text
string
label
int64
တတ္တဒေသဟူသည်မှာ ပူပြင်းသောအရပ်ဒေသဟု အဓိပ္ပာယ်ရရှိပါသည်
1
သို့သော်လည်း ပုဂံဒေသ၏ အနောက်ဘက်တွင် ဧရာဝတီမြစ်နှင့် ပုဂံ၏အရှေ့တောင်ဘက်တွင် တုရင်တောင်ခြေရှိ မြကန်၊ အလံပုဂံစသော ကန်ကြီးများ ပုဂံဒေသအတွင်း ရေကန်များ အမြောက်အမြားရှိနေသောကြောင့် ပူပြင်းခြောက်သွေ့သော်လည်း စိုက်ပျိုးရေး၊ လူ၊ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် ရေလုံလောက်စွာ ရရှိနိုင်သည့် အခြေအနေရှိမည်ဟု ယူဆရပေသည်
1
မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ် မေလတွင် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ခဲ့ပါသည်
1
မိုခါမုန်တိုင်း တိုက်ခတ်ခံရသည့် အထဲတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်ကြသည့် စေတီ၊ ဂူဘုရား၊ သိမ်၊ ကျောင်း စသည့်သာသနိကအဆောက်အအုံအချို့လည်း အနည်းအကျဉ်း ထိခိုက်မှုရှိခဲ့ပါသည်
1
ထိုမုန်တိုင်းကြောင့်ပင် ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်းအတွင်းနှင့် အနီးပတ်ဝန်းကျင်နေရာများတွင် ရေကြီးရေလျှံခြင်း၊ ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်
1
နိုင်ငံတော်အကြီးအကဲက နောင်တွင် ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် လမ်းညွှန်မှာကြားချက်အရ ပုဂံခေတ်ရေအရင်း အမြစ်စီမံခန့်ခွဲမှုစနစ် သုတေသနပြုမှုများ၊ ရှေးဟောင်းရေလမ်းကြောင်းများအား ပြန်လည်ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန်များ ပြန်လည်ဆယ်ယူထိန်းသိမ်းခြင်းများကို စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ပါသည်
1
ကျန်စစ်သားမင်းရေးထိုးခဲ့သော အတ္ထုပ္ပတ္တိကျောက်စာတွင် ရာသီဥတုနှင့်ပတ်သက်၍ ဖော်ပြထားရာ ကျန်စစ်သားမင်းကြီးလက်ထက် နိုင်ငံတစ်ဝန်းလုံးတွင် အကြိမ်တစ်ရာ့နှစ်ဆယ် မိုးရွာ သွန်းခြင်း၊ အခါခပ်သိမ်း စပါးများပြည့်စုံခြင်း၊ နိုင်ငံ၌ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်တို့ပေါများ ကြခြင်းနှင့် မှို၊ မျှစ်၊ ပန်း၊ သစ်သီးများ ပေါများကြ...
1
ကျောက်စာပါ အထောက်အထားများ ကျောက်စာပါ အထောက်အထားများကို သုံးသပ်ကြည့်ပါက ပုဂံခေတ်ကာလတွင် မိုးအသင့်အတင့်ကောင်းမွန်ခဲ့ပြီး စိုက်ပျိုးရေးအတွက် များစွာအထောက်အကူဖြစ်စေကာ သစ်ပင်ပန်းမန်များ ဖြစ်ထွန်းခဲ့ကြောင်းနှင့် ရေလုံလောက်စွာရရှိသော အခြေအနေရှိကြောင်း လေ့လာသိရှိရပါသည်
1
ထိုသို့ မိုးရွာသွန်းမှုအခြေအနေများကြောင့် တုရင်တောင်အနီးရှိ မြကန်၊ အလံပုဂံကဲ့သို့ ကန်ကြီးများတွင် ရေသိုလှောင်မှုများပြုလုပ်ခြင်း၊ ပုဂံဒေသ တစ်ဝိုက်ရှိ ရေကန်များတွင်လည်း ရေသိုလှောင် ထားရှိနိုင်ခြင်းတို့ကြောင့် လူနှင့် တိရစ္ဆာန်များ ရေကို လုံလောက်စွာအသုံးပြုနိုင်သည့် အခြေအနေရှိသည်ဟု ယူဆရပါသည်
1
ပုဂံတစ်ဝိုက်တွင် တွေ့ရှိရသော ရေကန်ကြီးများ အချို့သည် ယနေ့မျက်မှောက်ခေတ်တွင်လည်း အသုံးပြုလျက်ရှိသော ကန်ကြီးများအဖြစ် တွေ့ရှိရပါသည်
1
ရေကန်ကြီးများအတွင်းသို့ မိုးရာသီကာလတွင် တိုက်ရိုက်ရေထည့်သွင်းခြင်းမျိုးမဟုတ်ဘဲ ရေကန်အတွင်းသို့ဝင်မည့် ရေလမ်းကြောင်း ထိပ်တည့်တည့်တွင် ရေစစ်ကန်ကို တစ်ဆင့်ခံ၍ ထားရှိကြောင်းတွေ့ရှိရပါသည်
1
ဥပမာအားဖြင့် လေးမျက်နှာကန်၊ ဇေယျသွပ်ကန်၊ ဖျောက်ဆိပ်ပင်ကန်၊ သဲပြင် တောရွာရှိ ရေကန်တို့တွင် တွေ့ရှိနိုင်ပါသည်
1
သမိုင်းတန်ဖိုးကြီးမားလှသည့် ရေကန်ကြီးများ ပုဂံဒေသတစ်ဝိုက်တွင် တွေ့ရှိရသော ရေကန်ကြီးများသည် ပုဂံခေတ်ရေသွင်းရေထုတ်စနစ်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးတို့နှင့်ပါ ဆက်စပ် နေသော သမိုင်းတန်ဖိုးကြီးမားလှသည့် ရေကန်ကြီးများ ဖြစ်ကြပါသည်
1
ပုဂံဒေသတစ်ဝိုက်တွင် တည်ရှိသော ရေကန် ၁၀၆ ကန်တွင် ဘုရားတံတိုင်းဝင်း၊ ဘုန်းတော်ကြီးကျောင်းဝင်း၊ ဟိုတယ်ဝင်းနှင့် အစိုးရဌာနဆိုင်ရာဝင်းများအတွင်းရှိ ရေကန် ၁၂ ကန်လည်း ပါဝင်ပါသည်
1
အဆိုပါ ရေကန် ၁၂ ကန် ကို ချန်လှပ်၍ ကျန်ရှေးဟောင်းရေကန်များသည် နှစ်ပေါင်းရာချီပို့ကျနေသည့် နုန်းများ၊ သဲများကြောင့် ကောနေရာ လိုအပ်သည့် ရေကန်များကို သဲနုန်းများဆယ်ယူ၍ ပြန်လည်ထိန်းသိမ်းပြုပြင်နိုင် ရေးအတွက် ပထမအဆင့် ၄၆ ကန်နှင့် ဒုတိယ အဆင့် ၄၅ ကန်ကို အဆင့်နှစ်ဆင့် ခွဲခြားသတ်မှတ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အည...
1
ယခုကဲ့သို့ ကန်များတွင် ပို့ကျနေသောနုန်းများ၊ အနည်များကို ဆယ်ယူခြင်းအားဖြင့် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းတိုက်ခတ်မှုကဲ့သို့ ဘုရား၊ ပုထိုး၊ စေတီ၊ ဂူဘုရား၊ သိမ်၊ ကျောင်းများ၏ အနီးပတ်ဝန်းကျင် တစ်ဝိုက်၌ ရေဝပ်၊ ရေလျှံခြင်းများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာများ ကောင်းမွန်ခြင်းများကို အထောက်အကူဖြစ်သကဲ့သို့ဒေသတွင်းရှိ ရှေးဟောင်း...
1
ယခုအခါတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ရန်ပုံငွေဖြင့်လည်းကောင်း၊ သဒ္ဓါကြည်ဖြူပြည်သူတို့ကလည်း တတ်အားသရွေ့ အလှူငွေများထည့်ဝင်၍လည်းကောင်း ကန်ဆယ်ခြင်းလုပ်ငန...
1
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော် ကာလအတွင်းက တည်ရှိခဲ့သော မြို့ရိုး၊ ကျုံး၊ ရေတွင်းရေကန်များ၊ ရေမြောင်းများကို ပုဂံသူ ပုဂံသားများက တူးဖော်ခဲ့ကြပြီး သဘာဝမြေမျက်နှာပြင်၏ အနိမ့်အမြင့်ပေါ်မူတည်၍ ရေများစီးဆင်းနိုင်သည့် အနေအထားကို ဆောင်ရွက်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်
1
ပုဂံခေတ်ရေစီမံခန့်ခွဲမှု ပုဂံခေတ်ရေစီမံခန့်ခွဲမှုဆိုင်ရာနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ ပညာရှင်များအား ဖိတ်ခေါ်၍ ဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်ပါ ပူးပေါင်းဆွေးနွေးခြင်းများ၊ ကွင်းဆင်းလေ့လသုတေသနပြုခြင်းများနှင့် အထူးသဖြင့် အီတလီနိုင်ငံမှ ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Dr Massimo Sarti ၏ အကြံပြု...
1
ပုဂံဒေသရေသွယ်ယူမှုစနစ်မှာ အမြင့်ဆုံး တုရင်တောင်ခြေရှိ မြကန်မှ အလံပုဂံ၊ အလယ်ကန်၊ လေးမျက်နှာကန်၊ ညောင်လက်ဖက်ကန်၊ ဖိုးသူတော်ကန် စသည့် ရေကန်များရှိရာသို့ ရေစီးလမ်းကြောင်း များကတစ်ဆင့် သွယ်ဖောက်ယူ၍ နောက်ဆုံး၌ ပုဂံမြို့ရိုးနှင့် ကျုံးသို့ ရေသွယ်ယူစီမံခဲ့ကြောင်း လေ့လာသိရှိရပါသည်
1
ပုဂံဒေသတစ်ဝိုက်ရှိ ရှေးဟောင်းရေကန်များကို ပို့ကျနေသည့် အနည်အနှစ်သဲနုန်းများ တူးဖော်ကန်ဆယ်ရှင်းလင်းခြင်းဖြင့် နွေရာသီရောက်တိုင်း လူများ၊ ကျွဲ၊ နွား တိရစ္ဆာန်များပါ လိုအပ်ပါက အသုံးပြုနိုင်မည်ဖြစ်ပါသည်
1
ပုဂံဒေသတွင် ခေတ်အဆက်ဆက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် လမ်းများဖောက်လုပ်ဆောင်ရွက်ခဲ့မှုကြောင့် ရှေးဟောင်းရေစီးလမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ တိမ်ကောသွားခြင်းများနှင့် နှစ်ပေါင်းရာချီ၍ ပို့ကျ နေသောနုန်းများ၊ သဲများကိုဖယ်ရှား၍ ရေစီးလမ်းကြောင်းများကို ပြန်လည်ဖော်ထုတ်သွားရမည်ဖြစ်ပါသည်
1
ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ရေကန် ၉၁ ကန်၏ ပထမအဆင့် ၄၆ ကန်အနက် ဆောင်ရွက် ပြီးစီးခဲ့သည့် ရေကန် ၁၂ ကန်မှာ- ၁
1
ရွှေထီးကန် (ပုဂံမျှော်ဘုရား၏ အရှေ့ ဘက်) ၂
1
ဆွေတော်မျိုးတော်ကန် (စူဠာမဏိဘုရား နှင့် ဓမ္မရံကြီးဘုရားကြား) ၃
1
ပျားကြီးစွဲကန် (အရှေ့ဖွားစောကျေးရွာ နှင့် အနောက်ဖွားစောကျေးရွာကြား) ၄
1
ဇီးပင်ကန် (ကန်စွန်းအိုဘုန်းတော်ကြီး ကျောင်း၏ အနောက်တောင်ဘက်) ၅
1
ဆုတောင်းပြည့်ရေကန် (အာနန္ဒာဘုရား၏အရှေ့မြောက်ဘက်) ၆
1
သဲစစ်ကန် (နရသီဟပတေ့ဘုရား၏ အရှေ့တောင်ဘက်၊ မင်းနန်သူ လေးထောင့် ကန်၏ အရှေ့ဘက်) ၇
1
ဖိုးသူတော်ကန် (စူဠာမဏိဘုရား၏ တောင်ဘက်) ၈
1
မြောက်တစ်ဝက်ကန် (မြောက်တစ်ဝက် ဘုရား၏ မြောက်ဘက်၊ ဖိုးသူတော် ကန်၏ တောင်ဘက်) ၉
1
ဖျောက်ဆိပ်ပင်ကန်(၁) (ဖျောက်ဆိပ်ပင် ရွာအနီး ) ၁၀
1
ဖျောက်ဆိပ်ပင်ကန်(၂) (ဖျောက်ဆိပ်ပင် ရွာအနီး) ၁၁
1
ဖျောက်ဆိပ်ပင်ကန်(၃) (ဖျောက်ဆိပ်ပင် ရွာအနီး) ၁၂
1
ဇယျဝေရိကန် (အရှေ့ဖွားစောကျေးရွာ၏ တောင်ဘက်၊ ကန်စွန်းအိုကျောင်းအတွင်း) ပုဂံဒေသတစ်ဝိုက်တွင် ဆောင်ရွက်ဆဲ ကန် (၉) ကန်မှာ- ၁
1
ရေတော်မုနိကန် (ဘူးလည်သီးဘုရား၏ အနောက်တောင်ဘက်) ၂
1
ရွာဟောင်းကြီးကန် (ရွာဟောင်းကြီး ဘုရား၏ အနောက်မြောက်ဘက်) ၃
1
လောကချမ်းသာကန် (ပြာသာဒ်ငယ် ဘုရားအနီး) ၅
0
ဆုတောင်းပြည့်ကန် (အေးသာယာကန်) (ဆုတောင်းပြည့်ဘုရား၏တောင်ဘက်၊ အနောက်ဖွားစော၏ အနောက်တောင် ဘက်) ၆
1
ဆုတောင်းပြည့်ကန် (အုတ်ကန်) (ဆုတောင်းပြည့်ဘုရား၏ အနောက် မြောက်ထောင့်) ၇
1
ကိုမောက်ကန်(သံပျင်စွာဘုရား၏ အနောက်ဘက်) ၈
1
မင်္ဂလာကန် ၃ (မွန်းတိမ်းကန်) (သစ္စာ ဝတီဘုရား၏ အရှေ့တောင်ဘက်) ၉
1
အာမနာကန် (သမ္ဘူလဘုရား၏ အနောက် မြောက်ဘက်) တို့ ဖြစ်သည်
1
ကျန်ရှိနေသေးသော ရေကန်ကြီးများကို ဆက်လက်ဆယ်ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်
1
ရေကန်ကြီးများ ဆယ်ယူခြင်းမပြုမီ ရေကန်တစ်ကန်ချင်းစီအား အမွေအနှစ်ထိခိုက်မှု ဆန်းစစ်ချက် HIA (Heritage Impact Assessment) ဆောင်ရွက်ခြင်း၊ မြေမျက်နှာပြင်အနိမ့်အမြင့် အသေးစိတ်လေ့လာနိုင်ရန်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဆက်စပ်ပူးပေါင်းဌာနများက ပဏာမကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ရေကန်တစ်ကန်စီကိ...
1
ရေကန်များတွင် စမ်းသပ်တူးဖော်မှုအရ မူလရှေးဟောင်းကန်ပေါင်များ၊ သဘာဝရေဝင်ရေထွက် လမ်းကြောင်းများ ထိခိုက်ပျက်စီးမှုမရှိစေရန် ဂရုပြုဆောင်ရွက်သကဲ့သို့ မြကန်မှကျုံးအထိ အဆင့်ဆင့်စီးဆင်းနေသော ရှေးဟောင်းရေလမ်းကြောင်းများရှိ သဲ၊ နုန်း ပို့ကျမှုများ၊ ပိတ်ဆို့နေမှုများကို ရှင်းလင်းဖယ်ရှားပြီး ရေစီးရေလာကောင်းစေရန်၊ ပုဂံခေတ် ကတည်းကရှိ...
1
ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်းရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသာမက အခြားဆက်စပ်ဌာနများဖြစ်သော နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ကလည်း ပူးပေါင်းပါဝင်ကူညီ၍ ဆောင်ရွက်ပေးလျက်ရှိပါသည်
1
ပုဂံဌာနခွဲမှ ဝန်ထမ်းများက ရေကန်များတူးဖော်ရာတွင် အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့မှုဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်
1
ပျက်စီးထိခိုက်နိုင်မှုကို လျော့ပါးလာစေမည် ယခုလိုအချိန်ကာလတွင် ရှေးဟောင်းရေကန်များ မတိမ်ကော မပပျောက်စေရန်နှင့် ပုဂံဒေသရှိ ပြည်သူလူထုနှင့် အိမ်မွေးတိရစ္ဆာန်များ လိုအပ်ပါက ရေအသုံးပြုနိုင်စေရေးနှင့် ရေကန်ကြီးများမှ ရေသွယ်တန်းစီးဆင်းသည့် ရေလမ်းကြောင်းများ ဖော်ထုတ်နိုင်ခြင်းဖြင့် စေတီပုထိုးများ၏အတွင်းအပြင် ပရဝဏ်တို့တွင် ရေမျ...
1
ရေတွင်းရေကန် တူးဖော်ကုသိုလ်ယူခြင်းအားဖြင့် ၁
1
ခွန်အားဗလကြီးခြင်း၊ ၅
1
စိတ်၏စင်ကြယ်ခြင်း၊ ၇
1
ကိုယ်၏သန့်ရှင်းခြင်း၊ ၈
1
ဂုဏ်သတင်းကျော်စောခြင်း၊ ၉
1
ငတ်မွတ်ခေါင်းပါးခြင်းတို့မှ လွတ်မြောက်ခြင်း၊ ၁၀
1
အခြွေအရံပေါများခြင်း အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်
1
ထို့အပြင် ရေလှူဒါန်းရခြင်းအတွက်လည်း ၁
1
သန့်ရှင်းစင်ကြယ်ခြင်း၊ ၂
1
ထင်ရှားကျော်ကြား လူသိများခြင်း၊ ၃
1
အခြွေအရံပရိသတ်ပေါများခြင်း၊ ၄
1
သွက်သွက်လက်လက်လျင်မြန်ခြင်း၊ ၅
1
ဆာလောင်မွတ်သိပ်မှုကင်းခြင်း၊ ၆
1
ခွန်အားဗလကြီးခြင်း၊ ၁၀
1
ဉာဏ်ပညာကြီးမားခြင်း၊ ၁၁
1
တောင်ထိပ်မြေပြင်သစ်ပင်ဖျား ကောင်းကင်တို့၌ပင် ရေကိုလျင်မြန်စွာရနိုင်ခြင်း၊ ၁၂
1
မိုးခေါင်သောအရပ်၊ နေပူလွန်းသောအရပ်၊ ရေရှားသောအရပ်ဒေသတို့၌ မဖြစ်ရခြင်း၊ ၁၃
1
အလိုရှိ၍ တလိုက်လျှင် မိုးရွာပေးခြင်း၊ ၁၄
1
ခန္ဓာကိုယ်၌ ပူလောင်မှုအိုက်စပ်မှုမရှိခြင်း၊ ၁၅
1
ခန္ဓာကိုယ်၌ မြူမှုန်မကပ်ညိခြင်း၊ ၁၆
1
အထူး စင်ကြယ်သောစိတ်ရှိခြင်း၊ ၁၇
1
ယုတ်မာသော စိတ်ထားမှ ကင်းရှင်းခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်
1
ထို့ကြောင့် ယခုလိုအချိန်ကာလတွင် မိမိတို့ တတ်အားသရွေ့ အလှူငွေများထည့်ဝင်ကာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ နှစ်ပေါင်းကိုးရာကျော် ကာလမှတစ်ကြိမ် ရေကန်များ ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်သည့် အခွင့်အရေးကို လက်မလွတ်စေရေးကုသိုလ်ပြု၍ “သဒ္ဓါကြည်ဖြူ၊ ရေကန်များ ဆယ်လှူ၊ ကုသိုလ်ယူ” နိုင်ခွင့်အား တိုက်တွန်း နှိုးဆော်အပ်ပါသည်
1
အောက်ပါလိပ်စာများသို့ ဆက်သွယ်လှူဒါန်း နိုင်ပါသည်- ၁
1
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ၃၂ ဒီ၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်မြို့
1
ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ဖုန်း-၀၉ ၂၅၉၁၄၅၆၅၁ ၃
1
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်ကောင်စီ နယ်မြေ၊ ဖုန်း-၀၆၇-၃၄၀၈၄၅
1
ကိုဘုန်း(ထုတ်လုပ်) သဘာဝဘေးအန္တရာယ်ဆိုသည်မှာ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု၊ ပေါ့ဆမှုကြောင့်ဖြစ်စေ၊ မိုးခေါင်ရေရှားခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ ရေခဲများအရည်ပျော်၍ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ ရောဂါဘယမျာ...
1
ထို့အပြင် လူနှင့်တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားခြင်း၊ အပင်ရောဂါကြောင့်ဖြစ်စေ၊ ပိုးမွှားတိရစ္ဆာန်များကြောင့်ဖြစ်စေ၊ ပျိုးခင်းစိုက်ခင်းများပျက်စီးခြင်း၊ ဓာတုပစ္စည်းကြောင့်ဖြစ်စေ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ယိုဖိတ်မှုကြောင့်ဖြစ်စေ၊ စက်မှုလုပ်ငန်းနှင့် အဏုမြူကြောင့်ဖြစ်စေ ပြည်သူတို့၏အခြေခံအဆောက်အအုံများ၊ အသက်အိုးအိမ်ပစ္စည...
1
အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ ပစ္စည်းဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန်နှင့် လူမှုအသိုင်းအဝိုင်းများ၏ သာယာဝပြောရေးကို အာမခံရန်အတွက် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသည် အလွန်အရေးကြီးပါသည်
1
သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင်သော ဖြစ်စဉ်ဖြစ်သဖြင့် ထိရောက်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ခြင်းဖြင့် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများကို သိသိသာသာ လျှော့ချနိုင်ပါသည်
1
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့(IDNDRR) ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ကမ္ဘာပေါ်တွင် နှစ်စဉ်ကြုံတွေ့လာရသည့် သဘာဝဘေးအန္တရာယ် များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အလေးထားပြီး ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် ၁၉၉၀ ပြည့်နှစ် မှ ၁၉၉၉ ခုနှစ်အထိ ဆယ်နှစ်တာကာလကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေး...
1
ထိုသို့ ဆယ်စုနှစ်အကောင်အထည်ဖော်ဆောင်ရွက်သော်လည်း ဘေးအန္တရာယ်များကြောင့် ထိခိုက်ခံရမှုများ သိသာစွာလျော့နည်းသွားမှုများ မရှိသည့်အတွက် ဆယ်စုနှစ် အစီအစဉ် အကောင်အထည်ဖော်နေဆဲကာလဖြစ်သည့် ၁၉၉၄ ခုနှစ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ပထမဆုံးအကြိမ် ကမ္ဘာ့ညီလာခံကို ကျင်းပပြီးဘေးအန္တရာယ် ကြိုတင်ကာက...
1
၂၀၀၅ ခုနှစ်တွင် ဒုတိယအကြိမ် ကမ္ဘာ့ညီလာခံကို ဂျပန်နိုင်ငံယိုဂိုမြို့တွင် ကျင်းပခဲ့သည်
1
ထို့နောက် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ယိုဂိုမူဘောင် (၂၀၀၅-၂၀၁၅) ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ် မတ်လတွင် တတိယအကြိမ်ကမ္ဘာ့ ညီလာခံကိုကျင်းပခဲ့ပြီး ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀) ကိုလည်းကောင်း အသီးသီးရေးဆွဲ အကောင်အထည်ဖော်ခဲ့ကြပါသည်
1
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသည် ရေရှည်စီးပွားရေး၊ လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို လက်ငင်းအကျိုး ကျေးဇူးများစွာ ပေးဆောင်ပါသည်
1
ပိုမိုကောင်းမွန်သော ဘေးကင်းရေးနှင့် ဆေးဘက်ဆိုင်ရာ အဆင်သင့်ဖြစ်ခြင်း ကြိုတင်သတိပေးစနစ်များ၊ မြှင့်တင်ထားသော အဆောက်အအုံများနှင့် ရပ်ရွာမှကြိုတင်ပြင်ဆင်မှု အစီအစဉ်များကဲ့သို့သော ထိရောက်သော ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများသည် ဘေးအန္တရာယ်များအတွင်း အသက်ကယ်ဆယ်ရန်နှင့် ထိခိုက်ဒဏ်ရာရသူအရေအတွက်ကို လျှော့ချရန်ကူညီပေးပြီး အ...
1
ရုပ်ပိုင်းဆိုင်ရာနှင့် စီးပွားရေး ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်ရန်ဆောင်ရွက်ခြင်း ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေး(သို့မဟုတ်) ရေလွှမ်းမိုးမှုကာကွယ်ရေးကဲ့သို့ အန္တရာယ်လျော့ပါးရေး အဆောက်အအုံများကို အကောင်အထည်ဖော်ခြင်းသည် အိမ်များ၊ လုပ်ငန်း များနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခြင်းမှကာကွယ်နိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ပ...
1
ထို့ကြောင့် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ဘဏ္ဍာရေးဆိုင်ရာ အကျိုးသက်ရောက်မှုကို လျှော့ချပေးကာ စီးပွားရေး တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်ဖြစ်ပေါ်မှုကို အထောက်အကူပြုပါသည်
1
ပျက်စီးမှုကို ကြိုတင်တားဆီးခြင်းဖြင့် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ခုလုံးအတွက် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး သိသိသာသာ လျော့ကျသွားနိုင်သည်
1
ပြည်သူလူထု၏ပူးပေါင်းမှုဖြင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ပြီး နည်းပညာ ဆန်းသစ် တီထွင်မှုကို တွန်းအားပေးနိုင်ခြင်း ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ပြင်ဆင်မှုကို မြှင့်တင်ပေးနိုင်သည်
1
ထိရောက်သော ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများ ထားရှိခြင်းသည် ဒေသခံပြည်သူများအား စိတ်အေးချမ်းမှုရရှိစေပြီး ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များအတွက် စိုးရိမ်ပူပန်မှုများကို လျှော့ချပေးပါသည်
1
ဒီရေတောနှင့် သစ်တောများ ထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ် ကျန်းမာရေးကို အကျိုးရှိစေပါသည်
1
ထို့အပြင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသည် နည်းပညာဆန်းသစ်တီထွင်မှုများကို တွန်းအားပေးပြီး ကဏ္ဍမျိုးစုံတွင် အသုံးချနိုင်သော တိုးတက်မှု များဆီသို့ ဦးတည်စေပါသည်
1
မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ဆောင်ရွက်ချက်များ မြန်မာနိုင်ငံသည် ယိုဂိုမူဘောင်နှင့် ဆန်ဒိုင်းမူဘောင်ပါ လုပ်ငန်းစဉ်များနှင့်အညီ နိုင်ငံ၏ ရေမြေသဘာဝနှင့်တည်ရှိမှုအနေအထားများအရ ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များကို မိမိတို့တွင်ရှိ သည့် အရင်းအမြစ်များနှင့် လိုက်လျောညီထွေသော လုပ်ငန်းစီမံခ...
1
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၀ ပြည့်နှစ်မှစပြီး နှစ်စဉ်မပျက်ကျင်းပခဲ့ကာ ကမ္ဘာပေါ်တွင်ဘေးအန္တရာယ် ကျရောက်နိုင်ခြေနှင့် ဖြစ်ပွားနိုင်ခြေများပြားပြီး ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် နေရာဒေသများ၊ သက်ရှိ၊ သက်မဲ့များ၊ သဘာဝပတ်ဝန...
1
ထို့အပြင် အမျိုးသားအဆင့်၊ ရပ်ရွာ လူထုအဆင့် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများကို နိုင်ငံတကာကူညီထောက်ပံ့သူများ၊ အဖွဲ့အစည်းများဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုမှ ကောင်းမွန်တိုးတက်သည့် ရလဒ်ကောင်းများရရှိခဲ့သည်
1
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်လေ့လာရေးစသော ကမ္ဘာမြေထိန်းသိမ်းရေးကိစ္စရပ်များကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ရာ ၁၉၇၂ ခုနှစ် တွင် ကမ္ဘာ့ကုလသမဂ္ဂ ပထမအကြိမ် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံ (First UN Environmental Conference)၊ ၁၉၉၂ ခုနှစ်တွင် ကမ္ဘာမြေထိပ်သီးအစည်းအဝေး (World Earth S...
1
မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ဆောင်ရွက်ချက်များ မြန်မာနိုင်ငံသည် ဆိုင်ကလုန်းမုန်တိုင်း ကိုမန်၊ မာလာ၊ ဂီရိနှင့်နာဂစ်စသည့် မုန်တိုင်းအန္တရာယ် များကို တွေ့ကြုံခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းသည် အပြင်းထန်ဆုံးဖြစ်ခဲ့ကာ ပြည်သူပေါင်း တစ်သိန်းသုံးသောင်းကျော် အသက်ဆုံး...
1
ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉ ဘီလီယံကျော်ခဲ့ပါသည်
1
၂၀၂၃ ခုနှစ် မေလတွင်လည်း အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး မိုခါ (MOCHA)နှင့် ရင်ဆိုင်ခဲ့ရသည်
1