text
string
label
int64
မိုခါမုန်တိုင်းသတင်းကို သိရှိရသဖြင့် မေလ ၆ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဦးစီး၍ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်
1
ထို့နောက်မိုခါမုန်တိုင်းကို အပိုင်း သုံးပိုင်းဖြင့် ရင်ဆိုင်ဖြေရှင်းရန်စီစဉ်ပြီး ပထမပိုင်းသည် ကြိုတင်ပြင်ဆင်ခြင်း၊ ဒုတိယပိုင်းသည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တတိယပိုင်းသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ဖြစ်သည်
1
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများအား မေလ ၆ ရက်နေ့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့မှ သတင်းများထုတ်ပြန်ခဲ့ ပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် သက်ဆိုင်ရာဌာန အသီးသီးတို့မှ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ၊ ကယ်...
1
မေလ ၆ ရက်နေ့မှစ၍ မုန်တိုင်းသတင်းကို ရုပ်မြင်သံကြားများမှ နေ့စဉ်ဖော်ပြခဲ့သလို မုန်တိုင်းနီးကပ်လာသည့် မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ သတိပေးချက်များကို ဆက်တိုက်ထုတ်ပြန်ခဲ့ပြီး မေလ ၁၁ ရက်နေ့၌ မုန်တိုင်းဒီရေ အထူးသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ရေလွှမ်းမိုးနိုင်မည့် နေရာများအား တိကျစွာဖော်ပြပေးခဲ့သည်
1
ပြည်သူများအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကယ်ဆယ်ရေးတပ်ဖွဲ့များက ကူညီဆောင်ရွက်ပေးသောကြောင့် အချိန်မီရွှေ့ပြောင်းပေးနိုင်သဖြင့် မုန်တိုင်းတိုက်ခတ်မှုခံခဲ့ရချိန်တွင် မတော်တဆမှုကြောင့်သာ အနည်း ငယ် အသက်သေဆုံးခဲ့ရပါသည်
1
မုန်တိုင်းဖြစ်ပြီး နောက်တစ်ရက်တွင် နိုင်ငံတော်အကြီးအကဲက လေယာဉ်ကွင်းများကို အရင်ဆုံးရှင်းလင်းပြီး လေယာဉ်ဆင်းနိုင်အောင် ဆောင်ရွက်ရန်မှာကြားခဲ့သည်
1
ထိုနေ့၌ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ စီးနင်းလိုက်ပါသည့် လေယာဉ်ဆင်းသက်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်သည့်လေယာဉ်များ၊ စီမံခန့်ခွဲရေးလုပ်ငန်း ဆောင်ရွက်မည့် လေယာဉ်များသည် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီ...
1
ထို့ပြင်ဌာနဆိုင်ရာအလိုက် ကျွမ်းကျင်ပညာရှင်များ၊ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်မှ ကြိုတင်စုဖွဲ့ထားသော ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ အင်ဂျင်နီယာတပ်ဖွဲ့များ၊ ဆေးကုသရေးအဖွဲ့များ၊ ထောက်ပံ့ရေးအဖွဲ့များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်င...
1
ကမ္ဘာအရပ်ရပ်တွင် ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ခံစားရလျက်ရှိပြီး ထိုဘေးအန္တရာယ်များအနက် သဘာဝဘေးအန္တရာယ်မှာအများဆုံးနှင့် ဒုက္ခအပေးဆုံးဖြစ်သည်
1
သဘာဝဘေးအန္တရာယ် တစ်ခုကျရောက်တိုင်း လူတို့၏အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးစေသည်သာမက နဂိုအခြေအနေသို့ ရောက်ရှိအောင် ပြန်လည်ထူထောင်ရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးရပါသည်
1
ထို့ကြောင့်သဘာဝဘေးအန္တရာယ်မကျရောက်မီကပင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မလွဲမသွေပြုလုပ်ရန် လိုအပ်ပါသည်
1
လူသားတို့၏ စည်းကမ်းမဲ့လုပ်ဆောင်ချက်များကြောင့် သဘာဝပတ်ဝန်းကျင်မှာ တစ်စတစ်စယိုယွင်းပျက်စီးလာသဖြင့် ရာသီဥတုသည် ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲလာပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာသည်
1
ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာများကို ပါဝင်ဆောင်ရွက်ကြပြီး ထိရောက်သောသဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီအမံများ ဖြင့် အနာဂတ်တွင် မျိူးဆက်သစ်တို့စွမ်းအားမြှင့်တင်ရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်
1
ကိုးကား- - မြန်မာ့အလင်းနေ့စဉ်သတင်းစာ - ကြေးမုံနေ့စဉ်သတင်းစာ - မြဝတီနေ့စဉ်သတင်းစာ - https://iddrr.undrr.or
0
တင်တင်ဝန်း(စာပေဗိမာန်) ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို ဆရာကြီးဦးမောင်မောင်လတ် (နောင်)၊ ဆရာကြီးဦးစိန်လှိုင် (သူရဇော်)နှင့် ဆရာမကြီး ဒေါ်ချိုချိုတင်(မစန္ဒာ)တို့ ချီးမြှင့်ခံခဲ့ရပါသည်
1
အမျိုးသားစာပေတစ်သက်တာဆုရရှိသူ ၃၄ ဦးတွင် ဆုရရှိခဲ့သူ အမျိုးသမီးစာရေးဆရာမ လေးဦးရှိခဲ့ပြီး ယင်းတို့မှာ ဆရာမကြီးဒေါ်ရင်ရင် (စောမုံညင်း)၊ ဆရာမကြီးဒေါ်ကြန် (မကြန်)၊ ဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)နှင့် ဆရာမကြီးဒေါ်ချိုချိုတင် (မစန္ဒာ)တို့ ဖြစ်ကြသည်
1
ဆရာမကြီး ခင်ဆွေဦးနှင့် ဆရာမကြီး မစန္ဒာတို့သည် မြန်မာရသစာပေခရီး၌ ဘဝသရုပ်ဖော်ဝတ္ထု အရေးအဖွဲ့ကျွမ်းကျင်သော ထင်ရှား ကျော်ကြားသည့် ဆရာမကြီးများဖြစ်သည်
1
လူ့သမိုင်းအစကပင် ပုံပြောခြင်းအလေ့ ထွန်းကားခဲ့ပြီး ထိုမှ ပုံဝတ္ထုများ ပေါ်ပေါက်လာခဲ့သည်
1
လွန်ခဲ့သည့် နှစ်ပေါင်း ၆၀၀ ကျော် ဝတ္ထုဟူသောစာပေအသွင် ပေါ်ထွန်းခဲ့သည့်အချိန်မှသည် ယခုမျက်မှောက်ခေတ်အထိ ဝတ္ထုများကို စာဖတ်ပရိသတ်တို့ နှစ်ခြိုက်စွာ ဖတ်ရှုခဲ့ကြသည်
1
မြန်မာစာပေတွင် ဝတ္ထု၊ ကဗျာ၊ ပြဇာတ်စသည့် ရသစာပေပုံသဏ္ဌာန်များ၌ ဝတ္ထုသည် စာဖတ်ပရိသတ် အနှစ်သက်ဆုံးဖြစ်ပြီး စာဖတ်ပရိသတ် အပေါ်တွင် ဩဇာထက်မြက်စွာ သက်ရောက်မှုရှိသည်
1
ဝတ္ထုသည်ဘဝအတွက် ပျော်ရွှင်စရာ၊ နှစ်သိမ့်စရာ၊ စိတ်ခွန်အားမြှင့်တင်ရာ၊ အတွေ့အကြုံ သင်ခန်းစာများ ရဖွယ်ရာဟု နှစ်သက်စွဲလမ်းစွာ ခံစားဖတ်ရှုကြသည်
1
အနုပညာဟူသည် ခေတ်ကိုပေါ်လွင်စွာ ထင်ဟပ်လျက် သမိုင်းရေစီးကိုလည်း မှတ်တမ်းပြုသည်
1
သမိုင်းရွေ့လျားကာ ခေတ်အဆက်ဆက် ပြောင်းသွားသော်လည်း အနုပညာကမူ ဆက်လက်ရှင်သန်လျက် ကျန်ရစ်သည်ဟု ဆိုနိုင်ပါသည်
1
စာပေအနုပညာတွင် ရှင်သန်ကျန်ရစ်သော လက်ရာများအား ရေးဖွဲ့သူများကိုလည်း ခံစားသူပရိသတ်က အကဲခတ်မှတ်ကျောက်တင်ကြသည်
1
ဆရာမ မစန္ဒာ၏လက်ရာများမှာ ပရိသတ်၏ မှတ်ကျောက်တင်မှုကိုခံရပြီး ဖတ်ရှုသူတို့၏ ရင်တွင်းသို့ နက်ရှိုင်းစွာနစ်ဝင်ခဲ့ကာ မြန်မာစာဖတ်ပရိသတ်ကို လွှမ်းမိုးခဲ့သည်
1
ဆရာမသည် ဟာသဉာဏ်ရွှင်၍ သရော်စာအရေးအဖွဲ့မျိုးဖြင့် သွက်သွက်ရေးတတ်သူဖြစ်သည်
1
ရေးဖွဲ့သော ဇာတ်ကောင်များ၏စရိုက်မှာ အမြဲလှုပ်ရှားသက်ဝင်နေတတ်သည်
1
ခေတ်သမိုင်း ပြောင်းလဲမှု အမျိုးမျိုးကြားထဲက လူ့ဘဝအထွေထွေကို ပီပြင်အောင်တင်ပြရေးဖွဲ့သည်
1
ဘတ်စ်ကား စပယ်ယာ၊ ပျံကျဈေးသည်၊ မှောင်ခိုတန်းစီသူ စသည်ဖြင့် ဘဝသရုပ်ဖော်ဝတ္ထုများကို ခေတ်နှင့်လိုက်လျောညီထွေစွာ တွေးဆပုံဖော်သည်
1
ခေတ်သရုပ်ကို သရော်သည်
1
မတရားမှုကိုလည်း ဝေဖန်သည်
1
အမှန်တရားကိုဖွင့်ဟသည်
1
စိတ်ကောင်းစေတနာဖြင့် တည့်မတ်အကြံပြုသည်များလည်း ရှိသည်
1
ဆရာမ၏ ဘဝနှင့်စာပေခရီး ဆရာမ မစန္ဒာကို အဘ ဦးထွန်းတင် (စာရေး ဆရာကြီးမန်းတင်)၊ အမိဒေါ်သန်းတင်တို့က ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် မွေးဖွားခဲ့သည်
1
၁၉၅၃ ခုနှစ်မှစ၍ ရန်ကုန်မြို့ မြို့မအမျိုးသမီး အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် စက်မှုတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်
1
၁၉၇၁ ခုနှစ်တွင် ဗိသုကာဘွဲ့ရရှိခဲ့သည်
1
၁၉၇၂ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် ဗိသုကာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်
1
မူလဘဝရည်မှန်းချက်မှာ ဆရာဝန်ဖြစ်ရန်ရည်မှန်းခဲ့သော်လည်း အမှတ်မမီသဖြင့် စက်မှုတက္ကသိုလ်သို့ တက်ရောက်ခဲ့ရသည်
1
၁၉၆၅ ခုနှစ် အောက်တိုဘာလထုတ် ငွေတာရီမဂ္ဂဇင်းတွင်ပါဝင်ခဲ့သော “ကျွန်မဆရာမ” ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်
1
ထို့နောက်မဂ္ဂဇင်းများတွင် ဝတ္ထုတိုများကို ကြိုးစားရေးသားခဲ့သည်
1
၁၉၇၂ ခုနှစ်တွင် ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သော “ငယ်သူမို့မသိပါ” ဝတ္ထုကိုရေးသားပြီး စာပေလောကစာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်
1
၁၉၇၃ ခုနှစ်တွင် ဒုတိယလုံးချင်းစာအုပ်ဖြင့် “ဂျီဟောသူ” ဝတ္ထုကိုထုတ်ဝေခဲ့သည်
1
၁၉၇၄ ခုနှစ်တွင် “ကွက်လပ်ကလေး ဖြည့်ပေးပါ”နှင့် “စိမ်းရွက် သစ်တဝေဝေ” လုံးချင်းဝတ္ထုရှည်ကို ဆက်လက် ရေးသားခဲ့သည်
1
မဂ္ဂဇင်းဝတ္ထုတို/ရှည် ပေါင်း ၂၀၀ ကျော်ကိုရေးသားခဲ့ပြီး လုံးချင်းဝတ္ထု ၁၃ အုပ်နှင့် ဝတ္ထုလတ်လေးပုဒ်ကိုလည်း ရေးသားခဲ့ပြီးဖြစ်ပါသည်
1
မဂ္ဂဇင်းဝတ္ထုတိုများကို စုပေါင်း၍ အမှတ်(၉)အထိ ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်
1
ရေးသားခဲ့သော ဝတ္ထုတို/ရှည် အချို့နှင့် လုံးချင်းဝတ္ထုအချို့ကို နိုင်ငံခြားဘာသာများသို့ ပြန်ဆိုခဲ့ကြသည်
1
ထင်ရှားသောဝတ္ထုများမှာ “ငယ်သူမို့ မသိပါ”၊ “ဂျီဟောသူ”၊ “နှင်းဆီ”၊ “ဘဝအိပ်မက် ပန်းအိပ်မက်”၊ “အရိပ်”နှင့် “ဆဋ္ဌဂံ”တို့ဖြစ်ကြသည်
1
၂၀၁၉ ခုနှစ်တွင် မဂ္ဂဇင်းများ၌ ရေးသားခဲ့သောဝတ္ထုတို ၁၀၀ ကိုစုစည်း၍ “၂၀ ရာစုဝတ္ထုတိုများ” စာအုပ်ကိုထုတ်ဝေခဲ့သည်
1
လုံးချင်း ၁၃ အုပ်အနက် ၁၁ အုပ် မှာ ရုပ်ရှင်အသွင်သို့ ကူးပြောင်းခဲ့ပါသည်
1
ရုပ်ရှင်အသွင်ကူးပြောင်းသော ဝတ္ထုများမှာလည်း အကယ်ဒမီဆုများ ရရှိသည်အထိ အောင်မြင်ခဲ့သည်
1
ထုတ်ဝေခဲ့သောစာအုပ်များအနက် ၁၉၉၄ ခုနှစ်တွင်“ဘဝအိပ်မက် ပန်းအိပ်မက်” စာအုပ်ဖြင့် အမျိုးသားစာပေ (ဝတ္ထုရှည်) ဆု၊ ၁၉၉၉ ခုနှစ်တွင်“ဝတ္ထုတိုများ (၃)” စာအုပ်ဖြင့် အမျိုးသားစာပေ (ဝတ္ထုတိုပေါင်းချုပ်)ဆု၊ ၂၀၀၂ ခုနှစ်တွင် “ဆဋ္ဌဂံ” စာအုပ်ဖြင့် အမျိုးသားစာပေ (ဝတ္ထုရှည်) ဆု၊ ၂၀၀၆ ခုနှစ်တွင် “ပန်းပွင့်ခရေနှင့်အခြားဝတ္ထုတိုများ” စာအုပ်ဖ...
1
၂၀၂၁ ခုနှစ်တွင် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုကိုရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်
1
စာပေလက်ရာများ ဆရာမသည် ဖခင်ဖြစ်သူ စာရေးဆရာကြီး မန်းတင်ကိုအားကျလျက် ဖခင်၏ခြေရာကို နင်းခဲ့သူဖြစ်ပါသည်
1
ဖခင်၏ “ဆွေးပွေအင်” ဝတ္ထုလေးကို ဖတ်ရှုပြီး စာရေးခြင်းအနုပညာကို စိတ်ဝင်စားလာခဲ့သည်
1
ဖခင်ဖြစ်သူက တရုတ်စာရေးဆရာကြီး ချင်ချိုယန်း၏ဝတ္ထုကို ဘာသာပြန်ချိန်၌ ဖခင်ခေါ်ပေးသမျှကို လိုက်ရေးရင်းဝတ္ထုတစ်ပုဒ်ကို မည်သို့စသည်
1
မည်သို့ရေးရမည်ကို နားလည်သွားခဲ့ သည်ဟု အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်
1
၁၉၉၄ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိသော ဆရာမ၏ “ဘဝအိပ်မက် ပန်းအိပ်မက်” ဝတ္ထုရှည်သည် ကန်ထရိုက်တိုက်တစ်လုံးတွင် လာရောက်နေထိုင်ကြသော အိမ်ထောင်စုလေးစု၏ ဘဝဇာတ်ကြောင်းကို ခြယ်မှုန်းထားသော ဝတ္ထုဖြစ်သည်
1
“ငွေကြေးချမ်းသာ၍ ကပ်စေးနည်းကာ သားသမီးများပြည်ပတွင် အခြေကျနေကြပြီး အခြားသူများကို အပေါင်းအသင်းမလုပ်လိုသော၊ ကင်ဆာရောဂါဖြင့် ဘဝနိဂုံးချုပ်ရတော့မည့် ဇာတ်ဆောင်ဦးဘပွားသည် ထိုတိုက်ရှိအိမ်နီးချင်း မိသားစုမှကလေးများကိုသံယောဇဉ်တွယ်ရာမှ ဘဝအမြင်ပြောင်းလာပြီး အရာရာတွင်ငွေနှင့် ဆုံးဖြတ်၍မရပုံနှင့် သေခြင်းတရားကိုပါ ရင်ဆိုင်ရဲ သောစိတ်...
1
မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရေးနှင့် ဘဝအမြင်မှန်ကန်ရေးကို နူးညံ့သိမ်မွေ့စွာ တွန်းအား ပေးထားသောကြောင့် အမျိုးသားစာပေဆုချီးမြှင့်သည်”ဟု အမျိုးသားစာပေ (ဝတ္ထုရှည်) ဆု အဖွဲ့ငယ်က မှတ်ချက်ပြုထားပါသည်
1
“ဘဝအိပ်မက် ပန်းအိပ်မက်အတွင်းက အိမ်ထောင်စုလေးစုရဲ့စရိုက်နဲ့ ခပ်ဆင်ဆင်လူတွေဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီးရှိနေပါတယ်
0
အဲဒီလို မြန်မာဆန်တဲ့ လူနေမှုပတ်ဝန်းကျင် တစ်ခုကို ရေးဖွဲ့တည်ဆောက်တဲ့အခါ အဲဒီစရိုက် အသီးသီးကို ဖွဲ့စည်းပေးလိုက်ခြင်းအားဖြင့် ကျွန်မ တို့မြန်မာတွေရဲ့ စိတ်နေစိတ်ထားနဲ့ သဘောသဘာဝတွေကို အတန်အသင့်ပုံဖော်ပြီးသားဖြစ် သွားမယ်လို့ထင်ပါတယ်
0
...” ဟု ဘဝအိပ်မက် ပန်းအိပ်မက်စာအုပ်နှင့် စပ်လျဉ်း၍ ၁၉၉၄ ခုနှစ် အောက်တိုဘာလထုတ် ကလျာမဂ္ဂဇင်းတွင် ဆရာ မိုးသက်ဇော်နှင့် အင်တာဗျူးရာ၌ ဖော်ပြထားပါသည်
1
ဘဝအိပ်မက် ပန်းအိပ်မက်ဝတ္ထုအဖွင့်တွင် “ကွယ်လွန်အနိစ္စရောက်ခြင်းသည် ဤကမ္ဘာဤလောက ဤသံရာကြီးတွင် သက်ရှိသတ္တဝါတိုင်း မလွဲမသွေရင်ဆိုင်ရမည့် အရိုးစင်းဆုံးသောကိစ္စတစ်ရပ် ဖြစ်လေသည်
1
အရေးကြီးသည်ကား လူ့ကမ္ဘာသို့ရောက်လာသောလူသားတစ်ဦးသည် သူအသက်ရှင်စဉ်ကာလတွင် ဘာတွေကိုတွေး၍ ဘယ်လိုခံယူကာ ဘယ်လိုပြောဆိုလှုပ်ရှားနေထိုင် သွားသည်ဟူသော အချက်သာဖြစ်သည်
1
လူတစ်ဦး ချင်းသည် သူ၏တန်ဖိုးကိုသူ၏လုပ်ရပ်ဖြင့် ဘဝဇာတ်ခုံတွင် တင်ဆက်၍ သက်သေပြသွားကြမြဲ ဖြစ်လေသည် ...” ဟု စာအုပ်၏ Message ကို မိတ် ဆက်ပေးခဲ့ပါသည်
1
၁၉၉၉ ခုနှစ်အတွက် အမျိုးသားစာပေဆု၊ ဝတ္ထုတိုပေါင်းချုပ်ဆုရရှိသည့်“ဝတ္ထုတိုများ ၃” စာအုပ်သည်ဆရာမ၏ ဝတ္ထုတို ၁၅ ပုဒ်ကို စုစည်း ထုတ်ဝေထားသည့် စာအုပ်ဖြစ်သည်
1
ဝတ္ထုတိုများသည် အဆင့်အတန်းမြင့်သည်
1
လူ့သဘာဝကို စာရေးသူကကောင်းစွာမြင်တတ် သုံးသပ်တတ် သည်
1
လိုရင်းကို ရှင်းလင်းပေါ်လွင်အောင် ဖော်ပြသည်
1
ဝတ္ထုတိုမှန်သမျှတွင် ရသဖြင့်ထုံမွမ်းလျက် ဝတ္ထုတိုအင်္ဂါရပ်နှင့် ညီညွတ်ကိုက်ညီသည်ဟု အမျိုးသားစာပေ (ဝတ္ထုရှည်) ဆုအဖွဲ့ငယ်က မှတ်ချက်ပြုထားပါသည်
1
ယင်းဝတ္ထုတိုများတွင် “ဦးခက်၊ ဒေါ်သက်နှင့် အရပ်ထဲကလူများအကြောင်း”၊ “အဘိုးကြီး နှစ်ယောက်ရှိလေသည်”၊ “အဘွားကြီးနှစ်ယောက် ရှိလေသည်”၊ “မြန်မာအမျိုးသမီးနှစ်ယောက် ရှိလေ သည်”၊ “စုန်ရေ၊ ဆန်ရေ”၊ “မန်ကျည်းကိုးပင်”၊ “ဆဋ္ဌမမြောက်ရန်သူ” စသည်ဖြင့် ကျွန်မတို့ ပတ်ဝန်းကျင်ကလူများ၊ ခံစားချက်များ၊ အဖြစ်အပျက်များကို စာနာစိတ်ဖြင့် ထပ်တူပြုခံ...
1
၂၀၀၂ ခုနှစ်တွင် အမျိုးသားစာပေဝတ္ထုရှည်ဆု ရရှိခဲ့သည့်ဆရာမ၏ “ဆဋ္ဌဂံ” စာအုပ်မှာကွဲပြား သောဘဝ၊ ခြားနားသောစရိုက်တို့ဖြင့် မတူညီသော ပတ်ဝန်းကျင်ထဲတွင်လှုပ်ရှားနေကြသော ကိုယ်ဝန်ဆောင် အမျိုးသမီးခြောက်ဦးတို့၏ဘဝများကို သက်ဝင်စွာသရုပ်ဖော် ရေးဖွဲ့ထားသည့် ဝတ္ထုဖြစ်သည်
1
ဝတ္ထု၏အဖွင့်တွင် “ကျွန်မကို ကိုးလလွယ်ကာ ဆယ်လတွင်မွေးဖွားပေးခဲ့သော ကျေးဇူးရှင် မိခင်နှင့်တကွအခြားအခြားသော မိခင်များအား ဤ “ဆဋ္ဌဂံ” ဝတ္ထုဖြင့် ဂုဏ်ပြုပူဇော်ပါ၏
1
” ဟု ဝတ္ထု၏ရည်ရွယ်ရင်းကို ရေးသားထားပါသည်
1
၂၀၀၆ ခုနှစ်တွင် အမျိုးသားစာပေ (လူငယ် ဘာသာရပ်) ဆုရရှိခဲ့သည့် “ပန်းပွင့်ခရေနှင့် အခြားဝတ္ထုများ” စာအုပ်မှာ မဂ္ဂဇင်းဝတ္ထုရှည် လေးပုဒ်ကို စုစည်းထုတ်ဝေထားသည့် စာအုပ်ဖြစ်သည်
1
“ပန်းပွင့်ခရေနှင့် အခြားဝတ္ထုများ” စာအုပ်သည် ကလောင်လက်နက်ဖြင့် လူကုန်ကူးမှုကို တိုက်ဖျက်ထားပါသည်
1
ဤကဲ့သို့ တိုက်ဖျက်ရာတွင်တဲ့တိုးကြီး လည်းမရေး၊ ပညာပေးသက်သက်လည်း ပုံမဖော်၊ မလျော်ကန်သည့် လူကုန်ကူးမှု အနိဋ္ဌာရုံကို ဖတ်ရှု သူကနှလုံးနာရှုတ်ချလာစေရန် အနုပညာဖြင့် သရုပ်ဖော်ပါသည်
1
ယင်းသို့ စာပန်းချီခြယ်ရာတွင် အမျိုးသမီးငယ် (လူငယ်) တို့၏ စရိုက်ကို စာနာဖွယ်ရာ၊ မြတ်နိုးဖွယ်ရာထား၍ အမျိုးသမီးငယ်ထုတစ်ရပ် လုံးကို သိမြင်နားလည်စေပါသည်
1
လူကုန်ကူးမှုကြောင့် နစ်မွန်းရသော ဘဝ၏ငရဲခန်းမှ ရုန်းထွက်ရေးကိုလည်း လမ်းပြထားသည်
1
ထို့ပြင် လူငယ်ဟူသည် အနာဂတ်အတွက် အားသစ်၊ လူငယ်သည်ဘဝ ၏အားမာန်၊ အရာရာစွမ်းဆောင်နိုင်ပုံကိုလည်းရေးဖွဲ့ထားသည်
1
လူငယ်စိတ်ဓာတ်ကို အပြုသဘောဖြင့် ထွက်ပေါက်ပေးထားနိုင်သည်သာမက နိုင်ငံတော်၏ “လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာမူဝါဒ” ကို ဖော်ဆောင်နိုင်သဖြင့် အမျိုးသားစာပေဆု ချီးမြှင့်ခြင်းဖြစ်သည်ဟု အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက မှတ်ချက်ပြုခဲ့ပါသည်
1
ဆရာမ၏ “အရိပ်” ဝတ္ထုသည် စာဖတ်ပရိသတ်၏ အသည်းနှလုံးကို ဆွဲကိုင်လှုပ်သည်
1
ယင်းဝတ္ထုကို ရုပ်ရှင်အဖြစ်တစ်ကြိမ်၊ ရုပ်မြင်သံကြားဇာတ်လမ်းအဖြစ် နှစ်ကြိမ်ရိုက်သောအခါ၌လည်း နှစ်ကြိမ်လုံးအောင်မြင်သည်
1
အမာညို၊ ကျော်ထွန်းညို၊ ညီလင်းညို၊ ပေါက်ကျိုင်း၊ သက်သက်၊ စုလှိုင်စသည့်ဇာတ်ကောင်များနှင့်အတူ ကျွန်မတို့အားလုံး မျောပါသွားခဲ့ကြသည်
1
အရိပ်ဝတ္ထု အတွင်းမှ ဇာတ်ဆောင်မင်းသမီး ပြောသွားခဲ့သည့် “လှတဲ့နှလုံးသားကလှတယ်၊ အရုပ်ဆိုးတဲ့ နှလုံးသားက အရုပ်ဆိုးတယ်၊ သူ့နှလုံးသားရဲ့ အရိပ်ဟာသူ့ဘဝမှာ လာပြီးထင်ဟပ်တယ်လေ၊ တချို့အရိပ်တွေက သိပ်လှတယ်၊ တချို့အရိပ်တွေကတော့ အရုပ်ဆိုးတယ်ကွယ်”ဟူသော စကားစုလေးက ဖတ်ရှုသူတိုင်း၏ ရင်ထဲတွင်စွဲကျန်ရစ်ခဲ့သည်
0
ဘဝတွင် လှပသည့်နှလုံးသားရှိဖို့နှင့် လှပသည့် အရိပ်များသာ ထင်ဟပ်ရန် ကြိုးစားလိုသည့်လူငယ်များ တိုးပွားလာခဲ့သည်
1
ဆရာမ၏ “တိမ်ဖုံးပါလို့ လမသာ” ဝတ္ထုကို ဒါရိုက်တာ ဦးဝင်းဖေက “ပန်းသီတဲ့ကြိုး” အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရာ အောင်မြင်ခဲ့သည်ကို မှတ်မိပါသည်
1
ပညာထူးချွန်သည့် ဆင်းရဲသားဆရာဝန် လောင်း ကိုကိုသည် မိမိဆေးရုံဝင်းအတွင်း တာဝန်ကျသည့် လက်သမားဖခင်ကို သူငယ်ချင်းများရှေ့ တွင် ရှောင်ကွင်းခဲ့မိသော်လည်း ဖခင်ဖြစ်သူက နေ့လယ်ကအဖြစ်ကို မသိယောင်ဆောင်လျက် “သား ..လာလေ..၊ ထမင်းစားပြီးခဲ့ပြီလားသား ..” ဟု အိမ်အပြန်ဆီးကြိုပုံမှာ ဖတ်ရှုသူတိုင်း မျက်ရည်စို့ရ သည်
1
ထို့ပြင် ဇာတ်ဆောင် ခင်ဦး က “ငွေအတွက် များကိုကို့ကို ရောင်းစားရမှာလား၊ ကိုကိုက မုန့်ဟင်းခါးမို့လို့လား” ဟု ပြောစကားဖြင့် ရေးသားသရုပ်ဖော်မှုမှာ ထိမိလှသည်
0
ဆရာမ မစန္ဒာ၏ စက်မှုတက္ကသိုလ်ကျောင်းသူ ဘဝ အမှတ်တရရေးဖွဲ့သည့် “ဂျီဟောသူ” ဝတ္ထုကို အထူးသဖြင့် လူငယ်များ နှစ်သက်သဘောကျကြသည်
1
အဆောင်နေကျောင်းသူတို့ဘဝ၊ စွယ်တော်ရွက်ကလေးများ၊ ၁၈ ရာစုမှန်ပြောင်း၊ ကျောင်းနှစ်ပတ်လည်ပွဲ စသည့်အကြောင်းအရာ တို့က စက်မှုတက္ကသိုလ်ကျောင်းသို့ တက်ရောက်နိုင်ရန် စာကြိုးစားချင်စိတ်ကို နှိုးဆွပေးခဲ့ပါသည်
1
ထိုစဉ်က ဆရာမနှင့် ခေတ်ပြိုင်စက်မှုတက္ကသိုလ် ကျောင်းဆင်းစာရေးဆရာများဖြစ်ကြသည့် ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာ နွမ်ဂျာသိုင်းနှင့် ဆရာမ မမြင့်ခိုင်တို့ကလည်း ရသစာပေနယ်သို့ စတင်ဝင်ရောက်နေပြီဖြစ်ပါသည်
1
ဦးကျော်ကျော် (တရားရေး) ရောင်းချရန်ပဋိညာဉ် ရောင်းချရန်ပဋိညာဉ် (သို့မဟုတ်) စရန်ပေးစာချုပ်ဆိုသည်မှာ ရောင်းသူနှင့် ဝယ်သူကြားတွင် ရောင်းသူက ဝယ်သူအား ပစ္စည်းရောင်းချရန် သဘောတူညီချက်တစ်ခု ဖြစ်ပါသည်
1
ရောင်းချရန်ပဋိညာဉ်တွင် ရောင်းသူသည် ဝယ်သူသို့ရောင်းချသောပစ္စည်းနှင့်စပ်လျဉ်း၍ အာမခံချက်ဖြင့် ပိုင်ဆိုင်မှုကို ရောင်းချနိုင်သည်
1
အာမခံဆိုသည်မှာ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့်ပတ်သက်သော အချို့သော အချက်အလက်များနှင့် ကိုယ်စားပြုမှုများသည် မှန်ကန်ကြောင်း တရားဝင်ကျင့်သုံးနိုင်သော ကတိတစ်ခုဖြစ်သည်
1
ရောင်းချရန်ပဋိညာဉ်ချုပ်ဆိုရာတွင် ရောင်းချသူနှင့် ဝယ်ယူသူတို့အကြား ထားရှိသည့် စည်းကမ်းချက်များကို ပြေငြိမ်းအောင် ဆောင်ရွက်လျက် မရွှေ့မပြောင်းနိုင်သော ပစ္စည်းအားပေးအပ်ရန် ပြုလုပ်သည့် ပဋိညာဉ်သည် ယင်းပစ္စည်းကို ရောင်းချရန်ပြုလုပ်သည့် ပဋိညာဉ်ဖြစ်သည်
1
ပစ္စည်းကို ရောင်းချမည်ဆိုသော ပဋိညာဉ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာချုပ်ချုပ်ဆို၍ဖြစ်စေ ပြုလုပ်နိုင်သည်
1
စာချုပ်ချုပ်ဆို၍ ပြုလုပ်ထားသော ရောင်းချရန်ပဋိညာဉ်ကို မှတ်ပုံတင်ရန် မလိုပေ
1
စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပုဒ်မ ၁၆ အရ မှတ်ပုံမတင်မနေရသည့် စာချုပ်စာတမ်းမျိုးလည်း မဟုတ်ပေ
1
တရားဝင်ပဋိညာဉ် တရားဝင်ပဋိညာဉ်မြောက်ရန်အတွက် “ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၃ တွင် သဘောတူညီချက်၏ ရည်ရွယ်ချက်သည် အောက်ပါအချက်တစ်ရပ်ရပ်မရှိမှသာလျှင် တရားဥပဒေနှင့်ညီကြောင်း ပြဋ္ဌာန်းထားပါသည်- (၁) တရားဥပဒေဖြင့် တားမြစ်ထားသည့်အချက်၊ (၂) အကယ်၍ ခွင့်ပြုလျှင် တရားဥပဒေပါ ပြဋ္ဌာန်းချက်များကို ပျက်ပြားစေမည့်အချက်၊ (၃) လိမ်လည်လှည့်ဖြားရာ ရေ...
1