id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
10,601 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပညာသည်လည်းကောင်း၊ စိတ်သည်လည်းကောင်း နှစ်ပါးစုံတို့သည်ပင် လွတ်မြောက်ကုန်သလော။ |
10,602 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် လွတ်မြောက်ကုန်၏။ |
10,603 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရာဂသည်လည်းကောင်း၊ စိတ်သည်လည်းကောင်း နှစ်ပါးစုံတို့သည်ပင် လွတ်မြောက်ပါကုန်သလော။ |
10,604 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဖဿနှင့် တကွ, ရာဂနှင့် တကွဖြစ်သော စိတ်သည် လွတ်မြောက်၏။ |
10,605 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာနှင့်တကွ, ရာဂနှင့် တကွဖြစ်သော။ |
10,606 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သညာနှင့် တကွ, ရာဂနှင့်တကွဖြစ်သော။ |
10,607 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ စေတနာနှင့်တကွ, ရာဂနှင့် တကွဖြစ်သော။ |
10,608 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ပညာနှင့်တကွ, ရာဂနှင့် တကွဖြစ်သောစိတ်သည် လွတ်မြောက်၏။ |
10,609 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပညာသည်လည်းကောင်း၊ စိတ်သည်လည်းကောင်း နှစ်ပါးစုံတို့သည်ပင်လွတ်မြောက်ပါကုန်သလော။ |
10,610 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဩော် လွတ်မြောက်ပါကုန်၏။ |
10,611 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရာဂသည်လည်းကောင်း၊ စိတ်သည်လည်းကောင်း နှစ်ပါးစုံတို့သည် လွတ်မြောက်ပါကုန်သလော။ |
10,612 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၆၄။ သကဝါဒီ။ |
10,613 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဒေါသနှင့် တကွဖြစ်သော စိတ်သည် လွတ်မြောက်ပါသလော။ |
10,614 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒေါသနှင့် တကွဖြစ်သော ဒေါသနှင့် အတူဖြစ်သော ဒေါသနှင့် ရောနှောသောဒေါသနှင့်ယှဉ်သော ဒေါသနှင့် တစ်ပေါင်းတည်းဖြစ်သော ဒေါသသို့ အစဉ်လိုက်သော အကုသိုလ်ဖြစ်သောလောက၌ ယှဉ်သော အာသဝတို့၏ အာရုံဖြစ်သော။ |
10,615 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ကိလေသာတို့ကို ရခြင်းငှါထိုက်သော စိတ်သည်လွတ်မြောက်ပါသလော။ |
10,616 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဖဿနှင့် တကွဖြစ်သော စိတ်သည် လွတ်မြောက်၏။ |
10,617 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒေါသနှင့် တကွဖြစ်သောစိတ်သည် လွတ်မြောက်၏။ |
10,618 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒေါသသည်လည်းကောင်း၊ စိတ်သည်လည်းကောင်း နှစ်ပါးစုံတို့သည်ပင် လွတ်မြောက်ပါကုန်သလော။ |
10,619 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပညာသည်လည်းကောင်း၊ စိတ်သည်လည်းကောင်း နှစ်ပါးစုံတို့သည်ပင် လွတ်မြောက်ပါကုန်သလော။ |
10,620 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဖဿနှင့် တကွ, ဒေါသနှင့် တကွဖြစ်သော စိတ်သည် လွတ်မြောက်၏။ |
10,621 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒေါသနှင့် တကွဖြစ်သော စိတ်သည် လွတ်မြောက်၏။ |
10,622 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာနှင့်တကွ, ဒေါသနှင့် တကွဖြစ်သော။ |
10,623 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သညာနှင့်တကွ, ဒေါသနှင့် တကွဖြစ်သော။ |
10,624 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စေတနာနှင့်တကွ, ဒေါသနှင့် တကွဖြစ်သော။ |
10,625 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပညာနှင့်တကွ, ဒေါသနှင့် တကွဖြစ်သောစိတ်သည် လွတ်မြောက်၏။ |
10,626 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၆၅။ သကဝါဒီ။ |
10,627 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ မောဟနှင့် တကွဖြစ်သော စိတ်သည် လွတ်မြောက်ပါသလော။ |
10,628 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မောဟနှင့် တကွဖြစ်သော မောဟနှင့် အတူဖြစ်သော မောဟနှင့် ရောနှောသောမောဟနှင့်ယှဉ်သော မောဟနှင့် တစ်ပေါင်းတည်းဖြစ်သော မောဟသို့ အစဉ်လိုက်သော အကုသိုလ်ဖြစ်သော လောက၌ ယှဉ်သော အာသဝတို့၏ အာရုံဖြစ်သော။ |
10,629 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ကိလေသာတို့ကို ရခြင်းငှါထိုက်သောစိတ်သည် လွတ်မြောက်ပါသလော။ |
10,630 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မောဟနှင့် တကွဖြစ်သော စိတ်သည် လွတ်မြောက်၏။ |
10,631 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မောဟသည်လည်းကောင်း၊ စိတ်သည်လည်းကောင်း နှစ်ပါးစုံတို့သည်ပင် လွတ်မြောက်ပါကုန်သလော။ |
10,632 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သညာနှင့် တကွဖြစ်သော။ |
10,633 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စေတနာနှင့် တကွဖြစ်သော။ |
10,634 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပညာနှင့် တကွဖြစ်သော စိတ်သည် လွတ်မြောက်၏။ |
10,635 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပညာသည်လည်းကောင်း၊ စိတ်သည်လည်းကောင်းနှစ်ပါးစုံတို့သည်ပင် လွတ်မြောက်ပါကုန်သလော။ |
10,636 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဖဿနှင့်တကွ, မောဟနှင့် တကွဖြစ်သော စိတ်သည် လွတ်မြောက်၏။ |
10,637 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာနှင့်တကွ, မောဟနှင့် တကွဖြစ်သော။ |
10,638 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သညာနှင့်တကွ, မောဟနှင့် တကွဖြစ်သော။ |
10,639 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စေတနာနှင့်တကွ,မောဟနှင့် တကွဖြစ်သော။ |
10,640 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပညာနှင့်တကွ, မောဟနှင့် တကွဖြစ်သောစိတ်သည် လွတ်မြောက်၏။ |
10,641 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရာဂနှင့်တကွ, ဒေါသနှင့်တကွ, မောဟနှင့် တကွဖြစ်သော စိတ်သည် လွတ်မြောက်ပါသလော။ |
10,642 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရာဂကင်းပြီးသော ဒေါသကင်းပြီးသော မောဟကင်းပြီးသော ကိလေသာ အညစ်အကြေး မရှိသော စိတ်သည် လွတ်မြောက်ပါသလော။ |
10,643 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့် ရာဂနှင့်တကွ ဒေါသနှင့်တကွ မောဟနှင့် တကွဖြစ်သော စိတ်သည်လွတ်မြောက်၏ဟူ၍ မဆိုသင့်။ |
10,644 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝိမုတ္တိကထာ ပြီး၏။ |
10,645 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ရာဂကင်းပြီးသော စိတ်ရှိသူ ရဟန္တာပုဂ္ဂိုလ်တို့အား ကိလေသာတို့မှ လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးမရှိ၊ စင်စစ် သော်ကား ညစ်နွမ်းသော အဝတ်ကို ဖွတ်လျှော်အပ်သည်ရှိသော် အညစ်အကြေးမှ လွတ်မြောက်သကဲ့သို့ ထို့အတူ ရာဂ ရှိသော စိတ်သည်သာ ရာဂမှ လွတ်မြောက်၏ဟု အယူရှိသူ အန္ဓကဂိုဏ်းဝင် ပရဝါဒီတို့၏ အယူကို ပယ်ဖျက်တော်မူလို၍ ဤဝိမုတ္တိကထာကို ဟော... |
10,646 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ မဂ်ခဏ၌ စိတ်သည် လွတ်မြောက်သည် မည်၏၊ ထိုမဂ်ခဏ၌လည်း ဤသို့ ရာဂနှင့်တကွ ဖြစ်ခြင်းသဘောရှိသော စိတ် မရှိရကား ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
10,647 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ ဖဿသည်လည်းကောင်း၊ စိတ်သည်လည်းကောင်း နှစ်ပါးစုံတို့သည် ရာဂမှ လွတ်မြောက်ကုန်သကဲ့သို့ ဤအတူ ရာဂ၏ ရာဂမှ လွတ်မြောက်မှုကို မမြင်သောကြောင့် ပဋိက္ခေပပြု၍ ဖြေသည်။ |
10,648 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- ၃-တတိယဝဂ် (၂၄) ၄-ဝိမုစ္စမာနကထာ၁ |
10,649 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၆၆။ သကဝါဒီ။ |
10,650 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ လွတ်မြောက်ပြီးသော စိတ်သည် လွတ်မြောက်ဆဲ ဖြစ်ပါသလော။ |
10,651 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တစ်စိတ်တစ်ဒေသ လွတ်မြောက်ပြီး၍ တစ်စိတ်တစ်ဒေသကား မလွတ်မြောက်သေးသလော။ |
10,652 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ တစ်စိတ်တစ်ဒေသ သောတာပန်ဖြစ်၍ တစ်စိတ်တစ်ဒေသကား သောတာပန်မဖြစ်သလော၊ တစ်စိတ်တစ်ဒေသ သောတာပတ္တိဖိုလ်သို့ ရောက်သည် ရသည် သိသည် မျက်မှောက်ပြုသည်ဖြစ်၍ ပြည့်စုံစေလျက် နေသလော၊ ကိုယ်ဖြင့် တွေ့ထိနေသလော၊ တစ်စိတ်တစ်ဒေသ ကိုယ်ဖြင့်တွေ့ထိ၍ မနေသလော၊ တစ်စိတ်တစ်ဒေသ သတ္တက္ခတ္တုပရမသောတာပန်, ကောလံကောလသောတာပန်,ဧကဗီဇီသောတာပန်လော၊ ဘုရား၌ သက်ဝင်၍... |
10,653 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အရိယာတို့ နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၍ တစ်စိတ်တစ်ဒေသ အရိယာတို့နှစ်သက်အပ်သော သီလတို့နှင့် မပြည့်စုံသလော။ |
10,654 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တစ်စိတ်တစ်ဒေသ လွတ်မြောက်ပြီး၍ တစ်စိတ်တစ်ဒေသ မလွတ်မြောက်သေးသလော။ |
10,655 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တစ်စိတ်တစ်ဒေသ သကဒါဂါမ်ဖြစ်၍ တစ်စိတ်တစ်ဒေသ သကဒါဂါမ် မဖြစ်သလော၊ တစ်စိတ်တစ်ဒေသ သကဒါဂါမိဖိုလ်သို့ ရောက်သည် ရသည် သိသည် မျက်မှောက်ပြုသည်ဖြစ်၍ ပြည့်စုံစေလျက် နေသလော၊ ကိုယ်ဖြင့် တွေ့ထိနေသလော၊ တစ်စိတ်တစ်ဒေသကား ကိုယ်ဖြင့် တွေ့ထိ၍ မနေသလော။ |
10,656 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တစ်စိတ်တစ်ဒေသ အနာဂါမ်ဖြစ်၍ တစ်စိတ်တစ်ဒေသ အနာဂါမ် မဖြစ်သလော၊ တစ်စိတ်တစ်ဒေသ အနာဂါမိဖိုလ်သို့ ရောက်သည် ရသည် သိသည် မျက်မှောက်ပြုသည် ဖြစ်၍ ပြည့်စုံစေလျက် နေသလော၊ ကိုယ်ဖြင့် တွေ့ထိနေသလော၊ တစ်စိတ်တစ်ဒေသကား ကိုယ်ဖြင့် တွေ့ထိ၍မနေသလော၊ တစ်စိတ်တစ်ဒေသ အန္တရာပရိနိဗ္ဗာယီ, ဥပဟစ္စပရိနိဗ္ဗာယီ, အသင်္ခါရပရိနိဗ္ဗာယီ, သသင်္ခါရပရိနိဗ္ဗာယီ, ... |
10,657 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ တစ်စိတ်တစ်ဒေသ လွတ်မြောက်ပြီး၍ တစ်စိတ်တစ်ဒေသကား မလွတ်မြောက်သေးသလော။ |
10,658 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တစ်စိတ်တစ်ဒေသ ရဟန္တာဖြစ်၍ တစ်စိတ်တစ်ဒေသကား ရဟန္တာ မဖြစ်သလော၊ တစ်စိတ်တစ်ဒေသ အရဟတ္တဖိုလ်သို့ ရောက်သည် ရသည် သိသည် မျက်မှောက်ပြုသည် ဖြစ်၍ ပြည့်စုံစေလျက် နေသလော၊ ကိုယ်ဖြင့် တွေ့ထိနေသလော၊ တစ်စိတ်တစ်ဒေသကား ကိုယ်ဖြင့် တွေ့ထိ၍ မနေသလော၊ တစ်စိတ်တစ်ဒေသ ရာဂကင်းပြီးသူ ဒေါသကင်းပြီးသူ မောဟကင်းပြီးသူ ဖြစ်၍။ |
10,659 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ တစ်စိတ်တစ်ဒေသ မျက်မှောက်ပြု ထိုက်သောတရားကို မျက်မှောက်ပြုအပ်ပြီးသည်ဖြစ်၍ တစ်စိတ်တစ်ဒေသကား မျက်မှောက်ပြုထိုက်သောတရားကို မျက်မှောက် မပြုအပ်သေးသည် ဖြစ်သလော။ |
10,660 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | လွတ်မြောက်ပြီးသော စိတ်သည် လွတ်မြောက်ဆဲ ဖြစ်ပါသလော။ |
10,661 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဥပါဒ်ခဏ၌ လွတ်မြောက်ပြီးဖြစ်၍ ဘင်ခဏ၌ လွတ်မြောက်ဆဲ ဖြစ်ပါသလော။ |
10,662 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၆၇။ ပရဝါဒီ။ |
10,663 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ လွတ်မြောက်ပြီးသော စိတ်သည် လွတ်မြောက်ဆဲဟူ၍ မဆိုသင့်ပါသလော။ |
10,664 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ဤသို့သိလတ်သော် ဤသို့မြင်လတ်သော် ထိုရဟန်းသည် ကာမာသဝမှလည်း စိတ်သည်လွတ်မြောက်၏၊ ဘဝါသဝမှလည်း စိတ်သည် လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း စိတ်သည်လွတ်မြောက်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာလျှင် မဟုတ်ပါလော။ |
10,665 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့် လွတ်မြောက်ပြီး စိတ်သည် လွတ်မြောက်ဆဲဟူ၍ ဆိုသင့်ပါ၏။ |
10,666 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ လွတ်မြောက်ပြီး စိတ်သည် လွတ်မြောက်ဆဲ ဖြစ်ပါသလော။ |
10,667 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ဤသို့ စိတ်တည်ကြည်လတ်သော် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်မလှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် အာသဝတို့၏ကုန်ရာ (အရဟတ္တမဂ်) ဉာဏ်အကျိုးငှါ စိတ်ကို ရှေးရှုညွတ်စေ၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာမဟုတ... |
10,668 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့် လွတ်မြောက်ပြီးသော စိတ်သည် လွတ်မြောက်ဆဲဟူ၍ မဆိုသင့်။ |
10,669 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ လွတ်မြောက်ဆဲ စိတ်သည် ရှိပါသလော။ |
10,670 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တပ်မက်ဆဲ ပြစ်မှားဆဲ တွေဝေဆဲ ညစ်နွမ်းဆဲ စိတ်သည် ရှိပါသလော။ |
10,671 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တပ်မက်ပြီးစိတ်သည်လည်းကောင်း၊ မတပ်မက်သေးသော စိတ်သည်လည်းကောင်း၊ ပြစ်မှားပြီးစိတ်သည်လည်းကောင်း၊ မပြစ်မှားသေးသော စိတ်သည်လည်းကောင်း၊ တွေဝေပြီးစိတ်သည်လည်းကောင်း၊ မတွေဝေသေးသော စိတ်သည်လည်းကောင်း၊ ပြတ်ပြီးစိတ်သည်လည်းကောင်း၊ မပြတ်သေးသော စိတ်သည်လည်းကောင်း၊ ကွဲပျက်ပြီးစိတ်သည်လည်းကောင်း၊ မကွဲပျက်သေးသော စိတ်သည့်လည်းကောင်း၊ ပြုပြီးစိ... |
10,672 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ တပ်မက်ပြီးစိတ်သည်လည်းကောင်း၊ မတပ်မက်သေးသော စိတ်သည်လည်းကောင်း၊ ပြစ်မှားပြီးစိတ်သည်လည်းကောင်း၊ မပြစ်မှားသေးသော စိတ်သည်လည်းကောင်း၊ တွေဝေပြီးစိတ်သည်လည်းကောင်း၊ မတွေဝေသေးသော စိတ်သည်လည်းကောင်း၊ ပြတ်ပြီးစိတ်သည်လည်းကောင်း၊ မပြတ်သေးသော စိတ်သည်လည်းကောင်း၊ ကွဲပျက်ပြီးစိတ်သည်လည်းကောင်း၊ မကွဲပျက်သေးသော စိတ်သည်လည်းကောင်း... |
10,673 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝိမုစ္စမာနကထာ ပြီး၏။ |
10,674 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ဈာန်ဟူသောဝိက္ခမ္ဘနဝိမုတ္တိဖြင့် ကိလေသာမှ လွတ်မြောက်သော စိတ်သည် မဂ်ခဏ၌ သမုစ္ဆေဒဝိမုတ္တိဖြင့် ကိလေသာမှ လွတ်မြောက်ဆဲမည်၏ဟု အယူရှိကုန်သော ပရဝါဒီဆရာတို့၏ အယူကို ပယ်ဖျောက်ခြင်းငှါ ဤဝိမုစ္စမာန ကထာကို ဟောတော်မူသည်။ |
10,675 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ရာဂကင်းပြီးသော စိတ်ရှိသူ ရဟန္တာပုဂ္ဂိုလ်တို့အား ကိလေသာတို့မှ လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးမရှိ၊ စင်စစ် သော်ကား ညစ်နွမ်းသော အဝတ်ကို ဖွပ်လျှော်အပ်သည်ရှိသော် အညစ်အကြေးမှ လွတ်မြောက်သကဲ့သို့ ထို့အတူ ရာဂ ရှိသော စိတ်သည်သာ ရာဂမှ လွတ်မြောက်၏ဟု အယူရှိသူ အန္ဓကဂိုဏ်းဝင် ပရဝါဒီတို့၏ အယူကို ပယ်ဖျက်တော်မူလို၍ ဤဝိမုတ္တိကထာကို ဟော... |
10,676 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ သင်ဖြူး စသည်တို့ကဲ့သို့ စိတ်၏ တစ်စိတ်တစ်ဒေသ အဖြစ် မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
10,677 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ တစ်ဖန် မေးမြန်းလတ်သော် လွတ်မြောက်ဆဲဖြစ်သော စိတ်၏ လွတ်မြောက်မှု မပြီးဆုံးသေးသောကြောင့် ပရဝါဒီက ဝန်ခံပြန်သည်။ |
10,678 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တစ်နည်း၊ လောကီဈာန်ခဏကို ရည်၍ ပဋိက္ခေပပြုလျက် ဖြေသည်၊ လောကုတ္တရာဈာန်ခဏကို ရည်၍ ဝန်ခံရပြန်သည်။ |
10,679 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅။ သင်ပရဝါဒီဆရာ၏ တစ်ခုတည်းသော စိတ်သည်ပင် တစ်စိတ်တစ်ဒေသ လွတ်မြောက်ပြီး၍ တစ်စိတ်တစ်ဒေသ မလွတ်မြောက်ခဲ့ပါလျှင် သင်ပရဝါဒီဆရာ၏ ထိုသောတာပန်ပုဂ္ဂိုလ်သည် လည်း တစ်စိတ်တစ်ဒေသ သောတာပန်ဖြစ်၍ တစ်စိတ်တစ်ဒေသ သောတာပန် မဟုတ်ဟု အပြစ်ရောက်ခဲ့၏ဟူ၍ စောဒနာလိုသောကြောင့် ဤအမေးကို မေးမြန်းသည်။ |
10,680 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၆။ ထိုအပြစ်မျိုး မရှိနိုင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
10,681 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၇။ တစ်ခုတည်းသော စိတ်သည်ပင် လွတ်မြောက်ပြီးလည်းမည် လွတ်မြောက်ဆဲလည်း မည်ခဲ့သော် တစ်ခုတည်းသော ခဏ၌ လွတ်မြောက်ပြီး တစ်ခုတည်းသော ခဏ၌ လွတ်မြောက်ဆဲ အဖြစ်သို့ ရောက်ရာ၏ဟု စောဒနာလို၍ ဤစကားကို မေးရသည်။ |
10,682 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၈။ လွတ်မြောက်ဆဲဟူသော ကြိယာသည် မပြီးဆုံးသေးသည်ကို ညွှန်ပြ၏၊ ထို့ကြောင့် သုတ်၌ ဟောအပ်သော ‘ဝိမုစ္စတိ’ ကြိယာသည် လွတ်မြောက်ဆဲမည်ပါ၏ဟု ဆိုသည်။ |
10,683 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၉။ ဝိမုစ္စတိဟု ဟောတော်မူခြင်းကြောင့် လွတ်မြောက်ပြီးစိတ်သည် လွတ်မြောက်ဆဲ ဖြစ်ခဲ့သော် ဤသုတ္တန်ပါဠိတော်၌ ဝိမုစ္စတိ သဒ္ဒါ မပါမရှိသောကြောင့် လွတ်မြောက်ပြီးသာ မည်ရာ၏၊ လွတ်မြောက်ဆဲ မမည်ဟု ဆိုလိုသည်။ |
10,684 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၀။ သင်ပရဝါဒီဆရာ၏ အယူ၌ လွတ်မြောက်မှု မပြီးဆုံးသေးသည်၏ အဖြစ်ကြောင့် လွတ်မြောက်ဆဲ မည်သကဲ့သို့ တပ်မက်မှု စသည် မပြီးဆုံးသေးသည်၏ အဖြစ်ကြောင့် တပ်မက်ဆဲ စသော စိတ်သည်လည်း ရှိသလောဟု စောဒနာလို၍ မေးပြန်သည်။ |
10,685 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၁။ ထိုသို့ တပ်မက်ဆဲသဘောရှိသော စိတ်စသည်ကို မမြင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ဖြေသည်။ |
10,686 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၂။ ရာဂနှင့် သမ္ပယုတ်ဖြစ်သော စိတ်သည် ရတ္တ- တပ်မက်သော စိတ်၊ ရာဂနှင့်ဝိပ္ပယုတ်ဖြစ်သော စိတ်သည် အရတ္တ- မတပ်မက်သော စိတ်ဟူ၍ နှစ်ခုသော အဖို့ရှိကုန်၏။ |
10,687 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သုံးခုမြောက်သော အဖို့ မရှိဟု သိစေလိုသောကြောင့် ဤအမေးကို သကဝါဒီက မေးရလေသည်။ |
10,688 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၂၅) ၅-အဋ္ဌမကကထာ၁ |
10,689 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၆၈။ သကဝါဒီ။ |
10,690 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်သည် ဒိဋ္ဌိသောင်းကျန်းမှုကိုပယ်ရှားအပ်ပြီးဖြစ်ပါသလော။ |
10,691 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ပယ်ရှားအပ်ပြီးဖြစ်ပါ၏။ |
10,692 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်သည် သောတာပန်လော၊ သောတာပတ္တိဖိုလ်သို့ ရောက်သည် ရသည် သိသည် မျက်မှောက်ပြုသည်ဖြစ်၍ ပြည့်စုံစေလျက် နေသလော၊ ကိုယ်ဖြင့် တွေ့ထိနေသလော။ |
10,693 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်သည် ဝိစိကိစ္ဆာသောင်းကျန်းမှုကိုပယ်ရှားအပ်ပြီးဖြစ်ပါသလော။ |
10,694 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်သည် သောတာပန်လော၊ သောတာပတ္တိဖိုလ်သို့ ရောက်သလော။ |
10,695 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ကိုယ်ဖြင့် တွေ့ထိနေသလော။ |
10,696 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်သည် ဒိဋ္ဌိသောင်းကျန်းမှုကို ပယ်ရှားအပ်ပြီးဖြစ်ပါသလော။ |
10,697 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်သည် ဒိဋ္ဌာနုသယကို ပယ်ရှားအပ်ပြီးဖြစ်ပါသလော။ |
10,698 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်သည် ဝိစိကိစ္ဆာနုသယကို။ |
10,699 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သီလဗ္ဗတပရာမာသကို ပယ်ရှားအပ်ပြီးဖြစ်ပါသလော။ |
10,700 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်သည် ဝိစိကိစ္ဆာနုသယကို ပယ်ရှား့အပ်ပြီးဖြစ်ပါသလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.