text
string
label
int64
ပျားအုံတုတ်နဲ့ထိုးသလို ဖွေးဖွေးလှုပ် သွားလာနေကြတဲ့ လူအစုအဝေးကြီး၊ လူအုပ်ကြီးတွေဆိုတာ အံ့မခန်းပါပဲ
0
လူကြီး၊ လူငယ်၊ ဦးဦး၊ ဒေါ်ဒေါ်၊ အဘိုး၊ အဘွား၊ ရဟန်းသံဃာများပါ မကျန် လူတိုင်းရဲ့ မျက်နှာများမှာတော့ ပျော်ရွှင် ခြင်း၊ ကြည်နူးခြင်း၊ ဝမ်းမြောက်ခြင်း၊ အေးချမ်းခြင်းအရိပ်အယောင်တွေက ပြည့်နှက်လို့နေ
0
ဘုရားဖူးရတဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတဲ့ ပုံပန်းသဏ္ဌာန်ကိုမြင်ရတော့ စိတ်ထဲက အမှတ်မထင် သာဓု သုံးကြိမ် ရေရွတ်လိုက်မိပါတော့တယ်
0
ကျွန်တော်တို့အဖွဲ့ဟာ အဝင်မုခ်ဝကိုကျော်ဖြတ်ပြီး များမကြာမီအဝင်၊ အထွက် စစ်ဆေးတဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်ရပါတယ်
0
တာဝန်ကျ ဝန်ထမ်းတွေကလည်း ဖော်ဖော်ရွေရွေပါပဲ
0
ဘုရားဖူး တဲ့လူတွေက များလွန်းတော့ အဖွဲ့လိုက်၊ အဖွဲ့လိုက် တစ်သုတ်ပြီး တစ်သုတ် ဝင်သွားကြတာ အဝင် လမ်းမကြီး တစ်ခုလုံးပြည့်သွားပါတယ်
0
သက်ကြီးရွယ်အိုတွေနဲ့ကျန်းမာရေး သိပ်မကောင်းတဲ့သူတွ၊ အသက်အရွယ်ကြီးသူတွေကတော့ မော်တော်ယာဉ် ငယ်(ဘာဂီ)လေးတွေ စောင့်စီးကြတာပေါ့
0
ကျွန်တော် တို့အဖွဲ့ကတော့ လမ်းလျှောက်ရင်းအဝေးကနေ ဘုရားကြီးဆီကိုငေးမောလိုက်၊ ဘုရားဖူးပြီး ပြန်လာ ကြသူတွေကိုကြည့်လိုက်နဲ့ သုဓမ္မာဇရပ်တွေအနီး ရောက်လာကြပါတယ်
0
ဇရပ်တွေထဲမှာလည်း လူတွေကအပြည့်
0
ပါလာတဲ့ထမင်းချိုင့်ဖြည်စားသူစား၊ နားသူနား၊ တရား ဘာဝနာ ပွားများသူကပွားများနဲ့ အတော်လေးကို စည်စည်ကားကား ရှိလှပါတယ်
0
သုဓမ္မာဇရပ်တွေ ကတော့ ဘုရားကြီးရဲ့ ရှေ့မျက်နှာစာ၊ စကျင်ကျောက်သားရင်ပြင်ကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ရှိနေတာပါ
0
သုဓမ္မာဇရပ်ကခြောက်ဆောင်၊ မော်ကွန်းတိုက်၊ ဂေါပကရုံးတွေအပါဆိုရင်တော့ တစ်ဖက် လေးဆောင်စီနဲ့ အားလုံးပေါင်းရှစ်ဆောင်ရှိပါတယ်
0
နတ်ပြည်ရောက်သွားသလို သုဓမ္မာဇရပ်တွေကလည်း စုလစ်မွမ်းချွန်အနုလက်ရာတွေ၊ ကနုတ်ပန်းတွေနဲ့ ဆောက်လုပ်ထားလိုက်တာတကယ့်ကို နတ်ပြည်ရောက်သွားသလို ပါပဲ
0
ရှေ့တည့်တည့်က စကျင်ကျောက်သား ရင်ပြင် မှာဆိုရင်လည်း ရေပန်းတွေနဲ့ အေးလို့၊ လမ်းလျှောက်သူလျှောက် ၊ အမှတ်တရဓာတ်ပုံ ရိုက်သူရိုက်၊ ဘုရားဖူးမြော်သူက ဖူးမြော်နဲ့ တကယ့်ကိုပဲ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိလိုက်သည့်ဖြစ်ခြင်း
0
ဘုရားကြီးရှိတဲ့ ရင်ပြင်ပေါ်မတက်မီ မင်္ဂလာ တံတားမှာဆိုရင်လည်း လူတွေက ကြိတ်ကြိတ်တိုးလို့၊ မိန်းမပျိုငယ်လေးတွေကလည်း မင်္ဂလာတံတားကြီးနဲ့အတူ အမှတ်တရဓာတ်ပုံမှတ်တမ်းရိုက်သေး တယ်ဗျ
0
တံတားကြီးရဲ့အောက် အမှတ်မထင် ငုံ့ကြည့်လိုက်ပြန်တော့လည်း ပဒုမ္မာကြာတွေတောင်ပွင့်လို့
0
ဪကျက်သရေမင်္ဂလာ ရှိလိုက်တဲ့ဖြစ် ခြင်း
0
မင်္ဂလာတံတားကို မန္တလေးရတနာပုံ နန်းမြို့ အဝင်တံတားနဲ့ ပုံစံတူဆောက်ထားတာပါတဲ့
0
မင်္ဂလာတံတားပေါ်ကနေ ဘုရားရင်ပြင်ပေါ်မတက်မီ နောက်ပြန်လှည့်ကြည့်မိလိုက်ပြန်တော့ ဖြူဖွေးနေ တဲ့ စကျင်ကျောက်သားရင်ပြင်ပေါ်မှာ သွားလာလှုပ်ရှားနေကြတဲ့ ဘုရားဖူးပြည်သူတွေရယ်၊ သုဓမ္မာဇရပ်တွေမှာ အပန်းဖြေအနားယူနေကြသူတွေရယ်၊ ဟိုအဝေးမှာရှိနေတဲ့ ဖြူဖြူဖွေးဖွေး ကျောက်စာရုံ စေတီတွေရယ်၊ အဂ္ဂါဓိပတိမည်သော သာသနာ့ဗိမာန်တော်ကြီးရယ် အားလုံးကိ...
0
ထူးခြားတဲ့ ကုသိုလ်စိတ်တိုးပွား ဘုရားရင်ပြင်မှာတော့ ဘုရားဖူးပြည်သူတွေဟာ ထိုင်ပြီးဦးချလို့မရအောင် ပြည့်နှက်လို့နေပါတယ်
0
ဘုရားကြီးကို စူးစူးစိုက်စိုက် မော့ကြည့်ပြီး ရင်သပ် ရှုမော အံ့ဩမဆုံးဖြစ်နေသူတွေ၊ ပြုံးတော်မူဟန် ဘုရားကြီးကိုဖူးရင်း ပီတိသောမနဿဖြစ်နေသူတွေ၊ အမှတ်တရဓာတ်ပုံရိုက်သူတွေ၊ ဘုရားရှိခိုးဝတ်ပြုဆုတောင်းနေသူတွေကိုတွေ့ရတော့ အတော်လေး ကို စိတ်ထဲမှာကြည်နူးမိပါတယ်
0
ဘုရားကြီးကို သေချာစိုက်ပြီး ဖူးလေလေကြည်ညိုသဒ္ဓါစိတ်ပွားများလေလေ ဖြစ်နေတာကို သတိပြုမိပါတယ်
0
တစ်ခါတလေ ဘုရားကြီးကို မော့ဖူးရင်း တိမ်တောင်တိမ်လိပ်တွေကြားထဲက ကြွမြန်းလာသလိုလို၊ နတ်ဘုံနတ်နန်းထက်က တရားဟောနေသလိုလိုလို့တောင် ထင်မိပါသေး တယ်
0
ကြည်ညိုသဒ္ဓါစိတ်ကတော့ အံ့မခန်းပါပဲ
0
သေချာတာတစ်ခုကတော့ ဘုရားကြီးကို ကိုယ်တိုင် ကိုယ်ကျလာရောက်ဖူးမြော်ရတာဟာ သတင်းစာတွေမှာ၊ ရုပ်မြင်သံကြားမှာ ဖူးတွေ့ရတာနဲ့လုံးဝမတူပါဘူး
0
ကိုယ်တိုင်သွားရောက်ဖူးမြော်ရတဲ့ အရသာကတော့ ပြောပြလို့မတတ်အောင်ပါ
0
တကယ့်ကို ထူးခြားတဲ့ ကုသိုလ်စိတ်တိုးပွားလာမှာ အမှန်ပါပဲ
0
တကယ်ရောက်ဖူးမှ တကယ်သိမှာဖြစ်ပါတယ်
0
ပြောမယုံကြုံဖူးမှသိဆိုသလိုပါပဲ
0
ကိုယ်တိုင် သွားရောက်ဖူးမြော်မှ ကိုယ်တိုင်ဘုရားဖူးရတဲ့ ပီတိ စိတ်ကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်
0
ဘုရားကြီးရဲ့ ရှေ့တည့်တည့်အောင်မြေမှာတော့ အသက်အရွယ်ကြီးသူတွေက အောင်မြေနင်းရင်း အောင်ဆုတွေတောင်းနေလိုက်ကြတာ နေရာမလပ် အောင် ပြည့်ကျပ်လို့နေပါတယ်
0
ဘာအောင်ဆုတွေ တောင်းနေသလဲတော့မသိ
0
သားရေး၊ သမီးရေး ၊ စီးပွားရေး၊ ကြီးပွားချမ်းသာရေး၊ လူချမ်းသာနတ်ချမ်းသာဖြစ်ရေး စုံလို့နေမှာပေါ့
0
ဘာပဲဖြစ်ဖြစ် တောင်းဆုတွေပြည့်ပါစေ၊ အောင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ
0
ဒါနဲ့အောင်မြေဆိုလို့ ပေါ့ပေါ့တန်တန်အောင်မြေ လို့တော့မမှတ်လိုက်နဲ့
0
နိုင်ငံတစ်ဝန်းရှိ အောင်မြေဌာနပေါင်း ၃၅ ဌာနက အောင်မြေတွေနဲ့ ဝိဇယဘူမိ နိမ္မာနအောင်မြေအဖြစ် တည်ထားတာတဲ့
0
ဘာပဲ ဖြစ်ဖြစ် အောင်ဆုအဖြာဖြာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
0
သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီး ပြီးတော့ဘုရားကြီးရဲ့ ဝဲဘက်ထောင့်တစ်နေရာမှာ သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီးဆိုတာလည်း ရှိသေးတယ်
0
ဒီခေါင်းလောင်းတော်ကြီးကိုတော့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ဇနီး၊ သား၊ သမီး၊ မြေးများမိသားစုက လှူဒါန်းထားတာဖြစ်ပါတယ်
0
ကြေးပိဿာချိန် ၇၃၈ ပိဿာ ရှိတယ်
0
အမြင့် က ၅ ပေ၊ ထိပ်ဝအကျယ် ၄ ပေ ၁ လက်မတဲ့
0
ထူးခြားတာကတော့ ခေါင်းလောင်းတော်ကြီးရဲ့ အမည်ကို သဒ္ဓါဓိပတိလို့ ပေးထားတာပဲ
0
အတော် သင့်မြတ်ကောင်းမွန်တဲ့အမည်ပါ
0
ဘာကြောင့်လဲဆိုတော့ သူတော်ကောင်းဥစ္စာ ခုနစ် ပါးထဲမှာ သဒ္ဓါ၊ သီလ၊ ပညာ၊ စာဂ ဆိုတာတွေပါတယ် မဟုတ်လား
0
ဒီထဲမှာ သဒ္ဓါကအရေးအကြီးဆုံးပဲ
0
သဒ္ဓါမရှိရင် ဘာမှလုပ်လို့မရဘူး
0
သဒ္ဓါရှိမှ လုပ်လို့ ရတာ
0
သဒ္ဓါဆိုတာ ယုံကြည်မှု
0
ယုံကြည်မှုရှိမှ လုပ်လို့ ရတာ
0
ဒါနပဲပြုပြု၊ သီလပဲဆောက်တည် ဆောက်တည်၊ ဘာဝနာပဲပွားပွား သဒ္ဓါက အရေးအကြီးဆုံး အချက်ပဲ
0
ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရား ကြီးက သဒ္ဓါတစ်လုံး ကောင်းလိုက်တာနဲ့ပဲ အပါယ် လေးပါးကျစေတတ်တဲ့ ဒိဌောယကင်းစင်အောင် လုပ်နိုင်ပါသတဲ့
0
ဖြစ်ပျက်မြင်တဲ့ ဝိပဿနာတရား အားထုတ်ဖို့ဆိုရင် သဒ္ဓါဆိုတဲ့ ယုံကြည်မှုဆိုတာ အရေးအကြီးဆုံးပဲတဲ့
0
ဒါကြောင့်မို့ ဒါနတွေပြုကြဖို့၊ သီလတွေမြဲကြဖို့၊ ဘာဝနာတွေပွားများကြဖို့ သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီးက အသိပေးနေသလိုပါပဲ
0
ဒါကြောင့် ဘုရားဖူးရောက်တုန်း ရောက်ခိုက် ခေါင်းလောင်းလည်း ထိုးကြပါ
0
ဒါန၊ သီလ၊ ဘာဝနာ ဆိုတာတွေလည်း တတ်နိုင်သလောက်လုပ်ကြပါ
0
ဂန္ဓကုဋိတိုက်တွေဆီ ကျွန်တော်တို့ ဘုရားဖူးအဖွဲ့ဟာ ရုပ်ပွားတော်မြတ်ကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်နဲ့ အနောက်ဘက်မှာရှိနေတဲ့ ဂန္ဓကုဋိတိုက်တွေဆီလည်း ရောက် ကြသေးတယ်
0
ဒီဂန္ဓကုဋိတိုက်တွေကိုလည်း စကျင် ကျောက်တွေနဲ့ ဆောက်လုပ်ထားတာတွေ့ရတယ်
0
စုစုပေါင်း ၂၄ ဆောင်တောင်ရှိတယ်
0
အထဲမှာတော့ ၂၄ ပစ္စည်းပဋ္ဌာန်းမြတ်ကို တစ်ခုတစ်ဆောင်နှုန်း ကျောက်ထွင်းပန်းချီတွေ ရေးထွင်းထားတာလည်း အနုလက်ရာ မြောက်လှပေတယ်
0
စကျင်ကျောက်သားပေါ်မှာ ရေးထွင်းထားတာဆိုတော့ ဘယ်တော့မှပျောက်ကွယ်သွားတော့မှာ မဟုတ်ပါဘူး
0
ဒီဂန္ဓကုဋိ တိုက်တွေဆိုတာကလည်း ၂၄ ဆောင် ဆက်ပြီး ဆောက်ထားတာဆိုတော့ စင်္ကြံလမ်းလိုဖြစ်နေတာ ပေါ့
0
ဘုရားဖူးပြည်သူတွေဟာ သုဓမ္မာဇရပ်တွေထဲကနေ တစ်ဆက်တည်း ဂန္ဓကုဋိတိုက်တွေဆီ လျှောက်လာမယ်ဆိုလည်း ရပါတယ်
0
ဂန္ဓကုဋိတိုက်တွေထဲမှာ ဗုဒ္ဓဝင်ဆိုင်ရာဇာတ်နိပါတ်တော်လာ သရုပ်ဖော်ပန်းချီကားတွေ ချိတ်ဆွဲပြသထားတာကြောင့် ဘုရားဖူးသူတွေအတွက်တော့ တကယ့် ဗဟုသုတဟင်းလေးအိုးကြီးလို့ ဆိုရမှာပဲ
0
သိစရာ၊ မှတ်စရာတွေကစုံလို့ပေါ့
0
ပန်းချီကားကြီးတွေနဲ့အောက်ခြေဘက်မှာ ပန်းချီကားအကြောင်းအရာတွေရေးသားထားတာမို့ သရုပ်ဖော်ထားတဲ့ပန်းချီကားအကြောင်းကို သိရ၊ မှတ်သားရမှာပါ
0
ဘုရားလည်းဖူး ဗဟုသုတလည်းရ ဒီလိုဗုဒ္ဓဝင်ဆိုင်ရာ ပန်းချီကားတွေကို ဂန္ဓကုဋိတိုက်တွေရဲ့အပေါ်ဘက် ထောင့်လေးထောင့်မှာ ချိတ်ဆွဲပြသထားတာဆိုတော့ ဘုရားလည်းဖူးဗဟုသုတလည်းရပြီပေါ့
0
ဂန္ဓကုဋိတိုက်တွေထဲက ပန်းချီကားတွေကို ကြည့်ရှုရင်း တစ်ဆောင်ပြီး တစ်ဆောင် ကူးလာလိုက်တာ နောက်ဆုံးတော့ ဝိသုံဂါမသိမ်တော်ကြီးခေါ် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးဆီလည်း ရောက်ခဲ့ပါသေးတယ်
0
တကယ့်ကိုပဲ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦ ကြီးပါပဲ
0
အထဲမှာလည်း မီးလုံးတွေထွန်းထားတာ လင်းလို့၊ ထိန်လို့၊ လေအေးပေးစက်တွေ လွှတ်ထားတာလည်း အေးလို့၊ စိမ့်လို့
0
အထဲကဘုရားကိုလည်း အဝင်ဝကနေထိုင်ပြီး ရိုသေလေးမြတ်စွာ ဖူးမြော်ကန်တော့နိုင်ပါတယ်
0
မုစလိန္ဒကန်နဲ့ နဂါးရုံဘုရား၊ ကျောက်စာရုံ စေတီများကိုတော့ ဒီတစ်ခေါက်မှာအဝေးကပဲ လှမ်းဖူးလိုက်ပါတယ်
0
အချိန်မရတော့လို့ နောက်တစ်ခေါက်ရောက်တော့မှ အသေးစိတ်လေ့လာပါ ဦးမယ်
0
မင်းခန့် ယခုလတ်တလော လူမှုကွန်ရက်မှာ လူအများစိတ်ဝင်စားနေတဲ့သတင်းကတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ NUGနဲ့ သူတို့ဖွဲ့စည်းထားတဲ့ PDF ဆိုတဲ့ အဖွဲ့တွေရဲ့ လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်မှုတစ်ခုက ဖုံးမရဖိမရ ပေါ်ပေါက်လာခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုဖြစ်ပါတယ်
0
၂၀၂၂ ခုနှစ် ကုန်ဆုံးတော့မယ့် ဒီဇင်ဘာလအစမှာပဲ တမူးက PDF အကြမ်းဖက်အဖွဲ့တွေက မအေးမာထွန်းလို့ခေါ်တဲ့ အပြစ်မဲ့အမျိုးသမီးငယ်တစ်ဦးကို အများပြည်သူ အသုံးပြုတဲ့ လမ်းမပေါ်မှာ လက်ထိပ်ခတ်ရိုက်နှက်ပြီး သေနတ်နဲ့ ဦးခေါင်းကို အထပ်ထပ်အခါခါ ပစ်သတ်လိုက်တဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ သာမက နိုင်ငံတကာသတင်းမီဒီယာများကိုပါ ပျံ့နှံ့ခဲ့...
0
NUG ကဖွဲ့စည်းထားတဲ့ တမူး PDF တပ်ရင်း ၄ ကလည်း ဒီလုပ်ရပ်ကို သူတို့ လုပ်တာဖြစ်ပြီး NUG ရဲ့ စေခိုင်းချက်အတိုင်း ဆောင်ရွက်တာဖြစ်ကြောင်း အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက်သမားများကိုယ်တိုင် အင်တာဗျူးထုတ်လွှင့်ခဲ့တာကို တွေ့ရပါတယ်
0
ဒါ့အပြင်NUGအကြမ်းဖက်အဖွဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ် လို့ပြောနေတာက သူ့လက်အောက်ခံ PDF အဖွဲ့တွေ လုပ်တာမှန်တယ်လို့ ဝန်ခံနေတာပဲဖြစ်ပါတယ်
0
ဒီလိုရိုင်းစိုင်း ယုတ်မာပြီး လူမဆန်တဲ့သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်း သူတို့ကိုယ်တိုင်ဝန်ခံပြီး လူမှုကွန်ရက်ပေါ်ထုတ်ပြန်ခဲ့တာ ဖြစ်တဲ့အတွက် ဒီဖြစ်စဉ်ရဲ့တရားခံတွေ ဟာ NUG အဖွဲ့နဲ့ သူ့လက်ဝေခံ တမူး PDF အဖွဲ့ဖြစ်တယ်ဆိုတာ ခိုင်မာတဲ့ သက်သေတွေပဲ ဖြစ်ပါတယ်
0
ဒီအကြမ်းဖက်မှုမှာ အသတ်ခံခဲ့ရတဲ့ အမျိုးသမီးငယ်လေးက အသက် ၂၂ နှစ် အရွယ်သာရှိသေးပြီး တမူးမြို့ မြို့မ(၁၂) ရပ်ကွက်မှာနေထိုင်ကာ ကျပန်းအလုပ် လုပ်ကိုင်သူတစ်ဦးသာဖြစ်ကြောင်း သိရှိ ရပါတယ်
0
၂၀၂၂ ခုနှစ် မေလ ၈ ရက်နေ့ အလုပ်လုပ်ရာက ပြန်လာစဉ်မှာ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်ပြီး အသတ်ခံရတဲ့နေ့ကိုတော့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်
0
ဒီလိုဖြစ်စဉ်တွေက အခုမှ ထွက်ပေါ်ခဲ့တာမဟုတ်ဘဲ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း မှာလည်း မြိုင်မြို့နယ်က PDF တွေက မနန္ဒာဆိုတဲ့ အမျိုးသမီးတစ်ဦးကို လက်ပြန်ကြိုးတုပ်၊ ဒူးထောက်ခိုင်းပြီး ဇက်ပိုးကို ဓားနဲ့ခုတ်ပြီး သတ်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာပါတယ်
0
ဒီလိုထွက်ပေါ်ပြီး နှစ်လအကြာ စက်တင်ဘာလအတွင်းမှာလည်း PDF အဖွဲ့တွေက အမျိုးသမီးတစ်ဦးကို ဒလန်လို့စွပ်စွဲပြီး မျက်နှာကို အဝတ်စည်း၊ လက်ပြန်ကြိုးတုပ်ကာ လည်ပင်းလှီး သတ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုထွက်လာ ပါသေးတယ်
0
ယခု သုံးခုမြောက်ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်မှာတော့ အမျိုးသမီးငယ်လေးဟာ နောက်ဆုံးထွက်သက်အထိ သူသည် ဒလန်မဟုတ်ကြောင်း ငြင်းဆိုသွားခဲ့တာကို တွေ့ရပါတယ်
0
ဒါတွေကိုကြည့်ရင် NUG ရဲ့ စေခိုင်းချက်နဲ့ PDF အဖွဲ့တွေရဲ့ သတ်ဖြတ်မှုဖြစ်စဉ်တွေ ဘယ်လောက်များများ ရှိနေတယ်ဆိုတာ မှန်းဆလို့မရနိုင်အောင် ဖြစ်ရပါတယ်
0
ဒီလိုလူမဆန်မှုတွေက ကမ္ဘာမှာအော့ကြောလန်နေတဲ့ အရှေ့အလယ်ပိုင်းက အကြမ်းဖက်တွေရဲ့ လုပ်ရပ်တွေထက်တောင် ဆိုးရွားလွန်းနေသေးတယ်လို့ မြန်မာပြည်သူလူထုအကြား မှတ်ချက်ပြုနေကြတာကို တွေ့ရှိရပါတယ်
0
မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ကို အခွင့်ကောင်းယူပြီး အစွန်းရောက် စိတ်ဓာတ်သွတ်သွင်းခြင်းခံထားရတဲ့ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေရဲ့ ရက်စက်မှု၊ လူမဆန်မှုတွေက ပြည်သူလူထုအကြားမှာ မသတီစရာ ရွံရှာစက်ဆုပ်ဖွယ်ရာ ဖြစ်လာခဲ့တာ နှစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်
0
သို့သော်လည်း လက်ရှိမြန်မာနိုင်ငံရဲ့တည်ဆဲအစိုးရကို နိုင်ငံရေးအရ တစ်ဖက်သတ်ဖိအားပေး ချင်တာနဲ့ပဲ PDF အကြမ်းဖက်တွေရဲ့ လုပ်ရပ်တွေကို မြန်မာပြည်သူတွေနဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းတွေ အကြားကို ကျယ်ကျယ်ပြန့်ပြန့် မရောက်ရှိအောင် အမေရိကန် ဦးဆောင်တဲ့အနောက် အုပ်စုက လူအား၊ ငွေအား၊ မီဒီယာ အင်အားနဲ့ ဝိုင်းဝန်းဖုံးဖိထားခဲ့ကြပါ တယ်
0
ဒီအချက်တွေကိုကြည့်ရင် မြန်မာနိုင်ငံကို အနောက်အုပ်စုက ငွေအား၊ လူအား၊ နည်းပညာအားနဲ့ မီဒီယာ အင်အားသုံးပြီး မှိုင်းတိုက်နေတယ်၊ သတင်းတွေထိမ်ချန်ဖော်ပြနေတယ်ဆိုတဲ့အချက်ကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ သတိပြုမိစေချင်ပါတယ်
0
ဒီလိုအကြမ်းဖက်မှု လမ်းစဉ်ကို တရားဝင်ကိုင်စွဲထားပြီး ရက်စက်မှုအပေါင်းသရဖူဆောင်းနေတဲ့ ပရမ်းပတာ NUG နဲ့ PDF လို အကြမ်းဖက် အဖွဲ့တွေကို ထိတွေ့ဆက်ဆံပြီး အသိအမှတ်ပြုဖို့ ထောက်ခံပံ့ပိုးပေးနေတဲ့လူပုဂ္ဂိုလ်တွေ၊ ကြားနေပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒီလိုအကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားရှိကြမလဲဆိုတာကို သိချင်မိပါ...
0
ဒီလိုဆိုးရွားရက်စက်တဲ့ ဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့က ပြည်သူတွေကတော့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ “လူသတ်အကြမ်းဖက် PDF အလိုမရှိ၊ CRPH၊ NUG၊ PDF အကြမ်းဖက်အဖွဲ့များ ဆန့်ကျင်ကြ”ဆိုတဲ့ ဆိုင်းဘုတ် တွေကိုင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်
0
အလားတူပဲ တမူးမြို့ စျေးတန်း (၄) ရပ်ကွက်မှာလည်း “အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသော မအေးမာထွန်း ကောင်းရာဘုံဘဝ ရောက်ပါစေ၊ PDF အကြမ်းဖက်သမားများ ကျဆုံးရေး-ဒို့အရေး၊ အကြမ်းဖက်လုပ်ရပ်မှန်သမျှ ဆန့်ကျင်ကြ” စတဲ့ ဆိုင်းဘုတ်တွေ ကိုင်စွဲ ပြီး ပြည်သူတွေ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်
0
ဆိုရှယ်မီဒီယာတွေမှာလည်း နိုင်ငံရေး အရောင်အသွေး ဝါ၊ စိမ်း၊ နီ၊ ပြာ မရွေး အားလုံးတစ်သံတည်းထွက်ပြီး PDF တွေရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချ ခဲ့ကြတာကို တွေ့နေရပါတယ်
0
သို့သော်လည်း ဒီလိုဖြစ်စဉ်တွေကို အနောက်အုပ်စုက ခေါင်းစဉ်မျိုးစုံနဲ့ထောက်ပံ့ထားတဲ့ ဝါဒဖြန့် ပြည်ဖျက်မီဒီယာတွေမှာ လုံးဝဖော်ပြတာ မတွေ့ရပါဘူး
0
BBC ကတော့ အကြမ်းဖက် NUG အဖွဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးမယ်ဆိုတဲ့ သတင်းကို တာဝန်ကျေဝိနည်းလွတ် ရေးတင်ခဲ့တာ တွေ့ရပါတယ်
0
မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး ကြေညာချက်အမျိုးမျိုးထုတ်ပြန်နေတဲ့ အမေရိကန် သံရုံးက ဒီတစ်ခါလည်း မျက်စိကန်းပြီး နားပင်းနေတာကို တွေ့ရပါတယ်
0
လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်အဖွဲ့တွေကို ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်ရင် လူ့အခွင့် အရေးစံနှုန်းတွေနဲ့ယှဉ်ပြီး ထုတ်ပြန်ချက် အမျိုးမျိုးထုတ်နေတဲ့သံရုံးတွေက ဒီလို NUG/PDF တွေရဲ့ ငြင်းမရတဲ့အကြမ်းဖက်မှုတွေ ဘူးပေါ်သလိုပေါ်လာတော့ ဘာသံမှမထွက်နိုင်ဘဲ ရေငုံနှုတ်ပိတ်ပြီး နေကြတာကို အံ့သြဘနန်းဖြစ်ရပါတယ်
0
မြန်မာနိုင်ငံအပေါ် သဘောထား မမှန်သူတွေရဲ့ ထုံးစံအတိုင်း ဘယ်လိုပဲမျက်စိ ပိတ်နားပိတ်ပြီး နေနိုင်ကြသည်ဖြစ်စေ ဒီလိုအကြမ်းဖက်မှုတွေကို မြင်တွေ့ နေရတဲ့မည်သူမဆို အကြောင်းမဲ့အနိုင်ကျင့် သတ်ဖြတ်ခံရသူတွေအတွက် လွန်စွာစိတ်ထိခိုက် နေကြရပါတယ်
0
ဒါ့ကြောင့်လည်း အကြမ်းဖက်မှုတွေကို မလိုလားဘဲ အမှန်တရားကိုမြတ်နိုးတဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို Facebook ၊Twitter၊ Telegram၊ VK စတဲ့ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတာကိုလည်း တွေ့ရှိ နေရပါတယ်
0
အကြမ်းဖက်ဝါဒ သို့မဟုတ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံကြီးတွေရဲ့ ပြဋ္ဌာန်းချက်တွေ၊ သတ်မှတ်ချက်တချို့ကို ထုတ်နုတ်တင်ပြလိုပါတယ်
0
၁၉၉၄ ခုနှစ် ဒီဇင်ဘာ လ ၉ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက် (၄၉/၆၀)မှာ အကြမ်းဖက် ဝါဒ/လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဖော်ပြထားတာက “Criminal acts intended or calculated to provoke a state of terror in the general public, a group of persons or particular persons for political purposes are in any ci...
0
ဒါကြောင့် အကြမ်းဖက် လုပ်ရပ်တွေဆိုတာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ဘယ်လိုအကြောင်းပြချက် မျိုးနဲ့မဆို နိုင်ငံရေးရည်မှန်းချက်အတွက် လူထုကြားမှာ အထိတ်တလန့်ဖြစ်စေဖို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ဆိုထားတာဖြစ်ပါတယ်
0