id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
12,801 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာမဓာတ်၌ မြတ်စွာဘုရားတို့သည် ဖြစ်ပါကုန်သလော၊ ပစ္စေကဗုဒ္ဓါတို့သည် ဖြစ်ပါ ကုန်သလော၊ တပည့် ‘သာဝက'အစုံသည် ဖြစ်ပါသလော။ |
12,802 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာမဂုဏ်၌ မြတ်စွာဘုရားတို့သည် ဖြစ်ပါကုန်သလော၊ ပစ္စေကဗုဒ္ဓါတို့သည် ဖြစ်ပါ ကုန်သလော၊ တပည့်'သာဝက'အစုံသည် ဖြစ်ပါသလော။ |
12,803 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၁၂။ ပရဝါဒီ။ |
12,804 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ကာမဂုဏ်ငါးပါးတို့သည်ပင် ကာမဓာတ်ဟူ၍ မဆိုသင့်ပါသလော။ |
12,805 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ရဟန်းတို့ ဤငါးပါးတို့သည် ကာမဂုဏ်တို့ပေတည်း။ |
12,806 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အဘယ်ငါးပါးတို့နည်း၊ မျက်စိဖြင့် သိအပ်ကုန် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် မြတ်နိုးအပ်ကုန် ချစ်အပ်သော သဘောရှိကုန် လိုချင်မှုနှင့် စပ်ယှဉ်ကုန်သော တပ်မက်ဖွယ်ဖြစ်ကုန်သော အဆင်း'ရူပါရုံ'တို့သည် နားဖြင့် သိအပ်ကုန် သော။ |
12,807 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အသံ ‘သဒ္ဒါရုံ'တို့သည် နှာခေါင်းဖြင့် သိအပ်ကုန်သော။ |
12,808 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အနံ့'ဂန္ဓာရုံ'တို့သည် လျှာဖြင့် သိအပ် ကုန်သော အရသာ'ရသာရုံ'တို့သည် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် မြတ်နိုးအပ်ကုန် ချစ်အပ်သော သဘောရှိကုန် လိုချင်မှုနှင့် စပ်ယှဉ်ကုန်သော တပ်မက်ဖွယ်ဖြစ်ကုန်သော ကိုယ်ဖြင့် သိအပ်ကုန်သော အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ'တို့သည် (ရှိကုန်၏)။ |
12,809 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန်းတို့ ဤငါးပါးတို့ကား (ကာမဂုဏ်)တို့ပေတည်း”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
12,810 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် ကာမဂုဏ်ငါးပါးတို့သည်ပင် ကာမဓာတ်တို့တည်း။ |
12,811 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာမဂုဏကထာ ပြီး၏။ |
12,812 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ သကသမယ၌ ဝတ္ထုကာမ၊ ကိလေသာကာမ၊ ကာမဘဝ ဤသုံးပါးတို့ကို ကာမဓာတ်ဟု ဆိုအပ်၏။ |
12,813 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပရသမယ၌ ပဉ္စိမေ ဘိက္ခဝေ ကာမဂုဏာ ဟူသော စကားတော်မျှကို အမှီပြု၍ ကာမဂုဏ်ငါးပါးတို့ကို ကာမဓာတ်ဟု ဆိုအပ်ကုန်၏။ |
12,814 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုပုဗ္ဗသေလိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကာမဂုဏကထာကို ဟောတော်မူသည်။ |
12,815 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ကိလေသာကာမကို ပြလို၍ မေးသည်။ |
12,816 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ ဝတ္ထုကာမကို ပြလို၍ မေးသည်။ |
12,817 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ အာယတနခြောက်ပါးတို့၏ ဝတ္ထုကာမ၏အဖြစ်ကြောင့် န ကာမဓာတ် မဟုတ်သည်၌ အပြစ်ကို ပယ်ခဲ့ပြီး၍ မနကို တစ်ဖန် နောက်ထပ် မေးမြန်းလတ်သော် မဟဂ္ဂုတ် လောကုတ္တရာမနကို ရည်ရွယ်၍ ဝန်ခံပြန်သည်၊ တေဘုမ္မကမန အားလုံးပင် ကာမဓာတ် မည်လေသောကြောင့် သကဝါဒီက ပရဝါဒီကို သုတ်ဖြင့် နှိပ်သည်။ |
12,818 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅။ အာယတနခြောက်ပါးတို့၏ ဝတ္ထုကာမ၏အဖြစ်ကြောင့် န ကာမဓာတ် မဟုတ်သည်၌ အပြစ်ကို ပယ်ခဲ့ပြီး၍ မနကို တစ်ဖန် နောက်ထပ် မေးမြန်းလတ်သော် မဟဂ္ဂုတ် လောကုတ္တရာမနကို ရည်ရွယ်၍ ဝန်ခံပြန်သည်၊ တေဘုမ္မကမန အားလုံးပင် ကာမဓာတ် မည်လေသောကြောင့် သကဝါဒီက ပရဝါဒီကို သုတ်ဖြင့် နှိပ်သည်။ |
12,819 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၆။ ကာမဂုဏ်မျှ၌ ဘဝဟူသော ဝေါဟာရစကား မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
12,820 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၁၃။ သကဝါဒီ။ |
12,821 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အာယတနငါးပါးတို့သည်သာ ကာမအာရုံတို့ ဖြစ်ကုန်ပါသလော၂။ |
12,822 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုကာမအာရုံနှင့် စပ်ယှဉ်သော ဆန္ဒသည် ရှိသည်မဟုတ်ပါလော။ |
12,823 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ထို (ကာမ) အာရုံနှင့် စပ်ယှဉ်သော ဆန္ဒရှိခဲ့ပါမူ အာယတနငါးပါးတို့သည်သာ (ကာမ) အာရုံတို့ ဖြစ်ကုန်၏ဟူ၍ မဆိုသင့်။ |
12,824 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို (ကာမ) အာရုံနှင့် စပ်ယှဉ်သော ရာဂသည် ထို (ကာမ) အာရုံနှင့် စပ်ယှဉ်သော ဆန္ဒသည် ထို (ကာမ) အာရုံနှင့် စပ်ယှဉ်သော ဆန္ဒရာဂသည် ထို (ကာမ) အာရုံနှင့် စပ်ယှဉ်သော သင်္ကပ္ပသည် ထို (ကာမ) အာရုံနှင့် စပ်ယှဉ်သော ရာဂသည် ထို (ကာမ) အာရုံနှင့် စပ်ယှဉ်သော သင်္ကပ္ပရာဂသည် ထို (ကာမ) အာရုံနှင့် စပ်ယှဉ်သော ပီတိသည် ထို (ကာမ) အာရုံနှင့် စပ်ယှဉ်... |
12,825 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ထို (ကာမ) အာရုံနှင့် စပ်ယှဉ်သော ပီတိသောမနဿသည် ရှိခဲ့ပါမူ အာယတနငါးပါးတို့သည်သာ (ကာမ) အာရုံတို့ ဖြစ်ကုန်၏ဟူ၍ မဆိုသင့်။ |
12,826 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၁၄။ ပရဝါဒီ။ |
12,827 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အာယတနငါးပါးတို့သည်သာ (ကာမ) အာရုံတို့တည်းဟူ၍ မဆိုသင့်ပါသလော။ |
12,828 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ရဟန်းတို့ ဤငါးပါးတို့သည် (ကာမဂုဏ်)တို့ပေတည်း။ |
12,829 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အဘယ်ငါးပါးတို့နည်း၊ မျက်စိဖြင့် သိအပ်ကုန်သော အဆင်း ‘ရူပါရုံ’။ |
12,830 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် မြတ်နိုးအပ်ကုန် ချစ်အပ်သော သဘောရှိကုန် လိုချင်မှုနှင့် စပ်ယှဉ်ကုန် တပ်မက်ဖွယ်ဖြစ်ကုန် ကိုယ်ဖြင့် သိအပ်ကုန်သော အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ'တို့သည် ရှိကုန်၏။ |
12,831 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန်းတို့ ဤငါးပါးတို့သည်ကား (ကာမဂုဏ်)တို့တည်း”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
12,832 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် အာယတနငါးပါးတို့သည်သာ ကာမအာရုံတို့တည်း။ |
12,833 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာယတနငါးပါးတို့သည်သာ ကာမအာရုံတို့ ဖြစ်ကုန်သလော။ |
12,834 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အဘယ်ငါးပါးတို့နည်း၊ မျက်စိဖြင့် သိအပ်ကုန်သော အဆင်း'ရူပါရုံ'တို့သည်။ |
12,835 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် မြတ်နိုး အပ်ကုန် ချစ်အပ်သော သဘောရှိကုန် လိုချင်မှုနှင့် စပ်ယှဉ်ကုန် တပ်မက်ဖွယ်ဖြစ်ကုန် ကိုယ်ဖြင့် သိအပ် ကုန်သော အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ'တို့သည် ရှိကုန်၏။ |
12,836 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန်းတို့ ဤငါးပါးတို့ကား ကာမဂုဏ်တို့ ပေတည်း။ |
12,837 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- ရဟန်းတို့ စင်စစ်သော်ကား ဤအာရုံတို့ကို ကာမတို့မည်ကုန်၏ဟူ၍ မဆိုအပ်ကုန်၊ ဤအာရုံတို့ကို အရိယာဖြစ်သော မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်၌ ကာမဂုဏ်တို့မည်၏”ဟူ၍ ဆိုအပ်ကုန်၏။ |
12,838 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ကြံစည်မှု အစွမ်းအားဖြင့် ဖြစ်သော သင်္ကပ္ပရာဂသည် သတ္တဝါ၏ ကာမမည်၏။ |
12,839 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | လောက၌ ဆန်းကြယ်ကုန်သော အကြင်အာရုံတို့သည် ရှိကုန်၏၊ ထိုအာရုံတို့သည် ကာမ မမည်ကုန်။ |
12,840 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကြံစည်မှု အစွမ်းအားဖြင့် ဖြစ်သော သင်္ကပ္ပရာဂသည် သတ္တဝါ၏ ကာမ မည်၏။ |
12,841 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့အတူသာလျှင်လောက၌ (အကြင်အာရုံတို့သည်) တည်ကုန်၏၊ ဆန်းကြယ်ကုန်သည်သာ ဖြစ်၍ စင်စစ် ဤလိုချင်ဖွယ်အာရုံ ကာမဂုဏ်တို့၌ ဆန္ဒကို ပညာရှိတို့သည် ဖယ်ရှားကုန်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်လော။ |
12,842 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် အာယတနငါးပါးတို့သည်သာ ကာမအာရုံတို့ဟူ၍ မဆိုသင့်။ |
12,843 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာမကထာ ပြီး၏။ |
12,844 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ပဉ္စိမေ ဘိက္ခဝေ ကာမဂုဏာ ဟူသော စကားမျှကို ယူ၍ ရူပါယတနစသော အာယတန ငါးပါးတို့သည်သာ ကာမ မည်ကုန်၏ဟု အယူရှိသူ ပုဗ္ဗသေလိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်လျက် ဤကာမကထာကို ဟောတော်မူသည်။ |
12,845 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ထိုပရဝါဒီဆရာတို့အား ကိလေသာကာမ၏သာလျှင် မုချအားဖြင့် ကာမ၏အဖြစ်ကို ပြခြင်းငှါ ဤပုစ္ဆာကို မေးသည်။ |
12,846 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- ၈-အဋ္ဌမဝဂ် (၇၇) ၅-ရူပဓာတုကထာ၁ |
12,847 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၁၅။ သကဝါဒီ။ |
12,848 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဖောက်ပြန်ခြင်းရှိကုန်သော ရုပ်တရားတို့သည် ရူပဓာတ်လော။ |
12,849 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်သည် ဖြစ်ရာ ‘ဘဝ'လော၊ လားရာ ‘ဂတိ'လော၊ သတ္တဝါတို့ တည်နေရာလော၊ ကျင်လည်ရာ ‘သံသရာ'လော၊ ပဋိသန္ဓေ'ယောနိ'လော၊ ဝိညာဏ်၏ တည်ရာလော၊ အတ္တဘောကို ရခြင်းလော။ |
12,850 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်သို့ ကပ်ရောက်သော ကံသည် ရှိပါသလော။ |
12,851 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်သို့ ကပ်ရောက်သော သတ္တဝါတို့သည် ရှိပါကုန်သလော။ |
12,852 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်၌ သတ္တဝါတို့သည် မွေးဖွားကုန်သလော၊ အိုမင်းကုန်သလော၊ သေကုန်သလော၊ စုတေကုန်သလော၊ ပဋိသန္ဓေနေကုန်သလော။ |
12,853 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်၌ ရုပ်သည် ဝေဒနာသည် သညာသည် သင်္ခါရတို့သည် ဝိညာဏ်သည် ရှိပါသလော။ |
12,854 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်သည် ပဉ္စဝေါကာရဘဝလော။ |
12,855 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပဓာတ်သည် ဖြစ်ရာ'ဘဝ'လော၊ လားရာ'ဂတိ'လော။ |
12,856 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အတ္တဘောကို ရခြင်းလော၂။ |
12,857 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်သည် ဖြစ်ရာ'ဘဝ'လော၊ လားရာ'ဂတိ'လော။ |
12,858 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အတ္တဘောကို ရခြင်းလော။ |
12,859 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပဓာတ်သို့ ကပ်ရောက်သော ကံသည် ရှိပါသလော။ |
12,860 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပဓာတ်သို့ ကပ်ရောက်သော သတ္တဝါတို့သည် ရှိပါသလော။ |
12,861 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပဓာတ်၌ သတ္တဝါတို့သည် မွေးဖွားကုန်သလော၊ အိုမင်းကုန်သလော၊ သေကုန်သလော၊ စုတေကုန်သလော၊ ပဋိသန္ဓေနေကုန်သလော။ |
12,862 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပဓာတ်၌ ရုပ်သည် ဝေဒနာသည် သညာသည် သင်္ခါရတို့သည် ဝိညာဏ်သည် ရှိပါသလော။ |
12,863 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပဓာတ်သည် ပဉ္စဝေါကာရဘဝလော။ |
12,864 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၁၆။ သကဝါဒီ။ |
12,865 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဖောက်ပြန်ခြင်းရှိကုန်သော ရုပ်တရားတို့သည် ရူပဓာတ်မည်သည်ဖြစ်၍ ကာမ ဓာတ်၌ ရုပ်သည် ရှိပါသလော။ |
12,866 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုကာမဓာတ်သည်ပင် ထိုရူပဓာတ်လော။ |
12,867 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာမဓာတ်သည်ပင် ရူပဓာတ်လော။ |
12,868 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ဟုတ်ပါ၏၄။ |
12,869 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာမဘဝနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ကာမဘဝနှင့်လည်းကောင်း၊ ရူပဘဝနှင့် လည်းကောင်း (ဤသို့) ဘဝနှစ်ပါးတို့နှင့် ပြည့်စုံသူ ဖြစ်ပါသလော။ |
12,870 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပဓာတုကထာ ပြီး၏။ |
12,871 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ဖောက်ပြန်မှုရှိသော တရားတို့သည်သာ ရူပဓာတ်မည်၏ဟု အယူရှိသူ အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤရူပဓာတုကထာကို ဟောတော်မူသည်။ |
12,872 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ရူပဘဝသည်သာ ရူပဓာတ် မည်၏၊ ရုပ်မျှသည် ရူပဓာတ် မဟုတ်ဟူသော အနက်သဘောဖြင့် စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
12,873 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ ဘူမိပရိစ္ဆေဒအားဖြင့် ဆန့်ကျင်သည်ကို မြင်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
12,874 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ တစ်ဖန် နောက်ထပ် မေးပြန်လတ်သော် မိမိအယူအားဖြင့် ဝန်ခံပြန်၏။ |
12,875 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၇၈) ၆-အရူပဓာတုကထာ၁ |
12,876 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၁၇။ သကဝါဒီ။ |
12,877 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ နာမ်တရားတို့သည် အရူပဓာတ်လော။ |
12,878 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာသည် ဖြစ်ရာ'ဘဝ'လော၊ လားရာ'ဂတိ'လော၊ သတ္တဝါတို့ တည်နေရာလော၊ ကျင်လည်ရာ ‘သံသရာ'လော၊ ပဋိသန္ဓေ ‘ယောနိ'လော၊ ဝိညာဏ်၏ တည်ရာလော၊ အတ္တဘောကို ရခြင်းလော။ |
12,879 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာသို့ ကပ်ရောက်သော ကံသည် ရှိပါသလော။ |
12,880 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာသို့ ကပ်ရောက်သော သတ္တဝါတို့သည် ရှိပါကုန်သလော။ |
12,881 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာ၌ သတ္တဝါတို့သည် မွေးဖွားကုန်သလော၊ အိုမင်းကုန်သလော၊ သေကုန်သလော၊ စုတေကုန်သလော၊ ပဋိသန္ဓေနေကုန်သလော။ |
12,882 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာ၌ ဝေဒနာသည် သညာသည် သင်္ခါရတို့သည် ဝိညာဏ်သည် ရှိပါသလော။ |
12,883 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာသည် စတုဝေါကာရဘဝလော။ |
12,884 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရူပဓာတ်သည် ဖြစ်ရာ'ဘဝ'လော၊ လားရာ'ဂတိ'လော။ |
12,885 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာသည် ဖြစ်ရာ'ဘဝ'လော၊ လားရာ'ဂတိ'လော။ |
12,886 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရူပဓာတ်သို့ ကပ်ရောက်သော ကံသည် ရှိပါသလော။ |
12,887 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရူပဓာတ်သို့ ကပ်ရောက်သော သတ္တဝါတို့သည် ရှိပါကုန်သလော။ |
12,888 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရူပဓာတ်၌ သတ္တဝါတို့သည် မွေးဖွားကုန်သလော၊ အိုမင်းကုန်သလော၊ သေကုန်သလော၊ စုတေကုန်သလော၊ ပဋိသန္ဓေနေကုန်သလော။ |
12,889 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရူပဓာတ်၌ ဝေဒနာသည် သညာသည် သင်္ခါရတို့သည် ဝိညာဏ်သည် ရှိပါသလော။ |
12,890 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရူပဓာတ်သည် စတုဝေါကာရဘဝလော။ |
12,891 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၁၈။ သကဝါဒီ။ |
12,892 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ နာမ်တရားတို့သည် အရူပဓာတ်မည်ကုန်သည် ဖြစ်၍ ကာမဓာတ်၌ ဝေဒနာသည် သညာသည် သင်္ခါရတို့သည် ဝိညာဏ်သည် ရှိပါသလော။ |
12,893 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုကာမဓာတ်သည်ပင် ထိုအရူပဓာတ်မည်သလော။ |
12,894 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာမဘဝနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ကာမဘဝနှင့်လည်းကောင်း၊ အရူပဘဝ နှင့်လည်းကောင်း (ဤသို့) ဘဝနှစ်ပါးတို့နှင့် ပြည့်စုံသူ ဖြစ်ပါသလော။ |
12,895 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဖောက်ပြန်ခြင်းရှိကုန်သော ရုပ်တရားတို့သည် ရူပဓာတ်မည်သည်ဖြစ်၍ နာမ်တရားတို့သည် အရူပဓာတ်မည်သည်ဖြစ်၍ ကာမဓာတ်၌ ရုပ်သည် ဝေဒနာသည် သညာသည် သင်္ခါရတို့သည် ဝိညာဏ်သည် ရှိပါသလော။ |
12,896 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုကာမဓာတ်သည်ပင် ထိုရူပဓာတ် ထိုအရူပဓာတ် မည်သလော။ |
12,897 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာမဘဝနှင့် ပြည်စုံသောပုဂ္ဂိုလ်သည် ကာမဘဝနှင့်လည်းကောင်း၊ ရူပဘဝနှင့်လည်းကောင်း၊ အရူပဘဝနှင့်လည်းကောင်း (ဤသို့) ဘဝသုံးပါးတို့နှင့် ပြည့်စုံသူ ဖြစ်ပါသလော။ |
12,898 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရူပဓာတုကထာ ပြီး၏။ |
12,899 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ဤအရူပဓာတုကထာ၌ နာမ်ခန္ဓာလေးပါးတို့တွင် ဝေဒနာက္ခန္ဓာကိုသာ ယူ၍ ဟောတော်မူသည်။ |
12,900 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၇၉) ၇-ရူပဓာတုယာ အာယတနကထာ၁ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.