id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
12,901 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၁၉။ သကဝါဒီ။ |
12,902 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရူပဓာတ်၌ အာယတနခြောက်ပါးရှိသော အတ္တဘောသည် ရှိပါသလော။ |
12,903 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဃာနာယတနသည် ရှိပါသလော၂။ |
12,904 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ရှိပါ၏၃။ |
12,905 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဂန္ဓာယတနသည် ရှိပါသလော။ |
12,906 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဇိဝှါယတနသည် ရှိပါသလော။ |
12,907 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ရသာယတနသည် ရှိပါသလော။ |
12,908 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ကာယာယတနသည် ရှိပါသလော။ |
12,909 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဖောဋ္ဌဗ္ဗာယတနသည် ရှိပါသလော။ |
12,910 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဂန္ဓာယတနသည် မရှိပါသလော။ |
12,911 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဃာနာယတနသည် မရှိပါသလော။ |
12,912 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ရသာယတနသည် မရှိပါသလော။ |
12,913 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဇိဝှါယတနသည် မရှိပါသလော။ |
12,914 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဖောဋ္ဌဗ္ဗာယတနသည် မရှိပါသလော။ |
12,915 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ကာယာယတနသည် မရှိပါသလော။ |
12,916 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၂၀။ သကဝါဒီ။ |
12,917 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ထိုရူပဓာတ်၌ စက္ခာယတနသည် ရှိသည် ဖြစ်၍ ရူပါယတနသည် ရှိပါသလော။ |
12,918 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဃာနာယတနသည် ရှိသည် ဖြစ်၍ ဂန္ဓာယတနသည် ရှိပါသလော။ |
12,919 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ စက္ခာယတနသည် ရှိသည် ဖြစ်၍ ရူပါယတနသည် ရှိပါသလော။ |
12,920 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဇိဝှါယတနသည် ရှိသည် ဖြစ်၍ ရသာယတနသည် ရှိပါသလော။ |
12,921 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ထိုရူပဓာတ်၌ ကာယာယတနသည် ရှိသည် ဖြစ်၍ ဖောဋ္ဌဗ္ဗာယတနသည် ရှိပါသလော။ |
12,922 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ သောတာယတနသည် ရှိသည် ဖြစ်၍ သဒ္ဒါယတနသည် ရှိပါသလော။ |
12,923 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ထိုရူပဓာတ်၌ မနာယတနသည် ရှိသည် ဖြစ်၍ ဓမ္မာယတနသည် ရှိပါသလော။ |
12,924 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ မနာယတနသည် ရှိသည် ဖြစ်၍ ဓမ္မာယတနသည် ရှိပါသလော။ |
12,925 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဃာနာယတနသည် ရှိသည် ဖြစ်၍ ဂန္ဓာယတနသည် မရှိပါသလော။ |
12,926 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ စက္ခာယတနသည် ရှိသည် ဖြစ်၍ ရူပါယတနသည် မရှိပါသလော။ |
12,927 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ သောတာယတနသည် ရှိသည် ဖြစ်၍ သဒ္ဒါယတနသည် မရှိပါသလော။ |
12,928 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ထို ရူပဓာတ်၌ မနာယတနသည် ရှိသည် ဖြစ်၍ ဓမ္မာယတနသည် မရှိပါသလော။ |
12,929 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဇိဝှါယတနသည် ရှိသည် ဖြစ်၍ ရသာယတနသည် မရှိပါသလော။ |
12,930 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ထိုရူပဓာတ်၌ ကာယာယတနသည် ရှိသည် ဖြစ်၍ ဖောဋ္ဌဗ္ဗာယတနသည် မရှိပါသလော။ |
12,931 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ထိုရူပဓာတ်၌ ကာယာယတနသည် ရှိသည် ဖြစ်၍ ဖောဋ္ဌဗ္ဗာယတနသည် မရှိပါသလော။ |
12,932 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ မနာယတနသည် ရှိသည် ဖြစ်၍ ဓမ္မာယတနသည် မရှိပါသလော။ |
12,933 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၂၁။ သကဝါဒီ။ |
12,934 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ထိုရူပဓာတ်၌ စက္ခာယတနသည် ရှိသည် ဖြစ်၍ ရူပါယတနသည် ရှိသည် ဖြစ်၍ ထိုစက္ခုဖြင့် အဆင်းကို မြင်ပါသလော။ |
12,935 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဃာနာယတနသည် ရှိသည်ဖြစ်၍ ဂန္ဓာယတနသည် ရှိသည်ဖြစ်၍ ဃာနဖြင့်အနံ့ကို နမ်းရှူပါသလော။ |
12,936 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ စက္ခာယတနသည် ရှိသည်ဖြစ်၍ ရူပါယတနသည် ရှိသည်ဖြစ်၍ ထိုစက္ခုဖြင့် အဆင်းကို မြင်ပါသလော။ |
12,937 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဇိဝှါယတနသည် ရှိသည်ဖြစ်၍ ရသာယတနသည် ရှိသည်ဖြစ်၍ ထိုဇိဝှါဖြင့် ထိုအရသာကို သာယာပါသလော။ |
12,938 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ထိုရူပဓာတ်၌ ကာယာယတနသည် ရှိသည် ဖြစ်၍ ဖောဋ္ဌဗ္ဗာယတနသည် ရှိသည် ဖြစ်၍ ထိုကာယဖြင့် ထိုအထိအတွေ့ကို တွေ့ထိပါသလော။ |
12,939 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ သောတာယတနသည် ရှိသည် ဖြစ်၍ သဒ္ဒါယတနသည် ရှိသည် ဖြစ်၍။ |
12,940 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ထို ရူပဓာတ်၌ မနာယတနသည် ရှိသည် ဖြစ်၍ ဓမ္မာယတနသည် ရှိသည် ဖြစ်၍ ထိုမနောဖြင့် ထိုသဘောဓမ္မာရုံကို သိပါသလော။ |
12,941 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဃာနာယတနသည် ရှိသည် ဖြစ်၍ ဂန္ဓာယတနသည် ရှိသည် ဖြစ်၍ ထိုဃာနဖြင့် ထိုအနံ့ကို နမ်းရှူပါသလော။ |
12,942 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ မနာယတနသည် ရှိသည် ဖြစ်၍ ဓမ္မာယတနသည် ရှိသည် ဖြစ်၍ ထိုမနောဖြင့် ထိုသဘောဓမ္မာရုံကို သိပါသလော။ |
12,943 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဇိဝှါယတနသည် ရှိသည် ဖြစ်၍ ရသာယတနသည် ရှိသည် ဖြစ်၍။ |
12,944 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ထိုရူပဓာတ်၌ ဃာနာယတနသည် ရှိသည် ဖြစ်၍ ဂန္ဓာယတနသည် ရှိသည် ဖြစ်၍ ထိုဃာနဖြင့် ထိုအနံ့ကို မနမ်းရှူပါသလော။ |
12,945 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် မရှူပါ။ |
12,946 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ စက္ခာယတနသည် ရှိသည်ဖြစ်၍ ရူပါယတနသည် ရှိသည်ဖြစ်၍ ထိုစက္ခုဖြင့် ထိုအဆင်းကို မမြင်ပါသလော။ |
12,947 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဃာနာယတနသည် ရှိသည် ဖြစ်၍ ဂန္ဓာယတနသည် ရှိသည် ဖြစ်၍ ထိုဃာနဖြင့် ထိုအနံ့ကို မနမ်းရှူပါသလော။ |
12,948 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ထို ရူပဓာတ်၌ မနာယတနသည် ရှိသည် ဖြစ်၍ ဓမ္မာယတနသည် ရှိသည် ဖြစ်၍ ထိုမနောဖြင့် ထိုသဘောဓမ္မာရုံကို မသိပါသလော။ |
12,949 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ဇိဝှါယတနသည် ရှိသည်ဖြစ်၍ ရသာယတနသည် ရှိသည်ဖြင့်၍။ |
12,950 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ထိုရူပဓာတ်၌ ကာယာယတနသည် ရှိသည် ဖြစ်၍ ဖောဋ္ဌဗ္ဗာယတနသည် ရှိသည် ဖြစ်၍ ထိုကာယဖြင့်ထိုအထိအတွေ့ကို မတွေ့ထိပါသလော။ |
12,951 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် မတွေ့ထိပါ။ |
12,952 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ထိုရူပဓာတ်၌ မနာယတနသည် ရှိသည် ဖြစ်၍ ဓမ္မာယတနသည် ရှိသည် ဖြစ်၍ ထိုမနောဖြင့် ထိုသဘောဓမ္မာရုံကို မသိပါသလော။ |
12,953 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၂၂။ သကဝါဒီ။ |
12,954 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ထိုရူပဓာတ်၌ ဃာနာယတနသည် ရှိသည် ဖြစ်၍ ဂန္ဓာယတနသည် ရှိသည် ဖြစ်၍ ထိုဃာနဖြင့် ထိုအနံ့ကို နမ်းရှူပါသလော။ |
12,955 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် နမ်းရှူပါ၏၅။ |
12,956 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ အမြစ်အနံ့သည် အနှစ်အနံ့သည် အခေါက်အနံ့သည် အရွက်အနံ့သည် အပွင့်အနံ့သည် အသီးအနံ့သည် စိမ်းရွှေသော အနံ့သည် ပုတ်အဲ့သော အနံ့သည် ကောင်းသော အနံ့သည် မကောင်းသော အနံ့သည် ရှိပါသလော။ |
12,957 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် သာယာပါ၏။ |
12,958 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ အမြစ်အရသာသည် ပင်စည်အရသာသည် အခေါက် (အခွံ) အရသာသည် အရွက်အရသာသည် အပွင့်အရသာသည် အသီးအရသာသည် အချဉ်သည် အချို (အဆိမ့်) သည် အခါးသည် အစပ်သည် အငန်သည် အခါးအစပ်သည် ချဉ်စူးသော အရသာသည် အဖန်သည် ကောင်းသော အရသာသည် မကောင်းသော အရသာသည် ရှိပါသလော။ |
12,959 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ကာယာယတနသည် ရှိသည် ဖြစ်၍ ဖောဋ္ဌဗ္ဗာယတနသည် ရှိသည် ဖြစ်၍ ထိုကာယဖြင့် ထိုအထိအတွေ့ကို တွေ့ထိပါသလော။ |
12,960 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် တွေ့ထိပါ၏။ |
12,961 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ခက်မာမှုသည် နူးညံ့မှုသည် သိမ်မွေ့မှုသည် ကြမ်းတမ်းမှုသည် ချမ်းသာသော အတွေ့သည် ဆင်းရဲသော အတွေ့သည် လေးလံမှုသည် ပေါ့ပါးမှုသည် ရှိပါသလော။ |
12,962 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၂၃။ ပရဝါဒီ။ |
12,963 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ထို ရူပဓာတ်၌ အာယတနခြောက်ပါးရှိသော အတ္တဘောသည် ရှိ၏ဟူ၍ မဆိုသင့် ပါသလော။ |
12,964 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ နှာခေါင်းပုံသဏ္ဌာန်သည် လျှာပုံသဏ္ဌာန်သည် ကိုယ်ပုံသဏ္ဌာန်သည် ရှိသည် မဟုတ်ပါသလော၇။ |
12,965 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ ထို ‘ရူပဓာတ်’၌ နှာခေါင်းပုံသဏ္ဌာန်သည် လျှာပုံသဏ္ဌာန်သည် ကိုယ်ပုံ သဏ္ဌာန်သည် ရှိခဲ့ပါမူ ထိုအကြောင်းကြောင့် ရူပဓာတ်၌ အာယတနခြောက်ပါးရှိသော အတ္တဘောသည် ရှိ၏ဟူ၍ ဆိုသင့်၏။ |
12,966 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပဓာတုယာ အာယတနကထာ ပြီး၏။ |
12,967 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ရူပီ မနောမယော သဗ္ဗင်္ဂပစ္စင်္ဂီ အဟီနိန္ဒြိယော ဟူသော သုတ္တန်ကို အမှီပြု၍ ဗြဟ္မာအပေါင်းတို့အား ဃာနာယတန စသည်တို့၏ တည်ရာ အဖြစ်ဖြင့် မှတ်အပ်သော နှာခေါင်းစသော အခြင်းအရာ ပုံသဏ္ဌာန်ရှိသော ရုပ်ကလာပ်အပေါင်းတို့သည်လည်း အာယတနမည်ကုန်သည်သာတည်းဟု ကြံဆ၍ ထိုဗြဟ္မာတို့၏ အတ္တဘောသည် အာယတနခြောက်ပါးရှိ၏ဟု အယူရှိသူ အန္ဓကသမ္မိတိယဂိုဏ်းဝင် ... |
12,968 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ထိုဗြဟ္မာ့ဘုံ၌ မရှိသော အာယတန၏ အစွမ်းဖြင့် စောဒနာလို၍ မေးသည်။ |
12,969 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ အဇ္ဈတ္တိကာယတန သုံးပါးတို့၏ နှာခေါင်းအစရှိသော သဏ္ဌာန်နိမိတ်သည်ပင် အာယတန မည်၏ဟူသော အယူဖြင့် ပရဝါဒီက ဝန်ခံသည်။ |
12,970 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ ဗာဟိရဂန္ဓာယတန စသည်တို့၏ အစွမ်းဖြင့် ဟောအပ်သည်ရှိသော် ထိုဘုံ၌ ဃာနပသာဒ စသည်တို့ကို အလိုမရှိသောကြောင့် ထိုဃာနပသာဒ စသည်တို့၏ အာရုံဂေါစရကို တားမြစ်လိုရကား ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
12,971 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅။ အချို့သော ဆရာတ့ိုကား ထိုရူပဘုံ၌ အဇ္ဈတ္တိကာယတနခြောက်ပါးတို့၏ မပြည့်စုံသည်ကို အလိုရှိကြကုန်၏၊ အာယတနမည်သည်လည်း မိမိကိစ္စရှိသည်သာ ဖြစ်ရာ၏၊ ထို့ကြောင့် ထိုဃာနာယတန စသည်တိုဖြင့် ဂန္ဓာရုံ စသည်တို့ကို နမ်းရှူကုန်၏၊ လျက်ကုန်၏၊ တွေ့ထိကုန်၏ဟု အလိုရှိကြကုန်၏၊ ထိုဆရာတို့၏ အလိုကို ပရဝါဒီက ဝန်ခံသည်။ |
12,972 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၆။ ထိုရူပဘုံ၌ အမြစ် နံ့သာ စသည်၏ အဖြစ်ကို ပြီးစေခြင်းငှါ မတတ်ကောင်းသောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
12,973 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၇။ သဏ္ဌာန်နိမိတ်မျှကိုသာ ပြီးစေ၍ အာယတန ရှိသည်၏အဖြစ်ကို မပြီးစေနိုင်ရကား ပရဝါဒီဆရာ ထုတ်ဆောင်သော်လည်း မထုတ်ဆောင်သည်နှင့် တူသည်သာတည်း။ |
12,974 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- ၈-အဋ္ဌမဝဂ် (၈၀) ၈-အရူပေ ရူပကထာ၁ |
12,975 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၂၄။ သကဝါဒီ။ |
12,976 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရူပဘုံတို့၌ ရုပ်သည် ရှိပါသလော။ |
12,977 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (ထိုအရူပဘုံသည်) ရူပဘဝလော၊ ရူပဂတိလော၊ ရုပ်ရှိသူတို့ တည်နေရာလော၊ ရုပ်ရှိသူတို့၏ ကျင်လည်ရာ'သံသရာ'လော၊ ရုပ်ရှိသူတို့၏ ပဋိသန္ဓေလော၊ ရုပ်ရှိသော အတ္တဘောကို ရခြင်းလော။ |
12,978 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (ထိုအရူပဘုံသည်) အရူပဘဝ မဟုတ်လော၊ အရူပဂတိ မဟုတ်လော၊ ရုပ်မရှိသူတို့ ကျင်လည်ရာ'သံသရာ’ မဟုတ်လော၊ ရုပ်မရှိသူတို့၏ ပဋိသန္ဓေ မဟုတ်လော၊ ရုပ်မရှိသော အတ္တဘောကို ရခြင်း မဟုတ်လော။ |
12,979 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ (ထိုအရူပဘုံသည်) အရူဘဝဖြစ်ခဲ့ပါမူ။ |
12,980 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ရုပ်မရှိသော အတ္တဘောကို ရခြင်း ဖြစ်ခဲ့ပါမူ့ အရူဘုံတို့၌ ရုပ်သည် ရှိ၏ဟု မဆိုသင့်။ |
12,981 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရူပဘုံတို့၌ ရုပ်သည် ရှိပါသလော။ |
12,982 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (ထိုအရူပဘုံသည်) ပဉ္စဝေါကာရဘဝလော၊ လားရာ'ဂတိ'လော၊ သတ္တဝါတို့ တည် နေရာလော၊ ကျင်လည်ရာ'သံသရာ'လော၊ ပဋိသန္ဓေ'ယောနိ'လော၊ ဝိညာဏ်၏ တည်ရာလော၊ အတ္တဘော ကို ရခြင်းလော။ |
12,983 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (ထိုအရူပဘုံသည်) စတုဝေါကာရဘဝ မဟုတ်လော။ |
12,984 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အတ္တဘောကို ရခြင်း မဟုတ်လော။ |
12,985 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ထိုအရူပဘုံသည် စတုဝေါကာရဘဝ၊ လားရာ'ဂတိ’။ |
12,986 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အတ္တဘောကို ရခြင်း ဖြစ်ခဲ့ပါမူ အရူပဘုံတို့၌ ရုပ်သည် ရှိ၏ဟု မဆိုသင့်။ |
12,987 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၂၅။ သကဝါဒီ။ |
12,988 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရူပဓာတ်၌ ရုပ်သည် ရှိသည် ဖြစ်၍ ထိုရူပဓာတ်သည်လည်း ရုပ်ရှိသူတို့ ဖြစ်ရာ ‘ရူပဘဝ'လော၊ ရုပ်ရှိသူတို့၏ လားရာ'ရူပဂတိ'လော၊ ရုပ်ရှိသူတို့၏ တည်နေရာလော၊ ရုပ်ရှိသူတို့၏ ကျင်လည်ရာ ‘သံသရာ'လော၊ ရုပ်ရှိသူတို့၏ ပဋိသန္ဓေလော၊ ရုပ်ရှိသော အတ္တဘောကို ရခြင်းလော။ |
12,989 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရူပဘုံတို့၌ ရုပ်သည် ရှိ၏၊ ထိုအ ရူပဘုံသည် ရုပ်ရှိသူတို့ ဖြစ်ရာ'ရူပဘဝ'လော၊ ရုပ်ရှိ သူတို့၏ လားရာ'ရူပဂတိ'လော။ |
12,990 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ရုပ်ရှိသော အတ္တဘောကို ရခြင်းလော။ |
12,991 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရူပဓာတ်၌ ရုပ်သည် ရှိသည် ဖြစ်၍ ထိုအရူပဓာတ်သည်လည်း ပဉ္စဝေါကာရ ဘဝလော၊ လားရာ ‘ဂတိ'လော။ |
12,992 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရူပဘုံတို့၌ ရုပ်သည် ရှိသည် ဖြစ်၍ ထိုအရူပဘုံသည်လည်း ပဉ္စဝေါကာရ ဘဝလော၊ လားရာ'ဂတိ'လော။ |
12,993 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရူပဘုံတို့၌ ရုပ်သည် ရှိသည် ဖြစ်၍ ထိုအရူပဘုံသည်လည်း ရုပ်မရှိသူတို့ ဖြစ်ရာ ‘အရူပဘဝ'လော၊ ရုပ်မရှိသူတို့ လားရာ ‘အရူပဂတိ'လော၊ ရုပ်မရှိသူတို့၏ တည်နေရာလော၊ ရုပ်မရှိ သူတို့၏ ကျင်လည်ရာ ‘သံသရာ'လော၊ ရုပ်မရှိသူတို့၏ ပဋိသန္ဓေ ‘ယောနိ'လော၊ ရုပ်မရှိသော အတ္တဘောကို ရခြင်းလော။ |
12,994 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပဓာတ်၌ ရုပ်သည် ရှိသည် ဖြစ်၍ ထို (ရူပဓာတ်) သည်လည်း ရုပ်မရှိသူတို့ ဖြစ်ရာ ‘အရူပဘဝ'လော၊ ရုပ်မရှိသူတို့ လားရာ'အရူပဂတိ'လော။ |
12,995 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ရုပ်မရှိသော အတ္တဘောကို ရခြင်းလော။ |
12,996 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရူပဓာတ်၌ ရုပ်သည် ရှိသည် ဖြစ်၍ ထိုအရူပဘုံသည်လည်း စတုဝေါကာရဘဝလော၊ လားရာ'ဂတိ'လော။ |
12,997 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပဓာတ်၌ ရုပ်သည် ရှိသည် ဖြစ်၍ ထိုရူပဓာတ်သည်လည်း စတုဝေါကာရဘဝလော၊ လားရာ'ဂတိ'လော။ |
12,998 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၂၆။ သကဝါဒီ။ |
12,999 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရူပဘုံကို ရုပ် (ရှိသူ)တို့၏ ထွက်မြောက်ရာ အရပ်ဟူ၍ မြတ်စွာဘုရား ဟောအပ့်သည် မဟုတ်ပါလော။ |
13,000 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ အရူပဘုံကို ရုပ် (ရှိသူ)တို့၏ ထွက်မြောက်ရာ အရပ်ဟူ၍ မြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ အရူပဘုံတို့၌ ရုပ်သည် ရှိ၏ဟူ၍ မဆိုသင့်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.