id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,315,001
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဿ = ထိုဆရာသမားအား။
1,315,002
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဩဝါဒံ = အဆုံးအမကို။
1,315,003
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒဿာမိ = ပေးပေအံ့။
1,315,004
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ငါတို့ရဲ့ ဆရာသခင် ကျေးဇူးရှင်ကို ကြည့်လိုက်တဲ့ အချိန်အခါမှာ သူတစ်ပါးတို့ရဲ့ မှီခိုအားထားရာတော့ ဖြစ်နေပြီ၊ ဒါပေမယ့် ဆရာသမားက မိမိရဲ့ မှီခိုအားထားရာတော့ မဖြစ်သေးဘူး၊ ငါ ဆရာသမားကိုတော့ သွားပြီး ဆိုဆုံးမမှ တော်တော့မယ်ဆိုပြီးတော့ အဘိညာဏ်တွေ ဝင်စားပြီး ကောင်းကင်ခရီးဖြင့် ကြွလာတော်မူပါတယ်။
1,315,005
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကြွလာတဲ့ အချိန်အခါကို ကြည့်လိုက်တော့ နေ့အခါ ဖြစ်နေပါတယ်။
1,315,006
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နေ့အခါမှာ နေ့သန့်စင်တော်မူရာဖြစ်တဲ့ စင်္ကြံကြွတော်မူတဲ့ နေရာကလေးမှာ ဆရာသမားကို မြင်တွေ့လိုက်ရတော့ ကောင်းကင်ကနေ ဆင်းပြီးတော့ ဆရာသမားကို ရှိခိုး ဝတ်ပြုပါတယ်။
1,315,007
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝတ်ကြီးဝတ်ငယ် ပြုပြီးတော့ ဘာအကြောင်းကိစ္စရှိလို့ ကြွလာသလဲလို့ မေးလိုက်တဲ့ အချိန်အခါမှာ အနုမောဒနာတရားတစ်ပုဒ်လောက် သင်ယူချင်တဲ့အတွက်ကြောင့် လာတဲ့အကြောင်း ပြန်ပြီးတော့ လျှောက်ထားတယ်။
1,315,008
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ အနုမောဒနာတရားတစ်ပုဒ် သင်ပေးဖို့ရာအတွက် ငါ့မှာ အချိန်မရှိဘူးဆိုပြီးတော့ ဆရာသမားဖြစ်တဲ့ မထေရ်မြတ်ကြီးက ပြန်ပြီး အမိန့်ရှိပါတယ်။
1,315,009
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလိုဆိုလျှင်လည်း တပည့်တော်ကို ဝိတက္ကမာဠကမှာ ရပ်တည်နေတုန်း သင်ပေးတော်မူပါလို့ လျှောက်ထား တောင်းပန်တယ်။
1,315,010
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုန်းကြီးတို့ စာပေမှာ ဝိတက္ကမာဠကခေါ်တဲ့ ရှေးအသုံးအနှုန်းကလေး တစ်ခု ရှိပါတယ်။
1,315,011
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မနက် အရုဏ်တက်တဲ့ အချိန်အခါမှာ ရဟန်းတော်များ ဆွမ်းခံကြွကြတော့မယ်ဆိုလျှင် ကြံစည်စိတ်ကူးတဲ့ နေရာကလေးတစ်ခု ရှိပါ တယ်။
1,315,012
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ နေရာကလေးကို ဝိတက္ကမာဠကလို့ ခေါ်ပါတယ်။
1,315,013
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာကြောင့် ခေါ်ရသလဲလို့ မေးလျှင်တော့ ဒီနေ့ ငါ ဘယ်နေရာကို ဆွမ်းခံသွားမယ်လို့ ကြံစည်စိတ်ကူးမှု ပြုကြတယ်။
1,315,014
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ကြံစည် စိတ်ကူးမှု ပြုတဲ့နေရာကလေးကို ဝိတက္ကမာဠကလို့ ခေါ်ခြင်း ဖြစ်ပါတယ်။
1,315,015
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ဝိတက္ကမာဠကခေါ်တဲ့ ဘယ်နေရာကို ဆွမ်းခံသွားမယ်လို့ ကြံစည် စိတ်ကူးတဲ့ နေရာကလေးမှာ တပည့်တော်ကို အနုမောဒနာတရားတစ်ပုဒ် သင်ပေးတော်မူပါဆိုပြီး တောင်းပန်တယ်။
1,315,016
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီအရပ်မှာလည်း တခြား ရဟန်းတော်တွေ ငါ့ကို လာပြီး မေးခွန်းတွေ မေးကြတယ်။
1,315,017
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ငါ သင်မပေးနိုင်ဘူး။
1,315,018
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလိုဆိုလျှင်လည်း ကျောင်းမှ ဆွမ်းခံရွာသို့ သွားရာလမ်းမှာ သင်ပေးပါ၊ နှစ်ထပ်သောသင်းပိုင်ကို ပြင်၍ ဝတ်ရာအရပ်မှာ သင်ပေးပါ၊ သင်္ကန်းကြီးကို ရုံရာအရပ်မှာ သင်ပေးပါ၊ သပိတ်ကို သပိတ်အိတ်မှ ထုတ်ယူရာအရပ်မှာ သင်ပေးပါ စသည်ဖြင့် အဲဒီလိုနဲ့ တဖြည်းဖြည်း မေးလာလိုက် တာ နောက်ဆုံး နောက်တစ်နေ့ မိုးလင်းတဲ့ အချိန်အထိပဲ။
1,315,019
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သင်မပေးနိုင်ဘူးပဲ မထေရ်မြတ်ကြီးက ငြင်းပယ်တယ်။
1,315,020
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မထေရ်မြတ်ကြီးရဲ့ လုံ့လဝီရိယ ဘယ်လောက် ကြီးမားသလဲ? သူတစ်ပါး တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးရင်းနဲ့ပဲ အချိန်တွေ ကုန်နေတယ်။
1,315,021
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တစ်နှစ်ပတ်လုံးလည်း သူတစ်ပါးကို စာပေ သင်ကြား ပို့ချပေးတယ်။
1,315,022
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ညဉ့်ဦးယာမ်, မဇ္ဈိမယာမ်, မိုးသောက်ယာမ်တွေမှာလည်း သင်ပေးနေတယ်။
1,315,023
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို တစ်နေ့လုံး တစ်ညလုံး သင်ပေးနေတဲ့အတွက် အင်မတန် ကြီးမားတဲ့ လုံ့လ ဝီရိယရှိတဲ့ ပုဂ္ဂိုလ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။
1,315,024
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အရှင်ဘုရား ... မျက်နှာသစ်ရာမှ ပြန်ကြွပြီး ကျောင်းတွင်းသို့ ဝင်ထိုင် တဲ့ အချိန်အခါကလေးမှာ တပည့်တော် အနုမောဒနာတရားတစ်ပုဒ် သင်ပါရစေလို့ ထပ်ပြီး နောက်ဆုံး တောင်းပန်တယ်။
1,315,025
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အချိန်အခါမှာလည်း သူတစ်ပါးတွေက ဒီနေရာမှာ လာပြီးတော့ ကမ္မဋ္ဌာန်းတရားတွေ သို့မဟုတ် တရားဘာဝနာတွေကို မေးမြန်း လျှောက်ထားကြတဲ့အတွက် မအားလပ်ဘူး ဆိုပြီးတော့ ပြန်ပြီး အဖြေပေးတယ်။
1,315,026
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို အဖြေပေးပြီးတဲ့ အချိန်အခါ ကျတော့မှ တပည့်ဖြစ်တဲ့ ပုဂ္ဂိုလ်က ဘာပြန်ပြီး လျှောက်ထားသလဲ?
1,315,027
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘန္တေ နနု မုခံ ဓောဝိတွာ သေနာသနံ ပဝိသိတွာ တယော စတ္တာရော ပလ္လင်္ကေ ဥသုမံ ဂါဟာပေတွာ ယောနိသောမနသိကာရေ ကမ္မံ ကရောန္တာနံ ဩကာသကာလေန ဘဝိတဗ္ဗံ သိယာ၊ (ဒီ၊ဋ္ဌ၊၂၊၃၂၀။
1,315,028
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) အရှင်ဘုရား ... တပည့်တော် တစ်ခု ပြောပါရစေ။
1,315,029
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မျက်နှာသစ်ပြီးတဲ့ နောက် ကျောင်းအတွင်းသို့ ဝင်ပြီးတဲ့ အချိန်အခါမှာ တင်ပလ္လင်ခွေ သုံးထိုင် လေးထိုင်လောက် ထိုင်ပြီးတော့ ကိုယ်ငွေ့ကလေးကိုတော့ ယူဖို့ မကောင်းဘူးလား? ကိုယ်ငွေ့ယူတဲ့ အချိန်အခါမှာ ယောနိသောမနသိကာရ = နည်းမှန် လမ်းမှန် ရုပ်တရား နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီး...
1,315,030
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလောက် အခွင့်အရေးကလေး တစ်ခုတော့ ရသင့်တယ် မဟုတ်ဘူးလား?
1,315,031
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မရဏခဏမ္ပိ န လဘိဿထ၊ ဘန္တေ ဖလကသဒိသတ္ထ၊ ဘန္တေ ပရဿ အဝဿယော ဟောထ၊ အတ္တနော ဘဝိတုံ န သက္ကောထ၊ (ဒီ၊ဋ္ဌ၊၂၊၃၂၀။
1,315,032
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဘန္တေ = အရှင်ဘုရား။
1,315,033
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တုမှာကံ = အရှင်ဘုရားတို့အဖို့။
1,315,034
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မရဏခဏမ္ပိ = သေဖို့ရန် အချိန်အခါ ခဏကိုသော်လည်းပဲ။
1,315,035
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န လဘိဿထ = မရကြကုန်လတ္တံ့။
1,315,036
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တုမှေ = အရှင်ဘုရားတို့သည်ကား။
1,315,037
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဖလကသဒိသတ္ထ = မှီရာ တံကဲပျဉ်နှင့် တူကြပါကုန်၏။
1,315,038
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပရဿ = သူတစ်ပါး၏။
1,315,039
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဝဿယော = မှီရာသည်ကား။
1,315,040
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟောထ = ဖြစ်ကြပါကုန်၏။
1,315,041
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န သက္ကောထ = မစွမ်းနိုင်ကြပါကုန်။
1,315,042
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလောက်တောင် အလုပ်များနေတယ်ဆိုလျှင်တော့ အရှင်ဘုရားတို့အဖို့ သေဖို့ အချိန်ကလေးတောင် ရှိမယ်မထင်တော့ဘူး။
1,315,043
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အရှင်ဘုရားတို့ဟာ သူတစ်ပါးရဲ့ မှီရာ တံကဲပျဉ်နဲ့ သိပ်တူတယ်။
1,315,044
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သူတစ်ပါးတို့ရဲ့ အမှီခိုခံသာ ဖြစ်ပြီးတော့ မိမိကိုယ်ကို မိမိ မှီခိုဖို့ရန်အတွက်တော့ မစွမ်းနိုင် ဖြစ်နေပြီ။
1,315,045
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န မေ တုမှာကံ အနုမောဒနာယ အတ္ထောတိ အာကာသေ ဥပ္ပတိတွာ အဂမာသိ။
1,315,046
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ဒီ၊ဋ္ဌ၊၂၊၃၂၀။
1,315,047
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) တုမှာကံ = အရှင်ဘုရားတို့၏။
1,315,048
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အနုမောဒနာယ = အနုမောဒနာတရားစကားဖြင့်။
1,315,049
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မေ = ဘုရားတပည့်တော်အား။
1,315,050
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
န အတ္ထော = အလိုမရှိတော့ပါ။
1,315,051
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အာကာသေ = ကောင်းကင်သို့။
1,315,052
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဥပ္ပတိတွာ = ပျံတက်၍။
1,315,053
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဂမာသိ = ကြွသွားတော်မူခဲ့လေ၏။
1,315,054
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို လျှောက်ထားပြီးတော့ ကောင်းကင်ခရီးဖြင့် ပြန်ကြွသွားတယ်။
1,315,055
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပြန်ကြွသွားတဲ့ အချိန်အခါမှာ မဟာသီဝမထေရ်မြတ်ကြီးက စဉ်းစားပြီ။
1,315,056
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဣမဿ ဘိက္ခုနော ပရိယတ္တိယာ ကမ္မံ နတ္ထိ၊ မယှံ ပန အင်္ကုသကော ဘဝိဿာမီတိ အာဂတော။
1,315,057
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဒီရဟန်းတော်ဟာ ငါ့ထံက ပရိယတ်တရားတော်ဖြစ်တဲ့ အနုမောဒနာ တစ်ပုဒ် သင်ယူဖို့ဆိုတဲ့ လုပ်ငန်းကိစ္စတော့ မရှိနိုင်ဘူး။
1,315,058
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ငါ့ကို ဆင်ကို ချွန်းအုပ်သလို ချွန်းနဲ့အုပ်ဖို့ရန်အတွက် ရည်ရွယ်ချက်ဖြင့် ငါ့ထံ ဆိုက်ရောက်လာခြင်း ဖြစ်ပေလိမ့်မယ်လို့ သွားပြီးတော့ သတိရလိုက်တယ်။
1,315,059
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို သတိရလိုက်တဲ့ အချိန်အခါကျတော့မှ ကဲ - ဒီနေ့တော့ အချိန်မရှိတော့ဘူး၊ အခွင့်အရေးလည်း မရတော့ဘူး။
1,315,060
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မနက်ဖြန်ခါကျတော့ ငါ တောထွက်တော့မယ် ဆိုပြီးတော့ သပိတ်-သင်္ကန်းတွေကို အနီးမှာ ချထားလိုက်တယ်။
1,315,061
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိမိ အနီးမှာ သပိတ်-သင်္ကန်းတွေ ချထားပြီးတော့ တပည့်တွေကို တစ်နေ့လုံးလည်း စာသင်ပေးနေတယ်။
1,315,062
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပုရိမယာမ်မှာလည်း သင်ပေးတယ်။
1,315,063
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဇ္ဈိမယာမ်မှာလည်း သင်ပေးတယ်။
1,315,064
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိုးသောက်ယာမ်ကျတော့လည်း သင်ပေးတယ်။
1,315,065
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိုးသောက်ယာမ် ရောက်တဲ့အချိန်မှာ လာပြီး စာသင်တဲ့ တပည့် တစ်ပါးနဲ့ အတူရောပြီး သပိတ်ကလေး လွယ်ပြီးတော့ တပည့်ရဲ့ နောက်ကနေ ကပ်လိုက်သွားတယ်။
1,315,066
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကပ်လိုက်သွားတဲ့ အချိန်အခါကျတော့ တပည့်ကလည်း အမှတ်တမဲ့ တခြား သီတင်းသုံးဖော်တစ်ဦး နောက်ကနေ ကပ်လိုက်လာတယ်လို့ မှတ်ထင်လိုက်တယ်။
1,315,067
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်ထပ် စာသင်ဖို့ရန် စောင့်ဆိုင်းနေကြတဲ့ တပည့်တွေကလည်း တို့ဆရာတော့ ကိစ္စတစ်ခုရှိလို့ ခဏခေတ္တ ထွက်သွားတာနဲ့ တူတယ်ဆိုပြီး ဒီလို အမှတ်သညာ ရှိလိုက်ကြတယ်။
1,315,068
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီနည်းနဲ့ပဲ သူက တောထွက်သွားလိုက်တော့ ရွာနီးကျောင်းတိုက် လိုဏ်တစ်ခုကို ရောက်သွားတယ်။
1,315,069
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ လိုဏ်အတွင်းမှာ သူက သီတင်းသုံးပါတယ်။
1,315,070
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သူ့ရဲ့ စိတ်ထဲမှာ ဘယ်လို သဘောပိုက်ထားသလဲ?
1,315,071
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မာဒိသဿ အရဟတ္တံ နာမ ကိံ၊ ဒွီဟတီဟေနေဝ ပါပုဏိတွာ ပစ္စာဂမိဿာမိ။
1,315,072
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) မာဒိသဿ = ငါကဲ့သို့သော ပုဂ္ဂိုလ်အား။
1,315,073
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အရဟတ္တံ နာမ = အရဟတ္တဖိုလ် မည်သည်။
1,315,074
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကိံ = အသို့ ရှိနိုင်ပါအံ့နည်း။
1,315,075
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒွီဟတီဟေနေဝ = နှစ်ရက် သုံးရက် အတွင်း၌ပင်လျှင်။
1,315,076
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပါပုဏိတွာ = အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပြီး၍။
1,315,077
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပစ္စာဂမိဿာမိ = တစ်ဖန် ပြန်လာပေအံ့။
1,315,078
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အရဟတ္တဖိုလ်ဆိုတာ ငါတို့လို ပုဂ္ဂိုလ်အတွက် ဘာမှုစရာ ရှိလိမ့်မလဲ? နှစ်ရက် သုံးရက်အတွင်းမှာ ငါ အရဟတ္တဖိုလ် ဆိုက်ရောက်ပြီးတဲ့ အချိန်အခါ ပြန်လာမယ်လို့ သူက ဒီစိတ်ထားကလေး ရှိနေတယ်။
1,315,079
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီစိတ်ထားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ တွက်ပုံက မကိုက် ဖြစ်နေတယ်။
1,315,080
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သူက ဘယ်ရက် ထွက်သွားသလဲဆိုတော့ ဝါဆိုလဆန်း (၁၃)ရက်နေ့မှာ ထွက်သွားပါတယ်။
1,315,081
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝါဆိုလဆန်း (၁၃)ရက်နေ့မှာ ထွက်သွားတော့ နှစ်ရက် သုံးရက်အတွင်း အရဟတ္တဖိုလ် ဆိုက်ခဲ့လျှင် ဝါဆိုလပြည့်နေ့မှာ ပြန်လာဖို့ ရည်ရွယ်ထားတယ်။
1,315,082
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ရည်ရွယ်ချက်နဲ့ အားထုတ်လိုက်တာ ဝါဆိုလပြည့်နေ့ ရောက်တော့လည်း အရဟတ္တဖိုလ် ရဖို့ရန် မစွမ်းနိုင်ဘူး၊ ရဟန္တာက မဖြစ်ပြန်ဘူး။
1,315,083
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရဟန္တာ မဖြစ်တဲ့အခါကျတော့ သီတင်းကျွတ် လပြည့်နေ့မှာ ဝိသုဒ္ဓိပဝါရဏာ ပြုရလိမ့်မယ်လို့ သူက ဒီလို မျှော်လင့်ထားပြန်တယ်။
1,315,084
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိသုဒ္ဓိပဝါရဏာဆိုတာကတော့ ကိလေသာ စင်ကြယ်နေတဲ့ ရဟန္တာ အရှင်မြတ်တို့ အချင်းချင်း တစ်ပါးနဲ့တစ်ပါး ဆိုဆုံးမဖို့ရန် ဖိတ်ကြားတာကို ဝိသုဒ္ဓိပဝါရဏာ ခေါ်ပါတယ်။
1,315,085
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝါကျွတ်လျှင်တော့ ငါ ရဟန္တာ ဖြစ်ရမယ်ဆိုပြီး ဝါတွင်း သုံးလပတ်လုံး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြန်တယ်။
1,315,086
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ဝါတွင်း သုံးလပတ်လုံး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တဲ့ အချိန်အခါကျတော့လည်း ဝါကျွတ်တဲ့ အချိန်အခါမှာ ရဟန္တာက မဖြစ်ပြန်ဘူး။
1,315,087
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သီတင်းကျွတ်လပြည့်နေ့ မဟာပဝါရဏာနေ့ ရောက်တဲ့ အချိန်အခါကျတော့ သူက စဉ်းစားတယ်။
1,315,088
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဟံ ဒွီဟတီဟေန အရဟတ္တံ ဂဏှိဿာမီတိ အာဂတော၊ တေမာသေနာပိ နာသက္ခိံ၊ သဗြဟ္မစာရိနော ပန ဝိသုဒ္ဓိပဝါရဏံ ပဝါရေန္တိ။
1,315,089
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ဒီ၊ဋ္ဌ၊၂၊၃၂၀-၃၂၁။
1,315,090
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) အဟံ = ငါသည်။
1,315,091
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒွီဟတီဟေန = နှစ်ရက် သုံးရက်အတွင်းမှာပင်။
1,315,092
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂဏှိဿာမိ = ရအောင် ယူပေအံ့။
1,315,093
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အာဂတော = တောသို့ ထွက်ခဲ့လေပြီ။
1,315,094
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တေမာသေနာပိ = (၃)လတို့ပတ်လုံး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့်လည်းပဲ။
1,315,095
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နာသက္ခိံ = အရဟတ္တဖိုလ်ကို ရအောင် ယူခြင်းငှာ မစွမ်းနိုင်ခဲ့ပေ။
1,315,096
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သဗြဟ္မစာရိနော ပန = သီတင်းသုံးဖော်တို့သည်ကား။
1,315,097
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိသုဒ္ဓိပဝါရဏံ = ကိလေသာ စင်ကြယ်တဲ့ ရဟန္တာအရှင်မြတ်တို့ အချင်းချင်း ပဝါရဏာ ပြုခြင်းဟု ခေါ်ဆိုအပ်တဲ့ ဝိသုဒ္ဓိပဝါရဏာကို။
1,315,098
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဝါရေန္တိ = ပဝါရဏာ ပြုတော်မူကြကုန်၏။
1,315,099
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နှစ်ရက် သုံးရက်အတွင်းမှာ ငါ အရဟတ္တဖိုလ် ရအောင် ယူမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ငါ တောထွက်ခဲ့တယ်။
1,315,100
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝါတွင်း သုံးလတို့ပတ်လုံး ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ခဲ့သော်လည်းပဲ အရဟတ္တဖိုလ်ကို ရအောင် ယူဖို့ရန်အတွက် မစွမ်းနိုင် ဖြစ်နေပြီ။