id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,317,601 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | မိုးရေပေါက်ကျဖန်များသော် ရေအိုးပြည့်ရသကဲ့သို့ လူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို ဆည်းပူးသည်ရှိသော် မကောင်းမှုဖြင့် ပြည့်နိုင်၏။ |
1,317,602 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | မကောင်းမှုတကြိမ်ပြုမိလျှင်—ထပ်မပြုမိအောင် ရှောင်ကြဉ်ရမည်။ |
1,317,603 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ဥဒဗိန္ဒုနိပါတေန = ဥဒဗိန္ဒုနော နိပါတော ဥဒဗိန္ဒုနိပါတော။ |
1,317,604 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ဥဒဗိန္ဒု + နိပါတ။ |
1,317,605 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ဥဒဗိန္ဒု = ဥဒဿ ဗိန္ဒု ဥဒဗိန္ဒု။ |
1,317,606 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ဥဒ + ဗိန္ဒု။ |
1,317,607 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ဗိန္ဒု = ဝိဒိ (အဝယဝေ) + ဥ။ |
1,317,608 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ဥဒကုမ္ဘော = ဥဒဿ ကုမ္ဘော ဥဒကုမ္ဘော။ |
1,317,609 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ဥဒ + ကုမ္ဘ။ |
1,317,610 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | အသညတပရိက္ခာရဘိက္ခုဝတ္ထု ပြီး၏။ |
1,317,611 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ၅-အသညတပရိက္ခာရဘိက္ခုဝတ္ထုပါဠိဂါထာ |
1,317,612 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ၂၈၂။ မာဝ မညေထ ပါပဿ, န မန္ဒံ အာဂမိဿတိ၊ဥဒဗိန္ဒုနိပါတေန, ဥဒကုမ္ဘောပိ ပူရတိ၊ဗာလော ပူရတိ ပါပဿ, ထောကံ ထောကမ္ပိ အာစိနံ။ |
1,317,613 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | မန္ဒံ၊ အနည်းငယ်သော မကောင်းမှုသည်။ |
1,317,614 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | [အပ္ပတ္ထဝါစကအနိပ္ဖန္နပါဋိပဒိကပုဒ်။ |
1,317,615 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | (တစ်နည်း) “မန္ဒတိ အပ္ပဘာဝေန ဂစ္ဆတိ ပဝတ္တတီတိ မန္ဒံ”ဟုပြု။ |
1,317,616 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | နီတိဓာတု-၉၂။ |
1,317,617 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ] န အာဂမိဿတိ၊ အကျိုး၏ အစွမ်းဖြင့် ရောက်လာလိမ့်မည်မဟုတ်။ |
1,317,618 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ဝါ၊ အကျိုးပေးလိမ့်မည်မဟုတ်။ |
1,317,619 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ) ပါပဿ၊ မကောင်းမှုကို။ |
1,317,620 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | မာ အဝမညေထ၊ အောက် ချ၍ မမှတ်ထင်ရာ။ |
1,317,621 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ဥဒဗိန္ဒုနိပါတေန၊ တစ်ပေါက်တစ်ပေါက်သော မိုးရေမိုးပေါက်၏ ကျခြင်းကြောင့်။ |
1,317,622 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ဥဒကုမ္ဘောပိ၊ ရေအိုးသည်သော်လည်း။ |
1,317,623 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ပူရတိ (ယထာ)၊ ပြည့် သကဲ့သို့။ |
1,317,624 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | (ဧဝံ၊ တူ။ ) ဗာလော၊ လူမိုက်သည်။ |
1,317,625 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ထောကံ ထောကမ္ပိ၊ အနည်းငယ် အနည်းငယ်သော မကောင်းမှုကိုသော်လည်း။ |
1,317,626 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | အာစိနံ (အာစိနန္တော)၊ ဆည်း ပူးလသော်။ |
1,317,627 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | [မောဂ်-၂-၃၉သုတ်၌ “ပါပဿ၊ ၏။ |
1,317,628 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ပူရတိ၊ ၏”ဟု သာမီအနက်ပေး၏။ |
1,317,629 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ဥဒကုမ္ဘော။ |
1,317,630 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ။ ဥဒကဿ+ကုမ္ဘော ဥဒကုမ္ဘော၊ ကုမ္ဘာဒီသု ဝါ(မောဂ်- ၃, ၇၂)သုတ်, ရူ-၃၇၀အလို တေသုဝုဒ္ဓိသုတ်ဖြင့် ဥဒကကို ဥဒပြု၊ နီတိ၌ ဥဒကဿ ကွစိ ကလောပေါ စ(၂၅၇)သုတ်ဖြင့် ကကို ချေ၏။ |
1,317,631 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | ရေဟောဥဒသဒ္ဒါသက်သက်ကို ပါဠိတော်မှာ မတွေ့ ဖူးကြောင်း, တွေ့ခဲ့လျှင် ကောင်းစွာနှလုံးသွင်းထိုက်ကြောင်းကို နီတိပဒ- ၃၁၃၊ သဒ္ဒသင်္ဂဟ-၄, ၃၀၃သုတ်တို့၌ ဆို၏၊ မောဂ်နိ၊၁၊၄၉၅၌ “အမက္ခိ- တော ဥဒေန(ဒီ၊၂၊၁၂)၊ ဥဒေနာတိ ဥဒကေန(ဒီ၊ဋ္ဌ၊၂၊၃၀)”ကို ထောက် ၍ ရေဟောဥဒသဒ္ဒါသက်သက် ရှိကြောင်းကို ဆို၏၊ ဓမ္မ-ဋီ-၁၆၇၌ “ဥဒတိ တိန္တိယတိ တေမေတီတိ ဥဒံ”ဟုပြု၍ ဥဒသ... |
1,317,632 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ | အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာနိဿယပြီးပြီ။ |
1,317,633 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ၁။ အသဒိသဇာတ် |
1,317,634 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | လေးဝိဇ္ဇာမင်းသား |
1,317,635 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓနုဂ္ဂဟော အသဒိသော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤအသဒိသဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ် မြတ်သောတောထွက်တော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,317,636 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မြတ်စွာဘုရားသည် ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာလျှင် မြတ်သော တောထွက်တော်မူခြင်း၏ အစွမ်းအားဖြင့် တောထွက်တော်မူသည်ကား မဟုတ်သေး၊ ရှေး၌လည်း ထီးဖြူကိုစွန့်၍ တောထွက်တော်မူဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။ |
1,317,637 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏မိဖုယားဝမ်း၌ ပဋိသန္ဓေကိုယူ၍ ချမ်းသာသဖြင့် ဖွားမြင်သော ထိုဘုရားလောင်းအား အမည်မှည့်သောနေ့၌ အသဒိသသတို့သား ဟူသောအမည်ကို မည်ကုန်၏။ |
1,317,638 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထို့နောင်မှ ဘုရားလောင်း၏ ရှေးရှူပြေး၍ ထက်ဝန်းကျင်ပြေး၍ သွားနိုင်သောကာလ၌ တယောက်သော ဘုန်းရှိသောသတ္တဝါသည် မိဖုယား၏ဝမ်း၌ပဋိသန္ဓေကိုယူ၏။ |
1,317,639 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ချမ်းသာသဖြင့် ဖွားမြင်သော ထိုသတို့သားအား အမည်ကိုမည့်သောနေ့၌ ဗြဟ္မဒတ်ဟူသော အမည်ကို မှည့်ကုန်၏။ |
1,317,640 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုနှစ်ယောက်ကုန်သော မင်းသားတို့တွင် ဘုရားလောင်းသည် တဆယ့်ခြောက်နှစ် မြောက်သော ကာလ တက္ကသိုလ်ပြည်သို့သွား၍ ဒိသာ ပါမောက္ခဖြစ်သော ဆရာ၏အထံ၌ ဗေဒင်သုံးပုံကို၎င်း တဆယ့်ရှစ်ပါးကုန်သော အတတ်တို့ကို၎င်း သင်၍ လေးသမားတို့၏ အတတ်၌ အတုမရှိသည်ဖြစ်၍ ဗာရာဏသီပြည်သို့ ပြန်လာ၏။ |
1,317,641 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မင်းသည် သေလွန်သည်ရှိသော် အသဒိသမင်းသားအား မင်းအဖြစ်ကိုပေး၍ ဗြဟ္မဒတ်မင်းသားအား အိမ်ရှေ့မင်းအဖြစ်ကို ပေးရစ်ကြကုန်လော့ဟု ဆို၍ သေလွန်၏။ |
1,317,642 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုဗြဟ္မဒတ်မင်းသေလွန်၍ ဘုရားလောင်းသည် မိမိအား မင်းအဖြစ်ကိုပေးသည်ရှိသော် ငါ့အား မင်းအဖြစ်ဖြင့် အလိုမရှိဟု ပယ်၏။ |
1,317,643 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဗြဟ္မဒတ်မင်းသားကို မင်းအဖြစ်၌ အဘိသိက်သွန်းကုန်၏။ |
1,317,644 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဘုရားလောင်းသည် အကယ်၍ကား မင်းအဖြစ်ကို အလိုမရှိ၊ ထိုသို့အလိုမရှိသော်လည်း ညီသည် မင်းအဖြစ်ကိုပြုသည်ရှိသော် ပြကတေ့အားဖြင့် မင်း၏ အခြင်းအရာအားဖြင့်သာလျှင် နေ၏။ |
1,317,645 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မင်း၏ခြေရင်း၌ မြဲစွဲကုန်သောသူတို့သည် အသဒိသမင်းသားသည် မင်းအဖြစ်ကို တောင့်တ၏။ |
1,317,646 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဤသို့ဆိုကုန်၍ မင်း၏အထံ၌ ဘုရားလောင်းကို ဖျက်ဆီးကုန်၏။ |
1,317,647 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုဗြဟ္မဒတ်မင်းသည်လည်း ထိုမင်း၏ ခြေရင်း၌ မြဲစွဲကုန်သောသူတို့၏စကားကိုယူ၍ အချစ်ပျက်သောစိတ်ရှိသည်ဖြစ်၍ ငါ၏ နောင်တော်ကို ဖမ်းကြကုန်လော့ဟု လူတို့ကို စေ၏။ |
1,317,648 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုအခါ ဘုရားလောင်း၏အကျိုးစီးပွားကို ဆောင်ရွက်သော တယောက်သော ယောက်ျားသည် ထိုအကြောင်းကို ဘုရားလောင်းအား ကြား၏။ |
1,317,649 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဘုရားလောင်းသည် ညီငယ်အား အမျက်ထွက်သောကြောင့် မြို့မှထွက်၍ တပါးသောတိုင်းသို့သွား၍ တယောက်သော လေးသမားသည် လာ၍ မင်းအိမ်တံခါး၌တည်၏ဟု မင်းအားကြားစေ၏။ |
1,317,650 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မင်းသည် အဘယ်မျှသောစည်းစိမ်ကို အလိုရှိသနည်းဟု မေး၏။ |
1,317,651 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | တနှစ်ဖြင့် တသိန်းသော ဥစ္စာကိုအလိုရှိ၏ဟု ဆိုသည်ရှိသော် ကောင်းပြီ လာစေလော့ဟု ဆို၏။ |
1,317,652 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုအခါ လာ၍ အနီး၌တည်သော ထိုအသဒိသမင်းသားကို သင်သည် လေးသမားလောဟု မေး၏။ |
1,317,653 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မင်းမြတ် ဟုတ်၏ဟု ဆိုသည်ရှိသော် ကောင်းပြီ ငါ့ကို ခစားလော့ဟုဆို၏။ |
1,317,654 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုအသဒိသမင်းသားသည် ထိုအခါမှစ၍ မင်းကို ခစား၏။ |
1,317,655 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုအသဒိသမင်းအား ပေးအပ်သောရိက္ခာကိုမြင်ကုန်၍ အလွန်များစွာရ၏ဟု လေးသမားဟောင်းတို့သည် ကဲ့ရဲ့ကုန်၏။ |
1,317,656 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုအခါ တနေ့သ၌ မင်းသည် ဥယျာဉ်သို့သွား၍ မင်္ဂလာကျောက်ဖျာအနီး၌ တင်းတိမ်အရံကိုကာရံစေ၍ သရက်ပင်၏အရင်းဖြစ်သော မြတ်သောအိပ်ရာ၌ လျောင်းလျက် အထက်သို့ ကြည့်လတ်သည်ရှိသော် သရက်ပင်ဖျား၌ တခုသော သရက်သီးခိုင်ကိုမြင်၍ ဤသရက်သီးခိုင်ကို တက်၍ယူအံ့သောငှါ မတတ်ကောင်းဟု လေးသမားတို့ကိုခေါ်စေ၍ ဤသရက်သီးခိုင်ကို မြားဖြင့်ဖြတ်၍ ကျစိမ့်သောငှါ စွမ်းနိ... |
1,317,657 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မင်းမြတ် ထိုသရက်သီးခိုင်ကို ကျစေခြင်းသည် အကျွန်ုပ်တို့အား ဝန်မလေး၊ အရှင်မင်းမြတ်သည်ကား အကြိမ်များစွာ အကျွန်ုပ်တို့၏အမှုကို မြင်ဘူးတော်မူ၏။ |
1,317,658 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ယခု ရောက်သစ်စဖြစ်သော လေးသမားတော်သည် အကျွန်ုပ်တို့ထကျ များစွာသော ရိက္ခာကိုရ၏။ |
1,317,659 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုသရက်သီးခိုင်ကို ထိုလေးသမားတော်သစ်ကို ကြွေအောင်ပစ်စေတော်မူလော့ဟု လေးသမားဟောင်းတို့ လျှောက်ကြကုန်၏။ |
1,317,660 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မင်းသည် ဘုရားလောင်းကိုခေါ်စေ၍ အမောင် ထိုသရက်သီးခိုင်ကို ကြွေစိမ့်သောငှါ စွမ်းနိုင်လတ္တံ့ လောဟုမေး၏။ |
1,317,661 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မင်းမြတ် တခုသောအရပ်ကို ရသည်ရှိသော် စွမ်းနိုင်ပါလတ္တံ့ ဟု ဘုရားလောင်းသည် လျှောက်၏။ |
1,317,662 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | အဘယ်အရပ်ကိုရသည်ရှိသော် စွမ်းနိုင်လတ္တံ့နည်းဟု မင်းသည် မေး၏။ |
1,317,663 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မင်းမြတ် အရှင်မင်းမြတ်တို့၏ နေရာတော်၏ အတွင်းအရပ်ကို ရသည်ရှိသော် စွမ်းနိုင်လတ္တံ့ဟု ဘုရားလောင်းသည် လျှောက်၏။ |
1,317,664 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မင်းသည်အိပ်ရာကို ဆောင်စေ၍ လေးပစ်ရာအရပ်ကိုပြုစေ၏။ |
1,317,665 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဘုရားလောင်းလက်၌ လေးသည် မရှိ၊ ဝတ်သောပုဆိုး၏အတွင်း၌ လေးကို ဖွဲ့၍သွား၏။ |
1,317,666 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထို့ကြောင့် တင်းတိမ်ကိုရခြင်းငှါ သင့်၏ဟုဆို၏။ |
1,317,667 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မင်းသည် ကောင်းပြီဟု တင်းတိမ်ကို ဆောင်စေ၍ ရံစေ၏။ |
1,317,668 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဘုရားလောင်းသည် တင်းတိမ်တွင်းသို့ဝင်၍ အပေါ်၌ အမြဲဝတ်သော ဖြူသောအဝတ်ကိုပယ်၍ တထည်သော နီသောပုဆိုးကို ဝတ်၍ အောက်ပိုးကျိုက်၍ တထည်သော နီသောပုဆိုးကိုဝမ်း၌ဖွဲ့၍ အိမ်မှ အစပ်နှင့်ယှဉ်သော သန်လျက်ကိုထုတ်၍ လက်ဝဲနံပါးဖြင့်လွယ်၍ ရွှေသင်တိုင်းကိုဝတ်၍ လေးထည့်သောကျည်ကို နောက်မှလွယ်၍ အစပ်နှင့်ယှဉ်သော ဆိတ်ချိုလေးကြီးကိုယူ၍ သန္တာအဆင်းနှင့်တူ... |
1,317,669 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုသို့မဟုတ်မူကား အောက်သို့သက်သောမြားဖြင့် ကျစေရအံ့လောဟု လျောက်၏။ |
1,317,670 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | အမောင် တက်သောမြားဖြင့် ကျစေသည်ကို ငါမြင်ဘူးသည်ကားများ၏။ |
1,317,671 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | အောက်သို့ သက်သာမြှားဖြင့်သော်ကား ကျစေသည်ကို မမြင်စဘူးသေး၊ အောက်သို့သက်သော မြှားဖြင့် ကျစေလောဟု ဆိုသည်ရှိသော် မင်းမြတ် ဤမြှားသည် ဝေးသောအရပ်သို့ တက်လတ္တံ့၊ အကြင်မျှလောက် စတုမဟာရာဇ်နတ်ပြည်သည် ရှိ၏။ |
1,317,672 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုမျှလောက်သွားလေ၍ ညအခါ၌ သက်လတ္တံ့၊ အကြင်မျှလောက် ထိုမြှား၏သက်ခြင်းသည် ရှိ၏။ |
1,317,673 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုမျှလောက် အရှင်မင်းမြတ်တို့သည် သည်းခံအံ့သောငှါ သင့်၏ဟု ဆို၏။ |
1,317,674 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထို့နောင်မှ မင်းမြတ် ဤမြားသည်ကား တက်လတ်သည်ရှိသော် သရက်သီးခိုင်အညှာကို အလယ်တိုင်အောင်ဖြတ်လျက် တက်လတ္တံ့၊ သက်လတ်သည်ရှိသော်ကား ဆံခြည်ဖျားမျှလည်း ဤမှ၎င်း ထိုမှ၎င်း မရွေ့မူ၍ အပိုင်းအခြား၌ သာလျှင်ကျ၍ သရက်သီးခိုင်ကိုယူ၍ သက်လတ္တံ့၊ မင်းမြတ် ရှုတော်မူလော့ဟု တဖန် မင်းကိုဆို၏။ |
1,317,675 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဆိုပြီးသော် အဟုန်ကိုဖြစ်စေ၍ မြားကိုပစ်၏။ |
1,317,676 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုမြားသည် သရက်သီးခိုင်အညှာကို အလယ်တိုင်အောင်ဖြတ်လျက် တက်၏။ |
1,317,677 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဘုရားလောင်းသည် ယခုအခါ၌ မြှားသည် စတုမဟာရာဇ်နတ်ပြည်တိုင်အောင် ရောက်သည်ဖြစ်လတ္တံ့၊ ဤသို့သိ၍ ရှေးဦးစွာ ပစ်အပ်သောမြားထက် အထူးသဖြင့် လွန်စွာလျင်မြန်ခြင်းကိုဖြစ်စေ၍ တစင်းသော မြှားကို ပစ်၏။ |
1,317,678 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထို့နောင်မှ ပစ်အပ်သောမြားသည် သွားလေ၍ ရှေးဦးစွာ ပစ်အပ်သောမြားကို မြားလွှာတောင့်ဖြင့်ခတ်၍ လည်စေ၍ မိမိသည် တာဝတိံသာ နတ်ပြည်သို့ တက်လေ၏။ |
1,317,679 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုတာဝတိံသာနတ်ပြည်၌ ထိုမြားကို နတ်တို့သည် ယူကုန်၏။ |
1,317,680 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ပြန်လည်လာသောမြား၏ လေကိုဖြတ်သောအသံသည် မိုဃ်းကြိုးသံကဲ့သို့ဖြစ်၏။ |
1,317,681 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | လူများသည် ဤအသံသည်ကား အဘယ်အသံနည်းဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် ပြန်လည်လာသောမြား၏ အသံတည်းဟု ဆို၍ မိမိကိုယ်၌ မြား၏ကျအံ့သောဘေးဖြင့် အလွန်ထိတ်လန့်သော လူများကိုမြင်၍ မကြောက်ကုန်လင့်ဟု နှစ်သိမ့်စေ၍ မြှားအား မြေသို့ကျစိမ့်သောငှါ မပေးဟုဆို၏။ |
1,317,682 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မြားသည် သက်လာသည်ရှိသော် တဆံခြည်ဖျား၎င်း ထိုမှဤမှ မရွေ့မူ၍ အပိုင်းအခြား၌သာလျှင်ကျ၍ သရက်သီးခိုင်ကို ဖြတ်၏။ |
1,317,683 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဘုရားလောင်းသည် သရက်သီးခိုင်အား၎င်း မြှားအား၎င်း မြေသို့ကျစိမ့်သောငှာ မပေးမူ၍ ကောင်းကင်ပြင်၌သာလျှင်ခံလျက် လက်တဘက်ဖြင့် မြှားကို လက်တဘက်ဖြင့် သရက်သီးခိုင်ကို ယူ၏။ |
1,317,684 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | လူများသည် ထိုအံ့ဘွယ်သရဲကို မြင်၍ ငါတို့သည် ဤသို့သဘောရှိသောအတတ်ကို မမြင်စဘူးဟု ဘုရားလောင်းကို ချီးမွမ်းကုန်၏။ |
1,317,685 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ကြီးစွာသော ရယ်ရွှင်ခြင်းကို ရယ်ရွှင်ကုန်၏။ |
1,317,686 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | လက်ပန်းပေါက် ခတ်ကုန်၏။ |
1,317,687 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | လက်ချောင်းတို့ကို ခါကုန်၏။ |
1,317,688 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ပုဆိုးကို ပစ်လွှားခြင်း များစွာတို့ကို ဖြစ်စေကုန်၏။ |
1,317,689 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မင်း၏ ပရိသတ်တို့သည် နှစ်သက်ရွှင်လန်းခြင်းကြောင့် ဘုရားလောင်းအား ပေးအပ်သော ဥစ္စာသည် ကုဋေအတိုင်းအရှည် ရှိသည်ဖြစ်၏။ |
1,317,690 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | မင်းသည်လည်း ထိုဘုရားလောင်းအား မိုဃ်းကြီးသည်းထန်စွာ ရွာဘိသကဲ့သို့ များစွာသော ဥစ္စာကို၎င်း များစွာသော အခြံအရံကို၎င်း ပေး၏။ |
1,317,691 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဤသို့ မင်းသည် အရိုအသေအလေးအမြတ် ပြုခြင်းကြောင့် ဘုရားလောင်းသည် ထိုပြည်၌နေသည်ရှိသော် အသဒိသမင်းသားသည် ဗာရာဏသီပြည်၌ မရှိသတတ်ဟု ခုနစ်ပြည်ထောင်သော မင်းတို့သည် လာလတ်ကုန်၍ ဗာရာဏသီပြည်ကို ခြံရံကုန်၍ ပြည်ကိုမူလည်း ပေးမည်လော စစ်ထိုးခြင်းကိုမူလည်း ပေးမည်လော၊ ဤသို့ ဗြဟ္မဒတ်မင်းအား အမှာစာကို သ, ကုန်၏။ |
1,317,692 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဗြဟ္မဒတ်မင်းသည် သေဘေးမှကြောက်သည်ဖြစ်၍ ငါ၏ နောင်တော်သည် အဘယ်အရပ်၌ နေသနည်းဟုမေး၍ တပါးသော ပြည်နီးချင်းမင်းကို ခစား၏။ |
1,317,693 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဤသို့ ကြား၍ ငါ၏ နောင်တော်သည် မလာသည်ရှိသော် ငါ့အား အသက်သည် မရှိလတ္တံ့၊ သွားကြကုန် ငါ၏စကားဖြင့် ထိုအသဒိသမင်းသား၏ ခြေတော်တို့ကို ရှိခိုးကုန်လျှက် ကန်တော့ ပင့်ဆောင်ကုန်၍ လာကြကုန်လော့ဟု တမန်တို့ကိုစေလိုက်၏။ |
1,317,694 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုတမန်တို့သည် သွားကုန်၍ ဘုရားလောင်းအား ထိုအကြောင်းကို လျောက်ကုန်၏။ |
1,317,695 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဘုရားလောင်းသည် မင်းကိုပန်၍ ဗာရာဏသီပြည်သို့ တဖန်ပြန်လည်၍ မင်းကို မကြောက်လင့်ဟုနှစ်သိမ့်စေ၍ ငါအသဒိသမင်းသားသည် လာပြီ၊ ဤမြားမှတပါး တစင်းသော မြားကိုပစ်၍ ခပ်သိမ်းကုန်သော မင်းတို့၏ အသက်ကို သေစေအံ့၊ အသက်ဖြင့်အလိုရှိကုန်သော သူတို့သည် ပြေးလေကုန်၊ ဤသို့အက္ခရာတို့ကို မြား၌ရေး၍ ပစ္စင်ပေါ်၌ရပ်၍ ခုနစ်ဦးကုန်သော မင်းတို့၏ စားကုန်စဉ် ရွ... |
1,317,696 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ထိုမင်းတို့သည် အက္ခရာတို့ကို မြင်ကုန်၍ သေဘေးမှ ကြောက်ကုန်၍ ပြေးလေကုန်၏။ |
1,317,697 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဤသို့ ဘုရားလောင်းသည် တခုသော ယင်ငယ်သည် သောက်လောက်ရုံသော သွေးကိုလည်း မဖြစ်စေမူ၍ ခုနစ်ပြည်ထောင်ကုန်သော မင်းတို့ကိုပြေးစေ၍ ညီတော်ငယ်ကိုပန်၍ ကာမတို့ကိုပယ်ပြီးလျှင် ရသေ့ရဟန်းပြု၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လား၏။ |
1,317,698 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ဤအသဒိသမင်းသားသည် ခုနစ်ပြည်ထောင်သော မင်းတို့ကိုပြေးစ၍ အောင်မြင်ပြီးသော စစ်ပွဲရှိသည်ဖြစ်၍ ရသေ့ရဟန်းအဖြစ် ကပ်လေ၏ဟု ပြတော်မူလိုရကား ဘုရားအဖြစ်သို့ရောက်တော်မူပြီး၍- |
1,317,699 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ၆၁။ ဓနုဂ္ဂဟော အသဒိသော၊ ရာဇပုတ္တော မဟဗ္ဗလော။ |
1,317,700 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသဒိသဇာတ် | ဒူရေပါတီ အက္ခဏဝေဓီ၊ မဟာကာယပ္ပဒါလနော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.