id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,311,901 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဇ) အလုပ်သမားအဖွဲ့အစည်း ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော အခြေခံအလုပ်သမားအဖွဲ့အစည်း၊ မြို့နယ် အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်း၊ အ လုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့တို့ကို ဆိုသည်။ |
1,311,902 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဈ) အလုပ်အမှုဆောင်အဖွဲ့ ဆိုသည်မှာ အလုပ်သမားအဖွဲ့အစည်းအသီးသီး၏ အလုပ်အမှုဆောင်အဖွဲ့ကို ဆိုသည်။ |
1,311,903 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ည) ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဆိုသည်မှာ ဝါဏိဇ္ဇပဋိပက္ခအက်ဥပဒေအရ ဖွဲ့စည်းသော မြို့နယ်ညှိနှိုင်းဖျန် ဖြေရေးအဖွဲ့ကို ဆိုသည်။ |
1,311,904 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဋ) ရန်ပုံငွေ ဆိုသည်မှာ အလုပ်သမားအဖွဲ့အစည်းတစ်ခုတွင် ဤဥပဒေအရ တည်ထောင်သော ရန်ပုံငွေ ကိုဆိုသည်။ |
1,311,905 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | အခန်း(၂) အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းခြင်း |
1,311,906 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၃။ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုတစ်ခုခုရှိ အလုပ်လုပ်ရန်ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေ အသီး သီးရှိ သတ်မှတ်ထားသော အသက်အရွယ်ရှိသည့် အလုပ်သမားတိုင်းသည်- |
1,311,907 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (က) ယင်းတို့၏ ဆန္ဒအလျောက် အလုပ်သမားအဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်နှင့် အလုပ်သ မား အဖွဲ့အစည်းမှ နုတ်ထွက်ခွင့်ရှိသည်။ |
1,311,908 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ခ) မိမိတို့နှင့်သက်ဆိုင်သည့်လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် ဖွဲ့စည်းထားသည့် အ လုပ်သမားအဖွဲ့အစည်းတစ်ခုတည်းတွင်သာ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရှိသည်။ |
1,311,909 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၄။ အလုပ်သမားများနှင့် အလုပ်ရှင်များ၏အကျိုးကို ဆောင်ရွက်နိုင်ရန်အလို့ငှာ အလုပ်သမား အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင်- |
1,311,910 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (က) (၁) အခြေခံအလုပ်သမားအဖွဲ့အစည်းကို လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် သက်ဆိုင်ရာ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားအနည်းဆုံးဦးရေ ၃၀ ဖြင့် ဖွဲ့စည်း နိုင်သည်။ |
1,311,911 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | အလုပ်သမားဦးရေ ၃၀ အောက်ရှိသော လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု ဖြစ်ပါက လုပ်ငန်း သဘောသဘာဝ တူညီသော အခြားလုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုတစ်ခုခုနှင့် ပူးပေါင်းဖွဲ့စည်းနိုင် သည်။ |
1,311,912 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (၂) ယင်းသို့ဖွဲ့စည်းရာတွင် သက်ဆိုင်ရာလုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုရှိ စုစုပေါင်း အလုပ်သမား များ၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသူများက ထောက်ခံရမည်။ |
1,311,913 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ခ) မြို့နယ်အလုပ်သမားအဖွဲ့အစည်းကို လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် သက် ဆိုင်ရာမြို့နယ်အတွင်းရှိ အခြေခံအလုပ်သမားအဖွဲ့အစည်း စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း အောက်မနည်း သော အလုပ်သမားအဖွဲ့အစည်းများက ထောက်ခံလျှင် ဖွဲ့စည်းနိုင်သည်။ |
1,311,914 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့အစည်းကို လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အလုပ်သမားအ ဖွဲ့အစည်း စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသော အလုပ်သမား အဖွဲ့အစည်းများက ထောက်ခံ လျှင် ဖွဲ့စည်းနိုင်သည်။ |
1,311,915 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဃ) အလုပ်သမားအဖွဲ့ချုပ်ကို လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့အစည်းစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက်မနည်းသော အလုပ်သ မား အဖွဲ့အစည်းများက ထောက်ခံလျှင် ဖွဲ့စည်းနိုင် သည်။ |
1,311,916 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (င) မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကို လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစား အလိုက် ဖွဲ့စည်းထားသော အလုပ်သမားအဖွဲ့ချုပ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း အောက်မနည်းသော အ လုပ်သမား အဖွဲ့ချုပ်များက ထောက်ခံလျှင် ဖွဲ့စည်းနိုင်သည်။ |
1,311,917 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၅။ အလုပ်သမားအဖွဲ့အစည်းများသည် ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံ ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိစေရမည်။ |
1,311,918 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၆။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နှင့် အလုပ်သမားအဖွဲ့ချုပ်များသည် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းများ သို့မဟုတ် အခြားအလုပ်သမားအဖွဲ့ချုပ်များနှင့်လည်းကောင်း၊ အ ပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နှင့် လည်းကောင်း၊ ပြည်ပနိုင်ငံတစ်ခုခု၏ အလုပ်သမားအဖွဲ့ ချုပ်များနှင့်လည်းကောင်း အပြန်အလှန် ဆက်သွယ်ဆောင်ရွက... |
1,311,919 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ထို့ပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်များနှင့်လည်း ပေါင်းစည်းဆက်သွယ်ဆောင်ရွက်နိုင်သည်။ |
1,311,920 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၇။ (က) အခြေခံအလုပ်သမားအဖွဲ့အစည်းများ၏ အလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင်အနည်းဆုံး ငါးဦး နှင့်အထက် “မ” ဂဏန်း အရေအတွက်ဖြင့် ရွေးချယ်ဖွဲ့စည်းရမည်။ |
1,311,921 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ခ) မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်းနှင့် အလုပ်သမားအဖွဲ့ချုပ်တို့ကို အလုပ်အမှုဆောင်အဖွဲ့ဝင် အနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၅ ဦးအထိ ရှိသော “မ” ဂဏန်းအရေအတွက်ဖြင့် ဖွဲ့စည်းရမည်။ |
1,311,922 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဂ) မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကို အလုပ်အမှုဆောင်အဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးမှ အများဆုံး ၃၅ ဦးအထိ ရှိသော “မ” ဂဏန်းအရေအတွက်ဖြင့် ဖွဲ့စည်းရမည်။ |
1,311,923 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၈။ အလုပ်ရှင်များသည် အလုပ်ရှင်အဖွဲ့အစည်းများကို ဤဥပဒေအရ အပြိုင်ဖွဲ့စည်းနိုင်သည်။ |
1,311,924 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | အခန်း(၃) မှတ်ပုံတင်ခြင်း |
1,311,925 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၉။ (က) မှတ်ပုံတင်အရာရှိချုပ်သည် နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သူဖြစ်ရမည်။ |
1,311,926 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ခ) မြို့နယ်မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်အရာရှိချုပ်က တာဝန်ပေးအပ်သူဖြစ်ရမည်။ |
1,311,927 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၁၀။ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းသည် မိမိအဖွဲ့အစည်းနှင့် လိုက်လျောညီထွေဖြစ်ပြီး ဤဥပ ဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အောက်ပါအချက်များပါဝင်သည့် အလုပ်သမားအဖွဲ့အ စည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းများကို အဖွဲ့အစည်းဝင်အများစု၏ သဘောတူညီချက်ဖြင့် ရေးဆွဲရမည်- |
1,311,928 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (က) အလုပ်သမားအဖွဲ့အစည်းအမည်၊ |
1,311,929 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ခ) အလုပ်သမားအဖွဲ့အစည်းထူထောင်ခြင်း၏ ရည်ရွယ်ချက်၊ |
1,311,930 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဂ) အလုပ်သမားအဖွဲ့အစည်းဝင်အဖြစ် စိစစ်ခြင်း၊ ဝင်ခွင့်ပြုခြင်း၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေး ခြင်းနှင့် အလုပ်သမား အဖွဲ့အစည်းဝင်အဖြစ်မှ နုတ်ထွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ |
1,311,931 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဃ) အလုပ်အမှုဆောင်အဖွဲ့ဝင်များ ရွေးချယ်တာဝန်ပေးခြင်း၊ တာဝန်မှ ဖယ်ရှားခြင်းနှင့် နုတ်ထွက်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ |
1,311,932 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (င) အစည်းအဝေးကျင်းပခြင်းဆိုင်ရာကိစ္စရပ်များ၊ |
1,311,933 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (စ) ရန်ပုံငွေထူထောင်ခြင်း၊ ယင်းရန်ပုံငွေအား ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ |
1,311,934 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဆ) ရန်ပုံငွေကို လစဉ်စစ်ဆေးခြင်းနှင့် နှစ်စဉ်စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များ။ |
1,311,935 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၁၁။ (က) မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နှင့် အလုပ်သမားအဖွဲ့ချုပ်တို့မှအပ အလုပ်သ မား အဖွဲ့အစည်းတစ်ခုခု၏ အလုပ်အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာ မြို့နယ်မှတ်ပုံတင်အရာရှိထံ မိမိ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းများကို ပူးတွဲလျက် သတ်မှတ်ချက်နှင့်အညီ တင်ပြပြီး လုပ်ငန်း သို့မ ဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် အလုပ်သမာ... |
1,311,936 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ခ) ပုဒ်မခွဲ (က) အရ မှတ်ပုံတင်ရာတွင် အခြေခံအလုပ်သမားအဖွဲ့အစည်းဖြစ်ပါက သက်ဆိုင်ရာ အလုပ် သမား အဖွဲ့အစည်း တည်ထောင်သည့် အဖွဲ့ဝင်များကလည်းကောင်း၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အ လုပ်သမားအဖွဲ့အစည်းတို့ဖြစ်ပါက သက်ဆိုင်ရာ အလုပ်သ မားအဖွဲ့အစည်း၏အလုပ်အမှုဆောင်အဖွဲ့ဝင်များက လည်းကောင်း သက်ဆိုင်ရာ ... |
1,311,937 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၁၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နှင့် အလုပ်သမားအဖွဲ့ချုပ်တစ်ခုခု၏ အလုပ်အမှု ဆောင်အဖွဲ့သည် မှတ်ပုံ တင်အရာရှိချုပ်ထံ မိမိအလုပ်သမားအဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းကို သတ်မှတ်ချက်နှင့်အညီ တင်ပြပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နှင့် လုပ်ငန်း သို့မ ဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် အလုပ်သမားအ... |
1,311,938 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ယင်းသို့ မှတ် ပုံတင်ရာတွင် သက်ဆိုင်ရာအလုပ်သမား အဖွဲ့အစည်း၏ အလုပ်အမှုဆောင် အဖွဲ့ဝင်များက ဖွဲ့စည်းပုံ စည်းမျဉ်းကို သဘောတူကြောင်း လက်မှတ်ရေးထိုးထားသည့်ပုံစံ ပူးတွဲပါရှိရမည်။ |
1,311,939 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | အခန်း(၄) အလုပ်အမှုဆောင်အဖွဲ့၏လုပ်ငန်းတာဝန်များ |
1,311,940 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၁၃။ အလုပ်အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း၏ ရန်ပုံငွေကို ထိန်းသိမ်းရ မည်။ |
1,311,941 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၁၄။ အလုပ်အမှုဆောင်အဖွဲ့သည် လစဉ်ကောက်ခံရရှိသော ရန်ပုံငွေများ၊ အခြားရန်ပုံငွေများနှင့် အသုံး စာရင်းများအတွက် လချုပ်ငွေစာရင်းနှင့် နှစ်ချုပ်ငွေစာရင်းများ ပြုစုထားရှိရမည့်အပြင် နှစ်စဉ်ဘဏ္ဍာ ရေးနှစ် ကုန်ဆုံးသည့်အခါတိုင်း အလုပ်သမားအဖွဲ့အစည်း၏ နှစ်ချုပ်ငွေစာရင်းကို သက်ဆိုင်ရာ မြို့နယ် မှတ်ပုံတင်အရာရှိထံသို့လည်းကောင်း၊ မြန်မာန... |
1,311,942 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၁၅။ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအမျိုးအစားအလိုက် မှတ်ပုံတင်ထားပြီးဖြစ်သော အလုပ်သမားအ ဖွဲ့အစည်း တစ်ခုနှင့် တစ်ခု ပူးပေါင်းခြင်း သို့မဟုတ် ပူးပေါင်းထားသောအလုပ်သမားအဖွဲ့အစည်းမှ ပြန် လည်ခွဲထွက်ခြင်း ပြုလုပ်လိုပါက အလုပ်သမားအဖွဲ့အစည်းများ၏ စည်းမျဉ်းများနှင့်အညီ သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ဝင်အများစု၏ သဘောတူညီ ချက်ဖြင့် ... |
1,311,943 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၁၆။ အလုပ်အမှုဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
1,311,944 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (က) အလုပ်သမားများကို ကိုယ်စားပြုရန်၊ |
1,311,945 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ခ) အလုပ်သမားများ၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်သည့် ဆောင်ရွက်မှုများ လုပ်ကိုင်ရန်၊ |
1,311,946 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဂ) အလုပ်သမားများ၏လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ |
1,311,947 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဃ) ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုသည့် အရည်အချင်းမြင့် အလုပ် သမားများ ပေါ်ပေါက်လာစေရေးအတွက် လုပ်ငန်းခွင်သင်တန်းများနှင့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ရန်၊ |
1,311,948 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (င) သမဝါယမ၊အိမ်ရာ၊ သက်သာချောင်ချိရေးနှင့်အလားတူ ရည်ရွယ်ချက်များပါဝင်သောအလုပ်သမား အဖွဲ့အစည်းနှင့် ၎င်း၏ အဖွဲ့ဝင်များ အကျိုးရှိစေမည့် လုပ်ငန်းအားလုံးကို ဆောင်ရွက်ရန်။ |
1,311,949 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | အခန်း(၅) အလုပ်သမားအဖွဲ့အစည်း၏ အခွင့်အရေးနှင့်တာဝန်များ |
1,311,950 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၁၇။ အလုပ်သမားအဖွဲ့အစည်းများသည် ယင်းတို့နှင့်သက်ဆိုင်သော ဖွဲ့စည်းပုံစည်းမျဉ်းကို ရေးဆွဲရာတွင် လည်းကောင်း၊ ယင်းကိုယ်စားလှယ်များကို ရွေးချယ်ရာတွင်လည်းကောင်း၊ ယင်းတို့၏ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ ယင်းတို့၏ အစီအစဉ်များ ရေးဆွဲချမှတ်ရာတွင်လည်းကောင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့် ရှိ... |
1,311,951 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | အလုပ်သမားအဖွဲ့ အစည်းများသည် အလုပ်သမားဆိုင်ရာ ဥပဒေများပါ အခွင့်အရေးများကို အလုပ်သမားများ ရရှိခံစား နိုင်ခြင်းမရှိပါက အလုပ်ရှင်နှင့်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ခွင့်ရှိပြီး သဘောတူညီချက် မရရှိခဲ့လျှင် သက်ဆိုင်ရာ ဥပဒေနှင့်အညီ အလုပ်ရှင်ထံ တောင်းဆိုခွင့်ရှိသည်။ |
1,311,952 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၁၈။ အလုပ်ရှင်က အလုပ်သမားတစ်ဦးဦးအား အလုပ်မှ ထုတ်ပယ်ရာတွင် ထိုသို့အလုပ်မှ ထုတ်ပယ် သောအကြောင်းရင်းများသည် အလုပ်သမားအဖွဲ့အစည်းဝင်ဖြစ်မှု သို့မဟုတ် အလုပ်သမားအဖွဲ့အစည်း တွင် လုပ်ဆောင်မှုနှင့် သက်ဆိုင်လျှင်ဖြစ်စေ၊ အလုပ်သမား ဥပဒေများနှင့် ညီညွတ်မှုမရှိဟု ယုံကြည်ရန် အကြောင်းရှိလျှင်ဖြစ်စေ အလုပ်သမားအဖွဲ့အစည်းသည် ထိုအလုပ်သမားအား ... |
1,311,953 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၁၉။ အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုကို ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့က ဖြေရှင်းရာတွင် အလုပ်သမားကိုယ်စားလှယ်များ စေလွှတ်ခွင့်ရှိသည်။ |
1,311,954 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | အလားတူ အဆင့်ဆင့် သော အလုပ်သမား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် ဖျန်ဖြေရေးခုံရုံးများ သို့လည်း ကိုယ်စားလှယ်များ စေလွှတ်ခွင့်ရှိသည်။ |
1,311,955 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၂၀။ အလုပ်သမားဥပဒေများပါ အလုပ်သမားအခွင့်အရေး သို့မဟုတ် အကျိုးစီးပွားများနှင့် စပ်လျဉ်း၍ အစိုးရ၊ အလုပ်ရှင်နှင့် တောင်းဆိုသူ အလုပ်သမားတို့ ဆွေးနွေးရာတွင် အလုပ်သမားအဖွဲ့အစည်း၏ ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးခွင့် ရှိ သည်။ |
1,311,956 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၂၁။ အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်သမားဥပဒေများနှင့်အညီ အလုပ်သမားများ၏ စုပေါင်း အရေးဆိုမှုများကို ဖြေရှင်းရာတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။ |
1,311,957 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၂၂။ အလုပ်သမားအဖွဲ့အစည်းများသည် အစည်းအဝေးများပြုလုပ်ခြင်း၊ သပိတ်မှောက်ခြင်းနှင့် စုပေါင်းအရေးဆိုခြင်းတို့ကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်က ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ ငြိမ်းချမ်းစွာ ဆောင်ရွက်ရ မည်။ |
1,311,958 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၂၃။ အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်နှင့် အလုပ်သမားများအကြား လုပ်ငန်းများ၏ စီမံခန့်ခွဲရေးပိုင်းဆိုင်ရာ သဘောတူညီချက်များ၊ တစ်ဦးချင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်များ၊ ကတိဝန်ခံချက်များနှင့် အခြား တစ်ဦးချင်း သဘောတူညီချက်များ ပြုလုပ်ရာတွင် ကူညီ ဆောင်ရွက်ပေးရမည်။ |
1,311,959 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | အခန်း(၆) ရန်ပုံငွေထူထောင်ခြင်းနှင့် သုံးစွဲခြင်း |
1,311,960 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၂၄။ အလုပ်သမားအဖွဲ့အစည်းအသီးသီးသည် ရန်ပုံငွေတစ်ရပ်စီကို သီးခြားထူထောင်ခွင့်ရှိသည်။ |
1,311,961 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၂၅။ အလုပ်သမားအဖွဲ့အစည်းများသည်- |
1,311,962 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (က) မိမိတို့အဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းပါအတိုင်း အလုပ်သမားအဖွဲ့အစည်း ဝင်ကြေး၊ အဖွဲ့ အစည်းဝင် အလုပ်သမား ရရှိသည့် လုပ်ခလစာ၏ နှစ်ရာခိုင်နှုန်းထက်မများသော လစဉ်ထည့်ဝင်ကြေး၊ အလုပ်သမား အဖွဲ့အစည်းများက တာဝန်ယူလုပ်ကိုင်သော ယဉ်ကျေးမှုနှင့် အားကစားလုပ်ငန်းများမှ ဝင်ငွေ၊ သက်ဆိုင်ရာ အလုပ်ရှင်က လှူဒါန်းသော ငွေတို့ဖြင့် ရန်ပုံငွ... |
1,311,963 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ခ) ပြည်ထောင်စုအစိုးရအဖွဲ့ကပေးအပ်သော ကူညီထောက်ပံ့မှုများတွင် ငွေကြေးပါဝင်ပါက ယင်းကို ရန်ပုံငွေထဲသို့ ထည့်သွင်းရမည်။ |
1,311,964 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဂ) တရားမဝင်သောနည်းလမ်းဖြင့် ရရှိသော ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးဥပဒေပါ ပြဋ္ဌာန်း ချက်များအား လိုက်နာရမည်။ |
1,311,965 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၂၆။ အခြေခံအလုပ်သမားအဖွဲ့အစည်းများသည် အဖွဲ့အစည်းဝင် အလုပ်သမားရရှိသည့် လုပ်ခလစာ၏ နှစ်ရာခိုင်နှုန်းထက်မများသော လစဉ်ထည့်ဝင်ကြေးကို မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့သို့ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က သတ် ... |
1,311,966 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၂၇။ အလုပ်သမားအဖွဲ့အစည်းများ၏ ရန်ပုံငွေကို ယင်းတို့၏ ဖွဲ့စည်းပုံစည်းမျဉ်းများတွင် ဖော်ပြထား သော လူမှုသက်သာ ချောင်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ကျွမ်းကျင်မှုဆိုင် ရာ သင်တန်း စသည့် ကိစ္စရပ်များနှင့် ယင်းကိစ္စရပ်များ အတွက် ရည်ရွယ်ခေါ်ယူကျင်းပသော အဆိုပါ အလုပ်သမား အဖွဲ့အစည်း၏ အထွေထွေအစည်းအဝေးတွင် အဖွဲ့ဝင်အ... |
1,311,967 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၂၈။ သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့သည် မိမိအဖွဲ့အစည်း၏ ရန်ပုံငွေကို မြန်မာနိုင်ငံအတွင်းရှိ ဘဏ်တစ်ခုခုတွင် ဘဏ်စာ ရင်းဖွင့်လှစ်ထားရှိရမည်။ |
1,311,968 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | အခန်း(၇) အလုပ်ရှင်၏တာဝန်များ |
1,311,969 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၂၉။ အလုပ်ရှင်သည် မိမိလုပ်ငန်း၏အလုပ်သမားအဖွဲ့အစည်းများကို အလုပ်သမားများအား ကိုယ်စား ပြုသည့် အဖွဲ့အစည်း များအဖြစ် အသိအမှတ်ပြုရမည်။ |
1,311,970 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၃၀။ အလုပ်ရှင်သည် သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့၏ ထောက်ခံချက်ဖြင့် တာဝန်တစ်ခုခု ပေးအပ်ခြင်းခံရသော အလုပ် အမှုဆောင်အဖွဲ့ဝင်တစ်ဦးအား အခြားနည်း သဘောတူညီထားသည်မှအပ ယင်းတာဝန်ကို ထမ်းဆောင်ရန် တစ်လလျှင် နှစ်ရက် ထက်မပိုစေဘဲ ခွင့်ပြုရမည်။ |
1,311,971 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ယင်းကာလကို မိမိလုပ်ငန်းရှိ မူလ တာဝန်ကို ထမ်းဆောင်နေသကဲ့သို့ မှတ်ယူရမည်။ |
1,311,972 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၃၁။ အလုပ်ရှင်သည် အလုပ်သမားအဖွဲ့အစည်းများက မိမိတို့အလုပ်သမားများ၏ အကျိုးအတွက် အကူအညီများ တောင်းခံလာလျှင် တတ်နိုင်သရွေ့အကူအညီပေးရမည်။ |
1,311,973 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | သို့ရာတွင် အလုပ်ရှင်သည် ငွေကြေး သို့မဟုတ် အခြားနည်းဖြင့် ယင်း၏ လွှမ်းမိုးမှု သို့မဟုတ် ထိန်းချုပ်မှုဖြင့် အလုပ်သမားအဖွဲ့ အစည်းများတည်ထောင်ခြင်း သို့မဟုတ် လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခြင်းပြုရန် ရည်ရွယ်သည့် မည်သည့် လုပ်ဆောင်ချက်ကိုမျှ မပြုလုပ်ရ။ |
1,311,974 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | အခန်း(၈) မှတ်ပုံတင်အရာရှိချုပ်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ |
1,311,975 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၃၂။ မှတ်ပုံတင်အရာရှိချုပ်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
1,311,976 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (က) မြို့နယ်မှတ်ပုံတင်အရာရှိ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်း၊ |
1,311,977 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ခ) အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ မြို့နယ်မှတ်ပုံ တင် အရာရှိ၏ စိစစ် တင်ပြချက်ကို အဆုံးအဖြတ်ပေးခြင်း၊ |
1,311,978 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဂ) အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားလာလျှင် လျှောက်ထားမှုကို လက်ခံရရှိသည့်နေ့မှ ရက် ပေါင်း ၃၀ အတွင်း မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးခြင်း၊ |
1,311,979 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဃ) လိမ်လည်၍သော်လည်းကောင်း၊ မှားယွင်း၍သော်လည်းကောင်း အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့လျှင်ဖြစ်စေ၊ အလုပ်သမားအဖွဲ့အစည်းအဖြစ် ဆောင်ရွက်ရန်မဟုတ်ဘဲ အခြားရည်ရွယ်ချက် ဖြင့် လုပ်ဆောင်ရန် မှတ်ပုံတင်ခဲ့လျှင်ဖြစ်စေ အလုပ်သမားအဖွဲ့အစည်းတစ်ခုအား မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ရေးအတွက် တရားစွဲဆိုရန် သက်ဆိုင်ရာမြို့နယ် မှတ်ပုံတင် အရာရ... |
1,311,980 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (င) အလုပ်သမားအဖွဲ့အစည်း၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသော ပေါင်းစည်းဆက်သွယ်ထားသည့် အလုပ်သမား အဖွဲ့အစည်းများက တောင်းဆိုလျှင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နှင့် အလုပ်သမားအဖွဲ့ချုပ်များ၏နှစ်ချုပ်စာရင်းများကို စစ်ဆေးခြင်းနှင့် အလုပ်သမားအဖွဲ့အစည်းအဆင့် ဆင့်၏ နှစ်ချုပ်စာရင်းများကို စစ်ဆေးစေခြင်း၊ |
1,311,981 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (စ) အလုပ်သမားအဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ပူးပေါင်းခြင်း သို့မဟုတ် ပူးပေါင်းထားသော အလုပ်သမား အဖွဲ့အစည်းမှ ပြန်လည် ခွဲထွက်ခြင်းပြုရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ မြို့နယ်မှတ်ပုံတင်အရာရှိ၏ စိစစ်တင်ပြချက်ကို အဆုံးအဖြတ် ပေးခြင်း၊ |
1,311,982 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဆ) အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားခြင်းကို ပုဒ်မ ၃၃ ပါအကြောင်းတစ်ရပ်ရပ်အရ ပယ်ဖျက်ရန် မြို့နယ်မှတ် ပုံတင်အရာရှိ၏တင်ပြချက်နှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးခြင်း။ |
1,311,983 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၃၃။ အောက်ဖော်ပြပါ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်ခဲ့လျှင် မှတ်ပုံတင်အရာရှိချုပ်သည် အလုပ်သမား အဖွဲ့အစည်းတစ်ခုအား မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်နိုင်သည်- |
1,311,984 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (က) အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပေးရန် သက်ဆိုင်ရာအလုပ် အမှုဆောင်အဖွဲ့က လျှောက်ထားခြင်း၊ |
1,311,985 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ခ) သတ်မှတ်ထားသည့် အနည်းဆုံးအလုပ်သမားဦးရေ သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းဦးရေ ပြည့်မီမှု မရှိတော့ကြောင်း စိစစ်တွေ့ရှိခြင်း။ |
1,311,986 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | အခန်း(၉) မှတ်ပုံတင်အရာရှိချုပ်၏ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ လျှောက်ထားခြင်း |
1,311,987 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၃၄။ အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန် ငြင်းပယ်ကြောင်း သို့မဟုတ် အလုပ်သမား အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခြင်းကို ပယ်ဖျက်ကြောင်း မှတ်ပုံတင်အရာရှိချုပ်က ချမှတ်သည့်အမိန့်ကို မကျေနပ်သူသည် တည်ဆဲဥပဒေနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားနိုင်သည်။ |
1,311,988 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၃၅။ မှတ်ပုံတင်အရာရှိချုပ်၏ ဆုံးဖြတ်ချက်သည် ယင်းဆုံးဖြတ်ချက်ကို ချမှတ်သည့် နေ့မှ ရက် ၉၀ ပြည့်မြောက်သည့် အချိန် ထိလည်းကောင်း၊ မကျေနပ်သူက ပုဒ်မ ၃၄ အရ ပြည်ထောင်စုတရားလွှတ် တော်ချုပ်သို့ လျှောက်ထားမှုပြုခဲ့လျှင် ယင်းတရား လွှတ်တော်ချုပ်၏ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ် သည့်အချိန်ထိ လည်းကောင်း အကျိုးသက်ရောက်ခြင်းမရှိစေရ။ |
1,311,989 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | အခန်း(၁၀) မြို့နယ်မှတ်ပုံတင်အရာရှိ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ |
1,311,990 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | ၃၆။ မြို့နယ်မှတ်ပုံတင်အရာရှိ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
1,311,991 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (က) အလုပ်သမားအဖွဲ့အစည်းအဖြစ်မှတ်ပုံတင်ပေးရန် လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ စိစစ်၍ မှတ်ပုံတင် အရာရှိချုပ်ထံ တင်ပြခြင်း၊ |
1,311,992 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ခ) ပုဒ်မခွဲ (က) အရ စိစစ်ရာတွင် လိုအပ်ချက်များတွေ့ရှိပါက သက်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းထံမှ တောင်းခံခြင်းနှင့် ယင်းသို့ တောင်းခံနေစဉ်ကာလအတွင်း မှတ်ပုံတင်ခွင့်ပြုရေးကိစ္စကို ဆိုင်းငံ့ထားခြင်း၊ |
1,311,993 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဂ) အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင် အရာရှိချုပ်၏ ဆုံးဖြတ် ချက်ကို သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းအားအကြောင်းကြားခြင်း၊ |
1,311,994 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဃ) မှတ်ပုံတင်အရာရှိချုပ်က မှတ်ပုံတင်ခွင့်ပြုသော အလုပ်သမားအဖွဲ့အစည်းအား မှတ်ပုံတင် လက်မှတ်ပေးအပ်ခြင်း၊ |
1,311,995 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (င) သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း၏ နှစ်ချုပ်အဖွဲ့ဝင်အင်အားစာရင်းနှင့် နှစ်ချုပ်ငွေစာရင်း တို့ကို လက်ခံထိန်းသိမ်း ခြင်း၊ |
1,311,996 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (စ) အလုပ်သမားအဖွဲ့အစည်းများ၏ ပူးပေါင်းရန် သို့မဟုတ် ခွဲထွက်ရန် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ သတ်မှတ်ချက် များနှင့်အညီ စိစစ်ပြီး မှတ်ပုံတင်အရာရှိချုပ်ထံ တင်ပြခြင်း၊ |
1,311,997 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဆ) ပုဒ်မခွဲ (စ) အရ တင်ပြချက်နှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိချုပ်၏ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အ စည်းအား အကြောင်းကြားခြင်း၊ |
1,311,998 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဇ) အလုပ်သမားအဖွဲ့အစည်းအဖြစ်မှတ်ပုံတင်ထားခြင်းကို ပုဒ်မ ၃၃ ပါအကြောင်း တစ်ရပ်ရပ်အရ ပယ်ဖျက်ရန် မှတ်ပုံတင် အရာရှိချုပ်ထံ တင်ပြခြင်း၊ |
1,311,999 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ဈ) ဤဥပဒေ ပုဒ်မ ၃၂၊ ပုဒ်မခွဲ (ဃ) အရ မှတ်ပုံတင်အရာရှိချုပ်၏ ညွှန်ကြားချက်နှင့်အညီ အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ရေးအတွက် သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင် တရားစွဲဆိုခြင်း၊ |
1,312,000 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ | အလုပ်သမားအဖွဲ့အစည်းဥပဒေ | (ည) မှတ်ပုံတင်အရာရှိချုပ်က အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.