text
string
label
int64
သစ်ခွထက် မျိုးစိတ်ပိုများပြားသော အပင်နှစ်မျိုးသုံးမျိုးခန့်သာလျှင် အပင်လောကတွင် ရှိတော့သည်ဟု ဆိုကြသည်။
1
ကမ္ဘာပေါ်တွင် အေးလွန်းသောဒေသ၊ ပူလွန်းသောဒေသများမှလွဲလျှင် ကမ္ဘာ့အရှေ့ခြမ်း အနောက်ခြမ်း နှစ်ခြမ်းလုံး၌ပင် သစ်ခွပင်များ ပေါက်ရောက်သည်။
1
သမပိုင်းဒေသများတွင် မူ များသောအားဖြင့် သစ်ခွမျိုးတို့သည် ရုက္ခဗေဒအလိုအရ အပူပိုင်းဒေသပေါက် သစ်ခွများနှင့် မျိုးရင်းချင်းတူသော်လည်း မြေ၌ပေါက်ကြသည်။
1
အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသများတွင်လည်း မြေပေါက်သစ်ခွမျိုး အတော်အတန်တွေ့ရသည်။
1
ရုက္ခဗေဒအလိုအားဖြင့် ဆိုခဲ့သည့်အတိုင်း ပင်ကပ်သစ်ခွနှင့် မြေပေါက်သစ်ခွမျိုးတို့အပြင် သက်မဲ့ပစ္စည်းများ၌ တွယ်ကပ်ပေါက်ရောက်တတ်သော သစ်ခွမျိုးတို့လည်းရှိသေးသည်။
1
ထိုသစ်ခွမျိုးတို့ မှာမူ ရုက္ခဗေဒနှင့် စပ်လျဉ်းသော စူးစမ်းလေ့လာမှု ပြုရန်မှတစ်ပါး ပြောပလောက်အောင် လှပခြင်း အသုံးဝင်ခြင်းစသော ထူးခြားမှုမရှိချေ။
1
ပင်ကပ်သစ်ခွနှင့် မြေပေါက်သစ်ခွ နှစ်မျိုးနှစ်စားတွင်လည်း မြေပေါက်သစ်ခွမျိုးတို့သည် ပင်ကပ်သစ်ခွမျိုးတို့ကဲ့သို့ အခိုင်လိုက် အပွင့်များစွာပွင့်သော အမျိုးအစား နည်းပါးပြီးလျှင် အပွင့်သုံးပွင့်မှ လေးပွင့်ခန့်သာ ပွင့်တတ်ကြသည်။
1
အပွင့်နည်းသလောက် အဖူး၊ အပွင့်ပို၍ ကြီးမားကြရာ အချို့အပွင့်များသည် လက်ဖက်ရည်ပန်းကန်လုံး ခန့် ပမာဏ ရှိကြလေသည်။
1
ပင်ကပ်နှင့် မြေပေါက်ဟူ၍ ခွဲခြားထားသော်လည်း ရုက္ခဗေဒအမည်ဖြင့် မျိုးခွဲ အမည်တူများရှိသည်။
1
သို့သော် သစ်ခွမျိုးတို့တွင် ပင်ကပ် သစ်ခွမျိုးတို့သည်သာလျှင် အဖိုးတန်၍ အရေးပါကြလေသည်။
1
အပင်လောကတွင် ပင်ကပ်သစ်ခွတို့၏ ဓလေ့စရိုက် သည် ပို၍စိတ်ဝင်စားဖွယ်ကောင်းသည်။
1
သစ်ပင်ကြီး ငယ်တို့၌ တွယ်ကပ်ပေါက်ရောက်ကြသော်လည်း ယင်းတို့သည် မိမိတို့၏ စားရေရိက္ခာ အတွက် ယင်းတို့မှီခိုရာ သစ်ပင်ကြီးငယ်တို့မှ ရယူခြင်း မပြုကြပေ။
1
အရွက်များရှိ အစိမ်းရောင် ဒြဗ်သည် လေထဲ၌ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို နေရောင်ခြည် ဖြင့် ကာဗိုဟိုက်ဒရိတ်သကြား ချက်လုပ်သည်။
1
အခြား အာဟာရ ဓာတ်များကို သစ်ခေါက်၊ သစ်သား၊ အရွက် စသည်ကို ဆွေးမြေ့ စေသော မှိုများမှ မိမိတို့ချက်လုပ်သော ကာဗိုဟိုက်ဒရိတ်သကြားနှင့် လဲလှယ်ယူပေသည်။
1
သဘာဝ အလျောက် သစ်ခွအစေ့ငယ်များ ပေါက်ရောက် ကြီးထွားရာတွင်မူ ကာဗိုဟိုက်ဒရိတ် သကြားများကို မှိုများထံမှ ရယူလေသည်။
1
သစ်ခွပန်းတို့၏ အနေအထားသည် ထူးခြား၍ မျိုးစပ် ယှက်ပေးသော လိပ်ပြာ၊ ပိတုန်း စသည်တို့အား အကူအညီဖြစ်စေသည်။
1
အပွင့်တို့သည် ဝတ်ဆံ အဖို၊ အမ နှစ်မျိုးလုံးပါရှိပြီးလျှင် ယေဘုယျအားဖြင့် ပွင့်ဖတ်သုံးခု ပွင့်ချပ်သုံးခု ပါရှိသည်။
1
ပွင့်ဖတ်တစ်ခုသည် အခြားပွင့်ဖတ် ပွင့်ချပ်များ လှပသည်ထက် ပိုမိုလှပထူးခြားသည်။
1
ပုံပန်းသဏ္ဌာန်တွင်လည်းကောင်း၊ အဆင်အသွေးတွင်လည်းကောင်း ပို၍ထူးကဲ လှပပြီးလျှင် ပန်းပွင့်တစ်ခုလုံးတွင် လိပ်ပြာ၊ ပျားကောင်နှင့် ပိတုန်းတို့ကို အဆွဲဆောင်နိုင်ဆုံးသော အစိတ်အပိုင်းဖြစ်သည်။
1
ထိုနှုတ်ခမ်း၏ ပုံသဏ္ဌာန်သည် တစ်ခါတစ်ရံ ကြိုးပြားနှင့်တူသည်။
1
အာကျယ်၍ အနားတွန့်များလည်း ရှိတတ်လေသည်။
1
ထိုအပွင့်၌ နားလာသော ပိုးကောင်များကို အပွင့်၏ အတွင်းပိုင်းရှိ ပန်းဝတ်ရည်ရှိရာသို့ ထိုပွင့်ဖတ်က လမ်းညွှန်ပြ သကဲ့သို့လည်း ရှိသည်။
1
ပိုးကောင်ကလေးများသည် ထိုပွင့်ဖတ်၏ အနေအထားအားဖြင့် ပန်းဝတ်ရည်ရှိရာသို့ ဝင်ရောက်ကြလေသည်။
1
သစ်ခွမျိုးတို့၏ ထူးခြားချက်မှာ ထောင်ပေါင်းများစွာသော ဝတ်မှုံများပါရှိသည့် ဝတ်မှုံဆဲတို့သည် တသီးတခြားစီ မရှိကြဘဲ ပူးကပ် သိပ်သည်းစွာရှိကြပြီးလျှင် အစုအခဲဖြစ်နေ၍ ယင်းကို ပိုလင်းနီးယားဟု ခေါ်သည်။
1
ပိုလင်းနီး ယား တို့သည် သစ်ခွအမျိုးအစားကို လိုက်၍ သစ်ခွတစ်ပွင့်လျှင် နှစ်ခုမှ ရှစ်ခုအထိ ပါရှိတတ်ရာ များသော အားဖြင့် နှစ်ခုပါလေ့ရှိ်သည်။
1
သစ်ခွပွင့်တို့၏ သဘာဝအလျောက် တည်ရှိနေသော အနေအထားကြောင့် ပျား၊ ပိတုန်းနှင့် ပိုးကောင်ငယ်တို့ ဝတ်ရည်သောက်သုံးပြီး၍ ပြန်အထွက်တွင် ပိုလင်းနီးယားတှို့နှင့် ထိခိုက်မိကာ ယင်းတို့သည် ပိုးကောင်ကလေးများတွင် ကပ်ပါ သွားလေသည်။
1
ထိုပိုလင်းနီးယားကပ်ပါသွားသော ပိုးကောင်ကလေးများသည် ပွင့်မှ တစ်ပွင့်၊ တစ်ပင်မှ တစ်ပင်သို့ လူးလာ ကူးသန်းကြခြင်းဖြင့် မျိုးစပ်ယှက်ခြင်းကို ဖြစ်ပေါ်စေသည်။
1
ပိုလင်းနီးယားတွင် ဝတ်မှုံအစုအခဲ ပါဝင်သဖြင့် မျိုးစပ်ယှက်ခြင်းသည် အောင်မြင်သည်သာ ဖြစ်လေသည်။
1
ယင်းသို့ဖြင့် ပိုးကောင်ကလေးများ၊ လိပ်ပြာ၊ ပျားကောင်၊ ပိတုန်းစသည်တို့သည် အမှတ်မထင် သဘာဝအလျောက် မျိုးစပ်ခြင်းကို ပြုသောကြောင့် သဘာဝ မျိုးစပ် သစ်ခွများ ပေါ်ပေါက်ခဲ့လေသည်။
1
အပူပိုင်းဇုံဒေသ သစ်ခွမျိုးတို့သည် များသောအားဖြင့် သဘာဝမျိုးစပ်သစ်ခွများ ဖြစ်ကြသည်။
1
ပိုးကောင်ကလေးများနှင့် ပျားကောင်၊ ပိတုန်း စသည်တို့က သဘာဝနည်းဖြင့် မျိုးစပ်၍ သစ်ခွပန်းမျိုး တိုးပွားစေသဖြင့်သာ သစ်ခွ ပန်းမျိုးများစွာ ပွားများခဲ့သည် မဟုတ်ပေ။
1
ပန်းဝိဇ္ဇာ၊ ပန်းပါရဂူတို့ကလည်း သိပ္ပံနည်း အမျိုးမျိုးဖြင့် ကိတ္တိမမျိုးစပ်ခြင်းကိုဆောင်ရွက်ကြလေရာ အလွန်ဆန်းကြယ်လှပသော သစ်ခွမျိုးစိတ် မျိုးပြားတို့သည် တိုးပွားလာခဲ့လေသည်။
1
သစ်ခွမျိုးတို့ကို တောင်အမေရိကသစ်ခွမျိုးနှင့် အရှေ့အိန္ဒိယကျွန်းစုသစ်ခွမျိုးဟူ၍ အုပ်စုနှစ်ခု ခွဲထားကြသည်။
1
ပထမ သစ်ခွမျိုးတို့သည် မြောက်အမေရိကတောင်ပိုင်း နိုင်ငံများနှင့် တောင်အမေရိက နိုင်ငံများတွင် အလေ့ကျပေါက်သည်။
1
တောင်အမေရိကအုပ်စုဝင် ကက်တလီယာမျိုးခွဲမှ သစ်ခွမျိုးတို့သည် လူကြိုက် အများဆုံးနှင့် အဖိုးတန်ဆုံးဖြစ်ကြသည်။
1
မျိုးစိတ်နှင့် မျိုးပြားလည်း အများဆုံး ဖြစ်သည်။
1
ထိုသစ်ခွမျိုးတို့သည် တောင်အမေရိကတိုက် နိုင်ငံများ၌ အများဆုံးပေါက်သည်။
1
ထို့ပြင် လီလီယာ၊ အွန်ဆစ်ယမ်၊ အိုဒွန်တိုဂလော့ဆမ်၊ မီလတိုးနီးယား အစရှိသော တောင်အမေရိက အုပ်စုဝင် နာမည်ကျော် သစ်ခွမျိုးခွဲများလည်း ရှိပေသေးသည်။
1
အရှေ့အိန္ဒိယကျွန်းစု အုပ်စုဝင် သစ်ခွမျိုးတို့သည် အာရှတိုက်တောင်ပိုင်းနိုင်ငံများနှင့် ဩစတြေးလီးယားတိုက် တွင် ပေါက်ရောက်သည်။
1
ထိုအုပ်စုထဲတွင် ဒင်ဒရိုဗီယမ် မျိုးခွဲဝင် သစ်ခွတို့သည် အရေး အပါဆုံးဖြစ်သည်။
1
ထိုသစ်ခွမျိုးကို အရှေ့အိန္ဒိယကျွန်းစု၊ အာသံပြည်နယ်၊ မြန်မာနိုင်ငံနှင့် ဩစတြေး လီးယားနိုင်ငံတို့တွင် တွေ့ရသည်။
1
ဖောလီနော့ပဆစ်မျိုးခွဲဝင် သစ်ခွတို့သည် အလွန်လှပ၍ ရှားပါး သဖြင့် အဖိုးတန်သည်။
1
လှပသောရောင်စုံငှက်ကလေးများနှင့် သဏ္ဌာန်တူသည့် အမျိုးအစားများလည်း ပါရှိသည်။
1
ဖိလစ်ပိုင်ကျွန်းစု၊ မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံတို့တွင် ပေါက်ရောက်သည်။
1
အရှေ့အိန္ဒိယ ကျွန်းစု သစ်ခွမျိုးဝင် အခြားမျိုးခွဲတို့မှာ ဗန်ဒါ၊ ဆင်ဗစ်ဒီယမ်၊ ဆီလော့ဂျီနီ၊ ရီနန်းသီးရာ စသည်တို့ ဖြစ်ကြလေသည်။
1
ကမ္ဘာတွင် ထူးဆန်းလှပသော အဖိုးတန်သစ်ခွမျိုးစုံ ရှိသော နိုင်ငံသည် မြောက်အမေရိကတိုက် တောင်ပိုင်းရှိ မက္ကဆီကိုနိုင်ငံ ဖြစ်သည်။
1
ထိုနိုင်ငံ၏ တောတောင်သေလာ ရေတံခွန်စိမ့်စမ်းနှင့် လျှိုမြောင်ချောက်ကမ္ဘားကြီးများတွင် အဖိုးတန်၍ လှပသော သစ်ခွမျိုး၊ ပုံပန်းသဏ္ဌာန် ထူးထွေ ဆန်းပြားသော သစ်ခွမျိုးတို့ အရောင်အသွေးစုံ၊ မျိုးစိတ်များပြား အစုံရှိသဖြင့် သစ်ခွပန်းလောကတွင် ထိုနိုင်ငံသည် နာမည် ကြီးလှပေသည်။
1
အရှေ့နိုင်ငံများတွင် နာမည်ကျော် သစ်ခွပန်းများ ပေါ်ထွက်ရာတိုင်းပြည်တို့မှာ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်ကြသည်။
1
အင်ဒိုနီးရှားနိုင်ငံတွင် ဗန်ဒေါင်းညီလာခံပြုလုပ်ခဲ့ သော ဗန်ဒေါင်းမြို့ အနီးရှိ ဗိုဂိုဥယျာဉ်သည် ကမ္ဘာကျော် သစ်ခွ အဆန်းအပြားများနှင့် သဘာဝသစ်ခွ အလှအပများ ပေါ်ထွက်၍ နာမည်ကျော်ကြားလှပေသည်။
1
ထိုဥယျာဉ်မှ နှစ်စဉ် သစ်ခွပန်းအဆန်းများကို ကိတ္တိမ မျိုးစပ် ထုတ်လုပ်ခဲ့ရာ ဗန်ဒေါင်းညီလာခံအပြီးတွင်လည်း ထိုဥယျာဉ်မှ မျိုးစပ် ထုတ်လုပ်ခဲ့သည်။
1
ဖိလစ်ပိုင်နိုင်ငံနှင့် ဟဝိုင်းယန်းကျွန်းစုမှ သစ်ခွဥယျာဉ်တို့သည်လည်း ကျော်ကြားလေသည်။
1
သစ်ခွပန်းများသည် တန်ဖိုးရှိသဖြင့် ကမ္ဘာ့ပန်းလောကတွင် အထူးတလည် စိုက်ပျိုးပြုစုကြသည်။
1
ကမ္ဘာ့နိုင်ငံကြီးများတွင် သစ်ခွပန်းစိုက်ပျိုးရေးကို ငွေအရင်းအနှီး သိန်းသန်းချီ၍ လုပ်ငန်းကြီး တစ်ခုအနေဖြင့် လုပ်ကိုင်ကြသည်။
1
သစ်ခွပန်းအမျိုးအစားအလိုက်၊ ယင်းတို့ နှစ်သက်သောရာသီဥတု၊ အပူအအေး၊ အာဟာရနှင့် ပတ်ဝန်းကျင်မျိုးကို ရရှိလေအောင် ဖန်မှန်အဆောက်အအုံများ၊ အပူငွေ့ ပေးထားနိုင်သော အဆောက်အအုံများဖြင့် စံနစ်တကျ စိုက်ပျိုးထားသောကြောင့် သစ်ခွပန်းများ အစဉ်သဖြင့် ဖူးပွင့်နေသော သစ်ခွဥယျာဉ်ကြီးများကို ဖန်တီးနိုင်ကြသည်။
1
ထိုကြောင့် ထိုနိုင်ငံကြီး များတွင် မင်းစိုးရာဇာ သူဌေးသူကြွယ် အထက်တန်းစားများသည် ပွဲလမ်းသဘင် နေ့ကြီးရက်ကြီးများ၊ အထိမ်းအမှတ်နေ့များ၊ မွေးနေ့များတွင် အဆိုပါသစ်ခွဥယျာဉ်၊ ပန်းခြံ၊ ပန်းဆိုင်များ၌ မိမိတို့ အလိုရှိသော သစ်ပန်း သစ်ခွပင်တို့ကို အပွင့်အရောင်နှင့်တကွ ငွေကြိုတင်ပေး၍ မှာထားကြသည်။
1
အလိုရှိသောနေ့ရက်တွင် မှာထားသည့် သစ်ခွပန်း အရောင်အတိုင်းရရှိ၍ အဖူးအပွင့်နှင့် တကွ မှန်သေတ္တာတွင် ထည့်ပြီးလျှင် တစ်ဦးမှတစ်ဦးသို့ လက်ဆောင်ပေးနိုင်ကြလေသည်။
1
သစ်ခွပန်းစိုက်ပျိုးရာဌာနကြီးများတွင် ဓာတ်ခွဲရုံ ကြီးများ အကြီးအကျယ်ထားရှိပြီးလျှင် နှစ်စဉ် သစ်ခွပန်း အသစ်အဆန်း အလှအပများကို တီထွင်မျိုးစပ်ခြင်းများ ပြုလုပ်၍ ကမ္ဘာသို့ရောင်းချခဲ့ရာ အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်ရှိ သစ်ခွဥယျာဉ်ကြီးတစ်ခုမှာ ၁၉၆၂ ခုနှစ်ထဲတွင် သစ်ခွမျိုးစပ်အဆန်း ၃ဝ ကျော် ထုတ်လုပ်နိုင်ခဲ့သည်။
1
မြန်မာနိုင်ငံအရပ်ရပ် အနယ်နယ်တို့၌ စိမ့်ကြီး မြိုင်ကြီး၊ ရိပ်ကြီးတောတောင်တို့တွင်သာမက လူနှင့်နီးစပ်သော မြေပြန့်ဒေသများ၏ သစ်တောများ၌ပင် သစ်ခွအမျိုးမျိုးတို့ သဘာဝအလျောက် ပေါက်ရောက်ကြသည်ကို တွေ့ရသည်။
1
သို့သော် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ တနင်္သာရီနှင့် ရခိုင်ရိုးမစသော တောင်ကုန်းဒေသများ၌ အလွန်လှပသော သစ်ခွမျိုးများအပါအဝင် သစ်ခွမျိုးတို့ကို ပို၍ အများအပြား တွေ့ရသည်။
1
အထူးသဖြင့် ရှမ်းပြည်နယ်နှင့် ချင်းတွင်းမြစ်ဝှမ်း တို့တွင် သစ်ခွအလွန်ပေါ သည်။
1
စိုစွတ်သော ရာသီဥတု ရှိ၍ မြေပြင် အမြင့်ပေ ၄၂ဝဝ မှ ပေ ၅ဝဝဝ ရှိသော တောင်ကုန်းဒေသတို့၌ သစ်ခွများ ပိုမို ဖြစ်ထွန်းလေသည်။
1
သို့သော် တစ်နေရာ တစ်ဒေသတည်းတွင် သစ်ခွမျိုးတို့ အစုံအလင်ပေါက်ခြင်းကိုမူ တွေ့ရခဲပေသည်။
1
မေမြို့ ရုက္ခဗေဒ ဥယျာဉ် သည် မြန်မာနိုင်ငံတွင် သစ်ခွ အစုံဆုံး၊ အများဆုံး ဖြစ်သည်။
1
သစ်တောဌာနခွဲ၏ လက်အောက်ခံဖြစ်သဖြင့် ဌာနဆိုင်ရာ စုဆောင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံသစ်ခွမျိုးစုံ ၏ စံပြဥယျာဉ်ပမာ ဖြစ်ခဲ့သည်။
1
ဒုတိယကမ္ဘာစစ် မတိုင်မီက ထိုဥယျာဉ်တွင် မြန်မာသစ်ခွ မျိုးစိတ်ပေါင်း ၃ဝဝ နီးပါးနှင့် အပင်ပေါင်း ၄ဝဝဝ ကျော် ရှိခဲ့ဖူးလေသည်။
1
စစ်အတွင်းက စစ်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရာ ယခု ပြန်လည်စုဆောင်း ပြုစုဆဲ ဖြစ်လေသည်။
1
ယင်းတို့တွင် မြေပေါက်သစ်ခွမျိုး တို့လည်း ပါဝင်သည်။
1
မြန်မာနိုင်ငံသို့လာရောက်၍ သစ်ခွမျိုးတို့ကို လေ့လာသုတေသနပြုခဲ့သော အင်္ဂလိပ်လူမျိုး ရုက္ခဗေဒ ပါရဂူကြီး ကင်းဒမ်ဝဒ်က မြန်မာနိုင်ငံ၌ သစ်ခွမျိုးစိတ်ပေါင်း ၁ဝဝဝ မှ ၁၅ဝဝ အထိရှိ၍ မလ္လာယု ကျွန်းဆွယ်တွင် ၈ဝဝ ခန့် ရှိသည်ဟု ဆိုလေသည်။
1
မြန်မာနိုင်ငံတွင် သစ်ခွမျိုးတို့ ပေါလှသော်လည်း သစ်ခွပန်းစိုက်ပျိုးရေးကို လုပ်ငန်းတစ်ရပ်အနေဖြင့် စိုက်ပျိုး လုပ်ကိုင်ခြင်း နည်းပါးခဲ့သည်။
1
များသောအားဖြင့် မြန်မာသစ်ခွတို့သည် တစ်နှစ်တစ်ကြိမ် မျှသာ ဖူးပွင့်ကြ၍ ရာသီဥတုနှင့် ရေမြေဒေသရွေးသော သစ်ခွမျိုးတို့သာလျှင် များပြားသဖြင့် ပြုစု စိုက်ပျိုးရသည့်စရိတ်နှင့် မကာမိသည့် အကြောင်းများလည်း ပါဝင်ပေမည်ဟု ယူဆရသည်။
1
ထို့ပြင် သစ်ခွအရောင်းအဝယ် မဖွံ့ဖြိုးခြင်းတွင် သစ်ခွမျိုးတို့၏ ရုက္ခဗေဒအမည်တို့ကို သိရှိတတ်ကျွမ်းသူနည်းခြင်း၊ ပြည်တွင်းအရောင်းအဝယ် မရှိခြင်း၊ စိုက်ပျိုးရေး၌ ကျွမ်းကျင်မှုမရှိခြင်း၊ မျိုးစပ်ခြင်း၌ ကျွမ်းကျင်မှုမရှိခြင်း တို့လည်း ပါဝင်သည်ဟု အချို့က ထင်မြင်ကြသည်။
1
သို့ရာတွင် မကြာလှသေးသော နှစ်များမှ စတင်၍ မေမြို့ရှိ သစ်တောဌာနခွဲ၏ သစ်ခွဥယျာဉ်နှင့် ရန်ကုန်မြို့ မင်္ဂလာဒုံရှိ သစ်တောဌနခွဲ၏ သစ်ခွဥယျာဉ်တို့တွင် သစ်ခွအမျိုးမျိုးတို့ကို စံနစ်တကျ ပြုစုစိုက်ပျိုးကာ နိုင်ငံခြားသို့ တင်ပို့လျှက် ရှိကြလေပြီ။
1
ကြော့မော့ လှပယဉ်ကျေးသော သစ်ခွပန်းတို့ကို ခုံမင်မြတ်နိုး တန်ဖိုးထားကြသဖြင့် အမေရိကန်ပြည်ထောင်စု သည် နှစ်စဉ် ဒေါ်လာ သောင်း သိန်းနှင့် ချီ၍ တန်ဖိုးရှိသော သစ်ခွပန်းမျိုးတို့ကို တောင်အမေရိက နိုင်ငံများမှလည်းကောင်း၊ အရှေ့အိန္ဒိယကျွန်းစုမှလည်းကောင်း၊ ဖိလစ်ပိုင်ကျွန်းစုမှလည်းကောင်း မှာယူတင်သွင်း ရောင်းချကြသည်။
1
အချို့ဥရောပနိုင်ငံများ၌ လည်း ယင်းသို့ပင် နိုင်ငံခြားမှ သစ်ခွမျိုး အဆန်းအပြား တို့ကို တန်ဖိုးငွေ အမြောက်အမြားပေး၍ တင်သွင်းကြသည်။
1
ယင်းသို့ တန်ဖိုးထား၍ ဈေးကောင်းရသဖြင့်လည်း သစ်ခွပန်းရှာဖွေသူတို့သည် တောနက်ရာ လျှိုမြောင်အထပ်ထပ် ကာဆီးရာ တို့သို့ ခရီးလမ်း၏ ကြမ်းတမ်းမှုကို ပမာမထား၊ သားရဲတို့၏ ဘေးအန္တရာယ်ကို မမှု၊ အဖျားအနာ ထူပြောမှုကိုလည်း မရွံ့ဘဲ သက်စွန့်ကြိုးပမ်း သစ်ခွအဆန်းကို အရှာထွက်ကြသည်။
1
ဗော်နီယိုကျွန်းကဲ့သို့ ဒေသမျိုးတွင် သားစားလူရိုင်းတို့၏ ဒေသသို့ပင် ချဉ်းနင်းဝင်ရောက် သစ်ခွရှာခဲ့ကြသည်။
1
ယင်းသို့ သစ်ခွရှာသူများကြောင့် သစ်ခွမျိုး ပြုန်းသွားမည့် အခြေမရောက်စေရန် တောင်အမေရိကတိုက် အချို့ နိုင်ငံများတွင် သစ်ခွပင်ရှာဖွေရေးကို ဥပဒေထုတ်ကာ ပိတ်ပင်ခဲ့ကြရသည်။
1
မြန်မာနိုင်ငံတွင်လည်း မကြာသေးမီက သစ်ခွစိုက်ပျိုးရေး ခေတ်စားလာရာ သစ်ခွပင် ရှာဖွေသူများသည် သစ်ခွတစ်ပင်ရရှိရေး အတွက် သစ်ပင်ကြီးများကို စည်းမဲ့ကမ်မဲ့ ခုတ်လှဲခြင်း၊ ယင်းတို့မလိုသော သစ်ခွပင်များကို အရမ်းမဲ့ ဖြုန်းတီးပစ်ခြင်းတို့ဖြင့် သစ်တောများကို ဖျက်ဆီးရာရောက်အောင် ပြုကြသောကြောင့် အစိုးရက သစ်ခွပင်ရှာဖွေခြင်းကို အမိန့်ထုတ် ...
1
မြန်မာ အိမ်တိုင်းလိုလို၌ သစ်ခွပင် တစ်အုံစ၊ နှစ်အုံစကို သစ်တုံးတွင် ကပ်၍ အိမ်တံစက်မြိတ်တွင် ချိတ်ဆွဲ၍လည်းကောင်း၊ အိမ်အနီးအပါးရှိ သစ်ပင်တို့၌ကပ်၍လည်းကောင်း စိုက်ပျိုးကြသည်ကို အတွေ့ရများသည်။
1
သစ်ခွမျိုးတို့ကို ဥတက်များ ခွဲထုတ်၍လည်းကောင်း၊ အသီးတောင့်မှ အစေ့များကို ပျိုး၍လည်းကောင်း စိုက်ကြသည်။
1
အသီးတောင့်သည် ခြောက်လာသည့်အခါ အလယ်မှ သုံးမြှောင့်ကွဲ၍ ထောင်ပေါင်းများစွာသော အစေ့များ ထွက်ကျသည်။
1
ထိုအစေ့များသည် အလွန်သေးငယ်သဖြင့် လေထဲတွင် လွင့်ပါနိုင်ရာ ဤနည်းအားဖြင့်လည်း သစ်ခွမျိုး ပြန့်ပွားလေသည်။
1
များသောအားဖြင့် သစ်ခွတို့သည် သစ်ခွဟူသော အမည်နှင့် လျော်ညီစွာ သစ်ပင်များတွင် တွယ်ကပ်ပေါက် ကြသည်။
1
ယင်းတို့သည် တိုက်ရိုက် အလင်းရောင်ထက် ပျံ့နှံ့လာသောအလင်းရောင်ကိုကြိုက် နှစ်သက်ကြ၍ တစ်မျိုးနှင့်တစ်မျိုး ကြိုက်နှစ်သက်ပုံ ကွဲပြားသည်။
1
သစ်ခွနီ၊ ရိုးဆက်ကြီးတို့သည် တိုက်ရိုက်အလင်းရောင်ကို နှစ်သက်ကြ၍ သစ်ပင်ရွက်အုပ် ထိပ်ဖျား၌ ပေါက်ရောက်ကြသည်။
1
သရက်၊ သင်္ဘောကုက္ကို၊ ကျွန်း၊ အင်၊ သစ်ချ၊ ထင်းရူး အစရှိသည့် အပင်များ၌ တွယ်ကပ်ပေါက်ရောက်ခြင်း များပြား၍ သစ်ပင်အခေါက် ချောမွေ့ခြင်း၊ ကြမ်းတမ်းခြင်းတို့၌လည်း သစ်ခွတစ်မျိုးနှင့်တစ်မျိုး နှစ်သက်ပုံ မတူချေ။
1
သစ်ပင်များ၌ တွယ်ကပ်ပေါက်ရောက်ကြသော်လည်း သစ်ခွပင် အများအပြား စိုက်ပျိုးလိုသူတို့ အတွက် ပန်းအိုးများဖြင့် ထည့်၍ စိုက်ပျိုးခြင်းသည် ပို၍အဆင်ပြေသည်။
1
သစ်ခွပင်တို့သည် အမြစ်ကို လေတိုက်နေမှ သာလျှင် ရှင်သန်ကြီးထွား၍ ဖူးပွင့်ကြလေရာ ရေဆင်းကောင်းပြီးလျှင် အမြစ်များ လေရနိုင်စေရန် နံဘေး၌ပါ အပေါက်ပါသော ပန်းအိုးများဖြင့် စိုက်ပျိုး ကြရသည်။
1
အချို့သော စိုက်ပျိုးသူတို့သည် လေဝင်ပေါက် များများပါသော ဝါးခြင်း၊ သစ်သားခြင်း၊ ဝါးဗူးတောင်းများဖြင့် စိုက်ပျိုးကြလေ သည်။
1
ပန်းအိုးထဲ၌ ထည့်၍ စိုက်ပျိုးသည့်အခါ အမြစ်များ အိုးထဲ၌ ချောင်ချောင်ချိချိရှိ၍ လေဝင်နိုင် ရန် အိုးခြမ်းကွဲများ ခံပေးရသည်။
1
အချို့ကမူ အုတ်ကျိုး အပိုင်းအစများကို ထည့်ပေးကြသည်။
1
ထို့ပြင် အုန်းဆန်များ၊ မီးသွေးများကိုလည်း ထည့်၍ စိုက်ပျိုးကြသေးသည်။
1
နိုင်ငံခြား သစ်ခွဥယျာဉ်များ တွင် အော့စမန်ဒါဖန်းခေါ် ဍရင်ကောက် သစ်ပင်၏ ပင်စည်ကိုလည်း အသုံးပြုကြလေသည်။
1
သစ်ခွကို အစေ့စိုက်ပျိုးခြင်းသည် အထူးလုပ်ငန်း တစ်ရပ် ဖြစ်ပေသည်။
1
ပုလင်းထဲတွင်အေဂါခေါ် ကျောက်ကျောတမျိုး၊ သကြား၊ နိုက်တြိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်၊ သံ အစရှိသော အာဟာရ ဓာတ်များကို အချိုးကျထည့်၍ စိုက်ပျိုးကြရသည်။
1
ထိုသို့စိုက်ပျိုးခြင်းကို မှို အစရှိသော ဖျက်ဆီးတတ် သော သဘောရှိသည့် အပင်မျိုး ပုလင်းထဲမဝင်ရန် အထူးဓာတ်ခွဲခန်းများ၌ ဆောင်ရွက်ရပြီးလျှင် ပေါက်ရောက်လာသော အပင်ငယ်များ ကြီးထွားလာသည်နှင့် အမျှ အခြားပုလင်းများထဲသို့ ပြောင်းရွှေ့ စိုက်ပျိုးခြင်းကို ပြုကြရလေသည်။
1
သဇင်ပန်းနှင့် အချို့သစ်ခွမျိုး အနည်းငယ်မှလွဲလျှင် မြန်မာသစ်ခွတို့သည် များသော အားဖြင့် မတ်လ၊ ဧပြီလ၊ မေလတည်းဟူသော မိုးမကျမီ အချိန်များတွင်ဖူးပွင့်ကြသည်။
1
သို့သော် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများသည်မူ ကြောင်မြီးတူနှင့် စလဲထော်ဟုလည်း ခေါ်ကြသော သစ်ခွမျိုးတို့ ဒလှိုင်ဒသောအချိန် ဖြစ်သည်။
1
နိုင်ငံခြားမျိုးစပ် သစ်ခွတို့ကား ပြုစုပျိုးထောင်မှုကိုလိုက်၍ အချိန်မရွေး ဖူးပွင့်ကြသည်။
1
သစ်ခွတို့သည် နုနယ်လှပစွာ ဖူးပွင့်ကြသော်လည်း အပွင့်များသည် မနွမ်းလွယ်၊ မကြေ လွယ်ဘဲ ရက်ကြာရှည် ခံလေသည်။
1