text
string
label
int64
နောက်ထပ်ထင်ရှားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကတော့ ကမ္ဘာပေါ်က အကြမ်းဖက်လုပ်ရပ်တွေကို မှတ်တမ်းတင်နေတဲ့ University of Maryland က Global Terrorism Database (GTD)ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်ပါတယ်
0
GTD ကတော့ အကြမ်းဖက်ဝါဒဆိုတာ နိုင်ငံတော်မဟုတ်တဲ့ အဖွဲ့အစည်း တွေ၊ ပုဂ္ဂိုလ်တွေက နိုင်ငံရေးရည်မှန်းချက်အတွက် ပြည်သူလူထုကို သွေးထွက်သံယိုမှုဖြစ်စေခြင်း အကြောက်တရားသွင်းတဲ့ လုပ်ရပ်တွေဖြစ်တယ် (acts of violence by non-state actors, perpe-trated against civilian populations, intended to cause fear, in order to achieve a politi...
0
ဒါ့ကြောင့် ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ခြုံငုံလေ့လာကြည့်မယ်ဆိုရင် နိုင်ငံရေးရလိုမှုကို နိုင်ငံရေးအရ အဖြေမရှာဘဲ လက်နက်ကိုင်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောက်တရားသွင်းဖို့ ခြိမ်းခြောက်တာတွေ၊ အကြမ်းဖက်သတ်ဖြတ်နေတာတွေက ကမ္ဘာ့လူ့အဖွဲ့အစည်းတွေ အားလုံး လက်ခံထားတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ရပ်တွေပဲ ဖြစ်တ...
0
ယခုမြန်မာနိုင်ငံမှာ PDFအကြမ်းဖက်တွေ ဆောင်ရွက်နေကြတာက အပြစ်မဲ့အရပ်သား စစ်စစ်တွေကို လုပ်ကြံသတ်ဖြတ်ခြင်း (Targeted Assassinations of Civilians or Non-combatants)၊ ဥပဒေပြင်ပလူသတ် တရားစီရင်ခြင်း (Extrajudicial Killing) တွေသာဖြစ်တယ်ဆိုတာ သာမန်မျက်စိ နဲ့ကြည့်ရင်ကို မြင်နိုင်ပါတယ်
0
လူ့အခွင့် အရေး ချိုးဖောက်မှုဆိုတာတွေထက် အဆပေါင်းများစွာ ဆိုးရွားတဲ့ အကြမ်းဖက်ဝါဒ (Terrorism) သာဖြစ်ပါတယ်
0
နောက်ထပ် သတိပြုစရာတစ်ခုက ရန်၊ ငါ၊ စည်းပြတ်လာကြတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ အကျိုးစီးပွားအုပ်စု တချို့ဟာ အရှေ့တောင်အာရှနဲ့ အာရှပစိဖိတ်ဒေသဆီကို နိုင်ငံရေးကွာဟမှု၊ လူမျိုးရေးကွာဟမှု၊ ဘာသာတရား ကွာဟမှုတွေကို အခြေခံပြီး အစွန်းရောက်ဝါဒ (Extremism) သွတ်သွင်းနေကြတယ်ဆိုတာကို သတိပြုဆင်ခြင် စရာဖြစ်ပါတယ်
0
ထိုအုပ်စုတွေအတွက် မြန်မာနိုင်ငံလို ပထဝီနိုင်ငံရေးအရ အချက်အချာကျတဲ့နေရာ အပါအဝင် အရှေ့တောင်အာရှနဲ့ အာရှ - ပစိဖိတ် ဒေသမှာ မတည်မငြိမ်ဖြစ်နေစေဖို့၊ ၎င်းတို့ကြိုးဆွဲရာကို လိုက်ပါလာစေဖို့ ဆန္ဒရှိနေကြပါတယ်
0
ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ သူတို့ကြိုးဆွဲရာကိုလိုက် ပါခြင်းမရှိဘဲ အခြေခံဥပဒေအရ ခေတ္တအာဏာထိန်းထားရတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဘက်ပေါင်းစုံက ဖိအားပေးနေကြတာဖြစ်ပါတယ်
0
ဒီလိုဖိအားပေး လိုတာနဲ့ပဲ NUG/PDF တွေရဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မသိချင်ယောင်ဆောင်ပြီး ဖုံးဖိ နေကြတာကတော့ အင်မတန်မှရုပ်ဆိုးအကျည်းတန်လှပါတယ်
0
မည်သို့ပင်ဆိုစေကာမူ တမူးက အသက် ၂၂ နှစ်အရွယ် သာရှိသေးတဲ့ အမျိုးသမီးငယ်လေး အကြမ်းဖက်ခံရ တဲ့ဖြစ်စဉ်ဟာ မြန်မာလူ့အဖွဲ့အစည်း အတွင်းမှာသာမကဘဲ ဒေသတွင်းနဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် တပ်လှန့်သံဖြစ်ပါတယ်
0
နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို့ ဆောင်ရွက်နေတဲ့ အမှားသရုပ်ပြကို ဝိုင်းဝန်းတားဆီးကြဖို့ ပျက်ကွက်ကြရင် ဒေသတွင်းမှာ အလားတူပြဿနာတွေ ရင်ဆိုင်လာရနိုင်တယ်ဆိုတာ သတိချပ်သင့်ပါတယ်
0
ဒါ့ကြောင့် တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူလူထုအနေနဲ့ အနောက်အုပ်စု လွှမ်းမိုးထားတဲ့ နိုင်ငံတကာ မီဒီယာအမည်ခံတွေမှာ မဖော်ပြတဲ့ NUG/PDF အဖွဲ့တွေရဲ့ အကြမ်းဖက်မူဝါဒ၊ လူမဆန်မှု ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်သုံးသပ်ပြီး NUG အဖွဲ့ရဲ့ အကြမ်းဖက်လမ်းစဉ်ကို ဝိုင်းဝန်းကာကွယ်တားဆီးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်
0
ကိုရဲ (စက်မှု) သဘာဝတရား၏ လက်ဆောင်မွန် လွန်ခဲ့သော (၁၉) ရာစုခေတ် သိပ္ပံစာရေးဆရာကြီး တစ်ဦးက အနာဂတ်တွင် အရှားပါးဆုံးနှင့် တန်ဖိုး အရှိဆုံးသော သဘာဝအရင်းအမြစ်သည် ရွှေလည်း မဟုတ်၊ ရေနံလည်း မဟုတ်၊ “ရေ” သာ ဖြစ်လာ မည်ဟု ကြိုတင်ဟောကိန်းထုတ်ခဲ့ဖူးသည်
1
အဆိုပါ ပုဂ္ဂိုလ်ကြီး၏ဟောကိန်းမှာ တစ်နေ့တခြား ပိုမိုမှန်ကန်လာကြောင်း တစ်စ တစ်စ တိုးတက်မြင့်မားလာသော ရေဆိုင်ရာလိုအပ်ချက်များအရ အထင်အရှားတွေ့မြင်နိုင်သည်
1
“ရေ”ဆိုသည်မှာ မိမိတို့ သက်ရှိလောကအတွက် သဘာဝတရား၏ အကောင်းဆုံးလက်ဆောင်မွန်ဟု ဆို၍ ရနိုင်သည်
1
နံနက်မိုးသောက် အလင်းရောက် သည်နှင့်တစ်ပြိုင်နက် လူအပါအဝင် သက်ရှိသတ္တဝါ တိုင်း၏ စားသောက်နေထိုင် ပြုမူမှုများသည် ရေနှင့်ကင်းကွာ၍မရပေ
1
လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် နံနက် အိပ်ရာထသည်နှင့်တစ်ပြိုင်နက် မျက်နှာသစ်၊ ကိုယ်လက်သန့်စင်သည်မှ အစပြု၍ “ရေ” ကို အသုံးပြုရသည်
1
နံနက်စာ စားရာတွင်လည်း ချက်ပြုတ်ထားသော ထမင်း၊ ဟင်း၊ လက်ဖက်ရည်၊ ကော်ဖီ အစရှိသည်တို့တွင်လည်း “ရေ”မပါ၍ မရပေ
1
ထိုသို့ စားသောက်နိုင်ရန်အတွက် ဆန်စပါးမှ အစပြု ၍ အမျိုးမျိုးသော အစားအသောက်ကုန်ကြမ်းများ စိုက်ပျိုးထုတ်လုပ်ရာတွင်လည်း “ရေ”သည် အဓိက လိုအပ်ချက်ပင်ဖြစ်သည်
1
ထို့ပြင် ယနေ့ခေတ်လူမှု ဘဝတွင် အရေးပါလှသော လျှပ်စစ်ဓာတ်အားများကို ထုတ်လုပ်ရာတွင်လည်း “ ရေအား လျှပ်စစ်ထုတ်လုပ် ခြင်းကဏ္ဍ” သည် ကုန်ကျစရိတ်သက်သာစွာဖြင့် ပြန်လည်ရရှိနိုင်သော စွမ်းအင် (Renewable Energy) ဖြစ်သည့် အားလျော်စွာ ကမ္ဘာတစ်ဝန်းတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိပေသည်
1
သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍတွင်လည်း မြစ်ချောင်းများမှ အစပြု၍ ပင်လယ်သမုဒ္ဒရာများတွင်ပါ လှေ၊ သင်္ဘောများနှင့်ခရီးသွားလာကုန်သွယ်မှုများ ပြုလုပ်ကြသည်မှာ မြို့ပြယဉ်ကျေးမှုများ အစပြုသည့်ခေတ်မှစ၍ ယနေ့ခေတ်တိုင်အောင်ပင် ဖြစ်ပေသည်
1
ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းခန့်ကို ပင်လယ်သမုဒ္ဒရာများဖြင့် ဖုံးလွှမ်းလျက်ရှိသော် လည်း အဆိုပါ ရေထုမှာသောက်သုံး၍ မရသောဆားငန်ရေများသာဖြစ်ပြီး နှစ်ရာခိုင်နှုန်းမျှသော ကမ္ဘာ့ရေထုသည်သာ ရေချိုအဖြစ်တည်ရှိလျက်ရှိသည်
1
အဆိုပါ နှစ်ရာခိုင်နှုန်းမှ ၁ ဒသမ ၆ ရာခိုင်နှုန်း သည် ဝင်ရိုးစွန်းဒေသများတွင် ရေခဲတောင်များအဖြစ် တည်ရှိနေပြီး ၀ ဒသမ ၃၆ ရာခိုင်နှုန်းသော ရေကို မြေအောက်မှ တူးဖော်ရရှိနိုင်သည်
1
ထို့ကြောင့် မိမိတို့မျက်မြင် မြစ်ချောင်း၊ အင်းအိုင်များ မှ တိုက်ရိုက်အသုံးပြု၍ရသောရေမှာ ရာခိုင်နှုန်းအားဖြင့် လွန်စွာနည်းပါးသော်လည်း ယနေ့ထက်တိုင် လုံလောက်စွာ အသုံးပြုနိုင်သေးသည်မှာ ကံကောင်းလှပေသည်ဟု ဆိုနိုင်သည်
1
သို့ရာတွင် တစ်နေ့ထက် တစ်နေ့ များပြားတိုးပွားလာသော ကမ္ဘာ့လူဦးရေနှင့်ရေဆိုင်ရာ လိုအပ်ချက်များအရ မိမိတို့အနေဖြင့် သဘာဝတရား၏ လက်ဆောင်မွန်ကို စည်းကမ်းနည်းလမ်းတကျ စီမံခန့်ခွဲအသုံးပြုရန် လိုအပ်နေပြီ ဖြစ်ကြောင်း သတိပြုရမည် ဖြစ်ပေသည်
1
မရှိမဖြစ်ရေ(Essential Water) “ထမင်းအသက် ခုနစ်ရက်၊ ရေအသက်တစ်မနက်” ဟူသော ဆိုရိုးစကားသည် မိမိတို့ သက်ရှိများအတွက် အကြွင်းမဲ့မှန်ကန်ပေသည်
1
သက်ရှိတို့အတွက် အရေးကြီးဆုံး လိုအပ်ချက်မှာ သောက်သုံးရေချိုဖြစ်ပေသည်
1
အပင်များနှင့်လူအပါအဝင် သက်ရှိတိုင်းသည် အသက်ရှင်သန် နိုင်ရန်အတွက် အာဟာရဓာတ်များ ရရှိရန်ရေကို အားထားကြရသည်
1
လူသားတို့၏ ခန္ဓာကိုယ်တွင် လည်း ရေဓာတ် ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ပါဝင်လျက်ရှိသည်
1
လူအပါအဝင် သက်ရှိသတ္တဝါများသည် မိမိတို့ သောက်သုံးထားသောရေကို အရေပြားမှ တစ်ဆင့် ‘ချွေး’အဖြစ် စစ်ထုတ်ကာ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးရသည်
1
ရေ၏အကူအညီဖြင့် ‘သွေး’သည် အာဟာရဓာတ်များကို အစာအိမ်မှ တစ်ဆင့် အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပို့ဆောင် ပေးရာတွင်လည်းကောင်း၊ အောက်ဆီဂျင်ဓာတ်ကို အဆုတ်မှတစ်ဆင့် ကိုယ်ခန္ဓာသို့ပို့ဆောင်ရာတွင်လည်းကောင်း ဆောင်ရွက်သည်
1
ထို့ကြောင့် သက်ရှိတိုင်း သက်ရှိတိုင်းအတွက်ရေသည် မရှိမဖြစ်လိုအပ်သော သဘာဝအရင်းအမြစ်တစ်ခုဟု ဆိုနိုင်ပေသည်
1
စိုက်ပျိုးရေး(Agriculture) နေ့စဉ်လူမှုဘဝ စားသောက်မှုအတွက် ဆန်စပါးအပါအဝင် အခြားသော ကောက်ပဲသီးနှံများကို စိုက်ပျိုးကြရာတွင်လည်းရေသည် မရှိမဖြစ်လိုအပ်ပေသည်
1
ယဉ်ကျေးမှုများစွာ မထွန်းကားသေးမီ အချိန်များက စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ကြရာတွင် ဒေသအလိုက်၊ ရာသီဥတုအရ ရရှိနိုင်သော ရေပမာဏနှင့် ဖြစ်ထွန်းအောင်မြင်နိုင်သော သီးနှံ တို့ကိုသာ စိုက်ပျိုးဆောင်ရွက်ခဲ့ကြရသည်
1
ထို့ကြောင့် မြေဆီ၊ မြေသြဇာကောင်းမွန်ပါလျက် ရေလိုအပ်ချက်ကြောင့် အသုံးမဝင်ဖြစ်နေသော မိုးနည်းရေရှား ရပ်ဝန်းဒေသရှိ မြေလွတ်၊ မြေရိုင်းများကို စိုက်ပျိုးဆောင်ရွက်နိုင်ရန် တိုးတက်လာသော အသိဉာဏ်နှင့် နည်းပညာများကို အားပြု၍ ကြိုးပမ်းလာခဲ့ကြသည်
1
ကမ္ဘာ့သမိုင်းစဉ်တစ်လျှောက် ပြန်ပြောင်း ကြည့်ရလျှင် အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ရေကို ငင်ယူကာ အနီးအနားရှိ စိုက်ခင်းများသို့ ရေသွင်း စိုက်ပျိုးခြင်းမှအစပြု၍ အိန္ဒိယနိုင်ငံတွင်မူ ဂါလန် ၃၀ ဝင် သားရေအိတ်ကြီးများဖြင့် ရေကို ကျွဲ၊ နွား အကူအညီဖြင့် သယ်ယူကာ မြောင်းများမှတစ်ဆင့် စိုက်ပျိုးရေသွင်းခြင်းအဆုံး နည်းမျိုးစုံဖြင့် ရ...
1
မိမိတို့ မြန်မာနိုင်ငံတွင်လည်း ပုဂံခေတ်ကပင် အနော်ရထာမင်း၏ အစီအမံဖြင့် အထက်မြန်မာနိုင်ငံ၊ ကျောက်ဆည်ဒေသကို ‘ လယ်တွင်းကိုးခရိုင်’ ဟု သတ်မှတ်စေပြီး ဆည်မြောင်းကန်ချောင်းများ ဖောက်လုပ်ကာ စိုက်ပျိုးရေရရှိအောင် ဆောင်ရွက် ကြိုးပမ်းအောင်မြင်ခဲ့ကြောင်း သမိုင်းတွင် အထင် အရှား တွေ့နိုင်ပေသည်
1
ယနေ့ခေတ်တွင်လည်း မိမိတို့နိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ အစိုးရတို့သည် ဆည်မြောင်း၊ ကန်ချောင်းများတူးဖော်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း စသည့် လုပ်ငန်းများကို ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံ၍ စိုက်ပျိုးရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြသည်
1
လူအပါအဝင် အခြားသော သက်ရှိသတ္တဝါ အားလုံး အတွက် သောက်သုံးရေကဏ္ဍပြီးနောက် အရေးအကြီးဆုံးမှာ စိုက်ပျိုးရေးဆိုင်ရာ လိုအပ် ချက်များ ဖြည့်ဆည်းပေးနိုင်ရေးပင် ဖြစ်ပေသည်
1
စက်မှုလုပ်ငန်းသုံးရေ(Industrial Water) လူသားနှင့် သက်ရှိကမ္ဘာအတွက်ရေသည် အသက်ရှင်ရန်မရှိမဖြစ် လိုအပ်သော အရင်းအမြစ် ဖြစ်ရုံသာမက စက်မှုလုပ်ငန်းများ အစပြုထွန်းကား လာသည့် (၁၈) ရာစုဝန်းကျင်မှစကာ စက်မှုလုပ်ငန်း များအတွက် ရေအသုံးချမှုနှင့် လိုအပ်ချက်များရှိလာခဲ့သည်
1
သတ္တုတူးဖော်ခြင်းလုပ်ငန်းခွင်များ၊ စက်မှု အလုပ်ရုံ၊ စက်ရုံများ၊ ကုန်ကြမ်းပစ္စည်းများ၊ ကုန်ချောပစ္စည်းများ ထုတ်လုပ်ခြင်းများတွင် ရေသည်မပါ မဖြစ် အရင်းအမြစ်တစ်ခုဖြစ်လျက်ရှိသည်
1
ဥပမာ အားဖြင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများ၊ (ရုပ်ကြွင်းနှင့် နျူကလီးယားစွမ်းအင်)အတွက် အအေးခံရန် ရေကိုထုတ်ယူခြင်းကဲ့သို့ ကိစ္စရပ်များ တွင် ရေကို အထူးအသုံးပြုရသည်
1
စက်မှုလုပ်ငန်းသုံး ရေ(Industrial Water)သည် ပြန်လည် စွန့်ထုတ်ရာ တွင် သန့်စင်ခြင်းမရှိဘဲ ရေဆိုးအဖြစ်သာ ပြန်လည်စွန့်ထုတ်နိုင်သဖြင့် ဂေဟစနစ်အတွက် အထူးသတိပြုစရာ ရေအသုံးချမှုတစ်ခုဖြစ်ပေသည်
1
ရေအားလျှပ်စစ် အကောင်အထည်ဖော်ခြင်း (Hydropower Implementation) ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy)သည် ယနေ့ခေတ်လူမှုဘဝတွင် ပိုမို၍ အရေးပါလျက်ရှိသည်မှာ အားလုံးအသိပင်ဖြစ်ပေသည်
1
နေစွမ်းအင် (Solar Power)၊ လေစွမ်းအင် (Wind Power)၊ ရေစွမ်းအင်(Hydro Power)ဟူ၍ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးမျိုးရှိရာတွင် ရေစွမ်းအင်(Hydro Power)သည် နေ့စဉ်လူမှုဘဝအတွက် လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား များထုတ်လုပ်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက် ခြင်း(Economic)၊ ထုတ်လုပ်ရာတွင် အခက်အခဲ နည်း၍ အခြားသောစွမ်းအင်တို့ထ...
1
မိမိတို့နိုင်ငံအနေဖြင့်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်ဖြင့် ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရာတွင် နိုင်ငံတွင်းရှိပြီးဖြစ်သည့် ရေ၊ နေနှင့် လေ စသည့် သန့်ရှင်းသောစွမ်းအင် အရင်းအမြစ်များကို...
1
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy)ဟု ဆိုရာတွင် အားလုံး ခြုံငုံပါဝင်သော်လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရေစွမ်းအင် (Hydro Power)ကို အသုံးပြုခြင်းသည် အခြားစွမ်းအင်ထုတ်လုပ်မှုများထက် ကုန်ကျစရိတ်နည်း၍ ပိုမိုအကျိုး ဖြစ်ထွန်းစေသည်
1
ရေစွမ်းအင်သည် တစ်နည်းအားဖြင့် သန့်ရှင်းသော စွမ်းအင်(Clean Energy)ဖြစ်ပြီး မိမိတို့နိုင်ငံတွင်လည်း ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ကြရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝတို့ အပေါ် သက်ရောက်နိုင်သည့် အခြေအနေ (Environ-mental/ Social Impact Assement Result)၊ ဖွံ့ဖြိုးတိုးတက်မှု (Development) နှင့် စီးပွားရေး ...
1
မိမိတို့နိုင်ငံတွင်ရှိသော ရေအရင်းအမြစ် အချက်အလက်များအရ အမှန်တကယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ (100000MW)ခန့်အထိ ထုတ်လုပ် နိုင်မည်ဟု ခန့်မှန်း၍ရပြီး စူးစမ်းလေ့လာဆဲ ရေအရင်းအမြစ်များမှ ထုတ်လုပ်နိုင်မှုမှာ (45000 MW) ခန့်ဟု တွက်ချက်ခန့်မှန်းနိုင်သည်
1
တည်ဆောက်ဆဲစီမံကိန်းများမှ (MW1800)ကျော် ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်
1
လက်ရှိတွင် (3340.924MW)ကို ရေအား(Hydropower)ဖြင့် ထုတ်လုပ်သုံးစွဲလျက်ရှိသည်
1
ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ရေစွမ်းအင်အသုံးပြု ခြင်း(Hydro Power)ကဏ္ဍမှာ အထူးပင်အရေးကြီးလှပြီး နောင်အနာဂတ်တွင်လည်း မိမိတို့နိုင်ငံ အပါအဝင် နိုင်ငံအတော်များများ၌ လူမှုဘဝလိုအပ်ချက်များအရ ဆက်လက်အကောင်အထည် ဖော်ကြရဦးမည်သာဖြစ်သည်
1
ရေစွမ်းအင်(Hydro power)ဖြင့် စွမ်းအင်ထုတ်လုပ်ခြင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်ပြီး ဂေဟစနစ်အပေါ် သက်ရောက်မှုနည်းပါးသော်လည်း နေ့စဉ်မြင့်တက်လာနေသော ကမ္ဘာ့လူဦးရေနှင့် အခြားသောကဏ္ဍများရှိ ရေဆိုင်ရာလိုအပ်ချက်များ အရ ပိုမို၍ ကောင်းမွန်သော စည်းကမ်းနည်းလမ်းတကျ စီမံခန့်ခွဲမှုများဖြင့် အသုံးပြုထုတ်လုပ်ကြ ရမည်ဖြ...
1
ရေဆိုင်ရာလိုအပ်ချက်များ မြင့်မားလာခြင်း ‘ရေသည် ကုန်ပစ္စည်းမဟုတ်၊ တစ်လောကလုံး၏ အမှတ်သင်္ကေတ၊ အသက်နှင့် ကျန်းမာရေး၏ အရင်းအမြစ်ဖြစ်သည်’ ဟု ဆိုရိုးစကားရှိသည်
1
အထက်တွင်ဖော် ပြခဲ့သော ရည်ရွယ်ချက်များအတိုင်း လူသားနှင့်သက်ရှိကမ္ဘာသည် ရေအရင်းအမြစ်များကို ထုတ်ယူသုံးစွဲလျက်ရှိကြသည်မှာ တစ်နှစ်လျှင် လေးထရီလီယံကုဗမီတာ(4 Trillion 3 m )ထိပင် ရှိလာနေပြီဖြစ်သည်
1
တွက်ချက်မှုများအရ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ယခုလက်ရှိရေလိုအပ်ချက်ထက် ပိုမို၍ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်
1
ရေဆိုင်ရာလိုအပ်ချက်များ မြင့်မားလာနေခြင်းမှာ တစ်စ တစ်စ တိုးတက်လာသော ကမ္ဘာ့လူဦးရေ အခြေအနေ၊ ခေတ်မီတိုးတက်လာသည်နှင့်အမျှ ကာဗွန်ထုတ်လုပ်သုံးစွဲမှုမြင့်မားလာပြီး ရာသီဥတု များ ပြောင်းလဲကာ ရေသံသရာလည်ခြင်းကဲ့သို့ ​ဂေဟစနစ်များ ထိခိုက်စေခြင်း၊ ရေအရင်းအမြစ်များ ကို စည်းကမ်းနည်းလမ်းတကျစီမံခန့်ခွဲ သုံးစွဲနိုင်မှု အားနည်းခြင်းတို့ကြ...
1
လိုအပ်ချက်များ ဖြည့်ဆည်းရန် ပြောင်းလဲဆောင်ရွက်ခြင်း ရေဆိုင်ရာလိုအပ်ချက်များ တစ်နှစ်ထက်တစ်နှစ် မြင့်မားလာသည်နှင့်အမျှ ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် နေ့စဉ်လူမှုဘဝရေသုံးစွဲမှုနှင့် ရေအရင်းအမြစ်များကို စည်းကမ်းနည်းလမ်း တကျခွဲဝေကြရာတွင် အရှိန်အဟုန်မြှင့် ရှေ့သို့ပြောင်းလဲဆောင်ရွက်ရန် လိုအပ်လျက်ရှိပြီ ဖြစ်ကြော...
1
အဆိုပါ ကမ္ဘာ့ရေနေ့ကို မတ် ၂၂ ရက်တိုင်း ၁၉၉၃ ခုနှစ်မှစတင်၍ ရေနှင့်ဆက်စပ်သော အကြောင်းအရာ ပြဿနာများကို မတူကွဲပြားသည့် နည်းလမ်းများဖြင့် ဖြေရှင်းကြရန်၊ ရေဆိုင်ရာ လိုအပ်ချက်များ၊ ရေအရင်းအမြစ်များ ထိန်းသိမ်း ရန် လိုအပ်ချက်များ သတိပြုမိကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပခဲ့ကြသည်
1
ယခုနှစ်တွင်လည်း မိမိတို့၏နေ့စဉ်လူမှုဘဝတွင် ရေကိုအသုံးပြု သောက်သုံးခြင်းနှင့်စီမံခန့်ခွဲသည့် နည်းလမ်းများကို ပြောင်းလဲလုပ်ဆောင်ရာ “Be the change you want see in the world” ဟူ၍ တိုက်တွန်းနှိုးဆော်ထားသည်
1
မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ် မှစ၍ ကိုဗစ်-၁၉ ရောဂါ မတိုင်မီ ၂၀၁၉ ခုနှစ်အထိ (၆) ကြိမ်တိုင်အောင် နှစ်စဉ်ကျင်းပခဲ့ပြီး ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် “အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ” (National Water Resources Committee)ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ပြန်လည်ဖွဲ့စည်းကာ တစ်နိုင်ငံ...
1
မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော ရေသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်လျက် စီမံအုပ်ချုပ်လုပ်ကိုင်မှု ဆိုင်ရာ ဥပဒေများ စိစစ်ခြင်း၊ မူလအစိုးရဌာန အဖွဲ့ အစည်းများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းခြင်းတို့ကို အဆိုပါ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီက ဦးဆောင်၍ ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်
1
အဆိုပါကော်မတီမှပင် ရေကိုအခြေပြု၍ တရားမျှတသော ရေခွဲဝေမှုစနစ်၊ ပွင့်လင်းမြင်သာမှု ရှိသည့် ဘက်စုံရေစီမံခန့်ခွဲမှုစနစ်တို့ မြန်မာနိုင်ငံ၌ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သော ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက် လျက်ရှိသည်
1
ရေအရင်းအမြစ်ကို ကဏ္ဍစုံတွင် အကျိုးထိရောက်စွာ သုံးစွဲနိုင်ရေး၊ ရေညစ်ညမ်းမှု ကာကွယ်​လျော့ပါးစေရေးနှင့် လေလွင့်ဆုံးရှုံးမှုများ နည်းနိုင်သမျှ နည်းပါးစေရေးတို့ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်
1
ရေသယံဇာတနှင့် ဆက်စပ်သောမူလ အစိုးရဌာန အဖွဲ့အစည်းများမှလည်း အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ မထိခိုက်စေရန် ရည်ရွယ်လျက် ပူးပေါင်းကြိုးပမ်းဆောင်ရွက် လျက်ရှိပေသည်
1
ရေဓာတ်ပြည့်ဝသော အနာဂတ်ကမ္ဘာသစ်ဆီသို့ “Never Waste even a drop of water no water, no life and no blue, no green” ဟု ဆိုရိုး အတိုင်း ရေတစ်စက်၊ ရေတစ်ပေါက်မျှပင် အကျိုးမဲ့ ဆုံးရှုံးမခံသင့်ပေ
1
ရေမရှိလျှင် သက်ရှိတို့ အသက်ရှင် နေထိုင်ရန် မဖြစ်နိုင်သလို ကမ္ဘာမြေပေါ်တွင် အေးချမ်းသော အပြာရောင်နှင့် စိမ်းလန်းလတ်ဆတ် သော အစိမ်းရောင်များ မြင်တွေ့နိုင်ရန် မဖြစ်နိုင်ပေ
1
သဘာဝတရား၏ အကောင်းဆုံးလက်ဆောင်မွန်ဟု ဆိုရမည့် “ရေအရင်းအမြစ်” သည် ရှေးနှစ်ပေါင်း များစွာ ကမ္ဘာတည်သည့်အချိန်မှစ၍ ယနေ့တိုင်အောင် လူသားနှင့်သက်ရှိကမ္ဘာကို အကျိုးပြုခဲ့၊ အကျိုးပြုဆဲ၊ အကျိုးပြုနေဦးမည်သာဖြစ်သည်
1
ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများထဲတွင် အသိဉာဏ် ပညာနှင့် မြော်မြင်ဆင်ခြင်တုံတရား အမြင့်မားဆုံး ဖြစ်သည့် မိမိတို့လူသားများသည် ရေအရင်းအမြစ်ကို ပိုမိုတန်ဖိုးထားလေးစား၍ စည်းကမ်းနည်းလမ်း တကျသုံးစွဲသင့်ပေသည်
1
မိမိတို့လူသားအချို့၏ အမြော်အမြင်နည်းပါးစွာဖြင့် စည်းကမ်းနည်းလမ်းမဲ့စွာ သုံးစွဲမှုတို့ကြောင့်လည်းကောင်း၊ စွန့်ပစ်ပစ္စည်း များနှင့် ခေတ်မီတိုးတက်လာသော လူ့အဖွဲ့အစည်း၏ ကာဗွန်နှင့်အခြား မလိုလားအပ်သော ဓာတ်ငွေ့ ထုတ်လုပ်မှုများကြောင့်လည်းကောင်း၊ ကမ္ဘာ့ရေထုကို ညစ်ညမ်းစေပြီး ရေဆိုင်ရာလိုအပ်ချက်များ ပိုမိုမြင့်တက်စေကာ ရေသံသရာကဲ့သ...
1
ရှေ့ဆက်၍ မိမိတို့အနေဖြင့် ရေဆိုင်ရာလိုအပ်ချက်များ မြင့်တက်လာမှု လျော့ကျစေရန်နှင့် မဖြစ်မနေ ကဏ္ဍအသီးသီးတွင် ဖြည့်ဆည်းပေးရမည့် ရေဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် အရှိန်အဟုန်မြှင့် ပြောင်းလဲဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းနှင့် မိမိတို့တစ်ဦးချင်းစီ၏ လူမှုဘဝနေထိုင်မှုပုံစံများနှင့် ရေသုံးစွဲမှုပမာဏများကိုလည်း ဂရ...
1
ဒေါက်တာဇင်မာကျော် နှစ်စဉ်အောက်တိုဘာလ၏ နောက်ဆုံးသီတင်းပတ်ကို ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှုရက်သတ္တပတ် (Global Media and Information Literacy (MIL) Week) အဖြစ် သတ်မှတ်ထားပါသည်
1
ယခုနှစ်အတွက် အဓိကဖော်ညွှန်းချက်မှာ “သတင်းအချက်အလက်များ၏ ဒစ်ဂျစ်တယ်နယ်ပယ်အသစ်၊ ပြည်သူ့အကျိုးပြု သတင်းအချက်အလက်များအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု”ဟူ၍ ဖြစ်ပါသည်
1
ဤဖော်ညွှန်းချက်သည် သတင်းအချက်အလက်များ လျင်မြန်စွာဖန်တီးပေါ်ထွက်လာမှု၊ ပျံ့နှံ့မှုနှင့် အသုံးပြုမှုတို့ကို လမ်းညွှန်ရာတွင် ဘေးကင်းစေရန်၊ ပိုမို ပေါင်းစည်းပါဝင်ကြရန်နှင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသည် အနာဂတ်ဒစ်ဂျစ်တယ်ခေတ်တွင် အားလုံးအတွက် ပဓာနကျ အရေးပါပုံကို မီးမောင်းထိုးပြထားခြင်းဖြစ်သည်
1
အချက် ၅ ချက် သတ်မှတ်ပေးခဲ့ မျက်မှောက်ခေတ်တွင် ဒစ်ဂျစ်တယ်အခင်းအကျင်း ပေါ်ထွန်းလာမှုကြောင့် ယင်း၏အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်နိုင်ရေးမှာ အရေးပါလာပေသည်
1
ထို့ကြောင့် ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ MIL Week အတွက် (၁) သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများ၊ အွန်လိုင်း ရင်းမြစ်ဖြစ်စဉ်များနှင့် ပုဂ္ဂိုလ်ရေးချိုးဖောက်မှုများ အပါအဝင် အွန်လိုင်းစိန်ခေါ်မှုများနှင့် ခြိမ်းခြောက် မှုများကြောင့် လူများစုရင်ဆိုင်နေရသည့် အခက်အခဲများကို ဖော်ထုတ်ရန်၊ (၂) မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်...
1
ယခုနှစ်၏ အဓိကဖော်ညွှန်းချက်တွင် ပြည်သူများအား အွန်လိုင်းပေါ်တွင် ရေးသားဖော်ပြချက်များကို တာဝန်ယူမှုရှိစွာလုပ်ကိုင်ကြစေရန်၊ ဝေဖန်သုံးသပ်စဉ်းစားကြရန်နှင့် သတင်းအချက်အလက်များကို အကဲဖြတ်ရန်၊ လံကြုပ်သတင်းများ၊ ထွင်လုံးများကို သတိမူမိစေသည့် စွမ်းရည်များရှိနေစေရန် အရေးကြီးကြောင်း မီးမောင်းထိုးပြထားသည်
1
ယင်းအချက်သည် မျက်မှောက်ခေတ် ဒစ်ဂျစ်တယ်ဂေဟစနစ်တွင် အထူးအရေးပါလာသည့် လိုအပ်ချက်တစ်ခု ဖြစ်နေသည်
1
ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်မှ သတင်းအချက်အလက်နှင့် သတင်းများကို ဖန်တီးပုံဖော်၊ သုံးစွဲသည့်နည်းလမ်းသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲလာနေသည်
1
အွန်လိုင်းသုံးစွဲသူများသည် အွန်လိုင်းပေါ်မှ အကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ စိတ်ကြိုက်အသုံးပြုနိုင်ခွင့်၊ ဝေမျှခွင့်များ ရရှိနေကြပြီဖြစ်သည်
1
အွန်လိုင်းပေါ်တွင် သတင်းများ ရေးသားတင်ဆက်ကြသည့် မျိုးဆက်သစ်ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် အွန်လိုင်းဆယ်လီများသည် သတင်းအချက်အလက်များကို တစ်မူထူးသည့် နည်းလမ်းများသုံးပြီး မည်ကဲ့သို့ ဖြန့်ဖြူးကြမည်နည်းဆိုသည့် အပြောင်းအလဲကို လိုလားနေကြသည်
1
ယင်းလိုလားချက်များ အရှိန်ကောင်းလာကာ သမားရိုးကျလူထုဆက်ဆံရေးမီဒီယာများနှင့်ပေါင်းဆုံပြီး ကွဲပြားသောပရိသတ်များဆီ ရောက်ရှိခဲ့ကြသည်
1
သို့ရာတွင် မတူကွဲပြားသည့် အသံများနှင့် ထင်မြင်ယူဆချက်များ ပိုမိုအားကောင်းလာစဉ်တွင် အွန်လိုင်းပေါ်၌ ရေးသားတင်ဆက်နေသူများ၏ ကျင့်ဝတ်၊ ပရော်ဖက်ရှင်နယ်ဆန်မှုနှင့် ယုံကြည်စိတ်ချရမှုဆိုသည့် အကြောင်းအရာများအပေါ်တွင် မေးခွန်းထုတ်စရာ ဖြစ်လာနေပါသည်
1
ပေါင်းစပ်မှုအသစ်များ ယူဆောင်လာ ထို့အပြင် ဉာဏ်ရည်တု (Artificial Intelligence - AI) ပေါ်ထွန်းလာခြင်းသည် သတင်းအချက်အလက်အခင်းအကျင်းကို ပေါင်းစပ်မှုအသစ်များ ယူဆောင်လာခဲ့ပါသည်
1
အစစ်အမှန်နီးပါးတူသော စာသား၊ ရုပ်ပုံနှင့် ဗီဒီယိုများ ဖန်တီးလုပ်ဆောင်လာနိုင်ခြင်းကြောင့် လူသားများကိုယ်တိုင် ဖန်တီးထားခြင်းနှင့် AI ဖြင့် ဖန်တီးမှုအကြား လုပ်နည်းကိုင်နည်းစနစ် ခွဲခြားရန် ပိုမိုဝေဝါးလာခဲ့ပြီး သုံးစွဲသူများအကြား ဝေဖန်စဉ်းစားခြင်း၊ သတိဖြင့် စောင့်ကြည့်ခြင်းဟူသည့် စွမ်းရည်သစ်များ လိုအပ်လာနေပါသည်
1
သတင်းအချက်အလက် အခင်းအကျင်းသစ်သည် လူသားများ၏ လုပ်ဆောင်မှုနှင့် AI ၏ လုပ်ဆောင်မှုဆုံမှတ်သို့ ရောက်ရှိနေပါသည်
1
ယင်းအချက်မှာ အသုံးပြုသူများ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်ခြင်းနှင့် မီဒီယာလုပ်ငန်းများမှ ဖန်တီးထုတ်လုပ်ကာ ဆိုရှယ်မီဒီယာပလက်ဖောင်းသို့ တင်ခြင်းတို့ဖြစ်သည်
1
ထို့ကြောင့် သတင်းအချက်အလက်ဆိုင်ရာများ ဖန်တီးထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးမှု ဆင့်ကဲပြောင်းလဲတိုးတက်လာမှုတွင် ပြည်သူများအတွက် ၎င်းတို့ရောက်ရှိနေသည့် အနေအထားကို နားလည်သဘောပေါက်ရန် အရေးကြီးသောအချိန်ကာလသို့ ရောက်ရှိနေပြီ ဖြစ်သည်
1
ဒစ်ဂျစ်တယ်ခေတ်ကို ပုံဖော်ရာတွင် ပြည်သူတစ်ဦးချင်းစီတိုင်းက ဖန်တီးမှု၊ ဆန်းသစ်မှုနှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများဖြင့် တက်ကြွစွာ ပါဝင်သူများ ဖြစ်လာနိုင်ပေမည်
1
သတင်းအချက် အလက်များကို လိုရာပုံဖော်သုံးစွဲခြင်းမျိုးထက် ပြည်သူကို ပိုမိုဗဟိုပြုရန်၊ ဒီမိုကရေစီ လက်ခံကျင့်သုံးရန်၊ အားလုံးပါဝင်နိုင်စေရန်နှင့် သတင်းအချက်အလက်ဂေဟစနစ်ကို ကောင်းစွာနားလည် ကြံ့ကြံ့ခံ နိုင်ရန် အခြေခံကောင်းများ ချမှတ်ပေးရပါမည်
1
အွန်လိုင်းတွင် သတင်းတု၊ သတင်းမှားများ ပေါများလာ လျင်မြန်သည့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုသည် သင်ယူလေ့လာနိုင်ခြင်း၊ ကူးလူးဆက်ဆံနိုင်ခြင်းနှင့် ဆန်းသစ်တီထွင်နိုင်ခြင်းဟူသည့် အခွင့်အလမ်းများစွာကို ဆောင်ကြဉ်းပေးနေသလို စိန်ခေါ် မှုများစွာကိုလည်း သယ်ဆောင်လာနေပါသည်
1
သတင်းတု၊ သတင်းအမှား၊ အမုန်းစကားနှင့် အတွင်းရေးလျှို့ဝှက်ချက်များ၊ AI ဖြင့် လုပ်ဆောင်သည့် ကျား၊ မခွဲခြားမှုများ၊ လူမျိုးရေးတရားသေ ကိုင်စွဲမှုများ ပေါ်ပေါက်လာခဲ့ခြင်းသည် တစ်ဦးတစ်ယောက်ချင်းမှ လူမှုအသိုက်အဝန်းများ၊ အုပ်ချုပ်ရေးယန္တရားနှင့် ကမ္ဘာတစ်ခွင်ငြိမ်းချမ်းရေးကို ထိခိုက်စေသည်အထိ ပြဿနာရပ်များ ပေါ်ပေါက်အောင် ဖိအားပေးနိ...
1
အွန်လိုင်းတွင် သတင်းတု၊ သတင်းမှားများ ပေါများလာခြင်းသည် ပဋိပက္ခများ၊ ရွေးကောက်ပွဲများ၊ ကျန်းမာရေးဆိုင်ရာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကဲ့သို့သော အရေးကြီးသည့်ကိစ္စရပ်များနှင့် စပ်ဆိုင်လာသောအခါ အထူးစိုးရိမ်စရာဖြစ်လာခဲ့သည်
1
ဉာဏ်ရည်တုကို အသုံးပြု၍ မဟုတ်မမှန် လုပ်ကြံရေးသားထားသည့် အကြောင်းအရာများ ဖန်တီး၍ ယင်းကို အတိုင်းအတာတစ်ခုအထိ ပျံ့နှံ့သွားအောင် လုပ်ဆောင်စေခြင်းဖြင့် သတင်းတု၊ သတင်းမှားများ ပျံ့နှံ့မှုနှုန်းအားကောင်းရန် လုပ်ဆောင်နိုင်ပြီဖြစ်သည်
1
ဉာဏ်ရည်တုသည် တုပထားသည့်၊ မှားယွင်းသည့် သတင်းအချက်အလက်များ ဖန်တီးရာတွင် ဦးဆောင်နေပြီဟု ယူဆ၍ရနိုင်ပါသည်
1
မီဒီယာနှင့် သတင်းအချက်အလက်ကို ကောင်းစွာအသုံးချ ယူနက်စကို၏ ကမ္ဘာလုံးဆိုင်ရာ MIL အစီအစဉ်တွင် လူငယ်များအား ဉာဏ်ရည်တုဖြင့် ဖန်တီးပုံဖော်မှုအားကောင်းလာသည့် ဒစ်ဂျစ်တယ်အသိုက်အဝန်းအတွင်း ပူးပေါင်းဖန်တီးမှု၊ တွဲဖက်ဦးဆောင်မှု၊ MIL ပညာပေးရေးလုပ်ငန်းများတွင် ရေရှည်ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းထားသည်
1
ယင်းအချက် ကို လက်ရှိ MIL ဆိုင်ရာမူဝါဒတွင် မီးမောင်းထိုးပြထားသည့်အချက်မှာ “မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုကို ကောင်းစွာအသုံးချ၍ ဉာဏ်ရည်တုနည်းပညာဖြင့် စွမ်းဆောင်ချက် ကောင်းများ တိုးတက်ပေါ်ထွန်းလာစေရေး”ဟူ၍ ဖြစ်သည်
1
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကဏ္ဍအသီးသီးမှ stakeholder များဖြစ်သော အစိုးရအဖွဲ့အစည်းများ၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် တက္ကသိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပုံနှိပ်၊ ရုပ်သံလွှင့်၊ အွန်လိုင်းမီဒီယာများနှင့် နည်းပညာကုမ္ပဏီများသည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ ရက်သတ္တပတ်အခမ်းအနားများ ကျင်းပကာ အ...
1
ထို့ကြောင့် အားလုံးအတွက် ဘေးကင်းလုံခြုံပြီး ပိုမိုပူးပေါင်းပါဝင်နိုင်သည့် ဒစ်ဂျစ်တယ်အနာဂတ်ကို ပုံဖော်ကြရန် ခိုင်မာသည့်လုပ်ဆောင်ချက်များ ချမှတ်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်လျှက် ၂၀၂၄ ခုနှစ် Global MIL Week အား ကြိုဆိုလိုက်ရပါသည်
1
မင်းဆွေ(ရှေးဟောင်းသုတေသန) မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသော ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအား ပုဂံခေတ်က ရေးထိုးခဲ့သော ကျန်စစ်သား မင်းကြီး၏ အတ္ထုပ္ပတ္တိကျောက်စာတွင် တတ္တဒေသဟု ရေးသားခဲ့သည်ကိုတွေ့ရှိရပါသည်
1