id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,318,701 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုအခါ လယ်ထွန်ယောက်ျားအား ဤသို့သောအကြံသည် ဖြစ်လေ၏။ |
1,318,702 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | “အရှင်ပစ္စေကဗုဒ္ဓ၏ သီတင်းသုံးတော်မူရာ သစ်ရွက်မိုးသောကျောင်းသည် ဤအရပ်ဌာန၌ အကယ်၍ မရှိခဲ့သည်ဖြစ်အံ့၊ ငါ၏လယ်ကို နင်းနယ်ကြမည်မဟုတ်ကုန်ရာ”ဟု အကြံဖြစ်ပြီးလျှင် ထိုလယ်ထွန်ယောက်ျားသည် အရှင်ပစ္စေကဗုဒ္ဓါ၏ ဆွမ်းအလို့ငှာ ကြွဝင်တော်မူခိုက် သုံးဆောင်သော အိုးခွက်တို့ကိုရိုက်ခွဲ၍ သစ်ရွက်မိုးသောကျောင်းကိုလည်း မီးဖြင့် တိုက်လေ၏။ |
1,318,703 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် မီးစွဲလောင်သော မိမိ၏ ကျောင်းသင်္ခမ်းကိုမြင်လျှင် ချမ်းသာရာအရပ်သို့ ကြွသွားတော်မူလေ၏။ |
1,318,704 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | လူများသည် နံ့သာပန်းကိုလက်စွဲလျက် လာလတ်သည်ရှိသော် မီးလောင်သော သစ်ရွက်မိုးသောကျောင်းကို မြင်ရ၍ “ငါတို့၏အရှင်မြတ်သည် အဘယ်အရပ်သို့ ကြွသွားတော်မူသနည်း”ဟု ပြောဆို မေးမြန်းလေ၏။ |
1,318,705 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | လယ်ထွန်ယောက်ျားသည်လည်း လူများအပေါင်းနှင့် အတူတကွသွား၍ လူများအပေါင်း၏အလယ်၌ ရပ်တည်နေလျက်သာလျှင် “ငါသည် အရှင်ပစ္စေကဗုဒ္ဓါ၏ သီတင်းသုံးရာ သစ်ရွက်မိုးသောကျောင်းကို မီးဖြင့်တိုက်အပ်လေပြီ”ဟု ပြောလေ၏။ |
1,318,706 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုအခါ “ဤသူယုတ်မာကို ဖမ်းဆီးကြကုန်လော့၊ ဤသူယုတ်မာကိုမှီ၍ ငါတို့သည် ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ဖူးမြင်ခြင်းငှာ မရကြလေကုန်”ဟု ဆိုလျက် တုတ်,လှံတံ စသည်တို့ဖြင့် ပုတ်ခတ်ထောင်းထု၍ အသက်ကုန်ခြင်းသို့ ရောက်စေကြလေကုန်၏။ |
1,318,707 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုလယ်ထွန်ယောက်ျားသည် အဝီစိငရဲကြီး၌ဖြစ်၍ အကြင်ရွေ့ လောက် ဤမဟာပထဝီမြေကြီးသည် တစ်ယူဇနာမျှ မြင့်တက်၏၊ ထိုရွေ့လောက် ငရဲ၌ကျက်၍ ခံစားရပြီးလျှင် အကျိုးအကြွင်း၏ အစွမ်းအားဖြင့် ဤဂိဇ္ဈကုဋ်တောင်၌ မြွေပြိတ္တာ၏အဖြစ်ဖြင့် ဖြစ်လေသတည်း။ |
1,318,708 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | မြတ်စွာဘုရားသည် ထိုမြွေပြိတ္တာ၏ ဤသို့သဘောရှိသော ရှေးမကောင်းမှုကို ဟောတော်မူပြီးလျှင် “ချစ်သားရဟန်တို့- ဤမကောင်းမှုမည်သည်ကား နို့ရည်နှင့်တူ၏။ |
1,318,709 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | နို့ရည်သည် ညှစ်လျှင်ညှစ်ချင်း မပုပ်မသိုး အခိုးမလွှတ်သေးသကဲ့သို့ ထို့အတူ အကုသိုလ်သည်လည်း ပြုလျှင်ပြုချင်း အကျိုးကိုမဖြစ်စေသေး၊ အကြင်အခါ အကျိုးကိုဖြစ်စေ၏။ |
1,318,710 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ထိုအခါ၌ ဤသို့သဘောရှိသော ဆင်းရဲခြင်းဖြင့် ပူပန်စိုးရိမ်ရ၏”ဟု အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို ဟောတော်မူလေ၏။ |
1,318,711 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဒေသနာတော် [၇၁] န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။ |
1,318,712 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မစ္ဆန္နော ပါဝကော။ |
1,318,713 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | သဇ္ဇုခီရံ၊ ယိုထွက်စ ပူပူနွေးနွေးဖြစ်သော နို့ရည်သည်။ |
1,318,714 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | န မုစ္စတိ ဣဝ၊ ချဉ်နံ့ထောင်းထောင်း ချက်ချင်းမပြောင်းသေးသကဲ့သို့။ |
1,318,715 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ကတံ၊ ပြုအပ်ခါစဖြစ်သော။ |
1,318,716 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ပါပံ ကမ္မံ၊ အကုသိုလ်ကံသည်။ |
1,318,717 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | န ဟိ ဝိပစ္စတိ၊ မကောင်းကျိုးစင်စစ် ချက်ချင်းမဖြစ်နိုင်။ |
1,318,718 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဝိပစ္စမာနံ၊ မကောင်းကျိုးစင်စစ် ဖြစ်စေလတ်သည်ရှိသော်။ |
1,318,719 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဗာလံ၊ ကံဆိုးသိမ်းပိုက် ယင်းလူမိုက်ကို။ |
1,318,720 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဍဟန္တံ၊ ပူလောင်စေသည်ဖြစ်၍။ |
1,318,721 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ယထာ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ |
1,318,722 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဘသ္မစ္ဆန္နော၊ ပြာဖြင့်ဖုံးလွှမ်းအပ်သော။ |
1,318,723 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ပါဝကော၊ မီးကျီးခဲသည်။ |
1,318,724 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဍဟန္တော၊ နင်းမိသူကို ပူလောင်စေလျက်။ |
1,318,725 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏။ |
1,318,726 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထု | မြွေပြိတ္တာဝတ္ထု ပြီး၏။ |
1,318,727 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ၅-ဗာလဝဂ်။ ၁၂-အဟိပေတဝတ္ထု |
1,318,728 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ၇၁။ န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။ |
1,318,729 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မစ္ဆန္နောဝ ပါဝကော။ |
1,318,730 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပုံသဏ္ဌာန်အားဖြင့် လူခေါင်းနှင့် တူ၍ မြွေကိုယ်ဖြစ်သော နှစ်ဆယ့်ငါးယူဇနာရှိသော မြွေပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူသည်။ |
1,318,731 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | အနက် သဇ္ဇုခီရံ၊ ညှစ်ပြီးစနို့ရည်သည်။ |
1,318,732 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | (ပကတိံ၊ ပကတိသဘောကို။ |
1,318,733 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ) န မုစ္စတိ ဣဝ၊ မစွန့်မပြောင်းလဲသကဲ့သို့။ |
1,318,734 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ကတံ၊ ပြုသစ်စဖြစ်သော။ |
1,318,735 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ပါပံ ကမ္မံ၊ မကောင်းမှုကံသည်။ |
1,318,736 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | န ဝိပစ္စတိ၊ အကျိုးမပေးသေး။ |
1,318,737 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဘသ္မစ္ဆန္နော၊ ပြာဖုံးနေသော။ |
1,318,738 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ပါဝကော ဣဝ၊ မီးခဲကဲ့သို့။ |
1,318,739 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဗာလံ၊ လူမိုက်သို့။ |
1,318,740 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဍဟန္တံ-ဍဟန္တော၊ လောင်ကျွမ်းစေလျက်။ |
1,318,741 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | စကားပြေ ညှစ်ပြီးစဖြစ်သော နို့ရည်သည် ရက်တက်ချဉ်ရည် မထည့်ခင် ပကတိသဘောကို မပြောင်းလဲသကဲ့သို့လည်းကောင်း၊ ပြာဖုံးနေသော မီးခဲသည် မပူသကဲ့သို့လည်းကောင်း၊ ပြုသစ်စအကုသိုလ်သည် ပြုဆဲအချိန် အကျိုးမပေးသော်လည်း ကုသိုလ်ကြောင့် ဖြစ်သော ခန္ဓာ ပျောက်ပျက်ချိန်တွင် အပါယ်ငရဲတို့၌ ခံစားရ၏။ |
1,318,742 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | သဇ္ဇုခီရံ ဣဝ၊ နွားမနို့မှ လောလေးဆယ် ထွက်သော နို့ရည်ပူသည် ရက်တက်ရည် မရောခင် ပကတိသဘောကို မပြောင်းလဲသကဲ့သို့ မကောင်းမှုကို ပြုဆဲအချိန် မကောင်းကျိုးမပေးသေးပဲ ကုသိုလ်ကြောင့် ဖြစ်ပေါ်သော ခန္ဓာများ ပျက်စီးလျှင်ကား အပါယ်ဘုံတို့၌ ဆင်းရဲခံစားရ၏။ |
1,318,743 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဘသ္မစ္ဆန္နောဝ၊ ပြာဖြင့် ဖုံးထားသော မီးခဲသည် နင်းသော်လည်း မပူသေးပဲ ပြာကို ယပ်ဖြင့် ခပ်သောအခါ မီးခဲသည် အရေမှစ၍ ဦးခေါင်းတိုင်အောင် လောင်နိုင်သကဲ့သို့ မကောင်းမှုသည် လူမိုက်သို့ ဒုတိယဘဝ၊ တတိယဘဝတို့၌ ငရဲသို့ ရောက်စေပြီး ပူလောင်လျက် လိုက်သည်။ |
1,318,744 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ကျီးပြိတ္တာ၊ သံဃာရည်မှန်းလာသော ဆွမ်းကို သုံးလုတ်မျှ လုစားခဲ့မှုကြောင့် ခန္ဓာကိုယ် အမြင့် ၂၅-ယူဇနာ ရှိပြီး ခေါင်းက ကိုးယူဇနာ၊ လျှာက ငါးယူဇနာ ရှိသော ကျီးပြိတ္တာဖြစ်ရသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၂၁)။ |
1,318,745 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | မြွေပြိတ္တာ၊ လယ်သမားတယောက်သည် ပစ္စေကဗုဒ္ဓါတပါး၏ ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် လူအများ ရိုက်သတ်၍ သေဆုံးပြီး အဝီစိငရဲရောက်ပြီးလျှင် ခန္ဓာကိုယ် ၂၅-ယူဇနာ ရှိသော မြွေပြိတ္တာဖြစ်ရသည်။ |
1,318,746 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | (ဓမ္မ၊ဋ္ဌ၊၁၊၃၂၂) |
1,318,747 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | အဟိပေတဝတ္ထု ပြီး၏။ |
1,318,748 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ၅-ဗာလဝဂ် ၁၂-အဟိပေတဝတ္ထု အဋ္ဌကထာဂါထာ |
1,318,749 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ၂၀၅။ ပဉ္စယောဇနိကာ ဇိဝှါ, သီသံ တေ နဝယောဇနံ၊ကာယော အစ္စုဂ္ဂတော တုယှံ, ပဉ္စဝီသတိယောဇနံ၊ကိံ နု ကမ္မံ ကရိတွာန, ပတ္တောသိ ဒုက္ခမီဒိသံ။ |
1,318,750 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | တေ၊ သင်၏။ |
1,318,751 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ပဉ္စယောဇနိကာ၊ ၅ယူဇနာ ရှိ၏။ |
1,318,752 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | သီသံ၊ ဥုး ခေါင်းသည်။ |
1,318,753 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | နဝယောဇနံ၊ ၉ယူဇနာရှိ၏။ |
1,318,754 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ပဉ္စဝီသတိယောဇနံ၊ ၂၅ယူဇနာ တိုင်တိုင်။ |
1,318,755 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | အစ္စုဂ္ဂတော၊ အလွန်မြင့်တက်နေ၏။ |
1,318,756 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | [အတိ+ဥစ္စံ+ဂတော အစ္စုဂ္ဂတော။ |
1,318,757 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဓမ္မယော-၄၆။ |
1,318,758 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ] (တွံ၊ သည်။ |
1,318,759 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ) ကိံ ကမ္မံ၊ အဘယ်မကောင်း မှုကို။ |
1,318,760 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဤဒိသံ၊ ဤကဲ့သို့ ရှုအပ်သော။ |
1,318,761 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ပတ္တော၊ ရောက်ရသည်။ |
1,318,762 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | အသိ နု၊ ဖြစ်သနည်း? (ဋ္ဌ-၁၂၇) ၂၀၆။ |
1,318,763 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | အဟံ ဘန္တေ မောဂ္ဂလ္လာန, ကဿပဿ မဟေသိနော၊သံဃဿ အာဘတံ ဘတ္တံ, အာဟာရေသိံ ယဒိစ္ဆကံ။ |
1,318,764 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဘန္တေ မောဂ္ဂလ္လာန၊ အရှင်ဘုရားမောဂ္ဂလ္လာန်! အဟံ၊ တပည့်တော်သည်။ |
1,318,765 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ကဿပဿ၊ ကဿပမည်တော်မူသော။ |
1,318,766 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | မဟေသိနော၊ ဘုရားရှင်၏။ |
1,318,767 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | သံဃဿ၊ သံဃာဖို့။ |
1,318,768 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဝါ၊ သံဃာ၏ အတွက်။ |
1,318,769 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ယဒိစ္ဆကံ၊ အလိုဆန္ဒအားလျော်စွာ။ |
1,318,770 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဝါ၊ အလိုရှိသလောက်။ |
1,318,771 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | အာဟာရေသိံ၊ စားခဲ့မိပါပြီ။ |
1,318,772 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | [ဓမ္မယော-၄၆၌ “ကဿပဿ၊ သော။ |
1,318,773 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | မဟေသိနော၊ ၏။ |
1,318,774 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | (သာသနေ၊ ၌။ |
1,318,775 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ) သံဃဿ၊ ကို။ |
1,318,776 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | (ဥဒ္ဒိဿ၊ ရည်မှန်း၍။ |
1,318,777 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ) အာဘတံ၊ သော။ |
1,318,778 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဘတ္တံ၊ ကို။ |
1,318,779 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ယဒိစ္ဆကံ၊ စွာ။ |
1,318,780 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | အာဟာရေသိံ”ဟု ထည့်ပါဌ်များ ထည့်ပေး၏။ |
1,318,781 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | အာဟာရေသိံ ယဒိစ္ဆကံ။ |
1,318,782 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ။ ဟရဓာတ်သည် ဘူဝါဒိသာ ရှိ၏၊ ထိုကြောင့် အာဟာရဟူသော နာမ်ပုဒ်နောင် ဓာတွတ္ထေ နာမသ္မိ(မောဂ်- ၅, ၁၂)သုတ်ဖြင့် ဣပစ္စည်းသက်၊ ဣကို ဧပြု(နီဘာ-၄, ၂၆၂)။ |
1,318,783 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | (တစ်နည်း) ဓာတုရူပေ နာမသ္မာ ဏယော စသုတ်၌ စသဒ္ဒါဖြင့် အာဟာရနောင် ဏေပစ္စည်းသက်။ |
1,318,784 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | (ဝိဗော၊၂၂၃)၊ [ယဒိစ္ဆကံကို “ဣစ္ဆာယ+အနုရူပံ ယဒိစ္ဆကံ၊ (တစ်နည်း) ယာ ယာ+ဣစ္ဆာ ယဒိစ္ဆကံ-အကြင်အကြင်အလိုအတိုင်း၊ (ယ+ဣစ္ဆာ+က)”ဟုပြု၊] |
1,318,785 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | အဟိပေတဝတ္ထုပါဠိဂါထာ |
1,318,786 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ၂၀၇။ န ဟိ ပါပံ ကတံ ကမ္မံ, သဇ္ဇုခီရံဝ မုစ္စတိ၊ဍဟန္တံ ဗာလမနွေတိ, ဘသ္မစ္ဆန္နောဝ ပါဝကော။ |
1,318,787 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | သဇ္ဇုခီရံ၊ ထိုခဏ၌ နွားနို့တို့မှ ထွက်လာသော နို့ရည်သည်။ |
1,318,788 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဝါ၊ ညှစ်ပြီးခါစဖြစ်သော နို့ရည်သည်။ |
1,318,789 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | န မုစ္စတိ ဣဝ၊ တစ်ခဏ ချင်း, မူရင်းအရသာ, စွန့်ကာပျက်ယွင်း, မလွတ်ကင်းသကဲ့သို့။ |
1,318,790 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ) ပါပံ၊ မကောင်းသော။ |
1,318,791 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ကမ္မံ၊ ကံ သည်။ |
1,318,792 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဝါ၊ ကို။ ကတံ ဟိ၊ ပြုအပ်စဉ်သာ။ |
1,318,793 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဝါ၊ ပြုအပ်ဆဲခဏ၌သာ။ |
1,318,794 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | (ပြုပြုချင်းသာ)။ |
1,318,795 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | န (ဝိပစ္စတိ)၊ အကျိုးမပေး။ |
1,318,796 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | (ဝိပစ္စမာနံ၊ အကျိုးပေးလသော်။ |
1,318,797 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ) ဗာလံ၊ လူမိုက်ကို။ |
1,318,798 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဍဟန္တံ၊ လောင်မြိုက်လျက်။ |
1,318,799 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | ဝါ၊ ပူလောင်စေလျက်။ |
1,318,800 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဟိပေတဝတ္ထုဂါထာ | (ကိမိဝ၊ နည်း?) ဘသ္မစ္ဆန္နော၊ ပြာဖြင့် ဖုံးထားအပ်သော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.