id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,319,201 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ကျူငုတ်ပါ မကျန်ရှင်းနိုင်တဲ့၊ |
1,319,202 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ခပင်းမောင်ရွှေကန်နှင့်၊ |
1,319,203 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ဂလိတ်မှန် ကိုရွှေအင်းငယ့်ပြင်၊ |
1,319,204 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မြင်ပြင်းဘွယ် တကယ်ညစ်ပါတဲ့၊ |
1,319,205 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ဖက်ဆစ် ရွှေဂျပန်တို့၊ |
1,319,206 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မကျန်နှီ ရန်စီပြုန်းရန်ဘို့၊ |
1,319,207 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | စံမမှီ နန္ဒီထုံးငယ်ပြင်၊ |
1,319,208 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | နှလုံးရည် မဟော်သွင်သို့၊ |
1,319,209 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မြော်အမြင် ကွက်ကျော်ရှုနိုင်တဲ့၊ |
1,319,210 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မမှုရန်ဟူက၊ |
1,319,211 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | နလံထူ ပြန်မူ၍ မကျူးရအောင်၊ |
1,319,212 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မီးရှူးမာတာမြင်လို့၊ |
1,319,213 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ငယ်မြည်တွင် မောင်ထိန်လင်းငယ်က၊ |
1,319,214 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မယွင်းတန်ဆောင်လျှမ်းစေဖို့၊ |
1,319,215 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | အောင်ဆန်း အမည်ပြောင်ခဲ့၊ |
1,319,216 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ဗိုလ်မင်းရောင် သူ့ အဖိုးလိုပ၊ |
1,319,217 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | အမျိုးဂုဏ် ကမ္ဘာထွန်းစေမည့် မော်ကွန်းစာ။ |
1,319,218 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | (၃) တစ်သုံးသုဉ်ခုနှစ် (၁၃၀၇) စွန်း၊ |
1,319,219 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ပေါ် ထွန်းကောဇာ၌၊ |
1,319,220 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ပြောစရာ မောင်ငပုငယ်တို့၊ |
1,319,221 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | လူမှုဆန့်ကျင်လို့၊ |
1,319,222 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မျိုးပုံရင် မြန်မာနှင့်၊ |
1,319,223 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ဘာသာ သာသနာက၊ |
1,319,224 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | အဖြာဖြာ နိုင်ထက်စီးပါလို့၊ |
1,319,225 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | အပြီးတိုင် လုယက်ကျန်း၊ |
1,319,226 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ညှင်းပန်းကလူ ပြုတာကြောင့်၊ |
1,319,227 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မရှုရက်နိုင် သည်အရေးငယ်နှင့်၊ |
1,319,228 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ဝန်လေး လွန်အခါက၊ |
1,319,229 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | နှစ်တရာ ကျွန်ဘဝကိုဖြင့်၊ |
1,319,230 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | သည်တခါ ရည်တာရစေဟု၊ |
1,319,231 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | အဓိတ်ဌာန် စိတ်ကြံဆသည့်ပြင္၊ |
1,319,232 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ကာယကိုယ်တိုင်ပ၊ |
1,319,233 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | လက်နက်ကိုင် ရဲဘော်များငယ်နှင့်၊ |
1,319,234 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ဝင့်ကြွားဗလောင်ဆန်တဲ့၊ |
1,319,235 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မောင်ဂျပန် ဖက်ဆစ်ပေါင်းကိုလ၊ |
1,319,236 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ထောင်းထောင်းဆော်နှံတဲ့၊ |
1,319,237 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မဟော်ဉာဏ် ဗိုလ်အောင်ဆန်းကိုဖြင့်၊ |
1,319,238 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | တခန်းကြည်ညိုလို့၊ |
1,319,239 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | သူ့နည်းကို တကယ်လိုက်ပါမှ၊ |
1,319,240 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | သိုက်မြိုက်မည့် တို့ဗမာ၊ |
1,319,241 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ရှည်ကြာလို့ဂုဏ်မွှေး။ |
1,319,242 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | (၄) တကယ်ပင်၊ |
1,319,243 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မျိုးဂုဏ်ကိုဆယ်တင်လို့၊ |
1,319,244 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | တို့ပြည်ခွင် လွတ်လပ်ရေးကိုလ၊ |
1,319,245 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မနှေးရည်ရာသို့၊ |
1,319,246 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ကြည်သာစွာ အမြန်ရစေဘို့၊ |
1,319,247 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ပြည်ပ ပြည်နယ်နှင့်၊ |
1,319,248 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ပင်လုံဝယ် လက်ကိုလှမ်းသည့်ပြင်၊ |
1,319,249 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | တခန်းသခင် ဖြစ်စေဟု၊ |
1,319,250 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ရည်လစ်ခါ ကိုယ်တိုင်ကြိုးတာကြောင့်၊ |
1,319,251 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | အမျိုး ဂုဏ်ရောင်လျှပ်ပါလို့၊ |
1,319,252 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | လွတ်လပ်မြန်ပြည်ဟု၊ |
1,319,253 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | အရှည်ပင် ကမ္ဘာပေါ်၌၊ |
1,319,254 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | နှံ့ကျော်အောင် တလှိုင်လှိုင်ပ၊ |
1,319,255 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | တကြိုင်ကြိုင် ရနံ့မွှေးခဲ့ရ၊ |
1,319,256 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | အရေးရှင် ဗိုလ်အောင်ဆန်းမှာဖြင့်၊ |
1,319,257 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | လူသွမ်းမသမာကောင်တို့၊ |
1,319,258 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | တဏှာမှောင် မိုက်မလင်းတာကြောင့်၊ |
1,319,259 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မြင်ပြင်းဣဿာဖြင့်၊ |
1,319,260 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | အဘိဇာ စိတ်မှာစောကာပ၊ |
1,319,261 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မနိပ်စွာ မိစ္ဆာသဘောငယ်ကြောင့်၊ |
1,319,262 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | အတောဘယ်မသတ်နိုင်လို့၊ |
1,319,263 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ဇီဝိန်ကို ရည်ချိန်လို့ဖြတ်လေပေါ့၊ |
1,319,264 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | လူ့ရပ်တွင် ဘယ်မပြုနိုင်တဲ့၊ |
1,319,265 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ဂရုကံ ဧရာမ ဟာမို့၊ |
1,319,266 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ရှုကာကြံ အခြေမသမာလှတာမို့၊ |
1,319,267 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ရိုင်းကောင်တွေကို နှိုင်းဆောင်လို့ မပြနိုင်ဘူး၊ |
1,319,268 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | (သခင်မှိုင်းရေ) တွေးဆလို့ဆွေး။ |
1,319,269 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ဪ ....... အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော၊ |
1,319,270 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | အခေါင်မမြန်းခင်က၊ အောင်စာတမ်း ချို့စေဘို့ အောင်ပန်းညှို့ရရှာတဲ့၊ |
1,319,271 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | တောင်တမန်းတို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်၊ |
1,319,272 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်၊ |
1,319,273 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊ |
1,319,274 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်။ |
1,319,275 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ဪ ........... တပည့်အရင်းတွေမို့ ကဝိမတင်းနိုင်ဘုကွဲ့၊ |
1,319,276 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | သတိကင်းကာ မျက်ရည်ကျကျပြီး၊ |
1,319,277 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ခက်ကပြီ လက်ဆည်မရနိုင်ဘု၊ |
1,319,278 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | သောက ဘလောင်ဆူတော့၊ |
1,319,279 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊ |
1,319,280 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ယခေါင်မူ ယမန်သနစ်တွေပေါ့၊ |
1,319,281 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်း ဒီဇမ္ဗူရမ်းနေကြ၊ |
1,319,282 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ကျန်ရစ်တဲ့ မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်၊ |
1,319,283 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | လူကြမ်းဓမြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊ |
1,319,284 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့၊ |
1,319,285 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊ |
1,319,286 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊ |
1,319,287 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊ |
1,319,288 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | သားရင်း ရှင်တရုပ်ကယ်က၊ |
1,319,289 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ရှင်ဘုရင်လုပ်မယ်လို့ အကျယ်ဇယားတွင်ဖြင့်၊ |
1,319,290 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ဒဝယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊ |
1,319,291 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ဟိုအရင်ယမန် နန်းတော်စီးစဉ်က၊ |
1,319,292 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေဆုံးပုံနဲ့၊ |
1,319,293 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | တထုံးနောက်တနဲမှာတော့၊ |
1,319,294 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | မင်းရဲရန္တမိတ်ခမြာမှာ ညီသနင်းပေပေါ့၊ |
1,319,295 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ပြည်မင်း ဂုဏ်ခံလို့၊ |
1,319,296 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊ |
1,319,297 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | တလိုင်းနယ် ရွှေပြည်တခွင်မတော့၊ |
1,319,298 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက၊ |
1,319,299 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | လက်ရုံးရည် တသိန်လျှမ်းပေတဲ့၊ |
1,319,300 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည်ဗိမာန် လေးချိုးကြီး | သမိန်ဘရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.