id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
10,801
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထွက်မြောက်နိုင်ပါ၏။
10,802
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်အား သဒ္ဓါသည် ရှိသည်ဖြစ်၍ ထိုသဒ္ဓါသည်လည်းဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်ခဲ့ပါမူ ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ မရှိဟု မဆိုသင့်။
10,803
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်အားဝီရိယသည် ရှိသည်ဖြစ်၍ထိုဝီရိယသည်လည်းဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်ပါသလော။
10,804
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သတိသည် ရှိသည်ဖြစ်၍ ထိုသတိသည်လည်းဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်ပါသလော။
10,805
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သမာဓိသည် ရှိသည်ဖြစ်၍ ထိုသမာဓိသည်လည်းဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်ပါသလော။
10,806
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပညာသည် ရှိသည်ဖြစ်၍ ထိုပညာသည်လည်းဝဋ်ဆင်းရဲမှထွက်မြောက်နိုင်ပါသလော။
10,807
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် ထွက်မြောက်နိုင်ပါ၏။
10,808
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အရှင်ပရဝါဒီ ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်အား ပညာသည် ရှှိသည်ဖြစ်၍ ထိုပညာသည်လည်းဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်ခဲ့ပါမူ ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်အား ပညိန္ဒြေ မရှိဟု မဆိုသင့်။
10,809
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃၇၂။ သကဝါဒီ။
10,810
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်အား သဒ္ဓါသည် ရှိသည်ဖြစ်၍ သဒ္ဓိန္ဒြေသည် ရှိပါသလော။
10,811
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်အား ပညာသည် ရှိသည် ဖြစ်၍ပညိန္ဒြေသည် ရှိပါသလော။
10,812
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်အား။
10,813
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကိုမျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်အား သဒ္ဓါသည် ရှိသည်ဖြစ်၍ သဒ္ဓိန္ဒြေသည် ရှိပါသလော။
10,814
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ပညာသည် ရှှိသည်ဖြစ်၍ ပညိန္ဒြေသည် ရှိပါသလော။
10,815
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်အား သဒ္ဓါသည် ရှိသည်ဖြစ်ပါလျက် သဒ္ဓိန္ဒြေသည် မရှှိပါသလော။
10,816
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်အား ပညာသည် ရှိသည် ဖြစ် ပါလျက်ပညိန္ဒြေသည် မရှိပါသလော။
10,817
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်အား ပညာသည် ရှိသည် ဖြစ့်ပါလျက် ပညိန္ဒြေသည် မရှိပါသလော။
10,818
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်အား သဒ္ဓါသည် ရှိသည် ဖြစ်ပါလျက်သဒ္ဓိန္ဒြေသည် မရှိပါသလော။
10,819
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ပညာသည် ရှိသည် ဖြစ်ပါလျက် ပညိန္ဒြေသည် မရှိပါသလော။
10,820
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဩော် မရှှိပါ။
10,821
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကိုမျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်အား ပညာသည် ရှိသည်ဖြစ်ပါလျက် ပညိန္ဒြေသည် မရှိပါသလော။
10,822
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်အား ဣန္ဒြေငါးပါးတို့သည် မရှိကုန်သလော။
10,823
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“ရဟန်းတို့ ဣဧန္ဒြတို့သည် ဤငါးပါးတို့တည်း။
10,824
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အဘယ်ငါးပါးတို့နည်း- သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။
10,825
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ ဣဧန္ဒြတို့သည် ဤငါးပါးတို့တည်း။
10,826
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ပြည့်စုံခြင်း လုံလောက်ခြင်းကြောင့် ရဟန္တာဖြစ်၏၊ ထိုရဟန္တာအောက်နုသေးသော ဣန္ဒြေတို့ဖြင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သူ ဖြစ်၏၊ ထို့အောက် နုသေးသောဣန္ဒြေတို့ဖြင့် အနာဂါမ်ဖြစ်၏၊ ထို့အောက် နုသေးသော ဣန္ဒြေတို့ဖြင့် အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သူ ဖြစ်၏၊ ထို့အောက် နုသေးသော ဣန္ဒြေတိ...
10,827
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ အကြင်ပုဂ္ဂိုလ်အား ဤဣန္ဒြေငါးပါးတို့သည် အချင်းခပ်သိမ်း အခါခပ်သိမ်း မရှိကုန်၊ ထိုပုဂ္ဂိုလ်ကို (သာသနာမှ) အပဖြစ်သော ပုထုဇဉ်အသင်းအပင်း၌ တည်သောသူဟူ၍ ငါ ဆို၏"ဤသို့လျှင် မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
10,828
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်သည် သာသနာမှ အပဖြစ်သူ ပုထုဇဉ်အသင်းအပင်း၌ တည်သူ ဖြစ်ပါသလော။
10,829
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့်ပင် ရှစ်ယောက်မြောက် (သောတာပတ္တိမဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်အား ဣန္ဒြေငါးပါးတို့ ရှှိကုန်၏။
10,830
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အဋ္ဌမကဿ ဣန္ဒြိယကထာ ပြီး၏။
10,831
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁။ သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည် မဂ်ခဏ၌ သဒ္ဓါစသော ဣန္ဒြေတို့ကို ရဆဲသာ မည်ကုန်၏၊ ထိုသောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည် သဒ္ဓါစသော ဣန္ဒြေတို့ကို ရအပ်ပြီး မမည်ကုန်ဟု အယူရှိသူ အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို ပယ်ဖျက်ခြင်းငှါ ဤအဋ္ဌမကဿ ဣန္ဒြိယကထာကို ဟောတော်မူသည်။
10,832
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၂။ သဒ္ဓိန္ဒြေမှ သဒ္ဓါ၏ ထူးသည်၏ အဖြစ်ကို မှတ်သား၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
10,833
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃။ အကြင်ပုဂ္ဂိုလ်အား မနသည် ရှိ၏၊ ထိုပုဂ္ဂိုလ်အား မနိန္ဒြေရှိသကဲ့သို့ အကြင်ပုဂ္ဂိုလ်အား သဒ္ဓါစသည်သည် ရှိ၏၊ ထိုပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ စသည်တို့သည်လည်း ရှိ၏ဟု ပြခြင်းငှါ ဤပုစ္ဆာကို အားထုတ်တော်မူသည်။
10,834
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
-- ၃-တတိယဝဂ် (၂၇) ၇-ဒိဗ္ဗစက္ခုကထာ၁
10,835
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃၇၃။ သကဝါဒီ။
10,836
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ (စတုတ္ထဈာန်) တရားက ထောက်ပံ့အပ်သော မံသစက္ခုသည် ဒိဗ္ဗစက္ခ့ု ဖြစ်ပါသလော။
10,837
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မံသစက္ခ့ုသည် ဒိဗ္ဗစက္ခုလော၊ ဒိဗ္ဗစက္ခုသည် မံသစက္ခုလော။
10,838
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(စတုတ္ထဈာန်) တရားက ထောက်ပံ့အပ်သော မံသစက္ခုသည် ဒိဗ္ဗစက္ခု ဖြစ်ပါသလော။
10,839
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မံသစက္ခုသည် အကြင်သို့သဘောရှိ၏၊ ဒိဗ္ဗစက္ခုသည်လည်း ထိုသို့သဘော ရှိသလော၊ ဒိဗ္ဗစက္ခုသည် အကြင်သို့သဘောရှိ၏၊ မံသစက္ခုသည်လည်း ထိုသို့သဘောရှိသလော။
10,840
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုမံသစက္ခုသည်ပင် ထိုဒိဗ္ဗစက္ခုလော၊ ထိုဒိဗ္ဗစက္ခုသည်ပင် ထိုမံသစက္ခုလော။
10,841
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုမံသစက္ခု၏ အာရုံ အာနုဘော် ကျက်စားရာသည် အကြင်သို့သဘောရှိ၏၊ ဒိဗ္ဗစက္ခု၏အာရုံ အာနုဘော် ကျက်စားရာသည်လည်း ထိုသို့သဘောရှှိပါသလော။
10,842
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်သည် ဖြစ်၍ ကံသည် အကျိုး၏ အဖြစ်ဖြင့်မယူအပ်သည် ဖြစ်ပါသလော။
10,843
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ကာမာဝစရဖြစ်၍ ရူပါဝစရဖြစ်ပါသလော။
10,844
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကာမာဝစရဖြစ်၍ ရူပါဝစရဖြစ်ပါသလော။
10,845
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ရူပါဝစရဖြစ်၍ အရူပါဝစရဖြစ်ပါသလော။
10,846
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရူပါဝစရဖြစ်၍ အရူပါဝစရဖြစ်ပါသလော။
10,847
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဝဋ်၌ အကျုံးဝင်သည် ဖြစ်၍ဝဋ်၌ အကျုံး မဝင်သည် ဖြစ်ပါသလော။
10,848
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃၇၄။ သကဝါဒီ။
10,849
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ (စတုတ္ထဈာန်) တရားက ထောက်ပံ့အပ်သော မံသစက္ခုသည် ဒိဗ္ဗစက္ခုဖြစ်ပါသလော။
10,850
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကာမာဝစရတရားက ထောက်ပံ့အပ်သည် ဖြစ်၍ ဒိဗ္ဗစက္ခုသည် မံသစက္ခုဖြစ်ပါသလော။
10,851
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(စတုတ္ထဈာန်) တရားက ထောက်ပံ့အပ်သည် ဖြစ်၍ မံသစက္ခုသည် ဒိဗ္ဗစက္ခုဖြစ်ပါသလော။
10,852
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(လောကုတ္တရာ) တရားက ထောက်ပံ့အပ်သည် ဖြစ်၍ ဒိဗ္ဗစက္ခုသည် ပညာစက္ခုဖြစ်ပါသလော။
10,853
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(ကာမာဝစရ) တရားက ထောက်ပံ့အပ်သည် ဖြစ်၍ ဒိဗ္ဗစက္ခုသည် မံသစက္ခုဖြစ်ပါသလော။
10,854
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(စတုတ္ထဈာန်) တရားက ထောက်ပံ့အပ်သော မံသစက္ခုသည် ဒိဗ္ဗစက္ခုဖြစ်ပါသလော။
10,855
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စက္ခုတို့သည် နှစ်မျိုးတို့သာလော။
10,856
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ မံသစက္ခု၊ ဒိဗ္ဗစက္ခု၊ ပညာစက္ခုဟူ၍ စက္ခုသုံးမျိုးတို့ကို မြတ်စွာဘုရား ဟောအပ်ကုန်သည် မဟုတ်ပါလော။
10,857
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အရှင်ပရဝါဒီ မံသစက္ခု၊ ဒိဗ္ဗစက္ခု၊ ပညာစက္ခုဟူ၍ စက္ခုသုံးမျိုးတို့ကို မြတ်စွာဘုရားဟောအပ်ခဲ့ပါကုန်မူ စက္ခုတို့သည် နှစ်မျိုးတို့သာဟူ၍ မဆိုသင့်။
10,858
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စက္ခုတို့သည် နှစ်မျိုးတို့လော။
10,859
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“ရဟန်းတို့ စက္ခုတို့ကား ဤသုံးမျိုးတို့တည်း။
10,860
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အဘယ်သုံးမျိုးတို့နည်း၊ မံသစက္ခု၊ ဒိဗ္ဗစက္ခု၊ ပညာစက္ခုတို့တည်း။
10,861
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ ဤသုံးမျိုးတို့ကား စက္ခုတို့တည်း”ဟူ၍ လည်းကောင်း၊ “ယောကျ်ားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် မံသစက္ခု၊ ဒိဗ္ဗစက္ခု၊ အမြတ်ဆုံး ပညာစက္ခု၊ ဤစက္ခုသုံးမျိုးတို့ကို ဟောကြားတော်မူခဲ့ပြီ၊ မံသစက္ခု၏ ဖြစ်ပေါ်ခြင်းသည် ဒိဗ္ဗစက္ခုကို ရခြင်း၏ အကြောင်းပေတည်း၊ အကြင် အခါ၌အတုမရှိမြတ်သော အသိဉာဏ်ဟူသော ပညာစက္ခုသည် ဖြစ်ပေါ်လာ၏၊ ထိုအခ...
10,862
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့်ပင် စက္ခုတို့သည် နှစ်မျိုးတို့သာဟူ၍ မဆိုသင့်။
10,863
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒိဗ္ဗစက္ခုကထာ ပြီး၏။
10,864
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁။ စတုတ္ထဈာန်တရားက ထောက်ပံ့အပ်သော မံသစက္ခုသည်သာ ဒိဗ္ဗစက္ခုမည်၏ဟု အယူရှိသူ အန္ဓကနှင့် သမ္မိတိယဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို တားမြစ်တော်မူလို၍ ဤဒိဗ္ဗစက္ခုကထာကို ဟောတော်မူသည်။
10,865
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၂။ ထိုမံသစက္ခုမျှသည်သာ ထိုစတုတ္ထဈာန်သည် ထောက်ပံ့အပ်သော ဒိဗ္ဗစက္ခု မဟုတ်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
10,866
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃။ နှစ်ပါးကုန်သော မံသစက္ခု ဒိဗ္ဗစက္ခုတို့၏ တစ်ခုတည်းသောသဘော မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
10,867
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄။ မံသစက္ခုသည် ဥပါဒိဏ္ဏက ဖြစ်၍ ဒိဗ္ဗစက္ခုသည် အနုပါဒိဏ္ဏက ဖြစ်၏၊ မံသစက္ခုသည် ဒိဗ္ဗစက္ခုဟု အလိုမရှိခဲ့၊ ထို့ကြောင့် ပဋိက္ခေပပြု၍ ဖြေသည်။
10,868
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅။ တစ်ဖန်မေးလတ်သော် မံသစက္ခုဖြစ်ပေါ်ခြင်းသည် ဒိဗ္ဗစက္ခုအကြောင်းတည်းဟူသော စကားကို အမှီပြု၍ မံသစက္ခုဟူသော အကြောင်းကြောင့် ဒိဗ္ဗစက္ခု ဖြစ်၏၊ ထိုဒိဗ္ဗစက္ခုသည်လည်း ရူပါဝစရတရားကြောင့် ဖြစ်ကုန်သော မဟာဘုတ် လေးပါးတို့၏ ကြည်လင်မှု ပသာဒပင်တည်းဟု အလိုရှိရကား ပရဝါဒီက ဝန်ခံပြန်သည်။
10,869
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၆။ မံသစက္ခုသည် ဒိဗ္ဗစက္ခုဟူ၍ အလိုမရှိရကား ပဋိက္ခေပပြု၍ ဖြေသည်။
10,870
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၇။ တစ်ဖန် မေးလတ်သော် ရူပါဝစရဈာန်ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်ရကား ဝန်ခံပြန်သည်။
10,871
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၈။ အရူပါဝစရခဏ၌ အရူပါဝစရစိတ် မရှိခြင်းကြောင့် ပဋိက္ခေပပြု၍ ဖြေသည်။
10,872
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၉။ အရူပါဝစရကံကြောင့် ဖြစ်ကုန်သော မဟာဘုတ်တို့၏ ကြည်လင်ခြင်းသည်သာ ပသာဒ ဖြစ်၏ဟူသော အယူဖြင့် ဝန်ခံပြန်သည်။
10,873
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁၀။ ဒိဗ္ဗစက္ခု၏ အပရိယာပန္နအဖြစ်ကို အလိုမရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
10,874
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁၁။ စတုတ္ထဈာန်တရားက ထောက်ပံ့အပ်သော ဒိဗ္ဗစက္ခု၏ ပညာစက္ခုအဖြစ်ကို အလို မရှိသော်လည်း ပညာစက္ခုကား သီးခြားရှိသည်၏ အဖြစ်ကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
10,875
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁၂။ တစ်ဖန် မေးလတ်သော် စတုတ္ထဈာန်တရားက ထောက်ပံ့အပ်သော မံသစက္ခုသည် ဒိဗ္ဗစက္ခုမည်၏ဟူသော မိမိအယူ၌တည်၍ ဝန်ခံပြန်သည်။
10,876
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
-- (၂၈) ၈-ဒိဗ္ဗသောတကထာ
10,877
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃၇၅။ သကဝါဒီ။
10,878
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ (စတုတ္ထဈာန်) တရားက ထောက်ပံ့အပ်သော မံသသောတသည် ဒိဗ္ဗသောတဖြစ်ပါသလော။
10,879
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မံသသောတသည် ဒိဗ္ဗသောတလော၊ ဒိဗ္ဗသောတသည် မံသသောတလော။
10,880
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(စတုတ္ထဈာန်) တရားက ထောက်ပံ့အပ်သော မံသသောတသည် ဒိဗ္ဗသောတ ဖြစ်ပါသလော။
10,881
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မံသသောတသည် အကြင်သို့သဘောရှိ၏၊ ဒိဗ္ဗသောတသည်လည်း ထိုသို့သဘောရှှိသလော၊ ဒိဗ္ဗသောတသည် အကြင်သို့သဘောရှိ၏၊ မံသသောတသည်လည်း ထိုသို့သဘောရှိပါသလော။
10,882
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(စတုတ္ထဈာန်) တရားက ထောက်ပံ့အပ်သော မံသသောတသည် ဒိဗ္ဗသောတဖြစ်ပါသလော။
10,883
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုမံသသောတသည်ပင် ထိုဒိဗ္ဗသောတလော၊ ထိုဒိဗ္ဗသောတသည်ပင် ထိုမံသသောတ လော။
10,884
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မံသသောတ၏ အာရုံ အာနုဘော် ကျက်စားရာသည် အကြင်သို့သဘောရှိ၏၊ ဒိဗ္ဗသောတ၏ အာရုံ အာနုဘော် ကျက်စားရာသည်လည်း ထိုသို့သဘောရှိပါသလော။
10,885
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(ထိုမံသသောတသည်) ကံသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သည်ဖြစ်၍ ကံသည်အကျိုး၏အဖြစ်ဖြင့် မယူအပ်သည် ဖြစ်ပါသလော။
10,886
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ကံသည် အကျိုး၏ အဖြစ်ဖြင့် ယူအပ်သည်ဖြစ်၍ ကံသည် အကျိုး၏ အဖြစ်ဖြင့်မယူအပ်သည် ဖြစ်ပါသလော။
10,887
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဝဋ်၌ အကျုံးဝင်သည် ဖြစ်၍ဝဋ်၌ အကျုံး မဝင်သည် ဖြစ်ပါသလော။
10,888
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃၇၆။ သကဝါဒီ။
10,889
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒိဗ္ဗသောတသည် ကာမာဝစရတရားက ထောက်ပံ့အပ်သည် ဖြစ်၍ မံသသောတဖြစ်ပါသလော။
10,890
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(စတုတ္ထဈာန်) တရားက ထောက်ပံ့အပ်သည် ဖြစ်၍ မံသသောတသည် ဒိဗ္ဗသောတဖြစ်ပါသလော။
10,891
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သောတသည် တစ်ခုတည်းသာလော။
10,892
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မံသသောတ၊ ဒိဗ္ဗသောတဟူ၍ သောတနှစ်မျိုးတို့ကို မြတ်စွာဘုရား ဟောအပ်ကုန် သည်မဟုတ်ပါလော။
10,893
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ မံသသောတ၊ ဒိဗ္ဗသောတဟူ၍ သောတနှစ်မျိုးတို့ကို မြတ်စွာဘုရားဟောအပ်ခဲ့ပါကုန်မူ သောတသည် တစ်ခုတည်းသာဟူ၍ မဆိုသင့်။
10,894
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒိဗ္ဗသောတကထာ ပြီး၏။
10,895
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(၂၉) ၉-ယထာကမ္မူပဂတဉာဏကထာ၁
10,896
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃၇၇။ သကဝါဒီ။
10,897
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ကံအားလျော်စွာ ကပ်ရောက်သူကို သိသော ‘ယထာကမ္မူပဂတ'ဉာဏ်သည်ဒိဗ္ဗစက္ခု ဖြစ်ပါသလော။
10,898
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကံအားလျော်စွာ ကပ်ရောက်သူကိုလည်း နှလုံးသွင်းပါသလော၊ ဒိဗ္ဗစက္ခုဖြင့် အဆင်း'ရူပါရုံ’ ကိုလည်း မြင်ပါသလော။
10,899
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဖဿနှစ်ပါးတို့၏လည်းကောင်း၊ စိတ်နှစ်ပါးတို့၏လည်းကောင်း ပေါင်းဆုံမှုသည် ဖြစ်ပါသလော။
10,900
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ယထာကမ္မူပဂတဉာဏ်သည် ဒိဗ္ဗစက္ခု ဖြစ်ပါသလော။