id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,311,701 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | တွဉ္စ ဘဒ္ဒေ သုခီ ဟောဟိ၊ ဂစ္ဆ ကည ယထာသုခံ။ |
1,311,702 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ၁၃၈။ ဘဒ္ဒေ၊ ကောင်းသောလက္ခဏာနှင့် ပြည့်စုံသော နတ်သမီး။ |
1,311,703 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | တာဝတိံသာ၊ တာဝတိံသာဘုံ၌ နေကုန်သော။ |
1,311,704 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ယေ ဒေဝါ၊ အကြင်နတ်တို့သည်။ |
1,311,705 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | တေ ဒေဝါ စ၊ ထို နတ်တို့သည်လည်းကောင်း။ |
1,311,706 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ဝါသဝေါစ၊ အရှင်ဖြစ်သော သိကြားမင်းသည်လည်းကောင်း။ |
1,311,707 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | သုခီ၊ ချမ်းသာခြင်းရှိကုန်သည်။ |
1,311,708 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ဟောတိ၊ ဖြစ်စေလော့။ |
1,311,709 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ကည၊ နတ်သမီး။ |
1,311,710 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | သိကြားမင်း ဆုပေးခြင်း |
1,311,711 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ထိုအလမ္ဗုသာ နတ်သမီးသည် ဣသိသိင်္ဂရသေ့ကို ရှိခိုး၍ ရွှေပလ္လင်ဖြင့်သာလျှင် တာဝတိံသာ နတ်ပြည်သို့ သွားလေ၏။ |
1,311,712 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ၁၃၉။ တဿ ပါဒေ ဂဟေတွာန၊ ကတွာ စ နံ ပဒက္ခိဏံ။ |
1,311,713 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | အဉ္ဇလိံ ပဂ္ဂဟေတွာန၊ တမှာ ဌာနာ အပက္ကမိ။ |
1,311,714 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ၁၄၀။ ယော စ တဿာသိ ပလ္လင်္ကော၊သောဝဏ္ဏော သောပဝါဟနော။ |
1,311,715 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | သဥတ္တရစ္ဆဒပညာသော၊ သဟဿပဋိဃတ္ထတော။ |
1,311,716 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | တမေဝပလ္လင်္ကမာရုယှ၊ အဂါ ဒေဝါန သန္တီကေ။ |
1,311,717 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ၁၄၁။ တမောက္ကမိဝ အာယန္တိံ၊ ဇလန္တိံ ဝိဇ္ဇုတံ ယထာ။ |
1,311,718 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ပတီတော သုမနော ဝိတ္တော၊ ဒေဝိန္ဒော အဒဒါဝရံ။ |
1,311,719 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ၁၃၉။ ဘိက္ခဝေ၊ ရဟန်းတို့။ |
1,311,720 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | တဿ၊ ထိုဣသိသိင်္ဂ ရသေ့၏။ |
1,311,721 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ဂဟေတွာန၊ ဦးဖြင့်တိုက်၍။ |
1,311,722 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | နံ၊ ထိုဣသိသိင်္ဂ ရသေ့ကို။ |
1,311,723 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ပက္ခိဏဉ္စ၊ လက်ယာရစ် လှည့်သည်ကိုလည်း။ |
1,311,724 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ပဂ္ဂဟေတွာန၊ မြှောက်ချီ၍။ |
1,311,725 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | တမှာ ဌာနာ၊ ထိုအရပ်မှ။ |
1,311,726 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | အပက္ကမိ၊ ဖဲလေ၏။ |
1,311,727 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ၁၄၀။ တဿာ၊ ထိုအလမ္ဗုသာ နတ်သမီး၏။ |
1,311,728 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | သောဝဏ္ဏော၊ ရွှေဖြင့်ပြီးသော။ |
1,311,729 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | သောပဝါဟဝနော၊ အခြံအရံနှင့်တကွသော။ |
1,311,730 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | သဥတ္တရစ္ဆဒပညာသော၊ ငါးဆယ်သောအပေါ် လွှမ်းဗိတန်နှင့် တကွသော။ |
1,311,731 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | သဟဿပဋိဃတ္ထတော၊ တစ်ထောင်သော နတ်ကော်ဇောအခင်း ရှိထသော။ |
1,311,732 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ယော စ ပလ္လင်္ကော၊ အကြင် ပလ္လင်သည်လည်း။ |
1,311,733 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | အသိ၊ ရှိသည်ဖြစ်၏။ |
1,311,734 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | တမေဝ ပလ္လင်္ကံ၊ ထို ရွှေပလ္လင်ကိုလျှင်။ |
1,311,735 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | အာရုယှ၊ စီးလေ၍။ |
1,311,736 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ဒေဝါနံ၊ တာဝတိံသာ နတ်တို့၏။ |
1,311,737 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | အဂါ၊ သွားလေ၏။ |
1,311,738 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ၁၄၁။ ဘိက္ခဝေ၊ ရဟန်းတို့။ |
1,311,739 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ဥက္ကမိဝ၊ ဝင်းဝင်းပြောင်သော တန်ဆောင် မီးရှူးးကဲ့သို့လည်းကောင်း။ |
1,311,740 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ဇလန္တိံ၊ ထိန်ထိန်လက်လက် ဝင်းဝင်းပြောင်သော။ |
1,311,741 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ဝိဇ္ဇုယထာ၊ လျှပ်စစ်ကဲ့သို့ လည်းကောင်း။ |
1,311,742 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | အာယန္တိံ၊ လာသော။ |
1,311,743 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ဒေဝိန္ဒော၊ စတုမဟာရာဇ် တာဝတိံသာ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။ |
1,311,744 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ပတီတော၊ နှစ်သက်သည် ဖြစ်၍။ |
1,311,745 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | သုမနော စိတ္တော၊ ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍။ |
1,311,746 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | အဒဒါ၊ ပေးလေ၏။ |
1,311,747 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | နတ်သမီးယူသောဆု |
1,311,748 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ထိုအလမ္ဗုသာ နတ်သမီးသည် သိကြားမင်းအထံ၌ ဆုကို ယူလိုရကား- |
1,311,749 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ၁၄၂။ ဝရဉ္စေ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။ |
1,311,750 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | နိသိပ္ပလောဘိကာ ဂစ္ဆေ၊ ဧတံ သက္က ဝရံ ဝရေ။ |
1,311,751 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ၁၄၂။ သဗ္ဗဘူတာနံ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့ကို။ |
1,311,752 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | အဒေါ စေ၊ ပေးတော်မူလိုငြားအံ့။ |
1,311,753 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ဧဝံ၊ ဤသို့ပေးလိုသည်။ |
1,311,754 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ဣသိပ္ပလောဘိကာ-ဣသိပ္ပလောဘိကာယ၊ ရသေ့ရဟန်းတို့ကို ဖျားယောင်းအံ့ငှာ။ |
1,311,755 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | န ဂစ္ဆေ၊ မသွားလို။ |
1,311,756 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ဝရေ-ဝရာမိ၊ တောင့်တ၏။ |
1,311,757 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ထိုသာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သော ရဟန်းအား ဤအလမ္ဗုသာဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ |
1,311,758 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ထိုသာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ |
1,311,759 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သော ရဟန်း၏ မယားဟောင်းသည် ထိုအခါ အလမ္ဗုသာ နတ်သမီး ဖြစ်ဖူးပြီ၊ ယခုအခါ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သော ရဟန်းသည် ထိုအခါ ဣသိသိင်္ဂရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဣသိသိင်္ဂရသေ့၏ ခမည်းတော် ရသေ့ကြီး ဖြစ်ဖူးပြီ ဤသိ... |
1,311,760 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | မဘက်လိုက်ပါ၊ မိုက်တတ်စွာ၊ ချမ်းသာကင်းရတတ် |
1,311,761 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလမ္ဗုသာဇာတ် | သုံးခုမြောက်ဖြစ်သော အလမ္ဗုသာဇာတ်သည် ပြီး၏။ |
1,311,762 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလယ်နန်းတော် မိဖုရားဘွဲ့တေးထပ် | ရာပြည်ပြည် ရှိပန်သ၊ တိုင်းပူရ ဥသျှောင်။ |
1,311,763 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလယ်နန်းတော် မိဖုရားဘွဲ့တေးထပ် | ညာနန်းမ အခေါင်၊ သက်အယောင်မပြား။ |
1,311,764 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလယ်နန်းတော် မိဖုရားဘွဲ့တေးထပ် | စန်းငွေလတိမ်စင်လို၊ နှိုင်းမမြင် ထီးဖြူအောက်ဖွား။ |
1,311,765 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလယ်နန်းတော် မိဖုရားဘွဲ့တေးထပ် | တော်လေးဝ နတ်မူနီလို၊ မှတ်တူညီမခြား၊ |
1,311,766 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလယ်နန်းတော် မိဖုရားဘွဲ့တေးထပ် | သို့ပါသော်စိတ်ထားမှာ၊ မျက်အားတော် လွန်ကြွယ်။ |
1,311,767 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလယ်နန်းတော် မိဖုရားဘွဲ့တေးထပ် | တနာရီအချိန်လောက် အကောက်က များလှပါတယ်။ |
1,311,768 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလယ်နန်းတော် မိဖုရားဘွဲ့တေးထပ် | မဖြစ်သင့်မှုငယ်ကို ဋီကာကျယ်ဉာဏ်ချဲ့လို့၊ |
1,311,769 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလယ်နန်းတော် မိဖုရားဘွဲ့တေးထပ် | ပူရှာဖွဲ့မကြည်လင်၊ ငြိုးမာန်ဖွဲ့ဆင်။ |
1,311,770 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အလယ်နန်းတော် မိဖုရားဘွဲ့တေးထပ် | ရွှေစိတ်တော် သူ့ကြည်လင်အောင်၊ သိကြားပင် လာစမ်းတော့လေး။ |
1,311,771 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ၆။ အလီနစိတ္တဇာတ် |
1,311,772 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ဆင်ဖြူတော်၏ အစွမ်း |
1,311,773 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အလီနစိတ္တံ နိဿာယ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအလီနစိတ္တဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လုံ့လကိုလျော့သောရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,311,774 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ဝတ္ထုသည် ဧကာဒသကနိပါတ် သံဝရဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုရဟန်းအား မြတ်စွာဘုရားသည် ရဟန်း သင်သည် လုံ့လကိုလျှော့သတတ်ဟူသည် မှန်သလောဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု လျောက်၏။ |
1,311,775 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် ရှေး၌လုံ့လကိုမလျှော့မူ၍ အသားတစ်နှင့်တူသော နုနယ်လှသောသူငယ်အား တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့၌ မင်းအဖြစ်ကိုယူ၍ ပေးဘူးသည် မဟုတ်တုံလော့၊ ယခုအခါ အဘယ့်ကြောင့် ဤသို့သဘောရှိသော သာသနာတော်၌ ရဟန်းပြု၍ လုံ့လကိုလျှော့ဘိသနည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။ |
1,311,776 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီမြို့မှ မနီးမဝေးသောအရပ်၌ လက်သ္မားတို့၏ရွာသည် ရှိသည်ဖြစ်၏။ |
1,311,777 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ထိုလက်သ္မားတို့၏ရွာ၌ ငါးရာကုန်သော လက်သ္မားတို့သည် နေကုန်၏။ |
1,311,778 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ထိုလက်သ္မားတို့သည် လှေဖြင့်မြစ်ညာသို့သွားကုန်၍ တောသို့ဝင်ကုန်၏။ |
1,311,779 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | အိမ်၏ အဆောက်အဦ သစ်တို့ကို ရွေကုန်၍ ထိုတောအရပ်၌သာလျှင် ဘုံတဆင့် နှစ်ဆင့် အစရှိသည်အပြားရှိကုန်သော အိမ်အဆောက်အဦးတို့ကို စီရင်ကုန်၍ တိုင်မှစ၍ ခပ်သိမ်းကုန်သောသစ်တို့၌ အမှတ်ပြုကုန်၍ မြစ်နားသို့ ဆောင်ကုန်ပြီးလျှင် လှေသို့ တင်ကုန်၍ မြစ်၏အကြေဖြင့် မြို့သို့လာကုန်၍ အကြင်သူတို့သည် အကြင်သို့ သဘောရှိကုန်သောအိမ်တို့ကို အလိုရှိကုန်၏။ |
1,311,780 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ထိုသူတို့ကို ထိုသို့သဘောရှိကုန်သော အိမ်တို့ကိုပြုကုန်၍ အသပြာတို့ကိုယူကုန်ပြီးလျှင် တဖန်ထိုအရပ်သို့သာလျှင်သွားကုန်၍ အိပ်၏ အဆောက်အဦတို့ကို ဆောင်ကုန်၏။ |
1,311,781 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ဤသို့သောနည်းဖြင့် အသက်မွေးခြင်း ကိုပြုကုန်သော ထိုလက်သ္မားတို့သည် တရံရောအခါ တော၌ သစ်ခက်တပ်ကိုဆွဲကုန်၍ သစ်တို့ကိုရွေကုန်သော် ထိုလက်သ္မားတို့၏ မနီးမဝေးသောအရပ်၌ ဆသ်တစီးသည် ရှားငုတ်ကိုနင်းမိ၍ ထိုရှားငုတ်သည် ထိုဆင်၏ခြေကို စူး၏။ |
1,311,782 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ခြေသည် ဖူးဖူးယောင်၍ ပြည်ကိုယူ၏။ |
1,311,783 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ထိုဆင်သည် ဝေဒနာသို့ဆိုက်၍ ထိုလက်သ္မားတို့၏ သစ်ရွေသံကိုကြား၍ ဤလက်သ္မားတို့ကိုမှီ၍ ငါ့အား ချမ်းသာခြင်းသည် ဖြစ်လတ္တံ့ဟု အောက်မေ့၍ ခြေသုံးချောင်းတို့ဖြင့် လက်သ္မားတို့၏အထံသို့ သွားလေ၍ အနီး၌ ဝပ်၏။ |
1,311,784 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | လက်သ္မားတို့သည် ထိုဆင်ကို ဖူးဖူးယောင်သော ခြေရှိသည်ကိုမြင်ကုန်လျှင် ချဉ်းကပ်ကုန်၍ ခြေ၌ ရှားငုတ်ကိုမြင်ကုန်၍ ထက်လှစွာသောပဲကွပ်ဖြင့် ရှားငုတ်၏ ထက်ဝန်းကျင်မှ အရစ်ကိုပြုကုန်ပြီးလျှင် ကြိုးဖြင့်ဖွဲ့၍ငင်ကုန်၍ ငုတ်ကိုနုတ်ပြီးလျှင် ပြည်ကိုယိုစေ၍ ရေနွေးဖြင့်ဆေးကုန်၍ ထိုအနာနှင့်သင့်လျော်ကုန်သော ဆေးတို့ဖြင့်လိမ်းကျံ၍ မကြာမြင့်မီသာ... |
1,311,785 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ထိုဆင်သည် အနာကင်းသည်ဖြစ်၍ ငါသည် ဤလက်သ္မားတို့ကိုမှီ၍ အသက်ကို ရပေ၏။ |
1,311,786 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ယခုအခါ၌ ထိုလက်သ္မားတို့အား ငါသည် ကျေးဇူးကိုပြုခြင်းငှါ သင့်၏ဟု ကြံ၏။ |
1,311,787 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ကြံပြီး၍ ထိုဆင်သည် ထိုနေ့မှစ၍ လက်သ္မားတို့နှင့်တကွ သစ်တို့ကိုထုတ်၏။ |
1,311,788 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ရွေကုန်သော လက်သ္မားတို့အား လှန်၍ လှန်၍ ပေး၏။ |
1,311,789 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ပဲခွပ်အစရှိသည်တို့ကို ဆောင်၏။ |
1,311,790 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | နှာမောင်းဖြင့်ပစ်၍ မည်းသောအဆင်းရှိသော တမျဉ်းကြိုးစွန်း၌ ကိုင်၏။ |
1,311,791 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | လက်သ္မားတို့သည်လည်း ထိုဆင်အား ထမင်းစားသောအခါ၌ တဆုပ်တဆုပ်စီသော ထမင်းဆုပ်ကို့ကိုပြုကုန်၍ ငါးရာကုန်သော ထမင်းဆုပ်တို့ကို ပေးကုန်၏။ |
1,311,792 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ထိုဆင်အားကား အလုံးစုံဖြူသော ငယ်သေးသော ဆင်အာဇာနည်ဖြစ်သော သားသည် ရှိ၏။ |
1,311,793 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ထို့ကြောင့် ထိုဆင်အား ငါသည် ယခုအခါ၌ အိုမင်းပြီ၊ ယခုအခါ ငါသည် ဤလက်သ္မားတို့အား အမှုလုပ်စိမ့်သောငှါ သားကိုပေး၍ သွားအံ့သောငှာ သင့်၏။ |
1,311,794 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ဤသို့သောအကြံသည် ဖြစ်၏။ |
1,311,795 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ကြံ၍ထိုဆင်သည် လက်သ္မားတို့အား မကြားမူ၍သာလျှင် တောသို့ဝင်၍ သားကိုဆောင်ခဲ့ပြီးလျှင် ဤဆင်ငယ်သည်သားတည်း၊ သင်တို့သည်ကား အသက်ကို ပေးပေ၏။ |
1,311,796 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ငါသည် သင်တို့အား ဆေးဘိုးအကျိုးငှာ ဤသားဆင်ငယ်ကို ပေး၏။ |
1,311,797 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ဤဆင်ငယ်သည် ဤနေ့မှစ၍ သင်တို့၏အမှုတို့ကို ပြုလတ္တံ့ဟုဆို၍ ဤနေ့မှစ၍ကား ငါပြုအပ်သောအမှုကို သင်ပြုလော့ဟူ၍ သားကို ဆုံးမပြီးလျှင် လက်သ္မားတို့အားပေး၍ မိမိသည်တောသို့ ဝင်၏။ |
1,311,798 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ထိုနေ့မှစ၍ ဆင်ငယ်သည် လက်သ္မားတို့၏စကားကို လိုက်နာသည်။ |
1,311,799 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | အဆုံးအမကို ခံသည်ဖြစ်၍ ခပ်သိမ်းကုန်သောအမှုတို့ကို ပြု၏။ |
1,311,800 | ဇာတ်နိပါတ်, မြန်မာဘာသာ | အလီနစိတ္တဇာတ် | ထိုလက်သ္မားတို့သည်လည်း ထိုဆင်ငယ်ကို ထမင်းဆုပ်ငါးရာတို့ဖြင့် မွေးကျွေးကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.