id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,319,101 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | အဆိုပါ အခွင့်အရေးများတွင် ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာစွဲကိုင်ခွင့်အပြင်၊ သတင်းအချက်အလက်နှင့် အတွေးအခေါ်အယူအဆများကို နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ သို့မဟုတ် အခြားကြိုက်နှစ်သက်ရာ သတင်းမီဒီယာ တစ်ရပ်ရပ်မှတဆင့် ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန့်ချိခွင့်တို့လည်း ပါဝင်သ... |
1,319,102 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၂၄။ လူတိုင်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်ကို လွတ်လပ်စွာ ကျင့်သုံးခွင့်ရှိသည်။ |
1,319,103 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၂၅။ (၁) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရအဖွဲ့အစည်း၌ တိုက်ရိုက်ဖြစ်စေ သို့မဟုတ် ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ မိမိနိုင်ငံ၏ ဥပဒေနှင့်အညီ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။ |
1,319,104 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (၂) နိုင်ငံသားတိုင်းသည် အချိန်ကာလအပိုင်းအခြားအလိုက် ကျင်းပသော စစ်မှန်သည့် ရွေးကောက်ပွဲများတွင် ပြည်တွင်းဥပဒေနှင့်အညီ ဆန္ဒမဲပေးနိုင်ခွင့်ရှိသည်။ |
1,319,105 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ယင်းရွေးကောက်ပွဲများတွင် ရွေးကောက်တင်မြှောက်သူတို့၏ ဆန္ဒသဘောထားကို လွတ်လပ်စွာဖော်ထုတ်ခွင့်ကို အာမခံချက်ပေးသည့် လူတိုင်းပါဝင်၍ တန်းတူညီမျှ ဆန္ဒမဲပေးခွင့်နှင့် လျှို့ဝှက်မဲပေးခွင့်ရှိရမည်။ |
1,319,106 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၂၆။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတို့သည် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးအားလုံးကို အတည်ပြုသည်။ |
1,319,107 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | အထူးအားဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတို့သည် အောက်ပါအချက်များကို အတည်ပြုသည်- |
1,319,108 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၂၇။ (က) လူတိုင်းတွင် အလုပ်လုပ်ပိုင်ခွင့်၊ နှစ်သက်ရာ အလုပ်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ တရားမျှတ၍ ကောင်းမွန် အဆင်ပြေမှုရှိသော လုပ်ငန်းခွင်အခြေအနေများကို ရပိုင်ခွင့်ရှိပြီး အလုပ်လက်မဲ့များအတွက် အထောက်အကူပြုသည့် အစီအစဉ်များကို ရယူခံစားပိုင်ခွင့်ရှိသည်။ |
1,319,109 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (၂) လူတိုင်းသည် မိမိ၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ရှိပြီး မိမိရွေးချယ်သော သမဂ္ဂတွင် နိုင်ငံဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပါဝင်ခွင့်ရှိသည်။ |
1,319,110 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (၃) မည်သည့် ကလေးသူငယ် သို့မဟုတ် လူငယ်ကိုမျှ စီးပွားရေးနှင့် လူမှုရေးအရ ခေါင်းပုံဖြတ်မှု မခံရစေရ။ |
1,319,111 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ထိုကလေးသူငယ်များနှင့် လူငယ်များအား ၎င်းတို့၏ စာရိတ္တနှင့် ကျန်းမာရေးကို ထိခိုက်စေသော၊ အသက်အန္တရာယ် ဖြစ်စေသော သို့မဟုတ် ၎င်းတို့၏ ပညာရေးအပါအဝင် ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်သည့် လုပ်ငန်းများတွင် ခိုင်းစေသူကို ဥပဒေအရ ပြစ်ဒဏ်ပေးသင့်သည်။ |
1,319,112 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အသက်ကန့်သတ်ချက်ထားရှိပြီး ယင်းအသက်အောက် ကလေးသူငယ်များအား အခကြေးငွေပေးခိုင်းစေခြင်းအား ဥပဒေအရ တားမြစ်ပြီး ပြစ်ဒဏ်ပေးသင့်သည်။ |
1,319,113 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၂၈။ လူတိုင်းသည် မိမိနှင့် မိမိ၏ မိသားစုအတွက် လုံလောက်သည့် လူနေမှုအဆင့်အတန်းရှိပြီး - |
1,319,114 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (က) တတ်နိုင်သောနှုန်းထားဖြင့် အစားအစာကို လုံလောက်စွာရရှိခွင့်၊ ငတ်မွတ်ခေါင်းပါးခြင်းမှ ကင်းဝေးလျှက် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရဖြစ်စေသည့် အစားအစာများ ရရှိပိုင်ခွင့်၊ |
1,319,115 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (ခ) အဝတ်အထည် ရရှိဝတ်ဆင်ခွင့်၊ |
1,319,116 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (ဂ) သင့်တင့်လျောက်ပတ်ပြီး တတ်နိုင်သော နှုန်းထားဖြင့် အိမ်ယာများပိုင်ဆိုင်ခွင့်၊ |
1,319,117 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (ဃ) ကျန်းမာရေးစောင့်ရှောက်ခွင့်နှင့်လိုအပ်သည့် လူမှုရေးဆိုင်ရာ အကူအညီရပိုင်ခွင့်၊ |
1,319,118 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (င) ဘေးအန္တရာယ်ကင်းရှင်းသော သောက်သုံးရေနှင့် သန့်ရှင်းရေးစနစ်ရပိုင်ခွင့်၊ |
1,319,119 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (စ) သပ်ရပ်သန့်ရှင်းပြီး လုံခြုံစိတ်ချရသော ရေရှည်တည်တံ့သည့် ပတ်ဝန်းကျင်ကို ရရှိပိုင်ခွင့်၊ |
1,319,120 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၂၉။ (၁) လူတိုင်းသည် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် မျိုးဆက်ပွားကျန်းမာရေးတို့တွင် အဖြစ်နိုင်ဆုံးနှင့် အမြင့်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိခံစားနိုင်ခွင့်ရှိရမည့်အပြင် အခြေခံနှင့် တတ်နိုင်သောနှုန်းထားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများနှင့် လက်လှမ်းမီသည့် ဆေးကုသခြင်းဆိုင်ရာ အထောက်အကူများကို ရရှိခံ... |
1,319,121 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (၂) အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် ခုခံအားကျဆင်းသည့်ရောဂါ (အိတ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ်)များ အပါအဝင် ကူးစက်နိုင်သောရောဂါ ခံစားနေရသူများအား ကာကွယ်ပေးခြင်း၊ ကုသပေးခြင်း၊ စောင့်ရှောက်ပေးခြင်းနှင့် အထောက်အကူပြုခြင်းတို့ကို ဆောင်ရွက်ရာ၌ ဆိုးရွားသည့် အစွဲအလမ်း၊ ဆိတ်ဆိတ်နေခြင်း၊ ငြင်းပယ်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့ကို ကျ... |
1,319,122 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၃၀။ (၁) လူတိုင်းသည် ကျား၊ မ မရွေး မိမိတို့ ဘဝကို သိက္ခာရှိပြီး ကောင်းမွန်သော ရပ်တည်မှုအတွက် အထောက်အကူဖြစ်စေသော ရရှိနိုင်မည့် လူမှုရေးအာမခံ အပါအဝင် လူမှုဖူလုံရေး ခံစားခွင့်ရှိရမည်။ |
1,319,123 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (၂) မိခင်များအား မီးမဖွားမီနှင့် မီးဖွားပြီးနောက် ပြည်တွင်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်နှင့်အညီ သင့်လျော်သည့်ကာလအတွက် အထူးကာကွယ်စောင့်ရှောက်မှု ပေးသင့်သည်။ |
1,319,124 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ယင်းကာလအတွင်း အလုပ်လုပ်သော မိခင်များအား လစာဖြင့်ခွင့် သို့မဟုတ် လုံလောက်သော လူမှုဖူလုံရေးခံစားခွင့်များဖြင့် ခွင့်ပေးသင့်သည်။ |
1,319,125 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (၃) မိခင်ဘဝနှင့် ကလေးသူငယ်ဘဝတို့တွင် အထူးစောင့်ရှောက်မှုနှင့် ကူညီမှုကိုရပိုင်ခွင့် ရှိသည်။ |
1,319,126 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ကလေးတိုင်းသည် တရားဝင်လက်ထပ်၍မွေးဖွားသည်ဖြစ်စေ၊ တရားဝင်လက်မထပ်ဘဲ မွေးဖွားသည်ဖြစ်စေ တူညီသော လူမှုကာကွယ်စောင့်ရှောက်မှုကို ခံစားခွင့်ရှိသည်။ |
1,319,127 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၃၁။ (၁) လူတိုင်းတွင် ပညာသင်ယူခွင့်ရှိသည်။ |
1,319,128 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (၂) မူလတန်းပညာရေးသည် လူတိုင်းအတွက် မသင်မနေရနှင့် အခမဲ့ဖြစ်စေရမည်။ |
1,319,129 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ပုံစံအမျိုးမျိုးဖြင့်ရှိသည့် ဒုတိယအဆင့်ပညာရေးကိုလည်း လူတိုင်းအတွက် သင့်လျော်သည့် နည်းလမ်းများဖြင့်တက်ရောက်သင်ယူနိုင်ရမည်။ |
1,319,130 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ယေဘုယျအားဖြင့် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးကို သင်ယူခွင့်ရှိစေရမည်။ |
1,319,131 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | အဆင့်မြင့်ပညာရေးသင်ယူခွင့်ကို အရည်အချင်းပေါ် အခြေခံ၍ အားလုံးအတွက် တန်းတူရည်တူ ရရှိစေရမည်။ |
1,319,132 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (၃) ပညာရေးကို လူသားတို့၏ ကိုယ်ရည်ကိုယ်သွေးအပြည့်အဝ ဖွံ့ ဖြိုးစေရန်နှင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို အလေးထားတတ်စေရန် ဦးတည်သင်ကြားစေရမည်။ |
1,319,133 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ပညာရေးသည် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ လေးစားလိုက်နာမှုကို ခိုင်မာတောင့်တင်းစေရမည်။ |
1,319,134 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ထို့အပြင် ပညာရေးသည် လူအားလုံးအတွက် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများအတွင်း ထိရောက်စွာပါဝင်စေမှု၊ နိုင်ငံများ၊ လူမျိုးစုနှင့် ဘာသာရေးအုပ်စုများအကြား နားလည်မှု၊ သည်းခံမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို မြှင့်တင်ပေးပြီး၊ အာဆီယံ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် လုပ်ဆောင်ချက်များကို ပိုမို မြှင့်တင်နိုင်ရမည်။ |
1,319,135 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၃၂။ လူတိုင်းသည် တစ်ဦးတစ်ယောက်ချင်းသော်လည်းကောင်း အခြားသူများနှင့် စုပေါင်း၍သော်လည်းကောင်း ယဉ်ကျေးမှုဘဝတွင် လွတ်လပ်စွာပါဝင်ခွင့်၊ သုခုမနှင့် သိပ္ပံပညာဆိုင်ရာ တိုးတက်မှုနှင့် အသုံးချမှုတို့၏ အကျိုးကျေးဇူးများကို ခံစားခွင့်နှင့် ဖန်တီးသူက မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ကြံစည်ဖန်တီး ထုတ်လုပ်သော သိပ္ပံပညာမှ ဖြစ်စေ၊ စာပေမှဖြစ်စေ၊ အ... |
1,319,136 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၃၃။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဤကြေညာစာတမ်းတွင် အသိအမှတ်ပြုထားသည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများကို အဆင့်ဆင့် တိုးတက်မှုများ ရရှိခြင်းဖြင့် အပြည့်အဝ ခံစားနိုင်ရန် ရည်သန်၍ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ ဒေသတွင်း နှင့် နိုင်ငံတကာ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အထူးသဖြင့် စီးပွားရေးနှ... |
1,319,137 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၃၄။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဤကြေညာစာတမ်းပါ စီးပွားရေးနှင့် လူမူရေးဆိုင်ရာ အခွင့်အရေးများကို နိုင်ငံသား မဟုတ်သူများအတွက် မည်သည့်အတိုင်းအတာအထိ အာမခံချက် ပေးမည်ကို သတ်မှတ်နိုင်သည်။ |
1,319,138 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ယင်းအတိုင်းအတာကို သတ်မှတ်ရာတွင် လူ့အခွင့်အရေးကိုလည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ ဖွဲ့စည်းမှုနှင့် အရင်းအမြစ်ကိုလည်းကောင်း ထည့်သွင်း စဉ်းစားရမည်။ |
1,319,139 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၃၅။ ဖွံ့ဖြိုးတိုးတက်ခွင့်သည် လူတိုင်းအတွက် မွေးရာပါ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး အာဆီယံ ပြည်သူတိုင်းသည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုများတွင် ပါဝင်ခွင့်၊ ပံ့ပိုးခွင့်၊ ခံစားခွင့်ကို မျှတစွာ၊ ရေရှည်တည်တံ့စွာဖြင့် အကျိုးခံစားခွင့်ရှိသည်။ |
1,319,140 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လိုအပ်ချက်များကို မျှတစွာ ပြည့်မီရန်အတွက် ဖွံ့ဖြိုးတိုးတက်ခွင့်ကို ဖြည့်ဆည်းပေးရမည်။ |
1,319,141 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ဖွံ့ဖြိုးတိုးတက်မှုသည် လူ့အခွင့်အရေးခံစားမှုအတွက် လိုအပ်၍ အထောက်အကူပြုစေကာမူ ဖွံ့ဖြိုးမှုမရှိမှုကို အကြောင်းပြု၍ နိုင်ငံတကာအသိအမှတ်ပြု လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်း မပြုရ။ |
1,319,142 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၃၆။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဤကြေညာစာတမ်းတွင် အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးများအားလုံးကို အာဆီယံပြည်သူများ သာတူညီမျှ ခံစားရန်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း၊ ပြည်သူများ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့မှု အပါအဝင် အခြေအနေများကို ဖန်တီးခြင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ဖွံ့ဖြိုးတိုးတက်မှု... |
1,319,143 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၃၇။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်ခွင့်ရရှိရန် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အမျိုးသားအဆင့် ထိရောက်သော ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများနှင့်တကွ သာတူညီမျှ စီးပွားရေး ဆက်ဆံရေးများ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကောင်းမွန်သော အပြည်ပြည်ဆိုင်ရာ စီးပွားရေးပတ်ဝန်းကျင်များ လိုအပ်ကြောင်း အသိအမှတ်ပ... |
1,319,144 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံအသိုက်အဝန်းထူထောင်မှုနှင့် ထူထောင်ပြီးကာလနှင့်သက်ဆိုင်သော နယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်ခွင့်၏ ရှုထောင့်ပေါင်းစုံကို အဓိကကဏ္ဍတွင် ထည့်သွင်းသင့်သည်။ |
1,319,145 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မျှတ၍ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု၊ သမမျှတသည့် ကုန်သွယ်မှုနည်းလမ်းများ၊ ထိရောက်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ရမည်။ |
1,319,146 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၃၈။ လူတိုင်းနှင့် အာဆီယံပြည်သူများသည် လုံခြုံရေးနှင့် တည်ငြိမ်ရေး၊ ကြားနေရေးနှင့်လွတ်လပ်ရေးဆိုင်ရာ အာဆီယံမူဘောင်အတွင်းမှ ငြိမ်းချမ်းမှုကို ခံစားခွင့်ရှိသည်။ |
1,319,147 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ဤခံစားခွင့်များကိုရရှိခြင်းဖြင့် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများကို အပြည့်အ၀ ခံစားနိုင်မည်ဖြစ်သည်။ |
1,319,148 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ယင်းသို့ ခံစားနိုင်စေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဒေသတွင်းငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှုနှင့် တည်ငြိမ်မှုကို တိုးတက်စေရန် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် မြှင့်တင် ဆောင်ရွက်သင့်သည်။ |
1,319,149 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၃၉။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ဘုံအကျိုးစီးပွားနှင့် သန္နိဌာန်ချထားမှုများရှိကြသည်။ |
1,319,150 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ယင်းတို့ကို အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံအချင်းချင်းဖြစ်စေ၊ သက်ဆိုင်ရာ နိုင်ငံနှင့်ဖြစ်စေ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လည်း ရရှိအောင်မြင်နိုင်သည်။ |
1,319,151 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၄၀။ ဤကြေညာစာတမ်းပါ မည်သည့်အချက်ကိုမျှ အာဆီယံ၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို ထိခိုက်စေရန်ဖြစ်စေ၊ ဤကြေညာစာတမ်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အဖွဲ့ဝင်အဖြစ်ပါဝင်ထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်စာတမ်းများတွင်ပါဝင်သည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် တစ်ရပ်ရပ်ကို ဖျက်ဆီးခြင်းကိုဖြစ်စေ ရည်ရွယ်ထားသည့် အပ... |
1,319,152 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | သက်ရောက်သည်ဟု အဓိပ္ပာယ်ကောက်ယူခွင့် မရှိစေရ။ |
1,319,153 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ဤအာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ(၁၈) ရက်နေ့၌ အတည်ပြုချမှတ်သည်။ |
1,319,154 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ၄။ အာဇညဇာတ် |
1,319,155 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ကြီးစွာသောဒဏ်ကို ခံရလျက် ဝီရိယကို မလျော့သောအကြောင်း |
1,319,156 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယဒါ ယဒါ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အာဇညဇာတ်ကို ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လျော့သော ဝီရိယရှိသောရဟန်းကိုလျှင် အကြောင်း ပြု၍ ဟောတော်မူ၏။ |
1,319,157 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ထိုရဟန်းကို သဗ္ဗညူမြတ်စွာဘုရားသည်ခေါ်တော်မူ၍ ရဟန်း ရှေး၌ ပညာရှိတို့သည် မိမိသည် တည်ရာကိုမရအပ်သောအမှု၌လည်း ရအပ်သော ဒဏ်ချက်ရှိကုန်လျက်လည်း ဝီရိယကို ပြုကုန်၏ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။ |
1,319,158 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ရှေးနည်းဖြင့်လျှင် ခုနှစ်ပြည်ထောင်သော မင်းတို့သည် ရံကုန်၏။ |
1,319,159 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ထိုအခါ တယောက်သော ရထားစီးသူရဲသည် ညီနောင်ဖြစ်ကုန်သော သိန္ဓောမြင်းနှစ်စီးတို့ကို ရထား၌ က၍ မြို့မှထွက်၍ ခြောက်ခုသောဗိုလ်စုကို ဖျက်ဆီး၍ ခြောက်ယောက်သော မင်းတို့ကို ဖမ်း၏။ |
1,319,160 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ထိုခဏ၌ အစ်ကိုမြင်းကြီးသည် ဒဏ်ချက်ကို ရ၏။ |
1,319,161 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ရထားထိန်းသည် ရထားကိုနှင်လျက် မင်းအိမ်တံခါးသို့လာ၍ မြင်းကြီးကို ရထားမှချွတ်၍ ဖွဲ့သော ချပ်တန်ဆာကိုလျှော့၍ နံပါးတဘက်ဖြင့် လျောင်းစေ၍ တပါးသော မြင်းကိုဖွဲ့ခြင်းငှါ အားထုတ်၏။ |
1,319,162 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ဘုရားလောင်းသည် ရထားထိန်းကိုမြင်၍ ရှေးနည်းဖြင့်လျှင်ကြံ၍ ရထားထိန်း ကိုခေါ်၍ လျောင်းလျက်သာလျှင်- |
1,319,163 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ၂၄။ ယဒါ ယဒါ ယတ္ထ ယဒါ၊ ယတ္ထ ယတ္ထ ယဒါ ယဒါ။ |
1,319,164 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | အာဇညော ကုရုတေ ဝေဂံ၊ တတ္ထ ဟာယန္တိ ဝါဠဝါ။ |
1,319,165 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ၂၄။ သာရထိ၊ ရထားထိန်း။ |
1,319,166 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ယဒါ ယဒါ၊ အကြင် အကြင်သို့ သဘောရှိသော နံနက်အစရှိသော ကာလ၌။ |
1,319,167 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ယတ္ထ၊ အကြင်သို့ သဘောရှိသောခရီး စစ်မြေဦးဖြစ်သော အရပ်၌။ |
1,319,168 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ယဒါ၊ အကြင်သို့သဘောရှိသော ခဏ၌။ |
1,319,169 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ယတ္ထ ယတ္ထ၊ အကြင် အကြင်သို့ သဘောရှိကုန်သော စစ်ထိုးရာအရပ်တို့၌။ |
1,319,170 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ယဒါ ယဒါ၊ အကြင် အကြင်သို့ သဘောရှိသော ဒဏ်ချက်ကို ရသောကာလ၊ မရသောကာလ၌။ |
1,319,171 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | အာဇညောဝ၊ ရထားထိန်း၏ စိတ်နှစ်သက်သောအကြောင်းကိုသိတတ်သော သဘောရှိပေသော သိန္ဓောမြင်းသာလျှင်။ |
1,319,172 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ဝေဂံ၊ လုံ့လကို။ |
1,319,173 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | တတ္ထ၊ ထိုလုံ့လပြုရာ၌။ |
1,319,174 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ဝါဠဝါ၊ မြည်းမှဖြစ်ကုန်သော မြင်းယုတ်တို့သည်။ |
1,319,175 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ဟာယန္တိ၊ ယုတ်တတ်ကုန်၏။ |
1,319,176 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ဣမသ္မိံရထေ၊ ဤရထား၌။ |
1,319,177 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ရထားထိန်းသည် ဘုရားလောင်းကို ထစေ၍ ရထား၌ ကပြီး၍ ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဗိုလ်ထုကိုဖျက်၍ ခုနစ်ယောက်မြောက်မင်းကိုယူ၍ ရထားကိုနှင်လျက် မင်းအိမ်တံခါးသို့သွား၍ သိန္ဓောမြင်းကိုချွတ်၏။ |
1,319,178 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ဘုရားလောင်းသည် နံပါးတဘက်ဖြင့် လျောင်းလျက် ရှေးနည်းဖြင့်သာလျှင် မင်းအား အဆုံးအမကို ပေး၍ စုတိချုပ်၏။ |
1,319,179 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | မင်းသည် ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်၍ ရထားစီးသူရဲအား ဆုလာဘ်ကိုပေး၍ တရားနှင့်ညီစွာ မင်းပြု၍ ကံအားလျော်စွာ လား၏။ |
1,319,180 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | မြတ်စွာဘုရားသည် ဤမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ |
1,319,181 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ထိုရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။ |
1,319,182 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာဇညဇာတ် | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ယခုအခါ အာနန္ဒာသည် ထိုအခါမင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိန္ဓောမြင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ |
1,319,183 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | (၁) သောင်းဇမ္ဗူလက်ျာခ၊ |
1,319,184 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ဌာနတမ္ဗဒီဟု၊ |
1,319,185 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မြန်ပြည်တွင် တဂုဏ်မျှို့တွေကြောင့်၊ |
1,319,186 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ဂရို့ သင်္ချာဝင်တဲ့၊ |
1,319,187 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မင်္ဂလာ ယင်းရွှေချောင်းငယ်က၊ |
1,319,188 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မြောက်စောင်းနှင့်ရှေ့ပြုပ်ပါ၊ |
1,319,189 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ဝန်းမြှောင်ကာ တဖုံထူးတာက၊ |
1,319,190 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ပဲခူးခေါ် ရိုးမကြီးမှာတော့၊ |
1,319,191 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ကာဆီးကာ ပြိုင်တုကျွန်းတာကြောင့်၊ |
1,319,192 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | လူစွမ်းဂုဏ်ရည်ချွန်တို့၊ |
1,319,193 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ဇာနည်မွန် ဖွားရာမြောက်ပါတဲ့၊ |
1,319,194 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မြို့နတ်မောက် မည်နာမာ၊ |
1,319,195 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ရှည်ကမ္ဘာတွင်သမိုင်းမှာ၊ နှိုင်းတုမရာ။ |
1,319,196 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | (၂) နာယက ဆဌဂုဏ်အင်၊ |
1,319,197 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | သူတော်စဉ်ခုနှစ်ပါး တရားဆင်ခြင်တဲ့၊ |
1,319,198 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | မျိုးနွယ်ဝင် ထိုကဖွားလာရ၊ |
1,319,199 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ယောက်ျား အာဇာနည်ဟု၊ |
1,319,200 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, လေးချိုး | အာဇာနည် သံချို | ဘာမထေရ် ရန်ခလုတ်ကိုတော့၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.