id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
11,001 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အသညသတ်ဗြဟ္မာတို့၌ သညာရှိ၏ဟူ၍ မဆိုသင့်ပါသလော။ |
11,002 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ရဟန်းတို့ အသညသတ်မည်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ထိုဗြဟ္မာတို့သည် သညာ၏ဖြစ်ပေါ်ခြင်းကြောင့် ထိုဗြဟ္မာအပေါင်းမှ ရွေ့လျောကြရကုန်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သောသုတ္တန် (ပါဠိ) ရှိသည်သာလျှင် မဟုတ်ပါလော။ |
11,003 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် အသညသတ်ဗြဟ္မာတို့၌ သညာရှိ၏။ |
11,004 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အချို့အခါ၌ ရှိ၏၊ အချို့အခါ၌ မရှိပါ။ |
11,005 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အချို့အခါ၌ သညာရှိသော သတ္တဝါတို့ ဖြစ်ကုန်သလော၊ အချို့အခါ၌ သညာ မရှိသောသတ္တဝါတို့ ဖြစ်ကုန်သလော၊ အချို့အခါ၌ သညာရှိသောဘဝ ဖြစ်သလော၊ အချို့အခါ၌ သညာမရှိသောဘဝ ဖြစ်သလော၊ အချို့အခါ၌ ပဉ္စဝေါကာရဘဝ ဖြစ်သလော၊ အချို့အခါ၌ ဧကဝေါကာရဘဝ့ဖြစ်သလော။ |
11,006 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသညသတ်ဗြဟ္မာတို့၌ သညာသည် အချို့အခါ၌ ရှိသလော၊ အချို့အခါ၌ မရှိသလော။ |
11,007 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အဘယ်အခါ၌ ရှိပါသနည်း၊ အဘယ်အခါ၌ မရှိပါသနည်း။ |
11,008 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စုတိအခါ၌လည်းကောင်း၊ ပဋိသန္ဓေအခါ၌လည်းကောင်း ရှိ၏၊ ဌီအခါ၌ မရှိ။ |
11,009 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စုတိအခါ၌လည်းကောင်း၊ ပဋိသန္ဓေအခါ၌လည်းကောင်း သညာရှိသော သတ္တဝါတို့ဖြစ်ကုန်သလော၊ ဌီအခါ၌ သညာမရှိသော သတ္တဝါတို့ ဖြစ်ကုန်သလော။ |
11,010 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စုတိအခါ၌လည်းကောင်း၊ ပဋိသန္ဓေအခါ၌လည်းကောင်း သညာရှိသောဘဝ ဖြစ်သလော၊ ဌီအခါ၌ သညာမရှိသောဘဝ ဖြစ်သလော။ |
11,011 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စုတိအခါ၌လည်းကောင်း၊ ပဋိသန္ဓေအခါ၌လည်းကောင်း ပဉ္စဝေါကာရဘဝ ဖြစ်ပါသလော၊ ဌီအခါ၌ ဧကဝေါကာရဘဝ ဖြစ်ပါသလော။ |
11,012 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသညကထာ ပြီး၏။ |
11,013 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ “သင်္ခါရပစ္စယာ ဝိညာဏံ”ဟူ၍ ဟောတော်မူသောကြောင့် ဝိညာဏ်နှင့် ကင်း၍ ပဋိသန္ဓေမည်သည် မရှိ၊ “သညုပ္ပါဒါ စ ပန တေ ဒေဝါ တမှာ ကာယာ စဝန္တိ”ဟု ဟောတော်မူသောကြောင့် အသညသတ်သတ္တဝါတို့အားလည်း စုတိပဋိသန္ဓေခဏ၌ သညာရှိ၏ဟု အယူရှိသော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို တားမြစ်တော်မူလိုသောကြောင့် ဤအသညကထာကို ဟောတော်မူသည်။ |
11,014 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ‘သင်ပရဝါဒီဆရာ၏ ထိုအသညသတ်ဘုံသည် သညာဘဝစသည် မည်ပါသလော’ဟု စောဒနာလို၍ ဤပုစ္ဆာကို မေးသည်။ |
11,015 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၃၂) ၁၂-နေဝသညာနာသညာယတနကထာ၁ |
11,016 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၈၄။ သကဝါဒီ။ |
11,017 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ နေဝသညာနာသညာယတနဘုံ၌ သညာသည် ရှိ၏ဟူ၍ မဆိုသင့်ပါသလော။ |
11,018 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (နေဝသညာနာသညာဘဝသည်) သညာမရှိသော ဘဝ, သညာမရှိသော ဂတိ,သညာမရှိသော သတ္တဝါတို့၏ တည်နေရာ, သညာမရှိသော သံသရာ, သညာမရှိသော ပဋိသန္ဓေ, သညာမရှိသော အတ္တဘောကို ရခြင်း ဖြစ်ပါသလော။ |
11,019 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (နေဝသညာနာသညာဘဝသည်) သညာရှိသော ဘဝ, သညာရှိသော ဂတိ, သညာရှိသော သတ္တဝါတို့၏ တည်နေရာ, သညာရှိသော သံသရာ, သညာရှိသော ပဋိသန္ဓေ, သညာရှိသောအတ္တဘောကို ရခြင်း ဖြစ်သည် မဟုတ်ပါလော။ |
11,020 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ (နေဝသညာနာသညာဘဝသည်) သညာရှိသော ဘဝ, သညာရှိသောဂတိ။ |
11,021 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သညာရှိသော အတ္တဘောကို ရခြင်း ဖြစ်ခဲ့ပါမူ နေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟုမဆိုသင့်ပါဟူ၍ မဆိုသင့်။ |
11,022 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟု မဆိုသင့်ပါသလော။ |
11,023 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (နေဝသညာနာသညာဘဝသည်) ဧကဝေါကာရဘဝ, ဂတိ။ |
11,024 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အတ္တဘောကို ရခြင်းဖြစ်ပါသလော။ |
11,025 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (နေဝသညာနာသညာဘဝသည်) စတုဝေါကာရဘဝ, ဂတိ။ |
11,026 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အတ္တဘောကို ရခြင်းဖြစ်သည် မဟုတ်ပါလော။ |
11,027 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ (နေဝသညာနာသညာဘဝသည်) စတုဝေါကာရဘဝ, ဂတိ။ |
11,028 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အတ္တဘောကို ရခြင်း ဖြစ်ခဲ့ပါမူ နေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟု မဆိုသင့်ဟူ၍ မဆိုသင့်။ |
11,029 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၈၅။ သကဝါဒီ။ |
11,030 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အသညသတ်ဗြဟ္မာတို့၌ သညာရှိ၏ဟု မဆိုသင့်သည် ဖြစ်၍ ထိုအသညသတ်ဗြဟ္မာသည်လည်း သညာမရှိသော ဘဝ, သညာမရှိသော ဂတိ, သညာမရှိသော သတ္တဝါတို့၏တည်နေရာ, သညာမရှိသော သံသရာ, သညာမရှိသော ပဋိသန္ဓေ, သညာမရှိသော အတ္တဘောကိုရခြင်းသည် ဖြစ်ပါသလော။ |
11,031 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟု မဆိုသင့်သည် ဖြစ်၍ ထိုနေဝသညာနာသညာယတနဗြဟ္မာသည်လည်း သညာမရှိသော ဘဝ, သညာမရှိသော ဂတိ, သညာမရှိသောသတ္တဝါတို့၏ တည်နေရာ, သညာမရှိသော သံသရာ, သညာမရှိသော ပဋိသန္ဓေ, သညာမရှိသောအတ္တဘောကို ရခြင်း သည် ဖြစ်ပါသလော။ |
11,032 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသညသတ်ဗြဟ္မာတို့၌ သညာရှိ၏ဟု မဆိုသင့်သည် ဖြစ်၍ ထိုအသညသတ်ဗြဟ္မာသည်လည်း ဧကဝေါကာရဘဝ, ဂတိ။ |
11,033 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အတ္တဘောကို ရခြင်း ဖြစ်ပါသလော။ |
11,034 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟု မဆိုသင့်သည် ဖြစ်၍ ထိုနေဝသညာနာသညာယတနဗြဟ္မာသည်လည်း ဧကဝေါကာရဘဝ, ဂတိ, သတ္တဝါတို့၏ နေရာ, သံသရာ, ပဋိသန္ဓေ,အတ္တဘောကို ရခြင်းသည် ဖြစ်ပါသလော။ |
11,035 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟု မဆိုသင့်သည် ဖြစ်၍ ထိုနေဝသညာနာသညာယတနဗြဟ္မာသည်လည်း သညာရှိသော ဘဝ, သညာရှိသော ဂတိ။ |
11,036 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သညာရှိသောအတ္တဘောကို ရခြင်း ဖြစ်ပါသလော။ |
11,037 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသညသတ်ဗြဟ္မာတို့၌ သညာရှိ၏ဟု မဆိုသင့်သည် ဖြစ်၍ ထိုအသညသတ်ဗြဟ္မာသည်လည်း သညာရှိသော ဘဝ, သညာရှိသော ဂတိ။ |
11,038 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သညာရှိသော အတ္တဘောကို ရခြင်း ဖြစ်ပါသလော။ |
11,039 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟု မဆိုသင့်သည် ဖြစ်၍ ထိုနေဝသညာနာသညာယတနဗြဟ္မာသည်လည်း စတုဝေါကာရဘဝ, ဂတိ။ |
11,040 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသညသတ်ဗြဟ္မာတို့၌ သညာရှိ၏ဟု မဆိုသင့်သည် ဖြစ်၍ ထိုအသညသတ်ဗြဟ္မာသည်လည်း စတုဝေါကာရဘဝ, ဂတိ။ |
11,041 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နေဝသညာနာသညာယတနဘဝသည် စတုဝေါကာရဘဝဖြစ်သည် မဟုတ်ပါလော။ |
11,042 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ နေဝသညာနာသညာယတနဘဝသည် စတုဝေါကာရဘဝ ဖြစ်ခဲ့ပါမူနေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟု မဆိုသင့်ဟူ၍ မဆိုသင့်။ |
11,043 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၈၆။ သကဝါဒီ။ |
11,044 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ နေဝသညာနာသညာယတနဘဝသည် စတုဝေါကာရဘဝဖြစ်၍ နေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟု မဆိုသင့်ပါသလော။ |
11,045 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အာကာသာနဉ္စာယတနဘဝသည် စတုဝေါကာရဘဝဖြစ်၍ အာကာသာနဉ္စာယတနဘုံ၌သညာရှိ၏ဟု မဆိုသင့်ပါသလော။ |
11,046 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နေဝသညာနာသညာယတနဘဝသည် စတုဝေါကာရဘဝဖြစ်၍ နေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟု မဆိုသင့်ပါသလော။ |
11,047 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝိညာဏဉ္စာယတနဘဝသည်။ |
11,048 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အာကိဉ္စညာယတနဘဝသည် စတုဝေါကာရဘဝဖြစ်၍အာကိဉ္စညာယတနဘုံ၌ သညာရှိ၏ဟု မဆိုသင့်ပါသလော။ |
11,049 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသာနဉ္စာယတနဘဝသည် စတုဝေါကာရဘဝဖြစ်၍ ထိုဘုံ၌ သညာရှိပါသလော။ |
11,050 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နေဝသညာနာသညာယတနဘဝသည် စတုဝေါကာရဘဝဖြစ်၍ ထိုဘုံ၌ သညာရှိပါသလော။ |
11,051 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အာကိဉ္စညာယတနဘဝသည် စတုဝေါကာရဘဝဖြစ်၍ထိုဘုံ၌ သညာရှိပါသလော။ |
11,052 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟူ၍လည်းကောင်း၊ မရှိဟူ၍လည်းကောင်းမဆိုသင့်ပါသလော။ |
11,053 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ နေဝသညာနာသညာယတနဘဝသည် စတုဝေါကာရဘဝ ဖြစ်ခဲ့ပါမူနေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟူ၍လည်းကောင်း၊ မရှိဟူ၍လည်းကောင်း မဆိုသင့်ဟူ၍မဆိုသင့်။ |
11,054 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နေဝသညာနာသညာယတနဘဝသည် စတုဝေါကာရဘဝဖြစ်၍ နေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟူ၍လည်းကောင်း၊ မရှိဟူ၍လည်းကောင်း မဆိုသင့်ပါသလော။ |
11,055 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာကာသာနဉ္စာယတနဘဝသည်။ |
11,056 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဝိညာဏဉ္စာယတနဘဝသည်။ |
11,057 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အာကိဉ္စညာယတနဘဝသည် စတုဝေါကာရဘဝဖြစ်၍ အာကိဉ္စညာယတနဘုံ၌ သညာရှိ၏ဟူ၍လည်းကောင်း၊ မရှိဟူ၍လည်းကောင်း မဆိုသင့်ပါသလော။ |
11,058 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နေဝသညာနာသညာယတနဟူ၍ ဖြစ်သည် မဟုတ်ပါလော။ |
11,059 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ နေဝသညာနာသညာယတနဟူ၍ ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် နေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟူ၍လည်းကောင်း၊ မရှိဟူ၍လည်းကောင်း မဆိုသင့်ဟု ဆိုသင့်၏။ |
11,060 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နေဝသညာနာသညာယတနဟု နှလုံးပြု၍ နေဝသညာနာသညာယတနဘုံ၌ သညာရှိ၏ဟူ၍လည်းကောင်း၊ မရှိဟူ၍လည်းကောင်း မဆိုသင့်ပါသလော။ |
11,061 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အဒုက္ခမသုခဝေဒနာဟု နှလုံးပြု၍ အဒုက္ခမသုခဝေဒနာ၌ ဝေဒနာဟူ၍လည်းကောင်း၊ ဝေဒနာ မဟုတ်ဟူ၍လည်းကောင်း မဆိုသင့်ပါသလော။ |
11,062 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နေဝသညာနာသညာယတနကထာ ပြီး၏။ |
11,063 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ‘နေဝသညာနာသညာဟု ဆိုထားသောကြောင့် စတုတ္ထအရူပဘဝ၌ သညာရှိ၏ဟု မဆိုသင့်’ဟု အယူရှိသော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ ဝါဒကို တားမြစ်လို၍ ဤနေဝသညာနာသညာယတနကထာကို ဟောတော်မူသည်။ |
11,064 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (၃၃) ၁-ဂိဟိဿ အရဟာတိကထာ၁ |
11,065 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၈၇။ သကဝါဒီ။ |
11,066 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ လူပုဂ္ဂိုလ်သည် ရဟန္တာဖြစ်ရာသလော။ |
11,067 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ဖြစ်ရာပါ၏။ |
11,068 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရဟန္တာအား လူတို့သံယောဇဉ် ရှိပါသလော။ |
11,069 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာအား လူတို့သံယောဇဉ် မရှိပါသလော။ |
11,070 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ရဟန္တာအား လူတို့သံယောဇဉ် မရှိခဲ့ပါမူ လူပုဂ္ဂိုလ်သည် ရဟန္တာ ဖြစ်ရာ၏ဟူ၍ မဆိုသင့်။ |
11,071 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | လူပုဂ္ဂိုလ်သည် ရဟန္တာဖြစ်ရာသလော။ |
11,072 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် လူတို့သံယောဇဉ်ကို ပယ်ရှားအပ်ပြီးသည် အမြစ်အရင်းကို အကြွင်းမဲ့ဖြတ်တောက်အပ်ပြီးသည် နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုလုပ်အပ်ပြီးသည် နောင်တစ်ဖန် မဖြစ်အောင်ပြုအပ်ပြီးသည် နောင်အခါ မဖြစ်ခြင်းသဘောရှိသည် မဟုတ်ပါလော။ |
11,073 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ရဟန္တာသည် လူတို့သံယောဇဉ်ကို ပယ်ရှားအပ်ပြီး အမြစ်အရင်းကိုအကြွင်းမဲ့ ဖြတ်တောက်အပ်ပြီး နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုလုပ်အပ်ပြီး နောင်တစ်ဖန် မဖြစ်အောင်ပြုအပ်ပြီး နောင်အခါ မဖြစ်ခြင်းသဘောရှိပြီးဖြစ်ခဲ့ပါမူ လူပုဂ္ဂိုလ်သည် ရဟန္တာဖြစ်ရာ၏ဟူ၍ မဆိုသင့်။ |
11,074 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | လူတို့သံယောဇဉ်ကို မပယ်ရှားမူ၍ မျက်မှောက်ဘဝ၌ပင် ဆင်းရဲ၏ အဆုံးကို ပြုနိုင်သောလူတစ်ဦးတစ်ယောက်သည် ရှိပါသလော။ |
11,075 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ မရှိပါ။ |
11,076 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ လူတို့သံယောဇဉ်ကို မပယ်ရှားမူ၍ မျက်မှောက်ဘဝ၌ပင် ဆင်းရဲ အဆုံးကိုပြုနိုင်သော လူတစ်ဦးတစ်ယောက် မရှိခဲ့ပါမူ လူပုဂ္ဂိုလ်သည် ရဟန္တာဖြစ်ရာ၏ဟူ၍ မဆိုသင့်။ |
11,077 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားအား ‘အသျှင်ဂေါတမ လူတို့သံယောဇဉ်ကိုမပယ်ရှားမူ၍ ခန္ဓာကိုယ်ပျက်စီးသည်မှ (နောက်၌) ဆင်းရဲ၏ အဆုံးကို ပြုနိုင်သော လူတစ်ဦးတစ်ယောက် ရှိပါသလော’ဟူသော ဤစကားကို မေးလျှောက်ဖူးပြီ၊ ထိုအခါ မြတ်စွာဘုရားကဝစ္ဆလူတို့သံယောဇဉ်ကို မပယ်ရှားမူ၍ ခန္ဓာကိုယ်ပျက်စီးသည်မှ နောက်ကာလ၌ ဆင်းရဲ၏ အဆုံးကိုပြုနိုင်သော လူတစ... |
11,078 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့် လူပုဂ္ဂိုလ်သည် ရဟန္တာဖြစ်ရာ၏ဟူ၍ မဆိုသင့်။ |
11,079 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် မေထုန်အကျင့်ကို မှီဝဲရာသလော၊ မေထုန်အမှုကို ဖြစ်စေရာသလော၊ သားသမီးနှင့်အတူ ကျဉ်းမြောင်းစွာ အိပ်စက်မှုကို ပြု၍ နေရာသလော၊ ကာသိတိုင်းထွက် စန္ဒကူးနံ့သာကို ခံစားရာသလော၊ ပန်း နံ့သာ နံ့သာပျောင်းကို လိမ်းကျံရာသလော၊ ရွှေငွေကို သာယာရာသလော၊ ဆိတ်နှင့် သိုးကို ခံယူရာသလော၊ ကြက်နှင့်ဝက်ကို ခံယူရာသလော၊ ဆင် နွား မြင်း မြည်းကို ... |
11,080 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | လူပုဂ္ဂိုလ်သည် ရဟန္တာဖြစ်ရာ၏ဟု မဆိုသင့်ပါသလော။ |
11,081 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ယသအမျိုးသား, ဥတ္တိယသူကြွယ်, သေတုလုလင်တို့သည် လူ့အသွင်ဖြင့် ရဟန္တာ အဖြစ်သို့ရောက်ကြသည် မဟုတ်ပါလော။ |
11,082 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ ယသအမျိုးသား, ဥတ္တိယသူကြွယ်, သေတုလုလင်တို့သည် လူ့အသွင်ဖြင့် ရဟန္တာအဖြစ်သို့ ရောက်ခဲ့ကြပါမူ ထိုအကြောင်းကြောင့် လူပုဂ္ဂိုလ်သည် ရဟန္တာဖြစ်ရာ၏ဟု ဆိုသင့်၏။ |
11,083 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဂိဟိဿ အရဟာတိကထာ ပြီး၏။ |
11,084 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ‘ယသအမျိုးသား အစရှိသည်တို့၏ လူ့အသွင်အပြင်၌ တည်ကုန်လျက် အရဟတ္တဖိုလ်သို့ရောက်သည်ကို တွေ့မြင်ရသောကြောင့် လူပုဂ္ဂိုလ်သည် ရဟန္တာ ဖြစ်ရာ၏’ဟု အယူရှိကုန်သော ဥတ္တရာပထကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို တားမြစ်လို၍ ဤဂိဟိဿ အရဟာတိကထာကို ဟောတော်မူသည်။ |
11,085 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ‘အကြင်သူသည် လူတို့၏ သံယောဇဉ်နှင့် ယှဉ်သည်၏ အဖြစ်ကြောင့် လူမည်၏၊ ထိုသူသည် ရဟန္တာဖြစ်၏’ဟူသော အဓိပ္ပါယ်ကို မမှတ်နိုင်ဘဲ လူ့အသွင်အပြင်မျှကိုသာ မြင်သော ပရဝါဒီဆရာသည် ဝန်ခံလျက် ဖြေ၏။ |
11,086 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ ‘လူမည်သည် လူတို့၏ သံယောဇဉ်ကြောင့်သာ ဖြစ်၏၊ လူ့အသွင်အပြင်မျှဖြင့် လူမည်သည် မဟုတ်’ ဟူသောနည်းကို ပြလို၍ ဤပုစ္ဆာကို မေးသည်။ |
11,087 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (၃၄) ၂-ဥပပတ္တိကထာ၁ |
11,088 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၈၈။ သကဝါဒီ။ |
11,089 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် ရဟန္တာဖြစ်ပါသလော။ |
11,090 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် သောတာပန်ဖြစ်ပါသလော။ |
11,091 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် ရဟန္တာဖြစ်ပါသလော။ |
11,092 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် သကဒါဂါမ်ဖြစ်ပါသလော။ |
11,093 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် အနာဂါမ်ဖြစ်ပါသလော။ |
11,094 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် သောတာပန် မဖြစ်ပါသလော။ |
11,095 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် သောတာပန် မဖြစ်ခဲ့ပါမူ ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် ရဟန္တာဖြစ်၏ဟူ၍ မဆိုသင့်။ |
11,096 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပဋိသန္ဓေနေသည်ဖြင့် တစ်ပြိုင်နက် သကဒါဂါမ် မဖြစ်ပါသလော။ |
11,097 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် သကဒါဂါမ် မဖြစ်ခဲ့ပါမူ ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် ရဟန္တာဖြစ်၏ဟူ၍ မဆိုသင့်။ |
11,098 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် အနာဂါမ် မဖြစ်ပါသလော။ |
11,099 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် အနာဂါမ် မဖြစ်ခဲ့ပါမူ ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် ရဟန္တာဖြစ်၏ဟူ၍ မဆိုသင့်။ |
11,100 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၈၉။ သကဝါဒီ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.