id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
12,401 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၈၄။ သကဝါဒီ။ |
12,402 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သုံးဆောင်မှုကြောင့် ဖြစ်သော ကောင်းမှုသည် တိုးပွါးပါသလော။ |
12,403 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒါယကာသည် ဒါနကို ပေးလှူပြီး နှလုံးမသွင်း၊ (ထိုသူအား) ကောင်းမှုသည် ဖြစ်ပါသလော။ |
12,404 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မဆင်ခြင်သူအား ဖြစ်ပါသလော၊ နှလုံးသွင်းမှု မရှိသူအား ဖြစ်ပါသလော၊ နှလုံး မသွင်းသူအား ဖြစ်ပါသလော၊ စိတ်၌ မပြုသောသူအား ဖြစ်ပါသလော၊ မစေ့ဆော်သူအား ဖြစ်ပါသလော၊ မလိုလားသူအား ဖြစ်ပါသလော၊ မတောင့်တသူအား ဖြစ်ပါသလော။ |
12,405 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကောင်းမှုသည် ဆြင်ခင်သူအား ဖြစ်သည်မဟုတ်ပါလော၊ နှလုံးသွင်းမှုရှိသူအား ဖြစ်သည် မဟုတ်ပါလော၊ နှလုံးသွင်းသူအား ဖြစ်သည်မဟုတ်ပါလော၊ စိတ်၌ ပြုသူအား ဖြစ်သည် မဟုတ်ပါလော၊ စေ့ဆော်သူအား ဖြစ်သည်မဟုတ်ပါသလော၊ လိုလားသူအား ဖြစ်သည်မဟုတ်ပါလော၊ တောင့်တသူအား ဖြစ်သည်မဟုတ်ပါလော။ |
12,406 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ကောင်းမှုသည် ဆင်ခြင်သူအား ဖြစ်ခဲ့ပါမူ နှလုံးသွင်းမှုရှိသူအား ဖြစ်ခဲ့ပါမူ စိတ်၌ ပြုလုပ်သူအား ဖြစ်ခဲ့ပါမူ စေ့ဆော်သူအား ဖြစ်ခဲ့ပါမူ လိုလားသူအား ဖြစ်ခဲ့ပါမူ တောင့်တ သူအား ဖြစ်ခဲ့ပါမူ သုံးဆောင်ခြင်းကြောင့် ဖြစ်သော ကောင်းမှုသည် တိုးပွါး၏ဟူ၍ မဆိုသင့်။ |
12,407 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၈၅။ သကဝါဒီ။ |
12,408 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဩော် တိုးပွါးပါ၏။ |
12,409 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒါယကာသည် ဒါနကို ပေးလှူပြီး၍ ကာမဝိတက်ကို ကြံစည်၏၊ ဗျာပါဒဝိတက်ကို ကြံစည်၏၊ ဝိဟိံသဝိတက်ကို ကြံစည်၏၊ (ထိုသူအား) ကောင်းမှုသည် ဖြစ်ပါသလော။ |
12,410 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဖဿနှစ်ပါးတို့၏။ |
12,411 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ စိတ်နှစ်ပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော။ |
12,412 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ဖြစ်ပါ၏၇။ |
12,413 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကုသိုလ် အကုသိုလ်တရားတို့သည် အပြစ်ရှိကုန် အပြစ်မရှိကုန်သော တရားတို့သည် အယုတ် အမြတ်ဖြစ်ကုန်သော တရားတို့သည် အမည်းအဖြူနှင့် တူကုန်သော တရားတို့သည် မျက်မှောက်အဖြစ်သို့ ရောက်ပါကုန်သလော၈။ |
12,414 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကုသိုလ် အကုသိုလ်တရားတို့သည် အပြစ်ရှိကုန်အပြစ်မရှိကုန်သော တရားတို့သည် အယုတ် အမြတ်ဖြစ်ကုန်သော တရားတို့သည် အမည်းအဖြူနှင့် တူကုန်သော တရားတို့သည် မျက်မှောက် အဖြစ်သို့ ရောက်ပါကုန်သလော။ |
12,415 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ရောက်ပါကုန်၏၁၀။ |
12,416 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ရဟန်းတို့ ဤလေးပါးတို့သည် အလွန့်အလွန်ဝေးသော အရာတို့ပေတည်း၊ လေးပါးသော အရာတို့ကား အဘယ်တို့နည်း။ |
12,417 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန်းတို့ ကောင်းကင်နှင့် မြေကြီးသည် ရှေးဦးစွာ အလွန့်အလွန်ဝေးသော အရာပေတည်း၊ ရဟန်းတို့ သမုဒ္ဒရာ၏ ဤဘက်ကမ်းနှင့် ထိုဘက်ကမ်းသည် နှစ်ခုမြောက် အလွန့်အလွန်ဝေးသော အရာပေတည်း၊ ရဟန်းတို့ နေထွက်ရာအရပ်နှင့် နေဝင်ရာ အရပ်သည် သုံးခုမြောက် အလွန့်အလွန်ဝေးသော အရာပေတည်း၊ ရဟန်းတို့ သူတော်ကောင်းတရားနှင့် မသူတော်တို့တရားသည် လေးခုမြောက် အလွန့်... |
12,418 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန်းတို့ ဤလေးပါးတို့ ကား (တစ်ခုနှင့် တစ်ခု) အလွန့်အလွန်ဝေးသော အရာတို့ပေတည်း။ |
12,419 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကောင်းကင်သည်လည်း (မြေကြီးနှင့်) ဝေး၏၊ မြေကြီးသည်လည်း (ကောင်းကင်နှင့်) ဝေး၏။ |
12,420 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမုဒ္ဒရာ၏ ထိုမှာဘက်ကမ်းသည် ဤမှာဘက်ကမ်းနှင့် ဤမှာဘက်ကမ်းသည် ထိုမှာ ဘက်ကမ်းနှင့် ဝေး၏ဟု ဆိုကြကုန်၏။ |
12,421 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အကြင် အရပ်၌ အရောင်အလင်းကို ပြုတတ်သော နေမင်းသည် ရှေးရှုတက်၏၊ အကြင် အရပ်၌ ကင်းပျောက်ခြင်းသို့ ရောက်၏။ |
12,422 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုနေထွက်ရာ အရပ်နှင့် နေဝင်ရာ အရပ်သည် ဝေး၏။ |
12,423 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုဝေးသော အရာတို့ထက် သူတော်ကောင်းတို့၏ တရားနှင့် မသူတော်တို့၏ တရားသည် အလွန့်ဝေး၏ဟူ၍ ဆိုကြကုန်၏။ |
12,424 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သူတော်ကောင်းတို့နှင့် ပေါင်းသင်း ရခြင်းသည် မဖောက်ပြန် မပျက်စီးနိုင်၊ သူတော်ကောင်းတရား တည်တံ့သမျှ ကာလပတ်လုံး မပျက်စီးသည်သာလျှင် ဖြစ်၏။ |
12,425 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မှန်၏၊ မသူတော်နှင့် ပေါင်းရခြင်းသည် လျင်မြန်စွာ ပျက်စီးတတ်၏။ |
12,426 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့် သူတော်ကောင်းတို့ တရားသည် မသူတော်တို့မှ ဝေး၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
12,427 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် “ကုသိုလ် အကုသိုလ်တရားတို့သည်, အပြစ်ရှိကုန် အပြစ်မရှိကုန်သော တရားတို့သည်, အယုတ် အမြတ်တရားတို့သည်, အမည်းအဖြူနှင့်တူသော တရားတို့သည် မျက်မှောက်၏ အဖြစ်သို့ ရောက်ကုန်၏”ဟူ၍ မဆိုသင့်။ |
12,428 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သုံးဆောင်မှုကြောင့် ဖြစ်သော ကောင်းမှုသည် တိုးပွါး၏ဟူ၍ မဆိုသင့်ပါသလော။ |
12,429 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “အကြင်လူတို့သည် အရံ (ခြံ) ကို စိုက်ပျိုးကုန်၏၊ ဥယျာဉ်ကို စိုက်ပျိုးကုန်၏၊ တံတားခင်းကြကုန်၏။ |
12,430 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အကြင်သူတို့ကား ရေအိုးစင်ကိုလည်းကောင်း၊ ရေတွင်းကိုလည်းကောင်း၊ မှီခိုရာကျောင်းကိုလည်းကောင်း ပေးလှူကုန်၏။ |
12,431 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုသူတို့၏ ကုသိုလ်ကောင်းမှုသည် နေ့ရော ညဉ့်ပါ အခါခပ်သိမ်း တိုးပွါး၏၊ ထိုလူတို့သည် တရား၌ တည်ကုန် အကျင့်'သီလ'နှင့် ပြည့်စုံကုန်သည် ဖြစ်၍ နတ်ပြည်သို့ ရောက်ရကုန်၏”ဟု မြတ်စွာဘုရား ဟောကြားအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
12,432 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် သုံးဆောင်မှုကြောင့် ဖြစ်သော ကောင်းမှုသည် တိုးပွါး၏။ |
12,433 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သုံးဆောင်ခြင်းကြောင့် ဖြစ်သော ကောင်းမှုသည် တိုးပွါး၏ဟူ၍ မဆိုသင့်ပါသလော။ |
12,434 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ရဟန်းတို့ ချမ်းသာကို ဆောင်တတ်ကုန်သော ကောင်းသော အာရုံရှိကုန်သော ချမ်းသာသော အကျိုးရှိကုန်သော နတ်ပြည်၌ ဖြစ်စေတတ်ကုန်သော ဤကောင်းမှုအစု ကုသိုလ်အလျဉ် လေးပါးတို့သည် လိုချင်ဖွယ်ကို ရခြင်းငှါ နှစ်လိုဖွယ်ကို ရခြင်းငှါ မြတ်နိုးဖွယ်ကို ရခြင်းငှါ စီးပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်ကုန်၏။ |
12,435 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | လေးပါးတို့ဟူသည် အဘယ်တို့နည်း။ |
12,436 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန်းတို့ ရဟန်းသည် အကြင်ဒါယကာ၏ သင်္ကန်းကို ဝတ်ရုံ သုံးဆောင်လျက် အတိုင်းအရှည်မရှိသော စိတ်တည်ကြည်မှု ‘သမာဓိ'ကို ပြည့်စုံစေ၍ နေ၏၊ ထိုဒါယကာအား ချမ်းသာကို ဆောင်တတ်သော ကောင်းသော အာရုံရှိသော ချမ်းသာသော အကျိုးရှိသော နတ်ပြည်၌ ဖြစ်စေတတ်သော အတိုင်းအရှည်မရှိသော ကောင်းမှုအစု ကုသိုလ်အလျဉ်သည် လိုချင်ဖွယ်ကို ရခြင်းငှါ နှစ်လိုဖွယ်ကို ရ... |
12,437 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန်းတို့ ရဟန်းသည် အကြင်ဒါယကာ၏ ဆွမ်းကို ဘုဉ်းပေးသုံးဆောင်လျက်။ |
12,438 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ကျောင်းကို နေထိုင် သုံးဆောင်လျက်။ |
12,439 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးကို သုံးဆောင်လျက် အတိုင်းအရှည်မရှိသော စိတ်တည်ကြည်မှု ‘သမာဓိ'ကို ပြည့်စုံစေ၍ နေ၏၊ ထိုဒါယကာအား ချမ်းသာကို ဆောင်တတ်သော ကောင်းသော အာရုံရှိသော ချမ်းသာသော အကျိုးရှိသော နတ်ပြည်၌ ဖြစ်စေတတ်သော အတိုင်းအရှည်မရှိသော ကောင်းမှုအစု ကုသိုလ်အလျဉ်သည် လိုချင်ဖွယ်ကို ရခြင်းငှါ နှစ်သက်ဖွယ်ကို ရခြ... |
12,440 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန်းတို့ ချမ်းသာကို ဆောင်တတ်ကုန်သော ကောင်းသော အာရုံရှိကုန်သော ချမ်းသာသော အကျိုးရှိ့ကုန်သော နတ်ပြည်၌ ဖြစ်စေတတ်ကုန်သော ဤကောင်းမှုအစု ကုသိုလ်အလျဉ် ရှစ်ပါးတို့သည် လိုချင်ဖွယ်ကို ရခြင်းငှါ နှစ်သက်ဖွယ်ကို ရခြင်းငှါ မြတ်နိုးဖွယ်ကို ရခြင်းငှါ စီးပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်ကုန်၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရ... |
12,441 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၈၇။ သကဝါဒီ။ |
12,442 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဒါယကာသည် ဒါနကို ပေးလှူ၏၊ အလှူခံသည် ခံယူပြီး၍ မသုံးဆောင်၊ စွန့်ပစ်၏၊ (ထိုဒါယကာအား) ကောင်းမှုသည် ဖြစ်ပါသေးသလော။ |
12,443 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ဒါယကာသည် အလှူဒါနကို ပေးလှူ၏၊ အလှူခံသည် ခံယူပြီး၍် မသုံးဆောင်၊ စွန့်ပစ်၏၊ (ထိုဒါယကာအား) ကောင်းမှုသည် ဖြစ်ခဲ့ပါမူ သုံးဆောင်မှုကြောင့် ဖြစ်သော ကောင်းမှုသည် တိုးပွါး၏ဟူ၍ မဆိုသင့်။ |
12,444 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒါယကာသည် အလှူ'ဒါန'ကို ပေးလှူ၏၊ အလှူခံသည် အလှူကို ခံယူအပ်ပြီးသော် မင်းတို့သည်မူလည်း ယူဆောင်ကုန်၏၊ ခိုးသူတို့သည်မူလည်း ခိုးယူကုန်၏၊ မီးသည်မူလည်းလောင်၏၊ ရေမူလည်း မျော၏၊ မချစ်အပ်သော အမွေခံတို့သည်မူလည်း ဆောင်ယူကုန်၏၊ (ထိုဒါယကာအား) ကောင်းမှုသည် ဖြစ်ပါသလော။ |
12,445 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ဒါယကာသည် အလှူ'ဒါန'ကို ပေးလှူ၏၊ အလှူခံသည် အလှူကို ခံယူအပ်ပြီးသော် မင်းတို့သည်မူလည်း ယူဆောင်ကုန်၏၊ ခိုးသူတို့သည်မူလည်း ခိုးယူကုန်၏၊ မီးသည် မူလည်းလောင်၏၊ ရေမူလည်း မျော၏၊ မချစ်အပ်သော အမွေခံတို့သည်မူလည်း ဆောင်ယူကုန်၏၊ (ထိုဒါယကာအား) ကောင်းမှု ဖြစ်ခဲ့ပါမူ သုံးဆောင်မှုကြောင့် ဖြစ်သော ကောင်းမှုသည် တိုးပွါး၏ဟူ၍ မဆိုသ... |
12,446 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပရိဘောဂမယပုညကထာ ပြီး၏။ |
12,447 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ “တေသံ ဒိဝါ စ ရတ္တော စ သဒါ ပုညံ ပဝဍ္ဎတိ”ဟူ၍လည်းကောင်း၊ “ယဿ ဘိက္ခဝေ ဘိက္ခု စီဝရံ ပရိဘုဉ္ဇမာနော”ဟူ၍လည်းကောင်း ဤသို့ အစရှိသော သုတ်တို့ကို မသင့်မတင့်သောအားဖြင့် ယူ၍ သုံးဆောင်ခြင်းဖြင့် ပြီးသော ကောင်းမှုမည်သည် ရှိ၏ဟု ရာဇဂိရိက, သိဒ္ဓတ္ထိက, သမိတ္တိယဂိုဏ်းဝင် ပရဝါဒီတို့ကို ရည်ရွယ်၍ ဤပရိဘောဂ မယပုညကထာကို ဟောတော်မူသည်။ |
12,448 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ကောင်းမှုမည်သည် ဖဿစသော ကုသိုလ်တရားတို့သာ ဖြစ်ကုန်၏၊ ထို့ထက် အလွန်မရှိပါ၊ သင်၏အယူ၌ ဖဿ စသော တရားတို့သည် ပွါးစေရာပါသလောဟု စောဒနာလို၍ တက်သည်။ |
12,449 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ ဖဿစသော တရားတို့သည် မပွါးစေရာသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
12,450 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ အလှူခံပုဂ္ဂိုလ်တို့၏ သုံးဆောင်ခြင်းဖြင့် ပုဗ္ဗစေတနာ တိုးပွါး၏၊ ထိုသို့ အလှူခံပုဂ္ဂိုလ်တို့၏ သုံးဆောင်ခြင်း၌ ကောင်းမှုဖြစ်၏ဟု နှလုံးသွင်း၍ ပရဝါဒီက ဝန်ခံသည်။ |
12,451 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅။ ဒါယကာ၏ စာဂစေတနာကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
12,452 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၆။ ဒါယကာအား တစ်ပြိုင်နက်သော ခဏ၌ ဖဿနှစ်ပါးတို့ မရှိသောကြောင့် ပရဝါဒီက ပဋိပက္ခေပပြုလျက် ဖြေသည်။ |
12,453 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၇။ ဒါယကာ၏လည်းကောင်း၊ သုံးဆောင်သူ အလှူခံ၏လည်းကောင်း ဤနှစ်ပါးတို့ကို ရည်ရွယ်လျက် ပရဝါဒီက ဝန်ခံပြန်သည်။ |
12,454 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၈။ သကဝါဒီက ပရိယာယ်စကား၏ ထွက်ရာတံခါးကို ပိတ်ဆို့၍ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်သော ကုသိုလ် အကုသိုလ် နှစ်ပါးတို့ဖြင့် မေးသည်။ |
12,455 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၉။ ကုသိုလ် အကုသိုလ်တရားတို့၏ တစ်ခုတည်းသော ခဏ၌ ပုဂ္ဂိုလ်တစ်ယောက်၏ သန္တာန်၌ ယှဉ်ခြင်းမရှိသည်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
12,456 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၀။ သုံးဆောင်ခြင်းဖြင့် ပြီးသော ကောင်းမှုသည် စိတ်နှင့် မယှဉ်သည်ဖြစ်၍ ဖြစ်၏ဟူသော အယူဖြင့် ဝန်ခံပြန်သည်။ |
12,457 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၁။ အလှူခံပုဂ္ဂိုလ်သည် အလှူခံပြီး၍ ဒေယျဓမ္မကို မသုံးဆောင်သော်လည်း ကောင်းမှုကုသိုလ် ဖြစ်သည်သာတည်း၊ ထိုကြောင့် သကဝါဒီ၏ ဝါဒကသာ အားကြီး၏။ |
12,458 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၆၈) ၆-ဣတော ဒိန္နကထာ၁ |
12,459 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၈၈။ သကဝါဒီ။ |
12,460 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဤဘဝမှ ပေးလှူအပ်သော ဝတ္ထုဖြင့် ထိုနောက်ဘဝ၌ မျှတပါကုန်သလော။ |
12,461 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် မျှတပါကုန်၏။ |
12,462 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဤဘဝမှ သင်္ကန်းကို ပေးလှူကုန်၏၊ ထိုသင်္ကန်းကို ထိုနောက်ဘဝ၌ သုံးဆောင်ရ ပါကုန်သလော။ |
12,463 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဤဘဝမှ ဆွမ်းကို ပေးလှူကုန်၏၊ ဤဘဝမှ ကျောင်းကို ပေးလှူကုန်၏၊ ဤဘဝမှ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးကို ပေးလှူကုန်၏၊ ဤဘဝမှ ခဲဖွယ်ကို ပေးလှူကုန်၏၊ ဤဘဝမှ ဘောဇဉ်ကို ပေးလှူကုန်၏၊ ဤဘဝမှ သောက်ဖွယ်ကို ပေးလှူကုန်၏၊ ထိုသောက်ဖွယ်ကို ထိုနောက်ဘဝ၌ သုံးဆောင်ရပါကုန်သလော။ |
12,464 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဤဘဝမှ ပေးလှူအပ်သော ဝတ္ထုဖြင့် ထိုနောက်ဘဝ၌ မျှတပါကုန်သလော။ |
12,465 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အခြားသောသူသည် အခြားသူအကျိုးငှါ ပြုလုပ်ပါသလော၊ ချမ်းသာဆင်းရဲကို သူတစ်ပါးပြုလုပ်အပ်ပါသလော၊ အခြားသူသည် ပြုလုပ်ပါသလော၊ အခြားသူသည် ခံစားပါသလော၃။ |
12,466 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၈၉။ ပရဝါဒီ။ |
12,467 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဤဘဝမှ ပေးလှူအပ်သော ဝတ္ထုဖြင့် ထိုနောက်ဘဝ၌ မျှတကုန်၏ဟူ၍ မဆို သင့်ပါသလော။ |
12,468 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပြိတ္တာတို့သည် မိမိ၏ အကျိုးငှါ ပေးလှူသော အလှူ'ဒါန'ကို ဝမ်းမြောက်ကုန်သည် မဟုတ်ပါလော၊ စိတ်ကို ကြည်လင်စေကုန်သည် မဟုတ်ပါလော၊ နှစ်သက်မှုကို ဖြစ်စေကုန်သည် မဟုတ်ပါလော၊ စိတ်ချမ်းသာ ဝမ်းမြောက်မှုကို ရကြကုန်သည် မဟုတ်ပါလော။ |
12,469 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ ပြိတ္တာတို့သည် မိမိအကျိုးငှါ ပေးလှူသော အလှူ'ဒါန'ကို ဝမ်းမြောက် ခဲ့ကုန်လျှင် စိတ်ကို ကြည်လင်စေခဲ့ကုန်လျှင် နှစ်သက်မှုကို ဖြစ်စေခဲ့ကုန်လျှင် စိတ်ချမ်းသာ့ဝမ်းမြောက်မှုကို ရခဲ့ကြကုန်လျှင် ထိုအကြောင်းကြောင့် ဤဘဝမှ ပေးလှူအပ်သော ဝတ္ထုဖြင့် ထိုနောက်ဘဝ၌ မျှတကုန်၏ဟူ၍ ဆိုသင့်၏၅။ |
12,470 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၉၀။ ပရဝါဒီ။ |
12,471 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ “မြင့်ရာအရပ်၌ ရွာသောမိုးရေသည် နိမ့်ရာအရပ်သို့ စီးဆင်း သကဲ့သို့ ဤအတူပင် ဤဘဝမှ ပေးလှူအပ်သော ဝတ္ထုသည်။ |
12,472 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပိတ္တာတို့အား ကပ်ရောက်၏။ |
12,473 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရေပြည့်ကုန်သော မြစ်တို့သည် သမုဒ္ဒရာကို ပြည့်စေသကဲ့သို့ ဤအတူပင် ဤဘဝမှ ပေးလှူအပ်သော ဝတ္ထုသည်။ |
12,474 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုနောက်ဘဝ၌ လယ်ထွန်မှုသည် မရှိ၊ ထိုနောက်ဘဝ၌ နွားမွေးမှုသည် မရှိ၊ ထိုသို့သဘောရှိသော ကုန်သွယ်မှုသည်လည်းကောင်း၊ ငွေဖြင့် ရောင်းဝယ်မှုသည် လည်းကောင်း မရှိ။ |
12,475 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဤဘဝမှ ပေးလှူအပ်သော ဝတ္ထုဖြင့် သေလွန်ကုန်သော ပြိတ္တာတို့သည် ထိုဘဝ၌ မျှတကြကုန်၏”ဟု မြတ်စွာဘုရား ဟောကြားအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
12,476 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် ဤဘဝမှ ပေးလှူအပ်သော ဝတ္ထုဖြင့် ထိုနောက်ဘဝ၌ မျှတကုန်၏။ |
12,477 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၉၁။ ပရဝါဒီ။ |
12,478 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ရဟန်းတို့ ဤအကြောင်းငါးပါးတို့ကို မြော်မြင်ကုန်လျက် မိဘတို့သည် (အိမ်) ၌ မွေးဖွားသော သားသမီးကို အလိုရှိကုန်၏၊ အဘယ် အကြောင်းငါးပါးတို့နည်း။ |
12,479 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ငါတို့ မွေးအပ်သော သားသမီးသည် ငါတို့အား (တစ်ဖန်) မွေးမြူလတ္တံ့၊ ငါတို့၏ ပြုဖွယ်ကိစ္စကိုလည်း ပြုလုပ်လတ္တံ့၊ အမျိုး အနွယ်သည် ကြာမြင့်စွာ တည်လတ္တံ့၊ ငါ၏ အမွေခံအမွေစားအဖြစ်ကို ပြုကျင့်လတ္တံ့၊ ထို့ပြင် ကွယ်လွန် ကုန်သော တမလွန်ဘဝသို့ ရောက်ကုန်သော ငါတို့အား အလှူကို ပေးလတ္တံ့။ |
12,480 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန်းတို့ ဤအကြောင်း ငါးပါးတို့ကို မြော်မြင်ကုန်လျက် မိဘတို့သည် (အိမ်) ၌ မွေးဖွားသော သားသမီးကို အလိုရှိကုန်၏။ |
12,481 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အကြောင်းငါးပါးတို့ကို မြော်မြင်ကုန်လျက် ပညာရှိ (မိဘ)တို့သည် သားသမီးကို အလိုရှိကုန်၏။ |
12,482 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ငါတို့ မွေးမြူအပ်သော သားသမီးသည် ငါတို့အား (တစ်ဖန်) မွေးမြူလတ္တံ့၊ ငါတို့၏ ပြုဖွယ်ကိစ္စကိုလည်း ပြုလုပ်လတ္တံ့၊ အမျိုးအနွယ်သည် ကြာမြင့်စွာ တည်လတ္တံ့၊ အမွေခံအမွေစားအဖြစ်ကို ပြုကျင့်လတ္တံ့၊ ထို့ပြင် ကွယ်လွန်ကုန်သော တမလွန်ဘဝသို့ ရောက်ကုန်သော မိဘတို့အား အလှူကို ပေးလှူလတ္တံ့။ |
12,483 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဤအကြောင်းငါးပါးတို့ကို မြော်မြင်ကုန်လျက် ပညာရှိ (မိဘ)တို့သည် သားသမီးကို အလိုရှိကုန်၏။ |
12,484 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့် ငြိမ်သက်ကုန်သော ပြုအပ်သော ကျေးဇူးကို သိကုန်သော ပြုအပ် သော ကျေးဇူးကို ပြောကြားကုန်သော သူတော်ကောင်း (သားသမီး)တို့သည် ရှေး၌ ပြုအပ်သော ကျေးဇူးကို အောက်မေ့ကုန်လျက် အမိအဖတို့ကို လုပ်ကျွေး မွေးမြူကုန်၏၊ (မိဘတို့သည်) ထိုသားသမီးတို့၏ ပြုဖွယ်ကိစ္စတို့ကို ပြုလုပ်ကုန် သကဲ့သို့ ထို့အတူ (သားသမီးတို့သည်) ရှေးဦးစွာ ပြုလေ့ရ... |
12,485 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အဆုံးအမကို လိုက်နာပြုကျင့်လေ့ရှိသော အမျိုးအနွယ်ကို မဆုတ်ယုတ်စေ တတ်သော သဒ္ဓါတရားရှိသည် ဖြစ်၍ အကျင့်သီလနှင့် ပြည့်စုံသော သားသမီးသည် ချီးကျူးထိုက်သူဖြစ်၏"၊ ဤသို့လျှင် မြတ်စွာဘုရား ဟောကြားအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
12,486 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် ဤဘဝမှ ပေးလှူအပ်သော ဝတ္ထုဖြင့် နောက်ဘဝ၌ မျှတကုန်၏။ |
12,487 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဣတော ဒိန္နကထာ ပြီး၏။ |
12,488 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ဣတော ဒိန္နေန ယာပေန္တိ၊ ပေတာ ကာလင်္ကတာ တဟိံ”ဟူသော စကားကို အမှီပြု၍ အကြင်သင်္ကန်းစသော ဝတ္ထုကို ဤလူ့ပြည်မှ ဆွေမျိုးစသော အလှူခံအား ပေးလှူအပ်၏၊ ထိုပေးလှူအပ်သော သင်္ကန်းစသော ဝတ္ထုဖြင့်ပင် ထိုပြိတ္တာဘုံသို့ ရောက်ကုန်သော သတ္တဝါတို့သည် မျှတကြရကုန်၏ဟု ရာဇဂိရိက သိဒ္ဓတ္ထိက နိကာယဝင် ပရဝါဒီတို့၏ အယူကို တားမြစ်ရန် ဤဣတောဒိန္နကထာကို ဟ... |
12,489 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ သင်္ကန်းစသည်ဖြင့် စိစစ် မေးမြန်းခဲ့သော် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
12,490 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ မိမိကိုယ်တိုင် မိမိကံကို မပြုလုပ်သလောဟု မေးလိုသည်။ |
12,491 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ သုတ်နှင့် ဆန့်ကျင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
12,492 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅။ မိမိကိုယ်တိုင်က ဝမ်းမြောက်သည်၏ အဖြစ်ကြောင့်လည်း ထိုပြိတ္တာတို့အား ထိုပြိတ္တာဘုံ၌ အသုံးအဆောင်တို့ ဖြစ်ကြရသောကြောင့် ဤအကြောင်းဖြင့် မိမိအယူကို တည်တံ့စေသော်လည်း တည်တံ့စေသည့် မမည်နိုင်လေ၊ ထိုပြိတ္တာတို့သည် ဤလူ့ပြည်မှ ပေးလှူသော ဝတ္ထုဖြင့်သာ မျှတနေထိုင်ကြရသည် မဟုတ်သောကြောင့်တည်း။ |
12,493 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၆၉) ၇-ပထဝီကမ္မဝိပါကောတိကထာ၁ |
12,494 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၉၂။ သကဝါဒီ။ |
12,495 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ မြေကြီးသည် ကံ၏ အကျိုးလော။ |
12,496 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မြေကြီးသည် သုခဝေဒနာ ရှိပါသလော၊ ဒုက္ခဝေဒနာ ရှိပါသလော၊ အဒုက္ခ မသုခဝေဒနာ ရှိပါသလော၊ သုခဝေဒနာနှင့် ယှဉ်သလော၊ ဒုက္ခဝေဒနာနှင့် ယှဉ်သလော၊ အဒုက္ခမသုခ ဝေဒနာနှင့် ယှဉ်သလော၊ ဖဿနှင့် ယှဉ်သလော၊ ဝေဒနာနှင့် ယှဉ်သလော၊ သညာနှင့် ယှဉ်သလော၊ စေတနာနှင့် ယှဉ်သလော၊ စိတ်နှင့် ယှဉ်သလော၊ အာရုံရှိပါသလော၊ ထိုမြေကြီးအား ဆင်ခြင်မှု နှလုံးသွင်းမှု ကေ... |
12,497 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မြေကြီးသည် သုခဝေဒနာ မရှိသည် မဟုတ်ပါလော၊ ဒုက္ခဝေဒနာ မရှိသည် မဟုတ်ပါလော၊ အဒုက္ခမသုခဝေဒနာ မရှိသည် မဟုတ်ပါလော၊ သုခဝေဒနာနှင့် မယှဉ်သည် မဟုတ်ပါလော၊ ဒုက္ခဝေဒနာနှင့် မယှဉ်သည် မဟုတ်ပါလော၊ အဒုက္ခမသုခဝေဒနာနှင့် မယှဉ်သည် မဟုတ်ပါလော၊ ဖဿနှင့် မယှဉ်သည် မဟုတ်ပါလော၊ ဝေဒနာနှင့် မယှဉ်သည် မဟုတ်ပါလော၊ သညာနှင့် မယှဉ်သည် မဟုတ်ပါလော၊ စေတနာနှင... |
12,498 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ မြေကြီးအား သုခဝေဒနာ ဒုက္ခဝေဒနာ မရှိခဲ့ပါလျှင်။ |
12,499 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အာရုံ မရှိခဲ့ပါလျှင် ထိုမြေကြီးအား ဆင်ခြင်မှု။ |
12,500 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဆုတောင်းမှု မရှိခဲ့ပါလျှင် မြေကြီးသည် ကံ၏ အကျိုးဟူ၍ မဆိုသင့်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.