id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,318,801
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အဟိပေတဝတ္ထုဂါထာ
ဍဟန္တော၊ (နင်းသူကို) တငွေ့ငွေ့ လောင်မြိုက်လျက်။
1,318,802
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အဟိပေတဝတ္ထုဂါထာ
ဝါ၊ ပူစေလျက်။
1,318,803
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အဟိပေတဝတ္ထုဂါထာ
(ပါ-၇၁) ကတံ။
1,318,804
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အဟိပေတဝတ္ထုဂါထာ
။ “ကရိယမာနမေဝ(ဓမ္မ၊ဋ္ဌ၊၁၊၃၂၃)၊ ကိရိယက္ခဏေယေဝ(နေတ္တိ၊ဋ္ဌ၊၂၅၀)”ဟူသော အဖွင့်အရ ကတံ၌ ပထမာဝိဘတ် သတ္တမီ(လက္ခဏ)အနက်, တပစ္စည်း ပစ္စုပ္ပန်ကာလ, “န ဟိ”၌ ဟိကို အဝ- ဓာရဏအနက်ဟု ယူ၍ ပေးခဲ့သည်။
1,318,805
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အဟိပေတဝတ္ထုဂါထာ
နေတ္တိဝိ-၃၁၈။
1,318,806
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အဟိပေတဝတ္ထုဂါထာ
။ ထို၌ နိယမ, အနိယမ, အာဓာရ, ကံပုဒ်များထည့် ၍ “သဇ္ဇုခီရံ-သည်၊ (နိက္ခန္တက္ခဏေ-ထွက်ဆဲခဏ၌၊) န မုစ္စတိ ဣဝ-သို့၊ (ဧဝံ-တူ၊ ယေန ဗာလေန-အကြင်လူမိုက်သည်၊) ပါပံ-သော၊ (ယံ) ကမ္မံအကြင်ကံကို၊ ကတံ-အပ်ပြီ၊ (တဿ ဗာလဿ-ထိုလူမိုက်၏၊ တံ) ကမ္မံထိုမကောင်းမှုကံသည်၊ (ကရဏက္ခဏေ-ပြုဆဲခဏ၌၊) န ဟိ ဝိပစ္စတိ၊ (ဟိအနက်မဲ့)၊ ဘသ္မစ္ဆန္နော-သော၊ ပါဝကော-သည်၊ (အက...
1,318,807
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အဟိပေတဝတ္ထုဂါထာ
ဍဟန္တံ။ ။
1,318,808
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အဟိပေတဝတ္ထုဂါထာ
ဒဟ+အန္တ၊ “ဒဟဿ ဒဿ ဍော(မောဂ်-၅, ၁၂၆)” သုတ်ဖြင့် ဒကို ဍပြု၊ ဤအလို သုဒ္ဓကတ္တုရုပ်တည်း(ဋ္ဌပြု-၂၄၈)။
1,318,809
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အဟိပေတဝတ္ထုဂါထာ
“ဍဟာပေန္တံ(နေတ္တိဝိ-၃၁၈)”ဟူသောအဖွင့်အလို ကာရိတ်ပစ္စည်းကျေသော ကာရိတ်ကတ္တုရုပ်တည်း၊ မကောင်းမှုသည် ပြုပြုချင်း အကျိုးမပေးသော် လည်း ကုသိုလ်ကံအကျိုးပေးခွင့်ကုန်လျှင် အကျိုးပေးပုံကို ပြလို၍ “ဍဟန္တံ” စသည်ကို မိန့်သည်။
1,318,810
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အဟိပေတဝတ္ထုဂါထာ
အဟိပေတဝတ္ထုပါဠိဂါထာနိဿယပြီးပြီ။
1,318,811
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ စင်ကာပူသမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံနှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံတို့မှ နိုင်ငံတော် အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီး...
1,318,812
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
အာဆီယံ ကြေညာစာတမ်းကို ဗန်ကောက်မြို့၌ ထုတ်ပြန်၍ အသင်းစတင် တည်ထောင်ပြီးကတည်းက အာဆီယံ၏ ထင်ရှားသော အောင်မြင်မှုများရရှိခဲ့မှုနှင့် တိုးချဲ့ ဖွဲ့စည်းနိုင်မှုကို ကျေနပ်အားရစွာ အသိအမှတ်ပြု၍လည်းကောင်း၊
1,318,813
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
ဗီယန်ကျင်း လုပ်ငန်းအစီအစဥ်၊ အာဆီယံပဋိညာဥ်စာတမ်း ရေးဆွဲရေးဆိုင်ရာ ကွာလာလမ်ပူကြေညာစာတမ်းနှင့် အာဆီယံပဋိညာဥ်စာတမ်း အခြေခံ ပုံကြမ်းဆိုင်ရာ စီဘူကြေညာစာတမ်းတို့တွင် အာဆီယံပဋိညာဥ်စာတမ်း ရေးဆွဲချမှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်များကို အမှတ်ရ၍လည်းကောင်း၊
1,318,814
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
ဆက်စပ်သော ပထဝီအေနအထား၊ တူညီသော ရည်ရွယ်ချက်များ၊ အတူတကွ မျှော်မှန်းသည့် ပန်းတိုင်ထားရှိကြသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများ အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းမှုနှင့် မှီခိုအားထားမှုများ တည်ရှိနေသည်ကို အလေးဂရုပြု၍လည်းကောင်း၊
1,318,815
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
တစ်ခုတည်းသော အမြင်၊ တစ်ခုတည်းသော အသွင်လက္ခဏာ၊ တစ်ခုတည်းသော ကောင်းတူဆိုးဘက် "အသိုက်အဝန်း" ဟူသည့် သဘောထားဖြင့် ရည်မှန်းချက် ထားရှိပြီး စည်းလုံးညီညွတ်ကြ၍လည်းကောင်း၊
1,318,816
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
အခြေခံကျသော အရေးပါမှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်မှု၊ တူညီဆန္ဒဖြင့်သာ ဆုံးဖြတ်မှုနှင့် ပုံစံကွဲပြားသော်လည်း ညီညွတ်မှုရှိခြင်းဟူသည့် အခြေခံမူကြီးများကို လေးစား၍လည်းကောင်း၊
1,318,817
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
ဒီမိုကရေစီအခြေခံမူများ၊ တရားဥပေဒစိုးမိုရေး၊ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေး၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအား လေးစားမှုနှင့် အကာအကွယ်ပေးမှုများကို စောင့်ထိန်းလိုက်နာ၍လည်းကောင်း၊
1,318,818
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်သစ်များ၏ အကျိုးစီးပွားအတွက် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိရေးကို အာမခံချက်ရရှိစေရန်နှင့် အာဆီယံအသိုက်အဝန်း ထူထောင်မှု လုပ်ငန်းစဥ်ကို ဗဟိုပြု၍ ပြည်သူများ၏ ကြွယ်ဝချမ်းသာမှု၊ စားဝတ်နေရေးဖူလုံမှုနှင့် သက်သာချောင်ချိမှုတို့ကို ဆောင်ရွက်ကြရန် ဆုံးဖြတ်ချက်ချမှတ်၍လည်းကောင်း၊
1,318,819
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
ပစ္စုပ္ပန်နှင့် အနာဂတ် စိန်ေခါ်မှုများနှင့် အခွင့်အလမ်းများကို ထိရောက်စွာ တုံ့ပြန်နိုင်ရန်အလို့ငှာ နိုင်ငံရေးအရ တည်တံ့သော၊ စီးပွာရေးအရ ပေါင်းစည်းသော၊ လူမှုရေးအရ တာဝန်ယူသော အာဆီယံအသိုက်အဝန်း ဖြစ်မြောက်စေရေးအတွက် ဒေသအတွင်း စည်းလုံးညီညွတ်မှုအင်အား တောင့်တင်းခိုင်မာလာစေရန် လိုအပ်သည်ဟု ယုံကြည်၍လည်းကောင်း၊
1,318,820
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှုကို ပိုမိုမြှင့်တင်လျက် အထူးသဖြင့် အာဆီယံကွန်ကော့(၂) ဘာလီကြေညာချက်တွင် ဖော်ပြထားသည့် အတိုင်း အာဆီယံလုံခြုံရေးအသိုက်အဝန်း၊ အာဆီယံစီးပွားရေးအသိုက်အဝန်းနှင့် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဟူသည့် မဏ္ဍိုင် (၃)ရပ် ပါဝင်သော အာဆီယံ အသိုက်အဝန်း ထူထောင်ခြင်းဖြင့် အသိုက်အဝန်း ...
1,318,821
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
အာဆီယံ၏ ဥပဒေဆိုင်ရာနှင့် ဖွဲ့စည်းမှုဆိုင်ရာ မူဘောင်ကို ဤပဋိညာဥ် စာတမ်းဖြင့် ထူထောင်ရန် ဆုံးဖြတ်ကြသည်။
1,318,822
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
ဤကိစ္စ အလို့ငှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံတော် အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများသည် စင်ကာပူနိုင်ငံ၌ အာဆီယံ တည်ထောင်သည့် နှစ်(၄၀) ပြည့် သမိုင်းဝင် အခမ်းအနားတွင် စုစည်းတွေ့ဆုံကြလျက် ဤ ပဋိညာဥ်စာတမ်းအား သဘောတူ ချမှတ်ကြပါသည်။
1,318,823
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
အာဆီယံ၏ ရည်ရွယ်ချက်များမှာ -
1,318,824
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၁။ ဒေသအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ ငြိမ်းချမ်းမှုကို လိုလားသည့် အလေ့အထများ ပိုမိုခိုင်မာစေရန်၊
1,318,825
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၂။ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုမြှင့်တင်ခြင်းအားဖြင့် ဒေသဆိုင်ရာ ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရန်၊
1,318,826
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၃။ အရှေ့တောင်အာရှဒေသကို အဏုမြူလက်နက်ကင်းမဲ့ဇုန် အဖြစ်လည်းကောင်း၊ ထို့အပြင် အဖျက် စွမ်းအားကြီးမားသော လက်နက်များ ကင်းမဲ့သောဒေသ အဖြစ် လည်းကောင်း ထိန်းသိမ်းထားရန်၊
1,318,827
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၄။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများအနေဖြင့် ကမ္ဘာတဝှမ်း တရား မျှတပြီး ဒီမိုကေရစီ ပြည့်ဝ၍ ညီညွတ်မျှတသည့် ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းစွာ နေထိုင် နိုင်ကြေစရန်၊
1,318,828
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၅။ ကုန်စည်များ၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာ စီးဆင်း၍ စီးပွားရေး လုပ်ငန်းရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ အလုပ်သမားများ အဆင်ပြေ ချောမွေ့စွာ ရွှေ့ပြောင်းနိုင်ပြီး မတည်အရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းမှုရှိသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ထိရောက်စွာ အထောက်အကူပြု...
1,318,829
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၆။ အပြန်အလှန်ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အာဆီယံဒေသအတွင်း ဆင်းရဲနွမ်းပါးမှု လျော့ပါးစေရန်နှင့် ဖွံ့ဖြိုးမှု ကွာဟချက်ကို ကျဉ်းမြောင်းစေရန်၊
1,318,830
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၇။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးနှင့် တာဝန်များကို အလေးထားပြီး ဒီမိုကေရစီ ပိုမိုတောင့်တင်းခိုင်မာစေရန်၊ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေးနှင့် တရား ဥပေဒစိုးမိုးရေးကို တိုးတက်စေရန်နှင့် လူ့အခွင့်အေရးနှင့် အ ခြေခံ လွတ်လပ်ခွင့် များကို ကာကွယ်မြှင့်တင်ရန်၊
1,318,831
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၈။ ဘက်စုံ လုံခြုံရေးအေခြခံမူနှင့်အညီ ခြိမ်းခြောက်မှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်း များနှင့် နယ်နိမိတ် ဖြတ်ကျော်စိန်ခေါ်မှုများကို ထိရောက်စွာ တုံ့ပြန်ရန်၊
1,318,832
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၉။ ဒေသအတွင်း သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်း၊ သဘာဝ အရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အာဆီယံ ပြည်သူများ၏ ဘဝအရည်အေသွး မြင့်မားမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို အာမခံချက်ရရှိစေမည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊
1,318,833
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၁၀။ အာဆီယံပြည်သူများ၏ စွမ်းရည်မြင့်မားစေရးနှင့် အာဆီယံအသိုက်အဝန်း ပိုမိုတောင့်တင်းခိုင်မာစေရးအတွက် ပညာရေးနှင့် ဘဝတစ်သက်တာ သင်ကြားရေး တွင်လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာရပ် တွင်လည်းကောင်း နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအား အရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်စေရန်၊
1,318,834
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၁၁။ လူ့ဖွံ့ဖြိုးမှု၊ လူမှုဖူလုံမှုနှင့် တရားမျှတမှုအတွက် တန်းတူ အခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့် အာဆီယံပြည်သူများ၏ လူနေမှုဘဝနှင့် ကောင်းကျိုး ချမ်းသာ တိုးတက်လာစေရန်၊
1,318,835
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၁၂။ အာဆီယံပြည်သူများအတွက် လုံခြုံ၍ ဘေးကင်းပြီး မူးယစ်ဆေးဝါးကင်းစင် သည့် ပတ်ဝန်းကျင် ထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတောင့်တင်းခိုင်မာ လာစေရန်၊
1,318,836
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၁၃။ အာဆီယံ ပေါင်းစည်းရေးနှင့် အသိုက်အဝန်း ထူထောင်ရေးလုပ်ငန်းစဉ်တွင် လူ့အဖွဲ့ အစည်း၏ ကဏ္ဍအားလုံးအေနဖြင့် ပါဝင်ဆောင်ရွက်၍ အကျိုးခံစားမှု ရရှိကြစေရန် အားပေးခြင်းဖြင့် ပြည်သူများကို အလေးထားသည့် အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်၊
1,318,837
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၁၄။ အာဆီယံ ဒေသအတွင်း ကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် အေမွအနှစ်များကို ပိုမိုထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် အာဆီယံ၏ အသွင်လက္ခဏာကို မြှင့်တင်ရန်၊
1,318,838
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၁၅။ ပွင့်လင်းပြီး မြင်သာထင်သာရှိ၍ အများပါဝင်နိုင်သည့် ဒေသဆိုင်ရာ ဖွဲ့စည်း တည်ဆောက်မှုအတွင်း အာဆီယံအနေဖြင့် ပြင်ပမိတ်ဘက်များနှင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် အာဆီယံ၏ ပင်မတွန်းအားဖြစ်သည့် တက်ကြွသော အခန်းကဏ္ဍနှင့် ဗဟိုအချက်အချာကျမှု တို့ကို ထိန်းသိမ်းရန်။
1,318,839
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၁။ အပိုဒ် (၁) တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် ယင်း၏ အဖွဲ့ဝင်နိုင်ငံများသည် အာဆီယံ၏ ကြေညာစာတမ်းများ၊ သဘောတူစာချုပ်များ၊ ကွန်ဗင်းရှင်းများ၊ သဘောတူညီချက်များ၊ စာချုပ်များနှင့် အခြား စာချုပ်စာတမ်းများပါ အခြေခံမူများကို ထပ်လောင်း အတည်ပြု၍ လိုက်နာမည်။
1,318,840
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၂။ အာဆီယံနှင့် ယင်း၏ အဖွဲ့ဝင်နိုင်ငံများသည် အောက်ဖော်ပြပါ အခြေခံမူများ နှင့်အညီ ဆောင်ရွက်ရမည် -
1,318,841
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(က) အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေး လက္ခဏာများကို လေးစားလိုက်နာခြင်း၊
1,318,842
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ခ) ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးကို တိုးတက်စေရန် အတူတကွ သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်ခြင်းနှင့် စုပေါင်း တာဝန်ယူမှုရှိခြင်း၊
1,318,843
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဂ) ကျူးကျော်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အင်အားသုံးရန် ခြိမ်း ခြောက်ခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာဥပေဒနှင့် ကိုက်ညီမှု မရှိသည့် အခြားလုပ်ဆောင်မှု မှန်သမျှကို စွန့်လွှတ်ခြင်း၊
1,318,844
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဃ) အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ အဖြေရှာသည့် နည်းလမ်းအေပါ် အားထားခြင်း၊
1,318,845
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(င) အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မရှိခြင်း၊
1,318,846
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(စ) ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေး တည်ရှိမှုဆိုင်ရာ အဖွဲ့ဝင် နိုင်ငံတိုင်း၏ အခွင့်အေရးကို လေးစားခြင်း၊
1,318,847
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဆ) အာဆီယံ၏ ဘုံအကျိုးစီးပွားကို ပြင်းထန်စွာ ထိခိုက်စေသည့် ကိစ္စရပ်များ အပေါ် တိုင်ပင်ဆွေးနွေးမှုများကို ပိုမိုပြုလုပ်ခြင်း၊
1,318,848
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဇ) တရားဥပေဒ စိုးမိုးရေး၊ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေး၊ ဒီမိုကရေစီ အေခြခံမူများနှင့် ဖွဲ့စည်းပုံအခြေခံဥပေဒအရ ဖွဲ့စည်းသည့် အစိုးရရှိမှု ဟူသည့် အခြေခံ သဘောတရားများကို လိုက်နာခြင်း၊
1,318,849
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဈ) အခြေခံ လွတ်လပ်ခွင့်များ၊ လူ့အခွင့်အရေးများကို မြှင့်တင်ကာကွယ်ခြင်းနှင့် လူမှုရေး တရားမျှတမှု မြှင့်တင်ခြင်းတို့ကို လေးစားခြင်း၊
1,318,850
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ည) ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သဘောတူ လက်ခံထားသည့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု ဥပဒေ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေကို စောင့်ထိန်းလိုက်နာခြင်း၊
1,318,851
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဋ) အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကသော်လည်းကောင်း၊ အာဆီယံ အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံတစ်နိုင်ငံကသော်လည်းကောင်း၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်း တစ်ခုခုကသော်လည်းကောင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုတို့ကို ခြိမ်းခြောက်သည့် မိမိ၏နယ်မြေကို အသုံးချခြ...
1,318,852
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဌ) ကွဲပြားမှုများ ရှိသော်လည်း စည်းလုံးညီညွတ်ခြင်း စိတ်ဓာတ်ဖြင့် ဘုံတန်ဖိုး ထားမှုအပေါ် အေလးထား၍ အာဆီယံ ပြည်သူများ၏ ကွဲပြားခြားနားသည့် ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာတရားတို့ကို လေးစားခြင်း၊
1,318,853
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဍ) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြင်ပဆက်ဆံရေးတွင် တက်ကြွစွာ ပါဝင်ထိတွေ့ခြင်း၊ ဓမ္မဓိဠာန်ကျသော အမြော်အမြင်ကျယ်ခြင်း၊ အများ ပါဝင်နိုင်ခြင်းနှင့် ခွဲခြားမှုမရှိခြင်းတို့ကို ဆက်လက်ထိန်းသိမ်းပြီး အာဆီယံကို ဗဟိုအချက်အချာကျစေခြင်း၊
1,318,854
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဎ) ဈေးကွက်ကို အခြေခံသည့် စီးပွားရေးတွင် စီးပွားရေးကတိကဝတ်များကို ထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အဟန့်အတားများကို အဆင့်ဆင့် လျော့ချရေးတို့ အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အာဆီယံက ချမှတ်ထားသည့် ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်း။
1,318,855
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
အာဆီယံကို အစိုးရအချင်းချင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် ဥပဒေကြောင်းအရ ဥပဓိဂုဏ်ရှိမှုကို ဤပဋိညာဉ်စာတမ်းဖြင့် အပ်နှင်းလိုက်သည်။
1,318,856
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ စင်ကာပူသမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့ ဖြစ်ကြပါသည်။
1,318,857
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၁။ အဖွဲ့ဝင်နိုင်ငံများသည် ဤပဋိညာဉ်စာတမ်းအရ တူညီသည့် အခွင့်အရေးနှင့် တာဝန်များ ရှိရပါမည်။
1,318,858
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၂။ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဤပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် အဖွဲ့ဝင်၏ တာဝန်ဝတ္တရားများအားလုံးကို လိုက်နာဆောင် ရွက်ရန် သင့်လျော်သည့် ပြည်တွင်းဥပေဒများ ပြဋ္ဌာန်းခြင်း အပါအဝင် လိုအပ်သည့် အစီအမံ အားလုံးကို ဆောင်ရွက်ရမည်။
1,318,859
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၃။ ပဋိညာဉ်စာတမ်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်းပြုလျှင် သို့မဟုတ် လိုက်နာခြင်း မရှိလျှင် ယင်းကိစ္စကို အပိုဒ် (၂၀) သို့ ရည်ညွှန်းရမည်။
1,318,860
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၁။ အာဆီယံ အဖွဲ့ဝင်အဖြစ် လျှောက်ထားခြင်းနှင့် ဝင်ခွင့်ပြုခြင်းအတွက် လုပ်ထုံး လုပ်နည်းများကို အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက သတ်မှတ်ပေးရမည်။
1,318,861
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၂။ အဖွဲ့ဝင်သစ် ဝင်ခွင့်ပြုခြင်းကို အောက်တွင် ဖော်ပြထားသည့် စံသတ်မှတ်ချက်များ အပေါ်အခြေခံရမည် -
1,318,862
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(က) အရှေ့တောင်အာရှဟု အသိအမှတ်ပြုထားသည့် ပထဝီဒေသအတွင်း တည်ရှိသည့် နေရာဖြစ်ခြင်း၊
1,318,863
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ခ) အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးက အသိအမှတ်ပြုခြင်း၊
1,318,864
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဂ) ဤပဋိညာဉ်စာတမ်းကို လိုက်နာရန် သဘောတူညီခြင်း၊
1,318,865
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဃ) အဖွဲ့ဝင်၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်စွမ်းနှင့် ထိုသို့ ဆောင်ရွက်လိုသည့် ဆန္ဒရှိခြင်း။
1,318,866
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၃။ အာဆီယံ အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုခြင်းကို အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၏ ထောက်ခံချက်ဖြင့် အာဆီယံ ထိပ်သီးအစည်းအဝေးက တူညီဆန္ဒဖြင့် ဆုံးဖြတ်ရမည်။
1,318,867
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၄။ လျှောက်ထားသည့် နိုင်ငံက ဤပဋိညာဉ်စာတမ်းအား နောက်မှ ပါဝင်ချုပ်ဆို ကြောင်း စာချွန်လွှာကို လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့်ပြုရမည်။
1,318,868
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၁။ အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများ ပါဝင်ရမည်။
1,318,869
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၂။ အာဆီယံ ထိပ်သီးအစည်းအဝေးသည် -
1,318,870
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(က) အာဆီယံ၏ မူဝါဒ ချမှတ်ပေးသည့် အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်ရမည်။
1,318,871
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ခ) အာဆီယံ၏ ရည်မှန်းချက်များ လက်တွေ့ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသော အဓိကကျသည့် ကိစ္စရပ်များ အပေါ်တွင် လည်းကောင်း၊ အသင်းဝင်နိုင်ငံများ၏ အကျိုးစီးပွားအတွက် အရေးကြီးသော ကိစ္စရပ်များ အပေါ်တွင် လည်းကောင်း၊ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၊ အာဆီယံ အသိုက်အဝန်းကောင်စီများနှင့် အာဆီယံ ဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖ...
1,318,872
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဂ) သက်ဆိုင်ရာ ကောင်စီအသီးသီးမှ သက်ဆိုင်ရာ ဝန်ကြီးများအား ယာယီ ဝန်ကြီးအဆင့်အစည်းအဝေးများ ကျင်းပရန် လမ်းညွှန်ခြင်းနှင့် အသိုက် အဝန်းကောင်စီ တစ်ခုထက်မက ကျော်လွန် သက်ရောက်မှုရှိသည့် အာဆီယံနှင့် ပတ်သက်သော အရေးကြီးသော ကိစ္စရပ်များကို အရေးယူ ဆောင်ရွက်ရန် ညွှန်ကြားရမည်။
1,318,873
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
အဆိုပါ အစည်းအဝေးများကျင်းပရန် လုပ်ထုံးလုပ်နည်းများကို အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက ချမှတ် ပေးရမည်။
1,318,874
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဃ) အာဆီယံနိုင်ငံများအေပါ် ထိခိုက်မှုရှိမည့် အရေးပေါ်အခြေအနေများကို ကိုင်တွယ် ဆောင်ရွက်ရန် သင့်လျော်သည့် အေရးယူ ဆောင်ရွက်မှုများ ပြုလုပ်ရမည်။
1,318,875
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(င) ဤပဋိညာဉ် စာတမ်း၏ အခန်း (၇) နှင့် အခန်း (၈) တွင် ရည်ညွှန်း ထားသော ကိစ္စရပ်များအေပါ် အဆုံးအဖြတ် ပေးရမည်။
1,318,876
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(စ) အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြားသော အာဆီယံအဖွဲ့အစည်းများ ထူထောင်ခြင်းနှင့် ဖျက်သိမ်းခြင်းအေပါ် ခွင့်ပြုချက် ပေးရမည်။
1,318,877
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဆ) ဝန်ကြီးအဆင့်အတန်းရှိသည့် အာဆီယံ အတွင်းရေးမှူးချုပ်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ထောက်ခံချက်အရ နိုင်ငံတော် အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများ၏ ယုံကြည်အားရ နှစ်ခြိုက်မှုဖြင့် လုပ်ငန်းဆောင်ရွက်ရန် ခန့်အပ်ရမည်။
1,318,878
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၃။ အာဆီယံ ထိပ်သီးအစည်းအဝေးများကို -
1,318,879
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(က) တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြီး အာဆီယံဥက္ကဋ္ဌ ရာထူးကို ရယူထားသည့် နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပရမည်။
1,318,880
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ခ) လိုအပ်သည့် အခါတိုင်း အထူး သို့မဟုတ် ယာယီအစည်းအဝေးများကို အာဆီယံဥက္ကဋ္ဌ ရာထူးကို ရယူထားသည့် နိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သဘောတူသည့် သတ်မှတ် နေရာတွင် ကျင်းပရမည်။
1,318,881
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၁။ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး အစည်းအဝေး နှစ်ကြိမ် ကျင်းပရမည်။
1,318,882
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၂။ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီသည် -
1,318,883
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(က) အာဆီယံ ထိပ်သီးအစည်းအဝေးများ ကျင်းပရေးအတွက် ပြင်ဆင်ရမည်။
1,318,884
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ခ) အာဆီယံ ထိပ်သီးအစည်းအဝေး၏ သဘောတူညီချက်များနှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရမည်။
1,318,885
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဂ) မူဝါဒေရးရာ ဆီလျော်ညီညွတ်မှု၊ ထိရောက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ရန် အာဆီယံ အသိုက်အဝန်းကောင်စီများနှင့် ညှိနှိုင်းဆောင်ရွက် ရမည်။
1,318,886
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဃ) အာဆီယံ အသိုက်အဝန်းကောင်စီများ၏ အစီရင်ခံစာများကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြရေးအတွက် ညှိနှိုင်းဆောင်ရွက်ရမည်။
1,318,887
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(င) အတွင်းရေးမှူးချုပ်၏ အာဆီယံလုပ်ငန်း နှစ်ပတ်လည် အစီရင်ခံစာကို လေ့လာ သုံးသပ်ရမည်။
1,318,888
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(စ) အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းဆောင်ရွက်မှုများဆိုင်ရာ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာကို လေ့လာသုံးသပ်ရမည်။
1,318,889
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဆ) အာဆီယံ အတွင်းရေးမှူးချုပ်၏ ထောက်ခံချက်ဖြင့် အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ်များ ခန့်အပ်ခြင်း၊ တာဝန်မှ ရပ်စဲခြင်းများကို အတည်ပြု ပေးရမည်။
1,318,890
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဇ) ဤပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် အခြားလုပ်ငန်း တာဝန်များ သို့မဟုတ် အာဆီယံ ထိပ်သီးအစည်းအဝေးမှ ပေးအပ်သည့် အခြားလုပ်ငန်း တာဝန်များကို ဆောင်ရွက်ရမည်။
1,318,891
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၃။ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီကို သက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများက အထောက်အကူ ပြုပေးရမည်။
1,318,892
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၁။ အာဆီယံ အသိုက်အဝန်းကောင်စီများတွင် အာဆီယံ နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်းကောင်စီ၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းကောင်စီနှင့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီတို့ ပါဝင်ရမည်။
1,318,893
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၂။ အာဆီယံ အသိုက်အဝန်းကောင်စီ တစ်ခုစီ၏ ပတ်သက်ရာနယ်ပယ် အောက်တွင် သက်ဆိုင်ရာ အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများ ပါဝင်ရမည်။
1,318,894
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၃။ အာဆီယံ အသိုက်အဝန်းကောင်စီ အစည်းအဝေး တစ်ခုစီအတွက် မိမိတို့ နိုင်ငံကို ကိုယ်စားပြု တက်ရောက်မည့်သူများကို အာဆီယံ အဖွဲ့ဝင်နိုင်ငံ အသီးသီးက သတ်မှတ်ပေးရမည်။
1,318,895
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၄။ အာဆီယံ အသိုက်အဝန်း မဏ္ဍိုင် (၃) ရပ်မှ မဏ္ဍိုင်တစ်ရပ်စီ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရေးအတွက် အာဆီယံ အသိုက်အဝန်းကောင်စီ တစ်ခုစီသည် -
1,318,896
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(က) အာဆီယံ ထိပ်သီးအစည်းအ ဝေး၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို အေကာင်အထည်ဖော် ဆောင်ရွက်ရမည်။
1,318,897
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ခ) မိမိပတ်သက်ရာ နယ်ပယ်အောက်ရှိ ကဏ္ဍအသီးသီး၏ လုပ်ငန်းများကို လည်းကောင်း၊ အခြား အသိုက်အဝန်းကောင်စီများနှင့် ဆက်နွယ်နေသည့် ကိစ္စများအပေါ်တွင်လည်းကောင်း ညှိနှိုင်းပေးရမည်။
1,318,898
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
(ဂ) မိမိပတ်သက်ရာ နယ်ပယ်အောက်ရှိ ကိစ္စရပ်များအတွက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ အစီရင်ခံစာများနှင့် ထောက်ခံချက်များ တင်သွင်းရမည်။
1,318,899
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၅။ အာဆီယံ အသိုက်အဝန်းကောင်စီ တစ်ခုစီသည် တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ် အစည်းအဝေးကျင်းပပြီး အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အဖွဲ့ဝင်နိုင်ငံ၏ သင့်တော်သည့် ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်။
1,318,900
မြန်မာဘာသာ, အာဆီယံ
အာဆီယံ ပဋိညာဉ်စာတမ်း
၆။ အာဆီယံ အသိုက်အဝန်းကောင်စီ တစ်ခုစီကို သက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများက အထောက်အကူပြုရမည်။