို့နယ်ရှိ ကျေးရွာပေါင်း ၄၂၀ တွင် Trachoma Prevalence Survey အား စနစ်တကျ ကောက်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ ပါသည်
1
စစ်ကိုင်း တိုင်းဒေသကြီးတွင် စစ်ကိုင်း၊ ရွှေဘိုနှင့် မုံရွာမြို့နယ်များ၊ မကွေးတိုင်း ဒေသကြီးတွင် မကွေး၊ ချောက်၊ တောင်တွင်းကြီး၊ မင်းဘူး၊ ပခုက္ကူ၊ မြိုင်၊ ဂန့်ဂေါမြို့နယ်များနှင့် မန္တလေးတိုင်းဒေသကြီးတွင် စဉ့်ကိုင်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာမြို့နယ်များကို ရွေးချယ်ကာ တစ်နှစ်မှကိုးနှစ်အထိ ကလေးများအား မျက်ခမ်းစပ...
1
ထို့အပြင် မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည့် ရေရှားပါးမှုကို သိစေရန်အတွက် ဖော်ပြပါ မြို့နယ် ၁၄ မြို့နယ်ရှိ အိမ်ထောင်စုဝင်ပေါင်း ၉၀၀ခန့်စီအား သန့်ရှင်းသော ရေရရှိမှု၊ သုံးစွဲမှုနှင့် ယင်လုံ အိမ်သာထားရှိ အသုံးပြုမှုတို့အား သတ်မှတ်ထားသော စံညွှန်းများနှင့် အညီ ကိုက်ညီမှု ရှိ၊ မရှိကို လေ့လာဆန်းစစ်ခဲ့ရာ...
1
မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ကြီးက ချမှတ်ထားသော SAFE Strategy အရ လိုက်နာ ဆောင်ရွက်မှု ရှိခြင်းအပြင် မျက်ခမ်းစပ်ရောဂါဖြစ်ပွားမှု နှုန်းသည် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိခဲ့ကြောင်း ဆန်းစစ်တွေ့ရှိခဲ့ပါသည်
1
ထို့ကြောင့်ယခင်က ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ခဲ့သည့် မျက်ခမ်းစပ် ရောဂါသည် ယခုစစ်တမ်းများအရလည်းကောင်း၊ နှစ်စဉ်ကောက်ယူရရှိထားသော အချက်အလက်များကြောင့် လည်းကောင်း မြန်မာနိုင်ငံတွင် မျက်ခမ်း စပ်ကင်းစင်ကြောင်း ကြေညာရန်အတွက် အကျိုးတရားဖြစ်ခဲ့ပေသည်
1
“လှိုင်းကြီးလှေအောက်”၊ “တောင်ကြီးဖဝါးအောက်” ဆိုတဲ့စကားကဲ့သို့ပင် တစ်ချိန်ကဖြစ်ပွား ခဲ့သော ရောဂါဆိုးကြီးကို ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန မျက်စိအထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေး ဝန်ကြီးဌာနနှင့် အခြားနှီးနွှယ် အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ...
1
အချုပ်အားဖြင့်ဆိုရပါမူ လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်ခန့်က မြန်မာနိုင်ငံတွင် ပြည်သူ့ ကျန်းမာရေး ပြဿနာအဖြစ် စာရင်းဝင်ခဲ့သော မျက်ခမ်းစပ်ရောဂါ သည် ယခုအခါမှသာ ယင်းပြဿနာမှ ကင်းဝေးရခြင်းသည် “ပြည်သူသာလျှင်အဓိက” ဆိုသည့်အတိုင်း အမိမြန်မာ နိုင်ငံအတွင်းရှိ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်မှု...
1
မျက်ခမ်းစပ်ရောဂါ ကင်းစင်ကြောင်း ကြေညာပြီးသော်လည်း ကျွန်ုပ်တို့၏တာဝန်က မပြီးဆုံးသေးပါ
1
မျက်စိနှင့် ပတ်သက်သောရောဂါများ၊ အခြားရောဂါများကိုလည်း အချိန်မီပြသ၊ ကုသခြင်း၊ ကာကွယ်ခြင်းတို့ဖြင့် ရောဂါများမှ ကင်းစင်ကြောင်း အကျိုးတရားများ ရရှိစံစားရမည်ဖြစ်ကြောင်း သိရှိနားလည်ကာ စဉ်ဆက်မပြတ် ဆောင်ရွက်ရပေ ဦးမည်ဖြစ်ကြောင်း ဆန္ဒပြုရေးသား အပ်ပါပေသည်
1
နိဒါန်း “ဆရာ” “ဗျာ” “ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ” “ရှေ့နေနှင့် သင်တန်း” ပါတဲ့
0
“ဘာကိုဆိုလိုပါသလဲဆရာ” “ဖတ်ကြည့်ကြစို့” နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏မိန့်ကြားချက် အဂတိလိုက်စားမှုဟာ မျက်မှောက်ခေတ်ကာလမှာ နိုင်ငံများကို အများဆုံး ပျက်စီးယိုယွင်းစေတဲ့ ပြဿနာ တစ်ရပ်ဖြစ်ပါတယ်
0
ပြည်သူလူထု၏ အရင်းအမြစ်များကို လေလွင့် ဆုံးရှုံးစေခြင်း၊ စီးပွားရေးနှင့် လူမှုရေးမမျှတမှုများကို ကျယ်ပြန့်စေခြင်း၊ လူထု အတွင်း မကျေနပ်မှုများနှင့် နိုင်ငံရေးအစွန်းရောက်မှုများ ပေါက်ပွားစေခြင်း၊ “အင်စတီကျူးရှင်းများအပေါ် ယုံကြည်မှုကျဆင်း စေခြင်းတို့ ဖြစ်ပေါ်စေပါတယ်
1
ဒါ့အပြင် အဂတိလိုက်စားမှုဟာ ပြည်သူလူထုအတွင်း မညီမျှမှုနှင့် ဆင်းရဲနွမ်းပါးမှုကို သက်ဆိုးရှည်စေပါတယ်၊ လူထုရဲ့ ကိုယ်စိတ်ချမ်းသာမှုနှင့် ဝင်ငွေ ခွဲဝေမှုအပေါ် ထိခိုက်စေပြီး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့တွင် ညီတူညီမျှ ပါဝင်နိုင်မှု အခွင့်အရေးကို လည်း လျော့နည်းကျဆင်းစေပါတယ်
0
(၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၉ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည့်မိန့်ခွန်း) မြန်မာနိုင်ငံ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းကို ၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့သည်
1
၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်
1
၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို စတင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်
1
၂၀၁၇ ခုနှစ်တွင် ဒုတိယအကြိမ်ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်
1
အမျိုးသားရေးတာဝန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ဖို့ဖြစ်သည်
1
သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ် ထွန်းရေး၊ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မား တိုးတက်လာရေး၊ နိုင်ငံတော်ပိုင်ပစ္စည်းများနှင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိရေး၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်မှု မရှိစေရေး ဦးတည်ဆောင်ရွက်ရန် ဖြစ်သည်
1
၂၀၁၈ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးလည်းဖြစ်သည်
1
ဥပဒေမူဘောင် ယခုအခါ ဥပဒေမူဘောင် ပိုမိုခိုင်မာတောင့်တင်းလာသည်
1
ကော်မရှင်အနေနှင့် လွတ်လပ်စွာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့် ရရှိသည်
1
တံစိုးလက်ဆောင်ယူခြင်း၊ ပေးခြင်းတို့သာမက နိုင်ငံတော်၏ ငွေကြေးပစ္စည်းနှင့် ပိုင်ဆိုင်မှု ထိခိုက်နစ်နာပျက်စီး ဆုံးရှုံးစေခြင်းကို လျော့ကျစေဖို့ အားထုတ်နိုင်ပြီး ကြိုးပမ်းဆောင်ရွက်နိုင်ပြီဖြစ်သည်
1
အသိပညာပေးခြင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို (၁) အသိပညာပေးခြင်း၊ (၂) တားဆီးကာကွယ်ခြင်း၊ (၃) စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ခြင်း ဟူ၍ လုပ်ငန်းစဉ်(၃)ရပ် ချမှတ်ဆောင်ရွက်နေသည်
1
ယနေ့ဆောင်းပါးတွင် အဓိကကျသော အသိပညာပေးခြင်း ခေါင်းစဉ် အောက်မှ သင်တန်းများပို့ချခြင်းကို အလေးပေး တင်ပြအပ်ပါသည်
1
သင်တန်း သင်တန်းဟူသည် သင်ကြားပေးသောအတန်းဟု တိုက်ရိုက်အဓိပ္ပာယ်ရှိမည်၊ မသိတာကို သိအောင်၊ သိပြီးသားကို ထပ်မံသိအောင် သင်ကြားပေးခြင်းမျိုးဖြစ်သည်
1
သင်ကြားသူနှင့် သင်ယူသူ အပြန်အလှန် လက်ဆွဲနှုတ်ဆက်ခြင်းလည်းဖြစ်သည်
1
အသိပညာ ဗဟုသုတ ဖလှယ်ခြင်းလည်းဖြစ်သည်
1
သင်တန်း၏ အဓိက ဦးတည်ချက်မှာတော့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဖြစ်သည်
1
ဤအချက်ကို ထပ်တလဲလဲ ရေးနေ၊ ပြောနေ၊ ဆွေးနွေးနေကြရပေသည်
0
ဖြောင့်မတ်တည်ကြည်မှုမြင့်မားရေး ဖြောင့်မတ်တည်ကြည်မှုရှိအောင်၊ လူထုအတွင်း စူးဝင်အောင် ကြံဆောင်ကြိုးပမ်းနေကြပါသည်
1
နည်းမျိုးစုံဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ရေး တွန်းအားပေးနေကြပါသည်
1
မြန်မာတို့၏ မူလအခြေခံ စိတ်ဓာတ်မှာ ဖြူစင်ပြီးသား၊ ဖြောင့်မတ်ပြီးသား၊ တည်ကြည်မှုရှိပြီးသား မဟုတ်ပါလား
0
လူငယ်ကျောင်းသားများအတွင်း အခြေခံကျကျ စနစ်တကျ ပျိုးထောင်သင်ကြားပေး နေပါသည်
1
လူငယ်တွေက လူကြီးတွေထက် ပို၍ထက်မြက်၊ ပို၍ကြံဆ၊ ပို၍အလုပ်လုပ်ပြနေပါသည်
0
ကိုယ်စိတ်နှစ်ပါး ချမ်းသာ စွာဖြင့် လူအများ သာယာဝပြောဖို့ ဖြောင့်မတ်တည်ကြည်မှုသည် မရှိမဖြစ် လိုအပ်နေပေသည်
1
ဤအချက်ကိုအမိအရ ဆုပ်ကိုင်နိုင် အောင် ကော်မရှင်က ဖွင့်လှစ်သောသင်တန်း များတွင် သတိထားဆောင်ရွက်ကြပါသည်
1
သင်တန်းဆွေးနွေးပွဲအချို့ သင်တန်းဆွေးနွေးပွဲအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်- (၁) ဝန်ကြီးဌာနများမှဖွင့်လှစ်သည့်သင်တန်းများတွင်ဆွေးနွေးပို့ချမှု ဥပမာ-(က) ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၃/၂၀၁၈)(စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊ (ခ) တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ် စီမံကိန်းဦးစီးရုံး...
1
အထူးသဖြင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးစာအုပ်များ ပြုစုထုတ်ဝေနိုင်ခဲ့သည်ကို သမိုင်းမှတ်တမ်း တင်ပါရစေ
1
ကော်မရှင်အနေနှင့် ထင်ထင်ရှားရှား ကိုးကားရည်ညွှန်းရမည့် စာအုပ်စာတမ်း အထူးရှားပါးသည်
1
ဤအချက်ကို ဥက္ကဋ္ဌကြီး ဦးအောင်ကြည်က သတိထားမိ၍ မှတ်မှတ်သားသား စာအုပ်များ ထုတ်ဝေနိုင်ရန် စီမံဆောင်ရွက်ခဲ့သည်ကို မော်ကွန်းတင်ပါသည်
1
ထို့အပြင် ရေရှည် ကိုးကားရည်ညွှန်းရမည့် စာအုပ်စာတမ်းများ စုဆောင်းပြီး အများ လေ့လာဖတ်ရှုနိုင်သော စာကြည့်တိုက်ကြီးကိုလည်း ပေါ်ထွန်းလာအောင် ကြိုးပမ်းရဦးမည်
1
နောင်ဆက်ခံမည့် အဖွဲ့ဝင်များအတွက် အားတက်ဖွယ်၊ နည်းယူဖွယ်၊ ရည်ညွှန်း ကိုးကားဖွယ် တာဝန်များ၊ ကျင့်စဉ်များ လက်ဆင့်ကမ်းချင်သေးသည်
1
လူငယ်စခန်းများ အောက်ပါလူငယ်စခန်းများကို ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ခဲ့သည် - (၁) ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်း(၁/၂၀၁၉)နေပြည်တော်
1
(၂) ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်း(၂/၂၀၁၉)မန္တလေး
1
ဤသင်တန်းများတွင် လူငယ်တွေ၏ အင်အားကို မြင်ရသည်
1
အဂတိတိုက်ဖျက်ရေးကို သူတို့တက်ကြွစွာ ပါဝင်ကြသည်
1
လူကြီး တွေထက် တက်ကြွနေသည်
0
ထို့ကြောင့်လည်း လူငယ်တွေကို နေရာပေးခဲ့သည်
0
သတင်းစာထဲတွင် သတင်းဓာတ်ပုံထည့်လျှင် လူငယ်တွေ၏ လှုပ်ရှားမှု၊ တက်ကြွမှု သတင်းဓာတ်ပုံတွေကိုသာထည့်ပါ
0
“ဥက္ကဋ္ဌကြီးဓာတ်ပုံ မထည့်စေလိုပါ” ဟု ဥက္ကဋ္ဌ က ပြန်ကြားရေးအဖွဲ့ကို သတိပေးသည်
1
ဤမျှ လူငယ် ကဏ္ဍကို အလေးဂရုပြုသည်
1
ဝန်ထမ်းအင်အားတိုးချဲ့ခြင်း တိုးချဲ့ ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအရ ဌာနများတွင် ၃၁-၁၂-၂၀၁၉ ရက်နေ့ထိ အရာထမ်း ၁၀၃ ဦး၊ အမှုထမ်း ၁၆၁ ဦး၊ နေ့စား ဝန်ထမ်း ၆၇ ဦး စုစုပေါင်းဝန်ထမ်း ၃၃၁ ဦးတို့အား ခန့်အပ်ထားပြီးဖြစ်ပါသည်
1
ကော်မရှင်ရုံး၏ ဖွဲ့စည်းပုံအရ လိုအပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက် ဦးစီးအရာရှိ ရာထူး ၁၅ နေရာ၊ အမှုထမ်း “ရာထူး ၁၅၉ နေရာ စုစုပေါင်း ရာထူးနေရာ ၁၇၄ နေရာ ဖြည့်စွက်ခန့်ထားနိုင်ခဲ့ပါသည်
1
အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၀) အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲ ကျင်းပ နိုင်ခဲ့ပြီး၊ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်
1
ကော်မရှင် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်း သူ ၁၃၅ ဦး တက်ရောက်ခဲ့သည်
1
ဒုတိယစုံစမ်းရေးမှူး ၂၅ ဦး၊ လက်ထောက် စုံစမ်းရေးမှူး ၃၀ ဦးနှင့် ဒုတိယလက်ထောက်ဦးစီးမှူး ၈၀ ဦး တက်ရောက်ခဲ့ကြသည်
1
သင်တန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေ၊ အခြားဆက်စပ် ဥပဒေများ၊ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ပေးရေးနှင့် တားဆီးကာကွယ်ရေး ဘာသာရပ်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ရုံးလုပ်ငန်းလက်စွဲ၊ အဂတ...
1
ပဏာမ မိတ်ဆက်သင်တန်းမျှသာ ဖြစ်သည်
1
သင်တန်း၏အဓိကအနှစ်သာရ ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာရပ်တည်နိုင်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ အားလုံးပါဝင်နိုင်မှု ဟူသော သံမှိုစွဲ သကဲ့သို့ မြဲမြံစွာစောင့်ထိန်းရမည့်ကျင့်ဝတ် ( Code of Conduct ) မှာ သင်တန်း၏အဓိက အနှစ်သာရ ဖြစ်သည်
1
ကျင့်ဝတ် ဟူသည် သင်တန်း၏အလင်းရောင်ဖြစ်ပါ ကြောင်း ...
1
နိဂုံး (၁) သင်တန်းမို့ ပင်ပန်းပါသည်
1
(၂) ပင်ပန်းမှလည်း ရွှင်လန်းမည် မဟုတ်ပါလား
0
၎င်းဂိမ်းတွင် တပ်ဖွဲ့အသွင်တစ်ခုအနေဖြင့် ပစ်ပုံ၊ ခတ်ပုံ၊ တိုက်ပွဲဝင်ပုံများကို ကနဦးသင်ပေးသည်
1
တိုက်ပွဲတစ်ပွဲအတွက် ခေတ်မီသေနတ်ပုံစံများဖြင့် ဆွဲဆောင်ထားပြီး ကျည်ဆန်အတောင့် ၄၀၊ ၅၀၊ ၆၀ စသည်ဖြင့် ကျည်အရေအတွက်တစ်ခုပေးထားသည်၊၊ ထို့အတွက် ကျည်မလောက်အောင် ဖန်တီးထားခြင်းပင် ဖြစ်သည်
1
ကြော်ငြာမကြည့်၍ သတ်မှတ်ထား သည့် အချိန်ပြည့်သွားပါကလည်း မိမိသာတိုက်ပွဲကျမည်ဖြစ်သည်
1
တကယ့်လက်တွေ့မှာလည်း တိုက်ပွဲက တိုက်လို့ကောင်းတိုင်း ကျည်ကခဏခဏ ဖြည့်နေရပြီး ကြော်ငြာက မပြီးနိုင်၊ မစီးနိုင် တစ်ခုပြီးတစ်ခု ကြည့်နေရသည်က ဂိမ်းဖန်တီးသူတို့၏ အသက်ဖြစ်သည်
0
စီးပွားရေးသမားကတော့ စီးပွားရေးအမြင်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး လူငယ်များ ဆော့ချင်လာအောင်၊ ကစားတတ်လာအောင် တမင်အကြံပေးတီထွင်ဖန်တီးထားသည်ကို တွေ့ရသည်
0
ကျည်ခဏခဏကုန်၊ ကြော်ငြာကို ကျော်သွားခွင့် မရဘဲ ပြီးအောင် အချိန်ပြည့်ကြည့်ရကာ နောက်ဆုံးတွင် အကုသိုလ်များ၍ ပိုက်ဆံကုန်သည်သာ အဖတ်တင်မည်ဖြစ်သည်
1
မသိ၍ပဲဖြစ်ဖြစ်၊ သိ‌သော်လည်း သတိလက်လွတ်၍ပဲဖြစ်ဖြစ် သက်ဆိုင်ရာမှ စစ်ဆေးခြင်း နှင့်ကြုံရသည့်အခါ မလိုလားအပ်သော နောက်ဆက် တွဲဆိုးကျိုးများခံစားရနိုင်ပါသည်
1
ထိုအချက်ကို လူငယ်လူရွယ်များကော မိဘ၊ ညီအစ်ကို၊ မောင်နှမများအနေဖြင့်ပါ သိရှိနားလည်ထားသင့်ပါသည်
1
လူငယ်များအနေဖြင့် ဘာလုပ်မည်လဲ၊ မိမိအတွက်ကော မိသားစုအတွက်ကော အကျိုးမရှိ၊ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းကိုလည်း ကောင်းကျိုးမပေး ဆင်ခြင်သုံးသပ်ကြစေချင်ပါသည်
1
အကျိုးထက် အပြစ်ကပိုများ အမှန်ကတော့ ဂိမ်းကစားသည်ဆိုသည့်နေရာမှာ ယခုလိုအကြမ်းဖက်၊ ညှဉ်းပန်းနှိပ်စက်သည့်ပုံစံ ဂိမ်းအမျိုးအစားများကို မဆိုထားနှင့်၊ ရိုးရိုးဂိမ်းများ ဆော့လျှင်ပင် အကျိုးထက် ဆိုးကျိုးအပြစ်က ပိုများသည်ဆိုသည်ကို အတော်များများလည်းလက်ခံပြီး သားဖြစ်ပါသည်
1
ပစ်ခတ်၊ တိုက်ခိုက်၊သတ်ဖြတ်ကြသည့် ဂိမ်းများဆိုပိုဆိုးသည်
1
လူအချင်းချင်းအပေါ်တွင် အမုန်းစိတ်ဓာတ်များ ကြီးစိုးလာတော့မည်ဖြစ်သည်
1
အချုပ်အားဖြင့် ယနေ့ခေတ်လူငယ်များ PDF ဂိမ်း၊ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်း စသည်ဖြင့် မိမိတို့၏ အကျိုးရှိလှသောအချိန်များကို မဖြုန်းတီးကြဘဲ အချိန်တန်ဖိုးကို ကောင်းစွာအသုံးချကြစေလိုပါသည်
1
အားလုံးက အကျပ်အတည်းကြားတွင် ရောက်နေသောကာလ၊ ဖိစီးမှုတစ်ခုခုကို လှုပ်ရှားရုန်းကန်ဖြေရှင်း နေကြရသည့်ကာလတွင် ကိုယ့်ကိုယ်ကိုယ် စိတ်ကူးယဉ် ကမ္ဘာထဲတွင် အချိန်ဖြုန်းမနေသင့်တော့ပါ
1
“စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ဘုရားတွေထဲမှာ တော့ ကမ္ဘာ့အမြင့်ဆုံးတဲ့” “ပြီးတော့ မြတ်စွာဘုရားရဲ့ပိဋကတ် သုံးပုံကို လည်း စကျင်ကျောက်ပြားတွေမှာ ပါဠိလိုရော၊ ရိုမန် နိုက်ဇ်လိုရော ဖတ်ရှုလေ့လာနိုင်အောင် ကျောက်စာရုံစေတီတွေကို ထည့်သွင်းတည်ဆောက်ထား တာတဲ့” ဒီအချက် နှစ်ချက်နဲ့တင် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ဖူးဖြစ်အောင်ဖူးမ...
0
ဒါနဲ့ပြီးခဲ့တဲ့ စနေနေ့က ရုံးကားအစီအစဉ်နဲ့ သွားတာပေါ့
0
ရုံးကားပေါ်မှာ ဝန်ထမ်းတွေအပြင် ဝန်ထမ်းမိသားစုတွေ၊ ခင်ရာမင်ရာ မိတ်ဆွေတွေလည်းပါတာပေါ့
0
ဘာပဲဖြစ်ဖြစ်ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးခွင့်ရတော့မှာမို့ အားလုံးက ရွှင်လန်းတက်ကြွနေတာပေါ့
0
စိတ်ထဲမှာ ပြောမပြ တတ်အောင် ကြည်ညိုသဒ္ဓါစိတ်တွေကလည်း ပွားများနေတာပေါ့
0
လမ်းတစ်လျှောက်မှာ စိမ်းလန်း တဲ့ လယ်ကွင်းတွေ၊ ဘုရားစေတီတွေ၊ လမ်းမကျယ် ကြီးတွေ၊ အစီအရီရှိနေတဲ့ အဆောက်အအုံတွေ၊ စိန်ခြယ်လို၊ စိန်ပန်းလို ပန်းအလှပင်တွေကလည်း ရှုမျှော်မဆုံး
0
သေချာတာကတော့ ဘုရားဖူးလာပြည်သူတွေရဲ့ရင်ထဲမှာ ဘုရားကြီးအား ဖူးမြော်ရ တော့မယ်ဆိုတဲ့အသိနဲ့ စိတ်နှလုံးအေးချမ်းနေတာ အမှန်ပါပဲ
0
ဘုရားကြီးအဝင်လမ်းကလည်း ကောင်းလိုက် တဲ့ဖြစ်ခြင်း
0
အသွားတစ်လမ်း၊ အပြန်တစ်လမ်း၊ လမ်းလယ်ကျွန်းနဲ့ ဘေးဝဲယာပန်းအလှတွေနဲ့အမြင်ဆန်းပါဘိ
0
စည်ကားများပြား ရုံးပိတ်ရက်ဖြစ်လို့ ဘုရားဖူးလာကားတွေကလည်း အကြီးအသေးစုံလို့
0
ရုံးကား၊ အိမ်စီးကား၊ ဆိုင်ကယ်၊ တုတ်တုတ်ပါ မကျန်အောင်များပြားလိုက်သည့်ဖြစ်ခြင်း
1
အသွား/အပြန် ယာဉ်မျိုးစုံနဲ့ ယောက်ယက်ခတ်လို့၊ ပြည့်ကျပ်နေလို့ဘုရားမုခ်ဦး မရောက်မီကတည်းက ယာဉ်တွေလမ်းဘေးထိုးရပ်ပြီး လမ်းလျှောက်ကြရ
0
စည်ကားများပြားလိုက်သည့်ဖြစ်ခြင်း
1