id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,317,501
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသက်သခင်ကို ပြစ်မှားသူ (ဆရာ)
֍ ကလေးများ အလှည့်ကျတင်ပြပြီးလျှင် ဆရာက အနှစ်ချုပ်ပေးပါ။
1,317,502
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသက်သခင်ကို ပြစ်မှားသူ (ဆရာ)
֍ နောက်ဆုံးတွင် အောက်ပါအတိုင်း ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။
1,317,503
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသက်သခင်ကို ပြစ်မှားသူ (ဆရာ)
“သူတစ်ပါးကို ကူညီရမယ်၊ ကိုယ့်အပေါ် ကျေးဇူးပြုဖူးသူတွေအပေါ်လည်း ကျေးဇူးသိတတ်ရမယ်လို့ ဆရာတို့ရဲ့ မြတ်စွာဘုရားရှင်က အမြဲဆုံးမလေ့ရှိတယ်။
1,317,504
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသက်သခင်ကို ပြစ်မှားသူ (ဆရာ)
အဲဒီလိုပြုမူရင် ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝမယ်။
1,317,505
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသက်သခင်ကို ပြစ်မှားသူ (ဆရာ)
အကယ်၍ သူတစ်ပါးရဲ့ ကျေးဇူးကို မသိတတ်ရင် ကိုယ့်အကျိုး ပျက်တတ်တယ်လို့ ဆုံးမခဲ့တယ်။
1,317,506
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသက်သခင်ကို ပြစ်မှားသူ (ဆရာ)
ဒါ့ကြောင့် သားတို့သမီးတို့ တတွေလည်း သူတစ်ပါးလိုအပ်ချိန်မှာ အတတ်နိုင်ဆုံး ကူညီပေးတတ်တဲ့၊ ကိုယ့်အပေါ် ကျေးဇူးပြုဖူးသူတွေကိုလည်း ကျေးဇူးသိတတ်တဲ့ သားလိမ္မာသမီးလိမ္မာလေးများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
1,317,507
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
၆။ အသင်္ကိယဇာတ်
1,317,508
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
မိမိကိုယ်ကိုစောင့်က သူတပါးတို့အားလည်း စောင့်သည်မည်ကြောင်း
1,317,509
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အသင်္ကိယောမှိ ဂါမမှိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာသင်္ကိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ် တယောက်သော သာဝတ္ထိမြို့၌နေသော သီတင်းသည်ကို အကြောင်းပြု၍ ဟောတော်မူ၏။
1,317,510
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ထိုသီတင်းသည်သည် သောတာပန်ဖြစ်သော ဘုရားတပည့် ဖြစ်သတတ်။
1,317,511
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ထိုသီတင်းသည်သည် တစုံတခုသောပြုဘွယ်ကိစ္စကြောင့် တဦးသော လှည်းကုန်သည်အပေါင်းနှင့်တကွ ခရီးသွားသည်ရှိသော် တခုသောတောအရပ်၌ လှည်းတို့ကိုချွတ်၍ သစ်ခက်တပ်ဖွဲ့ခြင်းကို ပြုသည်ရှိသော် လှည်းကုန်သည် အပေါင်း၏အနီး၌ မိမိသည် ကာလကိုမှတ်၍ တခုသောသစ်ပင်ရင်း၌ စင်္ကြံသွား၏။
1,317,512
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ငါးရာကုန်သောခိုးသူတို့သည် သစ်ခက်တပ်ကိုလုယက်ကုန်အံ့ဟု လာလတ်ကုန်၍ လေး, ဆောက်ပုတ်အစရှိသည်လက်စွဲကုန်လျက် ထိုထိုအရပ်ကို ခြံရံကုန်၏။
1,317,513
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
သီတင်းသည်လည်း စင်္ကြံသွားသလျှင်ကတည်း၊ ထိုခိုးသူတို့သည် သီတင်းသည်ကိုမြင်ကုန်၍ စင်စစ် ဤသူသည် သစ်ခက်တပ်ကိုစောင့်သော တယောက်သောသူသည် ဖြစ်လတ္တံ့၊ ဤသူအိပ်ပျော်ခြင်းသို့ ရောက်သောကာလ၌ လုယက်ကုန်အံ့ဟု လွှမ်းမိုးခြင်းငှာမတတ်နိုင်ကုန်သည်ဖြစ်၍ ထိုထိုအရပ်၌ သာလျှင် တည်ကုန်၏။
1,317,514
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ထိုသီတင်းသည်သည်လည်း ပဌမယာမ်၌၎င်း၊ မဇ္ဈိမယာမ်၌၎င်း၊ ပစ္ဆိမယာမ်၌၎င်း စင်္ကြံသွားလျက်သာလျှင်တည်၏။
1,317,515
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
မိုးသောက်သည်ရှိသော် ခိုးသူတို့သည် အခွင့်မရကုန်သည်ဖြစ်၍ ယူအပ်သောကျောက် ဆောက်ပုတ် အစရှိသည်တို့ကို စွန့်၍ပြေးကုန်၏။
1,317,516
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
သီတင်းသည်သည်လည်း မိမိ၏အမှုကိုပြီးစေ၍ တဖန်သာဝတ္ထိမြို့သို့လာခဲ့၍ မြတ်ဘုရားသို့ချဉ်းကပ်ပြီးလျှင် အရှင်ဘုရား ကိုယ့်ကိုစောင့်ကုန်သောသူတို့သည် သူတပါးကိုစောင့်ကုန်သလောဟု မေးလျှောက်၏။
1,317,517
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
သီတင်းသည် စောင့်သည်မှန်၏။
1,317,518
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ကိုယ်ကိုစောင့်သောသူသည် သူတပါးကိုစောင့်၏။
1,317,519
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
သူတပါးကိုစောင့်သောသူသည် ကိုယ်ကိုစောင့်၏ဟု မိန့်တော်မူ၏။
1,317,520
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ထိုသီတင်းသည်သည် အရှင်ဘုရား အလွန်လျှင် ဤစကားကို ကောင်းစွာ ဆိုအပ်၏။
1,317,521
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်သည် တဦးသော လှည်းကုန်သည်အပေါင်းနှင့်တကွ ခရီးသွားသည်ရှိသော် သစ်ပင်ရင်း၌ စင်္ကြံသွားလျက် အကျွန်ုပ်၏ကိုယျကို စောင့်အံ့ဟု လှည်းကုန်သည်အပေါင်းတို့ကို စောင့်၏ဟု လျှောက်၏။
1,317,522
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
မြတ်စွာဘုရားသည် သီတင်းသည် ရှေး၌လည်း ပညာရှိတို့သည် ကိုယ်ကိုစောင့်ကုန်လျက် သူတပါးကိုစောင့်ဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုသီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို အောင်တော်မူ၏။
1,317,523
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ကာမတို့၌အပြစ်ကိုမြင်၍ ရသေ့ရဟန်းပြု၍ ဟိမဝန္တာ၌နေသည်ရှိသော် ချဉ်ဆားမှီဝဲအံ့သောငှါ ဇနပုဒ်သို့ ဒေသစာရီသွားသည်ရှိသော် တဦးသော လှည်းကုန်သည်အပေါင်းနှင့်တကွ ခရီးသွား၍ တခုသော တောအရပ်၌ လှည...
1,317,524
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ထိုအခါ ငါးရာကုန်သောခိုးသူတို့သည် ညစာထမင်းစားသောကာလ၌ ထိုလှည်းကုန်သည်အပေါင်းကို လုယက်ကုန်အံ့ဟု လာလတ်၍ခြံရံကုန်၏။
1,317,525
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ထိုခိုးသူတို့သည် ထိုရသေ့ကိုမြင်၍ ရသေ့သူမြတ်သည် ငါတို့ကို အကယ်၍မြင်အံ့ လှည်းကုန်သည်တို့အား ကြားလတ္တံ့၊ ထိုရသေ့၏ အိပ်ပျော်ခြင်းသို့ ရောက်သောကာလ၌ လုယက်ကုန်အံ့ဟု ထိုအရပ်၌ သာလျှင် တည်ကုန်၏။
1,317,526
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ရသေ့သည်လည်း တညဉ့်ပတ်လုံး စင်္ကြံသွားသလျှင်ကတည်း၊ ခိုးသူတို့သည် အခွင့်မရကုန်၍ ယူအပ်သောဆောက်ပုတ် ကျောက်တို့ကိုစွန့်ကုန်၍ လှည်းကုန်သည်တို့အား အသံ ပေး၏။
1,317,527
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
အို လှည်းကုန်သည်တို့ သစ်ပင်ရင်း၌စင်္ကြံသွားသောရသေ့သည် ယနေ့ အကယ်၍မရှိအံ့၊ အလုံးစုံသောသင်တို့သည် လုယက်သဖြင့် ကြီးစွာသောပျက်စီးခြင်းသို့ရောက်သည် ဖြစ်ကုန်ရာ၏။
1,317,528
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
နက်ဖြန် ရသေ့အား ကြီးသောပူဇော်သက္ကာရကို ပြုကုန်လောဟု ဆို၍ ဖဲကုန်၏။
1,317,529
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ထိုလှည်းကုန်သည်တို့သည် မိုးသောက်သည်ရှိသော် ခိုးသူတို့သည် စွန့်အပ်သောဆောက်ပုတ် ကျောက် အစရှိသည်တို့ကို မြင်၍ ကြောက်ကုန်သည်ဖြစ်၍ ဘုရားလောင်းအထံသို့ လာလတ်ကုန်၍ ရှိခိုးပြီးလျှင် အရှင်ဘုရား အရှင်ဘုရားတို့သည် ထိုခိုးသူတို့ကို မြင်ကုန်သလောဟု မေးလျှောက်ကုန်၏။
1,317,530
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ဒါယကာတို့ မြင်အပ်ကုန်သည် မှန်၏ဟု ဆိုသည်ရှိသော် အရှင်ဘုရား ဤမျှလောက်သော ခိုးသူတို့ကိုမြင်၍ ကြောက်ခြင်းသည်၎င်း၊ ရွံရှားခြင်းသည်၎င်း မဖြစ်သလောဟု မေးလျှောက်ကုန်၏။
1,317,531
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ဘုရားလောင်းသည် ဒါယကာတို့ ခိုးသူတို့ကိုမြင်၍ ကြောက်ခြင်းမည်သည်ကား ဥစ္စာရှိသောသူအားသာဖြစ်၏။
1,317,532
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ငါသည်ကား ဥစ္စာမရှိ၊ ထိုငါသည် အဘယ့်ကြောင့် ကြောက်အံ့နည်း၊ ထိုစကားသည် မှန်၏။
1,317,533
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ရွာ၌၎င်း တော၌၎င်း နေသောငါ့အား ကြောက်ခြင်းသည်၎င်း ရွံရှာခြင်းသည်၎င်း မရှိဟုဆို၍ လှည်းကုန် သည်တို့အား တရားဟောလိုရကား-
1,317,534
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
၇၆။ အသင်္ကိယောမှိ ဂါမမှိ၊ အရညေ နတ္ထိ မေ ဘယံ။
1,317,535
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ဥဇုမဂ္ဂံ သမာရုဠှော၊ မေတ္တာယံ ကရုဏာယ စ။
1,317,536
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
၇၆။ ဘော၊ အို လှည်းကုန်သည်တို့။
1,317,537
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ဂါမမှိ၊ ရွာ၌။
1,317,538
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
အသကိယော၊ ရွံ့ရှာခြင်း မရှိသည်။
1,317,539
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
အမှိ၊ ဖြစ်ပေ၏။
1,317,540
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
မေတ္တာယ စ၊ မေတ္တာဖြင့်၎င်း။
1,317,541
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ကရုဏာယ စ၊ ကရုဏာဖြင့်၎င်း။
1,317,542
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ဥဇု၊ ဖြောင့်စွာ။
1,317,543
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
မဂ္ဂံ၊ ဗြဟ္မာပြည်ခရီးသို့။
1,317,544
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
သမာရုဠှော၊ ကောင်းစွာတက်၏။
1,317,545
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ဤသို့လျှင် ဘုရားလောင်းသည် ဤဂါထာဖြင့် တရားဟော၍ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ လူတို့သည် အရိုအသေပြုအပ်သည်ဖြစ်၍ ပူဇော်အပ်သည်ဖြစ်၍ အသက်ထက်ဆုံး လေးပါးကုန်သော ဗြဟ္မဝိဟာရတို့ကိုပွားစေ၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။
1,317,546
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ လှည်းကုန်သည်အပေါင်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။
1,317,547
ဇာတ်နိပါတ်, မြန်မာဘာသာ
အသင်္ကိယဇာတ်
လူအများ၊ တပါးစောင့်ရှောက်ပေ ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော အသင်္ကိယဇာတ်သည် ပြီး၏။
1,317,548
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
အသင်္ခယာကျောင်း ကျောက်စာ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿတိ။
1,317,549
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
အသင်္ခယာကျောင်း ကျောက်စာ
။ သွဿတိ ကောင်သောဖ္လစ်စေလျှင် တေည်၊ ကာလယု
1,317,550
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
အသင်္ခယာကျောင်း ကျောက်စာ
၂ တ်အခာနှိုက် ဖုရာသိခင်သာသနာကိုဝ် အခာခပ်သိမ် တေည်စိမ်သနှိုက် အတုမဲသာ တတ်အာခြင်လေည်ဟိဓသော
1,317,551
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
အသင်္ခယာကျောင်း ကျောက်စာ
၃ ၊လုံလပြည်ညာသတ္ထာတန်ခိုဝ်ဟူသော တန်ဆာလေည် ဆင်ဓသော၊ စံပုတိတ်ဓက်ဟိသော အလွှံသော မင်တိုဝ် သး
1,317,552
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
အသင်္ခယာကျောင်း ကျောက်စာ
၄ ည်လေည် မေဩာင်နိုင်ဓသော ၁၂ဝဝဝဝဝသော ခန်မင်ကြိ၏ စစ်သည်ကိုဝ်လေည် ေဩာင်စင်ပြိဓသော၊ သိရိတြိ
1,317,553
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
အသင်္ခယာကျောင်း ကျောက်စာ
၅ ဘါဝနာတိတ္တျာပဝရသီဟသူရဓမ္မရာဇာလေည် မေည်ဓသော တြျာမင်ကြိ၏ တဝံဖ္လစ်သောအစ်ကိုဝ်လေည် ဖ္လစ်ဓ
1,317,554
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
အသင်္ခယာကျောင်း ကျောက်စာ
၆ သော၊ ရတ္တနာသုံပါနှိုက် အတုမဲသာ ကြည်ညိုဝ်ခြင်ဖ္လင် ညွတ်သာနှလုံလေည်ဟိဓသော၊ အမေည်ဖ္လင်ကာ အတိုင်မသိ
1,317,555
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
အသင်္ခယာကျောင်း ကျောက်စာ
၇ သောရန်သူတိုဝ်ကိုဝ် ေဩာင်စင်ပြိသောကြောင် အသင်္ခယာလေည်မေည်ဓသော၊ ယောက်ကျာတကာဓက် မ္လတ်စွာဓေး
1,317,556
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
အသင်္ခယာကျောင်း ကျောက်စာ
၈ သာတြျာမင်ကြိ၏အစ်ကိုဝ်သည် မြင်စိုင်မေည်သောအရပ်နှိုက် ရွှယ်အတိသော စလစ်က္လောင်ကြိကိုဝ်ပ္လုရုယ် လှူသော၊”
1,317,557
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
အသင်္ခယာကျောင်း ကျောက်စာ
[နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ တိ။
1,317,558
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
အသင်္ခယာကျောင်း ကျောက်စာ
။ သွန္တိ၊ ကောင်းသောဖြစ်စေလျှင်းတည်း။
1,317,559
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
အသင်္ခယာကျောင်း ကျောက်စာ
ကာလယုတ်အခါ၌ ဘုရားသခင်သာသနာကို အခါခပ်သိမ်း တည်စိမ့်သော၌ အတုမဲ့သော တတ်အားခြင်း လည်း ရှိထသော၊ လုံ့လပညာသဒ္ဓါတန်ခိုးဟူသော တန်ဆာလည်း ဆင်ထသော၊ ဇမ္ဗူဒိပ်ထက်ရှိသော အလျှံသောမင်းတို့သည်လည်း မအောင်နိုင်ထသော ၁၂ဝဝဝဝဝ သော ခန်းမင်းကြီး၏ စစ်သည်ကိုလည်း အောင်စင်ပြီးထသော၊ သီရိတြိဘဝနာဒိတျပဝရ သီဟ သူရဓမ္မရာဇာလည်းမည်ထသော တရားမင်းကြီး၏ တစ်ဝမ်း...
1,317,560
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အသင်္ခယာမင်းမတ်မယား ကျောက်စာ
၁၊၂၊၆၆၊၁။
1,317,561
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အသင်္ခယာမင်းမတ်မယား ကျောက်စာ
သကရစ် ၅၈၆ခု ဖဿနှစ် ကုဆုန်လပ္လည် ဗုတ္တဟူနိယ်။
1,317,562
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အသင်္ခယာမင်းမတ်မယား ကျောက်စာ
သ္ခိင်ဝိနယထေရ်က္လောင်အာ။
1,317,563
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အသင်္ခယာမင်းမတ်မယား ကျောက်စာ
အသ ၂ င်္ချာမင်မတ်မိယာ သဒ္ဓာပညာကြီစွာသော ဖုန်ဟိယ်သော မိယ္မ ရတနာသုံပါ သာသနာအဆုံရောက်ဩင် ချံ
1,317,564
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အသင်္ခယာမင်းမတ်မယား ကျောက်စာ
၃ သာစိယ်ခ္လျင်ရကာ မိမီကိုဝ်စာ လုပ်က္လွည်စိမ်သောငှာ။
1,317,565
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အသင်္ခယာမင်းမတ်မယား ကျောက်စာ
[သက္ကရာဇ် ၅၈၆ ခု ဘဒြနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ သခင်ဝိနယထေရ်ကျောင်းအား အသင်္ခယာမင်းမတ် မယား သဒ္ဓါပညာကြီးစွာသော၊ ဘုန်းရှိသောမိန်းမ ရတနာသုံးပါး သာသနာအဆုံးရောက်အောင် ချမ်းသာ စေချင်ရကား မိမိကိုယ်စား လုပ်ကျွေးစိမ့်သောငှာ။
1,317,566
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အသင်္ခယာမင်းမတ်မယား ကျောက်စာ
၁၃ စ္စနာ ရှုယ်တောင်တာက်သောအာ။
1,317,567
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အသင်္ခယာမင်းမတ်မယား ကျောက်စာ
အသင်္ချာ အနန္တသူ အသဝတ်ဓမ္မာ ရာဇသင်ကြံ စတုရင်္ဂသူ ဤ
1,317,568
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အသင်္ခယာမင်းမတ်မယား ကျောက်စာ
၁၄ ယ်အမတ် ၅ယောက်သတိုဝ်ကိုဝ် ရာယ်ဆုဟူ ပိယ်တာဝ်မူသော တစ်ယောက်သောလယ် ၇၀၀
1,317,569
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အသင်္ခယာမင်းမတ်မယား ကျောက်စာ
၁၅ ။ ၇၀၀ ။
1,317,570
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အသင်္ခယာမင်းမတ်မယား ကျောက်စာ
ရစာဧအ်။ ”
1,317,571
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အသင်္ခယာမင်းမတ်မယား ကျောက်စာ
[သခင်ဥစ္စနာ ရွှေတောင်တက်သောအား အသင်္ခယာ၊ အနန္တသူ၊ အသဝတ်ဓမ္မာ၊ ရာဇသင်္ကြံ၊ စတုရင်္ဂသူ ဤ အမတ် ၅ယောက်သောတို့ကို ရဲဆုဟု ပေးတော်မူသော တစ်ယောက်သော လယ် ၇၀၀၊ ၇၀၀ ရစား၏။
1,317,572
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ပါပဝဂ် ၅။
1,317,573
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
အသညတ ပရိက္ခာရရဟန်းဝတ္ထု မာဝမညေထ ပါပဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မဲ့ မစောင့်စည်းသော ပရိက္ခရာရှိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။
1,317,574
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
မကောင်းမှုဟူသည် နည်းသည်ဟူ၍ မရှိ
1,317,575
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ထိုရဟန်းသည် အမှတ်မရှိသော ညောင်စောင်း,အင်းပျဉ် အစရှိသော ပရိက္ခရာကို အပ၌သုံးဆောင်ပြီးလျှင် ထိုအပ၌ပင်လျှင် စွန့်ပစ်ထားလေ့ ရှိသတတ်။
1,317,576
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ပရိက္ခရာသည် မိုးရေကြောင့်လည်းကောင်း၊ နေပူခြင်းကြောင့်လည်းကောင်း၊ ခြစသည်တို့ကြောင့်လည်းကောင်း ပျက်စီး၏။
1,317,577
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ထိုရဟန်းကို ရဟန်းအများတို့သည် “ငါ့ရှင်- ပရိက္ခရာမည်သည်ကို သိုမှီးအပ်သည် မဟုတ်လော”ဟု ဆိုဆုံးမအပ်သည်ရှိသော် “ငါ့ရှင်တို့- ငါပြုအပ်သောအမှုသည် အနည်းငယ်သာတည်း၊ ထိုပရိက္ခရာအတွက် ပျက်လိုပျက်စီး မသိုမှီးလိုသောစိတ်လည်း မရှိ၊ အမှတ်အသားလည်း မရှိ”ဟု ဆို၍ ထိုရှေးနည်းအတူ ပြုသည်သာလျှင်တည်း။
1,317,578
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ရဟန်းတို့လည်း ထိုရဟန်း၏အပြုအမူကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။
1,317,579
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်စေတော်မူ၍ “ချစ်သားရဟန်း- သင်..ဤသို့ ပြုသတတ်ဟူသည် မှန်သလော”ဟု မေးတော်မူလေ၏။
1,317,580
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ထိုရဟန်းသည် မြတ်စွာဘုရား မေးအပ်သော်လည်း “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤအမှုကား အဘယ်ပါနည်း၊ တပည့်တော် အနည်းငယ်မျှကို ပြုမိပါသည်။
1,317,581
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ထိုပရိက္ခရာအတွက် ပျက်လိုပျက်စီး မသိုမှီးလိုသောစိတ် မရှိပါ၊ အမှတ်လည်း မရှိပါ”ဟု ရှေးအတူသာလျှင် မထီမဲ့မြင်ပြုလျက် လျှောက်ကြားလေ၏။
1,317,582
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် “ရဟန်းတို့မည်သည်ကား ဤသို့ပြုခြင်းငှာ မသင့်၊ မကောင်းမှုမည်သည်ကို အနည်းငယ်ဟူ၍ မထီမဲ့မြင် မအောက်မေ့အပ်၊ လွင်တီးခေါင်၌ထားအပ်သော ဟင်းလင်းပွင့်သော အဝရှိသော အိုးခွက်သည် မိုးရွာသောအခါ တစ်ပေါက်မျှဖြင့် အကယ်၍ကား မပြည့်ငြားသော်လည်း အဖန်တလဲလဲ ရွာသည်ရှိသော် ပြည့်လျှံသည်သာလျှင်တည်း။
1,317,583
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ဤအတူ မကောင်းမှုကိုပြုသော ပုဂ္ဂိုလ်သည် အစဉ်သဖြင့် များစွာသော မကောင်းမှုအစုကြီးကို ပြုသည်မည်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။
1,317,584
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ဒေသနာတော် [၁၂၁] မာဝမညေထ ပါပဿ၊ န မန္ဒံ အာဂမိဿတိ။
1,317,585
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ဗာလော ပူရတိ ပါပဿ၊ ထောကံ ထောကံပိ အာစိနံ။
1,317,586
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
မန္ဒံ၊ အနည်းငယ်ပြုအပ်သော အကုသိုလ်ကံသည်။
1,317,587
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ပူရတိ ယထာ၊ အစဉ်သဖြင့် ပြည့်သကဲ့သို့။
1,317,588
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ဗာလော၊ မလိမ္မာသောသူသည်။
1,317,589
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ထောကံထောကံပိ၊ အနည်းငယ် အနည်းငယ်မျှလည်းဖြစ်သော အကုသိုလ်ကို။
1,317,590
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ပါပဿ၊ မကောင်းမှုဖြင့်။
1,317,591
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
ဘုရားရှင်သည်လည်း လွင်တီးခေါင်၌ အိပ်ရာနေရာကို ခင်း၍ ထားမြဲတိုင်းကို ပြန်မပြုသော ရဟန်းအား “ဤမည်သော အာပတ်သို့ ရောက်၏”ဟူ၍ သိက္ခာပုဒ်ကို ပညတ်တော်မူလေ၏။
1,317,592
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထု
အသညတပရိက္ခာရရဟန်းဝတ္ထုပြီး၏။
1,317,593
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ
၉-ပါပဝဂ် ၅-အသညတပရိက္ခာရဘိက္ခုဝတ္ထု
1,317,594
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ
၁၂၁။ မာဝမညေထ ပါပဿ၊ န မန္ဒံ အာဂမိဿတိ။
1,317,595
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ
ဗာလော ပူရတိ ပါပဿ၊ ထောကံ ထောကမ္ပိ အာစိနံ။
1,317,596
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမှတ်မဲ့ ပရိက္ခာရတို့ကို မသိမ်းဆည်းသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။
1,317,597
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ
အနက် မံ၊ အနည်းငယ်သော မကောင်းမှုသည်။
1,317,598
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ
ထောကံ ထောကမ္ပိ၊ အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို။
1,317,599
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ
အာစိနံ (အာစိနန္တော)၊ ဆည်းပူးသည်ရှိသော်။
1,317,600
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ
စကားပြေ အနည်းငယ်မျှသော မကောင်းမှုသည် အကျိုးရောက်လိမ့်မည်မဟုတ်ဟု မထီမဲ့မြင်မအောက်မေ့ရာ။