id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,311,101
Uncategorized
အလင်းကျမ်း
ကိုယ်တွင်းမှာ ခဏမစဲ အာရုံရှိရာသို့ ရှေ့ရှုဖြစ်ပေါ်၍နေသော နာမ်ခန္ဓာစုကို တံလှပ်မြှင်တံလှပ် ရောင်တွေနှင့်အတူ ထင်မြင်စေရမည်ဟု ဆိုလိုသည်။
1,311,102
Uncategorized
အလင်းကျမ်း
အဖြစ်အချုပ်ကို ပိုင်းခြားနိုင်သည်သာ ပမာဏတည်း။
1,311,103
Uncategorized
အလင်းကျမ်း
အနိစ္စဆိုသည်ကား အဖြစ်အချုပ်ကို အမိဖမ်းမှုပေတည်း။
1,311,104
Uncategorized
အလင်းကျမ်း
ပြဆိုခဲ့ပြီးသောအတိုင်း ဝိညာဏ်ခြောက်ပါးတို့၏ တရားကိုယ်နှင့်တကွ ဖြစ်မှု၊ ပျက်မှုကို ထင်မြင်သောအခါ အာရုံခြောက်ပါးနှင့်စပ်၍ ထိုဝိညာဏ်ခြောက်ပါးတို့၏ ပဋိစ္စသမုပ္ပါဒ်ကို ကြည့်ရှုရာ၏။
1,311,105
Uncategorized
အလင်းကျမ်း
ဤအနိစ္စအချက်၌ ထင်မြင်ပါလျှင် အနတ္တအတွင်း ဝင်တော့သည်။
1,311,106
Uncategorized
အလင်းကျမ်း
ဤကား ဝိညာဏ် ၆-ပါးတို့၏ အနိစ္စလက္ခဏာတို့တည်း။
1,311,107
Uncategorized
အလင်းကျမ်း
--- စက္ခုဝိညာဏ်စိတ်တို့ကိုပြခြင်း
1,311,108
Uncategorized
အလင်းကျမ်း
စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။
1,311,109
Uncategorized
အလင်းကျမ်း
(ပဋ္ဌာန်းပါဠိတော်)
1,311,110
Uncategorized
အလင်းကျမ်း
ရူပေစ = ထိုထိုရူပါရုံတို့ကိုလည်း၊ ပဋိစ္စ = အစွဲပြု၍၊ စက္ခုဉ္စ = စက္ခုပသာဒရုပ်ကိုလည်း၊ ပဋိစ္စ = အစွဲပြု၍၊ စက္ခုဝိညာဏံ = စက္ခုဝိညာဏ်သည်၊ ဥပ္ပဇ္ဇတိ = အသစ်အသစ် ဖြစ်ပေါ်၏။
1,311,111
Uncategorized
အလင်းကျမ်း
ထိုထိုရူပါရုံ ဆိုသည်ကား- အဘိဓမ္မာဝေါဟာရမျိုးတည်း။
1,311,112
Uncategorized
အလင်းကျမ်း
ရူပါရုံ၏မှီရာ အဋ္ဌကလာပ်ဒြဗ်ဝတ္ထုနှင့်တကွ ကိုင်၍ပြမှ သာ၍ ထင်ရှားသည်။
1,311,113
Uncategorized
အလင်းကျမ်း
လူ၏အဆင်း၊ နွား၏အဆင်း၊ တုံး၏အဆင်း၊ တိုင်၏အဆင်းဟု ပြောဆိုသည်ကား အဘိဓမ္မာဝေါဟာရ အဘိဓမ္မာဝေါဟာရမျိုးတည်း။
1,311,114
Uncategorized
အလင်းကျမ်း
လူကိုမြင်သည်၊ နွားကိုမြင်သည်၊ တုံးကိုမြင်သည်၊ တိုင်ကိုမြင်သည်ဟု ပြောဆိုကြသော ဝေါဟာရမျိုးကား မျိုကြ၊ စားကြသော ထမင်းခဲဘွယ်ဘောဇဉ်စုကို ကဗဠီကာရအာဟာရဟု ပြောဆိုကြသကဲ့သို့ သဝတ္ထုကကထာမျိုးတည်း။
1,311,115
Uncategorized
အလင်းကျမ်း
အဘိဓမ္မာပါဠိတော်ကြီးများမှာပင် သဝတ္ထုကကထာ သဝတ္ထုကကထာမျိုး၊ ပရမတ္ထကထာမျိုးဟု နှစ်မျိုးလာရှိ၏။
1,311,116
Uncategorized
အလင်းကျမ်း
မျိုကြ၊ စားကြသော ဘောဇဉ်ခဲဘွယ် ဝတ္ထုဒြဗ်တို့ကို ကဗဠီကာရအာဟာရဟုခေါ်ဝေါ်မှုကား ဒြဗ်ဝတ္ထုနှင့်တကွကိုင်၍ပြသော ဝေါဟာရကထာမျိုးတည်း။
1,311,117
Uncategorized
အလင်းကျမ်း
ဩဒနော, ကုမ္မာသော, သတ္တု, မစ္ဆော, မံသံ အစရှိသည်ဖြင့် ဓမ္မသင်္ဂဏီပါဠိတော်များမှာပင် ထိုဝေါဟာရလာပါ၏။
1,311,118
Uncategorized
အလင်းကျမ်း
မျိုအပ်သော ထမင်းမှာ အဋ္ဌကလာပ်ရုပ် ရှစ်ခုရှိ၏။
1,311,119
Uncategorized
အလင်းကျမ်း
ထိုရှစ်ခုအတွင်းမှာ ဩဇာဟူသော အာဟာရရုပ်ပါရှိ၏။
1,311,120
Uncategorized
အလင်းကျမ်း
ထိုရုပ်ကို အသီးအခြား ထုတ်၍ ကဗဠီကာရအာဟာရခေါ်သည်ကား နိဗ္ဗတ္တိက ပရမတ္ထဝေါဟာရတည်း။
1,311,121
Uncategorized
အလင်းကျမ်း
ထိုနှစ်ပါးတွင် ထင်ရှားစေခြင်းငှါ ဤအရာ၌သဝတ္ထုကဝေါဟာရကို ပြဆိုပေအံ့။
1,311,122
Uncategorized
အလင်းကျမ်း
စက္ခုဝိညာဏ်အသစ်ဖြစ်မှု
1,311,123
Uncategorized
အလင်းကျမ်း
ရူပေ၊ ထိုထိုရူပါရုံတို့ကို အစွဲပြု၍ စက္ခုဝိညာဏ်စိတ် အသစ်အသစ်ဖြစ်ပေါ်မှုဆိုသည်ကား နံနက်အခါ၌ အိပ်ရာက ထသည်မှစ၍ ညဉ့်အခါ အိပ်ရာသို့ဝင်သည့်တိုင်အောင် တစ်နေ့လုံး၌ ပဌမ ဘယ်ဟာကို မြင်သည်၊ ဒုတိယဘယ်ဟာကိုမြင်သည် အစရှိသည်ဖြင့် အစဉ်ရှိသည်သာ ဖြစ်၏။
1,311,124
Uncategorized
အလင်းကျမ်း
ထိုသို့ စီစဉ်၍မူကား ပြောခြင်းငှါ မတတ်နိုင်အောင် အချက်များလျက်ရှိ၏။
1,311,125
Uncategorized
အလင်းကျမ်း
ပဌမလူကိုမြင်သည်၊ ဒုတိယနွားကို အစရှိသည်လည်းကောင်း လူကိုမြင်ရာ၌လည်း ကျောက်ကုန်းကို ပဌမမြင်သည်၊ ၎င်းနောက် ဦးခေါင်းကို ဒုတိယမြင်သည် စသည်ဖြင့်လည်းကောင်း အစဉ်အတိုင်း မြင်သွားရသော များပြားလှစွာသော အဆင်းသဏ္ဌာန် အထည်ဝတ္ထုမျိုးတွေကို ရည်၍ “ရူပေ၊ ထိုထိုရူပါရုံတို့ကို” ဟုဆိုသတည်း။
1,311,126
Uncategorized
အလင်းကျမ်း
ထိုထိုဝတ္ထုဒြဗ်ကို မြင်ရာ၌ သူ့ဝတ္ထုဒြဗ်နှင့် သူ့စက္ခုဝိညာဏ် အသစ်အသစ်ဖြစ်၍ မြင်သည် ဟူလိုသတည်း။
1,311,127
Uncategorized
အလင်းကျမ်း
ချဲ့၍ပြခြင်း
1,311,128
Uncategorized
အလင်းကျမ်း
ထိုစကားကို ထင်ရှားရုံချဲ့အံ့။
1,311,129
Uncategorized
အလင်းကျမ်း
တုံးနှင့်မျက်နှာ တည်မိကြသည်နှင့် တစ်ပြိုင်နက် တုံးရိပ်သည် စက္ခုပသာဒရုပ်မှာထင်၏။
1,311,130
Uncategorized
အလင်းကျမ်း
ထိုတုံးရိပ်တင်မှုသည် ပရမတ္ထသဘာဝအရာ၌ စက္ခုပသာဒရုပ်မှာ မိုးကြိုးကျသကဲ့သို့ အဟုန်နှင့်တကွခိုက်တိုက်၍ ပသာဒရုပ်ကြည်တွင် တုံးရိပ်ထင်ပေါ်မှုဖြစ်သတည်း။
1,311,131
Uncategorized
အလင်းကျမ်း
ထိုတုံးရိပ်ခိုက်မှုဒဏ်ချက်ကြောင့် ထိုအရိပ် ထိခိုက်ပေါ်ရှိ၍ နေရာမှာ တုံးကိုမြင်သော စက္ခုဝိညာဏ် ဖြစ်ပေါ်လေသတည်း။
1,311,132
Uncategorized
အလင်းကျမ်း
မီးခတ်မှာ ကျောက်ထိခိုက်ရာ၌ ထိခိုက်မှုဒဏ်ကြောင့် မီးပွင့်တွေ တစ်ဖွားဖွား ပေါ်ဘိသကဲ့သို့တည်း။
1,311,133
Uncategorized
အလင်းကျမ်း
မျက်တောင်ခတ်လျှင် ခတ်တိုင်း၊ ခတ်တိုင်း ထိုတုံးရိပ် ကွယ်ပျောက်၏။
1,311,134
Uncategorized
အလင်းကျမ်း
တုံးရိပ်ကွယ်ပျောက်တိုင်း ကွယ်ပျောက်တိုင်း သူ့တုံးရိပ်နှင့် သူ့စက္ခုဝိညာဏ် အပြီးချုပ်ပျောက်ရာပါလေ၏။
1,311,135
Uncategorized
အလင်းကျမ်း
တစ်ခြားတစ်ပါးကို မျက်နှာလွှဲရာ၌ ဆိုဖွယ်မရှိ။
1,311,136
Uncategorized
အလင်းကျမ်း
မျက်တောင်ကို ကြွချီပြန်လျှင် ကြွချီတိုင်း၊ ကြွချီတိုင်း တုံးရိပ်အသစ်၊ အသစ် ခိုက်ပေါ်မှ စက္ခုဝိညာဏ် အသစ်၊ အသစ် ဖြစ်ပေါ်မှုကိုလည်း သိလေ။
1,311,137
Uncategorized
အလင်းကျမ်း
တုံးကိုလွှတ်၍ တိုင်ကိုမြင်သောအခါ၌လည်း ဤနည်းအတိုင်းပင်၊ တိုင်ကိုလွှတ်၍ တစ်စုံတစ်ခုကို မြင်ပြန်ရာ၌လည်း ဤနည်းအတိုင်းပင်။
1,311,138
Uncategorized
အလင်းကျမ်း
ထို့ကြောင့် ထိုထိုဝတ္ထုဒြဗ်ကို မြင်ရာ၌ သူ့ဝတ္ထုဒြဗ်နှင့် သူ့စက္ခုဝိညာဏ် အသစ်အသစ်ဖြစ်ပေါ်မှုကို သိအပ်သတည်း။
1,311,139
Uncategorized
အလင်းကျမ်း
တုံးရိပ် တိုင်ရိပ် စသည်ခိုက်မှု၊ တိုက်မှု ဒဏ်ရမှသာ ထိုဝိညာဏ်ပေါ်နိုင်လေရကား-ရူပေ၊ ထိုထို ရူပါရုံတို့ကို အစွဲပြု၍ ဖြစ်ရာ၌ အစွဲပြုဟူသော အချက်ပေါ်လေသတည်း။
1,311,140
Uncategorized
အလင်းကျမ်း
ထိုသို့ တုံး၊ တိုင်စသော ရူပါရုံဝတ္ထုဒြဗ်တို့၏ ထိခိုက်မှုနှင့်သာ ဖြစ်ပေါ်ရလေသောကြောင့် တုံးကိုမြင်သောအခါ မျက်စိမှာဖြစ်ပေါ်သော စက္ခုဝိညာဏ်သည် တုံးကလုပ်၍ပေးသော စက္ခုဝိညာဏ်ပေတည်း။
1,311,141
Uncategorized
အလင်းကျမ်း
တုံးကလုပ်၍ ဖန်ဆင်း၍ပေးသော စက္ခုဝိညာဏ်နှင့် တုံးကိုမြင်ရသည်၊ တိုင်ကလုပ်၍ပေးသော စက္ခုဝိညာဏ်နှင့် တိုင်ကိုမြင်ရသည် အစရှိသည်ဖြင့် အကုန်သိလေ။
1,311,142
Uncategorized
အလင်းကျမ်း
ဥပမာကား -အသက်တစ်သိန်းတန်းမှာ တစ်နှစ်တစ်နှစ်လျှင် လင်တစ်ယောက်တစ်ယောက်သေ၍ နှစ်စဉ်အတိုင်း လင်အသစ်အသစ် တစ်ယောက်တစ်ယောက် ယူရ၍ အနှစ်ငါးသောင်းကာလပတ်လုံး သားပေါင်း ငါးသောင်းဖွားမြင်ရာ၏။
1,311,143
Uncategorized
အလင်းကျမ်း
ထိုသားစုကား အဘ အသီးအသီးတည်း။
1,311,144
Uncategorized
အလင်းကျမ်း
သားတို့ကို ကွဲပြားအောင် ပြောလိုလျှင် အမိနှင့်ပြော၍ မကွဲပြားနိုင်၊ အဘနှင့်ပြောမှ ဤသူကား မည်သူ၏သားတည်း။
1,311,145
Uncategorized
အလင်းကျမ်း
ဤသူကား မည်သူ၏သားတည်းဟု ကွဲပြားရာ၏။
1,311,146
Uncategorized
အလင်းကျမ်း
စက္ခုပသာဒရုပ်သည် ထိုအမိမိန်းမနှင့် တူ၏။
1,311,147
Uncategorized
အလင်းကျမ်း
တုံး၊ တိုင်စသော ရူပါရုံဝတ္ထုဒြဗ်တို့သည် အဘငါးသောင်းနှင့် တူ၏။
1,311,148
Uncategorized
အလင်းကျမ်း
အသစ်အသစ်ဖြစ်၍သွားသော စက္ခုဝိညာဏ်စသည်သည် သားငါးသောင်းနှင့်တူ၏။
1,311,149
Uncategorized
အလင်းကျမ်း
“စက္ခုရူပေန သံဝါသာ၊ ရာဂပုတ္တံ ဝိဇာယတ'စက္ခုရူပေန သံဝါသာ၊ ရာဂပုတ္တံ ဝိဇာယတိ” စသည်ဟောတော်မူသော ပါဠိတော်ကို ထောက်လေ။
1,311,150
Uncategorized
အလင်းကျမ်း
တုံး၊ တိုင်စသည်ကို အစဉ်အတိုင်း အိပ်ရာဝင်သည့် တိုင်အောင် တစ်နေ့လုံး၌ မြင်၍သွားသော ထိုပုဂ္ဂိုလ်သည် တုံး၏သားဖြစ်သော စက္ခုဝိညာဏ်ဖြင့် တုံးကိုမြင်သည်၊ တိုင်၏သားဖြစ်သော စက္ခုဝိညာဏ်ဖြင့် တိုင်ကိုမြင်သည် အစရှိသည်ဖြင့် ဆိုထိုက်လေသတည်း။
1,311,151
Uncategorized
အလင်းကျမ်း
ဥပမာတစ်နည်းကား - ဝဲယာနှစ်ဘက်၌ လူတစ်ရပ်ခန့် အမြင့်ရှိသော သစ်ပင်ပေါင်း တစ်ထောင်စီ တန်းလျက် ရှိနေသော လမ်းတစ်ခုမှာ ဖန်တုံးကြီးတစ်ခုကို ပင့်မြှောက်ယူဆောင်၍ အပြေးသွားရာ၌ ထိုထိုသစ်ပင် ဥပစာသို့ ရောက်လေရာ၊ ရောက်လေရာ ဖန်တုံးကြီးမှာ အရိပ်အသီးအသီး ပေါ်လေရာ၏။
1,311,152
Uncategorized
အလင်းကျမ်း
ဖန်တုံးကြီးနှင့် စက္ခုပသာဒ၊ ထိုထိုသစ်ပင်နှင့် ထိုထိုရူပါရုံဝတ္ထုဒြဗ်၊ ထိုထိုသစ်ပင်ရိပ်နှင့် ထိုထိုစက္ခုဝိညာဏ် တူ၏။
1,311,153
Uncategorized
အလင်းကျမ်း
ဖြစ်ပေါ်မှု ကွယ်ပျောက်မှုလည်း အသီးအသီး တူကြ၏။
1,311,154
Uncategorized
အလင်းကျမ်း
စက္ခုဝိညာဏ်ပြီး၏။
1,311,155
Uncategorized
အလင်းကျမ်း
(ထိုထို အသံမျိုးတို့နှင့် သောတဝိညာဏ်။
1,311,156
Uncategorized
အလင်းကျမ်း
ထိုထို အနံ့မျိုးတို့နှင့် ဃာနဝိညာဏ်။
1,311,157
Uncategorized
အလင်းကျမ်း
ခံတွင်းမှာ ရောက်လာသော ထိုထိုရသာရုံ ဝတ္ထုဒြဗ်မျိုးတို့နှင့် ဇိဝှါဝိညာဏ်။
1,311,158
Uncategorized
အလင်းကျမ်း
ကိုယ်အင်္ဂါအတွင်း အပမှာ ထိခိုက်လာသော ထိုထို ဖောဋ္ဌဗ္ဗာရုံ ဝတ္ထုဒြဗ်မျိုးတို့နှင့် ကာယဝိညာဏ် ဤဝိညာဏ်တို့ကိုလည်း စက္ခုဝိညာဏ်အတိုင်း သိလေ။
1,311,159
Uncategorized
အလင်းကျမ်း
) မနောဝိညာဏ်မှာမူကား - အာရုံမျိုး အလွန်အထွေအပြား များလှ၏။
1,311,160
Uncategorized
အလင်းကျမ်း
ကုသိုလ်စိတ်မျိုး၊ အကုသိုလ်စိတ်မျိုး၊ စက္ခုဝိညာဏ်အစရှိသော အဗျာကတစိတ်မျိုး၊ ထိုစိတ်မျိုးတို့မှာယှဉ်သော လောဘတရား၊ ဒေါသတရား၊ မောဟတရားအစရှိသော အကုသိုလ်တရားစု၊ သဒ္ဓါ၊ ပညာ၊ သတိအစရှိသော ကုသိုလ်အဗျာကတဓမ္မစု၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသီကာရ၊ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒဟူသော ဓမ္မစု၊ ဒုစ္စရိုက်ဆ...
1,311,161
Uncategorized
အလင်းကျမ်း
ရူပါရုံ သဒ္ဒါရုံ အစရှိသော ပဉ္စာရုံတို့သည်လည်း မနောဝိညာဏ်နှင့် ဆိုင်ကြကုန်သေး၏။
1,311,162
Uncategorized
အလင်းကျမ်း
မနောဝိညာဏ်၏အာရုံ
1,311,163
Uncategorized
အလင်းကျမ်း
မနောဝိညာဏ်၏ အာရုံမှာ အာရုံခြောက်ပါးလုံးပင် အာရုံရ၏။
1,311,164
Uncategorized
အလင်းကျမ်း
ထိုခြောက်ပါးသည် အမိဝမ်းကဖွားမြင်သည်မှစ၍ ယခုနေ့ ယခုနာရီ တိုင်အောင် အတိတ် နှစ်၊ လ၊ နေ့၊ ရက်တို့က တစ်သက်လုံး ခဏမစဲ တွေ့ကြုံခဲ့ဘူးသမျှသော အာရုံခြောက်ပါး၊ ယခုနာရီမှ နောက်ခဏ နောက်ကာလတို့မှာ ယခုနာရီက မြှော်၍ သိနှင့်ရသော အာရုံခြောက်ပါး၊ နောက်နောက်ဘဝတို့ကို လှမ်း၍ ယခုက မြှော်ရသောအာရုံခြောက်ပါး၊ ကျမ်းဂန်အဆို ထိုထို လူပြော၊ ရှင်ပ...
1,311,165
Uncategorized
အလင်းကျမ်း
အာရုံပြုပုံ ထင်ပုံ
1,311,166
Uncategorized
အလင်းကျမ်း
မစဲဖြစ်၍နေသော စိတ်အကြံအစည်စုတွင် အိပ်ပျော်စဉ် ဘဝင်ကိစ္စနှင့် ခဏမစဲ ဖြစ်၍နေသော မနောဝိညာဏ်စုမှာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟူသော အာရုံစုကိုအာရုံပြုသည်၊ အိပ်ရာက နိုး၍ လာသည်မှ စ၍ အိပ်ရာဝင်၍ အိပ်ပျော်သည့်တိုင်အောင် ပြဆိုခဲ့ပြီးသော အာရုံစုတွင် အကြောင်းအခွင့်ဆိုက်တိုက်ရာ တစ်ခုခုသောအာရုံကို စ၍ ထင်မြင်သည်မှ ခဏအစဉ်အတိုင်း သူတလဲ၊ င...
1,311,167
Uncategorized
အလင်းကျမ်း
မနောဝိညာဏ်ဖြစ်ပုံ
1,311,168
Uncategorized
အလင်းကျမ်း
ဤဝီထိ မနောဝိညာဏ်စုမှာလည်း ပြဆိုခဲ့ပြီးသော အာရုံစုတွင် အကြောင်းအခွင့် ဆိုက်တိုက်ရာ တစ်ခု တစ်ခုသော အာရုံသည် ဘဝင်၌ ခိုက်တိုက်လှုံ့ဆော်၍ ပေးပြီးမှ ထိုလှုံ့ဆော်သော တစ်ခုတစ်ခုသော အာရုံကို အာရုံပြု၍ သိမှု၊ ကြံဖန်မှု ဟူသော မနောဝိညာဏ် တစ်ခုခု နှလုံးထဲမှာ ဖြစ်ပေါ်လေသည်၊ တွေ့ကြုံဆိုက်တိုက်သော အကြောင်းမျိုး အခွင့်မျိုးလည်း ဘယ်အခါ ...
1,311,169
Uncategorized
အလင်းကျမ်း
မုချအားဖြင့်သော်ကား - စေတသိက်၊ စိတ် နာမက္ခန္ဓာလေးပါးတို့မည်သည် စက္ခုမှာဖြစ်ပေါ်ခိုက် စက္ခုမှာသာ ရှိကြကုန်သည်၊ ကြွင်းသော တစ်ကိုယ်လုံးမှာ မရှိကြကုန်၊ သောတမှာ ဖြစ်ပေါ်ခိုက် သောတမှာသာရှိကြကုန်သည်၊ ဃာနမှာဖြစ်ပေါ်ခိုက် ဃာနမှာသာ ရှိကြကုန်သည်၊ ဇိဝှါမှာဖြစ်ပေါ်ခိုက် ဇိဝှါမှာသာရှိကြကုန်သည်၊ ကိုယ်အင်္ဂါ တစ်ခုခုမှာ ဖြစ်ပေါ်ခိုက် ထ...
1,311,170
Uncategorized
အလင်းကျမ်း
ထင်ကြရပုံ မျက်စိဖြင့် ဘယ်ဟာကို ငါမြင်သည်ဟုထင်၍ နေဆဲမှာပင် စက္ခုဝိညာဏ်အစဉ်၏ အကြားအကြားမှာ ဟဒယဝတ္ထု၌ မနောဝိညာဏ်ပေါင်း မစဲအောင်ပင် ဖြစ်နိုင်၊ ချုပ်နိုင်သည်၊ သောတဝိညာဏ် စသည်တို့လည်း သူတို့ အာရုံခိုက်မှုရှိလျှင် မစဲအောင်ပင် ဖြစ်နိုင်၊ ချုပ်နိုင်သည်၊ ထို့ကြောင့် မျက်စိဖြင့် ကြည့်ရှုဆဲ၊ မြင်ဆဲမှာပင် နှလုံးကလည်း ကြံ၏၊ သိ၏၊ နား...
1,311,171
Uncategorized
အလင်းကျမ်း
ကြွင်းသော ဝိညာဏ်တို့ ဖြစ်မှုမှာလည်း ဤနည်းတူ သိလေ။
1,311,172
Uncategorized
အလင်းကျမ်း
မနောဝိညာဏ်စု
1,311,173
Uncategorized
အလင်းကျမ်း
မနောဝိညာဏ်စုမှာလည်း ကိုယ်အမူအရာကို ပြုပြင်သော ဝိညာဏ်စုဖြစ်၍နေစဉ် နှုတ်အမူအရာကို ပြုပြင်သော ဝိညာဏ်မျိုး မဖြစ်နိုင်၊ နှုတ်အမူအရာကို ပြုပြင်သော ဝိညာဏ်မျိုးဖြစ်၍နေစဉ် ကိုယ်အမူအရာပြုပြင်သောစိတ် မရှိနိုင်၊ သို့သော်လည်း အလဲအလှယ် မြန်လှသည့်အတွက်ကြောင့် သွားဆဲမှာပင်စကားပြောနိုင်၏၊ စကားပြောဆဲမှာပင် ကိုယ်အင်္ဂါလှုပ်ရှားနိုင်၏၊ ထိ...
1,311,174
Uncategorized
အလင်းကျမ်း
ပမာဏ ဝိပဿနာယောဂီပုဂ္ဂိုလ်မှာမူကား ဤသို့ဖြစ်၍နေကြရာမှာ အလုံးစုံ ခြုံမိ၊ ငုံမိလောက်သော အချက်ကိုရှာ၍ ဝိညာဏ်ဝီထိ ဝါရပေါင်း တစ်သိန်း တစ်သန်းမက ကုဋေမျှကိုပင် တစ်ဝိညာဏ်တည်း တစ်ချက်တည်းပြု၍ ဥဒယမှု၊ ဝယမှုကို ရှုရသည်၊ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောဉာဏ်မှာ အကုန်ပါစေနိုင်သည်သာ ပမာဏတည်း၊ ငါမြင်သည်၊ ငါကြားသည်၊ ငါနံသည်၊ ငါအရသာကို သိသ...
1,311,175
Uncategorized
အလင်းကျမ်း
အတွင်းဝင်ပုံ
1,311,176
Uncategorized
အလင်းကျမ်း
ကိုယ်တွင်းမှာ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဟဒယ ဟူသော ခြောက်ဌာနကို ထိထိမိမိဆုပ်ကိုင်၍ ဖြစ်မှု၊ ပျက်မှုကို ကောင်းစွာ ထင်မြင်နိုင်လျှင် ထိုအလုံးစုံသော အထွေအလာတို့သည် အတွင်းပါဝင်လေကုန်တော့သည်။
1,311,177
Uncategorized
အလင်းကျမ်း
ဤကား စက္ခုဝိညာဏ်စသော စိတ်တို့ကို ပြခြင်းတည်း။
1,311,178
Uncategorized
အလင်းကျမ်း
--- လက္ခဏတ္တယဉာဏ်အလင်းကြီး
1,311,179
Uncategorized
အလင်းကျမ်း
ဤသို့ ပြဆိုခဲ့ပြီးသော မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါး၊ အာကာသဓာတ်၊ ဝိညာဏဓာတ်ဟု ဆိုအပ်သော ဓာတ်ကြီးခြောက်ပါးတို့၏ ဖြစ်မှု၊ ပျက်မှု အစုစုကို ရေပွက်ပမာ စသော ဥပမာတို့နှင့်မခြား တဖွားဖွား၊ တရွရွ၊ နေ့မစဲ၊ နာရီမစဲ၊ ခဏမစဲ၊ ဇာတိမှု၊ မရဏမှု၊ အနိစ္စမှုတို့ကို ရှုကြည့်၍ ထင်မြင်သော ဉာဏ်အလင်းကြီးသည် လက္ခဏတ္တယဉာဏ်အလင်းကြီးမည်၏။
1,311,180
Uncategorized
အလင်းကျမ်း
လက္ခဏတ္တယပဋိဝေဓဉာဏ်အလင်းကြီးကို အကျယ်ပြဆိုခန်း ပြီး၏။
1,311,181
Uncategorized
အလင်းကျမ်း
--- ၄-နိဗ္ဗာန ပဋိဝေဓဉာဏ်အလင်း
1,311,182
Uncategorized
အလင်းကျမ်း
နိဗ္ဗာနပဋိဝေဓဉာဏ်အလင်းကြီးပေါ်ပုံ
1,311,183
Uncategorized
အလင်းကျမ်း
ဤသို့ လက္ခဏတ္တယဉာဏ် အလင်းကြီးကို ပေါက်ရောက်လျှင် မဂ်လေးပါး၊ ဖိုလ်လေးပါးသို့ ရောက်၏။
1,311,184
Uncategorized
အလင်းကျမ်း
ထိုသို့ရောက်သော မဂ်ဉာဏ်လေးပါး၊ ဖိုလ်ဉာဏ်လေးပါးတို့သည် စင်စစ် နိဗ္ဗာန်ကို သိသော ဉာဏ်တို့ ဖြစ်ရကား ထိုမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့သည် မုချအားဖြင့် နိဗ္ဗာနပဋိဝေဓဉာဏ်အလင်းကြီးမည်၏။
1,311,185
Uncategorized
အလင်းကျမ်း
နိဗ္ဗာနပဋိဝေဓဉာဏ်အလင်းကြီးကို အကျယ်ပြဆိုခန်း ပြီး၏။
1,311,186
Uncategorized
အလင်းကျမ်း
ဤတွင်ရွေ့ကား အမိုက် ၅-သင်း အလင်း ၅-ချက်တို့ကို ရှင်းလင်းပြဆိုအပ်သော အလင်းကျမ်းကြီး ပြီးပြီ။
1,311,187
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
၃။ အလမ္ဗုသာဇာတ်
1,311,188
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
အမှတ်သညာကင်းမဲ့၍ သောကကြီးစွာ တွေ့ရခြင်း
1,311,189
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အထဗြဝိ ဗြဟာ ဣန္ဒော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အလမ္ဗုသာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။
1,311,190
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုကို ဣန္ဒြိယဇာတ်၌ ချဲ့အပ်ပြီးသလျှင်ကတည်း။
1,311,191
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
မိန်းမကြောင့် ဈာန်လျှောခြင်း
1,311,192
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
အထူးကား- သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း... သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၍ အရှင်ဘုရား မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် အဘယ်သူသည် ငြီးငွေ့စေအပ်သနည်း ဟု မေးတော်မူ၍ အရှင်ဘုရား... မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုတတ်၏။
1,311,193
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
သင်သည် ဤမိန်းမကိုအမှီပြု၍ ဈာန်ကိုပျက်စီးစေ၍ သုံးနှစ်တို့ပတ်လုံး တွေဝေလျက် သညာကင်းသဖြင့် အိပ်၍ဖြစ်သော သညာဖြင့် သည်းစွာသော ငိုကြွေးခြင်းကို ငိုကြွေးရဖူးပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
1,311,194
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လျှင် ခပ်သိမ်းသော အတတ်တို့၌ အပြီးသို့ရောက်၍ ရသေ့ရဟန်းပြုပြီးလျှင် တောကျောင်း၌ တောသစ်သီး တောသစ်မြစ်ဟူသော အာဟာရ ရှိသည်ဖြစ်၍ မျှ၏။
1,311,195
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
သမင်မ၏သား ထိုအခါ တစ်ခုသော သမင်မသည် ထိုရှင်ရသေ့ ကျင်ငယ်စွန့်ရာအရပ်၌ သုက်နှင့်ရောသော မြက်ကိုစား၍ ရေကိုသောက်၏။
1,311,196
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
ဤမျှဖြင့်သာလျှင် ထိုရှင်ရသေ့၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ကိုယ်ဝန်ရလျှင် ထိုအခါမှစ၍ တစ်စုံတစ်ခုသော အရပ်သို့ မသွားမူ၍ ထိုအရပ်၌သာလျှင် မြက်ကိုစား၏။
1,311,197
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
ရှင်ရသေ့ကျောင်း၏ အနီး၌လျှင် ကျက်စား၏။
1,311,198
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
ဘုရားအလောင်းသည် စုံစမ်းသည်ရှိသော် ထိုအကြောင်းကို သိလေ၏။
1,311,199
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
ထိုသမင်မသည် နောက်အဖို့၌ သူငယ်ကိုဖွား၏။
1,311,200
ဇာတ်နိပါတ်, မြန်မာဘာသာ
အလမ္ဗုသာဇာတ်
ဘုရားလောင်းသည် ထိုသူငယ်ကို သားဟူသော ချစ်ခြင်းဖြင့် မွေးမြူ၏။