text
stringlengths
6
5.73k
ဆရာ့ရဲ့ နိုင်ငံတကာရေးရာနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုစသဖြင့် ကဏ္ဍပေါင်းစုံလွှမ်းခြုံတဲ့ အရေးအသားတွေကို လေ့လာမှတ်သားဖူးပါတယ်
ဒါပေမဲ့ ကျွန်မတက်ရောက်ခဲ့တဲ့ ဆရာ့ရဲ့ဟောပြောပွဲမှာတော့ ဝန်ထမ်းတွေစိတ်ခွန်အားမြင့်စေဖို့အတွက် ဘာသာရေးရှုထောင့်ကနေ ဗုဒ္ဓရဲ့တရားတော်တွေနဲ့အညီ ချဉ်းကပ်ပြီး နည်းပေးလမ်းပြဟောပြော ဆွေးနွေးသွားခဲ့တာ တွေ့ရပါတယ်
တစ်နည်းအားဖြင့်တော့ ဘဝနေနည်း၊ ထိုင်နည်းတွေပါပဲ
သင်ခန်း စာလည်းရ၊ တရားသဘောလည်း တီးမိခေါက်မိ ရှိသွားတဲ့အတွက် အလွန်ကို အဖိုးတန်ခဲ့ပါတယ်
ဆရာ့ရဲ့ဟောပြောချက်တွေအရ ကျွန်မတို့လို အသက်အရွယ်နဲ့ဘယ်လိုလူငယ်မျိုးကမဆို ခံယူလိုက်နာကျင့်သုံးသင့်တဲ့ နေနည်းထိုင်နည်း၊ စိတ်ထားနည်းတွေချည်းသာဖြစ်တယ်လို့ ကျွန်မအနေနဲ့ ခံယူမိပါတယ်
ဖိစီးမှုရဲ့အရင်းခံအကြောင်းတရားတွေက အားလုံးသိကြတဲ့အတိုင်း လတ်တလောပြည်တွင်းပြည်ပအခြေအနေတွေဟာ ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝအပေါ် အနည်းနဲ့အများ သက်ရောက်မှုတွေရှိနေတာကို ခံစားသိရှိကြမယ်လို့ ထင်ပါတယ်
အဓိကအကြောင်းတရား (Root Causes)ကိုရှာလိုက်တော့ (၁) ကိုဗစ်ကပ်ရောဂါနဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေ၊ (၂) ယူကရိန်း ပဋိပက္ခနဲ့ နောက်ဆက်တွဲ လူမှုစီးပွားပြဿနာတွေ၊ (၃) ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲတွေရဲ့ နေ့စဉ်လူနေမှုဘဝအပေါ် ရိုက်ခတ်မှုတွေပဲဖြစ်ပါ တယ်
ဒါတွေက အဓိကအကြောင်းရင်းခံတွေဖြစ်ပြီး အခြားမမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်လာနိုင်တဲ့ အကြောင်းတရားတွေ (Immediate Causes) ကလည်း ကျွန်မတို့အပေါ် အချိန်မရွေး ရိုက်ခတ်လာ တာမျိုးတွေ ရှိနိုင်ပါသေးတယ်
ဒီအကြောင်းတရားတွေကြောင့်ပဲ ယခုလိုကာလမှာ ကျွန်မတို့အနေနဲ့ စိတ်ပိုင်းအရကော ရုပ်ပိုင်းမှာပါ ဖိစီးမှုသောက တချို့တစ်ဝက်ကို ခံစား နေရခြင်းဖြစ်ပါတယ်
အချို့ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတယ်
လုပ်ငန်းခွင်မှာဖြစ်စေ၊ မိသားစု အသိုင်းအဝိုင်းမှာဖြစ်စေ အဆင်မပြေမှုတချို့ ကြုံရတာရှိတယ်
တစ်ခါတလေ ကိုယ့်ကိုဘယ်သူမှနားလည်မှုမပေးနိုင်ဘူးလို့ ခံစားမိတာမျိုးလည်း ရှိတယ်
ဒါကြောင့် တစ်ခါတစ်ခါ စိတ်ဓာတ်ကျသလိုလို၊ အားငယ်သလိုလိုဖြစ်မိတယ်
စိတ်ထောင်း ကိုယ်ကြေဆိုတဲ့အတိုင်း စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာကိုပါထိခိုက်လာပြီး နေမကောင်းတာတွေ၊ ရောဂါဘယဖြစ်ပွားတာတွေလည်း ရှိလာပါလေရော
ဒီလိုစိတ်ရောကိုယ်ရော ထိခိုက်လာတာတွေ ကြောင့် တချို့များတစ်ယောက်တည်းမွန်းကျပ်ပြီး မျှော်လင့်ချက်မဲ့သလိုလို၊ အနာဂတ်ပျောက်နေသလိုလို ခံစားမိကြတယ်လို့ဆိုပါတယ်
ဒါတွေကို လူငယ်အများစုမှာ အဓိကခံစားနေရတယ်ဆိုပေမယ့် လူကြီးတချို့မှာလည်း သူတို့အသက်အရွယ်၊ သူတို့ရာထူးအလျောက် ဘဝရဲ့အခက်အခဲဖိစီးမှုအချို့ကို ကြုံရတတ်တာပါပဲ
လုပ်ငန်းခွင်မှာဆိုရင်လည်း လက်အောက်ငယ်သားတွေရဲ့ ပြဿနာတွေကို မကြာခဏဖြေရှင်းနေရတာမျိုးတွေရှိလာပြီး ကိစ္စတစ်ခုအပေါ် ဘယ်လိုအဆုံးအဖြတ်ပေးရမှန်းမသိ၊ ချက်ချင်းမဖြေရှင်းပေးနိုင်တာမျိုးတွေအထိ ကြုံရ တတ်ပါတယ်
အဆိုးသက်ရောက်မှုတွေကို မျှော်လင့်ထားရန်လို ဒီလိုဖိစီးမှုတွေကို မဖြေရှင်းနိုင်ဘဲဆက်သွားနေမယ်ဆိုရင် ရေရှည်မှာ မိမိနဲ့မိမိပတ်ဝန်းကျင် အပေါ်မှာပါ ဆိုးကျိုးအနည်းနဲ့အများ သက်ရောက်မှုတွေရှိလာနိုင်ပါတယ်
ဘယ်လိုသက်ရောက်ပါသလဲ
ကိုယ်ချင်းစာတရားနည်းလာပြီး အကောင်းမမြင် အတ္တတွေကြီးလာကြမယ်
မာန်တွေတက်  မောက်မာလာကြမယ်
လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကြားမှာ၊ မိသားစုဝင်တွေကြားမှာ လေးစားမှု၊ ရိုသေမှုတွေ တဖြည်းဖြည်းလျော့ပါးလာကြမယ်
ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရကောင်း မှန်းမသိ၊ သူတစ်ပါးအပေါ်လည်း တန်ဖိုးမထားတတ်ဘဲ အများအကျိုးကို ဦးဆောင်ဦးရွက်ပြုတတ်တဲ့ ပရဟိတစိတ်ကလေးတွေနည်းလာပြီး တစ်ကိုယ်ကောင်းဆန်တတ်လာကြမယ်
ဒီလို ကိုယ့်အကျိုး ကိုယ်ရှေ့တန်းတင်လာတော့ အမြင်တွေကို ဘက်ပေါင်းစုံဖြန့်ကြက်ခြင်းမရှိနိုင်တော့ဘဲ အမြင်ကျဉ်းမြောင်းလာမယ်
ကိုယ်ကျိုးရှာအတ္တသမား တွေများလာတာနဲ့အမျှ စည်းလုံးညီညွတ်ခြင်း သဘောတွေ ပျက်ပြားလာတတ်တယ်
အထက်နဲ့အောက် တာဝန်ယူ၊ တာဝန်ခံမှုတွေ နည်းလာနိုင်သလို တာဝန်သိစိတ်ဆိုတာလည်း လျော့နည်းလာနိုင်ပါတယ်
တာဝန်သိစိတ်မရှိတဲ့သူတွေ များလာတော့ လူ့အဖွဲ့အစည်းကြီးက တဖြည်းဖြည်း ယိုယွင်းလာမယ်
အချင်းချင်းကြား ပူးပေါင်းညှိနှိုင်းပြီး ပြဿနာ တွေကို မဖြေရှင်းတတ်ကြတော့ဘဲ ဘယ်လိုဖြေရှင်း ရမလဲ ဖြေရှင်းနိုင်စွမ်းအားနည်းလာတတ်တယ်
ငါမှန်တယ်ဆိုတဲ့အစွဲနဲ့ အမုန်းတရားတွေပွားလာ ကြမယ်
အကျိုးဆက်ပြဿနာက မပြေလည်တော့ဘဲ ပဋိပက္ခအသွင်ပြောင်းသွားမယ်
အစွဲနဲ့အမုန်း က အဂတိမှုများအောင် တွန်းပို့မယ်
ကိုယ်ကခေါင်းဆောင်ဖြစ်နေရင် ကိုယ့်ရဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍမှာပါ ထိခိုက်လာမယ်
ဒါကြောင့်မို့ ဖိစီးမှုများခြင်းဟာ ပတ်ဝန်းကျင်ကို အကျည်းတန်စေပြီး ဣဋ္ဌာရုံထက် အနိဋ္ဌာရုံကိုပိုများစေပြီးအဆုံးမှာတော့ လူအချင်းချင်းကြားလောဘ၊ ဒေါသ၊ မောဟအရင်းခံ ဗြဟ္မစိုရ်တရားတွေ နည်းပါးလာ ကြပါတော့တယ်
ဓမ္မကိုအခြေခံ၍ ဒီလို မိမိအတွက်ရော ပတ်ဝန်းကျင်အတွက်ပါ မကောင်းတဲ့ဖိစီးမှုရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကိုလျော့ပါးအောင် ထိန်းချုပ်ဖို့ဆိုရင် မြတ်ဗုဒ္ဓရဲ့ဓမ္မတရားကိုပဲ အခြေခံအုတ်မြစ်ချ လေ့ကျင့်နာယူသင့် တယ်လို့ ဆရာဒေါက်တာမြတ်မိုးက ဆွေးနွေးသွားပါတယ်
ဒီနေရာမှာကနဦးကဆိုခဲ့သလို နည်းပါး လာတဲ့ဗြဟ္မစိုရ်တရားကို မိမိသန္တာန်မှာထွန်းကားအောင် ဦးစွာကျင့်ကြံအားထုတ်ရန် လိုအပ်တယ် ဆိုတာ မှတ်သားလိုက်မိပါတယ်
ဗြဟ္မစိုရ်တရားလေးပါးမှာ ဦးဆုံးမေတ္တာကို မွေးမြူခြင်းဖြင့် ဒေါသကိုပယ်ပြီးသားဖြစ်ပါတယ်
ကရုဏာတရားကလောဘနဲ့ ဒုက္ခဆင်းရဲနှစ်မျိုးစလုံးကို ပယ်သတ်ပြီးဖြစ်ပါမယ်
ဒီလိုပဲ မုဒိတာတရားက မနာလိုမှုတွေကို ပယ်ပြီးဖြစ်တယ်
ဥပေက္ခာတရား ကတော့ နည်းနည်းခက်ခဲမယ်ထင်တယ်
လောဘ၊ ဒေါသနဲ့ ဝန်တိုမှုမစ္ဆရိယကို ပယ်သတ်ပြီး ဒုက္ခနဲ့ သုခအကြား ညီညီမျှမျှထားနိုင်မှသာ ဥပေက္ခာတရားကို ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်
ဒီဗြဟ္မစိုရ်တရားတွေကို ကြိုးကြိုးစားစား လေ့ကျင့်အားထုတ်ရင်းနဲ့ တစ်ပြိုင်နက် သတိဆိုတဲ့တရားတစ်ခုကို မွေးမြူဖို့လည်း ကြိုးစားရပါမယ်
သတိတရားက အမှားနဲ့ အမှန်ကြား၊ ကုသိုလ်နဲ့အကုသိုလ်ကြား တံခါးရွက်တစ်ခုပမာအလွှာပါးပါးလေးခြားထားတဲ့ အရာပါပဲ
ဒါ့အပြင် ဘယ်အရာမျှမမြဲ၊ ဘယ်အရာမျှအစိုးမရတဲ့ ဖြစ်ပျက်သဘောတရားတွေကို ဆင်ခြင်နိုင်ဖို့ ဆရာကလမ်းကြောင်းပေးသွားခဲ့ပါတယ်
ဒီတရားတွေကိုသာ ကြိုးကြိုးစားစားလေ့ကျင့်ပြီး လက်တွေ့ နယ်ပယ်မှာပါ အသုံးချသွားမယ်ဆိုရင် မိမိရဲ့စိတ်နေသဘောထား၊ ခံယူချက်တွေဟာ တဖြည်းဖြည်းပြောင်းလဲလာမယ်လို့ဆိုပါတယ်
စိတ်နေသဘောထားပြောင်းလဲလာခြင်းက အစပြု၍ ကောင်းမွန်တဲ့ စိတ်နေသဘောထားပြောင်းလဲ ခြင်းတွေကြောင့် စိတ်တွေငြိမ်းချမ်းပြီး စိတ်ထား တတ်လာပါမယ်
လောဘ၊ ဒေါသ၊ မောဟနည်း လာလို့ ကိုယ်ချင်းစာတရား အားကောင်းလာပါမယ်
ကြင်နာသနားသည်းခံတတ်လာပြီး အချင်းချင်းကြားနားလည်မှုတွေ ပိုလာပါလိမ့်မယ်
စိတ်ရင်းစေတနာကောင်းထားလာနိုင်ပြီး သဘောထားကြီးသူဖြစ်လာမယ်
အရာရာကို အကောင်းမြင်စိတ်နဲ့ကြည့်တတ်လာလို့ အတ္တမာန်မာနတွေလည်း နည်းလာပါမယ်
ရယူလိုစိတ်နည်းပြီး ရောင့်ရဲ တင်းတိမ်တတ်လာမယ်
အထက်နဲ့အောက်ကြား တစ်ဦးတစ်ယောက်ချင်းစီမှာ တာဝန်သိမှုတွေရှိလာပြီး လုပ်ငန်းဆောင်ရွက်ရာမှာလည်း တာဝန်ယူ၊ တာဝန်ခံမှုတွေ မြင့်မားလာမယ်လို့ မျှော်လင့်မိပါတယ်
အကောင်းမြင်မှုနဲ့ တာဝန်ယူမှုကို ပေါင်းစပ် လိုက်တဲ့အခါမှာ သူများကို အပြစ်မတင်တတ်တော့ ဘဲ ဘယ်ဟာကအမှား၊ ဘယ်ဟာကအမှန်၊ ဘယ်အရာက ပဓာန၊ ဘယ်အရာက သာမညဆိုတာ ကိုလည်း ခွဲခြားတတ်လာပါတယ်
အစွဲလျော့ အစွန်းလွတ်လာပြီး အလယ်အလတ်လမ်းစဉ်နဲ့ ကျင့်ကြံနေထိုင်တတ်လာပါ တယ်
ဒါကြောင့် ဆက်ဆံရေးမှာ အဆင်ပြေချောမွေ့လာပြီး ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်လာပါမယ်
ခက်ခဲတဲ့ကိစ္စရပ်တွေမှာအပေးအယူ၊ အလျှော့အတင်းနဲ့ ကိုင်တွယ်တတ်လာပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာတာကြောင့် ဆက်ဆံရေးလည်းကောင်းလာပါမယ်
ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားလေးစားတတ်လာပြီး ကိုယ်ကျင့်တရားလည်း ထိန်းသိမ်းတတ်လာမယ်
မိမိ လုပ်ငန်းခွင်မှာ စိတ်ဝင်စားမှုအပြည့်နဲ့ တက်တက် ကြွကြွလုပ်ဆောင်နိုင်လာပြီး တီထွင်ဖန်တီးနိုင်စွမ်းအားလည်း မြင့်မားလာမှာဖြစ်ပါတယ်
အပြုသဘောခံယူချက်ပြောင်းလဲမှုတွေကြောင့် ဒီလိုပြောင်းလဲလာတဲ့ခံယူချက်၊ သဘောထားတွေကြောင့် ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ ပြဿနာရဲ့အရင်းအမြစ်ကို ရှာဖွေနိုင်စွမ်းရှိလာတယ်လို့ ဆရာကဆိုပါတယ်
အကျိုးကိုဖြစ်ပေါ်စေ တဲ့အကြောင်းတရားကို ရှာဖွေနိုင်တဲ့အခါ အဂတိတရားလေးပါးလည်း နည်းသထက်နည်းလာပြီး အထက်အောက်ဖိစီးမှုတွေကို ဖြေရှင်းနိုင်စွမ်းရှိလာပါတယ်
အတ္တနဲ့မာန်မာနကို လျှော့ခြင်းဖြင့်ကိုယ်ချင်းစာမှု၊ နားလည်ပေးမှု၊ သည်းခံမှုတွေ တိုးလာပြီး ကိုယ့်ဝန်ထမ်းအချင်းချင်းကြား ယုံကြည် မှုတိုးသထက်တိုးလာပါတယ်
တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုက ညှိနှိုင်းပေါင်းစပ်အဖြေ ရှာတတ်ခြင်းကိုရှေးရှုပါတယ်
အမှန်ကိုတန်ဖိုးထားလာတဲ့အခါ အမှားလုပ်မိမှာ စိုးရိမ်တတ်လာပါတယ်
အကျိုး ဆက်က ပြောဆိုဆုံးမဖို့၊ ချီးမြှောက်စကားဆိုဖို့ ဝန်မလေးတော့ခြင်းပါပဲ
လောဘနည်းလာတဲ့အခါ ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေး၊ ဘယ်နေရာ က ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားပြီး ပေးကမ်း ထောက်ပံ့၊ ကူညီစွန့်ကြဲတတ်လာပါတယ်
သူတစ်ပါး အကျိုးကို ပိုဦးစားပေးတဲ့အခါ အများအကျိုးလည်း ဆောင်တတ်လာပါမယ်
လောဘ၊ ဒေါသ၊ မောဟနည်းတဲ့အကျိုးဆက်ဟာ နောင်ဘဝ နောင်သံသရာအထိပါလာတာကိုသိတဲ့အတွက် ဘာပဲလုပ်လုပ်၊ ဘာပဲတွေးတွေး၊ ဘာပဲ ပြောပြော ကုသိုလ်နဲ့ယှဉ်ပြီး အလုပ်လုပ်တတ်လာပါ မယ်
လုပ်ငန်းခွင်အတွင်းမှာ ခံယူချက်သဘောထား ကောင်းသူအများစု ဖြစ်တည်လာတဲ့အခါ ရည်မှန်း ချက်တစ်ခုကို အနည်းဆုံးအင်အားနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်လာနိုင်တဲ့အတွက် မိမိမှာ ပြဿနာတွေနည်းလာပြီး ခေါင်းဆောင်မှုလည်း ကောင်းလာပါလိမ့်မယ်
အဘက်ဘက်ကစိတ်ပိုင်းဆိုင်ရာ အဆင်ပြေလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာသန်စွမ်းလာမယ်ဆိုတာကိုတော့ အထူးပြောစရာမလိုပါဘူး
သီးခြားမှာကြားချက်များ ဒါ့အပြင် ဆရာက ကိုယ့်ဝန်ထမ်းတွေအတွက် အကျိုးရှိစေမယ့် သတင်းအချက်အလက်အချို့ကို လည်း မျှဝေသွားပါတယ်
လောကမှာကောင်းကျိုး အဖြာဖြာဖြစ်ထွန်းဖို့ဆိုရင် ခြိုးခြံချွေတာဖို့လိုပါမယ်
ယခုခေတ်မှာ အားလုံးကကျပ်တည်းကြပါတယ်
သုံးသင့်တာကိုသာသုံးစွဲပြီး အပိုမသုံးဘဲ အလေ အလွင့်မရှိနေနိုင်‌အောင် ကြိုးစားပါလို့မှာပါတယ်
ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့၊ နှစ်လုံး၊ သုံးလုံးစတဲ့ လောင်းကစားတွေကို မလုပ်မိစေဖို့၊ ဆေးလိပ်နဲ့အရက်ကိုလျှော့ချပြီး မူးယစ်ဆေးဝါးတွေကို ရှောင်ကြဉ်ဖို့၊ ကျန်းမာအောင်နေထိုင်ဖို့၊ စာများများ ဖတ်ပြီး စိတ်အာဟာရဖြည့်ဆည်းဖို့၊ ရတနာသုံးပါးကိုမမေ့မလျော့ ကိုးကွယ်ကြည်ညိုဖို့၊ အွန်လိုင်းဂိမ်းကစားခြင်း၊ ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖ...
နာယူမှတ်သားမိသည့် အမေးအဖြေကဏ္ဍ နောက်တစ်ချက်က ဟောပြောဆွေးနွေးပွဲတွေရဲ့ထုံးစံအတိုင်း အမေးအဖြေကဏ္ဍပါ
အမေးအဖြေ ကဏ္ဍမှာ ဝန်ထမ်းတစ်ဦးက ခေါင်းဆောင်မှုအပိုင်း နဲ့ပတ်သက်ပြီး Personal Power နဲ့ Positional Power အကြောင်း ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့ရာ မှာ Positional Power ဆိုတာ မိမိရဲ့လုပ်သက်၊ လုပ်ရည်ကိုင်ရည် အရည်အချင်းတွေကြောင့် ရရှိ လာတဲ့ ရာထူးအာဏာကိုဆိုလိုခြင်းဖြစ်ပြီး Personal Power ကတော့ တရားဝင်ပေးအပ်ထားတဲ့ ရာထူးအရာမဟုတ...
ကျွန်မအနေနဲ့တော့ ကိုယ့်ရဲ့လုပ်သက်၊ လုပ်ကိုင်နိုင်စွမ်းတွေကြောင့်ရလာတဲ့ Positional Power အပြင် ဘယ်နေရာ၊ ဘယ်အချိန်ပဲရောက်ရောက် အမြဲတမ်းတစ်သက်လုံး တည်မြဲနေပြီး ဦးဆောင်မှု ကဏ္ဍမှာရှိနေတဲ့ Personal Power ကိုလည်း ကြိုးစားတည်ဆောက်ရမယ်လို့ ခံယူမိပါတယ်
ဒါမှသာ ကိုယ်လုပ်တဲ့အလုပ်က ရေရှည်တည်မြဲတဲ့အောင်မြင်မှု၊ တိုးတက်မှုကိုရရှိမယ်လို့ ယူဆမိပါတယ်
ဒါ့အပြင် အခြားဝန်ထမ်းတစ်ဦးကလည်း သတိကပ်မှုအားနည်းတဲ့အခါ လုပ်ငန်းခွင်မှာ အဆင် မပြေတာတွေရှိလာတဲ့အတွက် သတိတရားမြဲအောင် ဘယ်လိုဆောင်ရွက်သင့်သလဲလို့ မေးမြန်းခဲ့ ပါတယ်
သတိဆိုသည်မှာ လေ့ကျင့်မွေးမြူနိုင်တဲ့ အရာတစ်ခုဖြစ်ပြီး သတိလက်လွတ်မဖြစ်စေဖို့ တည်ကြည်တဲ့သမာဓိကို ရယူတည်ဆောက်သင့်ပြီး သတိနဲ့တည်ကြည်မှု အပြန်အလှန် အမှီသဟဲပြုနိုင်တဲ့အရည်အသွေးကို တရားသဘောနဲ့ယှဉ်ပြီး အသေးစိတ် ပြန်လည်ဆွေးနွေးသွားပါတယ်
သတိ မြဲပါက ကိစ္စအများစုမှာ အဆင်ပြေအောင်မြင်နိုင်ပြီး မှတ်ဉာဏ်တွေလည်း တဖြည်းဖြည်းတိုးတက်လာနိုင်ကြောင်း ဆရာ့ရဲ့ဆွေးနွေးမှုတွေကတစ်ဆင့် အသိပညာ၊ သတိတရားတို့ကို ရရှိခဲ့ပါတယ်
အဓိကမွေးမြူထားရမည့် Internal Motivation တကယ်တော့ ဆရာ့ရဲ့ဆွေးနွေးဟောပြောပွဲကို ခြုံငုံသုံးသပ်ရရင်အမှန်တကယ်အကျိုးရှိတဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း နားလည်လိုက်ရပါတယ်
တက်ရောက်နားထောင်သူအားလုံးကလည်း စိတ်ဝင်စားမှုအပြည့်နဲ့ နားထောင်ကြတာတွေ့ရပါတယ်
လောကီနယ်ပယ်မှာ ဗုဒ္ဓရဲ့ဓမ္မနဲ့ယှဉ်တဲ့ နေနည်းထိုင်နည်း စိတ်ထားနည်းတွေကတစ်ဆင့် မိမိစိတ်ဓာတ်ခွန်အားတွေ မြင့်မားအောင်ဘယ်လိုခံယူရမလဲဆိုတာ သိလိုက်ရပါပြီ
Motivation သဘောတရားမှာ ပြင်ပအထောက်အပံ့ကိုမှီပြီး အားပေးမှု (External Motivation) ကိုအဓိကမမှီခိုဘဲ အမြဲတမ်းတည်မြဲနေမယ့်၊ အမြဲတမ်းအားကိုးလို့ ရမယ့် Internal Motivation ကိုသာကြိုးစား တည်ဆောက်ဖို့ မှာကြားသွားတာကို နည်းယူ မှတ်သားလိုက်မိပါပြီ
တကယ်လည်း ယခုခေတ်လို အကျပ်အတည်းကာလတွေမှာ မိမိပိုင်ဆိုင်တဲ့ အတွင်းသန္တာန် စိတ်ဓာတ်ခွန်အားမြင့်မားနေခြင်း ကသာ ရေရှည်မှာ ခံနိုင်ရည်ရှိမှာဖြစ်ပြီး အရာရာပြေလည်မယ်လို့ထင်ပါတယ်
အကျပ်အတည်းတွေ၊ ပဋိပက္ခတွေဆိုတာ ယခုပစ္စုပ္ပန်တင်မက နောင်တစ်ချိန်မှာလည်း မမျှော်လင့်ဘဲရောက်ရှိလာနိုင် သေးတာပဲမဟုတ်ပါလား
နိဂုံးချုပ်အပိုင်းမှာတော့ ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကော အများအတွက်ပါ အကျိုးဖြစ်စေမယ့်အရာတွေကို ဆုတောင်းပေးလိုက်ပါတယ်
အတိတ်ရဲ့ အရိပ်ကထွက်ပြီး ဗုဒ္ဓရဲ့ အနှစ် သာရတွေကတစ်ဆင့် ကောင်းတဲ့စိတ်ထားတွေ တည်ဆောက်နိုင်ကြပါစေကြောင်း၊ ကောင်းတဲ့စိတ်ထားတွေနဲ့ ကိုယ့်အပေါ်မှာရော ရုံးဌာနအဖွဲ့အစည်း၊ နိုင်ငံအပေါ်မှာပါ မကောင်းတဲ့ ဖိစီးမှုတွေ၊ သက်ရောက်မှုတွေကို ဖြေရှင်းနိုင်ကြပါစေကြောင်း၊ ဒီလိုဖြေရှင်းရာကတစ်ဆင့် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေရယူပြီး စိတ်ဓာတ်ခွန...
တင်ဇာ (IR)
မောင်တည်ကြည် (ယမန်နေ့မှအဆက်) ပြည်တွင်းပြည်ပအစည်းအဝေးများ တက်ရောက်ခြင်း ၂၀၂၃ ခုနှစ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့်လည်းကောင်း၊ အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ဝင်နိုင်ငံများအနက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေးနှင့် အဂတိလိုက်စားမှုတ...
ပြည်ပသင်တန်းများ တက်ရောက်ခြင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အနေဖြင့်လည်းကောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရန်အတွက် ရည်ရွယ်၍လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ဒေသတွင်း မိတ်ဖက်နိုင်ငံအဖွဲ့အစည်းများမှ ဖိတ်ကြားလာသည့် သင်တန်းများသို့ ကော်မရှင်ရုံးရှိ ...
ပြည်တွင်းသင်တန်းများ တက်ရောက်ခြင်း ကော်မရှင်ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက် ပြည့်ဝစေရန်အတွက် ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ ဖွင့်လှစ်သော သင်တန်း ၅၀ သို့ သင်တန်းသား ၁၀၀ အား စေလွှတ်တက်ရောက်ခဲ့ပါသည်
ထို့ပြင် ကော်မရှင်ရုံး၌ ဖွင့်လှစ်သည့် ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း လေးခု၌ သင်တန်းသား ၁၃၈ ဦးအား သင်ကြားပို့ချခဲ့ပါသည်
ဌာနတွင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် (Capacity Building) မြှင့်တင်ရန်၊ ဝန်ထမ်းများ၏လေ့လာမှုနှင့် စာဖတ်စွမ်းရည်မြင့်မားလာစေရန်၊ အများရှေ့တွင်တင်ပြနိုင်မှုစွမ်းရည် (Presentation Skill) မြှင့်တင်ရန်၊ ဖြောင့်...
ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption- UNCAC) ပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ သိရှိနားလည်စေရန်၊ UNCAC ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးဆွဲထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ဆက်စပ်ဥပဒေများအား သိရှိနားလည်စေရန်နှင့် UNCAC အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပ...
၂၀၂၃ ခုနှစ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်အကဲဖြတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကို လေးနှစ်တစ်ကြိမ် ရေးဆွဲဆောင်ရွက်လျက်ရှိရာ အဆိုပါ မဟာဗျူဟာစီမံချက်အပေါ်မူတည်၍ ၂၀၂၃ ခုနှစ်အတွင်း ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်ရန် အ...
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းကဏ္ဍအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်သက်ဆိုင်သည့် အသိပညာဗဟုသုတများအား ကျောင်းသားလူငယ်များမှစတင်၍ ရရှိရန်အတွက် ဆရာကိုင်စာအုပ်များနှင့် ရည်ညွှန်းစာစောင်များအား အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များသို့ ဖြန့်ဝေနိုင်ခဲ့သဖြင့် ကျောင်းသားလူငယ်များအတွက် ဖြော...
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေနှင့် ကော်မရှင်ရုံးခွဲများ တည်ရှိရာမြို့များရှိ အခြေခံပညာကျောင်းများ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လူငယ်စကားဝိုင်းများနှင့် ဖြောင့်မတ်...
အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာကဏ္ဍများတွင်လည်း ဖြောင့်မတ်တည်ကြည်မှုနှင့် တာဝန်ယူမှုမြင့်မားလာစေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့ခြင်း ကြောင့် စီးပွားရေးကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတို့တွင် ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ်ကျင့်သိက္ခာနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်...
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှကြီးမှူး၍ “အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့”ခေါင်းစဉ်ဖြင့်ကျင်းပသည့် လူမှုကြော်ငြာပြိုင်ပွဲတွင် အသိပညာပေးပိုစတာနှင့်ဗီဒီယိုပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တို...