id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,315,501 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လောကမှာ ဘုရားပွင့်လာတာဟာ ကိုယ့်ကိုကိုယ် ကောင်းအောင်ပြင်တတ်ဖို့ ပွင့်လာတာဖြစ်တယ်။ |
1,315,502 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဘုရားက ပြင်ပေးတာ မဟုတ်ဘူး။ |
1,315,503 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ်ကိုယ်တိုင်ပြင်ရမှာ။ |
1,315,504 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဘုရားဆီက တရားဓမ္မကို နာယူပြီးတော့ ကိုယ်ကိုယ်တိုင်ပြင်ရမှာ။ |
1,315,505 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလိုပြင်မှ လူ့ရဲ့စိတ်အခြေအနေတွေဟာ ပြောင်းလွဲပြီးတော့ အကောင်းဘက်ကိုရောက်မှာတဲ့၊ နို့မို့ဆိုရင် အကောင်းဘက်ကိုရောက်ဖို့ဆိုတာ တော်တော်ခက်တယ်။ |
1,315,506 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လူ့ရဲ့စိတ်ကိုက “ပါပသ္မိံ ရမတိ မနော” တဲ့။ |
1,315,507 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လူ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲပျော်တယ်။ |
1,315,508 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဘာဖြစ်လို့ မကောင်းဘက် ပျော်တုန်းဆိုတော့ အကျင့်ကိုက ဒီအတိုင်းဖြစ်နေတာ။ |
1,315,509 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သံသရာတစ်လျှောက်လုံးမှာလည်း မကောင်းတာကျတော့ သိပ်ပျော်တယ်။ |
1,315,510 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လောကမှာ လူတွေကြည့်လေ၊ ကလေးတွေ လူ့ဘဝရလာတဲ့အခါမှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အကောင်လေးတွေ လိုက်ပြီးတော့ ညှဉ်းဆဲတယ်၊ သတ်ဖြတ်တယ်။ |
1,315,511 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒီအလုပ်လုပ်ရတာ သူတို့ ပျော်နေကြတယ်။ |
1,315,512 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သူများဥစ္စာ ခိုးရတာတို့၊ လစ်ရတာတို့ ဒါလဲ သူတို့ပျော်တာပဲ။ |
1,315,513 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သံသရာတစ်လျှောက် စိတ်ဟာ မကောင်းတဲ့အလုပ်တွေမှန်သမျှ အကုန်ပျော်တယ်။ |
1,315,514 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လုပ်လဲလုပ်နိုင်တယ်။ |
1,315,515 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လုပ်လဲလုပ်တယ်။ |
1,315,516 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ပိုပြီးတော့လဲ စိတ်ဝင်စားတယ်။ |
1,315,517 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကောင်းတာနဲ့ မကောင်းတာ ယှဉ်ပြိုင်ပြီးတော့ လွန်ဆွဲမယ်ဆိုရင် မကောင်းတဲ့ဘက်ကို စိတ်ကို ပိုဖြစ်တယ်ပေါ့။ |
1,315,518 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကောင်းတဲ့ဘက်ရောက်အောင် လုပ်တယ်ဆိုတာ ရေဆန်ကိုတက်ရတာနဲ့ အလားသဏ္ဍန်တူတယ်ပေါ့။ |
1,315,519 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဧရာဝတီမြစ် (သို့မဟုတ်) ရန်ကုန်မြစ်ထဲမှာ အောက်အကြေဘက်ကို ရေစီးနေတဲ့အချိန် ရေဆန်ကို လှေနဲ့ ဆန်တက်မယ်ဆိုရင် အင်မတန်ခဲယဉ်းတယ်။ |
1,315,520 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ရေစုန်မျောရင်ကတော့ ဘာမှလုပ်စရာမလိုဘူး၊ အသာလေး လိုက်သွားရုံပဲ။ |
1,315,521 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သူ့ဘာသူ မျောသွားမှာပဲ။ |
1,315,522 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | မကောင်းမှုအကုသိုလ်ဆိုတာ ရေစုန်မျောနေသလိုပဲ၊ အသာလေး မျောလိုက်သွားတာ၊ သိပ်သက်သာတယ်။ |
1,315,523 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အကုသိုလ်က သိပ်သက်သာတယ်။ |
1,315,524 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကုသိုလ်ဆိုတာကျတော့ အားတင်းပြီးတော့ ကြိုးစားကြရတယ်။ |
1,315,525 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သံသရာမှာ အဲဒီလိုရှိတယ်။ |
1,315,526 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လူတွေက အကုသိုလ်လုပ်ဖို့ရာ လွယ်ပေမယ့် (အကုသိုလ်အကျိုးကျ အင်မတန်မှ ကြောက်စရာကောင်းတော့) အကုသိုလ်က အကျိုးပေးတဲ့ ဒုက္ခကိုတော့ ဘယ်သူမှ မခံချင်ကြဘူး။ |
1,315,527 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ခံချင်တာက ကုသိုလ်က အကျိုးပေးတဲ့ သုခကိုပဲ ခံချင်တယ်။ |
1,315,528 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါပေမယ့် သုခရချင်လို့ ကုသိုလ်လုပ်သလားဆိုတော့ ကုသိုလ်ကျတော့ လုပ်ဖို့ရာ ခက်ပြန်ရော။ |
1,315,529 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အကုသိုလ်လုပ်တာက လွယ်ကူတော့ လုပ်တာပိုများတယ်။ |
1,315,530 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကုသိုလ်လုပ်တာက နည်းလာတဲ့အခါကျတော့ လိုချင်တဲ့ သုခက မရဘဲနဲ့ မလိုချင်တဲ့ ဒုက္ခတွေနဲ့ပဲ ဒုက္ခရောက်ပြီးတော့ သံသရာထဲမှာ တဝဲလည်လည် ဒီလို ဖြစ်နေကြရတာ။ |
1,315,531 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါကြောင့် မြတ်စွာဘုရား သာသနာတော်နဲ့ကြုံပြီး သိတတ်တဲ့အသိဉာဏ် ရ,ထားတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ ကောင်းအောင်ပြင်ဖို့ မမေ့သင့်ဘူးတဲ့။ |
1,315,532 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကောင်းအောင်ပြင်ဖို့အတွက် ဘာလုပ်ရမှာတုန်း ဆိုတော့ စဉ်းစားဆင်ခြင်မှု ရှိရမယ်နော်။ |
1,315,533 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | “အလေးထား၍ စဉ်းစားဆင်ခြင်ကောင်းအောင်ပြင်” ကောင်းအောင်ပြင်ဖို့အတွက် စဉ်းစားတယ်၊ ဆင်ခြင်တယ်ဆိုတာ အမှတ်တမဲ့ မနေရဘူး။ |
1,315,534 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အမှတ်တမဲ့ မနေရဘူး၊ ဆင်ခြင် စဉ်းစားတယ်ဆိုတာ အခု တရားပွဲလာတာကို “တို့ဘာလို့ တရားနာတာလဲ” လို့ စဉ်းစားရတယ်။ |
1,315,535 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အမှတ်တမဲ့ မနေရဘူး၊ အဖော်ကောင်းလို့ လိုက်လာတာလား၊ ဘာဖြစ်လို့ တရားပွဲလာတာလဲ၊ ကိုယ့်ဘာသာကိုယ် အလေးအနက် ဆင်ခြင်စဉ်းစားဖို့ လိုအပ်တယ်ပေါ့။ |
1,315,536 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဆင်ခြင်စဉ်းစားလိုက်လို့ရှိရင် အဖြေတော့ တွေ့လာမှာပဲ။ |
1,315,537 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒီကနေ့ တရားနာနေကြတဲ့ တရားနာပရိသတ်တွေကို ဒီမေးခွန်းမေးလိုက်မယ်။ |
1,315,538 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | “ဘာဖြစ်လို့ တရားပွဲလာတာတုန်း” ဆိုလို့ရှိရင်နော် အဖြေတူတွေ ရှိနိုင်သော်လည်းပဲ မတူညီတဲ့ အတွေးတွေတော့ ရှိမှာသေချာတယ်ပေါ့၊ ခြုံငုံပြောရင်တော့ “နိဗ္ဗာန်ရချင်လို့လာတယ်” လို့သာ ပြောတာ “နိဗ္ဗာန်ဆိုတာသိလား” ဆိုတော့ နိဗ္ဗာန်ဆိုတာ မသိဘူးနော်၊ နိဗ္ဗာန်လို့ လူတကာပြောနေကြပေမယ့် မသိကြဘူး။ |
1,315,539 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | “ဒါဖြင့် နိဗ္ဗာန်ရချင်နေတာ ဘာဖြစ်လို့ ရချင်နေတာတုန်း” လို့ စစ်စစ်ပေါက်ပေါက် ထပ်မေးရင် မဖြေနိုင်တဲ့ပုဂ္ဂိုလ်က ရာခိုင်နှုန်းများလိမ့်မယ်။ |
1,315,540 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လေ့လာထားလို့၊ ဆင်ခြင်သုံးသပ်ထားလို့ ဖြေနိုင်တဲ့ ပုဂ္ဂိုလ်လည်း ရှိနိုင်တယ်ပေါ့။ |
1,315,541 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကောင်းပြီ၊ ဒါကြောင့်မို့လို့ ဘဝဆိုတာ ရလာတဲ့အခါမှာ မဆင်ခြင် မစဉ်းစားဘဲနဲ့ ဘာမှမလုပ်သင့်ဘူးတဲ့။ |
1,315,542 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဆင်ခြင်စဉ်းစားပြီးတော့ လုပ်သင့်တယ်။ |
1,315,543 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | “တို့တရားပွဲလာတာဟာ မြတ်စွာဘုရားဟောတဲ့ တရားဓမ္မတွေကို တစ်လုံးသိသိ၊ နှစ်လုံးသိသိ တရားဟောဓမ္မကထိကတွေဆီက ကြားနာရမယ်၊ ကြားနာရလို့ရှိရင် တို့မှာ အသိဉာဏ်တွေတိုးမယ်၊ အဲဒီတိုးလာတဲ့ အသိဉာဏ်နဲ့ တို့ဘဝခရီးကို မှန်မှန်ကန်ကန် လျှောက်နိုင်အောင် တို့ကြိုးစားမယ်” ဆိုတဲ့ ဒီရည်ရွယ်ချက်နဲ့ တရားနာလာပါ၊ အဲဒီရည်ရွယ်ချက်နဲ့ တရားနာမှ တရားပွဲကရ... |
1,315,544 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလို မလုပ်နိုင်ရင် အချိန်ကုန်ပြီးတော့ တရားပွဲကိုလာ၊ တရားနာပြီးပြန်သွားတော့ ဘာမှမကျန်တဲ့ဟာမျိုး ဖြစ်တတ်တယ်။ |
1,315,545 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ့်ဘဝအတွက် သင်ခန်းစာရတာချင်းက တစ်ဦးနဲ့တစ်ဦး မတူဘူး။ |
1,315,546 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သင်ခန်းစာယူတတ်ပုံချင်းလည်း မတူဘူး။ |
1,315,547 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | စကားလုံးတစ်လုံးနဲ့ ပတ်သက်ပြီးတော့ အတွေးအမြင်ချင်းလည်း မတူဘူးပေါ့။ |
1,315,548 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဘုန်းကြီးတို့ ဇေယျသုခလမ်းမှာ မဟာသတိပဋ္ဌာနအနှစ်ချုပ်ဆိုတာ ငါးရက်ဟောတယ်၊ အဲဒီငါးရက်ဟောတဲ့အထဲက စကားလုံးလေးတစ်လုံးက သူ့ဘဝကို ပြောင်းလဲသွားစေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိခဲ့တယ်။ |
1,315,549 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | စကားလုံးတစ်လုံးတည်းပဲ။ |
1,315,550 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒီ့ပြင်တရားတွေက ပြောင်းမပြောင်းတော့ မသိဘူး၊ ဒါက သူလျှောက်လို့သိတာ။ |
1,315,551 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သူ့ဘဝ ဘယ်လိုပြောင်းသွားလဲ? “ကောင်းတာကို ရချင်ရင်တော့ တစ်ခုခုတော့ လက်လွှတ်ရမယ်၊ တစ်ခုခုကို မလွှတ်ဘဲနဲ့ နောက်တစ်ခုရတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဟိုဘက်ကမ်းရောက်ချင်ရင် ဒီဘက်ကမ်းက ခွာရမယ်” လို့ အဲဒီလို တရားထဲမှာ ဟိုဘက်ကမ်းရောက်ချင်ရင် ဒီဘက်ကမ်းက ခွာရမယ်၊ သံသရာဝဋ်က လွတ်ချင်တယ်၊ နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင်လည်း ဒီဘက်ကမ်းက ခွာရမယ်။ |
1,315,552 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | စွန့်လွှတ်ရမယ်၊ မစွန့်လွှတ်ရင် မရဘူးဆိုတာ၊ ဒီတော့ သူ့နားထဲမှာ ဘာစွဲသွားတုန်းဆိုရင် “ဟိုဘက်ကမ်းရောက်ချင်ရင် ဒီဘက်ကမ်းက ခွာရမယ်” ဆိုတာ သဘောပေါက်လို့ “ငါ နိဗ္ဗာန်ရချင်တယ်ဆိုတာ ဒီအတိုင်းထိုင်ဆုတောင်းနေလို့ မဖြစ်ဘူး၊ ဒီဘက်ကမ်းက ခွာမှပဲ” ဆိုပြီးတော့ ဘုန်းကြီးဝတ်သွားတယ်နော်။ |
1,315,553 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒါ ရန်ကုန်မှာ တကယ်ဖြစ်တာ။ |
1,315,554 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဆိုလိုတာက ဘာပြောချင်တုန်းဆို စကားလုံးလေးတစ်ခုဟာ တချို့ပုဂ္ဂိုလ်တွေအတွက် တွန်းအားတစ်ခုရတယ်။ |
1,315,555 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | တချို့ပုဂ္ဂိုလ်တွေအတွက်တော့ စကားလုံးထောင်သောင်းသန်းချီပေမယ့်လို့ တွန်းအားဘာမှမဖြစ်တာလဲ ရှိနိုင်တယ်။ |
1,315,556 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါကြောင့် ကိုယ့်အတွက်မှာ အသုံးဝင်တဲ့ စကားလုံးလေးတစ်ခု ရှိရမယ်။ |
1,315,557 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလို စကားလုံးလေး တစ်လုံးကနေပြီးတော့ အမှန်ဘက်ကိုဦးတည်ပြီးတော့ ရောက်ရှိသွားအောင် စာပေကျမ်းဂန်ထဲမှာ ဘာပြောတုန်းဆိုရင် လူတွေရဲ့စိတ်ဟာ မကောင်းဘက်ကို သွားတာများတယ်၊ မကောင်းဘက်သွားတဲ့စိတ်ကို ကောင်းတဲ့ဘက်ကို ဆွဲဖို့အတွက်ဟာ တစ်ခါတစ်လေကျတော့ လွယ်လွယ်နဲ့ မလိုက်ဘူးနော်။ |
1,315,558 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒီတော့ လွယ်လွယ်နဲ့မလိုက်တဲ့အခါမှာ ဘာလုပ်ရတုန်း? အားလုံးသိကြပါလိမ့်မယ်၊ ဆင်တွေကိုထိန်းတဲ့ လက်နက်ကိရိယာ တစ်ခုကို ချွန်းလို့ခေါ်တယ်။ |
1,315,559 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အင်မတန်မှထက်တယ်။ |
1,315,560 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဆင်ဦးစီးကြီးကိုင်တဲ့ချွန်းမှာ အကောက်ကလေး လုပ်ထားပြီးတော့ အင်မတန်မှထက်တယ်။ |
1,315,561 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | မုန်ယိုနေတဲ့ဆင်တောင် အဲဒီချွန်းနဲ့ထိန်းလို့ရတယ်။ |
1,315,562 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | နားရွက်ကြားလေးထဲကို အဲဒီချွန်းနဲ့ စိုက်ထားပြီးတော့ ဆင်ကိုထိန်းထားလိုက်ရင် အင်မတန်နာတော့ ဒီဆင်ကြီးဟာ သူခိုင်းတာ အကုန်လုပ်ရတော့တာပဲ၊ အသံကုန်အော်တော့တာပဲ။ |
1,315,563 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီဟာနော်၊ လူနဲ့ဆင်နဲ့ ဆိုလို့ရှိရင် အင်အားချင်းက ဘာမှမဆိုင်ဘူး။ |
1,315,564 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဆင်ရဲ့အင်အားက အင်မတန်မှကြီးတယ်။ |
1,315,565 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါပေမယ့်လို့ ဘယ်လောက်ဆိုးတဲ့ဆင်ဖြစ်ဖြစ် လူက ခေါင်းပေါ်ရောက်သွားပြီ၊ အဲဒီချွန်း ကိုင်ထားပြီဆိုရင် နားရွက်ကြားထဲမှာ ချွန်းကလေးနဲ့ ဆွဲထားလိုက်လို့ရှိရင် ဒီဆင်ဟာ ကုန်းအော်တော့တာ။ |
1,315,566 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဘာမှမတတ်နိုင်တော့ဘူး။ |
1,315,567 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | နွားကျတော့ နွားဖားကြိုးထိုးတာပေါ့နော်။ |
1,315,568 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | နိုင်ပေါက်တွေကနေ ကိုင်ရတာ။ |
1,315,569 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | စာပေမှာ ဘာလိုသုံးတုန်းဆို အဲဒီချွန်းကို အင်္ကုသ လို့ခေါ်တာ။ |
1,315,570 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လူ့ရဲ့စိတ်ဟာလည်းပဲ တစ်ခါတစ်ခါ ဆင်ရိုင်းလိုပဲ။ |
1,315,571 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အင်မတန်မှရိုင်းတယ်။ |
1,315,572 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဆင်မုန်ယိုသလို လူတွေကလည်းပဲ မုန်ယိုတတ်တယ်။ |
1,315,573 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လောဘကလည်း မုန်ယိုတာပဲ၊ ဒေါသကလည်း မုန်ယိုတာပဲ။ |
1,315,574 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လောဘမုန်ယိုလို့ ခိုးမှုတိုက်မှုတွေဖြစ်တယ်၊ ရာဇဝတ်မှုတွေဖြစ်တယ်။ |
1,315,575 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒေါသမုန်ယိုလို့ လူသတ်မှုတွေဖြစ်တယ်နော်။ |
1,315,576 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလို လောဘ၊ ဒေါသ မုန်ယိုလာတဲ့အခါမှာ ထိန်းချုပ်ရမယ့်ဟာ စကားလုံးသုံးတဲ့အခါမှာ “အကြောင်းအရာတစ်ခုကို ချွန်းသဖွယ်အသုံးပြု၍” “အင်္ကုသံ ကတွာ” ဆိုတဲ့ စကားလုံးလေးသုံးတယ်။ |
1,315,577 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ချွန်းလိုအတွေးလေးနဲ့ ကိုယ့်စိတ်ကိုနိုင်အောင် အကြောင်းအရာတစ်ခုကို ဆင်ခြင်သုံးသပ်ပြီးတော့ “အဲဒီဆင်ခြင်သုံးသပ်မှုကိုပဲ ဆင်ကိုချုပ်ကိုင်တဲ့ချွန်းလို အသုံးချပြီးတော့ ကိုယ့်ကိုယ်ကိုနိုင်အောင် ကိုင်ထား” လို့ ဒီလိုပြောတာ။ |
1,315,578 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလိုနိုင်အောင် ကိုင်နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ တရားထူး တရားမြတ်တွေရပြီး သံသရာဝဋ်က လွတ်သွားတာလေ။ |
1,315,579 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလို မကိုင်နိုင်သေးလို့ရှိရင် တရားထူး တရားမြတ်ရဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းသေးတယ်ပေါ့။ |
1,315,580 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒီဘဝမရရင် နောက်ဘဝရမယ်ဆိုတာ မျှော်လင့်နိုင်သော်လည်းပဲ သေချာဖို့ အင်မတန်မှခက်တယ်ပေါ့။ |
1,315,581 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | မသေချာဖို့ရာပဲများတယ်။ |
1,315,582 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ရာခိုင်နှုန်းက သေချာဖို့ဆိုတာ အင်မတန်ခဲယဉ်းတယ်။ |
1,315,583 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဘာဖြစ်လို့တုန်းဆိုတော့ ၅၅၀ ဇာတ်လမ်းတွေ ဖတ်ကြည့်လိုက်။ |
1,315,584 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဘုရားလောင်းကြီးတွေတောင်မှပဲ ငရဲကို အကြိမ်ကြိမ်ကျတယ်။ |
1,315,585 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | တိရစ္ဆာန် အကြိမ်ကြိမ်ဖြစ်တယ်။ |
1,315,586 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | စိတ်ကိုပိုင်နိုင်ပြီးတော့ ပါရမီဖြည့်ကျင့်တဲ့ ဘုရားအလောင်းကြီးတွေတောင်မှပဲ အပါယ်ဘုံကို ရောက်ရောက်သွားသေးတာပဲ။ |
1,315,587 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီတော့ အပါယ်ဘုံရောက်တယ်ဆိုတာ ဘာကြောင့်ရောက်တာတုန်းဆိုတော့ စိတ်မနိုင်လို့ ရောက်တာတွေချည်းပဲ။ |
1,315,588 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | စိတ်ထဲမှာ မစင်ကြယ်တဲ့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ မာန်မာနတွေ၊ ဣဿာ မစ္ဆရိယတွေ အဲဒါတွေကြောင့် အပါယ်ရောက်တာ။ |
1,315,589 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | စိတ်ထဲမှာဖြစ်တဲ့ အညစ်အကြေးတွေကို သန့်ရှင်းအောင်မလုပ်နိုင်လို့ အပါယ်ရောက်တာ။ |
1,315,590 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒါကြောင့် “ကိုယ့်စိတ်ဆင်ရိုင်းကို ပညာတည်းဟူသော ချွန်းဖြင့် အုပ်တယ်” လို့ မြန်မာစာပေတွေမှာ ရေးလေ့ရှိတယ်။ |
1,315,591 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အသိပညာနဲ့ ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်စိတ်ကို ကောင်းတဲ့ဘက်ကိုရောက်အောင် လမ်းမှန်ပေါ်တင်ပေးရမယ်။ |
1,315,592 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒါကိုပြောတာနော်။ |
1,315,593 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကောင်းအောင် ပြင်ရမယ်။ |
1,315,594 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အခုလို သာသနာနဲ့တွေ့တဲ့အချိန်ကလေးမှာ ကောင်းအောင်မပြင်လိုက်နိုင်ဘူးဆိုရင် နောင်ဒီလို အသိဉာဏ်မျိုးရဖို့ဆိုတာ အများကြီး ခဲယဉ်းသွားပြီ။ |
1,315,595 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ရလာလိမ့်မယ်လို့တော့ မထင်လေနဲ့။ |
1,315,596 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လူတွေရဲ့စိတ်ကို ဘာက လွှမ်းမိုးထားလဲဆို ပတ်ဝန်းကျင်က လွှမ်းမိုးထားတယ်နော်။ |
1,315,597 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အခုတော့ ပတ်ဝန်းကျင်ကောင်းမှာ လူလာဖြစ်သည့်အတွက်ကြောင့် ဒီအသိဉာဏ်တွေရတယ်။ |
1,315,598 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ပတ်ဝန်းကျင်ဆိုတာ ဥပနိဿယပစ္စယော ၂၄-ပစ္စည်းတွေမှာ ဥပနိဿယ ဆိုတာ အားကြီးသောအကြောင်းတရားလို့ ပြောတာ၊ အင်မတန်မှ အားကောင်းတဲ့ အကြောင်းတရားကြောင့် ဘုန်းကြီးတို့တစ်တွေဟာ မှန်မှန်ကန်ကန် စဉ်းစားတတ်လာကြတယ်။ |
1,315,599 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီစဉ်းစားတတ်လာတာလေးတွေကို ခိုင်မာမှုရှိအောင် ဒီဘဝမှာ မကြိုးစားဘဲနဲ့ အမှတ်တမဲ့ နေလိုက်ကြမယ်ဆိုရင် သူ့ဘာသာသူ ခိုင်မာလာမှာမဟုတ်ဘူး၊ ရင့်သန်လာမှာလဲ မဟုတ်ဘူး။ |
1,315,600 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒီအသိလေးတွေဟာ မကြာခင်လေးပဲ ပျောက်သွားနိုင်တယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.