id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
10,901
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“အချင်းတို့ ဤသတ္တဝါတို့သည်၅ ကာယဒုစရိုက်နှင့် ပြည့်စုံသူတို့တည်း” ဟူ၍လည်း နှလုံးသွင်းပါသလော၊ “ဝစီဒုစရိုက်နှင့် ပြည့်စုံသူတို့တည်း”ဟူ၍လည်း နှလုံးသွင်းပါသလော၊ “မနောဒုစရိုက်နှင့် ပြည့်စုံသူတို့”ဟူ၍လည်း နှလုံးသွင်းပါသလော၊ “အရိယာတို့ကို စွပ်စွဲသူတို့”ဟူ၍လည်း နှလုံးသွင်းပါသလော၊ “မှားယွင်းသော အယူရှိသူတို့”ဟူ၍လည်း နှလုံးသွင်းပါ...
10,902
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ပြင် “အချင်းတို့ဤသတ္တဝါတို့သည် ကာယသုစရိုက်နှင့် ပြည့်စုံသူတို့”ဟူ၍လည်း နှလုံးသွင်းပါသလော၊ “ဝစီသုစရိုက်နှင့်ပြည့်စုံသူတို့”ဟူ၍လည်း နှလုံးသွင်းပါသလော၊ “မနောသုစရိုက်နှင့် ပြည့်စုံသူတို့”ဟူ၍လည်း နှလုံးသွင်းပါသလော၊ “အရိယာတို့ကို မစွပ်စွဲသူတို့”ဟူ၍လည်း နှလုံးသွင်းပါသလော၊ “မှန်ကန်သော အယူရှိသူတို့”ဟူ၍လည်း နှလုံးသွင်းပါသလော...
10,903
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ “ထိုသူတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းသောသူတို့လားရာ နတ်ပြည်လောကသို့ ကပ်ရောက်သူတို့”ဟူ၍လည်း နှလုံးသွင်းသလော၊ ဒိဗ္ဗစက္ခုဖြင့်အဆင်း'ရူပါရုံ'ကိုလည်း မြင်ပါသလော။
10,904
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဖဿနှစ်ပါးတို့၏လည်းကောင်း၊ စိတ်နှစ်ပါးတို့၏လည်းကောင်း ပေါင်းဆုံမှုသည် ဖြစ်ပါသလော။
10,905
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃၇၈။ သကဝါဒီ။
10,906
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ယထာကမ္မူပဂတဉာဏ်သည် ဒိဗ္ဗစက္ခု ဖြစ်ပါသလော။
10,907
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒိဗ္ဗစက္ခု မရှိသော ဒိဗ္ဗစက္ခုကို မရသော မသိသော မျက်မှောက်မပြုသော ကံအားလျော်စွာ ကပ်ရောက်သူကို သိသော တစ်စုံတစ်ယောက်သော သူသည် ရှိပါသလော။
10,908
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ ဒိဗ္ဗစက္ခု မရှိသော ဒိဗ္ဗစက္ခုကို မရသော မသိသော မျက်မှောက် မပြုသောကံအားလျော်စွာ ကပ်ရောက်သူကို သိသော တစ်စုံတစ်ယောက်သောသူ ရှိခဲ့ပါမူ ယထာကမ္မူပဂတဉာဏ်သည် ဒိဗ္ဗစက္ခု ဖြစ်၏ဟူ၍ မဆိုသင့်။
10,909
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသျှင်သာရိပုတ္တရာသည် ယထာကမ္မူပဂတဉာဏ်ကို သိပါသလော။
10,910
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ အသျှင်သာရိပုတ္တရာသည် ယထာကမ္မူပဂတဉာဏ်ကို သိခဲ့ပါမူ ယထာကမ္မူပဂတဉာဏ်သည် ဒိဗ္ဗစက္ခုဟူ၍ မဆိုသင့်။
10,911
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသျှင်သာရိပုတ္တရာအား ဒိဗ္ဗစက္ခုသည် ရှိပါသလော။
10,912
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အသျှင်သာရိပုတ္တရာသည် ဤစကားကို မိန့်တော်မူပြီး-၉
10,913
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“ပုဗ္ဗေနိဝါသဉာဏ်အကျိုးငှါ ငါ့အား တောင့်တချက်သည် ရှိလည်း မရှိ၊ ဒိဗ္ဗစက္ခု အကျိုးငှါ ငါ့အားတောင့်တချက်သည် ရှိလည်းမရှိ၊ စေတောပရိယဉာဏ် အကျိုးငှါ လည်းကောင်း၊ ဣဒ္ဓိဝိဓဉာဏ်အကျိုးငှါလည်းကောင်း၊ ဒိဗ္ဗသောတဓာတ်အကျိုးငှါ လည်းကောင်း၊ စုတူပပါတဉာဏ်အကျိုးငှါလည်းကောင်း ငါ့အား တောင့်တချက်သည် ရှိလည်း မရှိ”ဟူသော သုတ္တန် (ပါဠိ) ရှိသည်သာ မဟ...
10,914
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ထို့ကြောင့် ကံအားလျော်စွာ ကပ်ရောက်သော သူကို သိသော ဉာဏ်သည် ဒိဗ္ဗစက္ခုဟု မဆိုသင့်။
10,915
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ယထာကမ္မူပဂတဉာဏကထာ ပြီး၏။
10,916
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁။ ‘ဣတိ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန။
10,917
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ယထာကမ္မုပဂေ သတ္တေပဇာနာတိ'သုတ်ကို မသင့်မတင့်အားဖြင့် ယူ၍ ယထာကမ္မူပဂတဉာဏ်သည်ပင် ဒိဗ္ဗစက္ခုဟု အယူရှိသူ ပရဝါဒီဆရာတို့၏အယူကို တားမြစ်တော်မူရန် ဤယထာ ကမ္မူပဂတဉာဏကထာကို ဟောတော်မူသည်။
10,918
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၂။ တစ်ခုတည်းသော စိတ်၏ အာရုံနှစ်မျိုး မရှိခြင်းကြောင့် ပရဝါဒီက ပဋိက္ခေပပြုသည်။
10,919
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃။ တစ်ဖန် မေးပြန်သော် အထူးထူးသော စိတ်တို့၏ အစွမ်းအားဖြင့် ပရဝါဒီက ဝန်ခံပြန်သည်။
10,920
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄။ အမြွက်ထောင်ခွင့် မပေးမူ၍ မေးမြန်းလတ်သော် ပဋိက္ခေပပြု၍ ဖြေပြန်သည်။
10,921
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅။ သီလက္ခန်ပါဠိတော်မူရင်းကို ကြည့်၍ လျော်အောင် ပြန်ဆိုထားသည်။
10,922
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၆။ အသျှင်သာရိပုတ္တရာသည် အပ္ပိစ္ဆတာဂုဏ်ဖြင့် အဘိညာဉာဏ်တို့ကို မသုံးဆောင်သောကြောင့် အချို့ပရဝါဒီတို့က အသျှင်သာရိပုတ္တရာမထရ်အား ထိုအဘိညာဉာဏ် မရှိဟု အောက်မေ့မှတ်ထင်ကြကုန်၏၊ ထို့ကြောင့် သကဝါဒီက ဤပုစ္ဆာကို ထုတ်သည်။
10,923
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၇။ ယခင် ဆိုခဲ့ပြီးသော အကြောင်းကြောင့် ပရဝါဒီက ပဋိက္ခေပပြုသည်။
10,924
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၈။ တပည့်သာဝကတို့ ရသင့်ရထိုက်သာ ရောက်သင့်ရောက်ထိုက်သော တရားအားလုံးသို့ အသျှင်သာရိပုတ္တရာ ရောက်၏ဟု နှလုံးသွင်းမိသောကြောင့် ဝန်ခံပြန်သည်။
10,925
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၉။ ပရဝါဒီအား ပျံ့လွင့်စေလို၍ သကဝါဒီက မေးပြန်သည်၊ အသျှင်သာရိပုတ္တရာသည် သုံးဆောင်ရန် တောင့်တမှု မရှိခြင်းကြောင့်သာ ဤဂါထာကို မိန့်တော်မူ၏၊ အဘိညာဉ်ဉာဏ် မရှိခြင်းကြောင့် တောင့်တမှု မရှိဟု မိန့်ဆိုသည် မဟုတ်၊ ပရဝါဒီဆရာကား အဘိညာဉ်ဉာဏ် မရှိ၍သာ တောင့်တမှုမရှိဟု မှတ်ထင်နေသောကြောင့် အသျှင်သာရိပုတ္တရာအား ဒိဗ္ဗစက္ခုအဘိညာဉ် မရှိ၊ ယထာ...
10,926
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
-- (၃၀) ၁၀-သံဝရကထာ၁
10,927
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃၇၉။ သကဝါဒီ။
10,928
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ နတ်တို့၌ စောင့်စည်းမှု ‘သံဝရ'သည် ရှိပါသလော။
10,929
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ နတ်တို့၌ မစောင့်စည်းမှု ‘အသံဝရ'သည် ရှိပါသလော။
10,930
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်တို့၌ မစောင့်စည်းမှုသည် မရှိပါသလော။
10,931
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်တို့၌ စောင့်စည်းမှုသည် မရှိပါသလော။
10,932
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မစောင့်စည်းမှုမှ စောင့်စည်းခြင်းသည် အကျင့်'သီလ'မဟုတ်ပါလော၊ နတ်တို့၌စောင့်စည်းမှု ရှိပါသလော။
10,933
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကြင်မစောင့်စည်းမှုမှ စောင့်စည်းခြင်းသည် အကျင့် ‘သီလ’မည်၏၊ နတ်တို့၌ထိုမစောင့်စည်းမှုသည် ရှိပါသလော။
10,934
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ မစောင့်စည်းမှုမှ စောင့်စည်းခြင်းသည် အကျင့် ‘သီလ’မည်၍ နတ်တို့၌ စောင့်စည်းမှုရှိခဲ့ပါမူ ထိုအကြောင်းကြောင့် “အကြင်မစောင့်စည်းမှုမှ စောင့်စည်းခြင်းသည် အကျင့် ‘သီလ’မည်၏၊ နတ်တို့၌ ထိုမစောင့်စည်းမှုသည် ရှိ၏”ဟူ၍ ဆိုသင့်၏။
10,935
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုပဌမအမေး၌ မစောင့်စည်းမှုမှစောင့်စည်းခြင်းသည် အကျင့် ‘သီလ’မည်သည် ဖြစ်၍ နတ်တို့၌ စောင့်စည်းမှုသည် ရှိ၏ဟုဆိုအပ်သည်သာတည်း၊ ဤဒုတိယအမေး၌ “အကြင်မစောင့်စည်းမှုမှ စောင့်စည်းခြင်းသည်အကျင့် ‘သီလ’မည်၏၊ နတ်တို့၌ ထိုမစောင့်စည်းမှုသည် ရှိ၏ဟူ၍ကား မဆိုခဲ့ပေ၊ ဤသို့ (ရှေ့နောက်မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက် မညီညွတ်...
10,936
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ “အကြင်မစောင့်စည်းမှုမှ စောင့်စည်းခြင်းသည် အကျင့်'သီလ’မည်၏၊ နတ်တို့၌ထိုမစောင့်စည်းမှုသည် ရှိ၏”ဟု မဆိုခဲ့ပါမူ မစောင့်စည်းမှုမှ စောင့်စည်းခြင်းသည် အကျင့်'သီလ’မည်သည်ဖြစ်၍ နတ်တို့၌ စောင့်စည်းမှု ရှိ၏ဟူ၍ သင် မဆိုသင့်တော့ပေ။
10,937
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုပဌမအမေး၌ မစောင့်စည်းမှုမှ စောင့်စည်းခြင်းသည် အကျင့်'သီလ’မည်သည် ဖြစ်၍ နတ်တို့၌စောင့်စည်းမှု ရှိ၏ဟူ၍ သင် ဆိုခဲ့သည်သာတည်း၊ ဤဒုတိယအမေး၌မူ “အကြင်မစောင့်စည်းမှုမှစောင့်စည်းခြင်းသည် အကျင့် ‘သီလ’မည်၏၊ နတ်တို့၌ ထိုမစောင့်စည်းမှုသည် ရှိ၏”ဟူ၍ကား သင်မဆိုခဲ့ပေ၊ ဤသို့ (ရှေ့နောက် မညီညွတ်သော) အကြင်စကားကို သင် ဆိုဘိ၏၊ သင်၏ ဤရှေ့နောက...
10,938
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ လူတို့၌ စောင့်စည်းမှုသည် ရှိသည်ဖြစ်၍ ထိုလူတို့၌ မစောင့်စည်းမှုသည်လည်း ရှိပါသလော။
10,939
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်တို့၌ စောင့်စည်းမှုသည် ရှိသည် ဖြစ်၍ ထိုနတ်တို့၌ မစောင့်စည်းမှုသည်လည်းရှိပါသလော။
10,940
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်တို့၌ စောင့်စည်းမှုသည် ရှိသည် ဖြစ်ပါလျက် ထိုနတ်တို့၌ မစောင့်စည်းမှု သည်ကားမရှှိပါသလော။
10,941
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
လူတို့၌ စောင့်စည်းမှုသည် ရှိသည် ဖြစ်ပါလျက် ထိုလူတို့၌ မစောင့်စည်းမှုသည်ကားမရှိပါသလော။
10,942
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃၈၀။ သကဝါဒီ။
10,943
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ နတ်တို့၌ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှုသည် ရှိပါသလော။
10,944
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ နတ်တို့၌ သူ့အသက်ကို သတ်မှုသည် ရှိပါသလော။
10,945
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်တို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် (သောက်ခြင်းမှ) ရှောင်ကြဉ်မှုသည် ရှိပါသလော။
10,946
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်တို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် (သောက်ခြင်း) သည် ရှိပါသလော။
10,947
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်တို့၌ သူ့အသက်ကို သတ်မှုသည် မရှှိပါသလော။
10,948
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်တို့၌ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှုသည် မရှိပါသလော။
10,949
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်တို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် (သောက်ခြင်း) သည် မရှှိပါသလော။
10,950
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ နတ်တို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် (သောက်ခြင်း) မှ ရှောင်ကြဉ်မှုသည် မရှှိပါသလော။
10,951
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
လူတို့၌ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှုသည် ရှိသည် ဖြစ်၍ ထိုလူတို့၌သူ့အသက်ကို သတ်မှုသည် ရှိပါသလော။
10,952
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်တို့၌ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှုသည် ရှိသည်ဖြစ်၍ ထိုနတ်တို့၌သူ့အသက်ကို သတ်မှုသည် ရှိပါသလော။
10,953
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
လူတို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် (သောက်ခြင်း) မှ ရှောင်ကြဉ်မှုသည် ရှိသည်ဖြစ်၍ ထိုလူတို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် (သောက်ခြင်း) သည် ရှိပါသလော။
10,954
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်တို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် (သောက်ခြင်း) မှ ရှောင်ကြဉ်မှုသည် ရှိသည်ဖြစ်၍ ထိုနတ်တို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် (သောက်ခြင်း) သည်ရှိပါသလော။
10,955
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်တို့၌ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှုသည် ရှိသည်ဖြစ်၍ ထိုနတ်တို့၌သူ့အသက်ကို သတ်မှုသည် မရှှိပါသလော။
10,956
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
လူတို့၌ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှုသည် ရှိသည်ဖြစ်၍ ထိုလူတို့၌သူ့အသက်ကို သတ်မှုသည် မရှိပါသလော။
10,957
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်တို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် (သောက်ခြင်း) မှ ရှောင်ကြဉ်မှုသည် ရှိသည်ဖြစ်၍ ထိုနတ်တို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် (သောက်ခြင်း) သည် မရှိပါသလော။
10,958
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
လူတို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် (သောက်ခြင်း) မှ ရှောင်ကြဉ်မှု့သည် ရှိသည်ဖြစ်၍ ထိုလူတို့၌ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် (သောက်ခြင်း) သည် မရှိပါသလော။
10,959
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နတ်အားလုံးတို့သည် သူ့အသက်ကို သတ်လေ့ရှိကုန်သလော၊ မပေးအပ်သောသူတစ်ပါးဥစ္စာကို ခိုးယူလေ့ရှိကုန်သလော၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိကုန်သလော၊ မမှန်စကားကို ပြောလေ့ရှိကုန်သလော၊ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက်လေ့ရှိကုန်သလော။
10,960
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့် နတ်တို့၌ စောင့်စည်းမှုသည် ရှိ၏။
10,961
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁၁ သံဝရကထာ ပြီး၏။
10,962
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁။ တာဝတိံသာနတ်တို့ကို အစပြု၍ အထက်နတ်တို့၌ အကြင်ကြောင့် ထိုနတ်တို့သည် ပါဏာတိပါတ စသော ငါးပါးသော ဝေရစေတနာတို့ကို မပြုမကျင့်ကြကုန်၊ ထို့ကြောင့် ထိုနတ်တို့အား စောင့်စည်းမှု သံဝရရှိ၏ဟု အယူရှိကုန်သော ပရဝါဒီဆရာတို့၏ အယူကို ပယ်ဖျက်၍ ဤသံဝရကထာကို ဟောတော်မူသည်။
10,963
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၂။ ပါဏာတိပါတစသော ဝေရစေတနာတို့ ဖြစ်ပေါ်မှုကို မမြင်ရကား ပရဝါဒီက ဝန်ခံသည်။
10,964
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃။ ‘သံဝရ’ဟူသော စောင့်စည်းထိုက်သော အသံဝရတရား ရှိသော်သာ ဖြစ်နိုင်ရကား ဤအသံဝရ ပုစ္ဆာကို သကဝါဒီက မေး သည်။
10,965
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄။ နတ်တို့၌ ပါဏာတိပါတအစရှိသော ကံမရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြုသည်။
10,966
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅။ သံဝရရှိသော် အသံဝရ၊ အသံဝရရှိသော် သံဝရရှိ၏ဟု ပြလိုသောကြောင့် သကဝါဒီက မေးသည်။
10,967
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၆။ ပါဏာတိပါတစသည်တို့၏ မဖြစ်ပေါ်သည်၏ အစွမ်းအားဖြင့် ပရဝါဒီက ဝန်ခံသည်။
10,968
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၇။ ပါဏာတိပါတစသည်တို့၏ မရှိသည်၏ အဖြစ်ကြောင့် ပရဝါဒီက ပဋိက္ခေပပြုသည်။
10,969
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၈။ ပါဏာတိပါတစသည်တို့ကို ပြုကျင့်ပြီး၍ တစ်ဖန် ထိုပါဏာတိပါတစသည်တို့မှ စောင့်စည်းမှု မရှိသည်၏ အဖြစ်ကို ရည်ရွယ်လျက် သကဝါဒီက ဝန်ခံသည်။
10,970
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၉။ ဆလဝါဒ (ကောက်ကျစ်သောဝါဒ) ၏ အစွမ်းအားဖြင့် သံဝရမရှိပါလျှင် နတ်အားလုံးတို့သည် ပါဏာတိပါတ စသည်တို့ကို ပြုကုန်သလောဟု ပရဝါဒီက မေးလိုရင်း ဖြစ်သည်။
10,971
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁၀။ နတ်တို့အား ပါဏာတိပါတစသော ဝေရစေတနာတို့ ဖြစ်ပေါ်မှု မရှိသောကြောင့် သကဝါဒီက ပဋိက္ခေပပြုသည်။
10,972
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁၁။ “န ဟေဝံ” စသောစကားမျှကို ယူ၍ မိမိဝါဒကို ပရဝါဒီက တည်စေသည်၊ သို့သော်လည်း ဤသို့တည်စေသောဝါဒသည် မတည်နိုင်သည်သာတည်း။
10,973
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃၈၁။ သကဝါဒီ။
10,974
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အသညသတ်ဗြဟ္မာတို့၌ သညာ ရှိပါသလော။
10,975
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(အသညသတ်ဘဝသည်) သညာရှိသော ဘဝ, သညာရှိသော ဂတိ, သညာရှိသော သတ္တဝါတို့၏ တည်နေရာ, သညာရှိသော သံသရာ, သညာရှိသော ပဋိသန္ဓေ, သညာရှိသော အတ္တဘောကို ရခြင်း ဖြစ်ပါသလော။
10,976
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(အသညသတ်ဘဝသည်) သညာမရှိသော ဘဝ, သညာမရှိသော ဂတိ, သညာ မရှိသောသတ္တဝါတို့၏ တည်နေရာ သညာမရှိသော သံသရာ, သညာမရှိသော ပဋိသန္ဓေ, သညာမရှိသော အတ္တဘောကို ရခြင်းဖြစ်သည် မဟုတ်ပါလော။
10,977
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ (အသညသတ်ဘဝသည်) သညာမရှိသော ဘဝ, သညာမရှိသော ဂတိ,သညာမရှိသော သတ္တဝါတို့၏ တည်နေရာ, သညာမရှိသော သံသရာ, သညာမရှိသော ပဋိသန္ဓေ, သညာမရှိသော အတ္တဘောကို ရခြင်းဖြစ်ခဲ့ပါမူ “အသညသတ်ဗြဟ္မာတို့၌ သညာရှိ၏”ဟူ၍ မဆိုသင့်။
10,978
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသညသတ်ဗြဟ္မာတို့၌ သညာရှိပါသလော။
10,979
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(အသညသတ်ဘဝသည်) ပဉ္စဝေါကာရဘဝ, ဂတိ, သတ္တဝါတို့၏ တည်နေရာ, သံသရာ,ပဋိသန္ဓေ, အတ္တဘောကို ရခြင်း ဖြစ်ပါသလော။
10,980
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(အသညသတ်ဘဝသည်) ဧကဝေါကာရဘဝ, ဂတိ, သတ္တဝါတို့၏ တည်နေရာ, သံသရာ,ပဋိသန္ဓေ, အတ္တဘောကို ရခြင်းဖြစ်သည် မဟုတ်ပါလော။
10,981
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ (အသညသတ်ဘဝသည်) ဧကဝေါကာရဘဝ, ဂတိ, သတ္တဝါတို့ တည်နေရာ, သံသရာ, ပဋိသန္ဓေ, အတ္တဘောကို ရခြင်း ဖြစ်ခဲ့ပါမူ အသညသတ်ဗြဟ္မာတို့၌ သညာရှိ၏ဟူ၍မဆိုသင့်။
10,982
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသညသတ်ဗြဟ္မာတို့၌ (သညာ) ရှိပါသလော။
10,983
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(ထိုသညာဖြင့်) သညာ၏ ပြုဖွယ်ကိစ္စကို ပြုလုပ်ပါသလော။
10,984
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃၈၂။ သကဝါဒီ။
10,985
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ လူတို့၌ သညာရှိသည် ဖြစ်၍ ထိုလူသည်လည်း သညာရှိသော ဘဝ, သညာရှိသော ဂတိ, သညာရှိသော သတ္တဝါတို့၏ တည်နေရာ, သညာရှိသော သံသရာ, သညာရှိသော ပဋိသန္ဓေ,သညာရှိသော အတ္တဘောကို ရခြင်း ဖြစ်ပါသလော။
10,986
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဩော် ဖြစ်ပါ၏။
10,987
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသညသတ်ဗြဟ္မာတို့၌ သညာရှိသည် ဖြစ်၍ ထိုအသညသတ်ဗြဟ္မာသည်လည်းသညာရှိသော ဘဝ, သညာရှိသော ဂတိ, သညာရှိသော သတ္တဝါတို့၏ တည်နေရာ, သံသရာ, ပဋိသန္ဓေ,အတ္တဘောကို ရခြင်း ဖြစ်ပါသလော။
10,988
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
လူတို့၌ သညာရှိသည် ဖြစ်၍ ထိုလူသည်လည်း ပဉ္စဝေါကာရဘဝ, ဂတိ, သတ္တဝါတို့၏တည်နေရာ, သံသရာ, ပဋိသန္ဓေ, အတ္တဘောကို ရခြင်း ဖြစ်ပါသလော။
10,989
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသညသတ်ဗြဟ္မာတို့၌ သညာရှိသည် ဖြစ်၍ ထိုအသညသတ်ဗြဟ္မာသည်လည်းပဉ္စဝေါကာရဘဝ, ဂတိ, သတ္တဝါတို့၏ တည်နေရာ, သံသရာ, ပဋိသန္ဓေ, အတ္တဘောကို ရခြင်း ဖြစ့်သလော။
10,990
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
လူတို့၌ သညာရှိသည် ဖြစ်၍ ထိုသညာဖြင့် သညာ၏ ပြုဖွယ်ကိစ္စကို ပြုလုပ်ပါသလော။
10,991
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသညသတ်ဗြဟ္မာတို့၌ သညာရှိသည် ဖြစ်၍ ထိုသညာဖြင့် သညာ၏ ပြုဖွယ်ကိစ္စကိုပြုလုပ်ပါသလော။
10,992
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသညသတ်ဗြဟ္မာတို့၌ သညာရှိသည် ဖြစ်၍ ထိုအသညသတ်ဗြဟ္မာသည်လည်းသညာမရှိသော ဘဝ, သညာမရှိသော ဂတိ, သညာမရှိသော သတ္တဝါတို့၏ တည်နေရာ, သညာမရှိသော သံသရာ, သညာမရှိသော ပဋိသန္ဓေ, သညာမရှိသော အတ္တဘောကို ရခြင်း ဖြစ်ပါသလော။
10,993
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
လူတို့၌ သညာရှိသည်ဖြစ်၍ ထိုလူသည်လည်း သညာမရှိသော ဘဝ, သညာ မရှိသောဂတိ။
10,994
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ သညာမရှိသော အတ္တဘောကို ရခြင်း ဖြစ်သလော။
10,995
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသညသတ်ဗြဟ္မာတို့၌ သညာရှိသည် ဖြစ်၍ ထိုအသညသတ်ဗြဟ္မာသည်လည်း ဧကဝေါကာရဘဝ, ဂတိ, သတ္တဝါတို့နေရာ, သံသရာ, ပဋိသန္ဓေ, အတ္တဘောကို ရခြင်း ဖြစ်ပါသလော။
10,996
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
လူတို့၌ သညာရှိသည် ဖြစ်၍ ထိုလူသည်လည်း ဧကဝေါကာရဘဝ, ဂတိ။
10,997
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အတ္တဘောကို ရခြင်း ဖြစ်သလော။
10,998
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသညသတ်ဗြဟ္မာတို့၌ သညာရှိသည် ဖြစ်လျက် ထိုသညာဖြင့်မူကား သညာ၏ပြုဖွယ်ကိစ္စကို မပြုလုပ်ပါသလော။
10,999
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
လူတို့၌ သညာရှိသည် ဖြစ်လျက် ထိုသညာဖြင့်မူကား သညာ၏ ပြုဖွယ်ကိစ္စကို မပြုလုပ်ပါသလော။
11,000
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃၈၃။ ပရဝါဒီ။