id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
12,301
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သညာသည်။ စေတနာသည်။
12,302
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သဒ္ဓါသည်။ ဝီရိယသည်။
12,303
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သတိသည်။ သမာဓိသည်။
12,304
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပညာသည်။ ရာဂသည်။
12,305
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒေါသသည်။ မောဟသည်။
12,306
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အနောတ္တပ္ပသည် စိတ်နှင့်အတူ ဖြစ်ပါသလော။
12,307
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ အနောတ္တပ္ပသည် စိတ်နှင့်အတူ ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် အနောတ္တပ္ပသည် စေတသိက်ဟူ၍ ဆိုသင့်၏။
12,308
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၇၆။ ပရဝါဒီ။
12,309
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ စိတ်နှင့်အတူတကွ ဖြစ်ကုန်သောကြောင့် စေတသိက်တို့ မည်ပါကုန်သလော။
12,310
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဩော် မည်ပါကုန်၏။
12,311
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဖဿနှင့်အတူတကွ ဖြစ်ကုန်သောကြောင့် ဖဿိကတို့ မည်ပါကုန်သလော၃။
12,312
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် မည်ပါကုန်၏၄။
12,313
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စိတ်နှင့်အတူတကွ ဖြစ်ကုန်သောကြောင့် စေတသိက်တို့ မည်ပါကုန်သလော။
12,314
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဝေဒနာနှင့်။
12,315
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သညာနှင့်။ စေတနာနှင့်။
12,316
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သဒ္ဓါနှင့်။
12,317
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဝီရိယနှင့်။
12,318
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သတိနှင့်။ သမာဓိနှင့်။
12,319
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပညာနှင့်။ ရာဂနှင့်။
12,320
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒေါသနှင့်။
12,321
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မောဟနှင့်။
12,322
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အနောတ္တပ္ပနှင့် အတူတကွ ဖြစ်ကုန်သောကြောင့် အနောတ္တပ္ပါသိက မည်ပါကုန်သလော။
12,323
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၇၇။ သကဝါဒီ။
12,324
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“ထိုသူအား ဤစိတ်သည်လည်းကောင်း၊ ဤစေတသိက်တရားတို့သည်လည်းကောင်း၊ အနတ္တအားဖြင့် ကောင်းစွာ ထင်ရှားကုန်၏။
12,325
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုနှစ်ပါးတို့ကို အယုတ် အမြတ်အားဖြင့် သိ၍ ကောင်းစွာ မြင်သော သူသည် ပျက်စီးသော သဘောတရားကို သိလေ၏"၊ ဤသို့ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
12,326
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့်ပင် စေတသိက်တရားသည် ရှိ၏။
12,327
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စေတသိက်တရားသည် မရှိပါသလော။
12,328
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“ကေဝဋ္ဋ ဤသာသနာတော်၌ ရဟန်းသည် ‘သင်၏ စိတ်သည် ဤသို့ သဘောရှိ၏၊ သင်၏ စိတ်သည် ဤသို့ အခြင်းအရာရှိ၏၊ သင်၏ စိတ်အကြံသည် ဤသို့ ဖြစ်၏’ဟူ၍ တစ်ပါးသော သတ္တဝါတစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကိုလည်း အတပ်ဟော၏၊ စိတ်၌ ဖြစ်သည်ကိုလည်း အတပ်ဟော၏၊ ကြံစည်သည်ကိုလည်း အတပ်ဟော၏၊ ဆင်ခြင်သည်ကိုလည်း အတပ်ဟော၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်...
12,329
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့် စေတသိက်တရားသည် ရှိ၏။
12,330
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စေတသိကကထာ ပြီး၏။
12,331
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁။ ဖဿိက စသော တရားမရှိသောကြောင့် စေတသိကတရားသည်လည်း ရှိသည် မဖြစ်ရာ၊ ထို့ကြောင့် စေတသိကတရား မရှိဟု အယူရှိသူ ရာဇဂိရိကနှင့် သိဒ္ဓတ္ထိကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ ဝါဒကို ပယ်ဖျက်ရန် ဤစေတသိကကထာကို ဟောတော်မူသည်။
12,332
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၂။ သမ္ပယုတ္တသဟဇာတကို ဆိုလိုသည်။
12,333
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃။ ဖဿိကဟူသော ဝေါဟာရကို မမြင်သောကြောင့် ပရဝါဒီက မေးသည်။
12,334
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄။ ဝေါဟာရဖြင့် အဘယ်အကျိုးရှိပါအံ့နည်း၊ စိတ်၌ မှီသောကြောင့် စေတသိက်မည်သကဲ့သို့ ထိုတရားသည်လည်း ဖဿ၌ မှီသောကြောင့် ဖဿိကမည်၏ဟုဆိုသော် အပြစ်မရှိ၊ ထို့ကြောင့် သကဝါဒီက ဝန်ခံသည်။
12,335
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၇၈။ သကဝါဒီ။
12,336
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဒါနသည် စေတသိက်တရားပါလော။
12,337
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စေတသိက်တရားကို သူတပါးတို့အား ပေးလှူခြင်းငှါ ရအပ်ပါသလော၂။
12,338
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စေတသိက်တရားကို သူတပါးတို့အား ပေးလှူခြင်းငှါ ရအပ်ပါသလော။
12,339
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် ရအပ်ပါ၏၄။
12,340
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဖဿကို သူတပါးတို့အား ပေးလှူခြင်းငှါ ရအပ်ပါသလော။
12,341
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သညာကို။ စေတနာကို။
12,342
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သဒ္ဓါကို။ ဝီရိယကို။
12,343
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သတိကို။ သမာဓိကို။
12,344
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပညာကို သူတစ်ပါးတို့အား ပေးလှူခြင်းငှါ ရအပ်ပါသလော။
12,345
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၇၉။ ပရဝါဒီ။
12,346
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဒါနသည် စေတသိက်တရားတည်းဟု မဆိုသင့်ပါသလော။
12,347
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒါနသည် အလိုမရှိအပ်သောအကျိုး မနှစ်သက်အပ်သောအကျိုး စိတ်ကို မပွါးစေ တတ်သော အကျိုး (ကိလေသာဖြင့်) သွန်းလောင်းအပ်သော အကျိုးရှိသည် ဆင်းရဲကို ပွါးစေတတ်သည် ဆင်းရဲသောအကျိုးသည် ဖြစ်ပါသလော၆။
12,348
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒါနသည် အလိုရှိအပ်သောအကျိုး နှစ်သက်အပ်သောအကျိုး စိတ်ကို တိုးပွါး စေတတ်သော အကျိုး မသွန်းလောင်းအပ်သော အကျိုးရှိသည် ချမ်းသာကို တိုးပွါးစေတတ်သည် ချမ်းသာ သော အကျိုးရှိသည် မဟုတ်ပါလော။
12,349
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်သကဝါဒီ ဒါနသည် အလိုရှိအပ်သောအကျိုး နှစ်သက်အပ်သောအကျိုး စိတ်ကို တိုးပွါးစေတတ်သောအကျိုး မသွန်းလောင်းအပ်သော အကျိုးရှိသည် ချမ်းသာကို တိုးပွါးစေတတ်သည် ချမ်းသာသော အကျိုးသည် ရှိခဲ့ပါမူ ထိုအကြောင်းကြောင့် ဒါနသည် စေတသိက်တရားဟူ၍ ဆိုသင့်သည်။
12,350
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒါနသည် အလိုရှိအပ်သော အကျိုးရှိ၏ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် ဖြစ်၍ သင်္ကန်းသည် ဒါနဖြစ်ပါသလော။
12,351
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ သင်္ကန်းသည် အလိုရှိအပ်သောအကျိုး နှစ်သက်အပ်သောအကျိုး စိတ်ကို တိုးပွါး စေတတ်သော အကျိုး မသွန်းလောင်းအပ်သော အကျိုးသည် ချမ်းသာကို တိုးပွါးစေတတ်သည် ချမ်းသာ သော အကျိုးရှိသည် ဖြစ်ပါသလော။
12,352
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒါနသည် အလိုရှိအပ်သော အကျိုးရှိ၏ဟူ၍ မြတ်စွာဘုရား ဟောကြားအပ်သည် ဖြစ်၍ ဆွမ်းသည် ကျောင်းသည် သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးပစ္စည်းသည် ဒါနဖြစ်ပါသလော။
12,353
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးသည် အလိုရှိအပ် သောအကျိုး နှစ်သက်အပ်သောအကျိုး စိတ်ကို တိုးပွါးစေတတ်သောအကျိုး မသွန်းလောင်းအပ်သော အကျိုးရှိသည် ချမ်းသာကို တိုးပွါးစေတတ်သည် ချမ်းသာသော အကျိုးရှိသည် ဖြစ်ပါသလော။
12,354
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၈၀။ ပရဝါဒီ။
12,355
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဒါနသည် စေတသိက်တရားဟူ၍ မဆိုသင့်ပါသလော။
12,356
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“သဒ္ဓါလည်းကောင်း၊ ဟိရိလည်းကောင်း၊ ကုသိုလ်ဖြစ်သော ဒါနလည်းကောင်း ဤတရားတို့သည် သူတော်ကောင်းတို့သို့ အစဉ်လိုက်ကုန်၏၊ ဤလမ်းကို နတ်ပြည်ရောက်ကြောင်း
12,357
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
လမ်းဟူ၍ ဆိုကုန်၏။
12,358
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မှန်၏၊ ဤလမ်းဖြင့် နတ်ပြည်သို့ ရောက်နိုင် သွားနိုင်၏”ဟူ၍ မြတ်စွာဘုရား
12,359
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။
12,360
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့်ပင် ဒါနသည် စေတသိက်တရားတည်း။
12,361
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒါနသည် စေတသိက်တရားဟူ၍ မဆိုသင့်ပါသလော။
12,362
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“ရဟန်းတို့ ဤဒါနငါးပါးတို့သည် မြင့်မြတ်သော ဒါနတို့တည်း၊ မြတ်၏ဟု သိအပ် ကုန်၏၊ ကာလရှည်စွာက ဖြစ်ပေါ်သော တရားဟု သိအပ်ကုန်၏၊ အမျိုးအနွယ်မှ ဆင်းသက်လာသော တရားဟု သိအပ်ကုန်၏၊ ရှေးကာလ၌ ဖြစ်ကုန်၏၊ မရောယှက်ခဲ့ကုန်၊ ရှေးကလည်း မရောယှက်ဖူးကုန် (ယခုလည်း) မရောယှက်ကုန်၊ (နောင်လည်း) မရောယှက်ကုန်လတ္တံ့၊ ပညာရှိသမဏဗြာဟ္မဏတို့သည် မစက်ဆုပ်အပ်က...
12,363
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ငါးပါးသော ဒါနတို့ဟူသည် အဘယ်သို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ ရဟန်းတို့ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော အရိယာတပည့်သည် အတိုင်းအရှည် မရှိသော သတ္တဝါတို့အား ဘေးမဲ့ကို ပေး၏၊ ရန်မဲ့ကို ပေး၏၊ကြောင့်ကြကင်းမှုကို ပေး၏။
12,364
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အတိုင်းအရှည်မရှိသော သတ္တဝါတို့အား ဘေးမဲ့ကို ပေး၍ ရန်မဲ့ကို ပေး၍ကြောင့်ကြကင်းမှုကို ပေး၍ အတိုင်းအရှည်မရှိသော ဘေးကင်းခြင်း ရန်ကင်းခြင်းကြောင့်ကြကင်းခြင်း၏ အဖို့ရှိသူ ဖြစ်၏။
12,365
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ ဤအသက်သတ်ခြင်းမှ ရှောင်ကြဉ်မှုသည် ရှေးဦးစွာသော ဒါနတည်း၊ မြင့်မြတ်သော ဒါန တည်း၊ မြတ်၏ဟု သိအပ်၏၊ ကာလရှည်စွာက ဖြစ်ပေါ်သော တရားဟု သိအပ်၏၊ အမျိုးအနွယ်မှ ဆင်းသက်လာသော တရားဟု သိအပ်၏၊ ရှေးကာလ၌ ဖြစ်၏၊ မရောယှက်ခဲ့၊ ရှေးကလည်း မရော ယှက်ဖူး၊ (ယခုလည်း) မရောယှက်၊ (နောင်လည်း) မရောယှက်လတ္တံ့၊ ပညာရှိသမဏဗြာဟ္မဏတို့သည် မစက်ဆုပ်အပ...
12,366
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
-- ရဟန်းတို့ တစ်ဖန်လည်း တစ်မျိုးဒါနကား အရိယာတပည့်သည် မပေးသော သူ့ဥစ္စာကို ခိုးယူခြင်းကို ပယ်ရှား၍။
12,367
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ကာမတို့၌ ယုတ်မာသော အကျင့်ကို ပယ်ရှား၍။
12,368
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ မုသားပြောဆိုမှုကို ပယ်ရှား၍။
12,369
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ မေ့လျော့ကြောင်း ဖြစ်သော သေရည်သေရက်သောက်ခြင်းကို ပယ်ရှား၍ မေ့လျော့ကြောင်း ဖြစ်သော သေရည်သေရက်သောက်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏။
12,370
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ မေ့လျော့ကြောင်း ဖြစ်သော သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော အရိယာတပည့်သည် အတိုင်းအရှည်မရှိသော သတ္တဝါတို့အား ဘေးမဲ့ကို ပေး၏၊ ရန်မဲ့ကို ပေး၏၊ကြောင့်ကြကင်းမှုကို ပေး၏၊ အတိုင်းအရှည်မရှိသော သတ္တဝါတို့အား ဘေးမဲ့ကို ပေး၍ ရန်မဲ့ကို ပေး၍ကြောင့်ကြကင်းမှုကို ပေး၍ အတိုင်းအရှည်မရှိသော ဘေးကင်းခြင်း ရန်ကင်းခြင်းကြောင့်...
12,371
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ ဤသေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်မှုသည် ငါးခုမြောက် ဒါနတည်း၊ မြင့်မြတ် သော ဒါနတည်း၊ မြတ်၏ဟု သိအပ်၏၊ ကာလရှည်စွာက ဖြစ်ပေါ်သော တရားဟု သိအပ်၏၊ အမျိုး အနွယ်မှ လာသော တရားဟု သိအပ်၏၊ ရှေးကာလ၌ ဖြစ်၏၊ မရောယှက်ခဲ့၊ ရှေးကလည်း မရော ယှက်ဖူး၊ (ယခုလည်း) မရောယှက်၊ (နောင်လည်း) မရောယှက်လတ္တံ့၊ ပညာရှိသမဏဗြာဟ္မဏတို့သည် မစက်ဆုပ်...
12,372
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ ဤငါးပါးသည် ဒါနတို့ပေတည်း၊ မြင့်မြတ်သော ဒါနတို့ပေတည်း၊ မြတ်၏ဟု သိအပ် ကုန်၏၊ ကာလရှည်စွာက ဖြစ်ပေါ်လာသော တရားဟု သိအပ်ကုန်၏၊ အမျိုးအနွယ်မှ လာသော တရားဟု သိအပ်ကုန်၏၊ ရှေးကာလ၌ ဖြစ်ကုန်၏၊ မရောယှက်ခဲ့ကုန်၊ ရှေးကလည်း မရောယှက်ဖူးကုန်၊ (ယခုလည်း) မရောယှက်ကုန်၊ (နောင်လည်း) မရောယှက်ကုန်လတ္တံ့၊ ပညာရှိသမဏဗြာဟ္မဏတို့သည် မစက်ဆုပ...
12,373
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၈၁။ သကဝါဒီ။
12,374
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဒါနသည် ပေးလှူအပ်သော သဘောရှိသော ပစ္စည်းတည်းဟူ၍ မဆိုသင့်ပါသလော။
12,375
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဤလောက၌ အချို့ပုဂ္ဂိုလ်သည် ထမင်းကို ပေးလှူ၏၊ အဖျော်ကို ပေးလှူ၏၊ အဝတ်ကို ပေးလှူ၏၊ ယာဉ်ကို ပေးလှူ၏၊ ပန်းကို ပေးလှူ၏၊ နံ့သာကျဲကို ပေးလှူ၏၊ နံ့သာပြစ်ကို ပေးလှူ၏၊ အိပ်ရာကို ပေးလှူ၏၊ နေရာကို ပေးလှူ၏၊ ဆီမီးကို ပေးလှူ၏၊ ဤသို့ မြတ်စွာဘုရား ဟောကြား အပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
12,376
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့်ပင် ဒါနသည် ပေးလှူအပ်သော သဘောရှိသော ပစ္စည်းတည်း။
12,377
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၈၂။ ပရဝါဒီ။
12,378
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဒါနသည် ပေးလှူအပ်သော ဝတ္ထုပစ္စည်းလော။
12,379
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ပေးလှူအပ်သော ဝတ္ထုပစ္စည်းသည် အလိုရှိအပ်သောအကျိုး နှစ်သက်အပ်သော အကျိုး စိတ်ကို တိုးပွါးစေတတ်သောအကျိုး ကိလေသာဖြင့် မသွန်းလောင်းအပ်သော အကျိုးရှိသည် ချမ်းသာကို တိုးပွါးစေတတ်သည် ချမ်းသာသော အကျိုးရှိသည် ဖြစ်ပါသလော။
12,380
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒါနသည် အလိုရှိအပ်သော အကျိုးရှိ၏ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် ဖြစ်၍ သင်္ကန်းသည် ပေးလှူဖွယ် ဒါနလော။
12,381
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သင်္ကန်းသည် အလိုရှိအပ်သောအကျိုး နှစ်သက်အပ်သောအကျိုး စိတ်ကို တိုးပွါး စေတတ်သော အကျိုး ကိလေသာဖြင့် မသွန်းလောင်းအပ်သော အကျိုးရှိသည် ချမ်းသာကို တိုးပွါးစေ တတ်သည် ချမ်းသာသော အကျိုးရှိသည် ဖြစ်ပါသလော။
12,382
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒါနသည် အလိုရှိအပ်သော အကျိုးရှိ၏ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် ဖြစ်၍ ဆွမ်းသည် ဒါနလော၊ ကျောင်းသည် ဒါနလော၊ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးသည် ဒါနလော။
12,383
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးသည် အလိုရှိအပ်သော အကျိုး နှစ်သက်အပ်သောအကျိုး စိတ်ကို တိုးပွါးစေတတ်သောအကျိုး ကိလေသာဖြင့် မသွန်းလောင်းအပ်သော အကျိုးရှိသည် ချမ်းသာကို တိုးပွါးစေတတ်သည် ချမ်းသာသော အကျိုးရှိသည် ဖြစ်ပါသလော။
12,384
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့်ပင် ဒါနသည် ပေးလှူအပ်သော ဝတ္ထုပစ္စည်းဟူ၍ မဆိုသင့်ပါ။
12,385
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဒါနကထာ ပြီး၏။
12,386
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁။ ဒါနသည် စွန့်လိုသော စေတနာ၊ ဝိရတီ၊ ဒေယျဓမ္မဟူ၍ သုံးပါးရှိ၏။
12,387
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
တရားကိုယ်အားဖြင့် စေတသိကဓမ္မနှင့် ဒေယျဓမ္မဟူ၍ နှစ်ပါးရှိ၏၊ စေတသိကဓမ္မသာ ဒါနမည်၏၊ ဒေယျဓမ္မသည် ဒါနမမည်ဟု အယူရှိသူ ရာဇဂိရိကနှင့် သိဒ္ဓတ္ထိကဂိုဏ်းဝင် ပရဝါဒီတို့ကို ရည်ရွယ်၍ ဤဒါနကထာကို ဟောသည်။
12,388
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၂။ ဒေယျဓမ္မ၏ အစွမ်းအားဖြင့် စောဒနာလိုသောကြောင့် ဤပုစ္ဆာကို မေးသည်။
12,389
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃။ ထမင်းစသည်တို့ကဲ့သို့ ပေးခြင်းငှါ မတတ်ကောင်းသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
12,390
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄။ တစ်ဖန် နောက်ထပ် မေးပြန်လတ်သော် အဘယံ ဒေတိစသော သုတ်၏ အစွမ်းအားဖြင့် ဝန်ခံပြန်သည်။
12,391
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅။ ဖဿကို ပေးလှူ၏ စသော ဝေါဟာရ မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
12,392
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၆။ ပရဝါဒီက စေတသိက မဟုတ်သော ဒေယျဓမ္မ၏ ဒါနအဖြစ်ကို ပြခြင်းငှါ ဆိုအပ်၏။
12,393
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မှန်၏၊ စေတသိက မဟုတ်သော ဒေယျဓမ္မသည် နောင်အခါ အကျိုးကို မပေးနိုင်ပါ၊ ဣဋ္ဌဖလအဖြစ်ကို မှတ်ခြင်းမျှသာ ဆိုအပ်သည်ဟု မှတ်အပ်၏။
12,394
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
-- (၆၇) ၅-ပရိဘောဂမယပုညကထာ၁
12,395
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၈၃။ သကဝါဒီ။
12,396
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ သုံးဆောင်ခြင်းကြောင့် ဖြစ်သော ကောင်းမှုသည် တိုးပွါးပါသလော။
12,397
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် တိုးပွါးပါ၏။
12,398
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သုံးဆောင်ခြင်းကြောင့် ဖြစ်သော ဖဿသည် တိုးပွါးပါသလော၊ ဝေဒနာသည် တိုးပွါးပါသလော၊ သညာသည် တိုးပွါးပါသလော၊ စေတနာသည် တိုးပွါးပါသလော၊ စိတ်သည် တိုးပွါး ပါသလော၊ သဒ္ဓါသည် တိုးပွါးပါသလော၊ ဝီရိယသည် တိုးပွါးပါသလော၊ သတိသည် တိုးပွါးပါသလော၊ သမာဓိသည် တိုးပွါးပါသလော၊ ပညာသည် တိုးပွါးပါသလော၂။
12,399
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သုံးဆောင်မှုကြောင့် ဖြစ်သော ကောင်းမှုသည် တိုးပွါးပါသလော။
12,400
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နွယ်ကဲ့သို့ တိုးပွါးပါသလော၊ မာလောနွယ်ကဲ့သို့ တိုးပွါးပါသလော၊ သစ်ပင်ကဲ့သို့ တိုးပွါးပါသလော၊ မြက်ကဲ့သို့ တိုးပွါးပါသလော၊ ဖြူဆန်မြက်ခြုံကဲ့သို့ တိုးပွါးပါသလော။