text
string
label
int64
သစ်ခွပန်းတစ်အုံတစ်ဖွဲ့ ဖူးပွင့်လျှင်ပင် ကြည့်မဝ၊ ရှုမဆုံး ရှိကြပေရာ စိမ့်ကြီး မြိုင်ကြီးများအတွင်း၌ သစ်ခွပန်းတို့ ဖူးပွင့်ချိန်သည် ရှုမငြီး အံ့မခန်းစရာ ရှိပေလိမ့်မည်။
1
သစ်ခွပင်တို့ကို အပွင့်အလို့ငှာ နိုင်ငံခြားများ၌ ကြီးကြီးကျယ်ကျယ် စိုက်ပျိုးလုပ်ကိုင်ကြသည်။
1
သစွ်မျိုးတို့မှ ရောင်းဝယ်ဖေါက်ကားနိုင်သော ပစ္စည်းထုတ်လုပ်နိုင်သည့် အပင်မျိုးရှားပါးသည်။
1
ဗနီလာ သစ်ခွမျိုးခွဲဝင် ဖြစ်သော ဗနီလာပင်မှ အမွှေးရည်သည် ထိုသစ်ခွပင်၏ အသီးတောင့်မှ ထုတ်လုပ်ရရှိ၍ ရောင်းဝယ်ဖေါက်ကားနိုင်သော ကုန်ပစ္စည်းတစ်ရပ်ဖြစ်သည်။
1
သစ်ခွပင်မှ ထုတ်လုပ်ရရှိသော အခြား ကုန်ပစ္စည်းတစ်မျိုးမှာ ဆာလက်ခေါ် ကော်မှုန့်တစ်မျိုးဖြစ်သည်။
1
ထိုကော်မှုန့်သည် တောင်အမေရိက သစ်ခွအုပ်စုထဲမှ အော်ကစ္စမျိုးခွဲဝင်သစ်ခွများ၊ အရှေ့အိန္ဒိယကျွန်းစု အုပ်စုထဲမှ ယူလိုဖီးယားမျိုးခွဲဝင် သစ်ခွများ၏ အမြစ် ဥတက်များကို အခြောက်လှန်းပြီးလျှင် အမှုန့်ပြုထားခြင်း ဖြစ်သည်။
1
ထိုအမှုန့်သည် ကော်မှုန့်၊ ပလောပီနံမှုန့်တို့ကဲ့သို့ အစားအစာများ၌လည်းကောင်း၊ ဆေးဝါးဖော်စပ် ရာ၌လည်ကောင်း ထည့်သွင်း အသုံးပြုကြလေသည်။
1
တရုတ် ဆိုသည်မှာ သို့မဟုတ် ကို မြန်မာဘာသာဖြင့် ခေါ်ဆိုခြင်း ဖြစ်သည်။
1
အာဖရိကတိုက်ကို မြောက်ဘက်တွင် ၊ အရှေ့မြောက်ဘက် ဆီနိုင်း ကျွန်းဆွယ် တလျှောက်တွင် နှင့် ၊ အရှေ့တောင်ဘက်တွင် ၊ အနောက်ဘက်တွင် တို့က ဝန်းရံထားသည်။
1
အာဖရိကတိုက်တွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံပေါင်း ၅၄ နိုင်ငံ ရှိပြီး နှင့် အခြား ကျွန်းများလည်း ပါဝင်သည်။
1
အာဖရိကတိုက်ကို သိပ္ပံပညာဆိုင်ရာ အသိုင်းအဝိုင်းက လူသားတို့ အစပြုရာ ဒေသအဖြစ် မှတ်ယူကြသည်။
1
လွန်ခဲ့သော နှစ်ပေါင်း ၇ သန်းခန့်က လူဝံကြီးများ နှင့် သက်ဆိုင်သော အထောက်အထားကို အာဖရိကတွင် တွေ့ရှိရပြီး လွန်ခဲ့သော နှစ်ပေါင်း ၂ သိန်းကျော်က ဖြစ်ပေါ်ခဲ့သော အစောဆုံး လူသား၏ အထောက်အထားကို နေရာတွင် တွေ့ရှိရသည်။
1
အာဖရိကသည် ကို ခွလျှက် တည်ရှိပြီး ရာသီဥတု အမျိုးစုံ ရှိသည်။
1
ရာသီဥတု မှ ရာသီဥတုသို့ ဖြန့်ကျက်တည်ရှိနေသော တစ်ခုတည်းသော တိုက်ဖြစ်သည်။
1
ကျောက်ဂူအတွင်း နေထိုင်ကြသူတို့ကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။
1
ထိုအချိန်က သယ်ရိုပေါ့ဒ်၊ ပရိုဆောရိုပေါ့ဒ် အစရှိသည့် ဒိုင်နိုဆောများ ကျင်လည်ကျက်စားရာ နေရာဖြစ်ခဲ့သည်။
1
ထရိုင်ရပ်ဆစ်ခေတ်ဟု ခေါ်သည့် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၅၀ နှင့် ၂၀၀ ကြားကာလ နှောင်းပိုင်းခေတ်မှ များကို အာဖရိက တနံတလျားတွင် တွေ့ရသည်။
1
သို့သော်လည်း တောင်ဘက်တွင် မြောက်ဘက်ထက် ပို၍ တွေ့ရလေ့ ရှိသည်။
1
ဂျူရပ်ဆစ်ခေတ် အတွင်းသို့ ချင်းနင်းဝင်ရောက်လာသည်နှင့် ဆောရိုပေါ့ဒ်နှင့် အော်နီသိုပေါ့ဒ် အစရှိသော ဒိုင်နိုဆော အုပ်စုများ အာဖရိက တဝှမ်းတွင် အများအပြား ဖြစ်လာခဲ့သည်။
1
ဂျူရပ်ဆစ်ခေတ် အလယ်ပိုင်းကိုမူ အာဖရိကတွင် သေချာစွာ လေ့လာခြင်း မပြုရသေးပေ။
1
ဂျူရပ်ဆစ်ခေတ် နှောင်းပိုင်းကာလတွင်လည်း တန်ဇေးနီးယားရှိ တန်ဒါဂူရူး ကျောက်ဖြစ်ရုပ်ကြွင်း အလွှာမှ လွဲလျှင် များများစားစား ပြစရာ မရှိပေ။
1
ဂျူရပ်ဆစ်ခေတ် နှောင်းပိုင်းကာလရှိ တန်ဒါဂူရူး ကျောက်ဖြစ်ရုပ်ကြွင်းမှ သက်ရှိများသည် မြောက်အမေရိက အနောက်ပိုင်း ဖြစ်ပေါ်ခဲ့သော အရာများနှင့် ဆင်တူလေသည်။
1
သို့သော်လည်း ၎င်းသည် အိန္ဒိယတိုက်နှင့် အခြားသော ဂေါဒွာနာ တိုက်ကြီးနှင့် ဆက်စပ်လျက် ရှိနေသေးသည်။
1
တွင် တွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်းများတွင် အဘယ်လီဆော နှင့် တိုင်တန်နီဆောတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများ ပါဝင်သည်။
1
မဒါဂတ်စကားနှင့် မတူ ကွဲပြားခြားနားစွာပင် အာဖရိက ကုန်းမကြီးမှာ မီဆိုဇိုးရစ်ခေတ် တလျှောက်တွင် နေရာ ပြောင်းလဲခြင်း မရှိခဲ့ပေ။
1
သို့သော်လည်း ပန်ဂီယာတိုက်ကြီး ဆက်လက်ကွဲထွက်သွားသည်နှင့် အမျှ အဓိကကျသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
1
ခရီတေးရှပ်စ်ခေတ် နှောင်းပိုင်း စသည့် အခါတွင် တောင်အမေရိကသည် အာဖရိက မှ ကွဲထွက်သွားခဲ့ပြီး အတ္တလန္တိတ် သမုဒ္ဒရာတောင်ပိုင်းသို့ ရွေ့လျား သွားခဲ့သည်။
1
ထိုအဖြစ်အပျက်က သမုဒ္ဒရာ ရေစီးကြောင်းများကို ပြောင်းလဲစေခဲ့သဖြင့် ကမ္ဘာ့ရာသီဥတုကို ပြင်းထန်စွာ အပြောင်းအလဲ ဖြစ်စေခဲ့သည်။
1
ခရီတေးရှပ်စ်ခေတ် အတွင်းတွင် အာဖရိက၌ အာလိုဆောရပ်စ်နှင့် စပိုင်နိုဆောရပ်စ် အစရှိသော ဒိုင်နိုဆောများ အများအပြား ကျက်စားခဲ့ကြပြီး အကြီးဆုံး အသားစား ဒိုင်နိုဆောလည်း ပါဝင်သည်။
1
တိုင်တန်နိုဆော များမှာ ရှေးခေတ် ဂေဟစနစ်တွင် အသီးအရွက်စားသော သတ္တဝါများသာ ဖြစ်ခဲ့သည်။
1
ခရီတေးရှပ်စ်ခေတ်မှ ရုပ်ကြွင်းများကို တွေ့ရသော နေရာများသည် ဂျူရပ်ဆစ် ခေတ်ထက် ပို၍ များသည်။
1
သို့သော်လည်း ရေဒီယိုသတ္တိကြွစနစ် ဖြင့် အချိန်ကာလ အပိုင်းအခြား အတိအကျကို သိရှိနိုင်ရန် ခက်ခဲသောကြောင့် ၎င်းတို့၏ သက်တမ်း အတိအကျကို သိရှိနိုင်ရန် ခက်ခဲသည်။
1
တွင် ကွင်းဆင်း သုတေသနပြုခဲ့သော ပညာရှင် လူးဝစ်ဂျက်ကော့ဘ်၏ အဆိုအရ အာဖရိက ကျောက်လွှာများသည် ကွင်းဆင်းလေ့လာရန် အများအပြား လိုအပ်ပြီး အသစ်တွေ့ရှိမှုများ အများအပြား ရှိနိုင်သေးသည်ဟု ဆိုခဲ့သည်။
1
သမိုင်းမတင်မီ ကာလ၌ အာဖရိကတွင်လည်း အခြားတိုက်ကြီးများကဲ့သို့ပင် တိုင်းပြည် နိုင်ငံဟူ၍ မရှိခဲ့ပေ။
1
အာဖရိကနေထိုင်သူတို့သည် အာဖရိက အတွင်းပိုင်းနှင့် ဆဟာရ တောင်ပိုင်း ကမ်းရိုးတန်း ကုန်းမြင့်များမှ ဆာဟာရ သဲကန္တာရ နေရာသို့ ပြန်လာခဲ့ကြသည်။
1
သို့သော်လည်း ၅၀၀၀ ခန့်တွင် ဖြစ်ခဲ့သော ပူပြင်းခြောက်သွေ့သည့် ရာသီဥတုများကြောင့် ဆာဟာရ ဒေသမှာ ခြောက်သွေ့ကြမ်းတမ်းသော ဒေသအဖြစ် ပြောင်းလဲလာခဲ့သည်။
1
ထိုနေရာမှာ လူများသည် နိုင်းတောင်ကြား နေရာဆီသို့ ပြောင်းရွှေ့ခဲ့ကြပြီး ထိုနေရာတွင် အခြေချ နေထိုင်ခဲ့ကြသည်။
1
ရာသီဥတု ဆိုးရွာလာခဲ့ပြီး အာဖရိက အလယ်ပိုင်း နှင့် အရှေ့ပိုင်းတွင် သည်းထန်စွာ အမြဲရွာသွန်းလေ့ ရှိသော မိုးရွာသွန်းမှုများ လျော့နည်းလာခဲ့သည်။
1
ထိုအချိန်မှစ၍ အာဖရိက အရှေ့ပိုင်းတွင် ပူပြင်းခြောက်သွေ့သော အနေအထားဖြစ်လာခဲ့ပြီး နေရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ အတွင်း ခြောက်သွေ့သည်ထက် ခြောက်သွေ့လာခဲ့သည်။
1
အာဖရိကတွင် ကျွဲနွားများကို ယဉ်ပါးအောင် ပြုလုပ်ပြီး မွေးမြူခြင်းသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း မစတင်မီ မုဆိုးနှင့် ရှာဖွေစုဆောင်းသူ ယဉ်ကျေးမှု ရှိစဉ်ကတည်းက လုပ်ဆောင်ခဲ့ကြသည်။
1
ဘီစီ ၆၀၀၀ ခန့်ကပင် မြောက်အာဖရိကတွင် ကျွဲနွားတိရစ္ဆာန်များကို ယဉ်ပါးအောင် ပြုလုပ်ပြီး မွေးမြူခဲ့ကြောင်း ခန့်မှန်းကြသည်။
1
ဘီစီ ၄၀၀၀ ခန့်တွင် ဆဟာရ ဒေသမှာ အလွန်လျင်မြန်သောနှုန်းဖြင့် ခြောက်သွေ့လာခဲ့သည်။
1
ထို့အတွက်ကြောင့် လူတို့ အခြေချ နေထိုင်နိုင်သော နေရာ လျော့နည်းလာခဲ့ပြီး လယ်ယာစိုက်ပျိုးသည့် လူ့အဖွဲ့အစည်းများကို အနောက်အာဖရိကသို့ ပြောင်းရွှေ့စေရန် အကြောင်းအချက် တစ်ခု ဖြစ်လာခဲ့လေသည်။
1
ဘီစီ ၁ ရာစု၌ မြောက်အာဖရိကတွင် သံထည်လုပ်ငန်း စတင်ပေါ်ထွန်းခဲ့ပြီး ဆဟာရ တစ်လျှောက် ပျံ့နှံ့စေခဲ့ကာ ဆဟာရ တောင်ပိုင်းဒေသ၏ မြောက်ဘက်အပိုင်းသို့ တိုင်အောင် ပျံ့နှံ့ခဲ့လေသည်။
1
သံထည်လုပ်ငန်းသည် အရှေ့နှင့် အနောက်အာဖရိက ဒေသများတွင် ကောင်းမွန်စွာဖြစ်ထွန်းလာခဲ့ပြီ ဖြစ်သော်လည်း အခြားဒေသများတွင် အေဒီ အစောပိုင်း ရာစုနှစ်များမှ စတင်ခဲ့ကြသည်။
1
အနောက်အာဖရိကတွင် တူးဖော်တွေ့ရှိခဲ့သော ပစ္စည်းများတွင် အီဂျစ်၊ မြောက်အာဖရိက၊ နျူဘီးယားနှင့် အီသီယိုးပီးယားတို့မှ ဘီစီ ၅၀၀ ခန့်တွင် သုံးခဲ့သော ကြေးနီပစ္စည်းများ ပါဝင်သဖြင့် ထိုအချိန်ကပင် ဆဟာရ သဲကန္တာရကို ဖြတ်၍ ကုန်သွယ်မှု ပြုနေကြပြီး ဖြစ်ကြောင်း ယူဆနိုင်သည်။
1
ဘီစီ ၃၃၂ တွင် အား ပါရှန်းတို့ သိမ်းပိုက်ထားသော အီဂျစ်ပြည်တွင် လွတ်လပ်ရေး ဖော်ဆောင်ပေးသူ အဖြစ် ကြိုဆိုခဲ့ကြသည်။
1
သူသည် အီဂျစ်နိုင်ငံ တွင် ကို တည်ထောင်ခဲ့ပြီး သူ ကွယ်လွန်သွားပြီးနောက် တော်လေးမစ် မျိုးနွယ်စုတို့၏ ချမ်းသာကြွယ်ဝသော မြို့တော် တစ်ခု ဖြစ်လာခဲ့သည်။
1
ရောမအင်ပါယာမှ မြောက်အာဖရိက မြေထဲပင်လယ် ကမ်းရိုးတန်းကို အောင်မြင်ပြီးသည့် နောက်တွင် ထိုဒေသအား ရောမ စနစ်သို့ စီးပွားရေး နှင့် ယဉ်ကျေးမှုအရ သိမ်းသွင်းခဲ့သည်။
1
ရောမတို့သည် ကမ်းရိုးတန်း တစ်နေရာ ယနေ့ခေတ် တူနီးရှားနိုင်ငံ နေရာတွင် အခြေချခဲ့ကြသည်။
1
ပါလက်စတိုင်းမှ လာသော ခရစ်ယာန်ဘာသာသည် အီဂျစ်နိုင်ငံတဆင့် ဤဒေသများသို့ ပျံ့နှံ့လာခဲ့သည်။
1
တောင်ဘက် ရောမအင်ပိုင်ယာ၏ ပိုင်နက် အလွန် နျူဘီးယား စသည့် နေရာများသို့လည်း ပျံ့နှံသွားခဲ့ပြီး ၆ ရာစုတွင် အီသီယိုးပီးယားနိုင်ငံ အထိ ပျံ့နှံ့ခဲ့လေသည်။
1
ခဏအတွင်းမှာပင် ဒေသခံ ဘာဘာ အထက်တန်းလွှာ လူတန်းစား တို့သည် မွတ်ဆလင် အာရပ် မျိုးနွယ်စုတို့နှင့် ပေါင်းစည်းသွားခဲ့သည်။
1
အစ္စလာမ် ဘာသာရေးစနစ် ကျင့်သုံးသော မြောက်အာဖရိကတွင် လူ အမျိုးမျိုး ရှိပြီး ဘာသာရေးပညာရှင်များ၊ ပညာတတ်များ၊ ဥပဒေပညာရှင်များ၊ အတွေးခေါ် ပညာရှင်များ ပေါ်ထွန်းခဲ့သည်။
1
ထိုအချိန်ကာလ အတွင်းတွင် အစ္စလာမ်ဘာသာသည် ကုန်သွယ်ရေး လမ်းကြောင်းများ၊ ရွှေ့ပြောင်းနေထိုင်မှုများမှတဆင့် ဆဟာရ တောင်ပိုင်း အထိ ပျံ့နှံ့သွားခဲ့သည်။
1
ဂါနာသည် ၁၁ ရာစုတွင် အင်အား ကျဆင်းလာခဲ့ပြီး မာလီ အင်ပိုင်ယာ မှ ၎င်း၏ နေရာတွင် ဆက်ခံခဲ့သည်။
1
မာလီအင်ပိုင်ယာမှ ၁၃ ရာစု အတွင်း ဆူဒန်အနောက်ပိုင်းဒေသများကို စုစည်းခဲ့သည်။
1
ကာနမ်တို့က ၁၁ ရာစုတွင် အစ္စလာမ် ဘာသာကို စတင် ကျင့်သုံးခဲ့သည်။
1
အနောက်အာဖရိက ကမ်းရိုးတန်းရှိ တောထူထပ်သော ဒေသများတွင် မြောက်ဘက် မွတ်ဆလင်ဒေသများ၏ လွှမ်းမိုးမှု အနည်းငယ်သာ ရှိပြီး လွတ်လပ်သော တိုင်းပြည်များ ပေါ်ထွန်းလာခဲ့သည်။
1
အစ်ဂ်ဘို လူမျိုးတို့၏ နရီပြည်သည် ၉ ရာစုတွင် စတင် တည်ထောင်ခဲ့ပြီး ပထမဆုံး ထူထောင်ခဲ့သော တိုင်းပြည်များတွင် တစ်ခု အပါအဝင် ဖြစ်သည်။
1
ယနေ့ခေတ် နိုင်ဂျီးရီးယားနိုင်ငံ နေရာတွင် ရှေးအကျဆုံးသော တိုင်းပြည်ဖြစ်ပြီး အက်ဇ်နရီမှ အုပ်ချုပ်မင်းလုပ်ခဲ့သည်။
1
အစ်ဂ်ဘိုတို့၏ တိုင်းပြည်သည် ၎င်းတို့ ဖန်တီး ထုတ်လုပ်ခဲ့သော ကြေးထည် အမျိုးမျိုးကြောင့် ထင်ရှားပြီး ၎င်းတို့ကို အစ်ဂ်ဘို အွတ်ဝူးမြို့တွင် တွေ့ရသည်။
1
ထိုကြေးထည်များမှ ၉ ရာစုတွင် ပြုလုပ်ခဲ့ကြောင်း အထောက်အထားများ အရ သိရသည်။
1
အီဖေးပြည်သည် အာဖရိကတွင် အဓိက ဘာသာရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ အချက်အချာ ဌာနတစ်ခု ဖြစ်ပြီး သူ့ လက်ရာနှင့် သူ သီးသန့်ရှိနေသော ကြေးသွန်း ရုပ်တုများကြောင့် ထင်ရှားသည်။
1
ဒါဟိုမေး မှ ဖောင်တိုင်းပြည်သည် အိုယိုပြည်မှ အုပ်ချုပ်သော ရိုယူဘာ မဟုတ်သည့် အခြားလူမျိုးတို့၏ တိုင်းပြည်ဖြစ်သည်။
1
အယ်လ်မိုရာဗစ်သည် ဆာဟာရမှ ဘာဘာလူမျိုးတို့၏ ဆွေမျိုးစု တစ်ခုဖြစ်ပြီး ၁၁ ရာစု အတွင်းတွင် မြောက်အာဖရိကရှိ ဧရိယာ အတော်များများမှ အိုင်ဘေးရီးယန်း ကျွန်းဆွယ်အထိ ပျံ့နှံ့နေထိုင်ခဲ့သည်။
1
မာလီတိုင်းပြည် ပြိုကွဲသွားပြီးနောက် ဆိုနီ အလီဟု အမည်ရသော ဒေသခံ ခေါင်းဆောင် တစ်ယောက်က နိုင်ဂျာ အလယ်ပိုင်းနှင့် ဆူဒန် အနောက်ပိုင်း နေရာတွင် ဆုံဟိုင်းအင်ပိုင်ယာကို တည်ထောင်ခဲ့ပြီး ဆဟာရကို ဖြတ်သန်းသော ကုန်သွယ်မှုကို ထိန်းချုပ်ခဲ့သည်။
1
သူ့ကို ဆက်ခံသူ အက်စကီယာ မိုဟာမက်က အစ္စလာမ် ဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် သတ်မှတ်ကာ ဗလီများ တည်ဆောက်ပြီး မွတ်ဆလင် ပညာရှင်များကို ခေါ် သွင်း လာခဲ့သည်။
1
ကျွန်ကုန်သွယ်မှု တဖြည်းဖြည်း ကျဆင်းလာရခြင်း ၏ အကြောင်းမှာ အမေရိကားမှ ကျွန်လိုအပ်မှု လျော့နည်းလာခြင်း၊ အမေရိကားနှင့် ဥရောပတွင် ကျွန်စနစ် ဖျက်သိမ်းရေး ဥပဒေများ တိုးပွားလာခြင်းနှင့် ဗြိတိသျှ တော်ဝင်ရေတပ်မှ အနောက်အာဖရိက ကမ်းရိုးတန်း အလွန်တွင် တပ်စွဲပြီး အာဖရိက နိုင်ငံများကို စီးပွားရေး လုပ်ငန်းအသစ်များ လုပ်ကိုင်ရန် အတွက် ဖ...
1
ထို့နောက် အာဖရိက အုပ်ချုပ်သူပေါင်း ၅၀ ကျော်နှင့် ကျွန်ရောင်းဝယ်မှုကို ဆန့်ကျင်သည့် ပဋိညာဏ်စာချုပ်များ ချုပ်ဆိုခဲ့သည်။
1
အနောက် အာဖရိကရှိ အင်အားကြီးတိုင်းပြည်များ ဖြစ်ကြသော အဆန်တီပြည်၊ ဒါဟိုမေးပြည်နှင့် အိုယို အင်ပိုင်ယာတို့သည် အပြောင်းအလဲနှင့် တပြေးညီ ဖြစ်ရန် ကွဲပြားခြားနားသော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။
1
အဆန်တီနှင့် ဒါဟိုမေတို့သည် ဆီအုန်း၊ ကိုကိုး၊ သစ်နှင့် ရွှေတို့ကို တရားဝင် ရောင်းဝယ်ဖောက်ကား နိုင်ရန် ကြိုးစားခဲ့ကြပြီး အနောက်အာဖရိက၏ ခေတ်သစ် ပြည်ပသို့ ကုန်တင်ပို့မှုအတွက် အခြေခံ အဆောက်အအုံကို တည်ဆောက်ခဲ့ကြသည်။
1
အပြောင်းအလဲနှင့် တပြေးညီ မလိုက်နိုင်သော အိုယိုအင်ပိုင်ယာမှာမူ ပြည်တွင်းစစ်များဖြင့် ပြိုကွဲခဲ့ ရသည်။
1
ထိုအချိန်တွင် နှင့် နှစ်နိုင်ငံသာလျှင် လွတ်လပ်သော နိုင်ငံများအဖြစ် ကျန်ရှိခဲ့ကြသည်။
1
နှင့် တို့ကို ကိုလိုနီနယ်မြေများ အဖြစ် တရားဝင် သွတ်သွင်းခဲ့ခြင်း မရှိသော်လည်း ၁၈၈၂ ခုနှစ် ဗြိတိသျှတို့ ကျူးကျော်ဝင်ရောက် ပြီးချိန်တွင် အီဂျစ်နိုင်ငံသည် ဗြိတိသျှတို့၏ ထိန်းချုပ်မှု အောက်သို့ ကျရောက်ခဲ့သည်မှာ ၁၉၂၂ တိုင်အောင်ပင် ဖြစ်သည်။
1
ထိုကွန်ဖရင့်ကို ဘယ်လ်ဂျီယမ် ဘုရင် လီယိုပို ၂ မှ ဦးဆောင်ကျင်းပခဲ့ပြီး အာဖရိကရှိ နယ်မြေများကို ပိုင်ဆိုင်ကြောင်း အပြိုင်အဆိုင် ငြင်းဆိုနေကြသည့် ဥရောပနိုင်ငံကြီးများ တက်ရောက်ခဲ့ကြသည်။
1
ထိုကွန်ဖရင့်မှ ဥရောပနိုင်ငံကြီးများ အာဖရိကတွင် အပြိုင်အဆိုင်နယ်ချဲ့နေမှုကို ရပ်တန့်၍ မိမိတို့နှင့် သက်ဆိုင်သော အစိတ်အပိုင်းများနှင့် ဩဇာသက်ရောက်ရာ နယ်မြေများကို ခွဲခြားသတ်မှတ်ခဲ့ကြသည်။
1
သူတို့သည် အာဖရိကတိုက် အတွင်း သူတို့နှင့် သက်ဆိုင်သော နိုင်ငံရေးနယ်နိမိတ်များကို သတ်မှတ်ခဲ့ကြပြီး ထိုနယ်နိမိတ်များမှာ ယနေ့အထိ တည်တံ့နေခဲ့သည်။
1
နောက်ဆယ်စုနှစ် အတွင်းတွင် အာဖရိကတိုက် တစ်ခုလုံးရှိ လွတ်လပ်ရေး မရသေးသော နိုင်ငံများ အားလုံးနီးပါး လွတ်လပ်ရေး ရခဲ့ကြသည်။
1
ပေါ်တူဂီတို့၏ ရေမြေခြားနယ်မြေများ ဖြစ်သော ဆာဟာရတောင်ပိုင်း ရှိ ၊ ၊ ၊ နှင့် တို့သည် ပေါ်တူဂီ၏ ပိုက်နက်အဖြစ် ၁၆ ရာစုမှ စ၍ ၁၉၇၅ အထိ တိုင်အောင် ရှိနေခဲ့သည်။
1
လစ်စဘွန်းတွင် စစ်တပ်မှ အာဏာသိမ်းမှု ဖြစ်ပွားပြီး အက်စ်တာဒို နိုဗို အစိုးရကို ဖြုတ်ချလိုက်ပြီးသည့် အခါတွင်မှ လွတ်လပ်ရေး ရခဲ့ကြသည်။
1
ရိုဒီးရှားသည် ၏ ထိန်းချုပ်မှု အောက်မှ လွတ်မြောက်သော နိုင်ငံ ဖြစ်ကြောင်း မိမိသဘော ဖြင့် ကြေညာခဲ့သော်လည်း ၁၉၈၀ အထိ အသိအမှတ်ပြု မခံခဲ့ရပေ။
1
သည် အစောဆုံး လွတ်လပ်ရေး ရခဲ့သော နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သော်လည်း ထိုနိုင်ငံရှိ လူနည်းစု လူဖြူများ၏ အသားအရောင်ခွဲခြားမှု စနစ်ဖြင့် အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်မှာ ၁၉၉၄ အထိ တိုင်အောင်ပင် ဖြစ်သည်။
1
အများစုမှာ ဥရောပကိုလိုနီ နယ်မြေများ ခွဲဝေစဉ်အခါက ရေးဆွဲထားခဲ့သော နယ်နိမိတ်မျဉ်းများ အတွင်းတွင် တည်ရှိနေဆဲပင် ဖြစ်သည်။
1
ကိုလိုနီစနစ် လွန်မြောက်ပြီးသည့် နောက်တွင် အာဖရိကနိုင်ငံများသည် မတည်ငြိမ်မှု၊ အကျင့်ပျက်ချစားမှု၊ အကြမ်းဖက်မှု၊ အာဏာရှင်စနစ် များနှင့် အမြဲမကြာခဏ ဆိုသလို ကြုံတွေ့နေရသည်။
1
အာဖရိကနိုင်ငံ အများစုမှာ သမ္မတနိုင်ငံများ ဖြစ်ကြပြီး သမ္မတစနစ်တစ်မျိုးမျိုးဖြင့် အုပ်ချုပ်ကြသည်။
1
သို့သော်လည်း နိုင်ငံအနည်းငယ်သာလျှင် ဒီမိုကရေစီ အစိုးရများကို တည်တံ့အောင် ထိန်းသိမ်းထားနိုင်ကြပြီး အများစုမှာ အာဏာသိမ်းမှုများဖြင့် ဆက်တိုက် ကြုံတွေ့နေရပြီး စစ်အာဏာရှင်များ ပေါ်ထွက်နေကြသည်။
1
မတည်ငြိမ်မှုများ အကြီးအကျယ် ဖြစ်ပွားရခြင်း၏ အကြောင်းမှာ ခေါင်းဆောင်များ၏ လူမျိုးစု အချင်းချင်း မျက်နှာလိုက်ခြင်း နှင့် နိုင်ငံရေး ဆိုင်ရာ အကျင့်ပျက် ချစားမှုများကြောင့် ဖြစ်သည်။
1
နိုင်ငံရေး အရ အသာစီး ရစေရန်အတွက် ခေါင်းဆောင်အများစုမှာ လူမျိုးရေးဆိုင်ရာ ပဋိပက္ခများကို မီးထိုးပေးခြင်း ဖန်တီးပေးခြင်းတို့ကို ပြုလုပ်လေ့ ရှိကြသည်။
1
အာဖရိက နိုင်ငံ အများစုတွင် စစ်တပ်ကသာလျှင် အာဏာကို သက်ရောက်အောင် အုပ်ချုပ်နိုင်သော အဖွဲ့အဖြစ် မြင်ကြပြီး ၁၉၇၀ ခုနှစ်များ နှင့် ၁၉၈၀ ခုနှစ်များတွင် စစ်တပ်များက နိုင်ငံ အများအပြားကို အုပ်ချုပ်ခဲ့ကြသည်။
1
နယ်စပ်နှင့် နယ်နိမိတ် အငြင်းပွားမှုမှာလည်း အမြဲလိုလို ဖြစ်ပွားလေ့ ရှိပြီး ဥရောပနိုင်ငံများက ရေးဆွဲခဲ့သော နယ်နိမိတ်များကို နိုင်ငံများ အတွင်းတွင် လက်နက်ကိုင် တိုက်ပွဲများဖြင့် ဖြေရှင်းလေ့ ရှိကြသည်။
1
နှင့် ကြားမှ နှင့် ၏ ပေါ်လစီများ ကလည်း မတည်မငြိမ် ဖြစ်မှုများတွင် တခန်း တကဏ္ဍမှ ပါဝင်ကြသည်။
1
နိုင်ငံငယ်များသည် လွတ်လပ်ရေး ရပြီးပြီးချင်း အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဘက်မှ ရပ်တည်ရန် အားသန်ကြသည်။
1
မြောက်အာဖရိကမှ နိုင်ငံအများစုမှာ ဆိုဗီယက်မှ စစ်ရေးအကူအညီများ ရရှိကြပြီး အာဖရိက အလယ်ပိုင်းနှင့် တောင်ပိုင်းနိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု သို့ ပြင်သစ် သို့မဟုတ် နှစ်နိုင်ငံစလုံးမှ အကူအညီများ ရရှိကြသည်။
1
ထိုစဉ်က အသစ်စက်စက် လွတ်လပ်ရေးရလာသော အင်ဂိုလာနိုင်ငံ နှင့် မိုဇမ်ဘစ်နိုင်ငံ တို့သည် ဆိုဗီယက်ဘက်မှ ရပ်တည်ရန် ကြိုးစားခဲ့ပြီး အနောက်အာဖရိကနှင့် တောင်အာဖရိကတို့သည် ဆိုဗီယက်၏ လွှမ်းမိုးမှုကို တန်ပြန်ရန် သူပုန်များကို ကူညီ ထောက်ပံ့ကြသည်။
1
အချို့က ဆိုဗီယက်တို့၏ မာ့က်ခ်ဝါဒ ပေါ်လစီများကြောင့် အခြေအနေမှာ ဆိုးသင့်သည်ထက် ပိုဆိုးခဲ့ရသည်ဟု ပြောကြသည်။
1
အေအိုင်ဒီအက်စ် ရောဂါသည်လည်း ကိုလိုနီခေတ်လွန် အာဖရိကတွင် အရေးပါသော ပြဿနာ တစ်ခုပင် ဖြစ်သည်။
1
အာဖရိကသည် တောင်ဘက်သို့ ထိုးထွက်နေသော ကမ္ဘာ့မြေထုထည် အစုအဝေးများတွင် အကြီးဆုံးဖြစ်သည်။
1
အာရှနှင့် အရှေ့မြောက် အစွန်ဆုံးအပိုင်းတွင် ဖြင့် ၁၀၁မိုင်မျှ ခြားနေသည်။
1
အာဖရိကတွင် အကြီးဆုံးနိုင်ငံမှာ ဖြစ်ပြီး အသေးဆုံးနိုင်ငံမှာ အရှေ့ဘက် ကမ်းရိုးတန်း ကျွန်းစုများတွင် ရှိသော ဖြစ်သည်။
1