id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,317,701 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | သဗ္ဗာမိတ္တေ ရဏံ ကတွာ၊ န စ ကဉ္စိ ဝိဟေဌယိ။ |
1,317,702 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဘာတရံ သောတ္ထိံ ကတွာန၊ သံယမံ အဇ္ဈုပါဂမိ။ |
1,317,703 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ၆၁။ ဘိက္ခဝေ၊ ရဟန်းတို့။ |
1,317,704 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မဟဗ္ဗလော၊ ကြီးသော ကိုယ်အား ဉာဏ်အား ရှိထသော။ |
1,317,705 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဒူရေပါတီ၊ ဝေးစွာသော စတုမဟာရာဇ် တာဝတိံသာတိုင်အောင်သောအရပ်သို့ မြားကိုရောက်စေနိုင်ထသော။ |
1,317,706 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | အက္ခဏဝေဓီ၊ မချွတ်မယွင်း ပစ်နိုင်ထသော။ |
1,317,707 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | တနည်း... အက္ခဏဝေဓီ၊ လျှပ်တပြက်၌ ခုနစ်ချက် ရှစ်ချက်မြှားတို့ကို ပစ်နိုင်ထသော။ |
1,317,708 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မဟာကာယပ္ပဒါလနော၊ များစွာကုန်သော အစုအပေါင်းတို့ကို ထုတ်ချင်းထွင်းအောင် ပစ်နိုင်ထသော။ |
1,317,709 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ရာဇပုတ္တော၊ မင်း၏သား ဖြစ်ထသော။ |
1,317,710 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | အသဒိသော၊ အသဒိသ အမည်ရှိထသော။ |
1,317,711 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဓနုဂ္ဂဟော၊ လေးသမားကျော်သည်။ |
1,317,712 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | သဗ္ဗာမိတ္တေ၊ ခပ်သိမ်းကုန်သော ရန်သူတို့ကို။ |
1,317,713 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ရဏံ ကတွာ၊ စစ်တိုက်ခြင်းကိုပြု၍။ |
1,317,714 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ပလာပေသိ၊ ပြေးစေ၏။ |
1,317,715 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ကဉ္စိ စ၊ တစုံတယောက်ကို မျှလည်း။ |
1,317,716 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | န ဝိသေဌယိ၊ မညှဉ်းဆဲ။ |
1,317,717 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | သောတ္ထိံ ကတွာန၊ ချမ်းသာခြင်းကို ပြု၍။ |
1,317,718 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | သံယမံ၊ သီလကို စောင့်ရှောက်သောရသေ့အဖြစ်သို့။ |
1,317,719 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | အဇ္စျုပါဂမိ၊ ကပ်လေ၏။ |
1,317,720 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ ညီငယ် ဖြစ်ဘူးလေပြီ၊ ထိုမှတပါး ယခုအခါ၌ ငါဘုရားသည်သာလျှင် ထိုအခါ အသဒိသမင်းသားဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။ |
1,317,721 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | စည်းစိမ်မခင်၊ တောချောင်ဝင်၊ လူတွင် ကျင့်ခဲစွာ |
1,317,722 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ရှေးဦးစွာသော အသဒိသဇာတ်သည် ပြီး၏။ |
1,317,723 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | လောကဝဂ် ၁၀။ |
1,317,724 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | အသဒိသဒါနဝတ္ထု န ဝေ ကဒရိယာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အတုမရှိသော အလှူကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,317,725 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | အလှူပြိုင်ပွဲကြီး |
1,317,726 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | တစ်ပါးသောအခါ မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူပြီးလျှင် ငါးရာသောရဟန်းတို့ ခြံရံလျက် ဇေတဝန်ကျောင်းတော်သို့ ဝင်တော်မူလေ၏။ |
1,317,727 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ကောသလမင်းကြီးသည် ဇေတဝန်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ပင့်ဖိတ်သဖြင့် နောက်နေ့၌ အာဂန္တုကဒါနကို စီရင်ပြီးလျှင် “ငါ၏အလှူကို ကြည့်ရှုကြစမ်းလော့”ဟု ပြည်သူပြည်သားတို့ကို ခေါ်လေ၏။ |
1,317,728 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ပြည်သူပြည်သားတို့သည် လာလတ်၍ မင်း၏အလှူကို မြင်ကြရသဖြင့် နောက်တစ်နေ့၌လည်း ပြည်သူပြည်သားတို့သည် မြတ်စွာဘုရားကို ပင့်ဖိတ်၍ အလှူကို စီရင်ပြီးလျှင် “အရှင်မင်းကြီး- အရှင့်ကျွန်တော်မျိုးတို့၏ အလှူကိုလည်း ရှုစားတော်မူပါဦး”ဟု မင်းကြီးအထံ စေလွှတ်ကြပြန်ကုန်၏။ |
1,317,729 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မင်းကြီးသည် ထိုပြည်သူပြည်သားတို့၏ အလှူကို မြင်တော်မူရလျှင် “ဤပြည်သူပြည်သားတို့ကား ငါ့အလှူထက် အလွန့်အလွန် ပိုလွန်အောင် ပြုဘိ၏။ |
1,317,730 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | တစ်ဖန် အလှူကို ပြုဦးအံ့”ဟု နောက်တစ်နေ့၌လည်း အလှူကို စီရင်ပြန်လေ၏။ |
1,317,731 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ပြည်သူပြည်သားတို့သည်လည်း ထိုမင်းကြီး၏အလှူကို မြင်ပြန်လျှင် နောက်တစ်နေ့၌ စီရင်ကြပြန်ကုန်၏၊ ဤသို့လျှင် မင်းကြီးသည် ပြည်သူပြည်သားတို့ကို ရှုံးစေခြင်းငှာ မတတ်နိုင်၊ ပြည်သူပြည်သားတို့သည်လည်း မင်းကြီးကို ရှုံးစေခြင်းငှာ မတတ်နိုင်ကြကုန်၊ ထိုအခါ ခြောက်ကြိမ်မြောက် လှူရာ၌ ပြည်သူပြည်သားတို့သည် အဆအရာ,အထောင် တိုးပွားစေ၍ အကြင်အခြင်း... |
1,317,732 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မင်းကြီးသည် ထိုပြည်သူပြည်သားတို့၏အလှူကို မြင်လျှင် “ငါကား ဤပြည်သူပြည်သားတို့၏ အလှူထက် လွန်အောင် ပြုခြင်းငှာ အကယ်၍ မတတ်နိုင်သည်ဖြစ်အံ့၊ ငါ့အား အသက်ရှည်နေသဖြင့် အဘယ်အကျိုးရှိတော့အံ့နည်း”ဟု အကြောင်းဥပါယ်ကို ကြံစည်လျက် စက်တော်ခေါ်လေ၏။ |
1,317,733 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မလ္လိကာမိဖုရား အစီအမံ ကျွမ်းကျင်ခြင်း |
1,317,734 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ထိုအခါ မင်းကြီးသို့ မလ္လိကာမိဖုရားသည် ချဉ်းကပ်၍ “မြတ်သောမင်းကြီး- အဘယ့်ကြောင့် ဤသို့ စက်တော်ခေါ်ဘိသနည်း၊ အဘယ့်ကြောင့် သင်မင်းကြီး၏ ဣန္ဒြေတို့သည် ပင်ပန်းသကဲ့သို့ ဖြစ်ဘိသနည်း”ဟု မေးလေ၏။ |
1,317,735 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မင်းကြီးသည် မိဖုရားအား “ယခု သင်-မသိလေသလော”ဟု ဆိုလေ၏။ |
1,317,736 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | “အရှင်မင်းကြီး- မသိရသေးပါ”ဟု လျှောက်တင်လတ်သော် မင်းကြီးသည် မလ္လိကာမိဖုရားအား ထိုအကြောင်းကို ပြောကြားလေ၏။ |
1,317,737 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ထိုအခါ မင်းကြီးကို မလ္လိကာမိဖုရားသည် “အရှင်မင်းကြီး- စိတ်မပူပါလင့်၊ အသို့နည်း၊ မြေကိုအစိုးရသော မင်းကြီးကို ပြည်သူပြည်သားတို့က ရှုံးစေအပ်သည်ကို အရှင်မင်းကြီး မြင်ဖူးပါသလော၊ ကြားဖူးပါသလော၊ အကျွန်ုပ်သည် အရှင်မင်းကြီး၏အလှူကို ကောင်းစွာ စီရင်ပေးပါမည်”ဟု ဆိုလေ၏။ |
1,317,738 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မလ္လိကာမိဖုရားသည် အတုမရှိသော အသဒိသအလှူကို စီရင်လိုသောကြောင့် ဤသို့ဆိုပြီးလျှင် “မြတ်သောမင်းကြီး- သာလကလျာဏီမည်သော ကြောင်လျှာသား နံပဲသားပျဉ်ချပ်တို့ဖြင့် ငါးရာကုန်သော ရဟန်းတို့၏အလို့ငှာ အကွေ့အတွင်း၌ နေရာမဏ္ဍပ်ကို ပြုစေပါလော့၊ ကြွင်းကုန်သော ရဟန်းတို့သည် အကွေ့အပ၌ နေကြပါကုန်လတ္တံ့၊ ထီးဖြူငါးရာတို့ကို ပြုစေပါလော့၊ ထိုထီးဖြူတ... |
1,317,739 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဤအကြောင်းတို့ဖြင့် ပြည်သူပြည်သားတို့ ရှုံးကြရကုန်လတ္တံ့၊ မြတ်သောမင်းကြီး- ဤသို့ ပြုတော်မူပါလော့”ဟု လျှောက်တင်လေ၏။ |
1,317,740 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဆင်ဆိုးနှင့် အင်္ဂုလိမာလမထေရ် |
1,317,741 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မင်းကြီးသည် “မိဖုရားကြီး- ကောင်းလှပေစွ၊ သင့်စကားသည် သင့်လျော်သော သဘောရှိ၏”ဟု ဆို၍ မိဖုရားဆိုသော နည်းအားဖြင့် အလုံးစုံကို ပြုစေလေ၏။ |
1,317,742 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | တစ်ပါးသော ရဟန်းအလို့ငှာ ဆင်တစ်စီး မလောက်ဘဲ ရှိလေ၏။ |
1,317,743 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ထိုအခါ မင်းကြီးသည် မလ္လိကာမိဖုရားကို “အဘယ်မိဖုရား- တစ်ပါးသော ရဟန်းအလို့ငှာ ဆင်တစ်စီး မလောက်၊ လိုနေသည်၊ အဘယ်သို့ ပြုကြရကုန်အံ့နည်း”ဟု ဆိုလေ၏။ |
1,317,744 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | “အရှင်မင်းကြီး- ဆင်ငါးရာတို့သည် မရှိကုန်သလော”ဟု မေးလတ်သော် “မိဖုရား- ရှိ၏”ဟု ဆိုပြီးလျှင် “ကြွင်းသောဆင်တို့ကား ဆင်ကြမ်း ဆင်ပျက်တို့ ဖြစ်ကုန်၏။ |
1,317,745 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ထိုဆင်တို့သည် ရဟန်းတို့ကို မြင်လျှင်မြင်ချင်း ဝေရမ္ဘမည်သော လေနီကြမ်းကဲ့သို့ ကြမ်းတမ်းကြကုန်၏”ဟု ဆိုလေ၏၊ “အရှင်မင်းကြီး- အကျွန်ုပ်သည် တစ်စီးသော ကြမ်းသော ဆင်ငယ်၏ ထီးကိုကိုင်လျက် ရပ်တည်သင့်သော နေရာဌာနကို သိပါ၏”ဟု လျှောက်ဆိုလတ်သော် “ထိုဆင်ကြမ်းကို အဘယ်နေရာဌာန၌ ထားရမည်နည်း”ဟု မေးပြန်လေ၏။ |
1,317,746 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | “အရှင်အင်္ဂုလိမာလမထေရ်မြတ်၏ အထံတော်၌ ထားပါလော့”ဟု ဆိုလတ်သော် မင်းကြီးသည် မလ္လိကာမိဖုရားဆိုတိုင်း ပြုစေရလေ၏၊ ဆင်ငယ်သည် အမြီးကို ပေါင်ကြား၌သွင်း၍ နားနှစ်ဖက်တို့ကို ချပြီးလျှင် မျက်စိတို့ကို စုံမှိတ်လျက် တည်နေလေ၏။ |
1,317,747 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | လူများအပေါင်းသည် “ဤသို့သဘောရှိသည်မည်သော ဆင်ကြမ်းအား ကြောက်ဖွယ်ဘေးရန်မရှိအောင် ပြုလုပ်နိုင်ပေစွတကား”ဟု ဆင်ကိုသာလျှင် ကြည့်ရှုကြလေကုန်၏။ |
1,317,748 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | တစ်ဆယ့်လေးကုဋေ အလှူကြီးဖြစ်သော်လည်း လေးပါဒမျှ ဟောခြင်း |
1,317,749 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မင်းကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်ကို ဆွမ်းလုပ်ကျွေးပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်၏ ဤအလှူရုံမဏ္ဍပ်၌ အပ်သော ဘဏ္ဍာကိုလည်းကောင်း၊ မအပ်သော ဘဏ္ဍာကိုလည်းကောင်း အလုံးစုံကို ရှင်တော်မြတ်ဘုရားတို့အားသာလျှင် လှူပါ၏ဘုရား”ဟု လျှောက်လေ၏။ |
1,317,750 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | (ထိုအလှူ၌ တစ်နေ့ချင်းဖြင့်သာလျှင် စွန့်အပ်သောဥစ္စာကား တစ်ဆယ့်လေးကုဋေ ဖြစ်၏။ |
1,317,751 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မြတ်စွာဘုရားအလို့ငှာ လှူဒါန်းသော ထီးဖြူ၊ ထိုင်တော်မူရာ ပလ္လင်၊ သပိခြေ၊ ခြေဆေးအင်းပျဉ် ဤလေးပါးသော အလှူဝတ္ထုတို့သည် အဖိုမဖြတ်နိုင်အောင် ထိုက်တန်ကုန်သည်သာလျှင်တည်း။ |
1,317,752 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | တစ်ဖန် ဤသို့သဘောရှိသော အမှုကို ပြုလုပ်၍ မြတ်စွာဘုရားတို့အား လှူခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိပြီ။ |
1,317,753 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ထို့ကြောင့်သာလျှင် ဤအလှူသည် အတုမရှိသော အသဒိသအလှူဟု ထင်ရှားလေ၏။ |
1,317,754 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ထိုအသဒိသအလှူသည် အလုံးစုံသော ဘုရားရှင်တို့အား တစ်ကြိမ်ဖြစ်မြဲ ဟူသတတ်။ |
1,317,755 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ထိုအလုံးစုံသော အသဒိသအလှူတို့အားလည်း မိန်းမသည်သာလျှင် စီရင်သတတ်။ |
1,317,756 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ) ထိုကောသလမင်းကြီးအား ကာလအမတ်, ဇုဏှအမတ်ဟူ၍ အမတ်နှစ်ယောက် ရှိကုန်၏။ |
1,317,757 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ထိုအမတ်နှစ်ယောက်တို့တွင် ကာလအမတ်သည် “ဪ.. မင်းမျိုး၏ ဥစ္စာဆုတ်ယုတ်ခြင်းသာ ဖြစ်လေစွတကား။ |
1,317,758 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | တစ်ရက်ချင်းဖြင့်သာလျှင် တစ်ဆယ့်လေးကုဋေသော ဥစ္စာသည် ကုန်ခန်းခြင်းသို့ ရောက်ရှိလေ၏။ |
1,317,759 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဤရဟန်းတို့သည် ဤအလှူကို သုံးဆောင်းပြီးလျှင် သွား၍ လျောင်းကာ ကျိန်းစက်ကြကုန်လတ္တံ့။ |
1,317,760 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဪ..မင်းမျိုးသည် ပျက်စီးရရှာလေစွတကား”ဟု ကြံလေ၏။ |
1,317,761 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဇုဏှအမတ်သည်ကား “မင်းကြီး၏အလှူသည် ဪ..ကောင်းစွာ ပေးလှူအပ်သော အလှူဖြစ်ပေစွတကား၊ မင်းအဖြစ်၌ မတည်သောသူသည် ဤသို့ သဘောရှိသော အလှူကို ပေးလှူခြင်းငှာ မတတ်ကောင်း၊ ခပ်သိမ်းသော သတ္တဝါတို့အား အလှူ၏အဖို့ကို မပေးသောမည်သည် မရှိ၊ ငါသည်ကား ဤအလှူကို ဝမ်းမြောက်ရပေတော့အံ့”ဟု ကြံလေ၏။ |
1,317,762 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးစီးသောအဆုံး၌ မင်းကြီးသည် အနုမောဒနာတရား ဟောကြားစိမ့်သောငှာ မြတ်စွာဘုရား၏ သပိတ်တော်ကို ယူလေ၏။ |
1,317,763 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဘုရားရှင်သည် “ဤမင်းကြီးကား ကြီးစွာသော ရေအလျဉ်ကို ဖြစ်စေသော ယောက်ျားကဲ့သို့ ကြီးစွာသောအလှူကို ပေးလှူဘိ၏။ |
1,317,764 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | လူများအပေါင်းသည် စိတ်ကို ကြာ်ညိုစေခြင်းငှာ တတ်နိုင်လေသလေ၊ ထိုသို့မဟုတ် မတတ်နိုင်လေသလော”ဟု ကြံစည်တော်မူလေ၏။ |
1,317,765 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မြတ်စွာဘုရားသည် ထိုအမတ်နှစ်ယောက်တို့၏ စိတ်အကြံကို သိတော်မူ၍ “မင်းကြီး၏အလှူဒါနအား လျောက်ပတ်သော အနုမောဒနာတရားကို အကယ်၍ ပြုအပ်သည်ဖြစ်အံ့၊ ကာလအမတ်၏ဦးခေါင်းသည် ခုနစ်စိတ် ကွဲလတ္တံ့၊ ဇုဏှအမတ်သည် သောတာပတ္တိဖိုလ်၌ တည်လတ္တံ့”ဟု သိတော်မူရသဖြင့် ကာလအမတ်၌ အစဉ်သနားခြင်းကို စွဲ၍ ဤသို့သဘောရှိသော အလှူကို ပေးလှူ၍ တည်သော မင်းကြီးအား လေးပ... |
1,317,766 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဆင်ဆိုးကိုမကြောက်သော အင်္ဂုလိမာလမထေရ် |
1,317,767 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ရဟန်းတို့သည် အင်္ဂုလိမာလမထေရ်ကို “ငါ့ရှင်- အသို့နည်း၊ ထီးကိုကိုင်ဆောင်းလျှက် တည်နေသော ဆင်ကြမ်းကို မြင်ရသောကြောင့် ကြောက်သလော”ဟု မေးကြလေကုန်၏။ |
1,317,768 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | “ငါ့ရှင်တို့- မကြောက်ပါ”ဟု ဆိုလတ်သော် ထိုရဟန်းတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “မြတ်စွာဘုရား- အင်္ဂုလိမာလမထေရ်သည် အရဟတ္တဖိုဘ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ |
1,317,769 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- အင်္ဂုလိမာလမထေရ်သည် မကြောက်၊ ရဟန္တာဥသဘတို့အလယ်၌ ကြီးသော ဥသဘဖြစ်ကုန်သော ငါ့သားနှင့်တူသော ရဟန်းတို့သည် မကြောက်ကြကုန်”ဟု မိန့်တော်မူပြီးလျှင် ဗြာဟ္မဏဝဂ်၌ ဤဂါထာကို ဟောကြားတော်မူလေ၏။ |
1,317,770 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဥသဘံ ပဝရံ ဝီရံ၊ မဟေသိံ ဝိဇိတာဝိနံ။ |
1,317,771 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဥသဘံ၊ မကြောက်မရွံ့ခြင်းကြောင့် ဥသဘနှင့်တူထသော။ |
1,317,772 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ပဝရံ၊ မြတ်တော်မူထသော။ |
1,317,773 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဝီရံ၊ ခိုင်မြဲသော လုံ့လဝီရိယ ရှိတော်မူထသော။ |
1,317,774 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မဟေသိံ၊ သီလက္ခန္ဓစသည့် ကျေးဇူးဂုဏ်အထူးကို ဆည်းပူးရှာမှီးလေ့ရှိထသော။ |
1,317,775 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဝိဇိတာဝိနံ၊ အောင်အပ်သော မာရ်သုံးပါးရှိထသော။ |
1,317,776 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | အနေဇံ၊ ဧဇာမည်သော တဏှာကင်းထသော။ |
1,317,777 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | နှာတကံ၊ ဆေးကြောသုတ်သင်အပ်သော ကိလေသာ ရှိထသော။ |
1,317,778 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဗုဒ္ဓံ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီးထသော။ |
1,317,779 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | လေးပါဒဂါထာသာ အနုမောဒနာ၍ |
1,317,780 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မင်းကြီးသည်လည်း နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ “ဤသို့ သဘောရှိသည်မည်သော ပရိသတ်ဖြင့် အလှူကိုပေးလှူလျက် တည်သော ငါ့အား လျောက်ပတ်သော အနုမောဒနာတရား ဟောကြားခြင်းကို မပြုမူ၍ ဂါထာတစ်ခုမျှကိုသာ မိန့်တော်မူပြီးလျှင် ဘုရားရှင်သည် နေရာမှထ၍ ကြွသွားတော်မူလေ၏၊ ငါသည် မြတ်စွာဘုရားအား လျောက်ပတ်သောအလှူကို မပြုမူ၍ မလျောက်ပတ်သောအလှူကို ... |
1,317,781 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | “မြတ်သောမင်းကြီး- ဤအကြောင်းကား အဘယ်နည်း”ဟု မေးတော်မူလတ်သော် “ရှင်တော်ဘုရားတို့သည် ဒကာတော်အား အလှူနှင့်လျော်စွာ တရားအနုမောဒနာကို မပြုပါဘုရား”ဟု လျှောက်ကြားလေ၏။ |
1,317,782 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | “မြတ်သောမင်းကြီး- သင်မင်းကြီးသည် သင့်လျော် လျောက်ပတ်သည်သာလျှင်ဖြစ်သော အလှူကို လှူဘိ၏၊ ထိုစကား မှန်၏၊ ဤအသဒိသအလှူ မည်သည်ကား တစ်ဆူသောဘုရားရှင်အား တစ်ကြိမ်သာလျှင် ပေးလှူခြင်းငှာ တတ်ကောင်း၏၊ တစ်ဖန် ဤသို့သဘောရှိသော အလှူမည်သည်ကို ပေးလှူနိုင်ခဲ၏”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ထိုသို့ဖြစ်ပါလျှင် အဘယ့်ကြောင့် ဒကာတော်အား အလ... |
1,317,783 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ပရိသတ် မစင်ကြယ် |
1,317,784 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | “မြတ်သောမင်းကြီး- ပရိသတ် မစင်ကြယ်သည့်အဖြစ်ကြောင့် ပြုတော်မမူ”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ပရိသတ်၏အပြစ်ကား အဘယ်ပါနည်းဘုရား”ဟု လျှောက်ပြန်လေ၏။ |
1,317,785 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ထိုအခါ ကောသလမင်းကြီးအား မြတ်စွာဘုရားသည် နှစ်ယောက်သော အမတ်တို့၏ စိတ်အကြံကို မိန့်ကြားတော်မူပြီးလျှင် ကာလအမတ်၌ အစဉ်သနားသည်ကိုစွဲ၍ အနုမောဒနာပြုသည့်အဖြစ်ကို မိန့်ကြားတော်မူလေ၏။ |
1,317,786 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ကာလအမတ်ကိုနှင်၍ ဇုဏှအမတ်အား မင်းစည်းစိမ်ပေး |
1,317,787 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မင်းကြီးသည်လည်း “အချင်း ကာလ်အမတ်- သင်-ဤသို့ ကြံစည် အောက်မေ့သောဟူသည် မှန်သလော”ဟု မေးတော်မူ၍ “မှန်ပါသည်”ဟု လျှောက်တင်လတ်သည်ရှိသော် “သင်၏ဥစ္စာကို မယူမူ၍ ငါ့သားမယားတို့နှင့်တကွ ငါသည် မိမိဥစ္စာကို ပေးလှူရာ သင့်အား အဘယ်နှိပ်စက်ခြင်း ရှိသနည်း၊ သင်-သွားလေလော့၊ အကြင်စည်းစိမ်ကို သင့်အား ငါပေးအပ်ပြီ၊ ထိုစည်းစိမ်သည် ပေးပြီးတိုင်းသ... |
1,317,788 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး- ဟုတ်မှန်ပေ၏။ |
1,317,789 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | သူမိုက်တို့မည်သည်ကား သူတစ်ပါး၏အလှူကို နှစ်သက်ဝမ်းမြောက်ခြင်းကို မပြုနိုင်သဖြင့် ဒုဂ္ဂတိသို့သာ လားစရာ ရှိရှာကြလေကုန်၏ ၊ ပညာရှိတို့သည်ကား သူတစ်ပါးတို့၏ အလှူကိုသော်လည်း နှစ်သက်ဝမ်းမြောက်၍ နတ်ပြည်သို့သာ လားစရာ ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။ |
1,317,790 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဒေသနာတော် [၁၇၇] န ဝေ ကဒရိယာ ဒေဝလောကံ ဝဇန္တိ၊ဗာလာ ဟဝေ နပ္ပသံသန္တိ ဒါနံ။ |
1,317,791 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ကဒရိယာ၊ ဝန်တိုကုန်သော သူတို့သည်။ |
1,317,792 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | န ဝဇန္တိ၊ မရောက်နိုင်ကြကုန်။ |
1,317,793 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဗာလာ၊ မျက်မှောက် တမလွန် နှစ်တန်ဘဝ မသိကြကုန်သော သူတို့သည်။ |
1,317,794 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | နပ္ပသံသန္တိ၊ မချီးမွမ်းနိုင်ကြကုန်။ |
1,317,795 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဓီရော စ၊ ပညာရှိသည်သာလျှင်။ |
1,317,796 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | အနုမောဒမာနော၊ ဝမ်းမြောက်နိုင်၏။ |
1,317,797 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | သော ဓီရော၊ ထိုပညာရှိသည်။ |
1,317,798 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | ဒေသနာတော်၏အဆုံး၌ ဇုဏှအမတ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏၊ ဇူဏှအမတ်သည်လည်း သောတာပန်ပုဂ္ဂိုလ်ဖြစ်၍ ခုနစ်ရက်ပတ်လုံး မင်းကြီး အလှူလှူသော နည်းအားဖြင့်သာလျှင် အလှူကို ပေးလှူလေ၏။ |
1,317,799 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထု | အသဒိသဒါနဝတ္ထု ပြီး၏။ |
1,317,800 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသဒိသဒါနဝတ္ထုဂါထာ | ၁၀-အသဒိသဒါနဝတ္ထု |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.