id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,318,101
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ထိုစကားကို ချဲ့ဦးအံ့၊ သုပ္ပဝါသာမည်သောမင်းသ္မီးသည် ထိုကာလ၌ ခုနစ်နှစ်ပတ်လုံး ဝမ်းဖြင့်သူငယ်ကိုဆောင်၍ ခုနစ်ရက်ပတ်လုံး သူငယ်ဖွားရခြင်းအရင်းရှိသော မိန်းမောခြင်းကို ဖြစ်စေတတ်သော ဝေဒနာကို ခံရ၏။
1,318,102
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ထိုသုပ္ပဝါသာသည် ဤသို့ သည်းစွာသော ဝေဒနာတို့သည် နှိပ်စက်အပ်သော်လည်း အကြင်မြတ်စွာဘုရားသည် ဤသို့သဘောရှိသောဆင်းရဲကို ပယ်ခြင်းငှါ တရားဟောတော်မူ၏။
1,318,103
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ထိုမြတ်စွာဘုရားသည် စင်စစ်သဖြင့် မဖောက်မပြန် ကိုယ်တော်တိုင်သာလျှင် ခပ်သိမ်းသောတရားတို့ကို သိတော်မူ၏။
1,318,104
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
အကြင်မြတ်စွာဘုရား၏ တပည့်သားသံဃာသည် ဤသို့သဘောရှိသော ဆင်းရဲကိုပယ်ခြင်းငှါ ကျင့်တော်မူ၏။
1,318,105
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ထိုမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် စင်စစ်သဖြင့် ကောင်းသော အကျင့်ရှိတော်မူ၏။
1,318,106
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
အကြင်နိဗ္ဗာန်၌ ဤသို့သဘောရှိသော ဆင်းရဲသည် မရှိ၊ ထိုနိဗ္ဗာန်သည် စင်စစ်သဖြင့် အလွန် ချမ်းသာ၏။
1,318,107
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ဤသုံးပါးကုန်သောအကြံတို့ဖြင့် သည်းခံ၏။
1,318,108
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ထိုသုပ္ပဝါသာသည် လင်ကိုခေါ်၍ မိမိ၏ ထိုအကြောင်းကို၎င်း၊ ရှိခိုးသောသတင်း စကားကို၎င်း ကြားလျှောက်စိမ့်သောငှါ မြတ်စွာဘုရားအထံတော်သို့ စေ၏။
1,318,109
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သဗ္ဗညူမြတ်စွာဘုရားသည် ရှိခိုးသောသတင်း စကားကို ကြားတော်မူ၍ ကောလိယမင်းသ္မီးသုပ္ပဝါသာသည် ချမ်းသာစေသတည်း၊ ရောဂါကင်းသောသားကို ဖွားစေသတည်းဟု မိန့်တော်မူ၏ သဗ္ဗညူမြတ်စွာဘုရားမိန့်တော်မူသည် နှင့် တပြိုင်နက် ကောလိယမင်းသ္မီး သုပ္ပဝါသာသည် ချမ်းသာစွာ ရောဂါကင်းလျှက် ရောဂါမရှိသောသားကို ဖွားမြင်၏။
1,318,110
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ထိုအခါ သုပ္ပဝါသာ၏ လင်သည် အိမ်သို့သွား၍ သားဖွားပြီးသောသုပ္ပဝါသာကိုမြင်၍ အချင်းတို့အံ့ဘွယ်ရှိစွတကားဟု မြတ်စွာဘုရား၏ အာနုဘော်တော်၌ အလွန်လျှင်အံ့ဘွယ်သရဲဖြစ်သောစိတ်ရှိ၏။
1,318,111
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သုပ္ပဝါသာသည် သားဖွားပြီး၍ ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသောသံဃာအား အလှူပေးလို၍ ပင့်ဘိတ်စိမ့်သောငှါ လင်ကိုစေပြန်၏။
1,318,112
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ထိုအခါ မဟာမောဂ္ဂလာန်၏ အလုပ်အကျွေးဒကာသည် ဘုရားအမှူးရှိသောသံဃာကို ပင့်ဘိတ်၏။
1,318,113
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သဗ္ဗညူမြတ်စွာဘုရားသည် သုပ္ပဝါသာလှူခြင်း၏အခွင့်ကို ပေးအံ့သောငှါ အရှင်မောဂ္ဂလာန်မထေရ်ကို အလုပ် အကျွေးဒါယကာအိမ်သို့စေ၍ ထိုဒါယကာကို နှစ်သက်စေ၍ ခုနစ်ရက်ပတ်လုံး ရဟန်းသံဃာနှင့်တကွ သုပ္ပဝါသာ၏ အလှူကိုခံတော်မူ၏။
1,318,114
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ခုနစ်ရက်မြောက်သောနေ့၌သုပ္ပဝါသာသည် သားဖြစ်သောသီဝလိကုမာရကို တန်ဆာဆင်၍ မြတ်စွာဘုရားကို၎င်း၊ ရဟန်းသံဃာကို၎င်း ရှိခိုးစေ၏။
1,318,115
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ထိုခဏ၌ အစဉ်သဖြင့် အရှင်သာရိပုတ္တရာမထေရ်၏အထံသို့ ဆောင်အပ်သည်ရှိသော် အရှင်သာရိပုတ္တရာမထေရ်သည် သီဝလိမင်းသားနှင့်တကွ သီဝလိ သင့်အား ချမ်းသာခြင်းဖြစ်ပါ၏ ဟုနှုတ်ဆက်ခြင်းကို ပြုတော်မူ၏။
1,318,116
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သီဝလိမင်းသားသည် အရှင်ဘုရား အကျွန်ုပ်အား အဘယ်မှာချမ်းသာအံ့နည်း၊ အကျွန်ုပ်သည် ခုနစ်နှစ်ပတ်လုံး လောဟကုမ္ဘီ ငရဲ၌ကဲ့သို့ နေရ ၏ဟု အရှင်သာရိပုတ္တရာမထေရ်နှင့်တကွ ဤသို့သဘောရှိသောစကားကို ပြောဆို၏။
1,318,117
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သုပ္ပဝါသာသည် သီဝလိမင်းသား၏ စကားကိုကြားလျှင် ဖွား၍ခုနစ်ရက်ရှိသော ငါ့သားသည် ဘုရားငယ်ဖြစ်သော အရှင်သာရိပုတ္တရာနှင့်တကွ ပြောဆိုနိုင်ပေ၏ဟု ဝမ်းမြောက်ဝမ်းသာဖြစ်၏။
1,318,118
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သဗ္ဗညူမြတ်စွာဘုရားသည် သုပ္ပဝါသာ ဤသို့သဘောရှိကုန်သော တပါးကုန်သောသားတို့ကိုလည်း သင်သည် အလိုရှိ၏လောဟု မေးတော်မူ၏။
1,318,119
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ဘုန်းတော်ကြီးသောအရှင်ဘုရား ဤသို့သဘောရှိကုန်သော တပါးကုန်သော တရာကုန်သောသားတို့ကို အကယ်၍ ရငြားအံ့၊ အကျွန်ုပ်သည် အလိုရှိသည်သာလျှင်တည်းဟု လျောက်၏။
1,318,120
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သဗ္ဗညူမြတ်စွာဘုရားသည် ဥဒါန်းကျူးတော်မူ၍ အနုမောဒနာ ပြု၍ ကြွတော်မူ၏။
1,318,121
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သီဝလိမင်းသားသည်လည်း ခုနစ်နှစ်ရှိသောကာလ၌လျှင် သာသနာတော်၌ ဝမ်းရေးကိုမငဲ့ဘဲရဟန်းပြု၍ အသက်နှစ်ဆယ်ပြည့်လတ်သော် ပဉ္စင်းအဖြစ်ကိုရ၍ ဘုန်းတန်ခိုးကြီးသည် မြတ်သောလာဘ်ကိုရသည်ဖြစ်၍ မြေကြီးကိုပဲ့တင်ထပ်စေ၍ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော် ဘုန်းတန်ခိုးကြီးကုန်သော ဘုရားတပည့်သားတော်တို့၏အတွင်း၌ ဧတဒဂ်အရာသို့ရောက်၏။
1,318,122
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ စည်းဝေးကုန်လျက် ငါ့သျှင်တို ဤသို့သဘောရှိသော ဘုန်းတန်ခိုးကြီးသော တောင်းအပ်ပြီးသောဆုရှိသော ပစ္ဆိမဘဝိကဖြစ်သော အရှင်သီဝလိမထေရ်သည် ခုနစ်နှစ်ပတ်လုံး လောဟကုမ္ဘီငရဲ၌ကဲ့သို့နေ၍ ခုနစ်ရက်ပတ်လုံး ယောနိဝ၌ ဆင်းရဲသောအဖြစ်သို့ ရောက်၏ မယ်တော်သားတော်တို့သည် ကြီးစွာသော ဆင်းရဲကို ခံရကုန်၏အံ့ဘွယ်ရှိစွ၊...
1,318,123
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သဗ္ဗညူမြတ်ဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ သီဝလိ၏ ဘုန်းတန်ခိုးကြီးသည်၏ အဖြစ်သည်၎င်း ခုနစ်နှစ်ပတ်လုံး လောဟကုမ္ဘီငရဲ၌ကဲ့သို့ နေရခြင်းသည်၎င်း၊ ခုနစ်ရက်ပတ်လုံး ယောနိဝ၌ မိန်းမောသောဝေဒနာသို့ ရောက်ခြင်း...
1,318,124
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သုပ္ပဝါသာ၏ ခုနစ်နှစ်ပတ်လုံး ဝမ်းဖြင့်သူငယ်ကိုလွယ်ရခြင်း ဆင်းရဲသည်၎င်း၊ ခုနစ်ရက်ပတ်လုံး ကိုယ်ဝန်ဖွားခြင်းအကြောင်းရှိသော မိန်းမောတွေဝေစေတတ်သော ဆင်းရဲသည်၎င်း မိမိပြုအပ်သော ကံသည်သာလျှင် အကြောင်းရင်းရှိ၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
1,318,125
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏မိဖုယားကြီးဝမ်း၌ ပဋိသန္ဓေယူ၍ အရွယ်သို့ရောက်လျှင် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ အဘလွန်လတ်သော် တရားသဖြင့် မင်းပြု၏။
1,318,126
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ထိုအခါ ကောသလမင်းသည် များစွာသောဗိုလ်ပါဖြင့်လာလတ်၍ ဗာရာဏသီပြည်ကို ယူ၍ ထိုမင်းကိုသတ်၍ ထိုမင်း၏မိဖုယားကြီးကို မိမိ၏မိဖုယားကြီးပြု၏။
1,318,127
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ဗာရာဏသီမင်း၏သားသည်ကား အဘသေသောကာလ၌ ရေပြွန်ပေါက်တံခါးဖြင့် ထွက်ပြေး၍ ဗိုလ်ပါကိုစု၍ ဗာရာဏသီဘိုလာ၍ အနီး၌နေ၍ ထိုမင်းအား ပြည်ကိုတည်းပေးမည်လော၊ စစ်ထိုးခြင်းကိုတည်း ပြုမည်လောဟု အမှာစာပို့စေ၏။
1,318,128
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ထိုမင်းသည် စစ်ထိုးခြင်းကို ပြုမည်ဟု အမှာစာ တုံ့ပြန်လိုက်၏။
1,318,129
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
မင်းသား၏မယ်တော်သည်ကား ထိုသတင်း စကားကိုကြား၍ စစ်ထိုးသဖြင့် ပြုရန်ကိစ္စမရှိ၊ ခပ်သိမ်းသော အရပ်တို့သို့ သွားလာခြင်းကိုပြတ်စေ၍ ဗာရာဏသီမြို့ကိုရံလော့၊ ထို့နောင်မှ ထင်း ရေ ထမင်းကုန်သဖြင့် ပင်ပန်းသောလူရှိသော ဗာရာဏသီမြို့ကို စစ်မထိုးဘဲ ရလတ္တံ့ဟု အမှာစာပို့စေ၏။
1,318,130
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
မင်းသားသည် မယ်တော်၏ အမှာစာကိုကြား၍ ခုနစ်ရက်တို့ပတ်လုံး အသွားအလာကိုဖြတ်၍ ရာဏသီမြို့ကို ပိတ်ဆီး၏။
1,318,131
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ပြည်သူ ပြည်သားတို့သည် သွားလာခြင်းကို မရကုန်သည်ဖြစ်၍ ခုနစ်ရက်မြောက်သောနေ့၌ ထိုမင်း၏ဦးခေါင်းကိုယူ၍ မင်းသားအား ပေးကုန်၏။
1,318,132
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
မင်းသားသည်ကား မြို့သိုဝင်၍ မင်း၏အဖြစ်ကိုယူ၍ အသက်၏အဆုံး၌ ကံအားလျော်စွာ လား၏ ထိုမင်းသားသည် ခုနစ်ရက်ပတ်လုံး အသွားအလာကိုဖြတ်၍ ဗာရာဏသီမြို့ကိုပိတ်ဆီး၍ ယူသောကံ၏ အကျိုးအားဖြင့် ယခုခုနစ်နှစ်ပတ်လုံးလောဟကုမ္ဘီငရဲ၌ကဲ့သို့နေ၍ ခုနစ်ရက်ပတ်လုံး ယောနိဝ၌ သည်းထန်စွာသောဝေဒနာသို့ ရောက်၏။
1,318,133
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ထိုမှတပါး ထိုသီဝလိသည် ပဒုမုတ္တရမြတ်စွာဘုရားခြေတော်ရင်း၌ လာဘ်များကုန်သောသာဝကတို့တွင် မြတ်သောသာဝကဖြစ်စေ သ တည်းဟု ကြီးစွာသောအလှူကိုလှူ၍ အကြင်ဆုတောင်းခြင်းကိုပြု၏ယ ဝိပဿီမြတ်စွာဘုရားလက်ထက်တော်၌ မြို့သူတို့နှင့်တကွ အဘိုးတသိန်းထိုက်သော နို့ဓမ်းခဲကိုလှူ၍ အကြင် ဆုတောင်းခြင်းကိုလည်း ပြုဘူး၏။
1,318,134
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ထိုဆုတောင်းခြင်း၏ အာနုဘော်ဖြင့် လာဘ်များကုန်သော သာဝကတို့တွင် မြတ်သောသာဝကဖြစ်၏။
1,318,135
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သုပ္ပဝါသာသည်လည်း ချစ်သား သင်သည် ဗာရာဏသီမြို့ကို ပိတ်ဆီး၍ယူလောဟု စေဘူးသည်၏အဖြစ်ကြောင့် ခုနစ်နှစ်ပတ်လုံး ဝမ်းဖြင့်သူငယ်ကိုလွယ်၍ ခုနစ်ရက်ပတ်လုံး သားဖွားခြင်း အရင်းရှိသော မိန်းမတွေဝေသော ဝေဒနာသို့ရောက်၏။
1,318,136
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သဗ္ဗညူမြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-
1,318,137
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
၁၀၀။ အသာတံ သာတရူပေန၊ ပိယရူပေန အပ္ပိယံ။
1,318,138
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ဒုက္ခ သုခဿ ရူပေန၊ ပမတ္တ မတိဝတ္တတိ။
1,318,139
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
၁၀၀။ ဘိက္ခဝေ၊ ရဟန်းတို့။
1,318,140
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
အသာတံ၊ မသာယာအပ်သော သဘောသည်။
1,318,141
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သာတရူပေန၊ သာယာအပ်သော သဘော၏ အတုအားဖြင့်။
1,318,142
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ပမတ္တံ၊ မေ့လျော့သောသူကို။
1,318,143
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
အတိဝတ္တတိ၊ နှိပ်စက်၏။
1,318,144
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
အပ္ပိယံ၊ မချစ်အပ်သော သဘောသည်။
1,318,145
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ပိယရူပေန၊ ချစ်အပ်သောသဘော၏ အတုအားဖြင့်။
1,318,146
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
အတိတ္တတိ၊ နှိပ်စက်၏။
1,318,147
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
သုခဿ၊ ချမ်းသာ၏။
1,318,148
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ရူပေန၊ အတုအားဖြင့်။
1,318,149
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သီဝလိသည် ထိုအခါ ဗာရာဏသီမြို့ကိုပိတ်၍ မင်းအဖြစ်ကိုရသောမင်းသား ဖြစ်ဘူးပြီ၊ ယခုအခါ သုပ္ပဝါသာသည် ထိုအခါ မင်းသားမယ်တော် ဖြစ်ဘူးပြီး၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မင်းသားခမည်းတော် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။
1,318,150
ဇာတ်နိပါတ်, မြန်မာဘာသာ
အသာတရူပဇာတ်
ဘယ်သူမပြု၊ မိမိမှု၊ ကိုယ်ပြု ကိုယ်ခံ ကိုယ်ပင်စံ ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အသာတရူပဇာတ်သည်ပြီး၏။
1,318,151
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ
အသိဉာဏ်ပညာ ကြိုးစားရှာ
1,318,152
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ
မျောက်ကလေး ဖိုးဉာဏ်ကောင်းကို မျောက်ကလေးဖိုးဉာဏ်ကောင်းသည် မြစ်တစ်ဘက်ရှိ ကျွန်းတစ်ကျွန်းသို့ နေ့တိုင်းသွား၍ အသီးအနှံများကို စိတ်တိုင်းကျ စားလေ့ရှိသည်။
1,318,153
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ
ကျွန်းပေါ်သို့ သွားရာတွင် မြစ်အလယ်ရှိကျောက်ဖျာတစ်ခုပေါ်မှတစ်ဆင့်ခုန်ကူးရသည်။
1,318,154
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ
တစ်နေ့တွင် မိကျောင်းတစ်ကောင်သည် ဖိုးဉာဏ်ကောင်းကို ဖမ်းရန် ကျောက်ဖျာပေါ်တွင် ဝပ်၍ စောင့်နေသည်။
1,318,155
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ
ဖိုးဉာဏ်ကောင်းက သတိထားမိပြီး လှမ်းမေးလိုက်ရာ မိချောင်းမှန်း သိသွားသည်။
1,318,156
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ
ထိုအခါ ဖိုးဉာဏ်ကောင်းက “အို မိကျောင်း သင့်ပါးစပ်ကို ဟထားပါ၊ ငါကိုယ်တိုင် သင့်ပါးစပ်ထဲ ဝင်လာပါ့မယ်” ဟု ပရိယာယ်ဖြင့် ပြောလိုက်၏။
1,318,157
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ
မိကျောင်းကြီး ပါးစပ်ဟလိုက်သောအခါ မျက်လုံးများ မှိတ်သွားကြသည်။
1,318,158
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ
ထိုအခါ ဖိုးဉာဏ်ကောင်းသည် မိကျောင်း၏ ခေါင်းကို နင်းကာ ကျွန်းပေါ်သို့ ခုန်ကူးလိုက်လေသည်။
1,318,159
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
အသိဉာဏ်ပညာကြိုးစားရှာ
1,318,160
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
။ ကိစ္စရပ်တိုင်းတွင် အသိဉာဏ်ပညာသုံး၍လုပ်ဆောင်ရန်လိုအပ်ကြောင်း သိရှိစေရန်။
1,318,161
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
֍ပထမဦးစွာ ဉာဏ်ကောင်း၊ မကောင်းကို ပြနိုင်သော သို့မဟုတ် အသိဉာဏ်ရှိသည်ကို ပြနိုင်သော “ကြောင်နဲ့ ကြွက် ကစားနည်းကို ကစားကြပါစေ။
1,318,162
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
အုပ်စု (၂) စု ဖွဲ့၍ ကစားပါစေ။
1,318,163
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ကစားနည်း ֍ကလေးများကို စက်ဝိုင်းပုံစံ ဝိုင်းခိုင်းပြီး လက်ချင်းတွဲဆက်ထားကြပါစေ။
1,318,164
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
֍အဝိုင်း၏အလယ်တွင် ကလေးတစ်ယောက်က ကြွက်အဖြစ် နေရမည်ဖြစ်ပြီး အဝိုင်း၏ အပြင်ဘက်တွင် ကလေးတစ်ယောက်က ကြောင်အဖြစ် နေရမည်။
1,318,165
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
֍ထို့နောက် ကြောင်က အဝိုင်းအတွင်းရှိ ကြွက်ကို ဝင်၍ ဖမ်းနိုင်အောင်ကြိုးစားရမည်။
1,318,166
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
֍ထိုအချိန်တွင် လက်ချင်းတွဲဆက်ထားသော ကလေးများက ကြွက်ကလေးကို ဖမ်းမမိ အောင် ကာကွယ်ပေးရမည်။
1,318,167
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
֍အုပ်စုတစ်စု၏ ကစားချိန်ကို (၁၀) မိနစ်ခန့် သတ်မှတ်ပေးပါ။
1,318,168
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
֍ကစားပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။
1,318,169
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
-ကြွက်ကလေးကို မိသွားလား/မမိဘူးလား။
1,318,170
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
-ဘာ့ကြောင့် မိသွားတာလဲ။
1,318,171
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
-ဘာ့ကြောင့် မ မိတာလဲ။
1,318,172
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
֍ထိုကစားနည်းနှင့် ဆက်စပ်၍ ဉာဏ်ကောင်းခြင်းအကြောင်းကို ရှင်းပြပါ။
1,318,173
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
-ဉာဏ်ကောင်းတဲ့ ကြွက်က ရန်သူကြောင်ရဲ့လက်က လွတ်နိုင်တယ်။
1,318,174
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
-ဉာဏ်မကောင်းတဲ့ ကြွက်ကိုတော့ ကြောင်က ဖမ်းမိနိုင်တယ်။
1,318,175
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
။ မျောက်ကလေးဖိုးဉာဏ်ကောင်း ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။
1,318,176
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
အောက်ပါဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။
1,318,177
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
မျောက်ကလေး ဖိုးဉာဏ်ကောင်း
1,318,178
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ဟိုးရှေးရှေးတုန်းကဖိုးဉာဏ်ကောင်းဆိုတဲ့မျောက်ကလေးတစ်ကောင်ရှိတယ်ဖိုးဉာဏ် ကောင်လေးဟာ နာမည်နဲ့လိုက်အောင် အလွန်ဉာဏ်ကောင်းတဲ့ မျောက်ကလေး တစ် ကောင် ဖြစ်ပါတယ်။
1,318,179
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ဖိုးဉာဏ်ကောင်းလေးဟာ မြစ်ကမ်းနားတစ်ခုမှာ နေတယ်။
1,318,180
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
အဲဒီမြစ် ကြီးရဲ့အလယ်မှာ သရက်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီး စတဲ့ အသီးမျိုးစုံနဲ့ပြည့်စုံတဲ့ ကျွန်းငယ်တစ်ခု ရှိတယ်။
1,318,181
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ကျွန်းငယ်နဲ့ မြစ်ကြီးရဲ့အလယ်မှာ ကျောက်ဖျာကြီးတစ်ခု ရှိတယ်။
1,318,182
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ဖိုးဉာဏ် ကောင်းဟာ ကျွန်းငယ်ပေါ်မှာ အစာရှာဖို့အတွက် ပထမဦးစွာ ကျောက်ဖျာပေါ်ကို ခုန်ရ တယ်။
1,318,183
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ကျွန်းပေါ်ကို ရောက်တော့မှ အသီးအနှံတွေကို စိတ်တိုင်းကျ စားသုံးတယ်။
1,318,184
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
နေ့တိုင်းနေ့တိုင်း ကျွန်းပေါ်ကိုသွားပြီး အစာရှာစားတဲ့ ဖိုးဉာဏ်ကောင်းကို မြင်နေရတဲ့ မိကျောင်းမတစ်ကောင်ဟာ ဖိုးဉာဏ်ကောင်းရဲ့ နှလုံးသားကို စားချင်နေတယ်။
1,318,185
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ဒါနဲ့ပဲ သူ့ယောက်ျားမိကျောင်းဖိုကို ပူဆာတော့တယ်။
1,318,186
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
မိကျောင်းဖိုကြီးကလည်း မျောက်ကလေး ကို ဖမ်းဖို့အတွက် ကျောက်ဖျာကြီးရဲ့ အပေါ်မှာ ဝပ်နေလိုက်တယ်။
1,318,187
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ဖိုးဉာဏ်ကောင်းလေး ကျွန်းကိုသွားဖို့ ကျောက်ဖျာပေါ် ခုန်တက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာတော့ ကျောက်ဖျာကြီး မြင့်တက်နေတာကို သတိထားလိုက်မိတယ်။
1,318,188
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ရေများ တက်နေသလားလို့ စစ်ဆေးကြည့်လိုက်ပြန်တော့လည်း ရေက တက်မနေဘူး။
1,318,189
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
“ဒါဖြင့် စုံစမ်းကြည့်ဦးမှပဲ”လို့ တွေးမိပြီး ကျောက်ဖျာကို “အို ကျောက်ဖျာ၊ အို ကျောက်ဖျာ၊ အို ကျောက်ဖျာ”ဆိုပြီး သုံးကြိမ် ခေါ်လိုက်တယ်။
1,318,190
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
အဲဒီနောက် မျောက်ကလေးက “အို ကျောက်ဖျာ အရင်နေ့တွေတုန်းက ပြန်ထူးပြီး ဒီနေ့ ဘာ့ကြောင့် မထူးတာလဲ”လို့ မေး တော့ မိကျောင်းက စဉ်းစားမိသွားတယ်။
1,318,191
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
“အင်း အရင်နေ့တွေတုန်းက ကျောက်ဖျာက ပြန်ထူးတယ် ထင်တယ်။
1,318,192
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ငါလည်း ပြန်ထူးမှပဲ”လို့ တွေးပြီး “အုံ မျောက် ဘာလဲ”လို့ ပြန်ထူးလိုက်တယ်။
1,318,193
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ဒါ့ကြောင့် မျောက် ကလေးက “သင် ဘယ်သူလဲ၊ ဘာ့ကြောင့် ကျောက်ဖျာပေါ်မှာ ဝပ်နေရတာလဲ”လို့ မေး လိုက်တယ်။
1,318,194
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
မိကျောင်းကြီးကလည်း “ငါက မိကျောင်းပါ။
1,318,195
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ငါ့ရဲ့ မိန်းမက သင့်ရဲ့ နှလုံးသား ကို စားချင်တဲ့အတွက် သင့်ကိုဖမ်းဖို့ ဒီမှာ ဝပ်နေတာပါ”လို့ ပြန်ဖြေလိုက်တယ်။
1,318,196
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ဒီလောက် တုံးတဲ့ မိကျောင်းကို ကောင်းကောင်း ပညာပြလိုက်ဦးမယ်”ဆိုပြီး မျောက်ကလေးက “အို မိကျောင်း သင့်ရဲ့ပါးစပ်ကို ဟ ထား။
1,318,197
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
ငါကိုယ်တိုင် သင်ရဲ့ပါးစပ်ထဲကို ဝင်လာခဲ့ပါ့မယ်”လို့ ပြောလိုက်ပါတယ်။
1,318,198
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
မိကျောင်းကြီးကလည်း ဝမ်းသာအားရ ပါးစပ်ကို ဟ လိုက်ပါတယ်။
1,318,199
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
မိကျောင်းကြီး ပါးစပ်ဟလိုက်တယ်ဆိုရင်ပဲ .. သူ့မျက်လုံးတွေက မှိတ်သွားတယ်။
1,318,200
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ)
အဲဒီအခါကျတော့မှ ဖိုးဉာဏ်ကောင်းက မိကျောင်းရဲ့ခေါင်းပေါ်ကို အမြန်ခုန်တက်လိုက်တယ်။