id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,318,201 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ပြီးတော့မှ ကျွန်းပေါ်ကို ခုန်တက်လိုက်ပါတယ်။ |
1,318,202 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ကျွန်းပေါ်ကိုရောက်တော့မှ သစ်သီးတွေကို အားပါး တရ စားသောက်တော့တယ်။ |
1,318,203 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | မိကျောင်းကြီးကလည်း ပါးစပ်အဟောင်းသားနဲ့ပဲ မျောက်ကလေးကို ငေးကြည့်နေတော့တယ်။ |
1,318,204 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ဒီလိုနဲ့ပဲ အသိဉာဏ်ပညာရှိတဲ့အတွက်ကြောင့် ဖိုးဉာဏ်ကောင်းဟာ ရန်သူမိကျောင်းကြီးရဲ့လက်က လွတ်မြောက်သွားခဲ့ပါတယ်။ |
1,318,205 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ။ ဝါနရိန္ဒဇာတ် ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပထမတွဲ။ |
1,318,206 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ၂၄၁။ ဇာ၊ ဋ္ဌ၊ ၁၊ ၂၉၆။ |
1,318,207 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | -ကျောက်ဖျာပေါ်မှာ မိကျောင်းရှိနေတာကို မျောက်က ဘယ်လိုသိသွားလဲ။ |
1,318,208 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | - အဲဒီအခါမှာ မျောက်က ဘာလုပ်သလဲ။ |
1,318,209 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | - မျောက်က မိကျောင်းကို ဘာလုပ်ခိုင်းသလဲ။ |
1,318,210 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | -မိကျောင်းတွေဟာ ပါးစပ်ဟနေရင် မျက်လုံးက ဘယ်လို ဖြစ်တတ်သလဲ။ |
1,318,211 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | -မိကျောင်း ပါးစပ်ာနေချိန်မှာ မျောက်ကလေး ဘာလုပ်လိုက်သလဲ။ |
1,318,212 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | -မျောက်ကလေးဟာ ဘာကြောင့် မိချောင်းအစားမခံရတာလဲ။ |
1,318,213 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | (အသိဉာဏ်ပညာ ရှိလို့)။ |
1,318,214 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ။ မိကျောင်းကြီးနှင့် မျောက်ကလေး အပြန်အလှန်စကားပြောနေပုံနှင့် ရောင်စုံခဲတံများ။ |
1,318,215 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ֍မိကျောင်းကြီးနှင့် မျောက်ကလေး အပြန်အလှန် စကားပြောနေပုံကို ဆေးရောင်ခြယ်ကြပါစေ။ |
1,318,216 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ֍ထို့နောက် အချိန်ရပါက ရုပ်ပုံကိုကြည့်စေပြီး “မိကျောင်းကြီးက ဘာလုပ်နေတာလဲ၊ မျောက်ကလေးက ဘာလုပ်နေတာလဲ၊ သူတို့ ဘာပြောနေကြတာလဲ၊ ဘာဖြစ်သွားကြ သလဲ” စသည်ဖြင့် မေးမြန်းပြီး အသိဉာဏ်ရှိသူက အောင်မြင်နိုင်ကြောင်း ပြောပြပါ။ |
1,318,217 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ֍ဇာတ်လမ်းကို ပြန်လည်ချိတ်ဆက်ပြောပြပြီး မျောက်ကလေးဖိုးဉာဏ်ကောင်းသည် ဖြတ်ထိုးဉာဏ်ကောင်းပြီး အလုပ်လုပ်သည့်အခါ သေချာစွာ စဉ်းစားဆင်ခြင်တတ်သော ကြောင့် ရန်သူလက်က လွတ်မြောက်သွားရကြောင်းကို ကလေးများ နားလည်အောင် ပြောပြပါ။ |
1,318,218 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ֍ပြီးလျှင် ကလေးများအား သင့်လျော်သလို အုပ်စုများဖွဲ့ပါ။ |
1,318,219 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ֍အုပ်စုတစ်ခုစီကို ရုပ်ပုံတစ်ခုစီ ဝေပါ။ |
1,318,220 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ֍ထို့နောက် “အကယ်၍ ... သားတို့၊ သမီးတို့သာ မျောက်ကလေးဖိုးဉာဏ်ကောင်းလို အန္တရာယ်မျိုးနဲ့ ကြုံတွေ့လာခဲ့ရင် ဘယ်လိုလုပ်မလဲ”ဟု ဆိုပြီး အောက်ပါပုံများကို အုပ်စု လိုက်စဉ်းစားကြည့်စေပါ။ |
1,318,221 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | -လမ်းမှာ သစ်ကိုင်းကျိုးကျနေတာကို တွေ့ ရင် ဘယ်လိုလုပ်မလဲ။ |
1,318,222 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | -ဓာတ်ကြိုး ပြုတ်ကျနေတာ တွေ့ ရင် ဘာလုပ်မလဲ။ |
1,318,223 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | -ခွေးရူးတစ်ကောင် ဆိုးသွမ်းနေတာတွေ့ ရင် ဘာလုပ်မလဲ။ |
1,318,224 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | -ဈေးသွားရင်း အမေနှင့် ကွဲသွားရင် ဘာလုပ်မလဲ ... စသည်ဖြင့် အုပ်စုလိုက် စဉ်းစားစေပါ။ |
1,318,225 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ֍အားလုံး စဉ်းစားပြီးပါက တစ်ဖွဲ့လျှင် တစ်ယောက် အတန်းရှေ့ထွက်၍ ပြောပါစေ။ |
1,318,226 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသိဉာဏ်ပညာ ကြိုးစားရှာ (ဆရာ) | ֍ဆွေးနွေးပြီးပါက ကလေးများအတွက် မှန်ကန်သင့်လျော်သော အဖြေများကို ဆရာက အနှစ်ချုပ်၍ ပြောကြားပေးပါ။ |
1,318,227 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ၄။ အသိတာဘူဇာတ် |
1,318,228 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | မ, လိုက်မင်း |
1,318,229 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် တွမေဝ ဒါနိ မကရ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအသိတာဘူဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော သတိုးသ္မီးကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,318,230 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | သာဝတ္ထိပြည်၌ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့၏ တခုသော အလုပ်အကျွေးအိမ်၌ တယောက်သော သတိုးသ္မီးသည် အလွန် အဆင်းလှ၏။ |
1,318,231 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | မြတ်သောတင့်တယ်ခြင်းသို့ ရောက်၏။ |
1,318,232 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ထိုသတိုးသ္မီးသည် အရွယ်သို့ရောက်သည်ရှိသော် တူသောအမျိုးရှိသော အိမ်သို့ ရောက်၏။ |
1,318,233 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | လင်သည် သတိုးသ္မီးကို တစိုးတစိမျှ မမြတ်နိုး သည်ဖြစ်၍ တပါးသောမိန်းမ၌ စိတ်လိုလိုက်သည်၏ အစွမ်းအားဖြင့် ကျင့်၏။ |
1,318,234 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ထိုသတိုးသ္မီးသည် ထိုယောက်ျား၏ မိမိ၌ ထိုသို့ မရိုမသေကျင့်ခြင်းကို မရေမတွက်မူ၍ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကိုဘိတ်၍ အလှူကိုလှူ၍ တရားကိုနာသည်ရှိသော် သောတာပတ္တိဖိုလ်၌ တည်၏။ |
1,318,235 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ထိုအမျိုးသ္မီးသည် ထိုအခါမှစ၍ မဂ်ဖိုလ်ချမ်းသာဖြင့်လွန်စေလျက် လင်သည်လည်း ငါ့ကိုအလိုမရှိ၊ ငါ့အား အိမ်ရာထောင်ခြင်းဖြင့် အလိုမရှိ၊ ငါသည် ရဟန်းပြုအံ့ဟုကြံ၍ မိဘတို့အား ကြား၍ ရဟန်းပြု၍ ရဟန္တာ အဖြစ်သို့ ရောက်၏။ |
1,318,236 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ထိုအမျိုးသ္မီး၏ ထိုအမူအရာသည် ရဟန်းတို့၌ ထင်ရှားသည် ဖြစ်၏။ |
1,318,237 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော အမျိုးသ္မီးသည် အကျိုးစီးပွားကို ရှာမှီးတတ်၏။ |
1,318,238 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | လင်၏အလိုမရှိသည်အဖြစ်ကိုသိ၍ အဂ္ဂသာဝကတို့၏ တရားကိုနာရ၍ သောတာပတ္တိဖိုလ်၌ တည်၍ တဖန် မိဘတို့ကိုပန်၍ ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်၏။ |
1,318,239 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ဤသတိုးသ္မီးသည်အကျိုးစီးပွားကို ရှာမှီးတတ်၏ဟု စကားကို ဖြစ်စေကုန်၏။ |
1,318,240 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုအမျိုးသ္မီးသည် အကျိုးစီးပွားကို ရှာမှီးတတ်သည် မဟုတ်သေး၊ ရှေး၌လည်း အကျိုးစီးပွားကို ရှာမှီးသည်သလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆေ... |
1,318,241 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရသေ့ ရဟန်းအဖြစ်သို့ကပ်၍ အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဟိမဝန္တာအရပ်၌ နေ၏။ |
1,318,242 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ထိုအခါ ဗာရာဏသီမင်းသည် မိမိ၏သားဖြစ်သော ဗြဟ္မဒတ်မင်းသား၏ အခြံအရံနှင့် ပြည့်စုံခြင်းကိုမြင်၍ ဖြစ်သောရွံရှာခြင်းသို့ ရောက်၍ မိမိ၏သားကို တိုင်းနိုင်ငံမှ နှင်လိုက်၏။ |
1,318,243 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ထိုဗြဟ္မဒတ်မင်းသားသည် အသိတာဘူအမည်ရှိသော မိမိ၏မိဖုယားကိုယူ၍ ဟိမဝန္တာသို့ဝင်၍ ငါး, အမဲ သစ်သီးငယ် သစ်သီးကြီးတို့ကို စားလျက် သစ်ရွက်မိုးသော ဇရပ်၌ နေ၏။ |
1,318,244 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ထိုဗြဟ္မဒတ်မင်းသားသည် တခုသော ကိန္နရီမကိုမြင်၍ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ဤကိန္နရီမကို မယားပြုအံ့ဟု အသိတာဘူမိဖုယားကို မရေတွက်မူ၍ ထိုကိန္နရီမ၏ ခြေရာအစဉ်သို့ လိုက်၏။ |
1,318,245 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ထိုအသိတာဘူမိဖုယားသည် ကိန္နရီမသို့ အစဉ်လိုက်သော ထိုဗြဟ္မဒတ်မင်းသားကို မြင်လေ၍ ထိုဗြဟ္မဒတ်မင်းသားသည် ငါ့ကို မရေတွက်မူ၍ ကိန္နရီမသို့ အစဉ်လိုက်၏။ |
1,318,246 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ဤမင်းသားဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်းဟု တပ်စွန်းခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍ ဘုရားလောင်းသို့ ကပ်လေ၍ ရှိခိုး၍ မိမိအား ကသိုဏ်းပရိကံကို ဟောစေ၍ ကသိုဏ်းကိုကျင့်လျက် အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ဘုရားလောင်းကို ရှိခိုး၍ လာလတ်၍ မိမိ၏သစ်ရွက်မိုးသော ဇရပ်တံခါး၌ တည်၏။ |
1,318,247 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ဗြဟ္မဒတ်မင်းသားသည်လည်း ကိန္နရီမသို့လိုက်လျက် လှည့်လည်၍ ထိုကိန္နရီမ၏ အစဉ်သွားသောခရီးကိုလည်း မမြင်၍ အာသာပြတ်သည်ဖြစ်၍ သစ်ရွက်ဖြင့်မိုးသော စရပ်သို့သာလျှင် ရှေးရှုလာလတ်၏။ |
1,318,248 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | အသိတာဘူမိဖုယားသည် ထိုဗြဟ္မာဒတ်မင်းသား လာသည်ကိုမြင်၍ ကောင်းကင်သို့ ပျံတက်၍ ပတ္တမြားညို အဆင်းနှင့်တူသော အဆင်းရှိသော ကောင်းကင်ပြင်၌ ရပ်လျက် အရှင်သား အရှင်သားကိုမှီ၍ ငါသည် ဤဈာန်ချမ်းသာကို ရပေ၏ဟုဆိုလို၍- |
1,318,249 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ၁၆၇။ တွမေဝ ဒါနိ မကရ၊ ယံ ကာမော ဗျဂမာ တယိ။ |
1,318,250 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | သောယံ အပ္ပဋိသန္ဓိကော၊ ခရာ ဆိန္နံဝ ရေနုကံ။ |
1,318,251 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ၁၆၇။ အယျပုတ္တ၊ အရှင်သား။ |
1,318,252 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | တွမေဝ၊ သင်သည်ပင်လျှင်။ |
1,318,253 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | မမ၊ ငါ၏။ ဣဒံ၊ ဤဈာန်ချမ်းသာကို။ |
1,318,254 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | အကရ၊ ပြုပေ၏။ |
1,318,255 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | မမ၊ ငါ၏။ အယံ ကာမော၊ တပ်စွန်းခြင်းကာမသည်။ |
1,318,256 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ဗျဂမာ၊ ကင်းလေပြီ။ |
1,318,257 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ခရာ၊ လွှဖြင့်။ |
1,318,258 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ဆိန္နံ၊ ဖြတ်အပ်သော။ |
1,318,259 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ရေနုကံဣဝ၊ ဆင်စွယ်ကဲ့သို့။ |
1,318,260 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | သော အယံ၊ ထိုသင်၌ တပ်စွန်းခြင်းကာမသည်။ |
1,318,261 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | အပ္ပဋိသန္ဓိကော၊ တဖန်စပ်ခြင်းသဘော မရှိပြီ။ |
1,318,262 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ဤသို့ဆို၍ ထိုဗြဟ္မဒတ်မင်းသား၏ မြင်စဉ်ပင်လျှင် ပျံ၍ တပါးသောအရပ်သို့ သွား၏။ |
1,318,263 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ထိုဗြဟ္မဒတ်မင်းသားသည် ထိုအသိတာဘူမင်းသို့ သွားသောကာလ၌ ငိုကြွေးလျက်- |
1,318,264 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ၁၆၈။ အတြိစ္ဆံ အတိလောဘန၊ အတိလောဘ မဒေန စ။ |
1,318,265 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ဧဝံ ဟာယတိ အတ္ထမှာ၊ အဟဉ္စ အသိတာဘုယာ။ |
1,318,266 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ၁၆၈။ အဟံ၊ ငါသည်။ |
1,318,267 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | အသိတာဘုယာ၊ အသိတာဘူမင်းသ္မီးမှ။ |
1,318,268 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ဟာယတိ ယထာ၊ ယုတ်သကဲ့သို့။ |
1,318,269 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | အတြိစ္ဆံ- အတြိဂစ္ဆာဝသေန၊ ထိုထိုအာရုံ၌ အလိုရှိတတ်သော အဆုံးမရှိသော တဏှာ၏အစွမ်းအားဖြင့်။ |
1,318,270 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | အတြိစ္ဆမာနော၊ ထိုထိုအာရုံ၌ လိုချင်မက်မောတတ်သော ပုဂ္ဂိုလ်သည်။ |
1,318,271 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | အတိလောဘေန စ၊ အလွန် လောဘကြီးခြင်းကြောင့်၎င်း။ |
1,318,272 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | အတိလောဘ မဒေန စ၊ ပုရိသမာန်ကိုလည်း ဖြစ်စေတတ်သော အလွန်လောဘဖြင့်ယစ်ခြင်းကြောင့်၎င်း။ |
1,318,273 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | အတ္ထမှာ၊ အကျိုး စီးပွားမှ။ |
1,318,274 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ဟာယတိ၊ ယုတ်၏။ |
1,318,275 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ထိုဗြဟ္မဒတ်မင်းသည် ဤဂါထာဖြင့် ငိုကြွေး၏။ |
1,318,276 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | တယောက်အထီး တည်းသာလျှင် တော၌နေ၍ အဘလွန်သဖြင့် သွား၍ မင်းအဖြစ်ကို ယူ၏။ |
1,318,277 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ၌ ဤနှစ်ယောက်ကုန်သော သူတို့သည် ထိုအခါ မင်းသား၎င်း မင်းသ္မီး၎င်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ |
1,318,278 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | ကိုယ်၏အကျိုး၊ ကိုယ်သည်ပိုး၊ အဘိုးတန်လှသည် |
1,318,279 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိတာဘူဇာတ် | လေးခုတို့၏ပြည့်ကြောင်းဖြစ်သော အသိတာဘူဇာတ်သည် ပြီး၏။ |
1,318,280 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ၆။ အသိလက္ခဏဇာတ် |
1,318,281 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | တံစိုးစား၍ သန်လျက်လက္ခဏာကိုဘတ်သောပုဏ္ဏား၏ နှာသီးဖျား နှစ်ပိုင်းပြတ်သော အကြောင်း |
1,318,282 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် တထေဝေကဿ ကလျာဏံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအသိလက္ခဏဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်း၏ သန်လျက်လက္ခဏာကို ဘတ်တတ်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,318,283 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုပုဏ္ဏားသည် ပန်းဘဲတို့သည် မင်းအား သန်လျက်ကိုဆက်သောကာလ၌ သန်လျက်ကိုနမ်း၍ဘတ်၏။ |
1,318,284 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုပုဏ္ဏားသည် အကြင် ပန်းဘဲလက်မှ လာဘ်ရ၏။ |
1,318,285 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုပန်းဘဲ၏သန်လျက်ကို လက္ခဏာနှင့် ပြည့်စုံ၏။ |
1,318,286 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | မင်္ဂလာနှင့်ယှဉ်၏ဟု ဆို၏။ |
1,318,287 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | အကြင်ပန်းဘဲတို့၏လက်မှ လာဘ်မရ၊ ထိုပန်းဘဲတို့၏ သန်လျက်ကို ကဲ့ရဲ၏။ |
1,318,288 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုအခါ တယောက်သော ပန်းဘဲသည် သန်လျက်ကိုပြု၍ သန်လျက်အိမ်၌ သိမ်မွေ့သောငြုတ်မှုန့်ကိုထည့်၍ မင်းအား သန် လျက်ကိုဆက်၏။ |
1,318,289 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | မင်းသည် ပုဏ္ဏားကိုခေါ်စေ၍ သန်လျက်ကို စုံစမ်းလောဟု ဆို၏။ |
1,318,290 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | သန်လျက်ကိုကိုင်၍ နမ်းသောပုဏ္ဏား၏နှာခေါင်းကို ငြုတ်မှုန့်တို့သည်ဝင်ကုန်၍ ချေလိုသည်၏အဖြစ်ကို ဖြစ်စေကုန်၏။ |
1,318,291 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ချေသောပုဏ္ဏား၏နှာခေါင်းသည် သန်လျက်သွားခတ်မိသည်ဖြစ်၍ နှစ်ပိုင်းပြတ်၏။ |
1,318,292 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ဤသို့ပုဏ္ဏား၏ နှာခေါင်းပြတ်သည်၏ အဖြစ်သည် ရဟန်းသံဃာ၌ ထင်ရှား၏။ |
1,318,293 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုအခါတနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ စည်းဝေးကုန်၍ ငါ့သျှင်တို့ ကောသလမင်း၏ သန်လျက်လက္ခဏာဘတ်တတ်သော ပုဏ္ဏားသည် သန်လျက်ကိုနမ်းလျက် နှာခေါင်းကိုဖြတ်သတတ်ဟူသော စကားကို ဖြစ်စေကုန်၏။ |
1,318,294 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤပုဏ္ဏားသည် သန်လျက်ကိုနမ်းလျက် နှာခေါင်းပြတ်ခြင်းသို့ ရောက်သည်မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူးသည်သာ လျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆေ... |
1,318,295 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား သန်လျက်လက္ခဏာကို ဘတ်တတ်သော ပုဏ္ဏားသည်ဖြစ်၏။ |
1,318,296 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | အလုံးစုံသောဝတ္ထုသည် ပစ္စုပ္ပန်နှင့် တူသလျှင်ကတည်း၊ ဗြဟ္မဒတ်မင်းသည်ကား ထိုပုဏ္ဏားအား ဆေးများကို ပေး၍ နှာခေါင်းစွန်းကိုကုစားချမ်းသာစေ၍ ချိပ်တို့ဖြင့်နှာခေါင်းတုကိုပြု၍ တဖန်ခစားစေ၏။ |
1,318,297 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ဗာရာဏသီမင်းအားကား သားမရှိ၊ တယောက်သောသ္မီးသည်၎င်း တူသည်၎င်း ရှိ၏။ |
1,318,298 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုဗြဟ္မဒတ်မင်းသည် နှစ်ယောက်လည်းဖြစ်ကုန်သော ထိုသ္မီးတူတို့ကို မိမိ ၏အထံ၌ သာလျှင် ကြီးစေ၏။ |
1,318,299 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုသ္မီးတူတို့သည် တကွနက် ကြီးခြင်းသို့ ရောက်ကုန်သည်ရှိသော် အချင်းချင်း တပ်သောစိတ် ရှိကုန်သည် ဖြစ်ကုန်၏။ |
1,318,300 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | မင်းသည်လည်း အမတ်တို့ကိုခေါ်၍ ငါ၏ တူသည်လည်း ဤပြည်၏ သခင်သာလျှင်တည်း၊ သ္မီးကို ထိုတူအားပေး၍ ထိုတူအား ဘိသိက်သွန်းခြင်းကို ပြုအံ့ဟုဆို၍ တဖန် ငါ၏တူသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း ငါ၏ ဆွေမျိုး ဖြစ်သလျှင်ကတည်း၊ ထိုတူအား တပါးသော မင်းသ္မီးကိုဆောင်၍ အဘိသိက်သွန်းခြင်းကိုပြု၍ သ္မီးကို တပါးမင်းအား ပေးအံ့၊ ဤသို့ ပြု သည်ရှိသော် ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.