text
string
label
int64
ယခင်က ကိုယ်ဝန်ဖျက်ချမှုနှင့် ပတ်သက်သော ကိစ္စကို ပြည်နယ်အလိုက် ဆုံးဖြတ်ခွင့် ပေးထားသော်လည်း ၁၉၇၃ခုနှစ် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်မှ အစပြု၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခွင့်ပြုပေးခဲ့သည်။
1
ထိုကိစ္စမှာ အငြင်းပွားစရာ ကိစ္စတစ်ရပ် ဖြစ်နေခဲ့ပြီး နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင်ပင် အများပြည်သူ၏ အယူအဆမှာ အမျိုးမျိုး အစားစား ကွဲပြား နေခဲ့သည်။
1
ပြည်နယ်အများစုတွင် ကိုယ်ဝန်ဖျက်ချခြင်း အတွက် အများပြည်သူဆိုင်ရာ ထောက်ပံ့ကြေးကို တားမြစ်ထားခြင်း၊ နှောင်းမှ ဖျက်ချခြင်းကို ကန့်သတ်ထားခြင်း၊ အရွယ်မရောက်သေးသူများ အတွက် မိဘအား အသိပေးရန် လိုအပ်ခြင်း နှင့် မဖျက်ချမီ အချိန်ကာလ တစ်ခု စောင့်ဆိုင်းရန် ပြဋ္ဌာန်းထားခြင်းတို့ ရှိသည်။
1
ကိုယ်ဝန်ဖျက်ချမှုနှုန်းမှာ ကျဆင်းလာသော်လည်း အချိုးအစား အရ ကလေး ၁၀၀၀ လျှင် ၂၄၁ ဦး ဖျက်ချမှု ရှိနေပြီး ၁၅ နှစ်မှ ၄၄ နှစ်အတွင်း အမျိုးသမီး ၁၀၀၀ တွင် ၁၅ ဦး ဖျက်ချမှု ရှိနေသဖြင့် အခြားသော အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များပြားနေသေးသည်။
1
အား တကမ္ဘာလုံးမှ အမေရိကန်၏ ပြယုဂ် အဖြစ်နှင့် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် အခွင့်အလမ်းတို့၏ ဝိဉာဏ အဖြစ် မှတ်ယူကြသည်။
1
အမေရိကန် ယဉ်ကျေးမှုသည် ကမ္ဘာပေါ်တွင် တစ်သီးတစ်သန့် အဖြစ်ဆုံး ယဉ်ကျေးမှုဟု မှတ်ယူကြသည်။
1
အမေရိကန် အိပ်မက် သို့မဟုတ် အမေရိကန်တို့သည် လူမှုအဆင့်အတန်း အမြင့်ဆုံး အထိ မြင့်တက်လာနိုင်သည့် အခွင့်အလမ်းရှိသည် ဟူသည့် အယူအဆမှ ရွှေ့ပြောင်းနေထိုင်ချင်သူ အများစုကို ဆွဲဆောင်နိုင်သည်။
1
အမေရိကန်၏ လူလတ်တန်းစား နှင့် ပရော်ဖက်ရှင်နယ် အဆင့်အတန်း ရှိသူများမှ ခေတ်သစ် သာတူညီမျှ အမျိုးသမီးဝါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝါဒ နှင့် ယဉ်ကျေးမှု အမျိုးမျိုးရှိသော ဝါဒ အစရှိသော ယနေ့လက်ရှိ လူမှုရေး လမ်းကြောင်းများကို အစပျိုးပေးခဲ့သည်။
1
အမေရိကန်တို့၏ မိမိဘာသာ ရှုမြင်မှု၊ လူမှုရေး အမြင် နှင့် ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်များသည် ၎င်းတို့ လုပ်ကိုင်သော အလုပ်အကိုင်နှင့် မကြုံစဖူး နီးစပ်နေလေ့ ရှိသည်။
1
အမေရိကန်များ အနေနှင့် လူမှုစီးပွားရေး ဆိုင်ရာ အောင်မြင်မှုများကို အလွန်တန်ဖိုးထားလေ့ ရှိသော်လည်း သူလိုငါလို လူသာမန် ဖြစ်ခြင်းကို ယေဘုယျအားဖြင့် ကောင်းသည့် အချက်အဖြစ် ရှုမြင်လေ့ ရှိကြသည်။
1
နောက်တစ်နှစ်တွင် ပထမဆုံးသော ရုပ်ရှင်ပွဲကို နယူးယောက် မြို့တော်တွင်ပင် ပြသခဲ့ပြီး နောက်ထပ် ဆယ်စုနှစ်များတွင် အမေရိကန် ပြည်ထောင်စုသည် အသံထွက် ရုပ်ရှင် ထုတ်လုပ်မှုတွင် ရှေ့ပြေးဖြစ်ခဲ့သည်။
1
အမေရိကန်များသည် ကမ္ဘာပေါ်တွင် တယ်လီဗွီးရှင်း အကြည့်ဆုံးသော လူမျိုးများ ဖြစ်ကြသည်။
1
တယ်လီဗွီးရှင်း ကြည့်သော အချိန်မှာ တဖြည်းဖြည်း မြင့်တက်လျက် ရှိပြီး ၂၀၀၆ ခုနှစ်တွင် ပျမ်းမျှ တစ်နေ့ ၅ နာရီနှုန်း အထိ ရောက်ရှိလာခဲ့သည်။
1
တယ်လီဗွီးရှင်း လွှင့်ထုတ်သော အဓိက ကွန်ယက် ၄ ခုစလုံးမှာ စီးပွားဖြစ် ထုတ်လွှင့်မှုများ ဖြစ်ကြသည်။
1
အမေရိကန်တို့သည် ရေဒီယိုထုတ်လွှင့်မှုများကိုလည်း နားထောင်လေ့ ရှိပြီး အများအားဖြင့် စီးပွားဖြစ် ထုတ်လွှင့်မှုများကို နားထောင်လေ့ ရှိကာ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၂ နာရီခွဲနှုန်း ဖြစ်သည်။
1
ဖော့ခ် ဂီတ၏ အစိတ်အပိုင်းများမှ အသုံးအနှုန်းများ ဖြစ်ပြီး ယခုအခါတွင် ခေတ်ဟောင်းဂီတဟု သိရှိနေကြသည့် ဘလူး ဂီတ စသည်တို့အား တကမ္ဘာလုံးရှိ ပရိသတ်တို့ နှစ်ခြိုက်အားပေးသော ဂီတအမျိုးအစားများ အဖြစ် ပြောင်းလဲခဲ့ကြသည်။
1
နှင့် ချပ်ခ် ဘယ်ရီတို့သည် ၁၉၅၀ ခုနှစ် အလယ်ပိုင်းများ အတွင်း ရော့ခ်အင်ရိုးဂီတကို ရှေးဦးဖန်တီးခဲ့သူများတွင် ပါဝင်သည်။
1
အမေရိကန်တို့၏ လတ်တလော တီထွင်မှုများတွင် ဟစ်ဟော့ပ် ဂီတ နှင့် ဟောက်စ် ဂီတတို့ ပါဝင်သည်။
1
အမေရိကန် ပေါ့ပ်စတားများဖြစ်ကြသော ပရက်စလေ၊ နှင့် မက်ဒေါနား တို့သည် ကမ္ဘာကျော် အဆိုတော်များ အဖြစ် ရပ်တည်ခဲ့ကြသည်။
1
နသန်နီယယ် ဟော်သွန်း၊ အက်ဒ်ဂါ အယ်လန် ပိုး နှင့် ဟင်နရီ ဒေးဗစ် သောရိုး တို့က ၁၉ ရာစု အလယ်ပိုင်းတွင် အမေရိကန် စာပေ၏ တသီးတခြား ထင်ရှားသောဟန်ကို ဖော်ထုတ်နိုင်ခဲ့ ကြသည်။
1
မာ့ခ်တွန်း နှင့် ကဗျာဆရာ ဝေါ့သ် ဝှစ်တ်မန်း တို့မှာ ရာစုနှစ်၏ ဒုတိယပိုင်း တစ်ဝက်တွင် အဓိက အရေးပါသော ထင်ရှားသူများ ဖြစ်ကြသည်။
1
အယ်မလီ ဒစ်ကင်ဆန် ကို သူမ အသက်ရှင်စဉ်ကာလက သိရှိသူ မရှိသလောက် နည်းသော်လည်း အခုအခါတွင် အမေရိကန်၏ မရှိမဖြစ် ကဗျာဆရာမ တစ်ဦး အဖြစ် အသိအမှတ် ပြုလာကြသည်။
1
အမေရိကန်နိုင်ငံသား ၁၂ ဦးတို့သည် စာပေဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိခဲ့ပြီး နောက်ဆုံးရရှိခဲ့သူမှာ ၂၀၂၀ ခုနှစ်တွင် ရရှိခဲ့သော လူးဝီစ် ဂလက်ဒ် ဖြစ်သည်။
1
ဝီလီယမ် ဖော့သ်ကနာ နှင့် အားနတ်စ် ဟဲမင်းဝေးတို့အား မကြာခဏဆိုသလိုပင် ၂၀ ရာစု၏ လွှမ်းမိုးမှု အရှိဆုံး စာရေးဆရာများ အဖြစ် အမည်တပ် လေ့ ရှိသည်။
1
ဘိ မျိုးဆက်ဟု ခေါ်သည့် စာရေးဆရာ တစ်စုက ခေတ်သစ် စာပေ အရေးအသားများကို စတင်ဖွင့်လှစ်ခဲ့ပြီး ထိုအုပ်စုထဲတွင် ပို့စ်မော်ဒန် စာရေးဆရာများ ဖြစ်ကြသော ဂျွန်ဘာ့တ်၊ သောမတ်စ် ပင်ချွန် နှင့် ဒွန် ဒယ်လီလို စသူတို့ ပါဝင်သည်။
1
ဂျွန်ရောလ် နှင့် ရောဘတ် နိုဇစ်ခ် တို့က နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်ပညာကို ပြန်လည် အသက်သွင်းခဲ့သည်။
1
သောမတ်စ် အီကင်၏ သရုပ်မှန် ပန်းချီများမှာ ယခုအခါတွင် အလွန်ထင်ရှားနေပြီ ဖြစ်သည်။
1
အရေးပါသော အနုပညာလှုပ်ရှားမှုများ ဖြစ်ကြသည့် ဂျက်ဆန် ပိုးလော့ခ် နှင့် ဝီလမ် ဒီ ကွန်းနင်း တို့၏ အက်ဘ်ဆထရက် အိတ်စပရက်ရှင်နစ်ဇင် ဝါဒ၊ အန်ဒီ ဝါဟိုး နှင့် ရွိုင်း လစ်တန်ရှတိန်းတို့၏ ပေါ့ပ်အတ် စသည်တို့သည် အမေရိကန်ပြည်ထောင်စုတွင်ပင် အများစု ဖြစ်ပေါ်ခဲ့သည်။
1
မော်ဒန်ဝါဒနှင့် ပို့စ်မော်ဒန်ဝါဒ ရေစီးကြောင်းများက အမေရိကန် ဗိသုကာပညာရှင်များ ဖြစ်ကြသော ဖရန့်ခ် လွိုက် ရိုက်၊ ဖိလစ် ဂျွန်ဆင် နှင့် ဖရန့်ခ် ဂေရီ တို့အား ကျော်ကြားမှု ရရှိစေခဲ့သည်။
1
အမေရိကန်တွင် ပြဇာတ်နှင့် ပတ်သက်၍ အဓိက မြှင့်တင်ခဲ့သူမှာ ပြဇာတ်စီစဉ်သူ ပီ တီ ဘာနမ် ဖြစ်ပြီး ၁၈၄၁ ခုနှစ်တွင် မက်ဟက်တန် အောက်ပိုင်းတွင် ဖျော်ဖြေရေး အဆောက်အဦးများကို စတင် ဆောင်ရွက်ခဲ့သည်။
1
ပြဇာတ်ရေးဆရာ ယူဂျင်း အို နေးလ်သည် ၁၉၃၆တွင် စာပေ ဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိခဲ့ပြီး အခြားပြဇာတ်နှင့် သက်ဆိုင်သူများထဲမှ ဆုရရှိကြသူများမှာ ပူလစ်ဇာဆု ရရှိခဲ့ကြသော တင်နက်ဆီ ဝီလီယမ်၊ အက်ဒဝပ် အယ်လ်ဘီး နှင့် အော်ဂတ်စ် ဝီလ်ဆင်တို့ ဖြစ်ကြသည်။
1
ထိုအချိန်ထိုအခါက လူသိနည်းခဲ့သော်လည်း ၁၉၁၀ ခုနှစ်များမှ ချားလ်စ်အိုက်ဗ်၏ ရေးသားတက်ဆက်မှုများမှာ ဂန္ထဝင်ဆိုင်ရာ ဂီတတွင် အမေရိကန် တေးရေးဆရာ တစ်ယောက်၏ ပထမဆုံး အဓိက ပါဝင်ပတ်သက်မှု ပင် ဖြစ်သည်။
1
စမ်းသပ်တီထွင်သူများ ဖြစ်ကြသည့် ဟင်နရီ ကိုဝဲလ် နှင့် ဂျွန်ကေ့ဂျ် တို့သည် ဂန္ထဝင်ဂီတ ဆိုင်ရာ တေးသွားများ ရေးဖွဲ့မှုအတွက် တမူထူးခြားသော အမေရိကန် နည်းလမ်းဖြင့် ချည်းကပ်မှုကို ဖန်တီးခဲ့သည်။
1
အာရွန် ကော့ပ်လန်းနှင့် ဂျော့ရှ် ဂါ့ရှ်ဝင်တို့က ခေတ်ပေါ်ဂီတနှင့် ဂန္ထဝင်ဂီတ အရောအနှောကို ဖန်တီး ခဲ့ကြသည်။
1
အကဆရာများ ဖြစ်ကြသည့် အစ်ဆာဒိုရာ ဒွန်ကန် နှင့် မာသာ ဂရေဟမ် တို့သည် ခေတ်ပေါ်အကကို ကူညီ တီထွင်ခဲ့ကြပြီး ဂျော့ရှ် ဘလန်ချိုင်း နှင့် ဂျရုန်း ရော်ဘင်တို့မှာ ၂၀ ရာစု ဘဲလေး အက၏ ဦးဆောင်ဦးရွက် ပြုသူများ ဖြစ်ကြသည်။
1
အမေရိကန်တို့သည် ခေတ်ပေါ် အနုပညာဖြစ်သော ဓာတ်ပုံပညာတွင် အရေးပါခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
1
အဓိက နာမည်ကြီး ဓာတ်ပုံဆရာများတွင် အဲဖရက် စတေးဂလစ်၊ အက်ဒဝပ် စတိုင်းချန်း နှင့် အန်ဆယ် အဒမ် စသူတို့ ပါဝင်သည်။
1
သတင်းစာများမှ ဟာသကာတွန်းတိုများနှင့် ရုပ်ပြစာအုပ်များမှာ အမေရိကန်တို့၏ တီထွင်မှုများ ဖြစ်ကြသည်။
1
ရုပ်ပြများထဲတွင် ထူးခြားသော အရည်အသွေးရှိသည်ဟု စံတင်ထိုက်သည့် မဟာ သူရဲကောင်း စူပါမင်းမှာ အမေရိကန်၏ ပြယုဂ်တစ်ခုပင် ဖြစ်လာခဲ့သည်။
1
ဂျုံသည် အဓိက စားသုံးသည့် သီးနှံဖြစ်သည်။
1
လူနီများ နှင့် အစောပိုင်း ဥရောပ အခြေချ နေထိုင်သူများ စားသုံးကြသည့် ဟင်းလျာများတွင် ကြက်ဆင်သား၊ သမင်သား၊ အာလူး၊ ကန်းစွန်းဥ၊ ပြောင်းဖူး၊ မေပယ်လ်အရည် စသည့် အဆာပလာ အမျိုးမျိုးတို့ကို ထည့်သွင်း ချက်ပြုတ်ကြသည်။
1
ဖြည်းဖြည်းချင်း ချက်ထားသော ဝက်သားနှင့် အမဲသား ဘာဘီကျူးများ၊ ကဏန်းကိတ်များ၊ အာလူးကြော် နှင့် ချော့ကလက် ချစ်ပ် ကွက်ကီး စသည်တို့မှာ အမေရိကန် အစားအစာ သီးသန့် ဖြစ်ကြသည်။
1
အမေရိကန်၏ သွင်ပြင်လက္ခဏာ အစားအစာများဟု ခေါ်နိုင်သော ပန်းသီးမုန့်၊ ကြက်ကြော်၊ ပီဇာ၊ ဟမ်ဘာဂါ နှင့် ဟော့ဒေါ့စသည်တို့မှ ရွှေ့ပြောင်းနေထိုင်လာသူ အမျိုးမျိုး တို့၏ ဟင်းလျာများမှ ပြောင်းလဲ ရယူထားခြင်း ဖြစ်သည်။
1
အာလူးကြော်၊ ဘာရီတို နှင့် တာကို အစရှိသော မက္ကဆီကန် ဟင်းလျာများ၊ ပတ်စတာ ဟင်းလျာများတို့သည် အီတလီ ဟင်းလျာများမှ ဆင်းသက်လာပြီး အများစု စားသုံးလျက် ရှိကြသည်။
1
အမေရိကန်များသည် ကော်ဖီကို လက်ဖက်ရည်ထက် ပို၍ ကြိုက်ကြသည်။
1
အမေရိကန် စားသောက်ကုန် လုပ်ငန်းရှင်၏ အရောင်းမြှင့်တင်မှုများမှ တဆင့် လိမ္မော်ရည်နှင့် နွားနို့တို့သည် နေရာတိုင်းတွင် တွေ့ရသော နံနက်စာ သောက်စရာများ ဖြစ်လာခဲ့သည်။
1
အမြန်အစားအစာများကို စားသုံးကြခြင်းသည် ကျန်းမာရေး အတွက် စိုးရိမ်စရာ တစ်ခု ဖြစ်လာစေခဲ့သည်။
1
သို့သော် အချို့သော ဆန်းစစ်ချက်များအရ အမေရိကန် ဘောလုံးသည် ကြည့်ရှုသူ အများဆုံး အားကစားနည်း တစ်ရပ် ဖြစ်လာခဲ့သည်။
1
ကောလိပ်ကျောင်းများ အတွင်း ယှဉ်ပြိုင်ကစားကြသော အမေရိကန် ဘောလုံး နှင့် ဘတ်စကက်ဘော တို့သည် ပရိသတ် အများအပြားကို ဆွဲဆောင်နိုင်သည်။
1
လက်ဝှေ့နှင့် မြင်းပြိုင်ပွဲတို့မှာ လူအများဆုံး ကြည့်ရှုကြသည့် တစ်ဦးချင်း ကစားနည်းများ ဖြစ်ကြသည်။
1
သို့သော်လည်း ဂေါက်သီးကစားခြင်းနှင့် ကားပြိုင်ခြင်းတို့ကြောင့် ထိုကစားနည်းများ မှေးမှိန်လာခဲ့သည်။
1
ဘောလုံးကစားခြင်းကို လူငယ်များနှင့် အပျော်တမ်း အဆင့်တွင် ကျယ်ကျယ်ပြန့်ပြန့် ကစားကြသည်။
1
တင်းနစ်နှင့် အခြား ပြင်ပတွင် ကစားရသော ကစားနည်း အချို့မှာလည်း လူကြိုက်များသည်။
1
အမေရိကန်တွင် ကစားနည်း အများစုမှာ ဥရောပကစားနည်းများမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သော်လည်း ဘော်လီဘော ကစားခြင်း၊ ဘုတ်စကိတ် စီးခြင်း၊ နှင်းလျှောစီးခြင်း နှင့် ချီးယားလိဒင်း တို့မှာ အမေရိကန်တို့၏ တီထွင်မှုများ ဖြစ်ကြသည်။
1
ဘတ်စကတ်ဘောကို ကနေဒါနိုင်ငံဖွား ဂျိမ်းစ် နိုက်စမစ်က မက်ဆာချူးဆက်တွင် တီထွင်ခဲ့သည်။
1
လာခရော့စ်နှင့် ရေလွှာစီးခြင်းတို့မှာ အမေရိကန် ရှေးဦးနေထိုင်သူနှင့် ဟာဝိုင်အီ ကျွန်းသားထံမှ အနောက်တိုင်းသားများ ဆက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
1
အိုလံပစ် ကစားပွဲတော် ၈ ခုကို အမေရိကန်တွင် ကျင်းပခဲ့ဖူးသည်။
1
ဆောင်းရာသီ အိုလံပစ်ကစားပွဲတွင်မူ ၂၅၃ ခု ရရှိခဲ့ပြီး ဒုတိယမြောက် အများဆုံး ရရှိသော နိုင်ငံ ဖြစ်ကာ နော်ဝေနောက်မှ လိုက်သည်။
1
အမေရိကန်၏ ထူးခြားသော အတိုင်းအတာများမှာ ဂါလန် နှင့် ပိုင့် စသော ထုထည် အတိုင်းအတာများ ဖြစ်သည်။
1
ကမ္ဘာပေါ်တွင် နိုင်ငံတကာ အတိုင်းအတာ စံနှုန်း သတ်မှတ်ချက်ကို မလိုက်နာသော နိုင်ငံ ၃ နိုင်ငံ တွင် ၊ တို့နှင့် အတူ အမေရိကန်ပြည်ထောင်စု ပါဝင်သည်။
1
သို့သော်လည်း သိပ္ပံ၊ ဆေးပညာ နှင့် အခြားသော စက်မှုဆိုင်ရာ နယ်ပယ်များတွင် မက်ထရစ်စနစ်ကို ကျယ်ပြန့်စွာ အသုံးပြုလာကြပြီ ဖြစ်သည်။
1
တနည်းအားဖြင့် ရှင်းလင်းအောင်ဆိုရလျှင် ဓမ္မဟောင်းကျမ်းမှာ ခရစ်ယာန်ဘာသာကျမ်းဖြစ်သည့် စာ၏ အရှေ့ပိုင်းသာဖြစ်သော်လည်း ဂျူးတို့၏ တွင်မူ တစ်ခုတည်းသော ကိုးကွယ်ရာကျမ်းဖြစ်သည်။
1
အနုပညာသက်တမ်း ၁၈ နှစ်တာကာလအတွင်း တကိုယ်တော် အယ်လ်ဘမ် ၁၄ ခုထိ ထုတ်လုပ်ခဲ့ပြီး သူ၏ အနုပညာလက်ရာများသည် မြန်မာပရိသတ်များကြားတွင် ယနေ့တိုင် လွှမ်းမိုးနေဆဲဖြစ်သည်။
1
အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီးစသည်ဖြင့် ချစ်စနိုးခေါ်ဝေါ်ကြသည်။
1
မွေးချင်း ၆ ဦးအနက် အကြီးဆုံးဖြစ်သည်။
1
ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။
1
ထူးအိမ်သင်သည် ကဗျာများကိုလည်း ရေးသားခဲ့သည်။
1
သီချင်းသည် မြန်မာနိုင်ငံ၏ အဓိက ရေစီးကြောင်းဖြစ်သည့် ဧရာဝတီမြစ်ကို ဖော်ကျူးထားသော်လည်း ဒီမိုကရေစီခေါင်းဆောင် ကို ရည်စူး၍ ရေးသားထားသည်ဟု အများက ထင်ကြသည်။
1
ထို့ကြောင့် သူ၏ ဖျော်ဖြေတင်ဆက်ရေးပွဲများကို စစ်အစိုးရမှ ပိတ်ပင်ခဲ့သည်။
1
ထို့နောက် မြို့ပေါ်သို့ပြန်လာပြီး အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
1
သူ့ကိုချစ်ခင်လေးစားသော ပရိသတ်များက သူ့အတွက်အမှတ်တရအဖြစ် ဝက်ဆိုဒ်တစ်ခု ထောင်ပေးထားကြသည်။
1
ဂီယာနှင့် စက်သီးတို့ ကွဲပြားခြားနားချက်မှာ ဂီယာသည် စက်ဝိုင်းပုံသဏ္ဌန်ပင် ဖြစ်သော်လည်း သူ၏ ဘီးများတွင် အခြားဂီယာ၏ စက်သွားများနှင့် အံဝင်ခွင်ကျဖြစ်နေသော စက်သွားများ ပါရှိသဖြင့် အားကို လွဲချော်မှုမရှိပဲ အပြည့်အဝလွှဲပြောင်းပေးနိုင်သည်။
1
ဂီယာဖြင့် တည်ဆောက် ထားသောကိရိယာများသည် သူတို့၏ တည်ဆောက်ပုံနှင့် နေရာချပုံပေါ်မူတည်၍ စွမ်းအား ထုတ်လုပ်ရာ နေရာမှ အခြားနေရာသို့ အမျိုးမျိုးသော အရှိန်၊ အားစုံတွဲ သို့မဟုတ် အရပ်မျက်နှာအဘက်ဘက်သို့ အားသက်ရောက်မှုပေးနိုင်သည်။
1
ဂီယာသည် ရိုးရှင်းသော်လည်း အလွန်အသုံးဝင်သည်။
1
ထိုဖြစ်အင်သည် မော်တော်ကားများ စွမ်းအင်ထုတ်လုပ်မှု၏ အခြေခံဖြစ်ပြီး အမျိုးမျိုးသော စက်မှုစွမ်းအားတို့ကို ရွေးချယ်ခွင့်ရရှိစေသည်။
1
စက်သွားတစ်ခုချင်းစီ၏ အစွန်းမှာ ဖြောင့်တန်းနေပြီး လည်ပတ်မည့် ဝင်ရိုးနှင့် မျဉ်းပြိုင် ဖြစ်နေသည်။
1
ထိုဂီယာ အမျိုးအစားများကို တွဲဆက်နိုင်ရန် အတွက် ဝင်ရိုးများမှာ မျဉ်းပြိုင် ဖြစ်နေမှာသာ အဆင်ပြေနိုင်သည်။
1
စက်သွား၏ အစွန်းများမှာ ဝင်ရိုးနှင့် အပြိုင် ဖြစ်မနေဘဲ ထောင့်တစ်ခုဖြစ်အောင် စီစဉ်ထားသည်။
1
သွားလိမ် ဂီယာများကို မျဉ်းပြိုင် သို့မဟုတ် ကြက်ခြေခတ် သဏ္ဌန် တပ်ဆင်နိုင်သည်။
1
မျဉ်းပြိုင်ဆိုသည်မှာ ဝင်ရိုးနှစ်ခု မျဉ်းပြိုင် ဖြစ်နေခြင်းကို ရည်ညွှန်းပြီး ကြက်ခြေခတ်သဏ္ဌန်တွင် ဝင်ရိုးနှစ်ခုမှာ မျဉ်းပြိုင် ဖြစ်မနေသော အခြေအနေပင် ဖြစ်သည်။
1
ထောင့်တစ်ခု ဖြစ်နေသော စက်သွားများသည် သွားဖြောင့်ဂီယာနှင့်ယှဉ်လျှင် ပို၍ ဖြည်းငြင်းစွာ ချိတ်ဆက်သဖြင့် သွားလိမ်ဂီယာမှာ အလုပ်လုပ်ရာတွင် ပို၍ ချောမွေ့ပြီး အသံလည်း ပို၍ တိတ်သည်။
1
စက်ပစ္စည်းအစိတ်အပိုင်းများသည် စက်အများစု၏ အခြေခံတည်ဆောက်မှု အစိတ်အပိုင်းများအဖြစ် အသုံးပြုသည့် အခြေခံစက်မှုအစိတ်အပိုင်းများနှင့် အသွင်အပြင်များ ဖြစ်ကြသည်။
1
အများစုကို ဘုံအရွယ်အစားများအဖြစ် စံသတ်မှတ်ထားသော်လည်း အထူးပြုအသုံးချမှုများအတွက် စိတ်ကြိုက်ပြုလုပ်ခြင်းများမှာလည်း အသုံးများသည်။
1
ရိုးရှင်းသောစက်များအားလုံးကို စက်ပစ္စည်းအစိတ်အပိုင်းများအဖြစ် ဖော်ပြနိုင်ပြီး၊ စက်ပစ္စည်းအစိတ်အပိုင်းများစွာသည် ရိုးရှင်းသောစက်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အယူအဆများကို ပေါင်းစပ်ထည့်သွင်းထားသည်။
1
ယနေ့အခါတွင် ဆက်သွယ်ရေးစနစ်သည် အလွန်ကျယ်ပြန့်ပြီး ထိုစနစ်ကို ကူညီပံ့ပိုးပေးသော တယ်လီဗေးရှင်း၊ ရေဒီယိုနှင့် များကို နေရာတကာတွင် တွေ့နိုင်သည်။
1
ထို ကိရိယာများကို အချင်းချင်း ဆက်သွယ်ပေးသော ကွန်ယက်များသည် ကျယ်ပြန့်စွာတည်ရှိကြပြီး ကွန်ယက်၊ အများသုံးတယ်လီဖုန်းကွန်ယက်၊ ရေဒီယိုကွန်ယက် နှင့် တယ်လီဗေးရှင်းကွန်ယက် စသည်ဖြင့် အမျိုးအစားကွဲပြားစွာတွေ့မြင်နိုင်သည်။
1
ကွန်ပျုတာများ အတွင်း၌ အချင်းချင်းဆက်သွယ်ခြင်းမှာ ဆက်သွယ်ရေးစနစ်၏ ထင်ရှားသော ဥပမာတစ်ခု ဖြစ်သည်။
1
ရေဒီယို လှိုင်းများကို ထုတ်လွှတ်ပေးသော တာဝါတိုင်မှာ ထုတ်လွှင့်စက်၊ ရေဒီယိုမှာ လက်ခံကိရိယာ ဖြစ်ပြီး ပတ်ဝန်းကျင်မှာ ကြားခံဆက်သွယ်ရေးနယ်မြေ ဖြစ်သည်။
1
ပုံမှန်အားဖြင့် တွေးကြည့်ပါက အဆိုပါအချက်ပြမှုများမှာ စခန်းရှိရာ နေရာကိုသာ အချက်ပြနိုင်မည် ဟု ထင်စရာရှိသော်လည်း အမှန်တကယ်တွင် ထိုစနစ်တို့မှာ ထိုထက်မက အသုံးဝင်ခဲ့သည်။
1
သို့ရာတွင် အသံကိုသယ်ဆောင်ရန်အတွက်မူ လိုအပ်သည့် အရည်အသွေးမပျောက်ပျက်စေရန် မိုက်ကရိုဖုန်း စပီကာတို့အပြင် ကြားခံချိတ်ဆက်မှုလည်းကောင်းမွန်ရန်လိုအပ်သည်။
1
သတင်းခေတ်တွင် စာသား အသံ ရုပ်ရှင်ဓာတ်ပုံ အားလုံးကို အချက်အလက် ဟုစုပေါင်းခေါ်ဆိုသည်။
1
မျိုးကွဲများကို ပြန်လည်သုံးသပ်ခြင်းမှာ လစဉ်လိုလို လုပ်ဆောင်လေ့ရှိပြီး ဂျင်နစ်တစ်သုတေသနနှင့်ဇီဝဓာတုဗေဒတို့ကို ပိုမိုအသုံးပြုလာခြင်းတို့ကြောင့် ၎င်းမှာ ပိုမိုများပြားလာသည်။
1
ကမ္ဘာပေါ်၌ တန်ဖိုးအထားရဆုံး ပန်းမျိုးဖြစ်၍ နိုင်ငံကြီးများ၌ စီးပွားဖြစ် ကြီးကြီးကျယ်ကျယ် စိုက်ပျိုးကြသည်။
1
ကမ္ဘာ့ပန်းလောကတွင် တန်ဖိုးအထားဆုံး၊ ဈေးအများဆုံး ပေးရသော ပန်းမျိုးသည်။
1
အနောက်နိုင်ငံများတွင် မျိုးကောင်း၍ ရှားပါးသော သစ်ခွပန်း တစ်အုံတစ်ဖွဲ့ကို ငွေပေါင်း ထောင်သောင်း ချီ၍ ပေးဝယ်ကြသည်။
1
ထိုနိုင်ငံများတွင် သစ်ခွပန်း လက်ဆောင်ပေးလျှင် စိန်ရွှေရတနာများ လက်ဆောင်ပေးခြင်းထက်ပင် မျက်နှာ ပွင့်လန်းပေသေးသည်။
1
ထိုမျှလောက် အမြတ်တနိုးထားဖွယ်ရာ၊ မက်မောကြဖွယ်ရာ ကောင်းအောင်လည်း အချို့သစ်ခွပန်းများ သည် ထူးကဲလှပ၏။
1
နုးညံ့သော ပွင့်ဖတ် ပွင့်ချပ်၊ သိမ်မွေ့တင့်ဆန်းသော အရောင်အသွေး၊ သင်းပျံ့ယဉ်ကျေးသောရနံ့တိုဖြင့် ဖြည့်စုံကြပေသည်။
1
အချို့ သစ်ခွပန်းများသည် ရောင်စုံလိပ်ပြာကလေးများနှင့် ယိုးမှားဖွယ်ရာ ပုံပန်းသဏ္ဌာန် အရောင်အသွေး လှပယဉ်ကျေး ကြပေသည်။
1
သစ်ခွပင်တို့သည် အောကီဒေစီအီးမျိုးရင်းတွင် ပါဝင်၍ အပင်လောက၌ မျိုးစိတ်မျိုးပြား အများဆုံးသော် အပင်မျိုးဖြစ်သည်။
1