id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,318,601 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ၈၁။ သမ္မ အဟိတုဏ္ဍိက၊ အချင်း အလမ္ပာယ်။ |
1,318,602 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | တဝ၊ သင်၏။ ဝစနံ၊ စကားသည်။ |
1,318,603 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | အလီကံ ဝတ၊ ချွတ် ယွင်းစွတကား။ |
1,318,604 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ကော၊ အဘယ် ၌။ |
1,318,605 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | သုမုခေါ နာမ၊ ကောင်းသောမျက်နှာရှိသည်မည်သော။ |
1,318,606 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | မက္ကဋေယ၊ မျောက်ကို။ |
1,318,607 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | သုတော ဝါ၊ ကြားမူလည်း ကြဖူးပါသနည်း။ |
1,318,608 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ဒိဋ္ဌော ဝါ၊ မြင်မူလည်း မြင်ဖူးပါသနည်း။ |
1,318,609 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ၈၂။ အဟိတုဏ္ဍိက၊ အလမ္ပာယ်။ |
1,318,610 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ဓညာပဏံ၊ စပါးဈေးသို့။ |
1,318,611 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ပဝိသိတွာ၊ ဝင်၍။ |
1,318,612 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | မုတ္တော၊ လွှတ်၍။ |
1,318,613 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ဆာတံ၊ ငတ်မွတ်ဆာ လောင်သော။ |
1,318,614 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ယံ ဟနာသိ၊ အကြင် ရိုက်ခြင်းကိုပြု၏။ |
1,318,615 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | တေ၊ သင်၏။ ဣမံ၊ ဤရိုက်ခြင်းကို။ |
1,318,616 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | အဇ္ဇာပိ၊ ယခုလည်း။ |
1,318,617 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | သရသိ၊ အောက်မေ့လော့။ |
1,318,618 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ၈၃။ အဟံ၊ ငါသည်။ |
1,318,619 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | တံ ဒုက္ခသေယျံ၊ ထိုဆင်းရဲသဖြင့် အိပ်ရခြင်းကို။ |
1,318,620 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | သရံ၊ အောက်မေ့၏။ |
1,318,621 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ဘယတဇ္ဇိတော၊ ဘေးဖြင့် ခြိမ်းခြောက်၏။ |
1,318,622 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ရဇ္ဇမ္ပိ၊ မင်း အဖြစ်သို့လည်း။ |
1,318,623 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ကာရယေ အပိ၊ ပြုငြားအံ့။ |
1,318,624 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ယာစိတော၊ သင်တောင်းအပ်သော။ |
1,318,625 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | နေဝ ဒဇ္ဇံ၊ မပေးသလျှင်ကတည်း။ |
1,318,626 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ၈၄။ ကုလေ၊ အမျိုး၌။ |
1,318,627 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ဂဗ္ဘေ၊ ကိုယ်ဝန်၌။ |
1,318,628 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | တိတ္တံ၊ ရောင့်ရဲသော။ |
1,318,629 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | အမစ္ဆရိံ၊ ဝန်မတိုသော။ |
1,318,630 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ဇညာ၊ သိရာ၏။ |
1,318,631 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | တေန၊ ထိုသူနှင့်။ |
1,318,632 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | သခိဉ္စ၊ အဆွေခင်ပွန်း၏ အဖြစ်ကိုလည်းကောင်း။ |
1,318,633 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | မိတ္တဉ္စ၊ မိတ်၏အဖြစ်ကိုလည်းကောင်း။ |
1,318,634 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | သန္ဓာတုံ၊ စေ့စပ်အံ့သောငှာ။ |
1,318,635 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ဇာတ်ပေါင်း... ဤသို့လျှင်ဆို၍ မျောက်သည် တောသို့ လျင်မြန်စွာ ဝင်၏။ |
1,318,636 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရဟန်းကြီးသည် ထိုအခါ အလမ္ပာယ် ဖြစ်ပြီ၊ ယခုအခါ သာမဏေသည် ထိုအခါ မျောက်ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ စပါးကုန်ရောင်းသောသူဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။ |
1,318,637 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | မြှောက်စားခြောက်စား၊ ထိုသူအား၊ ရှောင်ရှားဝေးဝေးခွာ |
1,318,638 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဟိတုဏ္ဍိကဇာတ် | ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော အဟိတုဏ္ဍိကဇာတ်သည် ပြီး၏။ |
1,318,639 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဗာလဝဂ် ၁၂။ |
1,318,640 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | မြွေပြိတ္တာဝတ္ထု |
1,318,641 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | န ဟိ ပါပံ ကတံ ကမ္မံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော မြွေပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,318,642 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | မြွေပြိတ္တာ၏ ဆင်းရဲခြင်း |
1,318,643 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | တစ်နေ့သ၌ ဥရုဝေဠကဿပ အမှူးရှိသော ရသေ့တစ်ထောင်၏ အတွင်း၌ဖြစ်သော အရှင်လက္ခဏမထေရ်သည်လည်းကောင်း၊ အရှင်မောဂ္ဂလာန်မထေရ်သည်လည်းကောင်း ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ လှည့်လည်ကုန်အံ့ဟု ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်ခဲ့ကုန်၏။ |
1,318,644 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုမထေရ်နှစ်ပါးတို့တွင် အရှင်မောဂ္ဂလာန်မထေရ်သည် တစ်ကောင်သော မြွေပြိတ္တာကိုမြင်၍ ပြုံးရယ်ခြင်းကို ပြုတော်မူ၏။ |
1,318,645 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုအခါ လက္ခဏမထေရ်သည် “ငါ့ရှင်မောဂ္ဂလာန်- အဘယ်ကြောင့် ပြုံးရယ်ခြင်းကို ထင်ရှားစွာပြုသနည်း”ဟု ပြုံးရယ်ခြင်း၏အကြောင်းကို မေးလေ၏။ |
1,318,646 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | “ငါ့ရှင်လက္ခဏ- ဤပြဿနာကို ဖြေဆိုအံ့သောငှာ အခါမဟုတ်သေး၊ ဤပြဿနာကို မြတ်စွာဘုရား၏အထံတော်၌ ငါ့ကို မေးဦးလော့”ဟု အရှင်မောဂ္ဂလာန်မထေရ်က မိန့်ဆိုတော်မူလေ၏။ |
1,318,647 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုမထေရ်နှစ်ပါးတို့သည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ သွားပြီးမှ မြတ်စွာဘုရား၏အထံသို့ သွားရောက်နေထိုင်ကြကုန်သည်ရှိသော် လက္ခဏမထေရ်သည် “ငါ့ရှင်မောဂ္ဂလာန်-အသင်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်သည်ရှိသော် ပြုံးရယ်ခြင်းကို ထင်ရှားစွာပြုသဖြင့် ပြုံးရယ်ခြင်း၏ အကြောင်းကို အကျွန်ုပ်မေးသည်ရှိသော် “မြတ်စွာဘုရား၏ အထံ၌ ငါ့ကို မေးဦးလော့”ဟု ... |
1,318,648 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | အရှင်မောဂ္ဂလာန်မထေရ်သည် ဤသို့ မိန့်တော်မူလေ၏၊ “ငါ့ရှင်လက္ခဏ- ငါသည် တစ်ကောင်သော မြွေပြိတ္တာကို မြင်သောကြောင့် ပြုံးရယ်ခြင်းကို ထင်ရှားစွာပြုလေသည်၊ ထိုမြွေပြိတ္တာ၏ ခန္ဓာကိုယ်အတ္တဘောသည်ကား ဤသို့သဘောရှိ၏၊ ထိုမြွေပြိတ္တာ၏ ဦးခေါင်းသည် လူတို့၏ဦးခေါင်းကဲ့သို့ သဏ္ဌာန်ရှိ၏၊ ကြွင်းသောကိုယ်သည် မြွေနှင့်တူ၏။ |
1,318,649 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဤပြိတ္တာသည် မြွေပြိတ္တာမည်၏၊ အတိုင်းအရှည်ပမာဏအားဖြင့် နှစ်ဆယ့်ငါးယူဇနာရှိ၏၊ ထိုမြွေပြိတ္တာ၏ ဦးခေါင်းမှထသော မီးလျှံတို့သည် အမြီးဖျားတိုင်အောင် တောက်လောင်၍သွားကုန်၏။ |
1,318,650 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | အမြီးဖျားမှထသော မီးတို့သည် ဦးခေါင်းတိုင်အောင် တောက်လောင်၍ သွားကုန်၏။ |
1,318,651 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဦးခေါင်းလယ်မှထသော မီးလျှံတို့သည် နံပါးနှစ်ဖက်တို့ကို တောက်လောင်၍ သွားကုန်၏။ |
1,318,652 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | နံပါးနှစ်ဖက်တို့မှထသော မီးလျှံတို့သည် အလယ်သို့ သက်ဝင်ကုန်၏”ဟု မိန့်တော်မူလေ၏။ |
1,318,653 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | သံဃာ့အဦးစား၍ ကျီးပြိတ္တာဖြစ်ရခြင်း |
1,318,654 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | အရှင်မောဂ္ဂလာန်မထေရ်သည် ဂိဇ္ဈကုဋ်တောင်ထိပ်တက်၍ ကျက်၍ ခံစားရသော ကျီးပြိတ္တာကိုလည်း မြင်တော်မူ၍ ထိုကျီးပြိတ္တာ၏ ရှေးအကြောင်း မကောင်းမှုကံကို မေးလိုရကား ဤဂါထာကို ရွတ်ဆိုတော်မူ၏။ |
1,318,655 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ပဉ္စယောဇနိကာ ဇိဝှါ၊ သီသံ တေ နဝယောဇနံ။ |
1,318,656 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ကာယော အစ္စုဂ္ဂတော တုယှံ၊ ပဉ္စဝီသတိယောဇနံ။ |
1,318,657 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ကိံ နု ကမ္မံ ကရိတွာန၊ ပတ္တောသိ ဒုက္ခမီဒိသံ။ |
1,318,658 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဘော၊ အို..ကျီးပြိတ္တာ။ |
1,318,659 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | တေ၊ သင်၏။ ဇိဝှာ၊ လျှာသည်။ |
1,318,660 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ပဉ္စယောဇနိကာ၊ ငါးယူဇနာရှိ၏။ |
1,318,661 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | နဝယောဇနံ၊ ကိုးယူဇနာရှိ၏။ |
1,318,662 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ပဉ္စဝီသတိယောဇနံ၊ နှစ်ဆယ့်ငါးယူဇနာတိုင်တိုင်။ |
1,318,663 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | အစ္စုဂ္ဂတော၊ အထက်သို့ မြင့်တက်၏။ |
1,318,664 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ကိံ ကမ္မံ၊ အဘယ်သို့သော မကောင်းမှု အကုသိုလ်ကံကို။ |
1,318,665 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ကရိတွာန၊ ပြုခဲ့မိသောကြောင့်။ |
1,318,666 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဒုက္ခံ၊ ဆင်းရဲခြင်းသို့။ |
1,318,667 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | အသိနု၊ ဖြစ်ရလေဘိသနည်း။ |
1,318,668 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုသို့ မေးတော်မူသောအခါ အရှင်မောဂ္ဂလာန်မထေရ်အား ကျီးပြိတ္တာသည် ပြောကြားလိုသည်ဖြစ်၍- |
1,318,669 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | အဟံ ဘန္တေ မောဂ္ဂလ္လာန၊ ကဿပဿ မဟေသိနော။ |
1,318,670 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | သံဃဿ အာဘတံ ဘတ္တံ၊ အာဟရေသိံ ယဒိစ္ဆကံ။ |
1,318,671 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဘန္တေ မောဂ္ဂလ္လာန၊ အရှင်ဘုရား မောဂ္ဂလာန်။ |
1,318,672 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | အဟံ၊ တပည့်တော် ကျီးပြိတ္တာသည်။ |
1,318,673 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ကဿပဿ မဟေသိနော၊ ကဿပမြတ်စွာဘုရား၏။ |
1,318,674 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | သံဃဿ၊ တပည့်သား သံဃာတော်အလို့ငှာ။ |
1,318,675 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | အာဘတံ၊ ရှေးရှုဆောင်ယူအပ်သော။ |
1,318,676 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ယဒိစ္ဆကံ၊ အလိုရှိတိုင်း။ |
1,318,677 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | အာဟရေသိံ၊ ဆောင်ယူခဲ့ဖူးပါသည်ဘုရား။ |
1,318,678 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဤဂါထာကို လျှောက်ဆို၍ “အရှင်ဘုရား- ကဿပမြတ်စွာဘုရားလက်ထက်တော်၌ များစွာသောရဟန်းတို့ ရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူကြကုန်၏။ |
1,318,679 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | လူတို့သည် မထေရ်ကိုမြင်၍ မြတ်နိုးတနာ ခင်မင်ကုန်သည်ဖြစ်၍ ဆွမ်းစားဇရပ်၌ ထိုင်နေစေပြီးလျှင် ယာဂုကို သောက်စေပြီးသော် ခဲဖွယ်ကိုလှူဒါန်း၍၊ ခြေတို့ကို ဆေးကြော၍၊ ဆီဖြင့်လိမ်းကျံ၍ ဆွမ်းစားချိန်တိုင်အောင်သော ကာလပတ်လုံး ဆိုင်းငံ့လျက် တရားတော်ကို နာကြားကာ နေကြပါကုန်၏။ |
1,318,680 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | တရားဟောတော်မူပြီးသောအဆုံး၌ မထေရ်တို့၏သပိတ်တို့ကိုယူ၍ မိမိ မိမိ၏အိမ်၌ စီမံချက်ပြုတ်အပ်သော အထူးထူး ကောင်းသောအရသာရှိသော ဘောဇဉ်ဖြင့်ပြည့်စေ၍ ဆောင်ယူခဲ့ကြပါကုန်၏။ |
1,318,681 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုအခါ တပည့်တော်သည် တိရစ္ဆာန် ကျီးသတ္တဝါဖြစ်၍ ဆွမ်းစားဇရပ်၏ အမိုးခေါင်အပြင်၌ နားနေလျက် ဆောင်ယူခဲ့သော ဆွမ်းကိုမြင်လျှင် တစ်ယောက်သောသူ ယူဆောင်လာအပ်သောသပိတ်မှ သုံးကြိမ်တိုင်အောင် ခံတွင်းနှုတ်သီးကိုပြည့်စေလျက် သုံးလုတ်သောထမင်းလုတ်တို့ကို ထိုးသုတ်ချီဆောင်၍ ယူဖူးပါသည်ဘုရား၊ ထိုဆွမ်းသည်ကား သံဃာ၏စိုးပိုင်သော ပစ္စည်းဥစ္စာလည်း မ... |
1,318,682 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုဆွမ်းမှ သုံးလုတ်သော ဆွမ်းလုတ်ကြီးတို့ကို ထိုးသုတ်ကာ ယူစားမိပါသည်ဘုရား၊ တပည့်တော်၏ ရှေး မကောင်းမှုကံကား ဤမျှသာပါတည်း။ |
1,318,683 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုတပည့်တော်သည် သေလွန်ခြင်းကိုပြု၍ ထိုမကောင်းမှုကံ၏ အကျိုးအဆက်ဖြင့် အဝီစိငရဲ၌ ငရဲခံရပြီးမှ ကြွင်းကျန်သော အကုသိုလ်ကံအကျိုးဖြင့် ယခုအခါ ဂိဇ္ဈကုဋ်တောင်ထိပ်၌ ကျီးပြိတ္တာ၏အဖြစ်ဖြင့် ဖြစ်ရ၍ ဤဆင်းရဲကို ခံစားရပါသည်ဘုရား”ဟု ပြန်ပြီး လျှောက်ထားရှာလေသတည်း။ |
1,318,684 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဤသည်ကား ကျီးပြိတ္တာဝတ္ထုတည်း။ |
1,318,685 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ကျောင်းမီးရှို့သဖြင့် မြွေပြိတ္တာဖြစ်ခြင်း |
1,318,686 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဤအရာ၌ အရှင်မောဂ္ဂလာန်မထေရ်သည် မြွေပြိတ္တာကိုမြင်၍ ပြုံးရယ်ခြင်းကို ထင်ရှားစွာပြု၏ဟု ဆို၏။ |
1,318,687 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုအခါ မြတ်စွာဘုရားသည် အရှင်မောဂ္ဂလာန်၏ သက်သေဖြစ်တော်မူသဖြင့် ထ၍ “ချစ်သားရဟန်းတို့- မောဂ္ဂလာန်သည် ဟုတ်မှန်သောစကားကို ဆိုပေ၏။ |
1,318,688 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ငါဘုရားသည်လည်း ဤမြွေပြိတ္တာကို ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့၌ပင်လျှင် မြင်တော်မူ၏။ |
1,318,689 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုသို့မြင်တော်မူသော်လည်း ငါဘုရား မဟောကြားဘဲ နေတော်မူ၏။ |
1,318,690 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | အကြင်သူတို့သည် ငါဘုရား၏စကားကို မယုံကြည်ကုန်ငြားအံ့၊ ထိုသူတို့အား အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်ကုန်ရာ၏။ |
1,318,691 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဤသို့သော အကြောင်းကြောင့် သူတစ်ပါးကို သနားခြင်းဖြင့် ဟောကြားတော်မမူ”ဟု မိန့်တော်မူလေ၏။ |
1,318,692 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဤမြွေတ္တာ၏ အကြောင်းအရာဝတ္ထုကိုလည်း ထိုအရှင်မဟာမောဂ္ဂလာန်မထေရ်သည် လျှောက်ကြားအပ်၏။ |
1,318,693 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုစကားကိုကြားလျှင် ရဟန်းတို့သည် ထိုမြွေပြိတ္တာ၏ ရှေးမကောင်းမှုကံကို မေးလျှောက်ကြလေကုန်၏။ |
1,318,694 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | မြတ်စွာဘုရားလည်း ထိုရဟန်းတို့အား ဟောကြားတော်မူလေ၏။ |
1,318,695 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်ကို အမှီပြု၍ မြစ်ကမ်းဖြစ်သော တစ်ခုသောအရပ်၌ ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ဆူအား သစ်ရွက်မိုးသောကျောင်းကို ဆောက်လုပ်လှူဒါန်းကြကုန်၏။ |
1,318,696 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ထိုကျောင်း၌ နေတော်မူစဉ် အမြဲမပြတ် ဗာရာဏသီမြို့တွင်း၌ ဆွမ်းအလို့ငှာ ကြွဝင်လှည့်လည်တော်မူ၏။ |
1,318,697 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | မြို့သူမြို့သားတို့သည်လည်း ညဉ့်နံနက်မပြတ် နံ့သာပန်းစသည် လက်စွဲကုန်လျက် ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ခစားဆည်းကပ်ခြင်းငှာ သွားရောက်ကြကုန်၏။ |
1,318,698 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဗာရာဏသီပြည်သား တစ်ယောက်သောယောက်ျားသည် လူတို့၏သွားလာရာ ထိုလမ်းခရီးကိုမှီ၍ လယ်ကိုထွန်လေ၏။ |
1,318,699 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | လူများအပေါင်းသည် ညချမ်းနံနက်မပြတ် ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ခစားဆည်းကပ်ခြင်းငှာ သွားလတ်သည်ရှိသော် ထိုလယ်ကို နင်းနယ်လျက် သွားကြကုန်၏။ |
1,318,700 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုလယ်ထွန်ယောက်ျားသည် “ငါ၏လယ်ကို မနင်းနယ်ကြပါကုန်လင့်”ဟု တားမြစ်ပါသော်လည်း တားမြစ်ခြင်းငှာ မတတ်နိုင်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.