id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,318,001 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | စင်ကြံ ကုလာက္လောင် ဖွယ္အ်သော ဥတ်ကာ |
1,318,002 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | ၂၃ ၂ဖိုဝ်။ |
1,318,003 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | ဥတ်ဧအ်အဖိုဝ်ကာ ငုယ် ၆၀။ |
1,318,004 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | လှည်ခကာ ၂၂ က္လျပ်။ |
1,318,005 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | စင်ကြံသစ် ၂၄ ငာင်သောလှည်ခ ငုယ် ၆က္လျပ်။ |
1,318,006 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | တစည်သည်ပိယ်သော လက်ခကာ ငုယ်၁၀။ |
1,318,007 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | ၂၅ ကုလာက္လောင်တံခာပ္လုသော ငုယ် ၁က္လျပ်။ |
1,318,008 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | တံခာခုံက္လောက် ၁ဆူသောကာ ငုယ် |
1,318,009 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | ၂၆ ၁+။ ကုလာက္လောင်ဖွယ္အ်သော ပုရာန်လက်ခ ၃<<လှည်ခ ခွက် ၁ခ္လပ်သော |
1,318,010 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | ၂၇ ငုယ် ၂က္လျပ်။ |
1,318,011 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | ကွံသီ ၁၃၅ဝသော ငုယ် ၂က္လျပ်။ |
1,318,012 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | စပါ ၄တင်သော ငုယ် ၂က္လျပ် |
1,318,013 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | ၂၈ ဖျင်ဖ္လူ ၁ထည်သော ငုယ် ၁က္လျပ်။ |
1,318,014 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | တံခာခုံက္လောက် ၂ဆူသောလေ ငုယ် ၅က္လျ |
1,318,015 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | [ပန်းပဲပေးသောလည်း ၄ကျပ်၊ ဂူရေးသော ပန်းချီ ပေးသောလည်း ၇၊ ကျောင်းရေးသော ပန်းချီပေးသော လည်း ၁၂ဝ၊ ရနယ်ဝယ်သော ၇ကျပ်၊ ပန်းပုပေးရ သော ၃ဝ၊ ဘုရားသမားပေးသော ၂၀၊ တိုက်ရံလိမ်း သော ၂ကျပ်၊ နန်းရေးသောရွှေ ၂ကျပ်၊ ကနားပြင် သစ်ဖိုး ၁ဝ၊ တံတိုင်းကျောက် အဖိုးကား ၃ကျပ်ခွဲ၊ ဂူကျောင်း တံခါးမုခ်စုံ အင်္ဂတေဖိုးကား ခွက်၃ချပ် သောကား ငွေ၁၃၊ နွား၅ခ... |
1,318,016 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အသဝတ်ဓမ္မာသင်္ချိုင်းဂူဘုရား (စောလှဝန်းဘုရား) ကျောက်စာ | ဂူထွတ် ကြေးပိဿာခွဲသော ငွေ ၃ကျပ်၊ ရွှေ ၁၂ံ သော ငွေ ၁၂ကျပ်၊ ပြဒါး ၃ကျပ်သောလည်း ငွေ ၂ကျပ်၊ ဂူထွတ်လက်ခပေးသောလည်း ငွေ ၁၀၊ သံဖိုးငွေ ၁ဝ၊ ကျောင်းရနယ်ထုပ်လျောက်ဝယ်သော ငွေ ၂ဝ၊ သစ်ငင်သော လှည်းခပေးသော ငွေ ၁၀၊ ဆေးဒန်း၊ ဟင်္သပဒါး၊ ဆုန်း၊ မြေဖြူ၊ ..၊ ချိပ်၊ ကံကုတ်ခပင်းသော၏ အဖိုးကား ငွေ ၅၀၊ ဘုရားရပ် ဆယ်ဆူသောလည်း ဘုရားသမားပေးသောလည်း င... |
1,318,017 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ၁။ အသာတမန္တဇာတ် |
1,318,018 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | မိန်းမတို့သည် ယုတ်မာသဖြင့် ကြီးစွာသောဆင်းရဲကို ပေးတတ်သောအကြောင်း |
1,318,019 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အသာ လောကိတ္ထိယောနာမ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အသာတမန္တဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,318,020 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုရဟန်းဝတ္ထုသည် ဥမ္မာဒန္တီဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း မိန်းမတို့သည်ကား ဆင်းရဲကိုပေးတတ်ကုန်၏။ |
1,318,021 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ယုတ်မာကုန်၏။ |
1,318,022 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | သင်သည် ဤသို့သဘောရှိသော ယုတ်မာသောမိန်းမကိုမှီ၍ အဘယ့်ကြောင့် သာသနာတော်မှ ငြီးငွေ့သနည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။ |
1,318,023 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းလည်း ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်ဝယ် တဦးသောပုဏ္ဏားမျိုး၌ ဖြစ်၍ လိမ်မာသောအဖြစ်သို့ရောက်သည်ရှိသော် ဗေဒင်သုံးပုံတို့၌၎င်း၊ အလုံးစုံသောအတတ်တို့၌၎င်း အပြီးသို့ရောက်သည်ဖြစ်၍ ဒိသာပါမောက္ခဆရာဖြစ်၏။ |
1,318,024 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုအခါ ဗာရာဏသီပြည်ဝယ် တဦးသောပုဏ္ဏားမျိုး၌ သားဖွားသောနေ့၌ မီးကိုယူ၍ မငြိမ်းစေမူ၍ ထားကုန်၏။ |
1,318,025 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုအခါ ပုဏ္ဏားသတို့သားကို တဆယ့်ခြောက်နှစ် ရှိသောအခါ၌ မိဘတို့သည် ချစ်သား ငါတို့သည် သင်ဖွားသောနေ့၌ မီးကိုယူ၍ထားအပ်ကုန်ပြီ။ |
1,318,026 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဗြဟ္မာပြည်သို့ အကယ်၍ လားလိုငြားအံ့၊ သင်သည် မီးကိုယူ၍ တောသို့ဝင်ပြီးလျှင် မီးကိုလုပ်ကျွေး၍ရှိခိုးလျက် ဗြဟ္မာပြည်သို့ လားသည်ဖြစ်လော့၊ အိမ်၌ အကယ်၍ နေလိုသည်ဖြစ်အံ့၊ တက္ကသိုလ်ပြည်သို့သွား၍ ဒိသာပါမောက္ခဆရာ့အထံ၌ အဘတ်ကိုသင်၍ ဥစ္စာကိုဖြစ်စေလောဟု ဆိုကုန်၏။ |
1,318,027 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ပုဏ္ဏားလုလင်သည် ငါသည် တော၌ မီးကို လုပ်ကျွေးခြင်းငှာ မတတ်နိုင်လတ္တံ့၊ ဥစ္စာကိုသာ ဖြစ်စေအံ့ဟု မိဘတို့ကိုရှိခိုး၍ ဆရာ့အဘိုးဖြစ်သော တထောင်သောအသပြာကိုယူ၍ တက္ကသိုလ်ပြည်သို့သွား၍ အတတ်ကိုသင်ပြီးလျှင် တဖန်ပြန်ခဲ့၏။ |
1,318,028 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုပုဏ္ဏားလုလင်၏မိဘတို့သည် အိမ်၌နေသဖြင့် အလိုမရှိကုန်၊ တော၌မီးကို လုပ်ကျွေးစေလိုကုန်၏။ |
1,318,029 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုအခါ လုလင်ကို အမိသည် မိန်းမတို့အပြစ်ကိုသိစေ၍ တောသို့ဝင်စေလို၏။ |
1,318,030 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | တက္ကသိုလ်ဆရာသည် ပညာရှိ၏။ |
1,318,031 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | လိမ်မာ၏။ ငါ့သားအား မိန်းမတို့၏အပြစ်ကို ပြောဆိုခြင်းငှါတတ်နိုင်လတ္တံ့ဟု ကြံ၍ ချစ်သား အတတ်ကို သင်အပ်ပြီလောဟု မေး၏။ |
1,318,032 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | မိခင် သင်အပ်ပြီဟု ဆိုအပ်သည်ရှိသော် သင်သည် အသာတမန္တန်ကိုလည်း သင်အပ်ပြီလောဟု မေး၏။ |
1,318,033 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | မိခင် မသင်အပ်ဟု ဆို၏။ |
1,318,034 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ချစ်သားသည် အသာတမန္တန်ကို အကယ်၍ မသင်အပ်သည်ဖြစ်အံ့၊ အတတ်သင်သည် မမည်၊ သွားချေ သင်၍လာလောဟုဆို၏။ |
1,318,035 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုလုလင်သည် ကောင်းပြီဟု တဖန် ကက္ကသိုလ်ပြည်သို့ ရှေးရှုသွား၏။ |
1,318,036 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုဆရာ၏လည်း အမိသည် အသက်ကြီးသည်ဖြစ်၍ တရာ့နှစ်ဆယ်ရှိ၏။ |
1,318,037 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုဆရာသည် အမိအိုကို မိမိလက်ဖြင့်ရေချိုးလျက် စားစေလျက် သောက်စေလျက် လုပ်ကျွေး၏။ |
1,318,038 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | တပါးကုန်သော လူတို့သည် ထိုသို့ပြုသောဆရာကိုမြင်၍ စက်ဆုပ်ကုန်၏။ |
1,318,039 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုဆရာသည် ငါသည် တောသို့ဝင်၍ ထိုတော၌ အမိအိုကို လုပ်ကျွေးလျက် အကယ်၍နေရမူကား ကောင်း၏ဟု ကြံ၏။ |
1,318,040 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုအခါ တခုသော ဆိတ်ငြိမ်သောတောဝယ် ရေရလွယ်ရာအရပ်၌ သစ်ရွက်မိုးသောအိမ်ကိုပြုစေ၍ ထောပတ် ဆန် အစရှိသည်တို့ကို ဆောင်စေ၍ အမိအိုကိုထမ်း၍ ထိုတောသို့သွားပြီးလျှင် အမိကိုလုပ်ကျွေးလျက် နေခြင်းကို ပြု၏။ |
1,318,041 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုပုဏ္ဏားလုလင်သည်လည်း တက္ကသိုလ်ပြည်သို့သွား၍ ဆရာကိုမမြင်သည်ရှိသော် ဆရာသည် အဘယ်မှာ ရှိသနည်းဟုမေး၍ ထိုအကြောင်းကိုကြား၍ တောသို့သွားပြီးလျှင် ဆရာကိုရှိခိုး၍ ရပ်၏။ |
1,318,042 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုအခါ လုလင်ကို ဆရာသည် အမောင် အဘယ့်ကြောင့်လျှင် အလွန်လျှင်စွာ လာသနည်းဟု မေး၏။ |
1,318,043 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | အကျွန်ုပ်ကို ဆရာတို့သည် အသာတမည်သောမန္တရားကို မသင်အပ်သည်မဟုတ်လော ဟုဆို၏။ |
1,318,044 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | သင့်အား အသာတမည်သော မန္တရားကို သင်ရမည်၊ သင်ချေဟူ၍ အဘယ်သူသည် ဆိုသနည်းဟု မေး၏။ |
1,318,045 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဆရာ အကျွန်ုပ်၏အမိသည် ဆိုအပ်၏ဟု ဆို၏။ |
1,318,046 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဘုရားလောင်းသည် တစုံတခုသော အသာတမန္တရားမည်သည် မရှိ၊ ဤလုလင်၏အမိသည် ဤလုလင်ကို မိန်းမတို့၏အပြစ်ကို သိစေလိုသည် ဖြစ်လတ္တံ့ဟု ကြံ၏။ |
1,318,047 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ကြံပြီး၍ ထိုအခါ လုလင်ကို အမောင် ကောင်းပြီ သင်အံ့၊ သင့်အား အသာတမည်သော မန္တရားကို ပေးအံ့၊ ယနေ့ကို အစပြု၍ ငါ၏အရာ၌တည်၍ ငါ့အမိကို မိမိလက်ဖြင့် ရေချိုးလျက် စားစေလျက် သောက်စေလျက် လုပ်ကျွေးလော၊ အမိအိုအား လက် ခြေ ဦးခေါင်း ကျောက်တို့ကို ဆုပ်နယ်ခြင်း အစရှိသည်တို့ကိုလည်း ပြုလျက် ရှင်မ ရှေးဦးစွာ အိုခြင်းသို့ ရောက်သောကာလ၌လည်း ရှင်မ၏... |
1,318,048 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ပျိုစဉ်ကာလ၌ကား အဘယ်ဆိုဘွယ်ရှိအံ့နည်းဟု ဆိုလော၊ လက်ခြေတို့ကိုဆုပ်နယ်ခြင်း အစရှိသည်တို့ကို ပြုသောကာလ၌ လက်ခြေအစရှိသည်တို့၏ ကျေးဇူးကိုဆိုလော၊ သင့်အား အမိအိုသည် အကြင်စကားကိုလည်း ဆိုလတ္တံ့၊ ထိုစကားကို ရှက်ခြင်းမရှိသည်ဖြစ်၍ မလျှို့ဝှက်မူ၍ ငါ့အားကြားလော၊ ဤသို့ပြုသည်ရှိသော် ရလတ္တံ့ဟု ဆို၏။ |
1,318,049 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုလုလင်သည် ဆရာကောင်းပြီဟု ဆရာ့စကားကို ဝန်ခံပြီးလျှင် ထိုနေ့မှစ၍ အလုံးစုံသော ဆရာဆိုတိုင်းသော အစီအရင်ကို ပြု၏။ |
1,318,050 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုအခါ လုလင်သည် အဖန်တလဲလဲ ချီးမွမ်းသည်ရှိသော် ဤလုလင်သည် ငါနှင့်တကွ မွေ့လျော်လိုသည် ဖြစ်လတ္တံ့ဟု ကန်းသော အိုသော ထိုမိန်းမ၏ ကိုယ်တွင်း၌ ကိလေသာသည်ဖြစ်၍ ချီးမွမ်းသောလုလင်ကို ငါနှင့်တကွ မွေ့လျော်ခြင်းငှါ အလိုရှိသလောဟု ဆိုသည်ရှိသော် ရှင်မ ရှေးဦးစွာ ငါသည် အလိုရှိ၏။ |
1,318,051 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဆရာကိုကား ခန့်ညား၏ဟု ဆို၏။ |
1,318,052 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ငါ့ကို အကယ်၍ အလိုရှိငြားအံ့၊ ငါ့သားကို သတ်ဟုဆို၏။ |
1,318,053 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ငါသည် ဆရာ့အထံ၌ ဤမျှလောက်သော အတတ်တို့ကိုသင်၍ ကိလေသာမျှကိုမှီလျက် အဘယ်အကြောင်းဖြင့် သတ်ရအံ့နည်းဟု ဆို၏။ |
1,318,054 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုသို့တပြီးကား အကယ်၍ ငါ့ကို သင်မစွန့်သည်ဖြစ်အံ့၊ ငါသည်ပင်လျှင် ငါ့သားကို သတ်အံ့ဟု ဆို၏။ |
1,318,055 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ** ဤသို့လျှင် မိန်းမတို့မည်သည်ကား ဆင်းရဲကိုပေးတတ်ကုန်၏။ |
1,318,056 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုသို့သဘောရှိသည်မည်သော အရွယ်၌ တည်ကုန်လျက် ရာဂစိတ်ကိုဖြစ်စေ၍ ကိလေသာသို့ အစဉ်လိုက်ကုန်၏။ |
1,318,057 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဤသို့ ကျေးဇူးပြုတတ်သောသားကို သတ်လိုကုန်သည် ဖြစ်ကုန်၏။ |
1,318,058 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | **** လုလင်သည် အလုံးစုံသောထိုစကားကို ဘုရားလောင်းအား ကြား၏။ |
1,318,059 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဘုရားလောင်းသည် လုလင် သင်သည် ငါ့အား ကြားသဖြင့် ကောင်းစွာပြုအပ်၏ဟု ဆို၏။ |
1,318,060 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | အမိအို၏ အသက်၏ အပိုင်းအခြားကို ကြည့်သည်ရှိသော် ယနေ့ပင်လျှင် သေလတ္တံ့ ဟု သိ၍ လုလင်လာလှည့်၊ ထိုအမိအိုကို စုံစမ်းအံ့ဟု တခုသော ရေသဖန်းပင်ကိုဖြတ်၍ မိမိပမာဏဖြင့် သစ်သားရုပ်ကိုပြုပြီးလျှင် ဦးခေါင်းနှင့်တကွခြုံ၍ မိမိ၏ အိပ်ရာ၌ ပက်လက်အိပ်စေ၍ ကြိုးငယ်ဖြင့်ဖွဲ့ပြီးလျှင် တပည့်ကို အမောင် ပုဆိန်ကိုယူပြီးလျှင် အမိအား အမှတ်ကိုပေးလာဟု ဆိ... |
1,318,061 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | လုလင်သည် သွား၍ ရှင်မ ဆရာသည် သစ်ရွက်မိုးသောအိမ်၌ မိမိအိပ်ရာဝယ်အိပ်၏။ |
1,318,062 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ငါသည် ကြိုးအမှတ်ကိုဖွဲ့အပ်ပြီ၊ ဤပုဆိန်ကိုယူ၍ သွားပြီးလျှင် အကယ်၍ တတ်နိုင်ငြားအံ့၊ ထိုဆရာကို သတ်ဟု ဆို၏။ |
1,318,063 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | သင်သည် ငါ့ကိုစွန့်လတ္တံ့လောဟု မေး၏။ |
1,318,064 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | အဘယ်အကြောင်းကြောင့် စွန့်အံ့နည်းဟု ဆိုသည်ရှိသော် ထိုအမိအိုသည် ပုဆိန်ကို ယူ၍ တုန်တုန်လှုပ်လှုပ်ထလျက် ကြိုးအမှတ်ဖြင့်သွားပြီးလျှင် လက်ဖြင့်စမ်း၍ ဤသူသည် ငါ့သားတည်းဟူသောအမှတ်ဖြင့် သစ်သားရုပ်၏ မျက်နှာ၌ ပုဆိုးကိုပယ်လျက် တချက်တည်းဖြင့် သေစေအံ့ဟု လည်၌ ပေါက်၍ ဓုန်း, ဓုန်း ဟူသော အသံဖြစ်သည်ရှိသော် သစ်သားအဖြစ်ကိုသိ၏။ |
1,318,065 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုအခါ အမိအိုကို ဘုရားလောင်းသည် အမိအဘယ်သို့ပြုသနည်းဟု ဆိုသည်ရှိသော် ငါ့ကိုလှည့်စားအပ်သည်ဖြစ်ပြီဟု ထိုအရပ်၌ပင်လျှင်သေ၍ လဲ၏။ |
1,318,066 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ( ထိုအမိအိုသည် မိမိ၏ သစ်ရွက်မိုးသောအိမ်၌ အိပ်ငြားသော်လည်း ထိုခဏ၌သာလျှင် သေရာသည်သာလျှင်တည်း ) |
1,318,067 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဘုရားလောင်းသည် အမိအို၏ သေသောအဖြစ်ကိုသိလျှင် သင်္ဂြိုဟ်ခြင်းကိစ္စကိုပြု၍ သင်္ဂြိုဟ်ခြင်းမီးကိုငြိမ်းစေ၍ တောပန်းတို့ဖြင့်ပူဇော်ပြီးလျှင် လုလင်ကိုခေါ်၍ သစ်ရွက်မိုးသောအိမ်တံခါး၌နေ၍ အသာတမန္တရားမည်သည် အသီးအခြား မရှိ၊ မိန်းမတို့မည်သည် အသာတမည်ကုန်၏။ |
1,318,068 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | အသာဘမန္တရားကို သင်ချေဟု ငါ့အထံသို့စေသော သင့်အမိသည် မိန်းမတို့၏အပြစ်ကို သိစိမ့်သောငှါ စေ၏။ |
1,318,069 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ယခုအခါ၌ကား သင်သည် မျက်မှောက်လျှင် အမိအို၏အပြစ်ကို မြင်ရပြီ၊ ဤသို့သောအကြောင်းကြောင့် မိန်းမတို့မည်သည် ဆင်းရဲကို ပေးတတ်ကုန်၏။ |
1,318,070 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဤသို့ သိလေလောဟု ဆို၏။ |
1,318,071 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုလုလင်သည် ဆရာကိုရှိခိုး၍ မိဘတို့၏ အထံသို့သွား၏။ |
1,318,072 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ထိုအခါ လုလင်ကို အမိသည် အမောင် သင်သည် အသာတမည်သောမန္တရားကို သင်အပ်ပြီလောဟုမေး၏။ |
1,318,073 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | မိခင် သင်အပ်ပြီဟု ဆို၏။ |
1,318,074 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | အမောင် ယခုအခါ ဘယ်ကိုပြုလတ္တံ့နည်း၊ ရဟန်းပြု၍ မီးကိုတည်းလုပ်ကျွေးအံ့၊ အိမ်ထောင်သော လူ၏ဘောင်၌တည်း နေအံ့လောဟု မေး၏။ |
1,318,075 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | လုလင်သည် မိခင် ငါသည် မျက်မှောက်အားဖြင့် မိန်းမတို့၏ အပြစ်တို့ကို မြင်ရပြီ၊ အိမ်၌နေခြင်းဖြင့် ငါ့အား ကိစ္စမရှိ၊ ငါသည် ရဟန်းပြုအံ့ဟု မိမိအလိုကို ပြလိုရကား- |
1,318,076 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ၆၁။ အသာ လောကိတ္တိယော နာမ၊ ဝေလာ တာသံ န ဝိဇ္ဇာတိ။ |
1,318,077 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | သာရတ္တာ စ ပဂဗ္ဘာ စ၊ သိခီ သဗ္ဗဃသော ယထာ။ |
1,318,078 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | တာ ဟိတွာ ပဗ္ဗဇိဿာမိ၊ ဝိဝေက မနုဗြူဟယံ။ |
1,318,079 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ၆၁။ လောကေ၊ လောက၌။ |
1,318,080 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဣတ္တိယော နာမ၊ မိန်းမတို့မည်သည်ကား။ |
1,318,081 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | အသာ၊ ယုတ်မာကုန်၏။ |
1,318,082 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | တနည်း၊ အသာ၊ ဆင်းရဲကို ပေးတတ်ကုန်၏။ |
1,318,083 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | သာရတ္တာ စ၊ ကာမဂုဏ်ငါးပါးတို့၌သာ တပ်စွန်းတတ်ကုန်သည်၎င်း။ |
1,318,084 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ပဂဗ္ဘာ စ၊ ကိုယ်နှုတ်နှလုံးတို့ဖြင့် လွန်ကျူးတတ်ကုန်သည်၎င်း။ |
1,318,085 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | သဗ္ဗဃသော ယထာ၊ ကောင်း မကောင်း အလုံးစုံကို စားတတ်သကဲ့သို့။ |
1,318,086 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | လဒ္ဓံ လဒ္ဓံ၊ ရတိုင်း ရတိုင်းသောသူကို။ |
1,318,087 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဝိဝေကံ၊ ကာယဝိဝေက စိတ္တဝိဝေကကို။ |
1,318,088 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | အနုဗြုဟယံ၊ ပွားစေလျက်။ |
1,318,089 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဗြဟ္မာလောက ပရာယနော၊ ဗြဟ္မာပြည်သို့လားသည်။ |
1,318,090 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဘဝိဿာမိ၊ ဖြစ်အံ့၊ |
1,318,091 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဤသို့လျှင် မိန်းမတို့ကိုကဲ့ရဲ၍ မိဘတို့ကိုရှိခိုး၍ ရဟန်းပြုပြီးလျှင် ဆိုအပ်ပြီးသောအပြားရှိသော ကာယဝိဝေက စိတ္တဝိဝေကကိုပွားစေလျက် ဗြဟ္မာပြည်သို့ လား၏။ |
1,318,092 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | မြတ်ဘုရားသည်လည်း ဤသို့လျှင် မိန်းမတို့မည်သည်ကား ယုတ်မာကုန်၏။ |
1,318,093 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဆင်းရဲကို ပေးတတ်ကုန်၏။ |
1,318,094 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဆင်းရဲခြင်း၏ အကြောင်းဖြစ်၍ ဖြစ်ကုန်၏ဟု မိန်းမတို့၏ကျေးဇူးမဲ့ကို ဟောတော်မူ၍ သစ္စာတို့ကိ ပြတော်မူ၏။ |
1,318,095 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | သစ္စာတို့ကိုပြတော်မူသည်၏ အဆုံး၌ ထိုငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ |
1,318,096 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ ဘဒ္ဒါကာပိလာနီသည် ထိုအခါ လုလင်၏အမိ ဖြစ်ဘူးပြီ၊ ယခုအခါ မဟာကဿပသည် ထိုအခါ လုလင်၏အဘ ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ တပည့်လုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။ |
1,318,097 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတမန္တဇာတ် | ဆင်းရဲယုတ်မာ၊ ပေးတတ်စွာ၊ ပမာမီးပြ ဣတ္ထိယ ရှေးဦးစွာသော အသာတမန္တဇာတ်သည် ပြီး၏။ |
1,318,098 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတရူပဇာတ် | ၁၀။ အသာတရူပဇာတ် |
1,318,099 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတရူပဇာတ် | ခုနစ်နှစ် ကိုယ်ဝန်ဆောင်၍ ခုနစ်ရက်ဖွားရသော ရှင်သီဝလိမထေရ်၏အကြောင်း |
1,318,100 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသာတရူပဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အသာတံ သာတရူပေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအသာတရူပဇာတ်ကို ကုဏ္ဍိယမြို့ကိုအမှီပြု၍ ကုဏ္ဍဓာနအမည်ရှိသော တောအုပ်၌ သီတင်းသုံး နေတော်မူစဉ် ကောလိယ မင်းသ္မီးဖြစ်သော သုပ္ပဝါသာမည်သော သီတင်းသည်မကို အကြောင်း ပြု၍ ဟောတော်မူ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.