id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,311,001
Uncategorized
အလင်းကျမ်း
အတ္တဆိုသော စကားနှင့် အနှစ်အသား, အမာခံ, အထည်ခံ ဆိုသော စကား အတူတူ။
1,311,002
Uncategorized
အလင်းကျမ်း
ပုဂ္ဂိုလ် သတ္တဝါ အမာခံ, အထည်ခံ မှန်ခဲ့သော် တစ်ခုသော ပူမှု, တစ်ခုသောအေးမှုသည် ပုဂ္ဂိုလ်သတ္တဝါ အသက်ရှည်သမျှ မလှုပ်မရှား မပြောင်းမလဲဘဲ ခိုင်မြဲ၍ လိုက်ပါရမည်၊ ထိုသို့မလိုက်မူ၍ တစ်နေ့ တစ်ရက်မှာပင် အခါခါပျက်ဆုံးလျက်နေသော ပူမှု, အေးမှုသည် တစ်ဘဝမှာတစ်ခါသာ ပျက်ဆုံးမှုရှိသော ပုဂ္ဂိုလ်သတ္တဝါ၏ အနှစ်အသား မဟုတ်နိုင်သောကြောင့် ပူမှု,...
1,311,003
Uncategorized
အလင်းကျမ်း
တေဇောဓာတ်ပြီး၏၊
1,311,004
Uncategorized
အလင်းကျမ်း
လက္ခဏတ္ထယဉာဏ်ပေါက်အောင်ပြပုံ
1,311,005
Uncategorized
အလင်းကျမ်း
ဤ၌ ဓာတ်ကြီးလေးပါးလုံးတို့ကို ပေါင်းစု၍ အဖြစ်ဇာတိ နှင့်တကွ လက္ခဏတ္တယဉာဏ်ပေါက်အောင် ပြဆိုအံ့။
1,311,006
Uncategorized
အလင်းကျမ်း
ပွက်ပွက်ဆူနေကြပုံ
1,311,007
Uncategorized
အလင်းကျမ်း
ဤမြေ, ရေ, လေ, မီးဓာတ်ကြီးလေးပါးတို့ကို မှန်၌ထင်သော အရိပ် ဥပမာ, စို့, သက်တံဥပမာ ကံစသောအကြောင်းတရားစုနှင့် ဓာတ်မီး ဓာတ်ဆီတို့ ပြုပြင်ရာ ဖြစ်ခါ ပျက်ခါနေရသော အချက်စုကို စေ့စုံစွာ မြင်နိုင်ပါလျှင် ဤခန္ဓာကိုယ်ကြီးမှာ မျက်တောင်တစ်ခတ်, လျှပ် တစ်ပြက်မျှ အသစ်ဖြစ်ပေါ်ခြင်းမှ ကင်းသောအကွက် မရှိ၊ ဖြစ်ပေါ်ရာ၌ တစ်ဖြုတ်ဖြုတ် ပျက်ခြင်းမ...
1,311,008
Uncategorized
အလင်းကျမ်း
ခဏချင်းပျက်ဆုံးမှု
1,311,009
Uncategorized
အလင်းကျမ်း
ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့ကြောင့် တစ်ကိုယ်လုံး၌ မာမှုဟူသော ပထဝီမြေဓာတ် ကြီးသည် ဖြစ်ပေါ်၏၊ ဖွဲ့စည်းမှုဟူသော အာပေါရေဓာတ်ကြီးသည် ဖြစ် ပေါ်၏၊ ပေါင်းနွေးမှုဟူသော တေဇောမီးဓာတ်ကြီးသည် ဖြစ်ပေါ်၏၊ လှုပ်ရှားထောက်ကန်မှုဟူသော ဝါယောလေဓာတ်ကြီးသည် တဘွားဘွား ဖြစ်ပေါ်၏၊ ထိုမြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါးတို့သ...
1,311,010
Uncategorized
အလင်းကျမ်း
ပျက်ဆုံးသမျှနေရာမှာလည်း အစားစိုက်ထူသောအားဖြင့် အပြည့်အပြည့် ဖြစ်ပေါ်ပြန်၏၊ ဤသို့လျှင် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက် အတွင်းမှာပင် ပျက်မှု ဖြစ်မှု အဆက်အလက် တစ်ရာ တစ်ထောင်မက ပြောင်းလဲနေသည်၊ ထိုဖြစ်မှု ပျက်မှုများကို မျက်စိ ဖြင့်ကြည့်၍ မြင်နိုင်ကောင်းသည်မဟုတ်၊ အထက်ကပြဆိုခဲ့ပြီးသော သဘာဝအရင်းစုနှင့်ကြည့်ရှုမှ ဉာဏ်ဖြင့်သာမြင်က...
1,311,011
Uncategorized
အလင်းကျမ်း
ကံစသော လေးပါးသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်သမျှ သော မာမှု, ဖွဲ့စည်းမှု စသော ပရမတ်ဓာတ်မြေ, ဓာတ်ရေ စသည်တို့ သည် အတူတကွ ဖြစ်ပေါ်သော ဓာတ်မီး၏ အဟုန်ကြောင့် ခဏချင်း, ခဏချင်း ပျက်ဆုံးကွယ်ပျောက် ရကုန်သည်ဟူသော စကား၌ ချဲ့ဦးအံ့။
1,311,012
Uncategorized
အလင်းကျမ်း
ပျက်ဆုံးမှုအကျယ်
1,311,013
Uncategorized
အလင်းကျမ်း
လောက၌ မီးတို့မည်သည် အကြင်ဝတ္ထုကို မှီတွယ်၍ ဖြစ်ပွား၏၊ ထိုမှီတွယ်ဖွယ်သောဝတ္ထုကို လောင်မြဲဓမ္မတာ ဖြစ်သည်နှင့်အညီ ထိုပရမတ်ဓာတ်မီးသည်လည်း မိမိနှင့်အတူ ဖြစ်ပေါ်သော မာမှု, ဖွဲ့စည်းမှု, တင်းရင်းမှုဟူသော ဓာတ်ကြီးသုံးပါးတို့ကို ခဏချင်းခဏချင်း ကွယ်ဆုံး အောင် လောင်သည်သာဖြစ်၏၊ အမှိုက်မှ ဖြစ်သော မီးသည် ထိုအမှိုက်ကို ခဏချင်းကုန်အောင...
1,311,014
Uncategorized
အလင်းကျမ်း
ဥပမာ-ရေနံဆီတစ်ပိဿာ၌ တောက်သော မီးသည် ထိုရေနံဆီ ကို အတွင်ကုန်အောင်စား၏၊ ရေနံဆီကို မလျော့ရအောင် လောင်းသော သူက လောင်းနိုင်သမျှ ကာလပတ်လုံး ရေနံဆီလည်း လျော့သည်မထင်ရ၊ မီးလည်းလျော့သည်မထင်ရ၊ မထင်သော်လည်း နှစ်ပါးလုံးပင် ခဏစဉ် အတိုင်း ကုန်ကြ ဆုံးကြသည်သာ ဖြစ်၏၊ အကယ်၍ မကုန်ဆုံးကြသည် ဖြစ်ခဲ့အံ့၊ ရေနံဆီအသစ် လောင်းဘွယ်ကိစ္စ မရှိရာပြီ၊...
1,311,015
Uncategorized
အလင်းကျမ်း
ဤကိုယ်ခန္ဓာတို့၏ ပျက်ဆုံးမှု မြန်လှ အားကြီးလှသည့် အတွက် ကြောင့် ကိုယ်ခန္ဓာ အသစ်အသစ် အလျင်ဆက်လက်မှု မြန်လှ, အားကြီးလှ၏၊ ကိုယ်ခန္ဓာ အသစ်အသစ် အလျင် ဆက်လက် ထူထောင်မှု မြန်လှ, အားကြီးလှသည့်အတွက် ကြောင့် လောက၌ အသက်မွေးမှု ဟူသော အလုပ်ကြီးသည် အကြီး အကျယ်ဆုံး, အကြပ် တည်းဆုံး, မလွှဲသာဆုံး, မနေသာ ဆုံး ဖြစ်လေသတည်း။
1,311,016
Uncategorized
အလင်းကျမ်း
တည်ထောင်မှုကြီးကျယ်ပုံ
1,311,017
Uncategorized
အလင်းကျမ်း
ဇမ္ဗူဒီပါမြေ၌ တစ်နှစ်တစ်နှစ်တွင် ဖြစ်ပွားသော စပါးမျိုး, ပြောင်း, ပဲ, လူး, ဆပ်အစရှိသော အစာအာဟာရမျိုးသည် မည်ရွေ့မည်မျှ များပြားလိမ့်မည်၊ တစ်နှစ်အဖို့, တစ်လအဖို့, တစ်ရက်အဖို့ စားသောက် ၍ မည်ရွေ့မည်မျှ ကုန်လိမ့်မည်ဟု မြှော်လိုက်လျှင် ခန္ဓာသစ် ဆက်လက် တည်ထောင်မှု, အသစ်အသစ် ဆက်လက်တည်ထောင်မှု ကြီးကျယ်ပုံကို မြင်လိမ့်မည်။
1,311,018
Uncategorized
အလင်းကျမ်း
ပျက်ဆုံးမှုမြန်ပုံ
1,311,019
Uncategorized
အလင်းကျမ်း
နေ့စဉ် အသစ်အသစ် ခန္ဓာအလျင်ဆက်လက်မှု, အသက်မွေးမှု, ကြီးကျယ်ကြပ်တည်း၍ နေကြပုံကို မြင်နိုင်လျှင် ဤခန္ဓာ ဤအသက်စု ပျက်မှု, ဆုံးမှု, ပျောက်ကွယ်မှု မြန်ကြောင်း အားကြီးကြောင်းကိုလည်း မြင်လိမ့်မည်။
1,311,020
Uncategorized
အလင်းကျမ်း
ရေသတ္တဝါ ကုန်းသတ္တဝါတို့ အသက်မွေးမှု, အစာရှာမှု, ဥစ္စာ စီးပွားမှုနှင့် နေ့နေ့ညည, ပုပု ရွရွ, လုလု ယက်ယက်, လုပ်ကြ, ကိုင်ကြ, ထမ်းကြ, ပိုးကြ, သွားကြ, လာကြ, ပြောကြ, ဆိုကြ, ကြံကြ, စည်ကြ, ကြောင့်ကြစိုက်ကြ, အားထုတ်ကြ, စိုးရိမ်ကြ, ပူပန်ကြ, စောင့်ရှောက်ကြ, ထိန်းကျောင်းကြ, ငြင်းခုန်ကြ, ခိုက်ရန်ဖြစ်ကြသမျှ အလုံးစုံတို့ကို အရင်း သို...
1,311,021
Uncategorized
အလင်းကျမ်း
ပကတိအနိစ္စ ပကတိအနတ္တ
1,311,022
Uncategorized
အလင်းကျမ်း
အသစ်အသစ်ဆက်လက်မှု, ထူထောင်မှု ကြပ်တည်းပုံကို မြင်လျှင်လည်း အဟောင်းအဟောင်း ပျက်ဆုံးပြောင်းလဲမှု မြန်ကြောင်း, မမြဲကြောင်း အနိစ္စ၊ အနှစ်မရှိကြောင်း, အစိုးမရကြောင်း အနတ္တကို ကောင်းကောင်းကြီး မြင်လိမ့်မည်။
1,311,023
Uncategorized
အလင်းကျမ်း
ဤကိုယ်ခန္ဓာဓာတ်ကြီး ဓာတ်ငယ်တို့ ပျက်မှု, ဖြစ်မှု မြန်လှသည့် အတွက်ကြောင့် လောက၌ကြောင့်ကြစိုက်ဖွယ် အနန္တဖြစ်ပွား၍ နေသည် ဟု ဆိုလိုပါသတည်း။
1,311,024
Uncategorized
အလင်းကျမ်း
ဤကား ပကတိဇာတိနှင့် ပကတိအနိစ္စ၊ အနတ္တကိုမြင်ဖို့ အချက်တည်း
1,311,025
Uncategorized
အလင်းကျမ်း
ဝိကတိဇာတိစသည်ကို မြင်နိုင်ပုံ
1,311,026
Uncategorized
အလင်းကျမ်း
ခန္ဓာကိုယ်ကို တွယ်တာခင်မင်သည့်အတွက် အသက်တစ်ရာ ခဏမစဲ အစဉ်စပ်မိအောင် အလျင်ဆက်မိအောင် ထူထောင်မှုဟု ဆိုအပ်သော အသက်မွေးမှုအတွက်နှင့် ကိုယ်ခန္ဓာ၌ ပကတိဇာတိမှ ခဏမစဲ အသစ်အသစ် ဖြစ်၍နေချက်ကိုမြင်နိုင်ပါလျှင် ပကတိ ပျက်မှုအနိစ္စ, ပကတိအနှစ်မရှိသော အနတ္တကိုမြင်နိုင်ပါလျှင် ပကတိ ပျက်မှု အနိစ္စ, ပကတိအနှစ်မရှိသော အနတ္တကိုမြင်နိုင်ပါလျှင...
1,311,027
Uncategorized
အလင်းကျမ်း
ဝိကတိ ဇာတိ
1,311,028
Uncategorized
အလင်းကျမ်း
ဝိကတိဇာတိ ဆိုသည်ကား - အနာအမျိုးမျိုး ဖြစ်ပေါ်မှု, ရောဂါ အမျိုးမျိုးဖြစ်ပေါ်မှု, ဘေးအမျိုးမျိုးဖြစ်ပေါ်မှု, ရန်အမျိုးမျိုး ဖြစ်ပေါ်မှု, ဒဏ်အမျိုးမျိုး ဖြစ်ပေါ်မှု, ဥပဒ်အမျိုးမျိုး ဖြစ်ပေါ်မှုတို့ပေတည်း။
1,311,029
Uncategorized
အလင်းကျမ်း
ထိုထိုဆိုခဲ့သော အမျိုးမျိုးဥပဒ်, ဘေး, ဒဏ်, ရန်အပေါင်း တို့ကြောင့် ခဏမစဲ တစ်သဲသဲရုပ်သိမ်း၍ တစ်ဖြုတ်ဖြုတ်, တစ်ယုတ်ယုတ် ပျက်သည်၊ ဆုံးသည်၊ ကုန်သည်ဟူသော ဝိကတိအနိစ္စ သဘောကို လည်းကောင်း ခဏခဏမစဲ တစ်သဲသဲပျက်ဆုံး ချုပ်ကွယ်ရာ အနှစ်သာရ မရှိသော အဖြစ်ဟူသော ဝိကတိအနတ္တကိုလည်းကောင်း သိရမည်၊ ခဏချင်း စပ်မိအောင်, ဆက်မိအောင်, အစဉ်မပြတ်အောင...
1,311,030
Uncategorized
အလင်းကျမ်း
ပျက်ကွက်မှုမြန်သည့်အတွက်ကြောင့် ဣဋ္ဌရုပ်ခန္ဓာကိုယ်, အနိဋ္ဌရုပ်ခန္ဓာကိုယ်, သုခရုပ်ခန္ဓာကိုယ်, ဒုက္ခရုပ်ခန္ဓာကိုယ် ပြောင်းလဲ လိုလျှင် ခဏချင်းပြောင်းလဲနိုင်သည်၊ ဘယ်ခဏ၌ အနိဋ္ဌရုပ်ကိုယ်ခန္ဓာ ဇာတိမျိုး, ဣဋ္ဌရုပ်ကိုယ်ခန္ဓာဇာတိမျိုး, သုခရုပ်ကိုယ်ခန္ဓာဇာတိမျိုး, ဒုက္ခရုပ်ကိုယ်ခန္ဓာဇာတိမျိုး မဖြစ်နိုင်, မပေါ်နိုင်သော ခဏဟူ၍, မပျက...
1,311,031
Uncategorized
အလင်းကျမ်း
ဇာတိဟူသည်ကား- ဖြစ်ပေါ်မှုတည်း၊ လောက၌ မျက်စိနာ ဖြစ်သည်၊ နားနာဖြစ်သည် အစရှိသည်ဖြင့် ခေါ်ဝေါ်ကြသော (ဖြစ်) ဟူသော အချက်စုသည် ဇာတိချည်းတည်း။
1,311,032
Uncategorized
အလင်းကျမ်း
အနိစ္စ ဟူသည်ကား- ပျက်စီး, ပျောက်ကွယ်ခြင်းတည်း၊ လောက၌ အချမ်းပျောက်ကွယ်ပြီ၊ အအေးပျောက်ကွယ်ပြီ စသည်ဖြင့် (ပျောက်) ဟူသော စကား (ပျက်)ဟူသော စကားမျိုးတည်း။
1,311,033
Uncategorized
အလင်းကျမ်း
အနတ္တ ဟူသည်ကား- အရှည်မတည်တံ့သော အမှုတည်း၊ လောက၌ ချမ်းဟူသည် ခဏတည်း၊ အေးဆိုသည် ခဏသာတည်း၊ လှဆိုသည် တောင့်ဆိုသည် တင်းဆိုသည် ခဏသာတည်း ဟုခေါ်ဝေါ် ကြသော (ခဏ)ဟူသော စကားစုတည်း။
1,311,034
Uncategorized
အလင်းကျမ်း
ကဋ္ဌမုခမြွေ
1,311,035
Uncategorized
အလင်းကျမ်း
ဤကိုယ်ခန္ဓာစု၌ အနိဋ္ဌဇာတိရုပ်ခန္ဓာမျိုး, ဣဋ္ဌဇာတိရုပ်ခန္ဓာ မျိုးတို့ ပျက်ဆုံးရန် တရားစုသည် အတွင်းသန္တာန်ကလည်း အသင်္ချေ အနန္တ များပြား၏၊ အပသန္တာန်ကလည်း အသင်္ချေအနန္တ များပြား၏၊ ဤကိုယ်ခန္ဓာ၌ တစ်ကိုယ်လုံး၏ အမာခံ, အထည်ဖြစ်သော (မာမှု) ဟူသော ပထဝီမြေဓာတ်ကို ကဋ္ဌမုခမြွေဟူ၍ ဟောတော်မူ၏၊ ခြေဖျား၌ အဆိပ်ထန်သော မြွေကိုက်ရာ ဦးခေါင်းတ...
1,311,036
Uncategorized
အလင်းကျမ်း
ဥပမာကား - ချိန်ဝင်ပိဿာ ငါးဆယ်ခန့်ရှိသော အလွန်ထက်လှ စွာသော ယမ်းဖြင့်ပြည့်သော မီးဓုန်းကြီးကို စနက်ပေါက်မှ နှမ်းစေ့ခန့် ရှိသော အနည်းငယ်သော မီးပေါက်, မီးပွား ထိပါးခဲ့သည်ရှိသော် ချိန်ဝင်ပိဿာ ငါးဆယ်ခန့်ရှိသော ယမ်းခဲကြီးသည် အကုန်လုံး ခဏချင်း၌ မီးအတိဖြစ်လေသကဲ့သို့တည်း၊ ဤမြွေကိုက်သောသူ၌ တစ်ကိုယ်လုံး ရုပ်သစ်ပြောင်းပုံ, ရုပ်ဟောင်...
1,311,037
Uncategorized
အလင်းကျမ်း
ဒုက္ခအချက်
1,311,038
Uncategorized
အလင်းကျမ်း
ဤဝိကတိဇာတိ ဝိကတိအနိစ္စအချက် လက်နှင့်မကွာ ဖြစ်နေ သည့် တွက်တာကြောင့် စိတ်အလိုရှိတိုင်းမနေသာ, မသွားသာ, မလာ သာ, မပြုသာ, မကျင့်သာ, ဘေးဖြစ်ရန်အခွင့်, ရန်ဖြစ်ရန်အခွင့်, ဒဏ် ဖြစ်ရန်အခွင့်, ကိုယ်တွင်းအန္တရာယ်ဖြစ်ရန်အခွင့်, ကိုယ်ပအန္တရာယ် ဖြစ်ရန်အခွင့် အလုံးစုံမျိုးတို့ကို ကြောက်ရ, ရွံ့ရ, ထိတ်ရ, လန့်ရ, စိုးရိမ်ရ, ကြောင့်ကြရ, ပူပ...
1,311,039
Uncategorized
အလင်းကျမ်း
(ဤကား မြွေကိုက်သောသူဥပမာ, ယမ်းမီးဓုန်းကြီး ဥပမာတို့ဖြင့် တစ်ကိုယ်လုံး၏ အမာခံဖြစ်သော ခက်မာမှုဟူသော ကဋ္ဌမုခမြွေ ဟူ၍ ဟော တော်မူသော မြေဓာတ်၏ ခဏချင်း ဖောက်ပြန်မှု, ပြောင်းလဲမှုတွေ အလွန်မြန်လှ ကြောင်းကိုဆိုသော စကားစုတည်း)
1,311,040
Uncategorized
အလင်းကျမ်း
ထိုမြေဓာတ်ကိုသိရလျှင် ဖြစ်အတူ ပျက်အတူဖြစ်သော ရေ ဓာတ်, မီးဓာတ်, လေဓာတ်တို့လည်း အတွင်းပါဝင်တော့သည် ဟူ၍ သိလေ။
1,311,041
Uncategorized
အလင်းကျမ်း
နိရောဓ, ဘင်္ဂစသည်
1,311,042
Uncategorized
အလင်းကျမ်း
ချဲ့ဦးမည်- - အလွန်မာ၍နေသော လူပမာဏရှိသော ချိပ်ခဲကြီး, ဖယောင်းခဲကြီး, အဆီခဲကြီးများကို ခဏချင်း အတွင်းအပြင် နှံ့ပြားအောင် မီးရှိန် သင့်လေသောအခါ ခဏချင်း မာမှု အဆင့်ဆင့် ပြိုပျက်၍ ပျော့မှု အဆင့်ဆင့် တိုးတက်၍လာပုံ, မီးနှင့်ဝေး၍ အေးပြန်သောအခါ ပျော့မှု အဆင့်ဆင့် ကွယ်ပျောက်၍ မာမှုအဆင့်ဆင့် တိုးတက်၍ သွားပုံများနှင့် အလားတူ မြင်အ...
1,311,043
Uncategorized
အလင်းကျမ်း
လက္ခဏတ္တယဉာဏ်အလင်းကြီး
1,311,044
Uncategorized
အလင်းကျမ်း
ဝိပဿနာယောဂီပုဂ္ဂိုလ်တို့သည် ထိုအမှုကိုဒိဋ္ဌပစ္စက္ခ မြင်အောင် ရှုကြရကုန်သည်။
1,311,045
Uncategorized
အလင်းကျမ်း
ထိုအမှုကို မြင်သောဉာဏ်ကို လက္ခဏတ္တယဉာဏ် အလင်းကြီး ဆိုသည်။
1,311,046
Uncategorized
အလင်းကျမ်း
ပုတိမုခ, အဂ္ဂိမုခ, သတ္ထမုခမြွေ
1,311,047
Uncategorized
အလင်းကျမ်း
ကဋ္ဌမုခမြွေဟူ၍ ဟောတော်မူသော မြေဓာတ်ပထဝီ၏ အနိစ္စ ကို မြင်နိုင်လျှင် ပုတိမုခမြွေဟူ၍ ဟောတော်မူသော ရေဓာတ်, အဂ္ဂိမုခ မြွေဟူ၍ ဟောတော်မူသော မီးဓာတ်, သတ္ထမုခမြွေဟူ၍ ဟောတော်မူ သော လေဓာတ်, ဤဓာတ်ကြီးသုံးပါးတို့၏ ဖောက်ပြန် ပြိုပျက် ကွယ် ဆုံးမှု, အသစ် အသစ်ဖြစ်ပေါ် ပြောင်းလဲမှုတို့ကိုလည်း မြင်နိုင်လတ္တံ့။
1,311,048
Uncategorized
အလင်းကျမ်း
နိရောဓ ဘင်္ဂစသည်
1,311,049
Uncategorized
အလင်းကျမ်း
ရေဓာတ်၌ ဖွဲ့စည်းမှု၊ အဆင့်အားကြီး၍ သွားမှု၊ အဆင့်ဆင့် ရော့ရဲပြေပျက်၍ သွားမှုသည် အဆင့်ဆင့်ချုပ်မှု နိရောဓ, ဘင်္ဂ, ခယ, ဝယ, အတ္ထ, မရဏ, အနိစ္စပေတည်း။
1,311,050
Uncategorized
အလင်းကျမ်း
မီးဓာတ်၌ ပူမှုအဆင့်ဆင့် တိုးတက်ချက်၊ ဆုတ်ယုတ်ချက်သည် အေးမှုအဆင့်ဆင့် တိုးတက်ချက်၊ ဆုတ်ယုတ်ချက်သည် အဆင့်ဆင့်ချုပ်မှု နိရောဓ, ဘင်္ဂ, ခယ, ဝယ, အတ္ထ, မရဏ, အနိစ္စပေတည်း။
1,311,051
Uncategorized
အလင်းကျမ်း
ဤသို့သော အနိစ္စကိုမြင်မှ လက္ခဏတ္တယဉာဏ်အလင်းသို့ ပေါက်ရောက်သည်၊ ဝိပဿနာဉာဏ်အစစ်ဖြစ်သည်ဟု ဆိုလိုသည်။
1,311,052
Uncategorized
အလင်းကျမ်း
လောက၌ သေချိန်ကျ သေရချေ့၊ အိုချိန်ကျ အိုရချေ့၊ ပျက်ချိန်ကျ ပျက်ရချေ့ဟု ရှုကြ မြင်ကြသော အရာသည် ဝိပဿနာဉာဏ်ပင် မဟုတ်၊ လက္ခဏတ္တယဉာဏ်ပင်မဟုတ်၊ ကုလား၊ တရုတ်၊ ချင်း၊ ကရင်တို့လည်း မြင်ကြသောအမှုပင် ဖြစ်သတည်း။
1,311,053
Uncategorized
အလင်းကျမ်း
ဤသည်ကား ခန္ဓာကိုယ် ဓာတ်ကြီး လေးပါးတို့၌ လက္ခဏတ္တယဉာဏ်အလင်းသို့ ပေါက်ရောက်အောင် ကြည့်နည်းတည်း။
1,311,054
Uncategorized
အလင်းကျမ်း
--- ဝိညာဏ်ခြောက်ပါးတို့၏ အနိစ္စလက္ခဏာကိုပြခြင်း
1,311,055
Uncategorized
အလင်းကျမ်း
ထိုဝိညာဏ်ခြောက်ပါးတို့တွင် အရာကျယ်သောကြောင့်လည်းကောင်း၊ ငရဲမီးအသိုက်အအုံ အလွန်ကြီးလှသောကြောင့်လည်းကောင်း မနောဝိညာဏ်ကို ရှေးဦးစွာပြရာ၏။
1,311,056
Uncategorized
အလင်းကျမ်း
မနောဝိညာဏ်၌ အနိစ္စလက္ခဏာ
1,311,057
Uncategorized
အလင်းကျမ်း
မနောဝိညာဏ်မည်သည် နေ့နေ့ညည ခဏမစဲ နှလုံးထဲမှာ တစ်ရှိန်တည်း တစ်ဆက်တည်း တစ်ခုတည်းဖြစ်၍ အမြဲတည်နေသည်ဟု စွဲလန်း၍ နေကြ၏။
1,311,058
Uncategorized
အလင်းကျမ်း
ငါသိသည်၊ ငါကြံသည်၊ ငါတွေးသည်၊ ငါဆသည် အစရှိသည်ဖြင့် သက္ကာယဒိဋ္ဌိငရဲ မီးတောက် မီးလျှံမစဲ ထ၍ ထ၍ နေ၏။
1,311,059
Uncategorized
အလင်းကျမ်း
ဖြစ်ပေါ်ရာဌာန
1,311,060
Uncategorized
အလင်းကျမ်း
ထိုမနောဝိညာဏ်စု၏ ဖြစ်ပေါ်ရာဌာနကား နှလုံးအိမ်တည်း။
1,311,061
Uncategorized
အလင်းကျမ်း
ထိုနှလုံးအိမ်တွင်းမှာလည်း သွေးသည် တစ်လက်ဘက်ခွဲခန့်ရှိ၏။
1,311,062
Uncategorized
အလင်းကျမ်း
အောက်၌တည်ရှိသော ပါစကဝမ်းမီး၊ တစ်ကိုယ်လုံးတွင် ထက်ဝန်းကျင်မှာတည်ရှိသော ဥသ္မာခေါ်သော ကိုယ်စောင့်ဓာတ်မီးတို့ကြောင့် ထိုနှလုံးသွေးသည် စမ်းရေပွက်မှာစမ်းရေပွက်ကဲ့သို့ အခါခပ်သိမ်း ဆူဆူတက် ပွက်၍နေသောအခြင်းအရာရှိ၏။
1,311,063
Uncategorized
အလင်းကျမ်း
မနောဝိညာဏ်၏မှီရာ ဟဒယ ဝတ္ထုရုပ်စုသည် ထိုသွေးမှာ အသိန်းအသန်းမကတည်ရှိ၏။
1,311,064
Uncategorized
အလင်းကျမ်း
ထိုဟဒယ ဝတ္ထုရုပ်စုသည် နှလုံးသွေးမှာ လှိုင်းစီး၍တည်နေ၏။
1,311,065
Uncategorized
အလင်းကျမ်း
မနောဝိညာဏ်ဟူသမျှသည် ထိုဟဒယဝတ္ထုရုပ်ပေါ်မှာ တစ်ဖွားဖွားဖြစ်ပေါ်၏၊ ပြိုးပြိုးပြက် ရိုးရိုးရက် တစ်လက်လက် တစ်လင်းလင်းနေ၏။
1,311,066
Uncategorized
အလင်းကျမ်း
“ပဘဿ ရမိဒံ ဘိက္ခဝေ စိတ္တံ” ဟူ၍လည်းကောင်း၊
1,311,067
Uncategorized
အလင်းကျမ်း
“ပဏ္ဍရံ စိတ္တံ” ဟူ၍လည်းကောင်း ဟောတော်မူ၏။
1,311,068
Uncategorized
အလင်းကျမ်း
ဘိက္ခဝေ = ရဟန်းတို့၊ ဣဒံ စိတ္တံ = ဤစိတ်ဝိညာဏ်မည်သည်၊ ပဘဿရံ = ပြိုးပြိုးပြက် ရိုးရိုးရက် တစ်လက်လက် တစ်လင်းလင်းရှိ၏၊ စိတ္တံ = စိတ်ဝိညာဏ်သည်၊ ပဏ္ဍရံ = ဆွတ်ဆွတ်ဖြူ၏။
1,311,069
Uncategorized
အလင်းကျမ်း
မျက်မြင်မျိုးမဟုတ်၊ ဉာဏ်မြင်မျိုးပေတည်း။
1,311,070
Uncategorized
အလင်းကျမ်း
မျက်မြင်မျိုး အသွင်မှန်း၍ ဉာဏ်မျက်စိဖြင့် ကြည့်သော်လည်း ကိစ္စမရှိ။
1,311,071
Uncategorized
အလင်းကျမ်း
“ဝိဇ္ဈုပ္ပါဒါဝ အာကာသေ ဥပ္ပဇ္ဇန္တိ ဝယန္တိ စ” ဟူသည်နှင့်အညီ လျှပ်၏ဖြစ်ခြင်း၊ ပျက်ခြင်း မြန်ပုံကဲ့သို့ ထင်မြင်၍ ဥဒယစွန်း၊ ဝယစွန်း ဤအစွန်းနှစ်ခုကို ဉာဏ်၌ ထိထိမိမိအားရပါးရ မြင်နိုင်မှုသည်သာ ပမာဏတည်း။
1,311,072
Uncategorized
အလင်းကျမ်း
တစ်သိမ့်သိမ့် တစ်အိမ့်အိမ့်ကဲ့သို့နေသော ထိုနှလုံးသွေးမှာလည်း ဖြစ်ပေါ်ရာဌာနအများ အကွက်ဖော်၍ကြည့်၊ အလယ်၌ ပေါ်သောအခါလည်း ရှိသည်၊ ရှေးအဖို့ အစွန်းအနား၌ ပေါ်သောအခါလည်း ရှိသည်၊ နောက်အဖို့ အစွန်းအနား၌ ပေါ်သောအခါလည်းရှိသည်၊ လက်ျာဘက်အစွန်းအနား၌ ပေါ်သောအခါလည်းရှိသည်၊ လက်ဝဲဘက် အစွန်းအနား၌ ပေါ်သောအခါလည်းရှိသည်၊ ဤသို့ စသည်ဖြင့် ဖြစ...
1,311,073
Uncategorized
အလင်းကျမ်း
ပေါ်ရာပေါ်ရာ ဌာနမှာ ချုပ်ပျောက်မြဲ ဓမ္မတာတည်း။
1,311,074
Uncategorized
အလင်းကျမ်း
နှလုံးတွင်းခန့်ပမာဏရှိသော မျက်လုံးသားအပြင် အစရှိသော ထိုထိုကိုယ်အင်္ဂါအကွက်မှာ မြမြထက်သော အပ်ဖျားနှင့် တစ်ချက် တစ်နေရာ ထိုး၍ သွားလျှင် နာမှုဟူသော နာမက္ခန္ဓာ အစုသည် ထိုထိုအချက်မှာ အသီးသီး ဖြစ်ပေါ်၍၊ ဖြစ်ပေါ်ရာ ဌာနမှာ အသီးသီး ကွယ်ပျောက်၍သွားသည်ကို ထင်ရှားသိနိုင်၊ မြင်နိုင်သကဲ့သို့ သူ့အကွက်နှင့် သူ အသီးအသီးဖြစ်မှု၊ ပျက်မှု...
1,311,075
Uncategorized
အလင်းကျမ်း
ဥပမာကား -တစ်ခုသောပုလင်းငယ်အတွင်းမှာ တစ်လက်ဘက်၏ ထက်ဝက်ခန့် ပမာဏရှိသော ခြင်းခြင်းနီသော မှန်ကဲ့သို့ ကြည်လင်စွာသော ထိုထိုဝတ္ထုကို အလွန်မြန်မြန်ကြီး ကုန်ပျောက်အောင် စားနိုင်သော ဆေးရည်သည်ရှိရာ၏။
1,311,076
Uncategorized
အလင်းကျမ်း
အလွန် နူးညံ့လှစွာသော အလွန်လည်း သိမ်မွေ့သေးငယ်လှစွာသော ဆွတ်ဆွတ်ဖြူသော အပြေးအသွားလည်း အလွန်မြန်ထက်သော သံသေဒဇပိုးငယ်မျိုး တစ်မျိုးသည် ထိုဆေးရည်ထဲမှာ ထိုထို နေရာ၌ ခုတင်ခု ခဏမစဲ ဖြစ်ပေါ်၏။
1,311,077
Uncategorized
အလင်းကျမ်း
ထိုထိုပေါ်သောနေရာမှာပင် အပြေးအမြန်လောက်လက်၍ ဆေးရည်၏ စားချက်ဖြင့် မျက်တောင်တစ်ခတ် အတွင်းမှာ လျင်မြန်စွာ ကုန်ပျောက် ကွယ်ဆုံး၍ ကွယ်ဆုံး၍ သွားသည်ကို မျက်စိမှာ ထင်ရှားစွာ မြင်ရရာ၏။
1,311,078
Uncategorized
အလင်းကျမ်း
ဤဥပမာနှင့် အလွန်တူစွာ မြင်စေရမည်။
1,311,079
Uncategorized
အလင်းကျမ်း
စိတ်ဝိညာဏ်၏ အဖြစ်အပျက် အပြောင်းအလဲ မြန်လှမှုကြောင့်လည်း နှလုံးသွေးတစ်ခုလုံးမှာ ဘယ်နေရာမှာမဆို ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်းမှာပင် ရွရွ၊ ရွရွ အနေနှင့် မြင်လတ္တံ့။
1,311,080
Uncategorized
အလင်းကျမ်း
ငါသိသည် ဟူ၍၊ ငါကြံသည်ဟူ၍ ခဏမစဲ အမြဲ ထင်မြင်၍ နေကြသော စိတ်ဝိညာဏ် အကြံအသိစုနှင့် ထိုထိုရွရွထင်မြင်ရသော အချက်အစုသည် တစ်ခုတည်း၊ တစ်ချက်တည်းထင်မြင်၍သွားမှ နေရာကျသည်။
1,311,081
Uncategorized
အလင်းကျမ်း
နှလုံးသွေးထဲမှာ ရွရွ၊ ရွရွ ခုတင်ခု ဖြစ်ပေါ်မှု ပျောက်ပျက် ကွယ်ဆုံးမှုကိုပင် ထင်မြင်ပါသော်လည်း ကြံမှု၊ သိမှုတွေက တစ်ခြားနေလျှင် နေရာမကျ။
1,311,082
Uncategorized
အလင်းကျမ်း
ငါကြံသည်၊ ငါသိသည်ဟူသော ငရဲမီးကို မထိ။
1,311,083
Uncategorized
အလင်းကျမ်း
ရှုမှု၊ ထင်မှု၊ မြင်မှုထဲမှာ ထိုငရဲမီးမပါဘဲ လွတ်၍မနေစေနှင့် ရှုသောဉာဏ်၊ မြင်သောဉာဏ်၊ ထင်သောဉာဏ်စုကိုလည်း တစ်လှည့် တစ်လှည့်ပါလေအောင် သတိချပ်၍ ကြည့်ရမည်။
1,311,084
Uncategorized
အလင်းကျမ်း
“ဖေဏူပမံ ကာယမိမံ ဝိဒိတွာ၊မရီစိဓမ္မံ အဘိသမ္ဗုဓာနော”(ဓမ္မပဒပါဠိတော်)
1,311,085
Uncategorized
အလင်းကျမ်း
ဤပါဠိတော်မှာ ရုပ်ခန္ဓာကို ရေမြှုပ်စိုင်၊ ရေမြှုပ်ခဲကဲ့သို့ နာမ်ခန္ဓာစုကို တံလှပ်မြှင်တွေ တံလှပ်ရောင်တွေကဲ့သို့ ထင်မြင်နိုင်ပါလျှင် သေမင်းမမြင်နိုင်သော နိဗ္ဗာန်သို့ရောက်၏ဟု ဟောတော်မူရာ၌လည်း အနှစ်သာရမရှိမှု၊ သဏ္ဌာန်အသွင် ထင်မြင်မှု၊ နှစ်ချက်စီရသော ဥပမာစုပင် မှတ်ရမည်။
1,311,086
Uncategorized
အလင်းကျမ်း
တံလှပ်ဆိုသည်ကား မိုးဦး၊ နွေလအခါ၌ ရေမရှိဘဲခြောက်သွေ့၍နေသော အင်းပြင်ကြီးများမှာ မွန်းတည့်၊မွန်းတိမ်း နေပူအား ကောင်းတုန်းအခါတွင် မလှမ်းမကမ်းကနေ၍ အင်းပြင်ကြီးကို ကြည့်မျှော်သောအခါ အင်းပြင်မှာ လျှမ်းလျှမ်း၊ လျှမ်းလျှမ်း ထ၍နေသည်ကို မြင်ရ၏။
1,311,087
Uncategorized
အလင်းကျမ်း
နွေအခါ ရေငတ်လှ၍ ရေရှာကြသော ငါးရာတစ်ထောင် စသော တောသမင်တို့သည် ထိုတံလှပ်တွေကို မြင်ကြလျှင် ရေတွေထင်၍ သောက်ချင်အားကြီး ပြေးကြ၏။
1,311,088
Uncategorized
အလင်းကျမ်း
အင်းအပြင်သို့ ဆင်းမိကြလျှင် ထိုနေရာမှာကွယ်ပျောက်၍ အင်းအလယ်မှာ မြင်ရပြန်၏။
1,311,089
Uncategorized
အလင်းကျမ်း
အင်းအလယ်သို့ ရောက်ပြန်လျှင် ထိုနေရာမှာပျောက်၍ ဟိုဘက်ကမ်းနားမှာ ထင်ရ၏။
1,311,090
Uncategorized
အလင်းကျမ်း
ထိုနေရာသို့ ရောက်ပြန်လျှင် ပျောက်ပြန်၏။
1,311,091
Uncategorized
အလင်းကျမ်း
အင်းလယ်မှာမြင်ပြန်၏။
1,311,092
Uncategorized
အလင်းကျမ်း
ပြေး၍ရောက်လျှင် ပျောက်ပြန်၏။
1,311,093
Uncategorized
အလင်းကျမ်း
တစ်ဖန်အင်းလယ်မှာ ထင်ရပြန်၏။
1,311,094
Uncategorized
အလင်းကျမ်း
ပြေးရင်းနှင့်ပင် မောပန်း၍ အင်းပြင်မှာပင် သေဆုံးကြရကုန်၏။
1,311,095
Uncategorized
အလင်းကျမ်း
ဤ၌ တံလှပ်ဆိုသည်ကား - အင်းပြင်မြေထဲမှာ မိုးရွာ၍ တက်သော ရေအခိုးစုပေတည်း။
1,311,096
Uncategorized
အလင်းကျမ်း
အပေါ်တည့်တည့်ကကျသော နေရောင်ခြည်စုပေတည်း။
1,311,097
Uncategorized
အလင်းကျမ်း
ထိုအခိုးတို့မှကြောက်လေ၍ ရေခိုး၊ နေရောင်နှစ်ခုစပ်ကို တံလှပ်ခေါ်သတည်း။
1,311,098
Uncategorized
အလင်းကျမ်း
အလွန်နီးကပ်သော နေရာက ကြည့်လျှင် မမြင်ရ၊ ပျောက်ကွယ်၍ ကုန်သကဲ့သို့ ထင်ရ၏။
1,311,099
Uncategorized
အလင်းကျမ်း
နေရောင်နှင့် ပဏာရသော နေရာက ကြည့်မှ မြင်ရသည်။
1,311,100
Uncategorized
အလင်းကျမ်း
တံလှပ်ပမာ နာမ်ခန္ဓာ