id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,319,001 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အာဆီယံသည် ယင်း၏ တူညီသော ပန်းတိုင်၊ ရည်မှန်းချက်များနှင့် တန်ဖိုးများကို ရရှိရန် ယင်း၏ ပြည်သူများအကြား အာဆီယံ၏ ဘုံသွင်ပြင်လက္ခဏာနှင့် အာဆီယံ အဖွဲ့ဝင်ဖြစ်မှု သဘောထားကို တိုးမြှင့်ဆောင်ရွက်ရမည်။ |
1,319,002 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အာဆီယံ၏ ဆောင်ပုဒ်မှာ "တစ်ခုတည်းသော အမြင်၊ တစ်ခုတည်းသော သွင်ပြင် လက္ခဏာ၊ တစ်ခုတည်းသော အသိုက်အဝန်း" ဟူ၍ ဖြစ်ရမည်။ |
1,319,003 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အာဆီယံအလံသည် နောက်ဆက်တွဲ (၃) တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ရမည်။ |
1,319,004 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အာဆီယံ၏ အမှတ်တံဆိပ်သည် နောက်ဆက်တွဲ (၄) တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ရမည်။ |
1,319,005 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ဩဂုတ်လ (၈)ရက်နေ့ကို အာဆီယံနေ့အဖြစ် ကျင်းပရမည်။ |
1,319,006 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အာဆီယံတွင် အာဆီယံသီချင်း ရှိရမည်။ |
1,319,007 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံသည် နိုင်ငံများ၊ ဒေသခွဲ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး၊ အပြန်အလှန် အကျိုးရှိစေမည့် ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဘက် ဆက်ဆံမှုတို့ကို တိုးမြှင့် ဆောင်ရွက်ရမည်။ |
1,319,008 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အာဆီယံ၏ ပြင်ပဆက်ဆံရေးတွင် ဤပဋိညာဉ်စာတမ်း၌ ပြဋ္ဌာန်းထားသည့် ရည်ရွယ်ချက်နှင့် အ ခြေခံမူများကို လိုက်နာရမည်။ |
1,319,009 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၃။ အာဆီယံသည် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အသိုက်အဝန်း တည်ထောင်မှုတွင် မိမိ၏ ဗဟိုအချက်အခြာကျမှုကို ထိန်းသိမ်းပြီး မိမိ ဦးဆောင်ဦးရွက် ပြုသည့် ဒေသဆိုင်ရာ ဖွဲ့စည်းမှု အစီအမံများ၌ အဓိကတွန်းအား ဖြစ်ရမည်။ |
1,319,010 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၄။ အာဆီယံ၏ ပြင်ပဆက်ဆံရေးကို ဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများသည် စည်းလုံးညီညွတ်မှု၊ တစ်စုတစ်စည်းတည်းရှိမှုကို အခြေခံ၍ မိမိတို့၏ ဘုံရပ်တည်ချက်များ ဖြစ်ပေါ်တိုးတက်စေရန် ကြိုးပမ်းညှိနှိုင်းပြီး အတူတကွ အရေးယူ ဆောင်ရွက်မှုများကို ပြုလုပ်ရမည်။ |
1,319,011 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၅။ အာဆီယံ ပြင်ပဆက်ဆံရေး၏ မဟာဗျူဟာကျသည့် မူဝါဒ လမ်းညွှန်မှုများကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ထောက်ခံချက်များအရ အာဆီယံ ထိပ်သီးအစည်းအဝေးက သတ်မှတ်ပေးရမည်။ |
1,319,012 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၆။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် အာဆီယံပြင်ပဆက်ဆံရေး လုပ်ငန်းများ ဆောင်ရွက်မှုတွင် ရှေ့နောက် ညီညွတ်မှုရှိစေရေးနှင့် ဆီလျော်မှု ရှိစေရး အတွက် ဆောင်ရွက်ပေးရမည်။ |
1,319,013 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၇။ အာဆီယံသည် နိုင်ငံများ၊ ဒေသခွဲ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် သဘောတူညီချက်များ ရေးဆွဲချုပ်ဆိုနိုင်သည်။ |
1,319,014 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ယင်း သဘောတူညီချက်များ ရေးဆွဲချုပ်ဆိုရေးအတွက် လုပ်ထုံးလုပ်နည်းများကို အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက အာဆီယံ အသိုက်အဝန်းဆိုင်ရာ ကောင်စီများနှင့် တိုင်ပင်ညှိနှိုင်း၍ သတ်မှတ် ပေးရမည်။ |
1,319,015 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းပေးသည့် နိုင်ငံအဖြစ် ဆောင်ရွက်သည့် အဖွဲ့ဝင် နိုင်ငံများသည် သက်ဆိုင်ရာ ဆွေးနွေးဖက်နိုင်ငံများ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် ဆက်ဆံရာတွင် အာဆီယံ၏ အကျိုး စီးပွားကို မြှင့်တင်ရန်နှင့် ပေါင်းစပ် ညှိနှိုင်းပေးရန် အလှည့်ကျ တာဝန်အားလုံး ထမ်းဆောင်ရမည်။ |
1,319,016 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ ပြင်ပ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရာတွင် တွေ့ဆုံညှိနှိုင်းပေးသည့် နိုင်ငံများသည် အခြားတာဝန်များအနက် - |
1,319,017 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (က) အာဆီယံ၏ အခြေခံမူများနှင့်အညီ အာဆီယံကို ကိုယ်စားပြုပြီး အပြန် အလှန် လေးစားမှုနှင့် သာတူညီမျှမှုကို အခြေခံ၍ ဆက်ဆံမှု တိုးမြှင့်ရမည်။ |
1,319,018 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ခ) အာဆီယံနှင့် ပြင်ပ ဆွေးနွေးဖက်နိုင်ငံများ အကြား သက်ဆိုင်ရာ အစည်းအဝေးများတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရမည်။ |
1,319,019 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဂ) တတိယနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများရှိ သက်ဆိုင်ရာ အာဆီယံ ကော်မတီများ၏ အကူအညီကို ရယူရမည်။ |
1,319,020 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံမဟုတ်သော နိုင်ငံများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံတမန်အဖွဲ့ အကြီးအကဲများ ပါဝင်သော တတိယနိုင်ငံများရှိ အာဆီယံ ကော်မတီများကို တည်ထောင် နိုင်သည်။ |
1,319,021 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အလားတူ ကော်မတီများ ကိုလည်း ဖွဲ့စည်းတည်ထောင်နိုင်သည်။ |
1,319,022 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အဆိုပါ ကော်မတီများသည် အိမ်ရှင်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင် အာဆီယံ၏ အကျိုးစီးပွားနှင့် ဥပဓိရုပ်ကို မြှင့်တင် ပေးရမည်။ |
1,319,023 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အဆိုပါ ကော်မတီများ၏ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပေးရမည်။ |
1,319,024 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံ ပြင်ပဆက်ဆံရေးများ ဆောင်ရွက်ရာတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် ပြင်ပ မိတ်ဖက်အား ဆွေးနွေးဖက်၊ ကဏ္ဍအလိုက် ဆွေးနွေးဖက်၊ ဖွံ့ဖြိုးမှုမိတ်ဖက်၊ အထူးလေ့လာသူ၊ ဧည့်သည်တော် သို့မဟုတ် နောင်တွင် တည်ထောင်မည့် အခြား အဆင့်အတန်းဟူ၍ ပုံမှန်အဆင့်အတန်း အပ်နှင်းနိုင်သည်။ |
1,319,025 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ ပြင်ပအဖွဲ့အစည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပုံမှန်အဆင့်အတန်း တစ်ရပ်ရပ် အပ်နှင်းထားခြင်း မရှိဘဲ အာဆီယံ အစည်းအဝေးများ သို့မဟုတ် ပူးပေါင်း ဆောင်ရွက်မှုများသို့ ဖိတ်ကြားနိုင်သည်။ |
1,319,026 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အပိုဒ် (၄၅) |
1,319,027 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံသည် ကုလသမဂ္ဂစနစ်နှင့် အခြားသော ဒေသခွဲ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် ဆက်ဆံရေးတွင် သင့်တော်သည့် အဆင့်အတန်း တစ်ရပ်ရပ်ကို တောင်းဆိုနိုင်သည်။ |
1,319,028 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီသည် အခြားသော ဒေသခွဲ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဌာနများတွင် အာဆီယံ၏ ပါဝင်ဆောင်ရွက်မှုကို ဆုံးဖြတ်ရမည်။ |
1,319,029 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အာဆီယံ အဖွဲ့ဝင် မဟုတ်သော နိုင်ငံများနှင့် အစိုးရအချင်းချင်း ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အာဆီယံဆိုင်ရာ သံအမတ်ကြီးများကို ခန့်အပ်နိုင်သည်။ |
1,319,030 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အဆိုပါ တရားဝင် ခန့်အပ်မှုကို ဆုံးဖြတ် ပေးရမည်။ |
1,319,031 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ ဤပဋိညာဉ်စာတမ်းကို အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးက လက်မှတ်ရေးထိုးရမည်။ |
1,319,032 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ ဤပဋိညာဉ်စာတမ်းကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ သက်ဆိုင်ရာ ပြည်တွင်း လုပ်ထုံး လုပ်နည်းများနှင့်အညီ အပြီးသတ် အတည်ပြုရမည်။ |
1,319,033 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၃။ အပြီးသတ် အတည်ပြုလွှာများကို အာဆီယံ အတွင်းရေးမှူးချုပ်ထံ အပ်နှံ ပေးပို့ရမည်ဖြစ်ပြီး ယင်းအတည်ပြုလွှာများကို လက်ခံရရှိသည့်အခါတိုင်း အာဆီယံ အတွင်းရေးမှူးချုပ်သည် အဖွဲ့ဝင်နိုင်ငံ အားလုံးထံ ဆောလျင်စွာ အကြောင်းကြားရမည်။ |
1,319,034 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၄။ ဤပဋိညာဉ်စာတမ်းသည် အာဆီယံ အတွင်းရေးမှူးချုပ်ထံတွင် ဒသမ မြောက် အတည်ပြုလွှာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) ပြည့် မြောက်သည့်နေ့တွင် အတည် ဖြစ်ရမည်။ |
1,319,035 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ မည်သည့် အဖွဲ့ဝင်နိုင်ငံကမဆို ဤပဋိညာဉ်စာတမ်းအေပါ် ပြင်ဆင်ချက်များ အဆိုပြုနိုင်သည်။ |
1,319,036 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အဆိုပြုထားသည့် ပဋိညာဉ်စာတမ်း ပြင်ဆင်ချက်များကို တူညီဆန္ဒအရ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီသည် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် တင်သွင်းရမည်။ |
1,319,037 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၃။ အာဆီယံ ထိပ်သီးအစည်းအဝေး၌ တူညီဆန္ဒအရ သဘောတူညီခဲ့သည့် ပဋိညာဉ်စာတမ်း ပြင်ဆင်ချက်များကို အပိုဒ် (၄၇) နှင့်အညီ အဖွဲ့ဝင်နိုင်ငံ အားလုံးက အတည်ပြုပေးရမည်။ |
1,319,038 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၄။ ပြင်ဆင်ချက်တစ်ရပ်သည် အာဆီယံ အတွင်းရေးမှူးချုပ်ထံသို့ နောက်ဆုံး အတည်ပြုလွှာ တင်သွင်းသည့်နေ့မှ ရက်ပေါင်း (၃၀) ပြည့်မြောက်သည့်နေ့တွင် အတည်ဖြစ်ရမည်။ |
1,319,039 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ဤပဋိညာဉ်စာတမ်းတွင် အခြားနည်း ပြဋ္ဌာန်းထားခြင်း မရှိလျှင် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီသည် လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ရမည့်အပြင် ရှေ့နောက် ညီညွတ်မှုရှိစေရန် ဆောင်ရွက်ရမည်။ |
1,319,040 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ဤပဋိညာဉ်စာတမ်းကို စတင်အတည်ဖြစ်ပြီးနောက် (၅) နှစ် ကြာသည့်အခါဖြစ်စေ သို့မဟုတ် အခြားသတ်မှတ်ချိန်တွင် အာဆီယံ ထိပ်သီးအစည်းအဝေးမှ ဆုံးဖြတ်သည့် အခါဖြစ်စေ ပြန်လည် သုံးသပ်နိုင်သည်။ |
1,319,041 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ မေတ္တာရပ်ခံချက်အရ ဤပဋိညာဉ်စာတမ်းအား အနက် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီက သတ်မှတ် ပေးသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက တာဝန်ယူ ဆောင်ရွက်ရမည်။ |
1,319,042 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ ဤပဋိညာဉ်စာတမ်းအေပါ် အနက်အဓိပ္ပာယ် ဖွင့်ဆိုမှုမှ ဖြစ်ပေါ်လာသည့် အငြင်းပွားမှု တစ်ရပ်ရပ်ကို အခန်း (၈) ပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြေရှင်း ရမည်။ |
1,319,043 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၃။ ဤပဋိညာဉ်စာတမ်းတွင် အသုံးပြုထားသည့် ခေါင်းစဉ်ကြီးများနှင့် ခေါင်းစဉ်များသည် ရည်ညွှန်းချက်ပြုရန် အတွက်သာ ဖြစ်ရမည်။ |
1,319,044 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ ဤပဋိညာဉ်စာတမ်း အတည်မဖြစ်မီကတည်းက အကျိုးသက်ရောက်မှု ရှိပြီးဖြစ်သည့် စာချုပ်များ၊ ကွန်ဗင်းရှင်းများ၊ သဘောတူစာချုပ်များ၊ သဘောတူညီချက်များ၊ ကြေညာ စာတမ်းများ၊ ပရိုတိုကော စာချုပ်များနှင့် အခြား အာဆီယံ စာချုပ်စာတမ်းများသည် ဆက်လက်၍ အတည်ဖြစ်စေရမည်။ |
1,319,045 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ ၎င်းစာချုပ်စာတမ်းများနှင့် ဤပဋိညာဉ်စာတမ်း အကြားတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ အခွင့်အရေးများနှင့် တာဝန်များသည် ရှေ့နောက်ညီညွတ်မှု မရှိပါက ဤပဋိညာဉ်စာတမ်းကသာ လွှမ်းမိုး၍ အတည်ဖြစ်ရမည်။ |
1,319,046 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | လက်မှတ်ရေးထိုးထားသော ဤပဋိညာဉ်စာတမ်း၏ အင်္ဂလိပ်ဘာသာဖြင့် ပြုစု ထားသော မူရင်းစာသားကို အာဆီယံ အတွင်းရေးမှူးချုပ်ထံတွင် အပ်နှံထားရမည်။ |
1,319,047 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အာဆီယံ အတွင်းရေးမှူးချုပ်သည် အဖွဲ့ဝင်နိုင်ငံများထံသို့ ပဋိညာဉ်စာတမ်း၏ မိတ္တူမှန် တစ်စောင်စီ ပေးအပ်ရမည်။ |
1,319,048 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ဤပဋိညာဉ်စာတမ်းကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ပုဒ်မ (၁၀၂) စာပိုဒ် (၁) နှင့် အညီ အာဆီယံ အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးတွင် မှတ်ပုံတင်ရမည်။ |
1,319,049 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အဖွဲ့အစည်း၏ ပိုင်ဆိုင်သည့်ပစ္စည်းများနှင့် ရန်ပုံငွေများကို အာဆီယံ၏ အမည်ဖြင့် ထားရှိရမည်။ |
1,319,050 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂၀ဝ၇ ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ အင်္ဂလိပ်ဘာသာ မူရင်း တစ်ခုတည်းဖြင့် လက်မှတ်ရေးထိုးပြုလုပ်ကြပါသည်။ |
1,319,051 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများ ("အာဆီယံ" ဟုဆက်လက်ဖော်ညွှန်းမည့်) ဘရူးနိုင်းဒါရုစလင်နိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ စင်ကာပူ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိ... |
1,319,052 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | အာဆီယံပဋိညာဉ်စာချုပ်တွင် ပါဝင်ဖော်ပြထားသည့် အာဆီယံ၏ ရည်ရွယ်ချက်နှင့် အခြေခံမူများ၊ အထူးသဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များမြှင့်တင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို လေးစားမှုရှိခြင်း နှင့် ဒီမိုကရေစီကျင့်စဉ်များ တရားဥပဒေစိုးမိုးရေး နှင့် ကောင်းမွန်သော အစိုးရဖြစ်ရေးတို့ကို စောင့်ထိန်းကြောင်း ထပ်လောင်း အ... |
1,319,053 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၊ ဗီယင်နာ ကြေငြာချက်နှင့် လုပ်ငန်းအစီအစဉ်တို့နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်ထားသည့် အခြားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များနှင့်ပက်သက်၍ ထားရှိသောကတိကဝတ်ကို ကျွန်ုပ်တို့ ဆက်လက်ထပ်လောင်းအတည်ပြု၍ လည်းကောင်း။ |
1,319,054 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | အာဆီယံဒေသအတွင်း အမျိုးသမီးများ၏ ဘဝမြှင့်တင်ရေး ကြေငြာစာတမ်းနှင့် အာဆီယံဒေသအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကြေငြာစာတမ်းအပါအဝင် အာဆီယံ၏ လူ့အခွင့်အရေးကိုမြင့်တင်ရန် ဆောင်ရွက်မှုတို့၏ အရေးပါမှုကိုလည်း ထပ်လောင်းအတည်ပြု၍ လည်းကောင်း။ |
1,319,055 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ဤကြေငြာစာတမ်းသည် လူ့အခွင့်အရေး ပူးပေါင်းဆောင်ရွက်မှု ဘောင်တစ်ခု တည်ထောင်မှုအတွက်ပံ့ပိုးပေးပြီး အာဆီယံအသိုက်အဝန်း တည်ဆောက်သည့်ဖြစ်စဉ်ကို အထောက်အကူပြုမည်ဟု အခိုင်အမာ ယုံကြည်၍ လည်းကောင်း။ |
1,319,056 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ဤနေရာမှ အောက်ပါအတိုင်း ကြေညာအပ်သည် |
1,319,057 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၁။ လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိကြသည်။ |
1,319,058 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | လူတို့၌ ဆင်ခြင်တုံတရားနှင့်အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိကြ၍၊ တစ်ဦးကိုတစ်ဦး လူသားချင်းစာနာသည့်စိတ်ဓာတ်ဖြင့် ဆက်ဆံကျင့်သုံးသင့်သည်။ |
1,319,059 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၂။ လူတိုင်းသည် လူမျိုး၊ အမျိုးသား၊ အမျိုးသမီး၊ အသက်အရွယ်၊ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာ၊ နိုင်ငံရေး သို့မဟုတ် အခြားအယူအဆ၊ နိုင်ငံသား သို့မဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ်၊ စီးပွားရေးအဆင့်အတန်း၊ မျိုးရိုးဇာတိဂုဏ်၊ မစွမ်းမသန်ဖြစ်မှု သိုမဟုတ် အခြားအဆင့်အတန်းစသည့် ခွဲခြားမှုမျိုးမရှိစေဘဲ ဤကြေညာစာတမ်းတွင် ဖော်ပြပါရှ... |
1,319,060 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၃။ လူတိုင်းသည် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် အသိအမှတ်ပြုခြင်းကို နေရာတိုင်းတွင် ခံယူပိုင်ခွင့်ရှိသည်။ |
1,319,061 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | လူတိုင်းသည် ဥပဒေအရာ၌ တန်းတူရည်တူရှိကြသည်။ |
1,319,062 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | လူတိုင်းသည် ဥပဒေ၏ တန်းတူ ကာကွယ် စောင့်ရှောက်မှုကို မည်သည့်ခွဲခြားဆက်ဆံမှုမျှ မရှိစေဘဲ ခံစားပိုင်ခွင့် ရှိသည်။ |
1,319,063 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၄။ အမျိုးသမီးများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်မစွမ်းသူများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် အားနည်း၍အခွင့်အလမ်းနည်းပါးသောအုပ်စုများ၏ အခွင့်အရေးများသည် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ၏ မွေးရာပါဖြစ်ပြီး အချက်အခြာကျသည့် ပိုင်းခြား၍မရသော အစိတ်အပိုင်း ဖြစ်သည်။ |
1,319,064 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၅။ လူတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ဥပဒေအရ ၎င်းအားခံစား ခွင့်ပြုထားသည့် အခွင့်အရေးများကို ချိုးဖောက်ခံရခြင်းများအတွက် တရားရုံးမှသော်လည်းကောင်း၊ စီရင်ပိုင်ခွင့်ရှိသည့် အာဏာပိုင်များမှသော်လည်းကောင်း ထိရောက်၍ အာဏာသက်ရောက်နိုင်စွမ်းရှိသည့် ကုစားမှုကို ရပိုင်ခွင့်ရှိစေရမည်။ |
1,319,065 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၆။ လူတိုင်းသည် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုကိုခံစားရာတွင် အခြားပုဂ္ဂိုလ်များ၊ အသိုက်အဝန်း၊ မိမိနေထိုင်သည့် လူမှုအဖွဲ့အစည်း အပေါ်ထားရှိရမည့် တာဝန်ဝတ္တရားများနှင့် ဟန်ချက်ညီစေရမည်။ |
1,319,066 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မြှင့်တင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ အန္တိမတာဝန်ဖြစ်သည်။ |
1,319,067 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၇။ လူ့အခွင့်အရေးအားလုံးသည် လောကအားလုံးနှင့်သက်ဆိုင်ပြီး ပိုင်းခြား၍မရဘဲ အပြန်အလှန် အမှီသဟဲပြု၍ အပြန်အလှန် ဆက်နွယ်လျက်ရှိသည်။ |
1,319,068 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ဤကြေငြာစာတမ်း၌ ပါဝင်သော လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုအားလုံးအား တူညီသော ရပ်တည်ချက်နှင့် တူညီသော အလေးအနက်ပြုမှုအပေါ်အခြေခံ၍ ညီညွတ်မျှတစွာ ပြုမူဆက်ဆံရမည်။ |
1,319,069 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | တချိန်တည်းမှာပင် လူ့အခွင့်အရေးကို ရရှိခံစားရာတွင် ကွဲပြားခြားနားသော နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့် ဘာသာရေးနောက်ခံတို့ရှိသည့်အတွက် ဒေသဆိုင်ရာနှင့် သက်ဆိုင်ရာနိုင်ငံ၏ ရှုထောင့်မှ ထည့်သွင်း စဉ်းစားရမည်။ |
1,319,070 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၈။ လူတိုင်း၏ လူအခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့ကို ကျင့်သုံးရာတွင် အခြားသူများ၏ လူအခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့ကိုလည်း လေးစားရမည်။ |
1,319,071 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | တရားမျှတသော အမျိုးသားလုံခြုံရေးဆိုင်ရာ လိုအပ်ချက်များ၊ အများပြည်သူအေးချမ်းသာယာရေး၊ ပြည်သူ့ကျန်းမာရေး၊ အများပြည်သူဘေးအန္တရာယ်ကင်းရှင်းရေး၊ ပြည်သူ့ကျင့်ဝတ်နှင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်းရှိ ပြည်သူများ၏ အထွေထွေလိုအပ်ချက်များကို ပြည့်မီစေရန် လိုအပ်သည့် ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်မှအပ လူ့အခွင့်အရေးနှင့် အခြေခံလွတ်... |
1,319,072 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၉။ ဤကြေညာစာတမ်းတွင်ပါဝင်သည့် လူအခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ခံစားရာတွင် ဘက်မလိုက်ခြင်း၊ ဓမ္မဓိဌာန်ကျခြင်း၊ သီးခြားဝိသေသပြုမှုမရှိခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှုမရှိခြင်း၊ စံ နှစ်မျိုးထားရှိမှုနှင့် နိုင်ငံရေးအသုံးချမှုတို့မှ ရှောင်ကြဉ်ခြင်းစသည့် အခြေခံမူများကို အစဉ်တစိုက် လိုက်နာထိန်းသိမ်း... |
1,319,073 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ယင်းခံစားသည့်ဖြစ်စဉ်တွင် ပြည်သူလူထု၏ ပါဝင်မှု၊ ပါဝင်သင့်သူများအားလုံး၏ပါဝင်မှုနှင့် တာဝန်ခံရန်လိုအပ်မှုတို့ကို ထည့်သွင်းစဉ်းစားရမည်။ |
1,319,074 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၁၀။ အာဆီယံအဖွဲ့ဝင်နိုင်ငံတို့သည် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် လူမှုနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများကို အတည်ပြုသည်။ |
1,319,075 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | အထူးအားဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတို့သည် အောက်ဖော်ပြပါ အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို အတည်ပြုသည်- |
1,319,076 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၁၁။ လူတိုင်းတွင် မူလရှိရင်းစွဲဖြစ်သောအသက်ရှင်သန်ခွင့်ရှိပြီး ၎င်းကို ဥပဒေအရ အကာအကွယ်ပေးရမည်။ |
1,319,077 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ဥပဒေကြောင်းမှလွဲ၍ မည်သူ၏အသက်ရှင်သန်ခွင့်ကိုမျှ ပိတ်ပင်ခြင်းမပြုရ။ |
1,319,078 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၁၂။ လူတိုင်းတွင် ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် လုံခြုံမှု ရခွင့်ရှိသည်။ |
1,319,079 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | မည်သူ့ကိုမျှ မတရားဖမ်းဆီးခြင်း၊ မတရားရှာဖွေခြင်း၊ မတရားချုပ်နှောင်ခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း သို့မဟုတ် လွတ်လပ်ခွင့်ကို ဆုံးရှုံးစေမည့် အခြားမည်သည့်နည်းလမ်းကိုမျှ လုပ်ဆောင်ခြင်း မပြုရ။ |
1,319,080 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၁၃။ မည်သူ့ကိုမျှ ပုံစံတစ်ရပ်ရပ်ဖြင့် အစေအပါး သို့မဟုတ် ကျေးကျွန်အဖြစ် ခိုင်းစေထားခြင်း သို့မဟုတ် လူ့ကိုယ်တွင်းအင်္ဂါများ မှောင်ခိုရောင်းချရန် အပါအဝင် လူမှောင်ခိုကူးခြင်း သို့မဟုတ် လူကုန်ကူးခြင်း မပြုရ။ |
1,319,081 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၁၄။ မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ လူ့သိက္ခာညှိုးနွမ်းစေသော ပြုမူဆက်ဆံခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း မပြုရ။ |
1,319,082 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၁၅။ လူတိုင်းတွင် နိုင်ငံ၏ နယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာရွှေ့ပြောင်းခွင့်နှင့် နေထိုင်ခွင့်ရှိသည်။ |
1,319,083 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | လူတိုင်းတွင် မိမိ၏နိုင်ငံအပါအဝင် မည့်သည့်နိုင်ငံမှမဆို ထွက်ခွာပိုင်ခွင့်နှင့် မိမိ၏ နိုင်ငံသို့ ပြန်လာပိုင်ခွင့်ရှိသည်။ |
1,319,084 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၁၆။ လူတိုင်းသည် အခြားနိုင်ငံများ၌ ခိုလှုံခွင့်ကို ယင်းနိုင်ငံ၏ ဥပဒေများနှင့် သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ တောင်းခံခွင့်နှင့် ရရှိခံစားခွင့်ရှိသည်။ |
1,319,085 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၁၇။ လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့် စုပေါင်း၍ သော်လည်းကောင်း ဥပဒေနှင့်အညီ ရရှိထားသည့် ပစ္စည်းဥစ္စာများကို ပိုင်ဆိုင်ခွင့်၊ အသုံးပြုခွင့်၊ ရောင်းချခွင့်နှင့် ပေးကမ်းခွင့် ရှိသည်။ |
1,319,086 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | မည်သူမျှ မိမိပိုင်ပစ္စည်းဥစ္စာကို မတရားသိမ်းယူခြင်းမျိုး မခံထိုက်စေရ။ |
1,319,087 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၁၈။ လူတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့် ရှိသည်။ |
1,319,088 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | မိမိ၏နိုင်ငံသားဖြစ်မှုကို မည်သူမျှ မတရားရုပ်သိမ်းခြင်း မခံရစေရ။ |
1,319,089 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | မိမိ၏ ထိုနိုင်ငံသား ဖြစ်မှုကို ပြောင်းလဲနိုင်သည့် အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံရစေရ။ |
1,319,090 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၁၉။ မိသားစုသည် လူ့အဖွဲ့Aစည်း၏ သဘာဝကျသော အခြေခံအစုအဖွဲ့ဖြစ်ပြီး လူ့အဖွဲ့အစည်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်း၏ ကာကွယ်စောင့်ရှောက်မှုကို ခံစားပိုင်ခွင့်ရှိသည်။ |
1,319,091 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | အရွယ်ရောက်ပြီးသော ယောက်ျားနှင့်မိန်းမတို့သည် ၎င်းတို့၏ လွတ်လပ်သောသဘောဆန္ဒ အပြည့်အဝကို အခြေခံ၍ လက်ထပ်ထိမ်းမြားပိုင်ခွင့်ရှိပြီး၊ မိသားစုထူထောင်ပိုင်ခွင့်နှင့် ကွာရှင်းပြတ်စဲခြင်းကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခွင့်ရှိသည်။ |
1,319,092 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၂၀။ (၁) ပြစ်မှုတစ်ရပ်ဖြင့် တရားစွဲဆိုခံရသူတိုင်းသည် မျှတ၍ အများပြည်သူရှေ.မှောက်တွင် စီရင်သော၊ အရည်အချင်းပြည့်ဝပြီး လွတ်လပ်၍ဘက်မလိုက်သော၊ မိမိကိုယ်ကို ခုခံပိုင်ခွင့်အား အာမခံချက်ရှိသော တရားရုံးက ဥပဒေနှင့်အညီ ကြားနာစစ်ဆေးပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားစီရင်မှု မခံရမချင်း အပြစ်မဲ့သူဟု မှတ်ယူခြင်းခံထိုက်သည့် အခွင့်အရေး... |
1,319,093 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (၂) ပြစ်မှုကျူးလွန်သည့်အချိန်တွင် ပြည်တွင်းဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ အရဖြစ်စေ၊ လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်သည် ပြစ်မှုမမြောက်ပါက ထိုလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအတွက် မည်သူမျှ အပြစ်မရှိစေရ။ |
1,319,094 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ပြစ်မှုကျူးလွန်သည့် အချိန်ကာလတွင်ဥပဒေအရ ပြဋ္ဌာန်းထားသော ထိုက်သင့်သောပြစ်ဒဏ်ထက် ပိုမိုကြီးလေးသည့် ပြစ်ဒဏ်ကို ကျခံစေခြင်းမရှိစေရ။ |
1,319,095 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | (၃) လူတိုင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုချင်း၏ ဥပဒေနှင့် ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ မိမိအားစွဲဆိုသော ပြစ်မှုအတွက် ပြစ်ဒဏ်ချမှတ်ပြီး သို့မဟုတ် တရားသေလွှတ်ပြီးနောက် ၎င်းအား ထိုပြစ်မှုအတွက် ထပ်မံတရားစစ်ဆေးစီရင်ခြင်း သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခြင်း မခံရစေရ။ |
1,319,096 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၂၁။ လူတိုင်းတွင် မိမိ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်၊ မိသားစု၊ နေအိမ် သို့မဟုတ် ကိုယ်ရေးအချက်အလက်အပါအဝင် စာပေးစာယူကိစ္စရပ်များတွင် မတရားဝင်ရောက်စွက်ဖက်ခြင်း ကိုလည်းကောင်း၊ မိမိ၏ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုအား ပုတ်ခတ်ခြင်းကိုလည်းကောင်း မခံရစေရ။ |
1,319,097 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | လူတိုင်းသည် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ပုတ်ခတ်ခြင်းတို့မှ ဥပဒေအရ အကာအကွယ်ရပိုင်ခွင့်ရှိသည်။ |
1,319,098 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၂၂။ လူတိုင်းတွင်လွတ်လပ်စွာ တွေးခေါ်ခွင့်၊ အမှားအမှန် ဝေဖန်ပိုင်းခြားခွင့်နှင့် ကိုးကွယ်ခွင့် ရှိသည်။ |
1,319,099 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | သည်းခံမှုမရှိခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ကိုးကွယ်သည့်ဘာသာနှင့် ယုံကြည်မှုပေါ် အခြေခံပြီး မုန်းတီးစေရန် လှုံ့ဆော်ပေးခြင်းများကို ဖယ်ရှားရမည်။ |
1,319,100 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း | ၂၃။ လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.