id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,315,101 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါ့ရဲ့ သီတင်းသုံးဖော်တွေကတော့ ဝိသုဒ္ဓိပဝါရဏာ ပြုနေကြပြီ။ |
1,315,102 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တေဿဝံ စိန္တယတော အဿုဓာရာ ပဝတ္တန္တိ။ |
1,315,103 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဒီ၊ဋ္ဌ၊၂၊၃၂၁။ |
1,315,104 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စိန္တယတော = ကြံစည်စိတ်ကူးလျက်ရှိသော။ |
1,315,105 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တဿ = ထိုမဟာသီဝမထေရ်မြတ်ကြီး၏သန္တာန်၌။ |
1,315,106 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဿုဓာရာ = မျက်ရည်အလျဉ် တို့သည်။ |
1,315,107 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဝတ္တန္တိ = စီးဆင်း၍ ကျလာကုန်၏။ |
1,315,108 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို စဉ်းစားလိုက်တဲ့ အချိန်အခါမှာ ဝမ်းနည်းပြီးတော့ မျက်ရည်တွေ ကျလာတယ်တဲ့။ |
1,315,109 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို မျက်ရည်ကျတာ ဒါယကာကြီး ဒါယိကာမကြီးတွေ ကောင်းလား, မကောင်းဘူးလား ဘယ်လို ဖြေကြမလဲ? ကောင်းတယ်။ |
1,315,110 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာဖြစ်လို့ ကောင်းသလဲ? နာမည်ကျော်ဖြစ်တဲ့ ဒါယကာတော် သိကြားမင်းကို မြတ်စွာဘုရား ဟောကြားပေးတော်မူတဲ့ သက္ကပဥှသုတ္တန်မှာ --- |
1,315,111 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒေါမနဿံပါဟံ ဒေဝါနမိန္ဒ ဒုဝိဓေန ဝဒါမိ သေဝိတဗ္ဗမ္ပိ အသေဝိတဗ္ဗမ္ပိ။ |
1,315,112 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဒီ၊၂၊၂၂၂။ |
1,315,113 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) စသည်ဖြင့် ဒေါမနဿဝေဒနာသည် သေဝိတဗ္ဗ အသေဝိတဗ္ဗ (= မှီဝဲအပ်တဲ့ ဒေါမနဿဝေဒနာ, မမှီဝဲအပ်တဲ့ ဒေါမနဿဝေဒနာ)ဆိုပြီး (၂)မျိုး ခွဲပြီး မြတ်စွာဘုရား ဟောထားတော်မူပါတယ်။ |
1,315,114 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ မှီဝဲအပ်တဲ့ ဒေါမနဿဝေဒနာဆိုတာက မဟာသီဝမထေရ်ကြီးတို့ကဲ့သို့သော မထေရ်မြတ်ကြီးတွေရဲ့ သန္တာန်မှာ ယခုလို တရား မရခြင်းကြောင့် ဝမ်းနည်းကြေကွဲပြီးတော့ ငိုရတဲ့ မျက်ရည်မျိုးကို ဆိုလိုပါတယ်တဲ့။ |
1,315,115 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မမှီဝဲအပ်တဲ့ ဒေါမနဿဝေဒနာကတော့ ဘယ်လိုဟာမျိုးလဲ? ငမူးရိုက်လို့ ငိုရတဲ့မျက်ရည်မျိုးတဲ့။ |
1,315,116 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါယိကာမကြီးတွေ ဟုတ်သလား? ဒါယိကာမကြီးတွေက ငမူးရိုက်တာကျတော့ အင်မတန် သဘောကျကြတယ်။ |
1,315,117 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တရား မရတာကျတော့ ငိုချင်တဲ့စိတ်ထား မရှိကြဘူး။ |
1,315,118 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တရား မရလျှင် ချက်ချင်း ငမူးဆီ ပြန်ပြေးတာပဲ။ |
1,315,119 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီမဟာသီဝမထေရ်ကြီးကတော့ တရား မရလို့ ငိုပြီးတဲ့အခါကျတော့ ဘာလုပ်သလဲ? |
1,315,120 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တတော န မေဉ္စ မယှံ စတူဟိ ဣရိယာပထေဟိ မဂ္ဂဖလံ ဥပ္ပဇ္ဇိဿတိ၊ အရဟတ္တံ အပ္ပတွာ နေဝ မေဉ္စ ပိဋ္ဌိံ ပသာရဿောမိ၊ န ပါဒေ ဓောဝိဿာမီတိ မဉ္စံ ဥဿာပေတွာ ဌပေသိ။ |
1,315,121 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) တတော = ထိုနောင်မှ။ |
1,315,122 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မေဉ္စ = ညောင်စောင်းထက်၌။ |
1,315,123 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မယှံ = ငါ့အဖို့။ |
1,315,124 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စတူဟိ ဣရိယာပထေဟိ = ဣရိယာပုထ် (၄)ပါးတို့ဖြင့်။ |
1,315,125 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဂ္ဂဖလံ = မဂ်ဖိုလ်သည်။ |
1,315,126 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | န ဥပ္ပဇ္ဇိဿတိ = မဖြစ်ပေါ်နိုင်ပေလတ္တံ့။ |
1,315,127 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရဟတ္တံ = အရဟတ္တဖိုလ် သို့။ |
1,315,128 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အပ္ပတွာ = မဆိုက်ရောက်ဘဲ။ |
1,315,129 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပိဋ္ဌိံ = ကျောက်ကုန်းကို။ |
1,315,130 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နေဝ ပသာရဿောမိ = မဆန့်တန်းပေအံ့။ |
1,315,131 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပါဒေ = ခြေတို့ကို။ |
1,315,132 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | န ဓောဝိဿာမိ = မဆေးကြောပေတော့အံ့။ |
1,315,133 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါ့အဖို့ ကုတင် ညောင်စောင်းထက်မှာ ဣရိယာပုထ် (၄)ပါးဖြင့် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ခဲ့မယ်ဆိုလျှင်တော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ငါ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူးလို့ သူက စဉ်းစားတယ်။ |
1,315,134 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကုတင်ပေါ်မှာ အိပ်လိုက်, ထိုင်လိုက်, ရပ်လိုက် စသည်ဖြင့် ဒီလို ဣရိယာပုထ် (၄)ပါး အသုံးချပြီးတော့ ငါ တရားအားထုတ်မယ်ဆိုလျှင်တော့ မဂ်-ဖိုလ်-နိဗ္ဗာန်ကို ရနိုင်မှာ မဟုတ်တော့ဘူး။ |
1,315,135 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရဟတ္တဖိုလ် မရောက်သေးသမျှ ကာလပတ်လုံး, ရဟန္တာ မဖြစ်သေးသမျှ ကာလပတ်လုံး ဒီကုတင်ညောင်စောင်းပေါ်မှာ ငါ ဘယ်တော့မှ ကျောမဆန့်တော့ဘူး။ |
1,315,136 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါ့ရဲ့ ခြေထောက်တွေကိုလည်း ဘယ်တော့မှ ရေမဆေးတော့ဘူးလို့ ဒီလို အဓိဋ္ဌာန်လိုက်တယ်။ |
1,315,137 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို အဓိဋ္ဌာန်ပြီးတဲ့ အချိန်အခါကျတော့မှ ညောင်စောင်းကလေးကို ခေါက်ပြီးတော့ သိမ်းထားလိုက်တယ်။ |
1,315,138 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သိမ်းထားပြီးတော့ ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူပါတယ်။ |
1,315,139 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရက်ပေါင်း များစွာ, လပေါင်းများစွာ, နှစ်ပေါင်းများစွာ ခြေထောက်ကို ရေမဆေးဘဲ ထားလိုက်တဲ့ အတွက်ကြောင့် ဘာဖြစ်လာသလဲ? ခြေထောက်တွေ တဖြည်းဖြည်း ကွဲလာတယ်။ |
1,315,140 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ခြေထောက်တွေ ကွဲလာတဲ့ အချိန်အခါမှာ ရွာသားကလေးတွေက ဘာလုပ်ပေးကြသလဲ? မထေရ်မြတ်ကြီးရဲ့ ခြေထောက်ကို ဆူးကလေးတွေနဲ့ ချုပ်ပေးကြတယ်။ |
1,315,141 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ဆူးကလေးတွေနဲ့ ချုပ်ထားတဲ့ ခြေထောက်ကိုလည်း ဒီအတိုင်းပဲ ထားတယ်။ |
1,315,142 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို အိပ်တဲ့ ဣရိယာပုထ်ကို လုံးလုံး ဖြတ်ပြီးတော့ သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်းဆိုတဲ့ ဣရိယာပုထ် (၃)ခုဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ နှစ်ပေါင်း ဘယ်လောက် ကြာသွားသလဲ? နှစ်ပေါင်း (၃၀) ကြာသွားတယ်။ |
1,315,143 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ နှစ်ပေါင်း (၃၀)အတွင်းမှာ (၂၉)နှစ်မြောက်သော ပဝါရဏာနေ့တိုင်အောင် သီတင်းကျွတ်ပဝါရဏာနေ့ ရောက်တိုင်း ရောက်တိုင်း မထေရ်ကြီး အမြဲတမ်း ငိုခဲ့ရတယ်။ |
1,315,144 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ငိုခဲ့ရာကနေ နောက်ဆုံး နှစ်ပေါင်း (၃၀)မြောက်ဖြစ်တဲ့ ပဝါရဏာနေ့ကျတော့ ဘာဖြစ်လာသလဲ? |
1,315,145 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဣဒါနိ မေ တိံသ ဝဿာနိ သမဏဓမ္မံ ကရောန္တဿ၊ နာသက္ခိံ အရဟတ္တံ ပါပုဏိတုံ၊ အဒ္ဓါ မေ ဣမသ္မိံ အတ္တဘာဝေ မဂ္ဂေါ ဝါ ဖလံ ဝါ နတ္ထိ၊ န မေ လဒ္ဓံ သဗြဟ္မစာရီဟိ သဒ္ဓိံ ဝိသုဒ္ဓိပဝါရဏံ ပဝါရေတုံ။ |
1,315,146 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ဣဒါနိ = ယခုအခါ၌။ |
1,315,147 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကရောန္တဿ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သော။ |
1,315,148 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မေ = ငါ့အဖို့။ |
1,315,149 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တိံသ ဝဿာနိ = နှစ်ပေါင်း (၃၀)တို့သည်။ |
1,315,150 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပါပုဏိ = ပြည့်၍ လာကြပေကုန်ပြီ။ |
1,315,151 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပါပုဏိတုံ = ဆိုက်ရောက်အံ့သောငှာ။ |
1,315,152 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နာသက္ခိံ = မစွမ်းနိုင်ခဲ့လေ။ |
1,315,153 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဒ္ဓါ = မချွတ်ဧကန် အမှန်အားဖြင့်။ |
1,315,154 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဣမသ္မိံ အတ္တဘာဝေ = ဤခန္ဓာကိုယ် အတ္တဘောရဲ့အဖြစ်၌။ |
1,315,155 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဂ္ဂေါ ဝါ = အရိယမဂ်တရားသည်လည်းကောင်း။ |
1,315,156 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဖလံ ဝါ = အရိယဖိုလ်တရားသည်လည်းကောင်း။ |
1,315,157 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နတ္ထိ = မရှိနိုင်တော့ပေ။ |
1,315,158 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သဗြဟ္မစာရီဟိ = သီတင်းသုံးဖော်တို့နှင့်။ |
1,315,159 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝိသုဒ္ဓိပဝါရဏံ = ဝိသုဒ္ဓိပဝါရဏာကို။ |
1,315,160 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဝါရေတုံ = ပဝါရဏာပြုခြင်းငှာ။ |
1,315,161 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | န လဒ္ဓံ = အခွင့် မရနိုင်တော့ပေ။ |
1,315,162 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နှစ်ပေါင်း ဘယ်လောက်ကြာသွားပြီလဲ? အနှစ် (၃၀) ရှိသွားပြီ။ |
1,315,163 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အနှစ် (၃၀)မြောက် ပဝါရဏာနေ့ ရောက်တဲ့အခါ မှီရာ တံကဲပျဉ်ကို မှီရပ်နေရင်းနဲ့ သူက စဉ်းစားတယ်။ |
1,315,164 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါတော့ အရဟတ္တဖိုလ် ရောက်ဖို့ရန်လည်း မစွမ်းနိုင် ဖြစ်နေပြီ။ |
1,315,165 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မချွတ်ဧကန် အမှန်အားဖြင့် ငါ့ရဲ့ ဒီခန္ဓာကိုယ်အတ္တဘောနဲ့တော့ မဂ်-ဖိုလ်-နိဗ္ဗာန်ကို ရနိုင်ဖို့ရန် မရှိနိုင်တော့ဘူး ထင်တယ်။ |
1,315,166 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါ့အဖို့ ရဟန္တာ အဖြစ်နဲ့ ငါ့ရဲ့ သီတင်းသုံးဖော်တွေနှင့် ဝိသုဒ္ဓိပဝါရဏာ ပြုဖို့ရန်အတွက် အခွင့် အရေးတော့ မရတော့ဘူးဆိုပြီးတော့ အဲဒီလို ကြံစည်တယ်။ |
1,315,167 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလို ကြံစည် လိုက်တဲ့ အချိန်အခါမှာလည်း မျက်ရည်တွေ တသွင်သွင်စီးပြီးတော့ ကျလာ တယ်။ |
1,315,168 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို မျက်ရည်တွေ တသွင်သွင်စီးကျလာတဲ့ အချိန်အခါမှာ စင်္ကြံဦး တစ်နေရာက သစ်ပင်တစ်ပင်မှာ စိုးအုပ်နေထိုင်နေတဲ့ နတ်သမီးတစ်ဦးကလည်း ဘာလုပ်သလဲ? သူကလည်း ငိုနေပြန်တယ်။ |
1,315,169 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နတ်သမီး ငိုနေတာကို မြင်တော့ မထေရ်မြတ်ကြီးက ဒီ စင်္ကြံဦးမှာ လာပြီး ငိုနေတာ ဘယ်သူလဲလို့ မေးကြည့်တယ်။ |
1,315,170 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တပည့်တော်ဟာ နတ်သမီးတစ်ဦး ဖြစ်ပါတယ်ဆိုပြီးတော့ နတ်သမီးက ပြန်ပြီးတော့ အဖြေပေးတယ်။ |
1,315,171 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာဖြစ်လို့ အသင် နတ်သမီးက ဒီနေရာမှာ လာပြီးတော့ ငိုနေရသလဲလို့ မေးလိုက်တဲ့အချိန်အခါ --- |
1,315,172 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရောဒမာနေန မဂ္ဂဖလံ နိဗ္ဗတ္တိတံ၊ တေန အဟမ္ပိ ဧကံ ဒွေ မဂ္ဂဖလာနိ နိဗ္ဗတ္တေဿာမီတိ ရောဒါမိ ဘန္တေ။ |
1,315,173 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရောဒမာနေန = ငိုကြွေးတဲ့ ပုဂ္ဂိုလ်သည်ကား။ |
1,315,174 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဂ္ဂဖလံ = မဂ်ဖိုလ်တရားထူး တရားမြတ်ကို။ |
1,315,175 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိဗ္ဗတ္တိတံ = ဖြစ်စေနိုင်ပါ၏။ |
1,315,176 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဟမ္ပိ = ဘုရားတပည့်တော်မသည်လည်းပဲ။ |
1,315,177 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧကံ ဒွေ မဂ္ဂဖလာနိ = မဂ်ဉာဏ် ဖိုလ်ဉာဏ် တစ်ခု နှစ်ခုတို့ကို။ |
1,315,178 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိဗ္ဗတ္တေဿာမိ = ဖြစ်စေအံ့။ |
1,315,179 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရောဒါမိ = ငိုကြွေး၍နေပါ၏။ |
1,315,180 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရှင်ဘုရား ... ငိုကြွေးတဲ့ပုဂ္ဂိုလ်ဆိုတာ မဂ်ဖိုလ်တရားတွေကို ဖြစ်စေနိုင်တယ်၊ ငိုလျှင် မဂ်-ဖိုလ်-နိဗ္ဗာန် ရနိုင်တယ်ဘုရား။ |
1,315,181 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် မဂ်ဖိုလ် တစ်ခု နှစ်ခုလောက် ရလိုရငြား ဒီလို နှလုံးပိုက်ပြီးတော့ တပည့်တော်မလည်း ငိုပါတယ်လို့ နတ်သမီးက ပြန်ပြီး လျှောက်ထားတယ်။ |
1,315,182 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို လျှောက်ထား လိုက်တဲ့ အချိန်အခါကျတော့မှ မဟာသီဝမထေရ်ကြီးက ဘယ်လို စဉ်းစားသလဲ? |
1,315,183 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘော မဟာသီဝတ္ထေရ ဒေဝတာပိ တယာ သဒ္ဓိံ ကေဠိံ ကရောန္တိ၊ အနုစ္ဆဝိကံ နု ခေါ တေ ဧတန္တိ ဝိပဿနံ ဝဍ္ဎေတွာ -- (ဒီ၊ဋ္ဌ၊၂၊၃၂၁။ |
1,315,184 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ဘော မဟာသီဝတ္ထေရ = အို မဟာသီဝထေရ်။ |
1,315,185 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒေဝတာပိ = နတ်တို့သော်မှလည်း။ |
1,315,186 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တယာ သဒ္ဓိံ = သင်နှင့် အတူတကွ။ |
1,315,187 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကေဠိံ = ပြောင်လှောင်ခြင်းကို။ |
1,315,188 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကရောန္တိ = ပြုလုပ်၍ နေကြပေကုန်၏။ |
1,315,189 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧတံ = ဤငိုယိုနေခြင်းသည်ကား။ |
1,315,190 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တေ = သင့်အဖို့။ |
1,315,191 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အနုစ္ဆဝိကံ နု ခေါ = သင့်တင့် လျောက်ပတ်ပါလေသလော။ |
1,315,192 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဣတိ = ဤသို့ မိမိကိုယ်ကို ဆုံးမပြီးလျှင်။ |
1,315,193 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝဍ္ဎေတွာ = တိုးပွားစေ၍။ |
1,315,194 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နတ်တွေကတောင် သင်နဲ့အတူ လာပြီးတော့ ပြက်ရယ် ပြောင်လှောင်မှု ပြုနေကြပြီ။ |
1,315,195 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သင် ဒီလို ငိုနေခြင်းဟာ သင့်အတွက် သင့်တင့် လျောက်ပတ်ပါ့မလား? အဲဒီလို သူ့ကိုယ်သူ မေးခွန်းထုတ် မေးတယ်။ |
1,315,196 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မေးခွန်းထုတ်ပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ? ဝိပဿနာဉာဏ်ကို တိုးပွားအောင် လုပ်တယ်။ |
1,315,197 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်လို တိုးပွားအောင် လုပ်သလဲ? |
1,315,198 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝိပဿနာကို တိုးပွားအောင် ပြုလုပ်ပုံ |
1,315,199 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ --- စသော နည်းလမ်းအားဖြင့် ဝိပဿနာဉာဏ်တွေကို တိုးပွားအောင် လုပ်တယ်။ |
1,315,200 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီကျိုက်ဓာတ်သုတ်ဘုရားမှာ ဓမ္မစကြာ အမျိုးသမီးအသင်းအဖွဲ့လည်း ရှိနေတော့ ဒီပရိသတ်ထဲမှာ အနတ္တလက္ခဏသုတ္တန်ကို ရဖူးတဲ့ အမျိုးသမီးတွေလည်း ပါချင်ပါမယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.