id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,311,801
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုဆင်သည် အမှုလုပ်ပြီးလျှင် မြစ်သို့သက်ပြီး၍ ရေချိုး၍ကစား၍ လာ၏။
1,311,802
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
လက်သ္မားတို့၏ သားငယ်တို့သည်လည်း ထိုဆင်ကို နှာမောင်း အစရှိသည်တို့၌ဖက်ကုန်၍ ရေ၌၎င်း ကြည်း၌၎င်း ထိုဆင်ငယ်နှင့်တကွ ကစားကြကုန်၏။
1,311,803
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
စင်စစ်သဖြင့် အာဇာနည်ဖြစ်ကုန်သော ဆင်တို့သည်၎င်း မြင်းတို့သည်၎င်း ယောက်ျားတို့သည်၎င်း ရေ၌ ကျင်ကြီးကို၎င်း ကျင်ငယ်ကို၎င်း မစွန့်ကုန်၊ ထို့ကြောင့် ထိုဆင်ငယ်သည်လည်း ရေ၌ ကျင်ကြီး ကျင်ငယ်ကို မစွန့်မူ၍ မြစ်ကမ်းမှ အပ၌သာလျှင် စွန့်၏။
1,311,804
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုအခါ တနေ့သ၌ မြစ်ညာ၌ မိုဃ်းရွာ၏။
1,311,805
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုသို့ရွာသည်ရှိသော် ဆင်ချေးခြောက်တို့သည် မိုယ်ရေကြောင့် မြစ်သို့သက်ကုန် မျောကုန်၏။
1,311,806
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဗာရာဏသီမြို့ထိပ်တွင် ချုံတခု၌ ငြိ၍တည်၏။
1,311,807
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုအခါ ဗာရာဏသီမင်း၏ ဆင်ထိန်းတို့သည် ဆင်တို့ကို ရေချိုးကုန်အံ့ဟု ဆင်ငါးရာတို့ကိုဆောင်ကြကုန်၏။
1,311,808
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
အာဇာနည်ဆင်၏ အနံ့နံခြင်းကြောင့် တစီးသောဆင်မျှသည်လည်း မြစ်သို့သက်အံ့သောငှ မဝံ့၊ အလုံးစုံသော ဆင်တို့သည်လည်း အမြီးကိုထောင်၍ ပြေးအံ့သောငှါ အားထုတ်ကုန်၏။
1,311,809
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဆင်ထိန်းတို့သည် ဆင်ဆရာတို့အား ကြားကုန်၏။
1,311,810
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုဆင်ဆရာတို့သည် ရေ၌ ဘေးရန်ရှိသည် ဖြစ်ရာ၏ဟု ရေကိုသုတ်သင်စေကုန်၍ ထိုချုံ၌ ထိုအာဇာနည်ဆင်ချေးကိုမြင်ကုန်၍ ဤဆင်ချေးသည်ကား ဤရေ၌ ဆင်တို့သည် မဆင်းဝံ့သောအကြောင်းတည်းဟု သိကုန်၍ ရေအိုးကိုဆောင်၍ ရေဖြင့်ပြည့်စေပြီးလျှင် ထိုဆင်ချေးကို ထိုရေ၌ဖျော်ကုန်၍ ဆင်တို့ကိုယ်တို့၌ သွန်စေကုန်၏။
1,311,811
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ကိုယ်တို့သည် မွှေးကြိုင်ကုန်သည်ဖြစ်ကုန်၏။
1,311,812
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုကာလ၌ ထိုဆင်တို့သည် မြစ်သို့သက်ကုန်၍ ရေချိုးကုန်၏
1,311,813
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဆင်ဆရာတို့သည် မင်းအား ထိုအကြောင်းကို ကြားလျှောက်ကုန်၍ မြတ်သောမင်းကြီး ထိုဆင်အာဇာနည်ကိုရှာ၍ ဆောင်အံ့သောငှါ သင့်၏ဟု လျှောက်ကုန်၏။
1,311,814
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
မင်းသည် မြစ်သို့သွားလေ၍ အညာသို့ဆန်ကုန်သော် လှေဘောင်တို့ဖြင့်လက်သ္မားတို့၏ နေရာအရပ်သို့ ရောက်၏။
1,311,815
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဆင်သူငယ်သည် မြစ်၌ကစားစဉ် စည်သံကိုကြား၍ သွားလေ၍ လက်သ္မားတို့၏ အထံ၌ တည်၏။
1,311,816
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
လက်သ္မားတို့သည် မင်းအား ခရီးဦးကြိုပြုခြင်းကို ပြုကုန်၍ မြတ်သောမင်းကြီး သစ်တို့ဖြင့် အကယ်၍ အလိုတော်ရှိသည်ဖြစ်အံ့၊ ဤသို့ အလိုတော်ရှိလတ်သော် အဘယ်အကြောင်းကြောင့် ကြွတော်မူလာသနည်း စေတော်မူ၍ တင်စိမ့်သောငှါ သင့်၏ဟု လျောက်ကုန်၏။
1,311,817
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
အချင်းတို့ သစ်တို့၏အကျိုးငှါ မလာ၊ ဤဆင်၏ အကျိုးငှာသာ လာ၏ဟု ဆိုသည်ရှိသော် မြတ်သော မင်းကြီး ယူတော်မူ၍ ကြွတော်မူလော့ဟု လျှောက်ကုန်၏။
1,311,818
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဆင်ငယ်သည် မလိုက်လို၊ အချင်းတို့ ဆင်ငယ်သည် အသို့ပြုစေလိုသနည်းဟု ဆို၏။
1,311,819
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
မြတ်သောမင်းကြီး ဆင်သည် လက်သ္မားတို့အား မွေးကျေးဇူးကိုဆပ်စေလို၏ဟု လျှောက်ကုန်၏။
1,311,820
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
မင်းသည် ဆင်၏ ခြေလေးချောင်းတို့၏၎င်း နှာမောင်း၏၎င်း အမြီး၏၎င်း အနီး၌ တသိန်း တသိန်းကုန်သော အသပြာတို့ကို ထားစေ၏။
1,311,821
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဆင်သည် ဤမျှလောက်သော ဥစ္စာကို ထားကာမျှဖြင့်လည်းမလိုက်မူ၍ ခပ်သိမ်းကုန်သော လက်သ္မားတို့အား ပုဆိုးအစုတို့ကို, လက်သ္မားတို့၏မယားတို့အား ဝတ်စရာအဝတ်တို့ကို ပေးကုန်သည် ရှိသော် ဤမျှဖြင့်လည်း မလိုက်မူ၍ မိမိနှင့်တကွ ကစားဘော်သူငယ်တို့အားလည်း ပေးကမ်းချီးမြှောက်ခြင်းကို ပြုသည်ရှိသော် လက်သ္မားတို့ကို၎င်း မိန်းမတို့ကို၎င်း သူငယ်တို့ကိ...
1,311,822
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
မင်းသည် ထိုဆင်ဖြူကိုယူ၍ မြို့သို့သွား၍ မြို့ကို၎င်း ဆင်တင်းကုပ်ကို၎င်း တန်ဆာဆင်စေ၍ ဆင်ကိုမှီ၍ လက်ျာရစ် လှည့်သည်ကို ပြုစေပြီးလျှင် ဆင်တင်းကုပ်သို့သွင်း၍ ခပ်သိမ်းကုန်သော တန်ဆာတို့ဖြင့် တန်ဆာဆင်၍ အဘိသိက် သွန်းပြီးလျှင် မင်္ဂလာဆင်တော်ပြု၍ မိမိ၏ အဆွေ ခင်ပွန်းအရာ၌ထား၍ ပြည်ထက်ဝက်ကို ဆင်အားပေး၍ မိမိနှင့် ပူဇော် သက္ကာရ အမျှခံစေ...
1,311,823
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုဆင်ရောက်သော ကာလမှစ၍ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းအဖြစ်သည် ဗာရာဏသီမင်း၏ လက်သို့ ရောက်သည်သာလျှင် ဖြစ်၏။
1,311,824
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဤသို့ အချိန်ကာလရှည်မြင့်လတ်သော် ဘုရားလောင်းသည် ထိုဗာရာဏသီမင်း၏ မိဖုယားကြီးဝမ်း၌ ပဋိသန္ဓေ နေ၏။
1,311,825
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုမိဖုယား၏ ကိုယ်ဝန်ရသောကာလ၌ မင်းသည် သေလွန်၏။
1,311,826
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
မင်္ဂလာဆင်ဖြူသည်ကား မင်း၏သေလွန်သည်၏အဖြစ်ကို အကယ်၍သိငြားအံ့၊ ထိုတင်းကုပ်၌သာလျှင် မင်္ဂလာဆင်ဖြူ၏ နှလုံးသည် ကွဲလေရာ၏။
1,311,827
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထို့ကြောင့် မင်္ဂလာဆင်ကို မင်းသေလွန်သည်၏အဖြစ်ကို မသိစေကုန်မူ၍သာလျှင် လုပ်ကျွေးကြကုန်၏။
1,311,828
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
မင်းသေလွန်သည်၏အဖြစ်ကိုကားကြား၍ ဗာရာဏသီပြည်သည် အချည်းနှီးဖြစ်သတတ်ဟု အခြားမဲ့ဖြစ်သော မြို့အနီး၌နေသော ကောသလမင်းသည် များစွာသော စစ်သည်ဗိုလ်ပါဖြင့် လာလတ်၍ ဗာရာဏသီမြို့ကို ဝန်းရံ၏။
1,311,829
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
မြို့တံခါးတို့ကိုပိတ်ကုန်၍ ကောသလမင်းအား သတင်းစကားကို စေကုန်၏။
1,311,830
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
အဘယ်သို့ စေကုန်သနည်းဟူမူကား ငါတို့မင်း၏ မိဖုယားမြတ်သည် ပြည့်သောကိုယ်ဝန် ရှိ၏။
1,311,831
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ သားတော်ဖွားမြင်လတ္တံ့ဟု လက်ခြေအစရှိသော ကိုယ်အစိတ်ကိုကြည့်၍ ဤသူအား ဤသို့ဖြစ်လတ္တံ့စသည်ဖြင့် အကျိုးအပြစ်ကို ဟောစွမ်းနိုင်ကုန်သော ပုဏ္ဏားတို့သည်ဆိုကုန်၏။
1,311,832
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုမိဖုယားမြတ်သည် အကယ်၍ သားဖွားမြင်သည် ဖြစ်အံ့၊ ခုနစ်ရက်မြောက်သောနေ့၌ ငါတို့ စစ်ထိုးကြကုန်အံ့၊ ပြည်ကို ငါတို့ မပေးကုန်အံ့၊ ဤမျှလောက်သော ကာလပတ်လုံး ငံလင့်ကုန်ဦးဟု စေကုန်၏။
1,311,833
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ကောသလမင်းသည်ကောင်းပြီဟု ဝန်ခံ၏။
1,311,834
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
မိဖုယားသည် ခုနစ်ရက်မြောက်သောနေ့၌ သားဖွားမြင်၏။
1,311,835
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုမင်းသား၏ အမည်မှည့်သောနေ့၌ကား အကြင်မင်းသားသည် လူများ၏ တွန့်တိုဆုတ်နစ်ခြင်းကင်း၍ ရဲတင်းသောစိတ်ကိုယူလျက် ဖွား၏။
1,311,836
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထို့ကြောင့် ထိုမင်းသားအား အလီနစိတ္တမင်းသားဟူသော အမည်ကိုသာလျှင် မည့်ကုန်၏။
1,311,837
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုဘုရားလောင်း၏ ဖွားသောနေ့မှ စ၍သာလျှင် ဗာရာဏသီမြိုသူတို့သည် ကောသလမင်းနှင့်တကွ စစ်ထိုးကြကုန်၏။
1,311,838
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
စစ်သည်အပေါင်း၏ အကြီးမရှိသည်၏အဖြစ်ကြောင့် ဗိုလ်ပါသည် များပါလျှက်လည်း စစ်ထိုးကြသည်ရှိသော် စဉ်းငယ် စဉ်းငယ် ဆုတ်နစ်၏။
1,311,839
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
အမတ်တို့သည် မိဖုယားအား ထိုအကြောင်းကို ကြားကုန်၍ ဤသို့ဗိုလ်ပါသည် ဆုတ်နစ်သည်ရှိသော် ရှုံးအံ့သည်မှ အကျွန်ုပ်တို့ ကြောက်ကုန်၏။
1,311,840
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ငါတို့ မင်း၏ကား စုတေသည်၏အဖြစ်ကို၎င်း၊ သားဖွားသည်၏ အဖြစ်ကို၎င်း၊ ကောသလမင်း၏ လာလတ်၍ စစ်ထိုးသည်၏ အဖြစ်ကို၎င်း မင်းမြတ်၏ အဆွေတော်ဖြစ်သော မင်္ဂလာဆင်တော်သည် မသိသေး၊ ထိုမင်္ဂလာ ဆင်တော်ကို သိစေကုန်အံ့ဟု ပန်ကြားကုန်၏။
1,311,841
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
မိဖုယားသည် ကောင်းပြီဟု ဝန်ခံ၍ သားတော်ကို တန်ဆာဆင်စေပြီးလျှင် ဘွဲ့ဖြူပုဆိုးအခင်း၌ အိပ်စေ၍ ပြာသာဒ်ထက်မှသက်၍ အမတ်အပေါင်းခြံရံအပ်သည်ဖြစ်၍ ဆင်တင်းကုပ်သို့သွား၍ ဘုရားလောင်းကို ဆင်၏ ခြေရင်း၌အိပ်စေ၍ အရှင်သင်၏အဆွေတော်သည် သေလွန်ပြီ၊ သင်တို့အား နှလုံးကွဲအံ့သည်မှ စိုးသောကြောင့် ငါတို့မကြားကုန်။
1,311,842
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဤသူငယ်သည် သင့်အဆွေတော်၏ သားတော်တည်း၊ ကောသလမင်းသည် လာလတ်၍ မြို့ကိုဝန်းရံ၍ သင့်သားနှင့်တကွ စစ်ထိုး၏။
1,311,843
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ငါတို့ဗိုလ်ပါသည် ဆုတ်နစ်၏။
1,311,844
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
သင့်သားကို သင်သည်သာလျှင် စောင့်ရှောက်ပါလော့ ထိုသင့်သားအား မင်းအဖြစ်ကိုလည်း ယူ၍ ပေးပါလော့ဟု ဆို၏။
1,311,845
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုကာလ၌ ဆင်သည် ဘုရားလောင်းကို နှာမောင်းဖြင့်သုံးသပ်ပြီးလျှင်ချီ၍ ဦးကင်း၌ထား၍ ငိုပြီးလျှင် ဘုရားလောင်းကိုချ၍ မိဖုယား၏လက်၌အိပ်စေ၍ ကောသလမင်းကို ဖမ်းအံ့ဟူ၍ ဆင်တင်းကုပ်မှ ထွက်၏။
1,311,846
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုအခါ၌ အမတ်တို့သည် ချပ်မိန်ကိုဝတ်ကုန်၍ ဆင်အားတန်ဆာဆင်ကုန်၍ မြို့တံခါးကိုဘွင့်ကုန်၍ ထိုဆင်ကိုခြံရံ၍ ထွက်ကြကုန်၏။
1,311,847
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဆင်သည် မြို့မှထွက်၍ ကြိုးကြာသံနှင့်တူသော ဟည်းသံကိုပြု၍ လူများကိုထိတ်လန့်စေ၍ ပြေးစေပြီးလျှင် ဗိုလ်ထုကိုဖျက်ဆီး၍ ကောသလမင်းကို ဥယျာင်၌ ဆွဲ၍ ဆောင်ခဲ့ပြီးလျှင် ဘုရားလောင်း၏ ခြေရင်း၌ဝပ်စေ၍ သတ်အံ့သောငှါ လာကုန်သောသူတို့ကို တားမြစ်၍ ဤနေ့မှစ၍ မမေ့မလျော့ ဖြစ်လေလော့၊ မင်းသားသည် ငယ်သေး၏ဟူသောအမှတ်ကို မပြုလေလင့်ဟု ဆုံးမ၍ လွှတ်လိုက်၏။
1,311,848
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထိုနေ့မှစ၍ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းအဖြစ်သည် ဘုရားလောင်း၏လက်သို့ ရောက်သည်သာလျှင် ဖြစ်၏။
1,311,849
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ထအံ့သောငှါ စွမ်းနိုင်သော တပါးသော ဆန့်ကျင်ဘက် ရန်သူမည်သည်ကား မရှိ၊ ဘုရားလောင်းသည် ခုနစ်နှစ်မြောက်သောကာလ၌ အဘိသိက်သွန်းခြင်းကိုရ၍ အလီနစိတ္တမည်သောမင်းသည် ဖြစ်၍ တရားသဖြင့်မင်းပြု၍ အသက်၏ အဆုံး၌ နတ်ပြည်ကိုပြည့်စေ၏။
1,311,850
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
၁၁။ အလီနစိတ္တံ နိဿယ၊ ပဟဋ္ဌာ မဟတီ စမူ။
1,311,851
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ကောသလံ သေနာ သန္တုဋ္ဌံ၊ ဇီဝဂ္ဂါဟံ အဂါဟယိ။
1,311,852
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဘာဝယံ ကုသလံ ဓမ္မံ၊ ယောဂက္ခမဿ ပတ္တိယာ။
1,311,853
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
၁၁။ ဘိက္ခု၊ ရဟန်း။
1,311,854
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
စမူ၊ ဗာရာဏသီစစ်သည် အပေါင်းသည်။
1,311,855
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
အလီနစိတ္တံ၊ အလီနစိတ္တ မင်းသားကို။
1,311,856
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
နိဿာယ၊ အမှီရ၍။
1,311,857
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ပဝေဏိရံ၊ အနွယ်အဆက်ဖြစ်သော တိုင်းပြည်ကို။
1,311,858
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
လဒ္ဓံ၊ ရပေသတည်းဟူ၍။
1,311,859
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ပဟဋ္ဌာ၊ ရွှင်ရွှင်လန်းလန်း။
1,311,860
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
အသန္တုဋ္ဌံ၊ ပြည်ဖြင့် မရောင့်ရဲသော။
1,311,861
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
သေနံ၊ စစ်အင်္ဂါရှိသော။
1,311,862
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
အဂါဟယိ ယထာ၊ ဆင်ကိုဖမ်းစေသကဲ့သို့။
1,311,863
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ယောဂက္ခေမဿ၊ ယောဂတရားလေးပါးတို့မှ ကင်းရာဖြစ်သော နိဗ္ဗာန်သို့။
1,311,864
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ပတ္တိယာ၊ ရောက်စိမ့်သောငှါ။
1,311,865
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ကုသလံ၊ အပြစ်မရှိ ကောင်းကျိုးချမ်းသာကို ပေးခြင်းလက္ခဏာရှိသော။
1,311,866
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဓမ္မံ၊ သုံးဆယ့်ခုနှစ်ပါးသော ဗောဓိပက္ခိယတရားကို။
1,311,867
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဘာဝယံ - ဘာဝယန္တော၊ ပွားစေသော။
1,311,868
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
နိဿယသမ္ပန္နော၊ ကလျာဏမိတ္တတည်းဟူသော အမှီကောင်းနှင့် ပြည့်စုံသော။
1,311,869
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော လေးပါးသော အပြစ်ကင်းသော ဝီရိယနှင့်ပြည့်စုံသော။
1,311,870
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဘိက္ခု၊ ဖြူစင်သော သီလရှိသော ပုဂ္ဂိုလ်သည်။
1,311,871
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
အနုပုဗ္ဗေန၊ ဝိပဿနာပြုသည်မှစ၍ အစဉ်သဖြင့်။
1,311,872
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်ဆယ်ပါးတို့၏ ကုန်ခြင်း၏ အဆုံး၌ဖြစ်သော အရဟတ္တဖိုလ်သို့။
1,311,873
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ဇာတ်ပေါင်း... ဤသို့ သဗ္ဗညူမြတ်စွာဘုရားသည် သေခြင်းကင်းရာနိဗ္ဗာန်ဖြင့် ဓမ္မဒေသနာ၏ အထွတ်ကိုယူတော်မူ၍ အလွန်လည်း သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။
1,311,874
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
သစ္စာကို ပြတော်မူသောအဆုံး၌ လုံ့လကိုလျော့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။
1,311,875
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
အဘယ်သို့ ဇာတ်ကိုပေါင်းသနည်းဟူမူကား ယခုအခါ မဟာမာယာသည် ထိုအခါ မယ်တော် ဖြစ်ဘူးပြီ၊ ယခုအခါ သုဒ္ဓေါဒနမင်းကြီးသည် ထိုအခါ ခမည်းတော် ဖြစ်ဘူးပြီ၊ ယခုအခါ လုံ့လကိုလျော့သော ရဟန်းသည် ထိုအခါ မင်းအဖြစ်ကိုယူ၍ပေးတတ်သော ဆင်ဖြူ ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဆင်ဖြူရတနာ၏အဘဖြစ်သော ဆင်ဖြူ ဖြစ်ဘူးပြီ၊ ယခုအခါမောဂ္ဂလာန်သည် ထိုအခါ မြိ...
1,311,876
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
လုံ့လတန်ခိုး၊ ပြည်လုံးစိုး၊ အကျိုးကြီးလှဘိ
1,311,877
ဇာတ်နိပါတ်, မြန်မာဘာသာ
အလီနစိတ္တဇာတ်
ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော အလီနစိတ္တဇာတ်သည် ပြီး၏။
1,311,878
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄ နှင့်အညီ အလုပ်သမား များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်လည်းကောင်း၊ အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား ဆက်ဆံရေး ကောင်းမွန်စေရန်လည်းကောင်း၊ အလုပ်သမားအဖွဲ့အ စည်းများကို စနစ်တကျနှင့် လွတ်လပ်စွာဖွဲ့စည်း ဆောင်ရွက်နိုင်ရန်လည်းကောင်း...
1,311,879
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၁။ (က) ဤဥပဒေကို အလုပ်သမားအဖွဲ့အစည်းဥပဒေဟု ခေါ်တွင်စေရမည်။
1,311,880
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာ ဏာတည်ရမည်။
1,311,881
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(က) အလုပ်သမား ဆိုသည်မှာ နေ့စားအလုပ်သမား၊ ယာယီအလုပ်သမား၊ စိုက်ပျိုးရေးအလုပ်သမား၊ အိမ်အကူအလုပ်သမား၊ အစိုးရဝန်ထမ်း၊ အလုပ်သင်တို့ အပါအဝင် စီးပွားရေးလုပ်ငန်းတစ်ခုတွင်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်းအတွက်ဖြစ်စေ မိမိ၏ လုပ်အားအပေါ်အားကိုးအားထားပြု လုပ်ကိုင်နေသူကို ဆိုသည်။
1,311,882
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
ယင်းစကားရပ်၌ တပ်မတော်သား၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် သို့မဟုတ် တပ်မတော်၏ ကွပ်ကဲ မှုအောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းဝင်တို့မပါဝင်။
1,311,883
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ခ) အလုပ်ရှင် ဆိုသည်မှာ လုပ်ငန်းတစ်ခုခုတွင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်အရ နှစ်ဦး နှစ်ဖက် သဘောတူညီသော အခကြေးငွေဖြင့် အလုပ်သမားတစ်ဦးကို ဖြစ်စေ၊ အများကိုဖြစ်စေ ငှားရမ်း လုပ်ကိုင်၍ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း စီမံကွပ်ကဲအုပ်ချုပ်ပြီး အ လုပ်သမားကို လုပ်ခပေးရန် တာဝန်ရှိသူကို ဆိုသည်။
1,311,884
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
ယင်းစကားရပ်များတွင် အလုပ်ရှင်၏ တရားဝင်စီ မံခန့်ခွဲမှုဆိုင်ရာ ကိုယ်စားလှယ်လည်း အကျုံးဝင်သည်။
1,311,885
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ဂ) လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ နိုင်ငံ ပိုင် သို့မဟုတ် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများနှင့် ယင်းတို့၏ ထုတ်လုပ်မှုလုပ်ငန်း၊ ဆောက် လုပ်မှုလုပ်ငန်း၊ ပြုပြင်ပြောင်းလဲမှု လုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်မှုလုပ်ငန်း၊ ဝန် ဆောင်မှုလုပ်ငန်း သို့မဟု...
1,311,886
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
ယင်းစကား ရပ်တွင် အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများလည်းပါဝင်သည်။
1,311,887
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ဃ) ဝန်ဆောင်မှုလုပ်ငန်း ဆိုရာတွင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနှင့် အများပြည်သူနှင့် သက်ဆိုင်ခြင်းမရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများပါဝင်သည်။
1,311,888
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(င) အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အောက်ဖော်ပြပါ လုပ်ငန်းများကို ဆိုသည်-
1,311,889
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၁) သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊
1,311,890
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၂) ဆိပ်ကမ်းလုပ်ငန်းနှင့် ဆိပ်ကမ်းကုန်တင်ကုန်ချလုပ်ငန်း၊
1,311,891
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၃) စာတိုက်၊ တဲလက်စ် သို့မဟုတ် ဖက်(စ်) လုပ်ငန်း၊
1,311,892
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၄) သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာလုပ်ငန်း၊
1,311,893
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၅) အများပြည်သူတို့အတွက် ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းဖြန့်ဖြူးသည့်လုပ်ငန်း၊
1,311,894
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၆) အညစ်အကြေးသိမ်းဆည်းရေး သို့မဟုတ် ကျန်းမာသန့်ရှင်းရေးလုပ်ငန်း၊
1,311,895
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၇) အများပြည်သူတို့အား လျှပ်စစ်ဓာတ်အား သို့မဟုတ် လောင်စာစွမ်းအင်ထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူး သည့်လုပ်ငန်း၊
1,311,896
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၈) အများပြည်သူဆိုင်ရာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊
1,311,897
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၉) ပြည်ထောင်စုအစိုးရက အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဟု အခါအားလျော်စွာ သတ်မှတ် သည့်လုပ်ငန်း။
1,311,898
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(စ) အလုပ်ပိတ်ခြင်း ဆိုသည်မှာ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတစ်ခုခုတွင် ညှိနှိုင်း၍မရနိုင် သည့် အခြေအနေ၌ အလုပ်ရှင်က လုပ်ငန်းတစ်ခုခု၏ အလုပ်လုပ်သောနေရာကို ယာယီပိတ်ခြင်း၊ အလုပ် ကို ခေတ္တရပ်ဆိုင်းထားခြင်း သို့မဟုတ် အလုပ်ခွင်ရှိ အလုပ်သမားများအား ဆက်လက်အလုပ်လုပ်ခွင့် မပြုခြင်းကိုဆိုသည်။
1,311,899
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ဆ) သပိတ်မှောက်ခြင်း ဆိုသည်မှာ အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုတစ်ခုခုတွင် ညှိနှိုင်း၍မ ရနိုင်သည့် အခြေအနေ၌ လူမှုရေး သို့မဟုတ် အလုပ်အကိုင်ဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ အလုပ်သမား အချို့ကဖြစ်စေ၊ အားလုံးကဖြစ်စေ ဆုံးဖြတ်၍ အလုပ်ရပ်ဆိုင်းခြင်း၊ အလုပ်လုပ်ကိုင်ရန်ဖြစ်စေ၊ အလုပ် ဆက်လက်လုပ်ကိုင်ရန်ဖြစ်စေ ငြင်းဆန်ခြင်း၊ အလု...
1,311,900
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
ယင်းစကားရပ်တွင် အလုပ်သမားများ၏ အသက် သို့မဟုတ် ကျန်း မာရေးအပေါ် ရုတ်တရက် ပြင်းထန်စွာ အန္တရာယ်ကျရောက်မည်ဟု ယုတ္တိတန်စွာ ယုံကြည်သည့် အ ကြောင်းကြောင့် လုပ်ငန်းခွင်မှ ထွက်ခွာသွားနိုင်သော ယင်းတို့၏ အခွင့်အရေးကို ကျင့်သုံးခြင်း မပါဝင်။