id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,315,601 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကြိုးစားအားထုတ်ရမယ်ဆိုတာကို သတိထားဖို့လိုအပ်တယ်ပေါ့။ |
1,315,602 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါကြောင့်မို့ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်ဖို့ရာအတွက် စဉ်းစားရမယ်၊ မစဉ်းစားပဲ မနေရဘူး။ |
1,315,603 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | “အလေးထား၍ စဉ်းစားဆင်ခြင်” ဆိုတာ ဘာအလေးထားရမလဲ? ကောင်းအောင်ပြင်ဖို့အတွက် ဘုန်းကြီးတို့တစ်တွေဟာ အလေးထားစရာသုံးမျိုး မှတ်ထားရမယ်။ |
1,315,604 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | မြတ်စွာဘုရားက ဟောထားတယ်။ |
1,315,605 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အလေးထားဖို့ရာအတွက် (၃)မျိုး၊ ဘာကိုအလေးထားတာတုန်းဆိုတော့ နံပါတ်(၁) ကိုယ်ကိုကိုယ် အလေးထားပြီးတော့ စဉ်းစားဆင်ခြင်ရမယ်။ |
1,315,606 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | နံပါတ်(၂)က ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီးတော့ ဆင်ခြင်တတ်ရမယ်။ |
1,315,607 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | နံပါတ်(၃)က တရားဓမ္မကို အလေးထားပြီးတော့ ဆင်ခြင်သုံးသပ်တတ်ရမယ်။ |
1,315,608 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ့်ကိုကိုယ် အလေးထားတယ်ဆိုတာ ဘယ်လိုဟာကို ပြောတာလဲ? မြတ်စွာဘုရားက ဟောတယ်၊ “အတ္တာနံ ယေဝ အဓိပတိံ ကတွာ” ကိုယ့်ကိုကိုယ် အလေးထားပြီးတော့ “အကုသလံ ပဇဟတိ၊ ကုသလံ ဘာဝေတိ” အကုသိုလ်တွေ ဖယ်ရှားဖို့ ကြိုးစားတယ်။ |
1,315,609 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကုသိုလ်တွေ တိုးတက်လာအောင် ကြိုးစားတယ်တဲ့။ |
1,315,610 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါဟာ ကိုယ့်ကိုကိုယ် အလေးထားတာ။ |
1,315,611 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ့်ကိုကိုယ် အလေးထားတယ်ဆိုတာ ဘာလဲ? “ငါဟာ အခု အင်မတန် တန်ဖိုးရှိတဲ့လူ့ဘဝကို ရောက်လာပြီ၊ မျက်စိကောင်း နားကောင်း အသိဉာဏ်ရှိတယ်၊ လူ့ဘဝမှာလည်းပဲ ပြည့်ပြည့်စုံစုံရှိတယ်၊ မြတ်စွာဘုရားသာသနာတော်ကြီးကလည်းထွန်းကားနေတယ်၊ ဘုရားဟောတဲ့ တရားတွေကို တို့သိရှိခွင့်တွေ ရနေတယ်၊ အဲဒီလို လူလည်းဖြစ်တယ်၊ အသိဉာဏ်လည်းရှိတယ်၊ ဘုရားဟောတဲ့ တရားတွ... |
1,315,612 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သူတို့လည်း သူတို့ဘာသူတို့ စားစရာတော့ ရှာကြတာပဲ။ |
1,315,613 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သူတို့အတိုင်းအတာအလိုက် သူ့စားဝတ်နေရေးရှာတာဟာ ဆန်းတဲ့ကိစ္စမဟုတ်ဘူး၊ ဘဝတစ်ခု ရပ်တည်နိုင်ဖို့အတွက် ရှာတာ၊ အပျော်အပါးဆိုတာ လူတွေသာရှိတာ မဟုတ်ဘူး၊ တိရစ္ဆာန်တွေမှာလည်းရှိတာ။ |
1,315,614 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒီတော့ “အပျော်အပါးတွေနဲ့၊ စားဝတ်နေရေး လုံးပမ်းမှုဆိုတာတွေနဲ့ ဘဝတစ်ခုကို အဆုံးသတ်လိုက်မယ်ဆိုရင် ငါ့မှာဘာတန်ဖိုးမှ ရလိုက်မှာမဟုတ်ဘူး၊ အင်မတန် တန်ဖိုးရှိတဲ့ လူ့ဘဝကြီးတစ်ခုလုံးဟာ လက်လွတ်ဆုံးရှုံးသွားတော့မှာပဲ” |
1,315,615 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | “အခုလို အသိဉာဏ်ရှိနေတဲ့ဘဝမှာ ကိုယ်ကျင့်သီလကောင်းအောင် ငါကြိုးစားမယ်၊ အနည်းဆုံး ငါးပါးသီလ(လူတွေဆို ငါးပါးသီလ) လုံအောင်ကြိုးစားမယ်၊ ဥပုသ်နေ့တိုင်း ဥပုသ်နေ့တိုင်း ရှစ်ပါးသီလ ဆောက်တည်မယ်၊ နေ့စဉ်နဲ့အမျှ ဒါနကောင်းမှု ငါပြုနိုင်အောင် သတိထားမယ်” |
1,315,616 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လောကလူတွေက ဒါနကောင်းမှု မလုပ်တာက မရှိလို့မဟုတ်ဘူး၊ များသောအားဖြင့် မေ့လို့ မလှူကြတာ။ |
1,315,617 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | မေ့တယ်ဆိုတာ ဘာကြောင့်မေ့တာတုန်းဆို မအားဘူးလေ၊ ဘယ်သူ့ပဲမေးကြည့်လိုက် မေးကြည့်လိုက် အားတဲ့သူ ဘယ်ရှိမှာလဲ၊ မအားဘူး။ |
1,315,618 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အလုပ်ကိစ္စတွေနဲ့ မအားဘူးပဲ။ |
1,315,619 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီ မအားတဲ့ကြားထဲကနေပြီးတော့ ကုသိုလ်လုပ်နိုင်တဲ့ပုဂ္ဂိုလ်က လူထူးလူချွန်ပဲ။ |
1,315,620 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီ မအားတဲ့ထဲက ဒါနကောင်းမှုဆိုသည်မှာ ကိုယ့်အိမ်မှာ နေ့စဉ် ထမင်းချက်တဲ့ထဲက ဆွမ်းလေးတစ်ဇွန်း သံဃာတွေ လောင်းလဲ ဒါနကောင်းမှုဖြစ်တယ်။ |
1,315,621 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဆွမ်းကျွေးကြီး ကျွေးမှ မဟုတ်ဘူး။ |
1,315,622 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | မြတ်စွာဘုရားကို ဆွမ်းတော်တင်ရင်လည်း ဒါနကောင်းမှုဖြစ်တယ်။ |
1,315,623 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | နောက်ဆုံးမှာ သီးသန့်မတင်တောင်မှပဲ ဆရာတော်ကြီးတစ်ပါး လုပ်သလို ကိုယ်စားမယ့်ထမင်းပွဲ ကိုယ်မစားခင် “ဘုရားအား လှူပါ၏” ဆိုပြီး ခေတ္တခဏဆိုင်းပြီးတော့ ဘုရားကို ပူဇော်ထားတယ်။ |
1,315,624 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ပြီးပြီဆိုမှ ကိုယ်စားတယ်ပေါ့။ |
1,315,625 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | တချို့က ဆွမ်းတော်စွန့်တာ မစားကောင်းဘူးတို့ ဘာတို့ ပြောတဲ့သူက ရှိသေးတယ်နော်။ |
1,315,626 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဆွမ်းတော်ပွဲကျတော့ မစားရဘူးလို့ပြောတယ်၊ ဟို ဘိုးတော်ထမင်းကျန်ကျတော့ လုစားတယ်၊ လောကလူတွေက တော်တော်တော့ ထူးဆန်းတယ်နော်။ |
1,315,627 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | တစ်ခါတုန်းက ကြားဖူးတယ်၊ ဘုန်းကြီးတွေ ထမင်းကျန်၊ ဘိုးတော်ဘုန်းကြီးတွေထမင်းကျန်စားလို့ရှိရင် ဘာဖြစ်မှာတုန်း၊ သိဒ္ဓိပေါက်မှာလိုလို ဘာလိုလို၊ ဘာမှတော့မပေါက်ဘူး၊ အများကြီးစားရင် ဗိုက်ပေါက်မှာပဲ သေချာတယ်နော်။ |
1,315,628 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သိဒ္ဓိဆိုတာ အဲဒါနဲ့မဆိုင်ဘူး၊ ကိုယ့်ဘာသာကိုယ်ကျင့်မှပေါက်မှာ၊ အကျန်စားရုံနဲ့တော့ မပေါက်ဘူး။ |
1,315,629 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အခုခေတ်ဆိုရင် ရောဂါကူးနိုင်တယ်ပေါ့။ |
1,315,630 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အကျန်ဘာလို့စားရမလဲ၊ မစားနဲ့ပေါ့။ |
1,315,631 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဘယ်သူ့အကျန်မှ မစားနဲ့၊ တချို့က အကျန်စားရင် ကောင်းတဲ့ဓာတ်တွေ ကူးလိမ့်မယ်လို့ထင်တာ၊ မကူးဘူးနော်၊ ရောဂါတော့ကူးမှာ။ |
1,315,632 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကောင်းတဲ့ဓာတ်တော့ ကူးချင်မှကူးမှာ။ |
1,315,633 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကောင်းတဲ့ဓာတ်ဆိုတာ စိတ်ကနေမှ ကူးရတာလေ။ |
1,315,634 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လောကလူတွေဟာ ကိုးကွယ်မှု၊ အတုယူမှုတွေ အလွန်လွဲမှားတယ်။ |
1,315,635 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒါ ဘာလို့လွဲမှားတာတုန်းဆို အသိဉာဏ်အားနည်းလို့ပဲ။ |
1,315,636 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | တစ်ခါတုန်းက ပြောသံကြားတယ်၊ သိဒ္ဓိပေါက်တဲ့ သိဒ္ဓိရှင်တွေ ဘာတွေကို လူတွေက ဝိုင်းကြတယ်လေ။ |
1,315,637 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဝိုင်းတာ ဘာလို့ဝိုင်းတာတုန်းဆို 'ထီ'ပေါက်ချင်တယ်၊ 'မ'တာခံချင်တယ်၊ ဒါမျိုးတွေပေါ့၊ အခုချက်ချင်းပဲ တကယ်ချမ်းသာမယ့်ပုဂ္ဂိုလ်လို၊ လူတွေဖြစ်နေတာကို ပြောတာပါ။ |
1,315,638 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သူသောက်တဲ့ရေလေးကို သောက်လိုက်ရရင်ပဲ ရောဂါတွေ အကုန်ပျောက်မယ်လို့ထင်တယ်။ |
1,315,639 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အေး၊ ထင်တာပဲရှိတယ်၊ မပျောက်ပါဘူး၊ ဘုန်းကြီးတို့ကတော့ ကနေ့အထိ ဒါတွေတစ်ခုမှမယုံဘူး။ |
1,315,640 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | တစ်ခါတုန်းက ကြားဖူးလိုက်သေးတယ်၊ ဘိုးတော်တစ်ယောက်က သူ့လက်ကို ပွတ်လိုက်တဲ့အခါကျတော့ လက်က ဂျီးတွေထွက်လာတယ်၊ အဲဒီဂျီးတွေကို ဖန်ခွက်ထဲ ထည့်ပြီးတော့တိုက်တာ၊ လုသောက်ကြသတဲ့။ |
1,315,641 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကြားဖူးတယ်၊ မရှိဘူးမထင်နဲ့၊ ရှိတယ်နော်၊ ဒါမျိုးတွေက။ |
1,315,642 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လူတွေက ယုံပြီဆိုရင် အကုန်လုပ်တာ။ |
1,315,643 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လူဆိုတာ တော်တော်လည်း ကြောက်စရာကောင်းတယ်။ |
1,315,644 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီဘဝမျိုး မရောက်ဘူးလို့ မထင်နဲ့။ |
1,315,645 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါကြောင့်မို့ အသိဉာဏ်ဆိုတာ ဆည်းပူးရတယ်၊ လေ့လာရတယ်။ |
1,315,646 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ယုံကြည်မှုတွေ သိပ်များပြီးတော့ အသိပညာနည်းပါးပြီဆိုလို့ရှိရင် မယုံသင့်တာတွေပါ ယုံကုန်ရော။ |
1,315,647 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီလိုမျိုးတွေ မဖြစ်သင့်ဘူး။ |
1,315,648 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | မြတ်စွာဘုရားဟောတဲ့အထဲမှာ ဒါမျိုးတစ်ခုမှ မပါဘူးနော်။ |
1,315,649 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်တာ ဒါတွေနဲ့မဆိုင်ဘူး။ |
1,315,650 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ရမယ်။ |
1,315,651 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီတော့ လောကကြီးမှာ ကိုယ့်ကိုယ်ကို “ငါလိုပုဂ္ဂိုလ်ဟာ အသိဉာဏ်ရှိပြီး ဘုရားသာသနာတော်နဲ့ တွေ့ကြုံနေရတယ်၊ ငါလိုပုဂ္ဂိုလ်ဟာ တရားဓမ္မကို ဆင်ခြင်စဉ်းစားလိုက်မယ်ဆိုရင် ဒီဘဝမှာပဲ တစ်မဂ်တစ်ဖိုလ် ရရှိနိုင်တယ်။ |
1,315,652 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါကြောင့်မို့ ငါဟာ ကိုယ့်ကိုယ်ကို ပြင်ရမှာပဲ။ |
1,315,653 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ့်ကိုယ်ကို အလေးထားရမယ်။ |
1,315,654 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အကယ်၍များ ငါ ဒီဘဝမှာ မပြင်လိုက်ဘူးဆိုလို့ရှိရင် ငါ့ရဲ့ဘဝဟာ ကြီးပွားတိုးတက်ဖို့ မရှိနိုင်ဘူး။ |
1,315,655 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒါကြောင့်မို့ ကြီးပွားတိုးတက်အောင်၊ ကိုယ့်ကိုယ်ကို မကောင်းတဲ့လမ်း မသွားမိအောင်၊ ကောင်းတဲ့လမ်း လျှောက်မိအောင် ငါပြင်ရမယ်” လို့ ကိုယ့်ကိုယ်ကို အလေးထားရမယ်။ |
1,315,656 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ့်ကိုယ်ကို အလေးထားပြီးတော့၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီးတော့ စဉ်းစားရမယ်။ |
1,315,657 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လောကလူတွေဟာ ကိုယ့်ကိုယ်ကို တန်ဖိုးကို သိပ်မထားကြဘူး။ |
1,315,658 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | နှိမ့်ချပြီးတော့ တွေးကြတယ်နော်။ |
1,315,659 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ယုံပြီဆိုရင် အကုန်လုံး ပုံအပ်ပြီးတော့ ကိုယ့်ရဲ့အသိဉာဏ်၊ ကိုယ့်ရဲ့စိတ်ဓာတ်ကို တန်ဖိုးမထားတော့ဘူး၊ ဒါမျိုးတွေ ဖြစ်တတ်တယ်။ |
1,315,660 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါကြောင့်မို့လို့ မြတ်စွာဘုရားကိုယ်တိုင်ကလည်း ဟောထားတာလေ။ |
1,315,661 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | “အတ္တာ ဟိ အတ္တနော နာထော” တဲ့။ |
1,315,662 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာ ဖြစ်တယ်၊ ကိုယ့်ဟာကိုယ် အားကိုးရမယ်၊ “အတ္တနာ ဟိ သုဒန္တေန နာထံ လဗ္ဘတိ ဒုလ္လဘံ” ကိုယ်ကိုယ်တိုင် စိတ်ယဉ်ကျေးအောင်လုပ်မှ အားကိုးရာတရားဆိုတာ အစစ်အမှန်ကို ရနိုင်တယ်၊ တွေ့နိုင်တယ်လို့ ဒီလိုပြောတာ။ |
1,315,663 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါကြောင့်မို့ လောကလူတွေရဲ့ ဒီဘဝခရီးကို ဦးဆောင်ပြီးတော့ ကြီးပွားတိုးတက်နိုင်တဲ့ အရည်အချင်းဟာ အတွင်းမှာပဲရှိတယ်၊ အပြင်မှာ မရှိဘူး။ |
1,315,664 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အပြင်က အကူအညီလေးပဲ ရှိတယ်နော်။ |
1,315,665 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါ ဘယ်လိုစဉ်းစားရမတုန်းဆို စဉ်းစားကြည့်လေ၊ ကလေးလေးတစ်ယောက် စာတတ်အောင်၊ တော်အောင်လို့ ကျောင်းထားတယ်၊ ဆရာကောင်းနဲ့၊ ပိုက်ဆံလည်း အင်မတန် အကုန်အကျကြီးတဲ့ကျောင်းမှာ သွားထားတယ်၊ ဒါပေမယ့် သူ မကြိုးစားဘူးဆိုရင် မရဘူး၊ အပြင်ဘက်က ဘယ်လောက်ကောင်းကောင်း သူကိုယ်တိုင်က မကြိုးစားဘူး၊ သူ့ရဲ့စိတ်ဓာတ်ကို မပြင်ဘူး၊ သူကိုယ်တိုင် မလုပ်ဘူးဆိ... |
1,315,666 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါက အင်မတန်မှ ထင်ရှားတယ်၊ ဒါကြောင့်မို့ ကိုယ်ကိုယ်ကို အားကိုးရမယ်။ |
1,315,667 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ့်ကိုယ်ကိုအားကိုး ဆိုတဲ့နေရာမှာ အပြင်ဘက်က အကြောင်းတရားကိုလည်း ကိုယ်ရအောင်ယူရမယ်။ |
1,315,668 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဆရာဆိုတာ နည်းလမ်းပြတယ်၊ သင်ကြားပေးတယ်၊ မှတ်ယူပြီးတော့ ကြိုးစားဖို့က ကိုယ့်တာဝန်၊ အဲဒါကြောင့်မို့ ကိုယ်ကိုယ်ကို အလေးထားပြီးတော့၊ ကိုယ့်ကိုယ်ကို ထိပ်တန်းထားပြီးတော့ ပြင်ရမယ်။ |
1,315,669 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ့်ကိုယ်ကို ထိပ်တန်းထားပြီးတော့ ဆင်ခြင်စဉ်းစားပြီးတော့ ကောင်းအောင်ပြင်ရမယ်။ |
1,315,670 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ်ကိုယ်ကို ဘယ်လိုပြင်မလဲ - “ငါဟာ အခု ဒီဘဝမှာ ကုသိုလ်ကောင်းမှု လုပ်ခွင့်ရတယ်၊ ဒီဘဝမှာ ငါ ကုသိုလ်မလုပ်လိုက်ဘူးဆိုလို့ရှိရင် ငါသေသွားလို့ရှိရင် ငရဲကျသွားနိုင်တယ်၊ တိရစ္ဆာန်ဖြစ်နိုင်တယ်၊ ပြိတ္တာဖြစ်နိုင်တယ်”။ |
1,315,671 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ ရောက်သွားလို့ရှိရင် - ကိုယ့်မျက်စိအောက်မှာ ကြည့် - ကြက်ကလေးတွေ၊ ဝက်ကလေးတွေ ဘယ်လိုလုပ် တရားနာနိုင်မတုန်း၊ ဘယ်လိုလုပ် တရားနှလုံးသွင်းနိုင်မတုန်း။ |
1,315,672 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | “ဒီဘဝမျိုးဆိုရင် ငါ တရားနာချင်လို့လည်း မရဘူး၊ တရားကျင့်ချင်လို့လည်း မရဘူး။ |
1,315,673 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အခု တရားကျင့်နိုင်တဲ့ဘဝမှာ ငါကျင့်မှပဲ” ဒါ ကိုယ့်ကိုယ်ကို စဉ်းစားတာ။ |
1,315,674 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | “ဒီဘဝမှာ မလုပ်ဘူးဆိုလို့ရှိရင် သံသရာမှာ ငါလုပ်ဖို့ အခြေအနေတွေ ရချင်မှရမှာ၊ ဒါကြောင့်မို့ ဒီဘဝပဲ ငါလုပ်မှပဲ” လို့ စိတ်ထဲက ဒီလိုနှလုံးသွင်းပြီးတော့ ကြိုးစားရမယ်။ |
1,315,675 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | နောက်တစ်ခုက “ကာမဂုဏ်အာရုံဆိုတာ ဘယ်ဘဝမဆို ခံစားကြရတာ၊ တိရစ္ဆာန်တွေလည်း တိရစ္ဆာန်အတိုင်းအတာအလိုက် ခံစားတာပဲ၊ လူတွေလည်း လူတွေရဲ့ အတိုင်းအတာအလိုက် ခံစားတာပဲ။ |
1,315,676 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီခံစားမှုကြီးကိုပဲ အဟုတ်ကြီးထင်ပြီးတော့ ဒါတွေနဲ့ နစ်မြုပ်ပြီးတော့နေမယ်ဆိုရင် ငါ့မှာ ရသင့်ရထိုက်တဲ့ အသိပညာတွေက လက်လွတ်ဆုံးရှုံးလိမ့်မယ်၊ အဲဒီတော့ ဒါတွေကို လက်လွတ်ဆုံးရှုံးခံလို့ မဖြစ်ဘူး” ဟော စဉ်းစားပုံလေးတွေက အမျိုးမျိုးနော်။ |
1,315,677 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဘုရားအလောင်း သုမေဓာ ဆင်ခြင်စဉ်းစားတာ ကြည့်၊ သုမေဓာဆိုတာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး။ |
1,315,678 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ခုခေတ် ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်ဘဝကိုစွန့်တာ မဆန်းဘူး၊ ဘဝမှာ အဆင်ပြေပြီးတော့ တကယ်ထိပ်တန်းကျတဲ့ပုဂ္ဂိုလ်က ဒါတွေကိုစွန့်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ၊ ဘုရားလောင်း သုမေဓာသူဌေးသားလေးဟာ ဘိုးဘွားမိဘတွေ လက်ထက်ကတည်းက စုဆောင်းလာတဲ့ ရတနာသိုက်တွေဟာ နည်းတာမဟုတ်ဘူး။ |
1,315,679 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | မိဘတွေ မရှိတော့တဲ့နောက် ဒီရတနာတွေ သူ့လက်ထဲရောက်တော့ သူစဉ်းစားပုံလေးကြည့် ဒီရတနာတွေ ရှာဖွေစုဆောင်းတာ စာရင်းနဲ့ဘာနဲ့ မှတ်ထားတယ်။ |
1,315,680 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | “ဒါက ဘယ်အဘိုးလက်ထက်က၊ ဒါက ဘယ်အဘွားလက်ထက်က၊ ဒါက အဘိုးပစ္စည်း၊ ဒါက အဘွားပစ္စည်းဆိုပြီး စာရင်းဇယားတွေနဲ့ ဆွေ ၇-ဆက် မျိုး ၇-ဆက်က ပစ္စည်းတွေ” ဆိုပြီး ပြတယ်။ |
1,315,681 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒီတော့ သူက ဆက်ပြီးစဉ်းစားတယ်။ |
1,315,682 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | “ပစ္စည်းရှာတဲ့ ပုဂ္ဂိုလ်တွေက အခု မရှိကြတော့ဘူး၊ သူတို့ရှာသွားတဲ့ ပစ္စည်းတွေပဲ ကျန်ရစ်တယ်၊ ဒီပစ္စည်းတွေကို ငါ သုံးမသွားနိုင်ဘူးဆိုရင် ငါလည်းဒီလိုပဲ ထားခဲ့ရမှာပဲ၊ ပစ္စည်းရှာသွားတဲ့ပုဂ္ဂိုလ်တွေ မရှိတော့ဘဲနဲ့ ပစ္စည်းတွေသာ ကျန်ရစ်တယ်။ |
1,315,683 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သူတို့ရှာသွားတဲ့ပစ္စည်း သူတို့သုံးမသွားရဘူး၊ ငါကတော့ ငါပိုင်တဲ့ ပစ္စည်းတွေ အားလုံးသုံးမယ်” လို့ - ဘယ်နည်းနဲ့ ယူသွားလို့ရှိရင် ရနိုင်မလဲလို့ ဆင်ခြင်စဉ်းစားကြည့်တာ။ |
1,315,684 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒီလောက်ကတော့ တရားနာ ပရိသတ်တွေ ဆင်ခြင်စဉ်းစားကြည့်ပေါ့။ |
1,315,685 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကိုယ့်မှာ စိန်တွေ ရွှေတွေ ပိုင်တယ်ဆိုလို့ရှိရင် နောက်ဘဝကို ဒါတွေယူသွားလို့ရမလား၊ မရဘူးလား။ |
1,315,686 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အားလုံးထားပစ်ခဲ့ရတာနော်။ |
1,315,687 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီတော့ ထားပစ်ခဲ့ရတာ သေချာသည့်အတွက်ကြောင့် ဒါတွေကို ယူသွားချင်ရင် ဘာလုပ်ရမတုန်းဆို “ဒီကနေ ဖြစ်ပေါ်လာတဲ့ ကုသိုလ်ကောင်းမှုကို ယူသွားလို့ရတယ်၊ ဒီတော့ ပစ္စည်းကို စွန့်လှူပြီးတော့ ရတဲ့ ဒါနကောင်းမှုပဲ ယူသွားမယ်၊ ဆောက်တည်လို့ရတဲ့ သီလကောင်းမှုပဲ ယူသွားမယ်၊ တရားဓမ္မ နှလုံးသွင်းလို့ရတဲ့ ဘာဝနာကောင်းမှုပဲ ယူသွားမယ်” တဲ့။ |
1,315,688 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | “ဒီပစ္စည်းတွေက ယူလို့ရတာတွေ မဟုတ်ဘူး၊ အဲဒီတော့ ယူလို့မရတဲ့ ပစ္စည်းတွေကို စောစောကတည်းက စွန့်ပြီးတော့ ကိုယ်စွန့်ခြင်းဖြင့် ရလာတဲ့ ဒါနကောင်းမှုကိုပဲ ငါယူမယ်” လို့ အဲဒီလို စဉ်းစားပြီးတော့ သူပိုင်တဲ့ပစ္စည်းတွေအားလုံး စွန့်ပစ်လိုက်တယ်၊ စွန့်ပြီးတော့ တောကြီးထဲ ထွက်ပြီးတော့ သူ တရားကျင့်တယ်ပေါ့။ |
1,315,689 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒီကျမှ ဒီပင်္ကရာဘုရားနဲ့ တွေ့တယ်။ |
1,315,690 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | စဉ်းစားပုံချင်းက မတူဘူး၊ သာမန်ပုဂ္ဂိုလ်ဆိုရင် ဘယ်လိုစဉ်းစားမတုန်း၊ “ငါ့ဒီပစ္စည်းတွေ တစ်သက်လုံး မကုန်ဘူး၊ ပျော်ချင်ပါးချင်တိုင်း ပျော်ပါးမယ်” “ဒီပစ္စည်းတွေ သုံးဖြုန်းပြီး ဒီဘဝမှာ ဒီလိုနေသွားမယ်” လို့ ဒီလိုပဲစဉ်းစားမှာပေါ့။ |
1,315,691 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | သုံးဖြုန်းပျော်ပါးသွားလို့ရှိရင် ကုသိုလ်က မရလိုက်ဘဲနဲ့ ပစ္စည်းတွေသုံးတာတော့ ဒီဘဝမှာ သုံးလို့လည်းရမယ်၊ ဖြုန်းလို့လည်းရမယ်၊ သို့သော် သုံးတယ် ဖြုန်းတယ်ဆိုတဲ့အချိန်မှာ ဘာတွေက တက်လာတုန်းဆို လောဘတွေ တက်လာတယ်၊ ဒေါသတွေ တက်လာတယ်၊ ကာမဂုဏ်အာရုံစိတ်တွေပဲ တိုးတက်လာတယ်။ |
1,315,692 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | အဲဒါတွေက လူကို ဆွဲချသွားတာ။ |
1,315,693 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ပစ္စည်းပေါ်မှာ တွယ်တာမှုတွေက လူကို ဆွဲချသွားလိုက်တယ်။ |
1,315,694 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | နောက်ဆုံးမှာ နိမ့်ကျတဲ့ဘဝတစ်ခု ရောက်သွားမယ်။ |
1,315,695 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါကြောင့်မို့ “အတ္တာနံ ယေဝ အဓိပတိံ ကတွာ” ကိုယ့်ကိုယ်ကို အလေးထားဆင်ခြင်စဉ်းစားပြီးတဲ့အခါမှာ အကုသိုလ်တွေဖယ်ဖို့ ကြိုးစားရမယ်တဲ့။ |
1,315,696 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ကုသိုလ်တရားတွေ ပွားများအားထုတ်ဖို့ ကြိုးစားရမယ်တဲ့။ |
1,315,697 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒါ အလေးအနက် ထားရမယ့် ဆင်ခြင်ရမယ့် တစ်ခု။ |
1,315,698 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | နောက်တစ်ခုကျတော့ လောကကို အလေးထားတယ်။ |
1,315,699 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | လောကဆိုတာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ပဲ၊ ခုနက ကိုယ့်ကိုယ်ကို အလေးထား ဆိုတဲ့အထဲမယ် လူဟာ ဆင်ခြင်စဉ်းစားပြီးတော့ လောကမှာ လူတွေက အများအားဖြင့် ဘာလုပ်ပေးလေ့ရှိကြတုန်းဆိုတော့ ကုသိုလ်ကောင်းမှုလုပ်တာကျတော့ လူသိတာ ကိစ္စမရှိဘူးလေ၊ လူသိအောင်လည်း လုပ်ကြတယ်၊ ဘုရားဝတ်တက် အမျှဝေတာတောင်မှ ကြေးစည်ကလေး ခေါက်လိုက်သေးတာ၊ အားလုံးကြားအောင်၊ ခိုးတဲ... |
1,315,700 | Uncategorized | အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် | ဒီတော့ အကုသိုလ်ဆိုတာကို “ပဋိစ္ဆန္န ကမ္မန္တ” ဖုံးလွှမ်းပြီး လုပ်ရတဲ့အလုပ် လို့ ဒီလိုပြောတာ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.