id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,314,901 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (မ၊ဋ္ဌ၊၁၊၂၆၃။ |
1,314,902 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) သောပိ = ထိုမဟာနာဂမထေရ်မြတ်ကြီးသည်လည်းပဲ။ |
1,314,903 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပူရေန္တော = ဖြည့်ကျင့်တော်မူခဲ့သည်ရှိသော်။ |
1,314,904 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဌမံ တာဝ = ရှေးဦးစွာပင်လျှင်။ |
1,314,905 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘဂဝတော = ဘုန်းတော် (၆)ပါးသခင် ဘုရားရှင်၏။ |
1,314,906 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဟာပဓာနံ = ဒုက္ကရစရိယာ (၆)နှစ်ကြာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဟု ခေါ်ဆိုအပ်တဲ့ မဟာပဓာနလုပ်ငန်းရပ်ကို။ |
1,314,907 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပူဇေဿာမိ = ငါ ပူဇော်ပေတော့အံ့။ |
1,314,908 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သတ္တ ဝဿာနိ = (၇)နှစ်တို့ ကာလပတ်လုံး။ |
1,314,909 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဌာနစင်္ကမနမေဝ = ရပ်ခြင်း, စင်္ကြံသွားခြင်း ဣရိယာပုထ် (၂)မျိုးကိုသာလျှင်။ |
1,314,910 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဓိဋ္ဌာသိ = အဓိဋ္ဌာန်ထားတော်မူ၏။ |
1,314,911 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘုန်းကြီးတို့ ဘုရားရှင်က (၆)နှစ်ကြာအောင် ဒုက္ကရစရိယခေါ်တဲ့ အလွန် ပြင်းထန်သော မဟာပဓာနကျင့်စဉ်ဖြင့် ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်တဲ့ လုပ်ငန်းခွင်သည် ဘုရားဖြစ်ဖို့ အကြောင်းရင်းတော့ မဟုတ်ဘူး။ |
1,314,912 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘုရားဖြစ်ဖို့ အကြောင်းရင်း မဟုတ်ပေမယ့်လည်း ဒီလောက် အလွန်အမင်း အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းသည် အလွန် ကြည်ညိုဖွယ်ကောင်းတဲ့ ကျင့်စဉ်တစ်ခု ဖြစ်နေပါတယ်။ |
1,314,913 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် အလွန် ကြည်ညိုဖွယ်ကောင်းတဲ့ ဒီကျင့်စဉ်ကို ပူဇော်တဲ့အနေဖြင့် ဒီမထေရ်မြတ်ကြီးက ဘာလုပ်သလဲ? ဆွမ်းခံ သွားတဲ့အခါမှာလည်း ကမ္မဋ္ဌာန်း နှလုံးသွင်းသွားတဲ့, ဆွမ်းခံရွာက ပြန်လာတဲ့ အခါမှာလည်း ကမ္မဋ္ဌာန်း နှလုံးသွင်းပြီးတော့ ပြန်လာတဲ့ ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်တော်မူပါတယ်။ |
1,314,914 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ကျင့်ဝတ်ကို ဖြည့်ကျင့်တဲ့အပိုင်းမှာလည်း ဒီမထေရ်မြတ်ကြီး ဘယ်လို ဆုံးဖြတ်ချက် ချထားသလဲ? |
1,314,915 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မြတ်စွာဘုရားရဲ့ ဒုက္ကရစရိယကျင့်စဉ်ခေါ်တဲ့ မဟာပဓာနကျင့်စဉ်ကို ငါ ပူဇော်မယ်ဆိုတဲ့ ဒီလို ဆုံးဖြတ်ချက်နဲ့ သွားတဲ့ ဣရိယာပုထ်နှင့် ရပ်တဲ့ ဣရိယာပုထ် နှစ်ခုကိုပဲ သူက အဓိဋ္ဌာန်ပြီး ဖြည့်ကျင့်တော်မူတယ်။ |
1,314,916 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်လောက် ကြာသွားသလဲ? သတ္တ ဝဿာနိ = (၇)နှစ် ကြာသွားတယ်။ |
1,314,917 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယခု တရားနာနေကြတဲ့ ဒါယကာကြီး ဒါယိကာမကြီးတွေ ကမ္မဋ္ဌာန်းကျောင်း သွားပြီး တရားအားထုတ်တဲ့အခါမှာ အိပ်ရသလား, မအိပ်ရဘူးလား? အိပ်ရပါတယ်။ |
1,314,918 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ချမ်းချမ်းသာသာ မထိုင်ရဘူးလား? ထိုင်ရပါတယ်။ |
1,314,919 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အိပ်လည်း အိပ်ရတယ်၊ ထိုင်လည်း ထိုင်ရတယ်။ |
1,314,920 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒါတောင် ဘယ်လောက်ကြာကြာ အားထုတ်ကြသလဲ? တော်ကြာ ပြန်ချင်လာပြီဆိုပြီး ဘုန်းကြီးကို လာလျှောက်ပြန်ပြီ၊ တော်ကြာ ပြန်မယ်ဆိုပြီး ဘုန်းကြီးကို လာလျှောက်ပြန်ပြီ။ |
1,314,921 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဟုတ်ဘူးလား? သူတို့ကို ဘုန်းကြီးက တော်တော်ကလေး ချော့ချော့ထားရတယ်။ |
1,314,922 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယခု ဒီမထေရ်မြတ်ကြီးကတော့ မြတ်စွာဘုရားရဲ့ (၆)နှစ်ကြာအောင် ဒုက္ကရစရိယကျင့်စဉ်ခေါ်တဲ့ မဟာပဓာနကျင့်စဉ်ကြီးကို ငါ ပူဇော်မယ်ဆိုပြီး ရပ်တဲ့ဣရိယာပုထ်နဲ့ သွားတဲ့ဣရိယာပုထ် နှစ်ခုကိုပဲ အဓိဋ္ဌာန်ထားတော်မူတယ်။ |
1,314,923 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထိုင်တဲ့ဣရိယာပုထ်နဲ့ အိပ်တဲ့ဣရိယာပုထ် နှစ်ခုကို ဖြုတ်ထား လိုက်တယ်။ |
1,314,924 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်နှစ်နှစ် အဲဒီ ကျင့်စဉ်ကို ဖြည့်ကျင့်သလဲ? (၇)နှစ်ကြာတယ်။ |
1,314,925 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တရားထူး တရားမြတ်တွေ ရနေပြီလား? မရသေးဘူး။ |
1,314,926 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ကမ္မဋ္ဌာန်းကျောင်း သွားပြီး တရားအားထုတ်လို့ နည်းနည်း တရားအားထုတ်ရတာ အဆင်မပြေတာနဲ့ စိတ်ပျက်ရမလား? မပျက်ရဘူး။ |
1,314,927 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စိတ်မပျက်ရအောင် ဒီမထေရ်ကြီးတွေက ရှေ့ကနေ စံပြအဖြစ်နဲ့ အားထုတ်ပြသွားတယ်။ |
1,314,928 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်တစ်ခု သူက ဘာဆက်ပြီး ဖြည့်ကျင့်သလဲ? |
1,314,929 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုန သောဠသ ဝဿာနိ ဂတပစ္စာဂတိကဝတ္တံ ပူရေတွာ အရဟတ္တံ ပါပုဏိ။ |
1,314,930 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ပုန = နောက်ထပ်တစ်ဖန်။ |
1,314,931 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သောဠသ ဝဿာနိ = (၁၆)နှစ်တို့ကာလ ပတ်လုံး။ |
1,314,932 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပူရေတွာ = ဖြည့်ကျင့်တော်မူ၍။ |
1,314,933 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်ထပ်တစ်ဖန် သူက ဂတပစ္စာဂတိကဝတ်ကို (၁၆)နှစ် ထပ်ပြီးတော့ အဓိဋ္ဌာန်ထားတော်မူတယ်။ |
1,314,934 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (၁၆)နှစ်တိုင်တိုင် အဓိဋ္ဌာန်ပြီးတော့ ဒီ ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်တော်မူလိုက်တာ (၁၆)နှစ် ပြည့်တဲ့ အချိန်အခါကျတော့ အရဟတ္တဖိုလ်ကို ဆိုက်သွားတယ်။ |
1,314,935 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပထမ ဖြည့်ကျင့်တာက (၇)နှစ်၊ နောက်ထပ် ဖြည့်ကျင့်တာက (၁၆)နှစ်။ |
1,314,936 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပေါင်းလိုက်တော့ နှစ်ပေါင်း ဘယ်လောက် ကြာသွားသလဲ? (၂၃)နှစ် ကြာသွားတယ်။ |
1,314,937 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ့်နှယ်တုံး ဒါယကာကြီး ဒါယိကာမကြီးတွေ (၂၃)နှစ်လုံးလုံး အားထုတ်မှ တရားရတယ် ဆိုလျှင် အတုယူပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ |
1,314,938 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါပေမယ့် ဒီမထေရ်ကြီးက ဘာဖြစ်သလဲ? |
1,314,939 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သော ကမ္မဋ္ဌာနယုတ္တေနေဝ စိတ္တေန ပါဒံ ဥဒ္ဓရန္တော ဝိယုတ္တေန ဥဒ္ဓတေ ပဋိနိဝတ္တန္တော ဂါမဿ သမီပံ ဂန္တွာ ဂါဝီ နု ပဗ္ဗဇိတော နူတိ အာသင်္ကနီယပဒေသေ ဌတွာ စီဝရံ ပါရုပိတွာ ကစ္ဆကန္တရတော ဥဒကေန ပတ္တံ ဓောဝိတွာ ဥဒကဂဏ္ဍူသံ ကရောတိ။ |
1,314,940 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) အဲဒီမထေရ်ကြီး ကျင့်တဲ့ ကျင့်စဉ်တစ်ခုကတော့ ကမ္မဋ္ဌာန်းနဲ့ ယှဉ်တဲ့ စိတ်နဲ့သာလျှင် အမြဲတမ်း ခြေထောက်ကို မထေရ်ကြီးက ကြွတော်မူတယ်။ |
1,314,941 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကမ္မဋ္ဌာန်းနဲ့ မယှဉ်တဲ့စိတ်နဲ့ ဘယ်တော့မှ ခြေထောက်ကို မကြွဘူး။ |
1,314,942 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အကယ်၍ ကမ္မဋ္ဌာန်းနဲ့ ကင်းပြီးတော့ ခြေထောက်ကို ကြွခဲ့မယ်ဆိုလျှင်တော့ ခုနက မဟာဖုဿဒေဝမထေရ်မြတ်ကြီးလိုပဲ နောက်ကြောင်း ပြန်ပြီးတော့မှ တစ်ဖန် ပြန်ကြွတော်မူတယ်။ |
1,314,943 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလိုပဲ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ အပိုင်းမှာ ရွာနီးစပ် တစ်နေရာရောက်တော့ မတ်တပ်ရပ်ပြီး သင်္ကန်းရုံပါတယ်။ |
1,314,944 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သင်္ကန်းရုံတဲ့ နေရာနှင့် အချိန်ကာလကို မှန်းဆကြည့်မယ်ဆိုလျှင်တော့ မှုန်ဝါးဝါးနဲ့ တူပါတယ်။ |
1,314,945 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို မှုန်ဝါးဝါးအချိန်မှာ ရွာထဲကနေ လူတွေက လှမ်းပြီး ကြည့်လိုက်မယ်ဆိုလျှင် ခပ်လှမ်းလှမ်းက သင်္ကန်းရုံရာအရပ်မှာ ရှိနေတဲ့အရာသည် နွားမပေလော သို့မဟုတ် ရဟန်းတော်ပေလောလို့ အဲဒီလို ယုံမှားသံသယ ဖြစ်လောက်တဲ့နေရာမှာ သူက သင်္ကန်းရုံပါတယ်။ |
1,314,946 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို သင်္ကန်းရုံပြီးတဲ့ အချိန်အခါမှာ သူက ဘာလုပ်သလဲ? မိမိရဲ့ လက်ကတီးကြားမှာ ပါလာတဲ့ ရေဘူးကလေးကို ထုတ်ပြီးတော့ အဲဒီ ရေကလေးနဲ့ သပိတ်ဆေးတယ်။ |
1,314,947 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သပိတ်ဆေးပြီးတဲ့ အချိန်အခါမှာ အဲဒီ ရေဘူးထဲက ကြွင်းကျန်နေတဲ့ ရေကလေးကို ပါးစပ်ထဲမှာ ငုံထားလိုက်တယ်။ |
1,314,948 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရေငုံ ပြီးတော့ ရွာထဲကို ဆွမ်းခံ ကြွတော်မူတယ်။ |
1,314,949 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မာ မေ ဘိက္ခံ ဒါတုံ ဝန္ဒိတုံ ဝါ အာဂတေ မနုေဿ ဒီဃာယုကာ ဟောထာတိ ဝစနမတ္တေနာပိ ကမ္မဋ္ဌာနဝိက္ခေပေါ အဟောသိ။ |
1,314,950 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) မေ = ငါ့အား။ |
1,314,951 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါတုံ ဝါ = ပေးလှူအံ့သောငှာလည်း ကောင်း။ |
1,314,952 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝန္ဒိတုံ ဝါ = ရှိခိုးအံ့သောငှာလည်းကောင်း။ |
1,314,953 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အာဂတေ မနုေဿ = ဆိုက်ရောက်လာကြတဲ့ ဒါယကာ ဒါယိကာမတို့ကို။ |
1,314,954 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီဃာယုကာ = ရှည်သော အသက်ရှိကြတဲ့ သူတော်ကောင်းတို့သည်။ |
1,314,955 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟောထ = ဖြစ်ကြပါစေ ကုန်သတည်း။ |
1,314,956 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဣတိ = ဤသို့သော။ |
1,314,957 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝစနမတ္တေနာပိ = စကားမျှဖြင့်သော် လည်းပဲ။ |
1,314,958 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကမ္မဋ္ဌာနဝိက္ခေပေါ = ကမ္မဋ္ဌာန်းအာရုံမှ ပျံ့လွင့်သွားတဲ့ စိတ်ထား မျိုးသည်။ |
1,314,959 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မာ အဟောသိ = မဖြစ်ပါစေလင့်။ |
1,314,960 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥဒကဂဏ္ဍူသံ = ရေငုံခြင်းလုပ်ငန်းရပ်ကို။ |
1,314,961 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကရောတိ = ပြုတော်မူ၏။ |
1,314,962 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပါးစပ်ထဲမှာ ရေငုံထားတာက ဘာကြောင့်လဲ? ယုတ်စွအဆုံး ပြောမယ် ဆိုလျှင်တော့ မိမိထံ ရောက်လာတဲ့ ဆွမ်းလှူမယ့်ပုဂ္ဂိုလ်တွေ, မိမိကို လာပြီး ရှိခိုးနေတဲ့ ပုဂ္ဂိုလ်တွေကို ဒီဃာယုကာ ဟောထ = အသက်ရှည်ကြပါစေလို့ ဒီလို ဆုကလေးတစ်ခုတောင် ပေးဖို့ရာ အင်မတန် စိတ်ထဲမှာ ပူတယ်တဲ့။ |
1,314,963 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာကြောင့်လဲ? အသက်ရှည်ကြပါစေလို့ ဒီလို ဆုကလေး တစ်ခုခု ပေးလိုက်မယ်ဆိုလျှင် ထိုအချိန်အခါမှာ ကမ္မဋ္ဌာန်းအာရုံကနေ စိတ်ကလေး နည်းနည်းတော့ ပျံ့လွင့်သွားမယ်။ |
1,314,964 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလောက် ပျံ့လွင့်မှုကလေးကိုတောင်မှ မရှိစေချင်တဲ့အတွက်ကြောင့် ပါးစပ်ထဲမှာ ရေငုံထားတယ်တဲ့။ |
1,314,965 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ့်နှယ်တုံး ဒါယကာကြီး ဒါယိကာမကြီးတွေ တရားအားထုတ်တဲ့ ယောဂီတွေဟာ ငါးစိမ်းတန်းမှာ ငါးလုနေတဲ့ ငါးစိမ်းသည်တွေလို ပုံစံမျိုးနဲ့ ကျွက်စီ ကျွက်စီနဲ့ စကားပြောသင့်ပါ့မလား? မပြောသင့်ဘူး။ |
1,314,966 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စကားပြောနေလျှင် ကမ္မဋ္ဌာန်းအာရုံမှ စိတ်ဓာတ်တွေ ပျံ့လွင့်မသွားဘူးလား? ပျံ့လွင့်သွားတယ်။ |
1,314,967 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အကယ်၍ ဒီနေ့ အရှင်ဘုရား ... ဘယ်နှစ်ရက် ရှိပါသလဲလို့ မေးလာခဲ့လျှင် ရေကလေးကို ထွေးပြီးတော့ ရက်ကို ပြောပြတယ်။ |
1,314,968 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အကယ်၍ ကျောင်းတော်မှာ ရဟန်းအရေအတွက်က ဘယ်နှစ်ပါး ရှိပါသလဲလို့ မေးလာ ခဲ့လျှင်လည်း ရေကလေးကို ထွေးပြီးတော့ ရဟန်းအရေအတွက်ကို ပြောပြတယ်။ |
1,314,969 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အကယ်၍ တရားဓမ္မနဲ့ ပတ်သက်လို့ ပြဿနာတစ်ခုခု မေးခဲ့မယ် ဆိုလျှင်လည်း အဲဒီ မေးမြန်းလာတဲ့ အမေး ပြဿနာကို စိတ်ရှည် လက်ရှည် တရားဓမ္မနှင့် လျော်ညီစွာ ဖြေကြားပေးပါတယ်။ |
1,314,970 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို လုပ်ငန်းရပ်တွေက လွဲလို့ ကျန်တဲ့ ဆွမ်းခံသွားစဉ် အချိန်ကာလအတွင်းမှာ ဘာလုပ်နေသလဲ? ရေကလေး ငုံထားတယ်တဲ့။ |
1,314,971 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သူတော်ကောင်းတို့ ဖြည့်ကျင့်တဲ့ နည်းလမ်း တစ်ခုပဲ။ |
1,314,972 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဟာသီဝမထေရ် |
1,314,973 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယခု နောက်ဆုံးပြောမယ့် မထေရ်မြတ်ကြီးကတော့ နာမည်ကျော်ဖြစ်တဲ့ မဟာသီဝမထေရ်ကြီး ဖြစ်ပါတယ်။ |
1,314,974 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီမဟာသီဝမထေရ်ကြီးက ဘယ်လို မထေရ်မြတ်ကြီးလဲ? |
1,314,975 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ထေရော ကိရ အဋ္ဌာရသ မဟာဂဏေ ဝါစေသိ။ |
1,314,976 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဒီ၊ဋ္ဌ၊၂၊၃၁၉။ |
1,314,977 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ထေရော = မဟာသီဝမထေရ်မြတ်ကြီးသည်ကား။ |
1,314,978 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဋ္ဌာရသ မဟာဂဏေ = ဂိုဏ်းကြီး (၁၈)ဂိုဏ်းတို့ကို။ |
1,314,979 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝါစေသိ = စာပေ သင်ကြား ပို့ချ၍ နေပေ၏။ |
1,314,980 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂိုဏ်းကြီး (၁၈)ဂိုဏ်းတို့ကို သူက စာပေကျမ်းဂန်တွေ သင်ကြား ပို့ချ ပေးနေတဲ့ မထေရ်မြတ်ကြီး ဖြစ်ပါတယ်။ |
1,314,981 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပိဋကတ်သုံးပုံကို အဋ္ဌကထာနှင့် တကွ အလွတ်အာဂုံ ပို့ချပေးတယ်။ |
1,314,982 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီခေတ်အခါတုန်းက စာအုပ်စာတမ်း မရှိသေးဘူး။ |
1,314,983 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တေဿာဝါဒေ ဌတွာ တိံသသဟဿာ ဘိက္ခူ အရဟတ္တံ ပါပုဏိံသု။ |
1,314,984 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) တဿ = ထိုမဟာသီဝမထေရ်မြတ်ကြီး၏။ |
1,314,985 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဩဝါဒေ = အဆုံးအမ ဩဝါဒ၌။ |
1,314,986 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဌတွာ = တည်၍။ |
1,314,987 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဝါ)တည်၍ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသောကြောင့်။ |
1,314,988 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တိံသသဟဿာ ဘိက္ခူ = သုံးသောင်းကုန်သော ရဟန်းတော်တို့သည်။ |
1,314,989 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပါပုဏိံသု = ဆိုက်ရောက်တော်မူကြလေကုန်၏။ |
1,314,990 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မဟာသီဝမထေရ်ကြီးရဲ့ အဆုံးအမမှာ ရပ်တည်ပြီးတော့ ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တဲ့အတွက်ကြောင့် သုံးသောင်းကုန်သော ရဟန်းတော်တွေဟာ အရဟတ္တဖိုလ်မှာ တည်သွားကြတယ်တဲ့။ |
1,314,991 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သူ့ရဲ့ တပည့် ရဟန္တာပေါင်း ဘယ်လောက်ရှိသလဲ? သုံးသောင်းအထိ ရှိတယ်။ |
1,314,992 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ သုံးသောင်းကုန်သော ရဟန္တာမထေရ်မြတ်တွေထဲက ရဟန်းတော်တစ်ပါးက တစ်နေ့ စဉ်းစားတယ်။ |
1,314,993 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါတော့ ရဟန်းကိစ္စပြီးလို့ ရဟန္တာဖြစ်ပြီ၊ ငါရဲ့ ဆရာမြတ်ကြီးက ဘယ်လိုနေသလဲလို့ စဉ်းစားလိုက်တဲ့ အချိန်အခါမှာ မဟာသီဝမထေရ်ကြီးက ပုထုဇန်ဘဝမှာပဲ ရှိနေတာကို လှမ်းပြီးတွေ့တယ်။ |
1,314,994 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တွေ့လိုက်တဲ့ အချိန်အခါကျတော့ --- |
1,314,995 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အမှာကံ အာစရိယော အညေသံ အဝဿယော ဟောတိ၊ အတ္တနော ဘဝိတုံ န သက္ကောတိ၊ ဩဝါဒမဿ ဒဿာမိ။ |
1,314,996 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) အမှာကံ အာစရိယော = ငါတို့ရဲ့ ဆရာသခင် ကျေးဇူးရှင်သည်ကား။ |
1,314,997 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အညေသံ = အခြားသူတို့ရဲ့။ |
1,314,998 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဝဿယော = မှီရာသည်။ |
1,314,999 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘဝိတုံ = ဖြစ်ခြင်းငှာ။ |
1,315,000 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | န သက္ကောတိ = မစွမ်းနိုင်ပေ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.