id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,315,401
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
နှမ ရှင်မင်းဦး မှာ နေမျိုးနော်ရထာနှင့်သင့်ရာ ဦးကျော်သူ ___ မောင် မောင်လပ် မှာ မယား အသည်ဝန်ကြီး သမီး မယ်အောင်။
1,315,402
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
နှမ မင်းလှမြတ် မှာ လင် အမြင့်မင်း သားတော် မောင်ပုံ။
1,315,403
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
ညီမ မယ်မိ မှာ လင် ပုခန်းမင်း သားတော် မောင်ကြီး။
1,315,404
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
နောက် ရံငူသီရိနော်ရထာနှင့်ရ။
1,315,405
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
မောင် မောင်ဘ မှာ သားမယားမထင်ရှား။
1,315,406
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
နှမ မရွှေရည် မှာ လင် ကျောက်မြောင်းမင်းသား။
1,315,407
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
နောက် ယောမြို့စစ်ကဲ မောင်သူ။
1,315,408
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
မောင် မောင်ကလေး မှာ သားမယားမထင်ရှား။
1,315,409
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
မယ်တလိုင်း မှာ ခင်နှိုင်းစံ သမီး။
1,315,410
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
လင် ငွေတောင်ကြီး မှာ ခြည်ပါမြေတိုင် သား။
1,315,411
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
အသည်ဝန်ကြီးဟု ဆိုသည်။
1,315,412
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
နောက်လင် မောင်သာကြီး မှာ မဟာသီဟသူရခံ ခြည်ပါဝန်ကြီး အသည်ဝန်။
1,315,413
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
သား မောင်ရွှေဦး မှာ ငွေတောင်ကြီး သား။
1,315,414
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
မယား သခင်ပျော် သမီး မယ်စိုး။
1,315,415
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
ညီ မောင်ရွှေသာ မှာ အသည်ဝန်ကြီး သား။
1,315,416
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
မယား မယ်မိမှာ မင်းရဲရွှေတောင်သတိုးဥဇနာ သမီး။
1,315,417
မြန်မာဘာသာ
အလောင်းမင်းတရား မျိုးတော်စဉ်
၎င်းတို့က မင်းကင်းမင်းသမီးမယ်တော် အိမ်ရှေ့မင်းကိုယ်လုပ် မင်းမြတ်ထွဋ်ကို မြင်သည်။
1,315,418
မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုးကြီး
အလောင်းမင်းတရားကြီး ဘုန်းတော်ဘွဲ့ လေးချိုးကြီး
မြန်မာပြည်ပျက်ခါနီးတွင်မှ၊ မကြာမရှည် ဆက်မှာအပြီးသာပ၊ (အိုကွယ်) စက်ရတနာ မီးရယ်တဲ့ ဘုန်းတော်ဖြာ။
1,315,419
မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုးကြီး
အလောင်းမင်းတရားကြီး ဘုန်းတော်ဘွဲ့ လေးချိုးကြီး
(​ေဩာ်) သတင်းကောင်းလိုက်ပါဘိသနှင့်၊ အသင်းအပေါင်းတွေနဲ့၊ မင်းလောင်း အောင်ဇေယျတဲ့နှော၊ တောင်မြေကမ္ဘာမှာ ပြောင်ဝေသမ္ဘာ လျှမ်းပေသမို့၊ နောင်အရှေအကြာ မောင်ရွှေမြန်မာတို့ လွမ်းလောက်ပေရဲ့၊ ရွှေပဟိုရ် ရွှေဘိုက ယွန်းချိန်မို့ကွယ်။
1,315,420
မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုးကြီး
အလောင်းမင်းတရားကြီး ဘုန်းတော်ဘွဲ့ လေးချိုးကြီး
ထွန်းသိုက်ဩဘာ။
1,315,421
မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုးကြီး
အလောင်းမင်းတရားကြီး ဘုန်းတော်ဘွဲ့ လေးချိုးကြီး
အရှိန်အဝါ မှိန်စရာကို၊ ဇနိန္ဒာက ကြားပြန်တော့၊ တဣန္ဒာ ဝတိံသာက သိကြားတောင်မှ၊ ကြောက်အားနှင့် ကျောက်ပြားက တရှောင်ရှောင် ပူရှာသလို၊ (အို) ဗလောင်ဆူပါလို့ တောင်ငူရာဇာတို့ စိတ်မအေး။
1,315,422
မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုးကြီး
အလောင်းမင်းတရားကြီး ဘုန်းတော်ဘွဲ့ လေးချိုးကြီး
ရှိန်ကြွသမ္ဘာ (​ေဩာ်) အချိန်ကျတော့ နှိမ်တယ်လို့ ရတော့မလား၊ (ဘုန်းခင်ရဲ့) သိင်္ဂမြေမဟာပ ရွှေတန်ဆာထံတော်ရင်းမှာလ၊ မင်းလောင်း မပေါ်စရာဖို့တဲ့၊ မြော်မြော်စာစာ အစဉ်အလာကမှ မသိကြလေဘု၊ မဟော်သဓာလို ပညာရှိတွေတဲ့၊ (​ေဩာ်) တော်စွာလျော်စွာနဲ့ သရော်စရာလို၊ ဆရာတော်အဖြာဖြာ သင်္ဃာတွေကလည်း အပြည့်ပါပဲ၊ နှိုင်းညှိကာ တိုင်းကြီ့းရာဇာ မတိမ်း...
1,315,423
ကုန်းဘောင်ခေတ်
အလောင်းမင်းတရား၏ ရွှေပေစာ
ဘုန်တော် အလွန်ကြီမြတ်တော်မူလှသော သုနာပရန္တတိုင် တမ္ပဒီပတိုင် ကမ္ဗောစတိုင် စသော တိုင်ကြီအပေါင်တိုဝ့်နှိုက် မြန်မာပြည် ရှမ်ပြည် ယွန်ပြည် ကသည်ပြည် တလိုင်ပြည် ရာဇဌာနီ ပြည်ကြီ ထီးဆောင်မင် တကာတိုင် သခင် ပတ္တမြာ ရွှေ ငွေ ကြေး သံ ဖယင် ရတနာတွင်မျာ သခင် ဆင်ဖြူ ဆင်နီ ဆင်ကျား စက်ကြာ ရွှေလှံရ အာဒိစ္စ ဝံသ နေမင်၏ အဆက်အနွှယ် အဆောင်ဆော...
1,315,424
ကုန်းဘောင်ခေတ်
အလောင်းမင်းတရား၏ ရွှေပေစာ
ကိန်ခန် အလျောက် တလိုင်တိုင် နှောင်ရှက်ရာတွင် တလပ်တကြာ မရောက်မပေါက်ကြ ရှိ၍ တောင့်တလျက်နေသည်နှင့် အကြည်တော် နိုင်ငံတော်စွန် မော်ဓင်ဟိုင်ကြီးသိုင့် အကြည် တော် အင်ကရိတ်မြိုဝ်မဘုရင်က မည်စလီပရုတ်တိုင်ကိုင် စေ၍ ရောက်ပေါက်လှာရာတွင်မှ မေမြန်၍ ကြာသိရလျှင် အတိုင်ထက်အလွန် မင်ဧကရာဇ်တိုင့်ဝယ်မြိုင့်၏ အင်္ဂါ ၇ ပါးတွင် သခါဟူသောပြည်ထော...
1,315,425
ကုန်းဘောင်ခေတ်
အလောင်းမင်းတရား၏ ရွှေပေစာ
အကြည်တော် အင်ကရိတ်မြိုဝ်မ ဘုရင်က စေသူ မည်စလီ ပရုတ်တိုဝ်က ပုသိန်မြိုင်တွင် တိုက်ကြသင်ဘောသွင်ထာ နေရာနေရပ် လိုဝ်ပါသည် ရှိခိုဝ် သံတော်ဦ တင်သောကြောင် အကြည်တော် အင်ကရိတ်မြိုဝ်မဘုရင်က စေ၍ လျှောက်ရ သည်ဖြစ်သည် အရှည် ချစ်ကြည်ရမည်ကို ထောက်၍ ကြိုက်ရာနေထိုင်စေ ပုသိန်မြိုင် တွင် မြေကိုဝ် တိုင်တာမှတ်သား၍ ပုသိန်မြိုဝ်ဝန်တိုဝ်က ချပေစေသ...
1,315,426
ကုန်းဘောင်ခေတ်
အလောင်းမင်းတရား၏ ရွှေပေစာ
ငါသားတော်အစည် မြေတော်အဆက် မြစ်တော်အညွန့် အကြည်တော်အင်ကရိတ်မြိုဝ်မဘုရင်ကိုယ် မြေးမြစ်အစည် ရှည်စွာ ချစ် ၁၁၁၈ ခု ကဆုန်လဆန် ၁ဝ ရက် ဝ နေ့ ရာဇသံ ကြည်ကြရမည်အကြောင် ကိုယ်သက္ကရာဇ် ရွှေပေစာနှင့် ချစ်ကြည်စွာ ကြာရောက်အပ်သော အင်ကရိတ်မြိုဝမကိုဝ် အစိုဝ်ရသော အကြည်တော်အင်ကရိတ် ဘုရင်
1,315,427
ကုန်းဘောင်ခေတ်
အလောင်းမင်းတရား၏ ရွှေပေစာ
ကဏ္ဍ:ကုန်းဘောင်ခေတ်
1,315,428
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
1,315,429
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၆)ရက်၊ ၂၅-၁-၂၀၁၂၊ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ ကေတုမာလာရိပ်သာ မိသားစုတို့၏ ပဉ္စမ အကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနား၌ ဟောကြားတော်မူသည်။
1,315,430
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လောကလူတွေမှာ အရေးကြီးဆုံးက ကောင်းအောင်ပြင်ဖို့ အရေးကြီးဆုံးပဲ။
1,315,431
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
မြတ်စွာဘုရားသာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာမှ မိမိကိုယ်ကို ကောင်းအောင် မပြင်လိုက်နိုင်ဘူးဆိုရင် နောင် ကောင်းအောင် ပြင်ဖို့ဆိုတာ တော်တော်ခဲယဉ်းသွားလိမ့်မယ်။
1,315,432
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လောကမှာ ရုပ်ကိုပြုပြင်ကြတာတော့ ခေတ်ကာလမရွေး၊ ဒေသမရွေး ပြုပြင်နေကြတာပဲ။
1,315,433
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လူတွေက မိမိရဲ့ ရုပ်ခန္ဓာကိုယ် မလှ,လှအောင်၊ မဝ,ဝအောင်ဆိုတာ နေ့စဉ်နဲ့အမျှ ပြင်နေကြတာ။
1,315,434
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
မိမိတို့ကိုယ်တိုင်ပြင်တာ အားမရလို့ ပြုပြင်တဲ့ဌာနတွေ ဗျူတီပါလာတို့ ဘာတို့သွားပြီး ပြင်နေကြတာပဲနော်။
1,315,435
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒီတော့ လောကမှာ လူတွေဟာ ဘာတွေလုပ်နေသလဲလို့ စဉ်းစားကြည့်ရင် ပြင်နေကြတာပဲ။
1,315,436
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အများစုက ဘာတွေပြင်နေတာတုန်းလို့ မေးကြည့်လိုက်ရင် ကိုယ့်ခန္ဓာကိုယ်ကြီးကောင်းအောင် ပြင်နေကြတာပဲ မဟုတ်လား။
1,315,437
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
Physical Body လို့ခေါ်တဲ့ အပြင်ပန်း ရုပ်ခန္ဓာကိုယ်ကြီး လှဖို့အတွက် လူတိုင်း ကြိုးစားနေကြတယ်၊ သပ်ရပ်သန့်ရှင်းမှုဆိုတဲ့ အနေအထေားထက် ကျော်လွန်ပြီးတော့ လှဖို့ပဖို့ဆိုတဲ့ အဆင့်ထိ ရောက်လာတယ်။
1,315,438
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လူဆိုတာ သန့်သန့်ရှင်းရှင်း၊ သန့်သန့်ပြန့်ပြန့် ဒီလိုတော့ နေရမှာပေါ့။
1,315,439
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အလှပြင်တာနဲ့ သန့်ရှင်းအောင်နေတာ မတူဘူး။
1,315,440
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သန့်ရှင်းအောင်နေတယ်ဆိုတာ ကိုယ့်ခန္ဓာကို အညစ်အကြေးတွေ မကပ်ရုံ၊ သင့်တော်ရုံ သန့်ရှင်းပြီးတော့နေတာ၊ ဒါ အလှပြင်တာမဟုတ်ဘူး။
1,315,441
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သန့်ရှင်းအောင်နေတာ။
1,315,442
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လူတိုင်းလူတိုင်း ခန္ဓာကိုယ် သန့်ရှင်းအောင်ကတော့ နေသင့်တယ်ပေါ့။
1,315,443
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သန့်ရှင်းမှုက ကျန်းမာရေးအတွက်လည်းပဲ အထောက်အကူပြုတယ်၊ အသိဉာဏ်ဖွံ့ဖြိုးဖို့အတွက်လည်းပဲ အထောက်အကူပြုတယ်။
1,315,444
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ရုပ်ခန္ဓာကိုယ်ကြီးက ညစ်ပတ်နေမယ်၊ ကိုယ်ဝတ်တဲ့ အဝတ်အစားတွေက ညစ်ပတ်နေမယ်၊ ကိုယ်နေတဲ့အိမ်ဂေဟာက ညစ်ပတ်နေမယ်၊ အစစအရာရာ ညစ်ပတ်နေမယ်၊ စားတဲ့အစာ အာဟာရတွေကလည်း ညစ်ပတ်နေမယ်ဆိုလို့ရှိရင် လူက ရောဂါလည်း ရနိုင်တယ်၊ စိတ်ကြည်လင်မှုကိုလည်း မဖြစ်စေနိုင်ဘူး။
1,315,445
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
စိတ်စွမ်းအားတွေပါ ကျသွားတတ်တယ်။
1,315,446
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒါကြောင့်မို့ ပညာရပ် တိုးတက်ဖို့ဆိုတဲ့အထဲမယ် သန့်သန့်ရှင်းရှင်းနေတတ်ဖို့ဟာ အကြောင်းတစ်ခုပဲ။
1,315,447
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဒါကို သတိထားရမယ်။
1,315,448
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကမ္မဋ္ဌာန်းအားထုတ်ရင် ညစ်တီးညစ်ပတ်တော့ သွားအားမထုတ်လေနဲ့၊ ဘာဖြစ်လို့ ညစ်တီးညစ်ပတ် အားမထုတ်လေနဲ့လို့ ပြောတုန်းဆိုရင် မည်းညစ်နေတဲ့ မီးစာ၊ မည်းညစ်နေတဲ့ဆီတို့မှာ ထွန်းထားတဲ့မီးဟာ မတောက်ပဘူး၊ သန့်သန့်ပြန့်ပြန့်ဆိုရင် ပိုပြီးတော့ တောက်ပတယ်။
1,315,449
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လူမှာလည်းပဲ ထို့အတူပဲ၊ ခန္ဓာကိုယ် သန့်ရှင်းရေး အားနည်းနေတယ်၊ သန့်ရှင်းမှုမရှိဘူးဆိုလို့ရှိရင် လူရဲ့စိတ်ဟာ မကြည်လင်လို့ အသိဉာဏ်လည်း မတောက်ပဘူးလို့ ဒီလိုပြောတာ၊ ရုပ်ခန္ဓာကိုယ်နဲ့ နာမ်တရားဆိုတာ ဆက်စပ်နေတာမို့ သန့်ရှင်းမှုတော့ လုပ်ရမယ်။
1,315,450
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သန့်ရှင်းမှုထက် ကျော်လွန်ပြီးတော့ အလှပြင်တာမျိုးကျတော့ တစ်ဖက်စွန်း ရောက်သွားပြီ။
1,315,451
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
မလှ,လှအောင် မရှိတာကို အရှိလုပ်တာပေါ့နော်။
1,315,452
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အခုခေတ်မှာ မရှိတာကို အရှိလုပ်တာ တော်တော်များတယ်။
1,315,453
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကိုယ့်မှာ အမေမွေးတုန်းက ဆံပင်ကလေးက အနက်ရောင်ကလေးရှိတာ၊ အဲဒါ ရွှေဝါရောင်ရှိချင်တယ်။
1,315,454
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
တခြားအညိုရောင်ရှိချင်တယ်၊ ရောင်စုံရှိချင်တယ်ပေါ့လေ။
1,315,455
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒီလို မရှိတာကိုရှိချင်လို့ ရှိအောင်လုပ်လာတဲ့အခါကျတော့ ပြဿနာကို ဖိတ်ခေါ်သလိုဖြစ်တယ်။
1,315,456
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဆံပင်ကို ဆေးဆိုးတာတွေဟာ အန္တရာယ်ရှိမရှိ ဆရာဝန်တွေကို မေးကြည့်တဲ့အခါကျတော့ အန္တရာယ်ရှိတယ်တဲ့။
1,315,457
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒီဆေး chemical တွေဆိုတာ ချက်ချင်းတော့ ဒုက္ခမပေးဘူးပေါ့၊ သဘာဝမဟုတ်ဘဲနဲ့ ကျော်လွန်ပြီးတော့ လုပ်ထားတဲ့ဆေးတွေမှာပါတဲ့ chemical နဲ့ ဖြစ်ပေါ်စေတဲ့အရောင်တွေ အဲဒါတွေက လူရဲ့ဆံပင်ကို ဆိုးရင်းကနေပြီး ဦးရေတွေဘာတွေထိအောင် ထိလာတယ်။
1,315,458
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ထိတဲ့အခါကျတော့ ဒါတွေဟာ အန္တရာယ်ရှိတယ်လို့ ဒီလိုပြောတာ၊ ဘယ်အရာပဲဖြစ်ဖြစ် အလေးအနက်ထားဆင်ခြင်စဉ်းစားဖို့ရာ လိုအပ်တယ်ပေါ့။
1,315,459
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လောကလူတွေ ပြင်ဆင်နေကြတာ ဘာတွေကို ပြင်ဆင်တုန်းဆို ကိုယ့်ခန္ဓာကိုယ်ကိုလှဖို့ပဖို့ ပြင်ကြတယ်။
1,315,460
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သို့သော် မပြင်ဘဲနေတာ ဘာလဲလို့ဆိုရင် အကျင့်စရိုက်တွေ မပြင်ဘူး၊ စိတ်နေသဘောထားတွေ မပြင်ဘူးတဲ့။
1,315,461
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
စိတ်တိုတတ်တဲ့လူက “ငါ စိတ်တိုတတ်တယ်နော်” ဆိုပြီး ဂုဏ်တောင်ယူနေသေးတယ်။
1,315,462
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
“ငါ့လာမစမ်းနဲ့၊ ငါ့စိတ်ကမရဘူး” လို့ပြောတယ်။
1,315,463
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒါပေမယ့် ပြင်ဖို့ စိတ်မဝင်စားဘူး၊ လောဘကြီးတဲ့သူကလည်း ပြင်ဖို့ စိတ်မဝင်စားဘူး၊ ဒေါသကြီးတဲ့သူကလည်း ပြင်ဖို့ စိတ်မဝင်စားဘူး၊ မသိမလိမ္မာ မောဟကြီးနေတဲ့သူကလည်း ပြင်ဖို့စိတ်မဝင်စားဘူး။
1,315,464
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်လေ့လာကြည့်ပြီး ကိုယ်ဘာတွေ ဝါသနာပါသည်ဆိုတာ ပြင်ဖို့ စိတ်မဝင်စားဘူး။
1,315,465
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
တစ်ခါတုန်းက ပြောသံကြားဖူးတယ်၊ အသက်အရွယ်ကြီးတဲ့ အဘိုးကြီးတွေ အဘွားကြီးတွေ မြေးသံယောဇဉ်တော့ ဖြတ်နိုင်ပါတယ်၊ ကိုရီးယားဇာတ်ကားလေးတော့ ကြည့်ပါရစေဦးဆိုတာ - မပြင်နိုင်တာလေးတွေ ရှိတယ်လို့ ဒီလိုဆိုလိုတာပေါ့နော်။
1,315,466
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီလို ကိုယ့်စိတ်ကို မပြင်နိုင်ကြဘူး။
1,315,467
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လူတွေဟာ စိတ်မပြင်နိုင်လို့ သံသရာထဲမှာ တဝဲလည်လည် ဖြစ်နေတာလေ။
1,315,468
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
မြတ်စွာဘုရား ကိုယ်တိုင်ကိုက ခန္ဓာကိုယ်ကို သန့်ရှင်းအောင်လုပ်ရမယ်လို့ ဟောတဲ့နေရာ အင်မတန်မှနည်းတယ်၊ မရှိသလောက်ပဲ။
1,315,469
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
“သစိတ္တ ပရိယောဒပနံ” ကိုယ့်စိတ်လေးကို ကိုယ်ဖြူစင်အောင်လုပ်ပါလို့ပဲဟောတယ်၊ စိတ်ဖြူစင်မှုက အဓိကကျတယ်၊ ဒါကြောင့် စိတ်ဖြူစင်မှုကို အရေးပေးပြီးတော့ လုပ်ကြရမှာဖြစ်တယ်။
1,315,470
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
စိတ်ဖြူစင်အောင်လုပ်တယ် ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ? ဘယ်အရာတွေ ကိုယ့်စိတ်ထဲရှိနေရင် မဖြူစင်တာလဲ? ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ? ဆိုတာလည်း သိဖို့လိုတယ်။
1,315,471
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ပြင်ပဗဟိဒ္ဓမှာ ကိုယ့်အဝတ် ညစ်ပေနေလို့ရှိရင် သိတယ်၊ ဒါက အဝတ်ကို ညစ်ပေစေတတ်တယ်။
1,315,472
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဖုန်တွေ, အရောင်မကောင်းတဲ့ အညစ်အကြေးတွေပေါ့။
1,315,473
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒါတွေကို စင်ကြယ်အောင် စင်ကြယ်စေတတ်တဲ့ ဆပ်ပြာတို့ ရေတို့နဲ့ရောပြီးတော့ လျှော်ကြ၊ စင်ကြယ်အောင်လုပ်ကြ၊ ဖြူစင်အောင် ကြိုးစားကြတယ်။
1,315,474
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သို့သော် ကိုယ့်စိတ်လေး ညစ်ထေးနေတာကျတော့ စင်ကြယ်အောင်လုပ်ဖို့ အများက သတိမရဘူး၊ လွှတ်ထားကြတယ်။
1,315,475
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လူ့သဘာဝလို့လည်း တွက်တယ်။
1,315,476
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
“လူဆိုတာ လှတာမြင်ရင် သဘောကျမယ်၊ မလှတာမြင်ရင် စိတ်ထဲမှာ မခံချိမခံသာဖြစ်မယ်၊ ဒါ လူ့သဘာဝပဲ” ဆိုပြီးတော့ လွှတ်ထားကြတယ်၊ စိတ်ရဲ့အညစ်အကြေးမှန်း မသိကြဘူး၊ အညစ်အကြေးလို့ အသိအမှတ်မပြုကြဘူး။
1,315,477
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီလို မသိသေးသမျှ ကာလပတ်လုံး စိတ်ဖြူစင်အောင် စိတ်အလှပြင်ဖို့ဆိုတာကို ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။
1,315,478
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အခု မြန်မာနိုင်ငံမှာ လူလာဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓဘာသာဝင်မိသားစုက မွေးဖွားလာလို့ မြတ်စွာဘုရား ဟောကြားတဲ့ တရားဓမ္မတွေကို နာယူရလို့ ဘုရားတရားကို သိတတ်လာကြတယ်။
1,315,479
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒီလို ပုဂ္ဂိုလ်တွေထဲကမှ စိတ်ဖြူစင်ဖို့ မကြိုးစားဘူးဆိုရင် ကျန်တဲ့ပုဂ္ဂိုလ်တွေက ဒီဘက်ကို သတိတောင်မရဘူး၊ အမှတ်တောင် မရဘူး။
1,315,480
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
မြန်မာနိုင်ငံမှာ လူဦးရေ သန်းပေါင်း ၅၀ ကျော် ၆၀ နီးပါးရှိတဲ့အထဲမယ် စိတ်ဖြူစင်ဖို့ စဉ်းစားတဲ့ပုဂ္ဂိုလ် အလွန်နည်းပါလိမ့်မယ်။
1,315,481
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဘာတွေဟာ စိတ်တွေရဲ့ အညစ်အကြေးတွေလဲ၊
1,315,482
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
Impurity တွေလဲ၊ အဲဒါတွေကို ဘယ်လိုစင်ကြယ်အောင် လုပ်ရမလဲ? ဆိုတာ သိတဲ့ပုဂ္ဂိုလ်တွေကျတော့ ရာခိုင်နှုန်းပိုနည်းသွားပြီ။
1,315,483
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒါကြောင့်မို့ မြတ်စွာဘုရား သာသနာတော်နဲ့ တွေ့ကြုံလာတဲ့ အခိုက်ကလေးမှာ စိတ်ရဲ့အညစ်အကြေးဆိုတာ ဘာတွေလဲ၊ စိတ်မဖြူစင်ဘူးဆိုတာ ဘာလဲ၊ စိတ်ကိုမဖြူစင်စေတဲ့ စိတ်ရဲ့အညစ်အကြေးတွေကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲ ဆိုတာတွေ သိရှိနားလည်ဖို့လိုတယ်။
1,315,484
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အခုလို တရားပွဲကြီးတွေ ကျင်းပတာ ဒါတွေသိအောင်လုပ်တာနော်။
1,315,485
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
တကယ်ကတော့ ကိုယ့်ဘဝမှာ မကောင်းတဲ့အရာတွေကို ဖယ်ရှားလို့ ကောင်းတဲ့အရာတွေကို လက်ခံကြိုးစားဖို့၊ ကောင်းအောင်ပြင်တတ်ဖို့အတွက် ပညာယူနေတဲ့ သဘောပဲ။
1,315,486
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
တရားနာတယ်ဆိုကတည်းက ရည်ရွယ်ချက်က ဘာထားရမလဲဆိုရင် “မြတ်စွာဘုရားဟောတဲ့တရားကို ဓမ္မကထိက ဆရာတော်တွေဆီက တို့နာမယ်၊ နာပြီးရင် သင်ခန်းစာယူသင့်တဲ့ဟာယူမယ်၊ ရှောင်သင့်တာ ရှောင်မယ်၊ ဆောင်သင့်တာ ဆောင်မယ်၊ ဒီတရားတွေအတိုင်း လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားအားထုတ်မယ်” ဆိုတဲ့ ဒီနှလုံးသွင်းရှိရမယ်။
1,315,487
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီ နှလုံးသွင်းမရှိဘဲနဲ့ အိမ်မှာနေရတာပျင်းလို့ တရားပွဲသွားဦးမယ်ဆိုတာမျိုးကတော့ မဟုတ်သေးဘူးနော်။
1,315,488
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒါကြောင့်မို့ တရားပေါ်မှာ စိတ်ဝင်စားမှုဆိုသည်မှာ နားလည်ဖို့အတွက် စိတ်ဝင်စားတာဖြစ်ရမယ်။
1,315,489
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကိုယ့်ဘဝနဲ့ ပတ်သက်ပြီး ဘဝကို ရှင်းရှင်းလင်းလင်းမြင်ဖို့ရာအတွက် မြတ်စွာဘုရားဟောတဲ့ တရားအဆုံးအမတွေ နာယူကြရမှာဖြစ်တယ်။
1,315,490
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီလို နာယူပြီး တရားဓမ္မကို လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ကျမှ အကျိုးသက်ရောက်မှုဆိုတာ ဖြစ်လာနိုင်မယ်ပေါ့။
1,315,491
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီလိုမှ မလုပ်ဘူးဆိုရင် အကျိုးသက်ရောက်မှုဆိုတာ မဖြစ်နိုင်ဘူး။
1,315,492
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ဖို့ဆိုတာ နေရာဒေသမရွေး၊ အချိန်မရွေး ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။
1,315,493
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
“ကောင်းအောင် ပြင်” ဆိုတဲ့နေရာမှာ “ဘယ်ထိအောင် ကောင်းအောင်ပြင်ရမှာလဲ” ဆိုတော့ “အကောင်းဆုံးဖြစ်အောင်” ကို ပြင်ရမယ်။
1,315,494
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အကောင်းဆုံးဖြစ်ပြီဆိုတာ ဘယ်အဆင့်ကျမှ အကောင်းဆုံးလို့ ပြောလို့ရသလဲဆိုရင် ရဟန္တာဖြစ်သွားမှ အကောင်းဆုံးဖြစ်မှာပဲ။
1,315,495
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒီကြားထဲမှာတော့ အဆိုးက ရှိနေဦးမှာပဲ။
1,315,496
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သောတာပန်ဖြစ်သွားရင် တော်တော်ကောင်းသွားပြီလို့ ပြောရမယ်၊ သကဒါဂါမ်ဖြစ်ရင် အတော့်ကို ကောင်းသွားပြီ။
1,315,497
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အနာဂါမ်ဖြစ်ရင် ပိုကောင်းသွားပြီ။
1,315,498
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ရဟန္တာဖြစ်သွားလို့ရှိရင် အကုန်ကောင်းသွားပြီလို့ ဒီလိုဆိုလိုတယ်ပေါ့။
1,315,499
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
“အဆိုးတွေ လျော့ကျပြီးတော့ အကောင်းဘက်ကို ရောက်အောင် ကြိုးစားအားထုတ်ရတယ်” တဲ့။
1,315,500
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
မြတ်စွာဘုရားဟောတဲ့ နည်းလမ်းတွေကလည်းပဲ ဒါတွေကို အဓိကထားပြီးတော့ဟောတာ။