id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,310,901
Uncategorized
အလင်းကျမ်း
ဤကား ကာယကံစိတ် အမျိုးမျိုးတို့ကြောင့် ကာယကံရုပ် အမျိုးမျိုးတို့ ဖြစ်ပေါ်ပုံတည်း။
1,310,902
Uncategorized
အလင်းကျမ်း
--- ဝစီကံရုပ်အမျိုးမျိုးဖြစ်ပုံ
1,310,903
Uncategorized
အလင်းကျမ်း
ဝစီကံစိတ် အမျိုးမျိုးတို့ကြောင့် ဝစီကံရုပ်အမျိုးမျိုးဖြစ်ပုံမှာ ပြောမှု, ဆိုမှု, ငိုမှု, ရယ်မှု, အော်မှု, ဟစ်မှု စသည်တို့၌ သူ့အက္ခရာနှင့် သူ့စိတ် အသီးသီး ဖြစ်ကြ၏၊ ဥပမာကား- ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဟူ၍ ရွတ်ဆိုရာ၌ ဣအက္ခရာကို လှုံ့ဆော်သောစိတ် တစ်ခြား, တိအက္ခရာကို လှုံ့ဆော်သောစိတ်တစ်ခြား, ပိအက္ခရာကို လှုံ့ဆော်သေ...
1,310,904
Uncategorized
အလင်းကျမ်း
ဤကား ဝစီကံစိတ်အမျိုးမျိုးတို့ကြောင့် ဝစီကံရုပ် အမျိုးမျိုးတို့ ဖြစ်ပေါ်ပုံတည်း
1,310,905
Uncategorized
အလင်းကျမ်း
--- မနောကံရုပ်အမျိုးမျိုးဖြစ်ပုံ
1,310,906
Uncategorized
အလင်းကျမ်း
မနောကံစိတ်အမျိုးမျိုးကြောင့် မျက်စိ, မျက်နှာ, ကိုယ်အင်္ဂါတို့၌ ရုပ်အမျိုးမျိုး ဖြစ်ပုံမှာလည်း ဒေါသစိတ်ဖြစ်လာလျှင် မျက်နှာအဆင်း ရုပ်တစ်မျိုး, မေတ္တာစိတ်, သဒ္ဓါစိတ်ဖြစ်လာလျှင် မျက်နှာအဆင်း ရုပ်တစ်မျိုး, ဒေါမနဿစိတ်ဖြစ်လာလျှင် မျက်နှာအဆင်းရုပ်တစ်မျိုး, သောမနဿစိတ်ဖြစ်လာလျှင် မျက်နှာ အဆင်း ရုပ်တစ်မျိုး စသည်ဖြင့် သူ့စိတ်နှင့်...
1,310,907
Uncategorized
အလင်းကျမ်း
ဤကား မနောကံစိတ် အမျိုးမျိုးတို့ကြောင့် မနောကံရုပ် အမျိုးမျိုးတို့ ဖြစ်ပေါ်ပုံတည်း
1,310,908
Uncategorized
အလင်းကျမ်း
ဤကား စိတ်ကြောင့် ရုပ်ဓာတ်ကြီးလေးပါးကို ဖြစ်ပေါ်ရာ၌ တစ်နေ့တစ်ရက်အတွင်းမှာပင် တစ်ဦးတစ်ယောက်သောသူမှာ အထောင်အသောင်းမကသော စိတ်အမျိုးမျိုးတို့ကြောင့် အထောင် အသောင်းမကသော ရုပ်အမျိုးမျိုးတို့ဖြစ်ပေါ် ပြောင်း လဲ၍ နေပုံကို ပြဆိုချက်တည်း။
1,310,909
Uncategorized
အလင်းကျမ်း
--- အမိုက်မှောင်ကြီး
1,310,910
Uncategorized
အလင်းကျမ်း
သွားစိတ်ကြောင့် သွားရုပ်ဖြစ်ရာ၌ ပုဂ္ဂိုလ်သွားသည်, သတ္တဝါ သွားသည်, မိန်းမသွားသည်, ယောက်ျားသွားသည်, သူသွားသည် ငါသွားသည်, သွားတတ်သူရှိမှ သွားရုပ်ဖြစ်နိုင်သည်ဟု ထင်မြင်စွဲလမ်း၍ နေကြသည်ကား အမိုက်မှောင်ကြီးတည်း။
1,310,911
Uncategorized
အလင်းကျမ်း
--- ပစ္စယပရိဂ္ဂဟဉာဏ်အလင်း
1,310,912
Uncategorized
အလင်းကျမ်း
သွားရန်ကိစ္စ၌ လှုံ့ဆော်သော စိတ်သည်လည်း ပုဂ္ဂိုလ်သတ္တဝါ မဟုတ်, မိန်းမ ယောကျ်ားမဟုတ်, သူမဟုတ်, ငါမဟုတ်, လူမဟုတ်, နတ်မဟုတ်၊ စိတ်ဟူသော ဓာတ်တစ်မျိုးပေတည်း၊ ထိုဝိညာဏ် စိတ် ဓာတ်ကြောင့် ဖြစ်ပေါ်သော တစ်လှုပ်လှုပ်တစ်ရွရွ သွားလာမှုသည်လည်း ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ, မိန်းမ, ယောက်ျား, လူမဟုတ်, ငါမဟုတ်, သူမဟုတ်၊ ထိုတစ်လှုပ်လှုပ်တ...
1,310,913
Uncategorized
အလင်းကျမ်း
ဝိညာဏ်စိတ်ကြောင့် ဓာတ်ကြီးလေးပါးဖြစ်ပုံ ပြီး၏။
1,310,914
Uncategorized
အလင်းကျမ်း
ဥတုကြောင့် ဓာတ်ကြီးလေးပါး ရုပ်တရား ဖြစ်ပေါ်ရာ၌ ဥတု ဆိုသည်ကား သီတတေဇောနှင့် ဥဏှတေဇောကို ခေါ်သည်။
1,310,915
Uncategorized
အလင်းကျမ်း
--- ဥတုကြောင့်ရုပ်ဖြစ်ပုံ
1,310,916
Uncategorized
အလင်းကျမ်း
အေးချမ်းသော ဥတုကြောင့် အေးချမ်းသော ရုပ်စုဖြစ်ပွား၏၊ ပူအိုက်သောဥတုကြောင့် ပူအိုက်သောရုပ်စု ဖြစ်ပွား၏၊ ဆောင်းရာသီ၌ သီတဥတု ကြောင့် သီတခန္ဓာ ဖြစ်ပွား၏၊ နွေရာသီ၌ ဥဏှဥတုကြောင့် ဥဏှခန္ဓာ ဖြစ်ပွား၏၊ မိုးရာသီ၌ သီတ, ဥဏှရောနှောလျက်ရှိ၏၊ တစ်နေ့ အဖို့တွင် ညအခါ၌ သီတခန္ဓာ ဖြစ်ပွား၏၊ နေ့အခါ၌ ဥဏှခန္ဓာ ဖြစ်ပွား၏၊ နေတက်၌ ဥဏှခန္ဓာ ဖြစ်ပွာ...
1,310,917
Uncategorized
အလင်းကျမ်း
ဤကား ဥတုကြောင့် ဥတုဇဓာတ်ကြီးလေးပါး ရုပ်တရားတို့ ဖြစ်ပွားပုံတည်း။
1,310,918
Uncategorized
အလင်းကျမ်း
သီတရုပ် သီတခန္ဓာ, ဥဏှရုပ် ဥဏှခန္ဓာတို့ အလှည့်အလည် အားဖြင့် ဖြစ်ပေါ်ဆဲ အခါတို့၌ သီတဥတုကြောင့် သီတရုပ်ဖြစ်ပေါ်သည်၊ ဥဏှဥတုကြောင့် ဥဏှရုပ်ဖြစ်ပေါ်သည်ဟု မသိခြင်းသည် ပစ္စယ သမ္မောဟအမိုက်မှောင်ကြီးမည်၏။
1,310,919
Uncategorized
အလင်းကျမ်း
--- ကာရကဒိဋ္ဌိ ဝေဒကဒိဋ္ဌိ
1,310,920
Uncategorized
အလင်းကျမ်း
ထိုအမိုက်မှောင်ကြီးမှ ကာရကဒိဋ္ဌိ ဖြစ်ပွား၏၊ ဝေဒကဒိဋ္ဌိ ဖြစ်ပွား၏၊ အေးလိုလျှင်လည်း အေးအောင်ငါလုပ်တတ်၏၊ ပူလိုလျှင် လည်း ပူအောင် ငါလုပ်တတ်၏ဟု ယူခြင်းသည် ကာရကဒိဋ္ဌိတည်း၊ ငါ့ကိုယ်ကို ငါအေးအောင်လုပ်၍ အေးမှုကို ငါခံစားရ၏၊ ငါ့ကိုယ်ကို ငါပူအောင်လုပ်၍ ပူမှုကိုငါခံစားရ၏ဟု ယူခြင်းသည် ဝေဒကဒိဋ္ဌိတည်း၊ ရှေးဘဝတို့၌ ကောင်းမှုတို့ကို ငါ...
1,310,921
Uncategorized
အလင်းကျမ်း
သူ့ဥတုကြောင့် သူ့ရုပ်အသီးသီးဖြစ်သည်ဟုရှင်းလင်းစွာ ထင်မြင် သောဉာဏ်သည် ပစ္စယပရိဂ္ဂဟ ဉာဏ်အလင်းကြီးမည်၏၊ ထိုအလင်းကြီး ပေါက်ခဲ့လျှင် ငါပြုသည်၊ သူပြုသည်ဟူသော ကာရကဒိဋ္ဌိ ထာဝရဘုရား ဖန်ဆင်းသည်ဟူသော ကာရကဒိဋ္ဌိတို့ ပျောက်ကင်း၏။
1,310,922
Uncategorized
အလင်းကျမ်း
ဥတုကြောင့် ဓာတ်ကြီးလေးပါး ရုပ်တရားဖြစ်ပုံ ပြီး၏၊
1,310,923
Uncategorized
အလင်းကျမ်း
၄။ အာဟာရကြောင့် ဓာတ်ကြီးလေးပါး ရုပ်တရား ဖြစ်ပေါ်ရာ၌ အာဟာရဆိုသည်ကား - စားသောက် မျိုသွင်းအပ်သော ကဗဠီကာရ အာဟာရကို ခေါ်သည်။
1,310,924
Uncategorized
အလင်းကျမ်း
--- အာဟာရကြောင့် ရုပ်ဖြစ်ပုံ
1,310,925
Uncategorized
အလင်းကျမ်း
တစ်နေ့ တစ်နေ့လျှင် နှစ်ကြိမ် နှစ်ကြိမ် ထမင်းအာဟာရစားမှု၊ နွား, ကျွဲ, ဆင်, မြင်း စသည်တို့၌ နေ့စဉ် အစာအာဟာရ စားကြမှုတို့ကို စေ့စုံစွာမြှော်ရှု၍ အာဟာရပြတ်လပ်ခဲ့လျှင် ဘယ်ရုပ်ခန္ဓာမျိုး ဖြစ်ပေါ် တတ်သည်၊ စားမြဲအချိန်မှာ စားခဲ့မျိုခဲ့လျှင် ဘယ်ရုပ်ခန္ဓာမျိုး ဖြစ် ပေါ်တတ်သည်ဟု ကိုယ်တွေ့ မျက်မြင်ဖြစ်၍ ထင်ရှားလှလေပြီ။
1,310,926
Uncategorized
အလင်းကျမ်း
ဝမ်း၌ အစာမရှိလျှင် ညှိုးနွမ်းလျော့ပါးသော ရုပ်ခန္ဓာမျိုး ဖြစ်ပေါ် လာမြဲ, ဝမ်း၌ အစာရှိခဲ့လျှင် ရွှင်လန်းတောင့်တင်းသော ရုပ်ခန္ဓာမျိုး ဖြစ်ပေါ်လာမြဲ, အစာမှား၍ ဖျားရုပ်, နာရုပ် ဖြစ်ပေါ်မှု, ဆေးဝါးဓာတ်စာ စား၍ မာရုပ်, ကျန်းရုပ် ဖြစ်ပေါ်မှုတို့မှာ ဥတုအာဟာရ အကြောင်းနှစ်ပါး နှင့် ဆက်ဆံ၏။
1,310,927
Uncategorized
အလင်းကျမ်း
လောက၌ အစာငတ်၍လည်းကောင်း၊ စားချိန်၌ မစားရ၍ လည်းကောင်း၊ ဆာလောင်မွတ်သိပ်သောအခါ ညှိုးရုပ်, နွမ်းရုပ်, ပန်းရုပ်, ပျော့ရုပ်, ခွေရုပ်တွေ ဖြစ်ပေါ်လာ၏၊ အစာအာဟာရကို စားသွင်းမျို သောက်လိုက်လျှင် ဆာလောင်မွတ်သိပ်ခြင်းမှပျောက်၍ တောင့်ရုပ်, တင်းရုပ်, မာရုပ်, လန်းရုပ်ခန္ဓာတို့ ဖြစ်ပေါ်လာကြပေသည်ဟု သိကြကုန် သော်လည်း ငါစား၍ ငါဝသည်, ငါအား...
1,310,928
Uncategorized
အလင်းကျမ်း
'ငါ' ကို အကြီးအမှူးမပြုဘဲ ဤဓာတ်ကြီးလေးပါးအစု ရုပ် ခန္ဓာကြီးသည် အာဟာရကြောင့်ဖြစ်သော အာဟာရနှင့် ဆိုင်သော ရုပ်တို့ ချုပ်ကွယ် ပျောက်ပျက်လေသောကြောင့် နွမ်းရုပ်, နယ်ရုပ်, ညှိုးရုပ်, ပျော့ရုပ်တို့ ဖြစ်ပေါ်၏၊ အာဟာရမျိုသွင်းစားသောက်မိမှ အာဟာရနှင့် ဆိုင်သော အာဟာရနှင့် ဆက်ဆံသော အာဟာရကြောင့်ဖြစ်သော တောင့်ရုပ်, တင်းရုပ်, လန်းရုပ်, ...
1,310,929
Uncategorized
အလင်းကျမ်း
ဤတွင် ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့ကြောင့် ပထဝီ, အာပေါ, တေဇော, ဝါယောဟူသော ဓာတ်ကြီးလေးပါးတို့ ဖြစ်ပေါ်ပုံပြီး၏။
1,310,930
Uncategorized
အလင်းကျမ်း
ဝတ္ထုအာရုံ ၂-ပါးကြောင့် ဝိညာဏ်ဖြစ်ပေါ်ပုံ
1,310,931
Uncategorized
အလင်းကျမ်း
ဝတ္ထုအာရုံ အကြောင်းတရားနှစ်ပါးတို့ကြောင့် ဝိညာဏ်ဟူသော နာမ်ဓာတ်ကြီး ဖြစ်ပေါ်ရာ၌
1,310,932
Uncategorized
အလင်းကျမ်း
ဝတ္ထုဆိုသည်ကား
1,310,933
Uncategorized
အလင်းကျမ်း
၁။ မျက်စိ၌ အကြည်ဓာတ်ဟုဆိုအပ်သော စက္ခုဝတ္ထုတစ်ပါး။
1,310,934
Uncategorized
အလင်းကျမ်း
၂။ နား၌ အကြည်ဓာတ်ဟုဆိုအပ်သော သောတဝတ္ထုတစ်ပါး။
1,310,935
Uncategorized
အလင်းကျမ်း
၃။ နှာခေါင်း၌ အကြည်ဓာတ်ဟုဆိုအပ်သော ဃာနဝတ္ထုတစ်ပါး။
1,310,936
Uncategorized
အလင်းကျမ်း
၄။ လျှာ၌ အကြည်ဓာတ်ဟုဆိုအပ်သော ဇိဝှါဝတ္ထုတစ်ပါး။
1,310,937
Uncategorized
အလင်းကျမ်း
၅။ ကိုယ်၌ အကြည်ဓာတ်ဟုဆိုအပ်သော ကာယဝတ္ထုတစ်ပါး။
1,310,938
Uncategorized
အလင်းကျမ်း
၆။ ရင်တွင်း၌ နှလုံးခေါ်သော ဟဒယဝတ္ထုတစ်ပါး အားဖြင့် ခြောက်ပါးရှိ၏။
1,310,939
Uncategorized
အလင်းကျမ်း
ဤကား ဝတ္ထုအရတည်း
1,310,940
Uncategorized
အလင်းကျမ်း
အာရုံဆိုသည်ကား
1,310,941
Uncategorized
အလင်းကျမ်း
၁။ အဆင်းဝဏ္ဏဟုဆိုအပ်သော မျက်စိဖြင့် မြင်အပ်သော ရူပါရုံတစ်ပါး။
1,310,942
Uncategorized
အလင်းကျမ်း
၂။ အသံသဒ္ဒဟုဆိုအပ်သော နားဖြင့် ကြားအပ်သော သဒ္ဒါရုံ တစ်ပါး။
1,310,943
Uncategorized
အလင်းကျမ်း
၃။ အနံ့ဂန္ဓဟုဆိုအပ်သော နှာခေါင်းဖြင့် နံအပ်သော ဂန္ဓာရုံ တစ်ပါး။
1,310,944
Uncategorized
အလင်းကျမ်း
၄။ အရသာ ရသဟုဆိုအပ်သော လျှာဖြင့် လျက်အပ်သော ရသာရုံတစ်ပါး။
1,310,945
Uncategorized
အလင်းကျမ်း
၅။ အပူ, အအေး, အနု, အကြမ်း, ဖောဋ္ဌဗ္ဗဟုဆိုအပ်သော ကိုယ်ဖြင့် တွေ့ထိအပ်သော ဖောဋ္ဌဗ္ဗာရုံတစ်ပါး။
1,310,946
Uncategorized
အလင်းကျမ်း
၆။ ထွေထွေလာလာ ထိုထိုဓမ္မဟုဆိုအပ်သော မနောစိတ် ဖြင့်သာ သိအပ်သော ဓမ္မာရုံတစ်ပါးအားဖြင့်ခြောက်ပါးရှိ၏။
1,310,947
Uncategorized
အလင်းကျမ်း
ဤကား အာရုံအရတည်း
1,310,948
Uncategorized
အလင်းကျမ်း
ထိုဝတ္ထုအာရုံ နှစ်ပါးကိုစွဲ၍ ဝိညာဏဓာတ် ဖြစ်ပေါ်ပုံကား
1,310,949
Uncategorized
အလင်းကျမ်း
၁။ စက္ခုဝတ္ထုနှင့် ရူပါရုံ နှစ်ပါးတစ်စုံကြောင့် စက္ခုဝိညာဏဓာတ် ဖြစ်ပေါ်ခြင်း။
1,310,950
Uncategorized
အလင်းကျမ်း
၂။ သောတဝတ္ထုနှင့် သဒ္ဒါရုံ နှစ်ပါးတစ်စုံကြောင့် သောတ ဝိညာဏဓာတ် ဖြစ်ပေါ်ခြင်း။
1,310,951
Uncategorized
အလင်းကျမ်း
၃။ ဃာနဝတ္ထုနှင့် ဂန္ဓာရုံ နှစ်ပါးတစ်စုံကြောင့် ဃာနဝိညာဏ ဓာတ် ဖြစ်ပေါ်ခြင်း။
1,310,952
Uncategorized
အလင်းကျမ်း
၄။ ဇိဝှါဝတ္ထုနှင့် ရသာရုံ နှစ်ပါးတစ်စုံကြောင့် ဇိဝှါဝိညာဏဓာတ် ဖြစ်ပေါ်ခြင်း။
1,310,953
Uncategorized
အလင်းကျမ်း
၅။ ကာယဝတ္ထုနှင့် ဖောဋ္ဌဗ္ဗာရုံ နှစ်ပါးတစ်စုံကြောင့် ကာယ ဝိညာဏဓာတ်ဖြစ်ပေါ်ခြင်း
1,310,954
Uncategorized
အလင်းကျမ်း
၆။ ဟဒယဝတ္ထုနှင့် ထိုထိုဓမ္မာရုံ နှစ်ပါးတစ်စုံကြောင့် မနော ဝိညာဏဓာတ် ဖြစ်ပေါ်ခြင်း။
1,310,955
Uncategorized
အလင်းကျမ်း
(ဤအရာ၌ မနောဓာတ်သည် မနောဝိညာဏဓာတ်၌ အတွင်းပါလေ၏၊ ဤသို့ အကျဉ်းမှတ်။
1,310,956
Uncategorized
အလင်းကျမ်း
) ဥပမာနှင့်တကွ အကျယ်ကား
1,310,957
Uncategorized
အလင်းကျမ်း
စက္ခုဝတ္ထုနှင့် ရူပါရုံတို့၏ ထိခိုက်မှုဒဏ်ချက်ကြောင့် ထိုထို အဆင်းကို မြင်ခြင်းဟူသော စက္ခုဝိညာဏဓာတ် ဖြစ်ပေါ်၏၊ ဥပမာကား မှန်အပြင်၌ လူ၏မျက်နှာရိပ် ပေါ်သကဲ့သို့တည်း။
1,310,958
Uncategorized
အလင်းကျမ်း
မှန်အပြင်နှင့် မျက်လုံး အိမ်တွင်းမှာ ရှိနေသော စက္ခုဝတ္ထုပသာဒရုပ်အကြည်တူ၏၊ လူ၏ မျက်နှာနှင့် ထိုထိုအဆင်းမျိုး ရူပါရုံ တူ၏၊ မှန်အပြင်နှင့် လူ၏မျက်နှာ ဆုံမိဆဲအခါ၌ မှန်အပြင်မှာ မျက်နှာရိပ်ပေါ်သကဲ့သို့ မျက်လုံးအိမ်တွင်း မှာ ရှိနေသော စက္ခုဝတ္ထုပသာဒရုပ်အကြည်နှင့် မျက်စိ၏ ဥပစာမှာ ရှိနေသော ထိုထိုအဆင်းသဏ္ဌာန်နှင့် ဆုံမိကြသောအခါ၌ ...
1,310,959
Uncategorized
အလင်းကျမ်း
မှန်အပြင်နှင့် လူ၏မျက်နှာ လွှဲပြန်လျှင် ထိုမျက်နှာရိပ် ပျောက်ဆုံးပြန် သကဲ့သို့ မျက်နှာလွှဲပြန်လျှင် မျက်လုံးအိမ်တွင်းမှာ ပေါ်ရှိသော စက္ခု ဝိညာဏ်အမြင်ဓာတ် ပျောက်ဆုံးပြန်၏၊ မမြင်ဖူးဟူ၍ ဖြစ်ရပြန်၏၊ ထိုထိုအဆင်းရှိရာသို့ အခါခါ မျက်နှာလှည့်ပြန်လျှင် မျက်လုံးအိမ်တွင်းမှာ ထိုထိုအဆင်းကိုမြင်သော စက္ခုဝိညာဏ်အမြင်ဓာတ်အခါခါ ဖြစ်ပေါ...
1,310,960
Uncategorized
အလင်းကျမ်း
ဤ၌ စက္ခုဝိညာဏ်စိတ်ခေါ်သော အမြင်ဓာတ် ဖြစ်ပေါ်မှုသည် စက္ခုဝတ္ထုရုပ်နှင့် ထိုထို အဆင်းရူပါရုံမျိုးတို့တွေ့ဆုံ၍ နေဆဲအခါ၌သာ ဖြစ်ပေါ် နိုင်၏၊ မတွေ့ဆုံလျှင် ထိုအမြင်ဓာတ် မဖြစ်နိုင်၊ မမြင်ဘူးဟု ဖြစ်ပြန်၏၊ ထို့ကြောင့် ထိုထိုအဆင်းမျိုးကို မြင်မှုဟူသော စက္ခုဝိညာဏ် ဓာတ်သည် စက္ခုဝတ္ထုနှင့် ရူပါရုံ တွေ့ဆုံမှုကြောင့် ဖြစ်ပေါ်မြဲဓမ္မတ...
1,310,961
Uncategorized
အလင်းကျမ်း
နားအိမ်တွင်း၌ ရှိနေသော သောတပသာဒဝတ္ထုရုပ်နှင့် ထိုထို အသံမျိုးဟူသော သဒ္ဒါရုံ တွေ့ဆုံမှုကြောင့် နားအိမ်တွင်းမှာ အကြား ဓာတ်ဟူသော သောတဝိညာဏ်စိတ် ရံခါရံခါ ဖြစ်ပေါ်မှု။
1,310,962
Uncategorized
အလင်းကျမ်း
နှာခေါင်းအိမ်တွင်း၌ရှိနေသော ဃာနပသာဒဝတ္ထုရုပ်နှင့် ထိုထို အနံ့မျိုးဟူသော ဂန္ဓာရုံတွေ့ဆုံမှုကြောင့် နှာခေါင်းအိမ်တွင်းမှာ အနံ့ဓာတ် ဟူသော ဃာနဝိညာဏ်စိတ် ရံခါရံခါ ဖြစ်ပေါ်မှု။
1,310,963
Uncategorized
အလင်းကျမ်း
လျှာအပြင်၌ ရှိနေသော ဇိဝှါပသာဒ ဝတ္ထုရုပ်နှင့် ထိုထို အချို အချဉ် စသော အရသာဓာတ်မျိုး တွေ့ဆုံမှုကြောင့် လျှာအပြင်မှာ အရသာကိုသိမှုဟူသော ဇိဝှါဝိညာဏ်စိတ် ရံခါရံခါ ဖြစ်ပေါ်မှု။
1,310,964
Uncategorized
အလင်းကျမ်း
အောက်၌ ခြေဖဝါးအပြင်မှစ၍ အထက်၌ ဦးထိပ်အပြင် တိုင်အောင် အတွင်းအပဖြစ်သော ထိုထိုကိုယ်အင်္ဂါတို့၌ ရှိသော ကာယ ပသာဒဝတ္ထုရုပ်တို့နှင့် အကြမ်း, အနု, အပူ, အအေးစသော ထိုထို ဖောဋ္ဌဗ္ဗာရုံ တွေ့ဆုံမှုကြောင့် အရေပေါ်အရေတွင်း၊ အသားပေါ် အသားတွင်း စသော ထိုထို နေရာမှာ နာမှု, ကျင်မှု, ပူမှု, အေးမှု, ယားယံမှု စသော ကာယဝိညာဏ်စိတ် ရံခါရံခါ ဖြစ်...
1,310,965
Uncategorized
အလင်းကျမ်း
ရင်တွင်းရှိ နှလုံးအိမ်တွင်း၌ ရှိနေသော ဟဒယဝတ္ထုရုပ်နှင့် ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ဟူသော အာရုံဟောင်း၊ ယခုဘဝတွင် အသစ် အသစ် တွေ့ဆုံရသော လောဘအာရုံ, ဒေါသအာရုံ စသော ထိုထို အာရုံသစ်တို့ကို အစွဲပြု၍ နှလုံးအိမ်တွင်းမှာ ရံခါ ဘဝင်စိတ်, ရံခါ လောဘစိတ်, ရံခါ ဒေါသစိတ်, ရံခါ မောဟစိတ်, ရံခါ ဣဿာစိတ်, ရံခါ မစ္ဆရိယစိတ်, ရံခါ ကုသိုလ်စိတ်, ...
1,310,966
Uncategorized
အလင်းကျမ်း
ဤဝိညာဏ်ငါးပါးတို့၏ ဖြစ်ပေါ်မှုတို့မှာလည်း စက္ခုဝိညာဏ် စိတ် ဖြစ်ပေါ်မှုမှာကဲ့သို့ မှန်ဥပမာ, မျက်နှာဥပမာ, မျက်နှာရိပ် ဥပမာတို့နှင့်တကွ အလုံးစုံကို အကုန်သိမြင်ကြလေ။
1,310,967
Uncategorized
အလင်းကျမ်း
ဓမ္မသမ္မောဟမှောင်ကြီး
1,310,968
Uncategorized
အလင်းကျမ်း
ဝိညာဏ်ခြောက်ပါးတို့၌ ကိုယ်ခန္ဓာတစ်ခုလုံးကို ခြောက်ဌာန ပြု၍ သူ့ဌာန သူ့ဌာနတို့မှာ သူ့အာရုံ သူ့အာရုံ တွေ့ဆုံဆဲအခါ သူ့ဝတ္ထု သူ့အာရုံကိုစွဲ၍ သူ့ဝိညာဏ် ရံခါရံခါ ဖြစ်ပေါ်မှုကို မသိခြင်း, မျက်စိမြင်မှု, နားကြားမှု, နှာခေါင်းနံမှု, လျှာအရသာ သိမှု, ကိုယ်အင်္ဂါတို့မှာ အတွေ့ အထိ သိမှု, စိတ်မနောမှာ ထွေထွေလာလာ ကြံမှုသိမှု ဟူသော ဝိညာ...
1,310,969
Uncategorized
အလင်းကျမ်း
ပစ္စယသမ္မောဟမှောင်ကြီး
1,310,970
Uncategorized
အလင်းကျမ်း
ထိုဝိညာဏ် ခြောက်ပါးတို့သည် ဝတ္ထုအာရုံ တို့ကြောင့် ဖြစ်ပေါ် ကြ ကုန်သည်ဟု အကြောင်းတရားကို မသိခြင်းသည် ပစ္စယသမ္မောဟ ဒုတိယမှောင်ကြီး မည်၏၊ ထိုမှောင်ကြီးမှ ကာရကဒိဋ္ဌိသည် ပွား၏။
1,310,971
Uncategorized
အလင်းကျမ်း
ကာရကဒိဋ္ဌိဆိုသည်ကား - ပြုတတ်သူရှိမှ ဖြစ်ကြသည် ဟူ၍ ယူခြင်းတည်း၊ ငါပြုတတ်သည်၊ သူပြုတတ်သည်ဟူ၍ ယူခြင်းတည်း၊ ပြုတတ်သော ငါရှိ၏၊ သူရှိ၏ဟူ၍ ယူခြင်းတည်း။
1,310,972
Uncategorized
အလင်းကျမ်း
ငါမြင်တတ်သည်၊ သူမြင်တတ်သည် သူကြားတတ်သည်ဟုစသည်ဖြင့် ယူခြင်းတည်း၊ ငါမြင်မှု ကို ငါပြုမှဖြစ်သည်၊ သူမြင်မှုကို သူပြုမှဖြစ်သည်, ငါကြားမှုကို ငါပြုမှ ဖြစ်သည်, သူကြားမှုကို သူပြုမှဖြစ်သည် စသည်ဖြင့် တစ်ခြား တစ်ပါးသော အကြောင်းကြောင့် ဖြစ်သည်မဟုတ်ဟု ယူခြင်းတည်း၊ ဤသို့သော အယူ ဟူသမျှကို ကာရကဒိဋ္ဌိဟုဆိုသည်၊ ကြားမှု, နံမှု, လျက်မှု,...
1,310,973
Uncategorized
အလင်းကျမ်း
ပစ္စယပရိဂ္ဂဟဉာဏ်အလင်းကြီး
1,310,974
Uncategorized
အလင်းကျမ်း
ဝတ္ထု အာရုံတို့ကြောင့် မြင်မှု, ကြားမှု, နံမှု, လျက်မှု, တွေ့မှု, ထိမှု, ကြံမှု, သိမှုဟူသော ဝိညာဏ်ခြောက်ပါးတို့၏ ဖြစ်ပေါ်ခြင်းကို ထင်လင်းစွာ ထင်ပေါ်သောဉာဏ်သည် ပစ္စယပရိဂ္ဂဟ ဒုတိယဉာဏ် အလင်းကြီး မည်၏။
1,310,975
Uncategorized
အလင်းကျမ်း
ပစ္စယသမ္မောဟဒိဋ္ဌိတို့ကွယ်ပုံ
1,310,976
Uncategorized
အလင်းကျမ်း
ထိုအလင်းကြီးပေါက်လျှင် ပစ္စယသမ္မောဟ အမိုက်ကြီးနှင့်တကွ ကာရကဒိဋ္ဌိ ကွယ်ပျောက်လေ၏၊ ထိုဝိညာဏ်အသိဓာတ် ခြောက်ပါး တို့သည် ဝတ္ထုအာရုံနှစ်ပါးတို့ကို စွဲ၍ ဖြစ်ပေါ်သည်ဟု မယူ, မသိ, မမြင်ဘဲ ထာဝရဘုရားဖန်ဆင်း၍ ဘုရားပေး၍မြင်ရသည်၊ ကြားရသည်စသည် ဖြင့် ယူခြင်းသည်လည်း ကာရကဒိဋ္ဌိပင်တည်း။
1,310,977
Uncategorized
အလင်းကျမ်း
ဉာဏ်ရှိကြစေ။
1,310,978
Uncategorized
အလင်းကျမ်း
ဝတ္ထုအာရုံ ၂-ပါးကြောင့် ဝိညာဏ်ဖြစ်ပေါ်ပုံ ပြီး၏၊ ပစ္စယပရိဂ္ဂဟဉာဏ်အလင်းကြီးကို
1,310,979
Uncategorized
အလင်းကျမ်း
အကျယ်ပြဆိုခန်း ပြီး၏။
1,310,980
Uncategorized
အလင်းကျမ်း
၃-လက္ခဏပဋိဝေဓဉာဏ်အလင်း
1,310,981
Uncategorized
အလင်းကျမ်း
၃။ လက္ခဏတ္တယပဋိဝေဓ ဉာဏ်အလင်းကြီး၌ အကျဉ်းဆုံး သော အားဖြင့် အဘယ်မျှလောက်သော တရားတို့၌ လက္ခဏာရေးသုံးပါး အလင်းပေါက်ခဲ့သော် လက္ခဏတ္တယဉာဏ်အလင်းကြီး ပေါက်လေ သနည်း။
1,310,982
Uncategorized
အလင်းကျမ်း
လက္ခဏတ္တယဉာဏ်အလင်းပေါက်ပုံ
1,310,983
Uncategorized
အလင်းကျမ်း
ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, အာကာသဓာတ်, ဝိညာဏဓာတ်ဟူသော ပြဆိုခဲ့ပြီးသော ဓာတ်ကြီး ခြောက်ပါးတို့၌ လက္ခဏာရေးသုံးပါးအလင်းပေါက်ခဲ့သော် လက္ခဏတ္တယ ဉာဏ် အလင်းကြီး ပေါက်၏။
1,310,984
Uncategorized
အလင်းကျမ်း
ပထဝီဓာတ်သာ လိုရင်းဖြစ်ပုံ
1,310,985
Uncategorized
အလင်းကျမ်း
ရုပ်ဓာတ်ကြီး ငါးပါးတို့တွင်လည်း ပထဝီဓာတ်ကြီး တစ်ခုသည် လိုရင်းတည်း၊ အကြောင်းမူကား ပထဝီမြေကြီးသည် တိုင်းပြည်, မြို့ရွာ, သမုဒ္ဒရာ, တော, တောင်စသော ကမ္ဘာ့ အဆောက်အဦးတို့၏ တည်ရာ ဖြစ်၏၊ မဟာပထဝီ ပြိုပျက်ခွင့်ကို မြင်သည်ရှိသော် တိုင်းပြည်, မြို့ရွာ စသည်တို့၌ ပြိုပျက်ခွင့်ကို တစ်ခြားရှုဖွယ် မရှိ၊ အပြီးမြင်တော့သည်၊ ထို့တူ ပရမတ္ထမြ...
1,310,986
Uncategorized
အလင်းကျမ်း
လက္ခဏာရေးသုံးပါးတို့တွင်
1,310,987
Uncategorized
အလင်းကျမ်း
အနိစ္စလက္ခဏာဆိုသည်ကား- “ခယဋ္ဌေန အနိစ္စံ” ဟူသည် နှင့် အညီ ခဏခဏ ဖြစ်ပေါ်ပြီးလျှင် ခဏခဏ ပျောက်ပျက် ကုန်ဆုံး သည်ကို ဆိုသည်။
1,310,988
Uncategorized
အလင်းကျမ်း
ဒုက္ခလက္ခဏာဆိုသည်ကား- “ဘယဋ္ဌေန ဒုက္ခံ” ဟူသည်နှင့် အညီ ကြောက်မက်ဖွယ်ကောင်းလှသော ဘေးဘယသဘောကို ဆိုသည်၊ အနာကြီးရောဂါကြီးစွဲရှိသောသူတို့သည် အရသာအလွန်ကောင်းလှ သော စားသောက်ဘွယ် ဘောဇဉ်တို့ကို အလွန်ကြောက်ကြရကုန်၏၊ စားသောက်ပါဟု ပေးလာငြားသော်လည်း မစားဝံ့, မသောက်ဝံ့ဟု ငြင်းပယ်ကြရကုန်၏၊ ထို့အတူ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ ချမ်း...
1,310,989
Uncategorized
အလင်းကျမ်း
အနတ္တလက္ခဏာဆိုသည်ကား-“အသာရကဋ္ဌေန အနတ္တာ” ဟူသည်နှင့်အညီ ပုဂ္ဂိုလ်၏ အနှစ် အသား မဟုတ်၊ သတ္တဝါ၏ အနှစ် အသား မဟုတ်သောသဘောကို ဆိုသည်၊ ဓမ္မဝဝတ္ထာနဉာဏ်အလင်း ကြီးတွင် ပြဆိုခဲ့သော အိမ်, ကျောင်း, တန်ဆောင်း, ဇရပ်, မဏ္ဍပ်, ဥပမာ၌ အဘိဓမ္မာနည်းအလိုအားဖြင့် သစ်, ဝါးတို့တည်း၊ အိမ်မဟုတ်၊ ကျောင်း မဟုတ်၊ တန်ဆောင်းမဟုတ်၊ ဇရပ်မဟုတ်၊ မဏ္ဍပ် မဟ...
1,310,990
Uncategorized
အလင်းကျမ်း
ထိုလက္ခဏာရေး သုံးပါးတို့တွင် ဒုက္ခလက္ခဏာသည်ကား အရဟတ္တမဂ်ဉာဏ်သို့ ရောက်မှကိစ္စပြီးစီး၏၊ ကျန်ရှိသော လက္ခဏာရေး နှစ်ပါးတို့မှာ အောက်မဂ်သို့ ရောက်လျှင်ပင် ကိစ္စပြီးစီး၏၊ ထိုနှစ်ပါးတွင်လည်း ပုထုဇဉ်သတ္တဝါတို့မှာ သက္ကာယဒိဋ္ဌိကို ပယ်သတ်ခြင်းငှါ အနတ္တလက္ခဏာသာ လိုရင်း ဖြစ်၏၊ ၎င်းအနတ္တလက္ခဏာသည်လည်း “အနိစ္စသညိနော မေဃိယ အနတ္တသညာ သဏ္...
1,310,991
Uncategorized
အလင်းကျမ်း
ဓမ္မဝဝတ္ထာန ဉာဏ်အလင်းကြီး၌ ဖော်ပြခဲ့ပြီးသော ဓာတ်ကြီး ခြောက်ပါးတို့တွင် တေဇောဓာတ်ကြီး၏ အနိစ္စလက္ခဏာ အနတ္တ လက္ခဏာတို့ကို ရှေးဦးစွာ ဖော်ပြရာ၏။
1,310,992
Uncategorized
အလင်းကျမ်း
တေဇော၏ အနိစ္စ အနတ္တ လက္ခဏာ
1,310,993
Uncategorized
အလင်းကျမ်း
တေဇောဟူသော မီးဓာတ်ကြီးသည် သီတမီးဓာတ်၊ ဥဏှ မီးဓာတ် ဟူ၍ နှစ်မျိုးရှိ၏၊ လောက၌ ချမ်းအေးခြင်း အမှုကြီးတစ်ပါး၊ ပူနွေးခြင်း အမှုကြီးတစ်ပါးဟူ၍ မီးဓာတ်ကြီး နှစ်မျိုးရှိ၏ဟု ဆိုလိုသည်။
1,310,994
Uncategorized
အလင်းကျမ်း
အအေးနှင့် အပူသည် ရန်သူ, ရန်ဘက် ဖြစ်ကြ၏၊ အအေးဖြစ်ပေါ်လျှင် အပူကွယ်ပျောက်ရ၏၊ အပူဖြစ်ပေါ်လျှင် အအေးကွယ်ပျောက်ရ၏၊ လောက၌ ပကတိလူတို့ ထင်မှတ်ကြသော ပုဂ္ဂိုလ်, သတ္တဝါ မည်သည် တစ်ဘဝမှာ ပဋိသန္ဓေအခါ၌ တစ်ကြိမ်သာဖြစ်ပေါ်၍ ဘဝဆုံး၌ တစ်ကြိမ်သာ သေမြဲဖြစ်၏၊ တစ်ဘဝအတွင်းမှာ ပုဂ္ဂိုလ် သတ္တဝါ အခါခါ ဖြစ်ပေါ်သည်၊ အခါခါ သေပျောက်သည် ဟူ၍မရှိ၊ ကိုယ...
1,310,995
Uncategorized
အလင်းကျမ်း
ဤသို့ တစ်လမ်းစီဖြစ်၍ နေသောကြောင့် ပူမှု, အေးမှုသည် ပုဂ္ဂိုလ် မဟုတ်၊ သတ္တဝါမဟုတ်၊ ပုဂ္ဂိုလ် သတ္တဝါ ဟူသောစကား၏ အနက် မဟုတ်၊ အကယ်၍ ပူမှု, အေးမှုသည် ပုဂ္ဂိုလ်ဟုတ်ခဲ့အံ့၊ သတ္တဝါ ဟုတ်ခဲ့အံ့၊ ပုဂ္ဂိုလ် သတ္တဝါ၏ ဖြစ်မှုနှင့် တေဇောဓာတ်၏ ဖြစ်မှု, ပျက်မှုသည် တူကြရာ၏၊ ပုဂ္ဂိုလ်သတ္တဝါသည် တစ်ခုသောဘဝမှာ တစ်ခါ ဖြစ် တစ်ခါသေသာရှိသကဲ့သို့ ...
1,310,996
Uncategorized
အလင်းကျမ်း
ထို့ကြောင့် ပူလျှင် ပူသည်ဟု သိကြ၏၊ အပူပျောက်ငြိမ်းလျှင် ပျောက်ငြိမ်းပြီဟု သိကြ၏၊ အေးလျှင်၊ ချမ်းလျှင် အေးသည် ချမ်းသည်ဟု သိကြ၏၊ အေးမှု၊ ချမ်းမှု ပျောက်ငြိမ်းလျှင် အအေးပျောက်ငြိမ်းပြီဟု သိကြ၏။
1,310,997
Uncategorized
အလင်းကျမ်း
အကယ်၍ ပူမှု, အေးမှုနှင့် ပုဂ္ဂိုလ်သတ္တဝါတူငြားအံ့၊ တစ်နေ့အဖို့ မှာပင် ပူမှု, အေးမှု အခါခါဖြစ်တိုင်း၊ ပျက်တိုင်း ပုဂ္ဂိုလ်သတ္တဝါလည်း အခါခါ ဖြစ်သည်၊ အခါခါ ပျက်သည်ဟု မှတ်ယူကြကုန်ရာ၏၊ ထိုသို့ ကားမဟုတ်၊ တစ်နေ့အဖို့မှာ ပူမှု, အေးမှု အခါခါဖြစ်သည်၊ အခါခါ ပျက်သည်ဟု သိမြင်ကြ၏၊ ပုဂ္ဂိုလ်သတ္တဝါကိုမူကား တစ်နေ့အဖို့မှာ အခါခါဖြစ်သည်၊...
1,310,998
Uncategorized
အလင်းကျမ်း
ထို့ကြောင့် ပူမှု၊ အေးမှုကား တစ်ခြား၊ ပုဂ္ဂိုလ် သတ္တဝါကား တစ်ခြား ဟုထင်ရှားပါ၏၊ ပူမှုအေးမှုသည် ပုဂ္ဂိုလ်သတ္တဝါတို့၏ အနှစ် အသားမဟုတ်ဟု ထင်ရှား၏၊ ထို့ကြောင့် ပူမှုအေးမှုဟူသော တေဇော ဓာတ်ကြီးကို အနတ္တဆိုပေသည်။
1,310,999
Uncategorized
အလင်းကျမ်း
ဤကား တေဇောဓာတ်ကြီး၏ အနိစ္စလက္ခဏာ၊ အနတ္တလက္ခဏာတို့ကို ပြဆိုခြင်းတည်း
1,311,000
Uncategorized
အလင်းကျမ်း
တစ်နေ့, တစ်ရက်အဖို့မှာပင် အခါခါပျက်သည်ကို အနိစ္စ လက္ခဏာဆိုသည်၊ အခါခါပျက်ခြင်းကြောင့် ပုဂ္ဂိုလ်၏ အနှစ်အသား မဟုတ်၊ သတ္တဝါ၏ အနှစ်အသားမဟုတ်၊ ပုဂ္ဂိုလ်၏ အထည်ခံ, အမာခံ မဟုတ်၊ သတ္တဝါ၏ အထည်ခံ, အမာခံ မဟုတ်သည်ကို အနတ္တလက္ခဏာ ဆိုသည်၊ အနှစ်အသားမဟုတ်၊ အထည်ခံ အမာခံမဟုတ်ဟူသော စကား၌ ပုဂ္ဂိုလ်ဟူသည် ဤပူမှုပင်တည်း၊ ဤအေးမှုပင်တည်း၊ သတ္တဝါ...