id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,318,301 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ကြံပြီး၍ မင်းသည် အမတ်တို့နှင့်တကွတိုင်ပင်၍ နှစ်ယောက်လည်းဖြစ်ကုန်သော သ္မီးတူတို့ကိုခွဲ၍ နေစိမ့်သောငှါသင့်၏ဟု တူကို တပါးသောအိမ်၌ သ္မီးကို တပါးသောအိမ်၌ နေစေ၏။ |
1,318,302 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုသ္မီးတူတို့သည် တဆယ့်ခြောက်နှစ် အရွယ်ရှိသည်၏ အဖြစ်သို့ ရောက်ကုန်၍ အလွန်လျှင် ထပ်သော စိတ်ရှိကုန်၏။ |
1,318,303 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | မင်းသားသည် ဦးရီးသ္မီးကို နန်းတွင်းမှထုတ်စိမ့်သောငှါ အဘယ်ဥပါယ်ဖြင့် တတ်ကောင်းသည်ဖြစ်ရာအံ့နည်းဟု ကြံသည်ရှိသော် တခုသော ဥပါယ်သည်ရှိ၏ဟု နတ်ဝင်မကိုခေါ်စေ၍ ထိုနတ်ဝင်မအား တထောင်သောအသပြာကိုပေး၍ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရအံ့နည်းဟု မေးသည်ရှိသော် ဦးရီး၏ သ္မီးကို နန်းတွင်းမှထုတ်၍ ထိုသို့သောအခြင်းအရာအားဖြင့် ပြုလောဟု ဆို၏။ |
1,318,304 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုနတ်ဝင်မသည် အရှင်ကောင်းပြီ၊ ငါသည် မင်းသို့ကပ်၍ ဤသို့ဆိုအံ့၊ မင်းကြီး မင်းသ္မီးအထက်၌ သူယုတ်သည်ရှိ၏။ |
1,318,305 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ဤမျှလောက်သောကာလပတ်လုံး ပြန်၍ကြည့်သောသူသည် မရှိ၊ ငါသည် မင်းသ္မီးကို ဤမည်သော ရထားသို့တင်၍ များစွာကုန်သော လက်နက်လက်စွဲကုန်သော ယောက်ျားတို့ကိုယူ၍ များစွာသော အခြံအရံဖြင့် သုသာန်သို့သွား၍ အင်းပျဉ်ဝန်းခံသော ညောင်စောင်းအောက်၌ သူသေကိုအိပ်စေ၍ ညောင်စောင်း အထက်၌ မင်းသ္မီးကိုထား၍ နံ့သာရေအိုးတရာ့ရှစ်လုံးတို့ဖြင့် ရေချိုးစေ၍ သူယုတ်ကိ... |
1,318,306 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | မင်းသားသည်ကောင်းပြီဟု ဝန်ခံ၏။ |
1,318,307 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုနတ်ဝင်သည်လည်း သွား၍ မင်းအား ထိုအကြောင်းကို ကြား၏။ |
1,318,308 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | မင်းသည်လည်း ဝန်ခံ၏။ |
1,318,309 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | မင်းသ္မီးအားလည်း ထိုအကြောင်းကို ကြား၏။ |
1,318,310 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | မင်းသ္မီးသည်လည်း ဝန်ခံ၏ နတ်ဝင်သည်လည်း ထွက်သောနေ့၌ မင်းသားအား အမှတ်ပေး၍ များသောအခြံအရံဖြင့် သုသာန်သို့သွားသည်ရှိသော် အစောင့်အရှောက်လူတို့ကို ကြောက်ခြင်းကိုဖြစ်စိမ့်သောငှါ ငါသည် မင်းသ္မီးကိုညောင်စောင်းဝယ် ထားသောကာလ၌ သူ သေယောက်ျားသည် ချေလတ္တံ့၊ ချေ၍လျှင် ညောင်စောင်းအောက်မှထွက်၍ အကြင် အကြင်သူတို့ကို ရှေးဦးစွာ မြင်လတ္တံ့၊ ထ... |
1,318,311 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | မင်းသားသည် ရှေးဦးစွာသွား၍ ဆိုအပ်ပြီးသောနည်းဖြင့်လျှင် သုသာန်၌ အိပ်၏။ |
1,318,312 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | နတ်ဝင်မကြီးသည် မင်းသ္မီးကိုချီ၍ အင်းပျဉ်ဝန်းရှိရာ အရပ်သို့သွားလျက် မကြောက်လင့်ဟုအမှတ်ကိုပေး၍ ညောင်စောင်း၌ထား၏။ |
1,318,313 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုခဏ၌ မင်းသားသည် ငြုတ်မှုန့်ကို နှာခေါင်း၌ထည့်၍ ချေ၏။ |
1,318,314 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ချေမျှ၌လျှင် နတ်ဝင်မကြီးသည် မင်းသ္မီးကိုစွန့်၍ ကြီးစွာသောဟစ်ကြွေးခြင်းကို ဟစ်ကြွေးလျှက် အလုံးစုံသောသူတို့၏ ရှေးဦးစွာပြေး၏။ |
1,318,315 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထို နတ် ဝင်မကြီး၏ ပြေးသောကာလမှစ၍ တယောက်သောသူသည်လည်း တည်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် မဖြစ်၊ ကိုင်တိုင်းကိုင်တိုင်းကုန်သော လက်နက်တို့ကိုစွန့်၍ ခပ်သိမ်းကုန်သောသူတို့သည် ပြေးကုန်၏။ |
1,318,316 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | မင်းသားသည်လည်း တိုင်ပင်တိုင်းသော အလုံးစုံသောအမှုကိုပြု၍ မင်းသ္မီးကိုယူ၍ မိမိအိမ်သို့သွား၏။ |
1,318,317 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | နတ်ဝင်မကြီးသည် သွား၍ ထိုအကြောင်းကိုကြား၍ မင်းအားလျှောက်၏။ |
1,318,318 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | မင်းသည် ပကတိအားဖြင့်လည်း ထိုမင်းသ္မီးကို ငါသည် ထိုငါ့တူ၏ အကျိုးငှာသာလျှင် ကြီးစေ၏။ |
1,318,319 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | မွေးကျွေးအပ်၏။ |
1,318,320 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | စားဘွယ်ဃနာ၌ စွန့်အပ်သောထောပတ်ကဲ့သို့ ဖြစ်ပြီဟု ဝန်ခံ၏။ |
1,318,321 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | နောက်အဘို့၌ တူအား မင်းအဖြစ်ကိုပေး၍ သ္မီးကို မိဖုယားကြီးအရာပြုစေ၏။ |
1,318,322 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုတူဖြစ်သောမင်းသည် ထိုသ္မီးနှင့် အညီအညွတ်နေခြင်းကို နေလျှက် တရားသဖြင့် မင်းပြု၏။ |
1,318,323 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုသန်လျက်လက္ခဏာကို ဘတ်တတ်သောပုဏ္ဏားသည်လည်း ထိုမင်းသားကို ခစား၏။ |
1,318,324 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | တနေ့သ၌ မင်းခစားအံ့သောငှါလာလတ်၍ နေသို့ရှေးရှုပြု၍ ခစားသောပုဏ္ဏား၏ချိပ်သည် ကြေ၏။ |
1,318,325 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | နှာခေါင်းတုသည် မြေ၌ကျ၏။ |
1,318,326 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုပုဏ္ဏားသည်ရှက်၍ အောက်သို့မျက်နှာပြုလျက် နေ၏။ |
1,318,327 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ထိုအခါ ထိုပုဏ္ဏားကို မင်းသည် ပြက်ရယ်ပြုလိုသည်ဖြစ်၍ ဆရာ မကြံကုန်လင့်၊ ချေခြင်းမည်သည် အချို့သောသူအား ကောင်း၏။ |
1,318,328 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | အချို့သောသူအား ယုတိ၏။ |
1,318,329 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | သင်တို့သည် ချေသဖြင့် နှာ ခေါင်းကို ပြတ်စေကုန်၏။ |
1,318,330 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ငါတို့သည်ကား ချေသဖြင့် ဦးရီးသ္မီးကိုရ၍ မင်းအဖြစ်သို့ ရောက်၏ ဟု ဆိုလို၍- |
1,318,331 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ၁၂၆။ တထေဝေကဿ ကလျာဏံ၊ တထေဝေကဿ ပါပကံ။ |
1,318,332 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | တသ္မာ သဗ္ဗံ န ကလျာဏံ၊ သဗ္ဗံ ဝါပိ န ပါပကံ။ |
1,318,333 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ၁၂၆။ အာစရိယ၊ ဆရာ။ |
1,318,334 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | တထေဝ၊ ထိုချေခြင်းသည်လျှင်။ |
1,318,335 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ဧက ဿ၊ အချို့သောသူအား။ |
1,318,336 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | သဗ္ဗံ၊ အလုံးစုံသော ချေခြင်းသည်။ |
1,318,337 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | န ကလျာဏံ၊ မကောင်း။ |
1,318,338 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | သဗ္ဗံ ဝါပိ၊ အလုံးစုံသောချေခြင်းသည်လည်း။ |
1,318,339 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | န ပါပကံ၊ မယုတ်မာ။ |
1,318,340 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ဤသို့ မင်းသည် ဤဂါထာဖြင့် အကြောင်းကိုဆို၍ အလှူအစရှိသောကောင်းမှုတို့ကိုပြု၍ ကံအား လျော်စွာ လား၏။ |
1,318,341 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဂါထာဖြင့် လောကသည်သမုတ်အပ်ကုန်သော ကောင်းခြင်း ယုတ်မာခြင်းတို့၏ ဧကန် မဟုတ်သည်၏ အဖြစ်ကို ပြပြီး၍ ယခုအခါ သန်လျက်လက္ခဏာ ဘတ်တတ်သောပုဏ္ဏားသည် ထိုအခါ သန်လျက်လက္ခဏာဘတ်တတ်သောပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ တူဖြစ်သောမင်းဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။ |
1,318,342 | ဇာတ်နိပါတ်, မြန်မာဘာသာ | အသိလက္ခဏဇာတ် | လောကသမုတ်၊ အဖြေထုတ်၊ ကောင်းယုတ် နေကန်သိ ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော အသိလက္ခဏဇာတ်သည်ပြီး၏။ |
1,318,343 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | အသုဘဘာဝနာကို ပွားများလိုသော ပုဂ္ဂိုလ်သည် အသုဘဆယ်ပါးတွင် တစ်ပါးပါးကို အာရုံပြု၍ ဖြစ်စေ၊ ၃၂ ကောဠာသကို အာရုံပြု၍ ဖြစ်စေပွားများရာ၏။ |
1,318,344 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | အသုဘဆယ်ပါး |
1,318,345 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ဥဒ္ဓုမာတကံ– သေသည်မှအထက်, နှစ်ရက်သုံးရက်ကူးသဖြင့် ဖူးဖူးရောင်ပုပ်, စက်ဆုပ်ဖွယ်ရာ မသာ လောင်းပါတကား။ |
1,318,346 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ဝိနီလကံ- ဖြူနီသဘော, ရောနှောစပ်တွဲ, ညိုမဲမဲပုပ်, စက်ဆုပ်ဖွယ်ရာ မသာလောင်းပါတကား။ |
1,318,347 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၀ိပုဗ္ဗကံ- ပြည်တစိုစို, ပေါက်ကွဲယိုလျက်, စက်ဆုပ်ဖွယ်ရာ, မသာလောင်းပါတကား။ |
1,318,348 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ဝိစ္ဆိဒ္ဒကံ- ထက်အောက်နှစ်ရပ်, မဆက်စပ်အောင်, ဖြတ်အပ်ပြီးလျက်, စက်ဆုပ်ဖွယ်ရာ, မသာ လောင်းပါတကား။ |
1,318,349 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ဝိက္ခာယိတကံ- ခွေး, လင်းတ, ကျီး, အသီးသီးတို့, နည်းမျိုးစုံပြား, ဖုံဖုံအားဖြင့်, ခဲစားအပ်လျက်, စက်ဆုပ်ဖွယ်ရာ, မသာလောင်းပါတကား။ |
1,318,350 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ဝိက္ခိတ္တကံ- လက် ခြေ ခေါင်း ကိုယ် ဖရိုဖရဲ ထိုထိုကြဲသဖြင့် ပစ်လွင့်အပ်လျက် စက်ဆုပ်ဖွယ်ရာ |
1,318,351 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | မသာလောင်းပါတကား။ |
1,318,352 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ဟတဝိက္ခိတ္တကံ– ကျီးခြေမယွင်း, ဓားဖြင့်မျှဉ်း၍, ညှဉ်းအပ်ထိုထို, လက်ခြေကိုယ်တို့, ဖရိုဖရဲ, ထိုထို ကျဲသဖြင့်, စက်ဆုပ်ဖွယ်ရာ, မသာလောင်းပါတကား။ |
1,318,353 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | လောဟိတကံ– သွေးများထွက်ယို, တစ်ကိုယ်လုံးပေ, လိမ်းကျံနေသော, စက်ဆုပ်ဖွယ်ရာ, မသာလောင်းပါတကား။ |
1,318,354 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ပုဠုဝကံ- ပိုးလောက်တွေပြည့်, ကျိကျိတက်နေ, ထွက်စေတတ်သော, စက်ဆုပ်ဖွယ်ရာ, မသာလောင်း |
1,318,355 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ပါတကား။ |
1,318,356 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | အဋ္ဌိကံ- အရိုးစုပေါင်း, တစ်ချောင်းဖြစ်စေ, အသရေယုတ်, စက်ဆုပ်ဖွယ်ရာ, မသာလောင်းပါ တကား။ |
1,318,357 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၃၂-ကောဋ္ဌာသပါဠိ |
1,318,358 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | အတ္ထိ ဣမသ္မိံ ကာယေ |
1,318,359 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၁။ ကေသာ လောမာ နခါ ဒန္တာ တစော။ |
1,318,360 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၂။ မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇံ ဝက္ကံ။ |
1,318,361 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၃။ ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ပာသံ။ |
1,318,362 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၄။ အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ဂံ။ |
1,318,363 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၅။ ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ။ |
1,318,364 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၆။ အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တံ။ |
1,318,365 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ငါ၏ကိုယ်မှာ— |
1,318,366 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၁။ ဆံပင် မွေးညှင်း ခြေသည်း လက်သည်း သွား အရေ။ |
1,318,367 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၂။ အသား အကြော အရိုး ရိုးတွင်းချဉ်ဆီ အညှို့။ |
1,318,368 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၃။ နှလုံး အသည်း အမြှေး အပြင် (အဖျဉ်း) အဆုတ်။ |
1,318,369 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၄။ အူမ အူသိမ် အစာသစ် အစာဟောင်း ဦးနှောက်။ |
1,318,370 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၅။ သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ။ |
1,318,371 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၆။ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ်တို့သာ ထင်ရှားရှိကုန်သည်တကား။ |
1,318,372 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | အသုဘရှုလင်္ကာ |
1,318,373 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၁။ သုံးဆယ်နှစ်ဖြာ၊ ကောဋ္ဌာသာ၊ ရွံရှာစက်ဆုပ်ဖွယ်။ |
1,318,374 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၂။ ဤကိုယ်ခန္ဓာ၊ ပုပ်ညှီစွာ၊ ရွံရှာစက်ဆုပ်ဖွယ်။ |
1,318,375 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၃။ ကိုးပေါက်ဒွါရာ၊ ပုပ်ရည်ဖြာ၊ ရွံရှာစက်ဆုပ်ဖွယ်။ |
1,318,376 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၄။ ရေရောင် ဆီရောင် တန်ဆာရောင်ကြောင့်၊ ကိုယ်ရောင်မဟုတ်၊ အကောင်ပုပ်၊ စက်ဆုပ်ရွံရှာဖွယ်။ |
1,318,377 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၅။ သေသည့်အထက်၊ သုံးလေးရက်ကြူး၊ ဖူးဖူးရောင်ပုပ်၊ အကောင်ယုတ်၊ စက်ဆုပ်ရွံရှာဖွယ်။ |
1,318,378 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၆။ ရှင်ပုပ်သေပုပ်၊ ဤနှစ်ပုပ်၊ စက်ဆုပ်ရွံရှာဖွယ်။ |
1,318,379 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၇။ နေ့ရှိသမျှ၊ သက်သေပြ၊ ရှုကြရွံရှာဖွယ်။ |
1,318,380 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | ၈။ ပဋိကူလံ-ပဋိကူလံ=ကိုးပေါက်သောဒွါရကြီး၊ မွေးညှင်းပေါက် ဒွါရငယ်၊ အသွယ်သွယ်တို့မှ အပုပ်ရေ အပုပ်ခဲ၊ အပုပ်ချွဲ အပုပ်ပြည် အပုပ်ညီ အပုပ်ကျိတို့ဖြင့် တစိစိ တစိုစို အမြဲယို၍နေသော ဤကိုယ်နာမ်ရုပ်၊ အကောင်ပုပ်ကြီးတို့သည်- |
1,318,381 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အသုဘဘာဝနာ | စက်ဆုပ်ရွံရှာဖွယ်ကြီးပါတကား။ |
1,318,382 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | အသောကကျောက်စာများ |
1,318,383 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | ကျောက်ဆောင်စာ |
1,318,384 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | ပထမ ကျောက်ဆောင်စာ |
1,318,385 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | ပြာကြိုဋ် |
1,318,386 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | ၁။ ဣယံ ဓံမလိပိ ဒေဝါနံ ပိယေနာ ပိယဒသိနာ လေခိတာ။ |
1,318,387 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | ဟိဒါနာကိဆိ ဇိဝေ အာလဘိတု ပဇောဟိတဝိယေ။ |
1,318,388 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | ၂။ နော ပိ စာ သမာဇေ ကဋေဝိယေ။ |
1,318,389 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | ဗဟုကာ ဟိ ဒေါသာ သမာဇသာ ဒေဝါနံပိယေ ပိယဒသီ လာဇာ ဒခတိ။ |
1,318,390 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | အထိ ပိ စာ ဧကတိယာ သမာဇ သာဓုမတာ ဒေဝါနံ ပိယသာ ပိယဒသိသာ လာဇိနေ။ |
1,318,391 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | ၃။ ပုလေ မဟာနသသိ ဒေဝါနံ ပိယသာ ပိယဒသိသာ လာဇိနေ အနုဒိဝသံ ဗဟုနိ ပါနသဟဟာနိ အာလဘိယိသု သုပဌာယေ။ |
1,318,392 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | သေ ဣဒါနိ ယဒါ ဣယံ ဓံမလိပိ လေခိတာ တဒါ တိံနိ ယေဝါ ပါနာနိ အာလဘိယံတိ။ |
1,318,393 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | ၄။ ဒုဝေ မဇုလာ ဧကေ မိဂေ။ |
1,318,394 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | သေ ပိ စ မိဂေ နော ဓုဝေ။ |
1,318,395 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | ဧတာနိ ပိ စ တိနိ ပါနာနိ နော အာလဘိယိသံတိ။ |
1,318,396 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | မြန်မာ ၁။ |
1,318,397 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | ဤ တရား ကဗျည်းကို၊ နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး ရေးထိုးစေ၏။ |
1,318,398 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | ဤအရပ်၌ မည်သည့်အသက်ကိုမျှ သက်၍ ယာဇ်မပူဇော်ရ။ |
1,318,399 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | ၂။ ပွဲတို့ကိုလည်း မကျင်းပရ။ |
1,318,400 | မြန်မာဘာသာ, ကျောက်စာများ | အသောကကျောက်စာ | အချို့ပွဲတို၌ အကျိုးရှိသော်လည်း၊ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီးသည်၊ ပွဲတို့၌ များစွာသောအပြစ်တို့ကို မြင်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.