id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
12,501
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဖဿသည် ကံ၏ အကျိုးလော၊ ဖဿသည် သုခဝေဒနာ ရှိသလော၊ ဒုက္ခ ဝေဒနာ ရှိသလော၊ အဒုက္ခမသုခဝေဒနာ ရှိသလော၊ သုခဝေဒနာနှင့် ယှဉ်သလော၊ ဒုက္ခ။
12,502
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အဒုက္ခ့မသုခဝေဒနာနှင့် ယှဉ်သလော၊ ဖဿနှင့် ယှဉ်သလော၊ ဝေဒနာနှင့် ယှဉ်သလော၊ သညာနှင့် ယှဉ်သလော၊ စေတနာနှင့် ယှဉ်သလော၊ စိတ်နှင့် ယှဉ်သလော၊ အာရုံရှိပါသလော၊ ထိုဖဿအား ဆင်ခြင်မှုသည်။
12,503
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဆုတောင်းမှု ရှိပါသလော။
12,504
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မြေကြီးသည် ကံ၏ အကျိုးလော၊ မြေကြီးသည် သုခဝေဒနာ ရှိသလော၊ ဒုက္ခ ဝေဒနာ ရှိသလော၊ အဒုက္ခမသုခဝေဒနာ ရှိသလော၊ သုခဝေဒနာနှင့် ယှဉ်သလော၊ ဒုက္ခဝေဒနာ။
12,505
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်သလော၊ ဖဿနှင့် ယှဉ်သလော၊ ဝေဒနာနှင့် ယှဉ်သလော၊ သညာနှင့် ယှဉ်သလော၊ စေတနာနှင့် ယှဉ်သလော၊ စိတ်နှင့် ယှဉ်သလော၊ အာရုံရှိသလော၊ ထိုမြေကြီးအား ဆင်ခြင်မှု နှလုံးသွင်းမှု ကောင်းစွာ နှလုံးသွင်းမှု စိတ်၌ ပြုမှု စေ့ဆော်မှု တောင့်တမှု ဆုတောင်းမှု ရှိပါသလော။
12,506
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မြေကြီးသည် ကံ၏ အကျိုးလော၊ သုခဝေဒနာ မရှိသလော၊ ဒုက္ခဝေဒနာ မရှိပါသလော။
12,507
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အာရုံ မရှိပါသလော၊ ထိုမြေကြီးအား ဆင်ခြင်မှု။
12,508
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဆုတောင်းမှု မရှိပါသလော။
12,509
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် မရှိပါ၏။
12,510
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဖဿသည် ကံ၏ အကျိုးလော၊ ဖဿသည် သုခဝေဒနာ မရှိပါသလော၊ ဒုက္ခ ဝေဒနာ မရှိပါသလော။
12,511
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အာရုံ မရှိပါသလော၊ ထိုဖဿအား ဆင်ခြင်မှု။
12,512
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မြေကြီးသည် ကံ၏ အကျိုးလော။
12,513
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မြေကြီးသည် မြှောင့်ပင့်ခြင်း နှိမ့်ချခြင်းသို့ ရောက်ပါသလော၊ ဖြတ်ခြင်း ခွဲခြင်းသို့ ရောက်ပါသလော။
12,514
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် ရောက်ပါ၏။
12,515
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကံ၏ အကျိုးသည် မြှောက်ပင့်ခြင်း နှိမ့်ချခြင်းသို့ ရောက်ပါသလော၊ ဖြတ်ခြင်း ခွဲခြင်းသို့ ရောက်ပါသလော။
12,516
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မြေကြီးကို ရောင်းခြင်းငှါလည်းကောင်း၊ ဝယ်ခြင်းငှါလည်းကောင်း၊ ရှေးရှုတည့်တည့် ထားခြင်းငှါလည်းကောင်း၊ ဆွတ်ခူးခြင်းငှါလည်းကောင်း၊ ရွေးချယ်ခြင်းငှါလည်းကောင်း ရအပ်ပါသလော။
12,517
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကံ၏ အကျိုးကို ရောင်းခြင်းငှါ ဝယ်ခြင်းငှါ ရှေးရှုထားခြင်းငှါ ဆွတ်ခူးခြင်းငှါ ရွေးချယ်ခြင်းငှါ ရအပ်ပါသလော။
12,518
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၉၃။ သကဝါဒီ။
12,519
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ မြေကြီးသည် သူတစ်ပါးတို့နှင့် ဆက်ဆံပါသလော။
12,520
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကံ၏ အကျိုးသည် သူတစ်ပါးတို့နှင့် ဆက်ဆံပါသလော။
12,521
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ကံ၏ အကျိုးသည် သူတစ်ပါးတို့နှင့် ဆက်ဆံပါသလော။
12,522
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် ဆက်ဆံပါ၏၄။
12,523
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“သုစရိုက်ကို အကယ်၍ ကျင့်အံ့၊ (ဤသို့ကျင့်လျှင်) ထိုအကျင့်သည် အခြားသူတစ်ပါးနှင့် မဆက်ဆံဘဲ ခိုးသူတို့ မဆောင်ယူနိုင်သော ရွှေအိုးနှင့် တူ၏၊ (ထို့ကြောင့်) သတ္တဝါသည့်ကောင်းမှုကုသိုလ်တို့ကို ပြုလုပ်ရာ၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
12,524
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့် ကံ၏ အကျိုးသည် သူတစ်ပါးနှင့် ဆက်ဆံ၏ဟူ၍ မဆိုသင့်။
12,525
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မြေကြီးသည် ရှေးဦးစွာ တည်ပါသလော၊ သတ္တဝါတို့သည် နောက်မှ ဖြစ်ပါကုန်သလော။
12,526
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရှေးဦးစွာ အကျိုးသည် ဖြစ်ပါသလော၊ နောက်မှ အကျိုးကို ရဖို့ရန် ကံကို ပြုလုပ်ပါကုန်သလော။
12,527
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မြေကြီးသည် သတ္တဝါအားလုံးတို့၏ ကံ၏ အကျိုးလော။
12,528
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သတ္တဝါအားလုံးတို့သည် မြေကြီးကို သုံးဆောင်ပါကုန်သလော။
12,529
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် သုံးဆောင်ပါကုန်၏၆။
12,530
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မြေကြီးကို မသုံးစွဲကုန်ဘဲ ပရိနိဗ္ဗာန်စံကုန်သော အချို့ပုဂ္ဂိုလ်တို့သည် ရှိပါကုန်သလော။
12,531
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် ရှိပါကုန်၏၇။
12,532
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကံ၏ အကျိုးကို မကုန်ခန်းစေမူ၍ ပရိနိဗ္ဗာန်စံကုန်သော အချို့သောပုဂ္ဂိုလ်တို့သည် ရှိပါကုန်သလော၈။
12,533
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မြေကြီးသည် စကြဝတေးမင်း၏ ကံ၏ အကျိုးလော။
12,534
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အခြားသတ္တဝါတို့သည် မြေကြီးကို သုံးဆောင်ပါကုန်သလော။
12,535
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် သုံးဆောင်ပါကုန်၏။
12,536
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စကြဝတေးမင်း၏ ကံ၏ အကျိုးကို အခြားသတ္တဝါတို့သည် သုံးဆောင်ပါကုန်သလော။
12,537
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စကြဝတေးမင်း၏ ဖဿကို၊ ဝေဒနာကို၊ သညာကို၊ စေတနာကို၊ စိတ်ကို၊ သဒ္ဓါကို၊ ဝီရိယကို၊ သတိကို၊ သမာဓိကို၊ ပညာကို အခြားသတ္တဝါတို့သည် သုံးဆောင်ပါကုန်သလော။
12,538
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၉၄။ ပရဝါဒီ။
12,539
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ မြေကြီးသည် ကံ၏ အကျိုးဟူ၍ မဆိုသင့်ပါသလော။
12,540
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အစိုးရသူ၏ အဖြစ်ကို ဖြစ်စေတတ်သော ကံသည် အကြီးအကဲ၏ အဖြစ်ကို ဖြစ်စေ တတ်သော ကံသည် ရှိသည် မဟုတ်ပါလော၁၀။
12,541
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်သကဝါဒီ အစိုးရ၏ အဖြစ်ကို ဖြစ်စေတတ်သောကံ အကြီးအကဲ၏ အဖြစ်ကို ဖြစ်စေတတ်သောကံ ရှိခဲ့ပါလျှင် ထိုအကြောင်းကြောင့် မြေကြီးသည် ကံ၏ အကျိုးဟူ၍ ဆိုသင့်၏။
12,542
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပထဝီကမ္မဝိပါကောတိကထာ ပြီး၏။
12,543
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁။ “အတ္ထိ ဣဿရိယသံဝတ္တနိယံ ကမ္မံ အဓိပစ္စသံဝတ္တနိယံ ကမ္မံ” ဟူရာ၌ မြေကြီးကို အစိုးရသည်၏အဖြစ် အကြီးအမှူး၏ အဖြစ်ကို ဖြစ်စေတတ်သော ကံမည်၏ဟု ဆိုအပ်၏၊ ထို့ကြောင့် မြေကြီးသည် ကံ၏ အကျိုးတည်းဟု အယူရှိကြသော အန္ဓကဂိုဏ်းဝင် ပရဝါဒီတို့ကို ရည်ရွယ်လျက် ဤကထာကို ဟောတော်မူသည်။
12,544
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၂။ ကမ္မဝိပါကသဘောကို ပြခြင်းငှါ ဤပုစ္ဆာကို မိန့်သည်။
12,545
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃။ ဖဿ စသည်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
12,546
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄။ ကမ္မသမုဋ္ဌာန်ရုပ်ကိုလည်းကောင်း၊ ပထဝီစသည်တို့၏သာလျှင် သူတစ်ပါးတို့နှင့် ဆက်ဆံသည်၏အဖြစ်ကိုလည်းကောင်း ရည်ရွယ်၍ ဝန်ခံပြန်သည်။
12,547
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅။ မြေကြီးကို မမှီမူ၍ တည်နေကုန်သော သတ္တဝါတို့ကို ရည်ရွယ်၍ ပဋိက္ခေပပြုလျက် ဖြေသည်။
12,548
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၆။ မှီ၍နေသူတို့ကို ရည်ရွယ်၍ ဝန်ခံသည်။
12,549
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၇။ အရူပဘုံ၌ ပရိနိဗ္ဗာန်စံကုန်သောပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် ဝန်ခံသည်။
12,550
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၈။ အကျိုး၏ အဖြစ်ဖြင့် တည်သော ထိုမြေကို မကုန်စေမူ၍ ပရိနိဗ္ဗာန်ပြုခြင်းသည် မသင့်တကားဟု စောဒနာလို၍ ဤပုစ္ဆာကို မေးသည်။
12,551
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၉။ ကံ၏ အကျိုးကို ကုန်စေ၍သာလျှင် ပရိနိဗ္ဗာန်ပြု၏ဟူသော မိမိဝါဒ၌ တည်လျက် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
12,552
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁၀။ ကံသည် ရသည်၏ အစွမ်းအားဖြင့်သာ ထိုဣဿရိယအာဓိပစ္စကို ဖြစ်စေသည်၊ ဇနက၏အစွမ်းအားဖြင့် ဖြစ်စေသည်မဟုတ်၊ ထို့ကြောင့် ထိုစကားသည် မြေကြီး၏ ဝိပါကအဖြစ်၌ ပြီးစေနိုင်သော စကား မဟုတ်။
12,553
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
-- (၇၀) ၈-ဇရာမရဏံ ဝိပါကောတိကထာ၁
12,554
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၉၅။ သကဝါဒီ။
12,555
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဇရာမရဏသည် အကျိုး'ဝိပါက်'လော။
12,556
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဇရာမရဏသည် သုခဝေဒနာ ရှိသလော၊ ဒုက္ခဝေဒနာ ရှိသလော၊ အဒုက္ခမသုခ ဝေဒနာ ရှိသလော၊ သုခဝေဒနာနှင့် ယှဉ်သလော၊ ဒုက္ခဝေဒနာနှင့် ယှဉ်သလော၊ အဒုက္ခမသုခဝေဒနာနှင့် ယှဉ်သလော၊ ဖဿနှင့် ယှဉ်သလော၊ ဝေဒနာနှင့် ယှဉ်သလော၊ သညာနှင့် ယှဉ်သလော၊ စေတနာနှင့် ယှဉ်သလော၊ စိတ်နှင့် ယှဉ်သလော၊ အာရုံရှိသလော၊ ဇရာမရဏအား ဆင်ခြင်မှု နှလုံးသွင်းမှု ကောင်းစွာ နှလုံး...
12,557
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဇရာမရဏသည် သုခဝေဒနာ မရှိသည် ဒုက္ခဝေဒနာ မရှိသည်။
12,558
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အာရုံမရှိသည် မဟုတ်ပါလော၊ ဇရာမရဏအား ဆင်ခြင်မှု။
12,559
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဆုတောင်းမှု မရှိသည် မဟုတ်ပါလော။
12,560
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ ဇရာမရဏသည် သုခဝေဒနာ မရှိခဲ့ပါလျှင် ဒုက္ခဝေဒနာ မရှိခဲ့ပါလျှင်။
12,561
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အာရုံ မရှိခဲ့ပါလျှင် ထိုဇရာမရဏအား ဆင်ခြင်မှု။
12,562
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဆုတောင်းမှု မရှိခဲ့ပါလျှင် ဇရာမရဏသည် အကျိုး'ဝိပါက်’ဟူ၍ မဆိုသင့်။
12,563
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဖဿသည် အကျိုး'ဝိပါက်'လော၊ ဖဿသည် သုခဝေဒနာရှိသလော၊ ဒုက္ခဝေဒနာ့ရှိသလော။
12,564
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အာရုံရှိသလော၊ ဖဿအား ဆင်ခြင်မှု။
12,565
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဇရာမရဏသည် အကျိုး'ဝိပါက်'လော၊ ဇရာမရဏသည် သုခဝေဒနာရှိသလော၊ ဒုက္ခဝေဒနာရှိသလော။
12,566
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အာရုံရှိသလော၊ ထိုဇရာမရဏအား ဆင်ခြင်မှု။
12,567
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဇရာမရဏသည် အကျိုး'ဝိပါက်'လော၊ ဇရာမရဏသည် သုခဝေဒနာ မရှိသလော၊ ဒုက္ခဝေဒနာ မရှိသလော။
12,568
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အာရုံ မရှိသလော၊ ထိုဇရာမရဏအား ဆင်ခြင်မှု။
12,569
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဖဿသည် အကျိုး'ဝိပါက်'လော၊ ဖဿသည် သုခဝေဒနာ မရှိသလော၊ ဒုက္ခ ဝေဒနာ မရှိသလော။
12,570
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အာရုံ မရှိသလော၊ ထိုဖဿအား ဆင်ခြင်မှု။
12,571
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဆုတောင်းမှု မရှိပါလော။
12,572
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၉၆။ သကဝါဒီ။
12,573
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အကုသိုလ်တရားတို့၏ အိုမှုသေမှု ‘ဇရာမရဏ'သည် အကုသိုလ်တရားတို့၏ အကျိုးလော။
12,574
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ကုသိုလ်တရားတို့၏ အိုမှုသေမှု ‘ဇရာမရဏ'သည် ကုသိုလ်တရားတို့၏ အကျိုးလော။
12,575
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကုသိုလ်တရားတို့၏ အိုမှုသေမှု ‘ဇရာမရဏ'သည် ကုသိုလ်တရားတို့၏ အကျိုးဟူ၍ မဆိုသင့်ပါသလော။
12,576
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်တရားတို့၏ အိုမှုသေမှု ‘ဇရာမရဏ'သည် အကုသိုလ်တရားတို့၏ အကျိုးဟူ၍ မဆိုသင့်ပါသလော။
12,577
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကုသိုလ်တရားတို့၏ အိုမှုသေမှု ‘ဇရာမရဏ'သည် ကုသိုလ်တရားတို့၏ အကျိုး (ဖြစ်သလော)။
12,578
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်တရားတို့၏ အိုမှုသေမှု ‘ဇရာမရဏ'သည် ကုသိုလ်တရားတို့၏ အကျိုးလော။
12,579
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်တရားတို့၏ အိုမှုသေမှု ‘ဇရာမရဏ'သည် ကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်’ဟူ၍ မဆိုသင့်ပါသလော။
12,580
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကုသိုလ်တရားတို့၏ အိုမှုသေမှု ‘ဇရာမရဏ'သည် အကုသိုလ်တရားတို့၏ အကျိုး ‘ဝိပါက်’ဟူ၍ မဆိုသင့်ပါသလော။
12,581
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကုသိုလ်တရားတို့၏လည်းကောင်း၊ အကုသိုလ်တရားတို့၏လည်းကောင်း အိုမှုသေမှု ‘ဇရာ မရဏ'သည် အကုသိုလ်တရားတို့၏ အကျိုး'ဝိပါက်'လော။
12,582
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကုသိုလ်တရားတို့၏လည်းကောင်း၊ အကုသိုလ်တရားတို့၏လည်းကောင်း အိုမှုသေမှု့'ဇရာ မရဏ'သည် ကုသိုလ်တရားတို့၏ အကျိုး'ဝိပါက်'လော။
12,583
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကုသိုလ်တရားတို့၏လည်းကောင်း၊ အကုသိုလ်တရားတို့၏လည်းကောင်း အိုမှုသေမှု ‘ဇရာ မရဏ'သည် ကုသိုလ်တရားတို့၏ အကျိုး'ဝိပါက်’ဟူ၍ မဆိုသင့်ပါသလော။
12,584
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကုသိုလ်တရားတို့၏လည်းကောင်း၊ အကုသိုလ်တရားတို့၏လည်းကောင်း အိုမှုသေမှု ‘ဇရာ မရဏ'သည် အကုသိုလ်တရားတို့၏ အကျိုး'ဝိပါက်’ဟူ၍ မဆိုသင့်ပါသလော။
12,585
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၉၇။ ပရဝါဒီ။
12,586
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဇရာမရဏသည် အကျိုး'ဝိပါက်’ဟူ၍ မဆိုသင့်ပါသလော။
12,587
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အဆင်းမလှခြင်းကို ဖြစ်စေတတ်သောကံ၊ အသက်တိုခြင်းကို ဖြစ်စေတတ်သော ကံသည် ရှိသည် မဟုတ်ပါလော၄။
12,588
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်သကဝါဒီ အဆင်းမလှခြင်းကို ဖြစ်စေတတ်သောကံ၊ အသက်တိုခြင်းကို ဖြစ်စေ တတ်သော ကံ ရှိခဲ့ပါလျှင် ထိုအကြောင်းကြောင့် ဇရာမရဏသည် အကျိုး'ဝိပါက်’ဟူ၍ ဆိုသင့်၏။
12,589
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဇရာမရဏံ ဝိပါကောတိကထာ ပြီး၏။
12,590
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁။ “အတ္ထိ ဒုဗ္ဗဏ္ဏသံဝတ္တနိယံ ကမ္မံ အပ္ပါယုကသံဝတ္တနိယံ ကမ္မံ” ဟူရာ၌ မကောင်းသော အဆင်းရှိသူ၏အဖြစ်ဟူသည် ဇရာပင်တည်း၊ အသက်တိုသူ၏ အဖြစ်ဟူသည် မရဏပင်တည်း၊ ထိုကိုဖြစ်စေတတ်သော ကံသည် ရှိ၏၊ ထိုဇရာမရဏသည် ဝိပါက်တည်းဟု အယူရှိကြသော အန္ဓကဂိုဏ်းဝင် ပရဝါဒီတို့ကို ရည်ရွယ်၍ ဤ ဇရာမရဏဝိပါကကထာကို ဟောသည်။
12,591
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၂။ ဇရာမရဏမည်သည် အလိုမရှိအပ်သော အနိဋ္ဌဝိပါက်သာ ဖြစ်ရာ၏ဟူသော အယူဖြင့် ဝန်ခံသည်၊ ထိုအကြောင်းဖြင့်ပင် ကုသိုလ်တရားတို့၏ အကျိုး၏အဖြစ်ကို ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
12,592
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃။ ဇရာမရဏမည်သည် အလိုမရှိအပ်သော အနိဋ္ဌဝိပါက်သာ ဖြစ်ရာ၏ဟူသော အယူဖြင့် ဝန်ခံသည်၊ ထိုအကြောင်းဖြင့်ပင် ကုသိုလ်တရားတို့၏ အကျိုး၏အဖြစ်ကို ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
12,593
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄။ ပရိယာယ်အားဖြင့် ထိုဇရာမရဏတို့ ဖြစ်စေတတ်သော ကံသည် ဝိပါက် ဖဿ စသည်တို့ ကဲ့သို့ ဇနက၏ အစွမ်းအားဖြင့် ဖြစ်စေသည် မဟုတ်၊ ထို့ကြောင့် ဝိပါက်အဖြစ်ကို မပြီးစေနိုင်လေ။
12,594
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
-- ၇-သတ္တမဝဂ် (၇၁) ၉-အရိယဓမ္မဝိပါကကထာ၁
12,595
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၉၈။ သကဝါဒီ။
12,596
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ မဂ်ဟူသော အရိယာတရား၏ အကျိုး'ဝိပါက်'သည် မရှိပါသလော။
12,597
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သမဏ'ရဟန်း'အဖြစ်ဟူသော မဂ်သည် ကြီးမြတ်သော အကျိုးရှိသည် ဗြာဟ္မဏ အဖြစ်ဟူသော မဂ်သည် ကြီးမြတ်သော အကျိုးရှိသည် မဟုတ်ပါလော။
12,598
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ သမဏအဖြစ်ဟူသော မဂ်သည် ကြီးမြတ်သော အကျိုးရှိခဲ့ပါမူ ဗြာဟ္မဏ အဖြစ်ဟူသော မဂ်သည် ကြီးမြတ်သော အကျိုးရှိခဲ့ပါမူ မဂ်ဟူသော အရိယာတရား၏ အကျိုးသည် မရှိဟူ၍ မဆိုသင့်။
12,599
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မဂ်ဟူသော အရိယာတရား၏ အကျိုး'ဝိပါက်'သည် မရှိပါသလော။
12,600
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သောတာပတ္တိဖိုလ်သည် ရှိသည် မဟုတ်ပါလော။